← Chapters

အခန်း (၅၁-၆၀)

Vol. 8 Ch. 51-60

အခန်း (၅၁-၆၀)

Vol. 8 Ch. 51-60

Volume 8 အခန်း ၅၁ ။ ပြုစုပျိုးထောင်ခြင်း

ရှုယီသည် လူအားနှင့်ထောက်ပံ့ပစ္စည်းများပါဝင်သော ရေတပ်အားခေါ်ဆောင်လာခဲ့သည်။ ၎င်းသည် မှော်တိမ်တိုက်နယ်မြေ၏အင်အားကိုတိုးချဲ့ဖို့ရန်ဖြစ်သည်။

တိုးတက်ရေးသည် သဘာဝကျစွာပင် အပြောသက်သက်မဟုတ်ပေ။

ရှုယီထပ် အရင်ရောက်ရှိနေသော ရေတပ်ဖွဲ့သည် အလုပ်စလုပ်နေပြီဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် အတူလာသော အမ်ရစ်ကုန်သည်ကြီးများအသင်းသည် လူ(၃)ထောင်ကျော် ပါဝင်သော ဆောက်လုပ်ရေးအဖွဲ့ကို ခေါ်ဆောင်လာခဲ့သည်။

၎င်းတို့၏အလုပ်မှာ လမ်းများကိုချဲ့ရန်၊ စက်ရုံများနှင့်လူနေအိမ်များ ဆောက်ရန်နှင့် ဌာနချုပ်၏ အကျယ်အဝန်းကိုချဲ့ရန် ဖြစ်သည်။ သူတို့သည် စိုင်စ်နယ်မြေတွင်ရှိသော Frestech ကုန်သည်များအသင်း၏ ဌာနချုပ်နီးပါး ဆောက်လုပ်ရန်ကြိုးစားမည်ဖြစ်ပြီး စကေးအရ ပိုမိုကျယ်ဝန်း နိုင်သည်။

မှော်တိမ်တိုက်နယ်မြေသည် ရှုယီအတွက် အလွန်အရေးကြီးသည် အဓိကအကြောင်းရင်းမှာ မှော်တိမ်တိုက်နယ်မြေသည် စိုင်နယ်မြေကဲ့သို့ နယ်မြေအစိတ်အပိုင်းအားလုံးကို အာဏာရှင်များက ခွဲဝေယူထားပြီးသားမဟုတ်ပေ။

Frestech ကုန်သည်ကြီးများအသင်းသည် စိုင်စ်နယ်မြေတွင် မြေနေရာလိုချင်လျှင် ဈေးနှုန်းကြီးမားစွာ ပေးဝယ်ရမည်ဖြစ်သည်။

အခြားသောအကျိုးအမြတ်များရလိုလျှင် စိုင်စ်နယ်မြေရှိအာဏာရှင်များနှင့် အချင်းများရမည်ဖြစ်သည်။

၎င်းနှင့်ယဉ်လျှင် မှော်တိမ်တိုက်နယ်မြေ သည် ပိုင်ရှင်မရှိသောမြေဟုခေါ်ရမည်ဖြစ်သည်။

ထိုနယ်မြေသည် မှင်စာများအုပ်စိုးခြင်းကိုခံရသည်။

သို့သော် မှင်စာများသည် မဖွံ့ဖြိုးမတိုးတက်သော အသိုင်းအဝိုင်းဖြစ်သည်။ ယခုအချိန်ထိ ၎င်းတို့သည် နိုင်ငံမရှိသေးသော ခေတ်နောက်ကျနေသော မျိုးနွယ်ဖြစ်သည်။

ထို့ကြောင့် မှင်စာများသည် အခြားမျိုးနွယ်စုများထပ် သန်မာသော်လည်း ၎င်းတို့သည် နယ်မြေတစ်ခုလုံးကိုထိန်းချုပ်နိုင်စွမ်းမရှိပေ။

နယ်မြေထဲရှိသယံဇာတများအားလည်း လုံးဝအသုံးပြုခြင်းမရှိပေ။

Frestechကုန်သည်ကြီးများအသင်း၏ ဌာနတည်ဆောက်ပြီးသည်နှင့်ပတ်ဝန်းကျင်ကို စောင့်ကြည့်လေ့လာကြည့်ရာ များစွာသော မတူးဖော်ရသေးသည့် မိုင်းတွင်းများကိုတွေ့ရသည်။

Frestechကုန်သည်ကြီးများအသင်းသည် စတုရန်းကီလိုမီတာ ၄သောင်းကျော်ထိ ဖြန့်ခဲ့ပြီး ထိုနေရာတွင် ၎င်းတို့ထိန်းချုပ်ထားသော သဘာဝသယံဇာတများပင် အလွန်ကြွယ်ဝနေပြီဖြစ်သည်။ ၎င်းသည် Frestechကုန်သည်ကြီးများအသင်း စိုင်စ်နယ်မြေတွင်ထိန်းချုပ်ထားသည်ထပ် ကျော်လွန်သည်။

အကြောင်းမှာ Frestechကုန်သည်ကြီးများအသင်း၏အဆင့်မြင့်အဖွဲ့ဝင်များသည် မှော်တိမ်တိုက် နယ်မြေတွင် ရင်းနှီးမြုပ်နံရန်အမြဲသဘောတူခဲ့ကာ ဤတစ်ကြိမ်၌ တစ်စိတ်တစ်ဝမ်းတည်း သဘောတူညီခြင်းကြောင့်ဖြစ်သည်။

သိထားရမည့်အချက်မှာ ရှုယီဦးဆောင်ခဲ့သည့်မစ်ရှင်၌ ရင်းနှီးမြုပ်နှံမှုငွေသည် ရွှေဒဂါး သန်းပေါင်းတစ်ရာ ကျော်ခဲ့ပြီး ၎င်းတို့သည်ထိုထပ်ပင်ပို၍ ရင်းနှီးမြုပ်နှံလိုကြသေးသည်။ Frestechကုန်သည်ကြီးများအသင်း၏ အကြီးဆုံး ရင်းနှီးမြုပ်နှံမှုဟုပြောနိုင်သည်။

ထိုရင်းနှီးမြုပ်နှံမှုသည် ပြန်လည်ထုတ်ပေးရန်လိုအပ်သည်မှာသေချာပါသည်။

အမ်ရစ်ကုန်သည်ကြီးများအသင်းက Frestechကုန်သည်ကြီးများအသင်း၏ ဌာနချုပ်ကို တည်ဆောက်ပေး နေချိန်၌ ရှုယီခေါ်ဆောင်လာသောအစောင့်တပ်သား ၅ထောင်ကြောင့် ၄င်းတို့၏ပိုင်နက်အား အရှိန်ကို မြင့်ကာတည်ဆောက်နိုင်သည်။

ရှုယီမရောက်ခင်တွင် Frestechကုန်သည်ကြီးများအသင်း၏ ရေတပ်သည် မှော်တိမ်တိုက်နယ်မြေထဲ ရောက်ရှိပြီး ပတ်ဝန်းကျင်ရှိမှင်စာအသိုက်များကိုလျှို့ဝှက်ရှာကြသည်။ တိုတောင်းသော ၁၃ရက် အတွင်း မှင်စာများနှင့် အကြိမ် ၅၀ခန့်တိုက်ခိုက်ကြသည်။ ၎င်းတို့သည် မှင်စာမျိုးနွယ် ၁၀စုခန့်ကို ရှင်းလင်းနိုင်ခဲ့ပြီး မှင်စာ ၇သောင်းကို သတ်ဖြတ်နိုင်ခဲ့သည်။

၎င်းတို့၏ပိုင်နက်ကို ချဲ့ထွင်ရင်း သံမိုင်းတွင်းနှင့် သံမဟုတ်သောသတ္တုမိုင်းတွင်းများကို ရရှိခဲ့သည်။

ရှုယီရောက်ရှိလာသောအခါ ၎င်း၏ကိုယ်ပိုင် အစီအစဉ်အောက်၌ Frestechကုန်သည်ကြီးများအသင်းသည် ဆက်လက်ချဲ့ထွင်ကြသည်။

နှစ်လအတွင်း Frestechကုန်သည်ကြီးများအသင်းသည် စတုရန်းကီလိုမီတာ ၄သောင်းကျော်မှ ငါးသောင်းကျော်ထိ ချဲ့ထွင်နိုင်ခဲ့သည်။

ချဲ့ထွင်နေသည့်အချိန်တွင် Frestechကုန်သည်ကြီးများအသင်း၏အစောင့်တပ်များသည် အမ်ရစ်ကုန်သည်ကြီးများအသင်းလမ်းများနှင့် မီးရထားလမ်းများဖောက်နေသည့်နေရာတွင် မှင်စာများကိုရှင်းလင်းပေးသည် တစ်ချိန်တည်းမှာပင်လမ်းတစ်လျောက်၌ အစောင့်ကင်းတဲများကို ဆောက်လုပ်သွားသည်။

တစ်ချိန်တည်းမှာပင် Frestechကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ပိုင်နက်အသစ်၌ ဆက်သွယ်မှု ရရှိနိုင်ရန် မှော်အချက်ပြတိုင်များကို တစ်ခုပြီးတစ်ခုဆောက်လုပ်သွားသည်။

ထိုကဲ့သို့ အဆင်ပြေလှသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးများဖြင့် Frestechကုန်သည်ကြီးများအသင်း သည် ၎င်းတို့၏ပိုင်နက်အသစ်ကို အခိုင်အမာထိန်းချုပ်သွားသည်။

မှင်စာများမှ လက်တုံ့ပြန်လိုလျှင်ပင် ၎င်းတို့သည် Frestechကုန်သည်ကြီးများအသင်း၏ အစောင့်တပ်များ နှင့်ရင်ဆိုင်ရမည်ဖြစ်ပြီးဖျက်စီးမှုများဖြစ်စေနိုင်မည်မဟုတ်ပါ။

မှင်စာများသည် ခေတ်နောက်ကျသည့်မျိုးနွယ်များဖြစ်ပြီး ၎င်းတို့သည် မှော်တိမ်တိုက်နယ်မြေတွင် အုပ်စိုးနိုင်ရန် ဦးရေကိုသာမှီခိုနေခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထက်သည်ဟု ဆုံးဖြတ်၍ မရသော ကျောက်တုံးလက်နက်များကိုသာသုံးကြသည်။

Frestechကုန်သည်ကြီးများအသင်း၏အစောင့်တပ်များတွင် ဤကမ္ဘာ၏အဆင့်ကိုပင်ကျော်လွန်သော စစ်တပ်သုံးမှော်စက်များရှိခြင်းကြောင့် လူကြီးမှကလေးကိုရိုက်နေသကဲ့သို့ပင်။

Frestechကုန်သည်ကြီးများအသင်းအစောင့်တပ်များသည် မှင်စာများကိုတိုက်ခိုက်ပြီး ၎င်းတို့ထံမှခြိမ်းခြောက်မှုကို ဘယ်တုန်းကမှ မခံစားရဖူးပေ။

မှင်စာများသည် ဉာဏ်ရည်မထက်သော်လည်း အရူးများတော့မဟုတ်ပါ အကြိမ်အနည်းငယ် တိုက်ခိုက်ကြခြင်းဖြင့် ၎င်းတို့သည် အရေအတွက်များစွာပို့သော်လည်း မနိုင်ကြောင်းတွေ့လာရကာ ထို့ကြောင့် သူတို့အားမနိုင်နိုင်ကြောင်းသိသွားသည်။

ထို့ကြောင့် အချိန်များကျော်လွန်သွားသည်နှင့် မှင်စာများသည် Frestechကုန်သည်ကြီးများအသင်း၏ ပိုင်နက်များကို တားမြစ်ဧရိယာကဲ့သို့သတ်မှတ်ကာ မချဉ်းကပ်ရဲတော့ပေ။

ရုတ်တရက် စတုရန်းကီလိုမီတာ တစ်သောင်းခန့်ထိ ချဲ့ထွင်ပြီးနောက် အခြေအနေကိုတည်ငြိမ်စေရန်နှင့် အစောင့်များအား အနားယူစေရန် Frestechကုန်သည်ကြီးများအသင်းသည် ၎င်းတို့ချဲ့ထွင်မှုကိုရပ်လိုက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်တော့သည်။

…..

ရှုယီ၏နဖူးတွင် ချွေးများထွက်လာကာ ပုတီးစေ့ကဲ့သို့ စုစည်းသွားပြီး သူပါးပေါ်မှဆင်းသွားကာ မေးစေ့သို့ ရောက်သွားသည်။

ရှုယီသည် သူ့မျက်လုံးကိုမှေးလိုက်ကာ တောက်ပနေသော နေရောင်ကိုကြည့်လိုက်သည် သူသည် ဤနေရာတွင် နွေရာသီသည် စတက်တိန်းမြို့စားပိုင်နက်ထပ် ပို၍ သည်းမခံနိုင်အောင်ပူကြောင်းတွေးလိုက်သည်။ ၎င်းသည် အီကွေတာနှင့်နီးကာ လတ္တီကျူနိမ့်သော နေရာတွင် ဖြစ်သောကြောင့်ဖြစ်နိင်ပါသလား?

အကယ်၍ ဖြစ်နိုင်လျှင် သူသည် ဌာန၏အခန်းထဲတွင် မှော်လေအေးပေးစက်မှလာသော လေအေးကို ခံကာ နေနေချင်သည်။

သို့သော် သူနေလို့မရပေ သို့ ဒီနေ့အတွက်တော့မရပေ။

ယနေ့သည် အထိမ်းအမှတ်နေ့ဖြစ်သည်။

Frestechကုန်သည်ကြီးများအသင်း၏ မှော်တိမ်တိုက်နယ်မြေအနီးတွင် ရှုယီ၏ဆုံးဖြတ်ချက်နှင့် လယ်ယာ စိုက်ပျိုးရန် စီစဉ်ပြီး စိုင်နယ်မြေမှစပါးများကို မမှီခိုတော့ပဲ ကိုယ်ပိုင်လုံလောက်မှု ရှိနိုင်ပြီဖြစ်သည်။

ထိုကိစ္စ၏အရေးကြီးမှုကိုဖော်ပြရန် ရှုယီသည် ကိုယ်တိုင်လာရောက်ကာ မြေကိုတူး၍ မျိုးစေ့ကိုထည့်ရမည်။

သူသည် ကိုယ်ကာယအလုပ်များကို မလုပ်သည်မှာ ကြာပြီဖြစ်ပြီး နာရီဝက်အတွင်းတွင် ချွေးများဖြင့် ရွဲနစ်နေသည်။

အမှန်တကယ်၌ သူကိုယ်တိုင်လာရန်မလိုအပ်ပါ။

Frestechကုန်သည်ကြီးများအသင်းမှ ပြုပြင်ထားပြီးသော မြေများရှိသည်။ များပြားသော စိုက်ပျိုးရေး သုံးမှော်စက်များရှိကာ လူကိုယ်တိုင်မြေတူးရန်မလိုအပ်ပါ။

ရှုယီထိုသို့လုပ်ရခြင်းမှာ ဟန်ပြသာဖြစ်သည်။

ထို ပြကွက်ပြီးသွားလျှင် စိုက်ပျိုးရေးသုံးမှော်စက်များသည် လယ်ကွင်းထဲတွင် စတင်အသုံးပြုကြသည် များစွာသော ဒါဇင်လိုက်ဟက်တာရှိသည့် မြေနေရာကိုပင် ထယ်ထိုးသည်မှာမကြာပေ။

ရှုယီသည် မိမိကိုယ်ကိုပင်ရယ်မိတော့သည်။

ရှုယီသည် စိုက်ပျိုးရေးသုံးမှော်စက်များ၏တိုးတက်မှုကို ဦးဆောင်ခဲ့ပြီး ယခုမူ ဤလူများသည် သူ့ကို အသုံးချကာ လူများစွာ၏ရှေ့တွင် အရှက်ခွဲနေသည်။

အစီအစဉ်အရ Frestechကုန်သည်ကြီးများအသင်း၏ ပထမဆုံးနှစ်၏ စိုက်ပျိုးရေးသည် ဟက်တာသုံးသောင်းအကျယ်နှင့် စဖွင့်မည်ဖြစ်သည်။

ဤမြေနေရာသည် ဂျုံပင်များဖြင့်ပြည့်နေပြီး စိုင်စ်နယ်မြေ၏တွက်ချက်မှုအရ စိုက်ပျိုးရေးမှော်စက်နှင့် ဓာတ်မြေဩဇာများသုံးလျှင် အနည်းဆုံး ရိတ်သိမ်းရမည့်ပမာဏသည်ဂျုံပင် တန် တစ်သိန်းခန့် ရှိလိမ့်မည်ဖြစ်သည်။

ထိုပမာဏသည် Frestechကုန်သည်ကြီးများအသင်း၏ လူဦးရေ ၆သောင်း၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်။

၎င်းသည် လိုအပ်ချက်ကို မီနိုင်ရန်ခက်ခဲသည်မှာ သေချာပါသည်။

ရှုယီ၏အစီအစဉ်အရ ဌာနသည် အခန်းများစွာလိုအပ်နေသေးသည် ဤနေရာတွင် လူ၆သောင်းသာနေရန်မဖြစ်နိုင်ပါ ၆သိန်း သို့ ၆သန်းပင်ဖြစ်လာနိုင်သည်။

Frestechကုန်သည်ကြီးများအသင်းသည် စိုင်စ်နယ်မြေတွင် နယ်မြေများကိုထိန်းချုပ်နိုင်ခဲ့ရာ လူဦးရေသည် သန်း၆၀ ထိ မတိုးလာလျှင်သာထူးဆန်းလိမ့်မည်။

ထို့ကြောင့် ဤအရာသည် အစဖြစ်သည် နောက်ဆုံးပန်းတိုင်မှာ စိုက်ပျိုးရေးမှော်စက်များကို မှော်တိမ်တိုက်နယ်မြေတွင် မိတ်ဆက်ပေးရန်ဖြစ်ပြီး အမှန်တကယ်ကိုယ်ပိုင် လုံလောက်မှု ရစေရန်ဖြစ်သည်။

ထိုသို့စဉ်းစားကာရှုယီသည် ဘေး၌ရှိသည့် အခြားမျိုးနွယ်စုများကို ကြည့်လိုက်ကာ ၎င်းတို့သည် လည်ပင်းများ ဆန့်ကာ လယ်ကွင်းများကိုကြည့်နေကြောင်းတွေ့လိုက်သည်။

ထိုအကြောင်းကိုပြောရသည်မှာအနည်းငယ်ရယ်စရာကောင်းသည်။

စိုင်စ်နယ်မြေတွင်ဖြစ်စေ မှော်တိမ်တိုက်နယ်မြေတွင်ဖြစ်စေ အခြားသောမျိုးနွယ်စုများထပ် လူသားများမှလွဲ၍ အခြားသောမျိုးနွယ်စုများမည်မျှပင်တိုးတက်ပါစေ လယ်ယာစိုက်ပျိုးရေးတွင် ၎င်းတို့မရှိချေ

အခြားမျိုးနွယ်စုများသည် အသက်ရှင်သန်ရန်အတွက် သဘာဝတရားအပေါ် မှီခိုကြပြီး စိုက်ပျိုးရေးလုပ်ရန် အတွေးမရှိကြပေ။

ရှုယီသည် ထိုမေးခွန်းကိုဆုံးဖြတ်ရာတွင် အခြားမျိုးနွယ်စုများ၏လူဦးရေသည် စိုင်စ်နယ်မြေရှိ လူဦးရေနှင့်မတူညီရခြင်းအကြောင်းရင်းကိုတွေ့ရှိခဲ့သည်။

မှော်တိမ်တိုက်နယ်မြေတွင် ခြွင်းချက်မှာ မှင်စာများဖြစ်သည်။

သို့သော်မှင်စာများသည် ခေတ်နောက်ကျသည့်မျိုးနွယ်စုဖြစ်ကာ လူသားကိုပင် စားသုံးကြသော မျိုးနွယ်ဖြစ်၍ ၎င်းတို့ကို ကိုးကား၍မရပေ။

၎င်းတို့သည် အကောင်ရေများပြားနေရသည့်အချက်မှာ ၎င်းတို့၏မျိုးပွားနိုင်စွမ်း ကောင်းသောကြောင့် ဖြစ်သည်။ ကမ္ဘာပေါ်မှ ကြွက်များကဲ့သို့ပင်။

သို့သော် မှင်စာများသည် သက်တမ်းတိုကြသည်။ ၎င်းတို့သည် ၁၀နှစ်အရွယ်တွင် လူကြီးဖြစ်ကြပြီး အသက် ၂၀ ထိနေနိင်သောသူသည် ရှားပါးကာ အနည်းစုဖြစ်သည်။

ထို့ကြောင့် ရှုယီသည် မှင်စာများအား ဉာဏ်ရည်ရှိသော မျိုးနွယ်စုများကဲ့သို့ မဆက်ဆံခြင်းဖြစ်သည်။

၎င်းတို့သည် ကျိုင်းကောင်နှင့် ကြွက်များကဲ့သို့ ဖြစ်သည်။ လွတ်လပ်စွာဖွံ့ဖြိုးနိုင်လျှင် မှော်တိမ်တိုက် နယ်မြေတစ်ခုလုံးကိုပင် ဝါးမြိုသွားနိုင်သည်။

မျိုးနွယ်စုများတွင် မှင်စာများက အခြားကိစ္စတစ်ခုဖြစ်သည်။

ဤနေရာတွင် ရှုယီတွေ့သော နတ်သူငယ်များ လူပုများနှင့် သွေးနှောများတွင် ဖွံ့ဖြိုးတိုးတက်သည့် လူမှုအဖွဲ့အစည်းရှိသည်။ အကယ်၍ လမ်းကြောင်းပေးနိုင်လျှင် ၎င်းတို့သည် အကူအညီကောင်းကောင်း ရလိမ့်မည်။

ထို့ကြောင့် ရှုယီသည် တမင်သက်သက် ထို ကြီးမားကျယ်ပြန့်သည့် မြေယာဖော်ယူခြင်း အခမ်းအနား ကို ကျင်းပခြင်းဖြစ်ပြီး ထိုမျိုးနွယ်စု ၃ခု အတွက်သာဖြစ်သည်။

တစ်ချိန်တည်းမှာပင် Frestechကုန်သည်ကြီးများအသင်း၏ စိုင်စ်နယ်မြေမှလာသော အခြားမျိုးနွယ်ဝင် များအား ထိုဒေသခံများကိုလယ်ယာစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးကိုရှင်းပြစေကာ ဝင်လာရန်ကြိုးစားစေချင်သည်။

အကယ်၍ ရှုယီသည် မှော်တိမ်တိုက်နယ်မြေအားထိန်းချုပ်လိုလျှင် ထိုဒေသခံများကို ၎င်းတို့ကိုယ်တိုင် ခွဲထွက်သွားစေလို့မရပေ။ သူသည် ၎င်းတိုကို စုစည်းစေချင်ပြီး ထို့အခါမှ Frestechကုန်သည်များ အသင်းသည် ၎င်းတို့ကို အသုံးပြု၍ရမည်ဖြစ်သည်။

နောက်ဆုံး၌ Frestechကုန်သည်ကြီးများအသင်းသည် အလိုအပ်ဆုံးမှာ လူအင်အားပင်ဖြစ်သည်။

***

Volume 8 အခန်း ၅၂ ။ ဒေသခံလူသားများ

“ဥက္ကဌ မီးနဂါးမျိုးနွယ်စုက ကိုယ်စားလှယ်လာပါတယ်” ဘန်နက်၏ဦးဆောင်မှု ဖြင့် ပိန်သွယ်သည် လူသုံးဦး သည် အခန်းထဲသို့ဝင်လာသည်။

ရှုယီသည် ထိုလူများကိုကြည့်လိုက်ကာ ခေါင်းငြိမ့်လိုက်သည်။

ဘန်နက်၏တင်ပြချက်အရ သူသည် မှော်တိမ်တိုက်နယ်မြေတွင်အစာရေစာရှားပါးမှုကြောင့် ဒေသခံလူသား များသည် အရပ်ပုကာပိန်ပါးကြကြောင်းသိသည်။

သို့သော် ထိုကိုယ်စားလှည်သုံးဦးသည် မီးနဂါးမျိုးနွယ်စုတွင် အရပ်ရှည်သည်ဟုသတ်မှတ်နိုင်သည် သို့သော်ရှုယီနှင့်ယှဉ်ရပ်လျှင် ၎င်းတို့၏ခေါင်းသည် ရှုယီ၏နှာခေါင်းလောက်ပင်မရှိပါ။

“ဟာဗာစီ” ရှုယီက ထိုသုံးဦးကို ပြုံး၍နှုတ်ဆက်သည်။

ရှုယီက မီးနဂါးမျိုးနွယ်စကားကို ဘန်နက်အားမေးထားရာ မီးနဂါးမျိုးနွယ်စု၏ ဘာဘာစကားအရ မင်္ဂလာပါဟု နှုတ်ဆက်ခြင်းဖြစ်သည်။ သို့သော် ဘာသာစကားတစ်ခုလုံးအား အချိန်တိုတွင်း သင်ယူနိုင်ရန်မဖြစ်နိုင်သော်ကြောင့် နှုတ်ဆက်နည်းတစ်ချို့ကိုသာသင်ခဲ့သည်။

သို့သော် ရှုယီအား အံ့သြစေသောအချက်မှာ “ဟာဗာစီ” ဟုပြန်လည်နှုတ်ဆက်ပြီးနောက် မီးနဂါး မျိုးနွယ်၏ ခေါင်းဆောင်သည် စိုင်စ်နယ်မြေ၏ဘာသာစကားကို ကျွမ်းကျင်စွာ ပြောတတ်နေသည်။

“ဥက္ကဌ ရှု ခင်ဗျားကိုတွေ့ရတာ ဂုဏ်ယူစရာပါ။” လူလတ်ပိုင်းအရွယ် လူကြီးသည် ပြုံးကာရှုယီကို စိုင်စ်နယ်မြေ၏နှုတ်ဆက်နည်းဖြင့် နှုတ်ဆက်သည်။

ရှုယီသည် သူ့အားအံ့သြကာကြည့်လိုက်ပြီး ဘန်နက်ကိုလှည့်ကြည့်လိုက်သည်။

ဘန်နက်သည် ပြုံးကာ သက်လတ်ပိုင်းလူကြီးကို ညွန်ပြ၍ရှင်းပြသည် “ဥက္ကဌ ဒီသုံးဦးဟာ မီးနဂါးမျိုးနွယ်က အထူးရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေပါသူတို့ဟာ စိုင်စ်နယ်မြေက ဘာသာစကားကို ကျွမ်းကျင်ပါတယ် ဒါကြောင့် လွတ်လွတ်လပ်လပ်ပြောလို့ရပါတယ်။

“အဲ့လိုလား?” ရှုယီက ကိုယ်စားလှယ်သုံးဦးကို အံ့သြစွာကြည့်လိုက်သည်။

မီးနဂါးမျိုးနွယ်သည် Frestechကုန်သည်ကြီးများအသင်းမှ ၎င်းတို့နယ်မြေတိုးချဲ့နေစဉ် မတော်တဆ တွေ့ခဲ့ရသောလူမျိုးနွယ်ဖြစ်သည်။

၎င်းတို့သည် လူသားများဖြစ်သောကြောင့် ရှာတွေ့ပြီးသည်နှင့် Frestechကုန်သည်ကြီးများအသင်းမှ အထူး ဂရုစိုက်ခဲ့သည်။ ၎င်းတို့သည် Frestechကုန်သည်ကြီးများအသင်းနှင့်ပူးပေါင်းခဲ့ကာ Frestechကုန်သည်များ အသင်းတွင် အလုပ်ဝင်ရန် များစွာသော အဖွဲ့ဝင်များကိုခန့်အပ်ခဲ့သည်။

ရှုယီသည် တစ်နှစ်ပင်မပြည့်သေးပဲ မီးနဂါးမျိုးနွယ်စုက စိုင်စ်နယ်မြေဘာသာစကားကို ကျွမ်းကျင်သော ကိုယ်စားလှယ် ၃ဦး ပို့လာမည်ဟု မထင်ထားခဲ့ပါ။ Frestechကုန်သည်ကြီးများအသင်းသည် ၎င်းတို့အတွက် မည်မျှအရေးကြီးကြောင်းသိနိုင်သည်။

“ခင်ဗျားတို့ စိုင်စ်နယ်မြေ ဘာသာစကားကိုပြောတတ်တယ်ဆိုတော့ အရမ်းအဆင်ပြေသွားပြီ” ရှုယီကခေါင်းငြိမ့်ကာပြောသည်။ “ကျွန်တော်တို့စကားကိုပြောတတ်တယ်ဆိုတော့ စာကော ဖတ်နိုင်ပြီလား?”

ထိုသုံးဦးသည် အနေခက်သည့်ပုံဖြင့် ဂန်မို ဟုခေါ်သော သတ်လတ်ပိုင်းအမျိုးသားမှ ခေါင်းခါလျှက် ပြောသည်။

“ကျွန်တော်တို့ မျိုးနွယ်စုမှာ စာမရှိသေးပါဘူး ဒါကြောင့် စာရေးသင်ဖို့ ကျွန်တော်တို့အတွက် ခက်ပါတယ် ကျွန်တော်တို့သုံးယောက်လုံးစကားပြောတဲ့နေရာမှာ အခက်အခဲမရှိပေမဲ့ စာဖတ်တာနဲ့ စာရေးတာမှာတော့ ပြဿနာနည်နည်းရှိပါတယ်”

ရှုယီက မျက်မှောင်ကုပ်လိုက်သည်ကိုမြင်ကာ ဂန်မိုကချက်ခြင်းပင် “ဒါမဲ့ ကျွန်တော်တို့ သင်ယူနေပါတယ်။ ကျွန်တော် စာလုံးရေ နှစ်ရာလောက်တော့ မှတ်မိနေပါပြီ အချိန်နည်းနည်းပေးရင် စာဖတ်တာနဲ့စာရေးတာကို သင်ဖို့လည်းပြဿနာမရှိလောက်ပါဘူး”

“ကောင်းတာပေါ့” ရှုယီက ဂန်မိုအား ချီးကျူးသည့်ပုံနှင့်ကြည့်လိုက်သည်။

အခြေခံမရှိသောသူတစ်ယောက်အတွက် စာရေးရန် စာဖတ်ရန် သင်ယူခြင်းမှာမည်မျှခက်ခဲကြောင်း သူသိပါသည်။

ဂန်မိုသည် စိုင်စ်နယ်မြေစကားကို ပြောတတ်ရန် တစ်နှစ်အတွင်းသင်ယူနိုင်ခဲ့လျင်ပင် အလွန်ကောင်းမွန်နေပြီဖြစ်သည်။ စာလုံးရေနှစ်ရာကျော်ကိုလည်းမှတ်မိနိုင်သည်ကိုမဆိုနှင့် သူသည်ဘာသာစကားလေ့လာရာတွင် အရည်ချင်းမြင့်သဖြင့် ထိုနေရာတွင် အားစိုက်ထုတ်သင့်သည်။

“ဒါမဲ့ စာမဖတ်တတ်ရင် ငါတို့နဲ့ ဘယ်လိုစာချုပ်ချုပ်မှာလဲ?” ရှုယီကမေးလိုက်သည်။

ဂန်မိုသည်မျက်လုံးကိုပင့်လိုက်ကာ စိတ်လှုပ်ရှားသောပုံဖြစ်နေပြီး ခေါင်းခါလျှက်ပြောသည်။ “ဥက္ကဌရှု ကျွန်တော်တို့ကို ကူညီနေသရွေ့ စာချုပ်ကာ သိပ်အရေးမကြီးပါဘူး” သူကထပ်ပြောသည် “ဒါအပြင် စာချုပ်ကို ဆန့်ကျင်ပြီးလုပ်မယ်ဆိုရင်တောင် ကျွန်တော်တို့က ပြဿနာရှာမှာမဟုတ်ပါဘူး”

ရှုယီသည် ခနရပ်ကာ ပြုံးလိုက်သည်။

“ခင်ဗျားက နားလည်ပုံရတယ် ခင်ဗျား သိနေတယ်ဆိုရင် ကျုပ်တို့နဲ့ အလုပ်လုပ်ဖို့ ဆန္ဒရှိသေးရဲ့လား?”

“သေချာတာပေါ့” ဂန်မိုက ခေါင်းငြိမ့်လိုက်သည်။ “ဥက္ကဌရှု ခင်ဗျားရဲ့အာဏာနဲ့ ကျွန်တော်တို့ကို ကြိုက်သလိုခိုင်းနိုင်ပါတယ် ဒါမဲ့ကျွန်တော်တို့ကို ပူးပေါင်းဖို့ပြောခဲ့တယ်။ ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို မသိပေမဲ့ ခင်ဗျားနဲ့ပူးပေါင်းလို့ အကျိုးယုတ်သွားမယ်မဟုတ်မှန်း ကျွန်တော်သိပါတယ်”

“အကျိုးယုတ်တာမရှိဘူးဆိုတာသေချာရဲ့လား ?” ရှုယီက သူ့ကိုကြည့်ကာ နည်းနည်းရယ်ချင်နေသည်။

ဂန်မိုက ရှုယီကိုတည်ငြိမ်စွာကြည့်၍ “အကယ်၍ခင်ဗျားကြောင့်သာမဟုတ်ခဲ့ရင်မီးနဂါးမျိုးနွယ်ဟာ မှင်စာတွေရဲ့အသတ်ခံရတော့မှာပါ။ ဒါကြောင့် ခင်ဗျားနဲ့ပူးပေါင်းတာ အဲ့တာထပ်အကျိုးယုတ်ဖို့ ရှိပါ့မလား?”

ဂန်မို၏မျက်နှာသည်တည်ငြိမ်နေကာ ထိုအရာကိုပြောသောအခါ၌လည်း ပြောင်းလဲခြင်းမရှိပေ။ ကြည့်ရသည်မှာ ၎င်းသည် အံဩစရာမဟုတ်သလိုပင်။

ရှုယီက ဘန်နက်ဖက်သို့လှည့်လိုက်သည်။

ဘန်နက်သည်ချောင်းဟန့်လိုက်သည်။

“ဥက္ကဌအရင်နှစ်ကကုမ္ပဏီရဲ့အစောင့်တပ်တွေ မီးနဂါးမျိုးနွယ်စု ကို တွေ့ခဲ့တုန်းက သူတို့ဟာ မှင်စာတစ်သောင်းလောက် ဝိုင်းထားတာကိုခံနေရတာပါ။ အကယ်၍ အစောင့်တပ်ကမကယ်ခဲ့ရင် မီးနဂါးမျိုးနွယ်စုဟာ မျိုးဆက်ပြတ်သွားတော့မှာပါ”

ရှုယီသည် ခေါင်းငြိမ့်ကာ ဂန်မိုပြောသည်မှာအမှန်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။

သူသည် မှော်တိမ်တိုက်နယ်မြေရှိ ဒေသခံလူသားမျိုးနွယ်သုံးဦးကိုကြည့်ကာ ခံစားသွားရသည်။

သူတို့အားလုံးသည် လူသားများဖြစ်သည် သို့သော် စိုင်စ်နယ်မြေရှိလူသားများသည် စိုင်နယ်မြေ အုပ်စိုးသူများဖြစ်ပြီး နိုင်ငံများတည်ဆောက်ကာ ကောင်းမွန်သော လူနေမှုအဆင့်အတန်း ရှိသည်။ သို့သော် မှော်တိမ်တိုက်နယ်မြေရှိ ဤဒေသခံလူသားများသည် ၎င်းတို့အားနည်းချက်ကြောင့် အဆင့်နိမ့်စွာနေရသည်။

မှင်စာ တစ်သောင်းသည် နှစ်ထောင်ခန့်သာရှိသည့် လူမျိုးနွယ်ကိုဖျက်စီးနိုင်ပါသည်။ မှော်တိမ်တိုက်နယ်မြေထဲတွင် လူသားအတွက် နေထိုင်ရန်မည်မျှခက်ခဲကြောင်းသိနိုင်ပါသည်။

ရှုယီသည် ထိုအတွက် ဝမ်းသာပါသည်။

သူသည် ခေတ်နောက်ကျနေသည့် လူနေမှုကြောင့် ၎င်းတို့၏ဉာဏ်ရည်သည်နိမ့်ကျ၍ မျောက်ဝံကဲ့သို့ ဖြစ်မည်ဟု စိုးရိမ်ခဲ့သည်။

သို့သော် ယခုသူ့တို့ကိုတွေ့သည့်အချိန်တွင် သူတို့၌ ဉာဏ်ရည်မြင့်သည့် ဂန်မိုကဲ့သို့သောလူရှိကြောင်း တွေ့ခဲ့ရသည်။

အကယ်၍ သူ၏အဖော်နှစ်ယောက်သည် သူကဲ့သို့ ဉာဏ်ရည်ရှိလျှင် မီးနဂါးမျိုးနွယ်၏ ဉာဏ်ရည်သည် သူမျော်လင့်နိုင်သည့်မျိုးနွယ်ပင်ဖြစ်သည်။

ရှုယီသည် မှော်တိမ်တိုက်နယ်မြေတွင် ခန့်အပ်ရန် လူအင်အားများစွာလိုအပ်သည်။ သူ၏အဓိက လိုအပ်သည်မှာ ဒေသခံလူသားများပင်ဖြစ်သည်။

သို့သော် ဒေသခံများ၏ ဉာဏ်ရည်သည်နိမ့်နေလျှင် ရှုယီသည် ကုမ္ပဏီကိုဆွဲချမည့်သူများကို ကုမ္ပဏီထဲ သွင်းမည်မဟုတ်ပါ ၎င်းသည် မှော်တိမ်တိုက်နယ်မြေတွင် Frestechကုန်သည်ကြီးများအသင်း၏တိုးတက်မှုကို ကူညီနိုင်မည်မဟုတ်ပေ။

သို့သော် ယခုတွင် ရှာတွေ့သော မီးနဂါးမျိုးနွယ်စုတွင် ယုံကြည်ချက်ရှိသွားစေပြီး ဒေသခံလူမျိုးများ၏ လူဦးရေအတွက် စိတ်ပူစရာမလိုတော့ပါ။

ဒေသခံလူမျိုးများတွင် သာမန် ဉာဏ်ရည်ရှိသရွေ့ လေ့ကျင့်ပေးလိုက်လျှင် ရိုးရှင်းသော အလုပ် များကို လုပ်နိုင်မည်ဖြစ်ကာ Frestechကုန်သည်ကြီးများအသင်းကို ကောင်းကောင်း အကူညီ ဖြစ်စေလိမ့်မည် ဖြစ်သည်။

“ဂန်မို ခင်ဗျားတို့မီးနဂါးမျိုးနွယ်စုနဲ့ ကျုပ်တို့ကြားက ပူးပေါင်းခြင်းကဘာအတွက်လဲဆိုတာ အသေးစိတ်နားလည်လား?”

ဂန်မိုက အနည်းငယ်စဉ်းစားလိုက်ပြီးနောက် “ ခင်ဗျားအတွက် ကျွန်တော်တို့က အလုပ်လုပ်ပေးရမှာ ဖြစ်ပြီး ကျွန်တော် တို့ရဲ့ မျိုးနွယ်စုကို ခင်ဗျားတို့က ကာကွယ်ပေးမှာပါ”

“အန် အဲ့လိုမျိုးပါပဲ” ရှုယီကကျေနပ်စွာ ခေါင်းငြိမ်သည်။ “ခင်ဗျားတို့ မီးနဂါးမျိုးနွယ်စုက ကျုပ်တို့ရဲ့ စီစဉ်မှုကို လိုက်နာရင် ကျုပ်တို့ ကုမ္ပဏီက ကာကွယ်ပေးမှာပါ ဒါထပ် အလုပ်ကောင်းကောင်းလုပ်ရင် ခင်ဗျားတို့ရဲ့မျိုးနွယ်စုကို အခြားအကူအညီပေးဖို့ ရှိမှာပါ”

ဂန်မို၏မျက်လုံးများ မြင့်တက်သွားသည်။

သူသည် Frestechကုန်သည်ကြီးများအသင်းအတွက် နှစ်ဝက်ခန့်အလုပ်လုပ်ပေးခဲ့ပြီး စိုင်စ်နယ်မြေ ဘာသာစကားကို သင်ယူခြင်းနှင့် Frestechကုန်သည်ကြီးများအသင်း၏ အခြားသော ထူးဆန်းသည့် ထုတ်ကုန်များအကြောင်း နားလည်ခဲ့သည်။

သူသည် အခြားနယ်မြေမှ လူသားများသည် သန်မာကြောင်းကိုသိပါသည်။

သူတို့၏အင်အားသည် ကြိမ်ဖန်များစွာပြခဲ့ပြီး မှင်စာများကို လွယ်ကူစွာသုတ်သင်နိုင်သည်သာမက လူနေမှုသည်လဲကွာခြားသည်။

ထိုနှစ်ဝက်အတွင်းတွင် သူသည် မရေတွက်နိုင်သည် သူ၏ဘဝတွင် အိမ်မက်မ,မက်ဖူးသော ထူးဆန်းသောပစ္စည်းများကို တွေ့ခဲ့ရသည်။ များစွာသော ပစ္စည်းများသည် ကွဲပြားသော လုပ်နိုင်စွမ်းများ ရှိကြကာ ထူးခြားအံ့သြဖွယ်ကောင်းသည်။

Frestechကုန်သည်ကြီးများအသင်းသည် မီးနဂါးမျိုးနွယ်ကို ကာကွယ်ရန် ဆန္ဒရှိခဲ့ပါလျှင် မျိုးနွယ်ထဲရှိ လူများသည် မှင်စာများရန်ကိုကြောက်စရာမလိုတော့ပေ သူတို့သည် အစားအသောက်ကို လုံလောက်စွာ ရမည်ဖြစ်ပြီး ငတ်မွတ်ခြင်းကိုခံစရာမလိုတော့ပေ။

ထိုအရာကိုရခြင်းမှာ မီးနဂါးမျိုးနွယ်အား ကြီးမားသော အကျိုးအမြတ်ကို ရရှိနေပြီဖြစ်သည်။

ဥက္ကဌဟုခေါ်သည့် ထိုထိပ်မှလူပြောပုံအရဆိုလျှင် များစွာသောအကူအညီများပင် ရဦးမည်ဖြစ်သည်။

မီးနဂါးမျိုးနွယ်စုအား ထိုထူးဆန်းသည့်ပစ္စည်းများကိုပေးလျှင် ဂန်မိုက မည်သည့်အရာမဆိုတန်ပြီ ဟုခံစားရသည်။

ရှုယီသည် ဂန်မို၏မျက်လုံးထဲမှ မျော်လင့်ချက်နှင့် ဆန္ဒကို မြင်ရသည်။

မှော်တိမ်တိုက်နယ်မြေ၏လူသားများသည် နတ်သူငယ်များ လူပုများ နှင့် သွေးနှောများထပ် အင်အားနည်းသည်။

မှော်တိမ်တိုက်နယ်မြေ၏ နတ်သူငယ်များ လူပုများ နှင့် သွေးနှောများသည်ပင် မှင်စာများ၏ရန်ကို ကြောက်ရသဖြင့် လူသားများဆိုရင် ပြောမနေတော့ပါ။

Frestechကုန်သည်ကြီးများအသင်းပေါ်ထွက်လာမှုနှင့် လုံခြုံရေးပေးခြင်းသည် အင်အားကြီးလာစေပြီး မျော်လင့်ချက်နှင့် ဆန္ဒများမထွက်ပေါ်လာရန် မဖြစ်နိုင်ပါ။

ရှုယီသည် သူတို့အား များစွာ သင်ပေးမည်မဟုတ်ပါ။

တစ်အချက်မှာ ၎င်းတို့၏လူနေမှုအဆင့်အတန်းကို ဖမ်းဆုပ်နိုင်ရန်ခက်ခဲပြီး နှစ်အနေဖြင့် ရှုယီသည် ထို ဒေသခံလူသားများကို အလွန်အင်အားမကြီးလာစေချင်သေးပါ။

နောက်ဆုံးတွင် Frestechကုန်သည်ကြီးများအသင်းအတွက် လူအင်အားများလိုအပ်သော်လည်း သူ့ကိုယ်တိုင်အတွက်ပြဿနာမဖန်တီးလိုပါ။

“ကောင်းပါပြီ ဂန်မို အခုလောလောဆယ်အတွက်တော့ ကုမ္ပဏီမှာအလုပ်ရှိနေတယ် ဟုတ်လား?” ရှုယီကမေးသည်။

ဂန်မိုသည် ချက်ခြင်းခေါင်းငြိမ့်သည်။ “ဟုတ်ကဲ့”

“အဲ့အလုပ်ကိုလုပ်ဖို့မလိုတော့ဘူး ကျုပ်တို့ကုမ္ပဏီမှာ ခင်ဗျားတို့မျိုးနွယ်နဲ့ ကြားကဆက်သွယ်ပေးမဲ့သူ လိုနေတယ် အဲ့နေရာကို လုပ်လိုက်ပါ တခြားထပ် ကျုပ်အတွက် အထူးအကြံပေးသူဖြစ်ပေးပါ မှော်တိမ်တိုက်နယ်မြေ အကြောင်း မေးစရာလူလိုတယ်”

ဂန်မိုသည် ရှုယီပြောသည်ကိုအပြည့်အဝနားမလည်ပေ ဥပမာအနေဖြင့် အကြံပေးသူ ဆိုသည်ကို မသိပေ။

သို့သော် ရှုယီကသူကို ကောင်းမွန်သောထင်မြင်ချက်ရှိကြောင်းသူသိပါတယ်။

ဤအရာသည် သူအတွက် သတင်းကောင်းဖြစ်သည် ထို့ကြောင့် တုံဆိုင်းခြင်းမရှိပဲ ရှုယီကို ဒူးထောက်ကာ ဦးညွှတ်အလေးပြုလိုက်သည်။

ရှုယီသည် ထိုကြီးမားသည့်အပြုအမူကိုနေသားမကျပါ သို့သော် သူမရှောင်လိုက်ပါ သူက မျက်မှောင် အနည်းငယ်ကုပ်ကာ လက်ခံလိုက်သည်။

ဖြစ်နိုင်လျှင် မှော်တိမ်တိုက်နယ်မြေထဲမှလူသားများအားလုံးသူအား လေးစားစေချင်သည်။

Frestechကုန်သည်ကြီးများအသင်း၏ ဖွံဖြိုးတိုးတက်ရေးအစီအစဉ်သည် ပိုမို၍ချောမွေနိုင်ရန်ဖြစ်သည်။

***

Volume 8 အပိုင်း ၅၃ ။ မှင်စာများသည်လည်းအင်အားဖြစ်သည်။

စတုရန်းကီလိုမီတာ ၅သောင်းခန့်သည် Frestechကုန်သည်ကြီးများအသင်း မှော်တိမ်တိုက်နယ်မြေတွင် ထိန်းချုပ်ထားသော ပိုင်နက်ဖြစ်သည်။ တွက်ချက်လိုက်ပြီးနောက် ၎င်းသည် သူတို့ထိန်းချုပ်နိုင်သည့် အများဆုံးအကျယ်အဝန်းဖြစ်သည်။

Frestechကုန်သည်ကြီးများအသင်း၏ယခုလက်ရှိမှော်တိမ်တိုက်နယ်မြေတွင်ရှိသော အင်အားမှာ မှင်စာများကို တိုက်ခိုက်၍ ပိုင်နက်ကိုတိုးချဲ့နိုင်ရန်လုံလောက်သည်။

သို့သော် ပိုင်နက်အားထပ်ချဲ့လျှင် ပြဿနာများလွယ်ကူစွာတွေ့နိုင်ပြီး Frestechကုန်သည်ကြီးများအသင်း အတွက် အကျိုးမရှိပေ

ထို့ကြောင့် ရှုယီသည်ဆုံးဖြတ်ပြီးသည်နှင့် ချဲ့ထွင်မှုကိုရပ်တန့်လိုက်ပြီး ပိုင်နက်ကိုတည်ငြိမ်အောင် လုပ်ရန်ဆုံးဖြတ်လိုက်သည်။

အဆောက်အဦးများထက် လမ်းများ မီးရထားလမ်းများ နှင့် ကင်းစောင့်တဲများ အား ပိုင်နက်တစ်ခုလုံး တွင် တည်ဆောက်ကာ ပိုင်နက်ကို ထိန်းချုပ်နိင်ရန်လုပ်ကာ Frestechကုန်သည်ကြီးများအသင်းသည် မှော်တိမ်တိုက်နယ်မြေတွင် လူအင်အားများစွာခန့်အပ်ထားသည်။

ထိုမတိုင်မီ Frestechကုန်သည်ကြီးများအသင်းသည် ဒေသခံ နတ်သူငယ်များ လူပုများ သွေးနှောများနှင့် အခြားသောမျိုးနွယ်စုများကို ခန့်အပ်ထားပြီးဖြစ်သည်။

သို့သော် ထိုမျိုးနွယ်စုများသည် စိုင်စ်နယ်မြေရှိ Frestechကုန်သည်ကြီးများအသင်းနှင့် ဆယ်စုနှစ်တစ်ခုထိ ပူးပေါင်းခဲ့သော မျိုးနွယ်စုများနှင့် မတူပေ။ နှစ်ဦးနှစ်ဖက်အဆင်ပြေဖို့ရန်ခက်ခဲနေသည်။

၄င်းနှင့်ယှဉ်လျှင် မှော်တိမ်တိုက်နယ်မြေတွင်ဒေသခံလူသားများကိုအသုံးပြုရန်ပိုလွယ်သည်။

ဒေသခံလူသားများသည် ဉာဏ်ရည်နိမ့်လျှင်ပင် ၄င်းတို့၏နောက်ခံလူ့အသိုင်းအဝိုင်းကြောင့် ၄င်းတို့သည် အဆိုးဆုံးမဟုတ်ပဲ ဖန်တီးနိုင်စွမ်းနှင့် သင်ယူမှုများ၌ လူသားများ၏သဘာဝအတိုင်း လုပ်နိုင်သည်။

ဥပမာအားဖြင့် Frestechကုန်သည်ကြီးများအသင်းအရင်နှစ်ကတွေ့ရှိခဲ့သော မီးနဂါးမျိုးနွယ်စုဖြစ်သည်။ ၄င်းတို့သည် လူကြီးအယောက်ငါးရာ ခန့်အပ်နိုင်ခဲ့ပြီး အရင်နှစ်က ၄င်းတို့၏အလုပ်အတွက် အရည် အချင်း ပြည့်မီသူရှားသည် သို့သော် အချိန်တိုအတွင်းတိုးတက်လာခဲ့ပြီး ဂန်မို ကဲ့သို့ အရည်အချင်း ရှိသည့်သူများပေါ်လာသည်။

အကယ်၍တူညီသည့်အလုပ်ကို ဒေသခံနတ်သူငယ်များအားပေးလိုက်လျှင် သူတို့ပြီးရန် အချိန်အတော် ကြာ ယူရလိမ့်မည်။

ရှုယီသည် မှော်တိမ်တိုက်နယ်မြေ၏ လူသားမျိုးနွယ်များဖြင့် လူကိုယ်တိုင်တွေ့ပြီးမှ အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

၄င်းတို့သည် ဆက်လက်ချဲ့ထွင်ခြင်းမရှိသော်လည်း Frestechကုန်သည်ကြီးများအသင်း၏တိုက်ခိုက်မှုကို ရပ်၍မရပါ။

မီးနဂါးမျိုးနွယ်၏သတင်းပေးချက်အရ Frestechကုန်သည်ကြီးများအသင်းအစောင့်တပ်များသည် စုံစမ်းမှုများ ပြုလုပ်လိုက်ရာ အနည်းငယ်ဝေးသောနေရာတွင်လူသားမျိုးနွယ်စု သုံးစုကိုတွေ့ရသည်။

မီးနဂါးမျိုးနွယ်ပြောကြားချက်အရ လူတစ်သောင်းခန့်ရှိသည်ဟုဆိုသည်။

Frestechကုန်သည်ကြီးများအသင်းသည် ထိုမျိုးနွယိစုသုံးခုသို့သွားကာ ၎င်းတို့၏ပိုင်နက်ကို ခေါ်ဆောင် လာခဲ့သည်။ မီးနဂါးမျိုးနွယ်စုအတွက်မူ မြေနေရာ‌ ပေးကာ လယ်ယာစိုက်ပျိုးနည်းကို သင်ကြား‌ ပေးရန် လူများလွတ်လိုက်သည်။

လူသားမျိုးနွယ်စုများသည် အမဲလိုက်ခြင်းနှင့် ရိတ်သိမ်းခြင်းတို့ကိုသာ မှီခိုခဲ့ကြသည်။ Frestechကုန်သည်များ အသင်းက‌ ပြောသော စိုက်ပျိုးခြင်းသည် ၎င်းတို့အတွက် ပုံပြင်တစ်ခုလို ဖြစ်‌နေကာ ယုံကြည်ခြင်းမရှိ‌ပေ။

သို့သော် Frestechကုန်သည်ကြီးများအသင်းသည် ၎င်းတို့အား မြေနေရာပင်မပေးလိုက်ပဲ အိမ်များဆောက်‌ ပေးကာ လုံခြုံ‌ စေရန်စီမံပေးသည်။ Frestechကုန်သည်ကြီးများအသင်းကို မည်သူကငြင်းဆန်နိုင်မည်နည်း။

မည်သို့ပင်ဖြစ်ပါ‌ စေ Frestechကုန်သည်ကြီးများအသင်း၏စီစဉ်‌ ပေးမှုအား မဆန့်ကျင်ရဲ‌ ပေ။

ဂန်မိုပြောသကဲ့သို့ပင် မျိူးနွယ်စုသည် သုတ်သင်ခံရရန် မျက်စိတစ်မှိတ်အတွင်း ဖြစ်၍ ယခု ငြိမ်းချမ်းသည့် ဘဝတွင်နေရခြင်းမှာ အိမ်မက်ကဲ့သို့ပင်။ ထို့ကြောင့် အခြားတောင်းဆိုမှု မည်သို့ လုပ်နိုင်ပါမည်နည်း။

တစ်ချိန်တည်းမာပင် Frestechကုန်သည်ကြီးများအသင်းသည် အလုပ်သမားနှစ်ထောင် ကျော်နှင့် အောက်ခြေအလုပ်သမား တစ်သောင်းခန့်အပ် ပေး ခဲ့သည်။ သူတို့သည် ယခင်ကထပ်ကောင်းမွန်‌သော တိုးတက်မှုများကိုလုပ်နိုင်ခဲ့ကြသည်။

ရှုယီကိုအတုယူကာ အမ်ရစ်ကုန်သည်ကြီးများအသင်းကလည်း သူတို့ကို ဆောက်လုပ်ရေးအဖွဲ့များ၌ ခန့်အပ်ကြသည်။

သို့သော် အလုပ်သမား များစွာမခေါ်နိုင်ပေ အများစုမှာ Frestechကုန်သည်ကြီးများအသင်း မှ ခေါ်သွားပြီဖြစ်၍ အမ်ရစ်ကုန်သည်ကြီးများအသင်းအတွက် သိပ်မကျန်‌ တော့ပါ။

ရက်ပေါင်းများစွာကြိုးစားပြီးနောက် ဥက္ကဌခရုစ်သည် ဘယ်ကရမှန်းမသိသော အကြံနှင့် အစောင့်များကို‌ စေလွတ်ကာ မှင်စာ သုံးထောင်ခန့်ဖမ်းလာစေသည်။ သူသည် ထိုမှင်စာများကို ရိုးရှင်းသောအလုပ်များ၌ အတင်းအကြပ်ခိုင်းစေတော့သည်။

မှင်စာများသည် အားကြီးသော်လည်း သူတို့၏ဉာဏ်ရည်ကမကောင်းပေ ထို့ကြောင့် ရိုးရှင်းသည့် အလုပ်များကို ခိုင်းစေနိုင်သည်။

မှင်စာများဝင်‌ရောက်လာပြီးသည်နှင့် အမ်ရစ်ကုန်သည်ကြီးများအသင်းသည် ဆောက်လုပ်ရေးစီမံကိန်းကို အရှိန်မြင့်နိုင်ခဲ့သည်။ ဥက္ကဌ ခရုစ်သည် ရှုယီကိုတွေ့တိုင်း ပြုံး‌ ပျော်ကာ ဂုဏ်ယူနေသည်။

“တွေ့လား ရှုယီ ကျုပ်အမြဲပြောပါတယ် မှင်စာတွေကဦးနောက်မရှိပေ မဲ့ အလုပ်ကြမ်းလုပ်နိုင်တယ်။ ကျောက်ခဲသယ်တာ မြေနေရာရှင်းလင်းတာ နဲ့တခြားရိုးရှင်းတဲ့အလုပ်‌ တွေအားလုံးလုပ်ခိုင်းလို့ရတယ်။ ကျုပ်ခေါ်လာတဲ့အလုပ်သမားတွေက နည်းပညာဆိုင်ရာအလုပ်တွေလုပ်ကြတော့ အရင်ကထပ် ပိုမြန်သွားတယ်”

ရှုယီကခေါင်းခါလျက် “ခင်ဗျား မှင်စာတွေကိုခေါ်သွင်းတာ ပြဿနာဖြစ်မှာမကြောက်ဘူးလား?”

ဥက္ကဌခရုစ်ကနှုတ်ခမ်းကိုတွန့်ကာ “ဘာ‌ ကြောက်ရမာလဲ။ ဒီမှင်စာ‌ တွေက ကြောက်တတ်တယ်။ နည်းနည်း ခြောက်ထားရင် ပြဿနာမရှာရဲဘူး။ ပြီး‌တော့လဲ အလုပ်တစ်ခုဆီတိုင်းမှာ လက်နက်အပြည့်စုံ ပါတဲ့။ အစောင့်တပ်သား‌တွေ တစ်ဖွဲ့ဆီချထားတယ်။ ဒါကြောင့်သူတို့လုပ်ချင်ရင်‌ တောင် ဘာမှလုပ်လို့ မရပါဘူး?”

ရှုယီကမျက်မှောင်ကုပ်လိုက်သည်။

သူသည်လည်း မှင်စာများကို ဖမ်း၍ အလုပ်ကြမ်းလုပ်ခိုင်းရန် အမှန်တကယ်စဉ်းစားမိဖူးသည်။

သို့သော် မှင်စာများ၏ သတ်မှတ်ချက်ကအရမ်းနည်းပြီး တိုးတက်ရန်အခန်းမရှိပေ။

မှင်စာများသည် တားဆီးနိုင်သည့်သတ္တဝါများမဟုတ်ပဲ ပုန်ကန်မှုမှတားလိုလျင် လူအင်အားများစွာစီစဉ်ထားရမည်ဖြစ်သည် ချိန်ကြည့်လျှင် အကျိုးမများ‌ပေ။

မှင်စာများအားအလုပ်တွင်သုံးရန်ကောင်း‌ သောအချက်မှာ မှော်တိမ်တိုက်နယ်မြေတွင်မှင်စာများကိုရှာ တွေ့နိုင်ကာ ကြောက်စရာကောင်းသည့်လူအင်အားရှိခြင်း‌ကြောင့် လူအင်အားကုန်သွားမည်ကိုမစိုးရိမ်ရခြင်းဖြစ်သည်။

ဥက္ကဌခရုစ်သည် အစောင့်ငါးရာပင်‌ ခေါ်လာခဲ့သည်။ အကယ်၍ထပ်‌ခေါ်လာလျင် မှင်စာများကိုထပ်ဖမ်းလိမ့်မည်။

“ဘာပဲဖြစ်ဖြစ် ဂရုစိုက်ပါ” ရှုယီက ဥက္ကဌခရုစ်ကိုလေးလေးနက်နက် သတိပေးလိုက်သည်။ “ဒီမှင်စာတွေက သစ္စာရှိဖို့အတွေးမရှိဘူး ခင်ဗျားအားနည်းချက်ကိုပြမိတာနဲ့ သူတို့က ပြဿနာလုပ်လိမ့်မယ်။ ဘာမှမဖြစ်အောင်ဂရုစိုက်ပါ။”

“ဘာစိတ်ပူစရာရှိလို့လဲ” ဥက္ကဌခရုစ်က ရယ်လျက် ရှုယီပခုံးကိုပုတ်ကာ ရှုယီ ခင်ဗျားအရင်က ဒီလိုမဟုတ်ပါဘူး ကျုပ်ထက်ခင်ဗျားက ပိုကြမ်းခဲ့တာ အရင်ကခင်ဗျားဆိုရင် ကျုပ်ကိုဘာမှပြောမှာမဟုတ်ဘူး။ ခင်ဗျားကိုယ်တိုင်‌တောင် မှင်စာအုပ်စုလိုက်ဖမ်း‌တော့မှာမလား?”

ရှုယီကခေါင်းခါသည်။ သူသတ္တိရှိလျှင်ပင် ထိုကဲ့သို့မလုပ်ပါ။

မှင်စာများကရိုးသားမှုမရှိပဲ သူတို့အားကောင်းမွန်စွာခိုင်းချင်လျင် ဖိအား‌ပေးမှသာရမည်။

ရှုယီက ကုမ္ပဏီ၏အ‌စောင့်များကိုထိုကဲ့သို့မခိုင်းချင်ပါထို့‌ ကြောင့် မှင်စာများကိုအသုံးပြုရန် မစဉ်းစားဖူး‌ချေ။

နှစ်ဦးသားစကားအနည်းငယ်ပြောပြီးနောက် ဥက္ကဌခရုစ်ကရုတ်တရက်မေးသည်။ ဟုတ်သားပဲရှုယီ ခင်ဗျားဘယ်ချိန်ပြန်ဖို့စီစဉ်ထားလဲ။ ကျုပ်ကတော့ အားလုံးစီစဉ်ထားပြီးပြီ။ ခင်ဗျားမှာတခြားအစီအစဉ်မရှိရင် ကျုပ်ဒီမှာ‌နေစရာမလို‌တော့ဘူး။ ဒါကြောင့် ကျုပ်ကတော့ နောက်လမှာပြန်ဖို့စီစဉ်ထားတယ် ခင်ဗျားက‌ရော”

“ကျုပ်လား ?” ရှုယီက‌ ခေါင်းငြိမ့်လိုက်သည်။ “အခုထိတော့အစီအစဉ်မရှိ‌ သေးဘူး ဒါမဲ့အခုချက်ခြင်းပြန်မာ‌ တော့မဟုတ်သေးဘူး”

ဥက္ကဌခရုစ်က အံဩသွားသည် “ဒီမှာ ခင်ဗျားဘာမှလုပ်စရာမရှိဘူးဆိုရင် ဘာလို့မပြန်တာလဲ ဒီမှာဘာကြောင့်နေမှာလဲ? စိုင်စ်နယ်မြေက Frestechကုန်သည်ကြီးများအသင်းကို ဒီလိုလွတ်ထားရင် အဲ့မှာဘာတွေဖြစ်မလဲဆိုတာ စိတ်မပူဘူးလား?”

“ငါ့အတွက်ဘာစိတ်ပူစရာရှိလို့လဲ?” ရှုယီကပခုံးတွန့်လိုက်ကာ တည်ငြိမ်သည့်မျက်နှာနှင့် “ကျုပ်အဲ့မှာမရှိလို့ လူတွေက Frestechကုန်သည်ကြီးများအသင်းကိုပြဿနာရှာလိမ့်မယ်တဲ့လား?”

ဥက္ကဌခရုစ်က မျက်လုံးကိုလှည့်လိုက်သည် “အဲ့အတွက်စိတ်ပူစရာမလိုတာတော့သေချာပါတယ် ဒါမဲ့ ကုမ္ပဏီက ခင်ဗျားမရှိတော့ ဆုံးဖြတ်ချက်တွေမှားမှာစိတ်မပူဘူးးလား?”

“ကျုပ်ကအဲ့မှာအမြဲမရှိနိုင်ဘူးလေ။ အခုက ကုမ္ပဏီအတွက်ကို စမ်းသပ်ဖို့အခွင့်အရေးပဲ အကယ်၍သူတို့လုပ်တာကောင်းရင် ကျုပ်က အနာဂတ်မှာ ဘဝရဲ့အလှတွေကို ခံစားနိုင်ပြီ”

“ခင်ဗျားဒီလောက်ပေါ့ပါးနေတာကို ကျုပ်တော့မယုံနိင်ဘူး” ဥက္ကဌခရုစ်က ထေ့ငေါ့ကာပြောပြီးနောက် စဉ်းစားမိသွားသည်။ “ဟုတ်သားပဲ ခင်ဗျားစမ်းသပ်ချင်တာ ဖရီယာကိုမလား။ သူက ၂၅နှစ် ပြည့်တော့မယ်။ ခင်ဗျားနေရာကိုလွှဲယူဖို့ သူအတွက် ပြင်ဆင်ရမဲ့အချိန်ရောက်နေပြီ”

“မဟုတ်ပါဘူး ကျုပ်မှာအဲ့လိုအကြံမရှိဘူး” ရှုယီက ခေါင်းခါသည် “ဖရီယာကလွဲယူဖို့ အစီအစဉ် ရှိတယ်ဆိုရင်တော့ကောင်းတာပေါ့။ ကျုပ်တို့ Frestechကုန်သည်ကြီးများအသင်းက အခုကို တည်ငြိမ်တဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်နေပါပြီ။ အကယ်၍ ကျုပ်ဘာမှမလုပ်ရင်တောင် ဆက်ပြီး လမ်းကြောင်းအတိုင်း သွားနေမှာပါ။ အဲ့အပြင်ကျုပ်တို့မှာ ပြဿနာအကြီးကြီးမတွေ့ရင် အခုလိုပဲ အာဏာရှိနေဦးမှာပါ။ ခင်ဗျားယုံနိုင်လား?”

“အဓိပ္ပာယ်မရှိတာ” ဥက္ကဌခရုစ်က မျက်လုံးကိုဝေ့လိုက်ပြီး “ခင်ဗျားက ခင်ဗျားတို့ရဲ့ ကုမ္ပဏီက လက်ဝါးကြီးအုပ်ထားတဲ့လုပ်ငန်းတွေ ဘယ်လောက်ရှိလဲဆိုတာ မမြင်လို့လား။ မှော်စက်မှုလုပ်ငန်း နယ်ပယ် ရှိနေသရွေ့ ခင်ဗျားတို့ကုမ္ပဏီက အာဏာရှိနေမှာ”

ရှုယီက ခပ်ဖျော့ဖျောပြုံးသည်။

ဥက္ကဌခရုစ်၏စကားများသည် ချဲ့ကားသော်လည်း အမှန်တရားနဲ့တော့မဝေးပါ။

စိုင်စ်နယ်မြေမှ မှော်စက်မှုလုပ်ငန်းသည် ရှုယီနှင့် Frestechကုန်သည်ကြီးများအသင်းမှစတင်ခဲ့သည်။

Frestechကုန်သည်ကြီးများအသင်းသည် အခြားကုမ္ပဏီများထပ် လွမ်းမိုးထားနိုင်သည်။ ရှုယီ၏ အင်အားကြီးသော တည်ရှိမှုကြောင့် Frestechကုန်သည်ကြီးများအသင်းသည် နည်းပညာနှင့် ပက်သက်လျှင် အားမနည်းပါ အချိန်ကြာသည်နှင့်အမျှ သန်မာပြီးရင်းသန်မာလာသည်။

လက်ရှိ Frestechကုန်သည်ကြီးများအသင်းသည် ရှုထောင့်တစ်မျိုးထဲမှကြည့်လျှင် အသန်မာဆုံး မဟုတ်နိုင်သော်လည်း ရှုထောင့်အမျိုးမျိုးကကြည့်လျှင် သူများထပ်သာလွန်သည်။ အားလုံးကို ခြုံကြည့်လိုက်လျင်မူ ၎င်းတို့သည် အသန်မာဆုံးဖြစ်သည်။

ထို့ပြင် Frestechကုန်သည်ကြီးများအသင်းသည် စိုင်စ်နယ်မြေတွင် စိတ်ချရသည့် တံဆိပ်ပင်ဖြစ်သည်။ မှော်စက်မှုလုပ်ငန်းအကြောင်းပြောလျှင် Frestechကုန်သည်ကြီးများအသင်းကိုဖယ်ထား၍မရပါ။

ထို့ကြောင့် စိုင်နယ်မြေတွင် မှော်စက်မှုလုပ်ငန်းရှိနေသရွေ့ Frestechကုန်သည်ကြီးများအသင်းသည် ရပ်တည်ရန်နေရာရှိမည်ဖြစ်သည်။

“ကျုပ် မှော်တိမ်တိုက်နယ်မြေက နောက်တစ်လမှာပြန်ဖို့စဉ်းစားထားတယ် ဒါမဲ့ စိုင်စ်နယ်မြေကိုတော့ ပြန်မှာမဟုတ်ဘူး ကိစ္စတစ်ချို့အတွက် တခြားနေရာတစ်ခုကို ခနသွားရမယ်။”

ဥက္ကဌခရုစ်က ရှုယီအား ဘယ်ကိုသွားကာ ဘာလုပ်မည်ကိုမေးတော့မည့်အချိန်တွင် အပြင်မှ အရေးတကြီး လျောက်လာသည့် အသံများကိုကြားလိုက်ရသည်။

တံခါးကပွင့်လာသဖြင့် နှစ်ဦးသား လှည့်ကြည့်လိုက်ကြသည် ဘန်နက်က စိတ်လှုပ်ရှားစွာဖြင့် ရှုယီကို စာရွက်စာတမ်းတချို့ပေးလိုက်သည် သူက ဘေးမှ ဥက္ကဌရှုကိုလည်း ကြည့်လိုက်ကာ အနည်းငယ် တုံ့ဆိုင်းကာ လေးနက်သည့်အသံနှင့်ပြောလိုက်သည်။

“ဥက္ကဌ စိုင်နယ်မြေက သတင်းရပါတယ် ကန်ဒရာအင်ပါယာက မန်နာမှော်တိုင်းပြည်ကို စစ်ကြေငြာ လိုက်ပါပြီ”

***

Volume 8 အခန်း ၅၄ ။ ထင်မြင်ချက်မရှိပါ

ရိုမန်သည် သူ၏ လက်ထဲမှသတင်းစာကို ချလိုက်ပြီး သူ၏နားတွင်ကြားနေသော စကားသံများကို ချရေးရန် အာရုံစိုက်ထားလိုက်သည်။

“ဟေ့ ငါကြားတာ ကန်ဒရာအင်ပါယာရဲ့ စစ်တပ်တွေက မန်နာမှော်တိုင်းပြည်ရဲ့ ကီလိုမီတာသုံးရာထိ တောင် ဝင်သွားပြီးပြီတဲ့ ရက်နည်းနည်းက သူတို့ ဖစ်ထ်လင်း မြို့ကိုတောင် ဖျက်နိုင်သွားပြီတဲ့ “

“ဟင်း ဘယ်နေ့တုန်းက သတင်းမို့လဲ ဒီသတင်းကို ပြောရတာခေတ်နောက်ကျနေပြီလို့မထင်ဘူးလား?”

“မှန်တယ် နောက်ဆုံးသတင်းတွေကို ဘယ်သူက လိုက်မနားထောင်လို့လဲ။ ကန်ဒရာအင်ပါယာက မန်နာမှော်တိုင်းပြည်ထက် အင်အားကြီးတယ်။ ဒါကြောင့် သူတို့ နိုင်မှာ သေချာတယ်လေ”

“မင်းက သူတို့နိုင်တာပဲ သိတာ။ သူတို့ဘယ်လိုနိုင်သွားလဲကောသိလား?” ထိုငြင်းဆန်သည့်သူသည် အခိုင်အမာယုံကြည်နေပုံမပေါ်ပေ။

“သူတို့နိုင်သွားတာ ဘာကြောင့်ဖြစ်နိုင်ဦးမှာလဲ။ ကန်ဒရာအင်ပါယာရဲ့ စစ်တပ်က စစ်သားတွေပိုများပြီး စက်ကိရိယာတွေ ပိုကောင်းလို့မဟုတ်ဘူးလား? အခြားအကြောင်းရင်းဘာရှိနိုင်ဦးမှာလဲ?”

“အဓိပ္ပာယ်မရှိတာ မင်းက လူအင်အားနဲ့ စက်ကိရိယာတွေလို့ပဲပြောတာ လူအင်အားကိုတော့ထားလိုက်ပါ။ ပိုကောင်းတဲ့ စက်ကိရိယာဆိုတာက ဘာကိုဆိုလိုလဲကောသိလား?”

“ပိုကောင်းတဲ့ စက်ကိရိယာဆိုတာက…….” ပြောနေသည့်သူသည် တုံ့ဆိုင်းသွားသည် ထို့နောက် အနေခက်စွာ “ပုံမှန်တော့ကန်ဒရာအင်ပါယာက စစ်တပ်သုံးမှော်စက်တွေ အများကြီးရှိတယ်။ တနည်းအားဖြင့် သူတို့ဟာ မန်နာမှော်တိုင်းပြည်၏ အတွင်းထဲကို အချိန်တိုတွင်း ကီလိုမီတာသုံးရာ လောက်ထိကျူးကျော်သွားဖို့ဆိုတာမဖြစ်နိုင်ဘူး”

“ဒါဆိုပြောပါဦး ကန်ဒရာအင်ပါယာက ဘာလို့ စစ်တပ်သုံးမှော်စက်တွေ မန်နာမှော်တိုင်းပြည်ထက် ပိုရှိနေရတာလဲ? Frestechကုန်သည်ကြီးများအသင်းက နိုင်ငံတိုင်းမှာ စစ်တပ်သုံးမှော်စက်တွေကို အရေအတွက် အတူတူပဲ ရောင်းပေးတာလေ။ အဲ့ဒီမှာ ကွာခြားချက်အများကြီးမရှိသင့်ဘူးမဟုတ်လား?”

“ဒါက…….”

“ဟေ့ ဟေ့ မင်းတို့ဒါကိုမသိသေးဘူးမလား? ငါပြောမယ်၊ ငါကြားထားတာ ကန်ဒရာအင်ပါယာက စစ်တပ်သုံးမှော်စက်တွေကို ဒီနှစ်တွေထဲ လျှို့ဝှက်ပြီး ထုတ်လုပ်နေတာတဲ့”

ထိုသို့ပြောလိုက်သောအခါ အရက်ဆိုင်တွင် ပြည့်နေသော အသံများသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။

ရိုမန်သည် တိတ်တိတ်လေးကြည့်မိရာ အမူအရာများသည် ထူးဆန်းနေကြောင်း တွေ့လိုက်ရသည်။ သို့သော် တစ်ဦးမှ ဘာမှမပြောနိုင်ကြသည်ကို ကြည့်ကာ မနေနိုင်ပဲပြုံးလိုက်သည်။

ကန်ဒရာအင်ပါယာက စစ်တပ်သုံးမှော်စက်များအား လျှို့ဝှက်ကာ ထုတ်လုပ်နေသည့်အကြောင်း ကောလဟသများထွက်ကာ အများသိနေသည်မှာ နှစ်များစွာကြာခဲ့ပြီးဖြစ်သည်။သို့သော် ကောလဟသသာဖြစ်၍ မည်သူမှအမှန်တကယ် ယုံကြည်ခြင်းမရှိပါ။

Frestechကုန်သည်ကြီးများအသင်းက လွန်ခဲ့သော ဆယ်နှစ်က စစ်တပ်သုံးမှော်စက်များကို မထုတ်လုပ်ရန် ကန့်သတ်ခဲ့သည်။ Frestechကုန်သည်ကြီးများအသင်းကို ဆန့်ကျင်၍ ပွင့်လင်းစွာထုတ်လုပ်ရန် သတ္တိမရှိကြသော်လည်း လျှို့ဝှက်လုပ်ဆောင်ခြင်းကတော့ ကွာခြားပါသည်။

ယခုအချိန်တွင် သို့ တိတိကျကျပြောရမည်ဆိုလျှင် လွန်ခဲ့သည့် လဝက်က စိုင်စ်နယ်မြေတွင် ပြန့်နှံ နေသော ကောလဟသတစ်ခုရှိသည်။ သို့သော်လည်း ယခုတွင် လူများသိသော အကြောင်းအရာ တစ်ခုဖြစ်လာခဲ့သည်မို့ ကောလဟသလို့ ပြော၍မရတော့ပါ။

အကြောင်းရင်းမှာရှင်းပါသည် ကန်ဒရာနယ်မြေသည်မန်နာမှော်တိုင်းပြည်ကိုစစ်ကြေငြာကာ နှစ်နိုင်ငံ စစ်ဖြစ်ပွားကြသည်။၄င်းတို့သည် တခြားသူများ၏အထင်ထပ် ကျော်လွန်သည့်မှော်စက်များကို ထုတ်သုံးခဲ့ကြသည် Frestechကုန်သည်ကြီးများအသင်းက ပေးဝယ်သော စက်ပစ္စည်းနှင့်မတူသည့် မှော်စက်များပင် ပါသေးသည်။

၄င်းသည် လူတိုင်းကို သူတို့ မှော်စက်များထုတ်လုပ်နေကြောင်း အသိပေးလိုက်ခြင်းပင်ဖြစ်သည်။

၎င်းတို့၏ ရလဒ်များမှာ ကောင်းမွန်နေသည်ကိုကြည့်ကာ ကန်ဒရာအင်ပါယာသည် ထိုကိစ္စတွင် ရင်းနှီးမြုပ်နှံထားသည်မှာ များပြားကြောင်းလဲ ရှင်းလင်းနေသည်။ ၎င်းတို့သည်ထိုသုတေသနတွင် ပထမအဆင့်ပင်ရောက်နေလောက်ပြီဖြစ်သည်။

ထို့ကြောင့် ကန်ဒရာအင်ပါယာ၏ စစ်တပ်သည် မန်နာမှော်တိုင်းပြည်ထပ် စစ်တပ်သုံးမှော်စက်များစွာ ရှိနေခြင်းဖြစ်ပြီး ၄င်းတို့၏စစ်တပ်က ပို၍အားကောင်းသည်ကိုပေါင်းလျှင် လဝက်နှင့် ရလဒ်သိသာ နေပြီ ဖြစ်သည်။ လဝက်အတွင်း မန်နာမှော်တိုင်းပြည်ကိုအကြိမ်ကြိမ်ရှုံးနိမ့်စေကာ ပိုက်နက်ကို ကျယ်ပြန့်စွာ တိုးချဲ့နိုင်ခဲ့သည်။

စိုင်စ်နယ်မြေရှိ ပြည်သူများ၏စိတ်ထဲ၌ ၁၁နှစ်ကြာငြိမ်းချမ်းပြီးနောက် အစပြုလာနေသော စစ်ပွဲကို တွေ့ရသည်မှာ စိုးရိမ်နေကြသည် သို့သော် သူတို့နှင့် မပက်သက်သေးသောကြောင့် ပွဲကြည့်နေကြကာ ထိုအကြောင်းကို သိပ်ဂရုမစိုက်ကြပေ။

မားလိုအင်ပါယာအတွက်ဆိုလျှင် ပို၍ပင်မသက်ဆိုင်ပေ။

ကန်ဒရာအင်ပါယာသည် မန်နာမှော်တိုင်းပြည်နှင့် စတင်စစ်ဖြစ်ခြင်းသည် ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ မားလိုအင်ပါယာက အကျိုးအမြတ်ရရှိကြသည်။

အမှန်မှာ ၎င်းတို့၏အရှုံးအကြောင်းထည့်ပြောရန်မလိုပါ သို့သော် သူတို့နိင်သွားလျင် Frestechကုန်သည် များအသင်းကြောင့် ကန်ဒရာအင်ပါယာက စစ်ပွဲကို ဆက်လက်တိုက်ရန် မဖြစ်နိုင်ပေ ကန်ဒရာအင်ပါယာသည် Frestechကုန်သည်ကြီးများအသင်းအား ၎င်းတို့ မှော်စက်များ ထုတ်လုပ်နေ ကြောင်း ပြသလိုက်ခြင်းဖြစ်သဖြင့် ထိုမှရမည့်အရှုံးသည် အနိုင်ကိုပြန်ချေသွားလိမ့်မည်။

သို့သော်လည်း မားလိုအင်ပါယာမှပြည်သူများသည် ထိုအရာကိုပွဲအဖြစ်ကြည့်နေကြသော်လည်း ရိုမန်က စိတ်မအေးပါ။

Frestechကုန်သည်ကြီးများအသင်းတွင် အလုပ်လုပ်သူအနေဖြင့် သူသည် ထို ကန်ဒရာအင်ပါယာနှင့် မန်နာမှော်တိုင်းပြည်တို့ကြားစစ်ပွဲအား ကုမ္ပဏီက အထက်အုပ်ချုပ်သူများ၏တုံ့ပြန်ချက်အား နားမလည်ပေ။

သာမန်ပြောရလျှင် Frestechကုန်သည်ကြီးများအသင်းက လွန်ခဲ့သောဆယ်နှစ်ကပြခဲ့သော အပြုအမူနှင့် ဥက္ကဌ ရှုယီ၏ တိုက်တွန်းမှုဖြင့် ကန်ဒရာအင်ပါယာမှ မန်နာမှော်တိုင်းပြည်အားစစ်ကြေငြာခြင်းကို Frestechကုန်သည်ကြီးများအသင်းက အတိုက်အခိုက်ရပ်စဲရန် သတိပေးချက်ထုတ်ပြန်ရမည်ဖြစ်သည်။

မန်နာမှော်တိုင်းပြည်သည် ဥက္ကဌအား စိတ်ဆိုးစေခဲ့ကာ Frestechကုန်သည်ကြီးများအသင်း မန်နာမှော်တိုင်းပြည်က ထွက်ခွာရန်လုပ်ခဲ့သော်လည်း ဥက္ကဌ၏ အကျင့်စရိုက်အရ ထို အရေးကြီးသည့်ကိစ္စကို မရေမရာပြုလုပ်မည်မဟုတ်ပေ။

သို့သော် အချက်အလက်များအရ နှစ်ဖက်စလုံးမှ လဝက်လောက်တိုက်ခိုက်နေကြသော်လည်း Frestechကုန်သည်ကြီးများအသင်းသည် ၎င်းတို့လုပ်နေကြနှင့်ဆန့်ကျင်ကာ လုံးဝမတုံ့ပြန်ပေ။

Frestechကုန်သည်ကြီးများအသင်းက တရားဝင် တုံ့ပြန်ချက်ကိုတောင်းရန် သတင်းစာများမှ လာခဲ့သော် လည်း အဖြေမှာ တူတူပင်ဖြစ်သည်။ Frestechကုန်သည်ကြီးများအသင်းက ထိုနိုင်ငံနှစ်ခုကြား ဝင်ရောက်စွက်ဖက်မည် မဟုတ်ပဲ ထိုကိစ္စအတွက် ထင်မြင်ချက်မရှိကြောင်း ဆိုသည်။

ထင်မြင်ချက်မရှိပါသလား? ဟာသပင်။

အကယ်၍ အမှန်ဖြစ်ခဲ့လျှင် Frestechကုန်သည်ကြီးများအသင်းက ဤဆယ်နှစ်အတွင်း လုပ်ခဲ့သည့် အရာများက ဘာဖြစ်နိုင်သနည်း?

သို့သော် Frestechကုန်သည်ကြီးများအသင်းကနှုတ်ဆိတ်နေကာ ထုတ်ပြန်ချက်မရှိပေ။

လူတိုင်းသည် ၎င်းတို့က တိတ်ဆိတ်စွာ သဘောတူနေခြင်းဖြစ်သည်ဟုထင်ကြသည်။

လူအများစုသည် Frestechကုန်သည်ကြီးများအသင်းသည် ကန်ဒရာအင်ပါယာနှင့် တိတ်တဆိတ် သဘောတူညီချက် ယူထားကာ ကန်ဒရာအင်ပါယာအား မန်နာမှော်တိုင်းပြည်ကို ကျူးကျော်ခွင့် ပေးထားကြောင်း သံသယဝင်နေကြသည်။

တနည်းအားဖြင့် Frestechကုန်သည်ကြီးများအသင်းက မန်နာမှော်တိုင်းပြည်မှ ထွက်ခွာမည်ဟု ကြေငြာခြင်းမှာ အဘယ်ကြောင့်နည်း?

ထို့အပြင်အရေးကြီးဆုံးအချက်မှာ ရှုယီသည် ဥက္ကဌအနေဖြင့် လွန်ခဲ့သောလအနည်းငယ်က စိုင်စ်နယ်မြေမှထွက်ခွာ၍ ကီလိုမီတာတစ်သောင်းဝေးသော မှော်တိမ်တိုက်နယ်မြေသို့ သွားရန် အဘယ်ကြောင့် ဆုံးဖြတ်ခဲ့ပါသနည်း?

Frestechကုန်သည်ကြီးများအသင်းကအားလုံးကိုစီစဉ်ထားခဲ့ခြင်းဖြစ်လောက်သည်။

မနေ့ကကြားခဲ့သည့် ဆွေးနွေးမှုအား ပြန်တွေးကာ ရိုမန်၏မျက်နှာသည် မှောင်သွားသည်။

သူသည် Frestechကုန်သည်ကြီးများအသင်းက စီမံခန့်ခွဲရေးဌာနမှဖြစ်ပြီး ရာထူးမှာမနိမ့်သလို မြင့်လည်းမမြင့်ပေ ထို့ကြောင့် သူသည် အပြင်လူများထက် Frestechကုန်သည်ကြီးများအသင်း၏ အကြောင်းကိုပိုသိပါသည်။

ကုမ္ပဏီက ကန်ဒရာအင်ပါယာက မန်နာမှော်တိုင်းပြည်အပေါ် ရုတ်တရက်စစ်ကြေငြာခြင်းကို တုံ့ပြန်မှုမရှိပေ။ စီးပွားရေးလုပ်ငန်းများသည် ပုံမှန်အတိုင်းလည်ပတ်နေပြီး သူတို့အား သတ်ရောက်မှုမရှိပေ။

သို့သော် ကုမ္ပဏီက လူများသည် ထိုအကြောင်းကိုလျှို့ဝှက်ဆွေးနွေးကြသောအခါ ကုမ္ပဏီမှ တုံ့ပြန်ချက်အား အလွန် သိချင်နေကြသည်။

မည်သို့ပင်ဖြစ်ပါစေ ကုမ္ပဏီသည် ထုတ်ပြန်ချက်တစ်စုံတစ်ရာပြုလုပ်ခြင်းမရှိသည်မှာ လွန်စွာထူးဆန်းပါသည်။

လူတိုင်းသည် Frestechကုန်သည်ကြီးများအသင်းက စိုင်စ်နယ်မြေရှိနိုင်ငံများအပေါ် မည်မျှလွမ်းမိုးမှုရှိကြောင်းနှင့် စစ်ရေးကိစ္စများတွင် ၎င်းတို့၌ အာဏာပိုရှိကြောင်း သိပါသည်။

Frestechကုန်သည်ကြီးများအသင်းက ထုတ်ပြန်ချက် သို့ တစ်ခုခုလုပ်ခဲ့ပါလျှင် ကန်ဒရာအင်ပါယာသည် ရပ်တန့်သွားမည်ဖြစ်ပြီး မန်နာမှော်တိုင်းပြည်အပေါ် ကျူးကျော်မှုကိုရပ်တန့်သွားနိုင်သည်။

“ဥက္ကဌ ဒီမှာမရှိလို့များဖြစ်နိုင်မလား?” ရိုမန်က သူ၏စိတ်ထဲ ရုတ်တရက်ခန့်မှန်းလိုက်မိသည်။

သူသည် ရုတ်တရက် တစ်ခုခုကိုတွေးမိသွားသည်။

ဤအချိန်၌ ဥက္ကဌသည် ကိုယ်တိုင် မန်နာမှော်တိုင်းပြည်သို့ အဖွဲ့ကိုခေါ်ဆောင်သွားသည် သူသည် လူအင်အား နှင် သယံဇာတများကိုသာ ယူဆောင်သွားခြင်းမဟုတ်ပဲ ကုမ္ပဏီ၏လက်ရွေးစင်တပ်သား ၅ထောင်ကျော်ကိုလည်းခေါ်သွားသည်။

ကုမ္ပဏီ၏အစောင့်တပ်သား ၄သောင်းမှ ၅ထောင်ကို ခေါ်သွားခြင်းသည် သေးငယ်သော်လည်း သက်ရောက်မှုရှိကာ ကုမ္ပဏီ၏ တပ်အင်အားကိုနိုးကြားစေသည်။

သို့သော် အရေးအကြီးဆုံးအချက်မှာ ဥက္ကဌက အစောင့်တပ်သားများကိုခေါ်သွားခြင်းမဟုတ်ပဲ Frestechကုန်သည်ကြီးများအသင်းက အပြုအမူများသည် အားနည်းလာကာ ၎င်းတို့၏ တခြားနိုင်ငံများ အပေါ် ဖိနိပ်မှုကလည်း အားနည်းလာသည်။

ရှုယီသည် အဓိကဖြစ်သည့် ဥက္ကဌအနေဖြင့် မရှိသောကြောင့် အခြားနိုင်ငံများသည် ထိုအခွင့်အရေးကိုယူကာ တစ်ခုခုလုပ်ချင်နေပါသလား?

ထိုအရာသည် မမှန်ပေ အကယ်၍ ဥက္ကဌသည် မတော်တဆ ဘာမှမလုပ်ခြင်းဖြစ်ပါသလား?

ရိုမန်၏စိတ်သည် ရုတ်တရက် တွေးမိသွားကာ သူ၏မျက်နှာသည် ပို၍ ဖြူဖျော့သွားသည်။

အကယ်၍ ဥက္ကဌ သည်မတော်တဆမဟုတ်ပဲ တမင်သပ်သပ်ဆိုလျှင်….. အကျိုးဆက်သည် ပို၍ပြင်းထန်လိမ့်မည်။

ရိုမန်ကခေါင်းခါလိုက်ပြီး ထိုအန္တရယ်ရှိသည့်အတွေးအား ဖယ်ထုတ်လိုက်သည်။

မဟုတ်ပါ Frestechကုန်သည်ကြီးများအသင်းရှိနေသရွေ့ အခြားသော နိုင်ငံများသည် မိုက်ကန်းစွာ ပြုမူရဲမည်မဟုတ်ပါ။

နောက်ဆုံးတွင် ဥက္ကဌမပြန်လာပါလျှင်မဖြစ်ပါ သူပြန်လာကာ တစ်ခုခုပြောလျှင်ပင် ကန်ဒရာအင်ပါယာ ၏ တပ်သားများသည်နောက်ဆုတ်ရမည်ဖြစ်ပြီး အခြားရွေးချယ်စရာရှိမည်မဟုတ်ပါ။

သို့သော် ဥက္ကဌထွက်သွားသည်မှာ နှစ်ဝက်ပင်ရှိနေပြီဖြစ်သည် ထို့ကြောင့် သူသည် ဘယ်အချိန်၌ပြန်လာမည်နည်း?

ရိုမန်သည် ပြတင်းပေါက်မှ အနောက်ဖက်သို့ ကြည့်လိုက်သည်။

ဥက္ကဌသည် သူနှင့် ကီလိုမီတာတစ်သောင်း ကျော်အကွာအဝေးတွင်ရှိနေသည်။ မှော်လေသင်္ဘော၏ အမြန်နှုန်းဖြင့်ပင် ပြန်လာရန် နှစ်ရက်ခွဲကြာလိမ့်မည် ထို့ကြောင့် မလွယ်ကူပါ။

ထို့နောက် အဆင့်မြင်ပိုင်းအုပ်ချုပ်ရေးမှ ဥက္ကဌသည် မှော်တိမ်တိုက်နယ်မြေတွင် နေ၍ ပြန်လာရန်ရက်မသတ်မှတ်ရသေးဟုထုတ်ပြန်ထားသည်။

ထိုအကြောင်းကိုစဉ်းစားနေတုန်း အရပ်ရှည်ရှည် ပုံသဏ္ဍန်တစ်ခုသည် တံခါးနားတွင် ပေါ်လာသည်။ သူသည် အလင်းကိုကွယ်လိုက်သောကြောင့် အရက်ဆိုင်သည်ပိုမို၍မှောင်မဲသွားသည်။

ထိုပုံရိပ်သည် ဝင်ပေါက်နားတွင်ရပ်နေကာ ရုတ်တရက် ရိုမန်ရှိနေသောဖက်လို့လှည့်ကာ ဝင်လာသည်။

သူထံသို့ချည်းကပ်ရန်မကြာလိုက်ပဲ ရိုမန်သည် တစ်ချက်ကြည့်ရုံနှင့်မှတ်မိသွားသည် သူ၏ အရည်အချင်းရှိသော လက်ထောက် ဖြစ်ပြီး ကျောင်းတိုးချဲ့သည့် စီမံကိန်းတွင်တာဝန်ရှိသည့် အာယို ပင်ဖြစ်သည်။

အာယို သည် ဝင်လာကာ ရိုမန်၏လက်ထဲမှဝိုင်ကို ယူလိုက်ပြီး စားပွဲပေါ်သို့အသံမြည်သည်ထိ ချလိုက်သည်။ ပြီးနောက် သူ့အား အပြစ်တင်တော့သည် “ကျွန်တော်ခင်ဗျားဒီမှာရှိမယ်ဆိုတာသိသားပဲ ကောင်းပြီ ကျွန်တော်နဲ့ပြန်လိုက်ခဲ့ မြို့အုပ်ကကျွန်တော်တို့ကိုရှာနေတယ်”

***

Volume 8 အခန်း ၅၅ ။ ဖရိုဖရဲစဖြစ်ခြင်း

ရိုမန်နှင့် အာယိုသည် မားလိုအင်ပါယာ၏ တောင်ပိုင်းဒေသအဓိက မြို့တော်ဖြစ်သည့် ဝါးတားလန်းမြို့ ကိုလာခြင်းသည်ရိုးရှင်းပါသည် Frestechကုန်သည်ကြီးများအသင်း၏ အကယ်ဒမီကျောင်းများ တိုးချဲ့ရန် ဖြစ်သည်။ သူတို့သည် အစိုးရရုံးနှင့် ပူးပေါင်းကာ တောင်ပိုင်းဒေသတွင် ကျောင်းများတိုးချဲ့ တည်ဆောက်ရန် အစီအစဉ်များချထားသည်။

ကျောင်းအသစ်များသည် Frestech အကယ်ဒမီ၏ ပုံစံအတိုင်း ဖြစ်လိမ့်မည်။ ၎င်းတို့သည် ရှေးဟောင်း မှော်ကျောင်းများမဟုတ်တော့ပဲ ကျောင်းသားများအတွက် အခြေခံများတည်ဆောက်ပေးမည် ဖြစ်သည်။

အကယ်၍နှိုင်းယှဉ်ရမည်ဆိုလျှင် ကမ္ဘာပေါ်မှ အလယ်တန်းနှင့် ဂျူနီယာ အထက်တန်းကျောင်းတို့ကဲ့သို့ ဖြစ်လိမ့်မည်။

ကြီးမားသောကွဲပြားမှုသည် ကမ္ဘာပေါ်မှ ကျောင်းမျာားသည်ကမ္ဘာနှင့်သက်ဆိုင်သော သိပ္ပံနည်းပညာ များကို သင်ကြားလိမ့်မည်ဖြစ်ပြီး ယခုကျောင်းများမှာ မှော်သိပ္ပံသီအိုရီများကို သင်ကြားရမည် ဖြစ်သည်။

စိုင်စ်နယ်မြေသည် မှော်စက်မှုလုပ်ငန်းပေါ် လေ့လာမှုတစ်ခုပြီးတစ်ခုလုပ်နေသည်နှင့်အမျှ မှော်သိပ္ပံသီအိုရီသည်လည်း ပိုမို၍ လေးနက်လာကာ ခေတ်မီလာသည်။

အကယ်၍ကလေးများသည် မှော်ပညာရှင်ဖြစ်လိုလျှင် သူတို့သည် မှော်ပညာကိုစတင် လေ့လာရမည် ဖြစ်သည် သို့သော် စတင်လေ့လာရမည်မျာ သင်္ချာ ရုပဗေဒ ဓာတုဗေဒ စသည့်တို့ ဖြစ်သည်။ သူတို့၌ အခြေခံသိပ္ပံပညာရပြီးမှသာလျှင် မှော်ပညာကို စတင်လေ့လာရလိမ့်မည်။

၎င်း၏ အားနည်းချက်မှာ ကျောင်းသားများသည် နှစ်များစွာကြာပြီးမှမှော်ပညာကိုသင်ကြားရမည် ဖြစ်သည်။

သို့သော် ၎င်း၏ အားသာချက်မှာ ကျောင်းသားတစ်ယောက်ဆီတိုင်သည် မှော်ပညာကိုသင်ယူတိုင်း ယခင်ကမှော်ပညာရှင်များကဲ့သို့ သင်ထားသည့် ဂါထာများကိုပင် သုံးနိုင်သောသူများ မဟုတ်တော့ပဲ သူတို့၏ဗဟုသုတများဖြင့် ၎င်းတို့တွက် သင့်တော်သောအလုပ်များကိုရှာဖွေနိုင်မည်ဖြစ်သည်။

လက်ရှိစိုင်စ်နယ်မြေတွင်မှော်စက်မှုလုပ်ငန်း၏ မြန်ဆန်စွာတိုးတက်မှုဖြင့် ထိုအခွင့်အရေးကိုရရှိရန် စိတ်ပူနေစရာမလိုတော့ပါ။

ထိုသို့သော ပညာရေးသည် လက်ရှိတွင် Frestechအကယ်ဒမီတွင်သာရနိုင်သည်။ အခြားနိုင်ငံများတွင် လေ့လာလျှင် သက်ရောက်မှုသည် Frestechအကယ်ဒမီ လောက်ကောင်းမည် မဟုတ်ပေ။

ထို့ကြောင့် Frestechကုန်သည်ကြီးများအသင်းက ထိုပညာရေးနည်းစနစ်သစ်ကိုအဆိုပြုခဲ့ရာ အခြားနိုင်ငံ များသည် ကြိုဆိုခဲ့သည်။

မားလိုအင်ပါယာသည် Frestechကုန်သည်ကြီးများအသင်းအတွက် ပူးပေါင်းရန် အဓိကပစ်မှတ်တစ် ခုဖြစ်သည်။ လွန်ခဲ့သောသုံးလက နှစ်ဖက်စလုံးသည် သဘောတူညီမှုရကာ စာချုပ်ကိုလက်မှတ်ထိုး ခဲ့သည်။

ထို့ကြောင့် ရိုမန်နှင့် အာယိုသည် ဝါးတားလန်း မြို့သို့ တောင်ပိုင်းဒေသအစိုးရရုံးမှ သဘောတူညီမှုရရန် လာခြင်းမဟုတ်ပဲ ပူးပေါင်းမှု၏အသေးစိတ်အချက်ကို လုပ်ဆောင်ဖို့ရန်ဖြစ်သည်။

နှစ်ဦးသား၏ရာထူးအရအုပ်ချုပ်သူကကိုယ်တိုင်လာရန်မဖြစ်နိုင်သော်လည်း အစိုးရရုံးသည် ကိုယ်စားလှယ်များစေလွတ်၍ အစပိုင်းအစီအစဉ်ကိုရောက်ရန်လုပ်ဆောင်ခဲ့သည်။ ၎င်းတို့သည် ပထမအနေဖြင့် ဝါးတားလန်း မြို့တော်တွင် အစမ်းကျောင်းများ ဖန်တီးမည်ဖြစ်သည်။

အကြောင်းမှာ အခြေခံအစီအစဉ်မှာ ဆုံးဖြတ်ပြီးသားဖြစ်သည် နှစ်ဖက်စလုံးဆွေးနွေးစရာမရှိတော့ပါ သူတို့သည် အသေးစိတ်အကြောင်းအရာများကိုသာ ရိုးရှင်းသည့်ဆွေးနွေးမှုများကိုလုပ်ပြီး အမြန်ပင် ဆုံးဖြတ်ချက်ချတော့မည်ဖြစ်သည်။

၎င်းတို့ဆွေးနွေးသည်မှာပြီးဆုံးသွားသည်နှင့် အစိုးရရုံး၏ကိုယ်စားလှယ်သည် ကန်ဒရာအင်ပါယာ မှ မားလိုအင်ပါယာကိုကျူးကျော်သည့်အကြောင်းစကားစလာကာ Frestechကုန်သည်ကြီးများအသင်း၏ ထိုကိစ္စအပေါ်အပြုအမူအပေါ် မေးရန်ကြိုးစားသည်။

ရိုမန်သည် ထိုကိစ္စအပေါ် ဘာမှမပြောနိုင်ပါ။

အစိုးရရုံးမှကိုယ်စားလှယ်သည် လည်းဆက်မေးလို့မရတော့သဖြင့် စကားအနည်းငယ် ပြောကာ လမ်းခွဲလိုက်ကြသည်။

၄င်းတို့နေထိုင်ရာအိမ်သို့ ပြန်လာသည့်လမ်း၌ အာယိုသည် ထိုကိစ္စကို ရိုမန်ထံသို့ ပြန်ယူလာသည်။

“ပြောပါဦး ဥက္ကဌက ဘာများစဉ်းစားနေတာလဲ? အာယိုသည်မျက်မှောင်ကုပ်လိုက်သည်။ ထိုကိစ္စသည် သူ့အတွက် အချိန်အတော်ကြာ ပဟေဌိဖြစ်နေခဲ့သည်။ “အကယ်၍သူက ကန်ဒရာအင်ပါယာကို မန်နာမှော်တိုင်းပြည်အပေါ် ဒီလောက်ရဲတင်းလိမ့်မယ်လို့ မထင်ရင်တောင် မှော်လေသင်္ဘောတွေနဲ့ ဥက္ကဌဆီဒီသတင်းရောက်ပြီးသိနေလောက်ပါပြီ ဘာလို့အခုထိ တုံ့ပြန်မှုမရှိသေးတာလဲ?”

ရိုမန်သည် သူကိုကြည့်လိုက်ပြီး တိတ်ဆိတ်နေပြီးနောက် သူသည် အသံတိုးကာ “ ငါဌာနချုပ်က မထွက်လာခင်တုန်းကာ စာတစ်ခုရတယ် ဥက္ကဌက အရင်တစ်ပါတ်ကတင် စာပြန်ပို့လာတယ်တဲ့”

“အို သူဘာပြောတယ်တဲ့လဲ” အာယိုသည် ချက်ခြင်း ထိတ်လန့်သည့်ရုပ်ပေါ်ကာ “ ကုမ္ပဏီက ကန်ဒရာအင်ပါယာကိုသတိပေးပြီး ရပ်ခိုင်းတော့မှာလား?”

“အဲ့လိုဆိုရင် ကန်ဒရာအင်ပါယာက မန်နာမှော်တိုင်းပြည်ကိုဆက်တိုက်နေဦးပါ့မလား?” ရိုမန်က ပြန်မေးလိုက်သည်။

အာယိုက ထိုအေကြာင်းကိုစဉ်းစားကာ မျက်မှောင်ကုပ်လိုက်ပြန်သည် “ ဥက္ကဌက ဘာလုပ်ချင် နေတာလဲ? လူတွေပြောသလိုပဲ သူက ကန်ဒရာအင်ပါယာနဲ့ပေါင်းကြံပြီး မန်နာမှော်တိုင်းပြည်ကို ဖျက်စီးချင်တာလား?”

ရိုမန်က စိုက်ကြည့်လိုက်သည် “မင်းဘယ်လိုလုပ် အဓိပ္ပာယ်မရှိတဲ့ဟာတွေပြောနိုင်ရတာလဲ?”

အာယိုက ပတ်ဝန်းကျင်ကိုဂရုတစိုက်ကြည့်လိုက်ကာချောင်းဟန့်လိုက်ပြီး မေးသည် “ဒါဆို ဘာပြောတာတဲ့လဲ?”

ရိုမန်ကခေါင်းခါလျှက် စိတ်ရှုပ်သည့်ရုပ်ဖြစ်နေသည်။

“ငါရထားတဲ့ သတင်းအရတော့ ဥက္ကဌဆိုလိုတာက …. ဘာကိုမှ ဂရုစိုက်ဖို့မလိုဘူးတဲ့”

“ဘာကိုမှ ဂရုစိုက်ဖို့မလိုဘူးတဲ့လား” အာယိုသည် အသံကျယ်သွားသည်။ “ဒါဘယ်လိုဖြစ်နိုင်မှာလဲ.. ငါတို့က Frestechကုန်သည်ကြီးများအသင်းပဲလေ”

ရိုမန်က မတတ်နိုင်သည့်ပုံဖြင့် “မင်းအသံကိုလျော့ဦး ဥက္ကဌစဉ်းစားနေတာကို ငါတို့ကဘယ် လိုသိနိုင်မှာလဲ ဒါမဲ့ သူကအမိန်ပေးပြီးပြီဆိုတော့ သူမှာ ဆုံးဖြတ်ထားတာရှိလို့ဖြစ်လိမ့်မယ်”

“ဆုံးဖြတ်ထားတာ?” အာယိုကခေါင်းခါလိုက်ပြီး မယုံနိုင်ကြောင်း မျက်နှာပေါ်ကသံသယများက ပြနေသည်။ “ဥက္ကဌကအမြဲ စိုင်စ်နယ်မြေကို ငြိမ်းချမ်းရေးကိုထိန်းသိမ်းနိုင်ဖို့မျှော်လင့်ခဲ့တာ အဲ့နည်းလမ်းနဲ့ မှော်စက်မှုလုပ်ငန်းတိုးတက်ဖို့လုပ်ခဲ့တာ အခု ကန်ဒရာအင်ပါယာက မန်နာမှော်တိုင်းပြည်ကို စစ်ကြေငြာလိုက်ပြီး နယ်မြေက နိုင်ငံကြီးနှစ်ခု တိုက်ခိုက်နေတဲ့ကြား ဘယ်လိုငြိမ်းချမ်းနိုင်ပါ့မလဲ?”

“မင်းပြောနေတာက ဒီကိစ္စကို ဥက္ကဌကိုအပြစ်တင်ရမယ်ဆိုတဲ့သဘောလား?” ရိုမန်က သူ့မျက်လုံးကိုသူ့ပေါ် ဝေ့ကြည့်လိုက်သည်။

“ဒါက….” အာယိုသည် ရှုယီကို အပြစ်မတင်ရဲပါ ထို့ကြောင့် သူသည်တိတ်ဆိတ်သွားသည်။

ရိုမန်က သက်ပြင်းချလိုက်ကာ ခေါင်းခါလိုက်သည်။

အမှန်ပင် သူကလည်း အာယိုပြောစကားကိုအဓိပ္ပာယ်ရှိသည်ဟုခံစားလိုက်ရသည်။

ဥက္ကဌ၏ဆုံးဖြတ်ချက်အရ မှော်တိမ်တိုက်နယ်မြေသို့သွားရန်ရွေးချယ်လိုက်ခြင်းသည်လည်း သူ၏ယခင်အမူအကျင့်များနှင့် ကွဲပြားနေသလိုပင်။

သို့သော် ၎င်းသည် သူ့အား ကြောက်စရာကောင်းသော အဆုံးသတ်ကိုရောက်ရှိသွားစေသည်။

အကယ်၍ ဥက္ကဌသည် ထိုအရာကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ပါလျှင် ငြိမ်းချမ်းနေသည့် ၁၁နှစ်တာသည် ခြေရာပင်ရှာမရပြပျောက်ကွယ်သွားနိုင်သည်။

ထိုအကြောင်းကိုပြောရလျှင် ဤနယ်မြေသည် ဖရိုဖရဲထပ်ဖြစ်တော့မည်လား?

……

“ရိုင်းရိုင်းပြောရရင် စိုင်စ်နယ်မြေဖရိုဖရဲဖြစ်တာက ကျုပ်တို့နဲ့ဘာဆိုင်လို့လဲ?” အန်းခေါ့ထ် သည် သူ၏ရှေ့မှစားပွဲကိုရိုက်လိုက်သည်။ သူသည် တက်ကြွနေသော်လည်း သူ၏အသံမှာအေးစက်နေသည်။ “ငါတို့က ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံတွေကလည်း သူတို့တိုက်ချင်တဲ့နေရာသွားတိုက်လို့ရတာပဲ ငါတို့စီးပွားရေးကိုလာမထိသရွေ့ ငါတို့နဲ့မဆိုင်ပါဘူး”

ထိုစကားများသည် Frestechကုန်သည်ကြီးများအသင်း၏အဆင့်မြင့်ပိုင်းအရာရှိများသို့ကျကုန်ကာ ၎င်းတို့သည် မျက်မှောင်များကုပ်လိုက်ကြသည်။

“ အန်းခေါ့ထ် မင်းအဲ့လိုမပြောလို့မရဘူးလား?” Frestechကုန်သည်ကြီးများအသင်း၏သယံဇာတအသင်း၏ဥက္ကဌ လဒ်သရုဖ် ကလေးနက်သည့်အသံဖြင့် “အခြားနိုင်ငံတွေတိုက်ခိုက်ကြတာက ငါတို့စီးပွားရေးကို ထိကိုထိလိမ့်မယ် ဒီတစ်ခေါက်လိုပဲ မီးပွားတွေကအားလုံးမန်နာမှော်တိုင်းပြည်ကိုပဲ ဦးတည်နေပေမဲ့ မိုင်းတွင်း ၁၀ခုကျော်ကို သက်ရောက်နေတာကြောင့် အကယ်၍ စစ်ပွဲသာဆက်ဖြစ်နေရင် ငါတို့ထုတ်နေတဲ့ သယံဇာတတွေဟာ နောက်လမှာ ကျဆင်းသွားလိမ့်မယ်”

“ဟုတ်တယ် အန်းခေါ့ထ် မင်းတို့ အိမ်သုံးမှော်စက်ထုတ်လုပ်ရေးဌာနက မထိခိုက်ဘူးလို့မပြောနဲ့ ဘယ်လိုဖြစ်ဖြစ် ငါတို့မှော်ကားဌာနတောင် ထိခိုက်တယ် ကန်ဒရာအင်ပါယာရဲ့ အရှေ့က မှာယူမှုတွေက ဖျက်သိမ်းသွားပြီးငါတို့ကို အကြောင်းပြချက်တောင်မပေးသွားဘူး”

“ဒါဆိုခင်ဗျားတို့မှော်ကားဌာနက အင်အားမကြီးလို့ထင်တယ် မဟုတ်ရင် ကန်ဒရာအင်ပါယာက အကြောင်းပြချက်တောင်မပေးပဲနေပါ့မလား?” အန်းခေါ့ထ် သည်ရယ်လျက် ငါတို့အိမ်သုံးမှော်စက်ဌာန အနေနဲ့ ငါတို့ကိုလည်း ထိပါတယ် ဒါပေမဲ့ မပြောပလောက်ဘူး”

“ဒါကအခုအတွက်ပဲ အကယ်၍ နိုင်ငံတွေအများကြီးသာ စတိုက်ခိုက်ကြရင် မင်းမထိတော့ဘူး လို့ပြောနိုင်လား?”

အန်းခေါ့ထ် သည် သူ၏ဘေးမှလူများကိုကြည့်လိုက်ပြီး ရယ်လျက်ပြောလိုက်သည် “ခင်ဗျားက တခြားနိုင်ငံတွေပါတည်ငြိမ်မနေတော့ဘူးဆိုတာ သေချာပြီလား?”

“ဒါက သိသာနေတာပဲမဟုတ်လား” လဒ်သရုဖ် သည်လူပုဖြစ်သကဲ့သို့ ဒေါသလည်းကြီးသည် ထို့ကြောင့် ထိုစကားကိုကြားလိုက်ပြီး စားပွဲကိုရိုက်လိုက်ကာ အော်သည်။

“ဒီကောင်တွေက စစ်တပ်သုံးမှော်စက်တွေကိုလျှို့ဝှက်လေ့လာနေလို့ပဲ ငါတို့ကနိုင်ငံ ဘယ်နှစ်ခုတောင် ဒီလိုလုပ်နေပြီလဲမသိရဘူးဥက္ကဌက သူတို့ကိုဖိနိပ်ထားခဲ့တာ ဒါကြောင့် ဘယ်သူမှ ပြဿနာမလုပ်ရဲ ကြဘူး အခုတော့ ဥက္ကဌ စိုင်စ်နယ်မြေက ထွက်သွားတာနဲ့ သူတို့ရဲ့ အခွင့်အရေးကို လက်လွတ် မခံကြဘူး ကြည့်ပါလား ကန်ဒရာအင်ပါယာက ပြဿနာတွေရှာနေပြီမဟုတ်လား?”

လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းငြိမ့်ကြသည်။

နယ်မြေထဲရှိ နိုင်ငံတစ်ခုမှ စစ်တပ်သုံးမှော်စက်များ ထုတ်လုပ်နေခြင်းသည် Frestechကုန်သည်များ အသင်း၏ အဆင့်မြင့်ပိုင်းအဖွဲ့ဝင်များ အတွက် လျှို့ဝှက်ချက်မဟုတ်ပါ။

ရှုယီက ထိုအကြောင်းကိုတစ်ခါမှမပြောခဲ့သောကြောင့် သူတို့သည်လည်း ဂရုမစိုက်ပဲနေခဲ့ကြသည်။

သို့သော် ရှုယီသည် ဒီနေရာတွင်မရှိမှ ကန်ဒရာအင်ပါယာက ထွက်လာသည် ထို့ကြောင့် အခြားသော နိုင်ငံများ သည် ဖိနိပ်ခံနေဦးမည်မှာ အာမခံချက်မရှိပါ။

“ဒါဆို ဘာလုပ်ဖို့စီစဉ်ထားလဲ? ငါတို့ အစောင့်တွေကိုလွတ်ပြီးကန်ဒရာအင်ပါယာကို တိုက်ပွဲကို ရပ်ဖို့ တွန်းအားပေးမလား?” အန်းခေါ့ထ်ကမေးသည်။

လူတိုင်းတိတ်ဆိတ်နေသည်။

အကယ်၍ အရင်အခြေတိုင်းသာဆိုလျင် Frestechကုန်သည်ကြီးများအသင်းသည်ထိုသို့ပြုလုပ်လိမ့်မည်။

သို့သော် ရှုယီ၏ လက်ရှိ အပြုအမူအရ နှင့် Frestechကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းပြည်မှ ထွက်ခွာသွားခြင်းအားကြေငြာထားခြင်းသည် ထိုသို့လုပ်ရန် လူများလက်ခံဖို့အတွက်ခက်ခဲသည် ကန်ဒရာအင်ပါယာကိုတော့ ပြောရန်မလိုတော့ပေ။

ထို့နောက် ရှုယီသည် ဤနေရာတွင်မရှိသောကြောင့် အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးတစ်ယောက်မှ အစောင့်တပ်များအားခိုင်းစေရန် အာဏာမရှိပါ။

ထို့အပြင် ရှုယီက နိုင်ငံနှစ်ခုကြားမှ ထိုကိစ္စအား ပြန်စာပို့လာရာ၌ သူသည် ကုမ္ပဏီနှင့်မသက်ဆိုင် ကြောင်းသာ ပြတ်သားစွာပြောထားသည်။

အန်းခေါ့ထ်သည် ခနကြာပြီးနောက် မေးလိုက်သည်။ “ခင်ဗျားတို့တကယ်ပဲ ဥက္ကဌရဲ့အကြံကို နားမလည်သေးဘူးလား? ကျုပ်တို့ကုမ္ပဏီရဲ့အာဏာနဲ့ ဆယ်နှစ်ကျော် နိုင်ငံတွေကိုဖိနှိပ်ထားနိုင်တာက တော်တော်လုံလောက်နေပါပြီ။ ကျုပ်တို့သူတို့ကိုဆက်ဖိနိပ်လို့မရတော့ဘူး သူတို့က သူတို့အကြံ အစည်နဲ့သူတို့ရှိပြီး ပရမ်းပတာကိစ္စတွေဖန်တီးချင်တယ်ဆိုရင်လည်း ကျုပ်တို့တားလို့မရဘူး ပြီးတော့ ကုမ္ပဏီတွေ တစ်ခုမှ ကျုပ်တို့ကုမ္ပဏီလိုမလုပ်ဘူး ဟုတ်တယ်မလား?”

လူတိုင်းက သဘောတရားကိုနားလည်ပါသည် သို့သော် သူတို့သည် Frestechကုန်သည်ကြီးများအသင်းက နယ်မြေထဲရှိ နိုင်ငံများအားဆယ်နှစ်ကြာဖိနိပ်ထားသည်ကို နေသားကျနေသဖြင့် လက်မခံနိုင်ဖြစ်နေခြင်းဖြစ်သည်။

“ဒါမဲ့ …. ဘာလို့ ဒီအချိန်ကိုရွေးရတာလဲ?”

“အချိန်တွေကြာသွားလို့ ခင်ဗျားတို့မေ့နေပြီလား” အန်းခေါ့ထ် က ပြုံးကာ သူကနားလည်သည့်ပုံနှင့် “က လက်မှတ်ထိုးတုန်းက အချိန်ကန့်သတ်ထားတာပါတယ်”

Volume 8 အပိုင်း ၅၆ ။ နယ်မြေအား သိမ်းပိုက်စိုးမိုးရန်ကြိုးစားခြင်းလား?

ကန်ဒရာအင်ပါယာနှင့် မန်နာမှော်တိုင်းပြည်၏ တိုက်ပွဲက ဆက်ဖြစ်နေသည်။

သို့သော် ကန်ဒရာအင်ပါယာသည် တိုက်ပွဲတွင် အသာစီးရနေသော်လည်း မန်နာမှော်တိုင်းပြည်သည် အင်ပါယာ၏ ဒုတိယမြောက်အနေဖြင့် ထိုတိုင်းပြည်အား ဤစစ်ပွဲ၌ အပြီးတိုင် ဖျက်စီးပစ်ရန်မဖြစ်နိုင်ပါ ထို့ကြောင့် ထိုစစ်ပွဲသည် မည်မျှကြာမည်နှင့် မည်သို့ပြီးဆုံးသွားမည်မှာ ကန်ဒရာအင်ပါယာ၏ လက်ထဲတွင်ရှိသည်။

စိုင်စ်နယ်မြေမှ နိုင်ငံများသည် ဘေးမှ ကြည့်နေကာလူအများစုမှာ Frestechကုန်သည်ကြီးများအသင်း၏ တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေကြသည်။

Frestechကုန်သည်ကြီးများအသင်း၏ တရားဝင်ထုတ်ပြန်ချက်ဖြစ်သည့် နိုင်ငံနှစ်ခုကြားမှ ထိုစစ်ပွဲအား လျှစ်လျူရှုထားမည် ဟုသော အရာကို မယုံကြချေ။

အကယ်၍ ထိုအရာသာအမှန်ဖြစ်လျှင် Frestechကုန်သည်ကြီးများအသင်းသည် နိုင်ငံများအပေါ် သန်မာသည့် လွမ်းမိုးမှုကို ဤဆယ်နှစ်တွင် ၎င်းတို့အတွက် အကျိုးမရှိပဲနှင့် ပြခဲ့မည်မဟုတ်ပေ။

Frestechကုန်သည်ကြီးများအသင်း အထူးသဖြင့် ရှုယီသည် ပြင်းထန်သည့်ထုတ်ပြန်ချက်ကို ထုတ်ခဲ့သော်လည်း လူတိုင်းသည် ကုမ္ပဏီက မည်သို့ တုံ့ပြန်မည်ကို စောင့်ကြည့်ချင် နေကြသည်။

ထို့ကြောင့် လူပေါင်းများစွာမျှော်လင့်မထားသည့်အချိန်တွင် Frestechကုန်သည်ကြီးများအသင်းသည် နောက်ဆုံး၌ တုံ့ပြန်လာခဲ့သည်။

သို့သော် လူတိုင်းမျော်လင့်ထားသည်နှင့် ကွဲပြားသည်။ Frestechကုန်သည်ကြီးများအသင်း၏ တုံ့ပြန်ချက်မှာ ကန်ဒရာအင်ပါယာနှင့် မန်နာမှော်တိုင်းပြည်တို့အကြား စစ်ပွဲကို ကြားဝင်ဖျန်ဖြေပေးမည် မဟုတ်ပဲ Frestechကုန်သည်ကြီးများအသင်း၏ တရားဝင်ချန်နယ်များမှ ၎င်းတို့သည် ထိုစစ်ပွဲကြောင့် ဒုက္ခရောက်နေသော ပြည်သူများအား ကာကွယ်ပေးမည်ဖြစ်ကြောင်း ကြေငြာလိုက်သည်။

၎င်းတို့သည် ကယ်ဆယ်ရေးအဖွဲ့ကြီးတစ်ခုဖွဲ့စည်းထားကာ ကန်ဒရာအင်ပါယာနှင့် မန်နာမှော်တိုင်းပြည်၏ တိုက်ပွဲသို့ ဦးတည်သွားသည်။

ထိုဆုံးဖြတ်ချက်သည် အနည်းငယ်ထူးဆန်းကာ လူတိုင်းသည် ထိုကိစ္စကြောင့် ခေါင်းရှုပ်သွားကြသည်။

အကယ်၍ Frestechကုန်သည်ကြီးများအသင်းသည် ထိုစစ်ပွဲကိုအမှန်တကယ်ဝင်ပါချင်လျှင် နှစ်ဖက်စလုံး ကို အဘယ်ကြောင့် သတိပေးချက် မထုတ်ပြန်လိုက်ပါသနည်း? သို့မဟုတ် Frestechကုန်သည်များ အသင်း၏ အစောင့်တပ်များ လွှတ်ကာ စစ်ပွဲကိုရပ်ရန် တွန်းအားပေးခြင်း မလုပ်ပါသနည်း?

၎င်းတို့သည် ထိုကယ်ဆယ်ရေးအသင်းကို မရှင်းလင်းသောရည်ရွယ်ချက်ဖြင့် လွတ်လိုက်သည်။ သူတို့သည် ဘာကိုလိုချင်ပါသနည်း?

ထို့ကြောင့် လူတိုင်းက အထူးအာရုံစိုက်နေကြချိန်တွင် Frestechကုန်သည်ကြီးများအသင်းသည် ယခင်က ကြေငြာထားသည့်အတိုင်း လိုက်နာကာ ကယ်ဆယ်ရေးအသင်းကို လွတ်လိုက်သည်။ ၄င်းတို့သည် မန်နာမှော်တိုင်းပြည်၏ စစ်ပွဲကြောင့် ခံစားရသည့် ပြည်သူများကိုသာ ကယ်ဆယ်ကာ ၄င်းတို့အတွက် အမျိုးမျိုးသော ထောက်ပံ့ရေးပစ္စည်းများ စီမံပေးခဲ့သည်။ သူတို့၏ ဘဝရပ်တည်ရေးကိုသာ တည်ငြိမ်စေရန် ကူညီပေးကာ အခြားမလိုအပ်သည့်အရာ ဘာမှမလုပ်ပေ။

ထိုလုပ်ဆောင်မှုသည် လူအများစု၏မျက်လုံးထဲ၌ မှားယွင်းသော စွပ်စွဲမှုများဖြစ်ပေါ်လာစေသည်။ အကယ်၍ Frestechကုန်သည်ကြီးများအသင်းသည် အမှန်တကယ် မန်နာမှော်တိုင်းပြည်ကိုကူညီချင်လျှင် သူတို့သည်အဘယ်ကြောင့် နှစ်ဖက်လုံးကို အတိုက်အခိုက်ရပ်စဲရန် မပြုလုပ်ပါသနည်း?

အကယ်၍ သူတို့သည် ကြားဝင်လိုခြင်းမရှိပါလျှင် ကယ်ဆယ်ရေးအသင်းကို ဘာကြောင့် စေလွတ် ရပါသနည်း။

၎င်းသည် ရှေ့နောက်မညီသည့် လုပ်ဆောင်ချက်ဖြစ်သည်။

Frestechကုန်သည်ကြီးများအသင်းသည် ထိုစွပ်စွဲချက်များကို မည်သို့မှ မတုံ့ပြန်ပါ။

သို့သော် Frestechကုန်သည်ကြီးများအသင်း၏ ကယ်ဆယ်ရေးအသင်းသည် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ မန်နာမှော်တိုင်းပြည်တွင် စစ်ပွဲကြောင့် လွတ်မြောက်အောင်လုပ်နေရသော ပြည်သူ များစွာသည် Frestechကုန်သည်ကြီးများအသင်း၏ ကယ်ဆယ်ရေးအသင်းမှ ကယ်ဆယ်မှုကို ခံရသည်။ ၄င်းသည် သူတို့အား Frestechကုန်သည်ကြီးများအသင်းအား ကျေးဇူးတင်စိတ်များ ပြည့်နှက်စေခဲ့သည်။

ကန်ဒရာအင်ပါယာဖက်မှဖြစ်စေ မန်နာမှော်တိုင်းပြည်မှဖြစ်စေ သူတို့သည် Frestechကုန်သည်များ အသင်းကို ဘာမှမပြောပေ။ သူတို့သည် Frestechကုန်သည်ကြီးများအသင်း၏ကယ်ဆယ်ရေးအသင်းကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပေးထားပြီး ပြည်သူများကို ကယ်ခွင့်ပြုခဲ့သည်။

……

“ဥက္ကဌ ဒီလိုလုပ်တာ ကျွန်တော်တို့ကုမ္ပဏီတွက် ဘာအကျိုးမြတ်များရလို့လဲ?” ဘန်နက်က သူ၏ လက်ထဲမှ စိုင်စ်နယ်မြေ၏ ဠာနချုပ်မှလာသည့် တင်ပြချက်ကို ကြည့်ကာ စိတ်ရှုပ်ထွေးနေသည်။ “အကယ်၍ ဥက္ကဌက ကြင်နာပြီး ပြည်သူတွေမခံစားစေချင်ဘူးဆိုရင် ကန်ဒရာအင်ပါယာကို ငြိမ်းချမ်းရေး ယူခိုင်းလိုက်လို့ရတယ် အကယ်၍ မန်နာမှော်တိုင်းပြည်ကို စည်းကမ်းလိုက်နာ စေချင်တယ် ဆိုရင်လည်း ဒီအခြေအနေကိုလွတ်ထားပေးလိုက်ရင် ကျွန်တော်တို့ ဒီလိုအပြစ်တင် မခံရလောက်ဘူး”

ဘန်နက်က သူမပြောလိုက်သည့် စကားလုံးတစ်ချို့ရှိသေးသည်။ ရှုယိ၏ ယခုနည်းလမ်းသည် မပြတ်မသားဖြစ်နေခြင်း ဖြစ်သည်။ ၄င်းသည် သူယခင်က ကိစ္စများကို ကိုင်တွယ်ခဲ့ပုံများနှင့် လုံးဝကွဲပြားနေသည်။

ရှုယီသည် သူဖက်လှည့်လာကာ ဖျော့ဖျော့ပြုံးလျက် ပြောသည်။

“ငါတို့ကုမ္ပဏီက အဲ့ဒီစိုင်စ်နယ်မြေက နိုင်ငံတွေကို နာခံအောင်လုပ်နိုင်မယ်လို့ ထင်လား?”

ဘန်နက်က တိတ်ဆိတ်သွားသည်။

သူသည် ထိုမေးခွန်းကို ယခင်က တွေးခဲ့ဖူးပြီး ရှုယီကသူ၏ လုပ်ဖော်ကိုင်ဖက်များကို မေးခဲ့ဖူး ကြောင်းလည်း သိပြီးနောက် အဖြေကိုရှင်းလင်းစွာသိနေသည်။

သို့သော် ရှုယီက ထိုသို့ပြောလိုက်ချိန်တွင် အနည်းငယ် ထူးဆန်းနေသည်။

“ဒါက ကျွန်တော်တို့ သူတို့ကို နာခံအောင်မလုပ်နိုင်ပေမဲ့ သူတို့ကတော့ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းအပေါ် စောင့်ထိန်းရမဲ့ ကိုယ်ကျင့်တရားတော့ ရှိသင့်တာပေါ့ ဟုတ်တယ်မလား?”

“မဟုတ်ဘူး မင်းတစ်ခုခုမှားနေပြီ” ရှုယီကခေါင်းကိုခါလျှက် “ငါခနခနပြောပြီးပြီ ငါတို့က ကုမ္ပဏီ တစ်ခုပဲ ပြီးတော့ ငါကလည်း ကုန်သည်တစ်ယောက်ပဲ ငါတို့ကုမ္ပဏီတစ်ခုထဲနဲ့ ငါတို့ နယ်မြေထဲက နိုင်ငံတွေကို နာခံလာအောင်မလုပ်နိုင်ဘူး ကုန်သည်တစ်ယောက်ထဲနဲ့လည်း ငါ့အမိန့်တွေကို လူတိုင်းနားထောင်အောင် မလုပ်နိုင်ဘူး”

“ဒါက ဥက္ကဌက မလုပ်ချင်လို့ပါ..” ဘန်နက်က မနေနိုင်ပဲ တစ်တွတ်တွတ်ပြောမိနေသည်။

လူအများစုအတွက် ရှုယီကသာ ဆန္ဒရှိလျှင် Frestechကုန်သည်ကြီးများအသင်း အစောင့်တပ်များ၏ တိုက်ခိုက်ရေးစွမ်းအင်နှင့်သာမက Frestechကုန်သည်ကြီးများအသင်း၏ ကြောက်စရာကောင်းသည့် လွမ်းမိုးမှုနှင့် ရှုယီသည် လွန်ခဲ့သောနှစ်နှစ်ဆယ်ကပင် စတက်တိန်း မြို့စားပိုင်နက်၏ မြို့စား ဖြစ်လာနိုင်ခဲ့သည်။ ထို့နောက် ထိုရာထူးကိုသုံးကာ သူ၏နေရာအား တိုးချဲ့ကာ မြင့်တင်နိုင်သည်။

နှစ်နှစ်ဆယ်ကြာပြီးနောက်တွင်လည်း နယ်မြေများကို မပေါင်းစည်းနိုင်လျှင်ပင် ရှုယီသည် အင်ပါယာနှစ်ခု ၏ ဧကရာဇ်များအောက် မနိမ့်သော ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ခဲ့သေးသည်။

သို့သော်လည်း သူသည် ဘယ်တော့မှ အာဏာကို မမက်မောခဲ့ပေ။ စတက်တိန်း မြို့စားပိုင်နက်ကို လက်လျော့ခဲ့ခြင်းသာမက သူသည် နယ်မြေ၏အုပ်စိုးသူဖြစ်လာနိုင်သည့် အခွင့်အရေးများစွာကို လက်လွတ်ခဲ့သည်။

ထိုအကြောင်းအရာသည် လူတိုင်းကို ခေါင်းရှုပ်စေသည်။

ဤလောကတွင် အာဏာကို မလိုချင်သည့်သူမရှိနိုင်ပါ။

ရှုယီသည် လုပ်နိုင်စွမ်းသာမက အခွင့်အရေးလည်းရှိခဲ့သည်။ ထို့ကြောင့် မည့်သည့်အတွက် လက်လွတ်ခဲ့ပါသနည်း?

ဘန်နက်၏စကားများသည် ရှုယီ၏နားမှ လွတ်မြောက်သွားရန်အကြောင်းမရှိပါ။ သူသည် သူ့လက်အောက်မှ လူများ၏ ထိုအတွေးများကို ရင်းနှီးနေပြီ ဖြစ်သည်။ သို့သော် သူသည် ထိုအကြောင်းကို ကြားသောအခါ ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည်။

သူ၏ သဘောထားကို လူအများစုအား ရှင်းလင်းစွာပြောပြခဲ့ပြီးဖြစ်သည် သို့သော် သူ့အား မည်သူမှ အပြည့်အဝနားမလည်ကြပါ သူ့၌ စိုင်စ်နယ်မြေအား အုပ်စိုးရန် အခွင့်အရေးနှင့်အရည်အချင်း တို့ရှိခဲ့သည်မှာမှန်သည်။

သို့သော် ထို့သို့ လုပ်ခြင်းသည် သူ့အတွက် ဘာမှအဓိပ္ပာယ်မရှိပေ။

သူသည် အာဏာအပေါ် စိတ်ဝင်စားသည် သို့သော် စိုင်စ်နယ်မြေကို အုပ်စိုးလျှင်ပင် ဤခေတ် နောက်ကျသည့် ကျွန်ပြုခြင်းစနစ်တစ်ဝက်နှင့် မြေရှင်ပဒေသရာဇ်စနစ်တစ်ဝက်ဖြစ်သော လူနေမှု အဆင့်အတန်းများရှိနေသည့် နေရာကို ထိန်းချုပ်အုပ်စိုးခြင်းသည် ဘာအဓိပ္ပာယ်များရှိလိမ့်မည်နည်း?

ခေတ်သစ် မော်ဒန်ကမ္ဘာမှ ကမ္ဘာကူးပြောင်းလာခဲ့သော လူတစ်ယောက်အနေနှင့် ရှုယီသည် ယခု နှစ်ပေါင်းများစွာထိတိုင်အောင် ခေတ်နောက်ကျနေသောကမ္ဘာတွင်နေရသည်မှာ နေသား မကျနိုင်သေးပေ။

ထို့ကြောင့် သူသည် မှော်စက်မှုလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်နိုင်ရန်ဆက်လက် ကြိုးစားနေခဲ့ပြီး တစ်နေ့၌ လူမှုအဆင့်အတန်းသည် ကမ္ဘာ၏လူမှုအဆင့်အတန်းကိုလိုက်မှီလာနိုင်မည်ဟု မျော်လင့်နေဆဲ ဖြစ်သည်။

ထိုအတွေးသည် ပထမဆုံးအကြိမ်က အတွေးဖြစ်သည် ရှုယီသည် ဤဘဝ၌ ထိုအရာကို မတွေ့နိုင် တော့ဟု ခံစားခဲ့ရသည်။

သို့သော် လွန်ခဲ့သော ဆယ်နှစ်က မှော်စက်မှုလုပ်ငန်းသည် နေ့စဉ်နေ့တိုင်း ပြောင်းလဲနေခဲ့သည်။ စိုင်စ်နယ်မြေ၏ လူနေမှုအဆင့်အတန်းသည် ကြီးမားသောနှုန်းနှင့် တိုးတက်လာခဲ့ကာ သာမန်လူများ၏ သက်တမ်းသည် ၆၀ ၇၀သို့ ကမ္ဘာ၏ ၁၉ ရာစုအတိုင်း လိုက်မှီလာခဲ့သည်။

လွန်ခဲ့သောနှစ်နှစ်က နျူကလီးယားမှော်စွမ်းအင် တိုးတက်မှုဖြင့် ရှုယီသည် ကမ္ဘာ၏နည်းပညာကို ကျော်လွန်ရန် ဖြစ်နိုင်ချေကိုပါ တွေ့ရှိခဲ့ရသည်။

ဤအခြေအနေတွင်ရှုယီသည် ထိုအကျိုးအမြတ်မရှိသည့်အလုပ်များအပေါ် အချိန်မဖြုန်းချင်ပါ။ စိုင်စ်နယ်မြေ၏ လူမှုအဆင့်အတန်းကို ပြန်လည်တိုးမြင့်အောင် လုပ်ဆောင်ပေးရန် မည်သို့ ဆန္ဒရှိလိမ့်မည်နည်း?

ထိုကဲ့သို့လုပ်နေရန်သာအချိန်ရှိလျှင် မှော်နည်းပညာကိုပင် တိုးတက်အောင်လုပ်ပြီး ပြင်ပ လေဟာနယ်ထဲ အမြန်ဆုံးပျံသန်းနိုင်အောင်လုပ်သည်က ကောင်းသည်။ပြီးနောက် အကယ်၍ သူက တစ်ခုခုကို လွဲပြောင်းရယူလိုပါလျှင် စိုင်စ်နယ်မြေထပ် ပိုမို ရိုးရှင်းကာ ရင်းနှီးမြုပ်နှံရန်ကောင်းသော နေရာများ ရှိနေသည်မဟုတ်ပါလား?

ထိုအတွေးများအား ဘန်နက်ကိုရှင်းမပြနိုင်သည်မှာ သေချာပါသည်။

ရှုယီက အနည်းငယ်တိတ်ဆိတ်နေပြီးနောက် ဘန်နက်ကိုပြောလိုက်သည်။ “အကယ်၍ စိုင်စ်နယ်မြေရဲ့ နိုင်ငံတွေသာ တိုက်ပွဲတွေဖြစ်ချင်တယ်ဆိုရင် သူတို့ကို ပေးတိုက်လိုက်ပါ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် သူတို့ဘယ်လောက်ရမ်းကားပါစေ စိုင်စ်နယ်မြေက ငါတို့ ရဲ့ကုမ္ပဏီတိုးတက်မှုကို မထိခိုက်နိုင်ပါဘူး။ စိုင်စ်နယ်မြေက ဘယ်လောက်ပဲအဆုံးသတ်ကိုရောက်နေပါစေ ဘယ်လောက်ပဲ နိုင်ငံတွေ ပြိုလဲပါစေ တည်ဆောက်ပါစေ ငါတို့ကုမ္ပဏီကို ဘာမှလာမထိခိုက်နိုင်ပါဘူး”

ဘန်နက်က ရှုယီ၏အမူအရာကိုကြည့်ကာ သူနောက်နေခြင်းမဟုတ်မှန်းသေချာသွားသောအခါ ပို၍ပင် စိတ်ရှုပ်သွားရသည်။

ဘာကြောင့်မှန်းမသိသော်လည်း ရှုယီသည် စိုင်စ်နယ်မြေကို လာပြီးသည်နှင့် ဘန်နက်သည် ဥက္ကဌက စိုင်စ်နယ်မြေအကြောင်းပြောဆိုတိုင်း ဂရုမစိုက်သလို ခံစားခဲ့ရသည်။ သူနှင့် မသက်ဆိုင်သည့် ပုံစံနီးပါးပင်။

စိုင်စ်နယ်မြေနှင့် ဝေးကွာနေပြီး စိတ်သည်လည်းဝေးကွာသွားသည်လား?

မဖြစ်နိုင်ပါ။

ဘန်နက်သည် ချက်ခြင်းခေါင်းကို ခါလိုက်သည်။

စိုင်စ်နယ်မြေသည် Frestechကုန်သည်ကြီးများအသင်း၏ အစပြုရာနေရာဖြစ်သည်။ Frestechကုန်သည်ကြီးများအသင်းသည် ဥက္ကဌ ကြိုးစားတည်ထောင်ခဲ့သော အရာတစ်ခုဖြစ်သည် ထို့ကြောင့် မည်သို့ပင်ဖြစ်ပါစေ ဥက္ကဌသည် စိုင်စ်နယ်မြေအား လက်လျော့လိုက်မည်မဟုတ်ပါ။

ဘန်နက်ကလည်း ဆက်မမေးသလို ရှုယီကလည်း ဆက်မရှင်းပြနေတော့ပါ။

သူနှင့် ဘန်နက်တို့၏ ယခုတစ်ခေါက် စကားဝိုင်း၏အဓိကအချက်သည် စိုင်စ်နယ်မြေနှင့်မပက်သက်ပါ။ မှော်တိမ်တိုက်နယ်မြေတွင် လူအင်အားကို မည်သို့သုံးမည်ဟူသည့်အကြောင်းအရာကို ဆွေးနွေးနေခြင်း ဖြစ်သည်။

Frestechကုန်သည်ကြီးများအသင်းသည် ပို့လာသောလူအင်အားနှင့် အသစ်ထပ်ခန့်ထားသော လူအင်အား သည် လူတစ်သိန်းခန့် ရှိသည်။

၎င်းသည် ထိုကဲ့သို့ ကျယ်ဝန်းသော စတုရန်းဧက ငါးသောင်းအတွက်တော့ အလွန်နည်းပါးနေသည်။ ထို့ကြောင့် လူအင်အားကိုထပ်မံတိုးချဲ့ရမည်ဖြစ်သည်။

စိုင်စ်နယ်မြေမှ လူများခေါ်လာရန်လည်း အဆင်မပြေပါ အကြောင်းမှာ စိုင်စ်နယ်မြေနှင့် အလွန်ဝေးသော နေရာတွင် တည်ရှိနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့၏မွေးရပ်မြေကို စွန့်ခွာ၍ အလုပ်လုပ်ချင်သည့်သူ များစွာမရှိပါ။

မှော်တိမ်တိုက်နယ်မြေမှ လူများသည်လည်း ရိုင်းစိုင်းပြီး ခေတ်နောက်ပြန်ဆွဲသောလူများဖြစ်ရာ မည်သူမှ ထိုနေရာသို့လာ၍ ဒုက္ခမခံလိုကြပါ။

ထို့ကြောင့် ထိုလူအင်အားပြသနာကိုဖြေရှင်းရန် သူတို့သည် မှော်တိမ်တိုက် နယ်မြေမှသာ စရတော့မည်။

ထိုမတိုင်မှီတွင် Frestechကုန်သည်ကြီးများအသင်းသည် ၄င်းတို့ ရှာတွေ့ခဲ့သော ဒေသခံမျိုးနွယ်စု တစ်ချို့ နှင့် ဒေသခံလူသားမျိုးနွယ်များကို ခန့်အပ်ခဲ့ပြီး ဖြစ်သည်။

သို့သော် လူဦးရေ တစ်သောင်းခန့်သည် မလုံလောက်သေးပေ။

ထို့ကြောင့် ရှုယီသည် မှော်တိမ်တိုက်နယ်မြေတွင် ထပ်မံရှာဖွေရန် စီစဉ်ထားပြီး Frestechကုန်သည်များ အသင်း အတွက်အလုပ်လုပ်ရန် အခြားဉာဏ်ရည်မြင့်သော မျိုးနွယ်စုများကို ရှာဖွေ၍ ဆွဲခေါ်လာရန် စီစဉ်ခဲ့သည်။

ထိုပြသနာကိုဖြေရှင်းရန် ဒေသခံမျိုးနွယ်စုများကို ဦးစွာရှာဖွေကာ သူတို့နှင့် ရင်းနှီးမှု အရင် တည်ဆောက်ရမည် ဖြစ်သည်။

ရှုယီသည် ထိုအချိန်အတွင်း ထိုအလုပ်ကိုသာ တာဝန်ယူနေခဲ့သည်။

***

Volume 8 အခန်း ၅၇ ။ ကီလိုမီတာ တစ်သောင်းကိုဆက်သွယ်ပေါင်းကူးခြင်း

ရှုယီ၏ နည်းလမ်းသည် ထိုမျှလောက်သာမန်မဟုတ်ပေ။

သူသည် တစ်ချိန်တည်း၌ နည်းလမ်းနှစ်မျိုးကို အသုံးပြုခဲ့သည်။ ပထမနည်းလမ်းမှာ Frestechကုန်သည်ကြီးများအသင်း၌ အလုပ်လုပ်နေသော ဒေသခံမျိုးနွယ်စုများကို အသုံးပြု၍ ၎င်းတို့နှင့် အဆက်အသွယ်ရှိသော အခြားမျိုးနွယ်စု များကို ဆက်သွယ်ရန်ဖြစ်သည်။

မှင်စာများ၏ဖျက်စီးမှုများကြောင့် လူနေမှုအဆင့်အတန်းသည် နိမ့်ကျနေသေးသည်ဖြစ်ရာ မျိုးနွယ်စုများ ၌လည်း အခြားနှင့် အဆက်အသွယ်တည်ဆောက်ရန် ဘောင်က ကျဉ်းမြောင်းသည်။ ၎င်းတို့သည် ပင့်ကူအိမ်များကဲ့သို့ တစ်ယောက်ကိုတစ်ယောက်ဆက်သွယ်ထားပြီး သူတို့သည် အခြားမျိုးနွယ်စုများကို ထိုနည်းလမ်းဖြင့် ဆက်၍ ဆက်သွယ်ကြသည်။

ထိုမျိုးနွယ်စုများအားဆက်သွယ်ပြီးနောက် လာချင်စိတ်ရှိမည်လားဆိုသည့်ကိစ္စလည်းရှိသေးသည်။

ရှုယီက ထိုပြသနာအတွက် လုံးဝစိတ်မပူပါ။

မှော်တိမ်တိုက်နယ်မြေ၏ဒေသခံမျိုးနွယ်စုများသည် မှင်စာများပြသနာကြောင့် ခံစားခဲ့ရပြီး သူတို့၏ မွေးဖွားနှုန်း လျော့ကျနေသည့် အချက်ပါ ထည့်ပေါင်းလျှင်လည်းကောင်း အခြေခံအစားအသောက် နှင့်တဲများ လုံခြုံရန်ခက်ခဲနေခြင်းလည်းရှိသောကြောင့် သူတို့သည် လုံခြုံရေး၊ အစားအသောက်နှင့် အမိုးအကာများရမည့် အခွင့်အရေးကို မည်သို့လက်လွတ်ခံပါမည်နည်း?

အကယ်၍ အချို့သံသယများရှိလျှင်ပင် သူတို့ရှေ့တွင်ရှိနေသော အခွင့်အရေးနှင့်ဆိုလျှင် သူတို့သည် စုံစမ်းရန် လူတစ်ချို့လွတ်လိုက်မည်ဖြစ်သည်။

သူတို့ စစ်ဆေးပြီးသည်နှင့် သူတို့မလာရန်မှာ မဖြစ်နိုင်ပေ။

ပထမနည်းလမ်းမှာ မလှုပ်မယှက်နေသောနည်းဖြစ်၍ ဒုတိယနည်းလမ်းမှာမူ ပို၍ တက်ကြွမှုရှိသည်။

ရှုယီက မှော်လေသင်္ဘောအားလုံးနီးပါးကို အပြင်ဖက်ကို အပေါ်စီးမှ စုံစမ်းစစ်ဆေးရန် လွှတ်လိုက်သည်။

၎င်းတို့သည် ဉာဏ်ရည်မြင့်သော မျိုးနွယ်တစ်ခုကို ရှာတွေ့ကာ စုံစမ်းစစ်ဆေးပြီးသည်နှင့် တင်ပြချက် ပြန်လာပြီး ရှုယီက Frestechကုန်သည်ကြီးများအသင်း၏အစောင့်တပ်များကို လွတ်ကာ ချိန်းခြောက်မှု များကို ဖြေရှင်းစေပြီး ၎င်းတို့အားဆက်သွယ်နိုင်ရန်လမ်း ဖန်တီးခဲ့သည်။

ထိုမျိုးနွယ်စုများအား ပြောင်းရွေ့ရန်အတွက် လမ်းကို အကျိုးအမြတ်ဖြင့် ကမ်းလှမ်း၍ သော်လည်းကောင်း ချိန်းခြောက်၍သော်လည်းကောင်း ရှာဖွေရမည်ဖြစ်သည်။

သုံးလလွန်ပြီးနောက်တွင် Frestechကုန်သည်ကြီးများအသင်း၏အစောင့်တပ်သည် အခေါက် နှစ်ဆယ် ကျော် ထွက်ခွာပြီးဖြစ်သည်။ အဝေးဆုံးမှာ ကီလိုမီတာ ခုနစ်ရာခန့် ရှိသောနေရာတစ်ခု ဖြစ်ပြီး ဠာနသို့ လူသားမျိုးနွယ်စုတစ်ခုကို ခေါ်ပြန်လာနိုင်ခဲ့သည်။

ထိုနည်းလမ်းနှစ်ခုစလုံးကိုတစ်ချိန်တည်းသုံးခြင်းဖြင့် လွန်ခဲ့သည့် သုံးလအတွင်း Frestech ကုန်သည်ကြီးများအသင်းသည် ဒေသခံအလုပ်သမား ၂သောင်းခန့်ကို ခန့်ထားနိုင်ခဲ့သည်။

သို့သော် အလုပ်သမားများများခေါ်လာလေလေ ကြီးမားသော ပြသနာနှင့် ရင်ဆိုင်ရလေလေဖြစ်သည်။

မှော်တိမ်တိုက်နယ်မြေ၏ အမျိုးမျိုးသော ဉာဏ်ရည်များကြောင့် လူသားများဖြစ်စေ နတ်သူငယ်များ ဖြစ်စေ လူပုများဖြစ်စေ သူတို့သည် သူတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုကိုပြကြကာ သူတို့၏ကိုယ်ပိုင် ဘာသာစကားများ ကိုအသုံးပြုကြသည်။ ၎င်းသည် စိုင်စ်နယ်မြေ၏ ယခင်ကအဆင့်အတိုင်းပင်ဖြစ်ပြီး ယခုအဆင့်ကို လိုက်မှီရန် များစွာ လိုအပ်နေသေးသည်။

Frestechကုန်သည်ကြီးများအသင်း၌ လူမျိုးစု အသစ်တစ်ခုရောက်လာတိုင်း သူတို့သည် မြင်ရသော များစွာသော မြင်ကွင်းများကို အံ့သြကြသည်။

အရိုးရှင်းဆုံးသော မှော်ပန်ကာများပင် သူတို့ကို အံ့သြစေသည်။

ကြီးမားသော လူမှုအဆင့်တန်း ကွာခြားမှုကြောင့် Frestechကုန်သည်ကြီးများအသင်း၌ လူအင်အား ရှိလျှင်ပင် ၎င်းကိုသုံးရန် ခက်ခဲနေသည်။

ကွဲပြားသော ဘာသာစကားများကြောင့် ဖြစ်ရသော ပြောဆိုဆက်ဆံရေးပြသနာများကို ဖြေရှင်းရန်ပင် အချိန်များစွာလိုအပ်ခဲ့သည်။

ထို့ကြောင့် လူအင်အားထပ်စုဆောင်းရာတွင် ရှုယီသည် ဠာနတွင်းဘာသာစကားကို စိုင်စ်နယ်မြေ၏ ဘာသာစကားဟု သတ်မှတ်ကာ ဒေသခံများကို သင်ယူစေခဲ့သည်။

ရှုယီ၏အစီအစဉ်များအရ သူသည် အခြေခံအကျဆုံးပြောဆိုဆက်ဆံသည့် ပြသနာကို ဖြေရှင်းပြီးသည် နှင့် ထိုဒေသခံများအား မှော်စက်နှင့်သက်ဆိုင်သည့် အရည်အချင်းကို သင်ယူရန် စီစဉ်တော့သည်။

ထိုနည်းလမ်းဖြင့် သူတို့၏ လုပ်ဆောင်မှု များသည် ပိုမိုကောင်းမွန်လာခဲ့သည်။

တနည်းအားဖြင့် အကယ်၍ သူတို့သည် ရိုးရှင်းသောအလုပ်များကိုသာ လိုချင်လျှင်ပင် အမ်ရစ်ကုန်သည်ကြီးများအသင်းကို အတုယူကာ မှင်စာများကိုဖမ်းသည်ထက် ပိုသာသည်။

မှင်စာများနှင့်မတူညီပဲ ဒေသခံလူမျိုးများသည် အမှန်တကယ် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက် ကြသည်ဟု သတ်မှတ်နိုင်သည်။ ၎င်းတို့၏ ယဉ်ကျေးမှုက မထွန်းကားသေးသော်လည်း ၎င်းတို့ ဖွံ့ဖြိုးတိုးတက်ခြင်း မရှိရသည့် အကြောင်းမှာ မှင်စာများကြောင့်သာဖြစ်သည်။

ဥပမာအားဖြင့် ဒေသခံနတ်သူငယ်မျိုးနွယ်များ ထဲတွင် သဘာဝမှော်ပညာသုံးနိုင်သည့် မျိုးနွယ်ပင် ရှိသည်။

အကယ်၍ နတ်သူငယ်ဦးရေ ကျဆင်းနေခြင်းကြောင့် မဟုတ်ပါလျှင် နတ်သူငယ်များသည် မှင်စာများကို မောင်းထုတ်နိုင်မည်ဖြစ်ကာ နယ်မြေကိုပင် အုပ်စိုးနိုင်မည်ဟု ရှုယီယုံကြည်သည်။ Frestechကုန်သည်ကြီးများအသင်းက ဝင်ရောက်၍ အားလုံးကိုစီမံရန်ပင် နေရာမရှိလောက်ပေ။

သဘာဝမှော်ပညာသည် Frestechကုန်သည်ကြီးများအသင်း ယူဆောင်လာသည့် အင်အားကြီးသည့် မှော်ပညာများ ရှေ့တွင်တော့ ဖော်ပြရန်ပင် မထိုက်တန်ပါ။ မှော်တိမ်တိုက်နယ်မြေကို အုပ်စိုးရန် မျှော်လင့်နေသည့် ထိုနတ်သူငယ်မျိုးနွယ်များသည် ယခု၌ Frestechကုန်သည်ကြီးများအသင်း၏ အဖွဲ့ဝင်ဝန်ထမ်းများ ဖြစ်လာကြသည်။

အချိန်များကုန်ဆုံးသွားသည်နှင့် Frestechကုန်သည်ကြီးများအသင်းဠာနအား တည်ဆောက်ရေး တိုးတက်မှုသည် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ အကူအညီနှင့် နေ့တိုင်းခရီးပေါက်နေသည်။

စက်ရုံများသည် ထုတ်လုပ်ရေးမစမှီတွင် တစ်ခုပြီးတစ်ခု အမြန်နှုန်းနှင့် ဆောက်နေသည်။

ရှုယီက မှော်တိမ်တိုက်နယ်မြေထဲသို့ ရောက်သည်မှာ တစ်နှစ်နီးပါးကြာလာပြီး ဠာန၏ပုံစံသည် ရှုယီရောက်ခါစက ပုံစံထပ် များစွာ ကွာခြားနေခဲ့ပြီဖြစ်သည်။

လက်ရှိဠာန၌ လုပ်ငန်းမျိုးစုံအတွက် စက်ရုံများပါရှိသည်။

စကေးက များစွာ မကျယ်သော်လည်း ထိုစက်ရုံလုပ်ငန်းများ ပြည့်စုံသည်နှင့် စိုင်စ်နယ်မြေမှ ထောက်ပံ့ရေးပစ္စည်းများ လိုအပ်တော့မည်မဟုတ်ပဲ ကိုယ်ပိုင်လုံလောက်မှုရှိနိုင်မည်ဖြစ်သည်။

ရှုယီ၏ နောက်ဆုံးပန်းတိုင်သည် ထိုလုပ်ငန်းများ မှော်တိမ်တိုက်နယ်မြေတစ်ခုလုံးကို ဖြန့်ကျက်နိုင်ရန်ဖြစ်သည်။

သို့သော် အချိန်များစွာလိုမည်ဖြစ်ပြီး စိတ်မရှည်ဖြစ်နေလို့မကောင်းပါ။

ရှုယီသည် မှော်တိမ်တိုက်နယ်မြေတွင် တစ်နှစ်ခန့်ရှိပြီဖြစ်သောကြောင့် သူသည် ထိုနေရာတွင် ကြာကြာနေလို့ မရတော့ပါ။

သာမန်နေ့တစ်နေ့၌ မတော်တဆခေါ်ဆိုမှုတစ်ခုသည် ရှုယီအား မှော်တိမ်တိုက်နယ်မြေမှ ထွက်ခွာပြီး စိုင်စ်နယ်မြေသို့ ပြန်ရန် အချိန်ရောက်ပြီ ဖြစ်ကြောင်း သတိပေးလိုက်သည်။

“ဟေး ဥက္ကဌ ဒါဘယ်သူ့အသံလဲဆိုတာ ရှင်မှန်းနိုင်လား?”

မှော်ဆက်သွယ်ရေးစက်မှတဆင့် ထိုတက်ကြွနေသော အသံကအနည်းငယ် ဆိုးသွမ်းနေသည်ကို ကြားလျှင် ရှုယီသည် အံ့ဩကာပြုံးလိုက်သည်။

“အာကာလီလား? မှော်အချက်ပြစခန်း ပြီးသွားပြီလား?” အာကာလီကကောင်းကင်ကျွန်းတွင်ရှိနေသေးကာ ကောင်းကင်ကျွန်းက ကီလိုမီတာ လေးထောင်ကျော် အကွာအဝေးတွင်ရှိသည် သို့သော် သူ့အားဆက်သွယ်၍ ရနေသည်။ ဖြစ်နိုင်ချေတစ်ခုမှာ သူမ ကြိုးစားနေသည့် ပြင်ပ မှော်အချက်ပြဆက်သွယ်မှုသည် နောက်ဆုံး၌ ပြီးစီးသွားပြီဖြစ်သည်။

“ဟားဟား….” မှော်ဆက်သွယ်ရေးစက်ထံမှ ဂုဏ်ယူသောရယ်သံတစ်ခု ထွက်လာသည်။

“ပြီးသွားပြီ ဘယ်လိုလဲ ဥက္ကဌ အရမ်းမြန်တယ် မလား?”

“ဟုတ်တယ် အရမ်းမြန်တာပဲ” ရှုယီက ခေါင်းငြိမ့်သည်။ “ငါထင်တာ နှစ်အများကြီး ထပ်မသုံးရင် မဖြစ်နိုင်လောက်ဘူးထင်တာ ဒီလောက်အချိန်နဲ့ အဲ… နှစ်နှစ်အောက်အချိန်နဲ့ တကယ်ပြီးသွားမယ်လို့ လုံးဝမထင်ထားဘူး ဒါက အံ့ဩဝမ်းသာစရာပဲ အာကာလီ ငါတို့ပြန်ရောက်ရင် မင်းကို ဆုကောင်းကောင်းချပါ့မယ်”

“ဆုကောင်းကောင်းကို စိတ်မဝင်စားပါဘူး ဥက္ကဌက ကျွန်မကို ဂတိပေးထားတာကို ပြည့်အောင် လုပ်ပေးဖို့ပဲလိုတာပါ”

“ဂတိ? ဘာဂတိလဲ?” ရှုယီက အံ့ဩသွားသည်။

“ရှင်တကယ်ပဲမေ့သွားပြီပေါ့” အာကာလီက နှာခေါင်းရှုံသည်။ “အရင်က ရှင်ပြောထားတာ ကျွန်မဒီတာဝန်ကိုအောင်မြင်တာနဲ့ ကျွန်းတစ်ခုကို အပန်းဖြေနေရာအဖြစ် ပေးမယ်ဆို ဘာလဲ ဂတိကို ဖျက်တော့မလို့လား?”

ရှုယီ၏စိတ်က ပြန်လည်သွားကာ အာကာလီကို ယခင်က ထိုဂတိပေးခဲ့ဖူးကြောင်း ပြန်စဉ်းစားလိုက် သည်။

အာကာလီနှင့် အီဗီတာ သည် ရှုယီ၏အိမ်တွင် ဧည့်သည်လာလုပ်ရသည်ကို ကြိုက်ပြီး စတေးလ်နှင့် အပန်းဖြေသည့်ကိစ္စ ပြောကြစဉ်က ရှုယီသည် အဆုံးမဲ့ ပင်လယ်မှ ရှုခင်းများသည် လှပကြောင်း လေထုမှာလည်း သန့်ရှင်းကြောင်း ပြောလိုက်သည် ၎င်းသည် အခြားအပန်းဖြေနေရာများထပ် ပိုကောင်းသည်။

ရှုယီသည် ထိုအကြောင်းပြောပြီးနောက်ပိုင်းကို မမှတ်မိတော့ပေ။ သို့သော် အာကာလီသည် ထိုကိစ္စကိုပြောပြီး ဆိုလိုသည်မှာ သူမ၏စကားများကိုသုံး၍ သူအား ထောင်ချောက် ဆင်နေခြင်း ဖြစ်လိမ့်မည်။

၎င်းသည် အသေးစားကိစ္စတစ်ခုဖြစ်သည်။ Frestechကုန်သည်ကြီးများအသင်း၏ လက်ရှိငွေကြေးနှင့် အာကာလီအတွက် ကျွန်းတစ်ခုဝယ်ပေးရန် မခက်ခဲပါ။

“မဟုတ်ပါဘူး ဂတိကို ပြန်သိမ်းလို့ ဘယ်ဖြစ်ပါ့မလဲ ကောင်းပြီ အဆုံးမဲ့ပင်လယ်က ကျွန်းတစ်ခုခုကို ရွေးလိုက် ငါမင်းကိုပေးပါ့မယ်” ရှုယီက လက်ဝေ့ယမ်းလိုက်ကာ သူတုံ့ပြန်သည့်အချိန်၌ အထက်စီး ဆန်သည့် လေသံကဲ့သို့ ဖြစ်နေလေသည်။

အဆုံးမဲ့ပင်လယ်မှ ကျွန်းများသည် ကမ္ဘာပေါ်ကကျွန်းများကဲ့သို့ ပိုင်ရှင်ရှိပြီးသားကျွန်းများမဟုတ်ကြပါ။

အကယ်၍ အာကာလီသာ တစ်ခုကိုနှစ်သက်လျှင် ရှုယီက ဘာပြသနာမှမရှိပဲယူပေးနိုင်သည်။

“ဒါဆို ဒီလိုပဲဆုံးဖြတ်လိုက်ပြီနော် အန် ဥက္ကဌ ဆုံးဖြတ်ပြီးပြီဆိုတော့ ကျွန်မ ဆက်မနှောက်ယှက်တော့ ဘူးနော် ဥက္ကဌက စတေးလ်ကို အရမ်းသတိရပြီး စကားပြောချင်နေလောက်ပြီပေါ့ ဟုတ်တယ်မလား?”

ရှုယီက ရယ်သည်။

မှော်တိမ်တိုက်နယ်မြေသို့ လာပြီးသည့်နောက် အဆက်အသွယ်လုပ်ရသည်မှာ သိပ်အဆင်မပြေပေ အကြောင်းမှာ ကီလိုမီတာတစ်သောင်းကွာဝေးသောကြောင့် စတေးလ်ကို သင်္ဘောများနှင့် စာသာ ပို့နိုင်လေသည်။ စိုင်စ်နယ်မြေမှာကဲ့သို့ အချိန်တိုင်းဆက်သွယ်၍ မရသဖြင့် သူသည် စတေးလ်နှင့် သူ့မိသားစုကို သတိရနေပြီဖြစ်သည်။

အာကာလီ၏ခေါ်ဆိုမှုအား လက်ခံရသဖြင့် သူသည် မမျော်လင့်ပဲ သတိပြုမိလိုက်သည်မှာ အာကာလီ က ကီလိုမီတာ လေးထောင်ကျော်ဝေးသော ကောင်းကင်ကျွန်းမှ ဆက်သွယ်နိုင်သဖြင့် ကီလိုမီတာ ၆ထောင်ဝေးသော စိုင်စ်နယ်မြေသို့လည်း ကောင်းကင်ကျွန်းမှ ဆက်သွယ်နိုင်လိမ့်မည် ဖြစ်သည်။

သူမလေ့လာနေသောမှော်အချက်ပြတိုင်များသည် မှော်အချက်ပြများအား ထုတ်လွင့်ပေးနိုင်စွမ်း ရှိသဖြင့် ရှုယီက စိုင်စ်နယ်မြေသို့ ဆက်သွယ်နိုင်ရန် ပြသနာမရှိကြောင်း ရှင်းလင်းနေသည်။

ထို့သို့ နယ်မြေနှစ်ခုဆက်သွယ်နိုင်ရန်မှာ အာကာလီ၏လေ့လာနေခြင်း၏ အဓိက မူလပန်းတိုင် ဖြစ်သည်။

“ဆက်သွယ်နိုင်ပြီလား?” ရှုယီကမေးသည်။

“ဆက်သွယ်နိုင်တာပေါ့ ခနလေးစောင့်ပါ” အာကာလီက မှော်ဆက်သွယ်ရေးစက်မှ ပြောလိုက်ပြီး နောက် အနှောက်အယှက်သံ တစ်ချို့ဝင်လာသည် အာကာလီက အချက်ပြလှိုင်း ပြောင်းလဲနေခြင်း ဖြစ်သည်။

ခနကြာပြီးနောက် မှော်ဆက်သွယ်ရေးစက်မှ အနောက်ယှက်သံသည် ပိုများလာပြီးနောက် အသံတစ်ခု ထွက်ပေါ်လာကာ မေးခွန်းမေးလိုက်သည်။

“ဟေး ? ရှုယီလား?”

“ဟေး စတေးလ် ကိုယ်ပါ” ရှုယီက သူ၏နှလုံးသားမှ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ပဲ သူ့အသံသည် အနည်းငယ်တုန်လှုပ်နေသည်။

“တကယ်ပဲ ရှင်ကိုး” စတေးလ်၏အသံသည်လည်း သူ၏စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ပေ။ “ကောင်းလိုက်တာ ရှုယီ အခုတော့ ရှင့် အသံကိုကြားနိုင်ပြီ ရှင် အဲ့မှာ အဆင်ပြေနေရဲ့လား?”

ရှုယီသည် အသက်ပြင်းပြင်းရှုလိုက်ပြီး ရယ်လိုက်သည် “ကိုယ်အဆင်ပြေပါတယ် ဒီမှာဘာမှ စိတ်ပူစရာမရှိဘူး မင်းဖက်မှာရော?” မိသားစုဝင်တွေကောဘယ်လိုလဲ အဲ့မှာအခြေအနေတွေ ဘယ်လိုရှိလဲ?”

ရှုယီ၏အသံ ပျောက်သွားသည်နှင့် တက်ကြွကာ ရှင်းလင်းသော အသံတစ်ခုက မှော်ဆက်သွယ်ရေးစက် မှတဆင့် ထွက်ပေါ်လာသည်။

“အဖေ အဖေ့အသံကြားရတာအရမ်းပျော်တာပဲ။ သေလောက်အောင်လွမ်းနေတာ ဘယ်ချိန် ပြန်လာမှာလဲ။ သမီးအသက် ၂၅ ပြည့်တော့မှာနော် အဲ့မတိုင်ခင်ပြန်လာရမယ်”

“ဖရီယာ?” ထိုအသံကိုကြားလျှင် ရှုယီ၏အပြုံးက ပို၍ တောက်ပသွားကာ “စိတ်လျော့ပါ သမီးမွေးနေ့မတိုင်ခင် အဖေရောက်အောင်ပြန်လာမှာပါ။ ဒါမဲ့ အဲ့နေ့မှာ အဖေ့ကို အဖြေပေးဖို့ သမီးအဆင့်သင့်ဖြစ်ပြီလား?”

***

Volume 8 အခန်း ၅၈ ။ လျှပ်စီးပတ်လမ်းပြဘုတ်ပြား (ဆားကစ်ပြား)

မှော်ဆက်သွယ်ရေးစက်မှ တိတ်ဆိတ်သွားပြီးနောက် ဖရီယာသည် ထေ့ငေ့လိုက်သည်။ “သမီးမွေးနေ့ရောက်ရင်အဖေကိုပြောပါ့မယ်”

ရှုယီက ရယ်လိုက်ကာ ရုတ်တရက် သူ့အသံကိုပြောင်းလိုက်ပြီး မေးလိုက်သည်။ “အာကာလီ ခိုးနားထောင်မနေနဲ့တော့ ပြောဦး ရုပ်ပြနဲ့ကော ခေါ်လို့ရလား? ငါစတေးလ်နဲ့ ဖရီယာတို့ကို အခုတွေ့ချင်လို့”

သုံးယောက်ကြားထဲတွင် တစ်ချိန်ထဲ၌ ပင့်သက်ရှိုက်သံတစ်ခု ပေါ်လာသည် ခနကြာပြီးနောက် အာကာလီ၏ အနေခက်သော အသံတစ်ခုပေါ်လာကာ “ဒါက… ဥက္ကဌ အသံနဲ့ဆက်သွယ်နိုင်တာတောင် တော်တော်ကောင်းနေပါပြီ ရုပ်ပြနဲ့ ဆက်သွယ်ဖို့ကတော့………အချိန်ခနတော့ စောင့်ရပါဦးမယ်”

ရှုယီသည် သိပြီးဖြစ်ကာ မအံ့ဩသွားချေ။

စတေးလ် ဖရီယာ နှင့် အခြားမိသားစုဝင်များနှင့် အနည်းငယ်စကားပြောပြီးနောက် ပထမဆုံး နယ်မြေ ဖြတ်ကျော်ကာ ခေါ်ဆိုမှုဖြစ်သည့် အမှတ်ရစရာဖြစ်ကာ အဓိပ္ပာယ်ရှိသော ခေါ်ဆိုမှုသည် ပြီးဆုံးသည့် အချိန်သို့ ရောက်လာသည်။

ရှုယီက ချလိုက်သည်နှင့် မှော်ဆက်သွယ်ရေးစက်က ထပ်မံ၍ မြည်လာသည်။

“ဥက္ကဌ” အာကာလီ၏အသံက ထပ်မံပေါ်ထွက်လာသည်။ “အပျက်အစီးတွေအနေနဲ့ ကျွန်မတို့ အသစ်တွေထပ် လေ့လာတွေ့ရှိထားပါတယ် ဒါကြောင့် အချိန်တစ်ချို့ဖယ်ပြီး လာကြည့်သင့်ပါတယ်”

“အို ဒီလောက်တောင်မြန်မြန်ပဲ လေ့လာပြီးသွားပြီလား?” ရှုယီက အနည်းငယ်အံ့သြနေသည်။

“အန် ကျွန်မတို့တွေ့တာ….” အာကာလီက ခနရပ်လိုက်ပြီး “ဒါက အခုလိုပြောပြလို့အဆင်မပြေဘူး ရှင်လာမှပဲပြောကြတာပေါ့”

“ကောင်းပြီ”

မှော်စက်သွယ်ရေးစက်ကို ချလိုက်ပြီးနောက် ရှုယီ၏မျက်လုံး၌ မျှော်လင့်ချက်တစ်ချို့ပေါ်လာသည်။

အသူရာနတ်ဆိုးမျိုးနွယ်စုအား လေ့လာရခြင်းအကြောင်းရင်းထဲမှတစ်ချို့မှာ သူသည် ရှေ့ခေတ် ဒဏ္ဍာရီလာ လူနေမှုကို သိချင်သောကြောင့်ဖြစ်သည် သို့သော် အခြားတစ်ချက်မှာ ရှုယီသည် သူတို့ ဤကမ္ဘာကို အဘယ်ကြောင့် စွန့်ခွာသွားကြောင်း သိလိုသဖြင့်ဖြစ်သည်။

စိုင်စ်နယ်မြေတွင် များစွာသော မတူညီသည့်မျိုးနွယ်စုများမှ ဒဏ္ဍာရီမျိုးစုံရှိခဲ့ကာ စိုင်စ်နယ်မြေမှ၄င်းတို့ ထွက်ခွာသွားသည်ကို သက်သေပြနေသည်။ နတ်သူငယ်များနှင့် နဂါးများကပင် အနည်းငယ်သော အသေးစိတ်အချက် များကို သိကြသည် ၎င်းသည် ဒဏ္ဍာရီသပ်သပ်သာမဟုတ်ပဲ အမှန်တကယ် ဖြစ်ခဲ့တာဖြစ်ကြောင်း အတည်ပြု ပေးနေသည်။

သို့သော် များစွာသော လူမျိုးစုများ၌ ၎င်းတို့ထွက်ခွာရသည့်အကြောင်းရင်းအား ရှင်းပြချက်မပါခဲ့ပေ။

ရှုယီက မှတ်တမ်းများက လိုအပ်နေခြင်းဖြစ်ခြင်းကြောင့်ဖြစ်သည်ဟု မထင်ပေ သို့သော် မျိုးနွယ်စုများ၏ ဘိုးဘွားများက ဖြစ်ကြောင်းကုန်စင်ကို မသိခြင်းကြောင့်သာ ဖြစ်လိမ့်မည်။ သူတို့ သည် မဟူရာမျိုးနွယ်စု၏ ဤကမ္ဘာမှ ထွက်ခွာရခြင်း အကြောင်းရင်းကို အနည်းငယ်သာ သိသောကြောင့် ဖြစ်လိမ့်မည်။

အကြောင်းရင်းမှာ မှန်းဆရခက်နေသည်။ အဘယ်ကြောင့်ဆိုသော် ဘိုဘေးများသည် ထိုလူ့အဖွဲ့အစည်း ၌ နိမ့်ကျသော ပြည်သူများဖြစ်ခဲ့ခြင်းကြောင့် ဖြစ်လိမ့်မည်။ သူတို့သည် အသူရာနတ်ဆိုးမျိုးနွယ်စုက ဘာလုပ်ချင်ခဲ့မှန်း နားမလည်ခဲ့ကြပေ။

ယခင်က သူတို့ တွေ့ခဲ့ရသည့် အပျက်အစီးများအရ အသူရာနတ်ဆိုးမျိုးနွယ်စု၏ လူနေမှုအဆင့်အတန်း မှာ မြင့်မားလိမ့်မည်။ ၎င်းတို့၏ ဤကမ္ဘာကိုစွန့်ခွာခြင်းသည် သူလာခဲ့သောကမ္ဘာ၌ပင် အောင်မြင်ရန် ခက်ခဲနေသော အလင်းနှုန်းထပ် ပိုမြန်သည့် အချိန်နေရာခုန်ကူးခြင်းကို သုံးခြင်း ဖြစ်ကောင်းဖြစ်နိုင် သည်။

အမှန်တကယ်အားဖြင့် အလင်းနှုန်းထပ်ပိုမြန်သည့်အချိန်နေရာခုန်ကူးခြင်းကိုပြောရလျှင် ကမ္ဘာ၏ နည်းပညာသည်ပင် မလုပ်နိုင်သေးပေ။ စိုင်စ်နယ်မြေက ထိုလုပ်နိုင်စွမ်းရှိနေပြီဖြစ်သည် အကြောင်းမှာ မှော်ပညာရှင်များအထက်က မဟာမှော်ပညာရှင်များသည် နေရာလပ်မှော်ပညာကိုသုံးကာ ထိုသို့ လုပ်နိုင်သည်။

နေရာလပ်မှော်ပညာသည် မှော်ပညာရှင်များအား ၎င်းတို့ကိုယ်တိုင်နှင့် ဆက်သွယ်ထားသော အရာဝတ္ထု ကို ဝေးကွာသော နေရာသို့ ကူးပြောင်းစေနိုင်သည်။ ထို့ကြောင့် အလင်းနှုန်းထပ်ပိုမြန်သည့် အချိန်နေရာ ခုန်ကူးခြင်းနှင့် ဆင်တူသည်ဟုဆိုနိုင်သည်။

သို့သော် မှော်ပညာရှင်များသည် ကူးပြောင်းရေးမှော်ပညာနှင့် ပက်သက်၍ အပေါ်ယံဗဟုသုတသာ ရှိသည်။ သူတို့သည် မည်သို့သုံးရမည်ကိုသိကြပြီး နောက်ကွယ်မှ အခြခံသဘောတရားကို ဖမ်းဆုပ် နိုင်ခြင်းမရှိကြပေ။ ထို့ကြောင့် ၎င်းတို့သည် သူတို့ ကိုယ်တိုင် ကီလိုမီတာများစွာသို့ ပို့ဆောင်နိုင်ပြီး ထိုထပ်ပို၍ မလုပ်နိုင်တော့ပေ။

မကြာသေးမီက နှစ်များတွင်ပင် ရှုယီအဆိုပြုခဲ့သည့် သိပ္ပံနည်းကျလေ့လာခြင်းမှ တဖြည်းဖြည်း သဘောပေါက် လာရသည်။ သို့သော် အသူရာနတ်ဆိုးမျိုးနွယ်ကဲ့သို့ ကမ္ဘာကူးပြောင်းခြင်းနှင့် နှိုင်းယှဉ်၍ပင် မဖြစ်နိုင်သေးပါ။

ရှုယီသည် အသူရာနတ်ဆိုးမျိုးနွယ်စု၏အပျက်အစီးအကြွင်းအကျန်များကို လေ့လာကာ ၎င်း၏အထဲမှ လျို့ဝှက်ချက်ကို ဖော်ထုတ်ပြီး အလင်းနှုန်းထပ်ပိုမြန်သည့်အချိန်နေရာခုန်ကူးခြင်းနည်းပညာကို ဖမ်းဆုပ်နိုင်မည်လားဟု သိလိုသည်။

ထိုနည်းပညာကို ရရှိခြင်းပန်းတိုင်အဖြစ်___

ရှုယီသည် ကောင်းကင်ပေါ်မှ ကမ္ဘာပေါ်ကထပ် ပိုကြီးသော်လည်း အရမ်းတောက်လောင်နေခြင်း မရှိသည့် နေလုံးကို မော့ကြည့်ကာ ခါးသက်သက် ပြုံးလိုက်သည်။

“အကယ်၍ ငါသာ အလင်းနှုန်းထပ်ပိုမြန်သည့်အချိန်နေရာခုန်ကူးခြင်းနည်းပညာကို ရခဲ့ပြီး အဆုံးမရှိတဲ့ စကြဝဠာကို စွန့်စားသွားလာနိုင်ခဲ့ရင် ကမ္ဘာကို ဘယ်လိုရှာနိုင်လိမ့်မလဲ?”

……

လဝက်ခန့်ကြာပြီးနောက် ရှုယီ၏မှော်လေသင်္ဘောသည် ကောင်းကင်ကျွန်း၌ တဖြည်းဖြည်း ဆင်းသက် လာသည်။ တံခါးပွင့်လာပြီး ထွက်လာတော့မည့် ရှုယီအား အာကာလီက တားဆီးထားလိုက်သည်။ “ပြန်စ ပျံသန်းကြမယ် ဒီမှာ ဒီကိုဩဒီနိတ်ကို ပျံပါ” အာကာလီက မောင်းနှင်သူအား ကိုဩဒိနိတ် အချို့ ပေးလိုက်ကာ ရှုယီအား အထဲသို့ပြန်ဆွဲခေါ်သွားသည်။

ရှုယီက ခေါင်းရှုပ်သွားပြီး အာကာလီကိုကြည့်လိုက်သည်။ သူမကို ကြည့်ရတာ ဘာလို့ သူ့ထပ် ပိုစိတ်လှုပ်ရှားနေရတာလဲ?

“ဟေး ဥက္ကဌ ဒီရက်ပိုင်းအတွင်းကျွန်မတို့ ဘာတွေ့ထားလဲဆိုတာ သိလား?” အာကာလီက စိတ်လှုပ်ရှားနေသည့်ရုပ် နှင့်မေးသည်။

ရှုယီက ပခုံးတွန့်လိုက်ပြီး “ငါမှမမြင်ရသေးတာ ဘယ်လိုလုပ် မင်းတို့ ရှာဖွေတွေ့ရှိထားတာတွေကို သိမှာလဲ?”

အာကာလီက ရှုယီထိုသို့ဖြေမည်ကို သိသည့်အတိုင်း ရယ်သည်။ သူသည် စားပွဲပေါ်မှ အရာများကို ဘေးသို့ပို့ကာ ရှင်းလိုက်ပြီး သူမ၏အိတ်ထဲမှ များစွာသော ပုံကြမ်းများကို ထုတ်လာကာ စားပွဲပေါ်တွင် ဖြန့်လိုက်သည်။

“ကြည့်လိုက် ဒါက ကျွန်မတို့ ပထမဆုံးရှာတွေ့တဲ့ အပျက်အစီး ဟုတ်တယ်မလား?” အာကာလီက ပထမပုံကြမ်းကို ထိုးပြသည်။ ရှုယီက ငုံကြည့်လိုက်ပြီး ပုံကြမ်းပေါ်တွင် သူတို့ရှာဖွေတွေ့ရှိထားသည့် ပထမဆုံး အပျက်အစီးတိုင်ပုံ ရှိနေသည် ထို့ကြောင့် သူကခေါင်းငြိမ့်လိုက်သည်။

“ဥက္ကဌအရင်တစ်ခေါက်က ဒီတိုင်က တိကျတဲ့ ပစ္စည်းတစ်ခုပဲလို့ ပြောခဲ့တယ်မဟုတ်လား?” ရှုယီခေါင်းငြိမ့်သည်ကို မြင်လျှင် အာကာလီက ပထမပုံကြမ်းကို ဆွဲထုတ်လိုက်ပြီး သူ့အောက်မှ တစ်ခုကိုပြလိုက်သည်။ “ကြည့်လိုက် ဒါက ကျွန်မတို့ စစ်ဆေးထားတဲ့ တိုင်အထဲက ပုံစံပဲ”

“တိုင်အထဲက ပုံစံကိုတောင် စစ်ဆေးလို့ပြီးသွားပြီလား” ရှုယီက အံ့သြသည့်အသံဖြင့် မေးလိုက်ပြီး ပုံကြမ်းကို ငုံ့ကြည့်လိုက်သည်။

ရှုယီသည် ကြည့်ပြီးနောက် မနေနိုင်ပဲ ထိတ်လန့်နေတော့သည်။

“ဒါက….”

ရှုယီ၏ထိတ်လန့်နေသောမျက်နှာကိုမြင်လျှင် အာကာလီ၏ ဂုဏ်ယူသောအပြုံးသည် ပိုမို၍ ကျယ်လာသည်။

“ဒါကြောင့် ထိတ်လန့်နေတာလား?”

ရှုယီသည် ထိုစားပွဲပေါ်မှပုံကြမ်းကို ကြည့်ပြီးနောက် မနေနိုင်ပဲ အံ့ဩနေသည်။ ထိုပုံကြမ်းသည် တိုင်လုံး၏အတွင်းမှ ပုံစံကိုဆွဲထားသည့် ပုံကြမ်းဖြစ်သည်။

ထိုပုံကြမ်းမှတဆင့် ထိုတိုင်လုံးသည် မသိရသောပစ္စည်းဖြင့် သေသပ်စွာပြုလုပ်ထားသော သတ္တုပြား များနှင့်လုပ်ထားခြင်း ဖြစ်ကြောင်း ပြောနိုင်သည်။ ထိုသတ္တုပြားများအား အတူတကွ သိပ်သည်းစွာ ထည့်ထားသည်။ သို့သော် သပ်ရပ်စွာ အစီစဉ်တကျ ဖြစ်နေကာ ပုံသဏ္ဍာန်မမှန်သည့် အရိပ်အယောင် တစ်ခုမှမရှိပေ။

ထိုပုံကြမ်းကို ကြည့်ရင်း သူမေ့လျော့နေသည့် စာလုံးတစ်လုံးကို ရုတ်တရက်တွေးမိသွားသည်။

လျှပ်စီးပတ်လမ်းပြဘုတ်ပြား (ဆားကစ်ပြား)

မှန်သည်။ ထိုပုံကြမ်းထဲမှ ပုံစံသည် ရှုယီမှ ကမ္ဘာပေါ်တွင် ရင်းနှီးနေသည့် ဆားကစ်ပြားနှင့်တူသည်။

ငယ်စဉ်ကတည်းက လျှပ်စစ်ပစ္စည်းများကို စိတ်ဝင်စားခဲ့သော စက်မှုအင်ဂျင်နီယာတစ်ဦးအနေဖြင့် ရှုယီသည် ထိုအရာများနှင့် အလွန်ရင်းနှီးပါသည်။ သူသည် ကမ္ဘာပေါ်တွင် ရှိစဉ်အခါက ထိုအရာကို လေးနှစ်သားကတည်းက အခေါက်ခေါက်အခါခါ မြင်ဖူးခဲ့သည်။

သူသည် ဆားကစ်ပြားကို ဤနေရာတွင် မြင်ရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပါ။ ဒါမှားနေပြီ။

ရှုယီသည် မျက်မှောင်ကုပ်ကာ သေချာကြည့်လိုက်ပြီး နောက် ခေါင်းကိုဖြည်းဖြည်း ခါလိုက်သည်။

ထိုအရာသည် ဆားကစ်ပြားနှင့်တူသော်လည်း မတူသည့်နေရာများစွာရှိနေသည်။ သူရင်းနှီးနေသော ဆားကစ်ပြားကဲ့သို့ ဆင်တူမဟုတ်နေပါ။

သို့သော် ရှုယီ၏ နှလုံးသားထဲမှ မေးခွန်းတစ်ခုရှိသေးသည်။ ဤနေရာ၌ ဆားကစ်ပြားမည်သို့ ရှိလိမ့်မည်နည်း?

အသူရာနတ်ဆိုးမျိုးနွယ်စု ချန်ထားခဲ့သည့်အပျက်အစီးများသည် တိကျသောကိရိယာများရှိနေသည်။ သို့သော် ထိုအရာအတွက် ဆားကစ်ပြားကဲ့သို့ဖြစ်နေခြင်းမှာ အလွန်ထူးဆန်းသည်။

ထို့ပြင်ရှုယီက ထိုတိုင်ပေါ်တွင် လျှပ်စီးစွမ်းအင်ကို သုံးခဲ့စဉ်က တုံ့ပြန်သည့်ပုံအရ ထိုအရာသည် ရှုယီကို ပိုမို၍ ထူးဆန်းသည်ကို ခံစားမိသည်။

ဖြစ်နိုင်သည်မှာ အသူရာနတ်ဆိုးမျိုးနွယ်စုသည် ကမ္ဘာပေါ်မှ လူများအတိုင်း တူညီသည့် နေထိုင်မှု အဆင့်တန်းရှိနေပါသလား?

“ဥက္ကဌ ဘာမှားနေလို့လဲ?” အာကာလီက ရှုယီက ထိုပုံကြမ်းကို ကြည့်ကာ စကားတစ်ခွန်းမှမဆိုပဲ အနည်းငယ်ပင် ကြောင်နေသည့်ပုံကို မြင်ပြီး မနေနိုင်ပဲ ခေါ်ကြည့်လိုက်သည်။

“အာ?” ရှုယီက သတိပြန်ဝင်လာသည်။ သူသည် အသက်ရှုလိုက်ကာ ခေါင်းခါပြီး “ငါအဆင်ပြေပါတယ် ဒီတိုင်ထဲကအရာက နည်းနည်းအံ့ဩစရာ ကောင်းနေလို့ပါ”

အာကာလီသည် ရှယီအား သံသယဝင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ တိုင်အတွင်းမှအရာသည် အံ့ဩစရာကောင်းသည်မှာမှန်သော်လည်း ဥက္ကဌကဘယ်သူမို့လဲ? ထိုထူးဆန်းသောအရာကို တုံ့ပြန်ချက်မှာ အဘယ်ကြောင့် ကြီးမားနေရပါသနည်း?

သို့သော် ရှုယီက ဘာမှထပ်မရှင်းပြသောကြောင့် အာကာလီကလည်း ဆက်မေးနေရန် ရည်ရွယ်ချက် မရှိပါ။ သူသည် ထိုပုံကြမ်းကိုသာ ပုတ်လိုက်ပြီး ရှုယီကို မေးလိုက်သည်။ “ဥက္ကဌ ဒီကြားထဲ ကျွန်မတို့ အပျက်အစီးတွေ ဘယ်လောက်ရှာတွေ့လဲသိလား?”

“ဘယ်လောက်လဲ?”

အာကာလီသည် သူလက်နှစ်ဖက်လုံးနှင့် အမူအရာ ပြသည်။

“စုစုပေါင်း ၃၇ ခု”

“အဲ့လောက်တောင်များလား?”ရှုယီက အံ့သြနေသည့် အသံဖြင့်မေးသည်။

“အန် ပြီးတော့လည်း ဒီအနီးအနားမှာ အပျက်အစီးတွေ အများကြီး ရှိဦးမှာ သေချာတယ် ကျွန်မတို့ မတွေ့သေးတာပဲ ဖြစ်မယ်”

“ဘာလို့အဲ့လောက်သေချာနေတာလဲ?” ရှုယီက နည်းနည်းရှုပ်နေသည်။

“ဒီပုံကြမ်းကို ကြည့်ရင်နားလည်သွားလိမ့်မယ်” အာကာလီက ဒုတိယတစ်ပုံကို ဆွဲထုတ်လိုက်ပြီး တတိယပုံကြမ်းကို ပြလိုက်သည်။

ရှုယီကငုံကြည့်လိုက်ပြီး မြေပုံတစ်ခုဖြစ်မှန်း သိလိုက်သည်။

“ဒါက ပင်လယ်ပတ်ပတ်လည်က မြေပုံလား?”

“ဥက္ကဌ ရှင်ကတကယ်တော်တာပဲ” အာကာလီက ချက်ခြင်းရှုယီအားလက်မထောင်ပြလိုက်ပြီး မြေပုံကို လက်ညိုးထိုးကာ “ကြည့်ပါ ဒါက ကောင်းကင်ကျွန်း”

ပြီးနောက် သူမသည် လက်ညိုးကို အမှတ်အသားလုပ်ထားသော ဘယ်ဖက်အပေါ်ထောင့် သို့ ထိုးလိုက်သည်။

“ဒါက ကျွန်မတို့ ပထမဆုံးအမှတ်အသားကို တွေ့တဲ့နေရာ” ရှုယီက အကွာအဝေးကိုတွက်ချက်လိုက်ပြီး ခေါင်းငြိမ့်သည်။

“ဒါဆို ဒီအမှတ်အသားလုပ်ထားတဲ့နေရာတွေက အပျက်အစီးတွေ့တဲ့ နေရာတွေလား?”

“ဟုတ်တယ်” အာကာလီက အတည်ပြုရန် ခေါင်းငြိမ့်လိုက်သည်။ “အခုထိ ကျွန်မတို့ ၃၇ ခု ရှာတွေပြီး အမှတ်အသားတွေ မြေပုံပေါ် အကုန်မှတ်ထားတယ်”

ရှုယီက ထိုအမှတ် ၃၇ခုကို ကြည့်လိုက်ကာ ထိုအရာနှင့် ပက်သက်၍ ထူးခြားချက်တစ်စုံတစ်ရာ ရှာမတွေ့ပေ။

“ဒါတွေက မင်းတို့ ခုတလော ရှာတွေထားတာ တွေလား?”

“ဒါအကုန်မဟုတ်သေးဘူး” အာကာလီက လေးခုမြောက်ပုံကြမ်းကို ဆွဲထုတ်လာကာ တတိယပုံကြမ်း နှင့် အတူတူထားလိုက်သည်။ “အခုတွေ့ရပြီလား?”

ရှုယီသည် ရှုပ်ထွေးသည့် ပုံစံရှိသည့် စတုတ္ထပုံကြမ်းကို ကြည့်လိုက်သည်။ ၎င်းသည် မှော်အစီအရင် ပုံကြမ်းတစ်ခုနှင့်တူသည်။

တတိယပုံကြမ်းကို တစ်ခေါက်ပြန်ကြည့်လိုက်ကာ ရှုယီက နက်ရှိုင်းသည့်အတွေးထဲဝင်သွားသည်။ သူသည် လက်ချောင်းများကို တတိယပုံကြမ်းပေါ်တင်လိုက်ကာ လမ်းကြောင်းကို ဖော်ကြည့် လိုက်သည်။ လေးခုမြောက်ပုံကြမ်းနှင့် နှိုင်းယှဉ်ကာ ဆက်စပ်နေသောလိုင်းများကိုလိုက်ဆွဲရင်း ရုတ်တရက် သဘောပေါက်သွားသည်။

“ဒီအပျက်အစီးတွေက အားလုံးစုလိုက်ရင် တကယ်တော့ မှော်အစီအရင်တစ်ခု ဖြစ်လာတာလား?”

***

Volume 8 အခန်း ၅၉ ။ မှော်ပညာ၏မူလအစ

“ဥက္ကဌကတကယ် အင်အားကြီးတာပဲ” အာကာလီက ချီးကျူးသည်။ သူမသည် မှော်အစီအရင်နှင့် တူသည့် စတုထ္ထ ပုံကြမ်းကို လက်ညိုးထိုးလိုက်ပြီး “ဒါဆိုဥက္ကဌ ဒီပုံကြမ်းကနေတစ်ခုခုတွေ့လား?”

ရှုယီသည် ထိုစတုထ္ထပုံကြမ်းကို ကြည့်လိုက်ပြီး တဖြည်းဖြည်း ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး ဒီပုံကြမ်းက မပြည့်စုံနေဘူး”

“အို?” အာကာလီက စိတ်လှုပ်ရှားသည့်ပုံစံ ပြသည်။

ရှုယီက သူ့ကိုကြည့်ကာ ရယ်လိုက်သည်။ “မင်းလည်း မဟာမှော်ပညာရှင် ဖြစ်နေပြီပဲ မင်း ဒီပုံကြမ်းက မပြည့်စုံဘူးဆိုတာ မသိဘူးလား? ကြည့်လိုက် ဒီမှာ ဒီမှာ နဲ့ ဒီမှာ လိုင်းတွေက မဆက်နေတာ သိသာပြီး တစ်ခုခုက ပျောက်နေတယ်”

အာကာလီက ပြုံးလိုက်ပြီး “ ထင်ထားသလိုပဲ ဥက္ကဌကိုတော့ အရူးလုပ်လို့မရဘူး။ မှန်တယ် အကြီးအကဲ အွန်ဒင်းနဲ့ ကျွန်မ ဒီပုံကြမ်းကို အချိန်အကြာကြီးလေ့လာနေခဲ့တာ ပြီးတော့ တစ်ချို့အပိုင်း တွေက ပျောက်နေမှန်း အတည်ပြုလိုက်တယ်။ အကယ်၍ ကျွန်မတို့ ယူဆရမယ်ဆိုရင် ဒါက ကျွန်မတို့ အပျက်အစီးတွေ မတွေ့သေးလို့ ဒီအစီအရင်ပုံကြမ်းကလည်း မပြည့်စုံသေးတာပဲ”

ရှုယီက မျက်မှောင်ကုပ်လိုက်ပြီး ပုံကြမ်းကိုလက်ညိုးထိုးလိုက်ကာ “မင်းတို့ ဒီအစီအရင်ပုံကြမ်းကို ရှာတွေ့ပြီးပြီဆိုတော့ အဲ့တာနဲ့ပက်သက်တဲ့ အပျက်အစီးတွေက ဘယ်မှာလဲဆိုတာ ကောက်ချက်ချလို့ မရဘူးလား? အဲ့တာတွေကိုဘာလို့ သွားမရှာသေးတာလဲ?”

အာကာလီကအကူအညီမဲ့စွာ ခေါင်းခါသည်။ “ကျွန်မတို့ ရှာမတွေ့သေးတဲ့ အပျက်အစီး ၇ခု ကျန်နေသေးတယ် ဆိုတာ အတည်ပြုပြီးပြီ ဒါမဲ့ ကျွန်မတို့ အဲ့နေရာတွေကို သွားကြည့်တဲ့အခါ ကျွန်မတို့ ပင်လယ်ရေတွေကိုပဲ တွေ့ရတယ် အပျက်အစီးရှိတဲ့ ကျွန်းတွေရဲ့ လက္ခဏာကိုမတွေ့ရဘူး။”

“အဲ့လိုလား?”

ရှုယီက ထိုအကြောင်းကိုတွေးလိုက်ပြီး ရုတ်တရက်သတိပြုမိသွားသည်။

အသူရာနတ်ဆိုးမျိုးနွယ်သည် ဤကမ္ဘာကိုစွန့်ခွာသွားသည်မှာ နှစ်ပေါင်းတစ်သောင်းခန့် ရှိတော့မည် ဖြစ်သည်။

အချိန်များကုန်လွန်သွားပြီး ဘဝများလည်း ပြောင်းလဲသွားသည်။ နှစ်ပေါင်းတစ်သောင်းသည် ဤကမ္ဘာကို အကြီးမားဆုံးအပြောင်းအလဲဖြစ်စေရန် လုံလောက်မှုရှိပါသည်။ အပျက်အစီးများ တွေ့ရသော ပင်လယ်ပြင်သည် ပြောင်းလဲသွားခြင်းမှာလည်း ထူးခြားမှုမရှိပါ။

“အကြီးအကဲ အွန်ဒင်းကလည်း အဲ့လိုပဲပြောတယ်” အာကာလီက ရှုယီ၏ယူဆချက်ကို သဘောတူ သည်။ “ဒါမဲ့ ဒီလိုဆို ကျွန်မတို့ က ကျန်နေတဲ့ အပျက်အစီးတွေ ကို ရှာတွေ့ဖို့ မဖြစ်နိုင်တော့ဘူးပေါ့ ပြီးတော့ အဲ့တာထပ် အရေးကြီးတဲ့ ပြသနာရှိသေးတယ်”

“ဘာလဲ?”

“နှစ်ပေါင်းတစ်သောင်းက အပျက်အစီးတွေရှိတဲ့ သေးငယ်တဲ့ ကျွန်းတစ်ခုကိုတောင် ပျောက်ကွယ် သွားစေနိုင်ရင် ဒါဆို အခြားအပျက်အစီးတွေရဲ့ တည်နေရာတွေက ရွေ့သွားနိုင်တယ်ဆိုတာ မထူးဆန်းဘူး ကျွန်မတို့ ဒီအစီအရင်က တိကျတယ်ဆိုတာ ဘယ်လိုလုပ်သေချာပါတော့မလဲ?”

ရှုယီက စတုထ္ထပုံကြမ်းကိုကြည့်လိုက်ကာ သက်ပြင်းချလိုက်သည်။ အာကာလီမှန်သည်။

အကယ်၍ အပျက်အစီးများရှိသည့်ကျွန်းများသည် နှစ်ပေါင်းတစ်သောင်းအတွင်း နေရာရွေ့သွားနိုင် သည် မှာ မထူးဆန်းပါ ထိုပုံကြမ်းမှ ပြနေသည့် အစီအရင်သည်လည်း အဓိပ္ပာယ်မရှိတော့ပါ။

“မဟုတ်ဘူး ဒါမဲ့ တစ်ခုခုရှိရမယ်” အာကာလီက ခေါင်းခါသည်။ “အနည်းဆုံးတော့ အသူရာနတ်ဆိုး မျိုးနွယ်က မှော်ပညာသုံးတယ်ဆိုတာ သိသွားတာပေါ့ အကြီးအကဲအွန်ဒင်းကလည်း နတ်သူငယ်တွေရဲ့ ဆင်းသက်လာတဲ့ ဒဏ္ဍာရီတွေအရ နတ်သူငယ်တွေရဲ့မှော်ပညာဟာ သူတို့ကိုယ်တိုင် တီထွင်ထားတာ မဟုတ်ပဲ အခြားနေရာကသင်လာတာတဲ့။ ကျွန်မတို့ ဒါကို အရင်ကမသိခဲ့ဘူး ဒါမဲ့ ကြည့်ရတာ အသူရာနတ်ဆိုးမျိုးနွယ် ဆီကသင်ခဲ့ပုံရတယ်”

ရှုယီက အနည်းငယ်အံ့ဩသွားသည်။

စိုင်စ်နယ်မြေက သမိုင်းကြောင်းများအရ လူသားများနှင့် အခြားမျိုးနွယ်များသည် မှော်ပညာအား နတ်သူငယ်များထံမှ လျို့ဝှက်ကာ သင်ယူခဲ့ကြောင်းနှင့် လူမျိုးစု၏ လက္ခဏာရပ်များ ပါဝင်လာစေရန် တီထွင်ခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် မည်သူမှ နတ်သူငယ်များ၏မှော်ပညာက မည်သို့ သင်ယူခဲ့မှန်းကို မသိခဲ့ကြချေ။ အကယ်၍ အာကာလီနှင့်အကြီးအကဲအွန်ဒင်း၏ လေ့လာမှုသာမှန်လျှင် နတ်သူငယ်များ၏ မှော်ပညာသည် အသူရာနတ်ဆိုးမျိုးနွယ်မှ သင်ယူခဲ့ခြင်းဖြစ်သည်ဟူသည့်တွေ့ရှိချက်သည် စိုင်စ်နယ်မြေ၏ သမိုင်းကြောင်းကို လုံးဝ ပြောင်းလဲနိုင်ရန် လုံလောက်သည်။

ရှုယီ၏ အတွေးက ထိုထပ်ပို၍ နက်နဲသည်။

မှော်ပညာသည် ဘာလဲဆိုတာပင်။

ရှုယီအတွက်မူ ၎င်းသည် ထည့်သွင်းအသုံးပြုရန် စွမ်းအင်တစ်ခုပင် ဖြစ်သည်။

အကယ်၍ နတ်သူငယ်များသည် မှော်ပညာကို အသူရာနတ်ဆိုးမျိုးနွယ်မှ သင်ယူခဲ့လျှင် ဤမှော်ပညာ သည် မှော်ပညာမဖြစ်သင့်ပေ။ သို့သော် အသူရာနတ်ဆိုးမျိုးနွယ်၏ မြင့်မားသည့်စွမ်းအင် ပြောင်းလဲမှု နည်းလမ်းတစ်ခု ဖြစ်လိမ့်မည်။

နတ်သူငယ်များ၏ ဘိုးဘေးဘီဘင်များသည် အသူရာနတ်ဆိုးမျိုးနွယ်မှ ဗဟုသုတအချို့ကိုပင် သင်ယူနိုင်ခဲ့ခြင်းဖြစ်ကာ အခြေခံစည်းမျဉ်းကို နားမလည်ခဲ့ခြင်း ဖြစ်လိမ့်မည်။ သို့သော် ၎င်းသည် စိုင်စ်နယ်မြေတွင် အသုံးပြုသည့် ဆန်းကြယ်ကာ ထူးခြားသော မှော်ပညာ အဖြစ် ပြောင်းလဲဖြစ်ပေါ် လာခဲ့သည်။

ရှုယီအဆိုပြုခဲ့သည့် မှော်ပညာအား သိပ္ပံနည်းကျလေ့လာခြင်းသည် မှော်ပညာနောက်မှ ဖုံးကွယ်ထား သည့် သဘောတရားစည်းမျဉ်းကို ဆွဲထုတ်ကာ မူလအစသို့ ပြန်သွားနိုင်ခဲ့ခြင်း ဖြစ်လိမ့်မည်။

ထိုအကြောင်းကိုစဉ်းစားလျှင် ရှုယီသည် သူ၏ နှလုံးသားရှင်းလင်းသွားသလိုခံစားလိုက်ရသည်။ ၎င်းသည် သူ၏နှလုံးသားထဲမှ တစ်ချိန်လုံးရှိနေသော မေးခွန်း၏ အဖြေကို ရရှိသွားခဲ့သည်။

စိုင်စ်နယ်မြေရှိလူသားများသည် ၎င်းတို့၏ခေတ်နောက်ကျသည့် လူနေမှုအဆင့်အတန်းထဲမှပင် မှော်ပညာကဲ့သို့ အံ့ဩစရာကောင်းသည့်အရာကို မည်သို့ ဖမ်းဆုပ်ထားနိုင်ရသနည်း?

မှော်ပညာကိုလေ့လာသည်မှာနှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်မှ ရှုယီက ကမ္ဘာပေါ်မှ နည်းပညာထပ် သာလွန်သည့် သဘောတရားကို ရှာတွေ့သွားရသနည်း?

စိုင်စ်နယ်မြေမှလူများသည် အံ့ဩစရာကောင်းသည့် မှော်ပညာရှိလျှက်နှင့်ပင် သူတို့၏တိုးတက်မှုက ဘာကြောင့် အလွန်နှေးနေခဲ့ရသနည်း? အဘယ်ကြောင့် ရှုယီလမ်းညွှန်မှသာ စတင်တိုးတက်လာ ရသနည်း?

ရှုယီသည် ထိုမေးခွန်းများကို လူမှုပတ်ဝန်းကျင်တိုးတက်မှုကို ဆန့်ကျင်၍ တွေးမိခဲ့သည်။ သို့သော် သူသည်နောက်ဆုံး၌ မှော်ပညာသည် အသူရာနတ်ဆိုးမျိုးနွယ်စုမှ နတ်သူငယ်များ၏ ဘိုးဘေးဘီဘင် များက ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိခဲ့သည်။ ထိုအချိန်မှပင် အရာအားလုံးသည် ရှင်းလင်းသွားရသည်။

“ဥက္ကဌ အခု ဘာတွေးနေတာလဲ?” အာကာလီက ရှုယီ၏ပြောင်းလဲသွားသောမျက်နှာထားကို မြင်ကာ သူလက်ကို ရှုယီ၏မျက်နှာရှေ့တွင် ယမ်းပြီး စိုးရိမ်စွာပြောသည်။

ရှုယီက အသက်ပြင်းပြင်းရှုလိုက်ကာ သူ့နှလုံးကို စိတ်ငြိမ်အောင်လုပ်လိုက်သည်။ အကယ်၍ ၄င်းသည် ဤကမ္ဘာ၏ အမှန်တရားဆိုလျှင် တုန်လှုပ်စရာ ဖြစ်သည်။ စိတ်ငြိမ်အောင် လုပ်ပြီးသည်နှင့် သူသည် ရုတ်တရက် ပြသနာကို သတိပြုလိုက်မိသည်။

“အာကာလီ အသူရာနတ်ဆိုးမျိုးနွယ်ကို ဘာလို့ အဲ့နာမည်နဲ့ခေါ်ရတာလဲဆိုတာသိလား?”

အာကာလီက ခေါင်းခါလိုက်ပြီး “ကျွန်မ,မသိဘူး ရှင်အကြီးအကဲအွန်ဒင်းကို သွားမေးသင့်တယ်”

“အန်.. ဟုတ်တယ် အကြီးအကဲအွန်ဒင်းက ဘယ်မှာလဲ?”

“ကျွန်မတို့ကို ရှေ့မှာစောင့်နေတယ်”

နှစ်နာရီခန့်ကြာပြီးနောက် မှော်လေသင်္ဘောသည် မြောက်ဖက်သို့ မီတာလေးရာခန့်သွားပြီးနောက် ပင်လယ်ပေါ်တွင် ရပ်သွားသည်။

“ကျွန်မတို့ရောက်ပြီ” အာကာလီက အကြောဆန့်လိုက်ကာ ရှုယီနှင့် အပျက်အစီးများ အစီအရင်များ အကြောင်း ဆွေးနွေးပြီးသည်နှင့် မတ်တပ်ရပ်လိုက်သည်။

ရှုယီက ပြတင်းပေါက်မှကြည့်လိုက်ကာ သံသယဝင်နေသည့်အကြည့်ထွက်လာသည်။ “အောက်မှာ ကျွန်းလည်းမရှိပါလား?”

“ရှင်ခနနေဆို သိလိမ့်မယ်”

အာကာလီသည် ရယ်လိုက်ကာ မှော်လေသင်္ဘောကို နိမ့်ဆင်းသွားစေသည်။ သူတို့သည် ပင်လယ်ပြင်မှ ဆယ်မီတာခန့်အကွာတွင် ရပ်သွားပြီး သူမက တံခါးကိုဖွင့်လိုက်သည်။

“ဥက္ကဌ အောက်ဆင်းရအောင် အကြီးအကဲ အွန်ဒင်းက ကျွန်မတို့ကို အောက်မှာစောင့်နေတယ်”

“အောက်မှာ?” ရှုယီက အောက်ရှိ နက်မှောင်နေသည့် ပင်လယ်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။

“အခု သူမ ရေအောက်မှာရှိနေတာလို့ မင်းငါ့ကိုပြောချင်နေတာတော့ မဟုတ်ဘူးမလား?”

“မှန်တာပေါ့” အာကာလီက ရယ်လိုက်ကာ တံခါးမှခုန်ဆင်းသွားသည်။ သူမသည် ရေမျက်နှာပြင်ပေါ် ရောက်သောအခါ ရပ်လိုက်ပြီး အပေါ်ကိုကြည့်၍ လက်ကိုယမ်းကာ အော်လိုက်သည်။ “ဥက္ကဌ အမြန်ဆင်းခဲ့ပါ”

“ဘာတွေဖြစ်နေတာလဲ?” ရှုယီက အကူညီမဲ့စွာ ခေါင်းကိုခါလိုက်သည်။ သူသည် မှော်လေသင်္ဘောပေါ်မှ လက်အောက်ငယ်သားများကို အမိန့်ပေးပြီးမှ ခုန်ဆင်းသွားသည်။

အာကာလီက မဟာမှော်ပညာရှင်ဖြစ်နေပြီဖြစ်ပြီး ရှုယီကိုတော့ ပြောစရာပင်မလိုတော့ပါ။ ပင်လယ်သည် သာမန်လူများအတွက် တားမြစ်နေရာတစ်ခု ဖြစ်သော်လည်း ၎င်းတို့ နှစ်ဦးအတွက်တော့ မည်သည့် အနှောက်အယှက်မှမရှိပါ။

သူသည် ပင်လယ်မျက်နှာပြင်သို့ရောက်လာသောအခါ နှစ်ဦးသားသည် မှော်ပညာကို သုံး၍ ရေများကို ဖယ်လိုက်ပြီး သူတို့ကိုယ်တိုင် မှော်အတားအဆီးနှင့် ကာရံလိုက်သည်။ ပြီးနောက် ဘေးပတ်လယ်တွင် ကြီးမားသည့် လေပူဖောင်းကာရံကာ ပင်လယ်ထဲသို့ ဝင်လိုက်သည်။

အာကာလီက ရေနက်နက်သို့ ငုပ်သွားနေကာ ရှုယီကလည်းနောက်မှလိုက်နေသည်။ အချိန်များစွာ မကြာမှီပင် သူတို့သည် မျက်နှာပြင်မှ မီတာ ရာပေါင်းများစွာ နက်နက်သို့ရောက်နေပြီဖြစ်သည်။

ရေနက်ပိုင်းတွင် လုံးဝမှောင်မဲနေသဖြင့် နှစ်ဦးသားသည် သူတို့မှော်ပညာဖြင့် အလင်းအနည်းငယ်ကို ထုတ်ထားသည်။

နောက်မီတာတစ်ရာလောက် ဆင်းသွားပြီးနောက် အောက်ဖက်မှ အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်လာသည်။ အာကာလီသည် ရှုယီအား အလင်းရှိသည့်ဖက်ကို လက်ညိုးထိုးပြပြီးနောက် မြန်မြန်ရွေ့လျားသွားသည်။

ရှုယီသည်လည်း နောက်မှ မြန်မြန်လိုက်သွားသည်။ နီးလာသည်နှင့် ရှုယီသည် ထိုအလင်းက အဝေးမှ ကြည့်လျှင် အားနည်းသည်ဟု ထင်ရသော်လည်း နက်ရှိုင်းသည့်ပင်လယ်တစ်ခုလုံးကို မြင်ရသော ကြောင့် တော်တော်လင်းသည်ဟု ဆိုရမည်ဖြစ်သည်။

အနီးသို့ရောက်သွားသည်နှင့် ထိုအလင်းသည် ဂူတစ်ခု၏ဝင်ပေါက်မှ ထွက်နေကြောင်း ရှာတွေ့ သွားသည်။ ရှုယီက ထိုအရာကိုမအံ့သြပါ။

ပင်လယ်နက်ထဲရှိမြေအနေအထားအရ ရေအောက်ဂူရှိနေခြင်းမှာ မထူးဆန်းပါ။

သို့သော် အနည်းငယ်ထူးဆန်းနေသည်က ထိုဂူထဲမှ အလင်းထွက်နေခြင်းဖြစ်သည်။

အာကာလီက သူမလက်ကို ဝေ့ယမ်းလိုက်ကာ ရှုယီကိုအချက်ပြလိုက်ပြီး ဂူထဲသို့ဝင်သွားသည်။

ရှုယီသည် နောက်မှလိုက်သွားကာ ထိုအလင်းသည် အမှန်တကယ်ပင် ဂူနက်ပိုင်းထဲမှ ထွက်နေကြောင်း တွေ့သွားသည်။

အနည်းငယ်နက်ရှိုင်းအောင် သွားပြီးနောက် ရှုယီသည် သူ၏ဘေးမှ ရေဖိအားသည် တည်ငြိမ်သွား ကြောင်း ခံစားလိုက်ရသည်။ သူ့ဘေးမှ ရေဖိအားသည် ပျောက်ကွယ်သွားသလိုပင်။

“ဥက္ကဌ အောက်ဆင်းရအောင် အဲ့မှာ ရေမရှိတော့ဘူး” အာကာလီက ဂူအောက်ရှိမြေပေါ်သို့ ဆင်းလိုက်ပြီး ရှုယီအား လက်ပြလိုက်သည်။

ရှုယီက သံသယဖြင့် လိုက်ဆင်းသည်။ သူဆင်းပြီးနောက် သူသည် မာကျောသည့် နေရာကို နင်းမိလိုက်ပြီး ထိုမြေကြီးသည် မာကျောကြောင်း တွေ့သွားသည်။ တက်ဟူသော အသံပင် မြည်သွားသေးသည်။ သူမည်သို့ပင်ကြည့်ပါစေ သာမန်ပင်လယ်၏ အောက်ခြေမျက်နှာပြင်နှင့် မတူနေပါ။

“ဥက္ကဌ ရှင့်ရဲ့အတားဆီကို လွတ်လိုက်လို့ရပါပြီ ဒီမှာ အသက်ရှုလို့ရတယ် အပြင်ကအတိုင်းပဲ ဘာမှမကွာခြားဘူး” အာကာလီကပြောသည်။

“အဲ့လိုလား?” ရှုယီက အာကာလီကိုကြည့်ကာ သူ့မှော်ပညာကို စစ်ဆေးလိုက်သည်။ သူသည် ထိုနေရာသည် ပင်လယ်ရေ မျက်နှာပြင်အထက်နှင့် တူညီကြောင်းတွေ့လိုက်ရသည်။

သူ၏မှော်အတားအဆီးကို လွတ်လိုက်ပြီးနောက် ရှေ့တွင် ရေတစ်စက်မှမရှိတော့ပေ။ အသက်ဝဝ ရှုလိုက်ရာ လေကောင်းလေသန့်ကိုပင် ရှုလိုက်မိသေးသည်။

ရှုယီက သူနောက်သို့ကြည့်လိုက်သောအခါ အံ့ဩသောရုပ်ထွက်လာသည်။ သူသည် ပင်လယ်ရေများကို ကာဆီးထားသည့် မမြင်နိုင်သော အကာအရံတစ်မျိုးကို တွေ့ခဲ့ရသည်။

“ဒီနေရာက…… သဘာဝမှော်အတားအဆီး ရှိနေတာလား?” ရှုယီက အောက်ဆီဂျင်အကာဟု ပြောချင်ခဲ့သော်လည်း သင့်တော်သည့်ပုံမပေါ်ပါ။

“ဒါ သဘာဝမဟုတ်လောက်ဘူး…” အာကာလီက လျို့ဝှက်စွာပြုံးသည်။

ရှုယီသည် ခနလောက်တိတ်ဆိတ်သွားပြီးနောက် သူလက်ကို ထုတ်ကာ ပင်လယ်ရေများကို တားဆီးပေးထားသည့် မမြင်ရသည့် အကာအရံအား ကိုင်ကြည့်လိုက်သည်။ သူသည် ထိုအကာအရံမှ ထူးဆန်းသည့် စွမ်းအင်တစ်မျိုး ထွက်နေသည်ကို တွေ့ရှိခဲ့ရပြီး မှော်အတားအဆီးဟု ပြောရအောင် လည်း ကွာခြားလွန်းနေသည်။

သို့သော် မည်သို့ပင်ဖြစ်ပါစေ သဘာဝနှင့်တော့ တူပုံမရပါ။

“ကောင်းပြီ အရင်ဝင်ကြတာပေါ့” အာကာလီက ရှုယီကို ဆွဲခေါ်သွားကာ ဂူအတွင်းသို့ ဝင်သွားသည်။

ပထမထောင့်ကို ကျော်ပြီးနောက် သူတို့နှစ်ဦး၏ ရှေ့တွင် အလင်းရောင်ပေါ်ထွက်လာသည်။

ရှုယီက ရှေ့သို့ကြည့်လိုက်ရာ အရပ်ရှည်ရှည်ပုံသဏ္ဍာန် နှစ်ခုသည် အဝေးမှ နံရံရှေ့တွင် ရပ်နေသည်ကို မြင်ခဲ့ရသည်။

***

Volume 8 အခန်း ၆၀ ။ ရှင်က အသူရာနတ်ဆိုးမျိုးနွယ်စုကလား?

“ဥက္ကဌရှု”

“ဥက္ကဌရှု”

အကြီးအကဲ အွန်ဒင်းနှင့်အတူ အခြားပုံရိပ်တစ်ခုမှာ လူသားပုံပြောင်းထားသည့် ကက်ဆန်ဒရာ ဖြစ်သည်။

ရှုယီက ကက်ဆန်ဒရာအားကြည့်ကာ သူမသည်လည်း ဘာကြောင့် ဤနေရာသို့ရောက်နေကြောင်းကို မမေးတော့ပေ။ အာကာလီနှင့် ကက်ဆန်ဒရာတို့သည် ကောင်းမွန်သည့်ဆက်ဆံရေးရှိရာ ထိုနေရာ အကြောင်း ကက်ဆန်ဒရာကို ပြောပြခြင်းမှာ မဆန်းပေ။

ပြီးနောက် အသူရာနတ်ဆိုးမျိုးနွယ်စုနှင့် ပက်သက်သည့်ကိစ္စဖြစ်သည့်အတွက် နဂါးမျိုးနွယ်စုများသည် နတ်သူငယ်များထပ် ရှည်လျားသောသမိုင်းကြောင်းရှိရာ ၎င်းတို့ ပါဝင်လာခြင်းက သူတို့အတွက် အကူအညီ ဖြစ်နိုင်သည်။

“စောင့်နေရတာကြာပြီလား?” ရှုယီက ပုံမှန်တိုင်း နှုတ်ဆက်လိုက်ပြီး သူတို့ရှေ့က နံရံကို ကြည့်လိုက်သည်။ သူသည် ထိုနံရံကို ဘာနှင့်လုပ်ထားသည်ကို တစ်ချက်ကြည့်ရုံမျှနှင့် သိသွားကာ ၎င်းသည် သူတို့ ရှာတွေ့ထားသည့် တိုင်ကိုပြုလုပ်ထားသော ပစ္စည်းနှင့်သာ လုပ်ထားခြင်း ဖြစ်သည်။

သို့သော် ထိုတိုင်နှင့် ကွာခြားသည်မှာ တိုင်လုံးသည် သူတို့ လျှပ်စီးမထည့်ခင်တွင် သာမန်တိုင်လုံးသာ ဖြစ်သော်လည်း သူတို့ရှေ့တွင်ရှိသော ထိုနံရံက အပြင်မှပင် မြင်ရသော တောက်ပကာညှင်သာသည့် အလင်းကို ထုတ်လွတ်နေခြင်းဖြစ်သည်။

လမ်းတစ်လျောက် မြင်လာရသည့်အလင်းမှာလည်း ထိုနေရာမှလာခြင်းဖြစ်လိမ့်မည်။

“ကျွန်မတို့ရောက်နေတာ နည်းနည်းတော့ကြာပြီ ဒါမဲ့ အထဲကို ဝင်ဖို့နည်းလမ်းကို ရှာမတွေ့သေးဘူး” အကြီးအကဲအွန်ဒင်းက ပြန်ပြောသည်။

“တကယ်တော့ဒီနေရာကို လွန်ခဲ့တဲ့ တလလောက်ကတည်းက ရှာတွေ့တာ ဒါမဲ့ တစ်ခါမှဝင်လို့ မရသေးဘူး” အာကာလီက ထပ်ဖြည့်ပြောလိုက်သည်။

“အဲ့လိုလား?” ရှုယီက အပေါ်မော့ကြည့်လိုက်ရာ အပေါ်တွင် တော်တော်ကျယ်သည်ကို တွေ့လိုက်ရသည်။ အပေါ်ဖက် ဆယ်မီတာခန့်တွင် ကျောက်အကာတစ်ခုကိုတွေ့ရကာ ရှေ့မှနံရံ သည်လည်း ထိုခေါင်မိုးထိရောက်ကြောင်းကို တွေ့လိုက်ရသည်။ ခေါင်မိုးပေါ်တွင် စက်ဝိုင်းကွေး ပုံသဏ္ဍာန်ဖန်တီးထားကာ နံရံမှကွဲထွက်ပြီး အတော်ကျယ်သည့်နေရာဖြစ်နေသည်။

ကြည့်ရသည်မှာ အပြင်မှ မှော်အတားအဆီးသည် ရေများကိုသာတားဆီးထားပေးခြင်းမဟုတ်ပဲ အညစ်အကြေးများကိုပင် တားဆီးထားပေးခြင်းဖြစ်လိမ့်မည်။

အပြင်မှ ပင်လယ်ကြမ်းပြင်သည် ထိုနေရာအား ထူထဲသောကျောက်အလွာများဖြင့် ဖုံးလွမ်းထားသည် မှာ နှစ်ပေါင်းတစ်သောင်းကျော်ပြီဖြစ်သည်။ သို့သော် ဤနံရံသည် သူ၏မူလပုံစံကို ထိန်းသိမ်းထား နိုင်သေးသည်။

“အကယ်၍ ဒီအပျက်အစီးတွေသာ အသူရာနတ်ဆိုးမျိုးနွယ်က ချန်ထားခဲ့တာဆိုရင် အသူရာနတ်ဆိုး မျိုးနွယ်ရဲ့ နည်းပညာက တကယ်ကို တုန်လှုပ်စရာကောင်းတာပဲ” ရှုယီက သက်ပြင်းချလျက် အာကာလီကို မေးလိုက်သည်။ “စစ်ဆေးရေးမှော်စက်တွေကိုသုံးပြီး အထဲကိုမကြည့်ကြည့်ဘူးလား?”

အာကာလီကခေါင်းခါလိုက်သည်။ “ ကျွန်မတို့ကြိုးစားကြည့်ပါသေးတယ် ဒါမဲ့ မှော်အချက်ပြက ဒီနံရံကို မထိုးဖောက်နိုင်ဘူး ဒါကြောင့် အထဲကို ကြည့်လို့မရနိုင်ဘူး”

ရှုယီက အနည်းငယ်အံ့ဩသွားသည်။”ဒါမဲ့ မင်းတို့ တိုင်လုံးအထဲကို ကြည့်လို့ရသွားပြီမဟုတ်လား? ဒီနံရံကိုကျ ဘာလို့ ကြည့်လို့မရတာလဲ?”

“ကျွန်မဘယ်လိုလုပ်သိပါ့မလဲ? အာကာလီက မာဆတ်ဆတ်ဖြေသည်။

ရှုယီကခနတိတ်သွားပြီး အကြီးအကဲ အွန်ဒင်းနှင့် ကက်ဆန်ဒရာဆီသို့ လှည့်ကာ မေးသည်။ “ခင်ဗျားတို့ နတ်သူငယ်တွေနဲ့ နဂါးတွေရဲ့ ဒဏ္ဍာရီတွေမှာကော ဒီနေရာအကြောင်း မှတ်တမ်းတစ်ခုမှ မရှိဘူးလား?”

“မရှိဘူး” အကြီးအကဲ အွန်ဒင်းက ခေါင်းခါသည်။

“ဒီအပျက်အစီးတွေအကြောင်း ကျွန်မ အခုမှ ပထမဆုံးသိရတာ” ကက်ဆန်ဒရာက အကြီးအကဲအွန်ဒင်း လောက်တောင် မသိပေ။

ရှုယီက သမိုင်းကြောင်းပိုရှည်သော ထိုမျိုးနွယ်စုများ၏ ကိုယ်စားလှယ်များအပေါ် မှီခို၍မရမှန်း သိပါသည်။ ထို့ကြောင့် သူသည် နံရံရှေ့သို့သွားကာ ဂရုတစ်စိုက်နှင့် လေ့လာလိုက်သည်။

သူ၏ရှေ့မှ နံရံသည် အပြည့်မဟုတ်ပေ။ ဘယ်ဖက်ဖြစ်စေ ညာဖက်ဖြစ်စေ အပေါ်တွင်ဖြစ်စေ ပတ်ပတ်လည်မှ ကာရံနေသောကျောက်နံရံနှင့်ကွဲထွက်ကာ နေရာလပ်ရှိနေသည်။

ရှုယီသည် ထိုနံရံပတ်လည်ကိုလျောက်ကြည့်ပြီး အပေါ်ဖက်မှကြည့်နိုင်ရန်ပျံတက်သွားရာ ၎င်းသည် နံရံတစ်ခုမဟုတ်နေပါ။ သို့သော် စက်ဝိုင်းခြမ်းပုံစံအခုံးတစ်မျိုးဖြစ်နေသည်။

ဤတည်ဆောက်ထားသည့်နေရာသည် နှစ်ဆယ်မီတာဝန်းကျင်အမြင့်ရှိကာ စက်ဝိုင်းအချင်းမှာ မီတာနှစ်ရာကျော် ရှိနေသည်။အကယ်၍ အတွင်း၌ အခေါင်းပေါက်ဖြစ်ပါက အတွင်းရှိ နေရာလပ်မှာ တုန်လှုပ်စရာကောင်းလောက်အောင်ပင် ကျယ်ဝန်းလိမ့်မည်ဖြစ်သည်။

ရှုယီက ပတ်၍ ပျံသန်းကြည့်ပြီးသည့်နောက် သူသည်လည်း ကွာခြားချက်တစ်ခုမှ ရှာမတွေ့ပါ။ သေချာပါသည် အာကာလီ၏အဖွဲ့သည်ပင် ယခင်လကတည်းက တွေ့ခဲ့ပြီးဖြစ်သည်။ တစ်ခုခု ကွဲပြားနေလျှင် သူတို့သည် အရင် သတိထားမိကြလိမ့်မည်။

“ဥက္ကဌ အထဲကိုဘယ်လိုဝင်ရမလဲဆို စဉ်းစားမိလား?” အာကာလီက သူ့အား မျှော်လင့်ချက်ဖြင့် မေးသည်။ ရှုယီက သက်ပြင်းချလိုက်ကာ ခေါင်းခါပြလိုက်သည်။

“လမ်းမရှိဘူး အက်ကြောင်းလေးတစ်ခုတောင် ရှာမတွေ့ဘူး ဒါကကြက်ဥအခွံလိုပဲ ဒါမဲ့ ဒီနေရာက ငါတို့ အရင်က ရှာတွေ့ထားတဲ့ တိုင်တွေနဲ့ ဆက်စပ်မှုရှိမယ်လို့ ခံစားနေရတယ် ဒီတိုင်လုံးတွေကို သေချာ လေ့လာနိုင်ရင် ငါတို့ ဒီဟာကိုဖွင့်ဖို့ နည်းလမ်းတွေ့လာနိုင်တယ်”

အာကာလီက အနည်းငယ်စိတ်ပျက်သွားသည် သို့သော် ရှုယီမှန်ကြောင်းသူသိပါသည်။

“အင်အားသုံးပြီး ရှာတွေ့ထားပြီးမှ ကြည့်လို့ပဲ ရမှာတော့ မဟုတ်လောက်ပါဘူးမလား?”

“မဟုတ်ပါဘူး ဒါကဒီမှာရှိနေတာပဲ ထွက်ပြေးသွားမှာမှမဟုတ်တာ”ရှုယီက ထိုနံရံကို လက်ထုတ်ကာ ပုတ်လိုက်ပြီး ထိုနံရံ၏အထူကိုခံစားလိုက်သည်။ သူက အာကာလီဖက်သို့ လှည့်လာကာအပြုံးနှင့် “ငါတို့မှာ အချိန်ရှိပါသေးတယ်။ ဒါကြောင့် ငါတို့ဖြည်းဖြည်းချင်း လေ့လာလို့ရတယ် ဘာမှ မလို……..”

ရှုယီက အာကာလီ၊ အကြီးအကဲအွန်ဒင်းနှင့် ကက်ဆန်ဒရာတို့ သရဲမြင်သလို ထိတ်လန့်နေသည်ကို ရုတ်တရက် သတိပြုလိုက်မိသည်။

“ဥက္ကဌ ရှင်…….ရှင်….” အာကာလီ၏ မျက်လုံးများက ပြူးကျယ်နေကာ ရှုယီ၏နောက်ကို ထိုးပြနေသည်။

“ဘာလဲ?” ရှုယီက ခေါင်းရှုပ်သွားကာ နောက်သို့လှည့်ကြည့်လိုက်သည် သို့သော် သူသည်လည်း ကြောင်သွားသည်။ သူ၏နောက်မှ အနာအဆာမရှိသော နံရံတွင် ၃မီတာရှည်၍ ၄မီတာကျယ်သော ထောင့်မှန်စတုဂံပုံ အပေါက်တစ်ခု ရှိလာလေသည်။

“မဖြစ်နိုင်တာ……..” ရှုယီ ထိုအပေါက်အား ထိတ်လန့်စွာကြည့်နေသည်။ အထဲတွင် လိုဏ်ခေါင်းတစ်ခု ကို မြင်ရကာ အခြားဘာမှ ထပ်မမြင်ရပေ။

“ဥက္ကဌ ရှင်က အသူရာနတ်ဆိုးမျိုးနွယ်စုကလူများ ဖြစ်နေမလား?” ကက်ဆန်ဒရာက အံ့ဩသည့်ပုံဖြင့် မေးသည်။

“အဓိပ္ပာယ်မရှိတာ” ရှုယီက ချက်ခြင်း ခေါင်းကိုခါလိုက်သည်။ “အသူရာနတ်ဆိုးမျိုးနွယ်က လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်ကတည်းက ပျောက်ကွယ်သွားတာ ကျုပ်က အဲ့မျိုးနွယ် ဘယ်လို ဖြစ်နိုင်မှာလဲ?”

ကက်ဆန်ဒရာကလည်း စနောက်နေခြင်းဖြစ်ကာ အာကာလီနှင့်အကြီးအကဲအွန်ဒင်း တို့ကလည်း ထိုကိစ္စကို ရှည်ရှည်ဝေးဝေး မတွေးတော့ပေ။

အကြီးအကဲအွန်ဒင်းက ပေါ်လာသည့်လမ်းကို လက်ညိုးထိုး၍ ပြောလိုက်သည်။ “ကျွန်မတို့ အခုဘာလုပ်ကြမလဲ အထဲဝင်ကြမလား?”

လူတိုင်းသည် အနည်းငယ်တွန့်ဆုတ်နေကြသည်။

ထိုနေရာသည် ထူးဆန်းပြီး အကယ်၍ အထဲတွင် တစ်ခုခုအန္တရာယ်တွေ့ပါလျှင် ထိုအရာကို မည်သို့ ရင်ဆိုင်ရမည်ကိုမသိကြပေ။

အာကာလီက စဉ်းစားလိုက်ပြီး အံကြိတ်ကာ အထဲဝင်သွားသည်။

“ကျွန်မတို့ ဒီအထိတောင်ရောက်လာပြီးပြီပဲ ကြောက်နေလို့ဘယ်ဖြစ်မလဲ” ရှုယီကလည်းပြုံးလိုက်ကာ အာကာလီနောက်လိုက်ဝင်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏မှော်စွမ်းအားကိုလည်းစုကာ သတိပို၍ ကပ်ထားလိုက်သည်။

အကြီးအကဲအွန်ဒင်းနှင့် ကက်ဆန်ဒရာတို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကာ သူတို့နောက် လိုက်ဝင်သွားသည်။

အချက်များက သူတို့ မည်မျှသတိထားနေမှန်း ပေါ်လွင်ပါသည်။

ထိုလမ်းက သိပ်မရှည်ပါ။ ဆယ်မီတာခန့်သာသွားရသည်။ ထို့နောက် သူတို့၏ရှေ့မှမြင်ကွင်းသည် ပေါ်လာပြီး ဘာနှင့်မျှ နှိုင်းယှဉ်၍မရသော ကြီးမားသော နေရာသည် သူတို့လေးယောက်၏ရှေ့တွင် ပေါ်လာသည်။

ရှုယီက ကြည့်လိုက်ပြီး ထိုနေရာသည်အပြင်က တည်ဆောက်ထားသည့် နေရာနှင့် အတူတူပင် ဖြစ်ကြောင်းအတည်ပြုလိုက်သည်။ ထို့ကြောင့် သူတို့သည် ထိုစက်ဝိုင်းခြမ်းအခုံးပုံအဆောက်အဦး၏ အတွင်းထဲ၌ ဖြစ်လိမ့်မည်။

ထုထည်အရ ဘက်စကတ်ဘောကွင်း အရွယ်အစားလောက်ရှိမည်။

သို့သော် ထိုကြီးမားသည့် နေရာသည် ဘာမှမရှိပဲ ကွက်လပ်ဖြစ်နေသည်။

လူတိုင်း၏ အာရုံကို ဖမ်းစားနေသည့် တစ်ခုတည်းသောအရမှာ အလယ်ဗဟိုရှိ ကြီးမားသော တိုင်လုံးပင် ဖြစ်သည်။

အာကာလီသည် ထိုနေရာကို ပျံသန်းသွားရန် တုံ့ဆိုင်းမနေပဲ ထိုတိုင်လုံးကို အနည်းငယ်ပင် ပတ်ကြည့် လိုက်ကာ တိုင်လုံး၏ထိပ်ထိ ရောက်အောင်ပင် ပျံတက်သွားသည် ပြီးနောက် ထူးဆန်းနေသည့် မျက်နှာထားနှင့် ပြန်ဆင်းလာကာ “ဒီတိုင်လုံးက ….. အပြင်ကတစ်ခုနဲ့ အတူတူလောက်ပဲ ဒါမဲ့ ဒါကို ဒီလောက်တောင် ဘာလို့ ဖုံးကွယ်ထားရတာလဲ?

“အဲ့တာတွေက မတူဘူး” ကက်ဆန်ဒရာက ၂၀မီတာခန့်ရှည်လျားကာ ၂ သို့ ၃ မီတာအချင်းရှိသော ကြီးမားသည့်တိုင်လုံးကို ကြည့်ကာ အာကာလီ၏အတွေးကို ငြင်းလိုက်သည်။ “ဒီတစ်ခုက အပြင်ကဟာထပ် ပိုကြီးတယ်”

“အကယ်၍ ကျွန်မထင်တာမမှားရင် ဒီတိုင်လုံးက ဗဟိုချက်ပဲဖြစ်လိမ့်မယ် ဒါကြောင့် ကာကွယ် ထားရတာနေမယ်” အကြီးအကဲ အွန်ဒင်းက သူ၏မှန်းဆချက်ကို ပြောသည်။

“အန် ကျွန်တော်လည်း ဒီထင်မြင်ချက်ကို သဘောတူတယ်” ရှုယီကလည်းပြောလိုက်သည်။

အာကာလီက စဉ်းစားလိုက်ပြီးနောက် သူ၏သိုလှောင်ရေးနေရာလပ်မှ အချို့ကိရိယာများကို ထုတ်လိုက်သည်။

ထိုကိရိယာများသည် သူမနှင့် အကြီးအကဲအွန်ဒင်းတို့ New Moon ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းကာ တီထွင်ထားသည့် စမ်းသပ်ရေးမှော်စက် ကိရိယာများဖြစ်သည်။

အာကာလီက ထို ကြီးမားသည့်တိုင်လုံးကို ထိလိုက်ကာ ထိုကိရိယာများထဲမှ ကြီးမားသော မှော်ရုပ်ပြပေါ်လာသည်။

အာကာလီ အကြီးအကဲအွန်ဒင်းနှင့် ကက်ဆန်ဒရာတို့သည် ထိုရုပ်ပြကို ကြည့်လိုက်ပြီး တစ်ချိန်ထဲပြောလိုက်ကြသည်။

“တကယ်ပဲ အတူတူပဲ”

“အပြင်က တိုင်တွေနဲ့ အတူတူပဲလား?” ရှုယီက မေးလိုက်သည်။

“မဟုတ်ဘူး… လုံးဝကြီးတော့ မတူဘူး” အာကာလီက ခေါင်းကို ခါလိုက်သည်။ သူသည် ရုပ်ပြကို လေးနက်စွာကြည့်ပြီး သေချာမှ ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ် တချို့အသေးစိတ်တွေက ကွဲပြားနေတဲ့ နေရာတွေရှိတယ်”

လေးယောက်သားသည် ရုပ်ပြကို ကြည့်လိုက်ကာ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။

“ဥက္ကဌ ဒီတိုင်လုံးက အသူရာနတ်ဆိုးမျိုးနွယ်တွေ ချန်ထားခဲ့တယ်ဆိုတာ သေချာတယ် ပြီးတော့ ဒါက ကြီးမားတဲ့အစီအရင်ထဲက အစိတ်အပိုင်းတစ်ခုပဲ သူတို့ဒါကိုသုံးပြီး တခြားကမ္ဘာကို သွားတာပဲ။ ကျွန်မတို့ရှေ့က ဒီအကြီးဆုံးတိုင်လုံးက အဲ့ဒီမှော်အစီအရင်ရဲ့ ဗဟိုချက် ဖြစ်လိမ့်မယ်”

“ဆိုလိုတာက ကျွန်မတို့ ဒီတိုင်ကနေ စလိုက်တာနဲ့ အစီအရင် တစ်ခုလုံးကို အသက်သွင်းနိုင်ပြီး အသူရာနတ်ဆိုးမျိုးနွယ်လိုပဲ တခြားကမ္ဘာကို သွားနိုင်မှာလား?” ကက်ဆန်ဒရာက အံ့ဩနေသော အကြည့်ဖြင့်မေးသည်။

“ဒါက…..” အာကာလီနှင့် ရှုယီက တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ပြီး ခါးသက်စွာ ပြုံးကာ ခေါင်းခါလိုက်ကြသည်။

“ဒါကအဲ့လောက်တော့မလွယ်ဘူး ပထမအချက်အနေနဲ့ အသူရာနတ်ဆိုးမျိုးနွယ် အခြားကမ္ဘာကို သွားတယ်ဆိုတာ ဒဏ္ဍာရီတစ်ပုဒ်ပဲ ပြီးတော့ သူတို့ အောင်မြင်သွားလား ဆိုတာလဲ တစ်ယောက်မှ မသိဘူး အကယ်၍ သူတို့ ကျရှုံးသွားရင် ဒီမှော်အစီအရင်ကိုစတာက ကိုယ့်သေလမ်းကို ရှာလိုက်တာပဲ ဒုတိယအချက်က သူတို့အောင်မြင်သွားတယ်ဆိုရင်တောင် ငါတို့က ဒီအစီအရင်ကို ဘယ်လို အသက်သွင်းရမလဲ ဆိုတာပဲ?”

“သေချာတာပေါ့…….” ကက်ဆန်ဒရာက ပါးစပ်ကိုဖွင့်လိုက်သော်လည်း ဘာမှထပ်မပြောနိုင်တော့ပါ။

သူတို့သည် အသူရာနတ်ဆိုးမျိုးနွယ်နှင့် ပက်သက်သော အပျက်အစီးကြွင်းကျန်များကို လေ့လာခဲ့၍ အချို့သော လျို့ဝှက်ချက်များကို မှန်းဆခဲ့ကြသော်လည်း ထိုတိုင်လုံးအကြောင်း တစ်ခုမှ သေချာ မသိရသေးပါ။ သူတို့ထင်မြင်ချက်သက်သက်သာရှိသေးသော မှော်အစီအရင်အား မည်သို့ အသက်သွင်း နိုင်လိမ့်မည်နည်း?

“တကယ်တော့ အဲ့တာ အရမ်းလွယ်ပါတယ်” ရှုယီက ပြုံး၍ပြောသည်။ “ဒီစမ်းသပ်ကိရိယာတွေက တိုင်လုံးထဲက အခြေအနေကိုမြင်နိုင်ရင် ငါတို့ကူးချပြီး ကိုယ်ပိုင်စမ်းသပ်ချက် လုပ်ကြတာပေါ့ တစ်နေ့မှာ ငါတို့ ဒီတိုင်လုံးတွေထဲက လျို့ဝှက်ချက်ကို တွေ့လာမှာပါ။”

အာကာလီက ရုပ်ပြကိုကြည့်လိုက်ကာ ကြောင်အနေသောအသံဖြင့် ပြောလိုက်သည်။ “ဥက္ကဌ ဒါကရှင်းလင်းမှုမရှိပေမဲ့ ဒီအထဲက ကိရိယာတွေက အရမ်းအဆင့်မြင့်တယ် ကျွန်မတို့ ဘယ်လို ကူးနိုင်မှာလဲ?”

“မကြိုးစားကြည့်ပဲနဲ့ ဘယ်လိုသိနိုင်မှာလဲ?” ရှုယီက ပြုံးလိုက်သည်။

“ဥက္ကဌရဲ့မျက်လုံးထဲမှာတော့ ပြသနာတိုင်းဟာ ပြသနာမဟုတ်ပါဘူး” အာကာလီက မျက်လုံးကို လှည့်ကာပြောလိုက်သည်။ “ဒါမဲ့ ဒီကိစ္စနဲ့ပက်သက်ပြီး အရေးကြီးတဲ့ ပြသနာရှိသေးတယ် ဥက္ကဌ ကျွန်မတို့ဒီမှာရောက်နေတာ တစ်လကျော်ရှိပြီး နည်းလမ်းတွေအားလုံးလည်းကြိုးစားပြီးပြီ ဒါမဲ့ ကျွန်မတို့ မရခဲ့ဘူး ဘာလို့ ရုတ်တရက်ကြီး ဥက္ကဌလာမှ ပွင့်သွားရတာလဲ? ဥက္ကဌ ဒီကို ရောက်ဖူး နေတာများ ဖြစ်နိုင်မလား?”

အကြီးအကဲ အွန်ဒင်းနှင့် ကက်ဆန်ဒရာတို့သည်လည်းရှုယီအား သံသယဝင်ကာ ကြည့်နေကြသည်။

ထိုမေးခွန်းသည် သူတို့အတွက် မယုံကြည်နိုင်စရာ ဖြစ်နေသည်။

***

All Chapters