စွမ်းရည်၊ ငါက ဇာတ်ပို့ A ။
Vol. 12 Ch. 158
[ဒင်! ဤ သရုပ်ပြခြင်းသည် စွမ်းအင် ၃,၈၀၀မှတ် သုံးစွဲပါမည်။ သင့်တွင် စွမ်းအင် ၅၅,၇၈၀,၀၀၀ ကျန်ရှိသည်။ ကျန်ရှိသော သရုပ်ပြခြင်း အကြိမ် အရေအတွက်မှာ အကန့်အသတ်မရှိ ဖြစ်သည်။]
[သရုပ်ပြခြင်း စတင်ပါပြီ။]
[အစိမ်းရောင် စွမ်းရည်တစ်ခု ရယူရန် စွမ်းအင် ၁,၀၀၀၊ အပြာရောင် စွမ်းရည်တစ်ခု ရယူရန် စွမ်းအင် ၁၀,၀၀၀၊ ခရမ်းရောင် စွမ်းရည်တစ်ခု ရယူရန် စွမ်းအင် ၁၀၀,၀၀၀ ကုန်ကျပါမည်။ ရယူလိုပါသလား?]
“ခရမ်းရောင် စွမ်းရည်ကို ရယူမယ်!”
စုရှင်းသည် သူ့ဘာသာ ရေရွတ်လိုက်သည်။
[ဂုဏ်ယူပါသည်။ သင်သည် ခရမ်းရောင် စွမ်းရည် “ငါက ဇာတ်ပို့ A!” ကို ရရှိသွားပါသည်။]
စုရှင်းသည် ဤစွမ်းရည်၏ အမည်ကြောင့် ခဏတာမျှ ကြောင်သွားသည်။
“ငါက ဇာတ်ပို့ A? ဒါ ဘာစွမ်းရည်လဲ၊ ဘာလို့ နာမည်က ဒီလောက် ထူးဆန်းနေရတာလဲ။”
သူသည် သရုပ်ပြခြင်း ဖန်သားပြင်ဘက်သို့ ကြည့်လိုက်သည်။
[ငါက ဇာတ်ပို့ A]: သင်၏ ပုံရိပ်သည် အလွန် နိမ့်ကျသည်။ ကာတွန်းတစ်ခု၏ ထောင့်တစ်နေရာမှ ဇာတ်ပို့ A တစ်ဦးကဲ့သို့ပင် သင်၏ အရင်းနှီးဆုံး မိတ်ဆွေများ သို့မဟုတ် ရန်သူများပင်လျှင် သင်၏ တည်ရှိမှုကို သတိမထားမိတတ်ကြ။ မှတ်ချက်- ဤစွမ်းရည်ကို ရရှိပြီးနောက် လမ်းဖြတ်ကူးခြင်းကို ပေါ့ပေါ့ဆဆ မလုပ်ပါနှင့်၊ ယာဉ်မောင်းများသည် သင့်ကို သတိမထားမိဘဲ ဖြတ်တိုက်သွားနိုင်ချေ အလွန် မြင့်မားသည်။]
စုရှင်းသည် စွမ်းရည်၏ ဖော်ပြချက်ကို မြင်ပြီးနောက် ချက်ချင်း နားလည်သွားသည်။
ယင်းသည် နောက်ထပ် သဘောတရားဆိုင်ရာ စွမ်းရည် တစ်ခုပင် ဖြစ်သည်။!
လူအုပ်ထဲတွင် အထင်ရှားဆုံး လူငယ် ဖြစ်ခြင်းသည် လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်သည့် စွမ်းရည်တစ်ခု ဆိုလျှင်-
ဤ ဇာတ်ပို့ A စွမ်းရည်ကမူ ဆန့်ကျင်ဘက် အနေနှင့် လူတစ်ဦး၏ ပုံရိပ်ကို အလွန်အမင်း နိမ့်ကျစေသည်။
“ဒါက ကောင်းမွန်တဲ့ ထိုးဖောက် ဝင်ရောက်ရေး စွမ်းရည် တစ်ခုနဲ့တူတယ်!”
စုရှင်းသာ် စဉ်းစားရင်း သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။
“ဒါပေမယ့် အခြား အကျိုး သက်ရောက်မှုတွေကို သိရဖို့ အတွက်က သရုပ်ပြခြင်း လုပ်ဖို့ လိုအပ်သေးတယ်။”
သူသည် သရုပ်ပြခြင်း ဖန်သားပြင်ဘက်သို့ ကြည့်လိုက်သည်။
[ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေတွင် သင်သည် သရုပ်ပြခြင်း တစ်ခုအတွင်း ရောက်ရှိနေကြောင်း သဘောပေါက်သည်။]
[သင်၏ ဝိညာဉ်ကြက်များသည် အလွန် ဆာလောင်နေသဖြင့် အဆက်မပြတ် ကြက်တွန်သံများ ပေးနေသည်။ သင်သည် စိတ်ပျက်စွာဖြင့် ဝိညာဉ်ဆန် တစ်ဆုပ်ကို ယူ၍ ၎င်းတို့ကို ကျွေးမွေးခဲ့သည်။ သို့သော်လည်း ကြက်များသည် သင့်ကို လုံးဝ မမြင်ရသကဲ့သို့ ပြုမူကာ ဆက်လက်၍ ကြက်တွန်နေကြသည်။]
[စိတ်ပျက် အားငယ်စွာဖြင့် သင်သည် ကြက်စွပ်ပြုတ် အိုးကြီး နှစ်အိုးကို ချက်ပြုတ်လိုက်သည်။]
[ဝလင်စွာ စားသောက်ပြီးနောက် သင်သည် ဆေးလုံးများ ထုတ်လုပ်ခြင်း ဆိုင်ရာ သင်၏ ပုံမှန်လုပ်ငန်းကို စတင်သည်။]
[တစ်ပတ် အကြာတွင် သင်သည် ဆေးလုံးများကို ကျင်းချုံးရွှယ်ထံသို့ ယူဆောင် သွားခဲ့သည်။]
[သို့သော် ကျင်းချုံးရွှယ်သည် ဗီလာတွင် မရှိခဲ့ပါ။ သင်သည် ဖုန်းခေါ်ဆို၍ တစ်ခုခုဖြစ်ခဲ့ခြင်း ရှိမရှိ မေးမြန်းခဲ့ရာ ကျင်းချုံးရွှယ်က ထိုတစ်ပတ်တွင် တွေ့ဆုံရန် မေ့နေခဲ့ကြောင်း ပြောကြားခဲ့ပြီး အလျင်အမြန် ရောက်ရှိလာခဲ့သည်။]
[နောက်ပိုင်း ကာလတွင် သင်သည် နေ့စဉ်နှင့်အမျှ ဆေးဝါး ဖော်စပ်ခြင်းတွင် နှစ်မြှုပ်နေခဲ့ပြီး အပြင်သို့ မထွက်သလောက်ပင် ဖြစ်သွားခဲ့သည်။]
[အပြင်ထွက်ခြင်းသည် သင့်အတွက် မည်သို့မျှ မထူးခြားသောကြောင့် ဖြစ်သည်။ အပြင်ထွက်လျှင်လည်း အပြင်မထွက်သည်နှင့် အတူတူပင် ခံစားရသည်။]
[ခေါက်ဆွဲဆိုင်သို့ သွားသောအခါ ဆိုင်ရှင် အမျိုးသမီးသည် သင့်အား ခေါက်ဆွဲ တစ်ပန်းကန် ချပေးရန် အမြဲ မေ့နေတတ်သည်။ စူပါမားကတ်တွင် ဈေးဝယ်သောအခါ ငွေရှင်းကောင်တာတွင် လူများက သင့်ကို သတိမထားမိသောကြောင့် အမြဲတန်း ကြားဖြတ်၍ တန်းစီခံရသည်။]
[သင်သည် သက်သောင့်သက်သာ ရှိသော ဆိုင်တစ်ဆိုင်မှ အချိုရည် တစ်ခွက်ကို ရဲရဲတင်းတင်း ယူခဲ့ပြီး ထွက်ခွာလာသော အခါတွင်ပင် ငွေရှင်းသူက သင့်ကို သတိမထားမိခဲ့ပေ။]
စုရှင်း၏ မျက်လုံးများ တောက်ပလာသည်။
“ဒီ ဇာတ်ပို့ A စွမ်းရည် က တော်တော်လေး အစွမ်းထက်မယ့်ပုံဘဲ။ ဆိုးကျိုးတွေက သိသာ ထင်ရှားပေမယ့်... တချို့ အချိန်တွေမှာကျ မမျှော်လင့်တဲ့ အကျိုး သက်ရောက်မှုတွေ ရှိနိုင်တယ်!”
စုရှင်းသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
[လများစွာ ကုန်လွန်ပြီးနောက် သင်သည် ဝမ့်ချင်းရွှမ်က သင့်အား ဆင်းသက်ဂိုဏ်းထဲသို့ ဖိတ်ခေါ်သည် အထိ စောင့်ဆိုင်းရန် ပြင်ဆင်ခဲ့သည်။]
[သို့သော် ကြာမြင့်စွာ စောင့်ဆိုင်းခဲ့သော်လည်း ဝမ့်ချင်းရွှမ်သည် သင့်ကို တစ်ခါမျှ ဆက်သွယ်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သင်သည် သူမ အကြောင်း စုံစမ်းကြည့်ခဲ့သည်။ ထိုအခါ သူမ ကျောင်းထွက်သွားကြောင်း သင် တွေ့ရှိခဲ့ရသည်။]
[သင်က ဝမ့်ချင်းရွှမ်သည် ဆင်းသက်ဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး သင့်အား ပြောပြရန် မေ့လျော့သွားခဲ့ကြောင်း သိလိုက်သည်။ အကြောင်းမှာ သင့်၌ ဇာတ်ပို့ A စွမ်းရည် ရှိနေသောကြောင့် ဖြစ်သည်။]
[လိုအပ်သောကြောင့် သင်သည် ဆင်းသက်ဂိုဏ်း၏ တည်နေရာကို သင်ကိုယ်တိုင် လျှို့ဝှက်စွာ ရှာဖွေခဲ့ရသည်။]
[မှတ်ဉာဏ် သဲလွန်စများနှင့် ဤနေရာမှ ထိုနေရာသို့ စုံစမ်းမေးမြန်းမှုများဖြင့် သင်သည် ဆင်းသက်ဂိုဏ်း၏ ခန့်မှန်း တည်နေရာကို မရေမရာ သိရှိခဲ့သည်။]
[သင်သည် တစ်ဦးတည်း စွန့်စားသွားရန် ဆုံးဖြတ်ခဲ့ပြီး ဆင်းသက်ဂိုဏ်းသို့ ဝင်ရောက်ရန် ကိုယ့်ကိုယ်ကို ကမ်းလှမ်းခဲ့သည်။]
[နောက်တစ်နှစ်တွင် ဆင်းသက်ဂိုဏ်း၏ အသိုက်အဝန်း တည်နေရာကို အတိအကျ သိရှိခဲ့သည်။ ၎င်းထဲသို့ ဝင်ရောက်ရန် သင်သည် နှစ်ဝက်နီးပါး အချိန်ယူခဲ့ရသည်။]
[သင် ဝင်ရောက်သွားချိန်တွင် ဆင်းသက်ဂိုဏ်း၏ အကြီးအကဲများနှင့် စောင့်ရှောက်သူများသည် အစည်းအဝေး လုပ်နေကြသည်။ သို့သော်လည်း သင်သည် သရဲတစ်ကောင်ကဲ့သို့ အစောင့်အရှောက်များ မသိဘဲ အစည်းအဝေးခန်းထဲသို့ မောက်မာစွာ ဝင်ရောက်သွားခဲ့သည်။]
[သင်သည် အကြီးအကဲများနှင့် စောင့်ရှောက်သူများကို ကြည့်ရင်း အော်ဟစ်ကာ ချောင်းဆိုးသံများစွာ ပြုလုပ်ခဲ့ပြီး နောက်တွင်မှ ဂိုဏ်းခေါင်းဆောင်သုံးဦးက သင့်ကို နောက်ဆုံးတွင် သတိထားမိခဲ့သည်။]
[ချက်ချင်းပင် သူတို့သည် အံ့အားသင့်သွားပြီး သင် အစည်းအဝေးခန်းထဲသို့ မည်သည့်အချိန်က ထိုးဖောက် ဝင်ရောက်ခဲ့ကြောင်း မေးမြန်းခဲ့ကြသည်။ အကြီးအကဲများနှင့် စောင့်ရှောက်သူများသည် သင့်ကို ဝိုင်းရံခဲ့ကြသည်။]
[သင်သည် ဆင်းသက်ဂိုဏ်းသို့ ဝင်ရောက်လိုကြောင်း လျင်မြန်စွာ ရှင်းပြခဲ့ပြီး သင်၏ စွမ်းရည်အချို့ကို ပြသခဲ့သည်။]
[မမျှော်လင့်ဘဲ အဆင့်မြင့် အရာရှိများသည် ပိုမို သတိထားလာကြပြီး သင့်တွင် ဆိုးရွားသော ရည်ရွယ်ချက်များ ရှိသည်ဟု သံသယ ဝင်ခဲ့ကြသည်။]
[များစွာသော ညှိနှိုင်းမှုများနှင့် ကြီးမားသော ကြိုးပမ်းမှုများစွာဖြင့် သင်သည် သူတို့၏ ယုံကြည်မှုကို တုန်လှုပ်စွာဖြင့် ရယူနိုင်ခဲ့ပြီးင် ဆးသက်ဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့သည်။]
[သို့သော် သင်၏ နောက်ခံသမိုင်း မရှင်းလင်းသောကြောင့် ဆင်းသက်ဂိုဏ်း၏ အဆင့်မြင့် အရာရှိများသည် သင့်ကို ဆက်လက်၍ မယုံကြည်ကြသေးပေ။]
စုရှင်းသည် ရုတ်တရက် ပြောစရာ စကား မဲ့သွားခဲ့သည်။
“အမလေး၊ ဒါက ဇာတ်ပို့ A ပဲဟာကို၊ ပျောက်ကွယ်သွားတာမှ မဟုတ်တာ!”
“ဇာတ်ပို့ A ရဲ့ ပုံရိပ်က တကယ်ကြီး ဒီလောက် နိမ့်နေတာလား? ဒါကတော့ လွန်လွန်းပါတယ်…”
“အင်း၊ ဒီစွမ်းရည်က တကယ်ကို အစွမ်းထက်တယ်။ ဒါပေမဲ့ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးတွေက အရမ်း ပြင်းထန်တယ်။ မလိုအပ်တဲ့ အချိန်မျိုးမှာတောင် ဇာတ်ပို့ Aလိုမျိုး ဖြစ်နေတာက အခွင့်အလမ်း ကောင်းတွေကို ပျက်စီးစေနိုင်တယ်!”
“ဒါပေမဲ့ အရေးကြီးတဲ့အချိန်၊ လိုအပ်တဲ့ အချိန်မျိုး ရောက်မှ အသုံးချဖို့ အတွက် ဒီစွမ်းရည်ကို ငါ့ရဲ့ စွမ်းရည် စာရင်းထဲမှာ ထိန်းသိမ်းထားလို့ ရတာပဲ!”
စုရှင်း တစ်ယောက် စဉ်းစား ဆင်ခြင်နေခဲ့သည်။
[ဆင်းသက်ဂိုဏ်းထဲသို့ ဝင်ရောက်ပြီးနောက် မည်သူ့ ယုံကြည်မှုမှ မရသေးသောကြောင့် အခြေအနေကို ခဏတာ တည်ငြိမ်စေရန် အတွက် ထိန်းထားရန် သင် ဆုံးဖြတ်ခဲ့သည်။]
[နောက်ပိုင်းလများတွင် သင်သည် တာဝန်များကို စိတ်ကြိုက် ထမ်းဆောင်ပြီး ကောင်းမွန်စွာ နေထိုင်ခဲ့ရာ ဆင်းသက်ဂိုဏ်း၏ ယုံကြည်မှုကို တဖြည်းဖြည်း ရရှိလာခဲ့သည်။]
[အခြေအနေများ တည်ငြိမ်သွားသောအခါ သင်သည် လောရွှေရင်နှင့် ချိတ်ဆက်ရန် အခွင့်အလမ်းကို ရှာဖွေခဲ့သည်။ သူမ၏ ယုံကြည်မှုကို အောင်မြင်စွာ ရရှိကာ ဆေးဖက်ဝင်အပင် အမြောက်အမြားကိုလည်း ရယူနိုင်ခဲ့သည်။]
[သင်သည် နေ့စဉ် ဆေးလုံးများ ဖော်စပ်ခဲ့ရာ နှစ်နှစ် အတွင်း၌ပင် ဆေးလုံး အမြောက်အမြားကို စုဆောင်းနိုင်ခဲ့သည်။]
[တတိယနှစ်တွင် မထွက်ခွာမီ သင်နှင့် လောရွှေရင်တို့သည် ဆင်းသက်ဂိုဏ်း၏ ဘဏ္ဍာတိုက်ထဲသို့ တစ်ကြိမ် ခိုးဝင်ခဲ့ကြသည်။]
[“ငါက ဇာတ်ပို့ A ” ဟူသော စွမ်းရည်ကြောင့် ဘဏ္ဍာတိုက်ကို စောင့်ကြပ်နေသော နဂါးအစောင့်ပင် သင်တို့ကို သတိမထားမိခဲ့ပေ။ ထို့ကြောင့် သင်တို့သည် ဆင်းသက်ဂိုဏ်း၏ ဘဏ္ဍာတိုက် တစ်ဝက်ကို အလွယ်တကူ ရှင်းလင်းနိုင်ခဲ့ပြီး ဝိညာဉ်ဆေး အမြောက်အမြားနှင့် အထူးပစ္စည်း မျိုးစုံကို ရရှိခဲ့သည်။]
…