လမ်းညွန်
Vol. 016 Ch. 1520
ရီဖူရှင်းသည် ကမ်းခြေဘက်ရှိရာသို့ ဆက်လှမ်းသွားလိုက်သည်။
ရီဖူရှင်း မပြောမဆို ထွက်သွားသည်ကို ကြည့်ကာ ဝမ်ရှိုးရီ အံ့အားသင့်သွား၏။
ရီဖူရှင်းသည် မိန်းကလေးငယ်တစ်ဦးရှေ့ကို ရောက်သွားလျှင် ဝမ်ရှိုးရီအား ပိုမိုစိတ်ဝင်စားစေသည်။ ဖီးနစ်လေးလည်း အံ့အားသင့်သွား၏။
အဖြူရောင်ဝတ်မိန်းကလေးက တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် ခေါင်းမော့ကာ ရီဖူရှင်းကို ကြည့်သည်။ သူမ၏မျက်လုံးများသည် ဓားသွားအလား စူးရှ၏။ ပတ်ဝန်းကျင်တစ်ခုလုံးလည်း တင်းကြပ်သွား၏။
“ငါတို့ရဲ့ကလေးမလေးက ရန်လိုလှချည်လား” ရီဖူရှင်းက ပြုံးကာ သူ၏လက်အား သူမ၏ခေါင်းပေါ်သို့ တင်ရန် ရွယ်လိုက်သည်။
အဖြူရောင်ဝတ်မိန်းကလေးက ရီဖူရှင်းအား စိုက်ကြည့်လိုက်သည်နှင့် ရက်စက်ပြင်းထန်သော ဓားအသိများသည် သူ့အား ချက်ချင်းရစ်ပတ်သွား၏။
ရီဖူရှင်းကား ဂရုစိုက်ဟန်မတူ။ သူ၏လက်က သူမ၏ခေါင်းပေါ်သို့ ရောက်သွားသည်။
“မင်းက ဘာမှ မပြောင်းလဲသွားဘူး” ရီဖူရှင်းက ပြုံးလိုက်လျှင် သူမ၏မျက်လုံးများက ထူးဆန်းသော အမူအရာသို့ ပြောင်းလဲဿွား၏။ သတ်ဖြတ်လိုသော အငွေ့အသက်များလည်း ပျောက်ကွယ်သွားသည်။ သူမက ခေါင်းကို အနည်းငယ်မျှ ငုံ့လိုက်ကာ မျက်လုံးများထဲ ပြုံးရိပ်များသန်းလာသည်။
သိသာစွာဖြင့် သူမသည် ရီဖူရှင်းအား မှတ်မိသွားခဲ့၏။ သူတစ်ယောက်တည်းသာ ဤသို့ ပြုမူပေသည်။
“ပြန်နှုတ်မဆက်တော့ဘူးလား” ရီဖူရှင်းကလည်း ရင်းနှီးသော လေသံဖြင့် မေးသည်။
တစ်ဘက်မိန်းကလေးက ဆက်လက်၍ စိုက်ကြည့်နေလျှင် သူက သူမအား ညစ်ကျယ်ကျယ်ပြုံးပြလျှက် ပြန်ပြောသည် “ကောင်းပြီ … ပြန်မနှုတ်ဆက်နဲ့”
အဖြူရောင်ဝတ်မိန်းကလေးကား ရာရာဖြစ်ပေသည်။ သူမသည်လည်း အထက်ကောင်းကင်ဘံသို့ ရောက်လာကာ လမ်းစဉ်ပင်လယ်သို့ စမ်းသပ်ရန် ရောက်လာခဲ့၏။
“မင်းက လမ်းစဉ်ပင်လယ်သို့ ဝင်ချင်တာလား” ရီဖူရှင်းက မေးသည်။
“အင်း …” ရာရာက ခေါင်းညိတ်သည်။ သူမသည် ပြန်လည် မွေးဖွားခြင်းအဆင့်၌ဖြစ်ကာ ရန်ဟောင်ဖြစ်ရန် လက်တစ်ကမ်းအလိုဖြစ်သည်။ ထို့ကြောင့် သည်နေရာသို့ လာရောက်ကာ အခွင့်အလမ်းရှာဖွေလိုခဲ့၏။
“ရှင်လည်း သွားမှာလား” ရာရာက မေးသည်။ ရီဖူရှင်း အဘယ်ကြောင့် ရုပ်ပြောင်းရုပ်လွှဲလုပ်ထားလည်း သူမ မမေးပေ။ ရီဖူရှင်းကား ကောင်းကင်အာဏာစက်ပြည်ထောင်တွင် နာမည်ကျော်ကြားသူဖြစ်ရာ လက်ရှိအနေအထားအရ ထိုနည်းလမ်းက အကောင်းဆုံးဖြစ်ပေသည်။
“ငါအခု ထိုက်ရွှမ်တောင်မှာ လေ့ကျင့်နေတယ်။ ပြီးတော့ ငါ့အတွက် တစ်နေရာရတယ်” ရီဖူရှင်းက သူမအား ကြည့်ကာ ပြောသည် “ငါမင်းနဲ့လိုက်ခဲ့ရမလား”
“မလိုဘူး” ရာရာက ခေါင်းယမ်းသည်။
ရီဖူရှင်းက သူမအား ကြည့်လိုက်ကာ ခေါင်းယမ်းသည်။ သူကား ရာရာကို သင်္ချိုင်းကုန်းကျေးရွာမှ ကလေးမအဖြစ် အမြဲမြင်နေခဲ့၏။ တကယ်တမ်းတွင်ကား ရာရာသည် မိမိကိုယ်ကို စောင့်ရှောက်နိုင်သော အဆင့်၌ ရှိနေပေသည်။
“ရှန်ကျင်း” ထိုအချိန်တွင် လော့ယွဲ့ရောက်လာကာ မေးသည် “ဒါ ရှင့်မိတ်ဆွေလား”
“ကျုပ် ညီမလေး” ရီဖူရှင်းက ပြုံးလျှက်ပြန်ပြောသည်။ ရာရာကား ဆွံ့အရသော်လည်း သူမသည် အသားကျနေပြီးဖြစ်သည်။
“ဓားသမားတစ်ယောက်လား…” လော့ယွဲ့က ရာရာထံမှ ဓားအငွေ့အသက်များအား ခံစားမိပေသည်။
“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ရှင့်ညီမအဆင့်က ရှင့်ထက်မြင့်ပါလား” လော့ယွဲ့က ပြောလျှင် ရီဖူရှင်း မည်သို့ပြန်ပြောရမည်မသိဖြစ်သွားသည်။
“ကျုပ်ညီမက ကျုပ်ထက် ပါရမီမြင့်တယ်” ရီဖူရှင်းက ပြုံးလိုက်သည်။
“ရှင်က ဓားချောက်နက်ကို လာလေ့လာတာ မထူးဆန်းတော့ဘူး။ ကြည့်ရတာ ရှင့်ညီမက ရှင့်ထက် ဓားပညာမှာ တော်နေတာကိုး” လော့ယွဲ့က တီးတိုးပြောသည်။
ရီဖူရှင်း ဆွံ့အသွား၏။
“ကောင်းပြီ … ငါတို့ မနှောင့်ယှက်တော့ဘူး” ဝမ်ရှိုးရီက ပြောကာ လော့ယွဲ့နှင့်အတူ ထွက်သွားသည်။
ရီဖူရှင်းက ဖီးနစ်လေးကို ကြည့်လျှင် သူမကား ထွက်သွားမည့်စိတ်ကူရှိပုံမရသည်ကို တွေ့ရသည်။ ရီဖူရှင်း၏အကြည့်ကို မြင်လျှင် သူမက ပင်လယ်ပြင်ကို ကြည့်ကာ ပြောသည် “ကျွန်မလည်း ရှုခင်းတွေ သွားကြည့်လိုက်ဦးမယ်”
“ကောင်းပြီ” ရီဖူရှင်းက ပြုံးလျှက်ပြောကာ ရာရာနှင့်အတူ ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။ ဖီးနစ်လေးက သူတို့အား သံသယမျက်လုံးများဖြင့် ကြည့်၏။ သူမက အမှန်တကယ်ကောသူ၏ ညီမဖြစ်သလော။
“နောက်ပိုင်းနှစ်တွေမှာ ဘယ်လိုနေခဲ့လဲ” ရီဖူရှင်းက မနီးမဝေးတွင် ယောင်ပေပေလုပ်နေသော ဖီးနစ်လေးအား လျစ်လျူရှုကာ ရာရာကို မေးသည်။
“ပုံမှန်အတိုင်းပါပဲ … ကျင့်ကြံနေတယ်” ရာရာက အေးအေးလူလူပြောသည်။ သို့သော်လည်း သူမသည် အထက်ကောင်းကင်ဘုံသို့ ရောက်ကတည်းက ကြီးမားသော ဘေးအန္တရာယ်အချို့နှင့် ကြုံတွေ့ခဲ့ပြီးဖြစ်သည်၊။ သို့သော်လည်း ရီဖူရှင်းအား မလိုအပ်ဘဲ အစိုးရိန်ပိုစေလိုခြင်း မရှိရာ ထုတ်ပြောခြင်းမပြုပေ။
“အရှင်ထိုက်ရွှမ်အဆင့်တက်သွားတယ်လို့ ငါကြားတယ်။ ရှင်လည်း အဲဒီမှာ လေ့ကျင့်နေတယ်လို့ မထင်ထားဘူး။ နောက်ပိုင်း ဘာလုပ်မယ် စဉ်းစားထားလဲ” ရာရာက မေးသည်။
“ရန်ဟောင်အဆင့်ကို အမြန်ဆုံးတက်ဖို့လိုတယ်” ရီဖူရှင်က အဝေးကို ကြည့်သည်။ ဘုံသုံးထောင်လုံး၌ လူရာဝင်ရန် အနည်းဆုံး ရန်ဟောင်အဆင့်ကို တက်မှ ဖြစ်ပေမည်။
“အင်း …” ရာရာက ခေါင်းညိတ်သည်။ ကျင့်ကြံခြင်းလောကတွင် ခွန်အားသည်သာ ပဓာနကျပေသည်။
နှစ်ဦးသားစကားပြောရင်းဖြင့် ညနေပိုင်းကို ရောက်လာခဲ့ကာ ဝင်လုနီးပါးနေရောင်သည် ပင်လယ်ကြီးအား အနီစွေးစွေး စွင်းထင်းစေသည်။ သူတို့ရှေ့မှ မြင်ကွင်းကား လှပသော ပန်းချီကားတစ်ချပ်အလား။
သူတို့ လမ်းလျှောက်ရင်းဖြင့် ပျင်းရိလာလျှင် ကမ်းခြေတွင်ထိုင်ကာ နေလုံးကြီး ဝင်သွားသည်ကို ကြည့်သည်။ ဤနည်းဖြင့် ကြယ်ရောင်စုံများ တောက်ပသော ညအချိန်သို့ ရောက်လာခဲ့သည်။
ကမ်းခြေမှ ညအချိန်အခါသည် အလွန်စည်ကားကာ အရပ်မျက်နှာမျိုးစုံမှ လူများ ရှိနေကြသည်။
နောက်တစ်နေ့ မနက်ခင်း နေရောင်ခြည်ကျရောက်လာခဲ့လျှင် အားလုံး၏အကြည့်က လမ်းစဉ်ပင်လယ်ဘက်သို့ တစ်မျှော်မျှော်ဖြစ်နေကြသည်။
နောက်ဆုံးတွင် အားလုံး မျှော်လင့်နေသော လှေကလေးများ ရောက်လာကြသည်။
“နတ်နန်းတော်သို့ ဝင်ချင်တဲ့လူတွေ အခု လမ်းစဉ်ပင်လယ်သို့ ဝင်ရောက်နိုင်ပြီ” ရန်ဟောင်တစ်ပါးက ကျယ်လောင်စွာ ကြေညာသည်။ ထိုအခိုက်တွင် သူ့အသံအား လင်းရှောင်မြို့မှပင် ကြားနိုင်၏။
ရုတ်တရက် ကမ်းခြေတွင်ရှိနေသောလူတိုင်းသည် ပင်လယ်ဘက်သို့ လျှောက်လာကြ၏။ လင်းရှောင်မြို့ဘက်မှပင် ကြီးမားသော လူအုပ်ကြီးများ အဆက်မပြတ် ပျံသန်းလာနေသည်ကို မြင်နိုင်၏။
ထို့အပြင် အများစုမှာ ပြန်လည်မွေးဖွားခြင်းအဆင့်ရှန့်ထိုများဖြစ်ကြ၏။
အားလုံးသော လူများက ပင်လယ်သို့ တစ်ဦးပြီးတစ်ဦးဝင်ရောက်ကြလျှင် ရာရာက ရီဖူရှင်းကို ကြည့်ကာ ပြောသည် “ကျွန်မ သွားပြီ”
ရီဖူရှင်းက ခေါင်းညိတ်သည် “ဂရုစိုက်ပါ”
ရာရာက ခေါင်းညိတ်ကာ လမ်းစဉ်ပင်လယ်သို့ ခြေချ၏။ သူမ၏ခြေထောက်အောက်တွင် ဓားတစ်လက်ပေါ်လာခဲ့ကာ ရှေ့ကို ပျံသန်းသွားခဲ့သည်။
“ချစ်သူလား…” ဘေးမှ အသံတစ်သံကိုကြားရသည်။ သူမကား ဖီးနစ်လေးဖြစ်သည်။ ရီဖူရှင်းက သူမအား ကြည့်ကာ သွင်သင်ဆုံးမသော လေသံဖြင့် ပြောသည် “ကလေးတွေက လူကြီတွေရဲ့ကိစ္စကို စိတ်မဝင်စားရဘူး”
ဖီးနစ်လေးက မျက်လုံးပြူးသွားကာ မေးသည် “ဘယ်သူက ကလေးလဲ”
သူမကား အနည်းငယ် ဒေါသထွက်နေဟန်ရှိသည်။ သူမကား မိန်းမပျိုအရွယ်ဖြစ်နေလေပြီ။ သို့သော်လည်း ရီဖူရှင်း၏အမြင်တွင် သူမကား မရင့်ကျက်သေးသော ကလေးတစ်ဦးသာဖြစ်သည်။
မျက်လုံးတစ်မှိတ်အတွင်း များစွာသော တန်ခိုးရှင်များ တဖန် ကမ်းခြေသို့ စုပြုံရောက်လာကြ၏။ သူတို့အားလုံးသည် လမ်းစဉ်ပင်လယ်သို့ ဝင်ရောက်သော တန်ခိုးရှင်များအား လာကြည့်ကြခြင်းဖြစ်သည်။
ကောင်းကင်ထက်တွင် ရွှေရောင်အလင်းများ တောက်ပလျှက် ကိုက်ရှီသည် ဝင့်ကြွားစွာ ရပ်နေသည်။ သူနှင့်အတူ ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များရှိနေ၏။
မိစ္ဆာအငွေ့အသက်များနှင့်အတူ ရှီလန်နတ်မြို့မှ လော့ယို့မင်တို့လည်း ရောက်လာကြသည်။
ဓားစွမ်းအားများနှင့်အတူ လီနတ်ဓားမိသားစုမှ လူများလည်း ရောက်လာကြ၏။
ထို့နောက်တွင် ကောင်းကင်နှစ်မြှုတ်ခြင်းနတ်ဘုရားကလန်မှလည်း ရောက်လာသည်။
ထို့နောက် ချန်းဖုန်းမိသားစု…။
ထိုက်ရွှမ်တောင်မှလူများကား စောစီးစွာ ရောက်နေခဲ့သည်။ ရီဖူရှင်းက လေထဲတွင် လူများစွာတို့အားမြင်၏။
အဝေးတွင် လမ်းစဉ်ပင်လယ်မှ နောက်ထပ် လှေကလေးတစ်စင်းအား တွေ့ရ၏။ ထိုသူကား ရှန့်ရှောင်းနန်းတော်မှ လမ်းညွန်ဖြစ်ရပေမည်။
***