အခန်း (၁၀၁-၁၁၀)
Vol. 7 Ch. 101-110
Volume 7 , အခန်း ၁၀၁။
တိုက်ပွဲအစကတည်းကပင် မှော်လေယာဉ်တစ်စီးသည် စစ်မြေပြင်၏ အထက်မီတာ၈၀၀မှာ ပျံသန်းနေခဲ့ပါသည်။ အစွမ်းမြင့်မှော်ဆရာ သို့မဟုတ် မဟာမှော်ဆရာယာလဲ့သည်ပင် သတိမထားမိခဲ့ကြချေ။
အကြောင်းမှာ ၄င်းယာဉ်သည် အလွန်မြင့်စွာ ပျံသန်းနေသောကြောင့် ဖြစ်ချေသည်။ အပေါ်ကိုမော်ကြည့်လျှင် မီတာရာချီကျယ်ပြန့်ကြီးမားသော မှော်လေယာဉ်သည် ကောင်းကင်ပေါ်တွင် အနက်ရောင် အစက်အပြောက်မျှသာ မြင်ရသောကြောင့်ဖြစ်သည်။
မှော်လေယာဉ်သည် Frestech ကုန်သည်ကြီးများအသင်းအဖွဲ့မှ ဖြစ်ပြီး ၄င်းတို့၏တာဝန်မှာ ရန်သူများကို စောင့်ကြည့်ရန်ဖြစ်သည်။
ရူဒ်ဆန်တိုင်းပြည်ထဲသို့ အထွတ်အမြတ်တပ်များ မဝင်ခင်ကပင် ၄င်းတပ်များကို တွေ့ရှိခဲ့သည်ဖြစ်ပြီး လေကြောင်းမှ တစ်ချိန်လုံး လိုက်ပါစောင့်ကြည့်နေခဲ့သည်ဖြစ်သည်။
ဤနေရာမှ တောင်ဘက်သို့ ၅ကီလိုမီတာဝေးသော တောင်တန်းများဆီ တပ်ဖွဲ့များ မစေလွှတ်ခင်ကပင် အထွတ်အမြတ်တပ်များ၏ လှုပ်ရှားမှုများကို မှော်လေယာဉ်ပေါ်မှ တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ကြသည်။
ဤတောင်ပေါ်တွင် ထပ်ဆင့်မှော်လောင်ချာပစ်စက် အစီးနှစ်ဆယ်ကို အတန်းနှစ်တန်းဖြင့် စီထားကြသည်။
ဤဧရိယာတွင် မှော်ဒုံးကျည်များ၏ ဖြည့်သံ၊ ပစ်ခတ်သံများကို မကြားရတော့ဘဲ တိတ်ဆိတ်သွားတော့သည်။
မှော်လောင်ချာ အစီးနှစ်ဆယ်၏ ကျည်ပစ်ပေါက်မှ အငွေ့များနှင့် အပူများသည် လေထုအတွင်း၌ ရှိနေကြဆဲဖြစ်သည်။
“ဟေ့ အထွတ်အမြတ်က မိတ်ဆွေလေးတွေ ငါတို့ပစ်ကွင်းက ပျောက်သွားပြီလား။” ဟု မကျေနပ်သည့်လေသံဖြင့် Frestech ကုန်သည်ကြီးများအဖွဲ့၏ ဒုတိယအမြှောက်တပ်ခေါင်းဆောင် ဘရွန့်စ်က မှော်စက်သွယ်ရေးစက်ဖြင့် မေးလိုက်သည်။ “ငါတောင် ပစ်လို့မဝသေးဘူး။ သူတို့တွေက ထွက်ပြေးကုန်ပြီ။ ငကြောက်တွေပဲ။”
မှော်ဆက်သွယ်ရေးစက်မှ စိတ်ပျက်သော လေသံဖြင့် “သူတို့ကို အကုန်သတ်ပစ်တော့မလို့လား။ မှော်အမြှောက်ဆံတွေ ဘယ်လောက်တောင် ဖြုန်းတီးရာကျလိုက်မလဲ။ ပြီးတော့ အခြားအရေးတွေထက် အခုသုံးလိုက်တာကိုက မင်းရထားတဲ့ ဝေစုထက် ကျော်နေပြီ။ ဒါတွေကို စာရင်းတင်ပြတဲ့အခါ ခေါင်းဆောင် ဟာ့ထ်က မဆူရင်တောင် အဆန်းဖြစ်နေဦးမယ်။"
“ဟား..ဟား..ဟား။” ဘရွန့်စ်က ခြောက်သွေ့စွာ ရယ်လိုက်ပြီးသည့် နောက်မှာတော့၊ “ဒီလိုဖြစ်တာ ငါ့ကိုအပြစ်တင်လို့တော့ မရဘူးလေ။ ဘယ်သူက ဒါတွေကို ဒီလောက်သုံးရလွယ်အောင် လုပ်ခိုင်းထားလို့လဲ။ တစ်ခါပစ်ပြီးရင် ရပ်ဖို့ မလွယ်တော့ဘူး။ ဒါက ဘာမှမဟုတ်သေးပါဘူး။ အခုမှ ပစ်တာ ကျည်ဆံ ၁၀၀ ပဲရှိပါသေးတယ်။” ဟု ပြန်ပြောခဲ့သည်။
တစ်ဖက်မှ ထူးဆန်းသောအသံဖြင့် “၁၀၀ ဟုတ်လား။ မင်းကတစ်ကယ်တော်တာပဲ ဘရွန့်စ်၊ ခေါင်းဆောင် ဟာ့ထ်က မင်းကို ကျည်ဆံ၁၀၀ပေးထားတာကို တစ်ခုမကျန် အကုန်သုံးပစ်လိုက်တယ်ပေါ့။ လက်နက်ရိက္ခာတွေက မနက်ဖြန်မှ လာတော့မှာ။ အဲ့တော့ မင်းကိုယ်မင်း ဂရုစိုက်ပေတော့။"
“ဘာပဲဖြစ်ဖြစ်ပါ ငါ့ကိုပေးထားတဲ့ တာဝန်တွေကျေပြီဆိုတော့ ငါ့ညီအစ်ကိုတွေကို ခေါ်ပြီး သွားနားတော့မယ်။ မင်းကတော့ လုပ်စရာတွေ ရှိနေသေးတော့ ငါတို့လို နားမရသေးဘူးမလား ရီဘလို။”ဟု ပြောပြီး ဘရွန့်စ်က ဖုန်းချလိုက်သည်။
“ညီအစ်ကိုတို့ တပ်ခေါက်ကြစို့"
ဒုတိယအမြောက်တပ်ဟာ တပ်ခေါက်ပြီး မကြာခင်မှာပဲ မှော်လောင်ချာအစီးနှစ်ဆယ်ကိုလည်း သိမ်းဆည်းလိုက်ကြသည်။ ထရပ်ကားဖြင့် ဆွဲပြီးသိမ်းလိုက်ကြသည့်အတွက် လျင်မြန်စွာ ပျောက်ကွယ်ကြသွားကြသည်။
အခြားတစ်ဖက်မှာတော့ Frestech ကုန်သည်ကြီးများအသင်းအဖွဲ့၏ ၆၇ ယောက်မြောက် မှော်လေယာဉ် ကင်းထောက်အဖွဲ့ခေါင်းဆောင် ရီဘလိုသည် လက်ထဲမှ မှော်ဆက်သွယ်ရေးစက်ကို ကြည့်ရင်း စိတ်ပျက်ပျက်ဖြင့် ခေါင်းကိုခါရမ်းနေလေသည်။
“ဒီဘရွန့်စ်ကတော့ မင်းကို ခေါင်းဆောင်ဟာ့ထ်က ဘယ်လိုဆူမလဲဆိုတာသာ စောင့်နေတော့"
ခဏအကြာတွင် ရီဘလိုသည် ဆက်သွယ်ရေးတာဝန်ခံ ခန်ဒီရှက်ခ်ကို လှည့်ကြည့်လိုက်သည်။
“ဟေ့…အခြားဘက်က အခြေအနေဘယ်လိုလဲ"
ခန်ဒီရှက်ခ်သည် လက်မြှောက်ပြပြီး အောင်မြင်သည်ဟု အဓိပ္ပါယ်ရသည့် သင်္ကေတပုံစံကို လုပ်ပြလိုက်သည်။
“အခြားဘက်တွေကလည်း အကုန်သတင်းကောင်းတွေပဲ ကြားရပါတယ်။ ကန်ဒရာအင်ပါယာရဲ့ ရန်သူ၃ဖွဲ့ကို ချေမှုန်းပြီးပါပြီ။ ကျန်တဲ့၂ဖွဲ့ကလည်း မကြာခင် ပစ်ကွင်းထဲရောက်လာတော့မှာပါ။ မမျှော်လင့်ထားတဲ့ အခြေအနေတစ်မျိုးမျိုးသာ မဖြစ်ဘူးဆိုရင်တော့ သူတို့တွေ လွတ်မြောက်စရာ အကြောင်းမရှိပါဘူး။”
“ကောင်းတယ်။ ငါတို့ရထားတဲ့ တိုက်ပွဲအချက်အလက်တွေကို ပို့ပေးလိုက် ပြီးရင် အစီအစဉ်အတိုင်း ဆက်သွားကြတာပေါ့….”
ရီဘလိုသည် မှော်လေယာဉ်၏ အလယ်တွင်ရှိသော ဧရာမစားပွဲခုံဆီသို့ လာခဲ့သည်။ အဲ့သည်တွင် ရူဒ်ဆန်တိုင်းပြည်၏ မြေပုံပါရှိပြီး ရီဘလိုသည် ငုံ့ကြည့်ပြီး မြေပုံ၏ညာဘက်ထောင့် အပေါ်သို့ ညွှန်ပြလိုက်သည်။
“အဲ့နေရာကို ၁၁နာရီလောက်သွားပြီး ၂နာရီလောက် ရောက်မှဖြစ်မယ်။ နောက်ထပ်အမိန့်ကိုစောင့်ရင်း လေယာဉ်အမှတ် ၁၃၊ ၁၇၊ ၃၆၊ ၄၀တို့နဲ့ တွေ့ကြတာပေါ့။"
“ဟုတ်ကဲ့"
“ဟုတ်ကဲ့”
လေယာဉ်ပေါ်တွင် ထောက်ခံသံများဖြင့် ပြည့်နှက်သွားတော့သည်။ မှော်လေယာဉ်သည် ကောင်းကင်ယံထက်တွင် လှည့်ကာ အရှေ့မြောက်ဘက်သို့ သွားတော့သည်။
မကြာခင်မှာပင် မှော်လေယာဉ်သည် စစ်မြေပြင်နှင့် ဝေးကွာလာကာ ပျောက်ကွယ်သွားတော့သည်။
အရှေ့မြောက်ဘက် ၂၅၀ကီလိုမီတာတွင် အထွတ်အမြတ်များသည် ရူဒ်ဆန်တိုင်းပြည်၏ အကျယ်ပြန့်ဆုံး မြေပြန့်လွင်ပြင်ဖြစ်သည့် အင်ဒရာလွင်ပြင်တွင် ရှိနေကြသည်။
လွင်ပြင်သည် ရှေ့ဘက်မှ အနောက်ဘက်အထိ အလျား၅၀၀ကီလိုမီတာကျော်နှင့် မြောက်ဘက်မှ တောင်ဘက်သို့ အနံ၃၀၀ကီလိုမီတာကျော်ဖြင့် ရူဒ်ဆန်တိုင်းပြည်၏ မြောက်ဘက်တစ်ခြမ်းလုံးကို နေရာယူလျက်ရှိသည်။
ရူဒ်ဆန်တိုင်းပြည်ထဲသို့ ဝင်လိုလျှင် ဤလွင်ပြင်ကို ဖြတ်ကျော်မှသာ ဖြစ်နိုင်သည်။
ကန်ဒရာအင်ပါယာ အကြီးအကဲများ၏ အစီအစဉ်အရ စစ်အင်အားသိပ်မရှိလှသော ရူဒ်ဆန်အင်ပါယာအနေဖြင့် တောင်ဘက်ရှိ တောင်တန်းများလို အကာအကွယ်ယူ တိုက်ခိုက်၍မရသော အင်ဒရာလွင်ပြင်တွင် မတိုက်ခိုက်ဘဲ အရှုံးေပးလိမ့် မည်ဟုသာ ထင်မှတ်ထားကြသည်။
သို့သော် ကန်ဒရာအင်ပါယာ၏ တပ်ရင်းနှစ်ခုသည် အင်ဒရာလွင်ပြင်သို့ ဝင်ရောက်ပြီး ၅၀ကီလိုမီတာထိ မရောက်ခင်မှာပင် ရူဒ်ဆန်တိုင်းပြည်၏ အရိပ်အယောင်များကို တွေ့ကြရသည်။
“အဲ့ဒီ ရူဒ်ဆန်တိုင်းကလူတွေ စိတ်မှန်ကြသေးရဲ့လား။” ရွှေလင်းယုန်မြင်းစီးသူရဲကောင်းတပ်၏ လက်ဝဲတပ်မှူး ဂျီရဒ်က ဝေခွဲမရဖြစ်သွားသော အကြည့်ဖြင့် “ဘာလို့ ဘာအကာအကွယ်မှမရှိတဲ့နေရာမှာ ငါတို့ကို ခုခံချင်ရတာလဲ” ဟု ပြောလိုက်သည်။
ကြက်သွေးရောင်နေမင်းတပ်၏ လက်ယာတပ်မှူး နာရိုလုဗ်က သေချာစိုက်ကြည့်ရင်း "ရူဒ်ဆန်အင်ပါယာက လူတွေကို အရမ်းအထင်မသေးနဲ့ ဂျီရဒ်။ မြင်းစီးသူရဲကောင်းတပ်ဖွဲ့ ပျက်ခါနီးအထိ ဖြစ်သွားပြီး အန်စတိုေတာင်မှ အသက်ပေးခဲ့ရတယ်။ ငါတို့တွေ သတိထားတာ ပိုကောင်းမယ်။
“အဲ့ အမှိုက်ကောင် အန်စတိုက သူ့ဘိုးဘေးတွေ ချန်ခဲ့တဲ့ အင်အား ၃၀၀၀ရှိတဲ့ သံချပ်ကာ မြင်းစီးတပ်နဲ့ ကြွားလုံးထုတ်ပြနေပါကွာ။ ဒါပေမယ့် သူမသိတာက အဲ့ဒီအင်အား ၃၀၀၀ ဆိုတာလည်း တကယ်က ဘာမှမဟုတ်ဘူး။ အခု သူမရှိတော့ သူ့တပ်လည်း ပျက်သွားပြီ။ သူ့မိသားစုရဲ့ရှေ့ရေးကလည်း ပြီးဆုံးသွားတာနဲ့ အတူတူပဲ။”
နာရိုလုဗ်သည် ဂျီရဒ်ကို မနှစ်မြို့သော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူသည်လည်း အန်စတိုအား အထင်ကြီးနှစ်သက်ခြင်း မရှိသော်လည်း အန်စတိုသေဆုံးပြီး မြင်းစီးသူရဲကောင်းတပ်ဖျက်ဆီးခံရပြီး ကန်ဒရာအင်ပါယာ၏ ငယ်ရွယ်သော အကြီးတန်း တပ်မှူးတစ်ယောက်အား ဆုံးရှုံးရခြင်းအပေါ် အနည်းငယ် ဝမ်းနည်းစိတ်ဝင်မိလေသည်။
“ဘာပဲဖြစ်ဖြစ် သတိထားတာ ပိုကောင်းမယ်။ ရူဒ်ဆန်တိုင်းပြည်က Frestech ကုန်သည်ကြီးများအသင်းရဲ့ အထောက်အပံ့ကို ရထားတာ။ သူတို့တွေ မှော်စက်ယန္တရားတွေကို ပြင်ဆင်လာမှာပဲ ငါတို့ထက် စစ်သားအင်အားနည်းတယ်ဆိုရုံနဲ့ သွားအထင်သေးပြီး ဂရုမစိုက်ရင် ငါတို့ရှုံးသွားနိုင်တယ်။”
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ စိတ်အေးအေးထားပါ။ ငါမနောက်တော့ပါဘူး။” ဂျီရဒ်သည် လက်တစ်ဖက်ကိုမြှောက်ရင်း စဉ်းစဉ်းစားစားဖြင့်၊ “ငါက မင်းထက် စစ်ရေးအတွေ့အကြုံ ပိုများပါတယ်။ စစ်တပ်အရာရှိအကြီးပိုင်းတွေက Frestech ကုန်သည်ကြီးများအသင်းရဲ့ နည်းပညာကို တုပပြီး ထုတ်တာတောင် ဒီလောက်အစွမ်းထက်နေတာ၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်ယန္တရားတွေကိုရထားတဲ့ ရူဒ်ဆန်တိုင်းပြည်ကို ငါအထင်သေးရဲပါ့မလား။”
နာရိုလုဗ်သည် ခေါင်းညိတ်ပြလိုက်ရင် “မင်း သိရင်ပြီးတာပဲ။”
ဂျီရဒ်နှင့် သူသည် အတူတူသာဖြစ်သည်။ အဖွဲ့သစ်မှဖြစ်ပြီး စစ်မှော်စက်ယန္တရားအဖွဲ့တွင် ပါဝင်ကာ ပြန်လည်ထောက်ပံ့ပေးနေသော စစ်တပ်အရာရှိများဖြစ်လေသည်။
စစ်မှော်ယန္တရားများနှင့် ပတ်သက်လျှင် စစ်တပ်အကြီးပိုင်း သက်ကြီးဗိုလ်မှူးများထက် ပိုမိုနားလည်ကာ စစ်ရေးအခြေအနေကိုပါ ပြောင်းလဲနိုင်စွမ်းရှိကာ သင်လွယ်တတ်လွယ်ရှိလေသည်။
သူတို့၏ ဇွဲကောင်းမှုနှင့် ရှာဖွတွေေ့ရှိမှုများကြောင့် ရူဒ်ဆန်တိုင်းပြည်ကို ကျုးကျော်သိမ်းပိုက်ရာတွင် ရွှေလင်းယုန်မြင်းစီးသူရဲကောင်းနှင့် ကြက်သွေးရောင်နေမင်းအဖွဲ့ကို ဦးဆောင်ခွင့် ရခဲ့ခြင်းဖြစ်သည်။
ဂျီရဒ်၏ ရွှေလင်းယုန်မြင်းစီးသူရဲကောင်းအဖွဲ့ကို ခေါ်သွားလေသည်။
အဖွဲ့တွင် မြင်းစီးနာမည်သာ ပါရှိပြီး သယ်ယူရေးအတွက် ရထားလုံးများကိုသာ အားကိုးရကာ တိုက်ပွဲအတွက် ရွှေလင်းယုန်မြင်းစီးသူရဲကောင်းအဖွဲ့တွင် မြင်းတစ်ကောင်မျှ မပါရှိချေ။
အခုအချိန် ရွှေလင်းယုန်မြင်းစီးသူရဲကောင်းတွင် ပို့ဆောင်ရေးမှော်ကား ၆၇စီး၊ ၄င်းတို့ကို ထပ်ဆင့်ပြုပြင်ထားသော မှော်သံချပ်ကာယာဉ်တပ် ၁၀၃စီး၊ ၆၀မီလီမီတာ မှော်အမြှောက် ၃၀နှင့် ကန်ဒရာအင်ပါယာကိုယ်တိုင် ဖန်တီးထားသော ၆၀မီလီမီတာ မှော်အမြှောက်၁၀၀သာ ရှိလေသည်။
ထို့ကြောင့် မှော်မြားပစ်စက် ၃၀၀၊ မှော်လောင်ချာ ၈၀၀နှင့် မီးစွမ်းအားအသုံးပြုသော အဖွဲ့တစ်ဖွဲ့သာ ပါရှိသည့်အတွက် ရွှေလင်းယုန်မြင်းစီးသူရဲကောင်းကို ယှဉ်ရန်မဖြစ်နိုင်ချေ။
ဤသည်မှာ နှစ်အစတွင် ရရှိထားသော စစ်ရေးသတင်းများသာဖြစ်သည်။
ရွှေလင်းယုန်မြင်းစီးသူရဲကောင်းသည် ယခုအချိန်တွင် ၄င်း၏အင်အားများကို တိုးလာပြီး အများစုသော တပ်များသည် ယှဉ်နိုင်စွမ်းမရှိချေ။
ကြက်သွေးရောင်နေမင်းအပါအဝင် အဖွဲ့အချို့သာ ၄င်းကို ယှဉ်နိုင်လုနီးပါးရှိ၏။
ရွှေလင်းယုန်မြင်းစီးသူရဲကောင်းထက် ကြက်သွေးရောင်နေမင်းမှာ အမြှောက်အင်အား နည်းပေသည်။ ကန်ဒရာအင်ပါယာမှ ထုတ်လုပ်သော မှော်အမြှောက်၆၀သာ ရှိလေသည်။
သို့သော် ကြက်သွေးရောင်နေမင်းတပ်တွင် ထိတ်လန့်ဖွယ်ရာ ပို့ဆောင်ရေးမှော်ကား အစီး၅၀၀ရှိနေလေသည်။
မှော်ယာဉ်အကြီးတစ်စီးတွင် လူအယောက် ၅၀သာနိုင်ပြီး ကြက်သွေးရောင်နေမင်းမှာမူ အရှိန်ဖြင့်မောင်းနှင်နိုင်ကာ မှော်ယာဉ်အကြီးတစ်ခုတွင် လူအယောက်၂၀၀၀တင်ဆောင်နိုင်လေသည်။
ဤအချက်များအပြင် လျင်မြန်သွက်လက်မှုနှင့် မီးစွမ်းအားသုံးနိုင်မှု အမြင့်ဆုံးဖြစ်သောကြောင့် ရွှေလင်းယုန်မြင်းစီးသူရဲကောင်းနှင့် ကြက်သွေးရောင်နေမင်းတပ်ဟာ တတိယမြောက် စစ်တပ်၏ ဦးစီးခေါင်းဆောင်များ ဖြစ်လာကြသည်။
နာရိုလုဗ်နဲ့ ဂျီရဒ်တို့ဟာ ရူဒ်ဆန်တိုင်းပြည်နဲ့ စစ်ခင်းရာတွင် တိုက်ခိုက်နိုင်စွမ်းသာ ရလဒ်အတွက် အရေးကြီးကြောင်း သိရှိပြီး ၄င်းတို့၏ တပ်များအပေါ် ယုံကြည်မှုအပြည့်ရှိနေကြသည်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အခန်း ၁၀၂။ လွင်ပြင်တိုက်ပွဲ
မိနစ်၂၀ကြာပြီးသည့်နောက်တွင် ရွှေလင်းယုန်မြင်းစီးသူရဲကောင်းနှင့် ကြက်သွေးရောင်နေမင်းတပ်တို့သည် အင်ဒရာလွင်ပြင်၏တောင်ဘက် ၁၀ကီလိုမီတာအကွာသို့ ရောက်ရှိသွားပြီး အသင့်ပြင်တပ်ဖွဲ့ထားသော ရူဒ်ဆန်တိုင်းပြည်၏ စစ်တပ်နှင့် တွေ့ကြတော့သည်။
ဂျီရဒ်သည် အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်လိုက်ပြီးသည့်နောက်တွင် မျက်ခုံးပင့်သွားတော့သည်။
စစ်တပ်မှာ တပ်သားပေါင်း တစ်သောင်းဝန်းကျင်ရှိပြီး အလံကြီးမှာ ရူဒ်ဆန်တိုင်းပြည်၏ အလံဖြစ်သော်လည်း ဂျီရဒ်အာရုံစိုက်မိသည်မှာ ရိုးရှင်းစွာ တောင်ပံတစ်ဝက်ပုံဖြင့် တန်ဆာဆင်ထားသော အလံသာဖြစ်လေသည်။
ထိုခေတ်အခါတွင် ဤအလံ၏အဓိပ္ပါယ်ကို မသိသောသူမရှိချေ။
ဤအလံကား Frestech ကုန်သည်ကြီးများအသင်း၏ အလံဖြစ်လေ၏။
ဂျီရဒ်၏မျက်နှာမှာ တည်သွားပြီး “Frestech ကုန်သည်ကြီးများအသင်းတွေကပါ တိုက်မှာလား။ ငါတို့စတိုက်ဖို့ လုပ်တုန်းက ငြိမ်နေပြီးတော့ ဘာလို့အခုမှ ဝင်တိုက်ကြတာလဲ။” ဟုပြောလေသည်။
“အဲ့ဒါဆန်းလို့လား။” နာရိုလုဗ်သည် မျက်လုံးဝေ့လိုက်လေသည်။ “ငါတို့က အခု Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်နေတာပဲလေ။ သူတို့အခုအချိန် တပ်ကူမပို့လို့ ငါတို့ သူတို့ရဲ့ အခြေစိုက်နေရာဖြစ်တဲ့ စတက်တိန်းကို ဝင်သိမ်းတော့မှ သူတို့က ဝင်တိုက်ရမှာလား။”
ဂျီရဒ်သည် ခါးသက်စွာပြုံးလျက် ခေါင်းခါရင်း၊ “ငါဆိုလိုချင်တာ အဲ့ဒါမဟုတ်ဘူး။ သူတို့တွေသာပါမယ်ဆိုရင် ငါတို့တိုက်ဖို့ လွယ်မှာမဟုတ်ဘူး။”
“အနှေးနဲ့အမြန် သူတို့နဲ့ တိုက်ရမှာပဲ။ သူတို့စောစောလာတော့ နောက်ပိုင်းတိုက်ရတာ ပိုလွယ်သွားတာပေါ့။”
နာရိုလုဗ်သည်လည်း အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်လိုက်ပြီးသောအခါ မျက်ခုံးပင့်သွားတော့သည်။
“နိုင်ငံတွေအကုန်လုံးက ပြောကြတယ်။ Frestech ကုန်သည်ကြီးများအသင်းက သိပ်သန်မာတာတဲ့။ ဒါပေမယ့် သူတို့အကြိမ်နည်းနည်းပဲ ဝင်တိုက်ဖူးတယ်။ အဲ့တော့ သူတို့တကယ်တမ်း ဘယ်လောက်ထိ သန်မာမလဲဆိုတာ ဘယ်သူသိမလဲ။”
“အဲ့သတင်းကို အသေးစိတ်မပေးနိုင်တဲ့အပေါ် စိတ်တိုမိတယ်။ ရူဒ်ဆန်တိုင်းပြည်က သူတို့ရဲ့ထောက်ပံ့မှုလေး ရထားရုံနဲ့တင် ဒီလောက်သန်မာနေရင် သူတို့ရဲ့စစ်အင်အားကို တွေးသာကြည့်တော့။”
ဂျီရဒ်သည် စိုးရိမ်စိတ်များ ပေါ်ပေါက်လာသည်။
“အဲ့ဒါ ငါတို့ကို Frestech ကုန်သည်ကြီးများအသင်းရောင်းသွားတဲ့ စစ်တပ်သုံးမှော်စက်ယန္တရားတွေရဲ့ လုပ်နိုင်စွမ်းကို မင်းမသိလို့ပဲ။ အဲ့ဒီပစ္စည်းအဟောင်းတွေနဲ့သာဆို ငါတို့ သူတို့ကို မရပ်တန့်နိုင်ဘူး။ ပြီးကျ သူတို့တွေ မသုံးတော့တဲ့ အဆင့်နိမ့် လက်နက်တွေကိုပဲ ရောင်းမှာ သေချာတာကတော့ သူတို့ဆီမှာ လက်နက်ကောင်းတွေ ချန်ထားမှာပဲ။”
"သိသာပါတယ်။" နာရိုလုဗ်သည် မျှော်လင့်ချက်မဲ့စွာ လက်ဆန့်ရင်း "ဘယ်သူကများ သူတို့ကို ဒီကမ္ဘာကြီးမှာ ဒါတွေကို ပိုင်ဆိုင်စေခဲ့တာပါလိမ့်နော်။"ဟု ပြောလေသည်။
နှစ်ယောက်စလုံး တစ်ယောက်နှင့် တစ်ယောက် တိတ်ဆိတ်စွာ ကြည့်နေကြရင်း ဂျီရဒ်သည် သူ၏မျက်နှာကို သပ်လိုက်ကာ ခြေထောက်ဆောင့်လိုက်လေသည်။
"တိုက်ပွဲတောင် မစရသေးတာ ငါတို့က ဘာလို့ စိတ်ဓါတ်ကျနေကြတာလဲ။ သူတို့တွေ အင်အားကြီးတာ မှန်ပါတယ်။ ဒါပေမယ့် ငါတို့က လူအင်အားပိုများသလို စစ်လက်နက်တွေလည်းရှိနေတာပဲ။ အကယ်၍ သူတို့က လွင်ပြင်မှာ တိုက်ချင်သပဆိုရင်လည်း ငါတို့က အသေဖြောင့်အောင် လုပ်ပေးရမှာပေါ့။"
"မြင်းစီးသူရဲကောင်းတပ်ဆီက ကြားခဲ့တဲ့ သတင်းအရ သူတို့တွေက အရမ်းဝေးတဲ့ နေရာအထိ တိုက်နိုင်တယ်တဲ့။ ဒါဆို အခုငါတို့က....."ဟုပြောပြီး နာရိုလုဗ်သည် သူ၏ညာလက်ကို မြှောက်ကာ အကွာအဝေးကို တိုင်းတာလေသည်။
ကြက်သွေးရောင်နေမင်းတပ်ဖွဲ့ကို ရပ်ရန် အမိန့်ပေးလိုက်ပြီး မကြာခင်မှာပင် တပ်တစ်ခုလုံး ရပ်လိုက်ကြသည်။
ဂျီရဒ်နှင့် နာရိုလုဗ်သည် အချင်းချင်း နှစ်ပေါင်းများစွာ သိလာကြသူများဖြစ်သည့်အတွက် နာရိုလုဗ်၏ အပြုအမူများကိုကြည့်ပြီး သဘောပေါက်ကာ ဂျီရဒ်သည် ရွှေလင်းယုန်မြင်းစီးသူရဲကောင်းတပ်ကိုပါ ရပ်ရန်အမိန့်ပေးလိုက်သည်။
"ဟုတ်ပြီ ဒါဆိုရင်တော့ တစ်ဖက်နဲ့ ၅ကီလိုမီတာလောက် ခြားနေတာကြောင့် သူတို့ပစ်ကွင်းက လွတ်လောက်ပါတယ်။ ဒီမှာပဲ တိုက်ပွဲပုံစံ ပြင်ဆင်ကြပြီးတော့ တိုက်ကြတာပေါ့။"ဟု နာရိုလုဗ်က ပြောလေသည်။
"ကောင်းပြီ"
ဂျီရဒ်နှင့် နာရိုလုဗ်သည် ၄င်းတို့၏ တပ်မှူးများနှင့် တိုက်ပွဲအစည်းအဝေး ပြုလုပ်ကြပြီး ကြက်သွေးရောင်နေမင်းသည် ၄င်းတို့၏ လျှင်မြန်မှုဖြင့် အသုံးချတိုက်ခိုက်ပြီး ရွှေလင်းယုန်မြင်းစီးသူရဲကောင်းသည် အနောက်မှ ပံ့ပိုးပေးရန် သဘောတူလိုက်ကြသည်။
ထိုတပ်နှစ်ခုမှာ ကန်ဒရာအင်ပါယာ၏ လက်ရွေးစင် တပ်များဖြစ်ကြပြီး ဂျီရဒ်နှင့် နာရိုလုဗ်တို့၏ အရည်အချင်းများ ဖြည့်စွက်လိုက်သောအခါ အစဉ်အစဉ်ဆွဲပြီး မကြာခင်မှာပင် တပ်အနေအထားသည် ပြင်ဆင်ပြီးသားဖြစ်သွားတော့သည်။
၄င်းတို့ဘက်မှ တိုက်ပွဲအစီအစဉ်များ ဆွဲပြီးချိန်မှာပင် ရူဒ်ဆန်တိုင်းပြည်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့ဘက်မှ တပ်သားများ လှုပ်ရှားခြင်းမရှိဘဲ ၄င်းတို့ဘက်မှ လာတိုက်ရန် စောင့်နေခြင်းကို အံ့အားသင့်နေကြသည်။
မည်သို့ပင် အံ့အားသင့်စေကာမူ ရန်သူရှေ့တွင် ရောက်နေသောကြောင့် နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ချေ။
"တိုက်ခိုက်ကြ"
ရွှေလင်းယုန်မြင်းစီးသူရဲကောင်းမှ တပ်သား အယောက် ၂၃၀၀ကျော်သည် ရန်သူဆီသို့ ပုံစံတကျ ချီတက်ကြတော့သည်။
သံချပ်ကာတပ်သည် ကြီးမားသော ဒိုင်းကာများဖြင့် ရှေ့ဆုံးမှ ချီတက်ကြပြီး ၄င်းတို့၏နောက်မှ လေးတပ်ဖွဲ့သည် မှော်မြားပစ်စက်များဖြင့် လိုက်ပါလာကြသည်။
တပ်သားများကို အဖွဲ့များခွဲထားပြီး တစ်ဖွဲ့စီတွင် တပ်သားရာချီနှင့် မှော်အမြှောက်၃၀ပါရှိကြသည်။
Frestech ကုန်သည်ကြီးများအသင်းတီထွင်ထားသော မှော်အမြှောက်တွင် အရှေ့မှဆွဲရန် ပို့ဆောင်ရေး မှော်ယာဉ်ပါရှိပြီး ယခုကဲ့သို့ လွင်ပြင်တွင် တစ်နာရီ မိုင်၄၀နှုန်းဖြင့် သွားနိုင်လေသည်။
ကန်ဒရာအင်ပါယာသည် မှော်အမြှောက်တွင် အရှေ့မှဆွဲရန် ပို့ဆောင်ရေး မှော်ယာဉ်ကို တီထွင်နိုင်ခဲ့သော်လည်း သတ္ထုအကန့်အသတ်ရှိသောကြောင့် တစ်နာရီ မိုင်၃၀အောက်၊ မိုင်၂၀သာ မောင်းနှင်နိုင်ပြီး ထို့အတွက်ကြောင့် တိုက်ပွဲပုံစံချထားမှုကို သက်ရောက်စေခဲ့သည်။
နှစ်ဖက်စလုံးသည် ၅ကီလိုမီတာသာ ကွာဝေးသည့်အတွက် မိုင်၂၀နှင့်၄၀ကြား ကွာခြားချက် သိပ်မကြီးမားချေ။ ရွှေလင်းယုန်မြင်းစီးသူရဲကောင်းအနေဖြင့် မှော်အမြှောက်များကိုသုံးရန် ၂ကီလိုမီတာအကွာအထိ သွားရန်လိုအပ်ပေသည်။
ရွှေလင်းယုန်မြင်းစီးသူရဲကောင်းနေရာ ချထားပြီးသည့်အချိန်တွင် နာရိုလုဗ်သည် အမိန့်ပေးတော့သည်။
ကြက်သွေးရောင်နေမင်းအဖွဲ့ကို ၃ဖွဲ့ခွဲလိုက်ပြီး တစ်ဖွဲ့စီသည် ရွှေလင်းယုန်မြင်းစီးသူရဲကောင်းနှင့် တွဲလုပ်ကြရပြီး တပ်သား၅၀၀၀ပါသော ပို့ဆောင်ရေးမှော်ယာဉ်အကြီး အစီး၁၀၀ပါဝင်ကြသည်။ အခြားဘက်တွင်လည်း ပို့ဆောင်ရေးမှော်ယာဉ်အကြီး၁၀၀ပါသော အဖွဲ့နှစ်ဖွဲ့သည် ရူဒ်ဆန်စစ်တပ်ကို ဝိုင်းရန်ကြိုးပမ်းနေကြသည်။
ရွှေလင်းယုန်မြင်းစီးသူရဲကောင်းနှင့် ကြက်သွေးရောင်နေမင်းတို့၏ လက်နက်အများစုမှာ လဲထားသော်လည်း ဗျူဟာများမှာ ယခင်အတိုင်းသာဖြစ်သည်။
ဥပမာအားဖြင့် ယခုအသုံးပြုနေသော ဗျူဟာသည် ကန်ဒရာအင်ပါယာ ယခင်အချိန်များက အသုံးပြုခဲ့သော ဗျူဟာများသာဖြစ်သည်။
ဤဗျူဟာသည် ကောင်းကွက်များစွာရှိပြီး အနိုင်ရနိုင်ချေမြင့်သောကြောင့် သုံးသည်မှာလည်း အမှားမဟုတ်ချေ။
သို့သော်.... ယခုတိုက်ပွဲဟာ ယခင်တိုက်ပွဲများနှင့် များစွာခြားနားလေသည်။
ရူဒ်ဆန်စစ်တပ်သည် ရွှေလင်းယုန်မြင်းစီးသူရဲကောင်းတပ်ဖွဲ့များ ၃၀ကီလိုမီတာသို့ ရောက်လာသောအချိန်မှသာ စတင်လှုပ်ရှားလေသည်။
လှုပ်ရှားရုံသာမက မိုးကြိုးကဲ့သို့ ပေါက်ကွဲကြသည်။
“ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း”
ရူဒ်ဆန်တပ်ဘက်မှလာသော အသံများနှင့် မရတွေက်နိုင်သော အနီရောင်အလင်းရောင်များသည် လျင်မြန်စွာ ပေါ်လာကြသည်။
ဂျီရဒ်သည် ရှော့ခ်ရသွားခဲ့သည်။
"သူတို့တွေနဲ့ ၃ကီလိုမီတာလောက် ဝေးနေသေးတာတောင် ရူဒ်ဆန်တပ်က ဘယ်လိုလုပ် မှော်အမြှောက်တွေ သုံးလို့ရနေတာလဲ။ သူတို့ရဲ့ ပစ်ကွင်းက ၂ကီလိုမီတာပဲမဟုတ်ဘူးလား"
သို့သော် လက်တွေ့တွင် ဂျီရဒ်၏ သုံးသပ်ချက်များမှာ မှားယွင်းသွားခဲ့ပါသည်။
အနီရောင်အလင်းရောင်များသည် ၃ကီလိုမီတာအကွာမှ ရောက်လာကြပြီး ရွှေလင်းယုန်မြင်းစီးသူရဲကောင်းပေါ်သို့ ကျေရာက်လာပါသည်။
"လူစုခွဲကြ"
ဂျီရဒ်သည် အခြားအမိန့်များ ပေးချိန်မရတော့သည့်အတွက် ယခုကဲ့သို့သာ အော်လိုက်ရတော့သည်။
“ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း”
အမြှောက်သံ၊ ပေါက်ကွဲသံများကြောင့် ဂျီရဒ်သည် အသံများကို မကြားရသလောကံ ဖြစ်လာခဲ့သည်။
ပေါက်ကွဲသံများကြားတွင် ရွှေလင်းယုန်မြင်းစီးသူရဲကောင်း စစ်သားများ၏ နာကျဉ်စွာ အော်သံများကို ကြားကြရ၏။
ရွှေလင်းယုန်မြင်းစီးသူရဲကောင်း၏ တပ်ဖွဲ့ပုံစံသည် ပထမအကြိမ် ဖောက်ခွဲခံရပြီးသည့်နောက် လုံးဝပျက်ပြားသွားလေတော့သည်။
ဂျီရဒ်သည် ကြောက်ရွံ့မှုကို အံတုကာ ဘေးနားတွင်ရှိသော မှော်ဆရာတစ်ယောက်အား ဆွဲခေါ်ရင်း စကားပြောရန် ကြိုးစားလေသည်။
"မတုန်လှုပ်နဲ့ ဆက်တိုက်ကြ၊ ငါအတွက် ပုံစံပြန်ယူပြီး ရှေ့ဆက်တိုးကြ၊ ထွက်ပြေးတဲ့သူမှန်သမျှ ကွပ်မြက်ခံရမယ်။"
ဂျီရဒ်သည် မှော်အမြှောက်ရှိသော်လည်း ရူဒ်ဆန်ဘက်မှ အမြှောက်များသည် ပိုအားကောင်းပြီး ပစ်နိုင်သော အကွာအဝေးမှာလည်း ၁ကီလိုမီတာအထိ ပိုများနေသေးသည်ကို ချက်ချင်း သိရှိသွားတော့သည်။
ယခုအခါ ရန်သူ၏ပစ်ကွင်းထဲသို့ ရောက်နေသည့်အတွက် ခုခံရန်သာတတ်နိုင်လေသည်။
ထို့ကြောင့် တစ်ခါတည်းသော ရွေးချယ်စရာမှာ ရှေ့ဆက်သွားရန်သာ ဖြစ်ပေသည်။
ဂျီရဒ်၏အသံသည် အသံလှိုင်းမှော်ဖြင့် ရွှေလင်းယုန်မြင်းစီးသူရဲကောင်းတွင် ပျံနှံ့သွားလေသည်။
တိုက်ခိုက်ခံရမှုကြောင့် တုန်လှုပ်နေသော စစ်သားများသည် ၄င်းတို့၏ဗိုလ်မှူးအသံ ကြားရသောအခါတွင် ပြန်လည်တည်ငြိမ်လာပြီး ရူဒ်ဆန်စစ်တပ်ဆီသို့ အမြန်ဆုံးနှုန်းဖြင့် ချီတက်လာကြသည်။
ကြက်သွေးရောင်နေမင်းအဖွဲ့နှစ်ဖွဲ့သည် အတိုက်မခံရဘဲ ရူဒ်ဆန်တိုင်းပြည်ကို ဝိုင်းလိုက်နိုင်ကြသည်။
နာရိုလုဗ်သည် ရွှေလင်းယုန်မြင်းစီးသူရဲကောင်းအတိုက်ခံရသည်ကို မြင်သောအခါတွင် ကြက်သွေးရောင်နေမင်းအဖွဲ့ကို အရှိန်မြင့်ရန် အမိန့်ပေးခဲ့သည်။
ရူဒ်ဆန်စစ်တပ်သည် ၄င်းတို့ထက် အကွာအဝေးများအောင် ပစ်နိုင်သည့်အတွက် ၄င်းတို့အတွက် တိုက်ခိုက်ရန်မှာ ရန်သူနှင့် အနီးဆုံးကို သွားရန်သာဖြစ်သည်။
သို့သော် ဤသို့တွေးနေစဉ်မှာပင် ၄င်းတို့၏အရှေ့၌ မီးတောက်များကို မြင်ရလေသည်။
မြောက်များစွာသော ပေါက်ကွဲမှုများဖြင့် ပို့ဆောင်ရေး မှော်ယာဉ်များသည် မြေပေါ်သို့ မကျခင်မှာပင် ကိုယ်ပျောက်လူသန်ကြီး တစ်ယောက်က ကိုင်လှည့်သကဲ့သို့ လေထုထဲ၌ အကြိမ်များစွာ လှည့်ပြီးမှ ကျလေသည်။
ထိုထဲတွင် နာရိုလုဗ်ရှေ့ရှိ ယာဉ်ပါ ပါဝင်ပြီး ၄င်းသည် မြေပေါ်သို့ လိမ့်လာပြီး နာရိုလုဗ်စီးလာသော ယာဉ်ကို တိုက်မိလေသည်။
ယာဉ်တိုက်မှုကြောင့် နာရိုလုဗ်သည် ယာဉ်နှင့် သူ၏ခေါင်း တိုက်မိသွားပြီး သွေးများထွက်လာလေသည်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အခန်း ၁၀၃။ ထူးဆန်းသောမှော်ယာဉ်ကြီး
နာရိုလုဗ် ဒုက္ခရောက်နေသည်ကို မသိသော်လည်း ကြက်သွေးရောင်နေမင်း၏ မှော်ယာဉ်၁၀စီး လွင့်ထွက်သွားပြီး စစ်သားများ ကောက်ရိုးမျှင်များကဲ့သို့ လွင့်ထွက်နေသည်ကို ကြည့်ခြင်းအားဖြင့် အခြေအနေဆိုးရွားသည်ကိုတော့ ဂျီရဒ်သိနေသည်။
ရူဒ်ဆန်စစ်တပ်သည် လာတိုက်သည်ကို စောင့်နေသည်မဟုတ်ဘဲ ထောက်ချောက်များ ဆင်ထားပြီး ၄င်းတို့ကိုယ်တိုင် သတွေင်းထံသို့ အရောက်လာကြသည်ကို စောင့်နေကြရုံသာဖြစ်သည်။
ဂျီရဒ်သည် ရူဒ်ဆန်စစ်တပ်ကို ကြည့်လိုက်ပြီး အတွေးတစ်ခုရလာခဲ့သည်။
ရန်သူများ ထောက်ချောက်ဆင်ထားသည်မှာ သေချာသဖြင့် ရှေ့ဆက်သွားလျှင် ထောင်ချောက်မိသွားလိမ့်မည်သာဖြစ်သည်။
သို့သော် အကွာအဝေးကို ကြည့်ပြီး ဂျီရဒ်သည် ရင်လေးသွားလေတော့သည်။
မိနစ်အနည်းငယ်အတွင်း အနီးသို့ အနည်းငယ် သွားနိုင်ခဲ့သော်လည်း ပစ်ရန်အထိ မနီးသေးချေ။
ထောက်ချောက်များကြောင့် ရပ်လိုက်လျှင်လည်း ရူဒ်ဆန်တပ်မှ အမြှောက်များဖြင့် ပစ်လိမ့်မည်။
တပ်ဆုတ်မည်ဆိုလျှင်လည်း ပစ်ခံရသောကြောင့် ထိခိုက်မည်ဖြစ်ပြီး ပို၍ဆိုးနိုင်သည်။
ရူဒ်ဆန်တပ်မှ အနောက်က လိုက်လာလျှင် မတွေးတတ်အောင် ဖြစ်ရသည်။
တွေးရင်းနှင့်ပင် ဂျီရဒ်သည် ရင်ထဲတွင် နာကျင်လာရသည်။
ရူဒ်ဆန်တပ်၏ အမြှောက်များသည် ၄င်းတို့ထက် ပို၍ဝေးစွာ ပစ်နိုင်သောကြောင့် အခက်အခဲဖြစ်နေလေသည်။
နောက်ဆုတ်ရန်လည်း မဖြစ်နိုင်သောကြောင့် ထောင်ချောက်များကို ကျော်ဖြတ်ကာ ရှေ့သို့ဆက်သွားရန်သာ ကျန်တော့သည်။
"သေစမ်း... ငါတို့လူတွေသာ ပစ်ကွင်းကို ဝေးဝေးထိ ပစ်လို့ရအောင် လုပ်နိုင်ခဲ့ရင်ကွာ...."
ဂျီရဒ်သည် အသံလွှင့်မှော်ကို မသုံးခင် ခေါင်းကိုငုံ့ကာ ကျိန်ဆဲလိုက်ပြီးသည့်နောက် ခေါင်းပြန်မော့ကာ အမိန့်ပေးလေတော့သည်။
"ညီအစ်ကိုတို့ ငါတို့အတူရှေ့ကို အရှိန်နဲ့ချီတက်ကြစို့"
အော်ပြီးသည့်နောက်တွင် ဂျီရဒ်သည် ယာဉ်မောင်း၏ ပခုံးကို ပုတ်ပြီး အရှိန်မြှင့်ရန် ပြောလိုက်သည်။
ဂျီရဒ်သည် သူ၏စစ်မြင်းကို မယူလာခဲ့မိသည့်အတွက် နောင်တရမိ၏။ အကယ်၍ ယူလာမိလျှင် ရှေ့မှသွားကာ စစ်သားများကို စိတ်ဓါတ်မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
သို့သော်လည်း အမြှောက်သံများကြောင့် စစ်မြင်းလန့်ပြီး ဘာမှမလုပ်နိုင်မည်ကိုလည်း သိနေ၏။
အမြှောက်ဆံများသည် အင်အားကြီးလှပြီး ဘေးတွင်ဖြစ်သော ပေါက်ကွဲမှုသည်ပင် ၁၀မီတာအကွာအတွင်း ဖျက်ဆီးပစ်နိုင်လေသည်။
သူ၏ ငွေရောင်သံချပ်ကာကိုဝတ်ပြီး စစ်မြင်းဖြင့် ချီတက်မည်ဆိုလျှင် အစအနတောင် မကျန်ဘဲ သေဆုံးသွားသည်။
Frestech ကုန်သည်ကြီးများအသင်းမှ လက်နက်များကို ထုတ်လုပ်သည်ဖြစ်သဖြင့် ရိုးရာနည်းလမ်းများမှာ အသုံးမဝင်ပေ။
ထိုအရာကို ဂျီရဒ်သည် ရှင်းလင်းစွာ သိလေသည်။
ထို့ကြောင့် ရွှေလင်းယုန်မြင်းစီးသူရဲကောင်း၏ စစ်လက်နက်များကို အမြဲလဲလှည်တပ်ဆင်နေခဲ့ပြီး သူကိုယ်တိုင်လည်း လက်နက်သစ်များနှင့် အကျွမ်းတဝင်ဖြစ်အောင် အမြဲလေ့လာနေခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုစစ်မြေပြင်သို့ရောက်ချိန်တွင် သူမည်မျှ အားနည်းနေသေးကြောင်း သိရှိလေသည်။
ရူဒ်ဆန်တပ်နှင့် ထိပ်တိုက်မတွေ့ရသေးခင်မှာပင် အမြှောက်ဆံများကြောင့် တပ်သားပေါင်းထောင်ချီ ထိခိုက်သွားပြီးဖြစ်သည်။
သို့သော်အခြားနည်း မရှိသည့်အတွက် စစ်သားများကို စိတ်ပျက်လက်ပျက်ဖြင့်သာ ရှေ့သို့ချီတက်ရန် အမိန့်ပေးရလေသည်။
“ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း”
နောက်ထပ်အမြှောက်ဆံများ ပစ်လိုက်သည့်အတွက် ရွှေလင်းယုန်မြင်းစီးသူရဲကောင်းတပ်များ ထိတ်လန့်သွားကြသည်။
အမြှောက်ဆံသည် ဂျီရဒ်စီးလာသော ယာဉ်ဘေးသို့ ကျရောက်သဖြင့် တုန်ခါမှုကြောင့် ယာဉ်မှာ တိမ်းစောင်းသွားပြီး လူးများအား ဘေးကိုယူပစ်သကဲ့သို့ ဖြစ်သွားစေသည်။
ရှေ့ဆက်သွားနိုင်သည်မှာ ကံကောင်းလှသည်။
၃နှင့် ၂အကြားတွင် ၁ကီလိုမီတာသာ ကွာဝေးပြီး မှော်ယာဉ်အကြီးအနေဖြင့် ၃၊ ၄မိနစ်ဝန်းကျင်သာ မောင်းရန်လိုသော်လည်း ယခုအခါ ဤအကွာအဝေးလေးကပင် ရွှေလင်းယုန်မြင်းစီးသူရဲကောင်းအတွက် ကျုံးတစ်ခု ခြားသကဲ့သို့ ဖြစ်နေလေသည်။
ကြက်သွေးရောင်နေမင်းအတွက်လည်း အခြေအနေမှာ ထူးမခြားနားပင် ဖြစ်လေသည်။
ရူဒ်ဆန်ဘက်မှ တပ်သားမည်မျှ ချထားသည်ကို မသိရသော်လည်း ကြက်သွေးရောင်နေမင်းသည် ရှေ့သို့ဆက်လက်ချီတက်လျှက်ရှိပြီး ပေါက်ကွဲသံများမှာလည်း ဆက်တိုက်ကြားနေရသည်။
မှော်ယာဉ်များလည်း လွင့်ထွက်သွားပြီး စစ်သားများလည်း သေဆုံးကြရသည်။
အရေးအကြီးဆုံးအချက်မှာ ပထမအကြိမ် ပစ်ချက်ကတည်းက တပ်မှူး နာရိုလုဗ်၏ အမိန့်ကို မရတော့ခြင်းဖြစ်သည်။
ဒုတပ်မှူးမှ အမိန့်များပေးနေသော်လည်း သူ့တွင် မည်သည့်နည်းလည်းမှ မရှိချေ။ ရွှေလင်းယုန်မြင်းစီးသူရဲကောင်းဆက်သွားနေသည်ကို ကြည့်ပြီး ယခင်အစီအစဉ်တိုင်းသာ ဆက်လက်လုပ်ဆောင်တော့သည်။
“ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း”
တပ်ဖွဲ့နှစ်ဖွဲ့မှ ပေါက်ကွဲသံများကြားနေရသည်။ ရူဒ်ဆန်ေြမာက်ဘက်တပ်၏ တပ်မှူးဖင်းရီသည် အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်လိုက်ပြီး သူ၏မျက်နှာသည် တည်တံ့နေသော်လည်း နှုတ်ခမ်းတွင် ပြုံးရိပ်ကို တွေ့ရ၏။
"ခေါင်းဆောင် ဖူရီယို၊ ကြည့်ရတာ သူတို့မှာ ဘာလှည့်ကွက်မှ ရှိပုံမရဘူး။"
Frestech ကုန်သည်ကြီးများအသင်း၏ နတ်သူငယ်အဖွဲ့ခေါင်းဆောင် ဖူရီယိုသည် မှော်ယာဉ်ဘေးတွင် ရပ်လျှက် အေခြအနေကိုကြည့်နေပြီးသည့်နောက် "တပ်မှူး ဖင်းရီ၊ သူတို့တွေ မကြာခင် ပစ်လို့ရနိုင်တဲ့ အနေအထားကိုရောက်တော့မယ်။ ဒုတိယအစီအစဉ်ကို စလိုက်တော့။"ဟု ပြောလေသည်။
"ဟုတ်ကဲ့"ဟု ဆိုလျက် ဖင်းရီသည် ပြုံးရိပ်ဖြင့် ထွက်သွားပြီး အရာရှိများအား အမိန့်ပေးလေသည်။
ခဏအကြာတွင် မြောက်ဘက်အဖွဲ့မှ မှော်အမြှောက်များကို မှော်ယာဉ်များသည် သယ်သွားပြီး တပ်ခေါက်လိုက်လေသည်။
"ခေါင်းဆောင် ဖူရီယို၊ ကျွန်တော်တို့ ခင်ဗျားနဲ့ လွှဲထားလိုက်ပြီနော်၊ ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ဟာ ဒီတိုက်ပွဲအပေါ်မှာ မူတည်နေတယ်။"ဟု ဆိုကာ ဖင်းရီသည် ဖူရီယို၏လက်ကို ဆွဲကိုင်ပြီး အနားကပ်၍ ပြောလေသည်။
ဖူရီယိုသည် သူ၏ အရေးတကြီးပုံစံနှင့် နီးကပ်စွာ နေခြင်းကို ကျင့်သားမရပေ။
သို့သော် Frestech ကုန်သည်ကြီးများအသင်းနှင့် နေပြီးသည့်နောက် လူသားများနှင့် ပိုမိုဆက်သွယ်နိုင်လာသည့်အတွက် ဤစကားကိုကြားသောအခါ ပြုံးလျက် ခေါင်းငြိမ့်ပြပြီး "မစိုးရိမ်ပါနဲ့ အချိန်လုံလောက်အောင် ဆွဲထားပေးမှာပါ။"ဟု ပြောလေသည်။
"ကောင်းပါပြီ"ဟုပြော၍ ဖင်းရီသည် ခေါင်းညိမ့်ပြလိုက်သည်။
ဖူရီယိုသည် မှော်ယာဉ်ပေါ်မှ ဆင်းလိုက်ပြီး မြောက်ဘက်တပ်သားများသည် ယာဉ်များတွင်းသို့ဝင်လျှက် တပ်ဆုတ်သွားကြသည်။
ဖူရီယိုသည် နီးကပ်လာသော ကန်ဒရာတပ်များကို ကြည့်ပြီး ထူးဆန်းသော မှော်ကားထဲသို့ ဝင်လေသည်။
ရူဒ်ဆန်တပ်များ နောက်ဆုတ်သည်ကို ကြည့်လျက် ဂျီရဒ်မှာ အံ့အားသင့်သွားသည်။
"ငါတို့ ပစ်နိုင်တဲ့အနေအထားကို ရောက်တော့မှာတော့ ဟုတ်ပေမယ့် သူတို့ဒီလိုပြေးစရာလိုလို့လား။ အခုလိုပြေးတာက သူတို့နောက်ကိုလိုက်နိုင်ပြီး ကလဲ့စားချေနိုင်တယ်ဆိုတာ မသိတာလား။"
"တိုက်ကြ၊ မလွှတ်စေနဲ့"
ဂျီရဒ်သည် မကြောင်းအရင်းကို စဉ်းစားမရသည့်အတွက် လိုက်ရန်သာ အမိန့်ပေးလိုက်တော့သည်။
သို့သော် ရူဒ်ဆန်ဘက်မှ အစီအစဉ်များ အကွက်ကျကျ ဆွဲထားပြီး ၄င်းတို့ရောက်လာချိန်၌ တပ်အများစုမှာ တပ်ခေါက်ပြီးသားဖြစ်ပြီး တပ်အချို့သာ လွက်ပြင်တွင် ကျန်နေခဲ့သည်။
ဂျီရဒ်သည် အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်လိုက်ချိန်တွင် ပြား၍ စတီးချောင်းများ စိုက်နေပြီး ခက်ထန်၍ ရုပ်ဆိုးသည့် ပုံစံရှိသော မှော်ယာဉ်အကြီးတစ်စီးကို တွေ့ရ၍ အဘယ့်ကြောင့် ဤယာဉ်ကို ချန်ခဲ့သည်ကို မတွေးတတ်အောင် ဖြစ်နေသည်။
"အဲ့ဒါဘာကြီးလဲ။"
မည်ကဲ့သို့ကြည့်စေကာမူ ထိုအရာမှာ ထူးဆန်းလျက် အခြေအနေမကောင်းမှန်း ဂျီရဒ်ခံစားမိလိုက်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ အလံကို မြင်ခဲ့သည်ကို အမှတ်ရနေသေးသည်။
ထိုအရာသည် ၄င်းတို့ချန်ခဲ့သည်ဟု တွေးလေသည်။
"ဘယ်လောက်ထူးဆန်းထူးဆန်းပါ အရေအတွက် နည်းနည်းပဲ ရှိတာကို ဘာကြောက်စရာလိုလဲ။"ဟု မာန်တင်းလျက် အမိန့်ပေးလေသည်။
ရူဒ်ဆန်တပ်များ နောက်ဆုတ်သွားပြီးနောက် ကြက်သွေးရောင်နေမင်းသည် ထောင်ချောက်များ ထပ်မမိတော့ဘဲ အဖွဲ့တစ်ခုလုံး စုစည်းမိသွားလေသည်။
သို့သော် သူတို့သည် ထူးဆန်းသောအရာအား ဂရုမစိုက်ဘဲ ရူဒ်ဆန်တပ်နောက်ကိုသာ လိုက်လေသည်။
ထိုအရာသည် နှစ်ပိုင်းကွဲသွားပြီး ၅၂စီးသည် ဘယ်ညာသွားကာ ကြက်သွေးရောင်နေမင်းတပ်ကို တိုက်ခိုက်ရန်လာလေသည်။
ဂျီရဒ်သည် အံ့အားသင့်သွားလေသည်။
ကြက်သွေးရောင်နေမင်းမှာ ရွှေလင်းယုန်မြင်းစီးသူရဲကောင်းေလာက် မီးစွမ်းအားမမြှင့်သော်လည်း အားမနည်းချေ။
"ဒီအင်အားလောက်နဲ့ တိုက်လို့နိုင်မယ်လို့ Frestech ကုန်သည်ကြီးများအသင်းက တွေးရလောက်အောင် တုံးနေတာလား။"
ကြက်သွေးရောင်နေမင်း၏ ခေါင်းဆောင်သည် သတိမေ့မြောနေသော အခြေအနတွေင်ရှိသော်လည်း ဒုတပ်မှူးသည် တပ်အား စုစည်းနိုင်သေးသည်။
ထို့အတွက်ကြောင့် ရန်သူချီတက်လာချိန်တွင် နောက်မဆုတ်ဘဲ တိုက်ခိုက်ကြ၏။
“ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း”
အစပိုင်းတွင် ကန်ဒရာတပ်ဘက်မှ အမြှောက်ပစ်သံများ ကြားရပြီး မြောက်များစွာသော မီးအနီရောင်များသည် ၄င်းတို့ထံလာနေသော အဖွဲ့နှစ်ဖွဲ့အား ထိမှန်လေသည်။
သို့သော် ရူဒ်ဆန်တပ်၏ လက်နက်များနှင့်ယှဉ်လျှင် ဆိုးရွားလှပြီး အကြိမ်၅၀ပစ်ပြီးချိန်တွင် ဆက်မပစ်နိုင်သည့်အတွက် ရန်သူများကို မခြိမ်းခြောက်နိုင်ချေ။
အမြှောက်ဆံများ ရန်သူအလယ်သို့ ကျသွားသော်လည်း တစ်ကယ်တန်းထိသည်မှာ အနည်းငယ်မျှသာဖြစ်သည်။
ထိုထူးဆန်းသောမှော်ယာဉ်ကို ထိမှန်ရာတွင် ထိုအရာမှာ မည်သည်မျှမဖြစ်ဘဲ ဘေးမှဖုန်များသာ လွင့်စင်လေသည်။
ပစ်ချက်အချို့မှာ တိုက်ရိုက်ထိသွားသော်လည်း အနည်းငယ်မျှ ထိခိုက်ခြင်း မရှိချေ။
ထိုယာဉ်မှ အပြာရောင်အလင်းကာများ ထွက်လာပြီး အမြှောက်ဆံများကို ပြန်ကန်ထုတ်လျှက် ထိုယာဉ်မှ စတီးချောင်းများမှ မီးနီများ အမြောက်အများ ထွက်ပေါ်လာလေသည်။
"ဘုန်း"
***
မှော်စက်မှုအင်ပါယာ
Volume 7 အခန်း ၁၀၄။ ငါတို့တပ်ပြန်ဆုတ်သင့်ပြီ
လက်ထဲတွင် ရောက်လာသော သတင်းများကို ကြည့်ရင်း ကန်ဒရာ စူးစမ်းရေးအဖွဲ့ခေါင်းဆောင် ဒုခ် မာကာရိုစ်သည် မျက်နှာမည်းလျှက် တဲစခန်းတစ်ခုလုံးလည်း ဒုခ် မာကာရိုစ် ဒေါသူပုန်ထမည်ကို စိုး၍ အသက်ပင်မရှူရဲဘဲ တိတ်ဆိတ်နေကြသည်။
သို့သော် မီးတောင်ဆိုသည်မှာ လိုသည်ဖြစ်စေ မလိုသည်ဖြစ်စေ ပေါက်ကွဲတတ်ကြ၏။
ခဏအကြာတွင် ဒုခ် မာကာရိုစ် သည် လက်ထဲမှာ သတင်းပို့ချက်များကို ချလိုက် နှာမှုတ်လိုက်လေသည်။
အရာရှိများလည်း ရယ်လိုက်မိကြ၏။
ကန်ဒရာတပ်တွင် မာရှယ်ဒုခ် ကမ်ဘယ်ဆူမန်ပြီးလျှင် ဒုခ် မာကာရိုစ် သည် အမြင့်ဆုံးဖြစ်လေသည်။
တိုက်ပွဲတွင် သူ့ကိုဦးဆောင်ခိုင်းသည်ကို ကြည့်ခြင်းအားဖြင့် ဤတိုက်ပွဲမည်မျှအရေးပါသည်ကို သိနိုင်လေသည်။
ယခု ပထမအကြိမ်မှာပင် ကန်ဒရာတပ်သည် ခေါင်းမဖော်နိုင်အောင် ဖြစ်ကြရသည်။
၄င်းတို့သည် တပ်၆ခုခွဲပြီး လမ်းကြောင်း၆ခုမှ တိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း ၃ရက်အတွင်းမှာပင် ဆုံးရှုံးမှု ပမာဏလွန်စွာ များပြားလျက်ရှိသည်။
ထိုအထဲမှ သူတော်စင်တပ်ဖွဲ့သည် ဆုံးရှုံးမှုအနည်းဆုံးဖြစ်သော်လည်း ၄င်းတို့မှာ ချောင်းမြောင်းတိုက်ခိုက်ရုံမျှသာ ခံရသောကြောင့်ဖြစ်သည်။ တပ်သား၄၀၀၀သေဆုံးပြီး တပ်သား၁၀၀၀၀ဝန်းကျင် ပြင်းထန်ဒဏ်ရာရထားလေသည်။ အထွတ်အမြတ်တပ်ရင်းတွင် တပ်သား၃၀၀၀ ဆုံးရှုံးရသောကြောင့် ၄င်းတို့၏ စစ်အင်အားမှာ တစ်ဝက်လျှော့သွားပြီဖြစ်သည်။
ဆုံးရှုံးမှုအများဆုံးမှာ ရွှေလင်းယုန်မြင်းစီးသူရဲကောင်းနှင့် ကြက်သွေးရောင်နေမင်းတပ်မှဖြစ်လေသည်။
ရွှေလင်းယုန်မြင်းစီးသူရဲကောင်းမှ တပ်သား ၁၀၀၀၀ ဆုံးရှုံးလိုက်ရသည့်အတွက် ၄င်းတို့၏တပ်ကို အင်အားတစ်ဝက်လျှော့စေခဲ့သည်။
ကြက်သွေးရောင်နေမင်း၏ ဆုံးရှုံးမှုမှာ ၇၀၀၀ဒဏ်ရာရသော်လည်း မပြင်းထန်ဘဲ ၂၀၀၀ကျော်မှာ တိုက်ပွဲဝင်နိုင်သေးသည့်အတွက် လျှော့နည်းသည်ဟု ဆိုနိုင်သည်။
လူအင်အား ဆုံးရှုံးမှုမှာ လက်နက်အင်အား ဆုံးရှုံးမှုထက် မဆိုးပေ။
ရွှေလင်းယုန်မြင်းစီးသူရဲကောင်းမှ မှော်ယာဉ် ၆၀၊ မှော်အမြှောက် ၈၉ခု ပျက်စီးသွားပြီး မီးစွမ်းအား အသန်မာဆုံးဖြစ်သော ရွှေလင်းယုန်မြင်းစီးသူရဲကောင်းသည် ဤသို့ဖြင့် ဖြိုခွဲခံလိုက်ရသည်။
ကြက်သွေးရောင်နေမင်း၏ ပျက်စီးမှုမှာတော့ အနည်းငယ် နည်းသည်။ မှော်ယာဉ်၅၀၀ပျက်စီးသွားပြီး ၂၀၀မှာ တိုက်ပွဲတွင် ထိခိုက်မှုကြောင့် မောင်းနှင်၍ မရတော့ချေ။
လျင်မြန်သွက်လက်မှုကြောင့် နာမည်ကြီးသော ကြက်သွေးရောင်နေမင်းသည် ဤကိစ္စကြောင့် ၄င်းတို့၏ နာမည်ပျက်ခဲ့ရ၏။
အဆိုးဆုံးမှာ မဟာမိတ်ဖျက်လိုက်သဖြင့် Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာအင်ပါယာမှ ဝန်ဆောင်မှုများကို ရုတ်သိမ်းသွားခြင်းဖြစ်သည်။
ထို့ကြောင့် ကန်ဒရာအင်ပါယာတွင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်ယာဉ်ပြုပြင်ရေးဌာနတစ်ခုမှ မရှိတော့ချေ။
ထိုယာဉ်များကို Frestech ကုန်သည်ကြီးများအသင်းမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုပျက်စီးသွားသောအခါ ပြင်ပေးမည့်သူမရှိသည့်အတွက် ကိုယ်တိုင်ပြင်ရလေတော့သည်။
ထို့အပြင် သူတို့သည် ၎င်းတို့ကိုပြင်နိုင်သည့်တိုင် ကန်ဒရာ အင်ပါယာသည် ထိုအရာတို့ကိုပြင်နိုင်သည့် အစိတ်အပိုင်းတစ်ခုတစ်လေမှ မရှိဖြစ်နေသည်။
သူတို့သည် ထိုအစိတ်အပိုင်းတို့ကို လက်ရှိ ကန်ဒရာအင်ပါယာ၏ မှော်စကယန္တရားစက်ရုံစံနှုန်းနဲ့ မဖန်တီးနိုင်ဖြစ်နေသည်။
ဤကဲ့သို့ ကြက်သွေးရောင်နေမင်း တပ်ရင်းကြီးသည်လည်း စစ်အင်အားအများအပြား ဆုံးရှုံးထားရသည်။
ရှေ့တန်းစစ်မျက်နှာပြင်ခြောက်ခုစလုံး ချုံကြည့်လိုက်လျှင် အင်အားတစ်သိန်းတစ်သောင်းစေလွှတ်ထားသော်လည်း တိုက်ပွဲတစ်ခုတည်းမှာပင် စစ်သည်ပေါင်း လေးသောင်းနဲ့ လက်နက်ကိရိယာမျိုးစုံကို ဆုံးရှုံးထားရသည်။ သူတို့၏ စစ်အင်အားတစ်ဝက်လောက်ထိဆုံးရှုံးရဖို့ကနီးနေပြီဖြစ်သည်။
ထိုအရာသည် ကန်ဒရာ အင်ပါယာ၏ စစ်တပ်ကြီးကို တုန်လှုပ်သွားစေခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းက ရူဒ်ဆန် တိုင်းပြည်ကို ကူညီထောက်ပံ့ပေးနေသည့်အတွက် ဒီစစ်ပွဲက မလွယ်ကူနိုင်မှန်း သူတို့သိသည့်တိုင် ဒီလောက်ထိခက်ခဲလိမ့်မယ်လို့ ထင်မိထားခဲ့ကြပေ။ ကန်ဒရာ အင်ပါယာသည် ပထမအကြိမ်မှာပင် အခုလိုကြီးမားသောဆုံးရှုံးမှုနဲ့ ကြုံတွေ့နေရသည်။
အရေးကြီးဆုံးမှာ ရူဒ်ဆန် တိုင်းပြည်၏ဆုံးရှုံးမှုမှာ မရှိသလောက်ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရသော် ကန်ဒရာအင်ပါယာသည် အစမှ အဆုံးအထိ ရှုံးသွားခဲ့ရပြီး ရူဒ်ဆန်တပ် ကိုရှာမတွေ့ချေ။
ဤကိစ္စကြောင့် ကန်ဒရာအင်ပါယာကို ရှော့ခ်ရသွားစေခဲ့ပြီး သတိပေးသလိုဖြစ်စေခဲ့သည်။
သို့သော် ဤကိစ္စမှာ အံ့သြဖွယ်ရာအကောင်းဆုံး မဟုတ်သေးချေ။
ကန်ဒရာအင်ပါယာ အစိုးရိမ်ဆုံးမှာ ရွှေလင်းယုန်မြင်းစီးသူရဲကောင်းတပ်ဖြစ်လေသည်။
ရွှေလင်းယုန်မြင်းစီးသူရဲကောင်းနှင့် ကြက်သွေးရောင်နေမင်းတို့သည် ရူဒ်ဆန်တပ်နှင့် ထိပ်တိုက်တွေ့ပြီး ဖျက်ဆီးမခံရသေးသော်လည်း ကြီးစွာသော ဆုံးရှုံးမှုများစွာ ရရှိပြီးဖြစ်သည်။
ထို့ကြောင့် ကန်ဒရာအင်ပါယာ၏ အကောင်းဆုံးများသည် အသုံးမဝင်သလို ဖြစ်လာခဲ့သည်။
ရူဒ်ဆန်တိုင်းပြည်သည် စစ်သားများစွာ မသုံးဘဲ ၄င်းတို့ထက် စစ်အင်အားများပြားသော ကန်ဒရာအင်ပါယာကို တိုက်နိုင်သော်လည်း ကန်ဒရာအင်ပါယာမှာ ၄င်းတို့ကို အနည်းငယ်မျှ ထိခိုက်အောင် မစွမ်းဆောင်နိုင်ချေ။
ထို့ကြောင့် တိုက်ပွဲတစ်ခုတွင် အင်အားတူညီမှုနှင့် စစ်သားအရေအတွက်မှာ အရေးမပါကြောင်း သိနိုင်သည်။
ရူဒ်ဆန်တိုင်းပြည်သာ ယခုအခြေအနေအတိုင်း ဆက်တိုက်နိုင်လျှင် ကန်ဒရာအင်ပါယာအတွက် မျှော်လင့်ချက် မရှိတော့ချေ။
ဒုခ် မာကာရိုစ်သည် မျက်မှောင်ကြုတ်၍ အနည်းငယ်စဉ်းစားနေပြီးနောက် ဂျီရဒ်အား ကြည့်လိုက်လေသည်။
"ပြောပြပါဦး မင်းတို့ကို အနိုင်ယူသွားတဲ့ အဲ့ထူးဆန်းတဲ့ စက်အကြောင်း"
ဤမေးခွန်းကို ကြားချိန်တွင် စစ်ပွဲတွင် ကြုံတွေ့လာရသော အဖြစ်အပျက်များကို သတိပြန်ရလျက် ဂျီရဒ်၏ မျက်နှာတွင် ကြောက်ရွံမှုများ ပေါ်လာလေသည်။
တိုက်ပွဲသည် လွန်ခဲ့သည့် ၃ရက်က ဖြစ်သော်လည်း ယခုထက်တိုင် ကြောက်ရွံနေဆဲဖြစ်သည်။
သူဤယာဉ်များကို စမြင်စဉ်က တိုက်ခိုက်ရန် သံသယအနည်းငယ်သာ ရှိခဲ့သော်လည်း ထိုယာဉ်များသည် ၄င်းတို့ထက် အဆများစွာ သာကြောင်း လက်တွေ့ပြလိုက်လေသည်။
ရွှေလင်းယုန်မြင်းစီးသူရဲကောင်းနှင့် ကြက်သွေးရောင်နေမင်းတို့သည် အမြှောက်များ၊ လောင်ချာများဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ထိုယာဉ်များမှ အလင်းအကာများသည် ထိုတိုက်မှုများကို ခုခံပြီး ပြန်လည်တိုက်ခိုက်နိုင်သည့်အတွက် ၄င်းတို့အနေဖြင့် အထိခိုက်များရခြင်းဖြစ်သည်။
ထိုတိုက်ပွဲစွမ်းရည်များကြောင့် Frestech ကုန်သည်ကြီးများအသင်းမှသူများသည် လူမဟုတ်ဘဲ အခြားကမ္ဘာမှ မိစ္ဆာများလားဟုပင် အထင်မှားကြရသည်။
သို့သော် ထင်မြင်ချက်မျှသာဖြစ်လျှက် တစ်ကယ်တမ်း ဤကဲ့သို့ ကြောက်မက်ဖွယ် စစ်အင်အား ပိုင်ဆိုင်ထားသော Frestech ကုန်သည်ကြီးများအသင်းအား မည်သို့ အနိုင်ယူရမည်ကို မည်သူမျှ မသိချေ။
ထို့ကြောင့် မေးလာချိန်တွင် မည်ကဲ့သို့ဖြေရမည်ကို မသိသည့်အတွက် ထိုင်လျက် ငေးငိုင်နေမိလေသည်။
ငိုင်နေသည်ကို မြင်သောအခါ ဒုခ် မာကာရိုစ်သည် မကျေနပ်စွာ နှာခေါင်းရှုံ့လျက် "ဘယ်လိုဖြစ်တာလဲ ဂျီရဒ်။ မင်းကိုတိုက်နိုင်သွားရုံနဲ့ သွေးပျက်သွားပြီလား။
အဲ့လောက်ကြောက်နေရင်လည်း ကိုယ့်ကိုယ်ကိုယ် ဒီမှာနေပြီး အရှက်ခွဲမနေနဲ့ အင်ပါယာကို ပြန်လိုက်တော့"ဟု ပြောလေသည်။
ခေါင်းမခါခင် ဂျီရဒ်သည် ရယ်မိသွားပြီး "မဟုတ်ပါဘူး သခင် ဒုခ်၊ ကျွန်တော့်ကိုမေးလိုက်တော့ အဲ့ဒါကို ဘယ်လိုဖော်ပြရင် ကောင်းမလဲတွေးနေမိတာပါ။ ဘယ်လိုဖော်ပြရမလဲ မသိပေမယ့် နိုင်မယ့်နည်းလမ်းတော့ စဉ်းစားမရသေးဘူး။"ဟု ပြောလိုက်ရာ "ငါတို့က ဒီစက်တွေကို ယှဉ်တိုက်ဖို့ မဖြစ်နိုင်တာလား။"ဟု ဒုခ် မာကာရိုစ်က မျက်ခုံးပင့်လျှက် မေးလေသည်။
ထိုအခါ ဂျီရဒ်မှာ ခါးသက်စွာပြုံးလျှက် ခေါင်းညိမ့်ပြရုံသာ တတ်နိုင်တောသည်။
"ဟုတ်ပါတယ် သခင် ဒုခ်၊ အဲ့ဒါတွေနဲ့ ယှဉ်တိုက်ဖို့ ကျွန်တော်တို့မှာ နည်းလမ်းမရှိပါဘူး။"
ဤအဖြေကိုကြားသောအခါ အခြားတပ်မှူးများသည် အံ့သြစွာ ကြည့်နေမိကြသည်။
တပ်မှူးအများစုမှာ ရူဒ်ဆန်တိုင်းပြည်နှင့်တိုက်ခိုက်ပြီး ဆုံးရှုံးမှုများစွာ ကြုံလာကြသည်ဖြစ်ပြီး ရူဒ်ဆန်တွင် သူတို့မယှဉ်နိုင်သော လက်နက်များ ရှိနေသည်ကို သိနေကြသည်ဖြစ်ရာ ဂျီရဒ်အနေဖြင့် ထူးဆန်းသော မှော်ယာဉ်အား မခုခံနိုင်ခြင်းသည် အဘယ့်ကြောင့် အပြစ်ကြီးသွားသနည်း။
"ဒါမှမဟုတ် ဂျီရဒ်က ငယ်သေးလို့ တပ်ဖွဲ့ကို သေချာမကွပ်ကဲနိုင်တဲ့အတွက် ရှုံးသွားတာရော မဖြစ်နိုင်ဘူးလား။"
"ကြက်သွေးရောင်နေမင်းရဲ့ ခေါင်းဆောင် နာရိုလုဗ်သာ သတိမလစ်ဘဲ အစည်းဝေးပွဲကိုသာ တက်နိုင်ခဲ့ရင် ဂျီရဒ်ကို ဒီလိုပြောမှာပဲလား။"
ဒုခ် မာကာရိုစ်သည် အဖြေကိုမကျေနပ်ကြောင်း နှာပြင်းပြင်းမှုတ်ပြပြီး "မင်းပြောတဲ့အတိုင်းသာဆိုရင် ငါတို့တွေ အခုချက်ချင်း တပ်ဆုတ်သင့်နေပြီမလား ဂျီရဒ်။ ဘာပဲဖြစ်ဖြစ် ငါတို့နိုင်မှာမှ မဟုတ်တာ။"ဟု ပြောလေသည်။
အားလုံးက ထိုမေးသံတွင် ဒေါသပါနေသည်ကို သိသော်လည်း ဂျီရဒ်သည် ခေတ္တစဉ်းစားပြီး "ဟုတ်ပါတယ် သခင် ဒုခ်၊ ဒီအခြေအနေကို မကိုင်တွယ်နိုင်သေးရင် တပ်ဆုတ်တာ အကောင်းဆုံးပါ။"ဟု ဖြေလိုက်လေသည်။
ဤအဖြေကိုကြားသောအခါ ဒုခ် မာကာရိုစ်သည် စားပွဲခုံအား လက်ဖြင့်ရိုက်လိုက်ပြီး "မင်းနောက်တစ်ခါ တပ်ဆုတ်ဖို့ ထပ်ပြောရင် မင်းကို စစ်ဥပဒေအရ ကွပ်မြက်ပစ်မယ်ဆိုတာကို ယုံလား ဂျီရဒ်"ဟု ပြောလေသည်။
ဂျီရဒ်သည် ထပ်ပြောမည်လုပ်ရာတွင် ဘေးမှအရာရှိတစ်ဦးက ဆွဲထားလိုက်သဖြင့် မပြောတော့ဘဲ ခေါင်းငုံ့နေလိုက်သည်။
ခေါင်းငုံ့သွားသည်ကို မြင်ရသောအခါ ဒုခ် မာကာရိုစ်သည် အေးစက်စွာ မျက်မှောင်ကျုတ်ကြည့်ရင်း "ငါတို့က ကန်ဒရာအင်ပါယာရဲ့ စစ်တပ်ပဲ အနိုင်မရဘဲ မပြန်နိုင်ဘူး။ အကယ်၍ တပ်ဆုတ်ဖို့ ပြောလာခဲ့ရင် အဲ့လူအပေါ် မညှာမတာလုပ်တယ်လို့ အဆိုးမဆိုနဲ့"ဟု ပြောလိုက်လေသည်။
အရာရှိများအားလုံး သဘောတူလိုက်ကြသည်။
"အခု နောက်အစီအစဉ်အကြောင်း ပြောကြတာပေါ့ ဒါကိုကြည့်...."
ဒုခ် မာကာရိုစ်သည် မြေပုံကို ကြည့်နေရင်း တဲတံခါးပွင့်သွားပြီး သူ၏ကိုယ်ပိုင်အစောင့်သည် အလောတကြီး ဝင်လာလေသည်။
သူဘာမှမမေးရသေးခင်မှာပင် သတင်းထောက်မှ ဒုခ် မာကာရိုစ်ရှေ့တွင် ဒူးထောက်လျှက် "သခင်...ကျွန်ုပ်၏သခင် အခုလေးတင်ပဲ ဆဲဗာန်မြို့ကို အမည်မသိ စစ်တပ်တစ်တပ်က ခြုံခိုတိုက်ခိုက်သွားတယ်လို့ သတင်းရပါတယ်"ဟု ပြောလေသည်။
အားလုံး အံ့သြသွားကြလေသည်။
ဆဲဗာန်မြို့သည် ၄င်းတို့၏ စစ်တပ်ရိက္ခာများ ထားရာမြို့ဖြစ်ပြီး ယခုကဲ့သို့ ခြုံခိုတိုက်ခိုက်ခံရသည်ဆိုလျှင်....
"စားနပ်ရိက္ခာတွေကရော"ဟု ဒုခ် မာကာရိုစ်က မေးလေသည်။
"စားနပ်ရိက္ခာတွေကလည်း တိုက်ခိုက်ခံရတဲ့အချိန်မှာ အကုန်ပျက်စီးသွားပါပြီ"ဟု အစောင့်မှဖြေလေရာ တဲတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကြတော့သည်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အပိုင်း ၁၀၅ ။ မှော်ရေဒါမှ သတိပေးချက်
“တင်ပြပါတယ်၊ ဒုတိယမှော်လေယာဉ်ဟာ တာဝန်ပြီးဆုံးပြီး ပြန်လှည့်လာနေပါပြီ။"
"အထက်ကို တင်ပြပြီးတော့ ရူဒ်ဆန်တိုင်းပြည်ရဲ့ မြောက်ဘက် အခြေစိုက်စခန်းကိုသွားပြီး နောက်အမိန့်ကို စောင့်နေပါ။"
"ဟုတ်ကဲ့"
ရီဘလိုသည် ဆက်သွယ်စက်ကို ချလိုက်ပြီး ဆက်သွယ်ရေးတာဝန်ခံ ခန်ဒီရှက်ခ်၏ ပခုံးကို ပုတ်လိုက်လေသည်။
"ကြားတယ်မလား။ သတင်းတွေပို့ပေးလိုက်။"
ခန်ဒီရှက်ခ်ကို ခေါင်းငြိမ့်လျှက် "ဟုတ်ကဲ့"ဟုဆိုကာ ဆက်သွယ်ရေးအခန်းထဲမှ ထွက်သွားလေသည်။
"ဖြည်းဖြည်းသွားလို့ မရဘူးလား။ အသံအရမ်းဆူတယ်။"ဟု ပြောရင်း ကြက်တူရွေးအဖွဲ့၏ ထောက်ပံ့ပို့ဆောင်ရေး တာဝန်ခံနှင့် ရီဘလို၏ လက်ထောက်ဖြစ်သူ ခါရန်သည် ခန်ဒီရှက်ခ်အား စိုက်ကြည့်လေသည်။
ခန်ဒီရှက်ခ်သည် ရယ်မောရင်း "ဒီသခင်လေးက ပျော်နေတယ်လေ ငါကတော့ မြန်မြန်သွားရတာကြိုက်တယ်။ မင်းရဲ့ ဓမ္မတာလာချိန်များလား ခါရန်။ အခုတလော စိတ်တိုနေသလိုပဲ။"ဟု ပြောလေရာ ခါရန်သည် ခန်ဒီရှက်ခ်အား ကန်လိုက်လေသည်။
ခန်ဒီရှက်ခ်သည် ခြေသလုံးကို ကိုင်ကာ နာကျင်သွားသည့်ပုံမှာ ရယ်စရာကောင်းနေပေသည်။
"စကားများမနေဘဲ အလုပ် လုပ်ကြ"ဟု ရီဘလိုသည် ကြိမ်းမောင်းလိုက်သော်လည်း မျက်နှာတွင် အပြုံးကို မြင်ရလေသည်။
အရေးကြီးတာဝန်များ ပြီးဆုံးသဖြင့် တစ်ဖွဲ့လုံး ပျော်ရွှင်နေကြသည့်အတွက် စနောက်နေကြသည်မှာ ပြဿနာမဟုတ်ချေ။
တည်တံ့သော ရီဘလိုသည်ပင်လျှင် စိတ်ရွှင်လန်းနေသည်။ အကြောင်းမှာ သူဦးဆောင်သော မှော်လေယာဉ်နှင့် အခြားမှော်လေယာဉ် ၉စင်းတို့သည် ရူဒ်ဆန်တပ်နှင့် ကန်ဒရာနယ်တို့၏ နယ်နမိတ်ကိုဖြတ်ပြီး ကန်ဒရာအင်ပါယာ၏ ဆဲဗာန်မြို့အား တိုက်ခိုက်ပြီး ကန်ဒရာတပ်၏ ရိက္ခာများကို ဖျက်ဆီးနိုင်ခဲ့သောကြောင့် ဖြစ်သည်။
ဤတာဝန်သည် အလွန်အရေးကြီးပြီး အကျိုးအမြတ်မှာလည်း အလွန်ကြီးသည်။
၄င်းတို့၏ ကန်ဒရာအင်ပါယာ၏ နယ်မြေထဲသို့ ဝင်ရောက်ပြီး အခုလိုတိုက်ခိုက်လိုက်ခြင်းသည် ကန်ဒရာ၏ သမိုင်းတလျှောက် ပထမဆုံးခံရခြင်း ဖြစ်ပြီး မည်သူမှ မလုပ်ရဲသော ကိစ္စဖြစ်လေသည်။
Frestech ကုန်သည်ကြီးများအသင်းသည် ဤသမိုင်းကို ပြောင်းလဲနိုင်ခဲ့သည်ဟု ဆိုနိုင်လေသည်။
ခဏအကြာတွင် အခြားလေယာဉ်ခေါင်းဆောင်များ၏
အသံများ ကြားရလေသည်။
"ဟေး ရီဘလို အဲ့ဒါဘာကြီးလဲ"
"အမိန့်သစ်ဖြစ်မယ်ထင်တယ်"
"မဖြစ်သင့်ဘူးလေ ငါတို့အခုမှ ကန်ဒရာကို တိုက်လာတာကို ခဏတော့ ပေးနားသင့်ပါတယ်။"
"ဟမ့်၊ ထပ်တိုက်ရလည်း ကိစ္စတော့မရှိပါဘူး။ မသုံးရသေးတဲ့ လက်နက်တွေ ကျန်နေသေးသားပဲ။ ထပ်ကျဲလိုက်တာပေါ့။"
"သူတို့ရိက္ခာတွေကို ဖျက်စီးခဲ့ပြီးပြီလေ နောက်ထပ်ဆိုရင်တော့ ဝင်ဘဲလ်ဒန်မြို့ကို ဗုံးကြဲရမှာများလား။"
"ဟေး, အဲ့ဒါအကြံကောင်းပဲ လုပ်လိုက်ကြစို့။"
"မင်းဘာတွေ လျှောက်စနေတာလဲ။ ဒီနေရာကနေ ဝင်ဘဲလ်ဒန်ထိ ဘယ်လောက်ဝေးလဲသိလား။ အခုယာဉ်မှာ ကျန်တဲ့ မှော်ကျောက်တွေနဲ့ဆိုရင် လမ်းမှာ ပြန်မဖြည့်ဘဲနဲ့ ကီလိုမီတာနှစ်ထောင် ဘယ်လိုမှ မရောက်နိုင်ဘူး။"
"ငါကစနေရုံပါ... မင်းဘာမှလည်း ဝင်မပြောပါလား ရီဘလို"
ရီဘလိုသည် ရယ်မောလိုက်ပြီး "မင်းတို့က အလုအယက်ပြောနေမှတော့ ငါဘယ်လိုပြောရမှာလဲ။ မင်းတို့လုပ်စရာရှိတာတွေ ပြီးပြီလား ပြီးရင်လည်း စခန်းကို ပြန်တင်ပြလိုက်ဦး။"
"ငါကတော့ အရေးကြီးတာမှတ်တယ် ဘာများလဲလို့။"
"ဟုတ်ပါ့ စိတ်ပါလေတယ်။"
"ဪ ပြီးတော့ တစ်ခုပြောစရာကျန်သေးတယ်။ စခန်းကို ပြန်ရောက်ရင် မြို့မှာ ကျင်းပတဲ့ စားသောက်ပွဲမှာ မင်းတို့ကို ဖိတ်ဖို့ ငါတင်ပြပေးမယ်။"ဟု ရီဘလိုက ပြောလေသည်။
အားလုံး ပျော်သွားကြသည်။
"တစ်ကယ်လား"
"နောက်နေတာမဟုတ်ပါဘူးနော်"
"တစ်ကယ်ဖိတ်မှာလား ကောင်းလိုက်တာ ငါမစားရတာကြာပြီ ပွဲမှာ အကုန်ကိုစားပစ်ဦးမယ်"
"ဟား..ဟား..မင်းကတစ်ကယ် ရက်ရောတဲ့ကောင်ပဲ မင်းနောက်ပိုင်း ခေါင်းဆောင်လုပ်မယ်ဆိုရင် ငါမကန့်ကွက်ဘူး။"
ရီဘလိုသည် ကျေနပ်စွာ ပြုံးလေသည်။
သူတို့အား ထိုပွဲသို့ ဖိတ်ရခြင်းအကြောင်းမှာ သူတို့၏ ထောက်ခံမှုကို လိုချင်သောကြောင့် ဖြစ်လေသည်။
မည်သို့ပင်ဆိုစေကာမူ ခေါင်းဆောင် ဟာ့ထ်သည် သူ့အား ဤအဖွဲ့တွင် ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းသည်ပင်လျှင် သူ့အား လေ့ကျင့်စေခြင်းဖြစ်သည်။
ကျန်သူများသည် ဤကိစ္စကို သိကြသော်လည်း မည်သူမှ ကန့်ကွက်ခြင်း မရှိကြချေ။
သို့သော် အကုန်လုံးက သဘောတူသည်တော့ မဟုတ်သောကြောင့် အကြိုက်ဆောင်ကာ ကြိုးစားနေခြင်းဖြစ်သည်။
အပေါ်ယံ ကြည့်စေကာမှု ဤသည်မှာ ကောင်းသောအချက်ဖြစ်သည်။
"စခန်းမရောက်ခင် ဘယ်သွားမလဲဆိုတာ ငြင်းမနေကြနဲ့ ဘာစားမလဲပဲ စဉ်းစားထားကြ"ဟုဆိုကာ ရီဘလိုသည် ရယ်လျှက် ချလိုက်လေသည်။
Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေယာဉ်အဖွဲ့၏တာဝန်မှာ ရန်သူ့နယ်မြေသို့သွားကာ ရိက္ခာများကို ဖျက်စီးရန်ဖြစ်သည်။
၄င်းတို့အတွက် ပထမဆုံး တာဝန်ဖြစ်သကဲ့သို့ ရန်သူများအတွက်လည်း ပထမဆုံး ခံရခြင်းဖြစ်ပေသည်။
အစွမ်းထက် မှော်ဆရာအဖွဲ့ကြောင့် မဟုတ်ဘဲ ယခုကဲ့သို့ သာမန်လေယာဉ်မောင်းသူများ၏ တိုက်ခိုက်ခြင်းကို ခံရ၍ ရိက္ခာများ ပျက်စီးသွားခြင်းသည် စိုင်စ်နယ်အတွက် ပထမဆုံးအကြိမ် ဖြစ်လေသည်။
ဤကိစ္စသည် ရီဘလိုအတွက် အတွေ့အကြုံကောင်း ဖြစ်လေသည်။
ဤကိစ္စအတွက် စဉ်းစားချိန်တွင် သူသည် အစီအစဉ် အသေးစိတ်ရေးဆွဲခဲ့ပြီး ဗုံးများချသည့်အချိန် မသိသာစေရန်နှင့် ပို၍ကြာကြာ ကျဲချနိုင်ရန် ပြင်ဆင်ထားခဲ့လေသည်။
သူဦးဆောင်သော မှော်လေယာဉ်အဖွဲ့မှာ တစ်စီးနှင့်တစ်စီး အဆင့်မတူကြသည့်အတွက် တစ်နေရာနှင့်တစ်နေရာ ဗုံးမည်မျှကျဲမည်ကို အစီအစဉ်ဆွဲထားခဲ့သည်။
နေရာအပေါ်မူတည်၍ အချို့နေရာတွင် ၅လုံးကျဲပြီး အချို့နေရာတွင်မူ အလုံး၂၀လောက် ကျဲကြရသည်။
ရီဘလိုသည် အမြဲတစေ သူ၏လုပ်ရပ်များကို ပြန်သုံးသပ်နေတတ်သည့်သူ ဖြစ်လေသည်။
သူသည် ထိုင်ခုံပေါ်တွင် ထိုင်၍ ဘောပင်မကိုင်ခင်လေးပင် ခါရန်ရောက်လာပြီး "တစ်ခုခုဖြစ်နေပြီ"ဟု ပြောလိုက်လေသည်။
သူမ၏တည်တံ့နေသော မျက်နှာကိုကြည့်ပြီး သူသည် ကုန်းပတ်သို့ ချက်ချင်းသွားခဲ့သည်။
"ဒီပုံရိပ်တွေကိုကြည့်ပါဦး"ဟု ခန်ဒီရှက်ခ်သည် ရီဘလိုအား ပြောလိုက်သည်။
ရီဘလိုသည် ရေဒါပေါ်ရှိ အနီရောင် အစက်အပျောက်များကို ကြည့်ပြီး စိတ်လေးလံသွားတော့သည်။
ဤရေဒါသည် ထောက်လှမ်းရေးကိရိယာ တစ်မျိုးဖြစ်ပြီး ဘေးပတ်ဝန်းကျင်ရှိ မှော်ပြောင်းလဲမှုများကို ရေဒီယိုလှိုင်းများဖြင့် ထောက်လှမ်းနိုင်လေသည်။
ယခုအချိန်တွင် ရေဒါသည် အနီရောင် အစက်လေးများ ယာဉ်ဆီသို့ လာနေသည်ကို ပြနေသည်။
"တုန်ခါမှုနဲ့ စွမ်းအင်ကို ကြည့်ရရင် အဲ့ဒါပျံသန်းမှော်ပဲ ဒါဆိုရင် မှော်ဆရာတစ်ယောက်က ဒီကို အရှိန်နဲ့ ပျံလာတာပဲ။"ဟု ခန်ဒီရှက်ခ်က မှတ်ချက်ပေးလေသည်။
"မှော်ဆရာဟုတ်လား"ဟု ရီဘလိုက သံသဝင်လျက် "ဒါဆိုရင်တော့ ရန်သူမဖြစ်နိုင်ပါဘူး တစ်ယောက်တည်းအားနဲ့ ငါတို့ကို ဘာလုပ်နိုင်မှာလဲ ဖြတ်သွားဖြတ်လာပဲ ဖြစ်မှာပါ"ဟု ဆိုလေသည်။
"မဖြစ်နိုင်ဘူး ရေဒါပေါ်က ပုံအရ ဒီစွမ်းအင်က ဘယ်လိုမှ အဆင့်နိမ့်မှော်မဟုတ်ဘူး အဆင့်မြင့် မှော်ဆရာတွေပဲ သုံးနိုင်တဲ့မှော်မျိုး၊ အခုလာတာက မဟာမှော်ဆရာတောင် ဖြစ်နိုင်တယ်။ ပြီးတော့ ကျွန်တော်တို့အခု တစ်နာရီ ကီလိုမီတာ ၁၃၀နှုန်းနဲ့ ပျံနေတာ"ဟု ခန်ဒီရှက်ခ်က ဆိုလေသည်။
ခန်ဒီရှက်ခ်၏ ပြောစကားကြောင့် ရီဘလိုတွေးမိသွားလေသည်။ တစ်နာရီ ကီလိုမီတာ ၁၃၀နှုန်းဖြင့် ပျံသန်းနေသည်ဖြစ်ရာ ဤအရှိန်ထက် ကျော်လွန်ပြီး ပျံသန်းနိုင်ရန်သည် လေမှော်ပညာတွင် ထူးချွန်သော မဟာမှော်ဆရာသည်ပင်လျှင် ဤအရှိန်ဖြင့် ပျံသန်းရန် မဖြစ်နိုင်လေရာ ထိုသူမှာ အဆင့်နိမ့်မှော်ဆရာ မဖြစ်နိုင်ပေ။
"ဒါကျွန်တော်တို့နောက်ကို လိုက်နေတာ သေချာတယ်"ဟု ဆိုပြီး ခန်ဒီရှက်ခ်သည် ပုံရိပ်အား ညွှန်ပြလိုက်လေသည်။
အနီရောင်အပြောက်လေးသည် ပို၍နီးကပ်လာသည်ကို တွေ့ရပြီး "ဘယ်လောက်ဝေးသေးလဲ"ဟု ရီဘလိုက မေးလေသည်။
"၃ကီလိုမီတာလောက်တော့ ဝေးနေသေးပေမယ့် အခုပုံစံအတိုင်းသာဆိုရင် ၅မိနစ်အတွင်း မီသွားပါလိမ့်မယ်။ ကျွန်တော်တို့ဘာလုပ်ကြမလဲ။"
ရီဘလိုသည် ခေတ္တစဉ်းစားပြီး "သူ့ကိုစောင့်ကြည့်ထား။ အားလုံးပဲ တိုက်ဖို့အသင့်ပြင်ကြ"ဟု ပြောပြီးနောက် မှော်ဆက်သွယ်ရေးစက်ဖြင့် အခြားလေယာဉ်များကို ဆက်သွယ်လိုက်လေသည်။
"ရီ လား။ မင်းပဲလား ရီဘလို"
"ဘာလဲ မင်းပြောပြီးသားစကား ဖျက်လိုမရဘူးနော် မင်းကဒီအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ ပြောစကားတည်ရမယ် ဟုတ်တယ်မလားဟေ့"ဟု စကြလေသည်။
"မှန်တယ် မှန်တယ်"ဟု ထောက်ခံကြလေသည်။
ရီဘလိုသည် စနောက်နေချိန်မရဘဲ လေးနက်သောအသံဖြင့် "မူမမှန်တဲ့ကိစ္စတစ်ခုဖြစ်နေတယ် ငါတို့နောက်ကို မဟာမှော်ဆရာတစ်ယောက် ရောက်နေတယ်။ ဒါကောင်းသော လာခြင်းတော့ ဟုတ်မှာမဟုတ်ဘူး အဲ့ဒါကြောင့် တိုက်ဖို့ပြင်ထားကြ"ဟု ပြောလေသည်။
အားလုံးတိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။
မှော်လေယာဉ်များထဲတွင် ရီဘလို၏ ယာဉ်တစ်စီးသာ ရေဒါရှိသည့်အတွက် ကျန်သူများမှာ သတိမထားမိကြချေ။
အနီရောင်အပြောက် ပို၍နီးကပ်လာသည်ကို မြင်သဖြင့် သူတို့နောက် လိုက်နေသည်မှာ သေချာသွားကာ "တိုက်ဖို့ပြင်ထားကြ အခုက အဆင့်မြင့် မဟာမှော်ဆရာဖြစ်လိမ့်မယ်"ဟု ရီဘလိုက ပြောလေသည်။
သူ့စကားဆုံးသည်နှင့် ခန်ဒီရှက်ခ်မှ "အားပြင်းတဲ့မှော်တစ်မျိုး နောက်မှာလာနေတယ်"ဟု ဆုံးအောင် မပြောလိုက်ရခင်မှာတင် တစ်စုံတစ်ခုက ယာဉ်ကို လာထိမှန်ပြီး ယိမ်းထိုးသွားတော့သည်။
ရီဘလိုသည် ထိတ်လန့်သွားလေတော့သည်။
အဘယ့်ကြောင့်ဆိုသော် ယာဉ်၏အကာအကွယ်သည် အဆင့်၉နှင့် အောက်နိမ့်သော မှော်များကို အလွယ်တကူတားဆီးနိုင်ပြီး အစွမ်းထက်မှော်များကိုလည်း ကာကွယ်နိုင်သဖြင့် ယခုလို ယိမ်းထိုးသွားသည့်အတွက် မှော်မှာ မည်မျှအစွမ်းထက်ကြောင်း သိနိုင်သည်။
သူတို့နောက်လိုက်နေတဲ့ မှော်ဆရာဟာ ဘယ်သူများလဲ။
***
မှော်စက်မှုအင်ပါယာ
Volume 7 အပိုင်း ၁၀၆ ။ စစ်ပွဲကိုအမှီလိုက်ခြင်း
ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ သည် သူ၏ေမှာ်ပညာကြောင့် ယာဉ်များသည် ထိခိုက်မှုမရှိဘဲ အရှိန်အဟုန်နှင့် ပျံသန်းနေသည်ကို မြင်လိုက်ရသည်သဖြင့် သူသည် မျက်မှောက်ကြုတ်လိုက်ပြီး မျှော်လင့်ချက် ကျသွားခဲ့သည်။
သူထုတ်လွှတ်လိုက်သော မိုးကြိုးမှော်သည် အဆင့်၉သာရှိသော်လည်း လေမှော်ပညာနှင့် သူ၏မှော်အစွမ်းအထူးတတ်မြောက်မှုတို့ကြောင့် ထိုမှော်၏စွမ်းအားသည် ပုံမုန်၉အဆင့်ရှိ မှော်များထက် အဆများစွာ ပြင်းထန်သွားသည်။
၎င်းသည် တားမြစ်ထားသော မှော်လောက်စွမ်းအားမပြင်းသည့်တိုင် ထိုစွမ်းအားနီးပါးရှိခဲ့သည်။
ဒါပေမဲ့ ထိုစွမ်းအားပြင်းမှော်သည် မှော်လေယာဉ်ကို တိုက်ရိုက်ထိမှန်ခဲ့ပြီး ၎င်း၏ပတ်ပတ်လည်ကို အလင်းအတားအဆီးများဖြင့်ပိတ်ဆို့ထားလိုက်သလိုဖြစ်သွားသည်။ အဆုံးသတ်တွင် မှော်လေယာဉ်ကို ရမ်းခါ်မှုလောက်သာဖြစ်စေခဲ့ပြီး မည်သည့်ထိခိုက်မှုမှ မဖြစ်ခဲ့ချေ။
ထိုအရာသည် လုံးဝမယုံနိုင်စရာပင်ဖြစ်တော့သည်။
သို့သေည် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာသည် မည်မျှပင် အံဩေစကာမူ လက်မလျော့သေးချေ။ သူသည် လက်နှစ်ဖက်လုံးကိုဖွင့်ကာ တားမြစ်မှော်အတွက် မှော်စွမ်းအင်များစုစည်းရင်း အရှိန်ပြင်းပြင်း ပျံသန်းနေခဲ့သည်။
အဆင့်၉ မှော်သည် မှော်လေသဘော်ကို မည်သည့်ခြိမ်းခြောက်မှုမှ မဖြစ်စေခဲ့သောကြောင့် သူသည် ပိုအဆင့်မြင့်သော တားမြစ်မှော်ကို သုံးရတော့မည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ဤယာဉ်များအား ဤနေရာမှမရွေ့စေရန် လုပ်ရတော့မည်ဖြစ်သည်။
ကျွမ်းကျင်ဘုန်းတော်ကြီးအား ကန်ဒရာအင်ပါယာမှ ကာကွယ်ရန် လွှတ်လိုက်ပြီး ရိက္ခာများအား မကာကွယ်နိုင်ခဲ့သည့်အတွက် အရှက်ရစရာဖြစ်သွားခဲ့ပြီး အကယ်၍သူသည် မလုပ်နိုင်ခဲ့လျှင် ရှေ့လျှောက် မျက်နှာပြစရာရှိတော့မည်မဟုတ်ချေ။
“မှော်စွမ်းအားက တိုးလာပြီ။ ဒါကသေချာပေါက် အဆင့်၉ကျော်တယ်"ဟု ခန်ဒီရှက်ခ်က အော်ပြောလိုက်သည်။
“အဆင့်၉ကျော်ရင် တားမြစ်မှော်ဖြစ်သွားပြီမလား"
ရီဘလိုသည် တုန်လှုပ်သွားပြီး ရေဒါမှ အနီစက်များ ပို၍လင်းလာသည်ကို ကြည့်လျက် ဆက်သွယ်ရေးစက်ဖြင့် အမိန့်စပေးလေတော့သည်။
“အားလုံးနားထောင်ကြ ရန်သူက တားမြစ်မှော်ကို သုံးတော့မယ် အကာအကွယ်တွေကို အဆုံးထိမြင့်ထား ပြီးတော့ လေ့ဇ်နဲ့ နိုဗီလီ မင်းတို့က မှော်အကာကို ငါတို့ရဲ့နောက်မှာ ချက်ချက်လွှတ်လိုက်"
“ဟုတ်ကဲ့"
"ဟုတ်ကဲ့"
"မိုးကြိုးလင်းယုန်အဖွဲ့ အသင့်ဖြစ်ပါပြီ"
"အာရုဏ်ဦးအဖွဲ့ အသင့်ဖြစ်ပါပြီ"
"ကောင်းတယ် ငါ့အမိန့်အတိုင်း လိုက်လုပ်ကြ...."ဟု ပြောရင်း ရီဘလိုသည် ရေဒါအားကြည့်နေလျက် ခန်ဒီရှက်ခ်၏ တင်ပြချက်များကို စိတ်လှုပ်ရှားစွာ နားထောင်နေလေသည်။
"စွမ်းအင်များကို စတင်စုစည်းနေပါပြီ အခုမှော်က တားမြစ်မှော်ဖြစ်ပါတယ် မှော်အကာစတင်ပြိုကွဲနေပါပြီ မကြာခင် စပစ်လို့ရပါတော့မယ်"
"လေ့ဇ်, နိုဗီလီ ငါအမှတ်စဉ်ရေမယ်"
"ဟုတ်ကဲ့"
"ဟုတ်ကဲ့"
"ကောင်းပါတယ် စပြီ ၃...၂...၁...ပစ်တော့"
ကျွမ်းကျင်ဘုန်းတော်ကြီးသည် သူလိုက်နေသော ယာဉ်မှ အနီရောင်အလင်းလေးကို သတိထားလိုက်မိသည်။
သို့သော် သေးငယ်သည့်အတွက် သူဂရုမမူဘဲ ေနလေသည်။
ထိုအပြင် သူသည် တားမြစ်မှော်အစွမ်းအား သုံးရန်ပြင်နေသောကြောင့် ဂရုစိုက်ရန် မအားခြင်းဖြစ်သည်။
သူ၏စွမ်းအင်များအား စုစည်းပြီး ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာသည် မိုးကြိုးနတ်ဘုရားအမျက်ဒေါသကို ပစ်လိုက်လေသည်။
သို့သော် ထိခါနီးတွင် မှော်အရံအတားတစ်ခုကို ခံစားလိုက်ရပြီး သူ၏မှော်ကို မတည်မငြိမ်ဖြစ်စေခဲ့သည်။
သူသာ လေနှင့်မိုကြိုးမှော်ကို မကျွမ်းကျင်လျှင် ဤမှော်ကျရှုံးသွားနိုင်လေသည်။ သို့သော် ထိုအရာကြောင့် သူ၏မှော်မှာ မျှော်မှန်းသလောက် မဖြစ်လာတောချေ။
ဤမျှ နှောင့်ယှက်ခံရသော်လည်း သူ၏အကျွမ်းဆုံးမှော်ဖြစ်သည့်အလျှောက် မှော်မှာ အဆင့်၉အထက် ရှိလေသည်။
ကောင်းကင်ကိုပါ ဖျက်ဆီးနိုင်မည်ဟု ထင်မှတ်ရသော မိုးကြိုးကြီးကြောင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာသည် ပြုံးလိုက်သည်။
"သူတို့ကိုယ်သူတို့ ဘဝင်မြင့်နေတဲ့ Frestech ကုန်သည်ကြီးများအသင်းက လူတွေ ငါ့မှော်နဲ့တွေ့ပြီး ပြာဖြစ်သွားကြစမ်း"
သို့သော် သူပစ်လိုက်သည့်အချိန်မှာပင် မီးများလင်းလာပြီး မှော်လေယာဉ်၁၀စီးသည် မတူညီသော လမ်းကြောင်းများသို့ အရှိန်ဖြင့် ထွက်ခွာသွားကြသဖြင့် သူ၏မှော် ထိလိုက်ခြင်းမရှိသောကြောင့် သူအံသြသွားသည်။
သူ၏မှော်သည် မည်သည့်ယာဉ်ကိုမှ ထိမှန်လိုက်ခြင်း မရှိချေ။
"ဟမ် ဒီလိုပြေးလို့လွတ်မလား"
ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာသည် သူ့မှော်ကိုသုံးကာ ပစ်လိုက်သော မိုးကြိုးနတ်ဘုရားအမျက်ဒေါသကို မိုးကြိုးလုံးလေးများအဖြစ် ခွဲထွက်စေသောကြောင့် မှော်လေယာဉ်များ မရှောင်နိုင်တော့ဘဲ ထိမှန်ကုန်ကြသည်။
သို့သော် မှော်အကာအကွယ်များကြောင့် ပေါက်ကွဲမှုများသည် ယာဉ်အား ထိခိုက်ခြင်းမရှိချေ။
ဤမိုးကြိုးများသည် မိုးကြိုးနတ်ဘုရားအမျက်ဒေါသထက် အားနည်းသဖြင့် မထိခိုက်နိုင်သည်ကို ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာသည် မအံ့သြချေ။
သူသည် ခဏကြာစဉ်းစားပြီးနောက် လက်ကိုမြှောက်ကာ နောက်ထပ်တိုက်ရန် ပြင်လိုက်သည်။
"ဘုရားရေ သူထပ်တိုက်တော့မယ်"ဟု ခန်ဒီရှက်ခ်က အော်ပြောလိုက်ပြီး ရီဘလို၏ ပုံစံကိုကြည့်ကာ သူ၏ခန့်မှန်းချက် မှန်ကန်ကြောင်း သိလေသည်။
"ဒီလူက ရိုးရိုးမဟာမှော်ဆရာမဖြစ်နိုင်ဘူး ဒီလိုမှော်အစွမ်းတွေကို ဆက်တိုက်သုံးနိုင်တယ်ဆိုတော့ အဆင့်၅ မဟာမှောဆရာ ဒါမှမဟုတ် အစွမ်းဆုံး မဟာမှော်ဆရာ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာဖြစ်နိုင်တယ်"
ဤအရာအား တွေးမိလိုက်ချိန်တွင် သူသည် ဆက်သွယ်ရေးစက်အား ကိုင်နိုင်စွမ်း မရှိတော့ချေ။
"အားလုံးပဲ အရှိန်ကုန်တင်ပြီး လွတ်အောင်ပြေးကြပေတော့"
ဤအချိန်တွင် အခြားတပ်မှူးများသည် ဘာမှပြန်မဖြေတော့ဘဲ ခေါင့်ညိတ်ပြီး လုပ်စရာရှိသည်ကိုသာ လုပ်နေကြသည်။
ထိုမှော်ဆရာ ပေါ်လာပြီးသည့်အချိန်မှ စ၍ ထိတ်လန့်စရာများ ဖြစ်လာပြီး မနိုင်မှန်းသိသည့်အတွက် ထွက်ပြေးခြင်းမှာ သူတို့အတွက် ရွေးချယ်စရာ ဖြစ်လာသည်။
ခဏအကြာတွင် အဆင်သင့်ဖြစ်ကြောင်း ပြောလာကြသည်။
"ကောင်းပြီ ချားလ်စ်, ချခ်ဗို, ဖလေးကဒ် မင်းတို့၃ယောက် မှော်အကာကို အရင်ထုတ်လိုက် ပြီးတာနဲ့ အရှိန်ကုန်တင်ပြီး ပြေးကြတော့ နားလည်လား"
ရီဘလိုသည် အမိန့်ပေးလိုက်ပြီး အမှတ်စဉ်ရေလိုက်သည်။
မှော်အကာများကို မြင်သောအခါ ထိုအရာသည် မိုးကြိုးနတ်ဘုရားအမျက်ဒေါသကို အားနည်းစေပြီး မထိခိုက်စေတော့သောကြောင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာသည် သူ၏လက်ကို ချလိုက်သည်။
၄င်းလှည့်ကွက်ထဲ၌ သူထပ်မဝင်တော့ဟု ဆုံးဖြတ်လိုက်သည်။
သူသည် မှော်စွမ်းအင်အနည်းငယ်ကို အရင်ပစ်လိုက်သည်။
ဤစွမ်းအင်များ ကုန်သွားချိန်တွင် ယာဉ်များသည် အရှိန်နဲ့ ထွက်ကာ မကြာခင်ပင် အဝေးကို ရောက်သွားလေသည်။
ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာသည် အံ့သြမိလေသည်။
အခြားဘက်တွင် သူတို့သည် ဤအခြေအနေဆိုးမှ လွတ်မြောက်သွားပြီကို သိကြသည်။
"ဟမ် ငါလက်ထဲက ဒီလိုပြေးလို့ရမလား"
ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာသည် မှော်စွမ်းအားသုံးလိုက်ပြီး နေရာမှပျောက်သွားကာ မှော်လေယာဉ်များနှင့် ၂ကီလိုမီတာအကွာတွင် ပေါ်လာပြီး လက်မြှောက်လိုက်ကာ ၁၀မီတာထူသော ကျောက်နံရံပေါ်လာလေသည်။
ထိုကျောက်နံရံများနှင့် တိုက်မိလျှင် မှော်လေယာဉ်များ ပျက်စီးသွားမည်မှာ မုချဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျွမ်းကျင်ဘုန်းတော်ကြီး လူဒူကာသည် မှော်စွမ်းအားများကို စုစည်းလျှက် မှော်တစ်ခု ထပ်သုံးရန် လုပ်နေစဉ်တွင် မှော်လေယာဉ်များသည် ပျံသန်းလာပြီး မီးတောက်များဖြင့် ကျောက်နံရံအား ချေမွပစ်လိုက်ကြပြီး ယာဉ်များသည် အလင်းအကာအကွယ်ဖြင့် မရပ်ဘဲ ရှေ့ဆက်သွားနေကြသည်။
“ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း”
"ဒီလိုလွတ်ပေးစရာလား"ဟု ပြောကာ မှော်သုံးလျှက် ယာဉ်များရှေ့တွင် ထပ်ပေါ်လာသော်လည်း ကျွမ်းကျင်ဘုန်းတော်ကြီး လူဒူကာသည် တားမြစ်မှော် ဖန်တီးရန် အချိန်မရသည့်အတွက် ရိုးရိုးမှော်များဖြင့် ပစ်ရသဖြင့် မှော်လေယာဉ်များမှာ ထိခိုက်ခြင်းမရှိပေ။
ကျွမ်းကျင်ဘုန်းတော်ကြီး လူဒူကာသည် နေရာပြောင်းမှော် သုံး၍ ပေါ်လာသော်လည်း သူတို့ပျံထွက်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်သည်။
အကြိမ်များစွာလိုက်ပြီးသည့်နောက်တွင် အစိမ်းရောင်နှင့် အနီရောင် သစ်တောများကို တွေ့ရသဖြင့် နိုင်ငံနယ်နမိတ်သို့ ရောက်နေသည်ကို သိလိုက်ပြီး ဆက်လိုက်လျှင် ရူဒ်ဆန်တိုင်းပြည်သို့ ရောက်မည်ဖြစ်သဖြင့် သက်ပြင်းချကာ အရှုံးပေးလိုက်ရသည်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အပိုင်း ၁၀၇ ။ အခြေအနေများ ပြောင်းလဲခြင်း
ကန်ဒရာအင်ပါယာ၏ မဟာမိတ်များဖြစ်သော မားလိုအင်ပါယာ၊ နိုင်ငံပေါင်း ၄၀နှင့် အင်အားကြီး အဖွဲ့အစည်းများသည် Frestech ကုန်သည်ကြီးများအသင်းကို စစ်ကြေညာခဲ့ချိန်တွင် ၄င်းတို့အနေဖြင့် ပြန်လည်တိုက်ခိုက်နိုင်မည်မဟုတ်ဟု ထင်မှတ်ခဲ့ကြလေသည်။
ရူဒ်ဆန်, လမ်ပူရီနှင့် ဒရိက်ခ်စသည့် တိုင်းပြည်များသည် Frestech ကုန်သည်ကြီးများအသင်းဘက်တွင် ရှိနေကြသာ်လည်း ထိုအမြင်များသည် ပြောင်းလဲခြင်း မရှိကြပေ။
အဘယ်ကြောင့်ဆိုသော် ကန်ဒရာနှင့် မားလိုအင်ပါယာ၊ အခြားတိုင်းပြည်တို့နှင့် နှိုင်းယှဉ်သော် ထိုနိုင်ငံများမှာ သေးငယ်သောကြောင့် ဖြစ်လေသည်။
Frestech ကုန်သည်ကြီးများအသင်းနှင့် ၄င်းတိုင်းပြည်များသည် စစ်လက်နက်များ ရှိသောကြောင့် တိုက်ခိုက်ရန် လွယ်ကူမည်မဟုတ်မှန်း သိကြလေသည်။
သို့သော်အဆုံးတွင် အင်ပါယာနှစ်ခုဘက်မှ အနိုင်ရသွားမည်ဟုသာ ခန့်မှန်းထားကြသည်။
သို့ရာတွင် တိုက်ပွဲအခြေအနေမှာ မျှော်မှန်းထားသည်နှင့် ဆန့်ကျင်ဘက် ရှိနေလေသည်။
ကန်ဒရာနှင့် မားလိုအင်ပါယာတို့သည် ရူဒ်ဆန်နှင့် ဒရိက်ခ်တိုင်းပြည်တို့နှင့် တိုက်ခိုက်ရာတွင် အထိခိုက်အကျဆုံး များခဲ့သည်။
မားလိုအင်ပါယာမှာ လမ်ပူရီနှင့် ဒရိက်ခ်တိုင်းပြည်တို့နှင့် တိုက်ခိုက်ရာတွင် တပ်မဆုတ်ခင် အနည်းငယ် ပြန်တိုက်နိုင်ခဲ့သဖြင့် သိပ်မဆိုးလှပေ။
ကန်ဒရာအင်ပါယာသည် ရူဒ်ဆန်တိုင်းပြည်နှင့် တိုက်ခိုက်ရာတွင် လွန်စွာကြီးမားသော ဆံုးရှုံးမှုများ ရခဲ့သည်။
ပထမအကြိမ်တိုက်ခိုက်မှုတွင်ပင် တပ်သားပေါင်း လေးသောင်းကျော်နှင့် Frestech ကုန်သည်ကြီးများအသင်း၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ရိက္ခာစခန်းများလည်း ပျက်စီးသွားခဲ့သည်။
ရိက္ခာများပြတ်တောက်သွားသဖြင့် တပ်ဆုတ်ချင်ကြသော်လည်း တပ်မှူး ဒုခ် မာကာရိုစ်၏ အတင်းအကြပ် စေခိုင်းမှုကြောင့် အင်ဒရာလွင်ပြင်တွင် တိုက်ရန် ဖြစ်လာခဲ့သည်။
ဤတိုက်ပွဲသည် စိုင်စ်နယ်မြတွေင် ဖြစ်သမျှထဲ အကြီးဆုံးတိုက်ပွဲဟု သတ်မှတ်နိုင်သည်။
ကန်ဒရာအင်ပါယာတွင် စစ်အင်အား တစ်သိန်းလေးသောင်းကျော်ရှိပြီး ရူဒ်ဆန်တိုင်းပြည်နှင့် Frestech ကုန်သည်ကြီးများအသင်း တွင် ၅၀၀၀၀အောက်သာရှိသဖြင့် လွင်ပြင်အား တိုက်ပွဲနေရာအဖြစ်ရွေးချယ်ခြင်းသည် ရူဒ်ဆန်တို့ဘက်မှ ကိုယ့်သတွေင်းကိုယ် တူးသကဲ့သို့ ထင်မှတ်ရသော်လည်း တိုက်ပွဲစချိန်တွင် အားလုံးအံ့အားသင့်သွားကြလေသည်။
တစ်ရက်ထဲမှာပင် အနိုင်အရှုံးဆုံးဖြတ်ပြီးသား ဖြစ်သွားလေတော့သည်။
အဆုံးတွင် ကန်ဒရာဘက်မှ တပ်သား၄၀၀၀၀သာ ထွက်ပြေးနိုင်ခဲ့လေရာ ဤရလဒ်သည် စိုင်စ်နယ်မြတွေင် အင်းအားနည်းသောဘက်မှ အင်အားကြီးနိုင်ငံများအား အနိုင်ရသည့် ကိစ္စများဖြစ်ခဲ့ဖူးသဖြင့် လက်သင့်ခံလို့ ရပေသေးသည်။
သို့ရာတွင် ရူဒ်ဆန်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့ဘက်မှ ထိခိုက်သူသည် ၃၀၀၀၀ဝန်းကျင်သာရှိသဖြင့် အံ့အားသင့်သွားကြသည်။
တိုင်းသူပြည်သားများသည်ပင်လျှင် မယုံကြည်နိုင်ဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် အင်အားသိန်းချီရှိသော တပ်နှင့်တိုက်သောပွဲတွင် ထိခိုက်သူ မှာ၃၀၀၀၀သာရှိခြင်းသည် ပုံမှန်အားဖြင့် မဖြစ်နိုင်သောကြောင့်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဤအရာသည် အမှန်တရားဖြစ်လေသည်။
အရေးအကြီးအချက်မှာ ကန်ဒရာဘက်မှ တပ်ဆုတ်သွားပြီး ရူဒ်ဆန်ဘက်မှ ထုတ်ပြန်ချက်များကို ပြန်လည်ချေပခြင်းမရှိဘဲ တစ်လအတွင်း သိမ်းပြမယ်ဟု ကြိမ်းဝါးထားသော်လည်း ယခုအချိန်တွင် အလွန်တိတ်ဆိတ်သွားလေသည်။
မကြာမီ ဂျူလိုင်လအစတွင် Frestech ကုန်သည်ကြီးများအသင်းတပ်များသည် ဝဲလက်စ်နယ်မြေသို့ မြောက်ဘက်မှ ဝင်ရောက်လာပြီး ၁ပတ်မပြည့်ခင်မှာပင် ဒရိုမျိုးနွယ်စုတိုင်းပြည်နှင့် ကန်ဒရာအင်ပါယာတို့၏ တပ်ပေါင်းစုကို အနိုင်ရသွားလေသည်။ ထိုကိစ္စကို အခွင့်ကောင်းယူလျှက် ၄င်းတို့သည် နန်းတော်သို့ ဆက်လက်ချီတက် တိုက်ခိုက်ကြတော့သည်။
လဝက်အကြာတွင် ဒရိုမျိုးနွယ်စုတိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်းလက်အောက်သို့ ကျရောက်သွားလေတော့သည်။
ကန်ဒရာဘက်မှ တပ်ကူများသည်လည်း ကျရှုံးသွားသဖြင့် တပ်ဆုတ်ခဲ့ရသည်။
ကန်ဒရာဘက်မှ ဤကိစ္စနှင့်ပတ်သက်၍ မည်သည်မှမပြောချေ။
တစ်ချိန်တည်းမှာပင် နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံသည် ၁လအတွင်း အိမ်နီးချင်း၃နိုင်ငံ၏ စစ်တပ်များကို အနိုင်ရပြီး သိမ်းပိုက်လိုက်လေသည်။
မြောက်ဘက်စွန်းတိုင်းပြည်များသည် နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံ၏ လက်အောက်သို့ ကျရောက်သွားလေတော့သည်။
ဂျူလိုင်လကုန်တွင် လမ်ပူရီသည် စခ်တိုင်းပြည်ကို သိမ်းပိုက်လိုက်ကာ ဒရိက်ခ်နှင့် ပူးပေါင်းကာ ဖော့လ်ခ်တိုင်းပြည်ကို တိုက်ခိုက်ကြတော့သည်။
မားလိုအင်ပါယာမှတပ်ကူများသည်လည်း နောက်ပိုင်းတွင် ကျရှုံးလာပြီး တပ်ဆုတ်သွားကြသဖြင့် သြဂုတ်၁၀ရက်နေ့တွင် ဖော့လ်ခ်တိုင်းပြည်အား သိမ်းပိုက်နိုင်ခဲ့သည်။
စက်တင်ဘာ၁၀ရက်တွင် စခ်တိုင်းပြည်သည် အညံ့ခံလိုက်သဖြင့် လမ်ပူရီလက်အောက်သို့ ရောက်သွားလေသည်။
စက်တင်ဘာ၂၇တွင် ဖော့လ်ခ်တိုင်းပြည်အား ဒရိက်ခ်မှ အနောက်ဘက် ၁၇၀စတုရန်းကီလိုမီတာအထိ ၄င်းတို့ ယူလိုက်ပြီး မားလိုအင်ပါယာ၏ အရှေ့ဘက် ၂၃၀စတုရန်းကီလိုမီတာအား လမ်ပူရီတိုင်းပြည်က ယူရန် သဘောတူ လက်မှတ်ရေးထိုးလိုက်ကြသည်။
ဤအကြောင်းကိုကြားသော် လမ်ပူရီအနေဖြင့် ဤနယ်မြေအား ယူခြင်းမှာ ပဟေဠိဖြစ်နေပေသည်။
အဘယ့်ကြောင့်ဆိုသော် ဒရိက်ခ်ယူသော နယ်မြေသည် ၄င်းတို့နှင့်ထိစပ်နေသဖြင့် နယ်မြေချဲ့ထွင်ရန် အခက်အခဲမရှိသော်လည်း လမ်ပူရီယူသောနယ်မြေသည် မြောက်ဘက်တွင် မားလိုအင်ပါယာ၊ အရှေ့ဘက်တွင် ကန်ဒရာအင်ပါယာ၊ အနောက်နှင့် အနောက်တောင်ဘက်တွင် ဒရိက်ခ်နှင့် မြောက်ဘက်တွင် မြို့စားနယ်နှစ်မြို့ ရှိနေကြသောကြောင့်ဖြစ်လေသည်။
သို့ရာတွင် အောက်တိုဘာ၁၇ရက်နေ့တွင် မြို့စားများမှာ လမ်ပူရီလက်အောက်က်ခံအဖြစ် ခိုဝင်လာကြသဖြင့် အဖြေမှာ ရှင်းသွားလေတော့သည်။
ယခင်က ဤမြို့များအား ကန်ဒရာအင်ပါယာမှ ကာကွယ်ပေးထားသဖြင့် အခြားနိုင်ငံများ၏ရန်ကို မကြောက်ရသော်လည်း ယခုအချိန်တွင် ကန်ဒရာဘက်မှ ငြိမ်နေသဖြင့် မည်ကဲ့သို့ လုပ်ရမည်ကို ဝေခွဲမရဖြစ်နေသော်လည်း စခ်နှင့် ဖော့လ်ခ်တိုင်းပြည်တို့ ကျရှုံးသွားချိန်တွင်တော့ မြို့စားများအနေဖြင့်လည်း မခိုဝင်လျှင် သိမ်းပိုက်ခံရမည်သာ ဖြစ်သောကြောင့် အခုလိုလုပ်ရခြင်းမှာ ယုတ္တိကျသည်ဟု ဆိုနိုင်သည်။
ဤသို့ဖြင့် နှစ်ဝက်အတွင်းမှာပင် မြေပုံပေါ်ရှီ စိုင်စ်နယ်မြေ၏ အနောက်တောင်ဘက်တွင် ပြောင်းလဲမှုများစွာ ဖြစ်သွားလေတော့သည်။
အားလုံးထဲတွင် အကျိုးအမြတ် အများဆုံး ရရှိသူမှာ လမ်ပူရီတိုင်းပြည်ဖြစ်လျှက် စစ်နိုင်သဖြင့် ရရှိသော နယ်မြေများ ထပ်ပေါင်းလိုက်သောအခါ မြေဧကပေါင်း စတုရန်းကီလိုမီတာ ၁သန်းခွဲ ဖြစ်သွားသောကြောင့် ဖြစ်လေသည်။
ဒုတိယအကျိုးအများဆုံးအဖြစ် ဒရိက်ခ်သည် မြေဧကပေါင်း စတုရန်းကီလိုမီတာ ၁သိန်း၇ေထာင်ကျော် ရရှိသွားပြီး လူဦးရေနှင့် နယ်မြေမှာ ၁သန်းနီးပါးရှိလာပြီဖြစ်သည်။
လူအများသည် ဒရိက်ခ်အနေဖြင့် နဂိုကတည်းက ကြံစည်ထားပြီးသားလာဟုပင် သံသယဝင်လာကြသည်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အပိုင်း ၁၀၈ ။ မှော်မြို့ခုခံရေးစနစ်
မှော်လေယာဉ် ဆင်းလာချိန်တွင် မင်းသမီး ကာရိုလင်း...ယခုအချိန်တွင်တော့ မြို့စားကတော်ကာရိုလင်းသည် သူ၏အပေါင်းအပါများနှင့် ယာဉ်ဆီသို့ လာလေသည်။
ယာဉ်တံခါးပွင့်သွားသည်နှင့် ရှုယီဆင်းလာချိန်တွင်
ကာရိုလင်းသည် အခြားလူများ ကြည့်နေမည်ကိုပင် ဂရုမစိုက်ဘဲ "မင်းကိုစောင့်ရတာ စိတ်မရှည်လိုက်တာ"ဟုပြောရင်း ဖက်လိုက်ပြီး နမ်းမည်လုပ်သဖြင့် ရှုယီက ဘေးရှောင်လိုက်သဖြင့် ပါးကိုနမ်းမိလေသည်။ ရှုယီသည်လည်း မရိုင်းစေရန် သူမ၏ပါးအား ပြန်နမ်းလိုက်ပြီး "နောက်လပဲ လက်ထပ်ရတော့မယ် အခုထိအကျင့်မပြင်သေးဘူးလား"ဟု အနားကပ်၍ ပြောလိုက်သည်။
ကာရိုလင်းသည် ရယ်လိုက် "မင်းငါ့ကို ကတိတစ်ခုပေးရင် အခုချက်ချင်း မင်္ဂလာပွဲကို ပြန်သွားလိုက်မယ် ဘယ်လိုလဲ"ဟု ပြောလေသည်။
"အဓိပ္ပါယ်မရှိတာတွေ"ဟု ပြောရင်း ကာရိုလင်းအား ဘေးကို ညင်သာစွာ တွန်းလိုက်လေသည်။ ထို့နောက် တည်တံ့သောမျက်နှာဖြင့် "အားလုံးအသင့်ဖြစ်ပြီလား"ဟု မေးလေသည်။
ကာရိုလင်းသည် ပခုံးတွန့်လိုက်ရင်း "အထူးပြင်နေစရာမှ မလိုတာ နင်လွှတ်လိုက်တဲ့သူတွေကို စောင့်ရုံပဲကို"ဟု ဖြေလေသည်။
ရှုယီသည် ခေါင်းညိတ်လိုက်ပြီး လက်ယပ်ခေါ်လိုက်လေရာ Frestech ကုန်သည်ကြီးများအသင်း၏ ယူနီဖောင်းဝတ်ထားသော လူတစ်စု ယာဉ်ထဲမှ ထွက်လာကြသည်။
"ဒါဒီတစ်ခေါက်ကိစ္စအတွက် ငါရွေးထားတဲ့သူတွေပဲ။ သူက ဒိုးလ်မြို့ရဲ့ မှော်ခုခံရေးစနစ်ကို ပြင်ပေးမယ့် မန်နေဂျာ ဂက်စ်တာလိုပဲ"
အရပ်ရှည်ရှည် သက်လတ်ပိုင်းလူတစ်ယောက် ထွက်လာပြီး "မြို့စားကတော်အား နှုတ်ခွန်းဆက်သပါတယ်"ဟု ကာရိုလင်းအား ဦးညွှတ်ကာ ပြောလေသည်။
ကာရိုလင်းသည် ပြုံး၍လက်မဆန့်ပေးမည် ထိုသူအား ကြည့်လိုက်လေသည်။
"ရှုယီက လွှတ်လိုက်တယ်ဆိုကတည်းက သင့်ကို ယုံကြည်ပြီးသားပါ။ ဒိုးလ်မြို့အတွက် အားကိုးပါတယ်နော်"
ဂက်စ်တာလိုသည် ကာရိုလင်း၏ လက်အား ညင်သာစွာ နမ်းလိုက်ရင်း "တာဝန်ထမ်းဆောင်လျှက်ပါ"ဟု ပြောလေသည်။
"ကောင်းတယ်"
ကာရိုလင်းသည် ရှုယီတို့အဖွဲ့အား တစ်ချက်ကြည့်ပြီး " ကျွန်မပွဲလေးတစ်ပွဲ ပြင်ထားပါတယ်။ ဥက္ကဌ ရှုယီနဲ့ အားလုံးကို ဖိတ်ချင်ပါတယ် ကျွန်မနောက်က လိုက်ခဲ့ပေးကြပါ"ဟု ပြောလေသည်။
ရှုယီသည် ခေါင်းညိတ်လိုက်ပြီး ဂက်စ်တာလိုဘက်သို့လှည့်ကာ "အချိန်သိပ်မရဘူးနော်။ ဒီနေ့အတွင်း မြို့ရဲ့နံရံတွေကို သေချာကြည့်ပြီး အချက်အလက်တွေယူခဲ့ တိုးမြှင့်ရေးဌာနက စောင့်နေပြီ"ဟု ပြောလေသည်။
"ဟုတ်ကဲ့ပါ"ဟု ပြောရင်း ကာရိုလင်းဘက်သို့ လှည့်ကာ "ကျွန်တော်နဲ့အတူ မြို့ကိုကျွမ်းကျင်တဲ့ လူအချို့ထည့်ပေးနိုင်မလား"ဟု ဂက်စ်တာလိုက မေးလေရာ ကာရိုလင်းမှာ အံ့အားသင့်သွားပြီး "အခုမှရောက်တာလေ တစ်ခုခုအရင်စားပါဦးလား"ဟု မေးလေသည်။
"မစားတော့ဘူး အချိန်လည်း သိပ်မရဘူး မားလိုအင်ပါယာဘက်က ဘယ်အချိန်တိုက်မလဲ မသိနိုင်ဘူး နင့်ရဲ့အဖိုးတန်မြေကို ပျက်စီးမှာ မလိုလားဘူးမလား"ဟု ရှုယီက ပြောလေသည်။
ကာရိုလင်းသည် လက်ယပ်ခေါ်လိုက်ရာ သူမ၏နောက်မှ ဒရိက်ခ်အရာရှိနှစ်ဦး ရှေ့ထွက်လာလေသည်။
"ဒါက မြို့ခုခံရေးစနစ်အတွက် တာဝန်ခံတွေက တစ်ခုခုသိလိုတာရှိရင် သူတို့ကိုမေးလို့ရပါတယ် မန်နေဂျာ ဂက်စ်တာလို"
"ဟုတ်ကဲ့"ဟုဆိုကာ ဂက်စ်တာလိုသည် လုပ်ငန်းစရန် ပြင်တော့သည်။
"ငါသိချင်မိတယ် ရှုယီ နင့်လူတွေကို အလုပ်ကလွဲပြီး ကျန်တာမျက်လုံးထဲမရှိအောင် ဘယ်လိုများ လေ့ကျင့်ပေးထားလဲလို့"ဟု ကာရိုလင်းသည် သူတို့အားကြည့်ပြီး ပြောလေသည်။
"နင်ပြောသလောက်မဟုတ်ပါဘူး ငါ့လူတွေက နားချိန်မှာ ဘယ်လိုနားရမလဲသိတယ် အလုပ်ချိန်ဆိုရင်တော့ အလေးအနက်ထားကြတယ် သူတို့က အလုပ်အောင်မြင်မှုရဲ့ ကျေနပ်ခြင်းကို သိကြတယ်လေ"ဟု ပြုံးလျက် ရှုယီသည် ပြန်ပြောလေသည်။
"အလုပ်အောင်မြင်မှုရဲ့ ကျေနပ်ခြင်းဟုတ်လား၊ ဘယ်လိုဟာမျိုးလဲ"ဟု ကာရိုလင်းက မေးလေသည်။
"နင်ပဲတွေးကြည့်လေ သူတို့ရဲ့ကြိုးစားမှုကြောင့် ဒိုးလ်မြို့နဲ့ အခြားမြို့ငယ်လေးတွေ ဘေးကင်းတယ်ဆိုရင် ဘယ်လောက်ကျေနပ်စရာကောင်းလိုက်သလဲ"ဟု ရှုယီက ပြန်ဖြေလေသည်။
"ငါအတည်မေးမယ် ရှုယီ။ ခုခံရေးစနစ် လုပ်ပြီးသွားတာနဲ့ ဒိုးလ်မြို့က တစ်ကယ်ပဲ မားလိုအင်ပါယာ စစ်တပ်ကို ခုခံနိုင်မှာလား"ဟု မေးရာ ရှုယီသည် သူမအား လေးနက်စွာကြည့်လျက် "ခုခံဖို့က ဒီစနစ်တစ်ခုတည်းနဲ့တော့မရဘူး။ ဒါပေမယ့် အခြားဘာကိစ္စမှ မဖြစ်ဘူးဆိုရင်တော့ ငါအာမခံပါတယ်။ သူတို့တပ်သားဘယ်လောက်ပဲ လွှတ်လွှတ် ဒီစနစ်တစ်ခုတည်းနဲ့ ဒိုးလ်မြို့ကို ၁လအတွင်း ပြိုလဲမသွားအောင်တော့ ထိန်းထားပေးနိုင်တယ်"ဟု ဖြေလေသည်။
"သူတို့ ကျွမ်းကျင်ဘုန်းတော်ကြီးကို လွှတ်ရင်ရော"
"ကျွမ်းကျင်ဘုန်းတော်ကြီးလား"ဟု ရှုယီသည် ရယ်လျှက် "သူတို့လွှတ်ရင် သူတို့ရှုံးတာပဲပေါ့ ဘာလို့ဆို တိုက်ပွဲမှာ လူတစ်ယောက် လုပ်နိုင်တဲ့စွမ်းအားက အကန့်အသတ်ရှိတယ်။ သူ့ကိုတင်မဟုတ်ဘူး ရှိသမျှမှော်ဆရာအားလုံးလွှတ်လည်း ငါတို့ဂရုတစိုက် သေချာပြင်ဆင်ထားတဲ့ မှော်မြို့ခုခံရေးစနစ်ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"ဟု ပြောလေသည်။
ကာရိုလင်းသည် ရှုယီအား ဘာကြောင့် ယုံကြည်မှုအပြည့်ရှိနေသည်ကို နားမလည်နိုင်အောင် ရှိနေလေသည်။
ကျွမ်းကျင်ဘုန်းတော်ကြီးသည် အစွမ်းဆုံး မှော်ဆရာဖြစ်လျှက် သူပါဝင်သော စစ်ပွဲများတွင် တစ်ဖက်မှ မည်မျှပင် အင်အားများစေကာမူ အနိုင်ရခဲ့သည်ချည်း ဖြစ်လေသည်။
မားလိုနှင့် ကန်ဒရာအင်ပါယာတို့အနေဖြင့် ယခုအချိန်အထိ ထိပ်ဆုံးတွင် ရပ်တည်နိုင်ခြင်းမှာ သူတို့၏အင်အားကြီးသော စစ်တပ်နှင့် ကျွမ်းကျင်ဘုန်းတော်ကြီးတို့ကြောင့် ဖြစ်သည်။
ထို့ကြောင့် အင်ပါယာများအား မပြိုလဲစေရန်နှင့် ၄င်းတို့အနေဖြင့် အခြားတိုင်းပြည်များအား အလွယ်တကူ ထိခိုက်အောင် မပြုလုပ်စေရန် ကျွမ်းကျင်ဘုန်းတော်ကြီးအား တိုက်ပွဲများတွင် မပါဝင်စေရန် မှော်ဆရာအဖွဲ့မှ ဆုံးဖြတ်ခဲ့ကြသည်။
သို့ရာတွင် ဤအချက်မှာ တရားဝင်သတ်မှတ်ထားခြင်း မရှိသဖြင့် မားလိုအင်ပါယာအနေဖြင့် ချိုးဖောက်ခဲ့သည်ရှိသော် အဆင့်၃အများဆုံး ကျွမ်းကျင်ဘုန်းတော်ကြီးရှိသော ကန်ဒရာအင်ပါယာနှင့် မာနာမှော်တိုင်းပြည်တို့မှအပ အခြားနိုင်ငံများ တွန်းလှန်နိုင်ခြင်းမရှိချေ။
ဤတစ်ကြိမ်တွင်တော့ ရှားရှားပါးပါး မားလို၊ မာနာမှော်၊ ကန်ဒရာနှင့် Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်သော တိုင်းပြည်များ ပူးပေါင်းထားကြသဖြင့် Frestech ကုန်သည်ကြီးများအသင်းအတွက် စိုးရိမ်ရသည်မှာ သူတို့ဘက်မှ ကျွမ်းကျင်ဘုန်းတော်ကြီးအား တိုက်ပွဲသို့ လွှတ်မည့်အရေးသာဖြစ်သည်။
ယခုအချိန်အထိ ဤအချက်ကို မချိုးဖောက်သေးသော်လည်း ပူးပေါင်းခဲလှသော အင်ပါယာနှစ်ခု ပူးပေါင်းလိုက်ကြပြီ ဖြစ်သဖြင့် ဤကိစ္စအား မချိုးဖောက်ပါဟု မည်သူမှ အာမ မခံနိုင်ပေ။
ထို့ကြောင့် ရှုယီအနေဖြင့် ယုံကြည်ချက်အပြည့်ရှိနေခြင်းကို ကာရိုလင်းသည် နားမလည်နိုင်ဖြစ်နေခြင်းဖြစ်သည်။
"ပွင့်ပွင့်လင်းလင်းပဲပြောမယ်။ ငါတို့ကုမ္ပဏီရဲ့ အဓိကအလုပ်က မတော်လို့ ကျွမ်းကျင်ဘုန်းတော်ကြီးလာတိုက်ရင် ခုခံနိုင်အောင် လုပ်ထားဖို့ပဲ။ ပုံမှန်စစ်တပ်သာဆိုရင် ငါတို့မပါဘဲ နင်တို့တိုင်းပြည်ရဲ့ စစ်တပ်နဲ့တင် တိုက်နိုင်တယ်မလား ကာရိုလင်း"
ကာရိုလင်းသည် ခေါင်းညိတ်ပြလိုက်သည်။
ဒရိက်ခ်သည် လမ်ပူရီနှင့် ပူးပေါင်းကာ မားလိုအင်ပါယာ၏တပ်ကို အနိုင်ရခဲ့သော်လည်း ပူးပေါင်းခြင်းမရှိဘဲ တိုက်ခိုက်မည်ဆိုလျှင်လည်း ဖိအားများမည်မဟုတ်ချေ။
"ဒိုးလ်မြို့က မားလိုအင်ပါယာနဲ့ မဝေးဘူး။ အဲ့တော့ ဒီမှာ ခုခံရေးစနစ်ကို တည်ဆောက်လိုက်မယ်။ ဖြစ်လာနိုင်တဲ့ တိုက်ခိုက်မှု မှန်သမျှအတွက် ကျွမ်းကျင်ဘုန်းတော်ကြီးအပါအဝင်ပေါ့။ တွေးကြည့်စမ်းဟာ၊ အကယ်၍ သူပါလာတိုက်ပြီး မနိုင်ခဲ့ရင် မားလိုအင်ပါယာနဲ့ အခြားတိုင်းပြည်တွေ ဘယ်လိုတွေးမလဲ"ဟု ရှုယီကပြောလေသည်။
ကာရိုလင်းသည် အနည်းငယ်တွေးလိုက်ပြီး ပြုံးလိုက်သည်။
"အကယ်၍ ကျွမ်းကျင်ဘုန်းတော်ကြီးတော်င်မနိုင်ဘူးဆိုရင် ဒီနယ်က ဒရိက်ခ်ရဲ့အပိုင်ပဲ။ ဘယ်သူမှလာမလုရဲတော့ဘူး။ အဲ့လိုသာဖြစ်ရင် နင်ကလည်း နယ်စားကတော်မဟုတ်ဘဲ ဒရိက်ခ်တိုင်းပြည်ရဲ့ ဘုရင်မဖြစ်လာလိမ့်မယ်"ဟု ရှုယီက ပြုံးလျှက်ပြောလေသည်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အပိုင်း ၁၀၉ ။ နည်းပညာကို အကောင်းဆုံးဖြစ်အောင် အသုံးချရမယ်
ဒိုးလ်မြို့သည် အဓိကကျသောနေရာတွင်တည်ရှိလေသည်။
၄င်းတို့သည် ဖော့လ်ခ်တိုင်းပြည်၏ပိုင်နက်ဖြစ်ခဲ့ပြီး မြောက်ဘက်တွင် တည်ရှိလျက် မားလိုအင်ပါယာနှင့် နီးကပ်နေသည်။
နိုင်ငံနယ်နမိတ်ကြားတွင် တောင်တန်းများသာခြားပြီး ၄င်းတို့သည် မဟာမိတ်များဖြစ်ကြသဖြင့် ဒိုးလ်မြို့သည် ၄င်းတို့၏ ကုန်သွယ်ရေးမြို့ ဖြစ်လာခဲ့သည်။
ယခုအချိန်တွင် ဖော့လ်ခ်တိုင်းပြည်သည် ပြိုကွဲသွားပြီး ဒိုးလ်မြို့သည် ဒရိက်ခ်၏ လက်အောက်ခံဖြစ်လာသဖြင့် နိုင်ငံရေးမူဝါဒများ ပြောင်းလဲသွားလေသည်။
ထို့ကြောင့် မားလိုအင်ပါယာမှ တိုက်မည်ဆိုလျှင် ဒိုးလ်မြို့အား ချန်ခဲ့မည်မဟုတ်ချေ။
ထို့ကြောင့် ရှုယီသည် မားလိုအင်ပါယာဘက်မှ တိုက်ခိုက်လာချိန်တွင် အသင့်ဖြစ်နေစေရန် ဒရိက်ခ်နှင့် ပူးပေါင်း၍ ဒိုးလ်မြို့၏ ခုခံရေးစနစ်ကို တိုးမြှင့်လေသည်။
ရှုယီ၏ အစီအစဉ်အရ မြို့၏ခုခံရေးစနစ်ကို စစ်မှောက်စက်ယန္တရားများဖြင့် ဖန်တီးထားပြီး မားလိုအင်ပါယာဘက်မှ တိုက်ခိုက်လာချိန်တွင် အလွယ်တကူခုခံနိုင်ရန်ဖြစ်သည်။
အဓိကရည်ရွယ်ချက်မှာ ကျွမ်းကျင်ဘုန်းတော်ကြီးအား လွှတ်မည်ဆိုလျှင်ပင် ခုခံနိုင်ရန်ဖြစ်သည်။
ဒိုးလ်သည် မြို့ကြီးမဟုတ်လျှင်ပင် ဤခုခံရေးစနစ်အား တပ်ဆင်ရန် အနည်းဆုံး ရွှေဒင်္ဂါး၈သန်း လိုလိမ့်မည်ဟု Frestech ကုန်သည်ကြီးများအသင်းမှ တွက်ထားလေသည်။
ထို့ကြောင့် ၄င်းတို့အနေဖြင့် ဒရိက်ခ်လက်အောက်ခံ ဒေသမှန်သမျှကို တပ်ဆင်ရန် အဆင်မပြေသဖြင့် မြို့အချို့ကိုသာ ရွေးချယ်ရလေသည်။
ဒိုးလ်မြို့သည်လည်း ဤမြို့များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။
ခုခံရေးစနစ်များကို ဒရိက်ခ်၏ မြောက်ဘက် နယ်စပ်မြို့များတွင် တပ်ဆင်ထားပြီး မားလိုအင်ပါယာအနေဖြင့် တောင်ဘက်သို့ မဝင်လာစေရန် တားဆီးထားခြင်းဖြစ်သည်။
ထို့ကြောင့် ဤစနစ်များအတွက် ဒရိက်ခ်အနေဖြင့် ရွှေဒင်္ဂါးသန်း၇၀ကုန်ကျလေသည်။
ဒရိက်ခ်သည် နည်းပညာဖွံ့ဖြိုးလာပြီး ငွေကြေးအခြေအနေ တောင့်တင်းလာသည်မှာ မှန်သော်လည်း ဤမျှသော ငွေပမာဏအား မတတ်နိုင်ချေ။
ထို့ကြောင့် ဒရိက်ခ်သည် ဖော့လ်ခ်တိုင်းပြည်မှရသော မြေဧက ၁၇၀စတုရန်းကီလိုမီတာမှ တွင်းထွက် ၃ပုံကို ပေးပြီး ကျန်နေသေးသော တွင်းထွက်များဖြင့် Frestech ကုန်သည်ကြီးများအသင်းနှင့် အတူတကွ ပူးပေါင်း လုပ်ဆောင်ရန် သဘောတူလိုက်ကြသည်။
ကြီးမားသော တွင်းထွက်ပမာဏကြောင့် ဒရိက်ခ်မှ လူအချို့၏ ဝေဖန်သံများထွက်လာကြလျက်
မြို့စားကာရိုလင်းသည် Frestech ကုန်သည်ကြီးများအသင်းအား ၄င်းတို့ခက်ခက်ခဲခဲ တိုက်ယူခဲ့ရသည်များကို ပေးသဖြင့် ဒရိက်ခ်ကို သစ္စာဖောက်သည်ဟုပင် ပြောကြသည်။
သို့ရာတွင် လက်ရှိအနေအထားနှင့် တွင်းထွက်များကို အသုံးမပြုနိုင်သည့်အပြင် အချက်အလက်များမှာလည်း လက်တွေ့ကျနေသောကြောင့် Frestech ကုန်သည်ကြီးများအသင်းနှင့် လက်တွဲလုပ်ရန် သဘောတူလိုက်ကြသည်။
အရေးအကြီးဆုံးအချက်မှာ ဒရိက်ခ်အနေဖြင့် Frestech ကုန်သည်ကြီးများအသင်းမှ ခွဲထွက်၍ မရခြင်းဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ၄င်းတို့၏ အထောက်အပံ့မပါလျှင် ဒရိက်ခ်အနေဖြင့် ဤအခြေအနေအထိ ရောက်လာမည်မဟုတ်ဘဲ မားလိုအင်ပါယာအား တိုက်နိုင်မည်မဟုတ်ချေ။
ထို့ကြောင့် လူနည်းစုမှအပ အများစုမှာထောက်ခံကြေလသည်။
ဤတစ်ကြိမ်တွင် ဒရိက်ခ်သည် စတုရန်းကီလိုမီတာ ၁၇၀အထိနယ်မြေများ ရရှိသွားပြီး နဂိုထက် အဆ၂၀တိုးချဲ့နိုင်ခဲ့သည်။ ဤသည်မှာ ၄င်းအနေဖြင့် အိပ်မက်သာ မက်ဖူးပြီး စိတ်ကူးပင် မယဉ်ရဲသော ပမာဏဖြစ်သည်။
ဤကိစ္စကြောင့် မြို့စားကာရိုလင်း၏ ဂုဏ်သတင်းသည် ကျော်ဇော်သွားခဲ့လေသည်။
ထို့ကြောင့် ဒရိက်ခ်၏ တော်ဝင်မျိုးနွယ်များသည် သူမအား ဘုရင်မအဖြစ် တင်မြှောက်ချင်ကြသော်လည်း သူမက လက်မခံခဲ့ပေ။
"ငါတော့ နားမလည်နိုင်တော့ဘူး။ သူတို့ကငါ့ကို ဘုရင်မဖြစ်လာပြီး နယ်မြေသစ်တွေကို သိမ်းပိုက်စေချင်နေကြတယ်။ အခုလို နယ်မြေအများကြီးကို ပိုင်ပြီးတာတောင်မှလေ"ဟု ကာရိုလင်းသည် ရှုယီအား ပြောလေသည်။
"ဒါကတော့ မျိုးရိုးမြင့်တွေအတွက် ပုံမှန်ပါပဲ။ သူတို့က နယ်မြေများများပိုင်လေ ဂုဏ်ရှိလေပဲကို"ဟု ရှုယီက ပြုံး၍ပြောလေသည်။
"ငါက သူတို့ကို နယ်မြေပိုပေးပါပြီတဲ့။ သူတို့က ကာကွယ်နိုင်မှာတဲ့လား။ နင်ရော ရှုယီ၊ နင်လည်း နယ်မြတွေေအများကြီး ပိုင်သားပဲ။ မြို့စားဘွဲ့ ရသင့်နေပြီထင်တယ်။ နင့်ကိုဘွဲ့မပေးသေးတာက နည်းသေးလို့များလား နင်ဘယ်လိုထင်လဲ"
"ငါက ကုန်သည်တစ်ယောက်ပါ။ မှော်ဆရာဖြစ်ဖြစ် မျိုးရိုးမြင့်ပဲဖြစ်ဖြစ် အဲ့ဒါက အရေးမကြီးပါဘူး။ ငါနဲ့ နယ်မြေလာပြိုင်နေလို့တော့ အလကားပဲ။ ငါက တစ်နှစ်ကို ဘယ်သူက ငွေဘယ်လောက် ရှာနိုင်လဲဆိုတာပဲ ပြိုင်တယ်"
"တစ်နှစ်ကို ဘယ်သူငွေပိုရှာနိုင်လဲ ဟုတ်လား"ဟု ပြောရင်း ကာရိုလင်းသည် ရှုယီအား ကြည့်ကာ "နင်တို့ကုမ္ပဏီက တစ်နှစ်ကို ဘယ်လောက်ဝင်လဲ မေးလို့ရမလား"ဟု ဆိုလေသည်။
"ဒါက ရှက်စရာကောင်းတဲအရာမှ မဟုတ်တာ။ နင်မေးလို့ ရပါတယ်။ ငါတို့က တစ်နှစ်ကို ရွှေဒင်္ဂါး သန်း၁၅၀လောက်တော့ ရပါတယ်"ဟု ဖြေလေသည်။
"သန်း၁၅၀ဟုတ်လား။ ဘုရားရေ နင်တို့ ငွေဝင်များမှန်းတော့ သိပေမယ့် ဒီလောက်များမယ်လို့တော့ ထင်မထားခဲ့ဘူး။ ငါတို့နယ်ကတော့ တစ်နှစ်ကို သန်း၂၀အောက်ပဲ ရတယ်"
"နင်တို့နယ်က သိပ်မှမကျယ်တာကို အခုတော့ နယ်မြေအသစ်တွေလည်း ရလာပြီဆိုတော့ နင်တို့သာ သေချာကိုင်တွယ်နိုင်ရင် နောက်နှစ်အနည်းအငယ်အတွင်းမှာ ငါတို့ထက် ကျော်သွားမှာ"ဟု ရှုယီက ပြုံးရင်းပြောလေသည်။ "ပြီးတော့ ငါပြောပြရဦးမယ်။ ငါတို့ရဲ့ဒီနှစ်ဝင်ငွေက တော်တော်ဆိုးတယ်နော်"ဟု ဆိုပြန်လေသည်။
"ဒါမဆန်းပါဘူး။ ငါတို့စစ်တိုက်နေတာပဲလေ။ စစ်တိုက်တာ ဘယ်လောက်အကုန်အကျ များလဲနင်သိသားပဲ။ နင်တို့ရဲ့ စစ်လက်နက်တွေကြောင့်သာ မဟုတ်ရင် ငါတို့မနိုင်လောက်ဘူး။ ဒါပေမယ့် ဒီစစ်ပွဲမြန်မြန်ပြီးမှ ဖြစ်မယ် အချိန်ကြာနေရင် ငါတို့ရှုံးသွားနိုင်တယ်"
"နင်ပြောတာမှန်တယ်။ ငါတို့မြန်မြန်အဆုံးသတ်မှဖြစ်မယ်"ဟု ရှုယီသည် လေးနက်သော မျက်နှာထားဖြင့် ပြောလေသည်။
"ငါတို့တွေ ဘယ်လိုလုပ်ကြမလဲ။ ငါတို့က ယှဉ်ပြီးတိုက်နိုင်ပေမယ့်လည်း စစ်ပွဲကို သူတို့ဘက်က ရပ်ချင်မှဖြစ်တာ။ အင်ပါယာနှစ်ခုက အင်အားတောင့်တယ် ပြီးတော့ ကျွမ်းကျင်ဘုန်းတော်ကြီးတွေလည်း ရှိနေတယ်လေ။"
"မသေချာဘူး အဲ့တော့ ငါတို့လုပ်ရမှာက တိုက်ပွဲကြာရင် သူတို့အထိနာမယ်လို့ ထင်အောင်လုပ်ပြီး စစ်ကို ရပ်ဖို့ပဲ။ အဲ့တော့ ပထမဆုံးအနေနဲ့ ကျွမ်းကျင်ဘုန်းတော်ကြီးရှိနေရင်တောင် သူတို့မလုံခြုံဘူးဆိုတာ သိအောင်လုပ်ပြရမယ်။"
ကာရိုလင်းသည် ရှုယီအား တွေဝေစွာ ကြည့်လိုက်လေသည်။
ရှုယီသည် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက်ဖြစ်သည့်အတွက် ၄င်းတို့သည် မည်မျှအန္တရာယ်များမှန်း သိသော်လည်း ဂရုမစိုက်သဖြင့် ကာရိုလင်းသည် စဉ်းစားမရဖြစ်နေသည်။
Frestech ကုန်သည်ကြီးများအသင်း၏ လက်နက်များသည် အစွမ်းထက်သည်မှန်သော်လည်း ကျွမ်းကျင်ဘုန်းတော်ကြီးများသည် သန်မာသောကြောင့် တစ်ကယ်တန်းရင်ဆိုင်ရန်မှာ မလွယ်ကူချေ။
ကျွမ်းကျင်ဘုန်းတော်ကြီးများသည် တားမြစ်မှော်များကို လွယ်ကူစွာသုံးနိုင်ကြပြီး သူတို့၏စွမ်းအားအပြည့်ကို အသုံးပြုလျှင် ဖြစ်ပေါ်လာမည့် အဖျက်စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
"အခုအချိန်မှာ အကောင်းဆုံးက ငါတို့မှာရှိသမျှတွေနဲ့ ငါတို့ရဲ့ အင်အားကိုတိုးမြှင့်ဖို့ပဲ။ အင်ပါယာနှစ်ခုနဲ့ ရင်ဆိုင်တာကို လောတာက သိပ်ကောင်းမယ်လို့တော့ ငါမထင်ဘူး"ပြောရာ ကာရိုလင်းသည် ရှုယီအား နားမလည်နိုင်စွာ ကြည့်လေသည်။
"ဒါက အုပ်ချုပ်သူတစ်ယောက်အတွက်တော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ"ဟုဆိုတာ ကာရိုလင်း၏ ပခုံးအားပုတ်လိုက်ရင်း "ဒါပေမယ့် နင်တစ်ခုခုတွေးမိလား ငါတို့ရဲ့ရန်သူတွေကို ဘယ်လိုကြောင့် နိုင်ခဲ့လည်း ဆိုတာကိုပေါ့"ဟု မေးလေသည်။
"နင်တို့ရဲ့လက်နက်တွေကြောင့် နိုင်ခဲ့တာပေါ့။ အခြားဘာရှိသေးလို့လဲ"
"ဒါကဒီလိုရှိတယ်။ လက်နက်တွေမှာလည်း အာမခံချက်မရှိဘူး။ သူတို့သုံးတဲ့လက်နက်တွေကို စမ်းသပ်ကြည့်ခဲ့တယ်။ ငါတို့ရဲ့နည်းပညာကို တုပပြီးလုပ်ထားတာပဲ။ သူတို့ကို နိုင်သွားတယ်ဆိုတာက ငါတို့ရဲ့နည်းပညာမြင့်မားမှုကြောင့်ပဲ အကယ်၍ သူတို့သာ အချိန်အလုံအလောက် ရမယ်ဆိုရင် ငါတို့ရဲ့နည်းပညာကို သိသွားလိမ့်မယ်။ ဒါဆိုဘယ်လိုဖြစ်သွားမယ်ထင်လဲ"
ကာရိုလင်း၏ မျက်နှာသည် အနည်းငယ်ပြောင်းလဲသွားပြီး "မဖြစ်နိုင်ဘူး....နင်တို့ရဲ့ လက်နက်တွေက အဆပေါင်းများစွာ ပိုသာတာကို သူတို့ဘယ်လိုလုပ် လိုက်မှီမှာလဲ"ဟု ပြောလေသည်။
"မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ အဲ့တော့ ငါတို့လုပ်နိုင်တာက သူတို့မသိခင် ငါတို့ကိုယ်ငါတို့ အင်အားတောင့်အောင် လုပ်ထားဖို့ပဲ"
"ဒါဆို နင်က..." ကာရိုလင်းသည် ရှုယီအား ဝေခွဲမရစွာ ကြည့်လိုက်လေသည်။
ရှုယီသည် ကာရိုလင်း၏ ပခုံးအားပုတ်လိုက်ရင်း "သတင်းကောင်းကိုစောင့်နေပါ"ဟု ပြောလေသည်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အပိုင်း ၁၁၀ ။ သူတို့ရဲ့နယ်မြေ အတိုက်ခံရပြီ
သူ၏အမှုထမ်းမှ မာရိုမြို့အား အတိုက်ခိုက်ခံရပြီဟု သတင်းရသောအခါ မြို့စား ဒင်း ဒန်ပူစီသည် မယုံနိုင်လောက်အောင် ဖြစ်သွားလေသည်။
"ရန်သူတွေတိုက်နေပြီဟုတ်လား"
ဒန်ပူစီမိသားစု၏ အကြီးအကဲအနေဖြင့် မြို့ကို အုပ်ချုပ်လာသည်မှာ ၂၆နှစ်ရှိပြီဖြစ်သော်လည်း ရန်သူဟူသော စကားကို ကြားရခြင်းမှာ ဒီတစ်ကြိမ်သည် ပထမဆုံးဖြစ်လေသည်။
ဒန်ပူစီမိသားစုအား ဤနယ်မြေကို ပေးအပ်ပြီးသည့် အချိန်မှစ၍ နှစ်ပေါင်း၄၀၀အတွင်း တိုက်ခိုက်မခံရဖူးသေးချေ။
ဤမြို့သည် ကန်ဒရာအင်ပါယာ၏ တောင်ဘက်ပိုင်းစုရင်စု နယ်နမိတ်ရှိ အကြီးဆုံးမြို့ဖြစ်ပြီး ၄င်းအား အနောက်တောင်ပိုင်း၏ ပုလဲရတနာဟု တင်စားကြသည်။
"ဒီလိုနာမည်ကြီးမြို့က လူရမ်းကားတွေ တိုက်ခိုက်တာ ခံရတော့မှာလား"
"ဒါမှမဟုတ် သူတို့က ကန်ဒရာအင်ပါယာကို စိန်ခေါ်ရဲကြတာလား"
နှစ်ပေါင်း၁ထောင်အတွင်း ကန်ဒရာ၏ သမိုင်းတစ်လျှောက်တွင် မားလိုအင်ပါယာမှအပ မည်သည့်နိုင်ငံမှ ကျူးကျော်ခြင်း မပြုရဲကြချေ။
"သူတို့ကိုယ့်သတွေင်းကို ကိုယ်တူးနေတာကို မသိကြဘူးလား"
"ရန်သူတွေက ဘယ်သူတွေလဲ အတည်ပြုပြီးပြီလား။ နယ်စောင့်တပ်က ဘာလုပ်နေတာလဲ သူတို့မတားကြဘူးလား"ဟု မေးရင်း အမိန့်များပေးနေလေသည်။
ဤကိစ္စအားသေချာ မကိုင်တွယ်လျှင် စစ်ပွဲဖြစ်ပြီး မာရိုမြို့သည် စစ်မြေပြင်ဖြစ်သွားမည်ကို စိုးရိမ်နေကြသည်။
ထိုအခါအမှုထမ်းသည် ခါးသက်စွာပြုံးလျက် "သူတိုအတည်ပြုပြီးကြပါပြီ။ သတင်းတွေအရတော့ သူတို့က Frestech ကုန်သည်ကြီးများအသင်းရဲ့ အလံကို မြင်ခဲ့တယ်လို့ ပြောပါတယ်"ဟု ဖြေလိုက်လေရာ ဒန်ပူစီသည် အံ့သြသွားလေသည်။
"Frestech ကုန်သည်ကြီးများအသင်းဟုတ်လား။ သူတို့တွေက ကုမ္ပဏီတစ်ခုပဲလေ ဘယ်လိုသတ္တိနဲ့ ကန်ဒရာအင်ပါယာကို စိန်ခေါ်ရဲရတာလဲ"
ထိုအမေးကို အမှုထမ်းမှ ပြန်မဖြေဘဲ ခါးသက်စွာပြုံး၍နေလေသည်။
အဘယ့်ကြောင့်ဆိုသော် သူသည်လည်း သံယများရှိလျက် ဤမေးခွန်းအား မည်ကဲ့သို့ ပြန်ဖြေရမည်ကို မသိသောကြောင့်ဖြစ်သည်။
"မဖြစ်နိုင်ဘူး...."ဟုဆိုကာ ဒန်ပူစီသည် မျိုးရိုးမြင့် စည်းဝေးပွဲတွင် ကြားခဲ့သည်များအား ပြန်လည်တွေးတောနေမိသည်။
ထိုပွဲတွင် Frestech ကုန်သည်ကြီးများအသင်းမှ မှော်စက်န္တရားအသစ်များ ရောက်ရှိနေသည်ကို ပြောကြလျှက် ၄င်းတို့ထံမှ ဝေါယာဉ်အသစ်များ ဝယ်ခဲ့ကြသည့်အကြောင်းကို ပြောနေကြလေသည်။
Frestech ကုန်သည်ကြီးများအသင်း၏ မှော်စစ်လက်နက်များမှာ အသုံးပြုရလွယ်ကူပြီး အစွမ်းထက်သည်ဟု ကောလဟာလများကြားဖူးသော်လည်း ၄င်းတို့အနေဖြင့် မည်မျှသန်မာသည်ကို စစ်အရာရှိမျိုးရိုးမြင့်များသည်သာ အသိဆုံးဖြစ်လေသည်။
နှစ်ဝက်မျှပင်ကြာခဲ့ပြီဖြစ်ပြီး ကန်ဒရာအင်ပါယာအနေဖြင့် ရူဒ်ဆန်တိုင်းပြည်အား ကျူးကျော်ခဲ့ခြင်းရှိသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အကူအညီပေးမှုကြောင့် ကန်ဒရာဘက်မှ တပ်သားပေါင်း ၁သိန်း၈သောင်းခွဲ နှစ်လအတွင်းမှာပင် ဆုံးရှုံးလိုက်ရပြီး လက်လျှော့ကာ အင်ပါယာဘက်မှ တပ်ပြန်ဆုတ်ခဲ့ရသည်။
နောက်ပိုင်းတွင် Frestech ကုန်သည်ကြီးများအသင်းဘက်မှ အခြားဒေသများကို တိုက်ခိုက်ခဲ့သော်လည်း အင်ပါယာဘက်မှ ဘာမှမလုပ်ဘဲ ငြိမ်နေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ကန်ဒရာအင်ပါယာအနေဖြင့် Frestech ကုန်သည်ကြီးများအသင်းအား ယှဉ်တိုက်နိုင်စွမ်းမရှိ၍ ငြိမ်နေရခြင်းဖြစ်ကြောင်း မျိုးရိုးမြင့်များ အနေဖြင့် နားလည်လိုက်သည်။
ထို့ကြောင့်ပင် မျိုးရိုးမြင့်များအကြားတွင် Frestech ကုန်သည်ကြီးများအသင်းမှာ နာမည်ကြီးလာပြီး ၄င်းတို့ထုတ်လုပ်သော မှော်လက်နက်များမှာ ၄င်းတို့အကြားတွင် ပြောစရာတစ်ရပ်ဖြစ်လာကြသည်။
ဒန်ပူစီသည် အနောက်တောင်ပိုင်း၏ မြို့စားဖြစ်သော်လည်း မျိုးရိုးမြင့်တစ်ယောက်ဖြစ်နေသည့်အတွက် ကြားရသည့်သတင်းများမှာ သူ့အတွက် မကောင်းချေ။
Frestech ကုန်သည်ကြီးများအသင်း အကြောင်းကို နေရာမျိုးစုံမှ ကြားခဲရသော်လည်း ယခုကဲ့သို့ တွေ့ရလိမ့်မည်ဟု မထင်ခဲ့ပေ။
အဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းသည် မည်မျှပင် လက်နက်များ အစွမ်းထက်၍ သန်မာစေကာမူ ကုမ္ပဏီတစ်ခုသာဖြစ်သောကြောင့် ကန်ဒရာအင်ပါယာကို မည်သည့်အတွက်ကြောင့် စိန်ခေါ်ရဲရသနည်း။
သူသည်အတွေးများစွာ တွေးလျှက်ရှိပြီး နောက်ဆုံးတွင် တစ်ချက် လေးနက်စွာ တွေးလျှက် အမှုထမ်းအား ခေါ်လိုက်ပြီး "မာနာအစိုးရဆီကိုသွားပြီး စစ်ကူလွှတ်ပေးဖို့ပြောလိုက်"ဟု အမိန့်ပေးလေသည်။
အမှုထမ်းသည် အံ့သြ၍သွားလေသည်။ မာရိုမြို့သည် အနောက်တောင်ဘက်ပိုင်း၏ အရေးအကြီးဆုံးမြို့ကြီးဖြစ်သောကြောင့် တပ်သားပေါင်း ၃သောင်းရှိပြီး မှော်ဘက်နက်များလည်း များပြားစွာရှိသည့်အတွက် အင်အားကြီးစစ်တပ်ရှိသည်ဟု ပြောနိုင်သည့်အနေအထားတွင် မာနာအစိုးရထံမှ စစ်ကူတောင်းခံခြင်းအား အံ့အားသင့်နေလေသည်။
"ဘာလို့မြို့စားက Frestech ကုန်သည်ကြီးများအသင်းလို့ကြားလိုက်တာနဲ့ စစ်ကူတောင်းရတာလဲ။ သူတို့သန်မာတယ်လို့တော့ ကြားထားပေမယ့် ဘယ်လောက်သန်မာနိုင်မှာမို့လို့လဲ။"
သူ၏အမှုထမ်းကြောင်၍ရပ်နေသည်ကို တွေ့သောအခါ မြို့စားသည် "မြန်မြန်မသွားသေးဘူးလား"ဟူ၍ ငေါက်လိုက်လေသည်။
အမှုထမ်းထွက်သွားပြီးချိန်တွင် သူလည်းဝေါယာဉ်ပေါ်တွင် ခေတ္တထိုင်နေပြီး မြို့စောင့်တပ်ဆီသို့ သွားလေသည်။
သို့သော် သူမြို့ဂိတ်သို့မရောက်ခင်မှာပင် ပေါက်ကွဲသံကြားလိုက်ရသည်။ ပေါက်ကွဲမှုမှာ ပြင်းထန်လွန်းသဖြင့် ဝေါယာဉ်ထဲမှပင် ကြားလိုက်ရသဖြင့် ကြက်သီးများပင် ထသွားလေသည်။
မြို့ပြင်ဘက်တွင် မီးတောက်များဖြင့် ပြည့်နေပြီး တိမ်တိုက်များပါ မဲမှောင်နေသဖြင့် မြို့စားသည် အံအားသင့်သွားလေသည်။
သူသည်တစ်ချက်တွေးလိုက်ပြီး ချက်ချင်းပင် မီးတောက်များရှိရာသို့ ဂိတ်မှတစ်ဆင့် ကြည့်လိုက်ရာတွင် မြို့စောင့်တပ်များ၏ ၃ကီလိုမီတာအကွာတွင် ပေါက်ကွဲသံများကြားရပြီး ကျယ်လောင်စွာ အော်သံများကို ကြားရလျှက် မီးတောက်များဖြင့် တောက်လောင်နေလေသည်။
မြို့စားသည် ဘေးတွင် သတင်းကြားကြားချင်း အမြန် ရောက်လာသော ကာကွယ်ရေးအရာရှိအား ဆွဲလျှက် တပ်ကူများချက်ချင်းလွှတ်ရန် ပြောလေသည်။
အရာရှိမှာချွေးစေးများပြန်လျှက် လျင်မြန်စွာခေါင်းညိတ်လိုက်ပြီး လူများလွှတ်ရန် ပြင်လေသည်။
မြို့စားသည် မြို့စောင့်တပ်အား ကြည့်လိုက်ရင်း ရင်ထဲတွင် လေးလံသွားတော့သည်။
Frestech ကုန်သည်ကြီးများအသင်း၏ တပ်သားသည် ၂သောင်းအောက်နည်းသော်လည်း ၄င်းတို့၏အစွမ်းဖြင့် အင်အား၃သောင်းကို အလွယ်တကူ အနိုင်ရနိုင်လေသည်။
သူ့အား ပို၍ထိတ်လန့်စေသည်မှာ Frestech ကုန်သည်ကြီးများအသင်းတပ်များသည် မြို့စောင့်တပ်များအား ဖျက်စီးပြီးဖြစ်သဖြင့် မာနာမြို့မှ တပ်ကူများရောက်လာချိန်အထိ မည်ကဲ့သို့ ဆက်ထိန်းထားရမည်ကို မတွေးတတ်အောင် ဖြစ်လေသည်။
မှန်းထားသည့်အတိုင်း မိနစ်အနည်းငယ်အကြာတွင် မှော်စစ်ကားများသည် လျင်မြန်စွာ မာရိုမြို့သို့ ချီတက်လာကြသည်။ ၄င်းတို့၏အနောက်မှ မီးတောက်များကြောင့် ကြည့်ရသည်မှာ ငရဲမှ မိစ္ဆာများ ထွက်လာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလေသည်။
ဒန်ပူစီသည် အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်လိုက်ရာ မှော်စစ်ကားများတွင် Frestech ကုန်သည်ကြီးများအသင်း၏ အလံအား တွေ့လိုက်ရလေသည်။
"တစ်ကယ်ပဲသူတို့တွေကို"ဟု ရေရွတ်လျှက် အံ့ကြိတ်လိုက်လေသည်။
ယခုအချိန်တွင် မြို့ပြင်တွင် ရှိသော တပ်သား၃သောင်းအား အားကိုး၍မရနိုင်တော့ဘဲ မြို့တွင်းရှိတပ်သား၅ထောင်နှင့် မာနာမြို့မှ စစ်ကူ၂ထောင် စုစုပေါင်း အင်အား၇ထောင်သာ ရှိလေသည်။
မှော်အမြောက်များရှိသေးသည်ဆိုသော်လည်း ၄င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ လက်နက်များနှင့် မယှဉ်နိုင်ကြပေ။
သို့သော် မာရိုမြို့၏ မြို့စားအနေဖြင့် အရှုံးပေးရန် မဖြစ်နိုင်ပေ။ အကယ်၍ အရှုံးပေးလိုက်လျှင် သူ၏မြို့စားဘွဲ့မှာ ရုတ်သိမ်းခံရနိုင်ပြီး အခန့်မသင့်လျှင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျသွားနိုင်လေသည်။
"သေစမ်း!! ဒါပေမယ့် ဒန်ပူစီမိသားစု တည်ရှိနေသမျှတော့ အလွယ်တကူ အရှုံးမပေးနိုင်ဘူး"
ထို့နောက် သူသည် အရာရှိအအားကြည့်လိုက်ရင်း "မြို့ဂိတ်တွေကို ပိတ်လိုက် ပြီးရင် မြို့ကိုကာကွယ်ဖို့ အသင့်ပြင်ထားကြ"ဟု အမိန့်ပေးလေသည်။
အရာရှိသည် Frestech ကုန်သည်ကြီးများအသင်း၏ စစ်မှော်ယာဉ်များကိုကြည့်ရင်း အင်အား၃သောင်းကျော်ရှိသော မြို့စောင့်တပ်ပင် မနိုင်လျှင် အင်အား၇ထောင်မျှသာရှိသော တပ်အနေဖြင့် မည်ကဲ့သို့ ခုခံနိုင်မည်နည်းဟု တွေးနေလေသည်။
"ဘာငိုင်နေတာလဲ"ဟု ပြောရင်း မြို့စားသည် အရာရှိ၏တင်ပါးအား ကန်လိုက်ရင်း "အရှုံးပေးဖို့ တွေးရဲတွေးကြည့် မင်းကိုအခုချက်ချင်း ခုတ်သတ်ပစ်မယ်"ဟု ဆိုလေသည်။
အရာရှိ၏မျက်နှာမှာ အေးစက်သွားပြီး မြို့စားအားကြည့်၍ ခုခံရန်အတွက် ပြင်ဆင်ရန် ထွက်သွားလေတော့သည်။
သို့သော် သူခြေနှစ်လှမ်းမပြည့်ခင်မှာပင် အဝေးမှ ဝီစီမှုတ်သံအားကြားလိုက်ရေလသည်။
ကြည့်လိုက်ချိန်တွင် မီးအနီရောင်များကို မြင်လိုက်ရပြီး Frestech ကုန်သည်ကြီးများအသင်း၏ တပ်များသည် ၂ကီလိုမီတာ အကွာအဝေးကို ခဏအတွင်းဖြတ်ကာ မာရိုမြို့နံရံများအနီးသို့ ရောက်လာပြီဖြစ်သည်။
“ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း”
မရေမတွက်နိုင်သော ပေါက်ကွဲသံများကို ကြားလိုက်ရပြီး မြို့၏နံရံများ ပြိုကွဲသွားသည်ကို တွေ့လိုက်ကြရသည်။