← Chapters

အသက်ဝင်နေသော နတ်ဘုရား စွမ်းရည်၊ ဘုရားရှင်နှင့် ကြမ္မာပါခြင်း ဆိုသည်မှာ အဘယ်နည်း။

Vol. 11 Ch. 149

အသက်ဝင်နေသော နတ်ဘုရား စွမ်းရည်၊ ဘုရားရှင်နှင့် ကြမ္မာပါခြင်း ဆိုသည်မှာ အဘယ်နည်း။

Vol. 11 Ch. 149

ကျင်းချုံးရွှယ်သည် စုရှင်း ပြောသည်ကို နားထောင်ပြီးနောက် ခေါင်းညိတ်ကာ “စိတ်ချပါ၊ ကျွန်မ သိသွားပြီ ဆိုတော့ ခွင့်ပြုချက် မရဘဲ ဘယ်သူ့မှ ထုတ်မပြောပါဘူး” ဟု ကတိပေးလိုက်သည်။ ဤကိစ္စ၏ အရေးကြီးပုံကိုမူ အတွေ့အကြုံအရ သူမ ကောင်းစွာ နားလည်ပါသည်။

စုရှင်းသည်လည်း ကျင်းချုံးရွှယ်ကို အလွန် ယုံကြည်သည် ဖြစ်၍ ခေါင်းညိတ်လိုက်သည်။ သို့သော် အသက်ရှည် ဆေးလုံးက ယူဆောင်လာနိုင်မည့် ကြီးမားသည့် အကျိုးအမြတ်များကို ပြန်လည် တွေးမိသောအခါ သူသ ် ထပ်မေးလိုက်ပါသည်။

“ငါ တကယ်ပဲ သက်တမ်းကို သုံးနှစ်ကနေ ငါးနှစ်အထိ ရှည်စေနိုင်တဲ့ ဆေးတစ်မျိုးကို ဖော်စပ်နိုင်ခဲ့တယ် ဆိုပါစို့၊ အာ့ဆေးကို လေလံတင် ရောင်းချမယ်ဆိုရင် ဘယ်လောက် ရနိုင်မယ်လို့ ထင်လဲ?”

ကျင်းချုံးရွှယ်သည် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါကာ “ဒီလို ပစ္စည်းမျိုးက ငွေနဲ့ တိုင်းတာလို့ မရဘူး” ဟု ဖြေကြားသည်။ “မဟာရှား နိုင်ငံသုံးဒင်္ဂါးနဲ့ တန်ဖိုးဖြတ်ရင်တောင် တစ်ချို့လူတွေ အတွက်ဆို ဘီလီယံ တစ်ရာ ဆိုတာကလည်း မများဘူး”ဟု ပြောသည်။

“လဲလှယ်မှု အနေနဲ့ ပြောရမယ်ဆိုရင် ဒဏ္ဍာရီလာ ရတနာ တွေ၊ စတုတ္ထအဆင့် အထူးသတ္တုတွေ… ဒါမှမဟုတ် အခြားရှားပါးတဲ့ ထူးခြား ပစ္စည်းတွေနဲ့တောင် တန်ဖိုးတူ လဲလှယ်နိုင်တယ်”

ဤစကားများက စုရှင်းအား အသက်ရှည် ဆေးလုံးသည် ဤလောကတွင် မည်မျှအထိ အစွမ်းထက်၍ လွှမ်းမိုးမှုရှိသည်ကို နားလည်စေခဲ့သည်။ လူသားများ၏ အဆုံးစွန်သော အိပ်မက်မှာ မသေနိုင်ခြင်းပင် ဖြစ်ပါသည်။

တောင်များကို ရွှေ့နိုင်၊ ပင်လယ်များကို ဖြည့်နိုင်သည့် အစွမ်းထက် သူရဲကောင်းများ အတွက်ပင် ဤအိပ်မက်သည် အတူတူပင် ဖြစ်ပါသည်။

ဤကမ္ဘာတွင်မူ လူသောင်းပေါင်းများစွာကို တစ်ဦးတည်း ရင်ဆိုင်နိုင်သည့် အစွမ်းထက် စစ်သည်တော်များက လူ့အဖွဲ့အစည်း၏ စည်းစိမ်ဥစ္စာ အများစုကို ထိန်းချုပ်ထားကြသည်။

ထိုသူဌေးကြီးများသည် သူတို့၏ သက်တမ်းကို ပိုမိုရှည်ကြာစေရန် အတွက် မည်သည့်အရာကိုမျှ နှမြောမည် မဟုတ်သည်မှာ သေချာပါသည်တည်း။

ခဏတာ စဉ်းစားပြီးနောက် စုရှင်းသည် ကျင်းချုံးရွှယ်ကို “ငါ စာရင်းတစ်ခု ပေးမယ်။ အဲဒီစာာရင်းထဲက ဆေးဖက်ဝင် အပင်တွေကို တတ်နိုင်သမျှ စုဆောင်းပေး” ဟု ပြောလိုက်သည်။

“နှစ်ရှစ်ရာကျော် သက်တမ်းရှိ ဂျင်ဆင်း၊ ပိုသက်တမ်းရင့်လေ ပိုကောင်းမွန်လေဘဲ…”

“နှစ်တစ်ထောင်ကျော် သက်တမ်းရှိတဲ့ နွယ်ချို၊ ဒါကလည်း ပိုသက်တမ်းရင့်လေ ပိုကောင်းမွန်လေပါပဲ…”

“ပြီးတော့ မှို၊ ကန်းစွန်းဥ၊ ရိုဒီယိုလာ…”

စုရှင်းသည် စာရွက်တစ်ရွက် ထုတ်ပြီး ဆေးဖက်ဝင် အပင်များကို စာရင်း လုပ်ပေးလိုက်ရာ ကျင်းချုံးရွှယ်သည် လေးနက်စွာ လက်ခံ၍ ယူသွားပါသည်။

ကျင်းချုံးရွှယ်ကို နှုတ်ဆက်ပြီးနောက် စုရှင်းသည် တစ်ပတ်စာ ကုန်ပစ္စည်းများနှင့်အတူ ဝိညာဉ်စိုက်ခင်း ကောင်းချိီးမြေသို့ ပြန်လာခဲ့ပါသည်။

ပထမဆုံးအနေဖြင့် သူဝယ်ယူခဲ့သည့် အကျဉ်းခန်း ပစ္စည်း အမြောက်အများကို သရုပ်ပြခြင်း စွမ်းအင်အဖြစ် ပြောင်းလဲပစ်လိုက်သည်။

ထိုအခါ စုရှင်း၏ သရုပ်ပြ စွမ်းအင်သည် ၇၅သန်း နီးပါး မြင့်တက်လာခဲ့သည်။

“သုံးမြီး ဖီးနစ်မြက်နဲ့ နှင်းအရိုး ကျောက်စိမ်းဂျင်ဆင်းကို ထုတ်ယူလိုက်တော့မယ်!” စုရှင်းသည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။

[သုံးမြီး ဖီးနစ်မြက် ဆယ်ပင် (နှစ်သုံးရာသား) ကို အောင်မြင်စွာ ထုတ်ယူပြီးပါပြီ။ စွမ်းအင် ၁၅ သန်း ကုန်ကျပြီး ၆၀,၃၃၃,၆၀၀ မှတ် ကျန်ရှိပါသည်]

[နှင်းအရိုး ကျောက်စိမ်းဂျင်ဆင်း အပင်သုံးဆယ် (ရင့်မှည့်ပြီး) ကို အောင်မြင်စွာ ထုတ်ယူပြီးပါပြီ။ စွမ်းအင် ၁၅ သန်း ကုန်ကျပြီး ၄၅,၃၃၃,၆၀၀ မှတ် ကျန်ရှိပါသည်]

သရုပ်ပြစက်၏ အသံ ထွက်ပေါ်လာသည် နှင့်အမျှ စုရှင်းဘေးတွင် ဆေးဖက်ဝင် အပင်များစွာ ပေါ်လာသည်။

သုံးမြီး ဖီးနစ်မြက်ဟု အမည်ရသည့် ဝိညာဉ်ဆေးပင်တွင် ဖီးနစ်ငှက် အမြီးနှင့်တူသည့် ပွင့်ချပ်သုံးခု ပါရှိပါသည်။

နှင်းအရိုး ကျောက်စိမ်း ဂျင်ဆင်းမှာမူ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော်လည်း အမြစ်များမှ အနီရောင် အမျှင်များ ထိုးဖောက်ထွက်နေသည်။

၎င်းဆေးဖက်ဝင် အပင် နှစ်မျိုးလုံးသည် အလွန် တန်ဖိုးရှိသည့် အပင်များဖြစ်သည်။ စုရှင်းသည် နှာခေါင်းနား ကပ်၍ နမ်းလိုက်ရုံမျှဖြင့် ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်ထဲ စီးဆင်းပြီး အာရုံများ လန်းဆန်းလာသည်ကို ခံစားရသည်။

စုရှင်းသည် အလွန် ဂရုတစိုက် ကိုင်တွယ်ကာ နှင်းအရိုး ကျောက်စိမ်း ဂျင်ဆင်းကို ကျောက်စိမ်းသေတ္တာထဲသို့ ထည့်လိုက်သည်။ ဤအပင်သည် အလွန်အေးသည့် ရာသီဥတုတွင်သာ ရှင်သန်နိုင်သောကြောင့် ဆေးဖက်ဝင် ဂုဏ်သတ္တိများ မပျောက်ဆုံးစေရန် ကျောက်စိမ်း သေတ္တာထဲတွင် ထည့်သိမ်းရပါသည်။

ထို့နောက် ဝိညာဉ်စိုက်ခင်းသို့ သွားကာ ဝိညာဉ်စွမ်းအင်များ ကြွယ်ဝသည့် နေရာကို ရှာဖွေ၍ သုံးမြီး ဖီးနစ်မြက်ကို စိုက်ပျိုးလိုက်သည်။

ဤအရာများ အားလုံးကို လုပ်ဆောင်ပြီးနောက် စုရှင်းသည် ချက်ချင်း သရုပ်ပြခြင်း မပြုလုပ်သေးဘဲ စဉ်းစားဟန်ဖြင့် မေးစေ့ကို ပွတ်သပ်နေသည်။

“အသက်ရှည်ဆေးဆိုတာ ငွေရှာဖို့အတွက် တကယ်ကို ကောင်းတဲ့နည်းလမ်းပဲ၊ ဒါပေမဲ့ အချို့ အန္တရာယ်တွေလည်း ရှိတယ်!”

“အခုချိန်မှာတောင် မူလ စစ်သည်တော်ရဲ့ ခွန်အားရှိပေမဲ့ ဒီကိစ္စကို သေချာ မကိုင်တွယ်ဘူးဆိုရင် ဒုက္ခတွေ၊ စိတ်အနှောင့်အယှက်တွေ အများကြီး ဖြစ်လာနိုင်တယ်…”

စုရှင်း၏ လက်ရှိခွန်အားအရ စစ်အင်အားကို အားကိုးလျှင် ထိုစီးပွားရေး အသင်းအဖွဲ့များ၏ နောက်ကွယ်မှ အားပေး ထောက်ခံသူများကိုပင် ကြောက်စရာ မလိုသည်မှာ သဘာဝကျပါသည်။

သို့သော် ပြဿနာမှာ တစ်စုံတစ်ဦး၏ ခွန်အားသည် လုံးဝ လွှမ်းမိုးနိုင်ခြင်း မရှိလျှင် အရာအားလုံးကို ဖြေရှင်းနိုင်မည် မဟုတ်ပါ။

ထိုစီးပွားရေး လုပ်ငန်းရှင်များသည် စုရှင်းထံသို့ အသက်ရှည် ဆေးလုံးကို ရှာဖွေရန် လာရောက်ပြီး စုရှင်းက မပေးနိုင်ခဲ့လျှင် အောက်တန်းကျသည့် နည်းလမ်းများ သို့မဟုတ် နောက်ကွယ်မှ နှောင့်ယှက်မှုများ ပြုလုပ်လာနိုင်ဖွယ် ရှိသည်။

ထို့အပြင် သက်တမ်း ကုန်ခါနီးဖြစ်သည့် အချို့သော အိုမင်းရိုင်းစိုင်းသည့် သတ္တဝါကြီးများသည် အသက်ရှည် ဆေးလုံးကို လိုလားသောကြောင့် ရူးသွပ်သည့် လုပ်ရပ်များ ကျူးလွန်လာနိုင်သည်ကိုလည်း သတိထားရပါမည်။

လူမျိုးနွယ်စုကြီးများမှ အဓိက အင်အားစုများ အပြင် ဆင်းသက်ဂိုဏ်းသာ စုရှင်းက အသက်ရှည် ဆေးလုံးများ ဖော်စပ်နိုင်သည်ကို သိသွားခဲ့လျှင် သူ အခက်တွေ့တော့မည် ဖြစ်ပါသည်။

ခဏတာ စဉ်းစားပြီးနောက် စုရှင်းသည် အခြေအနေ တစ်ခုကို စဉ်းစားမိလိုက်သည်။

“အသက်ရှည်ဆေးကို ထုတ်ပြလို့တော့ ရပါတယ်၊ ဒါပေမဲ့ ငါကိုယ်တိုင် ဖော်စပ်တာပါလို့တော့ ပြောလို့ မရဘူး. အကျဉ်းခန်းကနေ ရတာပါ၊ အရေအတွက်လည်း ကန့်သတ်ထားပါတယ်လို့ ပြောလိုက်ရင် ဒုက္ခ အတော်များများကို ရှောင်ရှားနိုင်လိမ့်မယ်!” စုရှင်းသည် သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။

စုရှင်းသည် အကြွင်းမဲ့ အင်အားကို မပိုင်ဆိုင်သေးသမျှ အသက်ရှည် ဆေးလုံးကို အဓိက ဝင်ငွေရင်းမြစ် အဖြစ် မှီခိုချင်ခြင်း မရှိပါ။ အကြောင်းမှာ အန္တရာယ် များလွန်းသောကြောင့် ဖြစ်ပါသည်။

အသက်ရှည် ဆေးလုံးသည် မျက်နှာ အာဟာရပြုဆေးနှင့် မတူညီပါ။

မျက်နှာ အာသာရပြုဆေးကို ဝယ်ယူသူများသည် အများအားဖြင့် ချမ်းသာကြွယ်ဝသည့် သခင်မလေးများ သို့မဟုတ် သြဇာရှိသူတို့၏ လက်ထဲမှ အပျော်ရဆုံး ကစားစရာများသာ ဖြစ်ကြပါသည်။ ဤသူများသည် ငွေရှိသော်လည်း အာဏာ မရှိသောကြောင့် စုရှင်းအတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ပါ။

သို့သော် အသက်ရှည် ဆေးလုံးသည် အလွန် သြဇာကြီးမားပြီး အင်အားကြီးမားသည့် လူများကို ဆွဲဆောင်ပါလိမ့်မည်။ ဖော်ထုတ်ခံရပါက စုရှင်းသည် ဆေးဖော်စက် အဖြစ် ဖမ်းဆီးခံရမည်ကို မကြောက်သည့်တိုင် ဒုက္ခများမှ လွတ်ကင်းမည် မဟုတ်ပါ။ ဤအရာသည် စုရှင်း၏ သတိကြီးသော စရိုက်နှင့် မကိုက်ညီပါ။

“နောက်ပြီး အသက်ရှည်ဆေးကို ပြင်ဆင်တာက ထင်ထားသလောက် မလွယ်ဘူး!” စုရှင်း သက်ပြင်းချလိုက်သည်။

ဆေးညွှန်းများအရ အသက်ရှည်ဆေး အတွက် လိုအပ်သော ပါဝင်ပစ္စည်း အများစုမှာ အလွန် သက်တမ်းရင့်ပြီး တန်ဖိုးကြီးသည့် ဝိညာဉ်ဆေးပင်များ ဖြစ်ကြပါသည်။

အသက်ရှည် ဆေးလုံးသည် ဖော်စပ်ရန် မခက်ခဲသော်လည်း ၎င်းအတွက် လိုအပ်သည့် ဝိညာဉ်ဆေးပင်များမှာ ရှားပါးလှပါသည်။ စုရှင်းတွင် ဤဆေးဖက်ဝင် ပစ္စည်းများ တစ်ခုမှ မရှိသေးပါ။

သို့သော် အခြေခံကျသည့် ခွန်အားဖြည့် ဆေးလုံးနှင့် သက်တမ်းတိုး ဆေးလုံးများ အတွက် လိုအပ်သည့် ပစ္စည်း အတော်အသင့်မှာ ပို၍သာမန်ကျပြီး ရေရှည် တည်ထောင်ထားသည့် ရိုးရာဆေးဝါး အချို့မှ ထုတ်ယူ ဖော်စပ်နိုင်ပါသည်။

ခွန်အားဖြည့် ဆေးလုံးသည် တစ်ကြိမ်သောက်ရုံဖြင့် သက်တမ်းကို တိုးစေခြင်း မဟုတ်ဘဲ ခန္ဓာကိုယ် အတွင်းရှိ အနှစ်သာရနှင့် သွေးသားကို ထိန်းသိမ်းရန် အတွက် လစဉ်မှီဝဲရန် လိုအပ်ပါသည်။ ယေဘူယျအားဖြင့် ကျန်းမာသည့် သက်ကြီးရွယ်အို တစ်ဦးသည် ခွန်အားဖြည့်ဆေးလုံး နှစ်ဆယ့်လေးလုံးအထိ မှီဝဲပါက ၎င်းတို့၏ သက်တမ်းကို နှစ်နှစ်အထိ တိုးစေနိုင်ပါသည်။

ခွန်အားဖြည့် ဆေးလုံးများနှင့် နှိုင်းယှဉ်ပါက သက်တမ်းတိုး ဆေးလုံးများသည် များစွာ ပို၍ ရိုးရှင်းပြီး ပိုမို အစွမ်းထက်ပါသည်! တစ်လုံးတည်း သောက်လိုက်ရုံဖြင့် သေလုနီးပါး ဖြစ်နေသူသည် ၎င်းတို့၏ သက်တမ်းကို သုံးနှစ်အထိ တိုးမြှင့်နိုင်ပါသည်! ၎င်း၏ တိကျသော အကျိုးသက်ရောက်မှုမှာ နေ့လယ်တွင် သေဆုံးလုနီးပါး ဖြစ်နေစေကာမူ မနက်ခင်း၌ တစ်လုံး သောက်လိုက်ရုံဖြင့် နောက်ထပ်သုံးနှစ်ကြာ အသက်ရှင်ပြီး ခုန်ပေါက်နိုင်ခြင်း ဖြစ်ပါသည်။

နှစ်မျိုးလုံးကို အတူတကွ သုံးစွဲပါက သက်တမ်းကို ငါးနှစ်အထိ တိုးမြှင့်နိုင်ဖွယ် ရှိပါသည်။

သို့သော် စုရှင်းတွင် ခွန်အားဖြည့် ဆေးလုံးများကို ဖော်စပ်ရန် အစီအစဉ် မရှိပါ။ သူသည် သက်တမ်းတိုး ဆေးလုံးများကိုသာ ဖော်စပ်လိုပါသည်။

အမှန်စင်စစ် သက်တမ်းတိုး ဆေးလုံး အနည်းငယ်ကို ထုတ်ပြခြင်းသည် အကျဉ်းခန်းမှ ရရှိသည်ဟု အလွယ်တကူ ရှင်းပြနိုင်ပါသည်။ သို့သော် ခွန်အားဖြည့် ဆေးလုံး ရာပေါင်းများစွာကို ထုတ်လုပ်ပါက ရှင်းပြရန် လွယ်ကူမည် မဟုတ်ပါ။

“စောင့်ကြည့်ရအောင်။ ဒီအသက်ရှည် ဆေးတွေက ငွေ အမြန်ရှာတဲ့ နည်းလမ်း တစ်ခုအနေနဲ့ လုပ်လို့ရတယ်။ စွမ်းအင်နည်းသွားရင် တစ်လုံး၊ နှစ်လုံးလောက် ရောင်းလို့ရတာပေါ့!”

စုရှင်း၏ စိတ်ထဲတွင် အစီအစဉ် တစ်ခု ရှိပြီးသား ဖြစ်ပါသည်။

သရုပ်ပြခြင်း အတွက် စောင့်ဆိုင်းချိန် ပြည့်သွားပြီဖြစ်ရာ စုရှင်းသည် သရုပ်ပြခြင်း ဖန်သားပြင်ကို ညင်သာစွာ ခေါ်ယူလိုက်သည်။

၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် စုရှင်းသည် ၎င်း၏ ၃၆ ကြိမ်မြောက် သရုပ်ပြခြင်းကို စတင်လိုက်သည်။

“သရုပ်ပြခြင်း စတင်မယ်!”

ဆူးရှင်းသည် တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။

[ဒင်! ဤ သရုပ်ပြခြင်း အတွက် စွမ်းအင် ၃,၆၀၀ ကုန်ကျပါသည်။ လက်ကျန်စွမ်းအင် ၄၅.၃၃ သန်း ကျန်ရှိပြီး သရုပ်ပြခြင်း ကြိုးစားမှု အကြိမ် အရေအတွက် အကန့်အသတ် မရှိပါ]

[သရုပ်ပြခြင်း စတင်ပါပြီ!]

[အစိမ်းရောင် စွမ်းရည်တစ်ခု ထုတ်ရန် စွမ်းအင် ၁,၀၀၀၊ အပြာရောင် စွမ်းရည်တစ်ခု ထုတ်ရန် စွမ်းအင် ၁၀,၀၀၀၊ ခရမ်းရောင် စွမ်းရည်တစ်ခု ထုတ်ရန် စွမ်းအင် ၁၀၀,၀၀၀ ကုန်ကျပါမည်။ ထုတ်ယူလိုပါသလား?]

“ခရမ်းရောင် စွမ်းရည်ကို ထုတ်ယူမယ်!”

[ဂုဏ်ယူပါသည်၊ သင်သည် ခရမ်းရောင် စွမ်းရည်: လူအများ အကြားမှ သက်တော်ထင်ရှား ဗုဒ္ဓ ကို ရရှိခဲ့ပါသည်။]

[လူအများကြားမှ သက်တော်ထင်ရှား ဗုဒ္ဓ]: သင်၏ လုပ်ဆောင်မှုတိုင်းသည် ဗုဒ္ဓဘာသာ၏ သဘာဝ အငွေ့အသက်ကို ထုတ်လွှင့်နေသည်။ သင်သည် ဗုဒ္ဓကျမ်းဂန်များနှင့် ဘာသာစကားများကို သဘာဝအတိုင်း ထူးကဲသော နားလည်နိုင်စွမ်း ရှိသည်။ သင်သည် ပြန်လည် မွေးဖွားလာသည့် သက်တော်ထင်ရှား ဘုရားတစ်ပါးနှင့် တူပြီး ဗုဒ္ဓဘာသာ၏ နက်နဲမှုကို မကြာခဏ သဘောပေါက်တတ်သည်။ သင်သာ ဗုဒ္ဓဘာသာကို ပြန့်ပွားအောင် မြှုပ်နှံမည် ဆိုပါက သစ္စာရှိသော နောက်လိုက် မြောက်မြားစွာကို စုဆောင်းနိုင်လိမ့်မည်။

အသစ်ရရှိသော စွမ်းရည်ကို မြင်တွေ့ရသောအခါ စုရှင်းသည် စိတ်ပျက်လက်ပျက်ဖြင့် အံကြိတ်လိုက်သည်။

“ဘာကြီးလဲဟ! ဒါ ဘယ်နှစ်ခါရှိပြီလဲ! ဟာ… ငါ ဘုရားနဲ့ပဲ တကယ် ကံပါနေတာလား!”

“ငါ စုရှင်း ကျိန်ဆိုတယ်၊ ဗုဒ္ဓဘာသာဝင် ဖြစ်မယ့်အစား အငတ်ခံပြီး သေတာပဲဖြစ်ဖြစ်၊ နတ်ဆိုး နှိမ်နင်းရေး စခန်းကနေ ခုန်ချတာပဲဖြစ်ဖြစ် လုပ်ပစ်မယ်!”

စုရှင်းသည် ဒေါသတကြီး ရေရွတ်လိုက်သည်။ သူသည် တကယ်ကို ထိပ်ပြောင်အောင် ဆံပင်ရိတ်ချင်စိတ် မရှိပါ။ ကြည့်ကောင်းသည့် လူတစ်ယောက် ဖြစ်နေခြင်းသည် ကောင်းပါသည်။ ဘာအတွက်ကြောင့် ထိုကဲ့သို့ ဆက်မနေနိုင်ရသနည်း?

စွမ်းရည် ထုတ်ယူမှုသည် စိတ်ပျက်စရာ ကောင်းခဲ့သော်လည်း စုရှင်းသည် ဤ သရုပ်ပြခြင်း အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိဆဲ ဖြစ်သည်။

[ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေတွင် သင်သည် သရုပ်ပြခြင်း အတွင်း ရောက်ရှိနေကြောင်း သတိပြုမိသည်]

[သင်သည် သင့်ခေါင်းထိပ်ကို ထိလိုက်ရာ ဆံပင်အနည်းငယ် ကျွတ်ကျလာသည်။]

[သင်သည် ခပ်မဲ့မဲ့ အမူအရာဖြင့် ဆေးများ စတင် ဖော်စပ်ခဲ့သည်။ သင်သည် မှန်ကန်သည့် အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းသည်။]

[တစ်လတာသည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး ကျင်းချုံးရွှယ်သည် သင်ပြောခဲ့သော ဆေးဖက်ဝင် ပစ္စည်းများစွာ ဖြစ်သည့် ၊နှစ်ထောင်ချီဂျင်ဆင်း၊ နွယ်ချို၊ မှိုတို့ကို ရှာဖွေတွေ့ရှိခဲ့သည်]

[ဤပါဝင်ပစ္စည်းများဖြင့် သင်သည် သက်တမ်းတိုး ဆေးလုံးကို ဖော်စပ်ရန် ကြိုးစားနိုင်သည်]

[သင်သည် ဆေးဖော်နည်းအတိုင်း ဖော်စပ်သည်; သက်တမ်းတိုး ဆေးလုံး အတွက် လုပ်ငန်းစဉ်သည် မရှုပ်ထွေးဘဲ အခြေခံများကို ကျွမ်းကျင်ရန် တစ်လသာ ကြာသည်]

[သို့သော်လည်း သင်သည် အခြေခံအဆင့်ဖြင့်သာ ကျေနပ်ခြင်းမရှိပါ။ အစပြုသူတစ်ဦး၏ ဆေးဖော်စွမ်းရည်သည် အောင်မြင်မှုနှုန်း ၃၀% ကိုသာ အာမခံနိုင်သည်]

[ထို့ကြောင့် သင်သည် ကျင်းချုံးရွှယ်အား ဤပါဝင်ပစ္စည်းများကို ဆက်လက် စုဆောင်းပေးရန် တောင်းဆိုခဲ့သည်။ သို့သော် သူမက ဤပစ္စည်းများသည် အလွန် တန်ဖိုးရှိပြီး စုဆောင်းရန် အချိန်များစွာ လိုအပ်ကြောင်း ပြောပြသည်]

[ရွေးချယ်စရာ မရှိသည့်အဆုံး သင်သည် ခဏတာ လက်လျှော့လိုက်ပြီး သင်ဖော်စပ်ထားသည့် သက်တမ်းတိုးဆေးလုံး အနည်းငယ်ကို ကျင်းချုံးရွှယ်ထံ လွှဲပြောင်းပေးလိုက်သည်]

[ကျင်းချုံးရွှယ်သည် သက်တမ်းတိုး ဆေးလုံး၏ အာနိသင်ကြောင့် အံ့အားသင့်မှုကို ဖုံးကွယ်ထားသည်။ သင်သည် သူမအား ပေါ့ပေါ့ပါးပါးပင် တစ်လုံး သောက်ကြည့်ရန်နှင့် ဘိုင်လီချီနှင့် တွေ့ဆုံရန် စီစဉ်ပေးနိုင်ခြင်းရှိမရှိ ကြည့်ရန် ပြောလိုက်သည်]

[သင်၏ စကားအတိုင်း ကျင်းချုံးရွှယ် ဆောင်ရွက်ခဲ့သည်။ သုံးရက်အကြာတွင် သင်သည် ခရီးပန်းနေသည့် ဘိုင်လီချီနှင့် လုံးဝ ပင်ပန်းနွမ်းနယ်နေသည့် ဘိုင်လီ ကုန်သည်အုပ်စု၏ ခေါင်းဆောင် ဘိုင်လီထူတို့ကို တွေ့ဆုံသည်]

[သင်၏ အသက်ရှည်ဆေး အကြောင်း ကြားသိရသောအခါ ဘိုင်လီထူသည် ကိုယ်တိုင် ဝေးလံသောအရပ်မှ ရောက်ရှိလာခဲ့သည်။ ဘိုင်လီချီကမူ သက်တမ်းတိုး ဆေးလုံးကို ပေးနိုင်ပါက မည်သည့် တောင်းဆိုမှုမဆို ပြုလုပ်နိုင်ပြီး သင်သည် ဘိုင်လီမိသားစု၏ အမြဲတမ်း ဂုဏ်သရေရှိ ဧည့်သည် ဖြစ်နေမည်ဟု ပြောသည်]

[သင်သည် အခွင့်အရေးကို အမိအရယူကာ ဘိုင်လီချီ စုဆောင်းထားသည့် အကျဉ်းခန်း ပစ္စည်းများကို လိုချင်ကြောင်း တောင်းဆိုသည်]

[သို့သော် မမျှော်လင့်ဘဲ သင်အား စိတ်ရင်းမှန်ဖြင့် အာမခံထားသည့် ဘိုင်လီချီသည် ယခုမူ တွေဝေနေပုံ ရသည်။ သူက အခြားတောင်းဆိုမှု ပြုလုပ်နိုင်ခြင်း ရှိမရှိ မေးမြန်းပြီး ထိုအကျဉ်းခန ပစ္စည်းများသည် သူ၏ အသက်သွေးကြော ဖြစ်ကြောင်း ပြောပြသည်]

[သင်သည် အသက်ကြီးသည့် ဘိုင်လီထူထံ အကြည့် လွှဲလိုက်ရာ သူသည် ထိုစကား ကြားပြီးနောက် အလွန်အမင်း ဒေါသထွက်ကာ သူ့၏ တောင်ဝှေးကို ဆွဲယူပြီး ဘိုင်လီချီ၏ ခေါင်းကို အကြိမ်များစွာ ရိုက်ပါတော့သည်]

[သို့သော် ဘိုင်လီချီကမူ အကျဉ်းခန်း ပစ္စည်းများအပေါ် အလွန် တန်ဖိုးထားသည့် ပုံစံဖြင့် ခေါင်းမာစွာ ဆက်လက် ခုခံနေသည်။ သူက ဖခင်ကြီးသည် နှစ်ပေါင်း ငါးရာကျော် ကောင်းကောင်း နေထိုင်ခဲ့ရပြီး သူ့ဘဝတွင် ရသင့်ရထိုက်သည်များကို ရခဲ့ပြီးပြီဟု ပြောဆိုကာ ထိုပစ္စည်းများမရှိလျှင် သူ့ဘဝ၏ ဒုတိယပိုင်းတွင် ယုံကြည်ချက် ပျောက်ဆုံးသွားလိမ့်မည်ဟု ဆိုသည်]

[သင်၏ သိလိုစိတ် ပြင်းပြလာသည်။ အဘယ်ကြောင့် ဘိုင်လီချီသည် သူ၏ဖခင် သေဆုံးသွားစေရန်ပင် ရွေးချယ်ပြီး ထို“အသုံးမဝင်သော” အကျဉ်းခန်း ပစ္စည်းများကို မခွဲခွာနိုင်ရသနည်း။ ၎င်းတို့ အတွင်း၌ ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်စေမည့် လျှို့ဝှက်ချက် တစ်ခုခု ဖုံးကွယ်ထားခြင်း ရှိနိုင်သလား]

[နောက်ပိုင်းတွင် သင်သည် အကျဉ်းခန ပစ္စည်းများမှာ အမှန်တကယ်ပင် အလွန် သာမန်ဖြစ်ကြောင်း တွေ့ရှိရသည်။ ဘိုင်လီချီ၏ ဘဝတွင် အကြီးမားဆုံး ဆန္ဒမှာ ကမ္ဘာပေါ်ရှိ ရှားပါးပစ္စည်းများ အားလုံးကို စုဆောင်းရန်ဖြစ်သည်… ထိုအရာများမှာ အကျဉ်းခန်း ပစ္စည်းများပင် ဖြစ်သည်]

[ဤအကြောင်းကြောင့်ပင် ဘိုင်လီချီသည် ၎င်းတို့ကို လွှတ်မပေးလိုခြင်း ဖြစ်သည်။ အခြေခံအားဖြင့် အကျဉ်းခန်း ပစ္စည်းများသည် သူ့အတွက် စိတ်ပိုင်းဆိုင်ရာ အားကိုးရာ ဖြစ်နေပါသည်]

ဤသည်ကို မြင်သောအခါ စုရှင်းသည် စကားပင် မပြောနိုင်အောင် ဖြစ်သွားသည်။ ဘိုင်လီ ကုန်သည်အုပ်စု၏ သခင်လေး၌ ထိုမျှ ထူးဆန်းသည့် စွဲလမ်းမှုမျိုး ရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ပါ။ အခြေခံအားဖြင့် “အမှိုက်စုဆောင်းသူ” တစ်ယောက်နှင့် တူနေပါသည်။

၎င်းသည် စုရှင်း၏ ယခင်ဘဝမှ ပလတ်စတစ်ရုပ်များကို အသက်လို မြတ်နိုးခဲ့ကြသည့် လူအချို့ကို သတိရစေခဲ့သည်။

သူသည် သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။

[ဘိုင်လီချီ၏ ခေါင်းမာမှုကို မြင်သောအခါ သင်သည် ထပ်မံ ညှိနှိုင်းရသည်။ နောက်ဆုံးတွင် ဘိုင်လီချီသည် သူ၏ “တန်ဖိုးရှိသည့် စုဆောင်းမှုများ”၏ သုံးပုံတစ်ပုံကို သင့်၏ သက်တမ်းတိုး ဆေးလုံး တစ်လုံးနှင့် လဲလှယ်ရန် သဘောတူခဲ့ပါသည်!]

…

All Chapters