← Chapters

အခန်း (၈၁-၉၀)

Vol. 8 Ch. 81-90

အခန်း (၈၁-၉၀)

Vol. 8 Ch. 81-90

Volume 8 အခန်း ၈၁ ။ ရပ်တည်ချက်ပြသခြင်း

"အရှင်မင်းကြီး ကျွန်တော်တို့ ဒီလိုတွေ့ဆုံခဲ့တာ ဘယ်အချိန်လောက်ကပါလိမ့်" ရှုယီသည် ကန်ဒရာဧကရာဇ်အား ပြုံး၍ကြည့်လိုက်လေသည်။ မျက်လုံးချင်း ဆုံမိသွားကြသော်လည်း နှစ်ယောက်စလုံးမှာ တည်ငြိမ်နေလေသည်။

"မတွေ့တာ အတော်ကြာပြီပဲ။ ကျွန်တော်အမှတ်မမှားဘူးဆိုရင်တော့ လွန်ခဲ့တဲ့ ၁၂နှစ်က ကို လက်မှတ်ထိုးတုန်းက နောက်ဆုံးတွေ့ခဲ့တာထင်တယ်"

ဧကရာဇ်သည် ရှုယီအား ကာလကြာမြင့်စွာ ဝေးကွာနေသော မိတ်ဆွေတစ်ယောက်ကဲ့သို့ အနည်းငယ်ပြုံး၍ ဆိုလေသည်။

သူသည်ဖြစ်နိုင်လျှင် သူ့ရှေ့တွင်ရှိနေသော စက်ဆုပ်ဖွယ်လူသားအား သတ်ပစ်လိုက်ချင်သော်လည်း ထိုကိစ္စမှာ မဖြစ်နိုင်ပေ။

ရှုယီအား ဤနေရာတွင် သတ်လိုက်လျှင် ကန်ဒရာ၏ ဧကရာဇ်အနေဖြင့်ပင်လျှင် မဖြေရှင်းနိုင်သော ပြဿနာများဖြစ်သွားနိုင်ပြီး ကန်ဒရာတစ်ခုလုံး ဒုက္ခတွင်းထဲ ရောက်သွားနိုင်လေသည်။

ထိုကိစ္စများကိုမဆိုထားနှင့် ရှုယီကိုပင် သတ်ရတ်မလွယ်ကူချေ။

လွန်ခဲ့သည့်၁၀နှစ်ကျော်လောက်ကပင် သူသည် အစွမ်းဆုံး ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက်ဖြစ်ကာ ယခုအချိန်တွင် သူ၏အံ့ဖွယ်အရည်အချင်းနှင့် လေ့လာလိုက်စားမှုတို့ကြောင့် သူသည် အခြား ကျွမ်းကျင်ဘုန်းတော်ကြီးများထက် သာလွန်နေပြီးဖြစ်နိုင်သည်။

ထိုသို့သောအရည်အချင်းများကြောင့် သူ့အား လုပ်ကြံသတ်ဖြတ်ရန်မဆိုထားနှင့် လူအင်အား အများအပြားဖြင့် ဝိုင်းဝန်းလျှင်တောင် သတ်ရန်မဖြစ်နိုင်ချေ။

ကန်ဒရာဧကရာဇ်သည် လွန်ခဲ့သည့်၁၀နှစ်ကျော်က ထိုသို့လုပ်ရန် ကြိုးပမ်းခဲ့ဖူးပြီး ထို့အတွက်လည်း ကြီးမားစွာပေးဆပ်လိုက်ရေလသည်။ အခုတွင် ၁၀နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး သူသည် ရှုယီ၏ အစွမ်းအား စမ်းရန်ပင် မတွေးရဲတော့ချေ။

"......"

ရှုယီသည် အဓိပ္ပာယ်ပါပါပြုံးလိုက်လေသည်။

"အဲ့အကြောင်းပြောမှ စစ်တပ်သုံးမှော်စက်ဖြန့်ချီမှုသန့်သတ်ခြင်းသဘောတူညီချက်က ကန်ဒရာဘက်ကနေ စတင်သွင်းခဲ့တာမလား"

ကန်ဒရာဧကရာဇ်သည် အနည်းငယ် ကို့ရို့ကားယား ဖြစ်သွားလေသည်။

ထိုစာချုပ်မှာ တည့်တိုးပြောရလျှင် Frestech ကုန်သည်ကြီးများအသင်း၏ မျက်နှာအား ဖြတ်ရိုက်သကဲ့သို့ပင် ဖြစ်လေသည်။

ယခုအချိန်တွင် ရှုယီသည် ဤကိစ္စအား ပြောလာသည့်အတွက် ဧကရာဇ်အနေဖြင့် ဖြေရှင်းနိုင်စွမ်းရှိသော်လည်း ထိုကိစ္စကို ဆွေးနွေးရန်မှာ မျက်နှာပြောင်တိုက်နိုင်မှ ရပေလိမ့်မည်။

"ဒါက..... သက်တမ်းကုန်သွားတော့ ကန်ဒရာရယ် မားလိုနဲ့ အခြားတိုင်းပြည်တွေက စာချုပ်သစ်ချုပ်ဖို့ ဥက္ကဌရှုကို စောင့်ခဲ့ပေမယ့် ဥက္ကဌက ဒီအကြောင်းနဲ့ ဆက်စပ်ပြီး ဘာတစ်ခုမှ မပြောတဲ့အတွက် ကျွန်တော်တို့ကလည်း ဥက္ကဌက ဒီကိစ္စကို မေ့နေတာ ဒါမှမဟုတ် စိတ်မဝင်စားလောက်တော့ဘူးထင်ခဲ့ကြတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ကျော်က ဥက္ကဌ ပြောသလို နယ်မြေတိုးတက်ပြီး စက်မှုလုပ်ငန်းတွေ ထွန်းကားဖို့ဆိုရင် ငြိမ်းချမ်းနေဖို့က အရေးကြီးတယ်လို့ ပြောခဲ့တယ်လေ။ အဲ့ဒါကြောင့် အင်ပါယာနှစ်ခုထဲက တစ်ခုအနေနဲ့ ငြိမ်းချမ်းရေးအတွက် တာဝန်ယူသင့်တယ်ထင်လို့ စစ်တပ်သုံးမှော်စက်ဖြန့်ချီမှုသန့်သတ်ခြင်းသဘောတူညီချက်ကို အဆိုပြုခဲ့တာပါ"

ထိုစကားကိုကြားချိန်တွင် ရှုယီသည် မပြုံးဘဲမနေနိုင်တော့ချေ။

ဧကရာဇ်တစ်ယောက်အေနဖြင့် သူသည် ယခုလိုရှင်းပြရန်မလိုပေ။

ထိုသို့ရှင်းပြရခြင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ အင်အားသည် ကန်ဒရာကိုပင် ထိတ်လန့်စေနိုင်သဖြင့် ရှုယီအား လေးလေးစားစား ဆက်ဆံနေရခြင်းဖြစ်လေသည်။

သို့သော်လည်း ရှုယီဖြစ်နေခြင်းကြောင့်ပင် ပိုသတိထားနေရခြင်း ဖြစ်ပေသည်။

ဤနေရာတွင် Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိဥက္ကဌဖြစ်သူ ဖရီယာဆိုလျှင် ဤမျှသတိထားစရာမလိုချေ။

"အရှင်မင်းကြီး ဒီစာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှမပြောစရာမရှိပါဘူး။ ကလည်း စိုင်စ်နယ်မြေမှာရှိတဲ့ တိုင်းပြည်တွေ စက်မှုလုပ်ငန်းတိုးတက်လညဖို့အတွက် ငြိမ်းချမ်းရေးရဖို့ လုပ်ထားတာပါ။ အခုဆို ဆယ်စုနှစ်တစ်ခုလည်းကြာခဲ့ပါပြီ။

တိုင်းပြည်တွေရဲ့ စက်မှုလုပ်ငန်းကလည်း တိုးတက်လာပြီ။ အချို့တိုင်းပြည်တွေဆို တော်တော်လေးတိုးတက်တယ်လို့ ပြောလို့ရတယ်။ အဲ့ဒါကြောင့် စာချုပ်သစ်ချုပ်ဖို့ မလိုတော့ပါဘူး။ ပြီးတော့လည်း Frestech ကုန်သည်ကြီးများအသင်းက ကုမ္ပဏီတစ်ခုပါပဲ တိုင်းပြည်ရေးကိစ္စတွေကို ဝင်မပါသင့်ပါဘူး"

ရှုယီ၏ စကားကိုကြားချိန်တွင် ဧကရာဇ်သည် တစ်ခုခုအား သဘောပေါက်သွားလေသည်။

"ဒါဆိုရင် ဥက္ကဌရှုရဲ့ Frestech ကုန်သည်ကြီးများအသင်းက ဒီစာချုပ်နဲ့ပတ်သက်ပြီး မပါဝင်ဘူးလား"

"ဝင်ပါစရာအကြောင်းမရှိပါဘူး။ ကျွန်တော်တို့က ကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက် ဝင်ပါစရာအကြောင်းမရှိသလို ဝင်ပါဖို့လည်း စိတ်မဝင်စားပါဘူး"

"တစ်ကယ်လား? ဒါဆိုရင်ဘာလို့ မာနာမှော်တိုင်းပြည်နဲ့ ကန်ဒရာအင်ပါယာကြား ဝင်ပါတာလဲ"

ဧကရာဇ်ဆိုလိုသော ကိစ္စမှာ ကန်ဒရာနှင့် မာနာမှော်တိုင်းပြည်တို့ စစ်ဖြစ်ကြချိန်က Frestech ကုန်သည်ကြီးများအသင်းဘက်မှ အခြားတိုင်းပြည်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မာနာမှော်တိုင်းပြည်ဘက်မှ စစ်ဘေးဒုက္ခသည်များကို ခေါ်ယူသော ကိစ္စဖြစ်လေသည်။

ကန်ဒရာဘက်မှ ထိုကိစ္စကို အကြိမ်များစွာ ကန့်ကွက်ချက်များ ပို့ခဲ့သည့်အတွက် ရှုယီသည် ရှင်းစွာသိပေသည်။

"အရှင်မင်းကြီး ကျွန်တော်တို့က ပြည်သူတွေရဲ့ ဒုက္ခကို အနည်းငယ်လျှော့ပေးချင်ရုံပါ။ ဒါကိုတော့ ဝင်ပါတယ်လို့ပြောမရဘူးထင်တယ်။ ကျွန်တော်တို့သာ တစ်ကယ်ဝင်ပါရင် ဘယ်လိုဖြစ်မယ်ထင်လဲ"

ဧကရာဇ်၏မျက်နှာမှာ တည်သွားလေသည်။ သူသည်ထိုကိစ္စအား ငြင်းမရပေ။

Frestech ကုန်သည်ကြီးများအသင်းသာ ကန်ဒရာဘက်သော်လည်းကောင်း မာနာမှော်တိုင်းပြည်ဘက်ကသော်လည်းကောင်း ဝင်ပါခဲ့လျှင် ယခုရရှိနေသည့် အကျိုးအမြတ်များလောက် များမည်မဟုတ်ချေ။

ထို့ကြောင့် ရှုယီပြောသည်မှာ မှန်ပေသည်။

သို့သော် ဧကရာဇ်သည် ရှုယီအား လွယ်လွယ်ကူကူ မယုံရဲချေ။

ရှုယီသည် လွန်ခဲ့သည့်နှစ်များအတွင်း အာဏာတက်မပ်မှုမရှိခဲ့သော်လည်း နယ်မြေတွင် အင်အားအကြီးဆုံး လူတစ်ယောက်ဖြစ်သည့် ကန်ဒရာအင်ပါယာ၏ ဧကရာဇ်တစ်ယောက်အနေဖြင့် အာဏာသည် မည်မျှ စွဲမက်ဖွယ်ကောင်းသည်ကို သိလေသည်။

ရှုယီသည် ယခုချိန်တွင် ထိုသို့မဟုတ်သေးသော်လည်း နောင်တစ်ချိန်တွင် မဖြစ်လာနိုင်ဟု မည်သူမှမဆိုနိုင်ချေ။

"အရှင်မင်းကြီး ကျွန်တော်ဒီနေ့လာတာက ပွင့်ပွင့်လင်းလင်း ဆွေးနွေးစရာလေးရှိနေလို့ပါ။ ကျွန်တော်တို့အားလုံး သိပါတယ်။ ဇီဒန်ရူမြို့နဲ့ ဘိုင်မွန်မိုင်းတွင်းကိစ္စတွေမှာ ကန်ဒရာဘက်က ပါဝင်တာတွေကိုပေါ့...."

ဧကရာဇ်၏မျက်နှာသည် ဖြူဖျော့သွားလေသည်။

"ဥက္ကဌရှုအနေနဲ့ အခုလိုရမ်းမပြောသင့်ဘူးထင်တယ်။ အဲ့ကိစ္စတွေက အင်ပါယာအတွင်းမှာ ဖြစ်သွားတာတော့ဟုတ်ပေမယ့် နောင်တရကြောင်းကိုလည်း ပြပြီးသွားပါပြီ။ အခုမှဘာလို့ ဒီကိစ္စတွေကို ပြန်ပြောနေရတာလဲ"

ရှုယီသည် အနည်းငယ်ပြုံးလိုက်ရင်း လက်ရမ်းပြလိုက်လေသည်။

"အဲ့လောက် စိတ်မလှုပ်ရှားသွားပါနဲ့။ ဒီနေရာက ကန်ဒရာအင်ပါယာရဲ့ တော်ဝင်နန်းတော်လေ။ အဲ့တော့ အသံဖမ်းစက်တွေလည်း ခိုးတပ်လို့ မရပါဘူး ဟုတ်တယ်မလား။ အခုဒီကိုလာတာ ရှင်းအောင်ပြောမလို့ပါ။ မင်းကြီးရော အင်ပါယာရောက Frestech ကုန်သည်ကြီးများအသင်းကို သတိကြီးကြီးထားနေတာကို သိပါတယ်။ ဒါပေမယ့် ရှင်းအောင်ပြောထားပါရစေ။ ကျွန်တော်က တစ်သက်လုံး စက်မှုလုပ်ငန်းတိုးတက်ဖို့ကလွဲပြီး စိုင်စ်နယ်မြေကို ထိန်းချုပ်လိုစိတ်မရှိပါဘူး။ အဲ့ဒါကြောင့် Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်နေစရာမလိုပါဘူး"

ဧကရာဇ်သည် ရှုယီအား လေးနက်စွာကြည့်လိုက်ပြီး ခေါင်းရမ်းလိုက်လေသည်။

"ဥက္ကဌရှုကို ယုံလို့ရပေမယ့် ကျန်တဲ့သူတွေကရော။ သူတို့တွေအကုန်လုံးရဲ့ ရည်ရွယ်ချက်က ဥက္ကဌနဲ့အတူတူပါပဲလို့ ပြောနိုင်လို့လား"

ရှုယီသည် ခေတ္တတိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချကာ ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်ပါတယ် ကျွန်တော်က တည်ထောင်သူဖြစ်နေရင်တောင် Frestech ကုန်သည်ကြီးများအသင်းက အောင်မြင်လာတဲ့အတွက် လူပေါင်း၂သန်းလောက်ရဲ့ ရည်ရွယ်ချက်ကို ကိုယ်စားမပြုနိုင်ပါဘူး"

"ဒါဆိုရင် အခုလိုဘာအတွက် ပြောနေတာလဲ။ ကျွန်တော်တို့တွေက ကလေးမှ မဟုတ်ကြတော့ဘဲ ဒီလိုစကားတွေနဲ့ မဖြုန်းတီးသင့်တော့ပါဘူး။ အခုလိုလျှို့ဝှက်တွေ့ဖို့ချိန်းတာက လူထုကိုထုတ်မပြသေးတဲ့ ပရောဂျက်အကြောင်း ဆွေးနွေးဖို့ထင်နေတာ အခုတော့ အဲ့လိုမဟုတ်ပုံပဲ"

ထိုသို့ပြောပြီးနောက်တွင် ဧကရာဇ်သည် ဧည့်သည်အားပြန်ပိုမည့်ဟန်ပြင်လေသည်။

"ကျွန်တော်ကလည်း မင်းကြီးရဲ့ သဘောထားကို ပြောင်းလဲဖို့အစီအစဉ်မရှိပါဘူး။ အခုကလည်း ကျွန်တော့်ရဲ့သဘောထားကို ပြောပြရုံပါ။ လက်ခံတာ မခံတာကတော့ အရှင်မင်းကြီးရဲ့အပိုင်းဖြစ်သွားပါပြီ"

ဧကရာဇ်၏မျက်လုံးတွင် ဒေါသရောင်များ လွှမ်းသွားလေသည်။

"ငါ့ရဲ့ဘောထားကို သိနေမှတော့ ဘာလို့လာနေသေးလဲ"

"ကန်ဒရာရဲ့ ရန်သူဟာ Frestech ကုန်သည်ကြီးများအသင်းမဟုတ်ဘူးဆိုတာကို သတိပေးချင်ရုံပါ။ ဘာကိုဆိုလိုလဲဆိုတာကို မင်းကြီးသိလိမ့်မယ် ထင်ပါတယ်။ အခြားတစ်ခုလည်း ထပ်ပြောပြရဦးမယ်။ ဧကရာဇ်ကယ်ဗင်ကလည်း Frestech ကုန်သည်ကြီးများအသင်းနဲ့ အကျိုးတူပူးပေါင်းဖို့ သဘောတူခဲ့တယ်။ လမ်ပူရီတိုင်းပြည်ကတော့ ပြောစရာက်ုမလိုပါဘူး ဟုတ်တယ်မလား"

ထိုသို့ပြောပြီးနောက်တွင် ရှုယီသည် မတ်တပ်ရပ်ကာ ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ထွက်သွားရန်ပြင်လေသည်။

ဧကရာဇ်သည်လည်း ရှုယီထွက်သွားသည်ကို တားရန်မကြိုးစားဘဲ ကြည့်နေလေသည်။

သူ့မြင်ကွင်းမှ ရှုယီပျောက်ကွယ်သွားချိန်တွင် ဧကရာဇ်သည် သက်ပြင်းချလိုက်ပြီး စိတ်အေးလက်အေးဖြစ်သွားလေသည်။

ရှုယီထွက်သွားသည့်လမ်းအားကြည့်ရင်း သူသည်ခေါင်းကိုက်လာသဖြင့် ခေါင်းကိုပွတ်လိုက်လေသည်။

ယနေ့ကိစ္စကို ကြည့်ခြင်းအားဖြင့် ရှုယီသည် အမှန်တိုင်းပြောနေသည်ကို သိသော်ငြားလည်း တစ်ဖက်တွင်မူ ထိုစကားများကို ယုံ၍မရချေ။

ရှုယီေပြာသကဲ့သို့ ကန်ဒရာ၏ရန်သူမှာ Frestech ကုန်သည်ကြီးများအသင်းမဟုတ်ဘဲ သူနှင့်အဆင့်တူ မားလိုအင်ပါယာဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ စိုင်စ်နယ်မြေအပေါ် လွှမ်းမိုးမှုများစွာရှိနေသဖြင့် လျစ်လျှူရှု၍မရပေ။

Frestech ကုန်သည်ကြီးများအသင်းကသာ မားလိုအင်ပါယာ သို့မဟုတ် လမ်ပူရီတိုင်းပြည်ဘက်မှ ပါဝင်ခဲ့လျှင် ကန်ဒရာအင်ပါယာသည် တည်ရှိနေမည်မဟုတ်တော့ချေ။

ထို့ကြောင့်ပင် Frestech ကုန်သည်ကြီးများအသင်းအား အနည်းငယ်ပင်ဖြစ်စေ ခုခံနိုင်ရန် ကန်ဒရာဘက်မှ စက်မှုလုပ်ငန်းကို တိုးတက်လာအောင်လုပ်ကာ စစ်လက်နက် နည်းပညာများကို မြင့်မားလာစေရန် ကြိုးပမ်းလုပ်ဆောင်နေခြင်းဖြစ်သည်။

သို့သော် ကန်ဒရာဘက်မှ တိုးတက်လာချိန်တွင် Frestech ကုန်သည်ကြီးများအသင်းဘက်မှလည်း ရပ်တန့်နေမည် မဟုတ်သည်ကို သိလေသည်။

ကွာခြားချက်မှာ သေးငယ်လာသည်မှာ အမှန်ဖြစ်ပြီး သိပ်မကွာပါက Frestech ကုန်သည်ကြီးများအသင်းကို စိုးရိမ်စရာမလိုတော့ချေ။

ဧကရာဇ်အတွက် ထိုကိစ္စသည် ဝေခွဲမရဖြစ်နေလေသည်။

သူ့အနေဖြင့် ရှုယီအား ယုံကြည်ချင်သော်လည်း လက်တွေ့တွင် အဘက်ဘက်မှ သံသယထားနေရလေသည်။

သူသည် ကန်ဒရာအင်ပါယာ၏ ဧကရာဇ်ဖြစ်သည့်အတွက် အမှားတစ်ခုမှမဖြစ်စေရန် သံသယထားနေရခြင်းဖြစ်လေသည်။

သို့သော် မားလိုအင်ပါယာမှ သူ့အား ယုံကြည်သည်ဟု ရှုယီေပြာသွားခြင်းသည် မည်သည့်အတွက်ကြောင့်နည်း။

သူ့အားခြိမ်းခြောက်နေခြင်းပေလော။

သူ့အနေဖြင့် ထီးနန်းဆက်ခံခဲ့သည်မှာ နှစ်၄၀နီးပါးရှိလာပြီဖြစ်သော်လည်း ယခုလိုဆုံးဖြတ်ရခက်သည်ကို မကြုံဖူးချေ။

သူသည် အတွေးနယ်ချဲ့မိလေသည်။

***

Volume 8 အခန်း ၈၂ ။ မင်းရဲ့ကလေးတွေအားလုံး

ရှုယီသည် သူ့၏သဘောထားကို ဧကရာဇ်နှစ်ယောက် လက်ခံလာစေရန် စကားပြောရုံဖြင့် မရမှန်းသိလေသည်။

အထိရောက်ဆုံးနည်းလမ်းမှာ လက်တွေ့လုပ်ပြရန်သာ ဖြစ်ပေသည်။

ဧကရာဇ်နှစ်ယောက်နှင့် တွေ့ပြီးချိန်အတွင် ရှုယီသည် နယ်မြေ၏ စက်မှုလုပ်ငန်းနည်းပညာအဖွဲ့တည်ငြိမ်ရန် ၃လအတွင်း သေချာစီစဉ်ခဲ့ပြီး ထိုအဖွဲ့အစည်း၏ ဥက္ကဌရာထူးမှ အနားယူသွားခဲ့လေသည်။

စိုင်စ်နယ်မြေရှိ လူများသည် အံ့ဩသွားခဲ့သော်လည်း ရှုယီ နောက်ထပ်ဘာလုပ်မည်ကို ဆက်လက်စောင့်ကြည့်နေခဲ့ကြသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌအဖြစ် အနားယူခဲ့ချိန်ကလည်း စက်မှုနည်းပညာအဖွဲ့ကို ထူထောင်ခဲ့ပြီး တိုင်းပြည်များကို ကာလအတော်ကြာ စိုးရိမ်စေခဲ့လေသည်။

ယခုအချိန်တွင် သူသည် ထိုအဖွဲ့အစည်း၏ ဥက္ကဌေနရာမှ အနားယူလိုက်ပြီဖြစ်သောကြောင့် မည်သို့ဆက်လုပ်မည်နည်း။

သို့သော် ၃လပင်ကြာမြင့်ခဲ့သော်လည်း ရှုယီနှင့် ပတ်သက်သည့် မည်သည့်သတင်းမှ မကြားရချေ။

ရှုယီသည် Frestech ကုန်သည်ကြီးများအသင်းဖြစ်စေ စက်မှုနည်းပညာအဖွဲ့တွင်ဖြစ်စေ လူမြင်ကွင်းသို့ ပေါ်မလာတော့ချေ။

အချို့အာဏာပိုင်များနှင့် လူများသည် လျှို့ဝှက်စွာ စုံစမ်းလိုက်ကြချိန်တွင် သတင်းအချို့ကို ရရှိလေသည်။

ထိုသတင်းမှာ ရှုယီသည် စိုင်စ်နယ်မြေတွင် မရှိတော့ပြီဟူ၍ဖြစ်လေသည်။

သို့သော် ထိုကိစ္စမှာ သတင်းအစအနသာဖြစ်၍ တိကျခိုင်မာမှုမရှိသည့်အတွက် လူများသည် စိတ်မအေးနိုင် ဖြစ်နေကြလေသည်။

ရှုယီ၏ စိုင်စ်နယ်မြေအပေါ် လွှမ်းမိုးမှုသည် ကြီးမားသောကြောင့် သူ့အနေဖြင့် မြင်သာအောင်လုပ်ပြန်လျှင် လူအများခေါင်းကိုက်ရမည်ဖြစ်သော်လည်း ထိုသို့လုပ်ခြင်းမှာ အနည်းဆုံး စိတ်ချလက်ချနေနိုင်လေသည်။

သို့သော် ယခုအခါတွင် ရှုယီ၏ အကြံအား မှန်းဆရန်မဖြစ်နိုင်ပေ။

ထိုလျှိုဝှက်မှုသည် ကြာရှည်စွာ ရှိမနေသဖြင့်သာ တော်တော့သည်။

၃လကြာပြီးနောက်တွင် Frestech ကုန်သည်ကြီးများအသင်းမှ ရှုယီ၏ သတင်းကို ပြောကြားလေသည်။

လူအများမှန်းထားကြသလိုပင် သူသည် စိုင်စ်နယ်မြေတွင် မရှိတော့ချေ။

သူသည် မှော်တိမ်တိုက်နယ်မြေတွင် ရောက်နေသောကြောင့် ဖြစ်လေသည်။

ထိုသတင်းကို ကြားပြီးချိန်တွင် လူအများသည် စိတ်သက်သာရာ ရသွားကြလေသည်။

သူသည် စိုင်စ်နယ်မြေတွင် ရှိမနေသ၍ အဆင်ပြေလေသည်။

သူ့အနေဖြင့် မှော်တိမ်တိုက်နယ်မြေကို အုပ်ချုပ်ချင်ပါက သူ၏အခွင့်အရေးသာဖြစ်၍ စိုင်စ်နယ်မြေရှိ တိုင်းပြည်များနှင့် မဆိုင်ချေ။

မှော်တိမ်တိုက်နယ်မြေသို့ ရှုယီသွားခြင်းအပေါ် စိတ်သက်သာရာအရဆုံးသူမှာ ဧကရာဇ်နှစ်ယောက်ပင်ဖြစ်လေသည်။ အထူးသဖြင့် ကန်ဒရာဧကရာဇ်ဖြစ်လေသည်။

ရှုယီယခုလို ထွက်သွားခြင်းသည် သူပြောခဲ့သည့်စကားများကို ပို၍ယုံကြည်လာစေသည်။

သူ့အနေဖြင့် စိုင်စ်နယ်မြေကို ထိန်းချုပ်ရန် စိတ်မဝင်စားသည်လော....

ပင်လယ်လေအေးများတိုက်ခတ်လာပြီး လှိုင်းများ၏ ရနံ့များသည်လည်း လေနှင့်အတူပါလာကြလေသည်။ ထို့အပြင် အရမ်းမပြင်းလွန်းသော နေရောင်များသည် လူများကိုနွေးထွေးစေလေသည်။ ဤသည်မှာ ကမ်းခြေ၏ အကောင်းဆုံး အတွေ့အကြုံပင် ဖြစ်လေသည်။

သူသည် ကမ္ဘာပေါ်တွင် အလုပ်ကိစ္စခရီးများ မကြာခဏ ထွက်ရသဖြင့် ကမ်းခြေများသို့ ရောက်ဖူးသော်လည်း ယခုကဲ့သို့ ပြည့်စုံလှပသော ကမ်းခြေအား မမြင်ဖူးချေ။

နူးညံ့ညင်သာသော သဲများ၊ ရေကြည်လင်လွန်းသောကြောင့် အောက်ခြေရှိ ဂဏန်းများအား မြင်ရခြင်း ထိုအရာအားလုံးသည် ခရီးသွားများကို ဆွဲဆောင်နိုင်ပေသည်။

ယခုလိုနေရာမျိုးတွင် ထိုင်ခုံတစ်လုံးဖြင့်ထိုင်ကာ မှေးနေရခြင်းသည် သုခပင်ဖြစ်လေသည်။

"ဟေး, မင်းအနားယူပြီးရင် ကိုယ်တို့ဒီကျွန်းမှာနေကြမလား စတေးလ်"

ရှုယီသည် ပြုံး၍မေးလိုက်လေသည်။

ထိုအခါ ရှုယီ၏ ဘေးခုံတွင် လဲနေသော စတေးလ်သည် သူ့အား လှည့်ကြည့်လိုက်လေသည်။ နေရောင်ခံထားသဖြင့် အညိုရောင်သန်းနေသော အသားအရည်နှင့် သူမ၏လှပသော ခန္ဓာကိုယ်အချိုးအစားကြောင့် သူမ၏လှုပ်ရှားမှုတိုင်းသည် နှစ်သက်ဖွယ်ကောင်းနေလေသည်။

သူမအား ရေကူးဝတ်စုံဖြင့် မြင်လိုက်ရချိန်တိုင်းတွင် လီဆန်ယာကို လှိုက်လှဲစွာ ကျေးဇူးတင်မိလေသည်။

သူမ၏ နုပျိုဆေးနည်းပညာကြောင့်သာမဟုတ်လျှင် အသက်၆၀နားနီးနေပြီဖြစ်သော စတေးလ်သည် မည်မျှပင် ထိန်းသိမ်းစေကာမူ ယခုလို သူမငယ်ရွယ်ချိန်ကအတိုင်း လှပနေမည်မဟုတ်ချေ။

သို့သော် အနားတွင် ကလေးများနှင့် သဲရဲတိုက်များ ကစားနေသော အက်ဂ်နက်စ်နှင့် ယှဉ်လျှင် သူမ၏အလှသည် အနည်းငယ် လျော့နေပြီဖြစ်သည်။

အက်ဂ်နက်စ်နှင့် သိခဲ့သည်မှာ ၃၃နှစ်ကျော်ကြာမြင့်ခဲ့သည်ဖြစ်သော်လည်း သူမသည် တွေ့စကအတိုင်း စရိုက်များလည်း အနည်းငယ်မျှ ပြောင်းလဲခြင်းမရှိဘဲ နုပျိုဆဲ၊ လှပဆဲ၊ တက်ကြွဆဲဖြစ်လေသည်။ သူမသည် မိခင်တစ်ယောက်ဟုပင် ထင်ရက်စရာမရှိပေ။

"အနားယူပြီးရင် ဟုတ်လား?" စတေးလ်သည် ရှုယီကို ကြည့်လိုက်ရင်း "ရှင်တစ်ကယ် အနားယူမယ်ဆိုရင်တော့ ကျွန်မနေမယ်လေ"ဟု ဆိုလေသည်။

ရှုယီသည် မဲ့ပြုံး ပြုံးလိုက်သော်လည်း မည်သည်ကိုမှ ပြန်မပြောချေ။

သူနှင့် အတူနေလာသည်မှာ နှစ်ပေါင်း၃၀ကျော် ကြာလာပြီဖြစ်ရာ သူ၏အတွေးဘယ်လိုရှိမှန်း သူမ သိလေသည်။

"ရှင်နဲ့ကလေးတွေနဲ့အတူ ၃လလောက် အချိန်အတူကုန်ဆုံးခွင့် ရရုံနဲ့တင် ကျွန်မကျေနပ်နေပါပြီ။ ဒါပေမယ့် ရှင်လုံးဝအနားယူမယ့် ကိစ္စကတော့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ ရှင်က အနားယူချင်ရင်တောင် ရှင့်ကိုလိုအပ်နေတဲ့သူတွေ ရှိနေသေးတယ်။"ဟု စတေးလ်သည် သက်ပြင်းချရင်း ပြောလေသည်။

"စိုင်စ်နယ်မြေက ကိစ္စတွေကို ဂရုမစိုက်တော့ရင်တော့ တော်တော်သက်သာသွားမှာပေါ့"

ရှုယီသည် ပခုံးတစ်ချက်တွန့်လိုက်ရင်း မျှော်လင့်ချက်မဲ့နေသော အသံဖြင့် ပြောလိုက်လေသည်။

"ရှင်သေချာလို့လား။ စိုင်စ်နယ်မြေရဲ့ လက်ရှိအခြေအနေက ရှင်သေချာစီစဉ်ဆောင်ရွက်ထားလို့ ဖြစ်လာတာချည်းပဲ။ တစ်ခုခုဖြစ်လာခဲ့ရင် ရှင်လုံးဝဂရုမစိုက်ဘဲ နေနိုင်လို့လား"

စတေးလ်သည် ရှုယီ၏ ဝေခွဲမရဖြစ်နေသော မျက်လုံးများကို ကြည့်ရင်း ပြောလိုက်လေသည်။

"သေချာပါတယ် အများကြီး လုပ်ပေးခဲ့ပြီးပြီပဲလေ။ ကိုယ်မရှိရင်တော့ သူ့တို့ဘာသာ ဆက်လုပ်နိုင်ပါတယ်။ ပြောရမယ်ဆိုရင် ကိုယ်ရှိနေရင်တောင် အဟန့်အတားဖြစ်နေဦးမှာ အဲ့ဒါကြောင့် ထွက်သွားဖို့ သေချာစီစဉ်ခဲ့တာ"

စတေးလ်သည် ရှုယီကို ကြည့်လိုက်ရင်း ပြုံးကာ "ဒါဆို ဖရီယာတစ်ခုခုဖြစ်ရင်ရော ရှင်ဂရုမစိုက်ဘူးပေါ့"ဟု ပြောလေသည်။

ရှုယီသည် စတေးလ်ကို စိတ်အနှောင့်အယှက်ဖြစ်လာပုံဖြင့် ကြည့်လိုက်လေသည်။

"အဲ့လိုပြောချင်တာမဟုတ်မှန်း သိရဲ့သားနဲ့။ မင်းရော ဖရီယာကို ဂရုမစိုက်ဘဲနေနိုင်လို့လား။ သူသာ အန္တရာယ်တစ်ခုခု ကြုံနေရတာမျိုးဆိုရင်တော့ အဖေတစ်ယောက်အနေနဲ့ ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်ပါ့မလဲ။ သူကလည်း အန္တရာယ်ရှိတာမျိုးမဟုတ်ဘူးဆိုရင်တော့ Frestech ကုန်သည်ကြီးများအသင်းမှာ ဘာပဲဖြစ်ဖြစ် ဝင်မပါဘူး။ ကုမ္ပဏီတိုးတက်ဖို့က သူ့ရဲ့အရည်အချင်းပေါ်မှာပဲ မူတည်တယ်။"

"ရှင်တစ်ကယ်ပဲ Frestech ကုန်သည်ကြီးများအသင်းကို လက်လွှတ်လိုက်တော့မယ်ပေါ့။ ရှင်ကိုယ်တိုင်တည်ဆောက်ထားခဲ့ပြီး ရှင့်ရဲ့ကလေးလို့တောင် ပြောလို့ရနေတာကိုလေ။"

"ကိုယ့်ကလေးဖြစ်မယ်ဆိုရင်တောင် အရွယ်ရောက်သွားပါပြီ ရှေ့ဆက်ပြီးလည်း ကြီးပြင်းလာမှာပဲ။ ရှေ့လျှောက် ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်တော့ပါဘူး"

ရှုယီသည် စိုင်စ်နယ်မြေရှိရာ အနောက်ဘက်သို့ မျက်နှာမူလိုက်ရင်း ခေါင်းခါလိုက်လေသည်။

"တစ်ကယ်တော့ Frestech ကုန်သည်ကြီးများအသင်းတင်မဟုတ်ပါဘူး စိုင်စ်နယ်မြေကိုလည်း လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးတိုးတက်စေဖို့ဆို လက်လွှတ်ရမှာပဲလေ။"

"အင်ပါယာနှစ်ခုက လူတွေရော ပြီးတော့..... ဆယ်ဗီနီရော ရှင်ဘာတွေတွေးနေလဲ နားလည်ရင် ပိုပြီးလွယ်ကူသွားမှာပဲ။ ဆယ်ဗီနီအကြောင်းပြောမှ သူနဲ့ပတ်သက်ပြီး တစ်ခုခုစီစဉ်ထားတာမျိုး မရှိဘူးလား။"

ရှုယီသည် အံ့သြစွာ ကြည့်လိုက်လေသည်။

"ဘာကိုစီစဉ်ထားတာလဲ"

စတေးလ်သည် ရှုယီကို ကြည့်လိုက်ပြီး စကားပြောရန် သတ္တိမွေးရလေသည်။

"ဒါဆိုရင် ရှင်အခုထိ မင်းသား ရေမွန်က ရှင်နဲ့ရတဲ့ကလေးမှန်း မသိသေးဘူးပေါ့"

ထိုသို့ပြောပြီးနောက်တွင် သူမသည် ရှုယီကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်မိလေသည်။

သို့သော် ရှုယီသည် မည်သည့်ထူးဆန်းသည့် တုံ့ပြန်မှုမှ မပေးချေ။ သူသည် ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး သက်ပြင်းချရုံသာဖြစ်သည်။

"ဒါဆို ထင်တာမမှားဘူးပဲ။ ဆယ်ဗီနီက တစ်ကယ်လုပ်ခဲ့တာပဲ။ ဘက်တီနဲ့ ကာရိုကတော့ သိပ်အရေးမကြီးပါဘူး"

စတေးလ်သည် မျက်လုံးဝေ့လိုက်ပြီး သက်ပြင်းလေးချလိုက်လေသည်။

"လမ်ပူရီတိုင်းပြည်ရဲ့ တော်ဝင်နန်းတော်က မိန်းကလေးသုံးယောက်နဲ့ ဆက်ဆံရေးတွေရှိခဲ့ပြီး အဲ့ထဲကတစ်ယောက်က ဘုရင်မကြီးဖြစ်နေတာဆိုတော့ ဥက္ကဌရှု ရှင်တော်တော် ဂုဏ်ယူနေမှာပဲနော်"

ရှုယီသည် ရယ်၍ စတေးလ်၏ ညင်သာစွာ ပါးအားဆွဲလိုက်လေသည်။

"ဘာလဲ။ မင်းကအားလုံး သိနေပြီးတာတောင် သဝန်တိုနေတုန်းလား"

ဆယ်ဗီနီသည် ထိုင်ခုံပေါ်မှ ထလိုက်ပြီး အကြောဆန့်လိုက်လေသည်။

"ရှင်မိန်းမတွေ ဘယ်လောက်ပဲ ထပ်ယူယူ သဝန်တိုနေမှာမဟုတ်ဘူး။ ဒါပေမယ့် တစ်ခုတော့ သတိပေးရဦးမယ်။ မင်းသား ရေမွန်က တစ်ချိန်မှာ လမ်ပူရီရဲ့ ထီးနန်းကိုဆက်ခံမှာပဲ အဲ့အချိန်မှာ ရှင်က အဖေတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်မယ် စိတ်ကူးလဲ"

ထိုသို့ပြောပြီးချိန်တွင် ဆယ်ဗီနီသည် သမုဒ္ဒရာဆီသို့ သွားရန် ခြေလှမ်းပြင်လိုက်လေသည်။

ဆယ်ဗီနီထွက်သွားသည်ကို ကြည့်ရင်း ရှုယီသည် ခါးသက်စွာ ပြုံးမိလေသည်။

သူဘာများတတ်နိုင်မည်နည်း။

ဆယ်ဗီနီသည် သူ့အားဒီကိစ္စပြောရန် တုံ့ဆိုင်းခြင်း မရှိကတည်းက သူမတွင် တစ်ခုခုတွေးထားပြီးသား ရှိနေမည်ဖြစ်သည်။

မင်းသား ရေမွန်သည် ဆယ်ဗီနီနှင့် သူ၏သားဖြစ်သည်ဆိုလျှင်ပင် သူ့အနေဖြင့် ဘာမှတတ်နိုင်မည်မဟုတ်ချေ။

သို့သော် တစ်ခုထူးဆန်းသည်မှာ ဒီကိစ္စက လျှို့ဝှက်ထားသည်မှန်သော်လည်း ဆယ်ဗီနီထက်အရင် စတေးလ်က ဒီကိစ္စကို စဖော်လိုက်ခြင်းဖြစ်သည်။

ဆယ်ဗီနီသည် အချိန်ကောင်းကို စောင့်နေခြင်းပေလား။

ရှုယီသည် ထိုင်ခုံပေါ်သို့ ပြန်လဲလိုက်ပြီး သူ၏လက်အား ဆယ်ဗီနီနှင့် မင်းသား ရေမွန်တို့က တစ်ဖက်စီကိုင်ထားသည့် ပုံစံအား မြင်ယောင်ကြည့်လေသည်။ ထိုကိစ္စသည် ရုပ်ရှင်ဆန်ပေလိမ့်မည်။

သူစိတ်ကူးယဥ်နေချိန်တွင် ကောင်းကင်၌ အနက်ရောက်အစက်တစ်ခု ပေါ်လာပြီး နောက်ပိုင်းတွင် အများအပြားဖြစ်လာကာ ရှုယီထံသို့ ကျလာလေသည်။

ထိုအရာတွင်ကျလာချိန်တွင် ရှုယီဘေးရှိ သဲများသည် လွင့်စင်သွားကြလေသည်။

အကယ်၍သူသာ အချိန်မီအရံအတား မပြုလုပ်မိပါက ထိုသဲများထဲတွင် မြုပ်ခံရမည်ဖြစ်သည်။

"ဥက္ကဌရှုရေ အာကာသက တစ်ကယ်ပျော်စရာကောင်းတယ်"

***

Volume 8 အခန်း ၈၃ ။ လေထုကို ခန္ဓာကိုယ်ဖြင့် ဖောက်ထွင်းခြင်း

ရှုယီသည် အပေါ်ကို ကြည့်လိုက်ချိန်တွင် ကောင်းကင်၌ နေကိုပင် ကွယ်နိုင်သော အရိပ်တစ်ခုအား မြင်ရလေသည်။

"ဟေး လူပုံစံပြောင်းလိုက်ပါလား ကက်ဆန်ဒရာ မဟုတ်ရင် မော့ပြီးစကားပြောနေရတာနဲ့ ငါခေါင်းပြုတ်တော့မယ်။"

"Oh...."

အလင်းနှင့်အတူ အရိပ်သည် ပျောက်ကွယ်သွားပြီး လူသားမိန်းကလေးတစ်ယောက် ရှုယီဘေး၌ ပေါ်လာခဲ့လေသည်။ သူမသည် အာကာလီ၏ မိတ်ဆွေဖြစ်ပြီး စိုင်စ်နယ်မြေတွင် ပထမဆုံးပေါ်လာသော အနီရောင်နဂါး ကက်ဆန်ဒရာဖြစ်လေသည်။

"အာကာသက အဲ့လောက်ပျော်ဖို့ကောင်းလို့လား။ ကြယ်တွေကလွဲပြီး ဘာမှမရှိဘဲနဲ့။ ဘာတွေက ဒီလောက်ပျော်စရာ ကောင်းနေတာလဲ"

ရှုယီသည် ဝေခွဲမရသော အကြည့်များဖြင့် ကက်ဆန်ဒရာကို ကြည့်၍ မေးလေသည်။

"အာကာသကဘယ်လိုပုံစံရှိလဲ သိတယ်ပေါ့"

ကက်ဆန်ဒရာသည် မျက်တောင်ခတ်လိုက်ပြီး နောက်မှ သဘောပေါက်သွားလေသည်။

"အိုး...ဟုတ်သား။ မင်းတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက ဂြိုလ်တုလွှတ်ထားတာပဲ။ ဒါကြောင့် ဘယ်လိုပုံစံလဲ သိနေတာကို။ ဒါပေမယ့် အာကာသက ထင်သလောက်မရိုးရှင်းဘူး ဥက္ကဌရှုရဲ့။ ကိုယ်တိုင်ပျံကြည့်မှ ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းလဲ သိလိမ့်မယ်။"

"ဘာတွေက စိတ်ဝင်စားစရာကောင်းနေလို့လဲ"

ရှုယီသည် အာကာသသို့သွားရန် ကမ္ဘာပေါ်တွင် အခွင့်အရေးမရခဲ့သော်လည်း သတင်းများနှင့် ရုပ်သံအစီအစဉ်များကို ကြည့်ဖူးလေသည်။ သို့ရာတွင် ထိုကိစ္စသည် သူ့အတွက် မည်သည့်အဓိပ္ပါယ်မှ ရှိမနေချေ။

"ဘာကိုမှ တိုက်မိမှာမပူရဘဲ ပျံနိုင်ရုံနဲ့တင် တော်တော်ပျော်စရာ ကောင်းနေပါပြီ။ ပြီးတော့ အတောင်ခတ်ဖို့လည်း စိတ်ပူစရာမလိုဘူး။ အဲ့တော့ ပျံရတာပိုမြန်၊ သက်သောင့်သက်သာရှိပြီး ပိုလွတ်လပ်ပြီးတော့ အရမ်းစိတ်လှုပ်ရှားစရာလည်း ကောင်းတယ်။"

"အဓိပ္ပါယ်မရှိတာ။ အာကသမှာ လေမှမရှိဘဲ အတောင်ပံခတ်နေလည်းအပိုပဲလေ။ ပြောရင်းနဲ့မှ ကောင်းကင်မှပျံရင်တောင် သိပ်မခတ်ဘူးမလား။ ပျံဖို့က အဲ့လိုမလိုဘူးထင်နေတာ"

"မလိုပါဘူး အကျင့်ဖြစ်နေတာ။ အတောင်ခတ်တာက ပိုပြီးသက်သောင့်သက်သာ ဖြစ်စေတယ်လေ။"

"ဒါဆိုဘာလို့ပိုမခတ်တာလဲ။ မြန်မြန်မပျံနိုင်လို့လား"

"ပင်ပန်းလို့လေ။" ကက်ဆန်ဒရာသည် သူမ၏လက်နှစ်ဖက်ကို အတောင်ခတ်သည့်ပုံစံမျိုး လုပ်ပြလေသည်။ "တွေ့လား အင်အားအရမ်းသုံးရတယ်။ မှော်သုံးတာထက်တော့ ဘယ်သက်သောင့်သက်သာ ရှိပါ့မလဲ။"

ရှုယီသည် မျက်လုံးဝေ့လိုက်လေသည်။

ဤနဂါးသည် သူ၏ခန္ဓာဖွဲ့စည်းပုံကိုပင် နားမလည်လေသလား။

အတောင်ပံများပါရှိခြင်းသည် ပျံသန်းဖို့ရန်ဖြစ်သော်လည်း ဆင့်ကဲပြောင်းလဲချိန်တွင် မှော်ပညာများ သုံးတတ်လာခြင်းကြောင့် တောင်ပံများအပေါ်တွင် မှီခိုစရာ မလိုတော့ဘဲ ကက်ဆန်ဒရာကဲ့သို့ အနီရောင်နဂါးပင်လျှင် အတောင်ခတ်ရသည်မှာ ပင်ပန်းသည်ဟု ဆိုလေသည်။

နဂါးများသည် သက်တမ်းရှည်၍ မျိုးဆက်၁၀ခုသာ ရှိသေးသဖြင့် တော်တော့သည်။ ထို့ထက်ကြာလျှင် နဂါးများတွင် အတောင်ပံရှိမည်ပင် မဟုတ်တော့ချေ။

ထိုသို့သို့ စဉ်းစားလိုက်မိချိန်တွင် ရှုယီသည် သူသိလိုသော မေးခွန်းများအားမေးလေသည်။

"အာကာသမှာ ပိုပြီးလွတ်လပ်တယ်လို့ပြောတယ်နော်။ လေခုခံအားမရှိတာကလွဲရင် အခြားရော ဘာအကြောင်းပြချက်ရှိသေးလဲ ကက်ဆန်ဒရာ"

"ဟုတ်တယ် အဲ့မှာရှိတဲ့ မှော်လေထုက ဒီမှာရှိတာထက် ပိုပြီးတည်ငြိမ်တယ်။ နာရီနဲ့ချီပြီး ကီလိုမီတာပေါင်း ထောင်ချီပျံတာတောင် ဘာမှကွာခြားသွားတာမရှိဘူး"

"ဟုတ်တယ် အဲ့မှာ ပိုတည်ငြိမ်တယ်"

မှော်လေထုဆိုသည်မှာ ဓါတ်ကြီးလေးပါးဖြင့် ဖွဲ့စည်းထားသော မှော်စွမ်းအင်များရှိရာ နေရာတစ်ခုဖြစ်ပြီး ပုံမှန်လေထုလွှာနှင့် ခွဲမရပေ။

ပုံမှန်မဟုတ်တော့ လေထုရှိသည့်နေရာမျိုးတွင် မှော်လေထုသည်လည်း မတည်ငြိမ်ပေ။

အမြင်သာဆုံးဥပမာမှာ မီးတောင်များပင်ဖြစ်လေသည်။ ထိုပတ်ဝန်းကျင်ရှိ ရာသီဥတုမှာ ပူပြင်းသဖြင့် မှော်လေထုသည်လည်း မီးစွမ်းအင်ကို ပိုမိုနှစ်သက်ပြီး မတည်ငြိမ်မှုများ ဖြစ်ပေါ်စေသည်။

မီးတောင်များအနီးရှိ မှော်လေထုတွင် မီးစွမ်းအင်များသာ ရှိနေသဖြင့် အန္တရာယ်များသည်ဟု စိုင်စ်နယ်မြေရှိ မှော်ဆရာများက ပြောလေ့ရှိခဲ့ကြသည်။

ဆင်တူသည်ဆိုသော်လည်း မှော်ပညာကို ရှုမြင်သည့် ရိုးရာသဘောထားသည် အကြောင်းပြချက် ဖြေရှင်းရာတွင် မလုံလောက်ပေ။

ထို့ကြောင့်ပင် မှော်လေထုများကြောင့် ဂြိုလ်အနှံ့တွင် မတူညီသော ရာသီဥတုအခြေအနေများ ဖြစ်ပေါ်၍ မတည်ငြိမ်ကြခြင်းဖြစ်လေသည်။ ထိုနေရာများကို မှော်ဆရာများသည် မတည်ငြိမ်သောမှော်လေထုဟု ခေါ်ကြသည်။

ပို၍ပြင်းထန်သောနေရာများဆိုလျှင် မှော်ပညာရှင်များအဖွဲ့အစည်းမှ မှော်ဆရာများကို မသွားရန် တားမြစ်ပေလိမ့်မည်။

သို့သော် သူတို့သည် အာကာသ၏ မှော်လေထုသည် မည်သို့ဖြစ်မည်ကို မစဉ်းစားဖူးချေ။

Frestech ကုန်သည်ကြီးများအသင်းမှ ဂြိုလ်တုလွှတ်တင်လိုက်ချိန်မှ သူတို့သည် ဂြိုလ်တစ်ခုပေါ်တွင်နေသည်ဟူသော ရှုယီ၏ သီအိုရီနှင့် အာကာသတွင် ရိုးရာမှော်ဆရာများထင်သကဲ့သို့ မှော်လေထုမရှိဟူသော အချက်ကို ဆန့်ကျင်ပြီးသားဖြစ်သွားလေသည်။

ဤကိစ္စကို သိပြီးချိန်တွင် ပထမဆုံး တုံ့ပြန်သူမှာ လူသားများမဟုတ်ဘဲ နဂါးများဖြစ်လေသည်။

အာကာလီ၏ မိတ်ဆွေကောင်းဖြစ်သူ ကက်ဆန်ဒရာသည် ဂြိုလ်တုအကြောင်း ပထမဆုံးသိသူများထဲကတစ်ယောက်ဟု ဆိုနိုင်ပေသည်။

ထိုကိစ္စကိုသိချိန်တွင် သူမသည် အာကသသို့ပျံမည်ဟု ဆိုလေသည်။

အစတွင် အာကာလီနှင့် ရှုယီသည် ထိုရူးမိုက်သော အကြံအား လက်မခံပေ။

အာကာသတွင် မှော်လေထုများရှိသဖြင့် မှော်ပုံရိပ်ယောင်ကင်မရာမှ ပုံများကို ပြန်ပို့နိုင်ခဲ့သော်လည်း လုံလောက်သော အချက်အလက်များရှိသဖြင့် ထိုနေရာ၏ မှော်လေထု အခြေအနေကို မသိရချေ။

အကယ်၍ အာကာသရှိ မှော်လေထုသည် မြေပြင်တွင်ရှိသည်နှင့် မတူပါက ထိုသို့ပျံသန်းသွားခြင်းသည် ကက်ဆန်ဒရာအနေဖြင့် ကိုယ့်သေတွင်းကိုယ်တူးသကဲ့သို့ဖြစ်ချေသည်။

မှော်လေထု၏သက်ရောက်မှုပင်မဆိုထားနှင့် အကာအကွယ်မပါဘဲ အာကာသသို့ ပျံသန်းသွားခြင်းပင်လျှင် သေကြောင်းကြံနေခြင်းဖြစ်သည်။

သို့သော် ကက်ဆန်ဒရာသည် နဂါးတစ်ကောင်အနေဖြင့် သူမ၏ခန္ဓာကိုယ်ကို လွန်စွာယုံကြည်ချက်ရှိနေသည့်အတွက် လုပ်မည်ဟုသာဆိုလေသည်။

ဘယ်လိုမှတားမရသည့်အဆုံးတွင် ရှုယီသည် သူ့အစီအစဉ်အတိုင်းသာ ဆက်လုပ်လေသည်။

ဤအချိန်တွင် Frestech ကုန်သည်ကြီးများအသင်းသည် ဂြိုလ်တုနှစ်ခု ထပ်လွှတ်လေသည်။

ပထမတစ်ခုနှင့်ယှဉ်သော် ထိုနှစ်ခုမှာ ပစ္စည်းများ ပိုမိုစုံလင်လေသည်။

အရည်အသွေးမြင့် မှော်ပုံရိပ်ယောင်ကင်မရာsများသာမက အာကာသရှိ မှော်လေထု၏ အခြေအနေကို သတင်းပို့နိုင်သည့်စက်များနှင့် ထိုနေရာ၏ ပတ်ဝန်းကျင်ကို စမ်းသပ်နိုင်သည့် နတ်သူငယ်များ ဖန်တီးထားသော အရုပ်များလည်း ပါရှိလေသည်။

ထိုကိရိယာများ၏ ကျေးဇူးကြောင့် အာကာသရှိ အခြေအနေအသေးစိတ်ကို Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် ပို၍သိခဲ့ရလေသည်။

ထိုအချက်အလက်များအရ အာကာသရှိ မှော်လေထုသည် ပို၍တည်ငြိမ်ကာ မှော်ဆရာများအတွက် နေရန်ပို၍ပင် သင့်တော်ပေတော့သည်။

တစ်ချိန်ထဲတွင် အာကာသရှိ ကြယ်များသည် ကမ္ဘာနှင့် အတူတူပင်ဖြစ်ကာ လူသားများအနေဖြင့် အကာအကွယ်မပါဘဲ နေရန်မဖြစ်နိုင်သော်လည်း လူသားခန္ဓာကိုယ်ထက် အဆများစွာ သန်မာသော နဂါးများအနေဖြင့် ရှင်နိုင်ချေရှိပေသည်။

ထိုသတင်းကို ကြားပြီးသည်နှင့် ကက်ဆန်ဒရာသည် ချက်ချင်းပျံထွက်သွားသဖြင့် အာကာလီနှင့် ရှုယီပင် ဘာမှမပြောချိန်မရလိုက်ပေ။

အစတွင် သူမသည် လေထုအား ချိုးဖောက်၍ အာကာသသို့ သွားရန် မလုပ်နိုင်ပေ။

သို့သော် အရှိန်ရသွားသည်နှင့် သူမသည် လေထုကိုဖြတ်ကာ အာကာသထဲသို့ သူမ၏ခန္ဓာကိုယ်ဖြင့် အကာအကွယ်မပါဘဲ ဝင်ရောက်သွားလေသည်။

အာကာသထဲတွင် ကက်ဆန်ဒရာသည် ဆော့ကစား၍ အန္တရာယ်ကင်းကင်းပြန်လာချိန်ကို ရှုယီမှတ်မိနေသေးသည်။

အခြားသူများသည် အံ့သြသွားကြသော်လည်း ရှုယီအား မမီချေ။

ရှုယီသည် အာကာသအကြောင်းကို အားလုံးထက် နားလည်ပေသည်။

ထို့ကြောင့် သူသည် သတိပိုထားပြီး အာကာသအကြောင်းကို ပို၍သိချင်လာပေသည်။

အခြားသူများသည် ဤလောက၏ ဒေသခံများဖြစ်သည့်အတွက် အာကာသအကြောင်း သိပ်နားမလည်ပေ။ ထို့ကြောင့် သူတို့သည် ကက်ဆန်ဒရာက သန်မာသည့်အတွက် အာကသသို့ ပျံသွားနိုင်ခြင်းအပေါ် အံ့သြမှု သိပ်မရှိခြင်းဖြစ်သည်။

နဂါးများသည် လူသားများနှင့် အခြားသက်ရှိများထက် ပို၍သန်မာသည့်အတွက် အာကာသသို့ ပျံသန်းခြင်းမှာ ပြဿနာရှိမည်မဟုတ်ချေ။

၄င်းတို့အနေဖြင့် ယခင်က မပျံဖူးခြင်းမှာ ထိုနေရာနှင့် စိမ်းနေသဖြင့် သတိထားကာ နေခြင်းဖြစ်သည်။

ယခုအချိန်တွင် အာကာသထဲ၌ မှော်လေထုရှိသည်ကို Frestech ကုန်သည်ကြီးများအသင်းမှ သက်သေပြပြီးဖြစ်သဖြင့် နဂါးများအတွက် အခွင့်အရေးရှိပေသည်။

သေခြင်းတရားအား ကြောက်ရွံ့ခြင်းမရှိသော ကက်ဆန်ဒရာသည် အာကာသသို့ နဂါးများပျံသန်းနိုင်သည်ဟူသော စိတ်ကူးယဥ်ကိစ္စကို လက်တွေ့လုပ်ဆောင်ပြနိုင်ခဲ့ပေသည်။

"ဒီကိစ္စကို မျိုးနွယ်တူတွေကို ပြောဖို့မစောင့်နိုင်တော့ဘူး။ အာကာသမှာ ပျံရတာ ဒီမှာထက် ပိုပြီးပေါ့ပါးလွတ်လပ်တယ်ဆိုတာ သိသွားကြရင် အရမ်းပျော်သွားကြမှာနော်။"

ရှုယီသည် မချိပြုံး ပြုံးမိလေသည်။

နဂါးများ၏သက်တမ်းမှာ ရှည်ကြာသောကြောင့် ၄င်းတို့အနေဖြင့် ပျင်းကြမည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းမှ မှော်ပုံရိပ်ယောင်ရုပ်ရှင်များကို ယူဆောင်လာသောအခါ နဂါးများသည် ဝတ္ထုအသစ်များကို တွေ့ကြုံခံစားရသဖြင့် ပျော်နေကြလေသည်။

ယခုအချိန်တွင် ထိုထက်စိတ်ကူးယဥ်ဆန်ပြီး စိတ်လှုပ်ရှားဖွယ်ကိစ္စတစ်ခုအား ကက်ဆန်ဒရာမှ ရှာတွေ့လာသည့်အတွက် ရူးပင်သွားကြလေမည်။

နဂါးအများအပြား ကောင်းကင်ပေါ်သို့ ပျံသွားသည်ကို မြင်ရမည်ဟု တွေးလိုက်မိသောအခါ ရှုယီအနေဖြင့် ထူးဆန်းသွားလေသည်။

ထိုကိစ္စကိုတွေးလိုက်မိပြီး ရှုယီသည် အတွေးပြောင်းလိုက်ကာ ကက်ဆန်ဒရာကို အာရုံစိုက်လေသည်။

"ဟေး, ကက်ဆန်ဒရာ အမှန်တိုင်းဖြေစမ်းပါ။ အဲ့ဂြိုလ်တုတွေက ဒုက္ခပေးတယ်လို့ မထင်ဘူးလား"

***

Volume 8 အခန်း ၈၄ ။ နဂါးများကို အလုပ်လုပ်ပေးရန် ပြုလုပ်ခြင်း

"ဂြိုဟ်တုတွေလား။ အာ...ဘာပြောချင်တာလဲမသိဘူး။ အာကာသက အကျယ်ကြီးပဲလေ ဘယ်လိုလုပ် ဝင်တိုက်မိမှာလဲ။ အဲ့မှာရှိတဲ့ မှော်လေထုက အရမ်းတည်ငြိမ်လွန်းတော့ ထိန်းချုပ်ရလည်းလွယ်တယ်။ ပြီးတော့....."

"ကက်ဆန်ဒရာ နဂါးတွေက လိမ်တာကိုမကြိုက်ဘူးလို့ အာကာလီက ပြောဖူးတယ်။"

ကက်ဆန်ဒရာသည် အေးစက်သွားပြီး မျက်တောင်ခတ်ကာ ခေါင်းငုံ့လိုက်လေသည်။

"ဒါကလေ....ဥက္ကဌရှု ဂြိုဟ်တုကိုမြင်တော့ ပျော်ဖို့ကောင်းမယ်ထင်ပြီး ဘယ်သူမြန်မြန်ပျံနိုင်လဲဆိုပြီး လိုက်ပြိုင်ခဲ့တာပဲရှိတာပါ။ အခြားဘာမှမလုပ်ပါဘူး"

ကက်ဆန်ဒရာဝန်ခံသည်ကို မြင်သောအခါ ရှုယီသည် ပြုံးရုံပြုံးပြလိုက်လေသည်။

"သိပါတယ် ဒီတိုင်းမေးကြည့်ရုံပါ အခြားဘာကိစ္စမှ မရှိပါဘူး"

ကက်ဆန်ဒရာအနေဖြင့် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းချလိုက်လေသည်။ ထို့နောက် သူမသည် ရုတ်တရက်စိတ်တိုသွားလေသည်။

"သိရဲ့သားနဲ့ဘာလို့မေးခဲ့တာလဲ"

"ကုမ္ပဏီက ဗွီဒီယိုထဲမှာက အရိပ်ပဲ ပါတာပါ။ မင်းမှန်းမသေချာဘူးလေ အခုတော့ မင်းကလွယ်လွယ် ဝန်ခံလိုက်တော့ ခန့်မှန်းနေရတာ သက်သာသွားတာပေါ့"

ကက်ဆန်ဒရာသည် အံ့သြသွားပြီးနောက် ရှက်ရမ်း ရမ်းလေသည်။

"လူသားတွေက တစ်ကယ်ပဲ ဉာဏ်များတာပဲ....."

"မင်းဂြိုဟ်တုဘေးမှာ မပျံခဲ့ဘူးလား။ ပြီးတော့ ကုမ္ပဏီရဲ့ ဂြိုဟ်တုတွေကို လိုက်နှောင့်ယှက်နေတာ ကြာပြီမလား"

ရှုယီသည် ပြုံး၍မေးလေသည်။

"အဲ့တော့ ဘာဖြစ်လဲ။ ဖျက်ဆီးနေတာမှမဟုတ်တာ အဲ့ဒါက တစ်ယောက်တည်းဆို ပျင်းနေမှာစိုးလို့ အဖော်လုပ်ပေးတာကို"

ကက်ဆန်ဒရာသည် စိတ်ဆိုး၍ပြောလေသည်။

ရှုယီသည် ခေါင်းခါလိုက်ရင်း ရယ်လေသည်။

ကက်ဆန်ဒရာသည် သက်တမ်းအရတွက်ကြည့်မည်ဆိုလျှင် အသက်၂၀၀ပင် ပြည့်တော့မည်ဖြစ်သော်လည်း အသိဉာဏ်မှာမူ အသက်၁၀၀သာရှိသေးသော နတ်သူငယ် အက်ဂ်နက်စ်ထက် ကလေးဆန်နေပေသေးသည်။

နဂါးများသည် နတ်သူငယ်များထက် သက်တမ်းပိုရှည်ရုံသာမက ပို၍ဖြူစင်သောကြောင့် ကက်ဆန်ဒရာကဲ့သို့ နဂါးငယ်လေးသည် လှည့်ကွက်များအကြောင်းကို မသိသေးချေ။

သို့ရာတွင် ထိုသို့မဟုတ်လျှင်လည်း Frestech ကုန်သည်ကြီးများအသင်းကို ပထမဆုံးစူးစမ်းလေ့လာရေးခရီးမှာပင် သဘောတူကာ စိုင်စ်နယ်မြေသို့ လိုက်ခဲ့မည်မဟုတ်ချေ။ ရှုယီကိုလည်း ယုံကြည်မည်မဟုတ်ဘဲ အာကာလီနှင့်လည်း မိတ်ဆွေကောင်း ဖြစ်လာမည်မဟုတ်ချေ။

နဂါးများသည် လွန်စွာအစွမ်းထက်သောကြောင့် မလိုအပ်ဘဲ ကြမ်းတမ်းခြင်းမပြုကြချေ။

"အာကာသမှာ ပျံရတာပျော်စရာကောင်းတယ်လို့ ပြောတယ်နော်"

"အကြာကြီးပျံလိုက်တော့လည်း သိပ်မကောင်းတော့ဘူး။ အဲ့ဒါကြောင့် မျိုးနွယ်တူတွေကို အတူတူပျံဖို့ သွားခေါ်မလားလို့။"

"အမ်.....သူတို့တွေကရော အာကာသမှာ ပျံနိုင်မယ်လို့ထင်လား ကက်ဆန်ဒရာ”

"ဒါပေါ့ ကျွန်မထက် သန်မာတဲ့သူတွေမှ အများကြီး အဲ့တော့ ကျွန်မတောင် လုပ်မထပ်ရသေးရင် သူတို့လည်း သေချာပေါက်ရတာပေါ့"

"အဲ့ဒါကမသေချာဘူး"

ရှုယီ၏ မျက်နှာသည် တည်တံ့သွားလေသည်။

"မင်းကိုမလွှတ်ခင် အာကာသမှာ အန္တရာယ်မဖြစ်အောင် ရတဲ့အချက်အလက်တွေကို စုပြီးကြိုတင်ပြင်ဆင်မှုတွေ လုပ်ပေးပြီးမှ လွှတ်ဖို့ သဘောတူခဲ့ကြတာ။ အခုအချိန်မှာ လွတ်လွတ်လပ်လပ် ပျံလို့ရနေတယ်ဆိုပေမယ့် အခြားသူတွေ ရမယ်လို့ မဆိုလိုဘူး။ တစ်ခုခုဖြစ်သွားခဲ့ရင် မင်းရဲ့မျိုးနွယ်တွေ သေသွားတာ မြင်ချင်လို့လား"

ကက်ဆန်ဒရာ၏ မျက်နှာသည်လည်း တည်သွားလေသည်။ "အဲ့လောက်တော့ မဖြစ်နိုင်ပါဘူး။ ကျွန်မ ဘာမှမဖြစ်ဘူးလေ။"

"ပြောပြီးပြီလေ အဲ့ဒါမင်းတစ်ယောက်တည်းပဲလို့"

"အဲ့ဒါဆိုဘယ်လိုလုပ်ရမှာလဲ။ ဘယ်သူပိုမြန်မြန် ပျံနိုင်လဲဆိုတာ ပြိုင်ချင်သေးတာကို"

"တစ်ကယ်အဲ့လိုလုပ်ချင်တာလား"

"ဒါပေါ့"

"ကောင်းတယ် မင်းပျံနိုင်တယ်ဆိုတာက ယေဘုယျအခြေအနေပဲရှိသေးတယ်။ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံမသိသေးတော့ မင်းရဲ့မျိုးနွယ်တွေကို စွန့်စားခိုင်းလို့မဖြစ်ဘူးလေ။ အဲ့တော့ အချက်တွေကို ပြည့်ပြည့်စုံစုံသာ ရမယ်ဆိုရင်....."

"နားလည်ပြီ...အချက်အလက် စုခိုင်းနေတာမလား"

"တော်သားပဲ"

"ဂြိုဟ်တုတွေရှိတယ်မလား"

"ဒါပေမယ့် မင်းလောက် အံဝင်ခွင်ကျမဖြစ်ဘူးလေ။ ပြီးတော့ သူတို့က နဂါးမှမဟုတ်တာ ဂြိုဟ်တုသက်သက်ပဲလေ။ သူတို့က အချက်အလက်တွေကို ဘယ်လောက်ထိယူနိုင်မှာလဲ"

"ဒါဆိုရင် သဘောပေါက်ပါပြီ"

ကက်ဆန်ဒရာသည် ခေါင်းညိတ်လိုက်လေသည်။ သူမသည် မေးစေ့အား ပွတ်လိုက်ပြီး ရှုယီထံသို့ လက်များဆန့်လိုက်လေသည်။

ရှုယီမှာ အံ့သြသွားလေသည်။

"ဘာလုပ်နေတာလဲ"

"အလုပ်လုပ်ပေးစေချင်ရင် လုပ်အားခတော့ ပေးရမှာပဲလေ"

ရှုယီသည် မျက်လုံးပြူး၍ ကြည့်မိလေသည်။

"အာကာလီက သင်ပေးလိုက်တာလား"

"သူသင်ပေးမှလား ဒီလောက်တော့ သိပါတယ်။ လူသားတွေက ဒီလိုပဲမလား တစ်ခုခုလုပ်ရင် ဆုချရတယ်လေ။ အဲ့တော့ ကျွန်မလည်း အလုပ်လုပ်ဖို့ဆို ဆုလိုတယ်လေ တရားတယ်မလား"

"တရားပါ့။" ရှုယီသည် မျက်လုံးဝေ့လိုက်လေသည်။

"ဪ ပြောမှ ဒီလိုဆိုရင် မင်းရဲ့မျိုးနွယ်တွေကို ခေါ်ခဲ့ပေးပါလား အလုပ်အတူတွဲလုပ်ချင်တဲ့သူတွေကိုပေါ့။ ရှိမယ်ဆိုရင်လည်း မင်းတို့ကျေနပ်စေမယ့် ဆုလာဘ်တွေပေးမယ်။"

"အခုလေးတင်ပဲ အာကာသက သူတို့အတွက် အန္တရာယ်ရှိတယ်လို့ ပြောလိုက်တာမလား"

"သူတို့ကို အဲ့အထိသွားဖို့မလိုပါဘူး။ သူတို့အတွက် အခြားအလုက်တွေ အများကြီးရှိတယ်"

"အဲ့လိုလား...."

"ဟုတ်သား မင်းလူသားတွေ ဘယ်လိုကုန်သွယ်လဲ သိအောင် ရွှေဒင်္ဂါးတွေပေးမယ်လေ ဒါဆိုရင် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားတာပေါ့"

"ရွှေသာဆိုရင်တော့ ကျွန်မတို့ မျိုးနွယ်တွေမှာ အများကြီးရှိတော့ ပေးဖို့မလိုပါဘူး။ အဲ့အစား မှော်ပုံရိပ်ယောင်လို အခြားပျော်စရာကောင်းတာလေးတွေပေးပေါ့။ ခက်ခက်ခဲခဲဟာတွေမတောင်းပါဘူး"

"မဟုတ်ဘူး...မင်းကို ကုန်သွယ်ရေးနည်းလမ်းတွေကို သိစေချင်တာ။ အခုလက်ရှိသုံးနေတာက ရွှေဒင်္ဂါးတွေဆိုပေမယ့် နောက်ပိုင်း စက္ကူတွေလည်း ဖြစ်သွားနိုင်တာပဲ။"

"စက္ကူဟုတ်လား" သူမသည် မယုံကြည်နိုင်စွာ ကြည့်လေသည်။

ရှုယီသည် ယခုအချိန်တွင် ရှင်းပြလိုစိတ်မရှိသောကြောင့် စကားလမ်းကြောင်း လွှဲလိုက်ပြီး ကက်ဆန်ဒရာနှင့် သဘောတူညီမှု ယူခဲ့လေသည်။

ကက်ဆန်ဒရာသည် Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးရန်နှင့် သူမ၏မျိုးနွယ်များအား ခေါ်ပေးရန်နှင့် အလဲအလှယ်အနေဖြင့် ၄င်းတို့ဘက်မှ ရွှေဒင်္ဂါးများပေးရန် ဖြစ်လေသည်။

ကက်ဆန်ဒရာသည် အာကာလီ၏ လစာ၏တစ်ဝက်ကို တောင်းလေသည်။

အခြားသူများ၏လစာသည် သူတို့၏ လုပ်ဆောင်ချက်အပေါ် မူတည်လိမ့်ပေမည်။

ကက်ဆန်ဒရာသည် နဂါးပုံစံပြောင်းပြီး ပျံထွက်သွားချိန်တွင် ရှုယီသည် မဖုံးနိုင်လောက်အောင်ပင် ပြုံးပျော်နေလေသည်။

ရွှေဒင်္ဂါး၆၀ဖြင့် နဂါးတစ်ကောင်အား အလုပ်လုပ်ရန် စေခိုင်းနိုင်ခြင်းမှာ သမိုင်းတစ်လျှောက် အကောင်းဆုံးအပေးအယူပင် ဖြစ်ပေလိမ့်မည်။

ထို့အပြင် ကက်ဆန်ဒရာ၏ စွမ်းဆောင်ရည်သည် တစ်ခါတစ်ရံ အခြားသူများပင် လိုက်မမီချေ။ ထို့ကြောင့် ရွှေဒင်္ဂါး ၆၀မဆိုထားနှင့် ရွှေဒင်္ဂါး ၆၀၀ဆိုလျှင်ပင် များသည်ဟု မသတ်မှတ်နိုင်ချေ။

အဘယ့်ကြောင့်ဆိုသော် ကက်ဆန်ဒရာအလုပ်ဝင်ပြီးနောက်ပိုင်းတွင် ရလဒ်များမှာ သိသိသာသာ တိုးတက်လာမည် ဖြစ်သောကြောင့် ဖြစ်လေသည်။

ဥပမာအားဖြင့် သူမအနေဖြင့် ဂြိုဟ်တုများကို ထိန်းသိမ်းခြင်း၊ ပြန်လည်ပြင်ဆင်ခြင်းနှင့် ပြုပြင်ခြင်းများအထိပင် လုပ်နိုင်ပေသည်။

ရှုယီတွင် ကက်ဆန်ဒရာကဲ့သို့ အင်အားကြီးလက်နက်များရှိသောကြောင့် ကမ္ဘာပေါ်ရှိလူများ မလုပ်နိုင်သောအချက်များကို လုပ်နိုင်လျက် အာကာသနှင့် ဆက်စပ်သော အလုပ်များလုပ်နေသည့် ကမ္ဘာပေါ်ရှိလူများအားလုံးသည် မနာလိုခြင်းကြောင့် အသက်ပင်ဆုံးရှုံးနိုင်လေသည်။

"ဟေး, ရှုယီ ဒီလိုရိုးသားတဲ့နဂါးမလေးကို လှည့်စားရတာ မရှက်မိဘူးလား" ကက်ဆန်ဒရာ ထွက်သွားသည်နှင့် စတေးလ်သည် ရေထဲမှထွက်လာပြီး ရှုယီ ဘေးသို့ လာလေသည်။

"ဒါကိုဘယ်လိုလုပ် လှည့်စားတယ်ခေါ်မှာလဲ။ သူ့ကိုအကုန်ပြောပြထားတာပဲကို။" စတေးလ်ကြားသွားသည်ကို ရှုယီသည် မအံ့သြချေ။ သူမ လက်ရှိမှော်စွမ်းအင်ဖြင့်ဆိုလျှင် သူမသာဆန္ဒရှိပါက ပြီးလျှင် အခြားဘက်မှ မှော်အရံအတားလုပ်မထားပါက မီတာပေါင်းရာချီအထိ အသံများ ကြားနိုင်ပေသည်။

"ဟမ်...သူ့ရဲ့အလုပ်က ဘယ်လောက်ကြီးကျယ်ခမ်းနားတယ်ဆိုတာကိုတော့ ရှင်မပြောလိုက်ဘူးလေ။"

"နဂါးတွေက အစပျိုးဖို့ အကောင်းဆုံးပဲလေ။ ဒါက သူတို့တွေပူးပေါင်းလာဖို့ အခွင့်အရေးပဲ။ ဒါပေမယ့် သူတို့ကို ကြေးအများကြီး ပေးလို့တော့ မဖြစ်သေးဘူးလေ ဟုတ်တယ်မလား"

"ကျွန်မနားလည်ပါတယ်။" စတေးလ်သည် ခေါင်းညိတ်လိုက်လေသည်။ သူမသည် ရှုယီ၏ ဘေးတွင် ထိုင်လိုက်ပြီးနောက် ခဏအကြာတွင် "ဒါဆိုရင် မှော်တိမ်တိုက်နယ်မြေကိုပဲ အာရုံစိုက်တော့မယ်ပေါ့"ဟု ဆိုလေသည်။

"ဟုတ်တယ်။ စိုင်စ်နယ်မြေနဲ့ယှဉ်ရင် အဲ့ကအခေုအနေတွေက ပိုပြီးရိုးရှင်းတယ်။ မှင်စာတွေကို ဖြေရှင်းနိုင်သရွေ့ မှော်တိမ်တိုက်နယ်မြေကို စိတ်ကြိုက်တည်ဆောက်လို့ရတယ်။"

"ဒါဆို စိုင်စ်နယ်မြေမှာ တစ်ခုခု ဖြစ်သွားရင်ရော...."

"ဘာများဖြစ်နိုင်မှာလဲ။" ရှုယီသည် ပြုံးလိုက်ရင်း စတေးလ်၏ ပါးပြင်အား ကိုင်လိုက်လေသည်။

"အတည်ပြောတာ စတေးလ် အနားယူဖို့ စိတ်မကူးသေးဘူးလား"

***

Volume 8 အခန်း ၈၅ ။ စိုင်စ်နယ်မြေလျင်မြန်စွာ တိုးတက်လာခြင်း

စိုင်စ်နယ်မြေမှ ရှုယီထွက်သွားခဲ့သည်မှာ ကြာချေပြီ။

မှော်တိမ်တိုက်နယ်မြေမှ သတင်းအနည်းငယ်ကြားရသော်လည်း ကီလိုမီတာ၁သောင်းကျော် ကွာဝေးနေသည့်အတွက် ထိုနေရာမှာ စိုင်စ်နယ်မြေမှ လူများအတွက် အခြားကမ္ဘာတစ်ခုပင် ဖြစ်နေချေတော့သည်။

ထို့ကြောင့်ပင် ရှုယီအား တဖြည်းဖြည်း မေ့ပျောက်လာကြလေသည်။

၂နှစ်ကျော်ကြာပြီးနောက်တွင် သူ၏ဇနီးဖြစ်သူ စတေးလ်သည်လည်း New Moon ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌေနရာမှ အနားယူကာ လူမြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

သူမသည်လည်း ရှုယီ၏ အခြားဇနီးများကဲ့သို့ ကမ်းခြေတစ်ခုတွင် အနားယူနေထိုင်နေပြီဟု ဆိုကြလေသည်။

ထိုကဲ့သို့ပင် သူမ၏ ပုံရိပ်သည်လည်း လူအများအမြင်တွင် စတင်ပျောက်ကွယ်လာလေသည်။

သို့သော် သူတို့၏အမှတ်အသားများသည် စိုင်စ်နယ်မြေမှ လုံးဝပျောက်ကွယ်သွားခြင်း မဟုတ်ချေ။

ဖရီယာဦးဆောင်သော Frestech ကုန်သည်ကြီးများအသင်းသည် ဆက်လက်တိုးတက်နေဆဲဖြစ်ပြီး ၄င်းတို့၏နေရာအား ထိန်းထားကာ နယ်မြေအပေါ် လွှမ်းမိုးမှု အားကောင်းနေဆဲဖြစ်လေသည်။

New Moon ကုန်သည်ကြီးများအသင်းသည်လည်း လျင်မြန်စွာ တိုးတက်လာနေသည်။

စျေးနှုန်းများကျခြင်းကြောင့် သာမန်မိသားစုသုံး မှော်ပုံရိပ်ယောင်များမှာ ယခုအချိန်တွင် ရွှေဒင်္ဂါး၁၈ပြားသာ ကျသင့်တော့သည်။

ထို့ကြောင့်ပင် စိုင်စ်နယ်မြေရှိ လူလတ်တန်းစားအားလုံးပင် ဝယ်နိုင်ကြလေသည်။

အကယ်၍ မိသားစုတစ်စုတွင် ထိုအရာမရှိပါက ပတ်ဝန်းကျင်မှ လှောင်ခံရမည်ဖြစ်လေသည်။ အချို့ယောကျ်ားလေးများသည် မှော်ပုံရိပ်ယောင်မရှိသောကြောင့် သူတို့သဘောကျသော မိန်းကလေးများ၏ အချစ်ကိုမရသည်ပင်ရှိသည်။

ထို့ကြောင့် New Moon ကုန်သည်ကြီးများအသင်း၏ ကွန်ရက်သည်လည်း နယ်မြေတစ်ခုလုံးတွင် တစ်နေ့တစ်ခြား ပိုမိုကျယ်ပြန့်လာလေသည်။

၄င်းတို့၏ ကွန်ရက်သည် လူအများ၏ စိတ်ဝင်စားမှုကို ခံကြရလေသည်။

နေ့တိုင်း အလုပ်မှပြန်လာချိန်တိုင်းတွင် မှော်ပုံရိပ်ယောင်ကို ဖွင့်ကြည့်ကြခြင်းသည် အိမ်တိုင်း၏ မရှိမဖြစ်အစိတ်အပိုင်းတစ်ခုပင် ဖြစ်လာပြီဖြစ်သည်။

ထို့အပြင် ပြီးခဲ့နှစ်က New Moon ကုန်သည်ကြီးများအသင်းနှင့် အဇ်ရှာရာမျိုးနွယ်တို့မှ မှော်ပုံရိပ်ယောင်နည်းပညာသစ်ကို မိတ်ဆက်ခဲ့ပြီး နိုင်ငံပေါင်း ၁၂၀နှင့် သဘောတူစာချုပ် ရေးထိုးခဲ့ကြလေသည်။ ထိုစာချုပ်မှာ နိုင်ငံတစ်ခုစီ၏ မှော်ပုံရိပ်ယောင်ဌာနမှ အခြားနိုင်ငံများနှင့် မတူစေဘဲ ထူးခြားသော ပရိုဂရမ်များ ရေးဆွဲမည့်အကြောင်း ပါရှိလေသည်။

စိုင်စ်နယ်မြေတွင် နိုင်ငံပေါင်း ၁၄၆နိုင်ငံတည်း ရှိသည်ဖြစ်ရာ ၄င်းတို့၏ ကွန်ရက်သည် နယ်မြေတစ်ခုလံုးနီးပါး ပြန့်နှံ့နေပြီဟု ဆိုနိုင်လေသည်။

ထို့အပြင် နိုင်ငံတစ်ခုစီတိုင်းတွင် မှော်ပုံရိပ်ယောင်ဌာနတစ်ခုစီ ရှိသည့်အတွက် New Moon ကုန်သည်ကြီးများအသင်းမှ အစီအစဉ်များတင်မဟုတ်ဘဲ ရွေးချယ်စရာများ ပိုများလာလေသည်။

ထို့အပြင် နိုင်ငံငယ်များတွင် ကန့်သတ်ချက်များမရှိသောကြောင့် မှော်ပုံရိပ်ယောင်တစ်ခုတည်းကပင် အစီအစဉ်ပေါင်းများစွာ ကြည့်ရှုနိုင်နေပြီဖြစ်သည်။

အရည်အသွေးမှာ New Moon ကုန်သည်ကြီးများအသင်းကို မမီသော်လည်း လူအများအတွက် ပိုအဆင်ပြေလာစေသည်။

အရေးအကြီးဆုံးအချက်မှာ ထိုအစီအစဉ်များကို ကြည့်ခြင်းအားဖြင့် အခြားမျိုးနွယ်များ၏ အကြောင်းကို သိနိုင်ခြင်းဖြစ်ပေသည်။

ထို့ကြောင့် အခြားတိုင်းပြည်များကို အခြားလောကတစ်ခုလို မခံစားရစေဘဲ ၄င်းတို့၏ ရိုးရာဓလေ့များကို ပိုမိုနားလည်လာပေသည်။

ပို့ဆောင်ဆက်သွယ်ရေး ကောင်းမွန်လာမှုများကြောင့် အခြားတိုင်းပြည်တစ်ခုကို သွားရန်မှာ သိပ်မခက်ခဲတော့ချေ။

ထို့ကြောင့် New Moon ကုန်သည်ကြီးများအသင်း၏ "များများလျှောက် များများကြည့်"ဟူသော ဆောင်ပုဒ်ကို လူတိုင်းသဘောတူလာကြလေသည်။

လူချမ်းသာများသည် ထိုအစီအစဉ်များတွင် မြင်ဖူးသော နေရာများသို့ လှည့်ပတ်သွားကြေလသည်။

ပိုက်ဆံမရှိသောသူများသည်လည်း ရွေ့ပြောင်းနေထိုင်ကာ အလုပ်အကိုင်များ ရှာဖွေလာကြသည်။

ယခင်ကလို ပြင်ပလောကကို မမြင်ကြဖူးသော၊ ဇာတိမှ ကီလိုမီတာ ၅၀ေကျာ်အောင် မသွားဖူးသောအချိန်မျိုး မဟုတ်တော့ချေ။

လူဦးရေသည်လည်း လွန်စွာများပြားလာခဲ့လေသည်။

အချို့သူများသည် စိုင်စ်နယ်မြေတွင်ပင် မနေကြတော့ဘဲ အခြားနယ်မြေများဆီသို့ ခြေဦးလှည့်လာကြသည်။

အများစုသည် မှော်တိမ်တိုက်နယ်မြေသို့ သွားကြပြီး အချို့မှာ တောင်ဘက်ရှိ နယ်မြေများသို့ သွားကြလေသည်။

ပင်လယ်ထဲသို့ ရွက်လွင့်ကာ ရှာဖွေတွေ့ထားပြီးသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ စာရင်းထဲတွင် မပါသေးသော နယ်မြေများသို့ သွားကြသူများလည်းရှိသည်။

ထိုသူများသည် နယ်မြေသစ်ပေါ်တွင် တိုင်းပြည်သစ်ဖန်တီးကာ ဘုရင်ဖြစ်လာအောင်လုပ်မည်ဟု ကြွေးကြော်ကြလေသည်။

ထိုသို့ပြောခဲ့ကြသော်လည်း တစ်ကယ်တမ်းတွင် မှန်းရခက်လေသည်။

သို့သော် အချိူ့သတင်းစာများ၏ အချက်အလက်များအရ ထိုအထဲတွင် တစ်ကယ်ပင် တိုင်းပြည်သစ်တည်ထောင်နိုင်သူ သို့မဟုတ် ကုမ္ပဏီတည်ထောင်သူများလည်းရှိသည်။

သူတို့သည် Frestech ကုန်သည်ကြီးများအသင်းနှင့် ယှဉ်ပြိုင်ရန် မှော်တိမ်တိုက်နယ်မြေသို့ သွားခြင်း သို့မဟုတ် လီဗင်နယ်မြေအုပ်စိုးသော တောင်ဘက်နယ်မြေဘက်သို့ သွားခြင်းထက် နယ်မြေအသစ်ရှာရန် ရွေးခဲ့ကြခြင်းဖြစ်သည်။

စိုင်စ်နယ်မြေရှိတိုင်းပြည်များသည် နယ်မြေသစ်ပေါ်တွင် ရင်းနှီးမြုပ်နှံခြင်းသည် အကျိုးများစွာရှိမည်ကို သိသော်လည်း ဖွံ့ဖြိုးဆဲကာလဖြစ်သည့်အတွက် အခြားတိုင်းပြည်များထက် နောက်ကျမကျန်ရစ်စေရန် အားထုတ်နေရသောကြောင့် စိတ်မဝင်စားအားချေ။

အခြားကိစ္စများထက် ပြောင်းလဲသွားဆုံးကိစ္စမှာ လူဦးရေများလာခြင်း ဖြစ်ပေသည်။

Frestech ကုန်သည်ကြီးများအသင်းမပေါ်ခင် လွန်ခဲ့သော နှစ်ပေါင်း၃၀ခန့်ကဆိုလျှင် စိုင်စ်နယ်မြေတွင် မြေဧကများစွာရှိပြီး တိုင်းပြည်များလည်း လွန်စွာများပြားပေသည်။ လူဦးရေမှာလည်း သန်း၁၀၀ပင်မပြည့်ချေ။

သို့သော် ၄င်းတို့ပေါ်လာပြီးနောက် စိုက်ပျိုးေရးသုံးစက်များနှင့် နတ်သူငယ်များထံမှရသော ဓါတ်မြေသြဇာများကြောင့် သီးနှံထွက်နှုန်းတိုးလာကာ လူဦးရေအများအပြားကို စားနပ်ရိက္ခာ ထောက်ပံ့လာနိုင်ခဲ့လေသည်။

ထို့အပြင် နှစ်ပေါင်း၂၀အတွင်း စစ်ပွဲလုံးဝမရှိခဲ့သည့်အတွက် လူဦးရေသည် အဆမတန်များလာခြင်းဖြစ်ပေသည်။

ကန်ဒရာ၏ မနှစ်က လူဦးရေစာရင်းကို ကြည့်ခြင်းအားဖြင့် ကန်ဒရာတစ်ခုတည်း၏ လူဦးရေပင် သန်း၁၀၀ရှိနေပြီဖြစ်သည်။

မားလိုသည်လည်း စာရင်းကောက်ခဲ့ရာ ၄င်းတို့တွင်လည်း သန်း၁၀၀နီးပါးရှိနေပြီဖြစ်သည်။

အခြားတိုင်းပြည်များ၏ လူဦးရေများကို ထပ်ပေါင်းလိုက်ပါက သန်းပေါင်း၁၀၀၀ကျော်ပြီဖြစ်သည်။ ထိုကိန်းဂဏန်းမှာ အံ့ဖွယ်ပင်ဖြစ်သည်။

စိုင်စ်နယ်မြေ၏ သမိုင်းတစ်လျှောက် မည်သည့်မျိုးစိတ် အုပ်ချုပ်သည်ဖြစ်စေ လူဦးရေ သန်း၁၀၀ မကျော်ခဲ့ပေ။

ထို့ကြောင့် ယခုကိစ္စမှာ ဆန်းကြယ်မှုပင်ဖြစ်လေသည်။

New Moon ကုန်သည်ကြီးများအသင်းသည် အဓိက သတင်းစာများ၊ မှော်ပုံရိပ်ယောင်ဌာနများနှင့် ပူးပေါင်းကာ "လူဦးရေပေါက်ကွဲခြင်း"ဟူသော လူဦးရေများပြားလာရသည့် အကြောင်းအရင်းများကို တင်ဆက်သည့် အစီအစဉ်တစ်ခု ပြုလုပ်ကြလေသည်။

အကြောင်းအရင်းများစွာရှိသော်လည်း လူအများသည် သူတို့နားလည်သလိုသာ ကောက်ချက်ချလိုက်လေသည်။

ထိုသည်မှာ စိုက်ပျိုးမြေကျယ်ပြန့်ခြင်းကြောင့် ဖြစ်သည်ဟူ၍ပင်တည်း။

ထို့ထက်နက်နဲသော အကြောင်းအရင်းမှာ ထုတ်လုပ်မှုမြင့်မားလာခြင်းကြောင့် ဖြစ်ပေသည်။

ထိုအချက်ကို New Moon ကုန်သည်ကြီးများအသင်းမှ စတင်မိတ်ဆက်ခဲ့လေသည်။

ထုတ်လုပ်နိုင်စွမ်းသည် လူနေမှုအဆင့်အတန်းကို ဖော်ပြပြီး ထို့ကြောင့် ထုတ်လုပ်နိုင်စွမ်းမြင့်လာပါက မြင့်လာသဖြင့် အစားအစာ၊ အဝတ်အထည်၊ ပိုကောင်းသောအိမ်များနှင့် ဘဝရနိုင်မည်ဖြစ်ပေသည်။

ထိုသို့ပိုမိုကောင်းမွန်သောဘဝရစေရန် ၄င်းတို့သည် ထုတ်လုပ်နိုင်စွမ်း မြင့်စေရန် နည်းပညာများကို တိုးတက်လာအောင် လုပ်ကြမည်ဖြစ်သည်။

ထိုအစီအစဉ်တွင် မည်သည်ကိုမှ ခေါင်းစဉ်မတပ်သော်လည်း မှော်စက်မှုလုပ်ငန်းများကြောင့်ဖြစ်သည်ကို လူတိုင်းသိကြလေသည်။

ထို့ကြောင့် ဒီကိစ္စကိုပြောရန် ၄င်းတို့အနေဖြင့် အချိန်ပေးနေစရာမလိုဘဲ မည်သည့်တိုင်းပြည် သို့မဟုတ် မည်သည့်လူမျိုးမဆို နားလည်ကြလေသည်။

နည်းပညာသည် ထုတ်လုပ်နိုင်စွမ်းကို မြင့်စေကာ ဘဝများကို ပိုကောင်းလာစေသည်ဆိုသော်လည်း ဂရုတစိုက် မကိုင်တွယ်ပါက ဆန့်ကျင်ဘက်များကိုလည်း ဖြစ်စေနိုင်သည်။

ဤသင်ခန်းစာတွင် ဥပမာသည် တစ်ခုပင်မကချေ။

လွန်ခဲ့သော၃နှစ်ခန့်က ဒီယဇ်နှင့် မယ်ကာတိုင်းပြည်တို့သည် ၄င်းတို့နယ်စပ်ရှိ မိုင်းတွင်းနှစ်ခုကြောင့် ပြဿနာတက်ကြပြီး စစ်ဖြစ်ကြလေသည်။

ဒီယဇ်တိုင်းပြည်သည် စစ်လက်နက်အင်အား သာလွန်မှုနှင့် တိုက်ခိုက်အင်အားကြောင့် တိုက်ပွဲအစတွင် အသာစီးရခဲ့သော်လည်း စက်မှုလုပ်ငန်းတွင် မယ်ကာတိုင်းပြည်သည် ပိုမိုသာလွန်သောကြောင့် ထုတ်လုပ်နိုင်စွမ်း မြင့်မားသဖြင့် ၄င်းတို့၏ အင်အားနှင့် ရိက္ခာထောက်ပံ့နိုင်စွမ်းသည် ဒီယဇ်ထက် သာလွန်သွားလေသည်။

ထို့ကြောင့် တစ်နှစ်ကြာပြီးချိန်တွင် ဒီယဇ်သည် စစ်ရှုံးသွားလေသည်။

တစ်နှစ်အကြာ စစ်ပွဲတစ်ဝက်တွင် ဒီယဇ်ဘက်မှ စစ်တပ်များ ပြန်ဆုတ်ခဲ့ရပြီး မယ်ကာနှင့် ငြိမ်းချမ်းရေးစာချုပ် ရေးထိုးခဲ့ရလေသည်။

စစ်ပွဲဖြစ်စေခဲ့သော မိုင်းတွင်းနှစ်ခုအပါအဝင် နယ်စပ်ရှိ အခြားမိုင်းတွင်းများကိုပါ မယ်ကာသို့ ပေးလိုက်ရလေသည်။

တစ်ချိန်တည်းတွင် ၄င်းတို့၏ စီးပွားရေးစျေးကွက်ကို ဖွင့်ပေးလိုက်ရပြီး ကုန်စည်များအပေါ် အခွန်များ လျှော့ခဲ့ရလေသည်။

ထိုကိစ္စမှာ မိုင်းတွင်းထက်စာလျှင် များစွာဆိုးဝါးပေသည်။

ဒီယဇ်သည် စစ်လက်နက်များကိုသာ အာရုံစိုက်နေသောကြောင့် လူသုံးမှောက်စက်ပစ္စည်းများနှင့် ယှဉ်ရာတွင် နောက်ကောက်ကျနေခဲ့ခြင်းဖြစ်ပြီး ယခုလို စီးပွားရေးစျေးကွက်အား ဖွင့်ပေးလိုက်ရသဖြင့် မယ်ကာဘက်မှ ပစ္စည်းများဝင်လာသောအခါ ၄င်းတို့၏ စက်မှုလုပ်ငန်းအား လွှမ်းမိုးသွားမည်ဖြစ်သည်။

ရေရှည်တွင် ၄င်းတို့သည် မယ်ကာတိုင်းပြည်အား တွန်းလှန်နိုင်မည် မဟုတ်တော့ချေ။

ဒီယဇ်နှင့် မယ်ကာကဲ့သို့ အဖြစ်အပျက်များသည်လည်း လတ်တလော စိုင်စ်နယ်မြေတစ်ခုလုံးတွင် ဖြစ်နေကြလေသည်။

အချို့မှာ ဖိနှိပ်ခံရ၊ အချို့မှာ ဖျက်ဆီးခံရပြီး ကွယ်ပျောက်သွားကြသည့် တိုင်းပြည်များပင် ရှိလေသည်။

မည်သို့ပင်ဆိုစေကာမူ စိုင်စ်နယ်မြေ၏ စက်မှုလုပ်ငန်း တိုးတက်မှုသည် လုံးဝလျော့ကျသွားခြင်း မရှိချေ။

တစ်ဖက်မှလှည့်တွေးလျှင် စိုင်စ်နယ်မြေသည် ရှုယီမရှိသည့်နှစ်များအတွင်း သူမျှော်လင့်သလို ဖြစ်လာပြီဟု ပြောနိုင်ပေသည်။

***

Volume 8 အခန်း ၈၆ ။ မှင်စာများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်း

"ဥက္ကဌရှု ရှေ့မှာရှိနေတာက မှင်စာတွေရဲ့မြို့တော်ပါ။" ယခင်က Frestech ကုန်သည်ကြီးများအသင်း အစောင့်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ၊ ယခုအချိန်တွင် မှော်တိမ်တိုက်နယ်မြေ အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဟာ့ထ်သည် ရှေ့တွင်ရှိနေသော အရိပ်မည်းကို ညွှန်ပြ၍ ပြောလေသည်။

"ကျွန်တော်တို့ အခုချက်ချင်း တိုက်သင့်တယ် ဥက္ကဌရှု။ ကျွန်တော်တို့ရဲ့ တပ်အင်အားနဲ့ဆိုရင် သူတို့တွေ အရှုံးပေးရမှာပဲ။" ရှုယီစကားမပြောရသေးခင်ပင် စိုင်စ်နယ်မြေရှိ နတ်သူငယ်များထက် ပို၍နက်မှောင်သော အသားအရည်ရှိသူ မှော်တိမ်တိုက်နယ်မြေ၏ ဒေသခံဖြစ်သူ နတ်သူငယ် ဗာရပ်စ်သည် စိတ်လှုပ်ရှားနေသံဖြင့် ပြောလိုက်လေသည်။ သူ၏မျက်နှာတွင်လည်း တိုက်ခိုက်ရန်အသင်ွဖြစ်နေပုံပင်။

"ဟုတ်တယ် ဥက္ကဌ ဒီထိတောင်ရောက်လာပြီးမှတော့ ဘာတွေကို စောင့်နေဦးတော့မှလဲ။ အဲ့မှင်စာတွေကို ပုန်းနေပြီး ထွက်တောင်မတိုက်ရဲကြဘူး" မှော်တိမ်တိုက်နယ်မြေ ဒေသခံလူပုလေးများ၏ ကိုယ်စားလှယ် မိန်းဖိုင်းယားဟမ်းမားက ပြောလေသည်။

"သူတို့တွေကို နိုင်သွားမှာ ကြောက်လို့နေမှာပေါ့။ ဥက္ကဌ ကျွန်တော်တို့ တစ်ခါတည်းအပြတ်ရှင်းပစ်သင့်တယ်" မှော်တိမ်တိုက်နယ်မြေ သွေးနှောကိုယ်စားလှယ် ခိုဝီက ဆိုလေသည်။

"ဟုတ်တယ် သူတို့ကို အသက်ရှုဖို့တောင် အခွင့်အရေးပေးလိုမဖြစ်ဘူး။ အနည်းဆုံး မှင်စာ၁သန်းလောက်ကတော့ ကျန်နေသေးတယ်။ သူတို့ကို စုခွင့်ပေးလိုက်မယ်ဆိုရင် ကျွန်တော်တို့အတွက် ဒုက္ခများသွားနိုင်တယ် ဥက္ကဌ"

ရှုယီသည် နောက်ဆုံးစကားပြောသူအား ကြည့်လိုက်လေသည်။ ထိုသူမှာ မှော်တိမ်တိုက်နယ်မြေ လူသားများ၏ ကိုယ်စားလှယ် မန်စီဖြစ်ပြီး သူ့အားခေါင်းညိတ်ပြလိုက်လေသည်။

ယခုမျိုးစိတ်များအားလုံးသည် မှင်စာများ၏ ဖိနှိပ်ခြင်းကို ခံစားထားကြရသဖြင့် ယခုလို ၄င်းတို့အား တိုက်ခိုက်၍ မှော်တိမ်တိုက်နယ်မြေကို သိမ်းနိုင်မည့် အခွင့်အရေးရသောအခါ သူတို့အနေဖြင့် စိတ်မရှည်နိုင်ကြခြင်း ဖြစ်လေသည်။

ထိုမျိုးစိတ်များအားလုံးထဲတွင် လူသားကိုယ်စားလှယ်တစ်ယောက်သာ အကျိုးသင့် စဉ်းစားခဲ့ခြင်းဖြစ်လေသည်။

လူသားများ၏ ဉာဏ်ရည်မြင့်မားမှုသည် မန်စီထံတွင် ရှိနေပေခြင်းလား။

သူသည် မှင်စာမြို့တော်ဟူသော ကျယ်ပြန့်သော မြေပြင်ကိုကြည့်လိုက်ချိန်တွင် ထိုနေရာမှာ မြို့ဟုပင်မဆိုနိုင်ပေ။ သူသည်သေချာကြည့်လိုက်ပြီး တိုက်ရန်အမိန့်မပေးသေးပေ။

စိုင်စ်နယ်မြေကို လက်လွှတ်လိုက်ပြီးချိန်တွင် သူသည် မှော်တိမ်တိုက်နယ်မြေကို ပို၍အာရုံစိုက်နိုင်လာပေသည်။

မှော်တိမ်တိုက်နယ်မြေကို တိုးတက်စေရန်မှာ မှင်စာများ၏ ရန်ကိုဖြေရှင်းနိုင်မှ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ၂နှစ်ကြာပြင်ဆင်ပြီးချိန်တွင် Frestech ကုန်သည်ကြီးများအသင်းသည် ဒေသခံများနှင့် ပူးပေါင်းကာ မှင်စာများကို ရှင်းရန်ပြင်ခဲ့လေသည်။

ထိုသို့လုပ်ခြင်းကို ရှုယီအနေဖြင့် စစ်ပွဲဟုပင် မခံစားရချေ။

အဘယ်ကြောင့်ဆ်ိုသော် ခေတ်မီလက်နက် ကိရိယာများတပ်ဆင်ထားသော Frestech ကုန်သည်ကြီးများအသင်းရှေ့တွင် လက်နက်အကြမ်းထည်များနှင့် ခန္ဓာကိုယ်ကို အဓိက အားကိုးသော မှင်စာများအနေဖြင့် ပြန်မခုခံနိုင်ပေ။

မှော်တိမ်တိုက်နယ်မြေကို ၄င်းတို့လွှမ်းမိုးနိုင်ခြင်းမှာ လူဦးရေများပြားခြင်းကြောင့်ပင် ဖြစ်လေသည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ လက်နက်အစွမ်းကြောင့် ထိုကိစ္စမှာ ပြဿနာမဟုတ်ချေ။

မှင်စာပေါင်းသောင်းချီစုနေကာမူ ၄င်းတို့အနေဖြင့် မိနစ်အနည်းငယ်ထက်ပိုမတောင့်ခံနိုင်ပေ။

ထို့ကြောင့် အဆုံးတွင် အရှုံးပေးကြရသည်သာဖြစ်သည်။

အကယ်၍ ရှုယီသာ ပိုင်ဆိုင်ပြီးသားနယ်မြေများတွင် ခံတပ်ဆောက်ခြင်း၊ လမ်းဖောက်ခြင်း၊ ရထားလမ်းများဆောက်လုပ်ခြင်းများ မပြုဘဲ ဆက်လိုက်သိမ်းမည်ဆိုပါက အင်အားကွာခြားမှုကြောင့် လွန်ခဲ့သည့်၄နှစ်ကတည်းပင် မှင်စာမြို့တော် သိမ်းပိုက်ခံရပြီး ဖြစ်ချေပြီ။

၄နှစ်ကျော်ကြာ ရှင်းလင်းပြီးချိန်တွင် Frestech ကုန်သည်ကြီးများအသင်းထိန်းချုပ်ထားသော နယ်မြေမှာ ကီလိုမီတာ၅သောင်းမကတော့ဘဲ ကီလိုမီတာ သန်းချီရှိနေပြီဖြစ်သည်။ ယခင်ကထက် အဆပေါင်းရာချီ မြင့်တက်သွားခဲ့လေသည်။

Frestech ကုန်သည်ကြီးများအသင်းသည် အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် လက်တွဲပြီး မှော်တိမ်တိုက်နယ်မြေတစ်ဝက်ကို ကားလမ်း၊ ရထားလမ်းများ ဖောက်လုပ်ပြီးဖြစ်သော်လည်း မှင်စာများသည် ဝင်နှောင့်ယှက်ခြင်း မပြုရဲကြချေ။

သူတို့အနေဖြင့် မှင်စာမြို့တော်ကို သိမ်းလိုက်ပါက ၄င်းတို့သည် ပြန်တိုက်ရဲကြတော့မည် မဟုတ်ချေ။

သို့သော် ရှုယီတွင် ထိုသို့လုပ်ရန် အစီအစဉ်မရှိချေ။

"တပ်သားတွေကို တိုက်မယ့်ပုံစံပြင်ထားခိုင်းလိုက်။ တစ်ကယ်တော့မတိုက်နဲ့ ဟာ့ထ်" ရှုယီသည် အမိန့်ပေးလိုက်လေသည်။

ဟာ့ထ်သည် ရှုယီကို ကြောင်ပြီးကြည့်လိုက်သော်လည်း ဘာမှမပြောဘဲ အမိန့်ကို လက်ခံလိုက်လေသည်။

အခြားကိုယ်စားလှယ်များသည်လည်း အံ့သြသွားကြကာ တွေဝေသွားလေသည်။

"အခြားစီစဉ်ထားတာရှိလို့လား ဥက္ကဌရှု" မန်စီက မေးလေသည်။

"ဟုတ်တယ် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်နေတာ"

"ငြိမ်းချမ်းရေးဆွေးနွေးမယ် ဟုတ်လား"

အားလုံးသည် သူ့ကိုအံ့သြစွာ ကြည့်လိုက်လေသည်။

"ဘာလို့ဆွေးနွေးနေမှာလဲ။ ဒီမှင်စာတွေကို အလွယ်လေးနိုင်နေတာပဲကို လိုလို့လား ပြီးတော့ ဒီကောင်တွေက ပြောလို့ကောင်းတဲ့ကောင်တွေမဟုတ်ဘူး။ ဆွေးနွေးနေလို့လဲ ဘာအကျိုးမှ မရှိလာနိုင်ဘူး။" မိန်းဖိုင်းယားဟမ်းမားသည် မှော်တိမ်တိုက်နယ်မြေမှ ဖြစ်သော်လည်း စိုင်စ်နယ်မြေရှိ လူပုလေးများကဲ့သို့ပင် သည်းခံနိုင်စွမ်းနည်းကာ တည့်တိုးဆန်ပြီး အထိမခံရွှေပန်းကန်လေးများပင် ဖြစ်ချေတော့သည်။

"ဟုတ်တယ် သူတို့နဲ့ပြောတာ တစ်ခုခုရှိလို့လား။ တစ်ခုခုလိုချင်တာရှိရင် သူတို့ကိုရှင်းပစ်လိုက်တာက ပိုပြီးအဆင်မပြေဘူးလား" ဗာရပ်စ်သည် ဝေခွဲရခက်သွားသဖြင့် မေးလိုက်လေသည်။

"ခက်တာက ငါကသူတို့ကိုလိုချင်တာပဲ။ ဒီလောက်များတဲ့ မှင်စာတွေကို သတ်လိုက်ရင် လိုအပ်နေတဲ့ လုပ်အားအရင်းအမြစ်ကို ဘယ်ကသွားရှာရတော့မှာလဲ"

"လုပ်အားအရင်းအမြစ်" အားလုံးသည် တစ်ယောက်နှင့်တစ်ယောက် ကြောင်၍ကြည့်နေကြလေသည်။

"ဒါဆိုရင် သူတို့ကို Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်စေချင်တာလား။ အဲ့ဒါက..." မန်စီသည် သတိထားကာ မေးလေသည်။

"မှင်စာတွေက အားကိုးမရလို့ သုံးမရဘူးလို့ ထင်တာမလား"

ဒေသခံကိုယ်စားလှယ်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်ကြလေသည်။

နှစ်ထောင်ချီကြာအောင် ဒေသခံများ၏ စိတ်ထဲတွင် မှင်စာများကို ရန်သူဟု သတ်မှတ်ထားကြသည့်အတွက် ယခုလို အခွင့်အရေးရသည့်အခါ အပြတ်ရှင်းချင်နေကြခြင်းဖြစ်လေသည်။

သို့သော် မှင်စာများ၏ အသုံးမဝင်မှုသည် ထိုသို့မဟုတ်ချေ။

"မင်းတို့အဲ့လိုတွေးမှာကို သိလည်းသိတယ် နားလည်းလည်တယ် ဒါပေမယ့် ငါ့အတွက်တော့ အဲ့ကိစ္စက အရေးမကြီးဘူး။ သူတို့ကမယုံရဘူးမလား ပြဿနာမရှိပါဘူး ငါလည်းယုံစရာမှမလိုတာ။ သူတို့ကိုပဲလိုတာလေ သူတို့ရဲ့ယုံကြည်မှုကိုမှ မဟုတ်ဘဲ။ အခု Frestech ကုန်သည်ကြီးများအသင်းနဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်းလက်အောက်မှာ လုပ်နေကြတဲ့ မှင်စာတွေ အများကြီးရှိတယ်။ အဲ့တော့ သူတို့ကို ဦးနှောက်သုံးရတဲ့အလုပ်တွေမဟုတ်ဘဲ သာမန်လုပ်သားအနေနဲ့သုံးရင် သူတို့က တော်တော်အဆင်ပြေတယ်။"

ရှုယီ၏ နှစ်ပိုင်းအတွင်း လုပ်ဆောင်မှုများကို မြငိကြသဖြင့် သူဘာကိုဆိုလိုမှန်း သိလေသည်။

"ဒါပေမယ့် အဲ့ဒါကလည်း သူတို့မှာလူလုံးလုံလောက်လောက် မရှိလို့ ငြိမ်နေကြတာ လူများလာမယ်ဆိုရင်တော့ ပြောဖို့ခက်တယ်နော် ဥက္ကဌ" ဗာရပ်စ်သည် ရှုယီကို ဖျောင်းဖျရန်ကြိုးစားလေသည်။

"သူတို့ကိုဖိနှိပ်နိုင်နေသမျှတော့ အဆင်ပြေပါတယ် ဒါမှမဟုတ် မင်းတို့က သူတို့ကို လက်နက်တွေပေးဖို့ အကြံရှိလို့လား" ရှုယီသည် ကိုယ်စားလှယ်များကို ကြည့်လိုက်ရင်း မေးလေသည်။

အားလုံးသည် ခေါင်းခါလိုက်ကြသည်။

မည်သူကမှ ထိုအစွမ်းထက် လက်နက်များကို မှင်စာများထံပေးကာ ကိုယ့်သေတွင်းကို မတူးလိုကြပေ။

Frestech ကုန်သည်ကြီးများအသင်းနှင့် လက်တွဲလုပ်လာကြသည့် မျိုးစိတ်များကိုပင် မှင်စာများနှင့် ရင်ဆိုင်ရန် အဆင့်နိမ့်လက်နက်များသာ ပေးလေသည်။

"မလိုအပ်တာတွေ ပူနေပြန်ပါပြီ ဥက္ကဌရယ်။ ကျွန်တော်တို့က လက်နက်တွေ ပေးရင်တောင် သူတို့က သုံးတတ်ဦးမှကို" မန်စီသည် ရယ်၍ပြောလေသည်။

အခြားသူများသည်လည်း သူနှင့်အတူ လိုက်ရယ်ကြလေသည်။

"ဟုတ်တယ် သူတို့က မီးနဲ့အစာဘယ်လိုချက်ရမလဲမသိလို့ ဒီတိုင်း အစိမ်းစားနေကြတာကို" မိန်းဖိုင်းယားဟမ်းမားသည် ထပ်ပြောလိုက်ရာ ရယ်သံများ ပို၍ညံလာလေသည်။

မှင်စာများ၏ ဉာဏ်ရည်သည် နိမ့်သောကြောင့် အမြဲတမ်းလို အခြားသူများ၏ လှောင်စရာဖြစ်နေပြီး ထိုအချက်ကပင် အခြားသူများက ၄င်းတို့ထက် သာလွန်သည်ဟု ခံစားရချေသည်။ ယခုအချိန်တွင် အတူတူရယ်နေကြသည်ဖြစ်ရာ သူတို့သည် တွန့်ဆုတ်၍ပင်မနေတော့ချေ။

သို့သော် ရှုယီသည် ထိုသို့မတွေးချေ။

မှင်စာများ၏ ဉာဏ်ရည်သည် နိမ့်သည်မှန်သော်လည်း ထိုအရာမျိုးသည် အချိန်နှင့်အမျှ ပြောင်းလဲလာနိုင်ပေသည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်းလက်အောက်တွင် အလုပ်လုပ်နေကြသော မှင်စာများကို ကြည့်ခြင်းအားဖြင့် ၄င်းတို့သည် သင်ယူနိုင်စွမ်းမြင့်မားကြောင်း သိနိုင်လေသည်။

အကယ်၍ ၄င်းတို့တွင် လုံလောက်သော လေ့ကျင့်မှုနှင့် ပညာများသင်ကြားပေးပါက အတော်ဆုံးမျိုးစိတ်ဖြစ်သည့် လူသားများကဲ့သို့ မဖြစ်လျှင်တောင် သာမန်အလုပ်များကို လုပ်နိုင်လာမည်ဖြစ်သည်။

ထို့ကြောင့် စစ်လက်နက်များကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရန်မှာလည်း ခက်ခဲနေသည့်ကိစ္စ မဟုတ်ချေ။

တစ်နည်းအားဖြင့်ကြည့်သော် ဗာရပ်စ်၏ အမြင်သည်လည်း မမှားချေ။

အကယ်၍ လက်နက်များသာ အသုံးပြုနိုင်ပါက ၄င်းတို့၏ ကြောက်မက်ဖွယ် လူဦးရေကြောင့် ပို၍ခြိမ်းခြောက်လာနိုင်ပေသည်။

သို့သော် ငြိမ်းချမ်းရေးဆွေးနွေးရန် ဆုံးဖြတ်ချိန်ကတည်းက ရှုယီသည် ထိုကိစ္စကိုပါ တွေးထားပြီးဖြစ်လေသည်။ ထိုကိစ္စသည် ယခုအချိန်တွင် စိုးရိမ်ရန်မလိုသေးချေ။

ဒေသခံကိုယ်စားလှယ်များသည် ခဏရယ်လိုက်ပြီး ရှုယီအတွေးမပြောင်းသည်ကို မြင်လိုက်သောအခါ သူ့အားဖျောင်းဖျရန် ကြိုးစားသည်ကို ရပ်လိုက်ကြရလေသည်။

မှင်စာများကို နိုင်ရန် အခွင့်အရေးရခြင်းသည် Frestech ကုန်သည်ကြီးများအသင်းေကြာင့်သာဖြစ်လေသည်။

နှစ်ပေါင်းထောင်ချီတိုင်အောင် မနိုင်ခဲ့သော မှင်စာများကို အလွယ်အတူအောင်နိုင်သွားသည်ကို ကြည့်ခြင်းအားဖြင့် ၄င်းတို့အနေဖြင့် မှင်စာများကို ထိန်းရန်မှာ ခက်ခဲမည်မဟုတ်ချေ။

ထို့ကြောင့် ရှုယီ၏ရှေ့တွင် သူတို့သည် ပြောခွင့်သိပ်မရှိကြပေ။ ရှုယီသည် လုပ်ချင်သလိုလုပ်နိုင်၍ သူတို့သည် ငြင်းဆန်နိုင်စွမ်း မရှိချေ။

ဒေသခံလူသားများသည် ထိုအကြောင်းကို ကောင်းစွာသိသောကြောင့် မန်စီသည် ရှုယီအား အခယဆုံးပင်ဖြစ်လေသည်။

သို့သော် သူနှင့် ရှုယီသည် လူသားများပင်ဖြစ်သောကြောင့် အခြားမျိုးစိတ်များနှင့်ယှဉ်သော် Frestech ကုန်သည်ကြီးများအသင်းနှင့် ရှုယီတို့နှင့် ပို၍နီးကပ်ခြင်းမှာ သာမန်ပင်ဖြစ်လေသည်။

ဤသည်မှာ သဘာဝအရ အားသာချက်ပင်ဖြစ်သောကြောင့် အခြားမျိုးစိတ်များသည် ဝန်တိုမိကြလေသည်။

***

Volume 8 အခန်း ၈၇ ။ လုပ်သားအင်အားအများအပြား လိုအပ်ခြင်း

"ဥက္ကဌက ဘာလို့သူတို့ကို လုပ်သားအနေနဲ့ လိုအပ်တာလဲ။" ဗာရပ်စ်သည် စကားလွှဲကာ မေးလိုက်လေသည်။

"ဟုတ်သားပဲ လုပ်သားလိုတယ်ဆိုရင် ကျွန်တော်တို့မျိုးနွယ်တွေက ပိုအဆင်ပြေတာကို။ ခွန်အားအရပဲကြည့်ကြည့် ဉာဏ်ရည်နဲ့ပဲယှဉ်ယှဉ် ကျွန်တော်တို့က ပိုသာတယ်လေ" မိန်းဖိုင်းယားဟမ်းမားသည် သူ၏လက်မောင်းများကို ကွေးလိုက်ကာ ဗလပြလိုက်လေသည်။

"ရှင်းပါတယ် အကြောင်းအရင်းတစ်ခုပဲရှိတယ်။ မှင်စာတွေက လုံလုံလောက်လောက်ရှိလို့ပဲ။ မင်းတို့မျိုးနွယ်တွေက ထူးချွန်ကြပါတယ်။ ဒါပေမယ့် မေးချင်တာက မှော်တိမ်တိုက်နယ်မြေမှာရှိတဲ့ လူပုလေးတွေအားလုံးပေါင်းလိုက်ရင် စုစုပေါင်း ဘယ်လောက်ရှိလဲ။"

မိန်းဖိုင်းယားဟမ်းမား၏ ယုံကြည်ချက်ပြည့်နေသော အကြည့်များသည် ချက်ချင်းပင် ပြောင်းလဲသွားလေသည်။

လူပုလေးတစ်ယောက်အနေဖြင့် သူသည် လိမ်ညာလီဆယ်ပြောရာတွင် မတော်ပေ။

သူသည်ခဏစဉ်းစားလိုက်ပြီး အသံငယ်ဖြင့် "၅သိန်းလောက်တော့ ရှိမှာပါ"

"၅သိန်းလား။ ဗာရပ်စ် နတ်သူငယ်တွေ ဘယ်လောက်ရှိလဲ"

ဗာရပ်စ်သည် မဲ့ပြုံးပြုံးလိုက်လေသည်။

"ဥက္ကဌဘာကိုဆိုလိုချင်မှန်း နားလည်ပါတယ်။ လူဦးရေအရကြည့်မယ်ဆိုရင် မျိုးစိတ်တွေပေါင်းလိုက်ရင်တောင် မှင်စာတွေရဲ့ ၁၀ပုံ ပုံ ၁ပုံတောင်မရှိပါဘူး။ ဒါပေမယ့် မှင်စာတွေရဲ့ အရည်အချင်းက အားနည်းတယ်လို့ပြောလို့ရတယ်။ အဲ့ဒါကြောင့် သူတို့တွေကို လုပ်သားအဖြစ် သုံးရင်တောင် အသုံးဝင်နိုင်ပါ့မလား။"

"သူတို့အသုံးဝင်စရာမလိုပါဘူး။ ငါတို့ရဲ့ ကုမ္ပဏီက ဘာတွေကို အဓိကလုပ်လဲ ပြီးတော့ အဲ့ထဲက အလုပ်တော်တော်များများက ဉာဏ်ကောင်းဖို့တင်မကဘူး သန်မာနေဖို့တောင် မလိုဘူး။ အလုပ်တွေက ရိုးရှင်းပြီးတော့ ဒီပုံစံတွေအတိုင်း ထပ်နေတာ။ ဒါပေမယ့် ဘယ်လောက်ပဲ ရိုးရှင်းရှင်း ဒီအလုပ်တွေက ရှိဖို့လိုနေတုန်းပဲ။ ငါတို့မှင်စာတွေကို မသုံးဘူးဆိုရင် အခြားဘယ်မျိုးစိတ်တွေက အဲ့နေရာတွေကို ဖြည့်နိုင်မယွထင်လဲ"

ကိုယ်စားလှယ်များသည် အချင်းချင်း မျှော်လင့်ချက်မဲ့စွာ ကြည့်လိုက်ကြလေသည်။

ယခင်က မှော်တိမ်တိုက်နယ်မြေတွင် နဂါးများမှလွဲ၍ ကျန်မျိုးစိတ်များမှာ မှင်စာများ၏ ဖိနှိပ်ခြင်းကို ခံကြရ၍ လူဦးရေများရန် မလုပ်နိုင်ခဲ့ကြခြင်း ဖြစ်လေသည်။

ယခုလက်ရှိရှိနေသော မျိုးစိတ်များသည်ပင်လျှင် လူဦးရေများခြင်းကြောင့် တည်ရှိနေသေးခြင်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သို့သော် ထိုထဲတွင် လူဦးရေအများဆုံးဖြစ်သည့် လူသားများသည်ပင် ၁သန်းဝန်းကျင်သာ ရှိသည်ဖြစ်ရာ မှင်စာများနှင့်ယှဉ်သော် နည်းလွန်းလှချေသည်။

"ဒါပြောရင်းနဲ့မှ စိုက်ပျိုးရေးသုံးစက်တွေ ထုတ်လုပ်ဖို့က လုပ်သား၁သိန်းလောက်လိုတယ်။ အဲ့ထဲကမှ လုပ်သား၈သောင်းလောက်က အခြေခံအလုပ်တွေကို လုပ်ကြရမှာ။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ စိုက်ပျိုးရေးစက်ပေါင်း ၅ထောင်လောက်ပဲ ထုတ်လုပ်နိုင်ခဲ့တာ လက်ရှိစာရင်းကောက်ထားတာတွေအရ မှော်တိမ်တိုက်နယ်မြေရဲ့ စိုက်ပျိုးရေးတိုးတက်ဖို့ဆိုရင် စက်ပေါင်း၂သိန်းလောက်လိုနေတယ်။ အဲ့တော့ ထုတ်လုပ်နိုင်စွမ်းက မလံုလောက်သေးဘူး။ အဲ့လိုဆိုရင် လိုအပ်တာတွေကို ဖြည့်ဖို့ လုပ်သား ဘယ်လောက်လိုမယ်ထင်လဲ။ ဒါတောင် စိုက်ပျိုးရေးစက်တစ်မျိုးပဲရှိသေးတာနော်။ မှော်တိမ်တိုက်နယ်မြေကို ပြောင်းလဲဖို့ဆိုရင် အခြားစက်ကိရိယာတွေ အများကြီးလိုသေးတယ်။ အဲ့ဒါကြောင့် စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆေးဝါးကိစ္စတွေနဲ့ အခြားလိုအပ်တဲ့နေရာတွေမှာသုံးဖို့ လုပ်သားအင်အားလိုတယ်။"

"မင်းတို့မျိုးစိတ်တွေ အားလုံးပေါင်းလိုက်ရင်တောင် လုံလောက်မှာမဟုတ်သေးဘူး။"

ရှုယီသည် ခေါင်းခါလိုက်လေသည်။

"ဖြစ်နိုင်ရင် ငါလည်း မှင်စာတွေနဲ့ မပတ်သက်ချင်ဘူး အန္တရာယ်ရှိလာနိုင်လို့ ဒါပေမယ့် ငါလုပ်သားတွေလိုတယ်။ မင်းတို့လို ဉာဏ်ရည်မြင့်တဲ့မျိုးစိတ်တွေက အရည်အချင်းသစ်တွေကို မြန်မြန်သင်ယူနိုင်တယ် အဲ့တော့ မင်းတို့ကို ဒီထက်အရေးကြီးတဲ့ကိစ္စတွေမှာ လုပ်စေချင်တာ။ ငါပြောတာ သဘောပေါက်တယ်မလား။"

ထိုစကားကိုကြားလိုက်သောအခါ ကိုယ်စားလှယ်များ၏ မျက်နှာများသည် ဝင်းသွားကြလေသည်။

တစ်ကယ်တမ်း သူတို့စိတ်ပူနေကြသည်မှာ ရှုယီသည် မှင်စာများကို အသုံးပြုလိုက်သည့်အတွက် သူတို့မျိုးနွယ်များ၏ တိုးတက်မှုအပေါ် အဟန့်အတား ဖြစ်စေမှာကိုပင်ဖြစ်သည်။

သို့သော် ရှုယီသည် သူ၏အစီအစဉ်မှာ ထိုသို့မဟုတ်ကြောင်းပြောပြလေသည်။

"ဥက္ကဌရှုေပြာတာမှန်ပါတယ် စိုင်စ်နယ်မြေကို ရောက်ဖူးတယ် အဲ့ကအခြေအနေလို ဖြစ်ဖို့ဆိုရင် လုပ်သားအင်အားအများကြီး လိုမှာပဲ" မန်စီကပြောလေသည်။

"ဟုတ်တယ် မှင်စာတွေကို အခြေခံအလုပ်တွေ လုပ်ခိုင်းတာက အေကာင်းဆုံးပဲ။ ဒီကလူပုလေးတွေက စိုင်စ်နယ်မြေက လူပုလေးတွေလိုပဲ လက်မှုပညာမှာ တော်ကြတယ်။ အဲ့တော့ ပြဿနာရှိမယ်မထင်ဘူး"

ဗာရပ်စ်သည် ဘာမှဝင်မပြောသော်လည်း ထောက်ခံကြောင်း ခေါင်းညိတ်ပြလေသည်။

အားလုံးသဘောတူကြသဖြင့် ရှုယီသည် ပြုံးမိလေသည်။

သူ့အနေဖြင့် Frestech ကုန်သည်ကြီးများအသင်း၏ အင်အားကြောင့် အခြားမျိုးစိတ်များ ငြင်းဆန်နိုင်မည် မဟုတ်သည်ကို သဘောမတူမည်မှာ စိုးရိမ်စရာမဟုတ်သော်လည်း သူတို့နှင့် ပူးပေါင်းရမည်ဖြစ်သဖြင့် သဘောတူကြသည်မှာ အဆင်ပိုပြေလေသည်။

မှော်တိမ်တိုက်နယ်မြေကို ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လိုပါက ဒေသခံများ၏ အကူအညီကို ယူရမည်ဖြစ်သည်။

ထိုသို့တွေးမိလိုက်သောအခါ ရှုယီ၏ စိတ်ထဲတွင် ထူးဆန်းသွားလေသည်။

နယ်မြေသစ်တစ်ခုကို ရှာတွေ့သောအခါ ဥရောပမှလူများသည် မြောက်အမေရိကသို့လာရောက်ကာ ဒေသခံ အင်ဒီယန်းများကို ရှင်းပစ်ပြီး သိမ်းပိုက်လိုက်ပြီးသောအခါ အာဖရီကန်မှ ကျွန်များကိုခေါ်ယူပြီး အမေရိက၏ အခြေခံအြတ်မြစ်ကို ချခဲ့လေသည်။

မှော်တိမ်တိုက်နယ်မြေနှင့် ယှဉ်ကြည့်မည်ဆိုလျှင် အင်ဒီးယန်းများမှာ ယခုဘေးတွင်ရှိသော မျိုးစိတ်များဖြစ်ပေလိမ့်မည်။

သို့ရာတွင် ရှုယီသည် သူတို့ကို ရှင်းပစ်ရန် စိတ်ကူးမရှိချေ။ ထိုသို့လုပ်လိုက်ပါက မှော်တိမ်တိုက်နယ်မြေကို တိုးတက်စေရန် အသုံးချရမည့် လူအင်အားနည်းသွားစေရုံသာ ရှိပေလိမ်မည်။

လူမည်းကျွန်များနေရာတွင်မူ မှင်စာများဖြစ်ပေလိမ့်မည်။

သူတို့၏ ဉာဏ်ရည်သည် နိမ့်သောကြောင့် အခြေခံလုပ်သားအဖြစ်သာ သင့်တော်ပေလေသည်။

ထို့အပြင် အမေရိက၏ တည်ထောင်သူများက လူမည်းကျွန်များကို ခြိမ်းခြောက်သလို သူသည်လည်း မှင်စာများကို ခြိမ်းခြောက်နိုင်လေသည်။ သို့သော် သူ့တွင်ဤကိစ္စနှင့်ပတ်သက်၍ အပြစ်ရှိသည်ဟု မခံစားရချေ။

မှင်စာများ လူသားရွာများကို ဝင်ရောက်ဖျက်ဆီးပြီး လူများကို ဟင်းချက်အိုးထဲသို့ ထည့်သည်များကို မြင်ဖူးသဖြင့် သူသည်၄င်းတို့ကို ဉာဏ်ရည်ရှိမျိုးစိတ်များကဲ့သို့ မဆက်ဆံခဲ့ခြင်းဖြစ်လေသည်။

ဒေသခံကိုယ်စားလှယ်အချို့နှင့် စကားပြောပြီးနောက်တွင် ဟာ့ထ်သည် ပြန်လာခဲ့လေသည်။

"အခု မှင်စာမြို့တော်ကို ဝိုင်းထားပြီးပါပြီ။ ယခုမှင်စာတစ်ကောင်မှ မလွတ်စေရပါဘူး။ ပြီးတော့ အခုေလးတင်ပဲ မှင်စာတစ်သိုက်က တိုက်ခိုက်ကြပါတယ် ကျွန်တော်တိုက်မိန့်တော့ မပေးရသေးပါဘူး"

"တိုက်ဖို့မဟုတ်ဘဲ လွတ်ဖို့ကြိုးစားနေကြတာမလား"

ရှုယီသည် ဟာ့ထ်ကို ကြည့်ရင်းပြောလေသည်။

ဟာ့ထ်သည် ခေါင်းညိတ်လိုက်လေသည်။

"ဥက္ကဌက ပညာရှိပါပေတယ်။" ဟာ့ထ်သည် ခေါင်းကိုနိမ့်လိုက်ရင်း ပြောလေသည်။

ရှုယီသည် လက်ကာပြလိုက်ကာ ကိုယ်စားလှယ်များဘက်သို့လှည့်ရင်း ပြောလေသည်။

"ဟာ့ထ်နဲ့အတူမြို့ကိုဝိုင်းထားကြပါ။ မှင်စာဘုရင်နဲ့ သွားတွေ့လိုက်ဦးမယ်"

ဟာ့ထ်နှင့် အခြားသူများသည် ထိတ်လန့်သွားကြလေသည်။

"တစ်ယောက်တည်းသွားမလို့လား"

"ဒီလိုစွန့်စားလို့မဖြစ်ပါဘူး ဥက္ကဌ"

"ဥက္ကဌလို တန်ဖိုးရှိတဲ့သူတစ်ယောက်ကို ဘယ်လိုလုပ် ဒီလိုစွန့်စားရမှာလဲ။ ကျွန်တော်တို့တိုက်ခိုက်ပြီး မှင်စာဘုရင်ကို ခေါ်ခဲ့ပါ့မယ်။ အဲ့အခါမှ စိတ်ကြိုက်ပြောပေါ့"

"မလိုပါဘူး သူတို့ကကြောက်နေပြီးသားပဲလေ အဲ့တော့ပြန်တောင် မခုခံရဲကြဘူး။ ပြီးတော့ ငါဘယ်သူလဲဆိုတာ မေ့နေလား"

ရှုယီသည် Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌေဟာင်းတစ်ယောက်အပြင် စိုင်စ်နယ်မြေ၏ အသန်မာဆုံး မှော်ဆရာတစ်ယောက်လည်း ဖြစ်ချေသည်။

သူသည် အခြားသူများ မည်သို့တုံ့ပြန်မည်ကို စောင့်မနေချေ။ "သတိနဲ့နေ"ဟုပြောကာ ပျောက်ကွယ်သွားလေသည်။

ထို့နောက် သူသည် မှင်စာမြို့တော်တွင် ပေါ်လာလေသည်။

မှင်စာမြို့တော်သည် ၄င်းတို့၏ ခံတပ်ပင်ဖြစ်လေသည်။

ထိုနေရာတွင် အဆင်အယင်မဆိုထားနှင့် အဆောက်အအုံများပင် မရှိချေ။ မှင်စာများမှာသည် အစီတကျမရှိဘဲ လဲသည့်သူကလဲ ထိုင်သည့်သူကထိုင်ဖြစ်နေလေသည်။

သူသည် ပျို့အန်ချင်စရာကောင်းသော အနံ့တစ်ခုကို ရလိုက်သဖြင့် နှာခေါင်းရှုံမိလေသည်။

ဤမြက်ကွင်းကိုမြင်လိုက်သောအခါ ရှုယီသည် ခေါင်းရမ်းမိလေသည်။

မှင်စာများ၏ ဉာဏ်ရည်သည် နိမ့်သည်ဆိုသော်လည်း မှော်တိမ်တိုက်နယ်မြေကို နှစ်ထောင်ချီအုပ်စိုးခဲ့သော မျိုးစိတ်တစ်ခုအနေဖြင့် မြို့ပြနိုင်ငံတစ်ခုကို သေချာထူထောင်ရန် အချိန်ရခဲ့သော်လည်း မလုပ်ခဲ့ကြသဖြင့် ၄တင်းို့အစား နောင်တရမိပေသည်။

သို့သော်လည်း ၄င်းတို့တည်ထောင်နိုင်ခဲ့ပါကလည်း Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် မှော်တိမ်တိုက်နယ်မြေကို ပြုပြင်ရန် ယခုလောက် လွယ်မည်မဟုတ်ချေ။

ရှုယီရုတ်တရက်ပေါ်လာသဖြင့် ခေတ္တအံ့သြသွားကြသော်လည်း သူ့ဆီအော်၍ တိုက်ရန်ပြေးလာကြပေသည်။

ရှုယီသည် တိုက်ရန်ပျင်းနေသဖြင့် မှော်အရံအတားကို ဖွင့်လိုက်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။ ထို့နောက် သူသည် အသံကိုမှော်ဖြင့် မြင့်လိုက်လေသည်။

"မှင်စာဘုရင်ကြီး ထွက်လာခဲ့ပါ။ ငါက အပြင်ဘက်မှာ ဝိုင်းထားတဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ခေါင်းဆောင်ပဲ။ မင်းနဲ့တွေ့ပြီးစကားပြောချင်တယ်။ မင်းငါပြောတာကို သဘောပေါက်လိမ့်မယ်ထင်ပါတယ်။ မင်းမှာအခြားရွေးစရာမရှိတာကိုရောပေါ့"

ရှုယီသည် မှော်တိမ်တိုက်နယ်မြေ၏ အများသုံးဘာသာစကားကို သုံး၍ပြောလိုက်လေသည်။ ထိုစကားမှာလည်း မှင်စာများ၏ တစ်ဝက်တစ်ပျက် ဘာသာစကားပင်ဖြစ်လေသည်။

ထိုသို့ပြောပြီးသည်နှင့် ရှုယီသည် စောင့်နေလိုက်သည်။ ၁၀မိနစ်အကြာတွင် အခြားမှင်စာများနှင့် လုံးဝကွဲထွက်နေပြီး အဝတ်အစားများပင် ဝတ်ထားသည့် မှင်စာအုပ်စုထွက်ပေါ်လာလေသည်။

အခြားမှင်စာများသည် ၄င်းတို့အတွက် လမ်းဖယ်ပေးရလေသည်။

ရှုယီသည် ၄င်းတို့ကို ကြည့်လိုက်လေသည်။

ဝေါယာဥ်သဘောမျိုးဖြင့် သန်မာသော မှင်စာ၄ယောက်သည် အလယ်တွင် ပိန်၍အခြားမှင်စာများနှင့် မခြားသော မှင်စာတစ်ကောင်ကို ထမ်းလာကြသည်။

"မင်းက မှင်စာဘုရင်လား"

ရှုယီသည် သူ့ကိုကြည့်၍ မေးလိုက်လေသည်။

***

Volume 8 အခန်း ၈၈ ။ အသူရာနတ်ဆိုးမျိုးနွယ်ပြန်လာနိုင်ချေရှိတယ်

မှင်စာဘုရင်နှင့်ဆွေးနွေးခြင်းသည် အေးဆေးပင် ဖြစ်သည်။

သူ၏ဉာဏ်ရည်သည် အခြားမှင်စာများထက် ပိုကောင်းပြီး လူသားနှင့်နှိုင်းလျှင်ပင် ထက်မြက်သည့်ထဲပါသည်ဟု ရှုယီထင်လေသည်။

မှင်စာများရင်ဆိုင်နေရသော ရန်သူမှာ လွန်စွာအင်အားကြီးမားသောကြောင့် ရှုယီက ဆွေးနွေးရန် လာသောအခါ အစတွင်အံ့သြသွားသော်လည်း မြန်မြန်ပင်လက်ခံလိုက်လေသည်။

သူ့ကိုအခြေအနေများ ပြောသောအခါ သူသည်မတုံ့ပြန်ဘဲ သူ၏အသက်ကို ချမ်းသာပေးမည်ဆိုသောအခါမှ တုံ့ပြန်လေသည်။

ရှုယီသည် ထိုမျှလောက် သဘောထားမသေးချေ။ သူသည် အသက်ချမ်းသာပေးကာ သူစိတ်ကူးပင်မယှဉ်ဖူးသော သက်သောင့်သက်သာရှိသော ဘဝတွင် နေစေရမည်ဟု အာမခံလေသည်။

မှင်စာများဘက်မှ Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်မည်ဟု အာမခံရလေသည်။ ထိုထဲတွင် မှော်တိမ်တိုက်နယ်မြေမှ မှင်စာအားလုံးပါဝင်လေသည်။

မှင်စာများသည် စည်းလုံးသော မျိုးစိတ်များ မဟုတ်သဖြင့် သူ၏အမိန့်သည် မှင်စာအားလုံးအပေါ်တွင် သက်ရောက်မည် မဟုတ်ကြောင်း ကြိုပြောလေသည်။

ရှုယီသည် ထိုကိစ္စကိုဂရုမစိုက်ချေ။ သူ့အတွက် မှင်စာများ အလုက်လုပ်ပေးရန်ကိုသာလိုလေသည်။

မှင်စာဘုရင် အညံ့ခံလိုက်ပြီဟူသော သတင်းပျံ့သွားလျှင် အခြားမှင်စာများမှာ Frestech ကုန်သည်ကြီးများအသင်းကို တော်လှန်ရန် ရူးမိုက်မည်မဟုတ်ချေ။ ထို့ကြောင့် ဖြေရှင်းရသက်သာသွားနိုင်လေသည်။

မှင်စာဘုရင်အညံ့ခံလိုက်ခြင်းသည် နှစ်ထောင်ပေါင်းများစွာ အုပ်ချုပ်လာခဲ့သော မှင်စာသမိုင်း ပြီးဆုံးသွားပြီဟု ဆိုနိုင်ေလသည်။

သို့သော် ရှုယီသည် နားမရသေးချေ။

မှင်စာဘုရင် အညံ့ခံလိုက်ခြင်းမှာ ပထမဆုံးခြေလှမ်းသာဖြစ်ပြီး အခြားမျိုးစိတ်များနှင့် ပူးပေါင်း၍ မှော်တိမ်တိုက်နယ်မြေတစ်ဝှမ်းရှိ မှင်စာများကိုဖမ်းကာ အလုပ်လုပ်နိုင်ရန် ေလ့ကျင့်ပေးရပေဦးမည်။

ထို့ကြောင့် အလုပ်ပြီးမြောက်ရန်မှာ ပြောရန်သာ လွယ်သော်လည်း လက်တွေ့တွင် ရှုပ်ထွေးလှချေသည်။

၄လကြာသည်အထိ သူသည် မှင်စာနှင့် နယ်မြေကိစ္စများဖြင့် အလုပ်ရှုပ်နေလေသည်။ ပင်လယ်ရပ်ဝေးမှလာသော သတင်းတစ်ခုသည် သူ့၏အလုပ်များကို ရပ်တန့်သွားစေလေသည်။

နှစ်ရက်အကြာတွင် သူသည် ကောင်းကင်ကျွန်းတွင် ပေါ်လာလေသည်။

"ဒီမှာ ကြည့်ပါဦး ဥက္ကဌရှု"

သူ့ကိုစောင့်နေသော အာကာလီသည် တွေ့သည်နှင့် ချင်ချင်း စာရွက်စာတမ်းများကို ပေးလေသည်။

သူသည် ထိုစာရွက်များကိုကြည့်လိုက်ရာ အသူရာနတ်ဆိုးမျိုးနွယ်၏ အကြောင်းမှတ်တမ်းများကို တွေ့လေသည်။

"ဘာမှားလို့လဲ။ တစ်ခုခုဖြစ်လို့လား"

"ဒီဟာလေးတွေက လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဘာပြောင်းလဲမှုမှမရှိခဲ့ဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ဝက်လောက်ကစပြီး ပြောင်းလဲမှုတွေရှိလာတယ်။ ဒီမှာကြည့်...." သူမသည် စာရွက်များကို လှန်လိုက်ပြီး အခြေအနေ တင်ပြချက်ကိုပြလေသည်။ "ဒါက ပထမဆုံးတွေ့ခဲ့တဲကျောက်တုံးပဲ။ တွေ့ရှိချက်အတွေအရ လွန်ခဲ့တဲ့နှစ်ဝက်လောက်ကစပြီး အဲ့ပတ်ဝန်းကျင်ရဲ့ မှော်လေထုရဲ့ မှော်စွမ်းအင်ကြိမ်နှုန်း ပြောင်းလဲလာတယ်။"

"မှော်ကြိမ်နှုန်းပြောင်းတယ် ဟုတ်လား"

ပုံမှန်အားဖြင့် ထိုသို့ဖြစ်ခြင်းမှာ မှော်စွမ်းအင်သစ်တစ်ခု စတင်တော့မည်ဖြစ်သောကြောင့် ဖြစ်သည်။

"ပြောင်းလဲတာကိုတွက်ပေးလို့ရမလား"

အာကာလီ၏ မျက်နှာသည် တည်တံ့သွားလေသည်။

"အချက်အလက်တွေပေါ်မှာ အခြေခံပြီးတွက်ထားတာကတော့ အဲ့မှော်စွမ်းအင်က မှော်နေရာလပ်နဲ့ဆင်တူတယ်"

ရှုယီသည် အံ့သြလေသည်။

"ဒါဆိုရင် ပြန်လာနိုင်တယ်ဆိုတဲ့ အရိပ်အယောင်လား"

အာကာလီသည် ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်တယ် နတ်သူငယ်တွေရဲ့ ဒဏ္ဍာရီအရဆို အသူရာနတ်ဆိုးမျိုးနွယ်က ဒီကိုပြန်လာတာ အေးဆေးရှိလိမ့်မယ်တဲ့။ ပြီးတော့ တွေ့ရှိချက်တွေအရ ဒီကျောက်တုံးတွေက တစ်ခုကို ကီလိုမီတာ၃၀၀လောက် ရှိတဲ့အတွက် ဒါက ကူးပြောင်းရေး မှော်အစီအရင်ဖြစ်လိမ့်မယ်"

"ဒါဆိုရင် အဲ့ကျောက်တုံးတွေက ဘယ်အချိန်ကတည်းကမှန်းမသိ မှော်အစီအရင်ကို ဖန်တီးနေပြီး ဒဏ္ဍာရီထဲကလို အသူရာနတ်ဆိုးမျိုးနွယ်ပြန်လာမယ်ပေါ့။ ဒါက ဘယ်လိုဇာတ်လမ်းကြီးတုန်းဟ အွန်ဒင်းကရော ဘာပြောသေးလဲ"

"သူကတော့ ဒဏ္ဍာရီအမှန်ဖြစ်လာတာပဲလို့ပဲပြောတာ။ သူပျော်နေတာလား ကြောက်နေလားကို မသဲကွဲဘူး"

"ဘာလို့အဲ့လိုပြောတာလဲ"

"ကိုယ်တိုင်သာမေးကြည့်လိုက်တော့"

ရှုယီသည် နောက်သို့လှည့်ကြည့်လိုက်ရာ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေသော အွန်ဒင်းကို တွေ့ရလေသည်။

သူမသည် အမြဲတည်ငြိမ်နေတတ်သည်ဖြစ်ရာ ယခုကဲ့သို့မြင်ရသည်မှာ ရှုယီအတွက် ထူးဆန်းနေလေချေသည်။

"ဥက္ကဌရှု၊ အသူရာနတ်ဆိုးမျိုးနွယ်ပြန်လာတော့မယ် အဲ့ကြောင့် ကြိုပြင်ထားမှဖြစ်မယ်။ သူတို့လာတာနဲ့ သက်ရှိတွေအားလုံး အန္တရာယ်ကျသွားလိမ့်မယ်" အွန်ဒင်းက ပြောလေသည်။

"အဲ့ဒါကို ဘာလို့ဒီလောက်ပျော်နေတာလဲ"

ရှုယီသည် ဝေခွဲမရတော့ပေ။ အွန်ဒင်းသည် ကြောက်မက်ဖွယ်စကားများကို ပြောနေသော်လည်း သူမ၏မျက်နှာမှာ ပြုံးရွှင်နေပေသည်။ ထို့ကြောင့် အာကာလီအမြင်မှန်သည်ဟု သူထင်လေသည်။

သူမဘာကို လိုချင်နေသနည်း။

"Elder အွန်ဒင်း အဲ့ဒဏ္ဍာရီအကြောင်းကို ဘယ်လောက်သိလဲ။ ဥပမာ သူတို့ရဲ့ ရည်ရွယ်ချက်တွေပေါ့။ ဘယ်လိုပြန်လာမှာလဲ"

"မသိဘူး။ အဲ့ဒဏ္ဍာရီက လွန်ခဲ့တဲ့နှစ်၁သောင်းလောက်ကလေ။ နတ်သူငယ်တွေကလည်း ခြေရာလက်ရာလောက်ပဲ ပြောခဲ့ကြတာ အဲ့တော့ အချက်အလက်နည်းနည်းပဲသိနိုင်တာ"

"အဲ့လိုလား...အဲ့မှာပြဿနာတစ်ခုခုရှိနေသလိုပဲနော်။ ဒဏ္ဍာရီ ၁၁ခုထဲမှာမှာ သူတို့က အရမ်းသန်မာတယ်လို့ ပြောထားတယ်နော်။ အတိအကျဆိုရင် ဘယ်လောက် သန်မာတာလဲ"

"မသိဘူး ဒါပေမယ့် ဒဏ္ဍာရီအရဆိုရင်တော့ သူတို့ကို ခုခံနိုင်တဲ့သူမရှိဘူး။ ဘာလို့ဆို သာမန် အသူရာနတ်ဆိုးကတောင် အဆင့်၁၁ရှိတဲ့ ကျွမ်းကျင်ဘုန်းတော်ကြီးထက် သန်မာလို့ပဲ"

အာကာလီသည် မျက်လုံးပြူးသွားလေသည်။ "လာနောက်နေတာလား"

ရှုယီသည် သူမကို ကြည့်လိုက်ပြီး ခေါင်းခါလိုက်လေသည်။

"ငါတို့ရဲ့စမ်းသပ်ချက်တွေကို မေ့သွားပြီလား။ သူတို့က ရုပ်ပိုင်းဆိုင်ရာသန်မာတာမျိုး မဖြစ်နိုင်ဘူး။ ပုံမှန်လူတစ်ယောက် လက်နက်တစ်ခုရသွားလို့ အင်အားကြီးသွားတဲ့ပုံစံမျိုးပဲ။ သူတို့တွေကလည်း မှော်နည်းပညာတစ်ခုတည်းကြောင့် သန်မာနေကြတာ"

"Oh...ဟုတ်သားပဲ။ သူတို့သာတစ်ကယ် အဲ့လောက်သန်မာနေရင် ဘာလို့ထွက်သွားမှာလဲ"

အာကာလီသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းချလိုက်လေသည်။

"မဟုတ်ဘူး ဥက္ကဌ၊ ပြီးတော့ မင်းမှားနေပြီ အာကာလီ။ သူတို့ဒီကထွက်သွားတာက မနေနိုင်လို့မဟုတ်ဘူး၊ လောကသစ်တစ်ခုကို ရှာဖွေချင်လို့ ကိုယ်ပိုင်ရွေးချယ်မှုအရ ထွက်သွားခဲ့တာ"

ရှုယီနှင့် အာကာလီသည် အချင်းချင်း "ဒီလိုကို"ဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်ကြလေသည်။

သူမအနေဖြင့် ထိုကိစ္စကို ပိုပြီးသိသေးသော်လည်း သူမ မပြောချင်သည့်အတွက် ဘာတွေးနေသည်ကို မသိရချေ။

"ဒါပေမယ့် သူတို့ပြန်လာတာ ဝမ်းသာစရာကိစ္စတော့ မဟုတ်လောက်ဘူး။ ဒဏ္ဍရီ၁၁ခုအကြောင်း ပိုပြီးစုထားပေးနိုင်မလား အကြီးအကဲအွန်ဒင်း။ ဘယ်လိုရင်ဆိုင်ရမလဲ သအောင်လို့"

"ဟုတ်ကဲ့။ ဒါနဲ့လေ အဲ့အပိုင်းအစတွေနဲ့ ညာလုပ်မယ်စိတ်ကူးလဲ။ အဲ့ဒါတွေကို....ဖျက်ဆီးပစ်မှာလား"

"ဘာလို့ဖျက်ဆီးရမှာလဲ။ သူတို့အကြောင်းကို ဒါတွေကနေပဲ လေ့လာနေရတာလေ။ အခြားလောကနဲ့ဆက်စပ်နေတာတွေရောပေါ့"

"အဲ့လိုလား။ ဒါဆိုရင် မနက်ဖြန်ပဲ မျိုးနွယ်စုဆီသွားပြီးတော့ ဘာထပ်သိနိုင်သေးမလဲ သွားကြည့်လိုက်မယ်လေ။" အွန်ဒင်းသည် ပြုံး၍ပြောလေသည်။

"ဒါဆိုရင် အွန်ဒင်းကို ဒုက္ခပေးရတော့မှာပဲ"

သူမထွက်သွားသည်နှင့် အာကာလီသည် သူမနှင့် ရှုယီကို မှော်အရံအတား တစ်ခုလုပ်လိုက်လေသည်။

"သူတစ်ခုခုဖုံးကွယ်နေတာ" အာကာလီသည် လေးနက်စွာ ကြည့်လေသည်။

"ဖြစ်နိုင်တယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ မင်းကို အဲ့ကိစ္စဆက်စုံစမ်းစေချင်တယ်။ ပြီးတော့ အချိန်ဘယ်လောက်လိုလဲ အဲ့ဒီ မှော်အစီအရင်ကို စုံစမ်းဖို့"

အာကာလီသည် မျက်လုံးများ ဝေ့လိုက်ပြီး " ဥက္ကဌရှုသာ ဘေးမှာနေပြီး ကူပေးမယ်ဆိုရင်တော့ ၃လလောက်ပဲကြာလိမ့်မယ်"ဟု ပြောလေသည်။

ရှုယီသည် ခေတ္တစဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်ကာ "ဒါဆိုလည်းနေပြီးကူပေးမယ်လေ"ဟု ပြောလေသည်။

အာကာလီသည် ဒီအတိုင်းပြောလိုက်ခြင်းသာဖြစ်ပြီး ရှုယီ လက်ခံမည်ဟု ထင်မထားချေ။ ထို့ကြောင့် သူလက်ခံလိုက်သောအခါ သူမသည် လွန်စွာပျော်နေပေသည်။

"ဒါကောင်းတာပေါ့။ ဥက္ကဌရှုလို အစွမ်းထက်တဲ့ မှော်ဆရာနဲ့သာဆိုရင် အကောင်းဆုံး စမ်းသပ်ပစ္စည်းတွေ ရနိုင်....မဟုတ်သေးဘူး လက်ထောက်။ ရှင့်လို ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက်က မှော်တွေအကြောင်းကို ကျွန်မထက်ပိုနားလည်တယ် ပြီးတော့ မှော်သီအိုရီတွေနဲ့ ပတ်သက်လာရင် ရှင်ကအတော်ဆုံးလေ အဲ့တော့ရှင့်ရဲ့ အကူအညီနဲ့ဆိုရင်..."

သူမသည် စိတ်လှုပ်ရှားစွာ ပြောပြနေသော်လည်း ရုတ်တရက် အသံတိတ်သွားပြီး မှော်အရံအတားကို ဖြုတ်လိုက်ကာ သူမ၏ အိတ်ထဲမှ အထူး မှော်ဆက်သွယ်ရေးစက် ပန်းရောင် အသေးလေးကို ထုတ်လိုက်လေသည်။

"ကက်ဆန်ဒရာလား? အခုဘယ်မှာဆော့နေပြန်တာ။ ခေါ်ရတဲ့အကြောင်းလေးပြောပါဦး။ ဒီတစ်ခါရော ဘာပြောမလို့လဲ"

ကက်ဆန်ဒရာကဲ့သို့ နဂါးတစ်ကောင်သည် သူမကို အမြဲဆက်သွယ်နေခြင်းအပေါ် ရှုယီသည် ထူးဆန်းမိလေသည်။

"အဲ့အပိုင်းအစတွေကို လေ့လာတဲ့နေရာမှာ အကူအညီပေးနိုင်တာလေး တွေ့ထားတယ် အာကာလီ။"

ကက်ဆန်ဒရာ၏ စကားကိုကြားသောအခါ ရှုယီသည် အာရုံစိုက်မိလေသည်။

ရှုယီနားထောင်နေသည်ကို မြင်သောအခါ သူမသည် အသံကိုချဲ့လိုက်လေသည်။

"အဲ့ဒါဘာကြီးလဲ။ ဘယ်မှာတွေ့တာလဲ။"

"ဘာလဲတော့ သေချာမသိဘူး။ ဒါပေမယ့် အပိုင်းအစတွေနဲ့ ဆက်စပ်နေတယ်လို့ထင်တယ်။ ဪ ငါက အခုလပေါ်မှာ။ အခုဒီမှာတွေ့တာလေ"

"လပေါ်မှာ ဟုတ်လား"

အာကာလီနှင့် ရှုယီသည် အချင်းချင်း ထူးဆန်းစွာ ကြည့်လိုက်ကြလေသည်။

***

Volume 8 အခန်း ၈၉ ။ လပေါ်တွင်

ကမ္ဘာနှင့်မတူသော့ချက် စိုင်စ်နယ်မြေ၏ ညကောင်းကင်တွင် လနှစ်ခုရှိနေခြင်းဖြစ်သည်။

သို့သော် ရှုယီနှင့် အာကာလီတို့ အံ့သြသွားသည်မှာ ထိုကိစ္စကြောင့် မဟုတ်ဘဲ ကက်ဆန်ဒရာသည် လပေါ်ရောက်နေသောကြောင့်ဖြစ်သည်။

"ဘုရားရေ...တော်သေးတာ ကောင်းကင်မှာ ဘုရားမရှိလို့။ ကက်ဆန်ဒရာ မင်းလပေါ်ရောက်နေတယ်လို့ ပြောတယ်နော်။ ကောင်းကင်ပေါ်ကလနော်။"

အာကာလီသည် အံ့သြနေသည့်အသံဖြင့် မေးလေသည်။

သူမ၏တုံ့ပြန်ပုံကို ကြည့်ခြင်းအားဖြင့် ကက်ဆန်ဒရာ ထိုသို့လုပ်သည်မှာ ပထမဆုံးအကြိမ် ဖြစ်ပေမည်။

သို့သော် သူမထက်စာလျှင် သူ၏အံ့သြမှုမှာ ပိုလေသည်။

သူသည် အကွာအဝေးကို သေချာမသိသေးသော်လည်း ကမ္ဘာနှင့် လ၏အကွာအဝေးမှာ ကီလိုမီတာ၃သိန်းဖြစ်ပြီး ယခုနေရာမှာ ပို၍နီးကပ်သည်မှန်သော်လည်း အနည်းဆုံး ကီလိုမီတာ၁သိန်းရှိမည်ဖြစ်သည်။

အာကာသတွင် လွတ်လပ်သည်မှန်သော်လည်း အဘယ့်ကြောင့် ထိုထိသွားရသနည်း။

"အာ...ဟုတ်တယ် လလေ"

သူမ၏အသံသည် ကြည်လင်ပြတ်သားစွာ အနားတွင်ရှိသကဲ့သို့ ပေါ်လာလေသည်။

ရှုယီသည် ဒီကိစ္စနှင့် ပတ်သက်၍ သံသယဝင်မိလေသည်။

အာကာလီသည် မှော်လှိုင်းများကို တိုးတက်လာအောင် လုပ်ဆောင်ခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်ပြီး အာကာသအထိပါ ကက်ဆန်ဒရာနှင့် လက်တွေ့စမ်းသပ်ပြီးဖြစ်သော်လည်း အခုမှာ ကီလိုမီတာ ၁သိန်းထိ ဝေးနေသည်ဖြစ်ပြီး ဆက်သွယ်ရေးကြန့်ကြာခြင်းလည်းမရှိချေ။

ဒါဆို မှော်လှိုင်းတွေရဲ့ အမြင့်ဆုံးကန့်သတ်ချက်က မည်သည်ဖြစ်မည်နည်း။ အလင်းသွားနှုန်းဖြင့်ပင် နှိုင်းယှဉ်နိုင်မည်လား။

"လပေါ်ထိ ဘယ်လိုများရောက်သွားတာလဲ။ ဒီတိုင်းပျံသွားတာလို့တော့မပြောနဲ့နော်"

"ငါတစ်ကယ်ပဲပျံသွားတာပဲလေ။ နင့်ကိုငါပြောဖူးတယ်လေ ငါတစ်နေရာရာ ဝေးဝေးကို သွားမှာမို့လို့ ခဏလောက်ပျောက်နေမယ်ဆိုတာလေ နင်မမှတ်မိဘူးလား လွန်ခဲ့တဲ့၂လက ပြောထားတာကို"

ရှုယီသည် အာကာလီကို ကြည့်လိုက်ချိန်တွင် သူမသည် ပြန်ပြုံးပြလေသည်။

"အဲ့လိုလား....ဒါပေမယ့် ဒီလောက်ဝေးဝေးရောက်သွားမယ်လို့တော့ မထင်မိဘူးလေ။ ဒါနဲ့ လကရော စက်ဝန်းပုံပဲလား"

"ဟုတ်တယ် ဥက္ကဌရှုပြောသလို ကောင်းကင်ပေါ်မှာ မြင်ရတဲ့ ကြယ်တွေရော လအပါအဝင်ပေါ့ အားလုံးက စက်ဝန်းပုံပဲ"

ရှုယီသည် ချောင်းဟန့်လိုက်ပြီး "အားလုံးကတော့ အဲ့ပုံစံမဟုတ်ပါဘူး။ ဥပမာ ကြယ်တံခွန်တွေဆိုရင် ရှည်မြောမြောပုံစံရှိတယ်"

ရှုယီရှိနေမည် မထင်ထားသည့်အတွက် ကက်ဆန်ဒရာသည် ခေတ္တတိတ်ဆိတ်သွားလေသည်။

"ဥက္ကဌရှုပါ ရှိနေတာကို"

"ဟုတ်တယ် အာကာလီနဲ့ ဆွေးနွေးစရာလေးရှိနေလို့ပါ။ စကားလေးပြန်ဆက်ရအောင် ပထမဆုံးက လပေါ်ဘယ်လိုသွားလိုက်တာလဲ။ ပြီးတော့ ဘး်လောက်ကြာလဲ"

"လရဲ့လမ်းကြောင်းအတိုင်းပဲလာလိုက်တာ။ အကယ်၍ ခန္ဓာကိုယ်ကသာ အရမ်းပင်ပန်းပြီး အိပ်ချင်မနေဘူးဆိုရင် တစ်လအတွင်းရောက်တယ်"

သူမ၏အဖြေသည် ရှုယီကို ပြောစရာစကား မဲ့သွားစေသည်။

"ဒါဆိုရင် လမ်းလယ်မှာ အိပ်ပြီးတော့ အခြားအချိန်တွေ မနားဘူးပေါ့" ရှုယီက မေးလေသည်။

"နဂါးတွေရဲ့ ခန္ဓာကိုယ်က သန်မာတယ်လေ အဲ့တော့ မနားဘဲနေရင်လည်း အဆင်ပြေတယ်။ ဒါပေမယ့် မှော်စွမ်းအင်ပြန်ဖြည့်ဖို့တော့ အိပ်လိုက်ရတယ်။ ဘာလို့ဆို အာကာသမှာ အဲ့ဒါကိုပဲသုံးပြီး ပျံနေတာဆိုတော့လေ။"

"ဘယ်လောက်ကြာ အိပ်ခဲ့တာလဲ"

"ဒီမှာက နေ့နဲ့ည ခွဲမရတော့ မသိဘူး။ ဒါပေမယ့် ဒီလိုမှော်စွမ်းအင် ပြန်ဖြည့်ဖို့ဆိုရင် ၃ရက်ဝန်းကျင်တော့ လိုတယ်"

ရှုယီသည် စိတ်ထဲတွင် တွက်နေလေသည်။

ကက်ဆန်ဒရာသည် အာကာသတွင် ပျံသန်းရသည်မှာ ပို၍လွတ်လပ်ပြီးမြန်ဆန်သည်ဟု ပြောခဲ့သဖြင့် သူမ၏ အမြန်ဆုံးနှုန်းနှင့် သွားမည်ဆိုလျှင် လက်ရှိအမြန်ဆုံး မှော်လေသင်္ဘောထက် ပိုမြန်မည်ဖြစ်ပြီး ၁နာရီ ကီလိုမီတာ၃၀၀ရှိလေသည်။

အကယ်၍ သူမသာထိုနှုန်းအတိုင်း တစ်ရက်လုံးသွားမည်ဆိုပါက ကီလိုမီတာ ၇၀၀၀ရှိမည်ဖြစ်ပြီး ၂လဆိုလျှင် ကီလိုမီတာ ၄သိန်းရှိမည်ဖြစ်သည်။

ကက်ဆန်ဒရာ၏ နားချိန်များကိုပါ ထည့်တွက်လိုက်လျှင် အကွာအဝေးမှာ ကမ္ဘာရှိလနှင့် အတူတူပင် ဖြစ်လေသည်။

"ဒါနဲ့ လက်ရှိက ဘယ်မှာရောက်နေတာ အဲလစ်လား တေးဒေစ်လား"

ထိုနာမည်များမှာ စိုင်စ်နယ်မြေမှ လကိုခေါ်ဝေါ်သော အမည်များဖြစ်ပေသည်။

ပိုကြီးသောလကို တေးဒေစ်ဟု ခေါ်ပြီး အနည်းငယ်ပိုသေးသည်ကို အဲလစ်ဟု ခေါ်လေသည်။

"အခု အဲလစ်မှာထင်တယ်။ သိပ်တော့မသေချာပေမယ့် တေးဒေစ်ဆိုရင် ဒီထက်ပိုဝေးမှာ။ အချိန်အားရင် စုံစမ်းလိုက်မယ်လေ။"

ရှုယီသည် မျက်လုံးဝေ့လိုက်လေသည်။

နည်းပညာမြင့်မားသော ကမ္ဘာပေါ်တွင်ပင်လျှင် လပေါ်သွားနိုင်သည့် အရေအတွက်မှာ လက်ချိုးရေနိုင်၍ရပြီး သတိထားရသည့်ကိစ္စဖြစ်လေသည်။

သို့ရာတွင် ကက်ဆန်ဒရာသည် လေထုကို ခန္ဓာကိုယ်ဖြင့် ဖြတ်ခဲ့ရုံသာမက လပေါ်ပင် သွားခဲ့သည်မှာ မယုံနိုင်စရာပင်ဖြစ်သည်။

"ဟုတ်ပြီ ဒုတိယမေးခွန်းက အသူရာနတ်ဆိုးမျိုးနွယ်နဲ့ ပတ်သက်တာတွေ့တယ်လို့ ပြောတယ်နော်။ အဲ့ဒါကရော" ရှုယီက မေးလေသည်။

အာကာလီသည်လည်း နားစွင့်လိုက်လေသည်။

သူမသည် ထိုကိစ္စကို လေ့လာနေခဲ့သည်မှာ ကြာပြီဖြစ်၍ ထိုအကြောင်းနှင့် ပတ်သက်လာလျှင် သူမသည် ထိလွယ်ရှလွယ်ဖြစ်လေသည်။

"ငါမရှင်းဘူး နင့်မှာ မှော်ပုံရိပ်ယောင်ရှိလား အာကာလီ"

"ဟမ်....နင်က မှော်ပုံရိပ်ယောင်ကင်မရာကိုပါ ယူသွားတာလား!!!!"

"ဘယ်လိုထင်လို့လဲ ငါသာယူမလာရင် လပေါ်ရောက်နေကြောင်း ဘယ်လိုလုပ် သက်သေပြလို့ရမှာလဲ"

အာကာလီနှင့် ရှုယီသည် ဆွံ့အသွားလေတော့သည်။

"ဒါဆိုရင် ကြည့်ရအောင် ဗွီဒီယိုပို့ပေးမလို့လား"

"ဟုတ်တယ်"

"ခဏလေး ကျွန်မရဲ့ ဓါတ်ခွဲခန်းကို သွားရအောင်ဥက္ကဌရှု အဲ့မှာ အဆင့်မြင့် မှော်ပုံရိပ်ယောင်ပရိုဂျက်တာရှိတယ်"

"ဟုတ်ပြီ"

ရှုယီသည် ခေါင်းညိတ်လိုက်ပြီး သူတို့သည် နေရာမှ မှော်နေရာလပ်ဖြင့် ပျောက်သွားလေသည်။

မိနစ်အနည်းငယ်အကြာတွင် သူတို့နှစ်ယောက်သည် မှော်ပုံရိပ်ယောင်ကို ကြည့်ပြီး ခေါင်းငြိမ့်လိုက်ကြသည်။

"သူတို့ကအတူတူပဲ"

ကက်ဆန်ဒရာပို့လိုက်သော ပုံများထဲမှ လေဟာပြင်နယ်ကြီးတွင် ကျောက်တုံးမှတ်တိုင်ကြီးရှိနေပေသည်။

ကီလိုမီတာပေါင်းသိန်းချီဝေးနေပြီး မှော်ပုံရိပ်ယောင်မှ တစ်ဆင့်မြင်ရသော်လည်း ဤသည်မှာ ပင်လယ်တွင်ရှိသည့် ကျောက်မှတ်တိုင်နှင့် အတူတူပင်ဖြစ်လေသည်။

"ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကြည့်ပါလား။ ကက်ဆန်ဒရာ။ အဲ့ဒါတစ်ခုတည်းတော့ မဟုတ်လောက်ဘူး"

"ဟုတ်ပြီ ကြည့်လိုက်မယ်"

"နေဦး!" ရှုယီသည် ရုတ်တရက် ခေါ်လိုက်လေသည်။

"ဘာလဲ။ ဒီတစ်ခါရော ဘာလုပ်ပေးရမှာလဲ"

ရှုယီသည် မှော်ပုံရိပ်ယောင်ကို စိုက်ကြည့်လိုက်ပြီးနောက် မျက်လုံးကျယ်သွားလေသည်။

"ကက်ဆန်ဒရာ မင်းအာကာသမှာပျံနေတုန်းက ဘယ်လိုအသက်ရှုခဲ့တာလဲ"

"အသက်ရှုတာ? နဂါးတွေက ပုံမှန်ဆို အသက်ရှုဖို့ လိုအပ်ပေမယ့် ရှုလို့မရတဲ့အခြေအနေတွေမှာ ခန္ဓာကိုယ်မှာရှိတဲ့ စွမ်းအင်ကို မှော်နဲ့ပေါင်းပြီး နေလိုက်လို့ရတယ်။ ဘာလို့မေးတာ"

"ဒါဆို အသက်ရှုကြည့်"

"အသက်ရှုရမယ် ဟုတ်လား? ဒီမှာလေမှမရှိတာ ရှင်က ကျွန်မကို.....ယီ? ယီ? ဒီမှာလေရှိတယ်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ရှုယီ ဤမေးခွန်းကို မေးသောအခါ အာကာလီသည် အံ့သြသွားသော်လည်း ကက်ဆန်ဒရာ၏ အဖြေကို ကြားလိုက်ရသောအခါ သူမသည် ဝေခွဲမရဖြစ်သွားလေသည်။

"လပေါ်မှာ လေရှိတာ တော်တော်ထူးဆန်းတာပဲ။ ပြီးတော့ နင်ကဘာလို့ဒီလောက် အံ့သြသွားတာလဲ ကက်ဆန်ဒရာ "

ရှုယီသည် သူမကိုကြည့်လိုက်ပြီး လပေါ်တွင် လေထုနည်းပါးမှုကြောင့် ဆင်းသက်ရန်မလွယ်သောကြောင့် သူသည်လက်ခါပြလိုက်ပြီး ရှင်းမပြတော့ချေ။

"လေထုလွှာကို ဖြတ်လာတုန်းက ဘာမှမခံစားရလို့ လေမရှိဘူးထင်နေတာ။ အခုတော့ လွတ်လွတ်လပ်လပ် အသက်ရှုလို့ရတာပဲ။ နေပါဦး ဥက္ကဌက ဒီကိစ္စကို ဘယ်လိုသိတာ"

"ရှင်းပါတယ် ပို့လိုက်တဲ့ပုံတွေထဲမှာ အမှုန့်တွေမျောနေတယ်လေ။ အဲ့တော့ လေစီးကြောင်းရှိမှာပဲ။ လေစီးကြောင်းရှိရင် လေလည်းရှိမယ်"

"အဲ့လိုလား။" အာကာလီသည် မှော်ပုံရိပ်ယောင်ကို သေချာကြည့်လိုက်သောအခါ တစ်ကယ်ပင် အမှုန်လေးများ မျှောနေသည်ကို တွေ့ရလေသည်။

"အိုး....ရှင်တစ်ကယ် ထက်မြက်တာပဲ ဥက္ကဌရှု။ ဒီနားမှာဘာတွေရှိမလဲ ကြည့်လိုက်ဦးမယ်။"

ထိုသို့ပြောပြီး ကက်ဆန်ဒရာသည် ဖုန်းချသွားလေသည်။

ရှုယီနှင့် အာကာလီသည် အချင်းချင်း ကြည့်လိုက်ပြီးနောက် အာကာလီက "ဒါဆိုရင် အသူရာနတ်ဆိုးမျိုးနွယ်က လကိုအရင်သွားခဲ့တာများလား"

"ကက်ဆန်ဒရာစုံစမ်းပြီးရင်တော့ သိရမှာပေါ့။ အခုတော့မသိနိုင်သေးဘူးလေ"

"အမ်.."

သူတို့သည် မှော်ပုံရိပ်ယောင်ကို ကြည့်လိုက်ကြပြီး ထွက်သွားရန်ပြင်ချိန်တွင် မှော်ဆက်သွယ်ရေးစက်မှ ဖုန်းဝင်လာလေသည်။

"ကက်ဆန်ဒရာလား" အာကာလီသည် သေချာေစရန် သတိထားမေးလေသည်။

"ဟေး.... အာကာလီနဲ့ ဥက္ကဌရှု ငါအသစ်တွေ တွေ့ထားတယ်။ ဒီမှာကျောက်မှတ်တိုင်က တစ်ခုတည်းမကဘူး အခြားအများကြီးပဲ။ နေဦး သူတို့တွေ စီထားပုံက ပင်လယ်ထဲကတစ်ခုနဲ့တူတယ်။ ခဏကြည့်လိုက်ဦးမယ်....အား!"

ကက်ဆန်ဒရာအော်လိုက်သည့်အတွက် ရှုယီ နှင့် အာကာလီတို့ လန့်သွားလေသည်။

"ကက်ဆန်ဒရာဘာဖြစ်တာလဲ" အာကာလီသည် စိုးရိမ်တကြီး မေးလေသည်။

"ငါမသိဘူး....ကျောက်တိုင်တွေကို ရွေ့လိုက်တော့ လင်းလာပြီး မှော်လေထုက ပြောင်းလာတယ်။ ဒါက...ဒါက..."

ကက်ဆန်ဒရာ၏ အသံသည် တိတ်သွားလေသည်။

***

Volume 8 အခန်း ၉၀ ငိုနေသော နဂါး

အာကာလီနှင့် ရှုယီကိုသည် တုန်လှုပ်သွားကြကာ တစ်ယောက်နှင့်တစ်ယောက် ကြောင်၍ကြည့်နေကြလေသည်။

"ကက်ဆန်ဒရာ...ဒုက္ခေရာက်နေပြီလားမသိဘူး...ဥက္ကဌရှု"

ရှုယီသည် တိတ်သွားလေသည်။

အသူရာနတ်ဆိုးမျိုးနွယ်ကို ဒီထက်စုံစမ်းရန် မဖြစ်နိုင်တော့သဖြင့် ဘယ်လိုဖြေရမလဲ မသိဖြစ်နေလေသည်။

ကက်ဆန်ဒရာသည် ကီလိုမီတာပေါင်း ၃သိန်းကျော်ဝေးသည့် လပေါ်တွင် ရှိနေသည်ဖြစ်ရာ တစ်ခုခုဖြစ်မည်ဆိုလျှင် သူ့အနေဖြင့် ဘာမှမတတ်နိုင်ချေ။

"စိတ်လည်းသိပ်ပူမနေပါနဲ့ သူကသန်မာလွန်းလို့ပဲ အာကာသကို ပျံနိုင်ခဲ့တာမလား ဘာပြဿနာမှ မရှိလောက်ပါဘူး" ရှုယီသည် အာကာလီကို နှစ်သိမ့်ရန်သာ တတ်နိုင်လေသည်။

အာကာလီသည် မိန်းမငယ်လေး မဟုတ်သည့်အတွက် ရှုယီ၏ စကားများကို အလွယ်တကူ မယုံကြည်သော်လည်း သူမတတ်နိုင်မည် မဟုတ်သဖြင့် လက်ခံရန်သာ ကြိုးစားရလေသည်။

"ကက်ဆန်ဒရာဘာမှမဖြစ်ဖို့ မျှော်လင့်......"

စကားပင်မဆုံးလိုက်ခင် အာကာလီ၏မျက်နှာသည် ပြောင်းသွားပြီး ကြည့်လိုက်လေသည်။

"ဥက္ကဌ..."

ရှုယီသည်လည်း အနောက်မြောက်ဘက်ကို ကြည့်နေပြီး သူမ၏အသံကြားလိုက်ရသောအခါ သူမသည်လည်း သူ့ကဲ့သို့ ထိုနေရာမှလာသော မှော်မငြိမ်သက်မှုများကို ခံစားမိမှန်းသိလေသည်။

ထို့အပြင် ထိုမငြိမ်သက်မှုများမှာ ကျောက်တိုင်များမှ မငြိမ်မသက်မှုများပင်ဖြစ်ကြောင်း နှစ်ယောက်စလုံး သိလေသည်။

"အဲ့ဒါက....."

နှစ်ယောက်စလုံးသည် ပြိုင်တူကြည့်လိုက်ကြပြီး ပျောက်ကွယ်သွားကာ ကောင်းကင်ကျွန်း၏ အနောက်မြောက်ဘက် ကောင်းကင်တွင် ပြန်ပေါ်လာကြလေသည်။

"ဟိုဘက်မှာ ဥက္ကဌ" အာကာလီသည် မိုင်ပေါင်းများစွာဝေးသော အနောက်မြောက်ဘက်သို့ ညွှန်ပြ၍ ကြောက်လန့်တကြား ပြောလေသည်။

သူမညွှန်ပြသည့်နေရာတွင် ပင်လယ်သည် အပြာနုရောင်များ ထွက်လာကာ ကောင်းကင်ပေါ်သို့ပင် ရောက်လေသည်။

ထိုအေရာင်များသည် ကောင်းကင်ပေါ်သို့ တက်သွားသည့်တိုင်အောင် အရောင်ဖျော့သွားခြင်း မရှိချေ။

"ဥက္ကဌရှု ဘာတွေဖြစ်သွားတာလဲ"

သူတို့နားတွင် အကြီးအကဲအွန်ဒင်းသည် ပေါ်လာပြီး မေးလိုက်လေသည်။

သူမသည် ထိုအရောင်များကို မြင်လိုက်ရ၍ အံ့ဩတကြီး မေးလေသည်။

"မသိသေးဘူး ထင်တာကတော့ အသူရာနတ်ဆိုးမျိုးနွယ်ရဲ့ လျှို့ဝှက်ချက်ကို သိရဖို့ ခြေတစ်လှမ်းနီးလာပြီ" ရှုယီသည် ခေါင်းခါလိုက်ပြီး ပြောလေသည်။

အာကာလီသည် ထိုကိစ္စကို သိပ်အရေးမစိုက်ဘဲ ခေတ္တကြည့်လိုက်ပြီးနောက် ရှုယီဘက်သို့လှည့်ကာ "ဥက္ကဌ ဒီကိစ္စက ကက်ဆန်ဒရာနဲ့ ဆက်စပ်နေတယ်လို့ထင်လား"

"မသေချာဘူး အဲ့နေရာကို သွားကြည့်ရအောင် တစ်ခုခုတော့ တွေ့မှာပဲ။" ရှုယီသည် အနောက်မြောက်ဘက်သို့ လက်ညိုးထိုးပြလိုက်ပြီး အာကာလီနှင့် အွန်ဒင်းသည် လိုက်လာကြလေသည်။

သူတို့သုံးယောက်သည် မှော်နေရာလပ်ကို သုံးရန် ကြိုးစားကြသော်လည်း ပတ်ဝန်းကျင်ရှိ မှော်လေထုသည် ထူးဆန်းနေပြီး သူတို့၏လက်ရှိ သန်မာသောစွမ်းအင်ဖြင့်ပင် ဓါတ်များကို ထိန်းချုပ်ကာ မှော်နေရာလပ်ကို သုံးရန်ပင် မဖြစ်နိုင်ချေ။

ရှုယီသည် အကြိမ်ပေါင်းများစွာ ကြိုးစားပြီးမှ မျက်မှောင်ကြုတ်လိုက်လေသည်။

"ကြိုးစားမနေနဲ့တော့ မှော်လေထုကို တစ်ခုခုက ချုပ်ကိုင်လိုက်ပုံပဲ ဒီအတိုင်းသာဆိုရင် အဲ့အရာထက် စွမ်းအားမြင့်မှ မှော်နေရာလပ်ကို သုံးလို့ရတော့မှာ"

"ဘာလို့ဒီလိုဖြစ်ရတာလဲ" အွန်ဒင်းသည် အံ့သြစွာ မေးလေသည်။

"ထင်တာမမှားရင်တော့ ဒီကိစ္စက အသူရာနတ်ဆိုးမျိုးနွယ်နဲ့ ဆက်စပ်နေမှာပဲ။ ဒါဆိုရင်တော့ ကက်ဆန်ဒရာနဲ့ ပတ်သက်နေမယ်ထင်တယ်။ ကြည့်ရတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁သောင်းလောက်ကတည်းက ချန်ထားခဲ့တဲ့ အဝေးမှော်ကူးပြောင်းရေးက အလုပ် လုပ်နေသေးတာပဲ။"

ရှုယီသည် မှော်နေရာလပ်ကို မသုံးနိုင်သော်လည်း ပျံသန်းမှော်ကို သုံးနိုင်သေးသည့်အတွက် ထိုနေရာသို့ အရှိန်အပြည့်ဖြင့် သွားလေသည်။

အာကာလီနှင့် အွန်ဒင်းသည်လည်း သူ့နောက်မှ လိုက်လာလေသည်။

ခေတ္တပျံပြီးနောက်တွင် အပြာနုရောင် အလင်းတန်းများသည် အခြားနေရာများတွင်လည်း ပေါ်လာသည်ကို တွေ့ရလေသည်။ အလင်းရောင်မှာ တစ်ခုတည်းမဟုတ်သဖြင့် တစ်ခုခုလွဲမှားနေသည်မှာ သေချာလေသည်။

သို့သော် အနားသို့ရောက်လာချိန်တွင် အလင်းတန်းများအားလုံးသည် တစ်ပြိုင်နက် အကုန်ပျောက်ကုန်ကြသည်။

၃ယောက်လုံးသည် အံ့သြပြီး ရပ်သွားကြလေသည်။

"ဥက္ကဌ ဒါက..."

ရှုယီသည် မျက်မှောင်ကြုတ်လိုက်ပြီး အာကာလီဘက်သို့လှည့်ကာ ကက်ဆန်ဒရာကို ခေါ်ရန်ပြောလိုက်လေသည်။

"ဆက်လို့ရပါ့မလား"ဟုပြောသော်လည်း သူမသည် မှော်ဆက်သွယ်ရေးစက်ကို ထုတ်၍ ကက်ဆန်ဒရာ၏ နံပါတ်ကို ရိုက်လိုက်လေသည်။

ဖုန်းမှာချက်ချင်း ဝင်သွားသော်လည်း အခြားဘက်တွင် တော်တော်ကြာသည်ထိ ပြန်ဖြေသံ မကြားရချေ။

အာကာလီ၏ အကြည့်များသည် စိတ်ပျက်သည့်ဘက်မှ အားငယ်သည့်ဘက်ကို ရောင်သွားချိန်တွင် ကက်ဆန်ဒရာ၏ အသံပေါ်လာလေသည်။

အာကာလီသည် ဝမ်းသာသွားပြီး မေးလေတော့သည်။

"ဟေး? ကက်ဆန်ဒရာ? ဟေး? ကြားရလား? ကက်ဆန်ဒရာ? ကြားရလား? ကြားရင်ပြန်ဖြေဦး"

ခဏကြာပြီးနောက်တွင် ကက်ဆန်ဒရာ၏ အသံသည်ပေါ်လာလေသည်။

"ဟေး..အခု...အခုက...အာကာလီလား"

ဖုန်းထဲမှပင် သူမ၏စိတ်ပျက်အားငယ်သံကို ကြားနေရလေသည်။

ရဲရင့်သောနဂါးမလေးသည် နောက်ဆုံးတော့ ယခုကိစ္စကြောင့် ကြောက်သွားပြီလော။

ကက်ဆန်ဒရာ၏ အသံကို ကြားလိုက်ရသည်နှင့် အာကာလီသည် ပျော်သွားလေသည်။

"ဟုတ်တယ် ငါပါ! အဆင်ပြေရဲ့လား ကက်ဆန်ဒရာ။ တစ်ခုခုဖြစ်သွားသေးလား။ အခုလေးတင် ဘာဖြစ်သွားတာလဲ။ အခု...အခုက လပေါ်မှာပဲလား"

အကြီးအကဲအွန်ဒင်း၏ မျက်နှာတွင် ထူးဆန်းသည့်ပုံစံ ပေါ်လာလေသည်။

"ကက်ဆန်ဒရာက လပေါ်မှာလား။ ဘာတွေဖြစ်နေတာလဲ"

"ငါ...ငါ...ပြန်ပို့ခံရတော့မလို့။ ခဏ ငါကျောက်တိုင်တွေကို မြင်နေရတယ်။ တစ်ကယ် ပြန်ပို့ခံရတော့မယ်ထင်တယ်"

အာကာလီသည် ရှုယီကို တုန်လှုပ်နေသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။

ဤကိစ္စမှာ ထိတ်လန့်ဖွယ် ကောင်းသော်လည်း ရှုယီသည် တည်ငြိမ်အောင်နေ၍ အာကာလီကို ကြည့်ပြီး "သူ့ကိုမလှုပ်ဖို့ပြောလိုက်၊ သူ့ကိုသွားရှာကြစို့"

အာကာလီသည် ရှုယီ၏ ညွှန်ကြားချက်များအတိုင်း လုပ်ခဲ့ပြီး ကက်ဆန်ဒရာသည်လည်း လက်ခံလေသည်။

ခဏအကြာတွင် ရှုယီသည် အနောက်မြောက်ဘက်ကို ကြည့်လိုက်ပြီး အာကာလီသည်လည်း ထိုနေရာကို လိုက်ကြည့်လေသည်။

အွန်ဒင်းသည် မငြိမ်မသက်မှုများကို သတိထားမိသော်လည်း ရှုယီနှင့် အာကာလီတို့လောက် စိတ်လှုပ်ရှားခြင်းမရှိချေ။ ထို့ကြောင့်ပင် သူတို့ထက် တုံ့ပြန်မှုနှေးခြင်းဖြစ်သည်။

"သွားကြည့်ရအောင်။" ရှုယီသည် အာရုံစိုက်လိုက်ပြီး မှော်လေထု ပုံမှန်ပြန်ဖြစ်သွားသည်ကို သိသောအခါ သူသည် မှော်နေရာလပ်ကို သုံးလေသည်။

မိနစ်ပိုင်းအကြာတွင် နဂိုနေရာနှင့် ကီလိုမီတာ၅၀ဝေးသော ကောင်းကင်ပေါ်သို့ ရောက်နေလေသည်။

အောက်သို့ကြည့်လိုက်သောအခါ ကက်ဆန်ဒရာသည် သူမ၏ ကြီးမားသော နဂါးခေါင်းဖြင့် မော့ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ရှုယီကို မြင်သည်နှင့် သူမသည် လေထဲတွင် လူသားပုံစံပြောင်းလိုက်ကာ ပြေးဖက်လေတော့သည်။

သူသည် ရှောင်ရန်တွေးလိုက်သော်လည်း ကက်ဆန်ဒရာ၏ လူသားမိန်းကလေးပုံစံတွင် မျက်ရည်စများကို မြင်လိုက်ရသောအခါ အံ့သြသွားပြီး တင်းကျပ်စွာ ဖက်ခံရလေသည်။

"ဥက္ကဌရှု! ဝူး....ဝူး...."

သူမသည် ထိုသို့ခေါ်ပြီး ဖက်ကာ ငိုလေတော့သည်။

အခုလို ငိုနေသည်ကိုမြင်ရသောအခါ သူ၏စိတ်တွင် ထူးဆန်းလာလေသည်။

မျိုးစိတ်များအားလုံးထဲတွင် အသန်မာဆုံးဖြစ်ကာ အာကာသသို့ ပျံသန်းနိုင်ပြီး လအထိပင် ပျံနိုင်သော နဂါးတစ်ကောင်သည် ယခုသူ၏လက်ပေါ်တွင် ငိုနေလေသည်။

ထိုသို့တွေးလိုက်မိပြီးနောက်တွင် သူသည်သက်ပြင်းချကာ ကက်ဆန်ဒရာကို နှစ်သိမ့်ရန် ကျောကို ညင်သာစွာ ပုတ်ပေးလေသည်။

ခဏအကြာတွင် အာကာလီနှင့် အွန်ဒင်းတို့ ယောင်လာကြပြီး ထိုပုံစံကိုမြင်သောအခါ ကြောင်သွားကြလေသည်။

"ဥက္ကဌရှု ... ရှင်တို့..."

အာကာလီသည် ဘယ်လိုတုံ့ပြန်ရမှန်းမသိ၍ ကြောင်ပြီးပြောလေသည်။

အာကာလီ၏ အသံကို ကြားသောအခါ သူမသည် ရှုယီ၏ လက်မှထွက်ကာ အာကာလီဆီသို့ သွားကာ ဖက်၍ ငိုလေသည်။

ခဏငိုပြီးနောက်တွင် သူမသည်တိတ်သွားလေသည်။

"အဟမ်း...အဆင်ပြေရဲ့လား ကက်ဆန်ဒရာ" ရှုယီသည် ချောင်းဟန့်လိုက်ပြီး မေးလေသည်။

ကက်ဆန်ဒရာသည် ရှုယီကိုတစ်လှည့် အာကာလီကိုတစ်လှည့် ကြည့်လိုက်ပြီး ဘေးတွင်ရှိနေသော အွန်ဒင်းကို မြင်လိုက်သောအခါ ရှက်သွားလေတော့သည်။

သူမသည် အရမ်းကြောက်နေသည်ဖြစ်ရာ သူမနှင့်ရင်းနှီးသဘ့်သူများကို တွေ့လိုက်ချိန်တွင် မည်သည်ကိုမှ စဉ်းစားမနေတော့ဘဲ ပြေးဖက်ကာ ငိုမိခြင်းဖြစ်လေသည်။

အခုအချိန်တွင် ပြန်တွေးကြည့်လျှင် သူမလို နဂါးတစ်ကောင်သည် လူသားနှစ်ယောက်နှင့် နတ်သူငယ်တစ်ယောက်ရှေ့တွင် ငိုမိခြင်းမှာ ရှက်ဖွယ်ဖြစ်ပေသည်။

ရှုယီနှင့် အာကာလီသည် အချင်းချင်း ကြည့်လိုက်ကြပြီး မျက်လုံးများသည် ပြုံးနေကြလေသည်။

တစ်ကယ်တမ်းတွင် ရှုယီသည် ကက်ဆန်ဒရာ၏ ထူးဆန်းသော အပြုအမူကို နားလည်နိုင်ပေသည်။

သူမ၏အသက်သည် အွန်ဒင်းထက်ပင် ကြီးသည်မှန်သော်လည်း နဂါးများ၏ သက်တမ်းသည် ရှည်ကြာသောကြောင့် သူတို့၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှုန်းမှာ နှေးလေသည်။

နဂါးများကို အရွယ်ရောက်သည်ဟု နှစ်၁၀၀၀ပြည့်မှပင် သတ်မှတ်နိုင်လေသည်။

ထို့ကြောင့် ကက်ဆန်ဒရာ၏ လက်ရှိအသက်သည် လူသားများနှင့် နှိုင်းယှဉ်သော် ၁၅နှစ် ၁၆နှစ်မျှသာ ရှိသေးပေသည်။

ထို့အပြင်သူမသည် နဂါးနီကျွန်းတွင် ကြီးခဲ့သည်ဖြစ်ပြီး ပြင်ပကမ္ဘာနှင့် ဆက်သွယ်မှု နည်းသောကြောင့် သူမ၏အတွေးများမှာ ရိုးရှင်း၍ ရင့်ကျက်မှုမရှိသေးချေ။

ထို့ကြောင့် ယခုလိုကိစ္စမျိုး ကြုံရသောအခါ သူမသည် ထိတ်လန့်မည်မှာ မဆန်းချေ။

ကက်ဆန်ဒရာကို မရှက်စေရန် သူသည် ချောင်းဟန့်ကာ စကားလမ်းကြောင်း လွှဲလိုက်လေသည်။

"မင်းအခုလေးတင်ပဲ လပေါ်မှာရှိနေတာ မဟုတ်ဘူးလား။ ဒီကိုဘယ်လိုလုပ် ပြန်ရောက်လာတာလဲ"

သူမသည် မော့ကြည့်လိုက်ကာ တွေေဝသွားလေသည်။

"ဘာဖြစ်သွားလဲမသိလိုက်ဘူး။ ကျောက်တိုင်တွေကိုတွေ့တော့ မှော်နည်းနည်းထည့်ကြည့်လိုက်တာ အပြာရောင် အလင်းတန်းတွေပေါ်လာပြီး မှော်လေထုက အနက်ရောင်ပြောင်းပြီး ဘာမှမမြင်ရတော့ဘူး။ ပြီးမှ မျက်လုံးပြန်ဖွင့်လိုက်တော့ ဒီရောက်နေတာပဲ"

"အပြာရောင်အလင်းတန်းလား" ရှုယီနှင့် အာကာလီသည် အောက်သို့ ငုံ့ကြည့်လိုက်ပြီး တွေးနေကြလေသည်။

ကက်ဆန်ဒရာသည် တစ်ကယ်ပဲ အသူရာနတ်ဆိုးမျိုးနွယ်နှင့် ပတ်သက်သော အပိုင်းအစများကို လပေါ်တွင် ရှာတွေ့သွားခဲ့ပြီဖြစ်သည်။

All Chapters