← Chapters

ဒါက ဘယ်မျက်လုံးလား

Vol. 125 Ch. 1723

ဒါက ဘယ်မျက်လုံးလား

Vol. 125 Ch. 1723

ရှေးကျသည့် သားရဲများ တိုးဝင်လာကြစဉ် အစီအရင်သည် တွန့်ခေါက်ပုံပျက်လေ၏။ ထိုစဉ် မြေနိမ့်သားရဲမှာ ဝမ်လင်း၏ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

မြေနိမ့်သားရဲ၏ အရွယ်အစားကို ဖော်ပြဖို့ ခက်ခဲပေ၏။ ၎င်း၏အရိပ်မှာ သည်ဧရိယာတစ်ခုလုံးကို သိမ်းပိုက်လို့ထားသည်။ ထိုအရိပ်ကို မြင်ရသည်ပင် ဖိအားကို ပေးစွမ်းနေ၏။

ထိုအရိပ်သည် မြန်ဆန်စွာ ချဲ့ကားလာပြီး ရှေးကျသည့်သားရဲဒါဇင်ချီမှာ မြေနိမ့်သားရဲကို ကြည့်၍ ရပ်တန့်သွားကြသည်။

သူတို့၏စိတ်ဝိညာဉ်များထဲမှ မှတ်ဉာဏ်များထဲမှ တုန်ယင်မှုမှာ သူတို့စိတ်ထဲ၌ ပြည့်လာကြ၏။ သားရဲဒါဇင်ချီသည် တုန်ယင်ကာ ဟိန်းအော်လျက် နောက်ဆုတ်ကြသည်။

သူတို့၏စိတ်ဝိညာဉ်အတွင်းနက်ပိုင်းမှ လာသော ကြောက်ရွှံ့မှုက သူတို့ကို မတိုက်ခိုက်ဝံ့ ဖြစ်စေ၏။

မြေနိမ့်သားရဲ၏ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာပြီး မြေနိမ့်သားရဲဒါဇင်ချီသည် နောက်ဆုတ်ကြသည်။ မြေနိမ့်သားရဲ ပေါ်ထွက်လာချေပြီ။

ထိုသားရဲ ပေါ်လာသည်နှင့် ၎င်း၏ခန္ဓာကိုယ်တစ်ဝက်မှာ အစီအရင်အပြင်ဘက်သို့ ချဲ့ကားထွက်လာ၏။ ၎င်းမှာ ကြီးမားလွန်းသောကြောင့် ၎င်း၏ဆန့်ထွက်လာသော ခန္ဓာကိုယ်ကပင် ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို ထိမိလုနီးနီး ဖြစ်သွားစေသည်။

၎င်းမှာ ကျင့်ကြံသူတစ်ယောက်နှင့် ဆယ်ပေမျှသာ ကွာတော့၏။

ထိုကျင့်ကြံသူမှာ သက်လတ်ပိုင်းအရွယ် ဖြစ်ပြီး သူ၏မူလစိတ်ဝိညာဉ်က ဒဏ်ရာရထားပြီး ဖြစ်၏။ သည်အခိုက်၌ သူသည် ဧရာမသားရဲကို ကြည့်နေရင်း စဉ်းစားနိုင်စွမ်းပါ မဲ့သွားရသည်။

မြေနိမ့်သားရဲကလည်း မင်သက်လို့နေ၏။ ၎င်း၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ပြည့်နေသည်။ ၎င်းသည် မရေမတွက်နိုင်သောကျင့်ကြံသူများက ၎င်းကို စိုက်ကြည့်နေသည်ကို ဘာကြောင့်မှန်း သိချင်မိနေသည်။ နောက်ဆုတ်သွားသော ရှေးဟောင်းသားရဲများမှာ ၎င်း၏မျက်လုံးထဲ၌ အတော်ကြောက်မက်ဖွယ် ကောင်းနေသည်။

၎င်း၏ တွန့်ဆုတ်သောသဘာဝက ချက်ခြင်း ပေါက်ကွဲထွက်လာပြီး ၎င်း၏ခန္ဓာကိုယ်မှာ အလိုလို တုန်ယင်လာသည်။

ထိုတုန်ယင်မှုက ကြယ်အဖွဲ့အစည်းကိုပါ တုန်ခါသွားစေပြီး လှိုင်းဂယက်တစ်ခု သည်ဧရိယာအနှံ့ ပျံ့လွင့်လေသည်။

၎င်းနှင့် ဆယ်ပေအကွာတွင် ရှိနေသည့် ကျင့်ကြံသူမှာ တောင့်တင်းနေမိ၏။ ထိုသူ၏မျက်နှာမှာ သေလောက်အောင် ဖြူရောနေပြီး အချိန်ခဏကြာ မြေနိမ့်သားရဲကို စိုက်ကြည့်နေပြီးနောက် သူက ထိတ်လန့်တကြား အော်ဟစ်လိုက်လေ၏။ သူက နောက်သို့ အသည်းအသန် ဆုတ်ကာ ဦးတည်ရာမဲ့ လက်ဝေ့ယမ်းလေ၏။ သူက အလိုလို လက်ဝေ့ယမ်းလိုက်ခြင်းမျှသာ ဖြစ်ပြီး ကြောက်ရွှံ့မှုကြောင့် အရာအားလုံးကို မေ့သွားသည့်ပုံပင်။

သို့ပေမည့် သူ၏အော်သံက တွန့်နေသောမြေနိမ့်သားရဲကို ထိတ်လန့်သွားစေ၏။ ၎င်း၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုအစား ကြောက်ရွှံ့မှု အစားထိုး လာကာ ထိတ်လန့်တကြား အော်ဟစ်လိုက်ချေသည်။

၎င်းသည် တစ်စုံတစ်ယောက်နှင့် ခုလောက်နီးကပ်ခဲ၏။ ၎င်းခံစားရသည့် ကြောက်ရွှံ့မှုမှာ သတိလွတ်သွားဖို့ပင် လုံလောက်နေသည်။ သို့ပေမည့် ၎င်း၏အော်သံက သက်လတ်ပိုင်းလူကို အခြေအနေပိုဆိုးသွားစေ၏။ ထိုသူက အမှန်တကယ် သွေးအန်ထုတ်ပြီး ထွက်ပြေးဖို့ငှာ သွေးလွတ်မြောက်ခြင်းကို အသုံးပြုသည်။

ထိုသွေးအလင်းနှင့် နောက်ဆုတ်နေသော ကြမ်းကြုတ်သည့်သားရဲဒါဇင်ချီက မြေနိမ့်သားရဲကို ထပ်မံ အော်ဟစ်မိစေပြန်သည်။ ၎င်း၏ကြောက်ရွှံ့မှုက အထွတ်အထိပ်သို့ ရောက်လာသည်ဟု ထင်မှတ်ရ၏။

သည်အခိုက်၌ ၎င်းမြေနိမ့်သားရဲသည် ကြမ်းကြုတ်သောသားရဲများ၏ ပုံပန်းသွင်ပြင်ကြောင့် ထိတ်လန့်နေသည်။ ထိုသားရဲများက ၎င်းအတွက် အလွန်ကြောက်မက်ဖွယ် ကောင်းနေ၏။

အကြောက်တရားက ၎င်း၏ခန္ဓာကိုယ်၌ ပြည့်နှက်လာရင်း ၎င်း၏ခန္ဓာကိုယ်သည် ကြုံ့လာသည်။ ၎င်း၏ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်ကာ နောက်ဆုတ်ရန် ဟန်ပြင်သည်။ ထို့အပြင် ၎င်းသည် ကြမ်းကြုတ်သည့်သားရဲများ၏ ပုံပန်းသွင်ပြင်ကြောင့် နောက်တစ်ကြိမ် အော်ဟစ်လိုက်ပြန်သည်။

၎င်း၏အော်သံမှာ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ထိုအသံလှိုင်း ပျံ့နှံ့ကာ လောက၏အခြားအသံအားလုံးကို အစားထိုးသွားသည်။ ၎င်းအသံမှာ ကျင့်ကြံသူတိုင်း၏စိတ်ကို လှုပ်ခါစေဖို့ လုံလောက်အောင် ကျယ်ပေ၏။

ရှေးဟောင်းသားရဲများမှာလည်း ထိတ်လန့်တကြား အော်ဟစ်ကာ ပိုမြန်မြန် ထွက်ပြေးလေတော့သည်။ သူတို့၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုသာ ကြီးစိုးနေသည်။

သို့သော် သူတို့၏ အလန့်တကြားအော်သံများက မြေနိမ့်သားရဲကို ပို၍ တုန်ယင်လာစေသည်။ ၎င်းသည် နောက်ဆုတ်ချင်၏။ နောက်ဆုတ်လို၏။ အလွန်ကြောက်လန့်နေမိပြီ ဖြစ်သည်။

မြေနိမ့်သားရဲ၏ ပုံပန်းသွင်ပြင်က ရှေးဟောင်းသားရဲများကိုသာ ကြောက်လန့်စေသည်မဟုတ် ဒီပတ်ဝန်းကျင်ရှိ ကျင့်ကြံသူသောင်းချီကိုပါ ထိတ်လန့်စေသည်။ ဤသည်မှာ သူတို့အတွက် မြေနိမ့်သားရဲကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ ကြီးမားလွန်းသော သားရဲကြီး တုန်ယင်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။ မြေနိမ့်သားရဲ၏ ကြောက်လန့်တကြား အော်သံက သူတို့ကိုလည်း အလန့်တကြား ဖြစ်စေကာ နောက်သို့ အကြောက်အကန် ဆုတ်ကြသည်။

တတိယအဆင့်ကျင့်ကြံသူငါးယောက်၏ အမူအရာသည်ပင် ကြီးစွာ ပြောင်းလဲသွားပြီး နောက်ဆုတ်ကြသည်။

သူတို့သည် ထိုမြေနိမ့်သားရဲ၌ မည်သို့သောမန္တာန်မျိုး ပိုင်ဆိုင်သည်ကို မသိသော်လည်း ထိုမျှကြီးမားလှသည့် သားရဲကို ရင်ဆိုင်နေရရုံဖြင့်ပင် သူတို့အပေါ်သို့ ဖိအားသက်ရောက်နေလေပြီ။

ဝမ်လင်း တစ်ယောက်သည်သာ မြေနိမ့်သားရဲသည် လုံးဝ ကြောက်ရွှံ့နေပြီကို သိလေ၏။ သူက ခါးသီးစွာ ပြုံးမိစဉ် မြေနိမ့်သားရဲ၏မျက်လုံးတို့မှာ အဖြူရောင်ပြောင်းလာသည်ကို သတိပြုမိသည်။

ထိုကြောက်လန့်နေသော မြေနိမ့်သားရဲက သတိလွတ်တော့မည့် အရိပ်အယောင် ပြလာခြင်းပင်။ အမှန်တော့ ထိုသို့ ဖြစ်သည်မှာ အံ့အားသင့်စရာ မရှိပေ။ ရှေးဟောင်းသားရဲများ၏ ပုံပန်းသွင်ပြင်က အလွန့်ကြောက်မက်ဖွယ် ကောင်းနေသည် မဟုတ်လား။

ဝမ်လင်းက ရှေ့သို့ ခြေလှမ်းလိုက်ပြီး မြေနိမ့်သားရဲ ပေါ်သို့ ခြေချလိုက်သည်။ မြေနိမ့်သားရဲ၏ ခန္ဓာကိုယ်မှာ အရင်နှင့် ကွာခြားနေ၏။ ၎င်းသည် မာကြောခြင်း မရှိဘဲ နူးညံ့လို့နေသည်။ ဝမ်လင်းက ထိုသို့ ဖြစ်သည်ကို ဘာကြောင့်မှန်း တွေးနေရန် အချိန်မရှိပေ။ သူက ညာလက်ကို ပင့်မြှောက်၍ မြေနိမ့်သားရဲကို ပုတ်လိုက်၏။ သူက ၎င်းထံသို့ စိတ်ဆန္ဒတစ်ခု စေလွှတ်ကာ အမိန့်တစ်ခု ပေးလိုက်သည်။

မြေနိမ့်သားရဲက အနည်းငယ် ပြန်ကောင်းမွန်လာ၏။ ၎င်း၏မျက်လုံးထဲရှိ အဖြူရောင်မှာ အနည်းငယ် လွင့်ပါးသွားသည်။ သို့ပေမည့် ဝမ်လင်း၏အမိန့်ကို ကြားလိုက်ရသည့်နောက် ၎င်းသည် ပို၍ပင် ထိတ်လန့်သွားသည်။

၎င်း၏ကြီးမားသည့် ခေါင်းကြီးမှာ ရုတ်တရက် ဆတ်ခနဲ ဖြစ်သွား၏။ ၎င်း၏ကြောက်ရွှံ့မှုက သည်ကြမ်းကြုတ်သောသားရဲများကို မဝါးမြိုရဲ ဖြစ်စေသည်။

သို့ပေမည့် ၎င်း၏ ခေါင်းဆတ်ခနဲ လှုပ်ရှားမှုက နောက်ဆုတ်နေသော ကျင့်ကြံသူများနှင့် သားရဲဒါဇင်ချီကို တုန်လှုပ်သွားစေသည်။ သူတို့သည် ထိုသားရဲကို မည်သို့ပင်ကြည့်ကြည့် ၎င်းသားရဲက ထိုးထွက်လာတော့မည့်အလား ဖြစ်နေသည်။

သို့သော် မြေနိမ့်သားရဲမှာ ဝမ်လင်းနှင့် ချိတ်ဆက်ထားပေသည်။ ဝမ်လင်း၏ အင်အားပြည့်အမိန့်အောက်၌ ၎င်းက ကြောက်ကြောက်လန့်လန့် ပါးစပ်ဟလာသည်။ ၎င်းသည် အော်ဟစ်လျက် ကိုယ့်ကိုယ်ကိုယ် သတ္တိမွေးကာ ကြမ်းကြမ်းတမ်းတမ်း ရှိုက်သွင်းလိုက်လေသည်။

ထိုသို့ဖြင့် မြေနိမ့်သားရဲ၏ ပါးစပ်သည် ချဲ့ကားလာကာ ပြင်းထန်သောစုပ်အားကို ဖန်တီးသည်။ သားရဲဒါဇင်ချီသည် အကြောက်အကန် အော်ဟစ်ကာ တစ်စက်လေးမှ မလှုပ်နိုင်တော့ပေ။ ၎င်းတို့က မြေနိမ့်သားရဲ၏ ပါးစပ်အတွင်းသို့ တစ်ကောင်ပြီးတစ်ကောင် စုပ်ယူခံရစဉ် ရုန်းကန်နေရသည်။

ယင်းသားရဲများသာမက ကျင့်ကြံသူသောင်းချီမှာလည်း စုပ်ယူခြင်း ခံရပေတော့မည်။ သို့သော် ဝမ်လင်းက မြေနိမ့်သားရဲ၏ခေါင်းကို ပုတ်လိုက်ရာ ထိုသူတို့ကို စုပ်ယူခြင်းအား တားဆီးလိုက်သည်။

ဝမ်လင်းက မြေနိမ့်သားရဲကို နားလည်ပေ၏။ မြေနိမ့်သားရဲက ကျင့်ကြံသူသောင်းချီကို စုပ်ယူလိုက်သည်နှင့် ၎င်းသည် ထိုသူတို့ကို အစာခြေရန် နှစ်ပေါင်းများစွာ အိပ်ပျော်သွားတော့မည် ဖြစ်သည်။ ယင်းသည် ဝမ်လင်း လိုချင်သောအရာ မဟုတ်ပေ။ ထို့ကြောင့် သူက အလုံးစုံကောင်းကင်၌ တိုက်ပွဲတွင် မြေနိမ့်သားရဲကို မဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ထိုသားရဲသည် ကြမ်းကြုတ်သောသားရဲစိတ်ဝိညာဉ်များကို ဝါးမြိုပစ်ရုံဖြင့်တော့ အိပ်မပျော်သွားနိုင်ပေ။ နိုးထနေသော မြေနိမ့်သားရဲတစ်ကောင်က ဝမ်လင်းအတွက် အကူအညီများစွာ ဖြစ်စေနိုင်၏။

မြေနိမ့်သားရဲ၏ ပါးစပ်ကြီးမှာ ပြင်ပနယ်မြေကျင့်ကြံသူများ၏ အလန့်တကြားဖြစ်နေသော မျက်လုံးများရှေ့တွင်ပင် ဖြည်းဖြည်းချင်း မှိတ်လာသည်။ သို့ပေမည့် ပြင်ပနယ်မြေရှိ ကျင့်ကြံသူများကို ထိတ်လန့်မှုကြောင့် ၎င်းက ပါးစပ်ပြန်ဟကာ အော်ဟစ်လိုက်လေ၏။ ၎င်း၏မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှု ရှိနေဆဲပင်။ ၎င်းမှာ ၎င်း ဝါးမြိုပစ်ခဲ့သော ကြမ်းကြုတ်သည့်သားရဲများကို ထိတ်လန့်နေဆဲ ဖြစ်သည်။

၎င်းသည် ထိုသို့သော ကြမ်းကြုတ်သည့်သားရဲများကို စားသောက်ရသည်ကို သဘောမကျပေ။ ၎င်းတို့မှာ အရသာ မရှိဘဲ ကြောက်ဖို့သာ ကောင်းနေ၏။

ဝမ်လင်းက မြေနိမ့်သားရဲကို ပြန်လှည့်ရန် အမိန့်ပေးလိုက်စဉ် ပြင်ပနယ်မြေမှ ကျင့်ကြံသူများမှာ ကြောက်လန့်တကြား ဖြစ်နေလေပြီ။ မြေနိမ့်သားရဲက ချက်ခြင်းပင် ပြန်လှည့်သည်။

၎င်း၏ အပြင်းအထန် ခုန်နေသော စိတ်နှလုံးကို တည်ငြိမ်စေဖို့ ကောင်းကောင်းအနားယူဖို့ လိုပေမည်။

မူလစိတ်ဝိညာဉ်တစ်သိန်းကို စတေး၍ ဆင့်ခေါ်ခဲ့သော ရှေးဟောင်းအလင်းနှင့် စစ်ရထားမှ သားရဲအားလုံးသည် အစီအရင်ဘီး၏ရှေ့တွင် ဖျက်စီးခံလိုက်ရပေပြီ။

သို့သော် ပြင်ပနယ်မြေမှ ကျင့်ကြံသူများထံ၌ ဝှက်ဖဲတစ်ခု ကျန်နေသေးပေ၏။ ချိန်းကြိုးများ ဖုံးလွှမ်းနေသော ဧရာမကျောက်ပြားကြီး ရှိနေသေးသည်။ ထိုချိန်းကြိုးများဖြင့် ခေါင်းတလားကိုးခုကို တွဲချည်ထားသည်။

မြေနိမ့်သားရဲကြောင့် ပြင်ပနယ်မြေမှ ကျင့်ကြံသူများ ကြောက်ရွှံ့နေကြစဉ် ကျောက်ပြားပေါ်ရှိ စာလုံးကိုးခုသည် တဖျတ်ဖျတ် တလင်းလက်သည်။ အော်ရာကိုးခုသည် ချိန်းကြိုးများနှင့်အတူ တရှိန်ထိုး ထိုးထွက်ကာ ခေါင်းတလားကိုးခုထံ ဦးတည်သည်။

ထိုအော်ရာများ ခေါင်းတလားကိုးခုထဲ ဝင်ရောက်သွားသည့်အခါ၌ ကြယ်အဖွဲ့အစည်းအနှံ့တွင် တစီစီအသံများ ပဲ့တင်ထပ်လာသည်။ ထိုခေါင်းတလားများ၏ အဖုံးများမှာ တစစီ ဖြစ်သွား၏။

ထိုခေါင်းတလားအဖုံးများ ပျက်စီးသွားသည့်အခါ ရှည်လျားသော အနက်ရောင်ဆံချည်မျှင်သည် ထိုခေါင်းတလားကိုးခုထံမှ ပျံ့နှံ့လာ၏။ မျက်စိတစ်မှိတ်အတွင်း ရှည်လျားသော ဆံချည်မျှင်မှာ ကြယ်များကြား ပြည့်နှက်သည်။

“ငါ့ရဲ့ ရှေးဟောင်းကြယ်အဖွဲ့အစည်းကို စောင့်ကြပ်ပေးတဲ့ ရှေးဟောင်းအင်ပါယာနတ်ဘုရား၊ သင့်ရဲ့ခန္ဓာကိုယ်ဟာ အစိတ်အပိုင်းကိုးခု ကွဲထွက်ခဲ့တယ်။ ဒီကနေ့…ဒီအစိတ်အပိုင်းကိုးခုဟာ တစ်ခုတည်း ပြန်ဖြစ်မယ်။ ငါဟာ သင့်ရဲ့ အင်မောတယ်စိတ်ဝိညာဉ်ကို ဆင့်ခေါ်ပြီး ဒီအစီအရင်ကို ဖျက်စီးမယ်၊ ဒီလူ့ကို သတ်မယ်…”

တတိယအဆင့်ကျင့်ကြံသူငါးယောက်သည် ဒူးထောက်ချကာ တစ်ချိန်တည်း ဦးညွှတ်လိုက်ကြ၏။ သူတို့က သူတို့၏လျှာကို ကိုက်ကာ အနှစ်သာရသွေးကို ထွေးထုတ်သည်။ အနှစ်သာရသွေးသည် ချက်ခြင်းပင် ဆံချည်မျှင် ဖုံးလွှမ်းထားသော ခေါင်းတလားကိုးခု၏ စုပ်ယူခြင်း ခံရသည်။

ကျန်သည့် ပြင်ပနယ်မြေမှ ကျင့်ကြံသူများကလည်း သူတို့၏အနှစ်သာရသွေးကို ထွေးထုတ်ကြ၏။ သူတို့၏သွေးများမှာ ခေါင်းတလားကိုးခု၏ စုပ်ယူခြင်း ခံရသည်။

ထိုသွေးကို စုပ်ယူပြီးသည့်နောက် ကျယ်လောင်စွာတုန်ဟည်းမြည်သံ ကြယ်အဖွဲ့အစည်းတခွင် ပဲ့တင်ထပ်၏။ ခေါင်းတလားကိုးခုသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သည်။

ရှေးဟောင်းနတ်ဘုရား၊ ရှေးဟောင်းနတ်ဆိုး၊ ရှေးဟောင်းမိစ္ဆာတို့၏ အော်ရာများ ပေါ်လာပြီး အတူတကွ စုစည်း၍ ရှေးလူ၏ စွမ်းအားအသွင် ဖြစ်ပေါ်သည်။

ထိုအော်ရာသည် ရှေးလူယဲ့မို ပိုင်ဆိုင်သည့် အော်ရာပင်။

ဝမ်လင်းသည် အစီအရင်အတွင်းကနေ ထိုခေါင်းတလားကိုးခုကို စိုက်ကြည့်နေလျက် သူ၏မျက်လုံးမှာ အလေးအနက် ဖြစ်လာသည်။ သူက ပြင်ပနယ်မြေ၌ ထိုမျှ သန့်စင်သောရှေးဟောင်းစွမ်းအား ပိုင်ဆိုင်ထားလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။

“ဒါဟာ ယဲ့မိုရဲ့ ဘယ်မျက်လုံး မဟုတ်ဘူး။ ဒါသာ ဘယ်မျက်လုံးဆိုရင် ဒီအော်ရာဟာ ပိုပြီး အားကောင်းမှာ။ ဒါပေမဲ့ ဘယ်မျက်လုံးမဟုတ်ရင် ဒါက ဘာလဲ…ဒါက ဘာဖြစ်မလဲ…”

***

All Chapters