အခန်း (၃၁-၄၀)
Vol. 7 Ch. 31-40
Vol 7, အခန်း ၃၁။ အဲ့လောက် စိတ်လှုပ်ရှားဖို့ မလိုပါဘူး
အန်ရီကျူမှာ ခီမဲရာ ကုန်သည်ကြီးများအသင်း၏ မှော်ကျောင်းတော်၌ တက်ရောက်ရန် ဖိတ်ကြားခံရသည့် တစ်ဦးတည်းသောလူမဟုတ်ပေ၊ အဘယ့်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် ခီမဲရာ ကုန်သည်ကြီးများအသင်းမှာ ကန်ဒရာအင်ပါယာတဝှမ်း၌ မှော်ကျောင်းတော် ၄၃ကျောင်းအထိ တည်ဆောက်ခဲ့သောကြောင့်ပင်။ တစ်ကျောင်းစီမှာ ကျောင်းသား အယောက်၂၀၀ကျော် စုဆောင်းမည်ဖြစ်သဖြင့် စုစုပေါင်း အရေအတွက်မှာ ၁သောင်းကျော်သည်။
ထို့အပြင် ခီမဲရာ ကုန်သည်ကြီးများအသင်း ကြေငြာထားသည့် အစီစဉ်အရ ၎င်းတို့မှာ ၎င်းမှော်ကျောင်းတော်က ကိုယ်စားပြုမည့် အုတ်မြစ်မှော်စက်မှုဗဟုသုတကို အင်ပါယာတဝှမ်း ချပြရန် ကန်ဒရာအင်ပါယာနှင့်အတူတွဲ လုပ်ဆောင်မည်ဖြစ်သည်။
ကန်ဒရာအင်ပါယာ၏ နယ်မြေကြီးမားမှုကြောင့် ဤအစီစဉ်မှာ ရံပုံငွေနှင့် လူအင်အားပမာဏပေါင်း မြောက်များစွာ ရင်းနှီးမြှုပ်နှံရန် သိသိသာသာကို လိုအပ်သည်။
"ဘာလို့ ခီမဲရာ ကုန်သည်ကြီးများအသင်းက ရုတ်တရတ် အရမ်း စိတ်အား ထက်သန်နေရတာလဲ?" ခမ်နက်ဒ်မှာ ၎င်းက အင်မတန်ထူးဆန်းလှသည်ဟု ခံစားမိနေသည်၊ "ဒီကောင်တွေက အမြဲတမ်း ကျွန်တော်တို့ကို အေးစက်စက် ဆက်ဆံတာမျိုးတို့ အထင်သေးတာမျိုးတို့ပဲ လုပ်နေခဲ့တာ ဆိုပေမယ့် ဒီတစ်ကြိမ်ကျတော့ ကျွန်တော်တို့နဲ့ အတူ ပူးပေါင်းဖို့ လက်ဦးမှုရယူခဲ့သလို ငွေသုံးဖို့လည်း ဆန္ဒရှိနေတာ။ အရမ်းကို ထူးဆန်းလွန်းနေတယ်။"
"ဒါကို သေချာ စဉ်းစားမိသွားတာ ဖြစ်မှာပေါ့" ရှုယီက အပြုံးဖြင့် ဆို၏၊ "ဒါပေါ့ ငါတို့ ဒီအကြောင်းပြောရမယ်ဆြိရင် ကန်ဒရာအင်ပါယာရဲ့ အထက်ပိုင်းအဆင့်က ငါတို့ ကုမ္ပဏီကို ထပ်မဝင်လာစေချင်တော့တာလို့ပဲ ထင်တယ်။ မူလတန်းပညာရေးဆိုတာမျိုးက ကုမ္ပဏီတစ်ခုအတွက် အရမ်းကို အရေးပါတာမို့လို့ ကန်ဒရာအင်ပါယာက ဒါကို သူတို့လက်ထဲမှာ ဆုပ်ကိုင်ထားချင်တာ မထူးဆန်းပါဘူး"
"အင်း.. ဒါက အဓိပ္ပာယ်ရှိသားပဲ " ခမ်နက်ဒ်က ခေါင်းငြိမ့်သည်။ ခဏတာ တိတ်ဆိတ်နေပြီးနောက် သူဟာ ရှုယီထံ နောက်ထပ် စာရွက်စာတမ်းတစ်ခု ထုတ်ပြလာပြန်၏၊ "မူလတန်းပညာရေးကို ရှင်းပြလို့ရပေမယ့် ဒါနဲ့ ပတ်သက်ပြီးကျတော့ ပြဿနာရှိနေသေးတယ်လို့ ခံစားရတယ်"
"ဒီလိုလား?"
ရှုယီမှာ စာတမ်းကို ယူလိုက်ရာ ၎င်းက ခီမဲရာ ကုန်သည်ကြီးများအသင်းထံမှ တရားဝင်ပေးစာဖြစ်ကြောင်း တွေ့လိုက်ရသည်။ ၎င်း၌ Frestech ကုန်သည်ကြီးများအသင်းထံ ပေးပို့ထားသော ခီမဲရာ ကုန်သည်ကြီးများအသင်း စီမံခန့်ခွဲသည့် ပရိဘောဂလုပ်ငန်းတစ်ခု အကြောင်း ပူးပေါင်းရေးသဘောတူညီမှုပါဝင်နေသည်။
စာချုပ်ပါ အကြောင်းအရာမှာ ခီမဲရာ ကုန်သည်ကြီးများအသင်းအနေနှင့် Frestech မှော်စက်အကြီးစား ကုန်သည်ကြီးများအသင်းက ၎င်းတို့အတွက် ပရိဘောဂတင်ပို့ရာ၌ အသုံးပြုရမည့်မှော်စက်အကြီးစား အသစ်တချို့ကို ပြုလုပ်ပေစနိုင်ရန်မျှော်လင့်ထားကြောင်းဖြစ်သည်။
"ဒီမှာ ဘာပြဿနာရှိလို့လဲ?" ရှုယီက ခမ်နက်ဒ်ကို တအံ့တဩကြည့်လိုက်သည်၊ "တခြားကုမ္ပဏီတစ်ခုအတွက် သီးသန့်ထုတ်မှော်စက် ဒီဇိုင်းရေးဆွဲပေးတာက ပုံမှန်ပဲ မဟုတ်ဘူးလား?"
"ပြဿနာက လာမယ့် အပိုင်းမှာ" ခမ်နက်ဒ်မှာ တည်ငြိမ်စွာ ရှုယီအတွက် နောက်ဆုံး စာမျက်နှာကို လှန်ပေးလိုက်ကာ အလယ်ရှိ စာပိုဒ်ကို ညွှန်ပြလာသည်။
ရှုယီလည်း ၎င်းကို ကြည့်၍ မျက်မှောင်ကုပ်လိုက်ပါ၏။
ကြည့်ရသည်မှာ ဤစာချုပ်တွင် ခီမဲရာ ပရိဘောဂ ကုန်သည်ကြီးများအသင်းက ဆက်ဆံရေးများတည်ဆောက်ရန်အလို့ငှာ နှစ်ဘက်စလုံးမှာ ၎င်းတို့၏ ဆက်ဆံရေးကို ပိုမိုရှေ့ဆက်ရန် ၎င်းတို့ ကုမ္ပဏီရှိ ရှယ်ယာ ၅%ကို ဖလှယ်ရမည်ဟု အဆိုပြုထားပုံရသည်။
၎င်းကို သုံးသပ်ကြည့်ရုံနှင့် ဈေးပေါသည့် သဘောတူညီချက်ကို ရသည်မှာ Frestech မှော်စက်အကြီးစား ကုန်သည်ကြီးများအသင်းဖြစ်သည်။
ခီမဲရာ ကုန်သည်ကြီးများအသင်းမှာ နယ်မြေကြီးတွင် အကြီးမားဆုံး ကုမ္ပဏီဖြစ်သောကြောင့် ခီမဲရာ ပရိဘောဂ ကုန်သည်ကြီးများအသင်းမှာ ကန်ဒရာအင်ပါယာအပါအဝင် ကုမ္ပဏီများစွာ၏ ပရိဘောဂနယ်ပယ်များကို လက်ဝါးကြီးအုပ်ထားသော အင်မတန်ကြီးမားလှသည့် ကုမ္ပဏီကြီးဖြစ်သည်။ အတိုင်းအတာအရဖြစ်စေ အထွက်နှုန်းအရဖြစ်စေ ၎င်းတို့အားလုံးမှာ Frestech မှော်စက်အကြီးစား ကုန်သည်ကြီးများအသင်းကို များစွာ သာလွန်နေသည်။
၎င်းက တူညီသည့် ရှယ်ယာ ၅%ဖြစ်သော်လည်း မတူညီသည့် တန်ဖိုးများကို ကိုယ်စားပြု၏။
သို့သော် သေချာကြည့်လိုက်လျှင် ခီမဲရာ ပရိဘောဂ ကုန်သည်ကြီးများအသင်းက ၎င်းနောက်၌ အခြားအခြေနေတစ်ခုကိုလည်း ထည့်ပေါင်းထားသည်ကို တွေ့ရမည်ဖြစ်၏။ မှော်စက်များအား ၎င်းတို့၏ လိုအပ်ချက်များကို ကိုက်ညီအောင် ၎င်းတို့အတွက် အထူးဒီဇိုင်းဆွဲထားခြင်းဖြစ်ကြောင်း အာမခံရန် ခီမဲရာ ပရိဘောဂ ကုန်သည်ကြီးများအသင်းအနေနှင့် ထိုမှော်စက်များ၏ ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်လိုနေသည်။
၎င်းအခြေအနေက ၎င်းတို့ လုပ်ဆောင်လိုသည့်အရာကို အင်မတန် ရှင်းလင်းသွားစေပါ၏။
ခီမဲရာ ပရိဘောဂ ကုန်သည်ကြီးများအသင်းမှာ နည်းပညာအချက်အလက်ကို ရယူရန် ထုတ်လုပ်ရေးလုပ်ငန်းစဉ်၌ ပါဝင်လိုခြင်း သို့မဟုတ် သုတေသနအတွေ့အကြုံတချို့ စုဆောင်းလိုခြင်းပင်။
"အိုင်း.. ဒီ ခီမဲရာ ကုန်သည်ကြီးများအသင်းကတော့ တကယ်ပဲ ပေးလိုတဲ့ ဆန္ဒရှိနေတာပဲ" ရှုယီမှာ မနေနိုင်အောင် ပြုံးလိုက်မိသည်၊ "အတွေ့အကြုံလေးတချို့အတွက်နဲ့ တကယ်ကြီး သူတို့ရဲ့ ရှယ်ယာ ၅%ကို ကမ်းလှမ်းဖို့ ဆန္ဒရှိနေတာပဲ။ ငါတို့သာ မှော်စက်အကြီးစား နည်းပညာ အားလုံးကို ပေးဖို့ ဆန္ဒရှိမယ်ဆိုရင် သူတို့က ငါတို့ကို ခီမဲရာ ပရိဘောဂ ကုန်သည်ကြီးများအသင်းကိုပါ ပေးဖို့ ဆန္ဒရှိလောက်မယ်လို့ထင်လား?"
"ပေးမှာပေါ့" ခမ်နက်ဒ်က တုံ့ဆိုင်းမှုမရှိဘဲ ဆို၏၊ "ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ ရှယ်ယာအားလုံးကို ယူလိုက်ရင်တောင် ခီမဲရာ ပရိဘောဂ ကုန်သည်ကြီးများအသင်းက အရင်ကအတိုင်း ချောချောမွေ့မွေ့ လည်ပတ်နိုင်လိမ့်ယ်လို့ မဆိုလိုဘူးလေ။ အဆုံးကျရင် ကျွန်တော်တို့ပဲ အတော်လေး အကုန်အကျများနေမှာ။ သူတို့က သူတို့ အလိုချင်ဆုံး နည်းပညာအချက်အလက်ကို ရနိုင်တာမို့လို့ ရေရှည်မှာဆိုရင် သူတို့အတွက် ဘာဖြစ်နေနေ အကျိုးရှိတယ်။"
"ဘာကြောင့် ဒီလိုထင်ရတာလဲ?" ရှုယီက ခမ်နက်ဒ်ကိုကြည့်လိုက်၏။
ခမ်နက်ဒ်မှာလည်း အံ့ဩသွားကာ၊ "ဥက္ကဌကလည်း ဒီလိုပဲ ထင်နေတာ မဟုတ်ဘူးလား?"
"ငါကလား?" ရှုယီက သူ့လက်ထဲရှိ စာတမ်းကို ကြည့်ကာ စားပွဲပေါ် ပစ်တင်လိုက်ပြီးနောက် ခါးဆန့်လိုက်၏၊ "ငါ ဘာထင်ထင် အရေးမကြီးပါဘူး ဘာလို့လဲဆိုတော့... ဒါက ငါနဲ့ မဆိုင်ဘူးလေ"
ခမ်နက်ဒ်မှာ ငေးကြောင်သွားပြီးနောက် စိတ်ပူပန်စွာ ပြောလိုက်သည်၊ "ဥက္ကဌ ဒါက ခင်ဗျားနဲ့ မဆိုင်ဘူးလို့ ဘယ်လိုများ ပြောနိုင်ရတာလဲ? ဒါက ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်ပြီး အသုံးပြုနေတဲ့ ခီမဲရာ ကုန်သည်ကြီးများအသင်းရဲ့ ဇာတ်ကွက်လို့ထင်တယ်! ခီမဲရာ ကုန်သည်ကြီးများအသင်းက ဒီလိုမျိုးနဲ့ တခြားကုမ္ပဏီတွေကို နည်းနည်းစီ ဝါးမြိုနေတာလေ! ဒါကို အကြိမ်များစွာ လုပ်ခဲ့ကြပြီးပြီ!"
"ဒီလိုလား? မင်းသိမှတော့ ဒါကို ဖြစ်ခွင့်ပြုမှာလား?" ရှုယီက အပြုံးဖြင့် ပြန်မေးလိုက်၏။
"ဒါက..." ခမ်နက်ဒ်မှာ စဉ်းစားလိုက်ပြီးနောက် ခေါင်းခါသည်၊ "ဒါပေါ့ ကျွန်တော်က ကျွန်တော်တို့ ကြိုးစားထားတဲ့ အလုပ်ကို အဲ့လောက်လွယ်လွယ် မပေးနိုင်ပါဘူး! သူတို့ကို သေချာပေါက် တားမှာ!"
ရှုယီက တစ်ချက်ပြုံး၏၊ "ခမ်နက်ဒ် ငါမင်းကို သတိပေးရမယ်၊ တစ်ခါတလေမှာ မင်း အရှေ့ကို နည်းနည်းထပ်ပြီး ပိုကြည့်ဖို့လိုတယ်။ တခြား အကြံပြုချက်တွေအနေနဲ့ကတော့....."
ရှုယီက လက်ဖြန့်လိုက်ကာ၊ "ခီမဲရာ ပရိဘောဂ ကုန်သည်ကြီးများအသင်းက ဒါကို Frestech မှော်စက်အကြီးစား ကုန်သည်ကြီးများအသင်းဆီ အဆိုပြုထားမှတော့ ဆုံးဖြတ်ချက်က သူတို့လက်ထဲမှာပဲ ရှိလောက်မှာ။ မင်းက Frestech ကုန်သည်ကြီးများအသင်းရဲ့ CEOအနေနဲ့ အကြုံပြုချက်ပဲပေးသင့်ပြီး မလိုအပ်တာတွေ မလုပ်သင့်ဘူး၊ သူတို့ကို သူတို့ဘာသာ ကိုင်တွယ်ခွင့်ပေးသင့်တယ်။"
"ဒါက ဘယ်လိုလုပ် အလုပ်ဖြစ်မှာလဲ? သူတို့သာ ခီမဲရာ ကုန်သည်ကြီးများအသင်းကို တစ်ဦးတည်း ရင်ဆိုင်ရရင် မကြာခင် ဝါးမြိုခံလိုက်ရလိမ့်မယ်!" ခမ်နက်ဒ်က စိတ်လှုပ်ရှားသည့် အသံဖြင့် ဆို၏။
"ဒါဆိုလည်း ဝါးမြိုခွင့်ပေးလိုက်" ရှုယီ၏ အပြုံးက ရုတ်တရတ် ပျောက်ဆုံး၍ မျက်နှာက ရေခဲတမျှ အေးစက်သွားတော့သည်၊ "သူတို့ကို လွှတ်ထားလိုက်၊ ဒါက သူတို့ ကိုယ်တိုင်လုပ်ရမယ့် စမ်းသပ်ချက်ပဲ။ ဒါကိုတောင် မဖြေရှင်းနိုင်ရင်တော့ သူတို့က အရည်အချင်း မပြည့်မှီတာပဲ"
"ဒါပေမယ့်... ဒါပေမယ့် ဥက္ကဌ၊ ခီမဲရာ ကုန်သည်ကြီးများအသင်းကသာ ဒီတစ်ကြိမ်မှာ အောင်မြင်သွားရင် တခြားနေရာတွေမှာပါ လှုပ်ရှားလိမ့်မယ်။ ကျွန်တော် စိုးရိမ်တာက... သူတို့သာ ကောင်းကောင်းရင်မဆိုင်နိုင်ရင် ကျွန်တော်တို့ ကုမ္ပဏီတစ်ခုလုံးကို ခီမဲရာ ကုန်သည်ကြီးများအသင်းက ဝါးမြိုသွားနိုင်တယ်။"
"စိတ်ချပါ၊ ခီမဲရာ ကုန်သည်ကြီးများအသင်းက ငါတို့ ကုမ္ပဏီရဲ့ တခြား အဖွဲ့ခွဲတွေကို ဝါးမြိုသွားရင်တောင် မှော်သုတေသနဌာနဲ့ စစ်ဘက်သုံးမှော်စက်ဌာနတို့ကို ထိန်းသိမ်းနိုင်သရွေ့ ဒါမှမဟုတ် ငါရှိနေသရွေ့ Frestech ကုန်သည်ကြီးများအသင်းက တည်ရှိနေဦးမှာပါ"
ရှုယီ၏ အသံမှ ယုံကြည်ချက်ရှိပုံကို ကြားလိုက်ရသော် ခမ်နက်ဒ်မှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းငြိမ့်လေသည်။
ဥက္ကဌမှာ မှန်ပါ၏။ Frestech ကုန်သည်ကြီးများအသင်းမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုကြီးမားလာသော်လည်း ၎င်းတို့၏ မဏ္ဍိုင်မှာ ၎င်းတို့၏ နည်းပညာ သို့မဟုတ် ဥက္ကဌ ကိုယ်တိုင်ဖြစ်သည်။
ဥက္ကဌရှိနေသရွေ့ Frestech ကုန်သည်ကြီးများအသင်းကလည်း ရှိနေလိမ့်မည်သာ။
၎င်းမှာ ခီမဲရာ ကုန်သည်ကြီးများအသင်း ဝါးမြိုခြင်းမပြုနိုင်သည့် အရာပင်။
၎င်းကို စဉ်းစားရင်း ခမ်နက်ဒ်၏ စိတ်ထဲရှိ ပူပန်မှုက အတန်ငယ်ပျောက်ကွယ်သွား၏။ သူဟာ သူ့လက်ထဲရှိ စာတမ်းများကို ကြည့်လိုက်ပြီးနောက် အပြုံးဖြင့် ဆိုလေသည်၊ "ဟုတ်သားပဲ ဥက္ကဌ၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်နဲ့ ဒီကိစ္စကို ဂရုစိုက်လိုက်ပါ့မယ်"
ရှုယီက ခေါင်းခါကာ ခမ်နက်ဒ်မှာ သူ၏ သတ်မှတ်ထားသော လမ်းကြောင်းများမှ မဖောက်ထွက်နိုင်သေးဆဲဖြစ်သည်ဟု စဉ်းစားမိလိုက်သည်။
Frestech ကုန်သည်ကြီးများအသင်းက မြန်မြန်တိုးတက်လာခြင်းကြောင့် CEO အဖြစ် ခမ်နက်ဒ်သည်ပင် သူ၏ ကိုယ်ပိုင် အတွေးအမြင်များကို မပြောင်းလဲနိုင်သေးခြင်းလည်း ဖြစ်နိုင်ပါ၏။ သူဟာ အမြဲ လိုလို မိမိကိုယ်ကို အဆင့်နိမ့်နေရာမှာ ထားကာ နယ်မြေကြီးရှိ နံပါတ် ၁ ကုမ္ပဏီဖြစ်သည့် ခီမဲရာ ကုန်သည်ကြီးများအသင်းနှင့် ရင်ဆိုင်ရချိန်တွင် မလိုအပ်စွာ စိတ်လှုပ်ရှား၍ သတိထားနေသည်။
မှန်ပါ၏၊ ၎င်းက ရှုယီအနေဖြင့် ခမ်နက်ဒ်၏ အကဲဖြတ်မှုက မှားယွင်းသည်ကို ဆိုလိုခြင်းမဟုတ်ပါချေ။ ထိုအစား သူဟာ ခမ်နက်ဒ်၏ အကဲဖြတ်မှုက အင်မတန်တိကျသည်ဟု ခံစားရကာ ခီမဲရာ ကုန်သည်ကြီးများအသင်းအနေနှင့် သေချာပေါက် Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်၍ ဇာတ်လမ်းထွင်နေပေသည်။
သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိ နယ်မြေကြီးရှိ အဆင့်အတန်း၊ မှော်စက်မှုနယ်ပယ်၏ အရှိန်အဟုန်တို့ကြောင့် ခီမဲရာ ကုန်သည်ကြီးများအသင်းတင်သာမက နယ်မြေကြီးတွင် Frestech ကုန်သည်ကြီးများအသင်းကို ဇာတ်လမ်းမထွင်လိုသည့် ကုမ္ပဏီတစ်ခု သို့မဟုတ် နိုင်ငံတစ်ခုသော်မျှ မရှိပါချေ။
၎င်းတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်သော်လည်း ၎င်းတို့၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးခြင်းနှင့် မထိုက်တန်ပေ။
ဥပမာ၊ ခီမဲရာ ကုန်သည်ကြီးများအသင်းမှာ သိသာလှစွာ အခြားအစီစဉ်များရှိနေသော်လည်း ရှူယီအတွက် ခီမဲရာ ကုန်သည်ကြီးများအသင်းအနေဖြင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ပိုမို နီးစပ်လာရန် ကြိုးစား၍ ကန်ဒရာအင်ပါယာ၌ မှော်စက်မှုနယ်ပယ် အခြေခံဗဟုသုတကို တိုးတက်စေရန် လက်ဦးမှုရယူခဲ့ကာ ထိုအခြေခံမှော်ကျောင်းများ တည်ထောင်ရာ၌ ငွေအားနှင့် လူအား များပြားလှစွာ ရင်းနှီးမြှုပ်နှံခဲ့ခြင်းမှာ ရှုယီကို များစွာ အထောက်အကူ ဖြစ်စေသည်။
ကမ္ဘာမြေကြီးရှိ စက်မှုတော်လှန်ရေးက တစ်ခုကို သက်သေပြနေပြီး ၎င်းမှာ အရည်အချင်းရှိသူများက ပို၍ မြင့်သော အမြင့်ကို တက်လှမ်းရန် မမေ့ဟူ၍ဖြစ်သည်။
ကန်ဒရာအင်ပါယာ၌ အနာဂတ်တွင် မှော်စက်မှု အရည်အချင်းရှိသူများစွာ ရှိလာပါလျှင်တောင် ကန်ဒရာအင်ပါယာ၏ မှော်စက်မှုစနစ်က မပြီးပြည့်စုံသေးသလို လုံလောက်အောင်လည်း အဆင့်မမြင့်သေးပေ။ ၎င်း အရည်အချင်းရှိသူများမှာ အဆုံး၌ Frestech ကုန်သည်ကြီးများအသင်းထဲသို့ စီးဆင်းလာမည်သာ။
ထို့ကြောင့် အဆုံးတွင် ကန်ဒရာအက်ပါယာက Frestech ကုန်သည်ကြီးများအသင်းအတွက် အရည်အချင်းရှိသူများ မွေးထုတ်ပေးသကဲ့သို့ ဖြစ်နေလိမ့်မည်။
၎င်းမှာ မှော်ပညာရှင်အသိုင်းအဝိုင်း၌ အင်မတန်သိသာသည့်အရာတစ်ခုဖြစ်ပါ၏။
လွန်ခဲ့သည့် ၅နှစ်အကြာက ခေါင်းဆောင် မှော်ပညာရှင် လီဗင်ဟက်စ်ကို Frestech ကုန်သည်ကြီးများအသင်း၌ ကျဆုံးခဲ့ကတည်းက နယ်မြေကြီးရှိ မှော်ပညာရှင်အားလုံး၏ အာရုံက ၎င်းတို့၏ လမ်းကြောင်းပေါ် ရောက်လာခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်း၏ မှော်ပညာရှင်အရေအတွက်မှာ ထိုးတက်လာကာ ယခုတွင် မှော်သုတေသနဌာန၌ အဆင့်နိမ့်မှော်ပညာရှင် ၁သောင်းကျော်ရှိနေပြီပင်။
ခေါင်းဆောင်မှော်ပညာရှင် ဆာရန်ဒါလ် ကလေးသည်ပင် Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ရန် ကိုယ်တိုင် အစပျိုးခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းက အခြားခေါင်းဆောင် မှော်ပညာရှင် ၂၅ဦးအနက် ၁၃ဦးနှင့် ဆက်ဆံရေးများ တည်ဆောက်ပြီးဖြစ်ကာ ထို ခေါင်းဆောင် မှော်ပညာရှင် ၁၃ဦးကို Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ မှော်ပညာသုတေသနပြုခြင်း၌ ပူးပေါင်းခွင့်ပြုထားသည်။
၎င်းတို့ထံ၌ အခြားခေါင်းဆောင် မှော်ပညာရှင် ၁၂ဦးနှင့် ရှင်းလင်းသည့် ဆက်ဆံရေးမရှိလျှင်တောင် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းထံ အာရုံစိုက်ဆဲဖြစ်သည်။ ၎င်းအား ၎င်းတို့အနက် ထက်ဝက်ကျော်က မှော်စက်များအား လျို့ဝှက်သုတေသနပြုနေပြီဟုပင် ဆိုနိုင်၏။
ထို့ကြောင့် လက်ရှိ Frestech ကုန်သည်ကြီးများအသင်းမှာ နယ်မြေကြီးတွင် အကောင်းဆုံး မှော်အရင်းအမြစ်များနှင့် အဖွဲ့အစည်းဖြစ်ပြီး မှော်ပညာရှင်များ အဖွဲ့အစည်းကိုပင် ကျော်လွန်နေသည်။
ရှူယီမှာ ဤလမ်းကြောင်းက မှော်ပညာရှင် အသိုင်းအဝိုင်းတွင်သာမကဘဲ မှော်စက်မှုနယ်ပယ်၏ ပါရမီရှင်များလည်း အတူတူဖြစ်လာမည်ဟု ယုံကြည်သည်။
မှန်ပါ၏၊ ၎င်း၏ ဆိုလိုရင်းမှာ Frestech ကုန်သည်ကြီးများအသင်းက အမြဲတမ်း နည်းပညာပိုင်း၌ ဦးဆောင်နေမည်ဟု အဓိပ္ပာယ်ရသည်။
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၃၂။ ကိစ္စသုံးရပ်
မျက်စိတစ်မှိတ်အတွင်း ဇွန်လသို့ ရောက်နေပြီဖြစ်သည်။
နွေရာသီ၏ ပထမဆုံးလမှ အပူရှိန်မှာ နယ်မြေကြီးတစ်ခွင် ပျံ့နှံ့သွား၏။ နိုင်ငံအသီးသီး၏ ဈေးကွက်များအားလုံးမှာလည်း နွေရာသီ အိမ်သုံးမှော်စက်မျိုးစုံတို့အတွက် ဝယ်လိုအားဖြင့် ပြည့်နှက်နေတော့သည်။
လွန်ခဲ့သည့် နှစ်များအတွင်းတွင် Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်ဌာနမှာ နိုင်ငံအသီးသီးထံမှ အမှာစာများစွာ ရရှိတတ်သည်။ ၎င်းတို့မှာ နွေရာသီကာလအတွင်း ထိပ်တန်းရောင်းအားများကို ကြိုဆိုရန် ၂လလောက် ကြိုတင်ပြင်ဆင်ထားကြရမည်သာဖြစ်သည်။
ဤနှစ်ကလည်း ချွင်းချက်မဟုတ်ပေ။
ဇွန်လနှင့်တင် Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းအဖြစ် သီးသန့်ခွဲထုတ်ထားသည့် Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်ဌာနမှာ မှော်ပန်ကာများ၊ မှော်ရေခဲသေတ္တာများ၊ မှော်ရေခဲစက်များ... နှင့် အိမ်သုံးမှော်စက် အမျိုးမျိုးတို့အတွက် အမှာစာများစွာ ရထားသည်။ စုစုပေါင်းမှာ တစ်သိန်းကျော်ရှိကာ ရွှေဒင်္ဂါး ၂သန်းကျော် ပမာဏကိုပင် ရောက်ရှိနေပြီဖြစ်၏။
ယခင်လက ရွှေဒင်္ဂါး ၃သန်းကျော်တန်ဖိုးရှိ အမှာစာများစွာနှင့် ပေါင်းလိုက်လျှင် Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းမှာ ဤနှစ်၌ ရွှေဒင်္ဂါး ၁၀သန်းရောင်းအားကို ကျော်လွန်ကာ မှတ်တမ်းအသစ်ကို ဖန်တီးနိုင်မည်ဟု ခန့်မှန်းထားကြသည်။
ယခင်နှစ်က လေးလပေါင်း ၇သန်းနှင့် ၃သိန်းရှိခဲ့သည့် နွေရာသီနှင့် ယှဉ်လျှင် ဤFrestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်း၏ ရောင်းအားမှာ ဤနှစ်တွင်များစွာ တိုးတက်လာသည်။
သို့ရာတွင် ဇွန်လသို့ ရောက်လာပြီးနောက် ကိစ္စသုံးရပ်မှာ Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းရှိ လူများအားလုံးအား မည်သည့် ပျော်ရွှင်မှုကိုမှ မခံစားရနိုင်ပောင် ဖြစ်သွားစေခဲ့၏။
ပထမကိစ္စမှာ ကန်ဒရာအင်ပါယာ၏ အရှေ့ပိုင်းခရိုင်ရှိ Frestech မှော်ပန်ကာနှင့် ပတ်သက်၍ မတော်တဆတစ်ခု ဖြစ်ပွားခဲ့ခြင်းပင်။
ယခင်လက ကန်ဒရာအင်ပါယာ၏ အရှေ့ပိုင်းခရိုင်သို့ ရောက်သွားသည့် ပို့ကုန်များတွင် ဝက်အူပြုန်းနေသောကြောင့် အဖုံးများ ပြုတ်ကျနေသည့် တစ်သုတ်ပါသွား၏။
အပြင်းထန်ဆုံးမှာ လျော့ရဲနေခဲ့သည့်က ထိုအဖုံးတင်သာမကပေ။ လျော့ရဲလာသည့် ပန်ကာဒလက်အချို့ပင် ရှိသဖြင့် အမြန်နှုန်းမြင့် ပန်ကာဒလက်များ ပြုတ်ထွက်သွားချိန်၌ လူများစွာ ဒဏ်ရာရသွားခဲ့သည်။
ထိုကိစ္စ ဖြစ်ပွားချိန်၌ ၎င်းအား ⟨ ကန်ဒရာတိုင်းမ်စ် ⟩နှင့် ကန်ဒရာအင်ပါယာရှိ အဓိကသတင်းစာအများစုက မျက်နှာဖုံး၌ပင် ဖော်ပြထားခဲ့ကြရာ တမုဟုတ်ချင်း ကန်ဒရာအင်ပါယာတစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့သည်။
၎င်းမတိုင်ခင်က Frestech ကုန်သည်ကြီးများအသင်းနှင့် ပတ်သက်၍ ပြဿနာအချို့ရှိခဲ့သော်လည်း ၎င်းတို့က ပုံမှန်ပြဿနာများသာဖြစ်ပြီး မြင်ရရှားပါ၏။
အခြားကုမ္ပဏီများ၏ အိမ်သုံးမှော်စက်များနှင့်ယှဉ်လျှင် Frestech တံဆိပ်မှော်စက်များမှာ အမြဲလိုလို လုပ်ဆောင်မှုမြင့်မားခြင်းနှင့် အရည်အသွေးမြင့်မားခြင်းကို ကိုယ်စားပြုသည်။
သို့သော် ဤတစ်ကြိမ်၌ Frestech ကုန်သည်ကြီးများအသင်း၏ မှော်ပန်ကာက ထိုသို့သော မတော်တဆမှုကြီးဖြစ်စေခဲ့ပြီး ၎င်းက သမိုင်းတလျှောက် ပထမဆုံးအကြိမ်ပါပင်။
ထိုကိစ္စအား သတင်းများရေးကြချိန်၌ လူအများစုက ချက်ချင်း မယုံကြပါချေ။
Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များမှာ လူများ၏ စိတ်တွင် တည်ငြိမ်သည့် အနေအထား၌ အမြဲရှိနေခဲ့သဖြင့် လူများမှာ ထိုသို့သော အရာဖြစ်ပွားမည်ဟု မယုံကြပေ။
သို့သော် ⟨ ကန်ဒရာတိုင်းမ်စ် ⟩နှင့် အခြား အဓိက သတင်းစာများ၏ အသေးစိတ်ဖော်ပြချက်များကြောင်း ထိုလူများမှာ ယုံကိုယုံရမည်ဖြစ်၏။
ထို့အပြင် Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်မှာ ထိုမတော်တဆဖြစ်ပွားခဲ့ကြောင်းကို ကြေငြာခဲ့သည်။ ၎င်းတို့က မငြင်းပယ်ဘဲ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့ပါ၏။
သို့သော် Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းက ထိုအဖြစ်အပျက်ကို ဝန်ခံလိုက်စဉ်တွင် ၎င်းတို့မှာ Frestech တံဆိပ် အိမ်သုံးမှော်စက် အားလုံးကို ထိုသို့သောအရာမျိုး မဖြစ်ပွားစေရန် စိတ်ချရအောင် သေချာ စစ်ဆေးမည်ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သဖြင့် ကျရှုံးထုတ်ကုန်ပမာဏများစွာက တစ်စုံတရာမှဖြစ်သည်။ Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းမှာ ၎င်း၏ အကြောင်းပြချက်ကို အတည်ပြုရန် ကန်ဒရာအင်ပါယာအစိုးရနှင့်အတူ စုံစမ်းသွားမည်ဖြစ်သည်။
ထို့အပြင် Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းမှာ မည်သည့်အကြောင်းအရင်းကြောင့်ဖြစ်စေ Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းအနေနှင့် ထိုအဖြစ်အပျက်အတွက် တာဝန်ယူမည်ဖြစ်ကြောင်းလည်း ဖော်ပြခဲ့ပါ၏။ ၎င်းတို့မှာ ၎င်းတို့၏ ထုတ်ကုန်များအား ဝယ်ယူခြင်းကြောင့် မတော်တဆ၌ ပါဝင်ခဲ့ကြရသော မိသားစုအားလုံးကို လျော်ကြေးပေးမည်ဖြစ်သည်။
ထိုထုတ်ပြန်ချက်ကို ချပြလိုက်ချိန်တွင် လူပေါင်းများစွာက ၎င်းတို့ကို ချီးမွမ်းကြသည်။
၎င်းမတိုင်ခင်က Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းကဲ့သို့ ၎င်းတို့ရောင်းချပြီးသား ထုတ်ကုန်များအတွက် အမှန်တကယ် တာဝန်ယူသည့် ကုမ္ပဏီမျိုး မရှိခဲ့ဖူးပါချေ။
၎င်းတို့ ဝယ်ပြီးပြီဖြစ်ကတည်းက ပြဿနာများဖြစ်ပွားလျှင် ၎င်းတို့၏ တာဝန်သာဖြစ်သည်။ ၎င်းမှာ နယ်မြေကြီးရှိ ကုမ္ပဏီအားလုံးနီးပါးထံရှိ သဘောထားဖြစ်ပါ၏။
ဤတစ်ကြိမ်၌ Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်း၏ နည်းလမ်းက စိုင်စ်နယ်မြေကြီး၌ အစဉ်အလာသစ်တစ်ရပ်ကို ဖွင့်လှစ်ခဲ့သည်။
ထိုထုတ်ပြန်ချက်ကြောင့် မတော်တဆဖြစ်ပွားခြင်းမှ Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းကို မယုံကြည်စပြုလာနေသူများမှာ ယခုတွင် ပို၍ပင် စတင်ယုံကြည်လာကြတော့၏။
ဒုတိယကိစ္စမှာ ၎င်းတို့၏ ထုတ်ကုန်များနှင့် မဆိုင်ဘဲ ထုတ်ကုန်များရှိ နည်းပညာဖြစ်သည်။
နွေရာသီမရောက်ခင်တိုင်း Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်ဌာနမှာ အိမ်သုံးမှော်စက်များနှင့် ပတ်သက်သည့် သတင်းသစ်အချို့ကို လွှင့်လေ့ရှိသည်။ ၎င်းတို့မှာ Frestech တံဆိပ် အိမ်သုံးမှော်စက်များ သို့မဟုတ် အသုံးဝင်ပုံသစ်များကို မည်သို့ တိုးတက်အောင် လုပ်ခဲ့ကြောင်း ပြောကြမည်ပင်။
ဥပမာ၊ ဤနှစ်၏ မေလအတွင်းတွင် အသစ်ဖွဲ့စည်းထားသော Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းမှာ အဓိကသတင်းစာများစွာနှင့် မြို့တော်များရှိ မှော်ပုံရိပ်ယောင် ပရိုဂျက်တာကြီးများ၌ ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် မှော်လေပေးစက်နှင့်ပတ်သက်သည့် အရွေ့တစ်ခုကို ပြုလုပ်ခဲ့ပြီး ၎င်းတွင် အချိန်ကိုက် အသုံးပြုနိုင်သော လုပ်ဆောင်ချက်သစ်ကို ပေါင်းထည့်ထားခဲ့၏။
ဤလုပ်ဆောင်ချက်မှာ အသုံးပြုသူအား မှော်လေပေးစက် အချိန်ကို သတ်မှတ်ပေးမည့် အရာဖြစ်သည်။ အချိန်ကျလာချိန်တွင် ၎င်းက အလိုအလျောက် ပိတ်၍ လည်ပတ်မှု ရပ်တန့်သွားမည်ဖြစ်သည်။
ဤလုပ်ဆောင်ချက်မှာ သံသယပင်မလိုလောက်အောင် အင်မတန်ကျော်ကြားခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် မှော်လေပေးစက်များမှာ မှော်စွမ်းအား အတော်လေးစားသောကြောင့်ပင်။ ထို့အပြင် ၎င်းက တချိန်လုံး ဖွင့်ထားလျှင်တောင် အပူချိန်ကို လျော့စေရန် အကူအညီမဖြစ်ပေ။ ထို့ကြောင့် ၎င်းကို ညတိုင်း ထပိတ်ရန် လိုတော့မည်မဟုတ်။
Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းက ၎င်းကို ကြေငြာလိုက်ပြီးသည့်နောက် သတင်းစာအားလုံးက ချီးမွမ်းခဲ့ကြ၏။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်မှုနယ်ပယ်တွင် ခေါင်းဆောင်နေသည့် ကုမ္ပဏီဖြစ်ရန် ထိုက်တန်ပြီး မှော်စက်မှုနယ်ပယ်၏ တိုးတက်မှုကို မောင်းနှင်နေသည့် နည်းပညာသစ်ကို အမြဲ ထုတ်လုပ်နေကြောင်းပင် ဖော်ပြခဲ့ကြသည်။
ဥက္ကဌရှုယီမှာ အမြဲတမ်း မှော်စက်မှုနယ်ပယ်၌ အရေးကြီးဆုံးအရာက နည်းပညာဖြစ်ကြောင်းကို အသားပေးပြောတတ်သည်။ သူ၏ ဦးဆောင်မှုအောက်မှ Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းကို ဆက်တိုက် ပြသလျက်ရှိသဖြင့် Frestech ကုန်သည်ကြီးများအသင်းမှာ အနာဂတ်တိုးတက်မှုအတွက် ကြီးမားလှသော မျှော်လင့်ချက်များရှိသည်။
လူတိုင်းမှာ ဤနှစ်နွေ၌လည်း ထပ်တူညီစွာနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များက အိမ်သုံးမှော်စက်ဈေးကွက်ကို လွှမ်းမိုးထားလိမ့်မည်ဟု ထင်ခဲ့ကြသည်။ ၎င်းတို့မှာ ၎င်းတို့၏ လုပ်ဆောင်ချက်၊ အရည်အသွေးနှင့် နည်းပညာတို့ဖြင့် အခြားအမှတ်တံဆိပ်များကို ဆက်တိုက် လွှမ်းမိုးထားလိမ့်မည်ဟုပင်။
သို့သော်လည်း ဇွန်သို့ရောက်သည်နှင့် အခြေအနေက ပြောင်းလဲသွားခဲ့သည်။
ဇွန်လ၏ တတိယနေ့တွင် လမ်ပူရီဘုရင့်နိုင်ငံ၌ ရေခဲနည်းပညာနှင့် ပတ်သက်၍ တိုးတက်မှုရှိခဲ့ကြောင်း ကြေငြာခဲ့သော မှော်ရေခဲသေတ္တာများ ထုတ်လုပ်ရာ၌ အထူးပြုထားသည့် အိမ်သုံးမှော်စက်ကုမ္ပဏီတစ်ခု ရှိလာသည်။ ၎င်းတို့မှာ မှော်ရေခဲသေတ္တာ၏ ရေခဲနိုင်စွမ်းကို ၂၀%အထိ တိုးနိုင်ခဲ့ပြီး အပူချိန်ကို ပို၍ပင် လျှော့ချနိုင်ကာ အတွင်း၌ သိုလှောင်ထားသည့် အစားအသောက်များအား ခဲနိုင်စွမ်းကို တိုးစေခဲ့သည်။
၎င်းမှာ လူတိုင်းကို အံ့အားသင့်သွားစေခဲ့ပါ၏။
အဘယ့်ကြောင့်ဆိုသော် ၎င်းမတိုင်ခင်က Frestech ကုန်သည်ကြီးများအသင်းမှာ အိမ်သုံးမှော်စက်နည်းပညာကို လူတိုင်းထံ ချပြခဲ့ရာ နယ်မြေကြီးရှိ ကုမ္ပဏီအများစုက အိမ်သုံးမှော်စက်များကို ထုတ်လုပ်ရာ၌ အာရုံစိုက်ထားကြသည်။
သို့သော် အနှီကုမ္ပဏီများမှာ Frestech ကုန်သည်ကြီးများအသင်းထောက်ပံ့သည့် နည်းပညာကိုသာ အသုံးပြုပြသဖြင့် Frestech ကုန်သည်ကြီးများအသင်း၏ ခြေလှမ်းများနောက်ကိုသာ လိုက်နိုင်ပြီး Frestech တံဆိပ်၏ အရာရာတိုင်းကို တတ်နိုင်သမျှ ကူးယူကြသည်။
တိုးတက်မှုများရှိလျှင်တောင် အခြေခံတည်ဆောက်ပုံဆိုင်ရာ တိုးတက်မှုများသာဖြစ်၏။
နည်းပညာနှင့် ပတ်သက်၍ တိုးတက်မှုကတော့ မရှိခဲ့ဖူးချေ။
ယခုတွင် ရေခဲနိုင်စွမ်းကို တိုးစေပြီး အပူချိန်ကို လျှော့ချနိုင်သည့် လမ်ပူရီဘုရင့်နိုင်ငံမှ ကုမ္ပဏီတစ်ခု ရှိနေရာ ၎င်းက ၎င်းတို့အနေနှင့် မှော်ရေခဲသေတ္တာ၏ အဓိကနည်းပညာကို နက်ရှိုင်းစွာ နားလည်နေသောကြောင့် လုပ်ဆောင်ချက်နှင့် ပတ်သက်လျှင် Frestech တံဆိပ်မှော်ရေခဲသေတ္တာထက်ပင် သာလွန်နေသော ထုတ်ကုန်ကို ပြုလုပ်နိုင်ခဲ့သည့် အဓိပ္ပာယ်ပင်။
Frestech ကုန်သည်ကြီးများအသင်းအား တည်ထောင်ခဲ့သည့် ၁၅နှစ်တာအတွင်း ၎င်းက အခြားမှော်စက်ကုမ္ပဏီတစ်ခုအနေနှင့် နည်းပညာအပိုင်းတွင် Frestech ကုန်သည်ကြီးများအသင်းအား သာလွန်သွားသည့် ပထမဆုံးအကြိမ်ဖြစ်ရာ သဘာဝကျကျပင် လူများစွာ၏ အာရုံကို ဆွဲဆောင်သွားတော့သည်။
ဥက္ကဌရှုမှာ အမြဲလိုလို သူ့အနေနှင့် အခြားကုမ္ပဏီများက သက်ဆိုင်ရာ မှော်စက်နည်းပညာကို တိုးတက်ရေး၌ စတင်ရင်းနှီးမြှုပ်နှံက မှော်စက်နည်းပညာအား ပူးတွဲ တိုးတက်ရေးပြုလုပ်နိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။ ယခုတွင် နည်းပညာ၌ တိုးတက်မှုကို ပြုလုပ်ခဲ့သည့် ကုမ္ပဏီတစ်ခုရှိရာ သူမည်သို့ တုံ့ပြန်မည်နည်း?
သို့သော်လည်း ရှုယီက ၎င်းကို လုံးဝ မတုံ့ပြန်ခဲ့ပေ။ Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းကသာ ထိုကုမ္ပဏီကို ဂုဏ်ပြုကြောင်း အထူးထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
သို့သော် ၎င်းတို့ကို ဂုဏ်ပြုစဉ်အတွင်း Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့အနေဖြင့် ထိုကုမ္ပဏီက မည်သည့် နည်းပညာကို မဆို အသုံးပြုရန် စမ်းသပ်မှုများစွာ လိုအပ်မည်ဖြစ်သောကြောင့် နည်းပညာကို ဂရုတစိုက်အသုံးပြုရန် မျှော်လင့်ကြောင်းကိုပါ ဖော်ပြခဲ့သည်။ မဟုတ်ပါက ပြဿနာများ ရှိလာနိုင်သည်ဟုပင်။
Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းမှာ ထိုကုမ္ပဏီထံ၌ နည်းပညာနှင့် ပတ်သက်၍ ပြဿနာတစ်ခုခုရှိလာလျှင် Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းကို မည်သည့်အချိန်၌မဆို ဆက်သွယ်နိုင်ကြောင်း ဖော်ပြခဲ့၏။ Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းမှာ နည်းပညာထောက်ပံ့မှုကို ထောက်ပံ့ပေးဖို့ ဆန္ဒရှိကာ ထိုနည်းပညာကို အတူတိုးတက်စေလိုကြောင်းလည်း အပါအဝင်ပင်။
၎င်းနောက် ၃ရက်တာအတွင်း ဇွန်လ၏ ၆ရက်မြောက်သော နေ့၌ Rudson ဘုရင့်နိုင်ငံမှ ကုမ္ပဏီတစ်ခုသည်လည်း အရွေ့တစ်ခုရှိကြောင်း ကြေငြာခဲ့ပါ၏။ ၎င်းတို့မှာ မှော်ရေပူပေးစက်နှင့် ပတ်သက်၍ အရွေ့တစ်ခု ပြုလုပ်ခဲ့ကြောင်း ဖော်ပြလာခဲ့သည်။
၎င်းတို့၏ မှော်ရေပူပေးစက်မှာ ရေချိုးဇလုံထဲသို့ ဝင်ရောက်မည့် ရေ၏ အပူရှိန်ကို ထိန်းသိမ်းပေးမည့် အပူစွမ်းအင်လည်ပတ်ခြင်းစနစ်ကို အသစ်ဖန်တီးခဲ့သည်။ ရေချိုးဇလုံမှာ ၎င်းအား ခဏမျှ ထားရစ်ပြီးနောက် အင်မတန်အေးစက်သွားမည်မဟုတ်ဘဲ ၎င်းအား တစ်ဖန် အပူပေးဖို့ မလိုပေ။
၎င်းက ရေချိုးဇလုံထဲ၌ ဝင်၍ ရေချိုးရသည်ကို သဘောကျသော လူများအတွက် အကြီးမားဆုံးပြဿနာကို ဖြေရှင်းပေးသောကြောင့် သံသယပင်မလိုအောင် အင်မတန်အဆင်ပြေသည့် စနစ်ဖြစ်သည်။
ဤနည်းပညာမှာ Frestech တံဆိပ်မှော်အပူပေးစက်ထံ၌ မရှိသောအရာဖြစ်၏။
ထို့နောက် နောက်တစ်နေ့အပြီးတွင် လမ်ပူရီဘုရင့်နိုင်ငံထံမှ ကုမ္ပဏီတစ်ခုမှာ အချိန်ကြာတိုးတက်မှု ကာလအပိုင်း၌ ၎င်းတို့လည်း မှော်မီးဖိုနှင့်ပတ်သက်သည့် အရွေ့တစ်ခုပြုလုပ်ခဲ့ကြောင်း ကြေငြာခဲ့သည်။
၎င်းတို့၏ အသစ်ထုတ်လုပ်ထားသော မှော်မီးဖိုမှာ မီးတောက်စွမ်းအားကို ချိန်ညှိနိုင်ပြီး တစ်ချိန်တည်း၌ မတူညီသည့် အပူရင်းမြစ်ရှိနိုင်မည်ဖြစ်သည်။ ၎င်းက သင့်အနေနှင့် မှော်မီးဖိုကို အသုံးပြု၍ တစ်ချိန်တည်း၌ ဟင်းလျာနှစ်မျိုး ချက်နိုင်မည့် အဓိပ္ပာယ်ပင်။
၎င်းမှာ အချိန်များစွာ သက်သာစေကာ ချက်ပြုတ်ခြင်း၏ သက်ရောက်မှုကို များစွာ တိုးတက်စေမည်မှာ သံသယပင် ဝင်ဖို့ မလိုပေ။
ဤနည်းပညာမှာ Frestech တံဆိပ်မှော်မီးဖို၌ မရှိသည့် အရာဖြစ်ပါ၏။
တစ်ပတ်တာအတွင်း၌ Frestech တံဆိပ်အိမ်သုံးမှော်စက်များထံတွင် မရှိသော နည်းပညာအသစ်များကို ကြေငြာခဲ့သော ကုမ္ပဏီ၃ခုရှိခဲ့သည်။ လူများမှာ Frestech ကုန်သည်ကြီးများအသင်းထံ၌ အမြဲရှိနေကျဖြစ်သော နည်းပညာ သာလွန်မှုမှာ ထပ်မရှိတော့ဟုပင် တွေးလာကြတော့၏။
သို့သော်လည်း ၎င်းနှင့်ယှဉ်လျှင် တတိယကိစ္စမှာ လူတိုင်း၏ အာရုံကို ဆွဲအဆောင်မိဆုံးပါပင်။
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၃၃။ အဓိကရုဏ်း
တတိယကိစ္စမှာ ကန်ဒရာအင်ပါယာ အရှေ့ပိုင်းရှိ ဒရိုမျိုးနွယ်စုတိုင်းပြည် အမည်ရ နိုင်ငံတစ်နိုင်ငံနှင့် ဆက်စပ်နေသည်။
ထိုနိုင်ငံအား ဒရိုမျိုးနွယ်စုတိုင်းပြည်ဟု ခေါ်ဆိုခြင်းမှာ ထိုနိုင်ငံရှိ ပြည်သူ ၉၀%ကျော်က *ဒရိုမျိုးနွယ်စုမှ လာသောကြောင့်ပါပင်။
(*ဒရိုမျိုးနွယ်စု = dark-skinned ရှိသည့် နတ်သူငယ် မျိုးနွယ်စုအခွဲ)
၎င်းကြောင့် ဒရိုမျိုးနွယ်စုတိုင်းပြည်မှာ အမြဲတမ်း စည်းလုံးမှုမြင့်မားပါ၏။ ၎င်းတို့၏ နိုင်ငံအင်အားမှာ ပျမ်းမျှသာ ရှိသော်လည်း နယ်မြေကြီး၏ အရှေ့ဘက်တွင် ၎င်းတို့အား တိုက်ခိုက်ဝံ့သည့် နိုင်ငံမှာ မရှိသလောက်နည်းပါး၏။
Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် ဒရိုမျိုးနွယ်စုတိုင်းပြည်တွင် မှော်စက်မှုနယ်ပယ်ကို တည်ထောင်ခဲ့စဉ်က အရာရာတိုင်း ချောချောမွေ့မွေ့ဖြစ်ခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းမှ ယခင်နှစ်က ၎င်းတို့၏ မှော်စက်မှုနယ်ပယ်စံနှုန်းအဆင့်သတ်မှတ်မှုကို ညှိနှိုင်းရာတွင် ဒရိုမျိုးနွယ်စုတိုင်းပြည်၏ မှော်စက်မှုနယ်ပယ်က ဖွံ့ဖြိုးမှု မြန်ဆန်လှသောကြောင့် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းထံမှ တတိယအဆင့်စံနှုန်းကို ရရှိခဲ့သည်။ ၎င်းတို့မှာ စိုင်စ်နယ်မြေကြီး တစ်ခုလုံးတွင် ထိပ်တန်းအဆင့်ရှိခဲ့သည်။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ ဒရိုမျိုးနွယ်စုတိုင်းပြည်ထံသို့ ၎င်းတို့၏ သဘောတူညီမှုတစ်ခုစီအလိုက် စစ်ဘက်သုံးမှော်စက်နည်းပညာအချို့ လွှဲပြောင်းပေးခဲ့၏။ ၎င်းတို့အနေနှင့် ဒရိုမျိုးနွယ်စုတိုင်းပြည်ထံ အဆင့်မြင့် စစ်ဘက်သုံးမှော်စက်အချို့လည်း ရောင်းခဲ့ရာ ၎င်းက ၎င်းတို့၏ စစ်ဘက်အင်အားကို များစွာ တိုးလာစေခဲ့လေသည်။
၎င်းကြောင့် ဒရိုမျိုးနွယ်စုတိုင်းပြည်က ယုံကြည်ချက်ပိုမိုများပြားလာခြင်းလည်း ဖြစ်နိုင်ပေသည်။
ပြီးခဲ့သည့် ဆောင်းဦးရာသီက ဒရိုမျိုးနွယ်စုတိုင်းပြည်မှာ ရုတ်တရတ် ၎င်းတို့၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော ပရိုဗန့်စ် တိုင်းပြည်နှင့် ဆာဖီနာနယ်မြေတို့ကို တိုက်ခိုက်ခဲ့ပြီး လုံးဝ အနိုင်ရခဲ့သည်။ ၎င်းတို့အနေနှင့် ဆာဖီနာနယ်မြေနှင့် ပရိုဗန့်စ် တိုင်းပြည်တို့ကို တစ်စုတည်းဖြစ်သွားအောင် ဝါးမြိုရန် ၃လသာကြာခဲ့သဖြင့် စိုင်စ်နယ်မြေကြီး၏ အရှေ့ပိုင်းနိုင်ငံများကို ထိတ်လန့်စေခဲ့သည်။
ဒရိုမျိုးနွယ်စုတိုင်းပြည်၏ အောင်မြင်သော ကျူးကျော်မှုနှစ်ခုက ထိုနိုင်ငံများကို ထိတ်လန့်စေသလို သတိပေးသလိုလည်း ဖြစ်လာသည်။
ဒရိုမျိုးနွယ်စုတိုင်းပြည်၏ အင်အားမှာ ယခင်က သာမန်သာဖြစ်ခဲ့သော်လည်း Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းပြီးသည့်နောက် နှစ်ပေါင်းများစွာ တိုးတက်ပြီးနောက်တွင် ကြောက်မက်ဖွယ် တိုးတက်မှုရှိလာခဲ့သည်။ ၎င်းတို့မှာ ယခုတွင် စိုင်စ်နယ်မြေကြီး၏ အရှေ့ပိုင်းရှိ အဓိက စစ်တပ်အင်အားကြီးနိုင်ငံများထဲမှ တစ်ခုဖြစ်လာခဲ့ပြီပင်။
အခြားနိုင်ငံများသာ ဆာဖီနာနယ်မြေ သို့မဟုတ် ပရိုဗန့်စ်တိုင်းပြည်တို့ကဲ့သို့ တူညီသည့် ကံကြမ္မာကို မရင်ဆိုင်လိုပါလျှင် ၎င်းတို့ထံ၌ ရွေးချယ်စရာတစ်ခုသာ ရှိတော့သည်မှာ သိသာသည်။ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်း၍ ၎င်းတို့နိုင်ငံ၏ မှော်စက်မှုနယ်ပယ်အဆင့်ကို တိုးမြှင့်ရန် ကြိုးစားကာ Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးနည်းပညာကို ရယူရမည်ဖြစ်၏။
အခြားနိုင်ငံများအား ကျူးကျော်ခြင်းကို မဆိုထားနှင့် အနည်းဆုံး ၎င်းတို့အနေဖြင့် ဒရိုမျိုးနွယ်စုတိုင်းပြည်ထံမှ အနိုင်ယူခြင်းကို မခံရတော့လောက်ပေ။
ထို့ကြောင့် ဒရိုမျိုးနွယ်စုတိုင်းပြည်က ၎င်းတို့၏ အောင်ပွဲနှစ်ခုကို အောင်နိုင်ပြီးနောက်၌ ၎င်း၏ အကြီးမားဆုံးအကျိုးအမြတ်ကို ရသူမှာ Frestech ကုန်သည်ကြီးများအသင်းဖြစ်သည်။
ပထမနှစ်ဝက်တွင် ယခင်က Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းမထားခဲ့သော စိုင်စ်နယ်မြေကြီး၏ အရှေ့ပိုင်းရှိ နိုင်ငံများမှာ ၎င်းတို့၏ ကိုယ်ပိုင် အဆိုပြုချက်များအား တင်သွင်း၍ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းရန် တောင်းဆိုလာကြသည်။
ထို့ကြောင့် စိုင်စ်နယ်မြေကြီးမှာ Frestech ကုန်သည်ကြီးများအသင်းကြောင့် ငြိမ်းချမ်းရေးကို ပြန်ရလာပါ၏။ ၎င်းတို့ နိုင်ငံများ၏ မှော်စက်မှုနယ်ပယ်များကို တိုးတက်ဖို့ ကြိုးစားနေကြသော နိုင်ငံအားလုံး ကြွယ်ဝမှုကို ရလာကြသည်။
အခြေအနေကသာ မပြောင်းလျှင် ထိုအတိုင်း ဆက်ဖြစ်နေမည်သာ။ စိုင်စ်နယ်မြေကြီး၏ အရှေ့ပိုင်းရှိ နိုင်ငံများမှာ အနောက်တောင်ပိုင်းရှိ နိုင်ငံများကို လိုက်မမှီနိုင်ပါလျှင်တောင် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံအပါအဝင် အရှေ့တောင်ပိုင်းရှိ နိုင်ငံများ၏ နောက်၌ ကျန်ရစ်ခဲ့ကြမည်မဟုတ်ပေ။
သို့သော်... ဤလော၌ မပြောင်းလဲသည့် အရာဟူ၍ မရှိပါချေ။
မတ်လအစောပိုင်း၌ ဒရိုမျိုးနွယ်စုတိုင်းပြည်တွင် အတွင်းရေး ပြဿနာတစ်ခုရှိခဲ့ပါ၏။ ဒရိုမျိုးနွယ်စုတိုင်းပြည် လက်ရှိဘုရင်၏ သွေးရင်းတော်စပ်သူ ညီတော် မင်းသား ဝခ်ကာမှာ “ဒရိုမျိုးနွယ်စုရဲ့ကံကြမ္မာကို အပြင်လူတွေ မဆုံးဖြတ်နိုင်ဘူး” ဟူသည့် စာတန်းအောက်၌ သစ္စာဖောက်စစ်တပ်တစ်ခုကို ဖန်တီးခဲ့သည်။ သူ့ထံ၌ ဒရိုမျိုးနွယ်စုတိုင်းပြည်ရှိ စစ်တပ်အများစု၏ ထောက်ခံမှုရှိရာ ဘုရင်ကို နန်းချ၍ သူကိုယ်တိုင် နန်းတက်ခဲ့သည်။
သူ ထီးနန်းဆက်ခံကာ ဒရိုမျိုးနွယ်စုတိုင်းပြည်ကို ထိန်းချုပ်လိုက်သည်နှင့် “ဒရိုမျိုးနွယ်စုရဲ့ကံကြမ္မာကို အပြင်လူတွေ မဆုံးဖြတ်နိုင်ဘူး”ဟူသည့် ကြွေးကြော်သံနှင့်အတူ ဒရိုမျိုးနွယ်စုတိုင်းပြည်၏ အစိုးရလက်အောက်၌ ထားရှိထားသော မှော်စက်မှုနယ်ပယ်ဆိုင်ရာ အရာအားလုံးကို ထိန်းသိမ်းလိုက်သည်။
တစ်ချိန်တည်းမှာပင် ဒရိုမျိုးနွယ်စုတိုင်းပြည်၏ ပြည်သူများမှာ နိုင်ငံခြားအင်အားများကို စတင် ဆန့်ကျင်လာကြပါ၏။
ပြည်သူများအတွက် Frestech ကုန်သည်ကြီးများအသင်း ခေါင်းဆောင်နေသည့် လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန် တိုင်းပြည်၊ ဒရိတ်ခ်နယ်မြေနှင့် အခြား အနောက်တောင်နိုင်ငံများမှ လာရောက်ခဲ့ကြသော ကုမ္ပဏီများမှာ ‘အနောက်တောင်ပိုင်း၏ သွေးစုပ်ကောင်များ’ ဖြစ်လာကြသည်။ ၎င်းတို့အနေဖြင့် ဒရိုမျိုးနွယ်စုတိုင်းပြည် ပြည်သူများ၏ ဂုတ်သွေးကို စုပ်ယူနေကြသည့် သွေးစုပ်ကောင်များအား အဝကျွေးကာ မောင်းထုတ်လိုကြသည်။
ဤလှိုင်းကြီးမှာ ပထမ၌ သေးငယ်ပါသော်လည်း မေလရောက်လာသည်နှင့် အရှိန်အဟုန်ရလာကာ ဇွန်လအစပိုင်းတွင်မူ တဟုန်ထိုးတက်လာခဲ့ပါ၏။
ဒရိုမျိုးနွယ်စုတိုင်းပြည်ထံ၌ အနောက်တောင်နိုင်ငံများ၏ ကုမ္ပဏီများအား ဆန့်ကျင်သည့် အဓိကရုဏ်းများစွာ ရှိလာခဲ့သည်။ ဖျက်စီးခံရသည်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ဈေးဆိုင်များနှင့် စက်ရုံများသာမကဘဲ ၎င်းတို့၏ အလုပ်သမားများသည်ပင် ကြမ်းတမ်းစွာ ဆက်ဆံခံရလေသည်။
အချက်အလက်က မရှင်းလင်းပါသော်လည်း Frestech ကုန်သည်ကြီးများအသင်း ကြေညာခဲ့သည့် သတင်းအရ ဒရိုမျိုးနွယ်စုတိုင်းပြည်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ထမ်း ၇၃၆ဦးအနက် ၃၄၂ဦးမှာ အဓိကရုဏ်းအတွင်း သတ်ဖြတ်ခံလိုက်ရကာ ဝန်ထမ်းပေါင်း ၁၇၅ဦးနှင့် အဆက်အသွယ်ပြတ်နေသည်။ ကျန်သည့် ၂၁၉ဦးသာ ကြိုတင်၍ ထွက်ပြေးလွတ်မြောက်လာခဲ့ပါ၏။
ထွက်ပြေးလွတ်မြောက်လာခဲ့သော ဝန်ထမ်း ၂၁၉ဦး၏ ဖော်ပြချက်အရ အဓိကရုဏ်းအတွင်းတွင် ဒရိုမျိုးနွယ်စုတိုင်းပြည်မှာ ပြန်၍ပင် မစဉ်းစားချင်လောက်သည့် လူမဆန်သော လုပ်ရပ်များကို ကျူးလွန်ခဲ့သည်။
ထိုသတင်း ပျံ့နှံ့သွားချိန်တွင် နယ်မြေကြီးတစ်ခုလုံး ထိတ်လန့်သွားကြ၏။
လူများမှာ ဒရိုမျိုးနွယ်စုတိုင်းပြည်၏ အတွင်းရေးအရှုပ်အထွေးများကို ဂရုမစိုက်ချေ၊ အဘယ့်ကြောင့်ဆိုသော် ပစ်မှတ်ထားကြသော လူများမှာ လူအများစုနှင့် မဆိုင်သောကြောင့်ပင်။
လူအများစု ဂရုစိုက်ကြသည်မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် အနောက်တောင်နိုင်ငံများ၏ တုံ့ပြန်မှု၊ အထူးသဖြင့် Frestech ကုန်သည်ကြီးများအသင်း၏ တုံ့ပြန်မှု ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းကို တိုက်ခိုက်ပြီးနောက် ခေါင်းဆောင် မှော်ပညာရှင် လီဗင်ဟက်စ်ကို ကျဆုံးခဲ့ပြီးကတည်းက နယ်မြေကြီးရှိ မည်သူကမှ Frestech ကုန်သည်ကြီးများအသင်းကို မတိုက်ခိုက်ဝံ့ခဲ့ပါချေ။
သို့သော် ယခုတွင် ဒရိုမျိုးနွယ်စုတိုင်းပြည်၏ အစိုးရက Frestech ကုန်သည်ကြီးများအသင်းထံမှ အဖိုးတန်များစွာကို ရယူခဲ့ရုံသာမက ၎င်းတို့၏ ပြည်သူများပင် ထိုပြစ်မှုများစွာကို ကျုးလွန်ခဲ့ကြသည်။ ၎င်းအား Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် မတုံ့ပြန်ရန် မဖြစ်နိုင်ပေ။
သို့သော်...... ဒရိုမျိုးနွယ်စုတိုင်းပြည်မှာ စတက်တိန်းနယ်မြေရှိ Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းထံမှ ကီလိုမီတာ ၄၀၀၀ကျော်ဝေးကွာသဖြင့် Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် မည်သို့များ လက်စားချေမည်နည်း?
….
"ဥက္ကဌ ကြည့်ပါဦး၊ ဒါက ကျွန်တော် ဒီတလောကမှ အဆင့်မြှင့်ထားတဲ့ မတူညီသော မှော်ဒြပ်စွမ်းအင်တုံ့ပြန်မှု မျဉ်းကွေး လေ..." စန်ချယ်လီမှာ ကြီးမားသည့် ကျောက်သင်ပုန်းထက်ရှိ ရှုပ်ထွေးသော ပုံကို ညွှန်ပြလာရာ ရှုယီမှာ စိတ်ဝင်တစားကြည့်ရှုလိုက်ပါ၏၊ "ဒီမျဉ်းကွေးကနေ လေထဲမှာ ရှိတဲ့ မှော်ဒြပ်စင်စွမ်းအင်နဲ့ မှော်သလင်းကျောက်ထဲက မှော်ဒြပ်စင်စွမ်းအင်တို့က စည်းမျဉ်းတစ်ခုကို လိုက်နာတာ တွေ့ရတယ်။ ကျွန်တော်တို့သာ ဒီစည်းမျဉ်းကို အသုံးပြုနိုင်ရင် သေချာပေါက် ဒါကို တိတိကျကျ ထိန်းချုပ်နိုင်မှာပဲ...."
ရှုယီမှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ရင်ထဲရှိ အံ့အားသင့်နေမှုကို တတ်နိုင်သမျှ ဖိနှိပ်ထားသည့် စန်ချယ်လီကို ကြည့်လိုက်သည်။
ဤလူ စန်ချယ်လီမှာ သူ၏ ကိုယ်ပိုင် မှော်ဒြပ်စင်စွမ်းအင်ထိန်းချုပ်ရေးနည်းလမ်းကို တီထွင်နိုင်သည့် ပါရမီရှင် မှော်ပညာရှင်တစ်ဦးဖြစ်ရန် တကယ်ကို ထိုက်တန်ပါ၏။ ယခင်နှစ်က သူ့အနေနှင့် စန်ချယ်လီအား ပေးခဲ့သော မရေမရာ အယူအဆနှင့်တင် သူဟာ ဤစနစ်၏ အခြေခံအုတ်မြစ်ကို တစ်နှစ်သာသုံး၍ ဖန်တီးနိုင်နေပြီဖြစ်သည်။
၎င်းမှာ စန်ချယ်လီ ပြောသလို ၎င်းတို့သာ မတူညီသည့် မှော်ဒြပ်စင်စွမ်းအင်အတွက် ပြောင်းလဲမှု စည်းမျဉ်းကို အဓိပ္ပာယ်သတ်မှတ်နိုင်ပါလျှင် ထိန်းချုပ်နိုင်ရန် သိပ်မဝေးတော့ပေ။
၎င်းတို့သာ မှော်ဒြပ်စင်စွမ်းအင်ကို ထိန်းချုပ်နိုင်ပါက အင်မတန်အကြမ်းဆန်သည့် မှော်စက်သုတေသနမှာ အဆင့်သစ်သို့ ဝင်ရောက်နိုင်ပြီး ပို၍ အသေးစိတ်ကျကျပင် လေ့လာနိုင်တော့မည်ဖြစ်သည်။
သို့မဟုတ် အခြားနည်းဖြင့် ပြောရလျှင် မှော်သုတေသနဌာနနှင့် မှော်စက်ဖွံ့ဖြိုးရေးဌာနတို့ လုပ်ခဲ့သည်မှာ မှော်စက်များ၏ အသုံးပြုခြင်းကို ရှာဖွေခဲ့ခြင်းသာ ဖြစ်သော်လည်း စန်ချယ်လီ လုပ်နေသည်မှာ အစစ်အမှန် မှော်စက်သီအိုရီကို သုတေသနပြုခြင်းဖြစ်သည်။
သီအိုရီသုတေသနကို အထင်မသေးပါနှင့်၊ လက်တွေ့ကျသည့် အသုံးချခြင်းအားလုံးမှာ အခြေခံသီအိုရီကို အခြေခံထားသည်။
Frestech ကုန်သည်ကြီးများအသင်းမှာ ရှုယီ ကမ္ဘာမြေပေါ်မှာ ယူဆောင်လာသည့် အခြေခံစက်မှုအင်ဂျင်နီယာသီအိုရီကြောင့်သာ ထိုမှော်စက်အားလုံးကို ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး မှော်ပညာ ပါဝင်သည့် အခန်းကဏ္ဍမှာ စက်များအတွက် စွမ်းအင် ထောက်ပံ့ရုံသာ ဖြစ်ပါ၏။
ယခုအထိ မှော်ပညာက ပို၍ အရေးပါနေသည့် ၂ခုတည်းသော အရာမှာ မှော်ဆက်သွယ်ရေးကွန်ရက်နှင့် မှော်ပုံရိပ်ယောင်ပရိုဂျက်တာတို့သာဖြစ်သည်။
၎င်းနှင့်ယှဉ်လျှင် စန်ချယ်လီ ပြုလုပ်နေသည့် သုတေသနမှာ ထိုအရာနှစ်မျိုးထက် မှော်သုတေသန၏ အနှစ်သာရနှင့် ပိုမို နီးစပ်သည်။
Frestech ကျောင်းတော်မှ သာမန်လူများကို လွန်ခဲ့သည့် ၂နှစ်အတွင်း မှော်ပညာသင်ကြားခဲ့စဉ်က ၎င်းတို့မှာ အဓိကအားဖြင့် စန်ချယ်လီ ဖန်တီးထားသည့် မှော်စွမ်းအင်သီအိုရီကို အသုံးပြုထားသည်။
သူ၏ မှော်သီအိုရီအသစ်ကြောင့် မှော်ပညာအမျိုးအစားအားလုံးတို့မှာ ဆန်းကြယ်မနေတော့သလို လုံလောက်သည့် ဆန်းစစ်မှုနှင့် ရှင်းပြနိုင်သော အရာဖြစ်လာသည်။
ခေါင်းဆောင် မှော်ပညာရှင် ကမ်မီလာနှင့် ရှုယီ ပြုလုပ်ခဲ့သော တိုးတက်မှုများအား ထည့်ပေါင်းလိုက်သော် ၎င်းက မှော်ပညာကို သာမန်လူများပင် နားလည်နိုင်သော အရာအဖြစ် ပြောင်းလဲစေခဲ့၏။
"ရပ်တော့!" ရှုယီက ရုတ်တရတ် လက်ထောင်၍ စန်ချယ်လီကို ဖြတ်ပြောလိုက်သည်၊ "စန်ချယ်လီ, ငါတို့ စတွေ့တုန်းက မင်းဆီမှာ ရှိခဲ့တဲ့ မှော်ပစ္စည်းကို မှတ်မိသေးလား? ငါ မှတ်မိတာသာ မှန်ရင် မင်းအနေနှင့် အဲဒီ့ ပစ္စည်းပေါ်မှာ အစောတုန်းက ပြောခဲ့တဲ့ သီအိုရီကို သုံးပြီးပြီ မို့လား?"
စန်ချယ်လီက အသာပြုံးလိုက်ကာ၊ "ဥက္ကဌ မှတ်မိနေသေးတာပဲ။ ဟုတ်ပါတယ်၊ အဲဒါက တကယ်ကို ဒီသီအိုရီကို သုံးထားတာဆိုပေမယ့် အရင်ကတော့ ဒီသီအိုရီကို ရေးရေးပဲ ယူဆနိုင်ခဲ့တာ။ မနှစ်ကအထိ အာကာလီနဲ့အတူ မှော်ဆက်သွယ်ရေးကွန်ရက်ကို လေ့လာပြီးတဲ့နောက်မှာ ဒီအယူအဆကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး ပြီးပြည့်စုံတဲ့ ကောက်ချက်ကို ဆွဲနိုင်ခဲ့တာဟာ အခု ဥက္ကဌ မြင်နေရတဲ့အရာပါပဲ။"
"အင်း" ရှုယီက ခေါင်းငြိမ့်လိုက်၏။ သူဟာ ခဏမျှ တိတ်ဆိတ်နေပြီးမှ မေးလေသည်၊ "ဒါဆို မင်းဖော်ပြလာတဲ့အပေါ် မူတည်ပြီး ဒါကို ဒီလို နားလည်လို့ရတယ်ပေါ့? အင်း... ဒီလိုပဲထားကြတာပေါ့။ စန်ချယ်လီ, ငါသာ မင်းကို မှော်ပုံရိပ်ယောင် ပရိုဂျက်တာကို ချိတ်ဆက်နိုင်မယ့် ကိရိယာ တချို့ ဖန်တီးခိုင်းရင် တစ်စက္ကန့်အတွင်းမှာ တစ် အပေါင်း တစ်က နှစ်နဲ့ ညီမျှတယ်ဆိုတဲ့ ပရောဂျက်ကို မှော်ပုံရိပ်ယောင်ပရိုဂျက်တာက ရေးဆွဲနိုင်မှာမို့လို့ လုပ်ပေးနိုင်မလား?"
စန်ချယ်လီက မျက်မှောင်ကုပ်၍ မျက်လုံးများထဲ၌ ဖုံးကွယ်ထားသည့် ခါးသက်မှုများရှိနေသည်။
"ဥက္ကဌက ကျွန်တော့်ကို အထင်သေးလွန်းနေတာ မဟုတ်ဘူးလား? မှော်ပုံရိပ်ယောင်ပရိုဂျက်တာကို တစ်ခုခုနဲ့ ချိတ်ဆက်တာက လုံးဝမခက်ခဲဘူးလေ ဟုတ်ပြီလား? တစ် အပေါင်း တစ်က နှစ်နဲ့ ညီမျှတယ် ဆိုတာအတွက်ကျတော့... ဒီလိုရိုးရှင်းတဲ့ တွက်ထုတ်မှုကို ချပြဖို့လိုအပ်လို့လား? လွန်ခဲ့တဲ့ နှစ်များစွာတုန်းက ကျွန်တော် ကုမ္ပဏီအတွက် ဖန်တီးပေးထားတဲ့ အလိုအလျောက်မှော်စက်နည်းပညာမှာကတင် ဒီ့ထက်ပိုများတဲ့ နည်းပညာတွေရှိနေတာ မဟုတ်လား?"
"ဒါက ဟုတ်ပါတယ်၊ တစ် အပေါင်း တစ်က ပြဿနာမဟုတ်ဘူး၊ ဒါပေမယ့် တစ်စက္ကန့်အတွင်းမှာ မင်းအနေနဲ့ ဒီ တွက်ထုတ်မှုကို ၁၀ဆ လုပ်နိုင်လား? အဆ ၁၀၀ဆိုရင်ရော? အဆ ၁၀၀၀၊ အဆ တစ်သောင်း၊ အဆ တစ်သိန်း ဒါမှမဟုတ် အဆပေါင်း တစ်သိန်းထက်ပိုပြီးတောင် ဆိုရင်ရော?"
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၃၄။ အကျိုးဆက်တွေကို စိတ်မပူပါနဲ့
စန်ချယ်လီက အတွေးထဲ မျောနေသည်ကို မြင်သော် ရှုယီမှာ အပြုံးဖြင့် ထရပ်ကာ စန်ချယ်လီ၏ ကိုယ်ပိုင် ဓာတ်ခွဲခန်းမှ ထွက်လာခဲ့သည်။
မှော်ဒြပ်စင်စွမ်းအင်နှင့် မှော်စွမ်းအင် အဏုကြည့်မှန်ပြောင်း သုတေသနတို့မှာ အင်မတန်ကြီးမားသည့် ခေါင်းစဉ်များဖြစ်သည်။ နယ်မြေကြီး၏ လက်ရှိ အကြမ်းဆန်သော မှော်သီအိုရီအဆင့်ကြောင့် ထိုသို့သောကောင်းမွန်လှသည့် အဆင့်သို့ရောက်ရှိရန် ဝေးလွန်းလှပါသေး၏။
သူဟာ စန်ချယ်လီ အား လေ့လာမှု ဦးတည်ချက်သစ်တစ်ရပ်ကို ပေးရန် ၎င်းထံမှ ထိုသုတေသနကို တောင်းဆိုခဲ့ပါသော်လည်း ရလာဒ်များကို ရလာရန် အချိန်မကြာမြင့်လောက်ဟု မထင်ပါချေ။
တစ်မျိုးပြောရလျှင် ရှုယီမှာ ‘ခံစားချက်များ’ထံမှာ မှော်ပညာလေ့လာမှုကို တိကျသည့် အချက်အလက်အဖြစ်သို့ ပြောင်းလဲလိုသည်။ ၎င်း သီအိုရီဆန်းစစ်မှုက လုပ်ဆောင်ရန် မလွယ်လှပါချေ။
စန်ချယ်လီ တစ်ဦးတည်းနှင့်လည်း မလုံလောက်ပေ၊ နယ်မြေကြီးရှိ မှော်ပညာရှင် အားလုံးသာ ၎င်းတို့၏ အတွေးများကို ပြောင်းလဲ၍ အတူတကွ လေ့လာကြလျှင် အကောင်းဆုံးဖြစ်မည်။
သို့သော်လည်း ၎င်းက အင်မတန် ခက်ခဲလှပါ၏။
နယ်မြေကြီးရှိ အောင်မြင်မှုမြင့်မြင့်ရထားသည့် မှော်ပညာရှင်များမှာ ထို မှော်သီအိုရီစနစ်ဟောင်းဖြင့် နက်နဲစွာ လွှမ်းမိုးခံထားရသဖြင့် ၎င်းတို့၏ အတွေးများကို ပြောင်းလဲဖို့ မလွယ်ပေ။
ခေါင်းဆောင် မှော်ပညာရှင် ကမ်မီလာကို ဥပမာယူကြည့်ပါ၊ သူဟာ ရှုယီနှင့် ၁၀နှစ်ကျော် အတူရှိလာခဲ့ပြီး ရှုယီ၏ အချက်အလက်စိစစ်ရေးနည်းလမ်းဖြင့် အမြဲ လွှမ်းမိုးခံခဲ့ရပါလျှင်တောင် သူ့ထံ၌ မှော်ပညာနှင့် ပတ်သက်သည့် ရှေးရိုးစွဲအတွေးများစွာ ကျန်ရှိနေသေးပါ၏။ ၎င်းက သူ၏ အဆင့်မြင့် မှော်သုတေသနကို အတော်လေး သက်ရောက်မှုရှိသည်။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းကို မကြာသေးခင်ကမှ ဝင်ရောက်လာခဲ့သော ခေါင်းဆောင်မှော်ပညာရှင် ‘ကလေး’အတွက် ထိုပြဿနာက ပို၍ပင် ပြင်းထန်သည်။
ခေါင်းဆောင်မှော်ပညာရှင် ‘ကလေး’မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် အတူရှိလာခဲ့သည်မှာ ၁နှစ်ရှိပြီဖြစ်သော်လည်း သူ့အနေနှင့် လိုက်လျောညီထွေဖို့ လုပ်ဆောင်နေရဆဲရှိသေးသည်။ သူ့အနေနှင့် သူ့အတွေးများကို မပြောင်းလဲနိုင်သလို သုတေသနထဲသို့လည်း အပြည့်အဝ မဝင်ဆံ့နိုင်သေးပေ။
သူ့အား ဤမှော်သုတေသနနည်းလမ်းသစ်ကို နားလည်ဖို့ ၁နှစ်နီးနီး ကုန်ဆုံးခဲ့ရပြီး သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းထံသို့ များများစားစားပင် အထောက်အကူ မဖြစ်သေးပါချေ။
မှန်ပါ၏၊ ၎င်းအား အလျင်လို၍ မရပါပေ။
ရှုယီမှာ သူသာ နယ်မြေကြီးရှိ မှော်ပညာရှင်များ၏ မှော်ပညာစံနှုန်းကို တကယ်ပဲ ပြောင်းလဲလိုလျှင် မျိုးဆက်တစ်ခုလုံး သို့မဟုတ် မျိုးဆက်များစွာ၏ အားထုတ်မှုကို ရင်းရမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိပါ၏။
ခေါင်းဆောင် မှော်ပညာရှင် ကမ်မီလာဖြစ်စေ ခေါင်းဆောင်မှော်ပညာရှင် ‘ကလေး’ ဖြစ်စေ ၎င်းတို့အနေဖြင့် ပထမဆုံး ၎င်းတို့၏ အခြေခံသီအိုရီကို တည်ဆောက်ဖို့ရန် လိုအပ်သည်။
တကယ်တမ်း အခန်း ကဏ္ဍ၌ ပါဝင်မည့်သူများမှာ မှော်သုတေသနဌာနကို ဝင်ရောက်ပြီး ထိုမှော်သီအိုရီအသစ်နှင့် ကြီးပြင်းလာမည့် ကလေးများဖြစ်သည်။
၎င်းကို စဉ်းစားရင်း ရှုယီက ကူရာမဲ့စွာ သက်ပြင်းချလိုက်ပါ၏။
အောင်မြင်မှုအချို့ရရန် အနည်းဆုံး ၁၀နှစ် အနှစ် ၂၀တော့ကြာမည်သာ။
ထိုအချိန်ကျလာပါက သူ့အနေနှင့် လူအိုကြီးပင် ဖြစ်နေလောက်ပြီပင်...
"ဥက္ကဌ၊ ခင်ဗျား ဒရိုမျိုးနွယ်စုတိုင်းပြည်က မိတ်ဆွေတွေကို စိတ်ပူနေတာလား?" အသံတစ်သံက ရုတ်တရတ် ထွက်ပေါ်လာကာ ရှုယီ၏ အတွေးများကို ဖြတ်တောက်လိုက်သည်၊ "စိတ်ချပါ အစောင့်တွေက ပြင်ဆင်ထားပြီးပါပြီ။ ဥက္ကဌ အမိန့်ပေးလိုက်တာနဲ့ ချက်ချင်း ထွက်လို့ရတယ်။"
"အိုး..." ရှုယီက အာရုံပြန်ရလာကာ သူ့ရှေ့ရှိ Frestech ကုန်သည်ကြီးများအသင်း၏ လူသားအစောင့် ဒုခေါင်းဆောင် ဒူလက်စ်ကိုကြည့်လိုက်သည်။ ထို့နောက် သူဟာ လေ့ကျင့်ရေးအခြေစိုက်စခန်း၌ တန်းစီထားကြသည့် အစောင့်များကို ကြည့်၍ ခေါင်းတစ်ချက်ငြိမ့်လိုက်၏။
Frestech ကုန်သည်ကြီးများအသင်းအစောင့်များမှာ ဤနှစ်များအတွင်း တိုးတက်လာခဲ့ကြပြီး ယခုတွင် စစ်သည် နှစ်သောင်းကျော်နှင့် စစ်တပ်ကြီးတစ်တပ်ဖြစ်လာပြီဖြစ်သည်။
၎င်းတို့အား တပ်ဆင်ပေးထားသည့် အသစ်လွင်ဆုံး အဆင့်မြင့် စစ်ဘက်သုံးမှော်စက်များကိုပါ ပေါင်းထည့်လိုက်သော် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များမှာ မည်သည့်နိုင်ငံစစ်တပ်ထက်မဆို များစွာ ပိုသန်မာပါ၏။
၎င်းတို့မှာ ဤတစ်ခေါက်၌ ဒရိုမျိုးနွယ်စုတိုင်းပြည်ထံသို့ လူသုံးထောင်သာ ပို့ခဲ့သော်လည်း ရှုယီမှာ ၎င်းတို့အနေနှင့် ထိုတာဝန်ကို အလွယ်လေး ထမ်းဆောင်နိုင်မည်ဟု ယုံကြည်သည်။
"ဒူလက်စ်, မင်းတို့ရဲ့ မစ်ရှင်ရည်ရွယ်ချက်ကို ထပ်ပြောပါဦး" ရှုယီက အလေးအနက်ဆိုလိုက်၏။
"ဟုတ်ကဲ့ပါ! ဥက္ကဌ!" ဒူလက်စ်မှာ တစ်ချက် ဦးညွှတ်ပြီးနောက်၌ တည့်တည့်မတ်မတ်ရပ်၍ ကျယ်လောင်စွာ ဆိုလာသည်၊ "ဒီတစ်ခေါက် မစ်ရှင်က ဒရိုမျိုးနွယ်စုတိုင်းပြည်မှာ ဖမ်းခံထားရတဲ့ ကုမ္ပဏီဝန်ထမ်းတွေကို ကယ်တင်ပြီး တူညီတဲ့ နယ်ပယ်ထဲက တခြားကုမ္ပဏီတွေရဲ့ ဝန်ထမ်းတွေကို ထောက်ပံ့ဖို့နဲ့ အဓိကရုဏ်းတွေကို ဖိနှိပ်ဖို့အတွက် ဒရိုမျိုးနွယ်စုတိုင်းပြည်အပေါ်မှာ တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်ရမှာပါ!"
"အရမ်းကောင်းတယ်၊ မင်းအနေနဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သတိရနေတာပဲ၊ ဒါပေမယ့် ဘာလုပ်ဖို့ လိုအပ်တယ်ဆိုတာကို သိရဲ့လား?" ရှုယီက မေးသည်။
"ဒါက..." ဒူလက်စ်မှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရှုယီကို ကြည့်လိုက်သည်၊ "ဥက္ကဌ၊ ကျေးဇူးပြုပြီး ရှင်းပြပေးပါ!"
ရှုယီက အန္တရာယ်ရှိစွာပြုံးလိုက်လေသည်။
"မင်းတို့ လုပ်ဖို့ လိုတာက အရမ်းကို ရှင်းပါတယ်၊ ငါတို့ လူတွေရဲ့ လုံခြုံမှုကို အာမခံနေတဲ့ အချိန်အတွင်းမှာပဲ ဒရိုမျိုးနွယ်စုတိုင်းပြည်ရဲ့ အဲဒီ့ ခွေးကောင်တွေကို မင်းတို့ တတ်နိုင်သမျှ သင်ခန်းစာပေးဖို့ပဲ! အကျိုးဆက်ကို မပူနဲ့၊ နားလည်ရဲ့လား?"
ဒူလက်စ်မှာ တုန်ယင်သွားပြီးနောက် စိတ်လှုပ်ရှားဟန်ကို ထုတ်ဖော်လိုက်လေသည်။
"ဥက္ကဌ ကျွန်တော်တို့ တကယ်ပဲ အကျိုးဆက်ကို ဂရုမစိုက်ရဘူးလား?"
"ဒါက ငါ့အမိန့်ပဲ၊ မင်းအနေနဲ့ လိုက်နာဖို့ပဲလိုတယ်" ရှုယီက ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပါပြီ! ကျွန်တော်တို့ ဥက္ကဌရဲ့ အမိန့်တွေကို နားထောင်ပါ့မယ်!" ဒူလက်စ်မှာ ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် ဖြေလိုက်ပါ၏။
"ကောင်းတယ်။ ပြင်ဆင်ပြီးပြီဆိုတော့ စထွက်တော့။ ဒရိုမျိုးနွယ်စုတိုင်းပြည်မှာ ပိတ်မိနေကျတဲ့ မိတ်ဆွေတွေတွေက မင်းတို့ လာကယ်ဖို့ စောင့်နေကြတာ။" ရှုယီက သူ၏ ပခုံးကို ပုတ်ပေးလိုက်သည်။
ဒူလက်စ်မှာ သဘောတူညီလိုက်ပြီးနောက် ကွင်းထဲ စောင့်ဆိုင်းနေကြသည့် အစောင့်များကို ခိုင်ခိုင်မာမာ လက်ဝှေ့ယမ်းပြလိုက်သည်။ Frestech ကုန်သည်ကြီးများအသင်း၏ ယူနီဖောင်းများ ဝတ်ဆင်ထားကြသော အစောင့် အယောက် ၃၀၀၀တို့ အားလုံးမှာ ၎င်းတို့အား စောင့်ဆိုင်းနေသည့် ပို့ဆောင်ရေး မှော်လေသင်္ဘောကြီးများထံ ဦးတည်လိုက်ကြတော့၏။
အကြီးစား ပို့ဆောင်ရေးမှော်လေသင်္ဘောကြီးမှာ လွန်ခဲ့သည့် ၃နှစ်အကြာက Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်လုပ်ထားသော မှော်လေသင်္ဘော အမျိုးအစားသစ်တစ်ခုဖြစ်သည်။ ၎င်းမှော်လေသင်္ဘောမှာ ပထမမျိုးဆက်ထက် ၅ဆပိုမြင့်ပြီး အလေးချိန် ၁၀ပိုတင်ဆောင်နိုင်သည်။ မှော်လေသင်္ဘော တစ်စီးစီမှာ ကုန်စည် တန်၂၀ကျော်ကို သယ်ယူပို့ဆောင်နိုင်ပြီး တစ်စီးကို အစောင့် ၁၀၀အား တင်ဆောင်နိုင်ရန် နေရာမှာ လုံလောက်သည်ထက်ပင် ပိုလေသည်။
ထို့အပြင် ၎င်းတို့ ဘေးပတ်လည်ရှိ အသေးစား အစောင့် မှော်လေသင်္ဘော အစင်း ၄၀နှင့်အတူ တစ်ချိန်တည်းမှာပင် အကြီးစား ပို့ဆောင်ရေး မှော်လေသင်္ဘော ၁၀စီးတို့က အရှေ့ဘက်သို့ ဦးတည်သွားကြသည်။
Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်ရုံးမှာ ဒရိုမျိုးနွယ်စုတိုင်းပြည်ထံမှ ကီလိုမီတာ ၄၀၀၀ကျော်ဝေးသဖြင့် ကုန်းကြောင်းဖြင့်ဖြစ်စေ ရေကြောင်းဖြင့် ဖြစ်စေ လုံခြုံစွာ ရောက်ရှိရန် တစ်ပါတ်လောက်တော့ကြာမည်ပင်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်း ပိုင်ဆိုင်သည့် အကြီးစား ပို့ဆောင်ရေးမှော်လေသင်္ဘောများအနက် တစ်ဝက်ကို လွှတ်လိုက်သည်။ သူဟာ ဤမစ်ရှင်ကို ဖြစ်နိုင်သမျှ မြန်မြန်ပြီးအောင် လေကြောင်းမှ တဆင့် ဒရိုမျိုးနွယ်စုတိုင်းပြည်ထံသို့ အစောင့်များအား ပို့ရန် စီစဉ်ထားသည်။
"ဥက္ကဌ ကျုပ်တို့ တကယ်ပဲ အကျိုးဆက်ကို ဂရုစိုက်ဖို့ မလိုဘူးလား?" Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်ခေါင်းဆောင် ဟော့ထ်မှာ နောက်မှ ရောက်လာသည်။ ကောင်းကင်၌ အနက်ရောင်အစက်များအဖြစ် ပြောင်းလဲသွားသည့် မှော်လေသင်္ဘောများကို ကြည့်ရင်း သူ၏ မျက်လုံးများထဲ၌ စိုးရိမ်မှု တချို့ရှိနေသည်၊ "သူတို့က ဘယ်လောက် ဖျက်စီးနိုင်တယ်ဆိုတာ သေချာသိလောက်မှာပါ၊ ဒီတော့ အကျိုးဆက်ကို လုံးဝဂရုမစိုက်ရင် ကျုပ်စိုးရိမ်တာက... ရလာဒ်က အရမ်းကို ပြင်းထန်သွားမှာကိုပဲ။"
ရှုယီက သူ့ဘက်သို့လှည့်၍ မနေနိုင်အောင် ပြုံးလိုက်သည်။
"ဟော့ထ်, ကျုပ်အနေနဲ့ ခင်ဗျားက ကုမ္ပဏီတစ်ခုလုံးမှာ အခိုင်မာဆုံးသဘောထား ရှိခဲ့ဖူးပြီး ကန်ဒရာအင်ပါယာနဲ့တောင် စစ်ပွဲကို စမယ်လို့ ပြောခဲ့တာကို မှတ်မိသေးပါတယ်။ ဘာလို့ ဒရိုမျိုးနွယ်စုတိုင်းပြည်လေးတစ်ခုကို တိုက်ခိုက်တာရဲ့ အကျိုးဆက်ကို ဂရုစိုက်နေရတာလဲ? ခင်ဗျားနဲ့ကို မတူဘူး။"
ဟော့ထ်က နေရခက်ဟန်ပြုံးလိုက်၏၊ "ကျုပ်တို့ ကုမ္ပဏီက အရင်ကထက် ပိုကြီးသွားပြီး ကျုပ်လက်အောက်မှာ လူတွေ ပိုများလာတော့ သတိပိုကြီးလာတာဖြစ်နိုင်ပါတယ်။"
"ဟင့်အင်း၊ ခင်ဗျားက အသက်ပိုကြီးလာလို့ ပိုအတွေးများလာတယ်ဆိုတာ မြင်နိုင်ပါတယ်။" ရှုယီက ခေါင်းခါကာ၊ "ခင်ဗျား ဘာကို စိုးရိမ်နေတယ်ဆိုတာ ကျုပ်သိပါတယ်၊ ခင်ဗျားက ဒရိုမျိုးနွယ်စုတိုင်းပြည်မှာ အဲ့ကလေးတွေက အရမ်းကို ရက်စက်မှာကို စိုးရိမ်နေတာ။ ဒါပေမယ့် ဒီတစ်ခေါက် ခင်ဗျား နားလည်ဖို့လိုအပ်တာက ဒါဟာ ကျုပ် မြင်ချင်တဲ့ ရလာဒ်ပဲ။"
ဟော့ထ်က ရှုယီ၏ မျက်လုံးများထဲရှိ မဖုံးဝှက်ထားသော ပြင်းပြသည့် အကြည့်ကို ကြည့်ကာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းငြိမ့်လိုက်သည်။
"ဥက္ကဌ ခင်ဗျား ဒီကနေတဆင့် ဒီလူတွေကို သတိပေးချင်တာလား?"
"ဒီလို ယူဆလို့လည်းသလို ဒီလို မယူဆလို့လည်းရတယ်။" ရှုယီက ဆိုသည်၊ "ဒရိုမျိုးနွယ်စုတိုင်းပြည်က အဲ့ကောင်တွေက ကျုပ်တို့ ကုမ္ပဏီကို ဆန့်ကျင်ပြီး လှုပ်ရှားရဲတော့ သူတို့ကိုသာ နက်ရှိုင်းတဲ့ သက်ခန်းစာတစ်ခု မပေးရင် ဘယ်လိုလုပ် တခြားလူတွေက ကျုပ်တို့ ကုမ္ပဏီအပေါ် ဒီလိုအတွေးမျိုး မရှိလာဘဲ နေတော့မလဲ? တခြား ယူဆလို့ရတာကတော့... တုံ့ဆိုင်းနေတဲ့လူတွေကို ပိုပြီးမြန်အောင် ဆော်ဩပေးတာလို့ ယူဆလို့ရတယ်။"
"ဆော်ဩတယ်?" ဟော့ထ်က ရှုယီကို ရှုပ်ထွေးစွာကြည့်လိုက်သည်။
ရှုယီက ရယ်၍ ပြန်မဖြေပါချေ။
အစောင့်များအတွက် အခြားသော စီစဉ်မှုအချို့အကြောင်း ပြောလိုက်ပြီးနောက်တွင် ရှုယီမှာ လေ့ကျင့်ကွင်းထဲမှ ထွက်၍ အဓိက ရုံးရှိရာ အဆောက်အဦထံ ပြန်လာလိုက်သည်။
သူ၏ ရုံးခန်းထဲ၌ ထိုင်လိုက်ချိန်တွင် တံခါးက ရုတ်တရတ် တွန်းဖွင့်ခံလိုက်ရကာ အန်းခေါ့ထ်က စိုးရိမ်နေဟန်ဖြင့် ဝင်လာသည်။
"ဘာလို့လဲ? ဘယ်လိုလုပ် အလောတကြီးဖြစ်နေရတာလဲ?" ရှုယီက အပြုံးဖြင့် မေး၏။
အန်းခေါ့ထ်မှာ သူ့လက်ထဲရှိ စာရွက်စာတမ်းများကို ရှုယီရှေ့ရှိ စားပွဲပေါ် ပစ်ချ၍ ကျယ်လောင်စွာ ပြောလေသည်၊ "ဥက္ကဌ၊ ကန်ဒရာအင်ပါယာက ဒီကောင်တွေက တကယ်ပဲ တော်တော်လွန်နေပြီ!"
"အိုး?" ရှုယီက စာရွက်စာတမ်းများကို ယူကာ ကြည့်လိုက်သော် ၎င်းမှာ ကန်ဒရာအင်ပါယာ၏ အရှေ့ပိုင်းခရိုင် ဘုရင်ခံအိမ်တော်မှ တရားဝင်အစီရင်ခံစာဖြစ်ကြောင်း တွေ့လိုက်ရသည်၊ "ဒါက ဘာလဲ? မင်းက အရှေ့ပိုင်းခရိုင် ဘုရင်ခံအိမ်တော်က ဒီကိစ္စကို ကိုင်တွယ်ပုံကို မကျေနပ်လို့လား?"
"ဘယ်လိုလုပ် ဒီလိုဖြစ်မှာလဲ?" အန်းခေါ့ထ်က အသံကို မြှင့်လိုက်ကာ၊ "ကျွန်တော့်အနေနဲ့ သူတို့က ဒီအရှုပ်ထွေးကို ဖြစ်စေခဲ့ပြီး ကျွန်တော်တို့ ကုမ္ပဏီကို အပြစ်တင်တယ်လို့တောင် သံသယဝင်မိတယ်!"
နှစ်ဦးသား ပြောနေသည့် ဖြစ်ရပ်မှာ သဘာဝကျကျပင် လွန်ခဲ့သော ရက်အနည်းငယ်က ကန်ဒရာအင်ပါယာ၏ အရှေ့ပိုင်း ခရိုင်၌ Frestech တံဆိပ် မှော်ပန်ကာများကြောင့် ဖြစ်ပွားခဲ့သော မတော်တဆအကြောင်းဖြစ်သည်။
ထိုကိစ္စပြီးသည့်နောက် Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ဖြစ်သူ အန်းခေါ့ထ်မှာ တစ်ချိန်လုံး ကန်ဒရာအင်ပါယာနှင့် အဆက်သွယ်ရှိခဲ့ပြီး ၎င်းတို့နှင့် အတူ ထိုကိစ္စကို ဖြေရှင်းနေခဲ့သည်။
သူ့အနေနှင့် အန်းခေါ့ထ်က ရုတ်တရတ် ဤနေရာသို့လာကာ ထိုသို့သော ထိတ်လန့်ဖွယ် ခန့်မှန်းမှုကို ပြောလာမည်ဟု ထင်မထားခဲ့ပေ။
သို့သော်လည်း ရှုယီမှာ ထိုမျှတော့ မအံ့ဩသွားပေ။ သူဟာ စာရွက်စာတမ်းများကို တစ်ဖန်ပြန်ကြည့်ကာ ခဏမျှ တိတ်ဆိတ်နေပြီးနောက် မေးလိုက်ပါ၏၊ "မင်းမှာ သက်သေရှိလို့လား?"
အန်းခေါ့ထ်၏ အမူအရာက အေးခဲသွားကာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
"ကျွန်တော့်မှာသာ သက်သေရှိရင် သူတို့ဆီသွားပြီးနေလောက်ပြီ..."
"မင်းမှာ သက်သေမရှိမှတော့ ဒီလို ပြီးစလွယ်ပြောလို့မရဘူးလေ။" ရှုယီက သူ့အား အလေးအနက် သတိပေးလိုက်သည်။ ထို့နောက် စားပွဲထက်ရှိ စာရွက်စာတမ်းများကို ကောက်ယူ၍ အန်းခေါ့ထ်ထံ ပေးလိုက်၏၊ "ပြီးတော့လည်း ဒီလို ကိစ္စလေးတွေအတွက် ငါ့ကို ရှာဖို့မလိုပါဘူး။ မင်းက အိမ်သုံးမှော်စက်ကုမ္ပဏီရဲ့ ဥက္ကဌလေ၊ ငါမဟုတ်ဘူး။ မင်းသာ ကိစ္စတွေကို ဖြေရှင်းဖို့ ငါ့ဆီ ဒီလိုလာနေရင် မင်းကို ဥက္ကဌအနေနဲ့ ထားတာက ဘာအဓိပ္ပာယ်ရှိနေတော့မှာလဲ?"
"ဒါပေမယ့်...." အန်းခေါ့ထ်က ခေါင်းကုတ်၍ ခါးသက်သက်ဖြင့် ပြောလေ၏၊ "ဥက္ကဌ ကျွန်တော်က ခင်ဗျားရဲ့ အမိန့်တွေကို နားထောင်ရတာ အကျင့်ပါနေပြီ...."
"ဒါဆို မင်းအနေနဲ့ ဒါကို မင်းကိုယ်တိုင် ဖြေရှင်းဖို့ ကျင့်သား ရနေရမယ်။" ရှုယီက အလေးအနက်ဖြင့် ဆိုသည်၊ "မင်း မလုပ်နိုင်ရင် ငါမင်းနေရာမှာ အစားထိုးလိုက်မယ်။"
အန်းခေါ့ထ်မှာ ၎င်းကြောင့် လန့်သွားက အမြန်ပင် စာရွက်စာတမ်းများကို ကောက်ယူ၍ လက်ယမ်းလိုက်သည်၊ "ကျွန်တော် ဖြေရှင်းမှာပါ!"
စာရွက်စာတမ်းများကို သေချာယူပြီးနောက် အန်းခေါ့ထ်မှာ ရှုယီကိုကြည့်၍ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ထပ်ပြောလိုက်၏။
"ဒါနဲ့ ... ဥက္ကဌ... ကျွန်တော် တစ်ခုမေးလို့ရမလား?"
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၃၅။ သုတေသနအား ၎င်းတို့ကိုယ်တိုင် ချိန်ညှိခြင်း
"ပြောစရာရှိရင်ပြော၊ လေ..." ရှုယီမှာ ခေတ္တရပ်တန့်၍ ‘လေလည်စရာရှိရင်လည်’ဟူသည့် စကားလုံးများကို ပြန်မြိုချလိုက်သည်။
"အဲဒါက... ဒါက... ဥက္ကဌ၊ ကျွန်တော်တို့အတွက် မှော်သုတေသနဌာနကို နည်းပညာတွေပိုပြီး ဖွင့်လှစ်ပေးလို့ရလား?" အန်းခေါ့ထ်က မေးလာ၏။
"ဘာလဲ? အန္တရာယ်ကို ခံစားမိလို့လား?" ရှုယီက သူ့အား အပြုံးဖြင့် ကြည့်လိုက်သည်။
အန်းခေါ့ထ်က ချောင်းတစ်ချက်ဟန့်၍ ပို၍ပင် နေရခက်ဟန်ပေါ်လာသည်။
ခေတ္တရပ်တန့်လိုက်ပြီးနောက် သူဟာ သက်ပြင်းတစ်ချက်ချ၍ ရိုးသားစွာ ခေါင်းငြိမ့်လေ၏၊ "ဟုတ်ပါတယ်၊ ဥက္ကဌ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဒီနှစ်တွေ တလျှောက်လုံးမှာ တခြားဘယ်ကုမ္ပဏီကမှ ကျော်မသွားခဲ့ဖူးဘူးလေ၊ ဒါပေမယ့် အခုတော့ ကြည့်ပါဦး။ ကျွန်တော်တို့ အိမ်သုံးမှော်စက်ဌာနက သီးသန့်ခွဲထုတ်ရုံရှိသေး တခြား ကုမ္ပဏီသုံးခုက နည်းပညာ အရာမှာ ကျွန်တော်တို့ကို ကျော်သွားပြီ။ ကျွန် .. ကျွန်တော် ဆန္ဒမရှိ...."
"ဒီတော့ မင်းရဲ့ နည်းပညာအရာက အဆင့်ကို ပြန်လိုချင်တာပေါ့?"
"အင်း!" ထိုသို့ ပြောပြီးနေလေရာ အန်းခေါ့ထ်မှာ ထပ်မံတွန့်ဆုတ်မနေတော့ဘဲ အခိုင်အမာ ခေါင်းငြိမ့်လိုက်သည်၊ "ဥက္ကဌ၊ ဒီ တတိယအဆင့် ကုမ္ပဏီသုံးခုက တိုးတက်မှု သေးသေးလေးတွေပဲ လုပ်ရသေးပေမယ့် ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းကို ပြောင်းပြန်လှန်နိုင်တော့မလို ပြုမူနေကြတာက တကယ်ပဲ ကျွန်တော့်ကို မကျေမနပ်ဖြစ်စေတယ်။ ပြီးတော့လည်း လက်တွေ့အမြင်ကနေကြည့်ရင် ဒါက ကျွန်တော်တို့ကုမ္ပဏီရဲ့ အိမ်သုံးမှော်စက် ရောင်းအားကိုလည်း ထိခိုက်စေတယ်။"
"အိုး ပြောပါဦး"
အန်းခေါ့ထ်မှာ ပြင်ဆင်ထားပြီးသားဖြစ်သော ရင်ဘတ်ထဲမှ အခြားစာရွက်စာတမ်းများကို ထုတ်၍ ရှယီရှေ့ ချပေးလိုက်သည်။
"ဥက္ကဌ ကြည့်ပါဦး။ ဒါတွေက ကျွန်တော်တို့ အိမ်သုံးမှော်စက်ကုမ္ပဏီရဲ့ လတ်တလော အမှာစာတွေပဲ။ ကျွန်တော်တို့သာ ဒါကို မနှစ်ကနဲ့ ယှဉ်ကြည့်ရင် ၁၇%လောက် တိုးလာတယ်လို့ ပြောနိုင်ပေမယ့် သေချာကြည့်ရင် တိုးလာမှုက အရင်နှစ်တွေကထက် ပိုနည်းနေတာကို တွေ့ရလိမ့်မယ်။ ဒီမှာက ဒီနှစ်နဲ့ မနှစ်ကအတွက် တူညီတဲ့ကာလကပါ၊ မနှစ်က ၃၁%လောက် တိုးလာခဲ့ပြီး ဒီနှစ်မှာတော့ ၁၇%ပဲ တိုးလာခဲ့တာ။ ဘယ်လိုကြည့်ကြည့်ကို ပြဿနာရှိနေတာ မြင်ရမှာပဲ။"
"ဒီတော့ ဒါက အဲဒီ့ကုမ္ပဏီသုံးခုအနေနဲ့ နည်းပညာအသစ်ကို ကြေညာလိုက်လို့ ငါတို့ ကုမ္ပဏီရဲ့ အိမ်သုံးမှော်စက် ရောင်းအား ထိခိုက်သွားတယ်လို့ ထင်တာပေါ့?"
"အင်း... ဒါအကုန်လုံး ဒီအကြောင်းအရင်းကြောင့်တော့ မဟုတ်ပေမယ့် ဒါက အရေးပါဆုံးအကြောင်းအရင်းဖြစ်မယ်လို့ ထင်တယ်!" အန်းခေါ့ထ်က သေချာသည့် အသံဖြင့် ပြောလိုက်သည်၊ "ပြီးတော့လည်း ကျွန်တော် အစိုးရိမ်မိဆုံး အရာက ဒါဟာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ အမြဲတမ်း နည်းပညာကို ပထမနေရာထားနေကျ ပုံရိပ်ကို ထိခိုက်သွားစေမှာကိုပါ။ ဥက္ကဌ၊ ဥက္ကဌက အမြဲတမ်း နည်းပညာဆိုတာဟာ အရေးကြီးဆုံးလို့ အလေးပေးပြောနေခဲ့ပေမယ့် တခြားကုမ္ပဏီက ကျွန်တော်တို့ကို နည်းပညာနဲ့ ပတ်သက်ပြီး ကျော်လည်း တက်သွားရော ဘယ်လိုလုပ် ဒီအကြောင်း ပြောတာတောင် တည်ငြိမ်နေနိုင်ရသေးတာလဲ?"
"ဒီတော့ မင်းက ငါတို့ ကုမ္ပဏီရဲ့ နည်းပညာ ဦးဆောင်မှုကို တစ်ဖန် ပြန်ပြီး သက်သေပြဖို့အတွက် သူတို့ကို ပြန်ရိုက်ချဖို့ စီစဉ်နေတာလား?" ရှုယီက ပြန်မေးလိုက်သည်။
"ဒါက ပုံမှန်ပဲမဟုတ်ဘူးလား?" အန်းခေါ့ထ်က ရှုယီကို တအံ့တဩကြည့်လာကာ ရှုယီ၏ မေးခွန်းနောက်ကွယ်မှ ပြဿနာက ဘာဖြစ်ကြောင်းကို လုံးဝနားမလည်ပေ၊ "ဥက္ကဌ၊ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဒီလောက်မြန်မြန် တိုးတက်နိုင်ခဲ့တာဟာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ နည်းပညာဦးဆောင်မှုကြောင့်ပဲ မဟုတ်ဘူးလား? ကျွန်တော်တို့သာ ဒီဦးဆောင်မှုကို ဆုံးရှုံးရရင်...."
"ငါတို့သာ ဒီဦးဆောင်မှုကို ဆုံးရုံးရရင် ငါတို့ ကုမ္ပဏီကို ဆက်လည်ပတ်နိုင်တော့မှာ မဟုတ်ဘူးလို့ ထင်တာလား?' ရှုယီက သူ့အား ဖြတ်ပြောလိုက်ပါ၏။
"ဒါက..." အန်းခေါ့ထ်မှာ ပါးစပ်ဟလိုက်ပြီးနောက် ခေါင်းခါလိုက်၏၊ "မဟုတ်ဘူး မဟုတ်ပါဘူး၊ ကျွန်တော်က ဒီလိုစဉ်းစားနေတာမဟုတ်ဘူးလေ။ ကျွန်တော်တို့အနေနဲ့ နည်းပညာအရာမှာ အမြဲ ဦးဆောင်နေခဲ့ကတည်းက... ကျွန်တော်တို့အနေနဲ့ ဆက်လက်ဦးဆောင်သင့်တယ်လို့ ခံစားမိရုံပါ။ ဒီတော့... မှော်သုတေသနဌာနကို နည်းပညာတချို့လောက် ပိုပြီး ဖန်တီးခွင့်ပေးရင်ရော?"
ရှုယီမှာ ၎င်းကို ပြန်မဖြေဘဲ အစီရင်ခံစာကို ခဏကြာအောင် ကြည့်လိုက်ပြီးနောက် ပြောလိုက်ပါ၏၊ "ငါက ဒီကုမ္ပဏီသုံးခုက ထုတ်လုပ်ထားတဲ့ နည်းပညာအသစ်တွေကို အာရုံစိုက်နေခဲ့တာ။ ရိုးရိုးသားသားပြောရရင် သူတို့က တကယ်ပဲ ဘာ နည်းပညာတိုးတက်မှုမှ ဟုတ်မနေဘူးလေ။ မှော်သုတေသနဌာနက ဒါတွေကို အရင်က ပြုလုပ်ထားပြီးသားပေမယ့် ငါတို့က မသုံးခဲ့ရုံပဲ။"
"ဒီဆို ဒီဆိုလိုရင်းက...." အန်းခေါ့ထ်မှာ ရှုယီကို ဖုံးကွယ်ထားသော ခါးသီးနေပုံဖြင့် ကြည့်လိုက်သည်၊ "ဥက္ကဌ၊ ဘာလို့ ကျွန်တော်တို့ကို ဒီနည်းပညာအသစ်တွေ သုံးခွင့်မပေးခဲ့လိုက်တာလဲ? ဥက္ကဌသာ ကျွန်တော်တို့အတွက် နည်းပညာကို ပိုပြီး ဖွင့်လှစ်ပေးဖို့ ဆန္ဒရှိခဲ့မယ်ဆိုရင် ဒီကောင်တွေအနေနဲ့ လိုက်မှီဖို့လည်းမလိုသလို ကျွန်တော့်အရှေ့မှာလည်း အဲ့လောက် ဘဝင်မြင့်ပြနေမှာ မဟုတ်လောက်ဘူး။"
"မင်းရှေ့မှာ ဘဝင်မြင့်ပြတယ်?"
ရှုယီက သူ့အား ကြည့်၍ အတန်ငယ် ရယ်ရသည့်နှယ် ခံစားမိလိုက်ပါ၏။ အန်းခေါ့ထ်မှာ လမ်ပူရီတိုင်းပြည်၌ ကျင်းပခဲ့သည့် အိမ်သုံးမှော်စက်နည်းပညာ ဖလှယ်ရေးအစည်းအဝေးသို့ ၁နှစ် ၂ကြိမ်သွားရမည်ဖြစ်ရာ ယခင် အပါတ်ကမှ သွားခဲ့ပြီး ၎င်းတို့၏ သဘောထားများကို ပို၍ သည်းမခံနိုင်တော့သောကြောင့် ယခု လာညည်းညူပြနေလေသည်။
"ငါကသာ ဒီနည်းပညာတွေကို အကောင်အထည်ဖော်ဖို့ တမင်ရပ်တန့်ထားရတာဟာ ဒီနည်းပညာတွေကို အကောင်အထည်ဖော်ဖို့ အချိန်ယူချင်တာအပြင် အရေးအကြီးဆုံးအကြောင်းပြချက်က အဲဒီ့တခြား ကုမ္ပဏီတွေအနေနဲ့ ငါတို့ကို လိုက်မှီလာစေချင်တာမို့လို့,လို့ ပြောရင်ရော ဘယ်လိုထင်လဲ?" ရှုယီက အပြုံးဖြင့် မေးပါ၏။
"အာ?" အန်းခေါ့ထ်က မျက်လုံးများပြူးကျယ်သွားရင်း ရှုယီကို မယုံနိုင်စွာ ကြည့်လာ၏၊ "ဥက္... ဥက္ကဌ၊ ခင်ဗျား.... အမြဲတမ်း ကျွန်တော်တို့အနေနဲ့ ကုမ္ပဏီရဲ့ အခွင့်အာဏာကို အာမခံဖို့ နည်းပညာမှာ ဦးဆောင်နေရမယ်လို့ ပြောနေခဲ့တာ မဟုတ်ဘူးလား? ဘာလို့... ဘာလို့ ဒါကို တမင်လုပ်ရတာလဲ?"
ရှုယီက တိတ်ဆိတ်သွားသည်။
၎င်းအတွက် အကြောင်းအရင်းမှာ စက်မှုနယ်ပယ်၏ ကျန်းမာသော တိုးတက်မှုအတွက်ပါပင်။
Frestech ကုန်သည်ကြီးများအသင်းထံ၌ အမြဲလိုလို နည်းပညာ အားသာချက်ရှိနေပြီး ကွာဟမှုကြီးတစ်ခုကို ဖန်တီးထားပါလျှင် ရင်းနှီးမြှုပ်နှံရာ၌ အခြားကုမ္ပဏီများ၏ စိတ်အားထက်သန်မှုကို ကြီးမားစွာ ထိခိုက်စေလိမ့်မည်။ ၎င်းက စက်မှုနယ်ပယ်၏ တိုးတက်မှုကို ထိန်းသိမ်းရာ၌ အကူအညီလုံးဝဖြစ်လိမ့်မည်မဟုတ်ပေ။
ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်းတစ်ခုတည်းနှင့်တင် နယ်မြေကြီး၏ မှော်စက်မှုနယ်ပယ်တိုးတက်မှုကို မောင်းနှင်ရန် မဖြစ်နိုင်ကြောင်းသေချာပါ၏။
ထို့ကြောင့် သူလုပ်သမျှ အရာအားလုံးမှာ နယ်မြေကြီးရှိ လူတိုင်းက စက်မှုနယ်ပယ်ကို ဝင်ရောက်လာကာ နယ်ပယ်တိုးတက်ခြင်းအတွက် အတူတကွ လုပ်ဆောင်ကြရန် မျှော်လင့်နေသောကြောင့်ဖြစ်၏။
သို့သော်လည်း သူ့အနေနှင့် ၎င်းကို အန်းခေါ့ထ်ထံ မပြောပြနိုင်ပေ။ ပြောရလျှင် သူဟာ Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်လေရာ သူ၏ ၎င်းရာထူးမှ ၎င်းကို စဉ်းစားနေဖို့မလိုပါချေ။
အနည်းငယ် စဉ်းစားပြီးနောက် ရှုယီက နံဘေး၌ တစ်ချိန်လုံးရှိနေခဲ့သော စင်ဒီဘက်သို့လှည့်လိုက်၏၊ "ဒါကို မှတ်တမ်းတင်ထားလိုက်ပါ၊ မှော်သုတေသနဌာနကို အဆင့်သတ်မှတ်ခြင်းစနစ်တစ်ခု လုပ်ပြီး အိမ်သုံးမှော်စက်ကုမ္ပဏီနဲ့အတူ ဘာနည်းပညာကို ဝေမျှပေးဖို့ သင့်တော်တယ်ဆိုတာ တွက်ချက်ခိုင်းလိုက်။"
၎င်းကိုကြားပြီးနောက် အန်းခေါ့ထ်၏ စိတ်ထဲ ပျော်ရွှင်မှုတို့ အပြည့်ဖြစ်သွားရ၏။
"ဥက္ကဌ ကျွန်တော့်မှာ ဥက္ကဌ နားထောင်နိုင်ဖို့ မျှော်လင့်မိတဲ့ အကြံတစ်ခုရှိသေးတယ်။”
"ပြောပါ"
"အာ... ဥက္ကဌသိပါတယ်၊ ကျွန်တော်တို့ အိမ်သုံးမှော်စက်ဌာနက ကိုယ့်ဘာသာခွဲထွက်ထားရတော့ မှော်သုတေသနဌာနနဲ့ မှော်စက်ဖွံ့ဖြိုးရေးဌာနကနေ အကူအညီတောင်းဖို့က မသင့်တော်ဘူးမဟုတ်လား?"
"မင်းက မင်းတို့ရဲ့ ကိုယ်ပိုင်ဖွံ့ဖြိုးရေးဌာန တည်ထောင်ချင်တာလား?" ရှုယီက မျက်လုံးများမှေးကျဉ်း၍ မေးလိုက်၏။
အန်းခေါ့ထ်မှာ အံ့ဩသွားပြီးနောက် ရယ်လျက်ပြောလိုက်၏၊ "ဥက္ကဌက တကယ်ကို အမျှော်အမြင်ရှိတာပဲ။ ဟုတ်ပါတယ်။ ကျွန်တော့်အနေနဲ့ သုတေသနဌာနတစ်ခုကို တည်ထောင်ချင်ပါတယ်၊ အိမ်သုံးမှော်စက်ဖွံ့ဖြိုးတဲ့နေရာမှာ အာရုံစိုက်မယ့်တစ်ခုပေါ့။ မှော်သုတေသနဌာနအနေနဲ့ ဖွံ့ဖြိုးဖို့လိုတဲ့နေရာတွေ အများကြီးရှိတာမို့လို့ သူတို့ကို အမြဲနှောင့်ယှက်တာက အဆင်မပြေလှဘူးလေ၊ ဥက္ကဌအနေနဲ့ ဘယ်လိုသဘောရလဲ?"
"မင်းအနေနဲ့ မှော်သုတေသနဌာနဆီကနေ မကန့်သတ်ခံချင်ရင်တော့ ပြောလို့ရပါတယ်၊ ဘာလို့ ဝေ့လည်ကြောင်ပတ်လုပ်နေရတာလဲ? ငါ မင်းကို ယုံကြည်မယ်ထင်လို့လား?" ရှုယီက အေးစက်စက်နှာမှုတ်လိုက်၏။
"အိုင်း.... ဥက္ကဌ ကျွန်တော်ကလည်း အိမ်သုံးမှော်စက်ဌာနရဲ့ အနာဂတ်ဖွံ့ဖြိုးမှုကို စဉ်းစားပေးနေတာပါ"
ရှုယီက လက်ယမ်းလိုက်ကာ၊ "မင်းမှာ အဲ့အတွေးရှိရင် လုပ်လိုက်ပေါ့။ မင်းမှာ အခု ကိုယ်ပိုင်လုပ်ခွင့်ရှိနေပြီ၊ ငါ့အမြင်ကို မေးစရာမလိုပါဘူး။"
"အဟမ်း... ကျွန်တော်က ဥက္ကဌရဲ့ အမြင်ကို မေးနေတာထက် အဓိက,က ဥက္ကဌရဲ့ ထောက်ခံမှုရဖို့ကို မျှော်လင့်တာပါ...." အန်းခေါ့ထ်က ရှုယီကို ဂရုတစိုက်ကြည့်လိုက်ပါ၏၊ "ဖြစ်နိုင်ရင် ကျွန်တော်တို့ကို ကူညီဖို့ မှော်သုတေသနဌာနက လူတချို့ကို ပေးလို့ရနိုင်မလား?"
ရှုယီမှာ ချက်ချင်း ပျော်ရွှင်သွားပါ၏။
"အင်း၊ မင်းမှာ တကယ်ပဲ တွေးထားတာရှိတာပဲ၊ မင်းက မှော်သုတေသနဌာနရဲ့ အုတ်မြစ်တွေကို တူးထုတ်ချင်နေတာလား? ငါတို့အနေနဲ့ သုတေသနပညာရှင်တွေ တစ်ယောက်ချင်းစီအပေါ်မှာ အောင်မြင်မှုရဖို့ ဘယ်လောက်တောင် အားထုတ်ထားရလဲ သိလား? အခုမင်းက သူတို့ကို ယူသွားချင်တယ်ပေါ့?"
အန်းခေါ့ထ်က ရယ်လိုက်ပြီး ပြန်မချေပပါချေ။
"ဥက္ကဌ၊ ကျွန်တော်တို့က တူညီတဲ့ ကုမ္ပဏီရဲ့ အစိတ်အပိုင်းတွေပါ၊ ဘယ်လိုလုပ် အုတ်မြစ်ကို တူးထုတ်တယ်ခေါ်မှာလဲ? ကျွန်တော်တို့ အိမ်သုံးမှော်စက်ကုမ္ပဏီရဲ့ သုတေသနဌာနသာ ကောင်းကောင်းဖွံ့ဖြိုးနေရင် မှော်သုတေသနဌာနရဲ့ ဖိအားတချို့ကိုလည်း မျှဝေနိုင်မှာပဲလေ။"
"မင်းက ဒါကို နားထောင်ကောင်းအောင် ပြောနေတာပဲ" ရှုယီက ခေါင်းခါလိုက်ပါ၏။ သူဟာ ကုလားထိုင်ကို မှီလျက် ခဏမျှ တွေးတောပြီးနောက် ခေါင်းငြိမ့်သည်၊ "ကောင်းပြီလေ၊ မင်းရဲ့ အတွေးက အဆင်ပြေတော့ သဘောတူရမှာပေါ့။ မင်းက တာဝန်တချို့ ယူပေးဖို့ ဆန္ဒရှိနေမှတော့ ငါလည်း ကူညီမှာပါ။ ဒီသုတေသနဌာနခွဲကို တည်ထောင်ပြီး မှော်သုတေသနဌာနကို အကူအညီတချို့ ထောက်ပံ့ပေးမယ်ဆိုတာအတွက် ငါသဘောတူပါတယ်၊ ဒါပေမယ့် ဘယ်လောက်ဆိုတာကတော့ မင်းအနေနဲ့ ခေါင်းဆောင် အီဗီတာကို ဘယ်လိုဖြောင်းဖျနိုင်တဲ့အပေါ်မှာ မူတည်တယ်။"
"တကယ်လား? အဆင်ပြေတာပေါ့ဗျာ!" အန်းခေါ့ထ်က စိတ်လှုပ်ရှားစွာ ထိုင်ခုံမှ ထခုန်၍ ရင်ဘတ်ကို ခပ်ပြင်းပြင်းပုတ်လိုက်သည်၊ "ဥက္ကဌ စိတ်ချပါ၊ ကျွန်တော်သေချာပေါက် ဒီဌာနခွဲကို ကျွန်တော့်ရဲ့ အင်အားရှိသမျှနဲ့ ထိန်းသိမ်းပါ့မယ်။ ကျွန်တော်တို့အနေနဲ့ မှော်သုတေသနဌာနအပေါ် မှီခိုစရာမလိုတော့ဘဲနဲ့ အနာဂတ်မှာလည်း မှော်သုတေသနဌာနကို အကူအညီဖြစ်စေမှာပါ!"
"ကောင်းတယ်" ရှုယီက အပြုံးဖြင့် ခေါင်းငြိမ့်၏။ သူဟာ အန်းခေါ့ထ်မှာ တကယ်ကို ထက်မြတ်သည်ဟု ထင်မိကာ သူ့အတွေးက အရေးပါသည်ကို နားလည်သည်။
အန်းခေါ့ထ်က ရုံးခန်းထဲမှ ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် စင်ဒီက ရုတ်တရတ် သက်ပြင်းချလာ၏။
"ကျွန်မတို့ နတ်သူငယ်တွေအနေနဲ့ မျိုးနွယ်စုစစ်ပွဲမှာတုန်းက လူသားတွေကို ရှုံးခဲ့တာ ပုံမှန်ပဲလို့ ပိုပိုပြီး ခံစားနေရပြီ"
"အိုး? ဘာလို့ ဒီလိုကြီး ရုတ်တရတ် ပြောရတာလဲ?" ရှုယီက သိလိုစွာ မေးမြန်းလိုက်သည်။
"ဘာလို့လဲဆိုတော့ ကျွန်မတို့ မျိုးနွယ်စုမှာ သူ့လိုမျိုး ထိုးထွင်းသိမြင်ပြီး ဖန်တီးဉာဏ်ရှိတဲ့လူမျိုး မရှိဖူးဘူး၊ သူ့ထက် ပိုရာထူးကြီးတဲ့လူကို ရဲရဲတင်းတင်းနဲ့ တောင်းဆိုတတ်တဲ့သူမျိုးပေါ့။ ဒါကို... အရှက်မဲ့ပြီး အရိုအသေတန်တယ်လို့တောင် သတ်မှတ်ခံရတတ်တယ်။"
"အရိုအသေတန်ပြီး အရှက်မဲ့တယ်လား?" ရှုယီမှာ အန်းခေါ့ထ် ထိုင်သွားခဲ့သည့် နေရာကို ကြည့်၍ မနေနိုင်အောင် ပြုံးလိုက်မိသည်။
အန်းခေါ့ထ်သာ စင်ဒီက သူ့အား ‘အရှက်မဲ့သည်’ဟု ခေါ်မှန်းသိပါလျှင် သူ ဘာထင်မည်လည်းကိုပင် တွေးကြည့်ရန် ခက်ခဲသည်။
"ကျွန်မတို့ နတ်သူငယ်တွေက အရမ်းရှေးရိုးစွဲတော့ တစ်ခုခုလုပ်ရင် သတ်မှတ်ထားတဲ့အတိုင်း လိုက်လုပ်ရတာကိုကြိုက်ပြီး တော်တော်လေးကို နည်းတဲ့ လူနည်းစုကပဲ သူတို့အမြင်တိုင်း လုပ်ကြတာ။ ဒါက လူသားတွေနဲ့ လုံးဝ ခြားနားတယ်၊ သူတို့ အားလုံးမှာက ကိုယ်ပိုင်အတွေးအမြင်နဲ့ ဆန်းသစ်တီထွင်မှုတွေရှိပြီး ဒါကပဲ လူသားတွေကို အရမ်းမြန်မြန် တိုးတက်အောင် လုပ်ပေးတာပဲ။ ကျွန်မတို့အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀တုန်းက စစ်ပွဲမှာ အနိုင်ရခဲ့ရင်တောင် နောက်ကျ ရှုံးမှာ သေချာပေါက်ပဲ။" စင်ဒီက ထပ်မံ၍ သက်ပြင်းချပြန်၏၊ "ကျွန်မအနေနဲ့ မျိုးနွယ်စုကနေ ထွက်မလာခင်က ဒါမျိုး မခံစားခဲ့ဖူးပေမယ့် ဥက္ကဌနဲ့ အချိန်တစ်ခုလောက် အလုပ်တွဲလုပ်ပြီးတော့ ဒီခံစားချက်က နက်ရှိုင်းသည်ထက်ကို နက်ရှိုင်းလာတယ်။"
"အဲ့လိုလား?" ရှုယီက အသာပြုံး၍ ဆိုသည်၊ "ဒီပြဿနာက မင်းတို့ နတ်သူငယ်တွေပဲမဟုတ်ပါဘူး လူသားတွေလည်း အတူတူပဲ။ ငါတို့ လူသားတွေသာ စူးစမ်းလိုစိတ်ကို ဆုံးရှုံးလိုက်ရတဲ့ တစ်နေ့ကျရင် ထုတ်ပယ်ခံရဖို့ကို စောင့်စားနေရမှာပဲ"
"အင်း" စင်ဒီက ခေါင်းငြိမ့်သည်။
ရှုယီက ပိတ်ထားသည့် ရုံးခန်းတံခါးကို ကြည့်ကာ ယနေ့ဖြစ်ပျက်ခဲ့သမျှကို ပြန်စဉ်းစားပြီးနောက် ရုတ်တရတ် ခါးသက်သက်ပြုံးလိုက်ပါ၏။
"ဒါပေမယ့် စင်ဒီ၊ ပိုလျှံနေတဲ့ စွမ်းအင်နဲ့ ဆန်းသစ်တီထွင်မှုဆိုတာက ကောင်းမွန်တဲ့အရာတွေကို ယူမလာတဲ့ အချိန်တွေလည်း ရှိတယ်...."
Vol 7, အခန်း ၃၆။ ကမ္ဘာမြေပေါ်က ငရဲ
သစ်သားပျဉ်ချပ်များမှတဆင့် မှောင်မိုက်သည့် မြေအောက်ခန်းထဲသို့ စူးရှသည့် အော်သံများ ဖြတ်သန်း၍ ဘော့ခ်၏ နားများအတွင်းသို့ ဝင်ရောက်လာရာ သူ့အား မရပ်မနားတုန်ရီနေစေလေသည်။ သူ ခံစားနေခဲ့ရသည့် အိပ်ချင်စိတ်ကလည်း ရုတ်တရတ် ပျောက်ကွယ်သွားလျက် သူဟာ သတိရှိလာပါ၏။
သူဟာ ဘေးရှိ အိပ်ပျော်နေဆဲဖြစ်သော သူ၏ အငယ်ဆုံးသမီးလေးဖြစ်သည့် ဟွေ့ခါကို ကြည့်လိုက်ရာ သူမဟာ ထိုအော်သံများကြောင့် နိုးမလာသဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
သို့သော်လည်း ဟွေ့ခါ၏ မျက်နှာထက်မှ မှေးမှိန်မသွားသည့် ခပ်ဖျော့ဖျော့ သွေးစက်များကိုကြည့်ရင်း သူ၏ အမူအရာက မနေနိုင်အောင် တစ်ဖန် မှုန်မှိုင်းလာတော့သည်။
၎င်းအဓိကရုဏ်းများမှာ ငါးရက်တာကြာမြင့်နေပြီဖြစ်သည်။
လွန်ခဲ့သော လေးရက်အကြာက တစ်စုံတရာဖြစ်ပွားကြောင်းသိရချိန်တွင် ဘော့ခ်မှာ သူ၏ ၂နှစ်အရွယ်သမီးငယ်လေး ဟွေ့ခါကို ဤလျှို့ဝှက်မြေအောက်ခန်း၌ ဝှက်ထားရန် ခေါ်လာခဲ့ပြီး ၎င်းတို့အနေနှင့် ပြီးခဲ့သော လေးရက်လုံး ခြေတစ်လှမ်းပင် မထွက်ရသေးပေ။
သူ့အနေနှင့် ဒရိုမျိုးနွယ်စုတိုင်းပြည်၏ မြို့တော် ဒရိုမှာ ဖရိုဖရဲဖြစ်နေကြောင်း သိခဲ့ရသည်။ ၎င်း ဒရိုမျိုးနွယ်စုမှာ နိုင်ငံခြားသားများအားလုံးကို အမဲလိုက်နေကြသဖြင့် ၎င်းတို့သာ အဖမ်းခံလိုက်ရလျှင် သူနှင့် ဟွေ့ခါမှာ သနားစဖွယ်အဆုံးသတ်မှ လွတ်မြောက်နိုင်မည်မဟုတ်တော့ပေ။
သို့သော်... ဤနေရာ၌ ပုန်းကွယ်နေခြင်းက အသုံးဝင်ပါရဲ့လား?
ဤလျှို့ဝှက် မြေအောက်ခန်းရှိ သိုလှောင်ထားသော ကုန်စည်များမှာ ကြာရှည်ခံမည်မဟုတ်သလို အရေးအကြီးဆုံးက ဤနေရာ၌ မည်သည့် ဆေးဝါးမှ မရှိနေခြင်းပင်။
ဟွေ့ခါမှာ မနေ့က အအေးမိသည့် လက္ခဏာများပြလာခဲ့ပြီး ယခုတွင် ဖျားနေပြီဖုစ်သည်။ ၎င်းက သူမအား အိပ်ပျော်စေရာ သူ့အနေနှင့် သူမက ဆူညံသံများလုပ်ပြီး အပြင်ဘက်ရှိ ဒရိုမျိုးနွယ်စုကို ဆွဲဆောင်လာမည်အား မပူစေနိုင်တော့သော်လည်း သူမဟာ အဆုံး၌ ၂နှစ်အရွယ်ကလေးမလေးသာဖြစ်ချေသည်။ သူမအား မကုပေးလျှင် ကြာကြာခံလိမ့်မည်မဟုတ်။
ဘော့ခ်မှာ ဟွေ့ခါ၏ နဖူးပေါ် လက်တင်လိုက်ရာ ၎င်းမှ အပူကို ခံစားမိသဖြင့် လျှို့ဝှက်စွာ ဆုံးဖြတ်ချက်ချလိုက်တော့သည်။
မည်သို့ဖြစ်စေ သူ့အနေနှင့် ယနေ့တွင် အပြင်ထွက်ဖို့ နည်းလမ်းစဉ်းစားရတော့မည်။
ဟွေ့ခါကို ကုသဖို့ ဆေးဝါးအချို့ ရယူခြင်းအပြင် သူ့အနေနှင့် အပြင်၌ ဘာဖြစ်သည်ကို အတည်ပြု၍ ဤငရဲမှ ထွက်ခွာရန် နည်းလမ်းရှာရပေမည်။
ဘော့ခ်မှာ မြို့တော် ဒရိုက ဤသို့ ဖရိုဖရဲထဲ ကျရောက်နေသော်လည်း ဒရိုမြို့တော် အပြင်ဘက်ရှိ အခြေနေကလည်း မည်သို့မျှ ပိုကောင်းနေမည်မဟုတ်ကြောင်း သိပါ၏။
ဒရိုမျိုးနွယ်စုတိုင်းပြည်တစ်ခုလုံးမှာ သူ့ကဲ့သို့ အပြင်လူတစ်ဦးအတွက် ငရဲလိုပင်။
သူဟာ သာမန်လူဖြစ်ရာ မသေးငယ်လှသော ဒရိုမျိုးနွယ်စုတိုင်းပြည်မှ ၂နှစ်အရွယ်ကလေးကို သယ်ဆောင်၍ လွတ်မြောက်ဖို့က မဖြစ်နိုင်သော မစ်ရှင်သာဖြစ်လိမ့်မည်။
သို့သော်လည်း သူ့ထံ၌ ရွေးချယ်စရာမရှိပါချေ။
ဤနေရာ၌ နေ၍ သေရမည်ကို စောင့်နေခြင်းနှင့် စာလျှင် သူ့အနေနှင့် လောင်းကြေးထပ်ရမည်။
ဘော့ခ်က တစ်ဘူးတည်းသာ ကျန်တော့သော ရေသန့်ဘူးကိုယူ၍ ဟွေ့ခါကို ခွက်ကလေးတစ်ခွက်ဖြင့် သေချာ တိုက်လိုက်သည်။ ထို့နောက် စဉ်းစားပြီးသည့်အခါတွင် သူဟာ ကျန်ရှိနေသော အစားအစာများကိုယူ၍ ကျန်နေသည့် ရေသန့်နှင့်အတူ မျှောချစားသောက်လိုက်သည်။
ကြမ်းခင်းများနှင့် မြေအောက်ခန်း၏ စူးဝါးလှသော အနံ့များ ပေါင်းစပ်ထားပုံက လူကို အန်မိမတတ်ဖြစ်စေသည်။ သူ၏ လက်တွင်းရှိ အရာများမှာ မာကျောသွားပြီဖြစ်ပြီး လုံးဝ အစားအစာအရသာရှိမနေပေ။
သို့သော် သူဟာ ၎င်းကို အလုပ်ကြီးကြီးကိုက်ဝါးလျက် အစာအိမ်ကို ဖြည့်သိပ်ရန် အကောင်းဆုံးကြိုးစားလိုက်၏။
သူ့အနေနှင့် သူယူရတော့မည့် ဤတာဝန်အတွက် လုံလောက်အောင် သန်မာနေဖို့လိုသည်ကို သိပေသည်။
ခွန်အားတည်ဆောက်ရန် စားသောက်နေစဉ် ဘော့ခ် သည် သူ့အပေါ်က ကြမ်းပြင်များမှတစ်ဆင့် ထွက်လာသော အလင်းရောင်ကို လှမ်းကြည့်လိုက်သည်။
ထိုအလင်းရောင်က တဖြည်းဖြည်းမှေးမှိန်၍ ပျောက်ကွယ်သွားချိန်တွင် ဘော့ခ်မှာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူဟာ ဟွေ့ခါကို ရေတိုက်ကာ သူမ အသိစိတ်မရှိနေလျှက်သော်မှာ သူဟာ စိတ်ကို စုစည်း၍ ထွက်ပေါက်ထံ ရွေ့လျားလိုက်သည်။ ခဏမျှ နားထောင်ကြည့်၍ အပြင်ဘက်၌ မည်သည်မှမရှိကြောင်း အတည်ပြုပြီးနောက် ဘော့ခ်ဟာ တိတ်ဆိတ်စွာဖြင့် ကြမ်းပြင်ကို တွန်းကာဖွင့်လိုက်သည်။
လရောင်က အခန်းကိုဖြန့်ကျက်သွားရာ ဘော့ခ်မှာ မျက်လုံးများမှေးကျဉ်း၍ ဝေ့ဝဲကြည့်လိုက်၏။ ပထမဆုံး သူတွေ့ရသည့် အရာမှာ ဖြူဆွတ်နေသော ခန္ဓာကိုယ်ဖြစ်သည်။
ထိုခန္ဓာကိုယ်မှာ ရှင်သန်နေသည့် အရိပ်အယောင်အားလုံး ပျောက်ဆုံးနေသော ဘော့ခ်၏ ဇနီးပါပင်။
လေးရက်အကြာက ဒရိုမျိုးနွယ်စု ရာဇဝတ်ကောင်များ ဘော့ခ်၏ အိမ်သို့ ဝင်ရောက်လာချိန်တွင် ဘော့ခ်မှာ အခြေအနေက ဆိုးသည်ကို မြင်၍ မြေအောက်ခန်းထဲသို့ ဟွေ့ခါကို သယ်ကာ ကြိုဝင်သွားသော်လည်း တစ်ခုခုဖြစ်ပွားခဲ့ခြင်းကြောင့် သူ၏ဇနီးနှင့် အကြီးဆုံးသား Roman တို့မှာ ၎င်းတို့လက်ထဲ ကျရောက်သွားသည်။
ဘော့ခ်၏ ဇနီးအား ထိုရာဇဝတ်ကောင်များက မု-ိမ်းကျင့်ကာ သတ်ပစ်ခဲ့သည်။ သူ၏ သား ရိုမန်သည်လည်း ၎င်းတို့ထံမှ အသတ်ခံခဲ့ရပေ၏။
သူ့ဇနီး၏ အလောင်းနံဘေးရှိ ပုံပျက်ပန်းပျက်ဖြစ်နေသော ရိုမန်၏ မပြည့်စုဲသော အလောင်းကို ကြည့်ရင်း ဘော့ခ်၏ သေဆုံးသွားပြီးသား နှလုံးသားက မနေနိုင်အောင် တုန်ရီလာရသည်။
ဖြစ်နိုင်လျှင် လွန်ခဲ့သည့် လေးရက် သူ၏ ဇနီးနှင့် သားဖြစ်သူတို့၏ အော်သံများကို ကြားခဲ့စဉ်က သူ့အနေနှင့် ထိုသူခိုးကောင်များကို မောင်းထုတ်ရန် ထွက်သွားလိုက်ပြီးသားဖြစ်လောက်သည်။
သို့သော် ဟွေ့ခါအတွက် သူဟာ ၎င်းကို သည်းခံခဲ့ရ၏။
ထိုရက်များတုန်းက သူ့အနေနှင့် မည်သို့ ရှင်သန်ခဲ့ရသည်ကို မသိပေ။ ဟွေ့ခါအတွက် မဟုတ်လျှင် သူလည်း ပြိုလဲသွားလောက်သည်။
သို့သော်လည်း ယခုတွင် ဟွေ့ခါသည်ပင် အန္တရာယ်ရှိနေလေရာ အားနည်းသဖြင့် ဇနီးထံမှ အဆူခံခဲ့ရသော ဤလူအား ဤစွန့်စားမှုကို တာဝန်ယူလာရစေသည်။
သူ၏ ဇနီးနှင့် သားတို့၏ အလောင်းများကို သေချာကြည့်လိုက်ပြီးနောက် ဘော့ခ်မှာ ၎င်းတို့ကို မထိဘဲ ဂရုတစိုက်ပင် မီးလင်းဖို့ထံသွား၍ ပြာမှုန့်များကို ယူကာ သူ့မျက်နှာနှင့် ဆံပင်ထက်သို့ သုတ်လိုက်သည်။
သူဟာ လမ်ပူရီတိုင်းပြည်မှလူဖြစ်ပြီး သဘာဝကျကျပင် ဆံပင်အနီရောင်ဖြင့် မွေးဖွားခဲ့သည်။ ဒရို မျိုးနွယ်ဝင်များထံ၌ သဘာဝ ဆံပင်ခဲရောင်ရှိသဖြင့် သူ ထွက်သွားလျှင် အလွယ်လေး သတိထားမိနိုင်၏။
သူ၏ ရုပ်ဖျက်မှုကို သေချာ ပြုလုပ်ပြီးနောက် ဘော့ခ်မှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်သည်။ သူ့အနေနှင့် အရမ်း အနံ့မနံနေကြောင်း အတည်ပြုပြီးနောက် အပြင်ကိုကြည့်၍ တံခါးမှ တိတ်တဆိတ်ထွက်လိုက်သည်။
ညလယ်ခေါင်ဖြစ်နေပြီ ဖြစ်သဖြင့် ဤဝေးလံသည့် လမ်းလေးတွင် မည်သူမှ မရှိတော့ပြီ။
သို့သော် သူဟာ အဝေးရှိ ကောင်းကင်ယံမှ မီးတောက်များကို မြင်နိုင်သေးသလို ရိုင်းစိုင်းသော ရယ်သံများနှင့် အော်ဟစ်သံများကို ကြား,ကြားနေရပါ၏။
ဒရိုမျိုးနွယ် သူခိုးများမှာ လူသတ်မှုကျူးလွန်၍ ပျော်နေကြခြင်း ဖြစ်လောက်သည်။
ဘော့ခ်မှာ သူ့ကဲ့သို့ အပြင်လူ ဘယ်လောက်များများ ဒရိုမြို့တော်၌ ရှိမှန်းမသိသော်လည်း ဤအဓိကရုဏ်းများကို ဖြတ်ကျော် နေထိုင်နိုင်သူ မများမှန်းသေချာပါ၏။
ဆေးဆိုင်မှာ လမ်း၏ အခြားတစ်ဘက် အဆုဲး၌ ဖြစ်သဖြင့် ဘော့ခ်မှာ တစ်လမ်းလုံး လျှောက်သွားရပေမည်။
ဤသည်က ခေါင်သောလမ်းလေးဖြစ်ပြီး မည်သူမှ မရှိသဖြင့် ဘော့ခ်မှာ လုံလုံခြုံခြုံ ဆေးဆိုင်သို့ ရောက်သွားနိုင်သဖြင့် တော်ပါသေး၏။
ဤဆေးဆိုင်ကိုလည်း လမ်ပူရီတိုင်းပြည်မှ လာသူတစ်ဦး ဖွင့်ထားခြင်းဖြစ်သည်။ ၎င်းတို့ထံ၌ လရိပ်မျိုးနွယ်စုထံမှ ထောက်ပံ့ပေးထားသော ထိရောက်မှုများသည့် အထူးဆေးဝါးများရှိသဖြင့် ၎င်းတို့၏ စီးပွားရေးက အမြဲ ကောင်းမွန်ခဲ့သည်။
သို့သော်လည်း ဤဆိုင်မှာ သိသိသာသာ မွှေနှောက် ခံထားရသည်။ တံခါးမှာ ဖျက်စီးခံထားရရုံသာမက အတွင်းဘက်ကလည်း လုံးဝ ပွစာကျဲနေ၏။
လရောင်နှင့် သူ၏ မှတ်ဉာဏ်တို့ကြောင့် ဘော့ခ်မှာ နောက်ဆုံးတွင် ဆိုင်ထောင့်ရှိ ဆေးပုံးထဲရှိ ဆေးပင်အချို့ကို ရှာတွေ့သွားသည်။
သူဟာ ထိုအခိုက်၌ ဤဆိုင်ပိုင်ရှင်နှင့် စကားစမြည်ပြောခဲ့ခြင်းမှ အခြေခံ ဗဟုသုတ တချို့ ရခဲ့ဖူးသောကြောင့် အင်မတန် ဝမ်းမြောက်သွားသည်၊ မဟုတ်ပါက သူဟာ သူ့ရှေ့ရှိ ဆေးပင်များနှင့် အတူ ဘာလုပ်ရမှန်းသိမည်မဟုတ်ပေ။
ဆေးများကို ရယူပြီးနောက် ဘော့ခ်မှာ ချက်ချင်း အိမ်သို့ ပြန်မသွားလိုက်ပေ။ ထိုအစား သူဟာ ဤလမ်းမှ ထွက်၍ အပြင်ဘက်ကို စတင်စူးစမ်းလိုက်၏။
သူ့ထံ၌ မြို့ထဲရှိ အခြေနေကို စုံစမ်း၍ ဒရိုမြို့တော်မှ ထွက်ခွာရန် ပြင်ဆင်ဖို့ဟူသည့် အခြားတာဝန်ရှိသေးသည်။
ဘော့ခ်၏ အိမ်မှာ ဒရိုမြို့တော်၏ အနောက်ဘက်ပိုင်း၌ ရှိပြီး ဒရိုမြို့တော်၏ အနောက်ဘက်ဂိတ်မှ ဘလောက် သုံးခုသာ ဝေးသည်။ ၎င်းကို ဝေးသည်ဟု မယူဆနိုင်သော်လည်း နီးနေသည်တော့လည်း မဟုတ်ပေ။
အရေးကြီးဆုံးအရာမှာ အနောက်ဂတ်သို့ ဦးတည်သည့် လမ်းဖြသ်သည်၊ ၎င်းမှာ သူ ယခုရှိနေသည့် လမ်းကဲ့သို့ လူသူအရောက်ပေါက် နည်းမနေပေ။
မျှော်လင့်ထားသကဲ့သို့ပင် ဘော့ခ်မှာ နောက် လမ်းနှစ်လမ်းလောက် ဆင်း၍ အဓိကလမ်းမသို့ ရောက်လာချိန်တွင် ဒရိုမျိုးနွယ်စုဝင် အဖွဲ့တစ်ဖွဲ့နှင့် တိုးလေသည်။
ဘော့ခ်၏ နှလုံးမှာ တင်းကြပ်သွားပြီး တတ်နိုင်သမျှ တည်ငြိမ်အောင် ကြိုးစားလျက် ရှေ့တိုးသွားလိုက်၏။
"ဟေး ညီအစ်ကို၊ ဒီလောက် နောက်ကျနေတာကို ဘယ်ကနေ ရောက်လာတာလဲ?"
ထိုအဖွဲ့က ဘော့ခ်ကို ကြည့်လာပြီး လူငယ်တစ်ဦးက ကျယ်လောက်စွာ နှုတ်ဆက်လာ၏။
၎င်းတို့ထံရှိ ပုလင်းများနှင့် အရက်နံ့များမှတဆင့် သူဟာ ထိုလူများမှာ အရက်မူးနေကြကြောင်း မြင်နိုင်သည်။
ဘော့ခ်ဟာ ဖျစ်ညှစ်ပြုံး၍ ဖြေလိုက်ပြီး ထိုဒရိုမျိုးနွယ်ဝင်များထဲမှ နှစ်ဦး ကိုင်ထားသည့် အရာများကို မြင်သော် မျက်လုံးများပြူးကျယ်သွားလျက် မည်သည်ကိုမှ မဆိုနိုငတော့ပေ။
ထိုဒရိုမျိုးနွယ်ဝင်နှစ်ဦး ကိုင်ဆောင်ထားကြသည်မှာ ခပ်ဝိုင်းဝိုင်းအရာများဖြစ်ပြီး သူ သေချာကြည့်လိုက်ချိန်၌ ၎င်းမှာ ခေါင်း ၂လုံးဖြစ်သည်ကို တွေ့လိုက်ရသည်။
လမ်းပေါ်ရှိ မီးတောက်နှင့် လရောင်ကြောင့် ဘော့ခ်မှာ ၎င်းတို့မျက်နှာထက်ရှိ အမူအရာများကို မြင်နိုင်ပြီး အစာအိမ်ပင် နာလာကာ မတိုင်ခင်ကမှ အတင်းအကြပ်စားသောက်လာသည့် အစာများကိုပင် အန်ထုတ်မိတော့မလို ခံစားလိုက်ရ၏။
ဘော့ခ်၏ မျက်နှာထက်ရှိ အရုပ်ဆိုးနေပုံကိုမြင်သော် သူ့အား နှုတ်ဆက်လာသည့် တစ်ယောက်က ပခုံးကိုပုတ်၍ ကျယ်လောင်စွာ ဆိုလေသည်၊ "ဟေး ညီအစ်ကို၊ မင်းမှာ မပျော်မရွှင် ဖြစ်နေတာများ ရှိနေသေးလို့လား? စိတ်အေးအေးထားပါ၊ မင်းမပျော်ရင် ငါတို့ မင်းကို ပျော်အောင် လုပ်ပေးဖို့ နောက်ထပ် အပြင်လူတစ်ယောက် သွားရှာကြမယ်။ ညီအစ်ကိုတို့ အားလုံး သဘောတူကြရဲ့လား?"
"တူပါတယ်!"
၎င်းတို့ နောက်ရှိ ဒရိုမျိုးနွယ်ဝင်များက ကျယ်လောင်စွာ ဩဘာပေးလာကြသည်။
ဘော့ခ်မှာ ထိုလူ၏ မျက်နှာသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်ချင်စိတ်အား ဖိနှိပ်၍ အပြုံးဖြင့် ပြောလိုက်ပါ၏၊ "ကျွန်တော် မပျော်မရွှင်ဖြစ်နေတာမရှိပါဘူး၊ ကျွန်တော်က ဒီတိုင်း...."
သူ ပြော၍ မပြီးခင်တွင် ဒရိုမျိုးနွယ်ဝင်နှစ်ဦး ရောက်လာကာ တစ်ဦးက ဝိုင်ပုလင်းကြီးတစ်ခုကို သူ၏ ပါးစပ်နားသို့ တေ့လိုက်သည်။ သူဟာ ထစ်အထစ်အဖြစ်နေသည့် အသံဖြင့် ဆိုလာ၏၊ "မပျော်ရွှင်မှုက ဘာပဲဖြစ်နေနေ ဝိုင်နဲ့ဆို ပိုအဆင်ပြေသွားမယ်။ ဒါက လူပုလေးတွေဆီကရတဲ့ နှပ်ဝိုင်ပဲ၊ အရသာရှိလိုက်တာ"
မည်သို့များ ဘော့ခ်အနေနှင့် ဤအချိန်၌ အရက်သောက်ဝံ့မည်နည်း? သူဟာ မြန်မြန်ပင် ထိုလမ်းမှ ရှောင်တမ်းလိုက်သည်။
သို့သော် ထိုအမူးသမားက တစ်ယောက်ယောက်အား အရက်သောက်ခြင်းမှ ငြင်းပယ်ခွင့်မပေးပေ။ သူဟာ အခြား ဒရိုမျိုးနွယ်ဝင်နှစ်ဦးအား ဘော့ခ်ကို ချုပ်ခိုင်း၍ ပုလင်းကို ယူကာ ဘော့ခ်အား အတင်းတိုက်ဖို့ လုပ်လိုက်သည်။
ဘော့ခ်ကလည်း ခေါင်းကို လွှဲလိုက်ရာ ထိုဒရိုမျိုးနွယ်ဝင်၏ လက်ကို ထိမိသွားပြီး သူ့လက်ထဲရှိ ပုလင်းကို လွင့်ထွက်သွားစေကာ ဝိုင်များက မှောက်ကုန်၏။
၎င်းဒရိုမျိုးနွယ်ဝင်က ဒေါသမဖြစ်ဘဲ ရယ်မောလိုက်သည်။
"ကောင်းတယ် ညီအစ်ကို၊ ဒီတော့ မင်းက ဝိုင်သောက်ဖို့ကို ဒီလောက် ကြမ်းတမ်းနေတယ်ပေါ့! ကြိုက်ပြီကွာ! လာ လာ ဒါကို ထပ်လုပ်ရအောင်....."
သို့သော် နောက်တွင် သူ၏ အသံက ရုတ်တရတ် ရပ်တန့်၍ ဘော့ခ်ထံ အထိတ်တလန့်ဖြင့် လက်ညှိုးထိုးလာသည်။
ဘော့ခ်မှာ ကြောင်အသွားပြီး ခေါင်းထက်မှ အေးစက်စက် ခံစားချက်ကို သတိပြုမိလိုက်၏။ သူ၏ နှလုံးမှာ ဆတ်ကနဲ ခုန်သွားပြီး စိတ်ထဲတွင် ‘မကောင်းတော့ဘူး’ဟု အော်ဟစ်မိလိုက်သည်။
"သူ့မှာ ဆံပင်အနီရောငိရှိနေတယ်! သူက ငါတို့ထဲက တစ်ယောက်မဟုတ်ဘူး? သူက အနောက်ဘက်က အပြင်လူပဲ!" ဘော့ခ်ကို အတင်းအရက်တိုက်သူက ရုတ်တရတ် အော်ဟစ်လိုက်ပါ၏။
ဘော့ခ်မှာ ထပ်မံ၍ မည်သည်ကိုမှ မတွေးတော့ဘဲ အင်အားအကုန်သုံးလျက် သူ့အား ဖမ်းကိုင်ထားကြသည့် ဒရိုမျိုးနွယ်ဝင် နှစ်ဦးထံမျှ ရုန်းထွက်လိုက်သည်။ ထို့နောက် အော်ဟစ်လိုက်သော ဒရိုမျိုးနွယ်ကောင်၏ ဝမ်းဗိုက်ကို ဆောင့်ကန်၍ လှည့်ပြေးတော့၏။
ဒရိုမျိုးနွယ်ဝင်များမှာ ကြောင်အနေပြီးနောက်မှ တုံ့ပြန်လာကြပြီး အော်ဟစ်လျက် သူ့နောက်လိုက်ကြတော့သည်။
ဘော့ခ်အနေနှင့် အဓိကလမ်းမမှ မလွတ်မြောက်နိုင်ကြောင်း သိသဖြင့် ဘေးလမ်းသွယ်တစ်ခုထံ လှည့်ဝင်လိုက်သည်။
သို့သော် ထောင့်ချိုးသို့ ကွေ့လိုက်သည်နှင့် သူ့ထံရောက်လာနေသော ဒရိုမျိုးနွယ်ဝင် နောက်တစ်ဖွဲ့ကို တွေ့လိုက်ရပါ၏။
ဘော့ခ်၏ နှလုံးသားမှာ အေးစက်သွား၏။
၎င်းမှာ ဒရိုမျိုးနွယ်စုတိုင်းပြည်၏ မြို့တော်ဖြစ်ရာ ဒရိုမျိုးနွယ်ဝင်များက မြို့အနှံ့ရှိသဖြင့် အပြင်လူဖြစ်သည့် သူ့အနေဖြင့် ၎င်းတို့ကို တစ်ဦးတည်းသာ ရင်ဆိုင်နိုင်သည်။
သို့သော် သူဟာ များပြားလှသည့် ရန်သူများကို ရင်ဆိုင်နေရချိန်၌ မည်သို့များ ၎င်းတို့ကို တစ်ဦးတည်း ရင်ဆိုင်နိုင်ပါမည်နည်း?
ဒရိုမျိုးနွယ်ဝင်များ အနောက်မှလာသည်ကိုမြင်သော် ဘော့ခ်မှာ သူ့အနေနှင့် ချောက်နက်ထဲ ကျရောက်သွားသည်ကို မြင်လိုက်ရသည်။
သူ့အနေဖြင့် ဟွေ့ခါနှင့်အတူ ကမ္ဘာပေါ်ရှိ ဤငရဲမှ လွတ်မြောက်ရန် အခွင့်အရေးရှာနိုင်ပါ့မလား?
သို့သော် ထိုအခိုက်၌ ထူးဆန်းသည့် အသံတစ်ခုက ကောင်းကင်မှ ကျရောက်လာကာ မီးတောက်ကြီးများက ဒရိုမျိုးနွယ်ဝင်များရှိရာထံရောက်လာသည်။
"ဟုန်း!"
အားကောင်းလှသော ပေါက်ကွဲမှုနှင့်အတူ သူ့ရှေ့မှ ဒရိုမျိုးနွယ်ဝင်များက သုတ်သင်ခံလိုက်ရတော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 7 , အခန်း ၃၇။ ဒရိုမျိုးနွယ်စုနိုင်ငံက ဖျက်ဆီးခဲလိုက်ရပြီ
စိုင်စ်နယ်မြေကြီးသည် ကျေးကျွန်တစ်ဝက် ပဒေသရာဇ် တစ်ဝက် လူ့အဖွဲ့အစည်းဖြစ်သောကြောင့် ကမ္ဘာမြေကြီးနှင့် နှိုင်းယှဉ်ပါက ပို၍နောက်ကျကျန်နေမည်မှာ သေချာပါသည်။
တစ်ချိန်တည်းမှာပင် စိုင်စ်နယ်မြေကြီးတွင် လူမျိုးပေါင်းစုံရှိရုံမျှမက အချင်းချင်း ပေါင်းသင်းဆက်ဆံ နေထိုင်သော လူမျိုးများလည်း အများအပြားရှိခဲ့သည်။
လူသားများ ဒဏ္ဍာရီတွင် ပျောက်ကွယ်သွားခဲ့သော နတ်သူငယ်များ၊ လူပုလေးများ၊ သားရဲလူမျိုးများနှင့် သွေးနှောများလည်း ရှိသေးသည်။
ယဉ်ကျေးမှုရှိလာသော မျိုးနွယ်စုများစွာရှိခဲ့ပြီး ၎င်းတို့မှာ လုံးဝကွဲပြားသည့်သတ္တဝါဟု ယူဆနိုင်သောကြောင့် ၎င်းတို့ကြားတွင် ပဋိပက္ခဖြစ်ခြင်းမှာ သဘာဝကျပါသည်။
မျိုးစိတ်ကွဲပြားမှုကြောင့် စိုင်စ်နယ်မြေကြီး၏ ရှည်လျားသောသမိုင်းတွင် ယခင်က ကြောက်စရာကောင်းသည့်အရာများစွာ ဖြစ်ပျက်ခဲ့သည်။
ဥပမာအားဖြင့်၊ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်က သားရဲလူမျိုးများနှင့်လူသားများကြား ပဋိပက္ခအတွင်း မျိုးနွယ်စုတစ်ခုလုံးကို ဖယ်ရှားပစ်ဖို့ရန်က မထူးဆန်းပေ။
မတူကွဲပြားသော လူမျိုးစုများအကြား တိုက်ပွဲများကို ဘေးဖယ်ထားလိုက်လျှင်ပင် လူသားမျိုးနွယ်များကြား တိုက်ပွဲများတွင်ပင် သတ်ဖြတ်မှုအတော်များများ ရှိခဲ့သည်။
စိုင်စ်နယ်မြေကြီးရှိ လူသားများ၏ သမိုင်းသည် သွေးများဖြင့် ပြည့်နှက်နေသည်ဟုပင် ဆိုနိုင်ပါသည်။
ဤကဲ့သို့ပင် ဒရိုမျိုးနွယ်စုတိုင်းပြည်သည် ပြင်ပလူများကို ရုတ်တရက် ပစ်မှတ်ထားပြီး အထူးသဖြင့် အနောက်တောင်နိုင်ငံများကို ပစ်မှတ်ထားလာခြင်းမှာ လူများစွာအတွက် အံ့အားသင့်စရာဟု မယူဆပေ။
၎င်းက အတိတ်က ဖြစ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ နှိုင်းယှဉ်ကြည့်ဖို့ပင် မထိုက်တန်ပါချေ။
သို့သော်လည်း သမိုင်းသည် အချိန်နှင့်အမျှ ကွယ်ပျောက်နေပြီဖြစ်သည်။ ထို့အပြင် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း စိုင်စ်နယ်မြေကြီးတွင် ရှားပါးသော ငြိမ်းချမ်းရေးကာလရှိခဲ့ခြင်းကြောင့် ဤကဲ့သို့သောဖြစ်ရပ်အနည်းငယ်သာ ရှိခဲ့သည်။ ဤသို့ ယခင် ရက်စက်ကြမ်းကြုတ်သည့် အဖြစ်အပျက်ကို မြင်ဖူးသူပင် နည်းပါးသွားခဲ့သည်။
ထို့ကြောင့် ဒရိုမျိုးနွယ်စုတိုင်းပြည်မှာ အဓိကရုဏ်းတွေအကြောင်း နိုင်ငံအသီးသီးက သတင်းစာတွေမှာ ဖော်ပြလာသည့်အခါ၊ ဒရိုမျိုးနွယ်စုတိုင်းပြည်အပေါ် ဖော်ပြထားသော ရက်စက်ကြမ်းကြုတ်လှသည့် မြင်ကွင်းများကြောင့် လူများစွာ ထိတ်လန့်သွားကြသည်။
အထူးသဖြင့် New Moon ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ ကြီးမားသော မှော်ပုံရိပ်ယောင်ပရိုဂျက်တာများကို မြို့အသီးသီးတွင် ၎င်းမြင်ကွင်းများပြသဖို့ အသုံးပြုခဲ့ပြီးနောက်၌ ဖြစ်၏။ ဤသို့ ရက်စက်ကြမ်းကြုတ်သည့် မြင်ကွင်းတွေကို မြင်လိုက်ရသော လူတွေ အားလုံး စိတ်ထဲဝွင် ဒေါသ ထွက်နေကြသည် ။
အနိုင်ကျင့်ခံရပြီးနောက် လမ်းမများပေါ်တွင် အဝတ်ဗလာဖြင့် ပြန့်ကျဲနေသော အမျိုးသမီးအလောင်းများ ဖြစ်စေ၊ အရေခွံတစ်လက်မတောင် မမြင်နိုင်တဲ့ ခေါင်းပြတ်အလောင်းတွေဖြစ်စေ အလောင်းပုံကြီးပေါ်မှာ တင်ထားတဲ့ ကလေးငယ်တွေရဲ့ အလောင်းတွေဖြစ်စေ.. ၎င်းတို့က ဤအဓိကရုဏ်းများမှာ မည်မျှ ရူးသွပ်ရက်စက်ခဲ့သည်ကို ပြသရန် လုံလောက်သည်။
ဒရိုမျိုးနွယ်စုတိုင်းပြည်မှ လူများက တကယ်ကို အရူးတွေပါပင်။
ထို့ကြောင့် စိုင်စ်နယ်မြေကြီးတစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားသဖြင့် နိုင်ငံအားလုံးနီးပါးသည် ဒရိုမျိုးနွယ်စုတိုင်းပြည်ရှိ အဓိကရုဏ်းများအပေါ် ပြင်းထန်စွာ ရှုံ့ချပြီး ဒေါသ ထွက်ကာ တူညီသော ရပ်တည်ချက်ရှိလာကြသည်။
အဓိကရုဏ်းတွေ ရပ်တန့်အောင် စွက်ဖက်ရမည်ဟု သတင်းစာများက တောင်းဆိုထားကြ၏။ နိုင်ငံအများအပြားရှိ မရေမတွက်နိုင်သော နိုင်ငံသားများပင်လျှင် ၎င်းတို့၏ ဒေါသကိုပြရန် ဆန္ဒပြပွဲများအတွက် လူစုရုံးခဲ့ကြသည်။
ရုတ်တရက် ဒရိုမျိုးနွယ်စုတိုင်းပြည်ရှိ အဓိကရုဏ်းများသည် နယ်မြေကြီးတစ်ခုလုံး၏ အာရုံကို ဖမ်းစားသွားခဲ့သည်။
အဓိကအချက်မှာ ထိုအဓိကရုဏ်းများကို မည်သို့ဖြေရှင်းရမည် ဖြစ်၍ ၎င်းတို့ထံတွင် အဖမ်းခံထားရသော အပြင်လူများကို ကယ်တင်ရန်ဖြစ်သည်။
လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန် တိုင်းပြည်၊ ဒရိတ်ခ်နယ်မြေနှင့် ဤအဓိကရုဏ်းများတွင် မိမိတို့၏ နိုင်ငံသားများ အဖမ်းမိခံထားရသော အခြားနိုင်ငံများသည် ၎င်းတို့၏ ရပ်တည်ချက်များကို ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ ၎င်းတို့သည် ၎င်းတို့၏နိုင်ငံသားများကို ဒရိုမျိုးနွယ်စုတိုင်းပြည်လက်မှ ကယ်တင်ရန် အစွမ်းကုန်ကြိုးစားပြီး ဆုံးရှုံးမှုများကို လျှော့ချရန် ကြိုးစားနေကြသည်။
သို့သော် ၎င်းတို့ ရပ်တည်ချက်တွေကို ရှင်းရှင်းလင်းလင်းဖြစ်စေသည့် လွှမ်းမိုးမှုများအကြောင်းပြောရင် လူတိုင်း Frestech ကုန်သည်ကြီးများအသင်းဖြစ်သည်မှာ သံသယမလိုပေ။
အဓိကသတင်းစာများ၏အဆိုအရ အကြီးမားဆုံး ဆုံးရှုံးမှုမှာ ဒရိုမျိုးနွယ်စုတိုင်းပြည်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ စက်ရုံများဖြစ်သည်။
အဓိကရုဏ်းကြောင့် ဆုံးရှုံးရခြင်းများသည် စက်ရုံများမှ မဟုတ်သော်လည်း Frestech ကုန်သည်ကြီးများအသင်းမှ ဝန်ထမ်းအများအပြားမှာ အလွန်ရက်စက်စွာ အသတ်ခံခဲ့ရသည်။
Frestech ကုန်သည်ကြီးများအသင်း မည်သို့တုံ့ပြန်မည်ကို လူများစွာက သိချင်ကြသည်။
Frestech ကုန်သည်ကြီးများအသင်းသည် လူများကိုစိတ်ပျက်စေခြင်းမရှိခဲ့ပေ။
ကြီးမားသော မှော်ပုံရိပ်ယောင်ပရိုဂျက်တာများသည် ဒရိုမျိုးနွယ်စုတိုင်းပြည်ရှိ အဓိကရုဏ်းများ၏ မြင်ကွင်းများကို ပြသပြီးနောက် တစ်ရက်တွင် Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ရှုယီမှ Frestech ကုန်သည်ကြီးများအသင်းကိုယ်စား ကြေညာချက်ထုတ်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင်၊ Frestech ကုန်သည်ကြီးများအသင်းမှ အဓိကရုဏ်းများ၏ သတင်းရရှိသည့် အခိုက်တွင် Frestech ကုန်သည်ကြီးများအသင်း အစောင့်အကြပ်များအား စေလွှတ်ခဲ့ပြီး၊ ၎င်းတို့သည် အဓိကရုဏ်းများကြောင့် ဒရိုမျိုးနွယ်စုတိုင်းပြည်တွင် ပိတ်မိနေသော 'ပြင်ပလူ' အားလုံးကို ကူညီပေးမည်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းမှ ဝန်ထမ်းများသာမကဘဲ ဒုက္ခရောက်နေကြသော 'အပြင်လူများ' အားလုံးကို ကူညီဆောင်ရွက်ပေးနေသည်။
ဤပြောဆိုချက်သည် ချက်ချင်းပင် ချီးမွမ်းခြင်းခံလိုက်ရသည်။
Frestech ကုန်သည်ကြီးများအသင်းသည် ကုမ္ပဏီတစ်ခုသာဖြစ်သည်ဟု သတင်းစာအားလုံးနီးပါးက ဖော်ပြခဲ့ကြသော်လည်း သာမန်လူများက အလိုမရှိသော ဤစွန့်စားမှုကို ၎င်းတို့က လိုလားကြသည်။ တကယ်ကိုပင် ၎င်းတို့ဟာ ခိုင်မာသည့်တာဝန်ယူမှုနှင့် ကြင်နာမှုရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ရာ နယ်မြေကြီး၏ အခြားကုမ္ပဏီများက ၎င်တို့ထံမှနေ၍ သင်ယူနိုင်ပါ၏။
သို့ပေမယ့် ရှုယီက ၎င်းကိုသာ ဖော်ပြခဲ့ခြင်း မဟုတ်ပါချေ။
အဓိကရုဏ်းများအတွင်း ပိတ်မိနေသော ဝန်ထမ်းများကို ကယ်တင်ပြီးနောက် Frestech ကုန်သည်ကြီးများအသင်းသည် ယခုအကြိမ် ဒရိုမျိုးနွယ်စုတိုင်းပြည်၏ အဓိကရုဏ်းများကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒရိုမျိုးနွယ်စုတိုင်းပြည်အနေနှင့် ဤမျှ ရိုင်းပြပြီး ထိတ်လန့်စရာကောင်းသော လုပ်ရပ်ကို ပြုလုပ်ခဲ့သည်၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် ပေးချေရမည်ဖြစ်သည်။
အကယ်၍ အခြားကုမ္ပဏီ၏ ဥက္ကဌသာ ဤကြေညာချက်ကို ပြောကြားခဲ့ပါက ၎င်းတို့သည် မဆိုင်းမတွ လှောင်ပြောင်ခံရမှာ သေချာပါသည်။
အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတွင် ကုမ္ပဏီတစ်ခုသည် ကုမ္ပဏီတစ်ခုသာဖြစ်ပြီး ၎င်းသည် နိုင်ငံတစ်ခုနှင့် လုံး၀ ကွဲပြားနေသောကြောင့်ဖြစ်သည်။
ဒရိုမျိုးနွယ်စုတိုင်းပြည်ရှိ အဓိကရုဏ်းများသည် အစိုးရမှ အတည်ပြုထားရုံမျှမက ၎င်းတို့ကိုယ်တိုင် လျှို့ဝှက်စွာ လောင်စာဖြည့်ပေးခဲ့ခြင်းဖြစ်သည်။
၎င်းတို့ကို စုံစမ်းစစ်ဆေးမည်ဆိုပါက၊ ၎င်းတို့သည် ဒရိုမျိုးနွယ်စုတိုင်းပြည်နှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
နိုင်ငံတစ်ခုနှင့် ရင်ဆိုင်လိုသော ကုမ္ပဏီတစ်ခုသည် ပုံမှန်အခြေအနေတစ်ခုတွင် ၎င်းတို့ကိုယ်၎င်းတို့ အထင်ကြီးနေခြင်းသာ ဖြစ်မည်မှာ သေချာသည်။
သို့သော် …… Frestech ကုန်သည်ကြီးများအသင်းသည် ပုံမှန်မဟုတ်ပေ။
ရှုယီက ပြောပြီးနောက် အားလုံးက ၎င်းတို့စိတ်ထဲတွင် တစ်ခုခုကို အတည်ပြုလိုက်ကြသည်။
ဒရိုမျိုးနွယ်စုတိုင်းပြည်သည် အဆုံးသတ်တော့မည်ဖြစ်သည်။
နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည်ကတော့ လူတိုင်း မျှော်လင့်ထားသလိုပါပင်။
ဇွန်လ ၁၄ ရက်နေ့တွင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များသည် ၎င်းတို့၏ မှော်လေသင်္ဘောများမှတစ်ဆင့် ဒရိုမျိုးနွယ်စုတိုင်းပြည်၏မြို့တော် ဒရိုမြို့တော် သို့ ဝင်ရောက်ခဲ့သည်။
နှစ်ရက်အတွင်းတွင် Frestech ကုန်သည်ကြီးများအသင်း အစောင့်များသည် ဒရိုမြို့တော် ကို လုံးဝထိန်းချုပ်နိုင်ခဲ့သည်။
ယင်းကာလအတွင်း Frestech ကုန်သည်ကြီးများအသင်း အစောင့်များသည် လူရမ်းကား နှစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့သည်။ တစ်ကြိမ်တွင် လူရမ်းကားများက ၎င်းတို့ကို တန်ပြန် တိုက်ခိုက်ရန် အုပ်စုဖွဲ့ခဲ့ကြသော်လည်း လူရမ်းကား ငါးရာကျော်ကို Frestech ကုန်သည်ကြီးများအသင်း အစောင့်များက အလွယ်တကူ ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း သတင်းရရှိ၏။
ငါးရက်အကြာတွင် Frestech ကုန်သည်ကြီးများအသင်းအစောင့်များသည် ဒရိုမျိုးနွယ်စုတိုင်းပြည်၏ တော်ဝင်အစောင့်များနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ နောက်ဆုံးတွင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များသည် တော်ဝင်အစောင့်များကို လုံးဝသုတ်သင်ရှင်းလင်းခဲ့ပြီး တော်ဝင်နန်းတော်နှင့် ဘုရင်ကြီး ဝခ်ကာ ကို ထိန်းချုပ်လိုက်သည်။
ထို့နောက် ဆယ်ရက်အကြာတွင် ဒရိုမြို့တော်ကို ထိန်းချုပ်ထားသော Frestech ကုန်သည်ကြီးများအသင်း အစောင့်များသည် ဒရိုမျိုးနွယ်စုတိုင်းပြည်၏ အခြားအပိုင်းများမှလာသော စစ်ကူများကို စတင်တိုက်ခိုက်ခဲ့သည်။ စုစုပေါင်းတိုက်ပွဲ ခုနစ်ကြိမ်ရှိ၍ ဒရိုမျိုးနွယ်စုတိုင်းပြည်၏ စစ်တပ်နှင့် မျိုးရိုးမြင့်များ၏ ကိုယ်ပိုင်စစ်တပ်များမှ တပ်ဖွဲ့ဝင်နှစ်သောင်းကို ချေမှုန်းနိုင်ခဲ့သည်။
ရက်နှစ်ဆယ်ကြာပြီးနောက် လမ်ပူရီတိုင်းပြည်မှ လူရှစ်ထောင်ရှိသော မဟာမိတ်တပ်များ၊ ရူဒ်ဆန် တိုင်းပြည်နှင့် ဒရိတ်ခ်နယ်မြေတို့အပြင် ဝဲလက်စ်နယ်မြေမှ တောင်ဘက်အထိ Frestech ကုန်သည်ကြီးများအသင်း အစောင့်နှစ်ထောင်သည် ဝဲလက်စ်နယ်မြေမှ တောင်ပိုင်းအထိ ဒရိုမျိုးနွယ်စုတိုင်းပြည်သို့ ဝင်ရောက်ရန် နိုင်ငံသုံးနိုင်ငံ နယ်နိမိတ်ကို ဖြတ်သွားခဲ့သည်။
တစ်လအကြာတွင် ဘုရင် ဝခ်ကာ သည် ဒရိုမျိုးနွယ်စုတိုင်းပြည်ကိုယ်စား ၎င်းတို့သည် ခုခံမှုကို စွန့်လွှတ်ကာ တရားဝင်လက်နက်ချမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းမှ ပထမအသုတ်သည် ဒရိုမျိုးနွယ်စုတိုင်းပြည်သို့ ဝင်ရောက်လာပြီးနောက် ဘုရင် ဝခ်ကာ ထံ လက်နက်ချကြောင်း ကြေညာချိန်အထိ တစ်လသာကြာခဲ့သည်။
ယခုလအတွင်း ၎င်းတို့၏ အစွမ်းအစများကို ပြသခဲ့သည့် တစ်ဦးတည်းသောသူများမှာ Frestech ကုန်သည်ကြီးများအသင်းမှ စေလွှတ်ခဲ့သော အစောင့်အကြပ်သုံးထောင်၏ ပထမအသုတ်ဖြစ်သည်။
မဟာမိတ်တပ်များနှင့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်သား နှစ်ထောင်လောက်က အခြေအနေကို တည်ငြိမ်အောင်လုပ်ဖို့ ရောက်လာပြီး တရားဝင် တိုက်ပွဲမဖြစ်ခဲ့ပါချေ။
ဘုရင် ဝခ်ကာ သည် ၎င်း၏ လက်နက်ချကြောင်းကြေညာသောအခါ စိုင်စ်နယ်မြေကြီးဟ မည်သူမျှအံ့သြခြင်းမရှိခဲ့ပါချေ။
လွန်ခဲ့သော ခြောက်နှစ်က Frestech ကုန်သည်ကြီးများအသင်းသည် ခေါင်းဆောင်မှော်ပညာရှင်လီဗင်ဟက်စ်ကိုမှာ ကျဆုံးသွားခဲ့ကာ မန်နာမှော်တိုင်းပြည်ကို အလွယ်တကူ အနိုင်ယူခဲ့သည်။ နယ်မြေကြီးတွင် ပျမ်းမျှဟု ယူဆထားသည့် ဒရိုမျိုးနွယ်စုတိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်း၏ တိုက်ခိုက်မှုကို မည်သို့ခံနိုင်ရည်ရှိမည်နည်း။
ဤကိစ္စနှင့်ပတ်သက်သည့် အဓိကသတင်းစာများအားလုံး၏ ဆောင်းပါးများတွင် ၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ ပြီးပြည့်စုံသော အောင်ပွဲဖြစ်မည်ဟု လူတိုင်းသေချာသောကြောင့် ဤတိုက်ပွဲ၏ရလဒ်များကို ဖော်ပြခဲ့ခြင်းမရှိပေ။
Frestech ကုန်သည်ကြီးများအသင်း ငါးနှစ်ကြာ ဖွံ့ဖြိုးတိုးတက်ပြီးနောက် မည်သို့သော ထိတ်လန့်ဖွယ်ရာ စစ်ဘက်သုံးမှော်စက်များကို သုံးမည်ကိုသာ လူတိုင်းက ပိုမိုစိတ်ဝင်စားခဲ့ကြသည်။
လွန်ခဲ့သော ခြောက်နှစ်က မန်နာမှော်တိုင်းပြည်ကို အနိုင်ယူပြီး ခေါင်းဆောင်မှော်ပညာရှင်ကိုသတ်ခဲ့သော Frestech ကုန်သည်ကြီးများအသင်းသည် ငါးနှစ်ကြာဖွံ့ဖြိုးတိုးတက်ပြီးနောက် ပို၍ ကြောက်စရာကောင်းလာမည်လားဟု ၎င်းတို့က သိချင်နေကြသည်။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းအစောင့်များနှင့် ဒရိုမျိုးနွယ်စုတိုင်းပြည်၏ စစ်တပ်အကြားတွင် အသစ်အဆန်း တစ်ခုခုရှိမရှိကို မြင်နိုင်ရန် တိုက်ပွဲအစီရင်ခံစာကို လူတိုင်းက အာရုံစိုက်နေကြသည်၊။
Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့ကို စိတ်မပျက်စေခဲ့ပေ။ ကန်ဒရာ အင်ပါယာ၊ မာလို အင်ပါယာနှင့် အခြားသတင်းစာကြီးများမှ သတင်းထောက်များကို ၎င်းတို့နောက်သို့ လိုက်ခွင့်ပြုရုံသာမက၊ ၎င်းတို့သည် ၎င်းတို့၏ တိုက်ပွဲများကို မှော်ပုံရိပ်ယောင် နည်းပညာဖြင့်ပင် မှတ်တမ်းတင်ခဲ့ပြီး မြို့များစွာတွင် တပ်ဆင်ထားသော မှော်ပုံရိပ်ယောင်ပရိုဂျက်တာကြီးများ၌ ထုတ်လွှင့်ပြသခဲ့သည်။
ဤပုံရိပ်ယောင်များကြောင့်၊ လက်ရှိ Frestech ကုန်သည်ကြီးများအသင်းသည် လွန်ခဲ့သော ခြောက်နှစ်ကနှင့် နှိုင်းယှဉ်ပါက အမှန်တကယ် ပိုမိုအားကောင်းလာကြောင်း လူများက သိရှိလာကြသည်။
ပထမဆုံး Frestech ကုန်သည်ကြီးများအသင်းမှ အစောင့်သုံးထောင်၏ ပထမအသုတ်သည် စတက်တိန်းနယ်နြေနှင့် ဒရိုမျိုးနွယ်စုတိုင်းပြည်အကြား ကီလိုမီတာလေးထောင်ကို ဖြတ်ကျော်ရန် မှော်လေသင်္ဘောများကို အသုံးပြုခဲ့သည်။ ၎င်းတို့သည် ဒရိုမြို့တော် ၏ အထက်ကောင်းကင်သို့ရောက်ရန် နှစ်ရက်သာကြာခဲ့သည်။
ဤကြောက်စရာကောင်းသောအရှိန်သည် နယ်မြေကြီးရှိ အခြားနိုင်ငံများ၏ စိတ်ကူးပင် မယဉ်ဝံ့သည့်အရာဖြစ်သည်။
ယင်းအတွက် အကြောင်းရင်းမှာ သာမာန် မှော်လေသင်္ဘောများထက် အဆများစွာကြီးမားသည့် ဧရာမလေယာဉ်ကြီး ၁၀ စင်းကြောင့်ပင်ဖြစ်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 7 , အခန်း ၃၈။ အင်ပါယာနှစ်ခုအနေဖြင့် တူညီသော အဆင့်
Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်ပြန်သော အချက်အလက်များအရ အဆိုပါ ဧရာမ မှော်လေသင်္ဘောများသည် ကောလာဟလများထဲမှ အကြီးစား သယ်ယူပို့ဆောင်ရေး မှော်လေသင်္ဘောများဖြစ်သည်။ ၎င်းသည် နှစ်တန် ကြီးမားသည့် သယ်ယူပို့ဆောင်ရေး မှော်ကား နှင့် ညီမျှသော သယ်ဆောင်နိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။
ထို့အပြင်၊ Frestech ကုန်သည်ကြီးများအသင်းမှ ၎င်း ပိုမိုတိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ ဤသယ်ယူပို့ဆောင်ရေး မှော်လေသင်္ဘော၏ သယ်ဆောင်နိုင်မှုစွမ်းရည်သည် ဆက်လက်တိုးမြင့်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းအပြင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များသည် အလွန်သေးငယ်သော စစ်ဘက်ဆိုင်ရာ မှော်စက်အသစ်များစွာကိုလည်း ထုတ်ယူခဲ့သည်။
ဤမှော်စက်များသည် အလွန်သေးငယ်ပြီး ကိုယ်ရေးကိုယ်တာအသုံးပြုရန်အတွက် သင့်တော်သော်လည်း၊ ၎င်းတို့၏ စွမ်းပကားမှာ သေးငယ်သည်မဟုတ်ပေ။
တိုက်ပွဲ၏ မှတ်တမ်းတင်ထားသော ပုံရိပ်များကို အခြေခံ၍ Frestech ကုန်သည်ကြီးများအသင်း အစောင့်များသည် ဆူပူသူများကို နှိမ်နှင်းရာတွင် ကရုဏာမရှိပေ။ ၎င်းတို့သည် အကြမ်းဖက်သမားများအပေါ် လက်ထဲရှိ ရှည်လျားသော ပြွန်လုံးများ အသွင်တူသည့် အဆိုပါ စစ်မှော်စက်များကို အသုံးပြုကာ ၎င်းတို့ထံမှ ထွက်လာသော မီးတောက်များကြောင့် ထိုသူတို့မှာ လုံး၀ မခုခံနိုင်ဘဲ သေဆုံးသွားကြသည်။
ဤထူးဆန်းသည့် စစ်ဘက်သုံးမှော်စက်ကြောင့် ခြေလက်များ ကျိုးသွားသော ဆူပူအကြမ်းဖက်သူတချို့တောင် ရှိရာ ဘယ်လောက်တောင် သန်မာသည်ဆိုသည်ကို သိနိုင်ပါ၏။
Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များနှင့် ဒရိုမျိုးနွယ်စုတိုင်းပြည်၏ စစ်တပ်များကြား နောက်ပိုင်းတိုက်ပွဲများတွင် Frestech ကုန်သည်ကြီးများအသင်း အစောင့်များသည် ပို၍ပင် ကြောက်စရာကောင်းသော တိုက်ပွဲအင်အားကို ပြသခဲ့သည်။
ဤတိုက်ပွဲများတွင် Frestech ကုန်သည်ကြီးများအသင်းမှ၏ အစောင့်များအနက် တိုက်ပွဲထဲဝင်သွားသည့် အစောင့်တစ်ဦးမှ မရှိဘဲ ရောက်လာသော ရန်သူများကို ပြင်းပြင်းထန်ထန် ဗုံးကြဲရန်အတွက် မှော်လေသင်္ဘောများကိုသာ စေလွှတ်ခဲ့ကြသည်။ ဒရိုမျိုးနွယ်စုတိုင်းပြည်၏ စစ်တပ် ဖြစ်စေ မျိုးရိုးမြင့်များ၏ စစ်တပ် ဖြစ်စေ ပြိုလဲသွားသည့်တိုင် အနားပင် မကပ်နိုင်ခဲ့ကြပေ။
ဤစစ်ပွဲကြီးတစ်ခုလုံးသည် တစ်လတာကြာမြင့်သော်လည်း အစမှအဆုံးအထိ Frestech ကုန်သည်ကြီးများအသင်း အစောင့်များ၏ အသေအပျောက်မှာ သုညဖြစ်ခဲ့သည်။
စစ်မှန်သောအချိန်နှင့် နောက်ဆုံးတိုက်ပွဲ အစီရင်ခံစာရောက်လာသောအခါ၊ လူများစွာသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်သော်လည်း တုန်လှုပ်နေဆဲဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းသည် လွန်ခဲ့သော ခြောက်နှစ်ကထက် ပိုမိုအားကောင်းလာခဲ့ပြီး ၎င်းတို့သည် လူတိုင်းထင်ထားသည်ထက် ပိုမိုအားကောင်းခဲ့သည်။
ဒရိုမျိုးနွယ်စုတိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်းထံမှ တတိယအဆင့် မှော်စက်လုပ်ငန်း အဆင့်သတ်မှတ်ချက်ကိုလက်ခံရရှိထားသော နိုင်ငံများထဲမှတစ်ခုဖြစ်ကြောင်းသိထားရမည်ဖြစ်သည်။ ၎င်းတို့သည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့အား တိုက်ခိုက်ရန် ခွန်အားပေးသော Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်မှော်စက်အချို့ကို လက်ခံရရှိခဲ့သည်။
သို့သော် Frestech ကုန်သည်ကြီးများအသင်း အစောင့်များကို ရင်ဆိုင်ရသောအခါတွင် ၎င်းတို့သည် လက်နက်မဲ့ကလေးငယ်တစ်ဦးက လက်နက်အပြည့်ရှိသောအရွယ်ရောက်ပြီးသူနှင့်ရင်ဆိုင်ရသကဲ့သို့ ၎င်းတို့မှာလည်းလုံးဝမခုခံနိုင်ပါချေ။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းသည် လွန်ခဲ့သော ခြောက်နှစ်ခန့်က ၎င်းတို့ထံ၌ လက်ရှိအင်အားမျိုး ရှိခဲ့မည်ဆိုပါက လူတိုင်းမှာ သေချာပေါက် မန်နာမှော်တိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်းနှင့်ယှဉ်ပြိုင်ရန်အခွင့်အလမ်းနည်းပါးမည်ကို သိလိုက်ကြသည်။
ခေါင်းဆောင်မှော်ပညာရှင် လီဗင်ဟက်စ်ကိုသည် Frestech ကုန်သည်ကြီးများအသင်းကို တိုက်ခိုက်ရန်ပင် သတ္တိမရှိခဲ့ပေ...။
လူများစွာသည် Frestech ကုန်သည်ကြီးများအသင်းအစောင့်များ၏ အင်အားကိုအာရုံစိုက်ခဲ့ကြသော်လည်း၊ ၎င်းတို့အနေဖြင့် ဒရိုမျိုးနွယ်စုတိုင်းပြည်ကို ကိုင်တွယ်ရန်ကျန်ရှိနေသေးသည်။
ဘုရင် ဝခ်ကာ သည် ၎င်းတို့၏ တရားဝင်လက်နက်ချမှုကို ကြေညာခဲ့ပြီးပြီးနောက် ထီးနန်းစွန့်ခဲ့သည်။ ၎င်းတို့အား စတက်တိန်းနယ်မြေထံ "အဓိကရုဏ်းများကို သွန်သင်ခြင်းနှင့် လက်ခံခြင်း" ပြစ်မှုဖြင့် Frestech ကုန်သည်ကြီးများအသင်း အစောင့်များက ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ ၎င်းတို့အား လမ်ပူရီ တိုင်းပြည်၊ ရူဒ်ဆန် တိုင်းပြည်၊ ဒရိတ်ခ်နယ်မြေ နှင့် အခြားနိုင်ငံများတွင် အများပြည်သူရုံးတင်စစ်ဆေးခံရမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဘုရင် ဝခ်ကာ ၏တူဖြစ်သူ၊ လေးနှစ်ရှိမင်းသား ဖီးလစ် သည် ထီးနန်းကိုရယူပြီး ဒရိုမျိုးနွယ်စုတိုင်းပြည်၏ ဘုရင်အသစ်ဖြစ်လာခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းသည် ဒရိုမျိုးနွယ်စုတိုင်းပြည်တွင် အစောင့်အကြပ်သုံးထောင်ဖြင့် တပ်စွဲထားပြီ ၎င်းအား၊ ဒရိုမျိုးနွယ်စုတိုင်းပြည်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ခြေကုပ်နေရာအဖြစ်သတ်မှတ်ခံရလိမ့်မည်။
လူထု ကြေညာချက်တွင်၊ ဒရိုမျိုးနွယ်စုတိုင်းပြည်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ စက်ရုံများ ဘေးကင်းရေးနှင့် ချောမွေ့စွာလည်ပတ်နိုင်စေရန်အတွက် ဤအခြေစိုက်စခန်းအား အသုံးပြုမည်ဖြစ်ကြောင်း ဆိုသော်လည်း Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ဒရို ကုန်သည်ကြီးများအသင်းတွင် သံချောင်းတစ်ခုကို စိုက်ထူထားခြင်းဖြစ်ကြောင်း လူတိုင်းသိကြသည်။ အနာဂတ်တွင် ၎င်းတို့သည် ဒရိုမျိုးနွယ်စုတိုင်းပြည်ကို ထိန်းချုပ်နိုင်ဖွယ်ရှိသည်။
သို့သော် နယ်မြေကြီး၏သတင်းစာများအားလုံးသည် Frestech ကုန်သည်ကြီးများအသင်းအပေါ် နှုတ်ဆိတ်နေခဲ့ပြီး ယင်းအချက်အား မည်သည့်နိုင်ငံမှ ကန့်ကွက်ခြင်းမရှိဟု ဆိုလိုသည်။
အင်ပါယာ နှစ်ခုတောင်မှ ကန့်ကွက်ခြင်း မရှိခဲ့ပေ။ ကန်ဒရာအင်ပါယာက ၎င်းနှင့် ပတ်သက်၍ Frestech ကုန်သည်ကြီးများအသင်းကိုတောင် ပံ့ပိုးပေးခဲ့ကာ ယင်းအခြေအနေကြောင့် နိုင်ငံသူနိုင်ငံသားများ၏ ဘေးကင်းလုံခြုံမှုကို အာမခံချက်ပေးနိုင်ရန် နိုင်ငံများတွင်လည်း စစ်အခြေစိုက်စခန်းများ ထူထောင်သွားမည်ဟုလည်း ပြောကြားခဲ့ပါသည်။
မာလို အင်ပါယာက အလားတူမလုပ်ဆောင်ခဲ့သော်ငြား ၎င်းတို့လည်း Frestech ကုန်သည်ကြီးများအသင်းကို ထောက်ခံကြောင်း ပြသခဲ့ပါ၏။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်လိုပြီး မဟာဗျူဟာမြောက် မိတ်ဖက်များ ဖြစ်လာစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
မာလို အင်ပါယာ၏ ထုတ်ပြန်ချက်သည် နယ်မြေကြီးကို အံ့အားသင့်စေခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို ကြေညာပြီးကတည်းက၊ ပူးပေါင်းဆောင်ရွက်ခွင့်အတွက် နိုင်ငံပေါင်းများစွာမှာ Frestech ကုန်သည်ကြီးများအသင်းကို စောင့်မျှော်နေကြသော်လည်း၊ မာလို အင်ပါယာနှင့် ကန်ဒရာ အင်ပါယာတို့သည် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်မှုအချို့သာရှိခဲ့ပြီး ဗျူဟာမြောက်မိတ်ဖက်များဖြစ်လာရန် မည်သည့်အခါမျှ မပြောခဲ့ကြပေ။
အင်ပါယာနှစ်ခု၏ အနေအထားအရ ၎င်းတို့သည် ကုမ္ပဏီတစ်ခုသာဖြစ်သည့် Frestech ကုန်သည်ကြီးများအသင်းနှင့် တန်းတူပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိကြဟု လူတိုင်းက ခန့်မှန်းကြသည်။
သို့သော် ယခု မာလို အင်ပါယာသည် ဤတောင်းဆိုမှုကို ပြုလုပ်ပြီး ၎င်းတို့၏ သဘောထားကို ပြောင်းလဲလိုက်ခြင်းကြောင့် သဘာဝအားဖြင့် သေးသေးမွှားမွှားကိစ္စမဟုတ်ပေ။
ဤကဲ့သို့ဖြစ်သောကြောင့် မာလို အင်ပါယာသည် နောက်ဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းအား ၎င်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ တစ်ဦးအဖြစ် တန်းတူညီတူဆက်ဆံနေသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
ဤသည်ကို အကျယ်ချဲ့ကြည့်မည်ဆိုလျှင် ကြောက်စရာကောင်းတဲ့အချက်ကို သတိပြုမိမည်ပင်။
လက်ရှိ စိုင်စ်နယ်မြေကြီးတွင် အင်ပါယာနှစ်ခုမှလွဲ၍ Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်ဝံ့သည့် အခြားနိုင်ငံ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို ဆန့်ကျင်ခဲ့သော မန်နာမှော်တိုင်းပြည်နှင့် ဒရိုမျိုးနွယ်စုဘုရင့်နိုင်ငငံတို့သည် နာကျင်စရာသင်ခန်းစာတစ်ခုကို သင်ယူခဲ့ရသောကြောင့်ဖြစ်သည်။
မာလို အင်ပါယာသည်ပင် Frestech ကုန်သည်ကြီးများအသင်းကိုအသိအမှတ်ပြုခဲ့ပြီး၊ ကုမ္ပဏီတစ်ခုအနေဖြင့် Frestech ကုန်သည်ကြီးများအသင်းဟာ အင်ပါယာနှစ်ခုနှင့် တူညီသည့်ရပ်တည်မှုရှိသည်ဟု ဆိုလိုခြင်းဖြစ်ပါ၏။
၎င်းက ကုမ္ပဏီတစ်ခုပင်!
သို့ပေမယ့် တွေးကြည့်ပါက လူတိုင်းက ၎င်းမှာ မမှန်ဟုလို့ ထင်နေကြသည်။
Frestech ကုန်သည်ကြီးများအသင်းသည် အမှန်တကယ်တွင် ကုမ္ပဏီတစ်ခုသာဖြစ်ခဲ့ပါသည်။ သို့သော် Frestech ကုန်သည်ကြီးများအသင်းသည် စိုင်စ်နယ်မြေကြီးရှိအခြားကုမ္ပဏီများနှင့်မတူဘဲ သမိုင်းတစ်လျှောက် အခြားကုမ္ပဏီများနှင့်ပင်ကွဲပြားသည်။
အဘယ့်ကြောင့်ဆိုသော် ဒီမတိုင်ခင်တွင် ဤသို့ ထိတ်လန့် တုန်လှုပ်ချောက်ချားစရာ စစ်အင်အား ရှိသည့် ကုမ္ပဏီ တစ်ခုမှ မရှိသောကြောင့်ပင်။
အင်အားကြီးမားသော Frestech ကုန်သည်ကြီးများအသင်းအစောင့်များရှေ့တွင် တတိယအသန်မာဆုံးစစ်တပ်ရှိသည်ဟု ယူဆရသည့် မန်နာမှော်တိုင်းပြည်၏ စစ်တပ်ပင် ပထမတိုက်ပွဲတွင် လဲပြိုခဲ့သည်။
အင်ပါယာနှစ်ခုသည် Frestech ကုန်သည်ကြီးများအသင်းအစောင့်များကို တရားဝင် မတိုက်ခိုက်ခဲ့ဖူးသော်လည်း Frestech ကုန်သည်ကြီးများအသင်းအစောင့်များ အနိုင်ရလိမ့်မည်ကို မည်သူမှသံသယမရှိပါချေ။
အကြောင်းပြချက်မှာ အလွန်ရိုးရှင်းပါသည်၊ Frestech ကုန်သည်ကြီးများအသင်းတွင် လူတို့၏ စိတ်ကူးစိတ်သန်းများကို ကျော်လွန်၍ အစွမ်းထက်သော စစ်ဘက်သုံးမှော်စက်များရှိသည်။
ဤအစွမ်းထက်သော စစ်ဘက်သုံးမှော်စက်များသည် ခေါင်းဆောင်မှော်ပညာရှင်ကိုပင် သတ်နိုင်သည်။
Frestech ကုန်သည်ကြီးများအသင်းတွင် အကြွင်းမဲ့ စစ်ဘက်ဆိုင်ရာ စွမ်းအားနှင့် များပြားသည့် ငွေကြေးများ ရှိပြီး မည်သည့်နိုင်ငံမှ ငြင်းပယ်နိုင်ခြင်း မရှိသည့် အလားအလာ အကောင်းဆုံးဖြစ်သော မှော်စက်လုပ်ငန်းကို ထိန်းချုပ်ထားသည်။ ၎င်းတို့ပိုင်ဆိုင်သည့် မှော်ပညာရှင် အရေအတွက်ဟာ အင်ပါယာနှစ်ခုထက်တောင် မနည်းပါချေ။
ဤအရာအားလုံးကြောင့် Frestech ကုန်သည်ကြီးများအသင်းသည် အင်ပါယာနှစ်ခုကို သဘာဝအတိုင်း နှိုင်းယှဉ်နိုင်သည်၊ သို့မဟုတ် ၎င်းတို့ကိုပင် ကျော်လွန်နိုင်သည်။
Frestech ကုန်သည်ကြီးများအသင်းကို နယ်မြေကြီးအား အုပ်စိုးခြင်းမှ တားဆီးနိုင်သည့် တစ်ခုတည်းသော အရာမှာ အချိန် ဖြစ်သည် ဟု လူအများက ထင်ခဲ့ကြသလို၊ …… ရှုယီ၏ ထူးဆန်းသော အတွေးများဟုလည်း ထင်ကြသည်၏ ……
"ဒါကြောင့် ငါအရင်ကပြောခဲ့တယ်၊ အဲဒီကောင်တွေက အရိုးသပ်သပ်ပဲရှိတဲ့ ခေါင်းတွေပဲ" ရှုယီက သူ့လက်ထဲက တရားဝင် စာရွက်စာတမ်းများနှင့် ဖိတ်စာများကို ကြည့်၍ ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်၊ “သူတို့ကို မှော်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အကျိုးကျေးဇူးတွေကို အချိန်တိုင်း ပြောပြခဲ့ပေမယ့် သူတို့က ငါ့ကို မယုံကြဘူး။ အခု ငါတို့က ဒရိုမျိုးနွယ်စုကို သင်ခန်းစာတစ်ခု ပေးခဲ့ပြီးမှ သူတို့က ကိုယ်တိုင် လာကြတယ်။"
ဘေးက ခမ်နက်ဒ်က ရယ်ရင်း " ဥက္ကဌ၊ ဒါကို ခင်ဗျား အစကတည်းက မျှော်လင့်နေတာ မဟုတ်ဘူးလား"
"အမ်း၊ ဒရိုမျိုးနွယ်စုတိုင်းပြည်ကို သင်ခန်းစာတစ်ခု သင်ပေးတာက အဲဒီကောင်တွေကို တည့်တိုးဖြစ်လာအောင် လုပ်လိမ့်မယ်လို့ ငါမျှော်လင့်ထားပေမယ့် ငါဘယ်တုန်းကမှ မထင်ထားတာက...မာနကြီးတဲ့ မာလို အင်ပါယာနဲ့ ကန်ဒရာ အင်ပါယာတို့ကလည်း ခေါင်းညွှတ်လာကြလိမ့်မယ်လို့လေ။” ရှုယီက သက်ပြင်းတစ်ချက်ချလိုက်ကာ “အထူးသဖြင့် ကန်ဒရာ အင်ပါယာပေါ့။ သူတို့မှာ ရှေးဟောင်း အင်ပါယာကြီးရဲ့ မောက်မာမှုရှိတာမို့ ဘယ်တော့မှ အလျှော့မပေးဘူးလို့ ငါ ထင်ခဲ့တယ်။”
"သူတို့က မာနကြီးပေမဲ့ မမိုက်မဲပါဘူး" ခမ်နက်ဒ်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောသည်၊ “မာလိုအင်ပါယာက သူတို့ကိုယ်သူတို့ မနှိမ့်ချခဲ့တုန်းကလည်း သူတို့ ဆက်သွားနိုင်တယ်။ ဒါပေမယ့် အခု မာလို အင်ပါယာတောင်မှ သူတို့ကိုယ်သူတို့ နှိမ့်ချလာပြီး ခေါင်းမာမနေနိုင်ကြတော့ဘူး”
"အိုင်း နောက်ဆုံးမှာ၊ မာလို အင်ပါယာက ကန်ဒရာ အင်ပါယာနဲ့ ယှဉ်ရင် ပိုကောင်းတဲ့ ခွဲခြမ်းစိတ်ဖြာမှုရှိတယ်။" ရှုယီက သူ့လက်ထဲက တရားဝင်စာရွက်စာတမ်းတွေနဲ့ ဖိတ်စာအားလုံးကို ပစ်ချ၍ ခမ်နက်ဒ်ကို ပြောလိုက်သည်။ “အဲဒီကောင်တွေကို ငါတွေ့မှာ မဟုတ်ဘူး။ အဲဒီနိုင်ငံတွေရဲ့ သံတမန်တွေအားလုံးကို စုစည်းပြီး သူတို့အားလုံးနဲ့ စကားပြောဖို့ အချိန်တစ်ခုသာ စီစဉ်ထားလိုက်။”
“ကောင်းပါပြီ။” ခမ်နက်ဒ်က ခေါင်းညိတ်ကာ တုန့်ပြန်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ CEO ရာထူးကို ထမ်းဆောင်စဉ်ကတည်းက ရှုယီသည် ဤကဲ့သို့သော ကိစ္စမျိုးကို လုံးဝ ဂရုမစိုက်ခဲ့ပေ။
Frestech ကုန်သည်ကြီးများအသင်းကို သူ့ဘာသာသူ ပြန်လည်ဖွဲ့စည်းပြီး ဌာနများကို ကုမ္ပဏီအမျိုးမျိုးအဖြစါ ခွဲထုတ်သောအခါ ရှုယီသည် သူဌေးကဲ့သို့သာ သူ့လက်များကို ဝှေ့ယမ်း၍ ဘာမှ ဂရုမစိုက်ပေ။ သူဟာ သူစိတ်ဝင်စားသည့်အရာအနည်းငယ်၌သာ သူ့၏ အချိန်နှင့် အားစိုက်ထုတ်မှုကိုသာ အသုံးပြုခဲ့သည်။
ဒရိုမျိုးနွယ်စုတိုင်းပြည်ကို စောင့်ကြပ်ရသော Frestech ကုန်သည်ကြီးများအသင်း အစောင့်များသည် ရှုယီ တစ်လျှောက်လုံး ပါဝင်ခဲ့သည့် ရှားပါးသောအရာများထဲမှ တစ်ခုဖြစ်သည်။
ဒရို ကုန်သည်ကြီးများအသင်းရှိ အဓိကရုဏ်းများအကြောင်း ကြားစဉ်က ရှုယီ၏ ရုပ်ဆိုးသောအမူအရာကို တွေးရင်း ခမ်နက်ဒ်သည် ရှုယီကို သံသယအကြည့်ဖြင့် မကြည့်ဘဲမနေနိုင်ပေ။
ထိုရက်စက်ကြမ်းကြုတ်သောအရာများကို မြင်စဉ်က သူသည်လည်း အလွန်ဒေါသထွက်ခဲ့သော်ငြား သူ၏တုံ့ပြန်မှုသည် ရှုယီလောက်မပြင်းထန်ခဲ့ပေ။
ဤကိစ္စကို ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးသည့်အခါ၊ ရှုယီသည် ဒရိုမျိုးနွယ်စုတိုင်းပြည်ကို သင်ခန်းစာပေးရန် ရှိသမျှ အစောင့်အားလုံးကို စေလွှတ်လိုခဲ့ခြင်းက အဆင့်မြင့်အဖွဲ့ဝင်များအားလုံးကို ထိတ်လန့်စေခဲ့သည်။
ခမ်နက်ဒ်သည် ရှုယီကို သိကျွမ်းခဲ့သည့် နှစ်များစွာအတွင်း ဤသည်က ရှုယီ ဒေါသထွက်လာသည်ကို ပထမဆုံးမြင်ဖူး၏ခြင်းပင်။
သူ့အား ဖျောင်းဖျရန် အခြားအဆင့်မြင့်အဖွဲ့ဝင်များသာ အတူလုပ်ဆောင်ခဲ့ခြင်းမဟုတ်ပါက ရှုယီသည် ဤအရာကို အမှန်တကယ် လုပ်ဆောင်ခဲ့လိမ့်မည်ဟု သူယုံကြည်ခဲ့သည်။
၎င်းကိုတွေးရင်း ခမ်နက်ဒ်ရုတ်တရက် အကြံတစ်ခုရသွား၏။
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၃၉။ ဒရိုမျိုးနွယ်စုကို သုတ်သင်ကျရင်ရော
"ဥက္ကဌ၊ ရှေ့လျှောက် ဒရိုမျိုးနွယ်စုတိုင်းပြည်ကို ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ?" ခမ်နက်ဒ်က မေးလိုက်သည်။
"ဒရိုမျိုးနွယ်စုတိုင်းပြည်?"
ရှုယီက မျက်မှောင်ကုပ်၍ ခေါင်းကိုခါကာ သူ့စိတ်ထဲမှ ကြောက်မက်ဖွယ်မြင်ကွင်းများကို ပစ်ထုတ်ဖို့ ကြိုးစားလိုက်သည်။
၎င်းမတိုင်ခင်က သူဟာ နယ်မြေကြီးတွင် ၁၀နှစ်ကျော်ကြာ နေထိုင်ခဲ့သော်လည်း အခြားလူများကို ဆုံချိန်၌ သူဟာ အမြဲတမ်း ကြည့်ရှုသူတစ်ဦး၏ စိတ်သာထားခဲ့ပြီး သူ့ကိုယ်သူ ထိုအရာများထဲ နစ်မြုပ်သွားစေသည်မှာ ရှားပါ၏။
သို့သော်၊ ဒရိုမျိုးနွယ်စုတိုင်းပြည်ရှိ အဓိကရုဏ်းများမှ ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းများကို သူမြင်တွေ့လိုက်ရသောအခါတွင် ၎င်းသည် သူ၏နှလုံးသားထဲတွင် စစ်မှန်သောမုန်းတီးမှုကို ပထမဆုံးအကြိမ် ခံစားမိလိုက်ရသည်။
အကယ်၍ ၎င်းသည် သူ၏ကိုယ်ပိုင်ခံစားချက်များမှဆိုလျှင်၊ သူသည် ဒရို မျိုးနွယ်ကို လုံးဝဖယ်ရှားပစ်ချင်မည်ဖြစ်သည်။
သို့သော်လည်း အဓိကရုဏ်းများတွင် ပါဝင်သည့် မရေမတွက်နိုင်သော ဒရို မျိုးနွယ်ဝင်များရှိလျှင်ပင်၊ ၎င်းသည် ဒရို မျိုးနွယ် အားလုံး မကောင်းဟု မဆိုလိုပေ။
သုံးသပ်ခြင်းရှုထောင့်ကနေကြည့်ပါက ဒရို မျိုးနွယ် တစ်ခုလုံးကို ဖျက်ဆီးလိုက်မည်ဆိုလျှင် သူဟာ အဓိကရုဏ်းမှာပါဝင်ခဲ့သည့် ဒရို မျိုးနွယ်ဝင်များနှင့် ခြားမည်မဟုတ်ပေ။
ခဏလောက်စဉ်းစားပြီးမှ ရှုယီက ပြန်ပြောသည် ။ “အခုအချိန်မှာ ကုမ္ပဏီရဲ့ အစောင့်တွေက ဒရိုမျိုးနွယ်စုတိုင်းပြည်မှာ ရှိနေတယ်၊ ဒါကြောင့် ဒရိုမျိုးနွယ်စုတိုင်းပြည်ကို ထိန်းချုပ်ထားသရွေ့၊ အဲဒီ စက်ဆုပ်ဖွယ်ကောင်းတဲ့ ဒရိုမျိုးနွယ်စု အနာဂတ်မှာ ဘာပြဿနာမှ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။"
“ဒါဆို ကျွန်တော့် မေးခွန်းက ……” ခမ်နက်ဒ်က သူ့မျက်လုံးထဲရှိ အန္တရာယ်ရှိသည့် အကြည့်တစ်ချက်ကို ထုတ်ပြလိုက်ပြီး “ ဥက္ကဌအနေနဲ့ ဒရိုမျိုးနွယ်စုတိုင်းပြည်ကို ဘယ်လို ချုပ်ကိုင်ချင်လဲ”
ရှုယီ အံ့သြသွားသည်။ သူဟာ ခမ်နက်ဒ်၏ စူးစူးရှရှအကြည့်ကို ကြည့်ကာ "ဘာပြောချင်တာလဲ" ဟု မေးလိုက်သည်။
“ဥက္ကဋ္ဌ၊ ဒရိုမျိုးနွယ်စုတိုင်းပြည်က ကျွန်တော်တို့ကုမ္ပဏီရဲ့ အဓိကအခြေစိုက်စခန်းကနေ ကီလိုမီတာလေးထောင်ကျော် ဝေးတယ်လေ ။ မှော်လေသင်္ဘောနဲ့ ဆိုရင်တောင် ဆိုက်ရောက်ဖို့က နှစ်ရက်ကြာတယ်။ ဒီလောက်အကွာအဝေးနဲ့ ဒရိုမျိုးနွယ်စုတိုင်းပြည်ကို လုံးလုံးလျားလျား ထိန်းချုပ်ဖို့ဆို အစောင့်သုံးထောင်ကိုပဲ အားကိုးတာက ခက်ခဲလိမ့်မယ်။”
"ဒီတော့?"
"ဒီတော့ ကျွန်တော့်အထင်... ဒါကို ပိုပြီး နှံ့နှံ့စပ်စပ်လုပ်မယ်ဆိုရင်ရော?"
"အိုး? ဘာကို နှံ့နှံ့စပ်စပ်လုပ်ဖို့ စဉ်းစားနေတာလဲ။" ရှုယီသည် ခမ်နက်ဒ်ကို စိတ်ဝင်စားသော အကြည့်ဖြင့် ကြည့်သည်။
ရှုယီက စိတ်ဝင်စားနေသည်ကိုမြင်သော်၏ ခမ်နက်ဒ်က သူ့စိတ်ကို အာရုံစိုက်လိုက်သည်။ သူဟာ နံရံပေါ်ရှိ စိုင်စ်နယ်မြေကြီး၏ မြေပုံဆီသို့ လျှောက်သွားရန် မတ်တပ်ထရပ်လိုက်ပြီး မြေပုံပေါ်ရှိ ဒရိုမျိုးနွယ်စုတိုင်းပြည်ရှိရာကို သူ့လက်ဖြင့် တို့လိုက်သည်။
“ဥက္ကဌ၊ ကြည့်လိုက်ပါ၊ ဒရိုမျိုးနွယ်စုတိုင်းပြည်က အနောက်ဘက်မှာ ကန်ဒရာ အင်ပါယာနဲ့ အရှေ့ဘက်မှာ တခြားနိုင်ငံများစွာရှိပြီး တောင်ဘက်က ကီလိုမီတာတစ်ထောင်လောက်ကတော့ အဆုံးမဲ့ပင်လယ်ပဲ။ ဒါကို နယ်မြေကြီးရဲ့ မြောက်ဘက်က အထင်ရှားဆုံးနေရာလို့တောင် ပြောလို့ရတယ်။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေသည နယ်မြေကြီးရဲ့ အရှေ့ဘက် ဒါမှမဟုတ် အရှေ့မြောက်ဘက်ကို သွားချင်ရင် ကျွန်တော်တို့အနေနဲ့ ဒရိုမျိုးနွယ်စုတိုင်းပြည်ကို ဖြတ်သန်းရမှာပဲ”
“အဲဒါကို ငါသိတယ်၊ ဒါကြောင့် ကုမ္ပဏီအစောင့်တွေကို ဒရိုမျိုးနွယ်စုတိုင်းပြည်ထဲကို တိုက်ရိုက်ပို့လိုက်တာလေ။ ဒါက အနာဂတ်မှာ ငါတို့ရဲ့ ကုမ္ပဏီကို လည်ပတ်ဖို့ ပိုမိုလွယ်ကူစေလိမ့်မယ်။” ရှုယီက ခေါင်းညိတ်ပြသည်။
"ဥက္ကဋ္ဌက တာဝေးချဉ်းကပ်နည်းကို လုပ်နေတာလေ၊ ဒါကြောင့် ဒရိုမျိုးနွယ်စုတိုင်းပြည်ရဲ့ အရေးပါမှုကို သင်မြင်နိုင်ပေမယ့် ကျွန်တော့်အနေနဲါ... ဒါက မလုံလောက်ဘူးလို့ ခံစားရတယ်။" ခမ်နက်ဒ်က လေးနက်သော အကြည့်ဖြင့် ပြောသည်။
"ပြောပါ ဘာက မလုံလောက်တာများလဲ"
"ဒရိုမျိုးနွယ်စုတိုင်းပြည်က ဒရို မျိုးနွယ်ဝင်တွေနံါ ပြည့်နှက်နေတဲ့ နိုင်ငံဖြစ်တာကို သိမှာပါ။ ဒီနိုင်ငံက နိုင်ငံအားလုံးထဲမှာ အကြီးမားဆုံး စည်းလုံးညီညွတ်မှုရှိတဲ့ အင်အားရှိတာကြောင့် သူတို့က အန္တရာယ်အရှိဆုံးပဲ။ ကျွန်တော်တို့အနေနဲ့ ဒရိုမျိုးနွယ်စု ခုခံမှုကိုရပ်တန့်ဖို့ စစ်အင်အားကိုသုံးနိုင်ပေမယ့်လည်း၊ ကျွန်တော်တို့ ငြိမ်သွားတာနဲ့ သူတို့က ဒရိုမျိုးနွယ်စုတိုင်းပြည်မှာရှိတဲ့ အပြင်လူတွေနဲ့ ထပ်ပြီးထိပ်တိုက်တွေ့လိမ့်မယ်လို့ ယုံကြည်တယ်။ ကျွန်တော်တို့ကုမ္ပဏီရဲ့ အစောင့်တွေက သူတို့ရဲ့ အဓိကပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်။”
"မင်းရဲ့စိုးရိမ်မှုဟာ မှန်ပါတယ်၊ ဒါက ငါအမြဲစိုးရိမ်နေတဲ့အရာပဲ" ရှုယီက ခေါင်းညိတ်သည်၊ "အစောင့်သုံးထောင်ပဲရှိမယ်ဆိုရင်၊ အခြေစိုက်စခန်း ဒါမှမဟုတ် ဒေသတစ်ခုကိုတောင် ထိန်းချုပ်ဖို့က ပြဿနာမဟုတ်ပေမယ့် ဒရိုမျိုးနွယ်စုတိုင်းပြည်ကို လုံးဝထိန်းချုပ်ဖို့တော့ နည်းနည်းခက်လိမ့်မယ်။ ဒါပေမယ့် ငါတို့ကုမ္ပဏီရဲ့ အစောင့်တွေက လူနှစ်သောင်းပဲ ရှိတာဆိုတော့ အဲဒီလူ အားလုံးကို အဲဒီကို မပို့နိုင်ဘူး။”
“ဒါကြောင့် ဒါကို ပိုပြီး နှံ့နှံ့စပ်စပ် လုပ်သင့်တယ်။ ဒရို မျိုးနွယ်ဝင်တွေကို လုံးလုံးလျားလျား ထိန်းချုပ်ဖို့ မဖြစ်နိုင်တာကြောင့် သူတို့ကို ရှင်းပစ်သင့်တယ်... ဒါဆို အနာဂတ်မှာ ဒါကို စိတ်ပူစရာ မလိုတော့ဘူး။”
ရှုယီသည် မျက်မှောင်ကုပ်၍ ခမ်နက်ဒ်ကို အံ့အားသင့်စွာ ကြည့်ကာ၊ "မင်း အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်တချို့ ပေးလာမယ်လို့ ငါထင်ခဲ့တာ။ ဒရို မျိုးနွယ်ကို သုတ်သင်ဖို့က ငါတို့အတွက် ခက်ခဲတာတော့ မဟုတ်ပေမယ့်လည်း ဒါရဲ့ အကျိုးဆက်တွေကို ငါတို့မယူနိုင်ဘူ။ သူတို့ရဲ့လူမျိုးတစ်ခုလုံးကို သုတ်သင်ရှင်းလင်းတာဟာ လူတိုင်းအာရုံစိုက်တဲ့ ကုမ္ပဏီတစ်ခုကို မပြောနဲ့ဦး ဘယ်သူမဆိုရဲ့ ကျော်ကြားမှုကို ဆိုးဆိုးရွားရွား အကျိုးသက်ရောက်စေလိမ့်မယ်။”
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဥက္ကဌ၊ နားလည်မှုလွဲသွားပြီ။ ကျွန်တော်က ဒရိုမျိုးနွယ်စုကို သုတ်သင်ဖို့ ပြောခဲ့တာမှန်တယ်၊ ဒါပေမယ့် အဲဒါက သူတို့ရဲ့ ခန္ဓာကိုယ်တွေကို သုတ်သင်ဖို့ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကို သုတ်သင်ဖို့လို့ဆိုလိုတာပါ။”
"သူတို့ကို စိတ်ပိုင်းဆိုင်ရာ သုတ်သင်မယ်!" ရှုယီသည် ရှုပ်ထွေးသောအကြည့်ဖြင့် ခမ်နက်ဒ်ကိုကြည့်ကာ မေးလိုက်သည်၊ "ဒါကို မင်းဘယ်လိုလုပ်မှာလဲ"
“ဒရို မျိုးနွယ်ဝင်တွေရဲ့ စည်းလုံးမှုက သူတို့ကို နိုင်ငံခြားသားတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်စေတယ်။ ဒါပေမယ့် ဒီအတွက် အဓိကအကြောင်းရင်းက ဒရိုမျိုးနွယ်စုအနေနဲ့ ဒရိုမျိုးနွယ်စုတိုင်းပြည်မှာ အမြဲနေထိုင်ခဲ့ပြီး တခြားနေရာကို မသွားတာကြောင့်ပဲ။ သူတို့တွေကို ဖြန့်ထုတ်နိုင်ရင် သူတို့ရဲ့ စည်းလုံးမှုဟာ သဘာဝအတိုင်း အားနည်းသွားမယ်။ အကယ်၍ ကျွန်တော်တို့သာ ဒရိုမျိုးနွယ်စုတိုင်းပြည်မှာ ပြင်ပလူအရေအတွက်ကို တိုးမြှင့်နိုင်ရင် ရေရှည်မှာ နိုင်ငံက ဒရို မျိုးနွယ်ဝင်တွေ လျော့နည်းသည်ထက် လျော့နည်းလာမှာမို့လို့ ဒီပြဿနာရှိမှာ မဟုတ်တော့ဘူး။"
ရှုယီသည် ဤကဲ့သို့ ထက်မြက်သော စကားဖြင့် ပြောနေသော ခမ်နက်ဒ်ကို ကြည့်လိုက်သည်။
ခမ်နက်ဒ်၏ စိတ်ကူးသည် အလွန်တီထွင်ဆန်းသစ်နိုင်သည်ဟု သူ ဝန်ခံပါသော်လည်း ယင်း၏ဖြစ်နိုင်ခြေမှာ သုညဖြစ်သည်။
ကမ္ဘာပေါ်တွင် လူမျိုးတစ်မျိုး၏ နိုင်ငံသားများကို ခွဲထွက်လိုလျှင် နိုင်ငံသားများကို ပြန့်သွားစေသော အလားတူဖြစ်ရပ်များစွာ ရှိခဲ့ဖူးသည်။ သို့ရာတွင် ဖြစ်ရပ်တစ်ခုစီတိုင်းသည် ခါးသီးသောတန်ကြေးများဖြင့် ရောက်ရှိလာပြီး ရလဒ်များသည် အမြဲတမ်း ရှုပ်ထွေးနေခဲ့သည်။
ရှုယီသည် ကမ္ဘာမြေ၏သမိုင်းကိုအခြေခံ၍ စိုင်စ်နယ်မြေကြီးရှိ လူသားများအကြောင်း အရာအားလုံးကိုသိသည်ဟု မပြောဝံ့သော်လည်း၊ ခမ်နက်ဒ်၏နည်းလမ်းဖြင့် ဒရို မျိုးနွယ် ပြဿနာကို ဖြေရှင်းရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဟုတ်ပါ၏၊ သူထင်တာကို သူဟာ တိုက်ရိုက် မပြောပါချေ။ ခဏလောက်စဉ်းစားပြီးသည့်အခါ သူက ခမ်နက်ဒ်ကို ခေါင်းညိတ်ပြကာ “ဒါကို စမ်းကြည့်လို့ရပါတယ်၊ ဒါပေမယ့် ဒါက အချိန်အများကြီးပေးပြီး ကြိုးစားရလိမ့်မယ်ဆိုတာကို ငါ သတိပေးရမယ်။ ဒါကို လုပ်ချင်နေတာ သေချာရဲ့လား"
ခမ်နက်ဒ်က စဉ်းစားပြီး ချက်ချင်းပြန်မဖြေဘဲ မေးသည်၊ “ဒါဆို ဥက္ကဋ္ဌ၊ နောက်ထပ် ပိုလွယ်တဲ့ နည်းလမ်း ရှိပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ ဒရိုမျိုးနွယ်စုတိုင်းပြည်ကို တိုက်ရိုက်ဖျက်ဆီးပြီး ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ နာမည်နဲ့ ပေါင်းစပ်လို့ရတယ်။ ဘယ်လိုထင်လဲ?"
ရှုယီသည် ခမ်နက်ဒ်၏ မျက်လုံးများရှိ မျှော်လင့်ချက်ရောင်ခြည်ကို ကြည့်ပြီး တိတ်ဆိတ်သွားသည်။
ယင်းအဆိုကို ကြားရခြင်းသည် သူ၏ ပထမဆုံးအကြိမ် မဟုတ်ပေ။
ဤအတောအတွင်း၊ ဒရိုမျိုးနွယ်စုတိုင်းပြည်အဓိကရုဏ်းများအကြောင်း ဆွေးနွေးရာတွင် ဤအချက်ကို ရှုယီအား ပြောခဲ့သည့် အဆင့်မြင့်အဖွဲ့ဝင်များစွာရှိခဲ့သည်။ ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာသည်ပင် “စွမ်းအားက ထိုနိုင်ငံကို ပျောက်ကွယ်သွားအောင် လုပ်နိုင်တယ်” ဟုပင် ပြောခဲ့ဖူးပါ၏။
ဤအဆိုပြုချက်သည် ဖြစ်နိုင်ချေရှိပြီး စွဲမက်ဖွယ်ဖြစ်ကြောင်း ဝန်ခံရမည်။
စိုင်စ်နယ်မြေကြီးမှလူများအတွက်၊ နိုင်ငံအချင်းချင်းစစ်ပွဲများတွင် နိုင်ငံတစ်ခုလုံးကိုသုတ်သင်ရှင်းလင်းခြင်းက မထူးဆန်းပေ။
အင်ပါယာနှစ်ခုမှာ ချဲ့ထွင်မှု နှစ်ပေါင်းရာချီကြာလာသောအခါတွင် ၎င်းတို့သည် မရေမတွက်နိုင်သော နိုင်ငံငယ်လေးများကို ဖျက်ဆီးပစ်ခဲ့သည်။
စိုင်စ်နယ်မြေကြီး၏ အစဉ်အလာအရ အင်အားကြီးသည့် လူတွေဟာ ဘုရင်ဖြစ်ပြီး စွမ်းအားကြီးသူများထံမှ သတ်ဖြတ်ခံခဲ့ရသည့်လူတွေက သူတို့ကိုယ်သူတို့ အသက်ရှင်အောင် ထိန်းထားနိုင်စွမ်းမရှိသလို မည်သူ့ကိုမှလည်း မတိုင်ကြားနိုင်ကြပါချေ။
စိုင်စ်နယ်မြေကြီးတွင် တိုင်းပြည်တစ်ခုလုံးကို ဖျက်စီးဖို့ တပ်များ စေလွှတ်လိုက်ပါက၊ သူတို့သည် ကမ္ဘာပေါ်ကကဲ့သို့ လူမှုရေးဖိအားများအောက်တွင် အပြစ်တင်ခံရမည်မဟုတ်ဘဲ လူများက သင်၏ခွန်အားကိုသာ အံ့သြကြလိမ့်မည်။
ဤသို့သောနေရာမျိုးတွင် Frestech ကုန်သည်ကြီးများအသင်းဟာ ကုမ္ပဏီတစ်ခုသာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံလို့ မသတ်မှတ်နိုင်ရင်တောင် ၎င်းတို့သည် ဒရိုမျိုးနွယ်စုတိုင်းပြည်ကို ဖျက်ဆီးနိုင်စွမ်းရှိသရွေ့ နယ်မြေကြီးပေါ်ရှိ မည်သူမျှ မပြောနိုင်ပေ။
လူထုအမြင်အရ သတင်းစာများနှင့် အထိရောက်ဆုံး မှော်ပုံရိပ်ယောင်ပရိုဂျက်တာများကို Frestech ကုန်သည်ကြီးများအသင်းမှ အဓိက ထိန်းချုပ်ထားသောကြောင့် စိတ်ပူစရာ မလိုနေသည်ကို မဆိုထားနှင့်။
ရှုယီကိုယ်တိုင်ပင် ဤနည်းလမ်းက အမှန်တကယ် အရိုးရှင်းဆုံးနှင့် အရိုင်းဆန်ဆုံးနည်းလမ်းဖြစ်သောကြောင့် ယခင်က ဤနည်းလမ်းကို စဉ်းစားခဲ့ဖူးသည်။
သို့သော်လည်း ၎င်းမှာ ရှုယီအနေဖြင့် ဤနည်းလမ်းကို အသုံးမပြုနိုင်စေရန် ဖြေရှင်းရခက်သော ပြဿနာတစ်ခုဖြစ်သည်။
ယခုအချိန်တွင် Frestech ကုန်သည်ကြီးများအသင်းသည် နိုင်ငံတစ်ခုမဟုတ်ဘဲ ကုမ္ပဏီတစ်ခုသာဖြစ်သည်။
ကုမ္ပဏီတစ်ခုနှင့် နိုင်ငံတစ်ခုကြား အကြီးမားဆုံး ကွာခြားချက်မှာ ကုမ္ပဏီတစ်ခုသည် လွတ်လပ်စွာ လည်ပတ်နိုင်ပြီး အခြားအရာများကို ဂရုမစိုက်ဘဲ နေနိုင်ခြင်းဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းတွင် ဝန်ထမ်းပေါင်း နှစ်သိန်းနီးပါးရှိပြီး ယခင်ကထက် အဆမတန်ကြီးမားကာ နယ်မြေကြီးရှိ နိုင်ငံအားလုံးတွင် ရုံးခွဲများရှိသည်။
ထိုသို့ဆိုလျှင်တောင် Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ ကုမ္ပဏီကိစ္စများကို ဂရုပြုရန်သာ လိုအပ်ပါသည်။
စီးပွားရေး၊ ပြည်သူ၊ နိုင်ငံရေး၊ မြေယာ၊ တိုင်းပြည် ကာကွယ်ရေးကို အလေးထားရသည့် နိုင်ငံများနှင့် ယှဉ်ရင် ကုမ္ပဏီက ဂရုစိုက်ရမည့်အရာ နည်းပါ၏။
အသေးငယ်ဆုံး စတက်တိန်းနယ်မြေတွင်ပင် လွှတ်တော်သည် အလွန်ရှုပ်ထွေးသော အရာများစွာကို ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။
ရှုယီ၏အရင်းအမြစ်များဖြင့် Frestech ကုန်သည်ကြီးများအသင်းတစ်ခုက်ိုပင် ဖွံ့ဖြိုးတိုးတက်ရန် မလုံလောက်သောကြောင့် နိုင်ငံတစ်နိုင်ငံကိုမူ ဖော်ပြရန်မလိုအပ်ပေ။
ထို့အပြင် ရှုယီသည် သူ၏ ကိုယ်ပိုင်နားလည်မှုရှိသည်။
ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲရန်ကပင် သူ့အတွက် လုံလောက်အောင် ခက်ခဲနေပြီဖြစ်ပြီး စီမံခန့်ခွဲရေးအများစုကို ခမ်နက်ဒ်အား ပြုစုရန် ပေးခဲ့သည်။ သူသာ နိုင်ငံ့ခေါင်းဆောင်ဖြစ်လျှင် ရူးနှမ်းသည့် ခေါင်းဆောင်မဖြစ်လာလျှင်ကပင် တော်ကာကျလောက်သည်။
နောက်ပြီး သူဟာ စိတ်မဝင်စားပါချေ။
သူသည် ငယ်စဉ်ကတည်းက စက်များကို ချစ်မြတ်နိုးပြီး ယခင်ဘဝတွင် စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာတစ်ဦးဖြစ်ခဲ့ရာ သူ၏ အကြီးမားဆုံး စိတ်ဝင်စားမှုမှာ စက်များကို လေ့လာခြင်းဖြစ်သည်။
ကူးပြောင်းလာပြီးနောက်တွင်၊ သူ၏အိပ်မက်မှာ ကမ္ဘာမြေပေါ်တွင်မရှိသော မှော်ပညာအားလုံးကို ပေါင်းစပ်ကာ နယ်မြေကြီးပေါ်တွင် ပြီးပြည့်စုံသော မှော်စက်လုပ်ငန်းကို ဖန်တီးရန်ဖြစ်သည်။
စစ်တပ်မှော်စက်များကို တီထွင်ရခြင်းအကြောင်းရင်းမှာ သူ၏ အိပ်မက်ကို အကောင်အထည်ဖေါ်ရန် ကျောထောက်နောက်ခံပေးရခြင်း ဖြစ်သည်။
အင်အားကြီး Frestech ကုန်သည်ကြီးများအသင်းနှင့် ဒရိုမျိုးနွယ်စုတိုင်းပြည်ကို ဖျက်ဆီးရန် ခက်ခဲသည်မဟုတ်သော်လည်း ၎င်းတို့ကို ဖျက်ဆီးပြီးနောက် ၎င်းတို့ကို စီမံခန့်ခွဲရန်မှာ အကြီးမားဆုံး ပြဿနာဖြစ်သည်။
ရှုယီက ၎င်းတို့ အားလုံးကို စဉ်းစားပြီးနောက် ခမ်နက်ဒ်ကို ခေါင်းညိတ်ပြလိုက်၏။ "ဒရိုမျိုးနွယ်စုတိုင်းပြည်ကိုတိုက်ရိုက်ဖျက်စီးဖို့က အရမ်းကရိကထများတယ်။ မင်းက ဒီလောက်စွမ်းအင်ကို အများကြီးသုံးချင်တယ်ဆိုရင် မင်းရဲ့ပထမဆုံးစိတ်ကူးကို ပိုပြီး ဂရုစိုက်နိုင်စေဖို့ ကုမ္ပဏီက အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေကို ငါပေးနိုင်ပါတယ်။"
ခမ်နက်ဒ်က ပြုံးလိုပ်သည်။
"ဥက္ကဌ၊ ကျွန်တော် မျှော်လင့်ထားသလိုပဲ ခင်ဗျားက တကယ် ဒါကိုပဲ ရွေးခဲ့တယ်"
ရှုယီသည် တိတ်ဆိတ်စွာ အသိအမှတ်ပြုခြင်းဟု ယူဆနိုင်သည့် အပြုံးကို ထုတ်ဖော်လိုက်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၄၀။ မတူညီသည့် အတွေးအမြင်များ
သူ့ရုံးခန်းတံခါးက ဖြည်းညှင်းစွာပိတ်သွားသည်ကို ကြည့်ပြီး ရှုယီက စားပွဲအား သူ့ညာလက်မှ လက်ချောင်းဖြင့် ခေါက်လိုက်သည် ။ စားပွဲပေါ်ကို ခေါက်နေရင်း အနွေးများနက်နဲလျက် မျက်မှောင်ကုပ်လိုက်၏။
သူဟာ ခမ်နက်ဒ်ကို ဆယ့်နှစ်နှစ်ကျော် သိခဲ့ပြီး ခမ်နက်ဒ်သည် ၎င်း၏လက်အောက်ငယ်သားအဖြစ် လုပ်ဆောင်လာသည်မှာ ယခုတွင့် ဆယ့်နှစ်နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။
ဤဆယ့်နှစ်နှစ်အတွင်း၊ ခမ်နက်ဒ်သည် ကုမ္ပဏီအတွက် အမြဲတမ်း ထူးချွန်သော CEO ဖြစ်ခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းအတွက် အုပ်ချုပ်ရေးနှင့် ပြင်ပရေးရာအားလုံးကို ဂရုစိုက်ခဲ့သည်။
ခမ်နက်ဒ်သည် အန်မာမိသားစုမှ လေ့ကျင့်ပေးထားသော ဆက်ခံသူနှင့် ထိုက်တန်သည်ဟု ဆိုရမည်ဖြစ်သည်။ ထိုသို့ဖြစ်ရာ အားကောင်းသော အရည်အချင်းများဖြင့် စီမံခန့်ခွဲရေး ရာထူးအတွက် အလွန်သင့်တော်သည်။ Frestech ကုန်သည်ကြီးများအသင်းကို သူ စီမံအုပ်ချုပ်ခဲ့သည့် ဆယ့်နှစ်နှစ်အတွင်းတွင် ရှုယီအတွက် အချိန်နှင့် အားစိုက်ထုတ်မှု အနည်းငယ်ကို သက်သာစေခဲ့ပါ၏။
ဖြစ်နိုင်ပါက၊ ရှုယီသည် သူဟာ အို၍ သေဆုံးသည်အထိ Frestech ကုန်သည်ကြီးများအသင်းတွင် ဆက်လက်အလုပ်လုပ်နိုင်မည်ဟု မျှော်လင့်ခဲ့သည်။
သို့သော် ခမ်နက်ဒ်၏စကားကြောင့် ရှုယီသည် သဘာဝမကျသော အနံ့တစ်မျိုးကို ခံစားလိုက်ရသည်။
ရည်မှန်းချက်ကြီး၏။
ဟုတ်သည်၊ ရည်မှန်းချက်။
ခမ်နက်ဒ်သည် Frestech ကုန်သည်ကြီးများအသင်းတွင် အလုပ်လုပ်ခဲ့သည့် ဆယ့်နှစ်နှစ်တာကာလအတွင်း Frestech ကုန်သည်ကြီးများအသင်းအတွက် ရှုယီ၏ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို အမြဲလိုက်နာခဲ့ပြီး သူ့နည်းသူ့ဟန်ဖြင့် ဘယ်တော့မှ မသွားဖူးပေ။
သို့သော် ယနေ့ သူ၏အဆိုပြုချက်သည် နောက်ဆုံးတွင် သူ၏ရည်မှန်းချက်ကို ထုတ်ဖော်ပြသခဲ့သည်။
သို့မဟုတ်ပါက ၎င်းသည် ကုမ္ပဏီရှိ လူများစွာ၏ ရည်မှန်းချက်ကို ကိုယ်စားပြုသည်ဟု ဆိုနိုင်သည်။
ရှုယီသည် Frestech ကုန်သည်ကြီးများအသင်းကို ကုမ္ပဏီတစ်ခုအနေဖြင့် လုပ်ကိုင်ရန် အမြဲဆန္ဒရှိခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်းကို ဤသို့သာ ဖွံ့ဖြိုးစေခဲ့သည်။
သို့သော် ခမ်နက်ဒ်နှင့် ထိပ်တန်းအဖွဲ့ဝင် တော်တော်များများက အတွေးမတူကြပေ။
Frestech ကုန်သည်ကြီးများအသင်းသည် သေးငယ်ပြီး မခိုင်မာသေးသောအခါတွင် ၎င်းတို့သည် ဤရည်မှန်းချက်ကို မရရှိနိုင်ပေ။
သို့သော် ၆နှစ်အကြာတုန်းက မန်နာတိုင်းပြည် နှင့်စစ်ပွဲပြီးနောက်နှင့် ယခုနှစ် ဒရိုမျိုးနွယ်စုတိုင်းပြည်နှင့် တိုက်ပွဲအပြီးတွင် Frestech ကုန်သည်ကြီးများအသင်းသည် မယုံနိုင်လောက်အောင် အားကောင်းလာသည်ကို လူတိုင်းသတိပြုမိခဲ့သည်။ အင်ပါယာနှစ်ခုတောင်မှ ၎င်းတို့အတွက် စိုးရိမ်နေရ၏။
၎င်းက ခမ်နက်ဒ်အပါအဝင် လူအများ၏ အတွေးအမြင်များကို ပြောင်းလဲစေခဲ့သည်။
ခမ်နက်ဒ်၏ 'ဒရိုမျိုးနွယ်စုတိုင်းပြည်ကို တိုက်ရိုက်ဖျက်စီးခြင်း' ၏ဒုတိယအဆိုပြုချက်သည် မတူညီသောလေသံဖြင့်ပြောခဲ့လျှင်ပင် ရှုယီသည် ဤအရာများသည် သူ၏ စိတ်ကူးအစစ်အမှန်ဖြစ်ကြောင်း ပြောနိုင်သည်။
စတက်တိန်းနယ်မြေနှင့် မတူဘဲ၊ အကယ်၍ Frestech ကုန်သည်ကြီးများအသင်းသာ နယ်မြေကြီး၏အစဉ်အလာအတိုင်း ဒရိုမျိုးနွယ်စုတိုင်းပြည်ကို ဖျက်ဆီးရန် ၎င်းတို့၏ တပ်များကို အမှန်တကယ်စေလွှတ်ခဲ့ပါက နယ်မြေကြီးရှိနိုင်ငံအားလုံးသည် Frestech ကုန်သည်ကြီးများအသင်း အမည်အောက်တွင်ဝင်ရောက်လာသော ဒရိုမျိုးနွယ်စုတိုင်းပြည်ကို ၎င်းတို့၏လက်ရှိအာဏာဖြင့် တိတ်တိတ်ဆိတ်ဆိတ် ထောက်ခံမည်ဖြစ်သည်။
ရှုယီက ၎င်းကို သံသယမရှိခဲ့သလို Frestech ကုန်သည်ကြီးများအသင်း အစောင့်တွေထံ၌ ၎င်းကို လုပ်နိုင်စွမ်းရှိသည်ဆိုသည်အား သံသယမရှိပါချေ။
သို့သော် Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့လက်အောက်သို့ ဒရိုမျိုးနွယ်စုတိုင်းပြည်ကို အမှန်တကယ်သွင်းခဲ့ပါက စတက်တိန်းနယ်မြေကဲ့သို့ဖြစ်လာရန် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ကွန်ဂရက်ကို လျှို့ဝှက်စွာ ထိန်းချုပ်နိုင်မည် မဟုတ်ဘဲ Frestech ကုန်သည်ကြီးများအသင်းမှ နေ၍ ထိန်းချုပ်သည့် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရမည်ဖြစ်ပါသည်။
၎င်းတို့သာ ဤသည်ကိုတကယ်လုပ်ပါက Frestech ကုန်သည်ကြီးများအသင်း၏ သဘောသဘာဝက ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။ ၎င်းက ကုမ္ပဏီတစ်ခုအား နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲသွားစေလိမ့်မည်။
၎င်းဟာ ကြီးမားသည့် ပြောင်းလဲမှုတစ်ခုဟု သံသယရှိစရာပင် မလိုရာ CEO ခမ်နက်ဒ်နှင့် အဆင့်မြင့်အဖွဲ့ဝင်များ မြင်ချင်သည့်အရာပါပင်။
အမှန်တော့၊ အထူးသဖြင့် ရိုးရာဓလေ့ဒဏ်ခံရသော နယ်မြေကြီးမှ မျိုးရိုးမြင့်၏များအတွက် နယ်မြေထိန်းချုပ်မှုသည် အလွန်အရေးကြီးသည်ဟု မှတ်ယူကြသည်။
၎င်းတို့အတွက် ကုန်သည်တွေဟာ ဘယ်လောက်ပဲ အာဏာရှိပါစေ ဘယ်မြေကိုမှ မထိန်းချုပ်နိုင်သဖြင့် အဆင့်အတန်းတွင် မျိုးရိုးမြင့်တွေ အောက်၌သာ ရှိနေမည်ပင်။
Frestech ကုန်သည်ကြီးများအသင်းသာ ဒရိုမျိုးနွယ်စုတိုင်းပြည်ကို တရားဝင်ထိန်းချုပ်နိုင်ခဲ့ပါက ၎င်းသည် ခမ်နက်ဒ်အတွက် ကြီးမားသော ခုန်ပျံကျော်လွှားမှုဖြစ်လိမ့်မည်။
ဤအရာက အတူတူအလုပ်လုပ်သည့်နှစ်များတွင် ခမ်နက်ဒ်သည် ရှုယီကို တစ်ကြိမ်ထက်ပို၍ အရိပ်အမြွက်ပေးခဲ့ဖူးသည့် အရာဖြစ်သည်။
သို့ပေမယ့် ဒီတစ်ခါတော့ သူက အရမ်းပွင့်လင်း၏။
၎င်းက ရှုယီစဉ်းစားနေခဲ့သည့် စူးစမ်းမှုတစ်ခုဟု ပြောလို့ရပါ၏။
ရှုယီသာ ဆန္ဒရှိလျှင် Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိအာဏာဖြင့် ဒရိုမျိုးနွယ်စုတိုင်းပြည်ကို ဖျက်ဆီးပြီး Frestech ကုန်သည်ကြီးများအသင်းလက်အောက်သို့ ပို့ဆောင်ရန် ၎င်းတို့အတွက် မခဲယဉ်းပေ။
ဤပန်းတိုင်ကို ပြီးမြောက်သည်နှင့်တစ်ပြိုင်နက် ရှုယီသည် Frestech ကုန်သည်ကြီးများအသင်း၏ လမ်းကြောင်းက နယ်မြေကြီးတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်သည့် လမ်းကြောင်းအဖြစ် ပိုမိုတိုးတက်ကောင်းမွန်လာမည်ကို စိတ်ကူးနိုင်သည်။
ထိုအချိန်ရောက်လာသောအခါ၊ ရှုယီသည် ဆန္ဒမရှိသော်လည်း ရွေးချယ်ခွင့်ရှိမည်မဟုတ်ပေ။
"ဒါပေမယ့် ငါအခု ဆန္ဒမရှိဘူး......"
ရှုယီ သက်ပြင်းချလိုက်သည်။
ထိုအချိန်တွင် သူဟာ ကူးပြောင်းလာပြီးနောက် ကမ္ဘာကြီးကို လွှမ်းမိုးလိုသည့် အဓိကဇာတ်ကောင်မျိုးဖြစ်လာရန် ဆုတောင်းမိသော်လည်း ၎င်း သူ့ပုံစံမဟုတ်မှန်း သူသိပြီး ၎င်းကိုလုပ်ဖို့ တကယ်စိတ်မဝင်စားပါချေ။
သူ့ကိုယ်သူ အတင်းအကြပ်လုပ်ပါက ရလဒ်ကောင်းတွေ ရလာမှာမဟုတ်ပေ။
ထို့အပြင်၊ နိုင်ငံထူထောင်ပြီး နယ်မြေကြီးအား သိမ်းပိုက်ရန် ကြိုးစားခြင်းသည် ရိုးရှင်းသော်လည်း အလွန်ခက်ခဲသည်။
ရှုယီက စိတ်မဝင်စားသလို အချိန်လည်း မရှိပါချေ။
ထို့ကြောင့် ခမ်နက်ဒ်နှင့် အဆင့်မြင့်အဖွဲ့ဝင်အချို့၏ ရည်မှန်းချက်အတွက် ရှုယီက တောင်းပန်ရုံသာ ရှိသည်။
"နောင်မှာ လူမှားနောက်လိုက်မိတဲ့အတွက် ခမ်နက်ဒ်နောင်တရလိမ့်မလား?" ရှုယီက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်ပြုံး, ပြုံးလိုက်သည်။ ခဏလောက်စဉ်းစားပြီးနောက် သူဟာ ထရပ်၍ ရုံးကထွက်သွား၏။
ပင်မရုံးခန်းအဆောက်အဦးမှ ထွက်ခွာပြီးနောက် ရှုယီသည် သူ၏ မှော်ဆလွန်းဖြင့် ကမ်းစပ်ဆီသို့ မောင်းချလာသည်။
ယခုတွင် ဩဂုတ်လလယ်ဖြစ်နေပြီဖြစ်ပြီး တစ်နှစ်တာ၏ အပူဆုံးအချိန်ဖြစ်သည်။
သူ့အပေါ်ကနေ တောက်ပနေသည့် နေရောင်နဲ့အတူ မှော်ဆလွန်းထဲမှာ အရမ်းပူပြီး ခြောက်သွေ့နေ၏။
ရှုယီသည် ကား၏ မှော်လေပေးစက်ကို မဖွင့်ဘဲ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာရင်း ပြတင်းပေါက်များကို ဖွင့်ထားလိုက်သည်။ သူ့အား ရိုက်ခတ်နေသည့် လေပြင်းပူပူကို ခံစားနေရင်း သူဟာ ပင်လယ်ဘက်သို့ အမြန်မောင်းလာခဲ့သည်။
ချောက်ကမ်းပါးမှာ တည်ထားသည့် စူးစမ်းရေးစခန်း အောက်သို့ ရောက်ရန် သိပ်မကြာလိုက်ပေ။
"ဥက္ကဌ၊ ခင်ဗျား ဒီကိုရောက်လာပြန်ပြီ"
သူ့အထက်မှ ကြည်လင်သော အသံတစ်ခုထွက်ပေါ်လာသည်။
ရှုယီသည် Frestech ကုန်သည်ကြီးများအသင်းယူနီဖောင်းကို ၀တ်ဆင်ထားသည့် လူငယ်ကို မော့ကြည့်ကာ ပြုံးလျက် လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူ၏ မှော်ပညာကို အသုံးချကာ ချက်ချင်းပင် ပျံတက်သွားသည်။
" ဘန်ဆက်ခ်ဘယ်လိုလဲ။ မကြာသေးခင်က ဆူညံသံတွေ ထွက်ပေါ်လာသေးလား။” ရှုယီသည် လူငယ်အား ထိုအရာကို မေးရင်း ပင်လယ်ကမ်းစပ်ရှိ စူးစမ်းလေ့လာရေးစခန်းသို့ ရောက်လာသည်။
"ဆူညံသံ လုံးဝမရှိခဲ့ပါဘူး" ဘန်ဆက်ခ်ဟု အမည်ရသည့်လူငယ်က ခေါင်းခါသည်၊ “တကယ်လို့ရှိရင် ကျွန်တော် ဥက္ကဌ ကို ချက်ခြင်း ဆက်သွယ်လိုက်ပါ့မယ်”
“အင်း။” ရှုယီက သဘောတူသည် ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ ခေါင်းငြိမ့်လိုက်သည် ။
စူးစမ်းရေးစခန်းသို့ရောက်သောအခါ၊ ရှုယီသည် ဤနေရာတွင် အထူးပြုလုပ်ထားသော မှန်ပြောင်းဖြင့် အဝေးမှ ပင်လယ်ကို ကြည့်လိုက်သည်။ နေ့လည်ခင်းဖြစ်သောကြောင့် ပင်လယ်ပြင်မှ နေရောင်ခြည်က ရောင်ပြန်ဟပ်နေပြီး မွန်းတည့်ချိန်ကလောက် မဖြူတော့ကြောင်း တွေ့ရှိခဲ့သည်။
မိုးကုပ်စက်ဝိုင်းကို ခဏကြည့်လိုက်ရင်း ရှုယီက အသာ မျက်မှောင်ကုပ်လိုက်၏။
ပင်လယ်ပြင် စူးစမ်းရှာဖွေရေးသင်္ဘော ထွက်သွားသည်မှာ ဆယ်လနီးပါးကြာသွားခဲ့ပြီဖြစ်ပြီး သတင်းအနည်းငယ်မျှမရှိသဖြင့် အနည်းငယ် မစိုးရိမ်ဘဲ မနေနိုင်ပေ။
မှော်သင်္ဘော၏ အရှိန်အဟုန်ကိုအခြေခံ၍ တစ်နှစ်အချိန်ယူရမည်ဟု သဘောတူထားသော်လည်း ၎င်းတို့အောက်ရှိဂြိုလ်သည် ကမ္ဘာထက် နှစ်ဆပိုကြီးနေပါက၊ ဤသင်္ဘောစုသည် ဂြိုလ်ကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ပတ်ရန် ဆယ်လနှင့် လုံလောက်ပေလိမ့်မည်။
လမ်းတစ်လျှောက်မှာ တစ်ခုခုဖြစ်ခဲ့ပါလျှင်တောင် ဆယ်လလောက်အချိန်ယူဖို့က လုံလောက်သည်ထက်ပိုသည်။
၎င်းကိုတွေးပြီး ရှုယီမှာ မနေနိုင်အောင် ကောင်းကင်ကို မော့ကြည့်မိ၏။
ဤပြဿနာကို သူစဉ်းစားမိသောအခါတွင်၊ သူသာ ကမ္ဘာမြေကကဲ့သို့ ဂြိုလ်တုများစွာကို ပြုလုပ်နိုင်ခဲ့ပါက သင်္ဘောစုကို မဆက်သွယ်နိုင်တော့မည်အား စိုးရိမ်နေစရာ မလိုပေ။
သို့သော် လက်ရှိ စိုင်စ်နယ်မြေကြီးအတွက်၊ ဤနည်းပညာသည် ဝေးကွာလွန်းသောကြောင့် သူဟာ အဖြစ်မှန်ကိုသာ လက်ခံခဲ့ရသည်။
"ဥက္ကဌ တစ်ခုခု စိတ်ပူနေတာလား" နံဘေးရှိ ဘန်ဆက်ခ်မှ ရှုယီသည် ကောင်းကင်ကို မော့ကြည့်ရင်း မျက်ခုံးတွန့်ချိုးနေသည်ကို တွေ့လိုက်ရသောကြောင့် သိလိုသောအသံဖြင့် ထိုသို့ မေးလာ၏။
ရှုယီက ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းကာ ပြန်လှည့်လိုက်သည်။
သူဟာ ကိစ္စများစွာကို စိတ်ပူနေခဲ့သော်လည်း မတူညီသည့် အတွေးများရှိနေသော ခမ်နက်ဒ်နှင့် အခြားအဆင့်မြင့် အဖွဲ့ဝင်များ၏ ကိစ္စဖြစ်စေ စူးစမ်းရှာဖွေရေးသင်္ဘောစုကို မဆက်သွယ်နိုင်ခြင်းအားဖြစ်စေ သင်္ဘောစုကို စောင့်ကြည့်နေရသည့် ဤလူငယ်လေးမှာ သူ့အား ဘာမျှ ကူညီနိုင်မည်မဟုတ်ပါချေ။
မိုးကုတ်စက်ဝိုင်းကို တစ်ဖန်ပြန်ကြည့်ရင်း ရှုယီသည် ဘန်ဆက်ခ်၏ ပခုံးကို ပုတ်ကာ အကြိမ်အနည်းငယ် ချီးကျူးပြီး ထွက်ခွာရန် ပျံဆင်းလာလိုက်သည်။
"ဥက္ကဌ ဘယ်တော့မှပြန်လာမှာလဲ" ဘန်ဆက်ခ်က ရုတ်တရက် အသံကျယ်ကျယ်နှင့် မေးလာ၏။
ရှုယီက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ဒီလိုခံစားရရင် ငါလာခဲ့မယ်။ သေသေချာချာစောင့်ကြည့်ထားပါဦး။"
ဘန်ဆက်ခ်က တစ်စုံတစ်ခုကို တိုးတိုးတိတ်တိတ်ရေရွတ်ပြီး အနည်းငယ်စိတ်ပျက်ကာ ပြန်လှည့်သွားသည်။
ဥက္ကဌသည် နေ့ တိုင်း သူ့ကိုလာကြည့်၍ အထူးအဆင့်မြှင့်ပေးရန် စီစဉ်ထားသည်ဟု သူထင်သော်လည်း ဥက္ကဌ ၏ လက်ရှိ သဘောထားအရတော့ ဤကဲ့သို့ ဖြစ်လိမ့်မည်မဟုတ်ဟု ထင်သည် ။
"ငါ့အနေနဲ့ ဒီပျင်းစရာကောင်းတဲ့ နေရာမှာ နေရမှာများလား။"
စူးစမ်းလေ့လာရေးစခန်းအောက်မှ မှော်ဆလွန်း ကားသံကိုကြားသော် ဘန်ဆက်ခ်က သက်ပြင်းတစ်ချက်ချလိုက်ကာ မိုးကုတ်စက်ဝိုင်းကို ကြည့်ဖို့ နောက်သို့လှည့်လိုက်သည်။
"ဘာကြည့်စရာရှိလို့လဲ။ ဥက္ကဌက ဘာလို့ ဒီလောက်တောင် ဂရုစိုက်နေရတာလဲ။ ဒါက ပင်လယ်ကြီးသပ်သပ်ပဲ မဟုတ်လား? ဒါကလုံးဝမထူးဆန်းပါဘူး။ ငါ……”
ဘန်ဆက်ခ်၏ မျက်လုံးများသည် အဝေးရှိ မိုးကုပ်စက်ဝိုင်းထဲသို့ စိုက်ကြည့်ရင်း လျှင်မြန်စွာ တုံ့ပြန်လိုက်ပြီးနောက် စမ်းလေ့လာရေးစခန်းဘေးသို့ ချက်ချင်းရောက်လာသည်။
"ဥက္ကဌ။ တစ်ခုခုရှိတယ်! တစ်ခုခု ရှိနေတယ်!"
မှော်ဆလွန်းကို လှည့်ပတ်ပြီး ထွက်ခွာရန် ပြင်ဆင်နေသော ရှုယီသည် ဘန်ဆက်ခ်၏အော်သံကို ကြားလိုက်ရ၍ ရုတ်တရက် ကြောင်သွားကာ ရပ်လိုက်သည်။
"ဘာလို့လဲ?" ရှုယီက ပြတင်းပေါက်ကနေ ခေါင်းထွက်ပြီး မေးလိုက်၏။
“အဲဒီ…ပင်လယ်……ပင်လယ်၊ ဟိုမှာ……ဟိုမှာ……” ဘန်ဆက်ခ်က သူ့လက်ကို ဝှေ့ယမ်းပြီး ဘာပြန်ပြောရမှန်းမသိတော့ပေ၊ “ဟိုမှာ…… ပျံသန်းနေတဲ့ တစ်ခုခုရှိတယ်!”
"ပျံနေတာလား?" ရှုယီအံ့သြသွားသည်။
သူ၏ ပထမဆုံးတုံ့ပြန်မှုသည် ပင်လယ်ငှက်ဖြစ်သော်လည်း အမှန်တကယ်ပင် ပင်လယ်ငှက်ဖြစ်ခဲ့ပါက ဘန်ဆက်ခ်သည် ဤမျှ တုန်လှုပ်နေမည်မဟုတ်ပေ။
နောက်တော့ ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားလိုက်မိ၏။
"ပင်လယ်ပြင်ရှာဖွေရေးသင်္ဘောစုက ပြန်ပို့လိုက်တဲ့ မှော်လေသင်္ဘောများ ဖြစ်နေမလား။"
၎င်းကိုတွေးပြီး ရှုယီက တံခါးကိုဖွင့်၍ စူးစမ်းလေ့လာရေးစခန်းကို မှော်ပညာကိုသုံး၍ ပြန်လည် ပျံတက်သွားသည်။
"ဟိုမှာပါ! ဟိုမှာ……” ဘန်ဆက်ခ်က စိုးရိမ်တကြီးနှင့် ရှုယီအား ပင်လယ်ကို ညွှန်ပြလိုက်ပါ၏။
ရှုယီသည် အဝေးကြည့်မှန်ပြောင်းဆီသို့ အမြန်သွားလိုက်ပြီး အဝေးကိုကြည့်ရန် အာရုံစူးစိုက်လိုက်သည်။
ခဏကြာတော့ ရှုယီမှာ ပါးစပ်ပွင့်ဟလာပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည် ။
“နဂါးဟ……”