← Chapters

အခန်း (၄၁-၅၀)

Vol. 8 Ch. 41-50

အခန်း (၄၁-၅၀)

Vol. 8 Ch. 41-50

Volume 8 အပိုင်း ၄၁ ။ သွားခွင့်ပြုခြင်း

ရှုယီ လက်ထဲသို့ Red Cloud ကုန်သည်ကြီးများအသင်းမှ စာတစ်စောင်ရောက်လာသည်။

သာမန်အားဖြင့် ကုမ္ပဏီများမှပို့သော စာများသည် တရားဝင်စာပင်ဖြစ်စေ ရှုယီလက်ထဲသို့ ရောက်လေ့ မရှိပေ။

သူသည် Frestechကုန်သည်ကြီးများအသင်း၏ ဥက္ကဌပင်ဖြစ်ပါစေ ကုမ္ပဏီ၏အထွေထွေကိစ္စများကို ဂရုမစိုက်ပါ။

ထိုစာသည် CEO ဂလာရက်စ် မှ သတိမပေးထားလျှင် သူ၏လက်အောက်မှဝန်ထမ်းများမှသာ တာဝန် ယူရမည်ဖြစ်သည်။

ဤတစ်ကြိမ်၌ Red Cloud ကုန်သည်ကြီးများအသင်း၏ နောက်၌ မှော်ပညာရှင်အဖွဲ့အစည်းရှိ၍ သူ့လက်အောက်မှ လူများသည် တာဝန်မယူရဲသောကြောင့် ရှုယီထံသို့ ရောက်လာရခြင်းဖြစ်သည်။

ရှုယီသည် အကြောင်းအရာကိုသာ ခြုံ ကြည့်လိုက်ကာ ဘေးသို့ပို့လိုက်ပြီး အပြီးလျစ်လျူရှူ လိုက်သည်။

ကြည့်ရသည်မှာ ထိုစာသည် Red Cloudကုန်သည်ကြီးများအသင်းမှ ဖြစ်ပြီး မှော်ပညာရှင်အဖွဲ့အစည်း၏ ရည်ရွယ်ချက်ကို တစ်ဆင့်ပို့ဆောင်ပေးခြင်းဖြစ်လိမ့်မည် သို့သော် ထိုစာသည် မန်နာမှော်တိုင်းပြည်မှ ရှုယီကိုပေးသည့်စာပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် Frestechကုန်သည်ကြီးများအသင်း သည် မန်နာမှော်တိုင်းပြည်မှ အပြီးတိုင် ထွက်ခွာသွားခြင်းကြောင့် မန်နာမှော်တိုင်းပြည်၏ တရားဝင်လိုင်းမှဆက်သွယ်လျှင် သူတို့သည် လျစ်လျူရှုခံရမည်မှာ သေချာသည်။ ထို့ကြောင့် မန်နာမှော်တိုင်းပြည်၏ အကောင်းဆုံးအထောက်အပံ့ ဖြစ်သည့် မှော်ပညာရှင်များအဖွဲ့အစည်းမှဆက်သွယ်ခြင်းက ပုံမှန်ပင်ဖြစ်သည်။

ထိုစာထဲတွင် Red Cloud ကုန်သည်ကြီးများအသင်းသည် ကိစ္စတစ်ခုကိုသာ ဖော်ပြထားသည်။ ၎င်းတို့သည် စိုက်ပျိုးရေးဆိုင်ရာမှော်စက်များအတွက် ပူးပေါင်းလိုကြောင်း နှင့် ထိုစိုက်ပျိုးရေးမှော်စက်နည်းပညာကို Frestechကုန်သည်ကြီးများအသင်းမှ ဝယ်ယူလိုကြောင်းပြောသည်။ ထိုစက်များအတွက် ဈေးနှုန်းကို မြင့်မားစွာပေးမည် ဖြစ်ကြောင်းလဲ ဖော်ပြထားသည်။

ထိုစာသည် ရုတ်တရက်ကြည့်လျှင် ပုံမှန်ကဲ့သို့ပင်ထင်ရသည်။

Frestechကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းလိုသော ကုမ္ပဏီများသည်များစွာရှိ၍ Red Cloud ကုန်သည် များအသင်းသည်လည်း မထူးခြားပေ။

သို့သော် အမှန်တကယ်၌မူ Red Cloud ကုန်သည်ကြီးများအသင်းသည် သို့ မှော်ပညာရှင်အဖွဲ့အစည်းသည် မန်နာမှော်တိုင်းးပြည်အတွက် ရပ်တည်နေကြကြောင်း ရှုယီသိပေသည်။

Red Cloud ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏နောက်၌ မှော်ပညာရှင်များအသင်းရှိ၍ ၎င်းတို့သည် ထိုကိစ္စကို စတင်စရာအကြောင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် စိုက်ပျိုးရေးမှော်စက်များကို အဘယ်ကြောင့် ဂရုစိုက်ပါမည်နည်း။

မန်နာမှော်တိုင်းပြည်အတွက်ဆိုသည်မှာ သေချာပါသည်။

ရှုယီသည် ယခုလများအတွင်းရှင်းလင်းသွားသည် စိုင်စ်နယ်မြေ၏ နိုင်ငံများ၌ နွေဦးရာသီထယ်ထိုး ကြသည့် အချိန်ဖြစ်သည်။

မန်နာမှော်တိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်း၏ထောက်ပံ့မှုကိုမရတော့သောကြောင့် ဖြစ်ပျက်သွားသော နေရာလွတ်မှာ များစွာကွာခြားသွားပြီး ထယ်ထိုးသည့် ရာသီ၌ သက်ရောက်မှုရှိခြင်း ဖြစ်ပေလိမ့်မည်။

မန်နာမှော်တိုင်းပြည်သည် မှော်ပညာရှင် အဖွဲ့အစည်းကိုသုံးကာ ထိုပြဿနာကိုဖြေရှင်းချင်နေပုံ ပေါ်သည်။ Frestech ကုန်သည်ကြီးများအသင်းနှင့် ပြန်လည်၍ သင့်မြတ်လိုသော ရည်ရွယ်ချက်ကို ဖော်ပြနေသည်။

သို့သော်လည်း ရှုယီသည် ဂရုမစိုက်ပါ။ သူ၏ ဂတိကိုလည်း ပြန်လည်ရုပ်သိမ်းမည်သူမဟုတ်ပါ။ သို့သော် သူသည် Frestechကုန်သည်ကြီးများအသင်းအား လပေါင်းများစွာအကြာတွင် မန်နာမှော်တိုင်းပြည်သို့ ပြန်လည်ပို့မည်ဖြစ်သည်။

ရှုယီသည် မန်နာမှော်တိုင်းပြည် ကိုင်တွယ်မည့်ကိစ္စအား ဖရီယာကို ရှင်းပြခဲ့သော်လည်း အလုံးစုံ ရှင်းပြခြင်း မဟုတ်ပေ။

အဓိကအချက်မှာ မန်နာမှော်တိုင်းပြည်၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် ကန့်ကွက်ဆန္ဒပြမှု အပေါ် ရှုယီ၏ ပြင်းထန်သည့်သဘောထားနှင့် ကန်ဒရာတိုင်းပြည်နှင့် လမ်ပူရီတိုင်းပြည်တို့၏ စစ်တပ် သုံးမှော်စက်များ ထုတ်လုပ်မှုအပေါ် သည်းခံခြင်းများသည် ရည်ရွယ်ချက်ရှိသည်။

သူ၏ မန်နာမှော်တိုင်းပြည်မှ ဆုတ်ခွာမည်ဟုကြေငြာခြင်းသည် ပထမအနေဖြင့် မန်နာမှော်တိုင်းပြည် အား ပြင်းထန်သည့် သတိပေးချက်ပေးလိုခြင်း ဖြစ်ပြီး ဒုတိယ၌ သူသည် ထိုအစီအစဉ်ရှိပြီး ဖြစ်သော်လည်း မန်နာမှော်တိုင်းပြည်မှ လက်ဦးသွားခြင်းဖြစ်သည်။

ယခုမူFrestechကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းပြည်မှအပြီးတိုင်းထွက်ခွာသွားခြင်းကြောင့် မန်နာမှော်တိုင်းပြည် အပေါ်သက်ရောက်သည့် ကြီးမားသည့် သက်ရောက်မှုအား လူတိုင်းသတိပြုမိပြီး ဖြစ်ကြောင်း သူယုံကြည်သည်။

ထိုကိစ္စအားဖြင့် နယ်မြေထဲရှိ အခြားသောနိုင်ငံများ၌ မှော်စက်မှုလုပ်ငန်း၏အကျိုးကျေးဇူးကို တိုက်ရိုက် နားလည်မှု ရရှိသွားမည်ဖြစ်သည်။ ၎င်းတို့သည် Frestechကုန်သည်ကြီးများအသင်း ကူညီခဲ့စဉ်ကအတိုင်း ၎င်းတို့အတွက် အရေးကြီးသည့်ကိစ္စဟု မထင်ထားသောကြောင့် တိုးတက်မှု နှေးသော အချိန်များကဲ့သို့ မဟုတ်တော့ပေ။

မန်နာမှော်တိုင်းပြည်သည် ရှုယီ၏ ဥပမာတစ်ခုဟု သတ်မှတ်၍ရသည်။

ယခုမူ နှစ်ဝက်ပင်မကုန်သေးမှီ မန်နာမှော်တိုင်းပြည်သည် အန့်ဖာလန်တိုင်းပြည်ကြောင့် အတော်ပင် ဆုံးရှုံးခဲ့ရပြီ ဖြစ်သည် ၎င်းသည် အခြားသောတိုင်းပြည်များအား ကောင်းမွန်သည့် ဥပမာတစ်ခုကို ပေးခဲ့ခြင်း ဖြစ်သည်။

ကန်ဒရာအင်ပါယာနှင့် လမ်ပူရီတိုင်းပြည်တို့အား သည်းခံထားခြင်းသည်မှာလည်း ဖရီယာအား ရှင်းပြထားသကဲ့သို့ပင် အခြားသောတိုင်းပြည်များအား တစ်သက်လုံးဖိနှိပ်ထားနိုင်မည်ဟု မျော်မှန်းထား၍ မရပေ။ ထို့ကြောင့် သူ့တို့အား ဖိနှိပ်မည်မဟုတ်ပေ။

ရှုယီသည် တစ်ကမ္ဘာလုံးကိုသိမ်းပိုက်ရန်အစီအစဉ်မရှိပေ သူသည် ၎င်းကို ရည်မှန်းချက်မရှိခြင်း သို့ စိတ်မဝင်စားခြင်းဖြစ်သည်။

သို့သော် သူကမလိုချင်သော်လည်း အခြားသူများကလိုချင်သည်။

စိုင်စ်နယ်မြေထဲမှ နိုင်ငံအားလုံးသည် နယ်မြေကို ပေါင်းစည်းချင်ပြီး သမိုင်း၌ အကြီးမြတ်ဆုံး အင်ပါယာ ဖြစ်စေလိုကြသည်။

ရှုယီသည် ထိုရည်မှန်းချက်ကို ဖိနှိပ်ခြင်းမရှိပါ ထို့ကြောင့် သူသည် သဘာဝအတိုင်းသာ ဖြစ်စေလိုက် တော့မည်။

သူသည် ထိုနယ်မြေအား ဆယ်နှစ်တိုင် တိုးတက်အောင် ကူညီခဲ့ပြီးဖြစ်သည့်အတွက် နောက်ပိုင်း ဖြစ်လာ မည့် ကိစ္စများအား သူဂရုမစိုက်တော့သလို ဂရုစိုက်ဖို့ရန် ပျင်းနေပြီဖြစ်သည်။

စစ်ပွဲများသည် နည်းပညာတိုးတက်မှုအတွက် အထောက်အကူဖြစ်စေသည် ကိုမဆိုထားနှင့်။ ကမ္ဘာပေါ် တွင် ဖြစ်ခဲ့သော ကမ္ဘာစစ်နှစ်ခုတွင် နည်းပညာ အလွန်အမင်းတိုးတက်ခဲ့ပေသည်။

ရှုယီသည် ဤကမ္ဘာတွင် ထိုကဲ့သို့ စစ်ပွဲပြီးလျှင် နည်းပညာတိုးတက်မည် ဟုတ်မဟုတ် အာမ,မခံနိုင် သော်လည်း သူသည် စစ်တပ်သုံးမှော်စက်များကို လေ့လာခွင့်ရကြမည် ဆိုသည်ကိုသိပါသည်။ နယ်မြေထဲရှိ နိုင်ငံများသည် မှော်နည်းပညာများ တိထွင်ခြင်းကို နောက်ဆုတ်မည်မဟုတ်ပါ။

၎င်းသည် ရှုယီက ဖရီယာအားပြောခဲ့သည့် တကိုယ်ကောင်းဆန်တော့မည်ဟူသောစကားအတွက် အကြောင်းရင်းမှန် ဖြစ်သည်။

နိုင်ငံကြီးများအား စစ်တပ်သုံးမှော်စက်များကို လေ့လာခွင့်ပေးလိုက်ခြင်းသည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် မဖြစ်နိုင်တော့ပေ။၎င်းသည် နယ်မြေထဲရှိလူများအတွက် ဆူညံထကြွမှုနှင့် ဘေးအန္တရာယ် ကို ဖြစ်စေလိမ့်မည်။

သို့ရာတွင် ရှုယီသည် သူတော်စင်မဟုတ်သလို ဘုရားလည်းမဟုတ်ပါ။

သူသည် တစ်သက်လုံးမနေနိုင်သကဲ့သို့ Frestechကုန်သည်ကြီးများအသင်းကိုလည်း နယ်မြေထဲမှ နိုင်ငံများ အား အင်အားသုံးကာ တစ်သက်လုံး ဖိနှိပ်ထားနိုင်အောင် မလုပ်နိုင်ပါ။

ထို့ကြောင့် သူသည် ထိုအခြေအနေကို ထိန်းသိမ်းရန်နှင့် ကန့်သတ်ချက်တွင် စိတ်လျော့ထားရန်သာ ရှိသည်။

သူမျော်လင့်ထားသကဲ့သို့ ထိုကိစ္စသည် တိုးတက်လာမည်မှာမသေချာပါ။ သို့သော် သူသည် တတ်နိုင် သလောက် နယ်မြေထဲမှ လူများ၏ အခွင့်အရေးကို ကာကွယ်ရပါဦးမည်။

၎င်းသည် သူအာမခံနိုင်သည်နှင့် သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာဖြစ်သည်။

“အာ ဒါနဲ့ယှဉ်ရင် မှော်တိမ်တိုက်နယ်မြေက အခြေနေကတောင် ရှင်းသေးတယ်” ရှုယီသည် ထိုစာမှ မျက်စိလွှဲလိုက်ကာ အနောက်ဖက်သို့ ကြည့်လိုက်သည်။

နိုင်ငံများ ခွဲခြားပြီးသော စိုင်စ်နယ်မြေထက်စာလျှင် မှော်တိမ်တိုက်နယ်မြေ၏ ပတ်ဝန်းကျင်က မတိုးတက်သေးသောကြောင့် နှင့် မှင်စာများ၏စိုးမိုးမှုကြောင့် ခေတ်နောက်ကျနေသဖြင့် စိုင်စ်နယ်မြေ ထက် ပိုမို၍ ကိုင်တွယ်ရန်လွယ်ကူသည်။

Frestechကုန်သည်ကြီးများအသင်းသည် မှော်တိမ်တိုက်နယ်မြေအား တိုးတက်အောင်ပြုလုပ်နေသည်မှာ ဆယ်နှစ်ကျော်ကြာပြီဖြစ်ပြီး ထိုနှစ်များတွင် ရင်းနှီးမြုပ်နှံမှုအရ Frestechကုန်သည်ကြီးများအသင်း၏ အင်အားနှင့် မှင်စာများ၏ထိန်းချုပ်မှုကို ပိတ်ဆို့နိုင်ပြီဖြစ်ပြီး မှော်တိမ်တိုက်နယ်မြေတွင် ကျယ်ဝန်းသော ဧရိယာကို ဖန်တီးထားနိုင်သည်။

မှော်တိမ်တိုက်နယ်မြေထဲ၌ရှိသော ဒေသခံမျိုးနွယ်စုများသည် Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ မှင်စာများကို မတားဆီးနိုင်ပေ။ ထို့ကြောင့် သဘာဝကျစွာပင် Frestechကုန်သည်ကြီးများအသင်းကိုလည်း ခုခံနိုင်မည်မဟုတ်ပေ။

ထို့အပြင် အရာအားလုံးကို ဖျက်စီးတတ်သော မှင်စာများနှင့်ယှဉ်လျှင် Frestechကုန်သည်ကြီးများအသင်း သည် ဒေသခံများအတွက် ပိုမိုကောင်းမွန်သောဘဝနှင့် ကောင်းမွန်သော အကျိုးအမြတ်များကို ရရှိစေသည်။

ထို့ကြောင့် Frestechကုန်သည်ကြီးများအသင်းသည် မှော်တိမ်တိုက်နယ်မြေမှ ဒေသခံများ၏ ထောက်ခံမှုကို ရရှိထားသည်။ သူတို့သည် ထိုဒေသအား အစိုးရရန်နှင့် ပြည့်စုံသည့်ထိန်းချုပ်မှုပေးရန်ပင် အခွင့်အရေး ရရှိထားသည်။

Frestechကုန်သည်ကြီးများအသင်း၏ လုပ်ချင်တာလုပ်ဟူသောအခြေအနေတွင် မှော်တိမ်တိုက်နယ်မြေ၌ မှော်စက်မှုလုပ်ငန်း တိုးတက်စေရန်တွက် အခြေခံအုတ်မြစ်ချမည်မှာ သေချာပေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ထိန်းချုပ်မှုနှင့် ဒေသခံများ၏ ပူးပေါင်းပါဝင်မှုနှင့် ဆိုလျှင် Frestechကုန်သည်ကြီးများအသင်း၏ မှော်တိမ်တိုက်နယ်မြေတွင် တိုးတက်မှုနှုန်းသည် စိုင်စ်နယ်မြေကို ပင်ကျော်သွားနိုင်သည်။

ဆယ်နှစ်အတွင်းတွင်ပင် Frestechကုန်သည်ကြီးများအသင်းသည် စိုင်စ်နယ်မြေတွင်တည်ဆောက်ခဲ့သော မှော်စက်မှုလုပ်ငန်းနှင့် တူညီသောအခြေအနေကို မှော်တိမ်တိုက်နယ်မြေတွင်လည်း တည်ဆောက် နိုင်ခဲ့သည်။

မှော်တိမ်တိုက်နယ်မြေတွင် တိုးတက်မှုနည်းသော်လည်း ၎င်းတို့၌ ရှိသော သယံဇာတများသည် စိုင်စ်နယ်မြေအောက် မလျော့ပေ ထို့ကြောင့် Frestechကုန်သည်ကြီးများအသင်းသည် အုတ်မြစ်ချပြီး သည်နှင့် လုံလောက်နိုင်မည်ဖြစ်သည်။

လွန်ခဲ့သောနှစ်အနည်းငယ်ကဆိုလျှင် Frestechကုန်သည်ကြီးများအသင်းသည် စိုင်စ်နယ်မြေ၏ သယံဇာတ များကို မှော်တိမ်တိုက်နယ်မြေထဲသို့ ပို့ရန် လိုအပ်နေသေးသည် သို့သော် မကြာသေးမီက နှစ်များတွင် မှော်တိမ်တိုက်နယ်မြေ၏ ဖက်မှ စိုင်စ်နယ်မြေအတွင်းရှိ Frestechကုန်သည်ကြီးများအသင်းသို့ သယံဇာတ များကို ပြန်လည် ပေးပို့လျှက်ရှိသည်။

ဆိုလိုနေသည်မှာ Frestechကုန်သည်ကြီးများအသင်း၏ မှော်တိမ်တိုက်နယ်မြေ၌ ရင်းနှီးမြုပ်နှံမှုသည် အကျိုးအမြတ်ကြီးမားစွာပြန်ရနေကြောင်း ဖော်ပြနေခြင်းဖြစ်သည်။

Frestechကုန်သည်ကြီးများအသင်းသည် မှော်တိမ်တိုက်နယ်မြေတွင် အခြေခိုင်သော အုတ်မြစ်ကို တည်ဆောက်ပြီးနောက် စိုင်စ်နယ်မြေကို လက်လွတ်လိုက်ရန်ရွေးချယ်ခဲ့လေသည်။

သူ၏အိမ်မက်ကို ပြီးမြောက်ရန် နယ်မြေကျယ်ကျယ်ရှိသည်ဆိုလျှင်၊ သူတစ်ကိုယ်ကောင်းဆန်ခဲ့မည် ဆိုလျှင် စိုင်စ်နယ်မြေသည် အကောင်းဆုံးရွေးချယ်မှုမဟုတ်တော့ပေ။

စိုင်စ်နယ်မြေသည် မည်သို့ပင်ပြောင်းလဲသွားပါစေ သူသည် ဘေးမှထိုင်ကြည့်နေနိုင်သည်။

“သေချာတာပေါ့ ဒါကငါအင်အားလုံလောက်ပြီဆိုတဲ့ အကြောင်းပြချက်တစ်ခုပဲ” ရှုယီသည် မျက်စိ မှေးလိုက်ကာ အိမ်တော်မှထွက်ခွာရန် ပြင်လိုက်သည်။

နာရီဝက်ကြာပြိးနောက် Frestech ကုန်သည်ကြီးများအသင်း၏ဌာနချုပ် တောင်ဖက်ရှိ ဘာရန်တောင် ပေါ်တွင် ပြန်ပေါ်လာသည်။

ဘာရန်တောင်၏ ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ဘာမှမရှိပဲ အခြားတောင်ကုန်းများနှင့် ဘာမှမကွာခြားပေ။သို့သော် ထိုနေရာကိုလာပြီးနောက် မည်သူမှသတိမပြုမိကြသော ကြီးမားသည့် မှော်အတားအဆီးတစ်ခုသည် တောင်ကိုပတ်လည်ကာရံထား၍ ပုံရိပ်ကိုထင်စေသည်။ ၎င်းသည် တောင်ပေါ်ရှိအရာများကို ပုန်းကွယ်ထားခြင်းဖြစ်သည်။

ထိုထူးခြားသည့် မှော်အတားအဆီးသည် သာမန်အားဖြင့် နတ်သူငယ်များပြုလုပ်သည့် တစ်မူထူးသော အတားအဆီးဖြစ်သည်။ ၎င်းသည် အပြင်မှမမြင်နိင်ရန် ပြည့်စုံစွာကာထားပေးနိုင်သည်။

ထိုအတားအဆီးထဲသို့ဝင်နိုင်ရန် အတားအဆီးအား ဖျက်နိုင်သည်အထိ စွမ်းအားကောင်းခြင်း ဖြစ်သော် လည်း ထိုအတားအဆီးသည် နှစ်တစ်သောင်းကျော်ရှိသည့် နတ်သူငယ်များမှ ပြုလုပ်ထား သောကြောင့် သာမန်လူများအနေဖြင့် ထိုကဲ့သို့စွမ်းအင်ရရှိနိုင်ရန်မဖြစ်နိုင်ချေ။

သို့မဟုတ် ၎င်းတို့သည် ထိုအတားအဆီးထဲဝင်နိုင်ရန် ထူးခြားသည့်နည်းလမ်း ဖြစ်သည့် လျှို့ဝှက်နံပါတ် ကို သိမှသာ ဝင်နိုင်မည်ဖြစ်သည်။

ထိုလျှို့ဝှက်နံပါတ်ကို သိသူမှာ ရှုယီနှင့် Frestechကုန်သည်ကြီးများအသင်း၏ ရာထူးကြီးသူများတစ်ချို့ ၌သာရှိသည်။ သာမန်ဝန်ထမ်းများသည်ပင် မသိကြချေ။

ခွင့်ပြုချက်မရှိပဲနှင့် သာမန်ဝန်ထမ်းများသည် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်၍မရပေ။

ထိုနေရာ၏ လုံခြုံရေးသည် မည်မျှလောက် တင်းကျပ်မှန်း သိနိုင်ပါသည်။

သို့သော် ရှုယီသည် အဆင့်များကိုဖြတ်ကျော်ပြီးနောက် မှော်အတားအဆီးထဲသို့ ဝင်သွားချိန်တွင် တောင်ကြားတစ်ခုရှိပြီး ထိုအထဲ၌ ကြီးမားပြီး ရှည်လျားသည့် အဆောက်အဦးတစ်ခုရှိကာ ကြီးမားသော ကျည်ဆံတစ်ခုနှင့် တူသည့် အရာတစ်ခုလည်း ရှိသေးသည်။ သူသည် လုံခြုံရေးတင်းကျပ်ထားသည့် အတိုင်းအတာ ကို နောက်တစ်ခေါက် ပြန်စစ်လိုက်လေသည်။

***

Volume 8 အခန်း ၄၂ ။ နျူကလီးယား မှော်စွမ်းအင်

လွန်ခဲ့သော ၁၁နှစ်က Frestechကုန်သည်ကြီးများအသင်း၏ အစောင့်တပ်များနှင့် ရူဒ်ဆန် တိုင်းပြည်၏ စစ်တပ်သည် မားလိုအင်ပါယာနှင့် ကန်ဒယာအင်ပါယာတို့အား ကန်ဒယာအင်ပါယာအလယ်ပိုင်းဒေသ တာရာလွင်ပြင်တွင် စစ်ရှုံးစေခဲ့စဉ်က ၎င်းတို့၏ခုခံမှုကို ဖျက်စီးကာ အပစ်အခတ်ရပ်စဲရန် သဘော တူညီချက်ကို အတင်းအကျပ် လက်မှတ်ထိုးစေခဲ့သည်။

ထိုတိုက်ပွဲတွင် ဆုံးဖြတ်ချက်ပေးသော အရာတစ်ခုမှာ Frestechကုန်သည်ကြီးများအသင်း၏ မှော်လေ သင်္ဘော အဖွဲ့၏ တိုက်ခိုက်မှုပင်ဖြစ်သည်။

တစ်ချက်မျှတိုက်ခိုက်ရုံနှင့် တောင်တစ်ခုကို ဖြိုနိုင်သည် မြေကြီးတွင် မိုင်းများစွာထောင်ကာ ဖျက်စီး သကဲ့သို့ ဖြစ်စေသည်။ ထို့ကြောင့် ၎င်းသည်မည်မျှကြောက်စရာကောင်းကြောင်းသိနိုင်ပါသည်။

Frestechကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောအဖွဲ့ သည် ထိုသို့တိုက်ခိုက်သည်ကို မြင်ပြီးနောက် အင်ပါယာနှစ်ခုမှ ခုခံခြင်းမရှိတော့ပဲ လက်နက်ချကာ ရှုယီ၏တောင်းဆိုချက်ကို လက်ခံခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုတစ်ခုထဲနှင့်ပင် နယ်မြေတစ်ခုလုံး၏ အခြေအနေကို ပြောင်းလဲနိုင်ခြင်း ဖြစ်ကြောင်း ပြောလျှင် ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။ ၎င်းသည် ဆယ်နှစ်တိုင် ငြိမ်းချမ်းမှုကို ယူဆောင်လာပေး သဖြင့် အောင်မြင်မှုကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ဖျက်ဆီး နိုင်သည့် စွမ်းအားပိုင်ဆိုင်သော ကြီးမားသည့် ကျည်ဆန်ဖြစ်သည့် မှော်နေရာလွတ်ကွင်းစက်ကျည်ဆန်သည် မည်ကဲ့သို့သော အားကောင်းသည့် တိုက်ခိုက်မှုကို ဖန်တီးလိမ့်မည်နည်း။

လွန်ခဲ့သော ၁၁နှစ်က Frestechကုန်သည်ကြီးများအသင်းသည် ပိုင်နက်ကိုထိရုံထိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် Frestechကုန်သည်ကြီးများအသင်းသည် ထိုကဲ့သို့ ကြောက်လန့်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုကို လုပ်ခဲ့သော်လည်း ၎င်းကို ၃ကြိမ်သာသုံး၍ရသည်။

အင်ပါယာနှစ်ခု၏ တိုက်ခိုက်ချင်စိတ်များသည် ထိုတိုက်ခိုက်မှုနှင့် မရပ်တန့်နိုင်ခဲ့ပါလျှင် Frestech ကုန်သည်ကြီးများအသင်းသည် ထိုတိုက်ပွဲကိုနိုင်ရန် သာမန်လက်နက်များကိုသာ သုံးရမည် ဖြစ်သည်။

သို့သော် ၁၁နှစ်ကြာပြီးနောက်တွင် Frestechကုန်သည်ကြီးများအသင်းသည် ထိုတိုက်ခိုက်မှုကို ဖမ်းဆုပ် ထားနိုင်သည် သာမကပဲ တိုးတက်နိုင်ပြီ ဖြစ်သည်။ ထိုပိုင်နက်အားလေ့လာမှုကို နက်ရှိုင်းစွာ ထိုးဖောက် နိုင်ပြီးဖြစ်သည်။

ရှုယီသည် ထိုအရာကိုကြည့်ရင်း ၎င်းသည် ထိတ်လန့်စရာကောင်းသည့် ဒုံးကျည်ထိပ်ဖူး နှင့်တူသည်ကို မြင်ကာ မနေနိုင်ပဲ သက်ပြင်းကိုသာချမိလေသည်။

သူသည် ဤကမ္ဘာ၌ မှော်ပညာကြီးစိုးရာ ကမ္ဘာပေါ်ရှိ နျူကလီးယားဗုံးကဲ့သို့သော အရာတစ်ခုကို လုပ်နိုင်မည် ဟု တွေးထင်ထားခြင်းမရှိပေ။

ဟုတ်ပါသည်။ ထိုအရာသည် မှော် နျူကလီးယားစွမ်းအင်ဒုံးကျည်ပင်ဖြစ်သည်။ ၎င်းသည် ကမ္ဘာပေါ်ရှိ ဒုံးကျည်နှင့် နာမည်တူခြင်းသာမဟုတ်ချေ။

“ဥက္ကဌ ဒီဒုံးကျည်အသစ်ရဲ့ ပေါက်ကွဲအားကို လေ့လာဖို့အတွက် ကျွန်တော်တို့ အစီအစဉ်တစ်ခု ချထားပါတယ် ကြည့်ပေးပါခင်ဗျ”

မှော်သုတေသနဌာန၏ စစ်တပ်သုံးမှော်စက်ဌာနခွဲမှ တာဝန်ရှိသူဖြစ်သည့် လာမာစိုင်ယာမှ ရှုယီကိုပြသည်။

ရှုယီသည် ကြည့်လိုက်ကာ ရှင်းပြသည်ကိုနားထောင်လိုက်သည်။

“ဒီအစီအစဉ်အရ ကျွန်တော်တို့ဟာ ဒီဒုံးကျည်ကို ကီလိုမီတာ ၇၀၀ အကွာအဝေးမှာရှိတဲ့ ကျွန်းတစ်ခုကို သယ်သွားပြီး လျှို့ဝှက်စမ်းသပ်ချက်တစ်ခုလုပ်မှာပါ ဒီလျှို့ဝှက်ချက်ကိုထိန်းသိမ်းနိုင်ဖို့ ကျွန်တော်တို့က ဒီဒုံးကျည်ကို အနက်ရောင်ဆိပ်ကမ်းကိုသယ်သွားပြီး လွတ်လိုက်မှာပါ သူ့ရဲ့ ဦးတည်ချက်ထို ကွေ့ဝိုက်ပြီး သွားပါလိမ့်မယ် တစ်ချိန်တည်းမှာပဲ ဥက္ကဌက ကျွန်တော်တို့ကို ကာကွယ်ဖို့နဲ့ အမြန်သတိပေးနိုင်ဖို့ မှော်လေသင်္ဘောအဖွဲ့ကိုလွတ်ပေးနိုင်ဖို့မျှော်လင့်ပါတယ်။”

“ဒါကပြဿနာမဟုတ်ပါဘူး” ရှုယီကပြောသည် သူသည် လာမာစိုင်ယာ၏ အစီအစဉ်ကို ကြည့်လိုက်ကာ ပြုံး၍ “တကယ်တော့ မင်းဒီလောက် လျှို့ဝှက်နေစရာ မလိုပါဘူး အဲ့တာပေါ်သွားရင်တောင် ပြဿနာ မဟုတ်ပါဘူး”

လာမာစိုင်ယာသည် ရှုယီကို ထိတ်လန့်သည့်ပုံဖြင့် ကြည့်နေသည်။

ဥက္ကဌသည် အမြဲ ၎င်းတို့၏ဌာနအား လျှို့ဝှက်စွာထားရှိစေလိုသည်။ သတင်းတစ်ခုကိုမျှ ဖော်ထုတ်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် မှော်အတားအဆီးကိုပင် တောင်ပတ်လည်တွင်ချခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုမူ သူသည်ရုတ်တရက် ဂရုမစိုက်သည့်ပုံ ပြနေသည်။ ၎င်းသည် ကြီးမားသည့် ပြောင်းလဲမှု ဖြစ်သည်။

လာမာစိုင်ယာ၏စိတ်တွင်းမှ သံသယကိုမြင်လျှင် ရှုယီသည် သူ့အား ရှင်းပြမနေတော့ပေ။ သူသည် ပတ်ပတ်လည်ကို ကြည့်လိုက်ကာ ခေါင်းစဉ်ကို ပြောင်းလိုက်သည်။

“ဒီနျူကလီးယားမှော်စွမ်းအင်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုကော လေ့လာပြီးပြီလား။”

နျူကလီးယားမှော်စွမ်းအင်သည် မှော်သုတေသနဌာနမှ လွန်ခဲ့သော ၁၆ နှစ်က မထင်မှတ်ပဲ တွေ့ရှိ ခဲ့သည့် နည်းပညာတစ်ခု ဖြစ်သည်။

တိတိကျကျ ပြောရမည်ဆိုလျှင် သဘာဝမှော်စွမ်းအင်တွင် ကွဲပြားသည့် ဂုဏ်သတ္တိ ရှိခြင်းကြောင့် သဘာဝသည်လဲ ကွဲပြားမှုရှိလိမ့်မည်။

ထိုအရာအား နှစ်ပေါင်းများစွာ လေ့လာလိုက်သောအခါ၌ သဘာဝမှော်စွမ်းအင်သည် အမှုန်များဖြင့် ဖွဲ့စည်းထားကြောင်း တွေ့ရှိခဲ့သည်။ ထိုအမှုန်များသည် သဘာဝမှော်စွမ်းအင် ၏ဗဟိုချက်၌ ကွဲပြားသော လမ်းကြောင်းများဖြင့် လှည့်လှည်နေပြီး ထိုကွဲပြားမှုသည် ကွာခြားသော ဂုဏ်သတ္တိကို ဖြစ်စေကြောင်း တွေ့ရှိခဲ့ရသည်။

ထိုထူးခြားသည့် လက္ခဏာရပ်သည် ကမ္ဘာ၏ အက်တမ်သီအိုရီနှင့် ဆင်တူသည်။

သို့သော် ၎င်းတို့သည် ကွာခြားပါသည်။

သဘာဝမှော်စွမ်းအင်သည် ပုံစံအတည်တကျမရှိပဲ နေရာလပ်တွင် စွမ်းအင်ဖွဲ့စည်းခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အား ဖြိုခွဲရန် ခက်ခဲသည်။

မှော်ပညာရှင်များသည် မှော်ပညာအမျိုးမျိုးသုံးနိုင်ခြင်းမှာ ၎င်းတို့၏ ကျင့်ကြံရာတွင် သူတို့၏ စိတ်အင်အားကို မြင့်တင်ကာ ကွဲပြားသော ဦးနောက်လှိုင်းများဖြင့် စိုင်စ်နယ်မြေက ခေါ်ဆိုသည့် အခေါ်အရ မှော်စွမ်းအားသည် သဘာဝမှော်စွမ်းအင်ကို သက်ရောက်စေခြင်း ဖြစ်သည်။ နောက်ဆုံး၌ သဘာဝမှော်စွမ်းအင်သည် အားသုံးသဖြင့် ပုံစံအမျိုးမျိုးထွက်လာကာ မှော်ပညာ အမျိုးမျိုး ဖန်တီးနိုင်ခြင်း ဖြစ်သည်။

ထိုစမ်းသပ်ချက်ရလဒ်အား Frestech ကုန်သည်ကြီးများအသင်း သုတေသနဌာနက ရှုယီကိုပြသောအခါ သူသည် ငိုရမလား ရယ်ရမလားပင်မသိတော့ပေ။

သူသည် စိုင်စ်နယ်မြေထဲမှလူများသည် ကမ္ဘာနှင့်ယှဉ်လျှင် တိုးတက်မှုနည်းသည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် ဤကမ္ဘာ၏ လူသားများနှင့် ဆက်ဆံသောအခါ သီးသန့်သာ နေခဲ့သည်။

သို့သော် ထိုရလဒ်သည် ရှုယီအား အံ့ဩစေခဲ့လေသည်။

ဤကမ္ဘာမှလူများသည် သိပ္ပံနှင့် နည်းပညာများတွင် သူလာခဲ့သော ကမ္ဘာထက် များစွာ နောက်ကျ နေသော်လည်း မှော်ပညာကို နှစ်သောင်းချီလေ့လာခဲ့သော သူများအနေဖြင့် ကမ္ဘာပေါ်ကသူများထက် ကျော်လွန်သည့် စွမ်းအင်ကို ရှာဖွေတွေ့ရှိ သွားခဲ့သည်။ စွမ်းအင်၏ အနှစ်သာရကို ဖမ်းဆုပ်နိုင်သွားသည် ဟုပြော၍ရသည်။

ရှုယီသည် သဘာဝမှော်စွမ်းအင်၏ အချက်ကို နားလည်ရန် ခက်ခဲခဲ့သည်။

အကြောင်းမှာ စွမ်းအင်အမှုန်များသည် ပုံသဏ္ဍန်မရှိသောကြောင့် ဖြစ်သည်၊ သို့သော်၎င်းသည် သူ့အား ထိန်းချုပ်သည့်အပေါ် မူတည်၍ ပုံစံအမျိုးမျိုး ပြောင်းလဲနိင်ပေသည်။ ၎င်းသည် ရှုယီအတွက် မယုံနိုင်စရာပင် ဖြစ်သည်။

သို့သော် ထိုရလဒ်သည် ရှုယီအား ထိတ်လန့်စေခဲ့သည်။ ထိုသဘာဝမှော်စွမ်းအင်သည် ပုံစံမရှိသော စွမ်းအင်ဖြစ်၍ ဤကမ္ဘာ၏ အလွန်သေးငယ်သောအမှုန်များဖြင့် ပြုလုပ်ထားသည်ဆိုလျှင် ၎င်းသည် နေရာတိုင်း၌ရှိပြီး မကုန်ဆုံးနိုင်ဟု ဖော်ပြနေခြင်းဖြစ်သည်။

မှော်ပညာသည် ပုံစံမရှိသည့်စွမ်းအင်ကို လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲသည့်နည်းလမ်း ဖြစ်သည်။

ထိုလုပ်နိုင်စွမ်းသည် သူလာခဲ့သောကမ္ဘာတွင် မရနိုင်သည့် နည်းပညာမျိုးဖြစ်သည် သို့သော် ခေတ် နောက်ကျသည် ဟု ထင်ရသော စိုင်စ်နယ်မြေထဲတွင် လွယ်ကူစွာ အသုံးပြုနိုင်ပေသည်။

ရှုယီအား ရယ်ရခက် ငိုရခက်ဖြစ်စေသည့် အချက်မှာ စိုင်စ်နယ်မြေမှ လူများသည် အစကတည်းက ထိုအရာကို သတိမပြုမိကြခြင်း ဖြစ်သည်။

အကြောင်းမှာ သိပွံနည်းပညာမရှိခြင်းကြောင့် ဖြစ်ပြီး ဤကမ္ဘာမှလူများသည် မှော်ပညာအား ကမ္ဘာမှ လူများက စုန်းကဝေအတတ်များအား လေ့လာသကဲ့သို့ လေ့လာနေခြင်းကြောင့်ဖြစ်သည်။

အချိုသောသူများသည်သာ အသုံးချနိုင်ကြပြီး ထူးခြားသည့် အကျိုးသက်ရောက်မှုများ ရရှိခြင်း ဖြစ်သည်။ သို့သော် ထိုကိစ္စ၏ နောက်ကွယ်မှအကြောင်းအရင်းမှန်ကိုမသိခဲ့ကြချေ။

စိုင်စ်နယ်မြေမှလူများသည် မှော်စွမ်းအင်အား မည်သို့တိုးတက်အောင် လုပ်ရမည်ကို မသိခဲ့ကြ သော်လည်း ထိုစွမ်းအင်ကို အင်အားကောင်းလာစေရန် အသုံးချခဲ့ကြပြီး လမ်းမှားသို့ သွားနေကြ လေသည်။ ၎င်းတို့သည် ရှုယီ၏အမြင်အရ ထိုစွမ်းအင်ကို ဖျက်ဆီးရန်ကဲ့သို့ အဓိပ္ပာယ်မရှိဆုံး အရာများ တွင် သုံးနေကြခြင်းဖြစ်သည်။

သူသည် ထိုနယ်မြေရှိလူများကို အပြစ်မတင်ပါ ၎င်းတို့သည် အခြေခံသီအိုရီများမရှိပဲ မှော်ပညာကို တိုးတက်အောင် မလုပ်နိင်ပေ။ သူတို့သည် ထိုအခြေနေသို့ရောက်အောင်ဖန်တီးထားသည့် လမ်းကိုသာ အာရုံစိုက်နေနိုင်ကြပေသည်။

သို့သော် ရှုယီ၏ အလုပ်မှာ ထိုသူများကို သူ၏ သိပ္ပံနည်းကျအမြင်များပေးလိုက်ကာ မှော်ပညာကို အခြေခံကစ လေ့လာစေခြင်းဖြစ်သည်။ သူသည် မှော်ပညာအား ထူးဆန်းသည့် အရာတစ်ခု သပ်သပ် သာမဟုတ်ပဲ လူများအတွက် ထက်သည့်လက်နက်တစ်ခုဖြစ်ကြောင်း သိရှိရန် ပြရပေမည်။

နျူကလီးယား မှော်စွမ်းအင်သည် ထိုမတော်တဆ လေ့လာတွေ့ရှိချက်များမှ တစ်ခုဖြစ်သည်။ သဘာဝမှော်စွမ်းအင်သည် အားပြင်းသော မှော်လှိုင်းတစ်ခုမှ နောက်ယှက်ခံရလျှင် သဘာဝမှော်စွမ်းအင် ၏ ဗဟို၌ အခြေနေတစ်ခုဖြစ်ပေါ်ပြီး အမှုန်များသည် ကွဲသွားကာ ဗဟိုချက်ကို လည့်ပတ်ခြင်းမှ ရပ်တန့်စေသည်။ ထိုဗဟိုချက်လည်နေသည်မှာ ရပ်တန့်သွားလျှင် ကြောက်လန့်စရာကောင်းသော စွမ်းအင်ကို ထုတ်လွတ်ပေးပေလိမ့်မည်။

၎င်းသည် ပထမအကြိမ်တွင် မတော်တဆဖြစ်လျှင် ခနသာ ရပ်တန့်သွားလိမ့်မည်ဖြစ်ပြီး သို့သော် ဓာတ်ခွဲခန်းကို ပြာကျသွားစေနိုင်သည်၊

ထို့နောက် များပြားသော ဂရုစိုက်လေ့လာမှုများအရ Frestechကုန်သည်ကြီးများအသင်းကို ထိုစွမ်းအင်၏ စည်းမျဉ်းကို နားလည်သွားစေပြီး လိုသလို ထိန်းချုပ်နိုင်စေသည်။

သို့သော် ထိုစွမ်းအင်၏ ပေါက်ကွဲမှု၌ ဘေးထွက်ဆိုးကျိုး ရှိပေသည်။

ကြီးမားသော ဘေးထွက်ဆိုးကျိုးမှာ မှော် ဗဟိုချက်ပေါက်ကွဲသွားပြီး ဘေးပတ်လည်မှ မှော်စွမ်းအင် များသည် အချိန်အတော်ကြာ ဖရိုဖရဲဖြစ်သွားနိင်သည်။ ၎င်းသည် မှော် နေရာလပ်ကို အတားအဆီး ဖြစ်သွားစေနိုင်သည်၊။

မှော်နေရာလပ်သည် ပြင်းထန်စွာ ပျက်စီးသွားနိုင်ပြီး ရှုယီကဲ့သို့ ဘုန်တော်ကြီးအဆင့်မှော်ပညာရှင်ပင် ဝင်မရဖြစ်သွားနိုင်သည်၊။

ထိုဖရိုဖရဲအခြေအနေကို လွတ်ရန် အကယ်၍ ပြင်ပမှ အားကိုမသုံးပါက ဘေးပတ်လည်မှ မှော်နေရာလပ် များးအား တဖြည်းဖြည်းနှင့်အချိန်ကြာမြင့်စွာ ပြန်လည်ကောင်းမွန်စေမည်။

အကယ်၍ ပြင်ပမှအားသုံးပါက ပေးဆပ်ရမည်မှာ များပြားပြီး အန္တရာယ်အလွန်ရှိမည်ဖြစ်သည်။

ထို့ကြောင့်Frestech ကုန်သည်ကြီးများအသင်း သည် နျူကလီးယား မှော်စွမ်းအင်အား လေ့လာမှု သိပ်မလုပ်ပေ။ ၎င်းတို့လုပ်လျှင်ပင် မည်သည့်အရာမှ မထိခိုက်စေသည့်နေရာကိုသာ သွားကြသည်.။

အကယ်၍ မှော်သုတေသနဌာနတွင် ဆက်လက်လေ့လာနေမည်ဆိုလျှင် ထိုမှော်သုတေသနဌာနကို ဖျက်စီးမိမည်မှာ သေချာသည်။

“ ဥက္ကဌ ကျွန်တော်တို့ တိုးတက်မှုအနည်းငယ်ကို ပြုလုပ်နိုင်ခဲ့ပါပြီ” ရှုယီ၏မေးခွန်းကိုကြားပြီးနောက် လာမာစိုင်ယာ က ယုံကြည်ချက်ရှိသည့်အသံဖြင့်ပြောသည် “မှော်နေရာလပ် ရဲ့အချက်အလက်တွေအရ မှော်ဗဟိုချက်တစ်ခုပေါက်ကွဲတိုင်း ကျွန်တော်တို့ စည်းမျဉ်းကိုရှာဖွေခဲ့ပါတယ် အရင်လကပဲ ကျွန်တော် တို့ ထူးခြားတဲ့ မှော်နေရာလပ်တွေကို အထူးမှော် စွမ်းအင်လှိုင်းနဲ့ ဖယ်ထုတ်နိုင်ခဲ့ပါပြီ”

“အို ဒါကောင်းတာပေါ့” ရှုယီသည် ချီးမွမ်းလျက် ခေါင်းငြိမ့်လိုက်သည် “အကယ်၍ အချိန်တိုင်း ဘေးထွက်ဆိုးကျိုးတွေကို ဖယ်နိုင်ရင် ငါတို့က ဒီဟာကိုရတော့မှာပဲ”

“ဟုတ်ကဲ့” လာမာစိုင်ယာသည် တုံ့ဆိုင်းနေပြီးမှ သံသယအကြည်နှင့် “ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ ပြဿနာတစ်ခုတွေ့ပါတယ်။”

***

Volume 8 အပိုင်း၄၃ ။ မည်သူ့လက်ထဲတွင် အာဏာရှိသလဲ

“ဘာပြဿနာလဲ?” ရှုယီသည် လာမာစိုင်ယာအား စိတ်ဝင်စားစွာကြည့်လိုက်သည်။

သိပ္ပံပညာရှင်များသည် မည်သည့်ပြဿနာကိုမှ မကြောက်ပါ ၎င်းတို့သည် ပြဿနာမရှိမည်ကိုသာ ကြောက်ခြင်း ဖြစ်သည်။ လာမာစိုင်ယာသည် အချိန်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ထိုဒုံးကျည် အား အဝေးမှညွှန်ပြ၍ တွန့်ဆုတ်သောလေသံဖြင့် “ဥက္ကဌ ဒီကျည်ဆံဟာ ပေါက်ကွဲသွားမယ်ဆိုရင် သူရဲ့ဖျက်ဆီးစွမ်းအား ဘယ်လောက်ရှိမယ်လို့ ထင်ပါသလဲ?”

“ဒီမေးခွန်းက ငါမင်းကိုမေးရမှာမလား မင်းကမေးလာတော့ ဘယ်လိုဖြေရမှာလဲ” ရှုယီသည် ထိုမေးခွန်း အား ရယ်ရသည်ဟု ထင်ကာ တုံ့ပြန်မေးလိုက်သည်။

လာမာစိုင်ယာသည် ခေါင်းခါလိုက်သည် သူသည်ရှုယီကိုမငြင်းနိုင်ပဲ မည်ကဲ့သို့တုံ့ပြန်ရမည်ကိုမသိပေ။

အချိန်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူသည် သက်ပြင်းချကာ “အကယ်၍ ဒီဒုံးကျည်ဟာ ဒီမှာ ပေါက်ကွဲသွားရင် ဒီတောင်တစ်ခုလုံးဟာ ပေါက်ကွဲသွားပြီး ပြာတွေ ဖြစ်သွားနိုင်ပါတယ် ဘယ်သူမှ လွတ်မြောက်နိုင်မှာမဟုတ်ပါဘူး”

လာမာစိုင်ယာသည် ရှုယီကိုကြည့်ကာ ရပ်လိုက်ပြီးမှ “ဥက္ကဌလို ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့် မှော်ပညာရှင် သို့ ကျွမ်းကျင်ဘုန်းတော်ကြီး ကမ်မီလာ တို့ကသာ လွတ်မြောက်ဖို့ အခွင့်အရေးရဖို့ ဖြစ်ကောင်း ဖြစ်နိုင်မှာပါ အခြားသူတွေကတော့ အခွင့်အရေးလုံးဝမရှိပါဘူး”

ထိုတောင်သည် Frestechကုန်သည်ကြီးများအသင်း ဌာနချုပ်၏ အနောက်ဖက် ၅ကီလိုမီတာကျော်တွင်ရှိပြီး ၆၀ ဟက်တာလောက်ထိ ကာကွယ်ထားသည်။

အကယ်၍ ထိုတောင်တစ်ခုလုံးအားဖျက်စီးနိုင်လျှင် ထိုဒုံးကျည်၏ပေါက်ကွဲအားသည် တစ်စတုရန်း ကီလိုမီတာနီးပါး ရှိမည်ဖြစ်သည်။

ထို ကြောက်လန့်စရာကောင်းသည့် စွမ်းအားသည် ကမ္ဘာ၌ နျူကလီးယားဗုံးကို စတင်ထုတ်လုပ်သော အချိန်ကဲ့သို့ဖြစ်လိမ့်မည်။

အကယ်၍ထို ဖရိုဖရဲဖြစ်နေသည့် မှော်နေရာလပ်အား တိုင်းတာမရပါလျှင် ထိုနေရာသည် သေနေသည့် နေရာဖြစ်သွားကာ လူများအချိန်အတော်ကြာ မဝင်နိုင်သော နေရာဖြစ်သွားပေလိမ့်မည်။

အက်တမ်ဗုံးများနှင့် ယှဉ်လျှင် ရှင်သန်နေနိုင်သောသူများအတွက် အပျက်အစီးကျန်ခဲ့မည့် လှိုင်းထပ် ဤဒုံးကျည်က ပို၍ ကြောက်စရာကောင်းသေးသည်။

လာမာစိုင်ယာဆိုလိုသည်ကို နားလည်သောအခါ ရှုယီ၏ အမူအရာသည် အလေးအနက်ဖြစ်လာသည်။

အမှန်တကယ်တွင် ဤအရာအားလုံးကို သိနေသောသူတစ်ယောက်အနေဖြင့် ခံစားရခြင်း ဖြစ်သည်။ သူ၏ လက်အောက်မှသူများနှင့် သာမန် သုတေသနပညာရှင်များသည် ထိုအကြောင်းကို သိပ်မစဉ်း စားချေ။

နျူကလီးယား မှော်စွမ်းအားကို လေ့လာခြင်းသည် ထိုဒုံးကျည်ကိုပြုလုပ်ရန်မဟုတ်ပဲ လက်နက်များ ကိုလည်း ပြုလုပ်ရန်မဟုတ်ပေ။

ရှုယီသည် လာမာစိုင်ယာ၏ လက်မောင်းကို ပုတ်လိုက်ကာ သူ့အား နှစ်သိမ့်လိုက်သည်။ “တကယ်တော့ နျူကလီးယား မှော်စွမ်းအင်ကို ပြည်သူတွေအတွက် သုံးရင် အဓိကအရာ ဖြစ်လာနိုင်တယ်”

“ပြည်သူတွေအတွက်?” လာမာစိုင်ယာသည် ရှုယီကို ရှုပ်ထွေးးနေသည့်ရုပ်ဖြင့် ကြည့်လိုက်သည်။

နျူကလီးယား မှော်စွမ်းအင်ကိုစတင်၍ လေ့လာစဉ်ကတည်းက သူသည် ထို ဒုံးကျည်ကိုသာ ပြုလုပ်ရန် လေ့လာခဲ့ပြီး ပြည်သူများအတွက် မစဉ်းစားမိခဲ့ပေ။

“ဥက္ကဌခင်ဗျ ဒီနျူကလီးယားစွမ်းအင်က အရမ်းအရိုင်းဆန်ပြီး စွမ်းအင်ကို ဖြည်းဖြည်းချင်း ထုတ်လွတ် ဖို့ မဖြစ်နိုင်ပါဘူး။ ပြည်သူအတွက် သုံးဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား?”

“ဒါက အခုအတွက်ပါပဲ ငါတို့ဆက်ပြီးလေ့လာနေရင် ဒီစွမ်းအင်ကိုငါတို့ထိန်းချုပ်လာနိုင်မှာပါ” ရှုယီက အပြုံးဖြင့် ပြောလိုက်သည်။

လာမာစိုင်ယာသည် ခေါင်းငြိမ့်လိုက်ပြီး နှစ်သိမ့်မှုကို ခံစားလိုက်ရသည်။

လာမာစိုင်ယာကို စကားအနည်းငယ်ပြောပြီးနောက် လေ့လာမှုကို မှတ်သားထားရန် ပြောလိုက်သည်။ ရှုယီက တောင်ကြားမှ ထွက်ခွာလာခဲ့သည်။

မှော်အတားအဆီးမှ ထွက်ခွာလာခဲ့ပြီးနောက် ရှုယီသည် တောင်သည် မည်သည့်ထူးဆန်းမှုမှ မပြသော ကြောင့် ခေါင်းကိုဖြည်းဖြည်းခါလိုက်သည်။

လာမာစိုင်ယာသည် ဒုံးကျည်ကို ယူဆောင်သွားပြီးနောက် အရာအားလုံးကို ပြောင်းရွေ့လိုက်လေသည်။

နျူကလီးယား မှော်စွမ်းအင်ကို လေ့လာခြင်းသည် အလွန်အန္တရာယ်များသည်။

Frestechကုန်သည်ကြီးများအသင်း၏ ဌာနချုပ်တွင် ထားရှိရန် မသင့်တော်ပေ။ ရှုယီသည် ထိုနေရာကို ရွေ့ချင်နေသည်မှာ ကြာပြီဖြစ်သည်။

ထိုလေ့လာမှု၏ အခွင့်အရေးကိုယူကာ ရှုယီသည် ထိုဌာနတစ်ခုလုံးကို အဆုံးမဲ့ပင်လယ်၏ ကြီးမားသော ကျွန်းတစ်ခုတွင် ပြောင်းရွေ့ရန် စီစဉ်ထားပြီးဖြစ်သည်။ ထိုနေရာအား Frestech ကုန်သည်ကြီးများအသင်း ၏ နျူကလီးယားစွမ်းအင်လေ့လာသည့် ဌာနအဖြစ် သတ်မှတ်လိုက်ပေသည်။

Frestechကုန်သည်ကြီးများအသင်း၏ ဌာနချုပ်ကို အဝေးမှကြည့်ရင်း ရှုယီသည် နက်ရှိုင်းသော အတွေး ထဲသို့ ဝင်သွားသည်။

နျူကလီးယားမှော်စွမ်းအင် သုတေသနဌာန တစ်ခုတည်းသည်သာ ပြောင်းရွေ့သင့်ခြင်းမဟုတ်ပေ။ အခြားသော အဓိကဌာနများသည်လည်း ပြောင်းရွေ့ရန် လိုအပ်သောဌာနများရှိသည်။

သို့သော် ထိုကိစ္စအား ပြန်လည်နေရာချရန်မှာ အလျှင်မလိုပါ သို့ ၎င်းသည် အရေးကြီးသောကိစ္စ မဟုတ်သေးပါ။

အကယ်၍ စိုင်စ်နယ်မြေမှ Frestechကုန်သည်ကြီးများအသင်း ထွက်ခွာသွားသောသတင်း ပျံ့နှံ့သွားလျှင် နယ်မြေတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားနိုင်သည်။

………

နွေဦးသည် သာမန်ပင်ဖြတ်သန်းသွားသည်။

ပူနွေးသောလေသည် နယ်မြေကို ဖြတ်သန်းသွားသည်နှင့် နိုင်ငံအားလုံးသည် သူတို့၏ ထယ်ထိုးခြင်း လုပ်ငန်း ကို စတင်ကြတော့သည်။ အကယ်၍ ယခုသည် ဆယ်စုနှစ်များစွာ ကြာသော အချိန်ကဆိုလျှင် နွေဦး ထယ်ထိုးခြင်းသည် နယ်မြေရှိလူတိုင်း ပါဝင်ရမည်ဖြစ်သည်။ အကြောင်းမှာ ထိုအချိန်၌ ကောင်းမွန် သော စပါးများ စိုက်လိုသောကြောင့် ဖြစ်သည်။ ၎င်းသည် ပြီးစီးရန်လိုအပ်သော အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်သည်။

လယ်ကွင်းများအားထွန်ယက်ခြင်း၊ မျိုးစေ့များချခြင်း၊ မြေဩဇာကျဲခြင်း အစရှိသည်တို့သည် လူများစွာ လိုအပ်သည် အလုပ်တစ်ခုဖြစ်သည်။

ထိုအချိန်၌ သီးသန့်နေတတ်သည် ဆွေကြီးမျိုးကြီးများနှင့် ဩဇာကြီးသည့် ဘုရင်များသည်ပင် လယ်ကွင်းထဲသို့ သွားရသည်။ ၎င်းတို့သည် သူတို့၏ရပ်တည်ချက်ကို ပြရပြီး ၄င်းသည် နွေဦးရာသီ ထယ်ထိုးခြင်း၏ အရေးပါမှုကို ပြသနေသည်။

အထွက်နှုန်း ကျဆင်းနေသည့်အချိန်တွင် မလွဲမရှောင်သာလုပ်ရမည့် အလုပ်ဖြစ်သည်။ အကယ်၍ ရိတ်သိမ်းရာတွင် လုံလောက်မှုမရှိလျှင် ထိုနှစ်တွင် လူအများစု ငတ်မွတ်သည့်ဒဏ်ကိုခံရလိမ့်မည်။

သို့သော်လည်း Frestechကုန်သည်ကြီးများအသင်းနှင့် ၎င်းတို့၏စိုက်ပျိုးရေးမှော်စက်များ ပေါ်ထွက် လာသောကြောင့် စိုင်စ်နယ်မြေရှိလူများသည် ထယ်ထိုးသည့်ရာသီရောက်လျှင် အရင်လောက် အလျှင် မလိုတော့ချေ။

လယ်ကွင်းများအားထွန်ယက်ခြင်း၊ မျိုးစေ့များချခြင်း၊ မြေဩဇာကျဲခြင်း အစရှိသည်တို့သည် စိုက်ပျိုး ရေးမှော်စက်များက လုပ်နိုင်ပေသည်။

ပြည်သူများသည် ပိုက်ဆံအနည်းငယ်သုံးကာ ထိုကုမ္ပဏီများအား အလုပ်အပ်နိုင်သည်။ ထိုကိစ္စကို ဂရုစိုက်စရာ မလိုတော့ပေ။

ထို့အပြင် လယ်ယာစိုက်ပျိုးရေး၌ လုပ်လိုသော ပြည်သူများ သိပ်မရှိပေ။ နောက်ဆုံး၌ လယ်ကွင်းထဲတွင် တနေကုန် အလုပ်လုပ်နေသည်နှင့် ယှဉ်လိုက်လျှင် ၎င်း၏လုပ်အားခထက် စက်ရုံများတွင် တစ်နေ့စာ လုပ်အားခက ပိုများသည်။

ယခင်စိုင်စ်နယ်မြေ၌ လယ်ယာလုပ်ကိုင်ခြင်းသည် ထိုလူများ၏ဘဝ ဖြစ်ပြီး ရွေးချယ်စရာမရှိပေ။ သို့သော် ယခုတွင် လယ်ယာလုပ်ကိုင်သူများသည် စိုက်ပျိုးရေးကုမ္ပဏီများမှ မဟုတ်လျှင် အထင်မြင် သေးချင်ကြပေသည်။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် မည့်သည့် အရည်အချင်းမှ မရှိလျှင် လယ်ယာလုပ်ကိုင်သူ မဖြစ်နိုင်တော့ချေ။ ထိုအလုပ်ကိုလုပ်ကိုင်ရသည်မှာ ပင်ပန်း၍ ဝင်ငွေ နည်းသည်။

စိုင်စ်နယ်မြေ၏ မှော်စက်မှုလုပ်ငန်းတိုးတက်မှုတွင် များစွာသောအလုပ်များကို ဖန်တီးပေးခဲ့သည်။

နယ်မြေထဲရှိလူတိုင်းတွင် ၎င်းတို့၌ လုပ်ချင်စိတ်ရှိသရွေ့ ၎င်းတို့နှင့် သင့်တော်သည့်အလုပ်ကို ရှာနိုင်လိမ့် မည်ဖြစ်သည်။

ဘာမှမသိသော သူများသည်ပင် ထုတ်လုပ်ရေးလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နိုင်သည်။

အကယ်၍ မှော်ပညာကိုအနည်းငယ်သိလျှင်ပင် ၎င်းတို့သည် အရည်ချင်းရှိသည့် အလုပ်သမား ဖြစ်လာ နိုင်ပြီး ကောင်းမွန်သည့်လစာကို ရလိမ့်မည်ဖြစ်သည်။

မှော်ပညာကို နားလည်တတ်ကျွမ်းလျှင် ကုမ္ပဏီအမျိုးမျိုးတွင် သုတေသနဌာန၌ ဝင်ရောက်လုပ်ကိုင် နိုင်သည်။ ၎င်းတို့သည် ဉာဏ်ကြီးရှင်ပင် ဖြစ်သွားနိုင်းပြီး ကုမ္ပဏီကို အကျိုးအမြတ်များစွာ ရှာပေးနိုင် လိမ့်မည်ဖြစ်သည်။

သီးခြားနေတတ်သည့် မှော်ပညာရှင်အတွက်မူ မှော်ပညာရှင်အဖွဲ့အစည်း၏ လက်အောက်ခံအဖြစ် အထင်အမြင်သေးခံနေစရာ မလိုတော့ပေ သို့ သေသည်အထိ ငတ်မွတ်သည့်ဒဏ်ကို မခံစားရတော့ပေ။ ၎င်းတို့သည် မှော်ပညာသီအိုရီအသစ်များကို ကြိုးစားလေ့လာကာ မှော်စက်များအကြောင်း ဗဟုသုတ များ ရှိလျှင်အဆင့်မြင့်သော မှော်စက်မှုအင်ဂျင်နီယာတစ်ဦး ဖြစ်နိုင်ပေသည်။

လူတိုင်းသည် ပျင်းနေရန် မလိုလားကြသကဲ့သို့ နိုင်ငံတိုင်းသည်လည်း နောက်ကျကျန်နေရန် မလိုလား ကြချေ။

သို့သော်လည်း မန်နာမှော်တိုင်းပြည်သည် ထိုအခြေအနေသို့တွန်းပို့ခံရ၍ နောက်သို့မရောက်သွားပါ။

အခြားသောနိုင်ငံများသည် ထယ်ထိုးခြင်းဖြင့် အလုပ်များနေကြချိန်၌ မန်နာမှော်တိုင်းပြည်သည် ခြွင်းချက် မဟုတ်ပါ။

သို့သော် စိုက်ပျိုးရေးမှော်စက်များ မရှိခြင်းကြောင့် မန်နာမှော်တိုင်းပြည်သည် ၄င်းတို့ ဦးနောက်ဖြင့် အပြင်းအထန် စဉ်းစားသော်လည်း ထိုနေရာလွတ်ကို ဖြည့်ဆည်းရန် နည်းလမ်းရှာမတွေ့ပေ။

ဧပြီလကုန်ခါနီးတွင်ပင် တိုင်းပြည်တွင် ထွန်ယက်ရန်နေရာများစွာကျန်နေသေးသည်။

အလုပ်ရှိသော ပြည်သူများသည် လယ်ယာလုပ်ခြင်းကဲ့သို့ အလုပ်များကိုအထင်သေး၍ မလုပ်လိုကျပေ။ အလုပ်မရှိသော ပြည်သူများမှာ လယ်ယာစိုက်ပျိုးရေးလုပ်လိုကြသော်လည်း စိုက်ပျိုးရေးမှော်စက်များ မရှိ၍ မည်သို့စိုက်ပျိုးရမည် ဆိုသည်ကို မသိကြတော့ပေ။

မန်နာမှော်တိုင်းပြည်၏ စိုက်ပျိုးရေးဌာနသည် ထိုကိစ္စကိုစိတ်ပူနေသည့် အကြောင်းမှာ စားနပ်ရိက္ခာ လုံလောက်မှုမရှိလျှင် ၎င်းတို့တိုင်းပြည်၏ တည်ငြိမ်မှုကို ထိန်းထားနိုင်မည် မဟုတ်ကြောင်း သိသောကြောင့်ဖြစ်သည်။

သို့သော် စိုက်ပျိုးရေးဌာနမှ လူများကို လယ်ယာလုပ်ရန် ခေါ်ယူခြင်းမပြုပေ။ ၎င်းတို့သည် တိုင်းတာ နိုင်လျှင်ပင် ထိုပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။

စိုက်ပျိုးရေးဌာနနှင့် လွတ်တော်သည် နွေဦးရာသီထယ်ထိုးရန်ကိစ္စကို ခေါင်းကိုက်နေကြချိန်တွင် မန်နာမှော်တိုင်းပြည်သို့ အသစ်သော ကပ်ဘေးတစ်ခု ဝင်ရောက်လာသည်။

ဧပြီလကုန်တွင် မန်နာမှော်တိုင်းပြည်၏ ဒေသ ၃ခု၌ ကြီးမားသော အဓိကရုဏ်းထဖြစ်လေသည်။

ထို အဓိကရုဏ်းသည် အစိုးရ၏အဆောက်အဦးများကို တိုက်ခိုက်ကာ ၎င်းတို့ အလုပ်လုပ်ရန် အခွင့်အရေး ကို ပြန်ပေးရေး ဆန္ဒပြကြလေသည်။

အကြောင်းရင်းမှာ ရှင်းပါသည်။ များစွာသော လူအုပ်သည် ၎င်းတို့၏အလုပ်များ ဆုံးရှုံးလိုက်ရသော ကြောင့် ဖြစ်သည်။

***

Volume 8 အပိုင်း ၄၄ ။ သင်္ဘောတစ်စင်းဝယ်ယူခြင်း

Frestechကုန်သည်ကြီးများအသင်း၏ အပြီးတိုင်ထွက်ခွာခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ အကျိုး သက်ရောက်မှုသည် တဖြည်းဖြည်း ပြင်းထန်လာလေသည်။

အစပိုင်း၌ Frestechကုန်သည်ကြီးများအသင်းနှင့်ပက်သက်သည့် စက်ရုံများနှင့် မိုင်းတွင်းများ ပိတ်ခြင်း ဖြစ်သည်။ မန်နာမှော်တိုင်းပြည်သည် ထိုကိစ္စအတွက် အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်နိုင်ခဲ့သည် ထို့ကြောင့် ၎င်းသည် သိပ်မသက်ရောက်ခဲ့ပေ။

သို့သော် အမျိုးမျိုးသော မျိုးနွယ်စုများ ထွက်ခွာခြင်းနှင့် နိုင်ငံပေါင်းစုံမှ ကုမ္ပဏီများ ထွက်ခွာခြင်းသည် မန်နာမှော်တိုင်းပြည်၏ နှစ်ပေါင်းကြာရှည်ရှိနေသည့် စက်ရုံများ၏ ထုတ်လုပ်ရေးကို ရပ်ဆိုင်းသွား စေသည်။

မန်နာမှော်တိုင်းပြည်သည် ပြင်ဆင်မှုများစွာ ပြုလုပ်ထား၍ အခြားနိုင်ငံများမှ ကုမ္ပဏီများ အစားထိုး ဝင်ရောက်လာသော်လည်း Frestechကုန်သည်ကြီးများအသင်းနှင့် အခြားသော ကုမ္ပဏီကြီးများကို ဆုံးရှုံး လိုက်ရခြင်းကြောင့် မန်နာမှော်တိုင်းပြည်၏ မှော်စက်မှုလုပ်ငန်းမှာ ဆိုးရွားစွာထိခိုက်သွားရသည်။ ၎င်းသည် အခြားသောလုပ်ငန်းများကိုလည်း အများဆုံး အကျိုးသက်ရောက်မှု ဖြစ်သွားစေလေသည်။

လွမ်းမိုးမှုအရှိဆုံးနှင့် ရှင်းလင်းသောလုပ်ငန်းတစ်ခုမှာအိမ်သုံးမှော်စက်မှုလုပ်ငန်းဖြစ်သည်။

Frestechကုန်သည်ကြီးများအသင်းနှင့် အခြားသောကုမ္ပဏီများ ထွက်ခွာသွားသောကြောင့် မန်နာမှော် တိုင်းပြည်သည် အခြေခံအကျဆုံး မှော်လေပန်ကာများကိုပင် မထုတ်နိုင်တော့ပေ။ ၎င်းတို့ကို ထုတ်လုပ်ရန် အစိတ်အပိုင်းများပင် မရှိတော့ခြင်း ဖြစ်သည်။

မန်နာမှော်တိုင်းပြည်သည် ၎င်းတို့၏ကိုယ်ပိုင်အင်အားနှင့် ထိုစနစ်ကို တိုးတက်အောင် လုပ်နိုင်မည် ဟုထင်ခဲ့၍ ထိုအရာများသည် ရိုးစင်းသည်ဟု ထင်ခဲ့သော်လည်း ၎င်းတို့၌ စုဆောင်းရန် နည်းပညာများစွာ လိုအပ်နေပြီး အရည်အချင်းရှိသည့် လူများစွာလည်း လိုအပ်နေပေသည်။ ထို့ကြောင့် မန်နာမှော် တိုင်းပြည်သည် မည်မျှပင်ကြိုးစားပါစေ ထိုနေရာလွတ်အား ဖြည့်ဆည်းရန် ခက်ခဲသည်ကို တွေ့ခဲ့ရ သည်။

ထို့ပြင် Frestechကုန်သည်ကြီးများအသင်း ထွက်ခွာခြင်း၏ လွမ်းမိုးမှုသည် မှော်စက်မှုလုပ်ငန်းနှင့် ပက်သက် သည့် ကုမ္ပဏီများမှ အစိတ်အပိုင်းများကို အခြားနိုင်ငံများမှ တင်ပို့ရန် မလွယ်ကူကြောင်း တွေ့ရှိခဲ့ ရသည်။

တစ်ချိန်တည်း၌ပင် Frestechကုန်သည်ကြီးများအသင်း၏ မန်နာမှော်တိုင်းပြည်ကို ပေးခဲ့သည် “မယုံကြည်ရသောတိုင်းပြည်” ဆိုသောခေါင်းစဉ်ဖြင့် မန်နာမှော်တိုင်းပြည်၏ ကုမ္ပဏီများမှ ထုတ်လုပ် သော ပစ္စည်းများအား မယုံကြည်ရသောပစ္စည်း ထုတ်ကုန်များအဖြစ် နယ်မြေထဲမှလူများမှ မြင်လာ ကြသည်။

ထိုအမြင်သည် မှော်စက်များအပေါ်တွင်သာ မြင်ခြင်းမဟုတ်ပဲ မန်နာမှော်တိုင်းပြည်၏ အခြားသော ထုတ်ကုန်များအပေါ်လည်း မြင်ကြပေသည်။

မန်နာမှော်တိုင်းပြည်၏ နှစ်ထောင်ကျော်သမိုင်းရှိသည့် ကျော်ကြားသော ထုတ်ကုန်များကိုပင် သက်ရောက်၍ ရောင်းအားများ ထိုးကျသွားသည်။

ထိုကိစ္စဖြစ်လာ၍ မန်နာမှော်တိုင်းပြည်၏ ကုမ္ပဏီများသည် ထုတ်ကုန်များ မထုတ်လုပ်နိုင်တော့ပဲ ၎င်း၏ ထုတ်ကုန်များ ရောင်းချရန် ခက်ခဲလာကြောင်း သိရှိလာသည်။ ထို့ကြောင့် ၎င်းတို့၏စီးပွားရေးကို ထိခိုက် လာသည်။ လူတိုင်းနီးပါးသည် ဆိုင်များပိတ်ကြောင်း ကြေငြာကြသည်။

ရလဒ်အနေဖြင့် ထိုကုမ္ပဏီများတွင် ခန့်အပ်ထားသည့် များစွာသော အလုပ်သမားများသည် အလုပ် လက်မဲ့များ ဖြစ်ကုန်ကြသည်။

အကယ်၍ ထိုဖြစ်ရပ်သည် လွန်ခဲ့သော ဆယ်စုနှစ်များစွာက သို့ ဆယ်နှစ်အကြာကဆိုလျှင် “အလုပ် လက်မဲ့” ဆိုသည့်စကားလုံးမှာ မန်နာမှော်တိုင်းပြည်၏လူများအတွက် အသစ်အဆန်းဖြစ်လိမ့်မည်။

အစ၌ လူအများစုသည် အလုပ်မရှိသော လယ်သမားများ ဖြစ်ကြသည်။ သူတို့၏အလုပ်အား မည်သို့ အဆုံးရှုံးခံရပါမည်နည်း?

သို့သော် မကြာသေးမီက ခုနှစ်များ၌ Frestechကုန်သည်ကြီးများအသင်း၏ မှော်စက်မှုလုပ်ငန်းကို မိတ်ဆက် ခဲ့ခြင်းကြောင့် မန်နာမှော်တိုင်းပြည်၌ မှော်စက်မှုလုပ်ငန်းနှင့် သက်ဆိုင်သည့် ကုမ္ပဏီများ ပေါ်ပေါက် လာခဲ့သည်။

၎င်းသည် အစပိုင်း၌ မြေပေါ်တွင် လယ်စိုက်ရန်သာသိသော သူအများပြားကို စက်ရုံများနှင့် မိုင်းတွင်း များတွင် အလုပ်ဝင်စေခဲ့ကာ ယခင်ကရသည့် ဝင်ငွေထက်များစွာ သာလွန်သည့်ပမာဏ ကိုရကာ ၎င်းတို့၏ ဘဝများတိုးတက်စေခဲ့သည်။

သို့သော် ယခုမူ သူတို့သည် အလုပ်ကို ဆုံးရှုံးခဲ့ရသည်။

ကမ္ဘာပေါ်တွင် ဆိုရိုးတစ်ခုရှိသည်။ ခြိုးခြံချွေတာသည့်ဘဝမှ ဖြုန်းတီးသောဘဝသို့သွားရန် လွယ်ကူ သော်လည်း ဖြုန်းတီးသောဘဝမှ ခြိုးခြံချွေတာသည့် ဘဝသို့သွားရန် မလွယ်တော့ပေ။

မန်နာမှော်တိုင်းပြည်မှ လူများသည် ထိုအလုပ်များကိုရပြီးနောက် ကောင်းမွန်သောဘဝများကိုလည်း ရကြသည် ယခုမူ ၎င်းတို့၏အလုပ်များနှင့် ဝင်ငွေများကို ဆုံးရှုံးသွားကြရာ ကောင်းမွန်သောဘဝ၏ အခြေခံကို ဆုံးရှုံးသွားကြသလိုပင်။

သူတို့သည် လယ်ထဲသို့ ပြန်သွားလိုခြင်းမရှိသလို ပြန်သွားချင်ခဲ့လျှင်ပင် ဆွေကြီးမျိုးကြီးများနှင့် စိုက်ပျိုးရေး ကုမ္ပဏီများက ဦးထားသောကြောင့် ၎င်းတို့တွက် နေရာမရတော့ပေ။

ထို့ကြောင့် ထိုသူများသည် သူတို့၏ဝင်ငွေကို ရုတ်တရက် ဆုံးရှုံးလိုက်ရသည်။

ထို့ကြောင့်ပင် အဓိကရုဏ်းဖြစ်လာရခြင်းဖြစ်သည်။

အစ၌ ဒေသ ၃ခု၌သာ အဓိကရုဏ်းဖြစ်ပွားခဲ့သည်။

သို့သော် မန်နာမှော်တိုင်းပြည်သည် ထိရောက်စွာကိုင်တွယ်နိုင်ခြင်း မရှိသောကြောင့် အဓိကရုဏ်းသည် ပိုမို၍ ကြီးမားလာကာ ၎င်းတို့၏ပိုင်နက်တစ်ဝက်ပင် ရောက်လာခဲ့သည်။

လက်ရှိ အဓိကရုဏ်းသည် Frestechကုန်သည်ကြီးများအသင်းကို ဆန့်ကျင်ဆန္ဒပြသည့် အချိန်ကဲ့သို့ ကြီးမား လာသလို ၎င်းထက်ပင် ကြီးမားသည်ဟု ဆိုနိုင်သည်။

မန်နာမှော်တိုင်းပြည်သည် အစဉ်တည်ငြိမ်လျှက် ကြွယ်ဝခဲ့သော်လည်း သို့သော် ယခုမူ ကသောင်း ကနင်းဖြစ်နေသည်။

နိုင်ငံခြားမှ သတင်းစာများသည် ထိုသတင်းကိုဖော်ပြကြသောအခါ မန်နာမှော်တိုင်းပြည်သည် ထိုကဲ့သို့ ဖြစ်ရခြင်းမှာ Frestechကုန်သည်ကြီးများအသင်း၏ ထွက်ခွာခြင်းကြောင့် ဖြစ်ကြောင်း စွပ်စွဲသော အချက် များ အနည်းငယ်ပါရှိပေသည်။

အချို့သော မထင်မရှား သတင်းစာများ၌ Frestechကုန်သည်ကြီးများအသင်းသည် ထိုကိစ္စအား နောက်ကွယ် မှ ကြိုးကိုင်သူ ဖြစ်ကြောင်းပင် ရေးကြသည်။ ထို့ကြောင့် မန်နာမှော်တိုင်းပြည်သည် ထိုကဲ့သို့ ကြီးမား သော အဓိကရုဏ်းကို ကြုံတွေ့ရခြင်း ဖြစ်ကြောင်း ပြောကြသည်။

Frestechကုန်သည်ကြီးများအသင်း၏ တရားဝင်ချန်နယ်မှ ထိုစွပ်စွဲချက်များကို တုံ့ပြန်ခြင်းမရှိပေ။

…

သို့သော် အတွင်း၌

“သူတို့ဒါနဲ့တန်တယ်” ဥက္ကဌ ခရုစ်က စိတ်ပျက်သည့်လေသံဖြင့် ပြောသည်။

“သူတို့ကို ကောင်းကောင်းမပူးပေါင်းပဲ ဘယ်သူဦးနှောက်နည်းနေခိုင်းလို့လဲ နောက်ဆက်တွဲတွေကို ခံရတာ သူတို့နဲ့ထိုက်တန်လို့ပဲ ဟုတ်တယ်မလား ရှုယီ?”

ရှုယီသည် ခေါင်းကိုခါလိုက်ကာ ဟာသကဲ့သို့ မြင်လိုက်သည်။

အမှန်မှာ Frestechကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းပြည်မှ အပြီးတိုင်ဆုတ်ခွာရန် ရွေးချယ်ခဲ့ ခြင်း ဆုံးဖြတ်ချက်မှာ သူတို့အားခံစားခိုင်းရန်ပင်ဖြစ်သည်။

မန်နာမှော်တိုင်းပြည်သည် ၎င်းတို့နှင့်ထိုက်တန်သော အရာကိုရသွားသည်ဆိုသည်မှာ မမှားပေ။ သူတို့သည် ကိုင်တွယ်မှုတစ်ခုကို လုပ်ဆောင်ရန်ပင် နှောင့်နှေးနေပြီး Frestechကုန်သည်ကြီးများအသင်း အား ဆန့်ကျင်ဆန္ဒပြခြင်းကို လှုံဆော်ခြင်းမပြုခဲ့လျှင် ရှုယီသည် ထိုဆုံးဖြတ်ချက်ကိုချခဲ့မည်မဟုတ်ပေ။

သို့သော် ဥက္ကဌ ခရုစ်၏ သူတစ်ပါးဒုက္ခရောက်သည်ကို အားရနေသည့်အပြုအမူနှင့် အမှန်အကန် မခံမရပ်နိုင် ဖြစ်နေခြင်းများသည် အနည်းငယ်လွန်ပေသည်။

သူသည် မန်နာမှော်တိုင်းပြည်အား ကျိန်ဆဲပြီးသည့်နောက် ဥက္ကဌခရုစ်သည် ချောင်းဟန့်ကာ မေးလိုက် သည်။ “ဒီကိစ္စကိုပြောရင်းနဲ့ ရှုယီ ..ခင်ဗျား မန်နာမှော်တိုင်းပြည်ကို တကယ်ပဲဂရုမစိုက်တော့ဘူးလား? ခင်ဗျားသဘောတူတာနဲ့ မန်နာမှော်တိုင်းပြည်ဖက်က ခင်ဗျားလိုချင်တဲ့ အခြေအနေတွေ အကုန်လုံးကို သဘောတူလိမ့်မယ်”

ရှုယီသည် သူ့ကိုကြည့်လိုက်ပြီး “ကျုပ်တို့ကုမ္ပဏီက မန်နာမှော်တိုင်းပြည်ကနေ ဆုတ်ခွာမယ်လို့ လူသိ ရှင်ကြား ကြေငြာခဲ့ပြီးပြီလေ … အဲ့ဒီကို ဘယ်လိုလုပ်သွားမှာလဲ?”

ဥက္ကဌခရုစ်သည် သူ၏ပါးစပ်ကိုစေ့လိုက်ပြီး သူသည် တစ်ခြားလမ်းကို စဉ်းစားနေကြောင်း ရှင်းလင်းစွာ ပြလိုက်သည်။

ကုမ္ပဏီများ၏ ကြေငြာချက်များသည် နိုင်ငံရေးတွင် အရေးကြီးသည့်သူများ၏ စကားများကဲ့သို့ပင် မဟုတ်သည့်စကားများနှင့် ဘာမှမကွာခြားပေ။

လုံလောက်သည့် အကျိုးအမြတ်ရရှိနေလျှင် ထိုစကားများကို ချက်ခြင်းပြောင်းပြန်လှန်ပစ်နိုင်သည်။ လူတိုင်းသည် ထိုကိစ္စကို ထူးဆန်းသည်ဟု မြင်ကြမည်မဟုတ်ပေ။

အကယ်၍ Frestechကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းပြည်ထဲသို့ ပြည်သူများအား ကူညီသည် ဆိုသည့်အကြောင်းပြချက်နှင့် ပြန်ဝင်လျှင် ၎င်းတို့၏ယခင်ကြေငြာချက်အားလည်း ဆန့်ကျင်သည်ဟု သတ်မှတ်၍မရတော့ပေ။ မန်နာမှော်တိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်းကိုပြန်၍ ဖိတ်ခေါ်သည်ဟု ကြေငြာချက်ထုတ်ပြန်လို့ ရသည်။ Frestechကုန်သည်ကြီးများအသင်းအား မည်သူမှ ပြော၍မရပေ။

ရှုယီသည် ထိုကဲ့သို့ မတွေးမိရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ၏ရှေ့၌ဆုံးဖြတ်ချက်အား အဘယ်ကြောင့် မပြောင်းလဲနိုင်သနည်း?

“ကျုပ်ကိုမကြည့်နဲ့ ကျုပ်ကဆုတ်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီးသားမလို့ ဆုတ်ခွာမှာပဲ” ရှုယီသည် ဥက္ကဌ ဘရုစ် မည်သို့စဉ်းစားနေကြောင်းသိ၍ ရှင်းပြသည်။ “ခင်ဗျားတို့ရဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်း အတွက် ကတော့ မန်နာမှော်တိုင်းပြည်ကို ဝင်ဖို့အခွင့်အရေးပဲ ခရုစ် မလွတ်သွားစေနဲ့နော်”

ဥက္ကဌ ခရုစ်က အနေခက်သည့်ရုပ်ဖြစ်သွားကာ “ကျုပ်က တစ်ခါမှအဲ့လို မစဉ်းစားဖူးပါဘူး မမေ့ပါနဲ့ ကျုပ်တို့ အမ်ရစ် ကုန်သည်ကြီးများအသင်းက မန်နာမှော်တိုင်ပြည်ကနေ ခင်ဗျားတို့ Frestechကုန်သည်များ အသင်း ထွက်ပြီးတာနဲ့ ပထမဆုံးလိုက်ထွက်လာတဲ့သူတွေပါ”

ရှုယီက ပြုံးလိုက်သည်။ အမ်ရစ် ကုန်သည်ကြီးများအသင်းသည် Frestechကုန်သည်ကြီးများအသင်း နောက်မှ လိုက်ထွက်လာခဲ့သော်လည်း သူတို့၏ကြေငြာချက်၌ အပြီးတိုင်ထွက်ခွာမည်ဟုမပါခဲ့ချေ။ သူတို့သည် အပြီးထွက်ခွာခဲ့သည်မဟုတ်ပဲ ဥပမာသာ ပေးခဲ့ခြင်းဖြစ်သည်။

အကယ်၍ ဥက္ကဌခရုစ်သည် မကြိုးစားခဲ့ပါလျှင် မန်နာမှော်တိုင်းပြည်တွင် ခြေတစ်ဖက်ကိုတင်ခဲ့သည့် အကြံသည် ထူးဆန်းနေပေလိမ့်မည်။

“ကောင်းပြီ မန်နာမှော်တိုင်းပြည်ကိစ္စက ကျုပ်နဲ့မပက်သက်တော့ပါဘူး ဒါကြောင့် အဲ့ကိစ္စပြောပြီး အချိန်မဖြုန်းရအောင်…. ခရုစ် ခင်ဗျားဖက်က ပြင်ဆင်ပြီးပြီလား?” ရှုယီကမေးသည်။

ရှုယီကစီးပွားရေးအကြောင်း မေးသည်ကိုကြားလျှင် ဥက္ကဌခရုစ်၏အမူအရာသည် အလေးအနက် ဖြစ်လာကာ ခေါင်းငြိမ့်၍ဖြေသည်။ “ပြင်ဆင်ပြီးပြီ ဘယ်အချိန်ပဲဖြစ်ဖြစ် တပ်ဆင်လို့ရတယ်”

ခနကြာပြီးနောက် သူသည် အနားကပ်လာကာ ရယ်လျက်”ဒါက…..ရှုယီ ကျုပ်တို့လူတွေက ပြင်ဆင် ပြီးပါပြီ ဒါမဲ့ ကျုပ်တို့မှာ သင်္ဘောအလုံအလောက်မရှိမှာစိုးရိမ်တယ် ခင်ဗျားတို့ရဲ့ Frestechကုန်သည်များ အသင်းရဲ့ ရေတပ်ကို အကူညီတောင်းဖို့ကလည်းး ခင်ဗျားအတွက် ပြဿနာများမှာစိုးလို့ ဒါကြောင့် ဒီလိုဆို…….?

“ဒီလိုဆို … ခင်ဗျားကိုသင်္ဘောနည်းနည်း ရောင်းပေးရင်ကော?” ရှုယီက သူ၏စကားကို ပြုံးကာ အဆုံး သတ် ပေးလိုက်သည်။

“ဟား ..ဟား အကယ်၍ အဲ့တာသာဖြစ်နိုင်ရင် အကောင်းဆုံးပဲပေါ့” ဥက္ကဌခရုစ်က ခြောက်ကပ်ကပ် ရယ်လိုက်ကာ သူသည် ထိုကိစ္စကို လုံးဝ မငြင်းပယ်ကြောင်း ပြလိုက်သည်။

ရှုယီသည် မနေနိုင်ပဲ ရယ်လိုက်ကာ ခေါင်းကိုခါလိုက်သည်။ သူသည် ဘေးမှစာရွက်စာတမ်းများကို ယူလိုက်ပြီး ဥက္ကဌ ခရုစ်ရှေ့သို့ ပို့ပေးလိုက်သည်။

“ကြည့်လိုက်ဦး ခင်ဗျားကျေနပ်ရင် လက်မှတ်ထိုးလို့ရပြီ”

ဥက္ကဌ ခရုစ်သည် ယူကာ ကြည့်လိုက်ပြီး ၎င်းသည် ကြီးမားသည့် မှော်သင်္ဘောကိုရောင်းမည့်စာချုပ် ဖြစ်နေကြောင်းတွေ့သည်။

သေချာစွာကြည့်လိုက်သောအခါ သူသည် ထိုစာချုပ်က ကြီးမားသည့် မှော်သင်္ဘော ၁၀ စီးပါဝင်ကြောင်း တွေ့လိုက်သည်။

ဥက္ကဌ ခရုစ်သည် ရှုယီကို အံ့ဩဝမ်းသာစွာဖြင့် ကြည့်လိုက်ပြီး “ဒါက ခင်ဗျား.. ခင်ဗျား ကျုပ်ကို တစ်ခါတည်းနဲ့ သင်္ဘော ၁၀ စီးတောင် ရောင်းပေးမလို့ပေါ့”

ရှုယီသည် လက်ကိုထုတ်လိုက်ကာ စာချုပ်အား နောက်စာရွက်သို့ လှန်ပေးလိုက်ကာ နောက်ဆုံး စာကြောင်း ကို ပြလိုက်သည်။

“ခင်ဗျားလိုချင်ရင် လက်မှတ်ထိုးလိုက် စကားအပိုတွေပြောမနေနဲ့”

ဥက္ကဌ ခရုစ်သည် ကြည့်လိုက်ကာ တုံ့ဆိုင်းခြင်းမရှိပဲ သူ၏နာမည်ကို နောက်ဆုံးစာကြောင်း၌ လက်မှတ် ထိုးလိုက်သည်။

သူသည် ရှုယီနှင့် အနှစ် ၃၀ခန့် အလုပ်လုပ်ခဲ့ပြီး ရှုယီအား စာချုပ်၌ ထောင်ချောက်ဆင်ထားမည်ကို သံသယဝင်စရာမလိုပါ။

“အခုလောလောဆယ်တော့ ၁၀ စီးထိပဲ ဒီထပ်တော့ ပိုမလိုချင်သေးနဲ့နော်” ရှုယီသည် ပုံစံတူစာချုပ် နှစ်စောင်ကို ပေးလိုက်ကာ ဥက္ကဌခရုစ်ကို လက်မှတ်ထိုးစေသည်။ “အကယ်၍ ထပ်လိုချင်ရင် ကျုပ်တို့ ဆိပ်ကမ်းလုပ်ပြီးတာ စောင့်လိုက်ပါ အဲ့အချိန်ကျရင် ကျုပ်တို့ ထပ်ပေးချင်ပေးနိုင်မှာပေါ့”

ဥက္ကဌခရုစ်သည် လိုက်လှဲစွာပြုံးကာ ခေါင်းကိုငြိမ့်လျက် “ဒါတောင် ကျုပ်တွက်တော်တော် လုံလောက် နေပါပြီ အနာဂတ်မှာ….. ထပ်ရရင်တော့ ပိုကောင်းတာသေချာတာပေါ့ ခင်ဗျား ကျုပ်ကို ရောင်းချင် နေသရွေ့ ကျုပ်ကတော့အကုန်ယူမှာ”

“ခင်ဗျားကတော့ အများကြီးစဉ်းစားနေတာပဲ” ရှုယီက ထေ့ငေါ့ပြောသည်။ “ဒီ ၁၀ စီးနဲ့တောင် မားလိုအင်ပါယာ ကန်ဒရာအင်ပါယာနဲ့ လမ်ပူရီတိုင်းပြည်တွေကို ခွဲပြီးဆွဲရင်တောင် ခင်ဗျားတွက် လုံလောက်ပါ့မလား?”

ဥက္ကဌခရုစ်၏ အပြုံးသည်ပိုမို၍ လှိုက်လှဲလာကာ နက်ရှိုင်းသော အဓိပ္ပာယ်များနှင့် ပြည့်လာသည်။

“ရှုယီ ကျုပ်တို့ အမ်ရစ် ကုန်သည်ကြီးများအသင်းအပေါ် ခင်ဗျားရဲ့ဂရုစိုက်မှုကို အမြဲအမှတ်ရနေပါ့မယ်။ ကျုပ်တို့ မှော်တိမ်တိုက်နယ်မြေကို သွားရင်တောင် ကျုပ်ရဲ့လက်အောက်ငယ်သားတွေကို ခင်ဗျားကို မနှောက်ယှက်ဖို့ သေချာ မှာထားပါ့မယ်”

“တကယ်တော့ မှော်တိမ်တိုက်နယ်မြေက အခြေအနေကလည်း စိုင်စ်နယ်မြေထပ် ပိုရိုးရှင်းတယ် ဒါကြောင့် အဲ့မှာကိစ္စတွေလုပ်ဖို့လွယ်ပါတယ် အဲ့မှာ ကန့်ကွက်တာတွေလဲများများမရှိပါဘူး” ရှုယီက ခနရပ်လိုက်ကာဆက်၍ “ ကျုပ်အဲ့ဖက်ကိုရောက်ပြီးသွားရင် ကျုပ်အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲ မှုတွေလုပ်ဖို့ရှိတယ် ခင်ဗျား ပြင်ဆင်ထားဖို့လိုမယ်။”

ဥက္ကဌ ခရုစ်သည် ခေါင်းငြိမ့်ကာ တုံ့ပြန်လိုက်ပြီး တစ်ခုခုသတိရသွားသည့်အချိန်၌ သူသည် ရုတ်တရက် ရှုယီအား မျက်လုံးကျယ်ဖြင့်ကြည့်လိုက်သည်။

“ခင်ဗျားကောသွားမှာလား?”

***

Volume 8 အခန်း ၄၅ ။ စိုင်စ်နယ်မြေမှထွက်ခွာခြင်း

ထိုအကြောင်းကိုပြောရလျှင် အနည်းငယ်မယုံနိုင်စရာကောင်းပြီး အနည်းငယ် ရယ်စရာကောင်းသည်။

Frestechကုန်သည်ကြီးများအသင်းသည် မှော်တိမ်တိုက်နယ်မြေကို ရှာတွေ့ခဲ့သည်မှာ လွန်ခဲ့သော ဆယ်နှစ်ခန့်က ဖြစ်သည်။ သူတို့သည် ထိုနှစ်များတွင် မှော်တိမ်တိုက်နယ်မြေကို ဆက်လက် တိုးတက်မှုများ ပြုလုပ်ခဲ့ရာ မှော်တိမ်တိုက်နယ်မြေ၌ ကျယ်ဝန်းသော ဧရိယာကိုပင် ထိန်းချုပ်ထား နိုင်သည်။ ထို့ကြောင့် သူ့တို့သည် ထိုနေရာ၌ နက်ရှိုင်းစွာ အုတ်မြစ်ချခဲ့ကြောင်းပြောနိင်သည်။

သို့သော် ရှုယီသည် ဥက္ကဌအနေဖြင့် မှော်တိမ်တိုက်နယ်မြေသို့ တစ်ချက်မှမသွားခဲ့ပေ။

ဥက္ကဌခရုစ်၏မျက်နှာပေါ်မှ အံ့ဩမှုကိုမြင်ကာ ရှုယီသည် ခေါင်းငြိမ့်လျှက် ငြင်သာစွာတုံ့ပြန်သည်။

“ကျုပ်သွားပြီးကြည့်မှဖြစ်မယ် ကျုပ်တို့ကုမ္ပဏီက မှော်တိမ်တိုက်နယ်မြေမှာ ရင်းနှီးမြုပ်နှံထားတာ အများကြီးပဲ တကယ်လို့ ကျုပ်က ဥက္ကဌအနေနဲ့ သွားမကြည့်ရင် မမှန်ဘူးလေ”

ဥက္ကဌခရုစ်က ခေါင်းခါသည်။

ရှုယီ၏ စကား၌ ပြဿနာရှိသည်ဟု မထင်ရပေ သို့သော် ၎င်းသည် သူ၏ မှော်တိမ်တိုက်နယ်မြေသို့ သွားရန် ရုတ်တရက်ဆုံးဖြတ်ချက်ချသည်နှင့် မသက်ဆိုင်ပေ။

သူသည် ရှုယီ၏ အမှန်တကယ်အကြောင်းပြချက်ကို ကြားချင်သည်။

“တကယ်တော့ အကြောင်းပြချက်က လွန်ခဲ့တဲ့ဆယ်နှစ်က ကုမ္ပဏီနဲ့ စိုင်စ်နယ်မြေတိုးတက်ရေးက အရေးကြီးနေခဲ့တာ ကျုပ်ခနလောက်သွားတာနဲ့ ပြောင်းလဲသွားးတာတွေ မဖြစ်စေချင်လို့ပါ”

“အခုတော့ ထွက်သွားလို့ ပြဿနာမရှိတော့ဘူးလို့ ထင်တယ်ပေါ့?” ဥက္ကဌခရုစ်ကမေးသည်။

“ပြဿနာမရှိပါဘူး”

“ဒါပဲလား?” ဥက္ကဌခရုစ်က ရှုယီကို သံသယဖြင့် ကြည့်သည်။

သူက ရှုယီ၏ရှင်းပြချက်ကို မယုံပေ။

အကယ်၍ထိုကဲ့သို့သာဆိုလျှင် လွန်ခဲ့သောဆယ်နှစ်က Frestechကုန်သည်ကြီးများအသင်းသည် တိုးတက်ရေး အတွက် အရေးကြီးသည့်အချိန်တွင်ရှိနေသည်မှာ မမှားပေ။

သို့သော် ရှုယီကထိုကိစ္စကြောင့် စိုင်စ်နယ်မြေမှ မထွက်နိုင်ဟုပြောလျှင်တော့ ချဲ့ကားရာရောက်သည်။

ထို့အပြင် ၎င်းသည်အမှန်ဆိုလျှင် ရှုယီပြောသောစကား၏တစ်ဝက်သည် မမှန်ပေ။

ယခုစိုင်စ်နယ်မြေသည် အပြင်ဖက်၌ တည်ငြိမ်နေပုံပေါက်၍ လူတိုင်းသည် ဤဆယ်နှစ်၌ တိုးတက်ရေး ကိုပင် အာရုံစိုက်နေသည်ဟုထင်စရာရှိသည်။

သို့သော်ဥက္ကဌခရုစ်သည် အောက်ခြေမှလှိုင်းများကို ကြားပြီးဖြစ်ပါသည်။

ယခုလူတိုင်းသိနေသည့် မန်နာမှော်တိုင်းပြည်ကိစ္စကိုပင် ကြည့်ပါ Frestechကုန်သည်ကြီးများအသင်း ဆုတ်ခွာသွားခြင်းကြောင့်ကိစ္စများစွာဖြစ်ပျက်သွားရသည်။

မန်နာမှော်တိုင်းပြည်၏ပြောင်းလဲမှု တစ်ခုချင်းဆီတိုင်းသည် Frestechကုန်သည်ကြီးများအသင်း နှင့် သက်ဆိုင်သည်ကို ရှောင်လွဲ၍မရပေ။

သို့သော်ရှုယီအနေဖြင့် Frestechကုန်သည်ကြီးများအသင်း ယခု စိုင်စ်နယ်မြေမှထွက်ခွာရန်ကဲ့သို့ အရေးကြီးသည့် ဆုံးဖြတ်ချက်သည် Frestechကုန်သည်ကြီးများအသင်းအတွက် ကောင်းသော ရွေးချယ်မှု မဟုတ်ပေ။

ဥက္ကဌခရုစ်သည် ရှုယီအဘယ်ကြောင့် ယခုအချိန်၌ မှော်တိမ်တိုက်နယ်မြေကို သွားရန်ရွေးချယ်ကြောင်း နားမလည်ပေ။ သို့သော် ရှုယီသည် သူ၏အကြံကိုရှင်းပြမည်မဟုတ်ကြောင်းသိသောကြောင့် သူ့၌ တခြားရွေးချယ်စရာမရှိပေ။

အချိန်အနည်းငယ်တိတ်ဆိတ်သွားပြီးနောက် ဥက္ကဌခရုစ်သည် သူစိတ်ထဲမှသံသယကိုထုတ်လိုက်ပြီး သူအတွက် အရေးကြီးသည့်ကိစ္စကိုသာပြန်လည် အာရုံစိုက်လိုက်သည်။

“ရှုယီ ခင်ဗျားပြောတာ ဒီသင်္ဘော၁၀စင်းက အင်ပါယာနှစ်ခုနဲ့ လမ်ပူရီတိုင်းပြည်ကနေရတာလို့ ပြောတယ်ဆိုတော့ သူတို့က ပင်လယ်မှာ နယ်မြေသစ်ကို ရှာဖွေဖို့ အရှိန်လျော့လိုက်တယ် လို့ ပြောချင် တာလား? သို့မဟုတ်ရင် သူတို့က မှော်သင်္ဘောတစ်စင်းရဖို့ အခွင့်အရေးကိုတောင် လက်လျှော့ လိုက်မှာမဟုတ်ဘူးမလား?”

“အန် သူတို့ ရှင်းလင်းအောင်မပြောဘူးဆိုတော့ သူတို့ရဲ့လုပ်ရပ်အရ အဲ့လိုပဲဖြစ်သင့်တယ်” ရှုယီက သေချာသည့်အဖြေကိုပြောသည်။

ဥက္ကဌခရုစ်က သံသယများဖြင့် ထပ်မံပြည့်သွားရသည်။

“ဘာလို့များလဲ? သူတို့က တစ်ချိန်လုံး နယ်မြေသစ်ကိုရှာဖွေတာကို ပါဝင်ချင်နေတာမလား? ဒီအခွင့်ရေးကောင်းကို ဘာလို့လက်လွတ်ခံတာလဲ”

“ရှင်းပါတယ် ဒါကသူတို့ စိုင်စ်နယ်မြေအပေါ်အာရုံစိုက်တာက ပိုကောင်းကြောင်း ခံစားသွားရလို့ပေါ့”

“စိုင်စ်နယ်မြေ?” ဥက္ကဌခရုစ်က မျက်မှောင်ကုပ်ရင်း စဉ်းစားလိုက်သည်။ သို့သော် သူသည် တစ်ခုကိုမျှ စဉ်းစားမရပေ။

သို့သော် ရှုယီ၏ လှောင်နေသည့်အပြုံးကိုမြင်မှသာ ဥက္ကဌခရုစ်သည် တစ်ခုခုမကောင်းသောအရာကို ကြိုတင်သိနေသလိုခံစားမိလိုက်ရသည်။

ရှုယီနှင့် ဤနှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက် ဥက္ကဌခရုစ်သည် ရှုယီ၌ ထိုအရာအားလုံးကို လုပ်နေရခြင်းသည် သူ၏ကိုယ်ပိုင်ပန်းတိုင် ရှိကြောင်းသိပါသည်။

သို့သော် ဤတစ်ကြိမ် Frestechကုန်သည်ကြီးများအသင်း မန်နာမှော်တိုင်းပြည်မှ ထွက်ခွာသည့် အချိန်မှ စ၍ ရှုယီသည် ဥက္ကဌခရုစ်နားမလည်နိုင်သော ကိစ္စရပ်များကို ဆက်တိုက်လုပ်နေသည်။

ရှုယီ၌ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်များရှိသည်။ အကယ်၍ သူသည် ရှုယီ၏ အကြံကို မခန့်မှန်းနိင်လျှင် အမ်ရစ် ကုန်သည်ကြီးများအသင်း၏ အနာဂတ်တိုးတက်ရေးတွင် အဟန့်အတားတစ်ခုဖြစ်လာလိမ့်မည်။

သို့သော် ဥက္ကဌခရုစ်သည် အနည်းငယ်စဉ်စားပြီးနောက် စိတ်ငြိမ်သွားသည်။

ရှုယီမည်သို့လုပ်မည်ကို အဘယ်ကြောင့် စိတ်ပူနေရပါမည်နည်း?

ဤနှစ်ပေါင်းများစွာ၌ သူ တစ်ခုပင်နားလည်ခဲ့ပါသလား?

သူသည် ယခုချိန်ထိ ရှုယီ၏ပေါင်ကိုသာဖက်၍ လိုက်လာခဲ့ခြင်းဖြစ်သည်။ သူသည် ထိုကဲ့သို့ လိုက်နေသရွေ့ အကျိုးကျေးဇူများစွာရလိမ့်မည်ဖြစ်ပြီး ဘာကိုမှလွတ်သွားလိမ့်မည်မဟုတ်ပေ။

ရှုယီ ဤတစ်ခေါက်၌ မည်သို့စဉ်းစားနေသည်ကိုမသိသော်လည်း Frestechကုန်သည်ကြီးများအသင်းသည် ရုတ်တရက် မှော်တိမ်တိုက်နယ်မြေတွင် ရင်းနှီးမြုပ်နှံ၍ ရှုယီကိုယ်တိုင်သွားမည်ဖြစ်ရာ တွန့်ဆုတ် နေစရာ အကြောင်းမရှိပေ။

သူသည် ရှုယီနှင့်မှော်တိမ်တိုက်နယ်မြေကို လိုက်သွားမည်ဖြစ်သည်။

ထို့သို့ စဉ်းစားလိုက်ရာ ဥက္ကဌခရုစ်၏မျက်နှာမှ သံသယများနှင့် စိတ်လှုပ်ရှားမှုများသည် ပျောက်ကွယ် သွားသည်။ သူသည် ရယ်ကာ ပြောသည်။

“အင်ပါယာနှစ်ခုနဲ့ လမ်ပူရီတိုင်းပြည်က အမြင်ကျဉ်းပြီး ကွယ်နေတာ စိုင်စ်နယ်မြေကိုပဲ အမြဲ ကြည့်နေတယ် ဒီကမ္ဘာဟာ နယ်မြေတစ်ခုပဲ ရှိတာမဟုတ်ဘူးဆိုတာကို သူတို့ မေ့နေကြတယ် ဒီအခွင့်အရေး လွတ်သွားတာကို သူတို့ ကြိမ်းသေ နောင်တရကြလိမ့်မယ်။”

ရှုယီက ပခုံးတွန့်ကာ “ဒါသူတို့ကိစ္စပဲ ကျုပ်နဲမဆိုင်ဘူး”

………..

တစ်လကြာပြီးနောက် ရေတပ်သားများပါဝင်သည့် မှော်လေသင်္ဘောသည် အဆုံးမဲ့ပင်လယ်ကို ဖြတ်သန်းပြီး Frestechကုန်သည်ကြီးများအသင်း၏ဌာနချုပ်နှင့် ကီလိုမီတာ ၆ထောင်ကျော်ဝေးသော နေရာသို့ သွားကြသည်။

ရှုယီသည် အဆုံးမရှိသည့်ပင်လယ်ကိုပြတင်းပေါက်မှကြည့်ကာ အနည်းငယ် ခံစားရလေသည်။

သူသည်ကမ္ဘာ၌ရှိစဉ်က စီးပွားရေးကိစ္စနှင့်ခရီးများထွက်ရသော်လည်း လေယာဉ်စီးရခြင်းသည် သူ့အတွက်သာမန်ပင်ဖြစ်သည်။ သူသည် ပင်လယ်ကိုဖြတ်ကာခရီးသွားရပြီး သူ၏အောက်၌ရှိသော ပင်လယ်၏ရှုခင်းများကို ကြည့်ရသည်။

သို့သော်လည်း ဤကမ္ဘာကိုလာပြီးနောက် သူသည် မှော်လေသင်္ဘောကိုတီထွင်၍ ကြိမ်ဖန်များစွာ စီးခဲ့သော်လည်း မှော်လေသင်္ဘောနှင့် အခြားနယ်မြေသို့သွားရခြင်းမှာ ပထမဆုံးအကြိမ်ကဲ့သို့ပင်။

ဥက္ကဌခရုစ်သည် သူမှော်တိမ်တိုက်နယ်မြေကို သွားမည်ဆိုတုန်းက အံ့ဩခဲ့သည်မှာလဲ မဆန်းပေ။

နောက်ဆုံး၌ လွန်ခဲ့သောဆယ်နှစ်က သူသည် မှော်တိမ်တိုက်နယ်မြေကိုသွားရန် ယုံကြည်ချက် ရှိခဲ့သော်လည်း တစ်ခါမှမသွားခဲ့ပေ။

ယခုမူနယ်မြေထဲရှိကိစ္စများပြင်းထန်နေချိန်တွင် သူသည် Frestechကုန်သည်ကြီးများအသင်း ဥက္ကဌအနေ ဖြင့် ကီလိုမီတာခြောက်ထောင်ကွာဝေးသည့်မှော်တိမ်တိုက်နယ်မြေသို့ သွားရန်ဆုံးဖြတ်လိုက်သည်။ ၎င်းမှာကြားသောသူတိုင်း ထိတ်လန့်သွားစေမည့်သတင်းဖြစ်သည်။

ဥပမာအနေဖြင့် ရှုယီ၏သတင်းပို့မှုကို ဆယ်ဗီနီကြားသောအခါ သူသည် ရှုယီကို ချက်ခြင်းဆက်သွယ် ကာ ရှုယီအား မည်သည်ကိုလုပ်ချင်နေကြောင်းမေးလေသည်။

သို့သော် ရှုယီ၏ အဖြေသည် အလွန်တည်ငြိမ်ကာ မပြတ်သားပေ ဆယ်ဗီနီ သည် တိကျသည့်အဖြေကို မရပေ သို့သော် သူမသည်ဘာမှမတတ်နိုင်ပေ။

အင်ပါယာနှစ်ခုမှလည်း ထိုသတင်းကိုကြားလျှင် Frestechကုန်သည်ကြီးများအသင်းကို ဆက်သွယ်ကာ မေးမြန်းကြသည် ၎င်းတို့သည် ရှင်းလင်းစွာမပြောကြသော်လည်း ရှုယီ၏ စိုင်စ်နယ်မြေတွင်းမှ ရုတ်တရက် ထွက်ခွာမှုကို ဂရုစိုက်ကြသည်မှာသေချာသည်။

Frestechကုန်သည်ကြီးများအသင်းသည် ထိုသတင်းကို Frestech ထိုင်းမ်စ်သတင်းစာမှ ကြေငြာသောအခါ မရေတွက်နိုင်သောနိုင်ငံများနှင့် အာဏာရှိသူများသည် ထိုအခြေနေကိုသတင်းမေးရန် လာရောက် ရှာဖွေကြသည်။

အဓိကသတင်းစာများ၌ ရှုယီစိုင်စ်နယ်မြေမှထွက်ခွာ၍ မှော်တိမ်တိုက်နယ်မြေသို့သွားခြင်းကို ပထမဆုံးစာမျက်နှာ သတင်းခေါင်းစီးအဖြစ်ဖော်ပြကြ၍ ထိုကိစ္စမည်မျှကြီးမားသည်ကိုသိနိုင်ပါသည်။

Frestechကုန်သည်ကြီးများအသင်းမှ မှော်တိမ်တိုက်နယ်မြေသို့သွားသည့်အဖွဲ့သည် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ သတင်းစာအများပြား၏ကိုယ်စားလှယ်များတက်ရောက်ကြသည်။

Frestechကုန်သည်ကြီးများအသင်းသည် စံသတ်မှတ်ချက်များကိုကျော်လွန်ကာ ၎င်းတို့၏ခရီးစဉ်ကို အချိန်နှင့်တစ်ဖြေးညီကြေငြာခဲ့သည်။ ၎င်းတို့သည် လူတိုင်းကိုဖိတ်ခေါ်ကာ Frestechကုန်သည်များ အသင်း ၏ မှော်လေသင်္ဘောအဖွဲ့ ထွက်ခွာသည်ကို ကြည့်စေခဲ့သည်။

မရေတွက်နိုင်သော လူပေါင်းများစွာ ကြည့်နေသည့်အချိန် ရှုယီသည် မှော်လေသင်္ဘောပေါ်သို့တက်ကာ Frestechကုန်သည်ကြီးများအသင်း၏ အဖွဲ့သည် စိုင်စ်နယ်မြေမှထွက်ခွာသွားလေသည်။

ထိုမြင်ကွင်းကို စဉ်းစားကာ ရှုယီသည် မနေနိုင်ပဲ ပြုံးလိုက်သည်။

သူသည် လူများ၏ရှေ့၌ မှော်လေသင်္ဘောပေါ်တက်ကာ စိုင်စ်နယ်မြေမှ ထွက်ခွာခဲ့သော်လည်း လူများ၏ နှလုံးသားထဲတွင် သူတကယ်ထွက်ခွာမည်မဟုတ်ကြောင်းသေချာသည်။

ထိုသူတို့သည် ယာယီသာထွက်ခွာသည်ဟု ခန့်မှန်းကြလိမ့်မည်။

သို့သော် အချိန်အနည်းငယ်ကြာ၍ ရှုယီ ပြန်လည်ထွက်ပေါ်လာခြင်းမရှိလျှင် လူများ၏နှလုံးသားထဲမှ သံသယသည် ပျောက်ကွယ်သွားမည်။

ထိုအချိန်သို့ရောက်လျှင် လူများသည်စတင်၍ လှုပ်ရှားကြလိမ့်မည်။

မန်နာမှော်တိုင်းပြည်၏ လွန်ခဲ့သောလဝက်က ဖြစ်ရပ်ကိုကြည့်ကာ ရှုယီ၏ မျက်နှာပေါ်ကအပြုံးသည် ပိုမိုလေးနက်လာသည်။

လွန်ခဲ့သောလက မန်နာမှော်တိုင်းပြည်၏ အဓိကရုဏ်းသည် ပိုမိုပြင်းထန်လာသည်။ အုပ်ချုပ်သူ အသတ်ခံရသည့်ဒေသတစ်ခုပင်ရှိပြီး အုပ်ချုပ်ရေးကိုလုယူသည့်လူများမှ ၎င်းတို့သည် မန်နာမှော်တိုင်းပြည်မှခွဲထွက်ကာ ကိုယ်ပိုင်အုပ်ချုပ်ရေးရယူမည်ဖြစ်ကြောင်းကြေငြာခဲ့သည်။

၎င်းတို့၏လွတ်လပ်ရေးကိုကြေငြာပြီးသည့်နောက် အုပ်ချုပ်သူအသစ်သည် မန်နာမှော်တိုင်းပြည်၏ ယခင်ပေါ်လစီကို တိုက်ခိုက်သည်။ ၎င်းတို့သည် တိုင်းပြည်၏အုပ်ချုပ်သူများမှာ အရူးများဖြစ်ပြီး Frestechကုန်သည်ကြီးများအသင်းကို မန်နာမှော်တိုင်းပြည်မှထွက်ခွာခိုင်းလိုက်ကြောင်း ထို့ကြောင့် ယခုပြဿနာများဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ထို့ကြောင့် အုပ်ချုပ်သူအသစ်က ၎င်းတို့၏ကိုယ်ပိုင်အုပ်ချုပ်သည့်ဒေသသည် Frestechကုန်သည်များ အသင်းကို ကြိုဆိုမည်ဖြစ်ကြောင်းပြောဆိုသည်။ ၎င်းတို့သည် Frestechကုန်သည်ကြီးများအသင်းနှင့် အခြားသောကုမ္ပဏီများသည် လာ၍ ကောင်းမွန်သောနိုင်ငံကို ဖန်တီးရန်မျော်လင့်ကြောင်းလဲဆိုသည်။

သဘာဝကျစွာပင် Frestechကုန်သည်ကြီးများအသင်းက မည်သည့်အမြင်ကိုမှမဖော်ပြပေ။

ပြီးနောက် အခြားသောနိုင်ငံများက ထိုအမြင်ကိုထောက်ခံကြပြီး မန်နာမှော်တိုင်းပြည်၏ချဉ်းကပ်မှုကို အပြစ်တင်ကြသည်။

ထိုသူများသည် ပြဿနာကိုမွှေမိမှာကိုစိုးရိမ်နေကြသည်။

မန်နာမှော်တိုင်းပြည်၌ ထိုကဲ့သို့ကိစ္စကြီးဖြစ်ပြီးနောက် ဖရိုဖရဲဖြစ်နေသည့်အခြေနေကို ဆီလောင်း နေကြသည်။

ရှုယီထွက်ခွာသွားပြီးနောက် မန်နာမှော်တိုင်းပြည်သည်သူတို့၏ ပုန်ကန်သည့်တပ်ဖွဲ့ကို ရပ်လိုက်ပြီး ပုန်ကန်မှုကိုနှိမ်းနင်းလိုက်ပြီဖြစ်ကြောင်း နောက်ဆုံးရသတင်းများမှသိရသည်။

ရှုယီသည် ထိုတိုက်ပွဲကို ကြည့်ဖို့ အခွင့်အရေးမရခဲ့ပေ။ သို့သော် ပုန်ကန်မှုကိုနှိမ်နင်းရန်မှာ ဤမျှလောက် မလွယ်ကူကြောင်းသူသိပါသည်။

မန်နာမှော်တိုင်းပြည်၏ယခင်ပေါ်လစီအရ ၎င်းတို့အား ထောက်ခံသည့်ပြည်သူများကို ဆုံးရှုံးသွားပြီ ဖြစ်သည်။ ထို့အပြင် တခြားသောတိုင်းပြည်များသည်လည်း မန်နာမှော်တိုင်းပြည်အား ထပ်မံ၍ ကျရှုံးသည်ကို မြင်ချင်နေကြကြောင်း ရှင်းပါသည်။ ထို့ကြောင့် သူတို့သည် ကန်လန်ကာနောက်မှ ကြိုးကိုင်နေကြခြင်း ဖြစ်လိမ့်မည်။

ရှုယီသည် ထိုကိစ္စများမှထွက်ခွာရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ ဂရုစိုက်နေတော့မည်လည်း မဟုတ်ပါ။

ပြီးနောက် အဆင့်အရ မန်နာမှော်တိုင်းပြည်၏ အခြေအနေမှာ သူကြောင့် ဖြစ်ရခြင်းဖြစ်သည်။

သူသည် စိုင်စ်နယ်မြေမှထွက်ခွာသွားခြင်း အကြောင်းကို အကြီးအကျယ်ကြေငြာခဲ့ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

သေချာတာပေါ့ ယခုမှာ သူသည် စိုင်စ်နယ်မြေနှင့် ကီလိုမီတာများစွာကွာဝေးသော နေရာ သို့ ရောက်ရှိ နေပြီ ဖြစ်သည်။ သူထွက်ခွာသွားပြီးနောက် မည်သို့ဆက်ဖြစ်မည်ကို ရှုယီပင် မပြောတတ်ပါ။

***

Volume 8 အခန်း ၄၆ ။ ပင်လယ်ရေပြင်အထက်မြင့်မားသော စမ်းသပ်မှု

နာရီဝက်ခန့်ကြာပြီးနောက် မှော်လေသင်္ဘော၏အောက်တွင် ကြီးမားသည့် ကုန်းမြေတစ်ခု ပေါ်လာသည်။

တစ်ယောက်ကအနီးသို့လာသည်နှင့် ၎င်းတို့သည် ကြီးမားသည့် ကျွန်းဖြစ်ကြောင်း တွေ့ရှိကြလိမ့်မည်။ သူတို့လာခဲ့သည့်လမ်းတစ်လျောက် တွေ့ခဲ့သောကျွန်းစုများမှာ သေးငယ်သောကျွန်းများဖြစ်ပြီး ၎င်းတို့ထက် ဆယ်ဆကြီးမားသည်။

ထို့အပြင် ၎င်းသည် ပင်လယ်ထဲရှိ ပျက်စီးနေသည့် ကျွန်းစုများနှင့် ကွာခြားပြီး လူနေထိုင်သည့် အရိပ်အယောင်ရှိသည်။ ထိုကြီးမားသည့် ကျွန်းစု၌ အဆောက်အဦးများကိုတွေ့ရပြီး ကမ်းစပ်တွင် သင်္ဘောဆိပ်များလည်း တွေ့ရသဖြင့် ထိုနေရာကို အုပ်ချူပ်နေသည့်သူရှိကြောင်းသိနိင်သည်။

ကျွန်း၏ အရှေ့တောင်ဖက်ထောင့်တွင် ကြီးမားသည့်နေရာတစ်ခုရှိသည်။ မှော်လေသင်္ဘောသည် ကျွန်းစုကို ရောက်သည်နှင့် ထိုနေရာ၌ဆင်းသက်လေသည်။

ရှုယီနှင့် သူ၏လူများသည်မှော်လေသင်္ဘောမှဆင်းလာပြီး သူ့ကိုလာကြိုသည်မှာ သူနှင့် ရင်းနှီသည့်လူ မဟုတ်မှန်း တွေ့လိုက်ရသည်။

“အာကာလီကဘယ်မှာလဲ?” ရှုယီက သူကိုလာကြိုသည့် နိုင်ငံခြားဆက်သွယ်ရေး သုတေသနဌာန၏ ခေါင်းဆောင်ဖြစ်သူ ဒိုရွန်အား မေးလိုက်သည်။

ဤကျွန်းသည် အာကာလီက ပြင်ပမှော်ဆက်သွယ်ရေးကိုလေ့လာရန် ရွေးချယ်ထားသော နိုင်ငံခြား အခြေစိုက် ကျွန်းတစ်ခုဖြစ်သည်။

Frestechကုန်သည်ကြီးများအသင်း၏ ဌာနချုပ်သို့လာကာလက်ထောက်တစ်ချို့ကိုခန့်အပ်၍ ၎င်းတို့အား ဤနေရာကိုခေါ်ခဲ့သည်ပင် နှစ်ဝက်ပင်ကျော်လွန်သွားပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်ထိ ပြင်ပမှော်ဆက်သွယ်ရေးကို မရှိသေးချေ အာကာလီသည် ဤနှစ်ဝက်အတွင်း တစ်လတစ်ခါ ထောက်ပံ့ရေးပစ္စည်းများလာပို့သည့် ရေတပ်မှတစ်ဆင့် ထိုသတင်းကို ပြန်ပို့ကာ ထိုကျွန်းမှထွက်ခွာရသေးခြင်း မရှိပေ။

သူမပို့လိုက်သော သတင်းအချက်အလက်များအရ နှစ်ဝက်လေ့လာမှုမှ ခက်ခဲသောပြဿနာအများစုကို ဖြေရှင်းနိုင်ပြီးဖြစ်သည်။ သူမသည် ပြင်ပမှော်ဆက်သွယ်ရေးတိုင်ကို မကြာမှီတွင် တည်ဆောက်နိုင် တော့မည် ဖြစ်ပြီး စိုင်စ်နယ်မြေနှင့် မှော်တိမ်တိုက်နယ်မြေတို့ကြား အချိန်နှင့်တပြေးညီ ဆက်သွယ် နိုင်ရန် ပြုလုပ်နိုင်တော့မည်ဖြစ်သည်။

သေချာပါသည် အာကာလီသည်အသင်းကို မခေါ်မှီ ဤနိုင်ငံခြားအခြေစိုက်ဌာနအား နှစ်နှစ်ကြာ ပြင်ဆင်ခဲ့သည်။တနည်းအားဖြင့် ဤအဆောက်အဦးများမှာနှစ်ဝက်နှင့် ဆောက်ခဲ့ခြင်းမဟုတ်ပါ။

အခြားသုတေသနမှာပြည့်စုံနေပြီဖြစ်သည်။

အာကာလီသည်သူမ၏အဖွဲ့ကိုခေါ်လာရခြင်းမှာ နောက်ဆုံး စမ်းသပ်ချက်အတွက်ဖြစ်သည်။

သို့သော်လည်း ထို နောက်ဆုံးစမ်းသပ်ချက်သည် အချိန် အင်အားနှင့် ပိုက်ဆံတို့များစွာကုန်သည်။

နှစ်ဝက်အတွင်းတွင် Frestechကုန်သည်ကြီးများအသင်းသည် ဤကျွန်းပေါ်တွင် ရွှေဒဂါး ၆သန်းကျော် ကုန်ကျသည့်ပစ္စည်းများ ရင်းနှီးမြုပ်နှံခဲ့ပြီဖြစ်သည်။

“ခေါင်းဆောင်အာကာလီနဲ့ သူမရဲ့ နဂါးသူငယ်ချင်းဟာ စမ်းသပ်ချက်နောက်ဆုံးအဆင့်ကို ရောက်နေပြီ ဖြစ်လို့ ဒီနေရာကနေ ခနထွက်ခွာသွားပါတယ်”

ရှုယီ၏မေးခွန်းကို ကြားပြီးနောက် ဒုတိယခေါင်းဆောင် ဒိုရွန်ဟာ ရှုယီရဲ့အမူအရာကို ဂရုတစိုက် ကြည့်ပြီး မေးလိုက်သည်။ “ဥက္ကဌဒီမှာရောက်နေတာကို သူမကိုပြောပေးရမလား?”

“အပေါ်မှာ?” ရှုယီကကောင်းကင်ကို ကြည့်လိုက်သည်။ သူကခေါင်းကိုခါလိုက်ပြီး အမိန့်ပေး လိုက်သည်။ “မလိုတော့ဘူး ငါနောက်မှသူ့ကိုသွားရှာလိုက်မယ် ဧည်သည်တွေကို အရင်ဂရုစိုက်ထားပါ”

“ဧည်သည်တွေ?” ဒိုရွန်က ရှုယီရဲ့အနောက်ကိုအံ့ဩစွာကြည့်လိုက်သည်။

အနောက်တွင်များစွာသော နတ်သူငယ်မိန်းကလေးတစ်ချို့သည် မှော်လေသင်္ဘောပေါ်မှဆင်းလာသည်။ ပြီးနောက် အစောင့်ဖြစ်ပုံရသည့် များစွာသော လက်နက်ကိုင်ဆောင်ထားသည့် နတ်သူငယ် ယောက်ျား လေး တစ်ချို့လည်းပါသည်။

ရှုယီပြောသော ဧည့်သည်များသည် ၎င်းတို့ဖြစ်လိမ့်မည်။

ဒိုရွန်က စိတ်ရှုပ်သွားသည်။

နောက်ဆုံးတစ်ခေါက်ကရောက်လာသော ရေတပ်ဖွဲ့က ဥက္ကဌသည် ကိုယ်တိုင်လာလိမ့်မည် ဖြစ်ကြောင်း ပြောခဲ့သော်လည်း ဤ နတ်သူငယ်ဧည်သည်များအကြောင်းမပြောခဲ့ပေ။

ဤနိုင်ငံခြားအခြေစိုက်ဌာနသည် Frestechကုန်သည်ကြီးများအသင်း၏ လျှို့ဝှက်စခန်းတစ်ခုဟု သတ်မှတ် ရမည်ဖြစ်သည်။ ဥက္ကဌက အဘယ်ကြောင့် အပြင်လူများခေါ်ဆောင်လာရပါသနည်း?

ဒိုရွန်သည် စိတ်ထဲ၌ သံသယဝင်နေသော်လည်း သူ့မျက်နှာ၌မပြပေ။ သူသည် သူလက်အောက်မှ သူများအား လက်ပြကာ ဧည်သည်များကို ကြိုဆိုခိုင်းလိုက်သည်။

အနည်းငယ်နှုတ်ဆက်ကြပြီးနောက် နတ်သူငယ်များသည် ဒိုရွန်၏စီစဉ်ပေးမှုဖြင့် နေရာကျသွားသည် ရှုယီသည် ဒိုရွန်၏စီစဉ်ပေးမှုနောက်သို့မလိုက်ပဲ မေးခွန်းအနည်းငယ်မေးကာ သူ၏မှော်ပညာကိုသုံး၍ လေပေါ်သို့ပျံလိုက်သည်။

ရှုယီ၏ လက်ရှိသန်မာသောမှော်ပညာဖြင့် ချက်ခြင်းပင် သူသည် လေထဲတွင် မီတာတစ်ထောင် အကွာ သို့ ရောက်ရှိသွားသည်။

အောက်သို့ကြည့်လိုက်သောအခါ ကြီးမားသည့်ကျွန်းကြီးသည် သေးငယ်သော အစက်အပျောက် အဖြစ်သာကျန်ရှိတော့သည်။

သို့သော်လည်း ရှုယီသည် ရပ်တန့်မနေပဲ ဆက်လက် ပျံသန်းသွားကာ မှော်ဆက်သွယ်ရေးစက်ကို ထုတ်လိုက်ပြီး အာကာလီ၏နံပါတ်ကို ခေါ်လိုက်သည်။

“ဟေး……..ဟေး……….. ဆရာ……..ဥက္ကဌ……… ဒီမှာ…………ဒီမှာလား?

အာကာလီ၏ မရှင်းလင်းသော အသံသည် ထစ်အထစ်အနှင့်မှော်ဆက်သွယ်ရေးစက်မှ ထွက်လာသည်။

ရှုယီသည် မျက်မှောင်ကုပ်လိုက်သည်။သို့သော် သူသည် မအံ့ဩသွားပါ။

အာကာလီကယခုလက်ရှိ မှော်အချက်ပြစနစ်သည် နောက်ကျနေပြီး ကန့်သတ်ထားကြောင်း ပြောထားပြီး ဖြစ်သည်။

ဥပမာအနေဖြင့် မြင့်မားသည့်နေရာတွင်ရောက်နေလျှင် သဘာဝမှော်စွမ်းအင်၏သိပ်သည်းဆသည် အောက်ခြေတွင် ရောက်နေသည်နှင့် ကွာခြားနိုင်ပြီး ၎င်းသည် ဆက်သွယ်ရေးအချက်ပြနှင့်ခေါ်ဆိုမှုကို သက်ရောက်မည်ဖြစ်သည်။

သို့သော် ရှုယီသည် အာကာလီအားဆက်သွယ်ရန် ထိုအရာကိုအားကိုးနေမည်မဟုတ်ပါ သူသည် မှော်ဆက်သွယ်ရေးစက်မှထွက်လာသော မှော်အချက်ပြလှိုင်းကိုအာရုံခံခြင်းဖြင့် အာကာလီ၏ လက်ရှိ တည်နေရာကို လွယ်ကူစွာသိနိင်သည်။

ထိုမှော်ပညာကိုသုံးပြီးနောက် ရှုယီသည် မြေပြင်မှအလွန်မြင့်မားဝေးကွာသည့်နေရာတွင် ပြန်ပေါ်လာ သည်။

ရှုယီ၏ရှေ့တွင် ဂုဏ်ယူစွာပြုံးနေသည့် အာကာလီနှင့် အရွယ်စားကြီးမားသော နဂါးများလည်း ရှိနေသည်။

“ဟေး ဥက္ကဌ ကျွန်မက နဂါးသူငယ်ချင်းကို လာကြိုခိုင်းတော့မလို့ စီစဉ်နေတာ” အာကာလီက သူ၏ ဘေးပတ်လည်တွင်ရှိသည့်မှော်အတားအဆီးကို ရှုယီအတွက်ထပ်ချဲ့လိုက်သည် ထို့ကြောင့် ၎င်းတို့ နှစ်ဦးသည် အနှောက်အယှက်မရှိစကားပြောနိုင်ပြီဖြစ်သည်။

“ဒါတွေမလိုပါဘူး” ရှုယီသည် ခေါင်းကိုခါလိုက်ကာ ကောင်းကင်တွင်ပျံနေကြသောနဂါးများကို ကြည့်လိုက်ကာ “သူတို့ဘာလုပ်နေကြတာလဲ?”

“သူတို့က ဒီနေရာမှာရှိတဲ့ သဘာဝမှော်စွမ်းအင်လှိုင်းကို စမ်းသပ်ပြီး ဒေတာတွေစုနေကြတာ” အာကာလီ နဂါးကိုလက်ညိုးထိုးပြပြီး “ကြည့်လိုက် သူတို့ရဲ့ကျောမှာ ကြီးမားတဲ့ အနက်ရောင် ခြေရာခံတဲ့စက် ရှိတာတွေ့လား ကျွန်မတို့က အဲ့တာနဲ့ ဒေတာတွေစုတာ”

ရှုယီကအာရုံစိုက်ကြည့်လိုက်ပြီး နဂါးတစ်ကောင်ဆီ၏ကျောတွင် ကြီးမာသောသတ္တုသေတ္တာ ကြီး များရှိကြောင်း တွေ့လိုက်သည်။ ၎င်းတို့အပေါ်တွင် ရုပ်ဆိုးသည့် တိုင်တစ်ခုလဲထွက်နေသေးသည် ၎င်းတို့၏ ကြီးမားသည့်ကိုယ်နှင့်ပေါင်းလျှင် ကြည့်ရသည်မှာအလွန်ထူးဆန်းနေသည်။

ထိုမြင်ကွင်းကိုမြင်လျှင် ရှုယီသည် မနေနိုင်အောင်ရယ်ချင်မိသည့်အတွက် နှုတ်ခမ်းကို အတင်းစေ့ နေရသည်။

ကမ္ဘာပေါ်မှ စိတ်ကူးယဉ်ဝတ္ထုများတွင် သို့ စိုင်စ်နယ်မြေမှ ကွဲပြားသည့်မျိူးနွယ်စုများတွင် နဂါးများ သည် ကြောက်ရွံသည့်သတ္တဝါများအဖြစ်ဖော်ပြခံကြရသည်။ ၎င်းတို့သည် သဘာဝအားဖြင့် အင်အား ကောင်း ပြီး သန်မာသည့် ဒေါသစိတ်များရှိကြရာ ထိုကြောင့် သူတို့အား အခြားမျိုးနွယ်စုများ၏ စိတ်တွင် ဖျက်စီးခြင်းကိုသာ ကိုယ်စားပြုနေကြသောကြောင့် ကောင်းသည့်အမြင်ကိုမရကြပေ။

သို့သော်လည်း ယခု ထိုနဂါးများသည် ထူးဆန်းသည့်စက်များကိုသယ်ကာ အာကာလီ၏ ညွှန်ကြားချက် အတိုင်း လေပေါ်တွင်ပျံဝဲနေကြသည်။

စိုင်စ်နယ်မြေမှလူများသာ ထိုကိစ္စအားသိလျှင် ၎င်းတို့၏ Frestechကုန်သည်ကြီးများအသင်း အပေါ် အမြင်သည် ယခုထပ်ပို ကြောက်ရွံ့ကြမည်ဖြစ်ပါသလား?

ရှုယီကနဂါးများကို ထူးဆန်းသည့်အကြည့်နှင့်ကြည့်နေသည်ကို မြင်လျှင် အာကာလီ ရှုယီစဉ်းစား နေသည် ကို အထင်လွဲသွားပြီး ရှင်းပြသည်။

“တခြားနည်းလမ်းလဲမရှိဘူးလေ။ ကျွန်မတို့ လူသားတွေသွားရင် ကျွန်မတို့ရဲ့ပျံသန်းတဲ့မှော်ပညာက လေထဲက သဘာဝမှော်စွမ်းအင်လှိုင်းနှောက်ယှက်တာခံရပြီး တိကျတဲ့ အချက်အလက် ရဖို့ ခက်ခဲလိမ့် မယ် ဒါကြောင့် နဂါးတွေကိုသွားခိုင်းရတာ အကယ်၍ သူတို့ကသူတို့ရဲ့ သဘာဝအတိုင်း အရည်အသွေး တွေ ရှိတဲ့ ခန္ဓာကိုယ်တွေနဲ့ပျံရင် ပြဿနာမဟုတ်ဘူး”

“သဘာဝအတိုင်း အရည်အသွေးတွေရှိတဲ့ ခန္ဓာကိုယ်?”

ရှုယီသည် နဂါးများ၏ အလွန်ဝသောခန္ဓာကိုယ်ကိုကြည့်လိုက်ပြီး၎င်းတို့၏ပျံသန်းသော အမူအကျင့်များ သည် သူ၏ ဇီဝဗေဒ သင်ခန်းစာ၌သင်ရသည်နှင့်မတူညီကြောင်း စဉ်းစားလိုက်သည် ၎င်းတို့သည် ပျံသန်းနေစဉ် အတောင်ပံများကို သိပ်မခတ်ကြချေ ထို့ကြောင့် သူတို့သည် မည်သို့ ပျံသန်းခြင်းကို ထိန်းထားသနည်း?

“တကယ်တော့ ငါတို့ရဲ့နဂါးသူငယ်ချင်းတွေကို အဲ့လောက်ဒုက္ခခံခိုင်းစရာမလိုပါဘူး မင်း လေယာဉ်ငယ် လေး တွေ အရင်သုံးပြီးမှ အချက်အလက်တွေစုလို့ ရပါတယ်။ရလဒ်က အခုထပ်ပိုကောင်းမှာပါ” ရှုယီကပြောသည်။

“အကယ်၍ ဖြစ်နိင်ခဲ့ရင် ကောင်းတာပေါ့ ဒါမဲ့ လေယာဉ်ငယ်တွေကပြီးမှမပြီးသေးတာ ပြီးတော့ ကျွန်မရဲ့ စမ်းသပ်မှုက ဒီအဆင့်ကိုရောက်နေပြီလေ ဒါကြောင့် ကျွန်မတို့အဖွဲ့က ဒီတိုင်းထိုင်စောင့်နေလို့ မရဘူးလေ ဟုတ်တယ်မလား?” အာကာလီက သူအသံတွင် ပြဿနာရှာတဲ့ပုံပေါ်နေသည်။

ရှုယီက ခပ်မှိန်မှိန်ပြုံးလိုက်သည် “ လေယာဉ်ထုတ်လုပ်ရေးဌာနခွဲက ကြိုးစားနေပါတယ် ကြည့်လေ ငါအခုပဲလေယာဉ်ငယ်တွေ ယူလာခဲ့ပေးတယ်မလား?”

အာကာလီက မျက်လုံးပင့်လိုက်သည်။ “အဲ့တာပြီးသွားပြီလား? ကောင်းလိုက်တာ ဘယ်မှာလဲ? အခုချက်ခြင်းပဲ စမ်းသပ်ချင်နေပြီ မစောင့်နိုင်တော့ဘူး…”

“စိတ်လျော့ပါ” ရှုယီက စိတ်လျော့ခိုင်းသည် “အဲ့တာကို ပို့လိုက်ပြီ ဒါကြောင့် သုံးဖို့မလောပါနဲ့ ပထမဆုံး နဂါးသူငယ်ချင်းတွေကို ပြန်ခေါ်လိုက်ပါဦး အဲ့ဒီလေယာဉ်ငယ်နဲ့ဆို သူတို့ဒီလောက် ပင်ပန်းစရာ မလိုတော့ပါဘူး”

ကောင်းပြီ” အာကာလီက ပြန်ဖြေလိုက်ပြီး ပျံသွားသည်။

ရှုယီက မနေနိင်ပဲခေါင်းကိုခါလိုက်ကာ ပြုံးလိုက်သည်။အာကာလီသည် အသက် ၅၀နားနီနေပြီ ဖြစ်သော်လည်း သူသည် မိန်းကလေးငယ်လေးကဲ့သို့ပင်။ သူသည်တကယ်ပင် သူပြောသမျှကို မငြင်းဆန်ပေ။

မကြာမီတွင် နဂါးများသည် ရပ်တန့်သွားပြီး ရှုယီ၏ရှေ့တွင် အာကာလီ၏နောက်မှလိုက်သွားကြသည်။

ထိုအထဲမှနဂါးတစ်ကောင်သည် စက်ကိုမသယ်ထားပေ။ သူသည် ရှုယီ၏ရှေ့ရောက်လျှင် မိန်းကလေး တစ်ယောက်အဖြစ် ပုံစံပြောင်းလိုက်သည်။ ၎င်းသည် ရှုယီမြင်တွေ့ရသော ပထမဆုံးနဂါးဖြစ်သည်။

“ဟေး မစ္စ ကက်ဆန်ဒရာ ဟယ်လို” ရှုယီက အပြုံးဖြင့်နှုတ်ဆက်သည်။

ကက်ဆန်ဒရာက ခေါင်းကိုမော့လိုက်ပြီး ရှုယီကို ကြည့်ကာ စိတ်ရှပ်သောရုပ်နှင့် အာကာလီကို မေးလိုက်သည်။ “ဒါကဘယ်သူလဲ?”

အာကာလီက မျက်လုံးကိုလှည့်လိုက်ပြီး “ဒါက ငါတို့ ဥက္ကဌလေ အရင်ကမတွေ့ဖူးဘူးလား?”

“အို တောင်းပန်ပါတယ် ရှင်တို့လူသားတွေဟာကျွန်မရဲ့မျက်လုံးထဲမှာ အတူတူပဲဖြစ်နေတာ ဒါကြောင့် ရှင့်ကိုမမှတ်မိလိုက်ဘူး” ကက်ဆန်ဒရာက တောင်းပန်ပုံမပေါ်ပဲ ပြောသည်။ ထို့နောက် တွန့်ဆုတ်နေပြီး ရှုယိဆီသို့လက်ပေးကာ “ဟယ်လို ဥက္ကဌရှု နောက်တစ်ကြိမ်ထပ်တွေ့ရတာဝမ်းသာပါတယ်”

ရှုယီကအနည်းငယ်အံ့သြကာသူလက်ကို ကိုင်လိုက်သည်။

“မစ္စကက်ဆန်ဒရာ နှစ်ပေါင်းများစွာ မတွေ့ရတုန်း ခင်ဗျားကအရင်ကထပ် ကျွန်တော်တို့ လူသားတွေရဲ့ ယဉ်ကျေးမှုတွေကို သိလာတာပဲ”

***

Volume 8 အခန်း ၄၇ ။ နဂါးများအကြောင်းမှော်ရုပ်ပြရုပ်ရှင်

ကက်ဆန်ဒရာက ပခုံးတွန့်လိုက်သည်။ “ဒါပေါ့ ကျွန်မက ဒီနှစ်တွေမှာ လူသားတွေနဲ့ နေလာတာပဲ ဒါကြောင့် ကျွန်မ,မတတ်ဘူးဆိုရင်တောင် ထူးဆန်းနေမှာပေါ့”

အာကာလီကရယ်လိုက်သည်။ “ဟုတ်တယ် ကက်ဆန်ဒရာက နေ့တိုင်းကျွန်မနဲ့တူတူရှိနေတာ ဒါကြောင့် ကျွန်မကသူ့ကို လူသားတွေကြားမှာ လိုအပ်တဲ့ ယဉ်ကျေးမှုတစ်ချို့ကို သင်ထားပေးတာလေ။”

ရှုယီသည် ကက်ဆန်ဒရာကိုကြည့်လိုက်သည်။ သူသည် အာကာလီက မှော်တိမ်တိုက်နယ်မြေကို ရောက်ပြီးနောက် သူမသည် နဂါးနီ ကက်ဆန်ဒရာနှင့် သူငယ်ချင်းဖြစ်လာခဲ့သည်ကို တကယ်ပင် အံ့ဩခဲ့ရသည်။

သူ့တို့နှစ်ဦးကို ကြည့်ရသည်မှာ ၎င်းတို့သည် လူသားအချင်းချင်း သူငယ်ချင်းများထပ်ပင် ပိုမို ဆက်ဆံရေး ကောင်းနေသေးသည်။

ထို့အပြင် အာကာလီ၏ ကက်ဆန်ဒရာနှင့် ဆက်ဆံရေးကြောင့် Frestechကုန်သည်ကြီးများအသင်းသည် ကက်ဆန်ဒရာ၏ နဂါးနီမျိုးနွယ်နှင့် လီယွန်ရှိသော နဂါးနက်မျိုးနွယ်တို့နှင့် ပူးပေါင်းသည့်ဆက်ဆံရေးကို တဖြည်းဖြည်းတည်ဆောက်နိုင်ခဲ့သည်။

“မစ္စ ကက်ဆန်ဒရာ ဒီနေရာက ခင်ဗျားနေတဲ့နေရာနဲ့ ကီလိုမီတာ ထောင်ပေါင်းများစွာဝေးတယ်။ ခင်ဗျားနဲ့ ခင်ဗျားရဲ့ လူတွေဟာ အာကာလီကို ကူညီဖို့ ဒီကိုလာခဲ့တာ ခင်ဗျားအတွက် ပြဿနာ မများဘူးလား?” ရှုယီကမေးသည်။

“ဒါကဘာပြဿနာရှိလို့လဲ? ကက်ဆန်ဒရာက စိတ်ရှုပ်သည့်ရုပ်ဖြင့်

“ ဒီမှာ အစားအသောက်ကောင်းတယ် ကစားဖို့လဲ အများကြီးရှိတယ် ပြီးတော့ ရှင်တို့ရဲ့ Frestechကုန်သည်များ အသင်းကလဲ ကျွန်မတို့ကို ပေးကမ်းတယ် ကျွန်မတို့ပြန်ချင်ရင်တောင် ရက်နည်းနည်းပျံသန်းသွားလိုက်ရုံပဲလေ ဘာကြောင့် ပြဿနာများရမှာလဲ?”

ရှုယီက တခြားနဂါးတွေကိုကြည့်လိုက်ရာ နဂါးများ၏မျက်နှာသည် ခံစားချက်ကိုရှာဖွေရန် ခက်ခဲကြောင်း တွေ့ရှိရလေသည်။ သူသည် ချောင်းဟန့်လိုက်ကာ အာကာလီဖက်ကိုလှည့်လိုက်ပြီး

“မင်းက ဒီနဂါးသူငယ်ချင်းတွေကို ဘာပေးတာလဲ?”

အာကာလီက ရယ်လျှက် “ဒါကအရမ်းရိုးရှင်းပါတယ် ကျွန်မက သူတို့ကိုမှော်ရုပ်ပြရုပ်ရှင်တွေ ကြည့်ဖို့ ပေးထားလိုက်တာ”

ရှုယီက ဆွံ့အသွားသည်။

ဒါကသူတို့ကို ပေးကမ်းတယ်လို့ခေါ်တာလား?

သို့သော်လည်း ကက်ဆန်ဒရာက တောက်ပသောမျက်လုံးများနှင့် ခေါင်းငြိမ့်နေသည်။

“အန် ကောင်းတဲ့ရုပ်ရှင်တွေ ကြည့်ရရင် လုံလောက်ပါတယ် အဲ့ဒါအပြင် ဒီနေရာက စိုင်စ်နယ်မြေထပ် နီးတယ်လေ ကျွန်မတို့က အိမ်ကလူတွေထပ် ရုပ်ရှင်အသစ်တွေကြိုကြည့်ရတယ်။ ကျွန်မတို့ ပြန်သွားတိုင်း သူတို့က မနာလိုနေကြတာ ဟားဟား…”

ကက်ဆန်ဒရာက ရယ်နေပြီး နဂါးများသည်လည်း ဟိန်းနေသည်ဟုမြင်နေရသော်လည်း ရယ်နေကြတာ ဖြစ်နိုင်ပါသည်။ ရှုယီသည် ရုတ်တရက် သူတို့ပြောသည့်မှ နားလည်သွားသည်။ သူ၏ကမ္ဘာအပေါ်အမြင်ကို တန်ဖိုးကျစေသည်။

“မစ္စ ကက်ဆန်ဒရာ ကျွန်တော်ကဒီတစ်ခေါက် သတင်းကောင်းတစ်ခုနဲ့လာခဲ့တာ ခင်ဗျားကြိုက်မယ်လို့ သေချာတယ်”

“အို?”

“ခီ ကျွန်တော်တို့ Frestechကုန်သည်ကြီးများအသင်းက ဒီတစ်ခေါက် မှော်တိမ်တိုက်နယ်မြေမှာ ရင်းနှီးမြုပ်နှံမှုကို တိုးချဲ့ပြီး မှော်ရုပ်ပြ စက်ရုံကို တည်ဆောက်ဖို့ စီစဉ်နေတာပါ”

ကက်ဆန်ဒရာက မျက်တောင်ခတ်လိုက်သည် သို့သော် သူမသည် ပျော်နေသည့်ပုံမပေါ်ပေ။

“ကျွန်မတို့ ကလန်က ရှင်တို့ရဲ့မှော်ရုပ်ပြတွေ ရှိပြီးသား ဒါကြောင့် ဒီစက်ရုံက ကျွန်မတို့နဲ့ ဘယ်လိုပက်သက် လို့လဲ”

“ပက်သက်တာ သေချာတာတာပေါ့” ရှုယီက ပြုံးလျက်ပြောသည်။ “

မှော်ရုပ်ပြပစ္စည်းတွေက မှော်ရုပ်ပြစက် တစ်ခုထဲမဟုတ်ဘူး ကြီးမားတဲ့ မှော်ရုပ်ပြစက် အချိန်နဲ့ တပြေးညီပြတဲ့စက် ပြီးတော့ တခြားစက်တွေအများကြီး ရှိသေးတယ် ဒီအရာတွေနဲ့ဆို အကယ်၍ ခင်ဗျားတို့ အဖွဲ့က လိုချင်ရင် ကိုယ်ပိုင် မှော်ရုပ်ပြရုပ်ရှင် ရိုက်လို့ ရသေးတယ်။”

ကက်ဆန်ဒရာရဲ့မျက်စိကပြူးထွက်လာသည် ရှင်းလင်းစွာ သူသည် မည်မျှစိတ်လှုပ်ရှားနေကြောင်း ပေါ်လွင်သည်။

“တကယ်ပဲလား? ကျွန်မတို့လည်း ရုပ်ရှင်လုပ်လို့ရလား?”

“ဘာလို့မရရမှာလဲ?” ရှုယီက သူ့လက်ကို ဖြန့်လိုက်ပြီးပြုံးလျက် “ကျွန်တော့်မိန်းမ … အို သူမက NewMoon ကုန်သည်ကြီးများအသင်းက ဥက္ကဌလေ။ ကျွန်တော်ထင်တာ NewMoon ကုန်သည်ကြီးများအသင်းကိုတော့ မိတ်ဆက်ပေးစရာမလိုတော့ဘူးမလား”

ကက်ဆန်ဒရာက ခေါင်းငြိမ့်လိုက်ပြီး ရှုယီကဆက်ပြောသည်

“သူမက အမြဲတမ်း မှော်ရုပ်ပြရုပ်ရှင်တွေကို မှော်တိမ်တိုက်နယ်မြေမှာ တိုးချဲ့ဖို့စဉ်းစားနေတာ ဒီကို စုံစမ်းဖို့တောင် လာသေးတယ်။ အဲ့တုန်းကကျတော့ ဒီမှော်တိမ်တိုက်နယ်မြေရဲ့အခြေအနေက သိပ်မကောင်းသေးဘူးလို့ သူထင်တာကြောင့် သူဘာမှလုပ်လို့မရသေးဘူး ဒီတစ်ခေါက်ကတော့ သူမကအချိန်သင့်ပြီ လို့ထင်တယ်။ သူမကမှော်တိမ်တိုက်နယ်မြေမှာ မှော်ရုပ်ပြ ရုပ်ရှင်တွေကို ကြေငြာပြီး တိုးချဲဖို့ စီစဉ်နေပြီ အကယ်၍ နဂါးမျိုးနွယ်က စိတ်ဝင်စားရင် ဒီအစီအစဉ်မှာပါဝင်ပြီး ရုပ်ရှင်တွေထုတ်လုပ်ဖို့ သင်ယူနိုင်ပါတယ်”

“သူမက သင်ပေးချင်ရဲ့လား?” ကက်ဆန်ဒရာက သံသယဝင်ကာ မေးလိုက်သည်။ “ရှင်တို့လူသားတွေက ကောင်းတဲ့အရာတွေဆိုသိမ်းထားတတ်ပြီး အခြားသူတွေနဲ့မမျှဝေတတ်ဘူးမလား?”

ရှုယီသည် သူမကိုကြည့်လိုက်ပြီး နဂါးများကသာ ရတနာများကို လူသားများထပ် စုဆောင်းတတ်သည် မဟုတ်ဘူးလားဟု တွေးမိသည်။

“အကယ်၍ လူတိုင်းအတွက်အကျိုးရှိရင် ကျွန်တော်တို့လူသားတွေက မျှဝေပေးချင်စိတ်ရှိကြပါတယ် ဘယ်လိုလဲ? ကက်ဆန်ဒရာ စိတ်ဝင်စားရဲ့လား?”

ကက်ဆန်ဒရာက စဉ်းစားလိုက်ပြီးမှ ခေါင်းငြိမ့်လိုက်သည်။

“ကောင်းပြီလေ New Moon ကုန်သည်ကြီးများအသင်းက ရုပ်ပြတွေက ကြည့်လို့ကောင်းပြီး သူတို့ဇာတ်လမ်းတွေဟာ လူသားတွေအကြောင်းများတယ် အခြားမျိုးနွယ်စုတွေကပါတာနည်းတယ် နဂါးမျိုးနွယ်ဆိုရင် တွေ့တောင်မတွေ့ဖူးဘူး အကယ်၍ ကျွန်မတို့သာ မှော်ရုပ်ပြရုပ်ရှင်ကို ဘယ်လို ဖန်တီးရမလဲသိရင် ကျွန်မက နဂါးတွေအကြောင်းဇာတ်လမ်းတစ်ပုဒ်ဖြစ်အောင်လုပ်မှာ”

“အကယ်၍ အဲ့လိုရုပ်ရှင်သာရှိခဲ့ရင် ကျွန်တော်ထင်တာ လူသားကမ္ဘာမှာလဲ တော်တော် ရေပန်းစားလိမ့်မယ် ထင်တယ်” ရှုယီက ရယ်လျက်ပြောသည်။

မှော်ရုပ်ပြရုပ်ရှင်များအကြောင်းဆွေးနွေးရင်းရှုယီသည် နဂါးများနှင့် အမြန်ပင် ရင်းနှီးသွားသည်။

ထို့ပြင် ကက်ဆန်ဒရာက အကြံအစည်များမရှိသည့်နဂါးတစ်ကောင်းဖြစ်ပြီး အာကာလီက ကြားမှဆက်သွယ်ပေးမှုကြောင့် ရှုယီကသူမနှင့် မြန်မြန်ပင်ရင်းနှီးသွားသည်။

သူနှင့် အာကာလီသည် ကျွန်းစုသို့ နဂါးများနှင့်အတူတူပြန်လာကြစဉ် ၎င်းတို့သည်ပျော်ရွင်စွာ စကားပြော လာကြသည်။

“ဥက္ကဌရှု New Moon ကုန်သည်ကြီးများအသင်း မှော်တိမ်တိုက်နယ်မြေကိုလာရင်ကျွန်မကို ချက်ခြင်း ဆက်သွယ်လိုက်ပါနော်”

မထွက်ခွာခင်၌ ကက်ဆန်ဒရာသည် ရှုယီအား အထူးသတိပေးခဲ့သည်။

“ကောင်းပါပြီ ပြဿနာမရှိပါဘူး” ရှုယီသည်ပြုံ၍ လက်ပြကာနှုတ်ဆက်လိုက်သည်။

ကက်ဆန်ဒရာနှင့် နဂါးနီအုပ်စုသည် လူသားအသွင်သို့ပြောင်းလဲကာ ဤကျွန်းပေါ်ရှိ ၎င်းတို့ နေထိုင်သည့်နေရာ ပြန်သွားသည်။ သူသည် ကျယ်ပြောလှသည့်ကောင်းကင်ကို ကြည့်ကာ အာကာလီကိုမေးလိုက်သည်။

“ငါဒီမှာလပိုင်းလောက်နေရင် အဲ့ကိစ္စကို မင်းဂရုစိုက်နိုင်မလား”

အာကာလီက လက်ပြလျက် နှစ်သိမ့်လိုက်သည်။

“တစ်လက လုံလောက်တာထပ်ပိုနေပြီ တကယ်တော့ ကျွန်မက အကုန်လုံးစီစဉ်ပြီးနေပြီ လေယာဉ်ငယ်တွေ ကိုသာ စောင့်နေတာလိုနေတဲ့ အချက်အလက်နည်းနည်းရပြီးရင် လုပ်လို့ပြီးလောက်ပြီ”

“အဲ့လိုလား? ဒါဆိုကောင်းတာပေါ့”

အမှန်တကယ်မူ ရှုယီသည် တစ်လနှင့်ထိုအလုပ်ကို ပြီးမြောက်နိုင်မည်ဟုမထင်ထားပေ။ ထိုအလုပ်သည် ရိုးရှင်းသည်ဟုထင်ရသော်လည်း ရှုပ်ထွေးသည် သို့သော်လည်း အာကာလီက ယုံကြည်မှုရှိနေသောကြောင့် သူသည်ထိုယုံကြည်မှုကို ရပ်တန့်သွားအောင် မဖျက်စီးချင်ပါ။

“တကယ်တော့ အကယ်၍ စွမ်းအင်ဌာနဟာတိုးတက်မှုမလုပ်နိုင်တာကြောင့်မဟုတ်ဘူးဆိုရင် ဒီ မြင့်မားတဲ့ မှော်အချက်ပြကို သုံးဖို့လိုမှာမဟုတ်ဘူး”

အာကာလီက မတတ်နိုင်ပဲသက်ပြင်ချလိုက်သည်။ “တခြားနည်းလမ်းလဲမရှိဘူး ဒါက ဥက္ကဌ အမြဲပြောသလိုပဲ မှော်စက်မှုလုပ်ငန်းဟာစနစ်တစ်ခုပဲ အစိတ်အပိုင်းတစ်ခုက နောက်တစ်ခုကို မှီခိုနေရတာ ကြည့်ဦးအကယ်၍ ကျွန်မတို့သာပြင်ပမှော်အချက်ပြပို့ဆောင်မှုကို ရနိုင်ခဲ့ရင် စိုင်စ်နယ်မြေရဲ့မှော်ရုပ်ပြအစီအစဉ်တွေကို အချိန်တိုင်းကြည့်နိုင်ပြီမဟုတ်လား?”

ထိုသို့ပြောနေရင် အာကာလီသည် အတွေးတစ်ခုပေါ်လာကာ ကောင်းကင်သို့ကြည့်လိုက်သည်။

“ဒါကိုပြောရင်းနဲ့ ဥက္ကဌ….. အရင်ကပြောတဲ့ဟာကတကယ်လား။ ကျွန်မတို့သေချာတဲ့အရှိန်ကို ရောက်ရင် ဒီအောက်ကဂြိုလ်ကိုထားခဲ့နိုင်ပြီး စကြဝဠာထဲပျံသန်းသွားနိုင်မယ်ဆိုတာလေ။”

“သေချာတာပေါ့ မင်းရဲ့အရှိန်က ပထမလွတ်မြောက်မှုအလျင်ကို တွေ့ရင် သို့ ကျော်လွန်သွားနိုင်ရင် ငါတို့ရဲ့အောက်က ဂြိုလ်ကို ထားခဲ့နိုင်တယ်။ ဒါပေမဲ့ အရင်ဆုံးငါတို့အောက်ကဂြိုလ်ကို အချက်လက်တွေ ရအောင်လေ့လာပြီး တန်ဖိုးကို တိကျစွာတွက်ချက်နိုင်မှာ။ ဒါကတော်တော်ရှုပ်ထွေးမဲ့စီမံကိန်းပဲ ဒါကြောင့် စွမ်းအင်ဌာနက ထိုးဖောက်နိုင်ရင်တောင် အချိန်တိုအတွင်းပြီးမြောက်မဲ့အလုပ်မဟုတ်ဘူး”

“ရှင်ပြောတဲ့ ဒီဂြိုလ်ကို အပြင်ဖက်ကနေ ကြည့်ရမဲ့ ရှင်းပြချက်ကို တွေးရုံနဲ့တင် စိတ်လှုပ်ရှားတယ်” အာကာလီက ဆွဲဆောင်ခံရတဲ့အကြည့်နဲ့”ဒီလေ့လာမှုကတော့ အရမ်းကိုထူးဆန်းအံ့ဩဖွယ်ကောင်းမှာပဲ ဒီတစ်သက်တာမှာတော့ လူကိုယ်တိုင်ကြုံဖူးသွားရမယ်”

ရှုယီက ခပ်ဖျော့ဖျော့ပြုံးလိုက်တယ် “မင်းကအရင်ရက်တွေတုံးက ကောင်းကင်ပေါ်မှာရှိနေတာမလား ဒီဂြိုယ်ရဲ့တစ်ဝက်ကို မြင်ဖူးသွားပြီးပြီမလား?

“အဲ့တာကလုံလောက်ဖို့အများကြီးလိုသေးတယ်” အာကာလီက သူပါးစပ်ကိုစေ့လိုက်ပြီး “ဥက္ကဌအရင်ကပြောဖူးတာ ကျွန်မတို့ခြေထောက်အောက်မှာကြီးမားတဲ့ အလုံးကြီးဆိုတဲ့ဟာကို အခုထိ မယုံနိုင်သေးဘူး ရေတပ်တွေက ဒီကမ္ဘာကိုပတ်နေတာက အဲ့တာကိုသက်သေပြနေတာပဲ လူကိုယ်တိုင်မမြင်ရင် ဒါကနားလည်ဖို့ခက်တဲ့ အတွေးအခေါ်ပဲ ဒါပေမဲ့ ဒီရက်ပိုင်း နဂါးသူငယ်ချင်းတွေနဲ့ မြင့်မားတဲ့ မှော်အချက်ပြကို စမ်းသပ်တုန်းက လျောက်ပတ်ကြည့်တော့ ကျွန်မတို့အောက်က နယ်မြေတွေဟာ တကယ်ပဲလုံးဝန်းတာကို တွေ့လိုက်ရတယ် ဒါတကယ်ပဲထူးဆန်းတယ်။”

ထိုသို့ပြောပြီးနောက် အာကာလီ၏ သံသယဝင်သည့်အကြည့်သည် သူ့မျက်နှာပေါ် ၌ပေါ်လာသည်။

“ရှင်ပြောကြည့် အရင်က မှော်ပညာရှင်တွေအများကြီးက လေပေါ်ပျံဝဲနိုင်ကြပြီး ကျွန်မမြင်သလို မြင်ရမှာပဲ ဒါဆို ဘာလို့သူတို့ထဲက တစ်ယောက်မှ ဒီခြေအောက်က လုံးဝန်းတဲ့စက်ဝိုင်းကြီးဖြစ်ပြီး ပြားနေတဲ့ မြေမဟုတ်ဘူး ဆိုတာဘာလို့မသိရတာလဲ?”

“ဒါကရိုးရှင်းပါတယ် ဘာလို့လဲဆို သူတို့ တခါမှအဲ့လိုမတွေးဖူးလို့ပေါ့ ပြီးးးတော့ မှော်ဆရာတွေက အဲ့လောက်အမြင့်ကြီးကိုအကြောင်းအရင်းမရှိပဲ ဘာလို့ပျံမှာလဲ?”

“အာ မှန်တယ် ဥက္ကဌကသာ ဘာမှလုပ်စရာမရှိလို့ ဒီမေးခွန်းကိုဆုံးဖြတ်နိုင်တာ”

ရှုယီသည် ရယ်ရခက် ငိုရခက်ဖြစ်သွားသည် ခေါင်းကိုခါလိုက်ကာ “ကောင်းပြီ ကောင်းကင်ပေါ် ပျံတဲ့ကိစ္စက နောက်မှပြောကြတာပေါ့ ဒီမှာတစ်လနေတဲ့ကိစ္စက မင်းကိုကူညီဖို့ပဲမဟုတ်ဘူး ဒါကြောင့်ဒီမှာအချိန်တိုင်း ရှိမှာမဟုတ်ဘူး ဒါမဲ့ ငါဒီမှာရှိတဲ့ချိန်တော့ မင်းမှာရှိတဲ့မေးခွန်းတွေ ပြဿနာတွေကို ပြောလို့ရတယ် ဒါအကောင်းဆုံးဖြေပေးမယ်”

အာကာလီက ခေါင်းငြိမ့်လိုက်ပြီး ရှုယီ၏ဂတိကို သိပ်ပြီး ဂရုမစိုက်ပေ။

မည်သို့ပင်ဖြစ်ပါစေ ရှုယီမလာလျှင်ပင် သူမဦးဆောင်သော သုတေသနအသင်းသည် Frestechကုန်သည်ကြီးများအသင်း မှ ကောင်းမွန်စွာဆက်ဆံခံရသည်။

သို့သော် သူမသည် ရှုယီပြောသည့် အခြားသော အရေးကြီးသည့်ကိစ္စများဆိုသည်ကို ဂရုစိုက်ပါသည်။

“ဒီတစ်ခေါက်လာတဲ့ နတ်သူငယ်တွေနဲ့ပက်သက်နေတာလား?”

“အများစုပေါ့” ရှုယီက သက်ပြင်းချသည်။ “ဒီတစ်ခေါက်ကိစ္စက ငါတို့ Frestechကုန်သည်ကြီးများအသင်းနဲ့ ပဲပက်သက်နေတာမဟုတ်ဘူး လူသားတွေနဲ့ အခြားမျိုးနွယ်စုအားလုံးနဲ့ပါ ပက်သက်နေနိုင်တယ်”

“အဲ့လောက်တောင်အရေးကြီးလား?” အာကာလီ၏မျက်လုံးမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည် “ ဒါဘာကိစ္စလဲ?”

ရှုယီသည် အာကာလီကိုကြည့်ကာ သူသည် ကက်ဆန်ဒရာနှင့် မည်မျှရင်းနှီးကြောင်းတွေးမိရာ ဤကိစ္စကို သူမဆီမှဖုံးကွယ်ထားရန်မလိုအပ်ကြောင်း ခံစားရသည်။

“အာကာလီ ကက်ဆန်ဒရာက အသူရာချောက် နတ်ဆိုးမျိုးနွယ် အကြောင်းပြောတာကြားဖူးလား?”

***

Volume 8 အခန်း ၄၈ ။ အပျက်အစီးများ

၆ရက်ကြာပြီးနောက် ရှုယီသည် နိုင်ငံခြားအခြေစိုက်ဌာနနှင့် နှစ်ရာကီလိုမီတာကွာဝေးသော သာမန် ကျွန်းစုတစ်ခုတွင် ပေါ်လာသည်။

“အပျက်အစီးတွေကဘယ်မှာလဲ?” မှော်လေသင်္ဘောရပ်သွားပြီးနောက် ရှုယီသည် မှော်လေသင်္ဘော၏ တာဝန်ရှိသူ ဆန်တန်တာအား ထိုမေးခွန်းကိုမေးလိုက်သည်။

ဤကျွန်းသည် ကြီးမားပြီး တစ်ယောက်ယောက်သည် အပေါ်မှကြည့်လျှင် ထူးခြားချက်တစ်ခုကိုမျှ မြင်ရမည်မဟုတ်ချေ။

“ဥက္ကဌ ဟိုမှာကြည့်ပါဦး….”

ဆန်တန်တာသည် မှော်လေင်္ဘော၏ပြတင်းပေါက်မှ ကျွန်း၏တစ်နေရာကို ညွှန်ပြလိုက်သည်။ “ဆရာတွေ့လား? အဲ့ဒီနေရာမှာ အရမ်းကြီးတဲ့သစ်ပင်တွေရှိတယ် ပြီးတော့ ကျွန်တော်တို့ အဲ့မှာ အပျက်အစီးတွေ တွေ့တာပဲ အဲ့တာက အဲ့သစ်ပင်တွေအောက်မှာပဲ”

“အာ ဒါဆိုလှုပ်ရှားဖို့ ပြင်ဆင်တော့” ရှုယီကခေါင်းငြိမ့်သည်။သူကခေါင်းကို လှည့်၍ ကြည့်လိုက်သော် စိတ်လှုပ်ရှားနေသော အာကာလီနှင့် ပုံမှန်ထပ်ပိုသော စိတ်လှုပ်ရှားနေသည့် အကြီးအကဲအွန်ဒင်းကို မြင်လိုက်ရသည်။

“အကြီးအကဲ အွန်ဒင်း ဒီအပျက်အစီးတွေအကြောင်း ခင်ဗျားကရင်းနှီးတယ် တစ်ခုခု ပြောစရာများ ရှိသေးလား?”

ရှုယီသည် Frestech ကုန်သည်ကြီးများအသင်း၏ဌာနချုပ်မှထွက်လာရခြင်းမှာ Frestech ကုန်သည်များ အသင်း ၏ မှော်တိမ်တိုက်နယ်မြေတွင် တိုးတက်မှုပန်းတိုင်ကို ကျော်လွန်နိုင်စေဖို့ရန် ဖြစ်သည်။

သို့‌သော် ထိုပန်းတိုင် လျှို့ဝှက်ချက်၏ ပထမတစ်ခုမှာ အာကာလီအား ၎င်းတို့၏ စမ်းသပ်ချက်ရလဒ် ကို‌ မေးရန်ဖြစ်ပြီး ဒုတိယတစ်ခုမှာ အသူရာနတ်ဆိုးမျိုးနွယ်၏ ကျန်ရစ်ခဲ့သည့်အပျက်အစီးများကို ရှာဖွေရန် ဖြစ်သည်။

အသူရာနတ်ဆိုးမျိုးနွယ်အား ရှုယီ ပထမဦးဆုံးအကြိမ် ကြားဖူးသည်မှာ ကျွမ်းကျင်ဘုန်းတော်ကြီး ကမ်မီလာဆီက ဖြစ်သော်လည်း သူသည်ကက်ဆန်ဒရာဆီမှ ပိုမိုသိရှိခဲ့ရသည်။

သို့သော် သူ၏အမှန်တကယ်နားလည်မှုမှာ အကြီးအကဲ အွန်းဒင်းဆီမှဖြစ်သည်။

အဇ်ရှာရာမျိုးနွယ်စုသည် စိုင်စ်နယ်‌မြေ ရှိနတ်သူငယ်များထဲရှိ အမွေဆက်ခံသူများတွင် အပြည့်စုံဆုံး ဆက်ခံသူများဖြစ်ကြသည်။ နတ်သူငယ်များ၏တော်ဝင်နန်းတော်မှ ဆက်ခံသူများလည်းရှိသည်။

ထို့ကြောင့် သဘာဝကျစွာပင် ၎င်းတို့သည် နယ်မြေထဲမှလူများအားလုံးထက် သမိုင်းကြောင်းကို ပို၍ နားလည်သည်။

ရှုယီက အကြီးအကဲ အွန်ဒင်းအား အသူရာနတ်ဆိုးမျိုးနွယ်အကြောင်းမေးရာ သူရရှိသောသတင်းသည် မျှော်လင့်ထားသည်ထပ်ပင် ပိုသေးသည်။

အကြီးအကဲ အွန်ဒင်းထံမှ သတင်းအရ အသူရာနတ်ဆိုးမျိုးနွယ်သည် နတ်သူငယ်များမတိုင်မီ အုပ်ချုပ်ခဲ့သော အင်အားကြီးသည့် မျိုးနွယ်ဖြစ်သည်။

အတွင်းပိုင်းပြဿနာများကြောင့် အသူရာနတ်ဆိုးမျိုးနွယ်သည် ပြင်းထန်စွာ အထိနာသွားပြီး ၎င်းတို့၏ လူဦးရေမှာမျိုးသုန်းတော့မည့်အခြေအနေထိ အပြင်းအထန်လျော့ကျသွားသည်။

အသူရာနတ်ဆိုးမျိုးနွယ်၏ရှင်သန်နိုင်ရေးအတွက် ၎င်းတို့၏ကြီးမားသောအရည်အချင်းနှင့် အဆုံးမဲ့ပင်လယ်သို့ ရောက်လာခဲ့ကာ ကမ္ဘာသစ်တစ်ခုအား လမ်းဖောက်ခဲ့သည်။ သူတို့သည် ဤကမ္ဘာကို ထိုအချိန်ကတည်းက ထွက်သွားခဲ့ခြင်းဖြစ်ပြီး ခြေရာတစ်ခုမျှပင် မချန်ခဲ့ပေ။

ကျွမ်းကျင်ဘုန်းတော်ကြီး ကမ်မီလာ၏အဆိုအရ အသူရာနတ်ဆိုးမျိုးနွယ်သည် ဤကမ္ဘာသို့ပြန်လာရန် ဖြစ်နိုင်ချေတစ်ခုရှိပြီး ထိုဖြစ်နိုင်ချေမှာ အလွန်နည်းပါးသည်။

အကြောင်းမှာ အသူရာနတ်ဆိုးမျိုးနွယ်သည် ဤကမ္ဘာကိုချန်ခဲ့သည်မှာ နှစ်သောင်းပေါင်းများစွာ ကြာပြီဖြစ်ပြီး ၎င်းတို့၌ အကယ်၍ ပြန်လာချင်စိတ်ရှိခဲ့လျှင် ပြန်လာပြီးပြီဖြစ်လိမ့်မည်။

ဤကမ္ဘာတွင် အသူရာနတ်ဆိုးမျိုးနွယ်၏သတင်းမကြားရခြင်းမှာကြာပြီဖြစ်၍ ၎င်းတို့သည် အပြီးတိုင် ပျောက်ကွယ်သွားခြင်းဖြစ်နိုင်သည်။

ရှုယီသည်ထိုသတင်းအတွက် အလွန်စိတ်ပျက်သွားသည်။

အသူရာနတ်ဆိုးမျိုးနွယ်အကြောင်း ကောလဟသများအရ နှင့် နတ်သူငယ်မျိုးနွယ်စုမှရသော မှတ်တမ်းများအရ ရှုယီက ထိုအသူရာမျိုးနွယ်စုသည် အင်အားကြီးမားသော နည်းပညာရှိသည့် တိုးတက်သော မျိုးနွယ်စုတစ်ခုဖြစ်ကြောင်း သေချာသည်။

အသူရာနတ်ဆိုးမျိုးနွယ်စု၏ “ကမ္ဘာပျက်ကိန်းစစ်ပွဲ” အကြောင်း နတ်သူငယ်များ၏ ဒဏ္ဍာရီမှတ်တမ်း၌ ကြည့်လျှင် ၎င်းကို သက်သေပြနိုင်သည်။

“ကမ္ဘာပျက်ကိန်းစစ်ပွဲ”၏အသေးစိတ်မှာ အသူရာနတ်ဆိုးမျိုးနွယ်သည် ၎င်းတို့၏ပြည်တွင်းစစ်ပွဲတွင် ကိုယ်တိုင်လုပ်အင်အားကောင်းလက်နက်များ အသုံးပြုခဲ့ကာ ၎င်းသည် အသူရာနတ်ဆိုးမျိုးနွယ်စုကို ဖျက်ဆီးခဲ့၍ ၎င်းတို့၏ လူဦးရေကို လျော့ကျစေခဲ့ကြောင်း စာကြောင်းတစ်ချို့မှဖော်ပြထားသည်။

၎င်းသည် အသူရာမျိုးနွယ်စုအား လမ်းကိုဖြတ်ကာ အခြားကမ္ဘာသို့ သွားစေသည့် အကြောင်းအရင်း ဖြစ်သည်။

အချို့သော မှတ်တမ်းများနှင့် ဒဏ္ဍာရီများ၌ အသူရာနတ်ဆိုးမျိုးနွယ်စုသည် ဤကမ္ဘာသည် ၎င်းတို့အတွက် အသက်ရှင်သန်ရန်နေရာမဟုတ်ဟု ခံစားရသောကြောင့် ထွက်သွားကြခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

.

ကမ္ဘာပျက်ကိန်းစစ်ပွဲဟု ယေဘုယျခေါ်ဆိုကြသောနာမည်သည် ရှုယီကို ကမ္ဘာ၏ဝတ္တုများထဲရှိ ကမ္ဘာ၏အဆုံးသတ် ဇာတ်ညွှန်းများတွင် ဖော်ပြတတ်သည်ကို တွေးမိစေသည်။

အင်အားအကောင်းဆုံးလက်နက်ဟူသော ဒဏ္ဍာရီသည် ကမ္ဘာပေါ်တွင်မူ နျူကလီယားလက်နက်နှင့် အတူတူပင်မဟုတ်ပါလား?

ကမ္ဘာပေါ်ရှိဝတ္ထုများနှင့် ရုပ်ရှင်များတွင် ကမ္ဘာ၏အဆုံးသတ်မတိုင်ခင် နျူကလီးယားစစ်ပွဲများ ကမ္ဘာပေါ်တွင်စဖြစ်သည့် အကြောင်းပုံဖော်ကြသည်။ လူသားများသည် နေထိုင်ရန်နေရာများ မရှိတော့ပဲ အသက်ရှင်နေထိုင်ရန်အကောင်းဆုံး ကြိုးစားကြရသည်။

အသူရာနတ်ဆိုးမျိုးနွယ်၏ မှတ်တမ်းများသည်လည်းထိုကဲ့သို့ပင် ဖြစ်ပါသလား?

ထို့ကြောင့် ရှုယီသည် အသူရာနတ်ဆိုးမျိုးနွယ်စုအကြောင်းကို ပိုမိုစိတ်ဝင်စားလာခဲ့ရသည်။

ကောင်းသောအချက်မှာ အကြီးအကဲ အွန်ဒင်းက ရှုယီအား ဝမ်းသာ၍ အံ့ဩစေသည့် အရာတစ်ခု စီစဉ်ပေးခဲ့သည်။ နတ်သူငယ်များသည် အသူရာနတ်ဆိုးမျိုးနွယ်ချန်ရစ်ခဲ့သော အပျက်အစီးများ အကြောင်း သိနေခြင်းဖြစ်သည်။

အကြီးအကဲ အွန်ဒင်း၏ရှင်းပြချက်အရ နတ်သူငယ်များသည် ဤနယ်မြေတွင် နတ်သူငယ်များသည် လွန်ခဲ့သော နှစ်တစ်သောင်းကျော်က ပေါ်လာခဲ့သည်။ သို့သော်ပေါ်လာပြီးနောက် ၎င်းတို့သည် အသူရာနတ်ဆိုးမျိုးနွယ်၏ ကျွန်ပြုခြင်းကိုခံလိုက်ရသည်။ ၎င်းတို့သည် အသက်ရှင်ရန်အတွက် အနိမ့််ဆုံးအလုပ်သမားများလုပ်ခဲ့ရသည်။

ကမ္ဘာပျက်ကိန်းစစ်ပွဲပြီးနောက် အသူရာနတ်ဆိုးမျိုးနွယ်သည် ၎င်းတို့သည် ဤနယ်မြေထဲ၌ နေထိုင်ရန် မသင့်တော်ကြောင်း ခံစားခဲ့ရသဖြင့် နတ်သူငယ်များသည် လမ်းခင်းပေးရန် ကူညီခဲ့ ကြရသည်။ ထို့ကြောင့် နတ်သူငယ်များ၏ ဘိုးဘေးဘီဘင်များမှ ထိုအကြောင်းကို မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုမှတ်တမ်းများသည် နှုတ်အားဖြင့်သာ ဆင်းသက်လာသောကြောင့် တိကျမှုမရှိပေ။

သို့သော် ဒဏ္ဍာရီထဲမှ အသေးစိတ်အချက်များနှင့် ဆင်တူနေသောကြောင့် တချို့အချက်များကို အတည်ပြု၍ရသည်။

အများစုမှာ အသူရာနတ်ဆိုးမျိုးနွယ်သည် ဤကမ္ဘာမှထွက်သွားကြောင်းပြောထားကြသည်။

ထိုမှတ်တမ်းများ၌ အရေးကြီးဆုံးအချက်မှာ နတ်သူငယ်ဘိုးဘေးများ၏မှတ်တမ်းရှိ တဆင့်ပို့ဆောင် ပေးသည့် လမ်း၏ တည်နေရာပင်ဖြစ်သည်။

အကြီးအကဲအွန်ဒင်းသည် ထိုအကြောင်းများစွာလေ့လာခဲ့ရာ ရှုယီက အသူရာနတ်ဆိုးမျိုးနွယ်အား တဆင့်ပို့ဆောင်ပေးခဲ့သည့် ဂိတ်၏တည်နေရာမှာ ကောင်းကင်ကျွန်းအနီးတွင်တည်ရှိကြောင်း အတည်ပြုခဲ့သည်။

အာကာလီသည် ကောင်းကင်ကျွန်းကို သုတေသနအခြေစိုက်ဌာနအဖြစ်ရွေးခဲ့သည်မှာ မြင့်မားသည့် လေဟာနယ်စမ်းသပ်မှုအတွက်သာမဟုတ်ပဲရှုယီ၏ ကိုယ်ပိုင်တောင်းဆိုမှုကြောင့်လဲဖြစ်သည်။

ရှုယီသည် အာကာလီအား သူသည်အဘယ်ကြောင့် ထိုနေရာကိုရွေးလိုက်ကြောင်း မရှင်းပြခဲ့ပေ။ သို့သော်ရှုယီသည် လွန်ခဲ့သောခြောက်ရက်က အသူရာနတ်ဆိုးမျိုးနွယ်အကြောင်းပြောခဲ့ပြီး အခြားအရာ များကိုလည်းပြောပြခဲ့တော့သည်။

အာကာလီသည် ဝတ္ထုဆန်သောအရာများကိုကြိုက်နှစ်သက်တတ်သူဖြစ်ပြီး ထိုအကြောင်းကို သိရသည်နှင့် သူမကိုရိုက်နှက်လျှင်ပင် လွတ်ချလိမ့်မည်မဟုတ်တော့ပါ။

“အဲ့ဒီအကြောင်းဘာမှပြောစရာမရှိတော့ပါဘူး” အကြီးအကဲ အွန်ဒင်းက ခေါင်းခါလိုက်ပြီး “အသူရာနတ်ဆိုးမျိုးနွယ်က လွန်ခဲ့တဲ့နှစ်တစ်သောင်းလောက်ကတည်းက ဒီကမ္ဘာကိုစွန့်ခွာသွားတာ။ ကျန်ခဲ့တဲ့အရာတွေရှိရင်တောင် အချိန်ကြောင့် ပျောက်ကွယ်သွားလောက်ပြီ လူတိုင်းနည်းနည်း သတိထားကြတာတော့ မမှားပါဘူး။

“အာ အဲ့တာမှန်တယ်” ရှုယီကစဉ်းစားလိုက်ပြီးဘာမှထပ်ပြောရန်မလိုကြောင်းတွေ့ပြီး လက်ကိုသာယမ်းလိုက်သည်။ “သွားကြတာပေါ့ ဒါပေမဲ့ ငါ့အမိန့်ကိုသတိရပါ ဂရုစိုက်ပြီးလုပ်ကြပါ”

အားလုံးသဘောတူလိုက်ကြပြီး မှော်လေသင်္ဘောမှ အုပ်စုငယ်အဖြစ်ခွဲကာ ဂရုတစိုက် ထွက်ခွာ ကြသည်။

နတ်သူငယ်စစ်သည် နှစ်ယောက်နှင့် Frestechကုန်သည်ကြီးများအသင်း၏မှော်ပညာရှင်နှစ်ယောက်သည် ရှေ့မှသွားကြသည်။ နတ်သူငယ်များနှင့် လူသားမှော်ပညာရှင်များ၏ အားကောင်းသော အာရုံခံနိုင်စွမ်း နှင့် တစ်ခုခုဖြစ်လျှင် ၎င်းတို့သည် ချက်ခြင်းတုံ့ပြန်နိုင်ပြီးအရှေ့တွင်ရှိသော မူမမှန်မှုများကို ရှာတွေ့နိုင်သည်။

အဖွဲ့တွင် အားအကောင်းဆုံးဖြစ်သည့် ရှုယီနှင့် အကြီးအကဲအွန်ဒင်းသည် ၎င်းတို့၏စိတ်ကို အာရုံပြုကာ ဘေးပတ်လည်၍ မှော်နေရာလပ်ကို ထိန်းချုပ်နေသည်။ တစ်ခုခုဖြစ်သည်နှင့် ချက်ခြင်း တုံ့ပြန်မည် ဖြစ်သည်။

သို့သော်လည်း အချက်လက်များအရ ၄င်းတို့သည် အလွန်သတိထားနေကြကြောင်းသိသာသည်။

ကမ်းခြေရှိမှော်လေသင်္ဘောများရှိသည့်နေရာမှ ကျွန်းစု၏အလယ်ရှိ သစ်ပင်များသို့ လာခဲ့ရာ သေးငယ်သော တောကောင်များကိုသာတွေ့ကာ အခြားဘာမှမတွေ့ပဲ အန္တရာယ်မရှိပေ။

အကယ်၍ အန္တရာယ်ရှိမည်ဆိုလျှင် ယခင်ကပို့လိုက်သော အပျက်အစီးများရှာဖွေသည့်အသင်းသည် လွယ်ကူစွာရှာနိုင်မည်မဟုတ်ပေ။

အချိန်အနည်းငယ်ကြာပြီးနောက် ၎င်းတို့အဖွဲ့သည် ထူထပ်နေသော သစ်ပင်များဆီသို့ လုံခြုံစွာရောက်သွားသည်။

ရှုယီသည် ကြည့်လိုက်ပြီး သစ်ပင်များ၏အောက်တွင်အထူးပွင့်နေသည့် နေရာတစ်ခုရှိကာ ဘေးပတ်လည်တွင်ရှိသောနေရာများနှင့်ကွဲပြားနေသည်။

ထိုပွင့်နေသည့်နေရာသည် လေးထောင့်ပုံစံရှိပြီး အထူးကျောက်ပြားများဖြင့် တည်ဆောက်ထားကာ မြက်ပင်များကိုဘေးမှဖြတ်ထားသည် တစ်ယောက်ယောက်ကြည့်လျှင် ကန့်လန့်ဖြစ်နေသလိုပင်။

ထိုကျောက်တုံးနေရာတွင် ဘက်စကတ်ဘောကွင်းအရွယ်အစားခန့်ရှိပြီး ကြီးမားသည့်တိုင်တစ်ခုရှိသည်။

ထိုတိုင်သည် သစ်ပင်များထပ်ထူထဲကာ လူနှစ်ဦးစာလောက်ရှိပေသည်။ ထိုတိုင်သည် ကျောက်တုံးဖြင့်လုပ်ထားသလိုထင်ရသော်လည်း သတ္တုဖြင့်လုပ်ထားသည်ဟုလဲထင်ရသည်။တစ်ချက်ကြည့်ရုံမျှနှင့်မည်သည့်အရာနှင့်လုပ်ထားမှန်းပြောမရပေ။

ထိုတိုင်သည် အလွန်ချောမွတ်ပြီး အနာအဆာတစ်ခုမျှမရှိသဖြင့် ချက်ခြင်းပင် လူလုပ်ထားကြောင်းလည်း ဖော်ပြနေသည်

ထိုတိုင်သည်ဆယ်မီတာခန့်ရှည်လျားကာ ၎င်း၏ထိပ်၌ မတူညီသည့်ပစ္စည်းဖြင့်လုပ်ထားသည့် လုံးဝန်းသောအရာတစ်ခုလဲရှိသည် တိုင်နှင့်စာလျှင် သတ္တုနှင့်လုပ်ထားသည်နှင့်ပိုတူသည်။

ထိုအရာမှလွှဲ၍စက်လုံးတွင် အခြားထူးခြားသည့်အရာမရှိပေ။

“အကြီးအကဲ အွန်ဒင်း ဒါကဘာလဲဆိုတာသိလား?” ရှုယီကမေးသည်။

အကြီးအကဲအွန်ဒိုင်းမှခေါင်းခါလိုက်သည် “ကျွန်မမသိဘူး မှတ်တမ်းထဲမှာရေးထားတာတော့ အပျက်အစီးတွေရှိတဲ့အကြောင်းပဲပြောထားတာ အခြားဘာမှမရေးထားဘူး ကျွန်မခန့်မှန်း ရသလောက် တော့ …. နတ်သူငယ် ဘိုးဘေးတွေကဒီအရာကိုဘာလဲဆိုတာမသိတာ သို့ နောက်ကွယ်က အခြေခံနိယာမ တွေကို မသိတာဖြစ်နိုင်တယ်။

ရှုယီက ခေါင်းငြိမ်ကာ သဘောတူကြောင်းပြလိုက်သည်။

လွန်ခဲ့သောနှစ်တစ်သောင်းမှနတ်သူငယ်ဘိုးဘေးများသည် နယ်မြေထဲတွင်ပေါ်လာပြီး အသူရာနတ်ဆိုးမျိုးနွယ်၏ ကျွန်ပြုခြင်းကိုခံရသဖြင့် သဘာဝကျစွာပင် ၎င်းတို့၌ တူညီသော ဗဟုသုတ မရှိပေ။ ဤအရာသည်မည်သည့်အတွက်ကြောင့်ဖြစ်မှန်းမသိသည်မှာ သဘာဝကျပါသည်။

“ဒီပစ္စည်းပေါ်မှာမှော်ပညာရှိတဲ့ပုံမပေါက်ဘူး ဒါတကယ်ပဲ ဘာအတွက်လဲ?”

အာကာလီက ထိုတိုင်အား ပုတ်လိုက်သည် တိုင်သည် အနည်းငယ်မျှလှုပ်ရှားခြင်းမရှိပေ။

“အသူရာနတ်ဆိုးမျိုးနွယ်က သုံးတာက မှော်ပညာမဟုတ်တာလဲဖြစ်နိုင်တယ်။ ရှုယီကခေါင်းကိုခါ၍ ပြုံးလိုက်သည်။ သို့သော် သူသည် အတွေးတစ်ခုရကာ တိုင်ဆီသို့လာပြီး ရုတ်တရက် ရိုက်လိုက်သည်။

အာကာလီသည်မျက်စိကိုဝေ့ကြည့်လိုက်ပြီး “ရှင်က အသူရာနတ်ဆိုးမျိုးနွယ်က မှော်ပညာသုံးတာ မဟုတ်ဘူးလို့ပြောပြီးမှ မှော်ပညာနဲ့လဲစမ်းသပ်နေသေးတယ် ရှင်က ရှင့်ကိုယ်ရှင်နဲ့ တခြားသူတွေကို လိမ်နေတယ်လို့မထင်မိဘူးလား?”

ရှုယီက ပြုံးသည် “ဒါကမမှန်လောက်ဘူး”

သူသည် မှော်ပညာသုံးသကဲ့သို့ ဘေးပတ်လည်မှ မှော်စွမ်းအားများကို စတင်၍ စုဆောင်းလိုက်သည်။

အသူရာနတ်ဆိုးမျိုးနွယ်၏နည်းပညာသည် မှော်ပညာနှင့်မပက်သက်နိုင်သော်လည်း မည်သို့ပင် ဖြစ်ပါစေ ၎င်းတို့သည် စွမ်းအင်ကိုအသုံးပြုရန်လိုအပ်သည်။

မှော်ပညာသည် အထူးစွမ်းအင်ထည့်သွင်းသည့် နည်းလမ်းဖြစ်သည်။ လိုက်လျောညီထွေဖြစ်နိုင်သော ကြီးမားသည့်အကျိုးကျေးဇူးလည်းရှိသည်။

ရှုယီသည် ထိုတိုင်အား မည်သည့်နေရာတွင်သုံးသည်ကိုမသိသော်လည်း သူသည် မှော်ပညာဖြင့် စုံစမ်းစစ်ဆေးနိုင်ရန် မျှော်လင့်ချက်ရှိသေးသည်။

***

Volume 8 အခန်း ၄၉ ။ အနုစိတ်လွန်းသောစက်ယန္တရား

ယခုလက်ရှိစိုင်စ်နယ်မြေတွင် မှော်ပညာအပေါ်နားလည်မှုမှာ ယခင်ကကဲ့သို့ မှော်စွမ်းအင်သုံးကာ သဘာဝမှော်ပညာကို စုစည်းခြင်းနှင့် မှော်မန္တာန်ဖွဲ့စည်းခြင်းတို့လောက် ရိုးရှင်းတော့မည်မဟုတ်ပေ။

ရှုယီအဆိုပြုခဲ့သော သိပ္ပံရှုထောင့်မှလေ့လာခြင်းကြောင့် စိုင်စ်နယ်မြေမှ မှော်ပညာရှင်များသည် မှော်ပညာ၏အနှစ်သာရကို တဖြည်းဖြည်းလေးနက်စွာရရှိလာခဲ့ကြသည်။

ရှင်းလင်းသော ဥပမာတစ်ခုမှာ မည်သည့်မှော်ပညာအမျိုးအစားမဆို မရေတွက်နိုင်သောတိကျသည့် အချက်အလက်များကို ထောက်ပံ့နိုင်ပြီ ဖြစ်သည်။ ၎င်းတို့သည် ဇဝေဇဝါဖြစ်စေသော အယူအဆများ ဖြစ်သည့် ခံစားချက် သို့မဟုတ် သင့်တော်သည့်နေရာကိုရှာခြင်းတို့ကို မသုံးကြတော့ပေ။

အရိုးရှင်းဆုံး မီးဘောလုံးမန္တာန်ကို ပင်ကြည့်ပါ မီးဘောလုံးမန္တာန်ကိုသုံးမည်ဆိုလျှင် တစ်ဦးသည် သဘာဝမှော်စွမ်းအင်ကို လိုအပ်မည်ဖြစ်ပြီး မီးဘောလုံးကို အသက်သွင်းရန် စုစည်းထားသော စွမ်းအားများ၏ အရှိန်ကို မီးဘောလုံးများ အပူချိန်တွက်သုံးရပြီး အနေထား ပုံစံ စသဖြင့်… မျိုးစုံသော ရှုပ်ထွေးကာ တိကျသော အချက်အလက်များလိုအပ်သည်။

ထို့ပြင် ထိုအချက်လက်များသည် မှော်ပညာရှင်များအလိုက် ညှိရသေးသည် ထို့ကြောင့် မိးဘောလုံးကို လေ့လာလျှင် ယခင်က အလွန်ခက်ခဲခဲ့သည်။

သို့သော် အကျိုးကျေးဇူးမှာ ထိုနည်းလမ်းကိုဖမ်းဆုပ်မိသည်နှင့် မီးမန္တာန်ကိုဖမ်းဆုပ်မိသည်နှင့် တူမည် ဖြစ်သည်။ ၎င်းသည် မီးမှော်ပညာကို နက်ရှိုင်းစွာနားလည်မှုကို ပေးမည်ဖြစ်ပြီး အခြားမှော်ပညာများကို လေ့လာရာတွင် လွယ်ကူစေမည်ဖြစ်သည်။

နယ်မြေထဲရှိအနည်းငယ်သောမှော်ပညာရှင်များသည် ထို မီးဘောလုံး ရေမြှား နှင့် ကျောက်တုံးပစ် ကဲ့သို့သော သဘာဝမှော်မန္တာန်များကို သင်ယူကြသည်။ အကြောင်းမှာ ၄င်းတို့သည် မှော်စက်မှုလုပ်ငန်းတွင် အသုံးမပြုကြခြင်းကြောင့်ဖြစ်သည်။

လူတိုင်းလိုအပ်သည့် သင်ယူခြင်းမှာ ထိုထပ်ပိုမို ရှုပ်ထွေးသောကြောင့်ဖြစ်သည်။

အကယ်၍ယခင်ကဆိုလျှင် ရှုယီသည် ထိုတိုင်ကိုစစ်ဆေးလိုလျှင် သူ၏မှော်ပညာကို ဘေးမှ သဘာဝ မှော်ပညာစွမ်းအင်များအား သက်ရောက်စေရန်သုံးပြီး တုံပြန်မှုကိုစစ်ဆေးမည်ဖြစ်သည်။ မှော်ပညာနှင့် ပက်သက်လျှင် ၎င်းသည် တုံ့ပြန်ချက်တစ်ခုထပ်မပိုပေ။

သို့သော်လည်း ရှုယီသည် မှော်ပညာနှင့်စစ်ဆေးရန်ဆုံးဖြတ်လိုက်ပြီးသည့်နောက် သူသည် အာကာလီအား စက်ကိုထုတ်ရန်ပြောလိုက်ပြီးတိုင်ပေါ်တွင်ကြိုးများနှင့်တင်လိုက်သည် ထို့နောက် သူသည် တိုင်ပေါ်တွင် သူ့လက်ကိုတင်လိုက်ကာ ဖြည်းဖြည်းမှန်မှန် သူ၏မှော်ပညာများကို သွင်းလိုက်သည်။

အမှန်တကယ်မူ ထိုအလုပ်သည် မှော်ပညာတစ်ခုတည်းနှင့် ပြီးနိုင်ပါသည်။

သို့သော် သူတို့သည် ထိုတိုင်အကြောင်းကိုမသိပဲ အသူရာနတ်ဆိုးမျိုးနွယ်မှ ချန်ထားခဲ့သည့် အရာ တစ်ခု ဖြစ်ကြောင်းသာ သိသဖြင့် ရှုယီသည် မှော်ပညာတစ်ခုတည်းဖြင့် သေချာမှုမရှိသောကြောင့် ထိုသို့ ကိုယ်တိုင်ကိုယ်ကျ စုံစမ်းရန်ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်။

အင်အားကြီးသော ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးအနေဖြင့် သူ၏အရည်အချင်းသည် သဘာဝ မှော်ပညာအား ထိန်းချုပ်ဖို့ရန်အားကောင်းခြင်း တိကျခြင်း သို့မဟုတ် စက်နှင့် တစ်သားတည်း ကျခြင်း မရှိပေ။ သို့သော် တစ်ခုခုဖြစ်သည်နှင့် သူသည်ချက်ခြင်းတုံ့ပြန်မှုပြုလုပ်နိုင်သည်။

ရှုယီ၏မှော်စွမ်းအားသည် တိကျစွာစိတ်စွမ်းအားထွက်ပေါ်လာကာ သူ့ဘေးမှသဘာဝမှော်စွမ်းအား များကို သက်ရောက်ပြီး တိုင်ပတ်လည်တွင်စုစည်းလာသည်။

ထိုသဘာဝမှော်ပညာသည် သတ်မှတ်ထားသော အမှတ်သို့ရောက်လျှင် ရှုယီကရပ်လိုက်သည် သူသည် မှော်ပညာ၏ကြိမ်နှုန်းကို ပြောင်းလဲပြီး ကွဲပြားသောတုံ့ပြန်မှုများရရှိစေရန် ကြိုးစားနေသည်။

လွန်ခဲ့သောရှစ်နှစ်က Frestechကုန်သည်ကြီးများအသင်း၏ သုတေသနအရ မှော်စွမ်းအား၏ကြိမ်နှုန်းကို ပြောင်းလဲခြင်းသည် သဘာဝမှော်စွမ်းအား၏ကြိမ်နှုန်းကိုလည်းပြောင်းလဲနိုင်သည်။ ခြားနားသော သဘာဝမှော်စွမ်းအင် ကြိမ်နှုန်းသည်ကွဲပြားသော စွမ်းအားလှိုင်းကိုထုတ်လွတ်ပြီး ကွဲပြားသောစွမ်းအင် ပုံစံကို ဖန်တီးလိမ့်မည်။

နက်ရှိုင်းစွာသွားကြည့်လျှင် ၎င်းသည် နျူကလီးယားမှော်စွမ်းအင်နှင့် ပက်သက်နေသည်။

သို့သော် အဲ့လောက်ထိ နက်ရှိုင်းစွာသွားဖို့ရန် မလိုအပ်သေးပေ။ ရှုယီသည် ထိုသီအိုရီ၏ အထူး လက္ခဏာရပ်ကို အသုံးပြုရန်လိုအပ်သည်။

သူ၏ လေ့လာမှုအရ ရှုယီသည် ကွဲပြားသောကြိမ်နှုန်းနှင့် သဘာဝမှော်စွမ်းအင် သည် စွမ်းအင်ပုံစံမျိုးစုံ ကို လုပ်နိုင်ကြောင်းရှာဖွေတွေ့ရှိသွားသည်။

ဥပမာအားဖြင့် ကမ္ဘာပေါ်တွင် သုံးသော လျှပ်စစ်စွမ်းအင်သည် အမှန်တကယ်မူ အဆင့်မြင့်သည် လေမှော်ပညာနှင့် မိုးကြိုးမှော်ပညာတို့မှလာသော မှော်ပညာပင်ဖြစ်သည်။

တစ်ခုတည်းသော ပြဿနာမှာ မိုးကြိုးမှော်ပညာကိုသုံးသည့် မှော်ပညာရှင်များသည် ဗို့အားနှင့် လျှပ်စစ်ကို အာရုံမစိုက်ကြချေ။ ရှုယီသည် ထိုကိစ္စကို သတိပြုမိပြီး မှော်သုတေသနဌာနအား လေ့လာရန် တောင်းဆိုသဖြင့် ၎င်းတို့သည်ကမ္ဘာပေါ်ကဲ့သို့လျှပ်စစ်ကို ထိန်းချုပ်နိုင်ရန် ဖြစ်လာခဲ့သည်။

သူသည် လျှပ်စီးကိုအသုံးပြုပြီး အဖြိုက်နက်သတ္တုနန်းမျှင်ကို လင်းစေနိုင်ခဲ့သည်။

ရိုးရှင်းကာ အဆင်ပြေသည့် မှော်မီးအိမ်များ၏ရှေ့တွင် လျှပ်စစ်မီးသီးများက ပိုမို၍ အရေအသွေးညံ့ပြီး ပိုမိုကုန်ကျမည်ဖြစ်သည်။ ထို့ကြောင့် ရှုယီသည် ၎င်းအတွက် အချိန်ကုန်မခံတော့ပါ။

သို့သော် ဤလေ့လာမှုအားဖြင့် ရှုယီသည် မှော်ပညာအားပိုမိုနားလည်လာခဲ့ရသည်။

သူသည် လေ့လာမှုကိုထိန်းသိမ်းထားလျှင် ခေတ်နောက်ကျသည့် မှော်ပညာသည် ကမ္ဘာ၏ ခေတ်သစ် နည်းပညာထပ် ပိုမိုများပြားတိုးပွားလာမည်ဖြစ်ကြောင်းယုံကြည်ထားသည်။

ယခုတွင်ရှုယီ၏ စစ်ဆေးမှုခေါင်းစဉ်သို့ပြန်သွားရလျှင်

ယခင်လေ့လာမှုများအရ သူ၏သဘာဝမှော်ပညာအပေါ် တိကျသည့် ထိန်းချုပ်မှုသည် စွမ်းအင်ပုံစံများ များပြားစွာဖန်တီးဖို့ရန်ဖြစ်သည်။

ထိုကွဲပြားသည့် မှော်စွမ်းအင်များကို တိုင်ထဲသို့ထည့်ကာ တုံ့ပြန်မှုရှိမရှိကြည့်လိုခြင်းဖြစ်သည်။

အစ၌ တိုင်လုံး၌ တုံ့ပြန်မှု တစ်စက်မှမရှိပေ။ သာမန်ကျောက်တုံးဖြင့်လုပ်ထားသကဲ့သို့ ရှုယီဘာလုပ်လုပ် တုံ့ပြန်မှုမရှိပေ။

သို့သော်လည်း ရှုယီသည် သဘာဝမှော်စွမ်းအင်အား တိုးလိုက်ပြီး လျှပ်စီးကိုထပ်သုံးလိုက်ရာ တိုင်၌ အလင်းမှိန်မှိန်လေးတစ်ခုလင်းနေသည်။

အနည်းငယ်ပျင်းနေသော အာကာလီနှင့် အကြီးအကဲ အွန်ဒင်း နှင့် ဘေးမှအခြားသူများသည် အံ့ဩကာ မျက်စိများပြူးထွက်လာကြသည်။

အာကာလီသည် စက်ပေါ်တွင်ရှိသည့် အချက်အလက်ကိုကြည့်ကာ ကျယ်လောင်စွာအော်လိုက်သည်။ “သဘာဝမှော်စွမ်းအင်က ၃.၇၊ ကြိမ်နှုန်းက ၂၅.၃၉၁ ဟက်ဇ်၊ ၁၉၃.၃၇ဒီဂရီ၊ လှိုင်းနှုန်းက…….”

ထူးဆန်းသော ဒေတာများအစုလိုက်ပေါ်လာသည် သို့သော် ရှုယီက မည်သည်ကိုဆိုလိုမှန်း အမြန် သိသွားသည်။ သူသည် သူ့မှော်စွမ်းအားကိုထိန်းညှိကာ တူညီသည့် သဘာဝမှော်စွမ်းအင်ကို ထပ်ထည့် လိုက်သည်။

ထင်မှတ်ထားသလိုပင် တူညီသည့် ခပ်မှိန်မှိန်အလင်းတစ်ခုပေါ်လာသည်။

သို့သော် ထိုအလင်းသည် အားနည်းပြီး လူတိုင်းလွတ်မသွားတန်းစိုက်ကြည့်နိုင်စွမ်းရှိသည်

အာကာလီသည်မျက်မှောင်ကုပ်လိုက်ပြီး ရှုယီကိုမေးလိုက်သည်

“ဥက္ကဌ ကျွန်မတို့ အားနည်းနည်းထပ်ထည့်ရမလား?”

“ကောင်းပြီ” ရှုယီက ခေါင်းငြိမ့်ကာ သဘာဝမှော်စွမ်းအားများကို စုစည်းပြီးတိုင်ထဲသို့ထည့်လိုက်သည်။

သူသည် သဘာဝမှော်စွမ်းအားကို သိပ်သည်းစေလေလေ အလင်းသည် ပိုမိုလင်းလင်းလာသည်။

ထိုအလင်းသည် မျက်စိကျိန်းစေသည့်အနေအထားရောက်လျှင် ရှုယီသည် ရပ်လိုက်သည်။

သို့သော် လူတိုင်းသည် တိုင်မှလင်းလာသည်ကိုကြည့်နေရရုံမှလွဲ၍ အခြားပြောင်းလဲမှုမရှိပေ။

“ဥက္ကဌ ကျွန်မတို့ ဗို့အားကိုထပ်တင်ရမလား?” အာကာလီကမေးသည်။

ရှုယီက တုံ့ဆိုင်းနေသည်။

အကယ်၍ တိုင်သည် လျှပ်စီးလိုအပ်သည့် တိကျသည့်ကိရိယာကို ဖုံးကွယ်ထားလျှင် ၎င်းတို့ အားကို ထပ်တိုးလျှင် အတွင်းပိုင်း၌ပျက်စီးမှုရှိနိုင်သည်။

အနည်းငယ်စဉ်းစားပြီးနောက် သူသည် နည်းလမ်းကိုပြောင်းလဲလိုက်သည်။

ရှုယီသည် ဗို့အားကိုမတင်တော့ပဲ သဘာဝမှော်စွမ်းအားကိုပြန့်ကျဲစေကာ ဗို့အားကို လျော့စေ လိုက်သည်။ ပြီးနောက် သူသည်ဂရုတစိုက်နှင့် သဘာဝမှော်စွမ်းအားကို ထိန်းချုပ်ကာ လျှပ်စီးအနည်း ငယ်ကို ထုတ်ကာ တိုင်ထဲသို့သွင်းလိုက်သည်။

ရှုယီသည် လျှပ်စီးအမျှင်တန်းကို တိုင်ထဲတွင် သွားလာနိုင်အောင် ထိန်းချုပ်လိုက်သည်။

ထိုလျှပ်စီး၏ကြုံနေရသော အနှောက်အယှက်များကို ကြည့်ချင်းအားဖြင့် ရှုယီသည် အမြန်ပင် အခြေအနေကို သုံးသပ်နိုင်သည်။

တိုင်သည် သတ္တုတစ်ခုနှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး လျှပ်စီးကို ကူးပြောင်းနိုင်စွမ်းရှိကာ အလွန်ရှုပ်ထွေး သည်။ သူ၏ တိကျသည့်စက်ဖြစ်ကြောင်း မှန်းဆချက်များသည် မမှားပေ။

သို့သော် သိသွားပြီးသည့်နောက် ထပ်မံ၍ မစစ်ဆေးရဲတော့ပေ။

အသူရာနတ်ဆိုးမျိုးနွယ်၏ နည်းပညာအဆင့်အတန်းမှာ မြင့်မားလိမ့်မည် ထို့ကြောင့် ၎င်းတို့ချန်ခဲ့သော စက်မှာ တိကျမှုရှိခြင်းဖြစ်သည်။ အကယ်၍မတော်တဆ ဖျက်စီးမိလျှင် ဆုံးရှုံးမှုကို ကာနိုင်မည် မဟုတ်ပေ။

အနည်းငယ်စဉ်းစားပြီးနောက် သူသည် အကြီးအကဲအွန်ဒင်းကိုမေးလိုက်သည် “ အကြီးအကဲအွန်ဒင်း ကျွန်တော်ကြားတာ ခင်ဗျားတို့ အဇ်ရှာရာမျိုးနွယ်စုမှာ အထူးစုံစမ်းရေးမှော်ပညာရှိတယ်ဆို”

အကြီးအကဲအွန်ဒင်းက ဘေးမှလူများ၏မျက်နှာကိုကြည့်ပြီးနောက် ခေါင်းငြိမ့်ကာ “ဟုတ်တယ် ဘာလို့လဲ အခုသုံးရမှာလား?”

“တခြားနည်းလမ်းလဲမရှိဘူးလေ ဒါမဲ့ ဒီအခြေနေကိုတိုးတက်စေလိမ့်မယ်” ရှုယီက ဆန်တန်တာသို့လှည့်လိုက်ပြီး

“Frestechကုန်သည်ကြီးများအသင်းကိုအခု လက်အောက်ကလူတွေနဲ့ ပြန်ပြီး စတေးလ်ကိုရှာပါ ပြီးရင် New Moon ကုန်သည်ကြီးများအသင်းက စုံစမ်းရေးအဖွဲ့ငယ်တစ်ခုလောက် ကူညီဖို့ လွတ်ပေးပါလို့ သူမကို ပြောလိုက်ပါ”

လူတိုင်းသည်ရှုယီအား ထူးဆန်းသည့်အကြည့်နှင့်ကြည့်နေသည်။

အာကာလီက မနေနိင်ပဲမေးလိုက်သည်။

“ဥက္ကဌ ကျွန်မအထင် ရှင်ကအထဲကိုစစ်ဆေးဖို့ စုံစမ်းရေးကိရိယာတွေလိုချင်တာမဟုတ်ဘူးမလား အဲ့တာက အလုပ်မဖြစ်လောက်ဘူး ဟုတ်တယ်မလား? အကယ်၍ ဖြစ်နိုင်တယ်ဆိုရင် အကြီးအကဲအွန်ဒင်း က သုံးပြီးလောက်ပြီ”

အကြီးအကဲအွန်ဒင်းကသဘောတူစွာခေါင်းငြိမ့်သည်

“ဟုတ်တယ် ကျွန်မအခုပဲစုံစမ်းရေးမှော်ပညာသုံးတာ ဘာမှမတွေ့ရဘူး”

“အခုကော?” ရှုယီသည် သူ့မှော်ပညာကိုသုံးကာ တိုင်ကိုလင်းစေလိုက်သည်။

အကြီးအကဲ အွန်ဒင်းက ကြည့်လိုက်ပြီး သူမ၏မျက်လုံး၌ ထိတ်လန့်နေသည်။

“ကြည့်ရတာ ငါတခုခုကိုတွေ့ရတယ်..”

အာကာလီက အံ့ဩသည့်အသံဖြင့် “အဲ့တာဘယ်လိုပုံစံမျိုးလဲ?”

“အဲ့တာအရမ်းရိုးရှင်းတယ် ငါ စတေးလ်နားကနေကြားဖူးတာ မှော်တိမ်တိုက်ဟာ သက်ရှိတွေအတွက်ပဲ သုံးလို့ရတယ် သက်မဲ့တွေအတွက်သုံးလို့မရဘူးတဲ့။ ဒါကြောင့် ငါထင်တာ ဒီစစ်ဆေးရေးမှော်ပညာဟာ တကယ်တော့ မှော်ပညာကိုလေ့လာတာမဟုတ်ဘူး၊ ဒါမဲ့ သက်ရှိတွေမှာ မှော်ပညာရဲ့ စီးဆင်းမှုကို တွေ့ရှိပြီး အဲ့တာနဲ့ဆင်တူတဲ့သက်ရောက်မှုကိုပေးတာဖြစ်မယ်”

အကြီးအကဲအွန်ဒင်းက ရှုယီကိုအံ့သြစွာကြည့်ကာ သူမအသံသည် ချီးမွမ်းခြင်းဖြင့်ပြည့်ကာပြောသည်။

“ဥက္ကဌရှုကမှော်ပညာနဲ့ပက်သက်ရင် ဉာဏ်ကြီးရှင်ပဲ၊ မှန်တယ် စစ်ဆေးရေးမှော်ပညာရဲ့ အခြေခံနိယာမက ရှင်ပြောသလိုပဲ”

“ဒါကရိုးရှင်းတဲ့မှန်းဆချက်လေးပါ” ရှုယီက လက်ကိုယမ်းသည် သူသည် လက်ကိုပြန်သိမ်းကာ တိုင်ကို ကြည့်လျက်သက်ပြင်းချသည်။ “လက်ရှိအခြေအနေက မမှန်ဘူး။ ဒါကြောင့် အခုတော့ လက်လျော့ရုံပဲ တတ်နိုင်တယ် ဆန်တန်တာက အကူတွေခေါ်လာရင် လာပြီး စစ်ဆေးကြတာပေါ့”

အာကာလီကစိတ်ပျက်သွားသည်။ “ဒါဆိုကျွန်မတို့ကရက်ပိုင်းလောက်အချိန်ဖြုန်းရတော့မှာပေါ့”

ရှုယီက ပခုံးတွန့်လိုက်သည်။ “လောနေတာက ဘာအဖြေမှရမှာမဟုတ်ဘူး”

ရှုယီကဆုံးဖြတ်ပြီးပြီ ဖြစ်၍ ၄င်းတို့သည်ဆက်နေပြီး အင်အားကုန်ခံရန်မလိုပါ။

မြေပုံပေါ်တွင် အမှတ်သားလုပ်ပြီးနောက် လူတိုင်းသည် မှော်လေသင်္ဘောဖြင့် ကျွန်းငယ်လေးကို ထားခဲ့ကြသည်။

တစ်နာရီခန့်ကြာပြီးနောက်မှော်လေသင်္ဘောသည် ကောင်းကင်ကျွန်းသို့ပြန်ရောက်လာသည် ဆန်တန်တာသည် သူ၏အဖွဲ့ကိုဦးဆောင်ပြီး ရှုယီ၏ညွှန်ကြားချက်အတိုင်း စိုင်စ်နယ်မြေသို့ သွားလေသည်။

မှော်လေသင်္ဘော၏ အမြန်နှုန်းဖြင့် ၎င်းတို့သည် တစ်ရက်ခွဲပင်အချိန်ယူကာ ကီလိုမီတာ၆ထောင်ခရီးကို သွားလေသည်။

ဆန်တန်တာသည်စတေးလ်ကိုဆက်သွယ်ကာ စတေးလ်၏ပြင်ဆင်သောအချိန်တို့အား ထည့်ပေါင်းလျှင် ၎င်းတို့ပြန်လာရန် တစ်ပါတ်ပင်မကြာပေ။

“သေချာတာပေါ့ ငါတို့ တစ်ပတ်လုံးဒီမှာအချိန်ဖြုန်းလို့မဖြစ်ဘူး ဒါကြောင့် ငါတို့ရဲ့စုံစမ်းရေးကို အရှိန်မြင့်ရမယ် အသူရာနတ်ဆိုးမျိုးနွယ်က အပျက်အစီးတစ်ခုကိုပဲ ဒီမှာထားခဲ့တာမဖြစ်နိုင်ဘူး”

ရှုယီသည်ထိုအစီအစဉ်များကိုလုပ်နေစဉ်သူ့၏မျက်လုံးသည် စိတ်လှုပ်ရှားစွာ ကြည့်နေသည့် အာကာလီထံ ရောက်သွားသည်။

“မင်းလည်း မင်းနဲ့မပက်သက်ဘူးဆိုပြီးပျော်မနေသင့်ဘူး မင်းရဲ့အဓိကအလုပ်က မှော်အချက်ပြတိုင် ဆောက်ဖို့ပဲ”

အာကာလီကကြောင်နေသည်။

***

Volume 8 အပိုင်း ၅၀ ။ မှော်တိမ်တိုက်နယ်မြေသို့ခြေချခြင်း

အပျက်အစီးသည် တစ်ခုပင်မကပါ။

ရက်အနည်းငယ်ကြာပြီးနောက် မှော်လေသင်္ဘောအဖွဲ့သည် ပင်လယ် ပတ်ဝန်းကျင်၌ ဆင်တူသည့် ကျွန်းစုနှစ်ခုရှာတွေ့ကာ အပျက်အစီးများကိုလည်းတွေ့သည်။

ဤတစ်ကြိမ်သည်လည်း ပထမအကြိမ်ကဲ့သို့ပင်ဖြစ်သည်။ ထိုအပျက်အစီးနှစ်ခု၌ ကျောက်တိုင်များရှိနေသည်။

ရှုယီ၏အဖွဲ့သည် ထိုအပျက်အစီးနှစ်ခုကို စမ်းသပ်ရာ ရလဒ်ကပထမအကြိမ်နှင့်အတူတူပင်ဖြစ်သည်။

ရက်အနည်းငယ်စောင့်ပြီးနောက် ဆန်တန်တာသည် စိုင်စ်နယ်မြေမှ အီဗီတာပို့လိုက်သော New Moon ကုန်သည်ကြီးများအသင်း၏ စမ်းသပ်ကိရိယာများပါရှိသော အသင်းနှင့်အတူ ပြန်လာကြသည်။

၎င်းတို့ရောက်ရှိပြိးနောက် ရှုယီသည် ၎င်းတို့ကို အမိန့်များပေးသည်။

အာကာလီသည် သူတာဝန်ရှိသည့် မှော်အချက်ပြတိုင်ကိုသာ အာရုံစိုက်ထားသည်။ အခြားသော အသင်းနှစ်ခုအနေဖြင့် အဇ်ရှာရာမျိုးနွယ်စုမှ ၎င်းတို့သည် အကြီးအကဲ အွန်ဒင်းနှင့် နတ်သူငယ် မှော်ပညာရှင်များ ၏ စစ်ဆေးရေးမှော်ပညာအရည်အချင်းကိုအသုံးပြုကာ စစ်ဆေးရေးမှော်ကိရိယာ များ ဖြင့် တိုင်များကို စတင်လေ့လာကြသည်။

ရှုယီခေါ်လာသည့် မှော်လေသင်္ဘောအဖွဲ့မှာ ပင်လယ်ပတ်ဝန်းကျင်တွင် အပျက်အစီးများကို ထပ်မံ ရှာဖွေနေသည်။

ရှုယီသည် ထိုအပျက်အစီး၃ခုသာရှိမည်ဟုယုံကြည်ထားသည်။

အကယ်၍ ၎င်းတို့သည် အသူရာနတ်ဆိုးမျိုးနွယ်၏ အပျက်အစီးများအားလုံးကိုရှာတွေ့လျှင် ၄င်း၏ နောက်ကွယ်မှ ဆန်းကြယ်မှုကို တွေ့ရလိမ့်မည် သူတို့သည် ရှေးဟောင်းပဟေဌိတစ်ခုဖြစ်သည့် အသူရာနတ်ဆိုးမျိုးနွယ်သည် ဤကမ္ဘာအား ထားခဲ့သည်မှာ ဟုတ်ကြောင်းမဟုတ်ကြောင်းကိုပါ သိလာရနိုင်သည်

ထိုအပျက်အစီးများအား ရှာဖွေရန်နှင့် စုံစမ်းစစ်ဆေးခြင်းသည် အချိန်များစွာလိုအပ်မည်မှာ သေချာ ပါသည်။

အာကာလီ၏အလုပ်သည်လည်း အချိန်တိုတွင်းမပြီးနိုင်ပေ။ ထို့ကြောင့် ညွှန်ပြပေးပြီးသည့်နောက် ရှုယီသည် အချိန်ဇယားကိုလိုက်ကာ ကောင်းကင်ကျွန်းမှ ထွက်လာခဲ့သည်။

ရှုယီသည် ကောင်းကင်ကျွန်းမှမှော်တိမ်တိုက်နယ်မြေသို့ ကီလိုမီတာ၄ထောင် ကွာဝေးသောခရီးကို မှော်လေသင်္ဘောစီးကာသွားခဲ့သည်။ သူဆင်းသက်သောအခါ၌ မှော်တိမ်တိုက်နယ်မြေ၏ အရှေ့ဖက် ကမ်းရိုးတန်းရှိ Frestech ကုန်သည်ကြီးများအသင်း၏ ဌာနသို့ရောက်သွားသည်။

ရှုယီနှင့် တူညီစွာထွက်ခွာလာသည့် ကြီးမားသော ရေတပ်သည် သူ့ထပ်စောရောက်ကာအလုပ်များကို လုပ်နေပြီဖြစ်သည်။

ရှုယီသည်မှော်လေသင်္ဘောထဲမှထွက်လာသောအခါ၌ သူသည် အဝေးတွင် တောက်ပနေသည့် ငွေရောင် မျဉ်းပြိုင် လိုင်းနှစ်ခုကို တွေ့လိုက်ရသည်။

ကမ္ဘာပေါ်မှနောက်တစ်ဦးသည် ဤကမ္ဘာသို့ ကူးပြောင်းလာခဲ့မည်ဆိုလျှင် ၎င်းတို့သည် ထိုငွေရောင်မျဉ်းနှစ်ကြောင်းသည် မီးရထားလမ်းများဖြစ်ကြောင်း ချက်ခြင်းမှတ်မိကြလိမ့်မည်။

အမှန်မှာ Frestechကုန်သည်ကြီးများအသင်း၏ နှစ်စဉ်စတီးထုတ်လုပ်မှုမှာ ၅သန်းတန်ကျော်သွားပြီး ရှုယီသည် မီးရထားလမ်းများပြကာ မီးရထားကိုစတင်မိတ်ဆက်ခဲ့သည်။

သို့သော် မီးရထားလမ်းများသည် လမ်းများနှင့်ကွာခြားသည်။

လမ်းများသည် လိုသလိုခင်း၍ရကာ ဆက်သွယ်ရန်လည်းလွယ်ကူသည် ထို့ကြောင့် ၎င်းတို့သည် စိုင်စ်နယ်မြေထဲတွင် ကြန့်ကြာမှုမရှိပဲ ဖြတ်သွားနိုင်သည်။

သို့သော် မီးရထားလမ်းများသည် ၎င်းတို့သည် ကိုယ်တိုင်စီမံခြင်းဖြစ်၍ ကုန်ကျစရိတ်ပိုများပြီး ကန့်သတ်ချက်ရှိသည်။

စိုင်စ်နယ်မြေ၏လက်ရှိအခြေအနေအရ နိုင်ငံများအကြား လမ်းတစ်ခု သို့ လမ်းများစွာကို ဆက်သွယ်ဖို့ရန်မှာ အရူးတစ်ယောက်၏ အိမ်မက်ထပ်မပိုချေ။

ထို့ကြောင့် ရှုယီသည် စိုင်နယ်မြေတွင် မီးရထားလမ်းများကို မတိုးချဲ့သေးခြင်းဖြစ်သည်။

ပြီးနောက် စတီးထုတ်လုပ်ရေးသည် စိုင်စ်နယ်မြေတွင် အလျှံပယ်ဖြစ်သည်တိုင် လိုချင်သည့်နေရာသို့ မရောက်သေးပေ ထို့ကြောင့် စိုင်စ်နယ်မြေထဲမှမည်သည့် နိုင်ငံကမှမီးရထားလမ်းမဆောက်ရဲကြချေ။

သို့သော် မှော်တိမ်တိုက်နယ်မြေတွင်မူ စိုးရိမ်စရာမရှိပါ။

Frestechကုန်သည်ကြီးများအသင်းသည် ဆယ်နှစ်အတွင်း ကြိုးစားလုပ်ဆောင်ခဲ့မှုသည် မှော်တိမ်တိုက် နယ်မြေထဲတွင် ထိုကြီးမားသည့် စတုရန်းကီလိုမီတာ ၄သောင်းခန့်ရှိသောနေရာကြီးကို ထိန်းချုပ် နိုင်ခဲ့သည်။

၎င်းတို့ ထိန်းချုပ်ထားသည့်နေရာတွင် Frestechကုန်သည်ကြီးများအသင်းသည် ၄င်းတို့လုပ်ချင်သည့် ကိစ္စများကို လုပ်ဆောင်နိုင်ပြီး အာဏာပိုင် များကို သတင်းပို့စရာမလိုပေ။

ထို့ကြောင့် ရှုယီသည် ပထမဆုံးမီးရထားလမ်းကို ဤနေရာတွင် တွန့်ဆုတ်ခြင်းမရှိပဲ စီမံခဲ့သည်။

၃နှစ်အတွင်းတိုးတက်မှုကြောင့် ဤနေရာသည် Frestechကုန်သည်ကြီးများအသင်း၏ ထိန်းချုပ်မှုအောက် တွင် လမ်းများစွာပင်မကပဲ တောင်နှင့်မြောက်ကိုဆက်သွယ်ထားသော မီးးရထားလမ်းနှစ်လမ်းပင် ရှိနေပြီဖြစ်သည်။

ထို့နောက် မှော်လေသင်္ဘောများ၏ လေကြောင်းတွင် စီမံမှုများကြောင့် ပို့ဆောင်ဆက်သွယ်ရေးတွင် အလွန်တိုးတက်နေပြီဖြစ်သည်။

ရှုယီ၏အကြည့်သည် မီးရထားလမ်းသို့ရောက်သွားကာ ၁၃တွဲပါသည့် ခရီးသည်စီးမှော်မီးရထားသည် ဘူတာမှထွက်လာကာ ဖြည်းဖြည်းချင်းအရှိန်တင်လာသည် ၎င်းသည်အမြင်မှ ပျောက်ကွယ်သွားရန် သိပ်မကြာလိုက်ပေ။

“အဲ့တာက ဘယ်သွားတာလဲ?” ရှုယီသည် လှည့်ကာ သူအားလာကြိုသည့် မှော်တိမ်တိုက်နယ်မြေဌာန ၏ တာဝန်ရှိသူ ဘန်နက်အားမေးလိုက်သည်။

“ဒါက အစိမ်းရောင်ရေမျိုးနွယ်ကို စတီးမြှားတွေသွားပို့တာပါ” ဘန်နက်က လှည့်ပင်မကြည့်ပဲ ချက်ခြင်းဖြေလိုက်သည် “အစိမ်းရောင်ရေမျိုးနွယ်စုကသူတို့ရဲ့ပိုင်နက်ကို အနောက်တောင်ဖက်ကို တိုးချဲ့ဖို့စီစဉ်ထားပြီး အဲ့စိတ်ရှုပ်စရာကောင်းတဲ့ မှင်စာတွေကို ရင်ဆိုင်ဖို့ ကျွန်တော်တို့ဆီက လက်နက်တွေ အများကြီးမှာထားပါတယ်”

အစိမ်းရောင်ရေမျိုးနွယ်စုသည် ဒေသခံနတ်သူငယ်မျိုးနွယ်စုဖြစ်ပြီး Frestechကုန်သည်ကြီးများအသင်း၏ အခြေစိုက် ဌာနနှင့် နီးသောနေရာတွင်ရှိသည်။ ၎င်းတို့သည် Frestechကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းရန်အတွက် စိုင်စ်နယ်မြေသို့ ကိုယ်စားလှယ်တစ်ယောက်ပို့ခဲ့သည်။

ထိုနှစ်များတွင် အစိမ်းရောင်ရေမျိုးနွယ်စုသည် အိမ်နီးချင်မျိုးနွယ်စုများဖြစ်သည့် နတ်သူငယ်များ လူပုများ သွေးနှောများနှင့် အခြားသောမျိုးနွယ်စုများသည် Frestechကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းကာ ၄င်းတို့၏တိုက်ခိုက်စွမ်းအားများပိုမို တိုးပွားလာခဲ့သည်။

၄င်းတို့သည် အခြေအနေတည်ငြိမ်လာသည်သာမကပဲ Frestechကုန်သည်ကြီးများအသင်း၏ အစောင့်တပ်များ ကို ညွှန်ပြ၍ ၄င်းတို့အား အရှက်ခွဲခဲ့သည့် မှင်စာများကို ပြန်လည်တိုက်ခိုက်နိုင်သေး သည်။

ယခုလက်ရှိတွင် Frestechကုန်သည်ကြီးများအသင်းသည် သံသယကင်းဖွယ် အသန်မာဆုံးဖြစ်သည်။ မှင်စာများသည် ၄င်းတို့အား ဘာမှမလုပ်နိင်ချေ။

Frestechကုန်သည်ကြီးများအသင်း၏တိတ်ဆိတ်စွာသဘောတူညီချက်အရ ဒေသခံမျိုးနွယ်စုများသည် တုံ့ဆိုင်းမနေတော့ပဲ ၄င်းတို့၏ ပိုင်နက်များကိုချဲ့ထွင်ကြသည်။

ထိုဒေသတွင် ၄င်းတို့၏ကြိုးစားအားထုတ်မှုကြောင့် ဤနေရာတွင် မည်သည့်မှင်စာမျိုးနွယ်စုမှ နေထိုင်နိုင်ခြင်းမရှိတော့ပေ။

ဘန်နက်သည် ဤနေရာတွင်မှင်စာတစ်ကောင်ပင် ရှာမတွေ့တော့ကြောင်း တင်ပြဖူးသည်။

“အို သူတို့က ပိုပြီးသန်မာချင်ရင် ငါတို့ဆီကစစ်တပ်သုံးမှော်စက်တွေ ဘာလို့မဝယ်တာလဲ? ငါတို့က အဆင့်မြင့်တဲ့ မှော်အမြောက်တွေကိုတော့မရောင်းပေမဲ့ ငါတို့က သာမန်မှော်စက်တွေဖြစ်တဲ့ ဆက်တိုက်ပစ်ဒူးလေးနဲ့တခြားဟာတွေလဲရောင်းတယ်မလား ဘယ်လိုဖြစ်ဖြစ် သူတို့ ရိုးရာလေးတွေထပ်တော့ သာတယ်လေ။” ရှုယီကစိတ်ရှုပ်သည့်လေသံနှင့်ပြောသည်။

“ဥက္ကဌမသိပါဘူး”ဘန်နက်၏အပြံုးသည် ခါးသီးမှုများဖြင့် ပြည့်နေပြီးသူသည် ရယ်ရခက်ငိုရခက်ဖြစ်နေသည်။ “ကျွန်တော်က ဆက်တိုက်ပစ်နိုင်တဲ့ မှော်ဒူးလေးတွေအကြောင်း ဒေသခံနတ်သူငယ်တွေကိုအမြဲပြောပါတယ် ဒါမဲ့သူတို့က သုံးဖို့ငြင်းကြတယ် သူတို့က အဲ့ဒီဒူးလေးတွေဟာ သူတို့ရဲ့ရိုးရာကိုဆန်ကျင်နေတယ်တဲ့ ဒါကြောင့်သူတို့မသုံးချင်ကြပါဘူး”

“ဘာက ရိုးရာကိုဆန့်ကျင်နေလို့လဲ?” ရှုယီကအံ့ဩသွားသည် “အဲ့ဒီနတ်သူငယ်တွေက မှင်စာတွေဆီက ဒီလောက်အနိုင်ကျင့်ခံရတာကိုတောင် ခုထိ ရိုးရာတွေကိုဂရုစိုက်နေတုန်းပဲလို့မပြောနဲ့နော်”

“ကျွန်တော်တို့အဲ့တာတော့မသိပါဘူး ဘာပဲဖြစ်ဖြစ် သူတို့က မှော်ဒူးလေးတွေကို တော်တော်မကြိုက်တာပါ” အနည်းငယ်နားပြီးနောက် ဘန်နက်ကရှုယီမေးသည်ကိုမစောင့်တော့ပဲ “အခြားစစ်တပ်မှော်စက်တွေ အတွက်ကတော့ အဆင့်နိမ်စက်တွေတောင် သူတို့မှာ ပိုက်ဆံမရှိကြပါဘူး”

ရှုယီသည် နှုတ်ခမ်းကိုတွန့်လိုက်သည်။ မှော်တိမ်တိုက်နယ်မြေ၏ ဒေသခံမျိုးနွယ်စုများအကြောင်း တွေးကာ သူ့၏စိတ်ထဲ၌ သနားဖွယ်ကောင်းကြောင်းခံစားလိုက်မိသည်။

စိုင်စ်နယ်မြေ၏နတ်သူငယ်များသည်၄င်းတို့၏နယ်မြေများအား လူသားများလုယူခံရသော်လည်း ၎င်းတို့၌ နှစ်ပေါင်းတစ်သောင်းကျော်သမိုင်းကြောင်းရှိသောကြောင့် ဆင်းရဲသည်ဟုဘယ်တော့မှ ဆုံးဖြတ်၍မရချေ။

သို့သော်မှော်တိမ်တိုက်နယ်မြေ၏ ဒေသခံနတ်သူငယ်များသည် ရှုယီကပထမဆုံးစတွေ့စဉ်ကပင် သနားစိတ်ကိုခံစားခဲ့ရသည်။

နတ်သူငယ်အနေဖြင့် ၎င်းတို့သည် အလွန်ဆင်းရဲကာ အဝတ်ပင်အပြည့်အစုံမရှိပေ ထိုအရာသည် သနားဖွယ်ကောင်းလှသည်။

အစိမ်းရောင်ရေမျိုးနွယ်စုက ထိုစတီးမြှားများကို ဝယ်ယူရန်ပင် သွေးထွက်စေမည်ဖြစ်သည်။

“ဒါကမှားနေပြီ” ရှုယီက ရုတ်တရက်မျက်မှောင်ကုပ်လိုက်သည်။

“ငါမင်းကိုအမြဲမပြောခဲ့ဘူးလား။ လူသားတွေအတွက်ပဲအမြဲမကြည့်ပါနဲ့လို့။ မှော်တိမ်တိုက်နယ်မြေထဲက တခြားမျိုးနွယ်စုတွေအတွက်လဲအလုပ်လုပ်ပေးရမယ်။ နတ်သူငယ်တွေမှာပိုက်ဆံမရှိရင်လဲ သူတို့အတွက် အလုပ်တစ်ချို့စီစဉ်ပေးရင် သူတို့က လက်ခံမှာပဲ ဘာလို့သူတို့က အခုထိဆင်းရဲနေရတာလဲ?”

ဘန်နက်က ခါးသီးစွာပြုံးသည်။

“ဥက္ကဌ ဘာမှမသိသေးပါဘူး မှော်တိမ်တိုက်နယ်မြေထဲက တခြားမျိုးနွယ်စုတွေက ကျွန်တော်တို့ စိုင်စ်နယ်မြေကထပ် လူသားတွေကို မလိုမုန်းထားမှုပိုများတယ်။ ကျွန်တော်က ဒီမှာ အလုပ်လုပ်တာ ကြာပြီဖြစ်ပြီး သူတို့ကိုခေါ်ဝင်ချင်ပါတယ်။ ဒါမဲ့မျိုးနွယ်စုတချို့ကပဲလက်ခံတယ်”

“မလိုမုန်းထားတယ်?” ရှုယီကရှုပ်ထွေးသွားသည် “အခြားမျိုးနွယ်စုတွေက စိုင်စ်နယ်မြေမှာတုန်းက ကိုယ်စားလှယ်တွေပို့ပြီး ငါတို့နဲ့ သဘောတူညီချက်ယူပြီးပြီလေ။ အကယ်၍ ငါတို့ကို မုန်းနေရင် သူတို့ဘာလို့ဒီလိုလုပ်မှာလဲ?”

“အာ မလိုမုန်းထားတယ်ဆိုတာ သိပ်မတိကျသေးဘူး။ ပြောသင့်တာက ကျွန်တော်တို့ကို သတိထားနေတယ်လို့ ပြောရမှာ” ဘန်နက်ကပြောသည်။

“သတိထားတယ်?” ရှုယီသည် သူ၏မျက်စိကိုမှေးလိုက်ပြီး ဌာနကိုကြည့်လိုက်သည်။ သူသည် ကြီးမားသည့် အခြေစိုက်ဌာနကိုမြင်ပြီး အခြားမျိုးနွယ်စုမှလူများအနည်းငယ်သာရှိသည်။

အသေးစိတ်အချက်အလက်များအရ သူသည် မှော်တိမ်တိုက်နယ်မြေထဲရှိမျိုးနွယ်စုများသည် စိုင်စ်နယ်မြေရှိမျိုးနွယ်စုများနှင့်ကွာခြားကြသည်။

အခြေအနေအရ Frestechကုန်သည်ကြီးများအသင်းနှင့် အလုပ်လုပ်ချင်သောမျိုးနွယ်စုသိပ်မရှိပေ။

“သူတို့မျိုးနွယ်စုတွေကမှင်စာတွေရဲ့အပြီးချေမှုန်းတာခံလိုက်ရတယ်။ ဒါကြောင့် သူတို့က ကျန်တဲ့သူတစ်ချို့ပဲ သူတို့က ကျွန်တော်တို့ကို သတိထားနေသေးတဲ့ တခြားမျိုးနွယ်စုတွေနဲ့ မတူဘူး” ရှုယီကအလုပ်ခန့်ထားသော သူများကိုကြည့်နေသဖြင့် ထပ်မံပြောပြလိုက်သည်။

“အို” ရှုယီနှုတ်ခမ်းသည်တွန့်သွားပြီး သူသည် အပြုံးတစ်ခုပေါ်လာသည် “ကြည့်ရတာအဲ့လောက်လဲဂုဏ်မောက်ပုံမပေါ်ဘူး သူတို့ခက်ခဲတဲ့ချိန်တော့ ခေါင်းငုံရမှန်းသိသေးတယ် ဒါကောင်းတယ် သူတို့အမှန်တရာကိုမြင်နိုင်သရွေ့ သူတို့နဲ့ဆွေးနွေးလို့ရတယ်”

ဘန်နက်သည် ကြက်သီးထသည်ကိုခံစားလိုက်ရသည်။

ရှင်းပြချက်အားကြားပြီးသည်နောက် ဥက္ကဌသည် မှော်တိမ်တိုက်နယ်မြေရှိ အခြားမျိုးနွယ်စုများအား ကျန်ရစ်သူများဖြစ်အောင်စီစဉ်နေသည်လား?

ထို့သို့စဉ်းစားပြီးနောက် သူသည် မနေနိင်ပဲ “ဥက္ကဌ အခြားမျိုးနွယ်စုတွေရဲ့လူဦးရေက စိုင်စ်နယ်မြေက ထပ်စာရင် ဒိမှာပိုများပါတယ်။ ပြီးတော့ ကျွန်တော်တို့ဦးစားပေးကိစ္စကလည်း မှင်စာတွေပါ။ အကယ်၍ အခြားမျိုးနွယ်စုတွေကိုရှင်းပစ်ရင် မှော်တိမ်တိုက်နယ်မြေထဲမှာလူသားတွေနည်းနည်းနဲ့ဆိုရင် ဒီနယ်မြေကိုတိုးတက်အောင်လုပ်တဲ့ကိစ္စက မပြီးနိုင်ပါဘူး”

ရှုယီက သူ့ကိုထူးဆန်းသည့်အကြည့်နှင့်ကြည်ကာ “ငါကအခြားမျိုးနွယ်စုတွေကို ရှင်းပစ်မယ်လို့ ဘယ်တုန်းက ပြောလို့လဲ သူတို့က ငါတို့ကုမ္ပဏီတွက် အလုပ်သမားအင်အားပဲ။ ငါကဘာလို့ သူတို့ကို လက်လျော့ရမှာလဲ?”

ဘန်နက်က ကြောင်သွားသည် “ဒါဆိုဥက္ကဌဆိုလိုတာက….”

ရှုယီက သူ့ပခုံးကိုပုတ်လိုက်ပြီး အပြုံးဖြင့်ပြောလိုက်သည်။

“ငါမှာအခုနည်းလမ်းတော့မရှိသေးဘူးဒါမဲ့အခြားမျိုးနွယ်စုတွေ နတ်ဘုရားမဟုတ်သရွေ့ ဘယ်သူက အစားနဲ့ အမိုးအကာမရှိပဲနေနိုင်လို့လဲ။ ဒါဆိုရင် ဖြေရှင်းဖို့လွယ်ကူသွားမှာပါ”

All Chapters