← Chapters

ရှီဇီပိုင်ဆိုင်သည့် တစ်နှစ်

Vol. 125 Ch. 1720

ရှီဇီပိုင်ဆိုင်သည့် တစ်နှစ်

Vol. 125 Ch. 1720

အစိတ်အပိုင်းကိုးခုသည် မြောလွင့်လျက် စက်ဝန်းအသွင် ဖြစ်ပေါ်နေကြသည်။ ယင်းတို့သည် ထူးခြားသောပတ်လည်းအတိုင်း ရွှေ့လျားနေ၏။ ထိုအစီအရင်ကြောင့် ကောင်းကင်ဘုံသွေးမျိုးဆက် မပိုင်ဆိုင်သော လူတိုင်းမှာ သည်အစိတ်အပိုင်းကိုးခု စက်ဝန်းကုန်းမြေကို မမြင်ရနိုင်ပေ။

သူတို့သည် ဖြတ်ကျော်သွားလျှင်ပင် သည်နေရာကို လစ်လျူရှုမိမည်သာ ဖြစ်၏။ ကောင်းကင်ဘုံသွေးမျိုးဆက် မပိုင်ဆိုင်ပါက သင်သည် သင့်ကို တားဆီးထားသော ဒီမမြင်ရသည့် အစီအရင်ကို အာရုံခံနိုင်လိမ့်မည် မဟုတ်ပေ။

အုပ်စိုးသူက အစိတ်အပိုင်းများထဲမှ တစ်ခုပေါ်တွင် ရပ်ကာ တလေးတစား ဦးညွှတ်လိုက်၏။ အစိတ်အပိုင်းကိုးခုထဲမှ ခုနစ်ခုသည် မတူညီသောအရောင်ခုနစ်ခုကို ထုတ်လွှတ်လျက် စုဝေးကာ သက်တံရောင် ဖြစ်ပေါ်နေလေသည်။

ကျန်သည့်အစိတ်အပိုင်းနှစ်ခုမှာ မည်သည့်အလင်းမှ မရှိဘဲ မှိန်ဖျော့နေ၏။ ယင်းတို့ပေါ်၌ ခုနစ်ရောင်စုံအလင်းက အရိပ်ကျနေသည်။

ထိုခုနစ်ရောင်စုံအလင်းသည် ဆက်တိုက် တောက်ပနေရင်း အရိပ်တစ်ခု ထိုအလင်းကြား၌ ဖြည်းဖြည်းချင်း ပေါ်လာ၏။ သိပ်မကြာခင်တွင် ထိုပုံရိပ်သည် ရှင်းလင်းလာကာ အလင်းကြားထဲမှ လှမ်းထွက်လာသည်။

ဝမ်လင်းသာ ဒီနေရာတွင် ရှိ၍ သည်လူ့ကို တွေ့မြင်ပါက သူသည် ထိုသူမှာ သူ ချင်းရွှေကို ကယ်တင်ခဲ့ချိန်၌ ခုနစ်ရောင်စုံနယ်မြေတွင် ပေါ်လာခဲ့သော ခုနစ်ရောင်စုံတာအိုသခင် ဖြစ်သည်ကို သိရှိပေလိမ့်မည်။

“တပည့်က ဆရာ့ကို နှုတ်ဆက်ပါတယ်…” အုပ်စိုးသူက အနည်းငယ် ငြိမ်သက်စွာ စဉ်းစားနေလျက် သူ့ရှေ့ရှိ ခုနစ်ရောင်စုံပုံရိပ်ကို ကြည့်နေသည်။ သူ့မျက်လုံးထဲ၌ ရှုပ်ထွေးသောအကြည့် ဖြစ်ပေါ်နေသည်။

“ပြင်ပနယ်မြေဟာ အတွင်းနယ်မြေနဲ့ တိုက်ပွဲမှာ ရှုံးခဲ့ပါတယ်။ အရင်တုန်းက ဆရာဟာ လီကောင်းရဲ့ မြားကို အတွင်းနယ်မြေထိ ပို့ပေးဖို့ ပြောခဲ့တယ်။ ခု ဒါက ဝမ်လင်းရဲ့ လက်ထဲ ရောက်နေပြီ။ ငါ ဒါကို ယှဉ်ပြီး တိုက်ခိုက်နိုင်စွမ်း မရှိပါဘူး။ ဆရာ…ကျေးဇူးပြုပြီး ညွှန်ကြားချက် ပေးပါ…”

ခုနစ်ရောင်စုံအလင်းသည် ခုနစ်ရောင်စုံတာအိုသခင်ပေါ်တွင် စုဝေးနေ၏။ သူ၏အမူအရာက တည်ငြိမ်လို့နေသည်။ သူ့အကြည့်က အုပ်စိုးသူ၏ခန္ဓာကိုယ်ပေါ်သို့ ဝေ့ဝိုက် ကျရောက်သွားသည်။

“သူ တကယ်ပဲ ရူးသွားတာလား…” တာအိုသခင်က ရုတ်တရက် ပြောလိုက်၏။

အုပ်စိုးသူသည် တုန်ယင်သွား၏။ သူက မျက်လုံးမှိတ်လိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူက မျက်လုံးပြန်ဖွင့်ကာ ခေါင်းညိတ်သည်။

“ငါတော့ အဲ့လို မထင်ဘူး…” ခုနစ်ရောင်စုံတာအိုသခင်က ပြုံး၍ အကွာအဝေးတစ်ခုထံ ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။

“ရှေးသင်္ချိုင်းကို ဖွင့်လှစ်ဖို့ ငါ မင်းကို ကူညီပေးမယ်။ အဲ့ထဲမှာ ပိတ်မိနေတဲ့သူတွေကို ထွက်လာနိုင်အောင် လုပ်ရမယ်။ ပြီးရင် ဘာဆက်လုပ်ရမလဲဆိုတော့ မင်းဟာမင်း ကိုင်တွယ်ပါ။ ဒီကစားပွဲဟာ ပြီးတော့မယ်။ တတိယသူဟာ နှစ်ပေါင်းများစွာ ပုန်းကွယ်နေခဲ့တာ။ အကြိမ်များစွာလည်း ပြန်လည်မွေးဖွားနေခဲ့ပြီးပြီး။ ဒီတစ်ကြိမ်တော့ သူတို့ ထွက်လာသင့်လောက်ပြီ…”  ခုနစ်ရောင်စုံတာအိုသခင်က ပြုံးလိုက်၏။ သူ့မျက်လုံးထဲတွင် မျှော်လင့်စောင့်စားချက်တို့ ရှိနေ၏။

အုပ်စိုးသူက ခဏတာ ချိတုံချတုံ ဖြစ်ပြီးနောက် မေးလိုက်၏။ “ဝမ်လင်းက တတိယသူများ ဖြစ်နိုင်လား…”

“မင်းကလွဲလို့၊ ငါ၊ တစ္ဆေအိုကြီးကျန့်၊ နဲ့ တခြားလူအနည်းငယ်ဟာ တတိယသူ ဖြစ်နိုင်တယ်။ သူဟာ တကယ့်ကိုပဲ အပုန်းကောင်းလွန်းတယ်။ ဒါမှမဟုတ် သူဟာ သူ့ရဲ့ အဆင့်အတန်းကို ခုထိ မသိသေးတာလည်း ဖြစ်နိုင်တယ်…”

“ဝမ်လင်းကတော့…သူတော့ ဒီတတိယသူ ဖြစ်နိုင်မယ့်ပုံ မပေါ်ဘူး။ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး…”  ခုနစ်ရောင်စုံတာအိုသခင်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

အုပ်စိုးသူက စိတ်ထဲကနေ သက်ပြင်းချမိသည်။ သူသည် ခုနစ်ရောင်စုံတာအိုသခင်ထံ လက်နှစ်ဖက်ဆုပ် နှုတ်ဆက်ကာ ထွက်ခွာရန် လှည့်လိုက်၏။ သို့သော် သူ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရုတ်တရက် ရပ်သွားသည်။ သူက နောက်သို့ ပြန်လှည့်မကြည့်ပေ။ သို့သော် အလေးအနက်လေသံဖြင့် ပြောလိုက်၏။

“သင်က ငါ့ကို သင့်ရဲ့ ဆရာအဖြစ် ပူဇော်သမှု ပြုဖို့ တောင်းဆိုခဲ့တဲ့အချိန်တုန်းက ငါ သဘောတူခဲ့တယ်။ သင် ငါ့ကို ကတိပေးထားခဲ့တဲ့အရာက…”

“မင်းရဲ့ဆရာဟာ ဒီနေရာကနေ ထွက်ခွာနိုင်စွမ်း မရှိဘူး။ ငါဟာ တတိယသူကို ဝါးမြိုတဲ့အခါကျရင် တစ္ဆေအိုကြီးကျန့်ဟာ ငါ့ ပြိုင်ဘက် မဟုတ်တော့ဘူး။ အဲ့ကျရင် မင်းရဲ့ သခင်ဟောင်းဟာ ငါ့ရဲ့ အားဆေး ဖြစ်လာလိမ့်မယ်…”  ခုနစ်ရောင်စုံတာအိုသခင်က ပြုံးလိုက်၏။ သူ့ခန္ဓာကိုယ်သည် ခုနစ်ရောင်စုံအလင်းအဖြစ်သို့ ပြောင်းကာ လွင့်ပါးပျောက်ကွယ်သွားတော့သည်။

အုပ်စိုးသူက ရှုပ်ထွေးသောအမူအရာ လှစ်ဟပေါ်သည်။ အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချကာ အကွာအဝေးတစ်ခုထံ လှမ်းလျှောက်သွားလေသည်။

အချိန် တဖြည်းဖြည်း ကုန်ဆုံးနေ၏။ ဝမ်လင်းသည် အနှစ်သာရသုံးခုဘီးအစီအရင်အတွင်း၌ ထိုင်နေလျက် ရှိသည်။ သူ၏အောက်ဘက်တွင် အင်ပါယာမီးပြင်းဖို ရှိပေ၏။ ထိုမီးပြင်းဖိုအထဲ၌ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူနှစ်ယောက် ရှိနေသည်။ တစ်ယောက်မှာ ဝတ်စုံနက်အဘိုးအို ဖြစ်ပြီး တခြားတစ်ယောက်ကမူ ငါးယောက်မြောက်ကိုယ်လုပ်တော်ပင်။

ထိုနှစ်ယောက်၏ မန္တာန်များသည် တုန်လှုပ်ဖွယ်ကောင်း၏။ သူတို့သည် မီးပြင်းဖိုအတွင်း၌ အကျဉ်းချခံထားရသော်လည်း ဝမ်လင်းက သူတို့ကို အချိန်တိုအတွင်း သန့်စင်ပစ်နိုင်စွမ်း မရှိပေ။ သည်အခိုက်၌ ဝမ်လင်းက မျက်လံးမှိတ်၍ အင်ပါယာမီးပြင်းဖိုပေါ်၌ ထိုင်ကာ ထိုနှစ်ယောက်ကို ဖိနှိပ်ချိပ်ပိတ်နေ၏။

သုံးနှစ်တာ စောင့်ကြပ်ရခြင်း၊ အခက်ခဲဆုံးသုံးနှစ်ပင်။

အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် အလင်းတန်းသုံးခုသည် အဆမတန်ချဲ့ကားကြီးမားလာသော တိမ်ပင်လယ်၌ ခပ်ဝါးဝါး ပေါ်လာ၏။ သူတို့က အမျိုးသမီးသုံးယောက်အသွင်သို့ ပြောင်းလဲသွားလေ၏။

ထိုအမျိုးသမီးသုံးယောက်က ဝမ်လင်းနှင့် ပေတစ်သောင်းပင် မဝေးတော့ပေ။ သူတို့က နေရာတွင် မြောလွင့်လျက် ဝမ်လင်း၏နောက်ကျောကို ကြည့်နေသည်။

သူ၏နောက်ကျောက အထီးကျန်မှုအငွေ့အသက်ကို ပေးစွမ်းလေ၏။ သို့ပေမည့် သူ၏ပုံရိပ်က တောင်တစ်လုံးအလား မားမားမတ်မတ် ခံစားမှုကိုလည်း ပေးစွမ်းသည်။ သူသည် အတွင်းနယ်မြေကို ကာကွယ်မည် တောင့်တစ်တောင်အလား။

ပထမဆုံး လှမ်းလာသူမှာ ရှီဇီဖန် ဖြစ်၏။ သူမ၏ပုံရိပ်က အလွန်အားနည်းနေပြီး ပေတစ်သောင်းအတွင်း ဖြည်းဖြည်းချင်း လှမ်းလာသည်။ သူမက မျက်လုံးမှိတ်ထားသော ဝမ်လင်းကို ကြည့်သည်။ သူမ၏အကြည့်မှ နူးညံ့မှု လှစ်ဟပေါ်၏။ သူမ၏မျက်နှာထက်၌လည်း လှပသောအပြုံးတစ်ခု ပွင့်လှမ်းလာ၏။

“ငါ တွေးခဲ့ပြီးပြီး။  ငါ နင့်ရဲ့ တပည့်မဖြစ်ချင်ဘူး။ ငါ ဘယ်တော့မှ မဖြစ်ချင်ဘူး။

“ငါတို့လို ကျင့်ကြံသူတွေဟာ အချိန်အကြာကြီး နေထိုင်ရှင်သန်ကြတယ်။ ငါတို့ရဲ့ အသက်တွေ ဘယ်တော့ကုန်ဆုံးမလဲ မသိရနိုင်ဘူး။ ငါ နင့်ရဲ့ ဘဝသက်တမ်းမှာ တစ်နှစ်ပဲ လိုချင်မိတယ်။ တစ်နှစ်လေးပဲ…”

“တစ်နှစ်ဆို လုံလောက်ပြီ။ နင် အတွင်းနယ်မြေကို သုံးနှစ်တာ စောင့်ကြပ်ပေးမှာမလား။ ငါ့ကို နင်နဲ့အတူ တစ်နှစ်အတူတူ ရှိခွင့်ပေးပါ…”  ရှီဇီဖန်သည် ငြင်သာနူးညံ့စွာ ပြောလိုက်၏။

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူသည် မျက်လုံးမှိတ်ထားဆဲ ဖြစ်ကာ စကားတစ်ခွန်းမှ မဆိုလေပေ။

“တစ်နှစ်ကြာပြီးရင် ငါ ထွက်သွားတော့မယ်။ ငါ သေခဲ့ရင် ပျောက်ကွယ်သွားလိမ့်မယ်။ မသေခဲ့ရင်လည်း ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံမယ်…”

“နင် စကား ပြောဖို့ မလိုပါဘူး။ နင် ငါ့ကို ကြည့်ဖို့လည်း မလိုဘူး။ ဒါပေမဲ့ ငါ ဒီမှာ ရှိနေမယ်။ နင် ငါ့ကို မောင်းထုတ်လို့ မရဘူး…” ရှီဇီဖန်သည် ဝမ်လင်း၏ သဘောထားကို စိတ်ထဲမထားပေ။ သူမက ဝမ်လင်းဘေးတွင် ထိုင်ချကာ သူ့ကို ငြိမ်သက်စွာ ကြည့်နေတော့သည်။

သူမက လှပပြီးသား အမျိုးသမီးတစ်ယောက်ပင်။ သူမသည် အချိန်ကာလကြောင့် အသက်အရွယ် ရလာခဲ့၏။ သို့သော် သည်အခိုက်၌ ဝမ်လင်းဘေးတွင် သူမသည် လွန်ခဲ့သောနှစ်တစ်ထောင်သို့ ပြန်ရောက်သွားသည့်အလား။ ဝမ်လင်းက သူမ ကြိုက်နှစ်ခဲ့ရသည့် ပထမဆုံးနှင့်နောက်ဆုံးသူပင်။

သူမသည် မငယ်ရွယ်တော့ပေ။ သူမက ဝမ်လင်း၏စိတ်နှလုံးသားထဲ၌ သူမ မရှိသည်ကိုလည်း ခံစားမိပါသည်။ တကယ်တော့ သူတို့အတူရှိခဲ့သည့်အချိန်မှာ တိုတောင်းလွန်းခဲ့၏။ သူမက သူ့ဘဝ၏ ဖြတ်သွားဖြတ်လာ လမ်းကြုံသဘောမျိုးလောက်ပင် ဖြစ်နိုင်သေးသည်။

သူမက အရာအားလုံးကို နားလည်ပါ၏။ ရှီဇီဖန်သည် ထာဝရ မလိုချင်ပေ။ သူမက ဒီတစ်နှစ်သာ ဝမ်လင်းဘေးတွင် ရှိချင်မိ၏။ ဝမ်လင်းနှင့်အတူ အချိန်တစ်နှစ်တာ ရှိခြင်းအားဖြင့် ဒီဘဝ၏ ချစ်ခြင်းကို အဆုံးသပ်ပေမည်။

သူမသည် သတ္တိကင်းမဲ့သည့် အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့သည်။ သို့သော် ခုချိန်၌ သူမကိုယ်သူမ အားတင်းသတ္တိမွေးကာ ဝမ်လင်းကို ထိုစကားများ ပြောလိုက်ခြင်းပင်။ သူမသည် တည်ငြိမ်ဟန် ပေါ်သော်လည်း စိတ်ထဲတွင် ကြောက်နေမိသည်။ ဝမ်လင်းက သူမကို ဒီတစ်နှစ်တာအချိန်ပင် မပေးမည်ကို ကြောက်နေမိပါသည်။

သူမသည် ဝမ်လင်းကို ကြည့်ကာ အောက်နှုတ်ခမ်းကို ကိုက်ထားမိ၏။

ဝမ်လင်းက မျက်လုံးဖွင့်မလာဘဲ သူမထံ မကြည့်ပေ။ သူက တည်ငြိမ်စွာ ပြောလိုက်၏။ “နင် သွားနိုင်ပြီ…”

ထိုစကားက ရှီဇီဖန်၏ တင်းထားသမျှ အင်အားအားလုံးကို လွင့်ပါးသွားစေ၏။ သူမ၏မျက်နှာမှာ ချက်ခြင်းပင် ဖြူရောသွားသည်။

“ငါ တစ်နှစ်လေးပဲ တောင်းဆိုတာပါ…။ ဝမ်လင်း..ငါ့ကို တစ်နှစ်ပဲ အချိန်ပေးပေးပါ။ နော်…”  ဝမ်လင်း၏တိတ်ဆိတ်မှုအတွင်း ရှီဇီဖန်၏အသံမှာ တုန်ယင်နေ၏။ သူမမျက်လုံးထဲတွင်လည်း မျက်ရည်များ ရစ်သီလာသည်။ သူမသည် အားနည်းသော အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း ငိုခဲ့ဖူးတာ သိပ်မရှိလှပေ။

“ကြမ္မာမှားတဲ့ ပတ်သတ်မှု…”  သူမဆရာ၏စကားများက ရှီဇီဖန်၏ နားထဲ ပဲ့တင်ထပ်မိနေသည်ဟု ထင်ရ၏။

“တစ်နှစ်…တစ်နှစ်က မလုံလောက်ဘူးလား။ ဝမ်လင်း…နင် ငါ့ကို လက်မခံနိုင်တာ သိပါတယ်။ ဒါပေမဲ့ ငါ လိုချင်မိတာ နင့်ဘေးမှာ ရှိလို့ရမယ့် အချိန်တစ်နှစ်လေးပဲ။ တစ်နှစ်က ကြာလွန်းနေတာများလား…”  ဝမ်လင်းသည် ငြိမ်သက်နေမြဲပင်။ သူက မျက်လုံးမဖွင့်လာပေ။ ရှီဇီဖန်က သူမ၏စိတ်နှလုံးသား တင်းကြပ်မှုကို ခံစားနေရ၏။ သူမသည် မချိပြုံးပြုံးကာ ထရပ်သည်။ နောက်သို့ အတင်းအကြပ် ခြေလှမ်းအနည်းငယ် ပြန်ဆုတ်မိသည်။

တဖြည်းဖြည်းဖြင့် သူမ ပြောခဲ့သော စကားလုံးများက သူမ၏စိတ်နှလုံးကို ထိုးစိုက်သည့် ဆူးများအလား ပြောင်းသွား၏။ ထိုခံစားချက်မှာ အလွန်နာကျင်ဖို့ ကောင်းသည်။

ဝမ်လင်းထံမှ သက်ပြင်းရှည်ကြီး ထွက်ပေါ်လာ၏။ သူက မျက်လုံးဖွင့်လာသည်။ သူက ရှီဇီဖန်ကို ကြည့်၏။ သူ့အကြည့်က နူးညံ့နေပြီး သူက ညင်ညင်သာသာ ပြောလာသည်။

“ငါ နင့်ကို တစ်နှစ် အချိန်ပေးမယ်…”  ဝမ်လင်းက သူသည် လီမူဝမ်ကို ပြန်ရှင်သန်နိုင်အောင် လုပ်နိုင်မည်လား၊ မလုပ်နိုင်မည်လားကို မသိပေ။ သူက သူ ဒီလှိုဏ်ဂူလောကကနေ ထွက်သွားနိုင်မည်လားကိုလည်း မသိပေ။ ဖြစ်နိုင်သည်မှာ သူ သေသွားကောင်း သေသွားနိုင်လောက်၏။

ထိုလျှို့ဝှက်ချက်များကို သိရှိခဲ့ရပြီးနောက် သူ့ထံ၌ ဒီအမျိုးသမီး၏ တစ်နှစ်ဆိုသော တောင်းဆိုမှုကို မည်သည့်ခွန်အားဖြင့် သူ ပယ်ချရပါတော့မည်နည်း။

သူက သူသာ ထပ်ငြင်းလိုက်ပါက ထိုအမျိုးသမီးသည် သွေ့ခြောက်ကာ တဖြည်းဖြည်း သူ့မှတ်ဉာဏ်၏အစိတ်အပိုင်းတစ်ခု ဖြစ်လာမည်ကို သိနေသည်။ ဖြစ်နိုင်သည်မှာ သူက ခုချိန်မှစ၍ ရှီဇီဖန်ဟူသော အမျိုးသမီးတစ်ယောက်၏နာမည်ကို မှတ်မိနေတော့မည်ပင်။

ရှီဇီဖန်သည် မျက်ရည်များ ကျနေ၏။ ယင်းမှာ ရှုပ်ထွေးလှသော စိတ်ခံစားမှုကြောင့် ကျဆင်းသောမျက်ရည်များပင်။ သူမသည် ဝမ်လင်းဘေးတွင် ငြိမ်သက်စွာ ထိုင်နေလေ၏။

ရှီဇီဖန်သည် ခပ်တိုးတိုး ဆို၏။ “တစ်နှစ်ဟာ လုံလောက်ပါပြီ။ ဝမ်လင်း…ငါ နင့်ရဲ့ အချိန်ကို လုံးဝ ထပ်မယူတော့ပါဘူး…”

အကွာအဝေးတစ်ခု၌ မူပင်းမေနှင့် ပန်းရောင်ဝတ်စုံအမျိုးသမီးတို့က ငြိမ်သက်စွာ စဉ်းစားနေကြ၏။ သူတို့က ပေတစ်သောင်းအကွာတွင် ထိုင်ချလိုက်၏။ သူတို့ ဒီနေရာသို့ လာခဲ့ချိန်က သူတို့ချင်း သဘောတူညီမှုတစ်ခု ရှိထားခဲ့၏။ တစ်ယောက်တစ်နှစ်စီ ဟူသော သဘောတူညီမှုပင်။

တစ်နှစ်တာကာလသည် မကြာရှည်လှပါ။ သေမျိုးများအတွက်ပင် မကြာလှသောအချိန်ပင်။ ကျင့်ကြံသူများအတွက်ဆို ပြောနေစရာပင် မလိုပေ။

သို့ပေမည့် ရှီဇီဖန်အတွက်မူ သူမက ဒီတစ်နှစ်တာကို ဖြည်းဖြည်းချင်းသာ ကုန်လွန်သွားဖို့ မျှော်လင့်ထားပေ၏။

ဝမ်လင်းသည် နှုတ်ရေးသွက်လှသည့်သူ မဟုတ်ပေ။ အထူးသဖြင့် အမျိုးသမီးများနှင့် ဆိုလျှင်ပင်။ သူက  လီမူဝမ်နှင့် ရှိခဲ့ချိန်ကပင် မကြာဆိုသလို ငြိမ်သက် တိတ်ဆိတ်နေတတ်သည်သာ များခဲ့၏။ မကြာဆိုသလို သူက သူမကို ကြင်နာစွာသာ ကြည့်နေတတ်သည်။

မျက်စိတစ်မှိတ်အတွင်း ပထမတစ်နှစ်၏ သုံးလမှာ ကုန်လွန်သွားခဲ့လေပြီ။

ဒီသုံးလအတွင်း ဝမ်လင်းက စကားပြောခဲ၏။ သို့သော် ရှီဇီဖန်မှာ အတော်လေး ကျေနပ်နေမိသည်။ သူတို့နှစ်ယောက်သည် ဒီအစီအရင်ပေါ်တွင် ထိုင်လျက် သုံးလတာ ကုန်လွန်ဖြတ်ကျော်ကြသည်။

သူမက ဝမ်လင်းသည် အရက်ကြိုက်သည်ကို သိသည်။ သူမ၏ရှေ့၌ ဆူပွက်နေသော ရေနှင့် အိုးငယ်တစ်လုံး ရှိ၏။ ထိုရေဆူဆူအတွင်း၌ အရက်အိုးတစ်လုံး ရှိသည်။ သူမက ဒီရေဆူဆူကို အသုံးပြု၍ အရက်အိုး၏ ယင်ဓာတ်ကို အားဖြည့်ပေးနေသည်။

ရေသည် ဆူပွက်၏။ သို့သော် အရက်ကမူ ခုထိ နွေးမနေသေးပေ။ မတည်ရှိသင့်သော အေးစက်စက်လေပြင်းတစ်ခု တိုက်ခတ်သွားရာ ရေဆူဆူ၏ မျက်နှာပြင်ထက်၌ လှိုင်းဂယက်များ ပေါ်သွားစေ၏။

ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ပေါ်လာ၏။ သူက ခေါင်းမော့ကာ ရှေးဟောင်းကြယ်အဖွဲ့အစည်းထံသို့ ကြည့်လိုက်၏။ သူက အလင်းတန်းများ သူ့ထံ စုဝေးလာသည်ကို မြင်သည်။ ၎င်းမှာ ပြင်ပနယ်မြေမှ ကျင့်ကြံသူများ ပြန်ဖွဲ့စည်းထားသည့် စစ်တပ် ဖြစ်၏။

ထိုကျင့်ကြံသူများကြား၌ တတိယအဆင့်ကျင့်ကြံသူအော်ရာ ပိုင်ဆိုင်သူ ငါးယောက် ရှိနေ၏။ သူတို့က မြားငါးစင်းအလား ပျံသန်းလာကြသည်။

ထိုလူငါးယောက်နှင့် ကျင့်ကြံသူတစ်သိန်းအပြင် ကျင့်ကြံသူများ တွန်းလာသော ပေထောင်သောင်းချီ မြင့်သည့် စစ်ရထားများပါ ရှိသေးသည်။

ကျယ်ကျယ်လောင်လောင် တုန်ဟည်းသံများ တည်ငြိမ်သော ကြယ်အဖွဲ့အစည်းအနှံ့ ပဲ့တင်ထပ်လေ၏။ ထိုအသံသည် ပိုကျယ်လောင်လာကာ မိုးကြိုးပစ်သံအလား ထင်ရလေ၏။

“သူတို့ ရောက်လာပြီ…”  ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။

***

All Chapters