← Chapters

ဒဏ္ဍာရီဓား၊ ရေခဲမှင်_၂

Vol. 10 Ch. 127

ဒဏ္ဍာရီဓား၊ ရေခဲမှင်_၂

Vol. 10 Ch. 127

ဤလောက၌ အရာရာသည် ထိုမျှ တိုက်ဆိုင်နိုင်ပါမည်လော။

ဤဓားသည် စုရှင်းက ယခင်ကမ္ဘာက သရုပ်ပြမှု တစ်ခုတွင် ရရှိခဲ့သော လက်နက်ဖြစ်ပြီး စွမ်းအင် သန်းပေါင်းများစွာ တန်ဖိုးရှိသည်။ သို့သော် ယခုအခါ မထင်မှတ်သော အလှည့်အပြောင်းကြောင့် စုရှင်း၏ လက်ထဲသို့ ပြန်ရောက်လာခဲ့သည်။

စုရှင်းသည် ဤအဖိုးတန်ဓားကို သရုပ်ပြခြင်းတွင် ရရှိခဲ့သည်ထက် ဆယ်စုနှစ် တစ်ခုကျော် စော၍ ရရှိခဲ့ခြင်း ဖြစ်သည်။

“ဒါ တကယ်ပဲ ကံကြမ္မာလား။”

စုရှင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုအခိုက်တွင် စုရှင်း၏ လက်ထဲမှ မှင်ရေခဲဓားသည် တုန်ခါသံ သဲ့သဲ့ထွက်ပေါ်လာသည်။ စုရှင်းအား ၎င်း၏သခင် အဖြစ် ကြိုဆိုနေသကဲ့သို့ ဖြစ်သည်။

“တကယ်ကို ကောင်းမွန်တဲ့ ဓားပဲ!”

စုရှင်းက မှင်ရေခဲဓားကို လက်တွင်ကိုင်ကာ လှည့်ဝှေ့ကြည့်ရာ လက်ထဲတွင် အံဝင်ခွင်ကျဖြစ်ပြီး သက်သောင့်သက်သာ ရှိလှသည်ဟု ခံစားလိုက်ရသည်။

စုရှင်း၏ ဓားသိုင်းပညာသည် မှင်ရေခဲဓားဖြင့် လေ့ကျင့်ခဲ့ခြင်း ဖြစ်ရာ ယခုအခါ ဓားကို လက်ထဲတွင် ကိုင်ထားရုံဖြင့် စုရှင်းသည် လိုက်လျောညီထွေ ဖြစ်အောင် ချိန်ညှိရန် မလိုဘဲ အသုံးပြုနိုင်ပေသည်။

မှင်ရေခဲဓားသည် စုရှင်း၏ အစွမ်းကို အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်း တိုးမြင့်စေသည်ဟုဆိုလျှင် ချဲ့ကားပြောခြင်း မဟုတ်ပေ။

လူဓားသိုင်းပညာကို တစ်စိတ်တစ်ပိုင်း ကျွမ်းကျင်လာခြင်းသည်လည်း စုရှင်း၏ အဓိက တိုက်ခိုက်စွမ်းရည် ရင်းမြစ်တစ်ခု ဖြစ်သည်။

စုရှင်း၏ လက်ထဲမှ မှင်ရေခဲဓား၏ တုန်ခါသံ သဲ့သဲ့ကို မြင်သောအခါ ကျင်းချုံးရွှယ်သည်လည်း အံ့အားသင့်ကာ ပြောလိုက်သည်-

“ရှင် ဒီဓားရဲ့အသိအမှတ်ပြုမှုကို ဒီလောက် မြန်မြန် ရလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။”

“ဓားသမား ပညာရှင်တွေတောင် ဓားရဲ့အသိအမှတ်ပြုမှုကို ရဖို့ဆိုရင် အနည်းဆုံး နှစ်အတော် ကြာလေ့ရှိတယ်… ဓားနဲ့ ဒီလောက် လိုက်ဖက်ညီတဲ့သူကို ငါ တစ်ခါမှ မမြင်ဖူးဘူး!”

ဤသို့ကြားပြီးနောက် စုရှင်းက မျက်ခုံးပင့်ကာ စူးစမ်းလိုစိတ်ဖြင့် ပြောလိုက်သည်-

“ဓားရဲ့ အသိအမှတ်ပြုမှုကို ရတယ်?”

ကျင်းချုံးရွှယ်က ခေါင်းအသာငြိမ့်ကာ ရှင်းပြသည်-

“ဒဏ္ဍာရီ ဓားတွေမှာ နာမ်ရှိတယ်! ဒီမှင်ရေခဲဓားက ဒဏ္ဍာရီလက်နက် မဟုတ်ပေမယ့် သူ့ရဲ့ဒဏ္ဍာရီဆန်တဲ့ အရည်အသွေးက သူ့ကို အသိစိတ် သဲ့သဲ့တစ်ခု ဖြစ်ပေါ်စေဖို့ လုံလောက်နေပြီ။”

“ပြီးတော့ ဒီအသိစိတ်က သူ့သခင်နဲ့ ဆက်ဆံလေလေ ပိုပြီး အားကောင်းလာလေပဲ…”

“အသိစိတ်ရှိတဲ့ ဓားက သူ့သခင်ကို သူကိုယ်တိုင်တောင် ရွေးချယ်တတ်တယ်။ တစ်ယောက်ယောက်ကို မကြိုက်ဘူးဆိုရင် ဓားသမားကိုတောင် ပြန်ပြီး ခုခံကာကွယ်တတ်တယ်။ ဒါကြောင့် ဓားရဲ့စရိုက် လက္ခဏာနဲ့ ကိုက်ညီမှုက မရှိမဖြစ် အရေးကြီးတယ်…”

ကျင်းချုံးရွှယ်၏ စကားကို နားထောင်ပြီးနောက် စုရှင်းသည် မှင်ရေခဲဓားကို ပိုလို့ပင် နှစ်သက်လာသည်။ ဒီဒဏ္ဍာရီလာဓားက သူ့ရဲ့ရည်ရွယ်ချက်တွေနဲ့ တကယ်ကို လိုက်ဖက်ညီလှပါတယ်။

စုရှင်းသည် သူ့လက်ထဲရှိ ဓားသည် သူ့ရဲ့အကြီးမြတ်ဆုံး စွမ်းအားကို သေချာပေါက် ပြသလိမ့်မည်ဟု ယုံကြည်ခဲ့သည်။

ဓားကို သူ့ကိုယ်နှင့်ကပ်ကာ သယ်ဆောင်ပြီးနောက် စုရှင်းက ကျင်းချုံးရွှယ်နှင့် အရေးကြီးသည့် ကိစ္စများကို ဆက်လက် ဆွေးနွေးခဲ့သည်။

သူသည် တစ်ပတ်အတွင်း ဖော်စပ်ထားသည့် ဆေးလုံးများကို ကျင်းချုံးရွှယ်ထံ ပေးအပ်ကာ သူမထံမှ ကုန်ပစ္စည်း အသစ်များကို ပြန်လည် ရယူခဲ့သည်။

ကျင်းချုံးရွှယ်သည် ဆေးလုံးများကို ရေတွက်လိုက်ပြီးနောက် သူမ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ထင်ဟပ်လာခဲ့သည်။

“ရှင် ဆေးလုံး ခြောက်ထောင် ထပ်ဖော်စပ်ခဲ့တာပဲ... ဘုရားရေ၊ ရှင် ဘယ်လိုလုပ်လိုက်လဲ ဆိုတာ ကျွန်မ တကယ် မသိဘူး၊ ကောင်လေးရယ်!”

ထိုစကားကို ကြားသည့်အခါ စုရှင်းသည် ဘာမှမပြောဘဲ ပြုံးပြလိုက်သည်။ သူ၏ အောင်မြင်မှုကို လေ့ကျင့်မှုကြောင့်ဟုသာ သတ်မှတ်လိုက်သည်။

တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ပြီး ဆေးလုံးနှစ်သုတ်ကို တစ်ချိန်တည်းတွင် ဖော်စပ်နိုင်သည့် အတွက် သူ၏ ဆေးဖော်စပ်နှုန်းသည် နှစ်ဆ တိုးလာခဲ့သည်။

“စကားမစပ်၊ ရှင် အရင်တစ်ခေါက်က ကျွန်မကို လျှောက်ခိုင်းထားတဲ့ ရှားပါးသတ္တု တူးဖော်ရေး စခန်းအတွက် တိုးတက်မှု တချို့ရှိတယ်... စစ်တပ်က အရင်က တူးဖော်ပြီးသား ရှားပါးသတ္တု တူးဖော်ရေး နယ်မြေနှစ်ခုကို အခုပဲ ထုတ်ပြန်လိုက်တယ်။”

“သာမန် အဖွဲ့အစည်းတွေက ဒုတိယအဆင့် တူးဖော်ရေး နယ်မြေတွေကို လျှောက်ထားကြတယ်။ အဲဒါတွေကို တရားဝင် ဆယ်စုနှစ်ပေါင်းများစွာ တူးဖော်ပြီးတော့မှ မလိုအပ်တော့တဲ့အခါ အရပ်ဘက်သုံးဖို့ ထားခဲ့တာ…”

ကျင်းချုံးရွှယ်၏ စကားကို ကြားပြီးနောက် စုရှင်းသည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်-

“အရင်က တူးဖော်ပြီးသား နယ်မြေဆိုတော့ ရှားပါးသတ္တုတွေရဲ့ အရည်အသွေးကို အာမခံနိုင်ပါ့မလား။”

ကျင်းချုံးရွှယ်က ခေါင်းညိတ်ပြီး ရှင်းပြလိုက်သည်-

“အဖွဲ့အစည်းတွေကြားမှာ လည်ပတ်နေတဲ့ တူးဖော်ရေး နယ်မြေတွေက တကယ်တော့ နှစ်တစ်ရာကျော် တူးဖော်ပြီးသားတွေ ဖြစ်ပြီး ဒီလို စခန်းတွေကနေ ရှားပါးသတ္တု ထုတ်လုပ်မှု ထိရောက်မှုက အလွန်နည်းတယ်... ဒါပေမဲ့ အမြတ်အစွန်းတော့ ရှိနေတုန်းပဲ၊ အဖွဲ့အစည်း အများစုကလည်း အဲဒါကို လိုလားကြတယ်။”

“‌ဒါပေမဲ့ ဆယ်စုနှစ် အနည်းငယ်ပဲ တူးဖော်ရသေးတဲ့ ဒီစစ်တပ် တူးဖော်ရေး နယ်မြေတွေကတော့ မတူဘူး။ သူတို့ကို အရပ်ဘက်သုံးဖို့ မထုတ်သေးတဲ့ အတွက် ရှားပါးသတ္တု ပမာဏက တကယ်တော့ တော်တော်များတယ်... ဒါက သာမန် အဖွဲ့အစည်း တစ်ခု ရနိုင်တဲ့ အကောင်းဆုံး တူးဖော်ရေး နယ်မြေလို့တောင် သတ်မှတ်နိုင်တယ်။”

“ဒါပေမယ့် ဒီတူးဖော်ရေး နယ်မြေတွေက ပထမတန်းစား ဒါမှမဟုတ် ဒုတိယတန်းစား ရှားပါးသတ္တုတွေကိုပဲ ထုတ်လုပ်နိုင်တယ်။ အဲဒီထက်မြင့်တဲ့ ဟာတွေကတော့... အရာရှိတွေက ထိန်းချုပ်ထားပြီးသားပဲ။”

စုရှင်းက ခေါင်းအသာ ငြိမ့်လိုက်သည်။

သူသည် ဤအရာများကို အမှန်တကယ် နားမလည်ပေ။ အကယ်၍ စုရှင်းက အရည်အသွေးမြင့် ရှားပါးသတ္တု အမြောက်အများကို ရလိုလျှင် အစိုးရ အရာရှိများနှင့် ဆက်သွယ်ပြီး သူ့ကိုယ်ပိုင် တန်ဖိုးကို ပြသနိုင်ပေသည်။ ထိုအခါ အရည်အသွေးမြင့် သတ္တု တူးဖော်ရေး စခန်းတစ်ခုကို ရရှိရန် အလွန် လွယ်ကူသွားပေလိမ့်မည်။

သို့သော် ထိုသို့ ပြုလုပ်ခြင်းသည် သူ့စွမ်းအင်ရရှိမှုကို သိသိသာသာ မြန်ဆန်စေသော်လည်း အလွန် အန္တရာယ် များလွန်းသည်။

သရုပ်ပြခြင်း အတွင်း စုရှင်း ကြုံတွေ့ခဲ့ရသော လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုကို ထည့်သွင်း စဉ်းစားမည် ဆိုလျှင် သူ သိပြီးသား ဖြစ်သည်။

အကြွင်းမဲ့ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း မရရှိမီတွင် စုရှင်းသည် မိမိကိုယ်ကို အန္တရာယ်တွင်းသို့ ဘယ်တော့မှ မပို့ပေ။

“ဒီလိုဆိုမှတော့ မင်းကိုပဲ အပ်လိုက်တော့မယ်... ငါက ဒီကိစ္စတွေကို သိပ်နားမလည်ဘူးလေ” ဟု စုရှင်းက ပြောလိုက်သည်။

ကျင်းချုံးရွှယ်က ခေါင်းညိတ်ကာ ပြန်ဖြေသည်-

“စိတ်မပူပါနဲ့၊ အခြေခံအားဖြင့်တော့ ပြီးပြတ်သလောက်ပါပဲ။ စစ်တပ်နဲ့ ငါ့ရဲ့ဆက်ဆံရေးက အဆင်ပြေပါတယ်!”

“ခွင့်ပြုချက် လုပ်ငန်းစဉ်က နည်းနည်းလေး ရှုပ်ထွေးနေလို့ပါ။ အနည်းဆုံး လေးငါးလလောက် ကြာမယ်လို့ ခန့်မှန်းရတယ်၊ တစ်နှစ်ဝက်လောက်တောင် ဖြစ်သွားနိုင်တယ်…”

စုရှင်းက ဤသို့ကြားပြီးနောက် ခေါင်းညိတ်ကာ တခြားဘာမှ မပြောသော်လည်း စိတ်ထဲမှာတော့ တွေးနေသည်-

“သွားစမ်းပါ၊ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုလုပ် အဆင်မပြေဘဲ နေမှာလဲ။ မဟာရှားနိုင်ငံရဲ့ စစ်ဧကရာဇ်နဲ့ မိစ္ဆာနှိမ်နင်းရေး စခန်းကို စောင့်ကြပ်နေတဲ့ ဗိုလ်ချုပ်ကြီးတွေက မင်းရဲ့အဘိုးတွေလေ…”

ကျင်းချုံးရွှယ်နှင့် နောက်ထပ် စကားစမြည် အနည်းငယ် ပြောဆိုပြီးနောက် စုရှင်းသည် ကျောင်းသို့ ပြန်လာပြီး ဝိဉာဉ်စိုက်ခင်း ကောင်းချီးမြေသို့ ကျွမ်းကျင်စွာ ဝင်ရောက်ခဲ့သည်။

ပထမဦးစွာ သူသည် ကျင်းချုံးရွှယ် ပေးအပ်ခဲ့သော ပစ္စည်းကိရိယာများနှင့် အကျဉ်းခန်း ပစ္စည်းများကို စွမ်းအင်အဖြစ် လဲလှယ်ခဲ့သည်။

ဤအပတ်၏ ကုန်ပစ္စည်းများသည် စုစုပေါင်း သရုပ်ပြစွမ်းအင် ၉.၈ သန်း တန်ဖိုးရှိသည်။

ပြီးခဲ့သော တစ်ကြိမ်ကလောက် မများသော်လည်း စုရှင်း အတွက်တော့ နည်းသည်ဟု မဆိုသာပေ။

တစ်ပတ်လျှင် ပျမ်းမျှ စွမ်းအင် ဆယ်သန်းသည် စုရှင်းအတွက် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။ ယင်းမှာ သူက စခန်း အတွင်း၌ အနည်းငယ် ချွေတာပြီး မြှုပ်နှံ သရုပ်ပြခြင်းကို အသုံးမပြုသရွေ့ ဖြစ်သည်။

ဟုတ်ပါသည်။ သူ့ရဲ့ကျင့်ကြံမှု အဆင့်က နတ်ဘုရား ပြောင်းလဲခြင်းအဆင့် သို့မဟုတ် နတ်ဘုရား အင်အား အဆင့်သို့ တက်လှမ်းသွားပါက ထိုပမာဏသည် လုံလောက်တော့မည် မဟုတ်ပေ။

နောက်ဆုံးတော့ ထိုအချိန် ရောက်လျှင် သန္ဓေတည် ဝိဉာဉ်အဆင့်တွင် နယ်ပယ် တစ်ခုကို ချိုးဖျက်ရန် စုရှင်းသည် စွမ်းအင်တစ်သန်း လိုအပ်ပေလိမ့်မည်။

နတ်ဘုရား ပြောင်းလဲခြင်းအဆင့် အတွက်မူ ဆယ်သန်းသည် အဆင့်တစ်ခုကို ချိုးဖျက်ရန် လောက်ရုံမျှသာ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်…

“ဟူး... နောက်ဆုံးတော့ စွမ်းအင် မလုံလောက်တာပါပဲ!”

“အခု လောလောဆယ်တော့ ကျင်းချုံးရွှယ်က သတ္တုတွင်း စခန်းအတွက် တူးဖော်ခွင့်ကို မြန်မြန်ရဖို့ မျှော်လင့်ရုံပဲပေါ့ကွာ…”

ဤသို့ပြောပြီးနောက် စုရှင်းက သရုပ်ပြခြင်းကို ဖွင့်လိုက်သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ နေ့လည်ခင်းတွင် စုရှင်းသည် အချိန်မှန်မှန်ပင် သရုပ်ပြခြင်း အသစ်တစ်ကြိမ်ကို စတင်လိုက်သည်။

“သရုပ်ပြခြင်း စတင်ပါ!”

[ဒင်! ဤသရုပ်ပြခြင်း အတွက် စွမ်းအင်အမှတ် ၃,၃၀၀ သုံးစွဲလိုက်ပါပြီ။ လက်ကျန်စွမ်းအင် ၂၄,၇၆၃,၀၀၃ အမှတ်နှင့် အကြိမ်အရေအတွက် အကန့်အသတ်မရှိသော သရုပ်ပြခြင်းများ ကျန်ရှိပါသည်။]

[သရုပ်ပြခြင်း စတင်ပါပြီ!]

[အစိမ်းရောင် စွမ်းရာ်တစ်ခု ထုတ်ယူရန် စွမ်းအင်အမှတ် ၁,၀၀၀၊ အပြာရောင် စွမ်းရည်တစ်ခု အတွက် စွမ်းအင်အမှတ် ၁၀,၀၀၀ နှင့် ခရမ်းရောင် စွမ်းရည်တစ်ခု ထုတ်ယူရန် စွမ်းအင်အမှတ် ၁၀၀,၀၀၀ ကုန်ကျပါမည်။ သင် ထုတ်ယူလိုပါသလား?]

စငရှင်းသည် အနာဂတ်တွင် သရုပ်ပြခြင်း စွမ်းအင် ပြတ်လပ်မည်ကို ကြိုတင် တွေးဆထားပြီး ဖြစ်သည်။ သို့သော်လည်း ချွေတာခြင်း သို့မဟုတ် သုံးစွဲခြင်းနှင့် ပတ်သက်လာလျှင် ခရမ်းရောင် စွမ်းရည်တစ်ခု ထုတ်ယူရန် ကုန်ကျစရိတ် တစ်သိန်းသည် သူတတ်နိုင်သေးသော ပမာဏ ဖြစ်သည်။

မဆိုင်းမတွဘဲ စုရှင်းက ပြောလိုက်သည်:

“ခရမ်းရောင် စွမ်းရည်ကို ထုတ်ယူပါ!”

ထိုနောက် ချက်ချင်းပင် သရုပ်ပြစက်မှ အချက်ပေးသံ တစ်ခုသည် စုရှင်း၏နားထဲတွင် မြည်လာသည်။

[ဂုဏ်ယူပါသည်၊ သင်သည် ခရမ်းရောင် စွမ်းရည်: လူအုပ်ထဲတွင် အတောက်ပဆုံးကြယ်ကို ရရှိသွားပါပြီ!]

[လူအုပ်ထဲတွင် အတောက်ပဆုံးကြယ်]: ခရမ်းရောင် စွမ်းရည်၊ သင်သွားလေရာ၌ သင်သည် လူအုပ်၏ ဗဟိုချက် ဖြစ်နေမည်။ လမ်းပေါ်တွင် လမ်းလျှောက်နေလျှင်ပင် သင့်ကို လှည့်ကြည့်နှုန်းမှာ တစ်ရာ ရာခိုင်နှုန်း ဖြစ်သည်။ သင် ဘယ်နေရာမှာပဲ ရှိရှိ၊ သင့်ပတ်ဝန်းကျင်ရှိ လူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လိမ့်မည်။ ဟုတ်ပါသည်၊ တစ်ခါတစ်ရံတွင် အာရုံစိုက်မှု လွန်ကဲခြင်းက ကောင်းတဲ့အရာတော့လည်း မဟုတ်ပါ…]

အသစ်ရရှိသော စွမ်းရည်ကို မြင်သောအခါ စုရှင်းသည် မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။

လူအုပ်ထဲတွင် အတောက်ပဆုံးကြယ်သည် သဘောတရားပိုင်းဆိုင်ရာ စွမ်းရည်တစ်ခု ဖြစ်ပုံရသည်။

ဤအရာက ဘာအသုံးဝင်သည်ကို စုရှင်းသည် သေချာမသိပါ။ သရုပ်ပြခြင်းထဲတွင်သာ စမ်းသပ်ကြည့်ရမည် ဖြစ်သည်။

[ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေ အတွင်း၌ သရုပ်ပြနေကြောင်း သင် သဘောပေါက်လိုက်သည်။]

[သင်သည် မှန်တစ်ချပ် ထုတ်၍ သင့်မျက်နှာကို ကြည့်လိုက်ရာ သင်သည် ယခင်ကဲ့သို့ပင် ရုပ်ချောပြီး ကြည့်ကောင်းနေဆဲဖြစ်ကာ ဘာမှ မခြားနားကြောင်း တွေ့ရသည်။]

[ထို့ကြောင့် သင်သည် ပုံမှန်အတိုင်း ဆေးဖော်ခြင်းကို ဆက်လုပ်ပြီး၊ နောက်အပတ် အတွက် ပစ္စည်းများကို ကျင်းချုံးရွှယ်ထံ ပေးအပ်ရန် ပြင်ဆင်သည်။]

[ထိုအချိန်၌ပင် သင် မွေးမြူထားသော ဝိညာဉ်ကြက်များသည် သင့်ကိုကြည့်ကာ လှောင်အိမ်ထဲမှ ခုန်ထွက်လာသည်။ ထို့နောက် သင့်ထံသို့လာကာ တစ်စုံတစ်ခု ပြောလိုသကဲ့သို့ ကြက်သံ ပေးကြသည်။]

[သင်၏ အဆင့်တစ်ဆယ် တိရစ္ဆာန် စကားပြော စွမ်းရည်ကို အသုံးပြု၍ သင်သည် ကြက်များ၏ အတွေးများကို အောင်မြင်စွာ ကြားနိုင်သည်: ဟမ့်? ဒီခြေနှစ်ချောင်း သတ္တဝါက တကယ်ကြည့်ကောင်းတာပဲ! ကြက်တစ်ကောင်ကောင်များ ကြားဖူးသလား? အားလုံးပဲ လာကြည့်ကြပါဦး…]

[ဝိညာဉ်ကြက်များ၏ စကားဝိုင်းကိုကြားပြီးနောက် သင်သည် စကားမပြောနိုင် ဖြစ်သွားသည်။ ထို့နောက် ၎င်းတို့ သင့်ကို ထွက်မကြည့်နိုင်စေရန် ကြက်ခြံကို အမြန် ပြန်လည် ပြင်ဆင်လိုက်သည်။]

[သို့သော် နောက်ရက်များတွင် သင်သည် ဘယ်နေရာသို့ သွားသွား လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိခဲ့သည်။ ကျောင်းဝင်းထဲတွင် လမ်းလျှောက်နေစဉ် စက်ဘီးစီးနေသော အဘိုးအို တစ်ဦးသည် သင့်ကို ကြည့်နေသောကြောင့် BMW ကားတစ်စီးနှင့် တိုက်မိလုနီးပါး ဖြစ်သွားသည်။]

[ရလဒ်အနေဖြင့် သင်သည် လိမ်လည် လှည့်ဖြားခံရပြီး ခြောက်သောင်း ခြောက်ထောင် ပေးလိုက်ရသည်။]

…

All Chapters