← Chapters

စမ်းသပ်မှု ငါးခုအား ကျော်လွှားနိုင်ပြီး နတ်ဘုရား အသွင်ပြောင်းခြင်း နယ်ပယ်သို့ ရောက်ရှိခြင်း!

Vol. 12 Ch. 161

စမ်းသပ်မှု ငါးခုအား ကျော်လွှားနိုင်ပြီး နတ်ဘုရား အသွင်ပြောင်းခြင်း နယ်ပယ်သို့ ရောက်ရှိခြင်း!

Vol. 12 Ch. 161

[မမျှော်လင့်ဘဲ ပွဲတော်တစ်ခုတွင် ထိုနိုင်ငံမှ ပန်းသီးများသည် သင်၏ အရသာနှင့် အတိအကျ ကိုက်ညီကြောင်း သင် တွေ့ရှိခဲ့သည်။]

[ထို့ကြောင့် သင်သည် အမိန့်တစ်ခု ထုတ်ပြန်ခဲ့သည်။ အသက်ခြောက်ဆယ် အရွယ် အမျိုးသားများမှ ဆယ်နှစ်အရွယ် ကလေးများအထိ ထိုနိုင်ငံသား အားလုံး၊၊ တစ်ခုတည်းသော အရာကိုသာ လုပ်ဆောင်ရန် – သင်သည် သင်အတွက်သာ ပန်းသီးများကို သီးသန့်ထုတ်လုပ်ရန် တောင်းဆိုခဲ့သည်။]

[၎င်းသည် ဆင်ခြင်တုံတရား မရှိသည့် အမိန့်တစ်ခု ဖြစ်သည်မှာ ထင်ရှားသည်။]

[သို့သော် ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး အင်ပါယာ၏ ဘုရင်တစ်ပါး ဖြစ်သောကြောင့် မည်သူမျှ သင့်ကို မဆန့်ကျင်ဝံ့ခဲ့ကြပေ!]

[လူဦးရေ ငါးသိန်းထက် မပိုသော ထိုနိုင်ငံငယ်လေးသည်လည်း သဘာဝအတိုင်း လိုက်နာခဲ့ရသည်!]

[သို့သော် အမိန့်ပေးပြီး သုံးနှစ် အကြာတွင် ထိုနိုင်ငံ၏ စီးပွားရေးသည် စတင် ပြိုလဲခဲ့ပြီး အမိန့်စနစ်လည်း ပျက်ပြားစ ပြုလာခဲ့သည်။ လူဦးရေ ငါးသိန်းရှိသော နိုင်ငံ တစ်နိုင်ငံသည် ပန်းသီး စိုက်ပျိုးခြင်း တစ်ခုတည်းဖြင့် အသက်ရှင် ရပ်တည်နိုင်စရာ အကြောင်း မရှိပေ။]

[ထို့ကြောင့် ပရမ်းပတာများ ဖြစ်ပေါ်လာခဲ့သည်။ အစိုးရသစ် တစ်ခုက ဘုရင်ဟောင်းကို ဖြုတ်ချခဲ့သည်။ ၎င်းတို့သည် သင့်အား ပန်းသီးများ ထောက်ပံ့တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။]

[သင်သည် ဒေါသထွက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သင့်ဆန္ဒကို မည်သူမျှ မဆန့်ကျင်ဝံ့သောကြောင့်ပင်!]

[ထို့ကြောင့် သင်သည် စစ်တပ် ငါးသိန်းကို စေလွှတ်ခဲ့ပြီး ကိုယ်တိုင် ဦးဆောင်ကာ ထိုနိုင်ငံကို သိမ်းပိုက်ခဲ့သည်!]

[လူဦးရေ ငါးသိန်းမျှသာ ရှိသော နိုင်ငံငယ်လေး တစ်နိုင်ငံသည် အင်အားတူ သင့်စစ်တပ်ကို မခုခံနိုင်သည်မှာ ထင်ရှားသည်!]

[စစ်မြင်းများနှင့် ကြမ်းတမ်းသော ဗိုလ်ချုပ်များ နင်းခြေသွားရာ… မြက်ပင်တစ်ပင်မျှပင် မပေါက်နိုင်တော့ပေ!]

[ဤနိုင်ငံ၏ မြေပေါ်တွင် ရပ်နေရင်း သင်သည် ပတ်ဝန်းကျင်မှ စစ်ပွဲ မြင်ကွင်းများကို ကြည့်ရှုခဲ့သည်။ ခင်ပွန်း ဆုံးရှုံးခဲ့သော အမျိုးသမီးများ၊ သား ဆုံးရှုံးခဲ့သော သက်ကြီးရွယ်အိုများ၊ ဖခင် ဆုံးရှုံးခဲ့သော ကလေးငယ်များ…]

[သင် ရုတ်တရက် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်…]

[သင်သည် စတင် မေးခွန်းထုတ်ခဲ့သည် – သင်၏ ကိုယ်ပိုင် နှစ်သက်မှု၊ မနှစ်သက်မှုများကြောင့် နိုင်ငံတစ်နိုင်ငံ၏ မိသားစုများအပေါ် ထိုသို့သော ဖျက်ဆီးမှုကို ဖြစ်ပေါ်စေသည့် အမိန့်တစ်ခု ထုတ်ပြန်ခဲ့သည်မှာ ထိုက်တန်ရဲ့လား?]

[သင်သည် နောင်တရသွားသည်။ သင်၏အမိန့်များကို နောင်တရစပြုကာ သင်သည် သင်၏ မာနကို စတင် သံသယ ဝင်လာခဲ့သည်…]

[ဤအရာ အားလုံးကို သင် သဘောပေါက်လိုက်သောအခါ သင်သည် စိတ်ကူးယဉ် ကမ္ဘာတစ်ခု အတွင်း၌ ရှိနေသည်ကို နားလည်ခဲ့သည်။]

[သင့် ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် မီးခိုးကဲ့သို့ ပျောက်ကွယ်သွားပြီး သင်သည် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေသို့ ပြန်ရောက်နေသည်ကို တွေ့ရှိခဲ့သည်။]

[မာန အတားအဆီးကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ခြင်း အတွက် ဂုဏ်ယူပါသည်။]

သူ့ရှေ့မှ ရှည်လျားသော စာသားကို ကြည့်ရင်း စုရှင်းသည် စိတ်လှုပ်ရှားစွာဖြင့်-

“နောက်ဆုံးတော့ စတုတ္ထ အတားအဆီး ဖြစ်တဲ့ မာန အတားအဆီးကို ကျော်လွှားနိုင်ခဲ့ပြီ… အခုတော့ နောက်ဆုံးတစ်ခုပဲ ကျန်တော့တယ်၊ ဒေါသ အတားအဆီး!”

စုရှင်း၏ နှလုံးသားထဲတွင် အနည်းငယ် စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာခဲ့သည်။

နတ်ဘုရားအသွင် ပြောင်းလဲခြင်း၏ အတားအဆီး ငါးခုကို ဖြတ်ကျော်ခြင်းသည် အမှန်ပင် အံ့ဩစရာ ကောင်းလှသည်။

နှစ်ပေါင်းများစွာက အစွမ်းထက်သော ကျင့်ကြံသူ မြောက်မြားစွာထဲမှ ထိပ်ဆုံး အနည်းငယ်သာ ဤစွမ်းဆောင်မှုကို ပြုလုပ်နိုင်ခဲ့ကြသည်။ ယင်းတို့သည်လည်း ခြွင်းချက်မရှိ လမ်းစဉ်ကိုသာ အပ်နှံထားသော ကျင့်ကြံသူများ ဖြစ်ကြသည်။

စုရှင်းသည် လောထျန်း ညီလာခံ အကျဉ်းခန်းမှ ရရှိသော အချက်အလက်များ အရ နတ်ဘုရား အသွင် ပြောင်းလဲခြင်း၏ အတားအဆီး ငါးခုကို ဖြတ်ကျော်ခြင်းသည် မသေမျိုး မျိုးစေ့ မွေးဖွားရန် မြေဩဇာ ကောင်းသော မြေကို ပြင်ဆင်ခြင်းနှင့် တူညီပြီး မသေမျိုး ဘဝသို့ လမ်းခင်းပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

စုရှင်းသည် ဤသို့သော မသေမျိုး အခွင့်အလမ်း ဆိုသည်မှာ ဘာကို ဆိုလိုကြောင်း စူးစမ်းခဲ့သည်။

သို့သော် အခု အတားအဆီး လေးခုကို ဖြတ်ကျော်ပြီးနောက် သူ့စိတ်ထဲတွင် မရေမရာ ခန့်မှန်းချက်တစ်ခု ရှိလာခဲ့သည်။

“မသေမျိုး အခွင့်အလမ်း ဆိုတာ ဘဝရဲ့ ဆွဲဆောင်မှု၊ ကြောက်ရွံ့မှု၊ လောဘ၊ မာန၊ ဒေါသ စတဲ့ သွေးဆောင်မှုတွေကို ဖြတ်ကျော်ခြင်း ဖြစ်နိုင်တယ်… ဒါဟာ မသေမျိုး အဆီအနှစ်ကို ထိန်းသိမ်းပြီး လူ့ရဲ့ တဏှာကို ငြိမ်းသတ်ရုံ သက်သက် မဟုတ်ဘူး၊ ဒါဟာ လမ်းစဉ်ကို နားလည်ခြင်း ပဲ…”

“ကျင့်ကြံခြင်းလမ်းဟာ ရှည်လျားပြီး ခက်ခဲတယ်။ အမြဲလှုပ်ရှားနေတဲ့ လောကီထဲမှာ လူပေါင်းများစွာနဲ့ အဖြစ်အပျက်ပေါင်း များစွာကို ကြုံတွေ့ရနိုင်တယ်။ ဒီအဆုံးမဲ့ လောကီပတ်လမ်းမှာ လမ်းစဉ်ကို လိုက်စားတဲ့ မူလစိတ်ရင်းကို ထိန်းသိမ်းထားနိုင်မလား ဆိုတာကတော့ မသေမျိုး ကံကြမ္မာကို လိုက်စားရာမှာ အတွင်းကျတဲ့ အချက် ပဲ!”

စုရှင်းသည် ညင်သာစွာ သက်ပြင်းချလိုက်ပြီး သူ့စိတ်အခြေအနေ အနည်းငယ် မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။

နတ်ဘုရား အသွင် ပြောင်းလဲခြင်း၏ အတားအဆီး ငါးခုသည် မဖြစ်မနေ ဖြတ်ကျော်ရန် မလိုအပ်ကြောင်း သူ ခံစားမိသည်။

တိတိကျကျ ပြောရလျှင် ဤအတားအဆီး ငါးခုအား “စိတ်ပိုင်းဆိုင်ရာ စမ်းသပ်ခြင်း အတားအဆီးများ” ဟု ခေါ်ဆိုသင့်ပြီး ကျင့်ကြံသူ၏ စစ်မှန်သော နှလုံးသားကို ဆေးကြော သန့်စင်ပေးခြင်း ဖြစ်သည်။

နတ်ဘုရားများ မသေခြင်း၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခါနီး မဟာယန ကျင့်ကြံသူ အများအပြားသည် ဤစမ်းသပ်မှုကိုပဲ ကြုံတွေ့ရမှာ ဖြစ်နိုင်သည်။

သန္ဓေတည် ဝိညာဉ် အဆင့်မှာသာ ရှိသေးသည့် စုရှင်း အတွက်မူ ဤ အရာအားလုံးကို ကြိုတင် ဖြတ်သန်းခဲ့ရခြင်းသည် အမှန်တကယ်ပင် အကျိုးကျေးဇူး ရှိသည်။

အနည်းဆုံး အနာဂတ်‌တွင် မသေမျိုးဘေးကို ရင်ဆိုင်ရသည့်အခါ ပိုပြီ ပြင်ဆင်နိုင်ပေလိမ့်မည်။

“ကောင်းပြီ ဒါဆိုရင် ဒီနောက်ဆုံး ဒေါသ အတားအဆီးပဲ ကျန်တော့တယ်။ ဒီဒေါသ အတားအဆီးက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလဲဆိုတာ ကြည့်ရသေးတာပေါ့”

စုရှင်းသည် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ မသေမျိုး ဘဝသည် သူ့အတွက်မူ ဝေးကွာနေသေးသော အိပ်မက်တစ်ခုသာ ဖြစ်သည်။

သို့သော် ဒေါသ အတားအဆီးအား ဖြတ်ကျော်ပြီး နတ်ဘုရား အသွင် ပြောင်းလဲခြင်းကို ရောက်ရှိရန်မှာမူ အခုအခါ လက်လှမ်းမီနေပြီ ဖြစ်သည်!

သူ၏အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်ဆီသို့ ရောက်ရှိသွားသည်။

[မာန အတားအဆီးကို ဖြတ်ကျော်ပြီးနောက် သင့်ခန္ဓာကိုယ်သည် ထပ်မံ၍ ပြောင်းလဲမှုများကို ခံစားနေရသည်။]

[သဘာဝ၏ ဝိညာဉ်စွမ်းအင်ကို ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်ခြင်းမှအပ အရေးကြီးဆုံး အချက်မှာ သင့်စိတ်အခြေအနေ တိုးတက်လာခြင်း ဖြစ်သည်။]

[သင်သည် နောက်ဆုံး အတားအဆီးကို ချက်ချင်း မဖြတ်ကျော်ဘဲ လအနည်းငယ် အနားယူကာ သင့်အခြေအနေကို ချိန်ညှိခဲ့သည်။]

[ဆယ့်ခုနစ်နှစ်မြောက်တွင် လောရွှေရင်၏ ဇာတိမြေသည် တိုင်းတစ်ပါး မျိုးနွယ်များ၏ ပြင်းထန်စွာ ကျူးကျော်ခြင်းကို ခံခဲ့ရသည်။]

စိတ်ဝိညာဉ် မျိုးနွယ်စုဝင် ထောင်ပေါင်းများစွာသည် နေရာမဲ့ ဖြစ်ခဲ့ရပြီး ကြယ်ပြာတွင် ခိုလှုံရာ ရှာခဲ့ကြသည်။ ၎င်းတို့သည် နတ်ဆိုး နှိမ်နင်းရေး စခန်း၌ နတ်ဆိုး သားရဲများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြရသည်။

ထောင်ပေါင်း များစွာသော ထိုစိတ်ဝိညာဉ် မျိုးနွယ်စုဝင်များထဲမှ တစ်ဦးဖြစ်သည့် လောရွှေရင်ထံမှ သင်သည် တွေဝေမှု၊ ကူကယ်ရာမဲ့မှုတို့ နှင့်အတူ ပိုမိုနက်ရှိုင်းသော ဒေါသ၏ အရိပ်အယောင်ကို ခံစားမိလိုက်သည်။

ဤအရာက သင့်အား ခံစားသွားစေခဲ့ပြီး သင်သည် တိုးတက်မှု ရရှိရန် အတွက် ချက်ချင်းပင် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေသို့ ဝင်ရောက်ပြီး တရား အားထုတ်ရန် ပြင်ဆင်ခဲ့သည်။

သင်သည် စိတ်ကို စုစည်းပြီး သန္ဓေတည် ဝိညာဉ်ထဲသို့ နစ်မြုပ်ကာ သင်၏ နတ်ဘုရား အာရုံကို ဝေးလံသော အရပ်ဆီသို့ လွင့်မျောစေခဲ့သည်။ သို့သော် သင် ပြန်လည် နိုးထလာသောအခါ သင်သည် မရင်းနှီးသော ပတ်ဝန်းကျင် တစ်ခုတွင် ရောက်နေသည်ကို တွေ့ရှိခဲ့ပြီး ယခင်က ဖြစ်ပျက်ခဲ့သမျှကို အမှတ်ရခြင်း မရှိတော့ပေ။

နတ်ဘုရားအသွင် ပြောင်းလဲခြင်း၏ အတားအဆီးများကို သင်ပိုမို ဖြတ်ကျော်လေလေ၊ သင်၏ မှတ်ဉာဏ်အပေါ် ပိတ်ဆို့မှုက ပိုမို လေးလံလေလေ၊ ၎င်းကို ဖောက်ထွက်ရန် ပိုမိုခက်ခဲလေလေ ဖြစ်လာသည်။

ဤအခြေအနေသစ်တွင် သင်သည် နာမည်ကျော် လူငယ် အားကစားသမား တစ်ဦးဖြစ်ပြီး အသက် ၁၆ နှစ် အရွယ်တွင် ကမ္ဘာလုံးဆိုင်ရာ ချန်ပီယံရှစ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲသို့ ရောက်ရှိခဲ့သည်။

သင်သည် နိုင်ငံတစ်ဝှမ်းရှိ ပရိသတ်များ၏ မျှော်လင့်ချက် ဖြစ်လာခဲ့သည်။ မျှော်မှန်းချက်များ အလွန် မြင့်မားခဲ့သော်လည်း ဗိုလ်လုပွဲတွင် ခွန်အား ကွာခြားမှု ကြီးမားခြင်းကြောင့် သင်သည် ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့သည်။

သင့်နိုင်ငံသို့ ပြန်ရောက်သောအခါ အဆုံးမရှိသော ဆဲဆို ကြိမ်းမောင်းမှုများနှင့် လှောင်ပြောင်မှုများဖြင့် သင် ရင်ဆိုင်ခဲ့ရသည်။

တစ်ညတာအတွင်း သင်သည် ထူးချွန်သော လူငယ် အားကစားသမား ဘဝမှ လူတိုင်း၏ ပစ်မှတ်ဖြစ်လာခဲ့ပြီး အားနည်းသူ အဖြစ် ကဲ့ရဲ့ခံခဲ့ရသည်။

သင်သည် စိတ်ခံစားမှုများဖြင့် လွှမ်းမိုးခံရလွယ်သော ကစားသမား တစ်ဦး ဖြစ်ပြီး မရေမတွက်နိုင်သော ဆဲဆိုသံများကြားတွင် ဒေါသထွက်ကာ စိတ်ခံစားမှု အတက်အကျများ ပိုမို၍ ဖြစ်ပေါ်လွယ်လာသည်။

ဤအရာက သင်၏ ကစားပုံနှင့် စိတ်ခံစားမှုများကို ကျဆင်းစေခဲ့ပြီး တဖြည်းဖြည်း သင်သည် စိတ်ဓာတ် ကျဆင်းမှု အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

…

All Chapters