← Chapters

အခန်း (၁၁-၂၀)

Vol. 8 Ch. 11-20

အခန်း (၁၁-၂၀)

Vol. 8 Ch. 11-20

Volume 8 အခန်း ၁၁ ။ နေ့အချိန်တွင် ပြစ်မှုကျူးလွန်ခြင်း

ထိုနေ့လည်ခင်းတွင် ငယ်ရွယ်သည့် နယ်စားမင်း ဝင်ဒ်ဆာ၏ အရာရှိသည် New Moon ကုန်သည်များအသင်း၏ ဒေါ်လာမြို့ဌာနခွဲသို့ သွားရောက်ကာ နယ်စားမင်း၏တောင်းဆိုချက်များအား လူကိုယ်တိုင်သွားရောက်ပြောပြလိုက်သည်။

New Moon ကုန်သည်များအသင်းသည် ၎င်းအား အရေးကြီးသည့် ကိစ္စဟုယူဆကာ နယ်စားမင်း၏တောင်းဆိုချက်အတိုင်း မှော်စောင့်ကြည့်ရေးစနစ်ကို ချက်ခြင်းစတင်၍ ဒီဇိုင်းဆွဲတော့သည်။ ၎င်းတို့သည် နယ်စားမင်း၏တောင်းဆိုချက်ဖြစ်သည့်အတွက် New Moon ကုန်သည်များအသင်းအနေဖြင့် နယ်စားမင်းအား အထူးအခွင့်အရေးပေးချင်ကြောင်း ပြောသည်။ ၎င်းမှာ ပထမဆုံးစက်အား အခမဲ့ ပေးသုံးခွင့်ပြုမည်ဖြစ်ပြီး နယ်စားမင်းအား ပထမစက်ကို အလကားပေးလိုက်သည်သာဖြစ်သည်။

အရာရှိသည် အလွန်ပင်ကျေနပ်သွားပြီး နယ်စားမင်းကိုယ်စား ကျေးဇူးတင်ကြောင်းပြလိုက်သည်။ သူသည် လိမ္မာပါးနပ်စွာဖြင့် သူ၏မိန်းမသည် မှော်ရုပ်ပြမှ ရုပ်ရှင်ဒရမ်မာများကို ကြည့်ရသည်အား နှစ်သက်ကြောင်းပြောဆိုလိုက်လျှင် ချက်ခြင်းပင် ရုပ်ရှင်ဒရမ်မာများ အခမဲ့ပါဝင်သည့် မှော်ရုပ်ပြခွေတစ်ခုနှင့် နောက်ဆုံးပေါ်မှော်ရုပ်ပြတစ်ခုကိုပါ ရလိုက်လေသည်။ ထို့နောက်တွင် သူထွက်သွားသည်။

အရာရှိသည် တံခါးပေါက်မှထွက်သွားသည်နှင့် New Moon ကုန်သည်များအသင်း၊ ဒေါ်လာမြို့ဌာနခွဲ၏ မန်နေဂျာသည် နှစ်ထောင့်သုံးရာ ကီလိုမီတာအဝေးတွင်ရှိသော New Moon ကုန်သည်များအသင်း ဥက္ကဌဆီသို့ ဆက်သွယ်လိုက်လေသည်။

အနောက်တောင်နိုင်ငံများအားလုံးနှင့် အင်ပါယာ ၂ခု အပေါ်ဖုံးလွမ်းထားသော မှော်ဆက်သွယ်ရေးကွန်ရက်အားဖြင့် ၎င်းတို့သည် နှစ်ထောင့်သုံးရာကီလိုမီတာ အဝေးတွင်ရှိနေကြသော်လည်း ချက်ခြင်းဆက်သွယ်နိုင်ကြလေသည်။ သူတို့သည် မှော်ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ မှော်ရုပ်ပြများဖြင့် မျက်နှာချင်းဆိုင်၍ပင် အစည်းအဝေးလုပ်နိုင်သည်။

ဒေါ်လာမြို့ဌာနခွဲမန်နေဂျာသည် တောင်ပိုင်းဒေသအစိုးရရုံးမှ တောင်းဆိုချက်များကို ပြန်လည်တင်ပြရာ New Moon ကုန်သည်အသင်း၏ဥက္ကဌသည် စတင်၍လှုပ်ရှားတော့သည်။

နောက်တစ်နေ့တွင် မှော်စောင့်ကြည့်ရေးစနစ်၏ လိုအပ်ချက်နှင့် တောင်းဆိုချက်များအား Frestech ကုန်သည်များအသင်းထံ ပို့လိုက်ရာ Frestech ကုန်သည်များအသင်း သုတေသနဌာန၏ မှော်ရုပ်ပြတီထွင်သည့် အဖွဲ့ခွဲမှ စတင်၍ သုတေသနများ ပြုလုပ်ကြသည်။

တစ်ချိန်တည်းမှာပင် New moon ကုန်သည်များအသင်း၏ ဒေါ်လာမြို့ဌာနခွဲတွင်လည်း ဝန်ထမ်းများသည် အစိုးရရုံးမှ ပြောထားသည့်တပ်ဆင်မည့်နေရာများကို ကွင်းဆင်းလေ့လာကာ စစ်ဆေးကြလေသည်။

နှစ်ရက်ကြာသောအခါ အသေးစိတ်အချက်အလက်များသည် New Moon ကုန်သည်များအသင်း၏ ဥက္ကဌနှင့် Frestech ကုန်သည်များအသင်း၏ သုတေသနဌာနသို့ ရောက်ရှိသွားသည်။

လေးရက်အကြာတွင်မူ Frestech ကုန်သည်များအသင်း သုတေသနဌာန၏ မှော်ရုပ်ပြတီထွင်သည့် အဖွဲ့ခွဲသည် ၎င်းတို့၏လေ့လာဆန်းစစ်မှုများ အားလုံး ပြီးစီးသွားသည်။

တစ်ပတ်အကြာတွင်မူ မှော်စောင့်ကြည့်ရေးစနစ် ပထမစက်အား Frestech ကုန်သည်များအသင်းက တီထွင်လိုက်လေပြီဖြစ်သည်။

New Moon ကုန်သည်များအသင်း၏ တောင်းဆိုချက်အရ စက်ပစ္စည်းများအား သာမာန် ပစ္စည်းများကဲ့သို့ ကုန်းကြောင်းမှမပို့ပဲ Frestech ကုန်သည်များအသင်း၏ လေသင်္ဘောများမှတဆင့် လေကြောင်းမှ တဆင့် ပို့ဆောင်လိုက်သည်။ ထိုပို့ဆောင်ရေးသည် ဒေါ်လာမြို့ပြင်ရှိ လေသင်္ဘောဆင်းသက်သည့် စခန်းသို့ ညနက်ချိန်တွင် ရောက်လာလေသည်။

နေ့လည်ခင်းတွင်မူ New Moon ကုန်သည်များအသင်း ဥက္ကဌ ၏ အင်ဂျင်နီယာများထံသို့ အမြန်ပို့ဆောင်လိုက်သည်။

ထိုညပြီးနောက် နယ်စားမင်း၏တောင်းဆိုမှုအပြီး ၈ရက်မြောက်နေ့၏ မနက်ခင်းတွင် New Moon ကုန်သည်များအသင်း၏ ဝန်ထမ်းများသည် ဒေါ်လာမြို့တွင်စတင်၍တပ်ဆင်လေတော့သည်။ ထိုညနေခင်း၌မူ နယ်စားမင်းထံသို့ ထိန်းချုပ်ရေးအခန်းတွင် နောက်ဆုံးအကြိမ်စမ်းသပ်မှုကို လာကြည့်ရန် သတင်းရောက်လာသည်။

“ နယ်စားမင်း ကြည့်ပါဦး၊ ဒါက ဒေါ်လာမြို့ အနောက်ဖက်ဂိတ် အခုချိန် အခုအခြေအနေ ကိုပြတဲ့ရုပ်ပြပါ”

New Moon ကုန်သည်များအသင်း၏ တာဝန်ရှိသော အင်ဂျင်နီယာများသည် ရုပ်ပြကို နယ်စားမင်းအား ရှင်းပြနေကြသည်။

“ဒီရုပ်ပြနဲ့ဆိုရင် ကျွန်တော်တို့ ဒီနေရာမှာဖြစ်ပျက်နေတဲ့ အရာတွေအားလုံးကို မြင်နိုင်မှာဖြစ်ပါတယ်… တစ်ခုခုကို မမြင်လိုက်မိရင်တောင်…..”

သူသည် ရုပ်ပြ၏ဘေးဖက်မှ အမဲရောင်သေတ္တာကိုပြကာ

“ဒီနေ့ အတွက် ရိုက်ထားတာတွေကို အဲ့နေရာမှာ သိမ်းထားလို့ရပါတယ်။ အကယ်၍ တစ်ခုခုကိုလွတ်သွားခဲ့တယ်ဆိုရင် ဒီသိမ်းထားတဲ့မှတ်တမ်းကို ဘယ်မှော်ရုပ်ပြမှာမဆို တနေ့စာအတွင်း ဖြစ်ပျက်သွားတာတွေကို ပြန်ကြည့်လို့ရပါတယ်”

“ဒါအံ့ဩစရာမကောင်းဘူးလား”

ငယ်ရွယ်သည့်နယ်စားမင်းမှ အမဲရောင်သေတ္တာကိုကြည့်ကာ မေးစေ့ကိုပွတ်လျှက် စဉ်းစားကာ “ဒါကအရမ်းကောင်းတဲ့ လုပ်ငန်းတစ်ခုပဲ။ ဒီဟာကိုစောင့်ကြည့်ဖို့ ငါ့ရဲ့ လူတွေလွတ်လိုက်ရင်တောင် အချိန်ပြည့်မကြည့်နိုင်ရင် လွတ်သွားတာမျိုးရှိနိုင်သေးတယ်။ ဒီလို မှတ်တမ်းယူထားနိုင်တဲ့ဟာမျိုးရှိတော့ သက်သာတာပေါ့။ ဒါမဲ့ ငါ့မှာမေးခွန်းတစ်ခုရှိသေးတယ်။”

“မေးပါခင်ဗျ နယ်စားမင်း..”

“ဒီပစ္စည်းက တစ်နေ့စာအတွင်းပဲသုံးလို့ရတာလား။ အဲ့တာ အချိန်အရမ်းမနည်းဘူးလား? အကယ်၍ ငါက နှစ်ရက်အကြာက ဒါမှမဟုတ် တစ်ပါတ်အကြာက ဟာကို ပြန်စစ်ဆေးချင်တယ်ဆိုရင်ကော ဘယ်လိုလုပ်မလဲ။ အဲ့လိုဆို အသုံးမဝင်တော့ဘူးမလား?” ငယ်ရွယ်သည့်နယ်စားမင်းမှမေးသည်။

“ဒါက….” New Moon ကုန်သည်များအသင်း၏အင်ဂျင်နီယာမှ အနေခက်သောအကြည့်ဖြင့်

“ဒါက အခုလက်ရှိ နည်းပညာကန့်သတ်ချက်ကြောင့်ပါ ကျွန်တော်တို့မှာ အခုထိတော့ နာရီ ၃၀ ထက်ပိုတဲ့ အချက်အလက်တွေကို ထိန်းသိမ်းထားနိုင်တဲ့ နည်းလမ်းမရှိသေးပါဘူး။ ပြီးတော့ သတိပြုရမှာက ကျွန်တော်တို့ တစ်နေ့အတွင်း တပ်ဆင်ထားတာဖြစ်လို့ ၂၄ နာရီပဲရှိပါသေးတယ်”

“ဆိုလိုတာက အဲ့ထက်အချိန်ကြာအောင် လုပ်လို့မရဘူးပေါ့”

“အဲ့လို မဟုတ်ပါဘူးခင်ဗျ” ဘေးမှလူက ရုတ်တရက် ဝင်ပြောသည်။

ထိုသူသည် Frestech ကုန်သည်များအသင်း၏ နည်းပညာဆိုင်ရာအင်ဂျင်နီယာ ဖြစ်သည်။ ယခုတွင် မေးခွန်းမှာ နည်းပညာနှင့်ဆိုင်သည့်အတွက် သဘာဝကျစွာပင် သူဖြေရမည့်အလှည့်ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ မှော်ရုပ်ပြရဲ့မှတ်တမ်းတင်တဲ့ ပုံမှန်စံနှုန်းကို အခြားထိန်းသိမ်းနိုင်တဲ့ သေတ္တာထဲပြောင်းထည့်ပြီး ထိမ်းသိမ်းနိုင်တဲ့နေရာပိုချဲ့လိုက်တဲ့သဘောနဲ့ မှတ်တမ်းတင်တဲ့အချိန် ကြာအောင်လုပ်လိုရပါတယ်။”

“ဒါဆို ၁၀ရက်အထိတိုးနိုင်လား….. မဟုတ်ဘူး ၁၀ရက်ဆိုများနေမယ်။ ၁ပါတ်ဆိုရင်ကော? နယ်စားမင်းကမေးသည်။

“နည်းပညာအရ အခက်အခဲမရှိပါဘူး..” Frestechကုန်သည်များအသင်း၏ အင်ဂျင်နီယာကခေါင်းငြိမ့်လျက်ဖြေသည်။

“ဒါပေမဲ့ နယ်စားမင်းခင်ဗျ၊ ဒါက စံနှုန်းသတ်မှတ်ချက်ကို နည်းပညာအရ နှစ်ဆ ပြောင်းလဲရမှာဖြစ်တဲ့အတွက် ကုန်ကျမဲ့ငွေကြေးကတော့ တိုးလာပါလိမ့်မယ်။ ဒါကြောင့်…….”

ငယ်ရွယ်သည့်နယ်စားမင်းသည် သူ၏အရာရှိဖက်လှည့်ကာ

“ဒီပစ္စည်းတွေအားလုံးအတွက်ဘယ်လောက်ကုန်ကျထားလဲ”

“New Moon ကုန်သည်များအသင်းရဲ့ လက်ရှိ ဈေးနှုန်းက စက်တစ်ခုကို ရွှေဒဂါး ၂၄၀၀ ပါ။”

ငယ်ရွယ်သည့် နယ်စားမင်းသည် မျက်မှောင်ကုပ်လိုက်ပြီး “ဈေးကများသားပဲ။ အကယ်၍မှတ်တမ်းတင်တဲ့အချိန်ကို တစ်ပတ်အထိတိုးလိုက်ရင်ကော ဘယ်လောက်ကျမလဲ?”

အားလုံးသည် Frestechကုန်သည်များအသင်း၏အင်ဂျင်နီယာအား ကြည့်လိုက်သည်။

Frestechကုန်သည်များအသင်း၏အင်ဂျင်နီယာသည်လည်း New Moon ကုန်သည်များအသင်း၏ အင်ဂျင်နီယာအား ကြည့်လိုက်သည် ထို့နောက် ၎င်းတို့စဉ်းစားပြီးနောက် “ကျွန်တော်တို့ ဒါကို မစမ်းကြည့်ရသေးတာမို့ အတိကျပြောလို့မရသေးဘူး။ ဒါမဲ့ ကုန်ကျစရိတ်ရဲ့ ၄၀ ရာခိုင်နှုန်းထိ ထပ်တိုးသွားနိုင်ပါတယ်ခင်ဗျ”

“ဒါဆို အနည်းဆုံး စက်တစ်ခုကို ရွှေဒဂါး၃၀၀၀ကျော်ထိဖြစ်သွားနိုင်တယ်ပေါ့” နယ်စားမင်းသည် သက်ပြင်းချလိုက်ပြီး

“ဒီဟာကို တစ်မြို့လုံးမှာတပ်ချင်တယ်ဆိုရင် စက်ဘယ်နှစ်လုံးလောက် လိုမလဲ”

“ကျွန်တော်တို့ တိကျတဲ့ ခန့်မှန်းချက်တော့ မပေးနိုင်သေးပေမဲ့ ဒေါ်လာမြို့ရဲ့ အကျယ်အဝန်းအရ စက် ၁၀၀ သို့ ၁၅၀ လောက်တော့ တပ်ရမှာပါဗျ”

“ဆိုလိုတာက ရွှေဒဂါး ၃သန်း သို့ ၄သန်းလောက် ကုန်မှာပေါ့ “ နယ်စားမင်းသည် နာကျင်နေသော မျက်နှာထားနှင့် သူ့ဘေးမှ ဒေါ်လာမြို့၏မြို့စားမင်း အက်ပလာ အားကြည့်လိုက်လေသည်။

မြို့စား အက်ပလာသည် နှလုံးခုန်မြန်နေသော်လည်း တည်ကြည်သောမျက်နှာထားနှင့်

“နယ်စားမင်း… ဒေါ်လာမြို့ရဲ့ လုံခြုံရေးနဲ့ သာယာရေးအတွက် ကြည့်လိုက်ရင် ဒီဈေးနှုန်းကတန်ပါတယ်။”

“ဟုတ်ရဲ့လား…”

ငယ်ရွယ်သည့်နယ်စားမင်းသည် သူ၏မျက်လုံးများကိုမှေးကာ မေးလိုက်သည်။

မြို့စားသည် ချက်ခြင်းမဖြေပဲ ဒေါ်လာမြို့၏အနောက်ဖက် ဂိတ်တွင်တပ်ထားသော မှော်စောင့်ကြည့်ရေးစနစ်အား ကြည့်ကာ အနည်းငယ်တွန့်ဆုတ်နေလေသည်။

ဤအရာအား ဒေါ်လာမြို့တွင်တပ်ဆင်လိုက်လျှင် အကူညီကောင်းကောင်းဖြစ်မည်ကိုသူသိပါသည်။

သို့သော် သူအား ဒေါ်လာမြို့၏ အသုံးစရိတ်ထဲမှ ရွှေဒဂါး သန်းပေါင်းများစွာထုတ်ခိုင်းခြင်းသည် အမှန်ပင်နာကျင်စေသည်။

အနည်းငယ်တွန့်ဆုတ်နေပြီးနောက်တွင် New Moon ကုန်သည်များအသင်း၏တာဝန်ရှိသူ အားကြည့်ကာ “ဒါ... ဈေးနှုန်းကို တစ်ချက်ပြန်ညှိပေးလို့ရမလား..”

“ကြည့်လိုက်ဦး…”

မြို့စားမင်း၏အရာရှိမှ အော်လိုက်သည်။

မြို့စားမင်း အက်ပလာသည် သူ၏စကားကိုဖြတ်သော အရာရှိကိုစိုက်ကြည့်လိုက်ကာ သူအားဆူလိုက်ချင်သော်လည်း လူတိုင်း၏မျက်လုံးသည် မှော်ရုပ်ပြပေါ်သာရောက်နေသည်။ ထို့ကြောင့် သူသည်လည်းကြည့်လိုက်သည်။

ကြည့်လိုက်လျှင်ပင် သူ၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး အံ့ဩသွားတော့သည်။

မှော်ရုပ်ပြသည် စောင့်ကြည့်ရေးစနစ်တပ်ဆင်ထားသော အနောက်ဖက်ဂိတ်တွင် အရပ်ပုပုနှင့်လူငယ်တစ်ယောက်သည် အခြားသောသူတစ်ယောက်၏ခါးကို ဓားဖြင့်ထိုးပြီးဆွဲထုတ်လိုက်သည့်မြင်ကွင်းအား ရှင်းလင်းစွာပြနေသည်ကို တွေ့လိုက်ရသည်။

ထိုအရာသည် ပြင်းထန်သော အမှုတစ်ခုဖြစ်သည်။

မြို့စားမင်း အက်ပလာသည် ငြိမ်နေစဉ်ပင် ငယ်ရွယ်သည့် နယ်စားမင်း ဝင်ဒ်ဆာက ချက်ခြင်းတုံ့ပြန်ကာ မြို့စားအက်ပလာအား ဒေါသဖြင့်ကြည့်လျှက်

“ဘာကြည့်နေသေးတာလဲ? ဒီကောင်ကိုသွားမဖမ်းသေးဘူးလား?”

မြို့စားမင်းသည်ထိုအချိန်မှ တုန်လှုပ်ကာ သူ၏နောက်မှ အစောင့်၂ယောက်အား အမိန့်ပေးတော့သည်။

“အဲ့ကောင်ကို အမြန်သွားဖမ်း မဖမ်းနိုင်ရင် ပြန်မလာနဲ့”

အစောင့်နှစ်ယောက်သည် ပြေးထွက်သွားသည်။

လူတိုင်း၏မျက်လုံးများသည် မှော်ရုပ်ပြဆီသို့သာရောက်နေပြီး အခြားသူအားထိခိုက်စေသည့် လူငယ်၏မျက်နှာအား ကြည့်နေကြသည်။ ထိုလူငယ်သည်ထိတ်လန့်နေသောအမူအရာမရှိသောကြောင့် ပထမဆုံးအကြိမ် ပြစ်မှုကျူးလွန်ခြင်းမဖြစ်နိုင်ပေ။

၎င်းသည် ဓား၌ပေနေသောသွေးများကို ထိုးခံထားရသည့်သူ၏အဝတ်တွင်သုတ်ကာ သန့်ရှင်းပြီးနောက် အေးဆေးစွာ လျှောက်သွားလေသည်။

သို့သော် သူမသွားနိုင်ခင်ပင် အစောင့်နှစ်ဦးသည် အခြားသောအစောင့်များကိုခေါ်ကာ သူ့အားဖမ်းရန် ဝိုင်းလိုက်တော့သည်။

ထိုလူငယ်သည် ပြန်၍မခုခံနိုင်တော့ပဲ မြန်ဆန်စွာ အဖမ်းခံလိုက်ရတော့သည်။

ထိုလူငယ်အဖမ်းခံလိုက်ရသည်ကိုမြင်လျှင် မြို့စားအက်ပလာသည် သက်ပြင်းချလိုက်ပြီး “ဒီသွေးအေးတဲ့ကောင်ကတော့ နေ့ခင်းကြောင်တောင်ကြီးမှာတောင် လမ်းပေါ်မှာ လူသတ်ရဲတယ် ငါသူ့ကိုဘယ်လိုလုပ်မယ်ဆိုတာကြည့်ထားလိုက်”

အစိုးရရုံးမှနယ်စားမင်းသာမက Frestechကုန်သည်များအသင်းနှင့် New Moon ကုန်သည်များအသင်း၏လူများရှေ့၌ပင် သူ၏ဒေါ်လာမြို့၌ ပြင်းထန်သည့် မှုခင်းတစ်ခုဖြစ်ပွားသွားခဲ့သည်။၎င်းသည် မြို့စားအနေဖြင့် အရှက်ရစရာကိစ္စဖြစ်သည်။

ထိုလူငယ်၏အနာဂတ်မှာ မည်ကဲ့သို့ဖြစ်မည်ကို တွေးကြည့်နိုင်ပါသည်။

“မြို့စားမင်း အခုနက ကျွန်တော့ကို ဘာပြောလိုက်တာလဲ?” New Moon ကုန်သည်များအသင်းမှ တာဝန်ရှိသူက အပြုံးဖြင့်မေးသည်။

မြို့စားမင်းအက်ပလာသည် ငယ်ရွယ်သောနယ်စားမင်းဝင်ဒ်ဆာကို ကြည့်ကာ တဖန် တည်ကြည်သောမျက်နှာထားကို ပြလိုက်သည်။

“ဘာမှမဟုတ်တော့ပါဘူး….. မှော်စောင့်ကြည့်ရေးစနစ်တွေ ဒေါ်လာမြို့မှာ တပ်ဆင်ဖို့ အချိန်ဘယ်လောက်ကြာမလဲဆိုတာကိုပဲ မေးချင်တာပါ။”

***

Volume 8 အခန်း ၁၂ ။ လျှောက်လွှာတင်ခြင်း

သုံးရက်ကြာပြီးနောက်တွင် ဒေါ်လာမြို့၏ မြို့စားမင်းအိမ်တော်မှ New Moon ကုန်သည်များ အသင်း၏ မှော်စောင့်ကြည့်ရေးစနစ်များအား အခုရေ ရာကျော် မှာယူထားကြောင်း သတင်းသည် ကန်ဒရာအင်ပါယာ၏ သတင်းစာများ၌ ပါဝင်ကာ ပြန့်နှံသွားသည်။

ပြည်သူများသည် ထိုသတင်းအပိုင်းအစကိုမြင်လျှင် ရှုပ်ထွေးသွားကြလေသည်။

မှော်စောင့်ကြည့်ရေးစနစ် ဆိုသည်မှာ အဘယ်နည်း။

၎င်းမှာ တောင်ပိုင်းဒေသ၏အစိုးရရုံးနှင့် ဒေါ်လာမြို့၏ မြို့အုပ်ရုံးတို့၏ ပြန်ပေးဆွဲမှုအတွက် တုံပြန်ခြင်းဖြစ်သည်ဟုဆိုခြင်းမှာ အဘယ်ကြောင့်နည်း။

သတင်းစာများတွင် မှော်စောင့်ကြည့်ရေးစနစ် အကြောင်းရှင်းပြထားသည်များအား တွေ့မှသာလျှင် သဘောပေါက်စပြုလာကြလေသည်။

ထိုအရာဖြင့်ဆိုလျှင် ဒေါ်လာမြို့တစ်မြို့လုံးသည် စောင့်ကြည့်မှုအောက်တွင်ရှိနေမည်ဖြစ်ပြီး လူဆိုးများသည် ပုန်းခိုရန်မဖြစ်နိုင်တော့ချေ။ သဘာဝကျစွာပင် ပြန်ပေးဆွဲခြင်းကဲ့သို့ ဆင်တူသည့် အမှုလည်း မဖြစ်နိုင်တော့ချေ။

ထိုသို့ ဖြစ်လာပြီဆိုပါကလည်း စောင့်ကြည့်ရေးစနစ်မှ စုံစမ်းစစ်ဆေးနိုင်သည်။

မည်သို့ပင် ကြည့်စေကာမူ မှော်စောင့်ကြည့်ရေးစနစ်သည် မှုခင်းများအတွက် အကျိုးရှိသည်။

သို့သော် လူတိုင်း ထောက်ခံခြင်းမရှိသည်မှာသေချာပါသည်။

ထိုသတင်းများထွက်လာစဉ်တွင် သတင်းစာများမှလည်း အမြင်အမျိုးမျိုး ရှိကြလေသည်။ ၎င်းတို့သည် ထို စောင့်ကြည့်ရေးစနစ်သည် လူတို့၏ ကိုယ်ပိုင်ဘဝများအားသက်ရောက်မှုရှိလိမ့်မည်ဖြစ်ပြီး ယဉ်ကျေးသောလုပ်ရပ် မဟုတ်ဟုလည်း သတ်မှတ်ကြသည်။

သို့သော်လည်း အခြားသူများကချက်ခြင်း ငြင်းချက်ထုတ်ကြသည်။

အကယ်၍ မကောင်းတာမလုပ်ဘူးဆိုလျှင် စောင့်ကြည့်ရေးစနစ်ကို အဘယ်ကြောင့် ကြောက်ရမည်နည်း?

ပြီးနောက်တွင် ဒေါ်လာမြို့စားမှ ထိုစနစ်အား အများသုံးဧရိယာများတွင်သာ တပ်ဆင်သွားမည် ဖြစ်ကြောင်း ရှင်းလင်းစွာပြောဆိုခဲ့ပြီးဖြစ်သည်။ နေထိုင်သူများ၏ကိုယ်ပိုင်နေရာများတွင်တပ်ဆင်မည်မဟုတ်ပေ။ ထို့ကြောင့်ကိုယ်ပိုင်လွတ်လပ်ခွင့် ဆုံးရှုံးမည်ကို ကြောက်စရာမလိုပေ။

အကယ်၍ လူအခွင့်အရေးများ ဝင်ရောက်စွက်ဖက်ခြင်းခံရမည်ကိုစိုးရိမ်နေသေးလျှင် ၎င်းသည် အပြစ်လုပ်ထားခြင်းရှိမရှိ အရင်ကြည့်သင့်ပေသည်။

ကန်ဒရာအင်ပါယာတွင် သတင်းစာများ၌ နှစ်ဖက်စလုံးမှ ငြင်းခုံမှုများသည် ပြင်းထန်လာသော ထိပ်တန်းခေါင်းစီးတစ်ခုဖြစ်လာခဲ့လေသည်။

ထိုပြင်းထန်သော ငြင်းခုံမှုများကြောင့် မှော်စောင့်ကြည့်ရေးစနစ်သတင်း သည် ကန်ဒရာအင်ပါယာနှင့် ကန်ဒရာအင်ပါယာအပြင် တခြားသောနိုင်ငံများတွင် အမြန်ပင် ပျံနှံသွားလေသည်။

ဒေါ်လာမြို့၏ မြို့စားမင်းအိမ်တော်မှ New Moon ကုန်သည်များ အသင်း၏ မှော်စောင့်ကြည့်ရေး စနစ်များအား ရာကျော် မှာယူထားပြီး မကြာမှီပင် ကန်ဒရာအင်ပါယာ၏ အခြားသော မြို့ ၁၀ မြို့မှလည်း မှော်စောင့်ကြည့်ရေးစနစ်များမှာယူကြလေသည်။

မှာယူမှုများသည် အခုရေ ထောင်ကျော်သွားကာ တန်ဖိုးအနေဖြင့် ရွှေဒဂါး ၂ သန်းကျော် ရှိပေသည်။

မှော်ဖျော်ဖြေရေးအစီစဉ်များအား တည်ထောင်ကာ နိုင်ငံအများအပြား၌ တိုးတက်ပြောင်းလဲမှုများ ဖော်ဆောင်နေသော New Moon ကုန်သည်များအသင်းအတွက်ပင် ထိုပမာဏသည် အလွန်များပြားနေသေးသည်။

ထို့ကြောင့် ထိုမှာယူမှုများကို လက်ခံပြီးနောက် New Moon ကုန်သည်များအသင်းတစ်ခုလုံးသည် အလုပ်ရှုပ်နေကြတော့သည်။ ၎င်းတို့သည် ထိုစီးပွားရေးအတွက် မှော်စောင့်ကြည့်ရေးစနစ်အတွက် အဖွဲ့ခွဲတစ်ခုကိုပင်တည်ထောင်ခဲ့လေသည်။

Frestech ကုန်သည်များအသင်းအတွက်မူ ထိုမှာယူမှုသည် ၎င်းတို့အတွက် သက်ရောက်မှုသိပ်မရှိပေ။

Frestech ကုန်သည်များအသင်းသည် မှော်စောင့်ကြည့်ရေးစနစ်အား တိုးတက်မှုရှိစေရန် သုတေသနအသင်းမှ သုတေသနပြုလုပ်ပြီး အချက်လက်များ ပေးပို့ရန်သာဖြစ်သည်။ အခြားမှာ မှော်စောင့်ကြည့်ရေးစနစ်အတွက် လိုအပ်သော မှော်စက်အမျိုးအစားများအား ထုတ်လုပ်ရန်ပင်ဖြစ်သည်။

Frestech ကုန်သည်များအသင်းတွက်မူ ၎င်းတို့သည် နဂိုကကြီးမားသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ထိုစီးပွားရေးသည် ၄င်းတို့အား မည်သို့မှပင်သက်ရောက်ခြင်းမရှိပဲ ထိုစီးပွားရေးအား စီမံရန်အတွက် အင်အားလည်းသိပ်သုံးစရာမလိုပေ။

……………

၎င်းနှင့်ယှဉ်လျှင် Frestechကုန်သည်များအသင်းသည် လူသစ်ခန့်အပ်ရေးအစီစဉ်အား ပိုမို၍ ဂရုစိုက်လေသည်။

ဇူလိုင် ၇ ရက်နေ့သည် Frestechကုန်သည်များအသင်း ၏ လူသစ်ခန့်အပ်ရေးအစီစဉ်စမည့်နေ့၏ ရှေ့တစ်ရက်ဖြစ်သည်။

လူစီယန်သည် ခရီးဝေးများပြေးဆွဲသည့် မှော်ကားပေါ်မှ ဆင်းလာကာ အပေါ်သို့မော့၍ ကြည့်လိုက်သည်။ သူ၏ရှေ့၌ရှိသောမြို့သည်သူတွေ့ဖူးသည့်အခြားမြို့များနှင့် မတူကွဲပြားလေသည်။

သူ၏ပတ်လည်တွင် ကြီးမား၍မြင့်မားသော အဆောက်အအုံများဝန်းရံနေကာ ကျယ်ပြန့်သောလမ်းများသည်လည်း တစ်ခုနှင့်တစ်ခု ဆက်သွယ်နေသည်။ လမ်းမီးများနှင့် အချက်ပြမီးများသည်လည်း သူ၏ဘေးပတ်လည်တွင်ရှိပြီး မှော်ကားအမျိုးအစားမျိုးစုံသည်လည်း လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေကြသည်။ မတူညီသောလူမျိုးပေါင်းစုံသည်လည်း မတူညီသော ဝတ်စုံများကိုဝတ်ကာ လမ်းပေါ်တွင် သွားလာနေကြသည်။

ကန်ဒရာအင်ပါယာရှိ ကြီးမားသောမြို့ကြီးများတွင် မြင်ဖူးခဲ့သည်များရှိသော်လည်း သူ၏ရှေ့တွင်ရှိသည့်မြို့နှင့်များစွာ ကွာခြားသည်။

လူစီယန်သည် အနည်းငယ် ငေးကြည့်နေမိပြီး နောက်မှ သတိပြန်ကပ်လိုက်ရသည်၊ သူသည် သက်ပြင်းချလိုက်လေသည်။

များစွာသောသူများသည် Frestech မြို့၌ပင် ဆွဲဆောင်မှုရှိသည်ဟု ပြောကြသည်က မဆန်းပေ။

၎င်းသည် လုံးဝမမှားပေ။

အကြည့်တစ်ချက်နှင့်ပင် လူစီယန်သည် ကမ္ဘာသစ်တစ်ခုရောက်သွားသလိုပင် ခံစားလိုက်ရသည်။ လေထုသည်ပင်ကွာခြားသည်။

Frestech မြို့ အား ရှင်းပြချက်များနှင့် မှော်ရုပ်ပြများတွင် မြင်ဖူးသော်လည်း လူကိုယ်တိုင်တွေ့မှသာလျှင် ဤမြို့သည် မည်မျှကွာခြားကြောင်း မည်မျှဆန်းသစ်ကြောင်း နားလည်နိုင်တော့သည်။

အဆောက်ဦးများ၏ဘေးနံရံတွင် ကြီးမားသည့် မှော်ရုပ်ပြများရှိသည်ကိုတွေ့ရလျှင် လူစီယန်သည် အနည်းငယ်မူးသွားသည်။

ကြီးမားသော ရုပ်ပြကြီးသည် ဒေါ်လာမြို့၌ရှိသည်ထက် အဆများစွာကြီးမားလေသည်။ လူစီယန်သည် ကြည့်ကာ အံ့ဩရုံသာတတ်နိုင်သည်။

လူစီယန်၏တွေးနေရုံပင် ကြီးမားသောမှော်ရုပ်ပြသည် သူရင်းနှီးနေသည့် ပုံရိပ်တစ်ခုအား ပြသလာသည်။

လီနိုရာ…

လီနိုရာ သည် အဆောက်အဦး၏မှော်ရုပ်ပြ၌ ပေါ်လာသည် သူမသည် နှိုင်း၍ပင်မရအောင် လှပလေသည်။ သူမ၏အပြုံး၌ အပြစ်ကင်းစင်၍ မြင့်မြတ်သော အရောင်အဝါရှိ၍ သူမ၏အမူအရာများသည် တစ်ပါးသူ အားကျရှုံးစေသည်။

လူစီယန်သည် သူမအားငေးကြည့်နေကာ ရုပ်ပြ၌ လီနိုရာပျောက်သွားမှသာ သတိပြန်ဝင်လာတော့သည်။

ရက်အနည်းငယ်အကြာတွင် လူသစ်ခန့်အပ်မည့်အစီအစဉ်ရှိ၍ဖြစ်မည်။ Frestech ကုန်သည်များအသင်း သည် လျှောက်လွှာတင်ရမည့်နေရာ သို့သွားနိုင်သည့် ဘတ်စ်ကားများအား အမှတ်အသားလုပ်ထားပေးလေသည်။

လူစီယန်သည် ထိုလမ်းညွန်ချက်များအားကြည့်ကာ လူများကိုမေးပြီးနောက် Frestechကုန်သည်များအသင်း ပြင်ဆင်ထားသည့်နေရာသို့ အများသုံးယာဉ်စီးကာ လွယ်ကူစွာရောက်လာခဲ့သည်။

ထိုနေရာသည် Frestech မြို့၏ အပြင်ဖက်၌ရှိသော အားကစားကွင်းတစ်ခုတွင်ဖြစ်ပြီး ဒါဇင်ပေါင်းများစွာကျယ်သည့် အတွက် အလွန်ကြီးမားသည်ဟုသတ်မှတ်နိုင်သည်။

ဤမျှကြီးမားသောနေရာ၌ပင်လျှင် နေရာလွတ်တစ်ခုမျှမရှိပဲ လူများနှင့်ပြည့်နှက်နေသည်။

ပတ်ဝန်းကျင်ကိုကြည့်လိုက်သော် လူစီယန်သည် သူ၏အသက်နှင့်မတိမ်းမယိမ်း လူငယ်ပေါင်းများစွာအား တွေ့လိုက်ရသည်။

လူကြီးများလည်းပါလေသည်။ တချို့မှာ ဆံပင်များပင်ဖြူနေပြီဖြစ်သည်။

ထိုလူများအားလုံးသည် လူသစ်ခန့်အပ်ရေးအတွက်လာကြသည်မှာ သေချာပြီး အောင်မြင်ရန်နှင့် Frestech ကုန်သည်များအသင်းတွင် ဝန်ထမ်းဖြစ်ခွင့်ရရေးသည်သာ ၎င်းတို့၏ပန်းတိုင်ဖြစ်သည်။

စိုင်စ်နယ်မြေရှိလူများအတွက် Frestechကုန်သည်များအသင်းတွင် အလုပ်လုပ်ရခြင်းသည် ၎င်းတို့၏အမြင့်ဆုံးဂုဏ်သိက္ခာပင်ဖြစ်သည်။

Frestechကုန်သည်များအသင်း၏ လခမှာ အများဆုံးမဟုတ်သော်လည်း ရရှိသောအောင်မြင်မှုမှာ များလေသည်။

Frestechကုန်သည်များအသင်း၏ဝန်ထမ်းဖြစ်ခြင်းမှာ အခြားသေးငယ်သောလုပ်ငန်းများတွင် မျက်နှာပန်းလှလေသည်။

Frestechကုန်သည်များအသင်း၏ မှော်သုတေသနဌာနမှ သုတေသီဖြစ်ခြင်းသည် ၎င်းတို့အား အင်အားကြီးသောသူဖြစ်စေနိုင်ပြီး အခြားသောသူများအား ဦးညွတ်နိုင်စေသည်။

သေးငယ်သောနိုင်ငံများတွင် Frestechကုန်သည်များအသင်း၏ သုတေသီတစ်ဦးသည် ၎င်းနိုင်ငံ ဧကရာဇ်၏ ဧည့်သည်တစ်ဦးပင်ဖြစ်နိုင်သည်။

အင်ပါယာနှစ်ခုတွင်ပင် Frestechကုန်သည်များအသင်း၏ သုတေသီများသည် ဆွေကြီးမျိုးကြီးများ ကဲ့သို့ပင် ဆက်ဆံခံရလေသည်။

ထို့ကြောင့် Frestechကုန်သည်များအသင်း၏ လူသစ်ခန့်အပ်ရေး၊ အထူးသဖြင့် မှော်သုတေသနဌာနအတွက် နယ်မြေအတွင်းမှ လူပေါင်းများစွာလာရောက်ပါဝင်ကြလေသည်။

နှစ်စဉ်နစ်တိုင်း ထိုအချိန်၌ လူစီယန်ကဲ့သို့ မှော်စက်မှုနယ်ပယ်ရှိကျောင်းပေါင်းစုံမှ ဘွဲ့ရထားသော ကျောင်းသားများသည် သူတို့၏ကံကိုစမ်းရန်လာရောက်ကြသည်။

Frestechကုန်သည်များအသင်းတွင် အလုပ်ခန့်အပ်ခြင်းခံရလျှင် ၎င်းတို့အတွက် ကောင်းကင်သို့ပျံတက်နိုင်ခြင်းပင် ဖြစ်သည်။

လူစီယန်သည် ဘေးဘီမှ လူအုပ်ကြီးကို ကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားနေလေသည်။

သူကြားဖူးသည်မှာ Frestechကုန်သည်များအသင်း၏ မှော်သုတေသနဌာနတွင် လူဦးရေ ၅၀ခန့်သာ ခန့်အပ်ပြီး ထိုနေရာအတွက် လူဦးရေ ၁၀၀၀ကျော်ခန့်သည် တိုက်ခိုက်ကြရသည်ဟူ၍ဖြစ်သည်။

သူ၏အရည်အချင်းများနှင့်ဆိုလျှင် ထို လူ ၁ထောင်ကျော်အားတိုက်ခိုက်နိုင်မည်လား?

ထိုအကြောင်းကိုတွေးလိုက်လျှင်လူစီယန်သည် သူ၏အိတ်ကပ်ထဲရှိ ကွေးသောပုံစံရှိသည့်အရာအား ကိုင်လိုက်ကာ အနည်းငယ်စိတ်အေးသွားသည်။

ထိုအရာမှာ ထူးဆန်းသည့်မိန်းကလေးပေးခဲ့သော အရာဖြစ်ပြီး သူမ၏အဆိုအရ တိုကင်ဖြစ်သည်။

ထူးဆန်းသည့်မိန်းကလေး၏ပြောစကားအရ လူစီယန်သည် ထိုအရာအား ထုတ်လိုက်လျှင် သူသည် အထူးထောက်ခံချက်ရရှိမည်ဖြစ်ပြီး မှော်သုတေသနဌာန၏ ဒုတိယအဆင့်စာမေးပွဲသို့ တန်းတက်နိုင်မည်ဖြစ်သည်။

လူစီယန်သည် ထိုမိန်းကလေး၏ အပြုအမူစရိုက်များအား မကြိုက်ပဲ သူမ၏ကမ်းလှမ်းချက်ကိုပင် ငြင်းပယ်ရန်ကြိုးစားခဲ့သည်။

သို့သော်သူတို့လူကွဲသွားပြီးနောက် လူစီယန်၏စိတ်သည်တည်ငြိမ်လာပြီး သူ၏တုံပြန်ချက်အတွက် အားနာနေခဲ့ရတော့သည်။

သူအားလာတားသည့် သူနှစ်ယောက်သည်မှန်ပေသည်။ မည်သို့ပင်ဖြစ်ပါစေ ထိုမိန်းကလေးသည် သူတို့၏အခြေအနေမှ ကယ်ထုတ်ပေးခဲ့သည် မဟုတ်ပါလား။

သူမကြောင့်သာမဟုတ်ခဲ့လျှင် သူတို့သည် လူကုန်ကူးသူများ၏ ရောင်းစားခြင်းကို ခံနေရပြီဖြစ်ပြီး ဆိုးရွားသောဘဝတွင်ရှင်သန်နေကြရလိမ့်မည်။

ထို့ကြောင့် ထိုမိန်းကလေး၏ အပြုအမူသည် ဆိုးရွားသော်လည်း စိတ်ရင်းမှာမှန်ပေသည်။ လူစီယန်သည် သူမအားပြောဆိုရန် အရည်အချင်းမရှိပေ။

သို့သော် ထိုမိန်းကလေးသည် လူစီယန်အား စိတ်မဆိုးပဲ သူ၏အရည်အချင်းအနည်းငယ်အား ပြလိုက်ရုံနှင့် သူမသည် ဤတိုကင်အားပေးပြီး တန်ဖိုးရှိသည့်ထောက်ခံချက်ကိုပင် ပေးခဲ့သည်။

“ဒါအရမ်းအားနာစရာကောင်းတာပဲ……”

လူစီယန်သည်သက်ပြင်းအားခိုး၍ချလိုက်ပြီးနောက် လူအုပ်ကြီးကြား တွန်းကာ စာရင်းသွင်းရမည့်နေရာသို့ရောက်သွားသည်။

သူသည် Frestechကုန်သည်များအသင်း ဝန်ထမ်းများ၏ညွန်ပြမှုများဖြင့် ဖောင်ကိုဖြည့်ပြီးနောက်တွင် လူစီယန်သည် အနည်းငယ်တွန်ဆုတ်လျှက် ထိုမိန်းကလေးပေးထားသည့်အရာအား ထုတ်လိုက်သည်။

မိန်းကလေးမှ ထိုအရာကိုပြရန်သာပြောထားသဖြင့် လူစီယန်သည် ရှင်းပြရန်မလိုဟုထင်ထားခဲ့သည်။

လူတိုင်း၏မျက်စိအောက်တွင် လူစီယန်သည် ထိုအရာဖြင့် ထောက်ခံချက်ရရှိနိုင်ကြောင်းပြောဆိုရန် ရှက်နေလေသည်။

သို့သော်လည်း ဝန်ထမ်းသည် လူစီယန်၏လက်ထဲမှ အရာအားမြင်လျှင် ရှုပ်ထွေးနေသော အကြည့်ဖြင့်

“ကျွန်တော်မေးပါရစေ… အခုခင်ဗျားပြတဲ့ပစ္စည်းက…. ဘာပစ္စည်းလဲ?”

***

Volume 8 အခန်း ၁၃ ။ ပထမအဆင့်စာမေးပွဲကိုဖြေဆိုခြင်း

လူစီယန်သည် သံသယဝင်နေသည့် ဝန်ထမ်း၏မျက်နှာကိုကြည့်ကာ အနည်းငယ်ခါးသီးမှုကို ခံစားလိုက်ရသည်။

ထိုထူးဆန်းသောမိန်းကလေးသည် သူ့အားလိမ်ညာနေပါသလား?

ထိုမိန်းကလေး၌ သူအား ထောက်ခံချက်ပေးရန် အခွင့် မရှိပါသလား?

သို့သော်လည်း ပြန်စဉ်းစားကြည့်လျှင် ဤသည်မှာ သာမန်ဖြစ်သည်။

မိန်းကလေး၏နောက်ခံသည် မည်မျှပင် အင်အားကြီးပါစေ သူမသည် Frestech ကုန်သည်များအသင်းသို့ဝင်ရန် ထောက်ခံချက်ကို မည်သို့ပေးနိုင်ပါမည်နည်း။ မည်သို့ပင်စဉ်းစားပါစေ အဓိပ္ပာယ်မရှိချေ။

ပြီးနောက်တွင် ထိုမိန်းကလေးသည် သူ့အား အရေးကြီးသည်ဟု အဘယ်ကြောင့်ယူဆပါမည်နည်း။

ထိုသို့စဉ်းစားလိုက်လျှင် လူစီယန်သည် ခါးသီးသောအပြုံးတစ်ခု ထွက်လာသည်။ သူသည်သက်ပြင်းချကာ ခေါင်းခါပြီး ထိုအရာကိုပြန်သိမ်းရန် ဟန်ပြင်လိုက်သည်။

သူမျှော်လင့်ခဲ့သော ထောက်ခံချက်မရရှိလျှင်ပင် ဤမျှလောက်ခရီးဝေးအား လာခဲ့ရသောကြောင့် ဘာမှမရရှိသွားပဲ မပြန်နိုင်ချေ။

၎င်းသည်မည်မျှပင်ခက်ခဲပါစေ ကြိုးစားနိင်သလောက် ကြိုးစားရမည်ဖြစ်သည်။

“ဒါက ဘာမှမဟုတ်ပါဘူး…ကျွန်တော်….” လူစီယန်သည် ထိုပစ္စည်းအား သိမ်းလိုက်ရန်လုပ်လိုက်သည်။

ထိုစဉ် သူ၏လက်အားအိတ်ကပ်ထဲသို့ မထည့်လိုက်ရသေးမှီ သူလက်အား တစ်စုံတစ်ဦးမှဆွဲလိုက်သည်။

လူစီယန်သည် အံ့ဩသည့်မျက်နှာဖြင့်ကြည့်လိုက်ရာ လူလတ်ပိုင်းအရွယ်လူကြီး တစ်ဦးမှ သူ၏ညာလက်ထဲသို့ စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

“လူငယ်လေး မင်းလက်ထဲကဟာကို ငါ့ကိုပြကြည့်ပါလား” လူကြီးကပြောသည်။

လူစီယန်သည်သူအား ရှုပ်ထွေးနေသည့်ရုပ်ဖြင့် ကြည့်လိုက်သည်။ သူသည် လက်ကိုခါလိုက်ရန် လုပ်လိုက်ချိန်တွင် သူ့အားဂရုစိုက်ပေးနေသည့်ဝန်ထမ်းမှ ထိုလူကြီးအား ရုတ်တရက်ထလိုက်ပြီး လေးစားသမှုနှင့် ဦးညွှတ်လိုက်သည်။

“မန်နေဂျာ ဟာလေ၊ ကျွန်တော်တို့ အလုပ်ကိုစစ်ဆေးဖို့လာတာလားဗျ”

မန်နေဂျာဟာလေ ဟုခေါ်သော လူကြီးသည် သူ၏လက်အားယမ်းလိုက်ကာ “ကိုယ့်အလုပ်ကိုလုပ်ကြပါ၊ ငါဒီကို ဒီတိုင်းလာကြည့်တာပါ” ထိုသို့ပြောပြီးနောက် သူသည်လူစီယန်၏လက်ကိုဆွဲကာ သူ၏ညာဘက်အား လက်ညိုးထိုးလိုက်သည်။

လူစီယန်သည် တစ်ခုခုတွေးလိုက်ပြီးနောက် သူ၏လက်များကို ဖြန့်လိုက်သည်။ သူကိုင်ထားသော ပစ္စည်းသည်ပေါ်လာလေသည်။

မန်နေဂျာဟာလေ၏ မျက်လုံးများသည် ထိုအရာကိုတွေ့လိုက်လျှင် တုန်လှုပ်သွားပြီး လူစီယန်ကိုလည်း သံသယမျက်လုံးများဖြင့် ခနခနကြည့်ကာ သူ့နောက်သို့လိုက်လာရန် လူစီယန်အားလက်ပြလိုက်သည်။

“လိုက်ခဲ့ပါ…. စကားပြောဖို့နေရာပြောင်းကြတာပေါ့”

လူစီယန်နှင့် မန်နေဂျာဟာလေအား ဘေးဘီမှလူများကကြည့်ကာ တချို့သူများသည် သံသယဝင်သောပုံများပြလျက် တစ်ချို့မှာ မနာလိုအားကျပုံများပြနေကြသည်။

မိနစ်အနည်းငယ်ကြာသောအခါ မန်နေဂျာဟာလေသည် လူစီယန်အား အားကစားရုံ၏ သီးသန့်အခန်းတစ်ခုထဲသို့ ခေါ်သွားလေသည်။

“ထိုင်ပါ”မန်နေဂျာဟာလေသည် ထိုင်ခုံနေရာကိုပြကာ သူ၏လက်ကိုထုတ်၍ “အဲ့ပစ္စည်းကိုကျွန်တော့်ကို သေချာကြည့်လို့ရအောင် ပြနိုင်မလား”

လူစီယန်သည် အစပိုင်း၌ တွန့်ဆုတ်နေသော်လည်း ထိုပစ္စည်းအား မန်နေဂျာဟာလေ၏လက်ထဲသို့ထည့်ပေးလိုက်သည်။

မန်နေဂျာဟာလေသည် ထိုသေးငယ်သောပစ္စည်းအားကြည့်၍

“ဒါကိုဘယ်လိုရလာတာလဲ” ဟုမေးလိုက်သည်။

လူစီယန်သည် မဖြေမှီတွင် အနည်းငယ်တွန့်ဆုတ်နေပြီးနောက် လွန်ခဲ့သောလက ထူးဆန်းသည့်မိန်းကလေးနှင့် တွေ့ခဲ့ပုံကိုပြောပြလိုက်သည်။

ပြော၍ပြီးသောအခါ မန်နေဂျာဟာလေက တိတ်ဆိတ်စွာတွေးနေပြီး ခေါင်းငြိမ့်လိုက်သည်။

“မှန်တယ် အရင်လကတော့ အဲ့ဒီလိုဖြစ်ခဲ့တယ်။ အဲ့ဆို ဆိုလိုတာက မမလေးက ဒီတိုကင်ကိုပေးပြီး လျှောက်လွှာတင်ခိုင်းပြီး မင်းကို ထောက်ခံချက်ပေးမယ်လို့ ဂတိပေးခဲ့တယ်ပေါ့”

“ဟုတ်ပါတယ် သူမအဲ့လိုပြောခဲ့တာပါ” မန်နေဂျာဟာလေ၏ပြောစကားကိုနားထောင်ပြီးနောက် လူစီယန်သည် စိတ်လှုပ်ရှားလာပြီး မန်နေဂျာဟာလေအား မျှော်လင့်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

မန်နေဂျာဟာလေသည် လူစီယန်အားထပ်၍ကြည့်လိုက်သည်။

“ဒါက မမလေးဆီကထောက်ခံချက်ဆိုတော့ မင်းရဲ့အရည်အချင်းက သူ့ကိုအာရုံစိုက်မှုကို ရသွားလို့ဖြစ်လိမ့်မယ်။ ဟုတ်တယ်… မမလေးက မင်းကို အထူးထောက်ခံချက်ပေးချင်တယ်ဆိုတော့ ငါတို့ဘာမှ မလိုတာမလုပ်တော့ပါဘူး”

မန်နေဂျာဟာလေသည် သူ၏ရင်ဘတ်ထဲမှ မှော်ဆက်သွယ်ရေးပစ္စည်းကိုထုတ်ကာ စကားအနည်းငယ်ပြောလေသည်။

“ကောင်းပြီ ငါ အမိန့်ပေးပြီးသွားပြီ လျှောက်လွှာတင်တဲ့နေရာကိုပြန်သွားလိုက်ပါ။ သူတို့ကဂရုစိုက်ပေးပါလိမ့်မယ်။ ဒီပစ္စည်းအတွက်ကတော့…”

မန်နေဂျာဟာလေသည် ထိုသေးငယ်သောပစ္စည်းကိုကြည့်ကာ တွန့်ဆုတ်စွာဖြင့် ပြန်ပေးပြီး

“ဒါက မမလေးကမင်းကိုပေးတဲ့လက်ဆောင်ဆိုတော့ မင်းပဲသိမ်းထားသင့်တယ်။ ဒါလေးကို မင်းတန်ဖိုးထားမယ်လို့ ငါမျှော်လင့်ပါတယ်”

ထိုသို့ပြောပြီးနောက်တွင် အမြဲတည်နေသော မန်နေဂျာဟာလေ၏မျက်နှာသည် အပြုံးတစ်ခုပြုံးကာ

“လူငယ်လေး မင်းဟာသိပ်ကံကောင်းတယ်။ မမလေးရဲ့ မျက်လုံးထဲဝင်နိုင်တာဟာ အနာဂတ်မှာ ကောင်းစားနိုင်လိမ့်မယ်။ မင်းဒီအခွင့်အရေးကိုလက်မလွတ်ဖို့ ငါမျှော်လင့်ပါတယ်။”

လူစီယန်သည် မန်နေဂျာဟာလေ၏ အဓိပ္ပာယ်ရှိသော အပြုံးကိုကြည့်လျှက် နှလုံးသားထဲ၌ သံသယတစ်ချို့ဝင်သွားသည်။

ဟယ်ရစ်သည် ထူးဆန်းသည့်မိန်းကလေးအား မမလေးဟု ခေါ်သည်ကတော်သေးသည်။ ဤမန်နေဂျာဟာလေကပါ အဘယ်ကြောင့် မမလေးဟုခေါ်ရသနည်း။

ဆက်စပ်မှုတစ်ခုခုရှိနေပါသလား။

မန်နေဂျာဟာလေအား နှုတ်ဆက်စကားပြောပြီးနောက် လူစီယန်သည် လျှောက်လွှာတင်သည့်နေရာသို့ ပြန်လာသည်။

မျှော်လင့်ထားသလိုပင် Frestech ကုန်သည်များအသင်းမှ လူများသည် လူစီယန်အား အရင်ထပ်ပို၍ နွေးထွေးစွာ ဆက်ဆံကြသည်။ ပြီးနောက် ဖောင်ဖြည့်ရန်ကူညီကြပြီး စကားတစ်ချို့အား လျို့ဝှက်စွာပြောရန် ဘေးသို့ခေါ်သွားကြသည်။

“လူစီယန်….မစ္စတာလူစီယန် ခင်ဗျားမှာက ထောက်ခံချက်ရထားပြီးသားဆိုတော့ ပထမအဆင့်စာမေးပွဲကို ဖြေစရာမလိုတော့ပါဘူးခင်ဗျ။ သဘက်ခါမှပဲ ဒုတိယအဆင့်စာမေးပွဲဖြေဖို့ လာခဲ့ပါ ဒုတိယအဆင့်စာမေးပွဲအတွက်က….”

“နေပါဦး..”လူစီယန်ကစကားဖြတ်ပြောလိုက်သည်။ “ကျွန်တော် ပထမအဆင့်စာမေးပွဲဖြေလို့ရမလား?”

ထိုဝန်ထမ်းသည် ရပ်သွားသည်။

“ဒါမဲ့ ခင်ဗျားမှာ ထောက်ခံချက်ရှိတယ်လေ ပထမစာမေးပွဲဖြေဖို့မလိုပါဘူး”

“ဒါဘာကြောင့်မှ မဟုတ်ပါဘူး။ ကျွန်တော် ကိုယ့်အရည်အချင်းကိုယ် သုံးသပ်ချင်လို့ပါ…”လူစီယန်ကပြောသည်။

ဝန်ထမ်းသည် လူစီယန်အား မျက်မှောင်ကုပ်ကာ စိတ်ရှုပ်လျက်ကြည့်နေသည်။

“ပထမစာမေးပွဲကိုဖြေချင်ရင် မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အထူးထောက်ခံချက်ကတော့ အလကားဖြစ်သွားမှာပါ။ အကယ်၍ ခင်ဗျား ပထမစာမေးပွဲကို မအောင်ခဲ့ရင်… ဖြစ်နိုင်ချေကိုပြောတာပါ။ ဒုတိယစာမေးပွဲကိုမဖြေရတာလည်းဖြစ်နိုင်ပါတယ်”

“ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်ပထမစာမေးပွဲကိုတောင် မအောင်မှတော့ ဒုတိယစာမေးပွဲကို တိုက်ရိုက်ဝင်နိုင်လည်း ဘာအကျိုးမှမရှိဘူးမလား။ အဲ့တာက ကျွန်တော်က အထူးထောက်ခံချက်နဲ့ မထိုက်တန်ဘူးလို့ပြောနေတာပဲပေါ့” လူစီယန်ကခေါင်းကိုငြိမ့်ကာပြောလိုက်သည်။

လူစီယန်၏ဆုံးဖြတ်ထားသော မျက်နှာကိုကြည့်ကာ ဝန်ထမ်းသည်လည်း မတတ်နိုင်တော့သဖြင့် ခေါင်းငြိမ့်လိုက်ရတော့သည်။

“ကောင်းပါပြီ အဲ့လိုလုပ်ဖို့စဉ်းစားထားတယ်ဆိုရင် ကျွန်တော်စီစဉ်ပေးပါမယ်”

“ဟုတ်ပါပြီ ခင်များကိုအလုပ်ရှုပ်စေမိပြီ”

လူသစ်ခန့်အပ်မည့်အသေးစိတ်အချက်အလက်ကို သိရှိပြီးသွားသည်နှင့် လူစီယန်သည် အားကစားရုံမှထွက်လာတော့သည်။

ပထမစာမေးပွဲသည် မနက်ဖြန်တွင် ကျင်းပမည်ဖြစ်ပြီး ယခုတွင်မူ ဆက်နေရန်အကြောင်းမရှိပေ။ ထိုညနေအတွက်အိပ်ရန်တည်းခိုစရာနေရာကို စောနေသေးတုန်းရှာရမည်။

Frestech မြို့သည် အလွန်ခေတ်မီ၍ ဇိမ်ခံရသောမြို့ဖြစ်သကဲ့သို့ တည်းခိုရန်နေရာနှင့်ပက်သက်လျှင် ဇိမ်ခံမိုးမျှော်ဟိုတယ်များပင် ဖြစ်သည်။ အားကစားရုံအပြင်ဖက်၌ပင်လျှင် ထိုသို့သော ဟိုတယ် ၃ လုံးရှိလေသည်။

လူစီယန်အနေဖြင့် ထိုအဆောက်အဦးများအား အားကျသည့်အကြည့်နှင့်သာကြည့်နိုင်ပြီး ပိုမို၍သက်သာသော နေရာရှာရန်သာ ထွက်သွားရသည်။

ထိုဇိမ်ခံဟိုတယ်များသည် သူမတတ်နိုင်သည့်နေရာဖြစ်ပြီး ဈေးသက်သာသော နေရာများသည်ပင် သူ၏အိမ်ဖြစ်သည်။

…………

ပထမစာမေးပွဲသည် လူစီယန်အတွက်အေးဆေးပင်ဖြစ်သည်။

ဖိလစ်အကယ်ဒမီတွင် သူသည်မှော်ဆက်သွယ်ရေးတွင် အထူးပြုယူထားသောကြောင့် လူသစ်ခန့်အပ်ရေးတွင် မိန်းကလေးပြောသလိုပင် မှော်ဆက်သွယ်ရေးဌာန၏ အနိမ့်ဆုံးရာထူးဖြစ်သည့် လက်ထောက်သုတေသီနေရာအတွက် လာရောက်ခြင်းဖြစ်သည်။

ပထမစာမေးပွဲ၏ ခက်သည်ဟုဆိုရမည့်မေးခွန်းများသည် လူစီယန်ကဲ့သို့ ဖိလစ်အကယ်ဒမီမှ ထူးချွန်သော ကျောင်းသားအတွက် မခက်ပေ။ မေးခွန်းများသည် ကျောင်းမှသင်ပေးထားသည့် အရာများထက် အနည်းငယ်ခက်သော်လည်း သူ၏အခြေခိုင်ခြင်းကြောင့် လွယ်ကူစွာဖြေနိုင်လေသည်။

Frestech ကုန်သည်များအသင်းသည် အလွန်ပင်ကျွမ်းကျင်လှပေသည်။ စာမေးပွဲအား မနက်ခင်းတွင်ဖြေရပြီး နေ့လည်ခင်း၌ ရလဒ်ထွက်ပြီဖြစ်သည်။

လူစီယန်သည် အံ့ဩစရာမကောင်းအောင်ပင် အောင်စာရင်းထဲ၌ပါပြီး သူ၏အဆင့်မှာလည်း ရှေ့ပိုင်းတွင်ရှိသည်။

ထိုကိစ္စသည် လူစီယန်အတွက် ဝမ်းသာစရာကိစ္စဖြစ်ပြီး ကျရှုံးသောသူများအတွက်မူ အမှန်ပင် ဝမ်းနည်းစရာကိစ္စဖြစ်သည်။

ရလဒ်အားကြေငြာပြီးသည်နှင့် များစွာသောသူများသည် စိတ်ပျက်နေသောရုပ်များဖြင့် ဖြစ်ပြီး တချို့မှာ ငိုနေသူများပင်ရှိသည်။

လူစီယန်သည် ဤသည်ကိုမြင်၍ စိတ်မကောင်းပေ။

သူသည်လည်း ပထမစာမေးပွဲ ကျလျင် မငိုမိပင်လျှင် စိတ်ဓာတ်တော့ကျသွားမည်ဖြစ်သည်။

Frestech ကုန်သည်များအသင်းသို့ ဝင်ခွင့်မရခြင်းသည် သူအား ကြီးမားသော ထိုးနှက်မှုဖြစ်စေလိမ့်မည်။

သူသည် အစတွင် Frestech ကုန်သည်များအသင်းတွင် ဝင်ရန် ယုံကြည်ချက်မရှိခဲသော်လည်း ထူးဆန်းသောမိန်းကလေးနှင့် တွေ့၍ တိုကင်ရပြီးမှသာလျှင် ယုံကြည်ချက်များရှိလာရခြင်းဖြစ်သည်။

တနည်းအားဖြင့်ဆိုရသော် သူ၌ထိုစာမေးပွဲအားဖြေဆိုရန်ပင် သတ္တိမရှိခဲ့ပေ။

ပထမစာမေးပွဲ၏ရလဒ်များအားကြေငြာပြီးနောက် မန်နေဂျာ ဟာလေသည် လူစီယန်အားလာတွေ့ကာ ဂုဏ်ပြုသွားလေသည်။ ၎င်းသည် လူစီယန်အား အံ့ဩစေသည်။ မန်နေဂျာဟာလေကဲ့သို့ ရာထူးကြီးသည့်သူသည် ၎င်းကဲ့သို့ နယ်မြို့မှလာသော ကောင်လေးတစ်ယောက်အား ဂရုစိုက်ခြင်းမှာ ထိုထူးဆန်းသော မိန်းကလေးကြောင့်ပင်ဖြစ်လိမ့်မည်။

ထိုထူးဆန်းသော မိန်းကလေးမှာ မည်သူနည်း။

မန်နေဂျာ ဟာလေသည် လူစီယန်၏သံသယများကိုမဖြေရှင်းပေးပဲ ထိုသို့သာပြောလေသည်။ ၎င်းတို့၏မမလေးသည် သူမ၏ပုံစံအမှန်အား ဖုံးကွယ်ထားလိုလျှင် သူမ၌အကြောင်းရှိလိမ့်မည်ဖြစ်ပြီး သူမပြောပြနိုင် ဟူ၍ဖြစ်သည်။

အကယ်၍ လူစီယန်သိလိုပါက မျက်နှာချင်းဆိုင်မေးရန်သာရှိတော့သည်။

ထိုကိစ္စအတွက် လူစီယန်သည် ဘာမှမလုပ်နိုင်ချေ။

ထိုမိန်းကလေး၏သရုပ်မှန်အားတွေးလိုက်လျှင် လူစီယန်သည် သူမနှင့်တွေ့ဆုံရန်အလွန်ခက်ခဲကြောင်း ခံစားမိလိုက်သည်။ နောက်ဆုံး၌မူ သူတို့သည် နေထိုင်သည့်ကမ္ဘာချင်းကွာခြားလှသည်။

သူ၏နှလုံးသားထဲမှ မစ် လီနိုရာကဲ့သို့ပင် မမျော်လင့်ထားသည်များ မဖြစ်လာခဲ့လျှင် သူတို့ဆုံရန် ဤဘဝ၌မဖြစ်နိုင်ချေ။

လွန်ခဲ့သောလက ထိုကိစ္စမှာလည်း လူစီယန်အတွက်အိမ်မက်ကဲ့သို့သာလျှင်ထားလိုက်ရမည်ဖြစ်သည်။

Frestech ကုန်သည်များအသင်းသည် လူသစ်ခန့်အပ်‌ရေး၌ အလွန်တင်းကြပ်သည်။

ပထမစာမေးပွဲပြီး၍ နားချိန်ပင်မရ ဒုတိယစာမေးပွဲစလေသည်။

လူ သုံးသောင်းခန့်ရှိသော ပထမစာမေးပွဲနှင့်ယှဉ်လျှင် လူဦးရေစစ်ထုတ်ပြီးနောက် လူအနည်းငယ်သာကျန်တော့သည်။ စုစုပေါင်းလူဦးရေ သုံးထောင်ခန့်သာ ကျန်ရှိတော့သည့်အတွက် အောင်သည့်လူဦးရေမှာ ၁၀ ရာခိုင်နှုန်းပင်မပြည့်ဟုသတ်မှတ်နိုင်သည်။

ထိုသူများကြားတွင် မှော်ဆက်သွယ်ရေးအဖွဲ့တွက် လျှောက်ထားသည်မှာ နှစ်ရာကျော်သာရှိသည်။

ထိုနှစ်ရာကျော်တွင် သုံးနေရာသာရမည့်အတွက် မည်မျှခက်ခဲကြောင်း သိနိုင်ပါသည်။

လူစီယန်သည် ဒုတိယအကြိမ်စာမေးပွဲအတွက် အောင်ရန်ယုံကြည်ချက် မရှိသော်လည်း သူသည်ရောက်ရှိနေပြီဖြစ်ရာ ပြန်တော့မလှည့်နိုင်ပေ။

သူသည် စိတ်လှုပ်ရှားစွာဖြင့် အခြားသောဖြေဆိုသူများဖြင့် ဒုတိယအကြိမ်စာမေးပွဲသို့လာရာ သူလုံးဝ မမျှော်လင့်ထားသော လူတစ်ယောက်အား တွေ့လိုက်ရသည်။

***

Volume 8 အခန်း ၁၄ ။ ဆရာသခင် အာကာလီ

“ဘုရားရေ အဲ့တာ ဆရာမအာကာလီ မဟုတ်ဘူးလား?”

“မှန်တယ် အဲ့တာ ဆရာမအာကာလီပဲ သူမ ဘာလို့ဒီမှာရှိနေတာလဲ?”

“အရူးလား ဆရာမအာကာလီက မှော်ဆက်သွယ်ရေးဌာနကပဲလေ သူမဒီမှာရှိနေတာ ဘာထူးဆန်းလို့လဲ”

“ဒါမဟုတ်သေးဘူးလေ ဆရာမအာကာလီက ပြင်ပမှော်ဆက်သွယ်ရေးနယ်ပယ်မှာ နဂါးလူမျိုးစုတွေနဲ့ အလုပ်လုပ်နေတာမဟုတ်ဘူးလား သူမကဒီကိုဘာလို့လာမှာလဲ?”

“သူမဒီမှာ ငါတို့ရဲ့ ဒုတိယစာမေးပွဲကို လာကြီးကြပ်တာလား?”

“ဟာသပဲ ဆရာမအာကာလီက ငါတို့စာမေးပွဲကို ကိုယ်တိုင်လာပါ့မလား?”

“မှန်တယ်…….”

………

လူစီယန်သည် အားလုံးကဲ့သို့ဆွေးနွေးနေခြင်းမရှိပဲ သူ၏မျက်လုံးမှာ ယခုဝင်လာသော သူပေါ်၌ပင် တချိန်လုံး ရှိနေလေသည်။

ထိုသူမှာ တကယ်ပင် ဆရာမအာကာလီဖြစ်သည်။

တနည်းအားဖြင့် လူစီယန်၏နှလုံးသားထဲ၌ ဆရာမအာကာလီသည်လည်း မစ်လီနိုရာကဲ့သို့ပင် သူ၏ အိုင်ဒေါပင်ဖြစ်သည်။

သို့သော်လည်း ၎င်းတို့နှစ်ဦးမှာ အနည်းငယ်တော့ကွာခြားသည်။

လီနိုရာသည် နှစ်သက်ရသောသူဖြစ်ပြီး ဆရာမအာကာလီကမူ လေးစားအားကျရသူဖြစ်သည်။

ဆရာမအာကာလီ … သူမသည် မှော်ဆက်သွယ်ရေးနယ်ပယ်အား ဖန်တီးတည်ဆောက်ခဲ့သူဖြစ်ပြီး ခေတ်သစ် မှော်ဆက်သွယ်ရေးနည်းပညာအတွက် အုတ်မြစ်ချပေးခဲ့သူဖြစ်သည်။ ဤနယ်ပယ်၏ထိပ်ဆုံးမှလူများထဲမှတစ်ယောက်ဖြစ်သည်။

သူမ,မတိုင်မှီက နယ်မြေထဲမှ လူများသည် တစ်ဦးနှင့်တစ်ဦးဆက်သွယ်လိုလျှင် စာပို့သမားများကို အသုံးပြုရသည်။

နောက်ပိုင်းတွင် ဆရာမအာကာလီနှင့် Frestechကုန်သည်များအသင်းမှ မှော်ဆက်သွယ်ရေးကွန်ရက်အား ဖြန့်ကျက်ဖုံးလွမ်းလိုက်မှသာလျှင် လူများသည် သတင်းများအား ချက်ခြင်း ကီလိုမီတာရာကျော်သာမက ကီလိုမီတာထောင်ကျော်သို့ပင်လျှင် ပေးပို့ဆက်သွယ်နိုင်ကြလေသည်။

ယခင်နှင့်စာလျှင်ယခု၏ဆက်သွယ်ရေးနည်လမ်းသည် လူများအား ကမ္ဘာသစ်တစ်ခုသို့ ပို့ဆောင်ပေးလိုက်သကဲ့သို့ပင်။

အဘယ်ကြောင့်ဆိုသော် မှော်ဆက်သွယ်ရေးကွန်ရက်အား နားလည်သဘောပေါက်၍ အသုံးပြုနိုင်ခြင်းသည် စိုင်စ်နယ်မြေအား သတင်းအချက်လက်နယ်မြေ အဖြစ် ဤနှစ်များတွင် ခေါ်နိုင်ခြင်းဖြစ်သည်။

လူတိုင်းသည် ယခင်ကအတိုင်းမဟုတ်တော့ချေ မိမိတစ်ဘဝလုံး မွေးရပ်မြေတွင်နေထိုင်ကာ ကမ္ဘာကြီးအကြောင်း ဘာမှမသိသောသူများမဟုတ်တော့ပေ။

ယခုခေတ်မှလူများသည် အိမ်ထဲ၌ပင်နေကာ စိုင်နယ်မြေတွင် ဖြစ်ပျက်နေသည့် အရာမှန်သမျှကို သိရှိနိုင်နေပြီဖြစ်သည်။

သူတို့သည်ကီလိုမီတာ မိုင်ပေါင်းများစွာတွင်ရှိသော သူများအား ဆက်သွယ်နိုင်နေပြီဖြစ်သည်။

ထိုကဲ့သို့သော အံ့ဩဖွယ်ကောင်းသည့်နည်းပညာသည် နယ်မြေမှလူများတစ်သက်လုံး အိမ်မက်မ,မက်ဖူးသော အရာပင်ဖြစ်သည်။ ထိုနယ်မြေများသို့ပျံနှံသွားနိုင်ခြင်းသည် Frestech ကုန်သည်များအသင်း၏ ကြိုးစားမှုကြောင့်ဖြစ်ပြီး ဆရာမအာကာလီ ကြိုးစားမှုအားထုတ်လည်း လျစ်လျူရှု၍မရပေ။

ထိုနှစ်များတွင် ဆရာမအာကာလီသည် ပြင်ပမှော်ဆက်သွယ်ရေးကွန်ရက်အား ကြိုးစားတည်ဆောက်နေကြောင်း ပြောကြသည်။

သူမသည် မှော်အချက်ပြ၏ကန့်သတ်ချက်ကိုချိုးဖျက်ရန်နှင့် အကန့်သတ်မဲ့အကွာဝေးကိုရရှိရန် ကြိုးစားနေသည်။

အကယ်၍ ၎င်းတို့သည် နည်းပညာအရ ချိုးဖောက်နိုင်ပါက လူတိုင်းသည် ကီလိုမီတာ ၁သောင်းအကွာအဝေးတွင်ရှိသော တိမ်တိုက်နယ်မြေများထိပင် ဆက်သွယ်မှုပြုလုပ်နိုင်မည်ဖြစ်သည်။

သေချာပါသည် ၎င်းမှာ Frestechကုန်သည်များအသင်းနှင့် ဆရာမအာကာလီ၏ အဓိကရည်ရွယ်ချက်လည်းဖြစ်သည်။

Frestech ကုန်သည်များအသင်းနှင့် များစွာသောနိုင်ငံများသည် မှော်တိမ်တိုက်နယ်မြေအား ရောက်ရှိရန် ကြိုးစားနေကြသည့်ပြင် အခြားသောနယ်မြေများသည်လည်း အင်အားသုံးရှာဖွေနေကြလေသည်။ အကယ်၍ ၎င်းတို့သာ မှော်ဆက်သွယ်ရေးနည်းပညာ၏ အကွာအဝေးကန့်သတ်ချက်ကို ရှာဖွေနိင်ခဲ့လျှင် များစွာသောအချိန်များကို လွယ်ကူစွာဖြစ်ပေါ်စေနိုင်လိမ့်မည်ဖြစ်သည်။

လူစီယန်သည် ဆရာမအာကာလီ စင်ပေါ်သို့တက်လာသည်ကို စိတ်လှုပ်ရှားစွာကြည့်နေကာ သူ၏စိတ်ကိုပင် ငြိမ်အောင်မထိန်းနိုင်ပေ။

ဒုတိယစာမေးပွဲကို သူမဖြေနိုင်ခဲ့လျှင်ပင် ဆရာမအာကာလီအား တွေ့မြင်ခွင့်ရခြင်းသည် ဤခရီးသို့လာရသည်မှာ တန်ပေသည်။

အာကာလီသည် စင်အောက်ရှိစကားပြောသံများကို ကြားနေရပြီး ၎င်းတို့၏ စိတ်လှုပ်ရှားနေပုံများကိုကြည့်ကာ ပြုံးမိလေသည်။

မည်သို့ပင် သူမသည် အသက်ရွယ်အလယ်အလတ်ပိုင်းတွင်ရှိပြီး အသက် ၅၀ ပင်ကျော်နေပြီ ဖြစ်သော်လည်း နတ်သူငယ်များ၏အကူအညီနှင့်သူ၏ကိုယ်ပိုင်မှော်စွမ်းအင်ကြောင့် သူမ၏ရုပ်ရည်သည် အသက်၃၀ ဝန်းကျင်၌သာ ရှိလေသည်။

ထိုအပြုံးသည် အနည်းငယ်ဆိုးသွမ်းနေပုံလည်းပေါ်လေသည်။

“အားလုံးပဲ တိတ်ကြပါ” အာကာလီသည် သူမ၏လက်အားမြောက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။

လူတိုင်းသည် အမြန်ပင် တိတ်ဆိတ်သွားကြပြီး သူမ၌သာအာရုံစိုက်လိုက်ကြသည်။

“ကျွန်မကိုတွေ့လိုက်ကြလို့ အံ့ဩသွားကြမယ်မှန်း သိပါတယ်” အာကာလီသည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီမှ ဆက်လက်၍

“ဟုတ်ပါတယ် ကျွန်မအလုပ်မဟုတ်လို့ ပုံမှန်ဆိုလာလေ့မရှိဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်က ထူးခြားတယ်။ ကျွန်မအတွက် လက်ထောက်တစ်ချို့ခန့်အပ်ဖို့လိုနေတယ်။ ဒါကြောင့်လာခဲ့တာပဲ”

“အာ..”

လူအုပ်ကြီးသည် အုတ်အုတ်ကျက်ကျက်ဖြစ်သွားသည်။

ဆရာမအာကာလီသည် လက်ထောက်တစ်ချို့ကို ခန့်အပ်ရန်လိုအပ်နေပါသလား? ဤနေရာသို့လာသဖြင့် ၎င်းတို့၏အုပ်စုထဲမှ ခန့်အပ်မည်လား?

ဘုရားရေ…..

ထိုအရာသည် ကောင်းကင်ပေါ်မှ ကိတ်မုန့်တစ်ခုကျလာသလိုပင်။

လူတိုင်းသည် အာကာလီအား တောက်ပသောမျက်လုံးများဖြင့် ကြည့်နေကြသည်။ ၎င်းတို့သည် စေတနာဝန်ထမ်းပင်လုပ်လိုကြပေသည်။

လူစီယန်သည်လည်း အာကာလီကိုကြည့်ကာ မျှော်လင့်ချက်ဖြင့် သူ၏နှလုံးခုန်သံမြန်နေလေသည်။

ဆရာမအာကာလီ၏ ရွေးချယ်ခြင်းခံရလျှင် သူ၏အသက်ဆုံးရှုံးရလျှင်ပင် ထိုက်တန်ပါသည်။

မဟုတ်ပေ သူမသေနိုင်သေးပေ။ သူသည် ဆရာမအာကာလီ၏ ဘေး၌နေ၍ မှော်ဆက်သွယ်ရေးနည်းပညာအား လေ့လာရဦးမည်။

အာကာလီသည် သူ၏လက်ကိုမြောက်၍ လူတိုင်းကို တိတ်ဆိတ်စေရန် အချက်ပြလိုက်သည်။

“အခု မှော်ဆက်သွယ်ရေးဌာနက ပြင်ဆင်ထားတဲ့မေးခွန်းတွေရှိပေမဲ့ ကျွန်မရဲ့အထူးလိုအပ်ချက်ကြောင့် အခြား မေးခွန်းတွေပြင်ဆင်ထားတာလေးရှိပါတယ်။ အကယ်၍ အောင်မြင်သွားမယ်ဆိုရင်တော့ ကျွန်မရဲ့ လက်ထောက်သုတေသီတစ်ယောက်ဖြစ်ဖို့ အရည်အချင်းရှိတယ်လိုယူဆမှာပါ။ မအောင်မြင်ခဲ့ရင်တော့ နဂိုပြင်ဆင်ထားတဲ့ မေးခွန်းကိုပဲဖြေဆိုပြီး ကျွန်မတို့ဌာနရဲ့ လက်ထောက်သုတေသီဖြစ်နိုင်ဖို့ အခွင့်အရေးဆက်ရှိနေမှာပါ။”

ရှင်းပြချက်သည် ရှင်းလင်းသော်လည်း လူတိုင်း၌သံသယတစ်ခုရှိနေသည်။

ဆရာမအာကာလီ၏ပြောစကားအရ သူမ၏လိုအပ်ချက်သည် မှော်သုတေသနဌာန၏လိုအပ်ချက်နှင့် ကွဲပြားနေပါသလား?

“ကောင်းပါပြီ ကျွန်မတို့ရဲ့ ဝန်ထမ်းတွေကနေပြီး စာမေးပွဲဖြေရမဲ့နေရာကိုလိုက်ပို့ပြီး ကျွန်မပြင်ဆင်ထားတဲ့ ပထမဆုံး မေးခွန်းကိုပေးပါလိမ့်မယ်။ အောင်မြင်သွားတဲ့သူတွေက ကျွန်မနဲ့ အင်တာဗျူးဖြေရပါမယ်။”

အာကာလီသည် လက်ခုပ်တီးလိုက်ကာ Frestech ကုန်သည်များအသင်း၏ ဝန်ထမ်းနှစ်ဦးသည် ပြင်ဆင်ထားသော မေးခွန်းစာရွက်များအား တစ်ဦးဆီ လိုက်ဝေပေးလေသည်။

လူစီယန်သည် သက်ပြင်းချလိုက်ကာ သူ၏စိတ်ကိုပြန်စုစည်းလိုက်သည်။ သူသည် သူ၏စိတ်အာရုံများကို စာမေးပွဲအတွင်းသာ ထားရှိရန်ကြိုးစားလိုက်သော်လည်း စင်ပေါ်တွင်ရှိသော အာကာလီမှ စကားပြောလိုက်သည်။

“ဒီလူတွေထဲ လူစီယန်လို့ခေါ်တဲ့ တစ်ယောက်ရှိလား။ ဘယ်မှာရှိနေလဲ”

လူစီယန်သည် ကြောင်သွားလျှက် မော့ကြည့်လိုက်မိသည်။ အာကာလီ၏မျက်လုံးများသည် သူ့ကိုရှာနေကြောင်းတွေ့လိုက်ရသည်။

“ကျွန်တော်ပါခင်ဗျ ဆရာမအာကာလီ ကျွန်တော့ကိုခေါ်ပါသလား?” လူစီယန်သည် မိမိကိုယ်ကိုလက်ညိုးထိုးလျက်ပြောလိုက်သည်။

အခြားသော ဖြေဆိုသူများသည် လူစီယန်အား အံ့ဩစွာကြည့်လိုက်ကြသည်။

“မင်းကလူစီယန်လား?”

အာကာလီသည်မေးလိုက်ပြီး သူမ၏နောက်မှလူအားလည်း တစ်ချိန်လုံးမေးနေသည်။ထိုသူမှ အတည်ပြုပြီးသည့်နောက် သူမသည် ခေါင်းငြိမ့်လိုက်ပြီး “အကောင်းဆုံးကြိုးစားပါ” ဟုပြောကာ ထွက်သွားလေသည်။

လူစီယန် ကြောင်အ,သွားသည်။

အခြားသော ဖြေဆိုသူများသည် လူစီယန်အား အံ့ဩစွာကြည့်လိုက်ပြီး တချို့မှာ သံသယအကြည့် အားကျခြင်းနှင့် မနာလိုသော အကြည့်များပါဝင်သည်။

“ဆရာမအာကာလီက ငါ့ကိုသိနေတယ်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

အချိန်အတော်ကြာပင် လူစီယန်သည် စာမေးပွဲစာရွက်လက်ထဲတွင်ကိုင်ထားလျက်ပင် လူစီယန်သည် ကြောင်အ,နေသည်။

အချိန်အနည်းငယ်ကြောင်နေပြီးနောက် နောက်ဆုံး၌ သတိပြန်ကပ်လိုက်လေသည်။

“မေ့ထားလိုက်။ ဒီစာမေးပွဲကို အရင်ဖြေရမယ်။ နောက်မှတခြားဟာတွေစဉ်းစားရမယ်” လူစီယန်သည် သူ၏ပါးကိုရိုက်လိုက်ပြီး သတိပြန်ကပ်လိုက်ကာ စာမေးပွဲကိုဆက်ဖြေလေသည်။

လူစီယန်သည် ဆရာမအာကာလီသည် မှော်ဆက်သွယ်ရေးဌာန၌ အမြင့်ဆုံးအာဏာရှိသူဖြစ်သည့်အလျောက် မေးခွန်းများသည် အလွန်ခက်ခဲမည်ဟုထင်ခဲ့သည်။

သို့သော်လည်း ဖြေကြည့်သောအခါ ထိုမေးခွန်းများ၌ အဆင့်မြင့်သော သီအိုရီမေးခွန်းများ မပါပဲ အခြေခံမေးခွန်းများကိုသာ မေးထားကြောင်းတွေ့လိုက်ရသည်။ လိုအပ်ချက်သည် အလွန် အသေးစိတ်သည်ဆိုလျှင် ထိုမေးခွန်းများသည် ခက်ခဲသည်ဟုဆို၍မရပေ။

ထူးခြားသည့်အချက်မှာ တပ်ဆင်မှုများအပေါ်ဦးတည်ထားသည့်မေးခွန်းများဖြစ်သည့်အတွက် လက်တွေ့တပ်ဆင်ခြင်းပညာများတွင် အဆင့်ဒီဂရီတစ်ခုရထားသူများအနေဖြင့် အလွန်မခက်ခဲသင့်ပေ။

ကောင်းသောအချက်မှာ လူစီယန်သည် ဖိလစ်အကယ်ဒမီတွင် လေ့လာခဲ့ခြင်းဖြစ်ပြီး သူ့မိဘများ၏ ဝန်ထုပ်ဝန်ပိုးများအား ထမ်းပေးနိုင်ရန်တွက်သော်လည်းကောင်း သူ၏နေထိုင်ရာဒေသကို ကောင်းမွန်စေရန်အတွက် နှင့် သူ၏လက်တွေ့တပ်ဆင်သောအရည်ချင်းကို တိုးတက်၍ မှော်ဆက်သွယ်ရေးတွင် အလုပ်လုပ်နိုင်ရန်အတွက် ကြိုးစားခဲ့သောကြောင့် သူသည် ထိုပညာရပ်၌ အတွေ့ကြုံများရှိနေပြီဖြစ်သည်။

ထို့ကြောင့် မေးခွန်းများသည် သာမန်ကျောင်းသားများအတွက်ခက်ခဲနိုင်သော်လည်း လူစီယန်အတွက်မူ လွယ်ကူသည်ဟုသတ်မှတ်နိုင်သည်။

ရေးဖြေရသည့်မေးခွန်းများ ပြီးဆုံးလျှင် Frestech ကုန်သည်များအသင်း၏ဝန်ထမ်းများသည် လက်တွေ့ စာမေးပွဲအတွက်ပြင်ဆင်ကြလေသည်။

ရှေ့စာမေးပွဲ၌ ဖြေဆိုသူအများစုသည် ထုတ်ပယ်ခြင်းမခံရသော်လည်း ဒုတိယအဆင့် လက်တွေ့စာမေးပွဲ တွင်မူ လုပ်နိုင်စွမ်းမရှိသောသူများစွာပေါ်လာပြီး ထုတ်ပယ်ခြင်းခံရလေသည်။

ရေးဖြေစာမေးပွဲပြီးနောက်တွင် ဖြေဆိုသူ တစ်ရာကျော်ခန့်ကျန်ရှိပြီး လက်တွေ့တပ်ဆင်ရသည့် စာမေးပွဲ၌မူ လူစီယန်အပါအဝင် လူ၂၀ကျော်သာ ကျန်ရှိသည်။

“ကျန်နေတဲ့ သူတွေက ကျွန်တော်နဲ့လိုက်ခဲ့ပြီး ဆရာမအာကာလီကို လိုက်တွေ့ရပါမယ်။ ဆရာမအာကာလီကိုယ်တိုင် လူတွေ့စစ်ဆေးမှာဖြစ်ပြီး သူကျေနပ်ရင် ခင်ဗျားတို့ ကျန်ရှိနိုင်မှာဖြစ်ပါတယ်”

Frestech ကုန်သည်များအသင်းမှ ဝန်ထမ်းသည် ဖြေဆိုသူ အယောက်၂၀အား ကြီးမားသည့် ပို့ဆောင်ရေးကားပေါ်သို့ ခေါ်သွား၍ ပြောလေသည်။

ကြီးမားသည့်ပို့ဆောင်ရေးကားသည် သူတို့အား စာမေးပွဲနေရာမှ အနောက်ဖက်သို့ခေါ်သွားသည်။ ၎င်းသည် Frestech မြို့၏အနောက်ဖက်ရှိ Frestech ကုန်သည်များအသင်း၏ အဓိကအခြေစိုက်ဌာနချုပ် သို့ ခေါ်ဆောင်သွားသည်။

လူစီယန်သည် ပြတင်းပေါက်မှ ထိုအဆောက်အဦးအားကြည့်ကာ စိတ်များလှုပ်ရှားနေလေသည်။

လူစီယန်သည် မှော်ရုပ်ပြ၌ Frestech ကုန်သည်များအသင်း၏ အခြေစိုက်ဌာနချုပ်အား ကြိမ်ဖန်များစွာ မြင်ဖူးသော်လည်း လူကိုယ်တိုင် ယခုမှသာမြင်ဖူးခြင်းဖြစ်သည်။

ထိုနေရာသည် ဆန်းကြယ်သည်ဟုသတ်မှတ်ကြပြီး နယ်မြေမှလူများသည် အလေးအမြတ်ထားသောနေရာဖြစ်သည်။

Frestech ကုန်သည်များအသင်း၏ အခြေစိုက်ဌာနချုပ်သည် ခေတ်သစ်မှော်စက်မှုနယ်ပယ်၏ မူလအစပြုရာနေရာဖြစ်၍ စိုင်စ်နယ်မြေ၏ နှလုံးသားဟု ခေါ်ဆိုရမည့်နေရာဖြစ်သောကြောင့်ဖြစ်သည်။

ဤနေရာတွင်ပြုလုပ်သော အရာမှန်သမျှသည် အင်ပါယာတစ်ခုလုံးအား သက်ရောက်မှုရှိလေသည်။

လူစီယန်သည် လှုပ်ရှားနေသော စက်ရုံများကိုကြည့်ကာ စိတ်ထဲ၌ လေးစားမှုများဖြင့် ပြည့်နှက်နေလေသည်။

မှော်စက်မှုနယ်ပယ်တစ်ခုလုံးသည် ဤနေရာမှထွက်သော ပစ္စည်းများဖြင့်သာ ပြောင်းလဲမှုများ ပြုလုပ်နိုင်ခြင်းဖြစ်သည်။

ထိုနေရာကိုကြည့်ခြင်းသည် သမိုင်းအစိတ်အပိုင်းတစ်ခုအားကြည့် နေရသလိုပင် သွေးများဆူပွက်စေသည်။

လူစီယန်သည် လည်ပတ်ရန်အချိန်သိပ်မရချေ။ ကြီးမားသည့်မှော်ပို့ဆောင်ရေးကားသည် လမ်းခွဲများတွင်မောင်းကာ Frestech ကုန်သည်များအသင်း၏ အခြေစိုက်ဌာနချုပ်၏ ကြီးမားသော အဆောက်အဦးသို့ ဝင်သွားကာ ရပ်လိုက်သည်။

“ဒါကတော့ ကုမ္ပဏီရဲ့ မှော်သုတေသနဌာနပါ။”

ဝန်ထမ်းမှရှင်းပြချက်ကိုကြားပြီးသောအခါ အားလုံးသည် လေးစားအားကျသည့် ပုံစံထွက်ပေါ်လာသည်။

Frestech ကုန်သည်များအသင်း၏ မှော်သုတေသနဌာနသည် နယ်မြေထဲရှိ နည်းပညာများ၏ ထိပ်တန်းပင်ဖြစ်သည်။

လူစီယန်သည် ထိုနေရာ၌ အနည်းငယ် ရပ်နေမိပြီး Frestech ကုန်သည်များအသင်း၏ဝန်ထမ်းမှ ၇ထပ်မြင့်သော အဆောက်အဦးအတွင်းသို့ ခေါ်သွားလေသည်။

နောက်ဆုံး၌ ၎င်းတို့အားလုံးသည် ၃ထပ်မြောက်ရှိ ကြီးမားသည့်ဟောခန်းကြီးတစ်ခုထဲ ရောက်သွားသည်။

လူတိုင်း သိပြီးသားဖြစ်သော ဆရာမအာကာလီ သည် ထိုနေရာတွင် ထိုင်နေရုံသာမက လူစီယန်အံ့ဩသွားရသည့် အခြားသောသူတစ်ယောက်မှာလည်း ဟောခန်းထဲ၌ ထိုင်နေလေသည်။

***

Volume 8 အခန်း ၁၅ ။ အိမ်မှဝေးရာတွင် အလုပ်လုပ်ခြင်း

ဆရာမအာကာလီ၏ ဘေး၌ထိုင်နေသော မိန်းကလေးကိုကြည့်ကာ လူစီယန်သည် သူ၏ခေါင်းကိုခါလျှက် သူအမြင်အာရုံအား သေချာစေရန် ပြန်ဆန်းစစ်လိုက်သည်။

မှန်သည် ထိုမိန်းကလေးသည် လွန်ခဲ့သောလကသူတွေ့ခဲ့သည့် ထူးဆန်းသောမိန်းကလေးပင်ဖြစ်သည်။

လူစီယန်သည် သူမအား ပြန်တွေ့နိုင်ရန် ခက်ခဲမည်ဟုထင်ခဲ့သည်။ သို့သော် သူသည် ယခုပြန်တွေ့ရမည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ချေ။

သူသည် မိန်းကလေးအား လက်ကိုမြောက်၍ နှုတ်ဆက်ချင်သော်လည်း သူမသည် သူကိုကြည့်ကာ ခေါင်းယမ်းပြသည်။

လူစီယန်သည် သူသိချင်သည်များကို စိတ်ထဲ၌သာထည့်၍ ဆရာမအာကာလီအား လူတိုင်းကဲ့သို့ ကြည့်လိုက်သည်။

“လူတိုင်းထိုင်လို့ရပါတယ်”

အာကာလီကပြောသည်။ အားလုံးသည် ထိုင်လိုက်သည်။ သူမသည် အားလုံးကိုဝေ့ကြည့်လိုက်ကာ ခေါင်းငြိမ့်လိုက်ပြီး

“အခုဒီစာမေးပွဲကို အောင်ခဲ့တယ်ဆိုတော့ မင်းတို့ရဲ့အရည်အချင်းဟာ ငါလိုချင်တဲ့ အချက်နဲ့ကိုက်ညီတယ်လို့ ဆိုရမှာပဲ။ ဒါကြောင့် အခုငါ့မှာမင်းတို့ကို ဘာမှစစ်ဆေးစရာမရှိတော့ဘူး။ တစ်ခုပဲပြောစရာရှိတယ်”

လူတိုင်းသည် အာကာလီကိုသာ အာရုံစိုက်နေပြီး အသက်ရှုသံမှာပင်နှေးသွားသလိုပင်။

“ဒီတစ်ခေါက်ခန့်အပ်မဲ့ လက်ထောက်သုတေသီဟာ စိုင်စ်နယ်မြေ အပြင်ဖက်မှာ အချိန်အကြာကြီးသွားပြီး အလုပ်လုပ်ရမှာဖြစ်တယ်။ အနည်းဆုံး နှစ်ဝက်ဖြစ်ပြီး အများဆုံး တစ်နှစ် ထိလုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်ယောက် မလုပ်နိုင်ဘူးဆိုရင် အခုပဲထွက်သွားနိုင်ပါတယ်။”

လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး တချို့သည်ကသိကအောက်ဖြစ်သောရုပ်များ ပေါ်လာသည်။

အာကာလီ၏ ကိုယ်ပိုင်လက်ထောက်ဖြစ်ရန် မှာ နှစ်များစွာကြာမှတစ်ခါရသော အခွင့်အရေးဖြစ်သည်။ သို့သော်လည်း စိုင်စ်နယ်မြေမှ တစ်နှစ် သို့ နှစ်ဝက်လောက်ထွက်သွားရမည်မှာ…… ထိုတောင်းဆိုချက်သည် တချို့သောသူအတွက် လက်ခံရန်ခက်ခဲလေသည်။

အချိန်အနည်းငယ်မျှတိတ်ဆိတ်နေပြီးနောက် လူနှစ်ယောက်သည် မတ်တပ်ထရပ်သည်။ ၎င်းတို့သည် အာကာလီအား လေးစားစွာဦးညွတ်လိုက်ပြီး သူတို့သည် ထိုအလုပ်ကို လက်မခံနိုင်ကြောင်း ပြလိုက်သည်။

အာကာလီသည် မည်သို့မှ စိတ်မရှိပဲ သူ၏လက်ကိုယမ်းကာ “ဒါဆိုရင် မင်းတို့ ရိုးရိုးစာမေးပွဲကို သွားဖြေလို့ရတယ်။ အဲ့တာကိုအောင်ရင် ငါတို့ကုမ္ပဏီမှာ အလုပ်ရနိုင်ပါသေးတယ်။”

၎င်းတို့နှစ်ဦးသည် သက်ပြင်းများချလျှက် တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြသည်။

သူတို့နှစ်ဦးသည် ချက်ခြင်းမထွက်သွားသေးပေ။ တစ်ဦးသည် တွန့်ဆုတ်စွာဖြင့် အာကာလီအား မေးလိုက်သည်။

“ဆရာမအာကာလီ ကျွန်တော်တို့ကို ဆရာ့ရဲ့ လက်ထောက်ဖြစ်လာရင် ဘာအကျိုးကျေးဇူးများ ရလာမယ်ဆိုတာ ပြောပြနိုင်မလားဗျ။ အကယ်၍ ကောင်းမယ်ဆိုရင် ကျွန်တော့်အနေနဲ့ လုပ်နိုင်မယ်ထင်ပါတယ်ခင်ဗျ”

လူတိုင်း၏မျက်နှာထားမှာ ပြောင်းလဲသွားပြီး အာကာလီအား ကြည့်လိုက်ကြသည်။

မှန်သည်။ ထိုအရာသည် ၎င်းတို့အမှန်တကယ်ဂရုစိုက်သောအရာဖြစ်သည်။

အာကာလီသည် လူတိုင်း၏လေးစားအားကျရသောပုဂ္ဂိုလ်ဖြစ်၍ သူမ၏လက်ထောက်ဖြစ်ရန်မှာ အားလုံး၏ အိမ်မက်ဖြစ်သော်လည်း ၎င်းတို့တကယ်ဂရုစိုက်သည်မှာ အကျိုးအမြတ်ပင်ဖြစ်သည်။

နောက်ဆုံး၌ ၎င်းတို့သည် Frestech ကုန်သည်များအသင်းတွင် အလုပ်လုပ်လိုခြင်းမှာ ရရှိမည့် အကျိုးမြတ်များကြောင့် ဖြစ်သည်။

အာကာလီသည်ပြုံးလိုက်ပြီး ထိုမေးခွန်းအတွက် အံ့ဩသွားခြင်းလုံးဝမရှိချေ။

“အကျိုးအမြတ်အနေနဲ့ကတော့ …… ဒီအလုပ်ကိုလက်ခံရင် Frestech ကုန်သည်များအသင်းရဲ့ ပထမအဆင့် လက်ထောက်သုတေသီဖြစ်လာပြီး ပထမအဆင့်လက်ထောက်သုတေသီ တစ်ယောက်ရတဲ့ အကျိုးမြတ်တွေကိုရမှာဖြစ်တယ်။ ဒါကိုတော့ ဒီကိုမင်းတို့မလာခင် စုံစမ်းခဲ့ပြီးပြီလို့ ထင်ပါတယ်။ ဒါကြောင့် ငါဘာမှပြောပြဖို့မလိုတော့ပါဘူးနော်”

အချို့သူများသည် ခေါင်းငြိမ့်လိုက်ကြသည်။

Frestech ကုန်သည်များအသင်းသည် လူသစ်ခေါ်စဉ်ကပင် ခေါ်မည့်နေရာတစ်ခုဆီနှင့် လုပ်ခလစာများအား သတင်းစာများမှတဆင့် ကြေငြာပေးခဲ့ပြီးဖြစ်သည်။

အလုပ်လျှောက်လိုသည်နှင့် ၎င်းတို့သည် ထိုသတင်းအား လွယ်ကူစွာရရှိနိုင်ပြီး မည့်သည်နေရာအား လျှောက်ထားမည် ကိုရွေးချယ်နိုင်သည်။

“ဒီအလုပ်ရဲ့ လိုအပ်ချက်ကြောင့်လည်း မင်းတို့က ပထမအဆင့်လက်ထောက်ထပ်ပိုပြီး အကျိုးကျေးဇူးတွေရလိမ့်မယ်။ ပြီးတော့ ထောက်ပံ့ကြေးတစ်ချို့လဲရမယ်။ ဘယ်လောက်ပေးမလဲဆိုတာကတော့ ဆုံးဖြတ်ပေးမှာဖြစ်ပြီး အခုကတော့ တစ်ယောက်ကို ရွှေဒဂါး ၅ပြားဆီရမယ်။ ဒါကတော့ ရှေ့မှာ အခြေအနေကိုလိုက်ပြီး ညှိပေးမယ်။ သေချာတာပေါ့ မင်းတို့ရဲ့ လုပ်နိုင်စွမ်းကကောင်းရင် ငါကဘောနပ်စ်ပေးဖို့ တွန့်တိုနေမှာမဟုတ်ပါဘူး။ ပြီးတော့လည်း မင်းတို့က ကုမ္ပဏီအပြင်မှာသွားလုပ်ရမှာဖြစ်တဲ့အတွက် အဆောင်ခနဲ့ နေထိုင်စရိတ်တွေကို ကုမ္ပဏီက ထုတ်ပေးမှာဖြစ်တယ်။ ဒါကြောင့် အဲ့တွက် စိတ်ပူစရာမလိုပါဘူး။ ဘယ်လိုလဲ ဒီလောက်ဆိုကောင်းရဲ့လား?”

လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းငြိမ့်လိုက်ကြသည်။

Frestech ကုန်သည်များအသင်း၏ လက်ထောက်သုတေသီတစ်ယောက်၏လစာမှာ ရွှေဒဂါး ၂၅ပြားဖြစ်ပြီး ထောက်ပံ့ကြေး ၅ပြား နှင့်ဆိုလျှင် ပြား ၃၀ ဖြစ်သွားနိုင်သည်။

ထိုဝင်ငွေသည် နယ်မြေထဲတွင် အများဆုံးဟုမသတ်မှတ်နိုင်သော်လည်း များသည်ဟု သတ်မှတ်နိုင်သည်။

အရေးကြီးဆုံးအချက်မှာ အခြားသော ကုမ္ပဏီများနှင့်ယှဉ်လျှင် Frestech ကုန်သည်များအသင်းသည် တိုးတက်ရန်အတွက် အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် Frestech ကုန်သည်များအသင်းသို့ ဝင်လျှင် ၎င်းတို့၏အနာဂတ်သည် ထွန်းလင်းတောက်ပနေမည်ဖြစ်သည်။

ထိုအရာသည် ရွှေဒဂါးများစွာထပ် တန်လေသည်။

အာကာလီသည် သူတို့၏အဆောင်ခနှင့် နေထိုင်စရိတ်များမှာလည်း ကုမ္ပဏီမှကျခံပေးမည်ဆိုသည်။ ထို့ကြောင့် သူတို့၏အသုံးစရိတ်တချို့အား ကာမိပြီးဖြစ်ပြီး ထပ်ရှာစရာမလိုချင်းသည်လည်း တနည်းအားဖြင့် ဝင်ငွေတစ်ခုဖြစ်သည်။

အချုပ်ဆိုရသော် ထိုအကျိုးအမြတ်မှာ ကောင်းနေပြီဖြစ်သည်။

မေးခွန်းအား မေးသောသူသည် သူ့၏ခေါင်းအားငုံကာ စဉ်းစားလျှက် ပြန်ထိုင်လိုက်လေသည်။

လူတိုင်းသည် ထိုသူအားကြည့်နေကြရာ ထိုသူက မျက်နှာ နီနီနှင့် “အဲ့လိုအကျိုးအမြတ်လောက်နဲ့သာဆို မိန်းမက အိမ်ကနေ နှစ်ဝက်လောက်ထွက်သွားမှာကို သဘောတူပေးလောက်မှာပါ..”

လူတိုင်းသည် အံ့ဩကာ နောက်ဆုံး၌ ရယ်မောကြတော့သည်။

နောက်ဆုံး၌ ထိုသူသည် မယားကြောက်ရသူဖြစ်သည်။

လူစီယန်သည်လည်း အခြားသူများနှင့်အတူ လိုက်၍ ရယ်မောမိတော့သည်။

သူသည် အစပိုင်း၌ အာရုံမထားမိသော်လည်း အခုကြည့်လိုက်သောအခါ ၄င်းတို့သည် နှစ်ဆယ်ကျော်သက် အရွယ် ဘွဲ့ရခါစ ကျောင်းသားများပင် မဟုတ်ပေ။ ၎င်းတို့၌ အသက်ကြီးသောသူများလည်း ပါပြီး ဆံပင်ဖြူနေသောသူတစ်ယောက်ပင်ပါသည်။

ထိုသူ၏ရှင်းပြချက်ကိုကြားလျှင် အာကာလီပင် ပြုံးမိလေသည်။

“ကောင်းပြီ မင်းတို့ လုပ်နိုင်သရွေ့ ငါကတော့ ကြိုဆိုနေမှာပါ။ ဒီအလုပ်က လူအင်အားအများကြီးလိုတယ်။ ဒါကြောင့် အ‌ရည်အချင်းရှိတဲ့လက်ထောက်တွေ အများကြီးရှိလေကောင်းလေပဲ”

နောက်တစ်ဦးသည်ကား လက်မခံပဲထွက်သွားရန်လုပ်လိုက်လေသည်။ အားလုံးသူ့ကိုကြည့်လိုက်သည်။ ထိုသူက အံကြိတ်လိုက်ကာ သူ့ဆုံးဖြတ်ချက်ကို ချရန်အချိန်ခနယူလိုက်သည်။ သို့သော် သူသည် သက်ပြင်းချကာ “တောင်းပန်ပါတယ် ဆရာမအာကာလီ ကျွန်တော့မိဘတွေက အသက်ကြီးပြီဖြစ်လို့ ကျွန်တော်အိမ်ကနေအဝေးသွားဖို့အဆင်မပြေလို့ပါ။”

အာကာလီက ခေါင်းငြိမ့်လိုက်သည်။ “ငါ့ကိုတောင်းပန်စရာမလိုပါဘူး။ မင်းကမင်းမိဘတွေကို ဂရုစိုက်ချင်တာပဲ။ ဒါကချီးကျူးစရာကောင်းတဲ့ကိစ္စပါ” ထိုသို့‌ ပြောပြီးနောက် သူသည် အခြားသူများဖက်သို့လှည့်ကာ

“မင်းတို့အားလုံးကောပဲနော်။ တကယ်ပဲ ဆုံးဖြတ်ပြီးပြီဆိုရင် မင်းတို့ဟာ နှစ်ဝက် သို့ တစ်နှစ်လောက် အဝေးမှာနေရတော့မှာ ဖြစ်တယ်။ မင်းတို့သိရမှာက အဲ့ဒီနေရာဟာ ကီလိုမီတာရာကျော်မဟုတ်ဘူး။ တစ်ထောင်လည်းမဟုတ်ဘူး။ အဲ့နေရာဟာ ကီလိုမီတာထောင်ကျော် သို့ သောင်းကျော်တောင် ဝေးနိုင်တယ်။ ဒါကြောင့်သေချာစဉ်းစားပါ”

လူတိုင်းသည် တိတ်ဆိတ်သွားသည်။

ထိုသူ၏အကြောင်းရင်းမှာ ၎င်းတို့အားတုန်လှုပ်စေသည်။ အမှန်ပင် ယခုစိုင်စ်နယ်မြေ၏ ပို့ဆောင်ဆက်သွယ်ရေးမှာ လွယ်ကူနေပြီဖြစ်ပြီး ၎င်းတို့သည် အိမ်၌ပင်နေစရာမလိုတော့သော်လည်း အဝေးသို့ခရီးထွက်ဖို့ရန်‌ ခက်ခဲသည်။

ကီလိုမီတာထောင်ပေါင်း များစွာသွားရခြင်း သို့ သန်းပေါင်းများစွာ ခရီးသွားရခြင်းသည် ထိုအလုပ်အား လွယ်ကူစွာလက်ခံနိုင်ရန်ခက်ခဲသည်။

“ကောင်းပြီ မင်းတို့ ချက်ချင်းသဘောတူဖို့မလိုပါဘူး။ သွားဖို့ တရားဝင်စာရင်းက နောက်တစ်ပါတ်မှာထွက်လာလိမ့်မယ်။ ဒါကြောင့် မင်းတို့မှာ ဆုံးဖြတ်ဖို့ ရက်နည်းနည်းရှိသေးတယ်”

အာကာလီသည် သူ၏လက်ကိုဝေ့ယမ်းလိုက်ပြီး Frestech ကုန်သည်များအသင်း၏ဝန်ထမ်းအား အချက်ပြလိုက်ရာ ထိုသူသည် လူတိုင်း၏လက်ထဲသို့ စာရွက်စာတမ်း များထည့်ပေးလိုက်သည်။

“ဒါက ဒီအလုပ်အတွက် အကျဉ်းချုပ်မိတ်ဆက်ထားတာပါ။ ပြီးတော့ ငါတောင်းဆိုချင်တဲ့ အချက်တွေကောပါပါတယ်။ ဒါကိုနောက်ရက် အနည်းငယ် မှာကြည့်ပြီး ဒီတောင်းဆိုချက်တွေကို လက်ခံနိုင်ရင် မင်းတို့ရဲ့အဖြေကို ရက်အနည်းငယ်အတွင်းပေးပါ။ အကယ်၍ လက်မခံနိုင်ရင် …….. စောစောတော့ ဆုံးဖြတ်လိုက်ပါ။ ငါတို့ကုမ္ပဏီရဲ့ လူသစ်ခန့်တဲ့အချိန်ကို မလွတ်သွားစေနဲ့ပေါ့ “ အာကာလီကပြောသည်။

ထိုသို့ပြောပြီးနောက် အာကာလီသည် အစည်းအဝေးပြီးကြောင်း အချက်ပြလိုက်သည်။

လူတိုင်းသည် မတ်တပ်ရပ်လျှက် အာကာလီအားဦးညွတ်ကာ စာရွက်စာတမ်းအားယူ၍ ထွက်ခွာရန်လုပ်လိုက်သည်။

လူစီယန်သည်လည်း ထွက်ခွာရန်ဟန်ပြင်လိုက်သောအခါ အာကာလီက ရုတ်တရက်ခေါ်လိုက်ပြန်သည်။

“ဟုတ်သားပဲ လူစီယန် မင်းနေခဲ့ဦး”

အခြားသူများသည် မထွက်ခွာမှီ လူစီယန်အား အားကျသည့်မျက်လုံးဖြင့် ကြည့်သွားကြလေသည်။

ထိုအခန်းထဲ၌ လူစီယန်နှင့် အာကာလီ တို့ အဖွဲ့သာ ကျန်ခဲ့သည်။ ထူးဆန်းသောမိန်းကလေးသည် မည့်သည့်စကားမှမပြောပဲ အာကာလီဘေးတွင်ထိုင်ကာ လူစီယန်ကိုကြည့်လာလေသည်။

“ငါနင်လာမယ်လို့ မထင်ထားခဲ့ဘူး…. နင်ကဒေါသကြီးတဲ့ကလေးလို လာဖို့ဆန္ဒမရှိလောက်ဘူး ထင်နေတာ”

သူမအား စတွေ့ခဲ့စဉ်ကအတိုင်းပင်။ သူမ၏တည်ငြိမ်သောအသံ၌ အနည်းငယ်ပျော်ရွင်သည့်ပုံပေါက်၍ မျက်လုံးများ၌ ဖုံးကွယ်ထားသောအပြုံးရှိသည်။ သို့သော် သူမ၏မျက်နှာ၌ ပြုံးသည့်ဟန်လုံးဝမပြပဲ ကြည့်ရသည်မှာ ထူးဆန်းနေသည်။

လူစီယန်သည်သူမအား စိတ်ရှုပ်ထွေးနေသည့်ရုပ်ဖြင့်ကြည့်ကာ အနည်းငယ်တွန့်ဆုတ်နေပြီးမှ သူမထံသို့သွားကာ ဦးညွှတ်လိုက်ပြီး “တောင်းပန်ပါတယ် ပြီးတော့…… ကျေးဇူးပါ”

ထိုမိန်းကလေးသည် လူစီယန်၏အပြုအမူအား အံ့ဩသွား၍ ခနကြာမှ အားရပါးရ ရယ်မောတော့သည်။

“နင် နောက်ဆုံးတော့နားလည်သွားတဲ့ပုံပဲ အရမ်းကောင်းတယ်။ ငါက ဒီလို လူငယ်တွေ သူတို့အမှားသူတို့ သိတာကို သဘောကျတယ်။”

လူစီယန်သည် သူမအား ထူးဆန်းစွာကြည့်လိုက်သည်။

ထိုမိန်းကလေးသည် သူနှင့် အသက်အရွယ်မတိမ်းမယိမ်းပင်ဖြစ်ပြီး အဘယ်ကြောင့် သူနှင့် ထိုကျောင်းသားများအား လူငယ်ဟုခေါ်ရပါသနည်း။

“ဖရီယာ မင်းသူများတွေကို လူငယ်တွေလို့ လိုက်ခေါ်နေတာ ငါ့ကို အိုနေပြီလို့ တမင်ပြောချင်နေတာလား? အာကာလီက ရုတ်တရက်ထပြောသည်။

မိန်းကလေးသည် တစ်ခစ်ခစ်ရယ်လျှက် “အန်တီ အာကာလီ အဲ့တာအန်တီပြောတာနော်။ ကျွန်မပြောတာမဟုတ်ဘူး။ ပြီးတော့ သူကကျွန်မထက် နှစ်တွေ အများကြီးငယ်တာပဲ။ ဒါကြောင့်သူ့ကို လူငယ်လို့ ခေါ်ရမှာပေါ့”

“မင်း အဖေနားက အကျင့်တွေ မသင်နဲ့တော့ ။ မင်းဒီလောက်ငယ်သေးတာ လူတိုင်းထက် ကြီးနေသလိုပုံဖမ်းမနေနဲ့ ။ အနာဂတ်မှာ ဘယ်လိုနေမို့လဲ?”

“ဟုတ်ပြီ အန်တီက ကျွန်မအဖေကို ခေတ်နောက်ကျနေတယ်လို့ပြောတာပေါ့။ ကျွန်မအဖေနဲ့တွေ့ရင် ပြန်ပြောမှာ”

“သူကမင်းကိုဂရုစိုက်မှာမဟုတ်ဘူး”

အာကာလီက သူ၏ခေါင်းကိုခါလျှက် ကြောင်ကြည့်နေသော လူစီယန်ဖက်သို့လှည့်ကာ အပြုံးနှင့် “တောင်းပန်ပါတယ်။ ငါတို့နှစ်ယောက်ပြောတာကြာသွားတယ် လူစီယန်။ ဖရီယာက မင်းအကြောင်း အရင်တစ်ခေါက်ကပြောခဲ့တယ်။ ဒါကြောင့် ဒီတစ်ခေါက် ငါမင်းကို အာရုံစိုက်ကြည့်တာပဲ။ စာမေးပွဲအရဆိုရင်တော့ မင်းက တော်တော်လေး အခြေခံကောင်းတယ်။ ပြီးတော့ လက်တွေ့လုပ်ရတာမှာလည်း အရည်အချင်းရှိတယ်။ ပြီးတော့ တီထွင်နိုင်စွမ်းလည်း ကောင်းတယ်။ အဲ့တာတော်တော်ရှားတယ်။ မင်း အနာဂတ်မှာ ဒါကို ဆက်ထိန်းသိမ်းထားနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်”

လူစီယန်က အမြန်ပင်ခေါင်းငြိမ့်လိုက်ပြီး

“အကြံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ ကျွန်တော် လုပ်ပါ့မယ်”

“အင်း ငါ့မှာတော့ ဘာမှပြောစရာမရှိတော့ဘူး။ ဒါပေမဲ့ ဖရီယာကတော့ မင်းကိုတွေ့ရလို့ဝမ်းသာနေတယ် ထင်တယ်။ သူ့မှာ မင်းအတွက် တခုခုပြောစရာရှိမလားမသိဘူး။ မင်းကတော့နေခဲ့လိုက်ဦး”

လူစီယန်သည် ဖရီယာ ဟုခေါ်သည့် ထူးဆန်းသည့်မိန်းကလေးအား ကြည့်လိုက်သည်။

ဖရီယာသည် သူမ၏လက်ကို ယမ်းလိုက်ကာ

“ပြောစရာတော့ မရှိတော့ပါဘူး။ အရင်တစ်ခေါက်က နင့်ရဲ့ အရည်အချင်းတွေကောင်းတာကို တွေ့လိုက်ရလို့ ငါတို့ကုမ္ပဏီရဲ့ လူသစ်ခန့်တဲ့ချိန်မှာ ထောက်ခံပေးလိုက်တာပါ။ နင်ဒီကိုရောက်လာပြီး အန်တီ အာကာလီရဲ့ စာမေးပွဲအောင်သွားတာ ကောင်းပါတယ်။ အန်တီအာကာလီရဲ့ လက်အောက်မှာ ကြိုးစားပြီးအလုပ်လုပ်မယ်လို့ ငါမျှော်လင့်ပါတယ်….အန် …ပြီးတော့ နင့်ကို သတိမပေးဘူးလို့ မပြောနဲ့နော် …. အန်တီ အာကာလီက နူးညံ့ပုံပေါ်ပေမဲ့ သူကစည်းကမ်းတင်းကြပ်တယ်။ ဒါကြောင့် နင်သတိထားပါ”

“ဘာ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ” အာကာလီက ဖရီယာအား စိုက်ကြည့်လိုက်ပြီး လူစီယန်ထံသို့ လှည့်ကာ ပြုံးပြီးခေါင်းကိုခါလျှက် “မင်းမှာဒီကိစ္စအတွက် စဉ်းစားဖို့အချိန်ရှိပါသေးတယ်။ ငါ့ကိုကျေနပ်စေမဲ့ အဖြေပေးမယ်လို့ မျှော်လင့်ပါတယ်”

အာကာလီက စကားပြောပြီးကြောင်းပြသည်နှင့် လူစီယန်သည် ခေါင်းငြိမ့်လိုက်သည်။ သူသည် မတ်တပ်ရပ်ပြီး ၎င်းတို့ နှစ်ဦးအား ဦးညွှတ်ကာ အခန်းထဲမှ ထွက်လာလေသည်။

ထွက်လာပြီးနောက်တွင် လူစီယန်သည် လမ်းလျှောက်ရင်း ထိုစကားဝိုင်းအားပြန်စဉ်းစားနေသည်။ တစ်ခုခုကို မေ့နေသည်ဟုခံစားနေရသည်။

ခနကြာပြီးနောက်မှ သူသည် ရုတ်တရက် ရပ်လိုက်ကာ သူမျက်နှာသည် တုန်လှုပ်သွားကာ မျက်လုံးများသည် ပြူးကျယ်သွားရတော့သည်။

“ဘုရားရေ….ဖရီယာ? အဲ့တာက…….”

ထိုသူ၏အကြောင်းရင်းမှာ ၎င်းတို့အားတုန်လှုပ်စေသည်။ အမှန်ပင် ယခုစိုင်စ်နယ်မြေ၏ ပို့ဆောင်ဆက်သွယ်ရေးမှာ လွယ်ကူနေပြီဖြစ်ပြီး ၎င်းတို့သည် အိမ်၌ပင်နေစရာမလိုတော့သော်လည်း အဝေးသို့ခရီးထွက်ဖို့ရန်‌ ခက်ခဲသည်။

ကီလိုမီတာထောင်ပေါင်း များစွာသွားရခြင်း သို့ သန်းပေါင်းများစွာ ခရီးသွားရခြင်းသည် ထိုအလုပ်အား လွယ်ကူစွာလက်ခံနိုင်ရန်ခက်ခဲသည်။

“ကောင်းပြီ မင်းတို့ ချက်ချင်းသဘောတူဖို့မလိုပါဘူး။ သွားဖို့ တရားဝင်စာရင်းက နောက်တစ်ပါတ်မှာထွက်လာလိမ့်မယ်။ ဒါကြောင့် မင်းတို့မှာ ဆုံးဖြတ်ဖို့ ရက်နည်းနည်းရှိသေးတယ်”

အာကာလီသည် သူ၏လက်ကိုဝေ့ယမ်းလိုက်ပြီး Frestech ကုန်သည်များအသင်း၏ဝန်ထမ်းအား အချက်ပြလိုက်ရာ ထိုသူသည် လူတိုင်း၏လက်ထဲသို့ စာရွက်စာတမ်း များထည့်ပေးလိုက်သည်။

“ဒါက ဒီအလုပ်အတွက် အကျဉ်းချုပ်မိတ်ဆက်ထားတာပါ။ ပြီးတော့ ငါတောင်းဆိုချင်တဲ့ အချက်တွေကောပါပါတယ်။ ဒါကိုနောက်ရက် အနည်းငယ် မှာကြည့်ပြီး ဒီတောင်းဆိုချက်တွေကို လက်ခံနိုင်ရင် မင်းတို့ရဲ့အဖြေကို ရက်အနည်းငယ်အတွင်းပေးပါ။ အကယ်၍ လက်မခံနိုင်ရင် …….. စောစောတော့ ဆုံးဖြတ်လိုက်ပါ။ ငါတို့ကုမ္ပဏီရဲ့ လူသစ်ခန့်တဲ့အချိန်ကို မလွတ်သွားစေနဲ့ပေါ့ “ အာကာလီကပြောသည်။

ထိုသို့ပြောပြီးနောက် အာကာလီသည် အစည်းအဝေးပြီးကြောင်း အချက်ပြလိုက်သည်။

လူတိုင်းသည် မတ်တပ်ရပ်လျှက် အာကာလီအားဦးညွတ်ကာ စာရွက်စာတမ်းအားယူ၍ ထွက်ခွာရန်လုပ်လိုက်သည်။

လူစီယန်သည်လည်း ထွက်ခွာရန်ဟန်ပြင်လိုက်သောအခါ အာကာလီက ရုတ်တရက်ခေါ်လိုက်ပြန်သည်။

“ဟုတ်သားပဲ လူစီယန် မင်းနေခဲ့ဦး”

အခြားသူများသည် မထွက်ခွာမှီ လူစီယန်အား အားကျသည့်မျက်လုံးဖြင့် ကြည့်သွားကြလေသည်။

ထိုအခန်းထဲ၌ လူစီယန်နှင့် အာကာလီ တို့ အဖွဲ့သာ ကျန်ခဲ့သည်။ ထူးဆန်းသောမိန်းကလေးသည် မည့်သည့်စကားမှမပြောပဲ အာကာလီဘေးတွင်ထိုင်ကာ လူစီယန်ကိုကြည့်လာလေသည်။

“ငါနင်လာမယ်လို့ မထင်ထားခဲ့ဘူး…. နင်ကဒေါသကြီးတဲ့ကလေးလို လာဖို့ဆန္ဒမရှိလောက်ဘူး ထင်နေတာ”

သူမအား စတွေ့ခဲ့စဉ်ကအတိုင်းပင်။ သူမ၏တည်ငြိမ်သောအသံ၌ အနည်းငယ်ပျော်ရွင်သည့်ပုံပေါက်၍ မျက်လုံးများ၌ ဖုံးကွယ်ထားသောအပြုံးရှိသည်။ သို့သော် သူမ၏မျက်နှာ၌ ပြုံးသည့်ဟန်လုံးဝမပြပဲ ကြည့်ရသည်မှာ ထူးဆန်းနေသည်။

လူစီယန်သည်သူမအား စိတ်ရှုပ်ထွေးနေသည့်ရုပ်ဖြင့်ကြည့်ကာ အနည်းငယ်တွန့်ဆုတ်နေပြီးမှ သူမထံသို့သွားကာ ဦးညွှတ်လိုက်ပြီး “တောင်းပန်ပါတယ် ပြီးတော့…… ကျေးဇူးပါ”

ထိုမိန်းကလေးသည် လူစီယန်၏အပြုအမူအား အံ့ဩသွား၍ ခနကြာမှ အားရပါးရ ရယ်မောတော့သည်။

“နင် နောက်ဆုံးတော့နားလည်သွားတဲ့ပုံပဲ အရမ်းကောင်းတယ်။ ငါက ဒီလို လူငယ်တွေ သူတို့အမှားသူတို့ သိတာကို သဘောကျတယ်။”

လူစီယန်သည် သူမအား ထူးဆန်းစွာကြည့်လိုက်သည်။

ထိုမိန်းကလေးသည် သူနှင့် အသက်အရွယ်မတိမ်းမယိမ်းပင်ဖြစ်ပြီး အဘယ်ကြောင့် သူနှင့် ထိုကျောင်းသားများအား လူငယ်ဟုခေါ်ရပါသနည်း။

“ဖရီယာ မင်းသူများတွေကို လူငယ်တွေလို့ လိုက်ခေါ်နေတာ ငါ့ကို အိုနေပြီလို့ တမင်ပြောချင်နေတာလား? အာကာလီက ရုတ်တရက်ထပြောသည်။

မိန်းကလေးသည် တစ်ခစ်ခစ်ရယ်လျှက် “အန်တီ အာကာလီ အဲ့တာအန်တီပြောတာနော်။ ကျွန်မပြောတာမဟုတ်ဘူး။ ပြီးတော့ သူကကျွန်မထက် နှစ်တွေ အများကြီးငယ်တာပဲ။ ဒါကြောင့်သူ့ကို လူငယ်လို့ ခေါ်ရမှာပေါ့”

“မင်း အဖေနားက အကျင့်တွေ မသင်နဲ့တော့ ။ မင်းဒီလောက်ငယ်သေးတာ လူတိုင်းထက် ကြီးနေသလိုပုံဖမ်းမနေနဲ့ ။ အနာဂတ်မှာ ဘယ်လိုနေမို့လဲ?”

“ဟုတ်ပြီ အန်တီက ကျွန်မအဖေကို ခေတ်နောက်ကျနေတယ်လို့ပြောတာပေါ့။ ကျွန်မအဖေနဲ့တွေ့ရင် ပြန်ပြောမှာ”

“သူကမင်းကိုဂရုစိုက်မှာမဟုတ်ဘူး”

အာကာလီက သူ၏ခေါင်းကိုခါလျှက် ကြောင်ကြည့်နေသော လူစီယန်ဖက်သို့လှည့်ကာ အပြုံးနှင့် “တောင်းပန်ပါတယ်။ ငါတို့နှစ်ယောက်ပြောတာကြာသွားတယ် လူစီယန်။ ဖရီယာက မင်းအကြောင်း အရင်တစ်ခေါက်ကပြောခဲ့တယ်။ ဒါကြောင့် ဒီတစ်ခေါက် ငါမင်းကို အာရုံစိုက်ကြည့်တာပဲ။ စာမေးပွဲအရဆိုရင်တော့ မင်းက တော်တော်လေး အခြေခံကောင်းတယ်။ ပြီးတော့ လက်တွေ့လုပ်ရတာမှာလည်း အရည်အချင်းရှိတယ်။ ပြီးတော့ တီထွင်နိုင်စွမ်းလည်း ကောင်းတယ်။ အဲ့တာတော်တော်ရှားတယ်။ မင်း အနာဂတ်မှာ ဒါကို ဆက်ထိန်းသိမ်းထားနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်”

လူစီယန်က အမြန်ပင်ခေါင်းငြိမ့်လိုက်ပြီး

“အကြံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ ကျွန်တော် လုပ်ပါ့မယ်”

“အင်း ငါ့မှာတော့ ဘာမှပြောစရာမရှိတော့ဘူး။ ဒါပေမဲ့ ဖရီယာကတော့ မင်းကိုတွေ့ရလို့ဝမ်းသာနေတယ် ထင်တယ်။ သူ့မှာ မင်းအတွက် တခုခုပြောစရာရှိမလားမသိဘူး။ မင်းကတော့နေခဲ့လိုက်ဦး”

လူစီယန်သည် ဖရီယာ ဟုခေါ်သည့် ထူးဆန်းသည့်မိန်းကလေးအား ကြည့်လိုက်သည်။

ဖရီယာသည် သူမ၏လက်ကို ယမ်းလိုက်ကာ

“ပြောစရာတော့ မရှိတော့ပါဘူး။ အရင်တစ်ခေါက်က နင့်ရဲ့ အရည်အချင်းတွေကောင်းတာကို တွေ့လိုက်ရလို့ ငါတို့ကုမ္ပဏီရဲ့ လူသစ်ခန့်တဲ့ချိန်မှာ ထောက်ခံပေးလိုက်တာပါ။ နင်ဒီကိုရောက်လာပြီး အန်တီ အာကာလီရဲ့ စာမေးပွဲအောင်သွားတာ ကောင်းပါတယ်။ အန်တီအာကာလီရဲ့ လက်အောက်မှာ ကြိုးစားပြီးအလုပ်လုပ်မယ်လို့ ငါမျှော်လင့်ပါတယ်….အန် …ပြီးတော့ နင့်ကို သတိမပေးဘူးလို့ မပြောနဲ့နော် …. အန်တီ အာကာလီက နူးညံ့ပုံပေါ်ပေမဲ့ သူကစည်းကမ်းတင်းကြပ်တယ်။ ဒါကြောင့် နင်သတိထားပါ”

“ဘာ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ” အာကာလီက ဖရီယာအား စိုက်ကြည့်လိုက်ပြီး လူစီယန်ထံသို့ လှည့်ကာ ပြုံးပြီးခေါင်းကိုခါလျှက် “မင်းမှာဒီကိစ္စအတွက် စဉ်းစားဖို့အချိန်ရှိပါသေးတယ်။ ငါ့ကိုကျေနပ်စေမဲ့ အဖြေပေးမယ်လို့ မျှော်လင့်ပါတယ်”

အာကာလီက စကားပြောပြီးကြောင်းပြသည်နှင့် လူစီယန်သည် ခေါင်းငြိမ့်လိုက်သည်။ သူသည် မတ်တပ်ရပ်ပြီး ၎င်းတို့ နှစ်ဦးအား ဦးညွှတ်ကာ အခန်းထဲမှ ထွက်လာလေသည်။

ထွက်လာပြီးနောက်တွင် လူစီယန်သည် လမ်းလျှောက်ရင်း ထိုစကားဝိုင်းအားပြန်စဉ်းစားနေသည်။ တစ်ခုခုကို မေ့နေသည်ဟုခံစားနေရသည်။

ခနကြာပြီးနောက်မှ သူသည် ရုတ်တရက် ရပ်လိုက်ကာ သူမျက်နှာသည် တုန်လှုပ်သွားကာ မျက်လုံးများသည် ပြူးကျယ်သွားရတော့သည်။

“ဘုရားရေ….ဖရီယာ? အဲ့တာက…….”

***

Volume 8 အခန်း ၁၆ ။ ရွေးချယ်မှု

အစည်းအဝေးခန်းမ၏ တံခါးပိတ်သွားပြီးနောက် အာကာလီသည် အပြုံးဖြင့် ဖရီယာ ဖက်သို့လှည့်လိုက်သည်။

“ဟေး ဖရီယာ သူ့ကိုသဘောကျနေတာလား?”

ဖရီယာသည် အာကာလီကို စိုက်ကြည့်လိုက်သည်။

“အန်တီ အာကာလီ ဒီဟာသက မရီရဘူးနော်။ အကယ်၍ အဖေကြားရင် သူ အန်တီ့ကို စိတ်ဆိုးလိမ့်မယ်”

အာကာလီက ပခုံးတွန့်လိုက်ကာ “အန်တီတော့မထင်ပါဘူး။ သူဘယ်လောက်ပဲမင်းကိုချစ်ပါစေ။ မင်းကတစ်နေ့တော့ လက်ထပ်ရမှာပဲလေ။ ကြည့်ဦး မင်းကဒီနှစ်ဆို နှစ်ဆယ်ကျော်ထဲ ရောက်နေပြီမလား”

“နှစ်ဆယ့်လေးပြည့်တော့မှာ” ဖရီယာက ပြောလိုက်ပြီး “ကျွန်မက မဖြစ်မနေ လက်ထပ်ရလိမ့်မယ်လို့ ဘယ်သူပြောလဲ။ အန်တီနဲ့ အန်တီ အီဗာတာလည်း အိမ်ထောင်မှမရှိတာ..”

“ငါတို့နှစ်ယောက်က မတူဘူးလေ။ ငါတို့သဘောကျတဲ့သူက ငါတို့ကိုမှ လက်မခံတာ”

အာကာလီသည် ဖရီယာ၏ ခေါင်းလေးအား ပုတ်လိုက်ကာ ပြုံးလျှက် “ဖရီယာ အကယ်၍ ဥက္ကဌသာ ငါ့ကို အဲ့တုန်းကလက်ခံခဲ့မယ်ဆိုရင် မင်းလောက်အရွယ် သမီးလေးရှိနေလောက်ပြီ”

ဖရီယာသည် တစ်ခစ်ခစ်ရယ်ကာ “ အဲ့တာကတော့ အန်တီတို့ကြားက ကိစ္စပဲလေ။ ကျွန်မကိုဆွဲမထည့်နဲ့နော်။ သမီးတစ်ယောက် လိုချင်တယ်ဆိုရင်တော့ ကျွန်မက အန်တီ့သမီး ဖြစ်ပေးလို့ရပါတယ်။”

“အင်း အီဗာတာနဲ့ ငါက မင်းကို ကြည့်ရှုစောင့်ရှောက်လာရတာဆိုတော့ ငါတို့သမီးလိုပါပဲ” အာကာလီသည် ရပ်လိုက်ပြီးနောက် သူမ၏အပြုံးသည်ပျောက်ကွယ်သွားကာ

“ဟုတ်ပြီ နောက်မနေနဲ့တော့ အတည်ပြောရအောင်။ ဖရီယာ မင်း အသက်က ၂၄ လည်းပြည့်တော့မှာဆိုတော့ ဥက္ကဌနဲ့ ဂတိပေးထားတဲ့ အချိန်လည်း ရောက်တော့မယ်။ မင်း ဆုံးဖြတ်ချက်ချပြီးပြီလား?”

ဖရီယာသည် အနည်းငယ် ခါးသက်သည့်အမူအရာကို ပြလိုက်ကာ သူမ၏မျက်ခုံးများကိုကုပ်လိုက်ပြီး စဉ်းစားကာ ခေါင်းခါပြလိုက်လေသည်။

“ကျွန်မ အခုထိ မစဉ်းစားရသေးဘူး”

“ဘာ မင်းက ကုမ္ပဏီကို အမွေဆက်ခံဖို့ စိတ်မဝင်စားဘူးလား?”

“ စိတ်မဝင်စားဘူးလို့တော့ ပြောလို့မရဘူးပေါ့။ အရင်နှစ်နှစ်ကျော်ကတည်းက ကုမ္ပဏီရဲ့ အလုပ်တွေကို ဝင်လုပ်ခဲ့ပြီး စိတ်ဝင်စားဖို့ကောင်းတယ်လို့တော့ ထင်မိပေမဲ့….. ဒါပေမဲ့ပေါ့ ကျွန်မထင်တာ ဒီလို အစောကြီး ကျွန်မအနာဂတ်ကို ဆုံးဖြတ်လိုက်ရမှာက နည်းနည်းတော့……. နည်းနည်းတော့ စိတ်မပါဘူး”

“ချုပ်နှောင်ခံရမှာစိုးလို့ စိတ်မပါတာလား” အာကာလီကမေးသည်။

“ငါနားလည်ပါတယ်။ ငါလည်းငယ်ငယ်တုန်းက လွတ်လပ်ချင်ခဲ့တာပဲ တစ်နေရာထဲမှာပဲ မပိတ်မိနေချင်ခဲ့ဘူး။ မှော်ဆက်သွယ်ရေးကွန်ရက်ကို ရှာတွေ့မှသာ ငါ့ဘဝကို နှစ်ထားချင်တဲ့အရာဖြစ်ပြီး အဲ့ချိန်မှသာ အခြေကျသွားတာ”

“ချုပ်နှောင်ထားခံရလို့လဲမဟုတ်ပါဘူး။ ကျွန်မခံစားရတာ … အဖေက ဆုံးဖြတ်စရာကိစ္စတွေများနေပြီး သူကအရမ်း ပင်ပန်းနေပြီ။ ကျွန်မကသူ့ကို အဲ့လိုမြင်ရတာကို မကြိုက်တာ” ဖရီယာကပြောသည်။

အာကာလီက သက်ပြင်းရှည်ချလိုက်သည်။

“ဥက္ကဌက ဆုံးဖြတ်ချက်တွေ အများကြီးချရတာမှန်တယ်။ ဒါပေမဲ့ ရွေးချယ်စရာလဲမရှိဘူးလေ။ ဘယ်သူကသူ့ကို Frestech ကုန်သည်များအသင်းရဲ့ ဥက္ကဌဖြစ်ဖို့ပြောခဲ့လဲ။ သူပခုံးပေါ်မှာ လူတွေအများကြီးရဲ့ ကံကြမ္မာတွေကို ထမ်းထားရပြီး သူရဲ့ ဆုံးဖြတ်ချက်တစ်ခုဆီတိုင်းက နယ်မြေရဲ့ တိုးတက်မှုအပေါ်မူတည်တယ်။ ဒါကြောင့် သူကကိစ္စတွေအများကြီးကို ဆုံးဖြတ်ရပြီး အမှားသေးသေး တစ်ခုတောင်ပါလို့မရဘူး။ ဒါပေမဲ့ သူ မောပန်းနေတယ်လို့ပြောရင်တော့ ငါလက်မခံဘူး”

“သူပင်ပန်းနေတာမဟုတ်လို့လား? ကိစ္စတွေအများကြီးကို အချိန်တိုင်း ဆုံးဖြတ်ပေးနေရတာက ကျွန်မအတွက် စဉ်းစားရင်တောင် ခေါင်းကိုက်စရာပဲ” ဖရီယာ သည် သူ၏ပါးစပ်ကို စေ့လိုက်သည်။

“သူကနေသားကျနေပြီ” အာကာလီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ “သူက အဲ့လိုလုပ်ရတာကို ပျော်နေတာတောင်ဖြစ်နိုင်တယ်။ ဥက္ကဌက သူမှာကြီးမားတဲ့ ရည်မှန်းချက်ရှိပြီး သူရဲ့ ရည်မှန်းချက်ကိုလည်း လွန်ခဲ့တဲ့ဆယ်နှစ်က ဘန်တာ တရားဝင်ကြေငြာချက်မှာ ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးပြီ။ သူက ဒီနှစ်တွေမှာ Frestech ကုန်သည်များအသင်းနဲ့ အတူ အလုပ်လုပ်နေတာဟာ သူရဲ့ ရည်မှန်းချက်ကို ရောက်အောင်သွားဖို့ပဲ ဖရီယာ မင်းဒါကို အခုချိန်မှာနားမလည်နိုင်သေးလောက်ဘူး ဒါပေမဲ့ လူတစ်ယောက်ဟာ သူရဲ့ ရည်မှန်းချက်ကို ရောက်ဖို့ဆိုရင် ဘယ်တော့မှ မမောပန်းဘူး”

“အဲ့လိုလား?....” ဖရီယာသည် အာကာလီကိုကြည့်၍ပြောလိုက်သော်လည်း သူ၏မျက်လုံးမှာ တခြားနေရာသို့ ရောက်နေသည်။

“ကောင်းပြီ ဒါတွေကိုတွေးပူမနေပါနဲ့ဦး” အာကာလီက ဖရီယာ၏ကျောကိုပုတ်လိုက်ပြီး

“ငါဥက္ကဌကို နားလည်ပါတယ် သူကမင်းကို သူ့ကုမ္ပဏီကို ပေးချင်ပေမဲ့လဲ မင်းရဲ့ဘဝနဲ့မင်း နေစေချင်မှာပါ။ မင်းကုမ္ပဏီကို မဆက်ခံချင်ဘူးဆိုရင်လည်း သူကအတင်းကြပ်လုပ်မှာ မဟုတ်ပါဘူး။ ပြီးတော့ မင်းမှာလည်း နောက်တစ်နှစ် အချိန်ရှိပါသေးတယ်။ ဒါကြောင့် သေချာစဉ်းစားပါ။”

ဖရီယာသည် အနည်းငယ်စဉ်းစားပြီးနောက် လက်ခုပ်တီးလိုက်ပြီး တည်ငြိမ်သောအသံနှင့်

“ဟုတ်တယ် ကျွန်မမှာ တစ်နှစ်အချိန်ရှိသေးတယ်။ ပြီးတော့လည်း ကျွန်မမှာ မောင်လေး ညီမလေးတွေရှိသေးတာပဲ။ ကျွန်မမလုပ်ချင်ရင်တောင် အဖေက သူတို့ထဲကတစ်ယောက်ကို သင်ပေးလို့ရသားပဲ ဟဲ ဟဲ….”

အာကာလီသည် ဖရီယာအား လက်ဖြင့်ပုတ်လိုက်ပြီး အပြစ်တင်သံဖြင့် “ဘာတွေလျောက်ပြောနေတာလဲ။ ဥက္ကဌက မင်းကို မွေးကတည်းက သူရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူအဖြစ် ကြေညာပြီးသား။ ဥက္ကဌအကြောင်း သိရသလောက်ဆိုရင် မင်းက ကုမ္ပဏီကို မဆက်ခံဘူးဆိုရင်တောင် မင်းမောင်လေး ညီမလေးတွေကိုလည်း ပေးမှာမဟုတ်ဘူး။ ဒါကြောင့် မင်းရဲ့ရွေးချယ်မှုဟာ ဘယ်လောက်အရေးကြီးလဲဆိုတာနားလည်သင့်တယ်”

ဖရီယာသည် လျှာကိုထုတ်ကာ “အန်တီအာကာလီက ကျွန်မကို နှစ်သိမ့်ပေးမယ်ထင်တာ။ ဒါပေမဲ့ အမေ့လိုပဲ ကျွန်မကို ဆူနေတာပဲ”

“ငါကမင်းစဉ်းစားဖို့အချိန်ရအောင်လို့ပါ.. ဥက္ကဌက အဲ့တာကို ဂရုမစိုက်ဘူးဆိုရင်တောင် စတေးလ်က အရမ်းဂရုစိုက်တယ်လေ။ မင်းဆုံးဖြတ်ချက်က မင်းတစ်ယောက်ထဲနဲ့ သက်ဆိုင်တာမဟုတ်ဘူး Frestech ကုန်သည်များအသင်းက လူတိုင်းနဲ့ သက်ဆိုင်နေတာ။ ငါ့ကို အဲ့လိုမကြည့်နဲ့နော်၊ မင်းဆုံးဖြတ်ချက်က အရေးကြီးတယ် ဒါကြောင့် ပေါ့ပေါ့မလုပ်ပါနဲ့”

အာကာလီ၏အသံသည် တည်နေသည်ကို ကြားကာ ဖရီယာသည်လည်း စနောက်မနေတော့ပဲ ခေါင်းသာငြိမ့်လိုက်တော့သည်။

“ကောင်းပြီး အန်တီအာကာလီ ကျွန်မဒီကိစ္စကို ကောင်းကောင်းစဉ်းစားပါ့မယ် ကျွန်မတကယ် လက်မခံနိုင်ဘူးဆိုရင် အဖေနဲ့ စကားသေချာပြောလိုက်ပါ့မယ် သူကျွန်မကို နားလည်ပြီး ထောက်ခံ ပေးလိမ့်မယ်လို့ ယုံတယ် အကယ်၍ လက်ခံမယ်ဆိုရင်လည်း ကျွန်မရဲ့စိတ်ကိုပြင်ဆင်ပြီး တာဝန်ယူပါ့မယ်”

ထိုစဉ်မှ အာကာလီသည် သက်ပြင်းချပြီး ဖရီယာ၏ခေါင်းအား အသာအယာပုတ်လိုက်တော့သည်။

“တခြားသူတွေအားလုံးက မင်းကို ကမ္ဘာပေါ်မှာကံအကောင်းဆုံးသူလို့ ထင်ကြပေမဲ့လည်း မင်းပခုံးပေါ်မှာ ထမ်းထားရတဲ့ဝန်တွေရှိတယ်ဆိုတာ ဘယ်သူမှထင်ထားကြမှာမဟုတ်ဘူး။ မင်းအဖေက ပညာရှိတဲ့ သူဖြစ်လို့ပဲ မဟုတ်ရင် ပျော်စရာကောင်းတဲ့ ကလေးဘဝနဲ့ လွတ်လပ်တဲ့ ဘဝကို နေရမှာမဟုတ်ဘူး။ ဒါကြောင့် ဖရီယာ မင်းအဖေကို ကျေးဇူးတင်ပါ။ သူ့ရဲ့ကောင်းမြတ်မှုက ကမ္ဘာကြီးရဲ့ပြောင်းလဲမှုနဲ့ တိုင်းတာလို့မရဘူး။ ဘဝတိုင်းရဲ့ အစိတ်အပိုင်းနဲ့ တိုင်းတာရမှာ..”

ဖရီယာသည် တောက်ပနေသော မျက်လုံးများဖြင့်ကြည့်လိုက်သည်။

“မှန်တာပေါ့ ကျွန်မရဲ့ နှလုံးသားထဲမှာ အဖေက အကောင်းဆုံးပဲ ဘယ်သူမှ သူနဲ့ ယှဉ်လို့မရဘူး”

“စတေးလ်ကကော?”

ဖရီယာသည် အနည်းငယ်တုံးဆိုင်းသွားပြီးနောက် ခိုင်မာစွာ ခေါင်းငြိမ့်လိုက်ပြီး

“အမေတောင် မယှဉ်နိုင်ဘူးပေါ့ ဘယ်သူကသူ့ကို အိမ်မှာအမြဲမရှိနေခိုင်းလို့လဲ”

အာကာလီသည် ရယ်မောမိသည်။

“ဒါကတော့ ငါလည်း စတေးလ်ကို မကူနိုင်တော့ဘူး သူမက New Moon ကုန်သည်များအသင်းမှာပဲ အလုပ်တွေရှုပ်နေတာ မင်းနဲ့ အချိန်ကုန်တာနည်းတယ်”

စကားပြောနေကြရင်း အာကာလီသည် ဖရီယာ၏ ခန္ဓာကိုယ်ကို ကြည့်ကာ ပြောသည်။

“တကယ်တော့ ငါ့မှာ သံသယတစ်ခုရှိတယ်။ ဥက္ကဌက မင်းစိတ်ထဲမှာ နေရာအများကြီးယူထားလို့ ချစ်သူ မရှာနိုင်တာလား?”

အာကာလီသည် စနောက်လိုက်သော်လည်း ဖရီယာသည် အမှန်တကယ်ပင် တုံ့ဆိုင်းခြင်းမရှိပဲ ခေါင်းငြိမ့်ကာ ဖြေသည်။

“သာမာန်ကောင်လေးတွေကို ဘာလို့သဘောကျရမှာလဲ။ သူတို့က ယင်ကောင်တွေလိုပဲ စိတ်ရှုပ်ဖို့ကောင်းတယ်။ သူတို့ကို မကြိုက်ဘူး”

ထိုသို့ပြောပြီးနောက် သူမသည် အာကာလီအား ကြည့်၍မေးလိုက်သည်။

“အန်တီအာကာလီကကော တူတူပဲမဟုတ်လား? အဖေကြောင့် တခြားသူတွေကို မကြိုက်တော့တာမလား?”

အာကာလီက ခါးသက်စွာပြုံးလိုက်ပြီးနောက် “ဒါဆို ငါတို့ နှစ်ယောက်လုံးက ဥက္ကဌကြောင့် ခံစားနေရတာပေါ့။ ဒါပေမဲ့ မင်းကသူ့သမီးဆိုတော့ တူမှာ မဟုတ်ပါဘူး”

ထိုသို့ပြောပြီးနောက် အာကာလီသည် မတ်တပ်ထရပ်လိုက်သည်။

“ကောင်းပြီ ငါ ပြုပြင်စရာလေးတွေရှိသေးတယ်။ မင်းနဲ့ စကားပြောဖို့ အချိန်မရှိတော့ဘူး။ ဖရီယာ ငါပြောတာကို စဉ်းစားထားပါ။ ငါမင်းကို အကြံပေးမယ်လို့တော့ မျှော်လင့်မထားနဲ့။ ဥက္ကဌက မင်းရဲ့ဆုံးဖြတ်ချက်ကို ဘယ်သူမှဝင်မနှောက်ယှက်ရဘူးလို့ပြောထားတယ်။”

ပြောပြီးနောက်တွင် အာကာလီသည် ထွက်သွားသည်။

သူမသည် တံခါးကိုဖွင့်လိုက်ချိန်တွင် တခုခုကို သတိရသွားသည့်ပုံနှင့် ပြန်လှည့်လာကာ ဖရီယာကိုကြည့်၍ မျက်မှောင်ကုပ်ပြီး

“ငါပြောမယ် မင်းရဲ့ ပုံရိပ်ယောင်သွင်ပြင်ကို ပြောင်းလို့မရဘူးလား။ မင်းက ကျောင်းသားတွေကြား ဆယ်ကျော်သက်လို ဟန်ဆောင်ရမယ် ဆိုတာကိုတော့ နားလည်ပေမဲ့ အခု အရမ်းရုပ်ဆိုးနေတယ်လို့ မထင်ဘူးလား?”

ဖရီယာက ရယ်လိုက်ပြီး "ကျွန်မက ရုပ်ဆိုးနေအောင် သပ်သပ်လုပ်ထားတာ။ အဲ့တာမှ ဘယ်သူမှ အာရုံမစိုက်မိအောင်လို့လေ ကျွန်မရဲ့ နဂိုရုပ်နဲ့ဆို ဘယ်လို ဝင်ရောလို့ရမှာလဲ?”

အာကာလီက စဉ်းစားလိုက်ပြီး မျက်လုံးကိုဝေ့လိုက်ကာ “ဟုတ်တယ် မင်းပြောတာ အဓိပ္ပာယ်ရှိတယ်”

အာကာလီထွက်သွားပြီးနောက် ဖရီယာသည် သူမ၏လက်အားဝေ့ယမ်းလိုက်ရာ အပြာရောင် ခပ်မှိန်မှိန် အလင်းတစ်ခုပေါ်လာပြီး သူမ၏ရှေ့တွင် ရေလှိုင်းများနှင့် မှန်တစ်ချပ်ပေါ်လာသည်။

ဖရီယာ၏ မျက်နှာသွင်ပြင်သည် မှန်ပေါ်၌ထင်ဟပ်နေကာ ဖရီယာက သူ့ရုပ်ကိုကြည့်လိုက်ပြီး တိုးတိုးရေရွတ်သံဖြင့်

“အဲ့လောက်ကြီးရုပ်ဆိုးနေလို့လား? ငါထင်တာတော့ အဆင်ပြေပါတယ်။ အရမ်းငယ်နေတာတော့ မှန်ပါတယ်။ ငါအသက်အရွယ်နဲ့တော့ မလိုက်ဘူး”

ပြီးနောက်တွင် ဖရီယာသည် သူ၏မှော်စွမ်းအားကို ခေါင်းမှခြေသို့ ထုတ်လွှတ်လိုက်ပြီး မှော်စွမ်းအင်လှိုင်းတစ်ချို့ ပေါ်လာသည်။

အလင်းရောင်များဖြင့် သူမသည် ခေါင်းမှခြေထိ စတင်၍ပြောင်းလဲလေသည်။

ထိုနောက်တွင် သူမသည် အခြားလူတစ်ယောက်ကဲ့သို့ လုံးဝပြောင်းလဲသွားသည်။

ယခု ဖရီယာသည် သာမန်ရုပ်ရည်နှင့် အာရုံစိုက်ခြင်မခံရသော ထူးခြားမှုမရှိသည့် သွင်ပြင် မဟုတ်တော့ပေ။ သူမသည် ယဉ်ကျေး၍ မြင့်မြတ်သည့်ပုံစံရှိပြီး မျက်လုံးထဲ၌ စိတ်ဝိဉာဉ်များဖြင့် ပြည့်နှက်နေသည့် နှစ်ဆယ်ဝန်းကျင်အရွယ်ရှိသော လှပသည့်မိန်းကလေးတစ်ဦး အဖြစ်သို့ပြောင်းလဲသွားသည်။

ထိုမိန်းကလေးသည် သွားလေရာရာ၌ သူတပါး၏အာရုံကိုဆွဲဆောင်နိုင်လိမ့်မည်ဖြစ်ပြီး ယခင်ကဲ့သို့ သာမန်မိန်းကလေးတစ်ဦး မဟုတ်တော့ပေ။

ဖရီယာသည် မှန်ထဲမှ ရင်းနှီနေသော သူမ၏ပုံရိပ်ကိုကြည့်ကာ မျက်နှာကိုထိလိုက်ပြီးနောက် ပြုံးကြည့်လိုက်လေသည်။

အကြီးအကဲ လီဆန်ရာထံမှ သူမရရှိခဲ့သော ပုံရိပ်ယောင်သွင်ပြင်သည် သုံးရသည်မှာ လွယ်ကူသော်လည်း တစ်ခုတည်းသော ပစ်ချက်မှာ မျက်နှာ အမူအရာများအား သေချာစွာ မပြနိုင်ခြင်းဖြစ်သည်။ ၎င်းသည် ဆိုးရွားသည့် ပစ်ချက်ဟုလည်းယူဆနိုင်သည်။

“အဖွား လီဆန်ရာကို နောက်တစ်ခါတွေ့ရင် ဒီအကြောင်း ပြန်ပြောမှဖြစ်မယ်ထင်တယ်”

ဖရီယာသည် သူမ၏မျက်နှာကိုကိုင်ကာ အမူအရာအား ပြင်လိုက်ပြီးမှ အစည်းအဝေးခန်းမထဲက ထွက်သွားလေသည်။

***

Volume 8 အခန်း ၁၇ ။ ငါမမှားဘူး

ဖရီယာသည် သူ၏ပုံပန်းသွင်ပြင်ကို ပြင်ဆင်ပြီးသည့်နောက် သူမ၏ဘေးပတ်ဝန်းကျင်ရှိ အာရုံစိုက်ခြင်းကိုခံရတော့သည်။

သူမသည် ရုတ်တရက်ထွက်ပေါ်လာသဖြင့် လူတိုင်းသည် သူမအား အပေါ်သို့တက်၍ လာမနှုတ်ဆက်ကြသော်လည်း ခေါင်းငုံ၍သာ နှုတ်ဆက်ကြသည်။

၎င်းသည် Frestech ကုန်သည်များအသင်း၏ ဥက္ကဌ ရှု က ဤနှစ်များတွင်ပြုလုပ်ခဲ့သော တောင်းဆိုချက်ကြောင့် ဖြစ်သည်။ သူသည် ဖရီယာအား သာမန်ပင်ဆက်ဆံကြရန်နှင့် သာမန်ကလေးတစ်ဦးကဲ့သို့ပင် ကြီးပြင်းလာစေရန် ဆန္ဒရှိခဲ့ခြင်းကြောင့်ဖြစ်သည်။

ဤသည်မှာ ရှုယီ ၏ဆန္ဒပင်ဖြစ်ပြီး စတေးလ်ကတော့ ရိုးအလွန်သည်ဟု ပြောလေသည်။ မည်သို့ပင်ဖြစ်ပါစေ ဖရီယာသည် ရှုယီ၏ ဆက်ခံသူဖြစ်သောကြောင့် သူမသည် ထူးခြားနေပြီးသားဖြစ်ပြီး သူမအား လူတိုင်းမှ သာမန်ကဲ့သို့ ဆက်ဆံရန် မဖြစ်နိုင်ပေ။

ပြီးနောက်တွင် ဖရီယာ၏ရုပ်ရည်သွင်ပြင်ကို ကြည့်လျှင်ပင် စတေးလ်၏ အလှအပကို အမွေရထားသောကြောင့် သူမ သွားသည့်နေရာတိုင်းတွင် အာရုံစိုက်မှုခံရပြီး အထူးဆက်ဆံမှုများကို ခံရတုန်းဖြစ်သည်။

ဖရီယာသည် ၎င်းကို ရိုးနေပြီဖြစ်ပြီး မည်သို့မှ စိတ်ထဲမထားတော့ပေ။

သို့သော် သူမသည် လူများသူမထံဝိုင်းနေသည်ကို လွတ်လပ်သည် ဟု မခံစားရသဖြင့်မကြိုက်ပေ။

ထိုကြောင့် သူမသည် နတ်သူငယ်များ၏ လျှို့ဝှက်သည့် ရတနာဖြစ်သည့် ပုံရိပ်ယောင်သွင်ပြင်ကို နှစ်သက်ခြင်းဖြစ်သည်။ ၎င်းသည် သူမငယ်ရွယ်စဉ်အခါက အကြီးအကဲ လီဆန်ရာပေးသည့်အရာဖြစ်ပြီး ထိုအရာသည် သူမအား ပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်ပြီးပုံမှန်လူကဲ့သို့ နေနိင်ပေသည်။

သူမ၏ ဘေးပတ်ဝန်းကျင်မှ နွေးထွေးသော အပြုံးများနှင့် သူမအဖေ၏ပြောစကားကြောင့် အနားမကပ်ရဲသောလူများကိုကြည့်ကာ အနည်းငယ် စိတ်ဝင်စားနေသည် သို့သော် သူသည် သူမ၏မျက်နှာ၌ ပြည့်စုံသည့် အပြုံးတစ်ခုကိုတင်ကာ သူတပါးပြောစရာဖြစ်မည့် အပြုအမူများကို ရှောင်လိုက်လေသည်။

သူမ၏ မျက်နှာ အမူအရာဖြစ်စေ အပြုအမူဖြစ်စေ အကျင့်စရိုက်ဖြစ်စေ ပြည့်စုံနေရမည်ဖြစ်ပြီး သူတပါးအပြစ်ရှာနိုင်ခြင်းမရှိရပေ။

သူမသည် ငယ်ရွယ်စဉ်က သူမအမေ စတေးလ်၏ တင်းကြပ်သော ဆုံးမမှုများကြောင့် ထိုကဲ့သို့ပြုမူနိုင်ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပြည့်စုံသောပုံရိပ်ကို ထိန်းထား၍ ဖရီယာသည် မှော်ဆက်သွယ်ရေးဌာနမှထွက်ကာ အနီရောင်တောက်တောက် မှော်ဆီဒင်ကားထဲသို့ ဝင်သွားလေသည်။

သူမသည် တံခါးကိုပိတ်လိုက်လျှင် သက်ပြင်းရှည်ကြီးချလျှက် သိမ်မွေ့သောအပြုံးသည် ပျောက်ကွယ်သွားကာ ဆိုးသွမ်းသည့်တစ်ခုသည် အစားထိုးဝင်ရောက်လာသည်။

“ဟေး လီနိုရာ ငါတို့ဘယ်သွားမှာလဲ စဉ်းစားပြီးပြီလား?”

ယခု လူစီယန်ရှိနေလျှင် အလွန်ပင်ထိတ်လန့်သွားပေလိမ့်မည်။

မှော်ဆီဒင်၏ ခရီးသည်ထိုင်ခုံတွင် ရှိနေသော သူသည် ပြီးပြည့်စုံသည့် မျက်နှာနှင့် မြင့်မြတ်သည့် ပုံပန်းရှိ၍ ထူးခြားဆန်းကြယ်သည့် ငယ်ရွယ်သော နတ်သူငယ်မိန်းကလေးပင်ဖြစ်သည်။ သူမသည် နတ်သူငယ်မျိုးနွယ်၏ အတောက်ပဆုံးကြယ်တစ်ပွင့်ဖြစ်ပီး နယ်မြေထဲရှိ ယောက်ျားတိုင်း၏ နှလုံးသားကို ခိုးယူသွားသည့် မစ် လီနိုရာ ပင်ဖြစ်သည်။

လီနိုရာသည် ဖရီကိုကြည့်လိုက်ကာ ခေါင်းခါလိုက်သည်။

“ငါတို့ ကစားဖို့ အချိန်မရှိတော့တာ ဝမ်းနည်းစရာပဲ”

“ဘာလို့လဲ” ဖရီယာသည် အံ့ဩသွားသည်။

လီနိုရာသည် သူမ၏လက်ထဲမှ မှော်ဆက်သွယ်ရေးစက်အား ခါပြလိုက်ပြီး

“ဘာလို့လဲဆို ငါအခုပဲ ဥက္ကဌပြန်လာတယ်ဆိုတဲ့ သတင်းရလို့”

ဖရီယာသည် သူမ၏မျက်လုံးပြူးကာ အံ့ဩသွားသည်။

“မဖြစ်နိုင်တာ အမေပြန်လာပြီတဲ့လား”

လီနိုရာသည် Frestechကုန်သည်များအသင်းဝင်မဟုတ်ပဲ New Moonကုန်သည်များအသင်း၏ လက်အောက်မှ လူဖြစ်သည့်အတွက် သူမဆိုလိုသည့် ဥက္ကဌမှာ ရှုယီကို ပြောခြင်းမဟုတ်ပဲ New Moon ကုန်သည်များအသင်း၏ ဥက္ကဌဖြစ်သည့် ဖရီယာ၏အမေ စတေးလ်ကို ပြောခြင်းဖြစ်သည်။

“နင်က အဲ့လောက်တောင် ဥက္ကဌကိုကြောက်တာလား?”

“ငါကကြောက်လို့မဟုတ်ပါဘူး ….. ဟုတ်ပါတယ် ငါကြောက်တယ်” ဖရီယာသည် စတီယာတိုင်ကို မှီကာ သက်ပြင်းချလိုက်သည်။

“သူသာ အရင်လက ငါလုပ်ထားတာ သိသွားရင် ငါသေမှာ….”

လီနိုရာသည် ဖရီယာ၏နားကိုဆွဲရန် လက်ကို လှမ်းလိုက်ပြီး

“နင်နဲ့တန်တယ်။ ဘယ်သူက အဲ့လိုစွန့်စားခိုင်းလို့လဲ။ တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မှာလဲ ဥက္ကဌက နင့်ကိုဆူမှာကိုပြောမနေနဲ့ ဥက္ကဌရှုကလည်း နင့်ကိုလွတ်ပေးမှာမဟုတ်ဘူး”

“အဲ့လောက်တော့ မဆိုးလောက်ပါဘူး။ ဟုတ်တယ်မလား” လီနိုရာက သူ့အဖေအား ထည့်ပြောသည်ကိုကြားကာ ဖရီယာသည် စတီယာတိုင်ကို မှီထားသည်မှ ရုတ်တရက်ထလာသည်။

ထိုအကြောင်းကိုတွေးပြီးနောက် သူမသည် ခေါင်းကိုခါလိုက်ပြီး

“အဖေကတော့ ငါ့ကိုမဆူလောက်ပါဘူး။ သူက ငါ့ကို အတွေ့အကြုံသစ်တွေယူဖို့ အမြဲအားပေးနေတာပဲ”

“ဒါပေမဲ့ အန္တရာယ်ထဲသွားဖို့တော့ မပြောပါဘူး” လီနိုရာသည် မျက်လုံးကို ဝေ့လိုက်ကာ

“နင့်ဆီမှာ တစ်ခုခုများဖြစ်သွားရင် ဥက္ကဌရှုကနာကျင်နေမှာ ငါသိတယ်”

“အာ ငါလည်းသေချာသိပါတယ် ဒါပေမဲ့ ငါ့မှာ ဘာမှမဖြစ်ပါဘူး…”

ဖရီယာသည်သူ့၏နှုတ်ခမ်းကိုစေ့လိုက်ကာ မျက်မှောင်ကုပ်၍ စဉ်းစားပြီး လီနိုယာကိုကြည့်ကာ ထေ့ငေါ့သည့်အသံဖြင့်

“ဟွန့် နင်ကငါ့နဲ့ လာကစားတာမဟုတ်ဘူးမလား။ ငါ့အမေကငါ့ကိုစောင့်ကြည့်ဖို့လွတ်ထားတဲ့ သူလျိုမလား”

လီနိုရာသည် ပြုံးလိုက်ကာ “ငါက သူလျိုဖြစ်ဖြစ် မဖြစ်ဖြစ် ဥက္ကဌကတော့ နင့်ကိုခေါ်နေပြီ။ ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ?”

“ငါသူ့ကို သွားတွေ့ရလိမ့်မယ် ငါသွားမတွေ့ရင် သေမှာ…”

ဖရီယာသည် ရေရွတ်လိုက်သည်။ သူသည် မှော်ဆီဒင်အား စက်နှိုးကာ မှော်သုတေသနဌာနမှ ကျွမ်းကျင်စွာ မောင်းထွက်လိုက်ပြီး ပင်လယ်ကမ်းစပ်သို့ ဦးတည်မောင်းသွားသည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် မှော်ဆီဒင်သည် အနီရောင်ပြပြီး ရှုယီ၏ ပင်လယ်ကမ်းစပ်ဘေးမှ အိမ်ယာသို့ ဦးတည်သွားသည်။

ကားရပ်ပြီးနောက် ဖရီယာသည် ကားတံခါးကိုဖွင့်ကာ တံခါးမကြီးသို့ဦးတည်သွားပြီး လှပသည့် အမျိုးသမီးတစ်ဦးအား ဖက်လိုက်သည်။

“အမေ ပြန်လာပြီလား။ သမီးအမေ့ကိုတွေ့ရတာ အရမ်းဝမ်းသာတယ်”

ထိုလှပသော အမျိုးသမီးသည် စတေးလ်ပင် ဖြစ်သည်။

သူမသည် သူမ၏ရင်ဘတ်တွင်ပြုံး၍ ကြည့်နေသည့် ဖရီယာကိုငုံကြည့်လိုက်ကာ အနည်းငယ် ထေ့ငေါ့လိုက်သည်။”အမေ့ကိုတွေ့ရတာ တကယ်ပဲဝမ်းသာလို့လား”

ဖရီယာ၏ အမူအယာမှာ ပြောင်းလဲသွားပြီး စတေးလ်၏ လက်မောင်းကိုဖက်ကာ တောက်ပစွာ ပြုံးလိုက်သည်။

“သေချာတာပေါ့။ အမေ့ကိုတွေ့ရတာ ဘာလို့မပျော်ရမှာလဲ။ အမေကပြန်လာတာရှားတယ်လေ။ သမီး မှတ်မိတာ နောက်ဆုံးတစ်ခေါက် အမေပြန်လာတာ လွန်ခဲ့တဲ့ နှစ်လလောက်တုန်းကမလား?”

ထိုစကားကိုကြားပြီးနောက် စတေးလ်၏အမူအရာမှာ လိုက်၍မမှီနိုင်သော ဝမ်းနည်းသည့် အရိပ်အယောင်များဖြတ်ပြေးသွားသည်။ သူမသည် New Moon ကုန်သည်များအသင်း အတွက် အလုပ်အများပြားလုပ်ရသဖြင့် အိမ်သို့ပြန်ရသည်မှာ ခက်ခဲပြီး သူမ၏သားသမီးများနှင့် တွေ့ရန်ခက်ခဲသည်။

ထိုအကြောင်းကြောင့် ဖရီယာနှင့် သူမ၏ မောင်လေးသည် စတေးလ်အား ပို၍ လေးစားစွာဆက်ဆံခြင်းဖြစ်သည်။

“ဟေး ဖရီယာ၊ အဖေ သမီးကို အရင်တစ်ခေါက်က အမေရဲ့ အပြစ်ရှိစိတ်ကို သုံးပြီး မင်းအပြစ်ကိုလွတ်အောင်လုပ်ဖို့ မလုပ်နဲ့လို့ပြောထားတယ်လေ။ အဖေအဲ့လိုမမြင်ချင်ဘူးနော်”

၎င်းသည် နှစ်ယောက်မရှိသည့် အသံပိုင်ရှင်ပင်ဖြစ်သည်။ သို့သော် အသံသည် ဩ၍ ရှင်းလင်းပြီး တံခါးကိုဖြတ်ကာ အင်အားအပြည့်ဖြင့်ထွက်လာသည်။

ထိုအသံအားကြားသည့်အခါ ဖရီယာသည် မျက်ခုံးပင့်မိသွားသည် သူမသည် စတေးလ်၏ နောက်သို့ဝင်ကာ ပုန်းလိုက်သည်။

ရှုယီသည် ခပ်မှိန်မှိန် အပြာရောင်ဖြာထွက်သည့်အလင်း အတားအဆီးတစ်ခု ကိုထုတ်ကာ ဖရီယာအား တွန်းလိုက်သည်။

ဖရီယာသည် ရီလျက် သူမ၏မှော်စွမ်းအင်ကို သုံးလိုက်သည်။ သူ၏ပတ်ပတ်လည်မှ မှော်စွမ်းအင်များသည် လည့်ပတ်စီးဆင်းသွားကာ ရှုယီ၏ မှော်အတားအဆီးသည် ပျောက်ကွယ်သွားသည်။

ရှုယီသည် “ယီ” ဟုအသံထွက်ကာ သူ၏မှော်စွမ်းအင်ကို ထပ်ထုတ်ပြီး အတားအဆီးတစ်ခုကို ဖန်တီးလိုက်ပြန်သည်။

ဖရီယာသည် အံ့ဩခြင်းမရှိပဲ သူမ၏လက်များကိုလှုပ်ရှားလိုက်ကာ သူမ၏ဘေးမှ မှော်စွမ်းအင်များအား ပြန်၍လည့်ပတ်စေရန် နည်းလမ်းအသစ်တစ်ခုကို ထပ်မံ ရှာဖွေလိုက်သည်။

ဤတစ်ကြိမ်၌ အချိန်အနည်းငယ်ယူလိုက်ရပြီး ၈ စက္ကန့်မျှအကြာတွင် ရှုယီ၏ အတားအဆီးကို ထပ်ဖျက်နိုင်လိုက်သည်။

“မဆိုးဘူးပဲ” ရှုယီသည် ချီးကျူးလိုက်ပြီးနောက် သူ၏ရှေ့တွင် နောက်ထပ် အတားအဆီးတစ်ခုထပ်မံဖန်တီးလိုက်သည်။

ဖရီယာသည် အကြိမ်အနည်းငယ်ခန့် ကြိုးစားလိုက်သည်။ သို့သော်လည်း မည်သို့မျှ ဖျက်မရသဖြင့် မျက်မှောင် ကြုတ်လိုက်လေသည်။

သူတို့နောက်၌ရောက်သွားသော စတေးလ်သည် ထိုအရာကိုမြင်ပြီး ခေါင်းခါရန်သာ တတ်နိင်တော့သည်။

“ဟုတ်ပြီ ဒီသားအဖကတော့ ဂိမ်းက ကစားလို့ရပါတယ်။ ဒါမဲ့ အချိန်ကောင်းကို ရှာလို့မရဘူးလား?”

ရှုယီက ရယ်လိုက်ပြီး မှော်အတားအဆီးကို ဖျက်လိုက်သည်။ သူသည်ဖရီယာ၏ ပခုံးကိုပုတ်လိုက်ပြီးနောက် စတေးလ်ကို ညွန်ပြကာ

“သွား .. သမီးအမေကို သွားတောင်းပန်လိုက်”

“အို” ဖရီယာကတုံပြန်လိုက်သည်။ သူမသည် စတေးလ်ကို ကြည့်တာ အသက်ဝဝရှုပြီး သူမ၏အရှေ့သို့သွားကာ ဦးညွှတ်လျက်

“အမေ သမီးတောင်းပန်ပါတယ်”

စတေးလ်၏မျက်နှာသည် ပြုံးနေသော်လည် သူမ၏အသံမှာ မာလျက်

“သမီး ဘာလို့တောင်းပန်တာလဲ”

“သမီးအပြစ်ကိုရှောင်ဖို့ အမေကိုနာကျင်စေမဲ့ အရာမျိုးကိုမပြောခဲ့သင့်ဘူး။ တောင်းပန်ပါတယ်” ဖရီယာသည် အသံကျယ်ကျယ်ဖြင့် တောင်းပန်လိုက်သည်။

“အို ဒါပဲလား?”

ဖရီယာသည် တုန်သွားပြီး စတေးလ်အား ခေါင်းမော့လျက်ကြည့်လိုက်သည်။

“အကယ်၍ အမေက အရင်လက သမီးလုပ်ခဲ့တာကို မှားတယ်လို့ထင်ရင် သမီးကို အပြစ်ပေးလို့ရပါတယ်။ သမီးစိတ်ထဲမထားပါဘူး။ ဒါမဲ့ သမီးကတော့ ကိုယ့်ကိုကိုယ်မှားတယ်လို့ မထင်ဘူး”

စတေးလ်သည် သူမကိုကြည့်ကာ “သမီးက အမှားကို ဝန်မခံချင်ဘူးပေါ့?”

“ဟုတ်ကဲ့ ပြန်ကြည့်လိုက်ရင် သမီး အန်ကယ်ဟယ်ရစ်နဲ့ တိုင်ပင်ခဲ့ပြီး အန်ကယ်ဟယ်ရစ်ကလဲ သဘောတူလို့ လုပ်ခဲ့တာပါ။ ပြီးတော့လဲ သမီးမှာ ပုံရိပ်ယောင်သွင်ပြင်ရှိတာကြောင့် သူများတွေ လုပ်လို့မရတာကို လုပ်ခဲ့တာပါ။ ဒါက အရမ်းအသုံးဝင်တာကြောင့် ဒီကိစ္စကိုဖြေရှင်းနိုင်လိုက်ပြီး အဲ့ကျောင်းသားတွေကို ကယ်လိုက်နိုင်တာပါ” ဖရီယာက မကြောက်ပဲ ပြောလိုက်သည်။

“သမီး……” စတေးလ်သည် သူ၏မျက်ခုံးများကို ကုပ်လိုက်သည်။ သူသည် ဖရီယာကို သတိပေးချင်သော်လည်း ဖရီယာ၏ ဆုံးဖြတ်ချက် ခိုင်မာနေပုံကိုကြည့်ကာ လက်မလျော့မည်မှာ သိသာသဖြင့် ရှုယီကိုသာ လှည့်ကြည့်လိုက်ရတော့သည်။

ရှုယီသည် ချောင်းဟန့်လိုက်ပြီး တည်ကြည်သောရုပ်ဖြင့်

“ဖရီယာ အဖေ သမီးရဲ့အမြင်ကို သဘောတူပါတယ်။ ဒါပေမဲ့ သမီး အမေကို စကားပြောတဲ့ပုံကို မကြိုက်ဘူး”

ဖရီယာသည် လျှာထုတ်လိုက်ကာ ပြုံးလျှက် စတေးလ်ကို ပြေးကာဖက်တော့သည်။

“အမေ သမီး အဲ့တာကို အန္တရာယ်များမှန်းသိလျက်နဲ့ အမေ့ကို စိတ်ပူစေမိတယ်။ ဒါမဲ့ စိတ်ပူစရာမလိုပါဘူး။ သမီးက အရမ်းကို သန်မာနေပါပြီ။ သူတို့တွေ သမီးကို ဘာမှလုပ်လို့မရပါဘူး။ ပြီးတော့လည်း အန်ကယ်ဟယ်ရစ်က သမီးနောက်မှာ ရှိနေတာပဲလေ။ အဲ့တော့ ဘာမှကြောက်စရာမလိုပါဘူး”

“ဒါပေမဲ့ တစ်ခုခုဖြစ်သွားခဲ့ရင်ကော?” စတေးလ်က သူမကို စိုက်ကြည့်လျှက်ပြောသည်။

“တကယ်လို့ဆိုပြီး ဖြစ်လာမဲ့ဟာတွေကို ဘယ်သူကများပြောနိုင်လို့လဲ။ တကယ်လို့ ဆိုတာကို ကြောက်နေရင် အိမ်မှာနေရင်းနဲ့တောင် သမီးပေါ် ကျောက်တုံးကြီး ပြုတ်ကျလာနိုင်တယ်။”

ဖရီယာသည် တစ်ခစ်ခစ်ရယ်လျှက်ပြောနေသည်။

“ကပ်သီးကပ်ဖဲ့ပြောဖို့ပဲတတ်တယ်” စတေးလ်သည် ဖရီယာအားကြည့်ကာ သက်ပြင်းချလိုက်သည်။ သူမသည် ရှုယီကို ကြည့်ကာ ခေါင်းခါလျှက်

“ရှင် သူ့ကို သူကြိုက်တာပဲ ပေးလုပ်နေရင် အနာဂါတ်မှာ ရှင်ပဲခေါင်းစားရလိမ့်မယ်”

ရှုယီ၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားပြီး သူသည် စတေးလ်ပြောစကားကိုမငြင်းပေ။ သူသည် ဖရီယာကိုကြည့်ကာ မျက်နှာသည် တည်သွားလေသည်။

ဖရီယာသည် ရှုယီ၏ မျက်နှာပြောင်းလဲသွားသည်ကို ကြည့်ကာ အနည်းငယ်အံ့ဩသွားသည်။ သူမ၏မှတ်ဉာဏ်များ၌ သူမ၏အဖေသည် ထိုကဲ့သို့ မျက်နှာတည်နေခြင်းမှာ ရှားပါးသည်။

မဟုတ်မှ …. ကိစ္စအကြီးကြီးတစ်ခုဖြစ်ခဲ့တာလား?

ထိုအကြောင်းကို စဉ်းစားလိုက်လျှင် ဖရီယာသည် စိတ်လှုပ်ရှားလာသည်။

***

Volume 8 အခန်း ၁၈ ။ နတ်သူငယ် မောင်းမ

“ဖရီယာ ဟယ်ရစ်က အရင်လက ဘာဖြစ်ခဲ့လဲဆိုတာကို အဖေ့ကိုအားလုံးပြောပြပြီးသွားပြီ။ သမီးက တာဝန်အားလုံးကိုယူပြီး ပြဿနာကို ဖြေရှင်းဖို့ အန္တရာယ်ကြားထဲ ဝင်တာကို အဖေ သမီးတွက်ဂုဏ်ယူပါတယ်။ ဒါပေမဲ့ သမီးရဲ့ အလုပ်ကို ပြီးအောင်လုပ်ရမယ်လေ။ အခုလို ထွက်ပြေးလာပြီး ကျန်တဲ့ကိစ္စတွေကို သူများနဲ့ထားခဲ့လို့ မရဘူးလေ။ အဖေထင်တာတော့ သမီးက ကစားနေသလိုပဲ။ တကယ်သာဆိုရင် အဖေ စိတ်မကောင်းဘူးနော်။”

ရှုယီ၏ မျက်နှာ တည်တည်ကိုကြည့်ကာ ဖရီယာသည် စိတ်လှုပ်ရှားနေသည်။ သူမ၏မျက်လုံးကျယ်များသည် အတွေးများဖြင့် ပြည့်နေပြီး ရှုယီ၏ဆိုလိုရင်းကို နားလည်ကြောင်း ပြနေသည်။

“အဖေ … အဖေဆိုလိုတာက အရင်တစ်ခေါက်ပြန်ပေးဆွဲမှုက .. မပြီးပြတ်သေးတဲ့သဘောလား?”

ရှုယီသည် သက်ပြင်းချလျက် ခေါင်းကိုခါလိုက်သည်။

“သမီးဒါကို မေးတယ်ဆိုတော့ တကယ်ပဲ သွားကစားတာပဲမလား။ ဖရီယာ သမီး အမေကို ဘာအပြစ်ခံယူရမလဲမေးလိုက်။ ဒီတစ်ခေါက်တော့ အဖေ ကာကွယ်ပေးဖို့ အကြောင်းမရှိတော့ဘူး”

ဖရီယာ၏ မျက်နှာအမူအရာသည် မကောင်းတော့ပဲ စတေးလ်ဖက်သို့လှည့်လိုက်သည်။ သို့သော်လည်း စတေးလ်သည် သူမအား ကြည့်ကာ မည်သည့်အမူအရာမှမပြပေ။ထို့ကြောင့် သူမသည် စတေးလ်၏ ဘေးသို့သွားကာ ခေါင်းကိုငုံထားလေသည်။

“အမေ ကျေးဇူးပြု၍ သမီးကို အပြစ်ပေးပါ”

“အမေ့အထင် သမီးမှားတာက သမီး ကိုယ့်ကိုကိုယ် ဂရုမစိုက်ပဲ အန္တရာယ်တွင်းထဲဝင်တာနဲ့ အမေတို့ကို စိတ်ပူစေတာကိုပဲ။ ဒါကြောင့် ပြစ်ဒဏ်နည်းနည်းပေးမယ် …..သမီး အဘေးနားကနေ နေရာလွတ်မှော်ပညာကို တစ်ပါတ်လောက်သွားသင်ပါ။ သမီးရဲ့ အဘေးခွင့်ပြုချက်ရမှသာ ပြန်လာခဲ့ နားလည်လား?”

ဖရီယာသည် ခေါင်းပြန်မော့လာကာ ပြုံးလျက်

“သမီးနားလည်ပါပြီ။ အမေက သမီးရဲ့မှော်ပညာတိုးတက်ပြီး ကိုယ့်ကို ကာကွယ်နိုင်အောင် ကြိုးစားစေချင်တာပဲ။ သမီး ကြိုးစားသင်ယူပါ့မယ်”

စတေးလ်သည် အပြုံးဖြင့်ခေါင်းခါလျက် သူမ၏ခေါင်းကိုပုတ်ကာ

“ကောင်းပြီ သမီးအဖေဆီကိုသွားတော့ သူ့မှာပြောစရာတွေရှိဦးမယ်ထင်တယ်”

“နားလည်ပါပြီ” ဖရီယာသည် အလေးပြုလိုက်ပြီးနောက် ရှုယီဘေးသို့ပြန်လာလေသည်။

“အဖေ သမီး အမေအပြစ်ပေးတာကို ခံပြီးပြီ။ အဲ့တာကို သတင်းလာပို့တာ?”

“သမီး အဲ့တာကိုပြီးပြီလို့ထင်လား” ရှုယီသည် အမူအရာတစ်စုံတစ်ရာမပြဘဲ

“သမီးအမေက သမီး အဖေတို့ကို စိတ်ပူအောင်လုပ်တာပဲ မြင်တာ။ အဲ့တာက အမှားသေးသေးလေးပဲ။ အဖေကကျတော့ သမီးရဲ့ အကြီးမားဆုံး အမှားက အလုပ်ကို ပြီးဆုံးအောင်မလုပ်ပဲ လျှောက်ကစားနေတာပဲ။ သမီးက နောက်ဘာဖြစ်လာမလဲဆိုတဲ့ နောက်ဆက်တွဲကို မစဉ်းစားဘူး။ ဒါက သမီးရဲ့ အကြီးမားဆုံး အမှားပဲ နားလည်လား?”

ဖရီယာသည် ခေါင်းကိုကုတ်လိုက် အနည်းငယ်ခေါင်းရှုတ်နေသည့်ပုံစံဖြင့်

“အဖေ ဒီကိစ္စက နောက်ပိုင်း ကိုင်တွယ်စရာကျန်သေးလို့လား။ သမီးတို့က လူကုန်ကူးအဖွဲ့တွေကို ရှင်းလင်းပြီး ပြန်ပေးဆွဲခံရသူတွေကို ကယ်ခဲ့တယ်လေ”

“ဒီတော့ နောက်ပိုင်းကိစ္စက အဖေ့ခေါင်းပေါ်ရောက်လာပြီး သမီးနဲ့မဆိုင်ဘူးပေါ့ ဟုတ်လား?”

ရှုယီက ထေ့ငေါ့လျက်ပြောသည်။

ဖရီယာသည် လျှာထုတ်ကာ “အန်ကယ်ဟယ်ရစ်က သမီးကို သစ္စာဖောက်တယ်…”

ရှုယီသည် သူမ၏ခေါင်းကိုပုတ်လိုက်ကာ

“ဘာသစ္စာဖောက်တာလဲ။ သူက အဖေ့ကို အမှန်အတိုင်းတင်ပြတာ သမီးကိုပြောပါဦးမယ်။ ဒီလူကုန်ကူးသမားတွေရဲ့ နောက်ကွယ်ကလူကိုရှာရတာက အဖေ့အတွက် တကယ်ခေါင်းကိုက်စရာပဲ။ ဒါပေမဲ့ ပြန်ပေးဆွဲခံရတဲ့သူတွေကို ကယ်ဖို့ကတော့ သမီးကိုလုပ်ပိုင်ခွင့်အပြည့်ပေးထားတာ။ ဒါကြောင့် ဒီကိစ္စရဲ့ ပြဿနာကတော့ သမီး ဖြေရှင်းမှရမယ်”

“အို….. အဲ့ကိစ္စက ပြဿနာရှိသေးတာလား အန်ကယ်ဟယ်ရစ် ပြောတော့ အစီအစဉ်တိုင်းလုပ်ရုံပဲဆို ပြဿနာမရှိသင့်ဘူး မဟုတ်လား”

“အဖေ့ကိုမမေးနဲ့လေ အဖေမသိဘူး” ရှုယီသည် ခေါင်းခါလိုက်သည်။

“အာ…” ဖရီယာသည် ရှုယီအားကြည့်ကာ “ အဖေ သမီးကို …… သမီးကို နောက်နေတာလား?”

ရှုယီသည် တည်နေသောမျက်နှာထားမှ ခပ်ညစ်ညစ်ပြုံးလိုက်သည်။

“အဖေတကယ်မသိတာ။ ဘာလို့လဲဆို ကန်ဒရာ အင်ပါယာရဲ့ ကိုယ်စားလှယ်က သမီးကိုမေးနေတယ်။ သမီးနဲ့ပူးပေါင်းချင်လို့တဲ့။ အဲ့တာကြောင့် အဖေနဲ့ မဆိုင်တော့ဘူးမဟုတ်လား?”

ဖရီယာသည် ကြောင်နေပြီးမှ နောက်ဆုံး၌နားလည်သွားသည်။

“ဟုတ်ပြီ အဖေ ဒါ တမင်သပ်သပ် လုပ်တာမလား?”

ရှုယီသည် နှုတ်ခမ်းကိုတွန့်ကာ ပြုံးလိုက်ပြီး “ဒါက တမင်ပဲဖြစ်ဖြစ် ဒီကိစ္စကို သမီးစထားမှတော့ သမီးတာဝန်ယူရမှာပဲ။ အဖေမှာဘာမှပြောစရာမရှိဘူး ဟုတ်တယ်မလား?”

ဖရီယာသည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်ပြီး “နားလည်ပါတယ်။ ဒါဆို သမီး ကန်ဒရာအင်ပါယာက လူတွေနဲ့ သွားတွေ့ရဦးမှာပေါ့ ဟုတ်လား?”

“အဖေ့ကို မမေးနဲ့ အဲ့တာ သမီးကိစ္စ” ရှုယီသည် သူနှင့် မဆိုင်သည့်ပုံစံလုပ်လိုက်သဖြင့် ဖရီယာသည် နှုတ်ခမ်းကိုတွန့်လိုက်မိတော့သည်။

စတေးလ်သည် ဘေးမှကြည့်ကာ မနေနိုင်ပဲ ပြုံးမိတော့သည်။

“ဟုတ်ပြီ ဒီသားအဖတွေ ကလေးဆန်တဲ့ ကစားနည်းတွေကို ဧည့်သည်ရှေ့မှာ မကစားကြပါနဲ့တော့လား? လီနိုရာ လာထိုင်ဦး၊ မင်းကို အစီအစဉ် အသစ်အကြောင်းပြောစရာရှိတယ်”

ဘေး၌ တိတ်ဆိတ်စွာ စောင့်နေလျက် ဖရီယာနှင့် သူမ၏ မိဘများ ပြောဆိုနေသည်ကိုကြည့်နေသော လီနိုရာသည် ပြုံး၍ ရှေ့သို့လာလေသည်။ ထို့နောက် ရှုယီနှင့် စတေးလ်တို့အား အရိုအသေပြုကာ ရှုယီကိုကြည့်လျက်

“ဥက္ကဌရှု အကြီးအကဲက ရှင်ကျွန်မကို ဘယ်အချိန်လက်ထပ်ယူမှာလဲဆိုတာ မေးခိုင်းလိုက်ပါတယ်”

ရှုယီက မျက်လုံးကို ဝေ့လိုက်ကာ

“ငါပြောမယ် လီနိုရာ မင်းငါ့ကိုတွေ့တိုင်း အဲ့တာကို မမေးလို့မရဘူးလား”

“ရှင်က ကျွန်မကို သေချာတဲ့အဖြေကို တစ်ခါမှ မပေးလို့ပါ” လီနိုရာက ပြုံးလျှက် သူမ၏မေးခွန်းသည် မမှားသကဲ့သို့ပင် ဖြေလေသည်။

ထိုကိစ္စအား နယ်မြေတစ်ခုလုံးမှ လီနိုရာ၏ အားပေးသူများသာ ကြားလျှင် မရေတွက်နိုင်သောသူ များသည် စိတ်ဓာတ်ကျကုန်ကြလိမ့်မည်။

တစ်ဦးမှ စိတ်ဆိုးမည်မဟုတ်ခြင်းမှာ သေချာပါသည်

အဘယ်ကြောင့်ဆိုသော် လီနိုရာ မေးနေသောသူမှာ ရှုယီ ဖြစ်သောကြောင့်ပင်။

“ဒါပေမဲ့ ငါဒါကို သဘောမတူဘူးလို့ မင်းကိုရှင်းအောင်ပြောပြီးပြီလေ”

ရှုယီသည် ခါးသီးစွာခေါင်းခါလျက်ပြောသည်။

“ပြန်သွားပြီး မင်းတို့ရဲ့ အကြီးအကဲ အွန်ဒင်းကို ပြောလိုက်ပါ။ ငါက အသက် ၆၀ လူအိုကြီးဖြစ်နေပြီ။ မင်းလိုမျိုး အသက်ငယ်ငယ်ကောင်မလေးကို လက်ထပ်တာက သဘာဝအရင်းအမြစ်ကို ဆုံးရှုံးအောင်လုပ်နေတာပဲ။ ပြီးတော့ငါ့မှာ မိန်းမတွေရှိနေပြီး ငါထပ်မလိုချင်တော့ဘူး”

“ဒါပေမဲ့ ဥက္ကဌရှု ကျွန်မက အသက် ၉၈ နှစ်ရှိပါပြီ။ ရှင့်ထက်ဆိုရင် နှစ် ၄၀ တောင်ကြီးပါတယ်” လီနိုရာက အပြုံးဖြင့်ပြောသည်။

“မင်းကနတ်သူငယ်မျိုးနွယ်လေ။ လူသားတွေရဲ့အသက်နဲ့ လာယှဉ်နေတာလား?” ရှုယီက ငြင်းသည်။

“ဒါမဲ့ ဥက္ကဌရှု ရှင်က ကျွန်မတို့ နတ်သူငယ်မျိုးနွယ်က အသက်အဆီအနှစ်ကို ရထားပြီး ရှင့်ရဲ့ ကိုယ်ပိုင်မှော်စွမ်းအားနဲ့ဆိုရင် ရှင့်အသက်က ၆၀ ဆိုပေမဲ့လည်း ရှင့် ခန္တာကိုယ်ကတော့ တခြားအသက် ၃၀အရွယ် လူတွေထပ်သာတယ်။ ဒါကြောင့် အဲ့တာက ပြဿနာမဟုတ်ပါဘူး”

လီနိုရာသည် လက်မလျော့ချင်ကြောင်းကိုတွေ့သောအခါ ရှုယီသည် အကူအညီမဲ့စွာဖြင့် မျက်လုံးကို ဝေ့လိုက်မိတော့သည်။

“လီနိုရာ ဘယ်လိုပဲဖြစ်ဖြစ် ငါသဘောတူမှာမဟုတ်ဘူး။ ကြည့်ဦး ငါ့သမီးက မင်းနဲ့ အသက်တူတူလောက်ပဲ။ ငါကဘယ်လိုလုပ် အသက်ငယ်ငယ် နတ်သူငယ်မိန်းကလေးနဲ့ လက်ထပ်ရမှာလဲ။ ပြီးတော့လည်း မင်းနဲ့ ဖရီယာက သူငယ်ချင်းကောင်းတွေလေ။ ဒါကြောင့် ငါမင်းနဲ့ လက်ထပ်လိုက်ရင် ဖရီယာက မင်းကို ဘယ်လိုခေါ်ရမှာလဲ”

ဖရီယာသည် လီနိုရာ သူမ၏အဖေအားလက်ထပ်ခွင့်တောင်းနေသည်ကိုကြည့်ရင်း ရုတ်တရက် သူမနာမည်ကြားလိုက်သောအခါ မနေနိုင်ပဲ ရယ်လိုက်မိသည်။ ထို့နောက် မျက်တောင်အား ပုတ်ခတ်ပုတ်ခတ်လုပ်ကာ လေးနက်စွာခေါင်းငြိမ့်လိုက်ပြီး

“အန် ဒါကတကယ်ပြဿနာပဲ။ ဒါမဲ့ အဖေ၊ ဒါက အဖေ လီနိုရာနဲ့လက်ထပ်ဖို့ ပြဿနာမဟုတ်ဘူးမလား။ သမီးကအဖေ လီနိုရာနဲ့ လက်ထပ်မှာကို ထောက်ခံပါတယ်။ ဒါဆို သမီးတို့က မိသားစုတစ်ခုထဲ ဖြစ်သွားပြီလေ။ အဲ့လိုမထင်ဘူးလား လီနိုရာ”

“သေချာတာပေါ့” လိနိုရာက ခေါင်းငြိမ့်သည်။

ရှုယီသည် စတေးလ်ကိုသာ အကူညီတောင်းခံသည့်ရုပ်နှင့်ကြည့်လိုက်တော့သည်။

စတေးလ်သည် ဂရုမစိုက်သည့်ပုံစံပြလျက် ခပ်ဖျော့ဖျော့ပြုံးကာ

“ကျွန်မဒီကိစ္စကို ဂရုမစိုက်တာရှင်သိသားပဲ။ ရှင် လီနိုရာကို လက်ထပ်ချင်ရင် လက်ထပ်လို့ရပါတယ်။ ကျွန်မက ကန့်ကွက်နေမှာမဟုတ်ပါဘူး”

ရှုယီသည် သက်ပြင်းချကာ သူ၏ခေါင်းကိုပုတ်လျက် ဖရီယာနှင့် လီနိုရာကို ထွက်သွားရန် လက်ပြလိုက်သည်။

“မင်းတို့အရင် သွားကြတော့”

ဖရီယာသည်တခစ်ခစ်ရယ်လျက် လီနိုရာကို သူ့အခန်းသို့ ဆွဲခေါ်သွားသည်။ သူမသည် ရှုယီအား အားတင်းထားရန်ပုံစံဖြင့် လက်ပြလိုက်ပြီးမှ ပြေးဝင်သွားသည်။

ရှုယီသည် ပြုံးလိုက်သည်။ လီနိုရာနှင့် ဖရီယာတို့ ထွက်သွားလျှင် သူ၏မျက်နှာမှ အပြုံးသည် ပျောက်ကွယ်သွားပြီး သက်ပြင်းချကာ

“ကြည့်ရတာ အဇ်ရှာရာမျိုးနွယ်စုက ညတေးသံမျိုးနွယ်နဲ့ လအရိပ်မျိုးနွယ်ရဲ့ လက်အောက်မှာ မနေချင်တော့ဘူးထင်တယ်”

“သေချာတာပေါ့။ အကြီးအကဲ အွန်ဒင်းက ညတေးသံမျိုးနွယ်နဲ့ လအရိပ်မျိုးနွယ်ရဲ့ Frestech ကုန်သည်များအသင်းနဲ့ ပူးပေါင်းပြီး ရလာတဲ့ အကျိုးအမြတ်တွေကို မြင်ထားတာကို။ အဇ်ရှာရာမျိုးနွယ်က New Moon ကုန်သည်များအသင်းနဲ့ ပူးပေါင်းထားပေမဲ့ Frestech ကုန်သည်အသင်းနဲ့ ပူးပေါင်းတာနဲ့တော့ မယှဉ်နိုင်ဘူးလေ။ ဒါကြောင့် သူမအဲ့လိုတွေးတာက သာမန်ပါပဲ”

“ဒါပေမဲ့ ဒီလိုပူးပေါင်းဖို့ နတ်သူငယ်မိန်းကလေးတစ်ယောက်ကို ဘာလို့လက်ထပ်ရမှာလဲ”

ရှုယီသည် ခါးသီးစွာ ပြုံးလိုက်သည်။

စတေးလ်က သူမ၏မျက်လုံးကို ဝေ့လိုက်ကာ “အက်နက်စ်ကို ဘယ်သူက လက်ထပ်ခိုင်းလို့လဲ”

“အက်နက်စ်နဲ့က တူလို့လား။ သူမက ငါပထမဆုံးတွေ့ဖူးတဲ့ နတ်သူငယ်ဖြစ်ပြီး ငါနဲ့ အရင်းနှီးဆုံးသူပဲ။ ပြီးတော့ ခံစားချက်တွေ နက်ရှိုင်းတယ်။ အဲ့တာတောင် သူနဲ့ လက်ထပ်ရမယ်ဆိုတုန်းက ငါအကြာကြီး တုံ့ဆိုင်းနေသေးတာပဲ။ အခုက အကြီးအကဲ အွန်ဒင်းက လီနိုရာကို အတင်းတွန်းပို့နေတယ်။ ငါဘယ်လိုလုပ်လက်ခံနိုင်မှာလဲ?”

“ဒါပေမဲ့ ရှင် အက်နက်စ်ကို လက်ထပ်လိုက်တော့ ရှင်ကသူတို့ကို ဦးစားပေးလိုက်တယ်။ အဲ့တော့ အကြီးအကဲ လီဆန်ရာက မျှတမှုရှိဖို့ သူမက တီဗစ်စတီ ကိုလက်ထပ်လိုက်ရတယ်။ အခုက အဇ်ရှာရာမျိုးနွယ်က ညတေးသံ မျိုးနွယ်နဲ့ လအရိပ် မျိုးနွယ်အတိုင်း အဆင့်တူတူရဖို့ဆိုရင် Frestech ကုန်သည်များအသင်းရဲ့ ဥက္ကဌနဲ့ စလိုက်တာက အလွယ်ဆုံးပဲလေ။ ဒါကြောင့် သူတို့က သူတို့မျိုးနွယ်စုထဲက ကောင်မလေးတစ်ယောက်နဲ့ ရှင့်ကို လက်ထပ်ပေးချင်တာ မဆန်းပါဘူး”

“မင်းရဲ့သုံးသပ်ချက်က အကြောင်းသင့်ပါတယ်။ ဒါပေမဲ့ စတေးလ် ငါထူးဆန်းသလို ခံစားနေရသေးတယ်”

ရှုယီ၌ ထူးဆန်းသည့် အမူအရာပေါ်နေသည်။

“မင်းပြောတဲ့စကားအရဆိုရင် ငါတို့ Frestech ကုန်သည်များအသင်းနဲ့ အလုပ်တွဲလုပ်ချင်တဲ့ နတ်သူငယ်မျိုးနွယ်တွေက သူတို့ မျိုးနွယ်ထဲက ကောင်မလေးတွေကို ငါနဲ့လက်ထပ်ခိုင်းမှာလား။ မှော်တိမ်တိုက်နယ်မြေကို မပြောသေးနဲ့ စိုင်စ်နယ်မြေမှာတောင် နတ်သူငယ်မျိုးနွယ်စုတွေ အများကြီးရှိတယ်။ ဆိုလိုတာက အနာဂတ်မှာ ငါက နတ်သူငယ်မောင်းမတွေ အများကြီးရှိတဲ့သူ ဖြစ်လာတော့မှာလား?”

စတေးလ်သည် ရှုယီအား ကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးလျက်

“အဲ့တာက မကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ပြီးတော့လဲ နတ်သူငယ်မျိုးနွယ် မိန်းကလေးတွေအားလုံးက လှကြတယ်။ ရှင် ဆုံးရှုံးစရာအများကြီးမရှိပါဘူး”

“ဘယ်လိုဟာသလဲ” ရှယီသည် စတေးလ်အားစိုက်ကြည့်လိုက်ပြီး မျက်မှောင်ကုပ်ကာ စဉ်းစား၍ ခေါင်းခါလိုက်ပြီး

“မဟုတ်သေးဘူး ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာမှဖြစ်မယ်။ အနာဂတ်မှာ ပြဿနာတက်တော့မှာပဲ”

စတေးလ်သည် တံခါးကိုကြည့်လျက် သက်ပြင်းချကာ “ရှင် ကိစ္စကို အဆုံးထိငြင်းမယ်ဆိုရင်လည်း ဆုံးဖြတ်ချက်ကို မြန်မြန်ချသင့်တယ်။ မဟုတ်ရင် လီနိုရာက သူ့ကိုသူ ပြန်ဆွဲထုတ်နိုင်မှာမဟုတ်ဘူး”

ရှုယီက “မဖြစ်နိုင်ပါဘူး။ သူနဲ့ငါ ဘယ်လောက်မှတောင်မတွေ့ရသေးဘူး”

စတေးလ်သည် သူမတို့ငယ်စဉ်ကအတိုင်း ရှုယီ၏ ပါးကိုဆွဲညစ်လိုက်ပြီးနောက်

“ဒါကတော့ နည်းလမ်းမရှိတော့ဘူး။ ဘယ်သူက ကျွန်မယောက်ျားကို ဒီလောက်ဆွဲဆောင်မှုအားကောင်းဖို့ ပြောထားလို့လဲ”

***

Volume 8 အပိုင်း ၁၉ ။ ထောင်ချောက်

တစ်နာရီကြာပြီးနောက်တွင် ဖရီယာသည် ကန်ဒရာအင်ပါယာ၏ကိုယ်စားလှယ် ရှေ့တွင် ထွက်ပေါ်လာသည်။ သူမသည် ဂါဝန်ရှည်ကို ပြောင်းလဲဝတ်ဆင်ထားပြီး ၎င်းသည် သူမ၏ မြင့်မြတ်မှုနှင့် လှပသည့်အသွင်ကို ပိုမို၍ပံ့ပိုးပေးနေသည်။ သူမတွင် ရှုယီနှင့်စတေးလ်ဖြင့် ရှိစဉ်ကအတိုင်း အနည်းငယ်မှ ဆိုးသွမ်းသည့်ပုံစံ မရှိတော့ပဲ ၎င်းအစား ပြည့်စုံသည့် အပြုံးတစ်ခု ရှိနေလေသည်။

ကန်ဒရာအင်ပါယာ၏ ကိုယ်စားလှယ်သည် ချက်ခြင်းပင်မတ်တပ်ရပ်လျှက် အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

“မမလေး ဖရီယာ၊ တွေ့ရတဲ့အတွက် ဂုဏ်ယူဝမ်းသာပါတယ်”

ကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင်သည် ကန်ဒရာအင်ပါယာ၏ နိုင်ငံခြားရေးဌာနမှ ဒုတိယခေါင်းဆောင် မှုးမတ် မူဖာရာ ပင်ဖြစ်သည်။ ၎င်းသည် Frestech ကုန်သည်များအသင်းနှင့် ဆွေးနွေးရန်အတွက် တာဝန်ရှိသူဖြစ်ပြီး ဖရီယာအား အပြုံးနှင့် ဦးညွှတ်လိုက်လေသည်။

“မမလေး ဖရီယာ အရင်တစ်ခေါက် ကန်ဒရာအင်ပါယာကို လာခဲ့တဲ့အချိန်တုန်းက ကျွန်တော့်မှာ တွေ့ရဖို့ အခွင့်အရေးမရှိခဲ့ဘူး.. ပထမဆုံးတွေ့ရတာဖြစ်ပေမဲ့ မမလေးရဲ့ အလှကို ချီးမွမ်းမိပါတယ်။ မမလေးဖရီယာ အကယ်၍ မမလေးသာ မှော်ရုပ်ပြထဲပါမယ်ဆိုရင် ကျွန်တော်ထင်တာ မစ်လီနိုရာထပ်တောင် ပိုပြီး ကျော်ကြားလိမ့်မယ်ထင်တယ်။”

ဖရီယာအားကာကွယ်ရန်နှင့် သူမကိုယ်တိုင်သည်လည်း ဆန္ဒမရှိခြင်းကြောင့် ရှုယီနှင့် စတေးလ်သည် ဖရီယာ၏ အမှန်တကယ်ရုပ်သွင်ကို သတင်းစာများနှင့် မှော်ရုပ်ပြများတွင် ထွက်ပေါ်လာစေခြင်းအား ခွင့်မပြုခဲ့ပေ။

နယ်မြေထဲရှိ လူများသည် Frestech ကုန်သည်များအသင်း ဥက္ကဌရှု၏ သမီးသည် အသက် ၂၀ ဝန်းကျင်၌ရှိပြီး သူမသည် အလွန်ပင်လှပကြောင်း သာသိကြပြီး လူအနည်းငယ်မျှသာ သူမ၏ ရုပ်သွင်ကို မြင်ဖူးကြသည်။

ထို့ကြောင့် သတင်းစာများ၌ ဖရီယာအား စိုင်စ်နယ်မြေထဲရှိ အဆန်းကြယ်ဆုံးသော မိန်းကလေးအဖြစ် ဖော်ပြကြသည်။

ဖရီယာသည် ပြုံးလိုက်ကာ “ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ် မားကွစ္စ် မူဖာရာ။ ကျွန်မသိချင်တာတစ်ခုက ကျွန်မကို ဘာကြောင့်တွေ့ချင်ရလဲဆိုတာပါ။ ကျွန်မက ရှင်နဲ့လဲ ဘယ်တုန်းကမှ မဆက်သွယ်ခဲ့ဖူးဘူး မဟုတ်လား?”

“အန်”

မားကွစ္စ် မူဖာရာသည် အနည်းငယ်အံဩသွားကာ သူ၏အမူအရာသည် ပြန်တည်ငြိမ်သွားပြီး အပြုံးဖြင့် ပြန်ပြောလိုက်သည်။

“ကျွန်တော်တို့အနေနဲ့ ဒီတစ်ခေါက် မမလေးတို့ရဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး အရင်လက အင်ပါယာထဲက လူကုန်ကူးသမားတွေ ကိစ္စကိုဖြေရှင်းဖို့လာခဲ့ပါတယ်။ အဲ့ချိန်မှာ ဥက္ကဌရှုက မမလေးဟာ ဒီကိစ္စမှာ ကုမ္ပဏီက အစောင့်တွေနဲ့တူတူ ပါဝင်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ဟုတ်ပါသလားခင်ဗျ”

ဖရီယာသည် အံဩသွားကာ ဖြစ်ပျက်သွားသည်များကို သဘောပေါက်သွားတော့သည်။

ကန်ဒရာအင်ပါယာသည် သူမအား အရင်တစ်ခေါက်လှုပ်ရှားမှုတွင် ပါဝင်ကြောင်း မသိကြပေ။

သူမပါဝင်ခြင်းသည် လျှို့ဝှက်ချက်ဖြစ်၍ ၎င်းတို့ မသိခြင်းမှာ မထူးဆန်းပေ။ သူမသည် ပုံရိပ်ယောင်သွင်ပြင်ကိုပင် သုံးကာ အစစ်အမှန်ပုံရိပ်အား အသုံးပြုခြင်းမရှိခဲ့သောကြောင့် သူမဖော်ထုတ်ခံရခြင်းလည်း မဖြစ်နိုင်ပေ။

မားကွစ္စ် မူဖာရာ ပြောမှသာလျှင် သူမသည် သူမ၏အဖေမှ ပြောလိုက်ခြင်းဖြစ်ကြောင်း နားလည် သွားတော့သည်။

ဖရီယာသည် စိတ်ထဲတွင် ထေ့ငေါ့လိုက်သော်လည်း အပြင်၌မူပြီးပြည့်စုံသော အပြုံးတစ်ခုကို ထိန်းသိမ်းထားလျှက် ခေါင်းငြိမ့်လိုက်သည်။

“ဟုတ်ကဲ့ ကျွန်မက အဖေ့ရဲ့ ညွှန်ကြားချက်အတိုင်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မက တစ်ချိန်လုံး လေ့လာသူတစ်ယောက်အဖြစ်နဲ့ပဲ ပါဝင်ခဲ့တာပါ။ တိုက်ရိုက်ပက်သက်မှုတော့မရှိပါဘူး။ အဖေက ကျွန်မကို ကုမ္ပဏီအစောင့်တွေရဲ့ လှုပ်ရှားမှုတွေကို ရင်းနှီးစေချင်ပြီး အနာဂတ်မှာ ကောင်းမွန်စွာ ဆက်သွယ်နိုင်ဖို့အတွက် ကျွန်မကို လွှတ်လိုက်တာပါ”

မားကွစ္စ် မူဖာရာက ရယ်လျက် “မမလေး ဖရီယာ Frestech ကုန်သည်များအသင်းရဲ့ ဆက်ခံသူအနေနဲ့ ကုမ္ပဏီအစောင့်တွေနဲ့ တစ်ချိန်ချိန်မှာ ဆက်ဆံရမှာပဲလေ။ ဒါကြောင့် ဥက္ကဌရှုက ဒီလိုစီစဉ်လိုက်တာ မထူးဆန်းပါဘူး”

ဖရီယာသည် မနေနိုင်ပဲ မျက်မှောင်ကုပ်လိုက်မိသည်။

သူမ မွေးဖွားစဉ်ကပင် ရှုယီသည် သူမသည် ရှုယီ၏ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်ကြောင်း လူတိုင်းကို ကြေညာခဲ့လေသည်။ အခြားသော ကလေးများသည် ပစ္စည်းဥစ္စာများကို အမွေဆက်ခံနိုင်သော်လည်း ထိုမှတပါး အခြားမရချေ။

လူတိုင်းသည် မမျှော်လင့်ထားသော အခြေအနေများ မဖြစ်လာခဲ့လျှင် ဖရီယာသည် ရှုယီ၏နေရာကို ဆက်ခံ၍ Frestech ကုန်သည်များအသင်း၏ နောက်တက်လာမည့် ဥက္ကဌ ဖြစ်ကြောင်း လူတိုင်းနားလည် သိရှိပြီးဖြစ်သည်။

ဤအကြောင်းမှာ Frestech ကုန်သည်များအသင်းတွင်ရှိသောသူများသာ သိရှိကြခြင်းမဟုတ်ပဲ Frestech ကုန်သည်များအသင်း ပြင်ပမှလူများသည်လည်း ၎င်းကို သတိပြုမိကြသည်။

ထိုကြောင့် လူတိုင်းသည် ဖရီယာအားတွေ့လျှင် သူမအား Frestechကုန်သည်များအသင်း၏ ဆက်ခံသူအနေဖြင့် လေးစားသမှုဖြင့် ဆက်ဆံကြရမည်ဖြစ်သည်။

ဖရီယာသည် ထိုကိစ္စအား မုန်းနေခြင်းမရှိသလို နှစ်သက်ခြင်းလဲမရှိပေ။

သူမသည် ဆုံးဖြတ်ချက်မချရသေးမှီ သူမ၏ ကံကြမ္မာအား ထိုကဲ့သို့ ဆုံးဖြတ်ထားသည်ကို မနှစ်သက်ခြင်းဖြစ်သည်။

မားကွစ္စ် မူဖာရာသည် ဖရီယာ၏အတွေးများကို နားမလည်သည်မှာ သဘာဝကျပါသည်။ သူအတွက်မူ Frestech ကုန်သည်များအသင်း၏ ဥက္ကဌဖြစ်ရခြင်းမှာ လူတိုင်း၏ အိမ်မက်ဖြစ်သည်ဟု ထင်မြင်ခြင်းကြောင့်ဖြစ်သည်။

Frestech ကုန်သည်များအသင်း သည် နယ်မြေထဲရှိ မှော်စက်မှုနယ်ပယ်၏ ၅၀ ရာခိုင်နှုန်းအား ထိန်းချုပ်ထားသကဲ့သို့ နောက်ကျန်သောရာခိုင်နှုန်းတစ်ဝက်မှာလည်း Frestech ကုန်သည်များအသင်း၏ လွှမ်းမိုးမှုအောက်တွင်ရှိနေပေသည်။

နယ်မြေထဲရှိ နိုင်ငံများ၌ မှော်စက်မှုနယ်ပယ်၏ အရေးပါပုံကို ကြည့်ခြင်းအားဖြင့် Frestech ကုန်သည်များအသင်းသည် လူတိုင်း၏ ကံကြမ္မာကို ဆုပ်ကိုင်ထားသည်ဟု ပြောခြင်းမှာ ချဲ့ကားရာမရောက်ပေ။

Frestech ကုန်သည်များအသင်း ၏ ဥက္ကဌရှုယီ၏ နေရာသည် နယ်မြေထဲတွင် နိမ့်ကျမှုမရှိပဲ အင်ပါယာနှစ်ခု၏ ဧကရာဇ်များထက်ပင် မြင့်မားနေနိုင်သေးသည်။

အကယ်၍ ဖရီယာသည် Frestech ကုန်သည်များအသင်း ၏ ဥက္ကဌနေရာအား ဆက်ခံလိုက်လျှင် သူမ၏နေရာမှာ ရှုယီနှင့် တန်းတူမဟုတ်လျှင်ပင် နယ်မြေထဲတွင် အဆင့်အတန်းမြင့်သောသူ တစ်ယောက် ဖြစ်လာမည်ဖြစ်သည်။

ထို့ကြောင့် သူသည် ကန်ဒရာအင်ပါယာ၏ နိုင်ငံခြားရေးဌာန ဒုခေါင်းဆောင်ဖြစ်၍ ကန်ဒရာအင်ပါယာတွင် အရေးပါသောသူပင် ဖြစ်သော်လည်း ဖရီယာကိုတွေ့ဆုံချိန်၌ ပေါ့ဆမှု မရှိရဲပေ။

“ကျွန်မက ဘေးကပဲ လိုက်ကြည့်နေတုန်း ရှိသေးတာပါ။ ပြီးတော့ ဘာကိုမှကိုင်တွယ်ဖြေရှင်းခြင်း မရှိသေးပါဘူး။ ဒါက ပြောဖို့စောပါသေးတယ်”

ဖရီယာသည် လက်ကိုခါလိုက်ကာ ခေါင်းစဉ်ကိုပြောင်းလိုက်သည်။

“အလုပ်အကြောင်းပြောကြတာပေါ့ မားကွစ္စ် မူဖာရာ။ ဒီတစ်ခေါက်ကိစ္စက ရှင်ပြောတာ အရင်တစ်ခါကိစ္စနဲ့ ပက်သက်တယ်ဆို အကြောင်းအရာကဘာလဲ”

မားကွစ္စ် မူဖာရာသည် မရှင်းပြမှီတွင် ချောင်းဟန့်လိုက်ကာ “မမလေး ဖရီယာ အရင်တစ်ခေါက် မစ်ရှင်က Frestech ကုန်သည်များအသင်းနဲ့ မမလေးတို့ရဲ့ အဖွဲ့အကူအညီနဲ့ ပြန်ပေးဆွဲခံရသူတွေကို ကယ်ထုတ်ခဲ့နိုင်ပြီး ကောင်းကောင်းပြီးဆုံးသွားတယ်လို့ ပြောရမယ်ဆိုပေမဲ့ ကျွန်တော်တို့ အင်ပါယာရဲ့ လုပ်ဆောင်မှုက နည်းနည်းလိုအပ်သွားခဲ့ပါတယ်”

“အို..”

“ကြည့်လိုက်ပါ ရန်သူတွေနဲ့ ပြန်ပေးဆွဲသူတွေရဲ့ သတင်းတွေကို စုံစမ်းတဲ့အချိန်မှာပဲဖြစ်ဖြစ် အင်ပါယာရဲ့ လုပ်ဆောင်မှုဟာ Frestech ကုန်သည်များအသင်းရဲ့ လုပ်ဆောင်မှုနဲ့ နှိုင်းယှဉ်လို့မရပါဘူး။ နှေးနေပါတယ်။ ဒါကြောင့် အင်ပါယာကို တင်ပြတဲ့အချိန်မှာ သူကအရမ်းစိတ်ဆိုးသွားပြီး ဒီကိစ္စအတွက် အဖြေကို အမြန်ဆုံးရှာခဲ့ခိုင်းလိုက်ပါတယ်။ ဒါကြောင့် မမလေးတို့ရဲ့ ကုမ္ပဏီကို အကူညီတောင်းဖို့လာခဲ့တာပါ”

“ဒါဆိုရင် ဘယ်လိုအကူအညီ ကိုလိုချင်တာပါလဲ?” ဖရီယာကမေးလိုက်သည်။

“ပထမဆုံးအနေနဲ့ သတင်းအချက်လက် ဖလှယ်ချင်တာပါ။ ဧကရာဇ်က Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းပြီး အင်ပါယာရဲ့ မှော်ဆက်သွယ်ရေးကွန်ရက်ကိုတိုးချဲ့ချင်တာပါ။ မှော်ဆက်သွယ်ရေးကွန်ရက်ကို အင်ပါယာတစ်ခုလုံးကို ဖြန့်ကျက်စေချင်ပြီး ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် ဆက်သွယ်မှုပြုလုပ်နိုင်တာမျိုး ကိုလိုချင်တာပါ။”

“ဒါဆိုရင် ကျွန်မတို့ ကုမ္ပဏီကို ရှာသင့်တာမဟုတ်ဘူးလား” ဖရီယာက အံ့ဩသည့် အသံနှင့်ပြောသည်။

“ကျွန်မတို့က အမြဲ မှော်ဆက်သွယ်ရေးကွန်ရက်ကို ဖြန့်ကျက်ဖို့ ကြိုးစားနေကြတာပဲ။ ဒါပေမဲ့ အဓိကပြဿနာက ရှင်တို့နဲ့ အခြားနိုင်ငံတွေက ရင်းနှီးမြုပ်နှံဖို့ ဆန္ဒမရှိကြလို့ပဲ အကယ်၍ မှော်ဆက်သွယ်ရေးကွန်ရက်ကို ပြည့်စုံစေချင်ရင် အဲ့တာကို မစဉ်းစားခင် ရန်ပုံငွေထုတ်လာသင့်တယ်”

“ဧကရာဇ်က ဒီကိစ္စမှာ ရင်းနှီမြုပ်နှံဖို့ အစီအစဉ်ရှိပြီးပါပြီ။ ဒါမဲ့ …စိုးရိမ်စရာတစ်ခုရှိနေပါတယ်…” မားကွစ္စ် မူဖာရာက တုံ့ဆိုင်းနေသောအသံနှင့်ပြောသည်။

“စိုးရိမ်စရာ..?”ဖရီယာသည် စိတ်ထဲ၌ နားလည်လိုက်သော်လည်း သူမသည် ခေါင်းမငြိမ့်လိုက်ပဲ မားကွစ္စ် မူဖာရာအား မေးခွန်းထုတ်သည့်အကြည့်နှင့်ကြည်လိုက်သည်။

မားကွစ္စ် မူဖာရာသည် ချောင်းဟန့်လိုက်ပြီး စဉ်းစားနေပုံနှင့် ဆက်ပြောသည်။

“ဧကရာဇ်က မှော်ဆက်သွယ်ရေးကွန်ရက်တွေ တည်ဆောက်ခြင်းဟာ အရေးကြီးကြောင်း နားလည်ပါတယ်။ ဒါပေမဲ့ မှော်ဆက်သွယ်ရေးကွန်ရက် ကို အဓိကဦးဆောင်နေသူတွေက မမလေးတို့ ကုမ္ပဏီဖြစ်ပြီး နည်းပညာတွေအားလုံးကလည်း မမလေးတို့ ကုမ္ပဏီရဲ့ လက်ထဲမှာပဲရှိပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီကတော့ ပါဝင်ပေးရုံနဲ့ ထဲထဲဝင်ဝင် ဝင်ရောက်စွက်ဖက်နိုင်ဖို့က ………. အို မဟုတ်ပါဘူး။ ဒီဟာကို အသေးစိတ် နားလည်သဘောပေါက်ထားတာ မရှိရင် မှော်ဆက်သွယ်ရေးကွန်ရက်မှာ အကျိုးမရှိမှာရယ် …. တစ်ခုခုဖြစ်ရင် မမလေးတို့ ကုမ္ပဏီကို အကူအညီတောင်းရမှာကြောင့် အဆင်မပြေဖြစ်မှာရယ်……”

“ဒါဆို ရှင်တို့က ဒါနဲ့ သက်ဆိုင်တဲ့ နည်းပညာ အကုန်လုံးကို လိုချင်ပြီး မှော်ဆက်သွယ်ရေး ကွန်ရက်တစ်ခုလုံးကို ကိုယ်တိုင်ပဲထိန်းချုပ်ချင်တာလား? ရှင်တို့က ရတာယူပြီး ကျွန်မတို့ကို ကန်ထုတ်ချင်တာလား?” ဖရီယာက ယဉ်ကျေးမနေတော့ပဲ စကားဖြတ်ပြောလိုက်သည်။

“မဟုတ်ပါဘူး မဟုတ်ပါဘူး….” မားကွစ္စ် မူဖာရာသည် အမြန်လက်ကိုခါလိုက်ပြီး “မမလေး ဖရီယာ နားလည်မှုလွဲနေပါပြီ။ ကျွန်တော်ဆိုလိုတာက မမလေးတို့ ကုမ္ပဏီက ဝန်ထမ်းတွေကို အမြဲ ဒုက္ခမပေးချင်တာပါ။ ကျွန်တော်တို့က ပြဿနာအသေးလေးတွေကို ကိုယ်တိုင်ပဲ ဖြေရှင်းချင်တာပါ။ ဒါက မမလေးတို့ ကုမ္ပဏီအတွက်လဲ အကျိုးမရှိစေဘူးလား။ မမလေးတို့ကို ပထုတ်မယ်ဆိုတာက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ….”

“ဒါဆို နောက်ဆုံးတော့လဲ မှော်ဆက်သွယ်ရေးကွန်ရက်ကို လိုချင်တာပဲပေါ့”

“ဟဲ.. ဟဲ ဒါက အကယ်၍ မမလေးတို့ ကုမ္ပဏီက နည်းပညာကို ရောင်းဖို့ဆန္ဒရှိခဲ့ရင် ဧကရာဇ်က ကျေနပ်စေမဲ့ ဈေးပေးပြီး ဝယ်မှာပါ”

မားကွစ္စ် မူဖာရာသည် သူ၏ဦးတည်ချက်ကို ယုံကြည်မှုရှိစွာ ပြောလိုက်လေသည်။

“ကျေနပ်စေမဲ့ ဈေးနှုန်း?” ဖရီယာသည် မားကွစ္စ် မူဖာရာကို ကြည့်လိုက်ပြီး အနည်းငယ်စဉ်းစား၍ မေးလိုက်သည်။ “ရှင်တို့ကျွန်မရဲ့ အဖေနဲ့တွေ့ခဲ့ပြီးပြီမလား သူကကောဘာပြောလဲ?”

“ဥက္ကဌရှုကတော့ မမလေးဖရီယာကို ဒီကိစ္စအတွက် လုပ်ပိုင်ခွင့်တွေ လွဲပေးလိုက်ပြီဖြစ်လို့ မမလေးရဲ့ သဘောဟာ သူ့သဘောပဲလို့ပြောပါတယ်” မူဖာရာနှင့် အခြားသော သံတမန်တစ်ဦးသည် ဖရီယာအား မျှော်လင့်နေသည့် အကြည့်များဖြင့်ကြည့်နေသည်။

ရှုယီ၏ မရိုးသားသော အပြုံးသည် ဖရီယာ၏စိတ်ထဲ၌ ပေါ်ထွက်လာသည်။

ကောင်းတယ် အဖေက သမီးကို တွင်းတူးပေးလိုက်တာပဲ။

ဖရီယာသည်မျက်လုံးကိုပိတ်လိုက်ပြီး ထိုကိစ္စကို အလေးနက် စဉ်းစားနေသည်။

သူမ၏ အမူအရာကိုမြင်လျှင် မားကွစ္စ် မူဖာရာနှင့် အဖွဲ့သည် ဝမ်းသာလျက်အံ့ဩနေသည်။

ထိုမတိုင်မှီက ကန်ဒရာ အင်ပါယာသည် ထိုအကြောင်းကို ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ဖူးသော်လည်း အကြိမ်တိုင်း ငြင်းပယ်ခံခဲ့ရသည်။

ဤတစ်ခေါက်တွင်မူ ၎င်းတို့သည် ထိုကိစ္စအတွက် ရှုယီကို လာရှာခဲ့သော်လည်း ကွဲပြားစွာပြုမူခဲ့သည်။ သူသည် ရှင်းလင်းသည့်အဖြေအား မပေးပဲ ဖရီယာထံသွားတွေ့ရန် ပြောခဲ့သည်။

ဤအပြုအမူသည် သူတို့အတွက် အလှည့်အပြောင်းဖြစ်သည်။

ယခုမူ မမလေး ဖရီယာသည် မျက်လုံးကိုပိတ်လျှက် အလေးအနက်စဉ်းစားနေခြင်းမှာ သူတို့တောင်းဆိုချက်အား သဘောတူလက်ခံပေးမည်လား။

လူတိုင်းသည် စိတ်လှုပ်ရှားစွာဖြင့် စောင့်နေပြီးနောက် ဖရီယာသည် မျက်လုံးပွင့်လာသည်။

“ မမလေး ဖရီယာ ဘယ်လိုထင်ပါသလဲ?” မားကွစ္စ်မူဖာရာက အမြန်မေးလိုက်သည်။

ဖရီယာသည် နှုတ်ခမ်းများတဖြည်းဖြည်းတွန့်ကာ ပြုံးလိုက်ပြီး သူ၏ ဉာဏ်နီဉာဏ်နက်များကို ဖုံးကွယ်ထားပုံပေါ်လေသည်။

“ဒါကို မဆွေးနွေးခင် ရှင်တို့အနေနဲ့ ရိုးသားမှုကို မပြသင့်ဘူးလား?”

မားကွစ္စ်မူဖာရာနှင့်အဖွဲ့သည် အံ့ဩသွားပြီးနောက် တဆက်ထဲ ဝမ်းသာသွားလေသည်။

***

Volume 8 အခန်း ၂၀ ။ လုပ်ပိုင်ခွင့် အပြည့်

“အချက်အလက်တွေအရ ကန်ဒရာအင်ပါယာရဲ့ ဒေသ ၃၆ ခုဟာ မှော်ဆက်သွယ်ရေးကွန်ရက်တွေ တပ်ဆင်ထားပြီးဖြစ်ပြီး မှော်အချက်ပြတွေဟာ ကန်ဒရာအင်ပါယာရဲ့ ၈၃ ရာခိုင်နှုန်းလောက်ကို ဖုံးလွှမ်းနေပြီးသားဖြစ်တယ်။ ဆိုလိုတာက ကနဦးရည်မှန်းချက်ဖြစ်တဲ့ ကန်ဒရာအင်ပါယာရဲ့ နယ်မြေအစိတ်ပိုင်းတိုင်းကို မှော်ဆက်သွယ်ရေး တပ်ဆင်နိုင်ဖို့က ပြီးစီးသလောက်ဖြစ်နေပါပြီ..”

“နေပါဦး ..”

ရှုယီသည် ဖရီယာ၏တင်ပြချက်ကို လက်ပြကာ ရပ်တန့်ခိုင်းလိုက်သည်။

“နယ်မြေထဲမှာ ဖုံးလွမ်းနိုင်တာ ၈၃ ရာခိုင်နှုန်းပဲရှိသေးတယ်ဆိုတော့ ကျန်တဲ့ ၁၇ ရာခိုင်နှုန်းက မှော်အချက်ပြ မဖုံးလွမ်းနိုင်သေးတဲ့သဘောပဲမလား။ အဲ့တာကို ကန်ဒရာအင်ပါယာရဲ့ နယ်မြေအစိတ်ပိုင်းတိုင်းကို မှော်ဆက်သွယ်ရေး တပ်ဆင်နိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်က ပြည့်တော့မယ်လို့ ဘယ်လိုလုပ်ပြောလို့ရမှာလဲ”

ဖရီယာသည် သူမ၏မျက်လုံးကို ဝေ့ကြည့်လိုက်ပြီး သူမ၏မျက်နှာအမူအရာကိုပြင်ကာ ချောင်းဟန့်လိုက်ပြီးနောက်

“မှော်အချက်ပြတပ်ဆင်ဖို့ကျန်နေတဲ့ နေရာတွေက မြေနေရာအနေထားတွေကြောင့် မှော်အချက်ပြတာဝါတိုင်တွေ ဆောက်လို့မရတာရယ် ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် အလုပ်သမားတွေက အလုပ်စဖို့ နှောင့်နှေးကြန့်ကြာနေမှုတွေကြောင့် ဖြစ်ပါတယ်”

ထိုသို့ပြောပြီးနောက် ဖရီယာသည် မျက်မှောင်ကြုတ်လိုက်သည်။

“အဲ့ဒီအကြောင်းကိုပြောရတာ တကယ်ပဲ ထူးဆန်းတယ်။ ဘာလို့ အဲ့လိုဖြစ်ရတာလဲ? မှော်ဆက်သွယ်ရေးကွန်ရက်ကို လက်မခံကြသေးတဲ့သူတွေရှိနေသေးတာလား။ အဲ့တာက သူတို့အတွက် ဘယ်လောက်အဆင်ပြေလဲဆိုတာ မသိကြလို့လား?”

ရှုယီသည် ပခုံးတွန့်လိုက်ပြီး သူ၏အသံမှာ မတတ်နိုင်သည့် အသံဖြင့် “အဲ့တာအတွက်တော့ အခြားနည်းလမ်းမရှိဘူး။ အခုတောင် မှော်အချက်ပြတိုင်တွေက လူတွေရဲ့စိတ်ကို ထိန်းချုပ်သွားမယ်ဆိုတဲ့ ကောလဟသတွေတောင် ရှိနေသေးတယ်။ အဖေတို့ မှော်အချက်ပြတိုင်တွေ စပြီးတပ်ဆင်တုန်းက ကန်ဒရာအင်ပါယာမှာတင်မကဘူး အခြားနိုင်ငံတွေမှာလဲ ကန့်ကွက်ဆန္ဒပြတာတွေနဲ့ ကြုံရသေးတယ်”

“အဲ့တာမဖြစ်နိုင်ဘူးမလား အဲ့တာတွေကိုယုံနေရအောင် သူတို့က ဘယ်အသက်ရွယ်ရှိပြီမို့လဲ” ဖရီယာသည် မယုံနိုင်စွာဖြင့် မျက်လုံးများပြူးကျယ်လျက်ပြောသည်။

“မှတ်ထား သမီးရေ လူထုရဲ့ နားလည်နိုင်စွမ်းကို အထင်သွားမသေးလိုက်နဲ့”

ရှုယီသည် ဖရီယာအား လေးနက်စွာပြောလိုက်သည်။

“လူတွေဟာ သွေးထိုးစကားတွေကြောင့် ဒေါသထွက်ပြီးဆူပူလာနိုင်တယ်။ အဲ့တာကို ယုံတဲ့သူတွေက ဘာမှမဆန်းဘူး။ ဒါထက် မယုံနိုင်စရာကောင်းတဲ့ကိစ္စတွေတောင် အဖေမြင်ဖူးသေးတယ်။ သမီးလည်း အနာဂတ်မှာ ရင်ဆိုင်ရလိမ့်မယ်။ ဒါကြောင့် မအံ့ဩပါနဲ့”

ဖရီယာသည် သူ၏ခေါင်းဖြင့် အသည်းအသန် တွေးလိုက်သော်လည်း ထိုကိစ္စကို လက်ခံနိုင်ရန် ခက်ခဲနေသေးသည်။

သို့သော် ရှုယီသည် သူမကို လိမ်ညာမည်မဟုတ်ကြောင်းသိ၍ ထိုကိစ္စအား ဆက်ပြောမနေတော့ချေ။ သူမသည် မေးလိုက်သည်။

“အဖေ့ပြောစကားအရဆိုရင် ဒီလူတွေကို အသုံးချနေတဲ့ လူတွေရှိသေးတာလား”

ရှုယီသည် ခေါင်းကိုခါလျက် အပြုံးဖြင့် “အဖေအဲ့လို မပြောပါဘူး။ သမီးသိချင်ရင် နောက်မှ ကိုယ်တိုင်စုံစမ်းပေါ့”

ဖရီယာသည် နှာခေါင်းရှုံလိုက်ပြီး ၎င်းမှာ သူမ၏အဖေပေးသော စစ်ဆေးမှုမှန်း သိလိုက်လေသည်။

“ကောင်းပြီး ဒီအကြောင်းမပြောတော့ဘူး။ ကန်ဒရာအင်ပါယာထဲ မှော်ဆက်သွယ်ရေးကွန်ရက် ဖြန့်ကျက်ဖို့က အချက်အလက်တွေအရဆိုရင် အစပိုင်းအောင်မြင်နေပြီးလို့ ယူဆလို့ရတဲ့ အလုပ်တစ်ခုဖြစ်ပြီး မှော်ဆက်သွယ်ရေးကွန်ရက်ရဲ့ အခြေခံလို့ပြောလို့ရတယ်။ သမီးတို့ရဲ့ ကုမ္ပဏီဟာ ကန်ဒရာအင်ပါယာထဲမှာ ဆက်နေရင် အခြေနေအမျိုးမျိုးကြောင့် ဘာကိုမှ သိပ်ပြီး ပြောင်းလဲနိုင်မှာမဟုတ်ဘူး”

“ဒါဆို သမီးက မှော်ဆက်သွယ်ရေးကွန်ရက်ကို တပ်ဆင်တာနဲ့ ထိန်းသိမ်းတဲ့လုပ်ငန်းကို ကန်ဒရာအင်ပါယာကို လွှဲပြောင်းပေးသင့်တဲ့ အချိန်ကောင်း လို့ယူဆတာလား” ရှုယီကမေးသည်။

“အကျိုးအမြတ်ကို တွက်ကြည့်ရင် ဒါကအကောင်းဆုံးအချိန်မဟုတ်သလို အဆိုးဆုံးအချိန်တောင် ဖြစ်နေသေးတယ်” ဖရီယာကခေါင်းခါလိုက်ပြီး “သမီးတို့ရဲ့ ကုမ္ပဏီက ကန်ဒရာအင်ပါယာနဲ့ လက်တွဲခဲ့တာ ဆယ်နှစ်ကြာပြီဖြစ်ပြီး ကန်ဒရာအင်ပါယာထဲမှာ မှော်ဆက်သွယ်ရေးကွန်ရက်ကို နောက်ဆုံးမှာ အုတ်မြစ်ချနိင်ခဲ့တယ်။ အခု မှော်ဆက်သွယ်ရေးကွန်ရက် လူတွေကြားထဲ ခေတ်စားနေတဲ့ အချိန်က အကျိုးအမြတ်အများကြီး ရဖို့အချိန်ပဲ။ အခုချိန်မှာ နောက်ဆုတ်လိုက်ရင် ကန်ဒရာအင်ပါယာကို ကြီးမားတဲ့ အကျိုးအမြတ် လွှဲပေးလိုက်သလိုဖြစ်သွားမှာပဲ”

ရှုယီသည်ပြုံးကာချီးကျူးလျက် ခေါင်းငြိမ်လိုက်ပြီး

“မှန်တယ် ဒါဆိုရင် ဒီတင်ပြချက်က ဘာလို့ပေးတာလဲ ကန်ဒရာအင်ပါယာရဲ့ တောင်းဆိုချက်တွေကို လက်ခံဖို့စီစဉ်ထားတာလား?”

ဖရီယာသည် ရီလိုက်ပြီး “ကန်ဒရာအင်ပါယာကလူတွေကို ဘာကိုမှ ဂတိမပေးလိုက်ပါဘူး။ သမီးတို့ ဆွေးနွေးလို့ရတယ်လို့ပဲပြောလိုက်တာ”

“အဲ့တော့ ဆုံးဖြတ်ပြီးတော့ကော။ သူတို့နဲ့ ဘာကိုဆွေးနွေးဖို့စီစဉ်ထားတာလဲ” ရှုယီသည် စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။

ဖရီယာသည် ချောင်းဟန့်လိုက်ပြီး တည်ငြိမ်သည့်အမူအရာကိုပြင်လိုက်ကာ

“ဥက္ကဌကြီးရှင့် အလေးအနက်စဉ်းစားဆုံးဖြတ်ပြီးတဲ့နောက် ကျွန်မတို့ရဲ့ ကုမ္ပဏီဟာ မှော်ဆက်သွယ်ရေးကွန်ရက်ကို ကန်ဒရာအင်ပါယာဆီ ပေးလို့မဖြစ်ကြောင်း ထင်မြင်မိတယ်။ ဒါပေမဲ့ ကျန်ရှိနေတဲ့ မှော်ဆက်သွယ်ရေးကွန်ရက် တပ်ဆင်ရမဲ့အလုပ်ကို ကန်ဒရာအင်ပါယာဆီ လွဲပြောင်းပေးဖို့ ဆုံးဖြတ်လိုက်တယ်”

“အာ ဆက်ပြောပါဦး ဘယ်လိုတွေးလိုက်တာလဲ”

“မှော်ဆက်သွယ်ရေးကွန်ရက် ဆက်လက်ပြီးတပ်ဆင်ရမဲ့အလုပ်က ခုနကတင်ပြချက်မှာ သမီးပြောခဲ့သလိုပါပဲ။ အခုချိန်မှာ မှော်ဆက်သွယ်ရေးကွန်ရက်ကို မတပ်ဆင်နိုင်သေးတဲ့ နေရာတွေရှိနေသေးတယ်။ အဲ့ဒီနေရာတွေက မြေအနေအထားတွေမကောင်းတာနဲ့ ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေကြောင့်ပဲ။ ဘယ်လိုပဲကြည့်ကြည့် အဲ့ကိစ္စကို သမီးတို့ဆက်လုပ်မယ်ဆိုရင် ပြဿနာကြီးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ဒီတိုက်ပွဲမှာ လူအင်အားသို့ ငွေအင်အားတွေစိုက်ထုတ်ရင်တောင် ရလဒ်ကောင်းရဖို့ မလွယ်ဘူး။ ဒါကြောင့် ဒီကိစ္စကို ကန်ဒရာအင်ပါယာကိုပေးလိုက်ရင် သမီးတို့ ကုမ္ပဏီကို အဲ့ထဲကဆွဲထုတ်နိုင်ပြီး အဲ့နေရာတွေမှာ မှော်ဆက်သွယ်ရေးကွန်ရက်ကိုတည်ဆောက်ဖို့ ပူစရာမလိုတော့ဘူး”

ဖရီယာသည် မရိုးသားစွာပြုံးလိုက်သည်။

“ကန်ဒရာအင်ပါယာကလူတွေ ကန့်ကွက်ရင်လဲ ကန်ဒရာအင်ပါယာကပဲ ဖြေရှင်းရလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမီးတို့ ကုမ္ပဏီကိုလာထိခိုက်မှာမဟုတ်ဘူး အဲ့လိုမထင်ဘူးလား”

“အဲ့လိုရှုထောင့်ကနေကြည့်ရင်တော့ မှန်တယ်” ရှုယီကခေါင်းငြိမ့်လျက် မေးသည်။

“ဒါပေမဲ့ ကန်ဒရာအင်ပါယာကို အဲ့ကိစ္စကိုအပ်လိုက်ရင် မှော်ဆက်သွယ်ရေးနည်းပညာကို သူတို့ကိုပေးပြီး သူတို့ရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးလိုက်တာနဲ့ မတူဘူးလား”

“မှန်တာပေါ့” ဖရီယာက သတ္တိရှိစွာဖြင့် “မှော်ဆက်သွယ်ရေးကွန်ရက် နည်းပညာကို ကန်ဒရာအင်ပါယာကို လွဲပြောင်းပေးလိုက်တာက သမီးတို့ ကုမ္ပဏီက ဒီနည်းပညာကို ဆုပ်ကိုင်ထားတာကနေ လွတ်ပေးလိုက်တဲ့သဘောပဲ။ အခြားနိုင်ငံတွေက ဒီကိစ္စကို တုံ့ပြန်လာနိုင်ပြီး နောက်ဆုံးမှာ အခြားနည်းပညာတွေကို လက်လွတ်ပေးလိုက်ရတာလဲ ဖြစ်နိုင်တယ်”

“ဆိုလိုတာက အဖေတို့ ကုမ္ပဏီကလွဲပြီး အခြားနိုင်ငံတွေနဲ့ ကုမ္ပဏီတွေကလည်း မှော်ဆက်သွယ်ရေးကွန်ရက်ကို တပ်ဆင်လာနိုင်ကြလိမ့်မယ်။ အဲ့တာက အဖေတို့ကုမ္ပဏီဟာ မှော်ဆက်သွယ်ရေးကွန်ရက်ကို အခုလို ထိန်းချုပ်လို့မရတော့ဘူးလို့ ဆိုလိုတာပဲ”

ရှုယီသည် လေးနက်စွာကြည့်လိုက်ပြီး “ဒါက အဖေတို့ ကုမ္ပဏီအပေါ် ဘယ်လောက်တောင် အကျိုးသက်ရောက်မှုရှိသလဲဆိုတာ သမီးသိရဲ့လား?”

“အများကြီး သက်ရောက်သွားမှာပဲ သမီးဘာလို့မမြင်ရမှာလဲ” ဖရီယာသည် တည်ငြိမ်သောအပြုံးနှင့် “ဥက္ကဌကြီးရှင့် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက အဖေက မှော်ဆက်သွယ်ရေးကွန်ရက်ကိုတပ်ဆင်ဖို့ စာရင်းလုပ်ပြီး နိုင်ငံအဆင့် အခြေခံအဆောက်ဦးတွေဆောက် လမ်းတွေဖောက်ခဲ့တယ်။ ဒါကြောင့် ဒီကိစ္စဟာ နိုင်ငံပေါင်းများစွာကို ကြေငြာပြီးသားဖြစ်နေပြီလို့ ဆိုလိုနေတာမဟုတ်ဘူးလား?”

ဒါဆို အဖေက ဘာလို့ နည်းပညာကို မပေးလိုက်ပဲ နယ်မြေထဲကလူတွေကို သူတို့ဘာသာ လုပ်ခွင့်မပြုလိုက်လဲ ဆိုတာကိုကော နားလည်လား?”ရှုယီကမေးသည်။

“အဲ့တာက ရှင်းပါတယ်၊ တစ်အချက် နိုင်ငံတွေက တပ်ဆင်နိုင်ဖို့ အရည်အချင်းမရှိလို့ရယ် နှစ်အချက် သူတို့မှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်မရှိလို့ပဲ”

“ဆိုတော့ သူတို့မှာ အခုရှိပြီလို့ထင်လား?”

“သေချာတာပေါ့။ ဆယ်နှစ်လုံး အရှိန်အဟုန်နဲ့ တိုးတက်လာပြီးနောက် နိုင်ငံတွေက မှော်စက်မှုအင်ပါယာမှာ တိုးတက်မှုတွေရှိလာတယ်။ ကန်ဒရာအင်ပါယာလို ကြီးမားတဲ့ အင်ပါယာတွေကလဲ အခြေခံပြီးပြည့်စုံတဲ့ မှော်စက်မှုနယ်ပယ်တွေရှိနေကြပြီ သူတို့မှာ နည်းပညာပဲလိုတော့တာ။ သူတို့က အမြန်ဆုံးနဲ့ အလွယ်ကူဆုံး မှော်ဆက်သွယ်ရေးကွန်ရက်ကို တပ်ဆင်နိုင်မဲ့ နည်းလမ်းကို ဆုပ်ကိုင်နိုင်ကြမှာပါ”

“ဒါဆို သူတို့က နည်းပညာရပြီးရင်ကော တခြားကို ကြေငြာပေးလိမ့်မယ်လို့ထင်လား”

“သေချာတာပေါ့ သူတို့က သမီးတို့ကုမ္ပဏီထပ်တောင် ပိုပြီး ကြေငြာပေးကြမှာပါ။ သမီး အာမခံတယ်”

“ဘာလို့အဲ့လောက်သေချာနေရတာလဲ” ရှုယီကအပြုံးဖြင့်မေးသည်။

“ဘာလို့လဲဆို အကျိုးအမြတ်ကြောင့်လေ” ဖရီယာက ချက်ခြင်းဖြေလိုက်သည်။ “မှော်ဆက်သွယ်ရေးကွန်ရက်က ပျံနှံ့သွားတာနဲ့ ဒီနည်းပညာကနေပြီး အကျိုးမြတ်တွေအများကြီး ရလိမ့်မယ်။ ကန်ဒရာအင်ပါယာက ဒီအကျိုးမြတ်တွေကိုလိုချင်နေတာ ဒါကြောင့် သူတို့က အဲ့အစိတ်ပိုင်းတစ်ခုကိုရရင် မှော်ဆက်သွယ်ရေးကွန်ရက်ကို ဖမ်းဆုပ်ပြီး နေရာတိုင်းမှာတပ်ဆင်ချင်နေကြတာ။ ဒါကြောင့်သူတို့က သမီးတို့ထပ် ပိုပြီး စိတ်လှုပ်ရှားနေမှာပါ”

ရှုယီသည် ဆိုဖာကိုမှီလိုက်သည် ဖရီယာကိုကြည့်ကာ အနည်းငယ်ပြုံးလျက် အလွန်ကျေနပ်သွားလေသည်။

ကန်ဒရာအင်ပါယာ၏ ကိုယ်စားလှယ်နှင့် တွေ့ဆုံပြီး ဖရီယာသည် အချိန် ၂ ရက်သာ သုံးကာ ထိုကိစ္စအား နှိုက်နှိုက်ချွတ်ချွတ် သုံးသပ်နိုင်ခဲ့သည်။ သူမသည် ကုမ္ပဏီမှ ရာထူးကြီးသူများထံမှ အကူညီတစ်ချို့ ယူခဲ့သော်လည်း ထိုကိစ္စသည် သူမ၏ အရည်အချင်း သာလွန်ကြောင်းပြနေဆဲဖြစ်သည်။

အကယ်၍ သူမသည် ဥက္ကဌနေရာက်ု ယူမည်ဆိုပါက သူမ၏ အရည်အချင်းနှင့် လေ့ကျင့်မှုတစ်ချို့ ယူလိုက်လျှင်ပင် ကောင်းမွန်သည့် ဆက်ခံသူတစ်ယောက် ဖြစ်နိုင်သည်။

သူမသည် ဆုံးဖြတ်ချက်မချနိုင်ခဲ့လျှင် ကုမ္ပဏီရှိလူများ၏နှလုံးကို ကျောက်တုံးနှင့်ထုသလို ကွဲကြေရတော့မည်။

ရှုယီသည် ဖရီယာအား သူမ၏ဆုံးဖြတ်ချက်ချပြီးသည့် အသက် ၂၅ နှစ်ထိ ပြည့်အောင်မစောင့်ပဲ လုပ်ငန်းများစီစဉ်နေသော်လည်း သူမအား တွန်းပို့နေခြင်းတော့မဟုတ်ပါ။ သူသည် သူမအား တတ်နိုင်သမျှ လမ်းပြပေးချင်သောစိတ်နှင့် သူမအား ပြဿနာများကိုဖြေရှင်းခိုင်း၍ သူမ၏ကုမ္ပဏီအပေါ်စိတ်ဝင်စားလာမှုကို ရယူခြင်းဖြစ်သည်။

ယခု အခြေအနေအရ သူမသည် စီးပွားရေးကို ကိုင်တွယ်ရာ၌ မနှစ်သက်သည့်ပုံမပြပဲ စိတ်ဝင်စားမှုပင်ရှိသေးသည်။

အကယ်၍ သူမသည် ကန်ဒရာအင်ပါယာ၏ ကိစ္စအားကိုင်တွယ်ရာ၌ စိတ်ဝင်စားမှုရှိလာလျှင် တန်ပေသည်။

ထိုအကြောင်းကိုစဉ်းစားကာရှုယီသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

“အာ ဖရီယာ သမီးရဲ့ သုံးသပ်ချက်က အရမ်းကျိုးကြောင်းသင့်တယ်။ အဖေ့မှာ ဘာထင်မြင်ချက်မှ မရှိတော့ဘူး။ အခု Frestech ကုန်သည်များအသင်းရဲ့ ဥက္ကဌတစ်ယောက်အနေနဲ့ သမီးကို ဒီကိစ္စနဲ့ ဒီကိစ္စနဲ့ ပက်သက်တဲ့ ကိစ္စတစ်ခုခြင်းဆီတိုင်းကို ဆုံးဖြတ်ဖို့ အခွင့်အာဏာပေးလိုက်တယ်။ အဲ့ကိစ္စနဲ့ပက်သက်သမျှ အဖေ့ရဲ့ထင်မြင်ချက်ကို မေးစရာမလိုဘူး။ သမီးရဲ့ဆုံးဖြတ်ချက်တိုင်းဟာ Frestech ကုန်သည်များအသင်းကို ကိုယ်စားပြုနေလိမ့်မယ်။ သမီး နားလည်လား?”

ဖရီယာသည် မျက်တောင်များကိုပုတ်လိုက်သည်။ သူမသည် ထိုကဲ့သို့ ကြီးမားသည့်ကိစ္စကို ကိုင်တွယ်ရန်အခွင့်အာဏာရခြင်းအား ပျော်ရွင်ခြင်း သို့မဟုတ် စိတ်လှုပ်ရှားခြင်း စသည့် အမူအရာ တစ်ခုမှ မပြပေ။ သူမသည် ရှုယီကိုသာ သံသယအကြည့်ဖြင့် ကြည့်ပြီး နှာခေါင်းရှုံကာ သူမ၏အမူအရာသည် မကျေနပ်ပုံပြလိုက်သည်။

“ဒီကိစ္စက ဘယ်လောက်တောင် ပြဿနာရှုပ်ပြီး ဖြေရှင်းဖို့အချိန်တွေအများကြီး ယူရမလည်းဆိုတာ အဖေသိတယ်မလား။ ပြီးတော့လည်း ဒီကိစ္စထဲက တစ်ချို့ကိစ္စတွေက ဆယ်နှစ် သို့ ဆယ်စုနှစ်တစ်ခုကြာရင်တောင် အခြေကျသွားမှာမဟုတ်ဘူး။ ဒါကို အဖေစီစဉ်လိုက်တာက သမီးကို ချုပ်ထားချင်နေတာမလား?”

ရှုယီ သည် လက်များကိုဖြန့်လိုက်ကာ “အဖေက သမီးကိုချုပ်ထားဖို့ ရည်ရွယ်ချက်မရှိပါဘူး။ သမီးဒီကိစ္စကို မကိုင်တွယ်ချင်ဘူး ဆိုရင်တောင် ဒီကိစ္စတွေ အစီအစဉ်ကျသွားမှာပါ။ သမီး ဘယ်အချိန်မဆို ထွက်သွားနိုင်ပါတယ်။ စိတ်ချပါ သမီးကို ဒီနည်းလမ်းသုံးပြီး မချုပ်ထားပါဘူး”

ဖရီယာသည် စဉ်းစားလိုက်ပြီးနောက် ပြုံးလိုက်ကာ

“ကောင်းပြီ အဖေ သမီးကို လုပ်ပိုင်ခွင့်အပြည့် လွှဲပေးထားမှတော့ သမီးပြဿနာလုပ်မိရင်လည်း မဆူရဘူးနော်”

All Chapters