အခန်း (၆၁-၇၀)
Vol. 7 Ch. 61-70
Vol 7, အခန်း ၆၁။ ငါ ဥက္ကဌ ဖြစ်လာချင်တယ်
ယခုမှာ မေလ ၇ရက်မြောက်နေ့ဖြစ်ပြီး စတန်တိုင်းနယ်မြေ၌ဖြစ်စေ စိုင်စ်နယ်မြေကြီး၌ဖြစ်စေ ဤရက်က အားလပ်ရက်မဟုတ်သလို မည်သို့သော အထူးပွဲတော်မှမရှိသည့် ရက်ဖြစ်လေရာ သာမန်နေ့တစ်နေ့နှင့် မခြားပါချေ။
သို့သော် ရှုယီအတွက် ဤရက်မှာ တနည်းနည်းဖြင့် ထူးခြားနေသော ရက်ဖြစ်ပါ၏။
အဘယ့်ကြောင့်ဆိုသော်... ၎င်းမှာ သူ ဤလောကကြီးသို့ ကူးပြောင်းရောက်ရှိလာသော နေ့ဖြစ်သောကြောင့်ပင်။
ထို့အပြင် ဤနှစ်၏ မေလ ၇ရက်မှာ သူ ဤလောကသို့ ရောက်လာသည့် ၂၀နှစ်မြောက် ပြည့်သည့်နှစ်လည်းဖြစ်၏။
လွန်ခဲ့သည့် ၁၀နှစ်အကြာက ထိုနေ့ကို တွေးကြည့်လျှင် ရှုယီ ဤလောကကို ရောက်ရှိခဲ့သည်မှာ ၁၀နှစ်ကြာရှိပြီဖြစ်သည်။ သူဟာ မိမိကိုယ်ကို စိတ်သက်သာရာစေရန် တိတ်ဆိတ်သည့်နေရာတစ်ခုဆီ သွားလိုက်ရင်း အချိန်ယူ၍ ကမ္ဘာမြေကြီးရှိ သူ၏ အမှတ်တရများကို တွေးတောလိုက်သည်။
နှစ်၂၀ပြည့် နှစ်ပတ်လည်နေ့တွင် သူ့ထံ၌ ပြန်တွေးကြည့်စရာ များများစားစားရှိမနေပေ။
ဤလောက၌ ကြာမြင့်စွာ ရှိလာခဲ့ပြီးနောက် ကမ္ဘာမြေကြီး၌ ရှိစဉ်က အချိန်ကို စဉ်းစားမိချိန်တွင် သူဟာ သူ၏ ဆွေမျိုးများကို သတိရခြင်းမှလွဲ မည်သည့် နာကျင် ခံစားမှုမှ မခံစားရချေ။
လက်ရှိ သူဟာ စိုင်စ်နယ်မြေကြီးနှင့် အပြည့်အဝသက်ဆိုင်နေသူဖြစ်သည်။ သူ၏ မိသားစု၊ လုပ်ငန်းနှင့် သူ၏ အိပ်မက်များမှာ ဤနေရာ၌ ရှိသည်။
ထို့ကြောင့် ကမ္ဘာမြေကြီးတွင် တည်ငြိမ်သည့် ဘဝကို နေထိုင်နေသော သာမန်သုတေသနပညာရှင် အဖြစ် နေထိုင်နေခဲ့ခြင်းနှင့် ယှဉ်လျှင် ဤလောကကို လာရောက်၍ ဤလောက၌ ပြီးပြည့်စုံသော စက်မှုစနစ်ကို တည်ဆောက်ရန်ကြိုးစားခဲ့ခြင်းက သူ့အား အောင်မြင်မှုကို ပို၍ ခံစားမိစေသည်။
ကြည့်လေ မင်းသာ အခု လမ်းပေါ် လျှောက်သွားလိုက်ရင် ဒီလောကကြီးရဲ့ လူတွေအတွက် ပို့ဆောင်ဆက်သွယ်ရေးနည်းလမ်းကို ကြီးကြီးမားမားပြောင်းလဲပေးခဲ့တဲ့ မှော်ကားတွေက လမ်းတစ်လျှောက် ပြေးလွှားနေတာကို တွေ့ရလိမ့်မယ်။
ဒီလမ်းတွေရဲ့ ဘေးမှာ အထပ်အမြင့် ၁၀ထပ်ထက် ပိုတဲ့ ဧရာမ အဆောက်အဦကြီးတွေလည်းရှိတယ်။ အိမ်သုံးမှော်စက်တွေနဲ့ ပြည့်နေတဲ့ အခန်းတွေကလည်း ဒီလောကမှာရှိတဲ့ လူတွေရဲ့ နေထိုင်ပုံကို ပြောင်းလဲပေးခဲ့တယ်။
လမ်းထဲက လူတွေအနေနဲ့ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်လို့ ကျန်းမာရေးကောင်းနေတာက သူတို့ရဲ့ဓာတ်စာကို သိသိသာသာတိုးတက်လာစေတယ်။
သူတို့ရဲ့ အဝတ်အစားတွေကတောင် ပိုအရောင်အသွေးစုံပြီး များပြားလာကြတယ်။ ဒါက ရှုယီ ဒီလောကကို ပထမဆုံးလာတော့ သူတို့ ဝတ်နေခဲ့ကြတဲ့ မီးခိုးရောင် အဝတ်တွေနဲ့ လုံးဝ ခြားနားသွားတယ်။
ဒီလူတွေမှာ အဝတ်အစားနဲ့ ပတ်သက်ပြီးပြောင်းလဲမှုကြီးတစ်ခု ရှိလာတာကိုလည်း မြင်နိုင်ပါတယ်။
အဝတ်အစားတွေ၊ အစားအသောက်၊ ခိုလှုံရာနဲ့ ပို့ဆောင်ဆက်သွယ်ရေးဆိုတဲ့ လူသားမျိုးနွယ် အခြေခံလိုအပ်ချက် ၄ခုက နှစ်တွေတလျှောက် များစွာ တိုးတက်လာခဲ့တယ်။
ဒီ တိုးတက်မှုတွေကို ဖန်တီးခဲ့တာဟာ သံသယမလိုအောင် ရှုယီ ဖွံ့ဖြိုးစေခဲ့တဲ့ မှော်စက်မှု နယ်ပယ်ကြောင့်ပါပဲ။
အနည်းဆုံးတော့ စတန်တိုင်းနယ်မြေနဲ့ အနောက်တောင် နိုင်ငံကလူတွေအနေနဲ့ ချီးကျူးဖို့ပဲ ရှိတော့တယ်။ သူတို့က Frestech ကုန်သည်ကြီးများအသင်းကို သူတို့ဘဝတွေ များစွာ တိုးတက်လာလို့ ကျေးဇူးတင်ကြတယ်လေ။
ရှုယီမှာ အင်မတန် စိတ်တိုင်းကျသဖြင့် ယနေ့က ထူးခြားသည့်နေ့ ဟု ဆုံးဖြတ်ကာ ယနေ့အတွက် သူ၏ ရှေ့ဆက်သွားမည့် အရှိန်ကို သတ်လိုက်သည်။
"ဖေဖေ ကြည့်ဦး မေမေပဲ!" ဖရီးယာမှာ ညာဘက်သို့ ညွှန်ပြရင်း ကျယ်လောင်စွာ အော်လာ၏။
ရှုယီလည်း ဖရီးယာ ညွှန်ပြသည့်နေရာကို ကြည့်လိုက်ရာ စတေးလ်၏ ပုံရိပ်ကို ထုတ်လွှင့်ပြသနေသည့် ဧရာမ ပုံရိပ်ယောင်ကြီးကို မြင်လိုက်ရသည်။
"အင်း ဒါက မေမေပဲ။ ဖရီးယာ သမီးကို စစ်ဆေးကြည့်ရအောင်၊ အခု မေမေ ဘယ်မှာရှိတယ်ဆိုတာ သမီးသိလား?"
ဖရီးယာမှာ သူမ၏ မေးစေ့ကို ထိလိုက်ပြီးနောက် ခေါင်းလေးစောင်းပြီးစဉ်းစားပြီးမှသာ ရုတ်တရတ် ကျယ်လောင်စွာ လက်ခုပ်တစ်ချက်တီးလိုက်၏။
"သိတယ်! မေမေက လမ်ပူရီတိုင်းပြည်ကို လွန်ခဲ့တဲ့ ၃ရက်လောက်ကသွားတာ၊ အန်တီဆယ်ဗီနီကို အတူခေါ်ထားတာမို့လို့ အခု အန်ဗီမာမြို့တော်မှာ ရှိလောက်တယ်။"
"ဟုတ်ပြီ သမီးရဲ့ မှတ်ဉာဏ်က အတော်လေးကောင်းတာပဲ" ရှုယီက သူမအား အပြုံးဖြင့် ချီးကျူးလိုက်သည်။ သူဟာ ပုံရိပ်ယောင်ရှိ ထုတ်ပြန်ချက်တစ်ခုကို ဖတ်ပြနေသည့် စတေးလ်အား မော့ကြည့်လိုက်ပါ၏။
စတေးလ်မှာ လွန်ခဲ့သော ၃ရက်အကြာက လမ်ပူရီတိုင်းပြည်သို့ သွားခဲ့သည်ပင်။ ဤတစ်ကြိမ်သွားခဲ့သည်မှာ လမ်ပူရီတိုင်းပြည်၌ မှော်ပုံရိပ်ယောင်ပရိုဂျက်တာများ ဖုံးလွှမ်းရေးကို တိုးမြှင့်ပြီး မြို့တော်အားလုံး၌သာမက ရွာများအားလုံး၌ပါ မှော်ပုံရိပ်ယောင်ပရိုဂျက်တာများနှင့် ဖုံးလွှမ်းရန်ဖြစ်သည်။
သူမ၏ ဆယ်ဗီနီနှင့်အတူ ထုတ်ပြန်ချက်အရ သူမဟာ လမ်ပူရီတိုင်းပြည်နှင့် ဆွေးနွေးမှုကို အင်မတန် ချောချောမွေ့မွေ့ဖြစ်ခဲ့ပုံရသည်။
မှန်ပါ၏၊ လမ်ပူရီတိုင်းပြည်၏ အဓိကမြို့တော်များရှိ မှော်ပုံရိပ်ယောင်ပရိုဂျက်တာများ အားလုံးမှာ တညီတည်း ကောင်းမွန်သည့် အကဲဖြတ်မှုများကို ရရှိခဲ့သည်။ ယခုတွင် New Moon ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ဖုံးလွှမ်းမှုကို တိုးမြှင့်ရန် ဆန္ဒရှိကြသဖြင့် လမ်ပူရီတိုင်းပြည်မှာ သဘာဝကျကျပင် ၎င်းကို ငြင်းဆန်ရန် အကြောင်းပြချက်မရှိပါချေ။
ပြောရလျှင် ဤအရာမှာ ပြည်သူများ၏ ဖျော်ဖြေရေးကို တိုးမြှင့်ကာ လမ်ပူရီတိုင်းပြည်အနေဖြင့်လည်း လူများထံ ပုံမှန် ‘အပတ်စဉ်သတင်းတင်ပြချက်’မှတဆင့် မူဝါဒအသစ်များကို ကြေငြာ၍ရသည်။ ၎င်းမှာ တရားဝင် စာတမ်းများထုတ်ဝေ၍ မြို့စားအိမ်တော်အသီးသီးအား ပြည်သူများထံ ကြေငြာခိုင်းခြင်းထက် များစွာပိုမို သက်ရောက်မှုရှိသည်။
စတေးလ် မထွက်သွားခင် ပြောခဲ့သည့်စကားအရ New Moon ကုန်သည်ကြီးများအသင်း ထည့်သွင်းပေးထားသည့် မှော်ပုံရိပ်ယောင်ပရိုဂျက်တာများမှာ ၎င်းတို့၏ အံ့ဩဖွယ် အသုံးဝင်ပုံများကို ပြသနေသောကြောင့် လမ်ပူရီတိုင်းပြည်သာမက အခြားနိုင်ငံများစွာကပါ New Moon ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းရေးကို ဆွေးနွေးချင်လာကြသည်ပင်။
အင်ပါယာနှစ်ခုကပင် New Moon ကုန်သည်ကြီးများအသင်းထံ သံလွင်အကိုင်းများပို့ဆောင်ကာ အင်ပါယာနှစ်ခု၌ ရင်းနှီးမြှုပ်နှံဖို့ နွေးထွေးစွာ ကြိုဆိုနေသည်။
New Moon ကုန်သည်ကြီးများအသင်းအား နိုင်ငံများ ကြိုဆိုကြသည်မှာ ကြေငြာချက်များ လွယ်ကူအောင်ပြုလုပ်နိုင်သည့် မှော်ပုံရိပ်ယောင်ပရိုဂျက်တာများကြောင့်သာမက အရေးကြီးဆုံးအကြောင်းပြချက်မှာ ထိုနိုင်ငံများအနေဖြင့် ဘာမှလုပ်ရန် မလိုတော့သောကြောင့်ပင်။ New Moon ကုန်သည်ကြီးများအသင်းမှာ မှော်ပုံရိပ်ယောင်ပရိုဂျက်တာများအား တပ်ဆင်ပေးရာတွင် အရာအားလုံးကို တာဝန်ယူထားသဖြင့် အပိုထပ်ဆောင်း ရင်းနှီးမြှုပ်နှံမှုများလည်း မလိုအပ်ပေ။
၎င်းမှာ မှော်ပုံရိပ်ယောင်ပရိုဂျက်တာများကို ထည့်သွင်းရာ၌ လိုအပ်သည့် အသုံးစရိတ်ကြီးကို ဘေးဖယ်လိုက်လျှင်ပင် မြို့တစ်မြို့စီ၌ မှော်ပုံရိပ်ယောင်ပရိုဂျက်တာများကို စီမံခန့်ခွဲပြီး လည်ပတ်ရန်အတွက် ငွေမြောက်များစွာလိုအပ်သောကြောင့် လူများက ၎င်းကို ရူးနှမ်းသည်ဟု ထင်ကြသည်။
New Moon ကုန်သည်ကြီးများအသင်းအနေဖြင့် ထိုသို့လုပ်သည်မှာ ငွေများကို လွှင့်ပစ်နေသည်နှင့်ပင် တူသေး၏။
တချို့လူများမှာ Frestech ကုန်သည်ကြီးများအသင်းက New Moon ကုန်သည်ကြီးများအသင်းကို ထောက်ပံ့ထားသည်ဟုပင် ထင်ကြသည်၊ မဟုတ်ပါက New Moon ကုန်သည်ကြီးများအသင်းအတွက် ထိုမျှအထိ တစ်ဦးတည်းရင်းနှီးမြှုပ်နှံဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။
New Moon ကုန်သည်ကြီးများအသင်း ကြီးမားလာသည်နှင့်အမျှ Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်း၏ အောက်ခြေမဲ့ တွင်းထဲသို့ ငွေများပိုမို ပစ်ထည့်ပေးဖို့သာ တတ်နိုင်သည်။
သို့သော် အခြားနည်းလမ်းမရှိပေ။ မည်သူကမှ New Moon ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ သခင်မစတေးလ်အား Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌရှု၏ အချစ်ရဆုံးဇနီးဖြစ်ဖို့ ပြောခဲ့သည်မဟုတ်ပေ။
သို့သော်လည်း ရှုယီမှာ ထိုလူအားလုံး မှားယွင်းနေကြောင်းသေချာသိပါ၏။
ရင်းနှီးမြှုပ်နှံရာတွင် New Moon ကုန်သည်ကြီးများအသင်းမှာ ငွေများဆုံးရှုံးမှု မရှိရုံသာမကဘဲ ငွေပေါင်းများစွာပင် ရရှိသေးသည်။
လူအများစုအတွက် ကုမ္ပဏီတစ်ခု၏ ငွေဝင်ခြင်းနည်းလမ်းမှာ ထုတ်ကုန်များရောင်းချခြင်းမှ အကျိုးအမြတ်များရရုံဟုသာ ထင်ကြ၏။
New Moon ကုန်သည်ကြီးများအသင်း၏ လူအင်အားသာ ရင်းနှီးမြှုပ်နှံပြီး မည်သည့်ဝင်ငွေမှမရသော နည်းလမ်းအတွက် ၎င်းက ငွေများကို မီးရှို့နေသည်ဟု ထင်စေနိုင်သည်။
သို့သော်လည်း New Moon ကုန်သည်ကြီးများအသင်းက ထုတ်ကုန်များကို ရောင်းချပြီး ၎င်းက မှော်ပုံရိပ်ယောင်ရုပ်ရှင်မျိုးစုံဖြစ်ကြောင်း ၎င်းတို့ မသိကြပေ။
New Moon ကုန်သည်ကြီးများအသင်းမှ မှော်ပုံရိပ်ယောင်ရုပ်ရှင်များ ထုတ်လုပ်လာသည်နှင့် အမျှ ၎င်းတို့၏ ဝင်ငွေကလည်း ထုတ်လုပ်ရေးကုန်ကျစရိတ်နှင့်အညီ ဆက်တိုက် တိုးလာသည်။
စတေးလ်၏ အပြောအရ လွန်ခဲ့သည့်နှစ်အတွင်း New Moon ကုန်သည်ကြီးများအသင်း၏ ၎င်းထံမှ ရရှိသော ဝင်ငွေမှာ ရွှေဒင်္ဂါး ၇သိန်းကိုကျော်သွားပြီဖြစ်သည်။
ဤအရေအတွက် ကြီးမားလှပုံမရသော်လည်း ၎င်းထံမှ ဝင်ငွေက အင်မတန်တည်ငြိမ်လှ၏။ ထို့အပြင် မှော်ပုံရိပ်ယောင်ပရိုဂျက်တာများ ပို၍ ကျော်ကြားလာသည်နှင့်အမျှ ၎င်းတို့၏ အလားအလာများကလည်း ပိုမိုကောင်းမွန်လာကာ ဝင်ငွေရင်းမြစ်ကောင်းတစ်ခု ဖြစ်လာစေ၏။
ထို့အပြင် ၎င်းမှာ New Moon ကုန်သည်ကြီးများအသင်း ဝင်ငွေ၏ အစိတ်အပိုင်းလေးတစ်ခုမျှသာဖြစ်သည်။ တကယ်တမ်း လွန်ခဲ့သည့်နှစ်အတွင်း New Moon ကုန်သည်ကြီးများအသင်း၏ ဝင်ငွေအားလုံးမှာ စုစုပေါင်း ရွှေဒင်္ဂါး ၈သန်းနှင့် ၇သိန်းအထိ ရှိခဲ့၏။
၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ မနှစ်က ကြောက်မက်ဖွယ် အမြန်ငွေ သန်း ၁၄၀ကို ယှဉ်နိုင်ရန် ဝေးလွန်းလှသေးသော်လည်း ၎င်းကို မည်သို့ကြည့်ကြည့် စီးပွားရေးဆုံးရှုံးနေသည်ဟု မပြောနိုင်ပါချေ။
ထို ရွှေဒင်္ဂါး၈သန်း ၇သိန်းအကြားတွင် အကြီးမားဆုံး အမြတ်ဝင်ငွေမှာ ကြော်ငြာခဖြစ်၏။
မှန်ပါ၏၊ ၎င်းမှာ ကြော်ငြာခြင်းပင်။
New Moon ကုန်သည်ကြီးများအသင်း၏ အကြီးစား မှော်ပုံရိပ်ယောင်ပရိုဂျက်တာများမှာ ညတိုင်း အချိန်မှန် ပုံရိပ်ယောင် ရုပ်ရှင်တစ်ခုကို ထုတ်လွှင့်ရမည်ဖြစ်သော်လည်း ၎င်းအပြင် မတူညီသည့် ကြော်ငြာများကို ဆက်တိုက်ပြသရသေးသည်။
ဤ ကြော်ငြာများမှာ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ သို့မဟုတ် တစ်ဦးချင်းသီးသန့် တို့၏ တောင်းဆိုမှုများကြောင့် ထုတ်လုပ်ထားသော ရုပ်ရှင်အတိုလေးများဖြစ်သည်။ ၎င်းမှာ ကြည့်ရှုရ စိတ်ဝင်စားဖွယ်ကောင်းလွန်းသောကြောင့် ကြော်ငြာသက်ရောက်မှုမှာ အတော်ကောင်းလှသည်။
New Moon ကုန်သည်ကြီးများအသင်းမှာ ထို ကြော်ငြာဝန်ဆောင်မှုကို ချပြခဲ့စဉ်က ရှုယီတစိဦးတည်းသာ Frestech ကုန်သည်ကြီးများအသင်းအတွက် New Moon ကုန်သည်ကြီးများအသင်းထံမှ ကြော်ငြာများစွာကို တောင်းဆိုခဲ့သည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များကို ကြော်ငြာပေးရန် New Moon ကုန်သည်ကြီးများအသင်းထံ ရွှေဒင်္ဂါး ၃သိန်း ပေးချေခဲ့၏။
အခြား ကုမ္ပဏီများက ထိုကြော်ငြာမှု၏ ကြီးမားသော သက်ရောက်မှုကို မြင်သော် အားလုံး လိုက်လုပ်ကြတော့သည်။
New Moon ကုန်သည်ကြီးများအသင်းမှာ ကြော်ငြာစာချုပ်ပေါင်း ၇၆ခု လက်မှတ်ထိုးထားပြီဖြစ်ပြီး နယ်ပယ်တိုင်းကို လွှမ်းမိုးထား၏။
ထိုကြော်ငြာများမှတဆင့် New Moon ကုန်သည်ကြီးများအသင်းမှာ လွန်ခဲ့သည့်နှစ်က အမြတ်ငွေ ရွှေဒင်္ဂါး ၆သန်း ၁သိန်း ၇သောင်းကို ရခဲ့၏။
ယခုတွင် စတေးလ်မှာ ထိုစာချုပ်အသစ်ကို လမ်ပူရီတိုင်းပြည်နှင့် လက်မှတ်ရေးထိုးကာ New Moon ကုန်သည်ကြီးများအသင်းမှာ မှော်ပုံရိပ်ယောင်ပရိုဂျက်တာများကို ပိုမို တပ်ဆင်တော့မည်ဖြစ်သဖြင့် ဝင်ငွေက ပို၍ပင် တိုးလာတော့မည်ဖြစ်၏။
ရှုယီမှာ New Moon ကုန်သည်ကြီးများအသင်းအနေဖြင့် စိုင်စ်နယ်မြေကြီးရှိ မြို့တစ်မြို့စီတိုင်း၌ မှော်ပုံရိပ်ယောင်ပရိုဂျက်တာကြီးတစ်ခု တပ်ဆင်ပြီးချိန်တွင် ၎င်းတို့၏ နှစ်စဉ် ကြော်ငြာခ အမြတ်နှင့်တင် ထိတ်လန့်စရာကောင်းတော့မည်ဟု ယုံကြည်သည်။
"ဖေဖေ၊ မေမေက အရမ်း လှတာပဲ!" ဖရီးယာမှာ ရုတ်တရတ် စတေးလ်အား မှော်ပုံရိပ်ယောင်ရုပ်ရှင်ထံကြည့်ရင်း ချီးမွမ်းလိုက်သည်။
ရှုယီလည်း ရယ်မော၍ သူမအား ခေါင်းပုတ်ပေးလိုက်၏၊ "ဒါပေါ့ သူက သမီးရဲ့မေမေပဲလေ။ ဒါပေမယ့် ဖရီးယာလည်း မဆိုးပါဘူး၊ သမီးလည်း အရမ်းကို လှပါတယ်"
ဖရီးယာမှာ သူမ၏ ခေါင်းကို အပြင်းအထန်ခါယမ်းလိုက်၏၊ "ဟင့်အင်း ဖေဖေ၊ သမီးက အခုကြည့်ကောင်းနေရုံပဲ မလှပါဘူး"
ရှုယီက အံ့ဩသွားကာ၊ "ဘာလို့ သမီးက ကြည့်ကောင်းပြီး မလှဘူးလို့ပြောတာလဲ? အတူတူပဲ မဟုတ်ဘူးလား နှစ်ခုစလုံး?"
"မတူပါဘူး" ဖရီးယာမှာ တစ်ဖန် ခေါင်းခါလိုက်ပြန်၏။ သူမ ခေါင်းခါလိုက်စဉ်တွင် လေထဲ၌ အညိုရင့်ရင့်ဆံချည်မျှင်များက ကခုန်နေပြီး သူမအား ပို၍ပင် တောက်ပနေစေသည်။
သူမဟာ ၁၄နှစ်ရှိပြီဖြစ်ပြီး ယခင်နှစ်က အရွယ်ရောက်ပြီး,ပြီဖြစ်ရာ ကြီးကောင်ပေါက်ဖြစ်နေပြီဖြစ်သည်။
စတေးလ်ထံမှ ဆက်ခံထားသော ဗီဇများကြောင့် ဖရီးယာအား မည်သည့်ရှုထောင့်မှ မဆို အလှလေးဟု ယူဆနိုင်ပြီး လမ်းလျှောက်သွားချိန်တွင် အားလုံးသမင်လည်ပြန်ကြည့်လာအောင် လုပ်နိုင်သည်။
သို့သော်လည်း သူမက ကြည့်ကောင်းရုံသာဖြစ်ပြီး မလှပဟုပြောနေခြင်းက တကယ်ကို ထူးဆန်းပါ၏။
"ဒါဆို ပြောပါဦး ဘာကွာနေလို့လဲ?" ရှုယီက အနည်းငယ် ရယ်ချင်သွားရင်း ပြန်မေးလိုက်၏။
"အင်း...." ဖရီးယာက ခေါင်းလေးစောင်း၍ စဉ်းစားကာ၊ "မေမေ လှတာကကျတော့.... သူမက အရည်အချင်းတွေရှိလို့လေ။ အင်း အားလုံးက အရည်အချင်းတွေပဲ။ ဖေဖေ ကြည့်လိုက်၊ မေမေက တစ်ချက်ကြည့်ရုံနဲ့တင် ယုံကြည်ချက်ရှိပြီး ဆွဲဆောင်မှုရှိတဲ့ပုံပေါ်တာမို့လို့ လူတွေကလည်း သေချာပေါက် ဘာမှ မတတ်နိုင်တော့ဘဲ သူမပြောတာကို နားထောင်ရတာလို့ မထင်ဘူးလား?"
"ဒီလိုများလား?" ရှုယီ မှော်ပုံရိပ်ယောင်ရုပ်ရှင်ထဲမှ စတေးလ်ကိုပြည့်ပြီး မည်သည်မှ ထူးခြားနေသည်ကို မတွေ့ရပေ။
သူနှင့် စတေးလ်မှာ နှစ်ကြာသည့် လင်မယားဖြစ်နေသောကြောင့် တစ်ဦးကိုတစ်ဦး မည်သူထက်မဆို ပိုရင်းနှီးသောကြောင့် မည်သည့်ထူးထူးခြားခြားမှ မခံစားမိတော့ခြင်းလည်း ဖြစ်နိုင်သည်။
ဖရီးယာမှာ အမြင်ရှိသော မိန်းကလေးဖြစ်လာသောကြောင့် ဤကိစ္စ၌ အထိမခံဖြစ်နေခြင်း ဖြစ်နိုင်၏။
"ဘာလို့လဲဆိုတာ နားလည်ပြီ!" ဖရီးယာမှာ ရုတ်တရတ် လက်ခုပ်ထတီး၍ နားလည်ပုံပြလာ၏၊ "ဖေဖေ၊ မေမေ ဒီလိုလှနေတာက... အိုး မေမေ့ကို ဒီလို ဖြစ်အောင် လုပ်ပေးနေတာက သူမက ဥက္ကဌဖြစ်နေတာကြောင့်ပဲ! ဒီတော့ ဖေဖေ၊ သမီးလည်း ဥက္ကဌ ဖြစ်လာချင်တယ်!"
"အာ?" ရှုယီမှာ ဖရီးယာကို သူမခေါင်းထဲ၌ ဘာရှိနေမှန်း နားမလည်နိုင်တော့ဟန်ဖြင့် ကြည့်လိုက်မိ၏၊ "ဘာလို့ ရုတ်တရတ်ကြီး ဒီလိုတွေးရတာလဲ?"
"ဘာလို့လဲဆိုတော့ သမီး ငယ်ငယ်တည်းက ဥက္ကဌဖြစ်ချင်ခဲ့တာမို့လို့လေ" ဖရီးယာမှာ သဘာဝကျကျပင် ပြောလာသည်၊ "ဖေဖေ၊ ဖေဖေက သမီးငယ်ငယ်တည်းက သတ်မှတ်ထားတာကို သမီး ခံစားမိပါတယ်၊ အခု မေမေ့ကို ဒီလိုမြင်ရတော့ သမီးလည်း ဥက္ကဌဖြစ်ချင်တယ်လို့ ဆုံးဖြတ်လိုက်ပြီ! ဖေဖေပဲ သမီး အရွယ်ရောက်လာရင် ဘာဖြစ်ချင်လဲလို့ မေးဖူးတယ် မဟုတ်ဘူးလား? အခု ဆုံးဖြတ်ပြီးပြီ! သမီး ဖေဖေ့လို အောင်မြင်ချင်တယ်၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌဖြစ်လာချင်တယ်!"
ရှုယီ၏ အမူအရာက ပို၍ပင် ထူးဆန်းလာ၏။
သူဟာ ယခင်က ဖရီးယာကို ထိုအကြောင်း အကြိမ်များစွာ မေးခဲ့ပြီး သူမဟာ အချိန်တိုင်း မတူညီသည့် အဖြေကို ပေးခဲ့သည်သာ။
သို့သော်လည်း သူ ယနေ့၌ မမေးဘဲ ဖရီးယာက ထိုသို့သော အဖြေမျိုး ရုတ်တရတ်ဖြေလာခဲ့သည်။
သူ့အနေနှင့် ၎င်းက သူမ ဒီတိုင်းတွေးမိသည့်အရာမဟုတ်ဟု မျှော်လင့်မိပါ၏....
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၆၂။ အလုပ်အတွေ့အကြုံ
သာမန် အိမ်ထောင်စု တစ်စုအတွက်ပင် ၎င်းတို့၏ နည်းပါးသော မိသားစုပိုင်ဆိုင်မှုအတွက် တာဝန်ထမ်းဆောင်ရန် ထူးချွန်သူကို ပျိုးထောင်ဖို့ လိုအပ်လိမ့်မည်။
စိုင်စ်နယ်မြေကြီး၌ ပထမတန်း ကုမ္ပဏီဖြစ်လာခဲ့ပြီး ပိုင်ဆိုင်မှု ကုဋေချီရှိကာ နှစ်စဉ် အမြတ်အစွန်း သန်းရာချီရှိသည့် Frestech ကုန်သည်ကြီးများအသင်းအတွက် ခေါင်းဆောင်တစ်ဦးမှာ အရေးအကြီးဆုံးဖြစ်ပြီး ဆက်ခံသူတစ်ဦးကို သတ်မှတ်ခြင်းကလည်း အရေးပါသည်။
ထို့ကြောင့် ရှုယီမှာ အသက် ၄၀သာ ရှိသေးပြီး မည်သည့် မတော်တဆမှမဖြစ်ဘဲ ဆယ်စုနှစ်များစွာ နေနိုင်ပါလျှင်တောင် သူ၏ ဆက်ခံသူ ခေါင်းစဉ်ကို Frestech ကုန်သည်ကြီးများအသင်း၌ ထုတ်ပြောနေကြဆဲပင်။
ဤသည်က ကမ္ဘာမြေကြီး၌ဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းလို ကုမ္ပဏီတစ်ခုရှိလျှင် ဆက်ခံသူအား အတွင်းပိုင်းမှ လေ့ကျင့်ပေးပြီး ၎င်းတို့၏ အရည်အချင်းအလိုက် ဆုံးဖြတ်မည်ဖြစ်သည်။
သို့သော် စိုင်စ်နယ်မြေကြီးရှိ ဤ မြေရှင်ပဒေသရာဇ်အသိုင်းအဝိုင်းတွင် ရှုယီ၏ နေရာကို ယူမည့်လူမှာ အခြားလူများ၏ အမြင်တွင် သဘာဝကျကျပင် သူ၏ ကလေးဖြစ်သည်။
စိုင်စ်နယ်မြေကြီး၌ ကမ္ဘာမြေကြီးကကဲ့သို့ အမျိုးသမီးများကို ဆန့်ကျင်သည့် တူညီသော ဘက်လိုက်မှုမျိုးမရှိသလို ရှုယီမှာ ဖရီးယာအား မွေးပြီးကတည်း သူ၏ ဆက်ခံသူအဖြစ် သတ်မှတ်ထားခဲ့ရာ လူတိုင်းမှာ ဖရီးယာက Frestech ကုန်သည်ကြီးများအသင်း၏ ဆက်ခံသူဖြစ်လာမည်ဟု တွေးထားကြသည်။
သို့သော် ရှုယီမှာ သူမက သူ၏မိသားစုပိုင်ဆိုင်မှုများကို ဆက်ခံမည့်သူဖြစ်လာမည်ဖြစ်သော်လည်း သူမအား Frestech ကုန်သည်ကြီးများအသင်း၏ ဆက်ခံသူအဖြစ် ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် ရှုယီမှာ အမြဲတမ်း မိသားစုပိုင်ဆိုင်မှုက သူ၏ ကိုယ်ပိုင်ဖြစ်ပြီး သူ့အနေနှင့် ဆက်ခံသူကို ဆုံးဖြတ်ရန် ပြဿနာမရှိဟု ခံစားရသောကြောင့်ပင်။
သို့သော် Frestech ကုန်သည်ကြီးများအသင်းကမူ ခြားနားပါ၏။
Frestech ကုန်သည်ကြီးများအသင်းမှာ ယခုတွင် ဤမျှ ကြီးမားနေပြီဖြစ်ရာ ရှုယီ တစ်ဦးတည်း၏ ကိစ္စသာ မဟုတ်ပေ။ ၎င်းက အရာများစွာနှင့် ဆက်စပ်နေပြီး နိုင်ငံပေါင်းများစွာအတွက် များစွာသော အရေးကြီးကိစ္စများကို ဆုံးဖြတ်ရသည်။
Frestech ကုန်သည်ကြီးများအသင်းမှာ ထိုမျှ အရေးပါနေကတည်းက ခေါင်းဆောင်ဖြစ်သူမှာ Frestech ကုန်သည်ကြီးများအသင်းအား လမ်းကြောင်းမှန်ကို ဦးဆောင်ရန် အရည်အချင်းများ အလုံအလောက် ရှိရပေမည်။
ဖရီးယာမှာ ၎င်းကို ဆက်ခံရန် အခွင့်အရေးရှိသော်လည်း ရှုယီအနေဖြင့် သူမထံ၌ ထိုသို့လုပ်ဆောင်ရန် အရည်အချင်းများ ရှိမရှိကို မသေချာပါချေ။
ထို့အပြင် ရှုယီအနေဖြင့် သူ၏ ကလေးအား သူကိုယ်တိုင်ပြင်ထားသည့်လမ်းကို လိုက်လျှောက်ဖို့ ဘယ်တုန်းကမှ မလိုချင်ခဲ့ဘဲ သူဟာ သူ၏ သမီးဖြစ်သူအား သူမ၏ ကိုယ်ပိုင်လမ်းကိုသာ ရွေးချယ်စေချင်ခဲ့သည်။
ထို့ကြောင့် သူဟာ ဖရီးယာကို ပညာသင်ပေးခြင်းနှင့် ပတ်သက်လာလျှင် မည်သည့်အားစိုက်ထုတ်မှုမှ မလုပ်ခဲ့သော်လည်း သူမသင်ချင်သည်ကို အမြဲသင့်ခွင့်ပြုပြီး စီးပွားရေးစီမံခန့်ခွဲမှုဖြစ်စေ ကုမ္ပဏီတစ်ခုအား လည်ပတ်ရန်လိုအပ်သည့် တစ်ခုခုကိုဖြစ်စေ ဘယ်တုန်းမှ တွန်းအားပေးပြီး မသင်ယူစေခဲ့ပေ။
စတေးလ်မှာ ရှုယီ ထိုသို့လုပ်ခြင်းအား အတန်ငယ်ဆန့်ကျင်ပါသော်လည်း ရှုယီက မလှုပ်ရှားပေ။ သူဟာ ဖရီးယာ လုပ်လိုသည့် အရာကို လုပ်ခွင့်ပေးသဖြင့် သူမဟာ မလုပ်နိုင်သည့်အရာဟူ၍ မရှိပါချေ။
ဤပညာသင်ကြားပုံကြောင့် ဖရီးယာမှာ အခြားကလေးများစွာကဲ့သို့ ဖြစ်လာကာ မတူညီသည့် အရာများစွာကို စိတ်ဝင်စားပြီး ၎င်းတို့ကို သင်ယူခဲ့၏။ သို့သော်လည်း သူမ ဆက်တိုက် လုပ်ဆောင်နေခဲ့သော အရာမှာ မှော်ပညာအားလေ့လာခြင်းပင်။
မှန်ပေသည်၊ ဖရီးယာမှာ မှော်ပညာ၌ ပါရမီပါပြီး ရှုယီ ဖန်တီးထားသည့် အချက်အလက်စိစစ်ရေးနည်းလမ်းသစ်ကိုပါ ပေါင်းထည့်လိုက်လျှင် ဖရီးယာ၏ မှော်ပညာလေ့လာနိုင်သော အရည်အချင်းမှာ အခြားမှော်ပညာရှင်များ အားလုံးကို ကျော်လွန်နေပါ၏။ သူမဟာ အသက် ၁၄နှစ်သာရှိသေးပြီး ဆဌမအဆင့် မှော်ပညာရှင်ဖြစ်နေလေရာ အင်မတန် အံ့အားသင့်ဖွယ်ဟု ယူဆနိုင်ပေသည်။
သို့သော် မှော်ပညာမှလွဲ၍ ဖရီးယာ၏ စိတ်ဝင်စားမှုများမှာ ကြာရှည်မခံခဲ့ပေ။ ထို့ကြောင့် သူမဟာ အရွယ်ရောက်လာပြီးနောက်တွင် ဥက္ကဌဖြစ်လာချင်သည်ဟု ရှုယီကို ထုတ်ပြောလာစဉ်၌ ရှုယီမှာ ထိုမျှ ဂရုမထားဘဲ သူမအနေဖြင့် စတေးလ်ကို မြင်ပြီးနောက် ရုတ်တရတ် အာသီသဖြစ်လာရုံဟုသာ ခံစားမိသည်။
သို့သော် အချက်အလက်များက ရှုယီအနေဖြင့် ဖရီးယာ၏ ဆုံးဖြတ်ချက်အပေါ် မှားယွင်းကြောင်း သက်သေပြနေသည်။
‘ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်လာချင်ကြောင်း ကြေငြာပြီးနောက် ’ ဖရီးယာမှာ မိမိကိုယ်ကို ယခင်က လေ့လာဖို့ သဘောမတွေ့ခဲ့ဖူးသော ကုမ္ပဏီ စီမံခန့်ခွဲရေးအကြောင်း ခေါင်းစဉ်အမျိုးမျိုးကို လေ့လာရာ၌ နစ်မြုပ်ထားတော့သည်။ သူမဟာ ထိုပျင်းရိဖွယ်အချက်အလက်ပမာဏများစွာနှင့် ရင်ဆိုင်ရချိန်၌ စိတ်အားထက်သန်နေပြီး လုံးဝ စိတ်မရှည်ပုံမပေါ်နေပေ။
သူမဟာ ၃လလောက် ထိုသို့ အရှုံးမပေးဘဲ နေလာသည်ကို မြင်သော် ရှုယီမှာ သူမအနေဖြင့် ဤတစ်ကြိမ်၌ အလေးအနက်ဖြစ်ကြောင်း သေချာသွားသည်။
ဖရီးယာမှာ အလေးအနက်ဖြစ်နေကတည်းက ရှုယီအနေဖြင့် ဟာသအဖြစ် ရှုမြင်နေသည့် အတွေးများကို ဘေးချိတ်၍ သူမအတွက် အလေးအနက် အစီစဉ် စတင်ရေးဆွဲတော့သည်။
သီအိုရီများကို ၃လတာလေ့လာပြီးနောက် ရှုယီမှာ ဖရီးယာကို ရည်ရွယ်ချက်တစ်ခုပေးလိုက်သည်။ သူဟာ သူမအား အရွယ်မရောက်ခင်တွင် Frestech ကုန်သည်ကြီးများအသင်း၏ ဖွဲ့စည်းမှုအကြောင်းကို လေ့လာစေလိုသည်၊ ထို့ကြောင့် သူဟာ သူမအား Frestech ကုန်သည်ကြီးများအသင်းလက်အောက်ရှိ အလုပ်မျိုးစုံကို တွေ့ကြုံစေချင်ပါ၏။
အခြားနည်းဖြင့်ပြောရလျှင် သူမက Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ဖြစ်လာချင်ကတည်းက သူမအနေဖြင့် Frestech ကုန်သည်ကြီးများအသင်းကို နားလည်ဖို့လိုအပ်သည်။ သို့ဖြစ်ရာ... သူမအနေဖြင့် အလုပ်အတွေ့အကြုံလိုအပ်၏။
စဉ်းစားပြီးနောက် ဖရီးယာမှာ သူမ၏ ပထမဆုံးအလုပ်အတွေ့အကြုံက Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းလက်အောက်ရှိ စက်ရုံတစ်ရုံအောက်၌ ဖြစ်ရန် ဆုံးဖြတ်ခဲ့သည်! သူမဟာ ပုံမှန်တပ်ဆင်ရေးလိုင်းလုပ်သားတစ်ဦး ဖြစ်လာဖို့ စတင်တော့၏!
"ဖရီးယာ၊ သမီးလေး... တကယ်ပဲ ဒီလိုလုပ်ချင်တာ သေချာရဲ့လား?" စတေးလ်မှာ ပုံမှန်အလုပ်သမား ယူနီဖောင်းဝတ်ထားသော ဖရီးယာကို စိုးရိမ်ဟန်ဖြင့် ကြည့်လိုက်၏၊ "သမီးအနေနဲ့ အလုပ်အတွေ့အကြုံလိုချင်ရင်တောင် လုပ်သားတစ်ယောက်ဖြစ်ဖို့ မလိုဘူးလေ? သမီးအနေနဲ့ အချိန်တချို့မှာ မှော်သုတေသနဌာနကို သွားလိုက်ရင် ပိုကောင်းမယ်လို့ထင်တယ်။ ဘာပဲဖြစ်ဖြစ် သမီးလေးက သုတေသနပညာရှင် တစ်ယောက် ရှိသင့်တဲ့ အဆင့်ကို ရောက်နေပြီပဲလေ၊ ပြီးတော့လည်း နည်းပညာဆိုတာက Frestech ကုန်သည်ကြီးများအသင်းရဲ့ မဏ္ဍိုင်ပဲမို့လို့ အဲ့ကို သွားရင် ပိုကောင်းမယ်။ ရှင်ရော အဲ့လိုမထင်ဘူးလား ရှုယီ?"
စတေးလ်က သူ့အား အကူအညီတောင်းလိုဟန်ကြည့်နေသည်ကို မြင်သော် ရှုယီမှာ ပြုံးလိုက်ပြီးနောက် ခေါင်းခါပြသည်။
"ကိုယ်တို့ ဖရီးယာရဲ့ ရွေးချယ်မှုကို လေးစားပေးရမယ်၊ ဒါပေမယ့်...." ရှုယီမှာ ဖရီးယာကို ကြည့်လိုက်ပြီး အမူအရာက အင်မတန်လေးနက်လာ၏၊ "ဖရီးယာ၊ ဒါက အလုပ်အတွေ့ကြုံယူတာမို့လို့ ကစားလို့မရတာကို သတိထပ်ပေးရမယ်။ ပုံမှန် လုပ်သားတစ်ယောက်ရဲ့ အလုပ်က သမီး ထင်တာထက် အများကြီး ပိုခက်တာမို့ မပြင်ဆင်ထားရင် သေချာပေါက် ခံစားရမှာနော်"
ဖရီးယာက ရယ်မောလိုက်ပြီးနောက် ခေါင်းငြိမ့်သည်၊ "စိတ်ချပါ ဖေဖေ၊ သမီးက စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေက ဘယ်လိုဆိုတာ မြင်ချင်တယ်။ ပတ်ဝန်းကျင်က မလွယ်ကူတာကို ဝန်ခံပေမယ့် သမီး သေချာပေါက် သည်းခံနိုင်မှာပါ!"
"ကောင်းပြီလေ၊ အဲဒီ့စက်ရုံမှာ အလုပ်လုပ်နေချိန် ဖေဖေတို့ဆီကနေ ဘာ အကူအညီမှ မတောင်းဖို့ သတိထပ်ပေးရဦးမယ်။ စက်ရုံမှာ ဘာဦးစားပေး ဆက်ဆံမှုမှ ရှိမှာမဟုတ်ဘူးနော်၊ သမီးရဲ့ မေမေနဲ့ ဖေဖေက သမီးကို ငွေလည်း တစ်ပြားမှ ပေးမှာမဟုတ်ဘူး။ ဒါက သမီးအအနေနဲ့ သမီးရဲ့ ကိုယ်ပိုင်နေထိုင်စရိတ်ကို ထိန်းသိမ်းပြီး စက်ရုံကနေရမယ့် သမီးရဲ့ လစာအပေါ်မှာ မှီခိုရမယ့် အဓိပ္ပာယ်ပဲ၊ နားလည်ရဲ့လား?"
"နားလည်ပါပြီ!" ဖရီးယာမှာ ကျယ်လောင်စွာ ပြောလိုက်ရင်း မျက်နှာထက်၌ မည်သည့် ကြောက်ရွံ့မှုကိုမှ ပြမနေပေ။
ရှုယီက ခေါင်းခါလိုက်၏။
ဖရီးယာမှာ ယုံကြည်ချက်ရှိသော်လည်း သူမအနေဖြင့် ယခင်က မခံစားခဲ့ရဖူးသဖြင့် မည်သို့သော ဒုက္ခများနှင့် ကြုံတွေ့ရမည်ကို ဘယ်တော့မှ စိတ်ကူးကြည့်ဖူးမှာမဟုတ်ပေ။
အချိန်ကျလာလျှင် သူမအနေဖြင့် ၎င်းတို့အား သည်းခံနိုင်မည် သည်းမခံနိုင်မည်ကိုလည်း ရှုယီ မသေချာပေ။
"ဖရီးယာ၊ သမီးလေး..." စတေးလ်မှာ ပါးစပ်ဟလျက် စကားအချို့ပြောမည် ပြုလိုက်သော်လည်း ရှုယီကို ကြည့်လိုက်ပြီးနောက်တွင် သူမဟာ ၎င်းတို့အား ပြန်မြိုချလိုက်ပါ၏၊ "..... ကိုယ့်ကိုယ်ကို ဂရုစိုက်နော်"
ဖရီးယာမှာ ရယ်လျက် စတေးလ်၏ လက်မောင်းကို ချိတ်လိုက်၏။ သူမဟာ သူမ၏ မျက်နှာကို စတေးလ်နားကပ်ကာ ညစ်ကျယ်ကျယ်ပြုံးလျက်ဖြင့် ပြောလေသည်၊ "မေမေ၊ စိတ်ပူဖို့ မလိုပါဘူး။ သမီးက ၁၅နှစ်ပြည့်ခါနီးနေပြီ၊ ကလေးမဟုတ်တော့ပါဘူး။ ကြည့်ပါဦး သမီးက မေမေ့နီးပါးတောင် အရပ်ရှည်နေပြီကို"
စတေးလ်မှာ သူမတို့ နှစ်ဦးအား ယှဉ်ပြလာသည့် ဖရီးယာ၏ လက်ကို ပုတ်၍ ခပ်သာသာ ဆူပြောလိုက်သည်၊ "သမီး တကယ် အရွယ်ရောက်လာမှပဲ ထပ်ပြောကြတာပေါ့"
ထိုသို့ ပြောပြီးနောက် သူမဟာ သက်ပြင်းချလိုက်သည်၊ "ထားပါတော့၊ ဒါက သမီးရဲ့ ကိုယ်ပိုင်ရွေးချယ်မှုဆိုမှတော့ မေမေလည်း သမီး ဖေဖေလိုပဲ သမီးရဲ့ ဆန္ဒကို လေးစားပါ့မယ်။ သွား၊ ဒါကို တကယ်ပဲ လုပ်နိုင်တယ်ဆိုရင် သမီးက တကယ်ပဲ အမြင်ရှိတာပဲ"
စတေးလ်နှင့် ဖရီးယာတို့မှာ ခဏကြာ စကားပြောနေပြီးနောက် နောက်ဆုံးတွင် ဆန္ဒမရှိစွာ ခွဲခွာလိုက်ကြသည်။
မထွက်ခွာခင်၌ ရှုယီမှာ ခေါင်းစည်းကွင်းအသေးလေးတစ်ခုကို ထုတ်လိုက်၏။
"ဒါက အကြီးအကဲ လီဆန်းယာက သမီးအတွက် တကူးတကလုပ်ပေးထားတဲ့ မှော်ပစ္စည်းပဲ။ ဒီမှာ ပုံရိပ်ယောင် မန္တာန်ပါတာမို့လို့ သမီးရဲ့ အသွင်ပြင်ကို ပြောင်းလဲပေးနိုင်တယ်။"
"ဒါက ဒီလို စိတ်ဝင်စားစရာကောင်းတယ်ပေါ့" ဖရီးယာမှာ စူးစမ်းနေရင်း ၎င်းဖြင့် ဆံပင်ကို စည်းနှောင်လိုက်သည်။ သူမဟာ ရှုယီ၏ ညွှန်ကြားချက်အတိုင်း ၎င်းထံ၌ မှော်စွမ်းအင်ကို ထည့်သွင်းလိုက်ရာ ခပ်ဖျော့ဖျော့ အပြာရောင်အလင်းနှင့် အတူ ရှုယီနှင့် စတေးလ်တို့မှာ ဖရီးယာ၏ သွင်ပြင်က အတန်ငယ် ပြောင်းလဲသွားကြောင်း သတိထားမိလိုက်၏။
မိနစ်ဝက်ခန့်ကြာပြီးနောက် ဖရီးယာ၏ သွင်ပြင် ပြောင်းလဲမှုမှာ ရပ်တန့်သွားတော့သည်။
စတေးလ်မှာ တစ်ချက်ကြည့်၍ မနေနိုင်အောင် မျက်မှောင်ကုပ်မိသွား၏။
"ဒါက အရမ်း.... သာမန်ဆန်လွန်းမနေဘူးလား?'
၎င်းတို့ရှေ့၌ ရပ်နေသည့် ဖရီးယာထံ၌ အင်မတန် သာမန်ဆန်သော သွင်ပြင်ရှိနေသည်။ သူမအား မည်သို့ကြည့်ကြည့် သူမဟာ လူအုပ်ထဲ ပစ်ထည့်လိုက်လျှင် သာမန် မိန်းမငယ်လေးတစ်ဦးသာ ဖြစ်နေလိမ့်မည်။ သူမအနေနှင့် ပင်ကိုသွင်ပြင်၌ ရှိနေစဉ်ကကဲ့သို့ တူညီသည့် လှပမှုနှင့် ရောင်ဝါတို့ မရှိတော့ပေ။
"သာမန်ဖြစ်တာ ကောင်းပါတယ်။ သူမသာ သူမရဲ့ ပုံမှန် သွင်ပြင်နဲ့ စက်ရုံကို သွားလိုက်ရင် သူမရဲ့ အဆင့်အတန်းကို အသာထားဦး၊ အသွင်ပြင်ကတင် သူမအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်စေလိမ့်မယ်။" ရှုယီက ဆို၏။
ဖရီးယာမှာ သူမ၏ သွင်ပြင်ကို မြင်ချိန်၌ လုံးဝ ဂရုမစိုက်ပေ။ မှန်ထဲရှိ သူမ၏ မျက်နှာကို စိတ်ဝင်တစားဖြင့် ခဏတာကြည့်ရှုပြီးနောက် အမူအရာက စိတ်လှုပ်ရှားလာသည်။
သူမအနေဖြင့် ၎င်းကို အသုံးပြုချိန်၌ မည်သည်ကို ဂရုစိုက်ရမလဲကို မေးပြီးနောက် ဖရီးယာမှာ ၎င်းတို့နှစ်ဦးကို လက်ပြ နှုတ်ဆက်သွားတော့၏။
နောက် အနည်းငယ်အကြာထိ သူမဟာ လမ်ပူရီတိုင်းပြည်မှ စတန်တိုင်းနယ်မြေသို့ အလုပ်ရှာရန် ရောက်လာသည့် မိန်းမငယ်လေးအဖြစ် ပြုမူရမည်ဖြစ်သည်။ သူမဟာ Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်း လက်အောက်ရှိ စက်ရုံတစ်ရုံသို့ ရိုးရိုးတပ်ဆပ်မှု၌ အလုပ်လုပ်ရန် ဝင်ရောက်ရမည်ဖြစ်ပြီး ၃လမှ နှစ်ဝက်အထိ အလုပ်လုပ်ရမည်ပင်။
ထိုအလုပ်ကြောင့် သူမ၏ မှော်အဆင့် သို့မဟုတ် စီမံခန့်ခွဲမှုအဆင့်ကို တိုးမြှင့်ရန် မဖြစ်နိုင်သဖြင့် သူမဟာ ထိုနေရာ၌ ကာလကြာမြင့်စွာ နေ၍ မရချေ။
သို့သော် ရှုယီနှင့် ဖရီးယာတို့ နှစ်ဦးစလုံးမှာ ဤအလုပ်အတွေ့အကြုံက သူမဟာ ကြွယ်ဝသည့် ဘဝအတွေ့အကြုံကိုပေးကာ နောက်ထပ် အရွယ်ရောက်လာစေရန် ကူညီလိမ့်မည်ဟု တိတိပပ ယုံကြည်ကြ၏။
ရှုယီအား အပျော်ရွှင်စေဆုံးလုပ်ပေးသည့်အရာမှာ ၎င်းက ဖရီးယာထံမှ တောင်းဆိုမှုဖြစ်နေခြင်းပင်၊ ထို့ကြောင့် သူမဟာ ထိုကိစ္စကို အလေးအနက်စဉ်းစားထားကြောင်း မြင်နိုင်သည်။
သူမအနေဖြင့် အနာဂတ်တွင် ထိုသို့သော တူညီသည့် သဘောထား ရှိပြီး သူမကိုယ်တိုင် ဆက်တိုက် တိုးတက်စေနိုင်လျှင် သူမအနေဖြင့် Frestech ကုန်သည်ကြီးများအသင်းကို လက်လွှဲယူနိုင်ဖို့ အရည်အချင်းရှိလာမည်ဖြစ်သည်။
သို့သော် စတေးလ်အတွက် ထိုအကြောင်းနှင့်ပတ်သက်၍ မေးခွန်းပေါင်းများစွာ ရှိနေသေးပါ၏။
"ရှုယီ၊ ရှင်ဘာလို့ ဖရီးယာကို သဘောတူလိုက်တာလဲ? ရှင့်အနေနဲ့ သူရော တခြားကလေးတွေရောမှာ ပျော်ရွှင်စရာ ကလေးဘဝရှိစေဖို့ အမြဲ မျှော်လင့်နေတာမဟုတ်ဘူးလား?"
ရှုယီက ဖရီးယာထွက်ခွာသွားသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
"ဒါက ဘာလို့လဲဆိုတော့.... ခမ်နက်ဒ်က ထွက်တော့မှာလေ....."
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၆၃။ ခမ်နက်ဒ်ရဲ့ ခွဲခွာမှု
ခမ်နက်ဒ်မှာ ထွက်ခွာတော့မည်ဖြစ်သည်။
၎င်းမှာ လတ်တလော ကိစ္စမဟုတ်ဘဲ လွန်ခဲ့သည့် နှစ်အနည်းငယ်က ခမ်နက်ဒ်မှာ ရှုယီကို ထိုဖြစ်နိုင်ချေအား ပြောထားပြီးသားဖြစ်သော်လည်း ထိုအမှန်တရားက လွန်ခဲ့သည့် ၂နှစ်အတွင်း ပို၍ပို၍ စစ်မှန်လာသည်။
Frestech ကုန်သည်ကြီးများအသင်း၏ CEOအနေဖြင့် ခမ်နက်ဒ်မှာ ဤရာထူး၌ ယခုအထိ ၁၀နှစ်ကျော်ကြာ ရှိနေခဲ့သည်။
ဤ ၁၀နှစ်တာအတွင်း အဓိက ဖွံ့ဖြိုးရေးနည်းဗျူဟာများမှာ ရှုယီထံမှ လာပါသော်လည်း ကုမ္ပဏီကို လည်ပတ်ခြင်းနှင့် ပတ်သက်လာလျှင် အားလုံးကို ခမ်နက်ဒ်တစ်ဦးတည်း ထိန်းချုပ်ခဲ့သည်။
ရှုယီက Frestech ကုန်သည်ကြီးများအသင်း၏ ဝိဉာဉ်ဟု ဆိုရလျှင် ခမ်နက်ဒ်က ဦးနှောက်ဟု ပြောပါက ချဲ့ကားရာကျမည်မဟုတ်ပေ။ သူ့ထံ၌ ရှိသည့် အရေးပါမှုမှာ သိသာသည်။
ခမ်နက်ဒ်သာ Frestech ကုန်သည်ကြီးများအသင်းမှ ထွက်ခွာသွားလျှင် Frestech ကုန်သည်ကြီးများအသင်းထံအပေါ် သက်ရောက်မှုကလည်း သိသာမည်ဖြစ်၏။
ရှုယီမှာ ခမ်နက်ဒ်အား သူ အသက်ကြီးပြီး ကွယ်လွန်သည်အထိတိုင် Frestech ကုန်သည်ကြီးများအသင်းထံ၌ နေစေလိုသော်လည်း ခမ်နက်ဒ်ကမူ အမ်မာမိသားစု၏ ဆက်ခံသူဖြစ်ပြီး သူ၏ မိသားစုအတွက် တာဝန်ယူရချေမည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာ အကြာတည်းက အမ်မာမိသားစုမှာ ခမ်နက်ဒ်အား မိသားစုကို တိုးတက်အောင် ကူညီဖို့ ပြန်လာရန် တိုက်တွန်းနေပြီးသား ဖြစ်သော်လည်း ခမ်နက်ဒ်ကမူ ၎င်းကို ငြင်းဆန်ခဲ့ပါ၏။
သို့သော်လည်း လွန်ခဲ့သည့် ၂နှစ်အတွင်းတွင် ခမ်နက်ဒ်၏ ဖခင်ဖြစ်သူ ကောင့်ထ်အမ်မာမှာ ရုတ်တရတ် နာမကျန်းဖြစ်ပြီး အခြေအနေက ပို,ပိုဆိုးလာခဲ့၏။
ထို့ကြောင့် ကောင့်ထ်အမ်မာနှင့် အမ်မာမိသားစုဝင်များမှာ ခမ်နက်ဒ်အား မိသားစုကို စီမံခန့်ခွဲပြီး တာဝန်ယူစရာများကို လုပ်ဆောင်ဖို့ ပြန်လာနိုင်ရန် မျှော်လင့်နေခဲ့ကြသည်။
ထိုသို့သော တိကျသည့် အကြောင်းပြချက်ကြောင့် ခမ်နက်ဒ်မှာ မငြင်းဆန်နိုင်တော့ပေ။
ထိုအချိန်ကတည်းက ရှုယီမှာ ခမ်နက်ဒ် ထွက်ခွာပြီးနောက် ဆက်ခံသူများကို ပြင်ဆင်ထားပြီးဖြစ်ကာ ခမ်နက်ဒ်ထံရှိ အလုပ်များကို ဖြည်းဖြည်းချင်း လွှဲပြောင်းယူနေခဲ့၏။
Frestech ကုန်သည်ကြီးများအသင်းအား လွန်ခဲ့သည့် ၂နှစ်အကြာက ပြန်လည်ဖွဲ့စည်းပြီး ၎င်းတို့ လက်အောက်ရှိ ကုမ္ပဏီများကို တည်ထောင်ခိုင်းခြင်းမှာ အဓိကအားဖြင့် ၎င်းဌာနများကို အခွင့်အလမ်းများ ပိုမိုပေးလိုခြင်းကြောင့်ဖြစ်သော်လည်း ခမ်နက်ဒ်၏ ခွဲခွာမှုကလည်း အဓိက အကြောင်းအရင်းများအနက် တစ်ရပ်ဖြစ်ပေသည်။
၎င်းမှာ ရှုယီအနေဖြင့် ဖရီးယာကို ကုမ္ပဏီတစ်ခုအား မည်သို့ စီမံခန့်ခွဲရမည်ကို သင်ကြားရာ၌ ထောက်ပံ့ပေးသည့် အဓိက အကြောင်းအရင်းတော့ မဟုတ်ပါပေ။ သူ့အား ထိုသို့ ပြုလုပ်စေခဲ့သည်မှာ ဖရီးယာ၏ ကိုယ်ပိုင် ရွေးချယ်မှုကြောင့်သာ ဖြစ်ပါ၏။
သို့သော် ခမ်နက်ဒ် ထွက်ခွာမည်မှာ အမှန်ဖြစ်ပြီး ရှုယီကို အမြဲ ဒုက္ခဖြစ်စေသည့် အရာပင်။
လွန်ခဲ့သည့် နှစ်များစွာ အကြာက ရှုယီမှာ ခမ်နက်ဒ်နေရာအတွက် အစားထိုးများကို စတင်ရှာဖွေ၍ အချို့ကို လေ့ကျင့်ပေးဖို့ ကြိုးစားခဲ့ပြီးဖြစ်သည်။
သို့သော်လည်း ခမ်နက်ဒ်မှာ ထူးချွန်ရုံသာမက သူ့ထံ၌ရှိသည့် ရာထူးမှာ ထိုစဉ်ကမှ ပထမဆုံးအနေဖြင့် စိုင်စ်နယ်မြေကြီး၌ ပေါ်ထွက်ခဲ့သော အရာဖြစ်သည်။ သူမှလွဲလျှင် ထို ရာထူးမျိုးကို ယူနိုင်သူမရှိသဖြင့် သူ့နေရာ၌ ဆက်ခံမည့်လူကို ရှာဖို့က ခက်ခဲပါ၏။
ရှုယီ၏ လက်ရှိ အစီစဉ်မှာ Frestech ကုန်သည်ကြီးများအသင်းလက်အောက်ရှိ ကုမ္ပဏီများထံမှ စီမံခန့်ခွဲရေးအတွက် လူအချို့ကို လေ့ကျင့်ပေးပြီး ရွေးချယ်ရန်ဖြစ်သည်။
ဖရီးယာအတွက်မူ.... သူမ၏ အတွေးက ကောင်းမွန်ပြီး အလုပ်ကြိုးစားရန် ဆန္ဒရှိသော်လည်း ထိုသို့သော ကုမ္ပဏီကြီးတစ်ခုကို တာဝန်ယူနိုင်ရန် ဝေးလွန်းသေးသည်။
…..
တစ်လတာက မျက်တောင်တစ်ခတ်အတွင်းမှာပင် ကုန်လွန်သွားကာ တစ်ဖန် မျက်စိကျိန်းလောက်စရာ နွေရာသီ၏ ပထမဆုံးလသို့ ရောက်လာ၏။
နှစ်တိုင်း ဤအချိန်တွင် ယခုက အိမ်သုံးမှော်စက်ကုမ္ပဏီများအတွက် အလုပ်အများဆုံးအချိန်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် နွေရာသီသို့ ရောက်လာချိန်တွင် လူများ၏ အိမ်သုံးမှော်စက် ဝယ်လိုအားက များစွာ မြင့်တက်လာခြင်းကြောင့်ပင်။ အထူးသဖြင့် ထိုအိမ်သုံးမှော်စက်များမှာ ၎င်းတို့အား ဤနွေအပူကို တိုက်ခိုက်ရာ၌ ကူညီပေးနိုင်သည်။
နှစ်တိုင်း ဤအချိန်တွင် အိမ်သုံးမှော်စက် ကုမ္ပဏီအမျိုးမျိုးတို့မှာ ၎င်းတို့၏ ထုတ်ကုန်များကို ရောင်းချရန် လုပ်နိုင်သမျှ အကုန်လုပ်ကြလိမ့်မည်။
အတိတ်က ကြော်ငြာခြင်းမှာ လက်ကမ်းစာစောင်များ ဝေ၍ လူများအား ဟိုပြေးသည်ပြေးဖြင့်သာ ကြော်ငြာခိုင်းပြီး အခြားနည်းလမ်းများမှာ သက်ရောက်မှုမရှိသလို အကုန်အကျလည်းများလှသည်။
သတင်းစာများ နိုင်ငံတစ်နိုင်ငံစီ၌ ပေါ်ထွက်လာချိန်တွင် ကုမ္ပဏီအားလုံးမှာ သတင်းစာများမှတဆင့် ကြော်ငြာဖို့ သင်ယူခဲ့ကြသည်။
လွန်ခဲ့သည့် ၂နှစ်အတွင်းတွင်မူ New Moon ကုန်သည်ကြီးများအသင်းက အဓိက မြို့တော် တစ်ခုစီတိုင်း၌ အကြီးစား မှော်ပုံရိပ်ယောင် ပရိုဂျက်တာများကို ထည့်သွင်းပေးလာရာ ကုမ္ပဏီအားလုံးမှာ New Moon ကုန်သည်ကြီးများအသင်း ပြဌာန်းထားသည့် ပုံရိပ်ယောင်ရုပ်ရှင်များ အသုံးပြု၍ ကြေငြာခြင်းနည်းလမ်းကို လက်ခံလာကြ၏။
ယခင်နှစ်များနှင့် ယှဉ်လျှင် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိသရွေ့ ၎င်းတို့၏ ကြော်ငြာများမှာ အဆပေါင်းမရေတွက်နိုင်အောင် ဖြစ်လာလိမ့်မည်။
ထို့ကြောင့် နှစ်စဉ် နွေရာသီရောက်လာချိန်တွင် ကုမ္ပဏီများအနေဖြင့် ကြော်ငြာနှင့် ပတ်သက်၍ မကြာခဏ တိုက်ခိုက်လာရလိမ့်မည်။
ဆင်တူစွာ ထိုအချိန်ရောက်လာပါက အခြားကုမ္ပဏီများအားလုံး Frestech ကုန်သည်ကြီးများအသင်းကို မနာလိုလာလိမ့်မည်။
အကြောင်းအရင်းမှာ အင်မတန်ရိုးရှင်းပါ၏၊ ၎င်းတို့အနေဖြင့် New Moon ကုန်သည်ကြီးများအသင်း တပ်ဆင်ထားသည့် မှော်ပုံရိပ်ယောင်ပရိုဂျက်တာများနှင့် သတင်းစာ မျိုးစုံတို့၌ ကြေငြာဖို့ ငွေများစွာကို သုံးစွဲနေရချိန်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ မည်သည်မှ လုပ်စရာမလိုနေပေ။ ၎င်းတို့အနေဖြင့် ငွေပင် သုံးဖို့မလိုဘဲ ၎င်းတို့ထက် ပိုကောင်းကောင်း ကြေငြာရလိမ့်မည်။
သတင်းစာ မျိုးစုံက Frestech ကုန်သည်ကြီးများအသင်းအကြောင်း သတင်းကို ရေးနေခဲ့ကြပြီး မှော်ပုံရိပ်ယောင်ပရိုဂျက်တာများကလည်း ထိုနည်းတူဖြစ်လိမ့်မည်မဟုတ်ပါလား?
New Moon ကုန်သည်ကြီးများအသင်းက Frestech ကုန်သည်ကြီးများအသင်းနဲ့ တစ်မိသားစုတည်း ဖြစ်နေတာကို မမေ့နဲ့ဦး၊ မှော်ပုံရိပ်ယောင်ပရိုဂျက်တာတွေကိုတောင် Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ်ပေးထားတာမို့လို့ သဘာဝကျကျနဲ့ပဲ သူတို့အနေနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ကြေငြာပေးရမှာလေ။
ဒီလို ကြော်ငြာပေးပုံမျိုးနဲ့ဆို ဘယ်ကုမ္ပဏီကများ ယှဉ်နိုင်ဦးမှာလဲ?
သို့သော်လည်း ၎င်းတို့အနေဖြင့် အားကျလျှင်ပင် အသုံးမဝင်ပေ။ မှော်စက်ကုမ္ပဏီများအကြား၌ Frestech ကုန်သည်ကြီးများအသင်းမှာ အခြား ကုမ္ပဏီတိုင်း မျှော်မှန်းထားရသည့် ပန်းတိုင်ဖြစ်ပြီး မည်သည့် ကုမ္ပဏီကမှ အချိန်တိုအတွင်း လိုက်မှီဖို့ မျှော်လင့်မထားကြပါချေ။
ထို့ကြောင့် ဤနှစ် ကြော်ငြာခြင်းပြိုင်ပွဲမှာ ယခင်နှစ်ကနှင့် မခြားပေ။ ကုမ္ပဏီအားလုံးက ၎င်းတို့၏ ပြိုင်ဘက်များအား သတ်မှတ်ထားကြသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အနေအထားကို မည်သူကမှ စိန်ခေါ်ဖို့ မဝံ့ရဲကြပါပေ။
သို့သော် ဇွန်လကုန်ပိုင်း၌ အခြားကုမ္ပဏီများကို အခက်အခဲဖြစ်စေသည့် သတင်းတစ်စက ရုတ်တရတ် ထွက်လာ၏။
Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိ CEO, ၁၄နှစ်ကြာ ထိုနေရာကို ယူထားသည့် ခမ်နက်ဒ်မှာ ကုမ္ပဏီမှ ထွက်ခွာတော့မည်ဟုပင်!
ထိုသတင်းက Frestech ကုန်သည်ကြီးများအသင်းနှင့် အရင်းနှီးဆုံးဖြစ်သလို လူအများစုက Frestech ကုန်သည်ကြီးများအသင်း၏ တရားဝင်သတင်းစာဟု ယူဆသော ဘန်တာတိုင်းမ်စ်၌ ပေါ်ထွက်လာခဲ့ခြင်းကြောင့်သာ မဟုတ်ပါလျှင် မည်သူကမှ ၎င်းကို ယုံမည်မဟုတ်ပေ။
ခမ်နက်ဒ်က ဘယ်သူမို့လို့လဲ? Frestech ကုန်သည်ကြီးများအသင်းရဲ့ CEOလေ!
ရှုယီအပြင် ခမ်နက်ဒ်အား Frestech ကုန်သည်ကြီးများအသင်း၌ အဆင့်အမြင့်ဆုံး၌ အရေးအပါဆုံး ပုဂ္ဂိုလ်အဖြစ် ယူဆနိုင်၏။
ယခုတွင် သူဟာ ရုတ်တရတ် Frestech ကုန်သည်ကြီးများအသင်းမှ ထွက်ခွာတော့မည်ဖြစ်ရာ ၎င်းတို့အနေဖြင့် ဤဖြစ်ရပ်က ၎င်းတို့အပေါ် မည်မျှ ပြင်းပြင်းထန်ထန် ရိုက်ခတ်မည်ဖြစ်ကြောင်း စိတ်ပင်မကူးကြည့်နိုင်ပါချေ!
ဘန်တာတိုင်းမ်စ်က ၎င်းကို ဖော်ပြပြီး နောက်နေ့၌ Frestech ကုန်သည်ကြီးများအသင်း၏ မဂ္ဂဇင်းအသစ်ဖြစ်သည့် ‘Frestech မှော်စက် အပတ်စဉ်’ကလည်း ထပ်တူ ဖော်ပြလာရာ ၎င်းအား တရားဝင် ကြေငြာချက်ဟု ယူဆနိုင်သည်။
လူတိုင်းမှာ ၎င်းက ဟာသမဟုတ်သည်ကို သေချာသွားရာ စိုင်စ်နယ်မြေကြီး၌ အင်မတန် ပွက်လောရိုက်သွား၏။
လူတိုင်း၏ ပထမဆုံး တုံ့ပြန်ချက်မှာ ခမ်နက်ဒ်က Frestech ကုန်သည်ကြီးများအသင်းမှ ထွက်ခွာကတည်းက မည်သည့်နေရာကို သွားမည်ဟူ၍ပင်။
ဤမေးခွန်းကို အမြန်ပင် ဖြေကြားပေးခဲ့ကြပါ၏။
ထိုသတင်းအား ‘Frestech မှော်စက် အပတ်စဉ်’၌ တရားဝင်ကြေငြာပြီး ၃ရက်အကြာတွင် ခမ်နက်ဒ်မှာ လမ်ပူရီတိုင်းပြည်၏ မြို့တော် အန်ဗီမာမြို့တော်၌ ပေါ်လာပြီးနောက် သူဟာ သူ၏ အနာဂတ်အစီစဉ်များကို ပြသရန် သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပမည်ဖြစ်ကြောင်း ကြေငြာခဲ့၏။
၅ရက်ကြာ စီစဉ်ပြီးနောက်၌ ခမ်နက်ဒ်၏ ကိုယ်ပိုင်သတင်းစာ ရှင်းလင်းပွဲကို အန်ဗီမာမြို့တော်၌ စတင်ခဲ့သည်။
ထိုသတင်းစာ ရှင်းလင်းပွဲ၌ ခမ်နက်ဒ်မှာ သတင်းထောက်အားလုံးထံမှ သတင်းများစွာကို ဖြေဆိုခဲ့လေသည်။
Frestech ကုန်သည်ကြီးများအသင်းထံမှ ထွက်ခွာရခြင်း အကြောင်းအရင်းကို မေးလာရာတွင် ခမ်နက်ဒ်မှာ သူနှင့် Frestech ကုန်သည်ကြီးများအသင်းကြား ပြဿနာတစ်မျိုးမျိုး ရှိနေခြင်းကြောင့် ဟူသော စွဲဆိုခြင်းများကို အပြင်းအထန်ငြင်းဆန်ခဲ့သည်။ ဤသည်မှာ ရှုယီနှင့် သေချာ ဆွေးနွေးပြီးနောက်မှ ဆုံးဖြတ်ခဲ့သော ပုံမှန်နုတ်ထွက်ခြင်းသာ ဖြစ်ကြောင်း ဖော်ပြခဲ့၏။
နုတ်ထွက်ပြီးနောက် လုပ်ဆောင်မည့် အရာအတွက် ခမ်နက်ဒ်မှာ သူ့အနေနှင့်လည်း မှော်စက်မှုနယ်ပယ်ဆိုင်ရာ ကိုယ်ပိုင်ကုမ္ပဏီတစ်ခု ဖွင့်လှစ်မည်ဖြစ်ကြောင်း ဖြေဆိုခဲ့သည်။
ထိုအဖြေက လူများစွာအတွက် အံ့အားသင့်စရာ ဖြစ်လာသော်လည်း စဉ်းစားပြီးနောက်တွင် ၎င်းက မှန်းဆ၍ရကြောင်း သဘောပေါက်သွားခဲ့ကြ၏။
ခမ်နက်ဒ်မှာ ၁၄နှစ်လောက်ကြာအောင် Frestech ကုန်သည်ကြီးများအသင်း၏ CEOဖြစ်ခဲ့သဖြင့် သူဟာ မှော်စက်မှုနယ်ပယ်၏ ထောင့်ပေါင်းစုံနှင့် ပတ်သက်၍ အင်မတန်ကျွမ်းကျင်နေသည်ဟု ဆိုနိုင်သည်။ သူ့ထံ၌ သာမန်လူများ မရှိသော ရင်းမြစ်များနှင့် အချိတ်အဆက်များ ရှိပေသည်။
ယခုတွင် သူဟာ သူ၏ ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်ရန် Frestech ကုန်သည်ကြီးများအသင်းမှ ထွက်ခွာလိုက်ရာ သူ့ထံ၌ အခြားမှော်စက်ကုမ္ပဏီများထက်စာလျှင် ပိုမိုကြီးမားသည့် အားသာချက်ရှိ၏။
သတင်းစာများက ခမ်နက်ဒ်အား သူ၏ မှော်စက်ကုမ္ပဏီအသစ်မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ပြိုင်ဘက်များ ဖြစ်လာမည်လားဟု မေးလာချိန်၌ ခမ်နက်ဒ်မှာ ဤကုမ္ပဏီအနေနှင့် Frestech ကုန်သည်ကြီးများအသင်းနှင့် တိုက်ရိုက် ပြိုင်ဆိုင်ရန် မစီစဉ်ထားကြောင်း ဖြေလာသည်။ ထိုအစား သူဟာ Frestech ကုန်သည်ကြီးများအသင်းနှင့် တတ်နိုင်သမျှ အတူ ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားမည်ဖြစ်၏။
ခမ်နက်ဒ်၏ သဘောထားက ရိုးသားရာ သတင်းထောက်များက ထိုအကြောင်း ဆက်မမေးကြတော့ပေ။
ထို့အပြင် သတင်းထောက်များက Frestech ကုန်သည်ကြီးများအသင်းကို အင်တာဗျူးရာတွင် ရှုယီကိုလည်း တူညီသည့် မေးခွန်းအား မေးခဲ့ပါ၏။
ရှုယီ၏ အဖြေကလည်း ခမ်နက်ဒ်နှင့် သိပ်မကွာပေ။
ရှုယီမှာ ခမ်နက်ဒ်အနေဖြင့် Frestech ကုန်သည်ကြီးများအသင်းထံမှ ပုံမှန်အတိုင်းသာ နုတ်ထွက်သွားပြီး နှစ်ဘက်အကြား မည်သည့် ပြဿနာမှမရှိကေကာင်း ဖြေကြားခဲ့သည်။
ခမ်နက်ဒ်၏ နှစ်ကြာ မိတ်ဆွေအဖြစ်ဖြင့် သူဟာ ခမ်နက်ဒ်အား သူ၏ အနာဂတ်တိုးတက်ရေးအတွက် စိတ်ရင်းဖြင့် ထောက်ခံပေသည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် ခမ်နက်ဒ်နှင့်အတူ သီးသန့်စာချုပ်များစွာ၌လည်း လက်မှတ်ထိုးထားပြီဖြစ်သဖြင့် ခမ်နက်ဒ်၏ မှော်စက် ကုမ္ပဏီအသစ်ကို အတူ တိုးတက်ဖို့ လုပ်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ခမ်နက်ဒ်နှင့် Frestech ကုန်သည်ကြီးများအသင်း၏ အဖြေများက တူညီနေရာ သတင်းထောက်များလည်း မည်သည်ကိုမှ တူးဆွမရနိုင်တော့ချေ။
သို့သော် ၎င်းနောက်၌ ခမ်နက်ဒ်၏ ကုမ္ပဏီအသစ်နောက်ကွယ်ရှိ နောက်ခံအင်အားမှာ သူ၏ အမ်မာမိသားစုမှ ဖြစ်ကြောင်း သတင်းများက ပြန့်သွားသည်။
ထိုသည်က ဤကုမ္ပဏီကို အမှန်တွင် အမ်မာမိသားစုက တည်ထောင်ပြီး ခမ်နက်ဒ်က အပြင်ပန်း၌ ဥက္ကဌနေရာကို ယူထားရုံသာ ဖြစ်သည့် အဓိပ္ပာယ်ပင်။
ထိုသတင်းက လူများကို စတင်၍ တွေးတောလာစေ၏။
ခမ်နက်ဒ်က Frestech ကုန်သည်ကြီးများအသင်း၏ CEOရာထူးကို ယူခဲ့စဉ်က လူများမှာ ခမ်နက်ဒ်၏ အမ်မာမိသားစု ဆက်ခံသူ ရာထူးကြောင့် Frestech ကုန်သည်ကြီးများအသင်းလို ကုမ္ပဏီငယ်လေးတစ်ခု၏ CEOရာထူးမှာ မအပ်စပ်လှဟု ထင်ခဲ့ကြသည်။ သူဟာ ထိုရာထူးကို ယူသည်မှာ မိမိကိုယ်ကို ဆွဲချခြင်းသာဖြစ်၏။
သို့သော် Frestech ကုန်သည်ကြီးများအသင်း အလျင်အမြန်တိုးတက်လာသည်နှင့် လူများမှာ ထိုအတွေးကို ဖြည်းဖြည်းချင်းပြောင်းလဲပြီး တစ်မျိုးတွေးလာကြသည်။
အမ်မာမိသားစုက Frestech ကုန်သည်ကြီးများအသင်းရဲ့ အလားအလာကို မြင်လို့ပဲ ခမ်နက်ဒ်ကို ပို့ခဲ့တာများလား? သူတို့က သူ့ကို Frestech ကုန်သည်ကြီးများအသင်းရဲ့ စီမံခန့်ခွဲရေးမှာ ထိပ်တန်းရောက်အောင် လုပ်နိုင်မယ့် နည်းလမ်းတစ်ခုကို ရှာနိုင်မလား ကြည့်ပြီး ရှုယီလက်အောက်က Frestech ကုန်သည်ကြီးများအသင်းကို လုယူခိုင်းဖို့ပဲ CEOဖြစ်လာခိုင်းတာများလား?
ယခု ခမ်နက်ဒ်က ဤအလုပ်မှထွက်လိုက်ရာ အမ်မာမိသားစုအနေနှင့် ဤရည်ရွယ်ချက်ကို မကောင်အထည်မဖော်နိုင်တော့သဖြင့် နောက်ပြန်ဆုတ်ရုံသာ ရှိတော့သောကြောင့်ဖြစ်နိုင်၏။ ၎င်းတို့မှာ ခမ်နက်ဒ်အား Frestech ကုန်သည်ကြီးများအသင်းမှ ထွက်အောင်လုပ်ကာ သူနှင့်အတူ အတွေ့အကြုံ၊ အချိတ်အဆက်များနှင့် မှော်စက်မှုနယ်ပယ်ရှိ ရင်းမြစ်များကို ယူလာခဲ့ကြသည်။
လက်ရှိ၌ Frestech ကုန်သည်ကြီးများအသင်းကို ယှဉ်နိုင်ဖို့ မဖြစ်နိုင်သေးသော်လည်း ခမ်နက်ဒ်၏ ရင်းမြစ်များနှင့် အမ်မာမိသားစု၏ ထောက်ပံ့မှုကောင်းကောင်းကြောင့် ဤကုမ္ပဏီ၏ အနာဂတ်တိုးတက်မှု အလားအလာက အတော်လေး ကောင်းမွန်သည်။
ဆန့်ကျင်ဘက်တွင် Frestech ကုန်သည်ကြီးများအသင်းက ရုတ်တရတ် ခမ်နက်ဒ်ကဲ့သို့ စီမံခန့်ခွဲရေးအဆင့်မြင့် ဝန်ထမ်းတစ်ဦးကို ဆုံးရှုံးလိုက်ရဖြင့် ကြီးမားသည့် ဆုံးရှုံးမှုဟု ယူဆနိုင်၏။
Frestech ကုန်သည်ကြီးများအသင်းနဲ့ ဒီအတွက် တုံ့ပြန်မှုအနေနဲ့ ဘာလုပ်လောက်မလဲ?
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၆၄။ ခီမဲရာ ကုန်သည်ကြီးများအသင်းက ပြဿနာကို မွှေလိုက်တယ်
Frestech ကုန်သည်ကြီးများအသင်း၏ တန်ပြန်ရေး စီမံချက်မှာ ...... မည်သည့် တန်ပြန်ရေးစီမံချက်မှ မရှိပေ။
အနည်းဆုံး အပြင်လူ တစ်ဦးအတွက် Frestech ကုန်သည်ကြီးများအသင်းမှာ ခမ်နက်ဒ် ကဲ့သို့ အရေးပါသည့် တစ်စုံတစ်ဦးကို ဆုံးရှုံးပြီးနောက် လှုပ်ရှားမှုအချို့လုပ်သင့်သည်၊ ထိုနည်းဖြင့် ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းအပေါ် များများစားစား မထိခိုက်ကြောင်းကို အာမခံနိုင်မည်ဖြစ်သည်။
သို့သော်လည်း Frestech ကုန်သည်ကြီးများအသင်းမှာ ခမ်နက်ဒ်၏ သတင်းစာရှင်းလင်းပွဲပြီးသည့်နောက် မည်သည့် အထူးလှုပ်ရှားမှုကိုမှ မပြုလုပ်ခဲ့ပေ။ ၎င်းတို့မှာ ခမ်နက်ဒ်၏ အသစ်ဖွဲ့စည်းထားသော Dawn ကုန်သည်ကြီးများအသင်းနှင့် အလုပ်တွဲလုပ်မည့် စီမံကိန်းများစွာ ရှိကြောင်းသာ ကြေငြာခဲ့ပြီး အရာရာတိုင်းက ပုံမှန်လိုဖြစ်နေခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်း အမည်အောက်ရှိ ကုမ္ပဏီမျိုးစုံမှာ ၎င်းတို့၏ ထုတ်ကုန်များကို ပုံမှန်လို ဆက်လက် ထုတ်လုပ်ရောင်းချနေသည်။ ၎င်းတို့၏ ထုတ်ကုန်များအား စိုင်စ်နယ်မြေတဝှမ်းမှ ကြိုဆိုကြပြီး နေရာအနှံ့ရောင်းရပါ၏။
Frestech ကုန်သည်ကြီးများအသင်း ကိုယ်တိုင်အတွက်မူ ရှုယီက ဒုတိယမြောက် CEO အဖြစ် ခမ်နက်ဒ်၏ နေရာကို လွှဲယူမည့် ဂလာရက်စ်ဟူသော လူအား ကြေငြာလာခြင်းမှလွဲ၍ အခြား မည်သည့် သိသိသာသာပြောင်းလဲမှုမှ မရှိချေ။
ဤဖြစ်ရပ်ကို လူများစွာက အံ့အားသင့်နေကြ၏။
ခမ်နက်ဒ်၏ Frestech ကုန်သည်ကြီးများအသင်းအတွက် အရေးပါမှုက ရှင်းလင်းသည်။ ယခုတွင် သူက ရုတ်တရတ် ထွက်သွားရာ Frestech ကုန်သည်ကြီးများအသင်းအပေါ် သက်ရောက်မှု လုံးဝမရှိဟု ပြောဖို့ မဖြစ်နိုင်ပေ။
ဖြစ်နိုင်သည်မှာ... ယခု၌ မည်သည့် ထိခိုက်မှုမှ မရှိသော်လည်း ရေရှည်တွင် တွေ့နိုင်လောက်သည် မဟုတ်ပါလား?
ထိုသို့ ခန့်မှန်းထားကြသူများမှာ Frestech ကုန်သည်ကြီးများအသင်းအကြောင်း ပိုမိုဂရုထားလာကြတော့သည်။
အောက်တိုဘာ အစပိုင်းတွင် ခီမဲရာ ကုန်သည်ကြီးများအသင်းမှာ ရုတ်တရတ် Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းနှင့် Frestech ဆက်သွယ်ရေး ကုန်သည်ကြီးများအသင်းတို့ထံ ပူးပေါင်းရေးသဘောတူညီချက်တစ်ခု ရုတ်တရတ် ပို့လာပြီး ၃ဘက်စလုံး အတူတကွ အလုပ်လုပ်နိုင်ဖို့ မျှော်လင့်နေ၏။ ၎င်းတို့မှာ Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်း လွန်ခဲ့သည့် ၃နှစ်အကြာက အနောက်တောင်ပိုင်းခရိုင်၌ အဆိုပြုခဲ့သည့် အိမ်သုံးမှော်စက် ကွန်ရက်အစီစဉ်ကို အတူလုပ်ဆောင်ကြမည်ဖြစ်သည်။
ဤအစီစဉ်အား Frestech ကုန်သည်ကြီးများအသင်း ခင်းကျင်းမည့် မှော်ဆက်သွယ်ရေးကွန်ရက်ကို Frestech အိမ်သုံးမှော်စက်များနှင့် ချိတ်ဆက်ပြီး အိမ်သုံးမှော်စက်ကွန်ရက်တစ်ခု ဖန်တီးရာ၌ အသုံးပြုမည်ဖြစ်၏။
ထိုကွန်ရက်၏ အုတ်မြစ်မှာ အာကာလီတို့အဖွဲ့ လတ်တလော ပြုလုပ်ခဲ့သည့် ဆက်သွယ်ရေးကွန်ရက်နည်းပညာမှ အရွေ့တစ်ခုဖြစ်လာမည်ပင်။
မှော်ဆက်သွယ်ရေးကွန်ရက်ကို ဆက်သွယ်ရေးအတွက်သာ တည်ထောင်မည်ဖြစ်သော်လည်း အာကာလီတို့အဖွဲ့မှာ ၎င်းအတွက် အချိန်ကြာ လုပ်ဆောင်လာပြီးသည့်နောက်၌ မှော်အချက်ပြအား ဆက်သွယ်ရေးအတွက်သာမက အခြားမတူညီသည့် နေရာများ၌လည်း သုံးနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။
မှော်အာကာပြင်ကို ဖြတ်သန်းသွားပြီးနောက် မှော်အစီအရင်ကြောင့် အကြိမ်များစွာ ပြောင်းလဲခဲ့ရသော မှော်အပြောင်းအလဲကို လေ့လာပြီးသည့်နောက်တွင် အာကာလီတို့အဖွဲ့မှာ မှော်အချက်ပြများမှတဆင့် ရုပ်ပုံများကို ပို့ပေးနိုင်နေပြီဖြစ်သည်။
၎င်းတို့သာ ၎င်းဖြင့် နောက်ထပ် ထပ်သွားနိုင်လျှင် ကမ္ဘာမြေပြီးရှိ ဆက်သွယ်ရေးကွန်ရက်လိုမျိုး မှော်ကွန်ရက်အသစ်တစ်ခုလုံးကို ဖန်တီးနိုင်လိမ့်မည်။
ဤအုတ်မြစ်ကြောင့် မှော်ဆက်သွယ်ရေးကွန်ရက်နှင့်အတူ ရိုးရှင်းသည့် အမိန့်အချို့ကို လွှဲပေးဖို့က ရိုးရှင်းသွားသည်။
ထို့ကြောင့် ဤအိမ်သုံးမှော်စက်ကွန်ရက်၏ တကယ့်အခန်း ကဏ္ဍမှာ သီးသန့်ကွန်ရက်တစ်ခုရှိ Frestech တံဆိပ် အိမ်သုံးမှော်စက်များ အားလုံးကို ချိတ်ဆက်၍ စွမ်းအင်ရင်းမြစ်တစ်ခုထက်၌ ရေးဆွဲနိုင်ရန်ဖြစ်သည်။ ၎င်းက မိသားစုတစ်စုအား နေရာများစွာသက်သာစေပြီး ကုန်ကျစရိတ်လည်း သက်သာစေမည်ဖြစ်၏။
တစ်ချိန်တည်းမှာပင် အိမ်တစ်အိမ်အား မှော်ဆက်သွယ်ရေးကိရိယာများနှင့် တပ်ဆင်ထားလိုက်လျှင် ၎င်းတို့မှာ ဤကိရိယာများနှင့်အတူ Frestech မှော်ကွဋ်ရက်ကို ချိတ်ဆက်နိုင်မည်ဖြစ်သည်။ ထို့နောက် ၎င်းတို့မှာ လုပ်ဆောင်ချက်အသစ်များစွာကို ရရှိရန် ဤမှော်ကွန်ရက်၌ မှီခိုနိုင်သည်။
၎င်း၏ အရိုးရှင်းဆုံးအရာမှာ အဝေး ဆက်သွယ်ရေးဖြစ်သည်။ ပို၍ ရှုပ်ထွေးသည့် လုပ်ဆောင်ချက်များအတွက် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်ပုံရိပ်ယောင်အချက်ပြများကို တိုက်ရိုက် လက်ခံရရှိနိုင်ပြီး ၎င်းတို့ မိသားစု၏ မှော်ပုံရိပ်ယောင်ပရိုဂျက်တာထက်တွင် မှော်ပုံရိပ်ယောင်ရုပ်ရှင်များကို ကြည့်ရှုနိုင်သည်။
၎င်းမှာ အင်မတန် ကရိကထများပုံပေါ်သော်လည်း ရိုးရှင်းစွာ ရှင်းပြရလျှင် ၎င်းမှာ အိမ်ထောင်စုတစ်ခု၌ တယ်လီဖုန်းတစ်ခုနှင့် TV တစ်လုံးတပ်ဆင်ထားသလိုပင်၊ မှော်ကွန်ရက်မှ တဆင့် ဖုန်းခေါ်ခြင်းများ တီဗွီအစီစဉ်ကြည့်ရှုခြင်းများအား ပြုလုပ်နိုင်သည်။
မှန်ပါ၏၊ ဤအိမ်သုံးမှော်စက်ကွန်ရက်အား Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ လုပ်ဆောင်၍ ဒီဇိုင်းရေးဆွဲထားသောကြောင့် ၎င်းမှာ Frestech တံဆိပ်အိမ်သုံးမှော်စက်များအတွက်သာ အလုပ်ဖြစ်လိမ့်မည်။
သို့သော် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ဤနယ်ပယ်၌ သုတေသန တိုးတက်လာသည်နှင့်အမျှ Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် ရိုးရှင်းသည့် transfer ပုံးတစ်ခု ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်းကိုပါ ကြေငြာထားသည်။ ထိုသို့ဆိုလျှင် အခြားတံဆိပ် အိမ်သုံးမှော်စက်များကိုပါ မည်သည့် အဟန့်အတားမှမရှိဘဲ မှော်ကွန်ရက်နှင့် ချိတ်ဆက်နိုင်မည်ပင်။
မှန်ပါ၏၊ ၎င်းမှာ အခြားတံဆိပ်များက Frestech တံဆိပ်နှင့် တူညီသည့် စံနှုန်းကို အသုံးပြုမည့် အကြောင်းအရင်းပေါ် မူတည်သည်။
အာကာလီတို့အဖွဲ့မှ ၎င်းကိုလုပ်ဆောင်၍ မပြီးခင် လွန်ခဲ့သည့် ၃နှစ်အတွင်းတွင် Frestech ကုန်သည်ကြီးများအသင်းမှာ စတန်တိုင်းနယ်မြေ၌ မှော်ကွန်ရက် တည်ဆောက်ရေးကို မြှင့်တင်ဖို့ ကြိုးစားခဲ့သည်။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ ရွှေဒင်္ဂါး ၂၃သန်း ရင်းနှီးမြှုပ်နှံခဲ့ပါ၏။ ၎င်းတို့မှာ စတန်တိုင်းနယ်မြေ၏ မြို့တော်အားလုံးနှင့် မြို့များအားလုံး၌ အိမ်သုံးမှော်စက်ကွန်ရက်များကို အောင်အောင်မြင်မြင် တည်ဆောက် ပြီးစီးခဲ့သည်။
သီအိုရီအရ စတန်တိုင်းနယ်မြေရှိ မည်သူမဆို စတန်တိုင်းနယ်မြေရှိ လူတိုင်းနှင့် စကားပြောဆက်သွယ်နိုင်မည်ပင်။
ထိုကွန်ရက်အား ချိတ်ဆက်ထားသည့် အိမ်ထောင်စုများမှာ အိမ်၌ New Moon ကုန်သည်ကြီးများအသင်း၏ နောက်ဆုံးထုတ်ရုပ်ရှင်များကို ကြည့်ရှုနိုင်သည်။ Frestech ကုန်သည်ကြီးများအသင်း ထောက်ပံ့ပေးထားသည့် မှော်ပုံရိပ်ယောင်အစီအစဉ်များကြောင့် ကမ္ဘာမြေကြီးရှိ ပုံမှန် အိမ်ထောင်စုတစ်ခုနှင့် တူညီသည့် ဖျော်ဖြေရေးအဆင့်ကို ရောက်ရှိနေပြီဖြစ်၏။
သို့သော်လည်း စန်ချယ်လီအနေဖြင့် multi thread မှော်ထပ်တူပြုခြင်း သုတေသန၌ ကြီးမားသည့် အရွေ့တစ်ခု မလုပ်နိုင်ခင်က မှော်ကွန်ရက်မှာ အကန့်သတ်ရှိပြီး အင်မတန် အဆင်ပြေလှသည်တော့မဟုတ်သဖြင့် ရှုယီမှာ၎င်း၏ ဖွံ့ဖြိုးနှုန်းကို ထိန်းချုပ်ခဲ့ရသည်။
လွန်ခဲ့သော ၆လ၊ စန်ချယ်လီအနေဖြင့် နည်းပညာ၌ နောက်ထပ်အရွေ့တစ်ခုပြုလုပ်ခဲ့သည့် အချိန်မှ ရှုယီမှာ နောက်ဆုံးတွင် မှော်ကွန်ရက်သို့ သူ၏ နည်းပညာအား ထည့်သွင်းခြင်းကို ခွင့်ပြုခဲ့သည်။ လက်ရှိ စတန်တိုင်းနယ်မြေရှိ မှော်ဆက်သွယ်ရေးကွန်ရက်မှာ တစ်ချိန်တည်း၌ မှော်အချက်ပြတောင်းဆိုချက် တစ်သောင်းကျော်ကို လွှဲယူနိုင်သည်။
၎င်းမှာ ကမ္ဘာမြေကြီးရှိ စံနှုန်းနှင့် နှိုင်းယှဉ်နိုင်ရန် ဝေးနေသေးသော်လည်း အခြေခံအရတော့ အမှန်ကို ကြီးမားသော တိုးတက်မှုဖြစ်သည်။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ စတန်တိုင်းနယ်မြေ၌ ၎င်းကို စတင်ချပြခဲ့ပြီး တစ်လကြာပြီးနောက် စတန်တိုင်းနယ်မြေရှိ မှော်ကွန်ရက်မှာ ပုံသဏ္ဍာန်ပေါ်လာပြီဖြစ်၏။
ခီမဲရာ ကုန်သည်ကြီးများအသင်းက ဤအချိန်၌ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ပူးပေါင်းရန် ရုတ်တရတ် တောင်းဆိုလာခြင်းမှာ အင်မတန်ကို အံ့အားသင့်ဖွယ်ပင်။
အဘယ့်ကြောင့်ဆိုသော် Frestech ကုန်သည်ကြီးများအသင်းနှင့် စတန်တိုင်းနယ်မြေအတွက်ပင် စမ်းသပ်အဆင့်၌သာ ရှိနေသေးသောကြောင့် မှော်ကွန်ရက် တည်ငြိမ်မည် ဟုတ်၊ မဟုတ်ကို အတည်မပြုနိုင်သေးပေ။
၎င်းတို့သာ ၎င်းကို စတန်တိုင်းနယ်မြေထက် ဆယ်ဆကျော် ပိုမိုကြီးမားသည့် ကန်ဒရာအင်ပါယာ၏ အနောက်တောင်ပိုင်းခရိုင်၌ ချပြလိုက်လျှင် အင်မတန် စွန့်စားရကြသည်။
"ဥက္ကဌ၊ ခီမဲရာ ကုန်သည်ကြီးများအသင်းက သူတို့အနေနဲ့ ရံပုံငွေရဲ့ ၇၀%ကို ထောက်ပံ့ပေးပြီး ဒီစီမံကိန်းမှာ ရှိသမျှ အခက်အခဲအားလုံးကို လက်ခံဖို့ဆန္ဒရှိကြောင်း ပြောထားတယ်၊ သူတို့အနေနဲ့ ကျွန်တော်တို့ ကုမ္ပဏီကနေ နည်းပညာနဲ့ လူအင်အားပဲ ထောက်ပံ့ပေးဖို့ လိုအပ်တယ်တဲ့။ ကျွန်တော်တို့ဘက်က ဘာကိုမှ စီမံခန့်ခွဲပေးဖို့မလိုဘဲ သူတို့အနေနဲ့ ဒီမှော်ကွန်ရက်ကို တည်ဆောက်တဲ့နေရာမှာ တာဝန်ယူလိမ့်မယ်။ ဒါကို... အဆင်ပြေတယ်လို့ ထင်လား?" အန်းခေါ့ထ်က မျက်မှောင်ကုပ်ရင်း ရှုယီကို မေးလာသည်။
ခီမဲရာ ကုန်သည်ကြီးများအသင်း၏ အခြေအနေများမှာ အင်မတန်ကောင်းလှသဖြင့် ၎င်းတို့မှာ လှည့်စားနေသည်ဟုပင် သူ ခံစားရလုနီးပါးပင်။ ထို့ကြောင့် သူဟာ လုံးဝ မထိန်းနိုင်တော့ဘဲ ရှုယီ၏ အကြံကို လာမေးရခြင်းဖြစ်၏။
သူ့နောက် လိုက်လာသည်မှာ Frestech ဆက်သွယ်ရေး ကုန်သည်ကြီးများအသင်းမှ ဥက္ကဌ ကာကာရို ဖြစ်သည်။ အန်းခေါ့ထ် ပြောပြီးသည်ကို ကြားသည်နှင့် သူက ထပ်ပေါင်း ပြောလာ၏၊ "အင်း၊ ခီမဲရာ ကုန်သည်ကြီးများအသင်းက ကျွန်တော်တို့ကုမ္ပဏီနဲ့ ဆွေးနွေးဖို့ လာတဲ့အချိန်မှာ တော်တော်ကိုကောင်းတဲ့ အခွင့်အရေးတွေ ပေးထားတယ်။ ပြီးတော့လည်း သူတို့အနေနဲ့ ကန်ဒရာအင်ပါယာမှာ မှော်ဆက်သွယ်ရေးကွန်ရက်ကို ထည့်သွင်းဖို့ အများကြီးရင်းနှီးမြှုပ်နှံပြီး တတ်နိုင်သမျှ မြန်မြန်အပြီးသတ်နိုင်ဖို့ကိုလည်း အာမခံနိုင်ပါတယ်တဲ့။"
"လိုရင်းပြောရရင်.....ခီမဲရာ ကုန်သည်ကြီးများအသင်းက မင်းတို့အနေနဲ့ ဘာမှ ဂရုစိုက်ဖို့မလိုဘဲ ဒီမှော်ကွန်ရက်တည်ဆောက်မယ့်နေရာမှာပဲ ကူညီဖို့လိုတယ်လို့ ပြောခဲ့တာပေါ့?" ရှုယီက ပြန်မေးလိုက်၏။
အန်းခေါ့ထ်နှင့် ကာကာရိုတို့မှာ တစ်ချိန်တည်း ခေါင်းငြိမ့်လိုက်ကြသည်။
"ဒါဆို ငါတို့ Frestech ကုန်သည်ကြီးများအသင်းက စတန်တိုင်းနယ်မြေမှာ ဒီမှော်ကွန်ရက်ကို ထည့်သွင်းဖို့ ရွှေဒင်္ဂါး ၂၃သန်း သုံးခဲ့ပြီးပြီဆိုတာကိုရော ပြောလိုက်သေးလား?"
"ပြောခဲ့ပါတယ်၊ ဒါပေမယ့်...." အန်းခေါ့ထ်နှင့် ကာကာရိုတို့မှာ တစ်ဦးကို တစ်ဦးကို ကူရာမဲ့စွာကြည့်လိုက်ကြသည်၊ "ခီမဲရာ ကုန်သည်ကြီးများအသင်းက ငွေက ပြဿနာမဟုတ်သလို သူတို့အနေနဲ့ ဒီထက် အဆပေါင်းများစွာတောင် ပိုရင်းနှီးမြှုပ်နှံနိုင်တယ်လို့ ပြောခဲ့ပါတယ်...."
"သူတို့မှာ ပိုက်ဆံရှိတော့ ကောင်းတာပေါ့...." ရှုယီက မနေနိုင်အောင် ခံစားချက်အပြည့်ဖြင့် ပြောလိုက်မိသည်။ ထို့နောက် ခဏတာ တိတ်ဆိတ်ပြီးသည်တွင် မေးလေသည်၊ "ဒါဆို မင်းတို့ ဘယ်လိုထင်လဲ?"
အန်းခေါ့ထ်နှင့် ကာကာရိုတို့မှာ တစ်ဖန် အချင်းချင်းကြည့်လိုက်ကြပြန်သည်။ ၎င်းတို့အနေဖြင့် ဥက္ကဌမှာ သူ၏ လက်အောက်ငယ်သားများကို ဘယ်တော့မှ မတုံ့ဆိုင်းစေလိုဘဲ ၎င်းတို့၏ ကိုယ်ပိုင်အတွေးများ ရှိစေလိုရာ ဤတစ်ကြိမ်ကလည်း ချွင်းချက်မဟုတ်ပေ။
အန်းခေါ့ထ်မှာ ၎င်းကို ခဏကြာစဉ်းစားပြီးနောက် အလေးအနက်ပြောလာ၏၊ "ဥက္ကဌ၊ ကျွန်တော့်အနေနဲ့ ဒါက အခွင့်ရေးကောင်းလို့ထင်ပါတယ်။ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ အင်ပါယာ နှစ်ခုမှာ မှော်ဆက်သွယ်ရေးကွန်ရက်ကို ခင်းကျင်းဖို့ စာချုပ် လက်မှတ်ထိုးပြီးသားဆိုပေမယ့်လည်း စီမံကိန်းက အရမ်းကြီးပြီး ကုန်ကျစရိတ်ကလည်း များလွန်းတော့ အင်ပါယာနှစ်ခုက တိုးတက်မှုက အမြဲနှေးနေခဲ့တာ။ အခုတော့ ခီမဲရာ ကုန်သည်ကြီးများအသင်းလို ဘဏ္ဍာငွေလျှံတဲ့ ကုမ္ပဏီကနေ ရင်းနှီးမြှုပ်နှံဖို့ ပြောလာတော့ ဒါက သေချာပေါက် အင်ပါယာနှစ်ခုမှာ မှော်ကွန်ရက်ကို ချပြဖို့ ကြီးမားတဲ့ အခွင့်အရေးဖြစ်မှာပါ။"
ရှုယီမှာ ခေါင်းခါလိုက်ပြီးနောက် ကာကာရိုဘက် လှည့်လိုက်၏။
"မင်းရော? အန်းခေါ့ထ်လိုပဲ ထင်လား?"
ကာကာရိုမှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းငြိမ့်၏၊ "ဥက္ကဌ၊ ကျွန်တော့်အနေနဲ့ ခီမဲရာ ကုန်သည်ကြီးများအသင်းရဲ့ ရည်ရွယ်ချက်အပေါ် သံသယတွေ ရှိပြီး ရည်ရွယ်ချက်ကောင်း မရှိဘူးလို့ ထင်ပေမယ့်လည်း သေချာစဉ်းစားကြည့်လိုက်တော့ ဒါက အရမ်းကို ရောက်လာဖို့ခက်တဲ့ ရွှေရောင်အခွင့်ရေးလို့ ခံစားမိပါတယ်။ ကျွန်တော်တို့သာ ဒါကို အလွတ်ပေးလိုက်ရင် Frestech ကုန်သည်ကြီးများအသင်းတစ်ဦးတည်းနဲ့ အင်ပါယာနှစ်ခုမှာ မှော်ကွန်ရက်ကို ခင်းကျင်းဖို့က အရမ်းခက်ခဲမှာဆိုတော့...."
"ဆိုတော့ မင်းလည်း ခီမဲရာ ကုန်သည်ကြီးများအသင်းနဲ့အတူ အလုပ်လုပ်ဖို့ကို လက်ခံတယ်ပေါ့?" ရှုယီက အပြုံးဖြင့် မေးလေသည်။
ကာကာရိုမှာ ဤတစ်ကြိမ်၌ မတုံ့ဆိုင်းဘဲ ခေါင်းငြိမ့်လာသည်။
ရှုယီက ချက်ချင်း ရယ်မောလာပါ၏။
"မင်းတို့ နှစ်ယောက်က ဆုံးဖြတ်ပြီးနေမှတော့ ဘာလို့ လာမေးနေကြရသေးတာလဲ? ငါ ပြောပြီးသားလေ၊ အခု မင်းတို့က သီးသန့်ကုမ္ပဏီသက်သက်ပဲမို့လို့ မင်းတို့ကိုယ်တိုင် ဆုံးဖြတ်သင့်တယ်၊ ငါ့ကို မေးဖို့မလိုဘူး"
"ဒါပေမယ့်... ဒါပေမယ့် ဒီကိစ္စက အရမ်း အရေးကြီးတော့ ကာကာရိုနဲ့ ကျွန်တော်လည်း ဥက္ကဌရဲ့ ခွင့်ပြုချက်ကို ယူသင့်တယ်ထင်လို့ပါ" အန်းခေါ့ထ်က ပြောသည်။
"တကယ်တော့ ဥက္ကဌရဲ့ ခွင့်ပြုချက်ဆိုတာထက် ဥက္ကဌရဲ့ လမ်းညွှန်မှုကို ပိုလိုချင်တာပါ။ ဥက္ကဌက အတွေ့အကြုံတွေရှိထားပြီး ခီမဲရာ ကုန်သည်ကြီးများအသင်းရဲ့ နည်းလမ်းတွေက အတော်လေး ထူးဆန်းနေတော့ အန်းခေါ့ထ်နဲ့ ကျွန်တော်လည်း ယုံကြည်ချက်မရှိပါဘူး။ ဥက္ကဌ သဘောတူတာနဲ့ ပိုပြီး စိတ်ချရမှာပါ" ကာကာရိုက ဆို၏။
"ကောင်းပြီ၊ ငါ့ကို မြှောက်နေတာတော်တော့၊ ဘာအကျိုးမှလည်း မရှိဘူး" ရှုယီက အပြုံးဖြင့် လက်ယမ်းလိုက်သည်၊ "ဒီကိစ္စအတွက်... ဒါက ကောင်းတာတော့ကောင်းပါတယ်။ မင်းတို့ရဲ့ သုံးသပ်မှုကလည်း မှန်တယ်၊ ခီမဲရာ ကုန်သည်ကြီးများအသင်းအနေနဲ့ ဒီမှော်ကွန်ရက်ကို ခင်းကျင်းတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံချင်က အကူအညီကြီးတစ်ခု ဖြစ်လာမှာပဲ။ မှော်ကွန်ရက်ကို တည်ဆောက်ပြီးတဲ့နောက်မှာ ငါတို့ ကုမ္ပဏီရဲ့ ထုတ်ကုန်မျိုးစုံကလည်း ကန်ဒရာအင်ပါယာကို ဝင်ရောက်ဖို့ ပိုလွယ်သွားမှာမို့လို့ ဒါက ပူးပေါင်းဖို့ အရမ်းကောင်းတဲ့ စီမံကိန်းပါပဲ"
ရှုယီ၏ စကားများကို ကြားသော် အန်းခေါ့ထ်နှင့် ကာကာရိုတို့၏ အမူအရာများက ပြေလျော့သွားကြသည်။
"ဒါပေမယ့်...." ရှုယီ၏ အသံက ရုတ်တရတ် ၎င်းတို့၏ စိတ်သက်သာရ ပြေလျော့သွားသော အမူအရာများကို ထပ်မံ တင်းမာသွား၏၊ "မင်းတို့ မှတ်ထားရမှာက၊ ခီမဲရာ ကုန်သည်ကြီးများအသင်းကို ဘယ်အရာက ဆွဲဆောင်နေပြီး ဘယ်အရာက သူတို့အတွက် လိုချင်စရာကောင်းတယ်ဆိုတာကို ဆုံးဖြတ်ရမှာ။ အဲ့အရာပေါ်မှာ အာရုံစိုက်ထားရင် ဒါက မင်းတို့ ကိုယ်ပိုင် ရေရှည်တိုးတက်ရေးအတွက် မဏ္ဍိုင်ဖြစ်လာလိမ့်မယ်။ ငါပြောတာကို နားလည်ရဲ့လား?"
အန်းခေါ့ထ်နှင့် ကာကာရိုမှာ အသာမျက်မှောင်ကုပ်ပြီး အတွေးထဲနစ်မျောသွားကြ၏။
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၆၅။ နတ်သူငယ်မျိုးနွယ်ဝင်ဟောင်း
ကာကာရိုနှင့် အန်းခေါ့ထ်တို့ ထွက်သွားပြီးနောက် ရှုယီမှာ သူ၏ စားပွဲထက်မှ စာရွက်စာတမ်းတစ်ထပ်ကို ဆွဲယူကာ တစ်ခုချင်းစီကြည့်လိုက်သည်။
ဤစာရွက်စာတမ်းများအား လွန်ခဲ့သည့် လအနည်းငယ်အကြာက Frestech ကုန်သည်ကြီးများအသင်း လက်အောက်ရှိ ကုမ္ပဏီများမှ တင်ပြထားပြီး ထိုစာရွက်စာတမ်းတစ်ခုစီ၌ တူညီသည့်အမည် ခီမဲရာ ကုန်သည်ကြီးများအသင်းဟူ၍ ရှိနေသည်။
ဥပမာ လွန်ခဲ့သည့် ၂လအကြာက Frestech ဆောက်လုပ်ရေးမှော်စက် ကုန်သည်ကြီးများအသင်းမှာ ခီမဲရာ ကုန်သည်ကြီးများအသင်းထံမှ ပူးပေါင်းရေး တောင်းဆိုမှုတစ်ခု ရခဲ့သည်။ ၎င်းတို့မှာ Frestech ဆောက်လုပ်ရေးမှော်စက် ကုန်သည်ကြီးများအသင်းအား နိုင်ငံများစွာရှိ ခီမဲရာ ကုန်သည်ကြီးများအသင်း မိုင်းတွင်းများအတွက် မိုင်းတူးဖော်ရေးစက်အချို့ကို ထောက်ပံ့စေလိုသည်။
၎င်းမှာ အင်မတန် ပုံမှန်ဖြစ်လှသည့် တောင်းဆိုမှုဖြစ်ပြီး Frestech ဆောက်လုပ်ရေးမှော်စက် ကုန်သည်ကြီးများအသင်းအဖြစ် မခွဲထွက်ခင်ကပင် တူညီသည့် တောင်းဆိုမှုလုပ်ခဲ့သော မိုင်းတူးဖော်ရေးကုမ္ပဏီများစွာရှိခဲ့သည်။
ပုံမှန်အားဖြင့် ပြောရလျှင် Frestech ဆောက်လုပ်ရေးမှော်စက် ကုန်သည်ကြီးများအသင်းမှာ အခြေအနေကို သုံးသပ်ထားမှုနှင့် ဝယ်သူ၏ လိုအပ်ချက်အလိုက် နောက်ဆုံး မှော်စက်များကို ဒီဇိုင်းဆွဲရမည်ဖြစ်သော်လည်း ဤတစ်ကြိမ်၌မူ ခီမဲရာ ကုန်သည်ကြီးများအသင်းက ထုတ်လုပ်ပေးရန် မှော်စက် အမျိုးအစားလေးခုအား တိုက်ရိုက် တောင်းဆိုလာသည်။
ခီမဲရာ ကုန်သည်ကြီးများအသင်းအနေဖြင့် အသေးစိတ် မူကြမ်းများကိုပင် ထောက်ပံ့ပေးထားပြီး တိကျသည့် လိုအပ်ချက်များရှိသဖြင့် ၎င်းတို့မှာ Frestech ဆောက်လုပ်ရေးမှော်စက် ကုန်သည်ကြီးများအသင်း၏ ကိုယ်ပိုင် ဒီဇိုင်းအား ထည့်သွင်းရန် နေရာများများစားစားမပေးထားပါချေ။
ဤသို့သော သုတေသနမျိုးမှာ မခက်ခဲပါသော်လည်း ပြောင်းလဲဖို့ နေရာများများစားစားမရှိသောကြောင့် Frestech ဆောက်လုပ်ရေးမှော်စက် ကုန်သည်ကြီးများအသင်းမှာ ထိုသို့သော သုတေသနတောင်းဆိုချက်မျိုးကို လက်ခံသည်မှာရှားပါ၏။
ထို့အပြင် တောင်းဆိုမှုမှာ ခီမဲရာ ကုန်သည်ကြီးများအသင်းထံမှ လာသောကြောင့် နေသားမကျသေးသည့် Frestech ဆောက်လုပ်ရေးမှော်စက် ကုန်သည်ကြီးများအသင်း၏ ဥက္ကဌမှာ ရှုယီထံ အကြံဉာဏ်ကို မေးဖို့ လာရှာခဲ့သည်။
ရှုယီမှာ သူ့အားလည်း အန်းခေါ့ထ်နှင့် ကာကာရိုတို့ကဲ့သို့ပင် ဆက်ဆံ၍ လက်ခံ၊ မခံကို ကိုယ်တိုင် ဆုံးဖြတ်စေခဲ့သည်။
လွန်ခဲ့သည့်လက Frestech ဆောက်လုပ်ရေးမှော်စက် ကုန်သည်ကြီးများအသင်းထံမှ တင်ပြချက်အရ မှော်စက်လေးမျိုးကို အပြီးသတ်ပြီးကာ ခီမဲရာ ကုန်သည်ကြီးများအသင်းကလည်း လက်ခံခဲ့သည်ပင်။
ခီမဲရာ ကုန်သည်ကြီးများအသင်းမှာ ဤပူးပေါင်းရေးနှင့် ပတ်သက်၍ စိတ်တိုင်းကျပြီး ရှေ့လျှောက် စီမံကိန်းများ ထပ်လုပ်ရန် တောင်းဆိုမည့်အကြောင်း ဖော်ပြခဲ့ပြီး Frestech ဆောက်လုပ်ရေးမှော်စက် ကုန်သည်ကြီးများအသင်းအနေဖြင့် ၎င်းတို့အား ဦးစားပေးဆက်ဆံနိုင်ရန် မျှော်လင့်နေသည်။
Frestech ဆောက်လုပ်ရေးမှော်စက် ကုန်သည်ကြီးများအသင်းမှာ သဘာဝကျကျပင် ၎င်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံပါ၏။
အဘယ့်ကြောင့်ဆိုသော် ခီမဲရာ ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ လိုအပ်ချက်နှင့် ပတ်သက်ပြီး အနည်းငယ် တင်းကြပ်ကာ ထုတ်လုပ်ရေး ဖြစ်စဉ်အတွင်း ကရိကထအနည်းငယ်များရုံမှလွဲ၍ အရာရာတိုင်းမှာ ချောချောမွေ့မွေ့ဖြစ်ခဲ့သည်။ အထူးသဖြင့် ပေးချေမှုနှင့် ပတ်သက်လာလျှင် ၎င်းတို့မှာ လုံးဝ မနှောင့်နှေးဘဲ တန်ကြေးကြီးကြီးပေးခဲ့ပါ၏။ ၎င်းတို့မှာ တကယ်ကို ပူးပေါင်းဖို့ အဆင်ပြေသည့် တွဲဖက်ကောင်းပါပင်။
Frestech ဆောက်လုပ်ရေးမှော်စက် ကုန်သည်ကြီးများအသင်းအပြင် ခီမဲရာ ကုန်သည်ကြီးများအသင်းမှာ လွန်ခဲ့သည့် နှစ်ဝက်လေးအတွင်း Frestech ကုန်သည်ကြီးများအသင်းလက်အောက်ရှိ ကုမ္ပဏီ အမျိုးမျိုးထံ စီမံကိန်း အမျိုး ၇၀ကျော်ကို တောင်းဆိုခဲ့၏။
၎င်းတို့အနက် ၁၃ခုမှာ ပြီးစီးသွားပြီဖြစ်ကာ ၄၅ခုက လုပ်ဆောင်နေဆဲဖြစ်ပြီး အန်းခေါ့ထ်နှင့် ကာကာရိုတို့ ယူလာခဲ့သည့် စီမံကိန်း အပါအဝင် ကျန်သည့် ၁၀ခုမှာ ညှိနှိုင်းနေဆဲဖြစ်သည်။
၎င်းကို အခြေခံလိုက်လျှင် ခီမဲရာ ကုန်သည်ကြီးများအသင်းမှာ သံသယပင် မလိုအောင် လက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ အရေးအကြီးဆုံးတွဲဖက်ဖြစ်ပါ၏။
Frestech ကုန်သည်ကြီးများအသင်းအတွက် နယ်မြေကြီးတွင် ဘဏ္ဍာငွေအားကောင်းကာ ရင်းမြစ်များနှင့် လူအင်အားများစွာရှိပြီး ကန်ဒရာအင်ပါယာတွင်ပင် ကိုယ်ပိုင်ရင်းမြစ်များနှင့် အဆက်အသွယ်ကောင်းများရှိသည့် အကြီးဆုံး ကုမ္ပဏီအနေဖြင့် ခီမဲရာ ကုန်သည်ကြီးများအသင်းမှာ ကန်ဒရာအင်ပါယာ၌ ဖွံ့ဖြိုးရေးအတွက် အကောင်းဆုံး တွဲဖက်ဖြစ်သည်။ ယှဉ်နိုင်သူတစ်ဦးမှ မရှိပေ။
သို့သော်လည်း ရှုယီအတွက် သူ့လက်ထဲရှိ တင်ပြချက်များမှာ သတိထားစိတ်ကို နိုးကြားလာစေသည့် အချက်ဖြစ်၏။ ခီမဲရာ ကုန်သည်ကြီးများအသင်းထံ၌ Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်သည့် ဇာတ်ကွက်အချို့ ရှိလောက်သည်။
ရှုယီမှာ ၎င်းကို လုံးဝမအံ့ဩပေ။
လွန်ခဲ့သည့် ၁၀နှစ်ကျော်အကြာက Frestech ကုန်သည်ကြီးများအသင်း စတင်ပေါ်ပေါက်လာကာစအချိန်တွင် ခီမဲရာ ကုန်သည်ကြီးများအသင်းအနေနှင့် Frestech ကုန်သည်ကြီးများအသင်းအား တိုက်ရိုက် ဝယ်ယူဖို့ ကြိုးစားခဲ့သည်ပင်။
သို့သော် ရှုယီက ၎င်းတို့အား ပြတ်ပြတ်သားသားငြင်းဆန်လိုက်ပြီးနောက် ခီမဲရာ ကုန်သည်ကြီးများအသင်းမှာ နောင်တွင် ၎င်းကို လုံးဝ ပြောမလာတော့ပေ။
ထို့နောက် Frestech ကုန်သည်ကြီးများအသင်း ပိုမို မြန်မြန်ဆန်ဆန် တိုးတက်လာ၍ ပိုပိုအားကောင်းလာသည်နှင့်အမျှ ၎င်းတို့၏ အင်အားမှာ ခီမဲရာ ကုန်သည်ကြီးများအသင်းနှင့် တူညီသည့် အဆင့်သို့ပင် နီးကပ်လာနေပြီဖြစ်ရာ ခီမဲရာ ကုန်သည်ကြီးများအသင်းအနေဖြင့် Frestech ကုန်သည်ကြီးများအသင်းကို ဝယ်ယူမည့် အခွင့်အရေးအားလုံး ဆုံးရှုံးသွားပြီဖြစ်၏။
သို့သော်လည်း ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက ဤမျှ အားကောင်းလာပြီး ကန်ဒရာအင်ပါယာအတွက်ပင် ခြိမ်းခြောက်စရာဖြစ်နေရာ ခီမဲရာ ကုန်သည်ကြီးများအသင်းနှင့် ကန်ဒရာအင်ပါယာတို့အနေဖြင့် သဘာဝကျကျပင် လောဘတက်လာကြ၏။
လက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ အင်အားဖြင့် ခီမဲရာ ကုန်သည်ကြီးများအသင်းမှာ Frestech ကုန်သည်ကြီးများအသင်းကို တစ်ကိုက်တည်းဖြင့် ဝါးမြိုရန် မဖြစ်နိုင်ပေ။ ၎င်းတို့အနေဖြင့် အခြားနေရာများစွာထံမှသာ တတိတိ ကိုက်ဝါးနိုင်ရုံဖြစ်၏။
ဤပူးပေါင်းရေးစီမံကိန်းများနှင့် ပတ်သက်၍ ပြဿနာမရှိပုံရကာ သေချာကြည့်ပါလျှင် ဘာပြဿနာမှ မရှိသော်လည်း အဆုံး၌ စဉ်းစားကြည့်ပါက ခီမဲရာ ကုန်သည်ကြီးများအသင်းက ထောင့်တိုင်းမှနေ၍ Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်သွယ်ချက်များ တည်ဆောက်ရန် ကြိုးစားနေကြောင်းကို တွေ့ရလိမ့်မည်။
၎င်းတို့၏ ရည်ရွယ်ချက်ကမူ... ကုမ္ပဏီကြီးတိုင်း ကြုံတွေ့ရမည့် အရာတစ်ခုဖြစ်သောကြောင့် အံ့ဩဖို့တော့ မလိုပေ။
၎င်းကို စဉ်းစားကြည့်ပြီးနောက် ရှုယီမှာ ထိုအစီရင်ခံစာများကို စုစည်း၍ သူ၏ စားပွဲကို နှစ်ကြိမ်မှ ခေါက်လိုက်၏။
စင်ဒီက ချက်ချင်းဝင်လာသည်။
"ဥက္ကဌ၊ ဘာအမိန့်ပေးစရာရှိလို့ပါလဲ?"
"အကြီးအကဲ အီလူရှာနဲ့ အကြီးအကဲ လီဆန်းယာတို့ကို ဆက်သွယ်လိုက်၊ အချိန်ရောက်နေပြီ။ သူတို့ကို ဆိပ်ကမ်းမှာ စုနေဖို့ တောင်းဆိုလိုက်။"
"ကောင်းပါပြီ" စင်ဒီမှာ ချက်ချင်းပင် အသေးစားမှော်ဆက်သွယ်ရေးကိရိယာကို ထုတ်၍ အကြီးအကဲ အီလူရှာနှင့် အကြီးအကဲလီဆန်းယာတို့ကို ခေါ်လိုက်သည်။
ရှုယီလည်း ထရပ်၍ လျှောက်ထွက်လာရာ စင်ဒီက မှော်ဆက်သွယ်ရေးကိရိယာကို ကိုင်ထားရင်း သူ့နောက် လိုက်လာ၏။
နှစ်ဦးသားမှာ မှော်ဆလွန်းတစ်စီးထဲဝင်၍ မိနစ် ၂၀မပြည့်ခင်တွင် Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်ဌာန အပြင်ဘက်ရှိ Frestech ဆိပ်ကမ်းသို့ ရောက်လာကြသည်။
တစ်အောင့်ကြာပြီးသည့်နောက် အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်းယာတို့မှာ ၎င်းတို့လက်အောက်ရှိ နတ်သူငယ်အချို့ကို ခေါ်ဆောင်လျက် ဆိပ်ကမ်းသို့ ရောက်လာကြသည်။
အကြီးအကဲ လီဆန်းယာက အဝေးရှိ ပင်လယ်ပြင်ကို ကြည့်ကာ မေးလေ၏၊ "ဥက္ကဌရှု သင်္ဘောစုက ဘယ်မှာလဲ? ဘာလို့ သူတို့ကို မတွေ့တာလဲ?"
ရှုယီက ဘေးရှိ ဆိပ်ကမ်း တာဝန်ခံရှိရာထံ လှည့်ကြည့်လိုက်သည်။
ထိုမန်နေဂျာက အရိုအသေပေးသည့်အနေဖြင့် ဦးညွှတ်ပြီးမှ ဖြေလေသည်၊ "ဥက္ကဌ၊ သင်္ဘောစုက လွန်ခဲ့တဲ့ နာရီဝက်ကပဲ လန်ဒိုရီကျွန်းကို ဖြတ်လာရုံရှိပါသေးတယ်။ မျှော်လင့်မထားတာမျိုး ဖြစ်မလာရင် ခဏနေ ရောက်လောက်ပါပြီ"
"အင်း" ရှုယီက ခေါင်းငြိမ့်လိုက်ပြီးနောက် အကြီးအကဲ လီဆန်းယာထံ ရှင်းပြလိုက်၏၊ "လန်ဒိုရီကျွန်းက ဒီကနေဆို ၅၀ကီလိုမီတာလောက်ပဲ ဝေးတာပါ။ သူတို့သာ လွန်ခဲ့တဲ့ နာရီဝက်လောက်က ဖြတ်သွားတာဆိုရင် ဒီကိုရောက်ဖို့ ကီလိုမီတာ နည်းနည်းလောက်တော့ လိုဦးမယ်။ ဆယ်မိနစ်လောက်ဆို သူတို့ကို တွေ့ရလောက်မှာဆိုတော့ ခဏလောက်စောင့်ပေးပါဦး"
"ကောင်းပြီလေ"
ရှုယီနှင့် အကြီးအကဲ နှစ်ဦးတို့မှာ နေရာ၌ မန်နေဂျာပြင်ထားပေးသည့် ထိုင်ခုံတွင် ထိုင်လိုက်ကြသည်။ ရှုယီက ငြိမ်သက်နေသည့် ပင်လယ်ပြင်ကိုကြည့်၍ ရုတ်တရတ် အပြုံးဖြင့် မေးလိုက်၏၊ "အကြီးအကဲတို့ စိတ်လှုပ်ရှားနေကြလား?"
အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်းယာတို့မှာ တစ်ဦးကို တစ်ဦးကြည့်လိုက်ပြီးနောက် ပြုံးလိုက်လေသည်။
"ဥက္ကဌရှု၊ ရှင်တို့လူသားတွေသာ ကီလိုမီတာ တစ်သောင်းကျော်လောက် အဝေးကလာမယ့် နှစ်ပေါင်းများစွာ မတွေ့တာ ကြာပြီဖြစ်တဲ့ မိသားစုဝင်တစ်ဦးကို တွေ့မယ်ဆိုရင် တည်ငြိမ်နေနိုင်မှာလား?" အကြီးအကဲ အီလူရှာက အပြုံးဖြင့် မေးလိုက်၏။
"မနေနိုင်ဘူးပေါ့၊ ဒါပေမယ့် ဒီလောက်လည်း စိတ်လှုပ်ရှားနေမှာ မဟုတ်ပါဘူး။" ရှုယီက ပခုံးတွန့်လိုက်၏၊ "စူးစမ်းလေ့လာရေးအဖွဲ့ဆီက တင်ပြချက်တွေကို အခြေခံရရင် မှော်တိမ်တိုက်နယ်မြေကြီးမှာလည်း လူသားတွေရှိနိုင်ပေမယ့် သူတို့တွေက စိုင်စ်နယ်မြေကြီးပေါ်က နတ်သူငယ်တွေလိုမျိုး ရှားပါးနေတယ်။ တကယ့်လူသားအစစ်ကိုတောင် မတွေ့ကြသေးဘူးလေ။ ကျုပ်အထင်...သူတို့သာ လူသားတချို့ကို ပြန်ခေါ်လာရင် စိတ်လှုပ်ရှားတာထက် ပိုပြီး စူးစမ်းချင်တာက များလောက်တယ်"
"ကျွန်မတို့က အတူတူပါပဲ၊ စိတ်လှုပ်ရှားတာထက် ပိုစူးစမ်းချင်နေတာပေါ့" အကြီးအကဲ လီဆန်းယာက ပြောသည်၊ "နတ်သူငယ်တွေရဲ့ ဒဏ္ဍာရီထဲမှာ မျိုးနွယ်စုစစ်ပွဲပြီးတဲ့နောက် နယ်မြေကြီးအသစ်ကို ရှာဖွေ နေထိုင်ဖို့ ပင်လယ်ပြင်ကို ကျော်ဖြတ်သွားကြတဲ့ နတ်သူငယ်တချို့ရှိတယ်လို့ ပြောထားပေမယ့်လည်း ဘယ်သူကမှ တခြားနယ်မြေကြီးတစ်ခုခု တည်ရှိ၊ မရှိ ဆိုတာကိုရော မျိုးနွယ်ဝင်တွေက အဲ့နယ်မြေကြီးကို ဘေးကင်းကင်း ရောက်သွားရဲ့လားဆိုတာကိုရော၊ အဲ့နေရာမှာ ရှင်သန်နေသေးလားဆိုတာကိုရော မသိကြဘူးလေ။ အခု ဒါကို အတည်ပြုပြီးနေတော့ ကျွန်မတို့လည်း အရမ်းသိချင်တာပေါ့။ သူတို့အရင်က ဘယ်လိုတွေ တွေ့ကြုံခဲ့ရလဲ ဆိုတာကိုလေ"
"သမိုင်းနဲ့ ယှဉ်ရရင် လက်ရှိ အခြေနေကို ပိုပြီးဂရုစိုက်မိတယ်။" အကြီးအကဲ အီလူရှာက ပြောသည်၊ "ရှင်တို့ ကုမ္ပဏီက တင်ပြချက်အရဆို အဲဒီ မျိုးနွယ်ဝင်တွေက မှော်တိမ်တိုက်နယ်မြေကြီးမှာ ကောင်းကောင်းရှင်သန်ခဲ့ကြပါတယ်။ သူတို့ကို မှော်တိမ်တိုက်နယ်မြေကြီးရဲ့ မျိုးနွယ်စုကြီးတွေထဲက တစ်ခုလို့တောင် ယူဆနိုင်နေတော့ စိုင်စ်နယ်မြေကြီးမှာရှိတဲ့ ကျွန်မတို့ထက် အများကြီး ပိုအဆင်ပြေနေတဲ့ အဓိပ္ပာယ်ပဲ"
"ဘာလဲ? အကြီးအကဲ အီလူရှာ, ခင်ဗျားရဲ့ မျိုးနွယ်ဝင်တွေကို မှော်တိမ်တိုက်နယ်မြေကြီးဆီ ခေါ်သွားချင်လို့လား?" ရှုယီက အပြုံးဖြင့်မေးသည်။
"ဒါတော့ မဖြစ်နိုင်ဘူးပေါ့" အကြီးအကဲ အီလူရှာက ချက်ချင်းခေါင်းခါလေသည်၊ "ကျွန်မတို့ မျိုးနွယ်ဝင်တွေက စိုင်စ်နယ်မြေကြီးမှာ အရမ်းကောင်းတဲ့ ဘဝကို ရနေပြီးသားဖြစ်ပြီး လူ့အသိုင်းအဝိုင်းထဲလည်း ဝင်ဆံ့နေကြပြီမို့လို့ ဘာပြဿနာမှ မရှိဘူးလေ။ ကျွန်မတို့အနေနဲ့ ဥက္ကဌရှုရယ် Frestech ကုန်သည်ကြီးများအသင်းရယ်နဲ့ ချောချောမွေ့မွေ့ ဆက်ပြီး ပူးပေါင်းနိုင်နေရင် ကျွန်မတို့ ညတေးသံမျိုးနွယ်စုလည်း သေချာပေါက် ချောချောမွေ့မွေ့ ဆက်ပြီး တိုးတက်လာနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် ဒါက နယ်မြေကြီးအသစ်တစ်ခုဆီသွားတာထက် အများကြီး ပိုကောင်းတယ်။"
"ဒါဆို အကြီးအကဲ လီဆန်းယာ၊ ခင်ဗျားတို့ လရိပ်မျိုးနွယ်စုကရော?" ရှုယီက အကြီးအကဲ လီဆန်းယာထံ လှည့်မေးလိုက်၏။
"ကျွန်မတို့အနေနဲ့ ကျွန်မတို့ ဘဝအခြေအနေတွေကို မထိန်းသိမ်းနိုင်တာမျိုး မဟုတ်တော့ ဘာလို့ မှော်တိမ်တိုက်နယ်မြေကြီးဆီသွားဖို့ စွန့်စားရမှာလဲ?" အကြီးအကဲ လီဆန်းယာက အကြီးအကဲ အီလူရှာနှင့် ယှဉ်လျှင် ပို၍ပင် တည့်တိုးဆန်စွာ ပြန်ဖြေလာသည်၊ " ကျွန်မတို့ မျိုးနွယ်စုက ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းနေတာမို့လို့ အရင်ကထက်စာရင် အများကြီး ပိုကောင်းလာနေပြီး ဘာမှ ပြတ်လပ်တာလည်း မရှိတဲ့အပြင် ရှင်တို့ လူသားတွေဆီက အာရုံစိုက်မှုလည်း ရထားသေးတယ်။ ဒါက မှော်တိမ်တိုက်နယ်မြေကြီးနဲ့ ယှဉ်ရင် ပိုကောင်းတယ်လေ။ ပြောရရင်... ဥက္ကဌရှု၊ ရှင်က ကျွန်မတို့ နတ်သူငယ်တွေ အဲ့မှာနေတာကိုပဲ ပြောနေပေမယ့် သူတို့ ဘဝအခြေနေက ဘယ်လိုမျိုးဆိုတာ မပြောခဲ့ဘူးနော်"
"တခြားနည်းမရှိဘူးလေ၊ အစီရင်ခံစာမှာ ရေးထားတာက အများကြီးမို့လို့ ခင်ဗျားတို့ မေးရင်တောင် ကျုပ်မသိဘူး။" ရှုယီက လက်များကို ဖြန့်လိုက်၏၊ "ဒါပေမယ့် သူတို့ မကြာခင်ရောက်လာတော့မှာမို့ သူတို့ကို မေးလို့ရတာပဲ"
"အင်း ဒါလည်း ကောင်းပါတယ်"
အကြီးအကဲ လီဆန်းယာက ခေါင်းငြိမ့်၍ သူမ၏ အင်္ကျီကော်လံကို ပြန်ပြင်ရန် ငုံ့လိုက်သည်။
ဘေးရှိ အကြီးအကဲ အီလူရှာကမူ ထိုသို့ မလုပ်ဘဲ နားနောက်သို့ ဆံပင်ကိုသာ ပို့လိုက်သည်။
ရှုယီမှာ စိတ်ထဲ မနေနိုင်အောင် ကြိတ်ရယ်မိသွား၏။
ကြည့်ရသည်မှာ နတ်သူငယ်များမှာလည်း လူသားများနှင့် ခြားနားပုံမရဘဲ ဆွေမျိုးဟောင်းများနှင့် ဆုံတွေ့ချိန်၌ ၎င်းတို့၏ သွင်ပြင်ကို ဂရုစိုက်ကြပုံပင်။
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၆၆။ နယ်မြေကြီးအသစ်မှ ဧည့်သည်များ
၁၀မိနစ်ကြာပြီးနောက် မိုးကုပ်စက်ဝိုင်းတွင် အရိပ်တန်းများ ပေါ်ထွက်လာသည်။
"သူတို့ ရောက်လာပြီ"
ရှုယီနှင့် အကြီးအကဲ နှစ်ဦးတို့ ထရပ်လိုက်ပြီး ဆိပ်ကပ်သို့ သွား၍ ငြိမ်သက်စွာစောင့်ဆိုင်းနေလိုက်ကြသည်။
နောက် ၁၀မိနစ်ကြာပြီးနောက် သံမဏိသင်္ဘောမှာ အနောက်ဘက် ပင်လယ်ပြင်မှနေ၍ ဆိပ်ကမ်းထံသို့ ဖြည်းညင်းစွာ ဝင်ရောက်လာ၏။
ပထမဆုံး အကြီးစား ပို့ဆောင်ရေး မှော်သင်္ဘောမှာ ဆိပ်ကမ်း၌ ကမ်းကပ်လိုက်ချိန်တွင် ပုံရိပ်လေးတစ်ခု ခုန်ထွက်လာပြီး ရှုယီရှေ့သို့ ရောက်လာ၏။
"ဥက္ကဌ၊ ကျွန်မ ပြန်လာပြီ!"
ရှုယီမှာ တစ်ချက်ရယ်လိုက်ပြီးနောက် တစ်ဘက်လူ၏ အမြင်အာရုံနှင့် တစ်တန်းတည်းဖြစ်အောင် ထိုင်လိုက်သည်။
"ဟေး၊ လုမီ၊ ခင်ဗျားတို့ မျိုးနွယ်ဝင်တွေကို ရှာတွေ့ခဲ့တဲ့အတွက် အရင်ဆုံး ဂုဏ်ပြုသင့်လား?"
လုမီ၏ မျက်လုံးများက ပြုံးလိုက်ခြင်းကြောင့် လခြမ်းကွေးလေးများသဏ္ဍာန် ပြောင်းသွားကာ ခေါင်းငြိမ့်လေ၏။
"အင်း! ဥက္ကဌ၊ ကျွန်မ ရှင့်ကို ကျေးဇူးတင်ရမယ်! ကျွန်မ မျိုးနွယ်ဝင်တွေကို တွေ့ရမယ့်နေ့ ရောက်လာမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးဘူး!"
ရှုယီမှာ အသာပြုံး၍ ခေါင်းငြိမ့်ပြီးနောက် အကြီးစားပို့ဆောင်ရေးမှော်သင်္ဘော၏ ကုန်းပတ်ထက်သို့ မော့ကာကြည့်လိုက်သည်။
"ဒါဆို မင်းတို့ မျိုးနွယ်ဝင်တွေရော? ရောက်လာပြီလား?"
"ကျွန်မ သူတို့ကို ဆင်းလာဖို့ ခေါ်လိုက်မယ်" လုမီမှာ လက်ယမ်း၍ သင်္ဘောထံ ပျံတက်သွားသည်။
ရှုယီလည်း ထရပ်၍ ပျံသန်းနေသည့် လုမီကို အပြုံးဖြင့် ကြည့်လိုက်ရင်း စိတ်ထဲ၌ လုမီအတွက် အမှန်တ် ပျော်ရွှင်မှုကို ခံစားလိုက်ရ၏။
သူမအား သူမ၏ မျိုးနွယ်စုက ချန်ထားခဲ့ကတည်းက လုမီမှာ စိုင်စ်နယ်မြေကြီးတွင် တစ်ဦးတည်းသော သွေးနှောအဖြစ် နေထိုင်ခဲ့ရလေရာ မည်မျှ အထီးကျန်ပြီး ဝမ်းနည်းစရာကောင်းကြောင်းကို စိတ်ကူးကြည့်နိုင်သည်။
ယခုတွင် သူမဟာ Frestech ကုန်သည်ကြီးများအသင်း၏ ပင်လယ်ပြင် စူးစမ်းရှာဖွေရေးသင်္ဘောနှင့်အတူ နယ်မြေကြီးအသစ်ကို ရောက်ရှိခဲ့ပြီး ထိုနယ်မြေကြီး၌ သွေးနှောများ၏ တည်ရှိမှုကိုပင် ရှာတွေ့ခဲ့သဖြင့် မည်မျှ ဝမ်းသာမည်ဖြစ်ကြောင်း စိတ်ကူးကြည့်နိုင်သည်။
ရှုယီမှာ လွန်ခဲ့သည့် နှစ်လအကြာက ရှာဖွေစူးစမ်းရေးအဖွဲ့မှာ မှော်တိမ်တိုက်နယ်မြေကြီး၌ သွေးနှောများကို တွေ့ခဲ့ကြောင်း သတင်းကို ရရှိခဲ့ချိန်တွင် အတန်ငယ် အံ့ဩသွားခဲ့သည်။
ပြောရလျှင် သွေးနှောများက စိုင်စ်နယ်မြေကြီးမှ ထွက်ခွာ၍ နယ်မြေကြီးအသစ်သို့ သွားခဲ့ခြင်းမှာ ဒဏ္ဍာရီမျှသာ ဖြစ်သည်။ မည်သူကမှ နယ်မြေကြီးအသစ် တည်ရှိကြောင်းကို မသေချာသလို ထိုသို့ ခရီးထွက်ခဲ့သည့် သွေးနှောများ အသက်ရှင်မရှင်ကိုလည်း မသေချာခဲ့ကြပေ။
ထို့ကြောင့် လုမီမှာ သူမ၏ မျိုးနွယ်စု ချန်ခဲ့သော ကောလဟာလများကြောင့် စူးစမ်းရှာဖွေရေးသင်္ဘောစုနှင့်အတူ လိုက်ပါသွားရန် တောင်းဆိုခဲ့သော်လည်း မှော်တိမ်တိုက်နယ်မြေကြီးကို ရှာတွေ့ခဲ့ပြီးနောက်တွင်သော်မှ ရှုယီထံ၌ မျှော်လင့်ချက် များများစားစားမရှိခဲ့ပေ။
သူ့အနေနှင့် ၎င်းတို့မှာ အခြားသွေးနှောများကို ရှာတွေ့မည်ဟု ထင်မထားခဲ့ချေ။ ၎င်းက လုမီ၏ စိတ်ထဲ၌ နှစ်ရာချီအောင် ထိန်းသိမ်းထားသော မျိုးနွယ်စုအား ရှာဖွေခြင်း မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးခဲ့သဖြင့် ရှုယီကိုလည်း အင်မတန် ဝမ်းသာစေသည်။
ကိုယ်ပိုင်အမြင်မှဆိုလျှင် ရှုယီမှာ လုမီအား မှော်သုတေသနနှင့် သွေးနှောများ၏ သမိုင်းအကြောင်း အကြိမ်များစွာ ပြောခဲ့ဖူးသည်။ သူ့အနေနှင့် အပြင်ပန်း၌ တောက်ပ၍ ပွင့်လင်းသော ကိုယ်ရည်ကိုယ်သွေးရှိသည့် လူသားမိန်းမငယ်လေးတစ်ဦးနှင့် တူသော ဤချစ်စဖွယ် သွေးနှောမလေးကို သဘောကျပေသည်။
စီးပွားရေးအမြင်မှဆိုလျှင် သွေးနှောမျိုးနွယ်စု၏ အဖွဲ့ဝင်တိုင်းမှာ မှော်ပညာ၌ ကျွမ်းကျင်ကြ၏။ ၎င်းတို့မှာ ၎င်းတို့၏ ကိုယ်ပိုင်မှော်သီအိုရီစနစ်ကို ဖွဲ့စည်းခဲ့ပြီး မှော်သုတေသနပြုလုပ်ခြင်းကို အထူးနှစ်ခြိုက်ကြသည်။
လုမီတစ်ဦးတည်းနှင့်တင် Frestech ကုန်သည်ကြီးများအသင်းအား အတော်လေး အကူအညီဖြစ်စေခဲ့ပြီး ယခုတွင် ၎င်းတို့အနေဖြင့် သွေးနှောများ အုပ်စုလိုက်ကို ရှာတွေ့ခဲ့ပြီဖြစ်ရာ အားလုံးကို ခေါ်သွင်းနိုင်ပြီး Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ခိုင်းပါက ၎င်းတို့၏ မှော်စက်သုတေသနအင်အားကို များစွာ တိုးတက်လာစေလိမ့်မည်။
ထို့ကြောင့် မည်သို့ကြည့်ကြည့် ရှုယီမှာ ဤရလာဒ်နှင့် ပတ်သက်၍ အင်မတန် ပျော်ရွှင်မိပါ၏။
မှန်ပါသည်၊ လုမီနှင့် မှော်တိမ်တိုက်နယ်မြေကြီး၌ တွေ့ခဲ့သော သွေးနှောများအပြင် ဤသင်္ဘောစု၏ အဓိက ဧည့်သည်များမှာ မှော်တိမ်တိုက်နယ်မြေကြီး၏ နတ်သူငယ်များဖြစ်သည်။
ခဏတာ စောင့်ဆိုင်းပြီးနောက် ပို့ဆောင်ရေးသင်္ဘောကြီးများမှာ ဆိပ်ကမ်းသို့ ဝင်ရောက်လာသည်။ စိုင်စ်နယ်မြေကြီး၏ နတ်သူငယ်များ၏ သွင်ပြင်နှင့် ဆင်တူသော်လည်း အတန်ငယ်ကွဲပြားသည့် နတ်သူငယ် အုပ်စုတစ်ခုမှာ ထိုသင်္ဘော၏ သင်္ဘောသားများ နောက်မှ လိုက်ပါလာသည်။
ရှုယီ နံဘေးရှိ အကြီးအကဲ အီလူရှာနှင့် အကြီးအကဲလီဆန်းယာတို့မှာ ထိုနတ်သူငယ်များကို မြင်ချိန်၌ အံ့ဩသွားကြပြီးနောက် ၎င်းတို့ကို သွားရောက် နှုတ်ဆက်လေသည်။
သို့သော်လည်း ၎င်းက ရှုယီ စိတ်ကူးထားသည်နှင့် မတူပေ။ နှစ်ဘက်စလုံးမှာ ဆုံကြချိန်၌ နီးစပ်သည့် အသိမိတ်ဆွေများနှင့်တူကာ အင်မတန် တည်ငြိမ်စွာဖြင့် အချင်းချင်း နှုတ်ဆက်နေကြ၏။ ၎င်းတို့ ဆက်သွယ်နိုင်ကြောင်း အတည်ပြုပြီးနောက် ၎င်းတို့မှာ အင်မတန် ဖော်ရွေစွာဖြင့် အချင်းချင်း စကားပြောနေကြသည်။
ရှုယီမှာ နတ်သူငယ်များကို အချိန်ကြာသိခဲ့ရပြီး နတ်သူငယ်များ၏ အကျင့်စရိုက်ကို နားလည်ပါ၏။ ၎င်းတို့မှာ ၎င်းတို့ကိုယ်ကို မည်သည့်အချိန်၌ မဆို တည်ငြိမ်၊ မြင့်မြတ်ပြီး ကျက်သရေရှိစေချင်ကာ ၎င်းတို့ကိုယ်ကို အသေးငယ်ဆုံးသော စိုးရိမ်ပူပန်မှုကိုပင် ပြခွင့်မပေးချေ။
ဤသို့သော် အကျင့်စရိုက်မျိုးက ကောင်းသည်လည်းမဟုတ် ဆိုးသည်လည်းမဟုတ်သော်ငြား ရှုယီက ၎င်းကို ဘယ်တုန်းကမှ ကျင့်သားမရခဲ့ပေ။ ထို့ကြောင့် သူဟာ အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်းယာတို့ကို မှော်တိမ်တိုက်နယ်မြေကြီးမှ လာသော နတ်သူငယ်များနှင့် စကားပြောဖို့ ချန်ထားခဲ့လိုက်သည်။ သူဟာ နတ်သူငယ်များ နောက်မှ လိုက်လာသော လူသားကလေးတစ်စုနှင့် တူသည့် သွေးနှောများဘက် လှည့်လိုက်၏။
တည်ငြိမ်သည့် နတ်သူငယ်များနှင့် ကွဲပြားစွာ ထိုသွေးနှောများမှာ ဆူဆူညံညံများ ပြုလုပ်နေပြီးနောက်မှ ကုန်းပတ်မှ ဆင်းလာကြသည်။ တစ်ယောက်ယောက်သာ အခြေအနေကို မသိလျှင် ၎င်းက အငြိမ်မနေသည့် လူသားကလေးများဟု ထင်ကြမည်သာ။
၎င်းတို့ ကုန်းပတ်မှ ဆင်းလာပြီး ဆိပ်ကမ်းပေါ်တက်လာချိန်တွင် ပို၍ပင် ဆူညံလာကြသေး၏။
အချို့ သွေးနှောများမှာ လေထဲသို့ တိုက်ရိုက်ပျံကာ လှည့်ပတ်ပျံသန်းနေကြသည်မှာ လောကသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားကြသလိုပါပင်။
"ဥက္ကဌ၊ ဒါက ကျွန်မတို့မျိုးနွယ်စုရဲ့ ကိုယ်စားလှယ်ပါ၊ သူ့ကို တီလန်းလို့ ခေါ်လို့ရတယ်။" လုမီမှာ လူသားကလေးတစ်ဦးနှင့် အရပ်တူလောက်ရှိသော်လည်း ခြေသလုံးအထိ မုတ်ဆိတ်ဖြူများ ရှိနေကာ လူအိုကြီးတစ်ဦးနှယ် မျက်နှာသွင်ပြင်များရှိသည့် သွေးနှောတစ်ဦးကို ခေါ်လာသည်။
ရှုယီ ကြည့်လာသည်ကိုမြင်သော် တီလန်းအမည်ရ သွေးနှောလူအိုကြီးမှာ အသာ ဦးညွှတ်လိုက်ပြီးနောက် အက်ကွဲနေသံဖြင့် ပြောလေ၏၊ "လူသားခေါင်းဆောင်ရေ မင်္ဂလာပါ၊ ကျုပ်က တီလန်းလို့ခေါ်တယ်။ ကျုပ်က အသက်အကြီးဆုံးမို့လို့ မျိုးနွယ်ဝင်တွေက ကျုပ်ကို ကိုယ်စားလှယ်အနေနဲ့ ရွေးကောက်ထားကြတာပါ။ ကျုပ်တို့ကို ပြောချင်တာ တစ်ခုခုရှိရင် ကျုပ်ကို ဒီတိုင်းလာရှာလိုက်လို့ရတယ်။"
ရှုယီက ခေါင်းငြိမ့်လိုက်ပြီး ထိုသွေးနှောများမှာ ၎င်းတို့၏ သွင်ပြင်ကဲ့သို့ မယုံကြည်ရပုံဖြစ်မနေဘဲ ၎င်းတို့၏ ကိုယ်ပိုင်အရေးများကို ညှိနှိုင်းရန် ကိုယ်စားလှယ်ရွေးရမည်ကိုပင် သိကြသည်။
"မင်္ဂလာပါ အကြီးအကဲ တီလန်း၊ ကျုပ်က ရှုယီပါ။ လုမီကလည်း လမ်းမှာ ကျုပ်အကြောင်း မိတ်ဆက်ပေးခဲ့မယ်လို့ ယုံပါတယ်"
"ဟုတ်တယ်၊ လုမီက မင်းဟာ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌဖြစ်ကြောင်း ပြောထားသလို မင်းတို့ကုမ္ပဏီက မှော်စက်လို့ ခေါ်တဲ့ အရာတွေကို ထုတ်လုပ်တာလည်း သိထားသေးတယ်။" တီလန်းမှာ ရှုယီကို ကြည့်လာပြီး သူ၏ ဆံပင်များဖြင့် အုပ်နေသော မျက်လုံးသေးသေးလေးများ သိလိုစိတ်ဖြင့် တောက်ပလာသည်၊ "မင်းတို့ရဲ့ စူးစမ်းလေ့လာရေးအဖွဲ့ဆီကနေ မင်းတို့ ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ မှော်စက်တွေကို ကြုံပြီးပါပြီ။ ကျုပ်အနေနဲ့ သူတို့မှာ အံ့ဩစရာ သက်ရောက်မှုတွေရှိတာကို ဝန်ခံရမယ်။"
"ချီးကျူးပေးလို့ အများကြီး ကျေးဇူးတင်ပါတယ်။" ရှုယီက အပြုံးဖြင့်ပြောသည်၊ "ဒါပေမယ့် အကြီးအကဲ တီလန်း၊ ခင်ဗျားတို့ သွေးနှောမျိုးနွယ်က မှော်စက်တွေ သုတေသနလုပ်တဲ့နေရာမှာရော မှော်ကိရိယာတွေနဲ့ ပတ်သက်ပြီးတော့ရော သမိုင်းရှည်ကြီးရှိတော့ ခင်ဗျားတို့မှာ ဒီအရာတွေနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်ထူးကဲတဲ့ နားလည်မှုမျိုး ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ကျုပ်တို့သာ ဒါကို သုတေသနလုပ်ရာမှာ အတူလက်တွဲနိုင်ရင် သေချာပေါက် နှစ်ဘက်စလုံးကို အထောက်အကူဖြစ်စေမှာပါ။"
တီလန်းက ရယ်မောလိုက်၏၊ "ကြည့်ရတာ မငတို့ လူသားတွေက အတူတူ ဖြစ်နေတုန်းပဲ။ စိတ်ချပါ လုမီနဲ့ မင်းတို့ ကုမ္ပဏီကလူတွေက အရာအားလုံးကို လမ်းမှာ ပြောထားပြီးသားပါ။ မင်း ကျုပ်တို့ဆီက ရချင်တာကို သိပါတယ်၊ ဒါပေမယ့် ဒါက အရမ်းစောလွန်းမနေဘူးလား?"
ရှုယီက ပခုံးတွန့်လိုက်၏၊ "ဒါပေါ့။ ကျုပ်အနေနဲ့ ခင်ဗျားတို့ကို လုမီဆီကနေတဆင့် ဖိတ်ကြားလိုက်တာဟာ ခင်ဗျားတို့ရဲ့ လေ့လာမှုကို အရင် ခွင့်ပြုချင်လို့ပါပဲ။ ကျုပ်တို့ကို ကူညီချင်တာဖြစ်စေ ကုမ္ပဏီနဲ့ လက်တွဲချင်တာဖြစ်စေ နောက်မှ ဆွေးနွေးလို့ရပါတယ်။"
တီလန်းမှာ ရှုယီကို တအံ့တဩကြည့်လိုက်သည်။
"မင်းက လူသားတစ်ဦးဖြစ်ဖို့အတွက် အတော်ကို ပွင့်လင်းလွန်းနေတယ်၊ မင်းက ငါအရင်က မြင်ဖူးတဲ့ တခြားလူသားတွေနဲ့ မတူဘူးပဲ"
ရှုယီမှာ ချက်ချင်းပင် သူ၏ စကားလုံးများထဲမှ အဓိကအချက်ကို နားလည်လိုက်သည်။
"အကြီးအကဲတီလန်း၊ ခင်ဗျား အရင်က တခြားလူသားတွေကို မြင်ခဲ့ဖူးတာလား? ဒီတော့ မှော်တိမ်တိုက်နယ်မြေကြီးမှာလည်း လူသားတွေ ရှိတဲ့ အဓိပ္ပာယ်ပေါ့? မှော်တိမ်တိုက်နယ်မြေကြီးမှာ လူသားတွေ အများကြီးရှိတာလား?"
"ကျုပ် မသိဘူး" တီလန်းက ခေါင်းခါသည်၊ "ကျုပ် ခင်ဗျားတို့ လူသားတွေကို နောက်ဆုံးမြင်ခဲ့တာကပဲ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်က ဖြစ်နေပြီ။ လူသားတွေက မှော်တိမ်တိုက်နယ်မြေကြီးမှာ ရှားပါးနေပြီဆိုတော့ အခု ဘယ်လိုရှိတယ်ဆိုတာ မသေချာဘူး"
"အဲ့လိုလား?" ရှုယီမှာ အသာမျက်မှောင်ကုပ်လိုက်မိ၏။
Frestech ကုန်သည်ကြီးများအသင်း၏ စူးစမ်းရှာဖွေရင်း အဖွဲ့မှာ မှော်တိမ်တိုက်နယ်မြေကြီး၏ အနောက်ကမ်းရိုးတန်းမှ တစ်ထောင်ကီလိုမီတာအကွာရှိ ကျွန်းတစ်ကျွန်းကိုသွားကြပြီဖြစ်သည်။ သွေးနှောများနှင့် နတ်သူငယ်များကို ရှာတွေ့ခဲ့ခြင်းအပြင် ၎င်းတို့အနေဖြင့် တွေ့ရအများဆုံး မှင်စာများနှင့် အရှားပါးဆုံး ဖွတ်လူသားများကိုပင် တွေ့ခဲ့ရသော်လည်း လူသားတစ်ဦးကိုမှ မတွေ့ခဲ့ကြပေ။
သို့သော်လည်း နဂါးများ၊ သွေးနှောများထံမှ ဖြစ်စေ နတ်သူငယ်များထံမှ ဖြစ်စေ ၎င်းတို့အားလုံးမှာ လူသားများက မှော်တိမ်တိုက်နယ်မြေကြီး၌ တည်ရှိသော်လည်း နယ်မြေ၏ ကြီးမားသည့်အပိုင်းကို မပိုင်ကြောင်း ပြောခဲ့ကြသည်။
ဤရှာဖွေတွေ့ရှိမှုက ရှုယီ၏ နယ်မြေကြီးရှိ လူသားတိုင်းပြည်များနှင့် ဆက်သွယ်ရေး အစီစဉ်နှင့် လူသားဆိုင်ရာ ဈေးကွက်ကို ချဲ့ထွင်ခြင်းအား မဖြစ်နိုင်အောင်ဖြစ်စေသည်။
လူသားများထံ၌ မှော်တိမ်တိုက်နယ်မြေကြီးတွင် မည်သည့် ထိန်းချုပ်နိုင်စွမ်းမှ မရှိသဖြင့် မည်သို့များ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် လူသားနိုင်ငံများနှင့်အတူ မှော်တိမ်တိုက်နယ်မြေကြီးကို တိုးတက်ရေးအား ဆွေးနွေးရပါမည်နည်း?
၎င်းကို စဉ်းစားကြည့်ပြီးနောက်၌ ရှုယီမှာ အမြန်ပင် နောက်တစ်ခေါက်ထပ်ပြုံးကာ နောက်မေးခွန်းမေးလိုက်သည်။
"အကြီးအကဲ တီလန်း၊ ကျုပ်ရဲ့ လက်အောက်ငယ်သားတွေက ခင်ဗျားနဲ့ ခင်ဗျားတို့ မျိုးနွယ်ဝင်တွေကို ပြောပြီးလောက်ပြီပေါ့။ ခင်ဗျားတို့ ဒီတစ်ကြိမ် မှော်တိမ်တိုက်နယ်မြေကြီးဆီကနေ ရောက်ရှိလာမှုကို ကျုပ်တို့ ကုမ္ပဏီက ကြေငြာပြီး စိုင်စ်နယ်မြေကြီးတစ်ခုလုံး ခင်ဗျားတို့အကြောင်းကို သိခွင့်ပေးချင်ပါတယ်။ ခင်ဗျားတို့ အရင်က ပေးခဲ့တဲ့ အဖြေအရ ဒါကို စဉ်းစားဖို့ အချိန်နည်းနည်းလိုတယ်ဆိုပေမယ့် အခုတော့ အဖြေကို မေးကြည့်ချင်ပါတယ်။"
တီလန်းမှာ သူ၏ မုတ်ဆိတ်ရှည်ကြီးကို သပ်၍ အတွေးထဲနစ်မျောသွားသည်။
တစ်အောင့်ကြာပြီးနောက် သူဟာ အသာခေါင်းငြိမ့်၍ သက်ပြင်းချကာ ပြော၏၊ "ကျုပ်တို့ မင်းရဲ့ အကြံကို လိုက်နာပြီး ဒီသတင်းကို ဖြန့်ပါ့မယ်။ ကျုပ်တို့ သွေးနှောမျိုးနွယ်စုက ပုန်းကွယ်နေဖို့မလိုသလို ဒီနယ်မြေကြီးမှာ ကျုပ်တို့ မျိုးနွယ်ဝင်တွေ ဘယ်လောက်ရှိနေလဲ သိချင်သေးတယ်။ လုမီက သူတစ်ယောက်တည်းကျန်ခဲ့တယ်ဆိုတာကို ဘယ်တုန်းကမှမယုံသလို ကျုပ်လည်း မယုံဘူး။ ခင်ဗျားတို့ လူသားတွေရဲ့ အင်အားနဲ့ဆို ကျုပ်တို့ ဒါကို အတည်ပြုနိုင်လောက်တယ်။"
ရှုယီက နံဘေးရှိ လုမီကို ကြည့်၍ သူမ၏ ခေါင်းငြိမ့်ပြလာပုံကိုမြင်သော် မနေနိုင်အောင် ရင်ထဲ သက်ပြင်းချမိသည်။
တကယ်တမ်းတွင် စိုင်စ်နယ်မြေကြီး၌ အခြားသွေးနှောများ ရှိနေသေးသလားကို စုံစမ်းရန် Frestech ကုန်သည်ကြီးများအသင်းမှာ လွန်ခဲ့သည့် နှစ်များကတည်းက လုမီ၏ သတင်းကို ကြေငြာခဲ့ပြီးသားပင်။
Frestech ကုန်သည်ကြီးများအသင်း၏ နယ်မြေကြီးရှိ ကျော်ကြားမှုကြီးထွားလာခြင်းကြောင့် ဤသတင်းမှာ လူသားလောက အနှံ့ကို ပျံ့နှံ့သွားပြီး စိုင်စ်နယ်မြေကြီး၏ အခြားမျိုးနွယ်များ၏ နားထဲသို့ပင် ရောက်ရှိလောက်သည်။
သို့သော်လည်း ဤနှစ်များတလျှောက် ပေါ်ထွက်လာသည့် ဒုတိယသွေးနှောမရှိပေ။ တစ်ကြိမ်ပြီးတစ်ကြိမ် သွေးနှောများ၏ သတင်းရလာလျှင်တောင် အဆုံး၌ သတင်းမှားဖြစ်နေသည်သာ။
၎င်းကြောင့် လုမီမှာ စိုင်စ်နယ်မြေကြီး၌ ကျန်ရစ်ခဲ့သည့် တစ်ဦးတည်းသော သွေးနှောဖြစ်သည်ဟူသည်က တစ်ခုတည်းသော အဖြေဖြစ်သည်ကို မြင်နိုင်၏။
လုမီနှင့် မှော်တိမ်တိုက်နယ်မြေကြီးမှ ထိုသွေးနှော တီလန်းတို့မှာ မျှော်လင့်ချက်ကို အရှုံးမပေးသော်လည်း ရှုယီမှာ ၎င်းတို့ ရရှိမည့် ရလာဒ်က ၎င်းတို့ လိုချင်သည့်ရလာဒ် ဖြစ်လာမည်မဟုတ်ကြောင်း သေချာပါ၏။
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၆၇။ နယ်မြေကြီးအသစ်၏ လျှို့ဝှက်ချက်များအား ချပြခြင်း
ရှုယီအတွက် မှော်တိမ်တိုက်နယ်မြေကြီး သွေးနှောများကို ဖြစ်စေ နတ်သူငယ်များကို ဖြစ်စေ ရှာတွေ့ခဲ့ခြင်းမှာ အားလုံး မျှော်လင့်ထားပြီးသားဖြစ်ပြီး ထိုမျှ မထူးဆန်းပေ။
ပြောရလျှင် ကက်ဆန်ဒရာ ရုတ်တရတ်ပေါ်ထွက်လာမှုမှာ ယခုဆိုလျှင် ၁နှစ်ပင် ကုန်လွန်သွားပြီဖြစ်သည်။ ဤနှစ်အတွင်း ရှုယီမှာ စူးစမ်းရှာဖွေရေးသင်္ဘောစုထံမှ မှော်တိမ်တိုက်နယ်မြေကြီးရှိ သတင်းများကို ဆက်တိုက်ရရှိနေခဲ့ရာ မည်သည်ကိုမှ ထူးဆန်းသည်ဟု မထင်ပါချေ။
ထို့အပြင် နတ်သူငယ်များနှင့် သွေးနှောများက Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ စိုင်စ်နယ်မြေကြီးထံ ပြန်လာရန် ၎င်းတို့၏ ကိုယ်စားလှယ်များကို စေလွှတ်ခဲ့ခြင်းမှာ ရှုယီ အဆိုပြုထားသည့် အရာဖြစ်သဖြင့် သဘာဝကျကျပင် ၎င်းတို့၏ ရောက်ရှိမှုကို လုံးဝမအံ့ဩပေ။
သို့သော် စိုင်စ်နယ်မြေကြီး၏ ဘာမှမသိသော ပြည်သူများအတွက်မူ ၎င်းက လုံးဝကို အယူအဆကွဲပြားပါ၏။
သက္ကရာဇ် ၃၈၀၀ခုနှစ်၏ အောက်တိုဘာလ ၁၁ရက်နေ့၊ အင်မတန် ငြိမ်းချမ်းသော နေ့တွင် နယ်မြေကြီးတဝှမ်း၌ လူသားများအပြင် အခြားမျိုးနွယ်စုများအားလုံး၏ အာရုံကို ဆွဲဆောင်လိုက်သည့် သတင်းတစ်ခုက အလျင်အမြန် ပျံ့နှံ့သွားသည်။
ဘန်တာတိုင်းမ်စ်၏ သတင်းခေါင်းစီး Frestech ကုန်သည်ကြီးများအသင်း အနေဖြင့် သတင်းစာရှင်းလင်းပွဲလုပ်၍ ၎င်းတို့ ယခင်နှစ်က နယ်မြေကြီးအသစ်၌ ရှာဖွေရေးတွင် တွေ့ရှိခဲ့သော အခြေအနေကို ဖွင့်ချပြမည်ဖြစ်ကြောင်း ကြေငြာလိုက်သည်။
၎င်းအား များလှသည်ဟု မယူဆနိုင်ပေ၊ တစ်ချက်တည်းနှင့် လူတိုင်း၏ အာရုံကို ဆွဲဆောင်ခဲ့သည့် အရာမှာ Frestech ကုန်သည်ကြီးများအသင်းက သတင်းစာရှင်းလင်းပွဲ၌ မှော်တိမ်တိုက်နယ်မြေကြီးမှ ဧည့်သည်များလည်း ပေါ်လာမည်ဖြစ်ကြောင်း ဖော်ပြခဲ့ခြင်းပင်။
လွန်ခဲ့သည့်နှစ်က ယခုလို အချိန်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ နယ်မြေကြီးအသစ်နှင့် နဂါးမျိုးနွယ်တို့ သတင်းကို ကြေငြာခဲ့ရာ နယ်မြေကြီးတစ်ခုလုံးကို အံ့အားသင့်စေခဲ့သည်။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်းမှာ မှော်တိမ်တိုက်နယ်မြေကြီးမှ ဧည့်သည်ပါလာခဲ့ကြောင်း ကြေငြာလာရာ လူတိုင်းကို ပို၍ပင် အံ့အားသင့်စေခဲ့၏။
လူများမှာ ယခင်က Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် မည်သည့် သက်သေအထောက်အထားမှ မပြခဲ့သောကြောင့် သံသယဖြစ်ခဲ့ကြသည်ဟု ပြောရလျှင် ယခု၌ မှော်တိမ်တိုက်နယ်မြေကြီးမှ လာသော ဧည့်သည်များ ရှိမည်ဟုဆိုရာ ၎င်းအား အကောင်းဆုံးသက်သေဟု ယူဆနိုင်သည် မဟုတ်ပါလား?
၃ရက်ကြာပြီးနောက် ၁၄ရက်နေ့ မနက်ခင်းတွင် Frestech ကုန်သည်ကြီးများအသင်း၏ သတင်းစာရှင်းလင်းပွဲမှာ Frestech မြို့တော်၌ စတင်ခဲ့သည်။
ဤသတင်းစာရှင်းလင်းပွဲ၌ နယ်မြေကြီးရှိ သတင်းစာတိုက်တိုင်းမှ သတင်းထောက်များရှိနေကာ နိုင်ငံများစွာကလည်း ၎င်းတို့၏ ကိုယ်စားလှယ်များကို စေလွှတ်ခဲ့ကြသည်။
လူတိုင်းမှာ Frestech ကုန်သည်ကြီးများအသင်း ပြောခဲ့သည့် နယ်မြေကြီးအသစ်နှင့် ၎င်းနယ်မြေကြီး၏ ဒေသခံများက မည်သည့်ပုံရှိကြောင်း သိလိုကြ၏။
မနက်ခင်း ၁၀နာရီ၌ Frestech ကုန်သည်ကြီးများအသင်း၏ နိုင်ငံခြားရေးဌာန၏ မန်နေဂျာ မစ်'ဆိုရယ်မှာ သတင်းစာရှင်းလင်းပွဲ စတင်ကြောင်း ကြေငြာလိုက်သည်။ လုမီနှင့် အခြားသွေးနှော ၁၀ဦးတို့မှာ သတင်းစာရှင်းလင်းပွဲ စင်မြင့်သို့ တက်လာလေရာ လူအုပ်ကြီးက ပို၍ပင် စိတ်အားထက်သန်လာကြ၏။
တစ်ချိန်တည်းမှာပင် သတင်းစာရှင်းလင်းပွဲကျင်းပရာ လမ်းဆုံမှ ၁၀ကီလိုမီတာ ဝေးကွာသည့် Frestech ကုန်သည်ကြီးများအသင်း၏ အထွေထွေရုံးခန်းရှိ အစည်းဝေးခန်းမတစ်ခု၌ မတူညီသည့် မြင်ကွင်းရှိနေသည်။
"ဥက္ကဌရှု၊ ကျွန်တော် မယုံနိုင်သေးဘူး၊ သူတို့က တကယ်ပဲ မှော်တိမ်တိုက်နယ်မြေကြီးကလား?" စခ်တိုင်းပြည်၏ မှော်စက်မှုဌာန ခေါင်းဆောင် ဆာချာမှာ မျက်မှောင်ကုပ်ရင်း သူ့ဘေး၌ ထိုင်နေသော သူ ကျင့်သားရနေပြီးသား နတ်သူငယ်များနှင့် အနည်းငယ် ခြားနားသည့် အနက်ရောင် အသားရည်ရှိ နတ်သူငယ်ထံကြည့်ရင်း ထိုမေးခွန်းကို သံသယအပြည့်ဖြင့် မေးလိုက်သည်။
ထိုမေးခွန်းကိုကြားသော် ဆာချာနံဘေး၌ ထိုင်နေသော အခြားနိုင်ငံများထံမှ ဖိတ်ခေါ်ခံထားရသည့် ကိုယ်စားလှယ်များအားလုံးက သူ့အား ထူးထူးဆန်းဆန်း အမူအရာများဖြင့် ကြည့်လာကြ၏။
ဒီလူက တကယ်ကြီး ရှုယီကို ရှေ့မှာထားပြီး မေးခွန်းထုတ်နေတာလား?
သူက ရှုယီ အရင်တုန်းက သံသယမေးခွန်းတွေအပေါ် ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို မေ့သွားလို့လား?
မျှော်လင့်ထားသလိုပင် ရှုယီမှာ သူ့အားကြည့်၍ စားပွဲကို ခေါက်လိုက်ပြီးနောက် အသံမြှင့်ကာ ပြောလာသည်၊ "ကျုပ် ထပ်ပြောပါမယ်၊ ဒီတစ်ခေါက် ကျုပ် ဖိတ်ထားတဲ့ လူတွေအားလုံးဟာ နယ်မြေကြီးအသစ် ဖွံ့ဖြိုးရေးအတွက် အလားအလာရှိတဲ့ တွဲဖက်တွေပါ။ ဒီကိစ္စမှာ သံသယတစ်ခုခုရှိမယ်ဆိုရင် ချက်ချင်းထွက်သွားပေးပါ။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက စိတ်ရင်းမပါတဲ့ ဘယ်တွဲဖက်ကိုမှ မကြိုဆိုပါဘူး။"
ဆာချာ၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားကာ ပြုံးလျက် ပြောလာသည်၊ "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ဥက္ကဋ္ဌ ရှု၊ ကျုပ်က ဒီလို မဆိုလိုပါဘူး။ စပ်စုရုံပဲ၊ သိချင်ရုံပါပဲ… အင်း၊ စပ်စုရုံပါပဲ”
ထိုသို့ပြောပြီးနောက် ဆာချာသည် သူ့ရှေ့ရှိ နတ်သူငယ် နှင့် သွေးနှောတို့ကို စိတ်ဝင်တစားအကြည့်ဖြင့် ကြည့်၍ တမင်ပင် အတတ်နိုင်ဆုံး ဖော်ရွေပုံရသော အပြုံးကို ထုတ်ပြရန် ကြိုးစားလိုက်သည်။
သူ၏ သွင်ပြင်ကို မြင်သော် အခြားကိုယ်စားလှယ်များမှာ မနေနိုင်အောင် အထင်အမြင်သေးဟန်များ ထုတ်ပြလာကြ၏။
ဒီလူကတော့၊ လူတိုင်းက Frestech ကုန်သည်ကြီးများအသင်းနဲ့ အလုပ်တွဲလုပ်နိုင်ဖို့ ကြိုးစားနေကြပြီး ဘယ်သူကမှ သူ့ကို မတိုက်ခိုက်ရဲဘူး။ မင်းက သူ့ကို အဲ့လို မေးခွန်းထုတ်ရဲမှတော့ သေခြင်းတရားကို တောင်းဆိုနေတာပဲ။
သူဟာ သူ၏ အမှားကို ဝန်ခံလိုက်ပါလျှင်တောင် ရှုယီနှင့် သူ့အကြား သို့မဟုတ် သူကိုယ်စားပြုထားသည့် စခ်တိုင်းပြည်အကြား၌ အခဲမကြေမှုအချို့ ရှိနေမည်သာ။
မှန်ပါ၏၊ လမ်ပူရီတိုင်းပြည်ကြောင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ရှုယီတို့၏ စခ်တိုင်းပြည်နှင့် ဆက်ဆံရေးမှာ အမြဲ ဆိုးဝါးနေခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် စခ်တိုင်းပြည်ထံမှ ကိုယ်စားလှယ်တစ်ဦးကို ဖိတ်ခေါ်ခံ့ခြင်းကပင် အံ့ဩစရာဖြစ်နေပြီ ဖြစ်သော်လည်း ထိုလူက ၎င်းတို့ကို တစ်ဖန် ပြက်ရယ်ပြုခဲ့၏။
"မေးခွန်းထုတ်ချင်တဲ့လူရှိသေးလား?" ရှုယီမှာ ရုတ်တရတ် လက်ခုပ်တစ်ချက်တီး၍ ဘေးပတ်လည်ကိုကြည့်ကာ မေးလိုက်သည်။
ဒါပေါ့ မည်သူကမှ မမေးချေ။
"အရမ်းကောင်းတယ်၊ ဒါဆို အဓိက ခေါင်းစဉ်ကို သွားကြတာပေါ့" ရှုယီဟာ စင်ဒီဘက်သို့ လှည့်၍ ခေါင်းငြိမ့်ပြလိုက်၏။
စင်ဒီနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ထမ်း ၃ဦးတို့မှာ စာရွက်တစ်ထပ်ကိုကိုင်ထားပြီး လွှဲပေးလာ၏။
"ဒါက ကျုပ်တို့ ကုမ္ပဏီက လုပ်ထားတဲ့ နယ်မြေကြီးအသစ် ဖွံ့ဖြိုးရေး ကနဦး အစီစဉ်ပါ။ အားလုံး အရင်ကြည့်လိုက်ပါဦး၊ အမြင်တစ်ခုခု အကြံပေးချင်တာတစ်ခုခုရှိရင် ပြောလိုက်ပါ" ရှုယီက ဆိုသည်။
"ဥက္ကဌရှု" ကိုယ်စားလှယ်တစ်ဦးမှာ အစီစဉ်ကိုပင်မကြည့်ဘဲ လက်ထောင်လာ၏။
ရှုယီက သူ့ကို ကြည့်၍ ၎င်းမှာ မားလိုအင်ပါယာမှာ ကိုယ်စားလှယ်ဖြစ်ကြောင်း သတိပြုမိသဖြင့် အပြုံးဖြင့်မေးလိုက်သည်၊ "မေးစရာရှိလို့လားဗျ?"
"ကျုပ်... ဒီအစီစဉ်ကို မဖတ်ခင်မှာ၊ မှော်တိမ်တိုက်နယ်မြေကြီးက တခြားမျိုးနွယ်ဝင်မိတ်ဆွေတွေကို မေးခွန်းတချို့မေးလို့ရမလား?" မားလိုအင်ပါယာကိုယ်စားလှယ်က ဆို၏။
"စိတ်ကြိုက်သာလုပ်ပါ"
ရှုယီ၏ ခွင့်ပြုချက်ကို ရသော် မားလိုအင်ပါယာ၏ ကိုယ်စားလှယ်မှာ အတန်ငယ် အံ့အားသင့်သွားသည်။ သူဟာ သူ့ရှေ့ရှိ နတ်သူငယ်နှင့် သွေးနှောဘက်လှည့်ကာ ဂရုတစိုက်ကြည့်လိုက်သည်။
ထို မှော်တိမ်တိုက်နယ်မြေကြီးမှ နတ်သူငယ်နှင့် သွေးနှောတို့မှာလည်း ၎င်းတို့ကို သိလိုစွာဖြင့် ခြုံကြည့်နေသည်။
မှော်တိမ်တိုက်နယ်မြေကြီးတွင် လူသားများမှာ လူဦးရေများများစားစားမရှိသည့် မျိုးနွယ်စုတစ်ခု ဖြစ်သည်။ ယခင်က လူသားများကို မြင်ဖူးသည့် နတ်သူငယ်နှင့် သွေးနှောမျိုးနွယ်စုဝင်မှာ အနည်းငယ်မျှသာရှိပါ၏။
စိုင်စ်နယ်မြေကြီးကို ရောက်လာပြီးနောက် ၎င်းတို့မှာ နေရာအနှံ့တွင် လူသားများ ရှိသည်သာမက လူသားများ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ၎င်းတို့၏ စိတ်ကူးများကိုပင် ကျော်လွန်နေရာ တကယ်ပင် အမြင်ကျယ်သွားစေ၏။
၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ စိုင်စ်နယ်မြေကြီးသို့လာရန် ဖိတ်ကြားချက်ကို လက်ခံခဲ့ခြင်းမှာ အဓိကအားဖြင့် သိလိုစိတ်ကြောင့်သာဖြစ်သော်လည်း စိုင်စ်နယ်မြေကြီး၏ ကြွယ်ဝမှုကို မြင်ပြီးနောက် ၎င်းတို့မှာ မနေနိုင်အောင် အခြားအတွေးများ ရှိလာတော့၏။
ရှုယီ၏ မှော်တိမ်တိုက်နယ်မြေကြီးကို ၎င်းတို့အတူတွဲကာ ဖွံ့ဖြိုးတိုးတက်စေလိုခြင်း အဆိုပြုချက်မှာ ဤအကြိမ်၌ ၎င်းတို့ အမှန်တကယ် လိုချင်သောအရာဖြစ်သည်။
"ကျုပ်အနေနဲ့ ကျုပ်တို့ရဲ့ ဧည့်သည်တွေကို မေးချင်မိတဲ့ ပထမဆုံးမေးခွန်းကတော့။" မားလိုအင်ပါယာ ကိုယ်စားလှယ်က ခဏမျှ စဉ်းစားပြီးနောက် ပထမဆုံးမေးခွန်းကို မေးလာသည်၊ "ခင်ဗျားတို့ မျိုးနွယ်စုနှစ်စုက မှော်တိမ်တိုက်နယ်မြေကြီးမှာပဲ တစ်ချိန်လုံးနေခဲ့တာလား ဒါမှမဟုတ် ကျုပ်တို့ စိုင်စ်နယ်မြေကြီးကနေ ခွဲထွက်သွားကြတာလား?"
ထိုမေးခွန်းကို ကြားသော် အစီအစဥ်အတိုင်း ဆောင်ရွက်နေသည့် ကိုယ်စားလှယ်များက ၎င်းတို့ ပြောသည်ကို နားထောင်ရန် အာရုံစိုက်လာကြသည်။
မှော်တိမ်တိုက်နယ်မြေကြီးမှ နတ်သူငယ်နှင့် သွေးနှော ကိုယ်စားလှယ်တို့မှာ လုမီ၏ ဘာသာပြန်ခြင်းမှတဆင့် မားလိုအင်ပါယာ ကိုယ်စားလှယ်၏ မေးခွန်းဆိုလိုရင်းကို အတည်ပြုလိုက်ပြီးနောက် ခဏမျှ ဆွေးနွေးကာ တီလန်းက ဖြေဆိုလာခဲ့သည်။
"အဟမ်း... ဒီက လူသားမိတ်ဆွေ၊ ဒီမေးခွန်းအတွက် အဖြေကတော့ ကျုပ်တို့လည်း မှော်တိမ်တိုက်နယ်မြေကြီးရဲ့ သမိုင်းကြောင်းက ရှည်လျားတာမို့ သေချာမသိပါဘူး၊ မှတ်တမ်းတင်ထားတဲ့ သမိုင်းကြောင်းနဲ့တင်ပဲ သက်တမ်း ၅ထောင်ရှိနေပါပြီ။ ဒါပေမယ့် စာရင်းက အရမ်းကိုမှ နည်းနည်းပဲ ကျန်ခဲ့တာမို့လို့ လွန်ခဲ့တဲ့ သက်တမ်း ၅ထောင်ရဲ့ သမိုင်းကြောင်းကို ကျုပ်တို့လည်း များများစားစားမသိပါဘူး။ ဒါပေမယ့် ကျုပ် အတည်ပြုနိုင်တာကတော့ ကျုပ်တို့ သွေးနှောမျိုးနွယ်စုရဲ့ ဘိုးဘေးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ထောင်ကျော် အကြာက စိုင်စ်နယ်မြေကြီးကနေ လာခဲ့ကြတာပါ။"
"ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါဆို နတ်သူငယ် မိတ်ဆွေတွေကရောဗျ?" မားလိုအင်ပါယာကိုယ်စားလှယ်က မေးသည်၊ "ကျုပ် သတိထားမိသလောက်တော့ ဒီနတ်သူငယ်မိတ်ဆွေတွေက.... ကျုပ်တို့ စိုင်စ်နယ်မြေကြီးရဲ့ နတ်သူငယ်မျိုးနွယ်စုနဲ့ နည်းနည်း ကွဲပြားနေသလားလို့?"
မှော်တိမ်တိုက်နယ်မြေကြီးထံမှ နတ်သူငယ်များအား Frestech ကုန်သည်ကြီးများအသင်းနှင့် အရင်းနှီးဆုံးဖြစ်သည့် နတ်သူငယ်မျိုးနွယ်စု ၃စုနှင့် နှိုင်းယှဉ်ရလျှင် သိသိသာသာ နက်မှောင်သည့် အသားအရေရှိ၍ များစွာ အရပ်ပိုရှည်ကာ ၎င်းတို့၏ နားများက ထိုမျှ မချွန်ထက်နေပေ။ ၎င်းတို့မှာလည်း စိုင်စ်နယ်မြေကြီး၏ နယ်သူငယ်များကဲ့သို့ လ'နတ်ဘုရားမကို မယုံကြည်ကြသောကြောင့် ၎င်းတို့ထံ၌လည်း စိုင်စ်နယ်မြေကြီး၏ နတ်သူငယ်များကဲ့သို့ လနတ်ဘုရားမ၏ အမှတ်အသားမရှိကြပေ။ ဤသည်က ၎င်းတို့မှာ အနည်းငယ် ကွဲပြားကြကြောင်း အတည်ပြုနေသည်။
သို့သော် ထိုမေးခွန်းအတွက်မူ ၎င်းတို့ စိုင်စ်နယ်မြေကြီးသို့ ရောက်ကာစအချိန်က ၎င်းတို့မှာ အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်းယာတို့ကို တွေ့ဆုံပြီးနောက် ဖြေကြားခဲ့ပြီးသားပင်။ ယခုတွင် ၎င်းတို့အတွက် ဖြေပေးရန်က အတော်လွယ်ကူနေပြီဖြစ်၏။
"နတ်သူငယ်တွေက မှော်တိမ်တိုက်နယ်မြေကြီးမှာ အရင်တည်းက တည်ရှိနေခဲ့ပြီးသားပါ။ ဒါပေါ့ တခြားနယ်မြေကြီးတွေက ရောက်လာကြတဲ့ နတ်သူငယ်တွေလည်း ရှိတာမို့လို့ နတ်သူငယ် မျိုးနွယ်စုကို မှော်တိမ်တိုက်နယ်မြေကြီးမှာတော့ အမျိုးအစားတွေ ခွဲခြားထားပါတယ်။ ကျုပ်တို့ မျိုးနွယ်စုကတော့ ကျုပ်တို့ ဆက်ခံထားတဲ့ သမိုင်းကြောင်းအရ ကျုပ်တို့က မှော်တိမ်တိုက်နယ်မြေကြီးရဲ့ ဒေသခံတွေပဲ ဖြစ်လောက်မှာပါ"
"ဒီလို ကွဲပြားမှုရှိတာလား?" အခြားကိုယ်စားလှယ်များမှာ အံ့အားသင့်သွားကြသည်။
မားလိုအင်ပါယာကိုယ်စားလှယ်မှာ ခေတ္တမျှ စဉ်းစားပြီးနောက် မေးလေ၏၊ "မှော်တိမ်တိုက်နယ်မြေကြီးမှာလည်း လူသားတွေရှိတယ်လို့ ကြားထားသေးတယ်။ ဒါဆို လူသားတွေက မှော်တိမ်တိုက်နယ်မြေကြီးမှာ အရင်တည်းက ရှိတာလား ဒါမှမဟုတ် ကျုပ်တို့ စိုင်စ်နယ်မြေကြီးကနေပဲ အချိန်တစ်ခုခုကနေ ကူးသန်းလာခဲ့ကြတာများလား?"
"စိတ်မကောင်းပါဘူး" ဖြေဆိုခဲ့သည့် နတ်သူငယ်က ခေါင်းခါလိုက်ကာ၊ "ကျုပ်တို့က မှော်တိမ်တိုက်နယ်မြေကြီးမှာ လူသားတွေနဲ့ ဆက်သွယ်တာ ရှားလို့ ဒီမေးခွန်းကို မဖြေနိုင်ပါဘူး"
ကိုယ်စားလှယ်များစွာတို့မှာ တစ်ဦးကို တစ်ဦးကြည့်လိုက်ကြသည်။
ဤအချက်အလက်အရ ကြည့်ရသည်မှာ မှော်တိမ်တိုက်နယ်မြေကြီးရှိ လူသားများ၏ လွှမ်းမိုးမှုမှာ အင်မတန် အားနည်းလှပြီး စိုးရိမ်စရာ မရှိပုံပင်။
ဤသည်မှာ ၎င်းတို့အနေဖြင့် နယ်မြေကြီးအသစ်ကို ဝင်ရောက်ပြီး ထိုနယ်မြေကြီး၏ ရင်းမြစ်များနှင့် ဈေးကွက်အသစ်ကို ရယူခြင်းအတွက် အင်မတန် ကောင်းမွန်သည့် အခြေအနေဖြစ်၏။
"ကောင်းပါပြီ၊ အဖြေအတွက် ကျေးဇူးပါ။ ကျုပ် အခု ဒုတိယမေးခွန်းကို မေးချင်ပါတယ်။" မားလိုအင်ပါယာကိုယ်စားလှယ်က မေး၏၊ "ခင်ဗျားတို့ မှော်တိမ်တိုက်နယ်မြေကြီးမှာ ဘယ်မျိုးနွယ်စုက လွှမ်းမိုးထားတဲ့ မျိုးနွယ်စုများလဲ? နတ်သူငယ်လား သွေးနှောများလား?"
ထိုမေးခွန်းကို ကြားသော် တစ်ဖက်ရှိ နတ်သူငယ်နှင့် သွေးနှောတို့က နေရခက်ဟန်များ ထုတ်ပြလာကြသည်။
တစ်အောင့်ကြာပြီးနောက် တီလန်းက ခါးသက်သက်ရယ်လျက် ဆိုလေ၏၊ "မှော်တိမ်တိုက်နယ်မြေကြီးမှာ လွှမ်းမိုးထားတဲ့ မျိုးနွယ်စုက သူတို့ရဲ့ နတ်သူငယ်မျိုးနွယ်စုမဟုတ်သလို ကျုပ်တို့ သွေးနှောတွေလည်း မဟုတ်ပါဘူး။ လွှမ်းမိုးထားတဲ့ မျိုးနွယ်စုက မှင်စာတွေ ဖြစ်လောက်မှာပါ...."
"မှင်စာတွေ?" ကိုယ်စားလှယ်များအားလုံးမှာ အံ့ဩနေရင်းဖြင့် ရှုယီထံ လှည့်ကြည့်လိုက်ကြသည်။
Frestech ကုန်သည်ကြီးများအသင်း ယခင်က ၎င်းတို့အား ပေးခဲ့သည့် အချက်အလက်များတွင် ဤအချက်အလက် မပါဝင်ခဲ့ပါချေ။
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၆၈။ မှင်စာတွေက ကျိုးကြောင်းမသင့်ဘူး
"မှော်တိမ်တိုက်နယ်မြေကြီးကို စစ်ဆေးတာနဲ့ ပတ်သက်လာရင် Frestech ကုန်သည်ကြီးများအသင်းက စစ်ဆေးမှုအလယ်မှာပဲ ရှိသေးတာမို့ ကျုပ်တို့အနေနဲ့ မှော်တိမ်တိုက်နယ်မြေကြီးအကြောင်း အရာရာတိုင်းကို မသိသေးပါဘူး" ရှုယီမှာ ထိုအကြည့်များ အားလုံးကို ရင်ဆိုင်လျက် တည်ငြိမ်စွာ ပြောလိုက်သည်၊ "ဒါပေမယ့် မှင်စာတွေနဲ့ ပတ်သက်ပြီး ကျုပ်တို့မှာ အချက်အလက်တချို့ ရှိသလို အကဲဖြတ်မှုတစ်ခုလည်းလုပ်ထားပါတယ်။ ဒါကတော့... သူတို့ဟာ ညှိဖို့ မဖြစ်နိုင်လုနီးပါး မျိုးနွယ်စုပါ"
"အမ်?"
ဤကောက်ချက်က လူတိုင်းကို အံ့အားသင့်သွားစေသည်။
"ညှိနှိုင်းဖို့ မဖြစ်နိုင်လုနီးပါး?" မားလိုအင်ပါယာ ကိုယ်စားလှယ်က တအံ့တဩဖြင့် မေးလာ၏၊ "ဥက္ကဌရှု၊ ဒါက ဘာအဓိပ္ပာယ်လဲ? အဲဒီ့ မှင်စာတွေက ကျုပ်တို့ကို ရန်လိုတဲ့ အဓိပ္ပာယ်လား?"
ဤမေးခွန်းက အင်မတန်ကို အရေးကြီးသည်၊ အဘယ့်ကြောင့်ဆိုသော် အကြီးအကဲတီလန်း ချပြခဲ့သည့် အခြေအနေအရ မှော်တိမ်တိုက်နယ်မြေကြီးကို လွှမ်းမိုးထားသည်မှာ မှင်စာများဖြစ်သောကြောင့်ပင်။ ထိုမှင်စာများသာ အပြင်လူများကို ရန်လို၍ မပူးပေါင်းပါက ၎င်းမှာ မှော်တိမ်တိုက်နယ်မြေကြီး၏ ဖွံ့ဖြိုးရေးအစီစဉ်အတွက် အတားအဆီးကြီးတစ်ခုဖြစ်လာလိမ့်မည်။
"ဒါက မတိကျဘူး ဒါပေမယ့် ဒီလိုတော့ နားလည်လို့ရနိုင်ပါတယ်။" ရှုယီမှာ မနေနိုင်အောင် ဖြေနေရင်း စိတ်ထဲ ခါးသက်သက်ရယ်မောလိုက်၏။
Frestech ကုန်သည်ကြီးများအသင်း၏ စူးစမ်းလေ့လာရေးအဖွဲ့ ပြန်လည်ပေးပို့ခဲ့သည့် အစီရင်ခံချက်ကို သုံးသပ်ရလျှင် မှော်တိမ်တိုက်နယ်မြေကြီး၌ လွှမ်းမိုးထားသော မှင်စာမျိုးနွယ်စုထံ၌ အင်မတန် ရှေးကျသည့် အသိုင်းအဝိုင်းရှိသည်။ သို့သော် ၎င်းတို့မှာ အင်မတန်သန်မာပြီး အားကောင်းသည့် မျိုးပွားနိုင်စွမ်းရှိခြင်းက ၎င်းတို့၏ လူဦးရေကို အခြားမျိုးနွယ်စုများထက် ကျော်လွန်သွားစေရာ ၎င်းတို့အား မှော်တိမ်တိုက်နယ်မြေကြီးရှိ အလွှမ်းမိုးနိုင်ဆုံး မျိုးနွယ်စုဟု ယူဆနိုင်သည်။
အမှန်တွင် မှော်တိမ်တိုက်နယ်မြေကြီး၏ နတ်သူငယ်များနှင့် သွေးနှောများမှာ ၎င်းတို့၏ ကိုယ်စားလှယ်များကို တစ်သောင်း ကီလိုမီတာအဝေးမှ Frestech ကုန်သည်ကြီးများအသင်းတည်ရှိရာ စိုင်စ်နယ်မြေကြီးထံ စွန့်စား သွားစေလိုခဲ့ခြင်းမှာ ၎င်းတို့ထံမှ အကူအညီလိုချင်၍ ဖြစ်၏။ ၎င်းတို့အနေဖြင့် လူဦးရေ ဆက်တိုက် တိုးလာပြီး အခြားမျိုးနွယ်စုများထံမှ နေထိုင်စရာနေရာများ ယူနေသည့် နတ်သူငယ်များကို တိုက်ခိုက်လိုသည်။
Frestech ကုန်သည်ကြီးများအသင်း၏ စူးစမ်းရှာဖွေရေးသင်္ဘောစုမှာ ၎င်းတို့၏ ရှင်းပြချက်ကိုပင် များစွာကျော်လွန်နေသည့် အင်အားကို ပြခဲ့သဖြင့် ၎င်းတို့မှာ အင်မတန်အားကောင်းသည့် ကူညီသူဖြစ်မည်ဟု ထင်ကြသည်။
မှန်ပါ၏၊ သွေးနှောများဖြစ်စေ နတ်သူငယ်များဖြစ်စေ ၎င်းတို့ထံ၌ ၎င်းတို့၏ ပူပန်စရာများရှိပေသည်။ ၎င်းတို့မှာ ပူပန်နေရသဖြင့် မှော်တိမ်တိုက်နယ်မြေကြီးထံ အပြင်လူများ ခေါ်ဆောင်လာခဲ့ရသည်၊ ၎င်းတို့အနေဖြင့် မှင်စာများကို ဖိနှိပ်နိုင်ပါလျှင်တောင် မှင်စာများလုပ်ခဲ့သလို အခြားမျိုးနွယ်များကိုပါ မောင်းထုတ်ရပေမည်။
သို့သော် မှင်စာများမှာ ၎င်းတို့အတွက် ပို၍ ခြိမ်းခြောက်စရာဖြစ်နေသောကြောင့် ၎င်းတို့ထံ၌ ရွေးစရာမရှိပေ။
စိုင်စ်နယ်မြေကြီးကို ရောက်ရှိပြီးနောက် သွေးနှောများမှာ လုမီထံမှ တဆင့် Frestech ကုန်သည်ကြီးများအသင်းကို နားလည်မှုရခဲ့ပြီး နတ်သူငယ်များကမူ နယ်မြေကြီးရှိ ၎င်းတို့၏ တစ်မျိုးနွယ်တည်းသားချင်းများထံမှ နားလည်မှုရခဲ့ကြ၏။ ၎င်းတို့အနေဖြင့် Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလူသားများမှာ မှင်စာများလိုမျိုး အခြားမျိုးနွယ်စုများကို သတ်ဖို့ လောနေမည်မဟုတ်ကြောင်း သေချာရာ ၎င်းက ၎င်းတို့၏ လက်ရှိ အခြေအနေထက် များစွာ ပိုကောင်းပေသည်။
ရှုယီအနေဖြင့် ၎င်းကို ရှင်းပြပြီးနောက်တွင် ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပေ။
စိုင်စ်နယ်မြေကြီးတွင် လူသားများ နယ်မြေကြီးအား ထိန်းချုပ်မှုကို ရယူပြီးနောက် ၎င်းတို့မှာ ၎င်းတို့၏ နေထိုင်ရာ နယ်မြေများကို လုယူ၍ အခြားမျိုးနွယ်စုများကို အဆုံးမဲ့ပင်လယ်ပြင်မှ ထွက်ပြေးရန် တွန်းအားပေးခဲ့သည်။
တစ်သောင်း ကီလိုမီတာ အဝေးမှ အခြားနယ်မြေကြီးတွင် ထိုအခြားမျိုးနွယ်စုများမှာ အခြားမျိုးနွယ်စုထံမှ ဖိအားပေးခံခဲ့ရပြီး တူညီသည့် ရလာဒ်ကို ရင်ဆိုင်ခဲ့ရ၏။
သူ့အနေဖြင့် နတ်သူငယ်များနှင့် သွေးနှောများ ပါဝင်သည့် ထိုအခြားမျိုးနွယ်စုများအတွက် ဝမ်းနည်းသင့်လား သို့မဟုတ် ထိုအခြေအနေကို ရယ်ရမည်လားပင် မသိတော့ပေ။
လူသားများမှာ ဆန်းသစ်တီထွင်ခြင်းနှင့် တိုးတက်ရန် အဆုံးမဲ့ အလားအလာတို့ဖြင့် ပြည့်နေသော မျိုးနွယ်စု တစ်ခုဖြစ်နေသဖြင့် အခြားမျိုးနွယ်စုများထက် လူသားများက များစွာသာလွန်နေသည်ဟု ပြောရန် အဆင်ပြေ၏။ သို့သော်လည်း စူးစမ်းလေ့လာရေး အဖွဲ့ထံမှ တင်ပြချက်အရ အားကောင်းသည့် မျိုးပွားနိုင်စွမ်းနှင့် စုဆောင်းရေး၌ ကောင်းမွန်ခြင်းတို့မှလွဲ၍ မှင်စာများထံ၌ အခြားထူးခြားချက်များမရှိဘဲ အခြားမျိုးနွယ်စုများကို မောင်းထုတ်နိုင်နေဆဲပင်။
၎င်းမှာ အခြားမျိုးနွယ်စုများက အတော်ကို အသုံးမကျဟု ပြောနေသည်....
သို့သော် မှော်တိမ်တိုက်နယ်မြေကြီး၌ လူသားများလည်း ရှိသလို ၎င်းတို့မှာ နတ်သူငယ်များ၊ သွေးနှောများနှင့် အခြား မျိုးနွယ်စုများထက် များစွာ အားနည်းပါ၏။ ရှုယီမှာ စိတ်ထဲ၌ အနည်းငယ် ညည်းတွားမိလိုက်သည်။
"ဒါဆို ဒီအဓိပ္ပာယ်က ကျုပ်တို့သာ မှော်တိမ်တိုက်နယ်မြေကြီးကို သွားမယ်ဆိုရင် မှင်စာတွေနဲ့ တိုက်ခိုက်ရလောက်တယ်ပေါ့?" အခန်းမှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် မားလိုအင်ပါယာကိုယ်စားလှယ်မှာ လူတိုင်း ဂရုအစိုက်မိဆုံး မေးခွန်းကို မေးလာခဲ့သည်။
"အမှန်ပဲ" ရှုယီမှာ ၎င်းကို ဝန်ခံရင်း ခေါင်းငြိမ့်လိုက်၏၊ "အမှန်တော့၊ ဆန်ဆာနတ်သူငယ်မျိုးနွယ်စုနဲ့ ခရုမ်းသွေးနှောမျိုးနွယ်စုတို့ရဲ့ ကိုယ်စားလှယ်တွေ ဒီတစ်ခေါက်လာတာဟာ ကျုပ်တို့ အကူအညီကို တောင်းခံဖို့ပါပဲ"
ကိုယ်စားလှယ်အားလုံးမှာ နတ်သူငယ်နှင့် သွေးနှောတို့ကို ကြည့်ပြီးနောက် မျက်မှောင်ကုပ်လိုက်ကြသည်။
"ဥက္ကဌရှု လေးစားသမှုနဲ့ ပြောရရင် ကျုပ်တို့အနေနဲ့ ဆန့်ကျင်ရမယ့်နေရာမှာ ဘာလို့ မှော်တိမ်တိုက်နယ်မြေကြီးကို လွှမ်းမိုးနေတဲ့ မှင်စာတွေကို ရွေးပြီး ပိုပြီး အားနည်းတဲ့ သွေးနှောနဲ့ နတ်သူငယ်တွေကို မရွေးရမှာလဲ? ဘာလို့ ကျုပ်တို့က မှင်စာတွေကို တိုက်ခိုက်ရအောင် စွန့်စားဖို့လိုတာလဲ?"
ရှုယီမှာ ခေါင်းငြိမ့်၍ နတ်သူငယ်နှင့် သွေးနှောများကို ဘာသာပြန်ပေးနေသည့် Frestech ကုန်သည်ကြီးများအသင်း၏ လက်အောက်ငယ်သားနှစ်ဦးကို အချက်ပြလိုက်သည်။ ထို့နောက် သူဟာ မားလိုအင်ပါယာကိုယ်စားလှယ်နှင့် အခြား ကိုယ်စားလှယ်များ၏ အကြည့်ကို ရင်ဆိုင်လိုက်တော့သည်။
"အားလုံးပဲ ကျုပ် အခုနက ပြောသလို မှင်စာတွေဆိုတာ ညှိနှိုင်းလို့မရနိုင်တဲ့ မျိုးနွယ်စုတစ်ခုပဲ။ ကျုပ် ဆိုလိုတာကို နားလည်ရဲ့လား?"
ကိုယ်စားလှယ်များမှာ မျက်မှောင်ကုပ်ရင်း ခဏမျှ စဉ်းစားလိုက်ကြပြီးနောက် မားလိုအင်ပါယာကိုယ်စားလှယ်မှာ မေးလိုက်သည်၊ "ဥက္ကဌ ပြောချင်တာက... ဒီမှင်စာတွေအနေနဲ့ ညှိနှိုင်းပြောဆိုမှုနဲ့ ပူးပေါင်းရေးကို လုံးဝ လက်မခံတဲ့ သဘောလား?"
"ဟုတ်တယ်" ရှုယီက ခေါင်းငြိမ့်သည်၊ "ကျုပ်တို့ ကုမ္ပဏီရဲ့ စူးစမ်းရှာဖွေရေးအဖွဲ့က မှင်စာမျိုးနွယ်စု ၆စုနဲ့ ဆုံခဲ့ပြီး အကြိမ်တိုင်း အဲဒီ့မှင်စာတွေဆီကနေ တိုက်ရိုက် အတိုက်ခိုက်ခံခဲ့ရတယ်။ သူတို့ ပြန်ပေးပို့လာတဲ့ အစီရင်ခံစာအရဆိုရင် မှင်စာတွေက ညှိနှိုင်းဖို့ ဘာအခွင့်အရေးမှတောင်မပေးတော့ ပူးပေါင်းဖို့ဆို ပြောနေစရာတောင် မလိုပါဘူး"
"ဒါက...."
ကိုယ်စားလှယ်များအားလုံးတိတ်ဆိတ်သွားကြသည်။
ရှုယီ၏ အပြောသာ မှန်ပါလျှင် ၎င်းမှာ တကယ်ကို ခက်ခဲသည့် ပြဿနာ ဖြစ်လာလိမ့်မည်။
ပုံမှန်အားဖြင့် ပြောရလျှင် မှင်စာများက မှော်တိမ်တိုက်နယ်မြေကြီးကို လွှမ်းမိုးထားနိုင်ကတည်းက ၎င်းတို့အား ထက်မြတ်သည့် မျိုးနွယ်ဟု ယူဆနိုင်ရာ အခြားမျိုးနွယ်စုများနှင့် ညှိနှိုင်းရေး အခြေခံ ရှိသင့်သည်။
သို့သော် ရှုယီ အပြောအရ ထိုမှင်စာများမှာ မြင်မြင်သမျှ တိုက်ခိုက်သည့် လူသတ်ကောင်များဖြစ်ပြီး လုံးဝညှိနှိုင်းမှုမရှိပေရာ လူများကို ခေါင်းကိုက်စေသည်ပင်။
"ဒါဆို ဥက္ကဌရှု၊ ဘယ်လိုသဘောရလဲ.... ကျုပ်တို့အနေနဲ့ ဒီလို မှင်စာတွေရဲ့ ခြိမ်းခြောက်မှုအောက်မှာ မှော်တိမ်တိုက်နယ်မြေကြီးထဲကို ဘယ်လိုဝင်ရောက်ပြီး.... မှော်တိမ်တိုက်နယ်မြေကြီးကို ဖွံ့ဖြိုးတိုးတက်စေဖို့ ဒီ ဧည့်သည်တွေနဲ့ ဘယ်လို ပူးပေါင်းရမှာလဲ?" မတိုင်ခင်က ဘာမှ မပြောခဲ့သည့် ကန်ဒရာအင်ပါယာ ကိုယ်စားလှယ်က နောက်ဆုံးတော့ ပြောလာသည်။
"ဒါက ကျုပ်အနေနဲ့ ခင်ဗျားတို့ အားလုံးကို ဒီနေ့ ဒီနေရာကို ခေါ်ခဲ့ရတဲ့ အကြောင်းအရင်းပါ။" ရှုယီက အပြုံးဖြင့် ပြောသည်၊ "ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက လက်ရှိ ကျုပ်တို့ ခက်ထဲမှာ ရှိတဲ့ အစမ်းအစီစဉ်ကို အခုအချိန်မှာ ချပြပါမယ်။ အားလုံးပဲ မှော်တိမ်တိုက်နယ်မြေကြီးကို အတူ ဖွံ့ဖြိုးတိုးတက်စေဖို့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ ပူးပေါင်းဖို့ ဆန္ဒရှိတယ်ဆိုရင် ကျုပ်တို့လည်း နောက်ထပ် ဆွေးနွေးမှုကို လုပ်လို့ရမှာပါ။ ဒါက အရမ်းကို အန္တရာယ်များတယ်လို့ ခံစားမိရင် ဒါမှ မဟုတ် တခြား ယူဆချက်တချို့ ရှိတာမို့ လက်လျှော့ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ကျုပ်လည်း အတင်းမတိုက်တွန်းပါဘူး။ အသေးစိတ်ကိုတော့ အစီစဉ်ကို ဖတ်ပြီးနောက်မှ ဆုံးဖြတ်ကြတာပေါ့။"
ကိုယ်စားလှယ်များမှာ ၎င်းတို့ လက်ထဲရှိ အစီစဉ်ကို ခေါင်းများငုံ့ကာ ဖတ်လိုက်ကြ၏။
လူအများစုမှာ အစပိုင်းကိုသာ ဖတ်ပြီးနောက် အာရုံများမှာ မားလိုအင်ပါယာကိုယ်စားလှယ်မှ မှော်တိမ်တိုက်နယ်မြေကြီး၏ နတ်သူငယ်နှင့် သွေးနှောကို မေးခဲ့သော မေးခွန်းကြောင့် ဆွဲဆောင်ခံထားရသဖြင့် မည်သူကမှ သေချာ မဖတ်ခဲ့ကြချေ။
ရှုယီထံမှ သတိပေးခံရပြီးနောက်မှ လူတိုင်းမှာ ချက်ချင်းပင် ၎င်းကို ဂရုတစိုက် ငုံ့ကြည့်လိုက်ကြ၏။
အခန်းက စာရွက်လှန်သံများသာရှိပြီး တိတ်ဆိတ်သွားသည်ကို မြင်သော် ရှုယီမှာ မိမိနံဘေးရှိ စင်ဒီကို တစ်ချက်ကြည့်လိုက်ပြီးနောက် အခန်းမှ ထွက်ခွာရန် ထရပ်လိုက်သည်။
အစည်းအဝေးခန်းမ အပြင်ဘက်၌ Frestech ကုန်သည်ကြီးများအသင်း၏ CEO အသစ်ဖြစ်သူ ဂလာရက်စ်မှာ လက်ထဲ၌ အစီရင်ခံစာတစ်ခုနှင့်အတူ စောင့်ဆိုင်းနေ၏။
ရှူယီ ထွက်လာသည်ကိုမြင်သော် ဤသာမန်ပုံပေါက်သည့် အသက်ငါးဆယ်အရွယ် သက်လတ်ပိုင်းလူကြီးမှာ ရှေ့တိုးလာသည်။
"ဥက္ကဌ၊ အထဲက အခြေအနေဘယ်လိုရှိလဲ?"
"တုံ့ဆိုင်းနေကြတုန်းပါပဲ" ရှုယီက တစ်ချက်ပြုံးပြလိုက်၏၊ "ဘယ်လိုဖြစ်လာမယ်ဆိုတာကတော့ နိုင်ငံဘယ်နှနိုင်ငံလောက် ရဲတင်းမယ်ဆိုတဲ့ အပေါ် မူတည်တယ်။"
ဂလာရက်စ်က နားလည်ပြုံးတစ်ချက် ပြုံးလိုက်သည်။
"ဥက္ကဌ ခင်ဗျားလို ရဲတင်းတဲ့လူကတော့ များများစားစားမရှိဘူးလေ။ ကျုပ်တို့က ကုမ္ပဏီလေးတစ်ခုပဲ ဖြစ်တာကို မပြောနဲ့ဦး သူတို့က အနောက်မှာ နိုင်ငံတွေလည်း ရှိနေတော့ ကျုပ်တို့နဲ့ စာရင် ပိုပြီး စိုးရိမ်ကြမှာပါပဲ"
"ဒါက နားလည်ပေးလို့ရပါတယ်။ ကျုပ်တို့ ကုမ္ပဏီနဲ့ပဲ မှော်တိမ်တိုက်နယ်မြေကြီးကို ဖွံ့ဖြိုးဖို့က အရမ်းမခက်ခဲနေရင် ကျုပ်လည်း သူတို့မပါဘဲ လုပ်နိုင်ပါတယ်။ ဒါပေမယ့် အခုက... အရင်ဆုံး ကူညီမယ့်လူရှာဖို့က ပိုကောင်းနေတုန်းမို့လို့ပါ။ ဟုတ်တာပေါ့ ခင်ဗျားလည်း ဒီရောက်နေပြီဆိုတော့ သတင်းစာရှင်းလင်းပွဲက ပြီးသွားတာလား? ဘယ်လိုဖြစ်သွားလဲ?"
"ဥက္ကဌရဲ့ ကောင်းချီးပေးမှုကြောင့် သတင်းစာရှင်းလင်းပွဲက အရမ်းကို ချောမွေ့ခဲ့ပါတယ်။ လူတိုင်း နယ်မြေကြီးအသစ်က လာခဲ့တဲ့ ဧည့်သည်တွေနဲ့ ပတ်သက်လို့ အရမ်း စိတ်လှုပ်ရှားနေကြတယ်။ သုံးရက်အတွင်းမှာတင် ဒီသတင်းက နယ်မြေကြီးတစ်ခုလုံးကို ပျံ့နှံ့သွားမယ်လို့ ကျုပ် ယုံတယ်" ဂလာရက်စ်က ဖြေသည်။
"ကျုပ်က လူတိုင်းကို သိစေဖို့ လိုရုံတင်မကဘဲ၊ လူတိုင်းကို ပါဝင်လာစေချင်တာ။" ရှုယီက ခဏမျှ တွေးပြီးနောက် ဆက်ပြောသည်၊ "ဂလာရက်စ်, ဒီနေ့ကစပြီး ကျုပ်တို့တွေ ကျုပ်တို့ ကုမ္ပဏီရဲ့ ဖွံ့ဖြိုးရေးအစီစဉ်ကို ညှိနှိုင်းဖို့ လိုအပ်တယ်။"
ဂလာရက်စ်၏ အမူအရာက ချက်ချင်းလေးနက်လာသည်၊ "ဥက္ကဌ ကျေးဇူးပြုပြီး အမိန့်ပေးပါ"
"စိုင်စ်နယ်မြေကြီးဆိုတာ ကျုပ်တို့ ကုမ္ပဏီရဲ့ အုတ်မြစ်ဖြစ်တာကြောင့် ဒီနေရာမှာပဲ အေးဆေးနေလို့ မရဘဲ အရာအားလုံးကို ချောချောမွေ့မွေ့ တိုးတက်စေဖို့ လိုအပ်တယ်။ ဒါပေမယ့် ဒီနေ့ကစပြီး ကျုပ်အနေနဲ့ ကျုပ်တို့ရဲ့ စွမ်းအင်နဲ့ ရင်းမြစ်တွေထဲက တစ်စိတ်တစ်ပိုင်းကို နယ်မြေကြီးအသစ်ကို ဖွံ့ဖြိုးတိုးတက်ရေးမှာ ထည့်သွင်းချင်တယ်။ ကျုပ်အနေနဲ့ နယ်မြေကြီးအသစ်မှာ ၃နှစ်အတွင်း ကိုယ့်ဘာသာ ကာကွယ်နိုင်လောက်တဲ့အထိ သန်မာမယ့် ကင်းစခန်းတစ်ခု တည်ဆောက်ချင်တယ်။ ခင်ဗျား ပြန်သွားတဲ့အခါ ဒါကို ကျုပ်တို့ အကောင်အထည် ဖော်နိုင်ရအောင် အရာအားလုံးပြင်ဆင်ထားပါ။"
"ကောင်းပါပြီ" ဂလာရက်စ်က ခေါင်းငြိမ့်၍ ပြော၏။
ရှုယီမှာ ဂလာရက်စ်ကို ကြည့်၍ စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
ဤ Frestech ကုန်သည်ကြီးများအသင်း၏ CEOအသစ်မှာ ကိစ္စများကို ကိုင်တွယ်သည့်နေရာ၌ ခမ်နက်ဒ်နှင့် မယှဉ်နိုင်သော်လည်း သူဟာ အင်မတန် နာခံတတ်ပြီး အလုပ်လည်း ပို၍ပင်ကြိုးစားသဖြင့် အင်မတန် ကောင်းမွန်သည့် လက်အောက်ငယ်သားပါပင်။
သို့သော် သူဟာ ခမ်နက်ဒ်မှ ရှုယီနှင့်အတူ လုပ်ဆောင်ခဲ့သလို အဓိက စီမံကိန်းကြီးများကို မဆွေးနွေးနိုင်ချေ။ ၎င်းသာ ခမ်နက်ဒ်ဆိုလျှင် ရှုယီအား အဘယ့်ကြောင့် ၃နှစ်အတွင်း ပြီးဆုံးရန် တောင်းဆိုခြင်းဖြစ်ကြောင်း မေးလိမ့်မည်ဖြစ်ပြီး ရှုယီနှင့်အတူ သူလုပ်ဆောင်မည့် ကိုယ်ပိုင်အကြံများစွာကို အသေးစိတ် ပြောလာလိမ့်မည်။
၎င်းက ကောင်းသည် ဆိုးသည်ဟု မပြောနိုင်သော်လည်း ရှုယီမှာ ယခင်က ခမ်နက်ဒ်နှင့်အတူ ပို၍ အသေးစိတ်ကျကျသွားနိုင်သဖြင့် သူနှင့်အတူ အားအင်ပို၍ ကုန်ဆုံးဖို့ လိုခဲ့သည်။
ရှုယီက တိတ်ဆိတ်နေသည်ကိုမြင်သော် ဂလာရက်စ်မှာ ဘေး၌ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေပြီး မည်သည်ကိုမှ မဆိုပေ။
တစ်အောင့်ကြာပြီးနောက် ရှုယီမှာ အတွေးများမှ ပြန်လည်လာပြီး လက်ယမ်းလိုက်၏။
"ကောင်းပြီ၊ သွားပြီး သတင်းစာရှင်းလင်းပွဲအတွက် လုပ်ရမယ့် အလုပ်တွေကို ပြင်ဆင်ထားတော့"
ဂလာရက်စ်မှာ အလေးပြုပြီးနောက်ထွက်သွားရာ ရှုယီမှာ အစည်းအဝေးခန်းမထံ တစ်ဖန် မျက်နှာမူလိုက်သည်။
ကိုယ်စားလှယ်များမှာ သူ၏ အကြံများကို သူပေးထသည့် အစီစဉ်မှ တဆင့် လေ့လာနေမည်ဖြစ်ရာ ၎င်းတို့ နောက်ကွယ်ရှိ နိုင်ငံများက ဤအကြိမ်၌ မည်သည့် ရွေးချယ်မှုများ လုပ်လာမည်နည်း?
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၆၉။ သတ္တုတွင်းထွက်များအတွက် ယှဉ်ပြိုင်ခြင်း
နှစ်လကြာပြီးနောက်၊ ယခင် သင်္ဘောစုများထက် များစွာပိုမိုကြီးမားသည့် Frestech ကုန်သည်ကြီးများအသင်း အကူရိက္ခာတင်သင်္ဘောစုမှာ Frestech ဆိပ်ကမ်းမှ ဖြည်းညင်းစွာ ထွက်ခွာသွားတော့သည်။
Frestech ကုန်သည်ကြီးများအသင်း ပို့ဆောင်နေကျ ဝန်ထမ်းများနှင့် ရင်းမြစ်များစွာအပြင် ဤသင်္ဘောစု၌ ကန်ဒရာအင်ပါယာ၊ မားလိုအင်ပါယာ၊ လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်၊ ဒရိက်ခ် နယ်မြေနှင့် အခြားနိုင်ငံများ စုစုပေါင်း ၁၁နိုင်ငံတို့ထံမှ လူများနှင့် အရင်းအမြစ်များလည်းပါဝင်သည်။
ပြီးခဲ့သည့်အခေါက်က ဆွေးနွေးမှုပြီးသည့်နောက် Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ နယ်မြေကြီးအသစ်ကို ဖွံ့ဖြိုးရေး၌ အလုပ်တွဲလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်မှာ ဤနိုင်ငံ ၁၁နိုင်ငံသာရှိသည်။ ၎င်းမှာ လွန်ခဲ့သည့်အခေါက်ကလာခဲ့သည့် ကိုယ်စားလှယ် စုစုပေါင်းအရေအတွက်၏ လေးပုံတစ်ပုံအောက်သာရှိ၏။
၎င်းမှာ အင်မတန်ကိုမှ ပုံမှန်ဖြစ်သည်။ ပြောရလျှင် Frestech ကုန်သည်ကြီးများအသင်းမှလွဲ၍ အခြားလူများအားလုံးမှာ ဤနယ်မြေကြီးအသစ်အကြောင်း အနည်းငယ်မျှသာ သိကြသဖြင့် ၎င်းတို့အတွက် ရင်းမြစ်ပမာဏကြီးတစ်ခုကို ရင်းနှီးမြှုပ်နှံဖို့ရန် မဖြစ်နိုင်ပေ။
ဤနိုင်ငံ ၁၁နိုင်ငံမှာ အမည်အရသာ ရိုးရိုးစစ်ဆေးရေးအဖွဲ့တစ်ခုနှင့် ရင်းမြစ်အချို့ကို Frestech ကုန်သည်ကြီးများအသင်းအား ထောက်ပံ့ရန် စေလွှတ်ပေးပို့ခဲ့ပြီး မည်သည့်ထူးခြားသောအရာကိုမှ မပို့ခဲ့ပေ။
ထို့ကြောင့် အမှန်တွင် ဤသင်္ဘောစု ပိုမိုကြီးမားနေရခြင်း အကြောင်းအရင်းမှာ Frestech ကုန်သည်ကြီးများအသင်း ကိုယ်တိုင်ကြောင့်သာဖြစ်ပါ၏။
ရှုယီမှာ ထိုနိုင်ငံများကဲ့သို့ တုံ့ဆိုင်းမနေပါချေ။ လွန်ခဲ့သည့် နှစ်တလျှောက် ကင်းထောက်အဖွဲ့၏ အားစိုက်ထုတ်မှုများမှတဆင့် Frestech ကုန်သည်ကြီးများအသင်းထံတွင် မှော်တိမ်တိုက်နယ်မြေကြီး၏ အခြေအနေအပေါ် နားလည်မှုအချို့ ရှိသဖြင့် ရှုယီမှာ ဤနယ်မြေကြီးအသစ်ကို ဖွံ့ဖြိုးရေးအတွက် အစီစဉ်ချပြီးသားပင်။
ဤသင်္ဘောစုအထဲတွင် ဝန်ထမ်းနှင့် အရင်းအမြစ် အရေအတွက်များစွာသာမက Frestech ကုန်သည်ကြီးများအသင်း၏ အစောင့် ၃ထောင်နှင့် စစ်ဘက်သုံးမှော်စက်များ အပြည့်ဖြည့်ထားသည့် အကြီးစား ပို့ဆောင်ရေးမှော်သင်္ဘော ၂စင်းလည်းပါရှိသည်။ ၎င်းမှာ နယ်မြေကြီးအသစ်၌ ရှေ့တန်းကင်းစခန်းကို ချောချောမွေ့မွေ့တည်ထောင်နိုင်ရန် ဖြစ်ပါ၏။
မှန်ပေသည်၊ ဤနယ်မြေကြီးအသစ်ပေါ်၌ ခြေကုပ်ယူရန် ဤရှေ့တန်းကင်းစခန်းကို တည်ဆောင်ရေး တာဝန်က အင်မခန် ခဲယဉ်းလှသည်ဟု ဆိုရမည်။
နယ်မြေကြီးနှစ်ခုအား ကီလိုမီတာ ၁သောင်းကျော်ဖြင့် ပိုင်းခြားထားသောကြောင့် သင်္ဘောစုတစ်ခုအား ခရီးတစ်ထောက် ပြီးဆုံးရန် အနည်းဆုံး တစ်လကြာစေလိမ့်မည်။ ထို့ကြောင့် မှော်တိမ်တိုက်နယ်မြေကြီးရှိ အခြေစိုက်စခန်းမှာ စိုင်စ်နယ်မြေကြီးမှ ပေးပို့လိုက်သော ရိက္ခာအထောက်အပံ့များ၌သာ မှီခိုမနေနိုင်ဘဲ တတ်နိုင်သလောက် ကိုယ်တိုင် ထိန်းသိမ်းနိုင်စွမ်းကို ရရှိဖို့လိုအပ်သည်။
ထို့ကြောင့် ရှုယီ၏ အစီစဉ်အရ ဤအခြေစိုက်စခန်းအား စက်မှုအခြေစိုက်စခန်းအသေးစား တစ်ခုကဲ့သို့ တည်ဆောက်ရမည်ဖြစ်သည်၊ ထိုမှသာ အခြေစိုက်စခန်း၏ အမျိုးမျိုးသော လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည်ပင်။
အခြေခံအကျဆုံးလိုအပ်ချက်မှာ နေ့စဉ်သုံးလိုအပ်ချက်များဖြစ်သလို စစ်ဘက်သုံးမှော်စက်များအတွက် ပစ္စည်းများလည်းဖြစ်၏။
ထိုလိုအပ်ချက်နှစ်ခုကို ဖြည့်ဆည်းရန်မှာ အခြေစိုက်စခန်းအနေဖြင့် မှော်တိမ်တိုက်နယ်မြေကြီးထံမှ ဒေသတွင်းအရင်းအမြစ် အလုံအလောက် ရရှိနိုင်ရန်လိုအပ်သည်ဟု ဆိုလိုသည်။
မှန်ပါ၏၊ ထိုရင်းမြစ်များမှာ ကောင်းကင်ယံမှ ကျလာဖို့ မဖြစ်နိုင်ပေ။
Frestech ကုန်သည်ကြီးများအသင်းမှ ဆန်ဆာနတ်သူငယ်မျိုးနွယ်စုနှင့် ခရုမ်းသွေးနှောမျိုးနွယ်စုတို့နှင့် ပြုလုပ်ခဲ့သော သဘောတူညီချက်အရ ထိုမျိုးနွယ်စုနှစ်ခုတို့မှာ Frestech ကုန်သည်ကြီးများအသင်းအား အရင်ဆုံး အစောပိုင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ရင်းမြစ်များ ရရှိအောင် ကူညီပေးမည်ဖြစ်သည်။
သို့သော် ထိုမျိုးနွယ်စုနှစ်ခု၏ အင်အားမှာ အကန့်အသတ်ရှိသဖြင့် Frestech ကုန်သည်ကြီးများအသင်း၏ တိုးလာသောလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မဖြစ်နိုင်ပေ။
ထို့ကြောင့် အဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့ကိုယ်တိုင် လုပ်ရတော့သည်။
သို့သော် အရင်းမြစ်များ ရရှိရန် ၎င်းတို့အနေဖြင့် မှော်တိမ်တိုက်နယ်မြေကြီး၏ အန္တရာယ်များကို မျှော်လင့်ထားသည်ဖြစ်စေ မမျှော်လင့်ထားသည်ဖြစ်စေ ရင်ဆိုင်ရမည်ဖြစ်သဖြင့် စစ်ဘက်အင်အား အလုံအလောက် ရှိထားဖို့လိုသည်။ ရှင်းရှင်းပြောရလျှင် ၎င်းတို့မှာ အစောင့်များနှင့် စစ်ဘက်သုံးမှော်စက်များ အလုံအလောက်လိုအပ်သည်။
၎င်းတို့အတွက် ဖြေရှင်းရန် စိုင်စ်နယ်မြေကြီးရှိ Frestech ကုန်သည်ကြီးများအသင်း၏ ဌာနချုပ်များကို အားကိုးနေ၍ မဖြစ်နိုင်သဖြင့် ဤပြဿနာကို ၎င်းတို့ကိုယ်တိုင် ဖြေရှင်းရပေမည်။
ထို့ကြောင့် တည့်တည့်ဆိုရလျှင် Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်ရုံးမှ ကီလိုမီတာ ၁သောင်းဝေးကွာသည့် ပြီးပြည့်စုံသော အခြေစိုက်ရုံးတစ်ခုကို တည်ထောင်ရန်မှာ အင်မတန် ခဲယဉ်းသည့် ကိစ္စဖြစ်၏။ ရှုယီမှာ ၎င်းတို့၏ အနာဂတ်ကို ၁၀၀% အကောင်း မမြင်ခဲ့ပါချေ။
သို့သော် Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရန် နေရာလိုချင်ပါလျှင် ဤနယ်မြေကြီးအသစ်မှာ စိုင်စ်နယ်မြေကြီးထက် များစွာပိုမိုသင့်တော်သောကြောင့် သူ့ထံ၌ အခြားရွေးချယ်စရာမရှိချေ။
ပိုမိုနက်ရှိုင်းသော အကြောင်းအရင်းမှာ စိုင်စ်နယ်မြေကြီးသည် တည်ထောင်ပြီး နယ်မြေကြီးဖြစ်သဖြင့် မြေနေရာနှင့် အရင်းမြစ်များကို အခြားနိုင်ငံများက ခွဲယူထားပြီး ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းသာ ၎င်းတို့ကို လိုချင်လျှင် အင်မတန်ခက်ခဲမည်ဖြစ်၏၊ အဖူးသဖြင့် မှော်စက်မှုနယ်ပယ် တိုးတက်မှုနှင့် စပ်လျဉ်း၍ပင်။ အခြားနိုင်ငံများမှာ အနှီအရင်းမြစ်များအပေါ် ပို၍ ပို၍ အရေးပေးလာကြသည်။
သင်္ဘောစု ထွက်ခွာသွားပြီးနောက် တစ်လအကြာတွင် ခီမဲရာ ကုန်သည်ကြီးများအသင်းအပါအဝင် စိုင်စ်နယ်မြေကြီးရှိ သတ္တုတွင်းထွက်ရင်းမြစ်များကို စီမံခန့်ခွဲသော ကုမ္ပဏီ၄၆ခုတို့မှာ သတ္တုတွင်းထွက်ရင်းမြစ် စီးပွားရေးသမဂ္ဂကို ဖွဲ့စည်းမည်ဖြစ်ကြောင်း ကြေငြာလိုက်သည်။ ၎င်းက ၎င်းတို့ လက်အောက်ရှိ သတ္တုတွင်းထွက်ရင်းမြစ်အျားကို စီမံခန့်ခွဲပေးပြီး အတူတကွ လက်တွဲလုပ်ဆောင်ခွင့်ပြုမည်ဖြစ်၏။
စိုင်စ်နယ်မြေကြီး၌ ဤအဖွဲ့အစည်းမျိုး ပေါ်ပေါက် လာသည်မှာ ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။ ဤ ဂျီနို သတ္တုတွင်းထွက်ရင်းမြစ်စီးပွားရေးသမဂ္ဂ သို့မဟုတ် အတိုချုံးဆိုရလျှင် ဂျီနိုသမဂ္ဂကို ကြေငြာလိုက်ပြီးနောက် လူများစွာမှာ ၎င်းတို့ ဘာလုပ်ဖို့ ကြိုးစားနေသည်ကို နားမလည်ကြတော့ပေ။
သို့သော်လည်း လာမည့်လဝက်တာအတွင်း ဖြစ်လာသည့် ကိစ္စရပ်များက လူတိုင်းကို ထိုမေးခွန်းအတွက် အဖြေပေးခဲ့သည်။
ဂျီနိုသမဂ္ဂမှာ ၎င်းတို့အနေဖြင့် ၎င်းတို့လက်အောက်ရှိ သတ္တုတွင်းထွက် ရင်းမြစ်များ၏ စီမံခန့်ခွဲမှု အလုံးစုံကို အဖွဲ့အစည်းတစ်ခုတည်းသို့ ပေါင်းစပ်မည်ဖြစ်ကြောင်း ကြေငြာခဲ့၏။ ၎င်းမှာ သတ္တုတွင်းထွက် ရင်းမြစ်များရရှိနိုင်ခြင်း၏ တည်ငြိမ်မှုကို အာမခံနိုင်ပြီး ဂျီနိုသမဂ္ဂ၏ လက်အောက်ရှိ ကုမ္ပဏီအားလုံး၏ တန်ဖိုးအဖြစ် စုစည်းနိုင်မည်လည်းဖြစ်သည်။
ဈေးကွက် သုတေသနအချို့ပြီးသည့်နောက်၌ ဂျီနိုသမဂ္ဂမှာ ၎င်းတို့၏ တန်ကြေးကို ကြေငြာလိုက်သည်။
လူတိုင်းမှာ ယခင်က ဈေးနှုန်းများနှင့် ယှဉ်လျှင် ဂျီနိုသမဂ္ဂက သတ္တုတွင်းထွက်တိုင်း၏ ဈေးနှုန်းကို တိုးလိုက်ကြောင်း သတိထားမိသွားကြ၏။ ဝယ်လိုအားအကြီးဆုံး သံသတ္တုရိုင်းမှာ ဈေးနှုန်း ၁၅%အထိ တိုးလာသည်!
ဝယ်လိုအမြင့်ပြီး ယခင်က မည်သူမှ ဂရုမစိုက်သဖြင့် ဈေးနိမ့်နေသော မှော်သလင်းကျောက်ကလည်း ၁၀%တိုးလာ၏။ ၎င်းမှာ တစ်တန်ကို ရွှေဒင်္ဂါး တစ်ပြားအထိကိုပင် ချိုးဖျက်သွားသည်။
ဤဈေးနှုန်းတိုးလာမှုကြောင့် အထိခိုက်ရဆုံးမှာ မှော်စက်ကုမ္ပဏီကို ဦးဆောင်နေပြီး အဆိုပါသတ္တုတွင်းထွက်ရင်းမြစ်များကို ဝယ်လိုအား အမြင့်ဆုံးရှိသည့် Frestech ကုန်သည်ကြီးများအသင်းပါပင်။
တိုးတက်လာမှုမှာ ၁၀% ဝန်းကျင်သာ ရှိသော်လည်း ၎င်းမှာ မှော်စက်ကုမ္ပဏီများအတွက် ထုတ်ကုန် ကုန်ကျစရိတ်၌ ကြီးမားသော တိုးလာမှုဖြစ်ပြီး ၎င်းတို့၏ အကျိုးအမြတ်များကို လျော့နည်းစေသည်။
Frestech ကုန်သည်ကြီးများအသင်း၏ အကျိုးအမြတ်များမှာ အမြဲတမ်းမြင့်မားနေခဲ့ရာ ၎င်းက ကျဆုံးစေနိုင်လောက်သည်အထိတော့ မဟုတ်ပါသော်လည်း ပိုမိုသေးငယ်သော ကုမ္ပဏီများအတွက်မူ ၎င်းတို့၏ အကျိုးအမြတ်များက ဆက်လက်ကျဆင်းခံဖို့လောက် မမြင့်မားသဖြင့် အသေးစားကုမ္ပဏီများစွာ၏ ရှင်သန်နိုင်စွမ်းကို တိုက်ရိုက် ထိခိုက်တော့သည်။
ကုန်ကျစရိတ်နည်းခြင်းကို ထိန်းသိမ်းထားရန် အသေးစား ကုမ္ပဏီများစွာမှာ ဂျီနိုသမဂ္ဂအပြင်ဘက်မှ သတ္တုတွင်းထွက်များကို စတင်၍ ဝယ်ယူကြတော့၏။
သို့သော်လည်း ဂျီနိုသမဂ္ဂမှာ ကန်ဒရာအင်ပါယာရှိ သတ္တုတွင်းထွက်များ၊ တောင်ပိုင်းရှိ နိုင်ငံများနှင့် နယ်မြေကြီး၏ အလယ်အပိုင်းများကို အားလုံး ထိန်းချုပ်ထားလုနီးပါးဖြစ်သည်။ အသေးစား ကုမ္ပဏီ အများစုမှာ အရှေ့တောင်ပိုင်း၏ နိုင်ငံများ၌ တည်ရှိသည်ဖြစ်ရာ ၎င်းတို့အတွက် အခြားလမ်းကြောင်းမှ သတ္တုတွင်းထွက်များ ရရှိရန် ခက်လှ၏။
ထို့ကြောင့် ဂျီနိုသမဂ္ဂတည်ထောင်ခြင်းမှာ အသေးစားမှော်စက် ကုမ္ပဏီများစွာ၏ ကျဆုံးခြင်းကို ကြေငြာလိုက်ခြင်းပင်။
ရှုယီမှာ ၎င်းနှင့် ပတ်သက်၍ အင်မတန် စိတ်မချမ်းမြေ့လှ။
သက္ကရာဇ် ၃၇၈၁ခုနှစ်၏ ဖေဖော်ဝါရီလမှာ ဂျီနိုသမဂ္ဂအား တည်ထောင်၍ ဈေးနှုန်းအသစ်ကြေငြာပြီး ၃လကြာဖြစ်ကာ Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်း၏ ကိုယ်ပိုင်ဝယ်လိုအားကြောင့် မိမိတို့ လက်အောက်တွင် Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်း အမည်ရ ကုမ္ပဏီအသစ်တစ်ခု ဖွဲ့စည်းမည့်အကြောင်း ကြေငြာလိုက်သည်။
အမည်မှာ အကြုံပြုထားသည့်အတိုင်း၊ ဤကုမ္ပဏီအသစ်၏ အဓိက လုပ်ငန်းမှာ သတ္တုတွင်းထွက် ရင်းမြစ်များဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းက ၎င်းကို ကြေငြာချိန်တွင် ဤကုမ္ပဏီကို တည်ထောင်ရခြင်း ရည်ရွယ်ချက်မှာ Frestech ကုန်သည်ကြီးများအသင်း၏ အတိုင်းအတာ တိုးမြှင့်လာသည်နှင့်အမျှ ၎င်းတို့ထံ၌ သတ္တုတွင်းထွက်ရင်းမြစ် ဝယ်လိုအား ပို၍ များလာမည်ဖြစ်သောကြောင့် ဖြစ်ကြောင်းကို ဖော်ပြခဲ့၏။ ၎င်းတို့အနေဖြင့် အခြားလမ်းကြောင်းများမှ ထိုသတ္တုတွင်းထွက်ရင်းမြစ်များကို ဝယ်ယူဖို့ မဖြစ်နိုင်သဖြင့် ဤပြဿနာကို ၎င်းတို့ကိုယ်တိုင် ဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့သည်။
သို့သော် မရူးနှမ်းနေသည့် မည်သူမဆို ၎င်းကို ကြည့်လိုက်သရွေ့ Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းကို တည်ထောင်ရခြင်းမှာ ဂျီနိုသမဂ္ဂနှင့် ရင်ဆိုင်ရန်ဖြစ်ကြောင်း နားလည်နိုင်သည်။
၎င်းမတိုင်ခင်က Frestech ကုန်သည်ကြီးများအသင်း၏ လက်အောက်၌ သတ္တုတွင်းထွက်ရင်းမြစ်အချို့ ရှိခဲ့သော်လည်း ၎င်းတို့၏ သတ္တုတွင်းထွက်ရင်းမြစ်များကို အခြားကုမ္ပဏီအများစုထံမှ ဝယ်ယူခဲ့သည်ပင်။
အစပိုင်းတွင် Frestech ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်၏ ဖဲလ်ချောင် ကုန်သည်ကြီးများအသင်းထံမှ အဓိက ဝယ်ယူခဲ့သည်။
ထို့နောက် ၎င်းတို့ ကြီးထွားလာပြီး သတ္တုတွင်းထွက်ရင်းမြစ် ဝယ်လိုအား ပိုများလာကာ လမ်ပူရီတိုင်းပြည်၏ ကိုယ်ပိုင်မှော်စက်မှုနယ်ပယ်က ကြီးထွားလာသည့် အချက်ကိုပါ ထည့်ပေါင်းလိုက်သော် ၎င်းတို့ကိုယ်တိုင်၏ သတ္တုတွင်းထွက်ရင်းမြစ် ဝယ်လိုအားကလည်း တိုးလာသဖြင့် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အခြားလမ်းကြောင်းများကို ရှာဖွေခဲ့ရတော့သည်။
ထိုလမ်းကြောင်းများအကြားတွင် အများစုမှာ လက်ရှိ ဂျီနိုသမဂ္ဂလက်အောက်၌ ရှိနေပြီဖြစ်သည့် ကုမ္ပဏီများရှိ၏။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ရုတ်တရတ် ဤ Frestech သတ္တတွင်းထွက် ကုန်သည်ကြီးများအသင်းကို ဖွဲ့စည်းလိုက်ကြောင်း ကြေငြာလိုက်သော် ၎င်းတို့အနေဖြင့် ဂျီနိုသမဂ္ဂကို ဆန့်ကျင်လိုကြောင်း သိသာ၏။ ဒါက Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဂျီနိုသမဂ္ဂလက်အောက်က ကုမ္ပဏီတွေနဲ့ လက်တွဲဖြုတ်ချင်တဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား?
သို့သော်လည်း ဂျီနိုသမဂ္ဂမှာ နယ်မြေကြီး၏ အနောက်ပိုင်းနှင့် အလယ်ပိုင်းတို့ရှိ သတ္တုတွင်းထွက်ရင်းမြစ်များ၏ ကြီးမားသော အပိုင်းတစ်ခုကို ထိန်းချုပ်ထားသည်။ Frestech ကုန်သည်ကြီးများအသင်းသာ ၎င်းတို့နှင့် မပူးပေါင်းခဲ့လျှင် သတ္တုတွင်းထွက် ရင်းမြစ်အလုံအလောက်ကို မည်သည့်နေရာက ရပါမည်နည်း?
ဖေဖော်ဝါရီလလယ်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ဖွဲ့စည်းပုံနှင့် ၎င်းတို့၏ လက်အောက်၌ သတ္တုရိုင်းထုတ်လုပ်မည့် မိုင်းတွင်း ၁၇တွင်း ရှိကြောင်းကိုပါ ကြေငြာခဲ့၏။ ၎င်းတို့မှာ Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းထံ၌ လုံလောက်သည်ထက် ပိုသော သတ္တုတွင်းထွက်ရင်းမြစ်များရှိ၍ အမှာစာအားလုံးကို ကြိုဆိုကြောင်းအား ဖော်ပြခဲ့သည်။
၎င်းကို ကြေငြာလိုက်ချိန်တွင် အပြင်လောကမှာ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
လူတိုင်းမှာ Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် ၎င်းတို့၏ကိုယ်ပိုင် သတ္တုတွင်းထွက်ရင်းမြစ်များကို ထိန်းချုပ်ရန် ကြိုးစားခဲ့သည်ဟု သိထားကြသော်လည်း တကယ်တမ်းတွင် ၎င်းတို့ လက်အောက်၌ ထိုမျှ များစွာ ရှိနေခြင်းက အံ့ဩဖွယ်ရာပင်။
လူတိုင်းကို ပို၍ပင် အံ့အားသင့်စေသည်မှာ Frestech ကုန်သည်ကြီးများအသင်းမှ သတ္တုတွင်းထွက် တစ်ခုစီအတွက် ဈေးနှုန်းများကို ကြေငြာချိန်၌ ဖြစ်၏။
သံသတ္တုရိုင်းကို ဥပမာယူကြည့်ပါ။ Frestech ကုန်သည်ကြီးများအသင်း၏ ဈေးနှုန်းမှာ ၁တန်လျှင် ရွှေဒင်္ဂါး ၇ပြားနှင့် ငွေဒင်္ဂါး ပြား၄၀ဖြစ်၏။ ဤဈေးနှုန်းမှာ ယခင်က အခြားကုမ္ပဏီများထံမှ ဈေးနှုန်းနှင့် အတူတူဖြစ်သလို Frestech ကုန်သည်ကြီးများအသင်းကလည်း ထိုကုမ္ပဏီများထံမှ သံသတ္တုရိုင်းများကို ထို တူညီသည့် ဈေးနှုန်းဖြင့် အမြဲ ဝယ်ယူခဲ့သည်ပင်။
သို့သော် ဂျီနိုသမဂ္ဂ၏ သံသတ္တရိုင်းဈေးနှုန်းနှင့် ယှဉ်လျှင် ဈေးနှုန်းမှာ ၂၀%နီးနီး ပိုနည်းပါ၏။
Frestech ကုန်သည်ကြီးများအသင်းမှ ထို သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းကို တည်ထောင်ရခြင်းမှာ ဂျီနိုသမဂ္ဂကို ဆန့်ကျင်ရန်ဟု လူများထင်ခဲ့ကြသည်ကို ပြောရလျှင် ၎င်းမှာ လူများထံ၌ ရှိခဲ့သည့် အဓိက ခန့်မှန်းချက်ဖြစ်ပါ၏။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ဈေးနှုန်းများကို ကြေငြာလိုက်ရာ လူတိုင်းကို ဂျီနိုသမဂ္ဂအား ဆန့်ကျင်ပါဟု သိသိသာသာပြောနေခြင်းပင်!
လူတိုင်းမှာ ၎င်းကြောင့် အင်မတန် အံ့ဩနေခဲ့ကြ၏။
အဘယ့်ကြောင့် Frestech ကုန်သည်ကြီးများအသင်းက ထိုသို့ လုပ်ဆောင်နေရသနည်း?
မှော်စက်မှုနယ်ပယ်၌ဆိုလျှင် Frestech ကုန်သည်ကြီးများအသင်းက အားအကောင်းဆုံးကုမ္ပဏီဖြစ်သည်မှာ သံသယပင် ဝင်ဖို့ မလိုချေ။
သို့သော်လည်း သတ္တုတွင်းထွက်ရင်းမြစ်နယ်ပယ်၌မူ Frestech ကုန်သည်ကြီးများအသင်းက ဤယုံကြည်ချက်ကို မည်သည့်နေရာက ရလာသနည်း?
ပြောရလျှင် ဂျီနိုသမဂ္ဂထံ၌ ခီမဲရာ ကုန်သည်ကြီးများအပါအဝင် ကုမ္ပဏီ ၄၆ခု ပါဝင်ရုံသာမက ၎င်းတို့၏ နောက်ကွယ်၌ ကန်ဒရာအင်ပါယာအပါအဝင် နိုင်ငံများစွာပင် ပါဝင်ပါ၏။
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၇၀။ ဝင်မပါနဲ့
ကိစ္စက ထိုနေရာ၌ ပြီးမသွားခဲ့ပေ။
Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းအား တည်ထောင်ပြီး လေးလကြာသည့်နောက်၌ မားလိုအင်ပါယာ၏ အကြီးဆုံး သတ္တုတွင်းထွက်ကုမ္ပဏီဖြစ်သည့် Vale ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့အနေဖြင့် ဂျီနိုသမဂ္ဂကဲ့သို့ သတ္တုတွင်းထွက်ရင်းမြစ် အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း ကြေငြာရန် အခြားသတ္တုတွင်းထွက်ရင်းမြစ် ကုမ္ပဏီ ၃၆ခုနှင့်အတူ တွဲလုပ်ဆောင်ခဲ့သည်။ ၎င်းအား တောင်ကြားသတ္တုတွင်းထွက် စီမံရေးအသင်း သို့မဟုတ် ရိုးရိုးရှင်းရှင်းဆိုရလျှင် တောင်ကြားအသင်းဟု ခေါ်မည်ဖြစ်သည်။
Vale ကုန်သည်ကြီးများအသင်းမှာ မားလိုအင်ပါယာရှိ သတ္တုတွင်းထွက်ရင်းမြစ် အများစုကို ထိန်းချုပ်ထားသည်။ ထို့နောက် အခြား သတ္တုတွင်းထွက်ရင်းမြစ် ကုမ္ပဏီများကိုပါ ထည့်ပေါင်းလိုက်သော် ၎င်းတို့မှာ မြောက်ပိုင်းနယ်မြေကြီးရှိ သတ္တုတွင်းထွက် ရင်းမြစ် အများစုကို ထိန်းချုပ်ထားသည်။
၎င်းတို့ထံ၌ ဂျီနိုသမဂ္ဂနှင့်ယှဉ်လျှင် သတ္တုတွင်းထွက်ရင်းမြစ် ပိုနည်းပါးသော်လည်း ၎င်းမှာ လုံးလုံးမရှိခြင်းတော့မဟုတ်ချေ။
ဤတောင်ကြားအသင်း၏ ရည်ရွယ်ချက်မှာ Frestech သတ္တုတွင်းထွက်ကုန်သည်ကြီးများအသင်းနှင့် ယှဉ်လျှင် ပို၍ပင် သိသာပြီး ဂျီနိုသမဂ္ဂနှင့် ယှဉ်ပြိုင်ရန်ဖြစ်၏။
၎င်းမှာ လူတိုင်းက ပိုမိုအားနည်းသည်ဟု ထင်ထားကြသည့် Frestech ကုန်သည်ကြီးများအသင်းနှင့် ကွဲပြားသည်။ တောင်ကြားအသင်းမှာ မြောက်ပိုင်းနိုင်ငံများရှိ သတ္တုတွင်းထွက်အားလုံးကို စုစည်းထားလေရာ ဂျီနိုသမဂ္ဂနှင့် ယှဉ်ဖို့ လုံလောက်နေပြီဖြစ်သည်။
ထို့အပြင် ထိုအဖွဲ့အစည်းကြီးများ နှစ်ခု၏ နောက်ကွယ်၌ မားလိုအင်ပါယာနှင့် ကန်ဒရာအင်ပါယာတို့ အကြားရှိ ပဋိပက္ခပါရှိနေမည်မှာ သံသယပင် မလိုပေ။
သို့သော် ၎င်းမတိုင်ခင်တွင် အင်ပါယာနှစ်ခုက အချင်းချင်း ပဋိပက္ခဖြစ်ပွားခဲ့ပါလျှင် အခြားနိုင်ငံများနှင့် အဖွဲ့အစည်းများမှာ ထောက်ပံ့ရန် တစ်ဘက်ကို ရွေးချယ်ရုံသာ ရှိပြီး အသံတစ်သံပင် ထွက်နိုင်မည်မဟုတ်ပေ။ သို့သော် ဤအကြိမ်၌ Frestech ကုန်သည်ကြီးများအသင်းမှာ Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းအဖြစ် ခွဲထွက်ထားရာ ၎င်းက တကယ်ကို ကွဲပြားသည့် အသံပင်။
လူများစွာအတွက် ၎င်းတို့မှာ Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းအား ဂျီနိုသမဂ္ဂနှင့် တောင်ကြားအသင်းတို့ကို ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်နေကြသည်၊ ၎င်းက အသေးစားနိုင်ငံလေးများစွာကို အထောက်အကူဖြစ်စေလိမ့်မည်။
သို့သော် လူအများစုအတွက် Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းကို သဘောမကျပါချေ။
Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းနောက်ကွယ်၌ စိုင်စ်နယ်မြေကြီးတွင် အင်မတန် အားကောင်းလှသော Frestech ကုန်သည်ကြီးများအသင်းရှိပါလျှင်တောင် အင်ပါယာကြီးနှစ်ခုကပင် ၎င်းတို့ကို ပူပန်စေလှပြီဖြစ်၏။
ပူပန်ရခြင်းမှာ ကြောက်ရွံ့နေကြသည့် အဓိပ္ပာယ်တော့မဟုတ်ပေ။ အင်ပါယာနှစ်ခုထံ၌ ယခင်က Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းလိူသဖြင့် ခေါင်းခဲနေကြပြီးဖြစ်သောကြောင့် ၎င်းနှင့် ဆက်ဆံရေးကို ဖျက်ဆီးလိုစိတ် မရှိကြပေ။
ထို့ကြောင့် တကယ်တမ်း ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းက အင်ပါယာနှစ်ခုထက် ပို၍ အင်အားကြီးသောကြောင့်မဟုတ်ချေ။
အဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ကုမ္ပဏီတစ်ခုသာဖြစ်၏။ ၎င်းတို့ ထိန်းချုပ်ထားသည့် ရင်းမြစ်အမျိုးမျိုးတို့မှာ အင်ပါယာနှစ်ခု၏ ရင်းမြစ်များနှင့် မယှဉ်နိုင်ပါပေ။
Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းမှာ လူများ မျှော်မှန်းထားသည်ထက် ပိုများသည့် ရင်းမြစ်များကို ဆုပ်ကိုင်ထားပါလျှင်တောင် အင်ပါယာနှစ်ခုနှင့် နိုင်ငံများစွာကို နောက်ခံရှိထားသည့် အဖွဲ့အစည်းကြီးနှစ်ခုအား ယှဉ်ပြိုင်ရန်မှာ ယှဉ်ပြိုင်နိုင်ဖို့ရန်ပင် ဝေးလွန်းလှသေးသည်။
လူများအနေနှင့် Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်း မည်မျှ ကြာရှည်ခံမည်ကိုသာ စောင့်ကြည့်နေရုံပင်။
သက္ကရာဇ် ၃၇၈၁ခုနှစ်၏ ဇူလိုင်လမှာ နှစ်တစ်နှစ်၏ အပူဆုံးရာသီကို တစ်ဖန်ရောက်လာခြင်းဖြစ်ပြီး Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းမှာ ရုတ်တရတ် အလိုအလျောက် သတ္တုအရည်ကြိုခြင်းတွင် တိုးတက်မှုအသစ်တစ်ခု ရှိလာပြီဖြစ်ကာ ၎င်းတို့ သံမဏိစက်ရုံများ၏ အထွက်နှုန်းမှာ များစွာ တိုးလာမည်ဖြစ်ကြောင်း ကြေငြာလိုက်သည်။ ၎င်းမှာ တစ်လလျှင် တန်ပေါင်း ၆သိန်းအထိ ရောက်လာမည်ဖြစ်၏။
ဤအထွက်နှုန်းမှာ ယခင်က တစ်လလျှင် တန်ပေါင်း ၃သိန်းမှ ၄သိန်းရရှိခဲ့ခြင်း၏ ၂ဆ နီးနီးဖြစ်နေပြီဖြစ်သည်။
Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းမှာ ဤ အထွက်နှုန်း တိုးလာခြင်းနှင့်အတူ ပိုများသည့် သံမဏိထုတ်ကုန်များကို ရောင်းချနိုင်တော့မည်ဖြစ်ကြောင်းကိုပါ ကြေငြာခဲ့သည်။ ၎င်းတို့အနေဖြင့် သံမဏိထုတ်ကုန်များ လိုအပ်သည့် အခြားကုမ္ပဏီအားလုံး ၎င်းတို့ထံမှ မှာယူရန် ဖိတ်ခေါ်ထားသည်။
လွန်ခဲ့သည့် လဝက်အကြာက ဂျီနိုသမဂ္ဂမှာ ၎င်းတို့၏ လက်အောက်ရှိ ကုမ္ပဏီများ၏ အားထုတ်မှုတို့နှင့် ကိုယ်ပိုင်သုတေသနမှ တဆင့် သံမဏိသန့်စင်ရေးကိရိယာ စီးရီးအသစ်ကို ထုတ်လုပ်ခဲ့ကြောင်း ကြေငြာခဲ့သည်။ ၎င်းအား ဂျီနိုသမဂ္ဂလက်အောက်ရှိ ကုမ္ပဏီများစွာထံ ပျံ့နှံ့ပြီး ဂျီနိုသမဂ္ဂ၏ သံမဏိထုတ်ကုန် ထုတ်လုပ်နိုင်စွမ်းအား များစွာ တိုးလာမည်ဟု မျှော်မှန်းထား၏။
ခန့်မှန်းခြေများအရ ဂျီနိုသမဂ္ဂလက်အောက်ရှိ ကုမ္ပဏီများအား ၎င်းတို့၏ သံမဏိသန့်စင်ရေးကိရိယာဖြင့် အစားထိုးလိုက်သည်နှင့် ဂျီနိုသမဂ္ဂမှာ တစ်နှစ်လျှင် သံမဏိထုတ်ကုန် တန်ပေါင်း သန်း ၃၀အထိ ထုတ်လုပ်နိုင်မည်ဖြစ်သည်။
၎င်းနှင့်ယှဉ်လျှင် Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်း၏ တစ်လလျှင် သံမဏိထုတ်ကုန် တန်ပေါင်း ၆သိန်းမှာ နည်းပါးလှသည်။
သို့သော် Frestech ကုန်သည်ကြီးများအသင်းမှာ သံမဏိစက်ရုံရှိသည့် ပထမဆုံး ကုမ္ပဏီဖြစ်သလို သံမဏိသန့်စင်ရေးအား အကောင်အထည်ဖော်ခဲ့သည့် ပထမဆုံးကုမ္ပဏီလည်းဖြစ်သဖြင့် သံမဏိထုတ်ကုန် အမျိုးအစားပေါင်းများစွာကို ထုတ်လုပ်ထားပြီးသားဖြစ်၏။ ၎င်းတို့လက်အောက်၌ လက်ရှိတွင် သံမဏိထုတ်ကုန် အမျိုးပေါင်း ၁၇မျိုး ရှိနေပြီဖြစ်ရာ ၎င်းက သံမဏိအတွက် ထူးခြားသည့် လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းနိုင်သည်။
Frestech ကုန်သည်ကြီးများအသင်းမှာ သံမဏိသန့်စင်ရေးနည်းပညာအပိုင်းများကို လွှဲပြောင်း ပေးခဲ့ဖူးပြီး သံမဏိသန့်စင်ရေး ကိရိယာကို ရောင်းချခဲ့ဖူးပါလျှင်တောင် Frestech ကုန်သည်ကြီးများအသင်း၏ သံမဏိထုတ်ကုန်များမှာ အကောင်းဆုံးနှင့် အရည်အသွေး အမြင့်ဆုံးဖြစ်သည်ကို လူတိုင်း အသိအမှတ်ပြုရမည်ဖြစ်၏။
ထို့ကြောင့် Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်နိုင်စွမ်းက ဂျီနိုသမဂ္ဂကို မယှဉ်နိုင်ပါလျှင်တောင် အင်မတန် ကျော်ကြားဆဲဖြစ်ပြီး မရေတွက်နိုင်လောက်သည့် အမှာစာများလည်း ရောက်ရှိလာဆဲပင်။
ပြောရလျှင် Frestech ကုန်သည်ကြီးများအသင်း၏ သံမဏိထုတ်ကုန်များအား ၎င်းတို့၏ မှော်စက်ထုတ်လုပ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းရန် ၎င်းတို့ကိုယ်တိုင် အဓိက အသုံးပြုကြပြီး အခြားသို့ ရောင်းချခြင်းက ရှားပါးလွန်းလှသည်။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက ထိုသံမဏိထုတ်ကုန်များကို ရောင်းချလိုစိတ်ရှိနေသဖြင့် လူများမှာ အလောတကြီး လုဝယ်နေကြတော့သည်။
စက်တင်ဘာလအစပိုင်း၌ Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းမှ အချက်အလက် အချို့ကို ထုတ်ပြန်လာခဲ့၏။
၎င်းတို့၏ စာရင်းများအရ Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်း၏ သံမဏိထုတ်ကုန် ထုတ်လုပ်နိုင်စွမ်းမှာ ဩဂုတ်လ၌ တန်ပေါင်း ၈သိန်းအထိ တိုးလာခဲ့ပြီး ၎င်းက ၃၀%တိုးလာခြင်းပင်။
ထို တန်ပေါင်း ၈သိန်းအနက် ၃သိန်းအား Frestech ကုန်သည်ကြီးများအသင်း၏ ကုမ္ပဏီများ လိုအပ်ချက်ကို ဖြည့်ဆည်းရန် အသုံးပြုခဲ့ပြီး တန်ပေါင်း ၅သိန်းကို အပြင်သို့ ချရောင်းခဲ့သည်။
တစ်ချိန်တည်းတွင် Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းမှာ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံနှင့် ဝေးလ်တိုင်းပြည်အပါအဝင် နိုင်ငံ ၇နိုင်ငံနှင့်အတူ စုစုပေါင်း မိုင်းတွင်း ၁၂တွင်းကို ဝယ်ယူဖို့ သဘောတူညီမှုရရှိခဲ့ကြောင်းကိုပါ ကြေငြာခဲ့၏။ ၎င်းတို့တွင် သံသတ္တုတွင်း ၄တွင်း၊ သတ္တုပျော့ ၃တွင်းနှင့် မှော်သလင်းကျောက်တွင်း ၅တွင်းတို့ပါဝင်သည်။
ထိုသတင်း ထွက်လာချိန်၌ နောက်ထပ် ရုတ်ရုတ်သဲသဲထပ်ဖြစ်သွားပါ၏။
လူတိုင်းမှာ ဂျီနိုသမဂ္ဂနှင့် တောင်ကြားအသင်းတို့၏ ထိန်းချုပ်မှုကြောင့် နယ်မြေကြီး၌ အခြားသတ္တုတွင်းထွက်များအား မရရှိနိုင်တော့ဟု ထင်ထားခဲ့ကြသည်ပင်။ သို့သော်လည်း Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းမှာ လှုပ်ရှားခဲ့ပြီး တစ်ကြိမ်တည်း၌ မိုင်းတွင်း ၁၂တွင်းပင်ရခဲ့၏။
၎င်းတို့မှာ သတ္တုတွင်းထွက်ရင်းမြစ် သမဂ္ဂကြီးနှစ်ခုနှင့် မယှဉ်နိုင်သေးဆဲဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်းမှာ ပြန်လည်တိုက်ခိုက်ဖို့ အင်အားမရှိသည့်သူ မဟုတ်ဟု ဆိုလိုသည်။ ၎င်းက သတ္တုတွင်းထွက်ရင်းမြစ် သမဂ္ဂနှစ်ခုမှာ စိုင်စ်နယ်မြေကြီးကို အပြည့်အဝ ထိန်းချုပ်ထားခဲ့ခြင်းမဟုတ်သည့် အဓိပ္ပာယ်ပင်။
ထိုသတင်းအား ထုတ်ပြန်လိုက်သည်နှင့် လူတိုင်းမှာ Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းနှင့် ပတ်သက်၍ ပို၍ပင် ယုံကြည်ချက်ရှိလာကြတော့၏။
သို့သော်လည်း ဂျီနိုသမဂ္ဂနှင့် တောင်ကြားအသင်းတို့မှာ အမြန် ပြန်လည်တိုက်ခိုက်လာသည်။
စက်တင်ဘာလနှောင်းပိုင်း၌ ဂျီနိုသမဂ္ဂမှာ သံသတ္တရိုင်း၏ တန်ဖိုးကို တစ်ဖန် တိုးမြှင့်လိုက်ပြီး တစ်တန်လျှင် ရွှေဒင်္ဂါး ၄ပြားအထိဖြစ်သွားသည်။
ထိုဈေးနှုန်းတိုးတက်မှုက အတော်လေးကို သိမ်မွေ့လှ၏။
Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းမှာ သံသတ္တုမိုင်းတွင်းများစွာကို ထိန်းချုပ်ထားပါလျှင်တောင် ၎င်းတို့၏ အဓိကလုပ်ငန်းမှာ သံမဏိထုတ်ကုန်များနှင့် သတ္တုပျော့များကို သန့်စင်ခြင်းဖြစ်သည်။ သတ္တုတွင်းထွက်စုဆောင်းမှုနှင့် ပတ်သက်လာလျှင် ၎င်းတို့မှာ လူအင်အားနှင့် ကြိုတင်စုဆောင်းမှု မရှိသဖြင့် Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်း ကိုယ်တိုင်၏ ဝယ်လိုအားကို ဖြည့်ဆည်းဖို့ပင် မလုံလောက်ပေ။
ထို့ကြောင့် Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းမှာ တကယ်ကို အခြားလမ်းကြောင်းများမှ အရည်ကြိုရန် သတ္တုရိုင်းများစွာကို ဝယ်ယူခဲ့ရဖူးသည်။ အကြီးဆုံးလမ်းကြောင်းမှာ ဂျီနိုသမဂ္ဂလက်အောက်ရှိ ကုမ္ပဏီများထံမှပင်။
ထို့ကြောင့် ယခုတွင် ဂျီနိုသမဂ္ဂက သံသတ္တုရိုင်းများ၏ ဈေးနှုန်းကို တိုးမြှင့်လိုက်ရာ ၎င်းက Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်း၏ သံမဏိထုတ်ကုန် ကုန်ကျစရိတ်ကို တိုးမြင့်သွားစေလိမ့်မည်။
ထို့အပြင် ၁တန်လျှင် ရွှေဒင်္ဂါး ၄ပြားမှာ သံသတ္တရိုင်းများကို သန့်စင်ခြင်းမှ ရလာသည့် Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်း၏ အကျိုးအမြတ်များနှင့် ယှဉ်လျှင် အင်မတန်သေးငယ်နေလိမ့်မည်၊ သို့မဟုတ် မည်သည့်အကျိုးအမြတ်မှပင် ရှိမည်မဟုတ်ဟု ယူဆနိုင်မည်။
တစ်ချိန်တည်းမှာပင် ဂျီနိုသမဂ္ဂမှာ ၎င်းတို့သံမဏိထုတ်ကုန်များ၏ တန်ဖိုးကို ညှိနှိုင်းခဲ့သည်။ ၎င်းတို့မှာ ဈေးနှုန်းကို ၂၀%အထိ လျှော့ချလိုက်သဖြင့် တစ်တန်စီ၏ ဈေးနှုန်းက ရွှေဒင်္ဂါး ၂၀အောက်လျော့နည်းသွား၏။
ဤဈေးနှုန်းကြောင့် ဂျီနိုသမဂ္ဂ၏ သံမဏိသန့်စင်ခြင်းမှ ရသော အကျိုးအမြတ်က အင်မတန်နည်းသွားသည်ဟု ဆိုနိုင်သည်။
အရေးအကြီးဆုံးအရာမှာ ရွှေဒင်္ဂါး ၂၇ပြားနှင့် ၃၀ပြားအကြားရှိသည့် Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်း၏ သံမဏိထုတ်ကုန်ဈေးနှုန်းများနှင့် ယှဉ်ချိန်၌ သိသိသာသာ အားသာချက်ရှိသွားခြင်းပင်။
ဂျီနိုသမဂ္ဂက ၎င်းတို့၏ ဈေးနှုန်းညှိနှိုင်းခြင်းကို ကြေငြာပြီးနောက် ၃ရက်အကြာတွင် တောင်ကြားအသင်းမှာ ၎င်းတို့၏ ဈေးနှုန်းညှိနှိုင်းရေးအစီအစဉ်က ဂျီနိုသမဂ္ဂ၏ ဈေးနှုန်းညှိနှိုင်းရေးအတိုင်းသာဖြစ်ကြောင်း ကြေငြာလာပြန်၏။
၎င်းမှာ အဖွဲ့အစည်းကြီးနှစ်ခု ဆွေးနွေးထားသည့်အရာမဟုတ်ဘဲ ဂျီနိုသမဂ္ဂက ထိုညှိနှိုင်းမှုလုပ်ထားခြင်းကို တောင်ကြားအသင်းက လိုက်လုပ်ခြင်း သို့မဟုတ် ၎င်းတို့က အခံဘက်၌ နေလိုက်ခြင်းဖြစ်လိမ့်မည်။
သို့သော် လူတိုင်းမှာ ဂျီနိုသမဂ္ဂ၏ ဈေးနှုန်းအပြောင်းအလဲက တောင်ကြားအသင်းကို လိုက်နာရန် တွန်းအားပေးလိုခြင်းကြောင့် မဟုတ်ဘဲ Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းကို ပစ်မှတ်ထားလိုခြင်းကြောင့်ဖြစ်ကြောင်းကို သိကြ၏။
Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်း သို့မဟုတ် Frestech ကုန်သည်ကြီးများအသင်းထံ၌ တူညီသည့် စုဆောင်းထားသော ရင်းမြစ်များမရှိသဖြင့် ၎င်းတို့မှာ သတ္တုရိုင်းများတူးဖော်ခြင်းနှင့် ပတ်သက်လာလျှင် ပို၍ အားနည်းသည်။ ထို့ကြောင့် သတ္တုရိုင်းအထောက်အပံ့ကို အခြားလူများက ထိန်းချုပ်ထားချိန်၌ ဂျီနိုသမဂ္ဂက သတ္တုရိုင်းတန်ဖိုးကို ပြောင်းလဲလိမ့်မည်သာ။
Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းထံရှိ အားသာချက်မှာ သံမဏိအရည်ကျိုခြင်းပင်။ ဂျီနိုသမဂ္ဂမှာ မိမိတို့၏ အကျိုးအမြတ်ကို ဖြတ်တောက်လိုက်ခြင်း ဖြစ်ပါလျှင်တောင် ၎င်းတို့၏ တန်ဖိုးကို လျှော့ချလိုက်ဖို့ မတုံ့ဆိုင်းနေခဲ့ပေ။ ၎င်းတို့အနေဖြင့် Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းအား ၎င်းတို့၏ တန်ဖိုးကို ပိုနည်းစေရန် တွန်းအားပေးလိုပြီး အကျိုးအမြတ်များကို ဖိနှိပ်လိုကြောင်း ထင်ရှား၏။
၎င်းမှာ အကွက်ဆင်ထားခြင်းမဟုတ်ဘဲ ပွင့်လင်းမြင်သာသည့် အစီစဉ်ပင်။ ၎င်းက Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းနှင့် ယှဉ်လျှင် ပိုကြီးမားသည့် ၎င်းတို့၏ အတိုင်းအတာကို အသုံးပြုပြီး အနိုင်ယူဖို့ ၎င်းတို့၏ ပိုမိုနက်ရှိုင်းသော အုတ်မြစ်များကို အသုံးချခြင်းပင်။
ရည်ရွယ်ချက်မှာ Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းအား သတ္တုတွင်းထွက် ရင်းမြစ် နယ်ပယ်မှ မောင်းထုတ်ဖို့ပင်။
ဂျီနိုသမဂ္ဂအတွက် တောင်ကြားအသင်း၏ ပေါ်ထွက်လာခြင်းက အံ့အားသင့်ဖွယ်မဟုတ်သော်လည်း ဤFrestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းမှာ မမျှော်မှန်းထားသည့် အပြောင်းအလဲပင်။
ထို့အပြင် တောင်ကြားအသင်းနှင့် ဂျီနိုသမဂ္ဂတို့၏ အင်အားက အတူတူလောက်နီးပါးဖြစ်သဖြင့် ဤရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေကို ခဏကြာအောင် ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ပို၍ အလျင်လိုနေသည့် ကိစ္စမှာ Frestech သတ္တုတွင်းထွက် ကုန်သည်ကြီးများအသင်းကို မောင်းထုတ်ပြီးမှ တောင်ကြားအသင်းနှင့် ရင်ဆိုင်ဖို့ပင်။
ဤရည်ရွယ်ချက်က အင်မတန်သိသာပြီး ဂျီနိုသမဂ္ဂအနေဖြင့် ၎င်းကို သတင်းစာရှင်းလင်းပွဲတစ်ခု၌ လူသိရှင်ကြား ဖော်ပြခဲ့၏။ ၎င်းတို့အနေဖြင့် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့ ကျွမ်းကျင်ရာ မှော်စက်မှုနယ်ပယ်၌သာ ရိုးရိုးသားသားနေသင့်ပြီး ၎င်းတို့နှင့် မသက်ဆိုင်သည့် အခြားနယ်ပယ်များ၌ ဝင်မပါသင့်ကြောင်းဖော်ပြခဲ့၏။
Frestech ကုန်သည်ကြီးများအသင်း၏ ၎င်းအပေါ် တုံ့ပြန်မှုမှာတော့..... တုံ့ပြန်မှုမရှိခဲ့ပါချေ။