← Chapters

မိမိ၏ ကျင့်ကြံမှု အဆင့်ကို ထုတ်ဖော်ခြင်း၊ နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့်၏ ပြောင်းလဲမှုများ။

Vol. 12 Ch. 164

မိမိ၏ ကျင့်ကြံမှု အဆင့်ကို ထုတ်ဖော်ခြင်း၊ နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့်၏ ပြောင်းလဲမှုများ။

Vol. 12 Ch. 164

စုရှင်းသည် ထိုအခြေအနေကို မြင်သော် သက်ပြင်းချလိုက်သည်။

“ငါ့မှာ ဝိညာဉ်စွမ်းအင် နဲ့ ဝိညာဉ် ကျောက်တုံးတွေ တကယ် လိုနေသေးတာပဲ!”

“နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့်မှာ ကျင့်ကြံဖို့ဆိုရင် ဝိညာဉ်စွမ်းအင် အလုံအလောက် လိုအပ်တာပေါ့…”

စုရှင်းသည် အနည်းငယ် စဉ်းစားခန်း ဝင်သွားသည်။

ဝိညာဉ်စွမ်းအင် ရယူခြင်းသည် မခက်ခဲပေ။ စုရှင်း၏ လက်ထဲတွင် ဝိညာဉ်စွမ်းအင် စုစည်းပန်း၏ မျိုးစေ့သုံးဆယ် ရှိနေသေးသည်။

‘သရုပ်ပြစက်’ ဟုခေါ်သည့် ဤပရိုဂရမ်ကဲ့သို့ လိမ်လည်နိုင်သော ကိရိယာဖြင့် စုရှင်းသည် သရုပ်ပြခြင်း တစ်ကြိမ်တည်းဖြင့် ဝိညာဉ်စွမ်းအင် စုစည်းပန်း ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာကိုပင် အလွယ်တကူ ထုတ်ယူနိုင်ပေသည်။

သို့သော် ဝိညာဉ်စွမ်းအင် စုစည်းပန်းများ အပြင် ဝိညာဉ်ကျောက်တုံးများလည်း မရှိမဖြစ် လိုအပ်သည်။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ် ကျောက်တုံးများသည် ခဲနေသော ဝိညာဉ်စွမ်းအင်များ ဖြစ်သည့် အတွက် ၎င်းတို့၏ စိုက်ပျိုးမှု အတွက် ထိရောက်မှုနှင့် ဝိညာဉ်စွမ်းအား ပြန်လည် ဖြည့်တင်းမှုသည် ဝိညာဉ်စွမ်းအင်ကို သုံးခြင်းထက် များစွာ မြင့်မားသောကြောင့် ဖြစ်သည်။

ထို့အပြင် စုရှင်းသာ လူသားမျိုးနွယ်၏ ခွန်အားကို တိုးမြှင့်ရန်အတွက် ဝိညာဉ်စပါးများကို အကြီးအကျယ် စိုက်ပျိုးလိုပါက ဝိညာဉ်ကျောက်တုံး အမြောက်အများ မရှိဘဲ မလုပ်ဆောင်နိုင်ပေ။

“နောက်ဆုံးကျတော့ ဝိညာဉ်ကျောက်တုံး မလုံလောက်တာပါပဲ။ ငါ့လက်ထဲမှာ ရှိတဲ့ တစ်ထောင်က နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့်မှာ အဆင့်ငယ်တစ်ခု ကျင့်ကြံဖို့တောင် မလုံလောက်လောက်ဘူး…”

“ပြီးတော့ ဝိညာဉ် ကျောက်တုံး ရယူဖို့ ငါသိတဲ့ နည်းလမ်းက တစ်ခုတည်းပဲ ရှိသေးတယ်…”

“ခွေးကောင်ကျုံး ... အာ့နည်းလမ်းက မင်းပဲ!”

စုရှင်းသည် နှစ်တစ်ထောင် သို့မဟုတ် နှစ်နှစ်ထောင်ခန့် နေထိုင်ခဲ့သော အသက်ကြီးသည့် ကျန်ရစ်သူ တစ်ဦးအနေဖြင့် ခွေးကောင်ကျုံးတွင် ဝိညာဉ် ကျောက်တုံး အမြောက်အများ သေချာပေါက် ရှိလိမ့်မည်ဟု ခံစားမိသည်။

စုရှင်းသာ သူ့ကို လုယူနိုင်ခဲ့ပါက ဝိညာဉ် ကျောက်တုံး ပြတ်လပ်မှုအတွက် ခဏတာ စိတ်ပူစရာ မလိုတော့ပေ။

“ကံဆိုးတာက အဲဒီ အဘိုးကြီးက မသေးဘူး၊ နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့်ကို ခုမှ ရောက်တဲ့ ငါက သူ့ကို ယှဉ်နိုင်အုံးမှာ မဟုတ်ဘူး…”

“ငါ့ရဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ခွန်အားကို နည်းနည်းလောက် ထပ်တိုးမြှင့်ပြီးတာနဲ့ ဒီသခင်လေးက အဲဒီ အဘိုးကြီးကို ကံဆိုးမိုးမှောင်ကျအောင် လုပ်ပြမယ် ကြည့်ထား!”

မည်သို့ပင်ဖြစ်စေ၊ အတားအဆီးကြီး လေးခုကို ဖြတ်ကျော်ပြီး နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့်သို့ ရောက်ရှိနိုင်ခြင်းသည် စုရှင်း၏ မျှော်မှန်းချက်များကို ကျော်လွန်နေပြီ ဖြစ်သည်။

အတားအဆီး တစ်ခုကို ဖြတ်ကျော်ပြီးသည်နှင့် ကျန်သည်များမှာ လွယ်ကူသည်။ မိမိ၏ ကျင့်ကြံခြင်း အဆင့်ကို အချိန်ယူပြီး မြှင့်တင်ရုံသာ လိုတော့သည်။

ဤသို့ တွေးမိရင်း စုရှင်း၏ အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်ဘက်သို့ ရောက်ရှိသွားသည်။

[နှစ်ဆယ့်နှစ်နှစ်မြောက်တွင် သင်သည် နတ်ဆိုး နှိမ်နှင်းရေး စခန်း၌ ဆက်လက် တိုက်ပွဲဝင်ခဲ့သည်။]

[ဆက်တိုက် တိုက်ခိုက်ခြင်းဖြင့် သင်၏ တိုက်ခိုက်ရေး အတွေ့အကြုံနှင့် ခွန်အား နှစ်မျိုးစလုံးသည် တဖြည်းဖြည်း တိုးတက်လာသည်။ ဖြည်းဖြည်းချင်းဖြင့် သင်သည် နတ်ဆိုးနှိမ်နှင်းရေး စခန်းရှိ နာမည်ကျော် စစ်ဧကရာဇ် အဆင့် ပညာရှင်တစ်ဦး ဖြစ်လာသည်။]

[နှစ်စဉ် နတ်ဆိုး နှိမ်နှင်းရေး စာရင်းတွင် သင့်အမည်သည် ထိပ်ဆုံး၌ ပေါ်ထွက်လျက်ရှိပြီး၊ နတ်ဆိုးဧကရာဇ် နှစ်ကောင်ကို တစ်ဦးတည်း တောင့်ခံထားနိုင်သည့် စံချိန်ကိုပင် သင် ပိုင်ဆိုင်ထားသည်။]

[ထိုသို့ဖြင့် နောက်ထပ် နှစ်နှစ် ကုန်လွန်သွားသည်။]

[နှစ်ဆယ့်သုံးနှစ်မြောက်တွင် နတ်ဆိုး နှိမ်နှင်းရေး စခန်း၏ အခြေအနေသည် ပိုမို ဆိုးရွားလာသည်။ သင်သည် နေ့စဉ် နတ်ဆိုး ရာပေါင်းများစွာမှ ထောင်ပေါင်းများစွာကို သတ်ဖြတ်နေသော်လည်း ကျယ်ပြောလှသော နတ်ဆိုး နှိမ်နှင်းရေး စခန်း အတွက်မူ အကျိုးသက်ရောက်မှု နည်းပါးသည်။]

[သို့သော် သင်၏ ချီသန့်စင်ခြင်း ကျင့်ကြံမှု အဆင့်သည်လည်း အနည်းငယ် တိုးတက်လာသည်။ ဝိညာဉ်စွမ်းအင် မလုံလောက်သဖြင့် ကာလရှည် ကျင့်ကြံ၍ မရနိုင်သော်လည်း သင်၏ ကျင့်ကြံခြင်း အဆင့်သည် နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့်၏ ဒုတိယအလွှာသို့ တည်ငြိမ်စွာ ချဉ်းကပ်လာခဲ့သည်။]

[နှစ်ဆယ့်လေးနှစ်မြောက်တွင် တစ်နှစ်တာ ကာလအတွင်း နတ်ဆိုး ဧကရာဇ် ဒါဇင်ပေါင်း များစွာကို သင် သတ်ဖြတ်ခဲ့သည်။]

[၎င်းသည် သင်၏ ခွန်အား တိုးတက်လာသောကြောင့် သာမက နတ်ဆိုး ဧကရာဇ်များ ပို၍ပို၍ နတ်ဆိုး နှိမ်နှင်းရေး စခန်းကို တိုက်ခိုက်လာသောကြောင့်လည်း ဖြစ်သည်။]

[ထိုနေ့သည် မဝေးတော့ပြီဟု သင် ခံစားမိသည်။]

[နှစ်ဆယ့်ငါးနှစ်မြောက်တွင် ဒဏ္ဍာရီအဆင့် နတ်ဆိုး ရာပေါင်းများစွာသည် နတ်ဆိုး နှိမ်နှင်းရေး စခန်းကို ကျူးကျော် ဝင်ရောက်လာပြီး လူသားမျိုးနွယ်၏ စစ်သည်များသည် မရေမတွက်နိုင်အောင် တိုက်ပွဲတွင် ကျဆုံးခဲ့သည်။]

[သင်သည် အစွမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း ဒဏ္ဍာရီအဆင့် နတ်ဆိုး တစ်ကောင်ကို အချီပေါင်း တစ်ဒါဇင်နီးပါး ထိန်းချုပ်နိုင်ခဲ့ပြီး နောက်ဆုံးတွင် ထိုသားရဲ၏ လက်ဖြင့် သေဆုံးခဲ့သည်။]

[သင် သေဆုံးသွားပြီ။ သင်၏ ခရမ်းရောင် ပါရမီ နိုးထလာသည်...]

[ဒင်! ဤသရုပ်ပြခြင်း ပြီးဆုံးပါပြီ။]

သရုပ်ပြခြင်း ပြီးဆုံးသွားသောအခါ စုရှင်းသည် ရှည်လျားသော သက်ပြင်းတစ်ချက် ချလိုက်သည်။

သူ၏ အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်ပေါ်ရှိ ဆုလာဘ်များဆီသို့ ရောက်ရှိသွားသည်။

[ငါက ဇာတ်ပို့A (ခရမ်းရောင် စွမ်းရည်)]: စွမ်းအင်မှတ် ၁ သန်း တန်ကြေး ရှိသည်။

[နှစ်ဆယ့်ခြောက်နှစ်တာ ဆေးဝါးဖော်စပ်မှု အတွေ့အကြုံ] : ဆေးဝါးဖော်စပ်မှုဆိုင်ရာ ထိုးထွင်းဉာဏ်များ ပါဝင်ပြီး ကလေးနတ်ဆေး (မဟာယာနအဆင့်) အချို့ ပါဝင်သည်။ စွမ်းအင်မှတ် ၁ သန်း တန်ကြေး ရှိသည်။

[နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့် (ပထမအဆင့် ကျင့်ကြံမှု) : အတားအဆီး ငါးခုကို ဖြတ်ကျော်ပြီး နတ်ဘုရား အသွင် ပြောင်းလဲခြင်း နယ်ပယ်သို့ ဝင်ရောက်ကာ သင်သည် နတ်ဘုရား အသွင် ပြောင်းလဲခြင်း ကျင့်ကြံသူ တစ်ဦး ဖြစ်လာသည်။ စွမ်းအင်မှတ် ၁၀ သန်း တန်ကြေး ရှိသည်။

[နတ်ဘုရား အင်အား နယ်ပယ် (စတုတ္ထအဆင့် ကျင့်ကြံမှု)] : ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံမှုအဆင့်၊ စွမ်းအင်မှတ် သန်း ၃၀ တန်ကြေးရှိသည်။

[ရှစ်နှစ်တာ တိုက်ခိုက်ရေး အတွေ့အကြုံ] : နတ်ဆိုး နှိမ်နှင်းရေး စခန်းတွင် သင်၏ ရှစ်နှစ်တာ တိုက်ခိုက်ရေး အတွေ့အကြုံများ ပါဝင်သည်။ နတ်ဆိုး မျိုးနွယ်၏ အားနည်းချက်များကို ထိုးထွင်းသိမြင်မှု အနည်းငယ် တိုးလာစေသည်။ စွမ်းအင်မှတ် ၈၀၀,၀၀၀ တန်ကြေးရှိသည်။

စုရှင်းသည် သူ့ရှေ့မှ သရုပ်ပြခြင်း ဆုလာဘ်များကို ကြည့်ရင်း အတွေးထဲ နစ်ဝင်သွားသည်။

“ငါက ဇာတ်ပို့ A” ဆိုသည့် စွမ်းရည်သည် အစွမ်းထက်ပါသလား?

အမှန်တကယ်တမ်းမှာ ဤစွမ်းရည်သည် ထူးခြားသည်။ သဘောတရားဆိုင်ရာ စွမ်းရည် တစ်ခုလိုပင် ဖြစ်သည်!

စုရှင်းက သူ့အား အခြားသူများ သတိမထားမိစေချင်သည့်အခါ ဤစွမ်းရည်သည် သံသယဖြစ်ဖွယ်မရှိ ထိရောက်သည်။

ဥပမာ၊ ဤသရုပ်ပြခြင်းတွင် စုရှင်းသည် ဤစွမ်းရည်ကို အသုံးပြု၍ ဆင်းသက်ဂိုဏ်း၏ ဘဏ္ဍာတိုက်ကို ခိုးယူခဲ့သည်။

သင် သိထားသင့်သည်မှာ ဘဏ္ဍာတိုက်ထဲတွင် ဆေးဘက်ဝင် အပင်များ သာမက အခြား ရတနာများလည်း အများကြီး ရှိပါသည်။

စုရှင်းသည် ထိုရတနာများအား မလိုအပ်ဘူး ဆိုလျှင်တောင် စွမ်းအင်နှင့် အလဲအလှယ် လုပ်၍ရသည်။ ယင်းသည် လုံးဝကို အံ့မခန်း ပမာဏ ဖြစ်နိုင်သည်။

သို့သော် ဤစွမ်းရည်တွင် ထင်ရှားသည့် ဆိုးကျိုးလည်း ရှိသည်။ ယင်းသည် တစ်ခါတစ်လေတွင် စုရှင်းအတွက် ပြဿနာ တော်တော်များများ ယူဆောင်လာတတ်သည်။

ခဏတာ ချီတုံချတုံ ဖြစ်ပြီးနောက် စုရှင်းသည် သက်ပြင်းချကာ ပြောလိုက်သည်။

“ကောင်းပြီ၊ ဒီစွမ်းရည်ကို စွမ်းရည် စုဆောင်းတဲ့ နေရာမှာ ထားလိုက်မယ်... နောက်မှ လိုအပ်လာရင် ထုတ်သုံးမယ်!”

ဤစွမ်းရည်ကို လောလောဆယ် မလိုအပ်သေးဟု ဆုံးဖြတ်ပြီးနောက် စုရှင်းသည် တုံ့ဆိုင်းနေစရာ မလိုတော့ပေ။

သူ၏ အကြည့်သည် ကျင့်ကြံခြင်း ဆုလာဘ်နှစ်ခုဆီသို့ ရောက်သွားပြီး စုရှင်းက တိတ်တဆိတ် ကြေညာလိုက်သည်။

“နတ်ဘုရား အသွင် ပြောင်းလဲခြင်း ကျင့်ကြံမှု အဆင့်နဲ့ နတ်ဘုရား အင်အား နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံမှုကို ရွေးချယ်ပါတယ်!”

ချက်ချင်းပင် စုရှင်း၏ နားထဲသို့ သရုပ်ပြစက်၏ အချက်ပေးသံ ထွက်ပေါ်လာသည်။

[သင်သည် နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့် ပထမအဆင့် ကျင့်ကြံမှုကို အောင်မြင်စွာ ထုတ်ယူခဲ့သည်။ စွမ်းအင် ၁၀ သန်း သုံးစွဲခဲ့ပြီး ကျန်ရှိသော စွမ်းအင်မှာ ၄၅.၆၈ သန်း ဖြစ်သည်။]

[သင်သည် နတ်ဘုရား အင်အား နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံမှုကို အောင်မြင်စွာ ထုတ်ယူခဲ့သည်။ စွမ်းအင် ၃၀ သန်း သုံးစွဲခဲ့ပြီး ကျန်ရှိသော စွမ်းအင်မှာ ၁၅.၆၈ သန်း ဖြစ်သည်။]

သရုပ်ပြစက်၏ အချက်ပေးသံများ ရပ်တန့်သွားသည်နှင့် လျှို့ဝှက် ဆန်းကြယ်သော စွမ်းအင်နှစ်မျိုးသည် စုရှင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။

ပထမဆုံး စုရှင်း ခံစားလိုက်ရသည်မှာ ခွန်အားနှင့် ကိုယ်ခန္ဓာပိုင်း ဆိုင်ရာ ကြီးမားစွာ တိုးတက်လာခြင်းပင် ဖြစ်သည်။

နတ်ဘုရား အင်အား နယ်ပယ် ပထမအဆင့်... နတ်ဘုရား အင်အား နယ်ပယ် ဒုတိယအဆင့်... နတ်ဘုရား အင်အား နယ်ပယ် တတိယအဆင့်…

သဘာဝအတိုင်း တိုးတက်လာသကဲ့သို့ လှိုင်းလုံးတစ်ခုပြီးတစ်ခု မြင့်တက်လာသည်။

နောက်ဆုံးတွင် နတ်ဘုရား အင်အား နယ်ပယ် စတုတ္ထအဆင့် သို့ ရောက်ရှိခဲ့သည်။

နတ်ဘုရား အင်အား နယ်ပယ်တွင် တစ်ဆင့်တက်တိုင်း ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံသူ၏ ခွန်အားကို သုံးဆယ် ရာခိုင်နှုန်း တိုးမြှင့်ပေးသည်။

စုရှင်းသည် နတ်ဘုရား အင်အား နယ်ပယ် ပထမအဆင့် မှ စတုတ္ထအဆင့် သို့ သုံးကြိမ်တိုင်တိုင် ပြောင်းလဲခဲ့ရသည်။

သူ၏ ခွန်အားသည် ယခင်ကထက် ၂.၂ ဆ ခန့် ရှိလာသည်။

ဆိုလိုသည်မှာ စုရှင်း၏ ခွန်အားသည် ကျင်း သန်း ၂၀ မှ ကျင်း ၄၄ သန်း သို့ တိုးလာခဲ့ခြင်း ဖြစ်သည်။

သူ၏ ခွန်အား နှစ်ဆကျော် တိုးတက်လာခြင်းပင်!

ထို့ပြင် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံမှု အဆင့်သည် စုရှင်း၏ လက်ရှိ အမြင့်ဆုံး တိုက်ခိုက်နိုင်စွမ်းကို ကိုယ်စားပြုသည်။

…

All Chapters