← Chapters

ပြောစကားများ

Vol. 016 Ch. 1516

ပြောစကားများ

Vol. 016 Ch. 1516

အရှင်ထိုက်ရွှမ်ကား ထိုမျှ ပျော်ရွှင်ဟန်မတူ။ သူသည် ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းတစ်ချက်ချ၏။

ကောင်းကင်လမ်းစဉ်ကား ပြည့်စုံခြင်းမရှိချေ။

သူ့အကြည့်အား လူတိုင်းထံသို့ ပို့လိုက်ပြီးမှ အရှင်ထိုက်ရွှမ်က လက်နှစ်ဘက်ကို ဆုပ်ကာ ကျေးဇူးတင်သည် “အားလုံးကို ကျေးဇူးတင်ပါတယ်”

ထို့နောက်တွင် သူသည် လူအုပ်ထဲသို့ ရောက်လာ၏။ သူ၏တပည့်လေးယောက်သည် သူ့နောက်မှ လိုက်ပါလာကြသည်။ ယခု သူတို့အားလုံး၏စိတ်ပူပင်ခြင်းများအား လွှတ်ချလိုက်နိုင်ပြီဖြစ်သည်။ ယနေ့မှစ၍ တစ်စုံတစ်ယောက်က ပြဿနာလာရှာမည်ကို သူတို့ စိတ်ပူပန်စရာမလိုတော့။

ရှီလင်နတ်မြို့တော်မှ မိစ္ဆာအိုကြီးလော့သည်ပင် အရှင်ထိုက်ရွှမ်နှင့်တွေ့ပါက လေးစားမှုကို ပြသရပေလိမ့်မည်။ အရှင်ထိုက်ရွှမ်သာ ရန်ကြွေးဟောင်းများကို ဖြေရှင်းလိုပါက ထိုမိစ္ဆာအိုကြီး သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။

“ဒီနေ့မှာ အရှင်ထိုက်ရွှမ်က လမ်းစဉ်ကို နားလည်ဆင်ခြင်ခဲ့တယ်။ ဒါက အထက်ကောင်းကင်ဘုံမှာ အဓိကကျတဲ့အချက်ပဲ” နတ်ဂီတနန်းတော်သခင်က ပြုံးလျှက်ပြောလျှင် တခြားသော ကျင့်ကြံသူများကလည်း ခေါင်းညိတ် ထောက်ခံကြသည်။ ထိပ်သီးတန်ခိုးရှင်တစ်ဦး၏လွှမ်းမိုးမှုကား ကြီးမားလွန်းပေသည်။

“ခင်ဗျားတို့ထက် နှစ်နည်းနည်းပဲ စောရောက်ခဲ့တာပါ” အရှင်ထိုက်ရွှမ်က တည်ငြိမ်စွာဖြင့် ဆိုသည်။

“ဒီအဆင့်က အချိန်တစ်ခုတည်းနဲ့ ချိုးဖျက်နိုင်တာမှ မဟုတ်တာ” နတ်ဂီတနန်းတော်သခင်က ခေါင်းယမ်းလျှက် ဆိုသည် “ရှန့်ရှောင်းနန်းတော်ကိုယ်စား ကျုပ်က အရှင်းကို ဂုဏ်ပြုပါတယ်။ ဒီသတင်းကောင်းကို သက်ဆောင်သွားပြီးနောက်မှ တခြားသော နန်းတော်တွေကလည်း အရှင်နဲ့ထပ်တူ ဝမ်းမြောက်ကြမှာပါ”

“နန်းတော်သခင်က အရမ်းကို ချီးမြှောက်လွန်းပါပြီ။ အခွင့်အရေးရရင် ကျုပ်လည်း လာရောက်လည်ပတ်ပါ့မယ်” အရှင်ထိုက်ရွှမ်က လေးစားယဉ်ကျေးစွာဆိုသည်။

“တကယ်လို့ အရှင်သာ နတ်ဂီတနန်းတော်ကို လာရောက်လည်ပတ်လိုတယ်ဆိုရင် မကြာခင် အခွင့်အလမ်းရှိတော့မှာပါ” နတ်ဂီတနန်းတော်သခင်က ပြုံးလျှက် အားလုံးကို ကြည့်ကာ ပြောသည် “နတ်ဂီတနန်းတော်ကလူတွေအကုန်လုံး အရှင်နဲ့ပြောဆိုခွင့်ရဖို့ မျှော်နေကြမှာပါ”

အရှင်ထိုက်ရွှမ်သည် နတ်ဂီတနန်းတော်သခင်၏စကားများကို ကြားလျှင် တစ်စုံတစ်ခုအား သတိရလိုက်ဟန်တူသည်။ သူက တစ်ဘက်သား ဆိုလိုသည်ကို နားလည်ဟန်ဖြင့် ပြုံး၏။

သူ၏စကားများကိုကြားလျှင် ထိုက်ရွှမ်တောင်မှ များစွာသော စွမ်းအားမြင့်တန်ခိုးရှင်တို့ကလည်း တစ်စုံတစ်ခုအား တွေးတောမိကြ၏။ တစ်ယောက်က ပြုံးလျှက်ပြောသည်  “ဆယ်နှစ်ကာလက ခဏလေးနဲ့ ကုန်သွားတာပဲ။ အထက်ကောင်းကင်က လူငယ်လေးတွေအတွက် တဖန်စမ်းသပ်စစ်ဆေးမှုကာလကို ရောက်လာတာပဲ”

“ရှန့်ရှောင်းနန်းတော်က သင်ကြားပို့ချခြင်းနဲ့ လောကကြီးကို အကျိုးပြုတယ်” အရှင်ထိုက်ရွှမ်က ခေါင်းညိတ်ကာ ဆိုသည်။ ရှန့်ရှောင်းနန်းတော်ကား အမှန်ပင် လေးစားအတုယူဖွယ်ကောင်း၏။

“ရှန့်ရှောင်းနန်းတော်ဟာ အထက်ကောင်းကင်ဘုံတွေမှာ မဟာလမ်းစဉ်ကို ပျိုးထောင်နိုင်တဲ့ ရတနာမြေဖြစ်တယ်။ နှစ်ပေါင်းများစွာကြာအောင် သူတို့ရဲ့အစဉ်အလာကို ရိုးရာမပျက် ထိန်းသိမ်းနိုင်ကြတယ်” နတ်ဂီတနန်းတော်သခင်ကလည်း ပြုံးလျှက်ပြောသည်။ ရှန့်ရှောင်းနန်းတော်သည် အထက်ကောင်းကင်၌ တော်ဝင်မြင့်မြတ်သောနေရာ၌ တည်ရှိသည်မှာ လူတိုင်းသိသော ကိစ္စဖြစ်ပေသည်။ ထို့အပြင် သူတို့သည် လောကကြီးအတွင်းမှ ရှုပ်ထွေးပွေလီသော ကိစ္စရပ်များတွင်လည်း ပါဝင်ပတ်သက်လေ့မရှိကြပေ။

မှန်ပေသည်၊ ထိုသို့ အရှုပ်အထွေးများ၌ မပါဝင်ခြင်းကလည်း လက်ရှိ မြင့်မားသော အဆင့်အတန်း၌ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခြင်းအကြောင်းအရင်းတစ်ရပ်ဖြစ်ပေမည်။

“နတ်နန်းတော်မှာ မွေးဖွားတဲ့ အသီးတွေက အကန့်အသတ်ရှိတာ စိတ်မကောင်းစရာပဲ။ မဟုတ်ရင် လူတွေ လမ်းစဉ်ကို ပိုမိုဆင်ခြင်ဖို့ အခွင့်အရေးရမယ်” နတ်ဂီတနန်းတော်သခင်က ဆက်ပြောသည် “အရှင်က ကလန်တစ်ခုကိုလည်း ထူထောင်ဖို့ စိတ်ကူးမရှိဘူး။ အခု အရှင်က အဆင့်တက်သွားပြီဖြစ်လို့ ကျုပ်က တခြားနန်းတော်သခင်တွေနဲ့ ဆွေးနွေးပြီး အရှင့်အတွက် ၁၅နေရာအထိ တိုးပေးဖို့ ကြိုးစားပါ့မယ်”

“ကျေးဇူးတင်ပါတယ်” အရှင်ထိုက်ရွှမ်က ပြုံးလိုက်သည်။ သူက ထိုက်ရွှမ်တောင်မှ တပည့်များအား ကြည့်လိုက်၏။ ၁၅နေရာဆိုသည်မှာ ထိုက်ရွှမ်တောင်တစ်ခုလုံးအတွက် နည်းပါးသည်ဆိုသော်လည်း ရန်ဟောင်အဆင့်တက်ရန် အခွင့်အလမ်းရှိသူများအတွက်မူ ထိုမျှ အရေအတွက်သည် အမှန်တကယ် လုံလောက်ပေသည်။

ရန်ဟောင်အဆင့်ရောက်ရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။

“နတ်ဂီနန်းတော်သခင်က ဘက်လိုက်တာပဲ။ ကျုပ်တို့တွေအတွက်ကျတော့ ဘာလို့ ထပ်မတိုးတာလဲ” တခြားသော စွမ်းသောမြင့်တန်ခိုးရှင်တစ်ဦးက ပြောသည်။

“အားလုံးက အရှင်လိုမျိုးအဆင့်မှာဆိုရင် ကျုပ်အတွက် ပြဿနာမရှိပါဘူး” နတ်ဂီတနန်းတော်သခင်က ပြုံးလျှက်ပြောလျှင် အားလုံး တိတ်ဆိတ်သွားကြသည်။ ရှင်ထိုက်ရွှမ်ကဲ့သို့ အဆင့်မှာကား ဘုံသုံးထောင်၌ပင် အလွန်ရှားပါးပေသည်။

“ကောင်းပြီ… အခု အရှင်က အဆင့်တက်သွားပြီဆိုတော့ ကျုပ်တို့ ပြန်သင့်ပြီ။ အရှင်က အားလပ်ချိန်တွေရှိခဲ့ရင် ကျုပ်တို့ဆီကို လာပြီး လည်ပတ်ပါဦး”

“ကောင်းပြီ” အရှင်ထိုက်ရွှမ်က ခေါင်းညိတ်သည်။

“နှုတ်ဆက်ပါတယ်” နတ်ဂီတနန်းတော်သခင်က လက်နှစ်ဘက်ကို ဆုပ်ကာ ပြောပြီး သူ့လူများနှင့်အတူ ထွက်သွားခဲ့သည်။

“ကျုပ်တို့လည်း ပြန်သင့်ပြီ။ နှုတ်ဆက်ပါတယ်” အားလုံးကလည်း ဦးညွတ်ကာ ပြန်ကြ၏။ အရှင်ထိုက်ရွှမ်က သူတို့ထွက်သွားသည်ကို ကြည့်နေသည်။ ရွှေရောင်နတ်ပြည်ထောင်စစ်သူကြီးက ရှေ့ကို တိုးလာကာ မေးသည် “ကျုပ်တို့ ဒီမတိုင်ခင်က အဆိုပြုတာကို ပြန်စဉ်းစားဦးမှာလား အရှင်”

“ကျုပ် တပည့်လက်မခံတော့ပါဘူး” အရှင်ထိုက်ရွှမ်က ခေါင်းယမ်းသည်။ တစ်ဘက်လူတို့ကလည်း ခေါင်းညိတ်ကာ ကိုက်ရှီအား ခေါ်လျှက် ထွက်ခွာသွားတော့သည်။ ရွှေရောင်အလင်းများက မဟာလမ်းစဉ်၏လမ်းကြောင်းကို ဖွင့်လိုက်ရာ မကြာခင် သူတို့သည် သူတို့သည် ကောင်းကင်နှင့်မြေကြီးအကြား ပျောက်ကွယ်သွားတော့သည်။

“ရွှေရောင်နတ်ပြည်ထောင်ကလူတွေက တော်တော်ကို ထောင်လွှားတာပဲ” အရှင်ထိုက်ရွှမ်က သူတို့ပျောက်ကွယ်သွားရာဘက်ကို ကြည့်ကာ တီးတိုးရေရွက်သည်။

“ရွှေရောင်နတ်ပြည်ထောင်က ရှေးဟောင်းရွှေနတ်ဘုရားရဲ့ မျိုးဆက်တွေပဲ။ သူတို့က မဟာအင်ပါယာနဲ့လည်း အဆက်အသွယ်ရှိတယ်။ ဆရာအဆင့်တက်သွားတာမဟုတ်ရင် ကိုက်ရှီကို ငါတို့ဆီ ခေါ်လာမှာ မဟုတ်ဘူး” ထိုက်ရွှမ်အကြီးအကဲက ပြောသည်။

အရှင်ထိုက်ရွှမ်က ဘာမှ မပြောပေ။ လူအုပ်ကြီး တဖြေးဖြေး ကျဲပါးသွားလျှင် ထိုက်ရွှမ်တောင်၌ လူအနည်းငယ်သာ ကျန်တော့သည်။

နောက်ဆုံးတွင်ကား ထိုက်ရွှမ်တောင်သည် မူလကဲ့သို့ ငြိမ်းချမ်းဆိတ်ငြိမ်မှုကို ရ၏။

ထိုအချိန်တွင် ထိုက်ရွှမ်တောင်တပည့်များသည် အရှင်ထိုက်ရွှမ်ကို ကြည့်နေကြသည်။ ယခုကား အားလုံး စိတ်လှုပ်ရှားနေကြ၏။ လက်ရှိတွင် အရှင်ထိုက်ရွှမ်၏အဆင့်အတန်းကို သူတို့အားလုံး နားလည်နေကြပြီဖြစ်သည်။ နတ်ဂီတနန်းတော်သခင်သည်ပင် အရှင်ထိုက်ရွှမ်ကို အလွန်အမင်း လေးစားမှုပြုရ၏။

ထို့အပြင် သူတို့အတွက် နေရာ ၁၅ ခု ရရှိခဲ့၏။

ပြန်လည်မွေးဖွားခြင်းအဆင့်သို့ တက်လှမ်းပြီး တပည့်များ၏ခေါင်းထဲတွင် မျှော်လင့်ချက်များ ကြီးမားစွာ ရှိနေကြ၏။ သူတို့အတွက် သည်အခွင့်အရေးမှာ အလွန်ရှားပါးပေသည်။ ဆယ်နှစ်တွင်မှ တစ်ကြိမ် နတ်နန်းတော်က သည်အခွင့်အရေးအား လူအများသို့ ပေးစွမ်းနိုင်၏။

အထက်ကောင်းကင်ဘုံမှ လူတိုင်းသည် နတ်နန်းတော်သို့ သွားရောက်ကာ သူတို့၏ထိုက်တန်မှုကို သက်သေပြကြရာ၏။

သို့သော်လည်း ၁၅နေရာသည်ပင် လုံလောက်ခြင်းမရှိပေ။ ထိုက်ရွှမ်တောင်မှ တပည့်များအပြင် အရှင်ထိုက်ရွှမ်၏တပည့်လေးယောက်တွင်လည်း သူတို့ခေါ်ဆောင်သွားရမည့် တပည့်များ ရှိပေသေးသည်။

ထို့အပြင် ထိုက်ရွှမ်တောင်ပေါ်မှ အကြီးအကဲအချို့တွင်လည်း သူတို့၏မျိုးဆက်များ ရှိပေသေးသည်။

အရှင်ထိုက်ရွှမ်က လူအုပ်ကြီးအား သူတို့၏အတွေးများအား နားလည်ဟန်ဖြင့် ကြည့်သည်။

“နတ်ဂီတနန်းတော်သခင်ပြောတာကို မင်းတို့လည်း ကြားတာပဲ။ မကြာခင် ဆယ်စုနှစ်တစ်ခုကြာ စောင့်ဆိုင်းနေတဲ့ အခွင့်အလမ်းက ရောက်လာတော့မယ်။ ဒါက ရှန့်ထိုအဆင့်အမြင့်ဆုံးလူတွေ အတွက်ပဲ။ ဒါက ရန်ဟောင်အဆင့်ကို တက်လှမ်းဖို့ အခွင့်အလမ်းလည်းဖြစ်တယ်။ မှန်တယ်… ဒါက အခွင့်အလမ်းတစ်ခုသာပဲ။ အောင်မြင်ခြင်း ကျရှုံးခြင်းက တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကြိုးစားအားထုတ်မှု၊ ပါရမီနဲ့ပဲ သက်ဆိုင်တယ်”

အားလုံးက အာရုံတစိုက် နားထောင်နေကြ၏။ ဤကား သူတို့အားလုံး သိသော ကိစ္စဖြစ်ပေသည်။

“နတ်နန်းတော်ဟာ အထက်ကောင်းကင်ဘုံတွေမှာ ရန်ဟောင်အုတ်မြစ်ချဖို့အတွက် အကောင်းဆုံးနေရာပဲ။ ကျင့်ကြံသူတွေအတွက် ဒါက တကယ်ပဲ တန်ဖိုးကြီးတယ်။ ဒီတစ်ခေါက် ဆရာသခင်ကြီးအဆင့်တက်သွားလို့ ကျုပ်တို့ နေရာဆယ်ခုပိုရတယ်”

ထိုက်ရွှမ်အကြီးအကဲ၏တပည့် ကျွင်းမူက ဆိုသည်။ အရှင်ထိုက်ရွှမ်ကလည်း ခေါင်းညိတ်၏။ အထက်ကောင်းကင်ဘုံမှ ထိပ်သီးအင်အားစုတိုင်းမှာ နေရာဆယ်ခုစီသာ ရရှိပေသည်။ ထိုက်ရွှမ်တောင်ကား ကလန်တစ်ခုအနေဖြင့် မည်သည့်အခါကမှ မတည်ရှိခဲ့ပေ။ ယခင်က သူတို့ကား နေရာငါးခုသာ ရရှိလေ့ရှိပေသည်။ ယခုတစ်ကြိမ်ကား ဆယ့်ငါးနေရာအထိ ရရှိခဲ့၏။

“ကဲ… ဆယ့်ငါးနေရာမှာ ထိုက်ရွှမ်တောင်က ငါးနေရာ၊ တပည့်လေးယောက်က တစ်ယောက်ကို နှစ်နေရာစီရမယ်။ ဘယ်လိုလဲ” အရှင်ထိုက်ရွှမ်က လူတိုင်းကို ပြောသည်။ သူ၏တပည့်တစ်ဦးစီက နှစ်နေရာရရှိမည်ဖြစ်ကာ ထိုက်ရွှမ်တောင်က ငါးနေရာရပေမည်။

အားလုံးက ခေါင်းညိတ်ကြ၏။ အရှင်ထိုက်ရွှမ်၏ခွဲဝေမှုက မျှတပေသည်။

“နောက်၂နေရာအတွက်ကရော” ထိုက်ရွှမ်အကြီအကဲက ပြောသည်။ ငါးနေရာနှင့် ရှစ်နေရာပေါင်းပါက ၁၃နေရာသာ ရှိသေးပေသည်။

“ငါ့မှာ အဲဒီအတွက် အစီအစဉ်ရှိတယ်” အရှင်ထိုက်ရွှမ်က ဆိုသည်။ ထိုက်ရွှမ်အကြီးအကဲက ခေါင်းညိတ်ကာ ဘာမှ မပြောတော့။ အရှင်ထိုက်ရွှမ်တွင် ကိုယ်ပိုင်အစီအစဉ်ရှိသည်ဆိုမှတော့ သူတို့ ဘာမှ ဆိုစရာအကြောင်းမရှိတော့။

ရီဖူရှင်းကား တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။

အရှင်ထိုက်ရွှမ်က ထိုနေရာနှစ်ခုထဲမှ တစ်ခုအား မိမိကို ပေးရန် ကြံရွယ်နေသည်များလား။

ထို့အပြင် သည်တစ်ကြိမ်ကား သူတို့သည် ရိထျန်းယွီကျင့်ကြံနေသော နေရာသို့ သွားရောက်ခြင်းဖြစ်သည်။ မကြာခင်က ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် သူနှင့် ပြဿနာများ ဖြစ်ပွားထားခဲ့သေးသည်မဟုတ်ပါလား။

သို့သော်လည်း နတ်နန်းတော်သည် အပြင်လောကအရှုပ်အထွေးများ၌ ပါဝင်ပတ်သက်လေ့မရှိဟု သူကြားထားသည်။ ကြည့်ရသည်မှာ ထိုအချက်က မှန်ကန်ဟန်ရပေသည်။

ထို့ကြောင့် ထိုနေရာ၌ ရိထျန်းယွီရှိခြင်းမရှိခြင်းက သိပ်ပြဿနာမဟုတ်လောက်ပေ။

“ကောင်းပြီ… မင်းတို့အားလုံး သွားပြီး အဆင်သင့်လုပ်ထားကြ” အရှင်ထိုက်ရွှမ်က ပြောကာ ထွက်သွားသည်။

အရှင်ထိုက်ရွှမ်ထွက်သွားပြီးနောက်တွင် လူအများအပြားက ထိုအကြောင်းကို ပြောဆိုနေခဲ့ကြသည်။

“ဓားချောက်နက်ကို ပြန်သွားကြရအောင်” ဝမ်ရှိုးရီက ပြောသည်။

“စီနီယာဝမ်က တစ်နေရာရမယ်ထင်တယ်” လော့ယွဲ့က တီးတိုးပြောသည်။ ဝမ်ရှိုးရီကား အလွန်ပါရမီမြင့်ရာ သူ့တွက် တစ်နေရာ ရှိရပေမည်။

“ကျုပ်အကောင်းဆုံး ကြိုးစားပါ့မယ်” ဝမ်ရှိုးရီက လေးနက်စွာ ပြောသည် “ငါက မင်းနဲ့အတူ သွားခွင့်ရဖို့ မျှော်လင့်ပါတယ်”

လော့ယွဲ့ကား ထိုက်ရွှမ်မြို့စား၏သမီးဖြစ်ရာ ပုံမှန်အားဖြင့် သူမအတွက် တစ်နေရာ ရပေလိမ့်မည်။

ရီဖူရှင်းသည်လည်း တေးသံသာစံအိမ်ကို ပြန်ရန် လုပ်သည်။

“ရှန်ကျင်း” ဝမ်ရှိုးရီက ခေါ်လိုက်သည်။ ရီဖူရှင်းက သူ့အား လှည့်ကြည့်၏။

“ထိုက်ရွှမ်တောင်မှာ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး ဆွေးနွေးတာရှိသလို ဓားချောက်နက်မှာလည်း အတူတူပဲ။ မင်း လာပြီး ဓားပညာနဲ့သက်ဆိုင်တာတွေ ဆွေးနွေးနိုင်တယ်” ဝမ်ရှိုးရီက ရီဖူရှင်းအား ကြည့်ရှုစောင့်ရှောက်သည့်သဘောဖြင့် ဆိုသည်။

“ဒါက တကယ်ပဲ ကောင်းတဲ့အခွင့်အလမ်းပဲ” လော့ယွဲ့ကလည်း ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ သည်တစ်ကြိမ်ကား လူတိုင်းအတွက် အရေးပါရာ ရီဖူရှင်းလည်း တိုးတက်ရန် ကြံဆောင်သင့်ပေသည်။

“သေချာတာပေါ့။ ကျုပ် သေချာပေါက် သွားပါ့မယ်” ရီဖူရှင်းက ပြုံးလျှက် ခေါင်းညိတ်သည်။

“ကောင်းပြီ။ ဒါဆို မင်းပြန်လို့ရပြီ” ဝမ်ရှိုးရီက ပြောသည်။ ရီဖူရှင်းလည်း နှုတ်ဆက်၍ တေးသံသာစံအိမ်သို့ ပြန်သွားခဲ့၏။

***

All Chapters