← Chapters

အခန်း (၆၁-၇၀)

Vol. 8 Ch. 61-70

အခန်း (၆၁-၇၀)

Vol. 8 Ch. 61-70

Volume 8 အခန်း ၆၁ ။ ရှုယီပြန်လာပြီ

အာကာလီ၏ မေးခွန်းအတွက် အဖြေမရှိချေ။

အသူရာနတ်ဆိုးမျိုးနွယ်မှ မဟုတ်ဘဲ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်လေသည်။

တံခါးပွင့်သွားသည်နှင့်ပတ်သက်၍ သူကိုယ်တိုင်တွင်လည်း အဖြေမရှိချေ။

မေးခွန်းအနည်းငယ်ထပ်မေးပြီးသည့်နောက်တွင် ရှုယီမသိသည်မှာ သေချာသွား၍ အာကာလီမှာ လက်လျှော့လိုက်ရသည်။

သို့သော် ဤအချက်အလက်များမှာ ခက်ခဲစွာ ရခဲ့သည်ဖြစ်၍ အာကာလီသည် လွယ်လွယ်နှင့် လက်လျှော့မည် မဟုတ်ချေ။

အကြိမ်ပေါင်းများစွာ စမ်းသပ်ကြည့်ပြီးသည့်အချိန်တွင် ဤတံခါးကို ရှုယီတစ်ယောက်သာ ဖွင့်နိုင်မှန်း သဘောပေါက်သွားကြသည်။ တံခါးသည် ရှုယီပြန်သွားသည်နှင့် အလိုအလျောက် ပိတ်သွားလေသည်ဖြစ်ရာ အာကာလီသည် သူ့အားလေ့လာရန် ကူညီစေချင်လေသည်။

သို့ရာတွင် ရှုယီသည် ငြင်းဆိုခဲ့လေသည်။

သူ့တွင် စိုင်စ်နယ်မြေနှင့် မှော်တိမ်တိုက်နယ်မြေတို့ဖြင့် လုပ်စရာများနေသည်ဖြစ်ရာ လေ့လာရန် နေပေး၍မဖြစ်ချေ။

ထို့ကြောင့် အာကာလီသည် အဖွဲ့ငယ်အား ဦးဆောင်ကာ အွန်ဒင်းနှင့်ပူးပေါင်း၍ အပျက်အစီးအပြင်ဘက်မှ လေ့လာပြီး လိုအပ်ပါက ရှုယီအနေဖြင့် လာပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

ရှုယီ၏ အစီအစဉ်အရ ပုံမှန်နှုန်းဖြင့် လေ့လာမည်ဆိုလျှင် နှစ်ပေါင်းများစွာ မည်သည့်တိုးတက်မှုမျှ ရှိမည်မဟုတ်သည့်အပြင် အသူရာနတ်ဆိုးမျိုးနွယ်ချန်ခဲ့သည့် အပျက်အစီး၏ ဆန်းကြယ်မှုကို သူ၏တစ်သက်တွင် ဖြေရှင်းရန်ပင် မဖြစ်နိုင်ပေ။

တစ်ခုခုရှာတွေ့ခဲ့လျှင် ကောင်းမည်ဖြစ်သော်လည်း မတွေ့ခဲ့လျှင်လည်း သူ့အတွက်အရှုံးမရှိချေ။

ထိုကိစ္စများနှင့်ယှဉ်လိုက်လျှင် ရှေ့တွင်စောင့်ကြိုနေသော ပြဿနာများသည် ပို၍အရေးကြီးပေသည်။

လေ့လာမှုလုပ်ရန် သူ့အားလဝက်ကြာ အာကာလီက ခေါ်ထားပြီးသည့်နောက်တွင် တစ်နှစ်ကြာထွက်သွားခဲ့သော စိုင်စ်နယ်မြေသို့ ပြန်လာခဲ့လေသည်။

လေပြေညင်းများနှင့်အတူ နွေရာသီသည် ရောက်ရှိလာတော့မည်ဖြစ်သည်။

ချွေးများအား သုတ်လိုက်ပြီး မကြာမီပင် ချွေးပြန်ထွက်လာသဖြင့် ရယ်ရိုဂန်အတွက် နွေသည်ရောက်နှင့်နေပြီဖြစ်သည်။

"အုန်း!"

ကောင်းကင်သို့ ပစ်လိုက်သော မီးတောက်သည် ရယ်ရိုဂန်အား ဖုံးခါနီးပင် ဖြစ်သွားလေသည်။

သူသည် ဤစမ်းသပ်မှုကို အကြိမ်၂၀၀လုပ်ဖူးပြီးသားဖြစ်ပြီး အတွေ့အကြုံရှိနေသည့်အတွက် ပေါက်ကွဲမှုအား ထိခိုက်မှုမရှိဘဲ ရှောင်လိုက်နိုင်ခြင်း ဖြစ်ပေသည်။

သူ၏ရှေ့ဆံပင်များသည် သက်သေပင်ဖြစ်သည်။

အကယ်၍ ရေသာမစွတ်ထားခဲ့လျှင် မီးစွဲသွားမည်ဖြစ်သည်။

"သေစမ်း"

သူ၏စမ်းသပ်မှုကျရှုံးသွားသည့်အတွက် ရယ်ရိုဂန်သည် ကျိန်ဆဲလေသည်။ သူသည် ချွေးများအားသုတ်လိုက်ရင်း သကြားအနည်းဖြင့် ဖျော်ထားသော ဆားရည်အား တစ်ကျိုက်တည်း မော့ချလိုက်လေသည်။

အကယ်၍ ယခုလိုသာ မသောက်လျှင် သူ့အနေဖြင့် ရေဓါတ်ဆုံးရှုံး၍ လဲသွားနိုင်လေသည်။ ထိုအခါ စမ်းသပ်မှုလုပ်ရန် မည်သည့်အင်အားရှိတော့မည်နည်း။

နံရံပေါ်တွင်ရှိသော အရင်လက ဝယ်ထားသည့် မှော်လေအေးပေးစက်ကြည့်ပြီး သက်ပြင်းချလိုက်လေသည်။ သူသည် ရီမုတ်ခ်အား ယူလိုက်ပြီး ဖွင့်လိုက်လေသည်။

ခဏအကြာတွင် လေအေးလေးများထွက်လာပြီး သက်သောင့်သက်သာရှိသွားစေသည်။

"ဟက်ချိုး!"

အအေးကြောင့် သူသည် နှာစေးလာလေသည်။

အအေးမမိစေရန် အကောင်းဆုံးမှာ ရေနွေးဖြင့် ရေချိုးရန်လိုမှန်းသိသော်လည်း စမ်းသပ်မှုလုပ်ရဦးမည်ဖြစ်သဖြင့် ချွေးများပြန်ထွက်မည်သာ ဖြစ်သည့်အတွက် အလကားဖြစ်သွားမည်ဖြစ်သည်။

သူသည် လေ့ကျင့်ခန်းလုပ်ထားသည့်အတွက် အခြားမှော်ဆရာများနှင့် ယှဉ်လျှင် ကြံ့ခိုင်သည့်အတွက် ဤအသေးအဖွဲအရာများအား စိတ်ပူစရာမလိုပေ။

တဘက်ဖြင့် ချွေးများအား သေချာသုတ်လိုက်ပြီး မှော်ဆက်သွယ်ရေးစက်အားယူ၍ နံပါတ်ရိုက်လေသည်။

"ဒီအချိန်ကြီး ငါ့ကိုဖုန်းဆက်တယ်ဆိုတော့ စမ်းသပ်တာအောင်မြင်သွားပြီထင်တယ် ဟုတ်လား ရယ်ရိုဂန် "

"ေအာင်မြင်နေဦးမယ်"ဟု ပြောလိုက်ရင်း "သေလိုက်ပါလား ဒီအော်ရာ မင်းရဲ့သီအိုရီက အလုပ်မဖြစ်ပါဘူး ငါစမ်းနေတာ အကြိမ်၂၀၀ရှိနေပြီ တစ်ခါမှမအောင်မြင်ဘူး"ဟု ရယ်ရိုဂန်က ပြောလေသည်။

"အဲ့သီအိုရီကို အကြိမ်ကြိမ်စစ်ဆေး တွက်ချက်ပြီးမှ ပေးတာ ဘယ်လိုမှမမှားနိုင်ဘူး မင်းစမ်းသပ်တာမှားလို့ပဲဖြစ်ရမယ်"ဟု ဒေါသတကြီး ဒီအော်သည် ပြန်ပြောလေသည်။

"မင်းငါ့ကို ညံ့တယ်လို့ပြောချင်တာလား ဒါဆိုရင် အခြားတစ်ယောက်ရှာလိုက်လေ"ဟု ရယ်ရိုဂန်က နှာမှုတ်လိုက်ရင်း ပြောလေသည်။

ဒီအော်သည် လေသံပြောင်းသွားပြီး "မဟုတ်ပါဘူးကွာ မင်းက အင်ပါယာကိုယ်တိုင် မှော်အပူပေးအစီအရင်အတွက် သေချာရွေးထားတဲ့သူပဲ မင်းမမှားနိုင်ဘူး ကြည့်ရတာ ကိစ္စသေးသေးလေးတွေ လွဲပုံရပါတယ်။ မင်းအောင်မြင်ဖို့နီးနေပြီမလား"ဟု ပြောလေသည်။

ရယ်ရိုဂန်သည် နှာမှုတ်လိုက်ပြန်သည်။

သူသည် ရှုံးနိမ့်သည်မှန်သော်လည်း တစ်ကြိမ်ထက်တစ်ကြိမ် ရလဒ်များမှာ ပိုမိုကောင်းမွန်လာသည်ဖြစ်လေသည်။

ထပ်ပြောရလျှင် အကြိမ်၂၀၀ စမ်းသပ်အပြီးတွင် ဒီအော်၏ သီအိုရီသည် သာမာန်မဟုတ်မှန်း သိလာရသည်။ သူ့အနေဖြင့် မှော်အစီအရင်၏ မီးအပူကို ၁၀ရာခိုင်နှုန်းအထိ အလွယ်တကူ မြင့်၍ရပေသည်။

အကယ်၍ အရင်မှော်စနစ်သာဆိုလျှင် ဤမျှလောက်မြင့်နိုင်ခြင်းသည် သာမာန်မဟုတ်ချေ။

ရယ်ရိုဂန်ပြန်မပြောသည်ကို ကြည့်ခြင်းအားဖြင့် ဒီအော်သည် စိတ်လှုပ်ရှားလာပြီး "ဟေး, ရယ်ရိုဂန် ပြီးဖို့အချိန်ဘယ်လောက်လိုသေးလဲ"ဟု မေးလေသည်။

"ဘာလဲ မင်းကမစောင့်နိုင်ဘူးလား"

"ငါမစောင့်နိုင်တာမဟုတ်ဘူး စစ်တပ်..အဲ..အလုပ်ရှင်ဘက်က မစောင့်နိုင်တာ။ လကုန်လို့မှ ရလဒ်မပြနိုင်ရင်ရမယ့်ငွေက ၃ပုံ၁ပုံလျှော့သွားလိမ့်မယ်"

ရယ်ရိုဂန်သည် မျက်ခုံးပင့်လိုက်လေသည်။

ဒီအော်သည် တစ်ဝက်တစ်ပျက်သာ ပြောလိုက်သော်လည်း အလုပ်ရှင်မှာ စစ်တပ်အထက်ပိုင်း အရာရှိများသာဖြစ်မှန်း သိလေသည်။

သို့ရာတွင် အဘယ့်ကြောင့် သူတို့သည် အပူချိန်မြင့် အစီအရင်အား စိတ်ဝင်စားနေကြပါသနည်း။

သူတို့သည် မှော်စစ်လက်နက်များအား လျှို့ဝှက်ထားစွာ စမ်းသပ်နေသည်ဟု ကြားထားသော်လည်း သူသည် ဤကိစ္စပတ်သက်၍ အဘယ့်ကြောင့် ပါဝင်နေရပါသနည်း။

ဒီအော်သည် ခဏ အသံတိတ်သွားပြီး အသံကိုနှိမ့်ကာ "ရယ်ရိုဂန် မင်းစိတ်ဝင်စားရင်လေ...."ဟု မေးလိုက်သည်။

"စိတ်မဝင်စားဘူး"ဟု သူပြောလို့မပြီးခင်မှာပင် ရယ်ရိုဂန်သည် စကားအားဖြတ်လိုက်လေသည်။

စစ်တပ်အထက်ပိုင်း အရာရှိများသည် မှော်လက်နက်များအား စမ်းသပ်မှုလုပ်ရန် မှော်ဆရာများကို စုဆောင်းနေသည်ဟု ကြားထားသဖြင့် ဒီအော်သည် ဤမျှလျှို့ဝှက်နေပါက ဤကိစ္စနှင့် ဆက်စပ်နေမည်သာဖြစ်သည်။

သူသည် စစ်တပ်အထက်ပိုင်း အရာရှိများအတွက် အလုပ် လုပ်ပေးရန် စိတ်မဝင်စားချေ။

Frestech ကုန်သည်ကြီးများအသင်းမဆိုထားနှင့် မှော်ပညာရှင်အဖွဲ့အစည်းနှင့် မှော်ပညာရှင်များရှင်သန်ရေးအလုပ်အကိုင် လုံခြုံရေးပေါင်းစည်းမှုတို့မှ စစ်တပ်အထက်ပိုင်း အရာရှိများကို စောင့်ကြည့်နေကြသည်ဖြစ်ရာ တစ်စုံတစ်ရာ မှားယွင်းပြီး သူ့အားထုတ်ပယ်လိုက်ပါက သူ့အတွက် ဒုက္ခဖြစ်စေနိုင်သည်။ ထို့အပြင် ထိုသို့မဖြစ်လျှင်ပင် သူသည် စစ်တပ်အထက်ပိုင်း အရာရှိများအတွက် အလုပ် လုပ်ပေးရန် စိတ်မဝင်စားချေ။

စစ်တပ်ထဲဝင်ပြီးသည်နှင့် ကန့်သတ်ခံရသည် ထက်စာလျှင် ကိုယ်တိုင်လွတ်လပ်စွာ ရွေးချယ်ရခြင်းသည် ပို၍သက်သောင့်သက်သာ ဖြစ်စေသည်။

သူသည် ဝင်ပြီးသည်နှင့် လက်နက်နှင့်ဆိုင်သော စမ်းသပ်မှုများအပြင် ကုမ္ပဏီများတိုးမြင့်လိုသည့် အခြားလွယ်ကူပျော်စရာကောင်း၍ ငွေလည်းကောင်းကောင်းရသော စက်များအား လုပ်ခွင့်ရတော့မည်မဟုတ်ချေ။

ထို့ကြောင့် မည်သည့်ဘက်မှတွေးတွေး မဝင်သည်က ပိုကောင်းလေသည်။

ရယ်ရိုဂန်၏ အသံအနေအထားကို ကြားသောအခါ ဒီအော်သည် စကားလမ်းကြောင်း လွဲလိုက်လေသည်။

"ရယ်ရိုဂန်ရေ တီနီဖက်စ်မိုင်းမှာ ရင်းနှီးမြုပ်နှံမယ့်ကိစ္စကလေ ပြဿနာလေးပေါ်လာလို့"

"ဘာပြဿနာလဲ"

တီနီဖက်စ်မိုင်းသည် ကန်ဒရာ၏ ပိုင်နက်မဟုတ်တော့ဘဲ မာနာမှော်တိုင်းပြည်၏ နယ်မြေဖြစ်သွားလေသည်။

ကန်ဒရာသည် မိုင်းတွင်းပတ်လည်ကို သိမ်းလိုက်ပြီး လေလံတင်လိုက်သောအခါ လူအများ စိတ်ဝင်စားလာကြသည်။

ဒီအော်သည် အဆက်အသွယ်များ ရှိသဖြင့် ရှယ်ယာရအောင် လုပ်နိုင်သည်ဟုဆိုကာ ရယ်ရိုဂန်ကိုပါ ဖိတ်ခေါ်လိုက်ခြင်းဖြစ်ပေသည်။

သို့သော် အခြေအနေမတည်ငြိမ်သောကြောင့် ဤကိစ္စအား သေချာမဆုံးဖြတ်ရသေးပေ။

၁လမကြာမီပင် ပြဿနာပေါ်လာမည်ဟု သူမထင်ထားပေ။

"Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ ပြန်လာမယ်လို့ကြားတယ်။"

"အဲ့ဒါနဲ့ မိုင်းတွင်းကိစ္စနဲ့ ဘယ်လိုဆက်စပ်လို့လဲ"

"မင်းသဘောမပေါက်ဘူးလား။ ဘာလို့ အင်ပါယာက မာနာမှော်တိုင်းပြည်နဲ့ စစ်တိုက်ရဲတာလဲသိလား။ ဘာလို့ဆို ရှုယီ က စိုင်စ်နယ်မြေကနေထွက်သွားတော့ Frestech ကုန်သည်ကြီးများအသင်းဘက်က ဘာမှလုပ်မှာမဟုတ်လို့ပဲ။ အဲ့တော့ အင်ပါယာက ဆက်တိုက်ဖို့ ပြန်စဉ်းစားရလိမ့်မယ်။ အကယ်၍ ရှုယီကသာ ပါဖို့ဆုံးဖြတ်လိုက်ရင် ရှုံးသွားပြီး နယ်မြေတွေပြန်ပေးရနိုင်တယ်။ အဲ့တော့ တီနီဖက်စ်မိုင်းsကိစ္စက..."

ရယ်ရိုဂန်သည် သဘောပေါက်သွားလေသည်။

အကယ်၍ Frestech ကုန်သည်ကြီးများအသင်းဘက်ကသာ ဖိအားပေးလျှင် တီနီဖက်စ်မိုင်းsကိုပါ ကန်ဒရာအနေဖြင့် ပြန်ပေးရမည်ဖြစ်လေသည်။

ထိုအခါ သူတို့ရင်းနှီးထားသည်များ ဆုံးသွားနိုင်လေသည်။

"ဘာလို့ ရှုယီက အခုအချိန်မှ ပြန်လာရတာလဲ သူသာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ပြီးတဲ့အချိန်မှ ပြန်လာရင် ရနေတာကို အဲ့အခါကျ သူ့ကိုလစ်လျှူရှုလို့ရတယ်"

"အဲ့လိုကမသေချာဘူး သူသာတစ်ကယ်ဖိအားပေးမယ်ဆိုရင် အင်ပါယာက ဘာလုပ်မယ်ထင်လဲ"

ရယ်ရိုဂန်သည် တိတ်ဆိတ်သွားလေသည်။

နှစ်များစွာ၏ အခြေအနေများကို ကြည့်ခြင်းအားဖြင့် ရှုယီသာ Frestech ကုန်သည်ကြီးများအသင်း၏ အက်အားကို သုံး၍ ဖိအားပေးပါက ကန်ဒရာအင်ပါယာအနေဖြင့် နောက်ဆုံးတွင် လိုက်လျောရမည်သာဖြစ်သည်။

"ဟေး, ဒီအော်, အင်ပါယာက လူတွေက ဒီအခြေအနေကိုထိန်းနိုင်မယ်ထင်လား"

***

Volume 8 အခန်း ၆၂ ။ ရပ်တည်ချက်အမှန်

ကန်ဒရာ၏ ဧကရာဇ်သည် စားပွဲပေါ်ရှိ စာရွက်ကို ကြည့်နေလေသည်။

ဤစာရွက်တွင် သတင်းအချက်အလက် အနည်းအငယ်သာ ပါရှိသော်လည်း ဤအရာသည် အခြားစာရွက်များ၏ အပေါ်တွင် ရှိနေလေသည်။ ထို့ကြောင့် ဤစာရွက်မှာ ဒီနေ့အတွက် အရေးအကြီးဆုံး ဖြစ်လေသည်။

စာလုံးရေသောင်းကျော်သည် ပြဿနာတစ်ခုတည်းကိုသာ ဖော်ပြနေသည်။

ရှုယီပြန်လာပြီ။

"ဒီလူဘာလို့ ပြန်လာရတာလဲ မှော်တိမ်တိုက်နယ်မြေမှာပဲ နေလိုက်တာမဟုတ်ဘူး ဒါမှမဟုတ်လည်း အဲ့မှာသေလိုက်ပြီးနေတာကို" ဧကရာဇ်သည် ခါးသက်စွာပြုံးမိလေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ရှုယီအပေါ် သူသည် အမြဲအတွေးပေါင်းစုံရှိခဲ့လေသည်။

ကန်ဒရာအနေဖြင့် သူတို့အား ကျေးဇူးတင်ရန်လည်းကောင်းသည်။

သူတို့သည် စိုက်ပျိုးရေးအတွက် စက်များကို ယူပေးရုံသာမက နတ်သူငယ်များထံမှ မည်သူနှင့်မျှ မခွဲဝေပေးခဲ့သည့် ဓါတ်မြေသြဇာများကိုပါ ယူဆောင်လာပေးခဲ့သည်။

ထိုနှစ်ခု၏ အကူအညီဖြင့် လက်ရှိ ကန်ဒရာ၏ စိုက်ပျိုးရေး အခြေအနေသည် ယခင် Frestech ကုန်သည်ကြီးများအသင်းမပေါ်လာခင် နှစ်ပေါင်း၃၀နှင့် နှိုင်းစာလျှင် ၁၀ဆပိုကောင်းမွန်လာခဲ့သည်။

ထို့ကြောင့် သဘာဝဘေးအန္တရာယ်များကြောင့် ငတ်မွတ်ခေါင်းပါးမှုဖြစ်မည်ကို စိုးရိမ်စရာမလိုတော့ချေ။

အကယ်၍ဖြစ်လာလျှင်လည်း နှစ်စဉ်စုဆောင်းထားသော ရိက္ခာများကြောင့် ပြဿနာမရှိနိုင်ပေ။

အရင်အချိန်များတွင်ဆိုလျှင် ဤကိစ္စမှာ မတွေးဝံ့စရာဖြစ်ပေသည်။

ထို့အပြင် အခြားမတွေးဝံ့ဖွယ် ကိစ္စရပ်မှာ ကန်ဒရာ၏ သယ်ယူပို့ဆောင်ရေးဖြစ်ပေသည်။

ကန်ဒရာသည် အလွန်ကြီးမားသော အင်ပါယာတစ်ခုဖြစ်၍ မြောက်မှတောင်သို့ အကွာအဝေးသည် ကီလိုမီတာ၄ထောင်ရှိလေသည်။

ထို့ကြောင့် သီအိုရီအရ အမြန်ဆုံးမြင်းများဖြင့် မနားဘဲသွားမည်ဆိုလျှင်ပင် မြောက်ဘက်ဆုံးမှ တောင်ဘက်ဆုံးသို့ အနည်းဆုံး၃ရက်ကြာ သွားရမည်ဖြစ်သည်။

သို့သော် တစ်ကယ်တမ်းတွင် လူအင်အား၊ မြင်းအင်အားနှင့် လမ်းအခြေအနေတို့အပေါ်မူတည်၍ အနည်းဆုံးလဝက်ခန့်ကြာသွားနိုင်သည်။

ထို့ကြောင့် ကိစ္စတစ်ခုပေါ်ပေါက်ပါက အင်ပါယာဆီသို့ ရက်ပေါင်းများစွာ ကြာပြီးမှ ရောက်နိုင်လေသည်။ ထိုကိစ္စသည် ဧကရာဇ်၏ လွှမ်းမိုးနိုင်စွမ်းအပေါ် သက်ရောက်မှုအများအပြား ရှိလေသည်။

ယခုအချိန်တွင် ကန်ဒရာ၏ မြို့တိုင်း ရွာတိုင်းကို လမ်းများဖောက်ထားပြီး Frestech ကုန်သည်ကြီးများအသင်း၏ မှော်ကားများ အသုံးပြုလိုက်သဖြင့် ကန်ဒရာအတွင်း မည်သည့်နေရာကိုမဆို ၁ရက် ၂ရက်အတွင်း သွားနိုင်လေသည်။

မြို့သူမြို့သားများ အဆင်ပြေမှုအပြင် စစ်တပ်အနေဖြင့် သွားလိုသည့်နေရာများကို ၁ရက် ၂ရက်အတွင်းသွားနိုင်မှုကြောင့် အင်ပါယာ၏ ထိန်းချုပ်နိုင်စွမ်း ပိုကောင်းလာခဲ့သည်။

ထို့ကြောင့် တိုင်းပြည်အတွင်း မည်သည့်မျိုးရိုးမြင့်မျှ ပုန်ကန်ခြင်းမပြုရဲတော့ချေ။

ထို့နောက် Frestech ကုန်သည်ကြီးများအသင်း၏ ပူးပေါင်းပေးမှုကြောင့် ကန်ဒရာ၏ စက်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာပြီး အစိုးရအနေဖြင့် ပြည်တွင်းစက်မှုလုပ်ငန်းများအား ထိန်းချုပ်ဆောင်ရွက်လာနိုင်လေသည်။

အကယ်၍ မျိုးရိုးမြင့်များအနေဖြင့် ပါဝင်လိုပါက အစိုးရနှင့်ပူးပေါင်း၍ အခွင့်အလမ်းများ ရရှိမည်ဖြစ်သည်။

ထိုအခွင့်အလမ်းများကြောင့် အကျိုးအမြတ်များစွာ ရရှိနေသည်ဖြစ်ရာ သူတို့အနေဖြင့် ပုန်ကန်ရန်မတွေးကြတော့ချေ။

ဤနှစ်ခုအပြင် ဧကရာဇ်၏ အကြိုက်ဆုံးအချက်မှာ မှော်ဆက်သွယ်ရေးကွန်ယက်ဖြစ်လေသည်။

ဤကွန်ယက် စတင်ပြီးသည်နှင့် အင်ပါယာအတွင်း ဖြစ်သမျှကို အချိန်မရွေးသိနိုင်ရုံသာမက မှော်ပုံရိပ်ယောင်ကြောင့် ကိစ္စရပ်မှန်သမျှကို သိရှိနိုင်လေသည်။

အင်ပါယာအနေဖြင့် နန်းတော်တွင် ရက်ပေါင်းများစွာ ထိုင်ပြီးစောင့်နေမည့်အစား အခုအတိုင်းသည် သူ့အားအုပ်ချုပ်ရသည်ကို ပျော်လာစေသည်။

ယခင်ကဆိုလျှင် သူသည် တော်ဝင်ဧကရာဇ်တစ်ယောက် ဖြစ်သော်လည်း သူ့အနေဖြင့် ပလ္လင်ပေါ်တွင် ထိုင်နေရုံဖြင့် အုပ်ချုပ်ရန်မလွယ်ကူချေ။

ယခုအခါ လမ်းပန်းဆက်သွယ်ရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကွန်ယက်များကြောင့် သူ့အနေဖြင့် အင်ပါယာတစ်ယောက်၏ ဖြစ်တည်မှုကို သေချာသိလာရသည်။

ထိုကိစ္စများအတွက် သူသည် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို ကျေးဇူးတင်ရပေမည်။

သို့သော် အခြားတစ်ဖက်တွင် သူသည် ရှုယီအား အလွန်မုန်းလေသည်။

Frestech ကုန်သည်ကြီးများအသင်းသည် အင်ပါယာအား လှုပ်ခတ်စေခဲ့ပြီး အင်ပါယာအနေဖြင့် သမိုင်းတစ်လျှောက် အကောင်းဆုံးဟု ဆိုလာနိုင်သော်လည်း ၄င်း၏အင်အားမှာ အရင်ကထက် လျှော့ကျလာလေသည်။

အကြောင်းမှာ Frestech ကုန်သည်ကြီးများအသင်းသည် အင်ပါယာ၏ အင်အားကို ဟန့်တားထားသောကြောင့် ဖြစ်လေသည်။

ကန်ဒရာနှင့် Marlowသည် တိုက်တစ်ခုလုံးတွင် အင်အားအကြီးဆုံး ဖြစ်သော်လည်း ကန်ဒရာသည် အနည်းငယ် ပိုမိုအားကောင်းလျှက် အသန်မာဆုံးတိုင်းပြည်ဟုပင် ခေါ်ဆိုခံရသည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းကြောင့် အင်ပါယာနှစ်ခုအနေဖြင့် မည်သည့်ကိစ္စပဲ လုပ်ချင်လုပ်ချင် ၄င်းသဘောမတူပါက နောက်ဆုံးတွင် အင်ပါယာနှစ်ခုသည် လက်လျှော့လိုက်ရသည်သာဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် အတိအလင်း မဖော်ပြလျှင်တောင် အင်ပါယာနှစ်ခုအနေဖြင့် ၄င်းအားထည့်တွက်ကြရသည်။

ထိုခံစားချက်မှာမကောင်းပေ။

အင်ပါယာ၏ အုပ်ချုပ်သူအနေဖြင့် ကိစ္စများကို မလုပ်ခင် သေချာချင့်ချိန်ရသည်မှာ မှန်သော်လည်း အဓိကအားဖြင့် အကျိုးအမြတ်ကိုသာ ထည့်စဉ်းစားရသည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းနှင့် ထိပ်တိုက်တွေ့ရမည်မှာ စိုးရိမ်ဖွယ်ကောင်းသည်သာမက ကြောက်စရာပင်ကောင်းနေသည်။

ထိုကိစ္စမှာ ဧကရာဇ်အနေဖြင့် ဝန်မခံသော်လည်း စိတ်ထဲတွင် သိရှိပြီးသားဖြစ်သည်။

လွန်ခဲ့သည့် ၁၁နှစ်ကျော်က ရူဒ်ဆန် Frestechနှင့် ဖြစ်ခဲ့သော တိုက်ပွဲ၏ အမာရွတ်သည် သူ့နှလုံးသားတွင် စွဲကျန်နေပေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ မှော်စစက်လက်နက်များအောက်တွင် အင်ပါယာနှစ်ခု အညံ့ခံခဲ့ရသည်။

အဆုံးသတ်တွင် တောင်အားဖြိုခွဲလိုက်သော ပစ်ချက်သည် လွန်စွာကြောက်မက်ဖွယ် ကောင်းပေသည်။ ထို့ကိစ္စကြောင့် လူများသည် ၄င်းတို့နှင့် ယှဉ်မတိုက်ဝံ့တော့ပေ။

ထို့ကြောင့် ဧကရာဇ်အနေဖြင့် စစ်ပွဲကိုရပ်စဲခဲ့ရပြီး ရှုယီအပေါ် လေးစားကြောက်ရွံ့ကာ စကားနားထောင်ခဲ့ရသည်။

ထိုကိစ္စသည် သူ့လိုဧကရာဇ်တစ်ယောက်အတွက် အရှက်ရစရာဖြစ်ခဲ့သည်။

ထိုစစ်ပွဲပြီး၍ အချိန်၁၁နှစ်ပင်ကြာခဲ့ပြီ။

ထို၁၁နှစ်အတွင်း ကန်ဒရာသည် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်း၍ နည်းပညာများ တိုးတက်မြင့်မားလာပြီး ကိုယ်ပိုင်စက်မှုလုပ်ငန်းကို ထူးထောင်နိုင်ခဲ့သည်။

ထို့အပြင် စစ်လက်နက်များကိုပါ လျှို့ဝှက်စွာ သုသေတနလုပ်နေခဲ့သည်။

စစ်တပ်အထက်ပိုင်း အရာရှိများ၏ ရလဒ်အရ ယခုအချိန်တွင် ကန်ဒရာ၏ စစ်လက်နက်များသည် လွန်ခဲ့သည့်၁၁နှစ်က Frestech ကုန်သည်ကြီးများအသင်း၏ လက်နက်များထက် မညံ့ချေ။

သို့သော် Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် ၁၁နှစ်လုံး ငြိမ်နေမည်ဟု မည်သူမှ မတွေးခဲ့ကြချေ။ ထို့ကြောင့် ကန်ဒရာဧကရာဇ်သည် ဂရုတစိုက်နှင့် အခွင့်ရေးအား စောင့်နေလေသည်။

ပြီးခဲ့သည့်နှစ်က အခွင့်အရေးပေါ်လာလေသည်။

၏ အချိန်ကာလသည် ၁၀နှစ်အထိသာဖြစ်ပြီး ထိုအချိန်အပြီးတွင် ရှုယီသည် စိုင်စ်နယ်မြေမှ ထွက်သွားခဲ့လေသည်။

Frestech ကုန်သည်ကြီးများအသင်းသည် ရှုယီမရှိတော့သည့်အတွက် ခေါင်းမရှိသကဲ့သို့ ဖြစ်လာသဖြင့် ဧကရာဇ်သည် လှုပ်ရှားရန်ဆုံးဖြတ်လိုက်သည်။

မာနာမှော်တိုင်းပြည်တိုင်းပြည်ကို စစ်တိုက်လိုက်ခြင်းသည် အရဲစွန့်ကြည့်သည့် သဘောပင်ဖြစ်လေသည်။

သူသည် ကန်ဒရာဘက်မှ စစ်ပွဲစလိုက်လျှင် ဖြစ်လာမည့် Frestech ကုန်သည်ကြီးများအသင်း၏ တုံပြန့်မှုနှင့် မာနာမှော်တိုင်းပြည်တိုင်းပြည်အတွက် ရပ်တည်မှုအပေါ် သူ၏ခန့်မှန်းချက် မှန်မမှန် အရဲစွန့်လိုက်ခြင်းဖြစ်ပေသည်။

အခြေအနေအရ သူ၏ခန့်မှန်းချက် မှန်ကန်လေသည်။

တိုက်ပွဲမှာ မနှစ်ကတည်းက စခဲ့သည်ဖြစ်၍ တစ်နှစ်ပင် ပြည့်ပေတော့မည်။

ထိုအချိန်အတွင်း Frestech ကုန်သည်ကြီးများအသင်းသည် စစ်ဘေးဒုက္ခသည်များအား ရိက္ခာများပို့ပေးခဲ့သော်လည်း ကိုယ်တိုင်ပါဝင်ခြင်းမရှိချေ။

ထို့ကြောင့် ကန်ဒရာဧကရာဇ်နှင့် လူထုသည် Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် စိုင်စ်နယ်မြေရှိ အခြေအနေများအား ထိန်းချုပ်နိုင်စွမ်းမရှိသည်ကို သေချာသွားစေသည်။

အကယ်၍သူတို့သာ ရှေ့ဆက်တိုးလျှင် Frestech ကုန်သည်ကြီးများအသင်းသည် ကြောက်သွားနိုင်သလား။

ထိုအတိုင်းဆိုလျှင် Frestech ကုန်သည်ကြီးများအသင်း၏ အင်အားသည် အင်ပါယာနှစ်ခုနှင့် အခြားတိုင်းပြည်များအပေါ် ထိန်းချုပ်နိုင်မှုမရှိတော့ဘဲ ကန်ဒရာသည် စိုင်စ်နယ်မြေတွင် အင်အားအကြီးဆုံး အင်ပါယာဖြစ်လာပြီလော။

သို့ရာတွင် ကန်ဒရာ ဧကရာဇ်သည် ဆုံးဖြတ်ချက် မချသေးဘဲ Frestech ကုန်သည်ကြီးများအသင်း၏ ရပ်တည်ချက်အမှန်ကို သိရန်စောင့်နေလေသည်။

ရှုယီမရှိသည့်အတွက် ၄င်းတို့၏ ရပ်တည်ချက်အမှန်ကို မသိနိုင်ပေ။

အခုသူပြန်လာပြီဖြစ်သဖြင့် တုံ့ပြန်မှုသည် မည်သို့ဖြစ်မည်နည်း။

***

Volume 8 အခန်း ၆၃ ။ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလား?

အားလုံးသည် တစ်နှစ်လောက်ထွက်သွားသော ရှုယီအပေါ် အာရုံစိုက်ကြလျှက် Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် စစ်ပွဲတွင် ပါဝင်ရန် မျှော်လင့်ထားကြလေသည်။ ထို့အပြင် မည်သည့်လက်နက်အသစ်အဆန်းများ ထုတ်ပြမည်ကို စောင့်မျှော်နေကြသူများလည်းရှိသည်။

သို့ရာတွင် ရှုယီသည် အားလုံးကို စိတ်ပျက်စေခဲ့သည်။

တစ်နှစ်ကြာအပြီးတွင် ရှုယီသည် မှော်တိမ်တိုက်နယ်မြေမှ Frestech ကုန်သည်ကြီးများအသင်း၏ အခြေစိုက်စခန်းသို့ မှော်လေယာဉ်ဖြင့် ပြန်ရောက်လာသောအခါ လူအများမျှော်လင့်ထားသကဲ့သို့ မည်သည့်ဆုံးဖြတ်ချက်မှ မချဘဲနေလေသည်။

သူထွက်သွားတုန်းကအတိုင်းပင် သူလုပ်ထားခဲ့သည့် စီးပွားရေးလုပ်ငန်းများမှာ မပြောင်းလဲဘဲ ရှိနေပေသည်။

အပြောင်းအလဲ လုံးဝမရှိသည်ဟု မဆိုနိုင်ပေ။

ရှုယီပြန်လာပြီးသည့်အချိန်တွင် သူသည် Frestech ကုန်သည်ကြီးများအသင်း၏ ကိစ္စများတွင် စိတ်ဝင်စားခြင်းမရှိတော့သည့်အပြင် သူ၏လုပ်ငန်းအများစုကို Frestech ကုန်သည်ကြီးများအသင်း၏ CEO ဂလာရက်စ်အား လွှဲပြောင်းပေးခဲ့လေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ အတွင်းရေးကိစ္စများတွင်ပင် သူပါဝင်ပတ်သက်ခြင်း သိပ်မရှိပေ။

လူများအနေဖြင့် သူ့အား အခြေစိုက်စခန်းတွင် မကြာခဏမတွေ့ပါက သူချက်ချင်းပြန်သွားသည်ဟုပင် ထင်မှတ်နိုင်သည်။

Frestech ကုန်သည်ကြီးများအသင်းသည် မည်သို့ပြောင်းလဲသွားသနည်း။

၄င်းတို့သည် အရင်အတိုင်း စီးပွားရေးသာလုပ်လျှက် အထွေအထူးပါဝင်ခြင်း မရှိပေ။

၄င်းတို့သည် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပြီး စက်မှုလုပ်ငန်းများစွာ ရှိသည်သာမက တိုင်းပြည်များနှင့်လည်း ပူးပေါင်းလုပ်ဆောင်ထားလေသည်။

ထို့ကြောင့် ၄င်းတို့အနေဖြင့် အထွေအထူးပါဝင်ခြင်းမရှိသော်လည်း ၄င်းတို့၏လုပ်ငန်းများသည် စိုင်စ်နယ်မြေတစ်ခုလုံးတွင် ရှိနေပေသည်။

၄င်းတို့ပြုလုပ်သော ကိစ္စမှန်သမျှသည် လူအများစု၏ အသက်နှင့် ကံကြမ္မာအား သက်ရောက်စေနိုင်သည်။

လူအများအပြားသည် ရှုယီပြန်လာသည့်အတွက် စိုးရိမ်မိကြသော်လည်း Frestech ကုန်သည်ကြီးများအသင်းသည် ငြိမ်နေဆဲဖြစ်လေသည်။

ရှုယီပြန်ရောက်လာပြီး ၂လအကြာ၏ တစ်ခုတည်းသောပြောင်းလဲမှုမှာ မှော်တိမ်တိုက်နယ်မြေသို့ ပို့ရန် လူများစုဆောင်းခြင်းသာဖြစ်လေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ တရားဝင်သတင်းဌာနမှ မှော်တိမ်တိုက်နယ်မြေသို့သွားရန် လိုလားပြီး အရည်အချင်းရှိသော လူအများအပြား လိုအပ်သည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ၄င်းတို့သည် လစာကောင်းကောင်းနှင့် အကျိုးခံစားခွင့် အများအပြားဖြင့် ခေါ်ယူနေသည်။

သို့သော် စိုင်စ်နယ်မြေအတွင်းတွင် နေထိုင်သော လူများအနေဖြင့် တိုးတက်လာသော ပို့ဆောင်ဆက်သွယ်ရေးများကြောင့် တိုက်အတွင်းသွားလာရန် မခက်ခဲသော်လည်း ကီလိုမီတာသောင်းချီဝေးသော အခြားတိုက်တစ်ခုကို သွားရန်မှာ စိုးရိမ်စရာဖြစ်လေသည်။

ထို့ကြောင့် အခွင့်အရေးများစွာဖြင့် ကမ်းလှမ်းထားလျှင်ပင် လိုက်လိုသော လူအနည်းငယ်သာရှိပေသည်။

တစ်နည်းအားဖြင့်ဆိုလျှင် အရည်အချင်းရှိသူ အများစုသည် မသွားလိုကြပေ။

အကြောင်းမှာ လက်ရှိ စိုင်စ်နယ်မြေ၏ အခြေအနေအရ အရည်အချင်းရှိသူများကို ကုမ္ပဏီနှင့် တိုင်းပြည်များက စက်မှုလုပ်ငန်းများအတွက် ဖိတ်ခေါ်ကြသဖြင့် လစာကောင်းသော အလုပ်ရရန်မှာ လွယ်ကူသောကြောင့် ကီလိုမီတာသောင်းချီဝေးသော အခြားတိုက်တစ်ခုသို့ အရဲစွန့်၍သွားရန်မလိုချေ။

သာမာန်အရည်အချင်းမရှိသောသူပင်လျှင် စက်မှုလုပ်ငန်းတိုးတက်မှုကြောင့် အလုပ်ကောင်းရရန် အဝေးသို့သွားရန် မလိုသဖြင့် မည်သူကမှ အရဲစွန့်၍ မလုပ်ချင်ကြချေ။

ထို့ကြောင့် ကြေညာပြီး နှစ်လကြာပြီးသည့်အထိ လူတစ်ထောင်အောက်သာရ၍ လိုချင်သည့် လူနှစ်သောင်းပြည့်ရန် အကြိမ်ပေါင်းများစွာ လိုနေသေးပေသည်။

သို့သော် ၃လအကြာတွင် လူပေါင်းသုံးထောင်စုဆောင်းမိ၍ အခြေအနေတိုးတက်လာပြီဟု Frestech ကုန်သည်ကြီးများအသင်းမှ ကြေညာခဲ့သည်။

ထို့အပြင် မှော်တိမ်တိုက်နယ်မြေသို့ လိုက်လိုသည့် လူအများအပြားရှိသည်ဟု ကြေညာလိုက်ပြန်သည်။

ဤကိစ္စကြောင့် လူအများ အံ့အားသင့်ကြရသည်။

Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် လူစုဆောင်းမရသည့်အတွက် သတင်းအမှားလွှင့်ပြီး လူအများအား ပါဝင်လာရန် ပြုလုပ်ခြင်းလားဟု သတင်းစာအချို့ကပင် မေးခွန်းထုတ်ကြသည်။

သို့ရာတွင် သတင်းစာအများစုမှာ ထိုလူများကို ၄င်းတို့အနေဖြင့် မည်သို့စုဆောင်းခဲ့သည်ကို မေးခွန်းထုတ်ကြလေသည်။

"ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်နေတာလား"ဟု ဆယ်ဗီနီက လက်ထဲမှ သတင်းစာအား ဝေ့ပြလျှက် လေးနက်စွာမေးလေသည်။

"အို? ဘာကိုရည်ရွယ်ချက်ရှိရှိလဲ?"ဟု ဝေခွဲမရဖြစ်နေပုံမျိုးဖြင့် ရှုယီက ပြန်မေးလေသည်။

ဆယ်ဗီနီသည် သက်ပြင်းချလိုက်ရင်း အကယ်၍လူချင်းတွေ့ပါက သတင်းစာအား ပုတ်ပြလျှက် ကျယ်လောင်စွာ မေးခွန်းထုတ်မိနိုင်သည်။

၏ ခေါင်းကြီးပိုင်းတွင် ဤမျှကြီးမားသော စာလုံးဖြင့် ရေးထားသည်ကို ရှုယီမမြင်နိုင်စရာအကြောင်းမရှိချေ။

သူ့အနေဖြင့် ဤသို့တုံ့ပြန်ခြင်းသည် အမှန်တိုင်းမပြောချင်၍သာ ဖြစ်ပေမည်။

မည်သို့ပင်ဖြစ်စေ ဤကိစ္စမှာ လမ်ပူရီတိုင်းပြည်အတွက် အရေးကြီးသဖြင့် ရအောင်မေးရပေမည်။

"ဒီမှာပြောထားတာ Frestech ကုန်သည်ကြီးများအသင်းက မာနာမှော်တိုင်းပြည်ကနေ ဆုတ်ခွာသွားပြီး မင်းက စိုင်စ်နယ်မြေကနေ ထွက်သွားတာက ကန်ဒရာကို စစ်ပွဲတိုက်ဖို့ အခွင့်အေရးပေးလိုက်တာတဲ့ ဟုတ်လား"

ရှုယီသည် ခေတ္တတိတ်ဆိတ်သွားပြီး ခေါင်းခါလျှက် "ငါကဘာလို့အဲ့လိုလုပ်ရမှာလဲ အတွေးလွန်နေကြတာပါ။ အဲ့လိုလုပ်လို့ ငါတို့အတွက် ဘာအကျိုးအမြတ်မှ မရှိဘူးလေ အဲ့ကြောင့် ဘာလို့အဲ့လိုထင်လဲ ငါစဉ်းစားမရဖြစ်နေတာ"ဟု ဖြေလေသည်။

"အကျိုးအမြတ်ဟုတ်လား? ဥပမာအနေနဲ့ဆိုရင် အခုလိုဖြစ်သွားတော့ မာနာမှော်တိုင်းပြည် စက်မှုလုပ်ငန်းကနေ အရည်အချင်းရှိတဲ့လူတွေ အများကြီးကို ခေါ်လိုက်နိုင်တယ်လေ။ အဲ့ဒါကို အကျိုးအမြတ်ရတယ်လို့ ထည့်တွက်လို့ ရတယ်မလား"ဟု ဆယ်ဗီနီသည် ဒေါသအား မျိုသိပ်လျှက် မေးလေသည်။

ရှုယီသည် သူ၏မေးစေ့အား ပွတ်လိုက်ပြီး အနည်းငယ်ပြုံးလိုက်ကာ "အကျိုးအမြတ်ရသွားတာတော့ မှန်ပါတယ် ဒါပေမယ့် အဲ့ဒါက တိုက်ဆိုင်သွားရုံတင်ပါ။ ပြီးတော့ ကန်ဒရာကို စစ်ကြေညာဖို့လည်း ငါမတိုက်တွန်းခဲ့ပါဘူး။ ငါ့ရဲ့ဆန္ဒက တိုက်ငြိမ်းချမ်းဖို့ဆိုတာ နင်မသိဘူးလား"ဟု ပြောလေသည်။

ဆယ်ဗီနီသည် ရှုယီ၏ အပြုံးကိုကြည့်၍ အဖြေရှာရန် ကြိုးစားလေသည်။

"နင်တစ်ကယ်လိုချင်တာလား"

ရှုယီ၏ မျက်နှာတွင် အပြုံးများပျောက်ကွယ်သွားပြီး ဆယ်ဗီနီအား ခေတ္တစိုက်ကြည့်ပြီး တည်တံ့လာလေသည်။

"ဒီမေးခွန်းက ငါ့ကိုမေးရမှာမဟုတ်ဘူး။ အခြားတိုင်းပြည်တွေနဲ့ နင့်ကိုယ်နင်ပြန်မေးရမှာ ဆယ်ဗီနီ"

ဆယ်ဗီနီသည် တုန်လှုပ်သွားသော်လည်း ပြန်ထိန်းလိုက်ကာ တည်ငြိမ်သောလေသံဖြင့် "နင်ဘာပြောချင်နေတာလဲ ငါမသိဘူး"ဟု ဆိုလေသည်။

"အဲ့လိုလား"ဟု ရှုယီသည် အဓိပ္ပါယ်ပါပါပြုံး၍ ခဏတိတ်သွားပြီးနောက် "နင်ငါ့ကို ဆက်သွယ်တာ အဲ့ကိစ္စအတွက်ပဲဆိုရင်တော့ ငါသေချာပြောနိုင်တာက ငါအဲ့ကိစ္စတွေကို စိတ်မဝင်စားဘူး။ ဒါပေမယ့် ကန်ဒရာက စစ်ကြေညာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"ဟု ဆိုလေသည်။

ဆယ်ဗီနီသည် မျက်လုံးများကျယ်သွားပြီး "သူတို့စီစဉ်နေတာ နင်သိတယ်ပေါ့ ဒါဆိုဘာလို့မတားတာလဲ"ဟု မေးလေသည်။

"ငါကဘာလို့တားရမှာလဲ စိုင်စ်နယ်မြေက ငါ့အပိုင်မို့လို့လား။ လူတွေကရော ငါ့စကားနားထောင်ကြမှာမို့လို့လား။ အခြားမပြောနဲ့ နင်တောင် လမ်ပူရီကို ကျောခိုင်းပြီး ငါ့စကားနားထောင်မှာမို့လို့လား ဘုရင်မကြီး ဆယ်ဗီနီ "

သူ၏စကားများကို ကြားပြီး ဆယ်ဗီနီသည် ခါးသက်စွာ ပြုံးမိလေသည်။

သူပြန်ရောက်လာပြီး ၅လအတွင်း သူမသည် အရေးကြီးကိစ္စများဆွေးနွေးရန် အန်ဗီမာမြို့သို့ အကြိမ်များစွာ ဖိတ်ခေါ်ခဲ့သော်လည်း အငြင်းခံခဲ့ရသည်။

သူ့အနေဖြင့် မိသားစုနှင့် အချိန်ကုန်ဆုံးချင်သည်ဟု ဆိုသော်လည်း တကယ်တမ်း သူမအားရှောင်နေခြင်းဖြစ်မှန်း သိပေသည်။

သူမသည် ရှုယီအား နှစ်ပေါင်း၃၀ကြာ သိကျွမ်းခဲ့ပြီး သူနှင့် Frestech ကုန်သည်ကြီးများအသင်းတို့၏ အကူအညီကြောင့် လမ်ပူရီ၏ ပြည်တွင်းစစ်တွင် ပါဝင်ဖြစ်သွားပြီး ထီးနန်းဆက်ခံခဲ့ခြင်း ဖြစ်ပေသည်။

အတိအကျဆိုရလျှင် ရှုယီသည် သူမ၏ကျေးဇူးရှင်သာမက ကိုယ်ရေးကိုယ်တာ ရင်းနှီးသည့် ဆက်နွယ်မှုများ ရှိခဲ့လေသည်။

ယခုအချိန်တွင် သူမတို့ကြား အက်ကွဲကြောင်းများ စတင်ဖြစ်လာပြီဖြစ်သည်။

အကြောင်းအရင်းမှာ လမ်ပူရီသည် စစ်လက်နက်များကို လျှို့ဝှက်စွာ တီထွင်နေသောကြောင့်ပေတည်း။

ရှုယီသည် စစ်လက်နက်များ တီထွင်ဖန်တီးခြင်းသည် လူနှင့်စွမ်းအင်အရင်းအမြစ်များ ဖြုန်းတီးသည်ဟု သတ်မှတ်ထားပြီး ထိုကိစ္စကို ကန့်ကွက်သည့်အတွက် တိုင်းပြည်များကို ဖိအားပေးပြီး နှင့် တို့ကို တည်ထောက်လျှက် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခိုင်း၍ ငြိမ်းချမ်းရေးအား ၁၁နှစ်ကြာအောင် ထိန်းသိမ်းထားခဲ့သည်ဖြစ်သည်။

သို့သော် သူ၏အရင်းနှီးဆုံးသူဖြစ်သည့် ဆယ်ဗီနီသည် သူ၏အကြံကို ဆန့်ကျင်၍ လျှို့ဝှက်စွာ စစ်လက်နက်များ ပြုလုပ်နေသည့်အတွက် စိတ်ဆိုးခြင်းဖြစ်ပေသည်။

ဆယ်ဗီနီသည် ရှုယီ၏ ဒေါသကို နားလည်သော်လည်း သူမအနေဖြင့် ဘာမှမတတ်နိုင်ချေ။

သူမသည် လမ်ပူရီ၏ ဘုရင်မဖြစ်သောကြောင့် လမ်ပူရီတိုင်းပြည် တစ်ခုလုံးအတွက် ထည့်စဉ်းစားရမည်သာဖြစ်သည်။

ရှုယီအနေဖြင့် လက်နက်များမတီထွင်စေချင်သော်လည်း လမ်ပူရီအနေဖြင့် မလုပ်ပါက အခြားတိုင်းပြည်များလည်း ဒီတိုင်းနေပါမည်လား။

လမ်ပူရီအနေဖြင့် မလုပ်ခဲ့ပါက အခြားတိုင်းပြည်များထက် နောက်ကျကျန်နေခဲ့ပြီး အန္တရာယ်ဖြစ်နိုင်သည်။

Frestech ကုန်သည်ကြီးများအသင်းမှ အကူအညီယူနိုင်ပြီး လမ်ပူရီ၏အင်အားကို အာမခံနိုင်သည်မှာ မှန်သော်လည်း သူမ မရှိတော့လျှင် မည်သို့လုပ်မည်နည်း။

ဒါမှမဟုတ် ရှုယီမရှိတော့လျှင် မည်သို့လုပ်မည်နည်း။

လမ်ပူရီနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ဆက်ဆံရေးကို မည်သူက ဆက်လက်ထိန်းသိမ်းပါမည်နည်း။

အခြားသူများထက် ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်းသာ အကောင်းဆုံးဖြစ်ပေသည်။

***

Volume 8, အပိုင်း ၆၄ ။ ဝေးကွာလာကြခြင်း

ဆယ်ဗီနီသည် ရှုယီသိသွားလျှင် စိတ်ဆိုးသွားနိုင်သည်ကို သိသော်လည်း သူမသည် စစ်လက်နက်များကို လျှို့ဝှက်ဖန်တီးရန် ရွေးချယ်ခဲ့လေသည်။

သူမ ရှုယီထံမှ ထရီဇာကို ယူခဲ့သည် လွန်ခဲ့သည့်၁၀နှစ်ကပင် ဤသို့တွေးထားခြင်း ဖြစ်ပေသည်။

လမ်ပူရီတိုင်းပြည်၏တပ်သည် Frestech ကုန်သည်ကြီးများအသင်း ၏အကူအညီဖြင့် အခြားတိုင်းပြည်များအပြင် အင်ပါယာနှစ်ခုကိုပါ အနိုင်ရနိုင်လေသည်။

သို့သော် ယခုအချိန်တွင် Frestech ကုန်သည်ကြီးများအသင်း၏ အကူအညီမပါဘဲ ၄င်းတို့ကိုယ်တိုင် ဖန်တီးထားသော စစ်လက်နက်များဖြင့်ပင် တိုက်ပွဲအင်အားများစွာရှိပေသည်။

သူမအနေဖြင့် အခြားတိုင်းပြည်များနှင့် အင်ပါယာနှစ်ခု၏ လျှို့ဝှက်စမ်းသပ်မှုများသည် မည်သည့်အခြေအနေရောက်နေပြီကို အတိအကျ မသိသော်လည်း သေချာသည်မှာ ၄င်းတို့ထက် လမ်ပူရီတိုင်းပြည်၏ စစ်တပ်အင်အားသည် သာလွန်ပေသည်။

အဘယ့်ကြောင့်ဆိုသော် Frestech ကုန်သည်ကြီးများအသင်း၏ အကူအညီကြောင့် ၄င်းတို့၏နည်းပညာများသည် လွန်ခဲ့သည့်၁၀နှစ်ကပင် တိုးတက်ပြီးသားဖြစ်နေသောကြောင့်ပေ။

Frestech ကုန်သည်ကြီးများအသင်းနှင့် မယှဉ်နိုင်သေးသော်လည်း အခြားတိုင်းပြည်များထက် သာလွန်ပေသည်။

၄င်းတို့သည် မှော်စက်မှုလုပ်ငန်းများတွင် ပထမဆုံးရင်းနှီးမြုပ်နှံခဲ့သည့်အတွက် အခြားတိုင်းပြည်များထက် အတွေ့အကြီုနှင့် မှော်စစ်လက်နက်များ ပိုများပေသည်။

ပြီးလျှင် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းထားသည့်အတွက် မှော်စက်နည်းပညာများရထားသောကြောင့် လမ်ပူရီတိုင်းပြည်သည် အကျိုးအမြတ်များစွာ ရပေသည်။

သို့သော် ဤကိစ္စကြောင့်ပင် ဆယ်ဗီနီနှင့် ရှုယီကြား သွေးကွဲလာကြသည်။

ထို့ကြောင့် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းမှ ထောက်ပံ့မှုအပြည့်အဝ မရသော်လည်း သူမသည် ထိုကိစ္စအတွက် နောင်တမရချေ။

ကိုယ့်အားကိုယ်ကိုးခြင်းသည် ပို၍ကောင်းသည်ဟု သူမခံယူထားသောကြောင့် ဖြစ်ပေသည်။

လမ်ပူရီအနေဖြင့် သန်မာလာပါက တိုက်ပေါ်တွင် အခြေချခိုင်သွားပြီး အင်ပါယာနှစ်ခုနှင့်ပင် ရှင်သန်နိုင်စွမ်း ရှိလာပေလိမ့်မည်။

အတွေးပေါင်းစုံ တွေးမိသွားသော်လည်း သူမသည် တည်ငြိမ်သော အကြည်ဖြင့် ရှုယီအား ကြည့်လိုက်လေသည်။

"ဒါဆိုရင် နင်က ဂရုမစိုက်တော့ဘူးပေါ့။ ကန်ဒရာက မာနာမှော်တိုင်းပြည်တိုင်းပြည်တစ်ခုလုံးကို သိမ်းလိုက်တယ်ဆိုရင်တောင်မှလေ အဲ့လိုလား ရှုယီ"

"ကန်ဒရာသာ လုပ်နိုင်ရင်ပေါ့။"ဟု ဆိုလျှက် ရှုယီ သည် ပခုံးတွန့်ပြလေသည်။ "Frestech ကုန်သည်ကြီးများအသင်းရဲ့ အကျိုးကို မထိခိုက်စေသ၍တော့ အဆင်ပြေပါတယ်"

"ငါနားလည်ပါတယ်။" ဆယ်ဗီနီသည် ခေါင်းညိတ်ပြလိုက်ပြီး ခေါင်းခါလိုက်ကာ မေးလေသည်။

"ဒါဆိုရင်တော့ လမ်ပူရီတိုင်းပြည်အနေနဲ့ ကိုယ့်ဘာသာ လှုပ်ရှားရတော့မှာပဲ"

ပုံရိပ်ထဲမှ ရှုယီ၏ မျက်လုံးများသည် ရုတ်တရက် စူးရှလာသည်။

"နင်ပြင်ဆင်ပြီးသွားပြီလား ဆယ်ဗီနီ"

ဆယ်ဗီနီသည် မျက်ခုံးပင့်သွား၍ "ငါနားမလည်လို့ ငါကဘာအတွက် ပြင်ရမှာလဲ"ဟု မေးလေသည်။

ရှုယီသည် သူမအားခေတ္တကြည့်ပြီးသည့်နောက် လက်ခါပြ၍ "ဘာမဟုတ်တော့ဘူး မေ့လိုက်တော့ ဘာပဲဖြစ်ဖြစ် အဲ့ဒါ လမ်ပူရီရဲ့ ကိစ္စပဲလေ ငါနဲ့မှမဆိုင်တာ"ဟု ဆိုလေသည်။

ဆယ်ဗီနီသည် ပြောမည့်ဟန်ပြင်လိုက်သော်လည်း တစ်လုံးမှ မပြောချေ။

ထို့နောက် ခေတ္တအကြာတွင် သူမသည် ပြုံး၍ "ငါနင့်ကို ဆက်သွယ်လိုက်တာက မှော်တိမ်တိုက်နယ်မြေနဲ့ ပတ်သက်ပြီး အခြေအနေဘယ်လိုရှိလဲ မေးမလို့။ ဟိုမှာ နင်တို့မြတ်တယ်မလား အဲ့ကြောင့် လူခေါ်ဖို့လုပ်နေတာလား"ဟု မေးလေသည်။

Frestech ကုန်သည်ကြီးများအသင်းသည် မှော်တိမ်တိုက်နယ်မြေအား ရှာတွေ့ချိန်မှစ၍ ဖွံ့ဖြိုးတိုးတက်အောင် တစ်ချိန်လုံး လုပ်ဆောင်ခဲ့ကြသည်။

၄င်းတို့သည် ပထမဆုံးလုပ်ဆောင်သူများ ဖြစ်ခဲ့ကြပြီး အခြားကုမ္ပဏီနှင့် တိုင်းပြည်များသည် အစပိုင်းတွင်သာ ပါဝင်ကြလေသည်။

သို့ရာတွင် ထိုတိုက်၏ ခေတ်နောက်ကျမှုနှင့် မှင်စာတို့၏ လွှမ်းမိုးမှုတို့ကြောင့် တိုးတက်ရန် အလွန်ခက်ခဲသဖြင့် Frestech ကုန်သည်ကြီးများအသင်းသည် ရင်းနှီးမြုပ်နှံမှုများကို လျှော့ချခဲ့ပြီး ၄င်းတို့နှင့် အရင်းနှီးဆုံးဖြစ်သည့် လမ်ပူရီတိုင်းပြည်သည်ပင် လွန်ခဲ့သောနှစ်များကတည်းက နှုတ်ထွက်ခဲ့လေသည်။

စိုင်စ်နယ်မြေနှင့် ကီလိုမီတာပေါင်း တစ်သောင်းဝေးသည့်အတွက် စိုက်ပျိုးရန်နှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများစွာရှိလေသည်။

ထို့အပြင် တိုင်းပြည်များသည် စက်မှုလုပ်ငန်းများကို အပြိုင်အဆိုင်လုပ်နေကြသည့်အတွက် အနည်းငယ်နောက်ကျလျှင်ပင် နည်းပညာကွာဟမှုကြောင့် နောက်ကျကျန်ရစ်နိုင်ပြီး လိုက်မမီနိုင်အောင်ပင် ဖြစ်သွားနိုင်သဖြင့် ၄င်းတို့သည် ရင်းနှီးမြုပ်နှံမှုများအား မှော်တိမ်တိုက်နယ်မြေတွင် မသုံးချင်ကြခြင်း ဖြစ်လေသည်။

ယခုအချိန်တွင် မှော်တိမ်တိုက်နယ်မြေသို့ တစ်နှစ်ကြာ သွားခဲ့သော ရှုယီသည် ပြန်လာပြီး လူများစုဆောင်းနေသဖြင့် Frestech ကုန်သည်ကြီးများအသင်းသည် ထိုကိစ္စတွင် တိုးတက်မှုများ ရှိနေသည်မှာ ထင်ရှားလေသည်။

"တိုးတက်မှုလေးတွေတော့ရှိပါတယ်။ ဒါပေမယ့် အောင်မြင်ဖို့ကတော့ လိုသေးတယ်။ အဲ့ဒါကြောင့် လူအင်အားတောင့်မှဖြစ်မယ်။ နင်စိတ်ဝင်စားလို့လား"

"ငါစိတ်ဝင်စားပါတယ်။ ဒါပေမယ့် အခုအချိန်မှာ တိုင်းပြည်နေရာအနှံ့ လူအင်အားလိုနေတာ အဲ့ဒါကြောင့် မှော်တိမ်တိုက်နယ်မြေက ကျွန်တွေခေါ်မလားလို့။ ငါ့မှာပို့ဖို့လူမရှိပါဘူးဟာ အဲ့ကြောင့် အစက ငါမေးတာလေ နင်လူခေါ်လို့ရအောင်များ စစ်ပွဲကို တမင်များစလိုက်တာလားလို့"

"မဟုတ်ပါဘူး ဒါက မမျှော်လင့်ဘဲ ရလိုက်တဲ့ အမြတ်ပါ ဒါကလည်း ငါတို့လိုချင်တဲ့ လူပမာဏကို မရပါဘူး ပြီးတော့ အဲ့လို စစ်ကိုသာ စလိုက်ရင် ကုန်သည်တစ်ယောက်အတွက် ရမယ့် အမြတ်ထက် အရှုံးက ပိုများလိမ့်မယ်။ အဲ့တော့ ဒါကကောင်းသော ရွေးချယ်ခြင်း မဟုတ်ဘူး"

ဆယ်ဗီနီသည် သဘောတူဟန် ခေါင်းညိတ်ပြလေသည်။

စိုင်စ်နယ်မြေမှ လူအများစုသည်လည်း ရှုယီ၏ ရည်ရွယ်ချက်သည် ဤကိစ္စမဖြစ်နိုင်၍ သူစီစဉ်သည်ဟု မထင်ကြပေ။

သူပြောသကဲ့သို့ ဤကိစ္စသည် အနည်းငယ်..တုံးသည်ဟု ဆိုနိုင်သော်လည်း ဤသည်မှာ သူ၏ပုံစံပင် ဖြစ်လေသည်။

သို့ရာတွင် ဆယ်ဗီနီအပါအဝင် အားလုံးသည် ရှုယီ၏ ရည်မှန်းချက်အမှန်ကို ခန့်မှန်းနေကြသည်။

ရှုယီသည် ရည်ရွယ်ချက်မရှိဘဲ လုပ်သည်မဖြစ်နိုင်၍ သူ့တွင် လူအများအခုအချိန် မသိနိုင်သေးသော ပန်းတိုင်းတစ်ခု ရှိပေမည်။

ထိုကိစ္စများကိုတွေးလိုက်မိရင်း အသက်၅၀ရှိပြီဖြစ်သော်လည်း သူမတို့စတွေ့ချိန်ကအတိုင်း နုပျိုနေသေးသော ရှုယီအား ကြည့်လိုက်ရင်း သူမသည် ရင်တစ်ချက်ခုန်မိသွားလေသည်။

အရင်ကသာဆိုလျှင် တိုက်ရိုက်မေးလိုက်နိုင်သည်ဖြစ်သော်လည်း ယခုအချိန်တွင်တော့ မဖြစ်နိုင်တော့ချေ။

"နင်ဒီကိစ္စကို ဘယ်လိုရှင်းမယ် တွေးထားလဲ"ဟု ဆယ်ဗီနီသည် စိတ်ဝင်တစား မေးလေသည်။

"အခုက ဘာမှတော့သိပ်လုပ်လို့ မရသေးဘူး။ မှော်တိမ်တိုက်နယ်မြေမှာရှိတဲ့ ဒေသခံတွေနဲ့ ဖြည်းဖြည်းချင်းစရမှာပေါ့။ နင်သိလား အဲ့မှာ လူဦးရေကမနည်းဘူး အခုတွေ့တာကိုတင် ၅သောင်းလောက်ရှိတယ်။ လူအကုန်လုံးကိုသာ စုနိုင်မယ်ဆိုရင် ၂သန်းလောက်ရှိလောက်တယ်။ ဒါပေမယ့် သူတို့က ဘာမှမသိသေးတော့ အရင်သင်ပေးရဦးမှာပေါ့"ဟု ဖြေလေသည်။

မှော်ဆက်သွယ်ရေးစက်မှ ရှုယီသည် အစီအစဉ်များကို ဆယ်ဗီနီအား ရှင်းပြလေသည်။

ရှုယီေပြာသည်များကို နားထောင်နေရင်း သူမသည် အရင်ကိစ္စများအား ပြန်လည်တွေးမိလေသည်။

လွန်ခဲ့သောနှစ်ပေါင်း၃၀ခန့်က သူမသည် ယခုကဲ့သို့ ရှုယီနှင့် အစီအစဉ်များကို ဆွေးနွေး၍ Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် အံ့ဖွယ်အပြောင်းအလဲတစ်ခုလုပ်တိုင်း လမ်ပူရီတိုင်းပြည်က ပါဝင်ခဲ့ပြီး အကျိုးအမြတ်ရခဲ့သည်သာဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင် သူမသည် နားထောင်ရုံသာ တတ်နိုင်၍ ပါဝင်နိုင်းခြင်း မရှိတော့ချေ။

အဘယ့်ကြောင့်ဆိုသော် ရှုယီ၏ အစီအစဉ်ထဲတွင် လမ်ပူရီသည် မပါသောကြောင့် ဖြစ်လေသည်။

ထို့အပြင် သူ၏အစီအစဉ်ထဲတွင် စိုင်စ်နယ်မြေအတွင်းရှိ တိုင်းပြည်အားလုံး မပါဝင်ချေ။

ဤကိစ္စအား တွေးလိုက်မိချိန်တွင် ဆယ်ဗီနီသည် တုန်လှုပ်သွားလေသည်။

ရှုယီအနေဖြင့် ဤမျှကြီးမားသော ကိစ္စအား စီစဉ်နေသော်လည်း မည့်သည့်တိုင်းပြည်ကိုမှ ပါဝင်စေခြင်းမရှိပေ။

ဤသည်မှာ သူတစ်ယောက်တည်း မှော်တိမ်တိုက်နယ်မြေအား တိုးတက်အောင် လုပ်ချင်သည်လော သို့မဟုတ် ထိုနေရာအား သူ့အပိုင်မြေအဖြစ် သတ်မှတ်ထားခြင်းလော။

ဖြစ်နိုင်ချေများကို စဉ်းစားမိလိုက်ချိန်တွင် ဆယ်ဗီနီသည် အန္တရာယ်အငွေ့အသက်အား ခံစားမိလိုက်သည်။

သို့သော် ထိုခံစားမှုသည် ခါးသက်သော အပြုံးအဖြစ် ပြောင်းလဲသွားလေသည်။

ရှုယီ၏ ရပ်တည်ချက်အမှန်ကို သိရလျှင် မည်သို့ဖြစ်မည်နည်း။

ယခုအချိန်တွင် သူမ၏ လမ်ပူရီတိုင်းပြည်မဆိုထားနှင့် အင်ပါယာနှစ်ခုပင် မည်သည်မျှ မလုပ်နိုင်ကြချေ။

သို့မဟုတ် သူတို့အနေဖြင့် ရှုယီအား ထိုသို့လုပ်ရန် မျှော်လင့်နေကြသည်လား။

Frestech ကုန်သည်ကြီးများအသင်းနှင့် ရှုယီအနေဖြင့် မှော်တိမ်တိုက်နယ်မြေကိုသာ အာရုံစိုက်ပါက စိုင်စ်နယ်မြေရှိ နိုင်ငံအများစုအတွက် ကောင်းခြင်းဖြစ်နိုင်သည်။

ရှုယီသည် တစ်နာရီဝန်းကျင်လောက်အထိ Frestech ကုန်သည်ကြီးများအသင်း၏ အစီအစဉ်များကို မပြောသော်လည်း မှော်တိမ်တိုက်နယ်မြေ၏ ဒေသခံ ဖောက်သည်များနှင့် အခြေအနေများကိုသာ ပြောပြသည်ဖြစ်ရာ ဤသည်မှာ စကားစမြည်ပြောသည်ဟု ဆိုနိုင်လေသည်။

အရိုးသားဆုံးပြောရလျှင် ဤတစ်ကြိမ်သည် မှောက်ဆက်သွယ်ရေးကွန်ယက် စတင်ကတည်းက သူတို့နှစ်ယောက် ပြောဖူးသမျှထဲတွင် အကြာဆုံးဖြစ်လေသည်။

သို့သော် ဖုန်းချလိုက်ချိန်၌ ဆယ်ဗီနီ၏ မျက်နှာတွင် အပြုံးမရှိချေ။

အရင်ကဆိုလျှင် အရေးကြီးသည်များသာ ပြောကြ၍ သိပ်မကြာပေ။

စကားစမြည်ပြောလျှင်လည်း အလုပ်အကြောင်းမဟုတ်ဘဲ နေ့စဉ်ဘဝအကြောင်းသာဖြစ်၍ မကြာပေ။

ယခုအကြိမ်တွင် တစ်နာရီကျော်ကြာအောင် စကားပြောကြ၍ ဆက်ဆံရေး အဆင်ပြေသည်ဟု ထင်မှတ်ရသော်လည်း တစ်ကယ်တမ်းတွင်......

ဆယ်ဗီနီသည် မဲ့ပြုံး ပြုံး၍ သက်ပြင်းချလိုက်ပြီး ခေါင်းခါမိလေသည်။ သူမနောက်သို့ လှည့်လိုက်ချိန်တွင် သူမ၏ညင်သာသော အပြုံးသည် ခံ့ညားသော အပြုံးအဖြစ်ပြောင်းသွားလေသည်။

"ဥက္ကဌရှုနဲ့ စကားပြောပြီးသွားပါပြီလား အမေ"

မင်းသားရေမွန်သည် သူမ၏နောက်တွင် ဘယ်အချိန်ကတည်းကမှန်းမသိ ရောက်နေလေသည်။

ဆယ်ဗီနီသည် ခေါင်းညိတ်ပြလိုက်သည်။

"အင်ပါယာနှစ်ခုကို ဆက်သွယ်လိုက်ပြီးတော့ Frestech ကုန်သည်ကြီးများအသင်းအတွက် စိုးရိမ်စရာမလိုဘူးလို့ ပြောလိုက်"

ရေမွန်သည် အမိန့်အားနာခံ၍ မထွက်သွားခင် သူမအား လေးနက်စွာကြည့်မိလိုက်သည်။

သူထွက်သွားသည်နှင့် ဆယ်ဗီနီသည် လက်ထဲမှ မှော်ဆက်သွယ်ရေးစက်ကို ကြည့်ပြီး စိတ်ရှုပ်ထွေးလာကာ သက်ပြင်းချမိလေသည်။

***

Volume 8, အပိုင်း ၆၅ ။ မှော်စစ်လက်နက်များဖြန့်ချီမှု ကန့်သတ်ရေး စာချုပ်

ရှုယီပြန်လာသည့်အတွက် မာနာမှော်တိုင်းပြည်တိုင်းပြည်အပေါ် ကန်ဒရာအင်ပါယာ၏ တိုက်ခိုက်မှုများသည် ရပ်လုနီးဖြစ်သွားလေသည်။ မာနာမှော်တိုင်းပြည်ဘက်မှလည်း တန်ပြန်တိုက်စစ်မဆင်ခဲ့ပေ။ နှစ်ဖက်စလုံးသည် စစ်ပွဲအားရပ်ရန် ရွေးခဲ့ကြလေသည်။

သို့ရာတွင် သူတို့အနေဖြင့် ရှုယီ၏ တုံ့ပြန်မှုကို စောင့်နေမှန်း အားလုံးသိကြလေသည်။

ရှုယီသည် စိုင်စ်နယ်မြေသို့ နှစ်ဝက်ကြာပြန်နေခဲ့သော်လည်း ဤကိစ္စတွင် မည်သည့်သဘောထားကိုမှ မပြချေ။

Frestech ကုန်သည်ကြီးများအသင်း၏ သတင်းဌာနသည်လည်း ကိုယ့်ကိစ္စကိုသာ အာရုံစိုက်၍ စစ်ပွဲအတွင်းဝင်မပါချေ။

ဤထူးဆန်းသော ငြိမ်းချမ်းရေးသည် အချိန်အတော်ကြာခဲ့ပြီး အများအနေဖြင့်လည်း ကန်ဒရာသည် ရှုယီကို ထည့်တွက်ရသောကြောင့် စစ်ပြေငြိမ်းရန် ကမ်းလှမ်းလိမ့်မည်ဟု ထင်ထားသော်လည်း ၄င်းတို့အနေဖြင့် မာနာမှော်တိုင်းပြည်တိုင်းပြည်ကို ဆက်လက်တိုက်ခိုက်ခဲ့ပြီး နယ်မြေများ ရခဲ့လေသည်။

ကန်ဒရာ၏ လုပ်ရပ်ကြောင့် လူအများ အံ့အားသင့်ခဲ့ကြရသည်။

ကန်ဒရာအနေဖြင့် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ကန့်ကွက်မှုကို မကြောက်တော့ကြောင့်လား။

သို့သော် Frestech ကုန်သည်ကြီးများအသင်းသည် သူတို့နှင့် မဆိုင်သ၍ မပါတတ်ချေ။

ရှုယီသည်လည်း လူအများရှေ့တွင် မပေါ်လာတတ်သဖြင့် သူ၏အတွေးမည်သို့ရှိမည်ကို မသိနိုင်ကြချေ။

ထို့ကြောင့် ကန်ဒရာသည် ဆက်လက်တိုက်ခိုက်ခဲ့ပြီး နှစ်အကြာတွင် မာနာမှော်တိုင်းပြည်ဘက်မှ မတောင့်ခံနိုင်တော့သဖြင့် အညံ့ခံခဲ့လေသည်။

ကန်ဒရာသည် အင်အားကြီးသည်မှန်သော်လည်း မာနာမှော်တိုင်းပြည်ကဲ့သို့ တိုင်းပြည်ကြီးအား သိမ်းပိုက်ရန်မှာ မလွယ်ပေ။

မာနာမှော်တိုင်းပြည်တိုင်းပြည်အနေဖြင့် ကန်ဒရာ၏ တောင်ူဆိုမှုများကို လိုက်လျော၍ ငြိမ်းချမ်းရေးစာချုပ်အား ချုပ်ဆိုရန်သာရှိတော့သည်။

မည်သည်ကမှ စာချုပ်ပါအချက်အလက်များအကြောင်း အသေအချာမသိသော်လည်း ကန်ဒရာ၏ သတင်းဌာနထုတ်ပြန်ချက်အရ မာနာမှော်တိုင်းပြည်အနေဖြင့် ငွေအမြောက်ပေးရသည်ကို ခန့်မှန်းနိုင်လေသည်။

အရေးအကြီးဆုံးအချက်မှာ မာနာမှော်တိုင်းပြည်အနေဖြင့် သူ၏မြောက်ဘက်နယ်စပ်များတွင် ကန်ဒရာ၏ မြို့စောင့်တပ်များအား ချပေးထားရန်ဖြစ်လေသည်။

ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် မာနာမှော်တိုင်းပြည်သည် များစွာထိခိုက်ထားသည်ကို သိနိုင်လေသည်။

အခြားကိစ္စများထက် အရင်းအမြစ်များကို ကန်ဒရာသို့ လုပ်ပိုင်ခွင့်ပေးလိုက်ရခြင်းသည် အဖိုးပင်မဖြတ်နိုင်ပေ။

သို့ရာတွင် လူအများအား အံ့အားသင့်စေသည်မှာ ထိုငြိမ်းချမ်းရေးစာချုပ်တွင် လမ်ပူရီတိုင်းပြည်ပါလာခြင်း ဖြစ်ပေသည်။

မာနာမှော်တိုင်းပြည်၏ အရင်းအမြစ်များကို ကန်ဒရာအင်ပါယာကိုသာမက လမ်ပူရီတိုင်းပြည်ကိုပါ ပေးရလေသည်။

ဤသတင်းပျံ့နှံ့သွားသောအခါ လူအများသည် ရှော့ခ်ရကုန်ကြသည်။

အဘယ့်ကြောင့် လမ်ပူရီသည် ပါလာရသနည်း။

လမ်ပူရီက မာနာမှော်တိုင်းပြည်ကို တိုက်ခိုက်ရာတွင် ကန်ဒရာကို နောက်ကွယ်ကနေ ကူညီပေးနေခြင်းလား။

ထိုသို့မဟုတ်လျှင် ကန်ဒရာကဲ့သို့ အင်အားကြီး အင်ပါယာတစ်ခုအနေဖြင့် ထိုအခွင့်အရေးအား ပေးမည်မဟုတ်ချေ။

သို့ရာတွင် တစ်ကယ့်ရှော့ခ်ရစရာကိစ္စသည် ဤကိစ္စပြီးနောက်တွင် ဖြစ်လေသည်။

ကန်ဒရာနှင့် မာနာမှော်တိုင်းပြည်တို့သည် ငြိမ်းချမ်းရေးစာချုပ်တွင် လက်မှတ်ထိုးလိုက်ပြီး ၁၁နှစ်ကြာအောင် ငြိမ်းချမ်းနေပြီးနောက် ဖြစ်ပွားသော ဤစစ်ပွဲသည် ပြီးဆုံးသွားပြီဟု ကြေညာလေသည်။ သို့ရာတွင် ဤကိစ္စသည် စိုင်စ်နယ်မြေအတွက် ကြီးမားသော အပြောင်းအလဲ ဖြစ်စေခဲ့လေသည်။

၃၈၁၆၊ မေလလယ်တွင် ကန်ဒရာ, မားလိုနှင့် လမ်ပူရီတို့သည် သည် မနှစ်က ဒိတ်ကုန်သွားပြီး ငြိမ်းချမ်းရေးအား ဆက်လက်ထိန်းလိုပါက Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌ ရှုယီေပြာသကဲ့သို့ ညှိနှိုင်းမှုများ ပြန်လုပ်ရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဇွန်လအစတွင် ကန်ဒရာ၏ မြို့တော် ဝင်ဘဲလ်ဒန်သို့ ရာနှင့်ချီသောတိုင်းပြည်များမှ ကိုယ်စားလှယ်များကို ထို၃နိုင်ငံက ဖိတ်ခေါ်လေသည်။ သူတို့အနေဖြင့် ကန်ဒရာမှ စိုင်စ်နယ်မြေ၏ အနာဂတ် ငြိမ်းချမ်းရေးအား ဆွေးနွေးရန် ဦးစီးကျင်းပသော အား ပါဝင်ရမည်ဖြစ်သည်။

နှစ်ဆယ့်ခြောက်ရက်ကြာ ဆွေးနွေးပြီးသည့်နောက်တွင် ကန်ဒရာ, မားလိုနှင့် လမ်ပူရီတို့မှ တင်သွင်းသော မှော်လက်နက်ဖြန့်ချီရေးကန့်သတ်ချက်အဆိုအား နိုင်ငံအများစုက ထောက်ခံခဲ့ကြသည်။

လာရောက်ခဲ့သော ကိုယ်စားလှယ် ၁၇၀တွင် အယောက် ၂၀က ငြင်းဆိုပြီး ၂၆ယောက်မှ ကြားနေလျှက် ကျန်၇၉ယောက်သည် သဘောတူလက်မှတ်ရေးထိုးခဲ့လေသည်။

ဤစာချုပ်သည် စိုင်စ်နယ်မြေတစ်ခုလုံးမှ လွန်ခဲ့သော၁၂နှစ်က Frestech ကုန်သည်ကြီးများအသင်းဦးဆောင်ခဲ့သည့် နှင့် တို့အပြင် သဘောတူသော စာချုပ်ဖြစ်လေသည်။

ဤစာချုပ်သည် စိုင်စ်နယ်မြေအတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းရန် မှော်စစ်လက်နက်များ ကန့်သတ်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် လက်မှတ်ရေးထိုးပြီးသည့်နေ့မှစ၍ တိုင်းပြည်များသည် မှော်စစ်လက်နက် နည်းပညာများအား လွတ်လပ်စွာ ဖလှယ်ခွင့်မရှိတော့ဘဲ စမ်းသပ်မှုများ ပြုလုပ်လျှင်လည်း သိုသိပ်စွာ လုပ်ဆောင်ရလေသည်။

အကယ်၍ စာချုပ်အား ချိုးဖောက်ပါက အခြားတိုင်းပြည်များ၏ အရေးယူ အပြစ်ပေးမှုကို ခံရမည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ စာချုပ်သည် လက်နက်စမ်းသပ်မှုအား လုံးဝတားမြစ်ထားသည်ဖြစ်သဖြင့် ဤစာချုပ်မှာ ပို၍အခွင့်ပေးထားမှန်း သိသာလေသည်။

စာချုပ်အသစ်သည် လက်နက်စမ်းသပ်မှုနှင့် လက်နက်နည်းပညာ ဖလှယ်မှုကို လုံးဝတားမြစ်ထားသည်မဟုတ်၍ အရင်ထက်စာလျှင် ပိုသက်ညှာသည်ဟု ပြောနိုင်သည်။

သို့ရာတွင် ဤစာချုပ်အား ထိန်းချုပ်ထားသူမှာ အင်ပါယာနှစ်ခုဖြစ်၍ လမ်ပူရီ, ရူဒ်ဆန်နှင့် နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံတို့မှာ လက်နက်နည်းပညာအများဆုံးရှိသူများဖြစ်ကြ၍ တိုင်းပြည်ငယ်လေးများမှာ လိုက်နာရုံမှတစ်ပါး ခုခံရန်မတတ်နိုင်ပေ။

ငြင်းဆိုပါက အခြားလက်မှတ်မထိုးခဲ့သော တိုင်းပြည်များကဲ့သို့ ဖြစ်သွားမည်သာဖြစ်သည်။

ဂျူလိုင်လအစတွင် စာချုပ်အားလက်မှတ် ရေးထိုးခဲ့သော တိုင်းပြည်များမှ လက်မှတ်မရေးထိုးသည့် တိုင်းပြည်၁၂အခုအား စီးပွားရေးလုပ်ဆောင်မှုများ ပိတ်ပင်ကြောင်းနှင့် ထိုနိုင်ငံမှ လူများအား အခြားတိုင်းပြည်များကို ဝင်ရောက်ခွင့် ကန့်သတ်ကြောင်းကို ကြေညာခဲ့လေသည်။

ထိုသတင်းသည် စိုင်စ်နယ်မြေတစ်ခုလုံးအား လှုပ်ခတ်သွားစေခဲ့သည်။

သတင်းစာများသည်လည်း ဤကိစ္စအား ခေါင်းကြီးပိုင်းသတင်းအဖြစ် ထည့်သွင်းဖော်ပြကြသည်။

ထိုအရာသည် လက်မှတ်ထိုးခဲ့သော ၇၉နိုင်ငံ သို့မဟုတ် အင်ပါယာနှစ်ခုနှင့် အခြားအင်အားကြီးနိုင်ငံများမှ သူတို့၏ လုပ်နိုင်စွမ်းကို ပြလိုက်ခြင်းဖြစ်ပေသည်။

အင်ပါယာနှစ်ခုနှင့် လမ်ပူရီတိုင်းပြည်တို့သည် သူတို့၏စာချုပ်အား ဝင်မရှုပ်စေရန် လုပ်ဆောင်မည်ဖြစ်သည်။

တိကျသော သတင်းစာများ၏ သုံးသပ်ချက်အရ ဤကိစ္စတွင် နောက်ကွယ်က လေးနက်သော အကြောင်းအရင်းများ ရှိနေနိုင်ပေသေးသည်။

၄င်းတို့အနေဖြင့် ဤစာချုပ်ကို အသုံးချ၍ ဖန်တီးထားသောဂိမ်းအား ဖိအားပေးကစားစေခြင်း ဖြစ်လေသည်။

၄င်းတို့ကဲ့သို့ မှော်လက်နက်အင်အား တောင့်တင်းသော နိုင်ငံများအနေဖြင့် အခြားနိုင်ငံများ ပို၍အင်အားကောင်းလာပြီး သာလွန်သွားမည်ကို မလိုလားသောကြောင့်မှန်း သိသာေလသည်။

ထို့ကြောင့်ပင် အခြားတိုင်းပြည်များအနေဖြင့် တိုးတက်လာခြင်းမရှိတော့ဘဲ ၄င်းတို့နှင့် ယှဉ်နိုင်မည်မဟုတ်တော့ဘဲ ငြင်းဆိုနိုင်မည်မဟုတ်တော့ပေ။

အံ့ဖွယ်ရာကိစ္စရပ်သာမဖြစ်လျှင် စစ်အင်အားတောင့်တင်းသော အင်ပါယာနှင့် တိုင်းပြည်အချို့သာ အာဏာဆုပ်ကိုင်ထား၍ အခြားတိုင်းပြည်များမှာ လိုက်နာရမည်သာ ဖြစ်သည်။

၄င်းတို့မလိုက်နာလျှင် မည်သို့ဖြစ်မည်နည်း။

၄င်းတို့အနေဖြင့် စစ်လက်နက်ကန့်သတ်ရေးစာချုပ်အား လက်မှတ်ထိုးထားသော်လည်း အား လက်မှတ်ထိုးမထားသောကြောင့် အချိန်မရွေး စစ်ပွဲစလိုက်နိုင်လေသည်။

မည်သူက ဤအချက်ကို မသိဘဲနေပါမည်နည်း။

အစတွင် ကန့်ကွက်သည့် တိုင်းပြည်များမှာ ၁၂နိုင်ငံထက်မကသော်လည်း နောက်ဆုံးတွင် အင်ပါယာနှစ်ခုနှင့် အခြားတိုင်းပြည်များ၏ အင်အားကို ကြောက်သောကြောင့် လက်မှတ်ထိုးလိုက်ရခြင်းဖြစ်သည်။

အချို့လူများအနေဖြင့် သံသယရှိနေလေသည်။

ယခုကဲ့သို့ စိုင်စ်နယ်မြေအား အင်ပါယာနှစ်ခုနှင့် လမ်ပူရီတို့မှ လွှမ်းမိုးရန်ကြိုးပမ်းနေခြင်းကို လက်ရှိအင်အားအကြီးဆုံးဖြစ်သော Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် ကန့်ကွက်သင့်သည်မဟုတ်လား။

အကယ်၍ ၄င်းတို့ကသာ ကန့်ကွက်ပါက ဤစာချုပ်မှာ လျှောက်ခြစ်ထားသော စာရွက်တစ်ခုမျှသာဖြစ်လေသည်။

သို့သော် ၄င်းတို့အနေဖြင့် ပိုအရေးကြီးသော ကိစ္စရှိနေသည်ဖြစ်ရာ ဤကိစ္စအား အရေးမစိုက်ပေ။

ထိုအေရးကြီးကိစ္စမှာ ဖရီယာ၏ ၂၅နှစ်ပြည့် မွေးနေ့ဖြစ်ပေသည်။

***

Volume 8, အပိုင်း ၆၆ ။ ဥက္ကဌနေရာအား လွှဲပြောင်းခြင်း

"ဒီကိစ္စကို ဆုံးဖြတ်ပြီးပြီလား ဖရီယာ"ဟု ရှုယီက လေးနက်သော မျက်နှာဖြင့် မေးလေသည်။

ဖရီယာသည်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ လေးနက်သောမျက်နှာဖြင့် ပြန်ဖြေလေသည်။

"ဟုတ်ကဲ့ သမီးဆုံးဖြတ်ပြီးပါပြီ အဖေ"

"သမီးဘယ်လိုဆုံးဖြတ်ထားလဲ"

ဖရီယာသည် အသက်ပြင်းပြင်းရှူလိုက်ရင်း အပူအပန်တကြီး ကြည့်နေကြသော စတေးလ်၊ အက်ဂ်နက်စ်နှင့် အခြားသူများအား ကြည့်လိုက်ပြီး သူမအား အေးဆေးစွာ ကြည့်နေသော ရှုယီဘက်သို့ ပြန်လှည့်လိုက်ရင်း "သမီး Frestech ကုန်သည်ကြီးများအသင်းကို ဦးစီးပါ့မယ်"ဟု ဖြေလေသည်။

သူမပြောပြီးချိန်တွင် အားလုံးမှာ စိတ်အေးသွားကြလေသည်။

ဖရီယာအနေဖြင့် ရှုယီ၏ နေရာအားယူ၍ Frestech ကုန်သည်ကြီးများအသင်းကို ဦးဆောင်မည်ဟု မှန်းထားသော်လည်း ရှုယီက သူမ၂၅နှစ်ပြည့်သည်ထိစောင့်ပြီး ကိုယ်ပိုင်ရွေးချယ်ခွင့် ပေးထားခဲ့သည်။

ထို့ကြောင့် လူအများစိတ်ပူခဲ့ကြခြင်းဖြစ်သည်။

သူတို့စိတ်ပူသည်မှာ ဖရီယာအတွက်မဟုတ်ဘဲ Frestech ကုန်သည်ကြီးများအသင်းအတွက်သာ ဖြစ်ပေသည်။

ဖရီယာသည် ထိုနေရာအား မဆက်ခံလိုပါက ရှုယီသည် ထိုက်တန်သော ဆက်ခံသူအား မည်သို့ရှာရပါမည်နည်း။

ရှုယီသည် အတော်ကြာ လေ့လာခဲ့ပြီးမှ ဖရီယာအား သူ၏ဆက်ခံသူအဖြစ် အရည်အချင်းရှိသည်ဟု သတ်မှတ်သဖြင့် ရွေးခဲ့ခြင်းဖြစ်သည်။

စတေးလ်နှင့်ရသော သူ၏သားအငယ်ပင်လျှင် ဆက်ခံရန် အရည်အချင်းမပြည့်မီသေးပေ။

ထို့ကြောင့် ဖရီယာသာ မဆက်ခံပါက နောက်တက်မည့် ဥက္ကဌမှာ သူ့၏မိသားစုထဲမှ မဖြစ်နိုင်တော့ပေ။

ရှုယီသည် Frestech ကုန်သည်ကြီးများအသင်းအတွက် အဓိကနေရာမှ ပါဝင်နေဦးမည်ဖြစ်သော်လည်း လူအများသည် စိုးရိမ်မိဆဲဖြစ်သည်။

ထို့ကြောင့် ဖရီယာဆက်ခံလိုက်ခြင်းအား လူအများစုသည် ပျော်ရွှင်ကြခြင်းဖြစ်ပေသည်။

သို့ရာတွင် ဤအဖြေအား ကြားလိုက်ပြီးနောက်တွင် မပျော်သူမှာ ရှုယီဖြစ်လေသည်။

"ဖရီယာ သမီးသေချာပြီလား။ ဒီကိစ္စက သမီးရဲ့ကိုယ်ပိုင်အဆုံးအဖြတ်လား"

ဖရီယာသည် လှပစွာပြုံးပြလိုက်ရင်း "အဖေဘာတွေးနေလဲ သမီးသိပါတယ်။ ဒီကိစ္စက ဘယ်သူ့ဖိအားပေးမှုမှ မပါပါဘူး။ သမီးကိုယ်တိုင် ဆုံးဖြတ်ထားတာပါ။ အမေတောင်...."ဟုဆိုလျှက် စတေးလ်ဆီသို့လျှောက်သွားပြီး သူမ၏လက်အားကိုင်လိုက်လေသည်။

"အမေက ဒီကိစ္စကို ဘာမှမပြောပါဘူး။ သမီးကို ပျော်သလိုပဲနေစေချင်တယ်လို့တောင် ပြောခဲ့တာ"

စတေးလ်သည် နတ်သူငယ်များ၏ လျှို့ဝှက်နည်းလမ်းများကြောင့် အသက်၅၀ကျော်ပြီဖြစ်သော်လည်း ရုပ်ရည်မှာ အသက်၂၀လို့သာထင်ရသည့်အတွက် ဖရီယာနှင့် ယှဉ်ရပ်ပါက အမေဆိုသည်ထက် အစ်မနှင့်ပင် တူလေသည်။

ဖရီယာ၏ စကားကိုကြားသည်နှင့် စတေးလ်သည် သက်ပြင်းချလိုက်ရင်း "ရှင်က အမြဲ Frestech ကုန်သည်ကြီးများအသင်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေတတ်တော့ ကျွန်မတို့နဲ့ အချိန်သိပ်မဖြုန်းဖြစ်ဘူးလေ။ အဲ့ကြောင့် ရှင့်လို အလုပ်ဇောကပ်ပြီး အနားမှာရှိတဲ့သူတွေကို မေ့သွားတာမျိုးတော့ မဖြစ်စေချင်ဘူး ရှုယီ"ဟု ဆိုလေသည်။

ရှုယီသည် မျက်လုံးများ ဝေ့လိုက်ပြီး စိတ်ထဲတွင် ကြိတ်ပြီး ဇောတက တက်နေမိသည်။

အလုပ်ရှုပ်သည့်အကြောင်းကို ဆွေးနွေးရမည်ဆိုလျှင် New Moon ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ စတေးလ်သည်လည်း Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ရှုယီထက် အလုပ်ရှုပ်သေးပေသည်။

New Moon ကုန်သည်ကြီးများအသင်းဖွဲ့စည်းကစတွင် လုပ်စရာများ များနေသဖြင့် စတေးလ်အိမ်၌ရှိချိန်မှာ ရှုယီထက် နည်းပေသည်။

ယခုလို စတေးလ်သည် သူ့အား မိသားစုကို အချိန်သိပ်မပေးသည်ဟု ပြောသည်ကို စိတ်ထဲတွင် လက်မခံနိုင်ဖြစ်နေလေသည်။

သူသည် ဤကိစ္စအား တွေးနေသည့် တစ်ပြိုင်နက် ဖရီယာ၏ ကိစ္စကိုလည်း တွေးနေမိသည်။

"သမီးက အမြဲလွတ်လွတ်လပ်လပ် နေချင်တယ်ပြောတော့ သမီးငြင်းလိမ့်မယ်ထင်နေတာ ဖရီယာ။ ဒီနေရာက ဘယ်လောက်တာဝန်ကြီးမှန်းသိတယ်မလား။"

ဖရီယာသည် ရယ်လျှက် ရှုယီ၏ လက်မောင်းအား လွှဲနေလေသည်။

"သမီးက ပြီးခဲ့တဲ့နှစ်တွေတုန်းက ဘာမှမလုပ်ဘဲနေတယ် ထင်လို့လား။ သမီးသိပါတယ် ဥက္ကဌတစ်ယောက်ရဲ့ တာဝန်တွေက ကြီးလေးမှန်း သမီးသေချာတွေးပြီးပါပြီ။ ငယ်တုန်းမှာ သေချာမကြိုးစားရင် ကြီးလာရင် နောင်တရနိုင်တယ်လေ အဲ့ကြောင့်ပါ အဖေရဲ့"

"ဒါဆိုသမီးက ဒါကိုစိန်ခေါ်မှုလို့ မြင်နေတာပေါ့လေ"

"အင်း...အခုထိပေါ့လေ"

ဖရီယာသည် ရှုယီ၏ ဂုဏ်ယူကျေနပ်နေသော မျက်လုံးများအား ကြည့်လိုက်ရင်း "Frestech ကုန်သည်ကြီးများအသင်း ဒီလိုအင်အားကြီးလာတာက အဖေ့ရဲ့ဦးဆောင်မှုကြောင့်ပဲ။ အဲ့တော့ အဖေက အကောင်းဆုံးခေါင်းဆောင်လို့ ပြောလို့ရတယ်။ သမီးရဲ့ရည်မှန်းချက်က အဖေ့ထက်သာဖို့ပဲ"ဟု ပြောလေသည်။

ရှုယီသည် ရယ်လိုက်ပြီး "အရမ်းကောင်းတယ် ရည်မှန်းချက်ရှိတာက"ပြောလေသည်။

သူသည် ဖရီယာ၏ ပခုံးအားကိုင်၍ စင်အောက်ရှိလူများနှင့် မျက်နှာချင်းဆိုင်စေရန် လှည့်လိုက်ပြီး "အားလုံးပဲ ကျွန်တော်ဒီနေ့ကစပြီး Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌအဖြစ်ကနေ နှုတ်ထွက်လိုက်ပြီး ဖရီယာက ယာယီတာဝန်ယူပေးပါလိမ့်မယ်။ ကန့်ကွက်လိုသူများရှိပါသလား"ဟု အသံကျယ်၍ မေးလိုက်သည်။

ကန့်ကွက်သူမရှိပေ။

"ကောင်းပြီ ဒါဆိုရင် ဒီနေ့ကစပြီး ဖရီယာက ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ပါလိမ့်မယ်"

ခဏတိတ်ဆိတ်သွားပြီးသည့်နောက်တွင် Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်စခန်း၌ ချီးမြှောက်သံများ ကြားလိုက်ရသည်။

မှော်ကင်မရာမှ အပြာရောင်အလင်းများသည် လင်းလာပြီး တစ်ပုံပြီးတစ်ပုံ ရိုက်ကြလေသည်။

၂ရက်မကျော်ခင်မှာပင် သတင်းသည် စိုင်စ်နယ်မြေတစ်ခုလုံး ပျံ့နှံသွားလေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌ ပြောင်းလဲခြင်းသည် အင်ပါယာနှစ်ခု၏ အုပ်ချုပ်သူပြောင်းသည်ထက်ပင် ပိုအရေးကြီးလေသည်။

ထိုသတင်း ပျံ့နှံ့သွားပြီး ဖရီယာအနေဖြင့် ဥက္ကဌယူလိုက်ခြင်းအား မည်သူမှ မအံ့သြပေ။

Frestech ကုန်သည်ကြီးများအသင်းတွင် ဖရီယာအလုပ်စလုပ်သည့် အချိန်ကတည်းကပင် သတင်းများပျံ့နှံ့နေပြီး ရှုယီေနရာအား ဆက်ခံမည့်သူမှာ သူမတစ်ယောက်သာရှိသည့်အတွက် ထိုကိစ္စအား မအံ့သြကြခြင်းဖြစ်ပေသည်။

လူအများစိတ်ဝင်စားကြသည်မှာ အနားယူသွားပြီးနောက် ရှုယီမည်သို့ဆက်လုပ်မည်ကိုပင်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းအပေါ် သူ၏လွှမ်းမိုးမှုရှိနေဦးမည်မှာ သေချာသော်လည်း အရင်ကလောက် မရှိနိုင်ချေ။

ထို့ကြောင့် ဖရီယာ ဥက္ကဌနေရာအား ဆက်ခံလိုက်ခြင်းသည် သူ့အတွက် ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေပေသည်။

ကောင်းကျိုးမှာ Frestech ကုန်သည်ကြီးများအသင်း၏ အုပ်ချုပ်သူမှာ သူ၏သမီးဖြစ်နေသည့်အတွက် သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသည်ဟု ဆိုနိုင်သည်။

ဆိုးကျိုးအနေဖြင့် ဖရီယာသည် သူ့သမီးဖြစ်သည့်အပြင် ဤနေရာအား သူကိုယ်တိုင်ပေးထားသည်ဖြစ်သဖြင့် ဆုံးဖြတ်ချက်များအား ဝင်ပါရန် သိပ်မလွယ်ပေ။

ထို့ကြောင့် ဖရီယာသည် သူမ၏စွမ်းရည်များကို အသုံးချနိုင်ရန် ရှုယီအနေဖြင့် ဆုံးဖြတ်မှုများ လျှော့ရမည်ဖြစ်လေသည်။

ထို့ကြောင့် သူမည်သို့လုပ်သင့်သနည်း။

သူသည်လည်း အားလုံးစိတ်ဝင်စားနေကြသော ကိစ္စအား ရှင်းလင်းခဲ့ပြီး ကြာကြာစောင့်ဆိုင်းခိုင်းခြင်း မပြုခဲ့ပေ။

သူသည် အနားယူလိုက်ချိန်မှစပြီး လူမြင်ကွင်းမှ ၂လလောက် ပျောက်သွားကာ ကန်ဒရာ၏ မြို့တော် ဝင်ဘဲလ်ဒန်တွင် ကျင်းပသော နှစ်ပတ်လည်မှော်စက်မှုလုပ်ငန်းဆွေးနွေးပွဲတွင် ပြန်ပေါ်လာလေသည်။

သူသည် Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌဖြစ်သည့်အတွက် ဤပွဲကို တက်ရောက်သည်မှာ ပုံမှန်ဖြစ်သော်လည်း ယခုအချိန်တွင် သူအနားယူလိုက်ပြီး သူ၏နာမည်ဖြင့် ပါဝင်လာသည့် ပထမဆုံး အကြိမ်ဖြစ်သည့်အတွက် သူ့အား လူအများက စိတ်ဝင်တစားရှိနေကြသည်။

သူသည် ဆွေးနွေးပွဲတစ်လျှောက် Frestech ကုန်သည်ကြီးများအသင်းကိစ္စနှင့် ပတ်သက်၍ တစ်ခွန်းမှမဟသည့်အပြင် မေးလာလျှင်တောင် စကားလမ်းကြောင်းလွှဲလိုက်လေသည်။

အခြားသူများအနေဖြင့် ဆွေးနွေးသင့်သည်ဟု ထင်ကြသော်လည်း.....

Frestech ကုန်သည်ကြီးများအသင်းကြောင့် မဟုတ်လျှင်ပင် ရှုယီသည် ဤနေရာအား လာနိုင်လေသည်။

သူသည်ယခုအခါတွင် အရင်အခေါက်များထက် များစွာတက်ကြွနေပေသည်။

ထိုဆွေးနွေးပွဲတွင် သူသည် လူသားအကျိုးပြု စွန့်ဦးတီထွင်မှုများကို အဖွဲ့အနေဖြင့် ဆုချသင့်ကြောင်း အဆိုတင်သွင်းလေသည်။

မည်သူမဆို ထိုသို့တီထွင်နိုင်ပါက အဖွဲ့မှ ကြီးမားသော ဆုလာဘ်များပေးမည်ဖြစ်သည်။

တီထွင်နိုင်ကြောင်း အထောက်အထားပြနိုင်ရုံနှင့်ပင် ဆုရရှိနိုင်လေသည်။

အစပိုင်းတွင် အားလုံးသည် ဝေခွဲမရဖြစ်သွားကြသည်။

ယခုအခါတွင် တိုင်းပြည်အားလုံးသည် နည်းပညာအသစ်များ တီထွင်ဖန်တီးမှုများကို အားပေးနေသည်ဖြစ်ရာ ကောင်းမွန်ပါက ရင်းနှီးမြုပ်နှံကြမည်ဖြစ်သဖြင့် သူယခုလိုလုပ်ရခြင်းကို နားမလည်နိုင်ကြပေ။

သို့သော် သူသေချာစွာ ရှင်းပြပြီးသည့်နောက်တွင် သူ၏အစီအစဉ်မှာ သူတို့ထင်ထားသည်ထက် များစွာကြီးမားနေကြောင်း နားလည်သွားလေသည်။

Frestech ကုန်သည်ကြီးများအသင်းသည် အားလုံးထဲတွင် နည်းပညာအမြင့်ဆုံးဖြစ်ရာ ၄င်း၏ ဥက္ကဌေဟာင်းဖြစ်သူ ရှုယီသည် အားလုံး၏စိတ်ထဲတွင် မှော်စက်မှုလုပ်ငန်း၏ သင်္ကေတအဖြစ် မြင်ကြလေသည်။

ထို့ကြောင့် သူဦးဆောင်သော မှော်စက်မှုနည်းပညာအဖွဲ့အစည်းသည် အောင်မြင်မည်သာဖြစ်သည်။

ထိုအခြင်းအရာမှာ ယခင်က မှော်ပညာရှင်အဖွဲ့အစည်းနှင့် တူပေသည်။

သို့သော် ထိုအဖွဲ့မှာ မှော်ဆရာများ၏အဆင့်ကို သတ်မှတ်ပေးရုံသာဖြစ်လေသည်။

ရှုယီဖွဲ့စည်းသော မှော်စက်မှုနည်းပညာအဖွဲ့အစည်းမှာ နည်းပညာအား တိုင်းတာသည်ဖြစ်ရာ ပို၍မြင့်မားပေသည်။

ထို့အပြင် သူသည် နည်းပညာများအား အဆင့်မြင့်ရုံတင်မကဘဲ......

***

Volume 8, အပိုင်း ၆၇ ။ အဖွဲ့အစည်း

"ဒီဟာက ဒီနေ့အတွက် မှော်စက်မှုဌာနက တင်ပြချက်တွေပါ မင်းကြီး"ဟုဆို၍ ကန်ဒရာ၏ ဧကရာဇ်ရှေ့သို့ သေချာစွာ ချပေး၍ ဖြည်းညင်းစွာ နောက်ဆုတ်လေသည်။

ဧကရာဇ်သည် သူ့ရှေ့ရှိ စာရွက်အား ၂မိနစ်ကြာ မျင်မှောင်ကြုတ်ကြည့်ပြီးမှ ဖွင့်ကြည့်လေသည်။

တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် စာရွက်အား လွှင့်ပစ်လိုက်လေသည်။

စာရွက်များလွှင့်သွားပုံမှာ လှပသော်လည်း ဧကရာဇ်၏ ဒေါသကြောင့် ဤသည်မှာ ကြောက်မက်ဖွယ် ကောင်းလေသည်။

"အရာရှိ ကာမန်ကို ခေါ်ခဲ့"ဟု ဧကရာဇ်က အမိန့်ပေးလေသည်။

အစေခံမှာ မြန်မြန်ပြေးသွားလေသည်။

မကြာခင်မှာပင် သက်လတ်ပိုင်းရှိ သန်မာထွားကြိုင်းသော လူတစ်ယောက်သည် အစေခံနှင့်အတူ ရောက်လာပေသည်။

"အရှင်မင်းကြီး ကျွန်တော့်ကို ခေါ်ပါသလား"ဟု မှော်စက်မှုဌာန၏ခေါင်းဆောင် ကာမန်က အရိုအသေပြုရင်း ပြောလေသည်။

ဧကရာဇ်သည် ပြန့်ကျဲနေသော စာရွက်များအား လက်ညိုးထိုးပြ၍ "ဒါမင်းတင်ပြထားတဲ့ စာရွက်တွေမလား"ဟု ဆိုလေသည်။

ကာမန်သည် ခေါင်းငုံ့၍ အသံနိမ့်လိုက်ရင်း "အင်ပါယာအတွင်းမှာ ဖြစ်တဲ့ကိစ္စမှန်သမျှကို အရှင့်ကို မကွယ်ဝှက်ရဲပါဘူး။ ဒါကြောင့် အကုန်တင်ပြရခြင်းဖြစ်ပါတယ်"ဟု ပြောလေသည်။

"ဖြစ်သမျှကိစ္စတိုင်းကို ငါလိုက်ဖြေရှင်းနေရရင် မင်းကိုဘာလို့လိုတော့မှာလဲ။ ကန်ဒရာမှော်စက်မှုဌာနရဲ့ ခေါင်းဆောင်ဖြစ်နေပြီး ဒီပြဿနာလေးကိုတောင် မဖြေရှင်းနိုင်ဘူးလား"

ကာမန်သည် စာရွက်များကိုကြည့်လိုက်ပြီး မဲ့ပြုံး ပြုံးမိလေသည်။

ထိုစာရွက်များထဲရှိ အကြောင်းအရာမှာ သေးငယ်သည့်ပြဿနာမဟုတ်ကြောင်း သူရော ဧကရာဇ်ပါ သိကြသောကြောင့် ဖြစ်ပေသည်။

သူ့လိုအင်အားကြီး အင်ပါယာ၏ ဧကရာဇ်အနေဖြင့် ထိုပြဿနာအား ဖြေရှင်းနိုင်မည့် နည်းလမ်းမတွေ့သည့်အတွက် စိတ်တိုနေခြင်း ဖြစ်လေသည်။

ဤကိစ္စမျိုးမှာ ကာမန်အနေဖြင့် ပထမဆုံး တင်ပြခြင်းမဟုတ်ချေ။

လွန်ခဲ့သည့်၂လကတည်းက ထိုကဲ့သို့ တက်ပြချက်များကို ပေးပို့ခဲ့သည်ဖြစ်ပြီး ဤသည်မှာ ၇ကြိမ်မြောက်ဖြစ်လေသည်။

စာရွက်ပါအချက်အလက်များမှာ မှော်စက်မှုတိုးတက်ပြောင်းလဲရေးတွင် ကန်ဒရာမှ မယှဉ်နိုင်သော ကုမ္ပဏီအချို့အကြောင်း ဖြစ်လေသည်။

ဒီရှုယီကတော့!

သူသာ မှော်စက်မှုနည်းပညာအဖွဲ့အစည်းကို ဖွဲ့စည်းပြီး အဲ့ဒါနဲ့ အဆင့်သတ်မှတ်ပေးတာမျိုး မလုပ်ခဲ့ဘူးဆိုရင် ဒီလိုပြဿနာဖြစ်စရာ ရှိပါ့မလား။

သူပြောခဲ့သလို နိုင်ငံတိုင်းနည်းပညာတိုးတက်မြင့်မားလာပြီး အကျိုးအမြတ်ရလာနိုင်မည်ဆိုသော စကားမှာ နားထောင်ကောင်းသော်လည်း ကာမန်အတွက်တော့ မဆုံးနိုင်သော ဒုက္ခများရလေသည်။

၂လအတွင်းမှာပင် ကန်ဒရာ၏ ကုမ္ပဏီ၁၃ခု ဒေဝါလီခံသွားရပြီး အဆင့်၃၆သတ်မှတ်ခံရသည့်အတွက် အကြီးအကျယ်ဆုံးရှုံးသွားပြီး ဒေဝါလီခံလုနီးနီး ကုမ္ပဏီများလည်း ရှိလေသည်။

ရှုယီသည် ဤကိစ္စမှာ အဆင့်သတ်မှတ်ခြင်း၏ အကျိုးဆက်ဖြစ်ပြီး မည်သည့်တိုင်းပြည်ကိုမှ ပစ်မှတ်ထားနေခြင်း မဟုတ်ဟုဆိုသော်လည်း ထိခိုက်မှုအများဆုံးမှာ ကန်ဒရာ၏ ကုမ္ပဏီများသာဖြစ်၍ မားလိုသည်ပင် ၄င်း၏တစ်ဝက်မျှပင် မထိခိုက်ချေ။

Frestech ကုန်သည်ကြီးများအသင်းသည် အဆင့်၄နေရာတွင်ရှိပြီး ပျမ်းမျှကုမ္ပဏီများထက် သာလွန်လေသည်။

ဤသည်မှာလည်း ၄င်းတို့သည် နည်းပညာပိုင်းအရ မြင့်မားနေသည်ဖြစ်ရာ ဦးဆောင်နေသည်မှာ အဆန်းမဟုတ်ချေ။

သို့ရာတွင် အချို့နည်းပညာများတွင် ၄င်းတို့ထက် အနည်းငယ်ပိုမိုသာလွန်သော ကုမ္ပဏီများရှိလေသည်။

လွန်ခဲ့သည့်၁၀နှစ်ကဆိုလျှင် ဤကိစ္စမျိုးမှာ မဖြစ်နိုင်ချေ။

ကာမန်သည် ဤကိစ္စအားသိသော်လည်း အေးဆေးစွာမနေနိုင်ပေ။

ရှုယီ၏လုပ်ရပ်များကြောင့် ကန်ဒရာစက်မှုလုပ်ငန်းများ ထိခိုက်သွားသည်ဖြစ်ရာ စက်မှုဌာနခေါင်းဆောင်ဖြစ်သော ကာမန်အနေဖြင့် မည်သည့်အတွက်ကြောင့် ဝမ်းသာနိုင်ပါမည်နည်း။

"Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌမဟုတ်တော့တာတောင် အဲ့ကောင် ရှုယီက ဘာလို့ ဒီလောက် အာရုံနောက်စရာကောင်းနေရတာလဲ"

ကာမန်သည် အံ့သြစွာမော့ကြည့်လိုက်ချိန်တွင် မပျော်မရွှင်ဖြစ်နေသော ဧကရာဇ်၏မျက်နှာအား တွေ့လိုက်ရလေသည်။

သူလည်း ထိုသို့တွေးမိနေသော်လည်း ဧကရာဇ်အနေဖြင့် ထိုကိစ္စအား စပြောလိမ့်မည်မထင်ချေ။

ဧကရာဇ်သည် သူအလုပ် လုပ်ပုံအား မကျေနပ်၍ မဟုတ်ဘဲ ရှုယီအား ဒေါသထွက်နေသမျှကို သူ့အပေါ်ပုံချနေသည်ဖြစ်ကြောင်း သဘောပေါက်သွားလေသည်။

ထိုသို့တွေးမိပြီးချိန်တွင် သူသည် အနည်းငယ်စိတ်အေးသွား၍ ခဏကြာစဉ်းစားလိုက်ပြီးနောက် တည်ငြိမ်သော အသံဖြင့်ပြောလေသည်။ "အရှင်မင်းကြီး ဒီကိစ္စက ပေါ့လို့မဖြစ်ပါဘူး။ ရှုယီက စံနှုန်းတွေကို သေချာသတ်မှတ်လိုက်တဲ့အတွက်ကြောင့် ကန်ဒရာရဲ့ ကုမ္ပဏီတွေ ထိခိုက်ကုန်ပါတယ်။ အကယ်၍ ဒီကိစ္စကို သေချာမကိုင်တွယ်နိုင်ဘူးဆိုရင် ကန်ဒရာရဲ့ စက်မှုလုပ်ငန်းတစ်ခုလုံးကို ထိခိုက်လာပါလိမ့်မယ်။"

"အဲ့ဒါကို ငါသိတယ် ပြဿနာက မင်းအဲ့ဒါကို ဘယ်လိုကိုင်တွယ်မလဲဆိုတာပဲ။ မာနာမှော်တိုင်းပြည်တိုင်းပြည်ဆီကနေသင်ပြီး Frestech ကုန်သည်ကြီးများအသင်းကို ခြောက်မလို့လား"

"အဲ့လိုမဟုတ်ပါဘူး။ ကန့်သတ်ရမှာက Frestech ကုန်သည်ကြီးများအသင်းကို မဟုတ်ပါဘူး။ သူတို့ကိုအဲ့လိုလုပ်လို့လည်း အင်ပါယာအတွက် အကျိုးမရှိနိုင်ပါဘူး"

"ဒါတော့ သိသေးသားပဲ။ မင်းဘယ်လိုလုပ်မယ် တွေးထားလဲ။"

"အရှင်မင်းကြီး မှော်ပညာအဖွဲ့အစည်းကို ဖွဲ့စည်းတုန်းက အဲ့အဖွဲ့တစ်ခုတင်ပါဝင်တာလား..."

"ငါတို့က ကိုယ်ပိုင်အဖွဲ့ထောင်ပြီး ဆန့်ကျင်ရမှာလား။ ရှုယီမှာက Frestech ကုန်သည်ကြီးများအသင်းရဲ့ ထောက်ခံမှုရထားတယ် အဲ့တော့ ငါတို့ ဘယ်လိုလုပ် ဆန့်ကျင်လို့ရမှာလဲ။"

"ကျွန်တော်တို့မှာ စိုင်စ်နယ်မြေမှာရှိတဲ့ တိုင်းပြည်တွေအားလုံးရှိတယ်လေ။"

"တိုင်းပြည်တွေအားလုံးဟုတ်လား?"

ကာမန်၏ အပြုံးသည် အနည်းငယ်ထူးဆန်းလာပေသည်။

"အရှင်မင်းကြီး ကျွန်တော်ထင်တာကတော့ ရှုယီကို ကြည့်မရတာ မင်းကြီးတစ်ယောက်တည်း ဖြစ်မယ်မထင်ပါဘူး"

မှော်စက်မှုနည်းပညာအဖွဲ့အစည်းကို စတည်ထောင်ပြီး တစ်နှစ်မပြည့်ခင်မှာပင် ရလဒ်ကောင်းများ ရရှိခဲ့လေသည်။

ရှုယီ၏ဂုဏ်နှင့် မှော်စက်မှုလုပ်ငန်းများအပေါ် လွှမ်းမိုးထားနိုင်မှုတို့ကြောင့် သူ့အနေဖြင့် စံသတ်မှတ်ချက်တစ်ခု ထုတ်ပြန်လိုက်ပါက အားလုံးက လိုက်နာကြရသည်သာဖြစ်သည်။

သူ၏ အဖွဲ့တွင် တိကျသောနည်းလမ်းများ မရှိသေးသော်လည်း သူ၏အာဏာကြောင့် ကုမ္ပဏီတစ်ခုအား နည်းပညာမြင့်မားမှုမရှိ သို့မဟုတ် သာမန်အဆင့်မျှသာ ရှိသည်ဟု သတ်မှတ်လိုက်ပါက အားလုံးသည် ထိုကုမ္ပဏီအား အထင်သေးကြတော့သည်။

ထိုကုမ္ပဏီများသည် ပူးပေါင်းမှုများ ရပ်ဆိုင်းခံရရုံတင်မကဘဲ မြို့သူမြို့သားများမှ အရည်အသွေးမပြည့်မီဟုဆိုကာ ဝယ်ရန်ငြင်းဆိုခြင်းကိုပါ ခံရလေသည်။

အဖွဲ့မှ တန်ဖိုးဖြတ်လိုက်သည်နှင့် ထိုကုမ္ပဏီသည် တိုက်အတွင်းရှိ ကုမ္ပဏီများအားလုံးထဲတွင် အဆင့်သတ်မှတ်ခံပြီးသားဖြစ်တော့သည်။

တန်ဖိုးကြီးသည်ဟု သတ်မှတ်ခံရပါက လူအများ၏စိတ်ဝင်စားမှုကို ရရှိလာပြီး ပူးပေါင်းလိုသူများ များလာကာ ကုမ္ပဏီ၏နာမည်သည် ကျော်ကြားသွားပြီး အောင်မြင်လာမည်ဖြစ်သည်။

ထို့ကြောင့် ဤအကဲဖြတ်မှုသည် ကုမ္ပဏီများကို ကန့်သတ်ရုံတင်မကဘဲ နည်းပညာများကိုသာ အရေးပေးခြင်းဖြစ်ပေသည်။

ကုမ္ပဏီများအနေဖြင့် မူပိုင်ခွင့်များရရှိထားသည်ဖြစ်ရာ နည်းပညာမြင့်မားသော ကုမ္ပဏီများကို အဆင့်မြင့်သည်ဟု သတ်မှတ်နိုင်ပြီး အချို့သော ကိုယ်ပိုင်စွန့်ဦးတီထွင်သူများအနေဖြင့် ပြောင်မြောက်သော တီထ့င်မှုများရှိပါက အဖွဲ့မှအသတ်အမှတ်ပြုခံရပြီး အဆင့်မြင့်သည်ဟု မှတ်ယူနိုင်သည်။

ဆုအနေဖြင့် ကျော်ကြားမှု၊ အခွင့်အရေးနှင့် ငွေအမြောက်အများရရှိနိုင်လေသည်။

နှစ်ဝက်မပြည့်ခင်ပင် မကျော်ကြားခဲ့သော အယောက်၂၀သော စွန့်ဦးတီထွင်သူ သို့မဟုတ် အဖွဲ့များအား ဖော်ထုတ်နိုင်ခဲ့၍ ၄င်းတို့နည်းပညာများ၏ ရလဒ်များသည်လည်း ကောင်းမွန်သည်ဖြစ်ရာ အဖွဲ့အစည်း၏ အာဏာ တိုးလာခဲ့သည်။

ယခုအချိန်တွင် မှော်စက်မှုလုပ်ငန်း လေ့လာခြင်းမှာ ရေပန်းအစားဆုံးဖြစ်လေသည်။

အဘယ့်ကြောင့်ဆိုသော် နည်းပညာမြောက်များစွာရှိသော်လည်း အသုံးချသည့်အရေအတွက်မှာ နည်းသောကြောင့် ဖြစ်လေသည်။

ယခုအခါ အဖွဲ့အစည်းမှ အသုံးဝင်သော နည်းပညာများအား အဆင့်သတ်မှတ်ပေးပြီး ဆုချသည့်အတွက် လူအများမှာ ၄င်းတို့၏စမ်းသပ်မှုများတွင် ပို၍လုပ်ကိုင်လာနိုင်ကြသည်။

ထို့ကြောင့် နှစ်ဝက်မကြာခင်မှာပင် စိုင်စ်နယ်မြေ၏ နည်းပညာမှာ တစ်ဟုန်ထိုး မြင့်တက်သွားခဲ့သည်။

သတင်းစာများမှ ထိုအကြောင်းအရာများအား ဖော်ပြသည့်အချိန်တိုင်း အံ့အားသင့်ကြရသည်ဖြစ်သည်။

ရှုယီသည် လူအများအား ပျော်ရွှင်စေပြီး စက်မှုလုပ်ငန်းများအား တိုးတက်ဖွံ့ဖြိုးအောက်လုပ်မည်ဟူသော သူ၏ရည်မှန်းချက်သည်လည်း ပိုမိုထင်ရှားလာခဲ့သည်။

ယခုအတိုင်းသာဆက်ဖြစ်လျှင် ထိုအဖွဲ့အစည်းမှာ Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ စိုင်စ်နယ်မြေတစ်ခုလုံးအား သက်ရောက်နိုင်သော အဖွဲ့တစ်ခုဖြစ်လာနိုင်ပေသည်။

သို့သော် ထိုအဖွဲ့အစည်းအနေဖြင့် Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ ဖွံ့ဖြိုးလာရာတွင် မည်သည့်ပြဿနာမှ မရှိဘဲ ဘယ်နေပါ့မည်နည်း။

***

Volume 8, အပိုင်း ၆၈ ။ မှော်လေအေးပေးစက်များကို သုံးနေသည်က သင်အားသေစေနိုင်သည်။

နောက်တစ်နှစ်သို့ ရောက်ရှိခဲ့ပြီ။

ကန်ဒရာမှ နှစ်သစ်ပွဲတော်များ မတိုင်ခင် ထွက်ပေါ်လာသော သတင်းများသည် လူအများ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။

ဖေဖော်ဝါရီလအစပိုင်းတွင် ကန်ဒရာ၏ မြောက်ပိုင်းစီရင်စုအတွင်းရှိ ကလာရာမြို့အနားရှိ မြို့ငယ်တစ်ခု၏ မြို့သူမြို့သားများသည် တစ်ရက်တည်းတွင် မေ့လဲသွားကြပြီး ပြန်နိုးလာရန် ၃ရက်စောင့်ရလေသည်။ နိုးလာပြီးနောက် မည်သည့်ပြဿနာမှ မရှိသော်လည်း ထိုကိစ္စမှာ မြောက်ပိုင်းစီရင်စုကို လှုပ်ခတ်သွားစေခဲ့သည်။

မြောက်ပိုင်းစီရင်စု၏ မြို့ဝန်ဖြစ်သော မာနာသည် ဤကိစ္စအား အာရုံစိုက်ပြီး အင်ပါယာပါလီမန်၏ အမိန့်များနှင့်အတူ စုံစမ်းမှုများပြုလုပ်ခဲ့လေသည်။

များစွာသော စုံစမ်းစစ်ဆေးမှုများအပြီးတွင် အံ့အားသင့်ဖွယ် ရလဒ်အား တွေ့ရှိခဲ့လေသည်။

မာနာသည် လူများမေ့လဲသွားရခြင်းမှာ မှော်လေအေးပေးစက်များကြောင့်ဖြစ်ကြောင်း ကောက်ချက်ဆွဲလေသည်။

ထိုအရာများကို အသုံးပြုသည်မှာ ကြာမြင့်ပြီဖြစ်သဖြင့် ပတ်ဝန်ကျင်နှင့် လေကိုပါ တဖြည်းဖြည်း သက်ရောက်လာစေသည်။

ပုံမှန်အားဖြင့် ကိစ္စမရှိသော်လည်း အဆင့်တစ်ခုကို ရောက်လာချိန်တွင် လူများကို ခဏတာ သတိလွတ်သွားစေသည်။

မြို့သူမြို့သားများအနေဖြင့် ယခင်က ထိုအဆင့်ထိရောက်အောင် အသုံးမပြုခဲ့ကြသော်လည်း ယခုနှစ်ဆောင်းရာသီ၏ အခြေအနေကြောင့် ပိုအသုံးပြုလာရသည်ဖြစ်သောကြောင့် ထိုအဆင့်ထိရောက်သွားလေသည်။

ထိုဖြေရှင်းချက်ကို လူအများစုမှာ သံသယဝင်နေသေးပေသည်။

နောက်ထပ်စုံစမ်းမှုများအရ ထိုမြို့တွင် ကန်ဒရာအင်ပါယာ ဒေသခံကုမ္ပဏီဖြစ်သော ရီတာအိမ်သုံးမှော်စက်၏ လေအေးပေးစက်များကိုသာ အသုံးပြုကြလေသည်။

လူအများ သံသယရှိကြသည်မှာ ထိုကုမ္ပဏီမှ လေအေးပေးစက်များသည် အင်ပါယာအတွင်း များစွာဖြန့်ချီနေသည်ဖြစ်ရာ ကန်ဒရာ၏အခြားနေရာများတွင် ထိုသို့မဖြစ်ဘဲ ဤနေရာတွင်သာ ဖြစ်နေသောကြောင့် ဖြစ်လေသည်။

ထိုကိစ္စအားဖြေရှင်းရန် မာနာသည် တစ်လကြာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အဖြေရှာတွေ့ခဲ့လေသည်။

အဖြေမှာ စွမ်းအင်အသုံးပြုမှုအသစ်ကြောင့် ဖြစ်လေသည်။

ယခင်က အသုံးပြုသော စွမ်းအင်မှာ မှော်စခရစ်စတယ်မှ ရယူခြင်းဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းပေါ်လာပြီး နှစ်ပေါင်း၃၀အထိ နယ်မြေအတွင်း အသုံးအများဆုံးဖြစ်လေသည်။

သို့ရာတွင် မနှစ် နှစ်စက Frestech ကုန်သည်ကြီးများအသင်းမှ စွမ်းအင်နည်းပညာအသစ်နှင့် မိတ်ဆက်ပေးခဲ့လေသည်။

ထိုနည်းလမ်းသည် မှော်စွမ်းအင်ကို တိုက်ရိုက်ချိတ်ဆက်ပေးနိုင်သဖြင့် ကောင်းကျိုးများစွာရှိလေသည်။

ဥပမာအနေဖြင့် မှော်စခရစ်စတယ်များမှာ ပုံဆောင်ခဲများဖြစ်သဖြင့် စက်နှင့်လိုက်ဖက်သောပုံစံ ရှာဝယ်ရသည်မှာ ဒုက္ခများလေသည်။ သို့သော် နည်းပညာအသစ်ကြောင့် ထိုသို့ကြားခံစက်များအား ဝယ်စရာမလိုပေ။

မှော်စွမ်းအင်စက်ဖြန့်ချီရေးသို့ ငွေပေးဆောင်လိုက်ရုံဖြင့် လိုအပ်သလောက် စွမ်းအင်ကို အချိန်မရွေး ရနိုင်လေသည်။

၄င်းတို့အနေဖြင့် မှော်စခရစ်စတယ်များအား အသုံးပြုသည့်နည်းလမ်းသစ်များကြောင့် စွမ်းအင်များကိုသေချာ အသုံးပြုနိုင်လေသည်။

နည်းလမ်းသစ်ကြောင့် မှော်စွမ်းအင်များကို သေချာအသုံးပြုနိုင်လာပြီး ယခင်ကလို အလေအလွင့်မဖြစ်တော့ချေ။

ထိုကိစ္စနှင့် စျေးသက်သာမှုတို့ကြောင့် မှော်စက်များကို အသုံးနည်းလာကြသည်။

အခြားကိစ္စများထက် နည်းပညာအသစ်ကို အသုံးပြုခြင်းအားဖြင့် စက်များကို အသုံးခံစေပြီး အရည်အသွေးမပြည့်မီသော မှော်စခရစ်စတယ်များကြောင့် ဖြစ်သော ဆိုးကျိုးများကိုပါ ရှောင်ရှားနိုင်လေသည်။

နည်းလမ်းသစ်တွေ အားနည်းချက်များရှိသော်လည်း မှော်စွမ်းအင်လွှဲပြောင်းရေးကိရိယာများမှာ ဝယ်ယူပြုပြင်ရ ခက်ခဲသောကြောင့် ယခုနည်းလမ်းမှာ အကျိုးပိုများပေသည်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း သည် ဤနည်းလမ်းအား တင်ပြစဉ်က ယခင်နှင့် တစ်ခါမှမတူသော ချီးကျူးမှများကို ခံရလေသည်။

Frestech ကုန်သည်ကြီးများအသင်းသည် တိုင်းပြည်များနှင့် ပူးပေါင်းကာ နိုင်ငံအတွင်းရှိ နေရာများကို ရွေးချယ်၍ နည်းလမ်းသစ်အား စမ်းသပ်ခဲ့လေသည်။

ယခုမြို့မှာလည်း အပါအဝင်ဖြစ်လေသည်။

စုံစမ်းမှုများပြီးသည့်နောက်တွင် မှော်လေအေးပေးစက်များကို ပြဿနာဖြစ်စေသည်မှာ စွမ်းအင်သစ်ကြောင့်ဖြစ်သည်ကို သိရှိသွားလေသည်။

စွမ်းအင်ပေးသည့်နေရာနှင့် ဆက်သွယ်ထားသော နေရာများတွင် ထူးခြားသော ကြိမ်နှုန်းများဖြစ်ပေါ်လာပြီး ထိုကြိမ်နှုန်းများသည် မှော်လေအေးပေးစက်များအပေါ် သက်ရောက်ပြီး မေ့လဲခြင်းများ ဖြစ်ပေါ်လာစေသည်ဟု ကောက်ချက်ဆွဲထားကြသည်။

မာနာသည် ဤအကြောင်းအရာအား ထုတ်ပြန်လိုက်ချိန်တွင် လူအများအံ့သြသွားကြပြီး အများစုမှာ အစပိုင်းတွင် မယုံကြချေ။

မှော်လေအေးပေးစက်များကို Frestech ကုန်သည်ကြီးများအသင်းတီထွင်ခဲ့သည်မှာ နှစ်၂၀ကြာပြီဖြစ်ပြီး လူတိုင်းနီးပါးသုံးနေကြသည်ဖြစ်ရာ ယခုကဲ့သို့ကိစ္စမျိုး တစ်ခါမှမဖြစ်ဘဲ ဖြစ်ရသည့်အကြောင်းနှင့် အဘယ့်ကြောင့် ယခုအချိန်တွင် ဖြစ်ရသနည်း။

ထို့ကြောင့် လူများသည် ရီတာအမှတ်တံဆိပ် မှော်လေအေးပေးစက်များအား သံသယမျက်လုံးများဖြင့် ကြည့်ကြေလသည်။

မှော်လေအေးပေးစက်များသည် လွန်ခဲ့သော၁၀နှစ်အထိ Frestech ကုန်သည်ကြီးများအသင်းတွင်သာရှိလျှက် ရီတာအမှတ်တံဆိပ်ကဲ့သို့သော အခြားကုမ္ပဏီများမှာ မကြာခင်ကမှ ထွက်ပေါ်လာခြင်းဖြစ်ပေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ စက်များအား သုံးခဲ့ချိန်အတွင်း မည်သည့်ပြဿနာမှ ပေါ်ပေါက်ခဲ့ခြင်း မရှိသည့်အတွက် အခုပြဿနာမှာ ရီတာအမှတ်တံဆိပ်တွင်သာ ပြဿနာရှိနေခြင်းဖြစ်ပေမည်။

သို့ရာတွင် မာနာ၏ ထုတ်ပြန်ချက်သည် ခန့်မှန်းချက်များကို ပျောက်သွားစေသည်။

ပြဿနာမှာ ကုမ္ပဏီကြောင့်မဟုတ်ဘဲ စက်ကြောင့်ဖြစ်သည်ဟု စုံစမ်းမှုများအရသိရပေသည်။

လေအေးပေးစက်များတွင် မှော်လေဖိစက်ပါရှိပြီး မှော်စခရစ်စတယ်များမှ ရရှိသောစွမ်းအင်ကို သုံး၍ လေထုအား ပြောင်းလဲခြင်းဖြစ်ပေသည်။

ထို့ကြောင့် ထုတ်လုပ်သည့် ကုမ္ပဏီနှင့် မဆိုင်ဘဲ Frestech ကုန်သည်ကြီးများအသင်း၏ စက်များကို သုံးလျှက်ပင် ထိုပြဿနာဖြစ်လာမည်ဖြစ်သည်။

ထိုကိစ္စသည် နယ်မြေတစ်ခုလုံးအား တုန်လှုပ်စေခဲ့သည်။

လူအများစုအတွက် Frestech ကုန်သည်ကြီးများအသင်းမှ စက်များသည် အရည်အသွေးနှင့် လုပ်ဆောင်မှု အကောင်းဆုံး ဖြစ်လေသည်။

ပြဿနာအနည်းငယ်ဆီဖြစ်ခဲ့သော်လည်း တစ်ယောက်နှစ်ယောက်သာ ဖြစ်နေသည့် ကိစ္စဖ့စ်သည့်အတွက် Frestech ကုန်သည်ကြီးများအသင်းအား အပြစ်တင်၍မရချေ။

သို့ရာတွင် ဤပြဿနာ၏ အဓိက အရင်းအမြစ်မှာ မှော်လေဖိစက်ဖြစ်လေသည်။

Frestech ကုန်သည်ကြီးများအသင်းသည် ထိုနည်းပညာအား ဖြန့်ဝေပေးခဲ့သော်လည်း ယခုအချိန်အထိ လိုက်လုပ်နိုင်သည့် ကုမ္ပဏီတစ်ခုသာရှိလေသည်။

ထို့ကြောင့် မည့်သည့်ကုမ္ပဏီမှဖြစ်ဖြစ် မူရင်းမှာ Frestech ကုန်သည်ကြီးများအသင်းမှ ဖြစ်လေသည်။

ထိုနည်းပညာတွင် မမြင်နိုင်သော ဆိုးကျိုးများရှိနေသည်ဖြစ်ရာ ထိုကိစ္စကြောင့် ၄င်းတို့၏ နာမည်ထိခိုက်မည်ဖြစ်သည်။

လူများသည် ထိုကိစ္စအား ပူပန်နေကြသည်ဖြစ်ရာ မှော်လေအေးပေးစက်အပြင် အခြားစက်များတွင်ပါ ဆိုးကျိုးများရှိနေလျှင် မည်သို့လုပ်မည်နည်း။

ထို့သို့ဖြစ်လျှင် မသိဘဲဝယ်သုံးမိသောကြောင့် မည်သည့်ဆိုးကျိုးများ ဖြစ်လာနိုင်မည်နည်း။

နောက်ထပ်စုံစမ်းမှုများအရ ထိုကိစ္စပြင်းထန်လာပါက အသက်ပင်သေဆုံးနိုင်သည်ဟု သိရှိရလေသည်။

မှော်လေအေးပေးစက်ကို သုံးတာနဲ့ အသက်ဆုံးရှုံးနိုင်သလား?

ဤထိတ်လန့်ဖွယ်ကိစ္စအား သိရချိန်တွင် လူအများ၏အမြင်သည် ပြောင်းလဲလာသည်။

မှော်လေအေးပေးစက်များတွင် ပြဿနာတက်လာသည်ဖြစ်သောကြောင့် အခြားစက်များတွင်လည်း မည်သို့ ဖြစ်လာနိုင်သနည်း။

အလုပ်သက်သာစေသော အိမ်သုံးမှော်စက်များနှင့် မိမိ၏အသက်အား ရွေးရမည်ဆိုလျှင် လူအများသည် မည်သည်ကို ရွေးကြမည်နည်း။

***

Volume 8, အပိုင်း ၆၉ ။ ဥက္ကဌအသစ်ကလည်း ရူးတာပဲ

"ဒုန်း!"

အန်းခေါ့ထ်သည် ဒေါသထွက်နေသော မျက်လုံးများဖြင့် ကျယ်လောင်စွာ စားပွဲခုံအား ရိုက်လိုက်ရင်း အော်လိုက်လေသည်။

စည်းဝေးခန်းထဲမှာ လူများသည် သူ့အားကြည့်လိုက်ရင်း Frestechမှော်စက်ကြီး ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ကွေ့ထော်ရက်စ်သည် သူ့အား ကြည့်၍ ခေါင်းခါလိုက်လေသည်။ "ဒါက ငါတို့ကို နာမည်ပျက်အောင် ကန်ဒရာဘက်က လုပ်ကြံတာမှန်း သိနေတာပဲ အန်းခေါ့ထ်ရာ အရေးကြီးတာက ငါတို့ဘယ်လို ဖြေရှင်းမလဲဆိုတာပဲ"

သူ့ဘေးတွင် ထိုင်နေသည်မှာ Frestechစွမ်းအင် ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌ ရိုဆာဒေါဖြစ်လေသည်။

အားလုံးထဲတွင် ထိခိုက်မှုအများဆုံးမှာ အန်းခေါ့ထ်၏ Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းဖြစ်ပြီး ဒုတိယထိခိုက်ဆုံးမှာ ရိုဆာဒေါ၏ Frestechစွမ်းအင် ကုန်သည်ကြီးများအသင်းဖြစ်လေသည်။

မြို့တွက်ဖြစ်ပွားခဲ့သော မေ့လဲခြင်းပြဿနာမှာ မှော်စွမ်းအင်ဖြန့်ချီရေးကြောင့်ဖြစ်သည်ဟု ကန်ဒရာ မြောက်ပိုင်းစီရင်စု အစိုးရ မာနာမှ ဖော်ပြခဲ့လေသည်။

ထိုစွမ်းအင်ဖြန့်ချီရေးမှာ Frestechစွမ်းအင် ကုန်သည်ကြီးများအသင်း၏ တာဝန်ဖြစ်သည့်အတွက် ရိုဆာဒေါ၏ ဖိအားများမှာလည်း အန်းခေါ့ထ်ထက် မနည်းချေ။

ကွေ့ထော်ရက်စ်၏ စကားကိုကြားချိန်တွင် ရိုဆာဒေါသည် ခေတ္တစဉ်းစားလိုက်ပြီးနောက် မေးလေသည်။

"ရီတာအမှတ်တံဆိပ် လေအေးပေးစက်ရဲ့ Compressorကိုရော စစ်သေးလား။ အဲ့မှာ ပြဿနာတွေ့သေးလား။"

"အဓိပ္ပါယ်မရှိတာတွေ။ ကန်ဒရာဘက်က အဲ့လိုပြဿထပ်မဖြစ်အောင် စစ်ဆေးဖို့ဆိုပြီး စကေတွေအကုန်သိမ်းသွားတယ်။ စစ်ဆေးဖို့မပြောနဲ့ အထိတောင်မခံဘူး။"

ရိုဆာဒေါသည် ခေါင်းခါလိုက်ရင်း "မင်းဘာမှမလုပ်ဘူးဆိုတာတော့ ငါမယုံဘူး"

အန်းခေါ့ထ်သည် သက်ပြင်းမချခင် နှုတ်ခမ်းများတွန့်ရုံ ပြုံးလိုက်လေသည်။

"ရီတာအမှတ်တံဆိပ်ထဲက အခြားလေအေးပေးစက်ေတွကို ရှာခိုင်းလိုက်သေးတယ်။ ပြီးတော့ အခြားတံဆိပ်တွေရောပဲ။ ငါအကုန်စစ်ဆေးကြည့်ပြီးပြီ ဘာပြဿနာမှ ရှိမနေဘူး။ ကန်ဒရာဘက်က သတင်းအမှားတွေလွှင့်နေတာ"

"တစ်ကယ့်ပြဿနာက စစ်ဆေးမှုရလဒ်တွေကို ပြရင်တောင် ဘယ်သူမှယုံမှာမဟုတ်တာပဲ။" ဟု Frestech ကုန်သည်ကြီးများအသင်း နိုင်ငံခြားဌာန၏ မန်နေဂျာ ဖီဗန်က ဆိုလေသည်။

"ဟုတ်တယ် ငါတို့တွေ စစ်ဆေးမှု ရလဒ်တွေကို ထုတ်ပြလိုက်ရင်တောင် အဲ့ရလဒ်တွေထက် ကန်ဒရာဘက်က လွှင့်တဲ့ ကောလဟာလတွေကိုပဲ ယုံကြမှာ။ အဲ့တော့ ငါတို့ဘာမှမတတ်နိုင်ဘူး။"

"ဒါသာမန်ပါပဲ။ ဥက္ကဌ မကြာခဏပြောတဲ့ စကားရှိတယ်။ ရှေးရိုးစွဲလူတစ်စုရဲ့ တုံးအမှုဟာ အနိမ့်ဆုံး မျှော်လင့်ချက်ကို ရိုက်ချိုးလိမ့်မယ်၊ လုံခြုံရေးနဲ့ပတ်သက်လာရင် အမြဲအန္တရာယ်အကြောင်း ပြောတဲ့ဘက်ကိုပဲ ယုံကြည်လိမ့်မယ်တဲ့။ သူတို့ရဲ့ စိုးရိမ်စိတ်က ထင်မထားလောက်အောင်ကို များလွန်းတယ်။ သူတို့ကို သွားပြောလို့ ရမှာမဟုတ်ဘူး။"ဟု ဖီဗန်သည် မဲ့ပြုံး ပြုံးလိုက်ရင်း ပြောလေသည်။

ဥက္ကဌဟူသော အသုံးအနှုန်းကို ကြားလိုက်ချိန်တွင် အားလုံးသည် စည်းဝေးခန်း၏ အလယ်ရှိနေရာကို ကြည့်လိုက်မိကြသည်။

သို့သော် ထိုနေရာတွင် ရင်းနှီးနေသော ရှုယီ၏ မျက်နှာမဟုတ်ဘဲ လှပစွာ ပြုံးနေသော ဖရီယာအား မြင်ရလေသည်။

အားလုံးသည် စိတ်ထဲတွင် သက်ပြင်းများချနေမိကြသည်။

အကယ်၍ ထိုနေရာတွင် ရှိနေသူမှာ ရှုယီဖြစ်လျှင် ဤထက်မက ကြီးမားသော ပြဿနာပင်ဖြစ်စေကာမူ သူတို့အနေဖြင့် စိုးရိမ်မည်မဟုတ်ချေ။

သို့ရာတွင် ယခုအချိန်၌ ဖရီယာ၏ လှပသော်လည်း ငယ်ရွယ်သေးသော မျက်နှာအား မြင်လိုက်ရသောအခါ သူတို့သည် ယုံကြည်ချက် သိပ်မရှိကြတော့ချေ။

ဖရီယာသည် ဥက္ကဌဖြစ်လာသည်မှာ နှစ်ဝက်မျှကြာပြီဖြစ်သောကြောင့် အမူအယာများကို ကြည့်လိုက်သည်နှင့် သူတို့ဘာတွေးနေသည်ကို သိနိုင်လေသည်။

သူမအား ဥက္ကဌတစ်ယောက်အဖြစ် မယုံကြည်နိုင်ရခြင်းအပေါ် သူမ မည်သို့မျှသဘောမထားပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူမသည် ရှုယီနှင့် မယှဉ်နိုင်သေးပေ။ ဤအချက်အား မည်သူမှ မငြင်းနိုင်ပေ။

ရှုယီကဲ့သို့ ဖြစ်ချင်လျှင် သူမအနေဖြင့် များစွာအားထုတ်ရမည်ဖြစ်သည်။

"မန်နေဂျာ ဖီဗန်, ဥက္ကဌ အန်းခေါ့ထ် ကျွန်မထင်တာကတော့ ဒီကိစ္စကို ဖြေရှင်းဖို့ဆိုရင် ထုတ်ကုန်တွေကို လျှော့ထုတ်မယ့်အစား အားလုံးရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းပေးသင့်တယ်လို့ထင်တယ်"

အားလုံး၏စိတ်ထဲတွင် သူမအနေဖြင့် ရှုယီနှင့် မယှဉ်နိုင်သော်လည်း သူမစကားပြောချိန်တွင် အားလုံးသည် သူမအား လေးစားသောအကြည့်ဖြင့် ကြည့်လျှက် တိတ်ဆိတ်စွာနေပေးကြသည်။

"ဟုတ်ကဲ့ ဥက္ကဌ"ဟု ဖီဗန်သည် ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်တော်တို့အနေနဲ့ ဒီကိစ္စက မတော်တဆဖြစ်ပြီး ဖြစ်နိုင်ခြေ တော်တော်နည်းတဲ့အကြောင်းကို ကြော်ငြာတွေကနေ လူတွေသိအောင်....."

"မဟုတ်ဘူး"ဟု ဖရီယာသည် ဖီဗန်၏ စကားကို ဖြတ်ပြောလိုက်ရင်း "ဒါက ဖြစ်နိုင်ချေနည်းနည်းပဲရှိတဲ့ မတော်တဆမဟုတ်ဘူး လုံးဝမဖြစ်နိုင်ဘူးဆိုပြီး ယုံအောင်လုပ်ရမှာ"ဟု ဆိုလေသည်။

အားလုံးက ဖရီယာကို အံ့သြစွာ ကြည့်လိုက်ကြသည်။

အန်းခေါ့ထ်သည် မမေးဘဲမနေနိုင်တော့ဘဲ "ဥက္ကဌ ဒီကိစ္စက ကန်ဒရာရဲ့ တွေ့ရှိချက်အရဆိုရင် ကျွန်တော်တို့ရဲ့ထုတ်ကုန်နဲ့ အများကြီးမဟုတ်ပေမယ့် အနည်းငယ်တော့ ဆက်စပ်နေပါတယ်"

"ဟုတ်ပါတယ် ဥက္ကဌအနေနဲ့ ဒီပြဿနာကြားကနေ ကုမ္ပဏီကို ဆွဲထုတ်ပြီး ဆက်မထိခိုက်အောင် လုပ်ချင်တာကို နားလည်ပေမယ့် အခုကိစ္စက နည်းနည်းဆက်စပ်မှုရှိနေတော့ လုပ်ဖို့ အဆင်မပြေလောက်ဘူး။"ဟု ဖီဗန်က ဝင်ပြောလေသည်။

"ဥက္ကဌ အန်းခေါ့ထ် ရှင်စမ်းသပ်စစ်ဆေးမှုတွေ အများကြီးလုပ်ခဲ့တယ်မလား"ဟု ဖရီယာသည် အန်းခေါ့ထ်အား ကြည့်ရင်း လေးနက်သောအသံဖြင့် ပြောလေသည်။

"အမ်......"

"အဲ့ထဲမှာ ဘယ်နှစ်ခါလောက် ပြဿနာဖြစ်လဲ"

"တစ်ကြိမ်မှမဖြစ်ပါဘူး"

"ဒါဆိုရင် စမ်းသပ်မှုတွေ ဆက်လုပ်ရင်ရော ဖြစ်မယ်ထင်လား"

အန်းခေါ့ထ်သည် ခေတ္တတွေဝေသွားပြီးနောက် "မှော်လေအေးပေးစက်ရဲ့ Compressorတွေက ပတ်ဝန်းကျင်လေထုအပေါ် သက်ရောက်နိုင်စွမ်းရှိတဲ့အတွက် ထူးခြားတဲ့အခြေအနေမျိုးဆိုရင်တော့ ဖြစ်နိုင်ချေရှိတဲ့အတွက် အာမ မခံရဲပါဘူး"

အန်းခေါ့ထ်၏ မျက်နှာတွင် ကူကယ်ရာမဲ့သည့်ပုံစံဖြစ်သွားပြီး လက်အားဖြန့်လိုက်သည်။

"ဒါဆိုရင် ဒီကိစ္စက ဖြစ်နိုင်ချေရှိတယ်လို့ ထင်တယ်ပေါ့"

အန်းခေါ့ထ်သည် ခေတ္တတိတ်ဆိတ်ပြီးနောက် မဲ့ပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

"ဒီဖြစ်နိုင်ချေကို ငြင်းလို့မရပါဘူး"

ဖရီယာသည် ခေါင်းညိတ်လိုက်ပြီး သူ့အားဆက်မမေးတော့ဘဲ ဘေးတွင်ရှိနေသော အီဗီတာဘက်သို့ လှည့်လိုက်လေသည်။

"ခေါင်းဆောင် အီဗီတာ မှော်လေ့လာရေးအဖွဲ့ရဲ့ စုံစမ်းမှုတွေအရ မှော်အသုံးပြုလိုက်ရင် ဘေးပတ်ဝန်းကိင်ကို ပြောင်းလဲသွားပြီး လူတွေကို ထိခိုက်စေနိုင်တာမျိူးရှိလား။"

အီဗီတာသည် ဖရီယာအနေဖြင့် ဘာကြောင့်မေးမှန်း သေချာမသိသော်လည်း ခေါင်းညိတ်ပြလိုက်ရင်း "ဟုတ် ရှိပါတယ် ဒါကတော့ ရိုးရာမှော်နည်းလမ်းတွေ သုံးရင်တောင် ပြောင်းလဲနိုင်တာမျိုးပါ"ဟု ဖြေလေသည်။

အားလုံးသည် အစက အံ့သြသွားကြသော်လည်း ခဏစဉ်းစားပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားေလသည်။

မှော်ဆိုသည်မှာ ဘေးပတ်ဝန်းကျင်ရှိ သဘာဝဓါတ်များကို ပြောင်းလဲပြီး မန္တာန်များဖြင့် အသုံးပြုသော အရာဖြစ်သောကြောင့် လူကိုထိခိုက်စေမည်သာဖြစ်သည်။

"ဒီအတွက် အတိတကျသတ်မှတ်ထားတာမျိုးရှိလား။ ဘယ်မန္တာန်က ဘယ်လိုထိခိုက်စေတာလဲ။ မေ့လဲတာတို့ ဒဏ်ရာရတာမျိုးတို့ဆိုရင်ပေါ့။ လူတွေကို မထိခိုက်အောင် စွမ်းအင်ကို ဘယ်လောက်ထိ လျှော့ထားဖို့လိုလဲ။"

အီဗီတာသည် မျက်မှောင်ကြုတ်မိလေသည်။

"မန္တာန်တစ်ခုစီတိုင်းက သက်ရောက်မှု မတူညီတဲ့အတွက် အတိအကျပြောဖို့တော့ ခက်ပါလိမ့်မယ်"

ထိုသို့ပြောပြီးနောက်တွင် အီဗီတာသည် တစ်စုံတစ်ခုကို သဘောပေါက်သွားသဖြင့် မျက်လုံးများ ဝင်းသွားလေသည်။

"ကျွန်မနားလည်ပါပြီ ဖရီ....ဥက္ကဌ။ လူတွေကို မေ့လဲ၊ ထိခိုက်စေနိုင်တဲ့ မန္တာန်တွေကို ရှာလိုက်ပါ့မယ်။”

ဖရီယာသည် ချိုသာသော်လည်း လေးနက်သော အပြုံးဖြင့် ပြုံးပြလိုက်ရင်း ခေါင်းညိတ်လေသည်။

"အချိန်တိုအတွင်း မန္တာန်တွေအကုန် သိဖို့ကတော့ မဖြစ်နိုင်ဘူး။ အဲ့တော့ ဒီကိစ္စကို နောက်မဖြစ်အောင်ရှောင်နိုင်ဖို့ သိရုံဆိုရပါပြီ"

"ဟုတ်ကဲ့ နားလည်ပါပြီ"

ဖရီယာသည် အန်းခေါ့ထ်ဘက်သို့ လှည့်၍ တည်တံ့စွာကြည့်လေသည်။

"ဥက္ကဌ အန်းခေါ့ထ် ရှင်ရဲ့ထုတ်ကုန်ကို ရှင်မယုံကြည်ဘူးလား"

အန်းခေါ့ထ်သည် မှင်သက်သွားပြီး "ဘာလို့ဒီလိုမေးတာလဲ"ဟု ပြောလေသည်။

"ရှင်သာယုံကြည်မှုရှိရင် အခုလိုပြောမှာမဟုတ်လို့"

"ဒါကတော့..."

အန်းခေါ့ထ်နှင့် စည်းဝေးခန်းရှိ လူအားလုံးသည် မျက်ခုံးပင့်လိုက်မိကြသည်။

အန်းခေါ့ထ်ပြောခဲ့သော စကားများတွင် အားနည်းချက် အနည်းငယ်ကို တွေ့ရသော်လည်း မှော်ကိရိယာကဲ့သို့ အနုစိတ်လွန်းသော ပစ္စည်းများအပေါ် မည်သူမှ အာမ မခံသည်မှာ ပုံမှန်ပင်ဖြစ်သည်။

"အားလုံးကို တစ်ခုမကျန် သေချာအောင်စစ်ပါ။ အခြားသူတွေ ကျေနပ်ရုံလောက်မဟုတ်ဘဲ ထုတ်ကုန်တွေကို နောင်တစ်ချိန်မှာ ပိုကောင်းလာဖို့။ လူတွေဘယ်လောက် မယုံ မယုံ ဂရုမစိုက်ပါနဲ့။ အဲ့လိုလူတွေက ဘယ်လောက်ရှင်းပြ ရှင်းပြ ရမှာမဟုတ်ဘူး"

အန်းခေါ့ထ်သည် ဖရီယာ၏ မျက်လုံးများ တည်တံ့လာသည်ကို မြင်ရသဖြင့် အသက်ပြင်းပြင်း ရှူလိုက်လေသည်။

"ကျွန်တော်နားလည်ပါတယ်။ Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်တွေက လူသုံးအများဆုံး၊ အခိုင်မာဆုံးနဲ့ အရည်အသွေးအပြည့်မီဆုံး ပစ္စည်းတွေအဖြစ် အခုကျွန်တော်တို့ကို မယုံကြည်တဲ့သူတွေကတောင် မသုံးဘဲမနေနိုင်စေရဘူး"

"ကောင်းတယ်။ အဲ့လိုဖြစ်နေရမယ်"

ဖရီယာသည် အန်းခေါ့ထ်ကို ပြုံး၍ခေါင်းညိတ်ပြလိုက်ပြီး ရိုဆာဒေါနှင့် Frvenဘက်သို့ လှည့်၍ တည်တံ့စွာကြည့်လေသည်။

"အဝေးမှော်ဖြန့်ချီရေးနည်းပညာက တည်ငြိမ်လာပြီဆိုတော့ ထပ်တိုးချဲသင့်တယ်ထင်တယ်။ လာမယ့် နယ်စား အစည်းအဝေးပွဲကျရင် ပြောလိုက်ပါ မန်နေဂျာ ဖီဗန် ကျွန်မတို့အနေနဲ့ စတက်တိန်းနယ်မှာ ဖြန့်ချီရေးစက် ၅၀၀လောက် ဆောက်ဖို့ရှိတယ်လို့"

အားလုံးသည် မျက်လုံးများပြူးလျှက် သူမအား အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

ရှုယီ ဥက္ကဌဖြစ်စဉ်က သူသည် တစ်ဇွတ်ထိုးသမားဖြစ်ပြီး အမြဲလိုလို ရူးကြောင်ကြောင် အကြံများ ရတတ်သည်ဟု ထင်ထားသော်လည်း ဖရီယာမှာ ထိုအတိုင်းပင်ဖြစ်လေသည်။

အံ့အားသင့်သွားကြပြီးနောက် အကူအညီမဲ့စွာ မဲ့ပြုံး ပြုံးလိုက်လေသည်။

သူမသည် အဖေတူသမီးဖြစ်သည်မှာ အသေအချာပင်ဖြစ်လေသည်။

***

Volume 8, အပိုင်း ၇၀ ။ မတူညီသော တုံ့ပြန်မှုများ

"ရလဒ်တွေက ထွက်လာပါပြီ ဥက္ကဌ။ ဇီဒန်ရူမြို့ပြင်မှာရှိတဲ့ မှော်အစီအရင်တွေရဲ့ သဲလွန်စတွေကို ခြေရာခံကြည့်ခဲ့ပေမယ့် မှော်အစီအရင်အမျိုးအစား ၂၀၀ကျော်လောက် ရှိမယ်ဆိုတာပဲ မှန်းလို့ရပါတယ်။ ဘယ်လိုအမျိုးအစားလဲဆိုတာတော့ မသိနိုင်ပါဘူး"

"အဲ့ဒါက သိဖို့မလိုပါဘူး သဲလွန်စတွေ့ရင် ရပါပြီ။ မင်းလုပ်တာတော်တယ် ဒါပေမယ့် စုံစမ်းတာကို ရပ်လိုက်တော့ မလိုတော့ဘူး"ဟု ရှုယီသည် ပြုံးရုံပြုံး၍ ပြောလေသည်။

ခေါင်းငုံပြီး အနက်ရောင်ဝတ်ထားသော လူသည် ရှုယီအား အံ့သြစွာ မော့ကြည့်လိုက်မိလေသည်။

"ဥက္ကဌ ဒါက ကျွန်တော်တို့ကုမ္ပဏီနဲ့ အဖွဲ့အစည်းကိုပါ ပစ်မှတ်ထားနေတာ သိသာလွန်းပါတယ်။ ဒီလူတွေကို မစုံစမ်းဘဲ လွှတ်ပေးလိုက်ရမှာလား"

ရှုယီသည် ခေါင်းခါလိုက်လေသည်။

"သူတို့ကို လွှတ်ပေးမယ် မပြောမိပါဘူး။ ဒီကိစ္စကို ဘယ်သူလဲလုပ်လဲဆိုတာ အတည်ပြုချင်ရုံပါ။ ကိုင်တွယ်ဖို့ကတော့ ဖရီယာရဲ့ ဆုံးဖြတ်ချက်နဲ့ ဆိုင်သွားပြီ။ ပြီးတော့ ငါက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌမဟုတ်တော့ဘူးလေ"

"ဒါပေမယ့် ဥက္ကဌ...."

ရှုယီသည် လက်ကာပြ၍ စကားအားဖျက်လိုက်သည်။

"ရော့ခ် နောက်တစ်ကြိမ်ထပ်ပြောမယ်နော်။ ငါက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌမဟုတ်တော့ဘူး။ အဲ့ကြောင့် ငါ့ကိုအဲ့လိုထပ်မခေါ်ပါနဲ့ အထင်လွဲစရာတွေဖြစ်သွားနိုင်တယ်"

ရော့ခ်၏ နှုတ်ခမ်းများ တွန့်သွားပြီး လက်ခံကြောင်း ပြလိုက်သော်လည်း စိတ်ထဲတွင် ဆန့်ကျင်ဘက် တွေးနေမိလေသည်။

ဖရီယာသည် ဥက္ကဌ၏ သမီးဖြစ်သော်လည်း သူ့စိတ်ထဲတွင် ဥက္ကဌနှင့် နှိုင်းယှဉ်၍ မရပေ။

"ဒါဆို ဥက္က....ရှု..."

ရော့ခ်သည် ဥက္ကဌဟုသာ ခေါ်နေကြဖြစ်သောကြောင့် အခြားနာမ်စားဖြင့် မည်သို့ခေါ်ရမှန်းမသိ ဖြစ်နေလေသည်။

"လော့ဒ်ကောင့်ထ်လို့ ခေါ်လို့ရပါတယ်။ စတက်တိန်းမြို့စားက ချီးမြှင့်ထားတဲ့ သူကောင်းဘွဲ့တော့ ရှိသေးတယ်လေ ဟုတ်တယ်မလား"

ရှုယီသည် သူ၏ပြဿနာကို တွေးမိသောကြောင့် အပြုံးဖြင့် ဖြေရှင်းပေးလိုက်လေသည်။

"ကောင်းပါပြီ ဥက္က....လော့ဒ်ကောင့်ထ်။ ဒီကိစ္စက ကန်ဒရာရဲ့ လက်ချက်ဆိုတာ သေချာနေတာကို Miss ဖရီယာေလးကို တစ်ယောက်တည်း ဖြေရှင်းခိုင်းတော့မလို့လား"

"ဘာလို့မရမှာလဲ။ ဒါတွေက သူဥက္ကဌတစ်ျယာက်အနေနဲ့ နောက်ပိုင်းကြုံတွေ့လာရမှာတွေပဲလေ။ အတွေ့အကြုံ စောစောရထားတော့ မကောင်းဘူးလား။ ပြီးတော့ သူအခုကိုင်တွယ်နေတဲ့ပုံစံက တစ်ခုခုမှားနေလို့လား"

ရော့ခ်သည် ပြုံးရုံပြုံးလိုက်လေသည်။ အခုလက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ လှုပ်ရှားမှုများကို စဉ်းစားရင်း ဖရီယာအနေဖြင့် ကောင်းကောင်း ကိုင်တွယ်နိုင်သည်ဟု သူထင်လေသည်။

စတက်တိန်းနယ်အတွင်း အဝေးမှော်ဖြန့်ချီရေးစက်များ ဆောက်လုပ်ခြင်းအေပါ် ကန့်ကွက်မှုများကို လျစ်လျှူရှု၍ လုပ်လိုက်သည့်အခါ လူအများ၏ အာရုံစိုက်မှုသည် ပြဿနာအပေါ်တွင် နည်းသွားပြီး ထိုကိစ္စတွင်သာ ရောက်သွားသဖြင့် ဤသည်မှာ နည်းလမ်းကောင်းဟု ဆိုနိုင်လေသည်။

တစ်ခုရှိသည်မှာ ထိုကိစ္စကို အခွင့်ကောင်းယူ၍ ပြဿနာရှာမည်ကိုသာ စိုးရသည်။

အကယ်၍ ဤကိစ္စအောင်မြင်သွားခဲ့ပါက လူအများ၏ သံသယများ ကင်းရှင်းသွားမည်ဖြစ်သည်။

ရှုယီအနေဖြင့် ဤကိစ္စအား မသိဘဲ မနေချေ။ ထို့ကြောင့် သူ့ဘက်မှ ပြင်ဆင်စရာရှိသည်များကို ပြင်ထားလေသည်။

"ရော့ခ် မင်းဘက်က အကုန်အသင့်ဖြစ်ပြီလား"

"စိတ်ချပါ ဥက္က....လော့ဒ်ကောင့်ထ်။ အကုန်ပြင်ပြီးပါပြီ အမှားအယွင်းမရှိစေရပါဘူး"

"ကောင်းတယ်။ အဲ့ဒါပြောမှ လူတစ်ချို့ကေတာ့ ငါတို့ကို ကိုယ်တိုင်လာရှာမယ်ထင်တယ်"

ရော့ခ်သည် ရယ်လိုက်ရင်း "ကျွန်တော်လည်း ထင်ထားပါတယ်"ဟု ဆိုလေသည်။

စတက်တိန်းမြို့စားနှင့် မည်သို့ဆက်ဆံရမည်ကို ညွှန်ကြားပြီးနောက်တွင် ရော့ခ်အား ပြန်ရန် လက်ခါပြလိုက်သည်။

ရော့ခ်ထွက်သွားသည်နှင့် ရှုယီသည် သက်ပြင်းချလိုက်လေသည်။

ရော့ခ်သည် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တစ်ယောက်ဖြစ်သော်လည်း တစ်ကယ်တမ်းတွင် သူသည် ရှုယီလက်အောက်ရှိ အထူးတပ်ဖွဲ့အား ဦးဆောင်နေသူဖြစ်လေသည်။

၄င်းတို့၏တာဝန်မှာ စုံစမ်းစစ်ဆေးမှုများတွင် ကူညီပေးရန်ဖြစ်လေသည်။ အရေးကြီးကိစ္စများကိုင်တွယ်နိုင်ပြီး ထိုအဖွဲ့သည် လျှို့ဝှက်စွာနေလေသည်။

ကန်ဒရာဘက်မှ Frestech ကုန်သည်ကြီးများအသင်းကို စုံစမ်းရန်ငြင်းဆိုသည့်အတွက် ရှုယီသည် ရော့ခ်အား လွှတ်လိုက်ခြင်းဖြစ်သည်။

သိုသပ်စွာလှုပ်ရှားခြင်းတွင် ကျွမ်းကျင်သော စစ်သည်၁၁ယောက်တွင် ရော့ခ်သည် မှော်အကြောင်းကို ထဲထဲဝင်ဝင်သိသူလည်းဖြစ်သည်။

ထို့ကြောင့် ဇီဒန်ရူမြို့အတွင်း မေ့လဲသည့်ကိစ္စကို စုံစမ်းရန်မှာ သူ့အတွက် လွယ်ကူနေလေသည်။

သို့သော် သူတွေ့ရှိသည့်အချက်မှာ ရှုယီအတွက် အရေးမကြီးပေ။

မှော်စွမ်းအင်ကြောင့် ဘေးပတ်ဝန်းကျင် ပြောင်းလဲသည်မှာ လူတိုင်းသိထားသော အချက်ဖြစ်လေသည်။

သို့သော် လူများကို ထိခိုက်နိုင်သည်အထိ အန္တရာယ်မကြီးပေ။

လူအများသည် ရေဒီယိုလှိုင်းများကို အန္တရာယ်များသည်ဟု ဆိုကြသော်လည်း တစ်ကယ်တမ်းတွင် နျူကလီယားလှိုင်းများမှအပ ကျန်ရေဒီယိုလှိုင်းများမှာ နေရာအနှံ့တွင်ရှိနေပြီး လူများအား မထိခိုက်နိုင်စေ။

ခေတ်မီဒေသများတွင် နေထိုင်နေသောလူများသည်ပင် ထိုသို့မှားတတ်ကြသည်ဖြစ်ရာ စိုင်စ်နယ်မြေတွင်ဆိုလျှင် ပြောဖွယ်မရှိတော့ချေ။

Frestech ကုန်သည်ကြီးများအသင်းပေါ်ကတည်းက နှစ်ပေါင်း၃၀ကြာ တိုးတက်နေသည်ဟု ဆိုနိုင်သော်လည်း လွန်ခဲ့သော၁၀နှစ်တွင်သာ စိုင်စ်နယ်မြေသည် အမှန်တစ်ကယ် တိုးတက်ဖွံ့ဖြိုးသည်ဖြစ်သည်။

ထိုသို့ မတိုင်ခင်တွင် စိုင်စ်နယ်မြေအတွင်း ကျွန်နယ်မြေတစ်ဝက် ကျွန်ကင်းစင်နယ်မြေတစ်ဝက်ဖြင့် နည်းပညာမှာလည်း အလွန်ခေတ်နောက်ကျနေသည်ဖြစ်သည်။

ထို့ကြောင့် ဤလူနေမှုအား အဆင့်အတန်းမြင့်မားစေရန်မှာ ရှုယီအမျှော်လင့်ဆုံး ကိစ္စဖြစ်လေသည်။

ဖရီယာ၏ ဆုံးဖြတ်ချက်အား သူသည် ဤတစ်ကြိမ်တွင် လွန်စွာကျေနပ်လေသည်။

လူများနှင့် မှော်စက်မှုလုပ်ငန်းတစ်ခုလုံးက အဝေးမှော်ဖြန့်ချီရေးအား စိုးရိမ်နေကြသည်ဖြစ်ရာ ဤကိစ္စကို အသုံးချ၍ သူတို့၏စိုးရိမ်မှုများသည် အခြေအမြစ်မရှိကြောင်း ပြရပေမည်။

စက်မှုလုပ်ငန်းများတိုးတက်လာပြီဖြစ်ရာ နောက်ပြန်သွားရန်မဖြစ်နိုင်တော့ချေ။

လူအများအနေဖြင့် မှော်စက်ကိရိယာများ၏ ကောင်းကျိုးများကို သိရှိသွားကြပြီးဖြစ်ရာ မည်သို့မျှ လက်မလျှော့နိုင်ချေ။

ဇီဒန်ရူမြို့တွင်ဖြစ်သော ကိစ္စသည် အမှားဖြစ်သည်ဟု ဖရီယာအနေဖြင့် အချက်ကျကျပြောနိုင်ပါက လူထု၏သံသယသည် ပျောက်ကွယ်သွားမည်ဖြစ်သည်။

ရှုယီသည် ဤကိစ္စမည်သို့သက်ရောက်မည်နှင့် ဖရီယာနှင့် Frestech ကုန်သည်ကြီးများအသင်းတို့အနေဖြင့် မည်သို့ကိုင်တွယ်မည်ကို စိတ်မဝင်စားချေ။ သူစိတ်ဝင်စားသည်မှာ ထိုသူများ၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။

မှော်အစီအရင်များကို ဇီဒန်ရူမြို့တွင် ရော့ခ်သည် ရှာတွေ့ခဲ့သည်ဖြစ်ပြီး ဤကိစ္စမှာ ရီတာ ကုန်သည်ကြီးများအသင်း၏ နာမည်ကို သုံး၍ Frestech ကုန်သည်ကြီးများအသင်းနှင့် ရှုယီကို နာမည်ဖျက်ရန် တစ်စုံတစ်ယောက်က ကြိုးကိုင်နေခြင်းဖြစ်လေသည်။

ရှုယီသည် နာမည်ဖျက်သည့်ကိစ္စထက် လူအများသည် မှော်စက်များအပေါ် သံသယဝင်သွားမည်ကိုသာ စိုးရိမ်လေသည်။

သူ၏ရည်မှန်းချက်မှာ စက်မှုလုပ်ငန်းကို ကမ္ဘာအနှံ့ဖြန့်နှံ့နိုင်ရန်ဖြစ်ပြီး နည်းပညာတိုးတက်စေရန်ဖြစ်သည်။

သို့ရာတွင် အခုဒီလူများသည် Frestech ကုန်သည်ကြီးများအသင်းနှင့် ရှုယီတို့အား ပစ်မှတ်ထားတိုက်ခိုက်ပြီး ရှုယီ၏ အစီအစဉ်များကို ထိခိုက်လာသည့်အတွက် သူလက်မခံနိုင်ပေ။

ထိုကိစ္စအား တွေးလိုက်ပြီးသည့်နောက်တွင် ရှုယီသည် နှာမှုတ်လိုက်ပြီးနောက် အခန်းထဲမှ ထွက်သွားလေသည်။

…

မေလသည် နှစ်တစ်နှစ်အတွင်း သက်သောင့်သက်သာအဖြစ်ဆုံးလဟု ဆိုနိုင်လေသည်။

ဆောင်းကုန်ပြီဖြစ်သော်လည်း နွေရောက်ရန်လိုသေးသဖြင့် အပူချိန်မှာ လူကိုနွေးထွေးစေရုံသာဖြစ်၍ မပူသေးပေ။

ဤကာလတွင် လူများသည် ခွန်အားများအပြည့်ဖြင့် လုပ်ကိုင်နိုင်သော အချိန်ဖြစ်လေသည်။

မေလသည် ထိုအချက်နှင့် ကိုက်ညီကြောင်းကို စိုင်စ်နယ်မြေအတွင်းရှိ ကိစ္စများက သက်သေပြလေသည်။

မေလ၁ရက်နေ့တွင် စတက်တိန်းမြို့စားသည် စွမ်းအင်သစ်စီမံကိန်းအား အတည်ပြုလိုက်လေသည်။

ဤစီမံကိန်းကို Frestech ကုန်သည်ကြီးများအသင်းက တင်သွင်းပြီး စတက်တိန်းမြို့တစ်လျှောက် မှော်စွမ်းအင်ဖြန့်ချီပေးရန်ဖြစ်ပြီး မှော်စခရစ်စတယ်မရှိမှာ ပူရန်မလိုပေ။

စွမ်းအင်သစ်စီမီကိန်းဟုဆိုရခြင်းမှာ မှော်စခရစ်စတယ်များကို ထိရောက်စွာ အသုံးပြု၍ မှော်စွမ်းအင်များ ပိုမိုသိုလှောင်နိုင်ရန်ဖြစ်သည်။

လူအချို့မှာ သံသယရှိကြလေသည်။

တစ်ကယ်ပဲ မှော်စခရစ်စတယ်ကို ထိရောက်စွာသုံးနိုင်ပြီး မှော်စွမ်းအင်သိုလှောင်နိုင်မှာလား။

မှော်စခရစ်စတယ်များမှာ မကုန်မခမ်းနိုင်အောင်ရှိသည့်အတွက် သိုလှောင်ရန်လိုပါမည်လား။

မေလ၃ရက်နေ့တွင် ကန်ဒရာဘက်မှ စစ်ဆေးမှု နောက်ဆုံးရလဒ်များကို ကြေညာပြီး ထိုကဲ့သို့ နောက်မဖြစ်စေရန် မှော်လေအေးပေးစက် ကုမ္ပဏီများကို Compressorsအပိုင်းအား ပြောင်းလဲပေးရန် အမိန့်ပေးခဲသည်။

မေလ၄ရက်နေ့တွင် ကန်ဒရာပါလီမန်သို့ ရီတာ ကုန်သည်ကြီးများအသင်းဘက်မှ ပထမဆုံးတုံ့ပြန်ခဲ့လေသည်။

မေလ၆ရက်နေ့တွင် ကန်ဒရာမှော်စက်မှုဌာနက အန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများအား စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောလိုက်လေသည်။

နောက်ရက်များတွင် ကန်ဒရာအတွင်းရှိ အိမ်သုံးမှော်ကုမ္ပဏီများသည် မှော်စက်မှုဌာနမှ စုံစမ်းမှုများအား ပူးပေါင်းပါဝင်ရလေသည်။

မေလ၁၀ရက်နေ့တွင် ကန်ဒရာအင်ပါယာအား Frestech ကုန်သည်ကြီးများအသင်းသည် ပထမဆုံးအကြိမ် တုံ့ပြန်လေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ တရားဝင်သတင်းဌာနမှ စုံစမ်းစစ်ဆေးမှုများအရ မေ့လဲသည့်ကိစ္စသည် မှော်လေဖိစက်များနှင့် သက်ဆိုင်ခြင်းမရှိဘဲ ကန်ဒရာ၏ သတင်းများမှာ အလိမ်အညာများဖြစ်ကြောင်း ကြေညာလေသည်။

Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် ဇီဒန်ရူမြို့နှင့် ပတ်ဝန်းကျင်အနေအထားတူသော နေရာတွင် စမ်းသပ်မှုလုပ်ခဲ့ကြပြီး ထိုကဲ့သို့ကိစ္စမျိုး မဖြစ်ခဲ့ချေ။

တစ်ချိန်တည်းတွင် ထိုမြို့၏မေ့လဲမှုအား စုံစမ်းနေခဲ့သည်ဖြစ်သည်။

စုံစမ်းမှုများအရ ပတ်ဝန်းကျင်လေထုသည် ထိုကိစ္စပြီး ရက်အနည်းအငယ်အကြာတွင် မူမမှန်ဖြစ်နေလေသည်။

သို့ရာတွင် ထိုသို့ဖြစ်ရခြင်းမှာလည်း မှော်လေအေးပေးစက်sများနှင့် မဆိုင်ပေ။

Frestech ကုန်သည်ကြီးများအသင်းဘက်မှ မည်သို့ရှာတွေ့သည်ကို ခိုင်လုံသောအကြောင်းပြချက် မပေးသော်လည်း ထိုကိစ္စ၏နောက်ကွယ်တွင် လှည့်ကွက်တစ်ခုရှိနေကြောင်း အတိအလင်းပြောလေသည်။

***

All Chapters