← Chapters

အတွင်းပိုင်း သန္ဓေတည် ဝိညာဉ် ကျင့်ကြံမှု၊ ပြင်ပဆေးဖော်ပညာ။ ထောင်ပေါင်းများစွာသော နတ်ဘုရား အာရုံ၏ အံ့သြဖွယ် အသုံးပြုပုံ။

Vol. 11 Ch. 153

အတွင်းပိုင်း သန္ဓေတည် ဝိညာဉ် ကျင့်ကြံမှု၊ ပြင်ပဆေးဖော်ပညာ။ ထောင်ပေါင်းများစွာသော နတ်ဘုရား အာရုံ၏ အံ့သြဖွယ် အသုံးပြုပုံ။

Vol. 11 Ch. 153

စုရှင်းသည် ဤအချက်ကို မြင်လိုက်ရသည့်အခါ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

[နောင်လာမည့် သရုပ်ပြခြင်းများသည် သင် မျှော်လင့်ထားသည့် အတိုင်း ဖြစ်ပေါ်လာသည်။ သင်၏ နတ်ဘုရား အာရုံ စွမ်းအားသည် ပိုမိုခိုင်မာလာပြီး သင်၏ ဆေးဖော်ပညာများသည်လည်း ပိုမို ကောင်းမွန်လာခဲ့သည်။]

[အရာအားလုံးသည် အကောင်းဘက်သို့ ဦးတည်နေခဲ့သည်…]

[ဆယ့်တစ်နှစ်မြောက်တွင် သင်သည် လီမီး အဂ္ဂိရတ်ကို အသေးစိတ် လေ့လာခဲ့ပြီး လက်ရှိ ဝိညာဉ်ဆေးများဖြင့် ဆေးလုံးအသစ် အချို့ကို ဖော်စပ်ရန် ကြိုးစားလိုခဲ့သည်။]

[သင်၏ သုတေသနပြုမှုများမှ တစ်ဆင့် သန့်စင်ဆေးပြား၊ လိပ်ခွံဆေးနှင့် သွေးသန့်စင်ဆေး ကဲ့သို့သော ဆေးလုံးများကို ဖော်စပ်နိုင်ခြေ ရှိကြောင်း သင် တွေ့ရှိခဲ့သည်။]

[ထိုဆေးလုံးများထဲတွင် သန့်စင်ဆေးပြားသည် အလယ်အလတ်အဆင့် ဆေးလုံးဖြစ်ပြီး ယခင်က ဖော်စပ်ခဲ့သော ကြည်လင်သော မှန်ဆေးနှင့် ဆင်တူသည်။ သို့သော်လည်း အာနိသင်မှာ ပိုမိုပြင်းထန်ပြီး ဘေးထွက်ဆိုးကျိုးသည်လည်း အနည်းငယ်သာ ရှိသည့်အတွက် ဆက်တိုက် သုံးစွဲနိုင်ပေသည်။]

[လိပ်ခွံဆေး နှင့် သွေးသန့်စင်ဆေးမှာမူ အဆင့်နိမ့် ဆေးလုံးများ ဖြစ်ကြသည်။ လိပ်ခွံဆေးပြား သည် သောက်သုံးပြီးနောက် ခန္ဓာကိုယ် ခုခံကာကွယ်မှုကို ခေတ္တ တိုးမြှင့်ပေးနိုင်ပြီး သွေးသန့်စင်ဆေးသည် သာမန် အဆိပ်များကို ဖယ်ရှားပေးနိုင်သည်။]

[နောက်ထပ် နှစ်နှစ်တာ ကာလအတွင်း သင်သည် နေ့စဉ် ကျင့်ကြံခြင်း အပြင် ဤဆေးလုံး အသစ်များကို သုတေသနပြုရန် စတင်ခဲ့သည်။]

[ဆယ့်သုံးနှစ်မြောက်တွင် သင်သည် လိပ်အခွံ ဆေးပြားနှင့် သွေးသန့်စင်ဆေး တို့ကို ဖော်စပ်ရာ၌ အစပြုသူ အဆင့်သို့ အောင်မြင်စွာ တတ်မြောက်ခဲ့သည်။]

[သို့သော် သန့်စင်ဆေးပြားကို တတ်မြောက်ရန်မှာ မလွယ်ကူသေးသည့် အတွက် သင်သည် အောင်မြင်မှု မရသေးပေ။]

[ဆယ့်လေးနှစ်မြောက်တွင် သင်၏ နတ်ဘုရား အာရုံသည် ဆက်လက် တိုးတက်လာပြီး ကျန်း ကိုးရာအထိ ရောက်ရှိခဲ့သည်။ ထိုနှစ်မှာပင် သင်၏ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်ကြံမှု အဆင့်သည် နတ်ဘုရား အာရုံ နယ်ပယ်၏ တတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။]

[ဆယ့်ခြောက်နှစ်မြောက်တွင် နှစ်ပေါင်းများစွာ လေ့လာ သင်ယူပြီးနောက် သင်သည် သန့်စင်ဆေးပြားကို အခြေခံအားဖြင့် တတ်မြောက်ခဲ့သည်။]

[ကျင့်ကြံခြင်း ပြုလုပ်နေစဉ် သန့်စင်ဆေးပြားကို သောက်သုံးခြင်းသည် သင့်အား ကျင့်ကြံခြင်း အခြေအနေထဲသို့ ပိုမိုလျင်မြန်စွာ ဝင်ရောက်နိုင်စေသည်။ ယင်းသည် ကျင့်ကြံခြင်းကို အပြည့်အဝ စူးစိုက်လုပ်ဆောင်နိုင်ကာ ကျင့်ကြံမှုအရှိန်ကို သိသိသာသာ တိုးမြှင့်ပေးနိုင်ကြောင်း သင် တွေ့ရှိခဲ့သည်။]

[ကံမကောင်းစွာဖြင့် သင်၏ ကျင့်ကြံခြင်း အဆင့်မှာ သန္ဓေတည်ဝိညာဉ်၏ ပြီးပြည့်စုံသည့် အဆင့်၌သာ ရှိနေဆဲဖြစ်သည်။ အကောင်းဆုံး အရည်အသွေး ရှိသော ကလေးနတ်ဆေးကို ဖော်စပ်ပြီးသည် အထိ အဆင့်မတက်ရန် သင် ဆုံးဖြတ်ခဲ့သည်။]

[ဆယ့်ခုနစ် နှစ်မြောက်တွင် သင်သည် ကလေးနတ်ဆေးအား ကောင်းကင်ဘုံ ဘုရင်အဆင့် ကျွမ်းကျင်သူများအား စမ်းသပ်ပေးကာ ဤဆေးလုံးသည် သူတို့၏ ခွန်အားကို မြှင့်တင်ပေးနိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်လိုခဲ့သည်။]

[ဝမ်းနည်းစရာမှာ သာမန် ကျွမ်းကျင်သူများသည် သန္ဓေတည် ဝိညာဉ်ကို ပိုင်ဆိုင်နိုင်ခြင်း မရှိသောကြောင့် ကလေးနတ်ဆေးသည် သူတို့အတွက် အသုံးမဝင်ခဲ့ပေ။]

စုရှင်းသည် ဤအချက်ကို ဖတ်ရှုပြီးနောက် ခေါင်းညိတ်ကာ ရေရွတ်လိုက်သည်–

“ဟုတ်သားဘဲ။ ချီသန့်စင်ခြင်း ကျင့်ကြံသူတွေ သုံးတဲ့ ဆေးလုံးတွေထက် ခန္ဓာ သန့်စင်ခြင်း ကျင့်ကြံသူတွေ သုံးတဲ့ ဆေးလုံးတွေက ကျွမ်းကျင်သူတွေကို ပိုပြီး အကူအညီ ဖြစ်စေတာဘဲ”

စုရှင်းသည် အံ့သြခြင်း မရှိဘဲ သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

[နတ်ဘုရား အာရုံ တိုးတက်ခြင်းနှင့် ကျင့်ကြံခြင်းဖြင့်

အချိန်သည် ဖြည်းဖြည်းချင်း ကုန်လွန်သွားရာ နောက်ထပ် နှစ်နှစ်ပင် ကုန်ဆုံးသွားခဲ့သည်။ ဤနှစ်များအတွင်း သင်သည် ဝိညာဉ်စုစည်း ဆေးများကို ဆက်တိုက် သုံးစွဲကာ သင်၏ နတ်ဘုရား အာရုံ စွမ်းအားကို မြှင့်တင်ခဲ့သည်။ ထိုအခါ သင်၏ နတ်ဘုရား အာရုံသည် ကြီးမားစွာ ကျယ်ပြန့်လာပြီး ယခုအခါ ကျန်း ကိုးရာ့ခုနစ်ဆယ် အထိ ရောက်ရှိနေပြီ ဖြစ်သည်။]

[နှစ်ဆယ်မြောက်နှစ်တွင် သင်သည် ကြိုတင် ကြံစည်ထားသည့် လုပ်ကြံမှု တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ နှစ်ပေါင်းများစွာ အတွင်း လုပ်ကြံရန် ကြိုးပမ်းမှု ရာပေါင်းများစွာကို သင် ကြုံတွေ့ခဲ့ရသော်လည်း ဤအကြိမ်က အောင်မြင်မှုနှင့် အနီးစပ်ဆုံး ဖြစ်ခဲ့သည်။]

[ရှားနိုင်ငံ စစ်တပ် မှ အကြီးတန်း အရာရှိတစ်ဦးသည် သင့်အား ၎င်း၏ အိမ်သို့ ညစာစားရန် ဖိတ်ခေါ်ခဲ့သည်။ ယဉ်ကျေးမှုအရ သင်သည်လည်း သွားခဲ့သည်။ သင် ထောင်ချောက်ထဲသို့ ဝင်ရောက်မိသွားမည်ဟု မမျှော်လင့်ခဲ့မိပေ။]

[ထိုအရာရှိသည် ဆင်းသက်ဂိုဏ်းမှ စေလွှတ်ထားသော သူလျှိုတစ်ဦး ဖြစ်ကြောင်း ထွက်ပေါ်လာခဲ့သည်။ ပွဲခံနေစဉ်အတွင်း သူတို့သည် သင့်အား အဆိပ်ခတ်ကာ ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူနှစ်ဦးအား သင့်ကို လုပ်ကြံစေရန် စီစဉ်ခဲ့ကြသည်။]

[အဆိပ်သည် သင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် သင်သည် သင်၏ ဝိညာဉ်စွမ်းအားကို အသက်သွင်းနိုင်ခြင်း မရှိတော့သည့် အတွက် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေသို့ ခိုလှုံနိုင်ခြင်း မရှိခဲ့ပေ။]

[ကံကောင်းစွာဖြင့် လောရွှေရင်သည် သင့်အား အစ ကတည်းကပင် အကာအကွယ်ပေးနေခဲ့ပြီး ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူ နှစ်ဦးနှင့် တိုက်ခိုက်ခဲ့ရာ ရှားနိုင်ငံ စစ်တပ် မှ အကူအညီ ရောက်ရှိလာသည် အထိ ထိန်းထားနိုင်ခဲ့သည်။]

[ထိုအချိန်တွင် လောရွှေရင်သည်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး သေလုမြောပါး ဖြစ်ခဲ့သည်။ တစ်လကြာ မေ့မြောနေခဲ့ပြီးမှ နောက်ဆုံးတွင် သေမင်း နှုတ်ခမ်းဝမှ လွတ်မြောက်လာခဲ့သည်။ သို့သော်လည်း ရေရှည် နာမကျန်းမှုများ ကျန်ရစ်ခဲ့သည်။]

စုရှင်းသည် ဤစာကို ဖတ်ရှုပြီးနောက် သက်ပြင်းချလိုက်သည်။

မျှော်လင့်ထားသည့် အတိုင်းပင် ထုတ်ဖော် ပြသခြင်းသည် အဆုံးမရှိသော လုပ်ကြံမှုများကိုသာ ဖြစ်ပေါ်စေခဲ့သည်။

ဤအချက်က လုံလောက်သော ခွန်အားမရှိမီ တည်ငြိမ်စွာ ကြီးထွားလာရန်မှာ အရေးပါကြောင်းကို စုရှင်းအား ပိုမို ယုံကြည်လာစေခဲ့သည်။

သူသည် သရုပ်ပြခြင်း ကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

[နှစ်ဆယ့်တစ်နှစ်မြောက်တွင် သင်၏ နတ်ဘုရား အာရုံသည် ကျန်း ကိုးရာ့ကိုးဆယ် အထိ တိုးတက်လာခဲ့သည်။ သင် တစ်ချိန်က ရရှိခဲ့ဖူးသော ကျန်း တစ်ထောင် အတိုင်းအတာနှင့် မဝေးတော့ပေ။]

[နှစ်ဆယ့်နှစ်နှစ်မြောက်တွင် သင်သည် ကျိုတိုမြို့၌ ရင်းနှီးသော တည်ရှိမှုကို ရုတ်တရက် ခံစားမိခဲ့ပြီး ၎င်းနောက်ကို လိုက်သွားရာ သင် မမြင်ဖူးသည့် သူတောင်းစား အဘိုးအို တစ်ဦးကို တွေ့ရှိခဲ့သည်။]

[ထပ်ခါတလဲလဲ အတည်ပြုပြီးနောက် ဤသူတောင်းစား အဘိုးအိုသည် ခွေးကောင်ကျုံး ဖြစ်နေကြောင်း ပေါ်လွင်လာခဲ့သည်။]

[သူသည် ဆင်းသက်ဂိုဏ်း၏ လိုက်လံရှာဖွေခြင်းကို နှစ်ပေါင်းများစွာ ရှောင်တိမ်းနေခဲ့ရသည်။ ယခုအခါ ကျိုတိုသို့ လျှို့ဝှက်စွာ ရောက်ရှိလာခြင်းသည်လည်း သူနှင့် ဆက်စပ်မှု ရှိနိုင်ပေသည်။]

[သို့သော် သင်သည် ထိုသူအပေါ် စိတ်ဝင်စားမှု မရှိတော့ပေ။ ယခုအခါ အလွန် သတိထားတတ်နေပြီ ဖြစ်သည်။ ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေမှ ခဲယဉ်းစွာ ထွက်ခွာခဲ့ရသည်။ ထွက်ခွာသည့် အခါ၌ပင် လော‌ရွှေရင်သည် အကာအကွယ် ပေးနေသောကြောင့် ခွေးကောင်ကျုံးသည် မည်သည့် ခြိမ်းခြောက်မှုမျှ မပြုလုပ်နိုင်ခဲ့ပေ။]

[နှစ်ဆယ့်သုံးနှစ်မြောက်တွင် သင်၏ နတ်ဘုရား အာရုံသည် ထပ်မံ၍ ကျန်း ကိုးရာ့ကိုးဆယ့်ကိုးအထိ ကျယ်ပြန့်လာခဲ့ပြီး ပြည့်စုံရန် တစ်လှမ်းသာ လိုတော့သည်။]

[ထိုနှစ်မှာပင် နတ်ဆိုး နှိမ်နှင်းရေး စခန်း၌ လူသားမျိုးနွယ် ၏ အခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့သည်။]

[နှစ်ဆယ့်လေးနှစ်မြောက်တွင် သင်သည် ကျန်း တစ်ထောင် နတ်ဘုရား အာရုံသို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။ ဤတစ်ကြိမ်တွင် သင်၏ မစ်ရှင် ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိရှိကာ သင်သည် သင်၏ ကျန်ရှိသော ဘဝကို အမှန်တကယ်ပင် ပျော်ပျော်ရွှင်ရွှင် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။]

[နှစ်ဆယ့်ငါးနှစ်မြောက်တွင် ဧရာမ သတ္တဝါကြီး တစ်ကောင် ဆင်းသက်လာပြီး ရှားနိုင်ငံ တစ်ခုလုံးကို တစ်ကိုက်တည်းဖြင့် မျိုချသွားခဲ့သည်။]

[သင် သေဆုံးသွားခဲ့ပြီး၊ သင်၏ ခရမ်းရောင် စွမ်းရည်သည် သေဆုံးချိန်တွင် စတင် အလုပ်လုပ်လာခဲ့သည်…]

[ဒင်, ဤ သရုပ်ပြခြင်း ပြီးဆုံးသွားပါပြီ။]

သရုပ်ပြခြင်း ပြီးဆုံးသွားပြီးနောက် စုရှင်းသည် ဤ သရုပ်ပြခြင်း အကြောင်း ပြန်လည် စဉ်းစားရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။

ခဏအကြာတွင် စာရှင်းသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“တကယ်ပဲ၊ သက်တမ်းတိုး ဆေးလုံး တွေကို တိုက်ရိုက် ထုတ်ဖော် ပြသတာက ပညာရှိတဲ့ ရွေးချယ်မှု မဟုတ်ခဲ့ဘူးဘဲ။ နောက်ဆက်တွဲ ဆိုးကျိုးတွေက ကြီးမားလွန်းတယ်၊ ပိုပြီးလျှို့ဝှက်တဲ့ ချဉ်းကပ်နည်းတစ်ခု လိုအပ်တယ်…”

“ဒါပေမဲ့ တိုက်ရိုက် ထုတ်ဖော်ပြသလို့ မရဘူးဆိုရင် ငါ့ရဲ့ ပုံရိပ်လက္ခဏာကို ဖုံးကွယ်ထားလို့ ရမလား”

စုရှင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ရင်း အတွေးများတွင် နစ်မြောနေခဲ့သည်။

“အဲ့ဒီအတိုင်းဘဲ ထားလိုက်ပါတော့။ အဲဒီအဖိုးတန် ဆေးဖက်ဝင် အပင်တွေကို စုဆောင်းဖို့က အချိန်ယူရဦးမယ်။ အခု လောလောဆယ်တော့ သရုပ်ပြခြင်း ဆုလာဘ် ရွေးတာပေါ့”

ဤ သရုပ်ပြခြင်းမှ ဆုများကို တွေးတောမိသောအခါ စုရှင်းသည် အတော်လေး စိတ်လှုပ်ရှားလာခဲ့သည်။

သက်တော်ထင်ရှား ဗုဒ္ဓ (ခရမ်းရောင် စွမ်းရည်) : စွမ်းအင်မှတ် ၁ သန်း။

၂၅ နှစ်တာ ဆေးဖော်ပညာ အတွေ့အကြုံ: ဆေးဖော်ပညာဆိုင်ရာ ထိုးထွင်းသိမြင်မှုများ ပါဝင်သည်။ ကလေးနတ်ဆေး (အလယ်အလတ်အဆင့်)၊ ညာဏ်အလင်းရခြင်း ဆေးပြား (အစပြုသူ အဆင့်)၊ သန့်စင်ဆေးပြား (ပြောင်မြောက်သော အဆင့်)၊ သက်တမ်းတိုး ဆေးလုံး (ပြောင်မြောက်သော အဆင့်)၊ လိပ်ခွံဆေး (ပြောင်မြောက်သော အဆင့်) နှင့် သွေးသန့်စင်ဆေး (ပြောင်မြောက်သော အဆင့်) တို့ ပါဝင်သည်။ စွမ်းအင် ၆ သန်း။

နတ်ဘုရား အင်အားနယ်ပယ် တတိယအဆင့်: ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်ကြံမှုအဆင့်၊ စွမ်းအင် ၂၀ သန်း။

နတ်ဘုရား အာရုံ ကျန်းတစ်ထောင် (အာရုံငါးပါးနယ်ပယ်): ကျန်းတစ်ထောင် ကျယ်ဝန်းသော နတ်ဘုရား အာရုံကို ပိုင်ဆိုင်ပြီး ၎င်း အကွာအဝေး အတွင်း လှုပ်ရှားမှု အားလုံးကို သိရှိနိုင်ခြင်း၊ စွမ်းအင် ၉.၅ သန်း။

သက်တမ်းတိုး ဆေးလုံး (၁၀ လုံး): စွမ်းအင် ၃ သန်း။

စုရှင်းသည် ရွေးချယ်စရာ သရုပ်ပြခြင်း ဆုလာဘ်များကို ကြည့်ရှုပြီး သက်ပြင်းချလိုက်သည်။

“သက်တမ်းတိုးဆေးလုံး တွေက ဒီလောက်စျေးပေါမယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ လေလံတင် ရောင်းချမယ်ဆိုရင် ရရှိတဲ့ စွမ်းအင်က အဆပေါင်းများစွာ တိုးလာနိုင်တယ်…”

“ဒါပေမဲ့ အခု လဲလှယ်ဖို့တော့ အလျင်မလိုသေးဘူး။ ငါ့မှာရှိတဲ့ စွမ်းအင် သန်းပေါင်းများစွာက လုံလောက်သေးတယ်။ နောက်ပြီး အဂ္ဂိရတ် အတွေ့အကြုံကို ထုတ်ယူပြီးရင် သက်တမ်းတိုး ဆေးလုံးတွေကို ငါကိုယ်တိုင် ဖော်စပ်နိုင်မှာဆိုဆော့ ဆုရွေးချယ်ခွင့်ကို သက်သာစေလိမ့်မယ်”

ဤသို့ တွေးတောပြီးနောက် စုရှင်းသည် ချက်ချင်းပင် ကြော်ညာလိုက်သည်။

“ငါ ၂၅ နှစ်တာ ဆေးဖော်ပညာ အတွေ့အကြုံ နဲ့ ထောင်ချီတဲ့ နတ်ဘုရား အာရုံကို ရွေးချယ်လိုက်မယ်!”

သူ၏ စကားများ ဆုံးဆုံးချင်း စုရှင်း၏ နားထဲတွင် အကြောင်းကြားချက်တစ်ခု ထွက်ပေါ်လာသည်။

[သင်သည် ၂၅ နှစ်တာ ဆေးဖော်ပညာ အတွေ့အကြုံကို အောင်မြင်စွာ ထုတ်ယူခဲ့ပြီး စွမ်းအင် ၆ သန်း သုံးစွဲခဲ့ကာ သင်၌ စွမ်းအင် ၃၉.၂၃ သန်း ကျန်ရှိသည်။]

[သင်သည် ထောင်ချီသော နတ်ဘုရား အာရုံ (အာရုံငါးပါးနယ်ပယ်) ကို အောင်မြင်စွာ ထုတ်ယူခဲ့ပြီး စွမ်းအင် ၉.၅ သန်း သုံးစွဲခဲ့ကာ သင်၌ စွမ်းအင် ၂၉.၇၃ သန်း ကျန်ရှိသည်။]

စုရှင်း ရွေးချယ်မှုများ ပြုလုပ်ပြီးနောက် နက်နဲဆန်းကြယ်သော စွမ်းအင် နှစ်ခုစီးကြောင်းသည် သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။

ပထမတစ်ခုမှာ ဆေးဖော်ပညာ နှင့် မှတ်ဉာဏ်ထဲတွင် စွဲမြဲနေသော နည်းစနစ်များ ဖြစ်သည်။

ဆယ်စက္ကန့်ကျော် အတွင်း စုရှင်းသည် ဆေးဖော်ပညာ အတွေ့အကြုံအား ဆယ်စုနှစ်များစွာ ရရှိခဲ့သကဲ့သို့ ဖြစ်လာသည်။ ကလေးနတ်ဆေးနှင့် ဉာဏ်အလင်းရခြင်း ဆေးများ ကဲ့သို့သော ဆေးလုံး အမျိုးမျိုးအား မည်သို့ ဖော်စပ်ရမည် ဟူသော အသိပညာ များစွာသည် သင်၏ စိတ်ထဲသို့ စီးဝင်လာခဲ့သည်။

ဆေးဖော်ပညာ ထိုးထွင်းသိမြင်မှု၏ အကျိုးကျေးဇူးများမှာ ဆေးလုံးအသစ်များကို လေ့လာခြင်း အတွက်သာ ကန့်သတ်မထားဘဲ စုရှင်း ယခင်က တတ်မြောက်ထားခဲ့သော ဆေးလုံးများနှင့် ပတ်သက်သည့် နားလည်မှုသည်လည်း ပိုမို နက်ရှိုင်းလာခဲ့သည်။ အဂ္ဂိရတ် တာအို အပေါ် သူ၏ နားလည်နိုင်စွမ်းသည်လည်း တိုးတက်လာခဲ့သည်။

“သေချာစဉ်းစားကြည့်ရင် ငါ အခု ဆေးဖော်ပညာမှာ နှစ်ရာနဲ့ချီ အတွေ့အကြုံရှိတဲ့ အဂ္ဂိရတ် ပညာရှင် တစ်ယောက်လို့ သတ်မှတ်လို့ရပြီ မဟုတ်လား”

စုရှင်း၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် ယခုအခါ အလယ်အလတ် အဆင့် ဆေးအချို့ အပါအဝင် မတူညီသော ဆေးလုံး အမျိုးအစား အနည်းဆုံး အလုံး ၂၀ ကျော်ကို သိရှိနေပြီ ဖြစ်သည်။

ရာပေါင်းများစွာသော အဂ္ဂိရတ်ပညာ ထိုးထွင်းသိမြင်မှုများနှင့် သူ၏ အဂ္ဂိရတ် တာအို မွေးရာပါ ပါရမီတို့ ပေါင်းစပ်လိုက်သည့်အခါ သာမန်

ကျင့်ကြံခြင်း ကမ္ဘာတွင် စုရှင်းသည် သူ့ကိုယ်ပိုင်ဂိုဏ်းကို တည်ထောင်နိုင်သည့် အဂ္ဂိရတ် ပညာရှင် တစ်ဦး ဖြစ်လာနိုင်ပေသည်။

ထို့နောက်တွင် စုရှင်းသည် သူ၏ နတ်ဘုရား အာရုံကို ဖြန့်ကျက်၍ အသစ် ရရှိထားသော စွမ်းအင် ဖြစ်သည့် ကျန်းတစ်ထောင် နတ်ဘုရား အာရုံကို ခံစား ကြည့်ရှုခဲ့သည်။

'ဘုန်း!'

နတ်ဘုရား အာရုံသည် စောင်တစ်ထည်ကဲ့သို့ ပြန့်ကားသွားပြီး စက္ကန့် အနည်းငယ် အတွင်း ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေ ပတ်ဝန်းကျင် ကျန်း တစ်ရာ အတွင်းရှိ လှုပ်ရှားမှုတိုင်း၊ ကြက်များ၏ မျက်နှာ အမူအရာတိုင်းနှင့် ဝိညာဉ် ပိုးကောင်တိုင်း၏ လှုပ်ရှားမှုတိုင်းအား စုရှင်းသည် ထင်ရှားရှင်းလင်းစွာ သိရှိနိုင်လာခဲ့သည်။

သို့သော် စုရှင်းသည် ဤမျှဖြင့် ကျေနပ်ပုံ မရပေ။ သူသည် မျက်မှောင် ကြုတ်လိုက်သည်။

“ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေရဲ့ အတိုင်းအတာက နည်းနည်း သေးနေသလားလို့…”

ပြောနေရင်းဖြင့် စုရှင်းသည် ကျောင်းအတွင်းရှိ လျှို့ဝှက်ထောင့် တစ်နေရာတွင် ပေါ်လာခဲ့သည်။

ထို့နောက် သူ၏ နတ်ဘုရား အာရုံသည် ကျယ်ပြန့်လာခဲ့သည်။

ကျန်းတစ်ရာ… ကျန်းငါးရာ… ကျန်းတစ်ထောင်။

သူသည် မရေမတွက်နိုင်သော မျက်လုံးများနှင့် နားများ ရရှိလိုက်သကဲ့သို့ ဖြစ်နေသည်။ သူ့အား ဗဟိုပြု၍ ကျန်းတစ်ထောင် ပတ်လည် အတွင်းရှိ မည်သည့် လှုပ်ရှားမှုမဆို စုရှင်းသည် အလွန် ရှင်းလင်း ပြတ်သားစွာ သိရှိနိုင်ခဲ့သည်။

“ဟင်း၊ ဒီနေ့ ထမင်းစားခန်းက နေ့လယ်စာက ဝက်သားနှပ်ပဲ…”

“အားကစားရုံ ဘေးနားမှာ ကျောင်းသား အသစ်တွေ စာရင်း လာသွင်းနေကြတာလား မသိဘူး”

“မြောက်ဘက် ကျောင်းဆောင်က မိန်းကလေးဆောင်… အဟမ်း! ငါ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်၊ ဒီလိုကိစ္စတွေမှာ မကျူးလွန်သင့်ဘူး!”

“ဟင်? တောင်ဘက် အားကစားကွင်း နောက်က သစ်တောငယ်လေးထဲမှာ စုံတွဲတစ်တွဲ ရှိနေပုံပဲ… ကျစ်၊ သူတို့ နည်းနည်းလောက် ဖြစ်ဖြစ် မြန်မြန်ဆန်ဆန် လှုပ်ရှားရမှာကိုကွာ”

စုရှင်းသည် ဆော့ကစားလိုစိတ် ပေါက်လာခဲ့သည်။

သူ၏ အဆောင်တွင် နေရင်းပင် သူသည် မြင်ကွင်းတိုင်းကို အနီးကပ် မြင်နေရသကဲ့သို့၊ ကြားနေရသကဲ့သို့ ဖြစ်နေသည်။ ယင်းမှာ ထူးဆန်းပြီး အံ့သြစရာ ကောင်းသော အတွေ့အကြုံ တစ်ခု ဖြစ်သည်။

သူ၏ ကျန်းတစ်ထောင် နတ်ဘုရား အာရုံ စွမ်းအားဖြင့် ကျိုတို အကယ်ဒမီ၏ တစ်ဝက်နီးပါးသည် သူ့ထိန်းချုပ်မှု အောက်တွင် ရှိနေရာ၊ အကယ်ဒမီ အတွင်းရှိ မည်သည့်အရာမျှ စုရှင်း၏ မျက်စိအောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

“အင်း၊ ဒီ နတ်ဘုရား အာရုံက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်… ဒါပေမဲ့ စိတ်တော့ နည်းနည်း ပင်ပန်းတယ်…”

စုရှင်းသည် သူ၏ နားထင်များကို ညင်သာစွာ နှိပ်နယ်လိုက်သည်။ သူ၏ နတ်ဘုရား အာရုံကို နာရီဝက်ခန့်မျှ အသုံးပြုလိုက်ရုံဖြင့်ပင် သူသည် ပင်ပန်းနွမ်းနယ်မှုကို အနည်းငယ် ခံစားရသည်။

“သန္ဓေတည် ဝိညာဉ်အဆင့်မှာ ကျန်းတစ်ထောင် နတ်ဘုရား အာရုံကို ရရှိနိုင်တယ် ဆိုတော့ နတ်ဘုရား အသွင်ပြောင်ခြင်း အဆင့်မှာဆိုရင် ဘယ်လောက်တောင် ကြောက်စရာ ကောင်းတဲ့ အတိုင်းအတာ ရှိလောက်မလဲ”

“ပြီးတော့ ငါ့ရဲ့ နတ်ဘုရား အာရုံမှာ ‘အာရုံငါးပါးနယ်ပယ်’ ဆိုတဲ့ စာတန်းလေး ပါနေတာ ဆိုတော့၊ ပိုပြီးမြင့်မားတဲ့ နယ်ပယ်တွေမှာ ပိုပြီးတော့ အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေ ရှိနိုင်သေးလား”

စုရှင်းသည် ယခင်က သူသည် နတ်ဘုရား အာရုံ၏ အသုံးဝင်ပုံများကို လျှော့တွက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

ကျန်းငါးဆယ် နတ်ဘုရား အာရုံသည် တကယ်ပင် သိပ် အသုံးမဝင်ပေ။

သို့သော် အချင်းဝက်ကို အဆနှစ်ဆယ် တိုးချဲ့၍ ကျန် တစ်ထောင်၊ သုံးကီလိုမီတာကျော် အထိ ပျံ့နှံ့သွားမည်ဆိုလျှင် ခရိုင်တစ်ခု သို့မဟုတ် အတော်လေး ကြီးမားသော မြို့တစ်မြို့လုံးကို ဖုံးအုပ်နိုင်သည့် အဆင့်နီးပါးပင် ဖြစ်သည်။

အကယ်၍ အဆဆယ်ဆ ထပ် တိုးချဲ့နိုင်မည်ဆိုလျှင် မြို့တစ်မြို့လုံးကိုပင် ဖုံးအုပ်နိုင်လိမ့်မည်။

“ကျင့်ကြံသူတွေက သူတို့ရဲ့ မူလဝိညာဉ် တွေကို အတွင်းပိုင်းမှာ ကျင့်ကြံပြီး၊ ဆေးဝါး တွေကိုကျ အပြင်ပန်းက ဖော်စပ်ကြတယ်… တကယ်ပဲ ရှေးလူကြီးတွေက ငါ့ကို မလှည့်စားခဲ့ဘူးပဲ၊ နတ်ဘုရား အာရုံရဲ့ အသုံးဝင်ပုံတွေက တကယ်ကို အံ့မခန်းပဲ!”

လက်ရှိတွင် စုရှင်းသည် နတ်ဘုရား အာရုံကို အသုံးပြုရာ၌ အခြေခံကျွမ်းကျင်မှု အဆင့်သာ ရှိသေးသည်။

နတ်ဘုရား အာရုံကို အသုံးပြုသည့် နတ်စွမ်းရည်များကို တတ်မြောက်ပြီး ပိုမို မြင့်မားသည့် နယ်ပယ်များသို့ ထိုးဖောက် ဝင်ရောက်နိုင်မှသာ နတ်ဘုရား အာရုံ၏ ကြောက်မက်ဖွယ် ကောင်းသော အလားအလာကို အမှန်တကယ် ထုတ်လွှတ်နိုင်မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူ တစ်ဦး၏ ခွန်အားသည် ဆေးလုံးများ ဖော်စပ်ခြင်းဖြင့်သာ ကန့်သတ်မထားပေ။ နက်နဲဆန်းကြယ်သော နတ်စွမ်းရည် များကသာ ကျင့်ကြံသူ တစ်ဦးအား သူတို့၏ အစွမ်းအစ အမှန်ကို ထုတ်ဖော်နိုင်စေမည့် အရာများ ဖြစ်သည်။

…

All Chapters