← Chapters

စိုက်ပျိုးမှုအသစ် - ဝိညာဥ်ဆန်!

Vol. 10 Ch. 138

စိုက်ပျိုးမှုအသစ် - ဝိညာဥ်ဆန်!

Vol. 10 Ch. 138

[ဒင်! ဤသရုပ်ပြခြင်း အတွက် စွမ်းအင်အမှတ် ၃,၅၀၀ သုံးစွဲပြီးပါပြီ။ စွမ်းအင်အမှတ် ၂၆,၀၃၁,၂၃၄ မှတ် နှင့် အကန့်အသတ်မဲ့ သရုပ်ပြခြင်း အခွင့်အရေးများ ကျန်ရှိပါသည်။]

[သရုပ်ပြခြင်း စတင်ပါပြီ!]

[အစိမ်းရောင် စွမ်းရည် တစ်ခု ထုတ်ယူရန် စွမ်းအင် ၁,၀၀၀ မှတ်၊ အပြာရောင် စွမ်းရည် တစ်ခု ထုတ်ယူရန် စွမ်းအင် ၁၀,၀၀၀ မှတ်၊ ခရမ်းရောင် စွမ်းရည် တစ်ခု ထုတ်ယူရန် စွမ်းအင် ၁၀၀,၀၀၀ မှတ် ကုန်ကျပါမည်။ စွမ်းရည်ကို ထုတ်ယူလိုပါသလား?]

“ခရမ်းရောင် စွမ်းရည်တစ်ခု ထုတ်ယူမယ်!”

စုရှင်းသည် မတွန့်ဆုတ်ဘဲ ပြောလိုက်သည်။

[ဂုဏ်ယူပါသည်။ သင်သည် အိမ်အပြည့် ဟူသော ခရမ်းရောင် စွမ်းရည်ကို ရရှိပါသည်။]

[အိမ်အပြည့်]: ခရမ်းရောင် စွမ်းရည်။ သင်၏ သုတ်ရည်များသည် ကြီးမားသော ရှင်သန်မှု စွမ်းအားကို ပိုင်ဆိုင်သည်။ သင်၏ “မျိုးစေ့ချခြင်း” အောင်မြင်မှု ရာခိုင်နှုန်းသည် ရာနှုန်းပြည့် ဖြစ်သည်။ သင် အသက်အရွယ် ကြီးရင့်သောအခါ သားသမီး မြေးမြစ်များဖြင့် ပြည့်နှက်နေသော အိမ်ကို သင် ပိုင်ဆိုင်မည်...]

ဤ စွမ်းရည်ကို မြင်ပြီးနောက် စုရှင်းသည် အံ့အားသင့်သွားကာ အသံကျယ်ကြီးဖြင့် ကျိန်ဆဲလိုက်သည်။

“လခွမ်း! ဒါကိုလည်း ခရမ်းရောင် စွမ်းရည်လို့ ခေါ်လို့ရသေးတယ်ပေါ့? ‘အိမ်အပြည့်’ တဲ့လား? ဒါက ‘သားသမီး လိုချင်လွန်းသူ’ ဆိုတဲ့ နာမည်နဲ့ အလိုက်ဖက်ဆုံးပဲ မဟုတ်လား?”

စုရှင်း၏ မျက်နှာ မည်းမှောင်သွားသည်။ ဤ စွမ်းရည်သည် အလွန် ရှားပါးသော အခြေအနေမျိုးတွင်သာ အသုံးဝင်နိုင်သည်။ ဥပမာ - လူသားမျိုးနွယ် မျိုးတုံးလုနီးပါး ဖြစ်နေပြီး ကမ္ဘာပေါ်တွင် စုရှင်း တစ်ယောက်သာ အမျိုးသား ကျန်ရှိတော့သည့်အခါ... သူ့ကို ထင်ပေါ် ကျော်ကြားစေရန် လိုအပ်သည်လား? သို့မဟုတ်... မျိုးပွားနှုန်း အလွန် နည်းပါးသော မျိုးနွယ်များ အတွက် လိုအပ်မည်လား?

“ဟာ... ဖြစ်ချင်ရာဖြစ်! ဒီ စွမ်းရည်ကို မရှိဘူးလို့ပဲ သဘောထားလိုက်မယ်။ သရုပ်ပြခြင်းကို ဆက်လုပ်ရအောင်!”

[ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေ အတွင်း၌ သင်သည် သရုပ်ပြခြင်း တစ်ခုအတွင်း ရောက်ရှိနေကြောင်း သိရှိသွားသည်။]

[သင်သည် ဝိညာဥ်ဆန် စိုက်ပျိုးမှုကို တိုးချဲ့ရန် စဥ်းစားပြီး ဝိညာဥ်စိုက်ခင်း ကောင်းချီးမြေ အတွင်း၌ ဦးစွာ စမ်းသပ် စိုက်ပျိုးခဲ့သည်။ မြေရိုင်းများ ပြန်လည် ပြုပြင်ရန် တစ်လ အချိန်ယူခဲ့ပြီးနောက် ဝိညာဥ်စပါးများ ထပ်မံ စိုက်ပျိုးခဲ့သည်။]

[ထို့နောက် သင်သည် ဝိညာဥ် စုဆောင်းမှု အစီအစဥ်ကို စတင် စီစဥ်ခဲ့သည်။ ဝိညာဥ် စုဆောင်းမှု အစီအစဥ်၏ အထောက်အပံ့ဖြင့် ဝိညာဥ်စပါးများ၏ ကြီးထွားနှုန်းသည် ပိုမို မြင့်တက်လာခဲ့သည်။]

[တစ်ချိန်တည်းမှာပင် သင်သည် ဝိညာဥ်ဆန် ပိသာ တစ်သောင်းကို ကျင်းချုံးရွှယ်အား ရောင်းချရန် ပေးအပ်ခဲ့သည်။ ဝိညာဥ်ဆန်သည် ထင်မှတ်မထားဘဲ အလွန် ရေပန်းစားခဲ့သည်။ အသက် နှစ်ဆယ် ဝန်းကျင် ကြေး နှင့် ငွေအဆင့်ရှိ ကျွမ်းကျင်ပညာရှင်များက ဝယ်ယူခဲ့ကြသည်။]

[အစပိုင်းတွင် ဝိညာဥ်ဆန်ကို စျေးကွက်သို့ ပထမဆုံး မိတ်ဆက်ခဲ့စဥ်က တစ်ပိဿာလျှင် သုံးသိန်းဟူသော ရောင်းစျေးသည် အလွန် စျေးကြီးသည်ဟု ဝေဖန်ခံခဲ့ရသည်။ သို့သော်လည်း မိန်းကလေးငယ် တစ်ဦးက ဝိညာဥ်ဆန် ဆယ်ပိဿာ ကို တစ်ခါတည်း ဝယ်ယူသွားပြီး တစ်လအကြာတွင် သူမ၏ ခွန်အားသည် နှစ်ထောင်ပိဿာ တိုးလာကာ ငွေအဆင့် ကျွမ်းကျင် ပညာရှင် အဖြစ် အောင်မြင်စွာ တိုးတက်လာသောအခါ စျေးကွက်က သတိပြုမိသွားသည်။]

[ထိုနောက်ပိုင်းတွင် ရှေးဖြစ်ဟော ကူးသန်းရောင်းဝယ်ရေး အဖွဲ့အစည်းမှ ဝိညာဥ်ဆန်သည် ရေပန်းစား လာခဲ့သည်။ လူတိုင်း ဝိညာဥ်ဆန်ကို အရူးအမူး ဝယ်ယူကြတော့သည်။]

[အချိန်တို အတွင်းမှာပင် ရှေးဖြစ်ဟော ကူးသန်း ရောင်းဝယ်ရေး အဖွဲ့အစည်းရဲ့ ဆိုင်ရှေ့တွင် လူများ စည်ကားလာသည်။ အခြားသော ကုန်ပစ္စည်းများ၏ ရောင်းချနှုန်းသည်လည်း လျင်မြန်စွာ မြင့်တက်လာခဲ့သည်။]

[ယင်း ကျွမ်းကျင် ပညာရှင်များ အတွက် ဝိဉာဉ်ဆန်များသည် သမားရိုးကျ မဟုတ်ဘဲ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများကို ထာဝရ မြင့်တင်ပေးနိုင်သည့် တန်ဖိုးကြီးမားသော အကျဉ်းခန်း ပစ္စည်းတစ်ခုသာ ဖြစ်သည်။ သာမန်အားဖြင့် အရည်အသွေးများကို မြင့်တင်ပေးနိုင်သည့် ပစ္စည်းတစ်ခု အတွက် တစ်ပိသာကို သုံးသောင်းဟူသော တန်ဖိုးသည် ဈေးပေါတယ် ဟူ၍ပင် သတ်မှတ်ကြသည်။]

[ထာဝရ အရည်အသွေး မြင့်ပေးနိုင်သည့် အကျဉ်းခန်း ပစ္စည်းများသည် အလွန် ရှားပါးကာ သိန်စရာချီ၊ဆယ်ချီပင် ကုန်ကျကြောင်း သိထားသင့်သည်။ အဆင့်မြင့် ကျွမ်းကျင် ပညာရှင်များသာ ဝယ်နိုင်ပြီး ယင်းသည် အရည်အသွေးကိုလည်း များစွာ မတိုးပေးနိုင်ပေ။ ထို့ကြောင့် ထိုပစ္စည်းများနှက့် နှိုင်းယှဉ်လျှင် ဝိဉာဉ်ဆန်သည် အလွန်ပင် ဈေးပေါသည်။]

[တဖြည်းဖြည်းနှင့် ကြေးနှင့်ငွေ အဆင့် ကျွမ်းကျင် ပညာရှင်တွေ သာမက ရွှေအဆင့် ကျွမ်းကျင်ပညာရှင်များပါ ဝိညာဥ်ဆန်ကို ဝယ်ယူရန် ရောက်လာကြသည်။]

[တစ်လ အတွင်းမှာတင် သက် ထုတ်လုပ်ထားသည့် ဝိဉာဉ်ဆန် ပိသာ တစ်သောင်းသည် အကုန် ရောင်းထွက်သွားသည်။ ထို့ကြောင့် သင်သည် ကျင်းချုံးရွှယ်ကို နေုက်ထပ် ဝိဉာဉ်ဆန် ပိသာသုံးသောင်း ထပ်ထုတ်ပေးခဲ့သည်။]

[သင်သည် ဝိဉာဉ်ဆန် ဝယ်သူသည့် ဖောက်သည်များ၏ ဝယ်ယူမှုနှုန်းနှင့် သူတို့၏ ခွန်အားတိုးတက်နှုန်းအား ကျင်းချုံးရွှယ်ကို မှတ်တမ်း တင်ခိုင်းခဲ့သည်။ ယင်း အချက်အလက်များဖြင့် ဝိညာဉ်ဆန်၏ အကျိုး‌သက်ရောက်မှုကို စမ်းသပ်ကြည့်နိုင်ရန် သင် မျှော်လင့်ခဲ့သည်။]

[လ အတော် ကြာပြီးနောက် ကျင်းချုံးရွှယ်က ဝိညာဉ်တန် ဝယ်ယူနှုန်းသည် ရာနှုန်းပြည့် ရှိကြောင်း ပြောခဲ့သည်။ ထို့အပြင် လူအများစုသည် ဝိညာဉ်ဆန်ကို ဝယ်ယူ၍ မရကြကြောင်း၊ ယခုဆိုလျှင် မှောင်ခိုဈေးကွက်၌ ဝိဉာဉ်ဆန် တစ်ပိသာကို ရှားဒင်္ဂါး တစ်သန်းအထိ ဈေးတင်ပြီး ရောင်းချနိုင်ရန် သိုလှောင်ထားကြကြောင်း ပြောသည်။]

ထိုအချက်အလက်များကို ကြားသည့်အခါ စုရှင်း ပါးစပ် အဟောင်းသား ဖြစ်သွားသည်။

“ဘုရားရေ... ဆန်တစ်ပိသညကို တစ်သန်းတောင်လား၊ ဘယ်သူက အဲ့ဒီလောက် တတ်နိုင်မှာလဲ?”

အကျဉ်းခန်းမှ ထုတ်ယူထားသည့် ဝိဉာဉ်ဆန် တစ်ပိသာ၏ တန်ဖိုးသည် စွမ်းအင်အမှတ် ၁,၀၀၀သာ ရှိပြီး ရှားဒင်္ဂါးနှင့် တွက်ကြည့်လျှင် နှစ်သိန်းနှင့် ညီမျှသည်။ အကျဉ်းခန်း ပစ္စည်းများနှင့် လဲလှယ်မည် ဆိုလျှင် တစ်သိန်းလောက်သာ တန်ကြေးရှိသည်။

ခုလို လက်တစ်လှည့် ရောင်းရုံနဲ့ ဆယ်ဆ အမြတ် ရနိုင်တယ်လား?

ဟုတ်ပါသည်။ ပိုက်ဆံရှာခြင်းက ဒုတိယအချက် ဖြစ်သည်။ ကုန်ကျစရိတ်ကို ပြန်ဖုံးလွှမ်းဖို့လောက်သာ ဖြစ်သည်။

စုရှင်း အဓိက တန်ဖိုးထားသည်မှာ ဝိညာဥ်ဆန်ကို အစုလိုက် အပြုံလိုက် ထုတ်လုပ်ပြီး လူသားမျိုးနွယ်ရဲ့ အလုံးစုံသော ခွန်အားကို မြှင့်တင်ပေးနိုင်မလား ဆိုတာသာ…

ထိုပြင် စုရှင်း ယခုကဲ့သို့ လုပ်လျှင် မည်သည့် အန္တရာယ်များ ရှိလာနိုင်မလဲ ဆိုတာသာ ဖြစ်သည်။

အဓိက စိုးရိမ်သည်မှာ ဆင်းသက်ဂိုဏ်းပင်။

ထိုသို့ တွေးကာ စုရှင်း ဆက်လက် ဖတ်သည်။

[ဝိညာဥ်ဆန် ဝယ်ယူခဲ့သော ကျွမ်းကျင် ပညာရှင်များ၏ ခွန်အားသည် အနည်းနဲ့အများ တိုးတက်လာကြောင်း သင် တွေ့ရှိခဲ့သည်။ ၎င်းတို့အနက်မှ အမြန်ဆုံးသူတွေဆိုလျှင် ကြေးအဆင့်ရဲ့ အထွတ်အထိပ်မှ ရွှေအဆင့် အထိကို တစ်လအတွင်း တက်လှမ်းနိုင်ခဲ့သည်။]

[အနှေးဆုံးသူတွေတောင် သုံးလကနေ ငါးလအတွင်း သူတို့ရဲ့ ခွန်အားတွင် ပြောင်းလဲမှုများ ရှိလာခဲ့သည်။]

[သို့သော် ဝိညာဥ်ဆန်သည် မကြာခင်မှာပင် တခြား ကူးသန်းရောင်းဝယ်ရေး အဖွဲ့အစည်းများ၏ ဖိအားပေးခြင်းကို ခံခဲ့ရသည်။ သူတို့က ရှေးဖြစ်ဟော အဖွဲ့အစည်း၏ ဝိညာဥ်ဆန် ရောင်းချမှုသည် အစားအသောက် စျေးကွက်၏ စျေးနှုန်း တည်ငြိမ်မှုကို ထိခိုက်စေသည်ဟု စွပ်စွဲခဲ့ကြသည်။]

[ဤသို့ဖြင့် ကျင်းချုံးရွှယ်က ဝိညာဉ်ဆန်သည် အမှန်တကယ်တွင် အစားအစာ မဟုတ်ဘဲ အငယ်စား အကျဉ်းခန်း အတွင်းမှ ပစ္စည်းတစ်မျိုး ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။ ကျင်းချုံးရွှယ်၏ ကြိုးပမ်းမှုကြောင့် ဈေးကွက်တွင် ဝိညာဉ်ဆန်၏ ရောင်းအားမှာ ပို၍ပင် တိုးတက်လာခဲ့သည်။]

[အဆင့်နိမ့် ကျွမ်းကျင်ပညာရှင် အမြောက်အများက ဝိညာဉ်ဆန်ကို ကောင်းကင်ဘုံမှ လက်ဆောင်တစ်ခုအဖြစ် သတ်မှတ်ကြသည်။ ယင်းမှာ ၎င်းတို့၏ စွမ်းအားကို လျင်မြန်စွာ တိုးမြှင့်နိုင်စေခဲ့သည်။]

[ကျွမ်းကျင်သူများကပင် ဝိညာဉ်ဆန်ကို မဟာ ရှားနိုင်ငံသားတိုင်းထံ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနိုင်မည်ဆိုလျှင် ဆယ်နှစ်ကြာပြီးနောက် နိုင်ငံ၏ စုစုပေါင်း အင်အားမှာ တစ်ဆင့်ထက်မက တိုးတက်လာမည်ဟု ခန့်မှန်းခဲ့ကြသည်။]

[တစ်နည်းဆိုရသော် “ရွှေများက နေရာတိုင်းတွင် ရှိပြီး ငွေကတော့ ခွေးတစ်ကောင် လောက်တောင် တန်ဖိုးမရှိဘူး” ဟူသော ဆိုရိုးစကားအတိုင်းပင် ဖြစ်သည်။]

[မကြာမီပင် မဟာရှားစစ်တပ်မှ ကျင်းချုံးရွှယ်ကို ဆက်သွယ်လာခဲ့ပြီး ဝိညာဉ်ဆန် အမြောက်အများ စိုက်ပျိုးရန် ကိစ္စကို ဆွေးနွေးလိုကြောင်း အကြောင်းကြားခဲ့သည်။ ကျင်းချုံးရွှယ်မှာ ဆုံးဖြတ်ရခက်နေသဖြင့် သင့်ထံမှ အကြံဉာဏ် တောင်းခံခဲ့သည်။]

[အနည်းငယ် စဉ်းစားပြီးနောက် သင်က ကျင်းချုံးရွှယ်အား အချိန် သတ်မှတ်ရန် ပြောကြားခဲ့ပြီး ဤကိစ္စကို မဟာရှားနိုင်ငံနှင့် သင်ကိုယ်တိုင် ဆွေးနွေးမည်ဟု ဆိုခဲ့သည်။]

ဤသည်ကို ဖတ်မိသောအခါ စုရှင်းသည် ပို အာရုံစိုက်လာသည်။

အဘယ်ကြောင့်ဆိုသော် မဟာ ရှားနိုင်ငံ၏ တရားဝင် ရပ်တည်ချက်မှာ အလွန် အရေးကြီးသောကြောင့် ဖြစ်သည်။ အကယ်၍ မဟာ ရှားအရာရှိများက သူ့ကို ဝိညာဉ်ဆန် လွှဲပြောင်းပေးရန် အတင်းအကျပ် ဖိအားပေးလာပါက စုရှင်းသည်လည်း အကျပ်အတည်းသို့ ကျရောက်သွားမည် ဖြစ်သည်။ ၎င်းမှာ သူလက်ခံနိုင်ဖွယ် မရှိသော အရာ ဖြစ်သည်။

[တစ်နေ့တွင် သင်သည် မဟာရှား အရာရှိများ၏ ကိုယ်စားလှယ်နှင့် တရားဝင် တွေ့ဆုံခဲ့ရာ ထိုသူမှာ အမှန်စင်စစ်ပင် ကျင်းချုံးရွှယ်၏ အဘိုးဖြစ်သူ လုယွမ်ဝူပင် ဖြစ်နေခဲ့သည်။]

[လုယွမ်ဝူသည် သင့်အပေါ် အလွန်ဖော်ရွေစွာ ဆက်ဆံခဲ့သည်။ စကား အနည်းငယ် ပြောဆိုပြီးနောက် ဤဝိညာဉ်ဆန်မျိုးကို အမြောက်အများ ထုတ်လုပ်နိုင်မည်လားဟု စတင် မေးမြန်းခဲ့သည်။]

[သင်က လုယွမ်ဝူအား ယခု အချိန်တွင် မဖြစ်နိုင်သေးသော်လည်း အနာဂတ်တွင် ဝိညာဉ်ဆန်၏ နှစ်စဉ် အထွက်နှုန်းမှာ ကျင်း သန်းနှစ်ဆယ်ခန့် ရှိနိုင်ကြောင်း အမှန်အတိုင်း အသိပေးခဲ့သည်။]

[လုယွမ်ဝူသည် ဤသည်ကို ကြားသောအခါ အနည်းငယ် စိတ်ပျက်သွားမိသည်။ အဘယ်ကြောင့်ဆိုသော် ကျင်းသန်းနှစ်ဆယ်သည် များပြားသော အရေအတွက်ဟု ထင်ရသော်လည်း မဟာရှားနိုင်ငံ တစ်ခုလုံး အတွက်မူ လုံလောက်မှု မရှိသောကြောင့် ဖြစ်သည်။]

[ပျမ်းမျှအားဖြင့် ဤဝိညာဉ်ဆန် အသုတ်သည် တစ်နှစ်လျှင် လူဦးရေ နှစ်သန်းကို အများဆုံး ကျွေးမွေးနိုင်ပြီး တစ်ဦးကို တစ်နှစ်လျှင် ဆယ်ကျင်းထက် ပို၍ စားသုံးနိုင်မည် မဟုတ်ပေ။]

[မဟာရှားအရာရှိများ လိုလားသည်မှာ ဤဝိညာဉ်ဆန် အသုတ်သည် မဟာရှားနိုင်ငံ တစ်ခုလုံးကို ကျွေးမွေးနိုင်ပြီး နိုင်ငံ၏ စုစုပေါင်း အင်အားကို မြှင့်တင်ရန် ဖြစ်သည်။]

[သို့ဖြစ်သော်ငြားလည်း လုယွမ်ဝူက အကယ်၍ သင်သည် အရာရှိများနှင့် ပူးပေါင်း၍ ဤဝိညာဉ်ဆန် အသုတ်ကို စိုက်ပျိုးပြီး ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချနိုင်မည် ဆိုလျှင် လျော်ကြေးအဖြစ် မဟာရှားနိုင်ငံက သင် အလိုရှိသည့် မည်သည့် အချက်ကိုမဆို တောင်းဆိုခွင့်ပြုမည်ဟု ဖော်ပြခဲ့သည်။]

[များများစားစား စဉ်းစား မနေဘဲ သင်သည် ဤကိစ္စကို သဘောတူခဲ့သည်။ သို့သော်လည်း ဤဝိညာဉ်ဆန်၏ အရောင်း မြှင့်တင်မှုကို နှစ်နှစ် အကြာတွင် စတင်မည်ဟု ဖော်ပြခဲ့သည်။]

[လုယွမ်ဝူသည် နားမလည်နိုင် ဖြစ်သွားသော်လည်း သင့် အချက်များကို သဘောတူခဲ့သည်။]

[သင်သည် ကျောင်းသို့ ပြန်လာခဲ့ပြီး ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေတွင် နေ့စဉ်ပုံမှန်အတိုင်း စိုက်ပျိုးလုပ်ကိုင်ခဲ့သည်။ သင့်ဝိညာဉ်စိုက်ခင်းရှိ ဝိညာဉ်ဆန် အသစ်များသည် ရင့်မှည့်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။]

[တစ်နေ့တွင် ဝမ်ချင်းရွှမ်သည် သင့်ကို လာရှာခဲ့ပြီး အရည်အချင်း ကိစ္စကြောင့် သင်သည် ဂရုတစိုက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့သည်။]

[ထို့နောက်တွင် သင်သည် ဆင်းသက်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။]

[ဤတစ်ကြိမ်တွင် သင်၏ ရည်မှန်းချက်မှာ အလွန် ရှင်းလင်းနေသည်။ ၄င်းမှာ ဆင်းသက်ဏ်း၏ ဘဏ္ဍာတိုက်ကို လုံးဝ ရှင်းလင်းပစ်ရန် ဖြစ်သည်။]

[သင်၏စွမ်းအားကို တိုက်ရိုက် ထုတ်ဖော်ပြသလိုက်ရာ နတ်ဘုရား အင်အား နယ်ပယ်၏ အစွမ်းထက်မှုက အကြီးအကဲများကို ချက်ချင်းပင် နှိမ်နင်းလိုက်သည်။ ဂိုဏ်းခွဲ ခေါင်းဆောင် တစ်ဦးက သင်နှင့် ကိုယ်တိုင် ကိုယ်ကျ တွေ့ဆုံခဲ့ပြီး အကယ်၍ သင်သည် ဆင်းသပ်ဂိုဏ်းသို့ ဝင်ရောက်လိုပါက ကောင်းမွန်စွာ ဆောင်ရွက်မည်ဆိုလျှင် သုံးနှစ်အတွင်း စောင့်ရှောက်သူအဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။]

စုရှင်းသည် ဤသည်ကို မြင်သောအခါ သူ၏နှလုံးသားမှာ လှုပ်ရှားသွားခဲ့သည်။ စောင့်ရှောက်သူ အဆင့်တဲ့!

၎င်းမှာ မဟာရှားနိုင်ငံ၏ စစ်ဧကရာဇ်၏ စွမ်းအားနှင့် နှိုင်းယှဉ်နိုင်သော အဆင့်ပင်…

ဆင်းသက်ဂိုဏ်း တစ်ခုလုံးတွင် စောင့်ရှောက်သူအဆင့် ပုဂ္ဂိုလ် ခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့်သာ ရှိနိုင်ပြီး ၎င်းတို့အများစုမှာ အခြားကမ္ဘာများမှ လာကြသူများဖြစ်ကာ ထူးဆန်းသော စွမ်းရည်များကို ပိုင်ဆိုင်ကြသည်။

စုရှင်း၏ နတ်ဘုရား အင်အား နယ်ပယ်အဆင့် စွမ်းအားကို ဆင်းသက်ဂိုဏ်းက ဤမျှအလေးအနက်ထား ဆက်ဆံခြင်းမှာ သူ့ကို တန်ဖိုးထားကြောင်း ထင်ရှားသည်။

“စောင့်ရှောက်သူ အဆင့်ဆိုတော့ ဆင်းသက်ဂိုဏ်းရဲ့ နောက်ထပ် လျှို့ဝှက်ချက်တွေကို သိခွင့်ရမယ့် အရည်အချင်း ငါ့မှာ ရှိသွားပြီလား?”

စုရှင်းသည် အတွေးထဲ နစ်မြောသွားသည်။

သူ၏ ဆင်းသက်ဂိုဏ်းအပေါ် လက်ရှိ အသိပညာမှာ သာမညမျှသာ ဖြစ်သည်။

သူသိသမျှမှာ ဤအဖွဲ့အစည်း အတွင်းရှိ တစ်ဦးချင်းစီတိုင်းသည် အလွန် အစွမ်းထက်ကြပြီး ကြယ်ပြာကမ္ဘာမှ ပညာသည်များအပြင် အခြားအငယ်စား အကျဉ်းခန်း ကမ္ဘာများမှ လူများလည်း ပါဝင်သည်။ ဤအဖွဲ့အစည်းသည် တိုင်းတပါးသား မျိုးနွယ်ကို အားကိုးပြီး ကြယ်ပြာကမ္ဘာ၏ အကျိုးစီးပွားကို ထိခိုက်စေသည်။

“ငါ အခု သိရသလောက်တော့ ဆင်းသက်ဂိုဏ်းမှာ အင်အား အကြီးဆုံး ပုဂ္ဂိုလ်က ဂိုဏ်းခွဲ ခေါင်းဆောင်ဖြစ်ပြီး ဒဏ္ဍာရီအဆင့်နဲ့ နှိုင်းယှဉ်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်တယ်… ခေါင်းဆောင် အထက်က ရာထူးတွေကတော့ မသိရသေးဘူး…”

စုရှင်းသည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ သူ၏ ဆင်းသက်ဂိုဏ်း အပေါ် စိတ်ဝင်စားမှုမှာ အမှန်တကယ်တွင် ၎င်းတို့၏ ဘဏ္ဍာတိုက် အတွင်းရှိ ပစ္စည်း အသုတ် အပေါ်၌သာ တည်ရှိနေသည်။

မည်သို့ပင်ဖြစ်စေ ထိုပစ္စည်း အသုတ်သည် စုရှင်း၏ ကံကြမ္မာ ဖန်တီးမှုရဲ့ အခြေခံဟုလည်း ယူဆနိုင်သည်!

“ဆင်းသက်ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ကို တိုက်ရိုက် ဝင်စီးနိုင်ရင် သိပ်ကောင်းမှာပဲ… ဒီလိုလုပ်နိုင်ရင် စွမ်းအင် အမြောက်အများ သေချာပေါက်ရမှာ။ ပြိီးတော့ ငါ့ရဲ့စွမ်းအားကလည်း အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှု တစ်ခုကို သေချာပေါက် မြင်တွေ့ရမှာပဲ!”

ရုတ်တရက် အကြံတစ်ခု စုရှင်း၏ ခေါင်းထဲသို့ ဝင်ရောက်လာသည်။ သို့သော်လည်း သူသည် အနည်းငယ် စိတ်ပျက်သွားမိသည်။

“ကံဆိုးလိုက်တာ၊ ဘဏ္ဍာတိုက်ကို စောင့်ကြပ်နေတဲ့ နဂါး စောင့်ရှောက်သူရဲ့ စွမ်းအားက အတိုင်းအဆ မရှိဘူး။ နတ်ဘုရား အသွင်ပြောင်း အဆင့် အထွတ်အထိပ်က အစွမ်းထက် ပုဂ္ဂိုလ်တွေရဲ့ စွမ်းပကားထက် လုံးဝမလျော့ဘူး!”

“ဒါပေမဲ့ ငါ့ရဲ့စွမ်းအားကလည်း အခုဆို မသေးလှပါဘူး။ ငါ ပိုပြီး သန်မာလာတဲ့အခါ ကြိုးစားကြည့်နိုင်မလားပဲ။”

စုရှင်းသည် သူ့ဘာသာ တွေးတောလိုက်ပြီးနောက် သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။

[သင်သည် ဆင်းသက်ဂိုဏ်းသို့ ချောမွေ့စွာ ဝင်ရောက်ခဲ့ပြီး ဆင်းသက်ဂိုဏ်း၏ အကြီးအကဲများနှင့် စောင့်ရှောက်သူများ အားလုံး သင့်ထံ ခဏတာ ကိုယ်တိုင်ကိုယ်ကျ လာရောက် တွေ့ဆုံခဲ့ကြသော်လည်း ၎င်းတို့ထဲတွင် နဂါး စောင့်ရှောက်သူကိုမူ မတွေ့ရပေ။]

[သင်သည် ခွေးကောင်ကျုံး၏ ဟန်ဆောင် ပြုံးနေသော မျက်နှာကို ကြည့်ကာ သူသည် သင့်ကို အမြဲတမ်း အရေးယူလိုသော်လည်း သင်၏စွမ်းအားကို ကြောက်ရွံ့နေမှန်း စိတ်ထဲတွင် သိနေသည်။]

[နောက်တစ်နေ့တွင် သင်သည် လောရွှေရင်ကို ရှာတွေ့ခဲ့ပြီး သူမအား အရာအားလုံးကို ဖွင့်ဟဝန်ခံကာ လျှို့ဝှက်စကား ပြောဆိုခြင်းဖြင့် သူမ၏ ယုံကြည်မှုကို ရယူခဲ့သည်။]

[သင်သည် ဆင်းသက်ဂိုဏ်းတွင် လပေါင်းများစွာ နေထိုင်ခဲ့သည်။ သင်၏ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကြောင့် ဂိုဏ်းသား အများအပြားက သင့်ကို အလွန် လေးစားကြသည်။ သို့သော်လည်း သင့်ကို အဆက်မပြတ် စောင့်ကြည့်နေသည့် အငွေ့အသက် အချို့ကိုလည်း သင်ခံစားမိနေသည်။ သင်နှင့် ပတ်သက်၍ စိတ်မအေးနိုင်ကြသည်မှာ ထင်ရှားသည်။]

[သင်သည် ဆင်းသက်ဂိုဏ်းမှ လစဉ် ချပေးသော တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်သည်။ သို့သော် ဤတစ်ကြိမ်တွင် တာဝန်မှာ ဆေးဖော်စပ်ခြင်း မဟုတ်ဘဲ အငယ်စား အကျဉ်းခန်း အမျိုးမျိုးနှင့် ဂိုဏ်းခွဲများရှိ သူလျှိုများနှင့် တွေ့ဆုံရန်ဖြစ်သည်။ ၎င်းတို့မှာ လူသစ်တစ်ဦးအဖြစ် သင့်အား ပေးအပ်သော ရိုးရှင်းသည့် တာဝန်များသာ ဖြစ်သည်။]

[သို့သော် ဤသည်က သင့်အား အချိန်ပိုများစွာ ရရှိစေခဲ့သည်။ သင်သည် လောရွှေရင်အား ပစ္စည်း အမြောက်အများ လဲလှယ်ရာတွင် ကူညီပေးရန် တောင်းဆိုခဲ့သည်။ ထို့နောက် သင်သည် အနာဂတ်တွင် အသုံးပြုရန် အတွက် သင်၏ အားလပ်ချိန်များတွင် ဆေးလုံးများကို သိုလှောင်ထားခဲ့သည်။]

[တစ်နေ့တွင် ခွေးကောင်ကျုံးသည် သင့်ထံ ချဉ်းကပ်လာပြီး သင် လာခဲ့သော လက်တွေ့ကမ္ဘာ အကြောင်း မေးမြန်းကာ သင်၏ ဝိညာဉ်ဆန် အပေါ် သူ စိတ်ဝင်စားကြောင်း ပြောပြခဲ့သည်။]

…

All Chapters