ရှေးဟောင်းကလန်တိုက်ပွဲအမှတ်အသား
Vol. 125 Ch. 1724
ထိုခေါင်းတလား ပေါက်ကွဲသွားသည့်အခါ အစိတ်အပိုင်းများသည် အဘက်ဘက်သို့ ပြန့်ကြဲကာ အနီရောင်လက်မောင်းတစ်ဖက် ထွက်ပေါ်လာ၏။
ထိုလက်မောင်းသည် အနီရောင်အမျှင်များ ဖုံးနေ၏။ ၎င်းမှာ လူသားတစ်ယောက်၏ လက်နှင့်မတူဘဲ သားရဲတစ်ကောင်၏လက်နှင့် တူနေ၏။
ကြမ်းကြုတ်လှသော လက်ငါးချောင်း၊ ထက်ရှသည့် လက်သည်းများက အစွမ်းထက်အော်ရာကို ပေးစွမ်းနေ၏။ ထိုအော်ရာတွင် ရှေးကျသောအော်ရာ ပါဝင်သည်။ ဤသည်မှာ ဘယ်ဘက်လက် ဖြစ်သည်။
ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ နောက်ထပ်ခေါင်းတလားထံမှ အလားတူ အနီရောင်လက်တစ်ဖက် ထွက်ပေါ်လာသည်။ အနီရောင်အမျှင်များက ဝေ့ယမ်းလျက် ရှိပြီး ထိုလက်ပေါ်ရှိ သွေးကြောများသည် ဖောင်းကြွနေကာ တုန်လှုပ်ဖွယ်မြင်ကွင်းကို ဖန်တီးသည်။
သိပ်မကြာခင်တွင် ပေါက်ကွဲသွားသော ခေါင်းတလားများထံမှ ခြေထောက်နှစ်ဖက် ထွက်ပေါ်လာပြန်သည်။ ၎င်းခြေနှစ်ဖက်ထံမှ ရှေးကျသောအော်ရာကို ပေးစွမ်း၏။ ဤသည်မှာ တုန်လှုပ်ဖွယ်မြင်ကွင်းပင်။ ဝမ်လင်းသည် စောင့်ကြည့်နေလျက် သူ့မျက်လုံးထဲရှိ လေးနက်မှုက ပို၍ အားကောင်းလာသည်။
ကျယ်လောင်စွာ မြည်ဟည်းသံ ပေါက်ကွဲသွား၏။ ငါးခုမြောက်၊ ခြောက်ခုမြောက်၊ ခုနစ်ခုမြောက်၊ ရှစ်ခုမြောက် ခေါင်းတလားများ ပေါက်ကွဲထွက်ကာ ခြေလက်များကင်းမဲ့သော ခန္ဓာကိုယ်တစ်ခု ထွက်ပေါ်လာလေ၏။
တစ်ချိန်တည်းမှာ ခြေလက်များက ပျံသန်းလာပြီး ထိုဦးခေါင်းမဲ့နေသော ခန္ဓာကိုယ်နှင့် ချိတ်ဆက်သည်။
ထိုဆန်းပြားသည့် တည်ရှိမှက ပေတစ်သောင်းမျှ မြင့်မား၏။ ၎င်းထံ၌ ဦးခေါင်းမရှိသော်လည်း ၎င်းသည် ကြမ်းကြုတ်သောအော်ရာကို ပေးစွမ်း၏။ ၎င်း၏ခန္ဓာကိုယ်ပတ်လည်တွင် ယဲ့မို၏အော်ရာ ခြုံလွှမ်းထားသည်။
ကိုးခုမြောက်ခေါင်းတလားက ရုတ်တရက် ပြန့်ကြဲ၍ ဦးခေါင်းတစ်လုံး ရုတ်တရက် ပေါ်လာသည်။ သည်အခိုက်တွင် ခေါင်းတလားများထံမှ ပျံ့နှံ့လာသော အမျှင်တန်းများက စုဝေးကာ ဦးခေါင်း၏အထက်၌ ယပ်တောင်အသွင် ဖြစ်ပေါ်သည်။
ထိုဦးခေါင်းသည် သက်လတ်ပိုင်းအရွယ်ရှိကာ သူ့မျက်လုံးကို မှိတ်ထား၏။ သူ၏ပုံပန်းသွင်ပြင်မှာ သာမန်ပင်။ သို့သော် တချို့အကြောင်းပြချက်များကြောင့် သူ့ထံမှ ထည်ဝါမှု ပေးစွမ်းသည်။ သူ၏မျက်လုံးများကို ကြည့်ပါက သင်သည် တုန်လှုပ်မှုကို ခံစားရလိမ့်မည်။
ဝမ်လင်းကို မျက်မှောင်ကြုတ်သွားစေသည်မှာ ထိုလူ၏မျက်ခုံးနှစ်ခုကြား၌ ရှိနေသော ကြယ်နှစ်လုံးကြောင့်ပင်။
ထိုကြယ်နှစ်လုံးမှာ ရှေးဟောင်းနတ်ဘုရားကြယ်များ ဖြစ်၏။
ထိုသည်မှာ ကြယ်နှစ်လုံးသာ ဖြစ်သော်လည်း ဝမ်လင်း တွေ့မြင်ခဲ့ဖူးသော ရှေးဟောင်းနတ်ဘုရားကြယ်များနှင့် လုံးဝ ကွာခြားသည်။ ယင်းတို့ကို အနီးကပ်ကြည့်ပါက သွေးစက်နှစ်စက်နှင့် ပို၍ တူနေသည်။
ထိုအခိုက်အတန့်၌ ဦးခေါင်းသည် ရွှေ့လျားကာ ခန္ဓာကိုယ်နှင့် ချိတ်ဆက်သည်။ ယင်းတို့ ချိတ်ဆက်သည့်အခါ ပြီးပြည့်စုံသောခန္ဓာကိုယ်တစ်ခု ပေါ်လာသည်။
တစ်ချိန်တည်းမှာ ထိုလူက ရုတ်တရက် မျက်လုံးဖွင့်လာ၏။
သူ၏မျက်လုံးများ ဖွင့်လာသည့်အခါ ထူးဆန်းသောအလင်းတန်းနှစ်ခု တောက်ပ၏။ ကြယ်အဖွဲ့အစည်းမှာ ပျက်စီးသွားတော့မည့်နှယ် လှုပ်ခါ၏။ ထိုသူ၏ခန္ဓာကိုယ်ထံမှ ကြောက်မက်ဖွယ်အော်ရာ ပျံ့နှံ့လာသည်။
သူ့ဘယ်မျက်လုံးထဲ၌ ရှေးဟောင်းနတ်ဆိုးကြယ်သုံးလုံး တောက်ပသည်။ သူ၏ညာမျက်လုံးတွင် ရှေးဟောင်းမိစ္ဆာကြယ်သုံးလုံး လင်းလက်၏။
“သူက ဘယ်သူလဲ…” ဝမ်လင်းက ထိုသက်လတ်ပိုင်းလူကို စိုက်ကြည့်၏။ ထိုသူ၏ ပုံပန်းသွင်ပြင်နှင့် ပတ်သတ်၍ သူ့ထံ၌ သဲလွန်စတစ်ခုမျှ ရှိမနေပေ။ သူက ထိုသူမှာ ယဲ့မို၏ဘယ်မျက်လုံး မဟုတ်သည်ကို ယုံကြည်မှု ရှိသည်။ သူ့အော်ရာက သန်မာသော်လည်း ယဲ့မို၏ဘယ်မျက်လုံးကိုမူ မယှဉ်သာလေပေ။
သို့သော် ထိုသူ့ထံမှ ထွက်ပေါ်နေသော အော်ရာမှာ အလွန်တရာ သန့်စင်နေ၏။ ၎င်းမှာ အစစ်အမှန်ရှေးအော်ရာ ဖြစ်သည်။
ဝမ်လင်းကိုယ်တိုင်၌ ရှေးအော်ရာကို ပိုင်ဆိုင်ထားသော်လည်း ၎င်းမှာ အမွေအနှစ်မှ ရှိလာခြင်း ဖြစ်၏။ သူက ရှေးကလန်သုံးခု၏စွမ်းအားကို ပေါင်းစပ်သည့်အခါ သူ၏ ကိုယ်ပိုင်အော်ရာကို ဖန်တီးနိုင်သော်လည်း ၎င်းမှာ ယဲ့မို၏အော်ရာ မဟုတ်ပေ။
သို့ပေမည့် ထိုလူ ပေးစွမ်းနေသော အော်ရာကမူ ယဲ့မို၏အပိုင် ဖြစ်နေ၏။
ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ အုပ်စိုးသူက သူ၏နတ်ဘုရားအာရုံဖြင့် လေ့လာကြည့်နေ၏။ သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြစ်ပေါ်နေသည်။ ထိုခေါင်းတလားထဲ၌ ချိပ်ပိတ်ထားသောသူမှာ အုပ်စိုးသူကောင်စီ၏ ရတနာတစ်ခု ဖြစ်၏။ သူနှင့် ခုနစ်ရောင်စုံတာအိုသခင်တို့က ရှေးကလန်ဝင်များစွာကို သတ်ဖြတ်၍ ဒီအရာကို စုစည်းခဲ့ခြင်းပင်။
နောက်ဆုံးအခြေအနေသာ မဟုတ်ပါက သူသည် ၎င်းကို ထုတ်ယူဖို့ ဆန္ဒမရှိပေ။ သည်အရာမှာ သူ့အတွက် အနာဂတ်တွင် အတော်အသုံးဝင်ပေသည်။
သို့ပေမည့် ဝမ်လင်း၏ မြားနှစ်စင်း ပစ်လွှတ်လာဖို့အတွက် သူက ဒီရတနာကို ထုတ်ယူခဲ့ရသည်။ ၎င်းကို ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူများကို ပေး၍ ဝမ်လင်းကို သတ်ဖြတ်ရာတွင် အသုံးပြုရသည်။
“သူဟာ မပြီးပြည့်စုံပေမယ့် တစ်ခု လိုနေသေးပေမဲ့ ဝမ်လင်းနဲ့ သူဟာ ရှေးလူတွေရဲ့ စွမ်းအားကို အမွေအနှစ်ဆက်ခံထားတာ။ သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်တာဟာ ကောင်းကင်နဲ့မြေကြီးကိုပါ ပြောင်းလဲစေနိုင်လိမ့်မယ်။ ဒါက ဒီအစီအရင်အပေါ် အက်ကြောင်းအချို့ ရှိသွားနိုင်တယ်…” အုပ်စိုးသူ၏မျက်လုံးမှာ အရောင်တောက်လာသည်။
တစ်ချိန်တည်းမှာ သက်လတ်ပိုင်းလူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းကိုးခုသည် စုစည်းလျက် တဖြည်းဖြည်း သိပ်သည်းလာခဲ့ပြီး ဖြစ်သည်။ အလုံးစုံကောင်းကင်၏ အတွင်းနက်ပိုင်း၌ အဆုံးမရှိဟင်းလင်းပြင် တနေရာ ရှိနေသည်။ ထိုနေရာတွင် ဂြိုဟ်ဟူ၍ မရှိလေပေ။ သက်ရှိအရိပ်အယောင်ပင် ရှိမနေလေပေ။
သို့ပေမည့် ထိုနေရာတွင် ဖုန်မှုန့်များစွာ ရှိနေပြီး မျက်စိဖြင့် မမြင်ရနိုင်ပေ။ ထိုဖုန်မှုန့်များထဲမှ တစ်ခုထဲ၌ တခြားလောကတစ်ခု ရှိနေသည်။
ထိုလောကသည် ရေခဲလောက ဖြစ်ကာ လောကတစ်ခုလုံးသည် ဖုန်မှုန့်တစ်ခုထဲ တည်ရှိလို့နေသည်။ ၎င်းမှာအဆုံးမဲ့၍ သည်လောကတစ်ခုလုံးမှာ ရေခဲထဲ၌ ချိပ်ပိတ်ထားသည်။ တိမ်စိုင်များနှင့် မြေပြင်ထုသည်ပင် အေးစက်မှုကို ပေးစွမ်းနေသည်။
ဤနေရာမှာ အလုံးစုံကောင်းကင်၌ နေထိုင်ခဲ့သော ရှေးဟောင်းမိသားစု တန်လင်းဂြိုဟ်၏ တည်နေရာပင်။ ယင်းနေရာ၌ အမျိုးသမီးရှေးဟောင်းနတ်ဘုရားတစ်ပါးလည်း ရှိသည်။
အတွင်းနှင့်အပြင်နယ်မြေ တိုက်ပွဲက ကြယ်အဖွဲ့အစည်းလေးခုလုံးသို့ ပျံ့နှံ့ခဲ့သော်လည်း ၎င်းစစ်ပွဲက သည်နေရာအပေါ် သက်ရောက်မှု မရှိခဲ့ပေ။ ရှေးဟောင်းမိသားစုတစ်စုအနေဖြင့် သူတို့က သည်စစ်ပွဲများတလျှောက် အပျက်အစီးများကို ရှောင်နိုင်စွမ်း ရှိခဲ့သည်။ သူတို့က ပုန်းကွယ်နေနိုင်စွမ်း ရှိခဲ့ပေသည်။
ထိုအခိုက်အတန့်တွင် အေးခဲနေသောလောကထဲ၌ တောင်ထိပ်တစ်ခုပေါ်မှာ ပလ္လင်တစ်ခု ရှိနေသည်။ လေအေးများ တဝီဝီ တိုက်ခတ်နေကာ လှပသောအမျိုးသမီးတစ်ယောက်က ထိုပလ္လင်ပေါ်၌ ထိုင်နေသည်။
သူမ၏မျက်ခုံးနှစ်ခုကြားတွင် ရှေးဟောင်းနတ်ဘုရားကြယ်ခုနစ်လုံး ရှိနေ၏။ သူမ၏မှိတ်ထားသော မျက်လုံးတို့မှာ ရုတ်တရက် ပွင့်ဟလာကာ အကွာအဝေးတစ်ခုထံသို့ ကြည့်လိုက်သည်။
“ငါ ငါ့အဖေရဲ့ သွေးမျိုးဆက်အော်ရာကို ခံစားမိတယ်…” စဉ်းစားနေပြီးနောက် ထိုအမျိုးသမီးက ညာလက်ဖြင့် သူမ၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်သည်။ ကြယ်ခုနစ်လုံးသည် ရုတ်တရက် လှည့်ပတ်ကာ ဝေဝါးသွားသည်။ ထို့နောက် ထိုကြယ်ခုနစ်လုံးသည် တစ်လုံးတည်းအဖြစ် ပေါင်းစပ်ကာ သွေးအမှတ်အသားတစ်ခု ဖြစ်ပေါ်သည်။
ထိုသွေးအမှတ်အသားက သူမ၏မျက်ခုံးနှစ်ခုကြားတွင် နတ်ဆိုးဆန်သော အနီရောင်တောက်ပမှုကို ပေးစွမ်းသည်။
အစီအရင်ဘီး၏အပြင်ဘက်၌ အစိတ်အပိုင်းကိုးခုအဖြစ်ကနေ ပေါင်းစည်းသွားသည့် သက်လတ်ပိုင်းလူက ဝမ်လင်းထံ မာန်သွင်းဟစ်အော်လိုက်သည်။
ထိုသူ အော်ဟစ်လိုက်သည်နှင့် သူက ညာလက်ကို ပင့်မြှောက်ကာ ဝမ်လင်းထံ ညွှန်လိုက်၏။
ထိုသို့ ညွှန်လိုက်ရင်း သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေသည်။ ထိုချိပ်ပိတ်မှုက တိုက်ခိုက်ခြင်းစွမ်းအား မဟုတ်၊ သင်္ကေတလက်ဟန် ဖြစ်၏။ ထိုချိပ်ဟန်ကို ဖြစ်ပေါ်စေပြီးနောက် ထိုသူက သူ့ရင်ဘက်ပေါ်သို့ သူ့လက်ကို ဖိချလိုက်သည်။
သူ၏မျက်လုံးထဲ၌ တုန်လှုပ်ဖွယ်တိုက်ပွဲဆန္ဒ ပေါ်လာသည်။
“ရှေးကလန်တိုက်ပွဲအမှတ်အသား…” ဝမ်လင်းက ထိုအမှတ်အသားကို တွေ့မြင်သည့်အခါ သူ့မျက်လုံးထဲတွင်လည်း တိုက်ပွဲဆန္ဒ ပေါက်ကွဲထွက်လာ၏။
ဝမ်လင်း၏ ရှေးအမွေအနှစ်အတွင်း၌ သူက ထိုအမှတ်အသားကို တွေ့မြင်ခဲ့ဖူးသည်။ ထိုအမှတ်အသားက ရှေးကလန်သုံးခုကြား၌ တည်ရှိသည့်အရာ ဖြစ်၏။ ပို၍ တိတိကျကျဆိုရသော် ၎င်းမှာ ရှေးနိုင်ငံ၏ အနှိုင်းမဲ့အမှတ်အသား ဖြစ်ချေသည်။
ထိုအမှတ်အသားကို တိုက်ပွဲအမှတ်အသားဟု အမည်တပ်နိုင်၏။ ဤသည်မှာ ရှေးလူများ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ချိန်၌ ကမ်းလင့်သော အမှတ်အသားပင်။ ရှေးလူတစ်ယောက်က ထိုအမှတ်အသားကို ချခင်းပြပါက လက်ညွှန်ခံရသောသူက ၎င်းကို လက်ခံရလိမ့်မည်ပင်။
ဤသည်မှာ သေခြင်းရှင်ခြင်းတိုက်ပွဲ ဖြစ်၏။ တစ်ယောက်ယောက် သေဆုံးသွားပါက ရှေးကလန်၏ ဥပဒေအရ ရှုံးနိမ့်သူ ပိုင်ဆိုင်သမျှကို အနိုင်ရသူက ရရှိလိမ့်မည် ဖြစ်သည်။
ထိုအမှတ်အသားကို တွေ့မြင်ရပြီးနောက် သင်က ငြင်းဆန်ခဲ့ပါက သင်သည် ရှေးလူတစ်ယောက် ဖြစ်လာဖို့ ထိုက်တန်တော့မည် မဟုတ်လေပေ။ ဤသည်မှာ ကောင်းကင်ဘုံသားများနှင့် လုံးဝ ကွာခြားချက် ဖြစ်၏။ ထိုအမှတ်အသား ပေါ်လာသည်နှင့် သင်က တိုက်ခိုက်ရလိမ့်မည်။
တိုက်ခိုက်မည့်သူနှစ်ယောက်ကြား ကျင့်ကြံခြင်းအဆင့် ကွာခြားချက် ကြီးမားပါက သည်တိုက်ပွဲကို ရှောင်ဖယ်လျှင် အဆင်ပြေသေး၏။ သို့ပေမည့် ကျင့်ကြံမှုအဆင့် ကွာခြားမှု သိပ်မရှိပါက တိုက်ခိုက်ရန် ငြင်းဆန်သူကို အားနည်းသူအဖြစ် သတ်မှတ်မည် ဖြစ်၏။ ရှေးကလန်၌ အားနည်းသူသည် ရှင်သန်နိုင်လိမ့်မည် မဟုတ်ပါ။
ထိုတိုက်ပွဲအမှတ်အသားကို ချခင်းပြပြီးနောက် သက်လတ်ပိုင်းလူက ဝမ်လင်းကို စိုက်ကြည့်လျက် ဝမ်လင်း၏ဆုံးဖြတ်ချက်ကို စောင့်နေသည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားနေ၏။ ထို့နောက် သူ၏မျက်လုံးထဲ၌ တိုက်ပွဲဆန္ဒ ပေါက်ကွဲထွက်လာသည်။ သူက ညာလက်ကို ပင့်မြှောက်ကာ အစီအရင်အပြင်ဘက်ရှိ သက်လတ်ပိုင်းလူထံ လက်ညွှန်လိုက်သည်။ သူလည်း တိုက်ပွဲအမှတ်အသားကို ခင်းကျင်းပြကာ သူ၏ရင်ဘက်ကို ဖိချလိုက်သည်။
သူက ထိုအမှတ်အသားကို ပြုလုပ်သည်နှင့် သက်လတ်ပိုင်းလူက မာန်သွင်းဟစ်ကြွေး၏။ သူ၏ပေတစ်သောင်းခန္ဓာကိုယ်မှာ အစီအရင်ထံ ရွှေ့လျားလာသည်။
ဝမ်လင်း၏ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာပြီး သူက ရှေ့ဆက်လျှောက်သည်။ သူ၏ခန္ဓာကိုယ်မှာ ဖောင်းကြွလာကာ ဆယ်ပေ၊ ပေတစ်ရာ၊ ပေတစ်ထောင်ကနေ ပေတစ်သောင်းထိ ကြီးမားလာသည်။
ခြေတစ်လှမ်းဖြင့်ပင် ဝမ်လင်းက အစီအရင်ဘီးထံမှ ပထမဆုံးအကြိမ်အဖြစ် လှမ်းထွက်၍ ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ ရပ်သည်။ သက်လတ်ပိုင်းလူက မာန်သွင်းလိုက်စဉ် ဝမ်လင်းထံမှလည်း အလားတူ မာန်သွင်းဟစ်အော်သံ ထွက်ပေါ်လာသည်။
တိုက်ပွဲ။
“မင်းက တိုက်ခိုက်ချင်မှတော့…တိုက်ကြတာပေါ့…”
ဝမ်လင်းသည် မည်သည့်အခါမျှ အညံ့ခံမည့်လူမျိုး မဟုတ်ပေ။ သူက သူ့တဘဝလုံး မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းများကြား ရှင်သန်နေထိုင်ခဲ့သူ ဖြစ်သည်။ သူက သက်လတ်ပိုင်းလူ၏ စိန်ခေါ်မှုကို ငြင်းဆန်ဖို့ အကြောင်းပြချက် မရှိပေ။ သူသည် ထိုသက်လတ်ပိုင်းလူကို အနိုင်တိုက်ကာ အရာအားလုံးကို ရယူချင်နေ၏။
ထိုရှေးအော်ရာက ဝမ်လင်းကို အတော်လေး စွဲဆောင်နေ၏။ အကြောင်းမှာ ၎င်းအော်ရာက သူ့ကို ကြယ်ရှစ်လုံးရရှိစေဖို့ ကူညီပေးနိုင်သောကြောင့်ပင်။
ဝမ်လင်းက အစီအရင်ထံမှ လှမ်းလျှောက်လာသည့်အခါတွင် သက်လတ်ပိုင်းလူက နီးကပ်လာ၏။ သူက ညာလက်သီးဆုပ်ကာ ဝမ်လင်းထံ လက်သီးချက် ပစ်သွင်းလိုက်၏။
ရှေးကလန်ဝင်များက သူတို့၏ခန္ဓာကိုယ်များဖြင့် အဓိကထား တိုက်ခိုက်ကြ၏။ မန္တာန်များကို အထောက်အပံ့ ပေးရုံမျှသာ အသုံးပြုသည်။ သို့သော် အဆုံးသပ်၌ သူတို့က သူတို့ခန္ဓာကိုယ်၏ ကြောက်မက်ဖွယ်အားကိုသာ မှီခိုကြသည်။ သူတို့က ကျင့်ကြံမှုအဆင့်တစ်ခု ရောက်လာပြီးသည်နှင့် လောကသည် ပျက်စီးဆွေးမြေ့တာ ဖြစ်နိုင်သည်။ သို့သော် သူတို့၏ခန္ဓာကိုယ်များကမူ ထိုသို့ မဖြစ်လေပေ။
ထိုအခိုက်၌ လက်သီးချက်က ဝမ်လင်းနှင့် ပေတစ်ထောင်ပင် မလိုတော့ပေ။
ပေတစ်ထောင်အကွာအဝေးက ဝမ်လင်းနှင့် သတ်လတ်ပိုင်းလူတို့အဖို့ အလွန်နီးကပ်နေ၏။
ဝမ်လင်း၏မျက်လုံးထဲတွင် မွန်းစတားဆန်သော တိုက်ပွဲဆန္ဒ ပြည့်လာ၏။ သူ့ညာလက်ဖြင့် လက်သီးဆုပ်ကာ သူက တိုးဝင်လာသော တခြားတဖက်ထံ ပစ်သွင်းလိုက်သည်။
စကားများနေဖို့ မလိုပေ။ တိုက်ပွဲအမှတ်အသား ပေါ်လာသည်နှင့် သူတို့က တိုက်ခိုက်ဖို့သာ လို၏။
သူတို့၏လက်သီးချင်း နီးသထက် နီးလာကာ ထိပ်တိုက်တွေ့လေသည်။ သည်အခါ၌ တုန်လှုပ်ဖွွယ် မြည်ဟည်းသံ အတွင်းနှင့်အပြင်နယ်မြေ၌ မုန်တိုင်းထန်သည့်အလား ပျံ့နှံ့လေ၏။
သူတို့လက်သီးချင်း ထိပ်တိုက်တွေ့သည့်နေရာမှ လေပြင်းတစ်ခုပေါက်ကွဲထွက်ကာ အဘက်ဘက်သို့ ပြန့်ကြဲသည်။ ၎င်းက ဝမ်လင်း၏ဆံပင်ဖြူ၊ သက်လတ်ပိုင်းလူ၏ ဆံပင်နက်တို့ကို လွင့်ဝဲသွားစေသည်။
သူတို့၏ ဆံပင်ဖြူနှင့်ဆံပင်နက်တို့မှာ ကခုန်လို့နေ၏။ သူတို့၏ မျက်လုံးထဲရှိ တိုက်ပွဲဆန္ဒကမူ ထင်ထင်ရှားရှား ဖြစ်နေသည်။
အစီအရင်အတွင်းရှိ ရှီဇီဖန်က ဖြူရောသွား၏။ သို့သော် အသံတစ်သံမှ ထွက်ပေါ်မလာပေ။ သူမက ဝမ်လင်းကို အနှောက်အယှက် မဖြစ်စေလိုပေ။ ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် သူမက ခေါင်းငုံ့ကာ ဝမ်လင်းအတွက် အရက်ကိုသာ မီးအပူ တိုက်ပေးနေလေ၏။ သူမက ဝမ်လင်း မရှုံးဟု ယုံကြည်ထားသည်။
***