ယဲ့မိုမှာ ကလေးမရှိဘူး
Vol. 125 Ch. 1725
ဘန်း…။
ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူ၏ခန္ဓာကိုယ်ထဲရှိ သွေးနှင့်စွမ်းအင်တို့ အပြင်းအထန် လှုပ်ခတ်သွားသည်။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
သူ ဆုတ်လိုက်သည့်ခြေလှမ်းတိုင်းက ပေါက်ကွဲသံ ဖြစ်ပေါ်လေ၏။ ဒီကြယ်အဖွဲ့အစည်းကိုလည်း တုန်ခါသွားစေသည်။
သက်လတ်ပိုင်းလူ၏ ညာလက်မောင်းထံမှ တစီစီအသံများ ထွက်ပေါ်လာ၏။ သူ့လက်ထံမှ လှိုင်းဂယက်တစ်ခု ပျံ့သွားသည်။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျကာ သူလည်း ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
ဝမ်လင်းထက် ကျင့်ကြံမှုအဆင့် မြင့်မားလှသူသည်သာ သူ့မန္တာန်နှင့် ထိပ်တိုက်တွေ့သည့်အခါ သူ့ကို ခုလိုမျိုး တိုက်ရိုက် ဒဏ်ရာရအောင် လုပ်နိုင်ပေ၏။
သို့သော် ရှေးကလန်ဝင်များကြား ခန္ဓာကိုယ်ချင်း ကြောက်မက်ဖွယ်ထိပ်တိုက်တွေ့မှုကလည်း ထိုသို့ ဖြစ်သွားအောင် လုပ်နိုင်လေသည်။
ဤသည်မှာ ရှေးလူများနှင့် ကောင်းကင်ဘုံသားများကြား ကွာခြားမှု ဖြစ်သည်။
နောက်ဆုတ်သွားရင်း ဝမ်လင်းက သူ့ညာလက်ကို နောက်သို့ စောင့်ချကာ သူ့ကိုယ်သူ ရပ်တန့်စေသည်။ သူ၏မျက်လုံးထဲရှိ တိုက်ပွဲဆန္ဒက ပို၍ အားကောင်းလာ၏။ သူက မာန်သွင်းလျက် ရှေ့သို့ တိုးဝင်လာတော့သည်။
သက်လတ်ပိုင်းလူကလည်း နောက်ဆုတ်နေရာကနေ ရပ်တန့်သွားသည်။ ဝမ်လင်းက တိုးဝင်လာသည့်အခါ သူက မာန်သွင်းအော်ဟစ်လိုက်သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ကြယ်အဖွဲ့အစည်းအတွင်း ထပ်မံ ပဲ့တင်ထပ်၏။ သူတို့နှစ်ယောက်က ကိုးကြိမ်တိုင်တိုင် ထိပ်တိုက်တွေ့ကြသည်။ သူတို့၏လက်သီးချက်ခြင်း ထိပ်တိုက်တွေ့တိုင်း ပြင်းထန်သောလှိုင်းဂယက်တစ်ခု နေရာအနှံ့သို့ ပျံ့လေသည်။
လက်သီးချက်ကိုးချက်ပြီးနောက် လှိုင်းဂယက်များက ကြယ်အဖွဲ့အစည်းတခွင်သို့ ရိုက်ခတ်၏။ ထိုအခါ ကျင့်ကြံသူသောင်းချီသည် ပေတစ်သိန်းကျော်ထိ နောက်ဆုတ်ရလေ၏။ သူတို့သည် ထိုတိုက်ခိုက်နေသော နှစ်ယောက်ကို သူတို့၏နတ်ဘုရားအာရုံဖြင့် ကြည့်ရှုံနေရင်း ထိတ်လန့်နေရသည်။
တိုက်ပွဲ၏ သက်ရောက်မှုအားက အစီအရင်ဘီးပေါ်သို့ ကျရောက်သည့်အခါ ၎င်းမှာ တွန့်ခေါက်ပုံပျက်ရသည်။ သို့သော် တုန်ခါလှိုင်းအများစုကမူ ကွယ်ပျောက်သွားရသည်ပင်။
လက်သီးချက်ကိုးချက်ပြီးနောက် ဝမ်လင်းက သွေးအန်လိုက်ရ၏။ သူ၏ခန္ဓာကိုယ်ကို ဂြိုဟ်ကိုးလုံးဖြင့် တရစပ် ထိုးနှက်ခံရသည့်အလား သူ ခံစားမိသည်။ သူ၏ခန္ဓာကိုယ်က အစီအရင်ထံ လွင့်စင်လာရ၏။ သို့သော် သူက ရုတ်တရက် သူ့ကိုယ်သူ ရပ်တန့်သည်။ သူက ကြမ်းကြုတ်သောအကြည့်ဖြင့် မော့ကြည့်၏။ သူ၏မျက်လုံးထဲရှိ တိုက်ပွဲဆန္ဒက မလျော့ပါးသွားသည့်အပြင် ပို၍ပင် အားကောင်းလာခဲ့သည်။
သက်လတ်ပိုင်းလူမှာလည်း နောက်လွင့်ကာ သွေးအန်ရသည်ပင်။ သူက ပေရာထောင်ချီအကွာတွင် ရပ်သည်။ သူ့ပါးစပ်ထောင့်မှ သွေးကို သုတ်ကာ သူသည် မာန်သွင်းလျက် တဖန် တိုးဝင်လာတော့သည်။
သူတို့နှစ်ယောက်ကြားရှိ ဟင်းလင်းပြင်မှာ သူတို့ ပန်းထွက်သည့် သွေးများနှင့် ပြည့်နှက်၏။ တုန်ခါလှိုင်းကြောင့် သွေးစက်တစ်စက် ဝမ်လင်းပေါ်သို့ ကျရောက်သွား၏။
ထိုသွေးစက်သည် ဝမ်လင်း ပိုင်ဆိုင်သည့်ဟာ မဟုတ်၊ သက်လတ်ပိုင်းလူ ပိုင်ဆိုင်သည့်သွေး ဖြစ်၏။
ဝမ်လင်းက ထိုသွေးကို သုတ်ကာ လျှာဖြင့် သပ်သည်။ သူ၏မျက်လုံးထဲ၌ တိုက်ပွဲဆန္ဒ ပြည့်လာပြီး ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။ သူက လေထဲသို့ ခုန်တက်ကာ သူ့လက်နှစ်ဖက်ကို ဆုပ်၍ ဧရာမလက်သီးကြီးတစ်လုံး ဖြစ်ပေါ်စေသည်။ သူက မာန်သွင်းလျက် အထက်မှ စုန်ဆင်းကာ ထိုးချသည်။
ထိုသို့ဖြင့် ဝမ်လင်းက သက်လတ်ပိုင်းလူ၏ အပေါ်စီး ရောက်သွားသည်။
အပေါ်စီးမှနေ၍ ဝမ်လင်း၏လက်သီးချက်များသည် အတူတကွ စုစည်း၍ သက်လတ်ပိုင်းလူအပေါ်သို့ ဘယ်ပြန်ညာပြန် ထိုးနှက်လာသည်။
သက်လတ်ပိုင်းလူက ရပ်ကာ ရုတ်တရက် မော့ကြည့်သည်။ ဝမ်လင်းက အောက်သို့ ထိုးနှက်ချစဉ် သူက အပေါ်သို့ လက်ညွှန်သည်။ သူ၏ရှေ့တွင် ဧရာမရှေးဟောင်းနတ်ဘုရားအရိပ် ပေါ်လာသည်။
ထိုရှေးဟောင်းနတ်ဘုရားအရိပ်သည် အတိုင်းမသိ ကြီးမားလှကာ ချပ်ဝတ်အပြည့်အစုံ ဝတ်ဆင်ထားသည်။ ၎င်း၏မျက်ခုံးနှစ်ခုကြား၌ ကြယ်ရှစ်လုံး ရှိလေ၏။ သက်လတ်ပိုင်းလူက လက်ညွှန်လိုက်စဉ် ထိုရှေးဟောင်းနတ်ဘုရားအရိပ်ကလည်း ဝမ်လင်းထံ လက်ညွှန်လေ၏။
ရှေးဟောင်းနတ်ဘုရားလက်ချောင်း။
ကြီးမားသည် ပုံရိပ်ယောင်လက်ချောင်းက ဝမ်လင်း၏လက်သီးချက်နှင့် ထိပ်တိုက်တွေ့၏။ ယင်းတို့ထိပ်တိုက်တွေ့မှုက ပန်းချီကားတစ်ချပ်နှယ်။ ထိုပုံရိပ်မြင်ကွင်းက လူတိုင်း၏စိတ်ကို တုန်ခါစေနိုင်သည်။
ကျယ်လောင်စွာ ပေါက်ကွဲသံနှင့်အတူ ဝမ်လင်း၏ လက်သီးစုံလိုက်က ပုံရိပ်ယောင်ရှေးဟောင်းနတ်ဘုရားနှင့် ထိပ်တိုက်တွေ့သည်။ ထိုအခါ ကျယ်လောင်စွာ တုန်ဟည်းသံ ကြယ်များကြား ပဲ့တင်ထပ်ကုန်သည်။
ဝမ်လင်းသည် သွေးအန်လိုက်ရ၏။ သူ၏ဆံပင်ဖြူများ နောက်သို့ လွင့်ခတ်သွားသည်။ သို့သော် သူ၏ခန္ဓာကိုယ်ကမူ နောက်မဆုတ်ပေ။ သူက တုန်လှုပ်ဖွယ်ဟိန်းအော်လျက် လက်သီးအစုံကို အောက်သို့ ထိုးချသည်။
ပုံရိပ်ယောင်ရှေးဟောင်းနတ်ဘုရား လက်ချောင်းမှာ ပျက်စီးသွားကာ ဝမ်လင်းလက်သီးချက်၏ ထွင်းဖောက်ခြင်း ခံလိုက်ရသည်။
ထိုလက်ချောင်း လွင့်ပါးသွားသည့်အခါ ဝမ်လင်းက ရှေးဟောင်းနတ်ဘုရားအရိပ်၏ လက်ချောင်းကို ကျော်လွန်၍ ရှေးဟောင်းနတ်ဘုရားအရိပ်ကို ထက်ပိုင်းခြမ်း ပစ်သည်။
ရှေးဟောင်းနတ်ဘုရားအရိပ် လွင့်ပါးသွားသည့်အခါ ဝမ်လင်းက သက်လတ်ပိုင်းလူထံ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တိုးဝင်လာ၏။ မျက်စိတစ်မှိတ်အတွင်း ဝမ်လင်းသည် ထိုလူနှင့် ပေရာချီအတွင်း ရောက်လာသည်။
ရှေးလူများအတွက် ပေရာချီအကွာအဝေးသည် ဘာမှကွာဝေးတော့သည် မဟုတ်လေပေ။
ချက်ခြင်းပင် ဖြတ်သန်းလာကာ ဝမ်လင်း၏လက်သီးချက်က သက်လတ်ပိုင်းလူ၏ လက်ချောင်းနှင့် ထိပ်တိုက်တွေ့လေသည်။
ထိုအခါ ကျယ်လောင်စွာ တုန်ဟည်းသံများအောက်တွင်ပင် ကွယ်ဝှက်သွားရန် ခက်ခဲသော အက်ကွဲသံများ ဖြစ်ပေါ်စေ၏။ သက်လတ်ပိုင်းလူ၏ လက်ချောင်းမှာ တစစီ ဖြစ်သွားပြီး သွေးများ ပြန့်ကြဲသည်။ သူ့လက်ချောင်းမှာ သွေးအလိမ်းလိမ်း ဖြစ်ကာ သူသည် နောက်သို့ လွင့်ထွက်သွား၏။
သူ၏လက်ချောင်းက ဝမ်လင်း၏လက်သီးချက်များကို မည်သို့ ယှဉ်နိုင်ပါ့မည်နည်း။ သူ့လက်ချောင်း ပျက်စီးသွားရုံသာမက ဝမ်လင်း၏ လက်သီးချက်က သူ့ရင်ဘက်ပေါ်သို့ ကျရောက်သွား၏။
ဝမ်လင်းက အကြမ်းပတမ်း တိုက်ခိုက်လိုက်ခြင်းပင်။ သက်လတ်ပိုင်းလူ၏ ရင်ဘက်မှာ နစ်ဝင်သွားပြီး သူ၏ခန္ဓာကိုယ် တုန်ယင်သွား၏။ သို့သော် သူက ဝမ်လင်းကဲ့သို့ ရှေးလူတစ်ယောက်ပင်။ သူသည် သွေးအနေရင်း သူ့ခြေကန်ချက်က ဝမ်လင်းထံ ဝေ့ဝိုက်ကျရောက်လာ၏။
၎င်းခြေကန်ချက်က ဝမ်လင်း၏လက်သီးချက်များနှင့် တွေ့ဆုံသည်။
သူ့ခြေထောက်မှ ပြင်းထန်သောအားတစ်ခု ထွက်ပေါ်လာ၏။ ထိုသို့သော အရေးကြီးသည့်အခိုက်၌ ဝမ်လင်းက သူ၏လက်သီးထံ စွမ်းအားကုန် စေလွှတ်ထားလိုက်ပြီး သက်လတ်ပိုင်းလူ၏ ခြေကန်ချက်က ဝမ်လင်း၏လက်သီးချက်များနှင့် ထိပ်တိုက်တွေ့တော့သည်။
ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူက နောက်သို့ ပေထောင်သောင်းချီ လွင့်ထွက်သွားပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျသည်။ သူ၏လက်သီးများမှာ တုန်ယင်နေသည်။ သူသည် မည်သည့်ရှေးဟောင်းနတ်ဘုရားမန္တာန်ကိုမျှ အသုံးမပြုခဲ့သော်လည်း ဤသည်မှာ သူ၏ရှေးလူအမွေအနှစ်ဖြင့် အသန်မာဆုံး ထုတ်ဖော်သည့် ရုပ်ပိုင်းအား ဖြစ်ပေသည်။
ထိုခွန်အား၏ရှေ့တွင် နိဗ္ဗာနလေဟာနယ်အဆင့် ကျင့်ကြံသူများသည်ပင် ပျက်စီးခြင်း ဆိုက်ရနိုင်၏။ စိတ်ဝိညာဉ်လေဟာနယ်အဆင့် ကျင့်ကြံသူများသည်ပင် ၎င်းအားကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူများသည်ပင် ဒီအားကို ပိတ်ဆို့ဖို့ အစွမ်းထက်မန္တာန်တစ်ခုခုကို အသုံးပြုရလိမ့်မည်။
ရှေးကလန်၏ တိုက်ပွဲအမှတ်အသားမှာ သေခြင်းရှင်ခြင်းတိုက်ပွဲ ဖြစ်လေ၏။
သို့ပေမည့် သေရေးရှင်ရေးတိုက်ပွဲ၌ ရဲရဲ့သူက လက်ဦးမှု ရနိုင်လိမ့်မည်ပင်။ ဝမ်လင်းထံ၌ ရဲရင့်မှု ကင်းမဲ့မနေပေ။ သူ၏မျက်လုံးက နီရဲလာ၏။ သူက သူ့ဒဏ်ရာများကို လစ်လျူရှုကာ သက်လတ်ပိုင်းလူထံ တိုးဝင်လာတော့သည်။
“သတ်ဖြတ်ခြင်း…” ဝမ်လင်းက သည်တိုက်ပွဲတွင် ပထမဆုံးအကြိမ် စကားဆို၏။
သူ၏အသံ ပဲ့တင်ထပ်နေကာ သူသည် ကြမ်းကြုတ်ရန်လိုသော နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်လာ၏။ ထိုအဖြစ်က ပထမဆုံးအကြိမ်အဖြစ် သက်လတ်ပိုင်းလူ၏ အမူအရာကို ပြောင်းလဲသွားစေသည်။
“ရှေးဟောင်းနတ်ဆိုး…ကောင်းကင်နဲ့မြေကြီးကို ဝါးမြိုခြင်း…” သက်လတ်ပိုင်းလူ၏ ဘယ်မျက်လုံးမှာ တောက်ပလာ၏။ ရှေးဟောင်းနတ်ဆိုးကြယ်သုံးလုံးသည် သွေးစက်သုံးစက်အဖြစ်သို့ ပြောင်း၏။ ယင်းတို့က သူ့ဘယ်မျက်လုံးထံမှ ပျံသန်းထွက်ကာ ဧရာမရှေးဟောင်းနတ်ဆိုးအရိပ်အဖြစ်သို့ ပြောင်းလဲသည်။
ထိုနတ်ဆိုးအရိပ်တွင် အမှန်တကယ်ပင် ရှေးဟောင်းနတ်ဆိုးကြယ်ကိုးလုံး ရှိနေ၏။
ထိုနတ်ဆိုး ပေါ်လာသည့်အခါ၌ ၎င်းက စူးရှရှအော်မြည်ကာ ၎င်း၏ခန္ဓာကိုယ်သည် ချဲ့ကားသည်။ ၎င်းက ပါးစပ်ဟကာ ဝမ်လင်းကို ဝါးမြိုရန် ကြိုးစားသည်။
“ရှေးဟောင်းမိစ္ဆာ၊ မြေကမ္ဘာဝါးမြိုခြင်း…” သူ၏ညာမျက်လုံးထံမှ ရှေးဟောင်းမိစ္ဆာကြယ်သုံးလုံး ပျံသန်းထွက်လာ၏။ ထိုကြယ်သုံးလုံးသည် သွေးစက်သုံးစက်အဖြစ်သို့ ပြောင်း၏။ ထို့နောက် သန့်စင်လှသော မိစ္ဆာစွမ်းအင် ပေါက်ကွဲထွက်လာကာ ဧရာမရှေးဟောင်းမိစ္ဆာအရိပ်အဖြစ်သို့ ဖွဲ့စည်းသည်။
ထိုရှေးဟောင်းမိစ္ဆာ ပေါ်လာသည်နှင့် လောကမှာ အရောင်များ ပြောင်းလဲသွား၏။
“ရှေးဟောင်းနတ်ဘုရားရဲ့ အမျက်ဒေါသ…” ထိုသက်လတ်ပိုင်းလူ၏ ရှေးဟောင်းနတ်ဘုရားကြယ်နှစ်လုံးသည် သွေးစက်နှစ်စက်ကဲ့သို့ ပေါ်လာ၏။ တုန်လှုပ်ဖွယ် ရှေးဟောင်းနတ်ဘုရားအော်ရာ ပျံ့နှံ့နေရင်း ရှေးဟောင်းနတ်ဘုရားအရိပ် ထပ်မံ ပေါ်လာ၏။
ထိုရှေးဟောင်းနတ်ဘုရားအရိပ်က ဝမ်လင်းထံ ဒေါသတကြီး ဟိန်းသံ ပြု၏။
“ရှေးအရိပ်မှ ဖခင်ရှေးလူ…” သက်လတ်ပိုင်းလူက မာန်သွင်းအော်ဟစ်လိုက်၏။ ကလန်သုံးခု၏အရိပ်များနောက်တွင် ပိုမိုကြီးမားသော အရိပ်ကြီးတစ်ခု ပေါ်လာသည်။
ဝမ်လင်းက ထိုအရိပ်ကို သိပေသည်။ ၎င်းမှာ ရှေးလူယဲ့မို ဖြစ်လေ၏။
သူနှင့်ယှဉ်ပါက ရှေးကလန်ဝင်သုံးခုမှ အရိပ်များသည် ပမွှား ဖြစ်ရလေ၏။
ယဲ့မို၏ အရိပ် ပေါ်လာသည့်အခါ သက်လတ်ပိုင်းလူက ချိပ်ဟန်တစ်ခု ဖြစ်စေပြီး ဝမ်လင်းထံ လက်ညွှန်လိုက်သည်။
“ငါဟာ ယဲ့မိုရဲ့ ကလေးငယ်ပဲ။ မင်းဟာ ငါ့အဖေရဲ့ အမွေအနှစ်ကို လက်ခံရရှိခဲ့တယ်။ ငါ ငါ့အမွေအနှစ်ကို ပြန်ယူဆောင်မယ်…” ထိုလက်ညွှန်ချက်နှင့်အတူ ရှေးကလန်ဝင်အရိပ်သုံးခုကလည်း မာန်သွင်းအော်ဟစ်ကာ ယဲ့မို၏အရိပ်နှင့်အတူ ဝမ်လင်းထံ တိုးဝင်လာကြသည်။
“ယဲ့မိုမှာ ကလေးမရှိဘူး။ သူ မသေခင်တုန်းက ရှေးကလန်သုံးခု ဖြစ်လာမယ့် သွေးစက်သုံးထောင်ကို ပြန့်ကြဲခဲ့တယ်။ ဒီသွေးစက်သုံးထောင်ကြားမှာ အလွန်အစွမ်းထက်တဲ့ ရှေးအော်ရာ ပါဝင်နဲ့ အနှစ်သာရသွေးကိုးစက် ပါဝင်နေခဲ့တာ ဖြစ်နိုင်တယ်။ မင်ဟာ အုပ်စိုးသူ မရေမတွက်နိုင်တဲ့ ရှေးကလန်ဝင်တွေကို သတ်ပြီးတဲ့နောက် စုဆောင်းခဲ့တဲ့ သွေးစက်ကိုးစက်ကနေ ဖြစ်ပေါ်လာခဲ့တဲ့သူ ဖြစ်မှာကို ငါ စိုးမိတယ်…”
“ဘာပဲဖြစ်ဖြစ်ပါ…မင်းမှာ သွေးစက်ရှစ်စက်ပဲ ပိုင်ဆိုင်ထားတယ်…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ အစောပိုင်းတုန်းက သွေးစက်ကို သူ လျှာဖြင့် သပ်ကြည့်သည့်အခါ၌ သူက စတင်၍ စမ်းစစ်ကြည့်ခဲ့၏။ ခုချိန်ထိ တိုက်ခိုက်လာပြီးနောက် ဝမ်လင်းထံ၌ ထင်မြင်ချက်အချို့ ရှိလာခဲ့လေပြီ။
ရှေးကလန်ဝင်သုံးခု၏အရိပ်များနှင့် ယဲ့မို၏အရိပ်တို့ တိုးဝင်လာနေရင်း ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရား၊ ရှေးဟောင်းနတ်ဆိုး၊ ရှေးဟောင်းမိစ္ဆာကြယ်များသည် မြန်ဆန်စွာ စတင် လှည့်ပတ်သည်။
ယင်းသို့ လှည့်ပတ်နေရင်း စွမ်းအားချင်း ပေါင်းစပ်ကာ သူ ပိုင်ဆိုင်သည့် ရှေးအော်ရာ ထွက်ပေါ်လာသည်။ ထိုအော်ရာ ပျံ့နှံ့လာသည့်အခါ ဝမ်လင်းရရှိခဲ့သော အမွေအနှစ်တွင်းမှ ဘယ်မျက်လုံးကင်းမဲ့နေသည့် ရှေးလူဦးခေါင်း ပေါ်လာလေသည်။
ဤသည်မှာ ယဲ့မို၏အမွေအနှစ်နှင့် ယဲ့မို၏အနှစ်သာရသွေးတို့ကြား သေခြင်းရှင်ခြင်း တိုက်ပွဲ ဖြစ်လာခဲ့ပြီ။ ဝမ်လင်းသာ အနိုင်ရပါက သူက ထိုသန့်စင်လှသော ရှေးလူ၏ သွေးရှစ်စက်ကို စုပ်ယူနိုင်လိမ့်မည် ဖြစ်သည်။
ထိုသွေးရှစ်စက်က ဝမ်လင်း၏ ရှစ်ခုမြောက်ရှေးဟောင်းနတ်ဘုရားကြယ်ကို ဖြစ်ပေါ်စေနိုင်စွမ်း ရှိလောက်ပေ၏။ သူ၏ရှေးဟောင်းနတ်ဆိုးနှင့် ရှေးဟောင်းမိစ္ဆာကြယ်များ၏ အရေအတွက်ကိုလည်း တိုးလာစေနိုင်ကောင်းသည်။
ဤသည်မှာ သူ အမွေအနှစ်ကို အပြည့်အဝ ရဖို့အတွက် ရှေးသင်္ချိုင်းသို့ ဒုတိယအကြိမ်သွားသည့်အခါ သော့ချက်တစ်ခု ဖြစ်လာနိုင်ပေမည်။
***