မိမိ၏ ကျင့်ကြံမှု အဆင့်ကို ထုတ်ဖော်ခြင်း၊ နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့်၏ ပြောင်းလဲမှုများ (အပိုင်း ၃)
Vol. 12 Ch. 166
[ကျင့်ကြံခြင်း အဆင့် : နတ်ဘုရား အသွင် ပြောင်းလဲခြင်း ပထမအဆင့်၊ နတ်ဘုရား အင်အား နယ်ပယ် စတုတ္ထအဆင့်။]
[ကျင့်ကြံမှု နည်းစနစ် : ချန်ချွန်း နည်းစနစ်]
[ထူးခြား စွမ်းရည်များ : ဓားရူး ၊ ထိုးထွင်းဉာဏ် ရရှိခြင်း ၊ ဆေးဖော်စပ်မှု ပါရမီရှင် ၊ အစားကြီးသူ၊ သစ်သား-မီး ဒွန်တွဲနေသော စစ်မှန်သည့် ဝိညာဉ်ရင်းမြစ်၊ ဟာကျူလီ ခွန်အား ၊ စီးပွားရေး ဉာဏ်ရည် ၊ ပန်းအန်ကဲ့သို့ လှပခြင်း ၊ အပင်များနှင့် ပေါင်းစပ်နိုင်စွမ်း ၊ တိရစ္ဆာန် ဘာသာစကား အဆင့် တစ်ဆယ် ၊ ဇွဲ့မလျှော့သူ ၊ ကံကောင်းခြင်း ၊ ကံကောင်းခြင်းကို ဆွဲဆောင်ပြီး ကံဆိုးခြင်းကို တားဆီးနိုင်သူ…]
ကျွမ်းကျင်မှုများ : လီ မီးတောက် (အသေးစား အောင်မြင်မှု)၊ ဆေးဖော်စပ်ခြင်း (အသေးစား အောင်မြင်မှု)၊ ဝိညာဉ်ပေါက်ကွဲမှု နည်းစနစ် (အသေးစား အောင်မြင်မှု)၊ ရှန်းနန် ဝိညာဉ် ပျိုးထောင်ခြင်း နည်းစနစ် (အစပြုသူ အဆင့်)၊ ကျန်း သုံးထောင် နတ်ဘုရား အာရုံ (အာရုံငါးပါး နယ်ပယ် ၊ မူလစွမ်းအား ထိန်းချုပ်ခြင်း (ရှုပ်ထွေးသော အဆင့်)၊ စွမ်းရည် သုံးခု ဓားနည်းစနစ် (လူ-ဓား အသေးစား အောင်မြင်မှု)၊ မိုင်တစ်သောင်း ခြေရာခံခြင်း နည်းစနစ် (အစပြုသူ)]
[ပစ္စည်းကိရိယာ: မှင်ရေခဲ
သရုပ်ပြခြင်း များစွာ စုဆောင်းပြီးနောက် စုရှင်း၏ ခန္ဓာကိုယ် သန့်စင်ခြင်းနှင့် ချီသန့်စင်ခြင်း ကျင့်ကြံမှုများ သိသိသာသာ တိုးတက်လာခဲ့သည်။
သူ၏ ထူးခြား စွမ်းရည်များ ပေါင်းစပ် ပါဝင်လာမှုကြောင့် စုရှင်းသည် ဂဏန်း အချက်အလက်ပိုင်းဆိုင်ရာ ထူးခြားသူများနှင့်ပင် ယှဉ်ပြိုင်နိုင်ပေသည်။
သူ၏ စွမ်းရည် ကဏ္ဍပင်လျှင် သူ ကျွမ်းကျင်သော နတ်ဘုရား စွမ်းရည်များ နည်းပါးခြင်း မရှိဘဲ နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့် နှင့် ညီမျှသော တိုက်ခိုက်ရေး စွမ်းအားကိုပင် ထုတ်ဖော်ပြသနိုင်စွမ်း ရှိသည်။
“ဒါပေမယ့် ဒီကျင့်ကြံမှု နည်းစနစ်က…”
စုရှင်းသည် အနည်းငယ် မျက်မှောင် ကြုတ်လိုက်သည်။ သူ၏ လက်ရှိ ကျင့်ကြံမှု နည်းစနစ်သည် သူ ယခင်က ရရှိခဲ့သော ချန်ချွန်း နည်းစနစ်သာ ဖြစ်နေသေးသည်။ ၎င်းသည် လွတ်မြောက်ခြင်း နယ်ပယ်သို့ ပြန်လည်ရောက်ရှိခြင်း၏ မဟာပြည့်စုံခြင်း အဆင့် အထိသာ သင်ယူနိုင်သည်။
စုရှင်းသည် နတ်ဘုရား အသွင် ပြောင်းလဲခြင်းသို့ စတင် ဝင်ရောက်သည့် အဆင့်သာ ရှိသေးသော်လည်း သူသည် အနာဂတ် အတွက် စဉ်းစားရမည် ဖြစ်သည်။ သို့မဟုတ်ပါက နောက်ပိုင်းတွင် ကျင့်ကြံမှု နည်းစနစ် ရှာဖွေခြင်းသည် အချိန်များစွာ ကုန်နိုင်သည်။
စုရှင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး သူသည် သူ့ဘာသာ ရေရွတ်လိုက်သည်။
“ပြောရရင် ငါက သစ်သားနဲ့ မီး ဒွန်တွဲနေတဲ့ ဝိညာဉ်ရင်းမြစ် အစစ်အမှန်ကို ပိုင်ဆိုင်ထားတာ၊ ဒါပေမယ့် ခုထိ သင်ယူခဲ့တဲ့ နည်းစနစ်တွေက သစ်သား အမျိုးအစားပဲ ရှိသေးတယ်။ မီးအမျိုးအစားကို မကျွမ်းကျင်သေးဘူး…”
“အခုဆိုရင် နည်းစနစ်တစ်ခု ရယူဖို့ ငါသိတဲ့ နည်းလမ်းက လေးခု ရှိတယ်…”
“ပထမ နည်းလမ်းက လော့ထျန်း အစည်းအဝေး နယ်မြေ ကနေ အချိန်ယူပြီး သင်ယူတာပဲ... ဒါပေမယ့် ဒါက စွမ်းအင်နဲ့ ကြိုးစားအားထုတ်မှုတွေ အများကြီး ကုန်ကျတယ်။ ထိုးထွင်းဉာဏ် မရရင် မြေအဆင့် နည်းစနစ် တစ်ခုကို အပြည့်အဝ မှတ်မိဖို့ အနည်းဆုံး သရုပ်ပြခြင်း ဒါဇင်ပေါင်းများစွာ လိုလိမ့်မယ်!”
“ဒုတိယ နည်းလမ်းကတော့ အဲဒီ ခွေးကောင်ကျုံးဆီကပဲ... နှစ် နှစ်ထောင်လောက် အသက်ရှင်ခဲ့တဲ့ ထူးဆန်းတဲ့သူ တစ်ယောက်အနေနဲ့ သူ့မှာ ပိုမြင့်တဲ့ အဆင့်ထိ ရောက်နိုင်တဲ့ ကျင့်ကြံမှု နည်းစနစ်တွေ ရှိသင့်တယ်။ ငါ တစ်ခုခု ရအောင် ကြိုးစားလို့ ရနိုင်မလား မသိဘူး…”
“တတိယ နည်းလမ်းကတော့ ဓမ္မခေတ်အဆုံး အကျဉ်းခန်းပဲ။ ငါ ဒီအကျဥ်းခန်းကို တစ်ခါမှ မရောက်ဖူးသေးပေမယ့် ခွေးကောင်ကျုံးက ဒီအကျဥ်းခန်းကနေ လာတာ။ ပြီးတော့ အရင်က ချန်ချွန်းဂိုဏ်းကလည်း ဒီအကျဥ်းခန်းကပဲ ဖြစ်မယ်ဆိုတာ ငါ အခု သေချာသိပြီ…”
“ရလဒ်အနေနဲ့ ဝိညာဉ်စွမ်းအင်တွေ ပျောက်ကွယ်သွားပေမယ့် ပိုမြင့်တဲ့အဆင့် ကျင့်ကြံမှု နည်းစနစ်တွေ မရှိဘူးလို့တော့ ပြောလို့မရဘူး!”
“နောက်ဆုံး ရွေးချယ်စရာကတော့... လွတ်မြောက်ခြင်း နယ်ကယ်သို့ ပြန်လည် ရောက်ရှိခြင်း အဆင့်ကို ရောက်အောင် ကြိုးစားပြီးမှ ငါ့ရဲ့ နာမည်ခံဆရာ ချင်းယွင်ကျီကို သွားရှာပြီး ပိုမြင့်တဲ့အဆင့် ကျင့်ကြံမှု နည်းစနစ် ရနိုင်မလား ကြည့်ရမှာပဲ!”
စုရှင်းသည် အရာအားလုံးကို ဂရုတစိုက် စဉ်းစားခဲ့သည်။
လောထျန်း ညီလာခံ အကျဉ်းခန်းမှ ကျင့်ကြံမှု နည်းစနစ်များကို အတင်းအဓမ္မ မှတ်မိအောင် လုပ်ဆောင်ခြင်းသည် စွမ်းအင် များစွာ ကုန်ကျသည်။ သရုပ်ပြခြင်း အတွက် ကုန်ကျစရိတ်သည် သန်းရာချီ အထိပင် ဖြစ်နိုင်သည်။
ထိုနည်းလမ်းသည် နောက်ဆုံး ရွေးချယ်စရာ ဖြစ်သည်။ တကယ် မလိုအပ်လျှင် စုရှင်း မလုပ်ချင်ပါ။
လွတ်မြောက်ခြင်း နယ်ပယ်သို့ ပြန်လည် ရောက်ရှိခြင်း အဆင့်သို့ ရောက်ရှိပြီးမှ လမ်းစဉ်ရှင် အဘိုးကြီး ချင်းယွင်ကျီကို ရှာဖွေခြင်းသည် မသေချာမှုများ အရမ်းများသည်။
မည်သို့ပင်ဆိုစေ စုရှင်းသည် ချင်းယွင်ကျီ၏ စိတ်သဘောထား အစစ်အမှန်ကို သေချာ မသိသေးပါ။ ထိုလမ်းစဉ်ရှင်အိုကြီးသည် စုရှင်း၏ နာမည်ခံဆရာ ဖြစ်သော်လည်း အခြားသူများကိုမူ အမြဲ သတိထားရမည် ဖြစ်သည်။ ချင်းယွင်ကျီသည် စုရှင်းအား လူသားဆေးလုံး အဖြစ် ပြုလုပ်ချင်သည့် နတ်ဆိုးကြီး ဖြစ်နေလျှင် မည်သို့ လုပ်မည်နည်း။
ကျင့်ကြံခြင်း လောကသို့ စဝင်ခါက စုရှင်းသည် ကျင့်ကြံခြင်း လောက၏ ရက်စက်ကြမ်းကြုတ်မှုများကို မသိခဲ့ပါ။
သို့သော် အခုအခါ ခွေးကောင်ကျုံး မှတစ်ဆင့် ကျင့်ကြံခြင်း လောက၏ ရက်စက် ကြမ်းကြုတ်မှုများကို စုရှင်းသည် နားလည်သွားခဲ့သည်။
တစ်နှစ်အတွင်း လွတ်မြောက်ခြင်း နယ်ပယ်သို့ ပြန်လည် ရောက်ရှိခြင်း အဆင့်ကို ရောက်ဖို့ ဆိုသည်မှာ အလွန် ထိတ်လန့်စရာ ကောင်းသည်။ ချင်းယွင်ကျီသာ သူ့နောက်ကြောင်း လျှို့ဝှက်ချင်းများကို တူးဖော်ချင်လာခဲ့လျှင်…
စုရှင်း၏ သတိထားတတ်သော အကျင့်ကြောင့် ထိုကဲ့သို့ အန္တရာယ်ကို လုံးဝ စွန့်စားလိမ့်မည် မဟုတ်ပေ။
“ဒါဆို နောက်ဆုံးကျ လမ်းကြောင်းနှစ်ခုပဲ ကျန်တော့တာပေါ့!”
စုရှင်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
“ခေတ်ကုန်ဆုံးချိန်...နဲ့ ခွေးကောင်ကျုံး၊ ဒီလမ်းကြောင်း နှစ်ခုလုံးကို ငါ လိုချင်တယ်!”
စုရှင်းသည် အနာဂတ် အတွက် စီစဉ်ပြီး နက်ရှိုင်းစွာ သက်ပြင်းချလိုက်သည်။
ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေသို့ ပြန်၍ ဆေးဖော်စပ်ရန် ပြင်ဆင်နေစဉ်တွင် သူ၏ နတ်ဘုရား အာရုံ အတိုင်းအတာ အတွင်း၌ လူတစ်ယောက်ကို ရုတ်တရက် တွေ့လိုက်သည်။
စုရှင်း၏ မျက်နှာ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။
“ဝမ့်ချင်းရွှမ်းပဲ... ဘာလို့ သူက အဆောင် အနောက်ဘက်မှာ တစ်ယောက်တည်း ပုန်းပြီး ငိုနေရတာလဲ?”
စုရှင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ သူသည် ဤတပည့်မလေးကို ရင်းနှိီးရုံ သာမက အနည်းငယ်မျှ နှစ်သက်စိတ်ပင် ရှိသေးသည်။
အမှန်စင်စစ် ဝမ့်ချင်းရွှမ်သည် မကောင်းသောသူ မဟုတ်ပေ။ သူမသည် စုရှင်းအပေါ် အမြဲတမ်း ကောင်းမွန်ခဲ့ပြီး အစောပိုင်း အဆင့်များတွင်ပင် စုရှင်းအား ကျင့်ကြံနည်း ဖြစ်သည့် ချန်ချွန်း ကျင့်စဉ်ကို ရရှိရန် ကူညီခဲ့ဖူးသည်။
“ဒါဆို ဝမ့်ချင်းရွှမ်က ဘယ်လို ဒုက္ခမျိုးနဲ့ ကြုံတွေ့နေရတာလဲ?”
စုရှင်း၏ နှလုံးသား အနည်းငယ် တုန်လှုပ်သွားသည်။ သူသည် အဆောင်အနီးမှ မတော်တဆ ဖြတ်လျှောက်သွားဟန် ဆောင်ကာ ရုတ်တရက် အမှတ်မထင် တွေ့ဆုံသည့် ပုံစံမျိုး ဖန်တီးလိုက်သည်။
“ညီမလေး၊ ဘာဖြစ်တာလဲ?”
စုရှင်းသည် ထောင့်တစ်နေရာတွင် ပုန်းကွယ်ကာ ဆက်တိုက် ရှိုက်ကြီးတငင် ငိုကြွေးနေသော ဝမ့်ချင်းရွှမ်ကို ကြည့်နေသည်။ သူမသည် အကူအညီမဲ့နေပုံ ရသည်။
စုရှင်းသည် သနားစိတ် ဖြစ်ပေါ်လာပြီး တစ်ရှုးတစ်ရွက် ကမ်းပေးလိုက်သည်။
ဝမ့်ချင်းရွှမ်က စုရှင်းကို မြင်လိုက်သောအခါ ပို၍ပင် ရှက်ရွံ့သွားသည်။ သူမ ချစ်ခင်သူအား ဤကဲ့သို့သော အခြေအနေမျိုးဖြင့် မြင်တွေ့စေလိုပုံ မရပေ။
ထို့ကြောင့် သူမသည် ထွက်ပြေးရန် အသည်းအသန် ကြိုးစားခဲ့သည်။
စုရှင်းသည် ဝမ့်ချင်းရွှမ်ကို အမြန်ဆွဲကိုင်လိုက်ပြီး သူမ၏မျက်နှာမှ မျက်ရည်များကို တစ်ရှုးဖြင့် သုတ်ပေးကာ စိုးရိမ်တကြီး မေးလိုက်သည်-
“ညီမလေး၊ ဘာများ အဆင်မပြေ ဖြစ်လို့လဲ? ကိုယ့်ကို ပြောပြပါ!”
ဝမ့်ချင်းရွှမ်သည် စုရှင်းကို မော့ကြည့်လိုက်သည်။ သူမ၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု ဖြတ်သန်းသွားသည်။ သူမသည် ဆက်လက် ထိန်းချုပ်မထားနိုင်တော့ဘဲ စုရှင်း၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ မျက်ရည်များ စီးကျလာသည်။
“အစ်ကိုကြီး… ကျွန်မ၊ ကျွန်မ မိဘတွေ သေပြီ… သေပြီ…”
ဤစကားကို ကြားလိုက်သောအခါ စုရှင်း၏ မျက်နှာ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ ဝမ့်ချင်းရွှမ်၏ မိဘများ သေဆုံးသွားသည်တဲ့လား?
ထို့ကြောင့် စုရှင်းက လျင်မြန်စွာ ပြောလိုက်သည်-
“ညီမလေး၊ မထိတ်လန့်ပါနဲ့၊ ဖြည်းဖြည်းချင်း အချိန်ယူပြီး ပြောပြပါဦး…”
ဝမ့်ချင်းရွှမ်သည် တစ်ရှုးကိုယူကာ မျက်ဝန်းထောင့်မှ မျက်ရည်များကို ဖြည်းညှင်းစွာ သုတ်ပြီး သူမ မကြာသေးမီက ကြုံတွေ့ခဲ့ရသော အဖြစ်ဆိုးများကို စုရှင်းအား ပြောပြခဲ့သည်။
အမှန်စင်စစ် ဝမ့်ချင်းရွှမ်၏ မိသားစုသည် ချမ်းသာကြွယ်ဝခြင်း မရှိသော်လည်း သူမ၏ မိဘနှစ်ပါးစလုံးမှာ ငွေရောင်အဆင့် ပညာရှင်များ ဖြစ်ကြသည်။
၎င်းတို့သည် “နဂါးနက် စစ်သည်တော် အဖွဲ့” ဟုခေါ်သော အဖွဲ့အစည်းတစ်ခု အတွက် အမြဲတမ်း အလုပ်လုပ်ခဲ့ကြသည်။
စစ်သည်တော် အဖွဲ့များသည် လူ့အဖွဲ့အစည်းတွင် အတွေ့ရအများဆုံး ပညာရှင် အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။
ပညာရှင်ကောလိပ်များမှ ဘွဲ့ရပြီးနောက် အစိုးရမှ အထူး ခန့်အပ်ထားသော ပါရမီရှင် အနည်းငယ်မှလွဲ၍ ပညာရှင် အများစုသည် ကုန်သွယ်ရေး အသင်းများ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ထိုကဲ့သို့သော နေရာများတွင် ဝင်ရောက်ကြသည်။
စစ်သည်တော် အဖွဲ့များ၏ အဓိက လုပ်ငန်းမှာ ပစ္စည်းများရရှိရန် အကျဥ်းထောင်များကို ဝင်ရောက် တိုက်ခိုက်ခြင်း၊ သို့မဟုတ် ဖောက်သည်တစ်ဦးအား အကျဉ်းခန်းများ အတွင်းမှ ရှားပါးပစ္စည်းများ ရရှိအောင် ကူညီပေးခြင်း၊ ဖောက်သည်များ၏ အဆင့် မြှင့်တင်ပေးခြင်း စသည်တို့ ဖြစ်သည်။
အဖွဲ့အစည်းမှ အလုပ် ခန့်ထားသော ပညာရှင်များသည် လစာများ ရရှိကြပြီး အကျဉ်းခန်းများ အတွင်းမှ ရရှိသော ပစ္စည်းများနှင့် အသုံးအဆောင်များမှလည်း သတ်မှတ်ထားသော ကော်မရှင်များ ရရှိကြသည်။
အဖွဲ့အစည်းများ၏ စွမ်းအားမှာ ကြီးမားသည်။ ပညာရှင်များစွာ ပူးပေါင်း၍ အကျဉ်းခန်းများကို အတူတကွ ဝင်ရောက် တိုက်ခိုက်သောအခါ ၎င်းတို့၏ အဆင့်များသည် ပိုမိုမြန်ဆန်စွာ တိုးတက်လာပြီး ဘေးကင်းလုံခြုံရန်လည်း ပိုသေချာသည်။
သို့သော် ဝမ့်ချင်းရွှမ်၏ ပြောကြားချက်အရ…
သူမ၏ မိဘများသည် လွန်ခဲ့သော လဝက်ခန့်က နဂါးနက်အဖွဲ့၏ မစ်ရှင် ထောက်လှမ်းရေး အမှားအယွင်းကြောင့် အကျဉ်းခန်းတစ်ခု အတွင်းတွင် သေဆုံးခဲ့ကြခြင်း ဖြစ်သည်။
ထိုကဲ့သို့သော အဖြစ်အပျက်များသည် အဖြစ်များလေ့ မရှိသော်လည်း နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားတတ်သည်။
မည်သို့ပင်ဆိုစေ၊ အကျဉ်းခန်းများအား ဝင်တိုက်ခြင်းသည် ဂိမ်းဆော့ခြင်း မဟုတ်ပါ။ ယင်းသည် အကျဉ်းခန်းထဲရှိ သတ္တဝါများနှင့် အသက်လု တိုက်ခိုက်ရခြင်း ဖြစ်သည်။
သတိမထားမိဘဲ တိုက်ပွဲမှာ သေဆုံးသည်မှာ အလွန်ပင် အဖြစ်များသည်။
သို့သော် ပြဿနာမှာ အဖွဲ့အစည်း အတွက် တိုက်ပွဲမှာ သေဆုံးသွားသူများသည် အလုံအလောက် လျော်ကြေးရသင့်သည် ဆိုတာပင်။
အထူးသဖြင့် ဝမ့်ချင်းရွှမ်ကဲ့သို့ ကောလိပ် ကျောင်းသူတစ်ဦး အတွက်၊ သူမ၏ အင်အားများ တိုးတက်လာမည့် အရေးပါသော အချိန်၊ ငွေကြေး အလိုအပ်ဆုံး အချိန်ဆိုရင် ဖြစ်သည်။
သူမမိဘများ တိုက်ပွဲမှာ ကျဆုံးခဲ့သည့် လျော်ကြေးငွေသည် ရှားဒင်္ဂါး သန်းဆယ်ချီကျော် အထိတောင် ရှိနိုင်ပေသည်။
သို့သော် နဂါးနက်အဖွဲ့သည် လျော်ကြေးပေးရန် ငြင်းဆန်ခဲ့ပြီး စာချုပ်ကိုပင် လိမ်လည်ခဲ့သည်။
ကောလိပ်ကျောင်းသူ ဖြစ်သော ဝမ့်ချင်းရွှမ် တစ်ယောက်သည် အင်အားကြီးမားသော အဖွဲ့အစည်းအား မည်သို့ ရင်ဆိုင်နိုင်မည်နည်း။
မိဘများ ဆုံးရှုံးပြီး သူမ၏ အကြီးမားဆုံး ဝင်ငွေရင်းမြစ်လည်း ပျောက်ဆုံးသွားသောအခါ ဝမ့်ချင်းရွှမ် တစ်ယောက် သူမ၏ ဘဝတွင် လုံးဝ မျှော်လင့်ချက် မဲ့သွားခဲ့ရသည်။
သူ့ရင်ခွင်ထဲတွင် မထိန်းနိုင်အောင် ရှိုက်ကြီးတငင် ငိုကြွေးနေသော ဝမ့်ချင်းရွှမ်ကို ကြည့်ရင်း စုရှင်းလည်း သနားစိတ် ဖြစ်လာခဲ့သည်။
“နဂါးနက် စစ်သည်တော် အဖွဲ့တဲ့၊ ဒီနာမည်က နည်းနည်း ရင်းနှီးသလိုပဲနော်?”
စုရှင်းသည် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး စဉ်းစားနေခဲ့သည်။
“ဟုတ်တယ်! သတိရပြီ! သရုပ်ပြခြင်းတုန်းက ငါရှင်းပစ်ခဲ့တဲ့ အဖွဲ့တစ်ခု ရှိတယ်။ အဲဒါ နဂါးနက်အဖွဲ့ပဲ… ဒီနှစ်ခုကြားမှာ ဆက်စပ်မှုများ ရှိနေမလား?”
စုရှင်း၏ စိတ်ထဲ အတွေးတစ်ခု ဖြတ်ခနဲ ဝင်လာခဲ့သည်။ သူ့ရင်ခွင်ထဲက ဝမ့်ချင်းရွှမ်ကို နှစ်သိမ့်ရင်း သူပြောလိုက်သည်-
“ညီမလေး၊ နောက်ရက်တွေမှာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားထားပါနော်။ ဒီကိစ္စကို အစ်ကို တစ်နည်းနည်းနဲ့ ရအောင် ကူညီပေးပါ့မယ်။ အစ်ကို နည်းလမ်းရှာပေးမယ်!”
…