← Chapters

အခန်း (၈၁-၉၀)

Vol. 7 Ch. 81-90

အခန်း (၈၁-၉၀)

Vol. 7 Ch. 81-90

မှော်စက်မှုအင်ပါယာ Volume 7 အခန်း ၈၁။

ဇယ်ဘာတို၏ရင်ထဲတွင် အေးစိမ့်သွားပြီး သူ၏ဦးရေပြားပင် စတင်၍ စပ်ဖျဉ်းဖျဉ်းဖြစ်လာ၏။

သူတို့ဘက်မှ တောင်းဆိုချက်များပြုလုပ်နေသရွေ့ ညှိနှိုင်းရန်အခွင့်အရေးရှိသောကြောင့် ဒေသခံအချို့ ပြဿနာရှာရုံလောက်မှာ ကိစ္စမရှိသေးပေ။ သို့သော် တစ်ယောက်ယောက်သေသွားသည်နှင့် ကိစ္စက လုံးလုံးလျားလျားခြားနားသွားပြီဖြစ်သည်။

ဒရိုမျိုးနွယ်သည် တစ်လျှောက်လုံး လူမျိုးခြားများကိုဆန့်ကျင်ရာတွင် နာမည်ကျော်ခဲ့ပြီး ယခု ဤမိုင်းတွင်း၌ လူသတ်မှုတစ်ခုရှိလာသည့်အပြင် လူသတ်လက်နက်က အစောင့်၏ မှော်ဒူးလေးဖြစ်နေခြင်းကို ထပ်ပေါင်းလျှင် Frestech ကုန်သည်ကြီးများအသင်းဘက်မှ လူအရင်သတ်လိုက်သည့် အဓိပ္ပာယ်ပင်။

ဤအခြေအ‌နေတွင် ဒရိုမျိုးနွယ်က မည်သို့တုံ့ပြန်လာမည်ကို ခန့်မှန်းနေစရာပင်မလိုချေ။

မျှော်လင့်ထားသည့်အတိုင်း စူးစူးရှရှအသံထွက်ပေါ်လာပြီးသည်နှင့် တိတ်ဆိတ်နေသော လူအုပ်ကြီးမှာ စတင်၍ လှုပ်လှုပ်ရွရွဖြစ်လာသည်။ မရေမတွက်နိုင်သော ထိုလူများထံ၌ ရှိနေခဲ့သည့် ထိန်းချုပ်ထားသော အမူအရာများက ယခု ဒေါသူပုန်ထသော အမူအရာများဖြင့် အစားထိုးသွား၏။

“ဒီလူမျိုးခြားခွေးကောင်တွေကို သတ်ပစ်”

“သူတို့အကုန်လုံးကိုသတ်”

“သတ်……”

……

သွေးရူးသွေးတန်းဖြစ်နေသော ထိုလူများအားလုံး ဆင်ခြင်တုံ့တရားကင်းမဲ့သွားကြသည်။ ဝင်ပေါက်၌ အစောင့်အယောက်ငါးဆယ်က မှော်ဒူးလေးများနှင့် ရပ်နေသော်လည်း သူတို့ကို လုံးဝမပစ်ရဲပေ။ ထို့ကြောင့် လူပေါင်းထောင်ချီ ရှေ့တက်လာချိန်တွင် သူတို့က တစ်စက္ကန့်မျှပင် မတားဆီးနိုင်လိုက်ဘဲ လူအုပ်ကြီးက ပိတ်ဆို့မှုကိုထိုးဖောက်ကျော်လွှားကာ မိုင်းများထဲချီတက်သွားကြသည်။

“ဟိုကကောင်က မိုင်းတွေကိုကြီးကြပ်တဲ့သူပဲ။ သူ့ကိုသတ်”

လူအုပ်ထံမှ အသံတစ်သံထွက်ပေါ်လာပြီး ခေါင်းပြတ်ယင်ကောင်များကဲ့သို့သော လူအုပ်ကြီးက ဇယ်ဘာတိုနှင့် အာဘက်ခ်တို့ရှိရာထံ လှည့်ကြည့်လာကြသည်။ တစ်ခဏမျှတန့်သွားပြီးနောက် သူတို့က သူတို့နှစ်ဦးထံ ချီတက်လာကြ၏။

အာဘက်ခ်၏မျက်နှာက ဖြူရော်သွားပြီးနောက် ဇယ်ဘာတိုအား လှမ်းဆွဲလိုက်သည်။

“မြန်မြန်ထွက်သွားတော့”

ဇယ်ဘာတိုမှာ ခြေနှစ်လှမ်းစာခန့် အဆွဲခံလိုက်ရပြီးနောက် အသိပြန်ဝင်လာပြီး အာဘက်ခ်၏လက်ကို တွန်းထုတ်ကာ အော်ပြောလိုက်သည်။ “မင်းက ဒီမိုင်းတွင်းရဲ့တာဝန်ရှိသူလေ။ အခုအချိန်ထွက်ပြေးလို့ ဘယ်ဖြစ်မလဲ”

အာဘက်ခ်က အံ့ဩသော အမူအရာဖြင့် ဇယ်ဘာတိုအားကြည့်ကာ အမောတကော ပြောလိုက်သည်။

“အဲ့ဒီအရူးကောင်တွေနဲ့ စကားပြောကြည့်လို့ ရနိုင်မယ်ထင်လား။ အရင်ဆုံး ပြေးကြစို့။ အဆိုးဆုံးမှ အစောင့်တွေက မိုင်းတွင်ကို ပြန်ပြင်ရရုံလောက်ပါပဲ။ အခုတော့ ထွက်သွားရအောင်။ ငါတို့မသွားရင် အချိန်မီတော့မှာမဟုတ်ဘူး”

ဇယ်ဘာတိုက အာဘက်ခ်၏လက်ကို ဒေါသတကြီး တွန်းထုတ်လိုက်ပြန်သည်။

“အခုထွက်ပြေးသွားရင် ကုမ္ပဏီရဲ့ ဝန်ထမ်းတွေအနေနဲ့ ငါတို့က ကုမ္ပဏီရဲ့ယုံကြည်မှုနဲ့ မတန်တဲ့သူတွေဖြစ်သွားမှာပေါ့”

ဇယ်ဘာတိုက အာဘက်ခ်အော်ပြောနေခြင်းကို လျစ်လျူရှုကာ လူအုပ်ကြီးချီတက်လာရာထံ ဦးတည်လိုက်သည်။

လျှောက်သွားရင်း သူက ခေါင်းမော့ကာ လှမ်းအော်ပြောလိုက်၏။

“အားလုံးပဲ ကျေးဇူးပြုပြီး စိတ်အေးအေးထားကြပါ ကျွန်တော်က…..”

“ရွှပ်”

ဒူးလေးမြားတံအများအပြား မည်သည့်နေရာကမှန်းမသိ ပျံဝဲထွက်လာပြီး သူတို့ထဲမှတစ်ချောင်းက ဇယ်ဘာတို၏လည်ပင်းကို ထိုးဖောက်သွားကာ သူ၏ လက်ကျန်စကားများကို တိမ်ဝင်သွားစေသည်။

ဇယ်ဘာတိုမှာ အံ့ဩတုန်လှုပ်သောအမူအရာဖြင့် သူ့လည်ပင်းကိုဆုပ်ကိုင်ကာ မြေကြီးပေါ်လဲကျသွား၏။

.........

သက္ကရာဇ် ၃၈၀၂ ခုနှစ် ဆောင်းရာသီ၏ ချမ်းစိမ့်မှုတို့ မကုန်လွန်မီ တုန်လှုပ်ဖွယ်သတင်းတစ်စက စိုင်စ်နယ်မြေကြီးတစ်ခွင် ပျံ့နှံ့သွားပြီး ၎င်းက နယ်မြေကြီးကို ပို၍ပင်အေးစက်လာစေသည်။

မတ်လလယ်တွင် ဒရိုမျိုးနွယ်စုတိုင်းပြည်၏ အနောက်မြောက်ဘက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ မိုင်းတွင်းတစ်ခု၌ ဒရိုမျိုးနွယ်စုနှင့် Frestech ကုန်သည်ကြီးများအသင်းကြားတွင် ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့သည်။

ဤသည်က သာမန်ပဋိပက္ခလေးတစ်ခု မဟုတ်ပေ။

ဤပဋိပက္ခ၌ ဒေသခံဒရိုမျိုးနွယ်ဝင်သုံးဦး သေဆုံးပြီး ဆယ်ဦးပြင်းပြင်းထန်ထန်ဒဏ်ရာရကာ လူတစ်ရာကျော် အနည်းငယ်ထိခိုက်မှုရှိခဲ့သောကြောင့် အတော်လေးပြင်းထန်သည်ဟု ဆိုနိုင်၏။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ ဆုံးရှုံးမှုနှင့် နှိုင်းစာလျှင် ဒေသခံဒရိုမျိုးနွယ်စု၏ဆုံးရှုံးမှုမှာ မပြောပလောက်ပေ။

ဤပဋိပက္ခတွင် Frestech ကုန်သည်ကြီးများအသင်း၏ မိုင်းတွင်းမှာ ဒရိုမျိုးနွယ်စု၏ သိမ်းပိုက်ခြင်းခံလိုက်ရပြီး မိုင်းတူးဖော်ရေးစက်ကိရိယာများအားလုံး မတူညီသော အခြေအနေအသီးသီးအထိ ထိခိုက်ပျက်စီးသွားသည်။ တိုက်ရိုက်ဆုံးရှုံးမှုနှင့် သွယ်ဝိုက်ဆုံးရှုံးမှုတို့အားလုံးပေါင်းလျှင် ငွေကြေးအရဆုံးရှုံးမှုမှာ ရွေဒင်္ဂါးတစ်သောင်းကျော််ဖြစ်၏။

သို့သော် ဤငွေကြေးဆုံးရှုံးမှုနှင့်ယှဉ်လျှင် ပြင်းထန်သောဆုံးရှုံးမှုမှာ ဝန်ထမ်းအင်အားဖြစ်သည်။

ဤဖြစ်ရပ်အတွင်း၌ Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ထမ်းများသည် ဒရိုမျိုးနွယ်စု၏ တိုက်ခိုက်ခြင်းခံခဲ့ရ၏။ Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ထမ်းဆယ်ယောက်ကျော် နေရာ၌ပင် အသတ်ခံခဲ့ရပြီး အ‌ယောက်လေးဆယ်ကျော်မှာ မတူညီသော ပြင်းထန်မှုကိုယ်စီနှင့် ဒဏ်ရာရခဲ့သည့်အပြင် ပျောက်ဆုံးမှုများလည်း ရှိခဲ့သည်။

အပြင်းထန်ဆုံးသေကြေပျက်စီးမှုမှာ Frestech ကုန်သည်ကြီးများအသင်း၏ Wales ပြည်နယ်နှင့် ပတ်ပတ်လည်ဒေသများအတွက် သတ္တုရိုင်းသယ်ယူပို့ဆောင်ရေးခေါင်းဆောင်ဖြစ်သည့်အပြင် ထိုနယ်မြေရှိ မိုင်းတွင်းများ၏ စစ်ဆေးရေးမှူးလည်းဖြစ်သော ဇယ်ဘာတိုသေဆုံးမှုပင် ဖြစ်သည်။

ဤအချင်းအရာသည် ဤပဋိပက္ခအတွင်း သေဆုံးခဲ့သော Frestech ကုန်သည်ကြီးများအသင်း၏ ရာထူးအမြင့်ဆုံးဝန်ထမ်းဖြစ်သလို နှစ်နှစ်ဆယ်အတွင်းသေဆုံးခဲ့သော Frestech ကုန်သည်ကြီးများအသင်းမှ ရာထူးအမြင့်ဆုံးဝန်ထမ်းလည်း ဖြစ်၏။

ဤကိစ္စဖြစ်သွားချိန်တွင် Frestech ကုန်သည်ကြီးများအသင်းက ဒေသခံဒရိုမျိုးနွယ်စုဝင်များကို ပြင်းပြင်းထန်ထန်ရှုတ်ချထားသော ကြေညာချက်တစ်ခုနှင့်အတူ ဒရိုမျိုးနွယ်စုတိုင်းပြည်ထံ အလေးအနက်သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်သည်။

တစ်ချိန်တည်းတွင် ဒရိုမြို့တော်အနီးတစ်ဝိုက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များ ချက်ချင်း စုရုံးလာကြ၏။ သူတို့က Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ထမ်းလေးဆယ်ကို ကယ်ဆယ်ရင်း ထိုနေရာမှကိစ္စကိုဖြေရှင်းရန် ကြိုးစားလိုက်ကြသည်။

Frestech ကုန်သည်ကြီးများအသင်းက ဤသတင်းကိုထုတ်ပြန်လိုက်ချိန်တွင် လူတိုင်း၏ ပထမဆုံးတုံ့ပြန်မှုမှာ ဒရိုမျိုးနွယ်စုတိုင်းပြည်‌တော့သွားပြီ ဟူ၍ပင်။

နှစ်ပေါင်းများစွာအကြာကပေါ်ပေါက်ခဲ့သော အဓိကရုဏ်းများအတောအတွင်း၌ Frestech ကုန်သည်ကြီးများအသင်းသည် ပြင်းပြင်းထန်ထန် ထိခိုက်ဆုံးရှုံးခဲ့ရသောကြောင့် သူတို့၏အစောင့်များကို တုံ့ဆိုင်းခြင်းမရှိစေလွှတ်ကာ ဒရိုမျိုးနွယ်စုတိုင်းပြည်ကို သိမ်းယူခဲ့သည်။

ယခု ဒရိုမျိုးနွယ်စုတိုင်းပြည်အတွင်း၌ ဤသို့ဖြစ်ပျက်သွားခြင်းက Frestech ကုန်သည်ကြီးများအသင်းအတွက် ဒရိုမျိုးနွယ်စုတိုင်းပြည်အပေါ် ထိန်းချုပ်မှုတင်းကြပ်ရန် အကြောင်းပြချက်ကောင်းကောင်း ပေးလိုက်ခြင်းဖြစ်၏။

Frestech ကုန်သည်ကြီးများအသင်းကသာ အလိုရှိလျှင် ဒရိုမျိုးနွယ်စုတိုင်းပြည်ကို ဖယ်ရှားရှင်းလင်းပစ်ရန်ပင် တတ်နိုင်သည်။

Frestech ကုန်သည်ကြီးများအသင်းမှ အစောင့်များ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့်ဆိုလျှင် သူတို့ ဤသို့လုပ်နိုင်မည်မှာ မလွဲမသွေပင်။

သို့သော် ဆက်လက်ဖြစ်လာသည့်ကိစ္စက လူတိုင်းကို အံ့ဩသွားစေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ကြေညာချက်နှင့် ဒရိုမျိုးနွယ်စုတိုင်းပြည်ထံ သတိပေးချက် ထွက်လာပြီးနောက်တွင် ကန်ဒရာအင်ပါယာက သူတို့၏ တရားဝင်သတင်းစာ၌ ထုတ်ပြန်ချက်တစ်ခု ပြုလုပ်လိုက်၏။

ထုတ်ပြန်ချက်တွင် နမ်ကိုမိုင်းတွင်းမှ သွေးစွန်းပဋိပက္ခအတွင်း၌ စတင်လှုပ်ရှားခဲ့သည်မှာ ဒရိုမျိုးနွယ်စုမဟုတ်ဘဲ အရင်ဆုံးလူသတ်ခဲ့သော မိုင်းတွင်းအစောင့်များကြောင့် အဓိကရုဏ်းဖြစ်ခဲ့ရကြောင်း၊ ဤကိစ္စအတွက် တာဝန်ယူသင့်သူမှာ Frestech ကုန်သည်ကြီးများအသင်းသာဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အသတ်ခံရသူမှာ ဒရိုမျိုးနွယ်စုဝင်မဟုတ်ဘဲ ကန်ဒရာအင်ပါယာမှ လူတစ်ယောက်ပင်ဖြစ်၏။

ကန်ဒရာအင်ပါယာဘက်မှ ဤထုတ်ပြန်ချက်ကို ပြုလုပ်လိုက်ချိန်တွင် လူတိုင်း အံ့သြတုန်လှုပ်သွားသည်။

သူတို့အံ့ဩရသည်မှာ ကန်ဒရာအင်ပါယာ၏ ထို “အဖြစ်မှန်” ဟုသော အရာကြောင့်မဟုတ်ဘဲ ကန်ဒရာအင်ပါယာက ဤသို့သောထုတ်ပြန်ချက်ကို ပြုလိုက်ခြင်းကြောင့်ပင်။

ဤပဋိပက္ခက ပြင်းထန်သော်လည်း ၎င်းသည် Frestech ကုန်သည်ကြီးများအသင်းနှင့် ဒရိုမျိုးနွယ်စုတိုင်းပြည်ကြားမှ ကိစ္စဖြစ်၏။

Frestech ကုန်သည်ကြီးများအသင်း၏ လုပ်နိုင်စွမ်းနှင့် ဒရိုမျိုးနွယ်စုတိုင်းပြည်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းဟောင်းများပေါင်းလိုက်လျှင် ဒရိုမျိုးနွယ်စုတိုင်းပြည်က Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်နိုင်မည်ဟု မည်သူမျှမထင်ချေ။ သူတို့က ဦးညွှတ်ကာ Frestech ကုန်သည်ကြီးများအသင်းကို ဤကိစ္စရပ်အား ဖြေရှင်းခွင့်ပြုကြမည်ဖြစ်သည်။

သို့သော် ယခု ကန်ဒရာအင်ပါယာက ဝင်ပါလာပြီး အရင်ဆုံးအသတ်ခံရသူမှာ ကန်ဒရာအင်ပါယာမှဟု ဆိုလာသည်။ ၎င်းက မည်သည့်အဓိပ္ပာယ်နည်း။

ဖြစ်နိုင်သည်မှာ... ကန်ဒရာအင်ပါယာက ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်လိုခြင်းပေလော။ Frestech ကုန်သည်ကြီးများအသင်းနဲ့ အတိုက်အခံလုပ်ပြီးတောင်မှလေ...

ဤကိစ္စက Frestech ကုန်သည်ကြီးများအသင်းနှင့် ဒရိုမျိုးနွယ်စုတိုင်းပြည်ကြား၌သာဆိုလျှင် ဒရိုမျိုးနွယ်စုတိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်းကို မခုခံနိုင်သောကြောင့် မည်သူက အရင်ဆုံးလှုပ်ရှားလိုက်သည်မှာ အရေးမကြီးတော့ပေ။

သို့သော် ထိုလူက ကန်ဒရာအင်ပါယာမှဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းက အရင်ဆုံးလူသတ်လိုက်သည်ဆိုလျှင် ကန်ဒရာအင်ပါယာအား ကြားဝင်စွက်ဖက်ရန် ဆင်ခြေကောင်းတစ်ခု ပေးလိုက်ခြင်းပင်။

ထို့ပြင် ကန်ဒရာအင်ပါယာဘက်မှ မမျှော်လင့်ဘဲ အမှန်တကယ်ကြီးဝင်စွက်ဖက်လာခြင်းက လူများကို အံ့ဩတုန်လှုပ်သွားစေသည်။

နည်းလမ်းတကျပြောရလျှင် ကန်ဒရာအင်ပါယာအနေဖြင့် ဤသို့လုပ်ခြင်းမှာ ပြဿနာမရှိပေ။

ကန်ဒရာအင်ပါယာ၏လူများက ကုမ္ပဏီ၏အစောင့်သတ်ခြင်းခံလိုက်ရသောကြောင့် ထိုသူတို့၏မွေးရပ်မြေအနေဖြင့် သူတို့က ဝင်ပါပြီး အမှန်တရားကို အတည်ပြုသင့်ပေသည်။

သို့သော် အမှန်တကယ်၌ ကန်ဒရာအင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်းနှင့် နီးနီးကပ်ကပ် လက်တွဲအလုပ်လုပ်လျှက်ရှိပြီး ကန်ဒရာအင်ပါယာက Frestech ကုန်သည်ကြီးများအသင်းအပေါ် အလျှော့ပေးမှုများပင် ပြုလုပ်ထားခြင်းနှင့်အတူ သူတို့၏ဆက်ဆံရေးက ဖြတ်တောက်၍မရလုနီးပါးပင်။ အရင်ဆုံးအသတ်ခံရသူက ကန်ဒရာအင်ပါယာမှ ဖြစ်နေလျှင်တောင် သူတို့က မည်သည်ကိုမှလုပ်မည်မဟုတ်ဟု လူတိုင်းထင်ထားကြသည်။

ကန်ဒရာအင်ပါယာ၌ သဘောထားအချို့ရှိနေလျှင်တောင် သူတို့က Frestech ကုန်သည်ကြီးများအသင်းနှင့် တိတ်တဆိတ်ဆွေးနွေးကာ သဘောတူညီချက်တစ်ခု ယူလိုက်မည်ဖြစ်သည်။ ဤကိစ္စအတွက် လျော်ကြေးအချို့ပေးရန် Frestech ကုန်သည်ကြီးများအသင်းအတွက် အလုံအလောက်ရှိပေသည်။

သို့သော် ကန်ဒရာအင်ပါယာက ဤကိစ္စကို လူသိရှင်ကြားဖြစ်အောင်လုပ်ကာ Frestech ကုန်သည်ကြီးများအသင်းအား အဖြစ်မှန်ကို ပြောင်းပြန်လှန်သည်ဟုပင် စွပ်စွဲလိုက်သေးသည်။ သူတို့က Frestech ကုန်သည်ကြီးများအသင်းကို လုံးဝ မျက်နှာသာမပေးခြင်းပေ။

ဖြစ်နိုင်သည်မှာ…… ကန်ဒရာအင်ပါယာနှင့် Frestech ကုန်သည်ကြီးများအသင်းကြားမှ ပူးပေါင်းမှုတွင် အက်ရာတစ်ခု ရှိနေသည်ပင်လော။

ဧပြီလနှစ်ရက်နေ့ နမ်ကိုမိုင်းတွင်းကိစ္စပြီးနောက် လဝက်အကြာ၌ ကန်ဒရာအင်ပါယာက ဤပဋိပက္ခ၏အသေးစိတ်ကို စုံစမ်းစစ်ဆေးရန် ဒရိုမျိုးနွယ်စုတိုင်းပြည်ထဲသို့ စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့စေလွှတ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ပြီးခဲ့သောတစ်ရက်ကပင် ဒရိုမြို့တော်အနီးရှိ Frestech ကုန်သည်ကြီးများအသင်း၏အစောင့်များက နမ်ကိုမိုင်းတွင်းထံ လူငါးရာပါသောအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့၏။ သူတို့က ဒရိုမျိုးနွယ်စုထိန်းချုပ်ထားသော မိုင်းတွင်းကို ပြန်လည်သိမ်းယူရင်း ဤကိစ္စကို စုံစမ်းစစ်ဆေးမည်ဖြစ်သည်။

တစ်ချိန်တည်းတွင် ဒရိုမျိုးနွယ်စုတိုင်းပြည်အစိုးရကလည်း ဤကိစ္စကိုစုံစမ်းစစ်ဆေးရန် Frestech ကုန်သည်ကြီးများအသင်းနှင့် ကန်ဒရာအင်ပါယာတို့နှင့်အတူ လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်ခု ကြေညာလိုက်သည်။

သူတို့က Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ အမှန်တရားအားကူညီရှာဖွေရန် ဆန္ဒရှိကြောင်း၊ Frestech ကုန်သည်ကြီးများအသင်းဝန်ထမ်းများ၏ လုံခြုံရေးကို အာမခံရန် သူတို့လုပ်နိုင်သမျှအားလုံး လုပ်ပေးမည့်အကြောင်း ဒရိုမျိုးနွယ်စုအစိုးရက ဖော်ပြထား၏။

သို့သော် ဤစစ်ဆေးရေး၏ရလဒ်က ကန်ဒရာအင်ပါယာထုတ်ပြန်ထားသည့်အတိုင်း Frestech ကုန်သည်ကြီးများအသင်း၏အမှားဖြစ်နေလျှင် ဒရိုမျိုးနွယ်စုတိုင်းပြည်က ဒေသခံဒရိုမျိုးနွယ်စု၏ တရားမျှတမှုအတွက် Frestech ကုန်သည်ကြီးများအသင်းအား ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုတစ်ခု ပြုလုပ်မည်ဖြစ်သည်။

ဒရိုမျိုးနွယ်စုတိုင်းပြည်၏ တရားဝင်ကြေညာချက်က ပြင်ပကမ္ဘာထံမှ သံသယမျိုးစုံကို ဆွဲဆောင်လိုက်သည်။

ဒရိုမျိုးနွယ်စုတိုင်းပြည်တွင် အဓိကရုဏ်းများပေါ်ပေါက်ခဲ့သည့် လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာကတည်းက Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းကို ဖိနှိပ်ထားသည့်အတွက် ဒရိုမျိုးနွယ်စုတိုင်းပြည်က မပျက်စီးသေးသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အပြည့်အဝ ဖိနှိပ်ခြင်းခံထားရပြီးဖြစ်သည်။ သူတို့သည် ထိုကတည်းက နှစ်ပေါင်းများစွာအတွင်း အသံတစ်သံမှ မထွက်ရဲခဲ့ပေ။

သို့သော် ဤသို့အရေးကြီးသော အခိုက်အတန့်၌ ဒရိုမျိုးနွယ်စုအစိုးရက ရုတ်တရက် မားမားမတ်မတ်ရပ်တည်ကာ ဒရိုမျိုးနွယ်စုအတွက် တရားမျှတမှုလိုချင်ကြောင်း တောင်းဆိုခဲ့သည်။

မည်သူက သူတို့ကို ဤသတ္တိမျိုးပေးလိုက်သနည်း။

ကန်ဒရာအင်ပါယာပင်လော။

ဤမေးခွန်းများကို စိတ်ထဲတွင်တွေးတောလျှက် စိုင်စ်နယ်မြေကြီးတစ်ခုလုံးမှာ သေးငယ်သော နမ်ကိုမိုင်းတွင်းလေးအပေါ်၌ စတင်အာရုံစိုက်လာကြသည်။

***

မှော်စက်မှုအင်ပါယာ Volume 7 အခန်း ၈၂။

“ဖွီ”

ဒရိုမျိုးနွယ်စုတိုင်းပြည်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ တတိယအစောင့်အဖွဲ့မှူးဖြစ်သူ လူသားစစ်သည် လက်ဆက်စ် က သူ့ရှေ့မှမြေကြီးပေါ်သို့ တံတွေးထွေးလိုက်သည်။ သူက လက်ထောက်အဖွဲ့မှူးဖြစ်သည့် သူ၏တပ်ရေးဗိုလ်ကြီး နတ်သူငယ် ဖလွိုဒ်ထံ လှည့်ကြည့်လိုက်၏။

“ဟေ့ ဖလွိုဒ်ငါတို့ တကယ်ကြီးစတိုက်ကြရင် ဒီအရူးတွေကိုဆုံးမဖို့ ဘယ်လောက်လောက်ကြာမယ်ထင်လဲ”

ဖလွိုဒ်က မြေကြီးပေါ်မှ တံတွေးကွက်ကိုကြည့်ပြီး လက်ဆက်စ် က မိန်းမဆန်သည်ဟု အမြဲစနောက်လေ့ရှိသည့် သူ၏ရှည်ရှည်သွယ်သွယ်မျက်ခုံးတို့ တွန့်ချိုးသွားသည်။ သူက ခြေထောက်ဆန့်ထုတ်ကာ တံတွေးကွက်ပေါ်သို့ ဖုန်များလှမ်းကန်တင်လိုက်ရင်း သူတို့ရှေ့မှ မီတာသုံးရာပတ်လည်ရှိ တပ်စခန်းကို ကြည့်လိုက်၏။

“သူတို့ ပြင်ဆင်မထားရင် တစ်မိနစ်ဆို လုံလောက်ပါတယ်။ ဒါပေမယ့် တစ်ဖက်ကပြင်ဆင်ထားပြီး ကျွန်တော်တို့ ထိပ်တိုက်တွေ့မယ်ဆိုရင်… ရလဒ်က ပြောဖို့ခက်တယ်”

“ပြောဖို့ခက်တယ် ဟုတ်လား” လက်ဆက်စ် ၏အသံက ရုတ်တရက် မြင့်တက်လာပြီး တပ်စခန်းထံ ညွှန်ပြကာ ဟိန်းဟောက်လိုက်သည်။ “သူတို့လောက်ကို ဘာက ပြောဖို့ခက်မှာလဲ။ အဲ့ဒီအမှိုက်တွေ ငါတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရဲရင်တောင် ငါတို့က သူတို့ကို ချေမှုန်းပစ်နိုင်တယ်”

ဖလွိုဒ်က မပျော်မရွှင်ဖြစ်သွားသော လက်ဆက်စ် ကို ကြည့်လိုက်ပြီးနောက် မလှုပ်မရှားရှိနေသည့် စခန်းကိုကြည့်ကာ ပုခုံးတွန့်လိုက်သည်။

“အဖွဲ့မှူး ကိုယ့်ရဲ့စွမ်းအင်ကို မဖြုန်းတီးပါနဲ့။ တစ်ဖက်က ကျွန်တော်တို့နဲ့မတိုက်ဖို့ တင်းကြပ်တဲ့အမိန့်တွေ ရထားပုံပါပဲ။ ဒါ့ကြောင့် သူတို့ကို အခုလိုရန်စလို့လည်း အသုံးမဝင်ပါဘူး”

လက်ဆက်စ် ၏ အမူအရာက အကြိမ်ရေအနည်းငယ်ခန့် ပြောင်းသွားပြီးနောက် လက်များကိုပြန်ချကာ လက်ကို မျက်နှာရှေ့ ဝေ့ယမ်းလိုက်ပြီး ပြန်တည်ငြိမ်လာသည်။

“မင်းပြောကြည့်စမ်း… အဲ့ဒီကန်ဒရာအင်ပါယာသားတွေ ဘာတွေးနေတာလဲလို့။ ဒီလူတွေကို ဒီအထိပို့ထားတာက ဘာမှမလုပ်ဘဲ ငါတို့ကို စောင့်ကြည့်နေဖို့ပဲလား။ သူတို့ တကယ်ပဲ အဲ့လောက်ပျင်းနေကြတာလား”

ဖလွိုဒ်က သူ့ခေါင်းကိုပွတ်ရင်း အနည်းငယ် ခေါင်းကိုက်လာသည်။

“အဖွဲ့မှူး သိနေပြီးသားကိစ္စကို မေးတတ်တဲ့အကျင့်ကြီးက မကောင်းပါဘူး။ ကျွန်တော်တို့နှစ်ဖက်လုံး အထက်လူကြီးတွေ ညှိနှိုင်းတာအပြီးသတ်ဖို့ စောင့်နေကြတာပဲမဟုတ်ဘူးလား။ သူတို့ရဲ့ညှိနှိုင်းမှုမပြီးသေးခင် ကျွန်တော်တို့လို လက်အောက်ငယ်သားတွေက ဘယ်လိုလုပ် ရူးရူးမိုက်မိုက်ပြုမူရဲမှာလဲ”

လက်ဆက်စ်က တစ်စုံတစ်ခု ခပ်တိုးတိုးရေရွတ်လိုက်ပြီးနောက် သူရှေ့ရှိ ကန်ဒရာအင်ပါယာအလံလွှင့်ထားသည့် စခန်းကိုကြည့်ကာ သူ၏မျက်ခုံးများ တွန့်ချိုးသွားသည်။

သူက အစောင့်ငါးရာပါသည့် သူ၏အဖွဲ့ကိုဦးဆောင်ကာ လွန်ခဲ့သောလေးရက်က နမ်ကိုမိုင်းတွင်းထံ ရောက်လာခြင်းဖြစ်သည်။ သူတို့က မိုင်းများကိုထိန်းချုပ်ထားသော ဒရိုမျိုးနွယ်ဝင်လူဆိုးကောင်များကို အလွယ်တကူမောင်းထုတ်ကာ သူတို့ထံမှ မိုင်းများ ပြန်လည်သိမ်းယူခဲ့သည်။

သို့သော် သူတို့ မိုင်းများထဲ၌ စုဝေးရန် ပြင်ဆင်နေစဉ် ကန်ဒရာအင်ပါယာက ဤအဖွဲ့ကို ဤနေရာသို့ ပို့လိုက်သည်။

ကန်ဒရာအင်ပါယာအလံနှင့် ဤအဖွဲ့သည် လက်ဆက်စ် ဦးဆောင်သော Frestech ကုန်သည်ကြီးများအသင်းအဖွဲ့နှင့် တွေ့ချိန်တွင် သူတို့က စုံစမ်းစစ်ဆေးရန်လာသော အဖွဲ့ဖြစ်ကြောင်း ပြောခဲ့၏။

သို့သော် ဤ”စစ်ဆေးရေးအဖွဲ့”၌ လက်နက်အပြည့်အစုံတပ်ဆင်ထားသော တပ်သားပေါင်း နှစ်ထောင်ပါလာသည်။ စစ်ဘက်သုံးမှော်စက်အချို့သယ်ဆောင်လာသော တပ်သားအချို့ပင် ပါ၏။

Frestech ကုန်သည်ကြီးများအသင်းက ကန်ဒရာအင်ပါယာနှင့် နှစ်ပေါင်းများစွာ အလုပ်တွဲလုပ်ခဲ့သည့်အတွက် ကန်ဒရာအင်ပါယာက သူတို့၏တပ်ဖွဲ့တွင်တပ်ဆင်ရန် စစ်ဘက်သုံးမှော်စက်အမြောက်အများ ဝယ်ယူခဲ့သော်လည်း ကန်ဒရာအင်ပါယာ၌ တပ်သားခြောက်သောင်းကျော်ရှိသောကြောင့် သူတို့၏စစ်တပ်တစ်ခုလုံးကို Frestech ကုန်သည်ကြီးများအသင်းမှ ဝယ်ယူထားသော စစ်ဘက်သုံးမှော်စက်များ တပ်ဆင်ပေးရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ကန်ဒရာအင်ပါယာ၌ စစ်ဘက်သုံးမှော်စက်များ ကိုင်ဆောင်ထားနိုင်သူမှာ ကန်ဒရာအင်ပါယာ၏ လက်ရွေးစင်တပ်သားများ ဖြစ်သည်။ သူတို့က သာမန်တပ်ဖွဲ့တစ်ခု မဟုတ်ပေ။

ကန်ဒရာအင်ပါယာက ရုတ်တရက် ဤနေရာသို့ လက်ရွေးစင်တပ်သားနှစ်ထောင် စေလွှတ်လိုက်သည်။ ဤသည်က သူတို့ပြောသကဲ့သို့ “ရိုးရိုးစုံစမ်းစစ်ဆေးရေး”လေးတစ်ခုအတွက်သာဆိုလျှင် မည်သူမျှယုံမည်မဟုတ်ပေ။

သို့သော် သူ့အဖွဲ့မရောက်မီ အရင်ရက်တွင် ဒရိုမြို့တော်ရှိ Frestech ကုန်သည်ကြီးများအသင်းအစောင့်ဌာနချုပ်မှ ပေးပို့လိုက်သော အမိန့်ကို လက်ဆက်စ် ရရှိပြီးဖြစ်သည်။ ထိုအမိန့်တွင် ကန်ဒရာအင်ပါယာက စုံစမ်းစစ်ဆေးရန် လူများစေလွှတ်မည်ဖြစ်ပြီး သူတို့၏ပူးပေါင်းမှုကို တောင်းဆိုထားသည့် ကန်ဒရာအင်ပါယာ၏ ရုတ်တရက်ကြေညာချက်ကို ထည့်သွင်းဖော်ပြထား၏။

ထိုအမိန့်အရ ကုမ္ပဏီ၏ ရာထူးမြင့်အဖွဲ့ဝင်များက အစောင့်များကို အခြေအနေအပေါ်လိုက်၍ ဆောင်ရွက်ရန် ခွင့်ပြုထားသော်လည်း သူတို့က ကန်ဒရာအင်ပါယာနှင့် ပဋိပက္ခဖြစ်မည့်အရေးကို တတ်နိုင်သမျှရှောင်ကာ အခြေအနေကို ပိုပြီးမပြင်းထန်လာစေရန် ကြိုးစားရမည်ဖြစ်သည်။

ထို့ကြောင့် ပြီးခဲ့သော ရက်အနည်းငယ်အတွင်း နှစ်ဘက်ကြား၌ အဖုအထစ်လေးများရှိခဲ့သော်လည်း လက်ဆက်စ် က သူ၏ငယ်သားများအား ကန်ဒရာအင်ပါယာတပ်ဖွဲ့နှင့် ပဋိပက္ခမဖြစ်စေရန် ဖိနှိပ်ထားခဲ့သည်။

သို့သော် လက်ဆက်စ် ၏ ဒေါသက ဆက်လက်အစိုင်အခဲဖြစ်တည်နေပြီး တစ်ဖက်စခန်းမှာ အလွန်မျက်စိစပါးမွှေးစရာကောင်းလှသည်ဟု ခံစားရကာ အတော်လေးမပျော်မရွှင်ဖြစ်နေ၏။

ဖလွိုဒ်ပြောသည့်အတိုင်း ကန်ဒရာအင်ပါယာဘက်တွင်လည်း အမိန့်များထုတ်ထားပြီး သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားမှန်း သိသာထင်ရှားနေသည်မှာ နှမျောစရာပင်။ ထို့ကြောင့် နှစ်ဖက်ကြား၌ အဖုအထစ်ရှိခဲ့သော်လည်း ပဋိပက္ခကြီးကြီးမားမား မရှိခဲ့ချေ။ လက်ဆက်စ်က တစ်ဖက်ကို သင်ခန်းစာပေးချင်လျှင်တောင် မည်သည်ကိုမှမလုပ်နိုင်ပေ။

“တကယ်တော့ ပြီးခဲ့တဲ့ရက်တွေတုန်းက ငါစဉ်းစားနေတာ။ ငါတို့က ဒီမိုင်းတွင်းကို ပြန်သိမ်းပြီး ဒရိုမျိုးနွယ်စုကို နောက်ထပ်ပြဿနာမရှာရဲအောင် သင်ခန်းစာပေးရုံပဲလေ။ ဒါပေမယ့် ဘာလို့ ဒီကန်ဒရာအင်ပါယာအုပ်စုက ဒီကိုရောက်လာရတာလဲ။ သူတို့က ဘာလို့ ရုတ်တရက် ဝင်စွက်ဖက်ရတာလဲ” လက်ဆက်စ် က ဇဝေဇဝါဖြစ်သော လေသံဖြင့် ရုတ်တရက် မေးလိုက်သည်။

“ကျွန်တော်လည်းမသိဘူး” ဖလွိုဒ်က သက်ပြင်းရှိုက်သံဖြင့် ပြောသည်။ “ပြီးခဲ့တဲ့နှစ်တွေအတွင်း အဖွဲ့မှူးတို့လူ့အဖွဲ့အစည်းရဲ့ လက္ခဏာရပ်နဲ့ ပုံစံကို သုတေသနလုပ်ခဲ့ပေမယ့် လူသားတွေရဲ့အတွေးအကုန်လုံးကို အခုထိ နားမလည်နိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်ထင်တာတော့... အဖွဲ့မှူးတို့လူသားတွေရဲ့ တစ်ခုခုလုပ်ဖို့ပန်းတိုင်လိုအပ်နေတဲ့ သဘောတရားအရ ကန်ဒရာအင်ပါယာမှာ ရည်ရွယ်ချက်ပန်းတိုင်တစ်ခုခု ရှိနေလို့ဖြစ်ရမယ်”

“ပေါက်ကရတွေ” လက်ဆက်စ်က ဖလွိုဒ်ကို ကြည့်လိုက်သည်။ “သူတို့မှာ ဘာရည်ရွယ်ချက်မှရှိမနေရင် ကင်ဒရာအင်ပါယာက လူနှစ်ထောင်လွှတ်လိုက်ပါ့မလား။ သူတို့ အဲ့လောက်ပျင်းနေကြတယ်လို့ တကယ်ကြီးထင်နေတာလား”

ထို့နောက် သူ၏မျက်ခုံးများ တွန့်ကွေးသွားသည်။

“ဒါပေမယ့် ငါနားမလည်တာက ကန်ဒရာအင်ပါယာက ဒီကနေပြီး ဘာအကျိုးအမြတ်ရမှာမလို့လဲ။ သူတို့က ဒီမိုင်းတွင်းရဲ့ တစ်စိတ်တစ်ပိုင်းကို လိုချင်တာများလား။ ဒါပေမယ့် ကန်ဒရာအင်ပါယာက ဒီလောက်ကြီးပြီး မိုင်းတွင်းတွေအများကြီးရှိတာကို ဘာလို့ ဒီလိုမိုင်းအသေးလေးအတွက် ငါတို့ကုမ္ပဏီနဲ့ တိုက်ခိုက်နေမှာလဲ။ ဒါက အဓိပ္ပာယ်မရှိဘူး……”

ဖလွိုဒ်ခေါင်းယမ်းလိုက်သည်။ “အဖွဲ့မှူး ဒီကိစ္စကို ထပ်စဉ်းစားမနေပါနဲ့တော့။ ကျွန်တော်တို့က ကုမ္ပဏီရဲ့အစောင့်တွေဖြစ်လို့ အမိန့်တွေကိုပဲလိုက်နာပြီး ကျန်တာမတွေးဖို့ အဖွဲ့မှူးပဲ အမြဲပြောနေတာမဟုတ်ဘူးလား”

လက်ဆက်စ် မျက်မှောင်ကြုတ်၍ တစ်ခဏမျှ စဉ်းစားနေပြီးနောက် ရုတ်တရက် လက်ခုပ်ထတီးကာ သူ၏မျက်နှာအမူအရာက ပြေလျော့သွားသည်။

“မင်းပြောတာမှန်တယ်။ ဒီကိစ္စက ငါ့အတွက်အရေးမကြီးတာကို ဘာလို့စဉ်းစား‌နေရမှာလဲ။ အထက်က ငါတို့ကို လုပ်စေချင်တာမှန်သမျှ လုပ်ပေးလိုက်ရုံပဲ။ ဒီလိုဆိုမှ သူတို့က ငါတို့ကို ဘာလုပ်စေချင်တာလဲ”

ဖလွိုဒ်မှာ ရယ်ရခက်ငိုရခက်သော အမူအရာဖြင့် သူ့ကိုကြည့်လိုက်သည်။ “အမိန့်က မိုင်းတွင်းထဲမှာ စုဝေးပြီး မိုင်းတွင်းရဲ့လုံခြုံရေးကို ဂရုစိုက်ဖို့လေ။ ကျွန်တော်တို့က မိုင်းတွင်းကို ပြန်စီမံဖို့ ကုမ္ပဏီကလွှတ်လိုက်တဲ့ တစ်ခြားသူတွေကို စောင့်နေရုံပဲ”

“ဒါတင်ပဲမကသေးဘူးလေ နောက်ထပ်……”

“အဖွဲ့မှူး အဖွဲ့မှူးရဲ့ပြဿနာဟောင်း ပြန်ပေါ်လာပြန်ပြီ……” ဖလွိုဒ်က အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။ “ကျွန်တော်တို့ရဲ့ နောက်ထပ်တာဝန်က ပျောက်နေတဲ့ ကျွန်တော်တို့ကုမ္ပဏီအဖွဲ့သားတွေကို ကယ်ဆယ်ဖို့ပဲ ဒါပေမယ့် အခု…..”

လက်ဆက်စ်က လက်တစ်ဖက်မြှောက်၍ သူ့ကို ကြားဖြတ်တားဆီးကာ သူ၏အဝတ်များကို ဆန့်ယန့်ပြီးနောက် အားမာန်တက်ကြွသော လေသံဖြင့် ပြောလိုက်သည်။ “သိပ်ကောင်းတယ်။ ငါတို့ အခု ကျန်တဲ့တာဝန်ကို ဆောင်ရွက်ကြမယ်။ အဲ့ဒီကုမ္ပဏီဝန်ထမ်းတွေက ပျောက်နေကြတုန်းပဲဆိုတော့ ငါတို့က ဒီမှာ ဘာမှမလုပ်ဘဲ ရပ်မနေနိုင်ဘူး။ အခြေအနေကိုအဖြေရှာဖို့ မျက်မြင်သက်သေတစ်ချို့ဆီ သွားမေးရမယ်”

ဖလွိုဒ်က လက်ဆန့်ထုတ်လိုက်သော်လည်း လက်ဆက်စ်၏ အင်္ကျီအနားစကိုပင် မဖမ်းမိလိုက်ချေ။

လက်ဆက်စ်က ကန်ဒရာအင်ပါယာစခန်းထံ လျှောက်သွားသည်ကို မြင်သောအခါ ဖလွိုဒ်ကြန့်ကြာမနေရဲဘဲ လက်ဝေ့ယမ်းကာ သူတို့နှင့်အတူပါလာသော အစောင့်နှစ်ဆယ်ကို လှမ်းခေါ်လိုက်သည်။

တစ်ဖက်စခန်းထဲမှ ကန်ဒရာအင်ပါယာ၏ ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော လူများသည် လက်ဆက်စ်တို့အုပ်စု လာနေသည်ကို မြင်သောအခါ စိတ်လှုပ်ရှားကာ သတိအနေအထား ဖြစ်သွားကြ၏။

“ရပ်လိုက် ဒါက ကန်ဒရာအင်ပါယာရဲ့ တပ်စခန်းပဲ။ ဘယ်သူမှ ခွင့်ပြုချက်မရှိဘဲ မဝင်ရဘူး” တပ်သားတစ်ယောက်က အော်ပြောလိုက်သည်။

လက်ဆက်စ်က အထင်အမြင်သေးစွာ နှုတ်ခမ်းမဲ့လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။ “လေအကုန်ခံမနေနဲ့။ ငါက လူလာခေါ်တာလို့ မင်းတို့ခေါင်းဆောင် အာသာကိုသွားပြောချည်။ သူတို့ကိုလွှဲပေးဖို့ ငါးမိနစ်အချိန်ပေးမယ် မဟုတ်ရင် ငါ့ကို မယဉ်ကျေးတဲ့အတွက် အပြစ်မတင်နဲ့”

“မယဉ်ကျေးဘူး ဟုတ်လား” ကန်ဒရာအင်ပါယာတပ်စခန်းအတွင်းမှ ကနွဲ့ကလျအသံတစ်သံ ထွက်ပေါ်လာ၏။ ထွက်လာသူမှာ ကန်ဒရာအင်ပါယာ၏ချပ်ဝတ်ကို ဝတ်မထားဘဲ ရိုးရိုးအထက်တန်းလွှာအဝတ်အစားများကိုသာ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်သည်။ “အဖွဲ့မှူး လက်ဆက်စ်က ဘယ်လိုများ မယဉ်ကျေးချင်တာလဲ”

လက်ဆက်စ်က သူ့ကိုကြည့်ပြီးနောက် မျက်နှာလွှဲလိုက်ကာ အေးစက်စွာ ပြောသည်။ “ဘေးဖယ်နေစမ်း ငါက ခေါင်းဆောင် အာသာ‌ကိုလာရှာတာ။ မင်းလို ကနွဲ့ကလျကောင်ကို မဟုတ်ဘူး”

သက်လတ်ပိုင်းအမျိုးသားက ဒေါသအမျက်ချောင်းချောင်းထွက်သွားပြီး လက်ဆက်စ်အား လက်ညှိုးထိုး၍ အော်ငေါက်လိုက်သည်။

“ဘယ်သူ့ကို ကနွဲ့ကလျလို့ပြောတာလဲ။ မင်းက ကုမ္ပဏီတစ်ခုရဲ့ မလောက်လေးမလောက်စား အစောင့်အဖွဲ့မှူးအဆင့်လောက်နဲ့ ကန်ဒရာအင်ပါယာရဲ့ မြင့်မြတ်တဲ့ မြို့စားမင်းကို ဒီလိုရိုင်းရိုင်းစိုင်းစိုင်းမှတ်ချက်မျိုး ပေးရဲတယ်ပေါ့။ တပ်သားတွေ သူ့ကိုဖမ်းကြစမ်း”

ကန်ဒရာအင်ပါယာတပ်စခန်း၏ ဝင်ပေါက်ရှိ စစ်သားနှစ်ယောက်မှာ ကိုးရိုးကားယားနိုင်သော အမူအရာများနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် ပဋိပက္ခမဖြစ်ရန် ညွှန်ကြားထားသည့် တင်းကြပ်သောအမိန့်များကြောင့် မဆိုထားနှင့်၊ အမိန့်မထုတ်ထားလျှင်တောင် သူတို့နှစ်ယောက် ရှေ့မှလူအယောက်နှစ်ဆယ်ကို မတိုက်ခိုက်ရဲပေ။

ထိုစစ်သားနှစ်ယောက်က မတုံ့ပြန်သည်ကို မြင်သောအခါ မြို့စားမင်းက ဒေါသတကြီး ခြေဆောင့်လိုက်သည်။ သူက လက်ဆက်စ် ကို လက်ညှိုးထိုးကာ ဆူပူကြိမ်းမောင်းရန် ပြင်လိုက်သော်လည်း အမှန်တကယ် မည်သည်ကိုမှ မပြောရဲချေ။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များနှင့် သုံးရက်သာ ဆက်ဆံခဲ့ရသော်လည်း ထိုသုံးရက်အတွင်း Frestech ကုန်သည်ကြီးများအသင်း၏ ဤအဖွဲ့မှူးသည် ကြမ်းတမ်းပြီး အကျိုးသင့်အကြောင်းသင့်မရှိမှန်း ကန်ဒရာအင်ပါယာ၏ အရှေ့တောင်ပိုင်းပြည်နယ်မှမြို့စား ဇီဒယ်လ်က နားလည်နေပြီဖြစ်သည်။ သူနှင့် စကားပြောရန်လည်း မဖြစ်နိုင်သလို သူ့ကိုကျိန်ဆဲ၍လည်း အသုံးမဝင်ပေ။

ကံအားလျော်စွာဖြင့် ကန်ဒရာအင်ပါယာတပ်ဖွဲ့မှူးတစ်ယောက်၏ ချပ်ဝတ်ကို ဝတ်ဆင်ထားသော ကြံ့ခိုင်သည့် လူငယ်တစ်ဦးက မြို့စား ဇီဒယ်လ်ကိုကူညီရန် ရောက်ရှိလာသည်။

“လက်ဆက်စ် မင်း ဒီကို ဘာလာလုပ်တာလဲ” ခေါင်းဆောင် အာသာက လက်ဆက်စ်နှင့် သူ့ဘေးမှ မျက်နှာထက်၌ ကူကယ်ရာမဲ့သော အပြုံးတစ်ပွင့်ရှိနေသည့် ဖလွိုဒ်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

“ဘာမှမဟုတ်ပါဘူး ရုတ်တရက်ကြီး ကိစ္စတစ်ခုတွေးမိသွားလို့ပါ။ အထက်ကပေးထားတဲ့အမိန့်မှာ အဲ့ဒီလူတွေကို မင်းက အရင်ဆုံး သုံးရက်စစ်မေးနိုင်တယ်လို့ ပြောထားတယ်လေ။ အခု သုံးရက်ကုန်သွားပြီဆိုတော့ သူတို့ကို ငါ့ဆီလွှဲသင့်ပြီမဟုတ်ဘူးလား” လက်ဆက်စ်က ပြောလိုက်သည်။

***

မှော်စက်မှုအင်ပါယာ Volume 7 အခန်း ၈၃။

ခေါင်းဆောင် အာသာက အမူအရာကင်းမဲ့သော မျက်နှာနှင့် သူ့ဘေးမှ မြို့စားဇီဒယ်လ်ကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

“ကောင်းပြီ သူတို့ကို မင်းဆီလွှဲပေးလိုက်မယ်”

လက်ဆက်စ် နှင့် ဖလွိုဒ်တို့က အံ့ဩသောအမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

နမ်ကိုမိုင်းတွင်းဖြစ်ရပ်တွင် အခင်းဖြစ်ရာ၌အသတ်ခံလိုက်ရသော Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ထမ်းဆယ်ဦးနှင့် ပျောက်ဆုံးနေသော ကျန်အဖွဲ့ဝင်လေးဆယ်မှလွဲ၍ အရေးအကြီးဆုံးလူများမှာ ထိုနေရာ၌ရှိနေခဲ့သော မိုင်းတွင်းအစောင့်ငါးဆယ်ဖြစ်သည်။

ထိုအစောင့်ငါးဆယ်သည် ဒေသခံဒရိုမျိုးနွယ်ဝင်များဖြစ်သောကြောင့် ပဋိပက္ခမှလွတ်မြောက်ခဲ့ပြီး သူတို့ထဲမှအများအပြားက ဆူပူအုံကြွမှု၌ပင် ပူးပေါင်းပါဝင်ခဲ့ကြ၏။

လက်ဆက်စ် သူ့ငယ်သားများနှင့်အတူ နမ်ကိုမိုင်းတွင်းထံ ရောက်လာပြီး ထိုသောင်းကျန်းသူများကို မောင်းထုတ်ချိန်တွင် ဆူပူအုံကြွမှုများ၌ ပါဝင်နေသော အစောင့်ခြောက်ယောက်ကို ဖမ်းမိခဲ့ပြီး သူတို့အား စစ်မေးရန် ပြင်ခဲ့သည်။

ထို့နောက်တွင် သူတို့ဖမ်းဆီးထားသော မျက်မြင်‌သက်သေများကို ကန်ဒရာအင်ပါယာ၏ စုံစမ်းရေးအဖွဲ့ထံလွှဲပေးပြီး သူတို့ကို အရင်ဆုံး မေးမြန်းခွင့်ပြုလိုက်ရန် အမိန့်ရောက်လာသည်။

လက်ဆက်စ်က ထိုသို့မလုပ်လိုသော်လည်း သုံးရက်ကြာပြီးမှ ထိုလူများကို ပြန်ခေါ်ရန် စီစဉ်ထားသော အထက်အမိန့်ကြောင့် မဖြစ်မနေ လွှဲပေးခဲ့ရ၏။

ထိုမျက်မြင်သက်သေများသည် အခြေအနေကိုသိထားသူများဖြစ်သောကြောင့် အလွန်အရေးပါပြီး ကန်ဒရာအင်ပါယာဘက်မှ သူတို့ကို အလွယ်တကူ လွှဲပေးမည်မဟုတ်ဟု လက်ဆက်စ် ထင်ထားခဲ့သည်။

သို့သော် သူ ထိုလူများကို တောင်းဆိုချိန်၌ ခေါင်းဆောင် အာသာက ချက်ချင်း သဘောတူလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားချေ။

အံ့ဩနေပြီးနောက် လက်ဆက်စ်က တစ်ခုခုလွဲနေမှန်း ခံစားရသော်လည်း ခေါင်းတစ်ချက်ငြိမ့်ကာ ပြောလိုက်သည်။

“ကောင်းပြီ ဒါဆို လွှဲပေးလိုက်တော့လေ။ ငါတို့မှာ သူတို့ကို မေးစရာနည်းနည်းရှိသေးတယ်”

ခေါင်းဆောင် အာသာက သူ့ငယ်သားအား တစ်စုံတစ်ခုလှည့်ပြောလိုက်ပြီး ထိုငယ်သားက အသင့်ပြင်ဆင်ထားဟန်ဖြင့် စခန်းထဲသို့ ပြေးဝင်သွားသည်။

လက်ဆက်စ်က တစ်ခုခုလွဲနေသကဲ့သို့ ခံစားရလျှက် ခေါင်းဆောင် အာသာနှင့် ထီမထင်ဟန်ရှိသော မြို့စား ဇီဒယ်လ်တို့ကို မျက်နှာသေကြီးဖြင့် စိုက်ကြည့်နေ၏။

သို့သော် သူက ယခု ကန်ဒရာအင်ပါယာ၏ တပ်စခန်း၌ ရောက်ရှိနေပြီး သူလုပ်နိုင်သည်မှာ များများစားစားမရှိသောကြောင့် စိတ်ရှည်လက်ရှည်ဖြင့် စောင့်နေရုံသာရှိသည်။

အတန်ကြာပြီးနောက် ကန်ဒရာအင်ပါယာ၏ တပ်သားနှစ်ဦးက မြင်းလှည်းတစ်စီးကိုမောင်းလျှက် စခန်းထဲမှ ထွက်လာ၏။

မြင်းလှည်းနောက်မြီးမှ အဝတ်စုတ်များဖြင့်အုပ်ထားသော ပုံရိပ်အများအပြားထိုးထွက်နေသည်ကို မြင်လိုက်ရပြီး လက်ဆက်စ် မျက်နှာပျက်သွားသည်။

မြင်းလှည်းရောက်ရှိလာချိန်တွင် သူက လျှောက်သွားလိုက်ပြီး အဝတ်စုတ်များကို မတင်လိုက်သောအခါ မြင်းလှည်းအတွင်း၌ အချိန်အကြာကြီးကတည်းက အသက်မဲ့နေဟန်ဖြင့် ပုပ်နေပြီဖြစ်သော အလောင်းခြောက်လောင်းကို တွေ့လိုက်ရသည်။

ထိုအလောင်းခြောက်လောင်းသည် သူတို့ဖမ်းဆီးခဲ့သော မိုင်းတွင်းအစောင့်များပင် ဖြစ်၏။

လက်ဆက်စ်က အလောင်းခြောက်လောင်းလုံးကို စစ်ဆေးကာ တစ်ယောက်မှအသက်မရှင်တော့မှန်း အတည်ပြုပြီးနောက် ရေကဲ့သို့နက်ရှိုင်းသော မျက်နှာထားဖြင့် ခေါင်းဆောင် အာသာထံ လှည့်ကြည့်လိုက်သည်။

“ဒါ ဘာအဓိပ္ပာယ်လဲ”

“ဘာအဓိပ္ပာယ်ရမှာလဲ။ မင်းပဲ သူတို့ကို ပြန်လွှဲပေးခိုင်းတယ်မလား။ ငါက ပြန်လွှဲပေးလိုက်တာလေ” ခေါင်းဆောင် အာသာက အမူအရာကင်းမဲ့လျှက် တည်ငြိမ်စွာ ပြန်ဖြေသည်။

“မင်းဖေကြီးပဲပြန်ပေး” လက်ဆက်စ် ဒေါသအကြီးအကျယ်ထွက်သွား၏။ “ငါ မင်းကို လွန်ခဲ့တဲ့သုံးရက်က အသက်ရှင်နေတဲ့ လူခြောက်ယောက် ပေးလိုက်တာ။ အခု မင်းက အလောင်းခြောက်လောင်း ပေးတယ်ပေါ့။ ဒါက ဘယ်လိုလုပ် သူတို့ကို ပြန်လွှဲပေးတယ် ပြောလို့ရမှာလဲ”

“အဖွဲ့မှူး လက်ဆက်စ် ကျေးဇူးပြုပြီး အပြောအဆိုကို သတိထားပါ” ခေါင်းဆောင် အာသာ၏ အမူအရာက လုံးဝ အပြောင်းအလဲမရှိချေ။ “သုံးရက်ဆိုတာ အချိန်နဲ့ပတ်သတ်ပြီး သဘောတူထားရုံပဲ။ မင်းတို့ကို လူသေပေးမယ် လူအရှင်ပေးမယ်လို့ ပြောမထားဘူး။ ဒါ့ကြောင့် ဒါက သဘောတူညီချက်ကို ချိုးဖောက်ရာ မကျပါဘူး”

“မင်း…..” လက်ဆက်စ်က ခေါင်းဆောင် အာသာကို ဒေါသတကြီး လက်ညှိုးထိုးလိုက်သော်လည်း ဘေးမှ ခိုးရယ်နေသော မြို့စား ဇီဒယ်လ်ကို မြင်လိုက်ရသည်။ အနည်းငယ်စဉ်းစားပြီးနောက် သူက လက်ပြန်ချကာ အသက်ပြင်းပြင်းရှူလျှက် သူ့ကိုသူ တည်ငြိမ်အောင်လုပ်လိုက်၏။ “ကောင်းပြီလေ ဒါဆို ပြောစမ်းပါဦး သူတို့ဘယ်လိုသေသွားတာလဲ”

“ဘာမှမဟုတ်ပါဘူး။ ငါတို့က သက်သေရဖို့ နည်းလမ်းသေးသေးလေးတစ်ခု သုံးလိုက်ရုံပါပဲ။ ဒါပေမယ့် သူတို့က အဲ့ဒီကနေ သေသွားတယ်လေ ဒီလောက်ပါပဲ” ခေါင်းဆောင် အာသာက ပြောသည်။

“နည်းလမ်းသေးသေးလေး ဟုတ်လား ကောင်းတယ်…..သိပ်ကောင်း……” လက်ဆက်စ်၏လက်များမှာ ဒေါသကြောင့် တုန်ယင်လာ၏။ သူက ခေါင်းဆောင် အာသာ၏ မျက်နှာသေကြီးထံ လက်သီးတစ်လုံးပစ်သွင်းချင်စိတ်ပေါက်နေသည်။

ဤအစောင့်ခြောက်ယောက်သည် သိသာထင်ရှားစွာပင် အရေးကြီးသော မျက်မြင်သက်သေများဖြစ်သော်လည်း ယခု သူတို့အားလုံးသေသွားသောကြောင့် ဤကိစ္စ၏ အမှန်တရားက ဖုံးကွယ်ခံလိုက်ရသည့်အဓိပ္ပာယ်မဟုတ်ပေလော။

ထို့ပြင် သူတို့၏ နောက်ဆုံးထွက်ဆိုချက်များက ကန်ဒရာအင်ပါယာ၏လက်ထဲတွင် ဖြစ်သည့်အတွက် ကန်ဒရာအင်ပါယာက သူတို့အလိုရှိသည့် မည်သည့်ထွက်ဆိုချက်မျိုးမဆို ဖန်တီးနိုင်သည်။ ဤသည်က Frestech ကုန်သည်ကြီးများအသင်းအတွက် အခြေအနေဆိုးသွားစေပေလိမ့်မည်။

အမှန်တကယ်တော့ ထိုအရာက ကန်ဒရာအင်ပါယာ၏ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ဤကိစ္စအမှန်တရားကို အပြိုင်အဆိုင်ရှာချင်နေသည့် အချက်အပေါ်အခြေခံ၍ ကောက်ချက်ချလိုက်ခြင်းဖြစ်သည်။

များစွာဖြစ်နိုင်ချေမရှိသေးသော်လည်း ရလဒ်က Frestech ကုန်သည်ကြီးများအသင်းအတွက် ဆိုးဝါးစေနိုင်ပြီး သူတို့၏ဂုဏ်သတင်းအပေါ် အလွယ်တကူရိုက်ခတ်လာကာ Frestech ကုန်သည်ကြီးများအသင်းအတွက် ထိုးနှက်ချက်တစ်ခုဟု ဆိုနိုင်ပေလိမ့်မည်။

ဤကန်ဒရာအင်ပါယာသားများ ရောက်လာပြီးနောက် သူ နစ်နာမှုများကြုံခဲ့ရပြီး ယခု ဤသို့သော ရလဒ်တစ်ခု ပေါ်ပေါက်လာသည်ကို စဉ်းစားရင်း လက်ဆက်စ် ၏ရင်ထဲတွင် ဒေါသတို့ပြည့်လာ၏။

သို့သော် အထက်မှအမိန့်မထုတ်ဘဲ မည်သည်ကိုမှမလုပ်နိုင်မှန်း သူသိသည်။ ထို့ကြောင့် ခေါင်းဆောင် အာသာကို အတန်ကြာအောင် စိုက်ကြည့်ပြီးနောက် လှည့်ထွက်လာခဲ့၏။

နောက်တွင်ကျန်ခဲ့သော ဖလွိုဒ်က ချောင်းတစ်ချက်ဟန့်ကာ သူ့နောက်မှ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကို လက်ဝေ့ယမ်းပြလိုက်သည်။ သူက သူတို့ကို မြင်းလှည်းအားယူခဲ့ရန် ခိုင်းလိုက်ပြီး ခေါင်းဆောင် အာသာကို ခေါင်းတစ်ချက်ငြိမ့်ပြကာ လှည့်ထွက်လာခဲ့သည်။

သူတို့ Frestech ကုန်သည်ကြီးများအသင်း၏ စခန်းထံ ပြန်ရောက်ချိန်တွင် လက်ဆက်စ်က ဖလွိုဒ်ကို သူ၏ကိုယ်ပိုင်တဲထဲတွင် စောင့်နေ၏။

လက်ဆက်စ် က ဒေါသထွက်နေသည့်ပုံ လုံးဝမပေါ်ဘဲ သူ့အမူအရာက အလွန်တည်ငြိမ်နေသည်။ သူက တစ်စုံတစ်ခုကိုစဉ်းစားနေသကဲ့သို့ မျက်ခုံးများကိုသာ အနည်းငယ်ကျုံ့ထားသည်။

“ဖလွိုဒ်ဒါက တစ်ခုခုမှားနေတယ်လို့ မခံစားရဘူးလား”

“ခံစားရတယ်” ဖလွိုဒ်က ခေါင်းငြိမ့်၍ ထောက်ခံလိုက်သည်။ “သူတို့က မျက်မြင်သက်သေခြောက်ယောက်လုံးကို သတ်ပစ်ဖို့ ကျွန်တော်တို့ မမျှော်လင့်ထားတာတော့မဟုတ်ပေမယ့် ဒါကို ဖုံးကွယ်မထားဘဲ ပြောင်ပြောင်တင်းတင်းလုပ်လိုက်တာက အတော်လေးထူးဆန်းတယ်”

“အမှန်ပဲ ပြီးခဲ့တဲ့ရက်တွေအတွင်း သူတို့တွေပြုမူပုံအရပြောရရင် သူတို့က ငါတို့ကို တမင်ဒေါသထွက်အောင် လုပ်ချင်တာလို့တောင် ထင်နေတာ။ ဒါပေမယ့် သူတို့က သိသိသာသာကို ချုပ်တည်းထားပြီး ငါတို့နဲ့ ပြဿနာမဖြစ်ခဲ့ဘူး။ ဖြစ်နိုင်တာက... သူတို့က ငါတို့ဘက်က အရင်စမှာကို စောင့်နေတာလား။ ဒါပေမယ့် အဲ့ဒါက သူတို့အတွက် ဘာအကျိုးအမြတ်ရမှာမို့လဲ”

ဖလွိုဒ်က အတန်ကြာအောင် စဉ်းစားပြီးနောက် ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်သည်။

“ကျွန်တော်လည်း မသိပါဘူး။ ကောက်ချက်ချဖို့ စောလွန်းပါသေးတယ်”

“ဟုတ်တယ်” လက်ဆက်စ် က စဉ်းစားလိုက်ပြီးနောက် ဖလွိုဒ်အား ရုတ်တရက် ပြောသည်။ “မင်း လူမမိဘဲ ဝင်သွားဖို့ ဘယ်လောက်အထိ ယုံကြည်မှုရှိလဲ”

“ရန်သူ့စခန်းမှာ အဌမအဆင့်နဲ့အထက် မှော်ပညာရှင်တစ်ယောက်ရှိမနေရင်တော့ ရာနှုန်းပြည့်ယုံကြည်မှုရှိပါတယ်”

“ကောင်းတယ် ဒါဆို ဒီည စမ်းကြည့်လိုက်။ မင်း တစ်ခုခုရှာတွေ့မလား ကြည့်ရမယ်”

“အဌမအဆင့်နဲ့အထက် မှော်ပညာရှင် ရှိနေရင်ရော……”

“မင်းကိုသတိထားမိသွားတာနဲ့ ချက်ချင်း ပြန်ဆုတ်ခဲ့။ တကယ်အခြေအနေဆိုးတဲ့ပုံပေါ်ရင် အမိသာခံလိုက်။ သူတို့ မင်းကို တစ်ခုခုလုပ်ရဲမယ်လို့ ငါတော့မထင်ဘူး”

“ကောင်းပါပြီ”

......

ထိုညတွင်

နမ်ကိုမိုင်းတွင်းအပြင်ရှိ ကန်ဒရာအင်ပါယာစခန်းထဲ၌ ခပ်ရေးရေးလေစီးကြောင်းတစ်ခု ပေါ်လာပြီး အလယ်ဗဟိုထံ ဦးတည်သွားသည်။

ဤလေစီးကြောင်းသည် ပတ်ပတ်လည်ရှိတဲများထက် သိသိသာသာပိုကြီးသော ရွက်ဖျဉ်တဲတစ်ခုထံ ရောက်လာပြီးနောက် ရပ်တန့်လိုက်၏။

တဲရိပ်ထဲတွင် မည်သူမျှရှာတွေ့မည်မဟုတ်သော မှိန်ဖျော့ဖျော့ပုံရိပ်တစ်ခု ပေါ်လာပြီး ၎င်းက ဖလွိုဒ်ဖြစ်သည်။

တပ်မှူး၏တဲဟုယူဆရသော ရွက်ဖျဉ်တဲထံ ရောက်လာပြီးနောက် ဖလွိုဒ်က အရှိန်လျှော့ကာ သူ့ပတ်ပတ်လည်ရှိ မှော်စွမ်းအင်လှိုင်းများကို အသက်ရှူရပ်လုနီးပါး တတ်နိုင်သမျှဖိနှိပ်ထားလိုက်သည်။

အဆင့်မြင့်နတ်သူငယ်စစ်သည်တစ်ဦးအနေဖြင့် ဖလွိုဒ်၏ စွမ်းဆောင်ရည်များသည် အခြားအစောင့်များ မယှဉ်နိုင်သောအရာဖြစ်ပြီး ၎င်းက နတ်သူငယ်များ၏ ပြီးပြည့်စုံသော စွမ်းရည်ဖြစ်၏။

ဤစွမ်းရည်ကြောင့် အစောင့်များက ခိုးဝင်ရန်လူလိုချိန်တိုင်း နတ်သူငယ်များကို စေလွှတ်လေ့ရှိသည်။

သို့သော် ဤတာဝန်က အထူးဖြစ်ပြီး ပိုအရေးကြီးသောကြောင့် လက်ဆက်စ် က ဖလွိုဒ်ကိုယ်တိုင်သွားရန် စေခိုင်းလိုက်ခြင်းဖြစ်၏။

တစ်ခဏမျှ ကိုယ့်ကိုယ်ကိုတည်ငြိမ်အောင်လုပ်လိုက်ပြီး မည်သူမျှ သတိမထားမိမှန်း အတည်ပြုပြီးနောက် ဖလွိုဒ်က သူ၏ အကြားအာရုံကိုမြှင့်တင်ရန် မှော်စွမ်းအားကို သူ့နားများထံ ဖြည်းညင်းစွာ စုစည်းလိုက်သည်။

တစ်ခဏကြာပြီးနောက် သူက စခန်းထဲမှ အသံအမျိုးမျိုးကို ကြားနိုင်လာသည်။

သို့သော် အတန်ကြာအောင်နားထောင်ပြီးနောက် ဤတဲထဲမှ မည်သည့်အသံမျှမကြားရမှန်း ဖလွိုဒ်သိလိုက်၏။ သူ မနေနိုင်အောင် အံ့ဩသွားသည်။

မြို့စား ဇီဒယ်လ်ကဲ့သို့ အထက်တန်းလွှာတစ်‌ဦးအတွက် ညပိုင်းတွင် လုပ်စရာကိစ္စများရှိနေမည်မှာ မထူးဆန်းသော်လည်း ခေါင်းဆောင် အာသာကမူ မည်သည့်ကိစ္စဖြစ်လာပါစေ ညအချိန်တွင် စခန်း၌ရှိနေရမည်ဖြစ်သည်။ မည်သည့်အတွက်ကြောင့် ဤနေရာ၌ မည်သည့်လှုပ်ရှားမှုမှ မရှိရသနည်း။

ဖလွိုဒ်ထိုအကြောင်းစဉ်းစားလိုက်ပြီး လက်တစ်ချောင်းဆန့်ထုတ်ကာ မှော်စွမ်းအားအနည်းငယ် ဂရုတစိုက်ပို့လွှတ်လိုက်သည်။

သို့သော် သူ၏မှော်စွမ်းအားက တဲကိုထိမိချိန်တွင် မည်သည့်အပြောင်းအလဲမျှ မခံစားရပေ။

ဤအရာက ဤတဲပေါ်၌ မည်သည့်မှော်အကာအကွယ်မျှမရှိမှန်း အတည်ပြုလိုက်ခြင်းပင်။

“ထူးဆန်းတယ် အဲ့ဒီကောင်တွေက စခန်းထဲမှာမရှိဘူးဆိုရင် ဘာလုပ်နေကြတာလဲ”

ဖလွိုဒ်က စခန်းတစ်ခုလုံးမှ အသံများကို ကြားနိုင်ရန် သူ့နားထဲတွင် ပိုအားကောင်းသော မှော်စွမ်းအင်ကို စုစည်းကာ သူ၏ကြားနိုင်စွမ်းကို မြှင့်တင်လိုက်သည်။

သို့သော် ထိုသို့လုပ်သည်ကိုပင် အာသာသို့မဟုတ် မြို့စား ဇီဒယ်လ်၏ အသံများကို မကြားရပေ။

သူ့ကို ပိုပြီးအံ့ဩစေသည်မှာ ဤစခန်းက သူထင်ထားသည်ထက် များစွာ ပိုတိတ်ဆိတ်နေခြင်းပင်။

ဆူညံသံများမရှိသည်မဟုတ်သော်လည်း လူနှစ်ထောင်ရှိသည့် အခြားစခန်းများနှင့်ယှဉ်လျှင် များစွာပိုတိတ်ဆိတ်၏။

သို့သော် ယခု ဤအချင်းအရာကို မေးခွန်းထုတ်နေရမည့်အချိန် မဟုတ်ပေ။ အတန်ကြာအောင်နားထောင်ကာ အာသာနှင့် မြို့စားဇီဒယ်လ်တို့၏အသံမကြားရမှန်း အတည်ပြုပြီးနောက် သူ တစ်ခဏမျှ တွေဝေသွားသည်။ သူက လှဲချကာ တဲထဲသို့ လက်တစ်ဖက်ဆန့်ထုတ်၍ အထဲကိုချောင်းကြည့်ရန် ကြိုးစားလိုက်၏။

၎င်းက မှော်မီးအိမ်တစ်လုံးဖြင့် အလင်းပေးထားသော ရွက်ဖျဉ်တဲကြီးတစ်ခုဖြစ်သည်။ ထို့ကြောင့် အထဲရှိအရာအားလုံးကို သူ ရှင်းရှင်းလင်းလင်း မြင်နိုင်၏။

တဲထဲတွင် အာသာရော မြို့စား ဇီဒယ်လ်ရော ရှိမနေဘဲ အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်လျှက် မြေပြင်ပေါ်တွင်ထိုင်နေသည့် အသက်ခြောက်ဆယ်ဝန်းကျင် အဘိုးအိုတစ်ဦးသာရှိသည်။

ဖလွိုဒ်၏အကြည့်များ သူ့ထံကျရောက်သွားသည်နှင့် အဘိုးအိုက တုံ့ပြန်ကာ လှည့်ကြည့်လာ၏။ သူ့မျက်လုံးများက ဖလွိုဒ်၏ မျက်လုံးများနှင့် ဆုံသွားချိန်တွင် ဝင်းလက်သွားသကဲ့သို့ ထင်မှတ်လိုက်ရသည်။

“သေစမ်း”

ဖလွိုဒ်၏ရင်ထဲတွင် တင်းကြပ်သွားပြီး တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏မှော်စွမ်းအားကို စုစည်းကာ အမှောင်ထဲသို့တိုးဝင်၍ လှည့်ထွက်လာခဲ့သည်။

အကြည့်လေးတစ်ချက်မျှနှင့် ဤတဲထဲရှိအဘိုးအိုသည် အနည်းဆုံး နဝမအဆင့်မှော်ပညာရှင် သို့မဟုတ် ထိုထက်ပင်ပိုမြင့်နိုင်မှန်း သူသေချာသိလိုက်၏။ သူက သူ့ပြိုင်ဘက် လုံးဝမဟုတ်ချေ။

သို့သော် သူလှုပ်ရှားလိုက်ရုံမျှရှိသေး သူ့ပတ်ပတ်လည်ရှိ မှော်စွမ်းအားက စတင်မတည်မငြိမ်ဖြစ်လာသည်ကို ခံစားလိုက်ရ၏။ သူ့အောက်မှ ရွှံ့တိုင်တစ်တိုင် ထိုးထွက်လာပြီး သူ့ခြေထောက်များကို ချုပ်နှောင်ထားကာ သူ့ကို လုံးဝမရွေ့နိုင်အောင် ဖြစ်သွားစေသည်။

ထို့နောက် မှော်ပညာရှင်အဘိုးအိုက မျက်နှာထက်တွင် စိတ်ဝင်စားသော အမူအရာဖြင့် သူ့ဘေးတွင်ပေါ်လာ၏။

“နတ်သူငယ်တစ်ယောက်ပါလား။ ဒီလိုအစမ်းသပ်ခံပစ္စည်းက တကယ်ရှာရခက်တယ်…..”

ဖလွိုဒ်တုန်လှုပ်သွားသော်လည်း သူ အသံမထွက်နိုင်မီ သတိမေ့သွားပြီဖြစ်သည်။

သူ့မျက်လုံးများမှိတ်သွားချိန်တွင် ကောင်းကင်ထဲသို့ မီးတောက်တစ်ခု ရုတ်တရက် ပြေးတက်သွား၏။

၎င်းက မိုင်းတွင်းရှိရာဘက်သို့ ပြေးထွက်သွားခြင်းပင်……

***

မှော်စက်မှုအင်ပါယာ Volume 7 အခန်း ၈၄။

“ဝုန်း”

ဧရာမပေါက်ကွဲသံကြီးတစ်သံက ပြတင်းပေါက်မှတစ်ဆင့် ကန်ဒရာအင်ပါယာစခန်းထံ စိုက်ကြည့်နေသော လက်ဆက်စ်ကို အသိဝင်လာစေသည်။

သို့သော် သူမတုံ့ပြန်နိုင်မီ လေလှိုင်းများ သူ့ထံရိုက်ခတ်လာသည်ကို ခံစားလိုက်ရ၏။

မိုင်းထဲတွင် မိုင်းလုပ်သားများဆောက်လုပ်ထားသော အဆောက်အအုံများမှာ ယိုယွင်းနေပြီးသားဖြစ်သည့်အပြင် ယခု ဤအားပြင်းသောလေလှိုင်း ရိုက်ခတ်လာသောကြောင့် ပြတင်းပေါက်က တစ်စစီဖြစ်သွားပြီး လက်ဆက်စ်မှာ ပြတင်းပေါက်မှဝင်လာသော လေလှိုင်းကြောင့် လွင့်ထွက်သွားသည်။

လက်ဆက်စ်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ့ရောင်ဝါကို လည်ပတ်စေကာ အပျက်အစီးအပိုင်းအစများကို တားဆီးလိုက်သည်။ သူက အချိန်မရွေးပြိုကျတော့မည့်အတိုင်း တုန်ခါနေပြီဖြစ်သော အခန်းထဲမှ ထွက်လာခဲ့သည်။

လှမ်းမျှော်ကြည့်လိုက်သောအခါ လက်ဆက်စ် တုန်လှုပ်သွား၏။

မိုင်းတွင်း၏ လူနေစုများက မီးပင်လယ်ထဲတွင် ကျရောက်နေပြီဖြစ်ပြီး ပတ်ပတ်လည်တွင် ပေါက်ကွဲမှုများ ဖြစ်နေသည်။ မြေကြီးပေါ်တွင် ပွင့်ထွက်နေသော အလောင်းအမြောက်အများကိုပင် မြင်ရ၏။

အိပ်ပျော်နေသော အစောင့်များမှာ ဤပေါက်ကွဲမှုကြောင့် နိုးလာပြီး စစ်တန်းလျားများထဲမှ ပြေးထွက်လာကြသည်။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကို ပြင်းပြင်းထန်ထန်လေ့ကျင့်ပေးထားခြင်းက ကောင်းသည့်အချက်ပင်။ ဤသို့ ရုတ်ချည်းဖြစ်ပေါ်လာသော အခြေအနေနှင့် ရင်ဆိုင်ရချိန်၌ပင် သူတို့က လက်နက်အပြည့်အစုံ တပ်ဆင်လာ၏။ သူတို့က အစပိုင်း၌သာ တုန်လှုပ်ချောက်ချားနေပြီးနောက် အလျင်အမြန် တည်ငြိမ်လာကာ အတူတကွစုရုံးလိုက်ကြသည်။

မည်သည်တို့ဖြစ်နေမှန်း လက်ဆက်စ် မသိသော်လည်း ဤအခြေအနေတွင် သူက ခေါင်းဆောင်တစ်ယောက်၏တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။

သို့သော် စုဝေးနေသော သူ၏ငယ်သားများအား ရန်သူကိုရင်ဆိုင်ရန် အမိန့်ပေးတော့မည့်ဆဲဆဲတွင် သူ့နောက် ညာဘက်ခြမ်းမှ စူးရှရှအသံတစ်သံ ထွက်ပေါ်လာသည်။

သူလှည့်ကြည့်လိုက်သောအခါ ပြိုင်ဘက်ကင်းအောင် တောက်ပသော အလင်းရောင်တစ်ခုက ကောင်းကင်မှ သူတို့ထံ အလျင်အမြန်ပျံသန်းလာသည်ကို မြင်လိုက်ရ၏။

“လူစုခွဲကြ”

လက်ဆက်စ်မှာ မည်သည့်အမိန့်မျှမပေးနိုင်တော့ဘဲ စုဝေးနေသော အစောင့်များအား ဤစကားကိုသာ အော်ပြောလိုက်ပြီးနောက် ဘေးသို့ လွင့်ထွက်သွားသည်။

“ဝုန်း”

ကြီးမားသော ပေါက်ကွဲမှုနှင့်အတူ ဖြတ်သန်းသွားသော ကြောက်မက်ဖွယ်လေလှိုင်းက လက်ဆက်စ်ကို မြေကြီးပေါ်တွင် နှစ်ပတ်လိမ့်သွားစေသည်။

လက်ဆက်စ် ပြန်ထလာချိန်တွင် သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာငယ်များနှင့် မျက်နှာထက်၌ သွေးစွန်းကွက်နှစ်ခု ဖြစ်ပေါ်နေပြီး အတော်လေးထိတ်လန့်ဖွယ်ကောင်းလှသည်။

သို့သော် သူက ဤအချင်းအရာကို ဂရုမစိုက်နိုင်ချေ။ ပတ်ပတ်လည်သို့ကြည့်လိုက်သောအခါ ဤတိုက်ခိုက်မှုက ပထမတစ်ခေါက်နှင့်ယှဉ်လျှင် ပိုဝေးပြီး အစောင့်များက ပေါက်ကွဲမှုမတိုင်မီ ပြင်ဆင်ထားသော‌ကြောင့် မည်သည့်ထိခိုက်မှုမျှ မရှိခဲ့ပေ။

“ထပြီးလူစုမယ်။ အပြင်ကို‌ဆုတ်ကြ ဆုတ်ကြ ငါပြောတာကြားလား!”

လက်ဆက်စ်က ပြေးလာသော သူ၏တပ်ရေးဗိုလ်များထဲမှ တစ်ဦး၏ ကော်လာကိုဆွဲကာ အော်ပြောလိုက်သည်။

“ဂိုထောင်ထဲက ပို့ဆောင်ရေးကားတွေဆီသွားပြီး စက်နှိုးထား။ ငါတို့ မြန်မြန်လွတ်အောင်ထွက်ရမယ်”

ဤအမိန့်ကိုပေးပြီးနောက် လက်ဆက်စ်က ခပ်လှမ်းလှမ်းရှိ ကန်ဒရာအင်ပါယာစခန်းထံ လှမ်းကြည့်လိုက်၏။ သို့သော် ၎င်းက သူတို့နှင့် လုံးဝမသက်ဆိုင်သကဲ့သို့ တိတ်ဆိတ်အေးချမ်းနေသည်။ အပျင်းပြေကြည့်ရှုရန်ထွက်လာသည့် တပ်သားတစ်ယောက်တစ်လေပင် မရှိချေ။

ဤအရာက ထူးဆန်းနေမှန်း လက်ဆက်စ် သိသော်လည်း သူ့တွင် ၎င်းကိုဂရုစိုက်နေရန် အချိန်မရှိပေ။ ဤသည်နှင့်ယှဉ်လျှင် သူပိုစိတ်ပူရမည့်ကိစ္စမှာ ကန်ဒရာစခန်းထဲသို့ ခိုးဝင်သွားသော ဖလွိုဒ်အတွက်ပင်ဖြစ်သည်။

ဤမျှကျယ်လောင်သော အသံထွက်လာသည်နှင့် ဖလွိုဒ်သေချာပေါက်သတိထားမိမည်ဖြစ်ပြီး သူ၏အမြန်နှုန်းနှင့်ဆိုလျှင် ပြန်ရောက်လာသင့်ပြီဖြစ်သည်။

‘ဒါပေမယ့် သူ့ကို လုံးဝမမြင်ရဘူး‌ဆိုတော့... တစ်ခုခုဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးနော်’

“အဖွဲ့မှူး ကျန်တဲ့ညီအစ်ကိုတွေ ဒီမှာရှိနေတုန်းပဲ။ ကျွန်တော်တို့ ဘာလုပ်ရမလဲ” အသံတစ်သံက လက်ဆက်စ် ကို သူ၏စိုးရိမ်ပူပန်မှုများမှ ဆွဲထုတ်လိုက်သည်။

သူက ကျန်ရှိနေသော ငယ်သားရာချီတို့ကို လှည့်ကြည့်ပြီး လက်ဝေ့ယမ်းပြလိုက်၏။

“ပြန်ဆုတ်ကြ”

လူတိုင်း လှုပ်ရှားတော့မည့်အချိန်တွင် နောက်ထပ် မျက်စိကျိမ်းလောက်ဖွယ် အနီရောင်အလင်းတစ်ခုက ညကောင်းကင်ကိုဖြတ်ကာ ဤနေရာသို့ ကျလာသည်။

ဤတစ်ကြိမ်တွင် အလင်းရောင်က စစ်တန်းလျားများပေါ်သို့ တည့်တည့်ကျခြင်းဖြစ်သည်။

“ဝုန်း”

ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ အဆောက်အအုံအများအပြား တစ်စစီဖြစ်သွားပြီး မိုင်းတွင်းထဲရှိ အခြေအနေမှာ ရုပ်ဆိုးအကျည်းတန်သွား၏။

“ကြည့်နေတာရပ်ပြီး သွားကြတော့” လက်ဆက်စ် က ဟိန်းဟောက်ကာ ငယ်သားများအား လက်ဝေ့ယမ်းပြလျှက် မှော်ကားများရှိရာ ဂိုထောင်ထံ ချီတက်လာခဲ့သည်။

လမ်းတစ်ဝက်အရောက်တွင် တပ်ရေးဗိုလ်က ထိတ်လန့်သော အမူအရာနှင့် ဂိုထောင်ထဲမှ ပြေးထွက်လာ၏။

“အဖွဲ့မှူး ဂိုထောင်ထဲက မှော်ကားတွေအကုန်လုံး ပုံမှန်မဟုတ်ဘူးဖြစ်နေတယ်။ စက်နှိုးလို့မရဘူး”

“ဘာ” လက်ဆက်စ် ၏မျက်လုံးများ ပြူးကျယ်သွားသည်။ “ညီအစ်ကိုတွေ သူတို့ကို တစ်ချိန်လုံး စောင့်ကြည့်နေတာမဟုတ်ဘူးလား။ သူတို့က ဘယ်လိုလုပ် ပုံမှန်မဟုတ်ရတာလဲ”

တပ်ရေးဗိုလ်က ခါးသီးသောအမူအရာဖြင့် ပြောသည်။

“ကျွန်တော်လည်းမသိဘူး……”

“မင်း……” လက်ဆက်စ် အမှန်တကယ်ပင် လက်သီးတစ်လုံး ပစ်သွင်းချင်သော်လည်း ယခု ဤသို့လုပ်နေရန်အချိန်မဟုတ်မှန်း သိလိုက်သည်။ သူက စိတ်တည်ငြိမ်အောင်ထားကာ စဉ်းစားလိုက်ပြီး ကန်ဒရာအင်ပါယာစခန်းထံ လှည့်ကြည့်ပြီးနောက် မိုင်းတွင်း၏နောက်ကျောထံ ပြန်လှည့်ကြည့်လိုက်၏။ “ငါ့နောက်ကလိုက်ခဲ့ကြ”

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက မိုင်းတွင်း၏နောက်ကျောသို့ လက်ဆက်စ် နောက်မှ အလျင်အမြန်လိုက်သွားကြပြီး တောင်ပေါ်တက်ကာ မိုင်းတွင်းများနောက်ရှိ တောအုပ်ကို ပတ်သွားလိုက်ကြသည်။

ဤအရန်လမ်းကြောင်းအား လွန်ခဲ့သောလေးရက် သူတို့စခန်းချချိန်၌ ဖလွိုဒ်က သူတို့၏စည်းမျဉ်းများအရ ရှာတွေ့ခဲ့ပြီး ရှင်းလင်းရေးလုပ်ထားခြင်းဖြစ်၏။ လက်ဆက်စ်က ဖလွိုဒ်အစိုးရိမ်လွန်နေခြင်းသာဖြစ်ပြီး ၎င်းကို သုံးရန်လိုမည်မဟုတ်ဟု လှောင်ပြောင်ခဲ့သော်လည်း နောက်ဆုံးတွင် ၎င်းကိုသုံးရသည့် အခြေအနေထိ ဆိုက်ရောက်လာမည်ဟု သူ လုံးဝမျှော်လင့်မထားချေ။

“အဖွဲ့မှူး လက်ထောက်အဖွဲ့မှူး ဖလွိုဒ်ရော။ သူ့ကို ဘာလို့မမြင်ရတာလဲ” နတ်သူငယ်အစောင့်တစ်ဦးက ရုတ်တရက် အသံတိုးတိုးဖြင့် မေးလာသည်။

လက်ဆက်စ်က သူ့ကိုကြည့်ကာ အသံပြတ်ဖြင့် ပြောလိုက်သည်။ “အခု ဘာမှမေးမနေနဲ့။ ပြေးဖို့သာအာရုံစိုက်ထား”

နတ်သူငယ်စစ်သည်မျက်နှာထက်တွင် စိတ်မကောင်းသော အရိပ်အယောင်တစ်ခုပေါ်လာပြီးနောက် ငြိမ်ကျသွားသည်။

ပတ်ဝန်းကျင်အနေအထားက ဖိစီးလာမှန်း လက်ဆက်စ် ခံစားမိသော်လည်း သူက ဖလွိုဒ်ကဲ့သို့ အပြောကောင်းသူမဟုတ်သောကြောင့် အခြေအနေကို မည်သို့ပြောင်းလဲရမည်မှန်းမသိချေ။ သူတို့က စိတ်မချမ်းမသာနှင့် အမြန်သာချီတက်လာခဲ့လိုက်ကြသည်။

“အဖွဲ့မှူး ကျွန်တော်တို့ ဘယ်သွားကြမှာလဲ” အတန်ကြာပြီးနောက် ဘေးမှ တပ်‌ရေးဗိုလ်တစ်ယောက်က လေသံပျော့ဖြင့် မေးလာသည်။

“ပင်စည်နဲ့ကွယ်ပြီး ပုန်းဖို့ကို အာရုံစိုက်ကြ” လက်ဆက်စ် က အသံအုပ်အုပ်ဖြင့် ပြန်ဖြေသည်။

“ဟုတ်ကဲ့”

ပန်းတိုင်တစ်ခု လက်ခံရရှိပြီးနောက် အဖွဲ့က ရုတ်တရက် အလေးအနက်ဖြစ်လာသည်။

ညလယ်ခေါင်၌ ခြုံခိုတိုက်ခိုက်ခြင်းက သူတို့အတွက် အံ့ဩစရာဖြစ်‌သွားသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များသည် အလွန်တင်းကြပ်သော လေ့ကျင့်ရေးများ ဆင်းထားပြီး တစ်ယောက်ချင်းစီက မျိုးနွယ်စုအသီးသီးမှ လက်‌ရွေးစင်တပ်သားများဖြစ်သည်။

စစ်ဘက်သုံးမှော်စက်များမရှိလျှင်တောင် သူတို့၏ကိုယ်ပိုင်ခွန်အားနှင့် အင်အားကြီးနေဆဲဖြစ်သောကြောင့် ကြောက်ရွံ့ထိတ်လန့်နေစရာမလိုချေ။

အဖွဲ့မှူး လက်ဆက်စ်က မည်သည့်အတွက်ကြောင့် ချက်ချင်းထွက်ပြေးရန် ရွေးချယ်လိုက်သည်ကို ပဟေဠိဖြစ်နေကြသည့် အစောင့်အချို့ပင်ရှိ၏။ သူတို့အနေဖြင့် ရန်သူက စွမ်းအားကြီးသော မှော်အမြောက်များနှင့် ချောင်းမြောင်းတိုက်ခိုက်လျှင်တောင် ပြန်တိုက်နိုင်ကြဦးမည်ဖြစ်သည်။

သို့သော် ဤအကောင်းမြင်မှုက အလျင်အမြန် တိုက်ခိုက်ခံလိုက်ရသည်။

သူတို့အဖွဲ့ တောအုပ်ထဲမှထွက်ကာ မိုင်းတွင်း၏နောက်ကျောကို ဖြတ်သွားတော့မည်အပြုတွင် တောက်ပသော အလင်းရောင်နှစ်ခု ပေါ်လာသည်။

“ဝုန်း ဝုန်း”

အဖွဲ့၏အလယ်တွင် ကြီးမားသော ပေါက်ကွဲမှုနှစ်ခု ဖြစ်ပေါ်လာပြီး ကျန်ရှိနေသော အစောင့်လေးရာမှာ လွင့်ထွက်သွား၏။

လက်ဆက်စ်ပင် လေထဲသို့ သွေးများ အန်ထုတ်လိုက်ရသည်။

သူက မှော်ချပ်ဝတ်ကိုဝတ်ထားပြီး မှော်ဒိုင်းကာကို ဖွင့်ထားသောကြောင့်မဟုတ်လျှင် ထိုတိုက်ခိုက်မှုကြောင့် ပေါက်ကွဲသွားလောက်ပြီဖြစ်သည်။ သို့သော် ပြင်းထန်သော တုန်ခါမှုက သူ၏ကိုယ်တွင်းအင်္ဂါများကို အကြီးအကျယ် ထိခိုက်သွားစေသည်။

သူက ခန္ဓာကိုယ်ကိုလှည့်ကာ ဝပ်ရန်ပြင်လိုက်စဉ် တောက်ပသော အလင်းတန်းများက ကျန်ရှိနေသော အစောင့်များရှိရာ နယ်နိမိတ်ကို ဖုံးလွှမ်းသွား၏။

လက်ဆက်စ်၏ မှော်အကာအကွယ်မှာ ထိုအလင်းတန်းများကြောင့် အလျင်အမြန်အားနည်းသွားပြီး စွမ်းအားကုန်လုနီးပါး ဖြစ်လာသည်။

ဤအချင်းအရာက သူ့ကို အံ့ဩသွားစေသည်။

သူက အပြည့်အဝစွမ်းအားထုတ်လိုက်လျှင် အဌမအဆင့်မဟာမှော်ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုကို တားဆီးနိုင်သော မှော်ဒိုင်းကာနှင့်အတူ တတိယအဆင့် မှော်ချပ်ဝတ်ကို ဝတ်ဆင်ထားခြင်းဖြစ်သည်။

ဤတိုက်ခိုက်မှုက အဌမအဆင့် မှော်အစွမ်းထက် အားမနည်းသည့် အဓိပ္ပာယ်ပင်။

ဤသည်ကို တွေးမိပြီးနောက် လက်ဆက်စ် က တစ်ခဏပင်တုံ့ဆိုင်းမနေဘဲ ခန္ဓာကိုယ်အား လေထဲတွင် နှစ်ပတ်လှည့်လိုက်သည်။ မြေကြီးပေါ်တွင် အကြိမ်ရေအနည်းငယ် လှိမ့်လိုက်ပြီးနောက် သူက တောအုပ်ထဲသို့ ပြန်ရောက်သွားပြီး သစ်ပင်တစ်ပင်နောက်တွင် ပုန်းလိုက်၏။

ထို့နောက် သူက သူ့ချပ်ဝတ်ထဲရှိ ဆက်သွယ်ရေးကိရိယာကို အလျင်အမြန်ထုတ်ကာ အဖွဲ့ထံ အမိန့်ပေးလိုက်သည်။

“ညီအစ်ကိုတို့ အားလုံးပဲ ကိုယ့်ဘာသာပြန်ဆုတ်ပြီး ဌာနချုပ်ဆီပြန်ဖို့ အခွင့်အရေးရှာလိုက်ကြတော့”

ဤအမိန့်ကိုပေးပြီးနောက် လက်ဆက်စ်က နောက်ပင်လှည့်မကြည့်ဘဲ တောအုပ်အနက်ပိုင်းထဲသို့ တုံ့ဆိုင်းခြင်းမရှိ ခုန်ဆင်းသွားသည်။

ရန်သူသည် စွမ်းအားကြီး မှော်အမြောက်များအပြင် တစ်ဦးထက်ပင်ပိုသော အဆင့်မြင့်မှော်ပညာရှင်များနှင့်အတူ ဤအလစ်တိုက်မှုကို ပြင်ဆင်ထားပြီးသားဖြစ်၏။ ကိုယ်ပိုင်စစ်ဘက်သုံးမှော်စက်လောက်မျှနှင့် စေလွှတ်ခြင်းခံလိုက်ရသော အဖွဲ့တစ်ဖွဲ့ ရင်ဆိုင်နိုင်သည့်အရာ မဟုတ်ပေ။

ဤသို့သော အရေးပေါ်အခြေအနေ၌ မည်မျှလွတ်မြောက်နိုင်ပါစေ လွတ်မြောက်အောင်လုပ်ရမည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအတွက် အမိန့်မှာ မခုခံနိုင်လျှင် တတ်နိုင်သမျှ မိမိတို့၏အင်အားထိန်းထားနိုင်အောင် အကောင်းဆုံးကြိုးစားရမည်ဟူ၍ပင်။

ဆိုရလျှင် Frestech ကုန်သည်ကြီးများအသင်း၏အစောင့်များမှာ စစ်ဘက်သုံးမှော်စက်ပေါင်းများစွာဖြင့် တပ်ဆင်ပေးထားပြီး အချိန်အကြာကြီး‌ လေ့ကျင့်ပေးထားသောကြောင့် တစ်ယောက်ချင်းစီက အနည်းဆုံး ရွှေဒင်္ဂါးတစ်သောင်းခန့် ရင်းနှီးမြှုပ်နှံခြင်းခံထားရ၏။

အစောင့်တစ်ဦးဆုံးရှုံးခြင်းကပင် Frestech ကုန်သည်ကြီးများအသင်းအတွက် လက်မခံနိုင်သော ဆုံးရှုံးမှုကြီးဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းအစောင့်များကို မျိုးနွယ်စုအသီးသီးမှ လက်ရွေးစင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။ ဤမျှအားကောင်းသောတိုက်ခိုက်မှု ခံလိုက်ရသည်ကိုပင် သူတို့၏ ကိုယ်ပိုင်စွမ်းရည်များနှင့် မှော်ချပ်ဝတ်များ၏ စွမ်းအားကြီးသော ကာကွယ်မှုများနှင့်အတူ သူတို့က အရေးမလှဖြစ်နေသော်လည်း ကျ‌ဆုံးသွားသူ များများစားစားမရှိပေ။

ဤအခြေအနေကို တုံ့ပြန်ပြီးနောက် သူတို့က လက်ဆက်စ် ၏ အမိန့်ကိုနာခံကာ အခြေအနေကို အလျင်အမြန် အကဲဖြတ်လိုက်ပြီး တောအုပ်ထဲသို့ တုံ့ဆိုင်းခြင်းမရှိ ပြေးဝင်သွားကြသည်။ အတန်ကြာပြီးနောက် သူတို့အားလုံး ခြေရာပင်မကျန်ဘဲ တောအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။

တောအုပ်အပြင်ဘက်တွင် နောက်ထပ်ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်ပြီးနောက် နောက်ဆုံး၌ ရပ်သွားသည်။

မှော်အလင်းတို့ ပျောက်ကွယ်သွားပြီး အနည်းဆုံး လူတစ်ထောင်ခန့်ရှိသည့် အုပ်စုတစ်စုက တောအုပ်ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်ကာ စတင်ရှာဖွေလိုက်ကြပြီး တောအုပ်အစွန်၌ လူလေးယောက်သာ ရပ်လျှက် ကျန်ရစ်ခဲ့သည်။

မီးတောက်များအောက်တွင် ထိုလူလေးဦး၏ ပုံပန်းသွင်ပြင်များ ထွက်ပေါ်လာ၏။

သူတို့ထဲမှနှစ်ဦးမှာ ပြီးခဲ့သော ရက်အနည်းငယ်အတွင်းက လက်ဆက်စ် နှင့်တွေ့ခဲ့သော မြို့စား ဇီဒယ်လ်နှင့် ခေါင်းဆောင် အာသာတို့ပင်ဖြစ်သည်။

မှော်စက်မှုအင်ပါယာ Volume 7 အခန်း ၈၅။

ခေါင်းဆောင် အာသာ နှင့် ကောင့်ထ် ဇီဒယ်လ် တို့နှစ်ယောက်လုံး၏ မျက်နှာထက်တွင် ရုပ်ဆိုးအကျည်းတန်သော အမူအရာများ ရှိနေ၏။

“သူတို့အကုန်လုံး လွတ်သွားတာလား” ကောင့်ထ် ဇီဒယ်လ် မှာ သူ့မျက်လုံးများထဲရှိ တုန်လှုပ်မှုကို မဖုံးကွယ်နိုင်ချေ။ “ဒီလောက်စွမ်းအားကြီးတဲ့ တိုက်ခိုက်မှုနဲ့တောင် သူတို့အကုန်လုံးကို ဒီမှာ မပိတ်ထားလိုက်နိုင်ဘူး။ ဒါက... အတော်လေးမယုံနိုင်စရာပဲ….”

အာသာ က သူ့ကိုကြည့်ပြီးနောက် သူတို့လေးယောက်ထဲတွင် မှော်ပညာရှင်ဝတ်ရုံဝတ်ထားသည့် တစ်ဦးတည်းသောပုဂ္ဂိုလ်ထံ လှည့်ကြည့်လိုက်သည်။

“ဆရာ ဂျိုနာ ခင်ဗျားရော ဘယ်လိုထင်လဲ”

ဆရာ ဂျိုနာ ဟု အခေါ်ခံလိုက်ရသော မှော်ပညာရှင်အိုကြီး၏ အမူအရာကလည်း မှုန်ကုပ်နေ၏။ သူက ဝေ့ဝဲကြည့်ရှုကာ နက်ရှိုင်းသောလေသံဖြင့် ပြန်ပြောလိုက်သည်။ “ဒါက ကျုပ်အမှားပါ။ အဆင့်ရှစ်မှော်မန္တန်က သူတို့ကို ဒီနေရာမှာ ထိန်းထားဖို့ လုံလောက်တယ်ထင်နေတာ။ သူတို့က အဲ့ဒါကို တကယ်ကြီးတားနိုင်မယ်လို့ ထင်မထားခဲ့ဘူး”

“ဒါပေမယ့် ခင်ဗျားက မဟာမှော်ပညာရှင်တစ်ယောက်လေ။ ဘာလို့ တားမြစ်မန္တန်တစ်ခုလောက် မသုံးလိုက်ရတာလဲ။ အခု သူတို့အကုန်လုံး လွတ်သွားပြီ။ အဲ့ဒါက ကျုပ်တို့အရေးနိမ့်တာနဲ့ အတူတူပဲ။ ခင်ဗျားသိရဲ့လား” ကောင့်ထ် ဇီဒယ်လ် က ဒေါသထွက်နေသောအသံဖြင့် ဟိန်းဟောက်လိုက်သည်။

ဆရာ ဂျိုနာ က သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။ “တားမြစ်မန္တန်တစ်ခုပြင်ဆင်ဖို့ အချိန်မယူရဘူးများ ထင်နေတာလား။ ပြီးတော့ တားမြစ်မန္တန်က အတော်လေးဆူညံတော့ သူတို့က သေချာပေါက်သတိပြုမိပြီး အသုံးမဝင်ဖြစ်သွားမှာပဲ”

“ဒါဆို အနည်းဆုံး အဆင့်ကိုးမဟာမန္တန်တစ်ခုလောက် သုံးပါ့လား။ အဆင့်ရှစ်မန္တန်လောက်နဲ့ ဘာလုပ်လို့ရမှာလဲ။ ဘာလို့ ခင်ဗျားရဲ့မှော်စွမ်းအားကို ချွေတာနေရတာလဲ။ ဒီတာဝန်က ဘယ်လောက်အရေးကြီးတယ်ဆိုတာ မသိဘူးလား။ ခင်ဗျားသိ……”

ခေါင်းဆောင် အာသာ က မျက်မှောင်ကြုတ်ကာ လက်တစ်ဖက်ဆန့်ထုတ်၍ ကောင့်ထ် ဇီဒယ်လ် ကို တားလိုက်သည်။ သူက တစ်ဦးတည်းကျန်တော့သည့် အထက်တန်းလွှာအဝတ်များဝတ်ဆင်ထားသော သာမန်ရုပ်ရည်နှင့် သက်လတ်ပိုင်းအမျိုးသားကို ကြည့်လိုက်သည်။

“မြို့စားမင်း ရိုမန် ဒီ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်အုပ်စုက သေချာပေါက် ဒရိုမြို့နားမှာရှိတဲ့ သူတို့ရဲ့ဌာနချုပ်ကို ပြန်ကြလိမ့်မယ်။ သူတို့ကို လမ်းတစ်လျှောက်မှာတားဆီးဖို့ မြို့စားမင်းတို့ဒရိုမျိုးနွယ်စုနိုင်ငံရဲ့ အကူအညီလိုတယ်”

မြို့စားမင်း ရိုမန် ဟုခေါ်သော သက်လတ်ပိုင်းအမျိုးသားက ခေါင်းငြိမ့်လိုက်သည်။ “ကိစ္စမရှိပါဘူး။ ဒရိုမြို့တော်ကနေ ဒီထိ ကီလိုမီတာငါးရာရှိပြီး သူတို့မှာ မှော်ကားတွေလည်းမရှိဘူး။ သူတို့ ခြေလျင်သွားဖို့ အနည်းဆုံး ရက်တော်တော်များများတော့ ကြာမှာပဲ။ ဒီတော့ ကျုပ်တို့မှာ သူတို့ကိုဖမ်းဖို့ အချိန်အလုံအလောက်ရှိပါတယ်”

ဤသို့ပြောပြီးနောက် မြို့စားမင်း ရိုမန် က ရယ်မောလာသည်။။ “တကယ်တော့ ခင်ဗျားတို့ သိပ်စိုးရိမ်နေစရာလည်းမလိုပါဘူး။ ဒီတစ်ခါ သူတို့ကို လွှတ်ပေးလိုက်ပေမယ့် သူတို့ ကျုပ်တို့ရဲ့ဒရိုမျိုးနွယ်စုနိုင်ငံကနေ လွတ်မှာမဟုတ်ဘူး။ ပြီးတော့လည်း သူတို့လွတ်နိုင်ရင်တောင် ဘာလုပ်နိုင်ဦးမှာလဲ။ သူတို့ရောက်သွားတဲ့အချိန်ကျရင် ဌာနချုပ်က ကျုပ်တို့လက်ထဲ ရောက်နေရောပေါ့”

“အင်း” ခေါင်းဆောင် အာသာ က ခေါင်းတစ်ချက်ငြိမ့်ပြပြီးနောက် ဆရာ ဂျိုနာ နှင့် ကောင့်ထ် ဇီဒယ်လ် တို့ကိုပြောလိုက်သည်။ “ဒီကိစ္စကို ကြန့်ကြာနေလို့မဖြစ်ဘူး။ အခု လှုပ်ရှားဖို့လိုပြီ။ ဆရာဂျိုနာ ခင်ဗျားက ကျုပ်တို့နဲ့အတူ လှုပ်ရှားရလိမ့်မယ်။ ကောင့်ထ် ဇီဒယ်လ်က ပြန်သွားပြီး ဒီကအခြေအနေကို တင်ပြလိုက်ပါ။ ဒါပြီးဘာဆက်လုပ်မယ်ဆိုတာတော့ အင်ပါယာဘက်က ဆုံးဖြတ်ချက်အပေါ် မူတည်တယ်”

“ကောင်းပြီ ကျုပ် အခုသွားလိုက်မယ်”

သူတို့လေးဦး တိုင်ပင်ဆွေးနွေးပြီးနောက် လေးဦးလုံး လူစုခွဲကာ ထွက်သွားကြသည်။

ဤနေရာတွင် တိတ်ဆိတ်မှု ပြန်လည်ကြီးစိုးလာချိန်၌ သူတို့နှင့်မီတာတစ်ရာအကွာရှိ သစ်ပင်ကြီးတစ်ပင်ထဲတွင် နတ်သူငယ်စစ်သည်တစ်ဦး ပေါ်လာ၏။

သူက သူ့လက်ထဲရှိ မှော်ပုံရိပ်ယောင်အသံဖမ်းစက်ကို ငုံ့ကြည့်ကာ စောစောကအဖြစ်အပျက်ကို အသံဖမ်းထားမှန်း အတည်ပြုလိုက်ပြီးနောက် ၎င်းကို ဂရုတစိုက်သိမ်းဆည်းကာ သစ်ပင်များထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

........

ကန်ဒရာအင်ပါယာ၏မြို့တော် ဝင်ဘဲလ်ဒန်မြို့သည် နမ်ကိုမိုင်းတွင်းမှ နှစ်ထောင်ကီလိုမီတာအကွာခန့်တွင် တည်ရှိသော်လည်း ၎င်းက အနောက်မြောက်ပိုင်းဖြစ်သောကြောင့် တည်နေရာ၏လတ္တီတွဒ်အပေါ်‌အခြေခံကာ အချိန်အပိုင်းအခြားမတူညီပေ။

ထို့ကြောင့် နမ်ကိုမိုင်းတွင်း၌ နေထွက်ခါစအချိန်တွင် ဝင်ဘဲလ်ဒန်မြို့၌ နေမြင့်ပြီဖြစ်သည်။

ရှုယီက ဤအချိန်တွင် အိပ်ယာနိုးနေပြီဖြစ်၏။

လေ့ကျင့်ခန်းအချို့လုပ်ပြီးနောက် အစေခံနှစ်ဦးရောက်လာကာ ရှုယီကိုအသင့်ဖြစ်အောင် ပြင်ဆင်ပေးကြသည်။

ရှုယီက လက်ဝေ့ယမ်းကာ သူတို့ကို သွားခိုင်းလိုက်ပြီးနောက် ဧည့်သည်စောင့်ခန်းထဲသို့ သွားလိုက်သည်။

တစ်ခဏမျှစောင့်ဆိုင်းပြီးနောက် ကန်ဒရာအင်ပါယာ၏ မှော်စက်ပစ္စည်းစက်ရုံ စီမံခန့်ခွဲရေးဌာနအကြီးအကဲ ကောင့်ထ် ရာဖာအဲလ် အီရာဗင် ဝင်လာတော့မည်ဖြစ်ကြောင်း အကြောင်းကြားလာသည်။

“ဥက္ကဌရှု တကယ် အစောကြီးနိုးနေတာပဲ။ ကျုပ်က ဥက္ကဌကို သက်တောင့်သက်သာဘဝမှာ အသားကျပြီး နေမြင့်တဲ့အထိ မထလောက်ဘူး‌ထင်နေတာ” ကောင့်ထ် ရာဖာအဲလ် အီရာဗင် က အတော်လေးဖော်ရွေပုံပေါ်သော အပြုံးမျိုးဖြင့် ပြောသည်။

“ကျုပ်မှာ လူကုံထံအိုကြီးတွေလို အကျင့်မျိုးမရှိပါဘူး” ရှုယီက ကောင့်ထ် အီရာဗင် ကိုကြည့်ကာ ထရပ်လိုက်သည်။ “ကဲ ကျုပ်တို့ရဲ့အချိန်ကို အကောင်းဆုံးအသုံးချပြီး ဒီကိစ္စကို ဒီနေ့ဖြေရှင်းလိုက်ရအောင်”

ကောင့်ထ် အီရာဗင် အတော်လေးအံ့ဩသွား၏။ “ဥက္ကဌရှု ဒီလောက်အလျင်လိုစရာ မလိုဘူးမလား။ ခင်ဗျား ဝင်ဘဲလ်ဒန်ကိုလာဖြစ်ဖို့ မလွယ်တာကို ရက်နည်းနည်းလောက် ပျော်လိုက်ပါဦး။ ဒီနေ့ ကျုပ်ပြင်ဆင်ထားတာတွေ အများကြီးပဲ။ ကဲ အရင်ဆုံး မနက်စာစားပြီးရင်…..”

“ဒီကိစ္စကို မဖြေရှင်းရသေးရင် ကျုပ်ပျော်ဖို့ စိတ်ပါမှာမဟုတ်ဘူး” ရှုယီက ခေါင်းယမ်းကာ လောကဝတ်များထားမနေဘဲ ကောင့်ထ် အီရာဗင် ၏ စေတနာကို ငြင်းပယ်လိုက်သည်။ “ဒါမှမဟုတ် ခင်ဗျားတို့ကန်ဒရာအင်ပါယာက ဒီကိစ္စကိုဖြေရှင်းဖို့ လုံးဝအစီအစဉ်မရှိတာများလား”

ထိုစကားများက အတော်လေးမယဉ်ကျေးသည်ဟု ဆိုနိုင်၏။ ကောင့်ထ် အီရာဗင်၏ မျက်နှာထက်ရှိ အပြုံးက တစ်စက္ကန့်မျှ အေးခဲသွားပြီးနောက် သူက ကိုးရိုးကားယားနိုင်သော အပြုံးမျိုးဖြင့် ပြောလိုက်သည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျုပ်တို့က ဒီကိစ္စကို အချိန်မီဖြေရှင်းဖို့ပဲ ဥက္ကဌရှုကို ဖိတ်ထားတာပါ”

ရှုယီက ကောင့်ထ် အီရာဗင် ၏ မျက်လုံးများထဲသို့ စိုက်ကြည့်ကာ တစ်လုံးချင်းပြောလိုက်သည်။ “လော့ဒ်ကောင့်ထ် ကျုပ် ဒီမှာ နှစ်ရက်တောင်အချိန်ဖြုန်းပြီးပြီ။ ထပ်အချိန်မဖြုန်းနိုင်တော့ဘူး။ ကျုပ်ဆိုလိုတာကို ခင်ဗျားနားလည်တယ်မလား”

“တကယ်တော့ ဥက္ကဌရှုမပြောရင်တောင် ကျုပ်တို့လည်း ဒီပြဿနာကို ဖြေရှင်းချင်နေတာပါ။ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ကျုပ်တို့က ပြင်ဆင်မှုတစ်ချို့လုပ်နေရုံပါပဲ။ အခု ပြင်ဆင်ပြီးသွားပြီဖြစ်လို့ ကျေးဇူးပြုပြီး ကျုပ်နဲ့အတူလိုက်ခဲ့ပါ ဥက္ကဌရှု”

ရှုယီက ခေါင်းငြိမ့်ကာ ကောင့်ထ် အီရာဗင် နောက်လိုက်သွားပြီး မှော်ဆလွန်းတစ်စီးထဲသို့ ဝင်လိုက်သည်။ မှော်ဆလွန်းက ဝင်ဘဲလ်ဒန်မြို့ထဲမှ မောင်းထွက်ကာ မြို့၏အရှေ့အရပ်သို့ အလျင်အမြန် ဦးတည်သွားသည်။

“လော့ဒ်ကောင့်ထ် ခင်ဗျားဘယ်ကိုသွားနေတာလဲ” ရှုယီက မျက်မှောင်ကြုတ်လျှက် မေးသည်။

“ကျုပ် ဥက္ကဌရှုကို နည်းနည်းလောက် ပြောပြပေးပါမယ်” ကောင့်ထ် အီရာဗင် က အသံကို နှိမ့်လိုက်သည်။ “ဒီတစ်ခါပဋိပက္ခက စစ်တပ်ထဲက အရေးကြီးပုဂ္ဂိုလ်တစ်ဦးနဲ့ ပတ်သတ်နေတယ်။ ဒါ့ကြောင့် ကျုပ်တို့ရဲ့ဆွေးနွေးမှုကို ဆက်မလုပ်ခင် စစ်တပ်နဲ့ အရင်ဆုံးစကားပြောကြည့်တာ အကောင်းဆုံးပါပဲ။ ဥက္ကဌရှု ဝင်ဘဲလ်ဒန်ကိုရောက်နေတယ်ကြားတော့ အဲ့ဒီအရေးကြီးပုဂ္ဂိုလ်က ဥက္ကဌကို အရင်ဆုံးတွေ့ချင်တယ်တဲ့”

“စစ်တပ်ထဲက အရေးကြီးပုဂ္ဂိုလ်” ရှုယီပဟေဠိဖြစ်သွား၏။

ကန်ဒရာအင်ပါယာက နမ်ကိုမိုင်းတွင်းကိစ္စ၌ ဇွတ်အတင်းဝင်ရောက်စွက်ဖက်ကာ တပ်သားနှစ်ထောင်ပင် ပို့လိုက်ခြင်းမှာ ကန်ဒရာအင်ပါယာစစ်တပ်ကြောင့်ပေလော။

သူစိတ်ထဲတွင် ဤသို့‌တွေးနေစဉ် မှော်ဆလွန်းက တစ်နာရီခန့်မောင်းနှင်ပြီးနောက် ဝင်ဒဲလ်တန်မြို့၏မြောက်ဘက် မြေပြန့်လွင်ပြင်အချို့အားဖြတ်ကာ‌ နောက်ဆုံးတွင် ဧရာမစံအိမ်ကြီးတစ်ခုထံ ရောက်ရှိလာသည်။

ရှုယီထွက်လာချိန်တွင် စစ်သားအများအပြား၏ ဝိုင်းရံခြင်းခံလိုက်ရ၏။

ဤအချက်ကိုကြည့်ခြင်းအားဖြင့် ဤစံအိမ်၏ပိုင်ရှင်က သာမန်ဟုတ်ဟန်မတူပေ။

ကျန်သည့်အထက်တန်းလွှာများတွင် ကိုယ်ပိုင်အစောင့်အချို့ ရှိရုံမျှဖြစ်သော်လည်း ဤစံအိမ်၌ အမှန်တကယ်ပင် ကန်ဒရာအင်ပါယာစစ်တပ်၏ယူနီဖောင်းဝတ်ဆင်ထားသည့် စစ်သားများရှိနေသည်။

တစ်ဖက်မှထွက်လာသော ကောင့်ထ် အီရာဗင် က လျှောက်လာကာ လက်မြှောက်၍ စစ်သားများအား သူ့ကို ရှာဖွေစစ်ဆေးခွင့်ပြုလိုက်၏။

ရှုယီ၏မျက်နှာထက်မှ အံ့ဩသောအမူအရာကို မြင်သောအခါ ကောင့်ထ် အီရာဗင် က အပြုံးနှင့် ပြောလိုက်သည်။ “ဒါက ဒီနေရာရဲ့စည်းကမ်းပါ။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးဖို့ ဥက္ကဌရှုကို တောင်းဆိုပါတယ်”

ရှုယီ ပို၍ပင် အံ့ဩသွားသည်။

ကောင့်ထ် အီရာဗင် သည် ကန်ဒရာအင်ပါယာ၏ မှော်စက်ပစ္စည်းစက်ရုံ စီမံခန့်ခွဲရေးဌာန၏ အကြီးအကဲဖြစ်သောကြောင့် သူ့ကို အရေးကြီးပုဂ္ဂိုလ်တစ်ဦးဟု သတ်မှတ်နိုင်၏။ သူက ဤစံအိမ်ကိုလာချိန်တွင် ဤခန္ဓာကိုယ်ရှာဖွေမှုကို လက်ခံပေးရသောကြောင့် ဤစံအိမ်၏ပိုင်ရှင်သည် သူပင်မယှဉ်နိုင်သော တစ်စုံတစ်ယောက်ပင်လော။

ကန်ဒရာအင်ပါယာ၏ ဧကရာဇ်နှင့် တွေ့ရခြင်းကပင် ဤသို့မဟုတ်လောက်ပေ။

ဤသို့တွေးကာ ရှုယီက ပူးပေါင်းပေးရန် လက်မြှောက်လိုက်သည်။

သို့သော် အစောင့်များက သူ့ကို ရှာဖွေမည်အပြုတွင် အိုမင်းနေပြီး အားကောင်းသော ရယ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။

“တော်လောက်ပြီ မင်းတို့အားလုံးသွားကြတော့။ ဥက္ကဌရှုက စွမ်းအားကြီးတဲ့ မဟာမှော်ပညာရှင်တစ်ယောက်ပဲ။ လက်နက်တွေက သူ့အတွက် ဘာအရေးမှမပါဘူး”

ရှုယီက အသံလာရာထံ လှည့်ကြည့်လိုက်သောအခါ စစ်တပ်ယူနီဖောင်းဝတ်ဆင်ထားပြီး ပြုံးရွှင်နေသော မျက်နှာထားရှိသည့် ဆံပင်ဖြူများနှင့် စွမ်းအားမြင့်အဘိုးအိုတစ်ဦး လျှောက်လာသည်ကို မြင်လိုက်၏။

“ဥက္ကဌရှု ပထမဆုံးတွေ့ဆုံခြင်းပါ။ မင်းက တကယ်ကြီး ငယ်လွန်းနေတာတော့ ကျုပ်ကို အံ့ဩစေတယ်” စစ်တပ်ယူနီဖောင်းနှင့် အဘိုးအိုက အော်ရယ်ကာ ပြောသည်။ “ကျုပ်က ကမ်ဘယ် ဆူမန် ပါ။ ကျုပ်နာမည်ကိုတော့ ကြားဖူးမယ်ထင်ပါတယ်”

ရှုယီ၏မျက်ခုံးများ မြင့်တက်သွားရသည်။ “ကန်ဒရာအင်ပါယာရဲ့ ဗိုလ်ချုပ်မှူးကြီးပဲ။ ကန်ဒရာအင်ပါယာရဲ့ ကျော်ကြားလှတဲ့ စစ်နတ်ဘုရားကို ကျွန်တော်က ဘယ်လိုလုပ် မကြားဖူးဘဲ နေပါ့မလဲ”

“ဟားဟား ဘယ်စစ်နတ်ဘုရားလဲ အားလုံးက အတိတ်မှာကျန်ခဲ့ပါပြီ။ ဒီအသုံးမဝင်တဲ့ ဗိုလ်ချုပ်မှူးကြီးဘွဲ့ကို ရပြီးကတည်းက စစ်မြေပြင်မသွားရတာ နှစ်နှစ်ဆယ်ရှိပြီ” ဗိုလ်ချုပ်မှူးကြီး ဆူမန် က အားရပါးရရယ်မောကာ လက်ယမ်းပြလိုက်သည်။

ရှုယီ ခေါင်းငြိမ့်လိုက်၏။

သူဖတ်ထားသော သတင်းအချက်အလက်အရ ဤဂုဏ်သတင်းကြီးသော ဗိုလ်ချုပ်မှူးကြီးသည် လူပေါင်းများစွာတို့၏ရင်ထဲတွင် ဧကရာဇ်ထက်ပင် နိမ့်ကျခြင်းမရှိဘဲ လွန်ခဲ့သောဆယ့်ကိုးနှစ်က မားလိုအင်ပါယာနှင့် နောက်ဆုံးတိုက်ပွဲပြီးကတည်းက စစ်မြေပြင်သို့ မထွက်ခဲ့ရတော့ပေ။

သို့သော် ၎င်းက သူ့အတွက် အရေးမကြီးပေ။ ခဏတိတ်ပြီးနောက် ရှုယီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ဗိုလ်ချုပ်မှူးကြီး ဒီတစ်ခေါက် ကျွန်တော့်ကိုဆင့်ခေါ်တာ ဘာကိစ္စကြောင့်များပါလဲ”

“ကောင်းတယ် အသစ်အဆန်းပဲ” ဗိုလ်ချုပ်မှူးကြီး ဆူမန် က ရှုယီကို လက်မထောင်ကာ ချီးကျူးလိုက်ပြီးနောက် လက်မောင်းဖြင့်ဖက်ကာ စံအိမ်ထဲသို့ ဆွဲခေါ်သွားသည်။ “စကားပြောချင်ရင် အထဲကိုဝင်ရမှာပေါ့။ ကျုပ်က ရိုင်းစိုင်းတဲ့လူတစ်ယောက်ဆိုပေမယ့် အခြေခံဧည့်ဝတ်လောက်တော့ နားလည်ပါသေးတယ်”

ဗိုလ်ချုပ်မှူးကြီး ဆူမန် သည် အလွန်အားသန်ပြီး သူ၏ဆွဲခေါ်ခြင်းခံလိုက်ရချိန်၌ ရှုယီမှာ ရှေ့တိုးသွားရုံသာ တတ်နိုင်သည်။

လှည့်ကြည့်လိုက်သောအခါ ကောင့်ထ် အီရာဗင် လိုက်မလာသည်ကို တွေ့လိုက်ရ၏။

ဗိုလ်ချုပ်မှူးကြီး ဆူမန် က ဤတစ်ကြိမ်တွင် ရှုယီတစ်ယောက်တည်းကိုတွေ့ရန် စီစဉ်ထားပုံပင်။

ရှုယီ အတော်လေး ပဟေဠိဖြစ်နေဆဲပင်။

အဆုံး၌ သူသည် ကုန်သည်လေးတစ်ဦးသာဖြစ်ပြီး သူ၏ကျော်ကြားမှုသည် ဂုဏ်သတင်းကြီးသော ကန်ဒရာအင်ပါယာစစ်တပ်၏ ဗိုလ်ချုပ်မှူးကြီး ဆူမန် နှင့် တူညီသောအဆင့်သို့ မရောက်သေးပေ။ မည်သည့်အတွက်ကြောင့် ဗိုလ်ချုပ်မှူးကြီး ဆူမန် က သူတို့ကြားမှ ဤတွေ့ဆုံမှုကို အထူးတလည်စီစဉ်ထားရသနည်း။

နှစ်ယောက်သားက စံအိမ်၏ဧည့်ခန်းထံ အလျင်အမြန် ရောက်ရှိလာသည်။

ထိုင်လိုက်ကြပြီးနောက် ဗိုလ်ချုပ်မှူးကြီး ဆူမန် က ရှုယီကို အကဲခတ်ကာ မေးလိုက်သည်။ “ဥက္ကဌရှု ကျုပ်က ကွေ့ဝိုက်နေရတာမကြိုက်ဘူး။ ဒီတစ်ခါ မင်းကိုမေးချင်တဲ့ မေးခွန်းတစ်ခုရှိတယ်။ မင်း ရိုးရိုးသားသားပြန်ဖြေဖို့ မျှော်လင့်ပါတယ်”

“ကျေးဇူးပြုပြီး”

“မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက စစ်ဘက်သုံးမှော်စက်နည်းပညာကို ကျုပ်တို့ ကန်ဒရာအင်ပါယာဆီ ဘယ်တော့မှ လွှဲမပေးတော့ဘူးလား”

ရှုယီ ကြောင်အမ်းသွားသည်။

ဗိုလ်ချုပ်မှူးကြီး ဆူမန် က ဤသို့လေးနက်သော မေးခွန်းတစ်ခု မေးလိမ့်မည်ဟု သူလုံးဝမထင်ထားချေ။

အတန်ကြာအောင် စဉ်းစားပြီးနောက် ရှုယီ ခေါင်းယမ်းလိုက်သည်။ “အဲ့လိုမဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး ကျွန်တော်တို့လက်မှတ်ထိုးထားတဲ့ မဟာဗျူဟာမြောက်ပူးပေါင်းရေးသဘောတူညီချက်အရ အင်ပါယာထဲက မှော်စက်ပစ္စည်းစက်ရုံရဲ့ တိုးတက်မှုအခြေအနေပေါ်မူတည်ပြီး နည်းပညာကို လွှဲပေးမှာပါ။ အဲ့ဒါကိုလွှဲပေးဖို့က လုံးဝပြဿနာမရှိပါဘူး”

“ဖွီ အဲ့ဒါတွေက ဘာအသုံးဝင်လို့လဲ။ ငါတို့အင်ပါယာအတွက်တော့ ဘာမှမရှိတာနဲ့ အတူတူပဲ” ဗိုလ်ချုပ်မှူးကြီး ဆူမန် က အထင်သေးမှုများပြည့်နေသော လေသံဖြင့် ပြောလိုက်သည်။

“ဗိုလ်ချုပ်မှူးကြီး အဲ့ဒီလိုတော့ပြောလို့မရပါဘူး။ ဒီကိစ္စက တစ်ဆင့်ချင်း တိုးတက်ဖို့လိုပါတယ် အထူးသဖြင့် စစ်ဘက်သုံးစက်တွေမှာပေါ့။ သူတို့ကိုအရယူဖို့ အရင်းအမြစ်တွေ အကြာကြီးစုဆောင်းဖို့ လိုပါတယ်။ ကျွန်တော်တို့က အခုလွှဲပေးလိုက်မယ်ဆိုရင်တောင်……”

“ဒီတော့ မင်းတို့က အဆုံးမှာတော့ ငါတို့ကို လွှဲပေးဖို့စိတ်ကူးမရှိပေါ့ ဟုတ်လား” ဗိုလ်ချုပ်မှူးကြီး ဆူမန် က ရှုယီ၏စကားကို ယဉ်ကျေးမှုမရှိစွာ ဖြတ်ပြောလိုက်သည်။

ရှုယီ မျက်မှောင်ကြုတ်လိုက်၏။ “ဗိုလ်ချုပ်မှူးကြီး ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောပြီးပြီထင်တာပဲ။ ပြီးတော့ ကျွန်တော်တို့ကုမ္ပဏီက ဗိုလ်ချုပ်မှူးကြီးတို့တိုင်းပြည်နဲ့ ပူးပေါင်း‌နေတာကြာပါပြီ။ ဒါ့ကြောင့် ဒီကိစ္စကိုလည်း အကြိမ်ပေါင်းများစွာ ပြောပြီးပြီ။ ဗိုလ်ချုပ်မှူးကြီးမသိသေးတာတော့ မဖြစ်နိုင်လောက်ပါဘူး”

“ငါသိပြီးသားပဲ။ ဒါ့ကြောင့် မင်းကို နောက်ဆုံးအခွင့်အရေး ပေးချင်ခဲ့တာ” ဗိုလ်ချုပ်မှူးကြီး ဆူမန် ၏ အကြည့်က စူးရှသွားသည်။ “ဒါပေမယ့် မင်းက ဒီအခွင့်အရေးကို ဖမ်းဆုပ်ဖို့ အစီအစဉ်မရှိဘူးဆိုတာ ရှင်းသွားပြီ။ ငါ မင်းကို နောက်တစ်ကြိမ် ထပ်မေးမယ်။ မင်း ငါတို့ကန်ဒရာအင်ပါယာကို စစ်ဘက်သုံးမှော်စက်နည်းပညာ လွှဲပေးဖို့ဆန္ဒရှိလား မရှိဘူးလား”

ရှုယီ အန္တရာယ်၏အငွေ့အသက်ကို ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်ကာ ဗိုလ်ချုပ်မှူးကြီး ဆူမန် ကို ကြည့်လိုက်သည်။

“ဗိုလ်ချုပ်မှူးကြီး ခင်ဗျား ဒါက ဘာအဓိပ္ပာယ်လဲ”

***

မှော်စက်မှုအင်ပါယာ Volume 7 အခန်း ၈၆။

ဗိုလ်ချုပ်မှူးကြီး ဆူမန် က ရှုယီကိုကြည့်ကာ သူ့အသံက တိုးဝင်သွားသည်။ “ဥက္ကဌရှု ကျုပ် စစ်မြေပြင်မှာ ပြိုင်ဘက်ကင်းခဲ့ချိန်တုန်းက ဘာအတွက် နာမည်ကြီးတယ်ဆိုတာ သိလား”

ရှုယီက ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်ရင်း ပိုပိုပြီး နေမထိထိုင်မသာဖြစ်လာသည်။

ဗိုလ်ချုပ်မှူးကြီး ဆူမန် က သူ့ကို ရုတ်တရက်ဆင့်ခေါ်လိုက်ခြင်းမှာ ကောင်းသည့်ကိစ္စမဟုတ်ပေ။

ဗိုလ်ချုပ်မှူးကြီး ဆူမန် က ရှုယီ၏အမူအရာကို လုံးဝသတိမထားမိဘဲ သူ့ကိုယ်သူပြောနေသကဲ့သို့ ပြုမူနေ၏။

“ဒီလူအိုကြီး စစ်မြေပြင်မှာရှိခဲ့တုန်းက အဓိကမှီခိုအားထားခဲ့တာဟာ ကြီးမားတဲ့ စစ်အင်အားမဟုတ်သလို ထောက်ပို့တွေလိုမျိုး အရာတွေအပေါ်လည်းမဟုတ်ဘူး။ ငါမှီခိုအားထားခဲ့တာက ဒီနေရာပဲ”

ဗိုလ်ချုပ်မှူးကြီး ဆူမန် က သူ၏ဦးခေါင်းကို ထိုးပြလိုက်သည်။

“ဗျူဟာ... အဲ့ဒါက ဒီလူအိုကြီးအတွက် အရေးအကြီးဆုံးနဲ့ အယုံကြည်ရဆုံးလက်နက်ပဲ။ သူက စစ်သားအင်အားဘယ်လောက်ရှိတယ်ဆိုတာထက် ပိုအသုံးဝင်တယ်။ ဒါပေမယ့် ဥက္ကဌရှု ဗျူဟာချတဲ့နေရာမှာ အရေးအကြီးဆုံးကဘာလဲသိလား”

ရှုယီက ပြန်မဖြေဘဲ သူ၏ မှော်စွမ်းအားကို စတင်အသက်သွင်းလိုက်သည်။

“ဗျူဟာဆိုတာ စစ်မြေပြင်ပေါ်က အရာအားလုံးကို ထွင်း‌ဖောက်မြင်ပြီး ဒီစစ်မြေပြင်နဲ့ပတ်သတ်တဲ့ သိသားသမျှနဲ့ အကုန်လုံးကို ဖမ်းဆုပ်နိုင်တဲ့အ‌ပေါ်မူတည်ပြီး အမှန်ကန်ဆုံး အကဲဖြတ်မှုကို ရယူဖို့ပဲ။ ဒါက မင်းကို အကောင်းဆုံးဆုံးဖြတ်ချက်ချအောင် လုပ်ပေးနိုင်လိမ့်မယ်။ ဒီလူအိုကြီးက တိုက်ပွဲတစ်ပွဲမစခင် အကုန်လုံးကိုချုပ်ကိုင်ထားရတာကို အမြဲသဘောကျခဲ့တယ်။ အဲ့ဒီနည်းနဲ့ပဲ ငါက အခြေအနေကို ထိန်းချုပ်နိုင်ခဲ့တာ။ ဒါ့ကြောင့် ဒီလူအိုကြီးအမုန်းဆုံးက မခိုင်လုံတဲ့အကြောင်းအရာတွေပဲ။ အဲ့ဒါတွေက ဒီလူအိုကြီးကို အမှားတွေလုပ်မိစေတယ်”

ရှုယီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။

ဤမခိုင်လုံသောအကြောင်းအရာက Frestech ကုန်သည်ကြီးများအသင်းအား ရည်ညွှန်းခြင်းပေလော။

“ဥက္ကဌရှု မင်းနဲ့ မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်း ပိုပြီးတိတိကျကျပြောရရင် မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စစ်ဘက်သုံးမှော်စက်တွေက ဒီလူအိုကြီးကို မျက်စိစပါးမွှေးစူးစေတဲ့ အကြီးမားဆုံး မခိုင်လုံတဲ့အကြောင်းအရာတွေပဲ။ သူတို့က ငါတို့ကန်ဒရာအင်ပါယာရဲ့ အကြီးမားဆုံး မခိုင်လုံတဲ့အကြောင်းအရာတွေပဲကွ”

“ဒီတော့ ဗိုလ်ချုပ်မှူးကြီးက ဘာလုပ်ချင်တာလဲ” ဗိုလ်ချုပ်မှူးကြီး ဆူမန် က နောက်ဆုံး၌ ဤသို့ပြောလာချိန်တွင် ရှုယီက တည်ငြိမ်အောင်နေကာ ပြန်မေးလိုက်သည်။

“ဒီလူအိုကြီးမှာ မခိုင်လုံတဲ့အကြောင်းအရာတွေအတွက် ဖြေရှင်းနည်းတစ်ခုပဲရှိတယ်။ သူတို့ကို ခိုင်လုံတဲ့အကြောင်းအရာတွေဖြစ်လာအောင် ထိန်းချုပ်မလား ဒါမှမဟုတ်……” ဗိုလ်ချုပ်မှူးကြီး ဆူမန် က သတ်ဖြတ်လိုစိတ်များ မဖုံးမဖိနိုင်စွာဖြင့် ရှုယီကို ရုတ်တရက် ကြည့်လိုက်သည်။ “သူတို့ကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်မလား ဆိုတာပဲ”

ဗိုလ်ချုပ်မှူးကြီး ဆူမန် ၏ စကားဆုံးသည်နှင့် သူ့ပတ်ပတ်လည်ရှိ မှော်နေရာလွတ်က တန့်နေပြီး လေထဲရှိ မှော်စွမ်းအင်အရင်းအမြစ်က ခဲနေကြောင်း ရှုယီခံစားလိုက်ရ၏။ ၎င်းက ပုံမှန်ကဲ့သို့ မြန်မြန်မလည်ပတ်ဘဲ ချက်ချင်း ရပ်တန့်သွားသည်။

ရှုယိ သူ၏မှော်စွမ်းအင်ကို အသက်သွင်းကြည့်လိုက်သောအခါ သူက မှော်စွမ်းအင်အရင်းအမြစ်အပေါ် လုံးဝမလွှမ်းမိုးနိုင်ကြောင်း တွေ့လိုက်ရ၏။

တစ်နည်းဆိုရလျှင် သူ ယခု မည်သည့်မှော်စွမ်းအားကိုမျှ မသုံးနိုင်ချေ။

“မှော်စွမ်းအားဆန့်ကျင်ရေးနေရာလွတ်လား” ရှုယီ၏မျက်ခုံးများ မြင့်တက်သွားပြီး အံ့ဩသော အမူအရာနှင့် ဗိုလ်ချုပ်မှူးကြီး ဆူမန် ကို ကြည့်လိုက်သည်။ “ဗိုလ်ချုပ်မှူးကြီးက ကျွန်တော့်ကို တကယ်ကြီးအထင်ကြီးလွန်းတာပဲ။ ကျွန်တော့်အတွက်နဲ့ ဒီလိုအဆင့်မြင့်မှော်ထောင်ချောက်တစ်ခုကိုတောင် သုံးထားတယ်ပေါ့”

“ဥက္ကဌရှုရဲ့မှော်ပညာစွမ်းရည်က ထူးချွန်တယ်လို့ ကျုပ်ကြားဖူးထားတာ ကြာပါပြီ။ အသက်လေးဆယ်မတိုင်ခင် မဟာမှော်ပညာရှင်တစ်ယောက် ဖြစ်လာခဲ့တဲ့သူဆိုတော့ သတိထားရတာပေါ့။ မင်းကိုရင်ဆိုင်ဖို့ ဆုံးဖြတ်ချက်ချမထားရင်တောင် ကျုပ်က ဖြစ်နိုင်ချေအကုန်လုံးကို စဉ်းစားတတ်တဲ့အကျင့်ရှိတယ်။ မတော်လို့ မင်းထွက်ပြေးသွားရင် အကျိုးဆက်တွေက ပြင်းထန်လိမ့်မယ်” ဗိုလ်ချုပ်မှူးကြီး ဆူမန် က လေးနက်သော အမူအရာဖြင့် ပြောသည်။

ရှုယီ ခပ်ရေးရေးပြုံးလိုက်၏။ “ဗိုလ်ချုပ်မှူးကြီး ခင်ဗျားဒီလို‌လုပ်တာကို ဧကရာဇ်သိရဲ့လား”

ဗိုလ်ချုပ်မှူးကြီး ဆူမန် က ရှုယီ၏အကြည့်ကို ရင်ဆိုင်လိုက်သော်လည်း ပြန်မဖြေပေ။ သူက လက်ဝေ့ယမ်း၍သာ ပြောလိုက်သည်။ “မင်းက မကြာခင် သေရတော့မှာပဲ။ ဒီလောက်အများကြီး သိစရာမလိုပါဘူး”

“ဒီလိုလား ကျုပ်တော့မထင်ဘူးနော်” ရှုယီ၏နှုတ်ခမ်းများ ကွေးတက်သွားပြီး လက်ဝေ့ယမ်းလိုက်သည်နှင့် သူ့ထံမှ ထူးဆန်းသော မှော်စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ သူတို့ပတ်ပတ်လည်ရှိ မှော်စွမ်းအင်အရင်းအမြစ်များက အသက်ပြန်သွင်းခံလိုက်ရသကဲ့သို့ တက်ကြွမှုတို့ ပြန်ရလာ၏။

အအေးဓာတ်တစ်ခုက ဗိုလ်ချုပ်မှူးကြီး ဆူမန် ကို လျင်မြန်စွာ တိုက်ခိုက်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း သူ့ခန္ဓာကိုယ်ထဲသို့ဝင်ရန် လမ်းတစ်ဝက်ရောက်လာသည်။

ဗိုလ်ချုပ်မှူးကြီး ဆူမန် ၏ ရင်ဘတ်တွင် မီးစတစ်စ ပေါ်လာပြီး အနက်ရောင်မီးတောက်တစ်ခုအဖြစ် အလျင်အမြန် ပြောင်းသွားသည်။

အအေးဓာတ်က မီးတောက်နှင့် ထိတိုက်သွားချိန်တွင် ထူးဆန်းသော လေစီးကြောင်းနှစ်ခု တစ်ခုနှင့်တစ်ခု တိုက်မိသွားသည့်အတိုင်းပင်။ သူတို့က တစ်ခုနှင့်တစ်ခု သာတူညီမျှစွာ တွန်းကန်လိုက်ပြီးနောက် လေထဲ၌ မြူခိုးထုသာ ကျန်ရစ်ခဲ့သည်။

မြူခိုးထုပျောက်ကွယ်သွားချိန်တွင် အနီရောင်မှော်ပညာရှင်ဝတ်ရုံနှင့် အဘိုးအိုတစ်ယောက် ဗိုလ်ချုပ်မှူးကြီး ဆူမန် ရှေ့၌ ပေါ်လာ၏။

ဤအဘိုးအိုကိုကြည့်ကာ ရှုယီ၏မျက်လုံးများ မှေးကျဥ်းသွားသည်။

“ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ”

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ သည် ကန်ဒရာအင်ပါယာ၏ ကျွမ်းကျင်ဘုန်းတော်ကြီးကိုးပါးထဲမှ တစ်ပါးဖြစ်၏။ သူက မီးတောက်မှော်ပညာ ကျွမ်းကျင်သောကြောင့် မီးနဂါးကျွမ်းကျင်ဘုန်းတော်ကြီးဟုပင် ဘွဲ့အမည်ရထား၏။

ဗိုလ်ချုပ်မှူးကြီး ဆူမန်က သူ့ကိုရင်ဆိုင်ရန် သူ၏စံအိမ်အတွင်း မျှားခေါ်ခဲ့ရုံသာမက ကျွမ်းကျင်ဘုန်းကြီးတစ်ပါးကိုပါ ဖိတ်ခေါ်ထားမည်ဟု ရှုယီ လုံးဝထင်မထားချေ။

ရှုယီ၏မျက်နှာထက်မှ အံ့ဩသော အမူအရာကို မြင်ချိန်တွင် ဗိုလ်ချုပ်မှူးကြီး ဆူမန် က ရယ်မောလိုက်သည်။ “ဥက္ကဌရှု ပြောထားပြီးသားလေ။ ကျုပ်က ကျုပ်မခန့်မှန်းနိုင်တဲ့အရာတွေကို မကြိုက်ဘူးလို့။ ဒါ့ကြောင့် မင်းကို ဒီနေရာမှာချုပ်ထားဖို့ လေးစားရတဲ့ ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ပါးကို ဖိတ်ထားရတော့တာပေါ့”

“အိုး” ရှုယီက စနောက်လိုသောအမူအရာနှင့် သူ့ရှေ့ရှိ ဗိုလ်ချုပ်မှူးကြီး ဆူမန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။ “ဗိုလ်ချုပ်မှူးကြီး ဆူမန် ဒါက ခင်ဗျားတို့ ကန်ဒရာအင်ပါယာရဲ့ စီးပွားရေးမိတ်ဖက်ကို ဆက်ဆံတဲ့ပုံစံဆိုရင် ကျုပ် အတော်လေးစိတ်ပျက်မိတယ်လို့ပဲ ပြောနိုင်တော့မယ်”

ဗိုလ်ချုပ်မှူးကြီး ဆူမန် ၏အပြုံးက အေးခဲသွားပြီးနောက် အေးစက်စွာ နှာမှုတ်လိုက်သည်။ “မင်းစိတ်ပျက်ပျက် မပျက်ပျက် အရေးမကြီးတော့ဘူး ဘာလို့လဲဆိုတော့ ဒီနေ့ကစပြီး မင်းက သေလူဖြစ်တော့မှာမလို့ပဲ”

“ဒါဆို Frestech ကုန်သည်ကြီးများအသင်းကို ကန်ဒရာအင်ပါယာနဲ့ မားလိုအင်ပါယာကြားမှာ ခွဲရတော့မှာပဲ” ရှုယီက ပခုံးတွန့်လိုက်သည်။ “ကျုပ်ကို အဲ့ဒီလိုလာမကြည့်နဲ့။ ခင်ဗျားတို့သာ မားလိုအင်ပါယာနဲ့ သဘောတူညီချက်မရခဲ့ရင် ခင်ဗျားတို့ကန်ဒရာအင်ပါယာက ဘယ်လိုလုပ် အခုလို လက်သီးပုန်းထိုးတဲ့အကွက်မျိုးသုံးပြီး ကျုပ်ကို ရင်ဆိုင်နိုင်မှာတဲ့လဲ”

ဗိုလ်ချုပ်မှူးကြီး ဆူမန် တိတ်သွား၏။

ရှုယီက ခေါင်းယမ်းလိုက်ပြီးနောက် သက်ပြင်းချလျှက် ပြောသည်။ “မားလိုအင်ပါယာနဲ့ ကန်ဒရာအင်ပါယာနှစ်ခုလုံးနဲ့ ဆက်ဆံရေးတည်ဆောက်ထားတာက ခင်ဗျားတို့အင်ပါယာနှစ်ခု အချင်းချင်းအာရုံထွေပြားအောင် အသုံးချနိုင်မယ်ထင်လို့။ ဒါပေမယ့် ခင်ဗျားတို့အင်ပါယာနှစ်ခုရဲ့ အရှက်မဲ့နိုင်စွမ်းကို ကျုပ်လျှော့တွက်မိသွားတယ်။ ဟုတ်ပြီ ကျုပ်တို့ကုမ္ပဏီနဲ့ တိတ်တိတ်ဆိတ်ဆိတ်ပူးပေါင်းပြီး ကျုပ်တို့က ခင်ဗျားတို့ဆီ နည်းပညာမျှဝေပေးချင်လာတဲ့အထိ စောင့်နေမယ့်အစား ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ရင်ဆိုင်ပြီး အကျိုးအမြတ်တွေကို ခွဲယူဖို့ ဆွေးနွေးတာက ပိုကောင်းတယ်ပေါ့ ဟုတ်လား”

ရှုယီက ဗိုလ်ချုပ်မှူးကြီး ဆူမန် ၏ ပျက်ယွင်းနေသော အမူအရာကိုကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။

“ဒီအကြံက ကောင်းတော့ကောင်းပါတယ် ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး ဆူမန် ခင်ဗျား…..ဒါမှမဟုတ် ခင်ဗျားရဲ့ကန်ဒရာအင်ပါ‌ယာတောင်…..ဒါကို လုပ်နိုင်မှာတဲ့လား”

ဗိုလ်ချုပ်မှူးကြီး ဆူမန်၏ မျက်နှာက အေးစက်သွားပြီး နှာမှုတ်လိုက်သည်။ “ဥက္ကဌရှု မင်းကသေတော့မှာမလို့ ကျုပ်က စကားနည်းနည်းပြောခွင့်ပြုလိုက်တာ။ မင်းက မင်းရဲ့စကားတွေကို ဒီလိုဖြုန်းတီးပစ်မယ်လို့ ထင်မထားဘူး။ ဒါက ကျုပ်ကို တကယ်စိတ်ပျက်စေတာပဲ။ မင်းက ဒီအချိန်ကို တန်ဖိုးမထားချင်မှတော့ ကဲ…..ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ဥက္ကဌရှုကို ပို့ပေးလိုက်ပါတော့”

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ၏ အမူအရာက အလေးအနက်ဖြစ်သွားပြီး သူ့ပတ်ပတ်လည်ရှိ မှော်စွမ်းအင်အရင်းအမြစ်က ထပ်မံတန့်သွားကြောင်း ရှုယီခံစားလိုက်ရသည်။ ထို့ပြင် ၎င်းက မတိုင်မီကထက် များစွာပိုအားကောင်း၏။

ခရမ်းရင့်ရောင်မီးလုံးတစ်လုံး ပေါ်ထွက်လာသည်။

“အမ်း ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ခင်ဗျား ကြားဖူးမှာတော့မဟုတ်လောက်ဘူး ဒါပေမယ့် ခင်ဗျား သူတော်စင်တစ်ယောက်ကို အကွက်တစ်မျိုးတည်း နှစ်ခါပြန်သုံးလို့မရဘူး”

[TL Note: It’s a Saint Seiya reference.]

သူ့စကား‌ဆုံးသည်နှင့် ရှုယီက ပျောက်ကွယ်သွားပြီး အခန်းတံခါး၏အပြင်၌ ပြန်ပေါ်လာ၏။

“ဟားဟား အဲ့ဒီမှာ တကယ်ကြီး မှော်ပညာဆန့်ကျင်ရေးအစီအရင်တစ်ခုရှိတာပဲ။ ဗိုလ်ချုပ်မှူးကြီးက တကယ်ကို ပြင်ဆင်ထားတယ်ပြောရမယ်”

ရှုယီက အပြုံးတစ်ပွင့်နှင့် တံခါးအပြင်ရှိ ဗလာကျင်းနေသော နေရာလွတ်ဟု ထင်ရသည့်အရာကို လက်ချောင်းတစ်ချောင်းဖြင့် ထိုးလိုက်သည်။ တံခါးတစ်ခုလုံးကိုဖုံးအုပ်ထားဟန်ရှိသည့် ဟင်းလင်းပြင်ထဲတွင် စုပ်ယူထားသော နေရာလွတ်ထဲ၌ အက်ကွဲကြောင်းတစ်ခုနှင့်တူသော ပိန်းပိတ်အောင်နက်မှောင်သည့် အရာတစ်ခု ပေါ်လာသည်။

ထိုအက်ကွဲကြောင်းများသည် ပကတိအမြင်အာရုံနှင့် မမြင်နိုင်သော်လည်း အက်ကွဲကြောင်းတစ်ခုစီက အန္တရာယ်များသော နေရာလွတ်ထဲရှိ အက်ကွဲကြောင်းတစ်ခုမှန်း ရှုယီမြင်နိုင်၏။

နေရာလွတ်ထဲရှိ အက်ကွဲကြောင်းတစ်ခုသည် အလွန်အန္တရာယ်များပြီး တစ်ယောက်ယောက်သာ အထဲသို့ကျသွားပါက တစ်စစီစုတ်ဖြဲခံရမည်ဖြစ်သည်။

တံခါးပေါက်၌ ထိုအက်ကွဲကြောင်းများဖြင့် ပြည့်နေ၏။ ရှုယီသာ ပြေးထွက်ခဲ့ပါက သူ့ခန္ဓာကိုယ်က အပိုင်းပိုင်းပြတ်နေလောက်ပြီဖြစ်သည်။

ထို့ပြင် ထိုနေရာလွတ်အက်ကွဲကြောင်းများသည် ရှုယီကို နေရာလွတ်မှော်အစွမ်းသုံး၍ ထွက်မပြေးနိုင်အောင် ကာကွယ်ထား၏။ ၎င်းက မှော်ပညာရှင်တစ်ယောက်အတွက် အပြင်းထန်ဆုံးအဆိပ်ဟုပင် ဆိုနိုင်သောကြောင့် ရှုယီ ချက်ချင်း ထွက်မပြေးနိုင်ခြင်းဖြစ်သည်။

“ဥက္ကဌရှု မင်း မတိုက်ဘဲ အရှုံးပေးလိုတဲ့ဆန္ဒရှိရင် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ကို မင်းရဲ့ မှော်စွမ်းအင်ရင်းမြစ်ကိုပဲ ဖျက်ဆီးခိုင်းပြီး အသက်ချမ်းသာပေးခိုင်းလိုက်မယ်။ ပြောရရင် မင်းက အဖိုးတန်တဲ့လူတစ်ယောက်ဆိုတော့ ဒီအတိုင်းသတ်ပစ်ရမှာ နှာမျောဖို့ကောင်းတယ်လေ” ဗိုလ်ချုပ်မှူးကြီး ဆူမန် က ရုတ်တရက် ပြောလိုက်သည်။

“ဗိုလ်ချုပ်မှူးကြီး ကျုပ်အဖြေကို ခင်ဗျားသိသင့်ပါတယ်” ရှုယီပြန်ဖြေသည်။

“အာ ဒါဆိုရင်တော့ အစကတည်းက ဒီစိတ်ကူးမရှိခဲ့ဘူးလို့ပဲ ထားလိုက်တာပေါ့” ဗိုလ်ချုပ်မှူးကြီး ဆူမန် က ခေါင်းငြိမ့်ပြလိုက်သည်။ “ကျုပ်က မခိုင်လုံတဲ့အကြောင်းအရာတွေကို မကြိုက်တဲ့အပြင် မင်းက အကုန်လုံးထဲမှာ မခိုင်လုံဆုံးအကြောင်းအရာပဲ။ မင်းကိုသတ်လိုက်တာက ကျုပ်အတွက် ဘေးအကင်းဆုံးရွေးချယ်မှုပဲ။ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ လုပ်လိုက်တော့”

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော်လည်း ယခု ရှုယီထံ ခေါင်းတစ်ချက်ငြိမ့်ပြလာသည်။

“ဥက္ကဌရှု မင်းက အတော်လေးထူးချွန်တဲ့ မှော်ပညာရှင်တစ်ယောက်ပါ။ မင်းလို ပါရမီရော အလားအလာရောရှိတဲ့ မှော်ပညာရှင်တစ်ယောက်ကို ငါမရှင်းပစ်သင့်ဘူး။ ဒါက မှော်ပညာရှင်အစည်းအရုံးရဲ့ အခြေခံစည်းမျဉ်းနဲ့လည်း ဆန့်ကျင်နေတယ်။ ဒါပေမယ့်….. အခု မှော်ပညာရှင်အစည်းအရုံးရဲ့ တစ်ဝက်လောက်ကတောင် မင်းဖျက်ဆီးတာ ခံခဲ့ရပြီးပြီ။ ဒီလိုဆိုမှတော့ ဒီစည်းမျဉ်းစည်းကမ်းတွေက ဘာအဓိပ္ပာယ်မှမရှိတော့ဘူး”

ရှုယီ မပြုံးမိဘဲ မနေနိုင်အောင်ပင်။ “ကောင်းပါပြီ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ စွမ်းအားသာထုတ်လိုက်ပါတော့။ ဘာလို့ ကိုယ့်အတွက်ကိုယ် ဆင်ခြေပေးနေရတာလဲ။ ခင်ဗျား အဲ့လိုပြောနေတာ တကယ်ရယ်စရာကောင်းတယ်”

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ၏ အမူအရာက မှုန်မှိုင်းသွား၏။ သူက ညာလက်ကိုမြှောက်ကာ ရှုယီထံ လက်ညှိုးလိုက်သည်။

ဤလက်ချောင်းမှ မည်သည့်ခြိမ်းခြောက်မှုမျှ မရှိသော်လည်း ရှုယီ၏အမူအရာက လေးနက်သွားသည်။

သို့သော် သူက မလှုပ်ရှားဘဲ ထိုနေရာ၌ရပ်ကာ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ၏ လက်ချောင်းကို ကြည့်နေသည်။

“ရွှပ်”

နေရာလွတ်အက်ကွဲကြောင်းတစ်ခုက ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ၏ လက်ချောင်းကို ရစ်ပတ်လျှက် ထွက်ပေါ်လာပြီး ရှုယီရှေ့တွင် ချက်ချင်းဖြန့်ထွက်သွားသည်။

ရှုယီက ပေါ့ပေါ့ပါးပါး အသက်တစ်ချက်ရှူလိုက်ပြီး သူ၏မှော်စွမ်းအားကို ထုတ်လွှတ်ကာ အားလုံးကို သူ၏ညာဘက်လက်ညှိုးတွင် စုစည်းလိုက်သည်။ သူက လက်ထိပ်ကို ဆန့်ထုတ်ကာ နေရာလွတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသည်ဟု မထင်ရသော အနက်ရောင်အက်ကွဲကြောင်းတစ်ခု ဖန်တီးလိုက်သည်။

ရှုယီ၏ လက်ချောင်းပတ်ပတ်လည်ရှိ နေရာလွတ်က ကျုံ့လိုက်ဆန့်လိုက် အကြိမ်ကြိမ်ဖြစ်နေ၏။

အချိန်မည်မျှကြာမှန်းမသိအောင် ပကတိအမြင်ဖြင့် မမြင်နိုင်သည်အထိ မြန်ဆန်သော အရှိန်ဖြင့် ဤသို့လုပ်ပြီးနောက် နေရာလွတ်က ပေါက်ကွဲသွားသည်။

“ဝုန်း”

စွမ်းအားကြီးသော လေလှိုင်းတစ်လုံးနှင့်အတူ ပတ်ပတ်လည်ရှိ မှော်စွမ်းအင်အရင်းအမြစ်က ပေါက်ကွဲသွားသည်။ အားပြင်းသော ဗုံးတစ်လုံး ပြင်းထန်စွာ ပေါက်ကွဲသွားသည့်အတိုင်းပင်။

လေလှိုင်းက မီတာရာပေါင်းများစွာအထိ ဖြန့်ထွက်သွားပြီး ပတ်ပတ်လည်နယ်နိမိတ်အတွင်းရှိ အရာအားလုံးကို အမှုန့်ချေပစ်လိုက်သည်။

ရှုယီ၏ အောက်ဘက်နှင့် နောက်ဘက်ရှိ နေရာလွတ်မှလွဲ၍ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ အောက်ရှိ နေရာလွတ်နှင့် ဗိုလ်ချုပ်မှူးကြီး ဆူမန် ပတ်ပတ်လည်ရှိ နေရာလွတ်သာ အကောင်းပကတိအတိုင်း ကျန်ရစ်ခဲ့၏။ ခန်းမ၏ကြမ်းပြင်ကို မြင်နိုင်သေးသော်လည်း ကျန်နေရာများအားလုံးမှာ တစပြင်တစ်ခုအဖြစ် ပြောင်းသွားပြီဖြစ်သည်။

ပို၍ပင်ထူးဆန်းသောအရာမှာ မီတာရာပေါင်းများစွာကျယ်သည့် ဤနေရာလွတ်တွင် ဖြစ်ပေါ်လာသော တစပြင်မှလွဲ၍ ဗိုလ်ချုပ်မှူးကြီး ဆူမန် ၏ စံအိမ်ထဲရှိ ပန်းများနှင့် အပင်များမှာ မပျက်မစီးရှိနေဆဲပင်။ ၎င်းက တစပြင်နှင့် ရှင်းရှင်းလင်းလင်း နယ်နိမိတ်ကန့်သတ်ထားခြင်းမှာ အတော်လေးထူးဆန်းနေသည်။

သို့သော် ဤအခြေအနေ၏ ထူးဆန်းမှုက ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ၏ မျက်နှာထက်ရှိ တုန်လှုပ်မှုကို မယှဉ်နိုင်ချေ။

သူက ရှုယီကို တုန်လှုပ်ခြင်း၊ မယုံကြည်နိုင်ခြင်းတို့ဖြင့် ကြည့်နေသည်။

အတန်ကြာပြီးနောက် သူက မသိမသာတုန်ရီနေသည့် ညာလက်ကိုပြန်ချကာ တုန်လှုပ်ကာ အနည်းငယ်အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။

“မင်း……မင်းက ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့် ရောက်နေပြီပေါ့”

***

မှော်စက်မှုအင်ပါယာ Volume 7 အခန်း ၈၇။

စိုင်စ်နယ်မြေမှ မှော်ပညာရှင်များအတွက် သာမန်မှော်ပညာရှင်နှင့် မဟာမှော်ပညာရှင်များကြားမှ ခွန်အားကွာဟမှုသည် အတော်လေးသိသာ၏။ ဤကွာဟမှု၏ အရေးအကြီးဆုံးအပိုင်း သို့မဟုတ် အသိသာဆုံးကွာဟမှုမှာ မဟာမှော်ပညာရှင်များတွင် နေရာလွတ်မှော်စွမ်းအားရှိပြီး သာမန်မှော်ပညာရှင်များတွင် မရှိချေ။

ထိုအထက်ရှိ မဟာမှော်ပညာရှင်များနှင့် ကျွမ်းကျင်ဘုန်းတော်ကြီးများကြားတွင်လည်း သိသာသော ကွာဟမှုတစ်ခုရှိပြီး ဤကွာဟမှုသည်လည်း နေရာလွတ်မှော်စွမ်းအား၌သာ ဖြစ်တည်နေသည်။

သာမန်မဟာမှော်ပညာရှင်များသည် နေရာလွတ်မှော်စွမ်းအားကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်အသုံးပြုနိုင်သော်လည်း ၎င်းက မဟာမှော်ပညာရှင်အများစု အသုံးပြုသည့် နေရာရွှေ့ပြောင်းရေးမန္တန်မျှသာဖြစ်ပြီး နေရာလွတ်ကို အမှန်တကယ်ထိန်းချုပ်ခြင်းနှင့် မယှဉ်နိုင်ပေ။

လူတစ်ယောက်သည် စွမ်းအားကြီးသော ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးဖြစ်လာချိန်မှသာလျှင် နေရာလွတ်နှင့် မှော်နေရာလွတ်ကိုထိန်းချုပ်ရန် သူတို့၏မှော်စွမ်းအင်ရင်းမြစ်ကို အသုံးချနိုင်လာပြီး ၎င်းက သူတို့အား မှော်နေရာလွတ်ကို စိတ်တိုင်းကျထိန်းချုပ်စေကာ သူတို့၏ ကိုယ်ပိုင်မှော်နေရာလွတ်ကိုပင် ဖန်တီးနိုင်စေပေလိမ့်မည်။

ဤမှော်နေရာလွတ်ကို မှော်ပညာရှင်အများစုက ပိုင်နက်တစ်ခုဟုခေါ်ပြီး ထိုပိုင်နက်ကို ကျွမ်းကျင်ဘုန်းတော်ကြီးများကသာ ပိုင်ဆိုင်၏။

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာက သူထွက်မလာခင်နှင့် ထွက်လာပြီးနောက်တွင် ရှုယီအပေါ် စွမ်းအားတစ်မျိုးအား နှစ်ကြိမ်သုံးခဲ့သည်။ သူက သူတို့ပတ်ပတ်လည်ရှိ မှော်စွမ်းအင်ရင်းမြစ်ကို ရပ်တန့်စေလိုက်သည်။ သို့ဖြစ်၍ ရှုယီက ၎င်းကို မထိန်းချုပ်နိုင်တော့သလို မန္တန်များလည်း သုံး‌နိုင်တော့မည်မဟုတ်သော်လည်း ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာကမူ လုပ်နိုင်သေး၏။ အဘယ့်ကြောင့်ဆိုသော် သူက ထိုမှော်နေရာလွတ်ကို သူ၏ပိုင်နက်အဖြစ် ပြောင်းလိုက်သောကြောင့်ပင်။

သို့သော် နှစ်ကြိမ်လုံး ရှုယီ၏ အလွယ်တကူရှင်းပစ်ခံလိုက်ရခြင်းက ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ကို အတော်လေး သံသယဖြစ်သွားစေသည်။

ဤတစ်ကြိမ် သူ၏တိုက်ခိုက်မှုက ထင်းလင်းမြင်သာသော်လည်း ၎င်းသည် မှော်စွမ်းအားအမြောက်အများ စုစည်းထားပြီး သူ၏ပိုင်နက်ထဲရှိ မှော်နေရာလွတ်ထဲမှ မှော်စွမ်းအားအကုန်လုံးကို ထည့်သွင်းထားသော စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခုဖြစ်၏။

ဤသို့သောတိုက်ခိုက်မှုမျိုးသည် နေရာလွတ်မှော်ပညာကို လုံလုံလောက်လောက်နားလည်မှုမရှိသော မှော်ပညာရှင်များအတွက် တားဆီးရန်မဖြစ်နိုင်ပေ။

ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်အောက်ရှိ မှော်ပညာရှင်များအတွက်မူ ဤတိုက်ခိုက်မှုကို မတားဆီးနိုင်ဘဲ ရှောင်တိမ်းရုံသာ တတ်နိုင်သည်ဟုပင် ဆိုနိုင်၏။

သို့သော် ပတ်ပတ်လည်မှော်နေရာလွတ်မှာ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ၏ ပိုင်နက်ထဲသို့ စုစည်းခံထားရသောကြောင့် အဆင့်ပိုနိမ့်သော မှော်ပညာရှင်များအတွက် လုံးဝ လွတ်လမ်းမရှိပေ။

ထို့ကြောင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ သည် ဤမှော်စွမ်းအားကို အသုံးပြုထားကတည်းက ရှုယီအတွက် ရှောင်တိမ်းခြင်းမဟုတ်လျှင် အသက်သေခြင်းမှလွဲ၍ အခြားဖြစ်နိုင်ချေမရှိဟု တွက်ဆထားသည်။

သို့သော် ရှုယီက ၎င်းကို မရှောင်သည့်အပြင် တားပင်တားနိုင်လိမ့်မည်ဟု သူလုံးဝထင်မထားချေ။

ရှုယီက ဘာမှမဖြစ်သွားသကဲ့သို့ မျက်နှာထက်တွင် အပြုံးနှင့် ရပ်နေသည်ကိုကြည့်ကာ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ အကြီးအကျယ် မတုန်လှုပ်မိဘဲ မနေနိုင်ချေ။

ဤရှုယီဆိုသောလူ အမှန်တကယ်ပင် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦး ဖြစ်နေပြီလော။

သူသာ ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးမဟုတ်လျှင် စောစောက သူ၏တိုက်ခိုက်မှုကို တားဆီးနိုင်မည်မဟုတ်ပေ။

ဒါပေမယ့်…… ရှုယီက ဒီနှစ်မှ လေးဆယ်ထဲ ဝင်ရုံရှိသေးတာမဟုတ်လား။

မှော်ပညာရှင်များအတွက် လေးဆယ်ဝင်ခါစ၌ မဟာမှော်ပညာရှင်တစ်ဦးဖြစ်လာရန်မှာ တစ်သောင်းတွင် တစ်ယောက်မရှိပေ။ ဤအရာကပင် တုန်လှုပ်ဖွယ် ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်ပြီဖြစ်သည်။

သို့သော် ရှုယီသည် လွန်ခဲ့သောဆယ်နှစ် အသက်သုံးဆယ်ပြည့်ခါစ၌ မဟာမှော်ပညာရှင်တစ်ဦးဖြစ်လာခဲ့ပြီး ယခု... သူက အမှန်တကယ်ပင် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦး ဖြစ်လာသည်။

စိုင်စ်နယ်မြေသမိုင်းတစ်လျှောက်တွင် အသက်လေးဆယ်အရွယ် ကျွမ်းကျင်ဘုန်းတော်ကြီးဟူ၍ မရှိခဲ့ဖူးချေ။

စိုင်စ်နယ်မြေ၏သမိုင်း၌ အထူးချွန်ဆုံး မှော်ပညာရှင်၊ လူသားမှော်ပညာရှင်များ၏ ဂုဏ်ကျက်သရေဟုခေါ်သော သမိုင်းတစ်လျှောက် အနည်းငယ်သာရှိသည့် အဆင့်မြင့်ဘုန်းတော်ကြီးများထဲမှ တစ်ဦးဖြစ်သူ ကျွမ်းကျင်ဘုန်းတော်ကြီး ခိုလာသည်ပင် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးဖြစ်လာချိန်တွင် အသက်ငါးဆယ်သုံးနှစ် ရှိနေပြီဖြစ်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ၏ရင်ထဲတွင် ရုတ်တရက် နောင်တရသည့်အရိပ်အယောင် ခံစားလိုက်ရသည်။

ရှုယီ၏ တုန်လှုပ်ဖွယ်မှော်ပညာပါရမီနှင့်ဆိုလျှင် မှော်လမ်းစဉ်ကို ဆက်လျှောက်နေသရွေ့ သိပ်မကြာခင်နှစ်များအတွင်း လူသားများအတွက် မှော်စွမ်းအားကန့်သတ်ချက်များကိုပင် ထိုးဖောက်ကျော်လွှားနိုင်လောက်သည်။ သူက စိုင်စ်နယ်မြေပေါ်တွင် ဒဏ္ဍာရီအသစ်တစ်ခုဖန်တီးပြီး သမိုင်းထဲ၌ သူ့အမှတ်လက္ခဏာချန်ရစ်မည့် အဆင့်မြင့်ဘုန်းတော်ကြီးအသစ်တစ်ဦး ဖြစ်လာပေလိမ့်မည်။

ဤကိစ္စက စိုင်စ်နယ်မြေပေါ်ရှိ မှော်ပညာရှင်များအားလုံးအတွက် အလွန်စိတ်အားတက်ကြွစေပြီး လှုံ့ဆော်ပေးနိုင်သော ကိစ္စရပ်တစ်ခု ဖြစ်လာပေမည်။ အဘယ့်ကြောင့်ဆိုသော် ဤအချင်းအရာက လူသားမှော်ပညာရှင်များသည် လူအများအပြားပြောနေကြသကဲ့သို့ အဆင့်အတန်းနိမ့်သွားခြင်းမရှိဘဲ လူတိုင်းလေးစားရသည့် မှော်ပညာနတ်ဘုရားတစ်ပါးအဖြစ် ထိပ်ဆုံးတွင်ထိုင်နိုင်သော အဆင့်မြင့်ဘုန်းတော်ကြီးတစ်ဦး ဖြစ်လာနိုင်သေးသည့် အဓိပ္ပာယ်ပင်။

သို့သော် ဗိုလ်ချုပ်မှူးကြီး ဆူမန် ၏ မှုန်မှိုင်းနေသော အမူအရာကို လှည့်ကြည့်ပြီးနောက် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ပြန်တည်ငြိမ်သွားသည်။

ရှုယီ၏ တုန်လှုပ်ဖွယ်မှော်ပညာစွမ်းရည်က ဤနယ်မြေပေါ်ရှိ မှော်ပညာရှင်အားလုံးအတွက် သတင်းကောင်းဖြစ်သော်လည်း သူက အဆုံးတွင် ကန်ဒရာအင်ပါယာ၏ ရန်သူဖြစ်နေဆဲပင်။

ကန်ဒရာအင်ပါယာ၏ လူတစ်ဦးနှင့် ကန်ဒရာအင်ပါယာမှ မြေတောင်မြှောက်ပေးထားသည့် လူတိုင်းလေးစားရသော ကျွမ်းကျင်ဘုန်းတော်ကြီးအနည်းငယ်ထဲမှ တစ်ဦးအနေဖြင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ သည် မှော်ပညာရှင်အစည်းအရုံး၏ စည်းမျဉ်းများကို လိုက်နာချင်လျှင်တောင် ကန်ဒရာအင်ပါယာ၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

ထို့ပြင် သူက ကန်ဒရာအင်ပါယာစစ်တပ်နှင့် သဘောတူညီချက်တစ်ခု လက်မှတ်ထိုးကာ သူတို့နှင့်ပူးပေါင်းထားသော ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးထဲမှ တစ်ဦးလည်း ဖြစ်နေလေပြီ။ ဤတစ်ကြိမ်တွင် ဗိုလ်ချုပ်မှူးကြီး ဆူမန် က ဤစစ်ဆင်ရေးကို ကိုယ်တိုင်အစီအစဉ်ဆွဲကာ ညွှန်ကြားထားပြီး ပြီးခဲ့သောနှစ်များအတွင်း အဆင့်အမြင့်ဆုံးဟုပင် သတ်မှတ်ထားသောကြောင့် ရှုံးနိမ့်မှုကို လက်သင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် သူက ရှုယီ၏စွမ်းရည်ကြောင့် အံ့ဩမိလျှင်တောင် ရှုယီကိုသတ်မည့်အစီအစဉ်ကို လက်မလျှော့နိုင်ချေ။

ထို့ပြင် ရှုယီထုတ်သုံးသော စွမ်းရည်က ပိုကြီးလေလေ ဤတာဝန်က ပိုခက်‌လေလေဖြစ်သည်။

“ဗိုလ်ချုပ်မှူးကြီး အိုဖာလျန် လည်း လှုပ်ရှားမှရတော့မယ်” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က သက်ပြင်းချကာ ဗိုလ်ချုပ်မှူးကြီး ဆူမန် ထံ လှည့်ပြောလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး ဆူမန် အံ့ဩသွား၏။ “ဘာ မင်းတစ်ယောက်တည်း မရှင်းနိုင်ဘူးလား”

“ကျုပ်ဝန်မခံချင်ပေမယ့်…… အမှန်ပဲ ဒါကိုလုပ်ဖို့ ကျုပ် အပြည့်အဝယုံကြည်ချက်မရှိဘူး။ ဘာလို့လဲဆိုတော့ ဒီရှုယီဆိုတဲ့ကောင်က….. ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက် ဖြစ်နေပြီ” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က နက်ရှိုင်းသော အသံဖြင့် ပြောလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး ဆူမန် က ရှုယီကို အံ့ဩသော အမူအရာနှင့် ကြည့်လိုက်သည်။

စောစောက ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ အော်ပြောလိုက်ခြင်းကို ကြားသော်လည်း သူ မယုံကြည်နိုင်ဖြစ်နေခဲ့သေးသည်။

ယခု ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က အတည်ပြုလိုက်သောကြောင့် သူယုံရပေတော့မည်။

ရှုယီက ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ပါး ဖြစ်နေပြီ! ဤအချင်းအရာက သူ့ကို အလွန်အံ့အားသင့်စေပြီး လူတိုင်းအတွက်လည်း အလွန်အံ့ဩစရာ ဖြစ်ပေလိမ့်မည်။

“ဒီကောင် သူက တကယ်ကို ခိုင်လုံမှုမရှိဆုံးအကြောင်းအရာတစ်ခုပဲ” ဗိုလ်ချုပ်မှူးကြီး ဆူမန် က နှာမှုတ်ပြီး လက်တစ်ဖက်မြှောက်ကာ အချက်ပြမီးတစ်ခု စေလွှတ်လိုက်သည်။

ရှုယီက ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ၏ စွမ်းအားကုန်ထုတ်သုံးထားသော တိုက်ခိုက်မှုကို အနီးကပ်တားဆီးလိုက်သော်လည်း များစွာအခြေအနေကောင်းနေသည်တော့ မဟုတ်ပေ။

ထိုသာမန်တိုက်ခိုက်မှုလေးကပင် သူ့မှော်စွမ်းအား၏ တစ်ဝက်နီးပါး ကုန်ဆုံးသွားစေသည်။

သို့ဖြစ်၍ သူ့အနေဖြင့် ပြီးခဲ့သောနှစ်ကုန်က ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်လာခဲ့လျှင်တောင် ဤနေရာတွင်နေကာ လွန်ခဲ့သောနှစ်နှစ်ဆယ်က ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်ခဲ့သော ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ကို ရင်ဆိုင်ရန် မဖြစ်နိုင်မှန်း သူသိသည်။

ထို့ပြင် ဤနေရာက ရန်သူ၏နယ်မြေဖြစ်သောကြောင့် သူဆက်မနေနိုင်ပေ။

ထို့ကြောင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ အံ့ဩနေစဉ် သူက ထွက်ပြေးရန် နည်းလမ်းရှာလိုက်သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး ဆူမန် က ဤအတွက် အပြည့်အဝပြင်ဆင်ထားပြီးဖြစ်ကာ စံအိမ်ထဲ၌ မှော်အတားအဆီးပေါင်းများစွာ ချထား၏။ သူတို့ကို သူ စံအိမ်ထဲဝင်လာပြီးနောက် အသက်သွင်းထားခဲ့ပြီး သူက နေရာလွတ်မှော်စွမ်းအားသုံး၍ ထွက်မပြေးနိုင်တော့ပေ။

ထို့ပြင် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ကလည်း သူ့ကို စောင့်ကြည့်နေသေးသည်။ ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ပါး၏ စောင့်ကြည့်မှု‌အောက်တွင် သူ့အတွက် ထွက်ပြေးရန် မလွယ်ကူပေ။

သူ မျက်မှောင်ကြုတ်၍ စဉ်းစားနေစဉ် သူ့ပတ်ပတ်လည်ရှိ မှော်နေရာလွတ်က ရုတ်တရက် ပြောင်းလဲသွားသည်။

မှော်နေရာလွတ်၏ မှော်စွမ်းအင်ရင်းမြစ်သည် ပြင်ပအင်အားများ၏ ရိုက်ခတ်ခြင်းမခံရချိန်တွင် ပုံမှန်လည်ပတ်ကာ တစ်ခုနှင့်တစ်ခု ဖြည်းညင်းစွာ တုံ့ပြန်နေတတ်၏။

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က သူ၏ပိုင်နက်နှင့် ဝင်ရောက်နှောက်ယှက်လိုက်ခြင်းက ရှုယီ၏ပတ်ပတ်လည်ရှိ မှော်နေရာလွတ်ကို ရပ်တန့်သွားစေပြီး ၎င်းကို စွမ်းအားကြီးသော ပြင်ပအင်အားတစ်ခုဟု ဆိုနိုင်သည်။

ယခု ရှုယီ၏ပတ်ပတ်လည်ရှိ မှော်နေရာလွတ်က ထပ်မံပြောင်းလဲလာပြန်သည်။ သို့သော် ဤတစ််ကြိမ်တွင် သူ့ပတ်ပတ်လည်ရှိ မှော်စွမ်းအင်ရင်းမြစ်က အရှိန်မြန်မြန်ဖြင့် အရူးအမူး လှည့်ပတ်နေကြ၏။

မှော်စွမ်းအင်ရင်းမြစ်မတည်ငြိမ်ခြင်းသည် ရှုယီ၏ အနီးတစ်ဝိုက်ရှိ မှော်နေရာလွတ်က မတည်ငြိမ်သည့် အဓိပ္ပာယ်ပင်။

ရှုယီ၏ ပတ်ပတ်လည်တွင် မီးတောက်တစ်စ၊ ရေမြားတစ်စင်း၊ ပေါလောမျောနေသော ကျောက်တုံးတစ်တုံး၊ မိုးကြိုးသွားတစ်ခု.... စသဖြင့် မန္တန်အမျိုးမျိုး ပေါ်ပေါက်လာ၏။

သို့သော် ရှုယီကို ခြိမ်းခြောက်စေနိုင်သည့် တစ်ခုတည်းသောအရာမှာ မှော်စွမ်းအင်ရင်းမြစ် မငြိမ်မသက်ဖြစ်ပြီး ပတ်ပတ်လည်ရှိ မှော်နေရာလွတ်ကို မတည်မငြိမ်ဖြစ်လာစေခြင်းပင်။

ထိုအတွက်ကြောင့် ဤနေရာလွတ်ထဲတွင် မတည်ငြိမ်သော နေရာလွတ်အက်ကွဲကြောင်းများ ရံဖန်ရံခါ ပေါ်လာပေလိမ့်မည်။

လူတစ်ယောက်က ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါက ထိုနေရာလွတ်အက်ကွဲကြောင်းများ ပျံထွက်လာကာ ထိုသူ၏ခန္ဓာကိုယ်ကို ထက်ပိုင်းပိုင်းပစ်မည်ဖြစ်သည်။

သို့သော် ဤအရာက အံ့ဩဖွယ်အကောင်းဆုံး မဟုတ်သေးပေ။

ရှုယီကို အကြီးမားဆုံးအံ့ဩမှု ဖြစ်သွားစေပြီး ပိုပြီး သတိကြီးကြီးထားလာစေသည့်အရာမှာ ဤဖြစ်ရပ်ပေါ်လာခြင်းက ဗိုလ်ချုပ်မှူးကြီး ဆူမန် သည် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ အပြင် နောက်ထပ်ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦး ပြင်ဆင်ထားသေးသည့် အဓိပ္ပာယ်ပင်။

“ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ယောက် တစ်ပြိုင်နက်တည်း ပို့လိုက်တယ်။ ခင်ဗျားက ကျုပ်ကို တကယ်သေစေချင်နေတာပဲ……”

ရှုယီ အသက်ပြင်းပြင်းရှူကာ ဤအရာက သူကြုံဖူးသမျှတွင် အကြီးမားဆုံး အကြပ်အတည်းဖြစ်ကြောင်း သိလိုက်သည်။

ယခု သူ့တွင် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦး၏ စွမ်းအားရှိနေသောကြောင့် သူ၏ နေရာလွတ်မှော်စွမ်းအားအပေါ် နားလည်မှုက သာမန်မှော်ပညာရှင်များထက် ကျော်လွန်နေပြီဖြစ်၍သာ တော်သေးသည်။

ပတ်ပတ်လည်နေရာလွတ်က ဖရိုဖရဲဖြစ်နေသော်လည်း သူက ထိတ်လန့်ခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့် သူ၏မှော်စွမ်းအားအကုန်လုံးကို စုစည်းကာ သူ့ပတ်ပတ်လည်ရှိ မှော်စွမ်းအင်ရင်းမြစ်ပေါ်တွင်လည်း အင်အားစတင်သုံးလိုက်သည်။

ဤအချိန်တွင် သူတို့က မှော်နေရာလွတ်အပေါ် ထိန်းချုပ်မှုနှင့်ပတ်သတ်၍ ယှဉ်ပြိုင်နေကြပြီဖြစ်သည်။ ၎င်းက ပိုင်နက်ယှဉ်ပြိုင်မှုတစ်ခုလည်း ဖြစ်၏။

အခြေခံအသိအရ ဗိုလ်ချုပ်မှူးကြီး ဆူမန် ခေါ်လာသော ကျွမ်းကျင်ဘုန်းတော်ကြီးသည် ကန်ဒရာအင်ပါယာ၏ ကျွမ်းကျင်ဘုန်းတော်ကြီးကိုးဦးထဲမှ တစ်ဦး ဖြစ်ရပေမည်။ သူတို့ထဲမှ အငယ်ဆုံးပင် ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်နေသည်မှာ ဆယ့်သုံးနှစ်ရှိနေပြီဖြစ်သည်။

ဤသည်နှင့်ယှဉ်လျှင် မနှစ်ကမှ အဆင့်တက်ထားသော ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးဖြစ်သည့် ရှုယီမှာ သူ့ပိုင်နက်ဖြစ်နေလျှင်တောင် သူတို့ကို ယှဉ်နိုင်မည်မဟုတ်ပေ။

သို့သော် သူတို့ယှဉ်ပြိုင်နေကြစဉ် ရှုယီ၏ပတ်ပတ်လည်ရှိ မှော်နေရာလွတ်က တည်ငြိမ်လာပြီး သိပ်မကြာမီ အရာအားလုံး ပျောက်ကွယ်သွားသည်။

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ဘေးတွင် အနက်ရောင်ဝဲဂယက်တစ်ခု ပေါ်လာပြီး သက်ပြင်းရှိုက်သံနှင့်အတူ လူတစ်ယောက်ထွက်လာသည်။

“ရှုယီ မင်း ဘာလို့များ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌဖြစ်လာရတာလဲ……”

***

မှော်စက်မှုအင်ပါယာ Volume 7 အပိုင်း ၈၈။

“ကျွမ်းကျင်ဘုန်းတော်ကြီး ကမ်မီလာလည်း ကျုပ်ကို အဲ့လို မကြာခဏပြောဖူးတယ်။ ဒါပေမယ့် ခင်ဗျားလည်း အဲ့လိုခံစားရမယ်လို့ ထင်မထားဘူး။ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်”

ရှုယီကလည်း ထိုလူကိုမြင်ချိန်တွင် တူညီသောအပြုံး ဖြစ်ပေါ်လာ၏။ သို့သော် သူ့ရင်ထဲတွင် ပို၍ပင် ဖိစီးသွားသည်။

ကျွမ်းကျင်ဘုန်းတော်ကြီး နောက်တစ်ဦးပင်။

ထို့ပြင် ၎င်းက ကန်ဒရာအင်ပါယာ၏ ကျွမ်းကျင်ဘုန်းတော်ကြီးကိုးဦးတွင် စွမ်းအားအကြီးဆုံးဟု ယူဆနိုင်သော ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ဖြစ်သည်။

ကန်ဒရာအင်ပါယာက ဤတစ်ကြိမ် ရှိသမျှအကုန်ပုံအောထားသည်ဟု ဆိုရပေမည်။ သူတို့က စိုင်စ်နယ်မြေတွင် အားအကောင်းဆုံးဟုဆိုနိုင်သော စွမ်းအားကြီး ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးကို ထုတ်သုံးထားပြီး ရှုယီကို လုံးဝ လွတ်မြောက်ခွင့်မပေးလိုကြောင်း ပြသနေသည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် သည် အသက်ရှစ်ဆယ့်ခုနစ်နှစ် ရှိပြီဖြစ်သော်လည်း ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ထက်ပင် ပိုငယ်ပုံပေါ်နေ၏။ သူက အသက်ငါးဆယ်ပတ်ဝန်းကျင်ဟု ဆိုလျှင်ပင် လူများက ယုံကြပေလိမ့်မည်။

ရှုယီ၏တုံ့ပြန်စကားကို ကြားပြီးနောက် သူက ရှုယီအား နက်နက်ရှိုင်းရှိုင်းကြည့်ကာ သက်ပြင်းချလိုက်ပြန်သည်။ “ဥက္ကဌရှု မင်း အခု မှော်ကတိတစ်ခုပေးလိုက်။ Frestech ကုန်သည်ကြီးများအသင်းကို ဖျက်သိမ်းပြီး အသင်းရဲ့ပိုင်ဆိုင်မှုတွေကို လေလံတင်မယ်၊ နောက်ပြီး စက်ဘက်သုံးမှော်စက်ပစ္စည်းစက်ရုံဆီ ထပ်ခြေမချတော့ဘူးလို့ ကြေညာဖို့ဆန္ဒရှိမယ်ဆိုရင် လာဒူကာ နဲ့ ငါက မင်းကို အသက်အန္တရာယ်မပြုဘူးလို့ အာမခံနိုင်တယ်။ ဘယ်လိုလဲ”

“ခင်ဗျားနဲ့ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ရဲ့ ကျုပ်ရဲ့မှော်စွမ်းရည်အပေါ် တန်ဖိုးထားမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမယ့်…. အရှင် အိုဖာလျန် ခင်ဗျားသိလား။ ကျုပ်ကိုယ်ကျုပ် သူများတွေနဲ့မိတ်ဆက်တိုင်း ကျုပ်ဟာ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌနဲ့ ကုန်သည်တစ်ယောက်ပါဆိုတာကို အမြဲအဓိကထားပြောခဲ့တယ်။ မှော်ပညာရှင်တစ်ယောက်ဆိုတဲ့အဆင့်အတန်းက ကျုပ်အတွက်တော့ သာမညပဲ” ရှုယီက အပြုံးရေးရေးဖြင့် ပြန်ပြောသည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ရှုယီကိုကြည့်ရင်း အတန်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းရှည်ကြီးချကာ ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။

“ကောင်းပြီ ငါနားလည်ပြီ။ တကယ်‌တော့ ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက် ဖြစ်လာနိုင်တဲ့ လူတွေအကုန်လုံးက ခေါင်းမာပြီး အလွယ်တကူ ဆွဲဆောင်သိမ်းသွင်းနိုင်တဲ့သူတွေမဟုတ်တော့ မင်း ဒီလိုဖြေမယ်ဆိုတာ ငါသိပြီးသားပါ။ ဒါပေမယ့် ငါကတော့ နှမျောနေတုန်းပဲ။ ဥက္ကဌရှု မင်းထုတ်ပြလိုက်တဲ့ စွမ်းရည်နဲ့ဆိုရင် မှော်ပညာကို အာရုံစိုက်လေ့လာလိုက်တာနဲ့ မင်းက နှစ်ပေါင်းရာချီအတွင်း အဆင့်မြင့်ဘုန်းတော်ကြီးတစ်ယောက်ဖြစ်လာမယ့် ပထမဆုံးမှော်ပညာရှင် ဖြစ်လာလောက်တယ်”

“ကျွမ်းကျင်ဘုန်းတော်ကြီးကမ်မီလာလည်း ကျုပ်ကို ဒီလို ခဏခဏပြောဖူးပါတယ် ဒါပေမယ့်….. ကျုပ်ဂရုမစိုက်ဘူး” ရှုယီက ပခုံးတွန့်ကာ အေးအေးဆေးဆေး အမူအရာနှင့် ပြောသည်။ “ကျုပ်ပြောပြီးသားလေ။ မှော်ပညာရှင်ဆိုတဲ့ဘွဲ့နဲ့ယှဉ်ရင် ကုန်သည်တစ်ယောက်ဆိုတဲ့ ဘွဲ့ကို ပိုဂရုစိုက်တယ်လို့။ Frestech ကုန်သည်ကြီးများအသင်းဟာ ကျုပ်ရဲ့စိတ်ကူးအကြံဉာဏ်တွေကို ကိုယ်စားပြုတယ်။ ဘာပဲဖြစ်လာလာ ကျုပ် သူတို့ကို လက်လွှတ်မှာမဟုတ်ဘူး”

“ဒါပေမယ့် မင်းသာ အခု အဆင့်မြင့်ဘုန်းတော်ကြီးဖြစ်နေရင် ငါတို့နှစ်ယောက်….. မဟုတ်ဘူး ကန်ဒရာအင်ပါယာက ကျွမ်းကျင်ဘုန်းကြီးကိုးယောက်ပေါင်းရင်တောင် မင်းရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး။ နားလည်ရဲ့လား” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ရုတ်တရက် ရှူးရှူးရှားရှားဖြစ်လာသည်။

“ကျုပ်နားမလည်တာ စိတ်မကောင်းစရာပဲ” ရှုယီက ပြုံးလိုက်သည်။ “ဒီတော့….. ခင်ဗျားတို့ ကြီးမြတ်လှတဲ့ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ယောက် ကျုပ်ကို စကားလုံးတွေနဲ့ ဆွဲဆောင်မနေသင့်တော့ဘူး။ အဲ့ဒါက ဘာအကျိုးမှရှိလာမှာမဟုတ်ဘူး”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ဖြည်းညင်းစွာ ခေါင်းတစ်ချက်ငြိမ့်ပြီး ခေါင်းမော့လိုက်သည်။

စောစောက တည်ငြိမ်နေသော မှော်နေရာလွတ်သည် တစ်ဖန်ပြန်၍ ဝရုန်းသုန်းကားဖြစ်လာပြီး အဆုံးမရှိသော မှော်စွမ်းအင်ရင်းမြစ်က ဤနေရာလွတ်ထဲတွင် ရှေ့တိုးနောက်ဆုတ် ရွေ့လျားနေ၏။ ယခုလေးတင် ဖျက်ဆီးခံထားရသော မီတာရာချီသည့် နယ်နိမိတ်က ငရဲဘုံပြန်ဖြစ်သွားသည်။

ဘေးမှ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ကလည်း လှုပ်ရှားလိုက်သည်။ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ထိန်းချုပ်ထားသော မှော်နေရာလွတ်နှင့် လုံးလုံးလျားလျား ဆန့်ကျင်စွာပင် မှော်နေရာလွတ်က ရပ်တန့်ကာ တစပြင်ပမာ တိတ်ဆိတ်ငြိမ်သက်သွားခြင်းက အတော်လေးထူးဆန်းလှသည်။

ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်အောက်ရှိ မှော်ပညာရှင်များသည် တစ်ယောက်ကိုတစ်ယောက်တိုက်ခိုက်ရန် သူတို့၏မန္တန်များအပေါ် မှီခိုကြသော်လည်း ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်သို့ရောက်သည်နှင့် အနိုင်ရသူကို ဆုံးဖြတ်ပေးမည့်အရာမှာ သူတို့၏ ပိုင်နက်များနှင့်ပတ်သတ်ပြီး နားလည်မှုဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ပိုင်နက်များကို ထိန်းချုပ်နိုင်သော မှော်ပညာရှင်တစ်ဦးအတွက် မှော်ပညာသည် မှော်စွမ်းအင်ရင်းမြစ်ကို ထိန်းချုပ်မှုသာဖြစ်ပြီး မည်သည့်အဓိပ္ပာယ်မျှ မရှိသောကြောင့်ပင်။

သူတို့၏ပိုင်နက်နှင့် မှော်နေရာလွတ်ကို ထိန်းချုပ်နိုင်သရွေ့ မည်သည့်မန္တန်ကိုမဆို အလွယ်တကူရှင်းပစ်နိုင်သည်။

ထို့ကြောင့် ကျွမ်းကျင်ဘုန်းတော်ကြီးများကြားမှ တိုက်ပွဲတစ်ခုသည် အဆင့်နိမ့်မှော်ပညာရှင်များကဲ့သို့ မည်သည့်မျက်စိနောက်စရာ မန္တန်မှမပါသောကြောင့် ပိုရိုးရှင်းပြီး တိုက်ပွဲဖြစ်စဉ်တစ်ခုလုံးက ပျင်းစရာကောင်းသကဲ့သို့ ထင်ရ၏။

သို့သော် ဤပျင်းစရာကောင်းပုံပေါ်သော ပုံပန်းသွင်ပြင်အောက်တွင် သာမန်လူများ မမှန်းဆနိုင်သော အန္တရာယ်တစ်ခုရှိ‌ပေသည်။

မှော်နေရာလွတ်က အခြားကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦး၏ ထိန်းချုပ်ခြင်းခံလိုက်ရသည်နှင့် ဤနေရာလွတ်ထဲရှိ မှော်စွမ်းအင်ရင်းမြစ်အားလုံးကို တစ်ဖက်က ထိန်းချုပ်နိုင်သွားပြီး အချိန်မရွေး အပိုင်းပိုင်းစုတ်ဖြဲပစ်နိုင်သည့် အဓိပ္ပာယ်ပင်။

ထို့ကြောင့် ၎င်းက ကျွမ်းကျင်ဘုန်းတော်ကြီးများကြားမှ တိုက်ပွဲတစ်ပွဲတွင် အဆုံးစွန်သော အန္တရာယ်တစ်ခုဖြစ်သည်။

ပြီးလျှင် ရှုယီက လောလောဆယ် ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရ၏။

ဤသည်က ရှုယီအတွက် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးကို ပထမဆုံးရင်ဆိုင်ဖူးခြင်းမဟုတ်ပေ။

လွန်ခဲ့သော ကိုးနှစ်က မာနာ မှော်တိုင်းပြည်မှ စေလွှတ်လိုက်သော ကျွမ်းကျင်ဘုန်းတော်ကြီး လီဗင်ဟက်စ်ကို နှင့် ရှုယီ ရင်ဆိုင်ခဲ့ဖူးပြီးသားဖြစ်သည်။

သို့သော် ရှုယီက မဟာမှော်ပညာရှင်အဖြစ်သာ ရှိသေးသောကြောင့် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးအား မည်သို့ထိပ်တိုက်ရင်ဆိုင်ရမည်မှန်း မသိခဲ့ချေ။

ထိုထိပ်တိုက်တွေ့မှုသည် ကျွမ်းကျင်ဘုန်းတော်ကြီး လီဗင်ဟက်စ်ကို အား ချထားသော ထောင်ချောက်ထဲသို့ မျှားခေါ်ခြင်းထက် မပိုခဲ့ပေ။

ထို့နောက် ကျွမ်းကျင်ဘိုးတော်ကြီး လီဗင်ဟက်စ်ကို မှာ နှစ်ပေါင်းသိန်းချီကြာအောင် မှော်စွမ်းအားများစုစည်းထားသည့် အထူးစွမ်းအားမြင့် မှော်ဗုံးဖြင့် ထိမှန်ပြီး သေဆုံးသွားခဲ့သည်။ ၎င်းက ရှုယီနှင့် လုံးဝ မသက်ဆိုင်ပေ။

အစမှ အဆုံးထိ ရှုယီမှာ သူကိုယ်တိုင်ပင် မလှုပ်ရှားလိုက်ရချေ။

သို့သော် ယခု သူက Frestech ကုန်သည်ကြီးများအသင်း၌ မဟုတ်ပေ။ ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးအတွက် ထောင်ချောက်တစ်ခု မရှိရုံတင်သာမက ရှုယီကိုယ်တိုင်ပင် ထောင်ချောက်ထဲကျကာ အကြာကြီးကတည်းက အဆင့်တက်ထားသော ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံနေရသည်။

မည်သည့်မှော်ပညာရှင်အတွက်မဆို ဤသည်က သေချာပေါက် သေပန်းပွင့်ခြင်းပင်။

ရှုယီက အဆင့်တက်ကာ ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးဖြစ်နေလျှင်တောင် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိပေ။

ဗိုလ်ချုပ်မှူးကြီး ဆူမန် က ဘေးလွတ်ရာ အကွာအဝေးသို့ပင် ဆုတ်နေပြီးသားဖြစ်ပြီး ရှုယီကို မျက်မှောင်ကြုတ်လျှက် ကြည့်နေ၏။

အင်ပါယာထဲရှိ ရေမတွက်နိုင်သော တိုင်းသူပြည်သားများက Frestech ကုန်သည်ကြီးများအသင်း၏ ခြိမ်းခြောက်မှုကြောင့် ခေါင်းကိုက်နေရပြီး သူတို့ မည်သို့လုပ်ရမည်မှန်း မသိကြသည့်အချိန်တွင် သူတစ်ယောက်တည်းကသာလျှင် ဤပြဿနာကိုဖြေရှင်းနိုင်မည့် သော့ချက်ကို သိခဲ့သည်။

အမှန်ပင် ထိုသော့ချက်မှာ ရှုယီဖြစ်ပေသည်။

Frestech ကုန်သည်ကြီးများအသင်းက ကန်ဒရာအင်ပါယာပင် ဖြေရှင်းရန်ခက်ခဲသော ဧရာမအဖွဲ့အစည်းကြီးဖြစ်နေပြီဟု လူအများက ခံစားရသော်လည်း လူမြင်ကွင်းရှေ့တွင် ထွက်ပေါ်ခြင်း ပိုပိုနည်းလာသော ဤFrestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုယီက သံသယဖြစ်စရာမလိုသော အသင်း၏ဗဟိုချက်မှန်း ဗိုလ်ချုပ်မှူးကြီး ဆူမန် သိခဲ့သည်။

စိုင်စ်နယ်မြေပေါ်ရှိ အခြားကုမ္ပဏီတစ်ခုခုအတွက် ဥက္ကဌ၏သေဆုံးမှုသည် ၎င်းအပေါ် သက်ရောက်မှုရှိနိုင်သော်လည်း ထိုမျှကြီးကြီးမားမားမဟုတ်ပေ။ အချိန်အများစုတွင် သူတို့က ဥက္ကဌပြောင်းလိုက်ရုံသာဖြစ်သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းအတွက် ရှုယီသည် ဥက္ကဌဆိုသည်ထက် သူတို့၏ ဝိဉာဉ်နှင့် ကျောရိုးဖြစ်၏။

ရှုယီသေသည်နှင့် Frestech ကုန်သည်ကြီးများအသင်းလည်း ခေါင်းဆောင်မဲ့သွားပြီး တစ်စစီပြိုကွဲကာ ပြန်လည်စုစည်းနိုင်တော့မည်မဟုတ်ဟု ဗိုလ်ချုပ်မှူးကြီး ဆူမန် သေချာပေါက်သိသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ဤပုံစံက ကန်ဒရာအင်ပါယာအတွက် များစွာဖြေရှင်းရလွယ်သွားပေမည်။

ထို့ကြောင့် ဤတစ်ကြိမ် ကန်ဒရာအင်ပါယာ၌ လျှို့ဝှက်ပြင်ဆင်မှုများစွာ ရှိနေလျှင်တောင် အစီအစဉ်၏ အရေးအကြီး‌ဆုံးအပိုင်းမှာ ရှုယီဖြစ်နေဆဲပင်။

သူ့ကိုသတ်နိုင်သရွေ့ အစီအစဉ်က တစ်ဝက်ပြီးမြောက်ပြီဟု ဆိုနိုင်သည်။

ရှုယီ‌၏သေဆုံးမှု သေချာစေရန်အတွက် ဗိုလ်ချုပ်မှူးကြီး ဆူမန် သည် သူ၏ ဗိုလ်ချုပ်မှူးကြီးရာထူးကိုသုံးကာ ဧကရာဇ်ကိုပင် ပါဝင်လာအောင် သိမ်းသွင်းပြီး နောက်ဆုံးတွင် ဤဂုဏ်သရေရှိ ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ယောက်ကို တစ်ပြိုင်နက်တည်း လှုပ်ရှားလာစေခဲ့သည်။

ဤသို့သော ဆောင်ရွက်ချက်မျိုးသည် ယခင်က ကန်ဒရာအင်ပါယာသမိုင်း၌ အကြိမ်ရေအနည်းငယ်သာ ဖြစ်ခဲ့ဖူး၏။

ဤအချက်နှင့်ပင် ရှုယီသေလျှင်တောင် နောင်တမရှိဘဲ သေနိုင်ပြီဖြစ်သည်။

သို့သော် ရှုယီ လုံးဝ မသေချင်သေးပေ။

သူက ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦး၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခြင်းခံနေရပြီး ၎င်းက မည်သူ့အတွက်မဆို မျှော်လင့်ချက်မဲ့သော အခြေအနေဟု ဆိုနိုင်သော်လည်း ရှုယီ၏အမူအရာက ပြောင်းလဲမသွားပေ။ သူက သူ၏ပိုင်နက်နှင့်အတူ ပတ်ပတ်လည်ရှိ မှော်နေရာလွတ်အား ထိန်းချုပ်ခွင့်ကို သိမ်းယူရန် သူ၏မှော်စွမ်းအားကို ပေါ့ပေါ့ပါးပါး အသုံးပြုနေရင်း တစ်ချိန်တည်းတွင် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် လာဒူကာ တို့ကို အကဲခတ်လိုက်သည်။

ဤကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ယောက်၏ မျက်နှာထက်တွင် မည်သည့်အမူအရာမှ ရှိမနေချေ။

ရှုယီ သက်ပြင်းချလိုက်၏။ ဤကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦး စောစောက မည်သို့ပြောခဲ့ပါစေ နိုင်ငံ့အကျိုးစီးပွားထက် မည်သည်ကမျှ အရေးမကြီးမှန်း သူသိသည်။

သူသည်လည်း အမှန်တကယ်တော့ သူတစ်ပါးကို အပြစ်တင်နိုင်သော တစ်စုံတစ်ယောက် မဟုတ်ပါချေ။

သူ၏အကြံဉာဏ်များက မည်မျှကြီးကျယ်ပါစေ သူသည်လည်း Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်း၏ ယေဘုယျအကျိုးအမြတ်ကို အရာရာထက် ရှေ့တန်းတင်ကာ စဉ်းစားရမည်ဖြစ်သည်။

ထို့ကြောင့်…… သူ မည်သို့ဖြစ်၍ ဤနေရာတွင် သေနိုင်မည်နည်း။

ရှုယီက ညာဖက်လက်ကို ဖြည်းညင်းစွာမြှောက်ကာ သူ၏မှော်အစွမ်းအားလုံးကို စုစည်းလိုက်သည်။ သူ၏ ညာလက်ညှိုးထိပ်၌ အနက်ရောင်အလင်းတစ်ခုပေါ်လာပြီး ချက်ချင်း အလင်းအကာအရံတစ်ခုအဖြစ်ပြောင်းကာ အလျင်အမြန် ဖြန့်ထွက်သွားသည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်၏ ဝရုန်းသုန်းကားဖြစ်နေသော မှော်စွမ်းအင်ရင်းမြစ်ဖြစ်စေ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ၏ အေးခဲနေသော မှော်စွမ်းအင်ရင်းမြစ်ဖြစ်စေ ဤအနက်ရောင်အလင်းဖြတ်သွားသည်နှင့် ဆူပွက်နေသောရေက ရေခဲပြွန်နှင့် တွေ့သွားသကဲ့သို့ သို့မဟုတ် ပင်လယ်ထဲသို့ ပြန်လာသော ငါးတစ်ကောင်ကဲ့သို့ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။

အနက်ရောင်အလင်းက ရှုယီကိုဗဟိုပြုလျှက် မီတာရာပေါင်းများစွာသို့ အလျင်အမြန် ဖြန့်ထွက်သွား၏။

မှော်နေရာလွတ်ထဲမှ မှော်စွမ်းအင်ရင်းမြစ်အပေါ်ရှိ ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦး၏ ပိုင်နက်များ၏ အားကောင်းသောထိန်းချုပ်မှုက ဤအလင်းရောင်အောက်တွင် ပျောက်ဆုံးသွားသည်။ ထူးဆန်းနေသော နေရာလွတ်က မည်သည့်မျှမဖြစ်ခဲ့သည့်အတိုင်း ချက်ချင်း ပုံမှန်ပြန်ဖြစ်လာသည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့က မယုံကြည်နိုင်မှုများ ဖုံးလွှမ်းနေသော မျက်နှာများနှင့် ရှုယီကို တအံ့တဩ ကြည့်လိုက်ကြ၏။

သူတို့နှစ်ယောက် ကျွမ်းကျင်ဘုန်းတော်ကြီး ဖြစ်လာကတည်းက သူတို့နှင့်တိုက်ခိုက်ရဲသူ ပိုပိုပြီးနည်းလာသည်။

သို့သော် သူတို့ဆင်နွှဲခဲ့သော တိုက်ပွဲအနည်းငယ်တွင် သူတို့၏ပိုင်နက်ကို ထုတ်လွှတ်လိုက်ပြီး ရန်သူက ကျွမ်းကျင်ဘုန်းတော်ကြီးနောက်တစ်‌ယောက်မဟုတ်သရွေ့ ထိုသူမှာ ဖိနှိပ်ခံရပြီး လှုပ်ရှားမှုမလုပ်နိုင်တော့ချေ။

ရန်သူက ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်လျှင်တောင် သူတို့၏ပိုင်နက်များထဲတွင် ခွန်အားချင်းယှဉ်လိုက်သည်နှင့် တိုက်ပွဲက အန္တရာယ်များလာပြီး လွယ်ကူလိမ့်မည်မဟုတ်ပေ။

သို့သော် ရှုယီက သူတို့နှစ်ယောက်လုံး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ချိန်၌ လက်လေးမြှောက်လိုက်ရုံဖြင့် သူတို့ပိုင်နက်များ၏ အကျိုးသက်ရောက်မှုကို ထူးဆန်းစွာ ဖြိုခွဲလိုက်သည်။ သူက သူတို့ဂုဏ်အယူရဆုံး လက်နက်များကို ဖျက်ဆီးပစ်လိုက်သကဲ့သို့ သူတို့ မယုံကြည်နိုင်ဖြစ်နေကြ၏။

ရှုယီတွင် တုန်လှုပ်ဖွယ်စွမ်းရည်ရှိပြီး ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်လာသည်နှင့်ချက်ချင်း ပိုင်နက်များကိုနားလည်နိုင်စွမ်း အားကောင်းလာလျှင်တောင် သူက သူတို့၏ပိုင်နက်များကို ရင်ဆိုင်နိုင်မည်မဟုတ်ဟု သူတို့ထင်ထားကြသည်။

သို့သော် ရှုယီက သူတို့၏ပိုင်နက်များ၏ လွှမ်းမိုးမှုကို တိုက်ရိုက်ဖြိုခွဲလိုက်ခြင်းက သူတို့၏ အခြေခံသိနားလည်မှုနှင့် ဆန့်ကျင်နေ၏။

ဤကောင်စုတ်လေး မည်သို့လုပ်လိုက်လေသနည်း။

***

မှော်စက်မှုအင်ပါယာ Volume 7 အခန်း ၈၉။

“ကြီးမြတ်လှတဲ့ ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ယောက်ကိုကြည့်ရတာ ကျုပ်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းကို အာရုံမစိုက်ခဲ့တဲ့ပုံပဲ” ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦး၏ တိုက်ခိုက်မှုကို ဖြိုခွဲလိုက်သော ရှုယီက အပြုံးနှင့် ခေါင်းယမ်းလိုက်သည်။ “ခင်ဗျားတို့သာ အာရုံစိုက်ခဲ့ရင် ဒီနှစ်အစက ထုတ်ဝေခဲ့တဲ့ «Frestech မှော်စက်အပတ်စဉ်» မှာ မှော်နေရာလွတ်နဲ့ပတ်သတ်တဲ့ ကိစ္စလေးတစ်ချို့အကြောင်းပြောထားတဲ့ ဆောင်းပါးတစ်ပုဒ်ပါတာ သိရမှာပေါ့”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျှက် မျက်မှောင်ကြုတ်သွားကြသည်။

သူတို့နှစ်‌ယောက်သည် အလွန်ရှေးရိုးဆန်သော မှော်ပညာရှင်များဖြစ်ပြီး သူတို့၏စွမ်းအားတိုးစေရန် ရိုးရာလမ်းကြောင်းအတိုင်းသာလိုက်၍ မှော်ပညာကိုလေ့လာခဲ့သောကြောင့် မှော်ပစ္စည်းများကဲ့သို့ ပြင်ပအရာဝတ္ထုများကို အထင်အမြင်သေးကြ၏။

Frestech ကုန်သည်ကြီးများအသင်းက ကျော်ကြားလျှင်တောင် ၎င်းက ပစ္စည်းကိရိယာများကိုသုံး၍ လှည့်စားထားသော လမ်းကြောင်းတစ်ခုမျှသာဖြစ်ပြီး မှော်ပညာရှင်စစ်စစ်တစ်ယောက် လေ့လာသင့်သည့်အရာမဟုတ်ဟု ထင်ခဲ့ကြသည်။

ထို့ကြောင့် သူတို့သည် မတိုင်မီက Frestech ကုန်သည်ကြီးများအသင်းကို အမှန်တကယ်ပင် အာရုံမစိုက်ခဲ့ကြချေ။

ကျွမ်းကျင်ဘုန်းတော်ကြီး ဆာရန်ဒယ်ကလေးရ် က မှော်စက်များကို သုတေသနပြုရန် Frestech ကုန်သည်ကြီးများအသင်းထံ သွားရောက်ပြီးနောက်၌ပင် ဤရှေးရိုးစွဲမှော်ပညာရှင်နှစ်ဦး၏ အမြင်တွင် သူက ကျွမ်းကျင်ဘုန်းတော်ကြီးကမ်မီလာကဲ့သို့ ကိုယ်ကျင့်တရားယိုယွင်းပျက်စီးသူဖြစ်ရန် ဆန္ဒရှိနေသူပင်ဖြစ်၏။

ထို့ကြောင့် ရှုယီ၏မှော်စွမ်းရည်က ထူးချွန်ပြီး သူက အဆင့်မြင့်မဟာမှော်ပညာရှင်တစ်ဦးမှန်း သူတို့သိပြီးသားဖြစ်သော်လည်း လုံးဝ ဂရုမစိုက်ခဲ့ကြချေ။

သူတို့ထင်သည်မှာ မှော်ပစ္စည်းကိရိယာများကဲ့သို့ ဆီလျော်မှုမရှိသော ဖြတ်လမ်းထံ၌ အရာအားလုံးကို ရင်းနှီးမြှုပ်နှံထားပြီး ကုန်သည်တစ်ဦးဟူသည့် အဆင့်အတန်းကို ပိုဂရုစိုက်နေသည့် လူတစ်ယောက်က ဤမျှအင်အားကြီးမည်မဟုတ်ဟူ၍ပင်။

သို့သော် ယခု ရှုယီက ဤအရာကို အချက်ကျကျ ငြင်းပယ်ခဲ့သည်။

ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်သည်မှာ မကြာသေးသော ဤလူက အမှန်တကယ်ပင် ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးထံမှ တိုက်ခိုက်မှုများကို တစ်ပြိုင်နက်တည်း တားဆီးခဲ့သည်။

သူက သူတို့ပိုင်နက်များ၏ လွှမ်းမိုးမှုကိုပင် ဤမျှလွယ်လွယ်လေး ခုနှိမ်လိုက်သည်။

ဤသည်ကို အခြေခံရုံဖြင့် ရှုယီက သူတို့နှင့် အဆင့်အတန်းတူစွာ စကားပြောရန် ထိုက်တန်နေပြီဖြစ်သည်။

ထို့ကြောင့် မတိုင်မီက မှော်နေရာလွတ်နှင့်ပတ်သတ်၍ ဆောင်းပါးတစ်ပုဒ် ထုတ်ဝေခဲ့ကြောင်း ပြောလိုက်ချိန်၌ သူ့တွင် မှော်နေရာလွတ်အပေါ်၌ ပြီးပြည့်စုံသော နားလည်သဘောပေါက်မှု ရှိနေသည်ဟု ဆိုလိုခြင်းပင်။ မဟုတ်လျှင် သူ သူတို့၏ပိုင်နက်များကို မည်သို့ အလွယ်တကူရင်ဆိုင်လိုက်သည်နှင့်ပတ်သတ်၍ ရှင်းလင်းချက်ရှိမည်မဟုတ်ပေ။

“အဲ့ဒီဆောင်းပါးထဲမှာ မှော်နေရာလွတ်ဟာ တစ်ချိန်လုံး တည်ငြိမ်မှုထိန်းထားဖို့ပဲ အာရုံစိုက်တဲ့အကြောင်း ထောက်ပြထားတယ်။ ဒါက မှော်နေရာလွတ်ထဲမှာ မူမမှန်မှုတစ်ခုရှိလာရင် အဲ့ဒီမှော်နေရာလွတ်က ပတ်ဝန်းကျင်မှော်နေရာလွတ်ရဲ့ လွှမ်းမိုးမှုကနေ အမြန် ပုံမှန်ပြန်ဖြစ်လာလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒီစွမ်းအားကို ကျုပ်က မှော်နေရာလွတ်တည်ငြိမ်မှုတွန်းအားလို့ ခေါ်တယ်”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ခေါင်းငြိမ့်လိုက်သည်။ “အဲ့ဒါနဲ့ပတ်သတ်ပြီး သံသယဖြစ်စရာတော့မရှိပါဘူး။ ဒါပေမယ့် ငါတို့ကျွမ်းကျင်ဘုန်းတော်ကြီးတွေက ငါတို့ရဲ့ပိုင်နက်တွေကိုသုံးပြီး ဒီသဘောတရားကိုချိုးဖျက်နိုင်တဲ့အပြင် ငါတို့ရဲ့စွမ်းအားနဲ့ မှော်နေရာလွတ်ကို ထိန်းချုပ်လို့ရတယ်လေ။ ဥက္ကဌရှု မင်းလည်း ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက်ဖြစ်နေပြီဆိုတော့ ဒါကို ကောင်းကောင်းနားလည်မှာပါ”

“ဒါပေါ့” ရှုယီ အပြုံးရေးရေးနှင့် ခေါင်းငြိမ့်သည်။ “ဒါ့ကြောင့် အဲ့ဒီဆောင်းပါးထဲမှာ မှော်နေရာလွတ်ရဲ့ လုပ်ဆောင်ချက်ကို အတင်းအကြပ် ကြိုးကိုင်ခြယ်လှယ်တဲ့ ဘယ်အပြုအမူမျိုးမဆို ဒီမှော်နေရာလွတ်တည်ငြိမ်မှုတွန်းအားရဲ့ နှောင့်ယှက်မှုကို ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် သူ့ကို တန်ပြန်တိုက်ခိုက်ဖို့ တန်ဖိုးကြီးကြီးပေးဖို့လိုတယ်လို့လည်း ပြောထားသေးတယ်လေ”

“ဒါက ဘာမှားနေလို့လဲ” တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ကလည်း ဝေခွဲမရသော အမူအရာပေါ်လာ၏။ “ကျွမ်းကျင်ဘုန်းတော်ကြီးတွေပဲ သူတို့ကိုယ်ပိုင် ပိုင်နက်တစ်ခုဖန်တီးနိုင်တဲ့ အကြောင်းအရင်းက အဆင့်နိမ့်မှော်ပညာရှင်တွေက မှော်စွမ်းအားအလုံအလောက်မရှိလို့ပဲ မဟုတ်ဘူးလား။ ဒါမဟုတ်ရင် သူတို့ရဲ့ မှော်စွမ်းအင်ရင်းမြစ်အပေါ် ထိန်းချုပ်မှုက လုံလုံလောက်လောက် အားမကောင်းလို့ဖြစ်မှာပေါ့”

“အဲ့ဒီလိုဆိုပေမယ့် မှော်နေရာလွတ်ကို အတင်းအကြပ်ချုပ်ကိုင်တာက သူ့ကို ပုံမှန်ဖြစ်အောင် ထိန်းတာထက် အများကြီးပိုခက်ပါတယ်။ စောစောကအခြေအနေကိုသုံးပြီး ရှင်းပြရမယ်ဆိုရင် ခင်ဗျားတို့နှစ်ယောက် ခင်‌ဗျားတို့ပိုင်နက်တွေနဲ့ မှော်နေရာလွတ်ကို ဝင်နှောက်ယှက်နေတာဟာ ကျုပ်ကိုတိုက်ခိုက်နေတာထက်စာရင် ကျုပ်အတွက် မှော်နေရာလွတ်ကို ပုံမှန်ဖြစ်အောင် ပြန်ထိန်းဖို့ အများကြီးပိုလွယ်သွားစေတယ်” ရှုယီက ပြောသည်။

“မဖြစ်နိုင်တာ” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ပြတ်ပြတ်သားသား ခေါင်းယမ်းလိုက်သည်။ “ဒီအမြင်ကမှန်ပေမယ့် အချိန်ဆိုတဲ့ အဓိကအချက်ကိုတော့ မင်းမေ့နေတာပဲ။ မှော်နေရာလွတ်က အမြဲတမ်း တည်ငြိမ်မှုဆီ ဦးတည်နေပြီး ငါတို့ရဲ့ပိုင်နက်တွေကိုသုံးရင်တောင် နောက်ဆုံးမှာ တည်ငြိမ်မှုဆီကိုပဲ သွားမယ်ဆိုတာ မှန်ပါတယ်။ သေမျိုးတစ်ယောက်အနေနဲ့ မှော်နေရာလွတ်ကို ဖရိုဖရဲအခြေအနေ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့အခြေအနေမှာ အမြဲရှိနေအောင်လုပ်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် မှော်နေရာလွတ်က ပုံမှန်ပြန်ဖြစ်ဖို့ အချိန်လိုတယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် စောစောက မင်းလုပ်လိုက်သလို မှော်နေရာလွတ်ကို လွယ်လွယ်လေး ပုံမှန်ပြန်ဖြစ်‌အောင်လုပ်ဖို့ မဖြစ်နိုင်ဘူး”

“ဒါဆို ကျုပ်ရဲ့ မှော်စွမ်းအားက ခင်ဗျားတို့ထက် ပိုကောင်းတယ်လို့ ပြောမှာလား” ရှုယီ ပခုံးတွန့်ကာ အပြုံးနှင့် ခေါင်းယမ်းလိုက်သည်။ “သေချာပေါက်မဖြစ်နိုင်ဘူးပေါ့။ ဒါ့ကြောင့် လက်တွေ့မှာ ကျုပ်လုပ်လိုက်တာက မှော်နေရာလွတ်ရဲ့ ပုံမှန်ပြန်ဖြစ်နှုန်းကို အရှိန်မြှင့်လိုက်ရုံပဲ။ ဒီရှင်းလင်းချက်က အရှင်ကျွမ်းကျင်ဘုန်းတော်ကြီးတို့ရဲ့ ရင်ထဲက သံသယတွေကို ရှင်းသွားစေရဲ့လား”

“ဒါက ပိုတောင်မဖြစ်နိုင်သေးတယ်” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်က ခေါင်းယမ်းလိုက်ပြန်သည်။ “မင်းက မှော်နေရာလွတ်ရဲ့ ပုံမှန်ဖြစ်နှုန်းကို လိုသလိုလုပ်နိုင်ရင် မင်းရဲ့ မှော်နေရာလွတ်အပေါ် ထိန်းချုပ်နိုင်စွမ်းက ငါတို့မျှော်လင့်တာထက် အများကြီးပိုနေတဲ့အဓိပ္ပာယ်မဟုတ်ဘူးလား။ ဒါသာအမှန်ဆိုရင် မင်းက ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်တောင်မဟုတ်ဘဲ အဆင့်မြင့်ဘုန်းတော်ကြီး ဖြစ်နေမှာပေါ့”

“အဆင့်မြင့်ဘုန်းတော်ကြီးတော့‌ သေချာပေါက်မဟုတ်ဘူးပေါ့” ရှုယီ ပြုံးလိုက်သည်။ “ဒါပေမယ့် အရှင်ကျွမ်းကျင်ဘုန်းတော်ကြီးတို့ ကျုပ် ဘာလို့ ဒီလိုလုပ်နိုင်တယ်ထင်လဲ”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် လာဒူကာ တို့က ရှုပ်ထွေးသောခံစားချက်ဖြင့် မျက်မှောင်ကြုတ်လျှက် ရှုယီကို ကြည့်နေကြသည်။

“ခင်ဗျားတို့နားမလည်ရင် «Frestech မှော်စက်အပတ်စဉ်» ထဲက ကျုပ်ရေးထားတဲ့ ဆောင်းပါးကိုဖတ်ကြည့်ဖို့ အကြံပေးချင်တယ်။ ဒီနှစ်ဖေဖော်ဝါရီရဲ့ တတိယအကြိမ်ထုတ်‌ဝေမှုထဲမှာ ရေးထားတာ။ ဆောင်းပါးနာမည်က «မှော်စက်တွေရဲ့ တည်ငြိမ်မှုအပေါ် မှော်နေရာလွတ်ရဲ့လွှမ်းမိုးမှုကို သုတေသနပြုခြင်း» တဲ့။ ဒီဆောင်းပါးကိုဖတ်ရင် စောစောက ကျုပ်လုပ်လိုက်တာက မယုံကြည်နိုင်စရာမရှိတာကို နားလည်ကောင်းနားလည်လာမှာပါ”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်က မျက်မှောင်ကြုတ်ကာ နက်နက်နဲနဲ တွေးတောနေသော်လည်း ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ကမူ ခေါင်းယမ်းကာ အေးစက်စွာ ပြောလိုက်သည်။ “ဒီဆောင်းပါးကို နောက်မှလေ့လာလို့ရပေမယ့် အခု ပိုအရေးကြီးတာက မင်းကိုရှင်းပစ်ဖို့ပဲ။ အိုဖာလျန် ဒီကောင်လေးအာရုံပြောင်းတာမခံနဲ့။ အခု အရေးအကြီးဆုံးက မှော်ပညာသုတေသနမဟုတ်ဘဲ သူ့ကိုသတ်ဖို့ပဲ”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် လည်း အံ့အားသင့်နေရာမှ အသိပြန်ဝင်လာ၏။

သူက ရှုယီကိုကြည့်၍ သက်ပြင်းရှည်ကြီး ချလိုက်ပြန်သည်။

“ဥက္ကဌရှု မင်းရဲ့ မှော်စွမ်းရည်က ကျုပ်ကို တကယ်ပဲ အံ့ဩစေပါတယ်။ အခုအခြေအနေကြောင့်သာမဟုတ်ရင် မင်းနဲ့အတူ မှော်ပညာရဲ့ဆန်းကြယ်မှုတွေကို ထုတ်ဖော်ဖို့ အရမ်းကို ဆန္ဒရှိမှာပါ။ ဒါပေမယ့် အခုအတွက်တော့….. တောင်းပန်ရုံပဲ တတ်နိုင်မယ်”

ရှုယီက ရယ်မောလိုက်သည်။ “တောင်းပန်စရာမလိုတာမို့ မတောင်းပန်ပါနဲ့။ အရှင်ကျွမ်းကျင်ဘုန်းတော်ကြီးတို့ ခင်ဗျားတို့က ကျုပ်ဒီလောက်ပြောပြီးတာတောင် ကျုပ်ဆိုလိုချင်တာကို နားမလည်ကြသေးဘူးပဲ”

“ဘာကိုဆိုလိုတာလဲ” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က အံ့ဩသောလေသံဖြင့် မေးသည်။

“ကျုပ်ပြောချင်တာ ခင်ဗျားတို့ ကျုပ်ကို လုံးဝမသတ်နိုင်ဘူးလို့။ ဟုတ်ပြီလား” ရှုယီက အေးအေးဆေးဆေးအမူအရာနှင့် လက်များဖြန့်လိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ၏ အမူအရာမှာ တောင့်တင်းသွား၏။ “ဥက္ကဌရှု မင်းက အံ့ဩလောက်စရာ မှော်စွမ်းရည်နဲ့ လူတစ်ယောက်ဆိုတာ ကျုပ်ဝန်ခံပါတယ်။ ဒါပေမယ့် အဲ့လောက်လည်း မဝင့်ကြွားပါနဲ့။ မင်း မှော်နေရာလွတ်နဲ့ပတ်သတ်ပြီး အထူးတလည်နားလည်ထားရင်တောင် ငါနဲ့ လာဒူကာ နှစ်‌ယောက်လုံးလက်က လွတ်နိုင်မယ်လို့ တကယ်ကြီးထင်နေတာလား”

“ကျုပ်ပြောပြီးပြီ အဲ့ဒါက အမှန်တရားပဲ”

ရှုယီက အပြုံးတစ်ပွင့်ပေါ်လာပြီး ရုတ်တရက် ရင်ဘတ်ထဲသို့ လက်နှိုက်ကာ ထူးဆန်းသော ပုံသဏ္ဍာန်များရှိသည့် သတ္တုအပိုင်းအစအချို့ ထုတ်ယူလိုက်သည်။ သူက ထိုသတ္တုအပိုင်းအစများကို ပတ်ပတ်လည်တွင် ဖြန့်ကျဲလိုက်ပြီး သူတို့က ရောင်မျိုးစုံသောအ‌လင်းတို့ ဖုံးလွှမ်းလျှက် သူ့ပတ်ပတ်လည်တွင် ပျံဝဲနေကြ၏။

ထိုသတ္တုအပိုင်းအစများထံမှ အားနည်းသော မှော်စွမ်းအားလှိုင်းတို့ကို ခံစားရသောကြောင့် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် လာဒူကာ တို့ အံ့ဩသွားသည်။

ဤရှုယီက သူတို့၏တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် ဤပစ္စည်းငယ်လေးများကို သုံးချင်နေသည်လော။

ထို့နောက် သတ္တုအပိုင်းအစငယ်များသည် ရှုယီ၏အထက် ဆယ်မီတာပတ်လည်သို့ ရောက်ချိန်၌ အပြာဖျော့ဖျော့ အလင်းတန်းအများအပြားထုတ်လွှတ်လျှက် သတ္တုအပိုင်းအစတစ်ခုနှင့်တစ်ခု ချိတ်ဆက်လိုက်ကြသည်။

ထိုအလင်းတန်းဆယ့်ခုနစ်ခုသည် သတ္တုအပိုင်းအစများကို ချိတ်ဆက်ပေးပြီးနောက် လေထဲတွင် ထူးဆန်းသော အသွင်ရှိသည့် ရွမ်းဗတ်ပုံပိုလီဟဒ်ဒရွန်တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။

ဤပိုလီဟဒ်ဒရွန်ကိုမြင်သောအခါ ရှုယီက ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးကို ကျော်၍ ခပ်လှမ်းလှမ်းမှ စူးစမ်းနေသော ဗိုလ်ချုပ်မှူးကြီး ဆူမန် အား လှမ်းကြည့်လိုက်၏။

“ဗိုလ်ချုပ်မှူးကြီး ဆူမန် ခင်ဗျား ကိစ္စတွေကိုဖြေရှင်းရင် ဘာမှအမှားမရှိတာသေချာအောင် ခင်ဗျားလက်ထဲမှာ အကုန်ချုပ်ကိုင်ထားရတာကြိုက်တယ်လို့ ပြောခဲ့တယ်နော်။ ဒါဆို ကျုပ်ကိုသတ်မယ့် ခင်ဗျားရဲ့အစီအစဉ် ကျရှုံးခဲ့ရင် ဒီကျရှုံးမှုကိုဖြေရှင်းဖို့ အစီအစဉ်တစ်ခု ရှိမှာပေါ့”

ဗိုလ်ချုပ်မှူးကြီး ဆူမန် က ဤစကားကို ကြားကာ အေးစက်စွာ နှာမှုတ်လိုက်သည်။

“ဟမ် ရှုယီ ဒီတစ်ခါ ငါအကုန်ပြင်ဆင်ထားတာ။ မင်းမှာ လွတ်လမ်းမရှိဘူး။ ဒီလိုအစီအစဉ်မျိုးကိုစဉ်စားဖို့ လိုတောင်မလိုဘူး”

“ဒီလိုလား။ ဒါဆို အခုပဲ မြန်မြန်စစဉ်းစားဖို့ တိုက်တွန်းလိုက်ပါရစေ”

ဤသို့ပြောပြီးနောက် ရှုယီက ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးထံ ပြန်ကြည့်ကာ လက်ဝေ့ယမ်းလိုက်သည်။

“အရှင်ကျွမ်းကျင်ဘုန်းတော်ကြီးတို့ မှော်စက်တွေ ဒါမှမဟုတ် မှော်နေရာလွတ်တည်ဆောက်ရေးသဘောတရားနဲ့ပတ်သတ်ပြီး စိတ်ဝင်စားရင် ကျုပ်ကိုလာရှာလှည့်ပါ။ အခုတော့….. နှုတ်ဆက်ခဲ့ပါတယ်”

ဤသို့ပြောပြီးနောက် ရှုယီ၏ပုံရိပ်က လှစ်ခနဲလှုပ်ရှားကာ အလင်းတန်းများဖြင့် ဖွဲ့စည်းထားသော ရွမ်းဗတ်ပုံပိုလီဟဒ်ဒရွန်ထဲသို့ ဝင်ရောက်သွားသည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် လာဒူကာ တို့နှစ်ယောက်လုံး တစ်ခုခုမှားနေမှန်း အလိုလိုသိလိုက်သည်။ သူတို့က သူတို့၏မှော်စွမ်းအားကို ထုတ်လွှတ်ကာ လုံးဝတုံ့ဆိုင်းမနေဘဲ ကြောက်မက်ဖွယ် တားမြစ်မန္တန်တစ်စုကို ရှုယီထံ ပို့လွှတ်လိုက်သည်။

သို့သော် ဤမန္တန်များက ပိုလီဟဒ်ဒရွန်ထံရောက်သွားကာ ထိမိတော့မည့်အချိန်၌ မှော်စွမ်းအင်အားလုံး ပျောက်ကွယ်သွား၏။ သူတို့က ပိုလီဟဒ်ဒရွန်အတွင်းရှိ နေရာလွတ်ကို လုံးဝ ထိခိုက်အောင်မလုပ်နိုင်ပေ။

ထို့နောက်တွင် ပိုလီဟဒ်ဒရွန်အတွင်းရှိ ရှုယီမှာ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် လာဒူကာ တို့၏ မျက်စိအောက်၌ပင် အရိပ်အယောင်မကျန်အောင် ပျောက်ကွယ်သွားသည်။

***

မှော်စက်မှုအင်ပါယာ Volume 7 အခန်း ၉၀။

ဝင်ဘဲလ်ဒန်မြို့၏ အနောက်‌တောင်ဘက် ကီလိုမီတာနှစ်ဆယ်ခန့်အကွာရှိ တောင်ကုန်းတစ်ခုတွင် အပြာရောင်အလင်းတန်းဆယ့်ခုနစ်ခု လေထဲတွင်ချိတ်ဆက်ကာ ထူးဆန်းသော ရွမ်းဗတ်ပုံပိုလီဟဒ်ဒရွန်တစ်ခု ပေါ်လာ၏။

ဖျပ်ခနဲ နှစ်ကြိမ်လက်ပြီးနောက် မြေပြင်ပေါ် ဖြည်းညင်းစွာ သက်ဆင်းလိုက်သည့် ပိုလီဟဒ်ဒရွန်ထဲတွင် ပုံရိပ်တစ်ခုရှိနေသည်။

၎င်းက ရှုယီဖြစ်သည်။

သူ့ခြေထောက် မြေကြီးနှင့်ထိသည်နှင့် ရှုယီက မြောက်အရပ်သို့ ကြည့်လိုက်သည်။

ဤနေရာသည် ဗိုလ်ချုပ်မှူးကြီး ဆူမန် ၏ ကိုယ်ပိုက်စံအိမ်တော်မှ ကီလိုမီတာသုံးဆယ်ကျော်ဝေး၏။ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် လာဒူကာ တို့ သူ၏မှော်စွမ်းအားကို မည်မျှအထင်ကြီးပါစေ ဤမျှဝေးသောနေရာအထိ ရောက်နေလိမ့်မည်ဟု မထင်လောက်ပေ။

ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးက နေရာရွှေ့ပြောင်းရေးမှော်စွမ်းအင်ကို သုံးလျှင်တောင် ကီလိုမီတာအနည်းငယ်သာ ချက်ချင်းရောက်နိုင်မည်ဖြစ်သည်။

ကီလိုမီတာသုံးဆယ်ကျော်သည် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးအတွက် မှန်းဆရန်ခက်ခဲသော အကွာအဝေးတစ်ခုဖြစ်၏။

ကီလိုမီတာသုံးဆယ်‌ကျော်ဖြစ်သောကြောင့် ဗိုလ်ချုပ်မှူးကြီး ဆူမန် က ပတ်ပတ်လည်နယ်နိမိတ်အား တားဆီးထားလျှင်တောင် ဤမျှကျယ်ပြန့်သော အဝန်းအဝိုင်းအထိ လက်လှမ်းမိမည်မဟုတ်ပေ။ ထို့ကြောင့် ရှုယီက ထောင်ချောက်မှလွတ်မြောက်ကာ လောလောဆယ် အန္တရာယ်ကင်းနေပြီ ဆိုနိုင်ပေသည်။

စောစောက အဖြစ်အပျက်ကိုတွေးကာ ရှုယီ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

ဖြစ်စဉ်တစ်ရပ်လုံးက မကြာရှည်ခဲ့ပေ။ သူက ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးနှင့် စွမ်းအားအနည်းငယ် ဖလှယ်ခဲ့ရုံသာဖြစ်ပြီး အပြင်လူတစ်‌ယောက်အတွက် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုမှလွဲ၍ ကျန်သည့်အရာအားလုံးက ပုံမှန်ဖြစ်ပြီး ထိုမျှစိတ်လှုပ်ရှားစရာမကောင်းလိုက်ပေ။

သို့သော် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် လာဒူကာတို့က သူ့ကို အမှန်တကယ်သတ်ချင်နေမှန်း ရှုယီသိသည်။ တိုက်ကွက်တစ်ခုစီက အလွန်အန္တရာယ်များခဲ့ပြီး သူသာ သတိပေါ့ခဲ့လျှင် အသက်ပျောက်နေလောက်ပြီဖြစ်သည်။

သူ ဤမျှတည်ငြိမ်နိုင်ခဲ့ခြင်းမှာ သူက အချိန်မရွေး ထွက်ပြေးနိုင်အောင် ကြိုတင်ပြင်ဆင်ထားခဲ့သောကြောင့်ပင်။

သူ့အောက်တွင်ရှိသော သတ္တုအပိုင်းအစဆယ့်ခုနစ်ခုမှာ စောစောက သူထုတ်ယူလိုက်သော သတ္တုအပိုင်းအစများအတိုင်းပင် ဖြစ်၏။

ရှုယီပေါ်မလာခင်က ဤသတ္တုအပိုင်းအစဆယ့်ခုနစ်ခုသည် ပြန့်ကျဲလျှက် မြေကြီးထဲတွင် နစ်မြုပ်နေကြပြီး လုံးဝ ထူးခြားပုံမပေါ်ချေ။

ရှုယီက ဗိုလ်ချုပ်မှူးကြီး ဆူမန် ၏ စံအိမ်၌ အခြားသတ္တုအပိုင်းအစဆယ့်ခုနစ်ခုကို ထုတ်ယူလိုက်ချိန်တွင် ဤဝှက်ထားသော သတ္တုအပိုင်းအစဆယ့်ခုနစ်ခုကလည်း အသက်ဝင်လာခဲ့သည်။ သူတို့က လေထဲတွင်‌ ပေါလောမျောနေသော ပိုလီဟဒ်ဒရွန်နှင့်အတူ အထူးမှော်ပိုင်နက်တစ်ခု ဖွဲ့စည်းခဲ့သည်။

ဤအထူးတလည်ဖန်တီးထားသော မှော်ပိုင်နက်နှစ်ခုနှင့်အတူ ရှုယီက ဗိုလ်ချုပ်မှူးကြီး ဆူမန် ၏စံအိမ်၌ ချထားသော မှော်အစီအရင်နှင့် ထောင်ချောက်များကို လျစ်လျူရှုနိုင်ခဲ့ပြီး ဤသို့ ဝေးလံခေါင်ဖျားသော နေရာတစ်ခုထံ တိုက်ရိုက်ပို့ဆောင်ခံလိုက်ရသည်။

ဤအရာသည် မှော်နေရာကူးပြောင်းစက်ဖြစ်သည်။ ၎င်းက နေရာလွတ်မှော်ပညာသုတေသန၏ အထွတ်အထိပ်ကို အသုံးပြု၍ မှော်ပညာသုတေသနပံ့ပိုးမှုတို့ဖြင့် တီထွင်ထားသည့် အသစ်လွင်ဆုံး နည်းပညာလက်ရာဖြစ်သည်။ ၎င်းကို Frestech ကုန်သည်ကြီးများအသင်းလက်ရှိတီထွင်ထားသည့်အထဲတွင် အဆင့်အမြင့်ဆုံး မှော်စက်အဖြစ် သတ်မှတ်နိုင်သည်။

၎င်းကို အစမ်းသပ်ခံပတ်ဝန်းကျင်တစ်ခု၌ အသုံးမပြုရသေးသောကြောင့် ယခုက ပထမဆုံးအကြိမ်အသုံးပြုခြင်းဖြစ်သည်။ အကျိုးရလဒ်များက အတော်လေးအံ့မခန်းပင်။

ဤနေရာကူးပြောင်းအစီအရင်ကို သူ ဝင်ဘဲလ်ဒန်မြို့၌ တစ်ခုခုဖြစ်ခဲ့လျှင် အချိန်မရွေး ထွက်သွားနိုင်ရန် ဝင်ဘဲလ်ဒန်မြို့သို့မဝင်မီ ရှုယီကိုယ်တိုင် ယူလာခြင်းဖြစ်သည်။

ဤအရာသည် ရှုယီ ပိုသုံးရလွယ်စေရန် လုပ်ဆောင်နေဆဲဖြစ်သော စမ်းသပ်မှုတစ်ခုသာဖြစ်ပြီး ဤမှော်နေရာကူးပြောင်းစက်က လက်တွေ့စမ်းသပ်မှုများတွင် ရှိသကဲ့သို့ သုံးရလွယ်မလွယ် စမ်းကြည့်ရုံသာဖြစ်သည်။

မည်သည့်အန္တရာယ်မဆို ကာကွယ်ရန်အတွက် ဤအချက်ကို ရှုယီထည့်သွင်းစဉ်းစားခဲ့သော်လည်း ၎င်းက အသေးစိတ်လေးအချို့ လိုနေရုံသာဖြစ်ပြီး သူက ၎င်းတို့ကို များစွာအလေးမထားခဲ့ပေ။

သို့သော် မထင်မှတ်ထားဘဲ ဤပေါ့ပေါ့ပါးပါးတွက်ထားသည့် ပစ္စည်းလေးတစ်ခုက သူ့ကို ဤမျှအန္တရာယ်များသော အခြေအနေမှ လွတ်မြောက်စေခဲ့သည်။

သူက ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် လာဒူကာ တို့၏ တိုက်ခိုက်မှုများမှ လွတ်မြောက်နိုင်မည်ဟု ရှုယီယုံကြည်ချက်ရှိသော်လည်း ဤမှော်နေရာကူးပြောင်းစက်က အားထုတ်မှုအများအပြားဖြင့် သူ့ကို ခြွင်းချက်မရှိ ကယ်တင်ခဲ့သည်။

ထို့ပြင် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် လာဒူကာ တို့သည် အကြာကြီးကတည်းက ကျော်ကြားနေခဲ့သူများဖြစ်ပြီး သူတို့တွင် အသုံးပြုနိုင်သေးသော အထူးမန္တန်များ ရှိနေနိုင်သေးသည်။

အမှားတစ်ခုရှိခဲ့လျှင် ရှုယီ သူတို့လက်ထဲကျသွားပြီး ၎င်းက Frestech ကုန်သည်ကြီးများအသင်းအတွက် ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။

ဤသို့တွေးကာ ရှုယီ သူ့ရင်ဘတ်ထဲမှ မှော်ဆက်သွယ်ရေးကိရိယာတစ်ခုကိုထုတ်၍ မှော်စွမ်းအားများ ထည့်သွင်းလိုက်သည်။

အတန်ကြာပြီးနောက် မှော်ဆက်သွယ်ရေးကိရိယာအပေါ်တွင် အနီရောင်အလင်းထွက်ပေါ်လာပြီး ၎င်းက ပုံမှန်အနီရောင်အလင်းထက် ပိုတောက်ပ၏။

ဤအရာသည် ရှုယီ၏ ကိုယ်ပိုင်မှော်ဆက်သွယ်ရေးကိရိယာ၌ရှိသော စွမ်းရည်တစ်ခုဖြစ်ပြီး ၎င်းက သူ့ဥက္ကဌ၏အမိန့်ကို ပို့ပေးလေ့ရှိသည်။

ပုံမှန်အခြေအနေတွင် ရှုယီက မှော်ဆက်သွယ်ရေးကွန်ယက်အတွင်း၌ အကြောင်းကြားစာပို့လိုက်သည်နှင့် သူတို့က သူ့ကို ဥက္ကဌအဖြစ် မှတ်မိနိုင်ပြီး သူက အမိန့်များ ပို့ဆောင်နိုင်သည်။

သို့သော် ဤတစ်ကြိမ်တွင် အနီရောင်အလင်းက တစ်ခဏသာပေါ်လာပြီး မှော်ဆက်သွယ်ရေးကိရိယာနှင့် ချိတ်ဆက်နေသည့် လက္ခဏာမပြသည့်အပြင် သူ့ဘက်မှ မည်သည့်အသံမှ ပို့မရချေ။

အချိန်များကုန်လွန်လာသည်နှင့် ရှုယီ တဖြည်းဖြည်းစိတ်ဖိစီးလာသည်။

ကြည့်ရသည်မှာ ဗိုလ်ချုပ်မှူးကြီး ဆူမန်၏ စကားများက အလဟဿမဟုတ်ပုံပင်။ ဗိုလ်ချုပ်မှူးကြီးစံအိမ်၌ ရှုယီကိုသတ်မည့် ထောင်ချောက်က အစီအစဉ်၏ အဓိကအပိုင်းဖြစ်သော်လည်း ၎င်းက သူတို့၏ အစီအစဉ်တစ်ခုလုံးမဟုတ်ပေ။

ကန်ဒရာအင်ပါယာသည် ရှုယီကိုသတ်ရန်ပင် စီစဉ်ထားသည့်အတွက် ၎င်းက Frestech ကုန်သည်ကြီးများအသင်းအား စစ်ကြေညာမည့်အဓိပ္ပာယ်ဖြစ်၏။

ရှုယီကိုရင်ဆိုင်နေစဉ် Frestech ကုန်သည်ကြီးများအသင်း၏ အခြားဌာနခွဲများကိုလည်း ပစ်မှတ်ထားနေမည်မှာ သေချာပေါက်ပင်။

ဝင်ဘဲလ်ဒန်မြို့ရှိ အမျိုးမျိုးသော ဌာနခွဲများ၊ စတိုးဆိုင်များ၊ စက်ရုံများနှင့် Frestech ကုန်သည်ကြီးများအသင်း၏ အခြားသော ပံ့ပိုးမှုများမှာ ကန်ဒရာအင်ပါယာ၏ ထိန်းချုပ်အောက်သို့ပင် ကျရောက်နေလောက်ပြီဖြစ်သည်။

ရှုယီက ငါးမိနစ်ကြာအောင် စိတ်ရှည်ရှည်စောင့်ကာ ချိတ်ဆက်မှုမရှိမှန်း အတည်ပြုပြီးနောက် စောင့်မနေတော့ချေ။ သူက မှော်ဆက်သွယ်ရေးကိရိယာကို ပိတ်ကာ မှော်စွမ်းအားတစ်မျှင်ထုတ်လွှတ်၍ သူ့ကိုယ်သူ ဖုံးလွှမ်းကာ အထူးမှော်ပိုင်နက်တစ်ခု ဖန်တီးလိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ၏ ပိုင်နက်သည် မှော်‌စွမ်းအင်ရင်းမြစ်ကို ဝရုန်းသုန်းကားဖြစ်စေကာ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ၏ ပိုင်နက်က မှော်စွမ်းအင်ရင်းမြစ်ကို အေးခဲစေပြီး ဤအချက်ကပင် သူ့ကို ၎င်းအား ထိန်းချုပ်နိုင်စေခဲ့သည်။

ရှုယီ ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်လာပြီးနောက် သူရရှိခဲ့သော ပိုင်နက်သည် ထိုကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးနှင့် ခြားနားနေ၏။

သူ၏ပိုင်နက်ကို ဖွင့်လိုက်ချိန်တွင် သူ့ပတ်ပတ်လည်ရှိ မှော်နေရာလွတ်က ကျန်သည့် မှော်နေရာလွတ်မှ ရုတ်တရက် ခွဲထွက်သွားသည်။ ဤနယ်နိမိတ်တစ်ဝိုက်ရှိ မှော်စွမ်းအင်ရင်းမြစ်က သူ့ပိုင်နက်ထံ ချဉ်းကပ်လာချိန်၌ သူတို့က ၎င်း၏ပတ်ပတ်လည်တွင် လှည့်နေပြီး ၎င်းက သူတို့၏ပုံမှန်စီးဆင်းမှုအပေါ် သက်ရောက်မှုမရှိပေ။

ထို့ကြောင့် ဤပိုင်နက်ပေါ်၌ မှော်စွမ်းအင်ကူးပြောင်းအသုံးပြုလျှင်တောင် မှော်နေရာလွတ်ထဲတွင်သုံးသည်နှင့် လုံးဝခြားနားမှုမရှိကြောင်း တွေ့ရပေလိမ့်မည်။

ထို့နောက် ရှုယီက... ဤမှော်နေရာလွတ်နှင့်အတူ ပျောက်ကွယ်သွားသကဲ့သို့ ထင်မှတ်လိုက်ရသည်။

ရှုယီကို ပကတိအမြင်အာရုံဖြင့် ရှာလိုလျှင်တော့ ပို၍ပင်မဖြစ်နိုင်ချေ။

ရှုယီသည် အကြီးအကဲအွန်ဒင်းထံမှ သူကိုယ်တိုင် သင်ယူထားသော ပုံရိပ်ယောင်မှော်စွမ်းအားကို အလွယ်တကူ သုံးနိုင်နေပြီဖြစ်သည်။ သူက သူ့ကိုယ်သူအပေါ်၌ ပုံရိပ်ယောင်သုံးကာ ကန်ဒရာအင်ပါယာ၏ သာမန်သက်လတ်ပိုင်းအမျိုးသားတစ်ဦးနှင့်တူအောင် ဖန်တီးလိုက်၏။

သူ၏ပြင်ဆင်မှုများ ပြီးမြောက်သွားပြီးနောက် ရှုယီက အနောက်မြောက်သို့ ပျံဝဲသွားသည်။

နာရီဝက်ကြာပြီးနောက် ရှုယီက ဝင်ဘဲလ်ဒန်မြို့သို့ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့သည်။

ဝင်ဘဲလ်ဒန်မြို့သည် အမြဲတမ်းကဲ့သို့ ပုံမှန်ဖြစ်နေပြီး ကန်ဒရာအင်ပါယာ၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် ရုတ်တရက်တိုက်ခိုက်မှု စတင်လိုက်ခြင်းက ဝင်ဘဲလ်ဒန်မြို့သူမြို့သားအများစုအပေါ်၌ အကျိုးသက်ရောက်မှုမရှိပုံပင်။

သို့သော် ရှုယီက မည်သူမျှသတိမပြုမိခင် ဝင်ဘဲလ်ဒန်မြို့၏ အနောက်လမ်းရှိ Frestech ကုန်သည်ကြီးများအသင်းဌာနခွဲထံ ရောက်သွားချိန်၌ ဤနေရာတွင် တစ်ခုခုလွဲနေမှန်း သိလိုက်ရသည်။

အနောက်လမ်းသည် ဝင်ဘဲလ်ဒန်မြို့၏ အရေးအကြီးဆုံး စီးပွားရေးအချက်အချာလမ်းများထဲမှ တစ်ခုဖြစ်သောကြောင့် အမြဲတမ်း လူသွားလူလာအများအပြားနှင့် အလွန်စည်းကား၏။

ယခု လမ်းက လူများနှင့်ပြည့်နေဆဲဖြစ်သော်လည်း သူတို့က တစ်နေရာတည်း၌ စုဝေးနေပြီး လှည့်ပတ်သွားလာနေခြင်းမရှိပေ။ သူတို့သည် ပုံမှန်ကဲ့သို့ ဆူညံတက်ကြွနေခြင်းမရှိဘဲ အားလုံးက တစ်နေရာထံကြည့်ကာ တစ်ယောက်ချင်းစီ၏ မျက်နှာများထက်တွင် ထူးဆန်းသော အမူအရာတစ်ခုရှိနေ၏။

သူတို့အားလုံးကြည့်နေကြသည့်နေရာမှာ လမ်းပေါ်ရှိ အလွန်ကြီးမားပြီး ပေါ်လွင်ထင်ရှားသော စတိုးဆိုင်တစ်ဆိုင်ဖြစ်သည်။

ဤစတိုးဆိုင်၏ ဆိုင်းဘုတ်က မည်သည့်အချိန်ကတည်းကမှန်းမသိ ဖြုတ်ချခံထားရသော်လည်း ၎င်းအပေါ်နှင့် ပြတင်းပေါက်ပေါ်တွင် ကပ်ထားသော တောင်ပံတစ်ဝက်အမှတ်အသားကိုကြည့်၍ ဤစတိုးသည် Frestech ကုန်သည်ကြီးများအသင်း၏ အပိုင်ဖြစ်ကြောင်း အလွယ်တကူသိနိုင်၏။

ဤအရာသည် ကန်ဒရာအင်ပါယာရှိ Frestech ကုန်သည်ကြီးများအသင်း၏ ဆိုင်ခွဲများထဲမှတစ်ခုနှင့် ၎င်း၏ အကြီးဆုံးဆိုင်ခွဲဖြစ်သည်။

၎င်းသည် ကန်ဒရာအင်ပါယာရှိ Frestech ကုန်သည်ကြီးများအသင်း၏ အကြီး‌ဆုံးလက္ခဏာရပ်ဖြစ်ခဲ့သော်လည်း ယခု ဤစတိုးဆိုင်၏ဆိုင်းဘုတ်က ဖြုတ်ချခံထားရရုံသာမက ရှေ့တံခါးကလည်း တစ်စစီဖြစ်နေ၏။ အပြင်ဘက်တွင် ကန်ဒရာအင်ပါယာတော်ဝင်အစောင့်တပ်၏ ချပ်ဝတ်များဝတ်ဆင်ထားသော စစ်သားတစ်စု ရပ်နေသည်။

တံခါးပေါ်၌ ကြီးမားသော ချိပ်တံဆိပ်တစ်ခုကပ်ထားပြီး စစ်သားများရပ်နေခြင်းနှင့် ပေါင်းလိုက်လျှင် ဤFrestech ကုန်သည်ကြီးများအသင်းဆိုင်ခွဲ၏ ကံကြမ္မာကို လူတိုင်း ရှင်းရှင်းလင်းလင်း သိနိုင်ပေသည်။

၎င်းက….. ချိပ်ပိတ်ခံလိုက်ရလေပြီ။

ရှုယီက လူအုပ်ထဲတွင်ရောကာ ဆိုင်ခွဲ၏အခြေအနေကို ကြည့်ပြီးနောက် လှည့်ထွက်လာခဲ့သည်။

မြို့ကို အကြိမ်ရေအနည်းငယ် လျှောက်ပတ်ကြည့်ကာ လမ်းပေါင်းများစွာအား ဖြတ်သွားပြီးနောက် ရှုယီက အတော်လေးသာမန်ဖြစ်ပုံပေါ်ပြီး အတော်လေးတိတ်ဆိတ်သော လမ်းတစ်ခုထံသွားကာ ဟောင်းနွမ်းစုတ်ပြတ်နေသော သစ်သားတံခါးတစ်ချပ်ကို အကြိမ်များစွာ ခေါက်လိုက်သည်။

“ကျွီ” ခနဲမြည်သံနှင့်အတူ တံခါးကပွင့်သွားပြီး စိတ်ရှုပ်နေပုံပေါ်သော မျက်နှာတစ်ခု ပေါ်လာ၏။

ရှုယီက ရှုပ်ထွေးသော လက်ဟန်ပြအမှတ်အသားတစ်ချို့ ပြလိုက်သောအခါ ထိုလူ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာတစ်ခုပေါ်လာပြီး တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သည်။

“ဥက္က……”

ရှုယီက သူ့ပါးစပ်ကိုလှမ်းပိတ်ကာ ပတ်ပတ်လည်သို့ ကြည့်လိုက်ပြီးနောက် သူနှင့်အတူ အထဲဝင်သွားပြီး သူ့နောက်မှတံခါးကို ပိတ်လိုက်သည်။

သစ်သားတံခါးနောက်တွင် ဝင်ဘဲလ်ဒန်မြို့တစ်ခွင်၌ တွေ့မြင်နေကျ စုတ်စုတ်ပြတ်ပြတ်နေရာတစ်ခု ရှိသည်။

ရှုယီနှင့် ထိုလူတို့ ဝင်လာပြီးနောက် ရှုယီက ကုတင်ကိုမလိုက်သောအခါ ဂူဝင်ပေါက်တစ်ခု ပေါ်လာသည်။

နှစ်ယောက်သားက ဝင်သွားကြပြီး ထိုအောက်တွင် ကျယ်ပြန့်သော ဂူတစ်လုံးရှိနေ၏။

သူတို့ ဆိုက်ရောက်လာချိန်တွင် ထိုလူက ရှုယီရှေ့၌ လဲပြိုကာ စတင်ငိုကြွေးလိုက်သည်။

“ဥက္ကဌကြီး သွားပြီ အားလုံးပြီးသွားပြီ။ ဝင်ဘဲလ်ဒန်မြို့က ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စီးပွားရေးတွေအကုန်လုံး သိမ်းခံလိုက်ရပြီ”

***

All Chapters