← Chapters

အခန်း (၂၁-၃၀)

Vol. 8 Ch. 21-30

အခန်း (၂၁-၃၀)

Vol. 8 Ch. 21-30

Volume 8 အပိုင်း ၂၁ ။ အနက်ရောင် နည်းပညာ

ဖရီယာသည် ပျော်ရွှင်တက်ကြွသော ခြေလှမ်းများဖြင့် ထွက်သွားသည်ကို ကြည့်ကာ ရှုယီသည် ပြုံးလိုက်သည်။

ဖရီယာ ပြဿနာရှာလိမ့်မည်လား?

သူမသည် အတွေ့အကြုံလုံလောက်ခြင်းမရှိသေးသောကြောင့် ထိုကဲ့သို့ ကိစ္စကြီးအား လုပ်ပိုင်ခွင့် အပြည့်ပေးလိုက်ခြင်းသည် အမှားတစ်ခုခုပေါ်လာမည်မှာ ဖြစ်နိုင်ပေသည်။

သို့သော် ရှုယီသည် ထိုကိစ္စကို သူမအား လုပ်ပိုင်ခွင့်အပြည့်ပေးလိုက်ခြင်းမှာ သူမ၏ အမှားများမှ သင်ခန်းစာယူတတ်စေရန် လေ့ကျင့်ပေးလိုသောကြောင့်ဖြစ်သည်။

ထို့နောက်တွင် သူမ၏ဉာဏ်ရည်ဉာဏ်စွမ်းနှင့် သူမတစ်ယောက်ထဲလုပ်ဆောင်မည်မှာမဖြစ်နိုင်ပဲ အခြားသူများ၏ အကြံကိုနားထောင်ကာ ဆုံးဖြတ်လိမ့်မည်ဖြစ်သည်။

ကုမ္ပဏီထဲမှ အတွေ့အကြုံရှိသော လူကြီးများ၏ အကူအညီနှင့် ဖရီယာသည် ပြဿနာရှာလိုလျှင်ပင် ပြဿနာကြီးရှာနိုင်မည်မဟုတ်ပေ။

ဖရီယာ၏ အရည်အချင်းနှင့် ရှုယီ၏မျှော်မှန်းချက်အား ကျော်လွန်၍ ကိစ္စတစ်ခုလုံးအား ပြဿနာတက်အောင် လုပ်လိုက်လျှင်ပင် ရှုယီသည် ဂရုစိုက်မည်မဟုတ်ပါ။

မှော်ဆက်သွယ်ရေးကွန်ရက်သည် မှော်စက်မှုနယ်ပယ် နှင့်ပက်သက်၍ အရေးကြီးသည့်အပိုင်းဖြစ်ကာ ကြီးမားသော အမြတ်များလည်းရှိသည်။ သို့သော်လည်း ယခု Frestech ကုန်သည်များအသင်း၏ အတိုင်းအတာအရ ထိုအပိုင်းကို လက်လွှတ်လိုက်ရလျှင်ပင် ၎င်းတို့၌ ကြီးကြီးမားမားဆုံးရှံးမှုရှိမည် မဟုတ်ပဲ ပျက်စီးသွားမည်လည်းမဟုတ်ချေ ။

ရှုယီ၏ ကနဦးရည်မှန်းချက်အရ မှော်ဆက်သွယ်ရေးကွန်ရက်သည် နိုင်ငံများမှ ၎င်းတို့ကိုယ်တိုင် တပ်ဆင်သင့်ပြီဖြစ်ရာ Frestech ကုန်သည်များအသင်းမှ လိုက်လံ၍ ထိန်းချုပ်ပေးနေရခြင်းမှာ ကျိုးကြောင်းမသင့်ပေ။

ရှုယီသည် တမင်ပင် Frestechကုန်သည်များအသင်းအား မှော်ဆက်သွယ်ရေးကွန်ရက်ကို အဓိကချုပ်ကိုင်ထားစေလျှက် အဆင့်တန်းတစ်ခု သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ထိုမှသာ အနာဂတ်တွင် ပျံ့နှံ့စေကာ တိုးတက်စေမည်ဖြစ်သည်။

ဆယ်နှစ်အတွင်းတွင် မှော်ဆက်သွယ်ရေးကွန်ရက်၏ စိုင်စ်နယ်မြေတွင် မယုံနိင်လောက်အောင် တိုးတက်ခဲ့ခြင်းကိုကြည့်လျှင် ထိုအကြံသည်မှန်ကန်ကြောင်း ပြောနိုင်သည်။

စိုင်စ်နယ်မြေသည် လူတိုင်း၌ လက်ကိုင်ဖုန်းရှိ၍ ဝေးလံသောဒေသများသို့ အချိန်မရွေးဆက်သွယ်နိုင်ခြင်း ရှိနေပြီဖြစ်သော ကမ္ဘာနှင့်မတူသော်လည်း Frestech ကုန်သည်များအသင်းမှ မှော်ဆက်သွယ်ရေးယူနစ်များ အရင်လတွင် သန်းနှင့်ချီအောင် ရောင်းချခဲ့ရခြင်းသည် မည်မျှခေတ်စားနေသည်ကို ပြသနေသည်။

နောက်ဆုံးတွင် အဝေး၌ ရှိနေသော အမျိုးအဆွေများအား အချိန်မရွေး ဆက်သွယ်နိုင်ရန်အတွက် မည်သူမှ သည်းခံထားနိုင်ခြင်းမရှိချေ။

ထို့အပြင် မှော်ပို့ဆောင်ဆက်သွယ်ရေးသည် မှော်စက်မှုနယ်ပယ်တွင် တိုးတက်လာသည်နှင့်အမျှ လူများသည်လည်း မိမိ၏နေရပ်ကို စွန့်ခွာလျက် ရပ်ဝေး၌ အလုပ်လုပ်ရန် ထွက်ခွာကြတော့သည်။ ၎င်းတို့သည် ဝေးလံသော ဒေသများသို့ သွားရောက်အလုပ်လုပ်ကြသဖြင့် မှော်ဆက်သွယ်ရေးစက် လိုအပ်မှုမှာလည်း တိုးလာကြသည်။

Frestechကုန်သည်များအသင်း၏ မှော်ဆက်သွယ်ရေးကွန်ရက် တိုးချဲခြင်းသည်လည်း ၎င်းလိုအပ်ချက်နှင့် အံကိုက်ပင်ဖြစ်သည်။

ထို အချက်များအရ မှော်ဆက်သွယ်ရေးကွန်ရက်၏ တိုးတက်မှုမှာ ရှုယီ၏ မှော်မှန်းချက်ထက်ပင် ကျော်လွန်နေသည်။ ဆယ်နှစ်အတွင်းမှာပင် ၎င်းသည် အရှိန်အဟုန်ပြင်းသော မီးတောက်ကဲ့သို့ ပြောင်းလဲသွားသည်။

၎င်းသည် မှော်ဆက်သွယ်ရေးနည်းပညာ တိုးတက်မှုအတွက်လည်း တွန်းအားဖြစ်စေခဲ့ကာ ရှုယီကို အံ့ဩစေခဲ့လေသည်။

အစပိုင်း၌ Frestechကုန်သည်များအသင်း၏ မှော်ဆက်သွယ်ရေးကွန်ရက်မှ အချက်ပြတာဝါတိုင်သည် တစ်ခုမှ တစ်ခုသို့သာ ဆက်သွယ်နိုင်ခဲ့ပြီး တတိယသူပင် ဝင်၍မရခဲ့ပေ။ ယခုမူ Frestechကုန်သည်များအသင်း၏ အသစ်သော အချက်ပြတာဝါတိုင်သည် အချက်ပြသောင်းချီကို တစ်ချိန်တည်းတွင် ထပ်ဆင့်လွှင့်ပေးနိုင်ပြီဖြစ်သည်။

သို့သော်လည်း ၎င်းသည်ကမ္ဘာနှင့်မယှဉ်နိုင်သော်လည်း ယခု လက်ရှိဆက်သွယ်ရေးလိုအပ်ချက်အရ ကျေနပ်စရာဖြစ်သည်။

ရှုယီသည် မှော်ဆက်သွယ်ရေးသည် ပိုမို၍ ခေတ်စားလာဦးမည်ဖြစ်ပြီး နည်းပညာမှာလည်း တိုးတက်လာသည့်အလျောက် လိုအပ်မှုများသည်လည်း တိုးလာပြီးသည့်နောက် နည်းပညာကပင် လိုက်၍မမှီနိုင်တော့မည် ဖြစ်ကြောင်း ယုံကြည်နေသည်။

ထိုနောက် ရှုယီအား အမြဲအံ့ဩစေသည့်အချက်မှာ ကမ္ဘာ၏ လျှပ်စစ်ဆက်သွယ်မှုလှိုင်းသည် မှော်ဆက်သွယ်ရေးကွန်ရက်၏ တိုးတက်မှုနှင့်မတူညီခြင်း ဖြစ်သည်။

ရှုယီသည် အစက ကမ္ဘာ၏ ဆက်သွယ်မှုနည်းလမ်းအား လေ့လာ၍ မှော်ဆက်သွယ်ရေးကွန်ရက်အား တိုးတက်စေရန် ကြိုးစားခဲ့သော်လည်း နောက်ပိုင်းတွင် Frestech ကုန်သည်များအသင်း၏ သုတေသီများမှ အနက်ရောင်နည်းပညာ ကဲ့သို့သော ထိုးဖောက်နိုင်သည့် နည်းပညာကို ရရှိခဲ့သည်။

ရှင်းလင်းသည့် ဥပမာမှာ ရုပ်သံ ဆက်သွယ်မှုဖြစ်သည်။

ကမ္ဘာပေါ်၌ မကြာမီက ရာစုနှစ်များတွင် ရုပ်သံဆက်သွယ်မှု နည်းပညာသည် ခေတ်စားလာလေသည်။

ကမ္ဘာတွင် ပထမဆုံး လက်ကိုင်ဖုန်းတီထွင်ရာ၌ ရုပ်သံဆက်သွယ်မှု ထည့်သွင်းထားပြီး ၎င်းအား တီထွင်ရန် ရာစုနှစ်နှင့်ချီကာ လိုအပ်ခဲ့သည်။

စိုင်စ်နယ်မြေတွင်မူ အာကာလီ ဦးဆောင်သည့် မှော်ဆက်သွယ်ရေးဌာနသည် ၄င်းကို တီထွင်ရန် နှစ်နှစ်သာ ကြာခဲ့လေသည်။ သူတို့သည် တကယ်ပင် မှော်ရုပ်ပြဆက်သွယ်မှုနည်းပညာအား တီထွင်နိုင်ခဲ့ခြင်းမှာ ရှုယီကို အမှန်တကယ်အံ့ဩသွားစေခဲ့သည်။

အကြောင်းမှာ စိုင်စ်နယ်မြေသည် မှော်အချက်ပြနည်းပညာအား ရှာဖွေလေ့လာခြင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၁သန်းခန့်ကပင် ပါဝင်ခဲ့ပြီးဖြစ်သောကြောင့်ဖြစ်သည်။ အာကာလီ၏ အဖွဲ့သည် ရှုယီ၏အဆိုပြုချက်ကို နားထောင်ကာ မှော်ပညာအားအသုံးပြု၍ ပြည်သူများအသုံးပြုရန် ပြန်လည်ပြင်ဆင်ခဲ့သောကြောင့် ဖြစ်သည်။

၎င်းသည် တူညီသော အရာများကြောင့်ဖြစ်သည်။

ထို့ကြောင့် လွန်ခဲ့သောဆယ်နှစ်က စိုင်စ်နယ်မြေသည် မှော်နည်းပညာ၏ ပေါက်ကွဲမှုကို ကြုံတွေ့ခဲ့ရပြီ ဖြစ်ကြောင်းပြောနိုင်သည်။ များစွာသော ဇာတ်လမ်းများ နှင့် စိတ်ဝင်စားဖွယ်ကောင်းသည့် မှော်နည်းပညာများသည်လည်း တစ်ခုပြီးတစ်ခုပေါ်ပေါက်လာလေသည်။ ရှုယီပင် မစဉ်းစားမိသည်များလည်း ပါဝင်သည်။

ဥပမာအားဖြင့် ယခင်လကပင် မားလိုအင်ပါယာရှိ ကုမ္ပဏီတစ်ခုသည် ၎င်းတို့၌ ထိုးဖောက်နိုင်သည့် မှော်နည်းပညာ အသစ်တစ်ခုရှိကြောင်း ကြေငြာလေသည်။

ထို နည်းပညာအသစ်မှာ ဆေးပညာရပ်ကို အဓိကထားကြောင်းပြောသည်။ ၎င်းမှာ စိတ်ရောဂါများကို အဏုကြည့်မှန်ပြောင်းဖြင့် ရုပ်လုံးပေါ်စေခြင်းဖြစ်သည်ဟုဆိုသည်။

ထိုကုမ္ပဏီ၏ကြေငြာချက်အရ ထိုနည်းပညာနှင့်ဆိုလျှင် ၎င်းတို့သည် လူနာတစ်ဦး၏ခန္ဓာကိုယ်ထဲရှိ ဖြစ်နေသည့် သေးငယ်သော စိတ်ရောဂါကိုပင် ရှာဖွေနိုင်သည်ဟုဆိုသည်။

မည်မျှပင်ခက်ခဲသော စိတ်ရောဂါဖြစ်ပါစေ ရှာဖွေနိုင်ပြီး ၎င်းတို့သည် ဆက်လက်၍ တိုးတက်အောင်လုပ်နေဆဲ ဟုလည်းဆိုသည်။ ထို့နောက် ကုသရခက်သောရောဂါများအတွက်လည်း နည်းလမ်းများ ရှာဖွေနေကြောင်းပြောလေသည်။

ထိုနည်းပညာသည် ကမ္ဘာပေါ်၌ဆိုလျှင် နိုဗယ်ဆုပင်ရလိမ့်မည်။

သို့သော်လည်း ရှုယီသည် ထိုအကြောင်းအချက်လက်များအား သိရသောအခါ ရယ်ရမည်လား ငိုရမည်လားပင်မသိတော့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုနည်းပညာသည် မှော်နက်ပညာကို အခြေခံထားပြီး ၎င်းသည် စိုင်စ်နယ်မြေ၌ သာမန်မဟုတ်သော်လည်း ရှားပါးခြင်းတော့မဟုတ်ပေ။

“လွန်ကဲသောဆွဲငင်အား” ဟုခေါ်သည့် မှော်နက်ပညာသည် လူတစ်ဦးကို ပုံမှန်မဟုတ်သည့် အခြေနေသို့ရောက်အောင် ဆွဲခေါ်သွားနိုင်ပြီး ပြန်မခုခံနိုင်ပဲ အသုံးပြုသူ၏ခိုင်းစေသမျှကို လုပ်ကြရသည်။

ထိုနည်းလမ်း၏ ခိုင်းစေမှုဖြင့် လူစိတ်၏ အနက်ရှိုင်းဆုံးအလွှာမှ အရာများအားလုံး ထွက်ပေါ်လာမည်ဖြစ်ပြီး မည်သည့်အရာကိုမှ ဖုံးကွယ်ထားနိင်ခြင်းမရှိပေ။

ယခုလက်ရှိ မှော်ပညာသီအိုရီများအရ မှော်ပညာသည် သဘာဝမှော်ပညာ၏ အင်အားနှင့် လူသားတစ်ယောက်၏ဦးနှောက်လှိုင်းများ၏ ပဲ့တင်ထပ်သံများဖြစ်သည်။ လူတစ်ယောက်အား ထိန်းချုပ်နိုင်ရန် ဦးနောက်ကို အသုံးချခြင်းသည် ထူးခြားလှသည်ဟု ခေါ်ဆို၍ မရနိုင်ချေ။

ထိုကုမ္ပဏီ၏ ရှာဖွေလေ့လာမှုများအရ မှော်ပညာ၏ လက္ခဏာများကိုအသုံးပြု၍ မှော်ပညာလှိုင်းအတက်အကျ အမျိုးမျိုးကို အသုံးပြုကာ လူတစ်ယောက်အား စိတ်၏အနက်ရှိုင်းဆုံးနေရာသို့ပို့ကာ ၎င်း၏အားနည်းချက်များနှင့် ရောဂါလက္ခဏာများအား ဖော်ထုတ်နိုင်ပေသည်။

ထိုကဲ့သို့ နည်းလမ်းဖြင့် လူတို့၏ စိတ်ကျန်းမာရေးအခြေအနေအားဆုံးဖြတ်နိုင်ပြီး ကာကွယ်နိုင်မည် ဖြစ်သည်။

ထိုကုမ္ပဏီ၏ လေ့လာမှုနည်းလမ်းသည် ဆန်းသစ်မှုရှိသည်ဟု ဆိုရမည်ဖြစ်ကာ ရှုယီက မှော်ပညာရှင်များ အစည်းအရုံးကို ထိုကုမ္ပဏီအား ဤနှစ်၏အကောင်းဆုံးမှော်ပညာ ထိုးဖောက်ဖန်တီးသူအဖြစ် ဆုပေးရန်ပင် တောင်းဆိုလိုက်လေသည်။

သို့သော် ထိုကုမ္ပဏီသည် အရေးကြီးဆုံးသော စည်းကမ်းနှင့်ဆိုင်သည့်အချက်တစ်ချို့ကို မေ့လျော့နေသည်။

အဘယ်ကြောင့်ဆိုသော် ထိုနည်းပညာသည် မှော်နက်ပညာကိုအခြေခံထားသဖြင့် လူတို့သည် ထိုအတွက် သံသယများရှိလိမ့်မည်ဖြစ်သည်။

လူတို့သည် ထိုမှော်ပညာဖြင့် စစ်ဆေးခံလိုက်လျှင် သူတို့သည် “လွန်ကဲသောဆွဲငင်အား” ကြောင့် ၎င်းတို့၏ လျှို့ဝှက်ချက်များထွက်ပေါ်ကာ ထိုကုမ္ပဏီ၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရမည်ကို သံသယဝင်ကြခြင်းဖြစ်သည်။

ထို့ကြောင့် သတင်းစာအများစုနှင့် လူတို့၏ထင်မြင်ယူဆချက်များကြောင့် ၎င်းနည်းပညာအားဖြင့် ထိုကုမ္ပဏီသည် အရှုံးပေါ်စေရန် အကြောင်းဖြစ်နေသည်။ ပြီးနောက် ၎င်းတို့အား လူထုကို တောင်းပန်ရန်ပင် တွန်းအားပေးနေကြသည်။ လူတို့သည် ထိုနည်းပညာအား ဘယ်တော့မှသုံးမည် မဟုတ်ကြောင်း ပြသနေသည်။

နှစ်ပတ်ကြာပြီးနောက်တွင် ထိုကုမ္ပဏီ၏ဥက္ကဌသည် Frestech ကုန်သည်များအသင်း ထံသို့ရောက်လာကာ ထိုနည်းပညာအားလာရောင်း၍ ဝယ်ရန်မျှော်လင့်နေကြသည်။

၎င်းတို့၏အမြင်အရ နည်းပညာတူလျှင်ပင် လူများသည် သေးငယ်၍ လူသိခြင်းမရှိသည့် ၎င်းတို့ကုမ္ပဏီမှ ကြေငြာသည်အား မေးခွန်းထုတ်ကြသော်လည်း Frestech ကုန်သည်များအသင်းမှ ကြေငြာလိုက်လျှင် ထိုကဲ့သို့ဖြစ်မည်မဟုတ်ဟု ထင်နေကြသည်။

ပြီးနောက်တွင် နယ်မြေထဲရှိ Frestech ကုန်သည်များအသင်း၏ ဂုဏ်သတင်းသည် အလွန်ကောင်းမွန်ပြီး အများယုံကြည်လက်ခံနိုင်စွမ်း၌ ပြိုင်ဖက်မရှိပေ။

ရှုယီသည် ထို နည်းပညာအား အလွန်ပင် စိတ်ဝင်စားလျှက်ရှိပြီး ထိုကုမ္ပဏီအား သွား၍ဆွေးနွေးရန် လူများကိုလွတ်ထားပြီးဖြစ်သည်။ သူသည် ထိုနည်းပညာအားဝယ်ယူရန်ကြိုးစားနေပြီး ထိုနည်းပညာတီထွင်သူကိုပင် ခေါ်ယူရန် စီစဉ်နေသည်။

ထိုကဲ့သိုသော သုတေသနပညာရှင်များသည် ထူးခြားမှုရှိပြီး အရေးပါသောအင်အားစုများ အဖြစ်သတ်မှတ်နိင်သည်။

သူတို့၏ အချိန်များကို သေးငယ်သော ကုမ္ပဏီများတွင် ဖြုန်းနေခြင်းထပ်စာလျှင် Frestechကုန်သည်များအသင်းတွင် တိုးတက်အောင်လုပ်ခြင်းက ပိုကောင်းသည်။

တုံ့ပြန်ချက်များအရ ထိုကုမ္ပဏီသည် Frestechကုန်သည်များအသင်း၏ အခြေအနေများကို လက်ခံပုံရလေသည်။

ထိုနည်းပညာနှင့် သုတေသနပညာရှင်များသည် Frestechကုန်သည်များအသင်း လက်အောက်သို့ မကြာမှီတွင် ရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်း သူယုံကြည်နေသည်။

ဤအခြေအနေသည် လွန်ခဲ့သောဆယ်နှစ်က ကုမ္ပဏီတစ်ခုအဖြစ်နှင့် ဆင်တူနေသည်။

အချိန်အများစုတွင် ရှုယီသည် နည်းပညာနှင့် သုတေသနအဖွဲ့အား ခေါ်ယူသွားခြင်းမဟုတ်ပဲ လိုအပ်လျှင်ပင် ကူညီကာ ၎င်းတို့၏ လေ့လာမှုအား ဆက်လက်လုပ်ဆောင်နိုင်ရန် ခွင့်ပြုပေးလေသည်။

ယခုမှာ ထိုကုမ္ပဏီ၏ နည်းပညာသည် ဝေဖန်ခံရသည့်အခြေအနေ ရောက်နေသဖြင့် ထိုသုတေသနအဖွဲ့နှင့် သူတို့၏ရှာဖွေတွေ့ရှိချက်များကို ကာကွယ်ရန် ရှုယီက ထိုအကွက်ကို ရွေ့လိုက်ရခြင်းဖြစ်သည်။

အချုပ်ဆိုရသော် ရှုယီနှင့် Frestech ကုန်သည်များအသင်း၏ ဦးဆောင်မှုဖြင့် မှော်နက်ပညာကို အခြေခံသည့်နည်းပညာများပင် ပေါ်ထွက်လာလေသည်။ ဆယ်နှစ်အတွင်းတွင် နယ်မြေတစ်ခုလုံးသည် အလွန်ပြောင်းလဲသွားပြီဖြစ်သည်။

သတင်းစာ အများပြား၌ လွန်ခဲ့သည့်ဆယ်နှစ်အား ရွှေနှစ်များအဖြစ် ဖော်ပြကြလေသည်။

ရွှေနှစ်များ၏အစသည် ရှုယီ၏ ဘန်တာတရားဝင်ကြေငြာချက် မှ စခဲ့ခြင်းဖြစ်သည်။

ရှုယီ၏ ကြေငြာချက်အားဖြင့် စိုင်စ်နယ်မြေအတွင်း ရွှေနှစ်များပေါ်လာခြင်းဖြစ်ကြောင်း လူတိုင်း သေချာသိကြပါသည်။

ရှုယီ၏ စိတ်ထဲ၌မူ ဆယ်နှစ်သည် မလုံလောက်သေးပေ။ သူသည် ထိုရွှေနှစ်အား နှစ်နှစ်ဆယ်…. နှစ်သုံးဆယ်… သို့ ကြာရှည်စွာ ဆက်လက် တည်ရှိနေရန် မျှော်လင့်ပေသည်။

သို့သော် ထိုကဲ့သို့ အခြေနေကို ထိန်းသိမ်းနိုင်ရန် လူတိုင်းသည် တိုးတက်ဖို့ အားစိုက်ရန်မှာ မလွယ်ကူပေ။

ဥပမာ အားဖြင့် သူသည် ယခုလက်ရှိတွင် အရေးကြီးသည့်ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရသည်။

ထိုအကြောင်းကိုစဉ်းစားလိုက်လျှင် ရှုယီသည်သက်ပြင်းချလိုက်မိသည်။ သူ၏ မှော်ဆက်သွယ်ရေးမှတဆင့် အန်ဗီမာမြို့တော်ထဲရှိ တော်ဝင်နန်းတော်ထဲမှ ဆယ်ဗီနီ အား ခေါ်ဆိုလိုက်သည်။

***

Volume 8 အခန်း ၂၂ ။ ဒါက သတိပေးချက်တစ်ခုလား?

ခေါ်ဆိုမှု၌ ရုပ်သံသည် ရှင်းလင်းသွားသည့်အချိန်တွင် ပေါ်လာသည်မှာ ဆယ်ဗီနီ မဟုတ်ပဲ အသက် ၁၇ ၁၈ ဝန်းကျင်ရှိ လူငယ်တစ်ဦး ဖြစ်လေသည်။

ရှုယီသည် အံ့ဩသွားပြီးနောက် သူ၏လက်ကိုမြောက်၍ နှုတ်ဆက်လိုက်သည်။

“ဟေး ရေမွန် အခုတလော ဘယ်လိုလဲ။ မယ်တော်ရောဘယ်သွားလဲ”

ရှုယီခေါ်ဆိုလိုက်သည့် မှော်ရုပ်ပြထဲမှ လူငယ်သည် ဆယ်ဗီနီ၏ တစ်ဦးတည်းသော ဆက်ခံသူ, လမ်ပူရီတိုင်းပြည်၏ အိမ်ရှေ့စံမင်းသား ရေမွန် ပင်ဖြစ်သည်။

ရှုယီကိုတွေ့လျှင် ရေမွန်သည် လေးစားစွာဦးညွှတ်လျက် မတ်မတ်ရပ်ကာ

“ဟယ်လို အန်ကယ် ရှု၊ ဂရုစိုက်မှုတွက် ကျေးဇူးတင်ပါတယ်။ မယ်တော်က ဝန်ကြီး တစ်ချို့နဲ့ အရေးကြီးတဲ့ကိစ္စဆွေးနွေးနေလို့ ထွက်လာလို့မရလို့ပါ။ အန်ကယ်ရှု ဒီနေ့သူမကို ဆက်သွယ်လာမှာကို သိတာကြောင့် သူမမလာနိုင်မှာစိုးရိမ်လို့ ကျွန်တော့်ကိုဒီမှာ စောင့်ထားခိုင်းတာပါ”

ရှုယီသည် မျက်နှာမသာမယာဖြစ်သွားသော်လည်း ချက်ခြင်းပင် ပုံမှန်ဖြစ်အောင် ပြန်ပြင်လိုက်သည်။

သူသည် ဆယ်ဗီနီ နှင့် စကားပြောရန်ဆက်သွယ်လျှင် ၃ရက်ကြိုတင်၍ သူမ၌ အချိန်ရှိကြောင်း သေချာအောင်လုပ်ပြီးမှသာ ဆက်သွယ်ခြင်းဖြစ်သည်။ ယခုအချိန်မှာလည်း ခြွင်းချက်မဟုတ်ပေ။

ယခုအတိုင်းဆိုလျှင် ဆယ်ဗီနီ၌ ဝန်ကြီးများနှင့် အရေးကြီးအစည်းအဝေးရှိ၍ မလာနိုင်ကြောင်း ပြောသည်။ ၎င်းမှာ ရှုယီကို အံ့ဩသွားစေလျှက် နှလုံး၌ အရိပ်မဲတစ်ခုဝင်သွားစေသည်။

ကြည့်ရသည်မှာ ဆယ်ဗီနီသည် သူမနှင့်ဆွေးနွေးချင်သည့် အကြောင်းအရာကို နားလည်နေပြီဖြစ်မည်။

ယခုလိုစီစဉ်ခြင်းသည် သူမ၏ ရည်ရွယ်ချက်များကို ဖုံးကွယ်လိုခြင်းဖြစ်ပေလိမ့်မည်။

ရှုယီသည် မှော်ရုပ်ပြထဲမှ လေးစားမှုဖြင့်ကြည့်နေသော ရေမွန်အားကြည့်ကာ သက်ပြင်းချလိုက်သည်။

အကယ်၍ ဆယ်ဗီနီသည် သူမအစား ထိုကိစ္စကို ဆွေးနွေးရန် ရေမွန်ကိုစေလွတ်လိုက်ခြင်းကို ကြည့်ခြင်းအားဖြင့် ဆယ်ဗီနီ ၏နှလုံးသားထဲ၌ ထိုကိစ္စ၏ အရေးပါမှုကို ပြန်လည်ဆန်းစစ်ရလိမ့်မည်။

“ရေမွန်၊ မင်းမယ်တော်က တစ်ခုခုများ ပြောသေးလား? ရှုယီက မေးလိုက်သည်။

“မယ်တော်က အန်ကယ်ရှုမှာ တစ်ခုခု အရေးတကြီး ပြောချင်တာမျိုးရှိရင် ကျွန်တော့်ကို အရင်ပြောထားခိုင်းပါတယ်။ ကျွန်တော်က မယ်တော့်ကို ပြန်ပြောပေးမှာပါ။ အကယ်၍ ရေရှည်ဆွေးနွေးချင်တာမျိုးဆိုရင် သူမက နောက်မှပြန်ဆက်သွယ်လိုက်ပါ့မယ်တဲ့ခင်ဗျ”

“ဟ …”

ရှုယီသည် မနေနိုင်ပဲ ရယ်လိုက်သည်။

ဆယ်ဗီနီ ဆိုလိုသည်မှာ သူမသည် ရှုယီကိုရှာချင်လျှင် လွယ်ကူပြီး ရှုယီမှ သူမအားတွေ့လိုလျှင် ခက်ခဲမည်ဖြစ်သည်။

ရှုယီ၏ ယခင်က သံသယသည် ယခုမှရှင်းလင်းသွားလေသည်။ ဆယ်ဗီနီသည် သူ့အားရှောင်နေခြင်း ဖြစ်သည်။

ရှုယီသည် အသက်အရ မရင့်ကျက်သေးသော်လည်း တစ်ဖြည်းဖြည်း ရင့်ကျက်လာနေသော ရေမွန်ကိုကြည့်ကာ အနည်းငယ် စိတ်ပျက်မှုကို ခံစားလိုက်ရသည်။

ဆယ်ဗီနီသည် လမ်ပူရီတိုင်းပြည်၏ ဘုရင်မအနေနှင့်သော်လည်းကောင်း သူသည် Frestech ကုန်သည်များအသင်း ဥက္ကဌအနေဖြင့် သော်လည်းကောင်း သူတို့နှစ်ယောက်သည် ယခင်ကမည်မျှပင် ရင်းနှီးခဲ့သော်လည်း ရင်ဆိုင်ရသော ပြဿနာများနှင့် အကျိုးအမြတ်များကြောင့် တစ်နေ့တွင် ယခင်လောက် ရင်းနှီးနိုင်မည်မဟုတ်ကြောင်း သိခဲ့ပါသည်။

ယုတ္တိရှိရှိ ကြည့်မည်ဆိုလျှင် သူသည် ဆယ်ဗီနီကိုသိခဲ့သည်မှာ နှစ်ပေါင်း ၃၀ ပင်ကြာပြီဖြစ်သည်။ ၎င်းသည် သူတို့၏ ခင်မင်မှုကိုကြာရှည်စွာ ထိန်းသိမ်းထားနိုင်ပြီး ဆန်းကြယ်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။

ယခုအခြေအနေအရမူ သူတို့ကြား၌ ပြဿနာဖြစ်သည့်အခြေအနေသို့ မရောက်သေးချေ သို့သော် ဆယ်ဗီနီ သည် ရှုယီ၏ အကြံပြုချက်များကို အရင်လို နားမထောင်တော့ချေ သူမ၌ ကိုယ်ပိုင်အကြံစည်များ ရှိနေပြီးဖြစ်သည်။

ထို့အပြင် သူမ၏ယခုအနေထားအရဆိုလျှင် ထိုဆုံးဖြတ်ချက်များအား နားလည်နိုင်ပါသည်။

တစ်ခုပင်…. ထိုအကြံများ၌ ရှုယီမှ မလုပ်သင့်ဟုတားမြစ်ထားသည့် စစ်တပ်သုံးမှော်စက် များပါဝင်နေခြင်းပင်။

“ရေမွန် ကြည့်ရတာ သားရဲ့ မယ်တော်က သူ့ကို အန်ကယ် ဘာလို့ရှာလဲဆိုတာသိနေပုံပဲ။ အဲ့ဆိုရင် ဒီကိစ္စကို……” ရှုယီသည် အနည်းငယ်မျှတိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချကာ “ဒါဆို အန်ကယ်ကို စကားနည်းနည်းလောက်ပါးပေးပါဦး”

ရေမွန်၏အမူအရာမှာ အနည်းငယ်အံ့ဩသွားသော်လည်း ဘာမှမေးမြန်းခြင်းမရှိပဲ လေးစားသမူဖြင့် ပြောလိုက်သည်။ “ကျေးဇူးပြု၍ ပြောပါ”

“မင်းမယ်တော်ကိုပြောလိုက်ပါ။ အန်ကယ်က သူ ရပ်ရမဲ့နေရာကို သိစေချင်ပြီး အန်ကယ်ရဲ့ လိုင်းကို လာမထိပါနဲ့လို့။ သူမက လမ်ပူရီတိုင်းပြည်အစား ဆုံးဖြတ်ချက်တွေ ချနေရတာကို နားလည်ပါတယ်။ အန်ကယ့်ရဲ့ဖက်ကိုလည်း စဉ်းစားပေးပါလို့။ စိုင်စ်နယ်မြေဟာ ငြိမ်းချမ်းနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်လို့ အန်ကယ်အဲ့တာကို မဖျက်စီးချင်ဘူးလို့ပြောပေးပါ။”

ရေမွန်သည် မျက်လုံးများပြူးကျယ်ကာ အံ့ဩသွားသည်။

သူငယ်စဉ်ကတည်းကပင် သူ၏မယ်တော်သည် အန်ကယ်ရှုယီအကြောင်း အမြဲပြောပြခဲ့ပြီး သူ၌ နက်ရှိုင်းသည့် အထင်ကြီးမှုကို ချန်ထားစေခဲ့သည်။

သူတဖြည်းဖြည်း အရွယ်ရောက်လာသည့်အချိန်တွင်လည်း ရှုယီ အကြောင်းကို ပိုသိလာရပြီး ၎င်းသည် Frestech ကုန်သည်များအသင်း၏ ဥက္ကဌဖြစ်ကာ နယ်မြေအား ပြောင်းလဲတိုးတက်စေရန် လုပ်ဆောင်မှုများစွာ လုပ်ခဲ့ကြောင်း သိရပြီးနောက် သူ၏နှလုံးသား၌ ရှုယီအား လေးစားမှုများ ပိုလာရသည်။

သူ၏နှလုံးသား၌ သူ၏မယ်တော်နှင့် အန်ကယ်ရှုယီသည် အစဉ်အမြဲ ရင်းနှီးခဲ့ပြီး သာမန် ယောက်ျားနှင့်မိန်းမ ရင်းနှီးခြင်းထပ် ပိုလေသည်။

သူသည် သူ၏မယ်တော်နှင့် အန်ကယ်ရှုယီသည် တစ်ဦးနှင့်တစ်ဦးဆန့်ကျင်နေသည်ကို မည်သည့်အခါမှပင် မမြင်ဖူးပါ။

သို့သော် ယခု အန်ကယ် ရှုယီ၏ပြောစကားများအရ အလွန်ပြင်းထန်သော သတိပေးချက်ဖြစ်ပေသည်။

ဤသည်မှာ အဘယ်ကြောင့်နည်း?

၎င်းမှာ သူ၏မယ်တော်သည် ဥက္ကဌရှုအား စိတ်ဆိုးစေရန် တစ်ခုခုလုပ်ထားပါသလား?

ရေမွန်သည် မျက်ခုံးများကြုံ့ကာ စဉ်းစားသော်လည်း ဘာကိုမျှစဉ်းစား၍မရချေ။

ရှုယီသည် ရေမွန်၌ သံသယများရှိနေသည်ကိုမြင်သော် ဆယ်ဗီနီ နှင့် ဆွေးနွေးမည့်အကြောင်းအရာအား ဘာမှသိရှိထားခြင်းမရှိကြောင်း ထို့ကြောင့် နားလည်ခြင်းမရှိကြောင်း သိပေသည်။

သူသည် မည်သည့်အမူအရာမှ ဖော်ပြခြင်းမရှိပဲ တည်ငြိမ်သည့်အသံနှင့်ပြောလိုက်သည်။ “ဒီစကားတွေကိုသာ မယ်တော့်ကို ပြန်ပြောပေးပါ။ သူကြားရင် နားလည်မှာပါ”

ရေမွန်သည် ခေါင်းငြိမ့်လိုက်သည်။

၎င်းတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦးကြည့်ကာ အနည်းငယ်ကြာမှ ရေမွန်သည် မနေနိုင်ပဲ မေးလိုက်တော့သည်။

“အန်ကယ်ရှု မယ်တော်က အန်ကယ်စိတ်ဆိုးစေမဲ့ ကိစ္စတစ်ခုခုကို လုပ်ထားလို့လား?”

“ အခုတော့မဟုတ်သေးပါဘူး။ ဒါပေမဲ့ အနာဂတ်မှာတော့ ဘယ်သူသိနိုင်မှာလဲ။ ဒါက သား မယ်တော်ရဲ့ ရွေးချယ်မှုအပေါ်မူတည်နေတယ်”

ရေမွန်သည် အတွေးထဲနစ်ဝင်သွားကာ မေးခွန်းတစ်ခုကို ဂရုစိုက်စွာမေးလိုက်သည်။

“ဒါဆို … မယ်တော်က သူ့ရဲ့ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်ဘူးဆိုရင် …ဘယ်လိုဖြစ်လာနိုင်လဲ?”

“အကယ်၍ သားတို့ လမ်ပူရီတိုင်းပြည်က အန်ကယ်တို့ရဲ့ Frestech ကုန်သည်များအသင်းထက် ပိုသန်မာသွားမယ်ဆိုရင် ဘာမှတော့မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ သားနားလည်သင့်တယ်…”

ရေမွန်သည် ချက်ခြင်းခေါင်းငြိမ့်လိုက်သည်။

ဟာသပင် Frestech ကုန်သည်များအသင်းသည် ကုမ္ပဏီတစ်ခုသာဖြစ်သော်လည်း အမှန်တကယ် တိုက်ပွဲများ၌မူ Frestech ကုန်သည်များအသင်းသည် အင်ပါယာနှစ်ခုပေါင်းထားသော အင်အားထပ် သာလွန်သည်။

လမ်ပူရီတိုင်းပြည်သည် လွန်ခဲ့သောနှစ်များ၌ အရှိန်ဟုန်ဖြင့် တိုးတက်ခဲ့လျှင်ပင် သို့ သူတို့၏ တိုင်းပြည်အင်အားမှာ များစွာ တိုးပွားခဲ့လျှင်ပင် Frestech ကုန်သည်များအသင်းအား သွားထိလျှင် ပြဿနာကို ဖိတ်ခေါ်နေသကဲ့သို့ပင်။

ရှုယီ၏စကားများသည် ထိုကိစ္စသည် မည်မျှ ပြင်းထန်ကြောင်းသက်သေပင်ဖြစ်သည်။

ရေမွန်သည် သံသယဝင်နေသည်။

Frestech ကုန်သည်များအသင်းသည် လမ်ပူရီတိုင်းပြည်နှင့် အစဉ်အမြဲကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သည် ၎င်းတို့ကြားမှ ဆက်ဆံရေးသည် တခြားသောတိုင်းပြည်များထပ် သာပေသည်။

လမ်ပူရီတိုင်းပြည်သည် Frestech ကုန်သည်များအသင်းနှင့် အတူတူပင်ဖြစ်၍ ခွဲ၍မရကြောင်း ပြောဆိုကြသူ အများအပြားလည်းရှိသည်။

ထိုစကားများသည်ချဲ့ကားကြသည်မှန်သော်လည်း ၎င်းသည် မည်မျှရင်းနှီးကြောင်းပြနေသည်။

သို့သော် ယခုမူ သူ၏မယ်တော်သည် ဥက္ကဌရှုအား ဒေါသထွက်လျက် ထိုသို့သောစကားများ ပြောထွက်လာစေရန် ဘာလုပ်လိုက်မှန်းမသိရချေ။

ထိုကိစ္စသည် ၎င်းတို့ရင်းနှီးမှုတွင် အက်ရာတစ်ခုဖြစ်သွားစေပါသလား?

ရေမွန်သည် ၎င်းတို့ လမ်ပူရီတိုင်းပြည်သည် Frestech ကုန်သည်များအသင်းနှင့် ပူးပေါင်းမှုမရှိတော့လျှင် မည်ကဲ့သို့ဖြစ်မည်ကို တွေးပင်မတွေးချင်ပေ။

“အန်ကယ်ရှု၊ ကျွန်တော်ထင်တာ မယ်တော်က အန်ကယ်ဆိုလိုတာကို သေချာနားလည်မှာပါ။ ပြီးတော့လဲ ကျေနပ်စေမဲ့ အဖြေကိုပေးလိမ့်မှာပါ။ ကျွန်တော်တောင်းဆိုချင်တာ အန်ကယ်တို့ နှစ်အကြာကြီး ခင်မင်ရင်းနှီးမှုကိုထောက်ပြီး မယ်တော့်ကို တတ်နိုင်သလောက် ခွင့်လွတ်ပေးဖို့ပါ”

ရေမွန်၏စိတ်ရင်းမှန်ဖြင့် တောင်းဆိုမှုကိုကြားလျှင် ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းခါသည်။

“အကယ်၍ သာမန်ကိစ္စဆိုရင် သူငယ်ချင်းအနေနဲ့ အန်ကယ်က တတ်နိုင်သမျှကြိုးစားပေးမှာပါ။ အရင်တုန်းကလည်းအဲ့လိုလုပ်ခဲ့ပြီးပါပြီ။ ဒါမဲ့ အခုက အန်ကယ်ရဲ့ စည်းကို လာထိနေတာ။ သူမက အန်ကယ်နှစ်နဲ့ချီပြီး ကြိုးစားထားတာကို မဖျက်ပစ်ဖို့မျှော်လင့်တယ်”

ရှုယီ၏ လေးနက်သည့် အသံကိုကြားလျှင် ရေမွန်သည် သူအားဖြောင်းဖြ၍ ရနိင်မည်မဟုတ်ကြောင်း နားလည်သွားကာ ခေါင်းကိုသာငြိမ့်လိုက်တော့သည်။

“ကောင်းပါပြီ အန်ကယ်ရှု။ ကျွန်တော် အန်ကယ်ရဲ့စကားနဲ့ ရည်ရွယ်ချက်ကို မယ်တော့်ကို ပြန်ပြောပေးပါ့မယ်။”

“ကောင်းပြီ ပြီးတော့ သူ့ကိုပြောပေးပါဦး။ အန်ကယ်တို့ကုမ္ပဏီက အလုပ်ပရောဂျက်တွေ အများကြီးရှိပြီး လူတွေလိုနေတယ်။ ဒါကြောင့် လမ်ပူရီတိုင်းပြည်ကို ပို့ထားတဲ့ ကျွမ်းကျင်သူ နှစ်ဖွဲ့ကို ပြန်ခေါ်ဖို့စီစဉ်ထားတယ်။ အဲ့အတွက် ပြင်ဆင်ထားပေးဖို့ မျှော်လင့်ပါတယ်”

ရေမွန်၏ မျက်နှာ၌ ခါးသက်သက်အပြုံးတစ်ခုပေါ်လာကာ “အန်ကယ်ရှု ကျွန်တော့် မယ်တော်ရဲ့ အဖြေကိုမကြားခင် သူမကို အပြစ်ပေးဖို့ပြင်ဆင်နေပြီလား?”

ရှုယီက ပြုံးလိုက်ကာ “သူမက အဲ့လိုသတ်မှတ်ရင်တော့ အဲ့လိုပဲပေါ့”

ရေမွန်သည် ခါးသက်သက်အပြုံးဖြင့်သာ “ကောင်းပါပြီ ကျွန်တော်ဘာမှပြောစရာမရှိတော့ပါဘူး”

ရေမွန်သည်ရှုယီအား လေးစားစွာ ဦးညွှတ်လိုက်ကာ ခေါ်ဆိုမှုကိုအဆုံးသတ်ရန်ပြင်လိုက်သည်။

ရှုယီသည်လည်း မှော်ဆက်သွယ်ရေးစက်အား ပိတ်ရန် ခလုတ်နှိပ်မည်ဆဲဆဲ ၌ သူ၏မျက်နှာ အမူအရာပြောင်းသွားကာ ရေမွန်ကို ကြည့်လျှက်မေးလိုက်သည်။

“ဟုတ်သားပဲ ရေမွန် သားကအသက်ပြည့်တော့မှာနော် ဟုတ်လား”

ရေမွန်က အံ့ဩသွားကာ ချက်ခြင်းခေါင်းငြိမ့်လိုက်သည်။ “ဟုတ်ကဲ့”

“အန်ကယ်မှတ်မိနေတာ သားမယ်တော်က တစ်ခေါက်ပြောဖူးတယ်။ သားအသက်ပြည့်ရင် ထီးနန်းကိုဆက်ခံရမယ်။ ပြီးတော့ အစိုးရလုပ်ငန်းတွေလွဲပေးမယ်ဆို။ အဲ့ကိစ္စအတွက် သား အဆင်သင့်ဖြစ်ပြီးလား”

ရေမွန်က ရှုပ်ထွေးနေသည် မျက်နှာနှင့် “ကျွန်တော် ပြင်ဆင်စရာရှိတာတွေတော့ ပြင်ဆင်ပြီးပါပြီ”

“အင်း မဆိုးပါဘူး။ ဒါဆို ရေမွန် အန်ကယ် ကိုယ်ရေးကိုယ်တာမေးခွန်းတစ်ခုလောက်မေးပါရစေ။ သားက မသင့်တော်ဘူးထင်ရင်လည်း မဖြေလို့ရပါတယ်”

“ကျေးဇူးပြု၍မေးပါ”

“အိမ်ရှေ့စံမင်းသားတစ်ယောက်အနေနဲ့ ထီးနန်းဆက်ခံရမှာနဲ့ အစိုးရအလုပ်တွေ လွဲပြောင်းယူရမှာကို ပျော်လား”

ရေမွန်သည် ရှုယီ၏ မေးခွန်းကို အလွန်အံ့ဩသွားသည်။

သူသည် အနည်းငယ်စဉ်းစားပြီးနောက် သူသည် တည်ငြိမ်စွာဖြင့်

“ကျွန်တော်ဟာ ကျွန်တော့် မယ်တော်ရဲ့ တစ်ဦးတည်းသော ဆက်ခံသူဖြစ်တဲ့အတွက် ကျွန်တော်မွေးကတည်က ထီးနန်းအတွက် လျာထားပြီးသားဖြစ်တယ်။ ဒါကြောင့် ကျွန်တော့်ရဲ့တာဝန်ပဲ ဒီကိစ္စအတွက် ကျွန်တော့်မှာ ဝမ်းသာစရာလည်းမရှိပါဘူး။ ကျွန်တော်က လမ်ပူရီတိုင်းပြည်ရဲ့ တစ်ဦးတည်းသော ဆက်ခံသူဖြစ်ကြောင်း သိပြီးနောက် အနာဂတ်မှာ မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်ဖို့နဲ့ လမ်ပူရီတိုင်းပြည်ကို ကြီးမြတ်အောင်လုပ်ဖို့ တာဝန်ရှိပါတယ်”

ရှုယီသည် သူ့ကိုကြည့်ကာ ဖြည်းဖြည်းချင်းခေါင်းငြိမ့်လိုက်သည်။

“ကြည့်ရတာ သားမယ်တော်က သားကို ကောင်းကောင်းသင်ကြားပေးခဲ့တာပဲ။ အန်ကယ်ကတော့ မလုပ်နိုင်ခဲ့ပေမဲ့ပေါ့။ ကောင်းပြီ ဒီကိစ္စကိုဒီမှာပဲထားကြတာပေါ့။ ရေမွန် သား မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်”

“ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ဒါဆိုရင် နှုတ်ဆက်ပါတယ်”

“အန်ကယ်အပေါ်မှာလည်း နတ်ဘုရားမရဲ့ အလင်းအမြဲထွန်းလင်းနေပါစေ နှုတ်ဆက်ပါတယ်”

***

Volume 8 အခန်း ၂၃ ။ လိုအပ်သောအာဏာ

မှော်ရုပ်ပြတွင် ပိတ်လိုက်ပြီးနောက် ရှုယီသည်လည်း ရေမွန်၏ရှေ့မှ တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။

ရေမွန်သည် ထိုနေရာတွင်သာရပ်ကာ ခေါင်းငုံ့လျှက် တိတ်ဆိတ်စွာ စဉ်းစားနေသည်။

အချိန်အနည်းငယ်ကြာပြီးနောက်တွင် သူ၏နောက်မှ လာနေသော ခြေလှမ်းများကြောင့် သတိဝင်လာလေသည်။

သူကလှည့်ကြည့်လိုက်ရာ ရင်းနှီးနေသော သူ၏မယ်တော် မျက်နှာကို မြင်တွေ့လိုက်ရသည်။

“မယ်တော်… မယ်တော်ဘာလို့ ဥက္ကဌရှုကို ကိုယ်တိုင်မတွေ့ရတာလဲ။ မယ်တော်သူ့ကို တကယ်စိတ်ဆိုးအောင် လုပ်ထားတာလား?” ရေမွန်က သူ၏စိတ်ထဲမှ မေးခွန်းများကိုမေးလိုက်သည်။

“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…”

ဆယ်ဗီနီ ၏မျက်လုံးများသည် မှော်ရုပ်ပြကိုကြည့်ကာ သက်ပြင်းချလျှက်

“ဒါပေမဲ့ မယ်တော့်အတွက်ပဲဖြစ်ဖြစ် လမ်ပူရီတိုင်းပြည်အတွက်ပဲဖြစ်ဖြစ် ဒီကိစ္စက အရေးသိပ်ကြီးတယ် ဒီကိစ္စက ပြီးမြောက်ဖို့ လိုအပ်တဲ့ ကိစ္စတစ်ခုပဲ”

“ဘာကိစ္စများလဲ” ရေမွန်ကမျက်မှောင်ကုပ်လိုက်သည်။

ဆယ်ဗီနီက ရေမွန်ကိုလေးနက်စွာကြည့်လိုက်သည်။

“ရေမွန် ဥက္ကဌရှုကမေးသလို အကယ်၍ သားကအစိုးရကိစ္စတွေ လွဲပြောင်းယူဖို့ ပြင်ဆင်နေပြီဆိုတော့ အမေသားကို တစ်ခုမေးမယ်။ သားမှာရှိတာတွေ အားလုံးကို လမ်ပူရီတိုင်းပြည်ကို ပေးဖို့ အဆင့်သင့်ဖြစ်ပြီလား?”

ရေမွန်သည် ရင်ကိုမတ်လျှက် ကြောက်ရွံမှု မရှိပဲ ပြောလိုက်သည်။ “သေချာတာပေါ့။ အရာအားလုံးကို တိုင်းပြည်အတွက် ဘယ်အချိန်မဆို ပေးဆပ်ဖို့အသင့်ပါ”

“အရမ်းကောင်းတယ်” ဆယ်ဗီနီ ကခေါင်းငြိမ့်ကာ “ဒါဆို တစ်ခုမေးမယ် လမ်ပူရီတိုင်းပြည်အတွက် အင်အားကြီးလာဖို့က ဘာကို အဓိက လိုအပ်တယ်လို့ သားထင်လဲ?”

“ဒါက……” ရေမွန်သည် အံ့ဩသွားသည်။

ဤမေးခွန်သည် လေးနက်သဖြင့် သူသည် မည်သို့ဖြေရမည်ကို မသိပေ။

အနည်းငယ်စဉ်းစားပြီးနောက် သူသည် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။

“ကျွန်တော်ထင်တာ အဲ့တာကစည်းလုံးမှုနဲ့ အလုပ်ကြိုးစားမှုတို့ ဖြစ်လိမ့်မယ်။ တိုင်းပြည်ထဲကလူတွေဟာ တစ်သားတည်းဖြစ်ပြီး အလုပ်ကြိုးစားနေသမျှ ကျွန်တော်တို့က တိုင်းပြည်ရဲ့ အင်အားကို တိုးချဲ့နိုင်ပြီး တိုင်းပြည်ကလည်း အင်အားကြီးလာလိမ့်မယ်။”

“မယ်တော်မင်းကိုမေးတာ လူမှုရေး နိုင်ငံရေးတွေကိုမေးတာမဟုတ်ဘူး။ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အရာတစ်ခုခုကိုမေးတာ”ဆယ်ဗီနီ ကခေါင်းခါသည်။

“လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့အရာ?” ရေမွန်၏မျက်နှာသည် လေးနက်စွာ စဉ်းစားနေသည့်ပုံဖြစ်သည်။

အနည်းငယ်ကြာပြီးနောက်တွင် သူ၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ သူသည် ဆယ်ဗီနီကိုကြည့်ကာ ယုံကြည်မှုရှိစွာဖြေလိုက်သည်။

“ကျွန်တော်သိတယ် အမေ အဲ့တာ အာဏာပဲ။ မယ်တော်ကျွန်တော့်ကို တစ်ခါတလေ သင်ပြဖူးတယ်။ လူဖြစ်စေ တိုင်းပြည်ဖြစ်စေ လုံလောက်တဲ့ အာဏာရှိရင် သန်မာတယ်လို့သတ်မှတ်လို့ရတယ်။”

“မှန်တယ်” ဆယ်ဗီနီက ပြုံးလိုက်သည်။ “တိုင်းပြည်တစ်ခုက သာမန်လူတစ်ယောက်ထက် အာဏာကို ပိုပြီးလိုအပ်တယ်။ တိုင်းပြည်မှာ လုံလောက်တဲ့ အာဏာမရှိရင် ဖျက်စီးခံရဖို့ စောင့်နေတာနဲ့တူတူပဲ”

“ဒါပေမဲ့ မယ်တော် ဘယ်လိုအာဏာမျိုးကိုပြောချင်တာလဲ။ ယခုလက်ရှိ စိုင်စ်နယ်မြေရဲ့အခြေအနေအရ Frestechကုန်သည်များအသင်းရဲ့ အကူအညီနဲ့ ဘယ်နိုင်ငံကများ ဖျက်စီးခံရမှာလဲ? Frestech ကုန်သည်များအသင်းက ခွင့်ပြုမှာမဟုတ်ဘူး”

“အကယ်၍ Frestechကုန်သည်များအသင်း မရှိတော့ရင်ကော?” ဆယ်ဗီနီ ကမေးသည်။ “သို့မဟုတ် Frestechကုန်သည်များအသင်းရဲ့ အာဏာက တစ်ခြားနိုင်ငံတွေအပေါ် မသက်ရောက်တော့ရင်ကော?”

ရေမွန်သည် တိတ်သွားသည်။

သူသည် နယ်မြေ၏ နိုင်ငံရေးကို စတင်လေ့လာစဉ်က ထိုအကြောင်းကို ချင့်ချိန်ခဲ့ပြီးဖြစ်သည်။

သို့သော် နှစ်များစွာတွင် Frestechကုန်သည်များအသင်းသည် နယ်မြေ၏အခြေအနေအရပ်ရပ်ကို ထိန်းထားနိုင်ပြီး တခြားသော မည်သည့်နိုင်ငံမှ ၎င်းတို့အား မဆန့်ကျင်ရဲအောင်လုပ်ထားကာ ထိုအချက်အား လူများသည် လျစ်လျူ မရှုရဲပေ။

“Frestechကုန်သည်များအသင်းဟာ လက်ရှိနေရာကို ထိန်းထားပြီး သူတို့ကို အင်ပါယာ နှစ်ခုက မဆန့်ကျင်ရဲအောင် လုပ်ထားနိုင်တာဟာ သူတို့ရဲ့ အာဏာက လူတိုင်းအပေါ်လွမ်းမိုးနေနိုင်လို့ပဲ။ ဒီအာဏာဟာ အဲ့ဒီ စစ်တပ်သုံးမှော်စက်တွေအပေါ် မူတည်တယ်” ဆယ်ဗီနီ ကဆက်ပြောသည်။ “အကယ်၍ Frestech ကုန်သည်များအသင်းရဲ့ မှော်စက်တွေဟာ အဲ့ဒီနိုင်ငံတွေအပေါ် မလွမ်းမိုးနိုင်ခဲ့ရင် ဒီနယ်မြေရဲ့ အခြေအနေဟာ ချက်ခြင်းပြောင်းလဲသွားလိမ့်မယ်။”

ရေမွန်သည် စဉ်းစားကာ ဆယ်ဗီနီ ဖက်သို့လှည့်ပြီး ထိတ်လန့်စွာမေးလိုက်သည်။

“မယ်တော် အန်ကယ်ရှု စိတ်ဆိုးရတဲ့အကြောင်းအရင်းက မယ်တော်က စစ်တပ်သုံးမှော်စက်တွေအကြောင်းကို လျှို့ဝှက်လေ့လာနေလို့လား?”

ဆယ်ဗီနီက စက္ကန့်ပိုင်းလောက်ငြိမ်သွားကာ တဖြည်းဖြည်းခေါင်းငြိမ့်လေသည်။

“မှန်တယ် ဒီတိုင်းပြည်ဟာ စစ်တပ်သုံးမှော်စက်တွေအကြောင်း လေ့လာနေပြီ။ မအံ့ဩပါနဲ့၊ ဒါက နှစ်နဲ့ချီကြာနေပြီဖြစ်ပြီး မယ်တော်တို့ လမ်ပူရီတိုင်းပြည်တင်မကဘူး။ အင်ပါယာနှစ်ခုနဲ့ နိုင်ငံတွေ အများပြားလဲ လျှို့ဝှက် လေ့လာနေကြတယ်ဆိုတာ သေချာတယ်”

“ ဒါပေမဲ့ ….ဒါပေမဲ့ အရ နိုင်ငံတွေအားလုံးက စစ်တပ်သုံး မှော်စက်တွေ ထုတ်လုပ်တာကို တားမြစ်ထားတယ်လေ” ရေမွန်က စိတ်လှုပ်ရှားစွာပြောသည်။ “အန်ကယ်ရှု စိတ်ဆိုးတာလည်း မဆန်းပါဘူး။ မယ်တော်က သူ့ကို တစ်ချိန်လုံး လျှို့ဝှက်ထားတယ်ပေါ့”

ဆယ်ဗီနီ က ပြုံးလျှက် “ သားက သူမသိဘူးထင်လို့လား”

ရေမွန်က ကြောင်သွားလျက် “သူသိတယ်ပေါ့ ဒါဆို သူဘာလို့ စိတ်ဆိုးတာလဲ”

ဆယ်ဗီနီက မှော်ရုပ်ပြအား ရှုယီသည် ထိုနေရာ၌ရှိနေပုံဖြင့် ကြည့်လိုက်ကာ “ဖြစ်နိုင်တာ သူပြောသလိုပဲ မယ်တော်တို့က သူရဲ့ အောက်ခြေလိုင်းကိုသွားထိမိလို့ပေါ့”

ရေမွန်သည် စိတ်ရှုပ်ထွေးနေသည်။

ပြီးနောက်တွင် သူသည် ငယ်စဉ်က ဆယ်ဗီနီမှ လေ့ကျင့်ပေးခဲ့သော်လည်း လက်ရှိတွင် သူသည် ငယ်သေးကာ အလိုလိုနားလည်ရန် ခက်ခဲနေသေးကြောင်း သိလိုက်သည်။

“ကောင်းပြီ သားဒီကိစ္စအတွက် စိတ်ပူဖို့မလိုသေးပါဘူး။ ရေမွန် သား မကြာခင်မှာ အရွယ်ရောက်လာတော့မှာ။ တကယ်ပဲ တိုင်းပြည်အရေးကိစ္စတွေကို ကိုင်တွယ်ရတော့မှာပါ။ သားက ဥက္ကဌရှုကိုတောင် အဆင်သင့်ဖြစ်ပြီလို့ပြောခဲ့သေးတာပဲ။ ဒါကြောင့် သားတကယ် အဆင်သင့်ဖြစ်ကြောင်း အမေ့ကိုပြပါ ဟုတ်ပြီလား?”

ရေမွန်သည် တိတ်ဆိတ်စွာ ခေါင်းငြိမ့်လိုက်သော်လည်း သူ၏မျက်လုံးမှာတောက်လောင်နေသည်။

သူသည် အစဉ်အမြဲ ထီးနန်းကိုလိုချင်ခဲ့သည်။

……………….

ရေမွန်နှင့်စကားအနည်းငယ် ပြောလိုက်ရပြီးနောက် ရှုယီသည် သူ၏အိမ်ယာမှ မထွက်ခွာသေးပဲ ခနထိုင်နေလေသည်။

ဆယ်မိနစ်ကြာပြီးနောက် သူသည် Frestechကုန်သည်များအသင်း၏ မှော်သုတေသနဌာနသို့ ရောက်ရှိလာသည်။ ပြီးနောက် မှော်ဆက်သွယ်ရေးဌာနခွဲ သို့သွားလေသည်။ သူသည်ထိုနေရာသို့သွားနေစဉ် အတွင်းထဲမှ ဆူညံသံများကိုကြားလိုက်ရသည်။

ကြည့်လိုက်သောအခါ ယူနီဖောင်း အဖြူရောင်များဖြင့် လူငယ်အုပ်စုတစ်စုသည် အကြောင်းအရာတစ်ခုကို ဆွေးနွေးနေကြသည်။

ရှုယီ ဝင်သွားသောအခါ ၎င်းတို့၏အာရုံကိုဆွဲဆောင်လိုက်လေသည်။

“ဥက္ကဌရှု”

“ဘုရားရေ …. ဥက္ကဌရှုပဲ”

“ဥက္ကဌရှု ကျွန်တော်က ခင်ဗျားရဲ့ အိုင်ဒေါပါ … အို မဟုတ်ဘူး ခင်ဗျားက ကျွန်တော့်ရဲ့ အိုင်ဒေါပါ ခင်ဗျားကိုတွေ့ရတာ အရမ်းပဲဝမ်းသာပါတယ်”

“ဥက္ကဌရှု ဘာလို့ရောက်လာတာပါလဲ မဟုတ်မှ….”

……….

ရှုယီသည် ၎င်းကို ရိုးနေပြီဖြစ်ပြီးအပြုံးဖြင့်သာ ရင်ဆိုင်လိုက်သည်။ ဝေ့ကြည့်လိုက်ရာ လူအုပ်နောက်တွင်ပုန်းကာ တိတ်တိတ်လေးရယ်နေသော အာကာလီကို တွေ့လိုက်ရသည်။

“ ဘာလုပ်နေတာလဲ” ရှုယီက အာကာလီကို မေးလိုက်သည်။

“ကျွန်မက လက်ထောက်အသစ်တွေကို လေ့ကျင့်ရေလေးတစ်ခုပေးနေတာပါ” အာကာလီက ပုခုံးတွန့်ကာ အပြုံးဖြင့် ဖြေသည်။ “အနည်းဆုံးတော့ သူတို့ ဘယ်ကိုသွားရမလဲဆိုတာပြောရမယ်လေ။ မဟုတ်ရင် ကျွန်မတို့က သူတို့ကို ရောင်းစားမယ်လို့ ထင်နေမှာပေါ့”

“မနောက်ပါနဲ့” ရှုယီ သည် သူမ၏မျက်နှာကို စိုက်ကြည့်၍ စိတ်လှုပ်ရှားနေသော လူငယ်များ၏ မျက်နှာကို ကြည့်လိုက်သည်။ ၎င်းတို့၏ ငယ်ရွယ်တက်ကြွသောပုံစံများကိုကြည့်ကာ သူ၏ ဆယ်ဗီနီနှင့် ခေါ်ဆိုခဲ့စဉ်က ခံစားခဲ့ရသော စိတ်ညစ်မှုများသည် ပျောက်ကွယ်သွားသည်။

“ဒါက မင်းခေါ်ထားတဲ့ လက်ထောက်အသစ်တွေလား?”

ရှုယီသည် သူတို့အား ရေတွက်လျှက် မျက်မှောင်ကုပ်ကာ “ဒီလောက်လူနည်းနည်းလေးနဲ့လောက်လား?”

“တခြားနည်းလမ်းလည်းမရှိဘူးလေ။ ရတဲ့အချိန်ကနည်းတော့ လူတွေကို အဲ့လောက်မခန့်နိုင်ဘူးလေ။ ဒါက ရနိုင်သမျှ အရည်အချင်းရှိတဲ့လူတွေပဲ ။ ဒါကြောင့် Frestech ကုန်သည်များအသင်းကနေပြီး အဲ့လောက်ရဖို့မဖြစ်နိုင်ဘူး။ ဒါ့အပြင် ကျွန်မရဲ့ တောင်းဆိုချက်က အရမ်းမြင့်ပြီး ကျေနပ်စရာရလဒ် ရတဲ့သူက သိပ်များများမရနိုင်ဘူး။ ဒီလောက်ရခဲ့တာတောင် တော်တော်ကျေနပ်နေပါပြီ” အာကာလီက မတတ်နိုင်တော့သည့်ပုံနှင့်ပြောသည်။

“အာ ဒါကတော့ဟုတ်တယ်” ရှုယီက ခေါင်းငြိမ့်သည်။ “ဒါဆို အချိန်ဇယားကောထွက်ပြီလား။ ဒီကနေ ဘယ်ချိန်ထွက်မှာလဲ?”

အာကာလီသည် သူအားစိုက်ကြည့်လိုက်သည်။ “ကျွန်မပြန်လာတာ ရက်ပိုင်းပဲရှိသေးတယ်။ အဲ့တာကို ဒီဥက္ကဌက ကျွန်မကို မောင်းထုတ်ချင်ပြီလား?”

ရှုယီသည် မျက်လုံးကိုဝေ့လိုက်ကာ “အကယ်၍ မင်းကဒီမှာပဲနေချင်တယ်။ အပြင်မသွားချင်ဘူးဆိုရင် ငါကတော့ ပိုကြိုက်တာပေါ့။ ဒါမဲ့ မင်းကကောနေချင်လို့လား?”

အာကာလီက လက်ကိုယမ်းလိုက်ကာ “မနေချင်ပါဘူး။ ဒီမှာနေပြီး ဥက္ကဌကို အမြဲကြည့်နေရမဲ့ ကျွန်မကိုယ်ကျွန်မ သနားတယ်။ ဒီနှစ်တွေအတွင်း အပြင်မှာပဲ နေတာများခဲ့တော့ ဒီတစ်နေရာထဲမှာ နေရမယ်ဆိုရင် နေသားမကျလောက်ဘူး”

“ကြည့်ရတာမှန်လောက်တယ်”

၎င်းတို့နှစ်ယောက်သည် သူတို့၏အရှေ့တွင် ရှက်ရွံခြင်းမရှိပဲ စကားပြောနေကြလေသည်။ အာကာလီ၏ အသစ်ခန့်အပ်ထားသည့် လက်ထောက်အဖွဲ့သည် နယ်မြေအသစ်တစ်ခုကို ရှာတွေ့သွားသကဲ့သို့ အသစ်အဆန်းဖြစ်နေသည်။

ငယ်ရွယ်သော မိန်းကလေးတစ်ဦးသည် ရုတ်တရက် ကျယ်လောင်စွာ ထမေးလေသည်။ “ဥက္ကဌရှု ဆရာမအာကာလီ ဆရာတို့နှစ်ယောက်က……. နှစ်ယောက်က ကောလဟသထဲကလို တကယ်ပဲ ချစ်သူတွေလား?”

အာကာလီနှင့် ရှုယီသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မနေနိုင်ပဲ ပြုံးမိကြလေသည်။

အာကာလီသည် ရှုယီ၏ လက်မောင်းကို ကိုင်၍ပြုံးကာ ရင်းနှီးဟန်ပြလေသည်။

“အမှန်ပဲလေ အဲ့တာဘာဖြစ်လို့လဲ?”

လူတိုင်းသည် စိတ်ဝင်စားသွားကြကာ လူငယ်တစ်ဦးမှ လေချွန်သံလုပ်လိုက်ကာ လေထုမှာ တက်ကြွသွားသည်။

“ကောင်းပြီ ကစားမနေနဲ့တော့” ရှုယီက မတတ်နိုင်စွာ ခေါင်းခါလိုက်သည်။ သို့သော် သူသည် အာကာလီကို မတွန်းလိုက်ပေ။ ပြီးနောက် လူတိုင်းကိုပြောလိုက်သည်။ “မင်းတို့အားလုံးဒီမှာစောင့်ကြဦးနော်။ ငါ အာကာလီနဲ့ စကားပြောစရာလေးရှိလို့ပါ”

“အို…”

လူတိုင်း၏တုံ့ပြန်မှုများသည် မတူညီပဲ မရေရာသော အကြည့်များဖြင့်ကြည့်နေကြသည်။

ရှုယီသည် ၎င်းကို လျစ်လျူရှုကာ အာကာလီအား ရုံးခန်းထဲသို့ခေါ်သွားသည်။

ထို့နောက်ရုံးခန်းတံခါးကို ပိတ်လိုက်ကာ ရုံးခန်းထဲ၌ မည်သူမှမရှိကြောင်းကို အတည်ပြုပြီး ရှုယီ၏ အပြုံးသည် ပျောက်ကွယ်သွားကာ သူ၏အမူအရာသည် လေးနက်လာသည်။

“အာကာလီ ဒီတစ်ခေါက် ပရောဂျက်က ဘယ်ချိန်ပြီးမလဲဆိုတာ အချိန်အတိကျကို ခန့်မှန်းပေးပါလား?”

အာကာလီသည် ရှုယီအား အနည်းငယ် ရှုပ်ထွေးသော အကြည့်ဖြင့်ကြည့်လိုက်သည်။

“ဒါကို အရင်ကပြောပြီးသားမဟုတ်လား? အဲ့နေရာကို ခုတလောမသွားရသေးတော့ အလုပ်ရဲ့အချိန်ကို အတိကျပြောလို့မရသေးဘူး။ ဒါ့အပြင် အဲ့နေရာမှာ အခြေအနေကဘယ်လိုလဲဆိုတာရှင်သိသင့်တယ်။ ဒီပရောဂျက်ကို သက်ရောက်စေနိုင်တဲ့ မတော်တဆတွေကလည်း ဖြစ်နိုင်ချေ အရမ်းများနေတယ်။ ဒါကြောင့် အချိန်အတိကျပေးဖို့မဖြစ်နိုင်ဘူး”

ထိုသို့ပြောပြီးနောက် အာကာလီသည် မျက်မှောင်ကုပ်ကာ

“ ရှင်ဒါကို ရုတ်တရက်မေးတာ…… ပြဿနာတစ်ခုခုရှိလို့လား”

“ ဒါက ပြဿနာ ဟုတ်လား မဟုတ်လား အခုထိတော့ မသိနိုင်သေးဘူး။ ဒါပေမဲ့ မင်းကို တစ်ခုတော့ သတိပေးရမယ်။ ငါနောက်ဆုံးရထားတဲ့သတင်းအရ အင်ပါယာနှစ်ခုအပါအဝင် နိုင်ငံတွေအများစုက ပင်လယ်နက်ပိုင်းတွေကို ရေကြောင်းခရီးဆက်ဖို့ ပြင်ဆင်နေကြတယ်။ ဒါကြောင့် ပင်လယ်ပြင်မှာ တခြားရေတပ်တွေနဲ့ တွေ့လာနိုင်တယ်။ သူတို့က ငါတို့လိုပဲ အဲ့နေရာကို မျက်စိကျနေတာဖြစ်နိုင်တယ်။ ဒါကြောင့် ပိုပြီး ဂရုစိုက်မှဖြစ်မယ်”

***

Volume 8 အပိုင်း ၂၄ ။ အရှေ့ပိုင်း၏ ကြီးမားသော တိုးတက်မှု

အာကာလီ အံ့ဩသွားသော်လည်း ဂရုမစိုက်စွာ နှာခေါင်းရှုံလိုက်သည်။

“ဘာလဲ သူတို့က ကျွန်မတို့ကို တိုက်ခိုက်ရဲမှာမို့လား? သူတို့က အဲလောက်သတ္တိရှိလို့လား?”

“စိုင်စ်နယ်မြေမှာတော့ မရှိဘူး။ ဒါပေမဲ့ သူတို့အဲ့တာကို အားသုံးမယ်ဆိုရင်တော့ တကယ်ဖြစ်နိုင်တယ်” ရှုယီက လေးနက်သောအကြည့်ဖြင့်ပြောသည်။

ရှုယီ၏ လေးနက်သည့် အသံကိုကြားကာ အာကာလီသည် သူ၏မထီမဲ့မြင်ပြုမှုကိုနောက်ထားကာ သူမ၏စိတ်၌ သံသယများဝင်လာသည်။

“သူတို့တွေက အဆုံးမဲ့ပင်လယ်မှာ နယ်မြေချဲ့ဖို့ အခုမှ ဘာလို့ စိတ်ဝင်စားနေရတာလဲ။ အခုသူတို့ရဲ့ အနေအထားနဲ့ဆို သူတို့နယ်မြေမှာပဲ မှော်စက်မှုနယ်ပယ်ကို တိုးတက်အောင်လုပ်နေသင့်တာ မဟုတ်ဘူးလား”

ရှုယီက ပခုံးတွန့်လိုက်ကာ “သူတို့က အဲ့ဒီအတိုင်းဆက်သွားနေရင် ငါတို့ကုမ္ပဏီကိုကျော်ဖို့ ခက်ခဲမယ်လို့ ယူဆလို့ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါကြောင့် အဆုံးမဲ့ပင်လယ်ကနေ အခွင့်အရေးတွေနဲ့ အရင်းအနှီးတွေ လိုချင်တာဖြစ်မယ်”

“သူတို့ကိုယ်တိုင်လား”

“အဲ့ဒီတိုးတက်နေတဲ့နိုင်ငံတွေကို မင်းအထင်သွားသေးလို့မဖြစ်ဘူး။ သူတို့က ဒီဆယ်နှစ်လုံးလုံး သည်းခံထားရတာ။ ပြီးတော့ အဆက်မပြတ်တိုးတက်နေတာ။ ဒါကြောင့် သူတို့ရဲ့ လုပ်နိုင်စွမ်းက ငါမျှော်မှန်းထားတာထက် ကျော်လွန်နေပြီ။ ငါတို့ကုမ္ပဏီနဲ့ နည်းပညာအရ မယှဉ်နိုင်ပေမဲ့ အခုက လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကလို ငါတို့ ကုမ္ပဏီနဲ့ လုံးဝ မယှဉ်နိုင်တာမျိုးမဟုတ်တော့ဘူး” ရှုယီကပြောသည်။

အာကာလီက အနည်းငယ် အံ့ဩသွားသည်။

“ဥက္ကဌ ရှင်ဆိုလိုတာက …. ဒီနိုင်ငံတွေကရိုးသားမှုမရှိဘူးလို့လား”

ရှုယီက ရေမွန်နှင့် စကားပြောခဲ့သည်ကိုပြန်သတိရကာ ခါးသက်သက်အပြုံးတစ်ခုပေါ်လာသည်။

သူသည် ခေါင်းကိုခါလျက် သက်ပြင်းချကာ “အခုထိတော့ အဆင်ပြေနေပါသေးတယ်။ ဒါပေမဲ့ မဝေးတော့တဲ့ အနာဂတ်မှာ သူတို့က သူတို့ကိုယ်တိုင် အင်အားရှိပြီလို့ ထင်တာနဲ့ ရိုးသားမှုရှိတော့မှာ မဟုတ်ဘူး”

“ဟင်း ဒါဆိုလဲ သူတို့ကို သင်ခန်းစာတစ်ခုတော့ထပ်ပေးရမှာပေါ့” အာကာလီက လက်ကို ပင့်လိုက်ကာ ထေ့ငေါ့ကာ “ဒီကောင်တွေက ဆယ်နှစ်လုံးလုံးငြိမ်နေရတော့ လွန်ခဲ့တဲ့ဆယ်နှစ်က သင်ခန်းစာကို မေ့နေပုံရတယ်။ ကျွန်မတို့ရဲ့ အရင်ကပုံစံကို ဆက်ထိန်းထားသင့်တယ်”

“ဒီရန်လိုမှုက ဘယ်ကလာတာလဲ” ရှုယီသည် သူ့မျက်လုံးကိုဝေ့ကာ “ငါတို့ရဲ့ လက်ရှိပန်းတိုင်က ပုံမှန်တိုးတက်ဖို့နဲ့ အကယ်၍ မလိုအပ်ခဲ့ရင် အခုအခြေအနေကို ဖျက်စီးဖို့ခွင့်ပြုမှာမဟုတ်ဘူး။ ဒါကြောင့် မလိုအပ်ခဲ့ရင် ဒီလောက်လွယ်လွယ် အားမသုံးပါဘူး”

အာကာလီက ရှုယီကိုကြည့်လျှက် သူမ၏မျက်လုံး၌ မတတ်နိုင်မှုများပေါ်နေသည်။

“ဥက္ကဌ ရှင့်ရဲ့ အကြီးမားဆုံးအားနည်းချက်က ရှင့်ရဲ့နူးညံ့တဲ့နှလုံးသားပဲ။ ကြည့်လေ ရှင့်နှလုံးသားကို နည်းနည်းမာလိုက်ရင် စိုင်စ်နယ်မြေက အခုအပြည့်အဝ တိုးတက်နေတဲ့ အဆင့်ရောက်လောက်ပြီ”

“ဒါက ငါ့မှာ လုံလောက်တဲ့ အာဏာရှိလားဆိုတဲ့ အပေါ်မှာမူတည်နေတယ်”

အာကာလီသည် ရှုယီအား တစ်ခုခုထပ်ပြောချင်နေသော်လည်း ရှုယီ သည် သူမ၏ပုခုံးကိုပုတ်ကာ တားမြစ်လိုက်သည်။

“ကောင်းပြီ ငါမင်းကိုပြောချင်တာ ဒါပဲ။ အခြားအရာတွေအတွက်ကတော့ ငါ မင်းတို့ သုတေသနအဖွဲ့ကို ကာကွယ်ဖို့ ရေတပ်အစောင့်တစ်ဖွဲ့ စီစဉ်ပေးပါ့မယ်။ ဒီအဖွဲ့ရဲ့ခေါင်းဆောင်ကတော့ မင်းနဲ့ရင်းနှီးမှာပါ။ အဲ့တာ မှော်တိမ်တိုက်နယ်မြေကို ခနခနသွားဖူးတဲ့ ချွန်စ်တာ ပဲ။”

“အာ ကျွန်မသူနဲ့ အကြိမ်အနည်းငယ်တွေ့ဖူးတယ်။ ဒါကြောင့် ရင်းနှီးပါတယ်”

“ကောင်းပြီ မင်းသူ့ကိုမနက်ဖြန်မှာတွေ့နိုင်မယ်။ ငါ့မှာ တခြားကိစ္စတွေရှိသေးတယ်။ ဒါကြောင့် ငါမင်းနဲ့ မလိုက်နိုင်တော့ဘူး။ ဒါထက်…. ငါရက်ပိုင်းအတွင်း ခရီးတစ်ခုထွက်စရာရှိတယ်။ မြန်မြန်ပြန်ရောက်မှာ မဟုတ်ဘူး။ အကယ်၍ ဒီရက်ပိုင်းအတွင်း မင်းတို့သွားဖြစ်ရင် ငါမင်းတို့ကို လိုက်မပို့နိုင်တော့ဘူး”

အာကာလီသည် သူဂရုမစိုက်ပုံဖြင့် ခပ်ဖျော့ဖျော့ပြုံးကာ သူမ၏လက်အား ခါလိုက်သည်။

“ကောင်းပြီ ကျွန်မက မှော်တိမ်တိုက်နယ်မြေကို ကြိမ်ဖန်များစွာသွားခဲ့ပြီးပြီ။ ပြီးတော့ ရှင်ကျွန်မကို လိုက်ပို့တာက ငါးကြိမ်ထပ်ပိုဖူးလို့လား? နေသားကျနေပါပြီ။ ပြီးတော့လည်း ကျွန်မက စတေးလ်မှမဟုတ်တာ ရှင်လိုက်ပို့စရာလိုလို့လား”

ရှုယီက မတတ်နိုင်စွာပြုံးလိုက်သည်။ ထို့နောက် စကားတစ်ချို့ဆက်ပြောကာ အာကာလီကို နှုတ်ဆက်လိုက်လေသည်။

…………

၆ရက် ကြာပြီးနောက်တွင် အာကာလီ၏ သုတေသနအဖွဲ့သည် ကြီးမားသောရေတပ် တပ်ဖွဲ့နှင့်အတူ မှော်လေသင်္ဘော ၂၆စီး ဖြင့် Frestech ကုန်သည်များအသင်း၏ ဌာနချုပ်မှ ထွက်လာကာ နယ်မြေထဲမှ ထွက်ခွာသွားသည်။

ဤအကြိမ်မှာ သူမ၏ဦးတည်ချက်သည် မှော်တိမ်တိုက်နယ်မြေမဟုတ်ပဲ မှော်တိမ်တိုက်နယ်မြေနှင့် စိုင်စ်နယ်မြေကြားရှိ ပင်လယ်ဧရိယာတွင်ဖြစ်သည်။

ထိုစီစဉ်မှုအရ Frestech ကုန်သည်များအသင်းသည် ထိုဧရိယာအတွင်းရှိ ကျွန်းများတွင် သုတေသနပြုလုပ်ရန် နေရာများ ပြုလုပ်ရန်လိုအပ်သည်။

သုတေသနဌာန၏ လုပ်ငန်းစဉ်သည် ၄င်းတို့ကြေငြာထားသကဲ့သို့ ပြင်ပမှော်အချက်ပြထပ်ဆင့်ပေးပို့ခြင်း ကိုသာလေ့လာမည်မဟုတ်ပဲ ပြင်ပမှော်အချက်ပြပို့ဆောင်မည့်စခန်း တည်ဆောက်ရန်ဖြစ်သည်။

အာကာလီ၏အဖွဲ့သည် ပြင်ပမှော်အချက်ပြပို့ဆောင်ရေးအား အရင်နှစ်တွင် ၎င်းတို့၏ လျှို့ဝှက်လေ့လာချက်များအရ အမှန်တကယ်ထိုးဖောက်နိုင်ပြီဖြစ်ပြီး အောင်မြင်မှုရရှိခဲ့ပြီးဖြစ်သည်။

သူတို့သည် ပြင်ပမှော်အချက်ပြပို့ဆောင်ရေးစခန်းအား ပင်လယ်ပြင်တွင် တည်ဆောက်ရခြင်း အကြောင်းမှာ သူတို့၏လေ့လာမှုများ နောက်တစ်ဆင့်သို့ သွားနိုင်ဖို့ရန်ထက် တစ်နှစ်အတွင်း နယ်မြေနှစ်ခုကြားတွင် ဆက်သွယ်မှုပြုလုပ်နိုင်ရန် ရည်ရွယ်ထားသည်ကို သတိပြုရန်ဖြစ်သည်။

အကယ်၍ ဤအစီအစဉ်သည် ချော့မွေ့ခဲ့လျှင် အာကာလီသည် နှစ်ဝက်အတွင်း ထိုစခန်းကို သူမတို့၏ ပြဿနာများအား ဖျက်ကာ တည်ဆောက်နိုင်ပြီး တစ်နှစ်အတွင်း၌ နယ်မြေနှစ်ခုကြား ဆက်သွယ်မှု ပြုနိုင်မည်ဟု ရည်မှန်းထားသည်။

ဤသည်မှာ အလွန်အရေးကြီးသည့် အလုပ်ပရောဂျက်ဖြစ်ကာ စိုင်စ်နယ်မြေ နှင့် မှော်တိမ်တိုက်နယ်မြေ တို့အတွက်လည်း အဓိပ္ပာယ်ရှိသောအရာဖြစ်သည်။ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှ ဤသည်ကိုအရေးကြီးသည်ဟု သတ်မှတ်ထားကာ အာကာလီကဲ့သို့ မှော်ဆက်သွယ်ရေးဌာန၏မန်နေဂျာအား ကိုယ်တိုင် စေလွတ်ကာ ဦးဆောင်စေခြင်းဖြစ်သည်။

…………….

အာကာလီသည် သူမ၏သုတေသနအဖွဲ့အား ဦးဆောင်နေစဉ် တစ်ချိန်တည်းမှာပင် ရှုယီသည် ကီလိုမီတာ ၆ထောင်အကွာအဝေးရှိသည့် စိုင်စ်နယ်မြေ၏အရှေ့ဖက်တွင်ရှိသည့် သေးငယ်သည့် ခူရာနီ တိုင်းပြည်သို့ သွားရောက်လေသည်။

ထို ခူရာနီတိုင်းပြည်သည် မကြီးမားပဲ စတက်တိန်း မြို့စားပိုင်နက်၏နှစ်ဆသာ ရှိလေသည်။ထို့ကြောင့် ၎င်းသည် တိုင်းပြည်များထဲတွင် အလွန်သေးငယ်သော တိုင်းပြည်ပင်ဖြစ်သည်။

ထိုတိုင်းပြည်၏ လူဦးရေမှာလည်း မပြည့်စုံသောအချက်လက်များအရ အနည်းငယ်သာရှိပြီး လူဦးရေ ၅သောင်းဝန်းကျင်သာ ရှိသည်ဟုဆိုသည်။ ထိုလူဦးရေသည် စိုင်စ်နယ်မြေတစ်ခုလုံး၏ အောက်ဆုံးအဆင့်တွင်ဖြစ်နိုင်သည်။

ထိုတိုင်းပြည်သည် သယံဇာတများ ပေါကြွယ်ခြင်းမရှိပဲ တိုင်းပြည်၏တစ်ဝက်သည်လည်း သဲကန္တာရဖြင့်ဖုံးလွမ်းနေကာ နောက်တစ်ဝက်က ကျတ်တီးမြေဖြစ်သည်။

ခူရာနီ တိုင်းပြည်သည် ထိုနှစ်များ၌ ထိုပတ်ဝန်းကျင်တွင် တည်ရှိနေနိုင်ခြင်းမှာ ကျူးကျော်ဝင်ရောက်ရန် တန်ဖိုးမရှိခြင်းကြောင့်သာမဟုတ်ပဲ ခူရာနီတိုင်းပြည်ရှိလူများသည် ထို ခက်ခဲသည့် ပတ်ဝန်းကျင်၌ နေနိုင်ရန် ပြင်းထန်သောစည်းကမ်းများ ယဉ်ကျေးမှုများ ရှိကာ အခြားသူများလွမ်းမိုးရန် ခက်ခဲခြင်းကြောင့်ဖြစ်သည်။

သို့သော်လည်း ၎င်းသည် ခူရာနီတိုင်းပြည်အား အခြားသော နိုင်ငံများမှ လျစ်လျူရှုခြင်းခံရစေကာ သူတို့အား အမျိုးမျိုးသော သယံဇာတများရရှိစေရန်နှင့် ခူရာနီတိုင်းပြည်ရှိလူများ၏ ဘဝများကို ပိုမိုခက်ခဲစေသည်။

ရှုယီသည် ရုတ်တရက်ထိုတိုင်းပြည်သို့လာခြင်းမှာ ထိုတိုင်းပြည်၏တန်ဖိုးကြောင့်မဟုတ်ပဲ သူ၏ကြီးမားသော အစီအစဉ်ကြီးကြောင့်ဖြစ်သည်။

ရှုယီသည် လွန်ခဲ့သော ဆယ်နှစ်က ဘန်တာတရားဝင်ကြေငြာချက်အရ စိုင်စ်နယ်မြေရှိ နယ်မြေများအားလုံး မှော်စက်မှုအင်ပါယာတိုးတက်ရေးတွင် အားစိုက်ကြရန်တောင်းဆိုပြီးနောက် နိုင်ငံအများစုသည် ၎င်းတို့၏နိုင်ငံအသီးသီးတွင် မှော်စက်မှုအင်ပါယာကို တိုးတက်အောင် စတင်လုပ်ဆောင်ကြသည်။

သို့သော် Frestech ကုန်သည်များအသင်းသည် အနောက်တောင်ဖက်တွင်သာရှိသောကြောင့် လွမ်းမိုးမှုသည် အနောက်တောင်ဖက်၌သာ များလေသည်။ အနောက်တောင်ဖက်မှ နိုင်ငံများ၊ အင်ပါယာနှစ်ခု နှင့် ထိုပတ်လည်မှ နိုင်ငံများသည် ဒီဂရီတစ်ခုထိ တိုးတက်နေပြီဖြစ်သည်။ သို့သော် တချို့နိုင်ငံများသည် ကောင်းမွန်သော ရလဒ်များမရသေးပဲ တိုးတက်မှုနှေးနေသည်။

ရှင်းလင်းသောကွာခြားချက်မှာ အရှေ့ပိုင်းရှိနိုင်ငံများသည် အနောက်ပိုင်းရှိနိုင်ငံများနှင့် အလယ်ပိုင်းရှိနိုင်ငံများထက် တိုးတက်မှုနှောင့်နေးနေခြင်း ဖြစ်သည်။ ၎င်းသည် နယ်မြေအတွင်းတွင် အနောက်ပိုင်းသည် အရှေ့ပိုင်းထက်ပိုအင်အားကြီးလာပြီး အရှေ့ပိုင်းရှိလူများသည် ၎င်းတို့၏ဘဝများ ပိုမိုအဆင်ပြေစေရန်တွက် အနောက်ပိုင်းသို့ သွားကြရသည်။

အချက်လက်များသည် တိကျခဲ့လျှင် ဆယ်နှစ်အတွင်းတွင် အနောက်ပိုင်းရှိနိုင်ငံများ၏ လူဦးရေသည် တိုးပွားလာသည်။ အကြောင်းမှာမွေးဖွားနှုန်းတိုးလာခြင်းကြောင့်မဟုတ်ပဲ ရွေ့ပြောင်းလာသောသူများ များပြားခြင်းကြောင့်လည်းဖြစ်သည်။

လူအများအပြားသည် အရှေ့ပိုင်းရှိ ဆင်းရဲသောနိုင်ငံများမှပြောင်းရွေ့လာကြသည်။

၎င်းမှာ အရှေ့ပိုင်းရှိလူဦးရေအားလျော့နည်းသွားစေပြီ အနောက်ပိုင်းတွင်မူ တိုးပွားလာစေသည်။

ခြွင်းချက်မှာ နိုဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံဖြစ်သည်။

သို့သော် ထိုတိုင်းပြည်သည် ကုမ္ပဏီ ၁၃ခုနှင့်ဖွဲ့စည်းထားကာ အခြားသော တိုင်းပြည်များနှင့် ဖွဲ့စည်းပုံစနစ်ကွာခြားသည်။ ၎င်းတို့သည် အရှေ့ပိုင်းတစ်ခုလုံးကို လွမ်းမိုးနိုင်ခြင်းမရှိပေ။ ထို့ကြောင့် အရှေ့ပိုင်း၏ ရိုးရာကို မပြောင်းလဲနိုင်ပေ။

ထိုကဲ့သို့မညီမျှသော အခြေအနေကိုပြောင်းလဲနိုင်ဖို့ရန် အရှေ့နိုင်ငံများကို တီးခေါက်၍ ၎င်းတို့၏ ပုန်းကွယ်နေသည့် သယံဇာတများ ကို အသုံးချကာ ရှုယီ၌ အရှေ့ပိုင်းအား တိုးတက်စေရန်အတွက် အစီအစဉ်များ ရှိပေသည်။

၎င်းအစီအစဉ်၏ ပန်းတိုင်မှာ အရှေ့နိုင်ငံများအား မှော်စက်မှုအင်ပါယာ၏ အကျိုးအမြတ်များကို ခံစားကာ ၎င်းတို့၏ပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်ရန် ဖြစ်ပြီး ၎င်းတို့အား အနောက်နိုင်ငံများ၏ နောက်မကျန်ခဲ့ရန်နှင့် တစ်နေ့တွင် လိုက်မှီနိုင်ရန်ဖြစ်သည်။

ထို အစီအစဉ်သည် အလွန်ကြီးမားသည်ဟုဆိုနိုင်ပြီး အရှေ့ပိုင်းတွင် နိုင်ငံပေါင်း၃၀ကျော်ပါဝင်ကာ လူဦးရေပေါင်း သန်းပေါင်းများစွာ ပါဝင်သည်။

ရှုယီသည် ထို အစီအစဉ်အား Frestech ကုန်သည်များအသင်း ၏ အတွင်းပိုင်းအစည်းအဝေးတွင် တင်ပြခဲ့စဉ်က အဆင့်အမြင့်ပိုင်းမှ အသင်းဝင်များအားလုံးနီးပါး ကန့်ကွက်ကြသည်။

သို့ပါသော်လည်း ရှုယီသည် ရရှိမည့် ကြီးမားသော အကျိုးအမြတ်အား ဂရုတစိုက်စာရင်းပြုစုကာ ပေးလိုက်သောအခါ၌ ၎င်းတို့အား သဘောတူရန် ဆွဲဆောင်နိုင်ခဲ့သည်။

ရှုယီသည် အင်ပါယာနှစ်ခုနှင့်အနောက်တောင်မှနိုင်ငံများ ကိုပင် ပါဝင်ရန် ဆွဲဆောင်ခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် သူ၏ပထမဆုံးသွားသည့်နိုင်ငံမှာ ခူရာနီ တိုင်းပြည်ဖြစ်ပြီး Frestech ကုန်သည်များအသင်းမှ ရင်းနှီးမြုပ်နှံသူများပါ မကပဲ အင်ပါယာနှစ်ခု၊ နိုင်ငံများနှင့် ကုမ္ပဏီ ၃၀ကျော်ရှိ ကိုယ်စားလှယ်များပါပါဝင်သည်။

ရှုယီထိုအစီအစဉ်ကိုစတင်မိတ်ဆက်စဉ်က အင်ပါယာနှစ်ခု နိုင်ငံများနှင့် ကုမ္ပဏီများသည် စစချင်း၌ ယုံကြည်မှုမရှိကြပေ။

နောက်ဆုံး၌ သဘောတူရသည့် တစ်ခုတည်းသောအကြောင်းရင်းမှာလည်း ရှုယီကြောင့်ပင်ဖြစ်သည်။

ပထမဆုံးပစ်မှတ်မှာ ခူရာနီတိုင်းပြည်ဖြစ်ပြီး ၎င်းမှာ အဆင်းရဲဆုံး၊ ဖရိုဖရဲအဖြစ်ဆုံးနှင့် ခေတ်အနောက်ကျဆုံးတိုင်းပြည် အဖြစ်ထင်ရှားပြီး လူတိုင်းကပင် အံ့ဩရလေသည်။

သို့သော် သူတို့သည် ရှုယီ၏နောက်သို့ လိုက်ခဲ့ကြသေးသည်။

ရှုယီသည်ပင် မထင်ထားခဲ့သောအချက်မှာ ၎င်းတို့အဖွဲ့သည် ခူရာနီ တိုင်းပြည်သို့ရောက်သည်နှင့် ထိုသေးငယ်သောတိုင်းပြည်သည် စတင်၍အာဏာပြလေတော့သည်။

***

Volume 8 အခန်း ၂၅ ။ နောက်တစ်ကြိမ်ပုန်ကန်မှု

လူအယောက်စီတိုင်းသည် အောက်ကိုကြည့်လိုက်ရာ တောက်လောင်နေသော မီးတောက်များနှင့် မီးခိုးများကိုမြင်ရကာ ထိုတိုင်းပြည်၏ ဖရိုဖရဲအခြေအနေကို မြင်၍ ၎င်းတို့သည် ရှုယီ၏ မျက်နှာကို ထိတ်လန့်နေသည့် ရုပ်များဖြင့် ကြည့်လိုက်ကြသည်။

ကန်ဒရာအင်ပါယာ၏ ကုန်သွယ်ရေးဌာနခေါင်းဆောင်အဖြစ် မကြာသေးမှီကရာထူးတိုးသွားသော မြို့စား ဂန်ဒယ်လ် သည် တိတ်ဆိတ်မှုများကို ဖြိုခွင်းကာ မနေနိုင်စွာ စကားစပြောလိုက်သည်။

“ဥက္ကဌရှု ကျွန်တော်ထင်တာ ကူရာနီ တိုင်းပြည်ဟာ အနည်းဆုံးတော့ ကျွန်တော်တို့ကို ကြိုဆိုဖို့ တိုက်ခိုက်ရေးပုံစံတွေ ဖော်နေတာထင်တယ်”

ရှုယီ မျက်မှောင်ကုပ်လိုက်ကာ အနည်းငယ် စဉ်းစားပြီးနောက် သူ၏လက်ကိုအချက်ပြလိုက်ကာ သူ၏နောက်ရှိ မှော်လေသင်္ဘော၏ ဗိုလ်မှူးကို ခေါ်လိုက်သည်။

“ ငါ့ရဲ့အမိန့်ကို ပို့လိုက် အောက်ကို စုံစမ်းဖို့ တပ်ဖွဲ့ငယ်တစ်ခုကိုပို့ပါ။ ဒီအခြေအနေအရ ကျူးလွန်သူတွေက သိပ်ဝေးဝေးပြေးနိုင်မှာမဟုတ်ဘူး။ ဒီကောင်တွေကိုဖမ်းခဲ့”

“ဟုတ်ကဲ့ပါ” ဗိုလ်မှူးသည် အမိန့်ကိုရကာ ထွက်သွားပြီး မှော်လေသင်္ဘော၏ ဆက်သွယ်ရေးကိရိယာမှ တဆင့် အမြန် အမိန့်ပေးလိုက်သည်။

အချိန်အနည်းငယ်ကြာပြီးနောက်တွင် မှော်လေသင်္ဘော ၈ စင်းသည် အုပ်စု နှစ်စုအဖြစ်ခွဲသွားပြီး ဦးတည်ချက် ၄ခုသို့ ထွက်ခွာသွားသည်။

“ဥက္ကဌရှု ဒီလိုဖြစ်လာတယ်ဆိုတော့ ကျွန်တော်တို့တွေ လုပ်သင့်……”

ဥက္ကဌရှု၏မျက်နှာအမူအရာမကောင်းကြောင်းမြင်သောအခါ မြို့စား ဂန်ဒယ်လ်သည် သတိထားလိုက်လေသည်။

“အခုတော့ ခနစောင့်ပါဦး ကျွန်တော်တို့ ဆင်းကြည့်လိုက်ပါဦးမယ်”

ရှုယီသည် ထိုသို့ပြောကာ အများရှေ့မှ ရုတ်တရက်ပျောက်ကွယ်သွားသည်။

မြို့စား ဂန်ဒယ်လ် နှင့် အခြားသော တိုင်းပြည်များနှင့် ကုမ္ပဏီများ၏ကိုယ်စားလှယ်များသည် ထိတ်လန့်သွားကြလေသည်။

ရှုယီပြောသောစကား၏အဓိပ္ပာယ်မှာ ၎င်းကိုယ်တိုင် ထိုတိုင်းပြည်သို့ သွားရောက်စုံစမ်းမည်ဟု ဆိုလိုပါသလား?

၎င်းသည် အန္တရာယ်များလှသည် မဟုတ်ပါလား?

သိုသော်လည်း လူတိုင်းသည် သတိရလာကြသည်။

ရှုယီသည် လွန်ခဲ့သောဆယ်နှစ်က ကျွမ်းကျင်ဘုန်းတော်ကြီး ဖြစ်ခဲ့သည်မဟုတ်ပါလား။ ထို့ကြောင့်သူသည် မည်သို့ အန္တရာယ်ကျရောက်နိုင်ပါမည်နည်း?

ထိုကဲ့သို့စဉ်းစားပြီးနောက် လူတိုင်းသည် ရှုယီ၏လုံခြုံရေးအပေါ်စိုးရိမ်ခြင်းကို လျော့ချလိုက်ကြသည်။

သို့သော် အောက်တွင်ရှိသည့် ထိုတိုင်းပြည်၏ ဖရိုဖရဲအခြေနေကိုမြင်ရသော် လူတိုင်းသည် ထို အလုပ်၏ အကျိုးမြတ်အပေါ် စိုးရိမ်နေကြလေသည်။

ကူရာနီ တိုင်းပြည်တွင် ရင်းနှီးမြုပ်နှံရန် ၎င်းတို့သည် အလွန်ပင်စိုးရိမ်နေကြလေသည်။ ၎င်းတို့သည် ဤနေရာသို့ရောက်လာရခြင်းမှာ ရှယီကြောင့်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် ထိုတိုင်းပြည်အား ယုံကြည်ချက်ရှိ၍ မဟုတ်ပေ။

သူတို့သည် ရှုယီမှ အားလုံးစီစဉ်ထားပြီးသား ဖြစ်မှသာ ၎င်းတို့အားလုံးကို ထိုနေရာသို့ခေါ်သည်ဟု ထင်ခဲ့သည်။

၎င်းတို့သည် ရောက်ရောက်ခြင်း၌ပင် ထိုတိုင်းပြည်၏ ပရမ်းပတာအခြေနေကို မြင်ရလိမ့်မည်ဟု မထင်ခဲ့ပေ။ မည်သို့ပင်ဖြစ်ပါစေ ၎င်းသည် တည်ငြိမ်၍ သင့်တော်သော ရင်းနှီးမြုပ်နှံမှု အခြေအနေမဟုတ်ပေ။

ရှုယီကြောင့်သာမဟုတ်ခဲ့လျှင် ထိုအခြေနေကို မြင်စဉ်ပင် ၎င်းတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ ထိုနေရာမှ ထွက်ခွာရန်ပင်ဖြစ်သည်။

၎င်းတို့၏မြို့တော်ကိုပင်ထိန်းသိမ်းထားနိုင်ခြင်းမရှိသော တိုင်းပြည်တွင် ရင်းနှီးမြုပ်နှံခြင်းသည် မည်သို့သော အကျိုးမြတ်ရနိုင်ပါမည်နည်း?

ရှုယီ၌ပင် ထိုသို့သောမေးခွန်းပေါ်လာခဲ့သော်လည်း သို့သော် သူသည် ချက်ခြင်းပင် ထိုအတွေးကို ပစ်ခဲ့သည်။

သူသည် ကူရာနီတိုင်းပြည်အား ပထမဆုံးတိုင်းပြည်အဖြစ်ရွေးချယ်ခဲ့ရခြင်းမှာ ထိုတိုင်းပြည်၏ အခြေအနေသည် ကောင်းမွန်သောကြောင့်သာမဟုတ်ပဲ ဆိုးရွာနေသောကြောင့်လည်း ဖြစ်သည်။

သူသည် ထို အစီအစဉ်အားလွန်ခဲ့သော နှစ်နှစ်ကစ၍ ဆွဲခဲ့ပြီး ပထမဆုံးလုပ်ရမည်နေရာကို ရွေးချယ်ရာတွင် ကူရာနီ တိုင်းပြည်အား ရွေးချယ်ခဲ့သည်။

ထိုစဉ်ကတည်းက ရှုယီသည် စုံစမ်းလေ့လာခဲ့ရာ ထိုတိုင်းပြည်၏အခြေအနေကို ကောင်းမွန်စွာ သိလေသည်။ ထို ကူရာနီ တိုင်းပြည်သည် မည်သည့်အချိန်ကမှ ကောင်းမွန်သည့်အခြေအနေတွင် မရှိပဲ တိုင်းပြည်တစ်ခုအဖြစ် ခေါ်ဆိုရန်ပင် ဝေးနေလေသည်။

ထို ကူရာနီ တိုင်းပြည်သည် တိုင်းပြည်ဖြစ်သော်လည်း ၎င်းသည် နှစ်ပေါင်း ၃ရာကျော်ခန့်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး တိုင်းပြည်၏ တော်ဝင်မိသားစုမှာ မျိုးဆက် ၁၁ ဆက်ပြောင်းကာ မည်သည့် တော်ဝင်မိသားစုမှ ထိုတိုင်းပြည်အား နှစ်ပေါင်း ၃၀ကျော်အောင် အုပ်ချုပ်နိုင်စွမ်းမရှိပေ။

ထိုကဲ့သို အုပ်ချုပ်ရေးမတည်ငြိမ်သည့်တိုင်းပြည်သည် ပုန်ကန်ထကြွမှုများရှိကာ ရင်းနှီးမြုပ်နှံရန် ကောင်းသော နေရာမဟုတ်ပေ။

သို့သော် ရှုယီသည် ထိုနေရာကို ရွေးချယ်ခဲ့သည်။

သူ၏အတွေးမှာ အလွန်ရိုးရှင်းပါသည်။ အကယ်၍ သူသည် ထိုကဲ့သို့သောတိုင်းပြည်အား မှော်စက်မှုလုပ်ငန်း၏ စနစ်များဖြင့် ပေါင်းစပ်နိုင်လျှင် ၎င်းတို့အား မှော်စက်မှုလုပ်ငန်းတိုးတက်ရေး၌သာ အာရုံထားကာ တည်ငြိမ်သောတိုင်းပြည်တစ်ခုဖြစ်လာလျှင် အရှေ့ပိုင်းမှ နိုင်ငံများသည်လည်း ၎င်းတို့၏ပြဿနာများအား ဖြေရှင်းနိုင်ကြောင်း သိရှိလာကြမည်ဖြစ်သည်။

အကယ်၍ အခြားတစ်ဖက်မှကြည့်လျှင် ထိုရွေးချယ်မှုသည် နည်းလမ်းမကျပေ။

အကယ်၍ သူသည် ကောင်းမွန်သော အနေအထားရှိသည့်နိုင်ငံတစ်ခုကို ရွေးချယ်လိုက်လျှင် ပိုမို၍လွယ်ကူပြီး ပိုမို၍လည်းမြန်ဆန်လိမ့်မည်ဖြစ်သည်။

သို့သော်ရှုယီ၏ ရည်မှန်းချက်မှာ အရှေ့ပိုင်းတစ်ခုလုံးတိုးတက်ရန် ဖြစ်သဖြင့် သူသည် ခက်ခဲသောနေရာကို ပထမဆုံးနေရာအဖြစ်ရွေးချယ်ကာ အနာဂတ်တွင်မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ထားသည်။

တစ်ခုပင် ယခုအခြေအနေသည် သူအတွက် ပထမခြေလှမ်းစရန်ပင်ခက်ခဲနေသည်။

………..

“ကယ်ကြပါဦး”

ဘယ်ဖက်မှ အော်သံတစ်ခုပေါ်လာပြီးနောက် ခနကြာသော် ရပ်သွားလေသည်။

ရှုယီသည် မျက်မှောင်ကုပ်လိုက်သည်။ ပြီးနောက် သူသည် လျှပ်တပြက်အတွင်း ထိုအော်သံကြားသည့်နေရာသို့ ရောက်ရှိသွားသည်။

လည်သာချပ်ဝတ်များကိုဝတ်ဆင်ထားကာ ဓားများကိုင်ထားသည့် ကြီးမားသည့်လူများသည် အဝတ်များချွတ်ခံထားရသည့် မိန်းကလေးတစ်ယောက်ကို ဝိုင်းထားသည်ကိုတွေ့လိုက်ရသည်။ ထိုလူစုထဲမှ တစ်ယောက်သည် သူ၏အောက်ပိုင်းကိုချွတ်ထားကာ မိန်းကလေးဆီသို့ မသတီစရာကောင်းသော အပြုံးဖြင့် ချဉ်းကပ်သွားနေသည်။

ထိုမိန်းကလေး၏ပါးစပ်များကို လူတစ်ဦးကပိတ်ထားကာ လက်များကိုနောက်လူတစ်ဦးက ချုပ်ထားလေသည်။ သူမသည် လှုပ်ရှား၍မရပဲ မကြာခင် ဖျက်စီးခံရတော့မည်ဖြစ်သည်။

ရှုယီက နှာခေါင်းရှုံ လိုက်သည်။

သူသည် များစွာသော လေဓားသွားများကိုထုတ်လိုက်ကာ ထိုလူများ၏ လည်ပင်းများတွင် ထိုဓားသွားများသည် တိကျစွာ ဝင်ရောက်သွားသည်။

ထိုလူများသည် လည်ပင်း၌ အေးစက်သောခံစားချက်ရလိုက်ကာ သွေးများပန်းထွက်လာတော့သည်။ သူတို့သည် အသံပင်ထွက်ချိန်မရလိုက်ပဲ မြေပေါ်သို့လဲကျသွားကြတော့သည်။

ရှုယီသည် ကုတ်အင်္ကျီတစ်ခုကို ထိုမိန်းကလေးပေါ်သို့တင်ပေးလိက်ပြီးနောက် သူ၏ရင်ဘတ်ထဲမှ မှော်ဆက်သွယ်ရေးစက်ကိုထုတ်လိုက်သည်။

“အစောင့်တစ်ချို့ကိုဒီကိုပို့လိုက်ပြီး မြို့ထဲမှာ တပ်ချလိုက်”

တပ်ဖွဲ့များကို အမိန့်ပေးပြီးသည့်နောက် သူသည် ရုတ်တရက် ပျံတက်သွားသည်။ ကောင်းကင်ပေါ်မှနေ၍ အခြေအနေကို အကဲခတ်လိုက်ရာ မြို့၏မြောက်ဖက်တွင် အဆောက်ဦးပုံစံတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။

၎င်းသည် ကူရာနီတိုင်းပြည်၏ နန်းတော်ဖြစ်ပြီး မီးတောက်များဖြင့်ဖုံးလွမ်းနေကာ မီးခိုများလည်းထွက်နေလေသည်။ ထို့ကြောင့် ထိုနေရာတွင် ကပ်ဆိုက်နေသည်မှာ သေချာသည်။

ထိုမြင်ကွင်းကိုကြည့်ကာ ရှုယီသည် ချက်ခြင်းသဘောပေါက်သွားလေသည်။ သူတို့သည် တိုက်ဆိုင်စွာပင် ကူရာနီတိုင်းပြည်၏ နောက်တစ်ကြိမ် ပုန်ကန်မှုနှင့် လာတိုးခြင်းဖြစ်သည်။

ထိုသို့ စဉ်းစားမိပြီးနောက် ရှုယီသည် ရုတ်တရက်ပျောက်ကွယ်သွားကာ မျက်စိတမှိတ်အတွင်း နန်းတော်သို့ရောက်ရှိသွားသည်။

အောက်သို့ကြည့်လိုက်သောအခါ နန်းတော်၏နေရာအနှံတွင် တိုက်ခိုက်နေသံများကို ကြားရကာ မြေပေါ်၌ အပျက်အစီးများနှင့် သွေးများ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသဖြင့် ပုန်ကန်မှုသည် ပြီးဆုံးသွားသည်ပုံမပေါ်သေးပေ။

ရှုယီသည် ထိုအခြေနေမှများစွာ မျှော်လင့်ထားခြင်းမရှိပေ အဘယ်ကြောင့်ဆိုသော် ယခင်က ကူရာနီတိုင်းပြည်၏ ဘုရင်နှင့် မှော်ဆက်သွယ်ရေးစက်မှတဆင့် ဆက်သွယ်မှုပြုရန် ကြိုးစားခဲ့သော်လည်း တုံ့ပြန်မှုမရခဲ့ပေ။

၎င်းမှာ ဘုရင်သည် Frestech ကုန်သည်များအသင်းမှပေးသော မှော်ဆက်သွယ်ရေးစက်အား ပစ်လိုက်ခြင်း သို့မဟုတ်လျှင် သေသွားခြင်းကြောင့်ဖြစ်ပေလိမ့်မည်။

ရှုယီသည် ပျံသန်းကာ ကြည့်လိုက်သော် ထို စစ်သားများသည် သူမကြာခင်က လေဓားသွားများဖြင့် သတ်လိုက်သော သူများနှင့် တူညီသည့် လည်သာချပ်ဝတ်များ ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။

ထိုစစ်သားများသည် ပျံသန်းနေသောလူတစ်ယောက်အားတွေ့လိုက်ရသောအခါ အံဩနေသော်လည်း နောက်သို့ပြန်မဆုတ်သွားပဲ ရှုယီအား တိုက်ခိုက်ကြသည်။

သေချာပါသည် ထိုကြမ်းတမ်းသော လက်နက်များသည် ရှုယီအတွက် မည်သို့မှ ချိန်းခြောက်မှု မဖြစ်နိုင်ပေ။

ရှုယီသည် ထိုစစ်သားများကို အလွယ်တကူပင် သတ်လိုက်ကာ ၎င်းတို့၏ခေါင်းဆောင်ဖြစ်ပုံရသည့် လူတစ်ချို့ကိုသာ ချန်ထားခဲ့လိုက်သည်။

သူ၏ အကြီးအကဲ အွန်ဒင်းနှင့် လေ့လာမှုများ အရ နှင့် မှော်ရုပ်ပြများမှ တွေ့ရှိချက်များအရ ရှုယီမှ ထိုခေါင်းဆောင်မှ ရရှိမည့်သတင်းများကို အလွယ်တစ်ကူရနိုင်သည်။

သူခန့်မှန်းခဲ့သလိုပင် ပုန်ကန်မှုဖြစ်နေသည်။

ထိုခေါင်းဆောင်ထံမှရရှိသည့် အချက်လက်များအရ ပုန်ကန်မှုကိုဦးဆောင်သူမှာ ကူရာနီတိုင်းပြည်၏ ဗိုလ်ချုပ်ကြီး လိုင်ဖာရိုပင်ဖြစ်သည်။

ထိုကဲ့သို့သော စစ်တပ်အင်အားနှင့် စီစဉ်သော အချိန်ကိုကြည့်ကာ သူသည် ပုန်ကန်မှုကို စတင်သူ ဖြစ်လိမ့်မည်။ သူသည် ဘုရင်ကို သတ်ပြီး သူအားဆန့်ကျင်သည့် အမတ်များနှင့် ဗိုလ်ချုပ်များကိုလည်း သတ်ရန် အခွင့်အရေးဖန်တီးခဲ့ကာ မြို့တော်ကို သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ ထိုအချိန်အား အဘယ်ကြောင့် ရွေးချယ်ခဲ့ခြင်းကိုတော့ သေးငယ်သော အဖွဲ့၏ခေါင်းဆောင်သည် သိနိုင်ခြင်းမရှိချေ။

ရှုယီသည် ထိုသူထံမှ မည်သည့်အရာမှ ထပ်ရနိုင်တော့မည် မဟုတ်ကြောင်းသိကာ ဗိုလ်ချုပ်လိုင်ဖာရို၏ နေရာကိုသာမေးကာ ၎င်းကိုရှာရန်ထွက်လာခဲ့တော့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ရှုယီသည် နန်းတော်၏အလယ်တွင်ရှိသော ကြီးမားသည့် ပုလ္လင်ထားရှိရာ အခန်းသို့ရောက်လာသည်။

ကြည့်လိုက်သောအခါ သူသည် အရပ်ရှည်သောသူတစ်ယောက်သည် ပုလ္လင်၌ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် Frestech ကုန်သည်များအသင်းနှင့် ကြိမ်ဖန်များစွာတွေ့ဖူးသည့် ရှုယီနှင့်ပင်တွေ့ဖူးသည့် ကူရာနီတိုင်းပြည်၏ ဘုရင်မဟုတ်ပဲ ကြီးမားကာ ကြမ်းတမ်းသည့်ပုံရှိသော ယောက်ျားတစ်ယောက် ဖြစ်နေလေသည်။

ထိုသူသည် ရှုယီကိုမြင်လျှင် ကြောင်သွားကာ ၎င်း၏လက်အောက်မှလူများကို မတိုက်ခိုက်ကြရန် အော်လိုက်သည်။

“ဥက္ကဌရှုယီ ခင်ဗျားက Frestech ကုန်သည်များအသင်းက ဥက္ကဌရှု ဟုတ်တယ်မလား?”

ထိုသူ၏မျက်လုံးမှာ ရှုယီကိုကြည့်သောအခါ ပြူးကျယ်ကာ ကြောက်ရွံသည့်ပုံစံမဟုတ်ပဲ ဝမ်းသာအံ့ဩသည့်ပုံစံဖြင့် ကြည့်ခြင်းဖြစ်သည်။

ရှုယီသည် အခြားတစ်ဖက်မှသူသည် သူ့ကိုတွေ့၍ မှတ်မိခြင်းကို မအံ့ဩပါ အဘယ်ကြောင့်ဆိုသော် သူ၏ပုံမှာ သတင်းစာများနှင့် မှော်ရုပ်ပြအစီအစဉ်များတွင် ပါဝင်ခဲ့ခြင်းကြောင့် နယ်မြေထဲရှိ များစွာသောသူများသည် သူမည့်သည့်ပုံစံရှိကြောင်း သိကြလေသည်။

“ခင်ဗျားက ဗိုလ်ချုပ်ကြီး လိုင်ဖာရိုလား?” ရှုယီကမေးသည်။

ထိုသူသည် ကျယ်လောင်စွာရယ်မောကာ သူ၏ရင်ပတ်အားပုတ်လိုက်သည်။

“မှန်တယ် ကျုပ်က ဗိုလ်ချုပ်ကြီး လိုင်ဖာရိုပဲ ဥက္ကဌရှု ဒီတစ်ခေါက်ရောက်လာတာ ငါတို့ရဲ့ ကူရာနီတိုင်းပြည်မှာ ရင်းနှီးမြုပ်နှံဖို့လူတွေခေါ်လာတာလား?”

ရှုယီသည် တစ်ဖက်မှ ထိုအကြောင်းကိုသိနေခြင်းကို မအံ့ဩပါ။ ၎င်းသည် ကူရာနီတိုင်းပြည်၏ စစ်တပ်အင်အားကို ထိန်းချုပ်သည့် ဗိုလ်ချုပ်ကြီးဖြစ်နေသောကြောင့်ဖြစ်သည်။

သို့သော် ရှုယီသည် မျက်မှောင်ကုပ်ကာ တစ်ဖက်မှမေးခွန်းကိုဖြေဆိုရန်အစီအစဉ်မရှိပဲ မေးလိုက်သည် “ခင်ဗျားက ဘုရင် ဆင်ပ်ဆွန် ကိုသတ်လိုက်တာလား?”

ဗိုလ်ချုပ် လိုင်ဖာရို အံ့ဩသွားသည်။ ရှုယီထိုမေးခွန်းကိုမေးလာမည်ဟု မထင်ထားခဲ့ချေ။

ရှုယီကို ကြည့်ပြီးနောက် သူသည် ကျယ်လောင်စွာရယ်မောကာ “မှန်တယ် ကျုပ်သတ်လိုက်တာ။ ဒီကောင် ဆင်ပ်ဆွန်က ကျုပ်ကို တိတ်တိတ်လေး ဖြုတ်ချဖို့ကြံစည်နေတယ်လေ။ သူ့ကို အဲ့လိုလုပ်ခွင့်ပေးလို့ဘယ်ရမလဲ?”

“ခင်ဗျားတို့ရဲ့ ဘုရင်နဲ့ ရန်ငြိုးတွေအကြောင်း ကျုပ်မသိချင်ဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး လိုင်ဖာရို ဘုရင် ဆင်ပ်ဆွန်က ကျွန်တော်တို့ Frestech ကုန်သည်များအသင်းရဲ့ အသိမှတ်ပြု ပါတနာတစ်ယောက်ပဲ။ သူ့ကိုသတ်လိုက်ပြီး တိုင်းပြည်ကို ဖရိုဖရဲဖြစ်အောင်လုပ်တာ ကျုပ်တို့ကုမ္ပဏီရဲ့ ရင်းနှီမြုပ်နှံမှုကို နှောက်ယှက်လိုက်တာပဲ။ ကျုပ်တို့ကို ဘယ်လိုအလျှော်ပြန်ပေးမှာလဲ?”

ဗိုလ်ချုပ်ကြီး လိုင်ဖာရိုက သူ၏မျက်စိကိုမှေးလိုက်ပြီး ရှုယီကိုကြည့်ကာ

“ဘာလဲ ခင်ဗျားက အဲ့ကောင် ဆင်ပ်ဆွန်အတွက် လက်စားချေဖို့ ကြံစည်နေတာလား?”

ရှုယီက မည်သည့်စကားကိုမျှမပြောချေ။

ဗိုလ်ချုပ်လိုင်ဖာရိုသည် နှာခေါင်းရှုံလိုက်ကာ သူ၏မျက်လုံး၌ ဒေါသဖြင့် ပြည့်နှက်နေသည်။ သို့သော် မကြာမီပင် ပျောက်ကွယ်သွားသည်။

“ဥက္ကဌရှု ဒီကိစ္စက ခင်ဗျားရဲ့ ရင်းနှီးမြုပ်နှံဖို့ကိစ္စကို နှောင့်နှေးသွားစေတယ်လို့မထင်ဘူး။ အဲ့ဒီလူအိုကြီး ဆင်ပ်ဆွန် သေသွားလည်း ကျုပ်တို့ရဲ့ ကူရာနီတိုင်းပြည်ကြီးက ရှိနေသေးတာပဲလေ။ ခင်ဗျားတို့ Frestech ကုန်သည်များအသင်းက ဒီတိုင်းပြည်ကို ကျုပ်ရဲ့ ထိန်းချုပ်မှုအပေါ်ထောက်ပံပေးရင် ခင်ဗျားတို့ Frestech ကုန်သည်များအသင်းကို ဆင်ပ်ဆွန်ထက်သာတဲ့ အနေထားတွေပေးမယ် ဘယ်လိုထင်လဲ?”

ရှုယီသည် ထိုသူကိုကြည့်ကာ ပြဿနာပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်သားများကိုကြည့်လျက် အပြုံးတစ်ခု ပြုံးလိုက်ကာ ခေါင်းကိုခါလိုက်သည်။

“တောင်းပန်ပါတယ်။ ကျုပ်က ခင်ဗျားလိုလူမျိုးတွေနဲ့ ပူးပေါင်းချင်စိတ်မရှိဘူး။ ပြီးတော့ ခင်ဗျားအခုပဲ ကျုပ်ကိုတစ်ခု သတိပေးလိုက်တယ်။ ဘုရင် ဆင်ပ်ဆွန်က သေသွားပြီဆိုတော့ ခင်ဗျားက ကူရာနီတိုင်းပြည်ကို ထိန်းချုပ်ဖို့ ကျုပ်တို့နဲ့ ပူးပေါင်းချင်တယ်မလား။ အဲ့လိုမျိုးဆို ကျုပ်တို့က ကိုယ်တိုင်ပဲ ကူရာနီတိုင်းပြည်ကို ထိန်းချုပ်ဖို့ ဘာလို့မလုပ်ရမှာလဲ”

ဗိုလ်ချုပ်ကြီး လိုင်ဖာရို ၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားသည်။

***

Volume 8 အခန်း ၂၆

(ဘာသာပြန်သူ မှတ်ချက်။ ။ ဤအပိုင်းအတွက် ခေါင်းစဉ်မရှိပါ)

ဗိုလ်ချုပ်လိုင်ဖာရိုသည် ထိုကဲ့သို့ အဆုံးသတ်သွားရလေသည်။

ထိုသူသည် ကူရာနီတိုင်းပြည်တွင် ပုန်ကန်မှုကို စတင်ခဲ့ပြီး ဘုရင်ကို သတ်ပြီးနောက်တွင် ပုလ္လင်ပေါ်တွင် နာရီပိုင်းမျှထိုင်ရကာ Frestech ကုန်သည်များအသင်း၏ ဥက္ကဌရှုမှ အဆုံးသတ်ပေးလိုက်ခြင်းကို ခံလိုက်ရလေသည်။

Frestech ကုန်သည်များအသင်း၏ တပ်ဖွဲ့များသည် ဗိုလ်ချုပ် လိုင်ဖာရို၏ ပုန်ကန်သည့်တပ်ဖွဲ့များအား လွယ်ကူစွာပင် ချေမှုန်းနိုင်ခဲ့ပြီး ကူရာနီတိုင်းပြည်အား တည်ငြိမ်သည့်အခြေနေသို့ရောက်စေရန် အင်အားသိပ်မသုံးလိုက်ရချေ။

ကူရာနီတိုင်းပြည်သည် သေးငယ်သောတိုင်းပြည်တစ်ခုသာဖြစ်ပြီး အထူးသဖြင့် ဥက္ကဌရှုကိုယ်တိုင် ဦးဆောင်အမိန့်ပေးသည့် Frestech ကုန်သည်များအသင်း၏ တပ်ဖွဲ့များနှင့်တွေ့လျှင် ၎င်းတို့သည် မည်သို့မှ အနှောက်အယှက်မဖြစ်ပေ။

ထိုပုန်ကန်သည့်တပ်ဖွဲ့အား ရှင်းလင်းပြီးသည့်နောက်တွင် ရှုယီသည် ကွယ်လွန်သွားသော ဘုရင်၏ သွေးသားဖြစ်သည့် ၁၂ နှစ်အရွယ်ကလေးတစ်ယောက်အား ကံကောင်း၍ ရှင်သန်နေသေးသည်ကို ရှာတွေ့လေသည်။

သူသည်ထိုကလေးအား ထီးနန်းဆက်ခံရန်အတွက်ကူညီပေးကာ ဗိုလ်ချုပ် လိုင်ဖာရိုသည် ပုန်ကန်မှုကို ဦးဆောင်သည့် တရားခံ ဖြစ်၍ ကူရာနီတိုင်းပြည်၏ တရားဥပဒေအရ ပုန်ကန်မှုဖြင့် သေဒဏ်ပေးလိုက်ပြီး ဖြစ်ကြောင်း ကြေညာခဲ့လေသည်။

ဤကဲ့သို့ ကူရာနီတိုင်းပြည်၏ ပုန်ကန်မှုသည် ရှင်းလင်းသွားလေသည်။ ထိုသေးငယ်သောတိုင်းပြည်သည် Frestech ကုန်သည်များအသင်း၏ အင်အားဖြင့် တည်ငြိမ်မှုကို ဖော်ဆောင်နိုင်ခဲ့လေသည်။

ထို့နောက်တွင် ကူရာနီတိုင်းပြည်၏ အစိုးရအဖွဲ့သည် ၎င်းတို့၏ သွားလေပြီးဖြစ်သော ဘုရင်ကြီး၏ဆန္ဒကို ဆက်လက်အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ကြေငြာလိုက်သည် ၎င်းတို့သည် Frestech ကုန်သည်များအသင်းနှင့် ပူးပေါင်းကာ ကူရာနီတိုင်းပြည်၏ တိုးတက်မှုကို စတင်လုပ်ဆောင်တော့မည် ဖြစ်သည်။

ထို့ကြောင့် Frestech ကုန်သည်များအသင်းသည် ၎င်းတို့နှင့် ပူးပေါင်းထားသည့် နိုင်ငံများနှင့် ကုမ္ပဏီများဖြင့် စတင်၍ လုပ်ငန်းကို ဖော်ဆောင်ကြတော့သည်။ ၎င်းတို့သည် များစွာသော လူအင်အားနှင့် သယံဇာတများကို ကူရာနီတိုင်းပြည်သို့ခေါ်ယူဆောင်လာခဲ့လေသည်။

ကူရာနီတိုင်းပြည်၌ လမ်းများ မှော်ဆက်သွယ်ရေးကွန်ရက်များနှင့် အမျိုးမျိုးသော မှော်ထောက်ပံရေးပစ္စည်းများကို ဆောက်လုပ်ကြတော့သည်။

အချုပ်အားဖြင့် တိုးတက်ပြီးသော အနောက်နိုင်ငံများကဲ့သို့ပင် ကူရာနီတိုင်းပြည်သည်လည်း တစ်စ တစ်စ ပြောင်းလဲလာခဲ့လေသည်။

အကယ်၍ ကူရာနီတိုင်းပြည်၌ ထိုပုန်ကန်မှုမရှိခဲ့ပါလျှင် Frestech ကုန်သည်များအသင်း၏ ယခင်ဘုရင်နှင့် ချုပ်ဆိုခဲ့သော စာချုပ်အရဆိုလျှင် Frestech ကုန်သည်များအသင်းသည် ကုမ္ပဏီများနှင့် နိုင်ငံများခေါ်ဆောင်လာခဲ့သော်လည်း ကူရာနီတိုင်းပြည်သည် ဤမျှလောက် မြန်မြန်တိုးတက်နိုင်စရာ အကြောင်းမရှိပေ။

သို့သော် ထိုကူရာနီတိုင်းပြည်၏ပုန်ကန်မှုကြောင့်သာလျှင် Frestech ကုန်သည်များအသင်းသည် အခွင့်ရကာ ဘုရင် အသစ်ကိုတင်၍ ကူရာနီတိုင်းပြည်တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အခြားသော လှုပ်ရှားမှုများကို ပူစရာမလိုတော့ပဲ ထိုကိစ္စမှာ ချောမွေ့သွားရခြင်းဖြစ်သည်။

သုံးလအတွင်းတွင်ပင် ကူရာနီတိုင်းပြည်သည် မှော်စက်မှုလုပ်ငန်းစနစ်၏ အခြေခံကို တည်ဆောက်နိုင်ခဲ့ပြီး တစ်နေ့ထက်တစ်နေ့ပြောင်းလဲလာလေသည်။

ကူရာနီတိုင်းပြည်၏လူတိုင်းသည် နာခံကြခြင်းမဟုတ်သော်လည်း ၎င်းတို့သည် Frestech ကုန်သည်များအသင်း၏ တပ်ဖွဲ့နှင့်တိုက်ခိုက်ခြင်းများရှိကာ ကူရာနီတိုင်းပြည်ထဲရှိ ပုန်ကန်ထကြွသူများသည် အကုန်အစင် ချေမှုန်းခြင်းခံလိုက်ရသည်။ ထို့နောက်တွင် ကူရာနီတိုင်းပြည်ရှိ မည်သူမှ Frestech ကုန်သည်များအသင်းကို မဆန့်ကျင်ရဲကြတော့ချေ။ ထို့ကြောင့် အခြားသောနိုင်ငံများထက် ပိုများသော အဆောက်အဦးများ ဆောက်လုပ်နိုင်ခဲ့ကြလေသည်။

များစွာသော နိုင်ငံများနှင့် ကုမ္ပဏီများ၏ ကိုယ်စားလှယ်များသည် ၎င်းတို့အစက တုံ့ဆိုင်းခြင်းရှိခဲ့ကာ Frestech ကုန်သည်များအသင်း၏ ကူရာနီတိုင်းပြည်အပေါ် သုံးသည့်နည်းလမ်းများကို စိုးရိမ်ခဲ့သော်လည်း Frestech ကုန်သည်များအသင်းသည် စက်ရုံများကို တစ်ခုပြီးတစ်ခု တည်ဆောက်၍ ကူရာနီတိုင်းပြည်ရှိလူများသည် ထိုစက်ရုံများတွင် အလုပ်လုပ်ကြပြီး ပစ္စည်းပထမအသုတ်ပင် ထုတ်နိုင်သည်များကိုကြည့်ကာ ၎င်းတို့သည်လည်း နောက်မဆုတ်ကြတော့ပဲ ဝင်ရောက်လုပ်ဆောင်မှုများ ရှိလာတော့သည်။

……..

ရုတ်တရက်ပင်ကူရာနီတိုင်းပြည်သည် ကြီးမားသော အလုပ်ရုံကြီးကဲ့သို့ဖြစ်လာသည်။ အဆောက်ဦးများသည် မြေပေါ်မှ အပေါ်သို့တဖြည်းဖြည်းမြင့်တက်လာကာ တိုင်းပြည်တစ်ခုလုံးသည် အလုပ်များရှုပ်နေကြတော့သည်။

ကူရာနီတိုင်းပြည်၏ မည်သူမှလည်ပတ်ခြင်း မရှိသော သဲကန္တာရတစ်ဝက်၌ပင် လနတ်ဘုရား ပတ်ဝန်းကျင်ကာကွယ်ရေး ကုန်သည်များအသင်းကြောင့် ပြောင်းလဲလာခဲ့သည်။

လနတ်ဘုရား ပတ်ဝန်းကျင်ကာကွယ်ရေး ကုန်သည်များအသင်းသည် ရှုယီအကြံပြုထားသည့်အရာ ဖြစ်ရာ နောက်ဆုံး၌ ညတေးသံ မျိုးနွယ် လအရိပ်မျိုးနွယ် နှင့် အဇ်ရှာရာမျိုးနွယ်တို့သည် ၎င်းတို့၏ကုမ္ပဏီများမှ လူအင်အားများပို့လာကြသည်။

ထို အသင်းသည် ၎င်း၏နာမည်အတိုင်း ပတ်ဝန်းကျင်အား ရှာဖွေလေ့လာ၍ တိုးတက်စေရန် လုပ်သော အသင်းဖြစ်ပြီး ၎င်းတို့၏အဓိကပစ်မှတ်မှာ သဲကန္တာရဖြစ်သည်။

နတ်သူငယ်များ၏ အပင်များ တိုးပွားအောင်လုပ်သည့် နည်းလမ်းများနှင့် ထူးခြားသည့် အသက် မှော်စွမ်းအင်များကို အသုံးချကာ နတ်သူငယ်များသည် ဆိုးရွားသည့် နယ်မြေများ၌ပင် အပင်များကိုစိုက်နိုင်ကြသည်။ ၎င်းတို့သည် ထိုအပင်များကို ကြီးထွားစေနိုင်ပြီး သစ်တောတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်အောင်ပင် စွမ်းဆောင်နိုင်ကြလေသည်။

ထိုစွမ်းရည်သည် မျိုးနွယ်စုတိုက်ပွဲများ အပြီး၌ နယ်မြေထဲရှိ လူသားများအတွက် အရေးကြီးသော ပြဿနာတစ်ခု ဖြစ်ခဲ့ပေသည်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ပေါင်းသောင်းချီတွင် နတ်သူငယ်များက ဤနယ်မြေအား အုပ်စိုးခဲ့ပါက စိုင်စ်နယ်မြေတစ်ခုလုံးသည် သစ်တောကြီးများဖြင့်ဖုံးလွှမ်းခံရလိမ့်မည်။

လူသားများသည် သစ်တောများထဲတွင် သာမန်ကဲ့သို့ ရှင်သန်ရန် ခက်ခဲကြသည်။ ထို့ကြောင့် နယ်မြေကြီးတစ်ခုလုံးအား နတ်သူငယ်များ လွမ်းမိုးမှုမှ ကာကွယ်ရန် နှင့် ၎င်းတို့၏ အကျိုးအတွက်ဖြစ်စေ လူသားများသည် နတ်သူငယ်များအား မုန်းတီးခဲ့ကြပြီး သစ်ပင်များကိုစတင်၍ ခုတ်ခဲ့သည်။

၎င်းသည် လူသားများအတွက် များစွာသော ပိုင်နက်များထွက်ပေါ်လာစေခဲ့သည်။ သို့သော်လည်း မြေဆီလွှာ ပျက်စီးမှုကြောင့် စိုင်စ်နယ်မြေထဲတွင် သဲကန္တာရများ ပေါ်ထွက်လာခဲ့သည်။

ထိုသဲကန္တာရများအား လူသားတို့သည် ထိန်းချုပ်နိုင်စွမ်း မရှိတော့သဖြင့် အခြေအနေမှာ ဆိုးရွားသည်ထက် ဆိုးရွားလာရတော့သည်။

ထိုကဲ့သို့ နတ်သူငယ်မျိုးနွယ်စု ၃စု ပေါင်းထားသော ကုမ္ပဏီများ၏ ကြိုးစားမှုဖြင့် ထိုသဲကန္တာရများအား ထိန်းချုပ်နိုင်ဖို့ရန် မျှော်လင့်ချက် ရှိလာခဲ့ပေသည်။ ဤသည်မှာ ရှုယီ၏ စိုင်စ်နယ်မြေ အတွက် ပတ်ဝန်းကျင်အား လေ့လာကာ အထောက်အပံ့များပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

ကုမ္ပဏီက အလကားလုပ်ပေးခြင်း မဟုတ်သည်မှာ သေချာပါသည်။

ရှုယီနှင့် ၎င်းတို့၏ သဘောတူညီချက်များအရ ဧရိယာ ဆယ်ဟက်တာ ကို သန့်စင်ပေးလျှင် ကုမ္ပဏီက ဟက်တာ တစ်ခုကို ထိန်းချုပ်ခွင့် ရရှိမည်ဖြစ်သည်။

နတ်သူငယ် မျိုးနွယ် ၃ စု အနေဖြင့် ၎င်းတို့ ထိန်းချုပ်နိုင်သည့် နယ်မြေအား ပိုင်ဆိုင်ရခြင်းသည် ၎င်းတို့အတွက် အခြေနေကောင်းပင် ဖြစ်သည်။

ထို့ကြောင့် လနတ်ဘုရား ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကုန်သည်များအသင်းသည် စတင်ဖွဲ့စည်းခဲ့သည်မှာ ငါးနှစ်ပင် မပြည့်သေးသော်လည်း သဲကန္တာရအများစု၏အခြေအနေကို တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

သဲကန္တာရတစ်ခုအား တစ်နေ့တည်း၌ ထိန်းချုပ်နိုင်ရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ကြောင်း သေချာပါသည်။

ကူရာနီတိုင်းပြည်၏ သဲကန္တာရမှာလည်း လနတ်ဘုရားပတ်ဝန်းကျင်ထိန်းသိမ်းရေး ကုန်သည်များအသင်း၏ ခန့်မှန်းချက်အရ အနည်းဆုံးနှစ်ပေါင်းတစ်ရာ သို့ နှစ်ရာထိပင် အောင်မြင်မှုရရန် လိုအပ်ကြောင်း ဆိုသည်။

လူသားများ၏ သက်တမ်းထက် များစွာ ပို၍ နေနိုင်ကြသော နတ်သူငယ်များ အတွက်မူ အနည်းဆုံးနှစ်ပေါင်းတစ်ရာ သို့မဟုတ် နှစ်ရာသည် ၎င်းတို့အတွက် မကြာပဲ စောင့်ဆိုင်းနိုင်သည်။

ရှုယီ အတွက်မူ ၎င်း သဲကန္တာရ၏ အခြေအနေဆိုးရွားလာသည်ကို ရပ်တန့်နိင်လျှင်ပင် လုံလောက်ပြီဖြစ်သည်။

ထို့အပြင် ယခုလက်ရှိ စိုင်စ်နယ်မြေ၏ လူဦးရေမှာ များပြားမှုမရှိပဲ သူတို့၏ နယ်မြေမှာ လူဦးရေအတွက် လုံလောက်မှုရှိပေသည်။

သဲကန္တာရအားတိုးတက်စေမည့် အချိန်မှာ ဆယ်စုနှစ် သို့ ရာစုနှစ်အထိ ကြာနိုင်ကာ တိုးပွားလာသော လူဦးရေအား ကျေနပ်စေမည်ဖြစ်ပြီး စိုင်စ်နယ်မြေသည်ထိုအချိန်ထိ ငြိမ်းချမ်းနေမည့်အပေါ်သာ မူတည်သည်။

ထိုကြောင့် ရှုယီသည်ကူရာနီတိုင်းပြည်၏ အခြေအနေအား စိုးရိမ်ခြင်းမရှိပေ။

အရှေ့ပိုင်းရှိတိုးတက်မှု အစီအစဉ်သည် အလွန်ကြီးမားသည့် အစီအစဉ်ဖြစ်ပြီး ကူရာနီတိုင်းပြည်သည် ပထမခြေလှမ်းပင်ဖြစ်သည်။

သူ၏ခန့်မှန်းချက်အရ သူ၏ဘဝတစ်လျှောက်တွင် ထိုအစီအစဉ်အား အဆုံးသတ်နိုင်ခြင်းမရှိနိင်ပေ။

သူယခုလုပ်နိုင်သည်မှာ အုတ်မြစ်ချထားရန်ပင်ဖြစ်သည်။

သို့သော် သူသုံးသော နည်းလမ်းမှာ အနည်းငယ် ပြင်းထန်သည်။

…………

ကန်ဒရာအင်ပါယာ၏ ဧကရာဇ် အယ်လ်ဖွန်းဆေး ကန်ဒရာ ၏ရှေ့ ၌ ထူထပ်သောစာရွက်စာတမ်းများ ရှိနေလေသည်။

သူသည် ၎င်းစာရွက်စာတမ်းများအား လေးနက်စွာကြည့်ရန် တစ်နာရီထပ်ပို၍ သုံးလိုက်ရသည်။

သူသည် စာရွက်စာတမ်းအားလုံး ဖတ်ပြီးချိန်တွင် သူသည် စိတ်လျော့လိုက်ကာ ထိုအကြောင်းကို စဉ်းစားလိုက်သည်။ သူသည် ၎င်းအားထပ်မံ၍ ဖတ်ရန် နာရီဝက် အသုံးပြုလိုက်သည်။

ထိုတင်ပြချက်သည် မည်မျှအရေးကြီးကြောင်း ၎င်းကပြသနေသည်။

သူသည် ဒုတိယအကြိမ်ဖတ်ပြီးသည့်နောက်တွင် အပေါ်မော့ကာမျက်စိကိုမှိတ်လိုက်သည်။

ထို့နောက်သူသည် သူ၏ဘေးတွင် တစ်ချိန်လုံးရပ်နေသည့် အင်ပါယာ၏ ဝန်ကြီးချုပ် ဂီယာဘုဒ် ဖက်သို့လှည့်လိုက်သည်။

“ရှုယီကဘာလို့ ကူရာနီတိုင်းပြည်ကို ကြီးမားတဲ့ တိုက်ပွဲတစ်ခုကိုကူညီခဲ့တာလဲ။ သူက ကူရာနီတိုင်းပြည်ကို သိမ်းပိုက်ဖို့ မစီစဉ်လိုက်ရတာလဲ?” ထိုတင်ပြချက်အား ကန်ဒရာဧကရာဇ်သို့ မပေးပို့စဉ်ကပင် ဝန်ကြီးချုပ်သည် ဖတ်ပြီးပြီဖြစ်၍ ဧကရာဇ်က မည်သည်ကိုဆိုလိုကြောင်း သိရှိပြီးဖြစ်လေသည်။

သူသည် သေချာစွာစဉ်းစားပြီးနောက် ဖြေလိုက်သည် “ ရှုယီက ဘယ်တော့မှ မြေနေရာတွေကို စိတ်မဝင်စားခဲ့ပေမဲ့ ဒီတစ်ခေါက် သူရဲ့ အောင်မြင်မှုတွေအရ ကူရာနီတိုင်းပြည်ကို တကယ်ပဲ သိမ်းပိုက်ချင်ခဲ့ပုံပေါ်တယ်”

ကန်ဒရာ ဧကရာဇ်သည် မျက်မှောင်ကုပ်ကာ သေချာစွာ စဉ်းစားပြီးနောက် ခေါင်းခါလိုက်ကာ “သူကမလုပ်ချင်ခဲ့ဘူး။ အကယ်၍ သူက တိုင်းပြည်ကို သိမ်းပြီး သူ့ရဲ့ကိုယ်ပိုင် အင်ပါယာကို တည်ထောင်ချင်ခဲ့တယ်ဆိုရင် သူ့မှာအရင်ကလည်း အခွင့်ရေးရှိခဲ့ပြီးဖြစ်သလို အခုချိန်ထိ စောင့်နေစရာမလိုဘူး။ ပြီးတော့ ကူရာနီတိုင်းပြည်ကလည်း Frestech ကုန်သည်များအသင်းရဲ့ ဌာနချုပ်နဲ့ ကီလိုမီတာ ၆ထောင်ကျော်ဝေးတယ်။ ဒါကြောင့်သူအဲ့နေရာကိုရွေးရအောင် မတုံးအလောက်ဘူး”

ဝန်ကြီးချုပ် ဂီယာဘုဒ် သည် တွေးလိုက်ကာ သူ၏ခေါင်းကိုခါပြီး ခါးသက်သက်ပြုံးလိုက်သည်။ “ကျွန်တော်တစ်ကယ်ပဲ သူဘာတွေးနေလဲဆိုတာ မသိနိုင်တော့ဘူး သူအစကပြောတဲ့ အရှေ့ပိုင်းကိုတိုးတက်ဖို့ရည်ရွယ်တယ်ဆိုရင် အဲ့လောက်ပြင်းထန်တဲ့နည်းလမ်းသုံးစရာမလိုပါဘူး”

“ဟုတ်တယ် ကျွန်တော် အရမ်း ရှုပ်ထွေးနေတာ။ တစ်ခုက သူဒီကိစ္စကို ကိုင်တွယ်တဲ့ပုံစံကြောင့် မဟုတ်ဘူး။ သူရဲ့ ဖြေရှင်းတဲ့ နည်းလမ်းကြောင့်ဖြစ်တယ်”

ကန်ဒရာ ဧကရာဇ်သည် တင်ပြချက်ကို ပုတ်လိုက်ကာ စိတ်လှုပ်ရှားနေသည့်ပုံဖြင့် “သူသုံးတဲ့ နည်းလမ်းက ပြင်းထန်တဲ့နည်းလမ်းတစ်ခုပဲ။ သူရဲ့ အရင်က နူးညံ့တဲ့နည်းလမ်းတွေလိုမဟုတ်ဘူး။ ဒါက ကျွန်တော့်ကို …… နည်းနည်းစိတ်လှုပ်ရှားစေတယ်”

ဝန်ကြီးချုပ် ဂီယာဘုဒ် သည် သူ၏အမူအရာမှာပြောင်းလဲသွားလျက်တုန်ရီလာသည်။

သူ၏ ဧကရာဇ်သည် မည်သည့်အတွက်တုန်လှုပ်နေကြာင်း သူသိပါသည်။

လွန်ခဲ့သောဆယ်နှစ်က Frestech ကုန်သည်များအသင်း၏တပ်ဖွဲ့နှင့် ရူဒ်ဆန်တိုင်းပြည်၏ စစ်တပ်ကို အင်ပါယာနှစ်ခု၏ ပူးပေါင်းထားသည့် စစ်တပ်က ရှုံးခဲ့ရသည်။

ထိုအကြောင်းအား လူတိုင်းက Frestech ကုန်သည်များအသင်းက ဖြစ်စေချင်၍သာဖြစ်ကြောင်း လူတိုင်းကထင်ခဲ့ကြသည်။ ၎င်းတို့သည် အင်ပါယာနှစ်ခုကို တိုက်ခိုက်ကာ နယ်မြေကို အုပ်စိုးနိုင်သည်။

ထိုအချိန်က Frestech ကုန်သည်များအသင်း၏ အနေအထားနှင့်ဆိုလျှင် အရာအားလုံးကို ထိန်းချုပ်ရန် ခက်ခဲမည်ဖြစ်သော်လည်း Frestech ကုန်သည်များအသင်း၏ အင်အားအကုန်သုံးမည်ဆိုပါက နယ်မြေတစ်ခုလုံးအား လိုက်နာစေရန် ၎င်းတို့အတွက်မခက်ပေ။

သို့သော်လည်း ရှုယီသည် ထိုကဲ့သော အရေးကြီးသော အခြေအနေ၌ ငြိမ်းချမ်းရေးစကားကို စတင် ကမ်းလှမ်းခဲ့လေသည်။ သူသည် အင်ပါယာနှစ်ခုအား ထိုအတိုင်းပင်ထားကာ ပြောင်းလဲခြင်း သိပ်မပြုခဲ့ပေ။

လမ်ပူရီတိုင်းပြည် , ဒရိက်ခ်မြို့စားပိုင်နက် နှင့် ရူဒ်ဆန် တိုင်းပြည်တို့သည် အကျိုးအမြတ်ကြီးမားစွာ ရရှိခဲ့သော်လည်း အင်ပါယာနှစ်ခုနှင့် စိုင်စ်နယ်မြေအတွက် ထိုပြောင်းလဲမှုသည် အလွန်သေးငယ်သည်။

Frestech ကုန်သည်များအသင်းသည် မည်သို့ပင် လုပ်ခဲ့ပါစေ နောက်ဆုံး၌ အင်ပါယာနှစ်ခုသည် ကျန်ရှိနိုင်ပြီး ယခင်ကဲ့သို့ အခြားနိုင်ငံများအပေါ် အာဏာသက်ရောက်နိုင်သေးသည်။

ရှုယီသည် ထိုစဉ်ကနယ်မြေ၏ အုပ်စိုးသူမဖြစ်ချင်ခဲ့သောကြောင့် အင်ပါယာနှစ်ခုအား လွတ်မြောက်မှုရစေခဲ့ခြင်းဖြစသည်။

ဆယ်နှစ်ကြာပြီးနောက်တွင် သူ၏အတွေးသည် ရုတ်တရက်ပြောင်းလဲသွားခဲ့လျှင် မည်သို့လုပ်ရမည်နည်း?

***

Volume 8 အခန်း ၂၇ ။ ရှုယီအပေါ်ယုံကြည်ချက်

မြို့စား ဂီယာဘုဒ် သည် တိတ်တဆိတ်တွေးကာ သူ၏ခေါင်းကိုခါလိုက်သည်။

“အရှင်မင်းကြီး ဒီကိစ္စကစိုးရိမ်စရာလိုတယ်လို့တော့ မထင်ပါဘူး။ ရှုယီရဲ့ လုပ်ဆောင်ချက်က အရင်ထပ်နည်းနည်းပို ပြင်းထန်ပေမဲ့ သူရဲ့ ရည်ရွယ်ချက်ကတော့ပြောင်းလဲသွားတယ်လို့မထင်ဘူး။ မဟုတ်မှ သူက ဒီတစ်ခေါက် စိတ်လှုပ်ရှားနေလို့များလား?”

ဧကရာဇ် ကန်ဒရာသည် မြို့စား ဂီယာဘုဒ် ကိုကြည့်ကာ အပြုံးဖြင့်

“ခင်ဗျားက ရှုယီအပေါ်အရမ်းယုံကြည်မှုရှိနေသလိုပဲ”

မြို့စားဂီယာဘုဒ်သည် တိတ်ဆိတ်သွားပြီး မတ်မတ်ရပ်ကာ လေးနက်စွာပြောလိုက်သည်။ “အရှင်မင်းကြီး လွန်ခဲ့တဲ့ ဆယ်နှစ်က ရှုယီရဲ့ အောင်မြင်မှုတွေကိုကြည့်ပြီး သူအပေါ်ယုံကြည်ချက်ရှိတာ သေချာပါတယ်။”

သူ၏အယုံကြည်ရဆုံး အရာရှိ၏လေးနက်သော အမူအရာကိုကြည့်ကာ ဧကရာဇ် ကန်ဒရာသည် တိတ်ဆိတ်သွားသည်။

အကယ်၍ ယခုချိန်သည် လွန်ခဲ့သောဆယ်နှစ်ကအတိုင်း Frestech ကုန်သည်များအသင်းသည် ၎င်းတို့၏အကောင်းဆုံးအခြေအနေတွင်ရှိပြီး ၎င်းတို့၏ရန်သူများဖြစ်သည့် အင်ပါယာနှစ်ခုသည် Frestech ကုန်သည်များအသင်း၏တပ်ဖွဲ့များကို မခုခံနိုင်သည့်အချိန်က လူများသည် ရှုယီ၌ မည်သည့်ရလိုမှုမှမရှိဟုပြောလျှင် မည်သူမှယုံလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ရှုယီသည်လူတိုင်းက အခွင့်အရေးကောင်းဟု ယူဆထားသော ကြီးမားသည့် အာဏာရရှိနိုင်သည့် ဆွဲဆောင်မှုကို ငြင်းပယ်ကာ ၎င်းအစား နိုင်ငံများက မှော်စက်မှုနယ်ပယ်များတွင် ရင်းနှီးမြုပ်နှံရန်သာ အားစိုက်ခဲ့သည်။ သူသည် ငြိမ်းချမ်းစွာ တိုးတက်ရေးကို ဖော်ဆောင် ပြသခဲ့သောကြောင့် လူတိုင်းက အံ့ဩသွားခဲ့ရသည်။

ပြီးနောက် ဤဆယ်နှစ်အတွင်းတွင် ရှုယီဦးဆောင်သည့် Frestech ကုန်သည်များအသင်းသည် ဘန်တာတရားဝင်ကြေငြာချက်ထဲက အတိုင်းအမှန်ပင် လုပ်ဆောင်နိုင်စွမ်းရှိခဲ့သည်။၎င်းတို့သည် နိုင်ငံတစ်ခုဆီအား မှော်စက်မှုနယ်ပယ်တည်ထောင်နိုင်ရန် ကူညီခြင်း၌ အားစိုက်ခဲ့သည်။ နယ်မြေအတွင်းမှ လူများ၏ ဘဝများပြောင်းလဲနိုင်ခဲ့ပြီး ၎င်းတို့၏လုပ်ဆောင်ချက်မှာ မည်သည့်အခါတွင်မှ မပြောင်းလဲခဲ့ပေ။

အခြားသောနိုင်ငံများအား မဆိုထားနှင့် ကန်ဒရာအင်ပါယာ အတွင်းမှာပင် ဤဆယ်နှစ်အတွင်း ရှုယီနှင့် Frestech ကုန်သည်များအသင်း၏ အကူအညီနှင့် မိမိတို့၏အင်ပါယာအား များစွာတိုးတက် ပြောင်းလဲနိုင်ခဲ့ပြီး ဖြစ်သည်။

ဧကရာဇ် ကန်ဒရာသည် ထီးနန်းဆက်ခံနေသည်မှာ နှစ်ပေါင်း ၃၀ ရှိပြီ ဖြစ်သည်။ သို့သော် ထီးနန်းစတင်ဆက်ခံသည့် နှစ် ၂၀တွင် ကန်ဒရာအင်ပါယာသည် နယ်မြေထဲရှိ အင်ပါယာနှစ်ခုထဲမှ တစ်ခုဖြစ်ပြီး အင်အားအကောင်းဆုံးသော နိုင်ငံအဖြစ်သတ်မှတ်နိင်ခဲ့သော်လည်း ၎င်းတို့သည် ပြည်သူများ ငြိမ်းချမ်းရေးအတွက် ပိုလျှံသည့် ကောက်ပဲသီးနှံများကိုမစီစဉ်ပေးနိုင်ခဲ့ပေ။

၎င်းတို့သည် ပြင်ပရန်များ ချိန်းခြောက်မှုများကို မပြောသေးလျှင်ပင် ကြီးမားသည့် ကန်ဒရာအင်ပါယာတစ်ခုတည်းအတွင်း၌ပင် သဘာဝဘေးအန္တရာယ် အမျိုးမျိုးရှိပေသည်။ အင်ပါယာအား ဖရိုဖရဲဖြစ်စေနိုင်၍ ဒုက္ခသည်အများအပြား ဖြစ်စေသော ကြီးမားသည့် ကပ်ဘေးသည် နှစ်အနည်းငယ်ကြာလျှင် တစ်ကြိမ်ဖြစ်တတ်သည်။

ဧကရာဇ်တစ်ဦးအနေဖြင့် ဧကရာဇ်ကန်ဒရာသည် စတင်အုပ်စိုးသည့် နှစ် ၂၀၌ ထိုအရေးကိစ္စများကိုသာ ဖြေရှင်းရခြင်းနှင့်သာ လုံးပန်းပန်းနေခဲ့ရသည်။

သို့သော်လည်း လွန်ခဲ့သည့် ဆယ်နှစ်က သူတို့၏ခုခံမှုအား ချလိုက်ကာ Frestech ကုန်သည်များအသင်း နှင့် ပူးပေါင်းလိုက်သောအခါ၌မူ ကန်ဒရာအင်ပါယာ၌ Frestech ကုန်သည်များအသင်းနှင့် ၎င်းတို့ယူဆောင်လာသည့် မှော်စက်မှုလုပ်ငန်းအားဖြင့် ကြီးမား တုန်လှုပ်ဖွယ်ကောင်းသည့် တိုးတက်ပြောင်းလဲမှု အချိန်ကာလကို ရောက်ရှိခဲ့သည်။

ပထမဆုံးမှာ အရေးကြီးဆုံးသော ကောက်ပဲသီးနှံပြဿနာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် Frestech ကုန်သည်များအသင်း နှင့် ပူးပေါင်းလုပ်ဆောင်သောအခါ၌ လမ်ပူရီတိုင်းပြည်တွင် အလုပ်ဖြစ်ခဲ့သော လယ်ယာစိုက်ပျိုးသည့် နည်းလမ်းအား ကန်ဒရာအင်ပါယာကို မိတ်ဆက်ပေးခဲ့လေသည်။

များပြားသောမှော်စက်များ, နတ်သူငယ်များ၏ မြေဩဇာများ နှင့် တခြားသော ပစ္စည်းများနှင့် ကန်ဒရာအင်ပါယာ၏ စိုက်ပျိုးရေးသည် ထိုဆယ်နှစ်အတွင်းတွင် တစ်နှစ်ထပ်တစ်နှစ် တိုးတက်ပြောင်းလဲလာခဲ့သည်။

လေးနှစ်မပြည့်သေးခင်၌ပင် ကန်ဒရာအင်ပါယာသည် ၎င်းတို့ကိုယ်ပိုင်လုံလောက်သည့် ပမာဏကိုရောက်ရှိနိုင်ခဲ့ပြီး ၎င်းမှာ နှစ်ပေါင်းများစွာအတွင်း မရရှိနိုင်ခဲ့သောအရာဖြစ်သည်။ ထိုမှ ငါးနှစ်ကြာသည့်နောက်တွင် အင်ပါယာအတွင်း၌ ငတ်မွတ်ခေါင်းပါးမှု မရှိတော့ပဲ ငတ်မွတ်၍ သေဆုံးသူလည်း မရှိတော့ချေ။

ဘေးအန္တရာယ်များအတွက်မူ Frestech ကုန်သည်များအသင်း၊ အမ်ရစ် ကုန်သည်များအသင်းနှင့် အစိုးရအဖွဲ့များပူးပေါင်းကာ များစွာသော ကာကွယ်ရေး စီမံကိန်းအားဖြင့် လမ်းများ ရေအားသုံးသော စီမံကိန်းများ တည်ဆောက်ပြီးစီးခဲ့သည်။ လွန်ခဲ့သောရှစ်နှစ်အတွင်းတွင် ဒုတိယနှစ်တွင် ရေကြီးခဲ့ရာ ကန်ဒရာအင်ပါယာ၌ မည်သို့မှမသက်ရောက်ခဲ့တော့ပေ။

လေပြင်းတိုက်ခြင်းများအတွက်မူ နေရာများတွင် ပြုလုပ်ထားသောရေစနစ်နှင့် အခြားအထောက်အပံ့ ပစ္စည်းများဖြင့် အလွယ်တကူပင် ကိုင်တွယ်နိုင်ပေသည်။ ၎င်းတို့ ယခုအချိန်တွင်ပေါ်ထွက်လာလျှင်ပင် ကြီးမားသည့် ကပ်ဆိုးကြီးတစ်ခုမဖြစ်နိုင်တော့ချေ။

ကမ္ဘာပေါ်ရှိ သဘာဝဘေးအန္တရာယ်အားလုံးကို တားဆီးရန်နည်းလမ်းမရှိခြင်းမှာ သေချာပါသည်။

သို့သော် ကန်ဒရာအင်ပါယာ၌မူ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ပြည့်စုံသည့် လမ်းများ မြန်ဆန်သည့်သယ်ယူပို့ဆောင်ရေးများဖြင့် နစ်နာသူဒုက္ခသည်များထံသို့ အထောက်အပံများ လွယ်ကူစွာပေးပို့နိုင်သည်။ ထိုကပ်ဘေးအား အချိန်တိုအောင် ချုံ့လိုက်နိုင်ပြီး ထိုသို့ပြုလုပ်နိုင်ခြင်းဖြင့် ကြီးမားသည့်ကပ်ဘေး မဖြစ်နိုင်တော့ပေ။

ဧကရာဇ် ကန်ဒရာသည်အရေးကြီးဆုံးမှာ မှော်ဆက်သွယ်ရေးကွန်ရက်များဖြစ်ကြောင်း ဆုံးဖြတ်သည်မှာမှန်ပါသည်။

၎င်းနှင့်ဆိုလျှင် ဆက်သွယ်ရေးကို ပိုမို၍ အဆင်ပြေစေသည် ကန်ဒရာအင်ပါယာရှိလူများ၏ သိရှိနိုင်စွမ်းကို သာလွန်စေသည်။

ထိုမတိုင်မှီတွင် ကန်ဒရာအင်ပါယာသည် အလွန်ကြီးမား၍ ရှပ်ထွေးသည့် မြေအနေထားကြောင့် သတင်းအချက်အလက်များအား လွဲပြောင်းရန် မလွယ်ကူပေ။

တစ်စုံတစ်ခုဖြစ်ပွားခဲ့လျှင် သတင်းအချက်လက်သည် အင်ပါယာ၏ မြို့တော် ဝင်ဘဲလ်ဒန်မြို့ကို ရောက်ရှိဖို့ရန် ဆယ်ရက် သို့ လဝက်ပင် ကြာသည်။

သို့သော် မှော်ဆက်သွယ်ရေးကွန်ရက်အားဖြင့် ကန်ဒရာအင်ပါယာ၏မည်သည့်အစိတ်အပိုင်း၌မဆို တစ်စုံတစ်ခုဖြစ်လျှင် ၎င်းတို့သည် မှော်ဆက်သွယ်ရေးကွန်ရက်၏လက်အောက်တွင်ရှိနေပြီး မြို့တော် ဝင်ဘဲလ်ဒန်သို့ အချိန်မရွေးတင်ပြနိုင်ပြီး ဧကရာဇ်ထံသို့ပင် တင်ပြနိုင်သည်။

ဤနှစ်၏ ပထမလပိုင်းတွင် ဖြစ်ပွားခဲ့သော အရှေ့တောင် ဒေသများမှ ရေကြီးခြင်းသတင်း ဆိုလျင် ၎င်းဖြစ်ရပ် စတင်သည်နှင့် အရှေ့တောင် ဒေသ၏ အစိုးရရုံးမှ သတင်းရရှိပြီး ချက်ခြင်းတုံ့ပြန်မှုများ ပြုလုပ်နိုင်ခဲ့သည်။

ထိုနောက် နာရီဝက်ပင် မကြာသောအချိန်တွင် ဧကရာဇ်၏လွတ်တော်မှ သတင်းကိုရရှိပြီး ချက်ခြင်း အရှေ့တောင်ဒေသ၏ အစိုးရရုံးကိုဆက်သွယ်ကာ အချက်အလက်ကိုမေး၍ အသေးစိတ် ညွှန်ကြားမှုများ ပြုလုပ်နိုင်ခဲ့သည်။

နောက်တစ်နေ့မနက်တွင် ဝင်ဘဲလ်ဒန်မြို့မှ အထောက်အပံ့ပစ္စည်းများစွာအား ပြင်ဆင်ကာ ၃ရက်အတွင်း အရှေ့တောင်ဒေသ၏ အစိုးရရုံးသို့ ပို့နိုင်ခဲ့သည်။ ၄ရက်ကြာသော် အစိုးရရုံးမှ ကပ်ဘေးကျရောက်သည့် နေရာသို့ ပို့နိင်ခဲ့ပြီး အခြေအနေအား ထိန်းချူပ်နိုင်ခဲ့သည်။

ထို ဖြစ်စဉ်မှာ အလွန်ပင်မြန်ဆန်ပြီး ထိုကပ်ဘေးသည် ပျံနှံ့သွားခြင်းမရှိချေ။ ထိုဖြစ်စဉ်၌ နစ်နာသူများက ကသောင်းကနင်းဖြစ်ခြင်းများမရှိခဲ့သလို ကျွမ်းကျင်စွာကိုင်တွယ်နိုင်ခဲ့သည်ဟု သတ်မှတ်နိုင်သည်။

အကယ်၍ ထိုဖြစ်စဉ်သည် ဧကရာဇ် ကန်ဒရာ အုပ်စိုးသည့် ပထမ နှစ်ပေါင်း၂၀ တွင်ဖြစ်ခဲ့လျင်မူ အရှေ့တောင်ဒေသ၏ အစိုးရရုံးကို သတင်းရောက်ရှိလာမည့် အချိန်မှာ ထိုကပ်ဘေးအား ထိန်းချုပ်နိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။

ထိုနောက် လွတ်တော်သို့သတင်းရောက်ရှိရန် လဝက်အချိန် ထပ်ယူရကာ ထောက်ပံ့ရေးပစ္စည်းများ ပေးနိုင်ရန် အချိန်မှာ တွက်ချက်ရန်ခက်ခဲလှသည်။

ထိုပစ္စည်းများကို ပေးနိုင်လျှင်ပင် အခြေအနေကောင်းနေပြီဖြစ်သည်။

ယခုမူ မြန်ဆန်သည့် ဆက်သွယ်ရေးနည်းပညာများဖြင့် အရှေ့တောင်ဒေသမှ ထိုသတင်းအား ဖုံးကွယ်လိုလျှင်ပင် ခက်ခဲလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လွတ်တော်နှင့် ဧကရာဇ်သည် မှော်ဆက်သွယ်ရေးကွန်ရက်မှတဆင့် ထိုဖြစ်ရပ်အား ချက်ခြင်းသိရှိနိုင်ကြသောကြောင့်ဖြစ်သည်။

Frestech ကုန်သည်များအသင်းက မကြာမှီကထုတ်လုပ်နိုင်ခဲ့သည့် ထိန်းချုပ်နိုင်သည့် ဆက်သွယ်ရေးနည်းလမ်းကို မဆိုထားနှင့်။ ထောင်ပေါင်းများစွာ ကီလိုမီတာအဝေးတွင်ရှိသော ဧကရာဇ်သည် ထိုကပ်ဘေး၏အခြေအနေကို ချက်ခြင်း သုံးသပ်နိုင်ပေသည် ယခင်ကဲ့သို့ ဖုံးကွယ်၍ မရနိုင်တော့ပေ။

ပိုမို၍ ချဲ့ကားပြောဆိုရလျှင် ဧကရာဇ်ကန်ဒရာသည် ထိုကပ်ဘေးကျရောက်နေသောနေရာသို့ ကိုယ်တိုင်သွားရောက်လိုလျှင်ပင် သူသည် မှော်လေသင်္ဘောကိုစီးကာ အင်ပါယာ မည်သည့်နေရာကိုမဆို တနေ့အတွင်းရောက်နိုင်သည်။

ယခင်ကဆိုလျှင် ဧကရာဇ်သည် နန်းတော်မှထွက်လိုလျှင် များပြားသော ပြဿနာများစွာ ဖြစ်စေမည် ဖြစ်သည်။

ယခုမူ ပိုဆောင်ဆက်သွယ်ရေး အဆင်ပြေမှုများကြောင့် ဧကရာဇ်သည် သွားလိုရာနေရာသို့ အခက်အခဲမရှိ သွားနိုင်ပြီဖြစ်သည်။

ထိုအပြင် သူသည် မည်သည့်အချိန်တွင်မဆို ပြန်လာနိုင်ပြီး အချိန်မရွေးဆက်သွယ်နိုင်သောကြောင့် အရေးကြီးသော ကိစ္စရပ်များ လွတ်သွားနိင်ချေမရှိပေ။

လုံခြုံရေးအတွက်မူ ကန်ဒရာအင်ပါယာ၏ အစောင့်တပ်များ၌ Frestech ကုန်သည်များအသင်း ၏ စစ်တပ် အထောက်ပံ့များရှိလေသည်။ ၎င်းတို့သည် Frestech ကုန်သည်များအသင်းမှ စစ်တပ်သုံးမှော်စက်များ အချို့ကို ယူဆောင်လာခဲ့သောကြောင့် အင်ပါယာထဲ၌ မည့်သည့်တပ်ဖွဲ့ ထပ်မဆို သာလွန်ပေသည်။

ထို တော်ဝင်အစောင့်များနှင့်ဆိုလျှင် အကယ်၍ Frestech ကုန်သည်များအသင်း၏ အစောင့်တပ်များ မတိုက်ခိုက်ခဲ့လျှင် ဧကရာဇ်သည် သူ၏လုံခြုံရေးအတွက် ပူစရာမလိုပါ။

ထိုကြောင့် ၎င်းအဝေးသို့ဆက်သွယ်ရေးနည်းလမ်းနှင့် ပို့ဆောင်ရေးနည်းလမ်းများသည် ရှေ့မှနည်းပညာအားလုံးထက် သာလွန်ကာ ဧကရာဇ် ကန်ဒရာသည် နန်းတော်ထဲ၌ ပင်ထိုင်နေကာ ကန်ဒရာအင်ပါယာအတွင်းဖြစ်ပျက်နေသမျှတို့အား အလွယ်တကူသိရှိနေနိုင်သည်။

ထီးနန်းကို နှစ်ပေါင်း၃၀ အုပ်စိုးပြီးနောက် ယခုနောက်ပိုင်းနှစ်များ၌ပင် သူသည် ကန်ဒရာအင်ပါယာကို အမှန်တကယ် အုပ်စိုးနေသည်ဟု ခံစားရသည်။

အဘယ်ကြောင့်ဆိုသော် ယခင်နှစ်များတွင် ဧကရာဇ်ပင်ဖြစ်လင့်ကစား ၎င်းသည် ဒေသတော်တော် များများကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပေ။

အကြောင်းမှာရှင်းပါသည် သူမစီမံနိုင်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

ထိုကြောင့် နည်းလမ်းကျကျကြည့်လျှင် ဧကရာဇ်ပင်ဖြစ်စေ ပြည်သူများပင်ဖြစ်စေ ရှုယီ နှင့် Frestech ကုန်သည်များအသင်း အား ကျေးဇူးတင်ရမည်ဖြစ်သည်။

ရှုယီနှင့် Frestech ကုန်သည်များအသင်းက ယူဆောင်လာခဲ့သော မှော်စက်မှုလုပ်ငန်းသည် ကန်ဒရာအင်ပါယာ တစ်ခုလုံးအား ကြီးမားသော တိုးတက်ပြောင်းလဲမှု ဖြစ်စေခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရှုယီမှ ၎င်း၏ ဘန်တာတရားဝင်ကြေငြာချက် ကို လိုက်နာခဲ့သောကြောင့်ဖြစ်သည်။ သူနှင့် Frestech ကုန်သည်များအသင်းသည် ကန်ဒယာအင်ပါယာအား မှော်စက်မှုလုပ်ငန်းတွင် တိုးတက်စေရန် အမြဲကူညီခဲ့သည်။ စစ်တပ်သုံးမှော်စက်များမှ လွဲ၍ Frestech ကုန်သည်များအသင်း သည် အကျိုးအမြတ်မချန်ပဲ ကန်ဒရာအင်ပါယာအား ၎င်းတို့ လိုအပ်သမျှကိုပေးခဲ့သည်။

Frestech ကုန်သည်များအသင်းက ၎င်းတို့၏နည်းပညာအား ထုတ်လုပ်ခြင်းမရှိခဲ့လျှင် ၎င်းတို့သည် လွန်ခဲ့သောဆယ်နှစ်ကအခြေနေတွင်ပင်ပိတ်မိနေမည်ဖြစ်သည်။

ယခုမှာ ကန်ဒရာအင်ပါယာသည် နည်းပညာနှင့်ပက်သက်၍ တိုးတက်လာခဲ့ပြီး လွန်ခဲ့သောဆယ်နှစ်က အခြေအနေအတိုင်း မဟုတ်တော့ပေ။ ၎င်းတို့၌ မှော်စက်မှုလုပ်ငန်းနှင့်ပက်သက်ပြီး နားလည်မှု အနည်းငယ် ရှိလာပြီဖြစ်သည်။

ယခုလက်ရှိ ကန်ဒရာအင်ပါယာသည် Frestech ကုန်သည်များအသင်း မရှိလျှင်ပင် အနာဂတ်တွင် ၎င်းတို့၌ အတွင်းပိုင်းလိုအပ်ချက်ကို ပြည့်စေနိုင်မည် ပြည့်စုံသည့် မှော်စက်မှုလုပ်ငန်းတစ်ခု ရှိလာတော့မည် ဖြစ်သည်။

ရှုယီသည် သူ၏စကားကို ဆယ်နှစ်တိုင်တိုင်တည်ခဲ့ရာ အပိုအာဏာရရန်အတွက် တပ်မက်ခဲ့ခြင်း မရှိပေ။ သူသည် ကန်ဒရာအင်ပါယာမှ လူများ စိုးရိမ်ခဲ့သကဲ့သို့ ကန်ဒရာအင်ပါယာ၏ အတွင်းရေး ကိစ္စများကိုလည်း ဝင်ရောက်စွက်ဖက်ခြင်းမရှိခဲ့ပေ။

ထို့ကြောင့်မြို့စား ဂီယာဘုဒ် ကဲ့သို့ အရေးကြီး ပုဂ္ဂိုလ် ပင် ရှုယီကို မလေးစားပဲ မနေနိုင်ပေ။ သူသည် ဧကရာဇ် ကန်ဒရာ၏ရှေ့၌ပင် ရှုယီအပေါ် ယုံကြည်ချက်ရှိသည်ကိုထုတ်ပြရဲသည်။

သူသည် မှန်ပါသည်။ အကယ်၍ ရှုယီ၌ ထိုကဲ့သို့သော ရည်မှန်းချက်ရှိခဲ့လျှင် လွန်ခဲ့သောဆယ်နှစ်က လုပ်ပေလိမ့်မည်။ လွန်ခဲ့သောဆယ်နှစ်က ၎င်း၌ မရေတွက်နိုင်သော အခွင့်အရေးများစွာရှိခဲ့သည်။ ထို့ကြောင့် ဆယ်နှစ်ကြာပြီးမှ ရုတ်တရက် ထိုကဲ့သို့လုပ်လိမ့်မည်နည်း?

သို့သော် ဧကရာဇ်သည် အဆုံးထိ လျော့ပါးသွားခြင်းမရှိပေ။

သူသည် မြို့စား ဂီယာဘုဒ် ကိုကြည့်ကာ သက်ပြင်းချလျက်

“ခင်ဗျား ကျုပ်ပြောတာကို နားလည်သင့်တယ်။ ကျုပ်ရဲ့စိုးရိမ်မှုက ရှုယီက ဆန္ဒရှိမရှိ ဆိုတာ မဟုတ်ဘူး။ ဒါပေမဲ့ သူလုပ်နိုင် မလုပ်နိုင်ဆိုတာပဲ..”

မြို့စားဂီယာဘုဒ် သည် ဧကရာဇ်၏ဆိုလိုရင်းကို နားမလည်သည်မှာ မည်သို့ဖြစ်နိုင်ပါမည်နည်း? သူသည် ဧကရာဇ်ကိုကြည့်လိုက်ပြီးနောက်တွင် ခါးသက်သက်သာရယ်မောလိုက်နိုင်တော့သည်။

***

Volume 8 အခန်း ၂၈ ။ မြို့သစ်တစ်ခုတည်ဆောက်ခြင်း

မှန်ပါသည်။ ရှုယီသည် အာဏာကိုလွှဲပြောင်းရယူရန် ရည်ရွယ်ချက်မရှိခဲ့သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်...

သူပြောခဲ့သည့်အတိုင်း သူသည် နယ်မြေအတွင်းရှိ လူများ၏ဘဝများအား မှော်စက်မှုလုပ်ငန်းဖြင့် ပြောင်းလဲပေးမည် ဆိုသည်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်သလို. ..

သူသည် အင်ပါယာနှစ်ခုအား အစားထိုးရန်အစီအစဉ် မရှိသည်မှာလည်း ဖြစ်ကောင်းဖြစ်နိင်ပါသည်။

သို့သော် ၎င်းမှာ အခြားသူများ၏ သူ့အပေါ်ထင်မြင်ချက်များ သပ်သပ်သာဖြစ်သည်။ သူမည်ကဲ့သို့လုပ်မည်ကို မည်သူမှသေချာမသိသလို ထိုအကြံများအား ဆက်လက်လုပ်ဆောင်ခြင်း ရှိမရှိလည်း မည်သူမှသေချာမသိခဲ့ပေ။

အကယ်၍ တစ်နေ့တွင် သူ၏အကြံအစည်များပြောင်းလဲသွား၍ အာဏာကိုရယူလိုပါလျှင် မည်သူက တားနိုင်ပါမည်နည်း?

ကန်ဒရာအင်ပါယာ၏ ဧကရာဇ်အနေဖြင့် ရှုယီအပေါ် မျှော်လင့်ချက်ကို ပုံချထား၍ အားလုံးသည် သူ့လက်ထဲ၌ပင်ရှိကြောင်း မျှော်လင့်လို့မရသည်မှာ သေချာပါသည်။

ထို့ကြောင့် ရှုယီ ဆန္ဒရှိခြင်း မရှိခြင်းသည် အရေးမကြီးပဲ အရေးကြီးဆုံးအချက်မှာ ဤကိစ္စအတွက် ဖြေရှင်းနည်းပင် ဖြစ်သည်။

၎င်း၌ အာဏာရှိလျှင်ပင် ပြီးနောက် ကန်ဒရာအင်ပါယာ၏ ထိပ်၌ရှိသောလူများသည်ပင် စိတ်တည်ငြိမ်အောင် ထား၍ မရပေ။

သို့သော် ထိုကိစ္စသည် ၎င်းတို့ မတတ်နိုင်သည့်ကိစ္စ ဖြစ်သည်။

Frestechကုန်သည်များအသင်းသည် လွန်ခဲ့သော ဆယ်နှစ်ကပင် ၎င်းတို့ထက် အဆပေါင်းများစွာ သန်မာပြီး ဤဆယ်နှစ်လုံး တိုးတက်နေဆဲဖြစ်သည်။ Frestechကုန်သည်များအသင်း၏ အစောင့်တပ်၌ တပ်သားပေါင်းသောင်းနှင့်ချီရှိပြီး ရေတပ် ၇ ခုရှိကာ လေတပ် ၁၃ခုရှိပေသည်။

ထိုအကြောင်း မည်သူမှ အတိအကျမသိပေ။ သို့သော် သေချာသည်မှာ ၎င်းတို့၌ အကောင်းဆုံး စစ်တပ်သုံးမှော်စက်များ ရှိကြောင်းပင်ဖြစ်သည်။ Frestechကုန်သည်များအသင်း၌ နိုင်ငံအားလုံးကို ဖျက်ဆီးနိုင်သည့် တိုက်ခိုက်ရေးအင်အား ရှိပေသည်။

ထို့ကြောင့် ဧကရာဇ်ကန်ဒရာ သည်ပင် စိုးရိမ်နေသော်လည်း ယခုတွင်မူ သူသည် ရှုယီကို သော်လည်းကောင်း Frestechကုန်သည်များအသင်းကိုသော်လည်းကောင်း ဘာမှမလုပ်နိုင်ချေ။

ကန်ဒရာအင်ပါယာ၏ စစ်တပ်အင်အားသည် နယ်မြေထဲရှိ တခြားနိုင်ငံများထပ်သာသော်လည်း Frestechကုန်သည်များအသင်းနှင့်မူ ယှဉ်၍မရချေ။

“အရှင်မင်းကြီး ကျွန်တော်ထင်တာ ဒီမေးခွန်းအတွက်အဖြေကို ကျွန်တော်တို့အခုဆုံးဖြတ်လို့မရနိုင်ဘူး” မြို့စားဂီယာဘုဒ်သည် တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။

“ရှုယီက ဘယ်လိုလုပ်ဖို့ရွေးချယ်ခဲ့ပါစေ ကျွန်တော်တို့အတွက် ကွာခြားချက်ကြီးကြီးမားမား မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် သူ့အကြံက ရုတ်တရက်ပြောင်းလဲသွားလိမ့်မယ်လို့တော့ မထင်ဘူး။ သူရဲ့ အခုပန်းတိုင်က ကူရာနီတိုင်းပြည်ဆိုတော့ တကယ်ပဲ အဲ့လိုအကြံရှိခဲ့တယ်ဆိုရင် သူရဲ့အချိန်ကို အဲ့မှာ မဖြုန်းနေသင့်ဘူးမလား?”

ဧကရာဇ် ကန်ဒရာသည် သက်ပြင်းရှည်ကြီးချကာ ခေါင်းကိုခါလိုက်သည်။ ထို့နောက်တွင် ထိုသတင်းမှ ရလာသော တွေးနေသောအတွေးများကို ရပ်လိုက်လေတော့သည်။

အမှန်ပင် ရှုယီကမည်သို့ပင် လုပ်စေကာမူ သူသည်ဘာမှမတတ်နိုင်ပေ။ အရေးကြီးသောအချက်မှာ ရှုယီလုပ်နေသောအလုပ်များကို ဂရုစိုက်ရန်မဟုတ်ပဲ သူ၏အလုပ်များအတွက်သာ နည်းလမ်းရှာရန် ဖြစ်သည်။

“မြို့စား လမ်ပူရီတိုင်းပြည်ကလူတွေက မှင်စာချိုင့်ဝှမ်းကိုရောက်ပြီလို့ကြားတယ်။ ခရီးထွက်ဖို့လုပ်ပြီး ငါ့အကြံကို သွားပြောပေးပါဦး”

“ဟုတ်ကဲ့ပါ”

“အဲ့တာထပ် ငါ မှင်စာချိုင့်ဝှမ်းတွက် ရင်းနှီးမြုပ်နှံမှုငွေကို ၃၀ ရာခိုင်နှုန်းထိတိုးချင်တယ်။ ခင်ဗျား ဘယ်လိုထင်လဲ”

ဧကရာဇ် ကန်ဒရာကမေးသည်။

“၃၀ ရာခိုင်နှုန်း?” မြို့စား Garbot သည် မျက်မှောင်ကုပ်လိုက်ကာ

“အရှင်မင်းကြီး ကျွန်တော်တို့ အရင်နှစ်က မှင်စာချိုင့်ဝှမ်းအတွက် ရင်းနှီးငွေကို ရွှေဒဂါး သန်း ၇၀ ထိ သုံးခဲ့ပြီးပါပြီ။ အကယ်၍ နောက်ထပ် ၃၀ ရာခိုင်နှုန်းထပ်တိုးမယ်ဆိုရင် ရွှေဒဂါးသန်း ၁၀၀ ထိ တိုးမသွားနိုင်ဘူးလား? ဒီပမာဏဆိုရင် …ကျွန်တော်စိတ်ပူတာ လွှတ်တော်နဲ့ ဘဏ္ဍာရေး ဌာနတွေက ကန့်ကွက်လာလိမ့်မယ် ထင်တယ်။”

ဧကရာဇ်သည်လက်ခါပြလိုက်ပြီး နှာခေါင်းရှုံကာ “ဘဏ္ဍာရေး စာရင်းတင်ပြချက်အရ အင်ပါယာရဲ့ ဒီနှစ် အခွန်ငွေက သန်း၆၀၀ကျော်လိမ့်မယ်။ အရေးကြီးကိစ္စမှာ ၁၀၀ လောက် မြုပ်နှံလိုက်တာက အဲ့လောက်မဆိုးပါဘူး။ သူတို့ ဒါကိုနားမလည်တာတော့ မဖြစ်နိုင်လောက်ဘူးမလား? ဒီအရာသာ ငါတို့နောက်မှမရှိရင် ဒီအင်ပါယာက ဘယ်လောက်ပဲ ခမ်းနားနေပါစေ ငါတို့ဘယ်အချိန်မဆို ဖြုတ်ချခံရနိုင်တယ်မလား?”

မြို့စား ဂီယာဘုဒ် သည် ခါးသက်စွာရယ်လိုက်ကာ သူ၏ဧကရာဇ် မည်သည်ကိုပြောနေကြောင်း ရှင်းလင်းစွာ သိပါသည်။

အင်ပါယာ၏ ရှုထောင့်အရ ဧကရာဇ်သည် မမှားပေ။ သို့သော် ဝန်ကြီးချုပ်၊ လွတ်တော် နှင့် ဘဏ္ဍာရေးဌာနကတော့ ငွေအားတိုးမြင့်ရန်နှင့် လူအင်အားများသုံးမည်ကို သဘောတူလိမ့်မည် မဟုတ်ချေ။

“ကောင်းပြီ ကျွန်တော် ဒီကိစ္စကို လွတ်တော်နဲ့ဆွေးနွေးတိုင်ပင်ပြီး နံပါတ်တွေကိုဆုံးဖြတ်လိုက်မယ်။ မှင်စာချိုင့်ဝှမ်းအတွက်ကတော့ လေးရက်အတွင်းအချိန်ရှိပါတယ် ကျွန်တော်သွားတွေ့လိုက်ပါမယ်။ အရှင်မင်းကြီး သူတို့ကို အမိန့်ပေးချင်တာများရှိသေးလားခင်ဗျ?”

ဧကရာဇ်ကန်ဒရာက ခေါင်းခါ၍ “အထွေအထူးပြောစရာမရှိပါဘူး။ ငါ့ကိုယ်စားပဲသွားကြည့်လိုက်ပါ”

“ကျွန်တော်နားလည်ပါပြီ”

နစ်ဦးသည် အခြားသော နိုင်ငံရေးကိစ္စများအား ဆွေးနွေးတိုင်ပင်ပြီးနောက် မြို့စားသည် ထွက်ခွာ သွားလေသည်။

နန်းတော်မှ စွန့်ခွာပြီးနောက်တွင် သူသည် အနက်ရောင်မှော်ဆီဒင်ထဲသို့ ဝင်သွာသည် သို့သော် သူသည် လွတ်တော်သို့ မသွားပဲ ဝင်ဘဲလ်ဒန်မြို့၏ မြောက်ဖက်သို့ ဦးတည်သွားသည်။ ယနေ့သည် ဝင်ဘဲလ်ဒန်မြို့၏ စတီးစက်ရုံ ကို တီထောင်သည့်နေ့ဖြစ်ပြီး စတီးထုတ်ကုန်များ တန်ဆယ်သန်း ထုတ်လုပ်ခဲ့သော ရှစ်နှစ်ပြည့် အထိမ်းအမှတ်နေ့ ဖြစ်ပေသည်။

ဤအထိမ်းအမှတ်နေ့တွင် ပထမအကြိမ် စတီးစက်ရုံ ထောင်စဉ်က ယခင်ကထို စတီးစက်ရုံ အစီအစဉ်၌ ခွင့်ပြုချက်ပေးခဲ့၍ ပါဝင်လုပ်ဆောင်ခဲ့သော မြို့စား ဂီယာဘုဒ် အား ဖိတ်ခေါ် ခဲ့လေသည်။

သူသည် ဧကရာဇ်ကဆင့်ခေါ်ခြင်းကြောင့် အနည်းငယ်နောက်ကျနေရာ စတီးစက်ရုံမှ လူများသည် စောင့်နေရပေလိမ့်မည်။

ထို့သို့စဉ်းစားပြီးနောက် မြို့စား ဂီယာဘုဒ် သည်ယဉ်မောင်းကို အမြန်မောင်းနှင်ရန်ပြောလိုက်သည်။

သို့ပါသော်လည်း မနက်ဆယ်နာရီ အချိန်ဖြစ်ရာ ဝင်ဘဲလ်ဒန်မြို့သည် ရှုတ်ယှက်ခတ်နေလေသည်။ လမ်းများ၌ ကားများစွာရှိ၍ ယာဉ်မောင်းသည် မည်မျှပင်တော်သော်လည်း ယာဉ်များကြားတွင် မသွားနိုင်ပဲ ဖြည်းဖြည်းသာ မောင်း၍ရလေသည်။

အပြင်၌ လူအုပ်ကိုကြည့်ကာ မြို့စားဂီယာဘုဒ် သည် မျက်မှောင်ကုပ်လိုက်သည်။ သူသည် ယခင်နှစ်က လွှတ်တော်ရှိ ဆွေးနွေးမှုတစ်ခုကို တွေးမိသွားသည်။အကြောင်းမှာ ဝင်ဘဲလ်ဒန်မြို့ အား ပြန်လည်တည်ဆောက်ရန် ဖြစ်ပြီး ထိုအစီအစဉ်အား အမြန်လုပ်သင့်ကြောင်း ခံစားမိလိုက်သည်။

ဝင်ဘဲလ်ဒန်မြို့၏ အပြင်ဖက်၌ စက်မှုဇုန်သည် ဆက်တိုက်တိုးတက်နေသဖြင့် ထိုဧရိယာအတွင်းမှ လူများးသည် ဝင်ဘဲလ်ဒန်မြို့ထဲသို့ ရောက်ရှိလာကြသည်။ ထိုနောက် ဆယ်နှစ်အတွင်း အင်ပါယာတည်ငြိမ်နေမှုဖြင့် လူဦးရေတိုးတက်လာမှုကြောင့် မွေးဖွားမှုနှုန်းလည်း မြင့်တက်လာသည်။ ဝင်ဘဲလ်ဒန်မြို့၏ လူဦးရေသည် ဆယ်နှစ်အတွင်း နှစ်ဆ တိုးတက်လာလေသည်။

ထိုကဲ့သို့သော အခြေအနေတွင် နဂိုကလူများသော ဝင်ဘဲလ်ဒန်မြို့သည် မနိုင်ဝန်ထမ်းနေရသည့် အခြေနေရောက်နေသည်။

ထိုကြောင့် နှစ်ပေါင်းများစွာကြာပြီးနောက် အင်ပါယာသည် ဝင်ဘဲလ်ဒန်မြို့ကို ပြန်လည် တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည် အချို့မှာ မြို့သစ်တည်ဆောက်သင့်သည်ဟု မြင်တွေးသော သူများရှိသည်။

၎င်းနှင့် ယှဉ်လိုက်လျှင် မြို့စား ဂီယာဘုဒ် သည် နောက်ပိုင်းတင်ပြချက်ကို ပို၍ သဘောတူသည်။

အဘယ်ကြောင့်ဆိုသော် မြို့ဟောင်းကို ပြုပြင်ခြင်းမှာ ကောင်းနိုင်သည့်အချက်မရှိပေ ၎င်းသည် အလွန်ခက်ခဲနိုင်ပြီး ရလဒ်မှာလည်း မကောင်းနိုင်ပေ။ ယခုလက်ရှိပြဿနာအား ဖြေရှင်းရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

မြို့သစ်တည်ဆောက်ခြင်းသည် တစ်ဖက်၌ကြည့်လျှင် ချဲ့ကားသည်ဟုထင်ရသော်လည်း ငွေအများပြား ကုန်ကျလိမ့်မည် ဖြစ်သည်။ သို့သော် ၎င်းနှင့်ယှဉ်လျှင် မြို့ဟောင်းကိုပြန်လည်တည်ဆောက်ခြင်းထက် ကုန်ကျမည်မဟုတ်ပေ။

မြို့သစ်ရှိ အဆောက်အဦးများ၏ အကျိုးအမြတ်ကိုမပြောမှီ လိုအပ်ချက်များကိုကြည့်၍လည်း အစီအစဉ်များကို ပြောင်းလဲနိုင်သေးသည်။ ထို့ကြောင့် မည်သို့ပင်ကြည့်ပါစေ မြို့ဟောင်းကို ပြန်လည်တည်ဆောက်ခြင်းထပ် အဆင်ပြေပေသည်။

မှော်စက်မှုလုပ်ငန်း၏ အဆက်မပြတ်တိုးတက်မှုသည် နယ်မြေထဲရှိ လူများ၏ဘဝများကို ပြောင်းလဲခဲ့ပြီး ဖြစ်ကြောင်း သိကြပါသည်။ ဝင်ဘဲလ်ဒန်မြို့ သည် နှစ်ပေါင်းရာချီ တည်ရှိခဲ့သောမြို့ ဖြစ်ပြီး လူများစွာနေထိုင်မှုဖြင့် တိုးတက်မှုကို အမှီမလိုက်နိုင်ပဲ နောက်ကျကျန်ခဲ့ပြီဖြစ်သည်။

ရှင်းလင်းသော ဥပမာတစ်ခုကိုပြပါဆိုလျှင် ဝင်ဘဲလ်ဒန်မြို့ကိုရှာဖွေတွေ့ရှိခဲ့ချိန်က ဖြစ်နိုင်သမျှ ကြီးမားအောင် တည်ဆောက်ထား၍ လမ်းများသည် မြင်း၆ကောင်ပါဝင်သည့် ရထားတွဲများအား နှစ်ဖက်ပြေးဆွဲနိုင်သည်။ ထိုစဉ်က စိုင်စ်နယ်မြေတွင် နေရာကျယ်ဝန်းသည်ဟုသတ်မှတ်ကြသည်။

ယခုဝင်ဘဲလ်ဒန်မြို့၌မူ မှော်ဆီဒင်များစွာ နေရာတိုင်း၌ ပြေးဆွဲနေရာ လမ်းများသည် မှော်ဆီဒင်များဖြင့် ပြည့်နှက်နေလေသည်။

ထို့နောက် အများသုံးယဉ်များကို ထည့်တွက်လိုက်ပါလျှင် မြို့ဟောင်းရှိလမ်းများသည် အလွန်ကျဉ်းမြောင်းကာ သယ်ယူပို့ဆောင်ရေးအတွက် နေရာကောင်းမဟုတ်တော့ချေ။

မြို့စား ဂီယာဘုဒ် သည်ပင် ဤသည်ကို ခံစားနေရသည် သူသည် အင်ပါယာ၏ ထိပ်၌ရှိသော လူများထဲမှတစ်ဦးဖြစ်သော်လည်း လမ်းများကျပ်နေခြင်းကို ရင်ဆိုင်နေရသည်။

ထိုအကြောင်းမှာ ဝင်ဘဲလ်ဒန်မြို့ရှိ ဆွေကြီးမျိုးကြီးများနှင့် ချမ်းသာသည့်သူများသည် ထိုမြို့မှ ပြောင်းရွေ့ရခြင်း အကြောင်းလဲဖြစ်သည် လူအုပ်ကိုရှောင်ရန်နှင့် များစွာသော အဆင်မပြေမှုများ ကြောင့် ဖြစ်သည်။

အကယ်၍ မြို့သစ်ကိုတည်ဆောက်လိုက်ပါက ၎င်းတို့သည် ထိုအခြေနေမှရှောင်ရှားနိုင်ပြီး လူအများစုအား အနှောက်ယှက်ပေးနေသည့် ကိစ္စများကို ဖြေရှင်းနိုင်ပေလိမ့်မည်။

ထို့အပြင် မြို့သစ်တည်ဆောက်ခြင်းသည် Frestechကုန်သည်များအသင်းသည် ဘန်တာမြို့ကို တည်ဆောက်ခဲ့ခြင်း၌ အတွေ့အကြံရှိပြီးဖြစ်သည်။ ထို့နောက် Frestechကုန်သည်များအသင်းသည် Frestech မြို့ကိုတည်ဆောက်ခဲ့ပြီး ၎င်းသည် စိုင်စ်နယ်မြေအတွင်း ခေတ်မီမြို့သစ်တစ်ခု ဖြစ်လာခဲ့သည်။

ထိုအချက်ကြောင့် ဝင်ဘဲလ်ဒန်မြို့အနေဖြင့် မြို့သစ်တည်ဆောက်မည်ဆိုလျှင် ခက်ခဲမည်မဟုတ်ပါ။

အနည်းဆုံး Frestechကုန်သည်များအသင်းနှင့် အမ်ရစ် ကုန်သည်များအသင်းသည် ၎င်းတို့ နည်းပညာနှင့် ပညာရှင်များ ထောက်ပံပေးလိုကြောင်း အင်ပါယာကို တင်ပြခဲ့ပြီးဖြစ်သည်။

အမ်ရစ်ကုန်သည်များအသင်းသည် အင်ပါယာလွတ်တော်ထံသို့ ၎င်းတို့သည် ဝင်ဘဲလ်ဒန်မြို့သစ် တည်ဆောက်ရာတွင် စာချုပ်ချုပ်ဆိုလိုကြောင်း တင်ပြခဲ့ပြီးဖြစ်သည်။ ကန်ဒရာအင်ပါယာမှ ငွေကြေးထုတ်ပေးလျှင် အခြားအရာများအတွက် ပူစရာမလိုတော့ပေ။

အင်ပါယာလွတ်တော်မှ သဘောမတူသည်မှာသေချာပါသည် သို့သော် ယခုတွင် အင်ပါယာသည် မြို့သစ်ကို ၎င်းတို့ကိုယ်တိုင်တည်ဆောက်ရန် စီစဉ်ရာမှ အမ်ရစ် ကုန်သည်များအသင်းနှင့် Frestechကုန်သည်များအသင်းအား ဆက်သွယ်ခဲ့သည်။

မြို့စား ဂီယာဘုဒ် သည် ဝန်ကြီးချုပ်ဖြစ်သောကြောင့် လွတ်တော်ရှေ့၌ မြို့သစ်တည်ဆောက်မည်ကို အတိအလင်း ထောက်ခံထားပြီး လွတ်တော်မှ ဤကိစ္စအား အမြန်ဆုံး ဖြေရှင်းရန် တောင်းဆိုထားသည်။

လွတ်တော်နှင့် ဘဏ္ဍာရေးဌာနမှ ငွေကြေးအခက်ခဲနှင့် နည်းပညာအခက်ခဲကြောင့် အချိန်တိုတွင်း တည်ဆောက်ရန်မှာ ခက်ခဲသည်ဟုဆိုရာ ထိုကိစ္စသည် ထိုနေရာ၌ပင် ရပ်တန့်နေရသည်။

မြိုစား ဂီယာဘုဒ် သည် လူအုပ်ကိုကြည့်ကာ အမ်ရစ် ကုန်သည်များအသင်းနှင့် Frestechကုန်သည်များအသင်းအား အမြန်ဆုံး တောင်းဆိုမှုကို လိုက်လျောစေချင်နေသည်။ အဆောက်ဦး တည်ဆောက်ရန် အစီအစဉ် အမြန်ထွက်ကာ ဤပြဿနာကို အမြန်ဖြေရှင်းချင်နေသည်။

အခြားဖြေရှင်းနည်းလည်း ရှိပါသည်။ ၎င်းမှာ တော်ဝင်နန်းတော်နှင့် အင်ပါယာနှင့်ဆိုင်သော အရာအားလုံးကို ပြောင်းရွေ့ရန်ဖြစ်သည်။ ထိုနည်းလမ်းဖြင့် လူများသည့် ဝင်ဘဲလ်ဒန်မြို့တွင် နေစရာ မလိုတော့ပေ။

သို့သော် အင်ပါယာနှင့်ဆိုင်သည့်အရာများကို ပြောင်းရွေ့ရန်လွယ်ကူသော်လည်း တော်ဝင်နန်းတော်ကတော့ မလွယ်ပေ။

ကန်ဒရာအင်ပါယာ၏ တော်ဝင်နန်းတော်သည် ကန်ဒရာအင်ပါယာ စတင်အုတ်မြစ်ချစဉ်ကပင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းသည် ထိုနေရာ၌ နှစ်ပေါင်းထောင်ကျော်သည်ထိ ရှိခဲ့သည်။

တော်ဝင်နန်းတော်သည် ထိုကဲ့သို့ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်ဖြစ်ရာ ဧကရာဇ်က ရွေ့မည်ဟု ဆုံးဖြတ်ချက်မချမခြင်း ပြောင်းရွေ့ရန်မဖြစ်နိုင်ပေ။

ထို့ကဲ့သို့တွေးလိုက်လျှင် မြို့စား ဂီယာဘုဒ် သည် ပြတင်းပေါက်ကိုကြည့်ကာ သက်ပြင်းချမိလေသည်။

ရှေးဟောင်းအင်ပါယာသည် ၎င်း၏နှစ်ပေါင်းရှည်ကြာမှုကြောင့် အင်အားကြီးမားနိုင်သော်လည်း ၎င်း၏ နှစ်ပေါင်းရှည်ကြာမှုကြောင့် ပင် ပုပ်သိုးပျက်စီးနိုင်သည်။ ၎င်းသည် လူတို့အား သေချာသောရှုထောင့်မှ ကြည့်ရမည့်အချိန်ရောက်လျှင် အမြဲ ချည်နှောင်ထားတတ်သည်။

***

Volume 8 အခန်း ၂၉ ။ ဆက်ခံသူက ဘယ်သူလဲ

တစ်နာရီခန့်ကြာပြီးနောက် မြို့စား ဂီယာဘုဒ် ၏မှော်ဆီဒင်သည် ဝင်ဘဲလ်ဒန်မြို့၏ စတီးစက်ရုံသို့ ဖြည်းဖြည်းချင်းရောက်ရှိသွားသည်။

နှစ်နာရီကျော်စောင့်ခဲ့ရသော သူများသည် အပြုံးများဖြင့် လာကြိုကြလေသည်။ ၎င်းတို့ သည် အချိန်အတော်ကြာ စောင့်နေကြရသဖြင့် စိတ်မရှည်သည့်ပုံ မည်သူမှမပြရဲကြချေ။

ပထမဆုံးလာကြိုသည့်သူမှာ စတီးစက်ရုံ၏မန်နေဂျာ သို့ ခေါင်းဆောင်းတစ်ဦးဦးမဟုတ်ပဲ ကန်ဒရာအင်ပါယာ၏ မှော်စက်မှုလုပ်ငန်းဌာနခေါင်းဆောင် မားကွစ္စ် အက်စ်ခန်ဒါ ဖြစ်နေလေသည်။

ပထမဆုံးစတီးစက်ရုံ၏ အထိမ်းအမှတ်နေ့သည် ၎င်းကဲ့သို့ ရာထူးတန်းတူဖြစ်၍ အဆင့်မြင့်ထဲမှ မားကွစ္စ်သည် ကိုယ်တိုင်တက်ရောက်ရန် မလိုအပ်ပါ။ သို့သော် မြို့စား ဂီယာဘုဒ် သည်ပင် တက်ရောက်သည်ဆိုသောကြောင့် သူသည် တက်ရောက်ရန်တုံ့ဆိုင်းမနေတော့ချေ။

ထို့ကြောင့် သူနှင့် မြို့စား ဂီယာဘုဒ် တက်ရောက်ခြင်းဖြင့် ထိုအခမ်းနားသည် ပိုမို၍ အရေးကြီးသောပွဲ တစ်ခု ဖြစ်ပြီး ကန်ဒရာအင်ပါယာတစ်ခုလုံးသည်မှ လူများသည်ပင် ထိုပွဲကိုအာရုံစိုက်နေကြသည်။

မြို့စား ဂီယာဘုဒ် သည် နောက်ကျနေသဖြင့် ပွဲသည် အနည်းငယ်နှောင့်နှေးသွားသော်လည်း မြို့စားကို မည်သူမှ အပြစ်မတင်ရဲကြချေ။ ပွဲကို ပုံမှန်အတိုင်း ကျင်းပကြလေသည်။

မြို့စား ဂီယာဘုဒ် သည် ထွက်၍ နှုတ်ဆက်ပြီးနောက် သူသည် ၎င်းတို့စီစဉ်ထားသည့်အတိုင်း လိုက်သွားလေသည်။ သူသည် စင်ပေါ်သို့မရောက်မှီ မထင်မှတ်ထားသော ဧည့်သည်ကို တွေ့လိုက်ရသည်။

“အို မမလေး ဖရီယာ ကျွန်တော် ခင်ဗျားဒီပွဲကို တက်ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါဟာတကယ်အံ့ဩစေတာပဲ”

မြို့စားဂီယာဘုဒ်သည် မည်သူ့ကိုမှမပြုံးပြဖူးသော နွေးထွေးသောအပြုံးဖြင့် ဖရီယာထံသို့ လျှောက်သွားကာ ပြောလေသည်။

ဖရီယာသည်လည်း ပြည့်စုံသည့် အပြုံးတစ်ခုဖြင့် မြို့စားဂီယာဘုဒ် အား ရိုသေစွာဦးညွှတ်လိုက်သည်။

“အရှင် ကျွန်မက ဒီပွဲကို Frestechကုန်သည်များအသင်းကို ယာယီကိုယ်စားပြုပြီး တက်ရောက်တာပါ။ ဒါကြောင့် အရှင်မသိတာ မထူးဆန်းပါဘူး”

မြို့စား ဂီယာဘုဒ် သည်ရယ်လျှက် “မမလေးဖရီယာ ဒီပွဲက မမလေးလိုလူမျိုးကိုတောင် ဆွဲဆောင်နိုင်တယ်ဆိုတော့ ဒီစတီးစက်ရုံကလူတွေကတော့ ပျော်လို့သေမှာပဲ ဟုတ်တယ်မလား?”

စတီးစက်ရုံမှ မန်နေဂျာ ရဒ်ဒင်ဂယ်လ် သည် မြို့စားဂီယာဘုဒ် နောက်မှလိုက်လာရင်း ရှေ့သိုပြေးလာကာ ခေါင်းငြိမ့်လျက် အပြုံးဖြင့်

“မှန်ပါတယ်ခင်ဗျ မမလေးဖရီယာ ဒီပွဲကိုတက်ရောက်ခြင်းဟာ ကျွန်တော်တို့ စက်ရုံအတွက် ဂုဏ်ယူစရာပါပဲ။ ဒါက ကျွန်တော်တို့ရဲ့ စတီးစက်ရုံဟာ Frestechကုန်သည်များအသင်း နဲ့ ဆက်ဆံရေးဟာ တုန်လှုပ်မှုမရှိဘူးဆိုတာ ပြနေတာပါပဲ”

ထိုစကားကိုကြားလျှင် မြို့စားဂီယာဘုဒ် သည် ရဒ်ဒင်ဂယ်လ် ကိုကြည့်လိုက်ကာ ဖရီယာကို ဖိတ်ခေါ်ရန် ဟန်ပြလိုက်သည်။

“မမလေးဖရီယာ ရောက်တုန်းရောက်ခိုက် ကျွန်တော်နှင့် မိန့်ခွန်းတစ်ခုခုလောက် ပြောသွားပါလား”

ဖရီယာက လက်ကိုယမ်းကာ “ကျွန်မက Frestechကုန်သည်များအသင်းကို ကိုယ်စားပြုလာတာလို့ ပြောထားပြီးပါပြီ။ အခုက ကျွန်မက နေ့လည်စာ မသုံးဆောင်မှီပြောမဲ့ အရှင်ရဲ့မိန့်ခွန်းကိုသာ စောင့်နေတာပါ”

ထိုသို့ပြောပြီးနောက် ဖရီယာသည် ရွတ်နောက်နောက်ပြုံးလိုက်ကာ မကျေနပ်သံဖြင့် “အမှန်တိုင်းပြောရရင် အရှင် ကျွန်မဒီမှာစောင့်နေတာကြာလှပြီ။ ဒါကြောင့် ဗိုက်လည်းနည်းနည်းတော့ ဆာနေပါပြီ”

မြို့စားဂီယာဘုဒ် သည်ရယ်မောလိုက်သည်။

“မမလေးဖရီယာကို ဗိုက်ဆာအောင်လုပ်မိတာ ကျွန်တော့်အပြစ်ပါ။ ဒါကြောင့် ကျွန်တော် နည်းနည်းပါးပါးပဲ ပြောပါ့မယ်။ နေ့လည်စာစားရင် မမလေးကျွန်တော်နဲ့အတူထိုင်ဖို့ မျှော်လင့်ပါတယ်။ မမလေးနား အကြံတောင်းချင်တာလေးတွေ ရှိနေလို့ပါ”

“အကြံတော့မပေးရဲပါဘူးရှင်။ အရှင် မေးချင်တာရှိရင် လွတ်လွတ်လပ်လပ်မေးပါ။ ကျွန်မဖြေနိုင်တာအားလုံးဖြေပေးပါ့မယ်။ မဖုံးကွယ်ထားပါဘူး” ဖရီယာကပြုံးလျှက်ပြောသည်။

မြို့စား၏အပြုံးသည်နည်းနည်းတည်သွားသည်။

ထိုဖရီယာသည် စကားစမြည်ပင်မပြောချင်သလော။

မဖုံးကွယ်ထားပါဆိုသော စကား၏အဓိပ္ပာယ်မှာအဘယ်နည်း ၎င်းသည် မေးခွန်းအများစုကို မဖြေလိုသည့်သဘောလား?

သို့သော် ဖရီယာသည် ရှုယီနှင့် ပြုမူပုံတူနေသည်ကိုမြင်လျှင် မြို့စားဂီယာဘုဒ်သည် စိတ်သက်သာရာရ သွားသည်။

ရှုယီ၏ အကြီးဆုံးသမီးဖြစ်၍ ရှုယီ၏ တစ်ဦးတည်းသော ဆက်ခံသူဖြစ်ရာ ဖရီယာ၏ အပြုမူများသည် ရှုယီနှင့် တူနေသည်မှာ သဘာဝပင်။

ဖရီယာနှင့် စကားအနည်းငယ်ပြောပြီးနောက်တွင် မြို့စား ဂီယာဘုဒ် သည် စင်ပေါ်သို့တက်သွားကာ လူတိုင်းစောင့်စားနေကြသည့်မိန့်ခွန်းကိုပြောလေသည်။

သူသည် စကားအနည်းငယ်ပင် ပြောမည်ဟုဆိုခဲ့သော်လည်း သူ၏ရာထူးနှင့် ထိုပွဲကို တက်ရောက်စဉ်ကပင် သူသည် ပွဲအစီအစဉ်ကိုလိုက်၍ စကားအနည်းငယ်ပင်ပြော၍ မဖြစ်နိုင်ပေ။

စင်ပေါ်၌ မိန့်ခွန်းပြောခြင်းမှာ နာရီဝက်ခန့်ကြာသွားပြီးနောက် လွန်ခဲ့သောဆယ်နှစ်က စိုင်စ်နယ်မြေထဲရှိ စတီးစက်ရုံ၏ သမိုင်းကြောင်းကို အနည်းငယ်ပြန်ပြောပြီးနောက် သူ၏မိန့်ခွန်းကို အဆုံးသတ်လိုက်လေသည်။

ထိုအချိန်၌ နေ့လည်တစ်နာရီခန့်ရှိနေပြီဖြစ်ရာ လူတိုင်းသည် ဆာလောင်နေကြပြီဖြစ်သည်။

မြို့စား၏မိန့်ခွန်းသည် နောက်ဆုံးဖြစ်ပြီး သူပြီးဆုံးသည်နှင့် မနက်ပိုင်းအစီအစဉ်မှာပြီးဆုံးသွားပြီဖြစ်ပြီး လူတိုင်းအား စတီးစက်ရုံမှ နေ့လည်စာတည်ခင်းမည့်နေရာသို့ခေါ်သွားလေသည်။

နေ့လည်စာစားချိန်၌ မြို့စား ဂီယာဘုဒ်သည် သူ၏ရာထူးဖြင့် စားပွဲ၏ထိပ်ပိုင်းတွင် ထိုင်လိုက်လေသည်။

ထိုဝိုင်းတွင် စတီးစက်ရုံ၏မန်နေဂျာ ရဒ်ဒင်ဂယ်လ် နှင့် မှော်စက်မှုလုပ်ငန်းဌာနခေါင်းဆောင် မားကွစ္စ် အက်စ်ခန်ဒါတို့ပါဝင်သည်

ဖရီယာလည်းပါဝင်သည်မှာသေချာပါသည်။

“မမလေးဖရီယာ ကျွန်တော်တို့ ကန်ဒရာအင်ပါယာကိုဒီတစ်ခေါက်လာတာ မှော်ဆက်သွယ်ရေးကွန်ရက် ကိစ္စကြောင့်လား?”

အနည်းငယ်သောက်ပြီးနောက် မြို့စားဂီယာဘုဒ်သည် ဘေးတွင်ထိုင်နေသော ဖရီယာအား ထိုမေးခွန်းကို မေးလိုက်သည်။

“ဟုတ်ပါတယ်” ဖရီယာကခေါင်းငြိမ့်သည်။

“ဒါဆို ဥက္ကဌရှုက မမလေးဖရီယာကိုလွတ်လိုက်တယ်ဆိုတော့ အင်ပါယာရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်တယ်ဆိုတဲ့သဘောလား”

ဖရီယာသည် အပြုံးတစ်ခုပြုံးလိုက်သည်။ ထိုအပြုံး၌ ကျားစွယ်များပါကာ တဖြည်းဖြည်း ခေါင်းခါလိုက်လေသည်။

“အဲ့တာကမသေချာသေးပါဘူးရှင့်။ ဒါမဲ့ အရှင့်မှာ သတင်းကောင်းရှိကြောင်းပြောနိုင်ပါတယ်။ ကျွန်မတို့ကုမ္ပဏီက အရှင်တို့တိုင်းပြည်ကို မှော်ဆက်သွယ်ရေးကွန်ရက်နည်းပညာကိုလွှဲပြောင်းပေးဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ဒါပေမဲ့ အဲ့တာကိုမပြောခင် အရှင်တို့တိုင်းပြည်က ကျွန်မတို့ကို ကျေနပ်စေမဲ့ အခြေအနေလေး ပေးနိုင်စွမ်းပေါ် ရှိမရှိ မူတည်နေပါတယ်”

မြို့စား ဂီယာဘုဒ် သည် ရယ်မောလိုက်သည်။ “မမလေးတို့က လွှဲပြောင်းပေးဖို့ဆန္ဒရှိနေသရွေ့ ကောင်းပါတယ်။ အခြေအနေတွေအတွက်ကတော့ … ဆွေးနွေးလို့ရတာ သေချာတာပေါ့”

မြို့စား ဂီယာဘုဒ် သည် သူ၏ဝိုင်ခွက်ကိုမြောက်လိုက်ကာ ဖရီယာအား အချက်ပြလိုက်သည်။

“လာပါ ကျွန်တော်တို့ရဲ့ အနာဂတ် ပူးပေါင်းမှုတွက် ခွက်တိုက်လိုက်ကြတာပေါ့”

ဖရီယာသည်လည်း ခွက်ကိုမြောက်လိုက်သည်။ သို့သော် သူမ၏ခွက်မှာ သစ်သီးဖျော်ရည်သာ ထည့်ထားလေသည်။

ထို့ပြင် သူမသည့်မြို့စားဂီယာဘုဒ် နှင့် ခွက်မတိုက်ပဲ ခွက်ကိုသာမြောက်လိုက်ကာ သောက်ပြီး ချလိုက်သည်။ ထို့နောက်ဖရီယာသည် ပြုံးကာ “ကျွန်မတောင်းပန်ပါတယ်အရှင်။ အဖေက ကျွန်မအပေါ်စည်းကမ်းတင်းကြပ်ထားလို့ပါ။ ကျွန်မ ၂၅နှစ် မပြည့်မချင်း ဝိုင်မသောက်ခိုင်းလို့ပါ”

ဖရီယာ၏ပြုမူပုံကိုမြင်လျှင် မြို့စား ဂီယာဘုဒ် သည် သူ၏မျက်နှာပေါ်၌ မဲမှောင်သွားသော်လည်း ချက်ခြင်းပင် အပြုံးသည်ပြန်ပေါ်လာသည်။

“ဥက္ကဌရှုက မမလေးလို စည်းကမ်းကောင်းတဲ့သမီးရဖို့ တင်းကြပ်ထားတာဖြစ်ပါလိမ့်မယ် ၊ ပြောရင်းနဲ့ မမလေးဖရီယာ ကျွန်တော်ကောလဟသတွေကြားတာ ဥက္ကဌရှုနဲ့ သဘောတူထားတာရှိတယ်ဆို။ မမလေး ၂၅ နှစ်ပြည့်ရင် Frestechကုန်သည်များအသင်းကို ဆက်ခံမလားဆိုတာ ဆုံးဖြတ်မှာဆိုတာ ဟုတ်လား?”

“ဒီလိုသဘောတူထားတာရှိပါတယ်” ဖရီယာကခေါင်းငြိမ့်သည်။

စားပွဲဝိုင်းမှလူများသည် ထိုစကားဝိုင်းကိုနားထောင်နေရာမှ ထိုခေါင်းစဉ်ကိုကြားသော်လူတိုင်းသည် အာရုံစိုက်လိုက်ကြသည်။၎င်းတို့၏ ဝိုင်များကိုပင်မေ့သွားကြပြီး သူတို့အား ကြည့်လာကြလေသည်။

Frestechကုန်သည်များအသင်း၏ဆက်ခံသူကိစ္စသည် Frestechကုန်သည်များအသင်းအတွက်ပင် အရေးကြီးသည့်ကိစ္စမဟုတ်ပဲ စိုင်စ်နယ်မြေတစ်ခုလုံးအတွက် အရေးကြီးသည့်ကိစ္စဖြစ်ပေသည်။

Frestechကုန်သည်များအသင်း ၏ဆက်ခံသူသည် ၎င်းတို့၏ ရေရှည် တိုးတက်မှု အစီအစဉ်များအား ဆုံးဖြတ်ပေးလိမ့်မည်ဖြစ်ပြီး ထိုကိစ္စအတွက် အမှားဖြစ်ခံ၍မရပါ။

ထို့ကြောင့်နယ်မြေထဲမှ လူများသည် ဖရီယာ Frestechကုန်သည်များအသင်းကို ဆက်ခံမည် မဆက်ခံမည်ကို ဂရုစိုက်ကြပေသည်။

ထိုကိစ္စသည် အစပိုင်း၌ ပြဿနာမဟုတ်ပေ။ အကြောင်းမှာ ရှုယီ၌ သားသမီးများစွာရှိသည့်အတွက် ဖြစ်သည်။ သို့သော် လွန်ခဲ့သည့်နှစ်နှစ်ဆယ် ဖရီယာမွေးဖွားစဉ်တွင် ရှုယီက သူ၏တစ်ဦးတည်းသော ဆက်ခံသူအဖြစ် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် လူတိုင်းသည် ဖရီယာက Frestechကုန်သည်များအသင်းကို ဆက်ခံရလိမ့်မည်ဟုထင်ထားခဲ့ကြသည် ။

သို့သော် ဖရီယာ အရွယ်ရောက်လာသည့်အခါ၌ ဖရီယာသည် Frestechကုန်သည်များအသင်းကို ဆက်ခံမည်မှာ မသေချာကြောင်း ကောလဟသများ ပေါ်ထွက်လာခဲ့သည်။ သူမသည် Frestechကုန်သည်များအသင်း၏ နောက်လာမည့် ဥက္ကဌနေရာကိုလက်လျော့နိုင်ကြောင်းပင် ဖြစ်သည်။

လူတိုင်းနီးပါး ပထမ၌ ထိုသတင်းကို မယုံကြပေ။ အကြောင်းမှာ Frestechကုန်သည်များအသင်း၏ ဥက္ကဌရာထူးကဲ့သို့ အရေးကြီးသည့်နေရာကို လက်လွတ်လိမ့်မည်မဟုတ်ဟု ထင်ခဲ့ကြသောကြောင့် ဖြစ်သည်။

သို့သော် နှစ်များစွာကြာပြီးနောက် ဖရီယာနှင့်ပက်သက်သည့် ကောလဟာလမှာ ဆက်လက် ထွက်ပေါ်လာပြီး ထိုအချက်ကို သက်သေပြနေသည်။

ရှုယီသည် အမှန်တကယ်ပင် ဖရီယာအား ထိုသို့သောရွေးချယ်ခွင့်ပေးကာ Frestechကုန်သည်များအသင်း ကို လက်လျော့ခြင်းကို ခွင့်ပြုခဲ့လေသည်။

“ဒါဆိုရင် မမလေးဖရီယာ ကျွန်တော်မှတ်မိတာမှန်ရင် မမလေးက နောက်နှစ်မှာ ၂၅ နှစ်ပြည့်တော့မှာနော် ဟုတ်လား။ ဆုံးဖြတ်ချက်ကောချပြီးပြီလား?”

မြို့စား ဂီယာဘုဒ် သည် လူတိုင်းသိချင်နေသည့် မေးခွန်းကို မေးလိုက်သည်။

ဖရီယာသည် မျက်လုံးကိုပြူးကာ သူသည် ထိုမေးခွန်းကို ကြိမ်ဖန်များစွာ တွေးပြီးသကဲ့သို့ ဖြေလေသည်။

“ကျွန်မ အခုထိမဆုံးဖြတ်ရသေးပါဘူး”

ဖရီယာက ခေါင်းခါလိုက်သည်။ “ကျွန်မက အခုလောလောဆယ်တော့ ကျွန်မအဖေလိုလူမျိုး မဖြစ်ချင်သေးပါဘူး။ ဒါပေမဲ့ နောက်နှစ်ကျရင်တော့ကျွန်မဆုံးဖြတ်ချက်ချမှာပါ”

လူများသည် တစ်ယောက်ကိုတစ်ယောက်စိတ်ပျက်မှုဖြင့်ကြည့်လိုက်ကြသည်။

ထိုအဖြေသည် မည်သို့သောအဖြေဖြစ်သနည်း? သူမသည့် မည်သည့်အဖြေမှ မဖြေသွားသကဲ့သို့ပင်။ မားကွစ္စ် အက်စ်ခန်ဒါ သည် မနေနိုင်ပဲ ပြောလိုက်သည်။

“မမလေးဖရီယာ ဒီနှစ်တွေမှာ မမလေးက Frestechကုန်သည်များအသင်းရဲ့ကိစ္စတွေကို ကိုင်တွယ်နေတာကို တွေ့ပါတယ်။ ဒီတစ်ခေါက်က ဥက္ကဌရှုက မှော်ဆက်သွယ်ရေးကွန်ရက်ကိစ္စမှာ မမလေးကို လုပ်ပိုင်ခွင့်အပြည့် ပေးလိုက်တာကိုကြည့်ရင် သူက မမလေးအတွက် Frestechကုန်သည်များအသင်းကို လွှဲပေးဖို့ ပြင်ဆင်နေတာမဟုတ်လား?”

ဖရီယာသည် နှုတ်ခမ်းကိုစေ့လိုက်ပြီး မာဆတ်ဆတ်ပြောလိုက်သည်။

“ဒါက အဖေကျွန်မကိုတူးပေးတဲ့တွင်းတစ်ခုပဲ။ ကျွန်မက ဒီကိစ္စကိုကိုင်တွယ်ဖို့ ဆန္ဒမရှိပါဘူး”

လူများသည် နောက်တစ်ကြိမ် တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်မှုဖြင့်ကြည့်လိုက်နိုင်ကြသည်။

ကြည့်ရသည်မှာ ရှုယီနှင့် ဖရီယာ၏ အပြန်အလှန်သက်ရောက်မှုသည် လူတိုင်း၏မှန်းဆမှုထက် ကျော်လွန်နေမည် ထင်သည်။

သို့သော် ထိုသတင်း၏ ကောင်းသည့်အချက်ကို ကြားလိုက်ရသေးသည်။ ရှုယီသည် ဖရီယာအား လွဲပြောင်းပေးရန် ရည်ရွယ်ချက်ရှိသည်ဆိုတာပင်။

ရှုယီ၌ ထိုသို့သောရည်ရွယ်ချက်ရှိနေလျင် မမျော်လင့်ထားသည်များ မဖြစ်လာခဲ့လျှင် ဖရီယာသည် ရှုယီ၏ ရည်ရွယ်ချက်ကိုတုံ့ပြန်ကာ Frestechကုန်သည်များအသင်း ကိုလွှဲပြောင်းဆက်ခံလိမ့်မည်။

ဆိုလိုသည်မှာ Frestechကုန်သည်များအသင်း၏ နောက်တက်မည့်ဥက္ကဌမှာ ဆုံးဖြတ်ပြီးဖြစ်သည်။ ၎င်းမှာ အသက်ငယ်၍ လှပသော ၎င်းတို့၏ရှေ့တွင်ရှိသော မမလေးဖရီယာပင်ဖြစ်ပေသည်။

ထိုသို့စဉ်းစားပြီးနောက် လူတိုင်းသည် ဖရီယာနှင့် ပိုမို၍ ရင်းနှီးခွင့်ရလိုကြလေသည်။

***

Volume 8 အခန်း ၃၀ ။ ထိန်းချုပ်မှုရရန် တိုက်ခိုက်ခြင်း

ဖရီယာသည် စိတ်မရှည်သလိုဖြစ်လာသည်။

သူမသည် ထိုသို့သော စားသောက်ပွဲမျိုးကိုသဘောမကျပေ။ သူ၏ရာထူးကြောင့် ထို့နောက် သူမ၏အလှကြောင့် သူမသည် အားလုံး၏အာရုံစိုက်ခြင်းကိုခံရလေသည်။ ၎င်းသည် သူမအား လူများစွာနှင့် ရင်ဆိုင်ရစေပြီး အစားကိုပင်ကောင်းကောင်းမစားရချေ။

သူမသည်ငယ်စဉ်ကတည်းကပင် တက်ကြွသောသူမျိုးဖြစ်ကာ မှော်ပညာသင်ယူရာ၌ ရှုယီကြောင့် လေ့ကျင့်ခန်းများလုပ်ခဲ့ရလေသည်။ ထိုကြောင့် သူမ၏ခန္ဓာကိုယ်သည် သူမကိုကြည့်ရသည်ထပ် ပိုမို၍ သန်မာကာ အစားလည်းပိုစားရန်လိုအပ်သည်။

ထိုကဲ့သို့သော စားသောက်ပွဲများသည် ပြဿနာများရုံသာမက အစားကို ဗိုက်ပြည့်အောင်စား၍မရချေ။ ထို့ကြောင့် သူမ မကြိုက်ခြင်းဖြစ်သည်။

သူမသည် ထိုစားသောက်ပွဲသို့ မလာချင်ခဲ့သော်လည်း Frestechကုန်သည်များအသင်း၏ဌာနချုပ်မှ သတင်းရလာခဲ့သောကြောင့် ရွေးချယ်စရာမရှိခဲ့ပေ။ ထို့ကြောင့် ဝင်ဘဲလ်ဒန်မြို့၏ ဌာနခွဲမန်နေဂျာ အစားဝင်ကာ လာရောက်ခဲ့ခြင်းဖြစ်သည်။

အကြောင်းရင်းမှာ မြို့စား ဂီယာဘုဒ် နှင့်တွေ့ဆုံစကားပြောရန်ဖြစ်သည်။

သူမသည် မြို့စား ဂီယာဘုဒ် နှင့် တိုက်ရိုက်တွေ့ဆုံနိုင်ကာ သူမ၏အဖေပြောသောစကားကို ဌာနချုပ်မှ တဆင့် ပြောကြားနိုင်သော်လည်း ဖရီယာသည် မြို့စားဂီယာဘုဒ် အား မြင့်မြတ်သော အိမ်တော်များသို့ သွားရောက်တွေ့ဆုံရခြင်းထက် ထိုကဲ့သို့ပွဲမျိုး၌ ပေါ့ပေါ့ပါးပါးတွေ့ဆုံရသည်ကို ပိုမိုနှစ်သက်သောကြောင့် ဖြစ်သည်။

ထို့အပြင် သူမသည် Frestechကုန်သည်များအသင်းတစ်ခုလုံးကို ကိုယ်စားပြုသောကြောင့် လူတိုင်းကို တွေ့ဆုံနိုင်ခြင်းမရှိပေ။ သံသယအဝင်ခံရမည်ဖြစ်သည်။

မြို့စား ဂီယာဘုဒ်အား ထိုကဲ့သို့သော ပွဲမျိုးတွင် တွေ့၍ စကားအနည်းငယ်ပြောခြင်းသည် စိုးရိမ်စရာမရှိပေ။

ဝင်ဘဲလ်ဒန်မြို့၏ ပထမဆုံးစတီးစက်ရုံမှာ Frestechကုန်သည်များအသင်းမှ ကန်ဒရာအင်ပါယာ၏ ဆောက်လုပ်ရေးကိုကူညီခဲ့ခြင်းဖြစ်သည်။ ၎င်းသည် နှစ်ဖက်စလုံးအတွက် ဆယ်နှစ်ကြာရှိခဲ့သော ပူးပေါင်းမှုဖြစ်သဖြင့် အရေးပါသည့် အရာဖြစ်သည်။

Frestechကုန်သည်များအသင်းဥက္ကဌ၏ သမီး အနေဖြင့် သူမ၏ကိုယ်တိုင်ရောက်ရှိလာခြင်းမှာ အခြားသော အဓိပ္ပာယ်သက်ရောက်လေသည်။

ကောင်းသောအချက်မှာ မြို့စား ဂီယာဘုဒ် သည် သူမဘေးတွင်ထိုင်ခြင်းဖြစ်သည်။ လူများသည် သူများအနားတော်ရုံကပ်၍မရပေ။ ၎င်းသည် သူမအား အစားကောင်းကောင်းစားနိုင်ရန် အဆင်ပြေပြီး လူတိုင်းနှင့်စကားပြောရန်မလိုပေ။

သူမသည် နေ့လည်စာ စားရင်း မြို့စားဂီယာဘုဒ် နှင့်စကားပြောနေစဉ် စားသောက်ပွဲသည် ပြီးဆုံးခါနီး ဖြစ်လာလေသည်။ မြို့စား ဂီယာဘုဒ် သည် ဖရီယာကို ဘေးသို့သွားကာ အနားယူရန် ခေါ်သွားလေသည်။

ဖရီယာက ဝမ်းသာစွာ သဘောတူလိုက်သည်။

အချိန်အနည်းငယ်ကြာပြီးနောက်တွင် ကန်ဒရာအင်ပါယာ၏ ကိုယ်စားလှယ် နှစ်ဦးနှင့် Frestechကုန်သည်များအသင်း၏ ကိုယ်စားလှယ်တို့သည် အခန်းငယ်ထဲသို့ ဝင်သွားသည်။

၎င်းတို့သည် နေရာယူပြီးနောက် မြို့စားဂီယာဘုဒ် နှင့် ဖရီယာတို့သည် စကားအနည်းငယ် ပြောကြပြီးနောက် အဓိကခေါင်းစဉ်သို့ရောက်သွားလေသည်။

………

“မမလေးဖရီယာ မှော်ဆက်သွယ်ရေးနည်းပညာနဲ့ပက်သက်ပြီး ကျွန်တော်တို့အင်ပါယာက ရမှဖြစ်ပါလိမ့်မယ်။ မမလေးတို့ကုမ္ပဏီက မပေးနိုင်ဘူးဆိုရင်တောင် ကျွန်တော်တို့ အင်ပါယာက နည်းပညာကို ရှာဖွေသုတေသနလုပ်နေပါပြီ။ ပြီးတော့ ကျွန်တော်ယုံကြည်တာ မကြာခင်ပြီးတော့မှာပါ။ အဲ့အချိန်ရောက်ခဲ့ရင် မမလေးတို့ဖက်က နည်းပညာကိုလွဲပြောင်းပေးချင်တယ်ဆိုရင်တောင် အင်ပါယာအတွက် အရေးကြီးတော့မှာမဟုတ်ပါဘူး”

ဖရီယာသည် ခပ်ဖျော့ဖျော့သာပြုံးလိုက်သည် ထိုအရာသည် ၎င်းတို့၏ချိန်းခြောက်မှုဖြစ်လိမ့်မည်။

“ကျွန်မပြောခဲ့ပြီးသားပဲ။ ကျွန်မတို့ကိုပေးမဲ့အပေးအယူက ကောင်းမယ်ဆိုရင်ကျွန်မတို့ကုမ္ပဏီက နည်းပညာကို လွဲပြောင်းပေးဖို့ အခက်ခဲရှိမှာမဟုတ်ပါဘူး”

“ဒါပေမဲ့ မမလေးတို့ ကုမ္ပဏီက တောင်းတဲ့ အခြေအနေဟာ …..”

မြို့စား ဂီယာဘုဒ် သည် ဘေး၌ထိုင်နေသော မားကွစ္စ် အက်စ်ခန်ဒါ အားကြည့်လိုက်သည်

“အဲ့တာတွေဟာ တကယ်ပဲ လက်ခံဖို့ခက်ခဲပါတယ်။ မမလေးတို့ကုမ္ပဏီက တောင်းဆိုတဲ့ အင်ပါယာရဲ့ မှော်ဆက်သွယ်ရေးကွန်ရက် ထိန်းချုပ်ရေးမှာ ပါဝင်ဖို့ကိစ္စဟာ ကျွန်တော်တို့အနေနဲ့ လက်ခံပေးလို့ မဖြစ်တဲ့ကိစ္စပါ။ ကျွန်တော်ထင်တာ မှော်ဆက်သွယ်ရေးကွန်ရက်ဟာ လျှို့ဝှက်ချက်တွေအများကြီးကို ထိန်းသိမ်းထားပြီး အင်ပါယာကို လွမ်းမိုးမှုတော်တော်ရှိတာကို မမလေးတို့ကုမ္ပဏီကလည်းသိမှာပါ။ အကယ်၍တခြားနိုင်ငံက ပါဝင်လာရင် အင်ပါယာကဆုံးဖြတ်ဖို့ ခက်ခဲစေမှာပါ”

“ကျွန်မနားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့က လိုချင်တဲ့အချက်ကို ရှင့်ဆီကိုတင်ပြတဲ့ထဲက တောင်းဆိုချက်ထဲမှာ ရှင်းလင်းစွာ ပြောထားပါတယ်။ မှော်ဆက်သွယ်ရေးကွန်ရက်နဲ့ ပက်သက်ရင် မတူညီတဲ့ စနစ်တွေအဖြစ် ခွဲခြားလိုက်လို့ရပါတယ်။ ကျွန်မတို့ကုမ္ပဏီက ရှင်တို့အင်ပါယာရဲ့ လျှို့ဝှက်ချက်တွေကို ဝင်ပါမှာမဟုတ်ပါဘူး။ ရှင်တို့က လွတ်လပ်စွာ လျှို့ဝှက်မှော်ဆက်သွယ်ရေး စနစ်တစ်ခုကို တည်ဆောက်လို့ရပါတယ်”

“ဒါပေမဲ့ ဒီစနစ်ဟာ သာမန်မှော်ဆက်သွယ်ရေးစနစ်နဲ့ တစ်ခုနဲ့တစ်ခုထပ်သွားနိုင်ပါတယ်” မားကွစ္စ် အက်စ်ခန်ဒါ ကဖြတ်ပြောလိုက်သည်။ “ပြီးတော့ ဒါဟာလျှို့ဝှက်ထားနိုင်မယ်လို့ အာမခံချက်မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီစွန့်စားမှုကို မလုပ်ရဲတာပါ”

“ဒါဟာတကယ်ပဲနည်းပညာရှုထောင့်ကကြည့်ရင် ဖြေရှင်းဖို့လွယ်ကူတဲ့ ပြဿနာပါ”

ဖရီယာက လေးနက်စွာပြောသည်။

“ကျွန်မထင်တာ ရှင်တို့ရဲ့ အင်ပါယာက မှော်ဆက်သွယ်ရေးနည်းပညာနဲ့ပက်သက်ရင် နားလည်တဲ့ အရည်ချင်းရှိသူတွေ ရှိမှာပါ။ ကျွန်မဘာမှ ထပ်ပြောဖို့မလိုတော့ပါဘူးနော်”

မြို့စား ဂီယာဘုဒ် သည် မားကွစ္စ် အက်စ်ခန်ဒါ ကိုကြည့်လိုက်သည် မားကွစ္စ် အက်စ်ခန်ဒါ သည် ထိုအကြောင်းကို တွေးပြီးနောက် ဖရီယာပြောသည်ကို သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။

“ရှင်တို့က ကျွန်မတို့ကုမ္ပဏီက အင်ပါယာလျှို့ဝှက်ချက်တွေကိုခိုးယူမှာ စိုးရိမ်နေတယ်ဆိုရင်တော့ စိတ်ချလို့ရပါတယ်။ ပထမအချက်အနေနဲ့ ကျွန်မတို့ ကုမ္ပဏီဟာ အဲ့လိုလုပ်ဖို့စိတ်ကူးမရှိပါဘူး။ နှစ်အချက်က ကျွန်မပြောခဲ့သလို ဒီပြဿနာဟာ နည်းပညာရှုထောင့်ကကြည့်ရင် ဖြေရှင်းဖို့လွယ်တဲ့ကိစ္စပါ။ သက်ဆိုင်တဲ့နည်းပညာကိုရရှိရင် ရှင်တို့အင်ပါယာရဲ့ လုပ်နိုင်စွမ်းနဲ့ဆို အမြန်ပဲ နားလည်နိုင်မယ်လို့ယုံကြည်ပါတယ်။ အဲ့တာထက် ကျွန်မတို့ကုမ္ပဏီကတောင်းဆိုတဲ့ အခြေအနေက အရေးကြီးဆုံးအချက်က အဲ့တာမဟုတ်ပါဘူး။ ရှင်တို့မဆန့်ကျင်ခဲ့တဲ့ နယ်မြေရဲ့ မှော်ဆက်သွယ်ရေးစနစ်နဲ့ ပူးပေါင်းတဲ့ အခြေအနေပါ”

မားကွစ္စ် အက်စ်ခန်ဒါ သည်အနည်းငယ်တိတ်ဆိတ်သွားပြီးနောက် ဆက်ပြောသည်

“စိုင်စ်နယ်မြေပေါ်မှာ အဝေးထိဆက်သွယ်ရေးလုပ်နိုင်တာကို သိရတာဟာ ကျွန်တော်တို့အတွက် အကျိုးရှိတဲ့ကိစ္စပါ။ ဒါကြောင့် စနစ်ထဲပေါင်းထည့်တာကို မကန့်ကွက်ခဲ့တာပါ။ ကျွန်တော်တို့က ကျွန်တော်တို့အင်ပါယာရဲ့ မှော်ဆက်သွယ်ရေးကွန်ရက်က သီးခြားရပ်တည်နိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် နယ်မြေရဲ့ မှော်ဆက်သွယ်ရေးကွန်ရက်ကနေအချိန်မရွေး ခွဲထွက်နိုင်ပါတယ်”

“ဒါက နည်းပညာအခက်အခဲလေးတစ်ခုပါ။ ဒါကြောင့် အဲ့လောက်မခက်ခဲပါဘူး” ဖရီယာသည် ဆက်မပြောခင် ခနလောက်ရပ်လိုက်ပြီးမှ

“မြို့စားမင်းလည်းရှိနေတုန်း ကျွန်မရှင်းလင်းအောင်ပြောချင်ပါတယ်။ ကျွန်မတို့ကုမ္ပဏီရဲ့ဆန္ဒက ရှင်တို့ရဲ့ ကန်ဒရာအင်ပါယာက မှော်ဆက်သွယ်ရေးကွန်ရက်ကို ဆက်လက်ပြီး တည်ဆောက်သွားနိုင်ဖို့ပါ”

မားကွစ္စ် အက်စ်ခန်ဒါ သည် စိတ်မကောင်းသောရုပ်နှင့် “မမလေးဖရီယာ ကျွန်တော်တို့ အင်ပါယာက ဒါကိုလုပ်နေပြီးလို့ မထင်ဘူးလား? မှော်ဆက်သွယ်ရေးကွန်ရက်က အရေးကြီးတဲ့ ကိစ္စပါ။ ကျွန်တော်တို့က ဘယ်လိုသာမန်ပဲလုပ်ပါ့မလဲ?”

“အဲ့လိုလား” ဖရီယာက ပြုံးလျက် ကန့်ကွက်မှုမပြုချေ။

ဤဆယ်နှစ်အတွင်းတွင် Frestechကုန်သည်များအသင်း သည် နယ်မြေတွင်းရှိ နိုင်ငံများတွင် လိုက်လံ၍ မိတ်ဆက်ခဲ့လေသည် ။ သို့သော်လည်း နိုင်ငံတစ်ခုတလေကပင် Frestechကုန်သည်များ အသင်း၏ ကနဦးရည်မှန်းချက်ကို မပြည့်မှီသေးပေ။

၎င်းမှာအကြောင်းအမျိုးမျိုးကြောင့် ဖြစ်သော်လည်း အဓိကအကြောင်းရင်းမှာ မည်သည့်နိုင်ငံမှ ကြိုးစားအားထုတ်မှုမရှိခြင်းကြောင့် ဖြစ်သည်။

အင်အားကောင်းသော အင်ပါယာနှစ်ခုတွင်ပင် ၎င်းတို့သည် အရေးကြီးသည့်နေရာတွင် မထားသည့် အတွက်ကြောင့် နေရာအနှံပြား၌ နှောင့်နှေးကြန့်ကြာနေရခြင်းဖြစ်သည်။

အကြောင်းရင်းမှာ ကန်ဒရာအင်ပါယာမှလူများ ယခုပင် ဖော်ပြခဲ့သော ပြဿနာများကြောင့်လည်း ဖြစ်သည်။

Frestechကုန်သည်များအသင်းသည် မှော်ဆက်သွယ်ရေးကွန်ရက်အား ဖြန့်ခဲ့ခြင်းမှာ ကောင်းသောကိစ္စ ဖြစ်သော်လည်း Frestechကုန်သည်များအသင်းသည် မှော်ဆက်သွယ်ရေးကွန်ရက်အား ထိန်းချုပ်ထားသည့် အတွက် နိုင်ငံများကိုမကျေမနပ်ဖြစ်စေကာ အရေးကြီးသည့်နေရာတွင် မထားကြခြင်း ဖြစ်သည်။

Frestechကုန်သည်များအသင်းသည် ငွေအား လူအားနှင့် နည်းပညာစိုက်ထုတ်ခဲ့သော်လည်း အဓိကရင်းနှီးမြုပ်နှံငွေမှာ နိုင်ငံများကိုယ်၌က လာခြင်းဖြစ်သည်။

ထိုနိုင်ငံများသည် လူအား ငွေအားများ များစွာစိုက်ထုတ်ခဲ့သော်လည်း ၎င်းတို့သည် မှော်ဆက်သွယ်ရေးနည်းပညာကို ထိန်းချုပ်နိုင်ခွင့်မရခဲ့ပေ။ ထို့ကြောင့် ၎င်းအပေါ်အားထုတ်မှု မရှိခြင်းဖြစ်သည်။

ထိုကြောင့် ကန်ဒရာအင်ပါယာ၏တောင်းဆိုမှုသည် မျှတသောရှုထောင့်မှကြည့်လျှင် ကျိုးကြောင်းသင့်ပေသည်။ ၎င်းမှာ ရှုယီနှင့် Frestechကုန်သည်များအသင်းတို့ မျှော်လင့်ခဲ့သော အရာဖြစ်သည်။

ရှုယီသည် ဖရီယာအား လုပ်ပိုင်ခွင့်အပြည့်ပေးလိုက်ခြင်းသည် ကန်ဒရာအင်ပါယာအား မှော်ဆက်သွယ်ရေးနည်းပညာကိုပေးရန် ဆန္ဒရှိခြင်းကြောင့်ဖြစ်သည်။

သို့သော် ဖရီယာသည် ကန်ဒရာအင်ပါယာ၏တောင်းဆိုချက်အား အလွယ်တကူပေးရန် အစီအစဉ်မရှိပေ။ Frestechကုန်သည်များအသင်းအတွက် အကျိုးအမြတ် လုံလောက်စွာမရလျှင် သူမသည် လွယ်လွယ်နှင့် သဘောတူမည်မဟုတ်ပါ။

သူမသည် ကန်ဒရာအင်ပါယာဖက်သို့ ကြိမ်ဖန်များစွာဆက်သွယ်ခဲ့ပြီး ထိန်းချုပ်မှုရရှိဖို့ရန်အတွက် လက်လျော့ခြင်းမရှိခဲ့ပါ။ ၎င်းမှာ ကန်ဒရာအင်ပါယာမှ ပိုမို ကောင်းမွန်သည့် အခြေနေကိုပေးလာရန် ဖြစ်သည်။

မြို့စား ဂီယာဘုဒ် သည် ဖရီယာကို ကြည့်လျှက် လွတ်တော်နှင့် မှော်စက်မှုလုပ်ငန်းဌာနမှ ပြင်ဆင်မှုမရှိလျှင် ထိုကိစ္စကို အချိန်ဆွဲထားခြင်းမှာ အဓိပ္ပာယ်မရှိကြောင်းတွေးနေသည်။

Frestechကုန်သည်များအသင်း၌ နည်းပညာနှင့် ပက်သက်လာလျင် အားသာမှုရှိပြီးဖြစ်သည်။ ထို့ကြောင့် အင်ပါယာအနေဖြင့် အများကြီးတောင်းဆိုရန် အခွင့်မရှိပေ။

“မမလေးဖရီယာ မှော်ဆက်သွယ်ရေးကွန်ရက်ဟာ ကျွန်တော်တို့ ကန်ဒရာအင်ပါယာမှာ တည်ဆောက်နေသရွေ့ ကျွန်တော်တို့အင်ပါယာကပဲထိန်းချုပ်တာဟာ ဖြစ်သင့်တာပါ။ ကျွန်တော်တို့ဒီကိစ္စကို ဂတိပေးလို့မဖြစ်နိုင်ပါဘူး”

မြို့စားဂီယာဘုဒ် ၏အမူအရာသည်တည်ငြိမ်နေပြီး အသံမှာလည်း ပြတ်သားနေသည်။ “မမလေးတို့ကုမ္ပဏီက ကျွန်တော်တို့ အင်ပါယာမှာ မှော်ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်ရာမှာ အများကြီး ကူညီခဲ့တာမို့ အင်ပါယာက သင့်တင့်တဲ့ လျော်ကြေးကိုပေးမှာပါ။”

ဖရီယာသည် မားကွစ္စ် အက်စ်ခန်ဒါ နှင့် မြို့စားဂီယာဘုဒ် တို့အား တစ်လှည့်ဆီကြည့်လိုက်သည်။ အနည်းငယ်တိတ်ဆိတ်နေပြီးနောက် သူမသည် သက်ပြင်းချကာ ခေါင်းခါလိုက်သည်။

“အရှင်မြို့စား အရှင်မားကွစ္စ် တကယ်တော့ ကျွန်မနားမလည်တော့ဘူး။ ရှင်တို့ရဲ့ ကန်ဒရာအင်ပါယာဟာ ကျွန်မတို့ Frestechကုန်သည်များအသင်းအကူအညီမပါပဲနဲ့ စစ်တပ်သုံးမှော်စက်တွေကို ထုတ်လုပ်ဖို့ ယုံကြည်ချက်ရှိပေမဲ့ ကျွန်မတို့ ကုမ္ပဏီက မှော်ဆက်သွယ်ရေး နည်းပညာကိုယူပြီး ရှင်တို့ရဲ့ လုံခြုံရေးကို ကာကွယ်နိုင်ဖို့ ယုံကြည်ချက်ကျတော့ ဘာလို့မရှိကြတာလဲ?”

မားကွစ္စ် အက်စ်ခန်ဒါ နှင့် မြို့စားဂီယာဘုဒ် တို့၏အမူအရာသည် တစ်ချိန်တည်းပြောင်းလဲသွားလေသည်။

ခနကြာသော် မြို့စားဂီယာဘုဒ်သည် သူမျက်လုံးကိုမှေးကာ ခေါင်းကိုခါပြီး

“မမလေးဖရီယာ ကျွန်တော်စိုးရိမ်တာ မမလေးရဲ့ ဥပမာနဲ့ ပက်သက်ပြီး ပြဿနာတစ်ခုခုရှိနေမှာပါ။ ကျွန်တော်တို့ ကန်ဒရာအင်ပါယာက ကို လက်မှတ်ထိုးထားပြီးသားပါ။ ဘယ်လိုလုပ် စစ်တပ်သုံးမှော်စက်တွေကို ကိုယ်ပိုင်ထုတ်လုပ်ပါ့မလဲ?”

ဖရီယာသည် ပြုံးကာ “ရှင်တို့တကယ်ပဲ မထုတ်ဘူးလား?”

ထိုသို့ပြောပြီးနောက် ဖရီယာသည် သူမ၏အိတ်ထဲမှ စာရွက်၂ခုကိုထုတ်ကာ မြို့စားဂီယာဘုဒ် ကိုကမ်းပေလိုက်သည်။

မြို့စားဂီယာဘုဒ်သည် ယူလိုက်သည့်အချိန်၌ အမူရာပြောင်းသွားသည်။

မားကွစ္စ် အက်စ်ခန်ဒါ သည် ကြည့်လိုက်ရာ ၎င်းသည် ရုပ်ပုံနှစ်ခုပါသော စာရွက်နှစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။

တစ်ခုမှာ လှပသောမိန်းကလေးတစ်ယောက်၏ပုံဖြစ်ပြီး အသက် ၂၀ ဝန်းကျင်ရှိပေလိမ့်မည်။

ဒုတိယတစ်ပုံမှာ ချိုင့်ဝှမ်းတစ်ခုကိုပြသည့် ရှုခင်းဓာတ်ပုံတစ်ခုဖြစ်သည်။

ထိုပုံကိုကြည့်ပြီးနောက် မားကွစ္စ် အက်စ်ခန်ဒါ ၏မျက်နှာသည်လည်း အကြီးအကျယ်ပြောင်းလဲသွားသည်။

၎င်းတို့၏မျက်နှာများသည်စိတ်ဆိုးလျက်နီနေကြကာ ဖရီယာကိုပြန်ကြည့်သည့်အချိန်၌ မျက်နှာအရောင်များ ဖျော့တော့နေသည်။

ဖရီယာသည် ကန်ဒယာအင်ပါယာ၏ အကြီးပိုင်းဝန်ကြီးများ၏ မျက်နှာအမူအရာများ ပြောင်းလဲပုံကိုကြည့်ကာ စိတ်ဝင်စားနေသည်။ အနည်းငယ်ကြာပြီးနောက်

“ရှင်တို့နှစ်ယောက်ရဲ့ အစ်မ ထရီဇာ နေကောင်းရဲ့လား?”

All Chapters