← Chapters

အခန်း (၁၅၁-၁၆၀)

Vol. 7 Ch. 151-160

အခန်း (၁၅၁-၁၆၀)

Vol. 7 Ch. 151-160

Volume 7 အခန်း ၁၅၁။ တည်ငြိမ်သော အခြေအနေ

မှော်ပညာရှင်များအား မှော်စက်မှုလုပ်ငန်းအတွင်းသို့ဝင်ရန် တစ်ဝက်တိုက်တွန်းရင်း စစ်မြေပြင်မှ ခွာလိုက်ခြင်းသည် မှော်စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ရှုယီ၏အစီအစဉ်မှ ပထမဆုံးခြေလှမ်းမျှသာဖြစ်သည်။

မှော်စက်မှုလုပ်ငန်းသည် အလွန်ကျယ်ပြန့်သောလုပ်ငန်းဖြစ်ပြီး ၎င်းကို လုံးဝဥဿုံ ဖွံဖြိုးတိုးတက်လာစေရန် မှော်ပညာရှင်များအပြင် အခြားကဏ္ဍများိကိုလည်း ဖယ်ထား၍မရချေ။

မှော်ပညာရှင်ငြိမ်းချမ်းရေးသဘောတူညီချက်ကို ကြေညာပြီးနောက် ရှုယီ၏နောက်ပန်းတိုင်မှာ စက်မှုလုပ်ငန်းကလိုအပ်နေသော အလုပ်သမားပမာဏများစွာအထိ တိုးပွားအောင်လုပ်ရန်ဖြစ်သည်။

မတိုင်မီက မျိုးပွားမှုကို ကန့်သတ်ထားသောကြောင့် လူသားများက စိုင်စ်နယ်မြေကိုအုပ်ချုပ်ခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ပြီဖြစ်သော်လည်း လူဦးရေက တိုးပွားမလာခဲ့ချေ။ လက်ရှိအချိန်တွင် နယ်မြေတစ်ခုလုံး၏ လူဦးရေစုစုပေါင်းက သန်းနှစ်ရာပင် မရှိချေ။

ကျယ်ပြန့်သော စိုင်စ်နယ်မြေကြီးနှင့်ယှဉ်လျှင် ဤလူဦးရေက အနည်းငယ် နည်းပါးသကဲ့သို့ ထင်ရ၏။

ပြည့်စုံမှုရှိပြီး စေ့စပ်သေချာသော မှော်စက်မှုလုပ်ငန်းတစ်ခု ထူထောင်ချင်သော ရှုယီအတွက် ဤကျဲပါးသော လူဦးရေမှ ထောက်ပံ့ပေးထားသော အလုပ်သမားအင်အားသည် လုံလောက်ရန်ဝေးနေသေးသည်။

အခြေခံအုတ်မြစ်အဖြစ် အချိန်အများအပြားလိုအပ်သည့်အတွက် စိုင်စ်နယ်မြေ၏ လူဦးရေကို ချက်ချင်း အကြီးအကျယ် တိုးပွား‌လာအောင် ရှုယီလည်းမလုပ်နိုင်ပေ။

ထို့ကြောင့် လက်ရှိအခြေအနေများအောက်တွင် ရှုယီက ဤကိစ္စကိုဖြေရှင်းရန် နည်းလမ်းနှစ်ခုရွေးချယ်ထား၏။

ပထမနည်းလမ်းက အမြစ်မှစတင်ခြင်းဖြစ်သည်။

မှော်ပညာရှင်ငြိမ်းချမ်းရေးသဘောတူညီချက်ကြေညာပြီးနောက် တစ်လဝန်းကျင်ခန့်တွင် Frestech ကုန်သည်ကြီးများအသင်းက လှုပ်ရှားမှုကြီးတစ်ခု လုပ်လိုက်သည်။

မေလသုံးရက်နေ့တွင် Frestech ကုန်သည်ကြီးများအသင်းက နောက်ထပ်သတင်းစာရှင်းပွဲတစ်ခု ထပ်မံကျင်းပကာ စိုက်ပျိုးရေးသုံးမှော်စက်များနှင့်ပတ်သတ်၍ နိုင်ငံပေါင်းနှစ်ဆယ့်ခြောက်နိုင်ငံနှင့် ပူးပေါင်းမည်ဟု ကြေညာလိုက်၏။

ဤအရာက သူတို့ကို စိုက်ပျိုးရေးသုံးမှော်စက်များ ထောက်ပံ့ပေးရုံသာမက လမ်ပူရီတိုင်းပြည်က ဖန်တီးထားပြီးသား စေ့စပ်သေချာသော စိုက်ပျိုးရေးနည်းလမ်းအသစ်တစ်ခုလည်း ပါဝင်မည်ဖြစ်သည်။ သူတို့တိုင်းပြည်၏ သီးနှံထွက်နှုန်းကို အကြီးအကျယ်တိုးပွားစေမည့် ဤခေတ်သစ်စိုက်ပျိုးနည်းကို သူတို့ကျွမ်းကျင်သည်အထိ ကူညီသွားမည်ဖြစ်၏။

ဤသတင်းကို သတင်းစာများတွင် သုံးသပ်ပြထားပြီးနောက် Frestech ကုန်သည်ကြီးများအသင်းရွေးချယ်ထားသော နိုင်ငံနှစ်ဆယ့်ခြောက်နိုင်ငံမှာ အားလုံးကို သေချာ ဂရုတစိုက်ရွေးချယ်ထားကြောင်း တွေ့လိုက်ရသည်။

ဤနှစ်ဆယ့်ခြောက်နိုင်ငံလုံး၌ တူသောအချက်တစ်ခုရှိ၏။ သူတို့အားလုံး ပြန့်ပြုးသော ကုန်းမြေနှင့် သူတို့နယ်မြေထဲတွင် မြေပြန့်လွင်ပြင်များသာ အဓိကရှိပြီး စိုက်ပျိုးရေးဧရိယာပေါင်း များစွာထောက်ပံ့ပေးထားသည်။

ဤအရာက ထိုနိုင်ငံများသည် Frestech ကုန်သည်ကြီးများအသင်းတိုးမြှင့်လိုသော စိုက်ပျိုးရေးနည်းလမ်းအသစ်နှင့် အသင့်တော်ဆုံးဟု ဆိုလိုခြင်းပင်။ ဤအချက်က စိုက်ပျိုးနည်းအသစ်ကို အကောင်အထည်ဖော်ရန် ပိုလွယ်ကူစေသလို ကောက်ပဲသီးနှံအထွက်နှုန်းကိုလည်း အကြီးအကျယ် တိုးစေပေလိမ့်မည်။

တိုင်းပြည်ပေါင်းများစွာက Frestech ကုန်သည်ကြီးများအသင်း၏ ရွေးချယ်မှုများနှင့်ပတ်သတ်၍ ထင်မြင်ချက်ပေါင်းများစွာရှိနေ၏။

သူတို့၏နိုင်ငံများတွင်လည်း တူညီသောကုန်းမြေရှိပြီး သီးနှံထွက်နှုန်းတိုးတက်ရန် Frestech ကုန်သည်ကြီးများအသင်း၏ အထောက်အပံ့ကိုလိုအပ်ကြောင်း ဖော်ပြလာသည်။

သူတို့က နိုင်ငံများ၏ အခြေအနေအပေါ်မူတည်ပြီး မတူညီသော ဆုံးဖြတ်ချက်များလုပ်မည်ဖြစ်ကြောင်း Frestech ကုန်သည်ကြီးများအသင်းက ထုတ်ပြန်သည်။ သူတို့ စိုက်ပျိုးရေးနည်းလမ်းအသစ်ကို တိုးမြှင့်ရန် နိုင်ငံပေါင်းနှစ်ဆယ့်ခြောက်နိုင်ငံအား ရွေးချယ်ခြင်းမှာ သူတို့တွင် သင့်တော်သော အခြေအနေများရှိသောကြောင့်ဖြစ်သော်လည်း ၎င်းသည် Frestech ကုန်သည်ကြီးများအသင်းက အခြားမတူညီသည့် တိုင်းပြည်များအပေါ်တွင် လက်လျော့မည်ဟု မဆိုလိုပေ။

ဤနောက်တွင် Frestech ကုန်သည်ကြီးများအသင်းက တစ်နိုင်ငံချင်းစီ၏ မတူညီသော ကုန်းမြေများအပေါ် အခြေခံပြီး မတူညီသော စိုက်ပျိုးရေးမှော်စက်များ ထောက်ပံ့ပေးကာ သူတို့၏လိုအပ်ချက်များပြည့်စုံစေရန် အကောင်းဆုံးလုပ်ဆောင်ပေးမည်ဖြစ်သည်။

တစ်ချိန်တည်းတွင် Frestech ကုန်သည်ကြီးများအသင်းက သူတို့၏ပန်းတိုင်သည် လူတိုင်းအား အစားအစာအလုံအလောက်ရရှိစေပြီး စိုင်စ်နယ်မြေ၏ ယေဘုယျသီးနှံထွက်နှုန်းကို တိုးစေရန်ဖြစ်ကြောင်း ဖော်ပြလာပြီး ၎င်းက နယ်မြေပေါ်ရှိ နိုင်ငံတိုင်းနှင့် လူတိုင်း၏ ပန်းတိုင်လည်းဖြစ်သောကြောင့် Frestech ကုန်သည်ကြီးများအသင်းက နိုင်ငံနှင့်အဖွဲ့အစည်းအားလုံးကို သူတို့နှင့် ပူးပေါင်းပေးရန် မျှော်လင့်ကြောင်း ဖော်ပြလာသည်။

Frestech ကုန်သည်ကြီးများအသင်းက တိုင်းပြည်နှင့် အဖွဲ့အစည်းများ သူတို့နှင့် မည်သို့ပူးပေါင်းရမည်ကို ဖော်မပြမထားသော်လည်း မည်သူမျှမမေးချေ……

ထို့ကြောင့် အမြစ်မှစတင်သည့် ပထမဆုံးနည်းလမ်းမှာ စိုင်စ်နယ်မြေပေါ်မှ ယေဘုယျသီးနှံထွက်နှုန်းကို တိုးတက်စေကာ နယ်မြေ၏လူဦးရေ တိုးလာစေရန်ဖြစ်သည်။

ဒုတိယနည်းလမ်းမှာမူ တည်ဆဲအခြေအနေများနှင့်အညီ အလုပ်လုပ်ရန်ဖြစ်၏။

စိုင်စ်နယ်မြေပေါ်မှ လူ့စွမ်းအားမှာ အကန့်အသတ်ရှိပြီး ထိရောက်သော အလုပ်သမားအင်အားမှာ ပို၍ပင် အကန့်အသတ်ရှိသေးသည်။ မှော်စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရှိဆဲအလုပ်သမားအင်အား၏ အရည်အချင်းကို တတ်နိုင်မျှ တိုးမြှင့်ရမည်ဖြစ်၏။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းက အင်ပါယာနှစ်ခုအပြင် နိုင်ငံအများစုနှင့် ပူးပေါင်းရေးသဘောတူညီချက်များ လက်မှတ်ရေးထိုးပြီး ထိုနိုင်ငံများတွင် မှော်စက်မှုသက်မွေးမှုစာသင်ကျောင်းပေါင်း ငါးရာကျော်တည်ဆောက်ရန် စီစဉ်ထားသည်။

ထိုကျောင်းများက Frestech ကုန်သည်ကြီးများအသင်းနှင့် တူညီစွာပင် ကျောင်းသားများကို မှော်စက်မှုလုပ်ငန်းနှင့် ဆက်စပ်သော အရည်‌အသွေးများ ကျွမ်းကျင်အောင် ကူညီပေးပြီး သူတို့အတွက် အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ပေးကာ မှော်စက်မှုလုပ်ငန်းတွင် အလျင်အမြန် စတင်အလုပ်ဝင်နိုင်အောင် ထောက်ပံ့ပေးမည်ဖြစ်သည်။

ဤအစီအစဉ်သည် သဘာဝကျစွာပင် နယ်မြေပေါ်ရှိ နိုင်ငံပေါင်းများစွာ၏ နွေးထွေးစွာ ကြိုဆိုခြင်းခံခဲ့ရသည်။ သို့သော် ဤကျောင်းများလိုအပ်သော ရင်းနှီးမြှုပ်နှံမှုက မနည်းဘဲ နိုင်ငံပေါင်းများစွာ၌ ကန့်သတ်ထားသော ဘဏ္ဍာရေးအခြေအနေ ရှိသောကြောင့် Frestech ကုန်သည်ကြီးများအသင်းက ကျောင်းရန်ပုံငွေအများစုကို ပေးမည်ဖြစ်သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းက သူတို့ကို အလကားရင်းနှီးမြှုပ်နှံပေးခြင်း မဟုတ်ပေ။

မည်သည့်နိုင်ငံကမျှ ဤကျောင်းများ၏ ထိန်းချုပ်ခွင့်အာဏာကို စွန့်လွှတ်ချင်မည်မဟုတ်သောကြောင့် နိုင်ငံအများအပြားက ဤထိန်းချုပ်ခွင့်အာဏာကို ထိန်းသိမ်းရန် Frestech ကုန်သည်ကြီးများအသင်း၏ အကြံပြုချက်အောက်တွင် Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားပူးပေါင်းရေးသဘောတူညီချက်များ ချုပ်ဆိုရ၏။

ထိုသဘောတူညီချက်များတွင် သူတို့နိုင်ငံများရှိ အရင်းအမြစ်အမျိုးမျိုး ပါဝင်လျှက်ရှိသည်။ Frestech ကုန်သည်ကြီးများအသင်းသည် ထိုတိုင်းပြည်များထိန်းချုပ်ထားသော သက်မွေးမှုကျောင်းများ တည်ဆောက်ပေးပြီး ထို‌အ‌ရင်းအမြစ်များနှင့်ပတ်သတ်၍ အခွင့်အရေးများရမည်ဖြစ်သောကြောင့် ၎င်းကို ကုန်သွယ်မှုတစ်ခုအဖြစ် မှတ်ယူနိုင်သည်။

Frestech ကုန်သည်ကြီးများအသင်းပေးသော ခန့်မှန်းကုန်ကျငွေအရ ကျောင်းများတည်ဆောက်ရန် သုံးနှစ်မှ လေးနှစ်အထိ ကြာမြင့်ပြီး နိုင်ငံများက သူတို့၏မှော်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အချိန်အမြောက်အများ ရင်းနှီးမြှုပ်နှံရန်လိုသောကြောင့် ဤဆောင်ရွက်ချက်များ နေရာတကျဖြစ်ရန် သုံးနှစ်မှ ငါးနှစ်အထိ ကြာမြင့်ပေလိမ့်မည်။

ဤနှစ်များအတွင်း Frestech ကုန်သည်ကြီးများအသင်းတွင် အရေးကြီးသော အခြားလုပ်စရာရှိသေးပေသည်။ ၎င်းက မှော်စက်မှုလုပ်ငန်းတွင်ရင်းနှီးမြှုပ်နှံရန် စိုင်စ်နယ်မြေတွင် ငြိမ်းချမ်းသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရင်း နယ်မြေ၏ အခြေအနေကို တည်ငြိမ်အောင်လုပ်ရန်ဖြစ်သည်။

အင်ပါယာနှစ်ခု၏ မဟာမိတ်အများစုကို ဖိအားပေး၍ ငြိမ်းချမ်းရေးစာချုပ်များ၌ လက်မှတ်ရေးထိုးစေခဲ့‌သောကြောင့် နယ်မြေပေါ်ရှိ စစ်ပွဲက အဆုံးသတ်သွားသည့်အဓိပ္ပာယ် ဖြစ်နေသော်လည်း ၎င်းသည် ဤနယ်မြေက ယခု အမှန်တကယ် ငြိမ်းချမ်းရေးကာလထံ ရောက်နေပြီဟု မဆိုလိုပေ။

အသိသာဆုံးဥပမာမှာ ကန်ဒရာအင်ပါယာဖြစ်သည်။

ကန်ဒရာအင်ပါယာအတွက် ရှုံးနိမ့်မှုများ ဆက်တိုက်ဖြစ်စေခဲ့ပြီး ဝင်ဘဲလ်ဒန်မြို့အနီးသို့ပင် ချဉ်းကပ်နိုင်ခဲ့သည့် Frestech ကုန်သည်ကြီးများအသင်းနှင့် ရူဒ်ဆန်တိုင်းပြည်မဟာမိတ်တပ်ဖွဲ့၏ ကျူးကျော်မှုကြောင့် ကန်ဒရာအင်ပါယာ၏အခြေအနေက ဖရိုဖရဲဖြစ်သွားရ၏။

Frestech ကုန်သည်ကြီးများအသင်းနှင့် ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးချိန်တွင် ကန်ဒရာအင်ပါယာ၏ စီရင်စုတစ်ဝက်နီးပါးက လွတ်လပ်ရေးကြေညာပြီးဖြစ်သည်။

ကန်ဒရာအင်ပါယာနှင့် Frestech ကုန်သည်ကြီးများအသင်းတို့က ငြိမ်းချမ်းရေးစာချုပ်တွင် လက်မှတ်ရေးထိုးကာ စစ်ပွဲကို အဆုံးသတ်လိုက်ပြီး ရူဒ်ဆန်Frestech မဟာမိတ်အင်အားစုများ ကန်ဒရာအင်ပါယာမှ ဆုတ်ခွာသွားပြီးနောက်၌ပင် စီရင်စုများက ထကြွပုန်ကန်ကြပြီး အစိတ်အပိုင်းငယ်လေးတစ်ခုမျှကသာ ပုံမှန်အခြေအနေပြန်ရောက်ကာ ကန်ဒရာအင်ပါယာထံ ပြန်လာကြသည်။ သူတို့အများစုက ဝရုန်းသုန်းကားဖြစ်နေကြဆဲမဟုတ်လျှင် လွတ်လပ်ရေးကြေညာလိုက်သည်သာဖြစ်၏။

ကန်ဒရာအင်ပါယာက Frestech ကုန်သည်ကြီးများအသင်း၏ ငြိမ်းချမ်းရေးစာချုပ်ကို သဘောတူလိုက်သည့်အကြောင်းအရင်းမှာ ပထမအချက်က သူတို့၏ မားလိုအင်ပါယာနှင့် မဟာမိတ်အဖွဲ့က ရှုံးနိမ့်သွားသောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ သူတို့၏ ပြည်တွင်းရေးအခြေအနေက ဖရိုဖရဲဖြစ်ကာ ကြာရှည်တောင့်မခံနိုင်တော့သောကြောင့်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် ငြိမ်းချမ်းရေးယူပြီးနောက် ကန်ဒရာအင်ပါယာ၏ တော်ဝင်မိသားစုသည် သစ္စာရှိနေဆဲဖြစ်သော မျိုးရိုးမြင့်များနှင့်ပေါင်း၍ ပြည်တွင်းအခြေအနေကို တည်ငြိမ်အောင် စတင်ကြိုးပမ်းခဲ့သည်။

သို့သော် ကန်ဒရာအင်ပါယာတော်ဝင်မိသားစု၏အာဏာက ရူဒ်ဆန်Frestechမဟာမိတ်အင်အားစုများနှင့် တိုက်ပွဲများ၌ အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့သောကြောင့် သူတို့က ပုန်ကန်မှုများကိုရှင်းရန် ယုံကြည်ချက်မရှိတော့‌ချေ။

ပထမ၌ တိုးတက်မှုအချို့လုပ်နိုင်ခဲ့ပြီး ပုန်ကန်သော စီရင်စုအချို့ ကန်ဒရာအင်ပါယာ၏ထိန်းချုပ်မှုအောက် ပြန်ဝင်လာသော်လည်း ကြိတ်ဝါးရန်ခက်သော အရိုးအချို့ ရှိနေသည်သာပင်။

ထိုအရိုးများထဲတွင် အမာဆုံးတစ်ခုမှာ တောင်ပိုင်းစီရင်စုဖြစ်၏။

ကန်ဒရာအင်ပါယာ၏ တော်ဝင်မိသားစုသည် နှစ်စကတည်းက တောင်ပိုင်းစီရင်စု၏ထိန်းချုပ်ခွင့်ကို ပြန်လည်ရရှိအောင် ကြိုးစားခဲ့သော်လည်း လေးလကုန်သည်အထိ မည်သည့်ရလဒ်မျှမရခဲ့ချေ။ ထိုအစား သူတို့က ရှုံးနိမ့်မှုကိုသာ ခံစားခဲ့ရပြီး ကန်ဒရာအင်ပါယာ၏ ပြည်သူပြည်သားများက စတင်စိုးရိမ်လာခဲ့သည်။

ကန်ဒရာအင်ပါယာက အခြားရွေးစရာမရှိတော့ဘဲ Frestech ကုန်သည်ကြီးများအသင်းထံမှ တပ်ကူများတောင်းရတော့သည်။

ကန်ဒရာအင်ပါယာ၏ စစ်ကူတောင်းမှုကို လက်ခံရသောအခါ ရှုယီအံ့ဩသွား၏။

သို့သော် အကျိုးနှင့်အပြစ်ကို စဉ်းစားပြီးနောက် ရှုယီ အလျင်အမြန် ဆုံးဖြတ်ချက်ချလိုက်သည်။

လဝက်ကြာပြီးနောက် မေလ ၂၄ ရက်နေ့ မွန်းတည့်ချိန်တွင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောစုက တောင်ပိုင်းစီရင်စု၏ မြို့တော်ဟောင်း၊ ဝင်းဒ်ဆာ တိုင်းပြည်၏ လက်ရှိမြို့တော်ဖြစ်သည့် ဒေါ်လာမြို့ထံ ပျံသန်းလာသည်။

မှော်လေသင်္ဘောများ ပေါ်လာသည်ကို မြင်ချိန်တွင် ဝင်းဒ်ဆာ တိုင်းပြည်၏ ဘုရင်နှင့် တောင်ပိုင်းစီရင်စု၏ အုပ်ချုပ်သူဟောင်းဖြစ်သည့် ဝင်းဒ်ဆာ မြို့စားမင်းက ခုခံရန်အတွေးကို လက်လျှော့လိုက်သည်။ သူက Frestech ကုန်သည်ကြီးများအသင်းစေလွှတ်လိုက်သော သံတမန်နှင့် သဘောတူညီချက်ယူကာ သူ၏အညံ့ခံမှုကို ကြေညာလိုက်၏။

ဝင်းဒ်ဆာ တိုင်းပြည်မှာ နှစ်ဝက်သာကြာမြင့်ပြီးနောက် ပျောက်ကွယ်သွားကာ ကန်ဒရာအင်ပါယာ၏ တောင်ပိုင်းစီရင်စု ပြန်ဖြစ်လာသည်။

တောင်ပိုင်းစီရင်စုကို ပြန်ရပြီးနောက် ကန်ဒရာအင်ပါယာသည် လူတိုင်းမျှော်လင့်နေသကဲ့သို့ ဝင်းဒ်ဆာ မြို့စားမင်းမိသားစုကို ခေါင်းဖြတ်ကွပ်မျက်ခြင်းမပြုပေ။ ထိုအစား သူတို့က ဝင်းဒ်ဆာမြို့စားမင်းကို တောင်ပိုင်းစီရင်စု၏ အုပ်ချုပ်သူအဖြစ် ဆက်လက်လုပ်ဆောင်စေကာ တောင်ပိုင်းစီရင်စု၏ ကိစ္စရပ်များအားလုံးကို ကိုင်တွယ်ခွင့်ပြုခဲ့သည်။

မသိလျှင် ဝင်းဒ်ဆာ မြို့စားမင်းက တစ်ကြိမ်မျှ ပုန်ကန်ခြင်းမပြုခဲ့သည့်အတိုင်းပင်။

ဤမယုံကြည်နိုင်ဖွယ်ရလဒ်သည် Frestech ကုန်သည်ကြီးများအသင်းကြောင့်မှန်း လူတိုင်းသိ၏။

မျှော်လင့်ထားသည့်အတိုင်း ကန်ဒရာအင်ပါယာသည် တောင်ပိုင်းစီရင်စုကိုပြန်ရပြီးနောက် တောင်ပိုင်းစီရင်စု၌ ကန်ဒရာအင်ပါယာတစ်ခုလုံးအတွက် ကုန်သွယ်ရေးနယ်မြေသစ်တစ်ခု ဖွင့်လှစ်မည့် ပေါ်လစီအသစ်ကို အလျင်အမြန်ကြေညာလိုက်သည်။ ၎င်းက ကန်ဒရာအင်ပါယာ၏ ကုမ္ပဏီအားလုံးအတွက် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး မည်သည့်ကုမ္ပဏီမဆို ကန်ဒရာအင်ပါယာက ထောက်ပံ့ပေးထားသော ဦးစားပေးဆက်ဆံမှုတို့ကို ခံစားရင်း ဤနေရာတွင် လွတ်လပ်စွာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ လုပ်နိုင်သည်။

ဤပေါ်လစီကို Frestech ကုန်သည်ကြီးများအသင်းက ညွှန်ကြားခြင်းမဟုတ်သော်လည်း ကန်ဒရာအင်ပါယာက Frestech ကုန်သည်ကြီးများအသင်း၏ တောင်းဆိုချက်နှင့် ဤသို့ပြုလုပ်ခြင်းဖြစ်မှန်း လူတိုင်းနားလည်၏။

သို့သော် ကုမ္ပဏီအားလုံးက ဤပေါ်လစီကို အကြီးအကျယ်ကြိုဆိုကြပြီး ကန်ဒရာအင်ပါယာ၏ ပြည်တွင်းကုမ္ပဏီများပင် ခြွင်းချက်မရှိပေ။

ဆိုရလျှင် စီးပွားရေးလုပ်ငန်းများ သဘောအကျဆုံးမှာ ကုန်သည်များ ပိုလွတ်လပ်ပြီး ပို‌အားကောင်းလေ၊ သူတို့ပိုနှစ်သက်လေဖြစ်သည်။

အင်အားနည်းသော ကုန်သည်များနှင့် ကုမ္ပဏီများပင် သူတို့၏ ကိုယ်ပိုင်အခွင့်အလမ်းများ လာရောက်ရှာဖွေကြပေလိမ့်မည်။

ထို့ကြောင့် ဤပေါ်လစီကိုကြေညာပြီးနောက် လူပေါင်းများစွာက ချီးကျူးခဲ့ကြသည်။

ဤသို့စိတ်ချမ်းမြေ့ဖွယ်အခြေအနေ၌ တမင်ဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ လူတိုင်းသည် တစ်ချိန်က ကန်ဒရာအင်ပါယာ၏အပိုင်ဖြစ်ခဲ့ဖူးသည့် “တိုရီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ” ဟုခေါ်သော နေရာကို မေ့လျော့နေခဲ့ကြလေသည်……

***

Volume 7 အခန်း ၁၅၂။ ရေရှည်အစီအစဉ်

“ရှုယီ ငါ မင်းကို ပိုပိုပြီးနားမလည်နိုင်တော့သလို ခံစားလာရတယ်” ဥက္ကဌခရုစ်က မျက်မှောင်အနည်းငယ်ကြုတ်ကာ ရှုယီကို ပဟေဠိဖြစ်သော အမူအရာနှင့် ကြည့်လိုက်သည်။

“ဘာလို့လဲ” ရှုယီက စိတ်အေးလက်အေးအပြုံးတစ်ပွင့် ပြုံးလိုက်သည်။ ဤသူက နက်နဲပြီး ရက်စက်တတ်သော Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်မည်ဟု မည်သူမျှစဉ်းစားမိမည်မဟုတ်ပေ။

သို့သော် ဤအပြုံးကိုမြင်ချိန်တွင် ဥက္ကဌခရုစ်က ပို၍ပင် စိတ်ဖိစီးသွား၏။

“မင်းက ကန်ဒရာအင်ပါယာနဲ့ တိုရီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဘယ်လိုဖြေရှင်းမလဲဆိုတာ မဆွေးနွေးတော့ လူတိုင်းက မင်း ဒီနေရာကို Frestech ကုန်သည်ကြီးများအသင်းလက်အောက်သွင်းပြီး အပျော်အနေနဲ့ ဘုရင်တောင်တက်လုပ်ဦးမယ် ထင်နေကြပြီ။ ဒါက ကန်ဒရာအင်ပါယာလည်း တိတ်တဆိတ်‌သဘောတူထားတဲ့ ကိစ္စပဲကို မင်းက ဒီတစ်ချိန်လုံး ဘာမှမလှုပ်ရှားခဲ့ဘူး။ မင်း ဘာတွေများစဉ်းစားနေတာလဲ။ အဲ့ဒီနေရာကို ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားလဲ”

“ငါ ဘုရင်ဖြစ်ဖို့ စိတ်မဝင်စားဘူး” ရှုယီပခုံးတွန့်လိုက်၏။ “မင်း ငါ့ကိုသိတာကြာလှပြီ ဒါကိုသိသင့်တယ်”

“မင်း ဘုရင်ဖြစ်ဖို့စိတ်မဝင်စားဘူးဆိုတာ ငါသေချာပေါက်သိတာပေါ့။ မဟုတ်ရင် စတက်တိုင်းဒက်ချီတောင် Frestech ဒက်ချီလို့ ခေါ်နေရလောက်ပြီ” ဥက္ကဌခရုစ်က လက်ဝေ့ယမ်းပြလိုက်သည်။ “ဒါပေမယ့် မင်းက ကန်ဒရာအင်ပါယာဆီကနေ တိုရီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အတင်းအကြပ်ယူခဲ့ပြီး သူ့ကို စီမံခန့်ခွဲဖို့ကျ တကယ်ကြီး ဘာမှမစီစဉ်ထားဘူးလား”

“ငါ မစီစဉ်ထားဘူးလို့ ဘယ်သူကပြောတာလဲ။ အဲ့ဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ညီလာခံက ကောင်းကောင်းလည်ပတ်နေတာပဲ မဟုတ်ဘူးလား”

ဥက္ကဌခရုစ်၏ မျက်လုံးများ ပြူးထွက်လာသည်။ “လာနောက်မနေနဲ့။ တိုရီယာနိုင်ငံ….. မဟုတ်ဘူး တိုရီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဒီလောက်ကျယ်တာကို ဒီညီလာခံကို အမြဲတမ်းကျင်းပခွင့်ပြုထားဖို့ တကယ်ကြီးစီစဉ်ထားတာလား။ အဓိပ္ပာယ်မရှိလိုက်တာ”

“ဘာကအဓိပ္ပာယ်မရှိတာလဲ” ရှုယီက ဥက္ကဌခရုစ်ကို ထူးဆန်းစွာ ပြန်ကြည့်လိုက်သည်။ “ဒီနေရာကို ကောင်းကောင်းမွန်မွန်အုပ်ချုပ်နိုင်ဖို့ သူက တိုင်းပြည်တစ်ခုဖြစ်လာမှရမယ်လို့ တကယ်ထင်နေလား”

“မဟုတ်ဘူးလား”

ဥက္ကဌခရုစ်၏ သေချာနေသောလေသံကို သတိထားမိပြီး ရှုယီ ထိုအကြောင်းစဉ်းစားကာ သူနှင့်ငြင်းခုံရန် ပျင်းသွား၏။

သူသည် ကုမ္ပဏီရှိ လူအများအပြား ခန့်မှန်းနေကြသကဲ့သို့ “တိုရီယာတိုင်းပြည်” တည်ထောင်ပြီး ပထမဆုံးဘုရင်ဖြစ်လာရန် စိတ်မဝင်စားသော်လည်း ကန်ဒရာတိုင်းပြည်ထံမှယူထားသော ထိုတိုရီယာစီရင်စုက အရေးပါသောနေရာတစ်ခုဖြစ်သောကြောင့် ရှုယီ သဘာဝကျစွာပင် ၎င်းကို ကန်ဒရာအင်ပါယာထံ ပြန်မပေးနိုင်ပေ။

ကန်ဒရာအင်ပါယာက တောင်ပိုင်းစီရင်စုကို ပြန်ရရန် Frestech ကုန်သည်ကြီးများအသင်းထံ အကူအညီတောင်းခံခဲ့ချိန်က တိုရီယာစီရင်စုကိုလည်း ရည်ရွယ်ခဲ့သော်လည်း ရှုယီက ၎င်းကို လုံးဝလျစ်လျူရှုထားခဲ့၏။ ကန်ဒရာအင်ပါယာက မည်သည်ကိုမျှမလုပ်နိုင်သောကြောင့် လက်ရှိအခြေအနေကို အသိအမှတ်ပြုရုံသာ တတ်နိုင်သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းသည် တိုရီယာပြည်နယ်အား လုံးဝ လွတ်လပ်ခွင့် မကြေညာခဲ့ချေ။ သူတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအမည်နှင့်နေကာ Frestech ကုန်သည်ကြီးများအသင်းလက်အောက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ရေးညီလာခံအောက်တွင် ချောမွေ့စွာ လည်ပတ်နေခြင်းက လူပေါင်းများစွာကို ပဟေဠိဖြစ်သွားစေသည်။

Frestech ကုန်သည်ကြီးများအသင်းက ဤနယ်မြေကို သူတို့အမည်အောက်သို့ သွတ်သွင်းခြင်းမပြုသလို ကန်ဒရာအင်ပါယာထံလည်း ပြန်မပေးသောကြောင့် သူတို့ မည်သည်ကို ကြံစည်နေသနည်း။

ဥက္ကဌခရုစ်ကလည်း ဤအခြေအနေကြောင့် အတော်လေးပဟေဠိဖြစ်နေသော်လည်း သူက အခြားသူများနှင့်မတူပေ။ သူသည် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်း၏ နှစ်ပေါင်းများစွာကြာအောင် ရင်းနှီးခဲ့သော လုပ်ဖော်ကိုင်ဖက်ဖြစ်သောကြောင့် ရှုယီကို ဤမေးခွန်းအား တိုက်ရိုက်မေးနိုင်ခြင်းဖြစ်သည်။

သို့သော် ရှုယီ၏ ဤတိုရီယာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အစီအစဉ်က အတော်လေးရှုပ်ထွေးသောကြောင့် ဥက္ကဌခရုစ်ကိုရှင်းပြရန် သူစိတ်မပါချေ။

ဥပမာအားဖြင့် သူ့အစီအစဉ်တွင် တိုရီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စိုင်စ်နယ်မြေ၏ အကြီးဆုံးတောင်ပိုင်းဆိပ်ကမ်းဒေသအဖြစ် လည်ပတ်မည်ဖြစ်၏။ ကျယ်ပြောသော ကမ်းရိုးတန်းနှင့် ထူးခြားသော ပထဝီဝင်အနေအထားနှင့်အတူ ၎င်းက တောင်ပိုင်းပင်လယ်တွင် အရေးအကြီးဆုံးဒေသဖြစ်မည့်အပြင် စိုင်စ်နယ်မြေ၏ အရှေ့ပိုင်းနှင့် အနောက်ပိုင်းအတွက်လည်း ပင်မရေကြောင်းကုန်သွယ်ရေးမဏ္ဍိုင်တစ်ခု ဖြစ်လာပေလိမ့်မည်။

စိုင်စ်နယ်မြေပေါ်တွင် မှော်စက်မှုလုပ်ငန်း အသင့်အတင့် ဖွံ့ဖြိုးတိုးတက်လာချိန်ရောက်လျှင် နှစ်ဝက်ခန့်အေးခဲနေသော မြောက်ပိုင်းပင်လယ်များနှင့်အတူ တိုရီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စိုင်စ်နယ်မြေရေကြောင်းကုန်သွယ်ရေး၏ တစ်ဝက်ခန့်ကို ထိန်းချုပ်လာနိုင်ပေမည်။

Frestech ကုန်သည်ကြီးများအသင်းကသာ ဤတိုရီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ထိန်းချုပ်လိုက်လျှင် ရေကြောင်းကုန်သွယ်ရေးကိုလည်း ထိန်းချုပ်နိုင်ပေလိမ့်မည်။

ထို့နောက် မည်သူမျှမယှဉ်နိုင်သော Frestech ကုန်သည်ကြီးများအသင်း၏ ရေတပ်အင်အားစုများနှင့်ဆိုလျှင် စိုင်စ်နယ်မြေ၏ မှော်စက်မှုလုပ်ငန်းတစ်ခုလုံး Frestech ကုန်သည်ကြီးများအသင်း၏ အကြီးအကျယ် လွှမ်းမိုးခြင်းခံရပေလိမ့်မည်။

ဤစိတ်ကူးက ရှုယီ ဥက္ကဌခရုစ်ကို ရှင်းမပြနိုင်သောအရာဖြစ်ပြီး သူ့အစီအစဉ်၌ တိုရီယာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဤဂြိုဟ်၏ တောင်ကမ္ဘာခြမ်း၏ ဝင်ပေါက်ဖြစ်လာဦးမည်ဖြစ်၏။ ၎င်းက စိုင်စ်နယ်မြေနှင့် အခြားနယ်မြေများကြားမှ ကုန်သွယ်ရေးပြတင်းပေါက်အဖြစ် အရေးကြီးကဏ္ဍတစ်ရပ်တွင် ဖြည့်စွက်ပါ‌ဝင်ပေလိမ့်မည်။

စတက်တိန်းဒက်ချီက ဤနှစ်များအတွင်း Frestech ကုန်သည်ကြီးများအသင်း၏လက်အောက်တွင် ကောင်းကောင်းတိုးတက်ခဲ့သော်လည်း ၎င်းက ချောင်ကျသော နေရာတစ်ခုဖြစ်သည်။ ဤနေရာမှနေ၍ မှော်တိမ်တိုက်နယ်မြေနှင့် ပူးပေါင်းရန် အဆင်ပြေသော်လည်း သူတို့သဘောတူညီမှုယူထားသည့် အခြားနယ်မြေနှစ်ခုနှင့် ဆက်သွယ်ရန်မူ အနည်းငယ် အခက်အခဲရှိ၏။

ထို့ပြင် စတက်တိန်းဒက်ချီက အတော်လေးသေးပြီး လမ်ပူရီတိုင်းပြည်နှင့် ရူဒ်ဆန်တိုင်းပြည်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ရှုယီအတွက် ဤတိုင်းပြည်နှစ်ခုကိုကျူးကျော်ရန် မဖြစ်နိုင်သောကြောင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန် နောက်ထပ်နေရာသစ်တစ်ခု ရှာရုံသာတတ်နိုင်ခဲ့သည်။

တိုရီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ယခင်က Frestech ကုန်သည်ကြီးများအသင်းနှင့် ကန်ဒရာအင်ပါယာကြားမှ ပူးပေါင်းဆောင်ရွက်မှုကြောင့် အတိုးတက်ဆုံး မှော်စက်မှုလုပ်ငန်းအခြေခံအဆောက်အအုံရှိသည့် နေရာဖြစ်၏။

“ငါဘာစီစဉ်နေတယ်ဆိုတာ ဂရုစိုက်စရာမလိုပါဘူး။ ဘာပဲဖြစ်ဖြစ် မင်းတို့ အန်းရစ်ခ်ကုန်သည်ကြီးများအသင်းက သုံးနှစ်အတွင်း တိုရီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပြီးပြည့်စုံတဲ့ လက်ကြောင်းကွန်ယက်တစ်ခု တည်ဆောက်ပေးဖို့ပဲလိုတယ်။ ဘယ်လိုလဲ မင်းလုပ်နိုင်မလား ” ရှုယီ လက်ဝေ့ယမ်းပြကာ ဥက္ကဌခရုစ်အား ဤသို့ပြောလိုက်သည်။

ဥက္ကဌခရုစ်၏ နှုတ်ခမ်းများ ကွေးတက်သွား၏ “မင်းက ငါတို့အန်းရစ်ခ်ကုန်သည်ကြီးများအသင်းကို ဘာလို့ခေါ်လိုက်တာလဲ။ ဒီလိုရိုးရှင်းတဲ့ကိစ္စလေးနဲ့များ ငါ့ကို ဒီလိုဆက်သွယ်ဖို့လိုလို့လား။ ပြောစမ်းပါ တစ်ခြားကိစ္စရှိတယ်မလား”

ရှုယီ ရယ်မောကာ ဥက္ကဌခရုစ်၏ ပခုံးကိုပုတ်လိုက်၏။ “မင်း ငါ့ကိုနားလည်တုန်းပဲ” ဟုပြောနေသော အမူအရာနှင့် သူကဆက်ပြောသည်။ “အမှန်ပဲ ငါ့မှာ ပိုရဲတင်းပြီး ပိုခက်ခဲတဲ့ တာဝန်တစ်ခု ရှိသေးတယ်။ မင်းစိတ်ဝင်စားလား”

ဥက္ကဌခရုစ်က တုန်လှုပ်သော အမူအရာပေါ်လာပြီး မျက်လုံးအပြူးသားနှင့် မေးလိုက်သည်။ “မင်းမှာ ဘာအစီအစဉ်ရှိဝာာလဲ ပြောစမ်းပါဦး ”

အနှစ်နှစ်ဆယ်ကျော်ကြာအောင် ရှုယီနှင့်ပူးပေါင်းခဲ့ပြီးနောက် ရှုယီတွင် လူအများက ရဲတင်းပြီး မယုံကြည်နိုင်ဖွယ်အဖြစ် သတ်မှတ်သော စိတ်ကူးများရှိတတ်သော်လည်း ရှုယီ၏စိတ်ကူးများက ကောင်းမွန်ပြီး အလွန်အကျိုးဖြစ်ထွန်းစေခဲ့သည်ကို အချက်အလက်များက အမြဲ ပြသခဲ့မှန်း ဥက္ကဌခရုစ်သိ၏။

ထို့ကြောင့် ရှုယီတွင် စိတ်ကူးအချို့ သို့မဟုတ် အစီအစဉ်အချို့ရှိသည်ဟုကြားတိုင်း ဥက္ကဌခရုစ် အလွန်စိတ်လှုပ်ရှားမိသည်။

“အမ်…… ငါတို့ကုမ္ပဏီက တစ်လျှောက်လုံး မှော်တိမ်တိုက်နယ်မြေမှာ ရင်းနှီးမြှုပ်နှံခဲ့တာ သိတယ်မလား”

ဥက္ကဌခရုစ် ကြက်သေသေသွား၏။ ရှုယီက ကီလိုမီတာတစ်သောင်းကျော်အကွာမှ မှော်တိမ်တိုက်နယ်မြေအကြောင်း ရုတ်တရက် ပြောလာမည်ဟု သူထင်မထားချေ။

“အာ…… သိတယ်လေ ဒါပေမယ့် သူကဘာဖြစ်လို့လဲ။ ဒီအစီအစဉ်က မှော်တိမ်တိုက်နယ်မြေနဲ့ ပတ်သတ်နေလို့လား”

“အမှန်ပဲ ခရုစ် ငါ မှော်တိမ်တိုက်နယ်မြေမှာ ထပ်ပြီးတိုးချဲ့ဖို့ စီစဉ်နေတာ ဒါ့ကြောင့် အရင်‌ဆုံး မှော်တိမ်တိုက်နယ်မြေပေါ်မှာ လမ်းတွေခင်းရမှာဖြစ်လို့ မင်းတို့အန်းရစ်ခ်ကုန်သည်ကြီးများအသင်းရဲ့ အကူအညီလိုတာ”

ဥက္ကဌခရုစ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ “ငါတို့ကုမ္ပဏီက ဒါကိုလုပ်ပေးပြီးသား မဟုတ်ဘူးလား။ ငါတို့လွှတ်ထားတဲ့ ဆောက်လုပ်ရေးအဖွဲ့နှစ်ဖွဲ့ တစ်နှစ်အတွင်းပြန်မလာလို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး စောဒကတက်နေတဲ့ လက်အောက်ငယ်သားတွေအများကြီးပဲ”

“မဟုတ်ဘူး မလုံလောက်သေးဘူး လုံလောက်ဖို့ အဝေးကြီးလိုသေးတယ်” ရှုယီက အလေးအနက်ပြောလိုက်သည်။ “ဒီတစ်ခါ မှော်တိမ်တိုက်နယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ့် အစီအစဉ်က အရင်ကနဲ့မတူဘူး။ သူက စုံစမ်းစစ်ဆေးမှုလောက်မဟုတ်ဘဲ အစစ်အမှန်ဖွံ့ဖြိုးတိုးတက်မှုပဲ။ ဆောက်လုပ်ရေးအဖွဲ့နှစ်ဖွဲ့က ငါ့ရဲ့လိုအပ်ချက်ကို ပြည့်စုံစေဖို့ အဝေးကြီးလိုသေးတယ်။ ငါက ဆောက်လုပ်ရေးအဖွဲ့ နှစ်ဆယ်နဲ့အထက် လိုအပ်တာ”

ရှုယီ၏အသံမှ ပြတ်သားသော လေသံကို ကြားရသောအခါ သူစနောက်နေခြင်းမဟုတ်မှန်း ဥက္ကဌခရုစ်သိလိုက်ပြီး ခါးသီးသော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာ၏။

“ငါပြောမယ် ရှုယီ ငါတို့ကုမ္ပဏီရဲ့အခြေအ‌နေကို မင်းမသိတဲ့ပုံပဲ။ စိုင်စ်နယ်မြေပေါ်က တိုင်းပြည်တွေအကုန်လုံး မင်းတို့ Frestech ကုန်သည်ကြီးများအသင်းဆီက နှိုးဆော်မှုကို တုံ့ပြန်နေကြတာလေ။ သူတို့ကိုယ်ပိုင်မှော်စက်မှုလုပ်ငန်းတွေ တည်ထောင်ဖို့ သူတို့က လမ်းတွေ အရင်ဆုံးတည်ဆောက်ရတယ်။ ငါတို့ကုမ္ပဏီက ပြီးခဲ့တဲ့လကဆို ကီလိုမီတာသုံးသောင်းရှိတဲ့လမ်းအတွက် အမှာစာတွေရခဲ့လို့ ဆောက်လုပ်ရေးအဖွဲ့တွေ ပြတ်လပ်နေပြီ။ မင်းကိုပေးဖို့ ဆောက်လုပ်ရေးအဖွဲ့နှစ်ဆယ်ကို ငါကဘယ်လိုရှာရမှာလဲ”

“ငါ အဲ့ဒါကိုဂရုမစိုက်ဘူး။ မင်း နည်းလမ်းရှာနိုင်ပါတယ်။ ငါက တောင်းဆိုမှုလုပ်ရုံပဲ” ရှုယီခေါင်းယမ်းလိုက်၏။ “မင်းတို့ အန်းရစ်ခ်ကုန်သည်ကြီးများအသင်းရမယ့် အကျိုးအမြတ်တွေအတွက် ငါ အခု ကတိမပေးနိုင်ပေမယ့် အနာဂတ်မှာ မင်းကျေနပ်မှုရှိစေရမယ်လို့ ငါအာမခံတယ်”

ဥက္ကဌခရုစ်က ရှုယီကို အတန်ကြာအောင် အကြောင်သားကြည့်နေပြီးနောက် မနေနိုင်တော့ဘဲ သက်ပြင်းချလိုက်၏။

“တစ်ခြားတစ်‌ယောက်သာဆိုရင် သေချာပေါက် ချက်ချင်းထွက်သွားမှာဆိုပေမယ့် ငါကတော့ မင်းကိုယုံပါတယ်။ ကောင်းပြီ မင်းရဲ့တောင်းဆိုချက်ကိုဖြည့်ပေးဖို့ ငါအကောင်းဆုံးကြိုးစားမယ် ဒါပေမယ့် မင်း ဘယ်အချိန်လောက် သူတို့ကိုလိုတယ်ဆိုတာ အရင်ဆုံးပြောပြပေးနိုင်မလား။ အခုချက်ချင်း ဆောက်လုပ်ရေးအဖွဲ့နှစ်ဆယ်လိုချင်တယ်ဆိုရင်တော့ မင်း ငါ့ကို သေအောင်ရိုက်သတ်ရင်တောင် ငါလုပ်နိုင်မှာမဟုတ်ဘူး”

ရှုယီ သွားဖြူဖြူများပေါ်သည်အထိ ပြုံးလိုက်သည်။

“အခုချက်ချင်းတော့ အလျင်မလိုသေးပါဘူး။ စိုင်စ်နယ်မြေပေါ်မှာ အခြေအနေတည်ငြိမ်တဲ့အထိ စောင့်ရမယ်”

“အမ်း အမှန်ပဲ” ဥက္ကဌခရုစ်က ခေါင်းငြိမ့်ပြီးနောက် သူ့အမူအရာက ပြောင်းလဲသွားသည်။ “ဒါနဲ့ ရှုယီ မင်း အရင်က မှော်တိမ်တိုက်နယ်မြေကို အစမ်းသဘောပဲလုပ်ခဲ့တာက စိုင်စ်နယ်မြေရဲ့အခြေအနေက မသေချာမရေရာသေးလို့ဆိုပေမယ့် အခု မင်း သူ့ကို တကယ်ပဲ စိတ်ချသွားပြီလား”

“ဟုတ်တယ်။ ငါ အရင်ကသာ မှော်တိမ်တိုက်နယ်မြေဆီ ပင်မအင်အားစုတွေ လွှဲပြောင်းလိုက်ရင် အင်ပါယာနှစ်ခုကလူတွေက ဒီနေရာကို ဖျက်ဆီးပစ်နိုင်လောက်တယ်။ အခုတော့….. ဒီကိစ္စနဲ့ပတ်သတ်ပြီး စိုးရိမ်စရာမလိုတော့ဘူး”

ဥက္ကဌခရုစ် ရယ်လိုက်သည်။

စိုင်စ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသော အင်ပါယာနှစ်ခုနှင့် Frestech ကုန်သည်ကြီးများအသင်းကြားမှ စစ်ပွဲကြီးပြီးနောက် နယ်မြေပေါ်ရှိလူများက သူတို့ Frestech ကုန်သည်ကြီးများအသင်းကို အလွယ်တကူ မဆန့်ကျင်နိုင်မှန်း သိသွားကြသည်။

အင်ပါယာနှစ်ခုပင် Frestech ကုန်သည်ကြီးများအသင်း၏ တိုက်ခိုက်မှုကို မခုခံနိုင်လျှင် အခြားနိုင်ငံများက မည်သည်ကိုလုပ်နိုင်မည်နည်း။

မတိုင်မီက‌ဆိုလျှင် Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်စက်မှုလုပ်ငန်းကို လိုချင်သော နိုင်ငံအချို့ရှိနေသေးသောကြောင့် ၎င်းစစ်ပွဲဖြစ်ခဲ့ရခြင်းပင်။ အင်ပါယာနှစ်ခုအပါအဝင် နိုင်ငံအားလုံး Frestech ကုန်သည်ကြီးများအသင်းကို ရှင်းထုတ်လိုကြ၏။

Frestech ကုန်သည်ကြီးများအသင်းသည် မတိုင်မီက စိုင်စ်‌နယ်မြေကိုကာကွယ်ရန် အစောင့်ပမာဏများစွာ ချထားခဲ့ရသော်လည်း ယခု မည်သည့်နိုင်ငံမျှ သူ့ကို မဆန့်ကျင်ရဲသောကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ အင်အားစုများက လွတ်လပ်နေပြီး မှော်တိမ်တိုက်နယ်မြေသို့ ပြောင်းရွှေ့နိုင်ပြီဖြစ်သည်။

ထို့ကြောင့် ရှုယီက လုံလောက်သော စစ်ရေးအင်အားစုများရှိသည့် အခြေခံအုတ်မြစ်၏ အထောက်အပံ့ဖြင့် မှော်တိမ်တိုက်နယ်မြေ၌ အပြည့်အဝဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန် စိတ်ကူးရှိလာခြင်းဖြစ်သည်။

ဤသို့တွေးကာ ဥက္ကဌခရုစ်၏စိတ်ထဲမှ အတွေးများက ရှင်းလင်းစပြုလာသည်။

***

Volume 7 အပိုင်း ၁၅၃ ။ အလုပ်များသော သူများ

ရာသီဥတုက နွေးလာသည်နှင့်အမျှ စိုင်စ်နယ်မြေ၏ အခြေအနေသည် ပို၍ တည်ငြိမ်လာသည်။

ကန်ဒရာအင်ပါယာသည် Frestechကုန်သည်ကြီးများအသင်း၏ အကူအညီနှင့် တောင်ပိုင်းဒေသများကို အလွယ်တကူ ပြန်ရခဲ့ပြီးနောက် ဒေသဆယ်ခုသည် လွတ်လပ်ရေးကြေငြာကာ ကန်ဒရာအင်ပါယာ ထံသို့ ပြန်လာကြသည်။

အခြားဖရိုဖရဲဖြစ်နေသော ဒေသများအား Frestechကုန်သည်ကြီးများအသင်းသည် အင်အားပင်သုံးစရာ မလိုလိုက်ပါ။ ကန်ဒရာအင်ပါယာ တော်ဝင်မိသားစု၏ အင်အားကောင်းသော စစ်တပ်အားဖြင့် ငြိမ်းချမ်းသည့် အခြေအနေသို့ ရောက်ရန် အချိန်များစွာ မလိုလိုက်ပါ။

များမကြာမီတွင် ကန်ဒရာအင်ပါယာ၏ ပြည်တွင်းအဓိကရုန်းများ နှိမ်နင်းခြင်းခံလိုက်ရသည်။ အပေါ်ယံ၌ တိုရီယာဒေသသည် ယခု တိုရီယာ ကိုယ်ပိုင်အုပ်ချုပ်သည့်နိုင်ငံ ဖြစ်လာကာ ကန်ဒရာ အင်ပါယာသည် မပြတ်မသား လုပ်နေသည်။ ကန်ဒရာအင်ပါယာသည် စစ်ပွဲတုန်းက အခြေအနေနှင့် မကွာခြားသော်လည်း ၄င်းတို့၏ Frestechကုန်သည်ကြီးများအသင်း နှင့်ပူးပေါင်းမှုက ပို၍ နီးကပ်လာသည်။

ဤသည်နှင့်ယှဉ်ရင် မားလိုအင်ပါယာက ထိခိုက်မှုပိုနည်းသေးသည်။

၄င်းတို့သည် Frestechကုန်သည်ကြီးများအသင်း ကထောက်ပံ့ထားပေးသော လန်ပူရီတိုင်းပြည် နှင့် ဒရိက်ခ်မြို့စားပိုင်နက် တို့၏စစ်တပ်များနှင့် တိုက်ခိုက်ကြကာ ထိခိုက်ပျက်စီးမှုများရှိ၍ ရူဒ်ဆန် Frestech မဟာမိတ်တပ်ဖွဲ့နှင့် တိုက်ခိုက်နေသည့် ကန်ဒရာအင်ပါယာကို လွတ်ထားပေးသည့် စစ်ကူတပ်များ ဆုံးရှုံခဲ့ရသော်လည်း မားလိုအင်ပါယာက အခြေခံဆုံးရှုံးမှုများ မခံစားခဲ့ရပါ။

ကန်ဒရာအင်ပါယာ၏ ဒေသများသည် ရူဒ်ဆန် Ferstechမဟာမိတ်တပ်၏ ကျူးကျော် လာမှုကြောင့် ၎င်းတို့ လွတ်လပ်ရေးကို ကြေငြာရမည့်အခွင့်အရေး ကို ဆုပ်ကိုင်ခဲ့သည်။ သို့သော် မားလိုအင်ပါယာ၏ အတွင်းပိုင်းအခြေအနေသည် အစဉ်အမြဲ တည်ငြိမ်နေကာ ဆန့်ကျင်ကန့်ကွက်သည့် အသံတစ်ချက်ပင် မထွက်ပါ။

စစ်ပွဲပြီးနောက် မားလိုအင်ပါယာသည် ကန်ဒရာအင်ပါယာထပ် ပြန်လည်တည်ဆောက်မှု ပို၍ မြန်ဆန်ကာ ယခင်အခြေအနေသို့ ပြန်သွားရန် နှစ်ဝက်ပင် မကြာလိုက်ပါ။

မားလိုအင်ပါယာသည် စစ်ပွဲမတိုင်ခင်ကပင် Frestechကုန်သည်ကြီးများအသင်းနှင့် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ရာ စစ်ပွဲအပြီးတွင် ပို၍ ရင်းနှီးလာခဲ့သည်။

လန်ပူရီတိုင်းပြည်နှင့် ဒရိက်ခ်မြို့စားပိုင်နက်တို့နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ် ထိုးပြီးနောက် မားလိုအင်ပါယာသည် Frestechကုန်သည်ကြီးများအသင်းထံမှ နည်းပညာအကူအညီ များစွာရခဲ့သည်။

မှော်စက်မှုလုပ်ငန်းသည် မားလိုအင်ပါယာ၏ မြို့တိုင်းနီးပါးနှင့် ဆွေကြီးမျိုးကြီးများ၏ ပိုင်နက်များ တွင်ပင် ပျံ့နှံ့သွားသည်။ ထိုနေရာများတွင် များစွာသော စက်ရုံများပေါ်ထွက်လာကာ ကြည့်ရသည်မှာ အလွန်အသက်ဝင်နေသည်။

အင်ပါယာနှစ်ခုသည် ပုံမှန်အခြေအနေသို့ပြန်သွားနေသည်နှင့်စိုင်စ်နယ်မြေတစ်ခုလုံးသည်လည်း ယခင်ကအခြေအနေသို့တဖန်ပြန်သွားနေသည်။

စစ်ပွဲမတိုင်မှီခန့်နှင့် ယှဉ်လျှင် Frestechကုန်သည်ကြီးများအသင်းသည် ပိုမိုနာမည်ကြီးလာပြီး မှော်စက်မှုလုပ်ငန်းသည် နိုင်ငံအများအပြားတွင် အလွန်အရေးကြီးလာသည်၊ သို့သော် အရာအားလုံးက ပုံမှန်အတိုင်းဖြစ်သည်။

စခ်တိုင်းပြည်နှင့် ဒရို လူမျိုးတိုင်းပြည်တို့သည် စိုင်စ်နယ်မြေမှ ထုတ်ပယ်ခံလိုက်ရသည်မှာ သေချာပါသည်။

သို့သော် ၎င်းတို့သည် ထုတ်ပယ်ခံရပြီးဖြစ်၍ သူတို့အကြောင်း မည်သူမှ ဂရုမစိုက်ကြပါ။

လူတိုင်းအခု ဂရုစိုက်နေကြသည်မှာ Frestechကုန်သည်ကြီးများအသင်းပင်ဖြစ်သည်။

Frestechကုန်သည်ကြီးများအသင်းအတွက် အင်ပါယာနှစ်ခုအားရှုံးနိမ့်စေခြင်းမှာ ထင်ရှားကျော်ကြားခြင်း ရှိလာသည်ထက် အရေးကြီးသည်မှာ အကျိုးအမြတ်ပင်ဖြစ်သည်။

အင်ပါယာနှစ်ခုမှ ဦးစားပေးဆက်ဆံမှုများနှင့် သယံဇာတများကို ရရှိခြင်းထပ် Frestechကုန်သည်ကြီးများအသင်း မှရရှိသည့် အကြီးဆုံးအကျိုးအမြတ်သည် ၄င်းတို့၏စီးပွားရေး သာမန်အခြေအနေ သို့ ပြန်ရောက်လာခြင်းပင်ဖြစ်သည်။

Frestechကုန်သည်ကြီးများအသင်းနှင့် အင်ပါယာနှစ်ခု ငြိမ်းချမ်းရေးလက်မှတ်ထိုးသော သတင်းသည် နယ်မြေအတွင်း ပျံ့နှံ့သွားပြီး စစ်ပွဲကြောင့် ရပ်တန့်သွားသော မှာယူမှုများသည် များစွာပြန်လည် ဝင်ရောက် လာခဲ့သည်။

ငြိမ်းချမ်းရေးစာချုပ်အားလက်မှတ်ထိုးပြီးနောက် တစ်လအတွင်းတွင် Frestechကုန်သည်ကြီးများအသင်း သည် အရင်နှစ်ထပ် မှာယူမှု ၈၀ ရာခိုင်နှုန်းခန့်ပိုရခဲ့သည်။

နယ်မြေအတွင်းရှိအခြေအနေများသည် တည်ငြိမ်လာသည်နှင့် အင်ပါယာနှစ်ခုသည်လည်းသဘောထား များကို ရှင်းလင်းလာကြကာ Frestechကုန်သည်ကြီးများအသင်းသည် မှာယူမှုများစွာရခဲ့သည်။

ဂျွန်လသို့ ရောက်လာသောအခါ Frestechကုန်သည်ကြီးများအသင်းသည် အရောင်းစာရင်းချုပ်ရာ နှစ်စ၏ ပထမငါးလ၌ Frestechအိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းကပင် ယခင်နှစ်ကထပ် ရောင်းအား ပိုများနေကြောင်းနှင့် ယခင်ထပ် ၄၀ ရာခိုင်နှုန်းပိုများကြောင်း ရှာတွေ့ခဲ့သည်။

ဆိုလိုသည်မှာ စစ်ပွဲအပြီးတွင် Frestechကုန်သည်ကြီးများအသင်းသည် ကြီးမားသော ဆုံးရှုံးမှုများ မရှိသည်သာမက ၎င်းတို့၏စီးပွားရေးသည် တိုးလာခဲ့ကြောင်းဆိုလိုနေခြင်းဖြစ်သည်။

၄င်းသည် နားလည်ရန်လွယ်သောကိစ္စဖြစ်ပါသည်။

အဆုံး၌ စစ်ပွဲအတွင်းတွင် Frestechကုန်သည်ကြီးများအသင်း၏ ဂုဏ်သတင်းသည် နယ်မြေထဲရှိ လူများအတွင်း ပျံ့နှံ့သွားပြီး ဖျက်စီး၍မရနိုင်သည့် နက်ရှိုင်းသော ထင်မြင်ချက်ကို ချန်ထားခဲ့ခြင်း ဖြစ်သည်။

ကုမ္ပဏီတစ်ခုအနေဖြင့် အင်ပါယာနှစ်ခု၏မဟာမိတ်တပ်ကို ဖျက်စီးနိုင်ပြီး လက်နက်ချရန် တွန်းအား ပေးနိုင်ခဲ့သည်။

ထိုတစ်ခုထဲဖြင့် အခြားသော သူတို့လုပ်နိုင်သည့် ကြေငြာများထပ် ပိုကောင်းနေပြီဖြစ်သည်။

ထို့ကြောင့် ထိုထင်မြင်ချက်သည် တကယ်အခြေအနေထပ် အနည်းငယ်လစ်ဟာနေသော်လည်း Frestechကုန်သည်ကြီးများအသင်းအား နယ်မြေအတွင်း ပြိုင်ဖက်မရှိသည့် အင်အားအကြီးဆုံး ကုမ္ပဏီအဖြစ် သံသယကင်းစွာ ဖြစ်လာခဲ့သည်။

၄င်းတို့သည် အင်အားအကောင်းဆုံးကုမ္ပဏီဖြစ်သည်နှင့်အညီ ၄င်းတို့၏ထုတ်ကုန် များသည်လည်း အကောင်းဆုံးဖြစ်လိမ့်မည်ဖြစ်သည်။

ထို့ကြောင် လူများသည် Frestechကုန်သည်ကြီးများအသင်းနှင့် မှော်စက်ကဲ့သို့သောပစ္စည်းများကို သံသယ ဝင်ကြပြီး Frestechကုန်သည်ကြီးများအသင်း၏ မှော်စက်များကို သိလိုကြသည်။

ထိုမှော်စက်ထုတ်ကုန်များသည် သာမန်လူများအသုံးပြုနိုင်သောပစ္စည်းများမဟုတ်ချေ သို့သော် အိမ်သုံးမှော်စက်များက အလွန်အသုံးဝင်သည်။

ထို့ကြောင့် Frestechအိမ်သုံးမှော်စက်ကုန်သည်ကြီးများအသင်းအား ပျော်လွန်း၍ ပျံဝဲတက်စေသည်။

Frestechအိမ်သုံးမှော်စက်ကုန်သည်ကြီးများအသင်းမှတပါး အခြားသော ဌာနများသည်လည်း ကွဲပြားသော နှုန်းနှင့် ရောင်းအားများတက်လာကြသည်။

ရောင်းအားအတက်ဆုံးတစ်ခုမှာ Frestech ကြီးမားသောမှော်စက် ကုန်သည်ကြီးများအသင်းပင်ဖြစ်သည်။

မေတစ်လထဲမှာပင် Frestechကြီးမားသောမှော်စက် ကုန်သည်ကြီးများအသင်း၏ ရောင်းအားသည် ရွှေဒင်္ဂါးခုနစ်သန်းကို ကျော်သွားသည်။

ထိုရွှေဒင်္ဂါးခုနစ်သန်းအပြင် စိုက်ပျိုးရေးမှော်စက်မှ ငါးသန်းရသည်။ ကျန်သော ရွှေဒင်္ဂါး သန်းတစ်ရာ ကျော် သည် အခြားသောမှော်စက်များမှရသည်။

မှော်စက်ပစ္စည်းများ အလွန်ခေတ်စားနေရသည့်အကြောင်းမှာ စိုင်စ်နယ်မြေထဲမှနိုင်ငံများသည် ၎င်းတို့၏ မှော်စက်မှုလုပ်ငန်းကို တိုးတက်စေရန် ကြိုးပမ်းနေကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မှော်စက်ပစ္စည်း ထုတ်ကုန်အမြောက်အများ လိုအပ်နေရခြင်းဖြစ်သည်။

ပြီးနောက် ယခုသည် ၄င်းတို့စမ်းသပ်နေသည့်အချိန်သာရှိသေးသည် ၄င်းတို့သည် နားလည်မှု ရှိသွားသည် နှင့် အမှန်တကယ်မှော်စက်မှုလုပ်ငန်းကို တိုးတက်စေလိုလျှင် ၄င်းတို့၏မှော်စက်ပစ္စည်း ထုတ်ကုန်လိုအပ်ချက်မှာ ပို၍ပင်တိုးပွားများပြားလာနိုင်သည်။

Frestechကုန်သည်ကြီးများအသင်း၏ ခန့်မှန်းချက်အရ ၄င်းတို့သည် ဤနှစ်တွင် ရောင်းအား ရွှေဒင်္ဂါးသန်းလေးရာကို ကျော်နိုင်မည်ဟုဆိုသည်။

အကယ်၍ အမှန်တကယ်ဆိုလျှင် ကုန်သည်ကြီးများအသင်း မှော်စက်တစ်ခုတည်း ဖြင့်ပင် ၄င်းတို့၏ တစ်နှစ်စာ နှစ်ချုပ် အကျိုးအမြတ် မှာ ရွှေဒင်္ဂါးသန်းငါးဆယ် ကျော်လိမ့်မည် ဖြစ်သည်။

ယခုခေတ်စားနေသည့် Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်း နှင့် Frestech မှော်စက်ကုန်သည်ကြီးများအသင်းတို့ အပြင် အခြားသော ဌာနများပေါင်းလိုက်လျှင် Frestech ကုန်သည်ကြီးများအသင်း၏ တစ်နှစ်စာနှစ်ချုပ် အကျိုးအမြတ်မှာ အလွန်ကြောက်စရာကောင်းလိမ့်မည် ဖြစ်သည်။ ယခင်နှစ်က အကျိုးအမြတ်အားလုံးပေါင်း၏ နှစ်ဆပင် ဖြစ်နိုင်သည်။

ထို ရလဒ်အား Frestechကုန်သည်ကြီးများအသင်း၏ အဆင့်မြင့်ပိုင်းမှ အသင်းဝင်များသည် ပျော်လည်း ပျော်သလို ဝမ်းနည်းနေကြသည်။

၄င်းတို့ပျော်ရခြင်းမှာ Frestechကုန်သည်ကြီးများအသင်းသည် လွန်ခဲ့သောနှစ်နှစ်တွင် စစ်ပွဲကြောင့် ဆုံးရှုံးမှုများခံစားခဲ့ရပြီး ယခုမူ ရုတ်တရက်အကျိုးအမြတ်များ တိုးပွားလာသောကြောင့်ဖြစ်သည်။

ဝမ်းနည်းရခြင်းမှာ Frestechကုန်သည်ကြီးများအသင်းသည် အင်ပါယာနှစ်ခုအပါအဝင် နိုင်ငံပေါင်း တစ်ရာကျော်နှင့် ပူးပေါင်းရေးအတွက် လက်မှတ်များထိုးခဲ့ပြီးနောက် ငွေကြေးမြောက်များစွာ လိုအပ်နေပြီး ကုမ္ပဏီအပေါ် ဖိအားများသက်ရောက်နေသောကြောင့်ဖြစ်သည်။

ဥက္ကဌမှ ထိတ်လန့်စရာကောင်းသော စီမံကိန်းတစ်ခုကိုလည်း အဆိုပြုထားသောကြောင့် ကြည့်ရသည် မှာ Frestechကုန်သည်ကြီးများအသင်း၏အကျိုးအမြတ်များအား ထိုနေရာတွင်ရင်းနှီးမြုပ်နှံရပြီး ၎င်းတို့သည် အကျိုးအမြတ်တစ်ခုကိုမှမြင်ရဦးမည်မဟုတ်ပါ။

အကယ်၍ ကြီးမားသော စစ်ပွဲတစ်ခုဖြစ်ခဲ့လျှင် Frestechကုန်သည်ကြီးများအသင်း၏ ကိုင်တွယ်ရန် လုံလောက်သောအင်အားရှိသည့် ကိစ္စတစ်ခုဖြစ်လိမ့်မည်။

သို့သော်လည်း လက်ရှိ စိုင်စ်နယ်မြေတွင် Frestechကုန်သည်ကြီးများအသင်းအား ဆန့်ကျင်၍ တိုက်ခိုက်ရဲသည့်နိုင်ငံ မရှိသေးသလို Frestechကုန်သည်ကြီးများအသင်းထဲ၌လည်း ဥက္ကဌအား ဆန့်ကျင်ရဲသူမရှိသေးပါ။

ဥက္ကဌပေးသည့် စီမံကိန်းအသစ်အား Frestechကုန်သည်ကြီးများအသင်း၏ အဆင့်မြင့်အသင်းဝင်များထဲမှ အယောက်ဆီတိုင်း အံ့ဩဖို့ရန်အင်အားမရှိပါ သူတို့သည် တုံ့ဆိုင်းရန် ဆင်ခြေများမပေးနိုင်ပဲ အကောင်းဆုံး ကြိုးစားရမည်သာဖြစ်သည်။

ပထမ၌ ထိုစီမံကိန်း၏ အပိုင်းများသည် မည်မျှရှုပ်ထွေးသည်ကိုမဆိုနှင့် Frestechကုန်သည်ကြီးများအသင်းသည် စစ်ပွဲအပြီး ပြန်လည်ထူထောင်ရန်ပင် ခက်ခဲနေပြီးဖြစ်သည်။

စစ်ပွဲအတွင်းတွင် Frestechကုန်သည်ကြီးများအသင်း၏ လူအင်အားသည် Frestechကုန်သည်ကြီးများအသင်း ၏ အစောင့်တပ်များကို အင်အားဖြည့်ရန် သုံးခဲ့ရသည် စစ်ပွဲပြီးနောက် အစောင့်တပ်များအား လျော့ချရန် သာမက ဖြန့်ချရမည်ဖြစ်သည်။

Frestechကုန်သည်ကြီးများအသင်း၏ လုံလောက်သော ခုခံအားရှိခြင်းအား သေချာအောင်လုပ်ရန်ထက် Frestechကုန်သည်ကြီးများအသင်း၏ အနာဂတ်တိုးတက်မှုအတွက် သုံးရမည်လည်းဖြစ်သည်။

ထို့ကြောင့် စစ်ပွဲအပြီးတွင် Frestechကုန်သည်ကြီးများအသင်းသည် လူသစ်ခန့်အပ်ရေးကို ထပ်မံ စတင်ခဲ့သည်။

စစ်ပွဲအတွင်း၌ ထိုကြောက်စရာကောင်းသည့် တိုက်ပွဲစွမ်းအင်ကို Frestechကုန်သည်ကြီးများအသင်း၏ အစောင့်တပ်များမှပြခဲ့သောကြောင့် မရေမတွက်နိုင်သောသူများသည် မြင်တွေ့ခဲ့ရပြီးဖြစ်ကာ Frestechကုန်သည်ကြီးများအသင်း၏ အစောင့်တပ်သို့ဝင်ရခြင်းမှာ ဂုဏ်တစ်ခုလည်းဖြစ်သည်။

ထို့ကြောင့် လူသစ်ခန့်အပ်ရာ၌ လာသည့်လူမှာ ၃သောင်းကျော်ရှိသည်။

နောက်ဆုံး၌ Frestechကုန်သည်ကြီးများအသင်းသည် လူငါးထောင်သာ ခန့်သည်ဖြစ်၍ ခန့်အပ်သည့် နှုန်းမှာ ၆ပုံ၁ပုံသာရှိသည်။

သို့သော် လူငါးထောင်ကိုပင် မကြည့်ပါနှင့် ထို လူငါးထောင်၌ များစွာသောအလုပ်များရှိသည် ထို့ကြောင့် အစောင့်များနှင့်ပက်သက်သည့်ဝန်ထမ်းများသည် ထိုအချိန်တွင် အလွန်အလုပ်များ နေကြသည်။

အစောင့်တပ်များကို ထပ်တိုးသည်ထက် Frestechကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ ကုန်သွယ်မှု ဆက်ဆံရေးများကိုလည်း ပြန်လည်တည်ဆောက်ရန်လိုသေးသည်။

Frestechကုန်သည်ကြီးများအသင်းသည် တိုတောင်းသောအချိန်၌ပင် ၎င်းတို့၏စီးပွားရေးကို နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ခဲ့သည် အကြောင်းမှာ ယခင်က စီးပွားရေးရှိပြီးဖြစ်ကာ ဝန်ထမ်းများ၏ ကြိုးစား အားထုတ်မှု ကြောင့်လည်းဖြစ်သည်။

အခြားထပ် နဂိုအတိုင်းပြန်ဖြစ်စေသည်မှာမလုံလောက်သေးပဲ Frestechကုန်သည်ကြီးများအသင်းသည် အခြားသောနိုင်ငံများသည် ၄င်းတို့၏ကိုယ်ပိုင်မှော်စက်မှုလုပ်ငန်းများ တိုးတက်စေရေးတည်ဆောက်ရန် ကူညီရဦးမည်။

ထိုအလုပ်ကိုလုပ်ရန် လူအင်အားများစွာပိုမိုလိုအပ်သေးသည် ထို့ကြောင့် Frestechကုန်သည်ကြီးများအသင်းသည် ဌာနတိုင်း၌ ဝန်ထမ်းများခန့်အပ်ရန် လိုအပ်ပြီး အလုပ်သမားခန့်အပ်ရေးဌာနကို ပရမ်းပတာ အခြေအနေသို့ ရောက်သွားစေသည်။

ထိုအလုပ်သမားများခန့်အပ်ပြီးနောက် သူတို့အားအလုပ်တာဝန်များအမြန်ယူနိုင်ရန် လေ့ကျင့်ရေး ပေးရန်နှင့် အခြားသောရင်ဆိုင်ရမည့်ပြဿနာများစွာရှိသည်။

စီမံခန့်ခွဲရေးဌာနနှင့် ၄င်းတို့၏ ဝန်ထမ်းများသည် အလုပ်များခြင်းမဟုတ်ပဲ သာမန်ဝန်ထမ်းများသည်ပင် အလုပ်များသည်။

အကြောင်းမှာ Frestechကုန်သည်ကြီးများအသင်းသည် စစ်ပွဲကြောင့် မှာယူမှုများကို ရွေ့ဆိုင်းထားရပြီး စစ်ပွဲအပြီးတွင် ထပ်လာသော မှာယူမှုများလည်းရှိသောကြောင့် သာမန်ဝန်ထမ်းများသည်ပင် အချိန်ပို လုပ်နေရသည်။

သာမန်ဝန်ထမ်းများအနေဖြင့် အချိန်ပိုကြေးများရသောကြောင့် ၄င်းတို့အတွက် ကောင်းပါသည်။ ထိုကြောင့် စစ်ပွဲပြီးသည်နှင့် Frestechကုန်သည်ကြီးများအသင်းတစ်ခုလုံးတွင် လူတိုင်းက အလွန် အလုပ်များ နေကြသည်။

သို့သော် လူတိုင်းကအလုပ်ကြိုးစားနေကြချိန်တွင် ရှုယီသည် လူတိုင်း၏မျှော်မှန်းချက်နှင့်ဆန့်ကျင်၍ သာမန်မဟုတ်သော ဆုံးဖြတ်ချက်တစ်ခုကို ကြေငြာခဲ့သည်။

သူသည် တကယ်ပင်……….ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲလုပ်ချင်သည်ဟုဆိုသည်။

***

Volume 7 အခန်း ၁၅၄ ။ စူပါစတား

ဘန်တာမြို့သည် ဂျွန်လတွင် တောက်ပသည့်နေရောင်အောက်တွင် အလွန်နွေးသည်။ ဘန်တာမြို့ရှိလမ်းများသည် ဘိလပ်မြေများခင်းထားကာ အခြောက်ခံထားရာမှ အငွေ့များထနေသည်။ ထိုလမ်းများအပေါ်တွင် သွားလာနေသောသူများကိုလည်းခနခြင်းတွင် ချွေးများထွက်စေကာ ခံစား၍မကောင်းစေပါ။

သို့သော်လည်း ဘန်တာမြို့၏ဈေးကို မပြောင်းလဲစေပဲ အရင်ကဲ့သို့ စည်ကားနေသေးသည်။

Frestech ကုန်သည်ကြီးများအသင်း အစပြုရာနေရာဖြစ်သည့် ဤနေရာတွင် နယ်မြေအတွင်းမှ မှော်စက်မှု လုပ်ငန်း၏အရင်းမြစ်ဖြစ်ကာ လန်ပူရီတိုင်းပြည် ရူဒ်ဆန်တိုင်းပြည်နှင့် Stantine တိုင်းပြည် တို့အကြား ကုန်ပစ္စည်းများ ကုန်သွယ်နေသည့် ဘန်တာမြို့သည် လန်ပူရီတိုင်းပြည်နှင့် တောင်ပိုင်းဒေသ တစ်ခုလုံးတွင် အကြွယ်ဝဆုံးနိုင်ငံတစ်ခုဖြစ်သည်။

မြို့ကိုကြိမ်ဖန်များစွာချဲ့ရင်း မြို့၏အကျယ်အဝန်းသည်ယခင်ဘန်တာမြို့ဟောင်း၏ အဆ၂၀ ခန့်ပင် ရှိတော့မည်ဖြစ်သည်။ လူဦးရေသည် ယခင်နှစ်ကာ ငါးသောင်းခန့်မှ ခြောက်သိန်းကျော်ထိ တိုးပွား လာခဲ့ကာ လန်ပူရီတိုင်းပြည်အတွင်း လူဦးရေအများဆုံးမြို့ ဖြစ်လာခဲ့သည်။ မြို့တော်ဖြစ်သည့် အန်ဗီမာမြို့ထက် လူ တစ်သိန်းကျော်ပိုများသည်။

ယာယီပြောင်းရွေ့လာသည့် လူဦးရေကိုပါ ပေါင်းထည့်လျှင် ဘန်တာမြို့တွင် လူဦးရေ သန်းကျော် သွားနိုင်သည်။

ထိုကဲ့သို့ ကြီးမားသော မြို့သည် အလွန်အသက်ဝင်ပြီး ကြွယ်ဝနေမည်ဖြစ်သည်။

သို့သော် ယနေ့တွင် အသက်ဝင်မှုနှင့် ကြွယ်ဝမှုတို့သည် ယခင်ထပ်ပိုမိုရှင်းလင်းစွာပြနေသည်။

အထူးသဖြင့် ဘန်တာမြို့၏ နေရာဟောင်းတစ်ခုအနီး ဘလော့တစ်နေရာတွင် ဖြစ်သည်။ လမ်းများတွင်နှစ်ဆထပ်မကသောလူများသွားလာနေကာ ထိုဟောင်းနေသောနေရာတစ်ခုတွင် နေရာလွတ်တစ်ခုမှမရှိပဲ လမ်းကိုပြည့်သွားစေသည်။

၎င်းသည် သံသယဝင်နေစရာမလိုပဲ ထူးဆန်းသည့်မြင်ကွင်းတစ်ခုဖြစ်သည်။

ဘန်တာမြို့တွင် နေရာအသစ်များ ဆောက်လုပ်နေသဖြင့် ဘန်တာမြို့ မြို့အုပ်၏ ညွှန်ကြားချက်အရ မှော်စက်မှုလုပ်ငန်းအသစ်၏ ပါဝင်ဖွဲ့စည်းထားသော အဆောက်အဦးများနှင့် လူဦးရေသည် ထိုမြို့သစ်ပိုင်းတွင် ရွေ့ပြောင်းသွားခဲ့သည်။ မြို့ဟောင်းဖက်တွင် နေထိုင်နေကြလူများသည်ပင် မြို့သစ်ဖက် တွင် ကောင်းမွန်သော အဆောက်အဦးများနှင့် ကောင်းမွန်သော နေထိုင်မှုအဆင့်အတန်း များ ရှိခြင်းကြောင့် မြို့သစ်ဖက်သို့ ပြောင်းသွားကြသည်။

ဘန်တာမြို့၏ မြို့ဟောင်းတွင် လူအနည်းငယ်မျှသာ နေထိုင်တော့သည် ထိုနေရာတွင် လူဦးရေ သုံးသောင်းခန့်သာနေထိုင်ကြပြီး ထိုမြင်ကွင်းကိုဖန်တီးနိုင်ရန်လူမလုံလောက်ပါ။

ထိုသို့ဖြစ်ရသည့် တစ်ခုတည်းသောအကြောင်းအရင်းမှာ မြို့ဟောင်းတွင်လူများကိုဆွဲဆောင်နေသော လှုပ်ရှားမှုတစ်ခုရှိနေသောကြောင့်ဖြစ်သည်။

သို့သော် ထိုကဲ့သို့လှုပ်ရှားမှုကျင်းပလျှင် ပုံမှန်ဆိုလျှင် မြို့သစ်ဖက်၌ကျင်းပရန် ရွေးချယ်မည်ဖြစ်သည်။

နောက်ဆုံးတွင် မြို့သစ်ဖက်၌နေရာလွတ်များကာ လမ်းပန်းဆက်သွယ်မှုမှာလည်း ပိုလွယ်သောကြောင့် မြို့ဟောင်းဖက်ထပ်ပို၍ ကောင်းလိမ့်မည်။

ထို့ကြောင့်ပုံမှန်အားဖြင့် မြို့ဟောင်းဖက်တွင် ပိုမို၍ ငြိမ်းချမ်းပြီး မြို့သစ်ဖက်ရှိ အသက်ဝင်နေသော ပုံစံနှင့် ဆန့်ကျင်ဖက်ဖြစ်သည်။

သို့သော်ယနေ့တွင် မြို့ဟောင်းတွင်နေထိုင်သူများရော မြို့သစ်တွင်နေထိုင်သူများပါ ဤနေရာသို့ လာကြသည် ၎င်းတို့သည် ထိုအခြေအနေကိုမအံ့သြကြပါ။

အကြောင်းမှာ ဘန်တာတိုင်းမ်စ် မှ ယနေ့ လှုပ်ရှားမှုအားရက်ပေါင်းများစွာကြို၍ ကြေငြာ ထားသော ကြောင့် ဖြစ်သည်။

ဂျွန် ၁၈ရက်နေ့တွင် Frestechကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ရှုယီသည် ဘန်တာမြို့၌ သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် ပြုလုပ်မည်ဖြစ်သောကြောင့် ဖြစ်သည်။

အကယ်၍ Frestechကုန်သည်ကြီးများအသင်းအကြောင်းကိုပြောလျှင် လူတိုင်းသည် Frestechမြို့ကို သတိရကြမည် ဖြစ်သော်လည်း ဘန်တာမြို့ကိုလည်း သတိရကြလိမ့်မည် ဖြစ်သည်။

Frestechကုန်သည်ကြီးများအသင်း တည်ထောင်သောမြို့တစ်မြို့အနေနှင့် ၎င်းတို့၏အစဖြစ်သော ဘန်တာမြို့သည် Frestechကုန်သည်ကြီးများအသင်းနှင့် အဓိပ္ပာယ်တူတူပင်ဖြစ်သည်။

လန်ပူရီတိုင်းပြည်၏ပဋိပက္ခများကြောင့်သာမဟုတ်ခဲ့လျှင် Frestechကုန်သည်ကြီးများအသင်းသည်လည်း ဘန်တာမြို့မှ ထွက်ခွာသွားမည်မဟုတ်ပဲ လန်ပူရီတိုင်းပြည်မှလည်းထွက်ခွာသွားမည်မဟုတ်ကာ Frestechကုန်သည်ကြီးများအသင်း၏ ဌာနချုပ်သည်ပင် ဘန်တာမြို့တွင် ဖြစ်ကောင်းဖြစ်နိုင်သည်။

ဘန်တာမြို့၏အပြင်ဖက်တွင်ရှိသော မိုးကျ တောင်ကြားသည်ဘန်တာမြို့နှင့် လန်ပူရီတိုင်းပြည် မှော်စက်မှုလုပ်ငန်း၏ အရေးကြီးသည့်နေရာတစ်ခုဖြစ်သည် ထိုနေရာတွင် Frestechကုန်သည်ကြီးများအသင်း မှ ချန်ခဲ့သောအရာအများစုရှိသည်။

ဘန်တာမြို့ရှိဒေသခံများသည် ဘန်တာမြို့အားများစွာပြောင်းလဲသွားစေသော Frestechကုန်သည်ကြီးများအသင်း စတင်ပေါ်ပေါက်သည့် အချိန်ကိုအမှတ်ရနေသေးသည်။ ထို့အပြင် Frestechကုန်သည်ကြီးများအသင်း မှချန်ပေးခဲ့သည့်အကျိုးအမြတ်များနှင့် ပျော်ရွင်နေရသေးသည်ဖြစ်ရာ သဘာဝကျစွာပင် Frestechကုန်သည်ကြီးများအသင်းကို ကျေးဇူးတင်နေတုန်းဖြစ်သည်။

ထို့ကြောင့် ရှုယီက ဘန်တာမြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟုကြားသည်နှင့် ဘန်တာမြို့မှ လူများသည် စိတ်လှုပ်ရှားမှုများနှင့်ပြည့်သွားရသည်။

ဂျွန်လ ၁၈ရက်နေ့ရောက်သည်နှင့် မနက်ကတည်းကပင်ဘန်တာမြို့၏ မြို့ဟောင်းဖက်၌ လူများနှင့် ပြည့်နှက်နေသည်။ အခြားကိစ္စကြောင့်မဟုတ်ပဲ ရှုယီ၏ သတင်းစာရှင်းလင်းပွဲသို့လာကာ ရှုယီကို ကိုယ်တိုင် လာရောက်ကြည့်ရှုကြခြင်း ဖြစ်သည်။

ဘန်တာမြို့တွင် ပြုလုပ်သော နှစ်ပေါင်းများစွာကြာခဲ့သည့် သတင်းစာရှင်းလင်းပွဲမှစ၍ ရှုယီအနေနှင့် လူထုရှေ့တွင် မျက်နှာမပြခဲ့သည်မှာ ဆယ်နှစ်ကြာခဲ့ပြီဖြစ်သည်။

ကန်ဒရာအင်ပါယာနှင့် စစ်ပွဲအတွင်းတွင် ပြန်ပေါ်လာခဲ့သော်လည်း သာမန်လူများအနေနှင့် သူ့အား မမြင်ခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။ NewMoonကုန်သည်ကြီးများအသင်းမှ နေရာစုံတွင် တပ်ဆင်ထား သော မှော်ရုပ်ပြများ၌ပင် သူ၏ပုံပန်းသွင်ပြင်အား တစိတ်တပိုင်းမျှသာမြင်ရသည်။

Frestechကုန်သည်ကြီးများအသင်းနှင့် ရှုယီအပေါ်ကျေးဇူးတင်စိတ်မရှိလျှင်ပင် နယ်မြေထဲ၌ ရှုယီသည် အင်အားကြီးသော ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်မှော်ပညာရှင်ဖြစ်ကာ ထင်ရှားကျော်ကြားဆုံးသူ ဖြစ်သည်။ မရေတွက်နိုင်သောသူများသည် သူမည်သည့်ပုံစံရှိကြောင်းကိုသိလိုကြသည်။

ဘန်တာမြို့၏မြို့ဟောင်းတွင်စုပြုံနေသောသူများထဲတွင် သာမန်ပြည်သူများပါမကပဲ နိုင်ငံပေါင်းစုံ၏ သတင်းစာများမှ သတင်းထောက်များလည်း ပါဝင်သည်။

ရှုယီ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းသည် အသေအချာပင် လွန်ခဲ့သော ခြောက်လက အင်ပါယာနှစ်ခု နှင့် Frestechကုန်သည်ကြီးများအသင်းတို့ကြားငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုပြီးနောက် အကြီးဆုံးသတင်း ဖြစ်သဖြင့် မည်သည့်သတင်းစာမှ ထိုအခွင့်အရေးကို လက်လွတ်မည်မဟုတ်ပါ။

Frestechကုန်သည်ကြီးများအသင်းသည် သတင်းစာရှင်းလင်းပွဲများစွာလုပ်ခဲ့ကာ ထုတ်ကုန်မိတ်ဆက်သည့် သတင်းစာရှင်းလင်းပွဲများလုပ်ခဲ့သော်လည်း ယခုတွင် ကိုယ်တိုင်သတင်းစာရှင်းလင်းပွဲလုပ်ခြင်းမှာ ပထမဆုံးဖြစ်သည်။

ထို့အပြင် ရှုယီကိုယ်တိုင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲဖြစ်၍ လူတိုင်းက စိတ်လှုပ်ရှား နေကြသည်။ ဤသတင်းစာရှင်းလင်းပွဲ၌ သူသည် မည်သည်ကို ကြေငြာချင်တာဖြစ်သနည်း?

ထို့ကြောင့် ထိုသတင်းသည် ပျံ့နှံ့သွားပြီးမကြာမှီပင် သတင်းစာတိုက်များသည် ဘန်တာမြို့သို့ သတင်းထောက်များ စေလွတ်တော့သည်။

ဘန်တာမြို့၏မြို့ဟောင်းသို့ ရက်ပေါင်းများစွာကြိုရောက်နေကာ ရှုယီကိုယ်တိုင် ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲအား လာစောင့်နေသည့် သတင်းစာတိုက်မှ သတင်းထောက်များပင်ရှိသေးသည်

အချက်အလက်များအရ အချိန်ကြိုရောက်နေသော သတင်းထောက်များသည် ဉာဏ်ကောင်းသည်ဟု ဆိုရမည်။

ဘန်တာမြို့၏မြို့ဟောင်း၌ ဂျွန်လ ၁၈ရက်နေ့တွင် လမ်းများတွင်လူများနှင့် ပြည့်နှက်နေသည်။ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည့် ဘန်တာမြို့၏အလယ်ခေါင်သို့ရောက်ရန်ပင်အလွန်ခက်ခဲပေသည်။

ဘန်တာမြို့အုပ်မှ ထိုအခြေအနေအား မျှော်လင့်ထားခဲ့သောကြောင့်ပင် တော်သေးသည် ထို့ကြောင့် သူတို့သည် အစောင့်များစွာကို များစွာသော လမ်း၌ချထားကာ အမိန်များ ချထားသည်။

သို့သော် မနက်ကတည်းကပင် လမ်းများပိတ်ဆိုနေ့ကာ မြို့လယ်ခေါင်သို့သွားသည့် လမ်းတိုင်းသည် စိတ်လှုပ်ရှားနေသည့် လူအုပ်နှင့် ပြည့်နှက်နေသည်။

မြို့ဟောင်း၏အပြင်ဖက်၌မူ ဝင်ရောက်နိုင်ရန်ကြိုးစားနေသည့်လူများစွာရှိပြီး ရပ်တန့်မည့်ပုံလည်း မပေါ်ပေ။

“ဥက္ကဌရှု ဒီတစ်ခေါက်တော့ခင်ဗျားတကယ်ပဲ ကျုပ်ကို ပြဿနာအကြီးကြီးပေးလိုက်တာပဲ”

မြို့၏ မြို့စား ဘယ်လ်မော့ သည် ပရမ်းပတာဖြစ်နေသည့် လူအုပ်ကြီးကိုကြည့်ကာ ရှုယီအား ခါးသီးသည့် အပြုံးနှင့် ပြောနေသည်။ “ကျွန်တော်က မြို့ဟောင်းကို ငြိမ်းချမ်းနေအောင်ထိန်းသိမ်းထားရတာ။ ခင်ဗျားလာမှပဲ ကျွန်တော်ကြိုးစားထားရတာအကုန် အလကားပဲ”

ရှုယီသည် ရယ်လိုက်ကာ သူ၏လက်ကိုဖြန့်လျှက် မြို့စား ဘယ်လ်မော့အား မတတ်နိုင်သည့်ပုံပြလိုက်သည်။

“ကျုပ်လဲအဲ့လောက်ကြီးမားတဲ့ တုံ့ပြန်မှုဖြစ်သွားမယ်လို့ မထင်မိဘူး။ ကျုပ်ထင်တာ သတင်းထောက် တစ်ချို့ပဲ ဒီသတင်းစာရှင်းလင်းပွဲကို စိတ်ဝင်စားကြမယ်ထင်တာ။ ဒါမဲ့ ပြည်သူတွေကလည်း အဲ့လောက် စိတ်ဝင်စားကြမယ်လို့မထင်ဘူး။”

မြို့စား ဘယ်လ်မော့ က ခါးသက်သက်ရယ်ကာ ပြောလိုက်သည် “ဥက္ကဌရှု ပြည်သူတွေကြားမှာ ခင်ဗျား ဘယ်လောက်နာမည်ကြီးတယ်ဆိုတာ မသိဘူးလား? Frestechကုန်သည်ကြီးများအသင်း အင်ပါယာနှစ်ခုကို နိုင်သွားခဲ့ကတည်းက ကျွန်တော်ပြောနိုင်တယ် ပြည်သူတွေရဲ့စိတ်ထဲမာတောင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဘုရားထပ်နိမ့်မယ်မထင်ဘူး။ ပြောစမ်းပါ ဘန်တာမြို့မှာ ဘုရားကလာပြီး လူတိုင်းကိုတွေ့မယ်လို့ ကြေငြာလိုက်ရင် လူတွေက ဘယ်လိုလုပ် မရူးသွပ်ကုန်ပဲ နေပါ့မလဲ?”

“ခင်ဗျားစကားတွေက ချဲ့ကားလွန်းပါတယ်” ရှုယီခေါင်းကိုခါသည် “ပထမဆုံးအနေနဲ့ ကျုပ်တို့ Frestechကုန်သည်ကြီးများအသင်းက အင်ပါယာနှစ်ခုကို ရှုံးနိမ့်စေခဲ့တာမဟုတ်ပါဘူး။ ဒါမဲ့ ခင်ဗျားတို့ လန်ပူရီတိုင်းပြည်နဲ့ ရူဒ်ဆန် တိုင်းပြည်ကသာ ရှုံးနိမ့်စေခဲ့တာပါ။ ဒုတိယအနေနဲ့ ဒါက ကျုပ် တစ်ယောက်ထဲ ရဲ့ အရည်အချင်းမဟုတ်ပါဘူး ဒါက Frestechကုန်သည်ကြီးများအသင်းတစ်ခုလုံးရဲ့ အရည်အချင်းပါ”

မြို့စား ဘယ်လ်မော့ သည် ဆူညံသည့်လူအုပ်ကိုလက်ညိုးထိုးကာ ပြောသည်။ “ခင်ဗျားဒါတွေကိုသူတို့ကိုသွားပြောကြည့်ပြီး သူတို့ နားထောင်ချင်ရဲ့လားလို့ကြည့်လိုက်ပါဦး”

ရှုယီက မျက်လုံးကိုလှည့်လိုက်သည် သူသည်ကမ္ဘာပေါ်ကလာပြီး သူနှင့်ယှဉ်လျှင် ရူးသွပ်သော ပရိတ်သတ်များ အကြောင်းပိုသိကြောင်း စဉ်းစားမိသွားသည်။

အင်ပါယာနှစ်ခုထဲမှ စစ်ပွဲကြောင့် Frestechကုန်သည်ကြီးများအသင်း၏ ဥက္ကဌသည် အလွန်ထင်ရှားသည့် သူ ဖြစ်လာကြောင်း ရှင်းလင်းပါသည်။ သူအား စူပါစတားတစ်ယောက်ဟုပင် သတ်မှတ်နိုင်သည်။

ဤကမ္ဘာတွင် သတင်းများပျံနှံ့ခြင်းက မတိုးတက်သေးသည့်နေရာတွင် အကယ်၍ သူကဲ့သို့ စူပါစတားမျိုးက လူတိုင်း၏ရှေ့၌ ပေါ်လာမည်ဆိုလျှင် ကြီးမားသည့် ဂယက်တစ်ခုဖန်တီးမိမည်မှာ အမှန်တကယ်ပင်။

ရှုယီကမျှော်လင့်ထားပြီးသားဖြစ်သည် သို့သော် သူသည် ဤကမ္ဘာရှိလူများသည် သူလာခဲ့သော ကမ္ဘာမှပရိတ်သတ်များကဲ့သို့ ကျော်ကြားသောသူများ နောက်သို့လိုက်သည့် အပြုအမူက လျော့နည်းခြင်း မရှိကြောင်းမထင်ထားခဲ့ပေ။ ၎င်းတို့ကပင်လျှင် ပိုမို၍ လွန်ကဲနိုင်သည်။

“ဒီလိုတော့မဖြစ်တော့ဘူး။ မြို့စား ဘယ်လ်မော့ သတိပေးချက်တစ်ခုထုတ်လိုက်ပါ။ ကျုပ်ရဲ့ သတင်းစာရှင်းလင်းပွဲက ဖိတ်ခေါ်ထားတဲ့ သတင်းစာတိုက်တွေက သတင်းထောက်တွေကိုပဲလက်ခံပြီး အခြားသူတွေ ပါဝင်လို့မရဘူးလို့ ပြောပြီး သူတို့ကို ပြန်ခိုင်းလိုက်ပါ။”

မြို့စား ဘယ်လ်မော့ ကရှုယီကိုထူးဆန်းစွာကြည့်ကာ ခေါင်းခါလိုက်သည်။ “ဥက္ကဌရှု အကယ်၍ ကျွန်တော် အဲ့လိုသွားပြောလိုက်ရင် ဒေါသထွက်နေတဲ့လူအုပ်ကြီး ရိုက်သတ်တာခံရလိမ့်မယ်ဆိုတာ ယုံလား?”

“အဲ့လောက်တောင်ဆိုးလား?”

“အဲ့လောက်တောင်ဆိုးတယ်” မြို့စားဘယ်လ်မော့ ကတည်ကြည်သည့်အသံဖြင့်ပြောသည်။

“ဒါဆို ခင်ဗျားဆိုလိုတာက ကျုပ်ကိုသွားပြောစေချင်တာလား?” ရှုယီက သူ့ကိုယ်သူ လက်ညိုးထိုး လိုက်သည်။

မြို့စားဘယ်လ်မော့၏ အမူအရာကပျော့ပြောင်းသွားပြီး သူမျက်လုံး၌ တောင်းဆိုသည့် အရိပ်အယောင်များ ပေါ်နေသည်။

“ဥက္ကဌရှု အကယ်၍ ကျွန်တော်လုပ်နိုင်ရင် ခင်ဗျားကိုလုပ်ပေးဖို့ဘယ်ပြောပါ့မလဲ? ဒါမဲ့ ခင်ဗျားလည်း မြင်တာပဲ။ လူအုပ်ကြီးက ဆင်ခြင်တုံတရားမရှိတော့ဘူး။ ပြီးတော့ ဒီအခြေအနေကို တစ်ယောက်ကိုမှ မထိခိုက်စေပဲနဲ့ ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ချက်မရှိတော့ဘူး။ ဒါကြောင့် ခင်ဗျားကိုပဲ ပြဿနာပေးရတော့မယ်”

ရှုယီက ရူးချင်စရာကောင်းသည့် လူအုပ်အားကြည့်လိုက်ကာ ခါးသက်သက်ရယ်လိုက်သည်။ “ကောင်းပြီလေ ကျုပ်ရဲ့ ကိုယ်ပိုင်လုပ်ဆောင်မှုရဲ့အကျိုးဆက်တွေပဲလို့ သတ်မှတ်ရတာပေါ့”

ထိုသို့ပြောပြီးနောက်ရှုယီသည် ပြတင်းပေါက်ကိုဖွင့်ကာ ဘန်တာမြို့လယ်ခေါင်သို့ ပျံသန်း သွားလေ တော့သည်။

***

Volume 7 အခန်း ၁၅၅ ။ ဆူပူအုံကြွမှုကို ဖြေရှင်းခြင်း

ကမ္ဘာပေါ်မှ အတွေ့အကြုံအရ ရှုယီသည် သူရုတ်တရက်ထွက်သွားကာ လူတိုင်းအရှေ့၌ပေါ်လာလျှင် သူသည် ဆူပူအုံကြွမှုတစ်ခုကို ဖန်တီးမိလိမ့်မည်။

အကယ်၍ ပို၍ပြင်းထန်လာလျှင် လူများအချင်းချင်းတက်နင်းမိကာ ထိခိုက်ဒဏ်ရာများ ရကုန်ကြ လိမ့်မည်။

ထို့ကြောင့် သူသည် လူများရှေ့၌ထွက်ပေါ်ရန်မလောပေ။ ထို့သို့ပြုလုပ်မည်အစား သူသည် မြို့လယ်ခေါင်တွင် ရှိနေသည့် Frestechကုန်သည်ကြီးများအသင်း၏ ဝန်ထမ်းများကို မှော်ဆက်သွယ်ရေး စက်မှ ဆက်သွယ်ပြီး သူ၏အမိန့်များကိုချခဲ့သည်။

ခနကြာပြီးနောက် မြို့လယ်ခေါင်၏ လေးဖက်လေးတန်တွင် ကြီးမားသည့် မှော်ရုပ်ပြများ နေရာချ လိုက်ပြီး ဘန်တာမြို့ မြို့ဟောင်း လမ်းများအားလုံးတွင် မှော်ရုပ်ပြအသေး ၁၀၀ခုအား နေရာချ လိုက်ကာ ဘန်တာမြို့တစ်မြို့လုံးကို မှော်ရုပ်ပြများနေရာချလိုက်သည်။ ထို့နောက် ရုပ်ပုံတစ်ခုတည်းကို ထုတ်လွင့်ပြသတော့သည်။

၎င်းသည်ရှုယီ၏ တစ်ကိုယ်လုံးရိုက်ချက်ဖြစ်သည်။

မှော်ရုပ်ပြသည်ရုတ်တရက် ရှုယီ၏ပုံကိုထုတ်လွင့်ပြသလာကာ လူအုပ်၏ အာရုံကို ဆွဲဆောင် လိုက်သည်။

လူတိုင်းသည် မှော်ရုပ်ပြများကိုတွေ့ကာ အံ့ဩနေကြပြီး မည်သူကလုပ်နေမှန်းမသိခဲ့ပေ သို့သော် လူတိုင်းက လက်ခုပ်ဩဘာ ပေးလိုက်ကြသည်။

ထိုအသံများသည် မြို့လယ်ခေါင်ရှိ အဆောက်အဦးများအား ရိုက်ခတ်သွားပြီး လေပေါ်၌ပျံနေသည့် ရှုယီကိုပင် ထိတ်လန့်သွားစေသည်။

သူသည် မှော်ရုပ်ပြ၌ပေါ်လာသည့်သူ့ရုပ်ပုံသည် ထိုမျှလောက် ကြီးမားသည့် တုံ့ပြန်မှုရရှိနိုင်ကြောင်း မသိခဲ့ပေ။

လူတိုင်း၏ရှေ့တွင် မပေါ်လာခဲ့လို့ပင် တော်သေးသည် သို့မဟုတ်လျှင် ပြင်းထန်သော အကျိုးဆက်များ ဖြစ်ပွားသွားနိုင်သည်။

၎င်းသည် ရှုယီအနေဖြင့် ပထမဆုံးအကြိမ် လူအုပ်အများကြီးထံမှ အားပေးခံရခြင်းဖြစ်သည် ထို့ကြောင့် သူသည် ကိုယ်ကိုကိုယ် ကျေနပ်မိသည့် ခံစားချက်ကို မတတ်နိုင်ပဲရရှိခဲ့သည်။

သို့သော် သူသည် အမြန်ပင် စိတ်တည်ငြိမ်အောင်လုပ်လိုက်ကာ ခနရပ်လိုက်ပြီးနောက် လက်ကို မြောက်လိုက်သည်။ ထိုလုပ်ဆောင်ချက်ကိုလိုက်၍ မြို့တစ်မြို့လုံးနှင့် မြို့လယ်ခေါင်တွင်ရှိသည့် မှော်ရုပ်ပြ ရာချီတွင် ရှုယီ၏ ရုပ်ပုံများသည် အတူတူပင်ပြနေကြသည်။

မှန်ပါသည်။ ၎င်းသည် တိုက်ရိုက်ထုတ်လွင့်မှုဖြစ်သည်။

ရှုယီ၏လမ်းညွှန်မှုဖြင့် Frestechကုန်သည်ကြီးများအသင်းနှင့် New Moon ကုန်သည်ကြီးများအသင်းသည် မှော်ရုပ်ပြများကို ထိုးဖောက်နိုင်ခဲ့ခြင်းဖြစ်သည်။ New Moon ကုန်သည်ကြီးများအသင်းမှ ဆက်တိုက် ကြိုးစားနေသော တိုက်ရိုက်ထုတ်လွှင့်မှုသည် ယခုအမှန်တကယ်ပင်ဖြစ်လာသည်။

တိုက်ရိုက်ထုတ်လွင့်မှုသည် ထုတ်လွင့်မည့်သူသည် ထုတ်လွင့်မည့်ပတ်ဝန်းကျင်တွင် ရှိနေရန် လိုအပ်သော်လည်း ရှုယီက ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်သောကြောင့် သူသည် တူညီသည့်လိုင်းဖြင့် ရုပ်ပြအစီအရင်တစ်ခုကို ဖန်တီးကာ သူ့ပတ်ဝန်းကျင်အား တိုက်ရိုက်ထုတ်လွင့်မည့် ပတ်ဝန်းကျင် ဖြစ်အောင် လုပ်နိုင်သည်။

၄င်းသည် ကမ္ဘာပေါ်ရှိပတ်ဝန်းကျင်နှင့်တူသည်။ ရှုယီ၏လှုပ်ရှားမှုတိုင်းသည် တပ်ဆင်နေရာ ချထား သည့် မှော်ရုပ်ပြ တစ်ရာကျော်နှင့် ချိတ်ဆက်နေသည်။

“အားလုံးပဲ မင်္ဂလာပါ ကျွန်တော်ရှုယီပါ။ ကျွန်တော်အခု New Moon ကုန်သည်ကြီးများအသင်းရဲ့ မှော်ရုပ်ပြတိုက်ရိုက်ထုတ်လွင့်မှုကနေတဆင့် စကားပြောနေတာပါ” ရှုယီက လူတိုင်းကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

သူ၏ အသံသည် မှော်ရုပ်ပြမှတဆင့် ပျံနှံသွားကာ ဘန်တာမြို့မှ လူများအားလုံး၏ နားထဲသို့ ရောက်သွားသည်။

လူအုပ်ကြီးသည် ခေတ္တမျှ ကြောင်နေပြီးနောက် သူတို့သည် ချက်ခြင်းပင် တုံ့ပြန်ကာ ယခင်ထပ်ပိုမို၍ ကျယ်လောင်စွာလက်ခုပ်သြဘာပေးလိုက်ကြသည်။

ရှုယီက လူအုပ်ကြီး တိတ်ဆိတ်သွားသည် အထိ နှစ်မိနှစ်ထိစောင့်ခဲ့ရသည်။

“အားလုံးပဲကျွန်တော်ရဲ့ သတင်းစာရှင်းလင်းပွဲကို လာရောက်ပြီး ခင်ဗျားတို့ရဲ့ ထောက်ခံမှုနဲ့ ဆန္ဒရှိမှုတို့အတွက် ဝမ်းသာပါတယ်။” ရှုယီကခနနားလိုက်ပြီး “ ဒါမဲ့ကျွန်တော်ထင်တာ လူတိုင်းလည်း တွေ့ပါလိမ့်မယ်။ ဒီကိုလူပေါင်းများစွာ လာကြတာကြောင့် ဒီဘန်တာမြို့ရဲ့ မြို့လယ်ခေါင်လေးဟာ လူတိုင်းအတွက် နေရာမဆန့်တော့ပါဘူး။ ကျွန်တော်သတိထားမိတာ လူအများစုက မတ်တပ်ကောင်းကောင်း ရပ်နိုင်ဖို့ နေရာတောင် မရှိကြတော့ဘူး။”

လူတိုင်းက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ သူတို့သည် လူအုပ်ကြီးကြောင့် နေရာပင် ကျပ်နေကြောင်း တွေ့လိုက်ရပြီး မနေနိုင်ပဲ ပြုံးမိကြသည်။

၄င်းတို့သည် မြို့လယ်ခေါင်သို့ရောက်ရန် မည်မျှတွန်းထိုးဝင်ရောက်နေကြကြောင်း သတိမပြုမိကြချေ သို့သော် ရှုယီက သတိပေးလိုက်သောအခါမှ လူတိုင်းက မည်မျှ ရူးသွပ်နေကြောင်း သတိပြုမိသွား ကြသည်။

“ကျွန်တော့်အပေါ် အားလုံးရဲ့ ဂရုစိုက်မှုတွေနဲ့ အချစ်တွေအတွက် ကျွန်တော်ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အခု အခြေအနေဟာ ကန့်သတ်ထားတာကြောင့် ကျွန်တော့အတွက် အားလုံးကို သတင်းစာရှင်းလင်းပွဲကို ဝင်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။” ရှုယီက ခနနားလိုက်ပြီး “ဒါကြောင့် ကျွန်တော် ဝမ်းနည်းစွာနဲ့ပဲပြောပါရစေ ဒီသတင်းစာရှင်းလင်းပွဲကို ဖိတ်ကြားထားတဲ့ သတင်းစာတိုက်က သတင်းထောက်တွေပဲ တက်ခွင့်ရပါမယ်။ လူတိုင်းအတွက်ကတော့ ကျေးဇူးပြု၍ မြို့လုံခြုံရေးတွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်ပေးပြီး မြို့ဟောင်းကနေထွက်ခွာပေးကြပါ။”

ထိုစကားကိုကြားလျှင် လူတိုင်းသည် ပထမ၌ ကြောင်အသွားကြပြီး အုတ်အုတ်ကျက်ကျက် ဖြစ်လာ ကြသည် လူတိုင်းသည် မကျေနပ်သည့် ပုံစံများ ပေါက်နေကြသည်။

“ဘာကိုမူတည်ပြီးတော့လဲ”

“မှန်တယ် သတင်းထောက်တွေက ပါဝင်လို့ရပြီး ငါတို့ကဘာလို့မရတာလဲ? ငါတို့လည်း ဥက္ကဌရှုကို တွေ့ချင်ပြီး ဘာပြောမလဲဆိုတာကြားချင်တယ်”

“ငါလုံးဝထွက်မသွားနိုင်ဘူး”

“ငါကောပဲ”

……

လူအုပ်ကြီးက မည်မျှ စိတ်လှုပ်ရှားနေသည်ကို မြင်လျှင် မြို့စား ဘယ်လ်မော့သည် ထိုအခြေအနေကို မြို့အုပ်ရုံးမှ ကြည့်နေပြီး မနေနိုင်ပဲ ချွေးစေးများ ပြန်နေသည်။

ဤဥက္ကဌရှုသည် သူ၏စကားလုံးများကို အနည်းငယ်လှည့်စားကာ မပြောနိုင်ဘူးလား?

သူသည်ထို့သို့ တည့်တိုးသွားပြောလျှင် လူတိုင်းကို မကျေမနပ်မဖြစ်စေမည်ဆိုတာ သူမသိဘူးလား?

မြို့စားဘယ်လ်မော့သည် လူအုပ်ကိုငြိမ်သက်သွားစေရန် လုံခြုံရေးများကို ထပ်ပို့မည့်ဆဲဆဲတွင် ရှုယီက စကားထပ်ပြောသည်။

“လူတိုင်းရဲ့ဆုံးရှုံးမှုအတွက် ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက တိုက်ရိုက်ထုတ်လွင့်မှုကို မြို့ဟောင်းရဲ့ အပြင်ဖက်မှာ အများကြီး တပ်ဆင်နေရာချထားပါတယ်။ လူတိုင်းဟာ မြို့ဟောင်းက ထွက်ခွာသွားရင် ကျွန်တော့ သတင်းစာရှင်းလင်းပွဲကို မှော်ရုပ်ပြတွေကနေ ဆက်လက်ကြည့်ရှုနိုင်မှာ ဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းကပေးတဲ့ လက်ဆောင်တစ်ချို့ကိုလည်း ရရှိဦးမှာပါ။ ဒီလက်ဆောင်တွေက အဆင့်တွေခွဲထားပါတယ်။ အနိမ့်ဆုံးဟာ Frestechတံဆိပ် မှော်ပန်ကာတွေဖြစ်ပြီး အမြင့်ဆုံးက မော်ဒယ်သစ် မှော်ဆီဒင်ကားပါ ပြီးတော့ လက်ဆောင်တွေဟာ ကန့်သတ်ထားတာကြောင့် အမြန်ဆုံးရောက်တဲ့သူတွေဟာကြီးမားတဲ့ ဆုတွေကိုရရှိဖို့ အခွင့်အရေးပိုများပါတယ်။”

လူတိုင်းသည် ရှုယီ၏ဝံပုလွေအပြုံးနှင့်မျက်နှာကိုကြည့်လိုက်ပြီး မည်သို့တုံ့ပြန်ရမည်ကိုမသိတော့ပေ။

၎င်းသည် လူတိုင်းအတွက် ပထမဆုံးကြားဖူးသည့် လက်ဆောင်ပါသည့် အခမ်းအနား ဖြစ်သည်။

ထို့ပြင် အနိမ့်ဆုံးလက်ဆောင်သည် Frestech တံဆိပ် မှော်ပန်ကာ ဖြစ်ပြီး အမြင့်ဆုံးမှာ အမှန်တကယ်ပင် မှော်ဆီဒင်ဖြစ်သေးသည်။

Frestechကုန်သည်ကြီးများအသင်းသည် ဤမျှလောက် ရက်ရောပါသလား?

လူတိုင်းသည် ခနမျှသာ တုံံ့ဆိုင်းနေပြီးမိနစ်ပိုင်းလောက်ကြာလျှင် လက်ဆောင်ကိုလိုချင်သည့် ဆန္ဒများ နှင့် ပြည့်သွားတော့သည်။

ယခုအချိန်သည် နွေရာသီအလယ်ကို ဝင်တော့မည်ဖြစ်ရာ အကယ်၍ မှော်ပန်ကာကိုရနိုင်လျှင် ဤနွေရာသီကို ပို၍ကောင်းမွန်စွာဖြတ်ကျော်နိုင်လိမ့်မည်။

အကယ်၍ ထိုမှော်ပန်ကာအား မသုံးပဲပြန်ရောင်းလျှင်ပင် ရွှေဒင်္ဂါး တစ်ပြားသို့ နှစ်ပြားရနိုင်သေးသည်။

အကယ်၍ သူတို့ကံက အနည်းငယ်ပိုကောင်းခဲ့လျှင် သူတို့သည် ပိုမိုကောင်းမွန်သော လက်ဆောင်များ ကို ရနိုင်မည်ဖြစ်ပြီး အမြင့်ဆုံးလက်ဆောင်ဖြစ်သည့် မှော်ဆီဒင်ကိုပင်ရနိုင်သေးသည်။

လူအုပ်ကြီးသည် ဂယက်ထနေသည် သို့သော် ဤတစ်ကြိမ်၌ မြို့လယ်ခေါင်သို့ သွားကြချင်းမဟုတ်ပဲ မြို့ဟောင်းမှထွက်သွားကြခြင်းဖြစ်သည်။

မြို့စားဘယ်လ်မော့သည် ပြန်ရောက်လာသော ရှုယီအား ကြောင်ကြည့်နေကာ အနည်းငယ်ကြာသောအခါ သူစကားပြောနိုင်လာသည်။ “ဥက္ကဌရှု အဲ့အစီစဉ်ကိုအရင်ကတည်းကလုပ်ထားတာလား?”

“ဘယ်ဟုတ်မလဲ” ရှုယီကခေါင်းခါလိုက်သည်။ “အကယ်၍ အစကတည်းကစီစဉ်ထားရင် ဒီလောက်ထိ ဘယ်ဆိုးပါ့မလဲ?”

“ဒါဆို ခင်ဗျားပြောတဲ့ လက်ဆောင်ပေးမဲ့အစီအစဉ်က……….”

“ဒါက ကျုပ်တို့ကုမ္ပဏီက နွေရာသီဈေးရောင်းပွဲအတွက် စီစဉ်ထားတဲ့ အစီအစဉ်ပဲ။ အဲ့ပွဲအတွက် စီစဉ်ထားတဲ့ လက်ဆောင်တွေကို ဒီပွဲမှာ သုံးလိုက်တာ။ ဒါကြောင့် အဲ့လောက်မခက်တာပေါ့။ ခင်ဗျား စိတ်ချလို့ရပါတယ်။”

“ကျွန်တော်က ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ လုပ်နိုင်စွမ်းကို ယုံကြည်ပါတယ်။ တစ်ခုပဲ……”

မြို့စား ဘယ်လ်မော့က နှုတ်ခမ်းကိုသပ်လိုက်ကာ သူသည်သူ့ခံစားချက်ကို မည်သို့ဖော်ပြရမည်ကို မသိဖြစ်နေသည်။

“ဥက္ကဌရှုက ဒီအန္တရာယ်ရှိတဲ့အခြေအနေကိုအလွယ်တကူ ဖြေရှင်းသွားနိုင်ပြီး Frestech ကုန်သည်ကြီးများအသင်း ထုတ်ကုန်တွေကိုပါ တစ်ခါတည်းကြေငြာသွားတာ ကျွန်တော့်ကို လေးစားမှုတွေနဲ့ ပြည့်သွားစေပါတယ်”

ရှုယီက ရယ်လိုက်ပြီး သူ့လက်ကိုယမ်းလိုက်ကာ “ဒါကကိစ္စသေးသေးလေးပါ။ အဲ့လောက်ထိ အများကြီး မဟုတ်ပါဘူး”

“ဒါက ဥက္ကဌရှုအတွက် ကိစ္စသေးသေးလေးဖြစ်နိုင်ပေမဲ့ ကျွန်တော့အတွက်တော့ သင်ယူရမဲ့ သင်ခန်းစာ တစ်ခုပါ။ ကျွန်တော်ထင်တာ သူတို့အသိတရားပျောက်ဆုံးနေတဲ့ လူအုပ်ကို အကြမ်းနည်းနဲ့ပဲ ဖြေရှင်းလို့ ရမယ်ထင်တာ။ ဒါမဲ့ သူတို့ကို ဥက္ကဌရှုလုပ်သလို အကျိုးမြတ်နည်းနည်းပေးလိုက်ရုံနဲ့ လှည့်စားလိုက်လို့ ရမယ်မှန်း … အို ကျွန်တော်ဆိုလိုတာက တိုက်တွန်းလိုက်လို့ ရမယ်မှန်းမထင်ခဲ့ဘူး။ ဒါတကယ် ကျွန်တော့ကို အမြင်ပွင့်စေတာပဲ။”

ရှုယီသည်ထိုမြို့စားဘယ်လ်မော့ပြောသည့် လှည့်စားသည်ဆိုသည့်ကိစ္စအား ပြောရန် ပျင်းသွားသည် အကြောင်းမှာ ဤနည်းလမ်းကအမှန်ဖြစ်ကာ သူတို့အားလှည့်စားသည်နှင့် အရမ်းမကွာပေ။ တစ်ခုတည်းသောကွာခြားချက်မှာ လှည့်စားခြင်းက ၄င်းတို့အား လုံးဝလက်ဆောင်မပေးခြင်းဖြစ်သည် သို့သော် သူသည် ညွှန်းဆိုရန်မထိုက်သည့် သေးငယ်သည့်လက်ဆောင်များကိုတော့ပေးခဲ့သည်။

မြို့စားဘယ်လ်မော့၏လေးစားခြင်းကိုတော့ သူမမခံယူရဲပါ။

နောက်ဆုံး၌ ၄င်းမှာ သူကမ္ဘာပေါ်တွင်ရှိစဉ်က ကျင်းပသော အခမ်းအနားများမှ အတွေ့အကြုံများကို ရထားခြင်းကြောင့်ဖြစ်သည်။

မြို့စားဘယ်လ်မော့ သည် ယခင်ကထိုနည်းလမ်းကို တခါမှ မမြင်ဖူးပေ အဘယ်ကြောင့်ဆိုသော် စိုင်စ်နယ်မြေမှ ဆွေကြီးမျိုးကြီးများအတွက် ပြည်သူများသည် အရေးတယူလုပ်ရလောက်အောင် တန်ဖိုးမရှိပေ။ ထို့ကြောင့် သူတို့သည် အကြမ်းဖက်သည့် နည်းလမ်းကိုသာ သုံးခဲ့သည်။

အပြင်မှလူအုပ်ကြီးသည် ရှုယီ၏လက်ဆောင်များဖြင့် တိုက်တွန်းမှုကြောင့် ထွက်ခွာနေသော်လည်း အများအပြား ကျန်နေသေးသဖြင့် အားလုံးထွက်ခွာရန် အချိန်အနည်းငယ်ပေးခဲ့ရသည်။

မနက် ၁၁ နာရီထိုးသောအခါ သတင်းစာရှင်းလင်းပွဲပြုလုပ်မည့် အချိန်ဇယားဆွဲထားသည့် အချိန်၏ တစ်နာရီခွဲကြာမှ လူများအားလုံးထွက်ခွာသွားပြီး သာမန်အတိုင်းဖြစ်ကျန်ခဲ့သည်။

သို့သော် သာမန်အခြေအနေသည် မြို့လယ်ခေါင်တော့မပါခဲ့ပါ။

ထိုစတုရန်းမီတာ တစ်သောင်းခန့်ကျယ်သော မြို့လယ်ခေါင်တွင် လူများဖြင့် ပြည့်နှက်နေသေးသည်။ အကြမ်းဖျင်းခန့်မှန်းလျှင်ပင် လူတစ်သောင်းကျော်ခန့်ရှိလိမ့်မည်ဟုပြောနိင်သည်။

“ကြည့်ရတာ လူတိုင်းတော့ ထွက်သွားချင်ပုံမပေါ်ဘူး။” မြို့စားဘယ်လ်မော့က လူအုပ်ကိုကြည့်ကာ သက်ပြင်းချလျက် “ဥက္ကဌရှု အဲ့လူတွေကိုကော ကျွန်တောတို့ အပြင်ထွက်ခိုင်းလိုက်ရမလား?”

“မလိုတော့ပါဘူး။ ကျုပ်တို့ ဒီအတိုင်း သတင်းစာရှင်းလင်းပွဲကျင်းပလို့ရပါတယ်” ရှုယီက ခေါင်းခါလျက် မြို့စားဘယ်လ်မော့ ကိုကြည့်ကာပြောသည်။

မြို့စား ဘယ်လ်မော့ က ဆိုလိုသည်ကိုနားလည်ပြီး ရှုယီအားဖိတ်ခေါ်သည့်ပုံပြလိုက်သည်။ သူတို့နှစ်ဦးသား တစ်ချိန်တည်း၌ အောက်သို့ဆင်းလိုက်ကြကာ မြို့အုပ်ရုံးမှ ထွက်လာပြီး မြို့အုပ်ရုံးမှ မီတာ ငါးရာခန့် ရှိသော မြို့လယ်ခေါင်သို့ ဦးတည်လိုက်သည်။

ထိုနှစ်ယောက်ထွက်လာသည်နှင့် သူတို့သည် မရေတွက်နိုင်သည့်လူများ၏ အကြည့်ကို ဆွဲဆောင် လိုက်သည်။

မြို့လယ်ခေါင်မှလူတစ်သောင်း၏မျက်လုံးသည် ရှုယီပေါ်သို့ စုရုံးရောက်ရှိနေသည် ထို့ကြောင့် အာရုံစိုက်မှု၏ အလယ်တွင် ရောက်နေကြောင်း ပြောနိုင်သည်။

ထိုအချိန်၌ အရပ်ရှည်သည့် ပုံရိပ်တစ်ခုသည် လူအုပ်ထဲမှ ရှုယီရှေ့သို့ ပြုံးရယ်လျှက်ရောက်လာသည်။

ရှုယီသည် သူ၏လက်ကိုဖွင့်လိုက်ကာ ထိုသူအား ပွေ့ဖက်လိုက်သည်။

***

Volume 7 အခန်း ၁၅၆ အတိတ်ကိုပြန်လည်သတိရခြင်း

“ဟေ့ ပါတနာဟောင်းကြီး ဒီနေ့ ဒီကိုလာတဲ့ လမ်းတစ်လျှောက် တစ်နေ့လုံး ခင်ဗျားကိုခေါ်နေတာ မရီး ရီယာကတောင် အပြစ်ပြောနေပြီလား?” လွှတ်လိုက်ပြီးနောက် ရှုယီက ရယ်လျှက်ပြောသည်။

ရှုယီ၏ ပါတနာဟောင်းဟုခေါ်သောသူမှာ Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်ခဲ့သော ဟိန့်ဇ်မှလွဲ၍ မည်သူဖြစ်နိုင်မည်နည်း?

ရှုယီ၏ မေးခွန်းကိုကြားပြီးနောက် ဟိန့်ဇ်သည် ရယ်ပွဲကျသွားသည်။

“ရီယာက သူ့ကိုအိမ်မှာ ငါနောက်ယှက်နေလို့ ပျင်းနေပြီ။ ဒါကြောင့်မနက်စောစော ဒီကိုလွတ်လိုက်တာ။”

“အို? ဒါဆိုဒီနေ့ပြန်ဖို့အိမ်မရှိဘူးလို့ ပြောတာတော့မဟုတ်ပါဘူးနော်?” ရှုယီက နောက်လိုက်ကာ ဟိန့်စ်အား ကြည့်လိုက်သည်။

အကြောင်းမှာ ဟိန့်ဇ် သည် Frestechကုန်သည်ကြီးများအသင်းမှအနားယူပြီးနောက် ဘန်တာမြို့၏ အပြင်ဖက်ရှိ ဝေးလံသော တောင်ကြားတွင် ရီယာနှင့်အတူသွားရောက်နေထိုင်ခဲ့ကာ အခြားသူများ နောက်ယှက်ခြင်းမှ ကင်းလိုကာ ရှုယီကလည်း အလုပ်များနေသောကြောင့်ဘန်တာမြို့သို့ လာခဲကာ နောက်ဆုံးတွေ့လိုက်ရသောအချိန်မှာ လွန်ခဲ့သည့် နှစ်နှစ်ခန့်ကဖြစ်သည်။

နှစ်နစ်ကြာပြီးနောက် ပြန်တွေ့သောအခါ ရှုယီသည် ဟိန့်ဇ်၏ ဆံပင်များသည် ဖြူဖွေးသွားပြီ မျက်နှာပေါ်တွင် အရေးအကြောင်းမျာပေါ်လာကြောင်းတွေ့လိုက်ရသော်လည်း နေမကောင်းသည့် ပုံမပေါက်နေပဲ ကျန်းမာနေပုံရသောကြောင် စိတ်အေးသွားရသည်။

ဟိန့်ဇ်သည် အသက် ၇၀ နားနီးနေပြီဖြစ်သည် စိုင်စ်နယ်မြေ၏ မျှော်မှန်းသက်တမ်းအရဆိုလျှင် များနေသေးသည်။

ထိုအသက်အရွယ်တွင်ထိုကဲ့သို့ခန္ဓာကိုယ်နှင့် စိတ်ကိုထိန်းသိမ်းထားနိုင်ရန် ကြီးမားသော အကြောင်းရင်း မှာ သူသည် အခြားသူများထပ်ချမ်းသာပြီး သူ့ကိုယ်ကို ဂရုစိုက်နိုင်သည့်အတွက်ကြောင့် ဖြစ်သည်။

၎င်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ စတော့များမှလာသော ပိုက်ဆံများဖြစ်သည်။

နှစ်ယောက်သား စကားအနည်းငယပြောပြီးနောက် မြို့လယ်ခေါင်တွင် ဆောက်ထားသည့် စင်ပေါ် တက်သွားကြသည်။

မြို့လယ်ခေါင်မှ သတင်းထောက်အများစုသည် ချက်ခြင်းခေါင်းများကိုငုံ၍ သတင်းရေးရန် ပြင်ကြ တော့သည်။။

၎င်းသည်ရှုယီ၏ ကိုယ်တိုင်သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ၎င်းသည် သမိုင်းတွင်မည့်ပွဲဖြစ်သည်မှာ သေချာပါသည်။ ထိုပွဲအတွင်းတွင် စစ်မှုထမ်းဟောင်းလည်းဖြစ်ပြီး Frestechကုန်သည်ကြီးများအသင်း၏ အဓိကရှယ်ယာရှင်ဖြစ်သည့် ဟိန့်ဇ်လည်းရောက်လာရာ အဓိပ္ပာယ်ရှိ၍ မှတ်တမ်းတင်ထားသင့်သည့်ပွဲ တစ်ခုဖြစ်သည်။

ဟိန့်ဇ်ထွက်ပေါ်လာမှုသည် ထိုသတင်းထောက်များအပေါ် ပို၍ ဤသတင်းစာရှင်းလင်းပွဲအပေါ်

သိချင်စိတ်များလာစေသည်။

အကယ်၍ ရှုယီ၏ ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲဆိုလျှင် ဟိန့်ဇ်အား အဘယ်ကြောင့် ဖိတ်ခေါ်ထားရပါသနည်း?

လူတိုင်းသည် စင်ပေါ်တွင်ထိုင်နေသည့် ရှုယီအပေါ် အာရုံစိုက်နေကြပြီး သူစကားပြောသည်ကို စောင့်ဆိုင်းနေကြသည်။

ရှုယီသည် ပတ်ပတ်လည်ကိုကြည့်လိုက်ကာ သူ၏ပုံရိပ်သည် လေးဖက်လေးတန်ရှိမှော်ရုပ်ပြများတွင် ပေါ်နေကြောင်း အတည်ပြုလိုက်ပြီးနောက် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ပြီးနောက် သူသည် လက်ကို ယမ်းလိုက်ကာ အသံချဲ့သည့် မန္တာန်တစ်ခုကို အသုံးပြုလိုက်သည်။

“အားလုံးပဲ မင်္ဂလာပါကျွန်တော်ကတော့ရှုယီပါ။ ကျွန်တော့ နာမည်နဲ့ပြုလုပ်တဲ့ ဒီ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ပေးကြတဲ့အယောက်ဆီတိုင်းကို ကြိုဆိုပါတယ်။”

ရှုယီက တမင်တကာရပ်လိုက်သောအခါ သတင်းထောက်များသည် ရုတ်တရက် လက်ခုပ်ဩလာ ပေးလိုက်ကြသည်။

ရှုယီ၏နှလုံးသားကဝမ်းမြောက်မှုများနှင့်ပြည့်နှက်သွားသည်။

Frestech ကုန်သည်ကြီးများအသင်းက ကုန်ပစ္စည်းမိတ်ဆက်သည့် သတင်းစာရှင်းလင်းပွဲများ လုပ်ခဲ့သော် လည်း ဤမျှလောက် အာရုံစိုက်မှုမရခဲ့ဖူးပေ ၄င်းတို့၏လွမ်းမိုးမှုသည် ယခုနှင့် အများကြီး ကွာခြား သည်။

လက်ခုပ်ဩဘာများရပ်တန့်သွားပြီးနောက် ရှုယီသည် မြို့လယ်ခေါင်မှမထွက်ခွာသွားသေးသော ပြည်သူများကို ကြည့်လိုက်ပြီးနောက် ဆက်ပြောသည်။

“အရိုးသားဆုံးပြောရရင် ကျွန်တော်က ဒီသတင်းစာရှင်းလင်းပွဲကို ဂရုစိုက်ကြမှန်းသိပေမဲ့ ကျွန်တော် ဒီလောက်အများကြီး အာရုံစိုက်ခံရလိမ့်မယ်လို့မထင်ခဲ့ပါဘူး။ ကျွန်တော့နာမည်ကိုသုံးပြီး ဒီသတင်းစာရှင်းလင်းပွဲကို ကျင်းပရခြင်းက ကျွန်တော့်ရဲ့ အမြင်တစ်ချို့ကို ဖော်ပြချင်ပြီး လူတိုင်းနဲ့ စကားပြောချင်လို့ပါ”

စင်အောက်မှ သတင်းထောက်များသည် ထိတ်လန့်သွားကြသည်။

စကားပြောဖို့?

ရှုယီက စကားပြောချင်လျှင် ၎င်း၏ Frestechကုန်သည်ကြီးများအသင်း ဥက္ကဌရာထူးနှင့် စကားအနည်းငယ်ကပင် ကြီးမားသော လွမ်းမိုးမှုဖြစ်နိုင်သည်။

အထူးသဖြင့် မှော်စက်မှုလုပ်ငန်းနယ်ပယ်တွင်ဖြစ်သည်။ Frestechကုန်သည်ကြီးများအသင်း၏လုပ်ရှားမှုမှန်သမျှသည် နယ်မြေတစ်ခုလုံး၏မှော်စက်မှုလုပ်ငန်းများ တိုးတက်မှုတွင်သက်ရောက်လိမ့်မည်။ မရေမတွက်နိုင်သောနိုင်ငံများနှင့်လူများသည် Frestechကုန်သည်ကြီးများအသင်းကို အာရုံစိုက်နေကြကာ သူတို့၏လှုပ်ရှားမှုအား လေ့လာနေကြသည်။

ရှုယီသည် Frestechကုန်သည်ကြီးများအသင်းဥက္ကဌအနေဖြင့် အကယ်၍ သူစကားတစ်ခွန်း ပြောလိုက် လျှင်ပင် များစွာသောနိုင်ငံမှလူများသည် ထိုစကား၏နောက်ကွယ်မှ အဓိပ္ပာယ်ကို ခွဲခြမ်းစိတ်ဖြာကြ လိမ့်မည်။

ထို့ကြောင့် အကယ်၍ရှုယီက စကားပြောချင်သည်ဟုဆိုလိုက်သောအခါ အခြားသူများ၏အမြင်၌ စဉ်းစားသည်မှာမတူညီကြပေ။

“ဒါပေမဲ့ ကျွန်တော့အမြင်ကို မပြောခင် ကျွန်တော် ပထမဆုံးအနေနဲ့ အတိတ်ကိုနည်းနည်း နောက်ကြောင်း ပြန်ကြည့်ချင်ပါတယ်”

သတင်းထောက်များသည် တစ်ယောက်မှ မအံ့သြသွားသကဲ့သို့ ပြုံးလိုက်ကြသည်။

ရှုယီက ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဆိုကတည်းက သတင်းစာများမှ ၎င်းတို့၏ ကိုယ်ပိုင်သုံးသပ်မှုများ ပြုလုပ်ခဲ့ပြီး သေချာသည့်အရာများကို ကောက်ချက်ချခဲ့ကြသည်။

ရှုယီက ယနေ့ကိုရွေးချယ်ခဲ့ခြင်းအကြောင်းနှင့် အဘယ်ကြောင့် ဘန်တာမြို့တွင် ကျင်းပရန် ရွေးချယ်ခဲ့သနည်း?

အကြောင်းပြချက်က ရှင်းလင်းပါသည်။ ဂျွန်လ ၁၈ ရက်နေ့သည် Frestech ကုန်သည်ကြီးများအသင်း စတင်တည်ထောင်သော အချိန်ဖြစ်သောကြောင့်ဖြစ်သည်။

ထိုနောက်ဘန်တာမြို့သည် Frestech ကုန်သည်ကြီးများအသင်း တည်ထောင်ခဲ့သောနေရာဖြစ်သည်။

ရှုယီက ဤနှစ်များအတွင်းသီးသန့်နေထိုင်ခဲ့သော ဟိန့်ဇ်အားဖိတ်ခေါ်ခဲ့ခြင်းမှာလည်း အမှတ်တရ ဖြစ်စေခြင်းဖြစ်ကြောင်း ရှင်းလင်းနေသည်။

မျှော်လင့်ထားသလိုပင် ရှုယီသည် ဟိန့်ဇ်ကိုကြည့်ကာ အပြုံးဖြင့် “လွန်ခဲ့တဲ့ နှစ်ဆယ့်သုံးနှစ်တုန်းက ဟိန့်ဇ်နဲ့ကျွန်တော်တို့ အတူတူ Frestechကုန်သည်ကြီးများအသင်းကို ဘန်တာမြို့မှာ စတင် တည်ထောင်ခဲ့ကြပြီး အခုဆိုနှစ်ဆယ့်သုံးနှစ်တောင် ကျော်လွန်သွားပြီ။ Frestechကုန်သည်ကြီးများအသင်းဟာ အခုဆိုနယ်မြေထဲမှာ ထင်ရှားကျော်ကြားတဲ့ ကမ္ပဏီတစ်ခုဖြစ်လာတဲ့အတွက် ကျွန်တော် အရမ်း ဝမ်းသာတယ်။ ကျွန်တော် သတင်းစာရှင်းလင်းပွဲကို ဘန်တာမြို့မှာလုပ်ဖို့ ဒီနေ့ကိုရွေးလိုက်ရခြင်းဟာ လွန်ခဲ့တဲ့ နှစ်ဆယ်သုံးနှစ်တုန်းက အတိတ်ကိုပြန်လည်သတိရချင်လို့ အခွင့်အရေးကို ယူလိုက်တာပဲ”

ထိုသို့ပြောပြီးနောက် ရှုယီသည် သူကိုယ်သူရယ်နေသလိုအပြုံးတစ်ခုပေါ်လာသည်။

“တစ်ချို့သူတွေက အတိတ်ကိုအမှတ်ရတယ်ဆိုရင် ဆိုလိုတာက သူတို့အိုနေပြီတဲ့ တကယ်ပဲ Frestechကုန်သည်ကြီးများအသင်းဟာ တည်ထောင်ခဲ့တာ နှစ်ဆယ့်သုံးနှစ်ကြာခဲ့ပြီ ဖြစ်ပြီး ကျွန်တော်ကလည်း အသက် ငါးဆယ်နားနီးနေပြီမလို့ တကယ်ကိုအိုနေပါပြီ”

စင်အောက်မှလူများသည် ရှုယီကို ထူးဆန်းသည့်အကြည့်နှင့်ကြည့်နေကြသည်။

ရှုယီ၏ဆံပင်များမှာ မည်းနက်နေသးကာ မျက်နှာတွင် အရေးအကြောင်းများပါ မပေါ်သေးပေ သူ၏ မျက်လုံးများမှာ တောက်ပနေပြီး သူ၏အသားအရည်က တောက်ပြောင်နေသေးသည်။ ပြီးနောက် သူ့နှုတ်ခမ်း၌လည်း အင်အားများအပြည့်ရှိနေသေးသည်။ မည်သို့ပင်ကြည့်ပါစေ သူသည် သုံးဆယ်ကျော်ပင် ရှိသေးသော လူငယ်တစ်ယောက်နှင့် တူသည်။

သူ၏ဘေးမှ ငွေရောင်ဆံပင်နှင့် အရေးအကြောင်းများပေါ်နေပြီဖြစ်သည့် ဟိန့်ဇ်နှင့်ယှဉ်လျှင် ရှုယီက အလွန်ငယ်နေကာအဓိပ္ပာယ်မရှိပေ။

အကယ်၍ သူကသာမပြောလျှင် မည်သူမှ သူသည် အသက်ငါးဆယ်နားနီးနေသော သူဟု မည်သူမှ ထင်ထားမည်မဟုတ်ပေ။

သေချာပါသည် ၎င်းမှာ ရှုယီကဘုန်းတော်ကြီးအဆင့် ဖြစ်လာရန် ထိုးဖောက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

မှော်ပညာရှင်တစ်ဦးသည် ကျွမ်းကျင်ဘုန်းတော်ကြီး အဆင့်ဖြစ်သွားလျှင် ၄င်းသည် ဤကမ္ဘာ၏ အမှန်တကယ်မှော်ပညာအား ဆုပ်ကိုင်နိုင်ခြင်းဖြစ်သည်ဟု ဆိုကြပြီး ၎င်းတို့၏သက်တမ်းကို တိုးနိုင်ကြကြောင်းနှင့် ၎င်းတို့၏ ငယ်ရွယ်မှုကိုပင် ထိန်းသိမ်းထားနိုင်ကြကြောင်း ပြောကြသည်။

သို့သော် မှော်ပညာရှင်အများစုသည် ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်လာခဲ့သည့်အချိန်တွင် ၎င်းတို့သည် အသက် ၅၀ ၆၀ သို့ ၇၀ ဖြစ်နေခဲ့လျှင် ၎င်းတို့သည် ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်ပြီးလျှင်ပင် ထိုအသက်ရွယ်အတိုင်းပင် ဖြစ်နေဦးမည်ဖြစ်သည်။

သို့သော် ရှုယီက ကွာခြားသည် သူသည် အသက် ၃၀တွင် မဟာမှော်ပညာရှင်ဖြစ်လာခဲ့ကာ အသက် ၄၀၌ ကျွမ်းကျင်ဘုန်းတော်ကြီး ဖြစ်ခဲ့သည်။ သူ၏ ခန္တာကိုယ်အား ထိန်းသိမ်းခြင်းကိုပါ ထည့်တွက် လိုက်လျှင် သူသည် အစဉ်မြဲ ငယ်ရွယ်သည့် ပုံသဏ္ဍာန်ကိုရရှိနေလိမ့်မည်ဖြစ်သည်။

ရှုယီက နတ်သူငယ်များနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိကာ သူသည် နတ်သူငယ်များထံမှ အထူး ကောင်းချီးကို ရရှိထားခဲ့ကြောင်း ပြောကြသေးသည်။ နတ်သူငယ်များ၏ အသက်ရှည်ရခြင်း၏ လျှို့ဝှက်ချက်အား ရရှိထားသဖြင့် သာမန် ကျွမ်းကျင်ဘုန်းတော်ကြီးများထပ် အသက်ရှည်နိုင်ပြီး ငယ်ရွယ်မှုကို ပိုမိုရှည်ကြာအောင် ထိန်းသိမ်းထားနိုင်ကြောင်းလဲ ပြောကြသည်။

ရှုယီ၏ မိန်းမများသည်လည်း ယခုထိ ငယ်ရွယ်ကာ လှပကြသေးသည်ကလည်း ၎င်းကို သက်သေပြ နေသည်။

အကယ်၍ ထို အထူးအခြေအနေကြောင့် မဟုတ်ခဲ့လျှင် ရှုယီသည် အသက်နည်းနည်းကြီးပုံပေါက်ကာ အသက်ငါးဆယ်အရွယ် ပုံစံမပေါက်လျှင်ပင် ဤမျှလောက် ငယ်ရွယ်နေပုံ ပေါက်လိမ့်မည်မဟုတ်ပေ။

သေချာပါသည် ၎င်းသည် လူများမှ အားကျ၍မရသောအရာတစ်ခုဖြစ်သည်။

အခြားအရာများကိုမပြောသေးနှင့် ကျွမ်းကျင်ဘုန်းတော်ကြီး အဆင့် ဖြစ်လာသည့် မှော်ပညာရှင်သည် နယ်မြေထဲတွင် အယောက်နှစ်ဆယ်ခန့်ပင် ရှိသေးသည်။

“ကျွန်တော်က အရမ်းအိုနေပြီဖြစ်ပေမဲ့ ကျွန်တော့်နှလုံးသားကတော့ အိုဟောင်းလာမှာမဟုတ်ပါဘူး။” ရှုယီက စင်အောက်ဖက်မှ ထူးဆန်းနေသည့် မျက်နှာအမူအရာများကို လျစ်လျူရှုလိုက်ကာ ပြုံး၍ဆက်ပြောသည်။ “လူတစ်ယောက်အနေနဲ့ နှစ်ဆယ်သုံးနှစ်ဆိုတာ အချိန်အကြာကြီးပါ။ ဒါပေမဲ့ ကုမ္ပဏီအတွက်တော့ အစပြုနေတုန်းသာရှိပါသေးတယ်။ Frestechကုန်သည်ကြီးများအသင်းဟာ နှစ်ဆယ်သုံးနှစ်ရှိပါပြီ။ ဒါမဲ့ ကျွန်တော့်မျက်လုံးထဲမှာ အစပဲရှိသေးပြီး အသက်ရှည်ဦးမှာပါ။ နှစ်ပေါင်းတစ်ရာလည်း ဖြစ်နိုင်သလို ရာစုနှစ်များစွာ ထောင်စုနှစ်များစွာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

စင်အောက်မှသတင်းထောက်များသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ အနည်းငယ် တုံ့ဆိုင်းစွာနေသော်လည်း ရှုယီ၏စကားများကို လိုက်မှတ်နေသည်။

Frestechကုန်သည်ကြီးများအသင်း၏ လက်ရှိအခြေအနေနှင့်လူတိုင်းသည် နယ်မြေထဲမှ နံပါတ်တစ် ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း မည်သူမှ မငြင်းနိုင်ကြပါ။

သို့သော် Frestechကုန်သည်ကြီးများအသင်းသည် အလွန်ငယ်သေးသော ကုမ္ပဏီတစ်ခုဖြစ်သည်။ ရှုယီပြောပုံအရဆိုလျှင် နှစ်ဆယ့်သုံးနှစ်သည် Frestechကုန်သည်ကြီးများအသင်း၏ အစပိုင်းပင်ဖြစ်သည်။

Frestechကုန်သည်ကြီးများအသင်း၏ တိုးတက်မှုသည် အလွန်ကောင်းမွန်နေသော်လည်း အနာဂတ်၌ တည်ငြိမ်နေကာ တိုးတက်နေမည်အကြောင်း မည်သူမှအာမမခံနိုင်ပါ။

ရှုယီပြောသလို နှစ်ပေါင်းတစ်ရာ ရာစုနှစ်များစွာ သို့ ထောင်စုနှစ်များစွာ ခံနိုင်မည့်အကြောင်းမှာ ယခုထိ မသိနိုင်သေးပါ။

Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှုတွင် အပိုင်းများစွာ သက်ရောက်နေသည်၊ သို့သော် အရေးကြီးဆုံးအချက်မှာ အရေးကြီးဆုံးလူဖြစ်သည့် ရှုယီသည် အသက်ကြီးနေပြီဖြစ်ကာ တစ်နေ့တွင် အရွယ်လွန်၍ သေဆုံးနိုင်သည်။

ရှုယီမရှိတော့လျှင် Frestech ကုန်သည်ကြီးများအသင်းသည် လွန်ခဲ့သည့် နှစ်ဆယ့်သုံးနှစ်ကအတိုင်း ပုံမှန်ဖြင့် မှန်ကန်သည့်လမ်းကြောင်းအတိုင်း ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပါသလား?

ရှုယီသည် Frestech ကုန်သည်ကြီးများအသင်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဤနှစ်များအတွင်း ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများအကြောင်းပြောပြကာ ခံစားချက်အနည်းငယ်ဖြစ်လာသည်ကိုမြင်၍ စင်အောက်မှ သတင်းထောက်များသည် များစွာကွဲပြားသော အတွေးများ ရှိနေကြသည်။

သတင်းထောက်အများစုသည် Frestech ကုန်သည်ကြီးများအသင်း၏ နှစ်ဆယ်သုံးနှစ်အတွင်း သမိုင်းကြောင်း ကို စိတ်သိပ်မဝင်စားကြချေ အဘယ်ကြောင့်ဆိုသော် မရေတွက်နိုင်သည့်လူများသည် ထိုအကြောင်းကို လေ့လာထားကြပြီးဖြစ်ကာ လျှို့ဝှက်ချက်မကျန်တော့ခြင်းကြောင့်ဖြစ်သည်။

တချို့သောသူများသည် ထိုအကြောင်းကို လေ့လာသုံးသပ်ပြီး စာအုပ်ထုတ်ကြသူများပင်ရှိသေးသည်။

အချုပ်ဆိုရသော် Frestech ကုန်သည်ကြီးများအသင်း၏ ဤမျှလောက် ရှည်ကြာသည်အထိ တိုးတက်ခဲ့ရခြင်းမှာ အဓိကအားဖြင့် ရှုယီကြောင့်ဖြစ်သည်။

သူတစ်ပါးမယှဉ်နိုင်သည့် ရှုယီ၏ဗဟုသုတများဖြင် Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှုကို မဦးဆောင်ခဲ့လျှင် Frestech ကုန်သည်ကြီးများအသင်းသည် ဤအခြေအနေသို့ ရောက်လာနိုင်စရာ အကြောင်း မရှိပါ။

ထို့ကြောင့် လူအများစုသည် အမှန်တကယ်ဂရုစိုက်ကြသည်မှာ ရှုယီပင်ဖြစ်သည်။

ရှုယီသည် သူက အသက်ကြီးနေပြီဖြစ်ကြောင်းပြောနေသဖြင့် သူအသက်ကြီးလာလျှင် Frestech ကုန်သည်ကြီးများအသင်းအား မည်သို့လုပ်မည်ကို ဆုံးဖြတ်ပြီးသားဖြစ်လိမ့်မည်လား?

***

Volume 7 အပိုင်း ၁၅၇ ။ အဓိကခေါင်းစဉ်များထဲက တစ်ခု

ရှုယီသည် အတိတ်ကို ကြာရှည် နောက်ကြောင်းမပြန်ခဲ့ပါ။

သူသည် ဟိန့်ဇ်အားခေါ်ခဲ့ပြီး Frestechကုန်သည်ကြီးများအသင်း၏ လွန်ခဲ့သော ၂၃ နှစ်မှ အကြောင်းကို အသေးဖွဲကိစ္စတစ်ချို့ကို ပြောစေခဲ့သည်။ သတင်းထောက်များအား တွေးတောရန် အခန်းများစွာ ပေးပြီးနောက် သူသည် အတိတ်ကိုနောက်ကြောင်းပြန်သည်ကိုရပ်လိုက်သည်။

“ကောင်းပြီ လူအိုတွေရဲ့အချိန်ကတော့ပြီးသွားပြီ”

စင်အောက်မှသတင်းထောက်များမှာ ရယ်ပွဲကျသွားပြီးနောက် ရှုယီကိုအာရုံစိုက်လိုက်ကြသည်။

၎င်းတို့သည် ယနေ့၏ခေါင်းစဉ်ကိုရောက်တော့မည်ဖြစ်ကြောင်းသိလိုက်ကြသည်။

“နောက်ထပ်ကတော့ သတင်းစာရှင်းလင်းပွဲရဲ့ အဓိကခေါင်းစဉ်ကိုသွားလိုက်ကြတာပေါ့။ အယ်… တကယ်တော့ ကျွန်တော်ပြောခဲ့သလိုပါပဲ။ လူတိုင်းနဲ့စကားပြောချင်လို့ပါ”

ရှုယီက စင်အောက်ရှိလူများကို ဝေ့ကြည့်လိုက်ပြီး သတင်းထောက်များနှင့် ပြည်သူများကိုလည်း ကြည့်လိုက်ကာ သူ့ကိုအားလုံးအာရုံစိုက်နေကြသဖြင့် သူသည် ကျေနပ်စွာခေါင်းငြိမ့်လိုက်သည်။

“ကျွန်တော့ဆရာကပြောလေ့ရှိတယ်။ ကျွန်တော်လူတွေနဲ့စကားပြောတဲ့အချိန် အတွေးတွေကို စုစည်းထားပြီးဘာအကြောင်းကိုပြောမလဲဆိုတာသိနေရမယ်တဲ့။ ဒါမှ လိုချင်တဲ့အချက်ကို ကျော်နိုင်မှာတဲ့။ ဒါကြောင့် ကျွန်တော်တို့စကားစမပြောခင် ကျွန်တော့အတွေးတွေကိုအရင်စုစည်းပြီး လူတိုင်းနဲ့မျှဝေချင်တယ်။”

သတင်းထောက်များအားလုံးသည် ဘောပင်များကို မြောက်လိုက်ကာ ချက်ခြင်းရေးနိုင်ရန် ပြင်ဆင်ထားလိုက်ကြသည်။

“ဒီမှာအတွေးတစ်ခုပဲရှိတယ်။ ဘာလဲဆိုတော့ ကျွန်တော့စိတ်ထဲက မှော်ပညာဟာ ဘာလဲဆိုတာကို လူတိုင်းနဲ့ ဆွေးနွေးချင်တာပဲ။ ဒါမဲ့ဒီအတွက်ဆိုရင် ကျွန်တောတို့က ခေါင်းစဉ်တွေ အများကြီး ထပ်ခွဲရလိမ့်မယ်။ ပထမဆုံး မှော်ပညာရှင်တွေပဲ”

“ကျွန်တော်ထင်တာ ခင်ဗျားတို့ရဲ့စိတ်ထဲမှာ သို့ နယ်မြေထဲကလူတိုင်းရဲ့စိတ်ထဲမှာ မှော်ပညာရှင်ကို နားလည်ခြင်းဟာ ထူးဆန်းတဲ့မှော်ပညာကိုသုံးပြီး တိုက်ခိုက်တဲ့သူလို့ ထုံးစံအတိုင်း ပုံစံခွက်အတိုင်းပဲ ရှိနေကြမယ်ထင်တယ်။ အင်အားကြီးမားတဲ့ ဖျက်စီးခြင်းစွမ်းအင်တွေရှိတဲ့သူ သို့ တစ်ခုခုပေါ့….”

ရှုယီက လက်ကိုယမ်းလိုက်ရာ လူတိုင်းက ထူးဆန်းစွာခံစားသွားရသည်။ သူတို့သည် ကောင်းကင်ပေါ်၌ မျက်စိကျိန်းစေသော မီးတောက်များကိုတွေ့လိုက်ရသည် ထိုမီးတောက်များသည် အချိန်မရွေး အောက်သို့ ကျလာနိုင်သလိုပင်။

သတင်းထောက်အများစုမှာ အတွေ့အကြုံရှိသည့်သူများဖြစ်ရာ တချို့သတင်းထောက်များက အမြန် အော်လိုက်သည်။

“ကောင်းကင်ဘုံမီးမိုး”

“ဒါက မီးတောက် တားမြစ်မန္တာန်ပဲ”

……

ထိုထိတ်လန့်နေသော အော်သံများကိုကြားကာ ရှုယီသည် ယဲ့ယဲ့ပြုံးလိုက်သည်။ သူသည် သူလက်ကို ပြန်သိမ်းလိုက်ပြီး ကောင်းကင်ပေါ်ရှိမီးတောက်များသည် ပျောက်ကွယ်သွားပြီး သာမန် အခြေအနေ ပြန်ဖြစ်သွားသည်။

“တိုက်ပွဲတွေရဲ့ရလဒ်ကိုဆုံးဖြတ်နိုင်စွမ်းရှိလောက်အောင် မှော်ပညာရှင်တွေက အင်အားကောင်းတဲ့ စွမ်းအင်တွေနဲ့ ကောင်းမွန်တဲ့ဖျက်ဆီးနိုင်စွမ်းအားတွေရှိတယ်။ ဒါကြောင့် လူတိုင်းရဲ့ မျက်လုံးထဲမှာ မှော်ပညာရှင်တွေက ကြောက်ရွံစေတာဟာ ထူးဆန်းတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး”

“ဒါမဲ့ ကျွန်တော့အတွက်တော့ ဒါက လုံးဝကို ကွဲပြားတဲ့ ကိစ္စတစ်ခုပဲ”

ရှုယီက လက်ကိုတောက်လိုက်သောအခါ၌ သေးငယ်သော မီးဘောလုံးလေးက သူ့၏ လက်ဖဝါးပေါ်တွင် ပေါ်လာသည်။

“မှော်ပညာရှင်တွေမှာ တကယ်ပဲ အင်အားကောင်းတဲ့ စွမ်းအင်တွေရှိတယ်။ ဒါမဲ့ ဒီစွမ်းအင်တွေက ဖျက်စီးခြင်း တစ်ခုတည်းအတွက်ပဲ သုံးလို့ရတာမဟုတ်ဘူး ဟုတ်တယ်မလား?”

ထိုအချိန်၌ Frestechကုန်သည်ကြီးများအသင်း၏ ဝန်ထမ်းများသည် ဒယ်အိုးပြားတစ်ခုကို ယူလာကာ ရှုယီ၏ မီးဘောလုံးပေါ်၌ထားလိုက်သည်။

ထိုမီးဘောလုံးက အလွန်ပူသဖြင့် ဒယ်အိုးအောက်ခြေမှ မီးခိုးများထွက်လာရန် အချိန်သိပ်မယူလိုက်ရပေ။

အခြားဝန်ထမ်းတစ်ဦးသည် ဆီအနည်းငယ်နှင့် ကြက်ဥနှစ်လုံးကိုယူလာသည် သူသည် ဆီအနည်းငယ်ကို ထည့်လိုက်ကာ ကြက်ဥနှစ်လုံးကိုခွဲလိုက်သည်။

ခနကြာပြီးနောက်တွင် လက်ဆတ်သောကြက်ဥနှစ်လုံးသည် ကျက်ပြီးသားဖြစ်သွားသည်။

စင်အောက်မှသတင်းထောက်များသည် ဤအခြေအနေကို အလွန်ရှုပ်ထွေးနေကြသည်။

ရှုယီ ဘာလုပ်နေတာလဲ?

လူတိုင်း၏ရှေ့တွင်သူသည် ကြက်ဥများကိုချက်ပြုတ်ရန် မှော်ပညာကိုသုံးနေပါသလား?

ရှုယီသည် အခြားတစ်ယောက်လက်ထဲမှ ခွက်ကိုယူကာ ကြက်ဥနှစ်လုံးကိုထည့်လိုက်ပြီး လူတိုင်း မြင်ရန် မြောက်ပြလိုက်သည်။

“ခင်ဗျားတို့ ကျွန်တော်ဘာလို့ဒါကိုလုပ်နေရလဲဆိုတာ သိချင်နေလိမ့်မယ်။ တကယ်တော့ အကယ်၍ ခင်ဗျားတို့ ကျောင်းကိုသွားပြီး ညလယ်ခေါင်မှာဗိုက်ဆာခဲ့တယ်။ ဒါမဲ့ မီးဖိုမရှိလို့ ဘာမှမလုပ်နိုင်ဘူးဆိုရင် ဒါကိုကျွန်တော်ဘာလို့လုပ်နေရသလဲဆိုတာ သိပါလိမ့်မယ်”

လူတိုင်း၏မျက်နှာ၌ ထူဆန်းသည့်ပုံစံများပေါ်နေသည်။

နောက်ဆုံး၌ ရှုယီ၏ကျောင်းသွားခဲ့သောအတွေ့အကြုံနှင့် မည်သို့ဆက်စပ်နေပါသနည်း?

ရှုယီကမည်သည့်အချိန်ကကျောင်းတက်ခဲ့ပါသနည်း?

ကြည့်ရတာ စန်ခိုင်စာကျောင်းဟုခေါ်သည့် မထင်မရှားကျောင်းပင်ဖြစ်လိမ့်မည်။

“ဒါကိုမရီပါနဲ့။ ဒါဟာ ကျွန်တော်မှော်ပညာဟာ ဖျက်စီးဖို့ပဲမဟုတ်ပဲ တစ်ခြားကိစ္စတွေမှာလည်း သုံးလို့ရတယ်ဆိုတာကို ကျွန်တော့်ကျောင်းအဆောင်မှာ ဒီကြက်ဥနှစ်လုံးကိုချက်ဖို့ကြိုးစားရင်း ပထမဆုံး အကြံဉာဏ်ရပြီး သတိထားမိခဲ့တာပဲ။ Frestech ကုန်သည်ကြီးများအသင်းရဲ့ အခြေခံနဲ့ ပထမဆုံးမှော်ပန်ကာတွေထွက်လာခဲ့တာ။ ပြီးတော့ အခြားမှော်စက်ပစ္စည်းတွေဖြစ်လာခဲ့တာဟာ ဒီကြက်ဥနှစ်လုံးကြောင့်လို့ပြောရင် ချဲ့ကားရာမရောက်ဘူး”

ရှုယီ၏ရှင်းပြချက်ကိုကြားမှသာ စင်အောက်ကလူများသည် နောက်ဆုံး၌ သူဆိုလိုသည်ကို နားလည်သွားကြသည်။

သတင်းထောက်များသည်ထိုကိစ္စကို ချက်ခြင်းချရေးကြသည်။

၎င်းသည် Frestechကုန်သည်ကြီးများအသင်း နှင့်ပက်သက်၍ အလွန်အဖိုးတန်သည့် ခေါင်းစဉ်တစ်ခုဖြစ်ပြီး ဆောင်းပါးတစ်ခုလုံးကို ရေးရန်ပင် လုံလောက်သည်။

“ဒီကိစ္စကနေပြီး မှော်ပညာဟာ အခြားအဓိပ္ပာယ်ရှိတဲ့အရာတွေလုပ်လို့ရတယ်ဆိုတာ သတိပြုမိသွားပြီး အခြားဆက်စပ်ကြည့်လို့ရတဲ့အရာတွေကို ဆက်လေ့လာဖို့ ကျွန်တော့ကို တွန်းအားပေးခဲ့တယ်။ ကျွန်တော်ကျောင်းမှာရှိကတည်းက ထူးဆန်းတဲ့မှော်ပစ္စည်းတွေ ဖန်တီးနိုင်အောင် ခွင့်ပြုပေးခဲ့တယ်။ ဒါမဲ့ဘယ်သူမှ ဒီကိစ္စကို ဘန်တာမြို့လာပြီး ကိုယ်တိုင် ပထမဆုံးမှော်ပန်ကာ မလုပ်ခင်အထိ အရေးတယူမလုပ်ခဲ့ဘူး”

“လူတိုင်းလည်းသိပြီးကြပြီဖြစ်တဲ့ Frestechကုန်သည်ကြီးများအသင်းအကြောင်းကိုတော့ ကျွန်တော် ပြောဖို့ မလိုတော့ဘူးလို့ ထင်တယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး ကျွန်တော်ပြောချင်တာကတော့ Frestechကုန်သည်ကြီးများအသင်းက တီထွင်ခဲ့တဲ့ မှော်စက်တွေဟာ မှော်ပညာဟာ ဖျက်စီးဖို့နဲ့ တိုက်ပွဲမှာ အခြားသူတွေကိုချိန်းခြောက်ဖို့ပဲသုံးလို့ရတယ်ဆိုတာမဟုတ်ဘူးဆိုတာကို သက်သေ ပြနေတယ်”

သတင်းထောက်တစ်ဦးသည်ရုတ်တရက် သူလက်ကိုမြောက်လိုက်သည်

ရှုယီက ကြည့်လိုက်ရာ ဘန်တာတိုင်းမ်မှဖြစ်သောကြောင့် ခေါင်းငြိမ့်လိုက်သည်။

ထိုသတင်းထောက်သည်မတ်တပ်ရပ်လိုက်ပြီး ကျယ်လောင်သောအသံနှင့် “ဥက္ကဌရှု ဒါဟာ ခင်ဗျား အင်ပါယာနှစ်ခုနဲ့ကော မှော်အဖွဲ့အစည်းနှစ်ခုနဲ့ပါ တွေ့ထားပြီး မှော်ပညာရှင်ငြိမ်းချမ်းရေး သဘောတူညီချက်ကို ထုတ်ပြန်ရတဲ့ အကြောင်းရင်းလား။”

“ဟုတ်တယ်” ရှုယီက ခေါင်းငြိမ့်လိုက်ပြီး လေးနက်သည့်အကြည့်ဖြင့် “ကျွန်တော့ရဲ့ ထင်မြင်ချက်အရ မှော်ပညာရှင်တွေဟာ မှော်ပညာလိုထူးဆန်းတဲ့အရာကို ဖမ်းဆုပ်ထားနိုင်ပြီး ဖျက်စီးဖို့ပဲသုံးနေတာဟာ လူစွမ်အားအရင်းအမြစ်ကို ဖြုန်းနေသလိုပဲ။ ဒါကြောင့်မှော်ပညာရှင်တွေ ဒီလိုလုပ်နေတာကို မမြင်ချင်တော့ပဲ ကျွန်တော်တို့ဟာ ဒီအရင်းအမြစ်တွေကို သုံးပြီး အကျိုးရှိတဲ့အရာကို လုပ်သင့်တယ်လို့ ထင်တယ်”

“ဒါဆို ဥက္ကဌအနေနဲ့ အကျိုးရှိတဲ့ အရာဆိုတာ မှော်စက်မှုလုပ်ငန်းတွေကို ဝင်ပြီး မှော်စက်တွေကို လေ့လာတာကို ဆိုလိုတာလား?” သတင်းထောက်ကမေးသည်။

“မဟုတ်ဘူး အကျိုးရှိတဲ့အရာလုပ်တယ်ဆိုတာ မှော်စက်တွေကိုလေ့လာတာမှာပဲ ကန့်သတ်လိုက်လို့ မရဘူး။ အခြားလုပ်လို့ရတဲ့ အရာတွေ အများကြီးလည်းရှိသေးတယ်။ ဒါမဲ့အခုချိန်မှာ မှော်စက်တွေကို လေ့လာတာဟာ သက်ရောက်မှုအရှိဆုံးနည်းနဲ့အောင်မြင်မှုအရှိဆုံးနည်းပဲ။ အဲ့လိုမထင်ဘူးလား?” ရှုယီကပြန်မေးသည်။

ထိုသတင်းထောက်နှင့်အခြားသတင်းထောက်များသည် အတွေးများစွာထဲနစ်ဝင်သွားသည် သိုသော် ရှုယီမှန်ကန်ကြောင်း သူတို့ဝန်ခံရမည်ဖြစ်သည်။

စိုင်စ်နယ်မြေထဲက မှော်ပညာရှင်များသည် ထိုကိစ္စအတွက် ဆုံးဖြတ်ရသေးခြင်းမရှိလောက်သေးပေ။ ထို့ကြောင့် သဘာဝကျစွာပင် ၎င်းတို့၏မှော်ပညာသည် အခြားသူများကို အကျိုးရှိစေမည့် အကြောင်းကို မသိကြသေးပေ။

ယခုမှ ရှုယီနှင့် Frestechကုန်သည်ကြီးများအသင်းက မှော်စက်မှုလုပ်ငန်းအသစ်ကို တည်ထောင်ခဲ့ပြီးသည့် နောက် ထိုကိစ္စကို ပြည့်စုံစွာဖြေရှင်းပြီးသားဖြစ်ပြီး အကောင်းဆုံးနည်းလမ်းလည်းဖြစ်သည်။

ထိုသတင်းထောက်ပြန်ထိုင်လိုက်သည်ကိုမြင်လျှင် ရှုယီကဆက်ပြောသည်။ “မှော်ပညာရှင်တွေရဲ့နားလည်မှု ခေါင်းစဉ်အကြောင်းပြန်ပြောကြတာပေါ့။ လူအများစုရဲ့ထင်မြင်ချက်ဟာ မှော်ပညာရှင်တွေဟာ ဖျက်စီးခြင်းကိုကိုယ်စားပြုတယ်။ ဒါမဲ့ကျွန်တော့အမြင်မှာတော့ မှော်ပညာရှင် အယောက်ဆီတိုင်းဟာ အဖိုးတန်တဲ့ အရည်အချင်းရှိသူတွေဖြစ်ပြီး ကျွန်တော်တို့ကုမ္ပဏီရဲ့ သုတေသီတွေ နဲ့အင်ဂျင်နီယာတွေ ဖြစ်လာဖို့မျှော်လင့်တယ်။

အခြားသူတွေအတွက်ကတော့ မှော်ပညာရှင်တွေရဲ့တန်ဖိုးကိုသူတို့အဆင့်တွေ လုပ်နိုင်စွမ်းတွေနဲ့ ဆုံးဖြတ်ကြပေမဲ့ ကျွန်တော့အတွက်တော့ တန်ဖိုးအမှန်ဟာ သူတို့ရဲ့မှော်ပညာအပေါ်နားလည်မှုနဲ့ လက်တွေ့တပ်ဆင်မှုတွေမှာ ဖန်တီးနိုင်စွမ်းတွေပဲ။ ဒါကိုပြောရင်း ကျွန်တော်ဒုတိယခေါင်းစဉ်ကို စချင်တယ်။ မှော်ပညာဆိုတာဘာလဲ?”

ပထမဆုံး ခေါင်းစဉ်တွင် စင်အောက်မှလူများသည် အနည်းငယ် ရှုပ်ထွေးနေကြသည်။ သို့သော် ဒုတိယခေါင်းစဉ်‌သို့‌ ရောက်သောအခါတွင် စင်‌အောက်ကလူများသည် အာရုံစိုက်ကာ နားထောင် နေကြသည်။

ရှုယီသည် နယ်မြေထဲမှ အသန်မာဆုံး ကျွမ်းကျင်ဘုန်း‌တော်ကြီးထဲမှတစ်‌ယောက်ဖြစ်ကာ ကောလဟသများအရ အင်ပါယာနှစ်ခုရှိ ကျွမ်းကျင်ဘုန်း‌တော်ကြီးများအား ရှုံးနိမ့်စေခဲ့သည်ဟု‌ ဆိုသည်။ သူသည် နယ်‌မြေထဲမှ အသန်မာဆုံးကျွမ်းကျင်ဘုန်း‌တော်ကြီးပင်ဖြစ်နိုင်သည်။

သူ့ထံမှလာသော မှော်ပညာအားသုံးသပ်မှုသည် သံသယဖြစ်ဖွယ်မရှိပဲတန်ဖိုးရှိသည့် ကိုးကားချက် တစ်ခုဖြစ်သည်။

“အမှန်တကယ်တော့ ဒီခေါင်းစဉ်ဟာ နယ်မြေထဲကမှော်ပညာရှင်‌တွေကို ရည်ရွယ်တာပါ။ သေချာတာပေါ့။ နယ်မြေထဲကမှော်ပညာရှင်‌ တွေအားလုံးကိုခေါ်ပြီး ကျွန်တော်ပြောတာကို နား‌ထောင်ခိုင်းဖို့ မဖြစ်နိုင်ဘူး‌လေ။ ဒါကြောင့် သတင်းထောက်‌တွေကိုခေါ်ပြီး သတင်းစာတွေကနေ တဆင့် ကျွန်တော့စကားတွေဟာ နယ်မြေတစ်ခုလုံးက မှော်ပညာရှင်တွေဆီရောက်သွားဖို့ မျှော်လင့်တယ်။”

စင်အောက်မှသတင်းထောက်များသည် ဂုဏ်ယူသောအပြုံးဖြင့်ပြုံးလိုက်ကြသည်။

ရှုယီက ၎င်းတို့၏သတင်းစာများကို ထိုကဲ့သို‌အ‌ရေးကြီးသည့်‌နေရာတွင်ထားခြင်းကို သဘာဝကျစွာပင် ဂုဏ်ယူမိကြသည်။

နယ်မြေထဲရှိ ပထမဦးဆုံးသတင်းစာဖြစ်သည့် ဘန်တာတိုင်းမ် ကို ရှုယီကိုယ်တိုင် တည်ထောင်ခဲ့ခြင်းကို ပြန်တွေးမိလျှင် သတင်းထောက်များသည် ရှုယီနှင့် ရင်းနီးသလိုခံစားကြရသည်။

သို့သော်ရှုယီ၏အမူအရာသည် ရုတ်တရက် အလေးအနက်ဖြစ်လာသည်။

“အခုပြောမဲ့အကြောင်းအရာ‌တွေက နယ်မြေထဲက မှော်ပညာရှင်‌တွေအတွက်ဖြစ်လို့ ကျွန်တော် အလေးအနက်တောင်းဆိုချင်တာတစ်ခုက ဒီစကား‌တွေကိုမ‌ပြောင်းလဲပစ်ဖို့ တောင်းဆိုပါတယ်။ ခင်ဗျားတို့ဟာ ထုတ်ဝေတဲ့အခါ စာလုံးတစ်လုံးကိုမှမပြောင်းလဲပဲ အမှားလည်းပါလို့မရပါဘူး။ ကျွန်တော်‌ ပြောတာကိုနားလည်ရဲ့လား?”

စင်အောက်မှသတင်းထောက်များသည် အာရုံစိုက်လိုက်ကြကာ ၎င်းတို့၏အပြုံးသည် ပျောက်ကွယ်သွားသည်။

ရှုယီ၏စကားလုံးများသည် အနည်းငယ်ပိုင်စိုးပိုင်နင်းရှိသော်လည်း သူ၏အင်အားနှင့် ဂုဏ်အဆင့်အတန်း နှင့် Frestechကုန်သည်ကြီးများအသင်းသည် သတင်းထောက်များ လက်လှမ်းမမီနိုင်သည့် အနေအထားတွင်ရှိရာ သူ၏တောင်းဆိုချက်အား မည်သူမှ မဆန့်ကျင်ရဲပါ။

သို့သော်လည်း သတင်းထောက်များသည် ရှုယီ၏စကားလုံးတစ်လုံးမှမ‌ ပြောင်းလဲပစ်နဲ့ဆိုသည့် တောင်းဆိုချက်‌ကြောင့်စိတ်လှုပ်ရှား‌ နေကြသည်။

ရှုယီကထိုကဲ့သို့ အ‌လေးအနက်ဖြစ်နေရခြင်းမှာ သူ့စကားများသည် အလွန်အရေးကြီးသည်ဟု ဆိုလိုခြင်းဖြစ်လိမ့်မည်။

ထို့အပြင် ရှုယီက ထိုစကားများသည် နယ်မြေထဲရှိမှော်ပညာရှင်များအတွက်ဟုညွန်ပြထားသဖြင့် ထိုသတင်းကို ထုတ်‌ဝေသည်နှင့် မှော်ပညာရှင်များအားလုံး၏အာရုံစိုက်မှုကိုဆွဲ ဆောင်လိမ့်မည်။

အကယ်၍ ထိုမြင့်မြတ်သည့်‌ မှော်ပညာရှင်များက အာရုံစိုက်လျင် သာမန်လူများကလည်း သိချင်စိတ်ရှိလိမ့်မည်။

ဒါဆို သတင်းစာရောင်းအားကို စိတ်ပူရ‌တော့မည်လား?

ထိုကဲ့သို့စဉ်းစားပြီးသည့်နောက် သတင်းထောက်များသည် ရှုယီကို တောက်ပသောမျက်လုံးများဖြင့် ကြည့်နေကြသည်။

***

Volume 7 အပိုင်း ၁၅၈ ။ မင်းတို့အားလုံးကို ငါအထင်သေးတယ်

“အားမနာတမ်းပြောရရင် ဒီနယ်မြေထဲက မှော်ပညာရှင်တွေဟာ မှော်ပညာကို လုံးဝနားမလည်ကြဘူး။”

ရှုယီသည် ပထမတစ်ခွန်းစပြောသည်နှင့် အားလုံးသည် ငြိမ်ကျသွားသည်။

သတင်းထောက်များနှင့် သာမန်လူများပင် ကြည့်နေကြသော်လည်း ရှုယီကို ထိတ်လန့်သော အကြည့်များနှင့် မျက်နှာများ၌ မယုံကြည်နိုင်သော ပုံစံများပေါ်နေကြသည်။

ဒီရှုယီက သူ့ကိုယ်သူ ဘာပြောနေမှန်းကောသိရဲ့လား?

နယ်မြေထဲမှ ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်ဖြစ်ကာ အခြားကျွမ်းကျင်ဘုန်းတော်ကြီးများအား တိုက်ခိုက်နိုင်၍ အင်အားအကြီးဆုံးမှော်ပညာရှင် ဖြစ်သော်လည်း သူသည် ဤမျှလောက် အထက်စီး ဆန်နိုင်ပါသလား?

မှော်ပညာရှင်အများစုသည် မှော်ပညာကိုနားမလည်ဘူးဟု ပြောနေပါသလား?

သူနားမလည်၍ ပြောခြင်းဖြစ်ပါသလား?

ထိတ်လန့်သွားပြီးနောက် လူအုပ်သည် ချက်ခြင်းပင် အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။

သတင်းထောက်များသည် တစ်ဦးနှင့်တစ်ဦး တီးတိုးပြောနေကြကာ ရှုယီ၏စကားများကို ကွဲပြားစွာ ပြန်ဆိုနေကြသည်။ မည်သို့ပင်ဖြစ်ပါစေ မည်သူမဆို ရှုယီ၏စကားများအား လွန်သည်ဟုထင်ကြသည်။ သူသည် လူတိုင်း၏ရှေ့တွင် ထိုသို့မပြောသင့်ပေ။

ဘန်တာတိုင်းမ် မှ သတင်းထောက်သည် လက်ထောင်လိုက်ကာ အဖြေကိုပင်မစောင့်ပဲနှင့် ကျယ်လောင်စွာ မေးလိုက်သည်။ “ဥက္ကရှု ဘာကိုဆိုလိုချင်တာလဲခင်ဗျ?”

“ကျွန်တော်က ဘာကိုဆိုလိုတာလဲ? ဆိုလိုချင်တာက ပြောလိုက်သလိုပဲပေါ့” ရှုယီက ပုံမှန်ပင်ဖြေသည်။ လူအုပ်ကြီးက နောက်တစ်ကြိမ် ငြိမ်ကျသွားသည်။

သတင်းထောက်သည် ရှုယီ၏စကားကို ကြားပြီးနောက် မွန်းကျပ်သွားကာ ခနကြာပြီးနောက် သူက မေးလိုက်သည်။ “ဥက္ကဌရှု ကျွန်တော့အထင် ဥက္ကဌက နယ်မြေထဲက မှော်ပညာရှင်တွေအပေါ် အထင်အမြင်သေးတယ်လို့ ယူဆနိုင်လား?”

ရှုယီက မနေနိုင်ပဲပြုံးလိုက်သည်။

သတင်းစာမီဒီယာလုပ်ငန်းများသည် လွန်ခဲ့သောဆယ်နှစ်ခန့်ကပင် စိုင်စ်နယ်မြေထဲ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ သို့သော် ကမ္ဘာနှင့်ယှဉ်လျှင် အဝေးကြီး လိုအပ်နေသေးသည်။ မည်သို့ပင်ဖြစ်ပါစေ ထိုသတင်းထောက်များသည် အပေါက်များကို တူးဖော်ရန် သင်ယူနေခဲ့ကာ သူနှင့် ရင်းနှီးသည်ဟု ဆိုရမည့် ဘန်တာတိုင်းစ်မှ သတင်းထောက်သည်ပင် အားမနာတမ်းမေးခဲ့သည်။

သို့ရာတွင် ထိုသတင်းထောက်၏ စကားများကို နားမလည်ပုံ မပေါက်ပဲ သူသည် ခေါင်းငြိမ့်လိုက်ကာ အပြုံးဖြင့် “ဟုတ်တယ် ကျွန်တော်သူတို့ကို အထင်သေးတယ်”

ထိုအဖြေသည် အိုးထဲသို့ ဆီလောင်းလိုက်သကဲ့သို့ စင်အောက်မှ ဂနာမငြိမ်ဖြစ်နေသောလူများကို ပေါက်ကွဲသွားစေသည်။

အသံများစွာထွက်လာကာ ကြီးမားသည့် မြို့လယ်ခေါင်သည် ပရမ်းပတာအခြေအနေက်ု ရောက်သွား သည်။

ရှုယီသည် ပရမ်းပတာဖြစ်နေသည့် သတင်းထောက်များကိုကြည့်ကာ ပြုံးလိုက်သည်။ ထိုသူများက သူထင်သည့်အတိုင်းသာ ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။

ဘေးမှကြည့်နေသောဟိန့်စ်သည် ရှုယီအား အလွန်အံအားသင့်နေသည်။ ရှုယီနှင့် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ကာ သူအကြောင်းကောင်းစွာသိ၍ ထူးဆန်းသောအကြံအစည်များ ရှိတတ်သည်ကို သိသော်လည်း လူအားလုံးရှေ့တွင် ထိုသို့ပြောလိုက်ခြင်းမှာ မယုံနိုင်စရာပင် သူယခုပြောလိုက်သည်မှာ သူ့အား အလွန်ပင် အံ့အားသင့်စေသည်။

သူသည် ရှုယီက မာနကြီးတတ်သောသူတစ်ယောက် မဟုတ်မှန်းသိသည်။ ဆန့်ကျင်ဖက်၌ သူသည် ပုံမှန်အားဖြင့် အလွန်တည်ငြိမ်ကာ အခြေနေအရပ်ရပ်ကို ကောင်းစွာသိမြင်တတ်၍ ဖြည်းဖြည်းချင်း ဝေဖန်ပိုင်းခြားတတ်သော သူဖြစ်သည်။

ထို့ကြောင့် ဤကဲ့သို့ မလိုအပ်သည့်အခြေအနေတွင် သူသည် ထိုကဲ့သို့သောစကားမျိုးကို

ပြောမည် မဟုတ်ပဲ လူများစွာကို စိတ်ဆင်းရဲစေမည်မဟုတ်ပါ။

သို့သော် သူသည် ထိုစကားများကို အဘယ်ကြောင့် ပြောခဲ့ပါသနည်း?

ဟိန့်ဇ်ကသူအားကြည့်နေသည်ကိုခံစားမိကာ ရှုယီက လှည့်ကြည့်ကာ ဖျော့ဖျော့ပြုံး၍ သူ့ပခုံးကို ပုတ်လိုက်ပြီး စိတ်လျော့ရန်အချက်ပြလိုက်သည်။

ဟိန့်ဇ်သည် ချက်ခြင်းပင် စိတ်အေးသွားကြောင်းခံစားလိုက်မိသည်။

ရှုယီသည် ထိုကဲ့သို့ ဆွဲဆောင်မှုမျိုးရှိသည် သူသည် အခြားသူများကို ယုံကြည်ချက်ရှိအောင်လုပ်နိုင်ပြီး သူ၏ရွေးချယ်မှုများသည် မှန်ကန်တိကျကြောင်း ယုံကြည်အောင်လုပ်နိုင်သည်။

ဤနှစ်များတွင် သူ့ရွေးချယ်မှုများသည် လူများကိုအစ၌ ဇဝေဇဝါဖြစ်အောင်လုပ်နိုင်သည် သို့သော် သူတို့အား တစ်ခါမှ စိတ်ပျက်အောင်မလုပ်ခဲ့ပါ။ ထို့ကြောင့် ဟိန့်ဇ်သည် ပြန်ထိုင်လိုက်ပြီး ပရမ်းပတာ ဖြစ်နေသည့် သတင်းထောက်များကို တည်ငြိမ်စွာ ကြည့်လိုက်ကာ ရှုယီ၏ နောက်ခြေလှမ်းကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

ခနကြာသော် သတင်းထောက်များက တုံ့ပြန်လာသည်။ ဒါဇင်ပေါင်းများစွာသော သတင်းထောက် များက တစ်ချိန်တည်း၌ မတ်တပ်ရပ်ကာ လက်ကိုမြောက်ထားကြသည်။

“ဥက္ကဌရှု ခင်ဗျားရဲ့စကားတွေက …”

“ဥက္ကဌရှု ကျွန်တော်ထင်တာ……”

“ဥက္ကဌရှု….”

……

ထိုစဉ် မေးခွန်းများစွာ မေးကြသည် သို့သော်ရှုယီက တည်ငြိမ်စွာ ခနစောင့်လိုက်သည်။ ထိုနောက် သူကပြုံးလိုက်ကာ သူ၏လက်ကိုမြောက်၍ လူအုပ်အား စိတ်လျော့စေလိုက်သည်။

“ခင်ဗျားတို့မှာ ကျွန်တော်ပြောလိုက်တာအတွက် မေးခွန်းအများကြီးရှိနေမှန်း ကျွန်တော်သိပါတယ်။ ဒါကနားလည်နိုင်ပါတယ်။ ဒါမဲ့ ကျွန်တော်မေးခွန်းတိုင်းကို ဖြေမှာမဟုတ်ဘူး။ ဒါကြောင့်အားလုံးပဲ ထိုင်ကြပါ။ ကျေးဇူးပြု၍ ကျွန်တော်ပြောတာကို စိတ်လျော့ပြီး နားထောင်ကြပါ။”

မတ်တပ်ရပ်နေသော သတင်းထောက်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ ထိုင်ကုန်ကြသည် လက်မြောက်ထားသောသတင်းထောက်များသည်လည်း ပြန်ချကာ တစ်ယောက်ပြီး တစ်ယောက် ပြန်ထိုင်ကြသည်။

လူတိုင်းသည် သူတို့၏မျက်လုံးများကို ရှုယီထံသို့ အာရုံပြန်စိုက်လိုက်ကြပြီး စိတ်ရှည်စွာဖြင့် သူ၏ ရှင်းပြချက်ကို စောင့်ဆိုင်းနေကြသည်။

“ခင်ဗျားတို့လို သတင်းထောက်တွေအနေနဲ့ နားမလည်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါမဲ့ ကျွန်တော့် စကားတွေကို ကြားပြီးရင် နယ်မြေထဲက မှော်ပညာရှင်တွေကတော့ စိတ်ရှုပ်လိမ့်မယ်လို့ မထင်တဲ့အပြင် သူတို့ စိတ်မကောင်းဖြစ်မယ်လို့လဲ မထင်ဘူး”

စင်အောက်မှ သတင်းထောက်များသည် ရှုယီကိုမျက်လုံးဝေ့ကြည့်လိုက်ကြသည်။

အဓိပ္ပာယ် မရှိလိုက်တာ။ မှော်ပညာရှင်များကို အထင်သေးသည်ဟု စ,ပြောထားပြီးနောက် သူတို့သည် မည်သို့စိတ်မဆိုးပဲ နေလိမ့်မည်နည်း?

“ဒါမဲ့ ဒီနယ်မြေထဲက မှော်ပညာရှင်တွေက ဘယ်လောက်စိတ်ဆိုးဆိုး ကျွန်တော့်အမြင်အတိုင်း ရပ်တည်မှာပဲ။ မှော်ပညာရှင်အများစုဟာ မှော်ပညာကိုနားမလည်ကြဘူး။ ဒါက အမှန်တရားပဲ” ရှုယီ၏ ခိုင်မာသော ပြောစကားက သတင်းထောက်များအား တုန်လှုပ်သွားစေသည်။

ရှုယီက အရူးမဟုတ်ကြောင်း သူတို့သိသည် ထို့ကြောင့် ထိုသို့ပြောရခြင်းအကြောင်းရှိလိမ့်မည်။

“မှော်ပညာကိုနားလည်ခြင်းကို ပြောရရင် တိုက်ပွဲမှာ ကျွန်တော်ဟာ အင်ပါယာနှစ်ခုက ကျွမ်းကျင် ဘုန်းတော်ကြီးတွေနဲ့ ဆွေးနွေးခဲ့တယ်။ နောက်ဆုံးမှာ ကောက်ချက်ချလိုက်ရတာက ဒီစိုင်စ်နယ်မြေမှာ နှစ်ပေါင်းများစွာ ဆင်းသက်လာတဲ့ မှော်ပညာသီအိုရီဟာ ခေတ်နောက်ကျနေပြီဖြစ်ပြီး ခေတ်သစ်မှာ အသုံးချလို့ မရတော့ဘူး။ အခုကစပြီး မှော်ပညာသီအိုရီအသစ်ကို ဖန်တီးပြီး မှော်ပညာကို သင်ယူဖို့နဲ့ နားလည်ဖို့ လမ်းအသစ်ဖန်တီးရမယ်”

ထိုသို့ကြားလျှင် ရှုယီသည်အမှန်တကယ်ပင် တိုက်ပွဲ၌ အင်ပါယာနှစ်ခု၏ ကျွမ်းကျင်ဘုန်းတော်ကြီးများ နှင့်ဆွေးနွေးပြီးဖြစ်သည် သတင်းထောက်များသည် ကြောင်အနေပြီးနောက် ဘာဖြစ်နေမှန်း နားလည်သွားကြသည်။

ရှုယီသည် ထိုစကားများကို လူတိုင်းအရှေ့၌ ပြောလိုခြင်းသည် အံ့ဩစရာမဟုတ်တော့ပါ။ ကြည့်ရသည်မှာ သူ၏အမြင်များကို အင်ပါယာနှစ်ခုရှိ ကျွမ်းကျင်ဘုန်းတော်ကြီးများနှင့် တိုင်ပင်ပြီးဖြစ်၍ ထို ကျွမ်းကျင်ဘုန်းတော်ကြီးများမှ ထောက်ခံချက်ရရှိပြီးဖြစ်လိမ့်မည်။

အကယ်၍ထိုသို့ဆိုလျှင် ရှုယီအပါအဝင် သူ့အမြင်များသည် နယ်မြေထဲရှိ ကျွမ်းကျင်ဘုန်းတော်ကြီး တစ်ဝက်မျှ၏ ထောက်ခံမှုကို ရရှိထားပြီးဖြစ်လိမ့်မည်။ တစ်ချိန်တည်းမှာပင် ရှုယီအပြင် Frestech ကုန်သည်ကြီးများအသင်းမှ ကျွမ်းကျင်ဘုန်းတော်ကြီး ကမ်မီလာနှင့် ကျွမ်းကျင်ဘုန်းတော်ကြီး ဆာရန်ဒယ်ကလေးရ်တို့ပါပါဝင်ကာ ရှုယီ၏အမြင်သည်သဘာဝကျစွာပင် ထိုသူနှစ်ယောက်၏ ထောက်ခံချက်လည်း ရရှိပြီးဖြစ်လိမ့်မည်။

ထိုသို့ဆိုလျှင် ရှုယီသည် ကျွမ်းကျင်ဘုန်းတော်ကြီး တစ်ဝက်မျှ၏ ထောက်ခံချက်ကိုရရှိထားသည်။

ကျွမ်းကျင်ဘုန်းတော်ကြီးများ သည်လည်း မှော်ပညာရှင်များ၏ လမ်းပြဖြစ်သည်။

အကယ်၍ ကျွမ်းကျင်ဘုန်းတော်ကြီးများသည် ဤအမြင်ကို ထောက်ခံပြီးဖြစ်လျှင် အခြား မှော်ပညာရှင်များက ကန့်ကွက်မည် မဟုတ်ပါ ထိုအရာကိုဆန့်ကျင်ရန် သတ္တိနှင့် အရည်အချင်းလည်း မရှိပါ။ အလွန်ဆုံး သူတို့စိတ်ထဲတွင် ကျိန်ဆဲရန်ပင် တတ်နိုင်လိမ့်မည် သို့သော် သူတို့သည် ကျွမ်းကျင်ဘုန်းတော်ကြီးများ အဆိုပြုသည့် သင်ကြားရေးကိုသာ သင်ယူရလိမ့်မည်။

“နည်းလမ်းကိုပြောင်းရမယ်ဆိုတာ မှော်ပညာနဲ့ဆိုင်တဲ့ပစ္စည်းတွေ ကိရိယာတွေ သို့ မှော်ပညာနဲ့ဆိုင်တဲ့ အရာတွေကိုပဲပြောင်းလိုက်တာလောက် ရိုးရှင်းတာမျိုးမဟုတ်ဘူး….” ရှုယီက သူ၏ခေါင်းကို လက်ညိုးထိုးပြလိုက်ကာ “အဲ့တာက လူတစ်ယောက်ရဲ့ မှော်ပညာနဲ့ ပက်သက်တဲ့ အတွေးအမြင်တွေကနေ စပြောင်းရမှာ မှော်ပညာဆိုတာ ဘာလဲ? အဲ့တာက နားထောင်ရတာ အံ့ဩဖွယ်ဖြစ်ပြီး သင်ယူဖို့အတွက် အံ့ဩစရာကောင်းတယ်လို့လဲ ထင်ရတယ်။ ဒါမဲ့ မှော်ပညာဟာ နောက်ဆုံးတော့ ပစ္စည်းကိရိယာတစ်ခုပဲ သာမန်လူရဲ့ လက်ထဲက တူရွင်းတို့ ကတ်ကြေးတို့နဲ့ အတူတူပဲ”

စင်အောက်မှလူများသည် ထူးဆန်းသည့် အမူအရာဖြစ်သွားကြသည်။ မှော်ပညာအား တူရွင်းများနှင့် ကတ်ကြေးများနှင့် နှိုင်းယှဉ်နေသည်လား?

ဒါကမှော်ပညာကို အရမ်းနိမ့်ချလိုက်သလို မဖြစ်သွားဘူးလား?

“မှော်ပညာကို ဘယ်ကနေဖွဲ့စည်းတယ်။ ပြီးတော့ဘယ်လိုသုံးရတယ်။ ဒါဟာ မှော်ပညာရှင်တွေအနေနဲ့ မှော်ပညာကို လေ့လာတဲ့အခါ ရှိသင့်တဲ့ စိတ်နေစိတ်ထားပဲ။ အရာအားလုံးကို လက်ဆုပ်လက်ကိုင် ပြနိုင်ရမယ်ဆိုရင် အာရုံခံစားမှု သို့ ယေဘုယျ စတဲ့ အရာတွေကို သုံးပြီး ဖော်ပြလို့မရဘူး။ ကျွန်တော်တို့ တကယ် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အသုံးနှုန်းတွေဖြစ်တဲ့ မန္တာန်တစ်ခုမှာ သဘာဝမှော်စွမ်းအင် ဘယ်လောက် ရှိတယ်။ ဘယ်လောက် သိပ်သည်းတယ်။ သဘာဝမှော်ပညာမှာ တင်းအားဘယ်လောက် ရှိတယ်။ စတဲ့ အသုံးအနှုန်းတွေကို သုံးသင့်တယ်။ ကျွန်တော်တို့ဒီအရာတွေကိုသာနားလည်ရင် မှော်ပညာကို တကယ်နားလည်နိုင်တယ်”

“မှော်ပညာကိုနည်းလမ်းအသစ်နဲ့လေ့လာခြင်းကိုပြောရမယ်ဆိုရင် အင်ပါယာနှစ်ခုက ကျွမ်းကျင် ဘုန်းတော်ကြီးတွေနဲ့ဆွေးနွေးပြီးတဲ့နောက် ကျွန်တော်တို့ မှော်ပညာကို သိပ္ပံနည်းကျလေ့လာခြင်း လို့ နာမည်အသစ်တစ်ခု ပေးလိုက်တယ်။ ဆိုလိုတာက မှော်ပညာကို သိပ္ပံရှုထောင့်ကနေလေ့လာပြီး ခံစားချက်နဲ့ပဲ ဆက်လေ့လာတော့မှာမဟုတ်ဘူး။ သိပ္ပံဟာဘာလဲဆိုရင် ကျွန်တော် ဒီမှာတော့ မရှင်းပြတော့ဘူး။ ဒါမဲ့ ခင်ဗျားတို့သိချင်တယ်ဆိုရင် ကျွန်တော်တို့ ကုမ္ပဏီက ထုတ်လုပ်ထားတာတွေကို ကြည့်ပြီး အနည်းငယ်လေ့လာနိုင်ပါတယ်”

“မှော်ပညာကို သိပ္ပံရှုထောင့်မှလေ့လာခြင်းကိုပြောရမယ်ဆိုရင် အဲ့တာက ကျွန်တော်တို့ကုမ္ပဏီက မှော်စက်တွေ ထုတ်လုပ်နေတာနဲ့အတူတူပဲ တိကျတယ်၊ ရှင်းလင်းတယ်၊ ပြီးတော့ အသေးစိတ် ချိန်ညှိနိုင်တယ်။ အမှားတစ်ခုမှ သို့ ဇဝေဇဝါဖြစ်တဲ့ ဆိုလိုချက်တွေမရှိဘူး။ ဒါကမှော်ပညာကိုလေ့လာရမဲ့ နည်းလမ်း အမှန်ပဲ။”

“ဒါပေမဲ့ဒါဟာ အဝေးကြီးလိုနေသေးတယ်။ လက်ရှိစိုင်စ်နယ်မြေမှာ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက လွဲပြီး မှော်ပညာသီအိုရီနဲ့ပက်သက်တဲ့ မှန်ကန်တဲ့အရာတစ်ခုမှတောင် မရှိသေးဘူး။ ဒါကြောင့် နယ်မြေထဲကမှော်ပညာရှင်အယောက်ဆီတိုင်းဟာ မှော်ပညာကို သိပ္ပံနည်းကျလေ့လာဖို့နဲ့ သိပ္ပံနည်းကျ မှော်မန္တာန်တွေထုတ်တတ်လာဖို့ ကျွန်တော်မျှော်လင့်တယ်။”

“သတိထားရမှာက ကျွန်တော့်ရဲ့ မှော်သုတေသနဟာ သူတို့ရဲ့ ဖျက်စီးနိုင်စွမ်းအားတွေ တိုးနိုင်ဖို့ ကြိုးစားနေတဲ့ လူတိုင်းကို လေ့လာခွင့်ပြုမှာမဟုတ်ဘူး။ ဘာလို့ဆို အဲ့တာအဓိပ္ပာယ်မရှိလို့ပဲ လူတိုင်းဟာ မှော်ပညာကို သင်ကြားတဲ့အခါ လူတွေရဲ့ဘဝတွေ ပိုပြီးအဆင်ပြေစေဖို့ ရည်ရွယ်ကြဖို့ ကျွန်တော် မျော်လင့်တယ်။ ကျွန်တော်တို့ Frestechကုန်သည်ကြီးများအသင်းရဲ့ လေ့လာချက်အရ ပြည်သူတွေရဲ့ ဘဝထဲ သုံးနေတာတွေဟာ မှော်ပညာတွေပဲ။”

“အရိုးသားဆုံးပြောရရင် နယ်မြေထဲက မှော်ပညာရှင်တွေဟာ ရူးပြီး တစ်ကိုယ်ကောင်းဆန်တယ်လို့ အမြဲတွေးခဲ့တယ်။ လူတိုင်းဟာ သူတို့ဗိုက်ကိုတောင် ပြည့်အောင်မဖြည့်နိုင်ကြပဲ ဒီစွမ်းအားရှိတဲ့ မှော်ပညာရှင်တွေဟာ သာမန်သူတွေ ထပ်သာတယ်လို့ထင်နေပြီး မှော်ပညာတစ်နေကုန် လေ့လာနေတာဟာ သာမန်လူတွေကိုသတ်ဖို့နဲ့ အနိုင်ကျင့်ဖို့ပဲ သုံးနေကြတယ်။ အဲ့လိုလုပ်ရတာ မရှက်ကြဘူးလား?”

“ကျွန်တော်အဲ့တာကိုမကြိုက်ဘူး။ ဒါကြောင့် အင်အားတွေအများကြီးသုံးပြီး ဒီမှော်ပညာရှင်တွေကို စစ်ပွဲတွေထဲက ဆွဲထုတ်ခဲ့တာ။ လူတိုင်းကို လူတွေရဲ့ဘဝတွေ တိုးတက်ဖို့ အရာတွေကို လေ့လာစေချင်တယ်။ လူတိုင်းကို မှော်စက်မှုလုပ်ငန်းတွေမှာ ပါဝင်လာကြဖို့ တိုက်တွန်းချင်တယ်”

“ကျွန်တော်တို့ Frestechကုန်သည်ကြီးများအသင်းအနေနဲ့ ဒါမှမဟုတ် မှော်စက်မှုလုပ်ငန်းအနေနဲ့ ဘယ်လို ဖြစ်သင့်တယ် ဘယ်လိုလုပ်သင့်တယ်ဆိုတာ… ဒါကကျွန်တော်တို့ရဲ့ တတိယခေါင်းစဉ်ပဲ။ ခေါင်းစဉ်က ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ ဘာလဲ?”

***

Volume 7 အခန်း ၁၅၉ ။ အမှီလိုက်ရန် မြင့်မားသော အားထုတ်မှုဖြင့်ပင်

Frestechကုန်သည်ကြီးများအသင်း၏ ပန်းတိုင်?

သတင်းထောက်များသည် အနည်းငယ်ရှုပ်ထွေးကုန်ကြသည် သို့သော် အချို့မှာ တစ်ခုခုကို သတိရ သွားကြသည်။

ခေါင်းစဉ်က သေးနိုင်သည် သို့မဟုတ် ကြီးနိုင်သည်။ အားလုံးသည် ရှုယီ၏ပြောစကားပေါ်တွင်သာ မူတည်သည်။

“ကျွန်တော်တို့ Frestechကုန်သည်ကြီးများအသင်းရဲ့ ပန်းတိုင်အနေနဲ့ လူတိုင်းကိုဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါက ဆွေးနွေးဖို့မလိုတဲ့ အရာတစ်ခုပဲ ဘာလို့ဆို နောက်ဆုံးမှာ ကျွန်တော်တို့က ကုမ္ပဏီတစ်ခုပဲ ကုမ္ပဏီတစ်ခုအနေနဲ့ ကျွန်တော်တို့ပန်းတိုင်ဟာ သဘာဝအတိုင်းဖြစ်သင့်တာက ပိုက်ဆံရှာဖို့ပဲ မှန်တယ်။ ကျွန်တော်ဝန်ခံတာတစ်ခုက Frestechကုန်သည်ကြီးများအသင်းကို တည်ထောင်ရခြင်းရဲ့ မူလ ရည်ရွယ်ချက်ဟာ ပိုက်ဆံရှာဖို့ပဲ။ အခုထိ ကျွန်တော် အလေးအနက်ထားပြောတာဟာ ကျွန်တော်ဟာ ကုန်သည်တစ်ဦးပါပဲ”

သတင်းထောက်များသည် ရယ်လိုက်ကြသည်။

ရှုယီ၏ အမည်နာမကိုပြောရလျှင် နယ်မြေထဲ၌ အငြင်းပွားဖွယ်ခေါင်းစဉ်တစ်ခုဖြစ်သည်။

အစပိုင်းတွင် ရှုယီနှင့် Frestechကုန်သည်ကြီးများအသင်းသည် ထင်ရှားကျော်ကြားခြင်းမရှိပေ ထို့ကြောင့် သာမန်အားဖြင့် မည်သူမှ ရှုယီ၏ အမည်နာမကို ဂရုမစိုက်ကြပေ။

သို့သော် နောက်ပိုင်းတွင် Frestechကုန်သည်ကြီးများအသင်းသည် တဖြည်းဖြည်း ထင်ရှားကျော်ကြား လာသည်နှင့် လူတိုင်းက ဥက္ကဌ ရှုယီသည် အမှန်တကယ်ပင် ထင်ရှားသည့် မှော်ပညာရှင်ဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။

ရှုယီ၏ အဆင့်အတန်းသည် ထိုမျှလောက်မမြင့်လျှင်ပင် လူတိုင်းသည် ထိုကဲ့သို့ မြင့်မြတ်သည့် မှော်ပညာရှင်ဖြစ်သည့် ရှုယီက ကုမ္ပဏီထောင်သဖြင့် ခံစားချက်မကောင်းကြပေ။ ထိုအရာသည် သူ၏ရာထူးကိုနိမ့်ချခြင်းကာ သနားစရာပင်ဖြစ်သည်။

ရှုယီ၏အရည်အချင်းသည် မှော်ပညာရှင်အဖြစ် တဖြည်းဖြည်း ပေါ်လာပြီး သူ၏အဆင့်သည် အမြန်ပင် တိုးတက်လာခဲ့သည် နှစ်အနည်းငယ်၌ပင် အဆင့်မြင့်မှော်ပညာရှင်ဖြစ်လာပြီး သူ၏အသက်သုံးဆယ်အစောပိုင်းတွင်ပင် မဟာမှော်ပညာရှင်ဖြစ်လာကာ ရှုယီ၏ ရာထူးသည် ပိုမို၍ ကြီးမားသော အငြင်းပွားစရာဖြစ်လာသည်။

မှော်ပညာရှင်အဖွဲ့အစည်းနှင့် အခြားသော မှော်ပညာရှင်များကပင် ရှုယီသည် အင်အားကောင်းသော မဟာမှော်ပညာရှင်ဖြစ်ကြောင်း တွေးထားကြသည်။ ထို့နောက် သူ၏ မူလရာထူးမှာ မှော်ပညာရှင် ဖြစ်၍ ဒုတိယမှာ ကုန်သည်ဖြစ်သည်။

မှော်ပညာရှင်များသည် ကုန်သည်များအား အမြဲအထင်သေးခဲ့သည်။ ၎င်းသည် လူတိုင်းက အမှန်တရား အဖြစ်သတ်မှတ်ထားကြသောကြောင့်ဖြစ်သည်။ သိုသော် ရှုယီသည် သူကကုန်သည်တစ်ယောက် ဖြစ်ကြောင်း အရေးတယူ ပြောတတ်ကာ သူရာထူးက မှော်ပညာရှင်ဖြစ်သည်ကို ဒုတိယထား ပြောတတ်သည်။

၎င်းသည် သံသယဖြစ်ဖွယ်မရှိအောင်ပင် မှော်ပညာရှင်အဖွဲ့အစည်းနှင့် အခြားမှော်ပညာရှင်များကို မကျေနပ်စေပါ။

ရှုယီ မင်းဟာ မဟာမှော်ပညာရှင်တစ်ယောက်ဖြစ်ရဲ့သားနဲ့ ကုန်သည်တစ်ယောက်လို့ ဘာလို့ ပြောနေရတာလဲ?

ငါတို့မှော်ပညာရှင်တွေရဲ့မျက်နှာ ဘယ်နားသွားထားရမလဲ?

ငါတို့ မှော်ပညာရှင်တွေ အဆင့်မြင်တယ်ဆိုတာ ခံစားရအောင် လွတ်ထားပေးလို့မရဘူးလား?

ထို့ကြောင့် မှော်ပညာရှင်များသည် ရှုယီသည် အင်အားကောင်းသည့်မှော်ပညာရှင်ဖြစ်ကြောင်း တိုက်တွန်းပြောဆိုကြသည်။ သူသည် Frestechကုန်သည်ကြီးများအသင်းဖွင့်လှစ်ခြင်းမှာ မှော်စက်ဟု ခေါ်သော ထူးခြားသည့် မှော် ပစ္စည်းများကိုလေ့လာရန်သာဖြစ်ကြောင်းပြောကြသည်။

သာမန်လူအများစုသည် ရှုယီက ကုန်သည်ဖြစ်ကြောင်း နှင့် Frestechကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်ကြောင်း လွယ်ကူစွာလက်ခံကြသည် အကြောင်းမှာ များစွာသော မှော်စက်ထုတ်ကုန် များသည် သာမန်လူများ၏ဘဝနှင့် သက်ဆိုင်နေသောကြောင့်ဖြစ်သည်။ သာမန်လူအများစုသည် ရှုယီအားမှော်ပညာရှင်အဖြစ်အလုပ်လုပ်ခြင်းထပ် ကုန်သည်အဖြစ်အလုပ်လုပ်နေခြင်းကိုသာ တွေ့မြင်ကြသည်။

ထိုအငြင်းပွားစရာ၏အစမှာ သံသယဖြစ်စရာမရှိအောင်ပင် မှော်ပညာရှင်များက အဆင့်မြင့်ကြပြီး နယ်မြေထဲ၌ ရာထူးကြီးသည့်နေရာများတွင် ရှိကြသောကြောင့်ဖြစ်သည်။ ထိုအကြောင်းအား လူတိုင်းသိပါသည်။

သို့သော် Frestechကုန်သည်ကြီးများအသင်း၏ ထင်ရှားကျော်ကြားမှုမှာ တိုးပွားလာကာ လွမ်းမိုး နိုင်လာပြီးနောက် နယ်မြေထဲရှိ လူများ ရှုယီအကြောင်းကိုပြောကြလျှင် ၎င်းတို့၏ပထမဆုံးအမြင်မှာ Frestechကုန်သည်ကြီးများအသင်း၏ဥက္ကဌအနေဖြင့်သာဖြစ်သည် ၎င်းတို့သည် သူ၏အင်အားကြီးသည့် မှော်ပညာရှင်ဟူသည့် အချက်ကို လျစ်လျူရှုထားကြသည်။

ရှုယီသည် ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်လာသည့်သတင်း မတိုင်မှီထိပင် နောက်ပိုင်းတွင် ရှုယီ၏ ရာထူးကို အငြင်းပွားမှုက ပြန်စလာသည်။

နယ်မြေထဲတွင် မဟာမှော်ပညာရှင် ထောင်ကျော်ရှိကာ ရှုယီသည် မဟာမှော်ပညာရှင်ဖြစ်ပြီးနောက် ထိုရာထူးအား ဂရုမစိုက်လျှင်ပင် ပြဿနာမဟုတ်ပေ သို့သော် နယ်မြေထဲတွင် ကျွမ်းကျင်ဘုန်းတော်ကြီး မှာ အယောက် ၂၀ သာရှိသည်။

ရှုယီသည် ကျွမ်းကျင်ဘုန်းတော်ကြီးအနေဖြင့် အကယ်၍ သူသည် ကုန်သည်တစ်ယောက်ဟုပင် ဆက်ငြင်းနေပြီး မှော်ပညာရှင်တစ်ယောက်ဖြစ်ကြောင်းကိုလျစ်လျူရှုထားလျှင် နယ်မြေထဲတွင် မှော်ပညာရှင်များအား ဘယ်အခြေအနေသို့ ရောက်အောင်လုပ်လိုက်ပါသနည်း သူတို့သည် ထိုကိစ္စအတွက် ဘာကိုလုပ်ကြမည်နည်း?

မည်သို့ပင်ဖြစ်ပါစေ ရှုယီသည် သူသည်ကုန်သည်တစ်ယောက်ဖြစ်ကြောင်း တိုက်တွန်းပြောဆိုနေတုန်း ဖြစ်သည်။ ထိုအရာနှင့်စာလျှင် သူမျက်လုံးထဲ၌ ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်လာသည်မှာ ဖော်ပြရန် မထိုက်တန်ပါ။

ထိုအမြင်သည် အင်ပါယာနှစ်ခုနှင့်တိုက်ပွဲတွင် ပိုမို၍ မြင်သာသည်။

Frestechကုန်သည်ကြီးများအသင်း၏အစောင့်များသည် လူတိုင်းအား မှော်ပညာရှင်များသည် ထိုထပ်ပို၍ တိုက်ပွဲကိုမဆုံးဖြတ်နိုင်တော့ကြောင်း လူတိုင်းကို ပြောပြရန် အေးစက်သည့်အမှန်တရားကို သုံး ခဲ့သည်။

ထို့နောက် Frestechကုန်သည်ကြီးများအသင်းသည် မှော်ပညာရှင်များ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကာ မှော်ပညာရှင်များအား စစ်ပွဲများမှ အပြီးအပိုင် ထုတ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် လူတိုင်းသည် ထိုမှော်ပညာရှင်ဟူသော ရာထူးသည် ရှုယီအတွက် ဘာအဓိပ္ပာယ်မှ မရှိကြောင်း သိကြသည်။ သူတကယ်ဂရုစိုက်သည့် အမည်နာမမှာ ကုန်သည်တစ်ယောက်ဖြစ်ပြီး Frestechကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်သည်။

“ကျွန်တော် အဲ့တာကို လူတိုင်းကိုမဖုံးကွယ်တော့ပါဘူး။ Frestechကုန်သည်ကြီးများအသင်းဟာ ပိုက်ဆံ အနည်းငယ်ရှာနိုင်ခဲ့ပါတယ်။ အရင်နှစ်အနည်းငယ်က ကျွန်တော်တို့ရဲ့ တစ်နှစ်စာ အမြတ်ငွေဟာ ရွှေဒင်္ဂါး သန်းတစ်ရာ ကျော်ခဲ့ပါတယ်”

စင်အောက်မှ လေအေးများဖြတ်သွားသလိုပင်။ လူတိုင်းသည်မှော်စက်များ စိုင်စ်နယ်မြေ၌ ခေတ်စားနေကြောင်းကိုသိသော်လည်း Frestechကုန်သည်ကြီးများအသင်းသည် ထိုအတွက်ကြောင့် အမြတ်ငွေများ ရရှိမည်ကို သိသော်လည်း မည်သူမှ သူတို့ ဤမျှလောက် ချမ်းသာကြောင်း မတွေးမိကြပါ။

ရွှေဒင်္ဂါး သန်းတစ်ရာ…….

၎င်းသည် လူအများစုမစဉ်းစားရဲသည့် ထိတ်လန့်စရာကောင်းသည့် နံပါတ်တစ်ခုဖြစ်သည်။ ၄င်းသည် Frestechကုန်သည်ကြီးများအသင်း၏ တစ်နှစ်စာအမြတ်ငွေပင်ဖြစ်သည်။

“ဒါကြောင့် ဆိုလိုတာက ကုန်သည်တစ်ယောက်ရဲ့ ရှုထောင့်အရ ကျွန်တော်က အရမ်းအောင်မြင် နေတယ်လို့ ပြောနိုင်ပါပြီ။ ကျွန်တော်က ပိုက်ဆံတွေလည်း လုံလောက်အောင်ရှာနိုင်ပြီး ကျွန်တော့် ဘဝကို ပူပန်စရာမလိုပဲ နေနိုင်ပြီ။ ပြဿနာတစ်ခုက ပိုက်ဆံတွေရှာပြီး ဘာလုပ်ရမလဲ ဆိုတာပဲ?”

စင်အောက်ရှိ လူတိုင်းသည် ရုတ်တရက် နားလည်သည့်ပုံများပေါ်လာကြသည်။

ရှုယီ၏ခေါင်းစဉ်သည် သံသယဖြစ်ဖွယ်မရှိအောင်ပင် သူ၏ ပန်းတိုင်ကိုရောက်ရှိသွားပြီဖြစ်သည်။ သူ၏ ရာထူးနှင့် ကြွယ်ဝချမ်းသာမှုအရ ထိုမေးခွန်းများကို ဆုံးဖြတ်လာသည်မှာ သာမန်ပင်ဖြစ်သည်။

၎င်းသည် သူ၏ကိုယ်ပိုင်ပန်းတိုင်သည် Frestechကုန်သည်ကြီးများအသင်းမှ ဖြစ်ပေါ်လာခြင်းကို ဆိုလိုပါသလား?

“ဒီအကြောင်းကိုအချိန်အကြာကြီးဆုံးဖြတ်နေတုန်း ကျွန်တော်ဟာ Frestechကုန်သည်ကြီးများအသင်းကို ဘာကြောင့်စတင်ခဲ့သလဲဆိုတာကိုစဉ်းစားမိတယ်။ Frestechကုန်သည်ကြီးများအသင်းကို ပထမဆုံး စတင်တည်ထောင်ခဲ့တာဟာ နွေရာသီအပူကနေ အေးချမ်းမှုရအောင် မှော်ပန်ကာတွေ လုပ်ချင်လို့ ဖြစ်တယ်။ ပြီးတော့ Frestechကုန်သည်ကြီးများအသင်းကနေပြီး လူတွေရဲ့ နှစ်ပေါင်းများစွာ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ဖြေရှင်းဖို့အတွက် မှော်စက်ပစ္စည်းမျိုးစုံထုတ်နိုင်ခဲ့တယ်။ အဲ့ဒီအထဲမှာမှ ကျေနပ်စရာ အကောင်းဆုံးက စိုက်ပျိုးရေးမှော်စက်တွေပဲ”

ရှုယီက စိုက်ပျိုးရေးမှော်စက်များကို ပြောသည့်အကြောင်းကြားသောအခါ သတင်းထောက်များပင် ဖြစ်စေ သာမန်လူများဖြစ်စေ ရှုယီကို လေးစားသောအကြည့်များနှင့် ကြည်လိုက်ကြသည်။

ရှုယီက မှန်သည် Frestechကုန်သည်ကြီးများအသင်းမှ ဖန်တီးထားသော မှော်စက်များအားလုံးထဲတွင် လူတိုင်းကအလိုလားဆုံးနှင့် ဘဝကိုအပြောင်းလဲနိုင်ဆုံးမှာ သံသယကင်းစွာ စိုက်ပျိုးရေးမှော်စက် များပင်ဖြစ်သည်။

စိုက်ပျိုးရေးမှော်စက်များကြောင့် လန်ပူရီတိုင်းပြည် ၎င်းတို့၏စိုက်ပျိုးရေးနည်းလမ်းကိုပြောင်းလဲခဲ့ပြီး အထွက်နှုန်းများစွာ တိုးတက်လာနိုင်ခြင်း ဖြစ်သည်။ ၎င်းသည် မရေတွက်နိုင်သော လူများကို အငတ်ဘေးမှ ကယ်နိုင်ခဲ့သည် ထို့ကြောင့် လန်ပူရီတိုင်းပြည်ကို ပြောင်းလဲနိုင်ခြင်းဖြစ်သည်။

ပြီးနောက် စိုက်ပျိုးရေးမှော်စက်များ ပြန့်နှံသွားပြီးနောက် နယ်မြေထဲမှ နိုင်ငံများစွာသည် စိုက်ပျိုးရေး မှော်စက်များအား သုံးစွဲကြသည်။ ပြီးနောက် နတ်သူငယ်များ၏ မြေဩဇာများဖြင့် နိုင်ငံများစွာ၏ အစားအစာပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။စိုင်စ်နယ်မြေအား ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို နှစ်ပေါင်းများ စွာ မဖြစ်အောင် လုပ်ပေးနိုင်ခဲ့သည်။

မရေမတွက်နိုင်သောလူများ၌ အခြားအရာများမဆိုနှင့် Frestechကုန်သည်ကြီးများအသင်း၏ လုပ်ဆောင် မှုသည် နိင်ငံအားလုံးထပ် သာလွန်နိုင်ခဲ့သည်။ လူအများစုသည် ရှုယီကို သူတို့၏ကယ်တင်ရှင်အဖြစ် ကြေငြာခဲ့ကြသည်။

“စိုက်ပျိုးရေးမှော်စက်တွေက အရမ်းကောင်းပါတယ်။ ဒါမဲ့ ကျွန်တော်ကတော့ ဒါဟာ မလုံလောက်သေးဘူး လို့ထင်တယ်။ ကျွန်တော့အထင်အရ ဒီကမ္ဘာထဲက လူတွေဟာ ဗိုက်ပြည့်နေတာ နဲ့ အဝတ်အစားတွေ ရှိနေတာနဲ့တင် မကျေနပ်နေသင့်ဘူး။ ဒါထက်စာရင် ပိုမြင့်တဲ့ အရာတွေကိုအမှီလိုက်နိုင်အောင် အားထုတ်ရမယ်”

စင်အောက်မှ လူတိုင်း တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်စွာကြည့်လိုက်ကြသည်။

ရှုယီ၏စကားများသည် အနည်းငယ်လွန်သည်။ စိုင်စ်နယ်မြေထဲမှ လူအများစုအတွက် ဗိုက်ကို ဖြည့်နိုင်ရန်နှင့် အဝတ်အစားများရှိနေနိုင်ရန်ပင် လုံလောက်အောင် ခက်ခဲနေပြီဖြစ်သည်။

လက်ရှိစိုင်စ်နယ်မြေတွင်ပင် လူအများစုသည် ငတ်မွတ်ခေါင်းပါးက အေးသောလေထုတွင် အေးခဲ၍ သေဆုံးနေသူများရှိနေသေးသည်။

ရှုယီသည် စိုက်ပျိုးရေးမှော်စက်များကို အထွက်နှုန်းတိုးရန်အတွက် အသုံးပြုခဲ့ပြီး လူအများစု၏ ငတ်မွတ်ခေါင်းပါးသည့်ပြဿနာကို ဖြေရှင်းနိုင်ခဲ့ခြင်းသည် ကြီးမားသည့် အောင်မြင်မှုတစ်ခုဖြစ်သည်။ သို့သော် ယခု လူသားများသည် ပို၍မြင့်မားသော အရာများကို ရရှိရန် အားထုတ်သင့်သည်ဆိုနေသည်။ ၎င်းသည် မသိတတ်ခြင်းပင်ဖြစ်သည်။

“ကျွန်တော့စကားလုံးတွေကို ခင်ဗျားတို့ သံသယဝင်နေမယ်မှန်း ကျွန်တော်သိပါတယ်” ရှုယီသည် စင်အောက်မှ လူများ၏ အတွေးကို မြင်နိုင်ကာ အပြုံးဖြင့်ဆက်ပြောသည်။

“တကယ်ပဲ လူတိုင်းရဲ့အခြေခံပြဿနာတစ်ခုကိုဖြေရှင်းနိုင်ဖို့ဟာ လွယ်ကူတဲ့ ကိစ္စတစ်ခုမဟုတ်ဘူး။ ဒါမဲ့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ကျွန်တော်ဟာ ကြိုးစားခဲ့ပြီး ဒီကိစ္စအတွက် ဆက်ပြီးလည်း ကြိုးစားနေဦးမှာပါ။ မှော်ပညာရှင်တွေကို စစ်ပွဲကနေ ခေါ်ထုတ်လာခြင်းဟာ သူတို့ကို စက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံစေချင်ပြီး လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးဖြစ်လာစေချင်တယ်။ ကျွန်တော့ကို ယုံပါ။ လုံလောက်တဲ့အချိန်ရှိနေသရွေ့ အခြေခံလိုအပ်ချက်တွေကို ဖြေရှင်းဖို့က အဲ့လောက်မခက်ပါဘူး”

သတင်းထောက်များသည် ထူးဆန်းသော အကြည့် များဖြင့် ရှိနေကြကာ မည်သို့တုံ့ပြန်ရမည်ကို မသိကြချေ။

သီအိုရီအရ ရှုယီမှန်သည်။ သို့သော် အမှန်တကယ်က ရှုပ်ထွေးသည်။ စိုင်နယ်မြေထဲမှ လူအများစုသည် သူ၏ဆန္ဒနောက်လိုက်ကာ သူတို့ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်လာကြမည်လား?

“ကျွန်တော်တို့ အရင်ပြောထားတဲ့ ခေါင်းစဉ်ကို ပြန်ပြောသင့်တယ်” ရှုယီသည် ရုတ်တရက် ကောင်းကင် ကို ကြည့်လိုက်ကာ အတွေးထဲတွင် နစ်မြောသွားသည်။

စင်အောက်မှလူတိုင်းသည် ကောင်းကင်အား သိချင်စိတ်ဖြင့် ကြည့်လိုက်ရာ သူတို့သည် တောက်ပနေ သည့် တိမ်မရှိသော ကောင်းကင်ကိုသာမြင်ရသည်။

ခနကြာပြီးနောက် ရှုယီသည် ခေါင်းကိုငုံကာ ပြောသည် “အားလုံးပဲ ခင်ဗျားတို့အောက်မှာ နင်းနေတဲ့ မြေဟာ ဘယ်လိုမျိုးလဲဆိုတာသိကြလား?” လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက် ကာ ဘန်တာတိုင်းမ်မှ သတင်းထောက်က မဝံ့မရဲ လက်ကိုမြောက်လိုက်သည်။ ရှုယီကခေါင်းငြိမ့်ကာ တုံ့ပြန်လိုက်သည်။

“ဥက္ကဌရှု ကျွန်တော်မှတ်မိတာ ခင်ဗျားထုတ်ဝေတဲ့ မှာ ခင်ဗျား ဒီအကြောင်းကိုဆွေးနွေးဖူးတယ်။ အဲ့ဒီဆောင်းပါးမှာ ခင်ဗျားက ကျွန်တော်တို့အောက်ခြေက မြေဟာ ကြီးမားတဲ့စက်လုံးကြီးဖြစ်ပြီး စိုင်နယ်မြေဟာ အဲ့ဒီစက်လုံးကြီးရဲ့ တစ်စိတ်တစ်ပိုင်းပဲဆို အဲ့ဒီစက်လုံး ကိုယ်တိုင်မှာတော့ အဆုံးမဲ့ပင်လယ်က အများစု ဖုံးလွမ်းနေတယ်လို့ ပြောထားတယ်။ ကျွန်တော် မှန်ရဲ့လား?”

ရှုယီက အဖြေပြန်မပေးမီ လူထုသည် အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။ ထိုသတင်းထောက်များထဲတွင် အများစုက< Frestechမှော်စက်များအပတ်စဉ်> အား ဖတ်ကြသော်လည်း ရှုယီ၏ ထိုဆောင်းပါးကိုဖတ်ဖူးသူက အနည်းငယ်သာရှိသည်။

အကယ်၍ ထိုဆောင်းပါးအားမြင်ပြီးလျှင်ပင် ရှုယီ၏ဦးနောက်သည် ထည့်ထားတာများကာ အဓိပ္ပာယ် မရှိသည်များ တစ်ချိန်ထပ်တစ်ချိန် ဖြစ်လာသည်ဟုပင် တွေးကြမည်ဖြစ်သည်။

ဒါက ဘယ်လိုဟာသလဲ?

ငါတို့ရဲ့အောက်မှာစက်လုံးကြီးရှိတယ်လား? အကယ်၍အမှန်ဆိုလျှင် မြောက်ဖက်က လူတွေက ပြုတ်မကျသွားဘူးလား?

ရှုယီသည် အမျိုးမျိုးသော အမူအရာများအား မြင်ပြီး ဖျော့ဖျော့ပြုံးလိုက်သည်။ သူသည် ဤကမ္ဘာမှ လူများအားအခြေခံ နက္ခတ္တဗေဒနှင့် ပထဝီဝင်ကို လက်ခံအောင်လုပ်နိုင်ရန် မလွယ်ကူသေးကြောင်း တွေးလိုက်မိသည်။

သို့သော် သူ၏အားသာချက်မှာ သူ့ရာထူးအဆင့်တန်းပင်ဖြစ်သည် ထိုအရာကြောင့် သူပြောသည့် အရာများအား လူများသည် သေချာစွာနားထောင်မည်ဖြစ်ပြီး သုံးသပ်ကြလိမ့်မည်။

“ဟုတ်တယ် ကျွန်တော်က အဲ့ဒီဆောင်းပါးကို ထုတ်ဝေခဲ့ဖူးပြီး အဲ့လိုပြောဖူးတယ်” ရှုယီက ဘန်တာတိုင်းမ်မှ သတင်းထောက်အား ခေါင်းငြိမ့်ပြလိုက်ပြီး သူအားထိုင်ရန် အချက်ပြလိုက်သည်။ “ကျွန်တော်တို့ ခြေထောက်အောက်က ဂြိုလ်အတွက် Frestechကုန်သည်ကြီးများအသင်းကနေပြီး တစ်ကမ္ဘာလုံးကိုဖြတ်သန်းဖို့ ရေကြောင်းခရီးစီစဉ်ပြီး အားလုံးကိုသက်သေပြဖို့ လုပ်နေပါတယ်”

လူထုသည် အုတ်အုတ်ကျက်ကျက် ဖြစ်သွားပြန်သည် Frestechကုန်သည်ကြီးများအသင်းသည် ကမ္ဘာ တစ်ခုလုံးကို ရေကြောင်းဖြင့် ရွက်လွင့်မည်လား? သူတို့သည် ထိုအကြောင်းကို အလုံးစုံ နားမလည်သော်လည်း ထိုနာမည်ကိုကြား၍ ကြီးမားသော ငွေကြေးအမြောက်အများ ကုန်ကျမည့် ကိစ္စတစ်ခုဖြစ်မည် ကိုတော့ သိပါသည်။

ရှုယီသည် သူတို့အား ဤဂြိုလ်ပေါ်တွင် သူတို့ရှိနေကာ ဤဂြိုလ်သည်လုံးဝန်းကြောင်း သက်သေပြနိုင်ဖို့ အရင်းအနှီးများစွာ ထည့်ဝင်မည်မှာ ဖြစ်နိုင်ပါသလား?

ရှုယီသည် လူတိုင်း၏တုံ့ပြန်ချက်များကို ဂရုမစိုက်ပဲ ဆက်၍ “ဒီနေ့အတွက်ကတော့ ကျွန်တော်တို့ ဒါထပ် လေးနက်တဲ့ကိစ္စတစ်ခုကိုဆွေးနွေးကြရမယ်။ အကယ်၍ လူတိုင်းက ခေါင်းကို မော့ကြည့်လိုက်ကြရင် ကောင်းကင်ပေါ်က နေကို တွေ့နိုင်ကြလိမ့်မယ်။ ပြီးတော့ ကျွန်တော်ကသာ အားလုံးကို ဒီနေဟာ အလင်းထုတ်တဲ့ ကြီးမားတဲ့ကြယ်တစ်ခုဖြစ်ပြီး ကျွန်တော်တို့အောက်မှာရှိတဲ့ ဂြိုလ်ထပ် အဆပေါင်းများစွာ ကြီးမားတယ်လို့ပြောရင် ခင်ဗျားတို့ဘယ်လိုထင်ကြလဲ?”

လူတိုင်းသည် ရှုယီအား ကြောင်ကြည့်နေကြကာ သူ့စကားများအား မည်သို့မှ မတုံ့ပြန်ကြပါ။

***

Volume 7 အပိုင်း ၁၆၀ ။ ငါတို့ပန်းတိုင်က ကြယ်တွေဆီက ပင်လယ်ပဲ ( Volume 7 နောက်ဆုံးပိုင်း)

နက္ခတ္တဗေဒအား အခြေခံပင်မသိသောသူများအား ဗဟုသုတများဖြန့်ဝေရခြင်းသည် အမှန်တကယ်ပင် လုပ်ဆောင်ရန်ခက်ခဲသောအလုပ်ဖြစ်သည်။

ရှုယီသည် စင်ပေါ်၌စကားပြောနေကာ သတင်းထောက်များနှင့် ပြည်သူများသည် ငေးကြည့်နေကြသလို ရှုပ်ထွေးနေသည့်အကြည့်များလည်းပါသည်။ မည်သို့ပင်ကြည့်ပါစေ သူတို့နားမလည်ကြောင်း ရှင်းလင်းနေပါသည်။

ရှုယီသည် သူတို့ယခုတွင် နားလည်နိုင်ရန်မျော်လင့်ချက်လည်းမရှိပါ သူသည် ထိုသူများအား ထိုအရာများကို ပြောခြင်းသည် အခြေခံအသိတရားရှိသွားရန်ဖြစ်သည်။

နာရီဝက်ခန့်ကြာပြီးနောက် ရှုယီသည် ရှင်းလင်းချက်ကို ရပ်လိုက်သည်။

အချိန်အနည်းငယ်တိတ်ဆိတ်သွားပြီးနောက်တွင် ဘန်တာတိုင်းမ်မှ သတင်းထောက်သည် ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။

“ဥက္ကဌရှု ခင်ဗျား…….”

သူသည်စကားစပြောလိုက်သည်နှင့် တဖန် သူ့ပါးစပ်ကိုပြန်ပိတ်လိုက်ကာ တွန့်ဆုတ်နေသည့်ပုံစံ ဖြစ်နေသည်။

ရှုယိက ခေါင်းငြိမ့်လိုက်ကာ အပြုံးဖြင့် “နားမလည်တာရှိရင် ဘာပဲဖြစ်ဖြစ် မေးလို့ရပါတယ်”

သတင်းထောက်သည် အနည်းငယ်တွန့်ဆုတ်နေကာ ခေါင်းခါလိုက်သည် ပြီးနောက် သူသည် ဆုံးဖြတ်ချက်ချလိုက်ကာ မေးလိုက်သည်။ “ဥက္ကဌရှု ဥက္ကဌကပြောတာ ကျွန်တော်တို့ရပ်နေတဲ့ဂြိုလ်နဲ့ ကျွန်တော်တို့ခေါင်းပေါ်မှာရှိတဲ့ ကြီးမားတဲ့ဂြိုလ်ဖြစ်တဲ့ နေရှိတယ်လို့ပြောတယ်။ ကျွန်တော်တို့ ရှိနေတဲ့ဂြိုလ်ဟာ နေကိုပတ်နေပြီး ညကောင်းကင်က ကြယ်တွေဟာလဲ နေလိုပဲ လုံးဝန်းတယ်လို့ ပြောတယ်။ ကျွန်တော်က ဒါတွေကိုနားမလည်ပေမဲ့ ကျွန်တော်ထင်တာ ဥက္ကဌပြောတာက ကျိုးကြောင်း ဆီလျော်တယ်လို့ ထင်တယ်။

တစ်ခု….တစ်ခုပဲ ဥက္ကဌက ဒါတွေအားလုံးကို ဘယ်ကနေသင်ယူလာတာလဲ?”

ထိုမေးခွန်းသည် လူတိုင်း၏အာရုံကိုဆွဲဆောင်သွားသည်။

မှန်သည် ရှုယီဖော်ပြသည့်အရာများသည် အလွန်အင်အားကြီးကာ လူတိုင်း၏မျက်စိကိုပွင့်စေသည် သူတို့နေထိုင်သောကမ္ဘာသည် ထူးခြားဆန်းပြားကာ အရောင်စုံကြောင်းနားလည်စေသည် ရှုယီက ဤအကြောင်းအရာများကို မည်သည့်နေရာမှ သင်ယူလာခဲ့သနည်း?

“အကယ်၍ ကျွန်တော်က ရှေးဟောင်းအမွေအနှစ်တစ်ခုကို ရပြီး ဒီဗဟုသုတတွေ ရလာတယ် လို့ပြောရင် ခင်ဗျားတို့ယုံမလား” ရှုယီက အပြုံးနှင့်ပြောသည်။

ဘန်တာတိုင်းမ်မှ သတင်းထောက်နှင့် အခြားသောသတင်းထောက်များ သာမန်ပြည်သူများသည်ပင် ရှုယီအား “ငါ့ကိုလာနောက်နေတာပဲ” ဟူသောအကြည့်နှင့်ကြည့်နေကြသည်။

အကယ်၍ ရှေးဟောင်းအမွေအနှစ်တစ်ခုသာဆိုလျှင် စိုင်စ်နယ်မြေတွင် ထိုအရာအား ခြေရာခံနိုင်ခြင်း မရှိသည်မှာ မဖြစ်နိုင်ပါ။

ထို့ပြင် ရှုယီသည်ထိုကိစ္စကို တခါမျှပင် မပြောဖူးပေ။ ထို့ကြောင့် ယခုမှဘာကြောင့် ပြောရပါသနည်း?

ရှုယီသည် ထိုမျှော်လင့်ချက်မဲ့နေသောသူများသည် သူ၏ရှင်းပြချက်ကိုယုံကြည်မည်မဟုတ်မှန်းသိ၍ ၎င်းတို့ မေးခွန်းထပ်မမေးနိုင်ခင်တွင် သူကပြောလိုက်သည်။ “အခုကတော့ ကျွန်တော်က ဒီဗဟုသုတတွေ ဘယ်လိုရခဲ့တယ်ဆိုတာကို ထုတ်ဖော်မပြောနိုင်သေးဘူး။ ဒါပေမဲ့ ကျွန်တော်အာမခံပြီး ပြောနိုင်တာတစ်ခုက ဒီဗဟုသုတတွေဟာ အမှန်ဖြစ်တယ်ဆိုတာနဲ့လေ့လာမှုတွေကနေ သက်သေပြနိုင်တယ် ဆိုတာပဲ”

လူတိုင်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြကာ မည်သူမှ ကန့်ကွက်လိုခြင်းမရှိကြပေ ရှုယီ၏ လက်ရှိရာထူးနှင့် သူတို့အား ဟာသလုပ်နေစရာမလိုပါ။

ထို့အပြင် သူ၏ရှင်းပြချက်များသည် အလွန် စွဲမက်စရာကောင်းကာ လူများအား ဤကမ္ဘာပေါ် ကြည့်သည့် နည်းလမ်းများကို လုံးဝပြောင်းလဲပစ်နိုင်သည်။

အကယ်၍ ဤကမ္ဘာသည် ရှုယီပြောသလိုပင် ကျယ်ပြောသည်ဆိုလျှင် သူတို့အပေါ်၌ အဆုံးအစမဲ့ စကြဝဠာကြီးရှိလိမ့်မည် ၎င်းသည်မည်မျှ တုန်လှုပ်စရာကောင်းလိမ့်မည်နည်း။

“ဥက္ကဌရှု အခုနကပြောတဲ့ကိစ္စနဲ့ ဥက္ကဌပြောတဲ့ ပန်းတိုင်နဲ့က ဘယ်လိုများဆက်စပ်နေပါသလဲ?” သတင်းထောက်က ရုတ်တရက်ထမေးသည်။

လူတိုင်းသည် ကြောင်နေရာမှ သတိ ပြန်ဝင်လာကြသည်။ ဟုတ်သားပဲ ရှုယီ တစ်ချိန်လုံး ပြောနေသည့် ကိစ္စသည် သူပြောခဲ့သည့် ခေါင်းစဉ်နှင့် မည်ကဲ့သို့ ဆက်စပ်နေပါသနည်း?

“ဆက်စပ်မှုရှိတာ သေချာတာပေါ့” ရှုယီက အပြုံးဖြင့်ပြောသည် “အားလုံးပဲစဉ်းစားကြည့်ပါ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်က လူတိုင်းဟာ စိုင်စ်နယ်မြေတစ်ခုပဲ ဒီကမ္ဘာမှာရှိတယ်လို့ ထင်ကြတယ်။ စိုင်စ်နယ်မြေနဲ့ အဆုံးမဲ့ပင်လယ်ပဲရှိတယ်လို့ထင်ကြတယ်။ ဒါမဲ့ ကျွန်တော်တို့ Frestechကုန်သည်ကြီးများအသင်းက ရေတပ်တွေဟာ ကောလဟသထဲက နယ်မြေတွေဟာ အမှန်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီး လူတိုင်းဟာ ဒီကမ္ဘာဟာ ထင်ထားတာထပ် ကြီးကြောင်း ရှာတွေ့ခဲ့ကြတယ်”

“နောက်တစ်ချက်က လူတိုင်းကို ကျွန်တော်တို့ခြေထောက်အောက်က ကမ္ဘာကြီးဟာ စက်လုံး ဖြစ်ကြောင်းနဲ့ ဒီစက်လုံးပေါ်မှာ နယ်မြေတွေအများကြီး ရှိသေးကြောင်း သက်သေပြချင်တယ်။ နယ်မြေတစ်ခုချင်းဆီဟာ မတူညီတဲ့ နေထိုင်တဲ့သက်ရှိတွေရှိပြီး မတူညီတဲ့ ယဉ်ကျေးမှုတွေရှိတယ်”

“ကျွန်တော်တို့ဟာ ကျွန်တော်တို့ခြေထောက်အောက်က ဂြိုလ်အကြောင်းနားလည်သွားတာနဲ့ နောက်တစ်ခု လုပ်ချင်တာက ကျွန်တော်တို့အပေါ်မှာရှိတဲ့ ကြယ်တွေဆီကို အတွေ့အကြုံရအောင် ခေါ်သွားချင်တယ်။ လူတိုင်းကိုသိစေချင်တာက ကျွန်တော်တို့အောက်က ဂြိုလ်အပြင် မရေမတွက်နိုင်တဲ့ ကမ္ဘာတွေဟာ ကျွန်တော်တို့လေ့လာဖို့ ရှိနေသေးတယ်ဆိုတာပဲ”

လူတိုင်းသည် ရှုယီနောက်သို့လိုက်ကာ ကောင်းကင်ပေါ်သို့ကြည့်လိုက်ကြသည် သို့သော် သူတို့သည် ပြာလဲ့ ကြည်လင်နေသော ကောင်းကင်ကိုသာမြင်နိုင်ကြပြီး ရှုယီညွှန်းဆိုသည့် ကောင်းကင်အောက်မှ အဆုံးအစမရှိသည့် စကြဝဠာအား မမြင်နိုင်ကြပါ။ သူတို့သည် ကြယ်များကိုပင်မမြင်နိုင်ကြပါ။

သတင်းစာတိုက်ကြီးများမှ သတင်းထောက်များသည် သူတို့ ရှုယီ၏စကားများကို လိုက်၍ မမှီနိုင်တော့မှန်း သိလိုက်ကြသည် နောက်ဆုံး၌ သူပြောချင်သည်မှာ အဘယ်နည်း?

ရှုယီသည် ကောင်းကင်ကိုခနကြည့်လိုက်ကာ စင်အောက်မှ သတင်းထောက်ထောင်ချီကို ပြန်ကြည့် လိုက်သည်။ သူသည် ကြောင်အနေသော ပြည်သူများကိုကြည့်လိုက်သည် ထိတ်လန့်နေသော ဟိန့်ဇ်အားလည်းကြည့်လိုက်ကာ အသက်ပြင်းပြင်းရှုလိုက်ပြီး သူလက်များကိုဖြန့်လိုက်သည်။

“ဒီကမ္ဘာကြီးက ဒီလောက်ကြီးတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီစိုင်စ်နယ်မြေလို နေရာသေးသေးလေးမှာပဲ ပိတ်မိနေပြီး သေးငယ်တဲ့ အကျိုးအမြတ်တွေအတွက် တိုက်ခိုက်နေဖို့ ဘာလို့ လိုအပ်မှာလဲ။ ခင်ဗျားတို့ စဉ်းစားကြည့် အဓိပ္ပာယ်ကောရှိရဲ့လား?” သတင်းထောက်များသည် ကြောင်အနေကြပြီးမှ ခါးသက်သက်ပြုံးလိုက်ကြသည်။

ရှုယီ၏ ဤကမ္ဘာအကြောင်းရှင်းပြချက်သည် အလွန်လှပပြီး သူ၏မေးခွန်းများသည် ပြင်းထန်ကြောင်းကို ဝန်ခံပါသည်။ သို့သော် စိုင်စ်နယ်မြေကလူများအနေနှင့် အထူးသဖြင့် လူတို့၏ပတ်ဝန်းကျင်တွင် သယံဇာတများကို အများဆုံးထိန်းချုပ်နေသည့်သူများအတွက်မူ ရှုယီ၏စကားများသည် တစ်စက်မျှ အဓိပ္ပာယ်ရှိမည် မဟုတ်ပါ။

မှန်ပါသည် စိုင်စ်နယ်မြေမှတစ်ခုတည်းသာမဟုတ်ပဲ ဤဂြိုလ်၌ပင်ဆိုလျှင် ထိုကိစ္စသည် သူတို့အတွက် ဘာလုပ်ရမည်နည်း သူတို့သည် စိုင်စ်နယ်မြေထဲမှ သယံဇာတများကို ထိန်းချုပ်ထားနိုင်သည်။

စိုင်စ်နယ်မြေ၏ လူသားတို့၏နည်းပညာများဖြင့် Frestech ကုန်သည်ကြီးများအသင်းမှလွဲ၍ အခြားနိုင်ငံများနှင့် အဖွဲ့အစည်းများသည် အခြားနယ်မြေအသစ်များသို့မသွားနိုင်ပါ ထို့ကြောင့် ထိုနယ်မြေအသစ်များ၌ သယံဇာတများကို ၎င်းတို့မည်သို့ရနိုင်မည်နည်း?

ရှုယီသည် အပြုံးတစ်ခုပြုံးလိုက်ကာ သူ၏မျက်လုံးသည်သူနားလည်ကြောင်းကိုပြနေသည်။

“စိုင်စ်နယ်မြေထဲက လူတွေအားလုံးကို ဒီဂြိုလ်ရဲ့ပုံစံအမှန်ကိုပြနိုင်ဖို့ ကျွန်တော်တစ်ခု ကြော်ငြာချင်ပါတယ်။ ရေကြောင်းခရီးနဲ့ ဒီကမ္ဘာကိုမပတ်ခင် Frestechကုန်သည်ကြီးများအသင်းဟာ ကျွန်တော်တို့ရဲ့ မှော်သင်္ဘောနည်းပညာကို နိုင်ငံတိုင်းနဲ့ အဖွဲ့အစည်းတိုင်းကို ဖွင့်ပြတော့မှာပါ။ ကျွန်တော်တို့ Frestechကုန်သည်ကြီးများအသင်းဟာ လူတိုင်းကို ကျွန်တော်တို့နဲ့အတူ နယ်မြေအသစ်ကိုသွားဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ရဲ့ခြေထောက်အောက်က ဂြိုလ်ကိုအတူတူလေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်”

စင်အောက်မှ အုတ်အုတ်ကျက်ကျက်ဖြစ်နေသံများသည် ရုတ်တရက်တည်ငြိမ်သွားကာ မြို့လယ်ခေါင် တစ်ခုလုံးသည် တိတ်ဆိတ်သွားသည်။

သို့သော် ထိုတိတ်ဆိတ်မှုသည် စက္ကန့်အနည်းငယ်သာခံပြီး နားအူမတတ်ဆူညံသံများ ဝင်ရောက်လာ သည်။

ပြည်သူများက များစွာတုံ့ပြန်ခြင်းမရှိသော်လည်း သတင်းထောက်များသည် ထိတ်လန့်သော အမူအရာ များနှင့် ဖြစ်နေကြသည်။

Frestechကုန်သည်ကြီးများအသင်းရှိ နည်းပညာများထဲတွင်အကယ်၍ နိင်ငံအားလုံးနှင့် အဖွဲ့အစည်းများ အလိုချင်ဆုံး အရာတစ်ခုကိုပြောပါဆိုလျှင် စစ်ဘက်သုံးမှော်စက်နည်းပညာဖြစ်လိမ့်မည်။ ဒုတိယတစ်ခု အနေဖြင့် မှော်သင်္ဘောနည်းပညာပင်ဖြစ်လိမ့်မည်။

Frestechကုန်သည်ကြီးများအသင်းက နယ်မြေအသစ်ကိုရှာဖွေတွေ့ရှိကြောင်းပြောစဉ်က စိုင်စ်နယ်မြေ တစ်ခုလုံး ဂယက်ထသွားသည်။

လူတိုင်းသည် နယ်မြေအသစ်ကိုသွားလိုကြသည်သို့သော် Frestechကုန်သည်ကြီးများအသင်းမှလွဲ၍ မည်သူမှ ရေကြောင်းခရီးဖြင့် သွားနိုင်ရန် သင်္ဘောများမရှိခဲ့ပေ။ ထို့ကြောင့် သူတို့သည် Frestechကုန်သည်ကြီးများအသင်း နယ်မြေအသစ်ကိုသွားခြင်းကို ကြည့်နေရုံသာတတ်နိုင်သည်။

ယခု ရှုယီက Frestechကုန်သည်ကြီးများအသင်းသည် မှော်သင်္ဘောနည်းပညာကို ထုတ်ပေးမည့် အကြောင်းကို ကြေငြာသောအခါ အခြားနိုင်ငံများနှင့်အဖွဲ့အစည်းများသာမက အခြားသောသူများပါ ရွက်လွင့်ကာ အခြားနယ်မြေများသို့ သွားနိုင်တော့မည်လား?

ထို သတင်းစာရှင်းလင်းပွဲသည် ပထမဆုံး သတင်းကြီးတစ်ခုဟုသတ်မှတ်နိုင်သည်။ သူတို့သည် အစပိုင်း၌ ထိတ်လန့်နေပြီးနောက် သတင်းထောက်များသည် ချက်ခြင်း လက်ထောင်ကာ သူတို့၏မေးခွန်းများကိုမေးကြတော့သည်။

ရှုယီသည် ထိုသတင်းထောက်များ၏ မှော်သင်္ဘောနည်းပညာအကြောင်းမေးခွန်းများကို အပြုံးဖြင့် ဖြေနေကာ စိတ်ထဲတွင် တိတ်ဆိတ်စွာ မကျေမနပ်ဖြစ်နေသည်။

သူသည် တစ်ချိန်လုံး သူ၏ခံစားချက်များကို ရှင်းပြဖော်ထုတ်နေသော်လည်း ထိုသူများသည် ကန့်သတ်မှုကိုမသိပဲ သူရှင်းပြသည့် ဤကမ္ဘာအပေါ်စိတ်မဝင်စားပဲ သူထုတ်ပေးမည့် နည်းပညာ အကြောင်းကိုသာ စိတ်ဝင်စားကြသည်။

သို့သော် သူတို့အား အပြစ်တင်၍ရမည်မဟုတ်ပေ သူတို့သည် ရှုယီကဲ့သို့ ကမ္ဘာကူးပြောင်းလာသူများ မဟုတ်သဖြင့် သူတို့၌ ကမ္ဘာမှလာသော ဗဟုသုတမျိုးမရှိနိုင်ပေ။

သူတို့၏ ဤကမ္ဘာပေါ်နားလည်မှုသည် Frestechကုန်သည်ကြီးများအသင်းမပေါ်လာခင်ထိ စိုင်စ်နယ်မြေ တစ်ခုသာရှိခဲ့သည်။

Frestechကုန်သည်ကြီးများအသင်းသည် နယ်မြေသစ်ရှာနိုင်ခဲ့ခြင်းသည်ပင် သူတို့ကိုထိတ်လန့်စေရန် လုံလောက်နေသည်။

ရှုယီပေးသကဲ့သို့အခြားကမ္ဘာ၏အမြင်ကို လက်ခံနိုင်ရန်မှာ ရှင်းလင်းစွာ ခက်ခဲနေမည်ဖြစ်သည်။

ရှုယီက ထိုကိစ္စကြောင့် စိတ်မပျက်သွားပါ

စင်အောက်မှ သတင်းထောက်များသည် သူအတွက် အသံချဲ့စက်တစ်ခုပင်ဖြစ်သည်။ ဒီနေ့တွင် သူပြောခဲ့သည့် အကြောင်းများကို ဖြန့်ဝေရန် တာဝန်ယူပေးကြလိမ့်မည်။

စိုင်စ်နယ်မြေက လူများသည် ရှုယီယနေ့ပြောသည်များကို ကြားလျှင် တဖြည်းဖြည်း လက်ခံ လာလိမ့်မည် ပြီးနောက် ရှုယီ ၏ ယနေ့အတွက်ပန်းတိုင်မှာ တစ်ဝက်ပြီးမြောက်သွားပြီဖြစ်သည်။

သူသည် ယနေ့ပြောသည့်အကြောင်းများကို သင်ယူမိသည်နှင့် စိုင်နယ်မြေမှလူများသည် ရှေ့ရေးကို ကြိုမြင်လာကာ စီစဉ်ထားသည့်အတိုင်း ရှုယီ၏အာရုံစိုက်မှုနှင့် ကြိုးစားမှုတို့ကို မြင်လာကြလိမ့်မည်။

သတင်းထောက်များ၏ မှော်သင်္ဘောများနှင့်ပက်သက်သည့် မေးခွန်းများ တဖြည်းဖြည်း အနည်ထိုင် သွားပြီးသည့်နောက် ငြိမ်းချမ်းရေးပြန်ရသွားမှ ရှုယီသည် ဝေ့ကြည့်လိုက်ကာ ပြုံးလျက်ပြောလိုက်သည် “အားလုံးပဲ ကျွန်တော်ထင်တာ ဒါတွေအားလုံးပြောပြီးနောက် အားလုံးက ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် ကို နားလည်လောက်ပြီပေါ့ ဟုတ်လား?”

သတင်းထောက်များသည် မသေချာစွာ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။

ရှုယီမည်သို့ပြောချင်သည်ကို ခန့်မှန်းမိသော်လည်းတစ်ဦးမျှမယုံကြပါ။

“ကျွန်တော်တို့ပန်းတိုင်က အရမ်းရိုးရှင်းပါတယ်။ ဒါက ကျွန်တော်တို့ခေါင်းပေါ်က ကြယ်တွေဆီက ပင်လယ် (ကြယ်ပင်လယ်)ကိုပါ” ရှုယီသည်ကောင်းကင်ကိုလက်ညိုးထိုးကာ အသံကျယ်လောင်စွာနှင့် ပီသစွာပြောလိုက်သည်။”လက်ရှိကျွန်တော်တို့ဟာ ကျွန်တော်တို့ ခြေထောက်အောက်က ဂြိုလ်ထဲမှာ ကန့်သတ်ခံနေရတယ်။ ဒါမဲ့ တစ်နေ့မှာ ကျွန်တော်တို့ဟာ ကောင်းကင်ကို ဖောက်ထွက်ပြီး အဆုံးအစမရှိတဲ့ စကြဝဠာထဲကို ဝင်ကြမယ်”

သတင်းထောက်များသည် ရှုယီကို မည်သို့တုံ့ပြန်ရမှန်းမသိပဲကြည့်နေကြသည်။

Frestech ကုန်သည်ကြီးများအသင်း၏ဥက္ကဌသည် အရူးတစ်ယောက်ဟုဆိုလျှင် သူကမည်မျှပင် ရူးပါစေ သူသည် ထိုကဲ့သို့အမှန်တကယ် မဖြစ်နိုင်သည့်ပန်းတိုင်ကို မည်သို့ပြောနိုင်ပါမည်နည်း?

ကောင်းကင်ကိုဖောက်ထွက်သွားမည်လား?

အဆုံးအစမဲ့ စကြဝဠာကို ဝင်မည်လား?

ကောင်းကင်သည်မည်မျှကွာဝေးကြောင်းမည်သူမှမသိကြပေ။ ထို့ကြောင့် မည်သူမှ ရှုယီ ဖော်ပြခဲ့သော ပန်းတိုင်သည် အမှန်တကယ်ပင် မည်မျှကွာဝေးကြောင်းကို မသိကြပါ။

***

(Volume 7 ငါတို့ပန်းတိုင်က ကြယ်တွေဆီက ပင်လယ်ပဲ ပြီးပါပြီ)

All Chapters