← Chapters

ခွေးကောင်ကျုံး၏ ဒိုင်ယာရီ၊ ဘယ်သူက ဒိုင်ယာရီကို အလေးအနက်ထားပြီး ရေးလို့လဲ?

Vol. 11 Ch. 144

ခွေးကောင်ကျုံး၏ ဒိုင်ယာရီ၊ ဘယ်သူက ဒိုင်ယာရီကို အလေးအနက်ထားပြီး ရေးလို့လဲ?

Vol. 11 Ch. 144

သို့သော် သူမဘေးမှ စုရှင်းအား မြင်လိုက်ရသည့်အခါ လောရွှေရင်၏ တွန့်ချိုးထားသော မျက်ခုံးများ တဖြည်းဖြည်း ပြေလျော့လာကာ သူမက တိုးတိုးလေး ပြောလိုက်သည်။

“ကောင်းပါပြီ၊ ရှင် ပြောတာကို နားထောင်ပါ့မယ်!”

စုရှင်းသည် ခေါင်းငြိမ့်လိုက်ပြီး လုယွမ်ဝူကို အမြန် ဆက်သွယ်ကာ သူတို့ ရောက်နေသည့် နေရာကို အကြောင်းကြားလိုက်သည်။ ထို့နောက် လောရွှေရင် နှင့်အတူ ဂူတစ်ခုကို ရှာကာ ဂူထဲ ဝင်သွားခဲ့သည်။

ထို့နောက် စုရှင်းသည် ခွေးကောင်ကျုံးကို ချုံခိုတိုက်ခိုက်ရာမှ ရရှိသည့် ပစ္စည်းများကို စိတ်အားထက်သန်စွာ စတင် စစ်ဆေးတော့သည်။

သွေးနီရောင် အလံငယ် တစ်ခုတွင် “ဝိညာဉ်” ဟူသော ရှုပ်ထွေးသည့် စာလုံး တစ်လုံးကို မှိန်ဖျော့စွာ ရေးသားထားသည်။ သို့သော် အလံ ကိုယ်တိုင်ကတော့ ပျက်စီးနေပြီ ဖြစ်သည်။

စုရှင်းသည် ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ကာ အလံကို စူးစမ်း ကြည့်လိုက်သည်။ ထို့နောက် ခွေးကောင်ကျုံး၏ သန္ဓေတည် ဝိညာဉ်ဘက်သို့ လှည့်ကာ ဟိန်းဟောက်လိုက်သည်။

“ခွေးအိုကြီး၊ ဒီပစ္စည်းက ဘာအတွက်လဲ”

စုရှင်း လက်ထဲမှ လီမီးနည်းစနစ်ဖြင့် ခြိမ်းခြောက်ခံရသည့် အတွက် ခွေးကောင်ကျုံးသည် နာခံစွာ ပြန်ပြောခဲ့ရသည်။

“ဒါက ဝိညာဉ်ခေါ် နဖူးစည်း၊ အဖိုးတန် မှော်ပစ္စည်း တစ်ခုပဲ။ လူ့ဝိညာဉ်တွေကို စားသုံးနိုင်တယ်၊ နတ်အာရုံကို မြှင့်တင်နိုင်တယ်၊ ပြီးတော့ နတ်ကျင့်စဉ် ဖြစ်တဲ့ မှောင်မိုက်ရှားလက်ကို ကျင့်ကြံရာမှာလည်း ကူညီပေးနိုင်တယ်…”

ဒီစကားကို ကြားရတဲ့အခါ စုရှင်းသည် မျက်ခုံးပင့်သွားသည်။ အလံထဲမှ ပြင်းထန်သည့် မကျေနပ်ချက်များကို ခံစားရခြင်းသည် အံ့ဩစရာ မဟုတ်‌တော့ပါ။ ခွေးကောင်ကျုံး လက်ထဲ ရှိစဉ်က ဝိညာဉ် အများကြီးကို စားသုံးခဲ့ရမှာ ဖြစ်သည်…

စုရှင်းက ထပ်မေးလိုက်သည်။ “ဒီမှောင်မိုက်ရှားလက် ဆိုတာ ဘာလဲ”

“ဟူး” ဟုပြောရင်း ခွေးကောင်ကျုံးက ရှင်းပြသည်။ “ငါ့ရဲ့ ဘယ်လက်ဟောင်းက မှောင်မိုက်ရှားလက် နတ်ကျင့်စဉ်နဲ့ ကျင့်ကြံထားတာ။ သူများရဲ့ ဝိညာဉ်စွမ်းအင်ကို စားသုံးပြီး ရှားစွမ်းအင်အဖြစ် ပြောင်းလဲနိုင်တယ်၊ သေးငယ်တဲ့ နတ်ကျင့်စဉ် တစ်ခုပေါ့…”

ဒီစကားကို ကြားပြီးနောက် စုရှင်း ချက်ချင်း နားလည်သွားသည်။ ဒီပစ္စည်းက သူ့ကို အရင်က အများကြီး ဒုက္ခပေးခဲ့တဲ့ မှောင်မိုက် စွမ်းအင်ဖြစ်သည်။ ယင်းသည် ဝိညာဉ်စွမ်းအင်ကို မရပ်မနား တိုက်စားနိုင်ကာ အရိုးထဲထိ ဖောက်ဝင်သည့် ပိုးကောင်လိုပင် — တကယ့်ကို ကိုင်တွယ်ရ ခက်ပါသည်။

စုရှင်းသည် ခွေးကောင်ကျုံး အရင်က ကိုင်ဆောင်ခဲ့သော အရိုးဓားကို ထုတ်ယူလိုက်သည်။ ထိုဓားမှာ ခွေးအိုကြီး ပိုင်ဆိုင်သည့် တစ်ခုတည်းသော မပျက်စီးသေးသည့် မှော်ပစ္စည်းဖြစ်သည်။

“ဒီဓားရဲ့ သမိုင်းကြောင်းကရော ဘာလဲ”

ခွေးကောင်ကျုံးသည် မေးခွန်းကို ကြားသည့်အခါ ချီတုံချတုံ ဖြစ်သွားသည်။

“ဒါက အရိုးဓား၊ အလယ်အလတ် အဆင့် ရတနာတစ်ခုပဲ…”

ဒီစကားကို ကြားပြီးနောက် စုရှင်းသည် မျက်ခုံးပင့်ကာ မေးလိုက်သည်။ “အရိုး?”

ခွေးကောင်ကျုံးက “ဟဲဟဲ” ဟုပြောရင်း ပြန်ဖြေသည်။ “ဒါက လူ့ကျောရိုးတွေကနေ ထုလုပ်ထားတာ။ ကျောရိုးပေါင်း တစ်ထောင့်နှစ်ရာ့ ကိုးဆယ့်ခြောက်ခုကို စုစည်းပြီး ဒီအရိုးဓားကို ထုလုပ်နိုင်ခဲ့တာ…”

ထိုစကားကို ကြားလိုက်ရသည့်အခါ စုရှင်းသည် သက်ပြင်းချလိုက်မိသည်။ ဒီအရိုးဓားရဲ့ မူရင်းဇာစ်မြစ်က တကယ်ကို ကြက်သီးထစရာပဲ…

စုရှင်းသည် ရှင်းပြမရသော ကြောက်ရွံ့မှုကို ခံစားရကာ အရိုးဓားကို ဘေးသို့ ပစ်ချလိုက်သည်။

သူသည် ပျက်စီးနေသော မှော်ပစ္စည်း တစ်ခုချင်းစီ၏ လုပ်ဆောင်ချက်များကို ခွေးကောင်ကျုံးအား ဆက်လက် မေးမြန်းခဲ့သည်။

ခရမ်းရောင်ဆေးလုံး တစ်ဝက်မှစ၍ စုတ်ပြဲနေသော အဆောင် တစ်ခုအထိ… ဝိညာဉ် ကျောက်စိမ်း အပိုင်းအစ တစ်ခုအထိ စသည်ဖြင့်…

ဝမ်းနည်းစရာမှာ ထိုမှော်ပစ္စည်းများ အားလုံးသည် ခွေးကောင်ကျုံးကြောင့် ပျက်စီးသွားခဲ့သည်။ လုံးဝ ပျက်စီးခြင်း မရှိသည့်တိုင် စုရှင်းသည် ထိုပစ္စည်းများကို အသုံးပြု၍ မရပေ။

စုရှင်းကို ကြက်သီးထစေသည်မှာ ထိုပစ္စည်း အများစုသည် ကြောက်မက်ဖွယ် ကောင်းသော မူလဇစ်မြစ်များ ရှိပြီး ပို၍ပင် ဆိုးယုတ်သော အကျိုးသက်ရောက်မှုများ ရှိနေခြင်းပင်။

စုရှင်း ထင်ထားသည့် အတိုင်း ခွေးကောင်ကျုံးသည် တကယ်ပင် အယူမှား ကျင့်ကြံသူ တစ်ဦးဖြစ်သည်!

စုရှင်းသည် “ရှစ်မြှောင့်ဗေဒင်ပညာ” ကို မှတ်တမ်း တင်ထားသည့် ကျောက်စိမ်းပြားကို ထုတ်ယူကာ လျင်မြန်စွာ ဖတ်ရှုလိုက်သည်။

ဤရှစ်မြှောင့် ဗေဒင်ပညာကို အထက်ပိုင်းနှင့် အောက်ပိုင်းဟူ၍ နှစ်ပိုင်းခွဲထားသည်။ အထက်ပိုင်းသည် မြေ၊ နိုင်ငံ၊ ကမ္ဘာတစ်ခု၏ ကံကြမ္မာကို ဟောကိန်း ထုတ်နိုင်ပြီး အမြင့်ဆုံးသော ကျင့်ကြံမှု အဆင့်များ၏ ပံ့ပိုးမှု လိုအပ်သည်။ စုရှင်းက သူ့လက်ရှိ ခွန်အားဖြင့် အထက်ပိုင်းကို ကျင့်ကြံရန် မဖြစ်နိုင်လောက်ဟု ထင်မြင်ခဲ့သည်။

သို့သော် အောက်ပိုင်းမှာမူ တစ်ဦးချင်းစီ၏ ကံကြမ္မာကို ဟောကိန်း ထုတ်ခြင်း ဖြစ်ပြီး ကောင်းကျိုးကို ရှာဖွေကာ ဘေးဆိုးများကို ရှောင်ရှားရန် ကူညီပေးသည်။ နေ့စဉ် ဗေဒင်တွက်ခြင်းဖြင့် ကိုယ်ရေးကိုယ်တာ ဘေးကင်းမှုကို ဖော်ထုတ်နိုင်ပြီး မိမိ၏ ကံကြမ္မာကို သိမ်မွေ့စွာ မြှင့်တင်ပေးနိုင်သည်။

ဤလျှို့ဝှက်နည်းပညာသည် ပို၍ သာမန် ဆန်သော်လည်း ကျင့်ကြံရန် အလွန်ခက်ခဲပြီး ကျွမ်းကျင်ရန် ရာစုနှစ်ပေါင်းများစွာ ကြာမြင့်တတ်သည်။

“နှမြောစရာပဲ၊ အရေးအကြီးဆုံး အပိုင်းဖြစ်တဲ့ အောက်ပိုင်းရဲ့ ကျင့်ကြံမှု နည်းလမ်းကို ဖျက်ဆီးပစ်လိုက်ပြီ…”

သက်ပြင်းချရင်း စုရှင်းသည် ခွေးကောင်ကျုံးကို မေးလိုက်သည်။

“ဒီအောက်ပိုင်း နည်းလမ်းကို ငါ့ကို ရွတ်ပြစမ်းပါ!”

စုရှင်း၏ တောင်းဆိုမှုကို ကြားသောအခါ ခွေးကောင်ကျုံးက ကောက်ကျစ်စွာ ရယ်မောပြီး ပြောလိုက်သည်။

“ငါ အာ့လောက်ထိ မမိုက်မဲဘူး… ဒီရှစ်မြှောင့် ဗေဒင်ပညာက ငါပိုင်ဆိုင်တဲ့ အဖိုးအတန်ဆုံး နည်းပညာပဲ။ မင်းကို ပြောပြလိုက်ရင် ဒီအဘိုးကြီး ဘယ်လိုလုပ် အသက် ရှင်သန်နိုင်တော့မှာလဲ”

“ငါ့ကို ပြန်လွှတ်ပြီး ဆင်းသက်ဂိုဏ်းကို ပြန်သွားခွင့်ပြုပါ၊ ငါ့ကိုယ်ခန္ဓာကို ပြန်လည် တည်ဆောက်ပြီးတာနဲ့ ဒီလျှို့ဝှက် နည်းပညာကို တစ်လုံးမှ မကျန်အောင် မင်းအတွက် ရေးပေးမယ်”

စုရှင်းသည် ခွေးကောင်ကျုံး၏ စကားကို ကြားပြီးနောက် လှောင်ပြောင်လိုက်သည်။ ခွေးအိုကြီးက တကယ်ပဲ သူ လိုချင်တာကိုပဲ တွေးတတ်တာပဲ။

စကားလုံး သက်သက်နဲ့တင် စုရှင်းက သူ့ကို လွှတ်ပေးမယ်လို့ မျှော်လင့်နေတာလား??

သူ့ကိုယ်ခန္ဓာကို ပြန်လည် တည်ဆောက်ပြီးမှ စုရှင်း အတွက် လျှို့ဝှက် နည်းပညာကို ရေးပေးမယ်တဲ့လား?

အဲ့ဒီအချိန် ရောက်ရင် ခွေးကောင်ကျုံးက ဆင်းသက်ဂိုဏ်းရဲ့ အင်အားစုတွေကို စုရှင်းရဲ့ အိမ်တံခါးဝကို ခေါ်လာဖို့က ပို‌တောင် ဖြစ်နိုင်‌သေးတယ်။

စုရှင်းက မတုန်မလှုပ် ရှိနေသည်ကို မြင်သောအခါ ခွေးကောင်ကျုံးက ဆက်ပြောသည်။

“ငါတို့အားလုံးက အခွင့်အလမ်းတွေကို ရှာဖွေနေကြတာ မဟုတ်လား။ မင်း ပစ္စည်းဥစ္စာတွေကို ယူလို့ ရနေတာဘဲ… ဘာလို့ အသက်ကိုပါ ယူဖို့ လိုအပ်မှာလဲ။ ဒီလောကမှာ ကျင့်ကြံသူတွေ သိပ်မများပါဘူး။ ငါတို့ တွေ့ဆုံတာက အရေးကြီးတဲ့ ကံကြမ္မာ ဖြစ်ရမယ်!”

ဤစကားကို ကြားပြီးနောက် စုရှင်းသည် တိတ်ဆိတ်နေခဲ့သော်လည်း ရုတ်တရက် မေးလိုက်သည်။

“ဪ? ကျင့်ကြံသူတွေ သိပ်မများဘူးတဲ့လား။ မင်း တခြား ကျင့်ကြံသူတွေကို တွေ့ဖူးလား”

ခွေးကောင်ကျုံးက ဝမ်းနည်းပက်လက် ရယ်မောလိုက်သည်။

“ကောင်းကင်နဲ့ မြေကြီးရဲ့ ကြီးမားတဲ့ ပျက်သုဉ်းမှုကြီး ပြီးတော့ ဝိညာဉ်စွမ်းအင်တွေ ပြန့်ကျဲပြီး ကျင့်ကြံသူတွေ ပျက်စီးလုနီးပါး ဖြစ်ခဲ့တယ်။ ဒါပေမယ့်… သက်တမ်းရင့် ကျင့်ကြံသူ အနည်းငယ်တော့ ရှိနေသေးတယ်…သူတို့က ကမ္ဘာအသီးသီးမှာ ပျံ့နှံ့နေကြတယ်…”

“ပြောရရင် ခင်ဗျားကရော ဘယ်ကမ္ဘာကလဲ၊ နောက်လိုက် ရှင်း?”

ခွေးကောင်ကျုံးက သူ့တွင် မူလဝိညာဉ်သာ ကျန်ရှိတော့ပြီး သူ၏ အသက်သည်လည်း စုရှင်း၏ လက်ခုပ်ထဲတွင် ရှိနေသည့်တိုင် ခုချိန်ထိ မာန်မာန ထောင်လွှားကာ အထက်စီးက ပြောဆိုနေဆဲ ဖြစ်သည်။

စုရှင်းက မဖြေဘဲ ရုတ်တရက် မေးလိုက်သည်။

“နဂါး စောင့်ရှောက်သူ လိုမျိုး တခြား ကျင့်ကြံသူတွေကရော ဘာလဲလဲ?”

ခွေးကောင်ကျုံးသည် ခဏတာ ကြောင်သွားပြီးနောက် အားယူပြီး ပြုံးကာ ပြန်ဖြေသည်။

“အဲဒီ နဂါးအိုကြီးက တကယ်ပဲ စွမ်းအားကြီးတယ်၊ ပြီးတော့ သူက ဘဏ္ဍာတိုက်ကို စောင့်နေတာ။ မင်းကို ပြောပြရရင် သူ့ဘဏ္ဍာတိုက်ထဲမှာ ရတနာတွေ အများကြီးပဲ။ မင်းနဲ့ ဒီအရိပ် စောင့်ရှောက်သူ နှစ်ယောက် ပေါင်းပြီး သူ့စီက လုံးဝ လုလို့ရနိုင်တယ်…”

ထိုစကားကို တစ်ဝက် တစ်ပျက် နားထောင်ပြီးနောက် စုရှင်းက ဖြတ်ပြောလိုက်သည်။

“တခြား ပြောစရာ ရှိသေးလား?”

ခွေးကောင်ကျုံးက အမြန် ပြန်ဖြေသည်။ “အင်း၊ ငါ မင်းကို အရင်က ပြောခဲ့တဲ့ သဘောတူညီချက်ပဲ။ ငါ့ရဲ့ မူလဝိညာဉ် ပေါ်မှာ ကျိန်ဆိုတယ်…”

ခွေးကောင်ကျုံး၏ စကားမဆုံးခင်မှာပင် စုရှင်းက ဖြတ်ပြောလိုက်သည်။

“မင်းမှာ တခြား ပြောစရာ မရှိတော့ရင် ငရဲကို သွားတော့!”

ထိုသို့ပြောရင်း စုရှင်းသည် သူ့လက်ထဲရှိ လီမီးနည်းပညာ ကို အသက်သွင်းလိုက်ပြီး ခွေးကောင်ကျုံး၏ မူလဝိညာဉ်ကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။

သေခြင်းတရားကို ရင်ဆိုင်ရသည့်အခါ ခွေးကောင်ကျုံးသည် ဘာကြောင့် စုရှင်းက သူ့ကို ခုလောက်ထိ ပြတ်သားစွာ သတ်ပစ်နိုင် ရသည်ကို နားမလည်ခဲ့ပါ။ စုရှင်းက ရှစ်မြှောင့် ဗေဒင်ပညာ ကို မလိုချင်ဘူးလား?

စုရှင်းတွင် ယင်းလျှို့ဝှက် နည်းပညာကို ရရန် အခွင့်အလမ်း များစွာ ရှိသည်ဆိုကြောင်းကို သူ မတွေးမိလိုက်ခဲ့။

ဤသရုပ်ပြခြင်းတွင် ခွေးကောင်ကျုံးသည် လျှို့ဝှက် နည်းပညာကို ဖျက်စီးခဲ့သော်လည်း စုရှင်း လုံလောက်စွာ သန်မာလာသည့် အခါတွင် ခွေးကောင်ကျုံးမှာ ဖျက်စီးနိုင်သည့် စွမ်းအားပင် ရှိတော့မည် မဟုတ်ပါ။

ထို့အပြင် ခွေးကောင်ကျုံး ပြောပြမည့် လျှို့ဝှက် နည်းပညာများသည်လည်း တိကျချင်မှ တိကျပေမည်။ ထို နည်းပညာထဲတွင် လှည့်ကွက်များ ရှိခဲ့မည်ဆိုလျှင် စုရှင်း ဒုက္ခ ရောက်နိုင်သည်။

ထို့ကြောင့် လျှို့ဝှက် နည်းပညာကို မရယူဘဲ ခွေးကောင်ကျုံးကို သတ်ကာ ကိစ္စ ရှင်းလိုက်ခြင်းက ပိုကောင်းသည်။

လျှို့ဝှက် နည်းပညာကိုမူ ကျောက်စိမ်းပြား အပြည့်အဝ ရရှိသည့်အခါမှ လေ့လာလည်း ရသည်။

“ခု အရေးအကြီးဆုံးက နှင်းအရိုး ကျောက်စိမ်း ဂျင်ဆင်း ရဲ့ မျိုးစေ့ပဲ!”

စုရှင်းသည် စိတ်လှုပ်ရှားသွားသည်။ သူသည် နောက်ထပ် သိုလှောင်လက်စွပ် တစ်ခုကို ထုတ်ယူလိုက်သည်။ ယင်းထဲတွင် ရေခဲပြာရောင် မျိုးစေ့ အိတ်ငယ်လေး တစ်ခု—နှင်းအရိုး ကျောက်စိမ်း ဂျင်ဆင်း၏ မျိုးစေ့များ—ပါဝင်နေသည်။

မျိုးစေ့များ မပျက်စီးသည်ကို မြင်သည့်အခါ စုရှင်းက သက်ပြင်းချလိုက်သည်။ ဤ မျိုးစေ့အိတ်ကို စုရှင်း ရရှိသည်နှင့် နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့်သို့ ရောက်ရှိရန် သိပ်ဝေးတော့မည် မဟုတ်ချေ။

“နှင်းအရိုး ကျောက်စိမ်း ဂျင်ဆင်းကိုလည်း တွေ့ပြီ၊ သုံးမြီး ဖီးနစ်မြက်ကိုလည်း စိုက်ပျိုးနေပြီ ဆိုတော့ ကလေးနတ်ဆေး အတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေ အကုန် စုမိပြီ။ နောက် လုပ်ရမှာက ဒါတွေကို သန့်စင်ပြီး ပြီးပြည့်စုံတဲ့ နတ်ဝိညာဉ်ကို အောင်မြင်စွာ ဖန်တီးဖို့နဲ့ နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့်ကို ရောက်ဖို့ပဲ!” ဟု သူ တွေးလိုက်သည်။

ဤသို့ တွေးမိသည်နှင့် စုရှင်း၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ တဖွားဖွား ဖြစ်ပေါ်လာခဲ့သည်။

ပြီးပြည့်စုံသော နတ်ဝိညာဉ်ကို ဖန်တီးကာ နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့်သို့ ရောက်ရှိပြီးသည်နှင့် စုရှင်းသည် နတ်တစ်ပါး ဖြစ်လာရန် ခြေတစ်လှမ်း နီးသွားပြီဟု ဆိုနိုင်ပေသည်။

“နှင်းအရိုး ကျောက်စိမ်း ဂျင်ဆင်း မျိုးစေ့တွေ အပြင် ခွေးကောင်ကျုံး၏ ဒိုင်ယာရီတွေလည်း အတော်လေး ရှိတယ်”

စုရှင်းသည် သိုလှောင် လက်စွပ်ထဲရှိ ထူထဲသော ဒိုင်ယာရီပုံကြီးကို ကြည့်ရှုပြီး ခဏတာ စကားမပြောနိုင် ဖြစ်သွားသည်။ ယင်း ဒိုင်ယာရီများသည် အပုံလိုက်ထားလျှင် ဆယ်မီတာခန့် မြင့်မားနိုင်ဖွယ် ရှိသည်။

“ဒီခွေးအိုကြီးက နှစ်တစ်ထောင်လောက် အသက်ရှင်ခဲ့တာ။ နေ့တိုင်းများ ဒိုင်ယာရီရေးခဲ့တာလားဟ။”

စုရှင်းသည် နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့်မှ စွမ်းအားရှင်ကြီး ခွေးကောင်ကျုံးတွင် ဤသို့သော ဝါသနာမျိုး ရှိနေသည်ကို စိတ်ကူးကြည့်ရန် ခဏမျှ ခက်ခဲနေခဲ့သည်။

ဒိုင်ယာရီ အနည်းငယ်ကို ဖတ်ရှုကြည့်ရာ ခွေးကောင်ကျုံး၏ အတိတ်က လုပ်ဆောင်ချက်များကြောင့် စုရှင်း လန့်ဖြန့်သွားခဲ့သည်။

“ရှန်းဝူခေတ် ၂၃၇၆၊ လယ်လုပ်ကိုင်ရင်း မသေမျိုး အဖိုးအို တစ်ယောက်နှင့် မတော်တဆ တွေ့ဆုံခဲ့ပြီး မသေမျိုး လမ်းကြောင်းထဲသို့ ဝင်ရောက်ခဲ့သည်။”

“ရှန်းဝူခေတ် ၂၃၉၈၊ နောက်ဆုံး အုတ်မြစ် တည်ဆောက်ခြင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီ၊ အသက်ရှည်ခြင်း၏ မျှော်လင့်ချက်များ ပွင့်လန်းလာပြီ… အိမ်နီးချင်း တောင်ထိပ်သို့ သွားရောက်ကာ ပန်းနတ်သမီးကို ရှာဖွေတွေ့ရှိပြီး အချိန်ကြာမြင့်စွာ စကားပြောခဲ့သည်။”

“ရှန်းဝူခေတ် ၂၄၃၄၊ အုတ်မြစ် တည်ဆောက်ခြင်းတွင် မဟာပြည့်စုံခြင်းသို့ ရောက်ရှိခဲ့ပြီ၊ ရွှေအူတိုင် အဆင့်သို့ ထိုးဖောက် ဝင်ရောက်ရန် အခွင့်အရေး ရှာဖွေရန် ထွက်ခွာတော့မည့် ဆဲဆဲတွင် ငါ့ ဒုတိယ အစ်ကိုကြီး၏ ရင်ခွင်ထဲ၌ သူမကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့သည်။ ဒါကြောင့် ဒေါသများ ဖုံးလွှမ်းလာပြီး သူတို့ကို အဆိပ်ခတ် သတ်ဖြတ်ကာ ၎င်းတို့၏ ရတနာများကို ယူဆောင်ပြီး ဂိုဏ်းမှ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။”

“ရှန်းဝူခေတ် ၂၄၃၆၊ အသက်လု၍ ထွက်ပြေးနေရသည်။”

“ရှန်းဝူခေတ် ၂၄၃၉၊ ရွှေအူတိုင် အဆင့်သို့ ထိုးဖောက် ဝင်ရောက်ခဲ့ပြီ၊ ဆယ်စုနှစ်များစွာ အမဲလိုက်ခံခဲ့ရသည်၊ ၎င်းတို့သည် တကယ်ပင် မဆုတ်မနစ်သော ဝိညာဉ်များလော။”

“ရှန်းဝူခေတ် ၂၄၄၈၊ အသက်လု၍ ထွက်ပြေးနေရဆဲ။”

“ရှန်းဝူခေတ် ၂၅၁၃၊ အဆင့်ခြောက် ရွှေအူတိုင်ကို ဖန်တီးခဲ့ပြီ၊ အသက်ရှည်ခြင်း၏ မျှော်လင့်ချက်များ ပွင့်လန်းလာသည်။”

“ရှန်းဝူခေတ် ၂၆၇၃၊ အသက်လု၍ ထွက်ပြေးနေရသည်။”

“ရှန်းဝူခေတ် ၂၇၁၂၊ မြို့ထဲသို့ အရက်ဝယ်ရန် ဝင်ရောက်ခဲ့ရာ ဆွဲဆောင်မှု ရှိသော အမျိုးသမီး တစ်ဦးနှင့် မတော်တဆ တွေ့ဆုံခဲ့သည်။ စိတ်က သူမကို တောင့်တခဲ့သောကြောင့် သူမ၏ ခင်ပွန်းကို သတ်ဖြတ်၊ ဖခင်ကို သတ်ဖြတ်ပြီး ခုနစ်ရက်ကြာ ပျော်ပါးခဲ့သည်။”

“ရှန်းဝူခေတ် ၂၇၃၂၊ နယ်စပ် မြို့လေးတစ်မြို့သို့ ဝင်ရောက်ခဲ့ရာ အနက်ရောင် နတ်ဆိုး လက်ဝါး လျှို့ဝှက် နည်းစနစ်ကို ကံအားလျော်စွာ ရရှိခဲ့သည်၊ ကောင်းကင်က ငါ့ကို ကူညီသည်။ ထို့နောက် မြို့ကို သတ်ဖြတ်ခဲ့ပြီး အမြင့်ဆုံး အရည်အသွေး ရှိသော မှော်ပစ္စည်းဖြစ်သည့် ဝိညာဉ်ခေါ် နဖူးစည်းကို ဖန်တီးခဲ့ကာ အနက်ရောင် နတ်ဆိုး လက်ဝါး၏ နတ်စွမ်းရည်ကို ကျွမ်းကျင် ပိုင်နိုင်ခဲ့သည်။”

စုရှင်းသည် အေးစက်စွာ သက်ပြင်း ချလိုက်သည်။

“ချိီး၊ ဒီ ခွေးကောင်ကျုံးက တကယ်ကို မရိုးရှင်းဘူးပဲ… ပန်းနတ်သမီးက သူ့ကို နှိမ်ခဲ့တော့ မှောင်မိုက်တဲ့ လမ်းကြောင်းပေါ် လုံးဝ ရောက်သွားပုံပဲ!” ဟု ရေရွတ်လိုက်သည်။

…

All Chapters