အခန်း (၃၁-၄၀)
Vol. 8 Ch. 31-40
Volume 8 အခန်း ၃၁ ။ ဆယ်နှစ်ကျော်ကြာ စုဆောင်းခြင်း
ကြီးမားသော ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး မီးတောက်များသည် ထိုနယ်ပယ်တွင် အပြင်သို့ ပေါက်ထွက်လာနေသည်။ မီတာ ၁၀၀ကျော်မြင့်သော တောင်ကုန်းငယ်လေးသည် အလယ်မှ စတင်၍ ပြိုကျလေသည်။
များစွာသော ကျောက်တုံးများသည် ဖုန်မှုန့်များဖြင့်ရောထွေးကာ တောင်ကုန်းပေါ်မှ သစ်ပင်များနှင့် မြက်ပင်များအားလုံးနှင့်အတူ လိမ့်ကျလာကြသည်။ ကျယ်လောင်သောအသံသည် ဘက်ပေါင်းစုံသို့ ပျံနှံ့သွားသည်။ နှစ်ကီလိုမီတာ အကွာအဝေးတွင်ရှိသော ရှုယီ၏နားထဲသို့ပင် ဝင်ရောက်လာသည်။
ချက်ခြင်းပင်ပြိုကျသွားသော တောင်ကုန်းငယ်ကိုကြည့်ကာ ရှုယီသည် နှုတ်ခမ်းကိုတွန့်ကာ ထူးဆန်းစွာ ခံစားနေရသည်။
ထိုမတိုင်မှီတွင် ထိုကဲ့သို့ ဖျက်စီးနိုင်သည့်စွမ်းအားမှာ အင်အားကြီးသည့် တားမြစ်ထားသော မှော်မန္တာန် ပင်ဖြစ်သည်။
သို့သော် ယခုတွင် ထိုကဲ့သို့သော မြင်ကွင်းအား မှော်ပညာရှင်တစ်ဦးမှမလိုသည့် အင်ဂျင်နီယာအုပ်စုမှ ဖန်တီးခဲ့ခြင်းဖြစ်သည်။
မှော်စက်မှုလုပ်ငန်း၏တိုးတက်မှုမှာ အလွန်ကောင်းမွန်နေပြီဖြစ်သည်။ သို့သော် မှော်ပညာကို သိပ္ပံနည်းကျ လေ့လာခြင်းဖြင့် ထိုတားမြစ်မှော်မန္တာန်သည် ယခင်ကလို ဖမ်းဆုပ်ရန် ခက်ခဲသောပညာ မဟုတ်တော့ပဲ ယခုမှာ သာမန်ပင်ဖြစ်ပြီး ရှားပါးသောပညာတစ်ခုမဟုတ်တော့ပေ။
ထို့ကြောင့် ယခင်ကမှော်ပညာရှင်များသည် ထိုမြင်ကွင်းကြောင့် ကြောင်အသွားကြလောက်သည်။
အကြောင်းရင်းမှာ စိုင်စ်နယ်မြေ ပေါ်၌ Frestech ကုန်သည်များအသင်းအား ဆန့်ကျင်သံများ ထွက်ပေါ်ခဲ့သောကြောင့်ဖြစ်သည်။
ထိုသူများသည် ရှုယီအစဉ်အမြဲပြောခဲ့သော နယ်မြေအတွင်းရှိနိုင်ငံများကြား ငြိမ်းချမ်းရေးကို ထိန်းသိမ်းချင်၍ တိုးတက်မှုကိုအားစိုက်မည့် အကြောင်းကြောင့်ဖြစ်သည်။ ထို့ပြင် မှော်ပညာကို သိပ္ပံနည်းကျလေ့လာခြင်းသည် ထိုကဲ့သို့သော ဖုံးကွယ်ထားသည့်အင်အားကို ဖန်တီးနိုင်ပြီး ကိုယ့်ပါးကိုရိုက်သကဲ့သို့ ဤကမ္ဘာ၏တည်ငြိမ်မှုကို တုန်လှုပ်စေမည့်အချက်ကို ဖြစ်စေနိုင်ပေသည်။
ရှုယီသည် ထိုသို့သော မြင်ကွင်းမျိုးကို စက်ဆုပ်လေသည်။
Frestechကုန်သည်များအသင်းမှ မှော်ပညာအား သိပ္ပံနည်းကျမစမ်းသပ်ခဲ့ပါလျှင် ကမ္ဘာကြီးသည် ငြိမ်းချမ်းနေပါမည်လား?
ထို့နောက် ၎င်းသည် မည်မျှပင်အားကောင်းနေပါစေ ၎င်းကိုအသုံးချသည့်သူ၌သာ မူတည်ပြီး ၎င်း၏အင်အားနှင့် မသက်ဆိုင်ပေ။
Frestechကုန်သည်များအသင်းသည် ၎င်းတို့ စိုင်စ်နယ်မြေအတွက်လည်း အကျိုးဖြစ်စေသော များစွာသောသစ်လွင်သည့် နည်းပညာများကို မှော်ပညာကို လေ့လာရာမှတွေ့ခဲ့ရသည်။
ယခု စီမံကိန်းကိုပင်ကြည့်ပါ။
ယခင် စိုင်စ်နယ်မြေတွင် တောင်ကိုဖြတ်ကာလမ်းဖောက်ချင်လျှင် မဖြစ်နိုင်ဟူ၍ ဆုံးဖြတ်ကြမည် ဖြစ်သည်။
တောင်၏အမြင့်မှာမီတာ ၁၀၀အောက်လျော့၍ များစွာမမြင့်မားလျှင်ပင် ဖြတ်သန်းသွားနိုင်မည် မဟုတ်သည်မှာ သေချာပါသည်။
Frestechကုန်သည်များအသင်းပေါ်ထွက်လာမှသာ ၎င်းတို့သည် မီးမှော်ပညာနှင့် မြေမှော်ပညာအား အသစ်ဖန်တီးကာ ထိုတောင်အား ကြီးမားသော အပေါက်အဖြစ် ပေါက်ကွဲစေကာ လမ်းဖောက်ကြခြင်း ဖြစ်သည်။
အမ်ရစ်ကုန်သည်များအသင်းမှ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ကျောက်တုံးများနှင့် အမှိုက်များအား ရှင်းလင်းပြီးနောက် မြေမှော်ပညာနှင့် ဘေးကိုပြင်ကာ တောင်များကို ဆက်သွယ်နိုင်သည့် လမ်းကိုတည်ဆောက်နိုင်တော့မည် ဖြစ်သည်။
ကူရာနီတိုင်းပြည် ၏ တောင်ပိုင်းနှင့် မြောက်ပိုင်းကိုဖြတ်ကာ ဆက်သွယ်သည့်လမ်းပြီးဆုံးသွားလျှင် တောင်ပိုင်းနှင့်မြောက်ပိုင်း၏ ပို့ဆောင်ဆက်သွယ်ရေးကို ပိုမိုလွယ်ကူနိုင်စေမည်ဖြစ်သည်။
ယခင် ကူရာနီတိုင်းပြည်ဆိုလျှင် မည်သို့မှ ဖြစ်နိုင်မည်မဟုတ်ချေ။
Frestechကုန်သည်များအသင်း ရောက်လာသည်နှင့် နှစ်လနှင့်သုံးလကြားသာ အသုံးပြုကာ ထိုပြဿနာအား ဖြေရှင်းခဲ့ပေသည် ။၎င်းသည် ကူရာနီတိုင်းပြည်မှ လူပေါင်းများစွာသည် နှစ်ထောင်ပေါင်းများစွာ မဖြေရှင်းနိုင်ခဲ့သော ပုစ္ဆာဖြစ်သည်။
ထိုအရာသည် မှော်ပညာကို သိပ္ပံနည်းကျလေ့လာရာမှ ရရှိသောအကျိုးကျေးဇူးပင် ဖြစ်သည်။ မှော်ပညာ၏ အင်အားအသစ်ကိုလည်း ပြသလိုက်ခြင်းပင်ဖြစ်သည်။
စိုင်စ်နယ်မြေမှလူများအား ထိုအသစ်သောအရာများကိုနားမလည်ပဲ ခုခံနေသည့်အတွက် အပြစ်တင်၍ မရပေ။
ရှုယီကဲ့သို နည်းပညာအရတိုးတက်မှုကောင်းသည့် ကမ္ဘာမှ လာသောသူပင်လျှင် ထိုသို့မြင်ရသည်ကို ထူးဆန်းသည်ဟုခံစားနေရသေးသည်။
အစ၌ ရှုယီသည် မှော်စက်များကိုစတင်လေ့လာချိန်၌ သူသည် မှော်ပညာကို စွမ်းအင်တစ်ခုကဲ့သို့ သုံးခဲ့သည်။ သူသည် ကမ္ဘာမှ ယူဆောင်လာသည့် စက်မှုအင်ဂျင်နီယာဗဟုသုတကို အသုံးပြုကာ မှော်စက်အမျိုးမျိုးကို တီထွင်နိုင်ခဲ့လေသည်။
ထိုမှော်စက်များသည် ကမ္ဘာမှ စက်များနှင့် မတူပဲကွဲပြားခြားနား၍ ၎င်း၏ စွမ်းအင်သည် မှော်ပညာမှလာလေသည်။
သို့သော် မှော်ပညာကို ဆက်လက်လေ့လာခဲ့ရာ အထူးသဖြင့် ဤဆယ်နှစ်အတွင်းတွင် ရှုယီ အဆိုပြုခဲ့သော မှော်ပညာအားသိပ္ပံရှုထောင့်မှကြည့်ခြင်းသည် စိုင်စ်နယ်မြေ၏ မှော်ပညာလေ့လာခြင်းကို တိုးတက်ပေါက်ကွဲသွားစေသည်။ ၎င်းတို့၌ မှော်နက် နည်းပညာများလည်း မရေတွက်နိုင်အောင် ပေါ်လာသဖြင့် ရှုယီသည်ပင် မစဉ်းစားခဲ့ဖူးသောအရာများပါဝင်လာကာ သတိလက်လွတ်ပင်ဖြစ်စေခဲ့ပေသည်။
ယခုသူ၏ရှေ့၌ ရှိနေသော တောင်ကိုပြုပြင်လမ်းဖောက်သည့်ကိစ္စကိုပင် ကြည့်ပါ။
အကယ်၍ ကမ္ဘာမှာဆိုလျှင် ထိုစီမံကိန်းအတွက် နည်းလမ်းနှစ်ခု ရှိပေလိမ့်မည်။ နည်းလမ်းတစ်မှာ အရင်းနှီးလိုအပ်သည့် တောင်ကိုပတ်၍ တဖြည်းဖြည်းတက်သွားသည့်လမ်းဖြစ်သည်။
နောက်တစ်နည်းမှာ တောင်ကိုဖောက်ကာ လိုဏ်ခေါင်းတူး၍ လမ်းဖော်ခြင်းနည်းဖြစ်သည်။
ထိုနည်းလမ်းသည် အရင်းနီးများစွာလိုမည်ဖြစ်ပြီး ပြီးဆုံးသွားသည်နှင့် အချိန်ကိုသက်သာစေမည်ဖြစ်၍ ပထမနည်းလမ်းထက် အကျိုးပိုဖြစ်လိမ့်မည်။
သို့သော်လည်း စိုင်စ်နယ်မြေ၏ မှော်သုတေသနပညာနှင့်မူ ရှုယီသည် လိုဏ်ခေါင်းဖောက်သည့် နည်းလမ်းထက် အချိန်သက်သာသည့် တောင်၏အလယ်ကို ဖောက်ခွဲလိုက်သည့်နည်းလမ်း ကိုရွေးချယ်ခဲ့သည်။
ကမ္ဘာ၏နည်းလမ်းနှစ်ခုထက်စာလျှင် ဤနည်လမ်းမှာ ပိုမိုကြမ်းတမ်းသော်လည်း အကုန်အကျ နည်းပေသည်။
မှော်ပညာ၏ ထူးခြားမှုကြောင့် ထိုစီမံကိန်းသည် ပိုမို၍ မြန်ဆန်စွာပြီးဆုံးသွားသည်။ ထိုစီမံကိန်းသည် ပြီးဆုံးရန် အချိန် တစ်လသာကြာခဲ့သည်။
ကမ္ဘာပေါ်တွင် ထိုကဲ့သို့တူညီသည့် စီမံကိန်းကို လုပ်ရမည်ဆိုလျှင် ပြီးဆုံးရန်အနည်းဆုံး နှစ်နှစ်ကြာမည် ဖြစ်သည်။
မည်သို့ပင် စဉ်းစားစေကာမူ ရှုယီသည် ထူးဆန်းစွာ ခံစားနေရသည်။
သူသည်ဤကမ္ဘာကိုရောက်လာစဉ်က ရှုယီ၏ စိုင်စ်နယ်မြေအပေါ်အမြင်သည် ၎င်း၏ကမ္ဘာထက် တိုးတက်မှု နောက်ကျသည်ဟု မြင်ခဲ့သည်။ နည်းပညာမှာ ပိုဆိုးသေးသည်။ ထို့ကြောင့် ကမ္ဘာနှင့်ယှဉ်လျှင် အဆပေါင်းများစွာ နောက်ကျနေသည်ဟု သတ်မှတ်၍ရသည်။
သို့သော် မှော်ပညာကို လေ့လာမှုများ ပိုမိုပြုလုပ်လာသည်နှင့်အမျှ စိုင်စ်နယ်မြေ၏ ထူးခြားသည့်မှော်ပညာသည် ကမ္ဘာ၏နည်းပညာထပ်သာပေသည် တိကျနေရာများတွင် ပိုမို၍ အသုံးကျလေသည်။
ရှုယီသည် အစပိုင်း၌ အံ့ဩနေသော်လည်း များစွာမြင်လာရပြီးနောက် ပို၍ အကြောင်းရင်းကို စဉ်းစားလာရတော့သည်။
ထိုအတွက်ရှင်းလင်းချက်သည် “မှော်ပညာသည် ထူးခြားဆန်းပြားသည်” ဟုဆိုလျှင် ရှုယီကဲ့သို့ ထိပ်တန်းမှော်အင်ဂျင်နီယာ သို့ ထိပ်တန်းသိပ္ပံပညာရှင်တစ်ဦးက လက်ခံလိမ့်မည်မဟုတ်ပါ။
အချိန်အတော်ကြာ လေ့လာရှာဖွေပြီးနောက် ရှုယီသည် အဖြေကိုရခဲ့သည်။
အချက်အလက်အရ နည်းပညာသည် ကမ္ဘာနှင့်ကွာခြားနေခြင်းကြောင့်မဟုတ်ပဲ နောက်ဆုံး၌ စွမ်းအင်ကိုအသုံးချခြင်းကြောင့်ဖြစ်သည်။
ခေတ်ပေါ်သိပ္ပံပညာကို နှစ်ပေါင်းနှစ်ရာခန့်လေ့လာပြီးနောက် နှစ်ပေါင်းထောင်ကျော် ကြာပြီးမှ တိုးတက်ခဲ့သော ကမ္ဘာနှင့်ယှဉ်လျှင် ဤစိုင်စ်နယ်မြေမှ လူများသည် မှော်ပညာကိုလေ့လာခဲ့သည်မှာ နှစ်ပေါင်းတစ်သောင်းကျော်ကြာခဲ့ပြီဖြစ်သည်။
မျိုးနွယ်စုတိုက်ပွဲများပြီးဆုံးပြီးနောက်နှစ်ပေါင်း၃ထောင်ကြာပြီဖြစ်ပြီး ယခုနယ်မြေအား ထိန်းချုပ်နေသောသူများသည် လူသားများဖြစ်လျှင်ပင် ၎င်းတို့သည် မှော်ပညာကိုလေ့လာခြင်းကို မရပ်တန့်ခဲ့ပေ။
ထိုသို့နှစ်ပေါင်းများစွာ ကြာခဲ့သော်လည်း စိုင်စ်နယ်မြေသည် မှော်ပညာကို သိပွံနည်းကျ လေ့လာမှုမပြုနိုင်ခဲ့ပေ။ ၎င်းတို့သည် မှော်ပညာကိုပင် အမျိုးမျိုးအသုံးပြုနိုင်ခဲ့သောအဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် ၎င်းတို့မတိုင်မှီတွင် စိုင်စ်နယ်မြေရှိလူများသည် ခေတ်နောက်ကျကာ မှော်ပညာကို လက်နက်တစ်ခုအဖြစ်သာ သုံးခဲ့ကြသည်။
မှော်ပညာရှင်သည် ၎င်း၏မှော်ပညာကိုသုံးလိုလျှင် ပြီးပြည့်စုံသောစနစ်မရှိသောကြောင့် ရလဒ်မရသေးခင် အတွေး၌ပင် ပျောက်ကွယ်သွားရသည်။
ရှုယီမရောက်လာခင်ထိပင်။ သူသည် ကမ္ဘာမှယူလာခဲ့သော သိပ္ပံပညာဗဟုသုတများကို အသုံးပြုခဲ့ခြင်းကြောင့် ပြီးနောက် သူ၏ မြင့်မားသည့်စက်မှုအင်ဂျင်နီယာ သီအိုရီများကြောင့် သူသည် မှော်ပညာနှင့် သိပ္ပံကိုပေါင်းစပ်နိုင်ကာ မှော်စက်များတီထွင်နိုင်ခြင်း ဖြစ်သည်။
Frestechကုန်သည်များအသင်းက ၎င်းတို့၏ မှော်စက်များကို ဖော်ထုတ်ပြသချိန်မှပင် Frestechကုန်သည်များအသင်းက စိုင်စ်နယ်မြေအတွင်း လွမ်းမိုးမှုပိုမို၍ ရလာခြင်းဖြစ်သည်။ နယ်မြေထဲမှ လူများသည် မှော်ပညာအား ထိုကဲ့သို့တခြားနေရာတွင် အသုံးပြုနိင်ကြောင်း တရားဝင် အသိအမှတ်ပြုလာကြခြင်းဖြစ်သည်။
ထို့ကြောင့် လွန်ခဲ့သောဆယ်နှစ်က စိုင်စ်နယ်မြေသည် ရှုယီနှင့် Frestechကုန်သည်များအသင်းက ဦးဆောင်ခဲ့ကာ မှော်ပညာကိုရှုထောင့်အမျိုးမျိုးမှ စတင်လေ့လာခဲ့ခြင်းဖြစ်သည်။ သဘာဝကျကျပင် တခြားသောလေ့လာမှုရလဒ် အသစ်များလည်း ထွက်ရှိလာခဲ့သည်။
သို့သော် လေ့လာမှုရလဒ်များသည် အလိုလိုရရှိလာရခြင်းမဟုတ်ပေ။ ၎င်းသည် စိုင်စ်နယ်မြေတွင် နှစ်ပေါင်း တစ်သောင်းကြာလေ့လာစုဆောင်းခဲ့သည့်မှော်ပညာအား ရှုယီမှ အခြားတစ်ဖက်မှ လေ့လာစေခဲ့သောကြောင့်ဖြစ်သည်။
ရှင်းရှင်းပြောရလျှင် စိုင်စ်နယ်မြေမှလူများသည် နဂိုကပင် အရည်အချင်းများရှိခဲ့သော်လည်း လမ်းမှားကို လိုက်မိနေသောကြောင့် ဖြစ်သည်။
လွန်ခဲ့သောဆယ်နှစ်ကာလသည်ပင် စိုင်စ်နယ်မြေ အား ကမ္ဘာမြေမှနည်းပညာကို လိုက်မှီစေခဲ့ခြင်း ဖြစ်ကာ ကမ္ဘာထက်ပင် သာလွန်ခဲ့ပေသည်။
ထိုအရာသည် ရှုယီကို အလွန်ပင် အံ့ဩစေခဲ့သည်။
သူသည် ထိုနည်းပညာကို တိုးတက်ရန် အချိန်တော်ကြာယူရမည်ထင်ခဲ့ကာ စိုင်စ်နယ်မြေ၏ နည်းပညာသည် ကမ္ဘာအားလိုက်မီလာမည်ကို မမြင်တွေ့နိုင်ဟုထင်ခဲ့ပေသည်။ သူ၏အိမ်မက်သည် မျက်စိရှေ့တွင်ဖြစ်ပျက်နေလိမ့်မည်ဟုမထင်ခဲ့ပေ။
သို့သော်ယခုအခြေနေတိုင်းဆိုလျှင် စိုင်စ်နယ်မြေရှိ နည်းပညာတိုးတက်မှုအရှိန်ဟုန်သည် သူ၏အိမ်မက်ကို သူ၏ဘဝ၌ပင် ရရှိအောင်မြင်နိုင်တော့မည် ဖြစ်သည်။
“ဥက္ကဌရှု ကြည့်ရတာချောချောမွေ့မွေ့ဖြစ်နေပုံပဲ ခင်ဗျားစိတ်ချလို့ရပါပြီ”
အမ်ရစ် ကုန်သည်များအသင်း၏ အင်ဂျင်နီယာဌာနမှ ခေါင်းဆောင် ဒေါ့ဂျ်ကဖ် မှ သူကိုင်ထားသော အဝေးကြည့်မှန်ပြောင်းကိုချကာ ရှုယီကို အပြုံးဖြင့်ပြောသည်။
ရှုယီသည်အတွေးများကိုလတ်စသတ်ကာ သတိပြန်ကပ်၍ ရယ်ကာခေါင်းခါလျက်
“ခင်ဗျားတို့ အမ်ရစ် ကုန်သည်များအသင်းက ဒီစီမံကိန်းကို တာဝန်ယူတယ်ဆိုကတည်းက ကျုပ်အတွက် စိုးရိမ်စရာမရှိပါဘူး”
ခနနားပြီးနောက် သူသည် လေးနက်စွာပြောလိုက်သည်။
“သေချာတာပေါ့ ဒီလမ်းက ကူရာနီတိုင်းပြည်ရဲ့တိုးတက်မှုအစီအစဉ်နဲ့သက်ဆိုင်နေတာဆိုတော့ အမှားပါလို့မရဘူးလေ။ ကျုပ်မျှော်လင့်တာဒီကိစ္စကို လေးလေးနက်နက်ရှိဖို့ပါ”
ဒေါ့ဂျ်ကဖ် သည်ခေါင်းငြိမ့်ကာ “သေချာတာပေါ့ သေချာတာပေါ့။ ဒီစီမံကိန်းက ဥက္ကဌရှုကိုယ်တိုင် ကျွန်တော်တို့ကိုပေးတာပဲလေ။ ဒါကြောင့် ကျွန်တော်တို့ အမ်ရစ် ကုန်သည်များအသင်းကနေ တတ်နိုင်သမျှ လုပ်မှာပါ။ ကိစ္စတစ်ခုကိုမှ ဂရုမစိုက်ပဲမလုပ်ရဲပါဘူး”
ရှုယီသည် ခေါင်းငြိမ့်ကာ အနောက်တောင်ဖက်သို့လှည့်ကြည့်လိုက်သည်။
ထိုလမ်းအား ခင်းပြီးသည်နှင့်ကူရာနီတိုင်းပြည်၏ တောင်နှင့်မြောက်ကိုပင် ဆက်သွယ်ပေးမည်မဟုတ်ပဲ အနောက်တောင်ဖက်သို့ ထပ်ဆက်သွားနိုင်ကာစိုင်နယ်မြေ၏ အလယ်ရှိနိင်ငံများနှင့် ဆက်သွယ်သွားနိုင်သည်။ ၎င်းသည် ယခု ဝေးလ်စ် မြို့စားပိုင်နက်မှ သိမ်းယူထားသော ဒရို မျိုးနွယ်စုတိုင်းပြည်အား အရင်ရောက်ပြီး နယ်မြေထဲရှိလမ်းများသို့ ဆက်သွယ်သွားနိင်မည်ဖြစ်သည်။
ထိုအတိုင်းဆိုလျှင် နယ်မြေအလယ်ပိုင်းနှင့် အနောက်ပိုင်းမှ နိင်ငံများအား အရှေ့ပိုင်းနှင့် ဆက်သွယ်နိုင်မည် ဖြစ်သည်။ ၎င်းသည် အရှေ့ပိုင်းကိုတိုးတက်စေမည့်အစီအစဉ်တွင် အရေးကြီးသည့် ကဏ္ဍဖြစ်သည်။
သို့သော်လည်း စိုင်စ်နယ်မြေထဲ နည်းပညာတိုးတက်ထွန်းကားနေသော်လည်း အရှေ့နှင့် အနောက် ကိုဆက်သွယ်နိုင်မည်လမ်းသည် ကီလိုမီတာ ၃ထောင်ကျော်ဝေးသောကြောင့် တည်ဆောက်ပြီးစီးဖို့ရန် တစ်နှစ် သို့ နှစ်နှစ် ခန့်ကြာမည်ဖြစ်သည်။
၎င်းသည် ကူရာနီတိုင်းပြည်တိုးတက်ရန်မှာလည်း အလားတူပင် ကြာမည်ဖြစ်ကြောင်းပြသနေသည်။
***
Volume 8 အခန်း ၃၂ ။ အမ်ရစ်ကုန်သည်များအသင်း လှုပ်ရှားပြီ
အရိုးသားဆုံးပြောရလျှင် ကူရာနီတိုင်းပြည် တိုးတက်ရေးသည် အချိန်ကြာမည်ဖြစ်သော်လည်း ခက်ခဲသောကိစ္စမဟုတ်ပေ။
ကူရာနီတိုင်းပြည်၏ပုန်ကန်မှုအား ကူညီဖြေရှင်းပေးပြီးနောက် ဘုရင်အသစ်အား တင်ထားပေးခြင်းဖြင့် Frestechကုန်သည်များအသင်းက ကူရာနီတိုင်းပြည်ကို အပြည့်ဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
ထို့ကြောင့် ယခင်က စီစဉ်ထားသည့်တိုင်း ကူရာနီတိုင်းပြည်၌ ရင်းနှီးမြုပ်နှံရန် ပြုလုပ်ခဲ့သည်ထက် ယခု ကူရာနီတိုင်းပြည်သည် ရှုယီ၏ အစီအစဉ်များအား ပိုမိုလွယ်ကူသွားစေသည်။
Frestechကုန်သည်များအသင်း၏အပြည့်ဝထိန်းချုပ်မှုဖြင့် ၎င်းတို့အစီအစဉ်၌ ကန့်ကွက်မှုများမရှိပဲ ကူရာနီတိုင်းပြည်တွက် အစီအစဉ်များကို အမြန်ပြုလုပ်နိင်သည်။
အခြားနိုင်ငံများနှင့် ကုမ္ပဏီများမှ ပေးပို့လာသော များပြားသည့် လူအင်အားနှင့် သယံဇာတများကို ပေါင်းကာ ကူရာနီတိုင်းပြည်သည် နေ့တိုင်းပြောင်းလဲနေကာ အလွန်မြန်သည့်နှုန်းဖြင့် ပြောင်းလဲတိုးတက် နေသည်။
လပိုင်းအနည်းငယ်ကြာလျှင်ပင် ကူရာနီတိုင်းပြည်သည် လမ်းအမျိုးမျိုး ခင်းနိုင်ခဲ့ပြီး တောင်ဖက်နှင့် မြောက်ဖက်ကို ဆက်သွယ်နိင်ခဲ့သည် ၎င်းသည် ကူရာနီတိုင်းပြည်အတွက် ပြည့်စုံသည့် လမ်းပင် ဖြစ်သည်။
တစ်ချိန်ထဲမှာပင် စက်ရုံအမျိုးမျိုးကို တည်ဆောက်ထားပြီး အလုပ်လုပ်ရန် အချိန်တစ်ချို့သာ လိုအပ်လေသည် ၎င်းတို့သည် ကူရာနီတိုင်းပြည်တွင် အလုပ်စလုပ်သည်နှင့် ကူရာနီတိုင်းပြည်သည် ပြည်တွင်းဖြစ် မှော်စက်များကို ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်။
ထိုစီမံကိန်းချောမွေ့စေရန် ရှုယီသည် သူ၏အချိန်အများစုကို ထိုနေရာတွင် ၃လတိုင်တိုင် အသုံးပြုခဲ့သည်။ ၎င်းသည် သူအတွက် အလွန်အရေးကြီးသည့် အစီအစဉ်ဖြစ်ကြောင်းပြနေသည်။
ထို့ပြင် ထိုအပြုမူသည် နိုင်ငံအသီးသီးနှင့် ကုမ္ပဏီ၏ ကိုယ်စားလှယ်များအား အများပြားရင်းနှီးမြုပ်နှံရန် ဆန္ဒရှိလာကာ ကူရာနီတိုင်းပြည်တိုးတက်မှုကို အထောက်ကူပြုစေသည်။
ရှုယီအား ထိုနေရာတွင် တသက်လုံးနေရန် မဖြစ်နိုင်သည်မှာ သေချာပါသည်။ ကူရာနိတိုင်းပြည်သည် တိုးတက်ရန်အစီအစဉ်သည် နှစ်ပေါင်းများစွာ အချိန်လိုအပ်သေးသည်။
Frestechကုန်သည်များအသင်း၏ဥက္ကဌအနေဖြင့် မရေတွက်နိင်သည့် အရေးကြီးသည့်ကိစ္စရပ်များ ကိုင်တွယ်ရန် လိုအပ်သေးသည်။ စီမံကိန်းတစ်ခုတည်း၌ အချိန်ကုန်နေရန်မှာ မဖြစ်နိုင်ပါ။
သူ၏အချိန်ဇယားအရ တောင်စီမံကိန်းစတင်သည့် ယနေ့တွင် ကူရာနီတိုင်းပြည်မှ ထွက်ခွာမည် ဖြစ်သည်။
နောက်တစ်ကြိမ်လာမည့်အချိန်သည် ကူရာနီတိုင်းပြည်၏တိုးတက်မှုသည် ဒုတိယအဆင့် ရောက်သောအချိန် ဖြစ်လိမ့်မည်။
“ဥက္ကဌရှု ကျွန်တော်တို့ ဒီအနီးအနားမှာ ကျောက်ကြင်းတစ်ခုတည်ဆောက်ဖို့ရှိပါတယ်။ ကြည့်ပါ၊ ဒီတောင်တွေဟာ ကျောက်တောင်တွေဖြစ်လို့ သယံဇာတတွေပေါများပါတယ်။ ကူရာနီတိုင်းပြည်က ဆောက်လုပ်ရေးတွေနေရာအများပြားလုပ်နေတာကြောင့် လိုအပ်တာက ကျောက်တုံးတွေပါ။ ပြီးတော့ ခင်းထထားတဲ့လမ်းတွေကြည့်လိုက်ရင် အဲ့မှာလဲ ကျောက်တုံးတွေအများကြီးလိုပါတယ်။ ဒါကြောင့် ကျောက်ကြင်းတူးတာ အသုံးဝင်မှာပါ”
ဒေါ့ဂျ်ကဖ် သည် အဝေးရှိတောင်ကို လက်ညိုးထိုးကာပြလိုက်သည်။
ရှုယီသည် ပြုံးလိုက်ကာ
“ဒါက ခင်ဗျားတို့ အမ်ရစ်ကုန်သည်များအသင်းရဲ့အစီအစဉ်ပဲ ကျုပ်ကိုပြောပြဖို့မလိုပါဘူး။ ဒါမဲ့ ဒီအကြံလည်း မဆိုးပါဘူး။ အဲ့အနီးအနားမှာ ဘိလပ်မြေစက်ရုံတောင်ထောင်ပြီး ကူရာနီတိုင်းပြည်ရဲ့ လိုအပ်ချက်ကိုတောင် ဖြည့်ပေးနိုင်သေးတယ်။ တခြားဘေးကတိုင်းပြည်တွေကိုကောပေါ့”
ဒေါ့ဂျ်ကဖ်သည် ရယ်မောကာ “ဒါတကယ်ပဲ ကျွန်တော်တို့ အကြံပါ၊ ဒါပေမဲ့ ဥက္ကဌရှု ဒီစက်ရုံတည်ဆောက်ဖို့က ကျွန်တော်တို့အနေနဲ့ ဆောက်လုပ်ရေးမှော်စက်တွေ အများကြီးလိုမှာပါ။ ဒါကြောင့် Frestechကုန်သည်များအသင်းကထောက်ပံ့မှုကိုလိုအပ်တာကြောင့် ဥက္ကဌရှုကို ဒီအချိန်မှာပြောလိုက်တာပါ”
ရှုယီက ပခုံးတွန့်ကာ “ခင်ဗျား ဆောက်လုပ်ရေး မှော်စက် ကုမ္ပဏီကလူကို သွားတွေ့လို့ရပါတယ်။ ဒါကျုပ်နဲ့မဆိုင်ပါဘူး။ ပြီးတော့ ခင်ဗျား ကုန်ကျငွေရှင်းသရွေ့ သူတို့ခင်ဗျားကိုတပ်ဆင်ပေးမှာပါ”
ဒေါ့ဂျ်ကဖ် ၏မျက်လုံးသည် တဖျတ်ဖျတ်ခတ်လိုက်ကာ ခနရပ်ပြီးနောက် သူသည် အသံကိုလျော့ကာ ရယ်လျက် “တကယ်တော့ မှော်စက်တွေဝယ်ဖို့ဆိုရင် သူတို့ကိုသွားရှာရပေမဲ့ မှော်စက်တွေထုတ်တဲ့ နည်းပညာအကြောင်း ပြောရမယ်ဆိုရင်တော့ ဥက္ကဌရှုဆီပဲလာရမာမဟုတ်လား?”
“အို” ရှုယီက ဒေါ့ဂျ်ကဖ် ကို အံ့ဩသည့်ပုံဖြင့် လှည့်ကြည့်လိုက်သည်။
“ဘာလဲ မင်းတို့ အမ်ရစ်ကုန်သည်များအသင်းက ဆောက်လုပ်ရေးမှော်စက် စီးပွားရေးထဲ ဝင်ဆော့ချင်လို့လား?”
ဒေါ့ဂျ်ကဖ် သည် ရယ်လျက်ခေါင်းကိုကုတ်ကာ “ ဥက္ကဌလည်းမြင်မှာပါ ကျွန်တော်တို့ကုမ္ပဏီက ဒေသအမျိုးမျိုးမှာ စီမံကိန်းတွေအများကြီး လုပ်နေရတာကြောင့် ဆောက်လုပ်ရေးမှော်စက်တွေ အများကြီးလိုလာတယ်။ Frestechကုန်သည်များအသင်းက ဝယ်သုံးရတာက ကောင်းပေမဲ့ အဆင်တော့မပြေဘူး။ ပြီးတော့ အထူးလိုအပ်ချက်တွေကြောင့် ခင်ဗျားတို့ ကုမ္ပဏီကိုလည်း ခနခနအကူညီတောင်းနေလို့မဖြစ်ဘူး။ ဟုတ်တယ်မလား ကျွန်တော်တို့ကိုယ်တိုင်ဖြေရှင်းတာက ပိုကောင်းတာပေါ့”
ဒေါ့ဂျ်ကဖ်သည် စကားလှအောင်ပြောနေသော်လည်း သူသည် Frestechကုန်သည်များအသင်းက နည်းပညာကို ဝယ်ယူလိုခြင်းပင်ဖြစ်သည်။
ရှုယီသည် ၎င်းကို မအံ့ဩပါ။
ထိုနှစ်များတွင် စိုင်စ်နယ်မြေ တွင် မှော်စက်မှုလုပ်ငန်းတိုးတက်လာသည်နှင့်အမျှလူတိုင်းသည် နည်းပညာကိုလိုချင်လာကြသည်။
၎င်းတို့၏ကိုယ်ပိုင်လိုအပ်ချက်များကိုဖြည့်ဆည်ဖို့ရန် တချို့သူများသည် ၎င်းတို့၏ ကိုယ်ပိုင်နည်းပညာကို တီထွင်ကြသကဲ့သို့ တချို့သည် Frestechကုန်သည်များအသင်းက ဝယ်ယူရန်ရွေးချယ်ကြသည်။
ရှုယီသည် ထိုတောင်းဆိုချက်ကို မည်မျှပင်ကြားခဲ့ရကြောင်း မရေတွက်နိုင်ပဲ ရိုးနေပြီဖြစ်သည်။
သို့သော် ယခုမတိုင်မှီက အမ်ရစ်ကုန်သည်များအသင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ဆောက်လုပ်ရေး နယ်ပယ်၌ အားစိုက်ကာ Frestechကုန်သည်များအသင်းက နည်းပညာဝယ်ယူရန် ပြောဆိုခြင်းမရှိခဲ့ဖူးပေ။ ယခု ဒေါ့ဂျ်ကဖ်ကပြောလာသောအခါ ရှုယီသည် အနည်းငယ်ထူးဆန်းနေသည်။
ထူးဆန်းသည့်အချက်မှာ ဥက္ကဌခရုစ် ကိုယ်တိုင်မှ ပြောဆိုခြင်းမဟုတ်ပဲ ဒေါ့ဂျ်ကဖ်ကဲ့သို့ စီမံကိန်းမန်နေဂျာမှပြောခြင်းဖြစ်သည်။
သူ၏ ဥက္ကဌခရုစ် နှင့် ရင်းနှီးသည့်နှစ်၃၀၌ ကုမ္ပဏီနှစ်ခုသည်လည်း ကောင်းမွန်စွာပူးပေါင်းခဲ့ရာ ဥက္ကဌခရုစ်သည် ထိုသို့သောတောင်းဆိုချက်ကိုဆိုလာလျှင်ပင် ကျင့်ဝတ်မရှိသည့်ကိစ္စမဟုတ်ပါ။
“ဒါက မင်းတို့ ဥက္ကဌခရုစ် ရဲ့ ရည်ရွယ်ချက်လား?”
ရှုယီသည် စဉ်းစားမနေတော့ပဲ တိုက်ရိုက်သာမေးလိုက်သည်။
“အာ ဥက္ကဌကတော့ အထူးညွှန်ကြားချက်တော့မပေးထားပါဘူး။ ဒါမဲ့ ကျွန်တော်တို့ လက်အောက်ငယ်သားတွေကနေပြီး ကျွန်တော်တို့ ကိုယ်ပိုင်ဆောက်လုပ်ရေးမှော်စက်တွေ တီထွင်နိုင်မယ်ဆိုရင် အဆင်ပြေမယ်လို့ထင်လို့ပါ” ဒေါ့ဂျ်ကဖ်ကဆိုသည်။
ရှုယီသည် ပြုံးလိုက်သည်။ ဒေါ့ဂျ်ကဖ်ကထိုသို့ပြောပုံအရဆိုလျှင် ဥက္ကဌခရုစ်၏ အကြံပင်ဖြစ်လိမ့်မည်။
သို့သော် သူသည် သူ၏တောင်းဆိုချက်အား ရှုယီမှငြင်းပယ်မည်ကိုစိုးရိမ်ကာ ၎င်းတို့၏ ဆက်ဆံရေးပျက်စီးမည် စိုးသောကြောင့်သူ၏လက်အောက်ငယ်သားနှင့် စမ်းသပ်ခြင်းဖြစ်လိမ့်မည်။
ထိုသို့တွေးပြီးနောက် ရှုယီသည် ခေါင်းခါလိုက်ပြီး “ ဒီလိုဆိုရင် ဥက္ကဌခရုစ်ကို ငါ့ကိုလာတွေ့ခိုင်းလိုက်ပါ”
ဒေါ့ဂျ်ကဖ် သည်အံ့ဩသွားသည်။ သို့သော် သူသည် ရှုယီ၏တည်ငြိမ်နေသောအသံကိုကြား၍ ပျော်ရွင်သွားကာခေါင်းငြိမ့်လိုက်သည်။
“ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ကျွန်တော် ဥက္ကဌ ကိုပြောလိုက်ပါ့မယ်။ သူကဒီသတင်းကိုကြားပြီး အရမ်းကိုပျော်သွားမှာပါ”
ဒေါ့ဂျ်ကဖ်၏ ဝမ်းသာနေသောအသံကိုကြားကာ ရှုယီသည် ပြုံးလိုက်သည်။
Frestechကုန်သည်များအသင်းသည် ၎င်းတို့၏နည်းပညာအား လွဲပြောင်းပေးခြင်းမရှိခဲ့ပေ။ အထူးသဖြင့် ဤနှစ်များတွင်ဖြစ်သည်။ နယ်မြေထဲရှိမှော်စက်များ၏ သက်ဆိုင်သောပညာများကိုပင် တိုးတက်စေရန် Frestechကုန်သည်များအသင်း၌ရှိသော နည်းပညာကိုသာပေးခဲ့သည်။
သို့သော်လည်း နည်းပညာကိုရရှိသူတစ်ချို့ကသာ အမှန်တကယ်နားလည်နိုင်စွမ်းရှိကြသည်။ ကိုယ်ပိုင်နည်းပညာများကို လေ့လာကြသော ထိုးဖောက်ကြသော သူတစ်ချို့ကပင် Frestechကုန်သည်များအသင်းက နည်းပညာလွမ်းမိုးမှုမခံရပေ သို့သော် အနည်းငယ်သာရှိသည်။
အမ်ရစ် ကုန်သည်များအသင်းသည် Frestechကုန်သည်များအသင်းကနည်းပညာကိုရလျှင်ပင် ၎င်းတို့၌ ကြီးမားသောမှော်စက်ကို ထုတ်လုပ်ဖူးသည့် အခြေခံမရှိခြင်းကြောင့် ၎င်းတို့ကိုယ်ပိုင်ဆောက်လုပ်ရေး မှော်စက် ထုတ်လုပ်နိင်ကောင်းထုတ်နိင်မည်ဖြစ်သော်လည်း အထူး ဆောက်လုပ်ရေးမှော်စက်များကို တီထွင်ထုတ်လုပ်နိုင်ကြမည်မဟုတ်ပေ။
ရှုယီသည် ဥက္ကဌ ခရုစ်အားတားမည်မဟုတ်သည်မှာ သေချာပါသည်။
အမ်ရစ်ကုန်သည်များအသင်းသည် ဆောက်လုပ်ရေး၌အားစိုက်ခဲ့ကာ ပထမတန်းစားဆောက်လုပ်ရေး ကုမ္ပဏီဖြစ်နေခဲ့ပြီးဖြစ်သည်။၎င်းတို့၌ ငွေအင်အားများစွာရှိကာ သုတေသနနှင့် တိုးတက်ရေးတွင် မြုပ်နှံသင့်ပါသည်။
၎င်းတို့သည် အသစ်တစ်ခုခုတီထွင်ထုတ်လုပ်နိင်သည်မှာဖြစ်ကောင်းဖြစ်နိုင်သလို စိုင်စ်နယ်မြေ၏ တိုးတက်မှုကိုလည်း ပါဝင်လာနိင်ပါသည်။
စကားအနည်းငယ်ပြောပြီးနောက် ရှုယီရင်ဘတ်ထဲမှ ဖုန်းသံမြည်လာသည်။
ဒေါ့ဂျ်ကဖ်သည် စကားတစ်ဝက်၌ရပ်ကာ တောင်ကို လက်ညိုးထိုးညွန်ပြပြိးနောက် ထွက်သွားလေသည်။
သူထွက်သွားပြီးနောက် ရှုယီသည် သူ၏မှော်ဆက်သွယ်ရေးစက်ကိုကြည့်ကာပြုံးလိုက်သည်။
“ဟေးဖရီယာ ဒီနေ့သမီးမှာ အဖေနဲ့စကားပြောဖို့အချိန်တွေရှိနေတယ်ပေါ့”
ဖရီယာ၏တက်ကြွနေသောအသံသည် မှော်ဆက်သွယ်ရေးစက်၏တစ်ဖက်မှထွက်ပေါ်လာသည်။
“အဖေ ဒီဖက်ကကိစ္စကတော့ ရှင်းပြီးပြီ။ အဲ့ဖက်မှာကော အခြေနေ?”
“အဖေ့ဖက်?” ရှုယီသည်တောင်ကိုကြည့်ကာ အပေါက်ကိုကြည့်ပြီးနောက် “ဒီဖက်မှာဘာမှလုပ်စရာမရှိတော့ဘူး။ ဒါကြောင့် နေ့လည်ကြရင်ထွက်လာတော့မလို့”
“ကောင်းလိုက်တာ” ဖရီယာသည် စိတ်လှုပ်ရှာသည့်အသံဖြင့်အော်လိုက်သည် “သမီးက ဒီနေ့ပဲ အိမ်ပြန်လာဖို့လုပ်နေတာ။ အခြေနေတွေအားလုံးကောင်းရင် မနက်ဖြန် အိမ်မှာတွေ့လို့ရမလား?”
“အဲ့ဒီအတွက်တော့ အဖေစိတ်မကောင်းပါဘူး။ ဒီကနေ့ ဒီနေ့နေ့လည်ထွက်လာမယ်ဆိုပေမဲ့ အိမ်မပြန်သေးဘူး။ တခြားနေရာမှာကိစ္စလေးတွေသွားရှင်းရဦးမယ်” ရှုယီသည် ဖရီယာ၏ တုံပြန်မည့်အသံကို မှန်းမိနေသည်။
မှန်ထားသည့်အတိုင်းပင် ဖရီယာသည် စိတ်ပျက်မှုအပြည့်ဖြင့် “အာ”ဟုအော်လိုက်သည်။
“အဖေအိမ်မပြန်လာသေးဘူး…?”
သို့သော်ဖရီယာသည် စိတ်လှုပ်ရှားသည့်အသံနှင့် “ဒါဆိုဘယ်သွားမှာလဲ ဘာလုပ်မှာလဲ”
ရှုယီသည် တွေးလိုက်ပြီးနောက် လျှို့ဝှက်ထားရမည်ကိစ္စမဟုတ်ကြောင်းတွေးမိလိုက်ကာ ပြန်ဖြေလိုက်သည် “အဖေက ဆော်ဆာရီမြို့မှာ မှော်သုတေသနဆွေးနွေးပွဲကို ပါဝင်ဖို့သွားမှာ”
“ဆော်ဆာရီမြို့? အဲ့တာက မန်နာမှော်တိုင်းပြည်ရဲ့ မြို့တော်မဟုတ်လား?”
ဖရီယာသည် ခနနားလိုက်ကာ စိတ်လှုပ်ရှားသည့်အသံဖြင့် “ဒီလိုလုပ်မယ်ဆိုရင်ကော အဖေ သမီးလည်း အဲ့မြို့ကိုလာခဲ့မယ်။ သမီးမှာ အဖေ့ကိုမေးစရာတွေအများကြီးရှိတယ်။ ဒီမှာပြောဖို့က အဆင်မပြေဘူး။ တွေ့ပြီးမှပြောကြတာပေါ့ ဘယ်လိုထင်လဲ?”
“အဲ့ဖက်မှာ အားလုံးဖြေရှင်းပြီးသွားတာသေချာပြီလား?” ရှုယီကမေးသည်။
“အားလုံးရှင်းပြီးပါပြီ။ ဒီမှာကိစ္စအသေးဖွဲ့တွေပဲကျန်တော့တာမို့ သူတို့နဲ့ ကိုင်တွယ်ခိုင်းလို့ရပါပြီ။ သမီးနေစရာမလိုတော့ပါဘူး” ဖရီယာက ကျယ်ကျယ်ပြောလေသည်။
“အာ…..ကောင်းပြီ” ရှုယီက စဉ်းစားပြီးမှ ပြန်ပြောလိုက်သည်။
***
Volume 8 အခန်း ၃၃ ။ အဓိကခေါင်းစဉ်
ထိုနေ့လယ်၌ ရှုယီ၏မှော်လေသင်္ဘောသည် ဆော်ဆာရီမြို့၏အပြင်၌ ဆင်းသက်လေသည်။
ရှုယီထွက်လာသောအခါ ဝတ်ရုံ အရောင်အမျိုးမျိုးကို ဝတ်ဆင်ထားသည့် အသက်လေးဆယ်ခန့်ရှိသော မှော်ပညာရှင်အများပြားသည် သူ့ကိုကြိုဆိုဖို့ရန် ထွက်လာကြသည်။
ထိပ်ဆုံးမှတစ်ဦး သည် မန်နာမှော်တိုင်းပြည်၏ မှော်ပညာရှင်အစည်းအရုံးဌာနခွဲ ဥက္ကဌ သာမက မန်နာမှော်တိုင်းပြည် သိပ္ပံနည်းကျ မှော်သုတေသနဌာန၏ ခေါင်းဆောင်လည်း ဖြစ်သော မဟာမှော်ပညာရှင် ဖိုးရက်ဇ် ပင်ဖြစ်သည်။
၎င်း၏နောက်မှသူများသည်လည်း မန်နာမှော်တိုင်းပြည် သိပ္ပံနည်းကျမှော်သုတေသနဌာန၏ သုတေသီများဖြစ်သည်။
“ဥက္ကဌရှု ကျွန်တော်တို့ရဲ့ မှော်သုတေသန ဆွေးနွေးပွဲကို ဒီတစ်ခေါက်မှာ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ပေးတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ။ ကြိုဆိုပါတယ် ကြိုဆိုပါတယ်” မဟာမှော်ပညာရှင် ဖိုးရက်ဇ် သည် ရှုယီကို စိတ်ပါလက်ပါကြိုဆိုလေသည်။ ၎င်းနောက်မှ မှော်ပညာရှင်များကိုပင် ရှုယီကိုဦးညွှတ်စေသည်။
ရှုယီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ သူသည် မဟာမှော်ပညာရှင် ဖိုးရက်ဇ် နှင့် ၎င်း၌နောက်မှ မှော်ပညာရှင်များကို စေ့စပ်စွာကြည့်ရှုလိုက်သည်။ သူသည် ထိုသူများသည် အပြင်၌ ဖော်ရွေပုံပြသော်လည်း အတွင်းစိတ်၌ မည်သည့်အရာများရှိနေသည်ကို သိရှိရန်ခက်ခဲကြောင်း တွေးလိုက်သည်။
“ဥက္ကဌ ဖိုးရက်ဇ် က အားနာနေပါပြီ တကယ်တော့ ကျွမ်းကျင်ဘုန်းတော်ကြီး ကမ်မီလာ ကလည်း ဒီဆွေးနွေးပွဲကို တက်ရောက်ချင်ပါတယ် ဒါပေမဲ့သူအခုတလောနေမကောင်းလို့ ခရီးဝေးထွက်လို့ အဆင်မပြေလို့ပါ ဒါကြောင့် သူ့အစားလာခဲ့တာပါ”
“နေမကောင်းဘူးလား?” မဟာမှော်ပညာရှင် ဖိုးရက်ဇ် ကအံ့ဩသွားသည်။
“ဒါဆို ကျွမ်းကျင်ဘုန်းတော်ကြီး ကမ်မီလာက …….”
ရှုယီက လက်ကာပြလိုက်ကာ ပြုံးလျှက် “ကြီးကြီးမားမားတော့မဟုတ်ပါဘူး ရာသီဥတုအေးလာတာနဲ့ အအေးနည်းနည်းမိတာပါ”
“အဲ့လိုလား ကောင်းပါပြီ ကောင်းပါပြီ….” မဟာမှော်ပညာရှင်ဖိုးရက်ဇ်က သက်ပြင်းချလိုက်ကာ ပြုံးလိုက်ပြီး ရှုယီအား အိမ်တော်ထဲသို့ ခေါ်ဆောင်သွားလေသည်။
ရှုယီက လိုက်လျှောက်သွားရင်း မေးလိုက်သည်။ “ဟုတ်သားပဲ ဥက္ကဌ ဖိုးရက်ဇ် ကျွန်တော်က ဒီဆွေးနွေးပွဲကို ဖိတ်တာလက်ခံလိုက်ပေမဲ့ အလုပ်များနေတာနဲ့ မေးဖို့မေ့နေတယ် ဒီဆွေးနွေးပွဲရဲ့ အဓိကခေါင်းစဉ်ကဘာလဲ?”
မဟာမှော်ပညာရှင် ဖိုးရက်ဇ်သည် ရှုယီကိုကြည့်ကာ ဖြေလိုက်သည်။
“အဓိကခေါင်းစဉ်က မနေ့ကပဲဆုံးဖြတ်လိုက်တာပါ မှော်ပညာရှင်အဆင့်တွေကို ပြန်လည်သတ်မှတ်ဖို့ပါ”
ရှုယီသည် မျက်စိလည်သွားသည်။ သို့သော် သူသည် အံ့ဩသည့်ပုံမပြပေ။ သူ၏အသံသည်သာ အနည်းငယ်အေးစက်သွားကာ ဆက်မေးလိုက်သည်။ “အို? ဒီခေါင်းစဉ်ကို ဘယ်သူဆုံးဖြတ်တာလဲ?”
မဟာမှော်ပညာရှင် ဖိုးရက်ဇ်က ချောင်းဟန့်လိုက်ကာ “ဒါက ကျွမ်းကျင်ဘုန်းတော်ကြီး ဂက်စ်စီဝန် အဆိုပြုထားတာပါ။”
ရှုယီသည် အိုဟုသာပြောကာ ခေါင်းငြိမ့်လိုက်ပြီး ဘာမှဆက်မပြောတော့ချေ။
မဟာမှော်ပညာရှင် ဖိုးရက်ဇ်ပြောသော ကျွမ်းကျင်ဘုန်းတော်ကြီး ဂက်စ်စီဝန် မှာ ယခင် မှော်အဖွဲ့အစည်း၏ ဥက္ကဌ ကျွမ်းကျင်ဘုန်းတော်ကြီး ရော့ဒ်ဒရစ် ဂက်စ်စီဝန် ပင်ဖြစ်သည်။
…….
လွန်ခဲ့သောဆယ်နှစ်က Frestech ကုန်သည်ကြီးများအသင်းသည် အင်ပါယာနှစ်ခုကို ရူဒ်ဆန် တိုင်းပြည်နှင့်ပေါင်းကာ ရှုံးနိမ့်စေခဲ့စဉ်က မှော်ပညာရှင်အဖွဲ့အစည်းသည် နယ်မြေထဲရှိ မှော်ပညာရှင်များကို အစိုးရရန် မှော်ပညာရှင်များရှင်သန်ရေးလုပ်ငန်းလုံခြုံရေးအသင်း နှင့်ပူးပေါင်းလုပ်ကိုင်ရန် မတတ်နိုင်ပဲ ရွေးချယ်ခဲ့ကြရသည်။
နှစ်နှစ်ကြာပြီးနောက်တွင် ယခင် မှော်ပညာရှင်အဖွဲ့အစည်း၏ ဥက္ကဌ မဟာမှော်ပညာရှင် ရော့ဒ်ဒရစ် ဂက်စ်စီဝန် သည် မှော်ပညာအဆင့်ကိုထိုးဖောက်နိင်ခဲ့ကာ ကျွမ်းကျင်ဘုန်းတော်ကြီး ဖြစ်လာခဲ့သည်။
မှော်ပညာရှင်အဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းများအရ ကျွမ်းကျင်ဘုန်းတော်ကြီး အဆင့် မှော်ပညာရှင်သည် ရာထူးနေရာယူ၍မရပေ။ ထို့ကြောင့် သူသည် ဥက္ကဌနေရာအား ပေးခဲ့ရသည်။
သို့သော် သူ၏နေရာမှ ဆင်းပေးခဲ့ရသော်လည်း သူသည် ဂရုမစိုက်တော့ခြင်း မဟုတ်ပါ။
ကျွမ်းကျင်ဘုန်းတော်ကြီး အဆင့်မဖြစ်လာသေးစဉ်ကပင် ရော့ဒ်ဒရစ် ဂက်စ်စီဝန် သည် မှော်ပညာရှင် အဖွဲ့အစည်း၏ဥက္ကဌအဖြစ် သုံးခေါက်တာဝန်ယူခဲ့ပေသည် နှစ်အားဖြင့် ၁၅ နှစ်ခန့်ဖြစ်သည်။
သူသည်အခြေခိုင်မာခဲ့ပြီး အဆက်သွယ်လည်း များစွာစုဆောင်းနိုင်ခဲ့သည်။
ထို့ကြောင့် သူသည် သူ၏ရာထူးမှဆင်းပေးခဲ့ရသော်လည်း မှော်ပညာရှင်အဖွဲ့အစည်းအား နောက်ကွယ်မှ ချုပ်ကိုင်ထားနိုင်ခဲ့သည်။
နယ်မြေထဲတွင် Frestech ကုန်သည်ကြီးများအသင်းကြောင့် မှော်ပညာရှင်အဖွဲ့စည်းသည် ယခင်ကလောက် လွမ်းမိုးမှုမရှိတော့သော်လည်း ၎င်းတို့၌ ထောင်ချီနေသော သမိုင်းကြောင်းရှိ၍ နယ်မြေထဲရှိ မှော်ပညာရှင်တစ်ချို့အား လွမ်းမိုးနေနိုင်သေးသည်။
အစပိုင်းနှစ်များ၌ ကျွမ်းကျင်ဘုန်းတော်ကြီး ရော့ဒ်ဒရစ် ဂက်စ်စီဝန် သည် ထူးခြားသည့် လှုပ်ရှားမှု တစ်စုံတစ်ရာမရှိခဲ့ပေ။ သူသည် အမှန်တကယ်ပင် အနားယူသွားကာ ငြိမ်းချမ်းစွာဖြင့် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးအနေနှင့် သူကိုယ်ပိုင်အလုပ်များကိုလုပ်နေခဲ့သည်။
သို့သော် လွန်ခဲ့သောသုံးနှစ်ခန့်က သူသည် စတင်၍ များစွာသောလှုပ်ရှားမှုများကိုလုပ်လာသည်။
အများအားဖြင့် သူလုပ်သည့်အလုပ်များသည် မှော်ပညာရှင်များအပေါ် မှော်အဖွဲ့အစည်း၏ လွမ်းမိုးမှု တိုးပွားလာရန်ဖြစ်ပြီး မှော်အဖွဲ့အစည်းဆက်လက်တည်တံ့စေရန်ဖြစ်သည်။
၎င်းသည် မှားယွင်းခြင်းမရှိပါ။
သူသည် ရှုယီ၏အစီအစဉ်များကို မထိပါးလာသရွေ့ ရှုယီသည် ၎င်း၏လုပ်ရပ်များကို စိတ်မဝင်စားပါ။
သို့သော် သူ၏ယခုလက်ရှိ လှုပ်ရှားမှုသည် ရှုယီသည်းမခံနိုင်လောက်သည့်အစီအစဉ်ဖြစ်လောက်သည်။
ရှုယီသည် အိမ်တော်အတွင်းသို့ဝင်နေရင်း မဟာမှော်ပညာရှင် ဖိုးရက်ဇ်၏ စကားများကို ဖြေဆိုလိုခြင်း မရှိပေ။ မဟာမှော်ပညာရှင် ဖိုးရက်ဇ်သည် မနေနိင်တော့ပဲ ရပ်လိုက်ကာ မေးလိုက်သည်။
“ဥက္ကဌရှု ဒီခေါင်းစဉ်ကို ဘယ်လိုထင်ပါသလဲ?”
အာ သူသည် သတင်းတစ်ချို့နှိုက်ချင်နေခြင်းဖြစ်သည်။
ရှုယီက ခေါင်းခါလိုက်ကာ အပြုံးဖြင့် “ကျုပ်မှာ ဘာထင်မြင်ချက်မှမရှိပါဘူး နယ်မြေထဲကမှော်ပညာရှင်တွေသာ သဘောတူတယ်ဆို ကျုပ်က ဘာမှကန့်ကွက်နေမှာ မဟုတ်ပါဘူး”
မဟာမှော်ပညာရှင် ဖိုးရက်ဇ်၏ မျက်နှာသည် တောင့်တင်းသွားသည်။ သူထင်ခဲ့သည်မှာ ရှုယီက ထိုကိစ္စအား ကန့်ကွက်လိမ့်မည် သို့ ကျွမ်းကျင်ဘုန်းတော်ကြီး ဂက်စ်စီဝန် ကိုဒေါသထွက်စွာ ပြောဆိုလိမ့်မည် ဟုထင်ခဲ့သော်လည်း ရှုယီသည် အလွန်တည်ငြိမ်နေကာ ထိုခေါင်းစဉ်ကို လုံးဝဂရုမစိုက်သည့်ပုံ ပြနေသည် ၎င်းသည် သူ့အတွက် သဘာဝမကျချေ။
၎င်းတို့နောက်တွင်လိုက်နေသော မှော်ပညာရှင်နှစ်ဦးသည်လည်း မျက်နှာပေါ်တွင် အံ့ဩမှုများ အတိုင်းသား ပေါ်နေကြသည်။
ကျွမ်းကျင်ဘုန်းတော်ကြီးဂက်စ်စီဝန် သည် ထိုအဆိုပြုချက်ဖြင့် မည်သည့်အရာကို ရယူလိုနေကြောင်း ရှင်းလင်းနေသည်။
မှော်ပညာရှင်အဆင့်ခွဲခြားခြင်းစနစ်သည် ယခင်နှစ်ထောင်ပေါင်းများစွာက မှော်ပညာရှင်အဖွဲ့အစည်းမှ သုံးခဲ့သော စနစ်ဖြစ်သည်။ ၎င်းသည် နယ်မြေထဲမှ မှော်ပညာရှင်များကို ထိန်းချုပ်ရန်အတွက် သုံးသော လက်နက်လည်းဖြစ်သည်။
သို့သော် Frestech ကုန်သည်ကြီးများအသင်းနှင့် ရှုယီ၏အောင်မြင်မှုများသည် မြင့်တက်လာသည်နှင့်အမျှ နယ်မြေထဲမှ မှော်ပညာရှင်များသည်လည်း မှော်ပညာရှင်အဆင့်ခွဲခြားခြင်းကို တန်ဖိုးမထားတော့ပဲ မှော်စက်မှုလုပ်ငန်း၌ အာရုံစိုက်ထားကြတော့သည်။
ထိုအရာသည် မှော်ပညာရှင်အဖွဲ့မှ ထိန်းချုပ်သည့်အရာမဟုတ်ပေ။ Frestechကုန်သည်ကြီးများအသင်းနှင့် မှော်ပညာရှင်များရှင်သန်ရေးလုပ်ငန်းလုံခြုံရေးအသင်းတို့မှ အတူတကွ ထိန်းချုပ်သည့်အရာဖြစ်သည်။
ထို့ကြောင့် မှော်ပညာအဆင့်သတ်မှတ်ခြင်းစနစ်၏ လွမ်းမိုးခြင်းကို ဆုံးရှုံးခဲ့ရာမှ မှော်ပညာရှင် အဖွဲ့အစည်းသည် မှော်ပညာရှင်များအပေါ် လွမ်းမိုးမှု အားနည်းသည်ထက် အားနည်းလာခဲ့သည်။ မှော်ပညာရှင်များသည် မှော်ပညာရှင်အဖွဲ့စည်းကို ဂရုမစိုက်သကဲ့သို့ မရှိသလိုပင် သဘောထား လာကြသည်။
ကျွမ်းကျင်ဘုန်းတော်ကြီးဂက်စ်စီဝန် သည် ထိုအရာကိုမမြင်ချင်ပေ။ ထို့ကြောင့် သူသည် ဆွေးနွေးပွဲ၌ မှော်ပညာရှင်အဆင့်သတ်မှတ်ချက်ပြန်လုပ်ရန်ကို အဆိုပြုခဲ့ခြင်းဖြစ်သည်။
သူသည် မှော်ပညာရှင်များ၏ အသိမှတ်ပြုမှုကိုလိုချင်ကာ နယ်မြေထဲက မှော်ပညာရှင်များအား ပြန်လည်ထိန်းချုပ်လိုခြင်းဖြစ်သည်။
သို့သော် ရှုယီသည် မှော်ပညာကို ရှုထောင့်အသစ်မှကြည့်ရန် ပြောခဲ့ပြီးနောက် နယ်မြေထဲရှိ မှော်ပညာရှင်များ၏ အတွေးကိုပြောင်းလဲခဲ့သည်။ မှော်စက်မှုလုပ်ငန်း၏ ခေါင်းဆောင်ဖြစ်သည့် အလျောက် သူသည် ဆွေးနွေးပွဲကိုတက်ရောက်လျှင် ထိုခေါင်းစဉ်ကို ကန့်ကွက်ရမည်ဖြစ်သည်။
အကယ်၍ရှုယီသည်ပင် ပြင်ပ၌ မကန့်ကွက်ဘူးဆိုလျှင် သူ့အားမည်သူမှယုံမည်မဟုတ်ပေ။
ထိုအဖွဲ့သည် ဆွေးနွေးပွဲအတွက် ပြင်ဆင်ထားသည့် ကြီးမားသည့် အိမ်တော်အတွင်းသို့ ဝင်ရောက်လာကြသည်။ ကြီးမားသည့်မြက်ခင်းပြင်ကို ကျော်ဖြတ်ပြီးနောက်တွင် ၎င်းတို့သည် ဝတ်ရုံများဝတ်ဆင်ထားသော အခြားသော မှော်ပညာရှင်အဖွဲ့ကိုတွေ့လိုက်ရသည်။
၎င်းတို့ကိုဦးဆောင်လာသည်မှာ ရှုယီနှင့် မဟာမှော်ပညာရှင် ဖိုးရက်စ်တို့ ယခုပင်ပြောနေသည့် ကျွမ်းကျင်ဘုန်းတော်ကြီးဂက်စ်စီဝန် ပင်ဖြစ်သည်။
ရှုယီအားအဝေးမှတွေ့သောအခါ ကျွမ်းကျင်ဘုန်းတော်ကြီးဂက်စ်စီဝန် သည်အမြန်လျောက်လာကာ အားရပါးရပြုံး၍ ရှုယီ၏လက်ကိုဆွဲ၍ နှုတ်ဆက်ကာ ခင်မင်ရင်းနှီးသောလေသံဖြင့် “ဥက္ကဌရှုက ဒီဆွေးနွေးပွဲကိုတက်ဖို့အချိန်ရှာနိုင်ခဲ့တာပဲ ဒါဟာရှားပါတယ်”
ရှုယီက ပြုံးပြလိုက်ပြီး သူ၏လက်ကိုပြန်ဆွဲလိုက်သည်။
“အရှင် ဂက်စ်စီဝန် ကအဲ့လိုပြောပေမဲ့ ကျွန်တော်ကလည်း ကျွမ်းကျင်ဘုန်းတော်ကြီးထဲက တစ်ဦးဖြစ်သလို မှော်ပညာရှင်တစ်ဦးလည်းဖြစ်တာမို့ ဒီအရေးကြီးတဲ့ ဆွေးနွေးပွဲကိုလာတက်ရမှာပေါ့ ပြီးတော့ ကျွန်တောတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းကလည်း မှော်သုတေသနကို အမြဲလေ့လာ ထောက်ပံ့ နေတာမို့ ဒီရလဒ်တွေကို လာပြောပြဖို့ အခွင့်အရေးကို လက်လွတ်ခံလို့ဘယ်ဖြစ်ပါ့မလဲ”
ကျွမ်းကျင်ဘုန်းတော်ကြီးဂက်စ်စီဝန် သည် ရယ်မောလိုက်ကာ “မှန်တာပေါ့ မှန်တာပေါ့ ဥက္ကဌရှုက မှော်သုတေသနအပေါ် စိတ်အားထက်သန်မှုရှိတာပဲ မဟုတ်ရင် အသက် ၄၀ အရွယ်မှာ ကျွမ်းကျင်ဘုန်းတော်ကြီး အဆင့် ဘယ်ဖြစ်လာပါ့မလဲ?”
ရှုယီသည်ခေါင်းခါလိုက်ကာ “ မဟုတ်ပါဘူး မှော်ပညာကိုသုတေသနလုပ်တာဟာ ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်ဖို့ ရှာဖွေလေ့လာတာကိုပြောတာမဟုတ်ပါဘူး မှော်ပညာကိုသိပ္ပံနည်းကျ လေ့လာတာကိုပြောတာပါ”
ကျွမ်းကျင်ဘုန်းတော်ကြီးဂက်စ်စီဝန် ၏အမူအရာသည် ပြောင်းလဲသွားသည်။ ခနနားပြီးနောက် သူသည် လေးနက်စွာပြောလိုက်သည်။ “ဥက္ကဌရှု ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်လာတာနဲ့ မှော်ပညာကို သိပ္ပံနည်းကျ လေ့လာတာကြားမှာ ပြဿနာတစ်ခုခုရှိတယ်လို့ထင်လား?”
“မရှိတာသေချာတာပေါ့” ရှုယီကခေါင်းခါလိုက်သည်။ “မှော်ပညာကို သိပ္ပံနည်းကျလေ့လာတာမှာ မှော်ပညာဘာသာရပ်တွေအားလုံးပါတယ် ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့် ဖြစ်လာဖို့လည်း ပါပြီးသားပေါ့ ကျွန်တော့်် ထင်မြင်ချက်အရ ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်ဖြစ်ဖို့ သီးသန့်လေ့လာစရာ မလိုပါဘူး ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့် ဖြစ်တယ်ဆိုတာလည်း ခေါင်းစဉ်တစ်ခုသာသာပါပဲ အရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူး”
ထိုသို့ပြောလိုက်ရာ ကျွမ်းကျင်ဘုန်းတော်ကြီး ဂက်စ်စီဝန် သာမက လူတိုင်း၏ မျက်နှာအမူအရာ မှာလည်း ပြောင်းလဲသွားသည်။
လူများသည် ထိုနေရာသို့စုလာကြသည်။ ထိုနေရာ၌ ရှုယီနှင့် ဂက်စ်စီဝန် သည်ပင် ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့် ဖြစ်ကြပြီး ၎င်းတို့ထဲ အားအနည်းဆုံးမှာ အားကောင်းသော မဟာမှော်ပညာရှင်များ ဖြစ်ကြပြီး ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်ဖြစ်ရန်မှာ ၎င်းတို့၏အိမ်မက် ဖြစ်သည်။
သို့သော်လည်း ရှုယီက ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်ဖြစ်ရန် လေ့လာခြင်းမှာ ထူးခြားမှုမရှိဟု ဆိုလိုက်သည် ၎င်းမှာ သူတို့ ဆယ်စုနှစ်များစွာလေ့လာခဲ့သည်မှာ အဓိပ္ပာယ်မရှိဟု ဆိုလိုက်ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ပြောလိုက်သည်မှာ အခြားတစ်ဦးဆိုလျှင် သူတို့သည် ငြင်းပယ်ရုံသာမက ကျိန်ဆဲကြနိုင်သည်။ သို့သော် ပြောသောသူသည် ရှုယီဖြစ်ရာ ၎င်းတို့သည် တိတ်ဆိတ်စွာနေရန်ပင်တတ်နိုင်သည်။
အဘယ်ကြောင့်ဆိုသော် ရှုယီသည် ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်ဖြစ်၍ နယ်မြေတစ်ခုလုံးမှ အားအကြီးဆုံး ကျွမ်းကျင်ဘုန်းတော်ကြီးအဖြစ် ယုံကြည်ထားကြသောကြောင့်ဖြစ်သည်။ သူသည် မှော်ပညာကို သိပ္ပံနည်းကျ လေ့လာခြင်းကို အားပေးကာ မှော်ပညာစနစ်အသစ်တစ်ခုအား လွန်ခဲ့သောနှစ်များက တည်ဆောက်ခဲ့သည် ထို့ကြောင့် သူသည် ထိုသို့ပြောရန် အရည်ချင်းအရှိဆုံးသူ ဖြစ်သည်။
ကျွမ်းကျင်ဘုန်းတော်ကြီး ဂက်စ်စီဝန် သည် မျက်မှောင်ကုပ်လိုက်သည် ခနကြာပြီးနောက် သူသည် လေးနက်သည့်အသံဖြင့် “အဲ့တာဆို ဥက္ကဌရှုက မှော်ပညာအဆင့်သတ်မှတ်ချက်စနစ်ကို အဓိပ္ပာယ်မရှိဘူးလို့ပြောလိုက်တာလား?”
ရှုယီသည် ပြုံးလိုက်ကာ လူတိုင်းသည်သူအားကြည့်နေသည်ကို မြင်လိုက်သည်။ သို့သော် သူသည် ခေါင်းကိုခါလိုက်သည်။
“မဟုတ်ပါဘူး ကျုပ်ဒါကို အရမ်း အဓိပ္ပာယ်ရှိတယ်လို့မြင်ပါတယ်”
***
Volume 8 အခန်း ၃၄ ။ ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်ဖြစ်ရန် ကြိုးပမ်းခြင်း
လူတိုင်းသည် ခေါင်းရှုပ်သွားကာ ရှုယီကို ကြည့်လိုက်ကြသည်။
သူ ပြောခဲ့သည့်စကားများသည် ကျွမ်းကျင်ဘုန်းတော်ကြီး ဂက်စ်စီဝန် ၏စကားများကိုငြင်းပယ်ရန်ဖြစ်သော်လည်း ယခု မည်သည့်အတွက်ကြောင့် ရုတ်တရက် မူလပြောခဲ့သည်ကိုဆန့်ကျင်ပြီး ခေါင်းစဉ်သည် အဓိပ္ပာယ်ရှိပါသည်ဟု ပြောရပါသနည်း?
ကျွမ်းကျင်ဘုန်းတော်ကြီး ဂက်စ်စီဝန် သည် အနည်းငယ်မျက်မှောင်ကုပ်ကာ
“ဥက္ကဌရှု ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲလို့ ကျုပ်မေးပါရစေ”
“ရည်ရွယ်ချက်ကတော့ နယ်မြေထဲက မှော်ပညာရှင်တွေကို အဆင့်တွေ ခွဲပြီး သူတို့ကို ရင်ဆိုင်ရမယ့် ပန်းတိုင်တစ်ခုပေးလိုက်ဖို့ပါ ရိုးရိုးသားသားပြောရရင် အရင် မှော်ပညာရှင်အဖွဲ့စည်းကသုံးခဲ့တဲ့ မှော်ပညာရှင်အဆင့်သတ်မှတ်ချက်နဲ့ ဆင်တူပါတယ်”
ထိုအဖြေကိုကြားပြီးသည့်နောက် ကျွမ်းကျင်ဘုန်းတော်ကြီးဂက်စ်စီဝန်၏အမူအရာသည် ပြောင်းလဲသွားသည်။
လူတိုင်း၏အမူအရာသည်လည်းထို့အတူပင်။
အကယ်၍ ရှုယီသည် ကျွမ်းကျင်ဘုန်းတော်ကြီး ဂက်စ်စီဝန် နှင့် မှော်ပညာရှင် အဖွဲ့နှင့် အတွေးတူခဲ့မည်ဆိုလျှင် ၎င်းသည် အလွန်မယုံနိုင်စရာကောင်းပေသည်။
ထိုအပြုမူများသည် သာမန်ပင်ဖြစ်သည်။
“ဒါဆို ဥက္ကဌရှု ခင်ဗျားပြောတဲ့ မှော်ပညာရှင်အဆင့်သတ်မှတ်တဲ့ စနစ်က ဘယ်လိုမျိုးလဲ?” ကျွမ်းကျင်ဘုန်းတော်ကြီး ဂက်စ်စီဝန် သည်ဆက်မေးလိုက်သည်။
ရှုယီသည် သူ့ကိုကြည့်ကာ ခေါင်းခါလိုက်ပြီး ပြုံးလျက် “ဒါက ဆွေးနွေးပွဲရဲ့ခေါင်းစဉ်မဟုတ်လား? ဆွေးနွေးပွဲစတာကိုစောင့်ပြီး ဆွေးနွေးကြတာပေါ့”
ကျွမ်းကျင်ဘုန်းတော်ကြီးဂက်စ်စီဝန် သည် ငိုင်သွားသော်လည်း ချက်ခြင်းပင်ပြုံးကာ ခေါင်းငြိမ့်လျက် “မှန်တာပေါ့ ဆွေးနွေးပွဲကမှမစသေးတာ ဒါကနည်းနည်းလောနေတယ်”
ထိုသို့ပြောပြီးနောက် ကျွမ်းကျင်ဘုန်းတော်ကြီး ဂက်စ်စီဝန် သည် ခေါင်းစဉ်ကိုပြောင်းလိုက်ကာ စကားအနည်းငယ်ပြောကြပြီး အိမ်တော်ထဲသို့ဝင်သွားသည်။
အိမ်တော်ထဲတွင် စိုင်စ်နယ်မြေအတွင်းမှ ကျော်ကြားသည့် မှော်ပညာရှင်များစွာ ရောက်ရှိနေကြသည် ၎င်းတို့ထဲ၌ ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်ဆယ်ဦးခန့်ရှိကာ မဟာမှော်ပညာရှင် ၄၀၀ ကျော်ရှိပေသည်။ ထို့ကြောင့် နှစ်ပေါင်းများစွာအတွင်း မှော်ပညာရှင်များစွာ ဆုံတွေကြသည့် ပွဲကြီးဟု သတ်မှတ်နိုင်သည်။
အကြောင်းရင်းမှာရှုယီနှင့်သက်ဆိုင်နေသည်။
ရှုယီမှ ထိုဆွေးနွေးပွဲကို တက်ရောက်ရန် ဆုံးဖြတ်မှုမပြုမှီ မှော်ပညာရှင်အဖွဲ့စည်းနှင့် မန်နာမှော်တိုင်းပြည်မှ ကြီးမှူးကျင်းပမည်ဟု ဆိုသော်လည်း တက်ရောက်မည်သူမှာ ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့် ၄ယောက်နှင့် မဟာမှော်ပညာရှင် အယောက် တစ်ရာကျော်သာရှိခဲ့သည် သို့သော် ရှုယီတက်မည့်သတင်းကြားပြီးနောက်တက်ရောက်မည့်ဦးရေမှာ များပြားလာသည်။
၎င်းမှာ နယ်မြေထဲရှိမှော်ပညာရှင်များ၏ စိတ်ထဲတွင် ရှုယီသည် မည်မျှ အရေးပါကြောင်း သိနိင်သည်။
…
ထို့ကြောင့် ဆွေးနွေးပွဲ၌ ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့် ၁၀ယောက်ကျော်ရှိသော်လည်း ရှုယီဝင်လာသောအခါ အားလုံး၏အာရုံစိုက်ခြင်းကိုခံရပေသည်။
မရေတွက်နိုင်သောလူများသည် ရှုယီကိုလာနှုတ်ဆက်ကြသည်။
ထိုအချိန်၌ ရှုယီနှင့် အခြားသော မှော်ပညာရှင်များ၏ကွာခြားချက်မှာလည်း ပေါ်လွင်နေသည်။
မှော်ပညာရှင်များ တစ်ဦးနှင့်တစ်ဦးမိတ်ဆက်ကြလျှင် ၎င်းတို့သည် အဆင့်များအား နာမည်တပ်ကာ နှုတ်ဆက်ကြသည် သို့သော် ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်ဖြစ်သော ရှုယီအား နှုတ်ဆက်ကြသောအခါ သူတို့သည် “ဥက္ကဌရှု”ဟုခေါ်ရမည်ဖြစ်သည်။
တစ်ဖက်၌သူ၏ရာထူးမှာ Frestechကုန်သည်ကြီးများအသင်း၏ဥက္ကဌဖြစ်ပြီး သူ၏ ကျွမ်းကျင်ဘုန်းတော်ကြီး အဆင့်ရာထူးထက် သာလွန်နေသောကြောင့်ဖြစ်သည်။
နောက်တစ်ဖက်၌ ရှုယီသည် ကုန်သည်တစ်ဦးဖြစ်ကြောင်းနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်ကြောင်းလည်း အလေးနက်ထားပြောတတ်ရာ လူတိုင်းသည် သူ၏ရည်မှန်းချက်ကိုသိသဖြင့် သူ၏အမည်နာမကို မှားမခေါ်ကြပေ။
လူတိုင်း၏ကြိုးစားမှုကိုမြင်ပြီးနောက် ရှုယီသည် မဟာမှော်ပညာရှင်များကို ခေါင်းငြိမ့်ပြကာ နှုတ်ဆက်ပြီး ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့် မှော်ပညာရှင် ၁၃ဦးနှင် စကားများဖလှယ်နေသည်။
ထိုအပြုအမူအား ထူးဆန်းသည်ဟု မည်သည့်မှော်ပညာရှင်မှ မထင်ကြပေ။
၎င်း၏ Frestech ကုန်သည်ကြီးများအသင်း၏ဥက္ကဌ ရာထူးကို မဆိုထားနှင့် ကျွမ်းကျင်ဘုန်းတော်ကြီး အဆင့်မှော်ပညာရှင် ရာထူးနှင့် ပင် ထိုကဲ့သို့ပြုမူရန် အရည်အချင်းရှိပေသည်။
လူတိုင်းသည် ၎င်းတို့၏နေရာ၌ထိုင်လိုက်ကြသည်။ ရှုယီနှင့်ထိုင်ရန် သင့်တော်သည့်သူမှာ ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့် မှော်ပညာရှင်ဖြစ်သည် မဟာမှော်ပညာရှင်များသည် ဝေးဝေး၌ပင် ထိုင်ရကာ ၎င်းတို့အား အနှောက်အယှက်ပြု၍ မရပေ။
ရှုယီသည် ထို အနေအထားအား ကျေနပ်ခြင်းမရှိပေ။
မှော်ပညာရှင်အဖွဲ့အစည်း၏ အာဏာများကို ချိုးဖျက်ကာ မှော်ပညာရှင်များ၏ဖွဲ့စည်းပုံကို ဖျက်စီး၍ မှော်ပညာရှင်များအား ကိုယ်ပိုင်အခွင့်အရေးများ ပေးခြင်းသည် ရှုယီနှင့် Frestechကုန်သည်ကြီးများအသင်းမှ လွန်ခဲ့သောဆယ်နှစ်ကလုပ်ခဲ့ပြီးသောအရာဖြစ်သည်။
သို့သော် ဆယ်နှစ်ပင်ကြာသွားသော်လည်း Frestechကုန်သည်ကြီးများအသင်း၏ လမ်းပြမှုဖြင့် မှော်ပညာရှင်အများစုသည် မှော်စက်မှုလုပ်ငန်းကို ဝင်လာကြသော်လည်း တချို့သော မှော်ပညာရှင် များသည် မပြောင်းလဲနိုင်ကြသေးပေ။
ဥပမာအနေဖြင့် သာမန်မှော်ပညာရှင်တစ်ဦးသည် ၎င်းတို့၏မှော်ပညာအဆင့်ကို ဂရုမစိုက်ကြတော့ကာ မှော်စက်များလေ့လာခြင်းနှင့် တပ်ဆင်ခြင်းပညာရပ်များကိုသာ ပိုဂရုစိုက်ကြသည် သို့သော် မဟာမှော်ပညာရှင် သို့ ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့် ဖြစ်လာကြလျှင် ၎င်းကို ဂရုစိုက်ကြသေးသည်။
မဟာမှော်ပညာရှင်များသည် နယ်မြေတွင်းရှိ နိင်ငံများတွင် ကောင်းမွန်စွာဆက်ဆံခံရသည်။ အကယ်၍ ကုမ္ပဏီများတွင် အလုပ်လုပ်လိုလျှင် ၎င်းတို့သည် သာမန် မှော်ပညာရှင်များထက် လစာပိုမို၍ ရကြသည်။
ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်ဖြစ်လာလျှင်မူ ၎င်းတို့၏အနေထားမှာ ပိုဆိုးသွားမည်မဟုတ်ပဲ ၎င်းတို့ထဲမှ အများစုသည် အင်ပါယာနှစ်ခုနှင့် Frestech ကုန်သည်ကြီးများအသင်း၏တိုက်ပွဲတွင် သေဆုံးသွားကြသောကြောင့် ၎င်းတို့၏ခေတ်စားမှုမှာကျဆင်းသွားပြီး ကျန်ရှိနေသည့် ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့် မှော်ပညာရှင်များက ပိုမိုမြင့်မားလာကြသည်။
သို့သော် ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်မှော်ပညာရှင်များ သည် သာမန်နှင့်မတူပဲ မှော်စက်မှုလုပ်ငန်း များတွင် ပါဝင်လိုခြင်းမရှိကြပေ။
ယခုလက်ရှိ ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်မှော်ပညာရှင် ၁၃ ဦးထဲမှ ၅ဦးသည် မှော်စက်မှုလုပ်ငန်းသို့ ဝင်လိမ့်မည်မဟုတ်ကြောင်း အတိအလင်းပြောကြားထားသည် ၎င်းတို့သည် ရှုယီအဆိုပြုသည့် သိပ္ပံနည်းကျမှော်ပညာသည် မကောင်းသည့်အရာဖြစ်သည်ဟုဆိုပြီး အမြဲကန့်ကွက်ခဲ့သည်။
ကျန်ရှိသည့် ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်မှော်ပညာရှင် ၈ ဦးထဲမှ ၄ဦးသာလျှင် ရှုယီ၏ အဆိုပြုချက်အသစ်ကို ထောက်ခံပေးကြသော်လည်း တစ်ဦးမှ မှော်စက်မှုလုပ်ငန်းသို့ ဝင်ချင်စိတ် မရှိကြပေ။
ရှုယီအပါအဝင် ကျန်ရှိသော ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်မှော်ပညာရှင် ၂၂ ဦး၌ ရှုယီ၊ ကျွမ်းကျင်ဘုန်းတော်ကြီး ကမ်မီလာနှင့် အင်ပါယာနှစ်ခုထဲမှ ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်မှော်ပညာရှင် ၃ဦး စုစုပေါင်း ၅ ဦးသာလျှင် မှော်စက်မှုလုပ်ငန်းသုတေသန၌ ရင်းနှီးမြုပ်နှံလိုခြင်းရှိကြသည်။
ရှုယီသည် ထိုအခြေအနေကို သဘောမကျပေ သို့သော် စိုင်စ်နယ်မြေ၏ နှစ်ထောင်ပေါင်းများစွာကြာနေသည့် အယူအဆအားပြောင်းလဲရန်မလွယ်ကူကြောင်း သူသိပါသည်။
အထူးသဖြင့် ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်မှော်ပညာရှင်များသည် အားလုံး၏အထက်တွင် ရပ်တည်နေရာ ၎င်းတို့၏ အင်အားကြီးမားမှုကြောင့် ၎င်းတို့၌အစဉ်အမြဲရှိနေသော ထင်မြင်ချက်များကို ပြောင်းလဲကြမည်မဟုတ်ပေ။
ရှုယီသည် ၎င်းတို့အား ဂရုမစိုက်ခြင်းမှာကောင်းသောအချက်တစ်ခုပင်။
သိပ္ပံနည်းကျ သုတေသနပြုလုပ်ရာ၌ ထူးချွန်သူများ၏ ပါဝင်မှုများ လိုအပ်သော်လည်း အမှန်တကယ် အခြေခံနှင့် အနာဂတ်တွင် အဆင့်နိမ့်သော သုတေသနပညာရှင်များမှ ရှာဖွေတွေရှိနိုင်မည်ဖြစ်သည်။
၎င်းမှာထိုသူများသည် သုတေသနကို ဖြည်းဖြည်းချင်း တိုးတက်အောင်လုပ်သွားကာ စနစ်ကို တိုးတက်စေကာ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်စေမည်ဖြစ်သည်။
ထို့ကြောင့် ရှုယီသည် ထိုသူများကိုခေါ်ရန် အချိန်မဖြုန်းတော့ပဲ ရှေးဟောင်းမှော်ပညာ သီအိုရီကို မသိသေးသော မှော်ပညာရှင်အသစ်များကိုပင် လေ့ကျင့်ပေးလေတော့သည်။
အကြောင်းမှာ ရှေးကမှော်ပညာစနစ်၏ လွမ်းမိုးမှုမခံရသေးသော သူများသည် ရှုယီအဆိုပြုသည့် မှော်ပညာသီအိုရီအသစ်အား လွယ်ကူစွာလက်ခံနိင်မည်ဖြစ်သည်။
၎င်းတို့ကြီးပြင်လာလျှင် စနစ်သည် ပိုမို၍ ကျန်းမာတိုးတက်လာမည်ဖြစ်သည်။
တစ်ချိန်တည်း၌ပင် အဆင့်နိမ်သောမှော်ပညာရှင်များ၏ အတွေးအခေါ်သည် ပြောင်းလဲရန်ပိုမို၍ လွယ်ကူသည်။
ဥပမာအားဖြင့် Frestech ကုန်သည်ကြီးများအသင်းနှင့် နိုင်ငံများမှ လက်မှတ်ထိုးထားသော အရ မှော်ပညာရှင်များကို စစ်တပ်များနှင့် တိုက်ပွဲများတွင် ပါဝင်ခွင့်မပြုထားပေ။ ပထမ၌ ပရမ်းပတာများဖြစ်ပြီးသည့်နောက်နှစ်နှစ်ကြာပြီးနောက်တွင် သာမန်မှော်ပညာရှင် ထောင်ကျော်သည် မှော်စက်မှုလုပ်ငန်းများတွင် ပါဝင်ကာ နိုင်ငံ၏ကျောရိုး ဖြစ်လာခဲ့သည်။
စိုင်စ်နယ်မြေတွင် လွန်ခဲ့သော ဆယ်နှစ်က မှော်စက်မှုလုပ်ငန်းတိုးတက်မှုသည် ၎င်းတို့ကိုမေ့လိုက်ရန် မဖြစ်နိုင်ပေ။
၎င်းနှင့်ယှဉ်လျှင် လူတိုင်းလေးစားရသည့် ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်မှော်ပညာရှင်များ သည်ပါဝင်မှုအနည်းဆုံးဖြစ်သည်။
သို့သော် ရှုယီသည် ၎င်းတို့အား ဂရုမစိုက်ပါသော်လည်း လျစ်လှူရှု၍လည်းမရပါ။
ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်မှော်ပညာရှင်များသည် မှော်ပညာရှင်များ၏ အထက်၌ရှိပြီး ၎င်းတို့၏မှော်ပညာအပေါ်နားလည်မှုသည် သာမန်မှော်ပညာရှင်များထက်သာလွန်ပေသည်။ အကယ်၍ ၎င်းတို့သာ သုတေသနပြုလုပ်ရန်စိတ်ဝင်စားလျှင် သာမန်မှော်ပညာရှင်များထက် ပိုမိုထုတ်လုပ်နိုင်မည်မှာ သေချာပါသည်။
ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်မှော်ပညာရှင်များသည် နိုင်ငံများတွင် အရေးပါသောပုဂ္ဂိုလ်များ ဖြစ်ကြပြီး ထင်ရှားကြသည်။
၎င်းတို့ မှော်စက်မှုလုပ်ငန်းတွင် ပါဝင်လိုလျှင် လေပြင်းနှင့် တိုက်သကဲ့သို့ အခြားသော မှော်ပညာရှင်များကို ပါဝင်လာရန် ဆွဲဆောင်နိုင်ပေလိမ့်မည် ။
ထို့ကြောင့်ရှုယီသည် သူတို့နှင့် ကောင်းသောဆက်ဆံရေးရရှိရန် တည်ဆောက်ကာ မှော်စက်မှုလုပ်ငန်းသို့ ပူးပေါင်းလာရန် တတ်နိုင်သလောက် ကြိုးစားရပေမည်။
“ဥက္ကဌရှုဒီဆွေးနွေးပွဲကိုလာဖို့အတွက် အံ့ဩစရာကောင်းတဲ့သတင်းတွေများ ရှိနေမယ်ထင်တယ်ဟုတ်လား?”
ရှုယီ၏ဘေး၌ထိုင်နေသောသူမှာ မန်နာမှော်တိုင်းပြည်၏ ကျွမ်းကျင်ဘုန်းတော်ကြီး ဟေးလ်ဘဒ်ပင်ဖြစ်သည်။ စကားအနည်းငယ်ပြောနေကြပြီးနောက် ထိုမေးခွန်းကိုမေးလာခြင်းဖြစ်သည်။
ထိုမေးခွန်းသည် ချက်ခြင်းပင် ဘေး၌ရှိသော ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်မှော်ပညာရှင်များကို ဆွဲဆောင်လိုက်သည်။
ရှုယီသည် ထိုကဲ့သို့ပွဲတက်သည်မှာ ရှား၍ သူတက်သည့်အချိန်တိုင်း၌လည်း သူသည် မှော်စနစ်၏ မတူညီသော အမြင်များကို ပြတတ်သည်။ ၎င်းသည် မှော်ပညာရှင်များအား အမြဲအံ့ဩစေကာ သံသယဖြစ်စေသည်။
နှစ်ပေါင်းများစွာရရှိသော အတွေ့အကြုံမျာအရ ရှုယီအဆိုပြုသောအရာများသည် သက်သေပြနိုင်ခဲ့ပြီး မှော်ပညာရှင်များ၏ အသိအမှတ်ပြုမှုကို ရရှိထားသည်။
အချိန်များကြာပြီးသည့်နောက် အခြားမှော်ပညာရှင်များသည် ရှုယီအား ထိုမေးခွန်းကိုမေးကာ အမြင်သစ်ကို မေးမြန်းကြသည်။
ရှုယီသည် ခေါင်းကိုခါလျက် ပြုံး၍ “ကျုပ်ဒီတစ်ခေါက်လာတာ သီအိုရီအသစ်ကိုပြဖို့မဟုတ်ပါဘူး နယ်မြေထဲက မှော်ပညာရှင်များရဲ့အခြေအနေကို အားလုံးနဲ့အတူ ဆွေးနွေးဖို့ပါ”
လူတိုင်းသည်သံသယဝင်သောအကြည့်နှင့်ကြည့်နေကြသည်။
နယ်မြေထဲကမှော်ပညာရှင်တွေရဲ့အခြေအနေ?
ဘာများလဲ?
ကျွမ်းကျင်ဘုန်းတော်ကြီး ဂက်စ်စီဝန် သည် မျက်မှောင်ကုပ်လိုက်သည်။
ရှုယီ၏စကားနှင့် ယခင်ကအပြုအမူများသည် သူ့အား တစ်ခုခုမတူညီသောခံစားမှုကိုပေးနေသည်။
ရှုယီ၏ ယခုတစ်ခေါက်ခရီးသည် သူပြောသည့်အတိုင်းရိုးရှင်းမည့်ပုံမပေါ်ပေ။
***
Volume 8 အခန်း ၃၅ ။ မန်နာမှော်တိုင်းပြည်၏ မပြတ်သားသော သဘောထား
ဆွေးနွေးပွဲမစမှီတွင် အဓိပ္ပာယ်မရှိသည့် စကားဝိုင်းတစ်ချို့ကို ဖလှယ်နေကြသည်။
ရှုယီသည် ထိုကဲ့သို့ အချိန်ဖြုန်းနေဖို့ရန်အချိန်မရှိပါ။ သူသည် မန်နာမှော်တိုင်းပြည်သို့လာခဲ့ခြင်းမှာ ထိုဆွေးနွေးပွဲကို တက်ရောက်ရန်သာ မဟုတ်ပဲ အခြားသောကိစ္စတစ်ခုအတွက်လည်းဖြစ်သည်။
ထိုနေရာတွင် အချိန်အနည်းငယ်ထိုင်ကာ အခြားသောမှော်ပညာရှင်များနှင့်စကားပြောပြီးနောက် ရှုယီသည် ထွက်လာခဲ့သည်။
သူထွက်လာချိန်၌ ထိုဆွေးနွေးပွဲကို စီစဉ်ရန်စေလွတ်ခံရသော မန်နာမှော်တိုင်းပြည်၏ အဆင့်မြင့်မှော်ပညာရှင် သည်လည်း အတူထွက်လာခဲ့သည်။
၎င်းသည် မန်နာမှော်တိုင်းပြည်၏ မှော်ပညာရှင် အဖွဲ့အစည်း၌ အဆင့်မြင့်ပိုင်းထဲမှ အဖွဲ့ဝင်ဖြစ်ကာ မန်နာမှော်တိုင်းပြည်၏ ရုံးပိုင်းမှ အဆင့်မြင့် အရာရှိတစ်ဦးလည်း ဟုတ်သည်။
မှော်ပညာရှင်တစ်ဦးအနေဖြင့် ထိုကဲ့သို့ ရာထူးနေရာနှစ်ခုယူခြင်းသည် အခြားသောနိုင်ငံများတွင် မဖြစ်နိုင်သော်လည်း မန်နာတိုင်းပြည်တွင်မူ ပုံမှန်ပင်ဖြစ်သည်။
၄င်းသည် ဆွေးနွေးပွဲ၌ စီစဉ်ရာတွင် တာဝန်ယူရမည့်အပြင် သူ၏အရေးကြီးဆုံးတာဝန်မှာ လေးစားရသည့် ဧည့်သည်များကို ကြိုဆိုရန်ဖြစ်သည်။
ရှုယီသည် အရေးကြီးသည့် ဧည့်သည်အဖြစ် သတ်မှတ်၍ရပေသည်။ ထို့ကြောင့် မန်နာမှော်တိုင်းပြည်သည် သူအားဂရုစိုက်ရန် လူတစ်ဦးကိုလွတ်ထားခြင်းဖြစ်သည်။
ရှုယီသည် မန်နာမှော်တိုင်းပြည်အား မလာခင်ကပင် ဆက်သွယ်ထားပြီးဖြစ်သောကြောင့် နှောင့်နှေးနေစရာအကြောင်းမရှိပါ။
အိမ်တော်မှထွက်ခွာပြီးသည့်နောက် ၎င်းတို့နှစ်ဦးသည် အထူးဧည့်သည်တော်များအတွက် စီစဉ်ထားသည့် မှော်ဆီဒင်ထဲသို့ဝင်သွားကာ ဆော်ဆာရီမြို့၏တောင်ဖက်သို့ ဦးတည်သွားလေသည်။
“ဥက္ကဌရှု စက်ရုံသစ်အတွက် တည်နေရာသစ်ကို နေရာချပြီး အုတ်မြစ်ချနေပါပြီ။ အဲ့တာကတော့ မြို့ရဲ့တောင်ဖက်က မာယာမြစ်ရဲ့ဘေးမှာပါ။ အဲ့နေရာနားမှာ ချဲ့ထွင်နေတဲ့လမ်းတစ်ခုလည်း ရှိပါတယ် ထုတ်ကုန်တွေစထုတ်နိုင်တာနဲ့ ပို့ဆောင်ဖို့က ကုန်းကြောင်း သို့ ရေကြောင်းနှစ်မျိုးလုံးနဲ့ ပို့နိုင်ပါတယ်”
ကားထဲသို့ဝင်ရောက်ပြီးနောက် တာဝန်ရှိသူ မှော်ပညာရှင် ဖန်ဟွန်း က ရှုယီကို ၎င်းတို့၏ ဦးတည်ချက်အညွှန်းကိုပြလေသည်။
“ကျုပ်ခင်ဗျားရဲ့ စီမံခန့်ခွဲတဲ့ အရည်အချင်းကိုသံသယမရှိပါဘူး ဒါမဲ့… အရှင်မင်းကြီး ကကော ဒီစက်ရုံအစီအစဉ်ပေါ်ဘယ်လိုတွေးလဲ?”
“ဒါက….” ဖန်ဟွန်း က တုံ့ဆိုင်းနေကာ ပြုံး၍ တုံ့ပြန်သည် “အရှင်မင်းကြီး နဲ့လွတ်တော်ကတော့ ဒီရက်ပိုင်းမှာ အဲ့ကိစ္စကိုဆွေးနွေးးနေကြပါတယ် ပြီးတော့ ဥက္ကဌရှု နောက်ဆုံးဦးတည်ချက်နေရာကို ရောက်ဖို့စောင့်ဆိုင်းနေကြပါတယ်”
“အဲ့လိုလား?”
ရှုယီက တည်ငြိမ်နေသောအသံတွင် စိတ်ပျက်မှုအနည်းငယ်ပါလျက်ပြောလိုက်သည်။
……..
မှော်စက်မှုပစ္စည်းများထုတ်လုပ်သည့် ကြီးမားသောစက်ရုံတစ်ခုကို Frestech ကုန်သည်ကြီးများအသင်းနှင့် မန်နာမှော်တိုင်းပြည်တို့မှ တည်ဆောက်ရန် ယခင်နှစ်ကစတင်ဆွေးနွေးခဲ့သည်။
၎င်းတို့သည် ပထမနှစ်ဝက်တွင် သဘောတူညီမှုရယူခဲ့ရာ နှစ်ဝက်အတွင်းတွင် အဆောက်အဦး အခြေခံမျှပင် မတည်ဆောက်ရသေးကြောင်း သူလုံးဝမထင်ထားခဲ့ပေ။ ၎င်းသည် အဆောက်အဦး တစ်ခုလုံး ပြီးစီးရန် အဖြေမဟုတ်ပေ ထိုသို့သော အားထုတ်မှုသည် အလွန်နည်း လွန်းသည်။
Frestechကုန်သည်ကြီးများအသင်းမှ မန်နာမှော်တိုင်းပြည်အား ကြီးမားသောမှော်စက်နည်းပညာကို လွဲပြောင်းပေးရန် သဘောတူထားသည်မှာ ရှုယီ၏ သဘောထားကြီးမှုဖြစ်သည်။ သို့သော် မန်နာမှော်တိုင်းပြည်သည် ထိုအခွင့်အရေးကို မဖမ်းဆုပ်ထားပဲ တွန်းထုတ်နေသည်။ ရှုယီအား အလွန်ပင် စိတ်ပျက်စေသည်။
ဖန်ဟွန်း သည် ရှုယီ၏ မျက်နှာအမူအရာကိုမြင်ကာ ပြုံး၍အမြန်ပြောလိုက်သည်။
“တကယ်တော့ အရှင်မင်းကြီး နဲ့လွတ်တော်က အမတ်တွေက အမြင်မတူတာတွေရှိပြီး ဥက္ကဌရှုနဲ့ နည်းနည်းဆွေးနွေးချင်တာပါ ဥက္ကဌရှု သေချာပါတယ် အခြေခံက စတင်ပြင်ဆင်နေပြီဆိုတော့ တိုင်းပြည်က တစ်ဝက်တစ်ပျက်နဲ့တော့ မရပ်လိုက်ပါဘူး”
ရှုယီကခေါင်းငုံလိုက်သည် လက်ခံကြောင်း သို့ ငြင်းပယ်ကြောင်းအမူအရာတစ်ခုမှမပြပေ။
Frestech ကုန်သည်ကြီးများအသင်းသည် ဤနှစ်များ၌ နိုင်ငံပေါင်းများစွာနှင့် အလုပ်တွဲလုပ်ခဲ့သည် တချိုနိုင်ငံများက အားစိုက်မှုရှိသကဲ့သို့ ဤကဲ့သို့ အားထုတ်မှုမရှိသောနိုင်ငံများလည်းရှိသည်။
အကြောင်းအရင်းမှာများစွာရှိပါသည် သို့သော် ရှုယီသည် တစ်ခုကိုမျှ အာရုံမစိုက်ခဲ့ချေ။
နောက်ဆုံး၌ များစွာသော နိုင်ငံများနှင့် ကုမ္ပဏီများသည် Frestech ကုန်သည်ကြီးများအသင်းနှင့် အလုပ်တွဲလုပ်ရန် တောင်းဆိုခဲ့ကြသည်မှာ တစ်ခုသို့ နှစ်ခုမကပေ။ ၎င်းတို့အားလုံးကိုအာရုံစိုက်နေလျှင် ပင်ပန်းလို့သေလိမ့်မည်ဖြစ်သည်။
သို့သော် ယခုတစ်ခေါက် မန်နာမှော်တိုင်းပြည်နှင့် ပူးပေါင်းခြင်းမှာ ကွာခြားသည် ၎င်းသည် ရှုယီကိုယ်တိုင် စီမံခန့်ခွဲသည့် စီမံကိန်းတစ်ခုဖြစ်သည်။ ထို့ကြောင့် Frestechကုန်သည်ကြီးများအသင်း သည်လည်း ဤသည်ကို အလေးထားလေသည်။
စီမံကိန်းသည် သိပ်မကြီးသော်လည်း ရှားပါးသည့်စီမံကိန်းတစ်ခုဖြစ်သည်။
သို့သော် မန်နာမှော်တိုင်းပြည်သည် နှောင့်နှေးအောင်လုပ်နေကာ ပူးပေါင်းချင်စိတ် မရှိသည့်အတိုင်းပင် ထို့ကြောင့် ရှုယီသည် မကျေနပ်ပေ။
ထိုစီမံကိန်းအား သူကိုယ်တိုင် အလေးအနက်ထားလုပ်ဆောင်ခြင်းမှာ မန်နာတိုင်းပြည်ကိုလည်း အလေးအနက်ထား လုပ်ဆောင်စေလိုခြင်းကြောင့် ဖြစ်သည်။
ထိုတိုင်းပြည်သည် အင်ပါယာနှစ်ခုပြီးနောက် တတိယ အကြီးဆုံးတိုင်းပြည်ဖြစ်သည် အကြောင်းမှာ ၎င်းတို့၌ မှော်ပညာရှင်များစွာရှိခြင်းကြောင့်ဖြစ်သည်။
ရှုယီသည် စိုင်စ်နယ်မြေတစ်ခုလုံးကို မှော်ပညာအပေါ်အမြင်နှင့် အသုံးပြုမှုများကို ပြောင်းလဲစေချင် သည့်အတွက် မန်နာမှော်တိုင်းပြည်သည်အရေးကြီးပေသည် သူသည် မန်နာမှော်တိုင်းပြည်နှင့်အစဉ် ကောင်းမွန်သောဆက်ဆံရေးရှိစေရန် ကြိုးစားခဲ့သည်။ ၎င်းတို့ကိုယ်တိုင် မှော်စက်မှုလုပ်ငန်းတွင် ပါဝင်လာနိုင်ရန်ကြိုးစားခဲ့သည်။
သို့သော် ရှုယီမှ မှော်ပညာရှင်များငြိမ်းချမ်းရေးသဘောတူညီချက် ကို တင်ပြခဲ့စဉ်က မှော်ပညာရှင်များသည် စစ်ပွဲထဲတွင် ပါဝင်ခွင့်မရှိတော့ပဲ မန်နာမှော်တိုင်းပြည်၏ တိုက်ခိုက်ခြင်းစွမ်းအား ကောင်းသော မှော်ပညာရှင်များသည် ကြီးမားသော ရိုက်ခတ်ခြင်းကို ခံစားခဲ့ရသည်။
အကယ်၍ Frestech ကုန်သည်ကြီးများအသင်းသည် ဤကဲ့သို့ နယ်မြေအား လွှမ်းမိုးလာပါလျှင် မန်နာမှော်တိုင်းပြည်သည် ကျဆင်းသွားရတော့မည်။
ထို့ကြောင့် မန်နာမှော်တိုင်းပြည်၏ Frestechကုန်သည်ကြီးများအသင်းပေါ် အပြုအမူသည် အမြဲ ရှုပ်ထွေးနေခဲ့သည်။ ၎င်းတို့သည် Frestechကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်း၍ အင်အားတိုးချဲလို သကဲ့သို့ မန်နာမှော်တိုင်းပြည်ရှိ မှော်ပညာရှင်များသည် Frestechကုန်သည်ကြီးများအသင်းအား မုန်းတီးခြင်းလည်း ရှိကာ ပူးပေါင်းမှုလည်း မလုပ်ချင်ပေ။
Frestechကုန်သည်ကြီးများအသင်းသည် မှော်စက်မှုလုပ်ငန်းကို အခြားတိုင်းပြည်များ၌ တိုးချဲ့လုပ်ကိုင်နေရာ မန်နာမှော်တိုင်းပြည်နှင့် လုပ်ကိုင်ခြင်းမှာ နံရံကိုဝင်တိုးနေသကဲ့သို့ပင်။ ရှုယီကိုယ်တိုင် ကိုင်တွယ်သော စီမံကိန်းသည်ပင် ကိုင်တွယ်ရခက်ခဲနေသည်။
“ကျုပ် နှစ်ရက်အတွင်း အရှင်မင်းကြီး နဲ့တွေ့ဆုံဆွေးနွေးချင်တယ် အကြောင်းကြားပေးပါဦး” ရှုယီက အနည်းငယ်စဉ်းစားပြီးနောက် ဖန်ဟွန်းအားပြောလိုက်သည်။
ဖန်ဟွန်း ကချက်ခြင်းခေါင်းငြိမ့်လိုက်ကာ “ အရှင်မင်းကြီး ကလည်း ဥက္ကဌရှုနဲ့ တွေ့ဆုံဖို့ မျှော်လင့်နေတာပါ ဥက္ကဌဒီမှာရောက်နေမှန်းသိရင် သူအရမ်းဝမ်းသာသွားမှာပါ”
ရှုယီက အာ ဟုသာပြောကာ ဘာမှမမေးတော့ပေ။
မှော်ဆီဒင်ကားသည် လမ်းအချို့ကိုဖြတ်ကာနာရီဝက်အတွင်း၌ ဖန်ဟွန်း ပြောသည့်နေရာသို့ ရောက်သွားသည်။
ယာဉ်ပေါ်မှဆင်းပြီးနောက်တွင် ရှုယီသည် တစ်ချက်ကြည့်လိုက်ကာ မျက်မှောင်ကုပ်လိုက်မိတော့သည်။
ဖန်ဟွန်း ပြောသောနေရာသည် ယခုကြည့်လိုက်သောအခါ မြေနေရာကြမ်းဖြစ်ပြီး ဘာမှမရှိသည့် မြစ်ကမ်းနား ဖြစ်သည်။
အဝေးတစ်နေရာ၌ သဲပုံတစ်ချို့နှင့် ကျောက်ပုံအနည်းငယ်ကိုသာတွေ့ပြီး လူတစ်ချို့ အလုပ်လုပ်နေသည် ကိုမြင်ရသည် ၎င်းသည် အခွံသပ်သပ်မျှသာ ဖြစ်သည် ၎င်းအား အဆောက်ဦးအခြေခံ အဖြစ် မည်သို့သတ်မှတ်နိုင်မည်နည်း?
“ဒါ ခင်ဗျားတို့နှစ်ဝက်အတွင်း ဆောက်ထားတဲ့ အခြေခံအဆောက်အဦးလား? ရှုယီသည် အေးစက်နေသောလေသံဖြင့်ပြောလိုက်သည်။
ဖန်ဟွန်း သည် ရှုယီ ထိုမြင်ကွင်းကိုမြင်လျှင် ကျေနပ်လိမ့်မည်မဟုတ်ကြောင်းသိပါသည်။ သူသည် ချွေးများကိုသုတ်လိုက်ကာ သဲပုံနှင့် ကျောက်ပုံကိုပြ၍ “ပထမဆုံးအလုပ်ခွင်က အဲ့နေရာမှာပါ ကျွန်တော်တို့မြန်မြန်လုပ်ရင် နောက်နှစ်အစမှာပြီးလိမ့်မှာပါ”
“ကျွန်တော်တို့မြန်မြန်လုပ်ရင် ဟုတ်လား?” ရှုယီသည် မနေနိုင်ပဲ ကျယ်လောင်စွာရယ်လိုက်သည်။
အမ်ရစ် ကုန်သည်ကြီးများအသင်း၏သုံးသပ်ချက် သည် “အလုပ်မြန်၍ အရည်သွေးကောင်းရမည်” ဟုဆိုသော်လည်း ၎င်းတို့သည် အခြေခံအဆောက်အဦးကို အလုပ်သမားအင်အားများများနှင့် ဆောက်လုပ်ရေးမှော်စက်များသုံးကာ တည်ဆောက်ခြင်းဖြစ်သည်။
သူ၏မျက်စိရှေ့တွင်မြင်နေရသောအဆောက်အဦးမှာ အလုပ်သမားနည်းကာ မှော်စက်တစ်ခုမှပင်မရှိပေ ထို့ကြောင့် မည်သို့ပင်ကြည့်စေကာမူ မြန်နိုင်စရာအကြောင်းမရှိပေ။
ရှုယီအား မကျေနပ်ကာ အနည်းငယ်ပင် စိတ်ဆိုးစေသည့်အချက်မှာ မန်နာမှော်တိုင်းပြည်မှ ထိုစီမံကိန်းကို ဂရုမစိုက်သော်လည်း ရှုယီလာမည့်အကြောင်းသိထားလျှင် ထိုအကြောင်းကြောင့်ပင် ၎င်းတို့၏ ဂုဏ်သတင်းအတွက် အနည်းငယ် ပိုကောင်းအောင် လုပ်ထားသင့်သည် မဟုတ်ပါလား။ ရှုယီလာမယ်မှန်း သိလျှက် ၎င်းတို့သည် ဆောက်လုပ်ရေးလုပ်နေကြောင်း ဟန်ဆောင်ပေးခြင်းပင် မရှိပါသလား?
သို့သော်ယခုမူ မန်နာတိုင်းပြည်သည် သူအတွက်ဖြစ်စေ ဟန်ပင်မဆောင်နိုင်ပေ သိုမဟုတ် ထိုသို့သော အကြံပင်မရှိပေ။ ၎င်းမှာ မန်နာမှော်တိုင်းပြည်သည် ရှုပ်ထွေးကာ ထိုကိစ္စအား လုပ်လိုသည့်သူ မည်သူမှမရှိကြောင်း ပြနေသည်။
ထိုသို့စဉ်းစားပြီးနောက် ရှုယီသည် နှာမှုတ်လိုက်ကာ ဖန်ဟွန်း ဖက်သို့လှည်၍ အေးစက်သောလေသံ ဖြင့်ပြောသည်။
“ခင်ဗျားတို့ မန်နာမှော်တိုင်းပြည်က ဒီစီမံကိန်းအပေါ်စိတ်မဝင်စားဘူးဆိုရင်လည်း ရှင်းရှင်း ပြောလို့ရပါတယ် ကျုပ်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက အခြားသူတွေနဲ့ လိုက်ပူးပေါင်းဖို့ လိုအပ်တဲ့ သေးငယ်တဲ့ ကုမ္ပဏီလေးမဟုတ်ဘူး အကယ်၍ ရှင်းရှင်းပြောမယ်ဆိုရင် အနာဂတ်မှာ ဝင်ရောက်စွက်ဖက်တော့မှာ မဟုတ်ပါဘူး။”
ရှုယီ၏ အမှန်တကယ်စိတ်ဆိုးနေသည့် အသံကိုကြားပြီးနောက် ဖန်ဟွန်း ၏ ခေါင်းသည် ချွေးများဖြင့် စိုရွဲသွားသည်။ သူသည် အမြန်ပင် ပြုံးကာ
“ နားလည်မှုမလွဲပါနဲ့ နားလည်မှုမလွဲပါနဲ့ ကျွန်တော်တို့တိုင်းပြည်က ခင်ဗျားတို့ကုမ္ပဏီနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိပါတယ် ဒါမဲ့ တိုင်းပြည်ထဲမှာကို ….. ကန့်ကွက်သူတွေရှိနေလို့ပါ။ အခု ဥက္ကဌရှု ကိုယ်တိုင် လာတယ်ဆိုတော့ ကန့်ကွက်သူတွေက ပြဿနာမဟုတ်တော့ပါဘူး အမြန်ဖြေရှင်းပြီးသွားမှာပါ အဲ့လို့မထင်ဘူးလား?”
“ကျုပ်မျှော်လင့်ပါတယ်”
ရှုယီသည် အေးစက်သောအကြည့်ဖြင့် လက်ကိုယမ်းလိုက်သည်။
ထိုနေရာ၌ ဟန်ပြ အဆောက်အဦးသာရှိသဖြင့် ဆက်ကြည့်စရာမရှိတော့ပဲ ထိုနေရာ၌နေရန်လည်း မလိုတော့ပေ။
ထိုအလုပ်လုပ်နေသည့် သူအနည်းငယ်ကိုသာကြည့်ကာခေါင်းခါလျှက် ကားဖက်သို့မျက်နှာ လည့်လိုက်သည်။
ခြေလှမ်းနှစ်လှမ်းမျှ လျှောက်ပြီးနောက် သူ၏နောက်မှ အသံများကိုကြားလိုက်ရသည်။
လှည့်ကြည့်လိုက်သောအခါ မည်သည့်နေရာမှ ပေါ်လာမှန်းမသိသော လူအုပ်စုသည် ဆောက်လုပ်ရေးနေရာသို့ ရောက်လာကာ အလုပ်သမားများအား ရိုက်နှက်ကာ ကျိန်ဆဲကြသည်။
ရှုယီသည် အံ့ဩသွားသည်။
“ဘာတွေဖြစ်နေတာလဲ”
ဖန်ဟွန်း ကရှုယီကို ပြုံးကာ “ပြဿနာလာရှာကြတဲ့သူတွေထင်တယ်”
“အဓိပ္ပာယ်မရှိတာ ငါတွေ့နေရတာပဲ”
ရှုယီသည် သူ့ကိုကြည့်ကာ ထူးဆန်းသည့်ခံစားချက်ကိုရလိုက်သည်။
ထိုအလုပ်သမားများကိုတိုက်ခိုက်နေသည့် သူများအထဲမှ အချို့မှာ မှော်ပညာရှင်များဖြစ်သည်။
၎င်းသည် သူ့ကို အလွန်အံ့ဩသွားစေသည်။
မှော်ပညာရှင်များ၏အဆင့်အတန်းသည် ထိုနစ်များ၌လျှော့ကျသွား၍ ယခင်ကဲ့သို့ အထက်တွင်မရှိတော့သော်လည်း သာမန်လူများသည် မှော်ပညာရှင်များအား လေးစားကြသေးသည်။ ထို့ကြောင့် ၎င်းတို့၏အဆင့်အတန်းမှာ သာမန်သူများထက်မြင့်သည်။
သာမန်မှော်ပညာရှင်များသာ ဆိုလျှင် ထိုကဲ့သို့ အလုပ်သမားများအား ဆဲဆို၍ ရိုက်နှက်မည်မဟုတ်ပေ။ ထိုအရာသည် ၎င်းတို့၏အဆင့်အတန်းကို နိမ့်ကျစေလိမ့်မည်။
ရှုယီသည် သူ၏မျက်စိကိုမှေးကာကြည့်လိုက်သည် ဘေး၌ရှိသော ဖန်ဟွန်းသည် အသံပင်မထွက်ပေ။ ထိုကိစ္စအား စောင့်ကြည့်ရန်စီစဉ်ထားသလိုပင်။
ရှုယီ၏အကြည့်ကိုမြင်လျှင် ၎င်းသည်နားလည်သည့်ပုံနှင့် ခေါင်းခါပြကာ ခါးသက်သက်ပြုံးလိုက်သည်။
“ကျွန်တော်ကဒီကိစ္စမှာ တာဝန်ရှိသူမဟုတ်ဘူး။ ဒါကြောင့် တစ်ခုခုလုပ်ဖို့အဆင်မပြေပါဘူး ဥက္ကဌရှု ကျွန်တော့်ကိုနားလည်ပေးပါ”
ရှုယီသည် သူ့အားမယုံပါ။
သူသည် ရှုယီအား ထိုနေရာသို့လိုက်ပြမည့်တာဝန်ပါရထားပါက ထိုကိစ္စ၏တာဝန်ရှိသူမဟုတ်ဘူး ဆိုသည်မှာ ဖြစ်နိုင်ပါသလား?
ဆိုလိုနေသည်မှာ သူသည် ဝင်ပါမည်မဟုတ်ပဲ ကြည့်နေမည်သာဖြစ်သည်။
ရှုယီသည် ထိုသူများပြဿနာလုပ်နေသည်ကို ကြည့်ကာ မျက်မှောင်ကုပ်လိုက်သည်။
မန်နာမှော်တိုင်းပြည်၏ အစီအစဉ်မှာ မည်သို့နည်း။ ထိုသို့သောလိုက်ဖမ်းရန် စတန့်ပြခြင်းမှာ မည်သို့ အကျိုးကျေးဇူးရနိုင်ပါသနည်း?
Volume 8 အခန်း ၃၆ ။ သတ္တိမရှိဘူးလား?
ဤနေရာတွင်ဖြစ်သော ပြဿနာသည် မန်နာမှော်တိုင်းပြည်က ရှင်းရမည့်ပြဿနာဖြစ်သည် ထို့ကြောင့် ရှုယီသည် ဝင်မစွက်ဖက်ချင်ပါ။ သူသည် ခေါင်းသာခါ၍ လှည့်ထွက်သွားရန် လုပ်လိုက်သည်။
သူသည် ပြဿနာမတက်ချင်ပါ သို့သော် ပြဿနာသည် သူ့ဆီလာလေသည်။
ထိုပြဿနာရှာသည့်သူများသည် ထိုနေရာ၌လူရှိသည်ကိုမြင်လျှင် အုပ်စုလိုက်တက်လာလေသည်။
“ဟေ့ ကြည့်လိုက်စမ်း အဲ့လူကရှုယီနဲ့တူတယ်” လူအုပ်စုသည် အနီးသို့ရောက်လာပြီးနောက် လူတစ်ဦးသည် ရှုယီကိုထိုးပြကာ ကျယ်လောင်စွာအော်လိုက်သည်။
“အဲ့တာ တကယ်သူပဲ”
“မှန်တယ် အဲ့တာ ရှုယီပဲ”
“ညီကိုတို့ အဲ့ကောင်က ဒီကိုတကယ်လာရဲရင် ငါတို့ သူ့ကိုသင်ခန်းစာပေးလိုက်ကြတာပေါ့”
“မှန်တယ် အဲ့ကောင်က ငါတို့ကိုအလုပ်လုပ်လို့မရအောင်လုပ်ခဲ့တာ ဒါကြီးလေးတဲ့ အပြစ်ပဲ”
“မှန်တယ် သင်ခန်းစာပေးရမယ် ငါတို့ရဲ့အင်အားကိုပြရမယ်”
……….
ရှုယီသည် သူ၏မျက်လုံးကိုမှေးလိုက်ကာ ထိုအော်နေကြသည့်အုပ်စုကို ကြည့်လိုက်သည် သို့သော် သွားရန်မပြင်ဆင်ပေ။ သူသည် တစ်ချက်သာရယ်လိုက်ကာ ဖန်ဟွန်း အား “ဒါခင်ဗျားပြင်ဆင်ထားတာဆိုရင် အရမ်းကိုဟာကွက်ဖြစ်နေတယ်လို့ပဲ ကျုပ်ပြောနိုင်တယ်”
ဖန်ဟွန်း၏မျက်နှာအမူအရာသည် ပြောင်းလဲသွားကာ လက်ကိုခါလျက်
“ဥက္ကဌရှု အထင်လွဲနေပါပြီ ဒါကျွန်တော်တို့ စီစဉ်တာဘယ်ဖြစ်နိုင်ပါ့မလဲ။ ဒီကောင်တွေ ဘယ်ကလာလဲဆိုတာ ကျွန်တော်လဲမသိပါဘူး”
ထို့သို့ပြောပြီးနောက် သူ၏စကားကိုသက်သေပြရန် ဖန်ဟွန်း သည် ရှေ့သို့ထွက်ကာ ထိုသူများကိုအော်လိုက်သည်။
“ဟေ့ မင်းတို့ ဒီမှာဘာလုပ်နေတာလဲ ဥက္ကဌရှုက ငါတို့တိုင်းပြည်က ဖိတ်ထားတဲ့ ဧည့်သည်ပဲ မင်းတို့သူ့ကို ရိုင်းပြရဲလား မင်းတို့ကိုလူလွတ်ပြီး မဖမ်းရဲဘူးလို့ထင်နေလား?”
“ဟား ငါတို့ကိုဖမ်းနိုင်ရင် လာဖမ်းလိုက်စမ်းပါ”
“ကောင်းပြီ ဘာပဲဖြစ်ဖြစ် ငါတို့အလုပ်လဲမရှိဘူး ဘာကြောက်စရာလိုသေးလဲ”
“အဖေကတိုက်ပွဲမှာတောင် သေမှာမကြောက်ခဲ့ဘူး ငါကမင်းကိုဘာလို့ကြောက်ရမှာလဲ”
“ဟာသပဲ ငါတို့က စစ်တပ်မှော်ပညာရှင်တွေ။ ငါတို့ကို ဖမ်းရဲရအောင် မင်းကဘာကောင်မို့လဲ”
………
“စစ်တပ်မှော်ပညာရှင် ?” ရှုယီသည် ထိုအုပ်စုကိုကြည့်လိုက်ကာ နည်းနည်းနားလည်လာလေသည်။ “ဖန်ဟွန်း ဒီစစ်တပ်မှော်ပညာရှင်တွေက မှော်ပညာရှင်ငြိမ်းချမ်းရေးသဘောတူညီချက် ကြောင့် မင်းတို့တိုင်းပြည်စစ်တပ်ကနေ နှင်ထုတ်လိုက်တဲ့သူတွေလား?”
ဖန်ဟွန်း သည် ခေါင်းငြိမ့်လိုက်သည် “ဟုတ်ကဲ့” ထို့နောက် သူသည် ချက်ခြင်း ရှင်းပြသည်။ “တကယ်တော့ မှော်ပညာရှင်အများစုက တာဝန်ရပ်စဲခံရပြီးတော့ ကုမ္ပဏီတွေမှာ အလုပ်တွေရှာကြပြီး လုပ်နေကြပေမဲ့ တစ်ချို့ကတော့ အဲ့လိုမလုပ်ချင်ကြပါဘူး သူတို့က စစ်တပ်ထဲမှာပဲ နေချင်ကြတာကြောင့်…”
“အို ငါနားလည်ပြီ” ရှုယီသည် ထိုအုပ်စုကိုကြည့်လိုက်ပြီး “ကြည့်ရတာ ကိုက်ခံထားရတဲ့ ခွေးအုပ်စုတွေပဲ အရေးမကြီးပါဘူး”
ရှုယီသည် သူ၏အသံကိုမလျေ့ာပေ။ ထိုသူများသည် အတိုင်းသားကြားနေရသည်။
လူတိုင်းသည် မျက်နှာအနေအထားသည်ပြောင်းလဲသွားကာ ၎င်းတို့သည် ထပ်မံ၍ အော်ဟစ်ကြသည်။
“မင်းကဘယ်သူ့ကို ကိုက်ခံရတဲ့ခွေးလို့ ခေါ်လိုက်တာလဲ?”
“မင်းကဘာအဆင့်ရှိလို့ ငါတို့ကိုအဲ့လို ခေါ်ရတာလဲ မင်းနဲ့ Frestech ကုန်သည်ကြီးများအသင်း လုပ်ရပ်ကြောင့်သာ အဲ့ဒီ မှော်ပညာရှင်ငြိမ်းချမ်းရေးသဘောတူညီချက်ကြောင့်သာ မဟုတ်ရင် ငါတို့က ဘယ်လိုလုပ် ဒီလိုဖြစ်လာမှာလဲ”
“ဟုတ်တယ် ဒါမင်းရဲ့အမှားပဲ ဒါတောင် ငါတို့ရဲ့ရှေ့မှာ အဲ့လိုပြောရဲသေးတယ်ပေါ့ ငါတို့ ဘာမှမလုပ်ရဲဘူး လို့များ ထင်နေလား?”
“အို?” ရှုယီကထိုသူများအား အပြုံးဖြင့်ကြည့်ကာ “ဒီလိုပြောတယ်ဆိုတော့ တစ်ခုခုလုပ်ချင်တယ် ဆိုလည်းလုပ်ပါ ငါမင်းတို့ကိုမတားပါဘူး”
ထိုအုပ်စုသည် စိတ်ဆိုးစွာဖြင့် ရှုယီကိုစိုက်ကြည့်နေသော်လည်း တစ်ဦးမှ မလှုပ်ရှားရဲကြချေ။
ရှုယီအားသတိပြုမိသည်နှင့် ရှုယီ၏ရာထူးကို သိပြီးဖြစ်ရာ ရှုယီသည် ကျွမ်းကျင်ဘုန်းတော်ကြီး အဆင့်မှော်ပညာရှင် ဖြစ်ကြောင်းသိကြသည်။
၎င်းတို့၏အုပ်စု၌ သတ္တမအဆင့်ပင် ကျော်သည့်သူမရှိရာ ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်မှော်ပညာရှင် ရှုယီအား မည်ကဲ့သို့ ရန်ပြုရဲပါမည်နည်း?
ရှုယီသည်ပြုံးလျက် ထိုအုပ်စုကို အာရုံစိုက်ပေးရန် ပျင်းလာလေသည်။ သူသည် ဖန်ဟွန်းဖက်သို့ လှည့်ကာ ပြောလိုက်သည်။
“အရှင်မင်းကြီးကိုပြောပေးပါ တိုင်းပြည်က ဒီလိုကိစ္စသေးသေးလေးတွေမှ မဖြေရှင်းနိုင်ရင် ငါတို့က မင်းတို့ တိုင်းပြည်ရဲ့ အပြုအမူနဲ့ လုပ်နိုင်စွမ်းးကို သံသယဝင်ရလိမ့်မယ် ငါတို့ရဲ့ အနာဂတ်ပူးပေါင်းဖို့ အပေါ်လည်း သက်ရောက်လိမ့်မယ်လို့ပြောလိုက်ပါ။”
သူသည် ဖန်ဟွန်း ကိုလည်း အာရုံစိုက်ရန်ပျင်းနေပြီဖြစ်ရာ ပြောပြီးနောက် လေပေါ်ပျံတက်သွား လေသည်။
ဖန်ဟွန်းနှင့် လူအုပ်စုသည် ကြောင်အ,လျှက်ကြည့်နေကြသည် ထိုအချိန်တွင် မှော်လေသင်္ဘော တစ်စင်း ပေါ်လာကာ ရှုယီအားကြိုဆို၍ ရှုယီသည် အထဲဝင်သွားလေသည်။
မှော်လေသင်္ဘော ပျံထွက်သွားသည့်တိုင် ဖန်ဟွန်း နှင့်ထိုအုပ်စုသည် ကြောင်အ,နေကြသည်။
အချိန်အနည်းငယ်ကြာပြီးနောက် လူတစ်ဦးသည် ဖန်ဟွန်းကိုရှုပ်ထွေးသောရုပ်နှင့်ကြည့်ကာ
“ဆရာ ဖန်ဟွန်း သူဘာလို့ဒီတိုင်းထွက်သွားတာလဲ”
ဖန်ဟွန်း သည်ထိုသူတို့ကိုကြည့်ကာဘာမှမပြောတတ်တော့ပေ။
အချိန်အနည်းငယ်ကြာပြီးနောက်သူသည် သက်ပြင်းချကာ ခေါင်းခါလိုက်သည်။
“ဒီဥက္ကဌရှုကတော့ တကယ်ပဲခန့်မှန်းလို့မရဘူး”
…………
မှော်လေသင်္ဘောသည် တစ်နာရီလျှင် ကီလိုမီတာ နှစ်ရာ ပျံနိင်သည်။ ၎င်းသည် ဆော်ဆာရီမြို့ကို ဖြတ်သွားပြီး မကြာမှီတွင် ဆော်ဆာရီမြို့၏အရှေ့တောင်ဖက် ကီလိုမီတာ ၄၀ ခန့်ဝေးသောမြို့တွင် ဆင်းသက်လိုက်သည်။
ရှုယီထွက်လာစဉ်တွင် ဆလင်ဒါပုံစံ ပုံရိပ်ကလေးသည် ခုန်ထွက်လာပြီး သူ၏ရှေ့မှောက်သို့ ရောက်လာသည်။
“အဖေ နောက်ဆုံးတော့ ရောက်လာပြီပေါ့”
ဖရီယာသည် ရှုယီကိုတင်းကြပ်စွာ ဖက်လိုက်ကာ သူမ၏ပျော်ရွင်နေသောမျက်နှာကို ရှုယီ၏ရင်ဘတ်၌ ပွတ်လိုက်လေသည်။
ရှုယီသည် ရယ်မောကာ သူ၏လက်ဖြင့် သူမ၏ခေါင်းကိုပုတ်လိုက်လေသည်။
“ဟုတ်ပြီ သမီးကဒီလောက်ကြီးနေပြီကို ဘာလို့ကလေးလိုပြုမူနေသေးတာလဲ?”
“အဖေ့ရှေ့မှာဆို သမီးကကလေးပဲလေ” ဖရီယာသည်တခစ်ခစ်ရယ်လိုက်ပြီးမှ သံသယအကြည့်ဖြင့် “ဟုတ်သားပဲ အဖေ မန်နာမှော်တိုင်းပြည်ကလူတွေနဲ့ အချိန်ယူပြီး ဆွေးနွေးစရာကိစ္စတစ်ချို့ရှိတယ်ဆို သမီးထင်တာ ညမှတွေ့ရမယ်ထင်တာ ဒီလောက်အစောကြီးပြန်လာမယ်မထင်ထားဘူး”
ရှုယီသည် ခုနကကိစ္စကိုပြန်တွေးလိုက်ကာ မျက်မှောင်ကုပ်၍ ခေါင်းခါလိုက်သည်။
ရှုယီ၏အမူအရာကို မြင်လျှင် ဖရီရာက ဆက်မေးလေသည်။ရှုယီသည် ထိုအကြောင်းကို စဉ်းစားလိုက်ပြီး ဖြစ်ခဲ့သမျှကို ဖရီယာအား ပြန်ပြောပြလိုက်သည်။
“ဖရီယာ သမီးသာ အဖေ့နေရာမှာသာဆို ဘယ်လိုလုပ်မှာလဲ?”
ဖရီယာက မျက်တောင်ခတ်၍ ရှုယီသည် ၌အခွင့်အရေးကိုယူကာသူ့ကိုစမ်းသပ်ကြောင်းသိလိုက်သည်။
သို့သော် အနည်းငယ်စဉ်းစားပြီးနောက် သူမသည် မျက်မှောင်ကုပ်ကာ ယဉ်ကျေးမနေတော့ပေ။
“အဖေ အဖေက စိတ်ခံစားချက်များလွန်းတယ်”
“အို?” ရှုယီသည် ၎င်းကို ရယ်ရသည်ဟုထင်ကာ ဆက်မေးသည် “ဘာလို့အဲ့လိုပြောရတာလဲ”
“အဲ့ဒီမန်နာမှော်တိုင်းပြည်ကလူတွေက ပူးပေါင်းချင်စိတ်မရှိတာတင်မဟုတ်ဘူး ဂရုစိုက်ချင်စိတ် ကိုမရှိမှန်း သိနိုင်ပါတယ် သူတို့က ဒီလို လှည့်ကွက် အသေးကိုသုံးတာ အဖေစိတ်ဆိုးပြီး သူတို့နဲ့ ဆက်ဆံရေး ဖြတ်စေချင်လို့ပဲ ဟုတ်တယ်မလား?
“အာ….. အဲ့တာဖြစ်သင့်ပါတယ် ဒါမဲ့ ဘယ်လို ခံစားချက်များတာ ဖြစ်သွားတာလဲ”
“အဲ့တာလဲပါတာ သေချာတာပေါ့ အဖေက သမီးကို အမြဲပြောတာပဲ ဘာပဲလုပ်လုပ် ပန်းတိုင်ကိုသိပြီး အဲ့တာကိုရအောင်ကြိုးစားရမယ်ဆို? အဖေရဲ့ဆုံးဖြတ်ချက်ကို ဘယ်အရာကိုမှ ပေးထိခိုက်စေလို့ မဖြစ်ဘူးပေါ့ အဖေက မန်နာမှော်တိုင်းပြည်နဲ့ ပူးပေါင်းချင်တာဆိုရင် ဘာလို့ ဒီလှည့်ကွက်အသေးလေး လောက်နဲ့ လက်လျော့လိုက်ရတာလဲ ဒါကစိတ်ခံစားချက်များတာမဟုတ်ဘူးလား?” ဖရီယာက သူ့အားဆက်တိုက်စွပ်စွဲပြောဆိုလေတော့သည်။
ရှုယီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
“ သမီးမှန်တယ် ဒါပေမဲ့ ဖရီယာ သမီးက အဖေ့ရဲ့ တကယ်ပန်းတိုင်ကို မသိသေးဘူး”
“တကယ့် ပန်းတိုင်?”
ဖရီယာသည် ခေါင်းကိုမော့လိုက်ပြီး စိတ်ရှုပ်သွားသည့်ရုပ်နှင့် ကြည့်လိုက်သည်။
“အဲ့ဒါက မန်နာမှော်တိုင်းပြည်နဲ့ပူးပေါင်းပြီး မှော်စက်မှုလုပ်ငန်းကိုတိုးချဲ့ဖို့မဟုတ်လား?”
“ဒါက ရေတိုပန်းတိုင်လေးတစ်ခုပါ”
ရှုယီသည် ဆော်ဆာရီမြို့ဖက်သို့လှည့်ကြည့်လိုက်ပြီး သက်ပြင်းချကာ
“အကယ်၍ အဖေတို့သာ မန်နာမှော်တိုင်းပြည်မှာသာ မှော်စက်မှုလုပ်ငန်းကို လွယ်လွယ် တိုးတက်အောင် လုပ်လို့ရမယ်ဆိုရင် အဖေ အားထည့်မှာပါ ဒါမဲ့ ရှင်းလင်းတဲ့ အချက်အလက်တွေအရ မန်နာမှော်တိုင်းပြည်က အတွင်းပိုင်းပြဿနာတွေရှိပြီး သူတို့ရဲ့ထင်မြင်ချက်ကို စည်းလုံးအောင် လုပ်လို့မရဘူး အဖေ့ရှေ့မှာတောင် ဒီလို မိုက်မဲတဲ့ လှည့်ကွက်ကို သုံးကြသေးတယ် ဒါကြောင့် အဖေထင်တာ သူတို့ကို အရင်လွတ်ပေးလိုက်ရမယ်ထင်တယ်”
“ဒါပေမဲ့ တခြားတိုင်းပြည်တွေဒီလိုလုပ်တုန်းက သူတို့လည်းပြဿနာတွေအများကြီးရှာခဲ့တာပဲ အဖေတစ်ခါမှလက်မလျော့ခဲ့ဘူးမဟုတ်လား?”ဖရီယာကရှုပ်ထွေးနေသေးသည်။
“အရင်ကတော့ အရင်ကပေါ့…….ဒါမဲ့ အခုက …အဖေ စိုင်စ်နယ်မြေမှာလုပ်ရမဲ့ အရာကပြီးသွားပြီ ကျန်တာက သူတို့ကိုယ်တိုင်ဖြေရှင်းရတော့မှာပဲ အကယ်၍ သူတို့ အဲ့ဒီခေတ်ရေစီးကြောင်းအတိုင်း လိုက်မယ်ဆိုရင်တော့ ကောင်းမယ် မဟုတ်ရင်တော့လည်း သူတို့ ထွက်ခွာရတော့မှာပေါ့”
ဖရီယာသည် မျက်မှောင်ကုပ်ကာ ရှုယီအား သံသယအကြည့်ဖြင့် ကြည့်နေသည်။
သူမ၏မှတ်ဉာဏ်ထဲမှ အဖေသည် စွမ်းအားနှင့် ဖြတ်လတ်ခြင်းတို့ ရှိနေသည်။ သူသည် ပန်းတိုင်သို့ ရောက်သည်ထိ မရပ်မနား မတုံဆိုင်းပဲ သူ၏အကြံများထုတ်ကာ သွားလိမ့်မည်ဖြစ်သည်။
ယခုမူ ထိုကဲ့သို့သေးငယ်သောလှည့်ကွက်တစ်ခုဖြင့် လက်လျော့လိုက်ရန် ဆုံးဖြတ်လိုက်ရပါသနည်း?
ယာယီဆိုလျှင်ပင် သူ၏ယခင်ကပုံစံနှင့်ခြားနားနေသည်။
ထိုသို့တွေးပြီးနောက် ဖရီယာသည် ရှုယီလက်ကို စိုးရိမ်စိတ်ဖြင့် ကိုင်လိုက်ပြီး
“အဖေ ဒီကိစ္စတွေဖြစ်လာတာကြောင့် အဖေ့မှာသတ္တိမရှိတော့တာဖြစ်နိုင်လား?”
ရှုယီက အံ့ဩသွားသည်။ ဖရီယာ၏စိုးရိမ်နေသောအကြည့်ကိုကြည်ကာ သူမသည် အထင်လွဲနေပြီ ဖြစ်ကြောင်းသိလိုက်သည်။
“ဟား ဟား အဖေ့ကို စိတ်ပျက်စေတဲ့ ကိစ္စတစ်ချို့တော့ရှိပါတယ် ဒါပေမဲ့ အဖေ သတ္တိမရှိတာတော့ မဟုတ်ပါဘူး အန် သမီးက အဖေ အရင်ကလုပ်ခဲ့တာနဲ့ မတူတော့ဘူးထင်လို့လား?”
ဖရီယာက ခေါင်းငြိမ့်သည်။
“ဒါကအကြောင်းရှိတယ်” ရှုယီသည် အနည်းငယ်တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် “ဖရီယာ ကန်ဒရာအင်ပါယာက ထရီဇာရဲ့အကြောင်းကိုဘယ်လိုဖြေလဲ?”
ဖရီယာက ကြောင်သွားသည်။ ရှုယီသည် အဘယ်ကြောင့်ထိုခေါင်းစဉ်သို့ ပြောင်းလဲလိုက်ကြောင်း နားမလည်ပေ။
သို့သော် အနည်းငယ်စဉ်းစားပြီးနောက် သူသည် ရယ်မောလိုက်သည်။
“ဟား ဟား အဖေ အဖေတစ်ခါမှထင်ထားမှာမဟုတ်ဘူး သမီးအဲ့ဒီစာရွက်နှစ်ခုကို ထုတ်လိုက်တဲ့အချိန် မြို့စားဂီယာဘုဒ်နဲ့ မားကွစ္စ် အက်စ်ခန်ဒါ ကို ထရီဇာအကြောင်း မေးလိုက်တော့ သူတို့ အမူအရာတွေက အံ့ဩဖို့ကောင်းတယ်”
ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ “အဖေ မှန်းမိပါတယ် ဒါက ကန်ဒရာအင်ပါယာရဲ့ လျှို့ဝှက်ချက်ဆိုတော့ ဘယ်သူမှမသိနိင်ဘူးလို့ သူတို့ထင်နေတာဖြစ်မယ် ဒါမဲ့သမီးကသွားပြလိုက်တော့ သူတို့မအံ့ဩသွားဘူး ဆိုရင်တောင် ထူးဆန်းနေမှာ”
ဖရီယာသည် အချိန်အတော်ကြာရယ်လိုက်ပြီးနောက် သူကိုယ်သူပြန်ထိန်းကာ
“သမီးထွက်လာတော့ မြို့စားဂီယာဘုဒ်က ကိုယ်တိုင်လိုက်ပို့တာ သူကအဖေ့ကိုအချိန်ရရင် ကန်ဒရာအင်ပါယာကို လာခဲ့ပါဦးတဲ့ ဆွေးနွေးစရာလေးရှိလို့ပါတဲ့ သမီးကိုပြောခိုင်းလိုက်တယ်”
“ဒီကိစ္စအတွက်ဆိုရင် အဖေစိတ်မဝင်စားဘူး”ရှုယီသည်ခေါင်းခါလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် သမီးကအဲ့ပုံနှစ်ခုကို ပြလိုက်ပြီး အဲ့မေးခွန်းကိုမေးပြီးပြီပဲ တခြားကိစ္စတွေကို ဂရုစိုက်စရာမလိုတော့ပါဘူး”
ဖရီယာက တုန်လှုပ်သွားသည်။
“ဆိုလိုတာက…… အဖေက ဒီကိစ္စကို မရှင်းတော့ဘူးပေါ့ ဒါမဲ့ သူတို့က စစ်တပ်သုံး မှော်စက်တွေကို လျှို့ဝှက်ပြီးလေ့လာနေတာလေ”
ရှုယီက ပုခုံးတွန့်လိုက်ကာ “ လေ့လာပါစေပေါ့ ဒါက လူတိုင်းသိတဲ့ကိစ္စ မဖြစ်လာဘူးဆိုရင် အဖေအာရုံစိုက်နေဖို့ ပျင်းတယ်”
ဖရီယာသည် မျက်မှောင်ကုပ်လိုက်ကာ ရှုယီအား အလွန်စိတ်ရှုပ်ထွေးနေသည့်ရုပ်နှင့် ကြည့်လိုက်သည်။
ဘာကြောင့်လဲ အဖေကဘာလို့ ဒီကိစ္စကို ကိုင်တွယ်တာမှာ ဒီလောက်နူးညံသွားတာလဲ?
ဖြစ်နိင်တာ အကြောင်းက…… သူအသက်ကြီးလာလို့လား?
ဖရီယာသည် ရှုယီ၏ ၃၀ကျော်ပင်မရှိသေးပဲ အစက်အပျောက်များလည်း မရှိသည့် ငယ်ရွယ်သည့် မျက်နှာကိုကြည့်လိုက်သည်။
မည်သို့ပင်ဖြစ်ပါစေ သူမ၏ကိုယ်ပိုင်မှန်းဆချက်အား အမှန်ဖြစ်စေရန် ဆန္ဒမရှိပါ။
***
Volume 8 အပိုင်း ၃၇ ။ ကန့်ကွက်ကြောင်းဆန္ဒပြခြင်း
နယ်မြေ၏ ခုနှစ်ကြိမ်မြောက် မှော်ပညာရှင်များ ဆွေးနွေးပွဲသည် ချော့မွေ့စွာ ဆက်သွားနေသည်။
ထိုဆွေးနွေးပွဲ၏ အဓိကခေါင်းစဉ်သည် မှော်ပညာရှင်များ၏ အဆင့်ကို ပြန်လည်သတ်မှတ်ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲသို့တက်ရောက်သော မှော်ပညာရှင်အများစုသည် ထိုအကြံဉာဏ်ကိုထောက်ခံကြသည်။
ပြီးနောက်တွင် နယ်မြေထဲရှိမှော်ပညာရှင်များအနေဖြင့် မှော်ပညာရှင် အဆင့်သတ်မှတ်ခြင်းသည် မှော်ပညာရှင်များ၏ အဆင့်အတန်းကိုသတ်မှတ်ပေးပြီး မှော်ပညာရှင်အဖွဲ့အစည်းမှ သတ်မှတ်သည့် အရာ ဖြစ်ကာ ကြီးကျယ်ခမ်းနားသော သမိုင်းကြောင်းရှိသည်။
ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကြောင့် များစွာသောမှော်ပညာရှင်များသည် ထိုအဆင့်သတ်မှတ်ချက်ကို ဂရုမစိုက်ကြတော့သလို အချို့မှော်ပညာရှင်များသည် ထိုသတ်မှတ်ချက်များကို မယူကြတော့သဖြင့် မှော်ပညာရှင်အဖွဲ့အစည်းသည် ဤနှစ်များအတွင်း ထိုအရာကိုရပ်တန့်ထားခဲ့ရသည်။
များစွာသောမှော်ပညာရှင်များအတွက် အထူးသဖြင့် အဆင့်မြင့်သောမှော်ပညာရှင်များအတွက် မှော်ပညာရှင်အဆင့်များသည် အလွန်အရေးကြီးသည့် အဓိပ္ပာယ်ရှိပေသည်။
ထို့ကြောင့် ထိုခေါင်းစဉ်အား တင်ပြသောအခါ ထောက်ခံသူအများအပြားရှိခြင်းဖြစ်သည်။
သို့သော် လူတိုင်းသည် ယခင်ကမှော်ပညာရှင် အဆင့်သတ်မှတ်ခြင်းသည် အဓိပ္ပာယ်မရှိတော့မှန်း သိကြပါသည်။
Frestech ကုန်သည်ကြီးများအသင်း၏အင်အားနှင့် မှော်စက်မှုလုပ်ငန်းသည် စိုင်စ်နယ်မြေအတွင်း တစ်ဟုန်ထိုးတိုးတက်ခဲ့ခြင်းကြောင့် နယ်မြေတွင်းရှိ မှော်ပညာရှင်များ၏ အတွေးသည်လည်း ပြောင်းလဲသွားပြီဖြစ်သည်။
ယခုလက်ရှိမှော်ပညာရှင်များအတွက် ကိုယ်ပိုင်မှော်ပညာသည်သာအရေးကြီးခြင်းမဟုတ်ပေ။ အရေးကြီးသည့်အချက်မှာ ထိုမှော်ပညာကို နားလည်မှုအား မှော်စက်မှုလုပ်ငန်းတွင် မည်သို့အသုံးချမည်ကိုနားလည်ခြင်းက ၎င်းတို့အား အလုပ်ကောင်းကို ရှာဖွေနိုင်စေလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် မှော်ပညာရှင်အဖွဲ့အစည်းသည် ထိုခေါင်းစဉ်အား စတင်ရန်အတွက် အားထုတ်မှု အနည်းငယ် လိုလေသည် အဓိကဆွေးနွေးသည်မှာ နယ်မြေထဲရှိမှော်ပညာရှင်အဆင့်များအား မှော်စက်မှုလုပ်ငန်း နှင့် ဆက်စပ်၍ မည်ကဲ့သို့အသေးစိတ် သတ်မှတ်မည်နည်း ဆိုသည့်အကြောင်း ဖြစ်သည်။
ဆွေးနွေးပွဲအားတက်ရောက်သူများထဲမှ ရှုယီသည်ပင် Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌအနေဖြင့် ထိုကိစ္စအားပြောဆိုရန် အသင့်တော်ဆုံးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
နယ်မြေထဲရှိ အကောင်းဆုံးနှင့် ပြည့်စုံသော မှော်စက်မှုကုမ္ပဏီ၏ ဥက္ကဌအနေဖြင့် ထို့ပြင် ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့် မှော်ပညာရှင် အနေဖြင့် မှော်စက်မှုလုပ်ငန်းနှင့် မှော်ပညာအား ပေါင်းစပ်ရန် နားလည်မှုအရှိဆုံးသူ ဖြစ်လိမ့်မည်။
ထို့ကြောင့် ထိုခေါင်းစဉ်လာသောအခါ ရှုယီသည်ပင် ဆွေးနွေးပွဲ၏အဓိကနေရာကိုရလေသည်။
သို့သော် ရှုယီသည် မမျှော်လင့်ပဲ အစပိုင်း၌ ထင်မြင်ချက်များများမပေးပေ။ သူသည် Frestech ကုန်သည်ကြီးများအသင်းမှ နှစ် ၂၀ကျော်သုံးခဲ့သော သုတေသနအဆင့်သတ်မှတ်သည့်စနစ်ကိုပင် ကိုးကားနိုင်ရန် ပေးခဲ့သည်။
အခြားကိစ္စများနှင့် ပက်သက်၍ ဘာမှမပြောပေ။
ထိုအကြောင်းဆွေးနွေးခြင်းပြီးဆုံးသည့်တိုင် မှော်ပညာရှင်များမှ မှော်အဖွဲ့အစည်း၏ အဆင့်သတ်မှတ်ချက်ကို ထောက်ခံနေကြချိန်တွင် ရှုယီသည် အများထင်ထားသည့်အတိုင်း ကန့်ကွက်မှု မပြုခဲ့ပေ။ သို့သော် သူသည် ထောက်ခံကြောင်းလဲ မပြခဲ့ပေ။
ဆွေးနွေးပွဲ၌ အဓိကခေါင်းစဉ်မှ ခေါင်းစဉ်များ ပြောင်းသွားသောအခါ၌မူ ရှုယီသည် တက်ကြွစွာ ပါဝင်လာခဲ့သည်။
ထိုဆွေးနွေးပွဲ၏ ခေါင်းစဉ်တွင် ပါဝင်ရုံမက Frestechကုန်သည်ကြီးများအသင်းမှ သုတေသနရလဒ်များ ကိုပါ ထုတ်လာကာ လူတိုင်းကိုအံ့ဩစေခဲ့သည်။
ထိုလုပ်ဆောင်မှုသည် ဆွေးနွေးပွဲသို့လာသော မှော်ပညာရှင်များအား ဝမ်းသာစေခဲ့သည်။
ရှုယီအဆိုပြုသည် မှော်ပညာကို သိပ္ပံရှုထောင့်မှကြည့်ခြင်းနည်းသစ်သည် ထိုစနစ်ကို စတင်အသုံးပြုသည့် မှော်ပညာရှင်များအား ထိုစနစ်သစ်မှပေးသည့် အကျိုးကျေးဇူးများကို နားလည် လာစေသည်။
ထိုစနစ်သစ်ထဲတွင် အရေးကြီးဆုံးအချက်မှာ အချက်အလက်များ ဖလှယ်ရန်ဖြစ်ပြီး ၎င်းသည် လူတိုင်း၏ မှော်ပညာကို နားလည်မှုအား ပိုမိုမြန်ဆန်စေသည်။
သို့သော် ယခင်ကကန့်သတ်ချက်များကြောင့် မှော်ပညာရှင်များသည် ၎င်းတို့ရှာဖွေ၍ ရလဒ်များ ရရှိခဲ့လျှင်ပင် ဖုံးကွယ်ထားလိုကြသည်။
ကြီးမားသည့်ခြွင်းချက်မှာ ရှုယီနှင့် Frestechကုန်သည်ကြီးများအသင်းးပင်ဖြစ်သည်။
ရှုယီသည် ၎င်း၏အသစ်သောစမ်းသပ်ချက်အမျိုးမျိုး၏ ရလဒ်များအား စာစောင်များတွင် ဖြန့်ချီဖော်ပြသည်။ Frestech ကုန်သည်ကြီးများအသင်းသည်လည်း ထိုကဲ့သို့ ရလဒ်များကို အချိန်နှင့်တပြေးညီတင်ပြလျှက်ရှိသည်။
ထိုနည်းလမ်းသည် နယ်မြေထဲမှမှော်ပညာရှင်များအား မှော်ပညာကို သိပ္ပံနည်းကျလေ့လာခြင်းမှ ၎င်းတို့၏နားလည်မှုကို အမြန်ဆုံးနားလည် တိုးးတက်စေသည်။
ထို့ကြောင့် ရှုယီအားနယ်မြေထဲမှမှော်ပညာရှင်များမည်ကဲ့သို့ထင်မြင်ပါစေ ၎င်းတို့၏စိတ်ထဲ၌ အနည်းငယ်ကျေးဇူးတင်စိတ်ရှိနှင့်ပြီးဖြစ်သည်။
ရှုယီကြောင့်သာမဟုတ်ခဲ့လျှင် မှော်ပညာရှင်အချို့သည် ၎င်းတို့၏ သက်တမ်းတစ်လျှောက် အဆင့်မြင့်နိုင်မည် မဟုတ်ပေ။
ယခုလည်း ရှုယီသည် ဆွေးနွေးပွဲ၌ အသစ်ရှာဖွေတွေ့ရှိမှုအား ထုတ်ပြလာသောကြောင့် သူသည် အခြားသော မှော်ပညာရှင်များ၏ လေးစားမှုကိုရပေသည်။
သေချာသည်မှာ ရှုယီသည် မှော်ပညာရှင်များကိုသာ ထိုရလဒ်များကို ပြသခြင်းမဟုတ်ပါ နယ်မြေတစ်ခုလုံးကိုလည်း ဖြန့်ချီမည်ဖြစ်သည်။
ထို့ကြောင့် မှော်ပညာရှင် အယောက်စီတိုင်းနှင့် နိုင်ငံများမှ ထိုရလဒ်များကိုမျှဝေနိုင်မည်ဖြစ်သည်။
နောက်ဆုံး၌ ရရှိခြင်းမှာ ၎င်းတို့၏အရည်အချင်းပေါ်သာမူတည်ပါသည်။
ရှုယီ၏ ရက်ရောမှုနှင့် အားထုတ်မှုသာမက အများထင်သလို အဓိကခေါင်းစဉ်အား ကန့်ကွက်မှု မပြုခြင်းသည် ခုနှစ်ကြိမ်မြောက် မှော်ပညာရှင်များဆွေးနွေးပွဲအား ချော့မွေ့စွာနှင့် အောင်မြင်စွာ ပြီးဆုံးသွားစေသည်။
……
သို့သော် ရှုယီ၏ အခြားကိစ္စတစ်ခုသည် လုံးဝကွာခြားသည်။
ရှုယီသည် ဖန်ဟွန်းကို တစ်ဦးတည်းထားခဲ့သောနေ့က မန်နာမှော်တိုင်းပြည်၏ အစိုးရမှ ရှုယီကိုတောင်းပန်ရန် နှင့် မန်နာမှော်တိုင်းပြည်၏ အရှင်မင်းကြီးနှင့်တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ရန် လူများလွတ်ခဲ့သည်။
သို့သော်လည်း ရှုယီသည် ထိုဖိတ်ခေါ်ချက်ကို မရရှိသကဲ့သို့ ဘာမှမတုံ့ပြန်ပဲနေလေသည်။
ထို့နောက် Frestech ကုန်သည်ကြီးများအသင်း၏ တရားဝင်ချန်နယ်လ်မှ မန်နာမှော်တိုင်းပြည်အား ရာဇသံထုတ်ပြန်လိုက်သည်။
၎င်းတို့ ဖော်ပြထားသည်မှာ မန်နာမှော်တိုင်းပြည်အနေဖြင့် ပူးပေါင်းရန်အတွက် ပြီးပြည့်စုံ၍ ထိရောက်မှုရှိသည့် အစီအစဉ်ကို ပြုလုပ်ရမည်ဖြစ်ပြီး ၎င်းတို့၏ပူးပေါင်းမှုသည် တိုးတက်မှုရှိကြောင်း ဆုံးဖြတ်နိုင်ရမည် ဖြစ်သည် သို့မဟုတ်လျှင် Frestech ကုန်သည်ကြီးများအသင်းမှ ကနဦးသဘောတူညီချက်အား အဆုံးသတ်လိုက်မည် ဖြစ်သည်။ ဆိုလိုသည်မှာ ထိုအဆုံးသတ်ခြင်း သည် နှစ်ဖက်လုံးအား အကျုံးဝင်မည်ဖြစ်သည်။
နယ်မြေထဲတွင် ယခုလက်ရှိ Frestechကုန်သည်ကြီးများအသင်း၏ အင်အားသည် အင်ပါယာနှစ်ခုကပင် ထိုသို့သော အပြုမူအား သတိထားရမည်ဖြစ်ပြီး မန်နာမှော်တိုင်းပြည်ဆိုလျှင် ထည့်ပြောရန်ပင်မလိုပေ။
ထိုကြောင့် ထိုရာဇသံအား လက်ခံရရှိပြီးနောက်မန်နာမှော်တိုင်းပြည်သည် ချက်ခြင်းပင် Frestech ကုန်သည်ကြီးများအသင်းကို တုံ့ပြန်လာခဲ့သည်။ ၎င်းတို့သည် ပူးပေါင်းဆောင်ရွက်မှုတွင် ရိုးသားမှု ရှိကြောင်း အမြန်ဆုံး သင့်လျော်သည့် အစီအစဉ်တစ်ခုကို ပေးမည့်အကြောင်း ဖော်ပြထားသည်။
သို့သော် ရှုယီထင်သည့်အတိုင်း မန်နာမှော်တိုင်းပြည်မှ ထိုကိစ္စအားအလေးနက်ထားပြုလုပ်သည်နှင့် ဆော်ဆာရီမြို့မှ ကြီးမားသော ကန့်ကွက်ဆန္ဒပြမှု ဖြစ်ပေါ်လာသည်။
လူများသည် မရေတွက်နိင်လောက်အောင်ပင်ရှိပြီး ရှုယီ၏အမြင်အရ အနည်းဆုံး ၃သောင်းကျော် ရှိမည်ဖြစ်သည်။ ၎င်းတို့အထဲတွင် မှော်ပညာရှင်ဖြစ်ကြောင်းပြရန် မှော်ဝတ်ရုံများကိုဝတ်ဆင်ထားသော မှော်ပညာရှင်များ လည်းပါဝင်သည်။
ဆန္ဒပြသူများ၏ ဆောင်ပုဒ်သည် အံ့ဩဖွယ်ကောင်းသည်။ ၎င်းတို့သည် “Frestechကုန်သည်ကြီးများအသင်းက မန်နာမှော်တိုင်းပြည်ထဲကထွက်သွားသင့်တယ်” ဟူ၍အော်ကြသည်။
Frestechကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းပြည်၏ အစိုးရဖြင့် ပူးပေါင်းချိန် နှင့် Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုသည် ဆော်ဆာရီမြို့သို့ ရောက်ရှိနေချိန်တွင် ထိုကဲ့သို့ ဆန္ဒပြမှုဖြစ်ပွားရာ လူများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သည်။
အဓိကသတင်းစာများမှ သတင်းထောက်များသည် ဆော်ဆာရီမြို့သို့လာရောက်ကာ ငါးရက်တိုင် ထိုဆန္ဒပြမှုကို သတင်းယူကြသည်။
ထိုသတင်းစာများသည် ထို ဆန္ဒပြမှုအား သုံးသပ်ကာ ကောက်နုတ်ချက်အမျိုးမျိုးထွက်လာလေသည်။
သို့သော် တူညီသည့်အချက်မှာ မန်နာမှော်တိုင်းပြည်မှ Frestechကုန်သည်ကြီးများအသင်းအား ရန်လိုမှုအပြည့် ရှိကြောင်းပင်ဖြစ်သည်။ အခြားသောနိင်ငံများနှင့်မတူပဲ Frestech ကုန်သည်ကြီးများအသင်းကို မကြိုဆိုကြပေ။
လူတိုင်းသည် ထိုကိစ္စအပေါ် ဆော်ဆာရီမြို့တွင်ရှိသည့် ရှုယီ၏ အပြုမူကို သိလိုကြသော်လည်း ရှုယီသည် မေးမြန်းမှုများကို လက်မခံပဲ ၎င်း၏အမြင်အား လူထုကို မချပြခဲ့ပေ။
Frestechကုန်သည်ကြီးများအသင်းသည် ၎င်းမှာ ပြည်သူများ၏ အထင်လွဲမှားမှုတစ်ခုသာဖြစ်ကြောင်းနှင့် မန်နာမှော်တိုင်းပြည်နှင့် ပူးပေါင်းမှုအား ထိခိုက်မည်မဟုတ်ကြောင်း ဖော်ပြသည်။
မန်နာမှော်တိုင်းပြည်မှလည်း ထိုဆန္ဒပြမှုသည် ပြည်သူများမှပြုလုပ်ခြင်းဖြစ်ပြီး အစိုးရနှင့် မဆိုင်ကြောင်း ဖော်ပြသည် ၎င်းသည် နှစ်ဖက်စလုံး၏ပူးပေါင်းမှုအား သက်ရောက်စေမည် မဟုတ်ကြောင်းလည်း ပါသည်။
အပေါ်ယံ၌မူ နှစ်ဖက်စလုံးသည် ထိုကိစ္စအားလေပြည်တိုက်ခတ်သကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ကိုင်တွယ်နေကြသည်။
သို့သော်လည်း အမှန်တကယ်၌ မန်နာမှော်တိုင်းပြည်၏ Frestechကုန်သည်ကြီးများအသင်းအပေါ် အတွင်းပိုင်းဆန့်ကျင်မှုသည် ပိုမိုအားကောင်းလာသည်။
ဆော်ဆာရီမြို့ ဆန္ဒပြမှုကို ခက်ခဲစွာထိန်းချုပ်၍ တည်ငြိမ်သွားပြီးနောက် မန်နာမှော်တိုင်းပြည်ရှိ မြို့ ၇ မြို့မှလဲ အလားတူ ဆောင်ပုဒ်ဖြင့် ဆန္ဒပြမှုများ ပေါ်ပေါက်လာသည်။
ထိုအပြင် မန်နာမှော်တိုင်းပြည်ထဲ၌ “Frestechကုန်သည်ကြီးများအသင်းကိုခုခံကြ သူတို့ရဲ့ပစ္စည်းကို မဝယ်သုံးကြနဲ့” ဟူ၍လည်း ပျံနှံနေသေးသည်။
ထို အတောအတွင်း၌ Frestechကုန်သည်ကြီးများအသင်းနှင့် ပက်သက်သည့် မကောင်းသော ကောသဟသများစွာလည်း ပေါ်ပေါက်လာသည်။
တစ်ချို့က Frestechကုန်သည်ကြီးများအသင်း၏ ကုန်ပစ္စည်းများသည် အမြင်သာလှ၍ အရည်အသွေး မကောင်း ဟုဆိုကြသည်။
တစ်ချို့မှာ Frestechကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းပြည်ထဲ၌ ကုန်ပစ္စည်းများ ရောင်းခြင်းသည် မန်နာမှော်တိုင်းပြည်ရှိ လူများ၏ ပိုက်ဆံများကို ရရှိအောင်လုပ်နေခြင်းဖြစ်ပြီး ဂုတ်သွေးစုပ်နေခြင်းသာ ဖြစ်သည်ဟုဆိုကြသည်။
အချို့ကမူ Frestechကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းပြည်အား ၎င်းတို့၏ရင်းနှီးမြုပ်နှံမှုဖြင့် ထိန်းချုပ်လိုခြင်းဖြစ်သည် ဟုဆိုကြကာ ၎င်းတို့ ထိန်းချုပ်မှုရသွားသည်နှင့် မန်နာမှော်တိုင်းပြည်၏ လူများအားး ကျွန်ပြုမည်ဖြစ်ကြောင်းပြောကြသည်။
အချိုသည် Frestechကုန်သည်ကြီးများအသင်း၏ စက်ပစ္စည်းများသည် ၎င်းတို့အားထိန်းချုပ်ရန်အတွက် စက်ပစ္စည်းများလျှို့ဝှက်ထည့်သွင်းထားသည်ဟုပင် ပြောကြလေသည်။
အချို့မှာ……..
……..
ထိုသို့သော ကောလဟသများသည် မန်နာမှော်တိုင်းပြည်အား ပျံ့နှံ့သွားပြီး အခြားသော တိုင်းပြည်များသို့ပင် သတင်းစာများမှတဆင့်ပျံ့နှံ့သွားသည်။ အခြားသောတိုင်းပြည်များအား ထိုလိုင်းမှ ရိုက်ခတ်ကာ Frestechကုန်သည်ကြီးများအသင်း၏ ပစ္စည်းများအား မသုံးရန်အထိ ဖြစ်ကုန်ကြသည်။
မန်နာမှော်တိုင်းပြည်၏ အပြင်၌မူ ကောင်းသည့်အရာတစ်ခုမှာ Frestechကုန်သည်ကြီးများအသင်းသည် အခြားနိုင်ငံများ၌ လွမ်းမိုးမှုအားကောင်းသည့်အတွက် သတင်းစာများ မှော်ရုပ်ပြများ မှတဆင့် ထိုကောလဟသများအား ချေဖျက်ဖို့ရန်လွယ်ကူသည်။
သို့သော် မန်နာမှော်တိုင်းပြည်တွင်း၌မူ ထိုအခြေအနေမှာ ထိန်းချုပ်ရန်ခက်ခဲသည်။
သို့သော်လည်း လူတိုင်းသည် Frestechကုန်သည်ကြီးများအသင်းအား ၎င်းတို့ ထိုကိစ္စကို မည်သို့ ဖြေရှင်းမည် ကို စောင့်ကြည့်နေကြချိန်တွင် Frestechကုန်သည်ကြီးများအသင်းမှ ထိတ်လန့်ဖွယ် ကောင်းသည့် ကြေငြာချက်အား ထုတ်ပြန်လိုက်သည်။
Frestechကုန်သည်ကြီးများအသင်းသည် မန်နာတိုင်းပြည်မှ အပြီးတိုင် ဆုတ်ခွာတော့မည် ဖြစ်ကြောင်း ပင်ဖြစ်သည်။
***
Volume 8 အခန်း ၃၈ ။ အပြီးတိုင် ဆုတ်ခွာခြင်း
Frestechကုန်သည်ကြီးများအသင်းမှ ယူဆောင်လာခဲ့သော သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍများတွင် ကြီးမားသည့်တိုးတက်မှုဖြင့် စိုင်စ်နယ်မြေအတွင်း ထိုသတင်းများသည် မည်မျှမြန်ဆန်စွာ ပျံ့နှံ့သွားကြောင်းမသိနိုင်ပါ။
Frestechကုန်သည်ကြီးများအသင်းသည် ၎င်းတို့ မန်နာမှော်တိုင်းပြည်မှ ဆုတ်ခွာမည့်အကြောင်း ကြေငြာသည့် သတင်းသည် နှစ်ရက်အတွင်း နယ်မြေတွင်းသို့ ပျံ့နှံ့သွားသည်။
လူတိုင်းးသည် ထိုသတင်းအားကြားလျှင် ပထမဆုံးတုံပြန်မှုအနေဖြင့် အံ့ဩမှုဖြစ်ပြီး ဒုတိယတုံ့ပြန်မှုမှာ သံသယဝင်ခြင်းဖြစ်သည်။
Frestechကုန်သည်ကြီးများအသင်းသည် အမှန်တကယ်ပင် မန်နာမှော်တိုင်းပြည်မှ ဆုတ်ခွာရန် ကြေငြာခဲ့ပါသလား?
အဘယ်ကြောင့်နည်း?
Frestechကုန်သည်ကြီးများအသင်းသည် စတင်တည်ထောင်စဉ်ကပင် ဥက္ကဌရှုက ၎င်းသည် စိုင်စ်နယ်မြေတစ်ခုလုံး တွင် တိုးတက်စေချင်ကြောင်းပြောခဲ့ကာ သူဦးဆောင်သော Frestechကုန်သည်ကြီးများအသင်းသည် ထိုကိစ္စကို လုပ်ဆောင်ပြီးစီးခဲ့သည်။
အထူးသဖြင့် လွန်ခဲ့သောဆယ်နှစ်ထဲတွင် Frestechကုန်သည်ကြီးများအသင်းသည် အဆင့်မြင့်သည့် နေရာတွင်ရပ်တည်ခဲ့ပြီး နယ်မြေထဲ၌ ထိပ်ဆုံးဖြစ်ခဲ့ရာ အင်ပါယာနှစ်ခုကိုပင် ရှုံးနိမ့်စေခဲ့သည်။ ရှုယီနှင့် Frestechကုန်သည်ကြီးများအသင်းသည် အခြားကိစ္စများတွင် ကြားဝင်လေ့မရှိပေ။ ၎င်းတို့သည် မှော်စက်မှုလုပ်ငန်း တိုးတက်မှုတွင်သာ အာရုံစိုက်ထားသည်။
သို့ရာတွင် လွန်ခဲ့သောဆယ်နှစ်အတွင်း Frestechကုန်သည်ကြီးများအသင်းသည် နယ်မြေထဲရှိ အခြားနိုင်ငံများနှင့် မှော်စက်မှုလုပ်ငန်း တိုးတက်မှုအတွက် ပူးပေါင်းခဲ့သည်။ ၎င်းတို့သည် လေ့လာမှုများကို အဆက်မပြတ် မျှဝေပေးခဲ့ပြီး အခြားနိုင်ငံများအား တိုးတက်မှုလုပ်ဆောင်ရာတွင် ချောမွေ့စေခဲ့သည်။
အကယ်၍ ထိုအတွက်ကြောင့်သာမဟုတ်လျှင် လွန်ခဲ့သောဆယ်နှစ်အတွင်း စိုင်စ်နယ်မြေတွင် ထိုကဲ့သို့ အရှိန်အဟုန်နှင့် တိုးတက်ရန်မှာ မဖြစ်နိုင်ပေ။
သို့သော် ယခုမူ Frestechကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းပြည်မှဆုတ်ခွာရန် ကြေငြာလိုက်ပါသလား?
အဘယ်ကြောင့် ထို့သို့လုပ်ရပါသနည်း?
မန်နာမှော်တိုင်းပြည်သည် Frestechကုန်သည်ကြီးများအသင်းအား ဆန်ကျင် ဆန္ဒပြကြခြင်းကြောင့် ဖြစ်နိုင်ပါသလား ထို့ကြောင့် Frestechကုန်သည်ကြီးများအသင်းသည် ဆုတ်ခွာရန် ရွေးချယ်လိုက် ပါသလား?
ဟာသပင်။
နယ်မြေထဲရှိ Frestechကုန်သည်ကြီးများအသင်း၏ နေရာဖြင့် သို့ ၎င်းတို့၏ အားကောင်းသည့် လွမ်းမိုးနိုင်စွမ်းနှင့် တိုက်ခိုက်အင်အားကောင်းခြင်းကြောင့် မန်နာမှော်တိုင်းပြည်အား ဖျက်ဆီးလို လျှင်ပင် Frestechကုန်သည်ကြီးများအသင်းအတွက် မခက်ခဲပါ။ တချို့သောပြည်သူများ၏ဆန္ဒပြခြင်းနှင့် အဘယ်ကြောင့်ဆုတ်ခွာပါသနည်း?
၎င်းသည် Frestechကုန်သည်ကြီးများအသင်း၏ လက်ရှိနေရာကိုဆန့်ကျင်နေခြင်းပင်မဟုတ်ပဲ ဥက္ကဌရှု၏ အမူအကျင့်ကိုလည်း ဆန့်ကျင်နေသည်။
Frestechကုန်သည်ကြီးများအသင်း၏သမိုင်း၌ တစ်စုံတစ်ဦးသည် Frestechကုန်သည်ကြီးများအသင်းအား ဆန့်ကျင်လိုခဲ့ပါလျှင် ရှုယီသည် ပြင်းထန်သောတုံပြန်မှုနှင့် ထိပ်တိုက်တွေ့မည်ဖြစ်သည်။
…
ဤအကြိမ်သည် မန်နာမှော်တိုင်းပြည်၏ ပြည်သူများဆန္ဒပြခြင်းကိုပင် မဆိုထားနှင့် မန်နာမှော်တိုင်းပြည်၏ အစိုးရမှပင် Frestechကုန်သည်ကြီးများအသင်းအား ဆန့်ကျင်မှုမရှိပေ ၎င်းတို့သည် လူသိရှင်ကြား ထိုကိစ္စကိုဖြေရှင်းရန် ကြိုးစားခဲ့သည် ထိုကိစ္စသည် ပြည်သူများသာ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြခဲ့သည်။ ထို့ကြောင့် ၎င်းသည် မန်နာမှော်တိုင်းပြည်နှင့် Frestechကုန်သည်ကြီးများအသင်းတို့၏ ဆက်ဆံရေးအား မပျက်စီးသင့်ပေ။
မန်နာမှော်တိုင်းပြည်၏အစိုးရ၏အပြုမူအား မည်သူမှယုံကြည်ခြင်းမရှိလျှင်ပင် ထိုကဲ့သို့ တုံပြန်သည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် Frestechကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းလိုကြောင်း ဆိုလိုနေသည်။
လူအများစုသည် မန်နာမှော်တိုင်းပြည်၏ အတွင်းပိုင်းပြဿနာများသည် ရှုယီကို စိတ်ဆိုးစေခြင်းကြောင့် Frestechကုန်သည်ကြီးများအသင်းသည် ထိုကဲ့သို့ဆုံးဖြတ်လိုက်သည်ဟု ခန့်မှန်းကြသည်။
ထိုဆန္ဒပြမှု ဖြစ်ပွားသည်အချိန်တွင် ရှုယီသည် ခုနှစ်ကြိမ်မြောက်မှော်ပညာရှင်ဆွေးနွေးပွဲကို တက်ရောက်နေခဲ့သည်။
မန်နာမှော်တိုင်းပြည်၌ ထိုကဲ့သို့ကြီးမားသော ဆန္ဒပြမှုဖြစ်ပွားခြင်းသည် ပိုမို၍ အင်အားကြီးမား လာသည် အကယ်၍ ထိုကိစ္စတွင် မန်နာမှော်တိုင်းပြည်မှလူများ မပါဝင်ပါဟုပြောလျှင် မည်သူမှ ယုံကြည်လိမ့်မည် မဟုတ်ပါ။
လူအများစုသည် မန်နာမှော်တိုင်းပြည်၏အစိုးရသည် နောက်ကွယ်မှကြိုးကိုင်သူဟု ထင်ကြသည်။
၎င်းတို့၏ရည်ရွယ်ချက်မှာ ထိုအရာကိုဦးဆောင်ရန်ဖြစ်နိုင်ပြီး သို့မဟုတ်လျှင် တိုင်းပြည်၏ အခြားသောရည်ရွယ်ချက်မှာ ကန့်ကွက်မှုကြားမှ Frestechကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းလိုခြင်းဖြစ်နိုင်သည်။
သို့သော် ၎င်းတို့၏ပန်းတိုင်သည် မည်သို့ပင်ဖြစ်ပါစေ ရှုယီသည် ထိုအရာကို ထိုးဖောက်မြင်နိုင်ပြီး ဖြစ်လိမ့်မည်။ ထို့ကြောင့် သူသည် သူ၏ဒေါသကိုပြရင်း Frestechကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းပြည်မှ ဆုတ်ခွာမည်ဟု ကြေငြာလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
အကယ်၍ Frestechကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းပြည်မှ အမှန်တကယ်ဆုတ်ခွာခဲ့လျှင် မန်နာမှော်တိုင်းပြည်မှ ရရှိမည့်အကျိုးအမြတ်ကိုဆုံးရှုံးလိုက်ရမည်ဖြစ်သည်။
သို့သော် ၎င်းနှင့်ယှဉ်လျှင် မန်နာမှော်တိုင်းပြည်၏အစိုးရမှ အထိနာ မည်မှာ အဆပေါင်းများစွာ ပိုများကြောင်း ရှင်းလင်းစွာသိနိုင်ပါသည်။
ယခုလက်ရှိစိုင်စ်နယ်မြေ၌ နိုင်ငံတိုင်းသည် Frestechကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်း၍ နိုင်ငံ၏မှော်စက်မှုလုပ်ငန်းတိုးတက်ရန် အကူအညီရယူလိုကြသည်။
Frestechကုန်သည်ကြီးများအသင်း၏အကူအညီမရှိပဲ ၎င်းတို့ကိုယ်တိုင် တိုးတက်အောင်လုပ်ရန် မဖြစ်နိုင်သေးပေ။
အကယ်၍ နိုင်ငံ၏မှော်စက်မှုလုပ်ငန်း မတိုးတက်ခဲ့လျှင် စိုင်စ်နယ်မြေအတွင်း၌ မိမိနိုင်ငံသည် နောက်ကျကျန်ခဲ့မည်ဖြစ်သည်။
မန်နာမှော်တိုင်းပြည်သည် နယ်မြေထဲတွင် ယခင်က တတိယအင်အားအကောင်းဆုံးအဖြစ် သတ်မှတ်ထားခံရပါသော်လည်း ဤခေတ်ကိုအမှီမလိုက်နိုင်လျှင် နောက်ဆုံး၌ ထိခိုက်ရမည်ဖြစ်သည်။
ထို့ကြောင့် Frestechကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းပြည်မှ ဆုတ်ခွာမည်ဟု ကြေငြာလိုက်သောအခါ လူတိုင်းသည် Frestechကုန်သည်ကြီးများအသင်းကိုစောင့်ကြည့်နေကြသည်။
လူတိုင်းသည် Frestechကုန်သည်ကြီးများအသင်းသည် မည်မျှဝေးဝေးသွားနိုင်မည်နည်းဟု သိချင်နေကြသည်။
Frestechကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းပြည်မှ အပြီးတိုင်ဆုတ်ခွာမည့်အကြောင်းအား မယုံကြည်ကြပေ။ ရှုယီ၏ကြေငြာချက်အရ “နယ်မြေတစ်ခုလုံး၌ မှော်စက်မှုလုပ်ငန်းတိုးတက်စေရမည်” ဆိုသောကြောင့် Frestechကုန်သည်ကြီးများအသင်းသည် မန်နာတိုင်းပြည်မှဈေးကွက်ကို လက်လွတ်ခဲ့လျှင် ကြီးမားသည့်ဆုံးရှုံးမှုကို ခံစားရမည်ဖြစ်သည်။
Frestechကုန်သည်ကြီးများအသင်း၏ကြေငြာချက်မှာ မန်နာမှော်တိုင်းပြည်အတွက် ချိန်းခြောက်မှု တစ်ခုပင် ဖြစ်လိမ့်မည်။
သို့သော် နောက်ဖြစ်လာသောအရာသည် လူတိုင်းကို အံ့ဩစေခဲ့သည်။
ကြေငြာချက်ကို ထုတ်ပြန်ပြီးနောက် Frestechကုန်သည်ကြီးများအသင်းသည် တုံ့ဆိုင်းခြင်းမရှိပဲ ထိုကြေငြာချက် အတိုင်းလုပ်ဆောင်လေသည်။
ပထမအနေဖြင့် မန်နာမှော်တိုင်းပြည်ရှိ Frestechကုန်သည်ကြီးများအသင်း၏ ဌာနခွဲများအားလုံးကို ပိတ်ချလိုက်ကာ စက်ရုံများအားလုံးကိုလည်း ပိတ်ပြီး ရောင်းချလိုက်သည်။
Frestechကုန်သည်ကြီးများအသင်း၏ စီးပွားရေးသည် မန်နာမှော်တိုင်းပြည်၌ ထိပ်တန်းပင်ဖြစ်သည်။ ထို့ကြောင့်စက်ရုံများနှင့် စတိုးဆိုင်များသည် အမြန်ဆုံးရောင်းထွက်သည်။ ထို့နောက် များပြားလှသော Frestechကုန်သည်ကြီးများအသင်း၏ ဝန်ထမ်းများသည် မန်နာမှော်တိုင်းပြည်မှ ပြောင်းရွေ့ကြသည်။
ထို့နောက် Frestechကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းးပြည်နှင့် ပူးပေါင်းမှုများအားလုံးကို ရပ်ဆိုင်းလိုက်သည်။
၎င်းတို့သည်အပြီးတိုင်ဆုတ်ခွာသည်သာမက အခြားကုမ္ပဏီများအား ထိန်းချုပ်ထားသည်မှလည်း ထွက်ခွာလိုက်သည် အချုပ်အားဖြင့် ၎င်းတို့သည် ရှင်းလင်းစွာထွက်သွားပြီး တစ်ခုတစ်လေမှပင် မချန်ခဲ့ပေ။
ရှင်းရှင်းပြောရလျှင် Frestechကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းပြည်၏ အစိတ်ပိုင်း အားလုံးကို ထိုးဖောက်ဝင်ရောက်ထားပြီး ဖြစ်ရာ အမျိုးမျိုးသောအရာများဖြင့်လည်း ဆက်စပ်လျက် ရှိသည်။ အကယ်၍ ၎င်းတို့ဆွဲထုတ်လိုလျှင် ထိုကိစ္စသည် အလွန်ခက်ခဲသောကိစ္စဖြစ်လိမ့်မည်။
သို့သော် Frestechကုန်သည်ကြီးများအသင်းသည်ထိုကိစ္စအား ကြိုတင်၍စီစဉ်ထားသလိုပင်။ ၎င်းတို့၏ ဆုတ်ခွာမှုသည် နည်းစနစ်ကျကာ လူတိုင်းမထင်မှတ်ထားသည့်အမြန်နှုန်းနှင့် လုပ်ဆောင်သွားခြင်း ဖြစ်သည်။
၎င်းတို့ကဲ့သို့ ကုမ္ပဏီကြီးသည် အပြီးပိုင်ဆုတ်ခွာဖို့ရန်မှာ လွယ်ကူသောအရာမဟုတ်ပေ။ အကယ်၍ အလုံးစုံ ဆုတ်ခွာလိုလျှင် အနည်းဆုံး တစ်နှစ် သို့ နှစ်နှစ်ကြာ အချိန်ယူရမည်။
သို့သော် Frestechကုန်သည်ကြီးများအသင်း၏လုပ်ဆောင်မှုသည် လူတိုင်းအား ၎င်းတို့၏ရပ်တည်ချက်ကို ပြသလိုက်သည်။
Frestechကုန်သည်ကြီးများအသင်းသည် အမှန်တကယ်ပင် မန်နာမှော်တိုင်းပြည်မှ အပြီးတိုင် ဆုတ်ခွာခဲ့ခြင်း ဖြစ်သည်။၎င်းသည် ဟာသတစ်ခုမဟုတ်သလို ချိန်းခြောက်မှုတစ်ခုလဲမဟုတ်ခဲ့ပေ။
မန်နာမှော်တိုင်းပြည်ထပ် နယ်မြေထဲမှလူများအားလုံးသည် အသံပင်မထွက်နိုင်ကြတော့ပေ။
Frestechကုန်သည်ကြီးများအသင်းသည် အဘယ်ကြောင့် ထိုကဲ့သို့လုပ်ဆောင်ရပါသနည်း?
…………..
“အဖေ ဘာလို့ ဒီလိုလုပ်တာလဲ” ဖရီယာသည် သူ၏လက်ထဲ၌သတင်းစာတစ်စောင်ကို ကိုင်လျက် မျက်မှောင်ကုပ်ကာ ရှုယီအား စိတ်ရှုပ်ထွေးသောရုပ်ဖြင့် မေးသည်။ “အဖေဘာလို့ ဒီတစ်ခေါက် အရမ်းပြတ်သားနေရတာလဲ?”
“ဒါက ပြတ်သားတာလား” ရှုယီကအပြုံးဖြင့် ပြန်မေးလိုက်သည်။ “မန်နာမှော်တိုင်းပြည်က လူတွေက အဖေတို့ ကုမ္ပဏီကိုမကြိုဆိုပဲ ထွက်သွားစေချင်မှတော့ သူတို့ဆန္ဒကိုလိုက်လျောပေးရတော့မှာပေါ့”
ဖရီယာသည် ရှုယီကို ဆတ်ခနဲကြည့်လိုက်ပြီး “အဖေ နောက်နေတာရပ်လိုက်ပါတော့လား? သမီးက အဖေကလေးဆန်ဆန်လုပ်နေတာကို မယုံတော့ဘူး”
“အဖေကမလုပ်နိုင်ဘူးထင်လို့လား?” ရှုယီကမျက်ခုံးကိုပင့်ကာ “သမီးအမေကိုသွားမေးသင့်တယ် အဖေအရင်ကလည်း ကလေးဆန်ခဲ့တယ်ဆိုတာ သူပြောလိမ့်မယ်”
ဖရီယာသည် အံ့ဩသွားသည်။ စဉ်းစားပြီးနောက် သူသည်ခေါင်းကိုခါလျက် “သမီးမယုံဘူး။ အမေ့ရှေ့မှာ ကလေးဆန်တယ် ဆိုရင်တောင် ဒါက အမေနဲ့မို့ ကစားတာပဲလေ ကုမ္ပဏီရဲ့ အရေးကြီးကိစ္စကိုတော့ အဲ့လိုလုပ်လိမ့်မယ်လို့ မထင်ပါဘူး”
“ဟား သမီးကအဖေ့ပေါ် ယုံကြည်ချက်ရှိနေတာပဲ”
ရှုယီသည်ပြုံးလိုက်ကာ ဖရီယာ၏လက်ထဲမှ သတင်းစာကိုယူလိုက်သည် သူသည် အနည်းငယ် ကြည့်လိုက်ကာ ဘေးသို့ပစ်လိုက်သည်။
“ကြည့်ရတာ ငါ့ရည်ရွယ်ချက်ကို ဘယ်သူမှမသိတဲ့ပုံပဲ အရမ်းကောင်းတယ်”
ရှုယီ၏စကား၌ ပုန်းကွယ်ထားသော အဓိပ္ပာယ်ရှိနေရာ ဖရီယာ၏မျက်လုံးများသည် ကျယ်လာသည်။ သူသည် ရှုယီထံသို့ အမြန်သွားကာ ပြုံးစိစိဖြင့်
“အဖေ ဒီကိစ္စမှာ အဓိပ္ပာယ်တစ်ခုခုရှိတယ်မလား ပြောပြပါဦး အဖေဘာလို့ ဒီလိုလုပ်တာလဲဆိုတာ…….သမီးရက်ပေါင်းများစွာစဉ်းစားပေမဲ့ သမီးတို့ကုမ္ပဏီတွက် အကျိုးရှိတာ ရှာမတွေ့ဘူး”
“အကယ်၍ ကုမ္ပဏီရဲ့အကျိုးအတွက်ဆို… ဖြစ်နိုင်တာတစ်ခုက မန်နာတိုင်းပြည်မှာရှိတဲ့ လူအင်အားကို ခေါ်ထုတ်ပြီး အခြားနေရာကိုပို့နိုင်တာပေါ့” ရှုယီက အေးဆေးစွာပြောသည်။
“ဒါကဘယ်လိုအကျိုးအမြတ်ကြီးလဲ?” ဖရီယာက မယုံကြည်နိုင်စွာပြောသည်။ “မန်နာမှော်တိုင်းပြည်မှာ ဆုံးရှုံးခဲ့တာတွေနဲ့ယှဉ်ရင် အဲ့တာကပြောဖို့တန်လို့လား? ပြီးတော့နောက်ထပ် မန်နာမှော်တိုင်းပြည်က မထွက်ချင်ကြတဲ့သူတွေက သမီးတို့ကုမ္ပဏိက ထွက်သွားကြတာပဲလေ လူအင်အားဆုံးရှုံးတာကပဲ တော်တော်လေး ပြင်းထန်နေပြီ ဟုတ်တယ်မလား?”
“အာ အဲ့လိုလား ဒါဆို အဖေဆုံးဖြတ်လိုက်တာက ရေတိုအတွက်တော့ ကုမ္ပဏီတွက် ဘာအကျိုးအမြတ်မှ မရှိဘူးပေါ့”
ဖရီယာသည် ပို၍ မျက်မှောင်ကုပ်လိုက်သည်။
“ဒါဆို ရေရှည်အတွက် အကျိုးကျေးဇူးကဘာလဲ?”
ရှုယီသည် မဖြေပဲ ဖရီယာအား ပြန်မေးလိုက်သည်။
“ဖရီယာ အရင်တစ်ခေါက်က ကန်ဒရာအင်ပါယာက စစ်တပ်သုံးမှော်စက်တွေ ထုတ်လုပ်နေတာကို လျှို့ဝှက်ပြီးပဲ ပြောခိုင်းပြီး အဲ့ဒီနောက်ဘာလို့ ဆက်မလိုက်လဲဆိုတာ သမီးစဉ်းစားမိလား?”
ဖရီယာသည် အံ့ဩသွားသည် သူသည် ခေါင်းကုတ်ကာ စဉ်းစားလိုက်ပြီး တုံ့ဆိုင်းစွာဖြင့် “သမီးအဲ့အကြောင်းကိုစဉ်းစားပြီး သမီးထင်တာကတော့ အဖေကအဲ့တာကို တမင်သပ်သပ်လုပ်ပြီး သူတို့ကို နှိပ်စက်ချင်တာလား?”
“မှန်တယ် သမီးခန့်မှန်းတာမှန်တယ်”
“ဒါဆိုရင် သမီးပိုတောင် ခေါင်းရှုပ်သွားပြီ” ဖရီယာသည် ရှုယီကို ကြည့်လိုက်ပြီး
“တည်ငြိမ်တဲ့ ပတ်ဝန်းကျင်က မှော်စက်မှုလုပ်ငန်းတိုးတက်ဖို့ အကောင်းဆုံးပဲလို့ အဖေအမြဲ မပြောခဲ့ဘူးလား ဒါဆို စိုင်စ်နယ်မြေကို ငြိမ်းချမ်းအောင် ထိန်းသိမ်းချင်တာပေါ့ ဒါဆိုဘာလို့အခု……….?”
“စိုင်စ်နယ်မြေက ဆယ်နှစ်တိုင် ငြိမ်းချမ်းခဲ့တယ် ဒါမဲ့ အဲ့တာက Frestechကုန်သည်ကြီးများအသင်းရဲ့ အဟန့်အတားကြောင့်ပဲ ဒါမဲ့ ဖရီယာ အဖေတို့ Frestechကုန်သည်ကြီးများအသင်းဟာ ဒါကိုဆက်တား,ထားပြီး နိုင်ငံတွေအားလုံးကို တစ်သက်လုံးနာခံအောင် လုပ်နိုင်မယ်လို့ ထင်လား?”
***
Volume 8 အခန်း ၃၉ ။ နည်းနည်းလောက် တစ်ကိုယ်ကောင်းဆန်လိုက်မယ်
ဖရီယာသည် ထိုအကြောင်းကိုစဉ်းစားပြီးနောက် သက်ပြင်းချကာ ခေါင်းကိုခါလိုက်သည်။
“ဒါက မဖြစ်နိုင်ပါဘူး သမီးတို့ Frestechကုန်သည်ကြီးများအသင်းက ကုမ္ပဏီတစ်ခုပဲ အကယ်၍ အဖေက အင်ပါယာတစ်ခုလုံးကို အုပ်စိုးချင်တယ်ဆိုရင်တောင် လူတိုင်းကို နာခံအောင်လုပ်နိုင်ဖို့နဲ့ အခြားအကြံတွေမထုတ်အောင် လုပ်လို့မရဘူး”
“ဒါကြောင့် အရေးမကြီးတဲ့အရာတွေကို အတင်းအကြပ် လုပ်ဖို့မလိုဘူး အဖေက ဒီဆယ်နှစ်လုံး နယ်မြေထဲက ငြိမ်းချမ်းရေးအတွက် အင်အားသုံးပြီးထိန်းသိမ်းခဲ့ပြီးပြီ ပြီးတော့ ဒီဆယ်နှစ်မှာလဲ အဖေ့ရဲ့ အခြေခံရည်မှန်းချက်ကို ရရှိခဲ့ပြီးပြီ ဒီနယ်မြေထဲက လူတွေရဲ့ဘဝတွေကို တိုးတက်အောင် လုပ်နိုင်ခဲ့ပြီ”
ဖရီယာသည် ခေါင်းကိုဖြည်းဖြည်းငြိမ့်လျှက် ရှုယီအား လေးစားမှုအပြည့်ဖြင့် ကြည့်နေသည်။
အကယ်၍ နယ်မြေထဲမှ ကျေးဇူးတင်ထိုက်သူကို ပြောပါဆိုလျှင်နိုင်ငံများရှိ ခေါင်းဆောင်များတစ်ဦးမှ မဟုတ်ပဲ ရှုယီပင် ဖြစ်ပါလိမ့်မည်။
အကြောင်းမှာ Frestechကုန်သည်ကြီးများအသင်းမှ အသစ်သောနည်းလမ်းကို မျိုးစေ့ကြဲပေးခဲ့ပြီး စိုင်စ်နယ်မြေမှ ရိတ်သိမ်းရမည့် အရာများစွာရရှိခဲ့ခြင်းဖြစ်သည်။
ယခုမူ နိုင်ငံများသည် ယခင်က ၎င်းတို့စိတ်ပူခဲ့ရသော ငတ်မွတ်ခေါင်းပါးခြင်းကဲ့သို့ ကိစ္စများကို စိတ်ပူစရာမလိုတော့ပေ။
ဆယ်နှစ်အတွင်းတွင် စိုင်စ်နယ်မြေအတွင်းရှိ လူဦးရေသည် တိုးပွားပြီးရင်း ထပ်တိုးပွားလာသည်။ အကြောင်းရင်းမှာ ရိုးရှင်းးပါသည် လူတိုင်းအတွက်စားနပ်ရိက္ခာလုံလောက်ခြင်းကြောင့်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် Frestechကုန်သည်ကြီးများအသင်းမှဖန်တီးခဲ့သော မှော်စက်မှုလုပ်ငန်းအားဖြင့် လူအများအပြားသည် သင့်တော်သည့်အလုပ်များကိုရှာဖွေတွေ့ရှိခဲ့ကြသည်။ ကောင်းမွန်သည့် လစာများကိုရရှိခဲ့ကြပြီး ထိုလစာနှင့်သူတို့၏ဘဝများကို မြင့်တင်နိုင်ခဲ့ကြသည်။
ထို့နောက် Frestechကုန်သည်ကြီးများအသင်းမှ ထုတ်လုပ်ခဲ့သော အိမ်သုံးမှော်စက်များဖြင့် လူတို့၏သာမန်ဘဝများသည် ယခင်ထပ်စာလျှင် ပိုမို၍ အရောင်စုံလာခဲ့သည်။
လူများသည် တစ်နေ့စာတစ်နေ့တွက်ရုန်းကန်မနေရတော့ပဲ တစ်နေကုန် လယ်စိုက်ပျိုးရန်လည်း မလိုအပ်တော့ပေ။ ၎င်းတို့သည် အစဉ်လက်ကြောတင်းနေစရာမလိုတော့ပဲ အားလပ်ချိန်၌ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ကာ အနားယူနိုင်သေးသည်။
Frestechကုန်သည်ကြီးများအသင်းသည် မှော်ကားများကိုလည်းဖန်တီးခဲ့ခြင်းကြောင့် နယ်မြေ၏ ပို့ဆောင်ရေးလမ်းကြောင်းကိုလဲ ပြောင်းလဲစေသည်။လူတိုင်းသည် ကီလိုမီတာ ရာကျော် သို့ ထောင်ကျော်ပင်လျှင် ခရီးသွားနိုင်ကြပြီဖြစ်ပြီး ၎င်းတို့၏ရွာထဲ၌ပင် တစ်သက်လုံးနေစရာ မလိုတော့ပေ။
အဝေးဆုံးမှလူကိုပင် ချက်ခြင်းဆက်သွယ်နိုင်သော မှော်ဆက်သွယ်ရေးစက်များလည်းရှိသေးသည်။
ထို့ပြင် သာမန်လူများ လေပေါ်၌ပျံဝဲနိုင်ရန်အတွက် မှော်လေသင်္ဘောများလည်းရှိသေးသည်။
ထို့ပြင်…….
…………..
အချုပ်ဆိုရသော် ယခင် နှစ်ပေါင်း ၂၀ သို့ ၃၀ အချိန်က စိုင်စ်နယ်မြေနှင့် လုံးဝခြားနားသွားပြီဖြစ်သည်။
စိုင်စ်နယ်မြေမှလူများသည် ဆယ်နှစ်အတွင်း ၎င်းတို့ ဘယ်တော့မှ မထင်မှတ်ထားသော ပျော်ရှင်ရသော ဘဝဖြင့်နေခဲ့ရသည်။
ထိုအရာများကို ဖန်တီးပေးခဲ့သူမှာ ဖရီယာ၏ရှေ့တွင် ရပ်နေသော ရှုယီပင်ဖြစ်သည်။
ထိုအကြောင်းအားစဉ်းစားချိန်တိုင်း ဖရီယာ၏နှလုံးသားသည် ဂုဏ်ယူမှုများပြည့်နှက်နေရသည်။
သူသည် အစဉ်ခိုင်မာစွာယုံကြည်ထားသည်မှာ သူမ၏အဖေသည် ကမ္ဘာပေါ်တွင် အကြီးမြတ်ဆုံးသူဖြစ်သည်။
အင်ပါယာနှစ်ခု၏ “အင်ပါယာ၏လေးစားရသော လူတစ်သောင်း” သည် ဖရီယာ၏စိတ်ထဲ၌ ရှုယီ၏ခြေဖျားကိုပင်မမီပါ။
“အဖေ, အဖေ အနားယူတော့မလို့လား?” ဖရီယာက စဉ်းစားပြီးမှမေးလိုက်သည်။
“မဟုတ်ပါဘူး အဖေအနားယူလို့မရသေးဘူး အဖေအသက်ငယ်ပါသေးတယ်” ရှုယီက ခေါင်းခါလျက် ပြုံးလေသည်။ “အဖေက ဒီတိုင်း……. နယ်မြေထဲကလူတွေအတွက် အဖေလုပ်ပေးခဲ့တာ လုံလောက်ပြီလို့ ထင်လို့ပါ ဒါကြောင့် အခုနည်းနည်းတော့ တစ်ကိုယ်ကောင်းဆန်တော့မလို့…… အဖေအမြဲမက်ခဲ့တဲ့ အိမ်မက်နောက်လိုက်ဖို့ အားစိုက်တော့မလို့”
“အဖေ့ အိမ်မက်?” ဖရီယာက စဉ်းစားလိုက်ပြီး ကောင်းကင်သို့ လက်ညိုးထိုးကာ စိတ်လှုပ်ရှားသည့် ရုပ်ဖြင့် “အဖေအမြဲပြောနေတဲ့ စကြဝဠာ ကို ပျံသန်းသွားနိုင်ဖို့လား?”
“ဟုတ်တယ်ဖရီယာ သမီးလည်း စိတ်ဝင်စားလို့လား?”
“ဒါပေါ့” ဖရီယာကတွန့်ဆုတ်ခြင်းမရှိပြခေါင်းငြိမ့်သည်။ “အဖေက သမီးငယ်ကတည်းကပြောနေတာ ဒီကောင်းကင်ရဲ့အပြင်ဖက်မှာ ဒီကမ္ဘာထပ်ကြီးတဲ့စကြဝဠာကြီးရှိသေးတယ်ဆို အဖေ့အိမ်မက်က အဲ့ဒီ စကြဝဠာကိုသွားပြီး လေ့လာဖို့မလား သမီးရဲ့အိမ်မက်ကျတော့ အဖေနဲ့တူတူလိုက်ဖို့ပဲ”
“သမီးက…… သမီးတော့ အရမ်းအလျှင်မလိုသေးတာကောင်းမယ်”ရှုယီကခေါင်းခါသည်။ “သမီးကခုထိငယ်သေးပြီး ဒီကမ္ဘာမှာတင် အကြာကြီး လေ့လာစရာတွေကျန်ပါသေးတယ်”
“ဟွန့် အဖေက တကယ်ပဲ သမီးကိုဒီမှာနေပြီးကုမ္ပဏီ ကိုဆက်ခံစေချင်နေတာမလား” ဖရီယာက မပျော်ရွင်စွာထေ့ငေါ့ပြောသည်။
ရှုယီက မနေနိုင်ပဲ ပြုံးလိုက်သည်။ “အဖေအဲ့လို မပြောပါဘူးနော် ဒါကသမီးလိုချင်တာပါ အဖေကသမီးကိုပြောချင်တာက အခုထိ သမီးကဒီကမ္ဘာကို လုံလောက်အောင် မစူးစမ်းရသေးဘူးလေ ဒါကြောင့် စကြဝဠာကိုစူးစမ်းဖို့ အလျင်မလိုပါနဲ့ဦး ဥပမာ သမီး မှော်တိမ်တိုက်နယ်မြေကိုတောင် မရောက်ဖူးသေးဘူးမလား?”
“အဖေ့ကြောင့်လေ အဖေကသမီးကိုမှသွားခွင့်မပြုတာ” ဖရီယာက မျက်လုံးကိုလှည့်လိုက်ကာ ရှုယီကိုကြည့်၍ ပြီးမှ စိတ်လှုပ်ရှားမှုဖြင့် မျက်စိများပြူးကျယ်လာကာ “မဟုတ်မှ အဖေ သမီးကို မှော်တိမ်တိုက်နယ်မြေကို သွားခွင့်ပြုမလို့လား?”
“ဒီအစီအစဉ်တော့မရှိသေးဘူး” ရှုယီကခေါင်းခါလျက် ဖရီယာ၏ စိတ်ပျက်သွားသော အမူအရာကိုမြင်လျှင် ထပ်ပြောလိုက်သည်။ “ဒါမဲ့ သမီး ၂၅နှစ်ပြည့်သွားရင် အဖေ အချိန်တစ်ခုရှာပြီး မှော်တိမ်တိုက်နယ်မြေကို အတွေ့ကြုံရအောင်ခေါ်သွားမယ်။ အဖေကသမီးကို တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းကိုလည်းခေါ်သွားမယ်။ သမီး ရေခဲမြစ်တွေကို လေ့လာလို့ရတာပေါ့ အအေးဆုံး ရာသီဥတုကို သမီးခံစားဖူးသွားတာပေါ့ ဘယ်လိုလဲ ကြောက်နေပြီလား?”
ဖရီယာက ရယ်လျက် “ဘာကိုကြောက်ရမာလဲ”
ရှုယီနှင့် စကားအနည်းငယ်ပြောပြီးနောက် ဖရီယာသည် သူမ၏စစခြင်းမေးခွန်းကို မမေ့ပဲ ပြန်မေးလိုက်သည်။ “အဖေ သမီးကို မရှင်းပြရသေးဘူးနော် အဖေ့ရဲ့အိမ်မက်နောက်လိုက်ချင်တာက ပြဿနာမဟုတ်ပါဘူး ဒါမဲ့ ဒီတစ်ခေါက်ကအဖေ့ရဲ့အကြံနဲ့ မတူဘူးမလား?”
“အဖေအခုပြောခဲ့သလိုပဲ အဖေအဓိပ္ပာယ်မရှိတဲ့ အရာတွေကို ဆက်မလုပ်ချင်တော့ဘူး အဖေနယ်မြေထဲက လူတွေအတွက် အခြေခံအုတ်မြစ်ချပေးခဲ့ပြီးပြီ အခုကသူတို့ရွေးချယ်ဖို့ပဲကျန်တာ အဖေက အင်အားသုံးပြီး တိုက်တွန်းနေတော့မှာမဟုတ်ဘူး”
“အဖေဆိုလိုတာက ဘယ်ကိစ္စကိုမှမလုပ်တော့ဘူးလား? ကုမ္ပဏီကရော?” ဖရီယာကမေးသည်။
“အဖေ ကုမ္ပဏီကို ဂရုမစိုက်တော့ဘူးလို့မပြောပါဘူး စိတ်ချပါ Frestechကုန်သည်ကြီးများအသင်းရဲ့ နယ်မြေထဲက အခုလက်ရှိအနေအထားက အဖေတို့ ဆုံးဖြတ်ချက်ကြီးချရမဲ့နေရာမှာ အမှားခနခန မလုပ်ခဲ့ရင် အဖေတို့ကုမ္ပဏီက နယ်မြေထဲမှ ထိပ်ဆုံးကပဲဖြစ်နေမှာပါ”
ဖရီယာသည် ရှုယီကိုသံသယအကြည့်ဖြင့် ကြည့်လိုက်သည်။ သူမသည် ယခု တစ်ခေါက် မန်နာမှော်တိုင်းပြည်မှ ထွက်ခွာရန် ရွေးချယ်ခဲ့ခြင်းသည် ထိုအမှားများထဲမှ တစ်ခုဖြစ်မည်လား ဟု တွေးနေသည်။
“တကယ်တော့ ဒါက နယ်မြေထဲကလူတွေကို မှော်စက်မှုလုပ်ငန်းကဘယ်လောက်အရေးကြီးလဲဆိုတာ ပြလို့ရတယ်”
ရှုယီ၏မျက်နှာ၌ အန္တရာယ်ရှိသောအပြုံးတစ်ခုပေါ်လာသည်။ “ခေါင်းမာမာနဲ့ ခုခံတဲ့လူတွေအတွက် ခေတ်ကိုငြင်းဆန်ချင်ရင် ပြင်းထန်တဲ့ အကျိုးဆက်တွေကိုခံစားရလိမ့်မယ်”
….
အပေါ်ယံ၌မူ Frestechကုန်သည်ကြီးများအသင်း ထွက်ခွာသွားခြင်းသည် မန်နာမှော်တိုင်းပြည်အား အကျိုးသက်ရောက်မှု သိပ်မရှိသလိုပင်။ ၎င်းတို့၏ တိုင်းပြည်မျက်နှာပျက်သည်မှလွှဲ၍ မပြင်းထန်ချေ။
Frestechကုန်သည်ကြီးများအသင်းထွက်ခွာသွားသော်လည်း မန်နာမှော်တိုင်းပြည်အား ပြည့်စုံခါနီး ဖြစ်သည့် မှော်စက်မှုလုပ်ငန်းတစ်ခုအား ချန်ထားပေးခဲ့ပေသည်။ထို့ကြောင့် များစွာသောလုပ်ငန်းများ၌ လုံလောက်မှုရှိနေသေးသည်။
Frestechကုန်သည်ကြီးများအသင်းမရှိ၍ မဖြစ်သောနေရာများတွင် Frestechကုန်သည်ကြီးများအသင်း ထွက်ခွာသွားသောနေရာများ၌ အခြားသောကုမ္ပဏီများက ဈေးကွက်ကို လာယူကြသည်။
ထိုပြဿနာများကြောင့် မန်နာမှော်တိုင်းပြည်သည် အကျိုးအမြတ်တစ်ချို့ကိုပင်ရလိုက်သေးသည်။
ထိုအခြေအနေသည် မန်နာမှော်တိုင်းပြည်၏အတွင်း အပြင်မှ တမင်ရည်ရွယ်၍ လုပ်သောအရာများပင် ဖြစ်သည် Frestechကုန်သည်ကြီးများအသင်းထွက်ခွာသွားခြင်းသည် အရေးပါသည့်အရာ မဟုတ်ကြောင်း ထင်မြင်စေရန်လုပ်ခြင်းဖြစ်သည်။
မန်နာမှော်တိုင်းပြည်သည် အတွင်းထဲ၌ အောင်မြင်သည့် ခုခံခြင်းဟူသော လိုင်းတစ်ခုပင်ရှိသေးသည် ၎င်းတို့ဖော်ပြသည်မှာ Frestechကုန်သည်ကြီးများအသင်းအား ခုခံခြင်းသည် မှန်ကန်သည့်ရွေးချယ်မှု ဖြစ်ကြောင်းပြောထားသည်။ ၎င်းသည် မန်နာမှော်တိုင်းပြည်အား အရေးကြီးသည့်အရာတစ်ခုဖြစ်သည့် သယံဇာတများကို ကိုယ်ပိုင်လုပ်ပိုင်ခွင့်ရှိပြီး Frestechကုန်သည်ကြီးများအသင်း၏ လက်ထဲသို့ ရောက်သွားမည်ကို ရှောင်ရှားခဲ့နိုင်ကြောင်း ပြောထားသည်။
ထိုသီအိုရီသည် ပထမ၌ ကျိုးကြောင်းသင့်၍ များစွာသောလူများ၏ထောက်ခံချက်ကိုရရှိခဲ့သည်။
သို့သော်လည်း မကြာမှီပင် မန်နာမှော်တိုင်းပြည်သည် ခေါင်းတည့်တည့်ကိုလေပြင်းရိုက်ခံလိုက်ရသည်။
၃၈၁၅ခုနှစ်၏ ဖေဖော်ဝါရီလတွင် မန်နာမှော်တိုင်းပြည်နှင့် အိမ်နီးချင်းတိုင်းပြည် အန့်စ်ဖာလန်တိုင်းပြည် သည် နယ်စပ်၌ မှော်သလင်းကျောက် မိုင်းတွင်းအတွက်နှင့် နှစ်ဖက်စလုံးမှ ပြိုင်ဆိုင်ရင်း ပဋိပခဖြစ်ပွားကြသည်။
အစပိုင်း၌ နယ်စပ်မှ ပြဿနာလေးပင်ဖြစ်၍ ရန်ပွဲအနည်းငယ်ဖြစ်ပွားကြသည်။
သို့သော် ထိုပြဿနာသည် အမျိုးမျိုးသောအကြောင်းများကြောင့် ဆက်လက်ကြီးထွားလာရာ တိုင်းပြည်နှစ်ခုလုံး၏ နယ်ခြားစောင့်တပ်များအချင်းချင်း တိုက်ပွဲငယ်များ စတင်ဖြစ်ပွားတော့သည်။
ထိုတိုက်ပွဲ၌ အပျက်အစီးများရှိသော်လည်း မပြင်းထန်ပေ။
အကြောင်းမှာ ထိုကိစ္စသည် ပုံမှန်အခြေအနေ၌ဖြစ်ပွားလျှင် Frestechကုန်သည်ကြီးများအသင်းမှ သတိပေးမည်ဖြစ်ပြီး တိုင်းပြည်နှစ်ခုလုံးအား ညှိနှိုင်းပေးမည်ဖြစ်သည်။
သို့သော်အခုမှာ Frestechကုန်သည်ကြီးများအသင်းသည် ထိုကိစ္စအား မဖြစ်သကဲ့သို့ထားကာ မည်သို့မှမပြောပေ။
လူတိုင်းသည် ထိတ်လန့်သွားကြသည် သို့သော် ၎င်းတို့သတိပြုမိသည်မှာ Frestechကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းပြည်မှ ဆုတ်ခွာသွားမည်ဟုကြေငြာထားကာ မန်နာမှော်တိုင်းးပြည်၌ ဖြစ်သည့်ကိစ္စတစ်ခုမှကို ဂရုစိုက်မည်မဟုတ်ကြောင်း ဖော်ပြထားပြီးဖြစ်သည်။
ထို့ကြောင့် Frestechကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းပြည်၏ နယ်စပ် ပြဿနာအား ဂရုမစိုက်ခြင်းဖြစ်သည်။
ထိုတိုက်ပွဲသည် လဝက်ခန့်ကြာပြီးနောက်တွင် အန့်စ်ဖာလန်တိုင်းပြည်မှ စစ်တပ်သည် မန်နာမှော်တိုင်းပြည်၏ နယ်စပ်ကို စတင်တိုက်ခိုက်တော့သည်။
မန်နာမှော်တိုင်းပြည်၏တုံ့ပြန်မှုမှာ မြန်ဆန်၍ တန်ပြန်တိုက်ခိုက်ခုခံသည်။ နယ်စပ်၌ ၃လခန့် တိုက်ခိုက်ကြပြီးနောက် မန်နာမှော်တိုင်းပြည်သည် တပ်ဆုတ်ဟန်ပြလာသည်။
ထိုရလဒ်သည် လူတိုင်းကိုအံ့ဩသွားစေသည်။
အကြောင်းမှာ လူများသည် သာမန်အားဖြင့် တွေးကြည့်လျှင် မန်နာမှော်တိုင်းပြည်သည် အန့်စ်ဖာလန် တိုင်းပြည်ထက် ပိုမိုအင်အားကောင်းသည်မှာ ရှင်းပါသည်။
အန့်စ်ဖာလန်တိုင်းပြည်မှ အကျိုးတစ်ခုခုရထားနိုင်သည် သို့သော် စစ်ပွဲချိန်ရှည်ကြာလျှင် ၎င်းတို့သည် မန်နာမှော်တိုင်းပြည်အား မတိုက်ခိုက်နိုင်သည်မှာသေချာပါသည်။
သို့သော် မန်နာမှော်တိုင်းပြည်ကမခံနိုင်ခြင်းဖြစ်နေသည်။ နောက်ဆုံး၌ နှစ်ဖက်စလုံးမှ တိုက်ခိုက်နေသည်မှာ လေးလခန့်ကြာသွားရာ ၎င်းတို့သည် ရှုံးနိမ့်ကာ အန့်စ်ဖာလန်တိုင်းပြည်အား ၎င်းတို့တိုက်ခိုက်နေသည့်အကြောင်းရင်းဖြစ်သော မှော်သလင်းကျောက်မိုင်းတွင်းကို ပေးလိုက်ရသည်။
အန့်စ်ဖာလန်တိုင်းပြည်သည် ထိုကိစ္စကိုထပ်မတွန်းပဲ မန်နာမှော်တိုင်းပြည်နှင့် ငြိမ်းချမ်းရေးစကား ပြောလေသည်။ နောက်ဆုံး၌ မန်နာမှော်တိုင်းပြည်သည် အန့်စ်ဖာလန်တိုင်းပြည်အား အချို့သော လျော်ကြေးများ ပေး၍ အတိုက်ခိုက်ရပ်စဲကြောင်းကြေငြာလိုက်လေသည်။
ထိုတိုတောင်းသော စစ်ပွဲသည် နယ်မြေထဲ၌ ဆွေးနွေးစရာကိစ္စကြီးတစ်ခု ဖြစ်သွားသည်။
လူများသည် အလွန်ပင်အံ့ဩနေကြသည် မန်နာမှော်တိုင်းပြည်သည် အန့်စ်ဖာလန်တိုင်းပြည်ကို အဘယ်ကြောင့် မတိုက်ခိုက်နိုင်ရပါသနည်း?
နောက်ဆုံး၌ Frestechကုန်သည်ကြီးများအသင်းဖြင့် နိုင်ငံအများအပြား၌ တူညီသော စစ်တပ်သုံးမှော်စက်များ ရှိကြပြီး ၎င်းကြောင့် တိုက်ပွဲ၌ အင်အားမှာလည်း တူညီလုနီးပါးရှိကြသည်။
ထိုကိစ္စအား အသေးစိတ်သုံးသပ်လေ့လာကြည့်ပါလျှင် လူတိုင်း၌ တူညီသောသုံးသပ်ချက်တစ်ခု ရှိကြပါလိမ့်မည်။
***
Volume 8 အခန်း ၄၀ ။ ဖရိုဖရဲဖြစ်နေသော မန်နာမှော်တိုင်းပြည်
မားကွစ္စ် နာယူဆစ် သည် သူ၏ရှေ့၌ရှိသည့် စိတ်ဓာတ်ကျနေသောအမူရာရှိသည့် မြို့စား ဂျိုရှူအာကို စိုက်ကြည့်နေသည်။
အကယ်၍မျက်လုံးများသာ လူသတ်နိုင်ပါလျှင် သူသည် ထိုမြို့စား ဂျိုရှူအာ အား ၈ကြိမ် သို့ ၁၀ကြိမ်ပင် သတ်ပြီးလောက်လေပြီ။
ထောက်ပံ့ပို့ဆောင်ရေးဌာနတွင် တာဝန်ရှိသော ထိုသူကြောင့်သာမဟုတ်ခဲ့လျှင် စစ်ပွဲတွင် တပ်သားများ၏ လိုအပ်ချက်ရှိခဲ့မည်မဟုတ်ပေ ၎င်းသည် အဘယ်ကြောင့် ရွံရှာဖွယ်ဖြစ်နေရပါသနည်း နောက်ဆုံး၌ တိုင်းးပြည်သည် ထိုကဲ့သို့အရှက်ရဖွယ် အန့်ဖာလန်တိုင်းပြည်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို လက်ခံခဲ့ရသည်။
မြို့စား ဂျိုရှူအာသည် မားကွစ္စ် နာယူဆစ်၏ မျက်လုံးမှ အမုန်းများကို ခံစားနေရသော်လည်း သူသည် တိတ်ဆိတ်စွာနေပြီး သူ၏မျက်နှာမှလည်း ခါးသီးခြင်းများရှိနေသည်။
ထောက်ပံ့ပို့ဆောင်ရေးဌာန၏ တာဝန်ရှိသူအနေဖြင် ရှေ့တန်းကိုထောက်ပို့ပစ္စည်းများမပို့နိုင်ခြင်းမှာ သူမရှောင်လွဲနိုင်သည့် တာဝန်ဖြစ်ပြီး ငြင်းပယ်၍လည်းမရပေ။
သို့သော် ဤတစ်ကြိမ်က သူဘာမှလုပ်မရသောအခြေအနေဖြစ်သည်။
Frestechကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းပြည်မှ ထွက်ခွာသွားလိမ့်မည်ဟု မည်သူမှမထင်ခဲ့ပေ ၎င်းသည် မန်နာမှော်တိုင်းပြည်အား ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်စေသည်။ ၎င်းသည် သူ၏မျော်မှန်းချက်ကို ကျော်လွန်နေသည်သာမက လူတိုင်း၏ မျော်မှန်းချက်ကိုလည်း ကျော်လွန်နေသည်။
၎င်းတို့၏ အန့်စ်ဖာလန်တိုင်းပြည်အပေါ်ရှုံးနိမ့်မှု၏ အဓိကအချက်မှာ ထောက်ပံ့ပို့ဆောင်ရေးမှ မလိုက်နိုင်သောကြောင့် ဖြစ်သည်။
ရှင်းလင်းသောဥပမာကိုပေးရမည်ဆိုလျှင်
တိုက်ပွဲအတွင်း၌ ရှေ့တန်းအား ထောက်ပံ့ပစ္စည်းများစွာ ပေးပို့ရမည့်ကိစ္စတွင် မန်နာမှော်တိုင်းပြည်မှ လမ်းများသည် ထိုဝန်ကိုမနိုင်ပဲ လမ်းကြောပိတ်ခြင်းများကို ဖြစ်စေခဲ့သည်။
ထိုဝန်ပိုသည့် လမ်းကြောပိတ်ခြင်းမှာ ပြဿနာများစွာကိုဖြစ်ပွားစေသည်။ ဥပမာအားဖြင့် လမ်းများ၌ အတားဆီးများရှိကာ သယ်ယူပို့ဆောင်ရေး၏ အမြန်နှုန်းကိုနှေးစေသည်။
ဥပမာ တံတားတစ်ခုပြိုကျသဖြင့် ကြီးမားသည့် မှော်ထောက်ပို့ကားနှစ်စီး သည် မြစ်ထဲသို့ကျသွားကာ အခြားလိုင်းများကိုလည်း အတားဆီးဖြစ်သွားစေသည်။
ထောက်ပံ့ပို့ဆောင်ရေးဌာန၏ သယ်ယူပို့ဆောင်သည့်အဖွဲ့တွင် မှော်ထောက်ပို့ကားများ လမ်းကြောင့် ပျက်စီးသွားသည်များရှိသည် သို့သော် ၎င်းတို့သည် Frestechကုန်သည်ကြီးများအသင်း၏ ဝန်ထမ်းများ မရှိသောကြောင့် ထိုယာဉ်များကို ပြင်ဆင်ရန် မတတ်နိုင်ချေ။
Frestechကုန်သည်ကြီးများအသင်း၏ အပြီးတိုင်ထွက်ခွာသွားခြင်းကြောင့် ထိုမှော်ကားများကိုပြင်ဆင်ရန် Frestechကုန်သည်ကြီးများအသင်းက ထုတ်လုပ်သော အစိတ်ပိုင်းများကိုလည်း မရနိုင်ပေ။
ထောက်ပံရေးပစ္စည်းများပို့ဆောင်ရေး တွင်ပင် ပြဿနာအမျိုးမျိုးရှိနေပြီဖြစ်သည်။
ထို့ပြင် ထိုထောက်ပံ့ရေးပစ္စည်းများ ထုတ်လုပ်ရာ၌လည်း Frestechကုန်သည်ကြီးများအသင်း၏ အပြီးတိုင် ထွက်ခွာသွားခြင်းကြောင့် ပြဿနာမျိုးစုံတက်နေသေးသည်။
ဥပမာအားဖြင့် မန်နာမှော်တိုင်းပြည်နှင့် အာမန်နီကုန်သည်ကြီးများအသင်းက ပူးပေါင်းကာ စစ်သားများ တွက် ချည်ထည်ဂျက်ကက်များ ထုတ်လုပ်သည့်စက်ရုံတွင်ဖြစ်သည်။
Frestechကုန်သည်ကြီးများအသင်း၏ အပြီးတိုင်ထွက်ခွာသွားခြင်းသည် ထိုစက်ရုံနှင့်ပက်သက်ခြင်း မရှိသလိုပင် သို့သော် အမှန်တကယ်ထုတ်လုပ်ရာ၌ အချို့နေရာများ၌ သက်ရောက်မှုရှိလေသည်။
ရှင်းလင်းသောဥပမာသည် စက်ရုံ၏ထုတ်လုပ်သည့်နေရာတွင်ဖြစ်သည် စက်များအား ထိန်းသိမ်းပြုပြင်ပေးရန် Frestechကုန်သည်ကြီးများအသင်း၏ ဝန်ထမ်းများမရှိခြင်းကြောင့် ပျက်စီးမှု အတိုင်းအတာများဖြစ်ပေသည်။ ၎င်းသည် ထုတ်လုပ်သည့်နှုန်းကို ကျဆင်းစေကာ အင်္ကျီ၏ အရည်အသွေးကိုလည်း ကျဆင်းစေသည်။
ထိုစစ်ပွဲသည် ဆောင်းတွင်း၌ဖြစ်ရာ စစ်သားများ၌ အဝတ်အထည်မလုံလောက်ခြင်းကြောင့် တိုက်ခိုက်သည့်အင်အားကိုကျဆင်းစေသည်။
ထို့အပြင် စစ်သားများတပ်ဆင်ထားသော စစ်တပ်သုံးမှော်စက်များမှစ၍ နေ့စဉ်စားသုံးသော စည်သွပ်ဘူးများအထိ ပြတ်လပ်မှုများရှိခဲ့လေသည်။
မြို့စား ဂျိုရှူအာသည် ပို့ဆောင်ရေးပြဿနာကိုဖြေရှင်းနိုင်ခဲ့လျှင်တောင် ထုတ်လုပ်ရေးပြဿနာအား မဖြေရှင်းနိုင်ပေ။
နယ်စပ်မှတပ်များအား အရှုံးမပေးမှီ လေးလကြာတောင့်ခံထားနိုင်ရန်ပင် အတော်အားစိုက်ခဲ့ရသည်။ သူသည်တာဝန်ကိုနောက်ပို့ရန် ရည်ရွယ်ချက်မရှိကြောင်း သိသာပါသည်။
မန်နာမှော်တိုင်းပြည်၏ စိုင်စ်နယ်မြေတွင်အုပ်စိုးသူများထဲမှ တစ်ဦးတည်းသော မဟာမှော်ပညာရှင် ကွန်စတက်တိန်း သည်ပင် စိတ်ဆိုးနေသည့် မားကွစ္စ် နာယူဆစ် နှင့် ခါးသီးစွာပြုံးနေသည့် မြို့စား ဂျိုရှူအာကို ကြည့်ရင်းခေါင်းကိုက်လာလေသည်။
တိုင်းပြည်၏အုပ်ချုပ်သူတစ်ဦးအနေဖြင့် သူသည် တိုင်းပြည်စစ်ရှုံးရခြင်းအကြောင်းမှာ ထောက်ပံပို့ဆောင်ရေးကြောင့် ဖြစ်ကြောင်းသိပါသည်။
သို့သော် ထောက်ပံ့ပိုဆောင်ရေးပြဿနာအား မြို့စား ဂျိုရှူအာ ကိုပုံချ၍မရပေ။
အကြောင်းမှာ ထိုလများတွင် တိုင်းပြည်၏စစ်တပ်ထောက်ပံပို့ဆောင်ရေးတွင် မဆိုထားနှင့် မန်နာမှော်တိုင်းပြည်၏ စီးပွားရေးနှင့် အသက်မွေးဝမ်းကြောင်း ကဏ္ဍများတွင်လည်း ပြဿနာများစွာ ပေါ်ပေါက်နေခဲ့သည်။ ထိုကြောင့် သူသည်တစ်ရက်မှ အေးအေးချမ်းချမ်း မနေရသေးပေ။
ယခုပင် တိုင်းပြည်၏စိုက်ပျိုးရေးကဏ္ဍ၌ တင်ပြချက်တစ်ခုရောက်လာသည်။ ၎င်းတို့စီစစ်ချက်အရတိုင်းပြည်သည် ယခုနှစ်၏လိုအပ်ချက်ကိုပြည့်မီရေး စိုက်ပျိုးရန်အတွက် အနည်းဆုံးစိုက်ပျိုးရေးမှော်စက် ၃ထောင်ခန့်ဝယ်ယူရန်လိုအပ်ကြောင်း တင်ပြထားသည်။
သို့သော်လည်း Frestechကုန်သည်ကြီးများအသင်း၏ အပြီးတိုင်ထွက်ခွာသွားခြင်းကြောင့် မန်နာမှော်တိုင်းပြည်အား ၎င်းတို့၏စိုက်ပျိုးရေးမှော်စက်များဝယ်ယူသည့် အဓိကချန်နယ်မရှိတော့ပေ။
ထိုနှစ်များ၌ Frestechကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏နည်းပညာကိုမျှဝေမှုကြောင့် ကုမ္ပဏီအများအပြားသည် စိုက်ပျိုးရေးမှော်စက်များအပါအဝင် မှော်စက်ကြီးများတီထွင်ရန် ကြိုးစားကြသည်။ သို့သော် Frestechကုန်သည်ကြီးများအသင်းနှင့်ယှဉ်လျှင် အရည်အသွေးနှင့် တည်ငြိမ်မှု များစွာလိုအပ်လျက်ရှိသည်။ ၎င်းတို့သည် Frestech တံဆိပ် စိုက်ပျိုးရေးမှော်စက်များကို အစားထိုး၍ မရပေ။
ထို့အပြင် Frestechကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းပြည်မှ အပြီးတိုင်ထွက်ခွာသွားမည်ဟု ကြေငြာခြင်းကြောင့် အခြားသောကုမ္ပဏီများမှာလည်း ၎င်းတို့၏ဈေးနှုန်းကို မြင့်တင်ကြတော့သည်။ ဈေးနည်းသော စိုက်ပျိုးရေးမှော်စက်ကိုပင် အဆပေါင်းများစွာ ထိုးတက်သွားစေသည်။ ၎င်းသည် စိုက်ပျိုးရေးကဏ္ဍကို ပြဿနာများဖြင့်ပြည့်နှက်သွားစေပြီး နောက်နှစ်အတွက် လျာထားသော ငွေကြေးသည် နှစ်ဆတက်သွားသည်။
သို့သော်လည်း ၎င်းသည် အဓိကပြဿနာမဟုတ်သေးပေ။
စိုက်ပျိုးရေးမှော်စက်များကိုအစားထိုးရန် Frestechကုန်သည်ကြီးများအသင်းအပြင်မှ ရှာဖွေနိုင်သေးသည်။ သို့သော် စိုက်ပျိုးရေးတွင်လိုအပ်သည်မြေဩဇာများသည် အစားထိုး၍မရပေ ၎င်းတို့သည် လရိပ်မျိုးနွယ်စုမှ ထုတ်လုပ်ခြင်းဖြစ်သည်။
သေချာပြောရလျင် လရိပ်မျိုးနွယ်စု သည် လရိပ်မျိုးနွယ်စုဖြစ်ပြီး Frestechကုန်သည်ကြီးများအသင်း သည် Frestechကုန်သည်ကြီးများအသင်းဖြစ်သည်။
Frestechကုန်သည်ကြီးများအသင်း၏မန်နာမှော်တိုင်းပြည်မှ ဆုတ်ခွာခြင်းသည် လရိပ်မျိုးနွယ်စုနှင့် မပက်သက်သင့်ပေ။
သို့သော် Frestechကုန်သည်ကြီးများအသင်း သည် မန်နာမှော်တိုင်းပြည်မှ အပြီးတိုင်ထွက်ခွာသွားမည်ဟု ကြေငြာခြင်းကြောင့် လရိပ်မျိုးနွယ်စု၏ အဓိကရောင်းသူများဖြစ်သော လရိပ်ကုန်သည်ကြီးများအသင်း သည် Frestechကုန်သည်ကြီးများအသင်း၏ အပြုအမူသည် မန်နာမှော်တိုင်းပြည်မှာ မယုံကြည်ရသော တိုင်းပြည်ဖြစ်နေသည်ကို ပြနေသည် ထိုလုပ်ရပ်သည် ၎င်းတို့နတ်သူငယ်များ မုန်းတီးသော လုပ်ရပ် ဖြစ်သည်။ ထို့ကြောင့် လရိပ်ကုန်သည်ကြီးများအသင်းသည်လည်း မန်နာမှော်တိုင်းပြည်နှင့် ပူးပေါင်းခြင်းကို ရပ်တန့်လိုက်ကြောင်း ကြေငြာလိုက်သည်။
ဆိုလိုသည်မှာ ၎င်းတို့သည် မြေဩဇာများကို မန်နာမှော်တိုင်းပြည်အား ရောင်းချတော့မည် မဟုတ်ကြောင်းပင် ဖြစ်သည်။
လရိပ်မျိုးနွယ်စုမှ ကြေငြာချက်ထုတ်ပြန်ပြီးနောက် ညတေးသံမျိုးနွယ်စု၊ အဇ်ရှာရာမျိုးနွယ်စုနှင့် အခြားသော နတ်သူငယ်မျိုးနွယ်စုတို့သည်လည်း တူညီသောထုတ်ပြန်ချက်များ ထုတ်ခဲ့ကြသည်။
နတ်သူငယ်မျိုးနွယ်စုများပြီးလျှင် လူပုမျိုးနွယ်များနှင့် သားရဲမျိုးနွယ်စုများသည်လည်း တူညီသောသဘောထားများရှိကြလေသည် ၎င်းတို့သည် မန်နာမှော်တိုင်းပြည်ကဲ့သို့ မယုံကြည်ရသော လူသားတိုင်းပြည်နှင့် သဘောတူညီမှုပြုလုပ်မည်မဟုတ်ပဲ ကုန်သွယ်မှုအားလုံး ရပ်တန့်သွားမည် ဖြစ်ကြောင်း ကြေငြာလိုက်သည်။
မြေဩဇာများမှလွဲ၍ မန်နာမှော်တိုင်းပြည်သည် အခြားသောမျိုးနွယ်စုများ၏ ပစ္စည်းများအား အားထားမှုမရှိရာ ၎င်းတို့အား သိပ်မထိရောက်ပေ။
သို့သော် အခြားသောကုမ္ပဏီများထွက်ခွာလျှင်မန်နာမှော်တိုင်းပြည်သည် ကြီးမားစွာ သက်ရောက်လိမ့်မည်။ ၎င်းသည် တိုင်းပြည်၏ မှော်စက်မှုလုပ်ငန်းတိုးတက်မှုကို ပြန်ဆယ်နိုင်ရန် မဖြစ်နိုင်တော့ပေ အခြားသောလုပ်ငန်းများကိုပင် ထိခိုက်စေနိုင်သည်။
ထိုကဲ့သို့သော သတင်းကိုကြားလျှင် ဘုရင် ကွန်စတက်တိန်း ၏နှလုံးသည် နောင်တများဖြင့် ပြည့်သွားရလေသည်။
Frestechကုန်သည်ကြီးများအသင်းကို ဆန့်ကျင် ဆန္ဒပြခြင်းသည် ဘုရင်တစ်ပါးအနေဖြင့် ဆက်နွယ်မှု ရှိနေခြင်းမှာ ရှောင်လွဲ၍မရပေ။
အမှန်တကယ်အားဖြင့် ဆန့်ကျင်ခြင်းအပြင် ကြီးမားသော ကန်ကွက်ဆန္ဒပြမှု ဖြစ်ပေါ်လာရသည့် အကြောင်းမှာ အဆင့်မြင့်ပိုင်းမှသူများ သည်းခံနေခြင်းကြောင့်ဖြစ်သည် ထိုလုပ်ရပ်အားနောက်ကွယ်မှ ကြိုးကိုင်သူများထဲတွင် ဆွေကြီးမျိုးကြီးများလည်းပါပေသည်။
အကြောင်းရင်း နံပါတ်တစ်မှာ Frestechကုန်သည်ကြီးများအသင်းအား မန်နာမှော်တိုင်းပြည်၏ မှော်ပညာရှင်အဖွဲ့အစည်းမှ ကန့်ကွက်မှုအချို့ရှိခြင်းကြောင့်ဖြစ်သည်။ ဒုတိယမှာ မန်နာမှော်တိုင်းပြည်သည် ထိုအခြေအနေကိုပြကာ Frestechကုန်သည်ကြီးများအသင်းထံမှ ထိုပူးပေါင်းမှုအပေါ် အမြတ်ထုတ်လိုခြင်းဖြစ်သည်။
သို့သော် ဘုရင် ကွန်စတက်တိန်း နှင့် အခြားသော အဆင့်မြင့်ပိုင်းမှလူများသည် Frestechကုန်သည်များ အသင်း၏ အပြုအမူမှာ ထိုကဲ့သို့ ပြတ်သားလိမ့်မည်ဟု တွေးထင်ထားခြင်း မရှိပေ။ ၎င်းတို့သည် မန်နာမှော်တိုင်းပြည်မှ အပြီးတိုင်ထွက်ခွာသွားမည်ဖြစ်ကြောင်း ကြေငြာခဲ့ပေသည်။
၎င်းသည် မန်နာမှော်တိုင်းပြည်က ဘယ်သောအခါမှတွေးထင်ထားခြင်းမရှိသော အရာဖြစ်သည်။
သို့သော် ဘုရင် ကွန်စတက်တိန်းသည် ၎င်းကိုယ်တိုင် Frestechကုန်သည်ကြီးများအသင်းနှင့် ပြန်လည်ညှိနှိုင်းရန် လုပ်ဆောင်ခဲ့သော်လည်း ရှုယီ၏ ခိုင်မာသောငြင်းပယ်မှုနှင့် တွေ့ခဲ့ရကာ ရှင်းပြခွင့်ပင်မရခဲ့ပေ။
ယခုမူ Frestechကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းပြည်မှထွက်ခွာသွားသည်မှာ နှစ်ဝက်ပင်ရှိလေပြီ။
ထိုကိစ္စ၏ အကျိုးသက်ရောက်မှုသည် တဖြည်းဖြည်း ပြလာပြီဖြစ်သည်။ ၎င်းသည် မန်နာမှော်တိုင်းပြည်တစ်ခုလုံးအား ကျဉ်းကြပ်သည့် အခြေနေသို့ ကျရောက်စေသည်။
ထိုသက်ရောက်မှုသည် အန့်စ်ဖာလန်တိုင်းပြည်နှင့် တိုက်ပွဲတွင် စတင်ကြီးမားလာသည် သို့သော် မန်နာမှော်တိုင်းပြည်တစ်ခုလုံးပေါ် သက်ရောက်နေသည်နှင့်ယှဉ်လျှင် ရေခဲတောင်မှ ရေခဲစလေး ကဲ့သို့ပင်။
“နာယူဆစ် မင်း ဒီကိစ္စကို ဂျိုရှူအာ ကိုပဲ အပြစ်တင်လို့မရဘူး” ထိုကိစ္စအား စဉ်းစားပြီးနောက် Contantine သည် ပင်ပန်းနေပုံဖြင့် လက်ခါပြကာ နာယူဆစ်ကို စိတ်ဖြေစေသည်။ “ဂျိုရှူအာ ကလည်း သူလုပ်နိုင်တာအကုန်လုပ်ခဲ့တယ် ဒါမဲ့ ဒီလိုပြဿနာတွေအများကြီးကို သူဘာမှလုပ်နိုင်မှာမဟုတ်ဘူး”
နာယူဆစ် သည် ၎င်းဖက်လှည့်ကာ “သူဒီကိစ္စကိုမဖြေရှင်းနိုင်ရင် ဒါသူ့အမှားပဲလေ ပြဿနာတွေ ဘယ်လောက်ရှိလဲ ဂရုမစိုက်ဘူး ဒါမဲ့ သူက ထောက်ပံ့ပို့ဆောင်ရေးဌာနရဲ့ ခေါင်းဆောင်ဖြစ်နေသရွေ့ ဒီပြဿနာတွေဖြေရှင်းရမှာ သူ့အလုပ်ပဲ ဒါမှမလုပ်နိုင်ရင် လူပြောင်းလိုက်ပေါ့”
မြို့စား ဂျိုရှူအာ၏ မျက်လုံး၌ ဒေါသရိပ်များဖြတ်သွားသည်။
ထိုမားကွစ္စ် နာယူဆစ် သည် မျက်လုံးခြင်းမဆုံပေ ကြည့်ရသည်မှာ ထိုအခွင့်အရေးကိုအသုံးချကာ သူ့အားထိုနေရာမှဖြုတ်ချရန် ကြံစည်နေခြင်းဖြစ်နိင်သည်။
သူသည် ထိုစကားကိုငြင်းပယ်ရန်ပြင်လိုက်စဉ် ဘုရင် ကွန်စတက်တိန်း သည် သူ့ကိုစိုက်ကြည့်ကာ ရပ်လိုက်ရန် အချက်ပြလိုက်သည်။
“နာယူဆစ် ငါပြောခဲ့ပြီးပြီ ဒီရှုံးနိမ့်မှုဟာ ထောက်ပံ့ပို့ဆောင်ရေးဌာန ကိုပဲ အပြစ်တင်လို့မရဘူး ပြီးတော့ မင်းတို့ရဲ့ ရှေ့တန်းကိုလည်း အပြစ်တင်လို့မရဘူး”
နာယူဆစ် သည် ကြောင်သွားသည်။
ထောက်ပံ့ပို့ဆောင်ရေးဌာန နှင့် ရှေ့တန်းကို အပြစ်တင်၍မရပါလျှင် မည်သူ့ကိုအပြစ်တင်ရပါမည်နည်း?
“အရှင်မင်းကြီး ကျွန်တော်……”
နာယူဆစ်သည် စကားပြောရန်ပြင်လိုက်စဉ်မှာပင် အရာအားလုံးသည် မှောင်မဲသွားလေသည်။
ခန်းမသည် ရုတ်တရက် အံ့ဩသံများနှင့် ထိတ်လန့်မှုများဖြင့်ပြည့်နှက်သွားသည်။
“ဒါက ဘာဖြစ်တာလဲ” ဘုရင် ကွန်စတက်တိန်း သည် အသံနက်ကြီးဖြင့်မေးလိုက်သည်။
“အရှင် ….. အရှင်မင်းကြီး ….ဒါ ဒါက မှော်မီးအိမ်ထဲက မှော်သလင်းကျောက်ပါ သုံးလို့ ကုန်သွားလို့ပါ…” ခန်းမ၏ထောာင့်မှ ထိတ်လန့်နေသောအသံတစ်ခုထွက်လာသည်။
“ဒါဆို ဘာလို့မဖြည့်တာလဲ” ကွန်စတက်တိန်း သည် စိတ်ဆိုးစွာဖြင့်မေးလိုက်သည်။
“ဒါမဲ့ …..တော်ဝင်နန်းတော်ထဲက မှော်သလင်းကျောက်တွေအားလုံးက သုံးလိုကုန်သွားပါပြီ…” အစေခံ၏ အသံသည် ပိုမို၍ ထိတ်လန့်လာနေသည်။
ဘုရင် ကွန်စတက်တိန်းသည် အမှန်တကယ်ပင် စိတ်ဆိုးသွားသည်။
“သုံးလို့ကုန်တော့မယ်ဆိုတာသိရင် ဘာလို့အစကတည်းကဝယ်မဖြည့်ထားတာလဲ?”
“အရှင်မင်းကြီး ……..ဒါက……..တိုင်းပြည်ထဲမှာ မှော်သတင်းကျောက်ရောင်းတဲ့သူမရှိလို့ပါ……”
“ဘာလို့မဝယ်နိုင်……”
ပြောလက်စနှင့် ဘုရင် ကွန်စတက်တိန်း သည် တစ်ခုခုကိုစဉ်းစားမိသွားသည်။
Frestechကုန်သည်ကြီးများအသင်းသည် စစ်တပ်သုံး မှော်စက်များမှလွဲ၍ အခြားသော ထုတ်ကုန်များ ကိုလည်း ရောင်းချသေးသည် ထိုအထဲတွင် အရေးကြီးသည်ဟုမထင်ရသောအရာ ရှိသည်။ သို့သော်လည်း ၎င်းသည် Frestechကုန်သည်ကြီးများအသင်းမှထုတ်သော အရေးကြီးသည့် အရာတစ်ခုဖြစ်သည်။
၎င်းမှာ မှော်စက်များအားလုံးတွင် ထည့်သုံးရသည့် မှော်သလင်းကျောက်များပင်ဖြစ်သည်။
ထိုအကြောင်းကိုစဉ်းစားကာ ဘုရင် ကွန်စတက်တိန်း သည် တိတ်ဆိတ်သွားလေသည်။
ခနကြာပြီးနောက် မှောင်မဲနေသောခန်းမထဲ၌ ဘုရင်ကွန်စတက်တိန်း တို့သုံးယောက်၏ သက်ပြင်းချသံ များကိုသာ ကြားရလေသည် သို့သော် ၎င်းတို့ မည်သည်ကိုတွေးနေကြောင်း မည်သူမှမသိပေ။