← Chapters

အခန်း (၁၁၁-၁၂၀)

Vol. 7 Ch. 111-120

အခန်း (၁၁၁-၁၂၀)

Vol. 7 Ch. 111-120

Volume 7 အခန်း ၁၁၁။ ရှေးရိုးစွဲအမြင်များကို ဖျက်ဆီးခြင်း

“ကောင့်ထ် ဒန်ပူစီ ခင်ဗျားက ဉာဏ်ကောင်းတဲ့သူတစ်ယောက် ဖြစ်နေတာ ကျုပ် အတော်လေးဝမ်းသာတယ်”

ခေါင်းဆောင်ဟာ့ထ်၏ မြင့်မားသော ပုံရိပ်က တစ်ရာ့ခုနစ်ဆယ်မီတာပင်မရှိသော ကောင့်ထ် ဒန်ပူစီ ရှေ့တွင် ရပ်လိုက်သည်။ သူရှေ့တွင် တောင်တစ်လုံးရောက်လာသကဲ့သို့ သူ့အပေါ်ကျလာသော ဖိအားကို ခံစားလိုက်ရသည်။

“ခင်ဗျားရဲ့ အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်ကြောင့် မာရိုမြို့သူမြို့သားတွေက စစ်ဘေးဒဏ်ခံစားစရာမလို‌တော့ဘူး။ သူတို့ ခင်ဗျားကို ကျေးဇူးတင်ရမယ် မြို့စားမင်း။ ကျုပ်ကလည်း ခင်ဗျားရဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်အတွက် ဥက္ကဌကြီးကိုယ်စား လေးစားကြောင်းဖော်ပြချင်ပါတယ်။ ဥက္ကဌကြီးက မထွက်ခွာခင် သေကြေပျက်စီးမှုတွေ တတ်နိုင်သမျှလျှော့ချဖို့ အထူးသဖြင့် အရပ်သားသေဆုံးမှုတွေကို လျှော့နည်းစေဖို့ ထပ်တလဲလဲသတိပေးနေခဲ့တာ။ အခု ခင်ဗျားက မြို့ကိုဖွင့်ပြီး အညံ့ခံဖို့ ရွေးချယ်လိုက်တော့ ကျုပ်တို့အတွက် အတော်လေးကျေနပ်စရာပါပဲ”

ကောင့်ထ် ဒန်ပူစီက မည်သည့်အမူအရာကိုမျှ မပြသော်လည်း တိတ်တဆိတ် အံကြိတ်နေမိ၏။ သူက ခေါင်းဆောင်ဟာ့ထ်ကိုကြည့်ကာ ဤလူကို သေသည်အထိ ကိုက်ဖြတ်ပစ်ချင်နေသည်။

ဖြစ်နိုင်လျှင် မည်သူက မြို့ဂိတ်တံခါးများကို ဖွင့်ပေးချင်မည်နည်း။

သို့သော် ဤFrestech ကုန်သည်ကြီးများအသင်းမှလူများ ပေါ်လာသည်နှင့် ပေါက်ကွဲမှုတစ်ကြိမ်တည်းနှင့် မာရိုမြို့၏ အနောက်ဂိတ်ရှိ တံတိုင်းကို ပြိုကျသွားအောင်လုပ်လိမ့်မည်ဟု မည်သူမျှမျှော်လင့်မထားချေ။

မာရိုမြို့သည် အနောက်‌တောင်နယ်စပ်တွင် အရေးအကြီးဆုံးမြို့ဖြစ်ပြီး မြို့တံတိုင်းများမှာ ဒန်ပူစီ မိသားစု၏ နှစ်ပေါင်းရာချီ သေချာအစီအစဉ်ဆွဲမှုနှင့်အတူ ကန်ဒရာအင်ပါယာစစ်တပ်၏ ဌာနချုပ်များမှ အထူးဘဏ္ဍာရေးခွဲဝေပေးမှုကို ရရှိထားသည်။

၎င်းက ဆယ့်သုံးမီတာပင်မြင့်ပြီး ဆယ်မီတာနီးပါးထူကာ အပါးဆုံးအပိုင်းများသည်ပင် အနည်းဆုံး ငါးမီတာထူ၏။

ဤမြို့တံတိုင်းများကြောင့် မာရိုမြို့သည် စိုင်စ်နယ်မြေပေါ်၌ တိုက်ခိုက်သိမ်းပိုက်ရန် အခက်ခဲဆုံး ထိပ်တန်းဆယ်နိုင်ငံထဲမှ တစ်နိုင်ငံအဖြစ် ကျော်ကြားသည်။

သို့သော် ရန်သူများအားလုံး ဆန့်ကျင်ရန်နည်းလမ်းမဲ့နေသော ဤတံတိုင်းသည် Frestech ကုန်သည်ကြီးများအသင်းထံမှ တိုက်ခိုက်မှုတစ်ခုတည်းနှင့် တစ်ခဏပင်မကြာဘဲ ပြိုကျသွားသည်။

မြို့တံတိုင်းပြိုကျသွားသည်နှင့်အတူ ကောင့်ထ် ဒန်ပူစီ နှင့် မာရိုမြို့ရှိ အစောင့်များ၏ ယုံကြည်ချက်ကလည်း ပြိုလဲသွား၏။

ဤအလွန်အကျွံလုပ်ထားသော မြို့တံတိုင်းသည်ပင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်အမြောက်များကို မတားဆီးနိုင်လျှင် Frestech ကုန်သည်ကြီးများအသင်းထံမှ ပို၍ပင်အားကောင်းသော တိုက်ခိုက်မှုတစ်ခုကို ကာကွယ်ရန် မာရိုမြို့က မည်သည်ကို အသုံးချနိုင်ဦးမည်နည်း။

ထို့ကြောင့် ကောင့်ထ် ဒန်ပူစီ က နှစ်မိနစ်ပင်မကြာဘဲ မြို့ဂိတ်များကိုဖွင့်ရန် ဆုံးဖြတ်ချလိုက်သည်။

အမှန်တကယ်တော့ ယခု မာရိုမြို့၏ အနောက်တံတိုင်းက Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကြောင့် ပေါက်ကွဲသွားပြီဖြစ်သည့်အတွက် သူတို့က မြို့ဂိတ်များကိုမဖွင့်လျှင်တောင် အခြားနည်းရှိနိုင်ဦးမည်လော။

ခေါင်းဆောင်ဟာ့ထ်ပြောသည့် ဤသို့ အလွယ်တကူအညံ့ခံခြင်းက မာရိုမြို့သူမြို့သားများကို အမြောက်တပ်မှ မီးပင်လယ်ဖြင့် ဖုံးလွှမ်းခံရမည့်အရေးမှ ကယ်ဆယ်ပေးလိုက်သည်ဟူသော ကိစ္စနှင့် ပတ်သတ်၍မူ ကောင့်ထ် ဒန်ပူစီ က ဤအချက်ကို စဉ်းစားမိခဲ့သော်လည်း သူအညံ့ခံရသည့် အဓိကအကြောင်းအရင်းမှာ Frestech ကုန်သည်ကြီးများအသင်းအစောင့်များက ကောင့်ထ် ဒန်ပူစီ‌ မျှော်လင့်ထားသည်ထက်ပိုသော ကြောက်မက်ဖွယ်စွမ်းအားနှင့် တိုက်ခိုက်ခဲ့သောကြောင့်ပင်။

စစ်တပ်ဌာနချုပ်များက ဤကိစ္စကို စစ်ဆေးလျှင်တောင် ပြိုကျနေသည့် မြို့တံတိုင်းကိုမြင်လျှင် မည်သည့်အပြစ်ကိုမျှ ဖော်ထုတ်နိုင်မည်မဟုတ်ပေ။

“ကောင်းပြီ ကောင့်ထ် ဒန်ပူစီ ခင်ဗျားလုပ်ရမှာဆိုလို့ မြို့က အစောင့်တွေအကုန်လုံးကို ဖယ်ရှားခိုင်းရုံပါပဲ။ ပြီးရင် ခင်ဗျားလုပ်ချင်တာအကုန်လုံး လုပ်လို့ရပြီ။ ကျုပ်တို့ကို ဂရုစိုက်နေစရာမလိုဘူး” ခေါင်းဆောင်ဟာ့ထ်က ရုတ်တရက် လက်ဝေ့ယမ်းလိုက်သည်။

ကောင့်ထ် ဒန်ပူစီ ကြောင်အမ်းသွား၏။

ဤ”လုပ်ချင်တာလုပ်လို့ရပြီ” ဟုသော စကားက မည်သည့်အဓိပ္ပာယ်နည်း။ လက်ရှိအခြေအနေမှာ မာရိုမြို့က Frestech ကုန်သည်ကြီးများအသင်းအစောင့်များ၏ သိမ်းပိုက်ခြင်းခံထားရသည် မဟုတ်ပေလော။

ခေါင်းဆောင်ဟာ့ထ်၏ စကားများအရဆိုလျှင် သူတို့က တစ်ခုခုလုပ်ရန် အကြံအစည်မရှိဘဲ မာရိုမြို့က မတိုင်မီကနှင့် တူညီ‌နေဆဲဖြစ်သည်လော။

“ကျုပ်တို့က မာရိုမြို့ကာကွယ်ရေးအတွက် တာဝန်ယူပေးမှာပါ ဒါပေမယ့် ကျန်တာတွေကိုတော့….. ကျုပ်တို့စိတ်မဝင်စားဘူး” ခေါင်းဆောင်ဟာ့ထ်က ကောင့်ထ် ဒန်ပူစီ၏ သံသယများကို ရိပ်မိပြီး ရှင်းပြလိုက်သည်။ “ကျုပ်တို့က မာရိုမြို့ကို သိမ်းရုံပဲသိမ်းတာ။ ဒါက ဥက္ကကြီးပေးတဲ့ တစ်ခုတည်းသောတာဝန်ပဲ။ ကျန်တာတွေကတော့ နောက်မှဆုံးဖြတ်မယ်”

ကောင့်ထ် ဒန်ပူစီ က ထိုအကြောင်းစဉ်းစားကာ ဆီလျော်မှုရှိကြောင်း ခံစားလိုက်ရသည်။

ဆိုရလျှင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များသည် စစ်ရေးလှုပ်ရှားမှုအတွက်သာ တာဝန်ယူ၏။ မာရိုမြို့ကို သိမ်းပိုက်ပြီးနောက် မည်သို့စီစဉ်မည်ကတော့ Frestech ကုန်သည်ကြီးများအသင်း၏ အခြားဌာနများအပေါ် မူတည်ပေသည်။ တပ်သားများက ဤကိစ္စနှင့်ပတ်သတ်၍ စိတ်မဝင်စားပေ။

သို့သော်……

“မင်းတို့က ငါတို့ မာရိုမြို့ကို ထိန်းချုပ်ထားနိုင်မယ်လို့ တကယ်ကြီးထင်နေတာလား” ကောင့်ထ် ဒန်ပူစီ က အေးစက်စွာ ရယ်မောလိုက်သည်။ သူက အထင်အမြင်သေးသော အမူအရာနှင့် ခေါင်းဆောင်ဟာ့ထ်ကို ကြည့်လိုက်၏။ “မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တွေက အတော်လေးအားကောင်းတာကို ဝန်ခံပါတယ် ဒါပေမယ့် မင်းတို့ဥက္ကဌရှုက လူလေးထောင်ဂဏန်းလောက်နဲ့ မာရိုမြို့ကို သိမ်းပိုက်ထားနိုင်မယ်လို့ တကယ်ကြီးထင်နေရင်တော့ သူ အတော်လေးနုံအသေးတာပဲ”

“ဒီလိုလား” ခေါင်းဆောင်ဟာ့ထ်က ကောင့်ထ် ဒန်ပူစီ ကိုကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ထို့နောက် သူက သူ့လက်ကိုဝေ့ယမ်းလိုက်သောအခါ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက ကောင့်ထ် ဒန်ပူစီ ကို ခေါ်ဆောင်သွားကြသည်။

“ခေါင်းဆောင် စိတ်ချရအောင် ကျွန်တော်တို့ ဒီလူကို ရှင်းပစ်သင့်တယ်။ သူက နောက်ကျရင် မြို့ထဲမှာ တိတ်တဆိတ် ခုခံမှုတွေလုပ်ပြီး ကျွန်တော်တို့အတွက် ပြဿနာဖြစ်လာစေမှာ စိုးတယ်” Frestech ကုန်သည်ကြီးများအသင်းအစောင့်တပ်ဖွဲ့၏ လက်ထောက်ခေါင်းဆောင် နူးန်စ် က ရောက်လာပြီး အသံတိုးတိုးဖြင့် ပြောသည်။

“မဖြစ်ဘူး” ခေါင်းဆောင်ဟော့ထ်က ခေါင်းယမ်းလိုက်သည်။ “သ‌တင်းတွေအရဆို မာရိုမြို့က ဒန်ပူစီ မိသားစုရဲ့ နယ်နိမိတ်ဖြစ်လို့ ဒန်ပူစီ မိသားစုရဲ့ လွှမ်းမိုးမှုက ဒီနေရာမှာ အမြစ်တွယ်နေပြီ။သူတို့ကိုချုပ်ထားမှပဲ လူတွေကို စည်းကမ်းလိုက်နာ‌အောင် ထိန်းထားနိုင်မှာ။ ဒါပေမယ့် သူ့ကိုသတ်လိုက်ရင် ပြဿနာတွေပဲဖြစ်လာလိမ့်မယ်”

နူးန်စ် က စဉ်းစားလိုက်ပြီးနောက် ဤစကားက မှန်ကန်သည်ဟု ခံစားလိုက်ရ၏။ ထို့နောက် သူက ပြောသည်။ “ဒါဆို အနည်းဆုံး သူ့ကိုထိန်းချုပ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားထားသင့်တယ်မလား”

“တကယ်တော့ နတ်သူငယ်တွေက အဲ့ဒီအတွက် ပြင်ဆင်ထားပြီးသားပါ။ သူ ဘာမှမလုပ်နိုင်မှာ သေချာပါတယ်”

“စိတ်ညှို့တာလား” နူးန်စ် ၏မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာ၏။

ခေါင်းဆောင်ဟာ့ထ်က အရာအားလုံးအတွက် ပြင်ဆင်ထားသည်ကို တွေ့ကာ သူစိတ်ချသွားသည်။ သူက လုံးဝပျက်စီးခြင်းမရှိသေးသည့် မာရိုမြို့၏ မြောက်ဘက်တံတိုင်းကို လှမ်းကြည့်လိုက်သည်။

“ခေါင်းဆောင် ကျွန်တော်တို့ ကန်ဒရာအင်ပါယာက တပ်ကူတွေမလာခင် ပြင်ဆင်ချိန်ရှိမယ်လို့ ထင်လား”

“မသိဘူးလေ” ခေါင်းဆောင်ဟာ့ထ်က ပခုံးတွန့်လိုက်သည်။ “ကန်ဒရာအင်ပါယာက တပ်ကူတွေ ဘယ်အချိန်လာမလဲဆိုတာ ဘယ်သူမှမသိပေမယ့် မာရိုမြို့ရဲ့ ကီလိုမီတာငါးဆယ်အတွင်း ဝင်လာတာနဲ့ ငါတို့ သူတို့ကို သေချာပေါက် ရှာတွေ့မှာပဲ။ လေသင်္ဘောတပ်က အခုထိ သတင်းပြန်မပို့သေးတော့ တပ်ကူအဖွဲ့ အခုထိ ရောက်မလာသေးတဲ့ အဓိပ္ပာယ်ပဲ”

“အမ်း….. ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မြန်လုပ်ရမယ်”

ခေါင်းဆောင်ဟာ့ထ်က နူးန်စ် ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“ငါပြောပါဦးမယ် နူးန်စ် မင်း အရင်က သွေးမမြင်ဖူးတဲ့ ကလေးလေးလည်းမဟုတ်ပါဘူး။ ဘာလို့ ဒီတစ်ခေါက် ဒီလောက်စိတ်လှုပ်ရှားနေရတာလဲ”

နူးန်စ်က အိုးတိုးအမ်းတမ်းဖြင့် ခေါင်းကုတ်လိုက်သည်။

“ကျွန်တော်တို့ ကန်ဒရာအင်ပါယာကို ဘယ်လိုကျူးကျော်ခဲ့တယ်ဆိုတာကို စဉ်းစားပြီးတော့ စိတ်မလှုပ်ရှားမိဘဲ မနေနိုင်တော့ဘူး။ ခေါင်းဆောင် စဉ်းစားကြည့်စမ်းပါ ဒါက ကန်ဒရာအင်ပါယာလေ။ စိုင်စ်နယ်မြေသမိုင်းမှာ မားလိုအင်ပါယာကလွဲရင် ကန်ဒရာအင်ပါယာကို ကျူးကျော်ရဲတဲ့သူ ရှိလို့လား”

ခေါင်းဆောင်ဟာ့ထ်က အထင်အမြင်သေးစွာ နှုတ်ခမ်းများ ကွေးတက်သွားသည်။ “ငါတို့ အခု ကျူးကျော်နေတာပဲမဟုတ်ဘူးလား။ ဥက္ကဌကြီး အကြိမ်ပေါင်းမရေနိုင်အောင် ပြောခဲ့တယ် ကန်ဒရာအင်ပါယာကဘာလဲ၊ မားလိုအင်ပါယာက ဘာလဲ၊ အကုန်လုံးက စွမ်းအားကြီးပုံပေါ်တဲ့ စက္ကူကျားတွေသာသာပဲ။ တကယ်‌တမ်းပြောရရင် ငါတို့မှာရှိတဲ့ ခွန်အားက သူတို့ထက် ခေတ်ရှေ့ပြေးနေပြီးသား။ ဒါပေမယ့် သူတို့က ဒါကိုမသိဘဲ သူတို့ကိုယ်သူတို့ အင်အားကြီးတယ်ထင်နေတာ။ ရူဒ်ဆန်တိုင်းပြည်မှာတုန်းက ငါတို့ ကန်ဒရာအင်ပါယာစစ်တပ်နဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး ငါတို့ကြားက ကွာခြားချက်ကို အကြိမ်ပေါင်းများစွာ မြင်ခဲ့တာပဲကို ဘာလို့ ကြောက်နေတာလဲ”

“ကျွန်တော်က မကြောက်ပါဘူး စိုးရိမ်ရုံလေးပါ……” နူးန်စ် က နှုတ်ခမ်းများကိုသပ်ကာ သူ့အမူအရာက အနည်းငယ်စိတ်လှုပ်ရှားပုံ ပေါ်လာသည်။ “ကန်ဒရာအင်ပါယာက ဒီနယ်မြေမှာ အင်အားအကြီးဆုံးနိုင်ငံဖြစ်ပြီး ကျွန်တော်တို့ကတော့ ကုမ္ပဏီလေးတစ်ခုပဲလေ။ ဒါပေမယ့် ကျွန်တော်တို့က ကန်ဒရာအင်ပါယာကို တိုက်ခိုက်နေတယ် ဒါက……”

ဤစကားကိုကြားချိန်တွင် ခေါင်းဆောင်ဟာ့ထ်၏ အမူအရာက ရုတ်တရက် ခက်ထန်သွားပြီး နူးန်စ် ကို မှောင်မည်းနေသော အမူအရာနှင့် ကြည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။

“နူးန်စ် မင်းကြောက်တယ်ဆိုရင် အခုပြန်သွားတော့”

နူးန်စ် က အလျင်အမြန် လက်ခါယမ်းလိုက်သည်။ “ဟင့်အင်း ဟင့်အင်း ခေါင်းဆောင် အထင်လွဲနေပြီ။ ကျွန်တော် တကယ်မကြောက်ပါဘူး။ ကျွန်….. ကျွန်တော်က အဲ့လောက်ယုံကြည်ချက်မရှိရုံတင်ပါ…… ကြည့် ကျွန်တော်တို့က ဒီတစ်ခေါက် လူငါးထောင်ပဲခေါ်လာပြီး ကန်ဒရာအင်ပါယာကကျ အင်အားငါးသောင်းဖြစ်ဖြစ် ငါးသိန်းဖြစ်ဖြစ် အလွယ်လေးပို့လိုက်နိုင်တယ်။ ကျွန်တော်က….. မဆီလျော်တဲ့ ကိစ္စတစ်ချို့ ဖြစ်လာမယ်လို့ ခံစားမိလို့ပါ……”

ခေါင်းဆောင်ဟော့ထ်က အေးစက်စွာ နှာမှုတ်ကာ ပြတ်ပြတ်သားသား လက်ဝေ့ယမ်းလိုက်ပြီးနောက် လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“ဥက္ကဌကြီးက အကြိမ်ပေါင်းမရေနိုင်အောင် ပြောထားပြီးသား။ လူဦးရေက အရာအားလုံးကိုဆုံးဖြတ်နိုင်တဲ့ခေတ် ကုန်သွားပြီလို့။ ဒါကြောင့် မင်း ဘာလို့ နားမလည်နိုင်သေးရတာလဲ”

“ကျွန်တော် တကယ်ကို ဥက္ကဌကြီးမှားတယ်လို့ ခံစားရတာမဟုတ်ပါဘူး ဒါပေမယ့်…… ဒါပေမယ့် ကျွန်တော် ယုံကြည်ချက်နည်းနည်းမဲ့နေရုံလေးပါ”

နူးန်စ် ၏ မျက်နှာထက်မှ အခက်တွေ့နေသောအမူအရာကိုကြည့်ကာ ခေါင်းဆောင်ဟော့ထ်က သက်ပြင်းကြိတ်ချရင်း အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်သည်။

နူးန်စ်ကဲ့သို့ အစောင့်တပ်၏ စီနီယာအရာရှိတစ်ဦးပင် ဤသို့ဖြစ်နေလျှင် အစောင့်များကြားတွင်လည်း အတွေးများနေမှုများ ရှိပေလိမ့်မည်။

၎င်းက အမှန်တကယ်ပင် ခေါင်းဆောင်ဟာ့ထ်အား ဥက္ကဌကြီး သီးသန့်ပြောခဲ့သည့် စကားအတိုင်း ဖြစ်နေပုံပင်။ စစ်ဘက်သုံးမှော်စက်များနှင့် ခေတ်သစ်တိုက်ခိုက်နည်းသည် သမာရိုးကျစစ်တိုက်နည်းထက် များစွာသာလွန်ပြီး အစဉ်အလာသဘောတရားများကိုပင် ချိုးဖျက်နိုင်ကြောင်း လက်တွေ့တိုက်ခိုက်နိုင်စွမ်းဖြင့် အကြိမ်ပေါင်းများစွာ သက်သေပြခဲ့သော်လည်း ဤနယ်မြေရှိ လူပေါင်းအမြောက်အများက ရိုးရာဓလေ့ထုံးတမ်းများကို စွဲကိုင်နေကြဆဲဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းအပေါ်၌ ယုံကြည်မှုအလုံအလောက် မရှိကြပေ။

“ဒီတော့ ဒီတစ်ခေါက် ငါတို့ရဲ့ပန်းတိုင်က ကန်ဒရာအင်ပါယာတစ်ခုလုံးကို သိမ်းပိုက်ဖို့မဟုတ်ဘူး။ ဒါက လက်တွေ့မကျဘူး။ ငါတို့ကုမ္ပဏီရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် ကန်ဒရာအင်ပါယာထဲမှာရှိတဲ့ တပ်ဖွဲ့အကုန်လုံးကို နှိမ်နင်းပြီး အတိုက်အခံအင်အားစုတွေကို အပြီးအပိုင်ချေမှုန်းပစ်ရင်တောင် ကန်ဒရာအင်ပါယာကို တကယ်ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ ဒါကို နှစ်ဖက်ကြားက ပမာဏကွာဟမှုနဲ့ပဲ ဆုံးဖြတ်မှာ”

ခေါင်းဆောင်ဟာ့ထ်က ရှုယီ၏စကားကို စဉ်းစားကာ တိတ်တဆိတ် ခေါင်းမငြိမ့်မိဘဲ မနေနိုင်အောင်ပင်။

ဥက္ကဌကြီး၏အတွေးက အမှန်တကယ်ပင် ရှင်းလင်းပြတ်သားပြီး Frestech ကုန်သည်ကြီးများအသင်းအနိုင်ရခဲ့သော တိုက်ပွဲအများအပြားကြောင့် သူရှုပ်ထွေးသွားခြင်းမရှိခဲ့ပေ။

“ငါတို့ရဲ့ပန်းတိုင်အစစ်က လူတိုင်းရဲ့စိတ်ထဲမှာရှိနေတဲ့ ရှေးရိုးစွဲအမြင်တွေကို ဖျက်ဆီးပစ်ပြီး သူတို့ကို လက်ရှိခေတ်က ပြောင်းလဲသွားပြီဆိုတာကိုသိအောင်၊ မှော်စက်မှုလက်မှုလုပ်ငန်းကနေ ယူဆောင်လာတဲ့ အပြောင်းအလဲတွေကို လက်ခံလာအောင်၊ ပြီးရင် ငါတို့Frestech ကုန်သည်ကြီးများအသင်းက ဒီခေတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်နေတယ်ဆိုတာကို လက်ခံလာအောင် လုပ်ပေးဖို့ပဲ။ ဒီပန်းတိုင်ကိုရောက်ဖို့ ငါတို့ လူတိုင်းရဲ့စိတ်ထဲက အသန်မာဆုံးစွမ်းအားကို ချေမှုန်းရမယ်။ အဲ့ဒါ ကန်ဒရာအင်ပါယာပဲ”

“အဲ့ဒါကို ဘယ်လိုဖျက်ဆီးရမယ်ဆိုတာကတော့…… ဒီစစ်ဆင်ရေးကတစ်ဆင့် တစ်ဆင့်ချင်းစီ လုပ်သွားဖို့လိုမယ်။ ပထမအဆင့်က….. လူတိုင်းရဲ့ရင်ထဲမှာ ပြိုင်ဘက်ကင်းလို့ သတ်မှတ်ထားတဲ့ အရာကို ချေမှုန်းဖို့ပဲ……”

***

မှော်စက်မှုအင်ပါယာ

Volume 7 အပိုင်း ၁၁၂ ။ မီးနှင့်ကစားခြင်း

အနောက်တောင်ပိုင်းစီရင်စု၏ အုပ်ချုပ်ရေးမှူးစံအိမ်က သတင်းရသည်နှင့်တစ်ပြိုင်နက် အလျင်အမြန် တုံ့ပြန်ကာ မာရိုမြို့ထံ တပ်ကူများစေလွှတ်ခဲ့သော်လည်း သတင်းပေးပို့သည့် ကြာချိန်က သူတို့ကို ကန့်သတ်ထားဆဲပင်။ တပ်ကူများ မာရိုမြို့သို့ ရောက်ချိန်တွင် Frestech ကုန်သည်ကြီးများအသင်းက မာရိုမြို့ကို သိမ်းပိုက်ပြီးသည်မှာ လေးရက်ကြာပြီဖြစ်၏။

ဤတပ်ကူအဖွဲ့သည် စုစုပေါင်း အင်အားငါးသောင်းနှင့် အနောက်တောင်ပိုင်းစီရင်စုတွင် အချိန်အကြာကြီးကတည်းကရှိခဲ့သော တပ်ရင်းသုံးခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အနောက်‌တောင်ပိုင်းစီရင်စု၏ အုပ်ချုပ်ရေးမှူးစံအိမ်က ဤကျူးကျော်မှုကို အလေးထားမှန်း သိသာထင်ရှားလှသည်။

ဤအင်အားငါးသောင်းပါသည့် တပ်ဖွဲ့က အနောက်တောင်ပိုင်းစီရင်စု၏ မြို့တော်မှ ကီလိုမီတာသုံးရာဝေးသော မာရိုမြို့သို့ ချီတက်လာခြင်းမှာ အုပ်ချုပ်ရေးမှူးစံအိမ်မှ တင်းကြပ်သော အမိန့်များကြောင့်ဖြစ်သည်။ သူတို့က မာရိုမြို့ကို ရန်သူများလက်မှ တတ်နိုင်သမျှမြန်မြန် ပြန်သိမ်းယူရမည်ဖြစ်သည်။

ဆိုရလျှင် ကန်ဒရာအင်ပါယာသည် နှစ်ပေါင်းရာချီအတွင်း မားလိုအင်ပါယာမှလွဲ၍ မည်သူ၏ကျူးကျော်ခြင်းကိုမျှ မခံခဲ့ရဘဲ တစ်ခါမျှ မြို့တစ်မြို့ကို မဆုံးရှုံးခဲ့ဖူးချေ။ ယခု ဤသို့ပြင်းထန်သော ကိစ္စက အနောက်မြောက်ပိုင်းစီရင်စု၌ ဖြစ်သွားသည့်အတွက် အနောက်မြောက်ပိုင်းစီရင်စု၏ အုပ်ချုပ်ရေးမှူးစံအိမ်မှာ ဖိအားအများအပြား ရနေ၏။

အမှန်တကယ်တော့ အင်အားငါးသောင်းနှင့် တပ်ကူအဖွဲ့ မာရိုမြို့သို့ ရောက်ချိန်တွင် သူတို့က မြို့တံတိုင်းများအနီးသို့ပင် မကပ်နိုင်ခဲ့ချေ။ ပြင်းထန်သော မီးတောက်အမြောက်များကြောင့် သူတို့က မြို့တံတိုင်းများမှ သုံးကီလိုမီတာအကွာ၌ ရပ်ရန် ဖိအားပေးခံလိုက်ရပြီး လုံးဝ အနားမကပ်နိုင်ချေ။

“ချီးပဲ ငါတို့က ဘယ်လိုတိုက်ရ‌တော့မှာလဲ” တပ်ကူအဖွဲ့၏ သေနာပတိ မားကွစ္စ် ဒိုင်နာတေးလ် က သူတို့ရှေ့မှ တွင်းကြီးများကို တွေ့သောအခါ ဝိုးတဝါးသာမြင်ရသော အဝေးရှိ မာရိုမြို့ထံ လှမ်းကြည့်ပြီးနောက် သူ့ဓားကို မြေကြီးပေါ် ဒေါသတကြီး ပစ်ချလိုက်သည်။

တပ်ကူအဖွဲ့ကို ဤနေရာထံ ဦးဆောင်လာပြီးနောက် သူက မာရိုမြို့ကို လေးကြိမ်တိုင် တိုက်ခိုက်ပြီးဖြစ်သည်။

သို့သော် သူလှုပ်ရှားလိုက်သည့်အချိန်တိုင်း မာရိုမြို့ထံမှထွက်လာသော ပြင်းထန်သည့်‌ မှော်အမြောက်ဒဏ်များကို ခံစားလိုက်ရသည်။ အကြီးအကျယ် သေကြေပျက်စီးမှုများ ကြုံရပြီးနောက်၌ပင် သူက တင်းကြပ်သော စည်းများကိုဖြတ်၍ မာရိုမြို့ထဲသို့ ဝင်နိုင်ခြင်းမရှိသေးပေ။

ဤတိုက်ခိုက်မှုတစ်ခုလုံးအတွင်း ရန်သူကို ရင်ဆိုင်ရန်မဆိုထားနှင့် သူတို့က ရန်သူ၏ အရိပ်အယောင်ကိုပင် မမြင်ရသေးချေ။

မာရိုမြို့ကို တတ်နိုင်သမျှမြန်မြန် သိမ်းပိုက်မည့် ရည်ရွယ်ချက်ပြီးမြောက်ရန်မှာမူ စိတ်ကူးယဉ်အိပ်မက်တစ်ခုသာ ဖြစ်နေသည်။

“အရှင် ကျွန်တော်တို့ ဒီဘက်ကနေ တိုက်လို့မရနိုင်တဲ့ပုံပါပဲ။ သတင်းတွေအရဆို Frestech ကုန်သည်ကြီးများအသင်းက ဒီတစ်ခါ တပ်သားငါးထောင်ပဲ ပို့လိုက်တယ်တဲ့။ ကျွန်တော်တို့ ကျွန်တောတို့ဘက်ကအားသာတဲ့ လူအင်အားကိုသုံးပြီး အရပ်မျက်နှာအမျိုးမျိုးကနေ တိုက်ခိုက်သင့်တယ်။ မာရိုမြို့ထဲကို ဝင်နိုင်တာနဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စွမ်းအားကြီးတဲ့ စစ်ဘက်သုံးမှော်စက်တွေလည်း စွမ်းအားပြနိုင်မှာမဟုတ်တော့ဘူး” အတူလိုက်ပါလာသော အရာရှိက မားကွစ္စ် ဒိုင်နာတေးလ် ကို အကြံပေးလိုက်သည်။

မားကွစ္စ် ဒိုင်နာတေးလ် က ဤအကြောင်းကို ခဏစဉ်းစားပြီးနောက် သဘောတူညီအနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက် သူက တပ်ကူအဖွဲ့မှ အခြားဗိုလ်ချုပ်များကိုခေါ်ကာ တိုက်ပွဲအစီအစဉ်အား တိုင်ပင်ဆွေးနွေးရန် အစည်းအဝေးကျင်းပလိုက်၏။ သူက တပ်သားငါးသောင်းကို အုပ်စုလေးစုခွဲလိုက်ပြီး တစ်စုတွင် တပ်သားနှစ်သောင်းထည့်ကာ ၎င်းကို မားကွစ္စ် ဒိုင်နာတေးလ် ဦးဆောင်ကာ မာရိုမြို့၏ မြောက်ဘက်တံတိုင်းဘက်မှ ဖိအားပေးမည်ဖြစ်သည်။

ကျန်အုပ်စုသုံးစုက သုံးဖက်သုံးတန်ခွဲကာ မာရိုမြို့အား ထိုအရပ်မျက်နှာများမှ တစ်ပြိုင်နက်တည်း တိုက်ခိုက်မည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့တွင်ရှိသည့် တပ်သားအရေအတွက်နှင့်ဆိုလျှင် အရပ်လေးမျက်နှာမှ အဆက်မပြတ်တိုက်ခိုက်မှုများကို ကာကွယ်ရန် သူတို့အတွက် အတော်လေးခက်ခဲပေလိမ့်မည်။

တပ်ကူအဖွဲ့က မာရိုမြို့ထဲသို့ဝင်ကာ လမ်းများထဲတွင် တိုက်ခိုက်နိုင်သည်နှင့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များသည် သူတို့၏ စစ်ဘက်သုံးမှော်စက်များ၏ ခွန်အားကို ထုတ်ပြရန် ခက်ခဲကြောင်း တွေ့သွားပေလိမ့်မည်။ ၎င်းက တပ်ကူအဖွဲ့၏ လူအင်အားအလေးသာမှုကို အပြည့်အဝ ထုတ်ပြခွင့်ပြုမည်ဖြစ်သည်။

သို့သော်…… ဤအစီအစဉ်က ကောင်းမွန်သော်လည်း လက်တွေ့ကမူ အကြင်နာတရားမဲ့၏။

မားကွစ္စ် ဒိုင်နာတေးလ် က တပ်သားနှစ်သောင်းကို ဦးဆောင်ကာ တစ်ပြိုင်နက်တည်းတိုက်ခိုက်ရန် ကျန်အုပ်စုသုံးစုထံမှ အချက်ပေးမှုကို စောင့်နေသည်။ သို့သော် အနောက်တောင်အရပ်မှ တိမ်တိုက်ကြီးတစ်ခု ထွက်ပေါ်လာပြီး ရုတ်တရက် ကောင်းကင်ကို ကာဆီးလိုက်သည်။

မားကွစ္စ် ဒိုင်နာတေးလ် နှင့် အခြားခေါင်းဆောင်များအားလုံး မော့ကြည့်ကာ သူတို့၏အမူအရာများ ပြိုင်တူ ပြောင်းလဲသွား၏။

ကောင်းကင်ရှိ တိမ်တိုက်မှာ နောက်ထပ် မှော်လေသင်္ဘောတစ်စု ဖြစ်သည်။

ကောင်းကင်တွင် ဤမျှကြီးမားသော အရိပ်တစ်ခု ဖန်တီးနိုင်ရန် အကြမ်းဖျဉ်းအားဖြင့် အနည်းဆုံး လေသင်္ဘောအစီးငါးဆယ်ခန့် ရှိပေလိမ့်မည်။

မားကွစ္စ် ဒိုင်နာတေးလ် မှာ ထိုမှော်လေသင်္ဘောများ မည်သည့်နေရာမှထွက်လာသည်ကို စဉ်းစားနေချိန် လုံးဝမရှိဘဲ တပ်ဖွဲ့နှင့်အတူပါလာသော မှော်ပညာရှင်များကို သူတို့နှင့်ရင်ဆိုင်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ လေသင်္ဘောများက လေထဲတွင်ရပ်ကာ မြေပြင်အထက်အမြင့်ကို သိမ်းပိုက်ထားနိုင်မှန်း လူတိုင်းသိသောကြောင့် သူတို့ကို မတိုက်ချင်လျှင်တောင် တိုက်ခိုက်ရမည်ဖြစ်သည်။

မှော်လေသင်္ဘောများကို ခြိမ်းခြောက်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကောင်းကင်တွင် ပျံသန်းနိုင်သော မှော်ပညာရှင်များဖြစ်၏။

သို့သော် ဤတပ်ဖွဲ့နှင့်ပါလာသော မှော်ပညာရှင်များက လမ်းတစ်ဝက်ရောက်ရုံရှိသေး ထိုမှော်လေသင်္ဘောများမှ ထုတ်လွှတ်လိုက်သော တောက်ပသည့် အလင်းတန်းများကို မြင်လိုက်ရသည်။

ထိုအလင်းတန်းများသည် အလွန်ထူထဲပြီး ထူးဆန်းစွာပင် မြန်ဆန်၏။ အပေါ်သို့ပျံတက်သွားသော မှော်ပညာရှင်များမှာ ရှောင်တိမ်းချိန်မရသောကြောင့် သူတို့ကို တားဆီးရုံသာ တတ်နိုင်တော့သည်။

သို့သော် လူတိုင်း၏မျက်စိရှေ့မှောက်၌ပင် ထိုအဆင့်မြင့်မှော်ပညာရှင်များက သူတို့၏ မှော်အတားအဆီးများ ထုတ်လွှတ်လိုက်သော်လည်း သူတို့သည် ပူဖောင်းများကဲ့သို့ ပေါက်ကွဲသွား၏။

မှော်ပညာရှင်များက ကြိုးပြတ်သော စွန်များကဲ့သို့ ကောင်းကင်မှလွင့်ထွက်သွားသည်ကို မြင်သောအခါ မားကွစ္စ် ဒိုင်နာတေးလ် စိတ်ဓာတ်ကျသွားသည်။

မှော်ပညာရှင်များပင် ထိုမှော်လေသင်္ဘောများကို မဖြေရှင်းနိုင်လျှင် သူတို့က ၎င်းတို့ကို သူတို့ထံ ပစ်ခွင့်ပေးရုံသာ တတ်နိုင်တော့မည်လော။

သို့သော် မားကွစ္စ် ဒိုင်နာတေးလ် မမျှော်လင့်ထားသည်မှာ ထိုမှော်လေသင်္ဘောများက မှော်ပညာရှင်များကို ပစ်ပြီးနောက် တပ်ကူအဖွဲ့ထံ ပျံသန်းလာသော်လည်း မည်သည်ကိုမျှမလုပ်ချေ။ သူတို့က ပြဇာတ်တစ်ပုဒ်ကြည့်နေကြသကဲ့သို့ လေထဲ၌သာ တိတ်ဆိတ်စွာ ပေါလောမျောနေကြသည်။

မားကွစ္စ် ဒိုင်နာတေးလ် နှင့် ကျန်သည့်ဗိုလ်ချုပ်များမှာ ဤအခြေအနေကြောင့် ပဟေဠိဖြစ်သွားကြသည်။

မှော်လေသင်္ဘောများတွင် လေအင်အားက အပြတ်အသတ်သာသောကြောင့် သူတို့ကို ရှင်းပစ်ချင်လျှင်တောင် လုံးဝ အားထုတ်စရာလိုမည်မဟုတ်ပေ။ သို့သော် ထိုမှော်လေသင်္ဘောများက အင်အားပြပြီးနောက် ဤသို့ပြုမူနေခြင်းမှာ မည်သည်ကိုလုပ်ချင်နေသနည်း။

မားကွစ္စ် ဒိုင်နာတေးလ် က အဝေးကြည့်မှန်ပြောင်းတစ်ခုထုတ်၍ သူတို့ကို စူးစမ်းလေ့လာရန် လှမ်းကြည့်လိုက်သည်။ သူတို့အထက်ရှိ မှော်လေသင်္ဘောများက Frestech ကုန်သည်ကြီးများအသင်းမှဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ ပို၍ပင် ပဟေဠိဖြစ်သွား၏

ထိုအကြောင်းတွေးကာ သူက အ‌ဝေးရှိ မာရိုမြို့ထံ လှည့်ကြည့်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိသွားသည်။

အဝေးကြည့်မှန်ပြောင်းကို သူ၏တပ်ရေးဗိုလ်ထံ ပစ်ပေးပြီးနောက် မားကွစ္စ် ဒိုင်နာတေးလ် က သူ၏ ချစ်လှစွာသော စစ်မြင်းကြီးအား လှည့်လိုက်ပြီး သူ့လက်အောက်ငယ်သားများအား သူ့နောက်မလိုက်ခဲ့ရန် လက်ယမ်းပြကာ မာရိုမြို့ထံ ဖြည်းညင်းစွာ ဦးတည်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း သူတစ်ယောက်တည်း လာသည်ကိုမြင်ချိန်၌ မာရိုမြို့ပေါ်ရှိ မှော်အမြောက်များက ပစ်လာခြင်းမရှိဘဲ သူ့ကို မာရိုမြို့၏ မြို့တံတိုင်းများအောက် ဝင်ခွင့်ပြုလိုက်၏။

“Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တပ်ဖွဲ့ခေါင်းဆောင် အထက်မှာရှိနေလား။ စကားပြောဖို့ ဆင်းလာလို့ရမလား” မားကွစ္စ် ဒိုင်နာတေးလ် က ခေါင်းကိုမော့၍ မာရိုမြို့တံတိုင်းများထံ အော်ပြောလိုက်သည်။

အတန်ကြာပြီးနောက် မြို့တံတိုင်းပေါ်မှ ပုံရိပ်သုံးခု ခုန်ဆင်းလာကာ မားကွစ္စ် ဒိုင်နာတေးလ် ၏ ရှေ့တည့်တည့်သို့ သက်ဆင်းလိုက်သည်။

ပုံရိပ်များထဲမှ နှစ်ခုက သစ်ရွက်တစ်ရွက်ကဲ့သို့ အသံမထွက်ဘဲ ဖြည်းဖြည်းချင်း ကျလာသည်။

ကျန်ပုံရိပ်ကမူ ကျောက်တုံးတစ်တုံးကဲ့သို့ ကျလာပြီး ကျယ်လောင်သောအသံနှင့် ဆောင့်နင်းလိုက်ခြင်းက အတော်လေး တုန်လှုပ်ဖွယ်ကောင်းလှသည်။

မားကွစ္စ် ဒိုင်နာတေးလ် က သူ့ကိုယ်သူ တည်ငြိမ်အောင်ထားက သူတို့သုံးယောက်ကို အကဲခတ်လိုက်သည်။ ပိန်ပိန်ရှည်ရှည်ပုံရိပ်နှစ်ခုမှာ နတ်သူငယ်နှစ်ဦးဖြစ်ပြီး တုန်လှုပ်ဖွယ်ကောင်းသော ပုဂ္ဂိုလ်က လူသားတစ်ဦးဖြစ်၏။

“ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ ကျုပ်က ဒီတပ်ကူအဖွဲ့ရဲ့ တပ်မှူး ဒွိန်း ဒိုင်နာတေးလ် ပါ။ ဒီဘက်က Frestech ကုန်သည်ကြီးများအသင်းရဲ့ တပ်မှူးဘယ်သူများပါလဲ” မားကွစ္စ် ဒိုင်နာတေးလ် မေးလိုက်သည်။

“အိုး မားကွစ္စ်အရှင်ကိုယ်တိုင် ရောက်လာမယ်လို့ ထင်မထားဘူး။ ဒါက ကျုပ်ကို တကယ်ပဲ အံ့ဩစေတယ်” လူသားက ရယ်မောလိုက်ပြီးနောက် သူ့ကိုယ်သူ ထိုးပြလိုက်သည်။ “ကျုပ်က ဒီနေရာရဲ့တပ်မှူးလည်းဖြစ်၊ Frestech ကုန်သည်ကြီးများအသင်း အစောင့်တွေရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဟာ့ထ်ပါ”

“ခေါင်းဆောင်ဟာ့ထ်လား” မားကွစ္စ် ဒိုင်နာတေးလ် က Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်ယူနီဖောင်းများ ဝတ်ဆင်ထားသည့် နတ်သူငယ်နှစ်ဦးကို ကြည့်ကာ မည်သည်ကိုမျှမပေးရန် ပါးနပ်စွာ သိလိုက်သည်။ ခဏတိတ်သွားပြီးနောက် သူက ပြောလိုက်သည်။ “ကျုပ်မေးချင်တာက ဒီတစ်ခေါက် မင်းတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ”

“မားကွစ္စ်အရှင် ခင်ဗျားရဲ့မေးခွန်းက တော်တော်ထူးဆန်းတာပဲ။ ကျုပ်တို့ဘာလုပ်ချင်တယ်ဆိုတာ သိသာပြီးသားမဟုတ်ဘူးလား။ ကျုပ်တို့က ကန်ဒရာအင်ပါယာဆီကို ကျူးကျော်နေတာ။ ကြည့် မာရိုမြို့က ကျုပ်တို့သိမ်းပိုက်တဲ့ ပထမဆုံးမြို့ပဲ။ ဒါပြီးရင် နောက်ဆုံးမှာ ခင်ဗျားတို့ရဲ့မြို့တော် ဝင်ဘဲလ်ဒန်မြို့ကို သိမ်းပိုက်နိုင်တဲ့အထိ မြို့တွေထပ်သိမ်းဦးမှာ”

“လိမ်နေတာ” မားကွစ္စ် ဒိုင်နာတေးလ် က တည်ငြိမ်သော အမူအရာနှင့် ခေါင်းဆောင်ဟာ့ထ်ကို ကြည့်လိုက်ပြီးနောက် ကောင်းကင်ရှိ မှော်လေသင်္ဘောများကို ညွှန်ပြလိုက်သည်။ “ဒါက မင်းတို့ရဲ့ပန်းတိုင်ဆိုရင် အဲ့ဒီဟာတွေက ဘာလို့ လုံးဝမလှုပ်ရှားကြတာလဲ။ မင်းတို့မှာ ငါတို့ကိုဖျက်ဆီးဖို့ ရည်ရွယ်ချက် လုံးဝမရှိဘူး”

ခေါင်းဆောင်ဟာ့ထ်က ပခုံးတွန့်လိုက်သည်။ “ဟင့်အင်း ခင်ဗျားအထင်လွဲနေပြီ မားကွစ္စ်အရှင်။ ကျုပ်တို့က ကျုပ်တို့ရဲ့ အဖိုးတန်ခဲယမ်းတွေကို မဖြုန်းတီးချင်ရုံပါပဲ။ ခင်ဗျားတို့က ကျုပ်တို့ပြိုင်ဘက်ဖြစ်ဖို့ လုံးဝမတန်ဘူး။ ဒါပေ‌မယ့် မားကွစ္စ်အရှင်သာ အဆုံးထိမိုက်မဲနေမယ်ဆိုရင် ခင်ဗျားနဲ့ ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေကို သင်ခန်းစာကောင်းကောင်းပေးရလည်း ကိစ္စမရှိပါဘူး”

မားကွစ္စ် ဒိုင်နာတေးလ် က အသက်ပြင်းပြင်းရှူပြီးနောက် သူ့ရင်ထဲမှ ဒေါသကို အတင်းအကြပ် ဖိနှိပ်နိုင်သွားသည်။

သူက လက်‌ရွေးစင်တပ်သားငါးသောင်းပါသည့် တပ်ဖွဲ့တစ်ခုကို ဦးဆောင်လာပြီး သူတို့က ဤလူ၏မျက်လုံးထဲတွင် ရန်သူဖြစ်ရန် မထိုက်တန်ဘူးလော။

ဤအရာက သူ့အတွက် အကြီးမားဆုံး စော်ကားမှုပင်။

သို့သော် ဤသည်က အမှန်တရားတစ်ခုမှန်း သူလက်ခံရပေမည်။

သူ ပထမဆုံးအကြိမ် မာရိုမြို့ကိုတိုက်ခိုက်ချိန်က ကြုံခဲ့ရသော အတားအဆီးဖြစ်စေ မှော်လေသင်္ဘောများ ပေါ်လာပြီးနောက် ခံစားရသော ဆုံးရှုံးမှုဖြစ်စေ သူတို့အားလုံးသည် သူဦးဆောင်သော တပ်ဖွဲ့က အရေအတွက်တွင်သာနေလျှင်တောင် အမှန်တကယ် တိုက်ပွဲတစ်ခုကို လုံးဝခုခံနိုင်မည်မဟုတ်ကြောင်း ပြသနေ၏။

ခေါင်းဆောင်ဟာ့ထ်ပြောသကဲ့သို့ သူသာ အမှန်တကယ် ဆန္ဒရှိလျှင် လေထဲမှ မှော်လေသင်္ဘောအစီးငါးဆယ်လောက်နှင့်ပင် သူ့ကို မခုခံနိုင်အောင်လုပ်ရန် လုံလောက်ပြီး သူက လွတ်ပင်လွတ်မြောက်နိုင်မည်မဟုတ်ပေ။

သို့သော် သူတို့ ဤသို့မလုပ်လျှင် တစ်ဖက်၌ သိသိသာသာပင် ရည်ရွယ်ချက်တစ်ခု ရှိရပေမည်။

ခေါင်းဆောင်ဟာ့ထ် သူ၏စကားများတွင် ဝိုးတဝါး အရိပ်အမြွက်ပေးသကဲ့သို့ သူတို့၏တပ်ကူအဖွဲ့က သူတို့ပြိုင်ဘက်ဖြစ်ရန် မထိုက်တန်လျှင် မည်သူက သူတို့၏ ပြိုင်ဘက်စစ်စစ်ဟုခေါ်ရန် ထိုက်တန်သနည်း။

“မားကွစ္စ်အရှင် ခင်ဗျားသွားလို့ရပါပြီ။ ကျုပ်တို့က ခင်ဗျားကိုသုတ်သင်ဖို့ စိတ်မဝင်စားဘူး။ ခင်ဗျား ပြန်ဆုတ်ချင်ဆုတ် မဟုတ်ရင် မာရိုမြို့ပြင်မှာနေပြီး ပြဇာတ်ကြည့်တာဖြစ်ဖြစ် ခင်ဗျားလုပ်ချင်တာ အကုန်လုပ်လို့ရတယ်။ ဒါပေမယ့် ခင်ဗျား မာရိုမြို့နားကို ကပ်ဖို့မကြိုးစားပါနဲ့ မဟုတ်ရင် ခင်ဗျားကို သင်ခန်းစာပေးရုံရှိတာပဲ” ခေါင်းဆောင်ဟာ့ထ်က ရုတ်တရက် အေးစက်သော အမူအရာနှင့် ပြောလိုက်သည်။

မားကွစ္စ် ဒိုင်နာတေးလ် မှာ အံ့သြသွားပြီးနောက် အသက်ပြင်းပြင်းရှူကာ မှုန်မှိုင်းသော အမူအရာဖြင့် ခေါင်းဆောင်ဟာ့ထ်ကို ကြည့်လိုက်သည်။

“မင်းဘာလုပ်ချင်နေလဲတော့ မသိပေမယ့် မင်းကို သတိပေးလိုက်မယ်။ မင်းက မီးနဲ့ကစားနေတာပဲ”

“မီးနဲ့ကစားတယ် ဟုတ်လား” ခေါင်းဆောင်ဟာ့ထ်က ရယ်မောလိုက်သည်။ “ခင်ဗျားပြောတာ မှန်ချင်မှန်မှာပါ။ ဒါပေမယ့် မီးနဲ့ကစားတိုင်းလည်း ထိခိုက်သွားမယ်လို့ မဆိုလိုဘူးလေ။ ဟုတ်တယ်မလား ?”

ဤသို့ပြောပြီးနောက် ခေါင်းဆောင်ဟာ့ထ်က လက်ဟန်တစ်ခုပြ၍ သူ့ကို ပြန်သွားခိုင်းလိုက်သည်။

မားကွစ္စ် ဒိုင်နာတေးလ် က သူ့ကို စူစူးရဲရဲ ကြည့်လိုက်ပြီးနောက် နှာမှုတ်လိုက်၏။ သူက သူ့မြင်းထံပြန်သွားကာ အလျင်အမြန် စီးနင်းထွက်ခွာသွားသည်။

***

မှော်စက်မှုအင်ပါယာ

Volume 7 အခန်း ၁၁၃ ။ စွမ်းအင်မြင့်တုံ့ပြန်မှု

မာရိုမြို့၏ အရှေ့မြောက်ဘက် သုံးရာကီလိုမီတာအကွာမှ ဘဘာရယ် မြို့တွင် တည်ရှိသော အနောက်‌တောင်ပိုင်းစီရင်စု၏ အုပ်ချုပ်ရေးမှူးစံအိမ်အတွင်း၌ လေထုအခြေအနေက ပုံမှန်ထက် များစွာပိုတင်းမာနေ၏။

လွန်ခဲ့သောငါးရက်က မာရိုမြို့ကျသွားသည့်သတင်း ဘဘာရယ် မြို့ထံ ရောက်လာခဲ့သည်။ ပထမ၌ မည်သူမျှ အဖက်မလုပ်ခဲ့ဘဲ ဤထကြွသောင်းကျန်းနေသော ရန်သူကို အင်ပါယာ၏တပ်ဖွဲ့များက အလွယ်တကူ နင်းချေပစ်မည်ဟု ထင်ခဲ့ကြသည်။

သို့သော် မနေ့ကလေးတင် တုန်လှုပ်ဖွယ်သတင်းတစ်ခု ပြန်ရောက်လာ၏။ အုပ်ချုပ်ရေးမှူးအိမ်တော်မှ စေလွှတ်လိုက်သော အင်အားငါးသောင်းပါတပ်ဖွဲ့မှာ ရန်သူ၏ ဖမ်း‌ဆီးခြင်းခံလိုက်ရပြီး တပ်မှူး မားကွစ္စ် ဒိုင်နာတေးလ် တစ်ယောက်သာ လွတ်မြောက်ခဲ့သည်။

ဤသတင်းက ဘဘာရယ် မြို့ရှိ လူများကို ကြောက်ရွံ့မှုတို့ဖြင့် ပြည့်သွားစေသည်။

မာရိုမြို့ကျသွားခြင်းကို အင်ပါယာ၏ တပ်သားများက ရန်သူကို လျှော့တွက်မိခြင်းကြောင့်ဟု သတ်မှတ်နိုင်သော်လည်း အုပ်ချုပ်ရေးမှူးစံအိမ်မှ စေလွှတ်လိုက်သော တပ်သားငါး‌သောင်းမှာ အားလုံးက အနောက်‌တောင်ပိုင်းစီရင်စု၏ လက်ရွေးစင်တပ်သားများဖြစ်၏။ သို့သော် ယခု သူတို့က ဘဘာရယ် မြို့၌ အဖမ်းဆီးခံလိုက်ရသည်။

ဒီရန်သူက ဘယ်လောက်တောင် စွမ်းအားကြီးလိုက်လေသလဲ။

“နယ်စားမင်း ဒီတစ်ခါရန်သူက အရှင်မှန်းကြည့်နိုင်တာထက်တောင် ပိုပြီးစွမ်းအားကြီးပါတယ်” မားကွစ္စ် ဒိုင်နာတေးလ် က သူ့ရှေ့ရှိ အနောက်‌တောင်ပိုင်းစီရင်စု၏ အုပ်ချုပ်မှူးဖြစ်သည့် နယ်စားမင်း ချားစ်လ် ကိုကြည့်ကာ လေးနက်သော အမူအရာနှင့် ထပ်ပြောသည်။ “ကျွန်တော်ဦးဆောင်တဲ့ အင်အားငါးသောင်းတပ်ဖွဲ့က သူတို့ပြိုင်ဘက်မဟုတ်ရုံသာမကဘူး အနောက်‌တောင်ပိုင်းစီရင်စုကတပ်ဖွဲ့တွေ အကုန်လုံးလွှတ်လိုက်ရင်တောင် သူတို့ကို ဘာမှမလုပ်နိုင်လောက်ပါဘူး”

နယ်စားမင်း ချားစ်လ် က မားကွစ္စ် ဒိုင်နာတေးလ် အား နက်ရှိုင်းသော အကြည့်ဖြင့် အတန်ကြာအောင် ကြည့်နေပြီး သူ့မျက်လုံးများထဲတွင် အံ့ဩသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

သူက မားကွစ္စ် ဒိုင်နာတေးလ် နှင့် ရင်းနှီးခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီး သူ၏အကျင့်စရိုက်ကို နားလည်ထားသည့်အတွက် ဤလူက ရန်သူ၏စွမ်းအားကို ချဲ့ကားကာ သူတို့၏ရှုံးနိမ့်မှုကို ဖုံးကွယ်ရန်အတွက် စကားကို ပေါ့ပေါ့တန်တန်ပြောတတ်သူမဟုတ်မှန်း သိနေသောကြောင့်သာမဟုတ်လျှင် သေချာပေါက် ယုံကြည်မည်မဟုတ်ပေ။

ဟာသပဲ!

မာရိုမြို့မှာရှိတဲ့ အင်အားသုံးသောင်းနဲ့ မြို့စောင့်တပ်က ချေမှုန်းလိုက်ရတဲ့အပြင် လက်ရွေးစင်တပ်သား ငါးသောင်းတောင်မှ ရှုံးနိမ့်သွားပြီး ဒီအတိုင်းပြန်လာခဲ့ရတယ်….. အိုး မဟုတ်သေးဘူး သူတို့က ပြန်တောင် မလာခဲ့ကြဘူး။

မားကွစ္စ် ဒိုင်နာတေးလ် ထံမှ တင်ပြချက်အရ ထိုFrestech ကုန်သည်ကြီးများအသင်း၏ အစောင့်များသည် သူတို့၏ တပ်သားငါးသောင်းကို ဂရုပင်မစိုက်ဘဲ သူတို့ကိုတိုက်ခိုက်ခြင်းက လက်နက်ခဲယမ်းများ ဖြုန်းတီးခြင်းဟုပင် ထင်နေကြ၏။

မားကွစ္စ် ဒိုင်နာတေးလ် က ၎င်းကို လုံးဝငြင်းဆန်ခြင်းမပြုသည့်အပြင် အနောက်‌တောင်ပိုင်းစီရင်စုမှ တပ်ဖွဲ့များအားလုံး ပေါင်းလျှင်တောင် မပြိုင်နိုင်ဟု ပြောနေသေးသည်။

“ဒီတော့ မင်းပြောတဲ့အတိုင်းဆို ငါတို့က ဒီ Frestech ကုန်သည်ကြီးများအသင်းက ကောင်တွေကို အညံ့ခံသင့်တာလား” ဤသည်ကိုတွေးကာ နယ်စားမင်း ချားစ်လ် ၏လေသံတွင် လှောင်ပြောင်ရိပ်တို့ ပါသွားသည်။

မားကွစ္စ် ဒိုင်နာတေးလ် က ဤသည်ကို မည်သို့ဖြစ်၍ သတိမထားမိဘဲ နေမည်နည်း။ သို့သော် သူက အကူအညီမဲ့စွာဖြင့် ခါးခါးသီးသီး တစ်ချက်ရယ်ကာ ပြောလိုက်သည်။ “Frestech ကုန်သည်ကြီးများအသင်းရဲ့ ပန်းတိုင်က ကျွန်တော်တို့ အနောက်‌တောင်ပိုင်းစီရင်စုအတွင်းမှာရှိတဲ့ ခုခံမှုတွေအကုန်လုံးကို ချေမှုန်းဖို့ဆိုရင် သူတို့ သေချာပေါက် ဒီပန်းတိုင်ကို မရောက်နိုင်ပါဘူး ဒါပေမယ့်….. သူတို့ရဲ့ပန်းတိုင်က အဲ့ဒါဟုတ်ပုံမရဘူး”

နယ်စားမင်း ချားစ်လ် က မျက်မှောင်အကြီးအကျယ်ကြုတ်လိုက်သည်။ “ဒါဆို သူတို့ရဲ့ပန်းတိုင်က ဘာလို့ ထင်လဲ။ အနည်းဆုံးတော့ မာရိုမြို့ကို သိမ်းထားတာက အတုအယောင်မဟုတ်ဘူးမလား”

“နယ်စားမင်းကိုတော့ လေးစားပါတယ် ဒါပေမယ့် သူတို့သာ ဘဘာရယ် မြို့ကို တိုက်ခိုက်လာမယ်ဆိုရင် ကျွန်တော်တို့ ခုခံနိုင်မှာမဟုတ်ဘူး။ သူတို့က တကယ်ကို အရမ်း……”

“တော်လောက်ပြီ” နယ်စားမင်း ချားစ်လ် က စားပွဲကို ဒေါသတကြီးရိုက်ကာ မားကွစ္စ် ဒိုင်နာတေးလ် ၏ စကားကို ဖြတ်တောက်လိုက်သည်။ “မင်း ရန်သူအကြောင်း ချီးကျူးတာကို နားထောင်ရတာ လုံလောက်နေပြီ။ ရန်သူက အခု မာရိုမြို့ကို သိမ်းထားတယ်။ မင်းက ငါ့ကို ဒီမှာပဲထိုင်စောင့်ပြီး သူတို့လုပ်ချင်တာလုပ်နေမှာကို ကြည့်ခိုင်းနေတာလား”

“နယ်စားမင်း ကျွန်တော်တို့မှာ သူတို့ကိုခုခံနိုင်စွမ်းမရှိတာ အမှန်တရားပါ……” မားကွစ္စ် ဒိုင်နာတေးလ် က အကူအညီမဲ့စွာ လက်များဖြန့်လိုက်သည်။ “Frestech ကုန်သည်ကြီးများအသင်းမှာ ကျွန်တော်တို့မှာမရှိတဲ့ စွမ်းအားကြီး စစ်ဘက်သုံးမှော်စက်တွေအများကြီးရှိတဲ့အတွက် ကျွန်တော်တို့နှစ်ဖက်က အဆင့်မတူဘူးဆိုတာ လက်ခံရမယ်ထင်ပါတယ်။ ကျွန်တော်တို့ ခေါင်းမာမာနဲ့ သူတို့ကိုဆက်တိုက်နေရင် ကျွန်တော်တို့တပ်သားတွေကို သေဖို့ လွှတ်လိုက်သလိုပဲဖြစ်မှာ”

“ဒါဆို ငါတို့က သူတို့ မာရိုမြို့ကို အရင်ဆုံးသိမ်းပြီး ငါတို့အနောက်‌တောင်ပိုင်းစီရင်စုက တစ်ခြားမြို့တွေကိုသိမ်း၊ အဲ့ဒါပြီးရင် နောက်ဆုံးမှာ ဘဘာရယ် မြို့ကိုသိမ်းမယ်၊ အနောက်‌တောင်ပိုင်းစီရင်စုတစ်ခုလုံး သိမ်းပြီးသွားရင် အင်ပါယာတစ်ခုလုံးဆီ ရောက်လာတဲ့အထိ ငါတို့က စောင့်နေရမှာလား” နယ်စားမင်း ချားစ်လ် က အေးစက်သော အသံဖြင့် ပြောသည်။

“အဲ့ဒီလိုတော့မဟုတ်ပါဘူး။ ကျွန်တော်….. ကျွန်တော်က….. နယ်စားမင်း ကျွန်တော်တို့ ဒီကအခြေအနေကို စစ်တပ်ဌာနချုပ်ဆီ တင်ပြပြီး အရေးကြီးပုဂ္ဂိုလ်တွေကို ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်ခိုင်းသင့်တယ်မလား”

“အဲ့ဒါနဲ့ပတ်သတ်ပြီး မင်းစိတ်ပူစရာမလိုပါဘူး။ Frestech ကုန်သည်ကြီးများအသင်းကျူးကျော်လာကတည်းက ငါ အစီရင်ခံစာပို့လိုက်ပြီးပြီ။ ရက်အနည်းငယ်အတွင်း စစ်တပ်ဌာနချုပ်က သေချာပေါက် တုံ့ပြန်လာလိမ့်မယ်” ဤသို့ပြောပြီးနောက် နယ်စားမင်း ချားစ်လ် က အသံတိုးတိုးဖြင့် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ “အဲ့ဒီကောင်တွေကြောင့်သာမဟုတ်ရင် ငါတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အကူအညီနဲ့ မှော်ဆက်သွယ်ရေးကွန်ယက်ကတစ်ဆင့် ဝင်ဘဲလ်ဒန်မြို့နဲ့ ချိတ်ဆက်ပြီးနေလောက်ပြီ။ အစီရင်ခံစာလေးတစ်ခုပို့ဖို့ ရက်အများကြီး ကြာနေမှာမဟုတ်ဘူး”

မားကွစ္စ် ဒိုင်နာတေးလ် က နယ်စားမင်း ချားစ်လ် ကို ထိုမှော်ဆက်သွယ်ရေးကွန်ယက်အား ကန့်ကွက်ခဲ့သူများထဲတွင် နယ်စားမင်းလည်း တစ်ဦးအပါအဝင်ဖြစ်ကြောင်း သတိပေးရန် ပါးစပ်ဟပြီးမှ မပြောရန်ဆုံးဖြတ်လိုက်သည်။

“ဒါဆို နယ်စားမင်း အခု ကျွန်တော်တို့……”

နယ်စားမင်း ချားစ်လ် က သူ့ကိုကြည့်ပြီးနောက် အေးစက်စွာ နှာမှုတ်လိုက်သည်။ “ဌာနချုပ်က သတင်းကိုပဲစောင့်ပြီး မာရိုမြို့ကိစ္စကို ဘာမှမလုပ်ဘဲနေလို့တော့ မရဘူးပေါ့။ ဒိုင်နာတေးလ် သုံးရက်အတွင်း မာရိုမြို့ကိုကူဖို့ တပ်ရင်းငါးက လူတစ်သောင်းခေါ်သွား”

မားကွစ္စ် ဒိုင်နာတေးလ် ကြောင်အမ်းသွားသည်။

“တပ်ရင်းငါး? လူတစ်သောင်း?”

နယ်စားမင်း ချားစ်လ် စနောက်နေသည်ဟု သူထင်မှတ်လုနီးပါးပင်။

ဤတပ်ရင်းငါးသည် အနောက်‌တောင်ပိုင်းစီရင်စုစစ်တပ်၌ အနိမ့်ဆုံးအဆင့်တပ်ရင်းဖြစ်၏။ တပ်ရင်းဟုသာ ခေါ်နေရသော်လည်း သူတို့က အဓိကအားဖြင့် ထောက်ပံ့ရေး၊ တည်ဆောက်ရေးနှင့် အခြားအထွေထွေအလုပ်များကို တာဝန်ယူရသည်။ သူတို့တွင် တိုက်ခိုက်ရေးအတွေ့အကြုံ လုံးဝမရှိဘဲ လက်နက်အပြည့်အစုံ တပ်ဆင်ထားခြင်းပင်မရှိချေ။

လူတစ်သောင်းမပြောနှင့် တပ်ရင်းငါးတစ်ခုလုံးရှိ လူငါးသောင်းလုံးကို မာရိုမြို့သို့ ပို့လိုက်လျှင်တောင် မတိုင်မီက တပ်ကူငါးသောင်းထက် အခြေအနေ အများကြီးပိုဆိုးပေလိမ့်မည်။

“ဘာလဲ မင်းနားမလည်ဘူးလား” နယ်စားမင်း ချားစ်လ် က မျက်မှောင်ကြုတ်လျှက် မားကွစ္စ် ဒိုင်နာတေးလ် ကို မေးသည်။ “ထပ်ပြောစရာလိုသေးလား”

မားကွစ္စ် ဒိုင်နာတေးလ် က မည်သည့်အတွက်ကြောင့် တပ်ရင်းငါးမှ လူတစ်သောင်းသာ လွှတ်ရသနည်းဟု မေးလိုသော်လည်း နယ်စားမင်း ချားစ်လ်၏ မျက်နှာထက်မှ ထူး‌ဆန်းသော အမူအရာကိုမြင်သောအခါ ရုတ်တရက် အတွေးတစ်ခုပေါ်လာပြီး သူ့ဆိုလိုရင်းကို နားလည်သွားသည်။

“ကောင်းပါပြီ မြို့စားမင်း ကျွန်တော်နားလည်ပါပြီ။ ဒါပေမယ့် အချိန်ကသုံးရက်ပဲပေးတော့ အတော်လေး အလျင်စလိုဖြစ်မနေဘူးလား။ အနည်းဆုံး ငါးရက်လောက်….. မဟုတ်ဘူး အနည်းဆုံး တစ်ပတ်လောက် ပြင်ဆင်ချိန်ယူသင့်တယ် ထင်ပါတယ်။ ပြောရမယ်ဆိုရင် ရန်သူက အရမ်းအားကောင်းတော့ အောင်မြင်ဖို့အလားအလာက သိပ်မမြင့်ဘူး”

နယ်စားမင်း ချားစ်လ် က ကျေနပ်သော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာကာ ခေါင်းယမ်းပြီးနောက် ပြန်ဖြေလိုက်သည်။ “မလိုဘူး မာရိုမြို့က လူတွေက မစောင့်နိုင်ကြတော့ဘူး။ ဌာနချုပ်ကလူတွေဆို ပိုပြီးတောင် စိတ်ပူနေကြလောက်ပြီ။ သုံးရက်ဆို အဆင်ပြေပါတယ်။ သုံးရက်အတွင်း စစ်တပ်ဌာနချုပ်က အ‌ကြောင်းပြန်မယ်လို့ ငါယုံကြည်တယ်”

နယ်စားမင်း ချားစ်လ် ဆိုလိုသည့်အရာကို မားကွစ္စ် ဒိုင်နာတေးလ် က မည်သို့ဖြစ်၍ နားမလည်ဘဲ နေမည်နည်း။ သူက ခေါင်းငြိမ့်၍ သဘောတူလိုက်သည်။

.....

တစ်ပတ်ကြာပြီးနောက် မားကွစ္စ် ဒိုင်နာတေးလ် ဦးဆောင်သည့် တပ်သားတစ်သောင်းက ပုံစံပင်မဖွဲ့ဘဲ မာရိုမြို့၏ ငါးကီလိုမီတာအကွာသို့ ရောက်ရှိလာပြီး ထိုနေရာတွင်ရပ်ကာ စခန်းချလိုက်၏။ သူတို့က ထိုနေရာတွင် ဆယ်ရက်ကြာနေပြီဖြစ်သော တပ်သားငါးသောင်းနှင့် ပေါင်းစည်းလိုက်ချိန်တွင် သတင်းက မာရိုမြို့ထံ ရောက်ရှိသွားသည်။

“ကြည့်ရတာ ကန်ဒရာအင်ပါယာက မျိုးရိုးမြင့်ကောင်တွေက တကယ် အရူးတွေမဟုတ်ကြတဲ့ပုံပဲ။ သူတို့က ဘာလုပ်သင့်မှန်း သေချာသိတယ်”

ခေါင်းဆောင်ဟာ့ထ်က အစီရင်ခံစာကိုဖတ်ပြီးနောက် ချက်ချင်း အကြည့်လွှဲလိုက်သည်။

“တစ်ခြားလှုပ်ရှားမှုရော ရှိသေးလား။ ကန်ဒရာအင်ပါယာစစ်တပ်ဘက်က ဘာလှုပ်ရှားမှုမှ မရှိဘူးလား”

“လွန်ခဲ့တဲ့သုံးရက်ကမှ ကန်ဒရာအင်ပါယာစစ်တပ်က အရူးကောင်တွေက တစ်ယောက်နဲ့တစ်ယောက် ငြင်းခုန်နေကြတုန်းရှိသေးတယ်။ သူတို့ နောက်သုံးရက်နေတဲ့အထိ ငြင်း‌ခုန်လို့ပြီးကြပါ့မလား မသေချာဘူး” လက်ထောက်ခေါင်းဆောင် နူးန်စ် က ဘေးမှ အထင်အမြင်သေးသော အမူအရာနှင့် ပြောလိုက်သည်။

“ဒါ့ကြောင့် နိုင်ငံကြီးလွန်းတာက အားသာချက်မဟုတ်ဘူးပြောတာ။ အခု သူတို့ကိုပဲကြည့် ပေါ့ပေါ့ပါးပါးဆုံးဖြတ်ချက်လေးတစ်ခုချဖို့တောင် ခဲယဉ်းနေကြတယ်။ ငါတို့က သူတို့ကို နည်းနည်းလောက်ပိုရဲတင်းပြီး တတ်နိုင်သမျှမြန်မြန် တန်ပြန်တိုက်ခိုက်မှုတွေ လုပ်စေချင်ပါတယ်ဆိုမှ။ မဟုတ်ရင် ဒီမှာ ဆက်နေပြီး ငါ့ခန္ဓာကိုယ်ကို သံချေးတက်အောင် စောင့်နေရဦးမယ်” ခေါင်းဆောင်ဟာ့ထ်က သက်ပြင်းချကာ ပြောသည်။

“ခေါင်းဆောင်တင်မဟုတ်ပါဘူး ကျွန်တော်လည်း ပျင်းလွန်းလို့ သေတော့မယ်” နူးန်စ် ကလည်း စောဒကတက်လိုက်သည်။

သူတို့ မာရိုမြို့ကို သိမ်းပြီးသည်မှာ ရက်ပေါင်းများစွာကြာပြီဖြစ်ပြီး မြို့စားမင်း ကောင့်ထ် ဒန်ပူစီ က သူတို့ထိန်းချုပ်မှုအောက်ရောက်နေသောကြောင့် မာရိုမြို့မှ မည်သည့်ခုခံမှုမျှ မပြုလုပ်ပေ။ မြို့သူမြို့သားများက တစ်လျှောက်လုံး ကောင်းကောင်းနေကြပြီး အခြားအတွေးမရှိသောကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့ဆွဲထားသော အစီအစဉ်များကို သူတို့အပေါ်တွင် သုံးပင်မသုံးမရသေးချေ။

အမှန်တကယ်တော့ သူတို့ရထားသော သတင်းအချက်အလက်အရ ဒန်ပူစီမိသားစုသည် သူတို့အုပ်ချုပ်သော နယ်မြေအတွင်းရှိ တိုင်းသူပြည်သားများအပေါ် လုံးဝမကောင်းခဲ့ချေ။ ပြီးခဲ့သောနှစ်က အရပ်သားပေါင်း‌တစ်ထောင်ကျော် သေဆုံးစေခဲ့သော ပုန်ကန်မှုအသေးစားတစ်ခုပင် ဖြစ်သွားခဲ့သေးသည်။

ဤအခြေအနေ၌ မြို့သူမြို့သားများက ကောင့်ထ် ဒန်ပူစီ Frestech ကုန်သည်ကြီးများအသင်း၏လက်ထဲသို့ ကျသွားခြင်းကို ကောင်းသည့်ကိစ္စတစ်ခုဟုပင် ထင်ကောင်းထင်နေကြပေမည်။

သူတို့၏ပန်းတိုင်ကို ရယူချင်ရုံမျှမဟုတ်ဘဲ ဤမြို့ကိုပါသိမ်းပိုက်လိုလျှင် အပြင်ရှိ ကန်ဒရာအင်ပါယာ၏ တပ်သားတစ်သိန်းကို တွန်းလှန်နိုင်သရွေ့ မာရိုမြို့ကို အမိအရဖမ်းဆုပ်ရန် များစွာ အားစိုက်ထုတ်စရာမလိုတော့ဟု ခေါင်းဆောင်ဟာ့ထ်ယုံကြည်သည်။

ဆိုရလျှင် မြို့သူမြို့သားများ၏ နှလုံးသားကို အရယူရာ၌ Frestech ကုန်သည်ကြီးများအသင်းက အခြားသူများမယှဉ်နိုင်လောက်အောင် အလိုလိုသာပြီးသားဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းသည် နယ်မြေတစ်ခု၏ စီးပွားရေးကို အလွယ်တကူ တိုးတက်အောင်လုပ်နိုင်ပြီး လူအများစု၏ လူနေမှုအဆင့်အတန်းကို သိသိသာသာ မြှင့်တင်ပေးကာ ပိုကောင်းသောဘဝများ၌ နေထိုင်စေခဲ့သည်သာဖြစ်၏။

ကန်ဒရာအင်ပါယာ၏ တိုင်းသူပြည်သားများသည် သူတို့၏ အရှင်သခင်များအပေါ် သစ္စာရှိမှုနှင့် အလှမ်းကွာနေပြီး ကန်ဒရာအင်ပါယာ၏ သဘောတရားနှင့်ပတ်သတ်၍ပင် ဂရုစိုက်မှု လျော့ရဲနေကြပြီဖြစ်သည်။

တစ်ယောက်ယောက်ကသာ သူတို့ကို ပိုကောင်းသောဘဝမျိုးပေးလျှင် သူတို့၏ သစ္စာရှိမှုကို အလွယ်တကူ ရသွားပေလိမ့်မည်။

ဤနည်းလမ်းက Frestech ကုန်သည်ကြီးများအသင်း ဘန်တာမြို့နှင့် စတက်တိန်းဒက်ချီတွင် အကြိမ်ပေါင်းများစွာ သုံးခဲ့သော နည်းလမ်းဖြစ်သည်။

လက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ထမ်းများအားလုံးသည် ပိုကောင်းသော ဘဝများတွင် နေထိုင်ရန် Frestech ကုန်သည်ကြီးများအသင်းအပေါ် သစ္စာရှိပြီး နာခံရန် ဆန္ဒရှိကြ၏။

ကိုယ့်ကိုယ်ကိုပင် မကျွေးမွေးနိုင်သော တော်ဝင်မျိုးနွယ်များ၏ လက်အောက်၌ နေရသည်နှင့်စာလျှင် ဤသို့သော ဆုံးဖြတ်ချက်မျိုးကို မည်သူက မတွေးနိုင်ဘဲနေမည်နည်း။

သို့သော် ထိုကိစ္စများကို မဆုံးဖြတ်မီ သူတို့ အဟန့်အတားကြီးတစ်ခုကို ဖြေရှင်းရမည်ဖြစ်၏။ ၎င်းက ဥက္ကဌကြီးကိုယ်တိုင် ဤစစ်ဆင်ရေးအတွက် ချမှတ်ပေးထားသော ပန်းတိုင်လည်းဖြစ်သည်။

ခေါင်းတောင်ဟာ့ထ်၏အတွေးကို ခန့်မှန်းနိုင်သကဲ့သို့ ဆက်သွယ်ရေးတာဝန်ယူထားသည့် သူ၏ ကိုယ်ရံတော်များထဲမှ တစ်ဦး အလျင်အမြန် ရောက်ရှိလာပြီး ခေါင်းဆောင်ဟာ့ထ်ကို အသံကျယ်ကျယ်ဖြင့် တင်ပြလိုက်သည်။

“ခေါင်းဆောင်ကို တင်ပြပါတယ် အရှေ့မြောက်ဘက်ဆီကို စွမ်းအင်တုံ့ပြန်မှု မြင့်နေပါတယ်”

***

မှော်စက်မှုအင်ပါယာ

Volume 7 အခန်း ၁၁၄ ။ သနားစဖွယ် မှော်ပညာရှင်များ

ဆယ်မိနစ်ခန့်ကြာပြီးနောက် ကောင်းကင်၌ အနက်ရောင်အစက်အပြောက်တစ်စုက မာရိုမြို့၏ အရှေ့မြောက်အရပ်သို့ တက်သွားသည်။ သူတို့က မာရိုမြို့မှ အရှေ့မြောက်ဘက် သုံးကီလိုမီတာအကွာရှိ ကောင်းကင်ယံ၌ ရပ်သွားပြီး ရှေ့ဆက်မသွားတော့ချေ။

ခေါင်းဆောင်ဟာ့ထ်က သူ၏အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်လိုက်ပြီး လေထဲတွင် ပျံသန်းနေသော မှော်ပညာရှင်ဝတ်ရုံရှည်များနှင့် မှော်ပညာရှင်များကို မြင်လိုက်သည်။

“ဟားဟား ကန်ဒရာအင်ပါယာကောင်တွေ နောက်ဆုံးတော့ လှုပ်ရှားလာကြတဲ့ပုံပဲ။ ဒါပေမယ့် ဒီကောင်တွေလောက်နဲ့ လုံလောက်တယ်လို့ သူတို့ထင်နေတာလား” ခေါင်းဆောင်ဟာ့ထ်က အေးစက်စွာ ရယ်မောပြီးနောက် နူးန်စ် အား လှည့်ကြည့်ကာ ပြောသည်။ “ညီအစ်ကိုတွေကို အဲ့ဒီဂုဏ်သရေရှိမှော်ပညာရှင်တွေဆီ နှုတ်ဆက်ခိုင်းလိုက်ပါဦး”

“ကောင်းပါပြီ” နူးန်စ် က အလျင်အမြန် ပြန်ဖြေလိုက်ပြီးနောက် အမိန့်ထုတ်ပြန်ရန် လှည့်ထွက်သွားသည်။

အတန်ကြာပြီးနောက် မာရိုမြို့တံတိုင်းများထံမှ တောက်ပသော အပြာဖျော့ဖျော့အလင်းတန်းဆယ်ခု ထွက်ပေါ်လာပြီး မြို့အရှေ့မြောက်ဘက်ရှိ လေထဲတွင် ပေါလောမျောနေသော မှော်ပညာရှင်များထံ ဦးတည်သွားသည်။

ထိုမှော်ပညာရှင်များသည် သူတို့ထံပြေးဝင်လာသော အလင်းတန်းဆယ်ခုကို မြင်ချိန်တွင် တုန်လှုပ်ကာ ရပ်တန့်သွား၏။ သူတို့အားလုံး လက်များဆန့်လိုက်ပြီး သူတို့ပတ်ပတ်လည်တွင် မတူညီသောအရောင်များနှင့် ဒိုင်းကာများ ပေါ်လာသည်။

ထိုအလင်းတန်းဆယ်ခုလုံး မှော်ဒိုင်းကာများနှင့် တိုက်မိကာ ပေါက်ကွဲသွား၏။

Frestech ကုန်သည်ကြီးများအသင်း၏ ပုံမှန်မှော်အမြောက်ဆန်များမှလာသော မျက်စိပသာဒဖြစ်ဖွယ် ပေါက်ကွဲမှုများနှင့် ကွဲပြားခြားနားစွာ ဤအလင်းတန်းဆယ်ခု၏ ပေါက်ကွဲမှုများသည် မသေးငယ်သော်လည်း နယ်နိမိတ်ကြီးတစ်ခုကို ဖုံးလွှမ်းနိုင်သည်အထိ ပေါက်ကွဲသွားပြီးနောက် ကောင်းကင်တွင် ပကတိအမြင်ဖြင့်မြင်နိုင်သော အပြာဖျော့ဖျော့ လှိုင်းတွန့်များ ဖန်တီးလိုက်သည်။

ထိုအပြာဖျော့ဖျော့လှိုင်းတွန့်များ၏ လွှမ်းမိုးမှုကို ခံစားလိုက်ရပြီး ဟင်းလင်းပြင်သည် လှိုင်းထန်နေသော ရေပြင်ကဲ့သို့ ဝရုန်းသုန်းကားဖြစ်လာ၏။

လေထဲရှိ မှော်ပညာရှင်များမှာ သူတို့က မှော်စွမ်းအားရင်းမြစ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့မှန်း အံ့ဩစွာ တွေ့ရှိလိုက်ရပြီး သူတို့၏ ပျံသန်းနိုင်စွမ်းကိုပင် ထပ်မံထိန်းမထားနိုင်တော့ချေ။ မှော်ပညာရှင်အများအပြား ကောင်းကင်မှ ချက်ချင်းပြုတ်ကျသွားသည်။

ကံကောင်းသည်မှာ သူတို့ ပြုတ်ကျနေရင်းတန်းလန်း မြေကြီးနှင့်ထိမိတော့မည့်အချိန်တွင် သူတို့၏ မှော်စွမ်းအင်ရင်းမြစ်ထိန်းချုပ်နိုင်စွမ်းများကို ပြန်ရလာပြီး သူတို့ကိုယ်သူတို့ အလျင်အမြန် ထိန်းလိုက်ကြသည်။

မဟုတ်လျှင် တိုက်ခိုက်မှုလေးတစ်ခုမျှနှင့် မှော်ပညာရှင်တော်တော်များများ ပြုတ်ကျသေဆုံးသွားမည်ဖြစ်သည်။

လေထဲရှိ မှော်ပညာရှင်များအားလုံး တုန်ရီသွား၏။

မှော်ပညာရှင်မနည်းမနောသာ Frestech ကုန်သည်ကြီးများအသင်း၏ တိုက်ခိုက်မှုအောက်တွင် ပြုတ်ကျသေဆုံးသွားပါက သူတို့ အမှန်တကယ်ပင် ဟာသတစ်ခု ဖြစ်သွားပေလိမ့်မည်။

သို့သော် စောစောက အဖြစ်အပျက်ကို ပြန်တွေးပြီးနောက် မှော်ပညာရှင်အများအပြားက နာခံစွာဖြင့် မြေပြင်ပေါ် သက်ဆင်းလိုက်ကြသည်။

ဤအရာမှာ ထိုမှော်ပညာရှင်များ ပျံသန်းနည်း လေ့လာပြီးကတည်းက မြေပြင်က လေထဲထက် ပိုလုံခြုံစိတ်ချရသည်ဟု ခံစားရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

ခေါင်းဆောင်ဟာ့ထ်က အဝေးကြည့်မှန်ပြောင်းမှတစ်ဆင့် ထိုမှော်ပညာရှင်များ၏ တုံ့ပြန်မှုကို ကြည့်ရင်း မနေနိုင်တော့ဘဲ အော်ရယ်လိုက်သည်။

“ဟားဟား ဒီမှော်ပညာရှင်တွေက သူတို့ပျံနိုင်ပြီး သူများက မပျံနိုင်တာကို သူတို့ရဲ့ အကြီးဆုံးအားသာချက်ထင်နေကြတာ။ အခု ဒီလို အမြင့်တစ်နေရာမှာ ပျံသန်းတာက သူတို့ထင်သလို မလုံခြုံဘူးဆိုဝာာ သိအောင်လုပ်ပေးရမယ်”

ခေါင်းဆောင်ဟာ့ထ်ဘေးသို့ ပြန်ရောက်လာခါစ နူးန်စ် ကလည်း အော်ရယ်လိုက်သည်။ “ဒီလူတွေရဲ့ မှော်ပညာသဘောတရားတွေက ခေတ်နောက်ကျနေတာကြာပါပြီ။ ဥက္ကဌကြီးက ဒါကို ခဏခဏကြေညာခဲ့ပေမယ့် ဘယ်သူမှ မယုံချင်ကြဘူးလေ။ အခု သူတို့ကို ဒီလိုနာနာလေးနှက်ပေးလိုက်တော့ ယုံသင့်နေပါပြီ”

“ဒီကောင်တွေ ရှေးရိုးစွဲမှော်ပညာရှင်တွေကို ယုံကြည်အားကိုးလို့ မရတော့ဘူး။ ကျွမ်းကျင်ဘုန်းတော်ကြီးကရော တုံ့ပြန်မှုရှိလာပြီလား” ခေါင်းဆောင်ဟာ့ထ်က မေးလိုက်သည်။

“လောလောဆယ်တော့ ဘာမှမရှိသေးပါဘူး ဒါပေမယ့် ကျွမ်းကျင်ဘုန်းတော်ကြီးတွေ ဒီကိုလာပြီး တူညီတဲ့ပျံသန်းရေးမှော်ပညာကိုပဲ သုံးရင်တောင် မှော်စွမ်းအင်လှိုင်းတွေက အတူတူပဲဖြစ်မှာမို့ ကျွန်တော်တို့ သူတို့ကို မတွေ့ရရင်တောင် မထူးဆန်းပါဘူး” နူးန်စ် က ပြန်ဖြေသည်။

“အမ်း အမှန်ပဲ” ခေါင်းဆောင်ဟာ့ထ် ခေါင်းငြိမ့်လိုက်သည်။ “ဒါဆိုလည်း ကောင်းပြီ။ တစ်ဖက်က သူတို့ကိုယ်သူတို့ ထွက်မပြချင်မှတော့ ငါတို့က သူတို့ထွက်လာအောင် လုပ်ရမှာပေါ့။ မှော်တင့်ကားအဖွဲ့ကို တိုက်ခိုက်ဖို့ပြင်တော့ ပထမအစီအစဉ် အကောင်အထည်ဖော်မယ်လို့ အမိန့်ပေးလိုက်”

“ဟုတ်ကဲ့”

ဆယ်မိနစ်ကြာပြီးနောက် တပ်ကူအဖြစ်ရောက်လာသော ကန်ဒရာအင်ပါယာ၏ မှော်ပညာရှင်များမှာ တုန်လှုပ်မှုမှ အသိပြန်ဝင်လာသည်နှင့် မာရိုမြို့၏ မြောက်ဘက်ဂိတ်တံခါး ပွင့်သွားသည်ကို တွေ့လိုက်ရ၏။ ဧရာမသံသေတ္တာကြီးများနှင့်တူသော ထူးဆန်းသည့်ပုံစံနှင့် မှော်ကားကြီးများက မာရိုမြို့မှ ထွက်လာပြီး မာရိုမြို့၏ အနောက်အရပ်ရှိ တပ်ကူအဖွဲ့ထံ လျင်မြန်စွာ ထွက်ခွာလာသည်။

မှော်ပညာရှင်များထဲမှ တစ်ဝက်သည် Frestech ကုန်သည်ကြီးများအသင်းက “မှော်တင့်ကား” များဟုခေါ်သည့် ထူးဆန်းသော အရာများနောက်သို့ အမီလိုက်ရန် စိတ်ကူးလျှက် တပ်ကူစခန်းထံ ပျံသွားရန် ချက်ချင်းပြင်လိုက်ကြ၏။ သို့သော် သူတို့ ပျံသန်းလိုက်ချိန်တွင် မာရိုမြို့တံတိုင်းများထံမှ အပြာဖျော့ဖျော့ အလင်းတန်းပေါင်းများစွာ ထွက်ပေါ်လာပြီး သူတို့အထက်ရှိ လေထဲတွင် ပေါက်ကွဲသွားသည်။

မတိုင်မီကရထားသော အတွေ့အကြုံအရ အပြာဖျော့ဖျော့အလင်းရောင်ထဲတွင် ရစ်ပတ်ခံလိုက်ရသော နေရာလွတ်သည် သူတို့ မှော်စွမ်းအင်ရင်းမြစ်ကို ထိန်းချုပ်နိုင်စွမ်းမဲ့သွားသည့် နယ်နိမိတ်ဖြစ်မှန်း သူတို့သိလိုက်၏။ သူတို့သာ ပျံတက်သွားလျှင် ထပ်မံပြုတ်ကျလျှင်ကျ မဟုတ်ပါက ဖရိုဖရဲဖြစ်နေသော မှော်စွမ်းအင်ရင်းမြစ်ကြောင့် ဆိုးဆိုးဝါးဝါးပင် ဒဏ်ရာရသွားနိုင်သည်။

ကူကယ်ရာမဲ့စွာဖြင့် မှော်ပညာရှင်များမှာ မြေကြီးပေါ်၌နေရုံသာ တတ်နိုင်သည်။ သူတို့က အနိမ့်ပျံသန်းနည်းကိုသာ မှီခို၍ မာရိုမြို့မှထွက်လာသော မှော်တင့်ကား‌များနောက်သို့ အလျင်အမြန် လိုက်သွားကြ၏။

သို့သော် သူတို့အနားပင်မကပ်နိုင်မီ ထိုမှော်တင့်ကားများ၏ အပေါ်ပိုင်းတစ်ဝက်က လှည့်လာပြီး သံမဏိပိုက်များက ယခု ပျံသန်းနေသော မှော်ပညာရှင်များထံ ဦးတည်လာသည်။

သံမဏိပိုက်များ၏ အနက်ရောင်အစွန်းကိုကြည့်ကာ မှော်ပညာရှင်များ မကောင်းသည့်နိမိတ်ကို ခံစားလိုက်ရ၏။

ထင်သည့်အတိုင်းပင် ထိုသံမဏိပိုက်များထံမှ အရောင်မတူညီသော အလင်းတန်းများ ပေါက်ကွဲထွက်ကာ သူတို့ထံ ချက်ချင်း ချဉ်းကပ်လာသည်။

ရှေ့ဆုံးမှထွက်လာသည်မှာ အပြာဖျော့ဖျော့ အလင်းတန်းဆယ်ခုဖြစ်၏။

တူညီသော အရောင်နှင့် တူညီသော အကျိုးသက်ရောက်မှုပင်။

အပြာဖျော့ဖျော့အလင်းတန်းများ ပေါက်ကွဲသွားသည်နှင့် မှော်ပညာရှင်များမှာ သူတို့အနားတစ်ဝိုက်ရှိ မှော်စွမ်းအင်ရင်းမြစ်ကို ထိန်းချုပ်နိုင်စွမ်းမဲ့သွားပြီး ကောင်းကင်မှ မထိန်းနိုင်မသိမ်းနိုင် ပြုတ်ကျသွားတော့သည်။

သူတို့ ကောင်းကင်မှ ပြုတ်ကျနေဆဲအချိန်တွင် အနီရောင်နှင့် အဖြူရောင်အလင်းတန်းများက သူတို့ထံရောက်လာပြီဖြစ်သည်။

“ဝုန်း ဝုန်း ဝုန်း ဝုန်း”

ကောင်းကင်တွင် တလက်လက်တောက်ပသော မီးတောက်များ ပေါ်လာ၏။ လေထဲရှိ မှော်ပညာရှင်များမှာ သူတို့၏ ပျံသန်းရေးမှော်အစွမ်းကို ထိန်းသိမ်းရန် မှော်စွမ်းအင်ရင်းမြစ်ကိုပင် မသုံးနိုင်သောကြောင့် မှော်အတားအဆီးတစ်ခု ထုတ်လွှတ်ရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ကြောက်မက်ဖွယ်ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပြီးနောက်တွင် အဆင့်အမြင့်ဆုံးနှင့် အမြန်ဆုံး တုံ့ပြန်နိုင်ခဲ့သော မှော်ပညာရှင်ဆယ်ဦးခန့်သာ ထွက်ပြေးလွတ်မြောက်သွားသည်။ ကျန်ရှိသည့် မှော်ပညာရှင်တစ်ယောက်တစ်လေမျှ မလွတ်ခဲ့ပေ။

ဤရလဒ်ကိုကြည့်ကာ သူတို့၏မူလနေရာ၌ ကျန်ရစ်သော မှော်ပညာရှင်များမှာ ချောက်ချားဖွယ်ကောင်းအောင် တိတ်ဆိတ်သွား၏။

သူတို့က မာရိုမြို့အား တိုက်ခိုက်နေသော တပ်ဖွဲ့ကို အထောက်အပံ့ပေးရန် ဌာနချုပ်မှ အမိန့်များလက်ခံရရှိခဲ့သော မှော်ပညာရှင်အုပ်စုဖြစ်သည်။

အများစုက အဆင့်မြင့်မှော်ပညာရှင်များဖြစ်သည့် မှော်ပညာရှင်အယောက်တစ်ရာကျော်ပါသော သူတို့အဖွဲ့နှင့်ဆိုလျှင် မာရိုမြို့ကို အလွယ်တကူ ပြန်သိမ်းနိုင်မည်ဟု သူတို့ထင်ထားခဲ့၏။

သို့သော် အပြန်အလှန်တိုက်ခိုက်မှု အနည်းငယ်မျှနှင့် သူတို့က မာရိုမြို့အနီးသို့ပင် မကပ်နိုင်မီ အရေအတွက်တစ်ဝက်နီးပါး ဆုံးရှုံးလိုက်ရမည်ဟု လုံးဝထင်မထားချေ။

ကျန်ရှိနေသော မှော်ပညာရှင်များသည် သံမဏိမွန်းစတားများနှင့်တူသော မှော်တင့်ကားများနှင့် အဝေးရှိ မာရိုမြို့ကိုကြည့်ကာ သူတို့ရင်ထဲတွင် အေးစိမ့်မှုတစ်ခု ပြည့်လာ၏။

ပြီးခဲ့သောတိုက်ပွဲများတွင် မှော်ပညာရှင်အများအပြားပေါ်လာခြင်းက အခြေအနေကို ပြောင်းပြန်လှန်ရန် လုံလောက်၏။ အနိုင်ရသူကို ဆုံးဖြတ်ပေးသည့်အရာမှာ များသောအားဖြင့် မည်သည့်ဘက်က မှော်ပညာရှင် သို့မဟုတ် အဆင့်ပိုမြင့်သော မှော်ပညာရှင်များများ ပိုရှိသနည်းဟူသည့် အချက်ပင်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် သာမန်တပ်သားများနှင့်ယှဉ်လျှင် မှော်ပညာရှင်များက သူတို့ကို အပြီးအပိုင်ချေမှုန်းနိုင်သောကြောင့်ပင်။

သို့သော် ယခု Frestech ကုန်သည်ကြီးများအသင်းက မှော်ပညာရှင်တစ်ယောက်လေးပင် ပို့မလာသေးပေ။ သူတို့သည် ကန်ဒရာအင်ပါယာတပ်ဖွဲ့၏ လက်ရွေးစင်မှော်ပညာရှင်များဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကို မည်သည့်ထိခိုက်မှုမျှဖြစ်အောင် မလုပ်နိုင်ဘဲ ဤမျှပြင်းထန်သော ဆုံးရှုံးမှု ခံစားနေရပြီဖြစ်သည်။

ဤရလဒ်က မည်သူမျှမမျှော်လင့်ထားသော အရာပင်။

အရေးအကြီးဆုံးမှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များ ပြသလိုက်သော စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုအပြာဖျော့ဖျော့အလင်းတန်းများက မည်သည်မှန်း သူတို့မသိသော်လည်း ၎င်းတို့က ပတ်ဝန်းကျင်ရှိ မှော်နေရာလွတ်ကို နှောင့်ယှက်ကာ သူတို့အား သူတို့အနီးတစ်ဝိုက်ရှိ မှော်စွမ်းအင်ရင်းမြစ်ကို မထိန်းချုပ်နိုင်အောင် ဖြစ်စေသည်။ ဤအရာက သူတို့၏ မှော်ပညာရှင်စွမ်းရည်များကို လုံးလုံးလျားလျား ဖျက်ဆီးလိုက်ခြင်းနှင့် ညီမျှ၏။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များမှာ ဤနည်းဖြင့် ကန့်သတ်ခံထားရခြင်း လုံးဝမရှိဘဲ ဤသို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုမျိုးကို ထုတ်လွှတ်နိုင်ဆဲပင်။

ဤပြောင်းပြန်အခြေအနေနှင့်အတူ မှော်ပညာရှင်များသည် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များရှေ့တွင် ကြက်‌ကလေးများကဲ့သို့ အားနည်းသွားရ၏။

သူတို့ ကန်ဒရာအင်ပါယာ၌ စာရင်းပေးသွင်းပြီးကတည်းက ဤအခြေအနေကို ပထမဆုံးကြုံဖူးခြင်းဖြစ်ပြီး ၎င်းက သူတို့ကို အမှန်တကယ် ပြိုင်ဘက်ကင်းအောင် တုန်လှုပ်သွားစေသည်။

ခဏကြာအောင် တုန်လှုပ်နေပြီးနောက် မှော်ပညာရှင်များက အုပ်စု၏အလယ်ဗဟိုသို့ မကြည့်ဘဲမနေနိုင်တော့ချေ။

ထိုနေရာတွင် သူတို့၏ အကြီးမားဆုံး အားသာချက်နှင့် သူတို့တွင်ရှိသော စွမ်းအားအကြီးဆုံး နောက်ဆုံးဝှက်ဖဲရှိနေ၏။

လူတိုင်းက သူတို့ထံ လှည့်ကြည့်နေသည်ကို မြင်သောအခါ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က အနည်းငယ်မျက်မှောင်ကြုတ်၍ သူ့ဘေးရှိ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ အား မေးလိုက်သည်။ “ဟေ့ လာဒူကာ စောစောက တိုက်ခိုက်မှုက ငါ့ရဲ့ မှော်ပိုင်နက်စွမ်းရည်နဲ့ မတူဘူးလား”

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ကောင်းကင်သို့မော့ကြည့်၍ မျက်လုံးများမှိတ်ကာ စဉ်းစားပြီးနောက် ခေါင်ငြိမ့်လိုက်သည်။

“တော်တော်တော့တူတယ် ဒါပေမယ့် လုံးလုံးလျားလျားကြီးမတူဘူး။ မင်းရဲ့မှော်ပိုင်နက်က မှော်စွမ်းအင်ရင်းမြစ်တွေကို အရူးအမူးဖြစ်အောင်လုပ်ပြီး မင်းပဲ သူ့ကို ထိန်းချုပ်နိုင်တာ။ စောစောက ငါတို့ကြုံရတဲ့ တိုက်ခိုက်မှုက ငါတို့အနားတစ်ဝိုက်က မှော်စွမ်းအင်ရင်းမြစ်ကို ထိန်းချုပ်ရခက်အောင်ပဲ လုပ်ထားတာ။ ဒါပေမယ့် သူ့မှာ တိုက်ခိုက်ရေးစွမ်းအားရော ဖျက်ဆီးနိုင်စွမ်းရော မရှိဘူး။ ရိုးရိုးရှင်းရှင်းပြောရရင် အဲ့ဒါက မှော်ပိုက်နက်ချိပ်ပိတ်ခြင်းအစီအရင်အသေးလေးတစ်ခု ဖန်တီးလိုက်ရုံပါပဲ”

“ဒါပေမယ့် အဲ့ဒါက အဆင့်နိမ့်မှော်ပညာရှင်တွေအတွက် ပြီးပြည့်စုံတဲ့လက်နက်ပဲ မဟုတ်ဘူးလား” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်က အဝေးရှိ မာရိုမြို့ကိုကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ “ရှုယီဆိုတဲ့ကောင်လေးက နောက်ဆုံးတစ်ခေါက်တိုက်ပွဲမှာ ငါ့မှော်ပိုက်နက်ရဲ့ လက္ခဏာရပ်တစ်ချို့ကို အတုခိုးပြီး Frestech ကုန်သည်ကြီးများအသင်းအတွက် စစ်ဘက်သုံးမှော်စက်တစ်ခုအဖြစ် ပြောင်းလိုက်တယ်လို့တောင် သံသယဖြစ်လာပြီ”

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က တုန်လှုပ်သော အမူအရာနှင့် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ကို ကြည့်လိုက်သည်။

“ဘာလို့ ဒီလိုထင်ရတာလဲ။ ရှုယီက မှော်ပညာမှာ ပါရမီရှိတာတော့ သံသယဖြစ်စရာမလိုပေမယ့် တစ်ခါတိုက်ရုံနဲ့ မင်းရဲ့ မှော်ပိုင်နက်ရဲ့ လက္ခဏာရပ်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်တာကတော့ မယုံနိုင်စရာကောင်းလွန်းတယ်မလား”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ၏ အမူအရာ တိမ်ဝင်သွားပြီး ပြောလိုက်သည်။ “မင်း နောက်ဆုံးတစ်ခေါက်က အဲ့ဒီရှုယီဆိုတဲ့ကောင်လေးဆီကနေ ရခဲ့တဲ့ ထူးဆန်းတဲ့သတ္တုအပိုင်းအစတွေကို လေ့လာကြည့်ပြီးပြီလား”

“အမ်…… ငါ ဟိုတလောက တစ်ချိန်လုံး လေ့လာကြည့်လိုက်တော့ ပိုလေ့လာလေ ပိုယုံကြည်ဖို့ခက်လေပဲ။ Frestech ကုန်သည်ကြီးများအသင်း….. ဒါမှမဟုတ် ရှုယီလောက်နဲ့ ဘယ်လိုလုပ် ဒီလိုအဖိုးတန်မှော်ပစ္စည်းမျိုး ဖန်တီးနိုင်ရတာလဲ။ ပြီးတော့ သူ့နောက်ကွယ်က သဘောတရားကို ငါ လုံးဝနားမလည်ဘူး”

“မင်း ရှုယီစကားကိုနားထောင်ပြီး «Frestech မှော်စက်အပတ်စဉ်» ကိုဖတ်ကြည့်လိုက်ရင် နည်းနည်း ပိုနားလည်လောက်တယ်” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ပြောလိုက်သည်။

“မင်းဖတ်ခဲ့တာလား” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ အံ့ဩသွားပြန်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်၏ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအပေါ် အထင်အမြင်သေးမှုနှင့်ဆိုလျှင် သူ့ထက်အရင် «Frestech မှော်စက်အပတ်စဉ်» ကို ဖတ်လိမ့်မည်မဟုတ်ဟု သူထင်ထားခဲ့သည်။

နောက်ဆုံးတစ်ခေါက်က သူတို့ပူးပေါင်းတိုက်ခိုက်သည်ကိုပင် ရှုယီကို မတားနိုင်ခဲ့ခြင်းက အိုဖာလျန်အတွက် အတော်လေးကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပုံပင်။

“အင်း ငါ «Frestech မှော်စက်အပတ်စဉ်» ရဲ့ ငါရှာလို့ရသမျှ ထုတ်ဝေမှုအကုန်လုံးကို လေးလေးနက်နက်ဖတ်ပြီးပြီ။ ဒါပေမယ့် ငါတွေ့လိုက်ရတာက…… ငါ အဲ့ဒါကို လုံးဝနားမလည်နိုင်တာပဲ”

***

မှော်စက်မှုအင်ပါယာ

Volume 7 အခန်း ၁၁၅ ။ ငါးကြီးတစ်ကောင် ငါးစာလာဟပ်ခြင်း

“အဲ့ဒီဆောင်ပါးထဲမှာ ရှုယီရေးထားတဲ့ စကားလုံးတစ်လုံးစီကို ငါ လေးလေးနက်နက် ဖတ်ကြည့်ခဲ့တယ်။ တစ်လုံးချင်းစီက ဘာကိုဆိုလိုတယ်ဆိုတာ ငါနားလည်နိုင်ပေမယ့် ဆောင်းပါးကိုယ်တိုင်ရဲ့ ဆိုလိုရင်းကိုတော့ ဘယ်လောက်ဖတ်ဖတ် နားမလည်ခဲ့ဘူး”

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာက ဖြတ်ပြောမည်အပြုတွင် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က လက်မြှောက်၍ သူ့ကိုတားလိုက်သည်။

“ဒါပေမယ့် ငါ အဲ့ဒါကို နားမလည်နိုင်ရင်တောင် ဆောင်းပါးကပြောထားတဲ့ အကြောင်းအရာက အတော်လေး ကျိုးကြောင်းဆီလျော်ပြီး ရှုယီရထားတဲ့စိတ်ကူးက ပေါ့ပျက်ပျက်တော့မဟုတ်ဘူးလို့ ငါ့စိတ်ထဲမှာ အလိုလိုသိနေတယ်။ ဒီနှစ်တွေအတွင်း Frestech ကုန်သည်ကြီးများအသင်းရဲ့ စွမ်းဆောင်မှုတွေနဲ့ဆိုရင် အရင်က ရှုယီ ငါတို့ကိုပြောခဲ့တဲ့စကားက အတော်လေးအဓိပ္ပာယ်ရှိတယ်ဆိုတာ ဝန်ခံရမယ်”

“ရှုယီ အရင်က ဘာပြောခဲ့လို့လဲ” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာက အံ့ဩသွားပြီးနောက် ရှုယီ သူတို့နှစ်ယောက်နှင့် တိုက်ခိုက်စဉ်က သူတို့၏မှော်ပညာအယူအဆများက ခေတ်နောက်ကျနေပြီဟု ပြောခဲ့သည်အား ပြန်မှတ်မိသွား၏။

ထိုစဉ်က ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ထိုအမြင်ကို သဘောမတူခဲ့ဘဲ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က အထင်သေးစွာဖြင့် နှာပင်မှုတ်လိုက်သေးသည်။

သို့သော် နှစ်ဝက်ပင်မပြည့်မီ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ၏ သဘောထားက ပြောင်းလဲသွားပြီဖြစ်သည်။ သူအထင်အမြင်သေးခဲ့သည့် ရှုယီပြောခဲ့သော မှော်ပညာအယူအဆအသစ်ကို သူ့ဘက်မှစတင်၍ လေ့လာခဲ့ရုံသာမက သူ၏မှော်ပညာအယူအဆက ခေတ်နောက်ကျနေသည်ကိုပင် လက်ခံလာ၏။

“ဒါဆို မင်းဆိုလိုတာက……” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် အား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ သည် တစ်လျှောက်လုံး ကန်ဒရာအင်ပါယာစစ်တပ်ဌာနချုပ်နှင့် လက်တွဲအလုပ်လုပ်ခဲ့ပြီး များသောအားဖြင့် သူတို့၏အမိန့်များကို နာခံခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့က ကန်ဒရာအင်ပါယာကို ကျူးကျော်ကာ မာရိုမြို့အား သိမ်းပိုက်လိုက်သည့် သတင်းက ဌာနချုပ်ထံရောက်ချိန်တွင် ၎င်းက ချက်ချင်း အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေခဲ့သည်။

စစ်တပ်ဌာနချုပ်က ဤကိစ္စကို အထူးအလေးထား ဆောင်ရွက်ခဲ့၏။ သူတို့က အထူးချွန်ဆုံး မှော်ပညာရှင်အဖွဲ့ကို စေလွှတ်လိုက်ရုံသာမက ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ကိုယ်တိုင် ချက်ချင်းလှုပ်ရှားရန်ပင် တောင်းဆိုခဲ့သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ကမူ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာနှင့် ကွဲပြားခြားနား၏။ သူ မတိုင်မီက ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ နှင့်လက်တွဲ၍ ရှုယိကိုရှင်းရန် လုပ်ဆောင်ခဲ့ခြင်းမှာ ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် ကို မျက်နှာသာပေးလိုသောကြောင့်သာ ဖြစ်သည်။

စစ်တပ်ဌာနချုပ်က ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ကို Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့နှင့် တိုက်ခိုက်ရန် တောင်းဆိုချိန်တွင် သူက ဤသတင်းကို မည်သည့်နေရာမှ ရခဲ့မှန်းမသိဘဲ သူဘက်မှစ၍ တိုက်ပွဲတွင် ဝင်ပါလာ၏။

စစ်တပ်ဌာနချုပ်ဘက်ကမူ သဘာဝကျစွာပင် အကြိုက်တွေ့သည်ထက်ပိုသောကြောင့် သူတို့နှစ်ယောက်က ဤမှော်ပညာရှင်အဖွဲ့၏ ဗဟိုချက်မအဖြစ် အတူလာခဲ့ကြခြင်းဖြစ်သည်။

သို့သော် သူတို့ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့နှင့် စတွေ့သည်နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ကိုယ့်အဖွဲ့၏ စိတ်ခွန်အားကို ထိခိုက်စေကာ ရန်သူ၏ခွန်အားကို မြှင့်တင်သော ထိုစကားများကို ပြောလိုက်သည်။ ဤသည်က ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ အမှန်တကယ် မမျှော်လင့်ထားသောအရာပင်။

“အထင်မလွဲပါနဲ့ ငါက စိတ်ထိခိုက်သွားရုံပါပဲ တစ်ခြားအဓိပ္ပာယ်မရှိပါဘူး” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က သက်ပြင်းတစ်ချက်ချပြီးနောက် သူ့မျက်နှာက တည်ငြိမ်သွားသည်။ “ငါတို့ အခုချက်ချင်းလုပ်ဖို့လိုတဲ့ကိစ္စက ရိုးရိုးလေးပါ ဒီ Frestech ကုန်သည်ကြီးများအသင်းက ကောင်တွေကို ရင်ဆိုင်ဖို့ပဲ။ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တစ်ချို့ကို အသက်ရှင်လျက်ဖမ်းပြီး လေ့လာဖို့အတွက် စစ်ဘက်သုံးမှော်စက်တစ်ချို့ သိမ်းယူနိုင်ရင် အကောင်းဆုံးပဲ။ အဲ့ဒါက ငါတို့အတွက် အများကြီးအကူအညီဖြစ်စေမှာ”

“အင်း ဌာနချုပ်လည်း အကြံတူတူပဲ” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ခေါင်းငြိမ့်လိုက်သည်။ “ရူဒ်ဆန်တိုင်းပြည်နဲ့ နောက်ဆုံးတိုက်ပွဲမှာ အင်ပါယာရဲ့ မှော်အမြောက်တွေ၊ တစ်ခြားစစ်ဘက်သုံးမှော်စက်တွေနဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စစ်ဘက်သုံးမှော်စက်တွေကြားက ခြားနားမှုက အတော်လေးသိသာတယ်။ ဌာနချုပ်က ဒီကိစ္စနဲ့ပတ်သတ်ပြီး ခေါင်းကိုက်နေတာ ဒါ့ကြောင့် သူတို့ လေ့လာဖို့အတွက် Frestech ကုန်သည်ကြီးများအသင်းရဲ့ နောက်ဆုံးပေါ် စစ်ဘက်သုံးမှော်စက်တွေလိုအပ်တယ်”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ရုတ်တရက် ထရယ်လိုက်သည်။ “လာဒူကာ မင်း «Frestech မှော်စက်အပတ်စဉ်» ကိုသာ ဖတ်ထားရင် ဒီစကားပြောမှာမဟုတ်ဘူး။ ရှုယီဆိုတဲ့ကောင်လေးက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပြောထားတယ်။ စစ်ဘက်သုံးမှော်စက်တွေက အတုခိုးဖို့ အဲ့လောက်မလွယ်ဘူး၊ သူက မှော်စက်မှုလက်မှုလုပ်ငန်းစဥ်တစ်ခုလုံးနဲ့ ဆက်စပ်နေတာတဲ့။ လုံလောက်အောင်ကောင်းတဲ့ နည်းပညာအခြေခံမရှိရင် Frestech ကုန်သည်ကြီးများအသင်းနဲ့ယှဉ်နိုင်တဲ့ စစ်ဘက်သုံးမှော်စက်တွေ လုပ်နိုင်မှာမဟုတ်ဘူး”

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က မျက်မှောင်ကြုတ်လျှက် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ကို ကြည့်လိုက်သည်။ “အိုဖာလျန် ငါ ဘာလို့….. မင်းက Frestech ကုန်သည်ကြီးများအသင်းဘက်ကို ပိုပိုပြီးပါသွားတယ်လို့ ခံစားနေရတာလဲ”

“ငါက ယုတ္တိဗေဒဘက်မှာပဲ နေတာပါ” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ပျော့ပျောင်းစွာ ပြန်ပြောသည်။ “တကယ်တော့ ဒါက ငါ့ရဲ့ ကန်ဒရာအင်ပါယာသားတွေထဲက တစ်ယောက်ဖြစ်တဲ့အချက်ကိုတော့ အဟန့်အတားမဖြစ်စေပါဘူး။ ကဲပါ စကားတွေများမနေတော့နဲ့ သွားကြစို့။ လက်ရှိအခြေအနေအရဆို သာမန်မှော်ပညာရှင်တွေက အသုံးမဝင်တော့ဘူး ဒီတော့ မဟာမှော်ပညာရှင်တစ်ချို့ကို အရင်ဆုံးခေါ်သွားရင်ရော”

“အင်း ငါလည်း အဲ့လိုပဲတွေးထားတယ်” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ခေါင်းငြိမ့်သဘောတူပြီးနောက် လူတစ်ချို့ရွေးထုတ်လိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ သည် ကျွမ်းကျင်ဘုန်းတော်ကြီးကိုးဦးထဲမှ တစ်ဦးဖြစ်ပြီး ဌာနချုပ်၏ မှော်ပညာရှင်အသင်း၏ သေနာပတိလည်းဖြစ်သောကြောင့် သူက အုပ်စုထဲရှိ မှော်ပညာရှင်များ၏ ရင်ထဲတွင် နေရာမြင့်မြင့်ယူထား၏။

သူ၏အမိန့်နှင့် မဟာမှော်ပညာရှင်ဆယ့်သုံးဦးကို ရွေးထုတ်ကာ သူနှင့် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် တို့အပါအဝင် အုပ်စုငယ်တစ်ခုဖွဲ့ကာ မာရိုမြို့ထံ ပျံသန်းသွားသည်။

ကျန်သည့် မှော်ပညာရှင်များက သူတို့နောက်တွင် နေရစ်ခဲ့ကြ၏။ အနည်းငယ်နောက်ပြန်ဆုတ်ပြီးနောက် သူတို့က တပ်ကူအဖွဲ့နှင့် သွားပေါင်းလိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးနှင့် မဟာမှော်ပညာရှင်ဆယ့်သုံးဦးပါသည့် အုပ်စုငယ်က Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များ၏ အာရုံကို အလျင်အမြန် ဆွဲဆောင်လိုက်သည်။

သူတို့ပျံဝဲထွက်လာသည်နှင့် မာရိုမြို့တံတိုင်းများမှ အပြာဖျော့ဖျော့ အလင်းတန်းပေါင်းများစွာ ထွက်ပေါ်လာ၏။

သို့သော် ဤတစ်ကြိမ်တွင် ထိုအလင်းတန်းများ၏ ပေါက်ကွဲမှုမှလာသော အပြာရောင်အလင်းလှိုင်းများက မှော်ပညာရှင်ဆယ့်ငါးဦးအပေါ် များစွာသက်ရောက်မှုမရှိခဲ့ပေ။ သူတို့က တူညီသော အမြန်နှုန်းကိုထိန်းလျှက် မာရိုမြို့ထံ ဦးတည်သွားသည်။

“ကြည့်ရတာ ငါတို့ နောက်ဆုံးတော့ ငါးကြီးတစ်ချို့မိပြီထင်တယ်” မြို့တံတိုင်းပေါ်ရှိ ခေါင်းဆောင်ဟာ့ထ်၏ မျက်နှာထက်တွင် အပြုံးရေးရေးဖြစ်ပေါ်လာသည်။ “နူးန်စ် အမိန့်ထုတ်လိုက် ဒုတိယအစီအစဉ်ဆီ ပြောင်းမယ်လို့”

“ဟုတ်ကဲ့”

မာရိုမြို့ထံမှ ကြယ်များကဲ့သို့ ကောင်းကင်နှင့်အပြည့် မှိန်ဖျော့ဖျော့ အလင်းစက်ပေါင်း မြောက်များစွာ ထွက်ပေါ်လာပြီး မြင်ကွင်းက အတော်လေးလှပ၏။

သို့သော် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့က ၎င်းတို့ကိုမြင်သောအခါ ချက်ချင်း သတိကြီးကြီးထားလိုက်ကြသည်။

သူတို့ မတိုင်မီက ရှုယီနှင့်တိုက်ခိုက်ခဲ့ချိန်၌ ထိုအလင်းစက်များကို မြင်ခဲ့ဖူး၏။

ရှုယီက ထူးဆန်းသောပုံစံနှင့် မှော်အစိတ်အပိုင်းများမှ ထိုအလင်းစက်များကိုထုတ်လွှတ်ကာ ထူးဆန်းသော မှော်ပိုင်နက်တစ်ခု ဖန်တီးခဲ့သည်။ သူတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုမှ လွတ်မြောက်သွားရုံသာမက သူက ဝင်ဘဲလ်ဒန်မြို့၏ မှော်ပိုင်နက်ချိပ်ပိတ်ခြင်းအစီအရင်ကိုပင် ထိုးဖောက်ကျော်လွှားနိုင်ခဲ့သည်။ ၎င်းက အမှန်တကယ် ထူးဆန်းသော အကျိုးသက်ရောက်မှုတစ်ခုပင်။

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က Frestech ကုန်သည်ကြီးများအသင်း၏ လေသင်္ဘောစုနောက် လိုက်သွားချိန်တုန်းကလည်း တူညီသော အရာများကို ရင်ဆိုင်ခဲ့ရသည်။ ထိုမှော်လေသင်္ဘောများက ထိုအရာများကိုသုံး၍ သူ့အား တားမြစ်မန္တန်များ မထုတ်နိုင်အောင် တားဆီးခဲ့သည်။

သူတို့လည်း ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ဤနောက်ကွယ်မှ သဘောတရားက အတော်လေးကွဲပြားခြားနား၏။

ယခု မာရိုမြို့ရှိ Frestech ကုန်သည်ကြီးများအသင်းကလည်း ထိုအရာများကို ထုတ်လွှတ်လာ၏။ သူတို့ကို မည်သည့်အတွက် အသုံးပြုသနည်း။

“အားလုံးပဲ သတိထားကြ အချိန်မရွေး တုံ့ပြန်နိုင်အောင် ပြင်ထားကြ”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က သူ့ဘေးမှ မှော်ပညာရှင်ဆယ့်သုံးဦးကို သတိပေးလိုက်ရုံမျှရှိသေး ရှေ့စွန်ဆုံးရှိ မဟာမှော်ပညာရှင်နှစ်ဦးမှာ တစ်စုံတစ်ခုထံ ဝင်ဆောင့်မိပြီး လွင့်ထွက်သွားသည်။

သူတို့နောက်မှ ကျန်သည့် မဟာမှော်ပညာရှင်များကလည်း လှုပ်ရှားလာကြပြီး သူတို့နှစ်ဦးကို ပြန်တည်ငြိမ်အောင် ထိန်းနိုင်ရန် ကူညီပေးလိုက်ကြသည်။ သူတို့က ရှေ့သို့ အကြောင်သား လှမ်းကြည့်လိုက်သောအခါ သူတို့ရှေ့တွင် ဝင်းလက်နေသော မှိန်ဖျော့ဖျော့အလင်းရောင်များကို မြင်လိုက်ရသည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့က အံ့အားသင့်သော အမူအရာများနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဤအရာသည် ဝင်ဘဲလ်ဒန်မြို့ပတ်ပတ်လည်ရှိ မှော်ပိုင်နက်ချိပ်ပိတ်ခြင်းအစီအရင်၏ ဖြစ်စဉ်နှင့် အတိအကျတူညီနေ၏။

“ရှုယီဆိုတဲ့ကောင်လေးက မှော်ပိုင်နက်ချိပ်ပိတ်ခြင်းအစီအရင်ကို တစ်ခါပဲမြင်ဖူးရုံနဲ့ သူ့နောက်ကွယ်က သဘောတရားကို လေ့လာပြီး အခု သူ့ကိုတောင် ပုံတူကူးနိုင်နေပြီတော့ မဖြစ်နိုင်ဘူးလား” ဤစကားကိုပြောနေချိန်၌ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ၏ မျက်လုံးများက ပေါက်ထွက်လုမတတ်ပင်။

“မဖြစ်နိုင်ဘူး” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ချက်ချင်း ခေါင်းယမ်းကာ ဤခန့်မှန်းချက်ကို ငြင်းပယ်လိုက်သည်။ “ဝင်ဘဲလ်ဒန်မြို့ပတ်ပတ်လည်က မှော်ပိုင်နက်ချိပ်ပိတ်ခြင်းအစီအရင်ကို ကျွမ်းကျင်ဘုန်းတော်ကြီးပေါင်းများစွာက နှစ်ပေါင်းရာချီကြာအောင် သေသေချာချာ တည်ဆောက်ခဲ့ရတာ။ ရှုယီက သဘောတရားကို နားလည်တဲ့အထိ လုံလောက်တဲ့ပါရမီရှိရင်တောင် ပုံတူကူးဖို့ မလွယ်ဘူး။ ဒီလောက်အချိန်တိုလေးအတွင်း မာရိုမြို့အပြင်မှာ သူ့ကို ချထားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“အင်း….. ဟုတ်ပါတယ်”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ခဏစဉ်းစားပြီးနောက် ရှေ့သို့ ပျံသန်းသွားကာ ၎င်းကိုစမ်းသပ်ရန် မှော်စွမ်းအင်တစ်မျှင် ထုတ်လွှတ်လိုက်၏။ ထင်သည့်အတိုင်း သူ့ရှေ့ရှိ မှော်နေရာလွတ်အပြောင်းအလဲက ဝင်ဘဲလ်ဒန်မြို့ရှိ မှော်ပိုင်နက်ချိပ်ပိတ်ခြင်းအစီအရင်မှပေးသောခံစားချက်နှင့် တူညီနေသည်။

ထိုအကြောင်းတွေးမိပြီး သူက သူ၏မှော်စွမ်းအားကို အရူးအမူး ထုတ်လွှတ်ကာ သူ၏ပြီးပြည့်စုံသော မှော်ပိုင်နက်ကို အသက်သွင်း၍ သူ့ရှေ့ရှိ မှော်နေရာလွတ်ကို တိုက်ခိုက်လိုက်သည်

သူ၏မှော်ပိုင်နက်က ဤထူးဆန်းသော မှော်နေရာလွတ်နှင့် ထိမိချိန်တွင် သူ့ရှေ့ရှိ မှော်နေရာလွတ်သည် ရေစဉ်သွားသော ဆီပူအိုးတစ်လုံးကဲ့သို့ မှော်စွမ်းအင်ရင်းမြစ်ကို ပို၍ပင် ဝရုန်းသုန်းကားဖြစ်လာစေ၏။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် မှာ အငိုက်မိသွားပြီး ဤဝရုန်းသုန်းကားဖြစ်နေသော မှော်စွမ်းအင်ရင်းမြစ်ထံမှ သူ၏မှော်အစွမ်းထိန်းချုပ်မှုကို ဆုံးရှုံးလိုက်ရလုနီးပါးပင်။

သူက သူ၏မှော်စွမ်းအားကို တိတိကျကျ ထိန်းချုပ်နိုင်စွမ်းရှိပြီး တစ်ခုခုမှားနေကြောင်း ခံစားရသည်နှင့်ချက်ချင်း သူ၏မှော်စွမ်းအားကို ချက်ချင်း ပြန်ဆွဲယူလိုက်သောကြောင့်သာ တော်တော့သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ နှင့် ကျန်သည့် ကျွမ်းကျင်ဘုန်းတော်ကြီးဆယ့်သုံးဦးကလည်း သာမန်လူများမဟုတ်ပေ။ သူတို့က သူတို့ရှေ့ရှိ မှော်နေရာလွတ်နှင့်ပတ်သတ်ပြီး ထူးဆန်းနေမှုကို အလိုလိုခံစားလိုက်ရပြီး သူတို့၏အမူအရာများက ပြောင်းလဲသွားကြသည်။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များထံမှ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုတစ်ခုက မှော်နေရာလွတ်ထဲတွင် ဤမျှကြောက်မက်ဖွယ်ကောင်းသော အပြောင်းအလဲများ ဖန်တီးနိုင်ခြင်းသည် သူတို့မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေ၏။

“ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ” မှော်ပညာရှင်ဆယ့်သုံးဦးလုံး ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ထံ လှည့်ကြည့်လိုက်ကြသည်။

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က မည်သည်ကိုမျှမပြောဘဲ ခေါင်းကိုသာမော့၍ သူ၏မှော်စွမ်းအားကို ထုတ်လွှတ်ကာ သူ့ပတ်ပတ်လည်ကို စစ်ဆေးလိုက်သည်။

အတန်ကြာပြီးနောက် သူ့ကိုဗဟိုပြုလျှက် သူ၏မှော်အစွမ်းက သူ့ထံမှ နှစ်ကီလိုမီတာအကွာထိ ရောက်သွားသည်။

စစ်ဆေးရေးက ကျန်သည့် အရပ်မျက်နှာများတွင် ပြဿနာမရှိဘဲ သူတို့ရှေ့ အဝန်းအဝိုင်းတစ်ခုထဲရှိ ဤထူးဆန်းသော မှော်နေရာလွတ်ကသာ မာရိုမြို့တစ်ခုလုံးကို ဖုံးအုပ်ထားကြောင်း ပြသနေ၏။ ၎င်းသည် သိသာထင်ရှားစွာပင် သူတို့ကို မာရိုမြို့တွင်းမဝင်နိုင်အောင် တားဆီးထားရန်ပင်။

“အခုလောလောဆယ်တော့ တစ်ခြားနည်းမရှိဘူး။ အားလုံးပဲ ကိုယ့်ရဲ့မှော်စွမ်းအားအကုန်လုံးကိုသုံးပြီး ဒီထူးဆန်းတဲ့ မှော်အတားအဆီးကို တိုက်ခိုက်ကြ” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။ “ဒီအတားအဆီးကို ချိုးဖျက်နိုင်တာနဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့အစောင့်တွေက ငါတို့ကိုတားဖို့ နည်းလမ်းရှိဦးမယ်လို့ ငါမယုံဘူး”

“ကောင်းပါပြီ”

မဟာမှော်ပညာရှင်များအားလုံး သဘောတူလိုက်ကြသည်။

သူတို့လှုပ်ရှားတော့မည်အပြု၌ မဟာမှော်ပညာရှင်တစ်ဦးက သူတို့ရှေ့တည့်တည့်ရှိ လေဟာနယ်ကို ထိုးပြလိုက်သည်။

လူတိုင်း မော့ကြည့်လိုက်ကြပြီး မာရိုမြို့၏ တောင်ဘက်ကောင်းကင်ယံတွင် မှော်လေသင်္ဘောပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော တိမ်တိုက်တစ်ခုက သူတို့ထံပျံသန်းလာနေသည်ကို တွေ့လိုက်ရ၏။

လူတိုင်း၏အကြည့်များ ထိုမှော်လေသင်္ဘောများထံ ကျရောက်သွားရုံရှိသေး မှော်လေသင်္ဘောများထံမှ ထွက်‌လာသော တောက်ပသည့် အဖြူဆွတ်ဆွတ်အလင်းတန်းများက သူတို့ရှေ့၌ ချက်ချင်းပေါ်လာသည်။

ဤအလင်းရောင်များတွင် ကြောက်မက်ဖွယ်စွမ်းအား ပါဝင်နေမှန်း ခံစားလိုက်ရပြီး မဟာမှော်ပညာရှင်ဆယ့်သုံးဦးသာမက ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာနှင့် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် တို့၏ အမူအရာများပင် ပြောင်းလဲသွားတော့သည်။

***

Volume 7 အခန်း ၁၁၆ ။ မဟာမှော်ပညာရှင်တွေလည်း ဝန်ထုပ်ဝန်ပိုးဖြစ်သွားပြီ

ရှောင်တိမ်းချိန်မရသောကြောင့် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်၊ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ နှင့် အခြားမဟာမှော်ပညာရှင်ဆယ့်သုံးဦးမှာ အားကုန်သုံး၍ သူတို့၏ မှော်အတားအဆီးများ ထုတ်လွှတ်ကာ သူတို့ကိုယ်သူတို့ ဖုံးလွှမ်းလိုက်ရုံသာ တတ်နိုင်တော့သည်။

အဖြူရောင်အလင်းတန်းများက မှော်အတားအဆီးနှင့် ထိမိသွားချိန်တွင် သူတို့မျှော်လင့်ထားသည့်အတိုင်း ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖန်တီးလိုက်၏။ သို့သော် အသံက ပူဖောင်းအများအပြား တဖောက်ဖောက်မြည်နေသကဲ့သို့ အလွန်သေးမျှင်ပြီး အဖြူဆွတ်ဆွတ်အလင်းစက်များက ထိုနယ်နိမိတ်တစ်ခွင် ဖြန့်ထွက်သွားသည်။

“သေစမ်း”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့မှာ ဤသို့သာ အော်ချိန်ရလိုက်ပြီး သူတို့ပတ်ပတ်လည်ရှိ မှော်နေရာလွတ်က အတော်လေး မတည်မငြိမ်ဖြစ်လာသည်။

သူတို့နှစ်ဦးက သူတို့၏ ကြီးမားသော မှော်စွမ်းအင်ထိန်းချုပ်နိုင်စွမ်းနှင့်အတူ သူတို့၏မှော်အတားအဆီးများကို ခက်ခက်ခဲခဲဖြင့် ထိန်းထားလိုက်နိုင်သော်လည်း အားနည်းသော မဟာမှော်ပညာရှင်ဆယ့်သုံးဦးကမူ ကောင်းကင်ယံ၌ စတင်ယိမ်းယိုင်လာကြ၏။ သူတို့၏ မှော်အတားအဆီးများကို ထိန်းထားနိုင်ရန်မဆိုထားနှင့် ကောင်းကင်၌နေရန်ပင် သူတို့အတွက် ခက်ခဲလာသည်။

သူတို့ယူဆောင်လာသော တိုက်ခိုက်မှုသည် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များ မာရိုမြို့တံတိုင်းများမှ ပစ်လိုက်သော အပြာဖျော့ဖျော့အလင်းတန်းများနှင့် သူတို့၏ မှော်တင့်ကားများနှင့် လုပ်ဆောင်ချက်တူ၏။

ဤသို့သော တိုက်ခိုက်မှုမျိုးသည် Frestech ကုန်သည်ကြီးများအသင်း၏ မှော်ပညာရှင်များအပေါ် ပစ်မှတ်ထားသောနည်းလမ်း ဖြစ်သည့်ပုံပင်။ အဘယ့်ကြောင့်ဆိုသော် သာမန်တပ်သားများသည် သူတို့ပတ်ပတ်လည်ရှိ မှော်စွမ်းအင်ရင်းမြစ်ကို မခံစားနိုင်သောကြောင့် မှော်နေရာလွတ်တွင် နှောင့်ယှက်ခံလိုက်ရခြင်းက သူတို့အပေါ် သက်ရောက်မှုမရှိချေ။

သို့သော် ခြားနားချက်မှာ ထိုမှော်လေသင်္ဘောများထံမှလာသော အလင်းရောင်များက သိသိသာသာပင် ပိုအဆင့်မြင့်၏။

ပြီးခဲ့သော တိုက်ခိုက်မှုများ၌ မဟာမှော်ပညာရှင်များသည် စိတ်အေးလက်အေးနှင့် မထိမခိုက်အောင် ထိန်းထားနိုင်ခဲ့သော်လည်း ဤတိုက်ခိုက်မှုကြောင့် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့ပင် အကြီးအကျယ် ရိုက်ခတ်ခံလိုက်ရသည်။ ဤတိုက်ခိုက်မှုက မည်မျှစွမ်းအားကြီးမှန်း သိသာထင်ရှားလှ၏။

“အိုဖာလျန် ကြည့်ရတာ မင်းရဲ့စောစောက ခန့်မှန်းချက် မမှန်တဲ့ပုံပဲ။ Frestech ကုန်သည်ကြီးများအသင်းရဲ့ အရုပ်တွေက မင်းရဲ့မှော်ပိုင်နက်နဲ့ တစ်‌စက်လေးမှ မတူဘူး။ အနည်းဆုံးတော့ မင်းရဲ့မှော်ပိုင်နက်နဲ့ရင်ဆိုင်ရတဲ့အချိန်ကျရင် ငါ ဒီလောက်အများကြီး မခံစားရလောက်ဘူး” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က မျက်ခုံးများ တွန့်ချိုးသွား၏။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ၏ မျက်နှာက ရေပြင်ကဲ့သို့ တည်ငြိမ်နေဆဲဖြစ်ပြီး သံသယများပြည့်နေသော မျက်လုံးများနှင့် အဝေးရှိ မှော်လေသင်္ဘောများထံ ကြည့်နေသည်။ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ၏ စကားကို ကြားချိန်တွင် သူ ခေါင်းယမ်းလိုက်သည်။

“ငါလည်းမသိတော့ဘူး ရှုယီမှာ သူ့ကိုယ်ပိုင်နားလည်မှုရှိနေတာ ဒါမှမဟုတ် Frestech ကုန်သည်ကြီးများအသင်းက ဒီတလော သူတို့နဲ့သက်ဆိုင်တဲ့ တစ်ခုခု တီထွင်နေတာ ဖြစ်ချင်ဖြစ်မယ်။ လိုရင်းပြောရရင်….. ငါတို့အခြေအနေက သိပ်မကောင်းဘူး။ ငါတို့ရဲ့ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု အရင်ရှာသင့်တယ်”

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ခေါင်းငြိမ့်ပြလိုက်သည်။ သူက အသက်ပြင်းပြင်းရှူကာ မှော်စွမ်းအားအကုန်လုံးကို ထုတ်လွှတ်ပြီး သူ၏ ပြီးပြည့်စုံသော မှော်ပိုင်နက်ကိုသုံးလျှက် သူ့ပတ်ပတ်လည်ရှိ ဝရုန်းသုန်းကားဖြစ်နေသော မှော်နေရာလွတ်ကို တည်ငြိမ်အောင်လုပ်နိုင်ခြင်းရှိမရှိ စမ်းကြည့်ရန် ကြိုးစားလိုက်သည်။

သို့သော် သူလှုပ်ရှားလိုက်သည်နှင့် မှော်လေသင်္ဘောများကလည်း လှုပ်ရှားလာ၏။

ဤတစ်ကြိမ်တွင် မှော်လေသင်္ဘောများက အဖြူဆွတ်ဆွတ်အလင်းတန်းများ မထုတ်တော့ဘဲ သူတို့ရှိရာထံ မီးလုံးအများအပြား ပစ်လွှတ်လိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးအပါအဝင် မှော်ပညာရှင်ဆယ့်ငါးဦးမှာ ဤအချင်းအရာကိုမြင်ပြီး သူတို့၏အမူအရာများ ပြောင်းလဲသွား၏။

သူတို့၏မှော်စွမ်းအားများနှင့် စစ်ကြည့်ရန်မလိုဘဲ မျက်လုံးနှင့်ကြည့်ရုံဖြင့်ပင် ဤမီးလုံးများထဲ၌ ကြောက်မက်ဖွယ်အင်အားပါဝင်မှန်း သူတို့မြင်နိုင်သည်။

သို့သော် သူတို့သည် စောစောကတိုက်ခိုက်မှု၏ ရိုက်ခတ်ခြင်းခံထားရသည့်အတွက် သူတို့ပတ်ပတ်လည်ရှိ မှော်နေရာလွတ်က ဖရိုဖရဲရှိနေဆဲဖြစ်ပြီး သူတို့အနီးတစ်ဝိုက်ရှိ မှော်စွမ်းအင်ရင်းမြစ်ကိုလည်း စိတ်ရှိတိုင်း မထိန်းချုပ်နိုင်ကြချေ။ ထို့အတွက် သူတို့က မတိုင်မီကကဲ့သို့ သူတို့ကိုယ်သူတို့ကာကွယ်ရန် မှော်အတားအဆီးများ မထုတ်လွှတ်နိုင်တော့ချေ။

သူတို့သာ မှော်အတားအဆီး၏ အကာအကွယ်ဆုံးရှုံးသွားလျှင် သူတို့၏ကာကွယ်မှုများက သာမန်လူတစ်ယောက်ထက် များစွာ ပိုအားကောင်းမည်မဟုတ်ပေ။

ဤသို့သော ကြောက်မက်ဖွယ်တိုက်ခိုက်မှုကိုသာ မရှောင်နိုင်လျှင် သူတို့ သေရုံသာရှိတော့သည်။

ထိုမှော်လေသင်္ဘောများထံမှ တိုက်ခိုက်မှုများက အလွန်လျင်မြန်၏။ မှော်လေသင်္ဘောမှ လွှတ်လိုက်သည်နှင့် ၎င်းတို့က မျက်စိတစ်မှိတ်အတွင်း သူတို့ရှေ့တွင် ရောက်နေပြီဖြစ်သည်။

ဤတစ်ကြိမ်တွင် ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးသာ ခုခံနိုင်စွမ်းရှိတော့၏။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့မှာ တုံ့ဆိုင်းမနေရဲဘဲ သူတို့၏မှော်စွမ်းအားအကုန်လုံးနှင့် သူတို့၏မှော်ပိုင်နက်များ ထုတ်လွှတ်ကာ သူတို့ကိုယ်သူတို့နှင့် သူတို့အနီးတစ်ဝိုက်ရှိ မဟာမှော်ပညာရှင်ဆယ့်သုံးဦးကို ဖုံးလွှမ်းလိုက်သည်။

သူတို့၏ ပိုင်နက်နှစ်ခု၏ အရည်အသွေးများက မတူသော်လည်း နှစ်ယောက်သားက တိတ်ဆိတ်စွာ ပူးပေါင်းလုပ်ကိုင်ခြင်းနှင့် သူတို့၏စွမ်းအားအလုံးစုံ ထုတ်လွှတ်လိုက်ခြင်းတို့ ပေါင်းသောအခါ သူတို့ပတ်ပတ်လည်ရှိ နယ်နိမိတ်ကြီးတစ်ခုထဲရှိ မှော်နေရာလွတ်ကို ပြန်ထိန်းချုပ်နိုင်လာသည်။ ၎င်းသည် မတိုင်မီက ဖရိုဖရဲဖြစ်နေသော မှော်နေရာလွတ်ကိုလည်း ထပ်မံထိန်းချုပ်နိုင်လာစေသည်။

ကြောက်မက်ဖွယ်အင်အားပါဝင်သော မီးလုံးပေါင်းများစွာက သူတို့ရှေ့တွင် ရောက်နေပြီဖြစ်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ယောက်မှာ စဉ်းစားနေချိန်မရဘဲ သူတို့၏ မှော်စွမ်းအားအကုန် ထပ်မံထုတ်လွှတ်ကာ ခက်ခက်ခဲခဲဖြင့် သူတို့ထိန်းချုပ်ထားသော မှော်နေရာလွတ်ထဲရှိ မှော်စွမ်းအင်ရင်းမြစ်ကို စုစည်းပြီး မှော်အတားအဆီးနှစ်ခုဖွင့်၍ သူတို့ကိုယ်သူတို့နှင့် သူတို့နောက်ရှိ မဟာမှော်ပညာရှင်များကို ကာကွယ်လိုက်သည်။

“ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း”

ဤတိုက်ခိုက်မှုသည် မတိုင်မီကတစ်ခုကဲ့သို့ တိတ်ဆိတ်ခြင်းမရှိဘဲ မရေမတွက်နိုင်သော ဧရာမမီးလုံးကြီးများအဖြစ် ပေါက်ကွဲသွားကာ ကောင်းကင်ကို အနီရင့်ရင့်အရောင် ပြောင်းသွား၏။

ပေါက်ကွဲသံများက အဝေးသို့ပျံ့သွားပြီး အနောက်တောင်ပိုင်းအုပ်ချုပ်ရေးမှူးစံအိမ်မှ တပ်ကူအဖွဲ့နှင့် ကျန်နေရစ်သော မှော်ပညာရှင်များကို စိုးရိမ်ပူပန်စပြုလာစေသည်။

သူတို့က ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးနှင့် မဟာမှော်ပညာရှင်ဆယ့်သုံးဦးအပေါ် ယုံကြည်မှုရှိသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောများ၏ စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းပုံ ပေါ်သောကြောင့် သူတို့ မစိုးရိမ်ဘဲမနေနိုင်ကြတော့ချေ။

တစ်မိနစ်ခန့်ကြာပြီးနောက် ပေါက်ကွဲသံများ ရပ်သွားပြီး မီးတောက်များ လွင့်ပြယ်သွားကာ လေထဲတွင် ပုံရိပ်များ တဖြည်းဖြည်းပေါ်လာ၏။

ကန်ဒရာအင်ပါယာမှလူများက သေချာကြည့်လျှက် မည်သူမျှမပျောက်မှန်း မြင်လိုက်ပြီး ဆယ်ငါးအထိရေပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ကောင်းလှပေသည်။ Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောများတွင် ကြောက်မက်ဖွယ်တိုက်ခိုက်နိုင်စွမ်း ရှိလျှင်တောင် သူတို့က ပြိုင်ဘက်ကင်းအောင်စွမ်းအားကြီးသော ကျွမ်းကျင်ဘုန်းတော်ကြီးများအား မည်သည်ကိုမျှ လုပ်နိုင်မည်မဟုတ်ပေ။

မသိလိုက်မသိဘာသာနှင့် သူတို့က မဟာမှော်ပညာရှင်ဆယ့်သုံးဦးကို ဖယ်ချန်ထားမိနေပြီဖြစ်သည်။

သို့သော် အဝေးရှိ တပ်ဖွဲ့နှင့် နောက်တွင်ကျန်ရစ်သော မှော်ပညာရှင်များထံမှ ဩဘာသံများကို ကြားလိုက်ရသောအခါ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခါးသီးသော အပြုံးများ ဖြစ်ပေါ်လာ၏။

သူတို့ ဤကြောက်မက်ဖွယ်တိုက်ခိုက်မှုကို တားဆီးကာ သူတို့၏မှော်အတားအဆီးကို ထိန်းသိမ်းလိုက်နိုင်ခြင်းက အတော်လေးလွယ်ကူသယောင်ထင်ရသော်လည်း သူတို့ပတ်ပတ်လည်ရှိ မှော်နေရာလွတ်ကို ပြန်ယူရန် မှော်ပိုင်နက်များ အသုံးပြုခြင်းကပင် မှော်စွမ်းအားအတော်လေး ကုန်နေပြီဖြစ်သည်။

ထို့နောက် ထိုကြောက်မက်ဖွယ်တိုက်ခိုက်မှုကို ခုခံလိုက်ချိန်တွင် သူတို့၏မှော်စွမ်းအားကုန်ခမ်းမှုက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသေးသည်။ လှုပ်ရှားမှုတစ်ခုတည်းနှင့် အဆုံးအစမဲ့သကဲ့သို့ ထင်မှတ်ရသော မှော်စွမ်းအားပမာဏက သုံးပုံတစ်ပုံလျော့သွားပြီဖြစ်သည်။

သူတို့သာ ဤသို့ အကြိမ်ပေါင်းများစွာ လုပ်ရမည်ဆိုလျှင် သူတို့ကိုယ်တိုင်ကပင် ၎င်းကိုရပ်တန့်ရန် ယုံကြည်မှုမရှိချေ။

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က အတွေးတစ်ခုပေါ်လာကာ သက်ပြင်းချလိုက်ပြီးနောက် မဟာမှော်ပညာရှင်ဆယ့်သုံးဦးထံ လှည့်ပြောလိုက်သည်။ “ကဲ မင်းတို့ပြန်လို့ရပြီ”

မဟာမှော်ပညာရှင်ဆယ့်သုံးဦးလုံး ကြောင်အမ်းသွားကြ၏။

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ၏ ဆိုလိုရင်းမှာ….. သူတို့က ဤနေရာ၌ အသုံးမဝင်တော့ဟု ဆိုလိုခြင်းပေလော။

သို့သော် ထိုသို့တွေးကြည့်လျှင် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ လုံးဝမမှားပေ။

စောစောက ထိုတိုက်ခိုက်မှုသည် သူတို့၏စွမ်းအားအကုန်လုံးကို ယူဆောင်သွားပြီဖြစ်ပြီး သူတို့က လေထဲ၌ ပျံနိုင်ရုံရှိတော့သည်။

ထို့နောက် နောက်လာသည့် တိုက်ခိုက်မှုတွင် သူတို့ကို အကာအကွယ်ပေးနေသော ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ပါးသာမရှိလျှင် သူတို့က ချက်ချင်း မပေါက်ကွဲသွားလျှင်တောင် သေလုနီးပါး ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ရိုးရိုးသားသားပြောရလျှင် သူတို့ ဤနေရာတွင်ရှိနေလျှင်တောင် အကူအညီဖြစ်မည်မဟုတ်ဘဲ ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ပါးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာပြီး သူတို့အားကာကွယ်ရန်အတွက် မှော်အစွမ်းများ အတင်းအကြပ် သုံးခိုင်းသလို ဖြစ်နေပေလိမ့်မည်။

ဤသို့တွေးကာ မဟာမှော်ပညာရှင်ဆယ့်သုံးဦးမှာ စိတ်ဓာတ်ကျသွားသည်။

သူတို့သည် လူလေးစားခံရသော မဟာမှော်ပညာရှင်များဖြစ်၏။

ကန်ဒရာအင်ပါယာ၌ပင် သူတို့က သွားလေရာ၌ လေးစားခံရသူများ ဖြစ်ခဲ့သည်။ သူတို့သည် မှော်ပညာရှင်အဝန်းအဝိုင်းဖွဲ့စည်းမှု၌ အပေါ်ဆင့်တွင်ရှိနေသူများ ဖြစ်သော်လည်း ယခု သူတို့က ဝန်ထုပ်ဝန်ပိုးများ ဖြစ်နေကြ၏။

သို့သော် သူတို့ မည်မျှမလိုလားပါစေ ဤအမှန်တရားကို အသိအမှတ်ပြုရပေမည်။

သူတို့ရှေ့တွင် ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးရှိနေသည်သာမက ယခု သူတို့စိတ်ပျက်နေရမည့်အချိန် မဟုတ်ပေ။

ထို့ကြောင့် မဟာမှော်ပညာရှင်ဆယ့်သုံးဦးမှာ ခေါင်းငြိမ့်သဘောတူပြီး လှည့်ထွက်သွားရုံသာ တတ်နိုင်တော့သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောများက လုံးဝမရပ်ပေ။ သူတို့ လှုပ်ရှားရန် ပြင်လိုက်သည်နှင့်ချက်ချင်း နောက်ထပ်တိုက်ခိုက်မှု ပို့လိုက်သည်။

ဤတစ်ကြိမ်တွင် တိုက်ခိုက်မှုနှစ်ခု တစ်ချိန်တည်း ထုတ်လွှတ်လိုက်ခြင်းဖြစ်၏။

ပထမတိုက်ခိုက်မှုက အဖြူဆွတ်ဆွတ်အလင်းတန်းများဖြစ်ပြီး သူတို့နောက်မှ အနီရောင် မီးလုံးနီပေါင်းများစွာ လိုက်ပါလာသည်။

“ဟမ့် မင်းတို့က ငါတို့အကုန်လုံးကို ဒီမှာ ပိတ်ထားမယ်ပေါ့” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က အေးစက်စွာ နှာမှုတ်လိုက်သည်။ သူက မှော်စွမ်းအင်အားလုံးစုစည်းကာ သူရှေ့တွင် သူ၏မှော်ပိုင်နက်ကို ဖြန့်ကျက်လျှက် ရှေ့ရှိ မှော်နေရာလွတ်ကို ထိန်းချုပ်လိုက်သည်။

“ငါတို့ မင်းတို့ကိုကာကွယ်ပေးထားမယ် မင်းတို့ အရင်ဆုံးထွက်သွားကြ ” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က မဟာမှော်ပညာရှင်ဆယ့်သုံးဦးအား လက်ဝေ့ယမ်းပြလိုက်သည်။ ထို့နောက် သူက ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်နောက် လိုက်သွားပြီး မှော်နေရာလွတ်ကို ထိန်းချုပ်ရန် သူ၏မှော်ပိုင်နက်ကို သုံးလိုက်သည်။

စောစောက တိုက်ခိုက်မှုကို ဖြေရှင်းပြီးနောက် သူတို့ အတွေ့အကြုံအချို့ ရနေပြီဖြစ်သည်။ အဖြူဆွတ်ဆွတ်အလင်းတန်းများက သူတို့ပတ်ပတ်လည်ရှိ မှော်နေရာလွတ်ကို မဖျက်ဆီးမီ သူတို့က မှော်နေရာလွတ်ကို ထိန်းချုပ်မှုရယူထားမှ နောက်လာမည့် တိုက်ခိုက်မှုကို ဖြေရှင်းနိုင်မည်ဖြစ်မှန်း သူတို့သိသည်။

ထင်သည့်အတိုင်း ရှေ့ဆုံးမှ ဆွတ်ဆွတ်ဖြူနေသော အလင်းတန်းများက ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ၏ မှော်ပိုင်နက်ကို ဆောင့်တိုက်လိုက်ပြီး မတိုင်မီကကဲ့သို့ ချက်ချင်းပေါက်ကွဲသွားသည်။

ထို့နောက် မှော်ပိုင်နက်မှာ ဆိုးဆိုးရွားရွား တိုက်ခိုက်ခံလိုက်ရသောကြောင့် သူ့ကို သူ၏မှော်ပိုင်နက်အား ထိန်းချုပ်မှု လွတ်သွားစေသည်။

ဤအချင်းအရာက သူ့အား တုန်လှုပ်သွားစေသည်။

မှော်ပိုင်နက်များကို ထိန်းချုပ်နိုင်သော ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးအနေဖြင့် သူသည် အခြားမှော်ပညာရှင်များ၏ မှော်ပိုင်နက်အပေါ် နားလည်မှုထက် ကျော်လွန်နေပြီဖြစ်သည်။

ပုံမှန်အရဆိုလျှင် သူက နောက်ထပ် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးနှင့် တွေ့ချိန်မှသာ သူ၏မှော်ပိုင်နက်က မတည်မငြိမ်ဖြစ်လာပေမည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းက ကျွမ်းကျင်ဘုန်းတော်ကြီးမဆိုထားနှင့် မှော်ပညာရှင်တစ်ဦးပင် မပို့လိုက်ချေ။ သူတို့က မှော်လေသင်္ဘောများနှင့် ပေါင်းလိုက်သောအခါ ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက်၏ စွမ်းအားကို ယှဉ်နိုင်သွားသည်။ ၎င်းက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှ၏။

“ဝုန်း ဝုန်း ဝုန်း ဝုန်း”

အဖြူဆွတ်ဆွတ်အလင်းတန်းများနောက်တွင် မီးလုံးအများအပြားလည်း ကပ်ပါလာ၏။ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ၏ မတိုင်မီက ပြင်ဆင်ထားသော မှော်အတားအဆီးမှာ စွမ်းအားကြီးသော ပေါက်ကွဲမှုများနှင့် ဝင်တိုက်မိသွားသည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် သည် သူ၏မှော်စွမ်းအားက ပေါက်ကွဲမှုတစ်ခုစီနှင့်အတူ သိသိသာသာ ကျဆင်းနေကြောင်း ခံစားလိုက်ရပြီး ဤသို့ဆက်နေ၍ မဖြစ်မှန်း သိလိုက်သည်။

“လာဒူကာ ငါတို့ကိုယ်ငါတို့ ဒီလိုအထိအမှန်ခံနေရတာကို ခွင့်ပြုထားလို့မဖြစ်တော့ဘူး။ ငါတို့……”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ထံ လှည့်ကြည့်လိုက်ရုံရှိသေး ပြောလက်စစကားက တစ်ဝက်တစ်ပျက်နှင့် ရပ်သွား၏။

ယခုလေးတင် ထွက်ခွာရန် သူတို့အမိန့်ပေးခဲ့သော မဟာမှော်ပညာရှင်ဆယ့်သုံးဦးက သူတို့နောက်တွင် ရှိနေဆဲဖြစ်သည်ကို အံ့ဩဖွယ်တွေ့လိုက်ရသည်။ သူတို့ထဲက တစ်ယောက်မျှ ပြန်မဆုတ်ရသေးပေ။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က မျက်မှောင်ကြုတ်ကာ မေးခွန်းတစ်ခု အော်မေးလိုသော်လည်း မဟာမှော်ပညာရှင်များထဲမှ တစ်ဦးက တံတွေးမျိုချလိုက်ပြီးနောက် မျက်နှာထက်တွင် အရုပ်ဆိုးသော အမူအရာနှင့် ပြောလာသည်။ “အရှင်ကျွမ်းကျင်ဘုန်းတော်ကြီး ကျွန်တော်…… ကျွန်တော်တို့ လုံးဝထွက်သွားလို့ မရတော့ဘူး……”

***

မှော်စက်မှုအင်ပါယာ

Volume 7 အခန်း ၁၁၇ ။ မှော်လှောင်အိမ်

“ထွက်သွားလို့မရဘူး ဟုတ်လား” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ကြောင်အမ်းသွား၏။ “ဘာအဓိပ္ပာယ်လဲ”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် အဝေးဆုံးနေရာရှိ မဟာမှော်ပညာရှင်က လေထဲတွင် လက်ဆန့်ထုတ်လိုက်သောအခါ သေးမျှင်သော လျှပ်စစ်ဓာတ်အား အငွေ့အသက်တို့ ရုတ်တရက် ပေါ်လာ၏။ ၎င်းက လျင်မြန်စွာ ဖြန့်ထွက်သွားပြီး လေထဲရှိ စတုရန်းမီတာပေါင်းများစွာကျယ်သည့် နယ်နိမိတ်ကို ဖုံးလွှမ်းလိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ၏ အမူအရာက ပြောင်းလဲသွား၏။

“မှော်ပိုင်နက်ချိပ်ပိတ်ခြင်းအစီအရင်? ဒါက မာရိုမြို့မှာ ရှိနေသင့်တာမဟုတ်ဘူးလား။ ဘယ်လိုလုပ် ရုတ်တရက် ငါတို့နောက်ရောက်နေတာလဲ”

“ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း”

နောက်ထပ် အားကောင်းသော ပေါက်ကွဲမှုများ အတွဲလိုက်ဖြစ်လာပြန်သော်လည်း ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က လှုပ်ရှားကာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောများထံမှ ထိုတိုက်ခိုက်မှုများကို တားဆီးလိုက်သည်။

“ဟူး…… အိုဖာလျန် ငါ စောစောက စစ်ဆေးကြည့်လိုက်တော့ ဒီမှော်ပိုင်နက်ချိပ်ပိတ်ခြင်းအစီအရင်က ငါတို့ မှော်လေသင်္ဘောတွေကို အာရုံစိုက်နေတုန်း သူ့ရဲ့အဝန်းအဝိုင်းကို ပြောင်းလိုက်တာ။ အဲ့ဒါက အခု ငါတို့ကို ဝိုင်းထားပြီးပြီ။ Frestech ကုန်သည်ကြီးများအသင်းက ကောင်တွေက ဒါကို အစီအစဉ်ဆွဲထားပြီး ငါတို့ကို ဒီထောင်ချောက်ထဲ မျှားခေါ်ခဲ့တဲ့ပုံပဲ” ကျွမ်းကျင်ဘုန်းတော်ကြီး အနည်းငယ် ဟောဟဲလိုက်ရင်း ပြောသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မှော်ပိုင်နက်ချိပ်ပိတ်ခြင်းအစီအရင်က ချဖို့ အချိန်အကြာကြီးယူရတာ။ Frestech ကုန်သည်ကြီးများအသင်းက ကောင်တွေက မာရိုမြို့ကို ကာကွယ်နိုင်တာတောင် လွန်နေပြီကို တိုက်ရင်းခိုက်ရင်း ဘယ်လိုလုပ် စိတ်ရှိသလို ပြောင်းနိုင်မှာလဲ။ သူတို့က ဘယ်လိုလုပ်ပြီး ငါတို့ကို အဲ့ဒါထဲမှာ တိတိကျကျ‌ ထောင်ဖမ်းနိုင်မှာလဲ” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က မယုံကြည်နိုင်သည့် အမူအရာနှင့် အော်ဟစ်လိုက်သည်။

“ဒါ အမှန်တရားပဲ” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က စိတ်ဓာတ်ကျနေသော အမူအရာနှင့် ပျံတက်သွားပြီး လက်ချောင်းတစ်ချောင်း ဆန့်ထုတ်လိုက်သည်။ သူ့လက်ချောင်းထိပ်ဖျားတွင် မှော်စွမ်းအားစုတစ်စု ပေါ်လာပြီး သူက ၎င်းကို လက်ညှိုးဖြင့် ထိုးလိုက်၏။

ဤပုံမှန်ဟုထင်ရသော ဟင်းလင်းပြင်သည် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ၏ လက်ချောင်းနှင့် ထိမိချိန်တွင် တည်ငြိမ်နေသော ရေပြင်ထဲသို့ ပစ်ချလိုက်သည့် ကျောက်တုံးတစ်တုံးကဲ့သို့ပင်။ လေထဲတွင် ရောင်စုံလျှပ်စီးတန်းပေါင်းများစွာ ပေါ်လာပြီး အရူးအမူးဖြန့်ထွက်သွားကာ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်လိုက်သည်။

မော့ကြည့်လိုက်သောအခါ လျှပ်စီးတန်းများက အောက်သို့ကွေးသွားသည့် စက်ဝိုင်းတစ်ဝက်ပုံစံတစ်ခု ဖွဲ့စည်းလိုက်သည်။ ၎င်းက မီတာငါးဆယ်ခန့်မြင့်ပြီး အချင်း မီတာတစ်ရာကို ဖုံးလွှမ်းလျှက် ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးအပါအဝင် မှော်ပညာရှင်ဆယ့်ငါးဦးကို လွှမ်းခြုံသွားသည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် မှာ ပတ်ပတ်လည်သို့ကြည့်၍ သူ့အမူအရာက ပြောင်းလဲသွား၏။

“လာဒူကာ ဒီအတားအဆီးက ဝင်ဘဲလ်ဒန်မြို့က မှော်ပိုင်နက်ချိပ်ပိတ်ခြင်းအစီအရင်နဲ့ တူတူပဲဆိုတာ သေချာလား”

“မဟုတ်ဘူး” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ပြန်လည်ဆင်းသက်လာပြီး ခေါင်းယမ်းလိုက်သည်။ “သေချာပေါက် အတူတူမဟုတ်ဘူးပေါ့။ ဝင်ဘဲလ်ဒန်မြို့က မှော်ပိုင်နက်ချိပ်ပိတ်ခြင်းအစီအရင်က အသက်သွင်းလိုက်တာနဲ့ အစီအရင်အတွင်းရော အပြင်ရောမှာရှိတဲ့ မှော်စွမ်းအားမှန်သမျှကို ဖြတ်တောက်ပစ်တဲ့အတွက်ကြောင့် မန္တန်အားလုံးကို ရပ်သွားစေတယ်။ အခု ငါတို့ပတ်ပတ်လည်မှာ ရှိတာက….. မှော်ပိုင်နက်ချိပ်ပိတ်ခြင်းအစီအရင်လို့ မခေါ်ဘဲ ငါတို့အတွက်ပြင်ဆင်ထားတဲ့ မှော်လှောင်အိမ်လို့ ခေါ်သင့်တာ။ ငါတို့က ထွက်သွားလို့မရပေမယ့် အပြင်က တိုက်ခိုက်မှုတွေကတော့ ဝင်လာလို့ရနေတုန်းပဲ။ ကြည့်……”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က မျက်မှောင်ကြုတ်ပြီး သူ၏မှော်စွမ်းအားအကုန်လုံးထုတ်သုံးကာ မှော်အတားအဆီးတစ်ခု ဖန်တီးလျှက် Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောများထံမှ တိုက်ခိုက်မှုနောက်တစ်သုတ်ကို တားဆီးလိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် သူ့အမူအရာသည် မတိုင်မီကကဲ့သို့ ပေါ့ပေါ့ပါးပါးမရှိတော့ချေ။

သုံးကြိမ်မြောက်တိုက်ခိုက်မှုကို ရင်ဆိုင်ပြီးရုံမျှရှိသေး သူ့မှော်စွမ်းအား၏ တစ်ဝက်က ကုန်ခမ်းသွားပြီဖြစ်ကြောင်း သူတွေ့လိုက်ရသည်။

မှော်လေသင်္ဘောများသည် ရပ်တန့်မည့်ပုံမပေါ်သောကြောင့် သူက ၎င်းတို့ကို ဆက်လက်တားဆီးနိုင်ရန် ယုံကြည်ချက်မရှိပေ။

“ထွက်နိုင်ဖို့ နည်းလမ်းရှိလား” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က မေးလိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ခဏစဉ်းစားပြီးနောက် ခေါင်းငြိမ့်လိုက်သည်။

“ငါ သူတို့နဲ့အတူ စမ်းကြည့်လိုက်မယ် မင်းက တိုက်ခိုက်မှုတွေကိုတားပြီး အချိန်ဆွဲပေးထား။ ဒါပေမယ့် မင်း ဆက်ထိန်းမထားနိုင်ရင် ငါနဲ့နေရာလာလဲလှည့်”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ “အခုတော့ အဆင်ပြေပါတယ် ဒါပေမယ့် အဲ့ဒီကောင်တွေ ဒီလိုမျိုး ဆက်တိုက်နေမယ်ဆိုရင် ငါ ကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူး”

“ငါသိတယ်” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်၏ ပခုံးကိုပုတ်လိုက်၏။ ထို့နောက် မဟာမှော်ပညာရှင်ဆယ့်သုံးဦးနှင့်အတူ လှည့်ထွက်သွားပြီး ထူးဆန်းသော မှော်လှောင်အိမ်အနီးတွင် စုဝေးကာ ၎င်းကို စတင်လေ့လာလိုက်ကြသည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က အဝေးရှိ မှော်လေသင်္ဘောများက မီးတောက်များ ထပ်မံစုစည်းနေသည်ကို မြင်လိုက်ရပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူက အာရုံစူးစိုက်ကာ သူ၏မှော်စွမ်းအားအကုန်လုံး ထုတ်လွှတ်လိုက်သည်။

“ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း”

ပေါက်ကွဲသံများ ထွက်ပေါ်လာသော်လည်း အသံက အခြားသူတို့၏နားထဲ ကျရောက်သွားချိန်တွင် ၎င်းက မတူညီသော တုံ့ပြန်မှုများ ဖြစ်ပေါ်လာစေသည်။

အနောက်တောင်ပိုင်းစီရင်စု၏ တပ်ကူအဖွဲ့မှာ စောင့်ကြည့်နေရင်း စိုးရိမ်ပူပန်နေကြ၏။ ကျန်ရစ်ခဲ့သော မှော်ပညာရှင်များကလည်း စိုးရိမ်နေသော်လည်း ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးနှင့်ဆိုလျှင် မည်သည့်ပြဿနာမျှဖြစ်မလာနိုင်မှန်း သူတို့သိသောကြောင့် ထိုမျှစိုးရိမ်နေခြင်းတော့ မဟုတ်ပေ။

မာရိုမြို့၌ ကျန်ရစ်သည့် Frestech ကုန်သည်ကြီးများအသင်း၏ အုပ်စုကမူ စိုးရိမ်ပူပန်နေခြင်းမျိုးမဟုတ်သော်လည်း အနည်းငယ် စိတ်လှုပ်ရှားနေကြ၏။

ဤသည်က Frestech ကုန်သည်ကြီးများအသင်း၏ ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်ရှိ ရန်သူနှင့် ပထမဆုံးအကြိမ်ဆုံတွေ့ခြင်းတော့ မဟုတ်ပေ။ လွန်ခဲ့သောရှစ်နှစ်က Frestech ကုန်သည်ကြီးများအသင်းကို ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦး တိုက်ခိုက်ခဲ့ဖူးသော်လည်း သူတို့ထဲမှတစ်ယောက် အသတ်ခံလိုက်ရပြီး ၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ ဂုဏ်သတင်းကို အကြီးအကျယ် တိုး‌သွားစေခဲ့သည်။

သို့သော် ထိုအခြေအနေက ယခုအခြေအနေနှင့် ကွဲပြားနေ၏။

ထိုအချိန်က ကျွမ်းကျင်ဘုန်းတော်ကြီး လီဗင်ဟက်စ်ကို သည် ကိုယ့်သေလမ်းကိုယ်ရှာပြီး Frestech ကုန်သည်ကြီးများအသင်း၏ ဌာနချုပ်ထဲ ပြေးဝင်လာကာ ကိုယ့်ကိုယ်ကို ထောင်ချောက်မိစေခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင် Frestech ကုန်သည်ကြီးများအသင်းက ကန်ဒရာအင်ပါယာ၏ ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးအတွက် ထောင်ချောက်တစ်ခုဆင်လျှက် လက်ဦးမှုယူကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ ကိစ္စနှစ်ခု၏ ခက်ခဲမှုက တူညီသောပမာဏ၌ပင် မရှိချေ။

ဤလူများကို အကြိမ်ပေါင်းမရေနိုင်အောင် လေ့ကျင့်ပေးထားသော်လည်း ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးစီက ကွဲပြားခြားနားပြီး သူတို့အားလုံးသည် မတိုင်းတာနိုင်သော အဓိပတိများဖြစ်ကြပေသည်။

ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးကိုသတ်ရန်မှာ လူအများစုအတွက် မဖြစ်နိုင်သောကိစ္စပင်။

အားလုံးက ချောချောမွေ့မွေ့သွားနေသော်လည်း တစ်ဖက်တွင် ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးရှိသောကြောင့် တစ်ခုခု အပြောင်းအလဲဖြစ်မဖြစ် ပြောရန်ခက်သည်။

ထို့ကြောင့် တစ်ဖက်က သူတို့ပြုသမျှနုနေရလျှင်တောင် ခေါင်းဆောင်ဟာ့ထ်က သူ့အစောင့်များအား လုံးဝမပေါ့စေဘဲ မှော်လေသင်္ဘောအုပ်စုနှင့် တစ်ချိန်လုံး မပြတ်ဆက်သွယ်ခိုင်းထား၏။

“ခဲယမ်းတစ်ဝက်ကျန်သေးတယ်။ ဒီတိုက်ခိုက်မှုရဲ့ ကြိမ်နှုန်းနဲ့ ပြင်းထန်မှုအရဆို ဆယ့်ခုနစ်မိနစ်အတွင်း ကုန်သွားမယ်လို့ ခန့်မှန်းရပါတယ်”

မှော်လေသင်္ဘောစုထံမှ တင်ပြချက်ကို ကြားချိန်တွင် ခေါင်းဆောင်ဟော့ထ်က စဉ်းစားပြီးနောက် မှော်ဆက်သွယ်ရေးကိရိယာနောက်တစ်ခုထံ လှမ်းပြောလိုက်သည်။

“မှော်တင့်ကားအဖွဲ့ အမိန့်နာခံကြ။ ကန်ဒရာအင်ပါယာရဲ့ တပ်ကူအဖွဲ့ကို ချက်ချင်းတိုက်ခိုက်ပြီး သူတို့ကို မာရိုမြို့ရဲ့ ငါးကီလိုမီတာအကွာဆီ မောင်းထုတ်လိုက်။ သူတို့ကို ဒီအကွာအဝေးထဲ ဝင်ခွင့်မပြုနိုင်ဘူး။ ဒီတာဝန်ကျရှုံးရင် အနောက်တောင်ဘက်ကို တတ်နိုင်သမျှမြန်မြန်ဆုတ်သွား။ လုံးဝမကြန့်ကြာစေနဲ့”

“ခေါင်းဆောင် ကျွန်တော်တို့က ခေါင်းဆောင်ကို ဂရုစိုက်စရာမလိုဘူးလို့ ဆိုလိုတာလား”

“စကားများမနေနဲ့ ငါ့အမိန့်ပဲနာခံ”

“ဟုတ်ကဲ့”

ခေါင်းဆောင်ဟာ့ထ်က မှော်ဆက်သွယ်ရေးကိရိယာကို ပိတ်လိုက်ပြီး နူးန်စ် အား လှည့်ပြောလိုက်သည်။

“ထောက်ပို့အဖွဲ့ကို ခဲယမ်းတစ်ချို့တင်ပြီး မှော်လေသင်္ဘောအဖွဲ့ဆီ ထောက်ပံ့ဖို့ တောင်ဘက်ဂိတ်ကနေထွက်ခိုင်းလိုက်”

နူးန်စ် က မှော်ဆက်သွယ်ရေးကိရိယာကို ကောက်ယူကာ မှော်လေသင်္ဘောအဖွဲ့ထံ ဆက်သွယ်လိုက်သည်။

“မှော်လေသင်္ဘောအဖွဲ့ တောင်ဘက်ဂိတ်အပြင်ဘက်မှာ ခဲယမ်းတွေပြန်ဖြည့်ဖို့ ပြင်ထားပါ။ ဒါပေမယ့် ဒီအချိန်အတွင်း မဟာမှော်ပညာရှင်နဲ့ ကျွမ်းကျင်ဘုန်းတော်ကြီးတွေအုပ်စုကို ဆက်ပစ်ထားရမယ်။ သူတို့ကို လုံးဝနားခွင့်မပေးရဘူး နားလည်လား”

“နားလည်ပါပြီ”

“ဝေးရောဒ် နတ်သူငယ်အဖွဲ့ကို ဦးဆောင်ပြီး မြို့ထဲကိုဝင်ပြီး မြို့ကို တည်ငြိမ်အောင်ထိန်းပါ။ ပြောင်းလဲမှုတစ်ခုခုတွေ့ရင် ယဉ်ကျေးနေစရာမလိုဘူး နားလည်လား”

“နားလည်ပါပြီ”

“ကောင်းတယ် စလုပ်တော့”

နတ်သူငယ်အဖွဲ့ခေါင်းဆောင် ဝေးရောဒ် က အခြားနတ်သူငယ်အစောင့်နှစ်ဦးကိုဦးဆောင်၍ မြို့တံတိုင်းများပေါ်မှ ချက်ချင်းဆင်းသွားသည်။

ခဏကြာပြီးနောက် နတ်သူငယ်အစောင့်များသည် အရိပ်များကဲ့သို့ မာရိုမြို့ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။

ထိုအမိန့်များကိုပေးပြီးနောက် ခေါင်းဆောင်ဟာ့ထ်က စိတ်သက်သာရာရစွာ သက်ပြင်းမှုတ်ထုတ်လိုက်ပြီး မှော်လေသင်္ဘောအဖွဲ့၏ မရပ်မနား ပစ်ခတ်ခြင်းခံနေရသော မဟာမှော်ပညာရှင်များနှင့် ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးထံ လှည့်ကြည့်လိုက်သည်။

ဤတာဝန် သို့မဟုတ် ဤတိုက်ခိုက်မှုက Frestech ကုန်သည်ကြီးများအသင်းနှင့် ကန်ဒရာအင်ပါယာ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ ၎င်းသည် အနာဂတ်တွင် စိုင်စ်နယ်မြေကြီးတစ်ခုလုံး မည်သို့တိုးတက်လာမည်ကိုပင် ဆုံးဖြတ်ပေးကောင်း ပေးနိုင်ပေလိမ့်မည်။

သူတို့သာ အောင်မြင်ခဲ့လျှင် Frestech ကုန်သည်ကြီးများအသင်း၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုက တောက်ပနေပေမည်။

သူတို့ကျရှုံးခဲ့လျှင် အကျိုးဆက်များက မှန်းဆကြည့်ရန်ပင် ခက်ခဲလှ၏။

ဤ‌သို့တွေးမိပြီး တိုက်ပွဲပေါင်းရာချီ ဖြတ်ကျော်ခဲ့ဖူးသော ခေါင်းဆောင်ဟာ့ထ်မှာ မနေနိုင်အောင် စိတ်လှုပ်ရှားမိသွားသည်။

အမှန်တကယ်တော့ ခေါင်းဆောင်ဟာ့ထ်နှင့်ယှဉ်လျှင် စိတ်အလှုပ်ရှားဆုံးဖြစ်နေသူများမှာ ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးနှင့် မဟာမှော်ပညာရှင်ဆယ့်သုံးဦးတို့ ဖြစ်၏။

သူတို့သာ ရှုံးနိမ့်သွားလျှင် ၎င်းက သူတို့၏အသက်များနှင့် ဆက်စပ်နေသောကြောင့် ဤသည်က အရာအားလုံးထက် ပိုအရေးကြီး၏။

သို့သော် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ နှင့် မဟာမှော်ပညာရှင်ဆယ့်သုံးဦးက အတန်ကြာအောင် လေ့လာပြီးသည်အထိ ဤလှောင်အိမ်ကို ချိုးဖျက်နိုင်ရန်မဆိုထားနှင့်၊ သူတို့ပတ်ပတ်လည်ရှိ ထူးဆန်းသော မှော်အတားအဆီးနောက်မှ သဘောတရားများကို နားမလည်နိုင်သေးဘဲ ဖြစ်နေကြသည်။

မည်သည့်အတွက်ကြောင့်မှန်း မသိသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောများ၏ တိုက်ခိုက်မှုများက မတိုင်ခင်ကထက် အနည်းငယ်ပိုနှေးလာ၏။ သို့သော် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ၏ မှော်ပိုင်နက်အခြေအနေကိုကြည့်၍ သူ အကြာကြီးတောင့်မခံနိုင်တော့မှန်း ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ သိသည်။

“ကဲ ငါလုပ်လိုက်တော့မယ်” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က သက်ပြင်းတစ်ချက်ချကာ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ရှေ့သို့ ပျံသန်းလာသည်။ “ဒီပစ္စည်းရဲ့ လက္ခဏာရပ်တွေက မင်းရဲ့မှော်ပိုင်နက်နဲ့တူတော့ မင်း သူ့ကိုလေ့လာရတာ ပိုလွယ်လောက်တယ်”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ အားကြည့်လိုက်ပြီး သူက စကားလှသုံးနေခြင်းမှန်း သိသော်လည်း သူ၏မှော်စွမ်းအားက ကုန်ခမ်းနေပြီမှန်း သူလည်းသိ၏။ သူတို့နေရာမလဲလျှင် သူက နောက်ထပ်တိုက်ခိုက်မှုသုံးကြိမ်ပင် တောင့်ခံနိုင်တော့မည်မဟုတ်ပေ။ သူ ခေါင်းငြိမ့်ပြပြီးနောက် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ နှင့် နေရာလဲလိုက်သည်။

မဟာမှော်ပညာရှင်များထံ ပျံဝဲသွားကာ ကိစ္စအနည်းငယ်မေးမြန်းပြီးနောက် သူက သူတို့ လေ့လာသိရှိထားပြီးသော အရာများကို နားလည်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိ၏။

အချိန်က အလွန်တိုပြီး ပတ်ဝန်းကျင်အခြေအနေက မကောင်းသည့်အပြင် သူတို့တွင် ဤနေရာ၌ မည်သည့်မှော်ပစ္စည်းမျှ ရှိမနေချေ။ သူတို့တွင် ဤထူးဆန်းသော မှော်အတားအဆီးကို ဖြည်းဖြည်းချင်း သုတေသနလုပ်နေရန် အချိန်မရှိသောကြောင့် ၎င်းကို မချိုးဖျက်နိုင်သည်မှာ သဘာဝပင်။

ဤသို့တွေးကာ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က လက်ဝေ့ယမ်းကာ မဟာမှော်ပညာရှင်ဆယ့်သုံးဦးကို နောက်ဆုတ်ခိုင်းလိုက်၏။ သူက အာရုံစူးစိုက်ကာ လက်နှစ်ဖက်လုံးမြှောက်၍ သူ့ခန္ဓာကိုယ်ထဲရှိ မှော်စွမ်းအားအကုန်လုံးကို အရူးအမူးထုတ်လွှတ်လိုက်သည်။ သူက ထပ်မံ လက်ဆန့်လိုက်ပြီး ဟင်းလင်းပြင်ထဲတွင် အနက်ရောင်အက်ကွဲကြောင်းတစ်ခု ဖန်တီးကာ ထူးဆန်းသော မှော်အတားအဆီးထဲသို့ ပို့လိုက်သည်။

၎င်းကို လေ့လာခြင်းဖြင့် ချိုးဖျက်ရန် မဖြစ်နိုင်မှတော့ သူက ၎င်းကိုချိုးဖျက်ရန် အင်အားကြီးကြီးမားမားသုံးရပေတော့မည်။

***

မှော်စက်မှုအင်ပါယာ

Volume 7 အခန်း ၁၁၈ ။ နောက်ဆုံးလှုပ်ရှားမှု

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်၏ လက်များထဲမှ မရေမတွက်နိုင်သော ရောင်စုံလှိုင်းတွန့်များနှင့် အလင်းရောင်တစ်ခု ထွက်ပေါ်လာ၏။ တောက်ပသော သက်တန့်ရောင် ပိုးထည်စတစ်ခုက ၎င်းကိုခြုံလွှမ်းလိုက်သကဲ့သို့ အလင်းရောင်က သူတို့ပတ်ပတ်လည်ရှိ လေထဲသို့ ချက်ချင်း ဖြန့်ထွက်သွားပြီး မြေကြီးထံရောက်သည်အထိ အောက်သို့ ချဲ့သွားသည်။

မတိုင်မီက ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က သူတို့၏မှော်စွမ်းအားကိုသုံး၍ ဤမှော်လှောင်အိမ်၏ အကြမ်းဖျဉ်းအကျယ်အဝန်းနှင့် ပုံသဏ္ဍာန်ကို မြင်အောင်လုပ်နိုင်ခဲ့သည်ဆိုလျှင် ယခုပေါ်လာသော လှိုင်းတွန့်များနှင့်အလင်းရောင်က လူတိုင်းကို မှော်လှောင်အိမ်၏ ပုံသဏ္ဍာန်အပြည့်အစုံအား ပြသလိုက်ခြင်းဖြစ်သည်။

အဝေးမှကြည့်လျှင် မှော်လှောင်အိမ်သည် အမှန်တကယ်ပင် အောက်မှလာခြင်းဖြစ်၏။ ၎င်းက ဘယ်မှညာသို့သွားပြီး မဟာမှော်ပညာရှင်ဆယ့်သုံးဦးနှင့် ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးကို အပြည့်အဝ လှောင်ပိတ်ထားသည်။

မြေကြီးထဲသို့ ဖြန့်သွားပြီးနောက် အလင်းရောင်ကို မမြင်နိုင်တော့သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏အစောင့်များ အတော်လေးဂရုတစိုက် တည်ဆောက်ထားသော ဤမှော်လှောင်အိမ်တွင် ချွတ်ယွင်းချက်ကြီးတစ်ခုရှိမရှိ သေချာစေရန် စူးစမ်းလေ့လာနေစရာမလိုချေ။ ၎င်းက သူတို့ကို အပြည့်အဝဝန်းရံထားသော စက်ဝန်းပုံသဏ္ဍာန်တစ်ခုဖြစ်လောက်ပြီး သူတို့ကို ဖောက်ထွက်ရန် အခွင့်အရေးတစ်ခုပင် ပေးမည်မဟုတ်ပေ။

တကယ်တော့ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် တွင် ဤသို့သော အကောင်းမြင်စိတ်များ ရှိမနေချေ။ သူက သူ၏ အားကောင်းသော မှော်စွမ်းအားနှင့် ကြီးမားသော မှော်ပညာနားလည်မှုတို့ကိုသုံး၍ ဤမှော်လှောင်အိမ်ကို အတင်းအဓမ္မ ဖျက်ဆီးပစ်ချင်နေသည်။

ဤမှော်လှောင်အိမ်၏ လက္ခဏာရပ်များသည် ဝင်ဘဲလ်ဒန်မြို့ရှိ မှော်ပိုင်နက်ချိပ်ပိတ်ခြင်းအစီအရင်ထက် ပိုအားကောင်းသော်လည်း ၎င်းက ယာယီမှော်အစီအရင်တစ်ခုသာ ဖြစ်၏။ ၎င်း၏ခွန်အားနှင့် ထူထဲမှုက ဝင်ဘဲလ်ဒန်မြို့ရှိ မှော်ပိုင်နက်ချိပ်ပိတ်ခြင်းအစီအရင်နှင့် လုံးဝမယှဉ်နိုင်ချေ။

သို့သော် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်၏ လက်ထဲမှလာသော မှော်စွမ်းအားက ဤမှော်လှောင်အိမ်၏ ထူးဆန်းသော မှော်နေရာလွတ်နှင့် တွေ့သွားသည်နှင့် ပေါ်ပေါက်လာသော အပြောင်းအလဲက သူ့အတွက် လုံးဝမမျှော်လင့်ထားသည့် ကိစ္စပင်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်၏ အစီအစဉ်က သူ၏ အင်အားကြီးသော မှော်စွမ်းအားကိုသုံး၍ ဤမှော်နေရာလွတ်ကို နှောင့်ယှက်ကာ ၎င်းအား ပုံမှန်အခြေအနေဖြစ်အောင် ပြန်ထိန်းရန်ဖြစ်သည်။

မှော်လှောင်အိမ်ထဲတွင် အဟတစ်ခု ဖန်တီးလိုက်ခြင်းက အထဲတွင်ပိတ်မိနေသော လူများကို ဤအဟမှတစ်ဆင့် ထွက်သွားနိုင်စေပေလိမ့်မည်။

တစ်‌ဖက်ကသာ ဝင်ဘဲလ်ဒန်မြို့၏ မှော်ပိုင်နက်ချိပ်ပိတ်ခြင်းအစီအရင်ဖြစ်နေပါက သူ သေချာပေါက် ဤသို့လုပ်မည်မဟုတ်ပေ။

မှော်ပိုင်နက်ချိပ်ပိတ်ခြင်းအစီအရင်သည် မရေမတွက်နိုင်သော ကန်ဒရာအင်ပါယာ၏ စွမ်းအားကြီး မှော်ပညာရှင်များက နှစ်ပေါင်းများစွာကြာအောင် ခွန်အားဖြည့်ပေးထားသည့်အပြင် ၎င်း၏စွမ်းအားက တော်ဝင်နန်းတော်ရှိ စွမ်းအားကြီး မှော်အစီအရင်တစ်ခုထံမှ လာခြင်းဖြစ်သည်။

ထိုမှော်အစီအရင်သည် တစ်လျှောက်လုံး မှော်သလင်းကျောက်များနှင့် အဆက်မပြတ်ထောက်ပံ့ပေးထားသလို ၎င်းကို တစ်ချိန်လုံးစောင့်ကြပ်နေသော မဟာမှော်ပညာရှင်ငါးဦးလည်းရှိ၏။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ကသာ အတင်းအကြပ် အားသုံး၍ မှော်ပိုင်နက်ချိပ်ပိတ်ခြင်းအစီအရင်ကို ဖျက်ဆီးလိုက်လျှင် သူက မရေမတွက်နိုင်သော မှော်ပညာရှင်များ နှစ်ပေါင်းများစွာကြာအောင် အားဖြည့်ပေးထားပြီး မဟာမှော်ပညာရှင်ငါဦးစောင့်ကြပ်နေသော ဧရာမမှော်အစီအရင်ကို ဆန့်ကျင်ခြင်းနှင့် ညီမျှပေမည်။

သူက စွမ်းအားကြီးသော ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦး ဖြစ်လျှင်တောင် ဤအချင်းအရာသည် သူတတ်နိုင်သောကိစ္စမဟုတ်ပေ။

သို့သော် သူတို့ပတ်ပတ်လည်ရှိ ဤမှော်လှောင်အိမ်သည် အလျင်စလိုချထားသော ပစ္စည်းတစ်ခုဖြစ်သည့်အတွက် များစွာစွမ်းအားကြီးမည်မဟုတ်ဘဲ သူက ၎င်းကိုဖျက်ဆီးပစ်နိုင်ရန် ယုံကြည်ချက်ရှိသည်။

သို့သော် သူ၏မှော်စွမ်းအားကိုထုတ်လွှတ်ပြီးနောက် သူ မည်သည်ကိုမျှ မထိမိသည်ကို တွေ့လိုက်ရ၏။

ဤပုံမှန်ဟုတ်သော မှော်နေရာလွတ်သည် သာမန်မှော်နေရာလွတ်နှင့် တူညီပြီး မှော်စွမ်းအင်ရင်းမြစ်များနှင့် ပြည့်လျှက်ရှိသည်။ မှော်နေရာလွတ်၏ ပုံမှန်မဟုတ်သော အပိုင်းများကြောင့် သတိပြုမိရန် အလွန်လွယ်ခြင်းဖြစ်၏။

သို့သော် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က သူ၏မှော်စွမ်းအား မည်မျှသုံးပါစေ ဤမှော်စွမ်းအင်ရင်းမြစ်အပေါ် သက်ရောက်မှုမဖြစ်စေဘဲ ၎င်းက ထိုဖရိုဖရဲပုံစံဖြင့် စီးဆင်းနေဆဲပင်။ သာမန်မှော်ပညာရှင်များထက် များစွာသာလွန်သော ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်၏ မယုံနိုင်လောက်အောင် အင်အားကြီးသည့် မှော်စွမ်းအားမှာ တည်ရှိမနေသည့်အတိုင်းပင်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် မှော်ပညာနှင့် စတင်ထိတွေ့ခဲ့ရသည့် အသက်ခြောက်နှစ်အရွယ်မှစ၍ ယခု အသက်ခုနစ်ဆယ်အရွယ်ထိ သူက လေထဲရှိ မှော်စွမ်းအင်ရင်းမြစ်နှင့် တစ်ချိန်လုံး ထိတွေ့ခဲ့ပြီး ၎င်းနှင့် နှီးနှောဖလှယ်မှုပင် ရှိခဲ့၏။ မှော််စွမ်းအားဖြင့် လုံးဝ မသက်ရောက်နိုင်သည့် မှော်စွမ်းအင်ရင်းမြစ်တစ်မျိုးကိုမူ သူ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ကြိမ်နှုန်းနှင့် သူ့မှော်စွမ်းအား၏ လုပ်နိုင်စွမ်းကိုချိန်ညှိရန် ကြိုးစားလိုက်သော်လည်း မှော်စွမ်းအင်ရင်းမြစ်က ၎င်း၏ကိုယ်ပိုင်ပစ္စည်းဖြစ်နေပြီး လုံးဝ အကျိုးသက်ရောက်မှုမရှိပေ။

မည်သည့်ရလဒ်ကိုမျှမကြည့်ဘဲ ခဏစစ်ဆေးပြီးနောက် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က သူ့လက်များကိုချကာ သူ့ကိုယ်သူ ထူးဆန်းသော မှော်နေရာလွတ်မှ နောက်ပြန်ဆုတ်လိုက်သည်။ သူက ညာလက်ကိုဝေ့ယမ်းပြီး သူ့လက်ဝါးထဲတွင် သေးငယ်သော မီးလုံးတစ်လုံးဖန်တီးလိုက်သည်။

ဤအရာက သာမန်မီးလုံးတစ်လုံးဖြစ်သော်လည်း ၎င်းက ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်၏ မှော်ပညာတွင် ဘာပြဿနာမှမရှိကြောင်း သက်သေပြနေ၏။

တစ်ခုတည်းသော ပြဿနာမှာ ထူးဆန်းသော မှော်နေရာလွတ်ဖြစ်နေဆဲပင်။

ထိုအကြောင်းတွေးပြီးနောက် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က သူ့ညာလက်ထဲတွင် မှော်စွမ်းအားစုစည်းကာ သူ၏ ပြီးပြည့်စုံသော မှော်ပိုင်နက်နှင့် နယ်နိမိတ်အသေးလေးတစ်ခု ဖန်တီးလိုက်သည်။

ထို့နောက် သူက သူ၏မှော်စွမ်းအားကို သေသေချာချာ ထိန်းချုပ်ကာ ဤမှော်ပိုင်နက်ကို ရှေ့မှ ထူးဆန်းသော မှော်နေရာလွတ်ထံ ဖြည်းညင်းစွာ ချဉ်းကပ်သွားစေလိုက်သည်။

မှော်ပိုင်နက်က မှော်နေရာလွတ်နှင့် ထိမိသည်နှင့် သူ၏မှော်ပိုင်နက်ထဲတွင် ထိန်းချုပ်ထားရသော မှော်စွမ်းအင်ရင်းမြစ်မှာ ထိုမှော်နေရာလွတ်၏ ရိုက်ခတ်ခြင်းခံလိုက်ရသည်ကို သူခံစားမိလိုက်၏။ သူ့ပိုင်နက်ထဲရှိ မှော်စွမ်းအင်ရင်းမြစ်အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း သူ၏ထိန်းချုပ်မှုမှ လွတ်သွားသည်။

မှော်‌ပိုင်နက်တစ်ခုသည် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးအတွက် အလွန်နက်နဲသော အကြောင်းအရာတစ်ခုဖြစ်သည်။ ၎င်းက မှော်ပညာရှင်တစ်ယောက်တွင်ရှိသော မှော်နေရာလွတ်ထဲရှိ မှော်စွမ်းအင်ရင်းမြစ်အပေါ် ပြီးပြည့်စုံစွာ ထိန်းချုပ်မှုကို ကိုယ်စားပြု၏။

သို့သော် တစ်ချက်ထိလိုက်ရုံဖြင့် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က သူ၏ မှော်ပိုင်နက်အား ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးသွားသည်။ ဤအခြေအနေသည် ကျွမ်းကျင်ဘုန်းတော်ကြီးနောက်တစ်ဦးက သူ၏ မှော်ပိုင်နက်ကို ဖိနှိပ်ရန် သူ့ကိုယ်ပိုင်ထပ်ပိုမြင့်သော မှော်ပိုင်နက်တစ်ခု အသုံးပြုချိန်၌သာ ဖြစ်ပျက်ခြင်းဖြစ်သည်။

ထူးဆန်းသော မှော်နေရာလွတ်တစ်ခုဖြင့် ဤသို့ တိုက်ခိုက်ခံရပြီး သူ၏ မှော်ပိုင်နက်အား ထိန်းချုပ်နိုင်စွမ်းမဲ့သွားခြင်းမှာ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်အတွက် ပထမဆုံးဖြစ်သည်။

သူ၏မှော်ပိုင်နက်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့်အတွက် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်၏ မှော်စွမ်းအားကလည်း ထိန်းချုပ်နိုင်စွမ်း မဲ့လာ၏။ ၎င်းက မှော်စွမ်းအားပြန်ကန်မှုတစ်ခုဖြစ်စေလျှက် သူ့ကို ပြင်းထန်သော အတွင်းပိုင်းထိခိုက်မှုများ ဖြစ်သွားစေသည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် သွေးအန်လိုက်သည်ကို မြင်သောအခါ မဟာမှော်ပညာရှင်ဆယ့်သုံးဦးမှာ တုန်လှုပ်သွားသည်။

“အရှင် အိုဖာလျန် အဆင်ပြေရဲ့လား” မဟာမှော်ပညာရှင်တစ်ဦးက ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ထံ ပျဝဲလာပြီး စိုးရိမ်ပူပန်သောအသံဖြင့် ဤသို့မေးလိုက်သည်။

မှော်လေသင်္ဘောများထံမှ တိုက်ခိုက်မှုနောက်တစ်လှိုင်းဖြင့် တား‌ဆီးခံထားရသော ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ မှာ အဖြစ်အပျက်ကိုမြင်ပြီး တုန်လှုပ်‌သွား၏။ သူ မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။ “အိုဖာလျန် မင်း ဆက်မလုပ်နိုင်တော့ဘူးလား။ ထပ်မကြိုးစားကြည့်ခင် အရင်ဆုံးနားလိုက်ရင်ရော”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ခေါင်းယမ်းလိုက်သည်။ “အနားယူဖို့ အချိန်မရှိဘူး”

သူက အဝေးရှိ မှော်လေသင်္ဘောများထံ မော့ကြည့်ပြီးနောက် ဤသို့ပြောကာ ခါးခါးသီးသီး ရယ်မောလိုက်သည်။

“မင်းနဲ့ငါလို ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ယောက် တစ်ချိန်တည်းလှုပ်ရှားပြီးတဲ့နောက်တောင် Frestech ကုန်သည်ကြီးများအသင်းကြောင့် ဒီအခြေအနေမျိုး ရောက်ရမယ်လို့ ငါ ထင်မထားဘူး။ ဒီသတင်းသာပျံ့သွားရင် ဘယ်သူမှယုံမှာမဟုတ်ဘူး”

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ကလည်း ခါးသီးသောအပြုံးနှင့် ခေါင်းယမ်းလိုက်သည်။

“ဒီFrestech ကုန်သည်ကြီးများအသင်းက အမြဲတမ်း အံ့ဖွယ်သူရဲတွေကို ဖန်တီးခဲ့ပြီး အခု ဒါကိုတောင် လုပ်နိုင်နေပြီ။ ဒီတော့ ငါမအံ့ဩတော့ပါဘူး။ မင်းသိရမှာက ပြခဲ့တဲ့ရက်အနည်းငယ်လောက်က…”

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ပါးစပ်ဟပြီးနောက်မှ ခေါင်းယမ်းကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

“ထားလိုက်ပါတော့။ အခုတော့ ဒီအကြောင်း မပြောကြရအောင်။ အိုဖာလျန် ငါ နောက်ထပ် ငါးကြိမ်ထက်ပိုပြီး ခုခံနိုင်မှာမဟုတ်လောက်တော့ဘူး။မင်းဘက်မှာရော”

မဟာမှော်ပညာရှင်ဆယ့်သုံးဦး၏ အမူအရာများ ပြောင်းလဲသွား၏။

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က နောက်ထပ်တိုက်ခိုက််မှုငါးကြိမ်သာ ခုခံနိုင်တော့မည်ဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်း၏ တိုက်ခိုက်မှုများက အားနည်းမည့်ပုံ မပြချေ။

ဤသည်မှာ နောက်ထပ်တိုက်ခိုက်မှုငါးကြိမ်ပြီးသွားလျှင် သူတို့ မထွက်ပြေးနိုင်သလို တိုက်ခိုက်မှုများကို တားလည်းမတားနိုင်သောကြောင့် သေရန်စောင့်နေရုံသာ ရှိတော့သည် မဟုတ်ပေလော။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က မျက်မှောင်ကြုတ်ကာ အသက်ပြင်းပြင်းရှူပြီးနောက် စိတ်ဆုံးဖြတ်လိုက်သည်။

“လာဒူကာ နည်းနည်းပိုကြာကြာ တောင့်ခံပေးထားပါဦး။ ကျန်တဲ့သူတွေအကုန်လုံး လာကြပါ” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က လက်ယမ်းပြကာ မဟာမှော်ပညာရှင်ဆယ်သုံးဦးကို အနားသို့ပိုတိုးလာရန် ခေါ်လိုက်သည်။

သူ့ထံမှ ဤအခြေအနေကိုမြင်သောအခါ လာဒူကာ ၏ မျက်ခုံးများပင့်တက်သွားပြီး အံ့ဩသော အသံဖြင့် ပြောလိုက်သည်။ “အိုဖာလျန် မဟုတ်မှ….. အဲ့ဒါက အရမ်းအန္တရာယ်များတယ်နော် မင်း……”

“တစ်ခြားနည်းမရှိတော့ဘူး ငါတို့ အဲ့ဒါကို စမ်းကြည့်ရုံပဲတတ်နိုင်တော့တယ်” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က လက်ဝေ့ယမ်းကာ မဟာမှော်ပညာရှင်ဆယ့်သုံးဦးဘက်လှည့်၍ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ “အားလုံးပဲ ငါ မင်းတို့ရဲ့စွမ်းအားအပေါ်ပဲ မှီခိုရတော့မှာမို့ ငါတို့မှာရှိသမျှ အကုန်ပေးရမယ်”

မဟာမှော်ပညာရှင်ဆယ့်သုံးဦးက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် ခေါင်းငြိမ့်လိုက်သည်။

“အရှင် အိုဖာလျန် ကျေးဇူးပြုပြီး အမိန့်သာပေးလိုက်ပါ”

“မှန်ပါတယ် ဒီလိုတောင်ဖြစ်နေမှတော့ ဘာမှစောင့်စည်းနေစရာမလိုပါဘူး။ အရှင်လုပ်ချင်တာကိုသာ ပြောလိုက်ပါ”

“ကောင်းပါပြီ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ညွှန်ကြားပေးပါ”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ဂုဏ်ယူချီးကျူးသည့်အနေဖြင့် ခေါင်းတစ်ချက်ဆတ်လိုက်ပြီးနောက် သူ့လက်များကို မြှောက်လိုက်သည်။

“ကိုယ့်ကိုယ်ကို သက်တောင့်သက်သာဖြစ်အောင်ထားပြီး မခုခံနဲ့”

ဤသို့ပြောပြီးနောက် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က သူ၏ မှော်စွမ်းအားအကုန်ထုတ်ကာ သူ၏မှော်ပိုင်နက်ကို ဖြန့်ပြီး မဟာမှော်ပညာရှင်ဆယ့်သုံးဦးကို ဝန်းရံလိုက်သည်။

မဟာမှော်ပညာရှင်ဆယ့်သုံးဦးမှာ ပတ်ပတ်လည်မှော်နေရာလွတ်ထဲရှိ အပြောင်းအလဲကို ခံစားရပြီး အလိုအလျောက်တုံ့ပြန်မှုအရ သူတို့၏မှော်စွမ်းအားများကို ထုတ်လွှတ်ကာ ခုခံချင်လာသော်လည်း ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ပြောထားသည့်စကားကို ချက်ချင်းအမှတ်ရသွားပြီး မှော်ပိုင်နက်ကို သူတို့အား ဝန်းရံခွင့်ပြုလိုက်သည်။

“သိပ်ကောင်းတယ်။ အခု မင်းတို့ရဲ့ မှော်စွမ်းအားတွေအကုန်လုံးကိုထုတ်ပြီး ငါ့လမ်းညွှန်ချက်အတိုင်း လိုက်လုပ်ကြ အကုန်လုံးကို စုစည်းလိုက်……”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်၏ ရှင်းပြချက်နှင့်အတူ မဟာမှော်ပညာရှင်ဆယ့်သုံးဦးက သူတို့၏မှော်စွမ်းအားများ ထုတ်လွှတ်လိုက်သည်။ ထို့နောက် မှော်ပိုင်နက်၏ လွှမ်းမိုးမှုနှင့်အတူ သူတို့က ၎င်းကို ဖြည်းညင်းစွာ စုစည်းလိုက်ကြသည်။

မတူညီသော မှော်ပညာရှင်များ၏ မှော်စွမ်းအားများတွင် ခြားနားမှုရှိသည်မှာ ပုံမှန်ဖြစ်သောကြောင့် မတူညီသော မှော်ပညာရှင်နှစ်ဦး၏ မှော်စွမ်းအားများ တိုက်ရိုက်ထိတွေ့မိသည်နှင့် များသောအားဖြင့် ပြင်းထန်သော အကျိုးဆက်များ ဖြစ်ပေါ်တတ်၏။

မဟာမှော်ပညာရှင်ဆယ့်သုံးဦး၏ အင်အားကြီးသော မှော်စွမ်းအားများ ဤသို့ အတူတကွလာနေခြင်းသည် အလွန်အန္တရာယ်များ၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းက မဟာမှော်ပညာရှင်ဆယ့်သုံးဦး၏ မှော်စွမ်းအားများကို တိုက်ရိုက်ထိတွေ့မှု ဖြစ်စေကာ မဟာမှော်ပညာရှင်ဆယ့်သုံးဦးထံ စွမ်းအားကြီးသော ပြန်ကန်အားတစ်ခု ဖြစ်ပေါ်စေပေလိမ့်မည်။

သို့သော် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်၏ မှော်ပိုင်နက်၏ လမ်းညွှန်မှုနှင့်အတူ မတူညီသော မှော်စွမ်းအားဆယ့်သုံးမျိုးက အတူတကွရောက်လာကာ တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်သည်။

ဤပြင်ဆင်မှုများပြီးသွားသည့်နောက် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ကြောက်မက်ဖွယ်ကောင်းသည်ဟုပင် ယူဆနိုင်ပြီး ပတ်ဝန်းကျင်ရှိ မှော်စွမ်းအင်ရင်းမြစ်ကို ဖိသိပ်ထည့်လျှက် အရူးအမူးစုဆောင်းနေသော အလွန်အင်အားကြီးသည့် မှော်စွမ်းအားတစ်ခု စတင်ထုတ်လွှတ်လိုက်သည်။

ထို့နောက် နေရာလွတ်ငယ်ထဲရှိ မှော်စွမ်းအင်ရင်းမြစ်က ပိုပိုပြီးသိပ်သည်းလာသောကြောင့် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်ရှေ့ရှိ နေရာလွတ်က နည်းနည်းချင်းစီ စတင်ပြောင်းလဲလာသည်။

ပထမ၌ နေရာလွတ်က တွန့်လိမ်နေရုံသာရှိပြီး ထို့နောက်တွင် ထိုနေရာလွတ်ထဲသို့ ပတ်ပတ်လည်၌ အလင်းရောင်ပင်ပါသည့် ပစ္စည်းတစ်မျိုး စတင်ကျလာသည်။ ၎င်းက ပုံမှန်နေရာလွတ်မှော်ပညာနှင့် ဖန်တီးထားသည့် နေရာလွတ်ထဲရှိ အက်ကွဲကြောင်းတစ်ခုထက်ပင် ပိုကြောက်စရာကောင်းသည့်ပုံ ပေါ်နေ၏။

ထို့နောက် ဟင်းလင်းပြင်က အေးခဲသွားပုံပေါ်လာပြီး ၎င်းက မတူညီသောကမ္ဘာတစ်ခုမှ လာသကဲ့သို့ နေရာလွတ်ထဲတွင် စက်ဝန်းတစ်ခုအဖြစ် မျောလွင့်နေသည်။

မဟာမှော်ပညာရှင်ဆယ့်သုံးဦးမှာ အသက်ပင်မရှူနိုင်ဘဲ ဤအနက်ရောက်စက်ဝန်းကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

ဤအနက်ရောင်စက်ဝန်းတွင် ကြောက်မက်ဖွယ်ခွန်အား ပါဝင်နေမှန်း သူတို့ခံစားနိုင်၏။ ၎င်းကိုထုတ်လွှတ်လိုက်သည်နှင့် ကမ္ဘာကြီးအပြင် သူကိုယ်တိုင်၏ နေရာလွတ်ကိုပါ ဖျက်ဆီးပစ်လောက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က သူတို့ကိုချုပ်နှောင်ထားသော မှော်လှောင်အိမ်ကို တိုက်ခိုက်ရန် ဤထူးဆန်းသော အနက်ရောင်စက်ဝန်းကို ဖန်တီးလိုက်မှန်း သိသာထင်ရှားပေသည်။

သို့သော်….. ၎င်းက အကျိုးသက်ရောက်မှုတစ်ခု ရှိလာမည်လော။

***

မှော်စက်မှုအင်ပါယာ

Volume 7 အခန်း ၁၁၉ ။ ကျုပ်ရဲ့ပန်းတိုင်က ခင်ဗျားတို့အားလုံးကိုသတ်ဖို့ မဟုတ်ဘူး

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ပြိုင်ဘက်ကင်း‌အောင် အင်အားကြီးသော မှောအစွမ်းပါဝင်နေသည့် အနက်ရောင်စက်ဝန်းကို သူတို့ပတ်ပတ်လည်ရှိ ထူးဆန်းသော မှော်နေရာလွတ်ထဲသို့ တွန်းပို့ရန် ပြင်လိုက်ချိန်တွင် သူတို့နောက်ရှိ နေရာလွတ်ထဲမှ သက်ပြင်းရှိုက်သံတစ်သံ ထွက်ပေါ်လာ၏။

“အင်း... ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် ဒီလိုလုပ်မှာမဟုတ်ဘူး”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် မှာ အံ့ဩသွားကာ ရပ်တန့်လိုက်သည်။ သူက ကျန်သည့် မဟာမှော်ပညာရှင်ဆယ့်သုံးဦးနှင့်အတူ အသံလာရာထံ လှည့်ကြည့်လိုက်သည်။

ပုံရိပ်တစ်ခုက ဖြည်းညင်းစွာ သက်ဆင်းလာပြီး မှော်လှောင်အိမ်မှ ငါးရာမီတာခန့်အကွာ၌ ရပ်လိုက်သည်။

လူတိုင်း လှည့်ကြည့်လိုက်ကြပြီး ရုတ်တရက်ပေါ်လာသော ထိုလူကို ချက်ချင်းမှတ်မိသွား၏။

Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ရှုယီပင်။

သူ့ရုပ်ပုံက နိုင်ငံအမျိုးမျိုး၏ ပင်မသတင်းစာများထဲတွင် ပေါ်လာတတ်သောကြောင့် စိုင်စ်နယ်မြေတစ်ခွင် ပျံ့နှံ့နေပြီးသားဖြစ်သည်။ သူတို့ကဲ့သို့ ထိပ်သီးမှော်ပညာရှင်များမဆိုထားနှင့်၊ သာမန်တိုင်းသူပြည်သားများပင် သူ့ကို မှတ်မိနိုင်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့မှာလည်း ရှုယီကို အတူတိုက်ခိုက်ခဲ့သည်မှာ သိပ်မကြာသေးသည့်အပြင် ရှုယီက သူတို့အတွက် အမှတ်ရလောက်စရာ ဖြစ်ခဲ့သောကြောင့် တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်ကြ၏။

“ဥက္ကဌရှု ဘာလို့ ဒီကိုရောက်လာတာလဲ။ ငါနဲ့ လာဒူကာ ကို လာလှောင်တာလား” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က အေးစက်စွာ ရယ်မောလိုက်သော်လည်း သူ့နှလုံးသားမှာမူ တိမ်ဝင်သွားသည်။

သူနှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့က ယခု ခက်ခဲသော အခြေအနေတွင် ကျရောက်နေပြီး သူတို့၏ မှော်စွမ်းအားအများစု ကုန်ခမ်းနေပြီဖြစ်သည်။

ပုံမှန်အခြေအနေ၌ပင် သူတို့က ရှုယီကို မည်သည်မျှမလုပ်နိုင်ခဲ့သောကြောင့် ယခုအခြေအနေတွင် ဆိုဖွယ်ရာမရှိပေ။

ယခု ရှုယီသာ တစ်ချက်လှုပ်ရှားလိုက်ပါက သူတို့နှစ်ယောက် အသက်ရှင်နိုင်ရန်ပင် မသေချာပေ။

ရှုယီက လှုပ်ရှားမှုမလုပ်ဘဲ သူတို့ကို မှော်လှောင်အိမ်အား မဖျက်ဆီးနိုင်အောင်သာ တားမည်ဆိုလျှင်လည်း ထိုမုန်းစရာ မှော်လေင်္ဘောများက သူတို့ကို ဆက်လက်ပစ်ခတ်တိုက်ခိုက်နေသရွေ့ သူတို့ တောင့်ခံနိုင်မည်မဟုတ်ချေ။

“မဟုတ်ပါဘူး ကျုပ်က ခင်ဗျားနဲ့ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ အပြင် အရေးကြီးလှတဲ့ မဟာမှော်ပညာရှင်ဆယ့်သုံးယောက် ဒီနေရာမှာ အမြှုပ်ခံလိုက်ရမှာ မမြင်ချင်ရုံပါပဲ” ရှုယီ ခေါင်းယမ်းလိုက်၏။

“ငါတို့ ဒီမှာ အမြှုပ်ခံရမှာကို မမြင်ချင်ဘူး ဟုတ်လား” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ၏ မျက်လုံးများ အနည်းငယ်ပိုပြူးသွားပြီး ရှုယီကို ကြည့်လိုက်သည်။ သူက မနေနိုင်တော့ဘဲ ရယ်မောလျှက် ပြောလိုက်၏။ “မင်းသာ ငါတို့ကို မသတ်ချင်ရင် ဘာလို့ ဒုက္ခခံပြီး ဒီမှာ ထောင်ဖမ်းရတာလဲ”

“ကျုပ်ရဲ့ပန်းတိုင်က ခင်ဗျားတို့ရဲ့အသက်ကိုယူဖို့ မဟုတ်ဘူး။ ကျုပ်အတွက် ခင်ဗျားရော ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ရော မဟာမှော်ပညာရှင်ဆယ့်သုံးယောက်လုံးရောက အဖိုးတန်ပါရမီရှင်တွေပဲ။ တစ်ယောက်လောက်ကို ဆုံးရှုံးလိုက်ရင်တောင် နှမျောစရာကောင်းနေလို့ ကျုပ် တစ်ခါမှ ခင်ဗျားတို့ကိုသတ်ဖို့ မကြံစည်ဖူးဘူး”

“ဒါဆို မင်းက ဒါတွေအကုန်လုံးလုပ်ဖို့အတွက် စိုက်ထုတ်ထားတဲ့ အားအင်တွေကို ဘာအတွက် ဖြုန်းတီးပစ်တာလဲ” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က အေးစက်စွာ နှာမှုတ်လျှက် ပြောလိုက်သည်။ “ငါတို့ကို ဒီလိုလှောင်ပိတ်ထားရတာက ပျော်စရာကောင်းလို့လား”

“သေချာပေါက်မဟုတ်ဘူးပေါ့။ ကျုပ်မှာ ပန်းတိုင်တစ်ခုပဲရှိတယ် အဲ့ဒါဘာလဲဆိုတော့ မှော်ပညာရှင်တွေ ဒါမှမဟုတ် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက်တောင်မှ စစ်မြေပြင်တစ်ခုရဲ့ ကံကြမ္မာကို မဆုံးဖြတ်နိုင်တော့ဘူးဆိုတာ လူတိုင်းကို ပြချင်ရုံပဲ။ ပိုပြီးတိုက်ရိုက်ပြောရရင် ကျုပ်က မှော်ပညာရှင်တွေကို စစ်မြေပြင်ကဆုတ်ခွာပြီး သူတို့ရှိသင့်တဲ့နေရာဆီ ပြန်သွားစေချင်တာ” ရှုယီက လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်ဖ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ နှင့် မဟာမှော်ပညာရှင်ဆယ့်သုံးဦးက ပဟေဠိဖြစ်သော အမူအရာများနှင့် ရှုယီကို အကြောင်သား ငေးကြည့်လိုက်ကြသည်။

“ဥက္ကဌရှု ဘာ….. ဘာကိုဆိုလိုတာလဲ” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က မျက်မှောင်ကြုတ်လျှက် မေးသည်။

ရှုယီက ခဏတိတ်နေပြီးနောက် ပျံဝဲလာကာ လက်ဝေ့ယမ်းလိုက်၏။ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က သူ၏မှော်အစွမ်းကိုသုံး၍ မြင်နိုင်အောင်ပြုလုပ်ထားသော မှော်လှောင်အိမ်က ရုတ်တရက် ပျောက်ကွယ်သွားသည်။

မဟာမှော်ပညာရှင်တစ်ဦးက အံ့အားသင့်စွာဖြင့် လက်ဆန့်ထုတ်၍ စမ်းသပ်ကြည့်လိုက်၏။ သူက မှော်စွမ်းအားတစ်စကို ထူးဆန်းသော မှော်နေရာလွတ်ရှိခဲ့သည့် နေရာထံ ထုတ်လွှတ်လိုက်သောအခါ ထိုမှော်နေရာလွတ်က ပုံမှန်ပြန်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

သူက ဂရုတစိုက်နှင့် ဖြည်းညင်းစွာ ပျံဝဲကြည့်လိုက်ပြီး သူ့ကို ဟန့်တားနေသည့်အရာ မရှိတော့ဘဲ ကောင်းကင်၏ အခြားသော အစိတ်အပိုင်းများကဲ့သို့ ပုံမှန်အတိုင်း ပျံသန်းနိုင်သည်ကို တွေ့ရ၏။

သူ့ပတ်ပတ်လည်ရှိ ခံစားမှုတို့ ပြန်ရလာပြီး သူ၏ စိတ်ဝိဉာဉ်တို့က ချက်ချင်း မြင့်တက်လာသည်။

ဤမဟာမှော်ပညာရှင်၏ အပြုအမူများကို မြင်သောအခါ ကျန်သည့် မဟာမှော်ပညာရှင်ဆယ့်နှစ်ဦးကလည်း လှုပ်ရှားမှုများလုပ်လာပြီး မတူညီသော အရပ်မျက်နှာများထံ ပျံဝဲကြည့်လိုက်ကြသည်။

အတန်ကြာပြီးနောက် လက်တွေ့အချက်အလက်များအရ စောစောက သူတို့ကိုဝန်းရံထားသော မှော်လှောင်အိမ်မှာ ပျောက်ကွယ်သွားပြီး သူတို့က မတိုင်မီကကဲ့သို့ ထိုနေရာလွတ်သေးသေးလေးထဲတွင် ချုပ်နှောင်ထားခြင်းမခံထားရတော့ကြောင်း သက်သေပြလာ၏။

ဤအရာက မဟာမှော်ပညာရှင်အားလုံး၏ ရင်ထဲတွင် အပျော်တို့ဖြင့် ပြည့်လာစေသည်။

စောစောကအခြေအနေမျိုး၌ မဟာမှော်ပညာရှင်ဆယ့်သုံးဦးမပြောနှင့် ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးပင် မည်သည်မျှ မလုပ်နိုင်ချေ။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က နောက်ဆုံးတွင် ကြောက်မက်ဖွယ်ခွန်အားရှိသည့် သူတို့အားလုံး၏ မှော်စွမ်းအားကို စုစည်းလျှက် သူတို့တစ်ခါမျှမမြင်ဖူးသော ထူးဆန်းသည့်မန္တန်တစ်ခု သုံးရန် လုပ်ခဲ့လျှင်တောင် ဤအရာက လှောင်အိမ်အား ချိုးဖျက်နိုင်ရန် မည်သူမျှမသေချာပေ။

ထို့ပြင် ယခုလေးတင် ရှုယီ၏ပြောလိုက်သောစကားအရ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ဤသို့ အမှန်တကယ်လုပ်လျှင်တောင် အလုပ်ဖြစ်မည်မဟုတ်ဘဲ ကြောက်မက်ဖွယ်ရလဒ်များကိုပင် ဖန်တီးမိပေလိမ့်မည်။

ထို့ကြောင့် အချက်အလက်များကို အခြေခံပြောရလျှင် သူတို့က မျှော်လင့်ချက်မဲ့နေသော အခြေအနေ၌ ကျရောက်နေပြီဖြစ်သည်။

သို့သော် ယခု ရှုယီလက်တစ်ချက်ဝေ့ယမ်းလိုက်ရုံဖြင့် မှော်လှောင်အိမ်က ပျောက်ကွယ်သွားပြီး သူတို့က လွတ်လပ်မှုပြန်ရကာ ကောင်းကင်ကြီးလည်း ရှင်းလင်းသွား၏။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့မှာ မဟာမှော်ပညာရှင်များကဲ့သို့ ပေါ့ပါးနေခြင်းမရှိပေ။ သူတို့နှစ်ယောက်က မျက်ခုံးများကိုပင် အကြီးအကျယ်တွန့်ချိုးထားကြပြီး ရှုယီကို ပဟေဠိဖြစ်သော အမူအရာဖြင့် ကြည့်နေကြ၏။

“ဥက္ကဌရှု မင်း ဘာလုပ်ချင်တာလဲ” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က လေးနက်သော အသံဖြင့် မေးလိုက်သည်။

“ကျုပ် စောစောကပဲ ခင်ဗျားတို့ကို ပြောပြီးပြီလေ” ရှုယီ ပြန်ဖြေ၏။ “တကယ်တော့ ကျုပ် ဒီတစ်လျှောက်လုံး ခင်ဗျားတို့ကန်ဒရာအင်ပါယာက ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက်ကို ထောင်ဖမ်းဖို့အတွက်ပဲ အချိန်ကုန်နေခဲ့တာ။ ဒါပေမယ့် အဲ့ဒါက ခင်ဗျားတို့နှစ်ယောက်ဖြစ်နေမယ် ထင်မထားဘူး”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က အေးစက်စွာ နှာမှုတ်လိုက်သည်။ “လာဒူကာ က ကန်ဒရာအင်ပါယာစစ်တပ်က ခန့်အပ်ထားတဲ့ ကျွမ်းကျင်ဘုန်းတော်ကြီးဆိုတော့ သူလာမှာ သဘာဝပဲလေ။ ငါနဲ့ ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် ကြားက ဆက်ဆံရေးနဲ့ဆိုရင် ငါလည်း လာမှာပဲ။ မင်း နောက်ဆုံးတစ်ခေါက်တည်းက ဒါကိုသိသင့်တယ်”

ရှုယီ နားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။

“ကျုပ်မမျှော်လင့်တာ နောက်တစ်ခုက အရှင်အိုဖာလျန် က ဒီလိုကြောက်စရာကောင်းတဲ့ မှော်စွမ်းအားအသုံးပြုနည်းကို တတ်မြောက်နေတာပဲ။ အဲ့ဒါက ကျုပ်မျှော်လင့်ထားတာထက် ကျော်လွန်နေလို့ ကျုပ်လည်း ရွေးစရာမရှိဘဲ ထွက်လာရတော့တာပဲ”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က မျက်နှာထက်တွင် ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ခေါင်းမော့လိုက်သည်။ “ဘာလဲ မင်းရဲ့ထောင်ချောက်က ငါ့ကို မတားနိုင်တဲ့အပြင် အဲ့ဒီရယ်စရာ မှော်လေသင်္ဘောတွေက ငါတို့ကို ဘာမှမလုပ်နိုင်တော့ မင်းကိုယ်တိုင် လှုပ်ရှားရတော့တာလား”

ရှုယီ ခပ်ရေးရေးပြုံးလိုက်သည်။

“အရှင် အိုဖာလျန် အခုနေ ကျုပ်သာ စွမ်းအားအကုန်ထုတ်သုံးလိုက်ရင် ခင်ဗျားနဲ့ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့ ဘယ်လိုလုပ် အသက်ရှင်လျက် ပြန်နိုင်ဦးမှာလဲ”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ၏ အမူအရာက ပြောင်းလဲသွား၏။

သူက ရှုယီအား ဝင့်ကြွားသော အမူအရာ ပြသနေဆဲဖြစ်သော်လည်း သူ၏မှော်စွမ်းအားအများစုက ကုန်ခမ်းသွားပြီဖြစ်သည်။

ရှုယီသာ သူ၏ ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်စွမ်းအားနှင့် သူ၏ အားကောင်းသော မှော်ပညာနားလည်မှုတို့နှင့်အတူ စွမ်းအားအကုန်ထုတ်သုံးလိုက်လျှင် သူတို့က သူတို့၏ အသက်ကယ်နည်းအားလုံး ထုတ်မသုံးရသေးလျှင်တောင် ရှုယီက သူတို့ကို ဤနေရာတွင် ထိန်းသိမ်းထားနိုင်ဦးမည်သာဖြစ်သည်။ သူတို့၏ ရှုယီလက်မှ လွတ်မြောက်ရန်အခွင့်အရေးက အတော်လေးနည်း၏။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က မည်သည်ကိုမျှမပြောသော်လည်း ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ခဏစဉ်းစားပြီးနောက် ခေါင်းငြိမ့်လိုက်သည်။ “မင်းပြောတာမှန်တယ် ငါ့ရဲ့မှော်စွမ်းအားက ကုန်လုနီးပါးဖြစ်နေပြီ။ မင်းသာလှုပ်ရှားလိုက်ရင် ငါ့မှာ လွတ်မြောက်ဖို့ အခွင့်အရေးမရှိလောက်ဘူး”

ဤသို့ပြောပြီးနောက် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ခါးသီးစွာ ရယ်မောကာ ဆက်ပြောလိုက်သည်။

“ငါ့ဘဝတစ်လျှောက်လုံး တိုက်ပွဲပေါင်းများစွာမှာ သေလုနီးပါးဖြစ်ပြီးမှ မှော်ပညာရှင်တစ်ယောက်တောင်မရှိတဲ့ အခြေအနေမှာ ငါ့စွမ်းအားတွေအကုန်သုံးလိုက်ရမယ့် အခြေအနေမျိုး ရောက်ရလိမ့်မယ်လို့ လုံးဝထင်မထားဘူး။ ဥက္ကဌရှု မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက စစ်ဘက်သုံးမှော်စက်တွေရဲ့ စွမ်းအားက ငါမျှော်လင့်ထားတာထက် ကျော်လွန်နေတာကို ဝန်ခံပါတယ်”

“ဒါက စစ်ဘက်သုံးမှော်စက်တွေရဲ့ ခွန်အားပဲမဟုတ်ဘူး။ ပိုပြီးအရေးကြီးတဲ့အရာက ကျုပ်တို့ကုမ္ပဏီက မှော်ပညာအပေါ် နားလည်မှုနဲ့ မှော်ပညာသုတေသနပိုင်းမှာ ခင်ဗျားတို့မျှော်လင့်တာထက် ကျော်လွန်နေတာပဲ” ရှုယီ ပြောလိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က နှာမှုတ်လိုက်၏။ “ဥက္ကဌရှု မင်းလာနောက်နေတာလား။ နယ်ပယ်တစ်ချို့မှာ မင်းရဲ့နားလည်နိုင်စွမ်းက ငါနဲ့ လာဒူကာ ထက် သာကောင်းသာနိုင်ပေမယ့် မင်းရဲ့ကုမ္ပဏီကတော့…… ဖြစ်နိုင်မယ်လို့ထင်လား”

“ဖြစ်နိုင်တာပေါ့ မဟုတ်ဘူး ဖြစ်နိုင်ရုံတင်မဟုတ်ဘူး ဒါက အမှန်တရားပဲ” ရှုယီက လေးနက်သော အမူအရာဖြင့် ပြောသည်။ “တစ်ခြားအရာမပြောနဲ့ ခင်ဗျားတို့ စောစောက ခင်ဗျားတို့ကို ဝန်းရံထားတဲ့ အတားအဆီးကို မချိုးဖျက်နိုင်ဘူးမလား”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နှစ်ယောက်လုံး၏ အမူအရာများက အရုပ်ဆိုးသွားကြ၏။

သူတို့က ဆယ်စုနှစ်ပေါင်းများစွာတိုင် မှော်ပညာကို သုတေသနလုပ်ခဲ့ကြပြီး ဤသည်က သူတို့နားမလည်နိုင်သော သို့မဟုတ် မည်သည်ကိုမျှမလုပ်နိုင်သော မှော်ပညာကို ပထမဆုံးအကြိမ်ရင်ဆိုင်ရခြင်းဖြစ်သည်။

ဤအရာကို Frestech ကုန်သည်ကြီးများအသင်းက ဖန်တီးထားသည်ဆိုလျှင် အနည်းဆုံး ဤအချက်၌ သူတို့က ၎င်းကို မယှဉ်နိုင်ချေ။

သူတို့နှစ်ယောက် တိတ်သွားသည်ကို မြင်သောအခါ ရှုယီက ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ထံလှည့်၍ ပြောလိုက်သည်။ “အရှင် အိုဖာလျန် ကျုပ် ခင်ဗျားကို ဘာလို့တားခဲ့လဲ သိလား”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က အေးစက်စွာ နှာမှုတ်လိုက်သည်။ “ငါက မင်းရဲ့ ရယ်စရာအတားအဆီးကို ဖျက်ဆီးပစ်ပြီး မင်း ငါတို့ကို ချုပ်နှောင်မထားနိုင်တော့မှာ စိုးလို့မဟုတ်လား”

ရှုယီ ပခုံးတွန့်ကာ လက်ဖြန့်ပြလိုက်သည်။

“ဒါပေမယ့် အခု ကျုပ်ဘက်ကစပြီး အဲ့ဒါကို ဖွင့်ပေးလိုက်တာနော်”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်၏ အမူအရာက အနည်းငယ် ပြောင်းသွား၏။ “မင်းမှာ ဘာအကြံအစည်တွေရှိနေမှန်း ဘယ်သူကသိမှာလဲ”

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ခဏစဉ်းစားကာ မေးလိုက်သည်။

“ဥက္ကဌရှု မင်းဆိုလိုချင်တာက….. အိုဖာလျန် သာ ဒါိကိုသုံးလိုက်ရင် ငါတို့ အသက်ဆုံးသွားနိုင်တယ်ပေါ့”

“အဲ့ဒါက ဖြစ်နိုင်ချေတစ်ခုပဲမဟုတ်ဘူး သေချာပေါက်ဖြစ်လာမယ့်အရာပဲ” ရှုယီက လေးနက်သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က မယုံကြည်သော အမူအရာနှင့် ချက်ချင်း အေးစက်စွာ ရယ်မောလိုက်၏။

“အရှင် အိုဖာလျန် ကျုပ်တို့ လောင်းကြည့်ကြရင်ရော” ရှုယီက အကြံပေးလိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က မည်သည်ကိုမျှမပြောဘဲ အေးစက်သော အပြုံးနှင့်သာ ရှုယီကို ကြည့်လိုက်သည်။

“ကျုပ် လက်ရှိအခြေအနေကို ဖန်တီးပြီး ခင်ဗျားတို့ကို ကြိုးစားကြည့်ခိုင်းမယ်။ ရလဒ်ကို ခင်ဗျားတို့ဘာသာ အကဲဖြတ်နိုင်တယ်။ အကျိုးဆက်တွေက ဘာမှစိုးရိမ်စရာမရှိဘူးလို့ ခံစားရရင် ကျုပ်အရှုံးလို့သတ်မှတ်ပြီး Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တွေက မာရိုမြို့ကနေ ဆုတ်ခွာပေးမယ်”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့၏ အမူအရာများ ပြောင်းလဲသွား၏။

Frestech ကုန်သည်ကြီးများအသင်းသာ သူ့ဘာသာသူ မာရိုမြို့မှ ဆုတ်ခွာသွားလျှင် သူတို့အတွက် အတော်လေး အားကုန်သက်သာသွားပေလိမ့်မည်။

“ငါတို့ရှုံးရင်ရော” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် မေးလိုက်၏။

“ခင်ဗျားတို့ရှုံးရင် ခင်ဗျားနဲ့ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ကန်ဒရာအင်ပါယာကြားက ပဋိပက္ခမှာ ဝင်မပါရတော့ဘူး” ရှုယီ ပြောလိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ခဏတိတ်သွားပြီးနောက် ခေါင်းငြိမ့်လိုက်၏။

“ငါကတော့ ရပါတယ် ဒါပေမယ့် လာဒူကာ ကတော့ ငါပြောလို့မရဘူး……”

“ငါလည်း သဘောတူတယ်” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ဖြတ်ပြောလိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ကို အံ့ဩသော အမူအရာနှင့် ကြည့်လိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က အပြုံးနှင့် ပြောသည်။ “ဥက္ကဌရှုပြောသလို ဒီနေရာမှာ ငါတို့အားလုံးကို သတ်ပစ်လိုက်နိုင်တယ်ဆိုတာသာ တကယ်ဆိုရင် Frestech ကုန်သည်ကြီးများအသင်းမှာ ငါတို့ကိုသတ်နိုင်တဲ့ အရည်အချင်းရှိနေပြီဆိုတဲ့ အဓိပ္ပာယ်ပဲလေ။ ငါက ဒီပဋိပက္ခမှာ ဆက်ပါနေရင် ကိုယ့်သေလမ်းကိုယ်ရှာတာပဲ မဟုတ်ဘူးလား”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က အနည်းငယ်မျက်မှောင်ကြုတ်လျှက် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာအား ကြည့်ကာ စဉ်းစားလိုက်ပြီးနောက် လက်ဆန့်ထုတ်၍ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ၏ ပခုံးကို ပုတ်လိုက်သည်။

“ကောင်းပြီး ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် က မင်းကို ပြဿနာရှာရဲရင် ငါ မင်းဘက်က ရပ်တည်ပေးမယ်”

“စိတ်လျှော့ပါ ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် က အရူးမဟုတ်ပါဘူး” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က အပြုံးနှင့် ပြောလိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ရှုယီအား လှည့်ကြည့်လိုက်သည်။

“ကောင်းပြီ ဥက္ကဌရှု ငါနဲ့ လာဒူကာ ကတော့ မင်းတောင်းဆိုတာ လက်ခံပြီးပြီ။ စောစောက ငါတို့ရဲ့အခြေအနေကို ဖန်တီးဖို့ မင်း ဘယ်လိုစီစဉ်ထားလဲ”

“ခဏစောင့်ပါ”

ရှုယီက ပြုံးလိုက်ပြီး မှော်ဆက်သွယ်ရေးကိရိယာလေးတစ်လုံးကို ထုတ်လိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Volume 7 အခန်း ၁၂၀ ။ အရှုံးကို ဝန်ခံခြင်း

အတန်ကြာပြီးနောက် ရှုယီက သူ၏ခေါ်‌ဆိုမှုကို အဆုံးသတ်လိုက်ပြီး ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့်ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ အား ခဏစောင့်ရန် လက်ဟန်ပြလိုက်သည်။

အတန်ကြာပြီးနောက် သူတို့ရှေ့မှ မာရိုမြို့အနီးရှိ မှော်နေရာလွတ်တွင် ထူးဆန်းသော အပြောင်းအလဲနောက်တစ်ခု ဖြစ်လာသည်ကို ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့ တစ်ပြိုင်နက်တည်း ခံစားလိုက်ရ၏။

ဤရင်းနှီး‌နေသော အပြောင်းအလဲကို ခံစားလိုက်ရချိန်တွင် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။

ဤမှော်နေရာလွတ်၏ ပုံမှန်မဟုတ်သော အခြေအနေက သူတို့ကိုချုပ်နှောင်ခဲ့သော မှော်လှောင်အိမ်နှင့် အတိအကျတူနေ၏။ Frestech ကုန်သည်ကြီးများအသင်းက အမည်မသိနည်းလမ်းတစ်ခုသုံး၍ သူတို့ရှေ့ရှိ မှော်နေရာလွတ်ကို ပြောင်းလဲလိုက်မှန်း သိသာထင်ရှားလှသည်။

သို့သော် သူတို့၏မှော်စွမ်းအားနှင့် စစ်ဆေးလိုက်ချိန်၌ ဤတစ်ကြိမ်တွင် ၎င်းက မီတာနှစ်ဆယ်မြင့်ပြီး ဆယ်မီတာကျယ်သော ထောင့်မှန်စတုဂံပုံ ဂရစ်ဇမ်တစ်ခုဖြစ်ကြောင်း ပြောနိုင်သည်။ သူတို့၏မှော်စွမ်းအားက ၎င်းကို ထိုးမပေါက်သောကြောင့် အထူမည်မျှရှိမှန်း မမြင်နိုင်ချေ။ ၎င်းသည် မတိုင်မီက သူတို့ကို ပိတ်လှောင်ထားခဲ့သော တစ်ခုကဲ့သို့ ပြီးပြည့်စုံသောစက်ဝန်းတစ်ခု ဟုတ်ပုံမရချေ။

ဤအရာသည် ရှုယီက သူတို့ကို စမ်းကြည့်စေချင်ရုံသာဖြစ်ပြီး သူတို့ကို ထပ်မံပိတ်လှောင်ရန် ဆန္ဒမရှိသည့် အဓိပ္ပာယ်ဖြစ်သောကြောင့် သူတို့နှစ်ယောက် စိတ်အေးသွားသည်။

အမှန်တကယ်တော့ သူတို့၏ လက်ရှိအခြေအနေနှင့် ရှုယီသာ စွမ်းအားကြီးသော Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များနှင့် လက်တွဲလုပ်ဆောင်လျှင် သူတို့ကို အလွယ်လေး ရှင်းပစ်နိုင်သည်။ သူတို့က စွမ်းအင်အကုန်ခံ၍ ဤထောင်ချောက်ကို ချနေစရာမလိုပေ။

“ကဲ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် စောစောကလုပ်ခဲ့သလို ကြိုးစားကြည့်နိုင်ပါပြီ။ ကျုပ် ခင်ဗျားကို အဲ့ဒီနေရာလွတ်ကနေ ဝေးဝေးနေဖို့ သတိပေးခဲ့တာက မှော်နေရာလွတ်ပြိုကျတဲ့ အကျိုးဆက်တွေက ခင်ဗျားထင်တာထက် ပိုကြောက်စရာကောင်းလို့ပဲ”

ဤသို့ပြောပြီးနောက် ရှုယီက ခပ်ဝေးဝေးသို့ဆုတ်သွားကာ ဖိတ်ခေါ်သည့်အမူအရာကို လက်ဟန်ပြလိုက်၏။

“ဒီကောင်က ဒီလောက်အဝေးကြီးကိုဆုတ်သွားပြီး ငါတို့ လှည့်ထွက်ပြေးသွားမှာ မကြောက်ဘူးလား” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က မီတာတစ်ရာအကွာသို့ ဆုတ်သွားသော ရှုယီအားကြည့်ကာ သံသယဖြစ်စွာ မျက်မှောင်ကြုတ်လျှက် ပြောသည်။

“သူက ဘာစိုးရိမ်စရာရှိမှာလဲ။ ငါတို့မှာကျန်နေတဲ့ မှော်စွမ်းအားမဖြစ်စလောက်နဲ့ ထွက်ပြေးသွားနိုင်တယ်ဆိုရင်တောင် သူလိုက်ဖမ်းတာကနေ လွတ်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ သူ့မှာ ငါတို့ကိုသတ်ဖို့ ရည်ရွယ်ချက်မရှိမှတော့ ငါတို့က ဘာလို့ ထွက်ပြေးနေမှာလဲ။ နောက်ပြီးတော့ အိုဖာလျန် မင်း မသိချင်ဘူးလား” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ပြန်မေးလိုက်သည်။

“ငါသာ မသိချင်ရင် ဒီလောက်အများကြီးတောင် ပြောနေမှာမဟုတ်ဘူး”

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က အေးစက်စွာ နှာမှုတ်လိုက်သည်။ သူက အကူအညီမဲ့နေသော မဟာမှော်ပညာရှင်ဆယ့်သုံးဦးကို လက်ယမ်းပြကာ သူ့ဘေးသို့ခေါ်လိုက်ပြီးနောက် သူနှင့် ရှုယီကြားမှ စကားဝိုင်းကို ပြောပြလိုက်သည်။ သူက သူတို့၏မှော်စွမ်းအားအကုန်လုံးကို စုစည်းကာ ဤထူးဆန်းသော မှော်နေရာလွတ်ကို ချိုးဖျက်လိုကြောင်း ပြောလိုက်သည်။

မဟာမှော်ပညာရှင်ဆယ့်သုံးဦးက သဘာဝကျစွာပင် ငြင်းဆန်ခြင်းမပြုပေ။ သူတို့က ရှုယီပြောသွားသည့်အကြောင်းကို သိချင်နေသည့်အပြင် သူတို့ကို ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦး၏ ညွှန်ကြားချက်များအား လိုက်နာရန် အမိန့်ပေးထား၏။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က လျှို့ဝှက်နည်းလမ်းတစ်ခုသုံး၍ မဟာမှော်ပညာရှင်ဆယ့်သုံးဦး၏ မှော်စွမ်းအားများကို စုစည်းလိုက်လျှင် ၎င်းက ကြောက်စရာကောင်းအောင် အားကောင်းပေလိမ့်မည်။ မည်သို့ဖြစ်၍ ဤအတားအဆီးကို မချိုးဖျက်နိုင်ဘဲ နေမည်နည်း။ မတိုင်မီက အတားအဆီးဆိုလျှင် သူတို့ကို အပြည့်အဝပင် ပိတ်လှောင်ထားခဲ့သေးသည်မဟုတ်လော။

ရှုယီက အဝေးမှနေ၍ လေထဲတွင် မျောလွင့်နေသော ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် မဟာမှော်ပညာရှင်ဆယ့်သုံးဦးကို သိလိုစိတ်ဖြင့် စောင့်ကြည့်နေ၏။ ပတ်ပတ်လည်ရှိ မှော်နေရာလွတ်မှာ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ၏ မှော်ပိုင်နက်ဖြင့် လွှမ်းမိုးခံလိုက်ရပြီးနောက် မဟာမှော်ပညာရှင်ဆယ့်သုံးဦးက သူတို့၏ မှော်စွမ်းအားအကုန်လုံးအား ထုတ်လွှတ်ကာ ၎င်းတို့ကို ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ဖြည်းဖြည်းချင်း စုစည်းလိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် သုံးသော နည်းလမ်းက သူ့ကို အမှန်တကယ်ပင် အံ့အားသင့်စေခဲ့သည်။

ဤအထူးမှော်လှောင်အိမ်၏ အမြင့်ဆုံးချိန်ညှိမှုက ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်ထံ ရည်ရွယ်ထားသောကြောင့် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်၊ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ နှင့် မဟာမှော်ပညာရှင်ဆယ့်သုံးဦးကို ပိတ်လှောင်ရန်မှာ ၎င်းအတွက် ပြဿနာမဟုတ်ပေ။

သို့သော် ယခု ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က မဟာမှော်ပညာရှင်ဆယ့်သုံးဦး၏ မှော်စွမ်းအားအကုန်လုံးကို စုစည်းလိုက်သောကြောင့် ၎င်းက ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦး၏ ကန့်သတ်ချက်ကို ကျော်လွန်ကာ မှော်လှောင်အိမ်၏ ခံနိုင်ရည်ကိုပင် ကျော်လွန်သွား၏။

ထို့ကြောင့် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် သာ ထို‌အနက်ရောင်စက်ဝန်းကို ထုတ်လွှတ်လိုက်လျှင် ၎င်းက မှော်လှောင်အိမ်ကို ချိုးဖျက်ရန် ဖြစ်နိုင်ချေများသော်လည်း ထိုအရာက ကြောက်မက်ဖွယ် အကျိုးဆက်တစ်ခု ဖန်တီးပေလိမ့်မည်။ သူတို့က ထိုအကျိုးဆက်မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ရှုယီသည် မှော်လေသင်္ဘောများကြားတွင် ပုန်းကွယ်ကာ တိုက်ပွဲအခြေအနေကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သော်လည်း သူ့ကို ထွက်လာအောင်လုပ်မည့် မတော်တဆဖြစ်ရပ်တစ်ခု ရှိလာမည်ဟု သူထင်မထားခဲ့ချေ။

၎င်းက ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ဖြစ်စေ၊ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ဖြစ်စေ၊ မဟာမှော်ပညာရှင်ဆယ့်သုံးဦးဖြစ်စေ အတူတူသာဖြစ်မည်မှန်း သူသိသည်။ သူတို့ လက်ရှိဖြစ်နေသည့် စွမ်းအားကြီး မှော်ပညာရှင်များဖြစ်လာရန် သူတို့တွင် ပြင်းပြသော သိလိုစိတ်နှင့် ဗဟုသုတရရန် လိုအင်ဆန္ဒတစ်ခု ရှိပေလိမ့်မည်။

သူ၏စကားသက်သက်နှင့် သူတို့ကို ဖျောင်းဖျရန် မဖြစ်နိုင်ပေ။

ရလဒ်ကိုပြသရန် သံကဲ့သို့ခိုင်မာသော အချက်အလက်များကို သုံးခြင်းကသာ ဤကိစ္စတွင် ဖုံးကွယ်နေသော ရည်ရွယ်ချက်ကို သူတို့နားလည်လာအောင် လုပ်နိုင်ပေလိမ့်မည်။

သိပ်မကြာမီ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က မဟာမှော်ပညာရှင်ဆယ့်သုံးဦး၏ မှော်စွမ်းအားကို စုစည်းပြီးသွားကာ ဖိသိပ်ထားသော နေရာလွတ်ကို ကိုယ်စားပြုသည့် အနက်ရောင်အလုံးက သူ့ရှေ့တွင် ပေါ်လာ၏။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ရုတ်တရက် ရှုယီကို လှည့်ကြည့်လိုက်သည်။

ရှုယီက အပြုံးတစ်ပွင့်ပေါ်လာပြီး ဆက်လုပ်ရန် လက်ဟန်ပြလိုက်၏။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏မှော်စွမ်းအားကိုသုံးကာ သူ့ရှေ့ရှိ အနက်ရောင်အလုံးကို ထောင့်မှန်စတုဂံဂရစ်ဇမ်ပုံစံ မှော်နေရာလွတ်ထံ အလျင်အမြန် ပို့လွှတ်လိုက်သည်။

လူတိုင်းက မီတာနှစ်ရာကျော်ကို ချက်ချင်းဖြတ်သန်းသွားသော အနက်ရောင်အလုံးပေါ်၌ အာရုံစိုက်သွားကြ၏။

အနက်ရောင်အလုံးက ထူးဆန်းသော မှော်နေရာလွတ်နှင့် ထိမိသွားသည်။

၎င်းတို့ထိသွားသည်နှင့်ချက်ချင်း ပကတိအမြင်ဖြင့်မြင်နိုင်သည့် ထူးဆန်းသော မှော်နေရာလွတ်ထံမှ မရေမတွက်နိုင်သော ရောင်စုံမျဉ်းများ ထုတ်လွှတ်လာပြီး တဇစ်ဇစ်အသံများလည်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

အနက်ရောင်အလုံးသည် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် စုစည်းထားသည့် မဟာမှော်ပညာရှင်ဆယ့်သုံးဦးထံမှ မှော်စွမ်းအားအကုန်လုံး၏ ခွန်အားကို ပြသနေပြီး မှော်နေရာလွတ်မှ ဖန်တီးထားသော ရောင်စုံမျဉ်းပေါင်းများစွာမှာ ၎င်းထဲသို့ စုပ်ယူခံလိုက်ရ၏။

သို့သော် မျဉ်းတစ်ကြောင်း ပျောက်ကွယ်သွားချိန်တွင် နောက်တစ်ကြောင်း ပေါ်ထွက်လာ၏။

ချက်ချင်းပင် ထိုမှော်နေရာလွတ်ကို ကိုယ်စားပြုသော မျဉ်းပေါင်းများစွာက လူတိုင်းရှေ့တွင် ပေါ်လာသည်။

ထိုမျဉ်းများက ထောင့်မှန်စတုဂံပုံ ဂရစ်ဇမ်ထဲ၌သာ ကန့်သတ်ထားသည်ကို မြင်သောအခါ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့ အံ့ဩသောအမူအရာများ ပြလာသည်။

ပုံမှန်အားဖြင့်ပြောရလျှင် စွမ်းအားကြီးသော မှော်ပညာရှင်များသည် သူတို့၏ မှော်စွမ်းအင်ရင်းမြစ်အပေါ် ထိန်းချုပ်နိုင်စွမ်းကို အသုံးချကာ အထူးမှော်နေရာလွတ်တစ်ခု အတင်းအကြပ်ဖန်တီးနိုင်၏။ ကျွမ်းကျင်ဘုန်းတော်ကြီးများအနေဖြင့် သူတို့နှစ်ယောက်တွင်ရှိသော မှော်ပိုင်နက်များက မြင်သာသော ဥပမာတစ်ခုဖြစ်သည်။

သို့သော် မှော်ပညာရှင်များ ဖန်တီးလိုက်သော မှော်နေရာလွတ်သည် စက်ဝိုင်းအပြည့်ပုံသဏ္ဍာန်သာရှိပြီး အခြားပုံသဏ္ဍာန်မရှိပေ။

အဘယ့်ကြောင့်ဆိုသော် မှော်ပညာရှင်များက သူတို့၏ မှော်စွမ်းအားကိုသုံး၍ သူတို့ပတ်ပတ်လည်ရှိ မှော်စွမ်းအင်ရင်းမြစ်များကို ထိန်းချုပ်ကာ ဤမှော်နေရာလွတ်ကို ဖန်တီးသောကြောင့် ဖြစ်သည်။ အကျယ်အဝန်းမှာ မှော်စွမ်းအား၏ တောင့်တင်းမှုနှင့် သူတို့၏ မှော်စွမ်းအင်ရင်းမြစ်အပေါ် ထိန်းချုပ်မှုတို့ကိုလိုက်၍ သက်ရောက်မှုရှိ၏။ သို့သော် အကျယ်အဝန်းက အကန့်အသတ်ရှိသောကြောင့် ၎င်းသည် မှော်ပညာရှင်ကို ဗဟိုပြု၍ စက်ဝန်းပုံသဏ္ဍာန် ဖော်လေ့ရှိသည်။

အထူးအခြေအနေတစ်ခုရှိခြင်းမဟုတ်လျှင် မှော်ပညာရှင်တစ်ဦးသည် တစ်မူထူးသော ပုံသဏ္ဍာန်နှင့် မှော်နေရာလွတ်တစ်ခုကို ဖန်တီးမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းက များစွာ ပိုခက်ခဲပြီး သူတို့က သူတို့၏ စွမ်းအားအပြည့် ပြသနိုင်မည်မဟုတ်သောကြောင့်ပင်။

သို့သော် ရှုယီက မှော်ဆက်သွယ်ရေးကိရိယာနှင့် စကားအနည်းငယ်ပြောပြီးနောက် မာရိုမြို့ရှိ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက အမှန်တကယ်ပင် ထောင့်မှန်စတုဂံပုံ ဂရစ်ဇမ်တစ်ခု ဖန်တီးလိုက်သည်။ ၎င်းသည် စံမှော်နေရာလွတ်တစ်ခုနှင့်တူပြီး အတော်လေး အထင်ကြီးလောက်ဖွယ်ပင်။

ဤမှော်နေရာလွတ်တစ်ခုတည်းအပေါ် အခြေခံ၍ပြောရလျှင် မာရိုမြို့ရှိ Frestech ကုန်သည်ကြီးများအသင်းအစောင့်တပ်ဖွဲ့၏ မှော်နေရာလွတ်အပေါ် နားလည်မှုက မဟာမှော်ပညာရှင်အားလုံးထက် သာလွန်နေပြီဖြစ်ပြီး ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် သို့မဟုတ် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ထက်ပင် အားမနည်းပေ။

သူတို့နှစ်‌ယောက်ပင် ဤမှော်နေရာလွတ်ထဲ၌ ပိတ်လှောင်ခံထားရသည့် အချက်ကို ကြည့်ခြင်းအားဖြင့်လည်း Frestech ကုန်သည်ကြီးများအသင်း၏ မှော်နေရာလွတ်တွင် အောင်မြင်မှုက သူတို့နှစ်‌ယောက်ထက် သာလွန်နေပြီဟုပြောလျှင် မလွန်ပေ။

သို့သော် အထူးဆန်းဆုံးအချက် ရှိသေး၏။

Frestech ကုန်သည်ကြီးများအသင်း၌ သေချာပေါက် မှော်ပညာရှင်များရှိသော်လည်း သူတို့တွင် ကျွမ်းကျင်ဘုန်းတော်ကြီးမဆိုထားနှင့် မဟာမှော်ပညာရှင်များပင် မရှိချေ။

ဤအခြေအနေတွင် သူတို့က ဤမျှစွမ်းအားကြီးသော မှော်နေရာလွတ်တစ်ခုကို မည်သို့ဖန်တီးနိုင်လိုက်သနည်း။

၎င်းကို Frestech ကုန်သည်ကြီးများအသင်း၌ရှိသော ထူးဆန်းသည့် စစ်ဘက်သုံးမှော်စက်များနှင့် ပြုလုပ်ထားခြင်းပေလော။

ဤမေးခွန်းများက ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦး၏ စိတ်ထဲတွင် ပြေးလွှားနေသော်လည်း ယခု သူတို့ ပိုအာရုံစိုက်ရမည်မှာ အနက်ရောင်စက်လုံးနှင့် မှော်နေရာလွတ်တို့၏ ထိတိုက်မှုဖြစ်သည်။

အနက်ရောင်စက်လုံးက မှော်နေရာလွတ်မှ ရောင်စုံမျဉ်းများကို ဆက်တိုက်စုပ်ယူနေပြီး ဟင်းလင်းပြင်ထဲသို့ မျောလွင့်သွားသော အလင်းရောင်ကဲ့သို့ ၎င်းတို့က အနက်ရောင်စက်လုံးထဲသို့ ဆက်တိုက်ဝင်သွားကြသည်။ ဤမြင်ကွင်းသည် အမှန်တကယ်ပင် လှပပြီး ထူးဆန်း၏။

သို့သော် အနက်ရောင်စက်လုံးက မည်မျှစုပ်ယူစေကာမူ ရောင်စုံမျဉ်းများက ဆက်လက်ထွက်ပေါ်နေဆဲပင်။ သူတို့က အရေအတွက် ပိုပိုများလာပြီး ပိုမြန်သော အရှိန်နှုန်းဖြင့် ပေါ်လာကြသည်။

ရောင်စုံမျဉ်းများကို စုပ်ယူနေသော အနက်ရောင်စက်လုံးကလည်း ပကတိအမြင်နှင့် မြင်နိုင်သောနှုန်းဖြင့် တဖြည်းဖြည်း ပိုပိုကြီးလာ၏။

နှစ်မိနစ်ပင်မပြည့်မီ အနက်ရောင်စက်လုံးက နှစ်ဆဖြစ်လာသည်။

သူတို့ ပိုအာရုံစိုက်ရန် လိုအပ်သည့်ကိစ္စမှာ မှော်နေရာလွတ်က ပိုအားကောင်းလာခြင်းပင်။

မျဉ်းများက ဆက်တိုက်ထွက်ပေါ်ကာ အနက်စက်လုံးထဲသို့ စုပ်ယူခံနေရချိန်တွင် မှော်နေရာလွတ်သည် အရောင်အားလုံး အနက်ရောင်စက်လုံးထဲ စုပ်ယူခံလိုက်ရသကဲ့သို့ စတင်မှုန်မှိုင်းလာသည်။

အနက်ရောင်စက်လုံးက ပိုပိုကြီးလာသည်နှင့်အတူ မှော်နေရာလွတ်၏ အရောင်က ပိုပိုမည်းမှောင်လာကာ နောက်ဆုံးတွင် အနက်ရောင်‌ပြောင်းသွားတော့သည်။ နေရာလွတ်တစ်ခုလုံးက အနက်ရောင်စက်လုံး၏ ကူးစက်မှု ခံလိုက်ရသည့်အတိုင်းပင်။

ထူးဆန်းသော ထောင့်မှန်စတုဂံပရစ်ဇမ်ပုံသ‌ဏ္ဍာန် မှော်နေရာလွတ်၏ ပတ်ပတ်လည်ရှိ နေရာလွတ်ထဲတွင် နေရာလွတ်က မတည်မငြိမ်ဖြစ်လာသည့် လက္ခဏာများ ပြလာသည်။ ထိုနယ်နိမိတ်တစ်ဝိုက်ရှိ မှော်စွမ်းအင်ရင်းမြစ်များက ထူးဆန်းသောနည်းဖြင့် စုဝေးလာကာ မှော်ဖြစ်ရပ်ဆန်းတစ်ခု ဖန်တီးလိုက်သည်။

“အိုဖာလျန် ဒါက……” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က အချိန်မရွေး ပြိုကျတော့မည့်ပုံပေါ်နေသည့် မှော်နေရာလွတ်ကိုကြည့်ကာ သူ့အမူအရာက အနည်းငယ်မတည်မငြိမ်ဖြစ်လာ၏။

ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ၏ အမူအရာမှာ တိမ်ဝင်သွားပြီး မတိုင်မီက ရှုယီကြောင့် မယုံမကြည်ဖြစ်နေခြင်းတို့ မရှိတော့ဘဲ လေးနက်သော အမူအရာပေါ်လာသည်။

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ၏ စကားကို ကြားသောအခါ သူ ပါးစပ်ဟလိုက်သော်လည်း မည်သည်ကိုမျှ မပြောနိုင်ချေ။

ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က သူ့ကိုကြည့်ကာ သက်ပြင်းချလိုက်၏။ သူက ခပ်ဝေးဝေးရှိ ရှုယီကိုကြည့်ပြီး အသံမြှင့်၍ ပြောလိုက်သည်။

“ဥက္ကဌရှု ငါတို့ရှုံးပြီ”

All Chapters