← Chapters

ဘဝသရုပ်ပြစက် ၃.၀‌ဗားရှင်း၊ အလယ်အလတ် စွမ်းအင် အသုတ်သစ်_၃

Vol. 8 Ch. 103

ဘဝသရုပ်ပြစက် ၃.၀‌ဗားရှင်း၊ အလယ်အလတ် စွမ်းအင် အသုတ်သစ်_၃

Vol. 8 Ch. 103

ကြည်နူးသာယာဖွယ် နှိပ်နယ်ခြင်း ပြီးဆုံးသွားသည့် နောက်တွင် စုရှင်းသည် နေ့လည်ပိုင်းလောက် ကျောင်းသို့ ပြန်ရောက်လာခဲ့သည်။ သူသည် ဝိဉာဉ်စိုက်ခင်း ကောင်းချီးမြေထဲသို့ ဝင်ရောက်ရန် မစောင့်နိုင် ဖြစ်နေခဲ့သည်။

သိုလှောင်လက်စွပ်များစွာတွင် ပြည့်နေသည့် ကုန်ပစ္စည်းများကို ကြည့်ရင်း စုရှင်းသည့် သူ့ရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းနိုင် ဖြစ်နေခဲ့သည်။

“ကောင်းလိုက်တာ၊ ဒီပစ္စည်းတွေရဲ့ တန်ဖိုးက ဘယ်လောက်တောင် များမလဲ?”

စုရှင်းဟာ တံတွေးကို မြိုချလိုက်ပြီး ကုန်ပစ္စည်း တစ်သုတ်ပြီး တစ်သုတ်ကို သရုပ်ပြ စွမ်းအင်အဖြစ် စတင် ပြောင်းလဲလိုက်သည်။

[ဒင်၊ အရည်အသွေးနိမ့် အသုံးအဆောင် ၃.၈၄ သန်းကို တွေ့ရှိပါသည်။ တန်ဖိုး စွမ်းအင်အမှတ် ၂၀.၇၇ သန်း၊ သရုပ်ပြ စွမ်းအင်အဖြစ် ပြောင်းလဲလိုပါသလား?]

“အွမ်း!”

စုရှင်းသည် မဆိုင်းမတွဘဲ သဘောတူလိုက်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် စွမ်းအင်အမှတ် သန်း ၂၀ ကျော်သည် သူ၏ သရုပ်ပြစက်ထဲ ပေါ်လာသည်။

ယင်းမှာ အရည်အသွေးနိမ့် ပစ္စည်းများ၏ ပထမအသုတ်ရဲ့ စွမ်းအင်တန်ဖိုးသာ ရှိသေးသည်!

စုရှင်းဟာ အရည်အသွေး အလယ်အလတ်အဆင့် ပစ္စည်းများနှင့် ပြည့်နေသည့် လက်စွပ်များကို ဆက်ထုတ်လိုက်သည်။

[အရည်အသွေး အလယ်အလတ်အဆင့် ပစ္စည်း ၁၃၀,၀၀၀ ကို တွေ့ရှိပါသည်။ တန်ဖိုး စွမ်းအင်အမှတ် ၆.၀၈ သန်း၊ ပြောင်းလဲလိုပါသလား?]

“အင်း!”

ချက်ချင်းပင် နောက်ထပ် စွမ်းအင်အမှတ် ခြောက်သန်းသည် စုရှင်း၏ သရုပ်ပြစက်တွင် ပေါ်လာသည်။

အရည်အသွေး အလယ်အလတ်အဆင့် ပစ္စည်းတစ်ခုတွင် ပျမ်းမျှ စွမ်းအင်အမှတ် ၅၀ နီးပါး ပါဝင်သော်လည်း ဈေးကွက် ပေါက်ဈေးအရ တစ်ခုကို အမှတ် ၂၀,၀၀၀ နီးပါးသာ ရှိသည့် အတွက် ကုန်ကျစရိတ်နှင့် ထိရောက်မှုသည် အရည်အသွေးနိမ့် ပစ္စည်းများ၏ တစ်ဝက်သာ ရှိသည်။

ထို့ကြောင့် စုရှင်းသည် ပုံမှန်အားဖြင့် စွမ်းအင်နှင့် လဲလှယ်ရန် အရည်အသွေး အလယ်အလတ်အဆင့် ပစ္စည်းများကို အသုံးပြုလေ့ မရှိပါ။

ဤတစ်သုတ်အား လင်ယွင် ကုန်သွယ်ရေး အသင်းက စုဆောင်းထားတာ ဖြစ်ပြီး အနည်းငယ် ဈေးသက်သာတာကိုပါ ထည့်သွင်း စဉ်းစားရမည်။ စုရှင်းသည် ဒါတွေကို ရောင်းလျှင်တောင် ရက်ပေါင်းများစွာ စောင့်ရနိုင်ပြီး ရောင်းရငွေ အားလုံးကိုလည်း အရည်အသွေးနိမ့် ပစ္စည်းတွေ ဝယ်ယူရန် အတွက် သုံးရမှာ ဖြစ်သည်။

နောက်ဆုံးတွင် သူသည် စွမ်းအင်ပိုရနိုင်သော်လည်း အချိန် ပိုကုန်ကာ အနည်းငယ် အကျိုးယုတ်သည်ဟု ဆိုနိုင်သည်။

ထို့နောက် စုရှင်းသည် အရည်အသွေးကောင်းသည့် ပစ္စည်းများဘက်သို့ အာရုံစိုက်လိုက်သည်။

[အရည်အသွေးကောင်းသည့် ပစ္စည်း ၂၀,၀၀၀ ကို တွေ့ရှိပါသည်။ တန်ဖိုး စွမ်းအင်အမှတ် ၉.၈၅ သန်း၊ ပြောင်းလဲလိုပါသလား?]

“အွမ်း!”

စုရှင်းသည် မဆိုင်းမတွ ပြောလိုက်သည်။

အရည်အသွေးကောင်း ပစ္စည်း တစ်ခုစီတွင် စွမ်းအင်အမှတ် ၅၀၀ ခန့် ပါဝင်သော်လည်း ဈေးကွက်ပေါက်ဈေးသည် အရည်အသွေး အလယ်အလတ်အဆင့် ပစ္စည်းများထက် ဆယ်ဆကျော် ပိုများသည့် အတွက် ကုန်ကျစရိတ်နှင့် ထိရောက်မှုက ပိုနည်းပါတယ်။ သို့သော် စုရှင်းသည် မစောင့်ဆိုင်းချင်သောကြောင့် စွမ်းအင်အဖြစ် တန်းပြောင်းလိုက်သည်။

စက်ပစ္စည်း အခုလေးသိန်းလုံးကို အောင်မြင်စွာ စွမ်းအင်အဖြစ် ပြောင်းလဲပြီးနောက် စုရှင်းသည် ဆေးရည်များနှင့် ပြည့်နေသည့် သိုလှောင်လက်စွပ်ဆီ အကြည့် ရောက်သွားသည်။

[ဒင်၊ အဆင့်နိမ့် ပြန်လည် အားဖြည့်ဆေး ၁၀,၀၀၀ ကို တွေ့ရှိပါသည်။ တန်ဖိုး စွမ်းအင်အမှတ် ငါးသန်း၊ ပြောင်းလဲလိုပါသလား?]

ယင်း အချက်ပေးသံကို ကြားတော့ စုရှင်းသည် သက်ပြင်းချကာ ခေါင်းခါလိုက်ရင်း “ပြောင်းလဲခြင်းကို ပယ်ဖျက်မယ်!” ဟု ပြောလိုက်သည်။

အဆင့်နိမ့် ပြန်လည် အားဖြည့် ဆေးရည်များသည် ကျွမ်းကျင်သော ကုန်သည်များ၏ ဈေးကွက်တွင် တစ်ပုလင်းကို ၅သိန်းနီးပါး တန်ကြေးရှိသည်။ ယခုအခါ တစ်ပုလင်းကို စွမ်းအင်အမှတ် ၅၀၀သာ တန်သည့်အတွက် ဒေါလာတစ်ထောင်ကို စွမ်းအင်တစ်မှတ်သာ ရသည်ဟု ဆိုလိုသည်။ ထို့ကြောင့် ကုန်ကျစရိတ်နှင့် ထိရောက်မှုသည် အလွန်ပင် နည်းလွန်းသည်။

မည်သို့ပင်ဆိုစေ အဆင့်နိမ့် ပြန်လည် အားဖြည့်ဆေးရည်များသည် အရေးကြုံသည့် အခြေအနေများတွင် ကျွမ်းကျင်ပညာရှင်များ၏ အသပ်ကို ကယ်တင်နိုင်သောကြောင့် ဈေးကြီးသည်မှာ သဘာဝကျပါသည်။

စုရှင်းသည် ထိုဆေးရည်များကို စွမ်းအင်အဖြစ် ပြောင်းလဲရန် ဆန္ဒ မရှိတော့ဘဲ ကျင်းချုံးရွှယ်စီ ပြန်ပေးကာ ကုန်သွယ်ရေး အသင်းတွင် ရောင်းချဖို့ရန် စီစဉ်ထားသည်။

စုရှင်းသည် ပထမအဆင့် ထူးခြားသတ္တုများ ပါသည့် သိုလှောင်လက်စွပ်ကို ထုတ်ယူလိုပ်သည်။

[ဒင်၊ ပထမအဆင့် ထူးခြားသတ္တု ၁၃၆ တန်ကို တွေ့ရှိပါသည်။တန်ဖိုး စွမ်းအင်အမှတ် ၂.၇၂ သန်း၊ ပြောင်းလဲလိုပါသလား?]

“အွမ်း!”

စုရှင်းသည် များများ တွန့်ဆုတ်‌မနေပါ။ ထူးခြားသတ္တုများ၏ စွမ်းအင်ပြောင်းလဲမှု ကုန်ကျစရိတ်နှင့် ထိရောက်မှုသည့် အရည်အသွေးနိမ့် ပစ္စည်းများနှင့် နီးစပ်သည့် အတွက် စွမ်းအင်ပြောင်းလဲဖို့ အတန်ဆုံး နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။

ပုံဖော်စွမ်းအင် အမှတ် သန်းနဲ့ချီ ပြောင်းလဲပြီးနောက် စုရှင်း၏ အကြည့်သည် နောက်ဆုံးကျန်သည့် သိုလှောင်လက်စွပ်ဆီ ရောက်သွားသည်။

ယင်းသိုလှောင် လက်စွပ်ထဲတွင် အသွင်အပြင် ထူးဆန်းပြီး ထူးခြားသော အရာဝတ္ထုအမျိုးမျိုး ပါဝင်သည်။ ၎င်းတို့ကို အကျဉ်းခန်းများမှ ထုတ်ယူထားခြင်း ဖြစ်သည်။

အကျဉ်းခန်းမှ ထုတ်လုပ်သည့် ပစ္စည်း အတော်များများသည် ဘာအတွက် သုံးရမှန်း မသဲကွဲတာကြောင့် ကျွမ်းကျင်ပညာရှင် တချို့က ကုန်သွယ်ရေး အသင်းကို အမှိုက်အဖြစ် ပြန်လည် ရောင်းချလေ့ ရှိသည်။

စုရှင်းသည် ယင်းပစ္စည်းများမှ စွမ်းအင် အများအပြား ပြောင်းလဲနိုင်လိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း အံ့ဩစရာ ကောင်းလောက်အောင်ပင် ထိုထူးဆန်းပြီး ထူးခြားသည့် အကျဉ်းခန်း ပစ္စည်းများသည် သူ့ကို စွမ်းအင်တန်ဖိုးအရ အလွန် ပျော်ရွှင်ဖွယ် ကောင်းသည့် အံ့အားသင့်မှုကို ပေးခဲ့သည်!

[ဒင်၊ စွမ်းအင်ပါဝင်တဲ့ ပစ္စည်းအချို့ကို တွေ့ရှိပါသည်။ တန်ဖိုး စွမ်းအင်အမှတ် ၁၁.၈၆ သန်း၊ ပြောင်းလဲလိုပါသလား?]

အခြားသူများ အဆင့်တက်သွားသော်လည်း ငါသည် ကျင့်ကြံမှုနောက် လိုက်နေဆဲပင်။

All Chapters