ကြောက်မက်ဖွယ် ကံဆိုးခြင်း စွမ်းရည်၊ လမ်းလျှောက်နေသည့် နျူကလီးယား လက်နက်!
Vol. 8 Ch. 100
[တဖြည်းဖြည်းနှင့် သင်သည် သင် ဖော်စပ်နေသော ဆေးဝါးများတွင် ကံဆိုးမိုးမှောင် ကျရောက်စေသည့် ကျိန်စာ မပါဘူး ဆိုတာကို သဘောပေါက်လာသည်။ ကံဆိုးသူက သင်ကိုယ်တိုင်ပါ။ သင် ဘယ်ကိုပဲ သွားသွား သင့်ပတ်ဝန်းကျင်က လူတွေမှာ ကံဆိုးမိုးမှောင်မှုတွေ ကျရောက်နေပုံ ရသည်။]
[ဒါကြောင့် သင်ဟာ ဆင်းသက်ဂိုဏ်းထဲမှာပဲ ဆက်နေဖို့ ပိုပြီး အကြောင်းပြချက် ခိုင်လုံသွားသည်။ သင့်ရဲ့ ကံဆိုးမိုးမှောင်မှုတွေ သူတို့အပေါ် သက်ရောက်စေဖို့ သင် မျှော်လင့်နေသည်။]
[စတုတ္ထနှစ်မှာ သင်သည် နေ့စဉ် ကိုယ်ခံအား မြှင့်တင်ခြင်းကို ကျင့်ကြံနေဆဲ ဖြစ်ပြီး ဝိညာဉ်စုစည်းခြင်း ဆေးလုံးများကိုတောင် စတင် ဖော်စပ်နေပြီ ဖြစ်သည်။]
[ထိုနှစ်တွက်ပင် ဆင်းသက်ဂိုဏ်းမှ အကြီးအကဲ အဆင့်ရှိသူ နှစ်ဦး သေဆုံးသွားခဲ့သည်။]
[ပဉ္စမနှစ်တွင် သင့်မှာ အသားအနှစ် များစွာ ရှိလာသည်။ စုန်းမျိုးနွယ်စု၏ ကိုယ်ခံအား မြှင့်တင်ခြင်း နည်းလမ်းများကို ကျင့်သုံးခြင်းအားဖြင့် သင့်ရဲ့ ကိုယ်ခံအား မြှင့်တင်ခြင်း အဆင့်သည် မူလကိုယ်ခံအား နယ်မြေ၏ တတိယအလွှာသို့ အောင်မြင်စွာ တိုးတက် ရောက်ရှိသွားသည်။]
[ထိုနှစ်မှာပင် ဆင်းသက်ဂိုဏ်းမှ စောင့်ရှောက်သူ အဆင့်ရှိသူ တစ်ဦးကို ဆုံးရှုံးခဲ့ရပြန်သည်။]
[ဆဋ္ဌမနှစ်တွင် သင်သည် ဝိညာဉ်စုစည်းခြင်း ဆေးလုံးများကို ဆက်လက် ဖော်စပ်လျက် ရှိသည်။ တစ်နှစ်တာ အတွင်း အသုတ်ရာနှင့်ချီ ဖော်စပ်ခဲ့ပြီး ဆေးလုံးသုံးရာနီးပါး အောင်မြင်ခဲ့သည်။ သင်၏ နည်းပညာ တိုးတက်နေသည်ဟု သင် ခံစားရသည်။]
[ယင်းနှစ်မှာပင် စောင့်ရှောက်သူ နှစ်ဦးသည် အကြီးအကဲ အချို့ကို ဦးဆောင်ကာ လူသား မျိုးနွယ်စု၏ တပည့်များကို နတ်ဆိုး နှိမ်နင်းရေး တောင်ကြားတွင် လျှို့ဝှက်လုပ်ကြံရန် သွားခဲ့သည်။ သူတို့ကို တိုင်းတစ်ပါးသားများက ရန်သူတွေဟု မှားယွင်းထင်မှတ်ကာ ပါဝင်သည့် စောင့်ရှောက်သူနှင့် အကြီးအကဲ အားလုံး အသတ်ခံခဲ့ရသည်။ကျုံးသည်လည်း ပြင်းထန်သည့် ဒဏ်ရာများ ရခဲ့သည်။ သို့သော် သူ့တွင် အသက်ကယ် နည်းလမ်းပေါင်း များစွာရှိသည့်အတွက် သေမင်းလက်ကနေ ချော်ထွက်ကာ ဆက်လက် အသက်ရှင်နိုင်ခဲ့သည်။]
စုရှင်းသည် ထိုအရာကို ကြားရသည်နှင့် ရယ်မောမတတ် ဖြစ်သွားသည်။ သူ၏ မွေးရာပါ ကံဆိုးမိုးမှောင်မှုကြောင့် သူသည် လမ်းလျှောက်နေသော နျူကလီးယားဗုံးနှင့် တူနေပြီ!
“ကောင်းလိုက်တာ ငါက ဆင်းသက်ဂိုဏ်းထဲမှာ နေတာကလွဲလို့ ကျန်တာ ဘာမှ မလုပ်ခဲ့ဘူး။ ဒါကို သူတို့ရဲ့ စောင့်ရှောက်သူနဲ့ အကြီးအကဲတွေရဲ့ ထက်ဝက်နီးပါးက သေဆုံးသွားပြီ၊ ဟုတ်တယ်မလား? ငါသာ နောက်ထပ် နည်းနည်းလောက် ကြာကြာနေမယ်ဆိုရင် ဆင်းသက်ဂိုဏ်း တစ်ခုလုံး ကုန်လောက်တယ်”
“နှမျောစရာကောင်းတာ တစ်ခုက ခွေးကောင်ကျုံးက ဘယ်အခြေအနေမဆို အသက်ဘေးကနေ လွတ်မြောက်သွားတာဘဲ။ အဲ့ဒီကောင်က တကယ် သတိကြီးတယ်!”
စုရှင်းသည် သက်ပြင်းချကာ သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်သည်။
[သတ္တမနှစ်တွင် သင်သည် ဝိညာဉ်စုစည်းခြင်း ဆေးလုံးများကို ဖော်စပ်သည့် သင်၏နည်းပညာကို ပိုမိုတိုးတက်စေခဲ့သည်။ ထို့နောက် လောရွှေရင်နှင့်
သူမ မျိုးနွယ်စုဝင်များ၏ ခွန်အားကို မြှင့်တင်နိုင်ရန် မျှော်လင့်လျက် သင် ထုတ်လုပ်သော ဆေးလုံးရာပေါင်း များစွာကို လောရွှေရင်ထံ လွှဲအပ်ခဲ့သည်။]
[လောရွှေရင်သည် ကျေးဇူးတင်စွာ လက်ခံပြီး သူမ၏ ကျေးဇူးတင် စကားကို ဖော်ပြရန် အတွက် သင့်အား ညစာစားရန် ဖိတ်ကြားလိုခဲ့သည်။ သို့သော်လည်း သင်၏ ကံဆိုးမိုးမှောင်မှုများ လောရွှေရင်ထံ ကူးစက်သွားမည်ကို စိုးရိမ်သောကြောင့် သင်သည် အလျင်အမြန် ငြင်းဆန်လိုက်သည်။]
[အဲဒီနှစ်မှာ ဆင်းသက်ဂိုဏ်း၏ အကြီးအကဲတစ်ဦးသာ သေဆုံးခဲ့သည်။]
[အဋ္ဌမနှစ်တွင် သင်၏ ကိုယ်ခံအား မြှင့်တင်ခြင်း အဆင့်သည် ပိုမိုတိုးတက်လာပြီး သင်သည် စတုတ္ထအလွှာ မူလ ကိုယ်ခံအားနယ်မြေ ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။]
[သင်သည် ဘာမှ လုပ်စရာမရှိတဲ့ အခါတိုင်း ကျုံးရဲ့ တံခါးရှေ့မှာ ခဏလောက် လျှောက်သွားကာ သင့်ရဲ့ ကံဆိုးမိုးမှောမှုင်တွေကို သူ့ဆီ ဆက်လက် ပို့ဆောင်နိုင်ဖို့ မျှော်လင့်နေခဲ့သည်။]
[နဝမနှစ်တွင် ဝိညာဉ်စုစည်းခြင်း ဆေးလုံးများကို ဖော်စပ်သည့် သင်၏ ကျွမ်းကျင်မှုသည် ပိုမိုတိုးတက်လာပြီး အောင်မြင်နှုန်း ၅၀ ရာခိုင်နှုန်း နီးပါး ရှိလာသည်။ ဤဆေးလုံးများကို အငယ်တန်း ကျွမ်းကျင်မှု အဆင့်အထိ ဖော်စပ်သည့် ပညာကို သင် ကျွမ်းကျင်သွားခဲ့သည်။]
[အဲဒီနှစ်မှာပဲ ကျုံးဟာ ကျင့်ကြံနေစဉ် မတော်တဆမှု တစ်ခုကြောင့် သေလုမျောပါးဖြစ်ပြီး သွေးသုံးပေါင် အန်ခဲ့သည်။]
“လခွီး ခွေးကောင် ကျုံးရဲ့ ကံကြမ္မာက ဘယ်လောက်တောင် ကောင်းလိုက်လဲ? သွေးသုံးပေါင် အန်ပြီးတောင် မသေသေးဘူး?!”
စုရှင်းသည် မျက်လုံးပြူးသွားပြီး ခွေးကောင် ကျုံးကို အဆုံးသတ်ရန် တိတ်တဆိတ် ဆုတောင်းကာ သူ၏ဥစ္စာဓနများကို အမွေခံယူနိုင်ရန် မျှော်လင့်နေသည်။
“ဆက်ကြိုးစား။ ခွေးကောင်ကျုံး သေသွားတဲ့ အခါကျ သူ့ဥစ္စာဓန အားလုံးကို ငါ လုယူမယ်—လက်မပါပဲ သတ်တာနဲ့ တူတယ်!”
စုရှင်းသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်သည်။
[ဆယ်နှစ်မြောက်တွင် သင်သည် ဝိညာဉ်စုစည်းခြင်း ဆေးလုံးများကို ဖော်စပ်ရန် တစ်နှစ်တာလုံး အချိန်ကုန်ခံပြီး ဝိညာဉ်စုစည်းသော သစ်သား၏ နောက်ဆုံးအပိုင်းကို အသုံးပြုခဲ့သည်။]
[ဆယ့်တစ်နှစ်မြောက်တွင် သင်သည် အလယ်အလတ်အဆင့် ဆေးဝါးများဖြစ်သော လိပ်အသက်ရှု ဆေးလုံးကို ဖော်စပ်ရန် ကြိုးစားခဲ့သည်။ လိပ်အသက်ရှု ဆေးလုံးသည် အသက်ရှု ဖုံးကွယ်ဆေးလုံး၏ အဆင့်မြှင့်ထားသော ဗားရှင်းဖြစ်သည်။ အဆင့်မြင့် လိပ်အသက်ရှု ဆေးလုံးကို စားသုံးသူတစ်ဦး၏ စစ်မှန်သော ကျင့်ကြံမှုအဆင့်ကို မဟာယနအဆင့်ရှိ ကျင့်ကြံသူများပင် ခွဲခြား၍ မရနိုင်ဟု ဆိုကြသည်။ ဤဆေးသည် သတိကြီးသော သင့်အတွက် သင့်တော်မည်ဟု သင်ထင်သောကြောင့် ၎င်းကို ဖော်စပ်ရန် စတင်ခဲ့သည်။]
[လိပ်အသက်ရှူဆေးလုံးကို ဖော်စပ်ရန် လိပ်ဝိညာဉ်ကျောက်ဟုခေါ်သော အထူးအပင်တစ်မျိုး လိုအပ်ပြီး နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိ နတ်ဆိုး လိပ်ဘုရင် သေဆုံးချိန်တွင် ၎င်း၏အခွံမှ ဖြစ်ပေါ်လာသည်ဟု ဆိုသည်။]
[လောရွှေရင်ကို ဆင်းသက်ဂိုဏ်း၏ ဘဏ္ဍာတိုက်တွင် ထိုဆေးပင်ကို ရှာဖွေရန် သင် တောင်းဆိုခဲ့သော်လည်း ဝမ်းနည်းစွာဖြင့် လိပ်ဝိညာဉ်ကျောက်ကို မတွေ့ရှိခဲ့ပါ။]
[အခြား ရွေးချယ်စရာ မရှိသဖြင့် လိပ်ဝိညာဉ်ကျောက်ကို ရှာဖွေနိုင်ရန် မျှော်လင့်လျက် သင်သည် ရှားနိုင်ငံ စစ်တပ်ကို ဆက်သွယ်ခဲ့သည်။]
[အံ့သြစရာ ကောင်းလောက်အောင်ပင် လပေါင်းများစွာ ကြာပြီးနောက် လုယွမ်ဝူသည် သင့်ထံ လိပ်ဝိညာဉ်ကျောက် များစွာကို ယူဆောင်လာခဲ့ပြီး သင်သည် လိပ်အသက်ရှု ဆေးများကို စတင် ဖော်စပ်နိုင်ခဲ့သည်။]
[လိပ်အသက်ရှု ဆေးများ ဖော်စပ်ခြင်းကို ကျွမ်းကျင်ရန် သင်သည် တစ်နှစ် အချိန်ယူခဲ့ရသည်။ သင် ဖော်စပ်ထားသော ဆေးများသည် အရည်အသွေး ညံ့ဖျင်းပြီး ဖော်မြူလာတွင် ဖော်ပြထားသကဲ့သို့ အံ့ဖွယ်အစွမ်းမ မရှိသော်လည်း မသေမျိုး လောကသို့ အချိန်ကြာမြင့်စွာ ရောက်ရှိပြီးသော ကျင့်ကြံသူ ကျုံး၏ မျက်လုံးများမှ သင့်အရောင်အဝါကို ဖုံးကွယ်ရန်တော့ လုံလောက်ခဲ့သည်။]
[သင့်စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာပြီး ခွေးကောင်ကျုံး၏ အိမ်ထဲသို့ ခိုးဝင်ကာ ပုန်းအောင်းရန် ဆုံးဖြတ်လိုက်သည်။]
[ခွေးကောင်ကျုံး၏ အာရုံခံနိုင်စွမ်းမှ သင့်အရောင်အဝါကို မသိရှိစေရန် သင်သည် နေ့စဉ် လိပ်အသက်ရှု ဆေးများကို သောက်ခဲ့ပြီး အံ့သြစရာ ကောင်းလောက်အောင်ပင် သင်သည် သူ့ကို လှည့်စားနိုင်ခဲ့သည်။]
[ခွေးကောင်ကျုံး၏ ကံဆိုးမှုများ ဆက်လက် ဆိုးရွားလာသည်။ သူသည် ညာဘက်ခြေထောက်ဖြင့် ဘယ်ဘက်ခြေထောက်ကို တိုက်မိကာ မြေကြီးပေါ်သို့ မျက်နှာဟက်ကာ လဲကျသွားသည်ကို သင် မြင်ခဲ့သည်။]
[ညဘက်တွင် ခွေးကောင်ကျုံးသည် မကြာခဏဆိုသလို အိပ်မက်ဆိုးများ မက်လေ့ရှိပြီး စိတ်ပျက်လက်ပျက်ဖြစ်ကာ မသေမျိုး လောကသို့ ရောက်ရှိပြီးသော ကျင့်ကြံသူတစ်ဦးအဖြစ် သူတစ်ချိန်က ရှိခဲ့သော ဂုဏ်သိက္ခာများ ကင်းမဲ့သွားသည်။]
[အလွန် ဝမ်းမြောက်စွာဖြင့် သင်သည် မီးကို ပိုမိုလောင်ကျွမ်းစေရန် ပြင်ဆင်ခဲ့ပြီး ခွေးကောင်ကျုံးကို လုံးဝပျက်စီးစေရန် ရည်ရွယ်ခဲ့သည်။]
[ဆယ့်နှစ်နှစ်မြောက်တွင် သင်၏ ကျင့်ကြံခြင်း အဆင့်သည် မူလ မသေမျိုး နယ်ပယ်၏ ပဉ္စမအဆင့်သို့ အောင်မြင်စွာ တိုးတက်ခဲ့သည်။]
[တစ်နေ့တွင် ခွေးကောင်ကျုံး၏ အိပ်ရာအောက်တွင် သင် ပုန်းအောင်းနေစဉ် သူသည် သူ့ကိုယ်သူ စကားပြောနေသည်ကို သင်ကြားလိုက်ရသည်။ သူသည် ကျိန်စာသင့်နေသည်ဟု ဆိုသည်။ ထို့ကြောင့် ခွေးကောင်ကျုံးသည် ဤထူးဆန်းသော ကျိန်စာမှ လွတ်မြောက်ရန် အတွက် ဝေးလံခေါင်သီသော အရပ်သို့ ထွက်ပြေးရန် စီစဉ်ခဲ့သည်။]
[နောက်တစ်နေ့တွင် ခွေးကောင်ကျုံးသည် ဆင်းသက်ဂိုဏ်းမှ မသိနိုင်သည့် ဦးတည်ရာ အရပ်သို့ ထွက်ခွာသွားခဲ့သည်။]
[ထိုနှစ်တွင်ပင် လောရွှေရင်၏ ဇာတိမြေကို တိုင်းတစ်ပါးသားများက ကျူးကျော်ဝင်ရောက်ခဲ့ပြီး ဝိညာဉ်မျိုးနွယ်စုမှ ထောင်ပေါင်းများစွာသော သူများသည် ကြယ်ပြာပေါ်တွင် ခိုလှုံခဲ့ကြသည်။]
“ချီးဘဲ ခွေးကောင်ကျုံးက အရမ်း ဆိုးနေတာ မဟုတ်ဘူးလား? သူ တကယ်ဘဲ ထွက်ပြေးသွားတာလား?”
စိတ်ပျက်လက်ပျက် ဖြစ်နေသော စုရှင်းသည် သူ၏ပေါင်ကို လက်ဖြင့် ရိုက်လိုက်သည်။ ခွေးကောင်ကျုံး၏ အဆုံးသတ်ကို မြင်တွေ့ရန် အလွန် နီးစပ်ခဲ့သော်လည်း ထိုလူသည် သူထင်ထားသည်ထက်ပင် ပို၍ သတိကြီးသူဖြစ်ကြောင်း ထင်ရှားလာခဲ့သည်။
“ဒါပေမယ့် ငါ့ရဲ့ နှောင့်ယှက်မှုကြောင့် ဆင်းသက်ဂိုဏ်းကတော့ အတော်လေး ကုန်လုနီးပါး ဖြစ်နေပြီဘဲ ဆိုတော့ အလျင်စလို မလုပ်သင့်ဘူး” ဟု စုရှင်းက သူ၏ သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်ရင်း ပြောကြားခဲ့သည်။
[ဆယ့်သုံးနှစ်မြောက်တွင် ရှားနိုင်ငံ စစ်တပ်တွင် မဟာမာစတာအဆင့် ကျွမ်းကျင်သူ သိန်းနှင့်ချီမှ ကောင်းကင်ဘုံ ဘုရင်အဆင့် ကျွမ်းကျင်သူ ရာနှင့်ချီ၍ ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့ အားလုံးသည် သင်၏ ဆေးဝါးများ အဆက်မပြတ် ထောက်ပံ့ပေးမှုကြောင့် ဖြစ်သည်။]
[ဆင်းသက်ဂိုဏ်းသည် ဤအရာအားလုံးကို သိရှိပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးသင့်သည်။ သို့သော် နှစ်ပေါင်းများစွာ ဆုံးရှုံးမှုများစွာ ခံစားခဲ့ရသောကြောင့် ၎င်းတို့သည် အဆိုပါကိစ္စကို ဂရုစိုက်ရန် လုံးဝမတတ်နိုင်တော့ပေ။ ထို့ကြောင့် သင့်အား သံသယဝင်ခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခြင်း မပြုခဲ့ပါ။]
[ထိုနှစ်တွင် သင်သည် ပြင်ပကမ္ဘာရှိ အရာအားလုံးသည် သင့်နှင့် မသက်ဆိုင်သကဲ့သို့ သင်၏ ကျင့်ကြံခြင်းကိုသာ ဆက်လက် လုပ်ဆောင်ခဲ့ပြီး ဆေးဝါးဖော်စပ်ခြင်းဖြင့် အလုပ်များနေခဲ့သည်။]
[ဆယ့်လေးနှစ်မြောက်တွင် ဆင်းသက်ဂိုဏ်း၌ နောက်ထပ် ကြီးစွာသော ဘေးဒဏ်တစ်ခု ကျရောက်ခဲ့ပြီး ကျန်ရှိသော အုပ်ထိန်းသူများနှင့် အကြီးအကဲများအားလုံး သေဆုံးခဲ့သည်။]
[ထိုနှစ်တွင်ပင် ဆင်းသက်ဂိုဏ်း အတွင်း၌ ပြည်တွင်းပဋိပက္ခများ ပေါ်ပေါက်ခဲ့သည်။ သဘာဝဂိုဏ်းနှင့် အစွန်းရောက်ဂိုဏ်းတို့၏ ခေါင်းဆောင်များအကြား တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ မမျှော်လင့်ဘဲ အစွန်းရောက်ဂိုဏ်း၏ ခေါင်းဆောင်သည် သဘာဝဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သော ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူ တစ်ဦးကို ထိုနေရာ၌ပင် မတော်တဆ သတ်ပစ်ခဲ့မိသည်။ ရုတ်တရက် ဆင်းသက်ဂိုဏ်း တစ်ခုလုံး ပြိုကွဲလုနီးပါးဖြစ်ကာ ယိမ်းယိုင်လာခဲ့သည်။]
စုရှင်းသည် ဤအရာကို မြင်သောအခါ ရယ်မောလိုက်သည်။ ဆင်းသက်ဂိုဏ်း အတွင်းရှိ ဂိုဏ်းခေါင်းဆောင်သည် အမှန်တကယ်ပင် အကြီးအကဲ တစ်ဦးဖြစ်ပြီး ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။
ထိုသို့သော ပုဂ္ဂိုလ်သည် ဂိုဏ်းတွင်း ပဋိပက္ခကြောင့် သေဆုံးခဲ့ရသလော။
“ဒါ… ဒီလို ကံဆိုးမိုးမှောင်ကျတဲ့ အရည်အချင်းက အရမ်း ထူးဆန်းလွန်းတယ် မဟုတ်ဘူးလား?”
စုရှင်းသည် သူ၏နှလုံးသားထဲတွင် အနည်းငယ် အံ့အားသင့်သွားသည်။ ဤကံဆိုးမှုသည် ဆင်းသက်ဂိုဏ်း နောက်သို့သာ ဆက်လက် လိုက်ပါနိုင်ပါက မည်မျှကောင်းလိုက်မည်နည်း?
သို့သော် ကံမကောင်းစွာဖြင့် ဤအရည်အချင်း၏ ဘေးထွက်ဆိုးကျိုးများသည် အလွန် ပြင်းထန်လွန်းသောကြောင့် စုရှင်း၏ အားနည်းသော ခန္ဓာကိုယ်သည် ၎င်းကို လုံးဝမခံနိုင်ခဲ့ပါ။ သူသည် သေစေနိုင်သော ကံဆိုးမိုးမှောင် ကျရောက်သူ ဖြစ်လာပါက မည်သို့လုပ်မည်နည်း။
သူသည် သရုပ်ပြခြင်းတွင် သေဆုံးသွားပါက ပြီးဆုံးသွားမည် ဖြစ်သော်လည်း အမှန်တကယ်တွင်မူ စုရှင်း၌ အသက်တစ်ချောင်းသာ ရှိသည် မဟုတ်ပါလား။
“ဒါဆိုရင် ဒီကံဆိုးတဲ့ အရည်အချင်းကို ထုတ်သုံးသင့်သလား၊ မသုံးသင့်ဘူးလား?”
စုရှင်းသည် နက်နက်ရှိုင်းရှိုင်း စဉ်းစားသွားသည်။
“ထားလိုက်ပါတော့၊ အရင်ဆုံး သရုပ်ပြကြည့်လိုက်မယ်။ ငါသာ တုံ့ဆိုင်းနေမယ်ဆိုရင် ဆုံးဖြတ်ချက်ချဖို့ ခက်ခဲလာလိမ့်မယ်…”
စုရှင်းသည် သူ၏အကြည့်ကို သရုပ်ပြခြင်းဘက်သို့ လှည့်လိုက်သည်။
[ဆယ့်ငါးနှစ်မြောက်တွင် ဆင်းသက်ဂိုဏ်း၏ အလုံးစုံသော အင်အားသည် ကျဆင်းသွားခဲ့သည်။ မရေမတွက်နိုင်သော ဂိုဏ်းဝင်များသည် ပြင်းထန်စွာ ဒဏ်ရာရရှိခြင်း သို့မဟုတ် သေဆုံးခြင်းများ ဖြစ်ခဲ့ကြပြီး ဂိုဏ်းခွဲအချို့၏ ခေါင်းဆောင် အနည်းငယ်သာ ကျန်ရှိတော့ကာ တစ်ဦးစီသည် စစ်သားမရှိသော စစ်ဗိုလ်ချုပ်များ ဖြစ်လာခဲ့ပြီး လူသားမျိုးနွယ်အပေါ် ဆင်းသက်ဂိုဏ်း၏ လွှမ်းမိုးမှုသည် များစွာ လျော့နည်းသွားခဲ့သည်။]
[ထိုနှစ်တွင်ပင် သင်သည် လောရွှေရင်နှင့်အတူ ဆင်းသက်ဂိုဏ်း၏ ဘဏ္ဍာတိုက်ကို တိုက်ခိုက်ခဲ့သည်။ ကံမကောင်းစွာဖြင့် ဘဏ္ဍာတိုက်၏ အုပ်ထိန်းသူ နဂါး စောင့်ရှောက်သူက သင့်ကို တွေ့ရှိခဲ့သည်။ လောရွှေရင်သည် ထိုနေရာ၌ပင် ဒဏ္ဍာရီအဆင့် တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်လာခဲ့ပြီး သင်နှင့် လောရွှေရင်တို့သည် အသက်ဘေးမှ ချွတ်ချော်စွာ လွတ်မြောက်ခဲ့သည်။]
[ဆင်းသက်ဂိုဏ်းမှ ခွဲထွက်ပြီးနောက် သင်နှင့် လောရွှေရင်တို့သည် ရှားနိုင်ငံ စစ်တပ်သို့ ဝင်ရောက်ရန် ပြင်ဆင်ခဲ့သော်လည်း သင်၏ အရည်အချင်းသည် ရှားနိုင်ငံ စစ်တပ် တစ်ခုလုံးအပေါ် ကံဆိုးမိုးမှောင် ကျရောက်စေမည်ကို စိုးရိမ်သောကြောင့် သင်တို့သည် ပုန်းအောင်းရန် နေရာတစ်ခုကိုသာ ရှာဖွေခဲ့သည်။]
[နေ့စဉ် သင်သည် သင်၏ ကျင့်ကြံမှုကို ဆက်လက် လုပ်ဆောင်ခဲ့ပြီး ရှားနိုင်ငံ စစ်တပ်အတွက် ဆေးဝါးများ ဖော်စပ်ခဲ့သလို နတ်ဆိုးသားရဲများ၏ အသားဓာတ်ကိုလည်း လုံလောက်စွာ ရယူခဲ့သည်။]
[ဆယ့်ခြောက်နှစ်မြောက်တွင် သင်၏ ကျင့်ကြံခြင်း အဆင့်သည် မူလ မသေမျိုး နယ်ပယ်၏ ဆဋ္ဌမအဆင့်သို့ ထပ်မံ တိုးတက်ခဲ့သည်။]
[ဆယ့်ခုနစ်နှစ်မြောက်တွင် သင်သည် ယခင်က ဖော်စပ်ထားသော အစာရှောင် ဆေးညွှန်းကို မြှင့်တင်ခဲ့ပြီး အစာရှောင်ဆေးထဲသို့ နတ်ဆိုးသားရဲ၏ အသားဓာတ် အနည်းငယ် ထည့်သွင်းခဲ့သည်။ အစာရှောင်ဆေး၏ အာနိသင်သည် များစွာ တိုးလာခဲ့ပြီး မဟာမာစတာအဆင့် ကျွမ်းကျင်သူများပင် သုံးလကြာအောင် ဗိုက်မဆာဘဲ အစာရှောင်နိုင်ခဲ့သည်။]
[ဆယ့်ရှစ်နှစ်မြောက်တွင် နောက်ထပ် တစ်နှစ်ကြာ ကြိုးစားအားထုတ်ပြီး ကျင့်ကြံခဲ့သောကြောင့် သင်၏ အင်အားသည် တည်ငြိမ်စွာ ဆက်လက် တိုးပွားလာခဲ့သည်။ သို့သော် သင်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု ကျင့်ကြံခြင်း အဆင့် ဆက်လက် တိုးတက်လာသည်နှင့်အမျှ နတ်ဆိုးဘုရင်များ၏ အသားဓာတ်သည် သင့်အတွက် တဖြည်းဖြည်း အာနိသင် လျော့နည်းလာသည်ကို သင် တွေ့ရှိခဲ့သည်။]
[ရှားနိုင်ငံ စစ်တပ်မှ နတ်ဆိုးဧကရာဇ်များ၏ အသားဓာတ်ကို ရယူရန် သင်ကြိုးစားခဲ့သည်။ ကံမကောင်းစွာဖြင့် နတ်ဆိုးဧကရာဇ်များ၏ အသားဓာတ်သည် အလွန်ရှားပါးသည်။ သို့သော် သင်၏ အဆင့်အတန်းသည် လုံလောက်သောကြောင့် နတ်ဆိုး နှိမ်နင်းရေးစခန်းကို စောင့်ကြပ်နေသော ဒဏ္ဍာရီအဆင့် ဗိုလ်ချုပ်တစ်ဦးသည် သင့်အတွက် စောင့်ကြည့်ရန် ဆန္ဒရှိခဲ့သည်။ အခွင့်အရေး ပေါ်ပေါက်လာပါက သူသည် သင့်အား နတ်ဆိုးဧကရာဇ်များ၏ အသားဓာတ်ကို ပံ့ပိုးပေးလိမ့်မည်။]
[ဆယ့်ကိုးနှစ်မြောက်တွင် သင်နေ့စဉ် စားသုံးသော နတ်ဆိုးသားရဲ၏ အသားဓာတ်သည် ငါးကျင်းအထိ တိုးလာပြီး ဝိညာဉ်ဆန်သည် အကျင်းနှစ်ဆယ်အထိ တိုးလာသည်။ သင်သည် မူလ မသေမျိုး ဆေးလုံးများကို ပုံမှန်သောက်သုံးခဲ့ပြီး သင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု ကျင့်ကြံခြင်း အဆင့်သည် တည်ငြိမ်စွာ ဆက်လက် တိုးပွားနေဆဲ ဖြစ်သည်။]
[အနှစ်နှစ်ဆယ်မြောက်တွင် သင်သည် နတ်ဆိုးဧကရာဇ်များ၏ အသားဓာတ်ကို မရရှိသေးသော်လည်း သင်၏ အလွန်အမင်း စားသောက်နိုင်သော အရည်အချင်းကြောင့် သင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု ကျင့်ကြံခြင်း အဆင့်သည် တည်ငြိမ်စွာ ဆက်လက်တိုးပွားနေပြီး သင်သည် မူလ မသေမျိုး နယ်ပယ်၏ သတ္တမအဆင့်သို့ တိုးတက်ရန် ပိုမိုနီးကပ်လာသည်ဟု ခံစားခဲ့ရသည်။]
[နှစ်ဆယ့်တစ်နှစ်မြောက်တွင် သင်သည် မူလ မသေမျိုး နယ်ပယ်၏ သတ္တမအဆင့် ကျင့်ကြံသူတစ်ဦးအဖြစ် အောင်မြင်စွာ တိုးတက်ခဲ့သည်။]
[ထိုနှစ်အတွင်း၌ပင် နတ်ဆိုးနှိမ်နင်းရေး စခန်း၏ အခြေအနေသည် သိသိသာသာ ဆိုးရွားလာခဲ့သည်။ ဆင်းသက်ဂိုဏ်းမှ ဂိုဏ်းခွဲခေါင်းဆောင် နှစ်ဦးသည် ကိုယ်တိုင်ပါဝင်ခဲ့ပြီး တိုင်းတစ်ပါးသားများနှင့် ပူးပေါင်းကာ နတ်ဆိုးနှိမ်နင်းရေး စခန်းကို ရုတ်တရက် တိုက်ခိုက်ခဲ့သည်။ တစ်ညတည်းတွင်ပင် ကောင်းကင်ဘုံ ဘုရင်အဆင့် ကျွမ်းကျင်သူ ရာနှင့်ချီ၍ သေဆုံးခဲ့ပြီး ဒဏ္ဍာရီအဆင့် တိုက်ခိုက်ရေးသမား နှစ်ဦးသည် တိုက်ပွဲတွင် ကျဆုံးခဲ့သည်။]
စုရှင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဘာသာသူ ရေရွတ်လိုက်သည်။
“ဆင်းသက်ဂိုဏ်းက အသေခံတိုက်ပွဲ ဆင်နွှဲဖို့ ကြံစည်နေတာလား။ ဂိုဏ်းက တကယ်ပဲ ပျက်သုဉ်းလုနီးပါး ဖြစ်နေပြီဆိုပေမယ့် ထိပ်တန်းကျွမ်းကျင်သူ အနည်းငယ်တော့ ကျန်သေးတယ်။ သူတို့ ဒီလောက်ထိ အသည်းအသန် ဖြစ်လာမယ်လို့ ငါ မထင်ထားဘူး!”
စုရှင်း သက်ပြင်းချလိုက်သည်။ ၎င်းသည် သူအတွက် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်သည်။
ဆင်းသက်ဂိုဏ်း၏ နီးကပ်လာသော ပျက်စီးခြင်းသည် ကမ္ဘာပျက်ကပ်၏ အချိန်ကို နောက်ထပ် နှစ်အနည်းငယ် ကြာအောင် ဆွဲဆန့်သွားစေလိမ့်မည်ဟု သူထင်ခဲ့သည်။ ယင်းအစား ၎င်းသည် နတ်ဆိုးနှိမ်နင်းရေး စခန်းကို အကြပ်အတည်းထဲသို့ ရောက်ရှိစေခဲ့သည်။
“ခဏလေး… ငါ့ရဲ့ ကံဆိုးမှုက ရှားနိုင်ငံ စစ်တပ်ကို ထိခိုက်နေတာများ ဖြစ်နေမလား?”
စုရှင်းသည် ဤဖြစ်နိုင်ခြေကို ရုတ်တရက် စဉ်းစားမိသွားသည်။ သူသည် ရှားနိုင်ငံ စစ်တပ်နှင့် ထိတွေ့မှုကို ရှောင်ရှားရန် ကြိုးစားခဲ့သော်လည်း ကံဆိုးမှုသည် သက်ရောက်မှု ရှိနိုင်မည်မှာ မလွဲဧကန်ပင်။
“ဒီအရည်အချင်းက တကယ်ကို ထိန်းချုပ်ရတာ မလွယ်ဘူးဘဲ!”
စုရှင်းသည် သက်ပြင်းချလိုက်ပြီး ဤကံဆိုးသော အရည်အချင်းကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ပါက ၎င်းသည် သေစေနိုင်သော လက်နက်တစ်ခု ဖြစ်လာမည်ဟု တွေးတောနေသော်လည်း ကံမကောင်းစွာဖြင့် သူ မတတ်နိုင်ခဲ့ပေ။
စုရှင်းသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
[နှစ်ဆယ့်နှစ်နှစ်မြောက်တွင် နတ်ဆိုးနှိမ်နင်းရေး စခန်းအတွင်း၌ လူသားမျိုးနွယ်နှင့် နတ်ဆိုးသားရဲများ အကြား တိုက်ပွဲသည် ပိုမို ပြင်းထန်လာခဲ့သည်။ စစ်ဧကရာဇ်အဆင့် ကျွမ်းကျင်သူများသည် မကြာခဏ သေဆုံးလာခဲ့သည်။ သင် ဆန္ဒရှိခဲ့သည့် အတိုင်း နတ်ဆိုးဧကရာဇ်၏ အသားဓာတ် အပိုင်းအစ တစ်ခုကို သင် ရရှိခဲ့သည်။]
[နတ်ဆိုးဧကရာဇ်၏ အသားဓာတ်ကို စားသုံးပြီးနောက် သင့်ခန္ဓာကိုယ် အတွင်း၌ စွမ်းအင်များ ပြည့်လျှံနေသည်ဟုသာ ခံစားခဲ့ရသည်။ ကံကောင်းစွာဖြင့် သင့်ခန္ဓာကိုယ်သည် အလွန်သန်မာပြီး သင်၏ အလွန်အမင်း စားသောက်နိုင်သော အရည်အချင်းသည် နတ်ဆိုးဧကရာဇ်၏ အသားဓာတ်ကို အသည်းအသန် ချေဖျက်ရန် ကူညီပေးခဲ့သည်။]
[နတ်ဆိုးဧကရာဇ်၏ အသားဓာတ် အကူအညီဖြင့် သင်၏ ကျင့်ကြံခြင်း အဆင့်သည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ ဤအသားဓာတ်ကို နေ့စဉ် စားသုံးနိုင်ပါက တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း သင်၏ လက်ရှိနယ်ပယ်ကို ကျော်လွန်နိုင်ဖွယ် ရှိသည်။]
[ကံမကောင်းစွာဖြင့် သင်၌ ကျင့်ကြံရန် အချိန်အလုံအလောက် မရှိခဲ့ပါ။ နတ်ဆိုးသားရဲများ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများ အောက်တွင် နတ်ဆိုးနှိမ်နင်းရေး စခန်းသည် ကျဆုံးခဲ့ပြီး လူသားမျိုးနွယ်သည် ပျက်သုဉ်းလုနီးပါး ဖြစ်ခဲ့သည်။]
[ထိုနှစ်တွင်ပင် ဧရာမသားရဲ တစ်ကောင်သည် တကယ့်ကမ္ဘာသို့ ဆင်းသက်လာကာ ရှားနိုင်ငံ တစ်ခုလုံးကို မျိုချခဲ့သည်။]
[သင် သေဆုံးခဲ့သည်!]
[သင်၏ ‘သေခြင်းတရားကို အန်တုသော မျက်လုံးများ’ စွမ်းရည်သည် အသက်ဝင်လာခဲ့သော်လည်း သင်သည် မှောင်မိုက်ခြင်းမှလွဲ၍ ဘာမျှမမြင်ခဲ့ရပေ…]
[ဒင်၊ ဤသရုပ်ပြခြင်းသည် ပြီးဆုံးသွားပါပြီ!]
သရုပ်ပြခြင်း ပြီးဆုံးသွားပြီးနောက် စုရှင်း၏ မျက်ခုံးများသည် တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသကဲ့သို့ ဖြစ်နေသည်။ ကမ္ဘာပျက်ကပ် ရောက်ရှိမည့် အချိန်သည် ယခင်ကထက်ပင် ရက်အနည်းငယ် စောလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
“ဟူး၊ ဘာမှ မဖြစ်ပါဘူး။ ဒီနှစ်နှစ်က ဘာမှ မထူးခြားတာ ကံကောင်းတယ်။ ဒီသရုပ်ပြခြင်းကနေ ငါ လုံလောက်တဲ့ အကျိုးအမြတ်တွေ ရခဲ့တာဘဲ!”
စုရှင်း သက်ပြင်းချလိုက်သည်။
ဤသရုပ်ပြခြင်းမှ အကြီးမားဆုံးသော အကျိုးအမြတ်များသည် လောထျန်း အစည်းအဝေး၏ မြှုပ်နှံ သရုပ်ပြခြင်းမှ သူရရှိခဲ့သော မှတ်ဉာဏ်များပင် ဖြစ်သည်။
“သေစမ်း ငါ အခုမှ သတိရတယ်၊ ငါ့ရဲ့ စုစည်းဝိညာဉ်ပန်း သုံးပွင့်စလုံးက အဖို ဒါမှမဟုတ် အမ ချည်းပဲဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒါဆိုရင် သူတို့ မျိုးပွားလို့ မရဘူး မဟုတ်ဘူးလား?”
စုရှင်း၏ မျက်နှာသည် ရှုံ့မဲ့သွားပြီး သူသည် စုစည်းဝိညာဉ်ပန်း သုံးပွင့်၏ လိင်ကို အလျင်အမြန် စစ်ဆေးလိုက်သည်။
ကံကောင်းစွာဖြင့် စုရှင်းသည် စုစည်းဝိညာဉ်ပန်း တစ်ပွင့်၏ ဝတ်ဆံဖိုပေါ်တွင် အဝါရောင် အစက်အပြောက်လေးများကို တွေ့ရှိခဲ့သည်။
“ကျေးဇူးတင်ပါတယ်၊ စုစည်းဝိညာဉ်ပန်း အဖိုနှစ်ပွင့်နဲ့ အမ တစ်ပွင့်။ ဒါက ဝတ်မှုန်ကူးဖို့နဲ့ မျိုးပွားဖို့အတွက် လုံးဝ သင့်တော်တယ်!”
စုရှင်း သက်ပြင်းချလိုက်သည်။
စုစည်း ဝိညာဉ်ပန်းများနှင့် ပတ်သက်သော အဓိက ပြဿနာကို ဖြေရှင်းပြီးနောက် စုရှင်းသည် နောက်တစ်ကြိမ် စဉ်းစားတွေးတောသွားသည်။
“ဒီကံဆိုးတဲ့ အရည်အချင်းကို ယူရမလား၊ မယူရဘူးလားဆိုတာ တကယ်ကို စဉ်းစားရ နည်းနည်း ခက်တယ်!”
အခြားသူများ အဆင့်တက်သွားသော်လည်း ငါသည် ကျင့်ကြံမှုနောက် လိုက်နေဆဲပင်။