အခန်း (၉၁-၁၀၀)
Vol. 8 Ch. 91-100
Volume 8 အခန်း ၉၁ ။ ဘဝ၏လက်ဆောင်
သူတို့သည် ကက်ဆန်ဒရာကိုမေးရာမှ သတင်းအချက်အလက် များစွာမရခဲ့ပေ။
ကက်ဆန်ဒရာပြောပုံအရ သူမသည် လပေါ်တွင် ဆင်တူသည့်တိုင်ပုံစံ မှော်အစီအရင်ကို မြင်ခဲ့ရပြီး သဘာဝမှော်စွမ်းအင်အချို့ကို သွင်းချင်ခဲ့သည်။ ထို့နောက် ထိုတိုင်မှ ထူးဆန်းသည့် အပြာရောင် အလင်းထွက်လာပြီး ဆန်းကြယ်စွာ သူမအားပြန်ပို့လိုက်သည်ဟု ပြောသည်။
သို့သော် သူမသည် ရှုယီနှင့်အာကာလီ တို့ အကြံပေးချက်အတိုင်း ပင်လယ်မှ တိုင်အစီအရင်ကို ထိုစဉ်ကအတိုင်း ပြုလုပ်ချိန်တွင်တော့ တုံ့ပြန်မှုမရှိပါ။
ရှုယီနှင့်အာကာလီတို့သည် ရလဒ်ကို ကျေနပ်မှုမရှိကြပါ။
သူတို့သည် ပင်လယ်တွင်ရှိသည့် အသူရာနတ်ဆိုးမျိုးနွယ်၏ အကြွင်းအကျန် ကျောက်တိုင်ကို အချိန် အကြာကြီးလေ့လာခဲ့သော်လည်းတိုးတက်မှုမရှိခဲ့ပေ ယခုမူ တိုးတက်မှုအသစ်တွေ့ရသော်လည်း အသုံးဝင်သည့် အရာ မတွေ့ရ၍ ထိုအရာသည်မကောင်းပါ။
ရှုယီသည် ကက်ဆန်ဒရာကို လပေါ်သို့ ပျံသွားစေကာ လပေါ်မှ အစီအရင်ကို ပြန်လည်စတင်၍ ပိုမို ကျစ်လစ်သည့် အသေးစိတ်အချက်လက်များကို ရယူစေချင်ခဲ့သည်။
သို့သော် ကက်ဆန်ဒရာသည် သူအားပွေ့ဖက်ကာ ငိုခဲ့သည်ကို ပြန်စဉ်းစားလိုက်မိရာ သူသည် ထိုအကြောင်းကို ပြောရန် မရက်စက်နိုင်တော့ပါ။
သို့သော် ကက်ဆန်ဒရာ၏ လပေါ်သွားသည့်ခရီးမှ တစ်ချို့သော သတင်းအချက်လက်များကို ရလာခဲ့သည်။
ဥပမာအားဖြင့် အဲလစ်တွင် အသူရာနတ်ဆိုးမျိုးနွယ် ထားခဲ့သောအပျက်အစီးများသာ ကျန်ခဲ့ခြင်း မဟုတ်ပဲ လေပါရှိနေသည်။
ရှုယီသည် ၎င်းသည် အသူရာနတ်ဆိုးမျိုးနွယ်ထားခဲ့သော ကြယ်စုများပေါ်မှစခန်းဖြစ်သည်ဟု မှန်းမိသည်။
ထို့အပြင်ကက်ဆန်ဒရာသည် လပေါ်မှ တိုက်ရိုက် ပြန်ရောက်လာသဖြင့် အသူရာနတ်ဆိုးမျိုးနွယ်သည် ပို့ဆောင်ရေးတွင် ထိတ်လန့်စရာ ကောင်းသည့် ဒီဂရီတစ်ခုထိ ကျွမ်းကျင်နေကြောင်း ဆိုလိုနေသည်။ သူတို့သည် ကီလိုမီတာ ရာပေါင်း ထောင်ချီအောင်ပို့နိုင်လေသည်။
အသူရာ နတ်ဆိုးမျိုးနွယ်အကြောင်း ဒဏ္ဍာရီများထဲတွင်အားလုံးသည် ၎င်းတို့ အခြားကမ္ဘာသို့သွားကြောင်း ပြောကြသည်။
သို့သော် ရှုယီသည် အသူရာနတ်ဆိုးမျိုးနွယ်သည် အခြားကမ္ဘာသို့ သွားခဲ့ခြင်းမဟုတ်ကြောင်း သေချာသည်။ သို့သော် တယ်လီပို့ဆောင်ရေး နည်းပညာအရ သူတို့၏ စကေးသည် အခြားဝေးလံသော ဒေသသို့ ပြောင်းရွေ့သွားခြင်း ဖြစ်လိမ့်မည်။
သို့သော် သူတို့၏တယ်လီပို့ ပို့ဆောင်ရေးနည်းပညာသည် မည်သည့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မသိရပေ။ အကယ်၍ သူတို့သည် အမှန်တကယ်ပင် အလင်းနှုန်းထပ် မြန်သည့် အချိန်နေရာခုန်ကူးခြင်း ကို နှစ်အနည်းငယ်အတွင်း သုံးနိုင်ခဲ့လျှင် အသူရာနတ်ဆိုးမျိုးနွယ်သည် အခြားဂြိုလ်သို့ လွန်ခဲ့သော နှစ်တစ်သောင်းကပင် ရွေ့ပြောင်းနေထိုင်ခဲ့ပြီး ဖြစ်လိမ့်မည်။
နောက်ထပ် ဖြစ်နိုင်ချေတစ်ခုမှာ သူတို့အားလုံး အာကာသထဲသို့ ခရီးစဉ်တွင် အားလုံး သေသွားကြခြင်းလည်း ဖြစ်နိုင်သည်။
သို့သော် ၎င်းသည် အရေးမကြီးပါ။ လက်ရှိအခြေအနေအရ အသူရာနတ်ဆိုးမျိုးနွယ်၏ နှစ်ပေါင်းတစ်သောင်းအကြာတွင် ပြန်လာမည့် ဒဏ္ဍာရီမှာ အဓိပ္ပာယ်မရှိသည့်ကိစ္စပင်ဖြစ်သည်။
အသူရာနတ်ဆိုးမျိုးနွယ်သည် သူတို့ မျိုးနွယ်စုတစ်ခုလုံးထွက်သွားခြင်းဖြစ်၍ ၄င်းတို့ပြန်လာမည်မှာ မဖြစ်နိုင်ပါ။
နတ်သူငယ်များ၏ ဒဏ္ဍာရီသည် သူတို့၏ဘိုဘေးဘီဘင်များ၏ နားလည်မှုလွဲခြင်းမှ ဆင်းသက်လာခြင်း ဖြစ်နိုင်သည်။
အသူရာနတ်ဆိုးမျိုးနွယ်သည် နှစ်ပေါင်းတစ်သောင်းက ဂြိုလ်တစ်ခုကိုပင် ပြောင်းလဲနိုင်ကြောင်း မသိသည်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် သူတို့သည် ပထဝီဝင် အနေထားများ ပြောင်းလဲသွားခြင်းကြောင့် မှော်အစီအရင်အား မသုံးနိုင်သည်ကို သေချာအောင်လုပ်ရန် စဉ်းစားပြီးမှ ပို့ဆောင်သည့်နေရာတွင် သုံးနိုင်ဖွယ် ရှိသော ကြီးမားသည့် မှော်အစီအရင်ကို အဆုံးမဲ့ပင်လယ်တွင် ထားခဲ့ခြင်းဖြစ်နိုင်သည်။
ကက်ဆန်ဒရာသည် လပေါ်ရှိ မှော်အစီအရင်ကိုအသက်သွင်းနိုင်ခဲ့ပြီး ပြန်ပို့ခံရခြင်းသည် ကြီးမားသည့် အံ့ဩဖွယ်ရာတစ်ခု ဖြစ်သည်။
လက်ရှိတွင် ရှုယီအတွက် ထိုအပျက်အစီးများကို လေ့လာရန်သာရှိပြီး ယခုတွင် ဘာမှမလုပ်နိုင်သေးပါ။
သူသည် ကောင်းကင်ကျွန်း၌သာနေပြီး ကက်ဆန်ဒရာ စိတ်တည်ငြိမ်သွားသည့်အချိန်၌ အာကာလီနှင့် အတူ ထိုကိစ္စကို သုတေသနလုပ်လိုသော်လည်း ထိုအချိန်တွင် သူ့အစီအစဉ်များကို နောက်ယှက်လိုက်သည့် ကိစ္စတစ်ခုပေါ်လာခဲ့သည်။
ဟိန့်ဇ်က အရေးကြီးသောအခြေအနေတွင် ရှိနေသည်။
….
မှော်လေသင်္ဘောသည် ဘန်တာမြို့၏ ဆင်ခြေဖုံးနေရာ၏အပြင်ဖက် သီးသန့်တောင်ကြားတစ်ခုတွင် ဆင်းသက်လိုက်သည်။
တံခါးဖြစ်လာသည်အချိန်တွင် ရှုယီသည် အပြင်သို့ထွက်လာကာ အပြင်တွင် စောင့်နေသည့် အဲလက်စ် ကို ခေါင်းငြိမ့်ပြလိုက်သည်။ စကားမပြောကြပဲ သူသည် ထိုတောင်ကြားတွင် ရှိသည့် အိမ်ယာသို့ လမ်းလျောက်သွားသည်။
အိမ်ယာ၏တံခါးက ပွင့်သွားသောအခါ အထဲတွင် စောင့်နေကြသော လူများစွာရှိနေသည် ရှုယီ ဝင်လာသည်ကို တွေ့သောအခါ သူတို့အားလုံးရှေ့သို့ ထွက်လာကြသည်။
“ဥက္ကဌရှု….”
“ဥက္ကဌရှု…..”
ရှုယီကစိတ်မရှည်စွာဖြင့် လက်ယမ်း ပြလိုက်သည်။
“စကားမပြောသေးနဲ့ဦး ဟိန့်ဇ်ကို အရင်ကြည့်မယ်”
လူတိုင်းသည် သူ့စိတ်အခြေအနေ မကောင်းသည်ကို သိကြသဖြင့် သူတို့ပါးစပ်ကို အမြန်ပိတ်လိုက် ကြကာ အဲလက်စ်အား အိမ်ထဲသို့ လမ်းပြခိုင်းလိုက်သည်။
မသေးငယ်သော ပန်းခြံတစ်ခုနှင့် စင်္ကြန်နှစ်ခုကိုဖြတ်ပြီးသောအခါ ရှုယီသည် အိမ်ယာထဲမှ ဟိန့်ဇ်၏ အခန်းသို့ ရောက်သွားသည်။
သူဝင်သွာသောအခါ အခန်းထဲ၌ စုဝေးနေသော သူများက လှည့်ကြည့်လာကြသည်။
ရှုယီက သူ၏လက်ကိုမြောက်လိုက်ပြီး သူတို့ကို တိတ်စေလိုက်ကာ အိပ်ယာဘေးသို့ လျောက်သွားသည်။ သူသည် အားနည်းနေပုံပေါ်ကာ အိပ်ယာပေါ်လဲနေသည့် ဟိန့်ဇ်ကို ငုံကြည့်လိုက်သည်။
အသားများဝါကျင်နေကာ သွေးတစ်စက်မှရှိပုံမပေါ်တော့သော ဟိန့်ဇ်ကို ကြည့်ရင်း ရှုယီသည် သူအား မခေါ်မှီ သက်ပြင်းချလိုက်သည်။
“ဟိန့်ဇ် ငါရောက်ပြီ”
ဟိန့်ဇ်၏ပိတ်ထားသော မျက်လုံးသည် ပွင့်လာသည် သူသည် ရှုယီကို စက္ကန့်အနည်းငယ်မျှ ကြည့်ပြီး နောက် အလွန်အားယူကာ ပြုံးလိုက်သည်။
“ရှုယီ မင်း…. မင်းရောက်ပြီလား?”
ထိုသို့ပြောနေရင်း သူသည် သူ၏ညာလက်ကို ခက်ခဲစွာမလိုက်သည်။
ရှုယီက အမြန်ပင် သူ့လက်ကို ကိုင်လိုက်သည်။ သူက ပါးစပ်ကို ဖွင့်လိုက်သော်လည်း ဘာပြောရမှန်းကို မသိပေ။
ရှုယီ၏မျက်နှာပေါ်မှ အမူအရာကိုမြင်လျှင် ဟိန့်ဇ်သည် အားယူ၍ပြုံးလိုက်ကာ ဖြည်းဖြည်းချင်း ပြောသည်။
“ဘာမှ….. မလိုပါဘူး ငါ… ငါက နေနေတာ…… အရမ်းကြာနေပါပြီ အခုတော့အချိန်တန်ခဲ့ပြီ”
ရှုယီက သဘောတူလိုက်ပြီး ဘေးမှဒေါက်တာကို ကြည့်လိုက်သည်။
ဒေါက်တာက ရှုယီဆိုလိုသည်ကို နားလည်ကာ လေးနက်စွာ ခေါင်းခါပြလိုက်သည်။
ရှုယီ၏မျက်နှာက မကောင်းတော့ပေ။ သူသည် လူအုပ်ဖက်လည့်လိုက်ကာ ပြုစုပေးသည့် အလုပ်သမား ဖြစ်ဟန်တူသော ယူနီဖောင်းဝတ်ထားသည့် နတ်သူငယ်မလေးကိုတွေ့ကာ လက်ယပ်ခေါ်လိုက်သည်။
လူအုပ်သည် ရှုယီ၏အမူအရာကို အံ့ဩနေကာ သူဘာလုပ်ချင်မှန်းကို မသိကြပေ။ ထိုနတ်သူငယ်မလေး သည်လည်း စိတ်ရှုပ်ထွေးသောမျက်နှာနှင့် လာသည်။
“ဥက္ကဌရှု ဘာများညွှန်ကြားချင်လို့လဲ?”
“ခနစောင့်” ရှုယီကထို့သို့ပြောလိုက်ပြီး ဟိန်ဇ့်ဖက်ပြန်လှည့်သွားသည်။ သူသည် သူနားနားထိကပ်ကာ တိုးတိုးပြောသည်။ “မိတ်ဆွေဟောင်းကြီး အကယ်၍ အချိန်နည်းနည်းလောက် ကောင်းကောင်း နေနိုင်သေးရင် နေချင်လား?”
အိပ်ယာဘေးတွင် ရှိနေသော ရီယာတစ်ယောက်သာ ဘေးတွင် ရှိနေပြီး ရှုယီပြောသည်ကိုကြားကာ သူ့အားထိတ်လန့်စွာကြည့်သည်။
ဟိန်ဇ်ကပြုံးလိုက်ပြီး ညင်သာသည့်အသံဖြင့်ပြောသည်။ “ငါ……ငါသိပါတယ်…ဒီအချိန်ပြီးရင်… ငါက…..ငါက သေတော့မှာမလား?”
ရှုယီက ခေါင်းငြိမ့်ပြသည်။
“ကောင်းတယ် …….ငါ ……ငါပြောစရာ…..ရှိသေးတယ် ….ငါ ဒီလိုပုံစံနဲ့တော့ …..မပြောနိုင်ဘူး”
ဟိန်ဇ့်ကသဘောတူသည်ကို ကြည့်ကာ ရှုယီက ရီယာကိုကြည့်လိုက်သည်။
ရီယာသည်လည်း သူဆိုလိုသည်ကို နားလည်ကာ ဟိန်ဇ့်ကိုကြည့်၍ သက်ပြင်းချကာ ခေါင်းငြိမ့်သည်။
ရှုယီက မတ်တပ်ပြန်ရပ်လိုက်ပြီး ပြုစုပေးသည့်နတ်သူငယ်မလေးကို ပြောလိုက်သည်။ “မင်း ဘဝ၏လက်ဆောင်ကို သိတယ်မလား?”
“အန်….” နတ်သူငယ်မလေးသည် ခေါင်းငြိမ့်ကာ အံ့သြသည့်ပုံဖြင့် “ဥက္ကဌရှု ရှင်က ကျွန်မကို သူ့အပေါ်မှာ ဘဝ၏လက်ဆောင်ကို သုံးစေချင်နေတာလား?သူ့အသက်စွမ်းအင်ကအခု အရမ်း နည်းနေတယ်၊ ဘဝ၏လက်ဆောင်ကို ဒီတစ်ခါသုံးလိုက်ရင် သူက အသက်မရှည်…. ”
သူမသည် ဟိန်ဇ့်သူငယ်ချင်းများနှင့် မိသားစုများကို ကြည့်ကာ ဆက်မပြောရဲပေ။ ရှုယီက သူ့စကားကို အဆုံးသတ်ပေးလိုက်သည်။
“ငါသိပါတယ် အကယ်၍ ဘဝ၏လက်ဆောင်ကိုသုံးရင် ငါထင်တာ ဟိန့်ဇ်က ဒီညမကျော်နိုင်တော့ဘူး ထင်တယ်”
ထိုစကားကိုကြားလျှင် အခန်းထဲတွင် အုတ်အုတ်ကျက်ကျက်ဖြစ်သွားသည်။
ဟိန့်ဇ်က ယခုအားနည်းနေပုံ ပေါက်သော်လည်း သူခံယူရသည့် ကုသမှုက ကောင်းသည်။ သူသည် နောက်ဆယ်ရက်သို့ လဝက်လောက် ထိုပုံစံနှင့် နေနိုင်သေးသည်။
သို့သော် ယခုရှုယီသည် သူ့အပေါ်တွင် ဘဝ၏လက်ဆောင်ကိုသုံးချင်နေပြီး သူသည် ဤညကိုပင် မကျော်နိုင်တော့ပေ။ ထို့ကြောင့် သဘာဝကျစွာပင် ဟိန့်ဇ်၏ ဆွေမျိုးများက ထိုကိစ္စနှင့်ပက်သက်၍ မပျော်ကြပါ။
ထိုသူများသည်ရှုယီအားအသိအမှတ်ပြုကြသော်လည်း သူတို့သည် ကိုယ်ကျင့်တရားကို မစောင့်ထိန်း ကြတော့ပါ ထိုအုပ်စုသည် ရှုယီကို စတင် အပြစ်တင်ကြပြီး သူအားကျိန်ဆဲသည့်သူပင်ရှိသည်။
“အားလုံးပဲ တိတ်ကြ” အဲလက်စ်က ရုတ်တရက်အော်လိုက်ကာ သူ၏ဘေးမှ အသံများထပ် ကျယ်လောင်သော အသံဖြင့် “ဘာတွေလုပ်နေကြတာလဲ ဒီလို ဥက္ကဌရှုကို မလေးမစား လုပ်နေကြတာ အသက်မရှင်ချင်တော့ဘူးလား?”
အဲလက်သည် ဟိန့်ဇ်၏တူပင် ဖြစ်သော်လည်း သူသည် ဟိန့်ဇ်မှမိတ်ဆက်ပေးသဖြင့် Frestechကုန်သည်ကြီးများအသင်းသို့ ရောက်ပြီး Frestechကုန်သည်ကြီးများအသင်းတွင် စီနီယာဖြစ်ကာ ရာထူးကြီးကြီးရှိသည်။
ပြီးနောက်တွင် သူသည် Frestechကုန်သည်ကြီးများအသင်းမှထွက်ပြီး ကိုယ်ပိုင် မှော်စက်မှုလုပ်ငန်းကုမ္ပဏီ ဖွင့်ခဲ့ပြီး Frestechကုန်သည်ကြီးများအသင်းနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်းတို့၏ အကူအညီနှင့် လုပ်ငန်းတချို့ တွင် ထောက်ခံမှုရအောင် လုပ်ထားနိုင်သည်။ အခုလက်ရှိတွင် သူတို့သည် လမ်ပူရီတိုင်းပြည်တွင် ထိပ်တန်းအဆင့်တွင်ရှိရာ သူ၏မိသားစုထဲမှ အဆင့်အတန်းမှာ ဟိန့်ဇ်သေခါနီးမှ အကျိုးမြတ်ရရန် လာကြသော ထိုဆွေမျိုးများ မိတ်ဆွေများထပ်ပို ကြီးသည်။
ယခုမူ သူသည် ဒေါသထွက်နေသဖြင့် အခြားသူများက ထိတ်လန့်သွားသည်။
အဲလက်စ်သည် စိတ်ဆိုးစွာဖြင့် ဘေးပတ်လည်တွင်ရှိသော မိတ်ဆွေများနှင့် ဆွေမျိုးများကို ကြည့်လိုက်သော်လည်း သူသည် စိုးရိမ်နေသည်။
သူသည် ထိုသူများက ရှုယီ၏စီစဉ်မှုကို အဘယ်ကြောင့်စိတ်ဆိုးကြသည်ကို သိပါသည်။ အကြောင်းမှာ ထိုသူများသည် ဟိန့်ဇ်အပေါ်တွင် မှီခိုနေရခြင်းကြောင့်ဖြစ်သည် ထိုသူများ ပျော်ရွင်ရသောဘဝ ရနေခြင်းသည် သူကြောင့်ဟူ၍ပင် ပြောနိုင်သည်။
အကယ်၍ ဟိန့်ဇ်သာ ဆုံးပါးသွားခဲ့လျှင် သူတို့၏ အသက်မွေးဝမ်းကြောင်းကို ကြီးမားစွာ ထိခိုက်မည်မှာ သေချာနေပြီး ဟိန့်ဇ်ထံမှရသောအကျိုးအမြတ်များကို ရတော့မည်မဟုတ်ပါ သူတို့သည် ဟိန့်ဇ်ကို တစ်ရက်ဆိုလည်းတစ်ရက် ပိုနေစေလိုကာ စီစဉ်မှုများလုပ်ချင်နေရသည်။
ထိုသူများသည် ဟိန့်ဇ်က ယခုရောက်နေသောနေရာကို သူတို့၏ရှေ့တွင် ရှိသော ဥက္ကဌရှုကြောင့် ရခဲ့သည်ဟု လုံးဝမတွေးမိကြပါ။
အကယ်၍ သူတို့သည် ဥက္ကဌရှုကို ဆန့်ကျင်မိလျှင် အကုန်ပြီးဆုံးသွားလိမ့်မည်ဖြစ်သည်။
ရှုယီသည် အဲလက်စ်ကိုကြည့်ကာ ပြုံးလျက် ဘာမှမပြောပေ။
ရီယာက ထရပ်လာကာ ပတ်ပတ်လည်ကိုကြည့်၍ သက်ပြင်းချကာ “ကျွန်မတို့က ဥက္ကဌရှုရဲ့ စီစဉ်မှုအတိုင်း လုပ်မှာပါ”
ရီယာက ပြောပြီးသည်နှင့် ဟိန့်ဇ်၏သူငယ်ချင်းများနှင့် မိသားစုဝင်များသည် ဘာမှမပြောရဲကြတော့ပေ။
နတ်သူငယ်မလေးသည် ရီယာနှင့် ဟိန့်ဇ်တို့၏ အတည်ပြုမှုကို ရယူပြီး အံကြိတ်ကာ ဟိန့်ဇ်၏ ရင်ဘတ်ပေါ်တွင် သူ့လက်ကို တင်လိုက်သည်။
သူမ၏လက်မှ အစိမ်းရောင် အလင်းမှိန်မှိန်လေး ထွက်လာကာ ဟိန့်ဇ်၏ ရင်ဘတ်ထဲသို့ ဝင်သွားသည်။
ဟိန့်ဇ်သည် ညိုးနွမ်းနေကာ အားနည်းနေသော်လည်း အစိမ်းရောင်အလင်း ဝင်ရောက်သွားပြီးသည့် နောက် သူ၏ ဖျော့တော့နေသော အသားရောင်သည် ပြန်လည် နီလာကာ သူ၏မျက်နှာရှိ အရေးအကြောင်း များသည်လည်း မှေးမှိန်သွားသည်။
အနည်းငယ်ကြာပြီးနောက် ဟိန့်ဇ်သည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်ကာ အိပ်ယာပေါ်တွင် ထိုင်လိုက်သည်။ သူ၏မျက်နှာသည် ကျန်းမာခြင်းဖြင့် တောက်ပနေကာ သူမျက်လုံးများက လန်းဆန်းနေပြီး ပြန်လည်၍ အသက်ဝင်လာသကဲ့သို့ပင်။
နတ်သူငယ်မလေးသည် သူ၏လက်ကို ပြန်ရုပ်လိုက်ပြီး ဟိန့်ဇ်က ရယ်လိုက်သည်။ သူသည် လူတိုင်း၏ ရှေ့တွင် စောင်များကို ဆွဲခွာလိုက်ပြီး အိပ်ယာပေါ်မှဆင်းကာ ရှုယီကိုဖက်လိုက်သည်။
“ဟ ဟ မိတ်ဆွေဟောင်းကြီး ဒီည ကောင်းကောင်းသောက်ကြတာပေါ့”
***
Volume 8 အပိုင်း ၉၂ ။ လမ်းမပေါ်တွင် ယှဉ်ပြိုင်ခြင်း
ညတာက မှောင်မိုက်သည်။
ဘန်တာမြို့သစ်တွင် တောက်ပသောအလင်းရောင်တို့ ကျရောက်နေကာ သူသည် အဝေးမှ လမ်းပေါ်ရှိ ရယ်သံများကို ကြားနေရသည်။ ၎င်းသည် ထိုမြို့အား နယ်မြေ အနောက်တောင်ဖက်၏ ပုလဲမြို့နှင့် ဖျော်ဖြေရေးမြို့တော် အဖြစ် ဘာကြောင့်ခေါ်ကြသည်ကို ရှင်းလင်းစွာပြသနေသည်။
ရှုယီသည် အဝေးမှ တောက်ပနေသည့်အလင်း များကို ကြည့်ကာ လေထဲမှရင်းနှီးသည် ဆူညံသံကို ကြားနေရသည် သူသည် ကမ္ဘာပေါ်မှ မြို့တစ်ခုသို့ ပြန်ရောက်နေသည်ဟုပင်ခံစားလိုက်ရသည်။
ဘန်တာမြို့သည် Frestech ကုန်သည်ကြီးများအသင်း စတင်မွေးဖွားလာသော နေရာဖြစ်ပြီး နှစ်ပေါင်းများစွာ တိုးတက်လာခဲ့ပြီးနောက် လမ်ပူရီတိုင်းပြည်၏ မြို့တော် အန်ဗီမာမြို့နှင့် ယှဉ်နိုင်သော မြို့တစ်ခုဖြစ်လာခဲ့ကာ အခြားအဓိကမြို့ကြီးများထပ် သာလွန်လာခဲ့သည်။ နယ်မြေရှိ အနောက်တောင်ဖက်ပိုင်း၏ အရေးကြီးသောနေရာတစ်ခု ဖြစ်လာပြီး စိုင်စ်နယ်မြေတွင်ပင် အရေးကြီးလာသည်။ မှော်စက်မှုလုပ်ငန်း၏ မြို့တော်ဟု အမည်တွင်နေသဖြင့် ထိုကဲ့သို့ အသက်ဝင်နေသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။
ရှုယီသည် ဘန်တာမြို့၏လမ်းမများပေါ် လျောက်သွားစဉ်တွင် ဝမ်းနည်းမှုတစ်ချို့နှင့် အထီးကျန်မှု တစ်ချို့ကို ခံစားခဲ့ရသည်။ ထိုစဉ်၌ လစ်ဟာမှုတစ်ချို့ကိုပါ ခံစားခဲ့ရသည်။
မှန်သည် ရှုယီ၏နှလုံးသားထဲမှ ဝမ်းနည်းမှုနှင့် အထီးကျန်မှုက အားမကြီးပါ။
ဟိန့်ဇ်သည် အသက် ၉၀နားနီးနေပြီဖြစ်ကာ ယခုမူ ဆုံးပါသွားပြီဖြစ်သည်။ သူကဲ့သို့ မှော်ပညာရှင် မဟုတ်ပဲ သာမန်လူသားတစ်ယောက်အတွက်တော့ သင့်တော်သည့် အသက်ရွယ် ဖြစ်သည်ဟု ဆိုနိုင်သည်။ စိုင်စ်နယ်မြေရှိလက်ရှိသက်တမ်းကိုကျော်လွန်ကာ သူသည် အသက်ရှည်ရှည်နေသွားပြီ ဖြစ်ကြောင်းပြောနိုင်သည်။
သူသည် Frestechကုန်သည်ကြီးများအသင်း၏ ဒုဥက္ကဌတစ်ယောက်အနေဖြင့် ခြေလှမ်းချခဲ့ပြီး သူသည် နှစ်နှစ်ဆယ်ကျော်ခန့် အငြိမ်းစားဘဝကို ပျော်ရွင်စွာကုန်ဆုံးခဲ့သည်။ သူ၏ Frestech ကုန်သည်ကြီးများအသင်း မှ စတော့များမှ လာသော ဝင်ငွေဖြင့် သူနှင့်ရီယာသည် ဇိမ်ကျသော ဘဝကို နေနိုင်ရုံသာမက သူ၏ဆွေမျိုးများနှင့် သူငယ်ချင်းများအား ဇိမ်ကျသောဘဝကို ပေးနိုင်ခဲ့သေးသည်။
ထို့ကြောင့် ရှုယီက ထွက်လာသောအခါ ဟိန့်ဇ်က ရှုယီ၏ပခုံးကိုပုတ်ပြီး ကျေနပ်စွာကြည့်သည်။ သူသည် သူအခုဆုံးပါးသွားလျှင်ပင် တန်နေပြီဖြစ်ပြီး သူ၏တစ်ခုတည်းသော နောင်တမှာ ရှုယီ၏ အိမ်မက်ကို ကိုယ်တိုင်မကြည့်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
ရှုယီသည် ဘာမှမပြောတော့ပဲ ဟိန့်ဇ်အား နှုတ်ဆက်ကာ သူ့အိမ်ယာမှထွက်ခွာလာခဲ့သည်။ သူသည် ဟိန့်ဇ်က မနက်ဖြန်တွင် နေထွက်လာသည်ကိုမကြည့်နိုင်တော့ကြောင်း သူသိသည်။
ဟိန့်ဇ်သည် ကျန်းမာနေပုံပေါ်ပြီး ဝိုင်ကို ပါးစပ်အပြည့်သောက်နေကာ အသက်၉၀ကျော် အရွယ် ရှိသည့် သူနှင့်အတူနေသော်လည်း ရှုယီက ဟိန့်ဇ်သည် ထို့သို့ဖြစ်နေရခြင်းမှာ နတ်သူငယ်များ၏ ဘဝ၏လက် ဆောင်မှော်ပညာ ကြောင့် ထိုသို့ဖြစ် နေခြင်းဖြစ်မှန်း သိပါသည်။ ၎င်းသည် သူ၏သို လှောင်ထားသည့်အသက်စွမ်းအင်အကုန်သုံးကာ အချိန်အနည်းငယ်တွင် ကျန်းမာစေအောင် လုပ်ပေးလိုက်ခြင်း ဖြစ်သည်။
သူသည် သူ၏အသက်စွမ်းအင်ကုန်သွားလျှင် သေဆုံးဖို့ရန်သာေရွးချယ်ရတော့မည်ဖြစ်သည်။
သူသည် အသက်စွမ်းအင်များများမကျန်တော့သဖြင့် ဘဝ၏လက်ဆောင်ကိုလည်း သုံးလိုက်ရာ ဒီညကို ကျော်နိုင်တော့မည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်ပါစေ ရှုယီသည် အဲလက်ကအိမ်ယာ၌ နေရန်ဖိတ်သော်လည်း တိတ်တဆိတ်ထွက်ခွာရန်ပင် ရွေးချယ်ခဲ့သည်။
ဟိန့်ဇ်သည် သူ သေရတော့မည်ကိုသိထားသဖြင့် သူ၏မိသားစုနှင့်မိတ်ဆွေများကို ပြောစရာများ ရှိလိမ့်မည် ဖြစ်သည်။ သူ၌ဆက်နေစရာအကြောင်းမရှိတော့ပဲ သူတို့ကိုနောက်ယှက်မိလိမ့်မည်။
ထို့ပြင် သူသည်ထိုနေရာတွင်ဆက်နေပြီး ဟိန့်ဇ်သေဆုံးသည့်သတင်းကို မစောင့်ဆိုင်းနေချင်ပါ။
သို့ သော် ၎င်းသည်ရှုယီက ဟိန့်ဇ်၏ သေဆုံးခြင်းကို ဂရုမစိုက်ခြင်းဖြစ်သည်ဟု မဆိုလိုပါ ဟိန့်ဇ်၏ ဘဝအဆုံးသတ်ကို မြင်ရခြင်းသည် ရှုယီအား ပို၍ခံစားရစေသည်။
သူသည် ဤကမ္ဘာသို့ ကူးပြောင်းလာခဲ့သည်မှာ နှစ်ပေါင်း ၃၀ ခန့်ရှိခဲ့ပြီဖြစ်၍ အမြစ်တွယ်နေပြီ ဖြစ်သည်။ သူသည် ထိုကမ္ဘာအားလွှမ်းမိုးနိုင်ခဲ့ပြီး ထိုကမ္ဘာတွင် ကိုယ်တိုင်နှင့်လည်း ပေါင်းစပ်လိုက်ပြီ ဖြစ်သည်။
သို့သော် ဟိန့်ဇ်သည် သူပထမဆုံးခင်ခဲ့ရသောသူဖြစ်ပြီး သူဤကမ္ဘာသို့လာပြီး နှစ် ၃၀ကြာတွင် ဆုံးပါးသွားခဲ့သည်။
ရှုယီသည် သူကူးပြောင်းလာစဉ်က ၂၇ နှစ်သာရှိ သေးရာ သူ၏ ဆွေမျိုးများသည် ကျန်းမာရေး ကောင်းကြပြီး သူ၏ကျောင်းနေဖက်များသည် ကောင်းမွန်စွာနေထိုင် နေကြသည်။ မတော်တဆမှုလည်း မရှိခဲ့ပါ။ ထို့ကြောင့် ဤကဲ့သို့ ကိစ္စဖြစ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
သူသည်သူကအစဉ်အမြဲ သန်မာသည်ဟုထင်ကာ ထိုကိစ္စအတွက် အေးဆေးဖြစ်နေမည်ဟုထင်ခဲ့သည်။ သို့သော် သူသည် လစ်ဟာမှုကို ခံစားနေရဆဲဖြစ်သည်။
ဟိန့်ဇ်၏အိမ်ယာမှထွက်ခွာလာပြီး နောက် သူသည် ဘန်တာမြို့၏ Frestech ကုန်သည်ကြီးများအသင်း ဌာနခွဲတွင် နားနေရန်နေရာ ရှာချင်ခဲ့သော်လည်း သူ၏အတွေးများက ရှုပ်ထွေးနေကြောင်းတွေ့ခဲ့ရပြီး ကားထဲမှထွက်ကာ လမ်းလျောက်ရန်သာ ရွေးချယ်ခဲ့သည်။
သူသည် သူ့အတွေးများကို စီစဉ်ရန် တစ်ယောက်ထဲနေဖို့ လိုအပ်ခဲ့သည်။
နှစ်လှမ်းလောက် လျောက်ပြီးနောက်တွင် ရှုယီသည် သူ၏အပေါ်မှ ကောင်းကင်ကို မော့ကြည့်လိုက် သည်။ သူသည်စိုင်နယ်မြေ၌ လနှစ်ခုပေါ်သော ရှားပါးသည့်ညတစ်ည ဖြစ်ကြောင်းတွေ့လိုက်ရသည်။
အဲလစ်နှင့် တဲဒစ်သည် ညကောင်းကင်တွင်အပေါ်ဘယ်ဖက်နှင့် အောက်ညာဖက်တွင် ယှဉ်တွဲ တည်ရှိနေကြသည်။ ၎င်းတို့သည်တစ်ဦး၏အလှကို တစ်ဦးက တိုးမြင့်ကာ ညကောင်းကင်ကို ပြည့်စုံစွာ ချီးမြောက်နေကြသည်။
ရှုယီ၏မျက်လုံးများက အဲလစ်ထံသို့ ရောက်သွားပြီး ထိုပေါ်တွင် အသူရာမျိုးနွယ်စုမှ ချန်ခဲ့သည့် အကြွင်းအကျန်ကို ကက်ဆန်ဒရာက ရှာတွေ့ခဲ့ကြောင်း မှတ်မိသွားသည်။ သူသည် ထိုအပျက်အစီး ကြွင်းကျန်များ၏ လုပ်နိုင်စွမ်းသည် ကက်ဆန်ဒရာကိုပင် ကီလိုမီတာ ရာပေါင်းထောင်ချီအောင် ပြန်ပို့နိုင်ခဲ့သည်ကို တွေးမိကာ ရှုယီက ခါးသက်စွာပြုံးလိုက်သည်၊
သူသည် ပြင်ပနယ်ပယ်သို့သွားချင်ရခြင်းသည် ကမ္ဘာဂြိုလ်သို့ ပြန်ချင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ဤကမ္ဘာသို့ရောက်လာပြီး နှစ်အစပိုင်းများ၌ သူသည် ကမ္ဘာသို့ပြန်ရန်ဆန္ဒများဖြင့် ပြည့်နေခဲ့သည်။
သို့သော် အစ၌ မလုပ်နိုင်ခဲ့ပေ။
သို့သော် သူသည် အသူရာနတ်ဆိုးမျိုးနွယ် ချန်ထားရစ်ခဲ့သည့် အပျက်အစီးများကို တွေ့မှသာ မျော်လင့်ချက်ရလာခဲ့သည်။
အသူရာနတ်ဆိုးမျိုးနွယ်သည် အရာများကို ကီလိုမီတာ ရာချီထောင်ချီအောင် ပို့ဆောင်နိုင်သည့် မှော်အစီအရင်ရှိရာ ၎င်းတို့၌ ကြယ်များသို့ ခရီးသွားနိုင်သည့် လုပ်နိုင်စွမ်းရှိလိမ့်မည်။
အကယ်၍ သူသည် တူညီသည့် နည်းပညာကို ဖမ်းဆုပ်နိုင်ခဲ့လျှင် သူသည်လည်း အဆုံးမရှိသည့် ကြယ်များကြား ခရီးထွက်ကာ ကမ္ဘာသို့ပြန်နိုင်လိမ့်မည်လား?
မရေတွက်နိုင်သော ခက်ခဲခြင်းများရှိနိုင်ပါသော်လည်း ဥပမာအားဖြင့် အဆုံးမရှိသည့် စကြဝဠာတွင် ကမ္ဘာသည်မည်သည့်နေရာတွင် ရှိမှန်းမသိပဲ ထိုကြယ်များကြားတွင်လည်း မည်ကဲ့သို့ အန္တရာယ်များ ပုန်းခိုနေသည်ကို မသိနိုင်ပေ။
သို့သော် ပြန်နိုင်မည့် အခွင့်အရေးသာရှိလျှင် ရှုယီက မျော်လင့်ချက်ကို မစွန့်ပစ်ချင်ပါ။
မည်သို့ပင်ဖြစ်ပါစေ ဟိန့်ဇ်ကိုတွေ့ခဲ့ပြီး သူအချိန်အကြာကြီးမေ့နေသည့် အတွေးတစ်ခုကို ပြန်လည်တွေးမိသည်။
သူသည် ဤကမ္ဘာတွင် နှစ်ပေါင်းသုံးဆယ်ရှိပြီဖြစ်ပြီး ကမ္ဘာပေါ်သို့ပြန်လျှင် သူ၏အဖိုးအဖွားများကို မပြောသေးနှင့် သူ၏မိဘသည်ပင်ဆုံးပါးသွားလောက်ပြီ ဖြစ်သည်။
သူ၏အတန်းဖော်များသည်လည်း သူကအချိန်အကြာကြီး ပျောက်ကွယ်သွားပြီးဖြစ်ရာ သူသည် ပျောက်ဆုံးနေသောသူ သို့ သေဆုံးသွားသောသူ စာရင်းတွင် ဝင်နေလောက်ပြီဖြစ်ပြီး သူတို့သည် သူ့အား မေ့နေလောက်ပြီဖြစ်သည်။
ထိုအခြေနေမျိုး၌ ကမ္ဘာသို့ပြန်ခြင်းမှာ မည်သို့အဓိပ္ပာယ်ရှိတော့မည်နည်း? ရှုယီသည် အဲလစ်ကို အချိန်အကြာကြီးကြည့်နေကာ သူစိတ်ထဲ၌ မရေမတွက်နိုင်သောအတွေးများပြည့်နေလျက် နောက်ဆုံး၌ သက်ပြင်းချလိုက်တော့သည်။
မည်သို့ပင်ဖြစ်ပါစေ သူသည် ဤကမ္ဘာ၌ အချိန်ကြာနေခဲ့ပြီးဖြစ်ကာ မိသားစုပင်တည်ထောင်၍ ကလေးများပင် ရနေပြီဖြစ်သည်။ ထိုရှေးဟောင်းနှောင်းဖြစ်များကို စဉ်းစား၍လည်း အဓိပ္ပာယ် မရှိတော့ပေ။
ထိုသို့စဉ်းစားပြီးနောက်ရှုယီသည် သက်ပြင်းရှည်ချလိုက်သည်။ သူသည် အစီစဉ်မကျသည့် အတွေးများကို ကျော်လွန်ပြီး ဟိန့်ဇ်အကြောင်းကြောင့် သူ၏အမူအရာသည် ပြန်လည် တည်ငြိမ်သွားသည်။
သူအောက်ပြန်ငုံ့လာသောအခါ လူငယ်အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသည် သူ့မျက်နှာချင်းဆိုင်၌ စကားပြော၍ လျောက်လာကြသည် သူတို့မည်သို့ ရင်းနှိးနေသည်ကိုကြည့်လျက် စုံတွဲဖြစ်မည် ဖြစ်သည်။
မိန်းကလေးသည် ရှုယီအားလက်ညိုးထိုးကာ တိုးတိုးပြောနေသည်။ သူမသည် ရှုယီက ခေါင်းပြန်ငုံလာသည်ကို မြင်လျှင် သူလက်ကိုအမြန် ပြန်သိမ်းလိုက်သည်။
ရှုယီကပြုံးလိုက်သည်။ သူသည် ရုပ်ပြောင်းသည့် မှော်ပညာကိုသုံးရန်မေ့ပြီး သူ့မျက်နှာကို ဖုံးကွယ်ထားရန် မလုပ်မိသဖြင့် ထိုမိန်းကလေးကသူ့အား မှတ်မိ နေခြင်းဖြစ်လိမ့်မည် သို့သော် လမ်းမီးကလည်း မှိန်နေသဖြင့် မသေချာပါ။
ထိုသို့စဉ်းစားကာရှုယီက မျက်နှာအား အနည်းငယ်ပြောင်းလိုက်သည်။ သူနဂိုပုံနှင့်ဆင်တူကာ သေချာကြည့်လျှင်တော့ မည်သူမှ မှတ်မိလိမ့်မည်မဟုတ်ပေ။
ထိုသို့လုပ်ထားပြီးနောက် ရှုယီသည် ငယ်ရွယ်သည့် စုံတွဲနားသို့ဖြတ်လျောက်သွားလိုက်ပြီး ပြုံးပြလိုက်သည်။
မျှော်လင့်ထားသလိုပင် သူသည် လမ်းမီးအောက်ဖြတ်ကာ သူမျက်နှာကိုပြောင်းလဲထားသဖြင့် ထိုမိန်းကလေးသည် စိတ်ပျက်သွားသည်။ သူသည် ခေါင်းကိုခါလျက်ဘေးမှ ယောကျာ်းလေးကိုဆွဲကာ ရှုယီအား ကျော်သွားသည်။
ထို သေးငယ်သည့်ကြားကာလက ရှုယီအပေါ်မသက်ရောက်လိုက်ပါ။ သူသည်ရောက်နေသောနေရာကို ကြည့်လိုက်ပြီး ဒီညတွင်နေမည့်နေရာသို့ ဦးတည်ကာ လျောက်သွားလိုက်သည်။
နှစ်ပေါင်းများစွာ အလုပ်များနေခဲ့ပြီးနောက် ထို့သို့ ညပိုင်းတွင် တစ်ဦးတည်းလျောက်ရန် ရှားပါးသည် ထို့ကြောင့် သူသည် ကောင်းမွန်သည့်လမ်းလျောက်ချိန်ရခဲ့သည်။
သို့သော် ခြေလှမ်းအနည်းငယ် လျောက်ပြီးနောက် သူ့သည် ကားစက်နှိုးသံကို ကြားလိုက်ရသည်။
ရှုယီက မျက်မှောင်ကုပ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်ရာ သူ၏နောက်တွင် များစွာသော တောက်ပနေသည့် အလင်းရောင်များ ရှိနေကာ အင်ဂျင်စက်နှိုးသံ ကျယ်လောင်စွာထွက်လာသည်။
မှော်ကားများသည် ကမ္ဘာပေါ်ရှိ ဂတ်စ် ပါဝါကားများနှင့် အခြေခံသဘောတရား ခြင်း ကွာခြားသည် ရှုယီယူဆောင်လာသော သီအိုရီကို အခြေခံထားသော်လည်း စက်ပိုင်းဆိုင်ရာ ကတော့ ကွာခြားသည်။
မှော်ကား၏အင်ဂျင်သည် အသံနည်းငယ်ထွက်သော်လည်း ရှုယီသည် မှော်ဆီဒင်ကို တီထွင်ခဲ့စဉ်က အသံကို အနည်းငယ်ကိုထိန်းနိုင်ရန် လုပ်ခဲ့သေးသည်။ သူသည် ကမ္ဘာပေါ်မှ မော်တော်ကားပုံစံ၏ မူလအခြေနေကို ထိန်းသိမ်းထားချင်ခဲ့သည်။
အချက်လက်များက ထိုအသံသည် အလွန်နှစ်သက်ဖွယ်ဖြစ်နေကြောင်း သက်သေပြနေသည်။ လူအများစုသည် မှော်ဆီဒင်များ၏ အင်ဂျင်သံကို ကြိုက်ကြကာ Frestechကုန်သည်ကြီးများအသင်း ထိုမှော်ဆီဒင်များကို စတင်ရောင်းချစဉ်က ကမ္ဘာပေါ်မှ ပြိုင်ကားများထပ်ပင် ရေပန်းစားခဲ့သေးသည်။
ကမ္ဘာပေါ်မှအတိုင်းပင် လူငယ်များသည် အင်ဂျင်သံကို ပိုမို၍ ကျယ်အောင်လုပ်ချင်ကြကာ မှော်ဆီဒင် များကို ပြိုင်ကားအဖြစ် ပြောင်းလဲကြသည်။
သို့သော် ရှုယီသည် ထိုအသံကိုကြားလျှင် Frestech ကုန်သည်ကြီးများအသင်း၏ စူပါ မှော်ပြိုင်ကား မဟုတ်ပဲ မော်ဆီဒင် အတုဖြစ်ကြောင်း သေချာသည်။
ဤမှောင်မိုက်သည့်ညတွင် လမ်းမပေါ်၌ ရင်းနှီးသည့်အသံကိုကြားလိုက်ရလျှင် ရှုယီစဉ်းစားမိသည်မှာ ကားပြိုင်ပွဲများ ဖြစ်သည်။
ရှုယီသည် မြို့ထဲကလမ်းမများပေါ်တွင် ပြိုင်ကြသော သူများအား မုန်းတီးကာ အမြင်မကြည်ပေ။
အလင်းများအမြန်နှုန်းဖြင့် နီးကပ်လာသည်ကို ကြည့်ကာ ရှုယီက ထိုမှော်ဆီဒင်များသည် တစ်နာရီလျှင် အနည်းဆုံး ကီလိုမီတာ ၁၀၀ နှုန်းဖြင့်ပြိုင်နေကြကြောင်း ခန့်မှန်းလိုက်ကာ သူသည် ပခုံးတွန့် လိုက်သည်။
ဘန်တာမြို့၌ ထိုလမ်းသည် လူမများသော်လည်း လူများသည် အချိန်နှင့်အမျှသွားလာနေကြသည်။ ထိုအပြင် လမ်းက လမ်းသွယ်နှစ်ခုရှိရာ ကျဉ်းမြောင်းသည်ဟု သတ်မှတ်နိုင်သည်။
ထိုသူများသည် ဤကဲ့သို့သောအမြန်နှုန်းနှင့် မောင်းရဲကြကာ အမှန်တကယ်ပင် အကြောက်အလန့် မရှိသောသူများဖြစ်သည်။
ချက်ချင်းပင် အလင်းရောင်ကနီးကပ်လာသည်။
ရှုယီကိုဖြတ်သွားသော စုံတွဲက လမ်းဘေးတွင် ချက်ချင်းပုန်းလိုက်သော်လည်း မှော်ကားက နီးလာသောအခါ ရုတ်တရက် တာယာပွတ်သံကို ကြားလိုက်ရသည်။ ထိုမှော်ဆီဒင်၏ အလင်းက ရုတ်တရက် ယိုင်သွားကာ လမ်းပေါ်ရှိ စုံတွဲထံသို့ဦးတည်ကာ လာနေတော့သည်။
***
Volume 8 အခန်း ၉၃ ။ ငါပိုက်ဆံ ပြတ်နေတယ်ထင်လို့လား?
ထိုစုံတွဲသည် မှော်ကားက ထိန်းချုပ်မှု လွတ်သွားပြီး သူတို့ဆီလာနေသည်ကို တွေ့ကာ သူတို့၏စိတ်သည် ဗလာဖြစ်သွားပြီး ထိုလမ်းမှ ရှောင်ရန်ပင်မေ့နေကြသည်။
ကားသည် သူတို့အားတိုက်တော့မည့်အချိန်တွင် ပုံရိပ်တစ်ခုသည် ရုတ်တရက် သူတို့ရှေ့တွင်ပေါ်လာကာ သူတို့ဆီ အရှိန်ပြင်းစွာလာနေသော မှော်ကားသည် ရုတ်တရက် ရပ်သွားသည်။
မှော်ကား၏ ရှေ့ခေါင်းပိုင်းသည် အားပြင်းသည့်သက်ရောက်မှုကြောင့် ကြေမွသွားပြီး ပြားသွားကြောင်း တွေမြင်ရသည်။ တာယာများသည် လည်သွားကာ လမ်းပေါ်တွင် မီးခိုးများပါထသွားကာ စူးရှသည့်အသံ ထွက်လာသော်လည်း မလှုပ်နိုင်တော့ပါ။
ထိုစုံတွဲသည် ကြောင်အစွာရပ်နေပြီး သူတို့မျက်နှာများ၌ မယုံနိုင်သော ရုပ်များပေါ်နေကြသည်။
သူတို့၏ရှေ့၌ရပ်နေသော ထိုပုံရိပ်သည် လှည့်ကြည့်လာကာ အေးဆေးသောအပြုံးပြုံးလိုက်သည်။
“ဘယ်လိုနေလဲ ထိခိုက်သွားသေးလား?”
ထိုစုံတွဲသည် ထိတ်လန့်ကာ ကြောင်နေကြပြီး ပြန်လည်မတုံ့ပြန်နိုင်ကြသေးပေ။
သို့သော် ထိုမိန်းကလေးသည် ကြောင်အနေသော်လည်း သူမသည် ၎င်းတို့ကိုကယ်လိုက်သည့် ရှေ့၌ ရပ်နေသောသူ၏ပုံသဏ္ဍာန်အား မှတ်မိသွားသည်။ ၎င်းသည် သူမတို့ ခုနကဖြတ်လာသော ထင်ရှား ကျော်ကြားသည့် ဥက္ကဌရှုနှင့် ဆင်တူသည့်သူပင်ဖြစ်သည်။
သူ……သူက မှော်ပညာရှင်လား?
ထိုမိန်းကလေး၏ အံ့သြနေသော ရုပ်ကိုမြင်ကာ ရှုယီကပြုံးသည်။ သူသည် ပြန်လှည့်သွားပြီး မှော်ပညာ အနည်းငယ် သုံးလိုက်ကာ မှော်ကားထဲမှ စွမ်းအင်လှိုင်းများကို ဖိနှိပ်လိုက်ပြီး လုံးဝရပ်သွားအောင် လုပ်လိုက်သည်။
ကားမှန်မှ ကြည့်လိုက်သောအခါ သူသည် မောင်းနှင်သည့်ထိုင်ခုံတွင် ငယ်ရွယ်သည့် ကောင်လေးတစ်ယောက်ရှိပြီး ဘေးမှထိုင်ခုံတွင်မူ ကောင်မလေးတစ်ယောက်ထိုင်နေကြောင်း တွေ့လိုက်ရသည်။ သူတို့သည် မျက်လုံးများပြူးနေကာ သူ့အား ကြောင်အစွာ ကြည့်နေကြသည်။
ရှုယီက ကြည့်နေသည်ကိုမြင်ကာ ထိုငယ်ရွယ်သည့်ကောင်လေးသည် ပထမ၌ အံ့ဩနေသော်လည်း နောက်၌ ဒေါသနှင့် ပြည့်လာသည်။ သူသည် ကားတံခါးကိုဖွင့်လိုက်ပြီး ထွက်လာကာ ရှုယီအား လက်ညိုးထိုးလျှက် ကျိန်ဆဲနေသည်။
“မင်းသေချင်နေလို့လား? ဒီကသခင်လေးကို တားရဲတယ်ပေါ့ ဒီသခင်လေးရဲ့ကားက ဘယ်လောက် တန်တယ်ဆိုတာ သိလား? အခု မင်းဖျက်စီးလိုက်တော့ ငါ့ကိုဘယ်လိုပြန်လျော်မှာလဲ?”
ရှုယီက ခေါင်းကိုခါလိုက်သည်။ သူသည် ထိုလမ်းပေါ်မှ ပြိုင်ပွဲဝင်များသည် သူတို့မှားမှန်းကိုပင် မသိသည့် မိုက်မဲသည့်ကလေးများအုပ်စုဟု ထင်ခဲ့ကာ ယခုသူတို့စကားပြောသောအခါ၌ သေချာ သွားသည်။
ရှုယီသည် စကားလုံးများဖြင့် အချိန်ဖြုန်းနေရန် ပျင်းနေကာ လက်ကိုသာ ယမ်းလိုက်သည်။ ထိုကျိန်ဆဲ နေသေးသော ကောင်လေးသည် လေပြင်းကိုခံစားလိုက်ရပြီး မီတာများစွာ မြောက်တက်သွားကာ အောက်သို့ ပစ်ချခံလိုက်ရသည်။
သူသည် ကားတိုက်ခံရသည်မှ မေ့လဲမသွားပဲ ယခုတစ်ခါမှ နာကျင်မှုကြောင့် မေ့လဲသွားသည်။
သူ့ဘေးရှိထိုင်ခုံမှ ကောင်မလေးသည်လည်းးမြင်၍ စူးရှသောအသံဖြင့် အော်လိုက်သည် သူသည် ထိုကောင်လေးကို ဂရုစိုက်ရန် ထွက်လာသော်လည်း ရှုယီကိုတော့မထိရဲပေ။
ထို့နောက် ပထမကားနောက်သို့ လိုက်လာသည့် နောက်ကားများရှိသည်။ ယခုလေးတင် ပထမကား၌ ဖြစ်သွားသောကိစ္စကြောင့် သူတို့သည် လမ်းပေါ်တွင် ရပ်လိုက်ကြကာ ကောင်လေးတစ်ချို့နှင့် ကောင်မလေးတစ်ချို့ ထွက်လာကြလေသည်။
ရှုယီ၏ လုပ်ရပ်ကိုကြည့်ကာ ထိုလူငယ်အုပ်စုသည် သူ့ကိုဝိုင်းလိုက်ကြသည်။
ထိုအုပ်စုထဲမှ လူငယ်တစ်ယောက်သည် ခါးကိုကိုင်လျှက် သူ့လက်ထဲတွင် ကြီးမားသည့်အရာ တစ်ခုပါလာသည်။
ရှုယီက ကြည့်လိုက်ကာ မနေနိုင်ပဲ ပခုံးတွန့်လိုက်မိသည်။
ထိုသူသည် တကယ်ပင် မှော်ပစ္စတိုကို ကိုင်ထားသည်။
၎င်းသည် သာမန်မှော်စက်ကုမ္ပဏီများက ပြုလုပ်နိုင်သောအရာမဟုတ်ပေ။ နိုင်ငံတိုင်း၌ တင်းကြပ်စွာ ထိန်းချုပ်ထားကာ သာမန်သူများသည် မြင်ပင်မမြင်ဖူးကြပါ။
ယခုမူ ထိုလူငယ်က တစ်ခုကိုင်ထားသောကြောင့် သူသည် ဘယ်ကရလာမှန်းး သို့မဟုတ် ခိုးလာမှန်း မသိသော်လည်း ဆိုလိုနေသည်မှာ သူ၏အဆင့်အတန်းက သာမန်မဟုတ်ပဲ ထိုအရာအား လျှို့ဝှက် ရရှိထားခြင်းဖြစ်လိမ့်မည်။
ရှုယီက ထိုအကြောင်းကိုကြားဖူးထားသော်လည်းသူသည် ထိုကိစ္စကို ရေးကြီးခွင်ကျယ် မလုပ်ခဲ့ပဲ ဂရုမစိုက်ခဲ့သော်လည်း ထိုကိစ္စကို ကြုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပါ။
သို့သော် ထိုလူငယ်က ရှုယီကို သေနတ်နှင့် ချိန်ကာ ခြိမ်းခြောက်၍ သူတို့ထဲကတစ်ယောက်မှ တားခဲ့သည်။
“မှော်ပညာရှင် မင်းဘယ်ကလာတာလဲ ဒီဘန်တာမြို့မှာ အကြမ်းဖက်တာကို တားမြစ်ထားတယ် ဆိုတာ မသိဘူးလား?”
ရှုယီ သည် သူ့ကိုကြည့်ကာ အံ့ဩသွားသည်။ သူသည် ထိုအုပ်စု၌ အချို့ကိစ္စများကို နားလည်သည့်သူ ရှိကြောင်း တွေးမိလိုက်သည်။ သူသည် ရှုယီက မှော်ပညာရှင်ဖြစ်မှန်း သိကာ ရင်ဆိုင်ဖို့မလွယ်မှန်း သိသေးသည်။
သို့သော် ရှုယီက ထိုသူတို့နှင့် ဝက်လိုဟန်ဆောင်ကာ ကျားကိုစားခြင်း လုပ်ရန်ပျင်းနေပြီဖြစ်သည်။ (တရုတ်စကားပုံအရ အင်အားကိုဖုံးကွယ်ကာ ရန်သူကို အံ့သြစေ၍ တိုက်ခိုက်ခြင်း ဖြစ်သည်။) သူသည် မှော်ဆက်သွယ်ရေးစက်ကို ထုတ်ကာ ခေါ်လိုက်သည်။
“ဟေး ဒါမြို့စား ဗီဂန်လား? ကျုပ်က ရှုယီပါ အန် အခု ကျုပ်ဘန်တာမြို့ရဲ့ မြို့သစ်ဖက်မှာရောက်နေပြီး ကိစ္စတခု ဖြစ်နေလို့ ဒီကိစ္စကိုဖြေရှင်းဖို့ လူတစ်ယောက်ယောက်လွတ်ပေးပါလား?”
…..
နာရီဝက်အကြာတွင် ဘန်တာမြို့၏ မြို့ဟောင်းဖက်ရှိ မြို့စားအိမ်တော်တွင် လူတစ်စုသည် စုဝေးနေကြသည်။ သူတို့သည် ရှုယီအား စိတ်လှုပ်ရှားစွာကြည့်နေကြပြီး ဘန်တာမြို့၏ မြို့စား ဗီဂန်သည် သူတို့ရှေ့၌ ထိုင်နေသည်။
“ဒီအကြောင်းကိုပြောရရင် ဥက္ကဌရှု ညမှောင်နေပြီကို မြို့ကိုဘာလို့ လမ်းပတ်လျှောက် နေရတာလဲ ခင်ဗျ?” မြို့စား ဗီဂန်ကအပြုံးဖြင့် မေးသည်။
ရှုယီက သူ့ကိုကြည့်ကာ ထိုဘန်တာမြို့၏ မြို့စားအသစ်သည် အရင်လူလောက် မထက်မြက်ကြောင်း တွေးလိုက်မိသည်။
“ဘာမှတော့မဟုတ်ပါဘူး ကျုပ်က ပတ်ကြည့်ပြီး ဒီနှစ်တွေအတွင်း ဘန်တာမြို့ရဲ့ တိုးတက်တဲ့ အခြေနေ ကို ကြည့်မလို့ပါ”
“ဟ ဟား ဘန်တာမြို့က ဒီနှစ်တွေအတွင်း အမြဲတိုးတက်မှုတည်ငြိမ်နေပါတယ်။ ဥက္ကဌရှု အပြင်က အခြေအနေကို ကြည့်ပြီး ဂုဏ်ယူနေမှာပဲ ဟုတ်တယ်မလား?”
“မဟုတ်ပါဘူး ဘန်တာမြို့ရဲ့တိုးတက်မှုက ကျုပ်နဲ့မဆိုင်ပါဘူး ခင်များတို့မြို့စားအိမ်တော်ရဲ့ ဂုဏ်ပါ။ ပြီးတော့ ဘန်တာမြို့ရဲ့ လူတွေအတွက်ပါ” ရှုယီက ခေါင်းခါလိုက်ကာ မြို့စားဗီဂန်၏ ချဉ်းကပ်ရန် ကြိုးစားမှုကို ငြင်းပယ်လိုက်သည်။
သူသည် သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အပြစ်ပေးခံရမည့် အုပ်စုကို ကြည့်လိုက်သည်။ “ကျုပ်မှာ ဖြုန်းဖို့အချိန်မရှိဘူး။ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ အရင်ပြောကြတာပေါ့”
ထို လမ်းပေါ်၌ ပြိုင်ပွဲလုပ်သူများသည် ယခင်က မာနကြီးနေခဲ့သော်လည်း ယခုမူ ရိုကျိုးနေကြသည်။ သူတို့အားလုံးခေါင်းငုံ့ထားကာ လှုပ်ပင်မလှုပ်ရဲကြပေ။
သူတို့၏ဘေးမှလူများသည် မြို့စားထံမှ သတင်းရကာ အပြေးလာကြသည့် ထိုလူငယ်များ၏ မိဘနှင့် အမျိုးအဆွေများ ဖြစ်ကြသည်။
ထို လမ်းပေါ်မှပြိုင်ပွဲလုပ်သူများသည် အမှန်တကယ်ပင် ဘန်တာမြို့၏ ဆွေးကြီးမျိုးကြီးများမှလာသော သူများ ဖြစ်ကြသည် ထိုသူတို့၏ အမျိုးအဆွေများသည် ဇိမ်ခံအဝတ်အစားများကို ဝတ်ဆင်ထား ကြသည်။
ထိုလူငယ်များထပ်စာလျှင် သူတို့၏အမူအရာများက ပိုမို၍ ပြင်းထန်နေကြသည် သို့သော် သူတို့သည် ရင်းနှီးဖော်ရွေသည့်အပြုံးကို ဖော်ပြထားကြသည်။ ရှုယီပြောသည်ကိုကြားလျှင်သူတို့သည် ချက်ချင်း မြို့စားဗီဂန်ကို ကူညီပေးရန် ကြည့်လိုက်ကြသည်။
မြို့စားဗီဂန်သည် အနည်းငယ်တိတ်ဆိတ်သွားပြီး ပြုံးကာပြောလိုက်သည်။ “ဥက္ကဌရှု သူတို့တွေဟာ ဒီညမှာ ဥက္ကဌကို မကျေမနပ်ဖြစ်စေခဲ့တာ ဒါက သူတို့ရဲ့အမှားပါ။ ဒါပေမဲ့ သူတို့က အဲ့လိုလုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ဒါကြောင့် ဥက္ကဌက သူတို့ကို ခွင့်လွတ်ပေးလိုက်ရင်ကော ဘယ်လိုလဲ?”
“အို?” ရှုယီက မြို့စားဗီဂန်ကို ကြည့်လိုက်ကာ ရယ်စရာကောင်းသည်ဟုထင်မိလိုက်သည်။ “ခင်ဗျားဆိုလိုတာက ဒီကိစ္စကို မေ့လိုက်ရမယ်ပေါ့?”
မြို့စားဗီဂန်က အမြန်ခေါင်းခါလိုက်ပြီး “မဟုတ်ပါဘူး ဥက္ကဌရှုက တစ်ခုခုပြောလိုက်မယ်ဆိုရင် ကျွန်တော်ထင်တာ သူတို့က ဥက္ကဌလိုချင်တဲ့ ဘယ်လိုလျော်ကြေးမဆို ကန့်ကွက်ရဲမှာမဟုတ်ပါဘူး”
ထိုသို့ ပြောလိုက်ပြီး မြို့စားဗီဂန်က ထို ဆွေမျိုးများကို မျက်စိဖြင့်အချက်ပြလိုက်သည်။ ထိုဆွေမျိုးများက စကားများစပြောလာကြသည်။ ရှုယီက သူတို့၏ကလေးကို ခွင့်လွတ်ပေးမည်ဆိုပါက သူတို့သည် မည်သည့်လျော်ကြေးမဆို ပေးနိုင်သည်ဟုဆိုသည်။
ရှုယီက သူတို့ရပ်သွားသောအခါမှ ထိုသူများကို ကြည့်ကာ အပြုံးနှင့်ပြောလိုက်သည်။ “ငါပိုက်ဆံပြတ်နေတယ်လို့ ……မင်းတို့ထင်လို့လား?”
လူတိုင်းက အံ့ဩသွားကာ အမူအရာများသည် မကောင်းကြတော့ပေ။
လူတိုင်းသည် ရှုယီက Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်၍ Frestech ကုန်သည်ကြီးများအသင်း ၏အကြီးဆုံးရှယ်ယာပိုင်ရှင်ဖြစ်ကြောင်းသိကြကာ စိုင်စ်နယ်မြေတွင် အချမ်းသာဆုံးသူဖြစ်မှန်း သိကြပါသည်။
သူပိုက်ဆံပြတ်နေသည်ဟုပြောသည်လား? ၎င်းသည် ရိုးရှင်းစွာပင် အကြီးဆုံးဟာသတစ်ခုဖြစ်သည်။
သို့သော် ရှုယီက ထိုကဲ့သို့ ပြောလိုက်ခြင်းသည် သူတို့၏လျော်ကြေးကို လက်ခံမည်မဟုတ်ကြောင်း ဆိုလိုနေသည်။
မြို့စားဗီဂန်၏ အမူအရာကလည်း ပြောင်းလဲသွားသည်။
ရှုယီသည် ဘန်တာမြို့သို့မလာမှီပင် သူလာမည်ဖြစ်ကြောင်း သူသိခဲ့သည်။
အကြောင်းမှာ သူသည် ဟိန်ဇ့်၏သတင်းကို ကြားနေသည်မှာ ကြာပြီဖြစ်ရာ သူသည် ရှုယီလာလိမ့်မည်ကို သေချာခဲ့သည်။
ရှုယီမလာသေချိန်တွင် သူသည် ရှုယီကို မည်သို့လက်ခံရမည့်အကြောင်းနှင့် သူ့ကို မည်သို့ ပြုစုရမည့် အကြောင်းပင် စိတ်ပူခဲ့ရသည်။ သူသည် ရှုယီအား ဘန်တာမြို့တွင် ရက်အနည်းငယ် ပျော်ရွင်စွာ သုံးနေနိုင်ခဲ့သည်။
သို့မဟုတ်လျှင် ရှုယီက ပျော်ရွင်ခြင်းမရှိလျှင် သူ၏ယခုလက်ရှိရာထူးဖြစ်သည့် ဘန်တာမြို့ မြို့စားရာထူးသည် အန္တရာယ်ဖြစ်လိမ့်မည်။
သို့သော် ယခု ရှုယီသည် ထိုကိစ္စကြောင့် ပျော်ရွင်နေခြင်း မဟုတ်သည်မှာ သေချာသည်။
“ဥက္ကဌ ရှု….. ဥက္ကဌရှုကကော ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမယ်လို့ထင်လဲ” မြို့စားဗီဂန်က ဂရုစိုက်စွာမေးလိုက်သည်။
ရှုယီက ထိုနောက်သို့ကြုံ့နေသည့် လမ်းပေါ်၌ ပြိုင်ပွဲဝင်သူများကို လက်ညိုးထိုးကာ “ညအချိန်မှာ လမ်းပေါ်ပြိုင်ပွဲလုပ်တာနဲ့ပက်သက်ပြီး လမ်ပူရီတိုင်းပြည်မှာ ဥပဒေမရှိဘူးလား?”
မြို့စားဗီဂန်က ကြောင်နေပြီးမှ သူ့မျက်ခုံးများကို ကြုံ့ကာ စဉ်းစားပြီးမှ ခေါင်းခါလိုက်သည်။
“အခုထိတော့ ဥပဒေမရှိပါဘူးခင်ဗျ ဘာလို့လဲ? ဥက္ကဌရှုဒီကိစ္စအတွက် ဥပဒေရှိသင့်တယ်လို့ ထင်လို့လား”
“သေချာတာပေါ့ အကယ်၍ ငါကြောင့်သာမဟုတ်ရင် သူတို့က သေနေလောက်ပြီ” ရှုယီက မြို့စားက ခေါ်လာသောအခါမှစ၍ တစ်ချိန်လုံးတုန်နေသည့် ငယ်ရွယ်သည့် စုံတွဲကို ပြလိုက်သည်။ “ဒီကိစ္စက လူတောင်သေသွားနိုင်တယ် ဥပဒေထုတ်ဖို့ မတန်သေးဘူးလား?”
မြို့စားဗီဂန် အတွေးမတူသော်လည်း သူက ခေါင်းငြိမ့်လိုက်သည်။ “ဥက္ကဌမှန်ပါတယ် ဒါမဲ့ အခုက ဥပဒေ မရှိသေးတော့ ဥက္ကဌရှုကလည်း ရှိနေတော့ ဘယ်သူမှလည်း မထိခိုက်သွားဘူး ဆိုတော့ ဥက္ကဌရှု အထင်………..”
“ဒီတစ်ခေါက်က ငါရှိနေလို့ အဆင်ပြေသွားပေမဲ့ ဒါမဲ့ အကယ်၍ ငါမရှိခဲ့ရင် ဒီဘေးက အပြစ်မရှိတဲ့လူ နှစ်ယောက်က သေသွားနိုင်တယ်။ ဒီကားထဲက လူငယ်တောင် ရှင်နိုင်ဖို့ခက်ခဲတယ်” ရှုယီက လေးနက်စွာပြောသည်။
“မဖြစ်နိုင်တာ ငါ့ကားက မှော်ကားမော်ဒန်အသစ်ပဲ။ အကယ်၍ တိုက်မိရင်တောင် အထဲကလူက ဘာမှမဖြစ်ဘူး။ ဒါFrestech ကုန်သည်ကြီးများအသင်းက ပြောတာပဲလေ” ရှုယီထံမှ ရိုက်ခံလိုက်ရသော လူငယ်သည် မနေနိုင်ပဲ အော်လိုက်သည်။
မြို့စားဗီဂန်နှင့်အခြားသူများသည်လန့်သွားကာ သူ့ကအားစိုက်ကြည့်နေကြသည်။
သူ၏အမေနှင့် အဖေသည် သူတို့သား၏ပါးစပ်ကို လျှင်မြန်စွာအုပ်လိုက်ပြီး ရှုယီကို တောင်းပန်စကား ပြောလိုက်ကြသည်။
ရှုယီက သူ့ကိုစိုက်ကြည့်လိုက်ပြီး သူ၏မျက်လုံးသည် အလေးအနက် ဖြစ်သွားးသည်။
“မင်းဆိုလိုတာက မင်းအဆင်ပြေရင် ပြီးပြီလား? သူတို့ကျတော့ကော? မင်းသူတို့ကို သတ်မိတော့မယ် ဆိုတာ သိလား?”
***
Volume 8 အခန်း ၉၄ ။ အလုပ်သမား အဓိကရုဏ်း
ထိုလမ်းပေါ်တွင် ပြိုင်ကားမောင်းသူသည် ဘာမှမပြောပေ။ သို့သော် သူ၏မျက်လုံးများက ထိုအရာကို လက်မခံကြောင်း ပြနေသည်။
ငယ်ရွယ်သည့် လမ်းပေါ်ရှိပြိုင်ကားမောင်းသူများသာမက သူတို့၏ဆွေမျိုးများကပါ အခြားနည်းဖြင့် စဉ်းစားကြကြောင်း မျက်နှာများတွင် ပေါ်နေသည်။ သူတို့သည် ရှုယီ၏မေးခွန်းမှာ သေးငယ်သည့် ကိစ္စကို ကြီးမားအောင်လုပ်နေသည်ဟု ထင်နေကြကြောင်း သိသာနေသည်။
ထိုသေခါနီးဖြစ်သွားသည့် ငယ်ရွယ်သည့်စုံတွဲသည်ပင် ၎င်းကို အံ့သြနေကြသည်။ သူတို့အတွက် ရှုယီက ဤမျှလောက် ဒေါသထွက်မည်ဟု မထင်ထားကြပေ။
ရှုယီက စိတ်ထဲ၌သာ သက်ပြင်းချလိုက်သည်။
စိုင်စ်နယ်မြေသည် သူရောက်ပြီးနောက် များစွာတိုးတက်ပြောင်းလဲလာခဲ့ကာ မှော်စက်မှုလုပ်ငန်းများ တိုးတက်လာခဲ့၍ နည်းပညာနှင့် ပက်သက်၍ ကမ္ဘာ၏ စံနှုန်းထိပင် ရောက်ရှိလာခဲ့သည်။
သို့သော်လည်း ၎င်းသည် ရုပ်ဝတ္ထု ပြောင်းလဲမှုသာ ဖြစ်ပြီး လူများ၏ စိတ်နှလုံးများသည် ထိုမျှလောက် မပြောင်းလဲသေးပေ။
လက်ရှိစိုင်စ်နယ်မြေ၌ ကျွန်ပြုခြင်းသည် လုံးဝဖျက်သိမ်းခဲ့သော်လည်း ပြင်းထန်သည့် အဆင့်အတန်း ခွဲခြားမှုက ရှိသေးသည်။
မျိုးရိုးမြင့်များသည် မျိုးရိုးမြင့်များဖြစ်ပြီး သာမန်လူများသည် သာမန်လူများဖြစ်သည်။
လူအများစု၏ စိတ်ထဲတွင် မျိုးရိုးမြင့်များက သာမန်လူများထပ် ပိုမြင့်မြတ်ပြီး သူတို့၏အမည်နာမနှင့် ပက်သက်၍ ယှဉ်၍မရနိုင်ဟု ရှိနေကြသည်။
ထိုငယ်ရွယ်သည့်စုံတွဲသည် သိသာစွာ သာမန်လူများဖြစ်ကြပြီး သူတို့အား သတ်မိတော့မည့် ပြိုင်ကား မောင်းသူများသည် ဘန်တာမြို့၏ မျိုးရိုးမြင့် မိသားစုများမှ ဖြစ်ကြသည်။ သူ၏ဘေးတွင်ရပ်နေသော သူ၏ဖခင်သည် မြို့စားကြီးဖြစ်ကာ မိသားစု၏ အမွေခံအဖြစ် သတ်မှတ်ထားပြီးသူဖြစ်ကာ အနိမ့်ဆုံး မှူးမတ်ရာထူး ရထားသောသူ ဖြစ်သည်။
ထို့ကြောင့် ရှုယီမှလွဲ၍ လူတိုင်း၏စိတ်ထဲတွင် သူတို့နှစ်ဦးသေသွားလျှင်ပင် ၎င်းတို့၏အမည်နာမသည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားသည်။ သာမန်လူများသေသွားလျှင်ပင် သူတို့၏စိတ်ထဲတွင် မည်သို့မျှ ခံစားရမည်မဟုတ်ပါ။
အကယ်၍ ရှုယီကြောင့်သာမဟုတ်ခဲ့လျှင် သူတို့သည် ပိုက်ဆံတစ်ပြားမှပင် အလျော်ပေးရန် လိုလိမ့်မည် မဟုတ်ပါ။
ရှုယီက ပို၍ ဝမ်းနည်းရသည်မှာ ထိုငယ်ရွယ်သည့်စုံတွဲသည်လည်း ထိုကဲ့သို့ စိတ်ထားမျိုး ရှိနေခြင်း ဖြစ်သည်။
“ဥက္ကဌရှု ဒါက မရည်ရွယ်ပဲဖြစ်သွားတဲ့ ကိစ္စပါ။ သူကလည်း အဲ့ဒီလူတွေကို တိုက်ဖို့ဆန္ဒရှိခဲ့တာ မဟုတ်ပါဘူး” မြို့စားဗီဂန်သည် ထိုလေထုအား တည်ငြိမ်စေရန် ပြုံးလျှက်ပြောသည်။ “ဥက္ကဌရှုက သူတို့နှစ်ယောက်ကို ကယ်နိုင်ခဲ့လို့ တော်သေးတာပေါ့ ဒါဆို ဒီကိစ္စကို ကြီးကြီးမားမား လုပ်စရာ မလိုတော့ဘူးပေါ့ ဟုတ်လား?”
“ကြီးကြီးမားမားကိစ္စ?” ရှုယီက ပခုံးတွန့်လိုက်ပြီး ပြိုင်ကားမောင်းသူများကို ကြည့်လိုက်ကာ မြို့စားဗီဂန်ကို ပြန်လှည့်ကြည့်လိုက်သည်။ “ကျုပ်က ခင်ဗျားတို့ လမ်ပူရီတိုင်းပြည်ရဲ့ အရာရှိမဟုတ်ဘူး။ လမ်ပူရီတိုင်းပြည်ကလည်း မပိုင်ဘူး။ ဒါကြောင့် ခင်ဗျားဒီကိစ္စကို ကိုင်တွယ်ဖို့ကိစ္စကို ဆုံးဖြတ်နိုင်တယ်။ ဒါကလည်း ကျုပ်နဲ့မဆိုင်တဲ့အတွက် ကျုပ်ဂရုမစိုက်ဘူး။ ကျုပ်ဂရုစိုက်နိုင်တဲ့ကိစ္စက ကျုပ်တို့ Frestechကုန်သည်ကြီးများအသင်းက ဒီကိစ္စနဲ့ ပက်သက်နေတာပဲ”
မြို့စားဗီဂန်က အမြန်ပြောလိုက်သည်။ “ဥက္ကဌရှု ကျေးဇူးပြု၍ပြောပါ”
ရှုယီသည်သူ့လက်ကို မြောက်လိုက်ပြီး ပြိုင်ကားမောင်းသူကို ညွှန်ပြကာ ရုတ်တရက်မေးလိုက်သည်။ “မင်းမှာ ကားမောင်းလိုင်စင်ရှိလား?”
လူတိုင်းသည် အံ့ဩသွားကာ ပြိုင်ကားမောင်းသူကို ကြည့်လိုက်ကြသည်။ ထိုပြိုင်ကားမောင်းသူ၏ အမူအရာက တဖြည်းဖြည်းပြောင်းလဲသွားပြီး ဖြေဆိုရန် တွန့်ဆုတ်နေလေသည်။
သူ့ဘေးတွင်ရပ်နေသော သူ၏မိဘများက စိတ်လှုပ်ရှားနေကြသည်။ “ဥက္ကဌရှုကမေးနေတယ် အမြန်ဖြေလိုက်လေ”
ပြိုင်ကားမောင်းသူသည် သူ၏ပါးစပ်ကို တုံ့ဆိုင်းစွာဖွင့်လိုက်ကာ သူသည်စကားလုံးတစ်လုံး ပြောလိုက်ချိန် “ကျွန်တော်….” ရှုယီဆီက ဖြတ်ပြောသည်ကို ခံလိုက်ရသည်။ “လိမ်ဖို့ကြိုးစားမနေနဲ့ ကားမောင်းလိုင်စင် စာမေးပွဲဖြေထားတဲ့သူတွေအားလုံးကို မှတ်တမ်းတင်ထားတယ်။ ငါဘယ်အချိန်ပဲ ဖြစ်ဖြစ်ပြန်ကြည့်လို့ရတယ်”
ထိုပြိုင်ကားမောင်းသူ၏ တုံ့ပြန်မှုက ထပ်ပြောင်းသွားပြီး ခနအကြာတွင် သူ့ခေါင်းကို ငုံ့လိုက်သည်။ “ကျွန်တော့််မှာမရှိဘူး”
လူတိုင်းက ကြောင်အသွားသည်။
“အရမ်းကောင်းတယ်။ မင်းကလိုင်စင်မရှိပဲ ကားမောင်းနေတယ်။ ပြီးတော့ ညဖက် မြို့ထဲမှာကို တစ်နာရီကို ကီလိုမီတာ တစ်ရာလောက်နဲ့ မောင်းနေတယ်ဆိုကတည်းက စည်းကမ်းတွေ အများကြီး ဖောက်နေပြီ။ စည်းကမ်းအရ မင်းက အနာဂတ်မှာ လိုင်စင်ဖြေဖို့ အခွင့်အရေးတွေ အားလုံး ဆုံးရှုံးသွားပြီး မှော်ကားတွေမောင်းဖို့ အခွင့်မရှိတော့ဘူး။ မင်းမှာ ဒါကို ကန့်ကွက်စရာရှိသေးလား?”
ပြိုင်ကားမောင်းသူများ၏ အမူအရာက ပြောင်းလဲသွားသည်။ သူတို့၏ဆွေမျိုးများက သက်ပြင်းချ လိုက်ကြသည်။ ရှုယီ၏ အပြစ်ပေးမှုက ဒါပဲဆိုလျှင် ပေါ့သည်ဟု ပြောနိုင်သည်။ ထို့ကြောင့် သူတို့ ကားမောင်းလိုင်စင်မရှိလျှင်ပင် ကားမမောင်းနိုင်ဘူးဟု မည်သူပြောနိုင်မည်နည်း?
သူတို့သည် ရှုယီထံမှ ဖမ်းမိရလောက်အောင် ကံမကောင်းသရွေ့ သူတို့၏မိသားစုများ၌ ရှိသော ရာထူးများဖြင့် ဘန်တာမြို့တွင် မောင်းနှင်ခြင်းမှာ ကြီးမားသော ကိစ္စမဟုတ်ပါ။
ရှုယီက ထိုသူတို့စဉ်းစားနေသည်ကို မည်သို့မသိပဲ နေပါမည်နည်း။ သူသည် ပခုံးတွန့်လိုက်ပြီး ငယ်ရွယ်သည့် စုံတွဲကို ညွှန်ပြကာ “အဲ့တာထပ် မင်းသူတို့ကိုသတ်မိတော့မလို့ ငါ့ကြောင့် သူတို့အခု အဆင်ပြေပေမဲ့ မင်းသူတို့ကိုလျော်ကြေးပေးရမယ်”
ပြိုင်ကားမောင်းသူ၏ မိဘများသည် မည်သို့ ရှုယီဆိုလိုသည်ကို နားမလည်ပဲ နေလိမ့်မည်နည်း? သူတို့သည် ထိုစုံတွဲဆီသို့ နွေးထွေးသည့်အမူအရာများနှင့် လာကြသည်။
ငယ်ရွယ်သည့်စုံတွဲသည် မြို့စားက သာမန်လူများအပေါ် အလွန်ရိုကျိုးနေသည်ကို မြင်၍ မနေတတ် ဖြစ်နေကြသည်။ နောက်ဆုံး၌ ရှုယီသည် မြို့စားဗီဂန်ကို လုပ်ဆောင်စေလိုက်ပြီး လျော်ကြေးငွေက ရွှေဒင်္ဂါး ၃ ထောင်အဖြစ် သတ်မှတ်လိုက်ကြသည်။
ရွှေဒင်္ဂါး ၃ထောင်သည် သာမန်လူများအတွက်များပြားသော်လည်း မျိုးရိုးမြင့်များအတွက် မှော်ကားတစ်စီးစာပင်ရှိရာ များသည်ဟု မဆိုနိုင်ပေ။
ထို့ကြောင့် နှစ်ဖက်လုံးသည် ကျေအေးလိုက်ကြပြီး ရှုယီ၏ ခွင့်ပြုချက်ကြောင့် လူတိုင်းသည် သက်ပြင်းချနိုင်ကြတော့သည်။
ရှုယီ၏ထွက်ပေါ်လာမှုက လူတိုင်းကို ကိစ္စကြီးဖြစ်မည်ဟုထင်ခဲ့ကြသော်လည်း သူတို့သည် ထိုနည်းလမ်းဖြင့် ရွေဒင်္ဂါး ၃ ထောင်ဖြင့် ရှင်းလင်းနိုင်သွားခြင်းသည် သူတို့ မမျှော်လင့်ထားသော အရာဖြစ်သည်။
သို့သော် သူတို့ ထွက်ခွာဖို့ပြင်ဆင်နေချိန်တွင် ရှုယီက ရုတ်တရက် သတိပေးလိုက်သည်။
“တိတ်တိတ်လေး လက်တုံ့ပြန်ဖို့မစဉ်းစားနဲ့နော်။ ငါဒီကိစ္စအတွက် လူတစ်ယောက်ကို စောင့်ကြည့်ဖို့ လွတ်ထားမယ် အကယ်၍ သူတို့ဆီမှာတစ်ခုခုဖြစ်ရင် ငါမယဉ်ကျေးလို့ အပြစ်မတင်နဲ့”
ရှုယီ၏အေးစက်သည့်စကားသံက လူတိုင်းကို ထိတ်လန့်သွားစေသည်။ ပြိုင်ကားမောင်းသူ၏ မိဘများက ရှုယီကို ထိုစုံတွဲအား လက်တုံ့မပြန်ပါမည့်အကြောင်း အမြန်ပင်ကတိပေးလိုက်ကြပြီး ထိုအချိန်မှ ရှုယီက လွတ်ပေးလိုက်သည်။
လူတိုင်းက ထွက်ခွာသွားလျှင် မြို့စားအိမ်တော်က တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားသည်။
မြို့စား ဗီဂန်သည် မျက်လုံးမှိတ်ထားသော ရှုယီကို ကြည့်ကာ လက်ဖက်ရည်တစ်ငုံ သောက်၍ တချို့အကြောင်းအရာများကို စဉ်းစား၍ စိတ်ရှုပ်ထွေးနေသည်။
သူသည် ဘန်တာမြို့ မြို့စားဟောင်းကဲ့သို့ မဟုတ်ပဲ ရှုယီအား မကြာခနတွေ့ဆုံခွင့်မရခဲ့ပေ။ သူရရှိခဲ့သော အချက်အလက်များအရ ရှုယီသည် ထိုကဲ့သို့ စကားပြောရလွယ်သောသူ မဟုတ်ပါ။
ကန်ဒရာအင်ပါယာက သူ့ကို ဆန့်ကျင်တုန်းကပင် သူတို့သည် တန်ဖိုးကြီးမားစွာပေးဆပ်ခဲ့ရကြောင်း သူသိခဲ့ဖူးသည်။
ယခုမူ ထိုမိုက်မဲသော ကလေးများသည် သူ့ကိုထိပ်တိုက်တွေ့ခဲ့ကာ သူ့အားကျိန်ဆဲခဲ့သော်လည်း သူသည် ပေါ့ပါးသော အပြစ်ဒဏ်ကိုသာပေးခဲ့ခြင်းသည် စိတ်ရှုပ်ထွေးစရာကိစ္စဖြစ်သည်။
“မြို့စားဗီဂန်” ရှုယီက ရုတ်တရက်ပြောသည်။
မြို့စားဗီဂန်က အံ့ဩသွားသည်။ သို့သော်သူသည်စိတ်တည်ငြိမ်အောင်လုပ်လိုက်ပြီး ပြုံးကာ “ဥက္ကဌရှု တစ်ခုခုလိုလို့လား?”
“ကျုပ်ကြားထားတာ အရင်လက ဘန်တာမြို့မှာ အလုပ်သမားအဓိကရုဏ်းနှစ်ခု ရှိခဲ့တယ်ဆို?” ရှုယီကမေးသည်။
မြို့စားဗီဂန်၏ နှလုံးက ခါသွားသည်။ ထိုအကြောင်းကို စဉ်းစားပြီးနောက် ခေါင်းငြိမ့်ကာ ဖြေလိုက်သည်။ “ဟုတ်ပါတယ် ဥက္ကဌရှု ဒီသတင်းကိုဘယ်ကကြားတာပါလဲ?”
“ အဓိကရုဏ်းဖြစ်တာဘာကြောင့်လဲ?” ရှုယီက သူ၏မေးခွန်းကိုမဖြေပဲ ပြန်မေးလိုက်သည်။
“ဒါက…. အကြောင်းရင်းကတော့ အလုပ်သမားတွေက သူတို့ ဝင်ငွေကို မကျေနပ်ကြလို့ပါ ဒါကြောင့် သူတို့က ဆန္ဒပြဖို့ ရွေးချယ်ခဲ့ကြတာပါ ပြီးတော့ သူတို့ စက်ရုံရဲ့ စီမံရေးဌာနနဲ့ ရန်ပွဲတွေဖြစ်ကြတာ ဒါကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ကုန်တာပါ”
“ဒါဆို ခင်ဗျားဘယ်လို ကိုင်တွယ်လိုက်လဲ?”
မြို့စားဗီဂန်က မျက်မှောင်ကုပ်လိုက်ကာ ရှုယီက အဘယ်ကြောင့်ထိုမေးခွန်းကိုမေးသည်ကို နားမလည်ခဲ့ပါ။
သို့သော် သူသည် ရှုယီက ထိုအကြောင်းကိုမေးခြင်းသည် ထိုကိစ္စကို သိထားပြီးသားဖြစ်ပြီး ဖုံးကွယ်ထားခြင်းမှာ အသုံးမဝင်ပေ။ ထို့ကြောင့် သူကပြန်ဖြေလိုက်သည်။ “ကျွန်တော်တို့ရဲ့ မြို့စားအိမ်တော်က ဒီပြဿနာဖြစ်စေတဲ့လူတွေကိုဖမ်းထားပြီး အခြားတော့ဘာမှမလုပ်ရသေးပါဘူး”
“အဲ့လိုလား? ဒါမဲ့ ကျုပ်ကြားတာ ဒီအဓိကရုဏ်းကို ဦးဆောင်တဲ့ အလုပ်သမားက ထောင်ထဲမှာ သေသွားပြီဆို?” ရှုယီ၏ အသံကရုတ်တရက် အေးစက်သွားသည်။
မြို့စားဗီဂန်က ထိတ်လန့်သွားသည်။ ရှုယီက ထိုအကြောင်းကို မည်သို့ သိနေပါသနည်း?
“ဒါက အလုပ်သမားတွေရဲ့ ခေါင်းဆောင်က ထောင်ထဲမှာ ရန်ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ကြပြီး သေသွားတာပါ” ထိုအချိန်တွင် မြို့စားဗီဂန်က ထိုစဉ်ကသတင်းစာများကို ဖြေခဲ့သော အဖြေကိုသာပေးသည်။
“အဲ့လိုလား? ဘုရင်မကြီး ဆယ်ဗီနီကိုကော အဲ့လိုပဲတင်ပြခဲ့တာလား?” ရှုယီကမေးသည်။
“အဲ့လိုပဲ တင်ပြခဲ့တာပါ”
“ဘုရင်မကြီးကဘယ်လိုတုံ့ပြန်လဲ?”
“ဘုရင်မကြီးက ကျွန်တော်က ဘန်တာမြို့ကိုထိန်းသိမ်းနိုင်ဖို့မျှော်လင့်ပြီး တူညီတဲ့ ဖြစ်ရပ်မျိုး ထပ်မမြင်ချင်တော့ဘူးလို့ ပြောပါတယ်”
“အဲ့လိုဖြစ်တာလား” ရှုယီက ခေါင်းငြိမ့်ကာတိတ်ဆိတ်သွားပြန်သည်။
မြို့စားဗီဂန်သည် ရှုယီကို ကြည့်ကာ စိတ်လှုပ်ရှားနေသည်။ သူသည် ဘာကြောင့် ရုတ်တရက် ထိုအကြောင်းကို မေးသည်ကို နားမလည်ပေ။
ရှုယီကို ရင်ဆိုင်ရသည်မှာ ဘုရင်မကြီး ဆယ်ဗီနီကို ရင်ဆိုင်ရသည်ထပ် ပိုမို စိတ်လှုပ်ရှားစရာ ကောင်းသည်။
အကြောင်းမှာ ဘုရင်မကြီးက သူ့အားဘန်တာမြို့ကို စီမံရန်လိုအပ်ကြောင်းသူသိသည်။ သူသည် အမှားကြီး ကြီးမားမား မလုပ်သရွေ့ သူ၏မိသားစုအတွက် ဘုရင်မကြီးက သူအားဘာမှလုပ်မည် မဟုတ်ပေ။
သို့သော် ရှုယီရှေ့တွင်တော့ ကွာခြားသည်။ ရှုယီက လိုချင်သရွေ့ သူ့ဆီမှ အမိန့်တစ်ခုဖြင့်
Frestech ကုန်သည်ကြီးများအသင်းမှ တဆင့် ဘန်တာမြို့၏ မှော်စက်မှုလုပ်ငန်းကို ဖျက်ဆီးပစ်နိုင်သည်။
အကယ်၍ မှော်စက်မှုလုပ်ငန်းသာ ပျက်စီးသွားလျင် ဘန်တာမြို့ပျက်စီးသည်နှင့် အတူတူပင် ဖြစ်လိမ့်မည် ပြီးနောက် သူသည်လည်း မြို့စားအနေဖြင့် အတူတူပျက်စီးရလိမ့်မည်။
အချို့သည် ထိုကဲ့သို့ အကျိုးကျေးဇူးမရှိပဲ နှစ်ဖက်လုံးထိခိုက်နိုင်သည်ဟု သတ်မှတ်နိုင်သောကိစ္စကို မလုပ်နိုင်သော်လည်း ရှုယီသည် အရူးအဖြစ်သတ်မှတ်ကြသူဖြစ်သည်။ သူ၌ မရေတွက်နိုင်သည် ရူးနှမ်းသော အကြံအစည်များရှိသဖြင့် မည်သူမှ သူပြုလုပ်မည့်အရာကို သေချာမသိကြပါ။
ခနကြာပြီးနောက် ရှုယီက ထပ်ပြောသည်။
“မြို့စားဗီဂန် ခင်ဗျားပြောတာ အလုပ်သမားတွေက သူတို့ရဲ့ လုပ်အားခကို မကျေနပ်ကြလို့ ဆန္ဒပြကြတာလို့ ပြောတယ်နော်။ ဒါဆို ကျုပ်မေးချင်တာ ဘန်တာမြို့ရဲ့အနည်းဆုံး လုပ်အားခက ဘယ်လောက်တောင်နည်းလို့ အလုပ်သမားတွေက ဆန္ဒပြပြီး စက်ရုံမန်နေဂျာတွေကိုပါ တိုက်ခိုက်ကြတာလဲ”
မြို့စားဗီဂန်က လေးနက်သည့်အကြည့်နှင့်ပြောသည်။ “ဘုရင်မကြီးရဲ့အမိန်နဲ့ တိုင်းပြည်ရဲ့လွှတ်တော် ဥပဒေအရ နောက်ပြီး ဘန်တာမြို့ရဲ့ လက်ရှိအခြေအနေအရ အလုပ်တိုင်းရဲ့ အနည်းဆုံးလုပ်အားခက ရွှေဒင်္ဂါး ရှစ်ပြားပါ။ ကျွန်တော်ထင်တာ ဘန်တာမြို့ရဲ့ ကုမ္ပဏီတွေက ဒါကို ဆန့်ကျင်တဲ့သူ မရှိလောက်ပါဘူး”
“အို?” ရှုယီက ခနဲ့တဲ့တဲ့ ရယ်လိုက်သည်။
ရွှေဒင်္ဂါး ရှစ်ပြားသည် လွန်ခဲ့သော နှစ်များတွင် ငွေကြေးဖောင်းပွမှုကြောင့် ဘန်တာမြို့၏ နေထိုင်စရိတ်များ ကြီးမားလာခြင်းကြောင့် ထိုပမာဏသည် သာမန်မိသားစုအတွက်တော့ လုံလောက်မှု ရှိသည်။
အကယ်၍ ဘန်တာမြို့၏အလုပ်သမားများသည် ထိုနှုန်းထားကို ရလျက်နှင့်ပင် ဆန္ဒပြရန်ရွေးချယ်ပြီး စက်ရုံမန်နေဂျာများကို တိုက်ခိုက်ခြင်းသည် စိတ်ရှုပ်ထွေးစရာကောင်းသည်။
သို့သော် ရှုယီသည် စိုင်စ်နယ်မြေ၏ အရင်းရှင်များသည် ကမ္ဘာပေါ်ရှိ အရင်းရှင်များကဲ့သို့ပင်ဖြစ်သည်။ သို့မဟုတ် ကမ္ဘာပေါ်မှ အရင်းရှင်များထပ်ပင် ပို၍လောဘကြီးသည်ဟု ပြောနိုင်သည်။
ထို့ကြောင် ရွှေဒင်္ဂါးရှစ်ပြားသည် အပေါ်ယံ၌သာရှိသော နှုန်းထားဖြစ်လိမ့်မည်။
အမှန်မှာမူ ရှုယီရရှိထားသော အချက်အလက်များအရ ဘန်တာမြို့တွင် ငွေအလွဲသုံးစားပြုလုပ်သည့် ကုမ္ပဏီများစွာ ရှိနေသည်။ ထို့ကြောင့် အလုပ်သမားများရသည့် လုပ်အားခသည် သဘောတူထားသည့် လုပ်အားခထပ် တစ်ဝက်ကျော်ပင် လျော့နည်းသည်။ ရွှေဒင်္ဂါးရှစ်ပြားနှင့် အဝေးကြီးဖြစ်သည်။
ထို့အပြင် စက်ရုံအများစု၏ အလုပ်ချိန်သည် တိုးနေပြီး အလုပ်များက ခက်ခဲလာသည် ထို့ကြောင့် အလုပ်သမားများက ထိုဝန်များကို မခံနိုင်တော့ခြင်းဖြစ်သည်။
ဘန်တာမြို့တွင်ဖြစ်ပေါ်နေသော အလုပ်သမား အဓိကရုဏ်းမှာ ထိုအကြောင်းရင်းများကြောင့် ဖြစ်သည်။
ဘန်တာမြို့၏မြို့စားဗီဂန်သည် ထိုအကြောင်းကို မသိရန်မှာမဖြစ်နိုင်ပေ သို့သော် သူသည် မျိုးရိုးမြင့်များ၊ ကုန်သည်များနှင့် နက်ရှိုင်းသည့် ဆက်ဆံရေးများရှိနေပြီး ထိုကိစ္စကို မဆွဲထုတ်ခြင်း ဖြစ်သည်။
“မြို့စားဗီဂန် ကျုပ်ခင်ဗျားကို အကြံဉာဏ်တစ်ချို့ပေးမယ်” ရှုယီက ပြောလိုက်ကာ ဖြည်းဖြည်းချင်း ထလိုက်သည်။ မြို့စားဗီဂန်ကလည်း လိုက်ထကာ သူ၏စိတ်နှလုံးတွင်တော့ ရှုပ်ထွေးမှုများဖြင့် ပြည့်နေသည်။
“ဥက္ကဌရှု ကျေးဇူးပြု၍ ပြောပါ”
“အလုပ်သမားတွေရဲ့အင်အားကို လျော့မတွက်ပါနဲ့။ ပြီးတော့ ဒီစကားတွေကို ဘုရင်မကြီး ဆယ်ဗီနီကို ပြောပေးပါဦး”
ထိုစကားများကိုပြောခဲ့ပြီးနောက် ရှုယီသည် မြို့စားအိမ်တော်မှထွက်ခွာလာခဲ့ကာ မြို့စားဗီဂန်က ကြောင်အ,ကာ ကျန်ခဲ့သည်။
***
Volume 8 အခန်း ၉၅ ။ ပြင်ပအာကာသစီမံကိန်း
နေထွက်လာသောအခါ အဲလက်စ်သည် လူကိုယ်တိုင် ရှုယီအား သတင်းတစ်ခုလာ၍ပါးခဲ့သည်။
ဟိန့်ဇ်က ဆုံးပါးသွားပြီဖြစ်သည်။
အဲလက်စ်၏အဆိုအရ ဟိန့်ဇ်သည် သူ၏မိသားစုဝင်များနှင့် သူငယ်ချင်းများကို အိမ်ယာထဲတွင် စုဝေးကာ အခမ်းအနားတစ်ခုကျင်းပခဲ့သည်။ သူသည် များစွာသောက်စားကာ စကားများကိုလည်း များစွာပြောခဲ့၍ သူ၏နောက်ဆုံးညကို ပျော်ရွင်စွာကုန်ဆုံးခဲ့သည်။ နေရောင်ခြည်အမျှင်တန်းလေး ကျရောက်လာသည်နှင့် သူသည် ရီယာ၏လက်မောင်းထဲသို့ မည်သည့်သတိပေးမှုမှမရှိပဲ ရုတ်တရက် ပြိုလဲကျသွားတော့သည်။
“နောက်ဆုံးအချိန်ထိဦးလေးက ပြုံးနေခဲ့ပါတယ်” အဲလက်စ် ထိုမြင်ကွင်းကို ပြန်ခေါ်လိုက်ပြီး “နေထွက်လာတော့မဲ့အချိန်မှာ သူက အချိန်အများကြီး မကျန်တော့ကြောင်း သိနေသလိုပါပဲ။ ဒါကြောင့် ကျွန်တော့်ကို သူ့ဘေးကိုဆွဲခေါ်ခဲ့တယ်။ သူရဲ့ဘဝမှာ ကံအကောင်းဆုံးအရာက ဥက္ကဌနဲ့ တွေ့နိုင်ခဲ့တာပါတဲ့။ အကယ်၍ ဥက္ကဌကြောင့်သာမဟုတ်ခဲ့ရင် သူက သာမန်စတိုးဆိုင်ရဲ့ ပိုင်ရှင်ပဲဖြစ်နေခဲ့ပြီး သာမန်ဘဝကိုသာ နေခဲ့ရမှာပါ။ ဥက္ကဌကို တွေ့ခဲ့ရလို့သာ ဘဝကို ပျော်ရွင်စွာနေနိုင်ခဲ့ပြီး သူတစ်ခါမှ မတွေးဖူးတဲ့ ဘဝကို နေခဲ့ရတာပါ”
ခနရပ်လိုက်ပြီးနောက် အဲလက်စ်က ပြောသည်။ “ဦးလေးက ဥက္ကဌကို နောက်ဆုံးစကားတစ်ချို့ ပါးလိုက်တယ်။”
“ပြောပါ” ရှုယီက ဟိန့်ဇ်၏အိမ်ယာဖက်သို့ တည်ငြိမ်နေသော မျက်နှာနှင့် ကြည့်လိုက်သည်။
“ဦးလေးက ဥက္ကဌကိုပြောခိုင်းလိုက်တာက…” အဲလက်စ်သည် ချောင်းဟန့်လိုက်ကာ ဟိန့်ဇ်၏ အသံကိုအတုယူ၍ “ရှုယီ အကယ်၍ ငါအဲ့ကိစ္စကို သေချာစဉ်စားကြည့်ရရင် မင်းကိုငါအရင်က ပြောခဲ့တဲ့စကားတွေကို အတည်မယူရင်ကောင်းမယ်။ မင်းက ဘန်တာမြို့နဲ့ လမ်ပူရီတိုင်းပြည်အတွက် အများကြီး လုပ်ပေးခဲ့ပြီးပါပြီ။ အခုနားဖို့အချိန်လည်း ရောက်နေပြီ။ အခြားကိစ္စတွေအတွက်တော့ အကယ်၍ စိတ်ပူစရာမလိုရင် စိတ်ပူမနေပါနဲ့”
ရှုယီက အဲလက်စ်ကို ကြည့်လိုက်သည်။ “ဒါပဲလား?”
“ဒါပါပဲ”
ရှုယီက ထိုအကြောင်းကို စဉ်းစားလိုက်ပြီး ခေါင်းငြိမ့်လိုက်ကာ ဘာမှမပြောတော့ပေ။
အဲလက်က ရှုယီကို ဟိန့်ဇ်၏ အသုဘအကြောင်း ပြောခဲ့ပြီး တက်ရောက်မည်လား ဟုမေးခဲ့သည်။
အဲလက်က ထိုမေးခွန်းကိုမေးရန်မလိုပါ။ သို့သော် ရှုယီက မနေ့ညက ထွက်သွားသဖြင့် သူသည် ရှုယီမည်သို့ စဉ်းစားနေသည်ကို မသေချာ၍ လာကာအတည်ပြုရန်သာ တတ်နိုင်ခဲ့သည်။
“သေချာတာပေါ့။ ဟိန့်ဇ်က ငါ့ ပါတနာဟောင်းပဲလေ။ ငါကသူ့အသုဘကို မသွားပဲ ဘယ်နေပါ့မလဲ?” ရှုယီက စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ငါသူ့အသုဘမှာ စကားပြောဖို့စီစဉ်ထားတယ် ငါ့အတွက် စီစဉ်ပေးပါ”
အဲလက်စ်သည် ထိုအကြောင်းကို ကြားလျှင် ဝမ်းသာသွားသည်။
ရှုယီက အသုဘကိုတက်ရောက်မည်သာမကပဲ မိန့်ခွန်းပြောမည်ဖြစ်သည်။ ၎င်းသည် ဟိန့်ဇ်၏ မိသားစုကို ထောက်ပံ့လိုက်ခြင်းနှင့် တူညီပြီး သူနှင့် သူ့မိသားစုဝင်များပေါ်ကောင်းသော အကျိုးအမြတ် ရလိမ့်မည်ဖြစ်သည်။
“ကောင်းပါပြီ ဥက္ကဌ”
“အဲ့တာထက် ဟိန့်ဇ်ရဲ့ အသုဘက ကောင်းမွန်စွာကျင်းပနိုင်ရမယ်။ ငါမကောင်းတာတစ်ခုမှမမြင်ချင်ဘူး။ မင်းရဲ့ဘာအတွက်မှ မကောင်းတဲ့ ဆွေမျိုးတွေကို ငါ့ကိုယ်စားပြောပေးပါ။ အကယ်၍ ပြဿနာရှာရဲရင် ဟိန့်ဇ်ကိုယ်စား သင်ခန်းစာပေးမှာမလို့ အဲ့ချိန်မှ အပြစ်မတင်ပါနဲ့လို့ပြောလိုက်ပါ။” ရှုယီက အေးစက်သော လေသံနှင့်ပြောလိုက်သည်။
အဲ့လက်စ်၏နှလုံးသည် ထိုစကားကိုကြားသောအခါ တုန်လှုပ်သွားသည်။ ၎င်းသည် သူ၏ ဆွေမျိုးများကိုသာ သတိပေးခြင်းမဟုတ်ပဲ သူ့ကိုပါ သတိပေးခြင်းဖြစ်ကြောင်းနားလည်ကာ အမြန် ခေါင်းငြိမ့်လိုက်သည်။
နှစ်ရက်ကြာပြီးနောက်တွင် ရှုယီသည် ဟိန့်ဇ်၏အသုဘ၌ လူရှေ့ထွက်မည်ဖြစ်ကာ မိန့်ခွန်းပြောမည် ဖြစ်ကြောင်းသည် စိုင်စ်နယ်မြေတွင်းပြန့်သွားသည်။
ရှုယီသည် စိုင်စ်နယ်မြေမှထွက်ခွာခဲ့သည်မှာ ၆နှစ်တိတိကြာခဲ့ပြီဖြစ်သည်။
သူသည် စိုင်စ်နယ်မြေသို့ ၆နှစ်အတွင်းတွင် ပြန်လာနိုင်ခဲ့သော်လည်း လူရှေ့တော့မထွက်ခဲ့ပါ။ ယခုမူ သူသည် လူထုရှေ့တွင် ဤကဲ့သို့ ပုံစံဖြင့် ပြန်ပေါ်လာခဲ့ကာ လူအများစု၏သံသယဝင်မှုသည် ပိုမို မြင့်တက်လာသည်။
ရှုယီက Frestech ကုန်သည်များအသင်းနှင့်အတူ မှော်တိမ်တိုက်နယ်မြေကို သိမ်းပိုက်နိုင်၍ မလုံလောက်သေးဟု ထင်ကာ စိုင်စ်နယ်မြေကိုပါ သိမ်းပိုက်ရန် ပြန်လာခြင်း ဖြစ်နိုင်ပါသလား?
“ဒီဟာသကို ပြောနေဖို့တောင်မလိုပါဘူး” ရှုယီက ခေါင်းခါလျှက် ကန်ဒရာအင်ပါယာ၏ ဧကရာဇ်ကို ပြောလိုက်သည်။ “အရှင်မင်းကြီး ကျွန်တော်ပြန်လာတာ စိုင်စ်နယ်မြေက မှော်စက်မှုလုပ်ငန်း တိုးတက်မှုကို ပြန်လာကြည့်တာပါ ကျွန်တော်က တင်ပြချက်တွေရနေပေမဲ့ ကိုယ်တိုင်လာကြည့်ရတာနဲ့တော့ မတူဘူးလေ”
ကန်ဒရာဧကရာဇ်၏အပြုံးသည် ပျောက်ကွယ်သွားကာ အနည်းငယ်တိတ်ဆိတ်သွားပြီးမှ မျက်မှောင်ကုပ်ကာ မေးလိုက်သည်။ “ခင်ဗျားအလုပ်တွေပြီးပြီဆိုရင် ဘာဆက်လုပ်ဖို့စီစဉ်ထားလဲ?”
ရှုယီက ပြုံးလိုက်ကာ
“ကျွန်တော် ပြင်ပအာကာသစီမံကိန်းကို လုပ်ဖို့ ရှိပါတယ်။ အရှင်မင်းကြီး စိတ်ဝင်စားပါသလား?”
“ပြင်ပအာကာသစီမံကိန်း?” ကန်ဒရာအင်ပါယာက အံ့ဩသွားသည်။ “အဲ့တာက ဘာလဲ?”
“အထူးသဖြင့်ပြောရရင် ကျွန်တော်တို့ ခြေထောက်အောက်က ဂြိုလ်ထဲမှာပဲ ကန့်သတ်မခံရတော့ပဲ ကျွန်တော်တို့ အပြင်ကအာကာသထဲကို ဖြန့်ကျက်သွားမှာပါ။ ပထမဆုံးအဆင့်က ဂြိုလ်တုတွေ အများကြီး လွှင့်တင်ပြီး လူတိုင်းကို လေးနက်ပြီး နက်ရှိုင်းတဲ့ အာကာသနဲ့ပက်သက်တဲ့ နားလည်မှုကို ပေးမယ်။ ဒုတိယအဆင့်ကတော့ လူသားတွေပါတဲ့ အာကာသယာဉ်တွေ စေလွှတ်ပြီး လူတွေကို အာကာသထဲ သွားစေမယ်။ တတိယအဆင့်က………”
ထို့သို့ပြောပြီးနောက် သူသည် ရုတ်တရက် ရပ်လိုက်ကာ ခါးသက်စွာရယ်လိုက်သည်။ သူကခေါင်းကို ခါလိုက်ကာ “တတိယအဆင့်က အဲလစ်နဲ့ တဲဒစ်ကို သွားဖို့ပါ”
“နေပါဦး” ကန်ဒရာ ဧကရာဇ်က ရှုယီကို ဖြတ်ပြောလိုက်ကာ “ခင်ဗျားပြောတာ ကျွန်တော်တို့က အဲလစ်နဲ့ တဲဒစ်ကို သွားနိုင်မယ်လို့ ပြောနေတာလား? ဒါက လမဟုတ်လား လူတွေက အဲ့ကို ဘယ်လိုသွားနိုင်မှာလဲ? မတ်တပ်ရပ်ဖို့နေရာတောင် ရှိရဲ့လား?”
“သေချာတာပေါ့ “ရှုယီက သေချာသည့်အသံနှင့် “အဲလစ်သို့ တဲဒစ်ပဲဖြစ်ဖြစ် သူတို့ဟာလည်း တကယ်တော့ ဂြိုလ်တွေပါပဲ ဒါမဲ့ ကျွန်တော်တို့အောက်ကဂြိုလ်ထပ်တော့ အများကြီးသေးတယ်။ အဲ့ဒီကိုသွားဖို့ဆိုရင်….. မကြာတော့ပါဘူး။ အဲလစ်ကို ပျံသွားပြီး လုံခြုံစွာပြန်လာတဲ့ နဂါးတစ်ကောင် ရှိပါတယ်”
အဲလစ်ကို ပျံသန်းသွားတယ်?” ကန်ဒရာအင်ပါယာ၏ ဧကရာဇ်သည်ပင် ထိုသတင်းကို ကြားသောအခါ တုန်လှုပ်သွားသည်။
စိုင်စ်နယ်မြေထဲမှ လူများ၏ စိတ်ထဲတွင်အဲလစ်နှင့် တဲဒစ်သည် ကြီးမားသည့် လ နှစ်ခုဖြစ်ပြီး ညအချိန်တွင်သာ ပေါ်လာနိုင်သည်ဟုထင်ကြသည်။
အကြောင်းမှာ သူတို့သည် မရောက်နိုင်ကြပဲ အဲလစ်နှင့် တဲဒစ် အကြောင်း ပုံပြင်များစွာရှိခဲ့သည်။ သူတို့သည် လူများက အဲလစ်နှင့် တဲဒစ်သို့သွားနိုင်မည့်နေ့ ရောက်လာမည်ဟု မထင်ခဲ့ကြပါ။
Frestech ကုန်သည်များအသင်းက အပတ်စဉ်ထုတ်ဝေသော သတင်းစာစောင်များမှထုတ်ဝေသော နက္ခတ္တဗေဒ ဆောင်းပါးများကြောင့် ထိုသူများသည် မိမိတို့၏ပေါ်မှ ကောင်းကင်အကြောင်းကို ပိုမို သိခဲ့ရသည်။ သူတို့သည် သူတို့ ခေါင်းများပေါ်တွင် ကျယ်ပြောသော အာကာသရှိပြီး သူတို့သည် သူတို့ခေါင်းပေါ်မှ နေသည် ကြီးမားသည့် မီးဘောလုံးကြီးဖြစ်ကြောင်းနှင့် သူတို့သည် အဲလစ်နှင့် တဲဒစ် တို့သည် ဂြိုလ်နှစ်ခုဖြစ်ကြောင်း သိခဲ့ရသည်။
သို့သော် သူတို့သည် မည်သူမှအာကာသသို့သွားနိုင်ပြီး သူတို့ကိုယ်တိုင်ခံစားကြည့်နိုင်၍ လပေါ်တွင် ဆင်းသက်နိုင်မည့်အကြောင်း လုံးဝမတွေးမိခဲ့ပေ။
“ဟုတ်တယ် နဂါးတွေရဲ့ခန္ဓာကိုယ်ကတော့ လူတွေထပ်ပိုပြီး သန်မာကြတယ် ဒါကြောင့် သူတို့က အာကာသကို ပျံသန်းသွားပြီး အဲလစ်ကို ရောက်နိုင်တာပဲ ဒါမဲ့ ကျွန်တော်တို့ လူသားတွေနဲ့ အခြားမျိုးနွယ်တွေကတော့ သူတို့လိုမလုပ်နိုင်ကြဘူး ဒါကြောင့် ကျွန်တော်တို့က စက်တွေရဲ့စွမ်းအားကို မှိခိုနေကြရတာ” ရှုယီက ရှင်းပြသည်။
“ဒါဆိုရင် ခင်ဗျားရဲ့ ပြင်ပအာကာသစီမံကိန်းက ကျွန်တော်တို့ အာကာသအပြင်ဖက်ကို ပျံသန်းနိုင်ဖို့ အရာတွေကို တိုးတက်အောင်စတင်ပြီး ပြုလုပ်တော့မယ်လို့ ဆိုလိုတာလား? ဒါက အရမ်း….. မခက်ဘူးလား?” ကန်ဒရာအင်ပါယာ၏ ဧကရာဇ်က သံသယဝင်စွာပြောသည်။
“ဒါက အရမ်းခက်ပါတယ်” ရှုယီက ပွင့်လင်းစွာပြောသည်။ “ဒါပေမဲ့ မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့က ဂြိုလ်တုတွေလွှတ်တင်နိုင်တဲ့ လုပ်နိုင်စွမ်း ရှိနေပြီးပါပြီ။ ဒါကြောင့် ဆိုလိုတာက ကျွန်တော်တို့က အာကာသကို ဝင်နိုင်ဖို့ အရည်အချင်းရှိနေပါပြီ။ အခု နဂါးမျိုးနွယ်က အပြင်ဖက် အာကာသမှာ ကျွန်တော်တို့အတွက် အချက်အလက်တွေ စုဆောင်းပေးနေပါတယ်။ အဲ့တာက ကျွန်တော်တို့ကို အာကာသထဲမကြာခင် ဝင်နိုင်ဖို့ အကူအညီဖြစ်စေမှာပါ”
“အန်…..” ကန်ဒရာဧကရာဇ်က စဉ်းစားလိုက်ပြီးနောက် သူ့၏လက်ကိုဖြန့်ကာ ရှုယီကို မေးလိုက်သည်။ “ဥက္ကဌရှု ကျွန်တော်က ခင်ဗျားကိုမယုံတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့််ကို ရှင်းလင်းအောင် ပြောပေးပါ။ ကျွန်တော်တို့ ကန်ဒရာအင်ပါယာအနေနဲ့ ခင်ဗျားရဲ့ ပြင်ပအာကာသစီမံကိန်းမှာပါရင် ဘာအကျိုးအမြတ်များ ရမှာလဲ?”
ရှုယီက ဓာတ်ပုံတစ်ပုံကို ထုတ်လိုက်ကာ ပြုံးလျှက် ကန်ဒရာဧကရာဇ်၏ ရှေ့တွင် ချလိုက်သည်။
ကန်ဒရာဧကရာဇ်သည် ထိုဓာတ်ပုံအားယူလိုက်ပြီး တစ်ချက်ကြည့်ပြီးနောက် သူ့မျက်နှာက ငိုင်သွားသည်။
“ဥက္ကဌရှု ဒါကဘာအဓိပ္ပာယ်လဲ?”
ထို ဓာတ်ပုံသည် မြေမျက်နှာပြင်ပေါ်ရှိသာမန် တောင်ကြားတစ်ခုလို ဖြစ်သည်။ သို့သော် ကန်ဒရာဧကရာဇ်က ကြည့်လိုက်သည်နှင့် ၎င်းသည် ကန်ဒရာအင်ပါယာမှ အရှေ့ပိုင်းတွင် တည်ဆောက်ထားသော စစ်တပ်သုံးမှော်စက်မှုသုတေသနဌာန ဖြစ်ကြောင်း ပြောနိုင်သည်။
၎င်းသည် ကန်ဒရာအင်ပါယာ၏ လျို့ဝှက်စခန်းတစ်ခုဖြစ်သည်။ ရှုယီက မည်သို့ သိသွားပါသနည်း?
“အရှင်မင်းကြီး ကျွန်တော့်ဆီ ဒီလျို့ဝှက်ချက်ကို ဘယ်ကပေါက်ကြားလဲ ဆိုတာကို မတွေးနေပါနဲ့။ အနီးကပ်ကြည့်ကြည့်ပါဦး ပြဿနာတစ်ခုခုကိုများတွေ့လား?”
ကန်ဒရာ ဧကရာဇ်က ခေါင်းရှုပ်သွားပြီး ဓာတ်ပုံကို သေချာအောင်ကြည့်လိုက်သည်။ ခနအကြာတွင် သူသည်ထိုပုံအားရိုက်ထားသည့် အနေအထားက အလွန်ထူးဆန်းကြောင်း သိသွားသည်။
ပြောရမည်မှာ ထိုတောင်ကြား၏ပုံသည် အလွန်ဝေးကွာသောနေရာမှရိုက်ထားခြင်းဖြစ်ပြီး အပေါ်ဖက်မှ ရိုက်ထားခြင်းဖြစ်ကြောင်း ပြောနိုင်သည်။
ထိုပုံကို အပေါ်မှရိုက်ထားခြင်းဖြစ်ကာ သို့သော် ကြည့်ရသည်မှာ နီးနေသည်။ ၎င်းသည် တောင်၏ မြင်ကွင်းတစ်ခုလုံးကို ရှင်းလင်းစွာပြထားကာ ထိုတောင်ကြား၏သစ်ပင်များမှ သစ်ရွက်များကိုပင် ရှင်းလင်းစွာပြထားသည်။
၎င်းသည် လူကို အံ့ဩစေသည်။
ထိုတောင်ကြားသည် သာမန်ပင်ဖြစ်သော်လည်း လုံခြုံရေး တင်းကြပ်ထားသည်။ ထို့ကြောင့် လူ သို့ ပျံသန်းရေးစက်တစ်ခုခုသည် ထိုမျှလောက်အနီးကပ်မှ ခြေရာခံနိုင်ခြင်းမရှိပဲ လာနိုင်ရန် မဖြစ်နိုင်ပေ။
“ဒါက ဘယ်လိုရိုက်ထားတာလဲ?” ဧကရာဇ် ကန်ဒရာကမေးသည်။
ရှုယီက အပေါ်ကို ပြလိုက်သည်။
“အရှင်မင်းကြီး အကယ်၍ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဂြိုလ်တုကနေ လှမ်းရိုက်ထားတာလို့ပြောရင် ခင်ဗျား ယုံမလား?”
ဧကရာဇ် ကန်ဒရာသည် သူတို့၏ခေါင်းပေါ်မှ ကောင်းကင်ကို ကြည့်လိုက်ပြီး သူသည် ပခုံးတွန်လိုက်သည်။
“အဓိပ္ပာယ်မရှိတာ ခင်ဗျားတို့ ကုမ္ပဏီက ဂြိုလ်တုက ပြင်ပအာကာသမှာ ရှိနေတာမလား? ခင်ဗျားတို့ ကုမ္ပဏီက ပြောကြားချက်အရ အဲ့တာက ကီလိုမီတာ တစ်ရာကျော်တယ်ဆို အဲ့တော့ အဲ့တာက ဘယ်လိုလုပ် မြေပြင်ပေါ်ကို အဲ့လို ရိုက်နိုင်မှာလဲ? ဒီလောက် ရှင်းရှင်းလင်းလင်းကြီးလေ?”
ရှုယီက ပြုံးပြလိုက်ကာ ပြန်လည်တုံ့ပြန်ခြင်းမရှိပေ။
ဧကရာဇ် ကန်ဒရာသည် ရှုယီကို ခနကြည့်လိုက်ပြီးနောက် အသက်ဝဝရှုလိုက်ကာ သူ့အမူအရာများကို တည်ငြိမ်အောင်လုပ်လိုက်သည်။
ရှုယီနှင့် Frestech ကုန်သည်များအသင်းသည် ထိတ်လန့်စရာကောင်းကာ မယုံနိုင်စရာကောင်းသော အရာများကို များစွာလုပ်ခဲ့ပြီးဖြစ်ကာ စိုင်စ်နယ်မြေအတွင်းမှလူများ၏ သိစိတ်ကို များစွာ ဖျက်ဆီး ခဲ့သည်။ အကယ်၍ ကန်ဒရာဧကရာဇ်သည် ထိုအကြောင်းသည် ဖြစ်နိုင်ချေမရှိဟုခံစားရသော်လည်း ဖြစ်နိုင်သည်ကိုမူ သိနေပါသည်။
ရှုယီသည် သူ့အားလိမ်ပြောဖို့မလိုသည့်အချက်ကလည်း ရှိသေးသည်။
“ဥက္ကဌရှု ခင်ဗျားရဲ့ ဂြိုလ်တုက ဒီတောင်ကြားတစ်ခုတည်းကိုတော့မြင်နိုင်တာမဟုတ်ဘူးမလား?”
“သေချာတာပေါ့” ရှုယီက မတုံ့ဆိုင်းပဲ ပြောလိုက်သည်။
“ဒါဆို ခင်ဗျားမမြင်နိုင်အောင်လုပ်ဖို့ နည်းလမ်းရှိလား?
“ဒါလည်းရှိတာပေါ့” ရှုယီက ခနရပ်လိုက်ပြီး ရှင်းပြလိုက်သည်။ “အကယ်၍ ကန်ဒရာအင်ပါယာက ဒီလို ပြင်ပအာကာသမှာ ဂြိုလ်တုလွတ်နိုင်ခဲ့ရင် ပြင်ပအာကာသကနေ ဒီလို မြင့်မားတဲ့ အရည်အသွေးရှိတဲ့ ဓာတ်ပုံတွေကို မြေပြင်ပေါ်ရိုက်ယူနိုင်ခဲ့ရင် သဘာဝကျစွာနဲ့ အဲ့တာကို ကာကွယ်ဖို့ နည်းလမ်းရှိမှာပဲ အဲ့တာက ရိုးရှင်းတဲ့ အချက်မဟုတ်ဘူးလား?”
ကန်ဒရာဧကရာဇ်သည် အသက်ရှုသံ ပြင်းလာသည်။ ရှုယီ၏စကားများသည် ခြိမ်းခြောက်မှု တစ်ခု ဖြစ်သည်။
သို့သော် သူ၌ ရွေးချယ်စရာမရှိပဲ ယုံကြည်ကာနားထောင်ရန်သာ တတ်နိုင်သည်။
အကယ်၍ Frestech ကုန်သည်များအသင်း၏ ဂြိုလ်တုများသည် ကန်ဒရာအင်ပါယာ၏နေရာတိုင်းကို မြင်နိုင်လျှင် မည်သို့သော လျို့ဝှက်ချက်ကို ထားနိုင်ပါမည်နည်း?
ကန်ဒရာ ဧကရာဇ်၏ မျက်နှာအမူအရာပြောင်းလဲသွားသည်ကိုကြည့်ရင်း ရှုယီ၏အပြုံးသည် ပိုမို၍ ကျယ်လာသည်။
သူသည် ကန်ဒရာဧကရာဇ်က တုန်လှုပ်သွားပြီးဖြစ်ကာ မကြာမီ သို့ နောက်ပိုင်းတွင် သဘောတူတော့မည်ဖြစ်ကြောင်း သိလိုက်သည်။
ထို့နောက် ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာတို့အား ဂရုစိုက်ပြီးလျှင် မည်သည့်နိုင်ငံကို အာရုံစိုက်ရပါမည်နည်း?
Volume 8 အခန်း ။ ၉၆ သူက မောင်လေးပါ
ရှုယီ၏ စိုင်စ်နယ်မြေကို ၆နှစ်အကြာမှ ပြန်လည်ရောက်ရှိလာကာ သူ၏ လုပ်ဆောင်ချက်တစ်ခုဆီ တိုင်းသည် မရေမတွက်နိုင်သော သူများ၏ အာရုံစိုက်မှုကို ရရှိသည်။
လူများသည် သူစိုင်စ်နယ်မြေသို့ ဤတစ်ကြိမ်ပြန်လာခဲ့သည် ဟိန့်ဇ်ကို နောက်ဆုံးတစ်ကြိမ်အနေနှင့် လာတွေ့ခြင်း မဟုတ်ကြောင်း ယုံကြည်ကြကာ သူ့၌ အစီအစဉ်များ ရှိလိမ့်မည်ဖြစ်သည်။
အချက်အလက်များသည် လူတိုင်းမျှော်လင့်ထားသည့် အတိုင်းပင်။
ဟိန့်ဇ်၏ အသုဘသို့ သွားပြီးနောက် ရှုယီသည် အင်ပါယာနှစ်ခု၊ ရူဒ်ဆန် တိုင်းပြည်၊ မန်နာမှော်တိုင်းပြည်၊ နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံနှင့် အခြားအရေးကြီးသော နိုင်ငံများတွင် ပေါ်ထွက် လာခဲ့ကာ ထိုနိုင်ငံများ၏ အုပ်ချုပ်သူများဖြင့် အစည်းအဝေးများပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးများသည် မည့်သည့်အကြောင်းအရာဖြစ်ကြောင်းမည်သူမှ မသိကြသော်လည်း ထိုအစည်းအဝေးများ ပြီးဆုံးသွားပြီးနောက် ထိုတိုင်းပြည်များသည် တစ်ချိန်တည်းလိုလိုပင် ၎င်းတို့သည် Frestechကုန်သည်များအသင်းနှင့် ပူးပေါင်းမှုအသစ်တစ်ခုပြုလုပ်တော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း သူတို့သည် ထို ပူးပေါင်းမှု၏ အသေးစိတ်အချက်လက်များကို မကြေညာခဲ့ပေ။
လူတိုင်းသည် ထိုအကြောင်းကို သံသယဝင်နေကြချိန်တွင် ရှုယီသည် စိုင်စ်နယ်မြေကို ပတ်သွားခဲ့ကာ လူထု၏အမြင်မှ နောက်တစ်ကြိမ်ပျောက်ကွယ်သွားပြန်သည်။
လူတို့သည် ထိုအကြောင်းကို သံသယဝင်နေကြသည်။
ရှုယီက ဤတစ်ကြိမ်ပြန်လာသည်မှာ ဘာလာလုပ်ခြင်းဖြစ်သနည်း?
“အဖေ ဒီလောက်ဆို လုံလောက်ပြီလား?” ဖရီယာက ရှုယီကို သံသယအကြည့်နှင့် ပြောသည်။ “သူတို့ကို နည်းပညာ နည်းနည်းပေးလိုက်ရုံနဲ့ လောက်လို့လား သူတို့ ဖမ်းဆုပ်နိုင်ပါ့မလား?”
“လုံလောက်ပါပြီ” ရှုယီကခေါင်းငြိမ့်သည်။ “ စိုင်စ်နယ်မြေရဲ့ အဓိကနိုင်ငံတွေက ပြည့်စုံတဲ့ မှော်စက်မှု လုပ်ငန်း တွေ ရှိနေပြီဖြစ်ပြီး နည်းပညာတွေစုဆောင်းနိုင်နေပြီ ပြင်ပအာကာသစီမံကိန်းက ကြားရတာ အရမ်းခက်နိုင်ပေမဲ့ အခြေခံရှိပြီး သူတို့ရဲ့ဦးတည်ချက်ကို သုတေသနပေါ်အာရုံစိုက်လိုက်ရင် တိုးတက်ဖို့ မခက်တော့ပါဘူး”
“ဒါမဲ့ သူတို့ကိုယ်တိုင် တိုးတက်စေချင်ရင် ဒီနည်းလမ်းက အရမ်းမနှေးဘူးလား?”
ဖရီယာက မျက်မှောင်ကုပ်လိုက်သည်။ “အဖေ အဲ့ဒီနိုင်ငံတွေကို အာကာသထဲကို ဖြစ်နိုင်သမျှ အမြန် မဝင်စေချင်ဘူးလား?”
“ မဝင်စေချင်ဘူး အကယ်၍ အာကာသထဲကိုပဲ ဝင်နိုင်ဖို့ပဲဆိုရင် ငါတို့ကိုယ်တိုင်လုပ်လို့ရတယ် အဖေ စိုင်စ်နယ်မြေကို ဒိကိစ္စမှာ ပါဝင်စေချင်ရတဲ့ အကြောင်းက သူတို့ရဲ့မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး ပိုမြင့်တဲ့ နေရာကို ကြည့်နိုင်ဖို့ပဲ။ သူတို့က ဒီသေးငယ်တဲ့ စိုင်စ်နယ်မြေ သို့ ဒီဂြိုလ်မှာ မကန့်သတ်နေစေချင်ဘူး”
ဖရီယာက ပခုံးတွန့်လိုက်သည်။ “သူတို့က အဖေရဲ့ ရည်ရွယ်ချက်ကို သိကြမှာမဟုတ်ဘူး”
ရှုယီက ရယ်သည်။
“ဒါက အဖေတို့ရဲ့ ထိန်းချုပ်မှုက ကျော်သွားပြီ။ ပြင်ပအာကာသကနေရတဲ့ အကျိုးကျေးဇူးတွေကို ကြည့်ပြီးရင် သူတို့ စိတ်မဝင်စားရင်တောင် ရင်းနှီးမြုပ်နှံလိမ့်မည်။
ဖရီယာက မနေနိုင်ပဲ ပြုံးလိုက်ကာ သူမကပြောလိုက်သည်။ “အဖေ သမီးထင်တာ အဖေက တစ်ခါတစ်လေ ဆိုးသလိုပဲ။ နိုင်ငံတွေတိုင်းဟာ အဖေရဲ့ဦးဆောင်မှု အောက်မှာပဲနေနေရတယ်။ သူတို့က အဖေဘာလုပ်မလဲဆိုတာ အမြဲစိတ်ပူနေရတယ်။ အဖေသိလား အရင်နှစ်တွေတုန်းက သမီး ဘယ်နိုင်ငံကိုသွားသွား သူတို့သမီးကိုတွေ့ရင် သတိထားကြတယ်။ သူတို့သမီးကို ဆန့်ကျင်မိမှာ ကြောက်ကြတယ်လေ။ သမီးထင်တာ သမီးကိုကြောက်တာမဟုတ်ဘူး။ အဖေ့ကိုကြောက်တာပဲ နေလိမ့်မယ်”
ရှုယီက ပြုံးလိုက်သည်။ “ဒါကမသေချာပါဘူး။ သူတို့သမီးကို ကြောက်တာလဲဖြစ်နိုင်တာပဲ။ အဖေကိစ္စတွေ အများကြီးကို တိုးတိုးတိတ်တိတ် ကြားထားတာတွေရှိတယ်။ ပြောကြတာ ရှုယီရဲ့သမီးက သူ့အဖေလိုပဲတဲ့ သူကဆန့်ကျင်မိလို့မရတဲ့သူပဲတဲ့”
ဖရီယာက စိတ်ဆိုးချင်ဟန်ဆောင်ကာ ပြောလိုက်သည်။ “ဘယ်သူက အဲ့လိုပြောတာလဲ။ သမီးက ဘယ်လိုလုပ် အဲ့လောက် ကြမ်းတမ်းမှာလဲ။ အဲ့ဒီလူတွေက သမီးကို ဥက္ကဌအသစ်အနေနဲ့ အနိုင်ကျင့်ကြတာ အသက်ငယ်တယ်။ ပြီးတော့ ကိစ္စတွေအများစုကို နားမလည်ဘူးလို့ ထင်ကြတာ။ အကယ်၍ အဖေကသာ အားလုံးတူတူ တိုးတက်ချင်တယ်လို့ မပြောထားရင် သမီးသူတို့ကို ကိုင်တွယ်လိုက်တာကြာပြီ”
ရှုယီက အနည်းငယ်စိတ်ဆိုးနေသော ဖရီယာကို ကြည့်ကာ ပြုံး၍ ကြင်နာသည့်အသံနှင့် မေးလိုက်သည်။ “ဖရီယာ ဒီနှစ်တွေအတွင်း ဥက္ကဌလုပ်ရတာ ခက်ခဲတယ်မလား?”
ဖရီယာက တိတ်ဆိတ်သွားပြီး ပထမ၌ ခေါင်းငြိမ့်လိုက်ကာ နောက်ခေါင်းကို ခါလိုက်သည်။ သူမက ပြုံးကာ ပြောသည် “အစကတော့ တော်တော်ခက်ခဲပေမဲ့ သမီး နေသားကျသွားတော့ မခက်တော့ပါဘူး”
“ဒါဆို သမီး ဆုံးဖြတ်ချက်အတွက် နောင်တရလား? အကယ်၍ ဆက်မလုပ်ချင်တော့ပဲ ဥက္ကဌနေရာက ဆင်းချင်ရင်လည်း အဖေက သမီးကို ထောက်ခံပေးမှာပါ။ သမီးအမေက အဖေ့ကို အမြဲပြောတာ သမီးနဲ့ ရှုကျိုးနဲ့ကို ကျွန်းကိုခေါ်လာပြီး တို့မိသားစုတွေ အတူတူ ပျော်ပျော်ရွင်ရွင်နေရအောင်တဲ့”
ရှုကျိုးမှာ ရှုယီနှင့်စတေးလ်တို့၏ ဒုတိယသားဖြစ်သည်။
သူက ဖရီယာနှင့် ကွာခြားသည်။ သူ့၌ ရှုယီ၏ ကမ္ဘာကအတိုင်း တရုတ်နာမည်ရှိကာ ရှုယီအတိုင်းပင် ကွဲပြားသည်။
ရှုကျိုး၌ ဖရီယာနှင့်မတူသော အကျင့်စရိုက်ရှိသည်။ သူသည်အလွန် တည်ငြိမ်ကာ ဖရီယာကဲ့သို့ မတက်ကြွပေ။ ထို့ကြောင့် သူသည် သူ၏ မှော်သုတေသနတွင်သာ စိတ်ဝင်စားမှုရှိသည်။
မိဘများမှဆင်းသက်လာသည့် ကောင်းသောမျိုးရိုးဗီဇနှင့် သူ၏မိသားစုပတ်ဝန်းကျင်ရှိ အလွန် ကောင်းမွန်သော မှော်အသိုင်းအဝိုင်းကြောင့် ရှုကျိုးသည် ငယ်ရွယ်စဉ်ကပင် ကောင်းမွန်သည့် ပါရမီ ရှိသည်။ သူသည် Frestech အကယ်ဒမီကို အသက်ငယ်ငယ်နှင့် ဝင်နိုင်ခဲ့ပြီး ဘွဲ့ရသည်နှင့် Frestech ကုန်သည်များအသင်း၏ မှော်သုတေသနဌာနသို့ တိုက်ရိုက်ဝင်နိုင်ခဲ့သည်။
ယခုမူသူသည် အသက် ၂၈ နှစ်ရှိပြီ ဖြစ်ပြီး စီမံကိန်းတစ်ခု၏ ခေါင်းဆောင်ဖြစ်ကာ သူ၏ ယခုလက်ရှိ သုတေသနစီမံကိန်းမှာ သုံးစွဲနေစဉ် မှော်စွမ်းအင်ကုန်ဆုံးခြင်းနှင့် ပက်သက်သည့် စီမံကိန်းဖြစ်သည်။
“မဟုတ်ပါဘူး သမီးနောင်တမရပါဘူး” ဖရီယာက တောက်ပကာ အပူပင်ကင်းသော အပြုံးကို ရှုယီရှေ့တွင် ပြထားပြီး “သမီးက ပထမ နှစ်နှစ်လောက်မှာပဲ ဆုံးဖြတ်ချက်ခိုင်မာအောင် အလုပ် ကြိုးစားခဲ့တာပါ။ ဒါမဲ့ နေသားကျလာတော့ ဥက္ကဌဖြစ်ရတာ မဆိုးဘူးလို့ ခံစားလာရတယ်”
ခနကြာပြီးနောက် ဖရီယာက ရှုယီကို ပွင့်ပွင့်လင်းလင်းပြောတော့သည်။ “အဖေ သမီး အရေးကြီးတဲ့ အရာတွေကို ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ခံစားချက်ကို ကြိုက်တယ်။ အဲ့တာက သမီးကို ကိုယ်တိုင်ရဲ့ဘဝကို ထိန်းချုပ်ထားနိုင်တယ်လို့ ခံစားရပြီး လွတ်လပ်တယ်လို့ ခံစားရတယ်”
“ဒီလောက် တာဝန်ကြီးတဲ့ ရာထူးက သမီးကို လွတ်လပ်စေတယ်?” ရှုယီက အနည်းငယ်အံ့သြကာ ဖရီယာကို ကြည့်လိုက်သည်။ သူသည် သူ၏သမီးက သူနှင့်မတူပဲ သဘာဝအလျောက် အုပ်ချုပ်သူ ဖြစ်နေသည်ဟု ခံစားသွားရသည်။
“အန်..” ဖရီယာ ကခေါင်းငြိမ့်သည်။ “အခုသမီးအခြေအနေကို ကြိုက်တယ် ဒါကြောင့် သမီးကို ပစ်ပေးလိုက်တဲ့ အလုပ်ကို မလုပ်မှာ စိုးရိမ်မနေပါနဲ့”
ရှုယီက မနေနိုင်ပဲပြုံးလိုက်သည်။ “သမီးလုပ်ချင်စိတ်ရှိတာကောင်းပါတယ်။ အဖေအရင်ကလည်း ပြောခဲ့တယ် သမီးရဲ့အဖေတစ်ယောက်အနေနဲ့ သမီးအတွက်လမ်းပဲဖွင့်ပေးနိုင်တယ်။ ဒါမဲ့ လျောက်ရမဲ့လမ်းက သမီးအပေါ်ပဲမူတည်တယ်။ အခု သမီးက အဲ့တာကောင်းတယ်လို့ထင်ရင် လုပ်ပါ။ ဒါမဲ့ သမီးက Frestech ကုန်သည်များအသင်း ဥက္ကဌမှာ အာဏာရှိသလို တာဝန်လည်းရှိတာကို သိပြီး သမီးရဲ့ လိုချင်တဲ့ဆန္ဒအပေါ် မူတည်ပြီး လုပ်လို့မရဘူးဆိုတာကိုလည်းသိရမယ်”
“သမီးသိပါတယ်” ဖရီယာက ရှုယီကို ဖက်လိုက်ကာ ပြုံးလျက် “အဖေ အခု အဖေက မှော်တိမ်တိုက်နယ်မြေကို ထိန်းချုပ်နိုင်ပြီဆိုတော့ နိုင်ငံတည်ထောင်ပြီး မှော်တိမ်တိုက်နယ်မြေရဲ့ ဘုရင်လုပ်ဖို့ စိတ်မဝင်စားဘူးလား? မိုက်မှာသေချာတယ်”
“ခေါင်းကိုပဲ အေးအောင်လုပ်” ရှုယီက ဖရီယာ၏ခေါင်းကို ရိုက်လိုက်ပြီး သူ့ကိုကြည့်ကာ “အဖေကတော့ စိတ်မဝင်စားဘူး။ အကယ်၍ သမီးစိတ်ဝင်စားရင် သမီး ဘုရင်မ လုပ်လို့ရပါတယ်။ အဖေမတားပါဘူး”
ဖရီယာက သူ့ခေါင်းကို ကုတ်လိုက်ကာ အပြုံးဖြင့်ပြောသည်။ “သမီးလည်းစိတ်မဝင်စားပါဘူး။ သမီးအခု ဥက္ကဌအနေနဲ့ ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ခံစားချက်ကို ကြိုက်တယ်ဆိုပေမဲ့ ပြဿနာများတယ် လို့လည်း ခံစားနေရသေးတယ်။ အကယ်၍ သမီးကို အန်တီ ဆယ်ဗီနီ လို ဘုရင်မ ဖြစ်စေချင်ရင် မောလို့ သေလိမ့်မယ်”
“သမီးနားလည်တာကောင်းတယ်” ဖရီယာ၏စိတ်ထဲမှ စကားသံကိုကြားကာ ရှုယီက သက်ပြင်းချ လိုက်သည်။ “သမီးရဲ့ အန်တီ ဆယ်ဗီနီက သူ့ကို စစချင်းတွေ့တုန်းက သူက ရည်မှန်းချက်အပြည့်နဲ့ ကောင်မလေးပဲ အခုပုံစံနဲ့ အရမ်းကို ကွာခြားတယ်…”
ဖရီယာက ရှုယီ၏ ရှုပ်ထွေးနေသော အမူအရာကို တိတ်တဆိတ်ကြည့်လိုက်ကာ သူက ဂရုစိုက်စွာ မေးလိုက်သည်။ “အဖေ အဖေနဲ့ အန်တီဆယ်ဗီနီက အခု စကားများနေကြတာလား?”
“မဟုတ်ပါဘူး အဖေတို့ကြားမှာ စကားများတာမရှိပါဘူး။ ဒါက လမ်ပူရီတိုင်းပြည်ရဲ့ ပြဿနာပါ။ အဖေတို့ အားလုံးသိပါတယ်။ ဒါမဲ့ အဖေတို့ ရှောင်လွဲလို့မရဘူးဆိုတာကိုလဲသိတယ်။ ဒါက အဖေတို့ ဘာမှမလုပ်နိုင်တဲ့ အခြေအနေဖြစ်လို့ ဘယ်သူမှလဲ ဘာမှမပြောနိုင်ဘူး”
“ဒါဆိုအဖေက အင်ပါယာနှစ်ခုကော ရူဒ်ဆန် တိုင်းပြည်နဲ့ နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံကိုပါ သွားခဲ့ပြီး လမ်ပူရီတိုင်းပြည်ကိုကျတော့ အန်ကယ် ဟိန့်ဇ်ရဲ့ အသုဘပြီးတာနဲ့ ထွက်လာခဲ့တာလေ… အဖေပြန်လာတဲ့ထိ အန်တီ ဆယ်ဗီနီ ကိုမတွေ့ခဲ့ဘူးမလား? မနေ့က ရေမွန်က အဲ့အကြောင်း မေးနေတယ်”
“အို ရေမွန်က သမီးကိုမေးတယ်?” ရှုယီက အံ့ဩသည့် အသံဖြင့်မေးသည်။ “ဘာတွေပြောကြတာလဲ?”
“ရေမွန်က အခြားပေါ့ပေါ့ပါးပါး စကားတွေပြောပြီး အဖေအကြောင်းနဲ့ ပက်သက်ပြီးပြောဖြစ်တာ။ သူက အန်တီ ဆယ်ဗီနီ အကြောင်းကိုတော့ ဘာမှမပြောသွားဘူး။ ဒါမဲ့သူက အဖေ အန်ကယ်ဟိန့်ဇ်အသုဘကို သွားပေမဲ့ အန်ဗီမာမြို့တော်ကို မသွားတာတော့ ပြောတယ်” ဖရီယာက ခနရပ်လိုက်ပြီး “ရေမွန်က ဝမ်းနည်းနေသလိုပဲ”
“ဝမ်းနည်းနေတာ?” ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ “အဖေက ဘန်တာမြို့မှာ ငါးရက်နေခဲ့တာတောင် ဆယ်ဗီနီကကော ဟိန့်ဇ်ရဲ့ အသုဘကို မသွားလို့လား?”
ဖရီယာက မျက်တောင်ခတ်လိုက်ကာ မနေနိုင်ပဲ ရယ်လိုက်သည်။
“အဖေ ဘာလို့ သမီးခံစားနေရတာ အဖေနဲ့ အန်တီ ဆယ်ဗီနီက စုံတွဲတွေ စကားများသလို ဖြစ်နေရတာလဲ”
“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့” ရှုယီက ဆူသည်။ “ဆယ်ဗီနီက လမ်ပူရီတိုင်းပြည်ရဲ့ ဘုရင်မ ဖြစ်နေပြီး သမီးသူကို ဘာပဲဖြစ်ဖြစ် လေးစားမှုပြရမယ်။ ပြီးတော့လဲ အကယ်၍ သမီးအမေကြားရင်….”
“အမေက အကယ်၍ သူကြားရင်တောင် ဘာမှမပြောလောက်ပါဘူး” ဖရီယာက ပြုံးသည်။ “အမေကတောင် အရင်က ပြောသေးတယ်။ အကယ်၍ အဖေသာ ဆန္ဒရှိရင် အဖေက လမ်ပူရီတိုင်းပြည်ရဲ့ ဘုရင် ဖြစ်နိုင်လောက်တယ်တဲ့”
ရှုယီက မတတ်နိုင်ပဲ ခေါင်းခါလိုက်ပြီး သက်ပြင်းချကာပြောသည်။ “ဒါတွေအကုန် အတိတ်မှာကျန်ခဲ့ပြီ။ ထပ်မပြောနဲ့တော့ အတိုပြောရရင် ကွဲပြားတဲ့ အမြင်တွေမှာဆို ဆယ်ဗီနီနဲ့ အဖေနဲ့က တကယ်ပဲ.. အချို့နေရာတွေမှာ သဘောတူညီမှုမရဘူး။ ဒါပေမဲ့ သူမက အဖေနဲ့ နှစ်သုံးဆယ်ကျော်လောက် သိလာတဲ့သူငယ်ချင်းပဲလေ။ လမ်ပူရီတိုင်းပြည်ကလည်း အဖေတို့ Frestechကုန်သည်များအသင်းရဲ့ အရေးကြီးတဲ့ ပါတနာနဲ့ မိတ်ဖက်ပဲ။ ဒါကြောင့် ကိုယ်ရေးကိုယ်တာကိစ္စက ဘာမှ အဓိပ္ပာယ်မရှိပါဘူး။ သမီး အဲ့ဒီကိစ္စအတွက် မပူပါနဲ့”
“ရေမွန်နဲ့ သမီးနဲ့က ပြဿနာမရှိပါဘူး။ သမီးတို့က ကောင်းမွန်တဲ့ ပူးပေါင်းမှု ရှိပါတယ်။ ဒါမဲ့ အဖေစီစဉ်တဲ့ ပြင်ပအာကာသ စီမံကိန်းမှာ အဖေက တမင် လမ်ပူရီတိုင်းပြည်ကို ချန်ခဲ့တာလေ။ ဒါကြောင့် သမီးက အဖေ့ရဲ့ခံစားချက်တွေကို သိချင်တာ”
“အဖေ့ ခံစားချက်တွေက အရေးမကြီးပါဘူး” ရှုယီက ခေါင်းခါလိုက်သည်။ “လမ်ပူရီတိုင်းပြည်က စိုင်စ်နယ်မြေထဲက မှော်စက်မှုလုပ်ငန်းမှာ အတိုးတက်ဆုံးပဲ။ ပြီးတော့ နည်းပညာတွေ အများကြီး စုဆောင်းထားပြီးပြီ။ ဒါကြောင့် သူတို့ ပြင်ပအကာသစီမံကိန်းကို ထပ်မလုပ်နိုင်တော့ဘူး”
“အဲ့တာကြောင့်လား?” ဖရီယာက ချစ်ဖို့ကောင်းစွာ ပြုံးလိုက်ကာ “ဒါဆို သမီးနားလည်ပါပြီ”
ဖရီယာက ထိုကိစ္စကို လွယ်ကူစွာသဘောတူလိုက်သည်ကို မြင်လျှင် ရှုယီက ရုတ်တရက် ပြဿနာကို တွေးမိလိုက်သည်။ သူကမျက်မှောင်ကုပ်ကာ မေးသည်။ “ဖရီယာ သမီးနဲ့ ရေမွန်နဲ့ ဆက်ဆံရေးက အရမ်းကောင်းတာလား?”
“ဟုတ်တယ် သမီးတို့ ပုံမှန်စကားပြောဖြစ်တယ်။ ဒါကြောင့် သမီးတို့ ဆက်ဆံရေးက မဆိုးပါဘူး ဘာဖြစ်လို့လဲ?”
“သမီး ….သမီး သူ့အပေါ်တော့ ခံစားချက်မရှိပါဘူးမလား?” ရှုယီက တွန့်ဆုတ်စွာမေးလိုက်သည်။
“ခံစားချက်?” ဖရီယာက ရှုယီကို အံ့သြသောမျက်နှာနှင့်ကြည့်လိုက်သည်။ ခနစဉ်းစားပြီးနောက် သူမသည် ရှုယီဆိုလိုသည်ကို နားလည်သွားကာ ပြုံးလျှက် “အဖေ… အဖေ မှားနေပြီ… ဟားဟား……. ဟားဟား ရယ်ရလို့ သေပါပြီ သမီးသိတယ်…..ဒါကြောင့် အဖေ… အဖေစိုးရိမ်စရာမလိုပါဘူး။ သမီးက ရေမွန်ကိုဘယ်လိုလုပ်ချစ်နိုင်ပါ့မလဲ? သမီးသိပြီးသား ရေမွန်က….”
ဖရီယာက မနေနိုင်ပဲ ရယ်လိုက်မိကာ သူမကိုယ်ကို ထိန်းလိုက်ပြီးမှ ရှုယီကို ကျီစယ်သည့်အပြုံးဖြင့် ပြုံးကာ ကြည့်လိုက်သည်။
“သူက သမီးမောင်လေးမလား?”
ရှုယီက ရှက်ရွံမှုများနှင့် ပြည့်သွားရသည်။
***
Volume 8 အခန်း ၉၇ ။ စစ်ပွဲ၏ဖရိုဖရဲအခြေအနေများ
Frestechကုန်သည်များအသင်း၏ ဌာနချုပ်တွင် ခနနေပြီး ဖရီယာနှင့်အတူ ပြင်ပအာကာသစီမံကိန်း ကိစ္စကိုဆွေးနွေးပြီးနောက် ရှုယီသည် သူငယ်ချင်းဟောင်းများနှင့် တွေ့ခဲ့ပြီးမှ စိုင်စ်နယ်မြေက ထွက်ခွာ သွားသည်။
ယခုတစ်ခေါက်တွင် သူသည် စိုင်စ်နယ်မြေသို့ ဟိန့်ဇ်ဖျားနေသည့်အချိန်တွင်လာခဲ့ကာ သူပြန်သွားသည် အထိ လဝက်ပင် မကြာလိုက်ပေ။ ထိုခရီးသည် မြန်ဆန်သည့်ခရီး ဟုသတ်မှတ်နိုင်သည်။
ရှုယီ၏ မှော်လေသင်္ဘောဖြင့် စိုင်စ်နယ်မြေမှ ထွက်လာသည့်သတင်းကို လက်ခံရရှိပြီးနောက် မရေတွက်နိုင်သည့် သူများသည် စိတ်အေးချမ်းစွာ သက်ပြင်းချလိုက်ကြသည်။
ထိုလူများသည် ရှုယီက စိုင်စ်နယ်မြေကို ပြန်လာကာ ကြီးမားသည့် ပြောင်းလဲမှုကိုယူဆောင်လာခဲ့ပြီး အချို့ နိုင်ငံများကိုသာ မိတ်ဆက်ခဲ့ပြီးနောက် ဘာမှမလုပ်ပဲနေမည် မဟုတ်ကြောင်းတွေးမိသည်။
လူအများစုက ထိုကိစ္စကို လျို့ဝှက်ဆွေးနွေးနေပြီး မနေနိုင်ပဲ ခန့်မှန်းနေကြသည်။
ရှုယီပြောသည်မှာ အမှန်တကယ်ဖြစ်နိုင်ပါသလား? သူသည် ဖရီယာအား Frestech ကုန်သည်ကြီးများအသင်းကို လွှဲခဲ့ကာ စိုင်စ်နယ်မြေရှိ အဖြစ်အပျက်များကို ဂရုမစိုက်တော့သည်မှာ အမှန်တကယ် ဖြစ်ပါသလား?
မည်သူမှ ရှုယီ၏ ဝမ်းအတွင်းမှ သန်ကောင် မဟုတ်သဖြင့် ရှုယီ၏အတွေးများအား အမှန်တကယ် နားမလည်ခဲ့ပါ။
သို့သော် သူတို့သည် နောက်ဆုံး၌ ရှုယီက စိုင်စ်နယ်မြေမှထွက်ခွာသွားပြီးနောက် ထိုအကြောင်းကို ဂရုမစိုက်ကြတော့ပါ။
နောက်ဆုံးတစ်ခေါက် သူထွက်သွားစဉ်က ၆နှစ်ကြာခဲ့ပြီး ပြန်လာသည့်အချိန်၌လည်း လဝက်ပင်နေခဲ့သည်။
ဤတစ်ကြိမ်၌ သူသည် အချိန်ပိုကြာအောင်ထွက်သွားလိမ့်မည်လား?
လူတိုင်းက အကောင်းမြင်သည့်စိတ်မရှိကြပါ။
အချို့သောသတင်းစာများသည်လည်း ရှုယီ၏ အချိန်တိုအတွင်းခရီးသွားခြင်းအကြောင်းကို ပို့ဆောင်ဆက်သွယ်ရေး တိုးတက်လာခြင်းဟု ဖော်ပြခဲ့သည်။ စိုင်စ်နယ်မြေနှင့် မှော်တိမ်တိုက်နယ်မြေသည် ကီလိုမီတာတစ်သောင်း ကွာဝေးသော်လည်း ယခင်ကကဲ့သို့ ဆက်သွယ်၍ မရပဲ ကမ္ဘာနှစ်ခုကဲ့သို့ ကွာခြားပုံ မပေါ်တော့ပေ။
ရှယီကသာ ဆန္ဒရှိလျှင် သူသည် တစ်ရက်အတွင်း သို့ နှစ်ရက်အတွင်း ပြန်လာနိုင်သည်။
ထိုနေရာတွင် Frestechကုန်သည်များအသင်းမှမဟုတ်ပဲ စိုင်နယ်မြေနှင့် မှော်တိမ်တိုက်နယ်မြေကြား အသွားအပြန် လုပ်နေသည့် ရေတပ်သင်္ဘောများ များစွာရှိကာ နယ်မြေနှစ်ခုကို ဆက်သွယ် ထားပေး သည်။
အချုပ်အားဖြင့် ယခင်က လူများသိသည့် သိစိတ်အရ ကမ္ဘာကြီးသည် ထိုကဲ့သို့ အဆပေါင်းများစွာ ကြီးမားမနေတော့ပဲ သူတို့၏ကမ္ဘာသည် ယခင်ကထပ် များစွာ သေးငယ်သွားသည်။
အကယ်၍ ကြည့်လိုက်လျှင် လူတို့သည် အပြင်၌ ဖြစ်နေသော အကြောင်းအရာများကို သိချင်လျှင် ကီလိုမီတာ ထောင်ပေါင်းများစွာ ခရီးထွက်စရာ မလိုတော့ပေ။ သူတို့သည် ထိုထောင်ပေါင်းများစွာမှ လူများကို ဆက်သွယ်ကာ ဖြစ်ပျက်နေသည်များကို သူတို့၏မျက်လုံးနှင့် ကြည့်နိုင်သည်။
အကယ်၍ သူတို့သည် တကယ်သွားလိုလျင်ပင် အဆင့်မြင့် မှော်လေသင်္ဘောများကို စီးကာ အချိန် တိုတွင်း ရောက်နိုင်သည်။
ဤသို့ဖြင့် ကီလိုမီတာထောင်ကျော်နှင့် သောင်းကျော် ခွဲခွာရခြင်းတွင် မည်သို့ကွာခြားချက် ရှိပါတော့ မည်နည်း?
ထို့ကြောင့်ရှုယီသည် မှော်တိမ်တိုက်နယ်မြေကို မစွန့်ခွာပဲ သူနေချင်သလောက်နေကာ စိုင်စ်နယ်မြေတွင် ကြီးမားသော လွှမ်းမိုးမှု ရှိနိုင်သေးသည်။
နောက်ဆုံး၌ Frestechကုန်သည်များအသင်းသည် စိုင်စ်နယ်မြေ၏ မှော်စက်မှုလုပ်ငန်းတွင် အင်အား အကြီးဆုံး ကုမ္ပဏီဖြစ်ပေသည်။ ၎င်းတို့သည် နိုင်ငံများအားလုံးထဲတွင် အံ့ဩတုန်လှုပ်ဖွယ် အချက် အချာ ဖြစ်သည့် နေရာတွင်ရှိသည်။ ထို့ကြောင့် မည်သူက သူတို့အား ဂရုမစိုက်ပဲ နေရဲလိမ့်မည်နည်း?
ပြောရမည်မှာ ထိုသတင်းစာများ၏ သုံးသပ်ချက်သည် ကျိုးကြောင်းသင့်သည် သို့သော် စိုင်စ်နယ်မြေမှ ရှုယီထွက်သွားသဖြင့် စိတ်အေးနေသည့် သူများသည် အကယ်၍ ရှုယီသာ စိုင်စ်နယ်မြေတွင် ရှိနေလျှင် သူတို့၏စိတ်ထဲတွင် ဖိအားများရှိနေမည်ဖြစ်သည်။
ယခု သူထွက်သွားသောအချိန်တွင် သူ၏ရပ်တည်ချက်အား ရှင်းလင်းစေခဲ့သောကြောင့် ထိုသူများသည် စိတ်အေးလက်အေး ရှိနေကြသည်။
ထို့ကြောင့် ရှုယီထွက်သွားသောအခါ၌ စိုင်စ်နယ်မြေရှိ လူများ၏ အတွေးသည် စတင်၍ မကောင်းသည့် အရာများကို ကြံစည်နေတော့သည်။
၃၁၂၄ ခုနှစ်၏ ဩဂုတ်လတွင် ရှုယီစိုင်နယ်မြေမှထွက်သွားပြီး သုံးလအကြာတွင် မားလိုအင်ပါယာသည် သူတို့၏ခြေလျှင်တပ်သားများအား အရှေ့တောင်ဖက်ရှိ နော်မန် မြို့စားပိုက်နက်အားကျူးကျော်ရန် စေလွှတ်ခဲ့သည်။
တစ်ပါတ်အတွင်း၌ပင် သေးငယ်သည့် နော်မန်မြို့စားပိုင်နက်သည် မားလိုအင်ပါယာ၏ ကြီးမားသော စစ်တပ်မှသိမ်းပိုက်ခြင်းခံရပြီး ပျက်စီးသွားသည်။
မြို့စားနော်မန်သည် ကြိုတင်၍ သတင်းကိုရခဲ့ပြီး သူသည် ထွက်ပြေးရန် ရွေးချယ်ခဲ့သည်။
ကန်ဒရာအင်ပါယာ၏ တော်ဝင်မျိုးနွယ်သွေး ပါဝင်သော မြို့စားနော်မန်သည် ကန်ဒရာအင်ပါယာတွင် နိုင်ငံရေးခိုလှုံခွင့်ကိုတောင်းရန် ဝင်ဘယ်လ်တန်မြို့သို့ ထွက်ပြေးခဲ့သည်။
ကန်ဒရာအင်ပါယာသည် မားလိုအင်ပါယာကို တင်းကြပ်စွာ သတိပေးကာ သူတို့၏ ခြေလျင်တပ်သားများကို တပ်ဆုတ်စေကာ နော်မန်မြို့စားပိုင်နက်ကို နော်မန်မြို့စားကို ပြန်ပေးရန် ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း မားလိုအင်ပါယာသည် ထိုတောင်းဆိုမှုကို တင်းမာစွာ ငြင်းပယ်ခဲ့သည်။
ဩဂုတ်လ၏ အဆုံးပိုင်းတွင် ကန်ဒရာအင်ပါယာသည် သူတို့တပ်သားများစေလွှတ်ရန် ရွေးချယ်ခဲ့သည်။ သို့သော် သူတို့သည် မားလိုအင်ပါယာသို့ တိုက်ရိုက်မသွားခဲ့ပေ။ ထိုအစား သူတို့သည် တပ်သားများကို အင်ပါယာနှစ်ခုကြားရှိ သေးငယ်သည့် မြို့စားပိုင်နက်ကို စေလွှတ်ခဲ့သည်။ မားလိုအင်ပါယာက မတုံ့ပြန်မီ သူတို့သည် ထို မြို့စားပိုင်နက်ကို ထိန်းချုပ်နိုင်ရန် ငါးရက်အချိန် ယူခဲ့သည်။
ထိုသေးငယ်သည့် မြို့စားပိုင်နက်သည် ရိုဂန်စတိုင်း ဟုခေါ်ပြီး မားလိုအင်ပါယာနှင့် ပက်သက်နေကာ ၎င်းသည် အင်ပါယာနှစ်ခုကြားတွင် ရှိနေသောကြောင့် မြေအနေထားက အဓိကနေရာကို ပိုင်ဆိုင်ထားကာ မားလိုအင်ပါယာအောက်တွင် အမြဲခိုလှုံခဲ့သောမြို့ဖြစ်သည်။
ယခုမူ ကန်ဒရာအင်ပါယာသည် ရုတ်တရက် တပ်သားများကို ရိုဂန်စတိုင်းမြို့စားပိုင်နက်သို့ စေလွှတ်ခဲ့ရာ မားလိုအင်ပါယာ၏ နော်မန်မြို့စားပိုင်နက်အား သိမ်းပိုက်ခြင်းကို လက်တုံ့ပြန်မှု ပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း သံသယဝင်စရာမရှိပေ။
အင်ပါယာနှစ်ခုသည် တစ်ဖက်ကိုတစ်ဖက် ရှုတ်ချနေကြပြီး တရားဝင်ချန်နယ်များ နှင့် တရားမဝင် ချန်နယ်များတွင်ပင် တစ်ဦးကိုတစ်ဦး ရန်ဆောင်နေကြရာ အရှေ့တောင်ပိုင်းသည် ဂယက်များ ဖြစ်နေတော့သည်။
တစ်ချိန်တည်း၌ နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံ၏ ပထမနှင့် ဒုတိယ ရေတပ်များသည် လှုပ်ရှားကာ နယ်မြေ၏ အရှေ့ပိုင်း ကမ်းရိုးတန်းတစ်လျောက်ရှိ ကျွန်းများကို သိမ်းပိုက်လိုက်သည်။ ထို့နောက် သူတို့သည် ထိုကျွန်းများ၌ ခံတပ်များဆောက်လုပ်လိုက်ကြပြီး အရှေ့ဖက်ကမ်းရိုးတန်းကို ကာလိုက်ကာ သူတို့၏လက်ထဲ၌ ထိန်းချုပ်လိုက်သည်။
အရှေ့တောင်ဖက်ရှိ ကမ်းရိုးတန်း နိုင်ငံများသည် ထိုကိစ္စအား အပြင်းအထန်ကန့်ကွက်ကြသည်။ သို့သော် နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံသည် ၎င်းတို့ကို လုံးဝ လစ်လျူရှုထားသည်။ ထို့နောက် အချိန်တချို့ကြာပြီးနောက် စက်တင်ဘာလ၏ လလယ်တွင် သူတို့သည် မြောက်ဖက်ရှိ ဂျီနိုတိုင်းပြည်ကို ကျူးကျော်ခဲ့သည်။
ဂျီနိုတိုင်းပြည်သည် နယ်မြေ၏ အရှေ့တောင်ဖက်တွင် မှော်စက်မှုလုပ်ငန်း အစောဆုံးထွန်းကားခဲ့သော နိုင်ငံထဲမှ တစ်ခုဖြစ်သည်။ သို့သော်သူတို့သည် စစ်တပ်သုံးမှော်စက်များအား သုတေသနပြုလုပ်ခြင်းမရှိပဲ နိုဇ်ဒိုမူစီးပွားရေးသမ္မဂ္ဂနိုင်ငံကဲ့သို့ Frestechကုန်သည်များအသင်းနှင့်လည်း ရင်းနှီးမှု မရှိခြင်းကြောင့် သူတို့၏ စစ်တပ်စွမ်းအင်က များစွာ ကွာခြားနေသည်။
ထိုတိုင်းပြည်နှစ်ခုကြားရှိတိုက်ပွဲတွင် ဂျီနိုတိုင်းပြည်သည် နောက်သို့ ဆုတ်ပြီးရင်းဆုတ်ခဲ့ရပြီး နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံသည် ၎င်းတို့ပိုင်နက်၏ တစ်ဝက်ကိုပင် သိမ်းပိုက်နိုင်ခဲ့သည်။
အရှေ့တောင်ဖက်ပိုင်းတွင် ဂယက်များထနေချိန် စိုင်စ်နယ်မြေတွင် အခြားနေရာများ၌လည်း လှုပ်ရှားမှုများရှိနေသည်။
စက်တင်ဘာလကုန်တွင် လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းစစ်တပ်သည် စစ်သားများ ပျောက်ဆုံးသည် ဟု အကြောင်းပြကာ မျက်နှာပြောင်တိုက်စွာနှင့် စစ်သားများကို ဆက်ခ်တိုင်းပြည်အကျော် မြောက်ဖက် တွင်ရှိသည့် အန်ဒီလာတိုင်းပြည်သို့ ပို့ခဲ့ပြီး မြို့စောင့်တပ်များနှင့် ပြင်းထန်သည့် ပဋိပက္ခများ ဖြစ်ခဲ့သည်။
အန်ဒီလာတိုင်းပြည်၏ မြို့စောင့်တပ်သည် ရှုံးနိမ့်သွားပြီး လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းတပ်ဖွဲ့သည် ထိုအကြောင်းကို ပြကာ အန်ဒီလာတိုင်းပြည်အား ကျူးကျော်ခဲ့တော့သည်။
တစ်ချိန်တည်း၌ မားလိုအင်ပါယာနှင့် ကန်ဒရာအင်ပါယာတို့၏ စစ်တပ်များသည်လည်း နယ်စပ်တွင် တစ်လခန့် တင်းမာမှုများဖြင့် တစ်ဦးနှင့်တစ်ဦး စောင့်ကြည့်နေကြသည်။
စက်တင်ဘာ ၂၉ ရက်တွင် ကန်ဒရာအင်ပါယာမှ ကင်းထောက်ရန် လွတ်လိုက်သည့် အဖွဲ့သည် မားလို အင်ပါယာမှ ချုံခိုတိုက်ခိုက်ခြင်းကို ခံရပြီး အပြီးပိုင် ဖျက်စီးခံခဲ့ရသည်။
ကန်ဒရာအင်ပါယာသည် ထိုကိစ္စအား ဒေါသထွက်သွားကာ မားလိုအင်ပါယာအား တရားဝင် စစ်ကြေညာခဲ့တော့သည်။
အောက်တိုဘာ ၂ရက်နေ့တွင် စစ်တပ်နှစ်ခုသည် နိုင်ငံနှစ်ခု၏နယ်စပ်၌ ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားတော့သည်။
မှော်အမြှောက်မှ ထွက်လာသည့် ပထမဆုံး ဟိန်းသံသည် စိုင်စ်နယ်မြေအတွင်း၌ ငြိမ်းချမ်းခဲ့သော နှစ်ပေါင်း ၂၀ သည် နောက်ဆုံး၌ အဆုံးသတ်သွားပြီဖြစ်ကြောင်း အမှတ်သညာဖြစ်ပေသည်။
…..
စစ်ပွဲများဖြစ်ကာ မတည်ငြိမ်သည့် စိုင်စ်နယ်မြေနှင့်ကွာခြားစွာ မှော်တိမ်တိုက်နယ်မြေသည် အလွန်ထင်ရှားသည့်ဖြစ်ရပ်ပင် မရှိပေ။
မှင်စာများ၏ အဓိကမြို့တော်ကျဆုံးပြီးနောက် မှင်စာဘုရင်သည် Frestechကုန်သည်များအသင်း၏ လက်အောက်သို့ ကျရောက်သွားသည်။
မှင်စာဘုရင်က သူတို့နှင့်အတူ အလုပ်လုပ်သောကြောင့် Frestechကုန်သည်များအသင်းနှင့် အခြားမျိုးနွယ်စုများသည် အခြားမှင်စာများကို ထိန်းချုပ်ရန် အင်အားသိပ်မလိုတော့ပေ။
တိုက်ပွဲတွင် မရေမတွက်နိုင်သော မှင်စာများက အသတ်ခံရသော်လည်း မှင်စာများစွာ ကျန်ရှိနေသေး သည်။ ဖမ်းမိသည့်အရေအတွက်မှာပင် ထိတ်လန့်စရာဖြစ်ကာ အကြမ်းဖျင်းခန့်မှန်းရလျှင် မှင်စာ ၃သန်းခန့်ပင် ရှိလိမ့်မည်။
ရှုယီနှင့်အခြားမျိုးနွယ်စုများ၏ ကြိုတင်စီစဉ်ထားသော အစီအစဉ်အရ ထိုမှင်စာများသည် ဟိုတစ်စု ဒီတစ်စု ကွဲပြားနေပြီဖြစ်သည်။ သူတို့သည် Frestechကုန်သည်များအသင်းနှင် ဒေသခံမျိုးနွယ်စုများ၏ ကြားတွင် ခွဲခြားထားပြီး အလုပ်သမားများ ဖြစ်လာကြသည်။
Frestechကုန်သည်များအသင်းသည် မှင်စာတစ်သန်းခွဲပင်လက်ခံရရှိသည်။
ထိုထိတ်လန့်စရာကောင်းသည့် ပမာဏသည် Frestechကုန်သည်များအသင်း၏ယခင်ကရှိခဲ့သော အရေအတွက်နှင့် ပေါင်းလိုက်လျှင် ထိန်းချုပ်ရန်ခက်ခဲနေသည်။
သို့သော် မှင်စာဘုရင်အားထိန်းချုပ်ထားနိုင်ခြင်းနှင့် Frestechကုန်သည်များအသင်းသည် ဖမ်းလာပြီး နောက် အစာများလုံလောက်စွာ ပေးခြင်းကြောင့် မှင်စာများသည် Frestechကုန်သည်များအသင်း၏ အမိန့်များကို လက်ခံရန် ဆန္ဒရှိနေကြသည်။
နောက်ပိုင်းတွင် မှင်စာများသည် အစာထုတ်လုပ်နှုန်း လျော့နည်းလာခြင်းကြောင့် မှင်စာအချို့ပင် ဗိုက်ပြည့်အောင် စားရသည်။ ၎င်းတို့သည် အခြားမျိုးနွယ်စုများထံမှ ခြိမ်းခြောက်ခံရသည် သာမကပဲ သူတို့အချင်းချင်းထံမှလည်း ခြိမ်းခြောက်ခံရသေးသည်။
Frestechကုန်သည်များအသင်း၏လက်အောက်တွင်မူ သူတို့သည် အသက်ရှင်သန်နိုင်ကာ ဗိုက်ဝအောင် စားရသည် ထို့ကြောင့် မှင်စာများအတွက် ကောင်းကင်မှပေးသည့်လက်ဆောင်လိုဖြစ်နေသည်။
ခုခံတော်လှန်ခြင်းအတွက်လား?
ဟာသပင်ဖြစ်သည်။
ထို Frestechကုန်သည်များအသင်းတွင် ထိုကြောက်စရာကောင်းသည့်ပစ္စည်းများရှိနေသရွေ့ သူတို့သည် ခုခံတော်လှန်ခြင်း မည်သို့ပြုနိုင်မည်နည်း?
ထို့ကြောင့်အစပိုင်း၌ ပရမ်းပတာတချို့ဖြစ်ခဲ့ပြီးနောက် Frestechကုန်သည်များအသင်းသည် ထို မှင်စာအကောင်ရေတစ်သန်းခွဲအား လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့သည်။
အမှန်မှာမူ ရှုယီနှင့် အတူပါလာသည့် လူအင်အားနှင့်ပေါင်း၍ မှော်တိမ်တိုက်နယ်မြေ၏လူအင်အားနှင့် ပက်သက်လျှင် Frestechကုန်သည်များအသင်းသည် မှော်တိမ်တိုက်နယ်မြေတွင် အစောင့်တပ် ၄သောင်းခန့်ကိုသာ တပ်ဖြန့်ထားနိုင်ခဲ့သည်။
အကယ်၍ မှင်စာများက ခုခံလိုလျှင် အကယ်၍ သူတို့ကို မကြောက်လျှင် ပြဿနာဖြစ်လိမ့်မည်။
သို့သော် မှင်စာများသည် အလွန်နာခံသဖြင့် အစောင့် ၁၀ယောက်ခန့်ပါသော အဖွဲ့တစ်ခုသည်ပင် မှင်စာတစ်သောင်းခန့်ကို လှုပ်ရှားမှုမပြုရဲအောင် လုပ်ထားနိုင်သည်။
ထို့အပြင် ရှုယီသည် မှင်စာများကြားတွင် စနစ်တစ်ခုထည့်ထားသည်။ သူသည် ထက်မြက်သည့် မှင်စာတစ်ချို့ကို ရွေးကာ သူတို့အား ရာထူးကြီးပေး၍ ပိုမိုကောင်းမွန်သည့် ခံစားခွင့်များ ပေးထားသည်။ သူတို့သည် အခြားမှင်စာများ၏ အထက်တွင် ဖြစ်ကာ Frestechကုန်သည်များအသင်းအား တင်ပြနိုင်သည်။
အကယ်၍ မှင်စာတစ်ကောင်၏အုပ်စုမှ ပြဿနာဖြစ်လျှင် သူတို့တာဝန်သာဖြစ်သည်။
ထို့အပြင် မှင်စာများ၏အုပ်စုသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ စောင့်ကြည့်နိုင်သည်။ အကယ်၍ အခြားအုပ်စုမှ ပြဿနာကို တင်ပြနိုင်လျှင် သူတို့က ပိုမိုသော ဆုများရလိမ့်မည်။
ထိုနည်းလမ်းဖြင့် ထိုရိုးရှင်းသည့် မှင်စာများသည် လှည့်ကွက်များ မလုပ်နိုင်ကြပေ။
ထို့ကြောင့် Frestechကုန်သည်များအသင်းသည် ရုတ်တရက် အလုပ်သမား တစ်သန်းခွဲ ရသွားသည်။ ထိုအလုပ်သမားများသည် လူသားများနှင့် အခြားမျိုးနွယ်များ ကဲ့သို့လုပ်နိုင်စွမ်းမရှိသဖြင့် နေရာတိုင်းတွင် မသုံးနိုင်ပဲ သူတို့သည် အလုပ်ကြမ်းများကိုသာ လုပ်နိုင်သည်။
၎င်းတို့ဖြင့် Frestechကုန်သည်များအသင်း၏ ရိုးရှင်းသည့် အလုပ်များတွင် Frestech ကုန်သည်ကြီးများအသင်း၏တိုးတက်မှုသည် ကြီးမားစွာ တိုးတက်လာခဲ့သည်။
အကယ်၍ လက်ရှိအချိန်တွင် မှော်တိမ်တိုက်နယ်မြေသို့ လူသားများလာလျှင် သူတို့သည် Frestech ကုန်သည်ကြီးများအသင်းက ထိန်းချုပ်ထားသော ဧရိယာများက နေ့စဉ်နေ့တိုင်းပြောင်းလဲနေကြောင်း တွေ့ရမည်ဖြစ်သည်။
နှစ်ဝက်အတွင်းတွင်ပင် Frestechကုန်သည်များအသင်း၏ အဓိက ဌာနချုပ်၌ များစွာသောစက်ရုံများ ပေါ်ထွက်လာကြသည်။ နယ်ပယ်တစ်ခုဆီတွင် လှုပ်ရှားမှုများရှိနေကာ စစ်ပွဲ၏ဂယက်များနှင့် ရှုပ်ထွေး နေသည့် စိုင်စ်နယ်မြေနှင့် အတိုင်းသားကွာခြားသည်ကို ယှဉ်နိုင်လေသည်။
***
Volume 8 အခန်း ၉၈ ။ ငယ်ရွယ်သောမိန်းကလေးကဲ့သို့
မင်းသားရေမွန်သည် မတ်မတ်ရပ်ကာ မျက်နှာပေါ်တွင် အပြုံးနှင့် လူများနှင့်ပြည့်နေသော ဟောခန်းထဲသို့ လျှောက်ဝင်လာသည်။
သူသည် လေ့ကျင့်ခန်း အစဉ်မပြတ်လုပ်သောကြောင့် သန်မာသည့် ခန္ဓာကိုယ်ပုံစံရှိကာ ခမ်းနားသည့် ဝတ်စုံသည် သူ၏ ကျက်သရေရှိသည့်ပုံစံအား ထင်ရှားစေသည်။ ၎င်းသည် အန်ဒီလာ တိုင်းပြည်၏ မြင့်မြတ်သော မျိုးရိုးမြင့် မိန်းကလေးများကို ဆွဲဆောင်နေကာ သူတို့သည် မင်းသားရေမွန်အား တစ်ကိုက်ထဲဖြင့် ဆွဲစားတော့မည့် အတိုင်းပင်ဖြစ်နေသည်။
ထိုနေရာသည် အန်ဒီလာတိုင်းပြည်၏ တော်ဝင်နန်းတော်ြဖစ်ပြီး မင်းသားရေမွန်သည် လမ်ပူရီတိုင်းပြည်၏ တော်ဝင်နန်းတော်အတိုင်းပြုမူနေကာ ဧည့်သည်လုပ်လိုသည့် ရည်ရွယ်ချက်တစ်ခုမှ မရှိပါ။
အကြောင်းမှာ သူသည် အန်ဒီလာတိုင်းပြည်၏ လက်နက်ချသည့် အခမ်းအနားကို လာတက်ခြင်း ဖြစ်သည်။
လမ်ပူရီတိုင်းပြည်၏ ကိုယ်စားပြုအနေဖြင့် သူသည် သခင်ဖြစ်သည့်ရပ်တည်ချက်ကို ပြရမည် ဖြစ်သည်။ အကြောင်းမှာ အန်ဒီလာတိုင်းပြည်၏ လက်နက်ချသည့်အခမ်းအနားမှာ လမ်ပူရီတိုင်းပြည် ကို လက်နက်ချခြင်းဖြစ်ကာ လမ်ပူရီတိုင်းပြည်နှင့် ပူးပေါင်းရန် လက်ခံလိုက်သောကြောင့် ဖြစ်သည်။
စစ်ပွဲသည် နှစ်နှစ်ကြာခဲ့ပြီးနောက် လမ်ပူရီတိုင်းပြည်သည် အန်ဒီလာတိုင်းပြည်ကို အပြီးသတ် ရှုံးနိမ့်သွားအောင် လုပ်နိုင်ခဲ့သည်။ လမ်ပူရီတိုင်းပြည်အတွက် ၎င်းမှာ အရေးကြီးသည့် စွမ်းဆောင်မှု ဖြစ်သည်။
လမ်ပူရီတိုင်းပြည်၏ နှစ်ပေါင်းရာချီကြာပြီးနောက် သမိုင်းတွင် သူတို့သည် ဆက်ခ်တိုင်းပြည်နှင့် ဖော့ခ်တိုင်းပြည်ကို ဖျက်စီးနိုင်ခဲ့သော်လည်း Frestechကုန်သည်များအသင်း၏ အကူအညီကြောင့်ဖြစ်ကာ လူတိုင်းအသိအမှတ် ပြုခဲ့ခြင်းမရှိပေ။
သို့သော် လမ်ပူရီတိုင်းပြည်သည် ယခုတစ်ခေါက်၌ သူတို့၏ကိုယ်ပိုင်အင်အားကို မှီကာ အန်ဒီလာတိုင်းပြည်အား ရှုံးနိမ့်စေခဲ့သည်။
Frestechကုန်သည်များအသင်းသည် စစ်ပွဲတစ်လျောက်လုံးတွင် ကြားနေခဲ့ကာ လမ်ပူရီတိုင်းပြည်ကို မကူညီခဲ့ပေ။
အန်ဒီလာတိုင်းပြည်က လူများကတော့ ထိုကိစ္စကို မယုံကြည်ခဲ့ပါ။
မင်းသားရေမွန်သည် သူ့ကိုစောင့်နေသော အန်ဒီလာတိုင်းပြည်၏ ဘုရင်နှင့် အဆင့်မြင့် ကိုယ်စားလှယ်များကို ကြည့်လိုက်သည်။ ထိုသူများ၏ အတင်းလုပ်ပြုံးထားသော အပြုံးများနှင့် တင်းမာနေသည့် အကြည့်များကို မြင်လျှင် သူသည် မနေနိုင်ပဲပြုံးမိသည်။
ထို့ကြောင့် အကယ်၍ သူတို့မယုံကြည်လျှင်လည်း မည်ကဲ့သို့ လုပ်ရမည်နည်း? အဓိကအချက်မှာ အန်ဒီလာတိုင်းပြည်သည် လမ်ပူရီတိုင်းပြည်ကို မခုခံနိုင်ခဲ့ပဲ သိမ်းးပိုက်ခံခဲ့ရခြင်းပင် ဖြစ်သည်။
အကယ်၍ အန်ဒီလာတိုင်းပြည်သည် အနည်းငယ်ခုခံနိုင်ခဲ့လျှင် မပြောပလောက်သော ပြဿနာအသေး များသာဖြစ်ပြီး အထွေထွေအခြေအနေအား သက်ရောက်မှုရှိမည်မဟုတ်ပါ။
ထိုအကြောင်းကိုစဉ်းစားမိလျှင် အန်ဒီလာတိုင်းပြည်၏ကိုယ်စားလှယ်များရှေ့တွင် လျှောက်နေသော မင်းသား ရေမွန်၏အပြုံးသည် ပိုကျယ်လာခဲ့သည်။
သိုသော် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူသည်ရုတ်တရက် လူအုပ်ထဲမှ သူအား စိုက်ကြည့် နေသော မျက်လုံးတစ်စုံကို ခံစားမိကာ ၎င်းသည် သူ့အား ခေါင်းလှည့်၍ ကြည့်ရန် မနေနိုင်ပဲ ဖြစ်စေသည်။
သို့သော် သူသည် လူအုပ်ထဲတွင် ပုန်းနေသည့် သာမန်ရုပ်ရည်နှင့် ကောင်မလေးတစ်ဦးကိုသာ မြင်လိုက် ရသည်။ သူ၏အဝတ်အစားများသည် တန်ဖိုးကြီးပုံပေါ်သော်လည်း သူမသည် အန်ဒီလာတိုင်းပြည်ရှိ လှပသောမျိုးရိုးမြင့် မိန်းကလေးများနှင့် အလွန်ကွဲပြားနေသည်။
သို့သော် ထိုမိန်းကလေးသည် လက်ကိုမြောက်ကာ သူ့အားထူးဆန်းသည့် သင်္ကေတကို ပြနေသည်။ မင်းသားရေမွန်၏မျက်လုံးများ ကျဉ်းသွားသည်။
ထို့နောက် ထိုမိန်းကလေးသည် မင်းသားရေမွန်ကို ခေါင်းငြိမ့်ပြကာ ထွက်သွားသည်။
မင်းသားရေမွန်သည် ခနတုံ့သွားကာ ရှေ့သို့ ဆက်သွားသည်။
လူနည်းစုသာ ထိုကြားကာလကို သတိပြုမိကြပြီး အခမ်းအနားတစ်ခုလုံးသည် စီစဉ်ထားသည့် အတိုင်းပင် ဆက်လုပ်သွားသည်။
လက်နက်ချသည့် သဘောတူညီချက်အား လက်မှတ်ထိုးပြီးသွားသည်။
အန်ဒီလာတိုင်းပြည်၏ ဝန်ကြီးများသည် စကားများဖြင့် တားဆီးကြသော်လည်း မင်းသားရေမွန်က ထိုပြဿနာကို လွယ်ကူစွာ ဖြေရှင်းခဲ့သည်။
နောက်ဆုံးတွင် ထိုအခြေအနေသည် ဆုံးဖြတ်ပြီးဖြစ်ကာ အန်ဒီလာတိုင်းပြည် သည် ထပ်မံ၍ မကန့်ကွက်နိုင်တော့ပါ။
ညရောက်လာသောအခါ အခမ်းအနားသည် နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် နောက်ဆုံး၌ ပြီးဆုံးသည့် အချိန်သို့ရောက်လာသည်။
မင်းသားရေမွန်သည် လူတိုင်း၏ ဖိတ်ခေါ်ချက်များကို ငြင်းပယ်ခဲ့ပြီး အန်ဒီလာတိုင်းပြည်၏ တော်ဝင် နန်းတော်ထဲမှ ထွက်ခွာလာခဲ့သည်။
တော်ဝင်နန်းတော်မှ ထွက်ခွာလာပြီးနောက် သူသည် လမ်ပူရီတိုင်းပြည်၏ အရေးကြီးပုဂ္ဂိုလ်များ စီးနင်းသည့် ယာဉ်တန်းကို စီးခဲ့သည်။ သို့သော်သူသည် အန်ဒီလာတိုင်းပြည်မှ စီစဉ်ထားပေးသော သံရုံးသို့ မသွားပဲ အန်ဒီလာတိုင်းပြည်၏ မြို့တော်မှ ထွက်ခွာလာခဲ့သည်။
သူသည် အပြင်သို့ မြို့တော်၏ဂိတ်မှ ၃ကီလိုမီတာခန့်ထွက်ခွာလာခဲ့ပြီးနောက် သေးငယ်သည့်မြစ် တစ်ခု ဘေးတွင် ရပ်လိုက်သည်။
မင်းသားရေမွန်သည် ထွက်လာပြီး မြစ်ဘေးရှိ သာမန် မှော်ဆီဒင်ကားနားသို့ လျှောက်လာသည်။ သူသည် ခရီးသည်ထိုင်ခုံဖက် တံခါးကိုဖွင့်ကာ ဝင်ထိုင်လိုက်သည်။
“ဟေး ရေမွန် နင် အဲ့ဒီ အန်ဒီလာမျိုးရိုးမြင့် မိန်းကလေးတွေနောက် မပါသွားဘူးလား?” မောင်းနှင်သူနေရာတွင် ထိုင်နေသည့် သူက မင်းသားရေမွန်ဖက်သို့ လှည့်ကာတောက်ပသည့်အပြုံးနှင့် ပြောလိုက်သည်။
အကယ်၍ လူတစ်ယောက်ယောက်သာ ထိုနေရာတွင် ရှိလျှင် ထိတ်လန့်သွားမည်ဖြစ်သည်။
အကြောင်းမှာ ထိုသူသည် Frestech ကုန်သည်များအသင်း၏ လက်ရှိ ဥက္ကဌ ဖရီယာပင်ဖြစ်သည်။
မင်းသားရေမွန်က ပခုံးတွန့်လိုက်သည်။ “အကယ်၍ ဖရီယာကသာ ကျွန်တော့်ကို ကြည့်ပေးရင် သူတို့ ကျွန်တော့််ကိုဖိတ်ရင်တောင် သူတို့ကို ပယ်ချလိုက်လို့ရပါတယ်”
ဖရီယာ၏ရှေ့တွင် သူသည် “မာန်မာနမရှိပဲ သိမ်မွေ့သည့်အသံ” နှင့် “သဘောကောင်း၍ မျှတသော အသံ” ရှိသည့် လမ်ပူရီတိုင်းပြည်၏ မင်းသားတစ်ပါး အနေဖြင့် ပြောစရာမလိုပဲ ပေါ့ပါးစွာ ပြောနေသည်။
ဖရီယာက သူ့ကိုကြည့်လိုက်ပြီး ခေါင်းခါလိုက်ကာ “နင်အဲ့လို ပြောလို့မရဘူး။ နင့်သားက နှစ်နှစ်ရှိနေပြီ။ ဒါကြောင့်အဲ့လို အပြင်မှာ လျှောက်မကစားသင့်တော့ဘူး”
ဖရီယာက သူ့သားကို ပြောသည်ကိုကြားလျှင် မင်းသားရေမွန်သည် ပျော်ရွင်စွာပြုံးသည်။
“ဟီးဟီး ဟာဆယ်လ်က အခုပြေးနိုင်နေပြီး ငါထင်တာ နောက်နှစ်နည်းနည်းဆို သူ့ကို ငါနဲ့ အပြင်ထွက် ကစားခိုင်းလို့ရပြီ ထင်တယ်” ခနရပ်လိုက်ပြီးနောက် သူသည် ခါးသီးစွာပြုံးလိုက်ပြီး “အပြင်ထွက် ကစားတာကိုပြောမှ ငါကအဲ့လောက်စိတ်မဝင်စားပါဘူး။ ဒါမဲ့ အမေက ငါ့ကိုထပ်ရှာစေချင်နေပြီး ကလေးအများကြီး ထပ်မွေးစေချင်နေတယ်။ ဒါကြောင့် သူက ငါ့ကို အားပေးနေတာ”
ဖရီယာက ပခုံးတွန့်လိုက်သည်။ “ အန်တီ ဆယ်ဗီနီက မြေးအများကြီးလိုချင်လို့လား?”
“သူက ငါတို့ လမ်ပူရီတိုင်းပြည်ရဲ့ တော်ဝင်မိသားစုမျိုးဆက်ကိုလိုချင်တာပါ။ ငါနားလည်ပါတယ်” မင်းသားရေမွန်က ဆယ်ဗီနီ အစား ပြောပေးလိုက်သည်။
ဖရီယာက မင်းသားရေမွန်ကို ကြည့်ကာ ခေါင်းခါလျက် “ထားလိုက်ပါတော့ နင်တို့တော်ဝင်မျိုးနွယ်ကိစ္စတွေကို ငါတို့လို သာမန်လူတွေက ဘယ်နားလည်နိုင်မှာလဲ ငါကလည်းဂရုမစိုက်ပါဘူး”
မင်းသားရေမွန်က ဖရီယာကိုကြည့်ကာ Frestech ကုန်သည်များအသင်းဥက္ကဌက သာမန်လူ မည်သို့ ဖြစ်နိုင်မည်နည်း ဟု တွေးလိုက်သည်။
ထိုနောက်သူက အခြားပြဿနာတစ်ခုကိုတွေးမိသွားသည်။
“ဖရီယာ ပြောရင်းနဲ့ နင် ဘယ်အချိန်မှ မင်္ဂလာဆောင်ဖို့ စီစဉ်ထားလဲ? နင်က အသက်သုံးဆယ်တောင် ရှိနေပြီနော်…”
“တိတ်စမ်း” ဖရီယာက စိတ်ဆိုးစွာဆူသည်။ “ နင်ကမင်းသားတစ်ယောက်ဖြစ်နေပြီးတော့ မိန်းကလေးတွေရဲ့ အသက်အကြောင်းပြောရင် ရိုင်းတယ်ဆိုတာမသိဘူးလား?”
မင်းသားရေမွန်က အကူညီမဲ့စွာလက်ဖြန့်ကာ “ဒါမဲ့ နင်ကကော အဲ့တာကိုပြဿနာလို့မပြောသင့်ဘူးလား? ငါထင်တာ အန်ကယ်ရှုနဲ့ အန်တီစတေးလ်တို့က အဲ့ကိစ္စကို အမြဲစိတ်ပူနေကြတယ်ထင်တယ်။ နင်မစဉ်းစားဖူးဘူးလား?”
“ငါပြောမယ် နင်က လေးစားရတဲ့ မင်းသားတစ်ပါးဖြစ်ပြီးတော့ လမ်ပူရီတိုင်းပြည်ရဲ့ အနာဂတ် ဘုရင်နော်။ ငါ့ကို အဲ့လိုမေးခွန်းမမေးပဲ တခြားအရေးကြီးတဲ့ကိစ္စကို ဂရုစိုက်သင့်တယ် မထင်ဘူးလား?” ဖရီယာက သူ့ကိုစိုက်ကြည့်လိုက်သည်။ “နင်က ငါ့ကို မင်္ဂလာဆောင်စေချင်နေတာလား။ ကောင်းပြီ နင် ငါ့အဖေလောက်တော်တဲ့သူ မဟုတ်ရင် သူ့ထပ်နည်းနည်းဆိုးတဲ့လူကို ရှာလာခဲ့စမ်းပါ။ ဒါဆို ငါလက်ခံမယ် အဲ့လိုလူကိုရှာနိုင်လား?”
မင်းသား ရေမွန်က ခါးသီးစွာပြုံးသည်။
ရှုယီသည် စိုင်စ်နယ် မြေ၏ အထင်ကရသူ ဖြစ်သည်။
ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့် မှော်ပညာရှင်ဖြစ်ခြင်းသည်သာမက Frestech ကုန်သည်များအသင်းကို တည်ထောင်ခြင်းသည်ပင် သူသည်ကမ္ဘာတစ်ခုလုံး၏ထိပ်တွင်ရှိသည်။
သူနှင့်တူသည့်လူသူနှင့်တူသည့်လူ မည်သူရှိနိုင်ပါမည်နည်း?
“ကောင်းပြီ အချိန်က အဖိုးတန်တယ်။ ဒီမှာပဲ အဆက်စပ်မရှလျှောက်ပြောနေတာရပ်ပြီး စီးပွားရေး အကြောင်းပြောကြစို့” ဖရီယာက သူလည်ချောင်းကိုရှင်းကာဆက်ပြောသည်။
“ရေမွန် နင်တို့လမ်ပူရီတိုင်းပြည်က ပြင်ပအာကာသစီမံကိန်းမှာပါဝင်လာဖို့ မစီစဉ်သေးဘူးလား? ငါမနေ့က ရထားတဲ့သတင်းအရ ကန်ဒရာအင်ပါရာက ဂြိုလ်တု ၆လုံးလွှတ်တင်ပြီးသွားပြီ။ မားလိုအင်ပါယာက အရင်လကထိ ငါးလုံး။ အကယ်၍ နင်တို့အချိန်ထပ်ပေးရင် သူတို့က ပြည့်စုံတဲ့ စောင့်ကြည့်ရေးစနစ်ကို တပ်ဆင်နိုင်သွားပြီး အဲ့ဒါမရှိတဲ့နိုင်ငံတွေက ခံရလိမ့်မယ်။ အထူးသဖြင့် နင်တို့ လမ်ပူရီတိုင်းပြည်ပဲ။ အန်ဒီလာတိုင်းပြည်ကို သိမ်းနိုင်ခဲ့တာကိုပဲ ကြည့်မနေနဲ့။ နင်တို့နဲ့ အင်ပါယာနှစ်ခုရဲ့ ကွာခြားချက်က သိပ်ကြီးနေပြီ။ အကယ်၍ တစ်ခုခုမလုပ်ရင် ကွာဟချက်က ပိုကြီးလာဖို့ပဲရှိမယ်။”
မင်းသားရေမွန်က ခနတိတ်ဆိတ်သွားပြီး မေးလိုက်သည်။ “ဒါက အန်ကယ်ရှုရဲ့အတွေးလား?”
“ငါ့အတွေးပါ။ အဖေက စိုင်စ်နယ်မြေက ကိစ္စတွေကို မေးတော့တာမဟုတ်ဘူး။ နင်မသိတာလဲ မဟုတ်ဘူး”
“အန်…. “ မင်းသားရေမွန်သည် တိတ်ဆိတ်စွာ တွေးနေကာ သက်ပြင်းချလျက် ခါးသက်စွာပြုံးသည်။ “တကယ်တော့ ငါကအဲ့ဒီကိစ္စကို စဉ်းစားပြီးပြီ။ ငါလည်း လမ်ပူရီတိုင်းပြည်က ပြင်ပအာကာသစီမံကိန်းကို လုပ်သင့်တယ်လို့ထင်တယ်။ ဒါမဲ့ အမေက သူက…”
ဖရီယာနှင့် မင်းသားရေမွန်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူမကရုတ်တရက် တွေးမိသွားကာ “ငါ့ကိုပြော အန်တီက ဒီနှစ်တွေအတွင်း ပြင်ပအာကာသစီမံကိန်းကို မလုပ်ခဲ့တာက ငါ့အဖေနဲ့ မလိုမုန်းထားမှုတွေ ရှိနေလို့လား?”
မင်းသားရေမွန်သည် ဖရီယာကိုကြည့်လိုက်ပြီး ထိုအရာကို ငြင်းချင်သော်လည်း သူက ပါးစပ်ကို ဖွင့်လိုက်ကာ ဘာမှမပြောနိုင်ချေ။
ရှုယီသည် စိုင်နယ်မြေသို့ သုံးနှစ်အကြာကလာခဲ့ပြီး ပြင်ပအာကာသ စီမံကိန်းကို တိုးတက်စေရန် ဖြန့်ဝေခဲ့သည်။ အရင်နှစ်က အင်ပါယာနှစ်ခုသည် ပထမဆုံးဂြိုလ်တုများကို လွှတ်တင်နိုင်ခဲ့သည်။
လမ်ပူရီတိုင်းပြည်အနေနှင့် အင်ပါယာနှစ်ခုအောက်မလျော့သော မှော်စက်မှုလုပ်ငန်းရှိကာ သေချာသော ရှုထောင့်မှကြည့်လျှင် ပို၍ ကောင်းမွန်သောအခြေအနေတွင်ရှိကာ သူတို့သည် ပြင်ပအာကာသစီမံကိန်းကို အမြန်တိုးတက်အောင်လုပ်သင့်သည်။
သို့သော် လမ်ပူရီတိုင်းပြည်သည် ပြင်ပအာကာသလုပ်ငန်းကို လိုက်မှီရန်မကြိုးစားခဲ့ပေ။ သူတို့သည် တိုးတက်အောင်မလုပ်သည် သာမက ကန့်ပါကန့်ကွက်ခဲ့သည်။
၎င်းသည် ဘုရင်မ ဆယ်ဗီနီက ထူးဆန်းစွာ ကန့်ကွက်ခဲ့သောကြောင့် ဖြစ်သည်။
ထိုပညာရှိသည့် ဘုရင်မ ဆယ်ဗီနီသည် အဘယ်ကြောင့် ပြင်ပအာကာသစီမံကိန်းကို ကန့်ကွက်သည့်အကြောင်းကို မည်သူမှ မသိခဲ့ပေ။ ဖရီယာနှင့် မင်းသားရေမွန်၌သာ အချို့သဲလွန်စများရှိသည်။
ရှုယီက စိုင်စ်နယ်မြေထံပြန်လာစဉ်က ပြင်ပအာကာသစီမံကိန်းကို တိုးတက်စေရန် ကြေညာခဲ့စဉ်က သူသည် နိုင်ငံများစွာကို သွားခဲ့သော်လည်း လမ်ပူရီတိုင်းပြည်ကို ရှောင်သွားခဲ့သည်။
ထို့ပြင် သူသည် ဘန်တာမြို့တွင် ငါးရက်ကြာနေခဲ့သော်လည်း ဆယ်ဗီနီကို သွားမတွေ့ခဲ့ပေ။
ထို့ကြောင့် ဖရီယာနှင့် မင်းသားရေမွန်တို့က ဘုရင်မ ဆယ်ဗီနီသည် ထိုကိစ္စကြောင့် မုန်းတီးမှုရှိနေကာ ပြင်ပအာကာသလုပ်ငန်းကို တိုးတက်စေလိုခြင်းမရှိခြင်းဟု ခန့်မှန်းနေကြသည်။
မင်းသားရေမွန်သည် သူ၏စိတ်တွင် ထိုကဲ့သို့ဖြစ်သည်ကို အသိမှတ်မပြုလိုသော်လည်း သူ၏အမေသည် လမ်ပူရီတိုင်းပြည်ကိုအစဉ်မြဲ စိတ်ထဲထည့်ထားခဲ့သည်။ သူမသည် ဘုရင်မတစ်ပါးဖြစ်ပြီး ကိုယ်ကျိုးအတွက် ဘယ်တော့မှလုပ်ဆောင်မည်မဟုတ်ပေ။ ထို့ကြောင့် သူမက လမ်ပူရီတိုင်းပြည်၏ မူဝါဒများကို ငယ်ရွယ်သောမိန်းကလေးတစ်ဦးကဲ့သို့ မုန်တီးသည့်ဆန္ဒကြောင့်နှင့် ဆုံးဖြတ်လိမ့်မည်နည်း?
သို့သော် လက်ရှိအခြေအနေသည် အခြားရှင်းလင်းချက်မရှိပါ။
သို့သော်လည်း မင်းသားရေမွန်သည် အကယ်၍ သူ့အမေက ပြင်ပအာကာသလုပ်ငန်းကို တိုးတက် အောင် မလုပ်ခြင်းသည် ထိုကိစ္စကြောင့်ဖြစ်မည်ကိုစိုးရိမ်နေသော်လည်း သူဖြေရှင်းနိုင်မည့် နည်းလမ်း မရှိပါ။
သူသည် ရှုယီအား သူ၏အမေရှေ့တွင် မှားကြောင်းဝန်ခံ၍ တောင်းပန်ရန် မလုပ်နိုင်ပါ။
ထိုသို့စဉ်းစားလိုက်ပြီး သူ၏ဘေးမှ ဖရီယာအားကြည့်လိုက်သည်။
ဖရီယာသည် သူ့အားထိုကိစ္စကြောင့် လာရှာခြင်းဖြစ်သဖြင့် သူမ၌ ဖြေရှင်းရန်နည်းလမ်းရှိနေပါသလား?
***
Volume 8 အခန်း ၉၉ ။ ထီးနန်းစွန့်ခြင်း
ဖရီယာ၌လည်း ထိုကိစ္စအတွက် နည်းလမ်းမရှိခြင်းမှာ နှမြောစရာဖြစ်သည်။
သို့သော် သူမသည် ပြင်ပအာကာသစီမံကိန်းကို ဖြေရှင်းရန် ယာယီနည်းလမ်းကိုပေးခဲ့သည် ၄င်းသည် Frestech ကုန်သည်များအသင်း၏ ဂြိုလ်တု အချက်ပြကို လမ်ပူရီတိုင်းးပြည်နှင့် မျှဝေပေးမည့် နည်းလမ်းဖြစ်သည်။ ထိုနည်းလမ်းသည် လမ်ပူရီတိုင်းပြည်အား ပြင်ပ အာကာသဆက်သွယ်ရေး နှင့် စောင့်ကြည့်ရေးတို့တွင် အင်ပါယာနှစ်ခု၏နောက်တွင် များစွာကျန်ခဲ့တော့မည်မဟုတ်ပေ
မင်းသားရေမွန်သည် ထိုဖြေရှင်းချက်ကိုစိတ်ဝင်စားသည်။ သို့သော် ဖရီယာအား သေချာသည့်အဖြေကို မပေးနိုင်ခဲ့ပေ။
“ငါဒီကိစ္စကို အမေဆီက လျို့ဝှက်ထားနိုင်မှာမဟုတ်ဘူး။ ပြီးတော့ သူသဘောတူမယ်လို့လဲ ယုံကြည်မှု မရှိဘူး” မင်းသားရေမွန်သည် အကူညီမဲ့နေသလို ခံစားခဲ့ရသည်။ “ ဒါပေမဲ့ ငါပြန်သွားရင် အမေ့ကို ပြောကြည့်ပါ့မယ်။ အကယ်၍ ငါ့ကို မတားရင် အဲ့အချိန်ကျမှစကားပြောကြတာပေါ့”
“ကောင်းပြီ အခုတော့ ဒီလိုပဲလုပ်ထားကြတာပေါ့” ဖရီယာသည် ပခုံးတွန့်လိုက်သည်။
မင်သားရေမွန်က သက်ပြင်းချလိုက်သည် ဖရီယာ၏ ညတွင်ပင် လှပနေသည့်မျက်နှာကို ကြည့်လိုက်ပြီး အတွေးပေါ်လာကာ မေးလိုက်သည်။ “ဟုတ်သားပဲ ငါနင့်ကိုမမေးရသေးဘူး။ ဒီတစ်ခေါက် ရုတ်တရက် ဘာလို့ ဒီကိုလာတာလဲ?”
“အန်ဒီလာတိုင်းပြည်က သူတို့ လက်နက်ချတာကို ကြေညာလိုက်တယ်မလား? ဒါက အရေးကြီးတဲ့ကိစ္စပဲ။ ငါကိုယ်တိုင်လာကြည့်ချင်လို့ပေါ့” ဖရီယာသည် တည်ငြိမ်စွာ တုံ့ပြန်သည်။
မင်းသားရေမွန်သည်ဖရီယာက ထိုအကြောင်းကြောင့် အန်ဒီလာတိုင်းပြည်၏ တော်ဝင်နန်းတော်ထိ လာခဲ့သည်ဆိုသည့် အကြောင်းကို မယုံပါ။ ထို့ပြင် ဤအချိန်တွင်လာခြင်းသည် ထိုမျှလောက် ရိုးရှင်းမည်မဟုတ်ပါ”
ထို့အတူ ပွဲ၌ ဖရီယာ၏ပုံစံကို ကြည့်ခြင်းအားဖြင့် သူမသည် သူမ၏နဂိုပုံစံကို ဖုံးကွယ်ထားကြောင်း သိသာနေသည်။
Frestechကုန်သည်များအသင်း၏ ဥက္ကဌအနေဖြင့် သူမသည် မည်သည့်တိုင်းပြည်၌ပင်မဆို အရေးကြီးသည့် ဧည့်သည် ဖြစ်နိုင်သည်။ သူမက ထို့ကဲ့သို့ ရုပ်ဖျက်ထားခြင်းမှာ သူမသည်တစ်ခုခုကို စီစဉ်ထားကြောင်း ရှင်းလင်းနေသည်။
သို့သော် ဖရီယာက မပြောလိုသဖြင့် သူကလည်းဆက်မမေးပါ။
ထိုနှစ်ယောက်သည် Frestechကုန်သည်များအသင်းနှင့် လမ်ပူရီတိုင်းပြည်တို့၏ စီမံကိန်းအကြောင်းကို အနည်းငယ်ကြာအောင် ပြောပြီးနောက် ဖရီယာသည် ဆွေးနွေးခြင်းကို အဆုံးသတ်လိုက်ပြီး မင်သားရေမွန်ကို ကားထဲမှ ထွက်စေလိုက်သည်။
ဖရီယာ၏မှော်ကားသည် မြစ်ကမ်းဘေး အမှောင်ထဲတွင် ဝိညာဉ်ကဲ့သို့ထွက်ခွာသွားခြင်းကို ကြည့်ကာ မင်းသားရေမွန်သည် နှာခေါင်းကိုကိုင်ကာ ခါးသီးစွာပြုံးလိုက်သည်။
သူသည် သူနှင့် သွေးတစ်ဝက်တော်သော အစ်မသည် သူ့၏မင်းသားရာထူးထက် ကောင်းမွန်သည့်ဘဝကို နေနေကြောင်း တွေးမိသည်။
သူမ၏ရာထူး Frestechကုန်သည်များအသင်းရာထူးနှင့် သူသည် မည်သည့်အရာကိုမဆိုလုပ်နိုင်သည်။ သူကတော့ သူ့အမေ၏ သဘောတူညီချက်ကိုစောင့်ကာ ထိန်းချူပ်မှု ခံရသေးသည်။
ရှုယီက ဖရီယာအား အကယ်၍ သူမလုပ်ချင်တော့လျှင် သူမသည် Frestech ကုန်သည်များအသင်း ရာထူးကို လက်လျော့နိုင်ပြီး ရှုယီက ဝင်ရောက်စွက်ဖက်ခြင်းမပြုဟုပင် ပြောသေးသည်။
သူအတွက်မူ? လမ်ပူရီတိုင်းပြည်၏ တစ်ဦးတည်းသော မင်းသားအနေနှင့် သူသည် လမ်ပူရီတိုင်းပြည်၏ ဘုရင် ဖြစ်လာရန် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။
ဆိုလိုသည်မှာ သူသည် သူ့၏လေးပင်သော တာဝန်ဝတ္တရားများမှ ပုန်းကွယ်နိုင်ခြင်းမရှိပေ။
“အကယ်၍ ငါဘုရင်ဖြစ်လာရင် ငါ့မှာ ကြီးမားတဲ့ အာဏာရှိလာပြီး တာဝန်ဝတ္တရားတွေရှိလာတာ အဆင်ပြေပေမဲ့ အမေက လူတိုင်းကို ထိန်းချုပ်ထားတယ် ငါကဘာလုပ်နိုင်မှာလဲ?
မင်းသားရေမွန်သည်သက်ပြင်းချလိုက်သည်။
…..
လဝက်ခန့် ကြာပြီးနောက် လမ်ပူရီတိုင်းပြည်၏ မကျော်ကြားသောကုမ္ပဏီတစ်ခုမှ Frestech ကုန်သည်များအသင်းကိုလာရောက်ကာ လူသိရှင်ကြား သဘောတူညီချက်တစ်ခု ရယူရန် လာခဲ့သည်။
ထိုအကြောင်းကို လူအများစုမသိကြသော်လည်း ထိုအကြောင်းအရာက အရေးကြီးသည်။
သဘောတူညီချက်အရ ကုမ္ပဏီက ဂြိုလ်တုခြောက်လုံး၏ အချက်ပြများကို Frestechကုန်သည်ကြီးများအသင်းနှင့် မျှဝေသုံးစွဲမည့်အကြောင်းပင်ဖြစ်သည်။
ထို့အပြင် ထိုကိစ္စပြီးနောက် Frestechကုန်သည်များအသင်းသည် သူတို့အပိုင် ဂြိုလ်တုနှစ်လုံးကို အခြားကိရိယာများနှင့်အတူ ထိုကုမ္ပဏီအား ငှားရမ်းကာ ၎င်းတို့ကိုယ်တိုင်ထိန်းသိမ်းခွင့်ပြုပြီး ကူညီပေးမည်ဖြစ်သည်။
ထိုသဘောတူညီချက်သည် လျို့ဝှက်စွာ ရေးထိုးခဲ့သောကြောင့် များစွာ အာရုံစိုက်မှု မခံရပေ။
သို့သော် တစ်လခန့်ကြာပြီးနောက် စိုင်စ်နယ်မြေ၏အာရုံကိုဆွဲဆောင်လိုက်သော လမ်ပူရီတိုင်းပြည်၏ သတင်းတစ်ခု ထွက်လာသည်။
ဘုရင်မ ဆယ်ဗီနီသည် နန်းစံသက် နှစ် ၃၉နှစ်အကြာတွင် ရုတ်တရက် သူသည် ထီးနန်းစွန့်တော့မည် ဖြစ်ကြောင်း ကြေညာလိုက်သည် သူမသည် သူ၏ထီးနန်းကို တစ်ဦးတည်းသော သားဖြစ်သူ မင်းသားရေမွန်ကို ပေးမည်ဖြစ်သည်။
ဘုရင်မ ဆယ်ဗီနီသည် သက်တော် ၆၀ကျော်ပြီဖြစ်၍ အသက်ရွယ်ကြီးရင့်နေပြီဟုဆိုနိုင်သော်လည်း သူမသည် အလွန်ကျန်းမာကာ ပြင်းထန်သည့် ဖျားနာခြင်းရှိသည်ဟုလည်းသတင်းမရှိပေ။ လူတိုင်းသည် သူမက လမ်ပူရီတိုင်းပြည်ကို နောက်ထပ်နှစ် ၂၀ခန့် ဦးဆောင်မည်ဟုထင်ခဲ့သည်။
သို့သော် ယခုမူ အန်ဒီလာတိုင်းပြည်အား သိမ်းပိုက်ပြီးနောက် လမ်ပူရီတိုင်းပြည်တွင် ပြောင်းလဲမှု တစ်စုံတစ်ခုမရှိပါပဲ သူတို့၏ အင်အားရှိနေသည့်အချိန်တွင် ဘုရင်မ ဆယ်ဗီနီက ရုတ်တရက် ထီးနန်း စွန့်မည်လား?
လူအများစုသည် မင်းသားရေမွန်က လျို့ဝှက်စွာပုန်ကန်ခဲ့ပြီး ဘုရင်မ ဆယ်ဗီနီအား ထီးနန်း စွန့်ခိုင်းခဲ့သည် ဟု ထင်နေကြသည်။
သို့သော် ၎င်းသည် လူအများစု၏ ခန့်မှန်းချက်သက်သက်သာြဖစ်သည်။
ဘုရင်မဆယ်ဗီနီသည် လမ်ပူရီတိုင်းပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ပြီးနောက် လမ်ပူရီတိုင်းပြည်သည် သေးငယ်သော တိုင်းပြည်တစ်ခုမှ အနောက်တောင်ဖက်တွင် ကြီးမားသည့်နေရာကို ထိန်းချုပ်ထားနိုင်သော နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။ ထိုတိုင်းပြည်သည် စိုင်စ်နယ်မြေတွင် အချက်အချာ ကျသော နေရာတစ်ခုမှပါဝင်နေပြီး အင်ပါယာနှစ်ခုအောက်ရှိ အင်အားအကြီးဆုံးနိုင်ငံဖြစ်သည်။ ထို့ကြောင့် အံ့အားသင့်ဖွယ်ကောင်းသည် လုပ်နိုင်စွမ်းနှင့် လမ်ပူရီတိုင်းပြည်သည် သမိုင်းတွင် အင်အား ကောင်းသော နိုင်ငံတစ်ခုအဖြစ် သတ်မှတ်နိုင်လာသည်။
သူမထီးနန်းစံနေချိန်တွင် များစွာသောနှစ်များ၌ လမ်ပူရီတိုင်းပြည်၏ မြန်ဆန်စွာတိုးတက်လာမှုကိုပါ ထည့်ပေါင်းလိုက်လျှင် ပြည်သူပြည်သားများ၏ ဘဝများ၏အရည်အသွေးကို မြင့်တင်ပေးခဲ့ခြင်းသည် သူမအင်အားမရှိသေးချိန်မှစကာ ပါးနပ်သည့်နှိုင်းယှဉ်မှုတစ်ခု ဖြစ်နိုင်သည်။ ဘုရင်မ ဆယ်ဗီနီသည် လမ်ပူရီတိုင်းပြည်တွင် မယှဉ်နိုင်သော အောင်မြင်မှုဩဇာရှိပေသည်။
အကယ်၍ မင်းသားရေမွန်၌ ပုန်ကန်လိုစိတ်ရှိလျှင်ပင် သူ၏နောက်ကို မည်သူလိုက်မည်နည်း?
ထို့အပြင် သူသည် ဆယ်ဗီနီ၏ တစ်ဦးတည်းသောသားဖြစ်ကာ သံသယဖြစ်ဖွယ်မရှိပဲ တစ်ဦး တည်းသော ဆက်ခံသူဖြစ်သည် ထို့ကြောင့် သူ့၌ အခြားသူတစ်ယောက် အမွေခံဖြစ်ရန် လုမည်ကို စိုးရိမ်စရာမလိုပေ။ သူသည် အေးဆေးစွာဖြင့် ဘုရင်မ ဆယ်ဗီနီ အသက်ကြီးလာသည်ကိုစောင့်ကာ ထီးနန်းကို ယူနိုင်သည် ထို့ကြောင့် အဘယ်ကြောင့် သူက စွန့်စား၍ ပုန်ကန်မှုပြုလုပ်ရန် လိုအပ် လိမ့်မည်နည်း?
အပြင်ဖက်မှ ခန့်မှန်းချက်များကို ဂရုမစိုက်ပဲ လမ်ပူရီတိုင်းပြည်သည် ထီးနန်းကို အဆင်ပြေစွာ လွဲပြောင်းပေးခဲ့သည်။
ဘုရင်မ ဆယ်ဗီနီသည် ထီးနန်းစွန့်ပြီးနောက် လုထုရှေ့တွင် သုံးလခန့် ပေါ်လာခဲ့ပြီး တိုင်းပြည်၏ မူဝါဒများချမှတ်ရာတွင် ပါဝင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူမသည် ထွက်ပေါ်လာသည့်အချိန် တစ်ဖြည်းဖြည်းနည်းလာကာ နိုင်ငံရေးမှ ဆက်သွယ်မှုကို လျော့ပစ်သည်။
နောက်ဆုံး၌ ပြောင်းလဲမှုပြုပြီး နှစ်ဝက်အကြာတွင် ဘုရင်မ ဆယ်ဗီနီသည် သူမသည် ရေမွန်အား လမ်ပူရီတိုင်းပြည်ကို လွဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း အခိုင်အမာ ကြေညာလိုက်သည် ထို့နောက် လူထု၏ မျက်စိအောက်မှ လုံးဝပျောက်သွားသည်။ မည်သူမှ သူမဘယ်သွားလိုက်သည်ကို မရှာ နိုင်တော့ပေ။
…..
ရှုယီသည် သူ၏ရှေ့၌ ရပ်နေသော ဆယ်ဗီနီကို ထူးဆန်းသည့်အကြည့်နှင့် ကြည့်နေကာ မည်သို့ တုံ့ပြန်ရမည်ကို မသိပေ။
“ဟိုင်း ရှုယီ ဒီမျက်နှာအမူအရာကဘာလဲ? ဒီမှာ ကျွန်မကို မကြိုဆိုဘူးလား?” ဆယ်ဗီနီက အေးဆေးသော အပြုံးဖြင့် ပြောသည်။
“ဘယ်လိုလုပ်မကြိုဆိုရမှာလဲ…?” ရှုယီက ခေါင်းခါလျှက် ထိုင်ခုံကိုဆွဲပေးကာ ဆယ်ဗီနီအားထိုင်ရန် အချက်ပြလိုက်သည်။ “ငါက သိချင်လို့ပါ။ ဘာလို့ လမ်ပူရီတိုင်းပြည်ကို သေချာ ဂရုစိုက်မနေပဲ ဒီအထိရောက်အောင် လာခဲ့တာလဲ?”
ရှုယီနှင့် ဆယ်ဗီနီသည် ယခုတွင် စိုင်စ်နယ်မြေ သို့ မှော်တိမ်တိုက်နယ်မြေတွင် မဟုတ်ပဲ ရှုယီက စတေးလ်အငြိမ်းစားယူပြီးနောက် နေထိုင်ရန် ရွေးချယ်ထားသော ကျွန်းတစ်ခုပေါ်တွင်ဖြစ်သည်။
ထိုကျွန်းသည် ကောင်းကင်ကျွန်းနှင့် မဝေးသောနေရာတွင် တည်ရှိပြီး ကီလိုမီတာ လေးရာလောက် အကွာတွင်ရှိသော်လည်း စိုင်စ်နယ်မြေကမူ ကီလိုမီတာ ၆ထောင်ခန့်အကွာတွင်ရှိသည်။
ဆယ်ဗီနီသည် ရှုယီရှေ့၌ ပေါ်လာရန် ကီလိုမီတာ ၆ထောင်ကျော်ဖြတ်လာခဲ့သည် ထို့ကြောင့် သူက မည်သို့မအံ့သြပဲနေနိုင်မည်နည်း?
“ဘာအံ့သြစရာရှိလို့လဲ?” ဆယ်ဗီနီကပြုံးလျက်ပြောသည်။ “ကျွန်မထီးနန်းစွန့်တဲ့ကိစ္စကို ရှင်သတင်း မရဘူးဆိုတာ မယုံဘူး”
“ငါသိပါတယ်။ ဒါပေမဲ့ ဒီလောက်အဝေးကြီးလာရတဲ့ ကိစ္စနဲ့တော့ မပက်သက်လောက်ပါဘူး။ ဟုတ်တယ်မလား?”
“ပက်သက်တာပေါ့ ကျွန်မက လမ်ပူရီတိုင်းပြည်ရဲ့ ဘုရင်မ မဟုတ်တော့ဘူးလေ။ ဒါကြောင့် ရှင့်စကားအရ ကျွန်မက အလုပ်ပြုတ်သွားပြီး ဘာမှလုပ်စရာမရှိတော့ဘူး။ အဲ့တော့ သူငယ်ချင်းဟောင်းကို လာတွေ့တာက သာမန်ပဲမဟုတ်ဘူးလား” ဆယ်ဗီနီက ပြုံးကာပြောသည်။
“အကယ်၍ မင်းငါ့ကို တကယ်တွေ့ချင်ရင် အရင်က အခွင့်အရေးမရှိခဲ့တာလဲ မဟုတ်ပါဘူး” ရှုယီက မျက်လုံးကိုလှည့်ကာ ပြောသည်။ “အခုမှ ဒီလောက်အဝေးကြီးလာတာ ငါမင်းကို ကပ်ပါးရပ်ပါး လုပ်မှာကို မကြောက်ဘူးလား?”
ဆယ်ဗီနီက မနေနိုင်ပဲ ရယ်လိုက်ပြီး “ရှုယီ မတွေ့ရတာနှစ်ပေါင်းကြာတာတောင် ရှင်က ဆွဲဆောင်မှု ရှိနေတုန်းပဲ”
“ဟုတ်တယ် နှစ်ပေါင်းများစွာကြာခဲ့ပြီ” ရှုယီက ဆယ်ဗီနီကိုကြည့်ကာသက်ပြင်းချသည်။
ဆယ်ဗီနီကလဲ တိတ်ဆိတ်သွားသည်။
သူတို့နှစ်ဦးသား နှစ်ပေါင်းများစွာ မတွေ့ရခြင်းသည် သာမန်မဟုတ်ပါ။
အမှန်မှာ ဆယ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး သူတို့နှစ်ဦးသည် တွေ့ဖြစ်သည့်အကြိမ်ရေနည်းခဲ့သည်။
နောက်ပိုင်း၌ သူတို့နှစ်ဦးကြားရှိ အဝေးမှ ခေါ်ဆိုမှုများပါ လျော့နည်းခဲ့သည်။
ရှုယီက မှော်တိမ်တိုက်နယ်မြေတွင် အလုပ်ရှုပ်နေပြီး လမ်ပူရီတိုင်းပြည်ကို ဆက်သွယ်ရန် အခွင့်အရေး မရှိခဲ့ပေ။ Frestechကုန်သည်များအသင်းနှင့် လမ်ပူရီတိုင်းပြည်၏ ပူးပေါင်းမှုကလည်း ဖရီယာနှင့် အခြား Frestechကုန်သည်များအသင်း၏ဝန်ထမ်းများက ကိုင်နေကာ ရှုယီဂရုစိုက်စရာမလိုပေ။
အကောင်းဆုံးအခွင့်အရေးမှာ လွန်ခဲ့သော သုံးနှစ်က ရှုယီ စိုင်စ်နယ်မြေသို့ပြန်လာကာ ဟိန့်ဇ်၏ အသုဘတွင် ပါဝင်သောအချိန်ကပင်ဖြစ်သည်။
သို့သော် ထိုငါးရက်အတွင်း ရှုယီသည် ဆယ်ဗီနီကို တွေ့လိုခြင်းမရှိခဲ့ပဲ ဆယ်ဗီနီသည်လည်း ယခင်ကလို ရှုယီကို ချက်ချင်းသွား၍ ရှာတတ်သော အချိန်ကကဲ့သို့ မပြုမူတော့သဖြင့် သူတို့နှစ်ဦးသည် မတွေ့ခဲ့ရပါ။
“အတိအကျပြောရရင် ကျွန်မတို့ လူချင်းမတွေ့ရတာ ဒီနေ့အထိတွက်ရင် ရှစ်နှစ် ခုနစ်လနဲ့ နှစ်ဆယ့်တစ်ရက် ရှိပြီ။” ဆယ်ဗီနီက ညှင်သာသောအသံဖြင့် ပြောသည်။ “အရင်တစ်ခေါက်တွေ့တုန်းက ကျွမ်းကျင် ဘုန်းတော်ကြီး ကမ်မီလာရဲ့ အသက်တစ်ရာပြည့်မွေးနေ့တုန်းကပဲ..”
ရှုယီက ဆယ်ဗီနီသည် ဤမျှလောက်အတိအကျမှတ်မိလိမ့်မည်ဟု မထင်ခဲ့ပေ။ အံ့ဩသွားပြီးနောက် သူကသက်ပြင်းချကာ ပြောလိုက်သည်။ “အကယ်၍ အဖိုးရဲ့ မွေးနေ့ကြောင့်သာမဟုတ်ခဲ့ရင် ငါက လူအများကြီးဖိတ်ခဲ့မှာမဟုတ်သလို မင်းနဲ့လည်းတွေ့ရမှာမဟုတ်ဘူး”
ဆယ်ဗီနီက ရှုယီကို ကြည့်ကာ သက်ပြင်းချလျက် “ရှင်သိသင့်တာ ရှင်က လွန်ခဲ့တဲ့ လေးနှစ်က ရေမွန်ရဲ့ မင်္ဂလာဆောင်တောင်မလာခဲ့ဘဲ ဖရီယာကိုပဲ ကိုယ်စားလွှတ်ခဲ့တာပဲ”
ဆယ်ဗီနီ၏ စကားထဲမှ ဖုံးကွယ်ထားသည့် ခါးသီးမှုကိုကြားလျှင် ရှုယီက ခါးသက်စွာပြုံးကာ “မတတ်နိုင်ဘူး အဲ့တုန်းက မှော်တိမ်တိုက်နယ်မြေမှာ အရေးကြီးကိစ္စဖြစ်နေတော့ ငါတကယ်ကို ထွက်မလာနိုင်ခဲ့ဘူး”
“ဒါကြောင့် ကိုယ့်သားအရင်းရဲ့ မင်္ဂလာဆောင်ကိုတောင် မလာနိုင်တာလား?
ရှုယီက ထိတ်လန့်သွားကာ ဆယ်ဗီနီအား မျက်လုံးများပြူးကျယ်ကာ ကြည့်လိုက်သည်။
***
Volume 8 အပိုင်း ၁၀၀ ။ ပြဿနာဖန်တီးခြင်း
“အံ့ဩစရာဘာရှိလို့လဲ? စတေးလ်က ရှင့်ကို မပြောပြရသေးဘူးလား?” ဆယ်ဗီနီက အေးဆေးနေသော ပုံစံနှင့်ပြောသည်။
“ကျွန်မက အခု လမ်ပူရီတိုင်းပြည်ရဲ့ဘုရင်မ မဟုတ်တော့တာကြောင့် ဒီကိစ္စကို ဖုံးထားဖို့မလိုတော့ဘူး? တကယ်တော့ ကျွန်မက ရှင့်ကို အစောကတည်းကပြောသင့်တာပါ။ ဒါမဲ့ အခုချိန်ထိ ဆွဲထားမိတယ်။ ဒီအကြောင်းကို ပြောရရင် ကျွန်မတကယ်စိတ်ပူမိတယ်”
ရှုယီက ဆယ်ဗီနီကို ကြောင်ကြည့်နေကာ သူက မရည်ရွယ်ပဲ မေးလိုက်သည်။ “မင်းက ဘာကို စိုးရိမ်နေတာလဲ?”
“ရှင်အဲ့တာကို အသိအမှတ်မပြုမှာ စိုးရိမ်နေတာပေါ့” ဆယ်ဗီနီက ရှုယီကို ကြည့်ကာ “ကျွန်မက ရေမွန်ဟာ ရှင်နဲ့ ကျွန်မရဲ့ကလေးဆိုတာ သေချာတယ်။ ဘာလို့ဆို ကျွန်မဘဝမှာ ယောက်ျားဆိုလို့ ရှင်တစ်ယောက်နဲ့ပဲ ပက်သက်ဖူးတာ။ ဒါပေမဲ့ ကျွန်မ,မသေချာတာက ရှင်က ရှင့်ရဲ့ ပင်ကိုယ်စရိုက်ကို သံသယဝင်နေမလား ဆိုတာကိုပဲ?”
ရှုယီက တိတ်ဆိတ်သွားသည်။
အမှန်၌ အခုချိန်တွင်ပင် သူသည် ရေမွန်က သူနှင့် ဆယ်ဗီနီ၏ သားဖြစ်ကြောင်းကို မယုံကြည်သေးပါ။
လွန်ခဲ့သောနှစ်အနည်းငယ်က Frestechကုန်သည်များအသင်းသည် နတ်သူငယ်များနှင့် ပူးပေါင်း အလုပ်လုပ်ခဲ့ပြီး သူတို့သည် သွေးသားတော်စပ်မှု ရာခိုင်နှုန်းကို စမ်းသပ်နိုင်သော စိတ်ဝိဉာဉ် မှော်စက်ကို တီထွင်နိုင်ခဲ့သည်။ ရှုယီက ထိုနေရာသို့ ရေမွန်ကို မခေါ်လာနိုင်ခဲ့သောကြောင့် သူက မသေချာခဲ့ပါ။
ရှုယီ၏ မျက်နှာကိုမြင်လျှင် ဆယ်ဗီနီက သက်ပြင်းချကာ ဆက်ပြောသည်။ “ရှုယီ ကျွန်မတို့ ခပ်တန်းတန်းဖြစ်သွားတာ ဒီကိစ္စလည်း ပါလား?”
ရှုယီက ဆယ်ဗီနီကို ကြည့်လျက် ထိုကိစ္စနှင့်လည်းပက်သက်ကြောင်း အတည်ပြုလိုသော်လည်း သူက ခေါင်းကို မငြိမ့်ရဲခဲ့ပါ။
သဲလွန်စများက ရေမွန်သည် သူနှင့်ဆယ်ဗီနီ၏ သားဖြစ်ကြောင်း ပြလာသောအခါ ရှုယီက ဆယ်ဗီနီကိုပင် မလိုမုန်းထားမှုတစ်ချို့ ရှိခဲ့သည်။
သူ၏ အမြင်အရ ဆယ်ဗီနီသည် သူ့ကို မတုံ့ဆိုင်းပဲ ဆက်ဆံရေးရှိစေခဲ့ပြီး ထို့ကြောင့် သူမသည်သူနှင့် သွေသားတော်စပ်သည့် ကလေးတစ်ယောက် ရလာခဲ့သည်။
ထိုနည်းလမ်းဖြင့် ထိုကလေးသည် လမ်ပူရီတိုင်းပြည်၏ ဘုရင်ဖြစ်လာကာ ရှုယီက မလွဲမသွေ သူ၏သားကို ဂရုစိုက်ရတော့မည်။ ဆိုလိုသည်မှာ လမ်ပူရီတိုင်းပြည်ကိုပါ ဂရုစိုက်ရတော့မည်ဖြစ်သည်။
၎င်းသည် အလွန်သာမန်ဖြစ်သည့် နည်းလမ်းဖြစ်ကာ ရှုယီက ဆယ်ဗီနီ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့လုပ်သည်ကို နားလည်နိုင်သည်။
သို့သော် သူက ထိုချဉ်းကပ်မှုမျိုးကို မကြိုက်ပါ။
သူ၏လျို့ဝှက်စုံစမ်းမှုဖြင့် ထိုအကြောင်းကို အတည်ပြုပြီးနောက် ရှုယီက တဖြည်းဖြည်း ဆယ်ဗီနီနှင့် ခပ်တန်းတန်းဖြစ်လာသည်။
သေချာသည်မှာ ၎င်းသည် အဓိကအချက် မဟုတ်ပါ။
“ငါတို့ ခပ်တန်းတန်းဖြစ်သွားရတဲ့ အကြောင်းရင်းက ငါတို့ အမြင်တွေမတူကြလို့ပါ”ရှုယီက ခေါင်းခါသည်။
“မင်းက လမ်ပူရီတိုင်းပြည်ရဲ့ ဘုရင်မဖြစ်ပြီး ငါကလည်း Frestechကုန်သည်များအသင်းရဲ့ ဥက္ကဌလေ။ ဒါကြောင့် ငါကလည်း Frestechကုန်သည်များအသင်းအတွက် စဉ်းစားရမယ်။ ငါတို့က အမြင် မတူကြတာကြောင့် သဘာဝကျစွာပဲ ထင်မြင်ချက်လည်းမတူတော့ဘူး။ ပြီးတော့ ဆန့်ကျင်ဖက်တွေ ဖြစ်လာလိမ့်မယ်။ ငါက မင်းနဲ့ သာမန်သူငယ်ချင်းတွေအဖြစ်ကို မရပ်တန့်ချင်ဘူး။ ဒါကြောင့် ငါမင်းကို ဆက်သွယ်တာ လျှော့့ခဲ့ပြီး စီးပွားရေးလုပ်ဖို့ပဲ ဦးတည်ထားတော့တာ”
“အခုကော? ရှင်က Frestech ကုန်သည်များအသင်းရဲ့ ဥက္ကဌ မဟုတ်တော့သလို ကျွန်မကလည်း လမ်ပူရီတိုင်းပြည်ရဲ့ ဘုရင်မ မဟုတ်တော့ဘူး။ ကျွန်မတို့ အရင်ကလို သူငယ်ချင်းဆက်ဖြစ်နိုင်သေးလား?” ဆယ်ဗီနီကမေးသည်။
ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ “အကယ်၍ ငါကသာဆန္ဒမရှိဘူးဆိုရင် စတေးလ်က ဒီကို အစကတည်းက ဘယ်ခေါ်လာပါ့မလဲ?”
“ဟိုင်း ရှုယီ ကျွန်မ ဆယ်ဗီနီကို ရှင့်ကိုလာတွေ့ဖို့ အချိန်တော်တော်ကြာအောင် စည်းရုံးခဲ့ရတာ။ ရှင်က ကျွန်မကို ကျေးဇူးမတင်ပဲ ကျွန်မကို ပြဿနာရှာနေတာလား?” စတေးလ်က တစ်နေရာမှ ထွက်လာသည်။
“ကိုယ်က မင်းကို ဘယ်ပြဿနာရှာနိုင်ပါ့မလဲ။ မင်းကို ကျေးဇူးတင်ဖို့တောင် အချိန်မရှိတဲ့ဟာ” ရှုယီက ရယ်လိုက်သည်။ “ဆယ်ဗီနီက ကိုယ့်သူငယ်ချင်းကောင်းတွေထဲက တစ်ယောက်ပဲ။ အရင်က ချန်ခဲ့ရပြီး အခုတော့ ဒီမှာထိုင်ပြီးစကားပြောဖို့ အခွင့်အရေးရတာ ကောင်းတဲ့ အချိန်ပါပဲ”
“ရှင်လည်းအဲ့လိုထင်လား?” ဆယ်ဗီနီက ပြုံးလိုက်သည်။ သူမသည် ပတ်ဝန်းကျင်ကိုကြည့်ကာ သက်ပြင်းချလျက် “တကယ်တော့ ဒီကိုလာပြီးမှ နိုးထလာမိတာ နည်းနည်းတောင်နောက်ကျသွားမှန်း သိလိုက်ရသည်။ ဘဝက ဒီမှာ တကယ်ကို အေးဆေးပြီး အကယ်၍ ရေမွန်ကို ထီးနန်းစောစော ပေးလိုက်ရင်တောင် ရှင်နဲ့ စတေးလ်တို့လို အေးဆေးတဲ့ဘဝနဲ့ စောစော နေနိုင်မယ်လို့ ထင်မိတယ်”
“ဟုတ်သားပဲ ဆယ်ဗီနီ ငါ့မှာ မေးခွန်းတစ်ခု ရှိတယ်။ နင်က ရုတ်တရက်ဘာလို့ ထီးနန်းကို ရေမွန်ကို ပေးဖို့ ဆုံးဖြတ်လိုက်တာလဲ?” စတေးလ်က စပ်စုသည့်အသံဖြင့် မေးသည်။
ရှုယီသည်လည်းထိုအကြောင်းကို ဂရုစိုက်သည်။
သူသည်ဆယ်ဗီနီက ကမ္ဘာပေါ်မှ ဗြိတိန် ဘုရင်မကြီးကဲ့သို့ လမ်ပူရီတိုင်းပြည်အား သူမအသက်သေဆုံး သည်ထိ အုပ်ချုပ်သွားလိမ့်မည်ဟု ထင်ခဲ့သည်။
မင်းသားရေမွန်က ကမ္ဘာပေါ်မှ မင်းသားကဲ့သို့ ဆယ်စုနှစ်များစွာ အိမ်ရှေ့မင်းသားဖြစ်ကာ ထီးနန်းကို မဆက်ခံပဲ နေရလိမ့်မည်။
သူသည် ဆယ်ဗီနီက ရုတ်တရက်ထီးနန်းစွန့်ကာ ထီးနန်းနှင့် အာဏာများကို မင်းသားရေမွန်အား လွဲပြောင်းပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ဒါက ရုတ်တရက်မဟုတ်ပါဘူး” ဆယ်ဗီနီက ခေါင်းခါလိုက်သည် “တကယ်တော့ ရေမွန် အိမ်ထောင်ပြုပြီး ကတည်းက ငါ့မှာ အဲ့လို အကြံရှိပါတယ်။ ငါက ရေမွန်ကို ဒီနှစ်တွေအတွင်း လေ့ကျင့် ပေးထားပြီး နိုင်ငံရေးမှာ အများကြီးပါဝင်စေခဲ့တယ်။ သူ့ကို ဆုံးဖြတ်ချက်တွေချခိုင်းသရွေ့ အဲ့နေရာကို ချော့မွေ့စွာ ယူနိုင်လိမ့်မယ်။ ဒါကြောင့် ငါက သူ့ကိုထီးနန်းပေးလိုက်တာပဲ။ ဒါကပုံမှန်ပဲ မဟုတ်ဘူးလား?”
“မဟုတ်ဘူး ဆယ်ဗီနီ ငါမင်းကိုသိတယ်။ အကယ်၍ မင်းမှာ အဲ့လို အကြံအစည် ရှိခဲ့ရင်တောင် တစ်ခုခုက မင်းကို မလှုံဆော်ပေးရင် ရုတ်တရက်ကြီး အဲ့လို ဆုံးဖြတ်ချက်ကို ချမှာမဟုတ်ဘူး” ရှုယီက ခိုင်မာစွာ ပြောသည်။
ဆယ်ဗီနီက တိတ်ဆိတ်သွားပြီး ခါးသီးစွာ ရယ်လိုက်သည်။
“ဟုတ်ပြီ ကျွန်မထင်တာ ရှင်တစ်ယောက်ပဲရှိမယ်။ ရှုယီ ကျွန်မကို ဒီကမ္ဘာမှာ အနားလည်ဆုံးပဲ။ မှန်တယ် ကျွန်မကို လှုံ့ဆော်ပေးတဲ့အရာရှိတယ်… ရှင်ရယ် စတေးလ်ရယ်နဲ့လည်း ပက်သက်နေတယ်”
ရှုယီနှင့် စတေးလ်က အံ့ဩသွားသည်။ “ငါတို့နဲ့ ပက်သက်တယ်?”
“ရှင်တို့ရဲ့ သမီးလိမ္မာလေး ဖရီယာကို သွားပြီး မေးကြည့်ပါ” ဆယ်ဗီနီက ပြုံး၍ ပြောသည်။ “အကယ်၍ သူကသာ ကျွန်မနားလာပြီး ရေမွန်က ပြင်ပအာကာသနဲ့ပက်သက်ပြီး ကွဲပြားတဲ့အမြင်တွေရှိနေကြောင်းနဲ့ ကျွန်မက အရမ်းခေါင်းမာပြီး ရေမွန်ကိုအလုပ်တွေ အများကြီးမှာ ထိန်းထားကြောင်း လာမပြောရင် ကျွန်မက ဘယ်လိုလုပ် ရုတ်တရက် တွေးမိသွားမှာလဲ?”
ရှုယီနှင့် စတေးလ်က ပို၍ အံ့သြသွားသည်။
“ဖရီယာက နင့်ကို အဲ့လိုပြောတယ်?” စတေးလ် ကအနည်းငယ်စိတ်ဆိုးလာကာ “သူက ဘယ်လိုလုပ် နင့်ကို အဲ့လိုပြောနိုင်ရတာလဲ ဒါအရမ်းလွန်တာပဲ”
“မဟုတ်ပါဘူး ငါကလည်း အဲ့ဒီကိစ္စကိုသေချာစဉ်းစားခဲ့ပြီး သူပြောတာ ကျိုးကြောင်းသင့်တယ်လို့ ခံစားရတယ်။ အခုငါ လမ်ပူရီတိုင်းပြည်ကို ရေမွန်ဆီကိုပေးခဲ့ပြီး စိတ်တွေပေါ့ပါးသွားပြီး ငါလုပ်ချင်တာ အကုန်လုပ်လို့ရပြီ။ ငါဒီထိတောင် ရှုယီကိုတွေ့ဖို့လာနိုင်ခဲ့တယ်လေ” ဆယ်ဗီနီ၏အမူအရာက အေးဆေးနေသည်။ သို့သော် သူမ၏အတွေးများက ခြားနားနေပုံပေါ်သည်။
သူသည် ရှုယီဖက်လည့်ကာ ပြောလိုက်သည်။ “ရှုယီ ကြည့်ရတာဖရီယာက ငြိမ်းငြိမ်းချမ်းချမ်း နေချင်ပုံ မရဘူး။ ဒါကြောင့် ရှင်လည်း ကိုယ့်ကိုပြင်ဆင်ထားပါ” ရှုယီက စကားမပြောနိုင်မှီ စတေးလ်က မျက်မှောင်ကုပ်လျက် “ဘာကိုဆိုလိုတာလဲ?”
ရှုယီကစတေးလ်ကို ဆက်မမေးရန်တားလိုက်ပြီး ခေါင်းကိုခါ၍ ခါးသီးစွာပြုံးလိုက်သည်။ “ငါသိပါတယ် ငါ့သမီးက သူငယ်ငယ်ကတည်းက အဲ့လို အကျင့်စရိုက်မျိုးရှိတယ်။ သူငြိမ်ငြိမ်နေမယ် ဆိုရင်တောင် ထူးဆန်းနေဦးမယ်။ ပြီးတော့လည်း စိုင်စ်နယ်မြေရဲ့ အခုအခြေအနေက ငြိမ်းငြိမ်းချမ်းချမ်း နေတာလဲ ကောင်းတဲ့အရာ မဟုတ်ဘူး ဟုတ်တယ်မလား?”
“ရှင်မှန်တယ်”ဆယ်ဗီနီက ခေါင်းငြိမ့်သည်။ “ဒါကြောင့် ကျွန်မလည်း လမ်ပူရီတိုင်းပြည်ကို ရေမွန်ကို ပေးလိုက်တာပဲ ကျွန်မက သူနဲ့ ဖရီယာတို့လို လူငယ်တွေကို စိုင်စ်နယ်မြေက အရှုပ်အထွေးတွေကို ကိုင်တွယ်ခွင့်ပြုလိုက်တာ”
…..
စိုင်စ်နယ်မြေသည် ကမောက်ကမအခြေအနေတွင် ရောက်နေကြောင်းပြောလျှင် ချဲ့ကားခြင်းမဟုတ်ပေ။
လမ်ပူရီတိုင်းပြည်သည် အန်ဒီလာတိုင်းပြည်ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နောက်ပိုင်းကိစ္စများသည် ပြီးဆုံးသွားခြင်းမရှိပေ။
နှစ်ဝက်ခန့်အကြာတွင် အန်ဒီလာတိုင်းပြည်၌ ပုန်ကန်မှုများ မကြာခနဖြစ်ပေါ်ခဲ့သည်။ ၎င်းသည် အန်ဒီလာတိုင်းပြည်၏ ငြိမ်းချမ်းရေးကို ပျက်စီးစေပြီး လမ်ပူရီတိုင်းပြည်ကို ပြဿနာဖြစ်စေသည်။
သို့သော်လည်း ၎င်းနှင့်ယှဉ်လျှင် စိုင်စ်နယ်မြေ၏အခြားဆိုးရွားသည့်နေရာများထပ် လမ်ပူရီတိုင်းပြည်၏ အခြေအနေသည် ငြိမ်းချမ်းသည်ဟု ဆိုရမည်ဖြစ်သည်။
အရှေ့တောင်ဖက်ပိုင်းတွင်ဖြစ်သည်။
နိုဇ်ဒိုမူစီးပွားရေးသမ္မဂ္ဂနိုင်ငံသည် သူတို့၏ တိုက်စစ်က အောင်မြင်နေသည်။ သူတို့သည် ဂျီနိုတိုင်းပြည်၏မြို့တော်ကို ထိုးဖောက်နိုင်ခဲ့ရုံသာမက ဂျီနိုတိုင်းပြည်၏ ပိုင်နက်တော်တော်များများကို သိမ်းပိုက်ထားနိုင်သည်။ သူတို့သည် သူတို့၏ တိုက်စစ်အား မြောက်ဖက်ပိုင်းသို့ ထပ်ဆင်ကာနယ်မြေ၏ အရှေ့တောင်ဖက်ပိုင်းရှိနယ်မြေတော်တော်များများကို သိမ်းပိုက်နိုင်လေသည်။
သို့သော်လည်း အရှေ့တောင်ဖက်၏ အခြားနိုင်ငံများသည် ခံစစ်ပြုလုပ်ရန် မဟာမိတ်ဖွဲ့လိုက်ကြပြီး အရှေ့ပိုင်းမှ နိုင်ငံများနှင့် စုပေါင်းကာ နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံကို အတူ ခုခံကြသည်။
နှစ်အနည်းငယ်ကြာသော် နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံသည် မဟာမိတ်များကြောင့် ရှေ့မတိုးသာသည့် အခြေအနေကို ရောက်သွားခဲ့သည်။ ထို့ကြောင့် နယ်မြေ၏ အရှေ့တောင်ဖက်ပိုင်းနှင် အရှေ့ပိုင်းတွင် စစ်မီးများ တောက်လျောက် တောက်လောင်လျက် ရှိလေသည်။
နယ်မြေ၏ အလယ်ပိုင်းတွင် ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာသည် တရားဝင်စစ်ကြေညာပြီးကာ စစ်မီးကို နယ်မြေ၏ တစ်ဝက်ထိတိုင် ပျံနှံစေခဲ့သည်။
အင်ပါယာနှစ်ခု၏စစ်တပ်များသည် အရင်နှစ်ကပင် လူတစ်သိမ်းခန့်ပါဝင်သည့် တိုက်ပွဲကြီးကို လေးခါလောက် ဆင်နွဲခဲ့ပြီး တိုက်ပွဲငယ်များကို ရာနှင့်ချီအောင် တိုက်ခိုက်ခဲ့ကြသည်။
သေးငယ်သောနိုင်ငံများ ထိခိုက်ခံသောအကြိမ်အရေအတွက်ကိုမူ မရေတွက်နိုင်တော့ပေ။ စစ်မီးသည် အင်ပါယာနှစ်ခု၏ နယ်စပ်တွင်သာမကပဲ နယ်မြေ၏ တစ်ဝက်ကျော်ခန့်ထိပင် တောက်လောင်နေသည်။
သို့သော် အင်ပါယာနှစ်ခုသည် မပြောပဲသိသည့်နားလည်မှုရှိကာ ထိုစစ်ပွဲ၌ သူတို့၏ အင်အားအကုန် အသုံးပြုခြင်းမရှိပေ။
သူတို့သည် အချင်းချင်းတိုက်ခိုက်နေရင်းနှင့်ပင် ၎င်းတို့၏ကိုယ်ပိုင်တိုးတက်မှုကိုလုံးဝမရပ်ခဲ့ပါ။
စစ်ပွဲ၏သက်ရောက်မှုကြောင့် မှော်စက်မှုလုပ်ငန်းသည် စိုင်စ်နယ်မြေတွင် ဧကန်ပင် တိုးတက်မှု လျော့ကျ လာခဲ့သည်။သို့သော် မှော်စက်များနှင့်ပက်သက်သော လုပ်ငန်းများသည် ပြောင်မြောက်စွာ တိုးတက်လာခဲ့သည်။
အထူးသဖြင့် စစ်ဖက်သုံးမှော်စက်များ၌ ဖြစ်သည်။ အင်ပါယာနှစ်ခုသည် စစ်ဖက်သုံး မှော်စက်အသစ် များကို အချိန်နှင့်တစ်ပြေးညီ ထုတ်လုပ်နေကြကာ ၎င်းတို့၏နည်းပညာတိုးတက်မှုကို ကြေညာ နေကြသည်။
အစ၌ တစ်နှစ် သို့ နှစ်နှစ်အချိန်ယူရကာ လွန်ခဲ့သောနှစ်နှစ်တွင် လအနည်းငယ်သာ အချိန်ယူရတော့သည်။
အကြောင်းမှာ စစ်ပွဲ၏ဖိအားကြောင့် အင်ပါယာနှစ်ခုနှင့် အခြားနိုင်ငံများသည် စစ်ဖက်သုံးမှော်စက် နည်းပညာများကို ထုတ်လုပ်ရန် ရင်းနှီးမြုပ်နှံခဲ့သောကြောင့်ဖြစ်သည်။
ငြိမ်းချမ်းရေးရခဲ့သော ဆယ်နှစ်အတွင်း တွင် စိုင်စ်နယ်မြေ၏ မှော်စက်မှုလုပ်ငန်းနှင့် ပက်သက်သည့် နည်းပညာ သည် လျှင်မြန်စွာ တိုးတက်ခဲ့သည်။ သို့သော် စစ်ပွဲအတွင်းတွင်မူ မှော်စက်များနှင့် ပက်သက်သည့်နည်းပညာသည် ပိုမို၍ တိုးတက်နေဆဲဖြစ်သည်။
ကမ္ဘာပေါ်တွင် သမိုင်းပညာရှင်များသည် နည်းပညာတိုးတက်မှု၏အဓိကတွန်းအားသည် စစ်ပွဲပင်ဖြစ်သည်ဟု ဆိုကြသည်။
၎င်းသည် ဤကမ္ဘာတွင် ပြည်စုံစွာဖော်ပြနေသည်။
သို့သော် မည်သူမှ ထိုအခြေအနေ မည်သို့တိုးတက်လာခြင်းကို သတိမပြုမိခဲ့ပေ။
ဆယ်ဗီနီသည် မသိခဲ့သလို ရှုယီသည်လည်းမသိခဲ့ပါ။