← Chapters

နယ်မြေပြန်သိမ်းပိုက်ခြင်း

Vol. 125 Ch. 1719

နယ်မြေပြန်သိမ်းပိုက်ခြင်း

Vol. 125 Ch. 1719

ဝမ်လင်း၏ရှေ့တွင် ထိုမရေမတွက်နိုင်သော စိတ်ဝိညာဉ်များသည် သူတို့၏လက်နှစ်ဖက်ကို ဆုပ်ကာ ဘီးအစီအရင်ထဲသို့ ဝင်ရောက်ကြသည်။ သူတို့အားလုံး ဝင်ရောက်လာပြီးနောက် အနှိုင်းမဲ့ကြီးမားသော ဘီးအစီအရင်သည် တလက်လက် တောက်ပမှုကို ပေးစွမ်းသည်။

ထိုအလင်းသည် အတွင်းနယ်မြေမှ ကျင့်ကြံသူများအတွက် ညင်သာမှုကို ပေး၏။ သို့သော် ပြင်ပနယ်မြေမှ ကျင့်ကြံသူများအဖို့တော့ နာကျင်ရလေသည်။

ထိုအလင်းအောက်တွင် လူတစ်ယောက်သည် ထိုဧရာမဘီးအောက်၌ ပြင်ပနယ်မြေမှ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များကို ရှင်းလင်းစွာ မြင်ရနိုင်သည်။ သူတို့သည် ကျေးကျွန်များကဲ့သို့ ဘီးကို ဖြည်းဖြည်းချင်း တွန်းပေးနေရသည်။

ထိုပြင်ပနယ်မြေမှ ကျင့်ကြံသူများက တွန်းပေးနေစဉ် အတွင်းနယ်မြေမှ ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်များက ဘီးပေါ်တွင် ထိုင်ကာ သည်အစီအရင်၏ အစီအရင်စိတ်ဝိညာဉ်များအဖြစ် ပြုမူကြသည်။

ထိုဘီးသည် လည်ပတ်နေရင်း ကျယ်လောင်စွာတုန်ဟည်းသံ ကြယ်များကြား ပဲ့တင်ထပ်၏။ ဒီလောက၏ ဥပဒေသတစ်ခုသည်ပင် ပြောင်းလဲရ၏။ အတွင်းနယ်မြေမှ ကျင့်ကြံသူများက ဒီအစီအရင်ကို ဖြတ်၍ ပြင်ပနယ်မြေသို့ သွားရောက်နိုင်ကြ၏။ သို့သော် ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် မဝင်ရောက်နိုင်ကြပေ။

တစ်ချိန်တည်းမှာ အစီအရင်၏ဖြစ်ပေါ်လာမှုက ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ အော်ရာကို မပိတ်ဆို့ထားပေ။ ၎င်းသည် ကျင့်ကြံသူများကိုသာ အတွင်းနယ်မြေသို့ မဝင်ရောက်လာစေဖို့ တားဆီးထား၏။ သူတို့၏မျက်ခုံးများကြား၌ ကလန်အမှတ်အသားများ ရှိသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို တားဆီးထားခြင်း ဖြစ်လေ၏။

ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ အော်ရာကြောင့် ယခုဆို အတွင်းနယ်မြေမှ ကျင့်ကြံသူများသည် အပူဇော်ခံမီးတောက်များကို ကျင့်ကြံဖို့ စုဆောင်းနိုင်ကြပြီပင်။

အတွင်းနယ်မြေမှ စိတ်ဝိညာဉ်အားလုံး ဘီးအစီအရင်ထံသို့ ဝင်ရောက်နေစဉ် ဝမ်လင်းက လက်ဝေ့ယမ်းလိုက်၏။ သူ၏ဆံပင်ဖြူများက လေမတိုက်ပါဘဲ တဖျတ်ဖျတ် လွင့်နေပြီး သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်း လှစ်ဟပေါ်ကာ သူက မာန်သွင်းလိုက်ချေ၏။

“အမည်မဲ့ဘီးအစီအရင်…အသက်ဝင်စေ…”

သူ ထိုသို့ အော်ဟစ်လိုက်သည်နှင့် ဘီးအစီအရင်သည် တဝုန်းဝုန်းမြည်ဟည်းကာ ရူးမက်ဖွယ် ချဲ့ကားလေ၏။ ၎င်းသည် လည်ပတ်နေရင်း တုန်လှုပ်ဖွယ်နှုန်းဖြင့် ကြီးမားလာ၏။

ထိုဘီးသည် ပြင်ပနယ်မြေကို တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတစ်ခုတည်းကို ဝင်ရောက်ခြင်းအား ပိတ်ဆို့ထားရုံမျှ မဟုတ်ပေ။ ထိုအစား အတွင်းနယ်မြေ၏အောက်တွင် မြောလွင့်ကာ အတွင်းနယ်မြေတစ်ခုလုံးကို ခြုံလွှမ်းထားခြင်းပင်။ လူတစ်ယောက်သည် အဝေးမှ ကြည့်လျှင်ပင် ထိုအစီအရင်ဘီးကို ရှင်းရှင်းလင်းလင်း မြင်ရပေလိမ့်မည်။

အတွင်းနယ်မြေမှာ စက်ဝန်းတစ်ခုနှင့် တူလာ၏။ စက်ဝန်းအပြင်ဘက်တွင် ပြင်ပနယ်မြေ ရှိ၏။

သည်အခိုက်အတန့်၌ ထိုဘီးအစီအရင်က အတွင်းနယ်မြေအောက်တွင် ကြီးမားသည့်စက်ဝန်းတစ်ခုပင်။ နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းပေးထား၏။ ဝမ်လင်းက လက်ဝေ့ယမ်းလိုက်၏။ ဘီးသည် ပြင်ပနယ်မြေ ပိုင်ဆိုင်သည့် ဟင်းလင်းပြင်ထဲထိ မြန်မြန်ဆန်ဆန် ချဲ့ကားသွားလေသည်။

အတွင်းနှင့်အပြင်နယ်မြေ အနှံ့ ကျယ်လောင်စွာ မြည်ဟည်းသံ ပဲ့တင်ထပ်၏။ ၎င်းသည် လှိုဏ်ဂူလောက၏ ကြယ်အဖွဲ့အစည်းနယ်မြေအနှံ့ ပျံ့နှံ့ကာ သည်လောကကို တုန်ခါစေသည်။

ဘီးက လည်ပတ်၍ မြန်ဆန်စွာ ချဲ့ကားလာနေပြီး ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် ကြောက်လန့်တကြား ဆုတ်၏။ အချို့ နှေးကွေးသွားသူများမှာ ဘီး၏ ထိမှန်ခြင်း ခံရ၏။ သူတို့သည် နာကျင်စွာ အော်ဟစ်လိုက်ရကာ သူတို့၏ခန္ဓာကိုယ်များ ပျက်စီး၍ သူတို့၏မူလစိတ်ဝိညာဉ်များသည် အစီအရင်အောက်ဘက်သို့ ဆွဲချခြင်း ခံရသည်။ သူတို့သည် အစီအရင်ကို တွန်းနေသော ကျေးကျွန်များနှင့် အပေါင်းအပါ ဖြစ်ကုန်ရ၏။

ထိုဘီး ချဲ့ကားနေလျက် အတွင်းနယ်မြေသည် အတိုင်းမသိ ကျယ်ပြောလာ၏။ ဘီးလွှမ်းခြုံခြင်း ခံရသော ဧရိယာတိုင်းသည် အတွင်းနယ်မြေ၏ အပိုင် ဖြစ်လာပေလိမ့်မည်။

ဤကား ကျူးကျော်ခြင်း ဖြစ်လေ၏။

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ချိပ်ပိတ်နယ်မြေအစီအရင်ကို ဖန်တီးခဲ့တဲ့သူဟာ မမျှတခဲ့ဘူး။ အတွင်းနယ်မြေကို ဘာကြောင့်များ ဒီလောက်ပဲ များပြားတဲ့ ဟင်းလင်းပြင် ပေးထားခဲ့ရတာလဲ။ ဒီနေ့… ငါ ဝမ်လင်းဟာ ဒီအမည်မဲ့ဘီးနဲ့အတူ ဧရိယာအများအပြားကို ပြန်ယူဆောင်မယ်…”

ထိုအစီအရင်ဘီး ချဲ့ကားနေစဉ် အတွင်းနယ်မြေသည် နှစ်ဆယ်ရာခိုင်နှုန်းခန့် ချက်ခြင်း ချဲ့ကားလာ၏။ အတွင်းနယ်မြေ ချဲ့ကားကျယ်ပြောလာခြင်းမှာ ပြင်ပနယ်မြေ ကြုံ့သွားသည်ဟု ဆိုလိုပေသည်။ ထိုနှစ်ဆယ်ရာခိုင်နှုန်းခန့် ချဲ့ကားမှုအတွင်း ဂြိုဟ်ပေါင်း မရေမတွက်နိုင်အောင် ရှိ၏။ သေမျိုးများသာ ကျန်ခဲ့၏။ သို့သော်ငြား ထိုဂြိုဟ်များပေါ်ရှိ ကလန်အမှတ်အသားနှင့် ကျင့်ကြံသူအားလုံးသည် ထွက်ပြေးရ၏။ သူတို့ အပြေးနှေးပါက သူတို့၏ခန္ဓာကိုယ်များ အမှုန့်အမွှားဘဝသို့ ရောက်ကာ မူလစိတ်ဝိညာဉ်များနှင့် စိတ်ဝိညာဉ်များသည် ဒီအစီအရင်၏ ကျေးကျွန်များ ဖြစ်လာရလိမ့်မည်။

“နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှိတဲ့အချိန်မှာ ကျင့်ကြံသူတွေရဲ့ တိုက်ပွဲတွေကြောင့် အပြစ်မဲ့တဲ့ သေမျိုးအမြောက်အများ သေဆုံးခဲ့ရတယ်။ သင်တို့ရဲ့ စိတ်ဝိညာဉ်ဟာ ကျင့်ကြံသူတွေရဲ့ စိတ်ဝိညာဉ်လို ထာဝရ မတည်ရှိနိုင်ကြဘူး။ ဒါပေမဲ့ သင်တို့ တည်ရှိနေကြတယ်။ သင်တို့အားလုံးဟာ အပြစ်မဲ့ကြတယ်။ ဒီနေ့…ငါ ဝမ်လင်းဟာ သင်တို့ကို ဒီဘီးနဲ့အတူ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ပို့ပေးမယ်…”  ဝမ်လင်းက သူ့လက်ကို ပင့်မြှောက်လိုက်ပြီး လေဟာနယ်ထံသို့ ညွှန်လိုက်လေ၏။

အတွင်းနယ်မြေရှိ ဟင်းလင်းပြင်သည် တုန်ယင်လာသည်။ အခိုးအငွေ့အော်ရာများ အဘက်ဘက်မှ ပေါ်လာကာ ဝမ်လင်းရှေ့သို့ စုဝေးလာ၏။ သူတို့သည် မမြင်ရသောဝဲကတော့အသွင် ဝမ်လင်းရှေ့၌ ဖြစ်ပေါ်သည်။ ထိုဝဲကတော့တွင် သေမျိုးများ၏ စိတ်ဝိညာဉ်များ ပါဝင်ကြ၏။

ဝမ်လင်းက လက်ဝေ့ယမ်းလိုက်ရာ ထိုဝဲကတော့သည် ချဲ့ကားနေသောဘီးထံ ဦးတည်ရွှေ့လျားသည်။

ချက်ခြင်းပင် သေမျိုးစိတ်ဝိညာဉ်များစွာသည် ဘီးအစီအရင်ထဲ ဝင်ရောက်ကြ၏။ ဘီးကို အသုံးချကာ သူတို့သည် ကောင်းကင်နှင့်မြေကြီး၏ တည်ရှိနေသော ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ စေလွှတ်ခြင်း ခံရသည်။

သေမျိုးစိတ်ဝိညာဉ်များ အစီအရင်ထဲ ဝင်ရောက်သွားသည့်အခါ သူတို့၏ခွန်အားက အစီအရင်ကို နှစ်ဆယ်ရာခိုင်နှုန်းမှသည် သုံးဆယ်ရာခိုင်နှုန်းထိ ချဲ့ကားစေ၏။

“ငါ…ဝမ်လင်းဟာ အတွင်းနယ်မြေကျင့်ကြံသူတစ်ယောက်အနေနဲ့…ဒီနေရာကို သုံးနှစ်တိုင် စောင့်ကြပ်ပေးမယ်။ သုံးနှစ်အတွင်း ငါဟာ အရာအားလုံးကို လက်လွှတ်ပြီး ဒီအစီအရင်ထဲ ဝင်ရောက်ပြီး ပထမဆုံးအစီအရင်စိတ်ဝိညာဉ် ဖြစ်လာမယ်…”   ဝမ်လင်း၏မျက်လုံးတို့မှာ တည်ငြိမ်၏။ သူက ရှေ့သို့ ခြေလှမ်းလိုက်ရာ သူ၏ခန္ဓာကိုယ်မှာ အစီအရင်နှင့် ပေါင်းစပ်သွားသည်။ အလင်းတန်းတစ်ခု တောက်ပ၏။ သူ၏ခန္ဓာကိုယ်မှာ အစီအရင်နှင့် အလုံးစုံ ပေါင်းစပ်သွားသည်။ ထို့နောက် သူက ထိုင်ချလိုက်ပြီး အစီအရင်ဘီးသည် လေးဆယ်ရာခိုင်နှုန်း ချဲ့ကားလေ၏။

အတွင်းနယ်မြေသည် ခုဆို အရင်ထက် လေးဆယ်ရာခိုင်နှုန်း ကြီးမားလာခဲ့လေပြီ။ သည်အခိုက်တွင် ဘီးအစီအရင်သည် အကန့်အသတ် ရောက်လာကာ ပျံ့နှံ့နေခြင်း ရပ်တန့်သည်။ အလင်းတန်းတစ်ခုသည်သာ ပျံ့နှံ့၍ အဆုံးမရှိ ပျံ့တော့မည်ဟု ထင်ရ၏။ အတွင်းနယ်မြေတစ်ခုလုံးသည် ထိုအလင်း၏ ခြုံလွှမ်းပေးခြင်း ခံရသည်။

ဝမ်လင်း၏ခန္ဓာကိုယ်မှာ တိမ်ပင်လယ်၌ အစီအရင်နှင့် ပေါင်းစပ်ထားသည်။ သူက ထိုင်ချ၏။ သူ့ရှေ့တွင် အင်ပါယာမီးပြင်းဖို ပေါ်လာသည်။ သူက မျက်လုံးမှိတ်လိုက်၏။ သူ၏ သုံးနှစ်တာ စောင့်ကြပ်မှုကို စတင်လေသည်။

အတွင်းနယ်မြေ၏ ကြယ်အဖွဲ့အစည်းလေးခုသည် ချဲ့ကားသွားခဲ့ပြီး အတွင်းနယ်မြေ၌ ကျင့်ကြံသူများကင်းမဲ့သော ဂြိုဟ်ပေါင်းများစွာ ပေါ်လာလေသည်။ ၎င်းမှာ အတွင်းနယ်မြေထံ အသက်ဓာတ်အား သွင်းပေးလိုက်သည့်နှယ်။

သို့ပေမည့် ပြင်ပနယ်မြေအတွက်တော့ နက်နက်နဲနဲ ရိုက်ချက်တစ်ခု ဖြစ်လေ၏။ ခုချိန်ထိ အုပ်စိုးသူသည် ပေါ်မလာခဲ့ပေ။ သူက တခြားနန်းတော်တစ်ခုတွင် ထိုင်နေလျက် ဝမ်လင်းရှိနေသောနေရာသို့ စိုက်ကြည့်နေသည်။

“သူ့မှာ မြားနှစ်ချက်ပစ်နိုင်တဲ့ စွမ်းအား ကျန်နေသေးတယ်။ ဒါ မမှားနိုင်လောက်ဘူး။ နှစ်ချက်ပဲ။ ဒါပေမဲ့ ငါ့သုံးဘဝမန္တာန်ဟာ အရင်တုန်းက တစ်ကြိမ် အသုံးပြုခဲ့ပြီးပြီ။ ဒါ့ကြောင့် ခုချိန်မှာ အသက်တစ်သက်ပဲ ကျန်တော့တယ်။ ငါဟာ ဒီသုံးနှစ်အတွင်း တခြားမြားပစ်ချက်နှစ်ချက် သူ ပစ်လာအောင် လုပ်ရမယ်။ ဒီလေးရဲ့ စွမ်းအား ကုန်ဆုံးသွားတာနဲ့ သူဟာ ငါ့ရဲ့ တစ်ချက်ရိုက်တာနဲ့တင် ရှင်သန်နိုင်တော့မှာ မဟုတ်ဘူး…”

အုပ်စိုးသူ၏အမူအရာမှာ သုန်မှုန်နေ၏။ သူ့မျက်လုံးထဲတွင် အေးစက်မှု ရှိနေသည်။ သူ၏ ဝမ်လင်းအပေါ် ထိတ်လန့်မှုက အတွင်းနယ်မြေကနေ သူ့ကို ဟိန်းအော်သံတစ်သံထဲနှင့် ပြန်ပြေးလာအောင် လုပ်ခဲ့သောသူထက် ပိုနေ၏။

“အရှင်မြောင်ယင်၊ မိစ္ဆာအရှင်ကောင်းကင်ကိုးခု၊ အဆိပ်အိုကြီးတို့အားလုံးဟာ လေးယောက်မြောက်ကိုယ်လုပ်တော်နဲ့အတူ ရှေးသင်္ချိုင်းထဲ ပိတ်မိနေကြတယ်။ သူတို့လေးယောက် ထွက်လာရင်တော့ သူတို့ဟာ ဒီမြားချက်တွေကို စုပ်ယူနိုင်စွမ်း ရှိလောက်တယ်…” အုပ်စိုးသူသည် မတ်တပ်ရပ်လိုက်၏။ သူက ထွက်ခွာရန် ဟန်ပြင်ပြီးမှ ရပ်တန့်သွားသည်။ သူ့မျက်လုံးသည် တလက်လက် ဖြစ်ပေါ်၏။ သူက ညာလက်ကို ပင့်မြှောက်လိုက်ရာ ကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။

သူသည် ထိုကျောက်စိမ်းပြားထဲ၌ နတ်ဘုရားအာရုံအမျှင်တန်းတစ်ခုကို ချန်ရစ်၍ ပစ်လိုက်သည်။ ထိုကျောက်စိမ်းပြားသည် သဲလွန်စမရှိ ပျောက်ကွယ်သွားလေ၏။

“အုပ်စိုးသူကောင်စီ၊ ဒီအမိန့်ကို နားထောင်ကြ။ ကျန်တဲ့အင်အားစုအားလုံး စုစည်းပြီး အသစ်ဖြစ်ပေါ်လာတဲ့ အစီအရင်ကို တိုက်ခိုက်ရမယ်။ ဒါကို သုံးနှစ်အတွင်း ဘယ်လောက်ပဲ ပေးဆပ်ရပါစေ ဖျက်စီးပစ်ရမယ်…”

“ရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ တတိယအဆင့်ကျင့်ကြံသူအားလုံး…  အုပ်စိုးသူကောင်စီဆီကို ဦးဆောင်ပါ။ ဒီလူတွေရဲ့အမိန့်ကို နာခံပြီး ဒီအစီအရင်ကို ဖျက်စီးပစ်ရမယ်…”


 “အုပ်စိုးသူကောင်စီရဲ့ ရတနာအိမ်ကို ဖွင့်လှစ်ပြီး ရှေးဟောင်းလျှို့ဝှက်ဆင့်ခေါ်မှုကို ယူဆောင်ပါ။ ကျင့်ကြံသူတစ်သိန်းရဲ့ သွေးကို ယူဆောင်ပြီး ရှေးဟောင်းအင်ပါယာအမိန့်တော်ကို ဖွင့်လှစ်ပါ…”

အုပ်စိုးသူ၏ အမူအရာမှာ သုန်မှုန်နေ၏။ သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ အမိန့်များ ဆက်တိုက်ပေးပြီးနောက် သူသည် အကွာအဝေးတစ်ခုထံ ပျံသန်းသွားသည်။

“တာအိုသခင်အိပ်မက်ပြာလည်း ရှိသေးတယ်။ ငါးယောက်မြောက်ကိုယ်လုပ်တော်ရဲ့ ခန္ဓာကိုယ်ဟာ သူ့ဇနီးပဲ။ သူ့ဇနီးရဲ့ စိတ်ဝိညာဉ်ဟာ ငါးယောက်မြောက်ကိုယ်လုပ်တော်ရဲ့ အတွင်းမှာ တည်ရှိနေတုန်းပဲ…” အုပ်စိုးသူသည် ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် ပြတ်သားသည့်အကြည့် လှစ်ဟဖော်ကာ ပျောက်ကွယ်သွားတော့သည်။

သူ ပြန်ပေါ်လာသည့်အခါ၌ ပိုးသားပြာကလန်၏ အပြာရောင်တောင်ပေါ်သို့ ရောက်နေပြီ။ အုပ်စိုးသူသည် နေရာတွင် မြောလွင့်လျက် ဝမ်းနည်းဖွယ်ဂီတသံကို နားထောင်နေသည်။ အချိန်အတန်ကြာပြီးနောက် သူက အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး တောင်ထိပ်ပေါ်ရှိ အဆောက်အဦတစ်ခုထံ လှမ်းပြောလိုက်သည်။

“မိတ်ဆွေဟောင်းကြီး အိပ်မက်ပြာ၊ အတွင်းနယ်မြေမှာ ဘာတွေ ဖြစ်ပျက်နေလဲ မင်း သိရဲ့လား…”

ကုချင်းသံ ပဲ့တင်ထပ်နေ၏။ ၎င်းသည် အချိန်ခဏကြာပြီးနောက် ငြိမ်သက်သွားသည်။ တောင်ထိပ်ပေါ်ရှိ အိမ်ထဲမှ တာအိုသခင်အိပ်မက်ပြာ၏ အသံ ထွက်ပေါ်လာသည်။

“ငါ သိတယ်…”

“သူ့(ဝမ်လင်း)ရှိက မြားတစ်ချက်ကို မင်း စွဲဆောင်ပေးမယ်ဆိုရင် ငါးယောက်မြောက်ကိုယ်လုပ်တော်ရဲ့ စိတ်ဝိညာဉ်ကို အတင်းအကြပ် ထုတ်ယူဖို့ ငါ မင်းကို ကူညီပေးမယ်လို့ ငါ့ရဲ့ ကောင်းကင်ဘုံသွေးမျိုးဆက်ကို အသုံးပြုပြီး ကျိန်ဆိုတယ်…”

အိမ်ထဲကနေ တိတ်ဆိတ်ငြိမ်သက်မှုသာ ထွက်ပေါ်လာသည်။

အုပ်စိုးသူသည် အိပ်မက်ပြာ မငြင်းဆန်လောက်မည်ကို သေချာနေ၏။ သူ ထိုသို့ ပြောလိုက်ပြီးနောက် လှည့်ထွက်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

သူ ထပ်မံပေါ်လာသည့်အခါ၌ သူသည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အက်ကြောင်းအဟနားတွင် ပေါ်လာသည်။ သူက မဝင်ရောက်ပေ။ သို့သော် သူ့မျက်လုံးက တလက်လက် ဖြစ်လာပြီး သူ၏အစွမ်းထက်နတ်ဘုရားအာရုံ ပျံ့လွင့်လာ၏။

“ခုနစ်ယောက်မြောက် ကိုယ်လုပ်တော်…။ နင်ဟာ ခုချိန်ထိ တံခါးပိတ်ကျင့်ကြံနေတာပဲ။ နင့်ရဲ့ ဒဏ်ရာတွေ ပြန်ကောင်းနေခဲ့တာ ကြာလှပြီ မလား။ နင် မလုပ်ဆောင်ဘူးဆိုရင် ငါတို့ရဲ့ သဘောတူညီမှုဟာ အလဟာသ ဖြစ်သွားရလိမ့်မယ်…”

အချိန်အတန်ကြာပြီးနောက် ထိုအဟကြားမှ တည်ငြိမ်သောအသံတစ်သံ ထွက်ပေါ်လာသည်။

“ငါ လုပ်ဆောင်မယ်…”

အုပ်စိုးသူက ထိုအက်ကြောင်းအဟကို ကြည့်၏။ ထို့နောက် ပြန်ထွက်ခွာလာသည်။

သူသည် နေရာများစွာထံ သွားရောက်ခဲ့၏။ ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အင်အားစုအားလုံးကို ဆင့်ခေါ်ခဲ့သည်။ တဖြည်းဖြည်း သူသည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အတွင်းနက်ပိုင်းရှိ အစိတ်အပိုင်းကိုးခု အတူတကွ မြောလွင့်ကာ စက်ဝန်းအသွင် ဖြစ်ပေါ်နေသော ကုန်းမြေရှိရာနေရာသို့ ရောက်လာသည်။

ထိုဧရိယာတွင် မမြင်ရသောအစီအရင်တစ်ခု ခြုံလွှမ်းထားသည်။ ကောင်းကင်ဘုံသွေးမျိုးဆက် မပိုင်ဆိုင်ပါက လူတစ်ယောက်သည် ထိုအစီအရင်အတွင်းသို့ ခြေချနိုင်လိမ့်မည် မဟုတ်ပေ။

အုပ်စိုးသူက အစိတ်အပိုင်းများထဲမှ တစ်ခုပေါ်တွင် တလေးတစား ရပ်ကာ ဦးညွှတ်ကာ ပြောလိုက်၏။

“တပည့်က ဆရာ့ကို နှုတ်ဆက်ပါတယ်…”

***

All Chapters