← Chapters

အခန်း (၁၀၁-၁၁၀)

Vol. 8 Ch. 1-100

အခန်း (၁၀၁-၁၁၀)

Vol. 8 Ch. 1-100

Volume 8 အခန်း ၁၀၁ ။ မိမိတိုင်းပြည်မှကြာရှည်စွာခွဲနေသည်ကို ကျွမ်းကျင်သူ

ကြီးမားသည့် သယ်ယူပို့ဆောင်ရေး မှော်သင်္ဘောသည် Frestechကုန်သည်များအသင်း၏ မှော်တိမ်တိုက်နယ်မြေရှိ အရှေ့ဖက်ကမ်းရိုးတန်း ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့သည်။

ကမ်းကပ်သည်နှင့် သင်္ဘောကုန်းဘောင်က ကျလာကာ ကုန်းပတ်ပေါ်မှ လူတစ်စုသည် စိတ်မရှည်စွာ ဆင်းလာကြသည်။

၎င်းသည် တိုးရီးယာကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံမှလာသော တန် ၁ သောင်းခန့်ကြီးသည့် သယ်ယူ ပို့ဆောင်ရေး မှော်သင်္ဘောဖြစ်ပြီး အဆုံးမဲ့ပင်လယ်တွင် ၁၃ရက်ကြာ ရွက်လွင့်ခဲ့သည်။

သင်္ဘောပေါ်မှလူများသည် ပင်လယ်ထဲတွင် ကုန်းမြေကို မတွေ့ရပဲ ၁၃ရက်ကြာရွက်လွှင့်ခဲ့ရသည်။

ယခုမူ မှော်တိမ်တိုက်နယ်မြေသို့ ရောက်လာခဲ့ပြီဖြစ်ရာ သူတို့သည် သင်္ဘောပေါ်တွင် တစ်စက္ကန့်မျှ ပိုမနေချင်တော့ပါ။

သူတို့သည် ခရီးသည်တင်မှော်သင်္ဘောအစား သယ်ယူပို့ဆောင်ရေးမှော်သင်္ဘောကို ရွေးချယ်ခဲ့ရသည့် အကြောင်းမှာ ခရီးသည်တင် သင်္ဘောများက နည်းပါးပြီး ခရီးစရိတ်က ကြီးမားကာ အဓိကအကြောင်းအရင်းမှာ သူတို့က လူများနေသောကြောင့် ဖြစ်သည်။

ထိုသယ်ယူပို့ဆောင်ရေးမှော်သင်္ဘော၌ပင် လူ ၃ ထောင်ကျော် ပါဝင်သည်။

မဟာမှော်ပညာရှင် လေမန် သည် သူ့မိန်းမ နှင့် ကလေးများ၏လက်ကို ကိုင်ကာ သူတို့သည် လူအုပ်လှိုင်းကြီး၏ ကြားတွင် ရောက်နေသည်။ နောက်ဆုံး၌ သူသည် သူမိန်းမနှင့် ကလေးများကို မှော်ပညာသုံး၍ သေးငယ်သော မှော်အတားအဆီးကို ဖန်တီးကာ လူလှိုင်းကြီးထံ မျောမပါသွားရန် လုပ်ထား လိုက်ရသည်။

သူတို့မိသားစုသည် လူလှိုင်းကြီး၏ ကြားမှထွက်နိုင်သွားကာ မဟာမှော်ပညာရှင် လေမန်သည် ထူးဆန်းသည့်အကြည့်နှင့် ပတ်ဝန်းကျင်ကို ကြည့်နေသည်။

ဆိပ်ကမ်း၏ အပြင်ဖက်တွင် ကြီးမားသည့် ရင်ပြင်ရှိပြီး ထိုရင်ပြင်၌ တဲများစီစဉ်ထားကာ ထိုတဲများ၏အပေါ်တွင် စာတန်းများရှိနေပြီး ကြည့်ရသည်မှာ ဆိုင်ခန်းငယ်များနှင့်တူနေသည်။

ထိုကြီးမားသည့် စာတန်းများသည် စိုင်စ်နယ်မြေ၏ ဘာသာစကားနှင့် ရေးထားသည်။ ၎င်းတို့သည် ဆိုင်ခန်းငယ်များ မဟုတ်ပဲ မှော်တိမ်တိုက်နယ်မြေမှ ကုမ္ပဏီကြီးများမှ လူသစ်ခန့်အပ်သည့် ဧရိယာဖြစ်နေသည်။

၎င်းတို့ကို ကြည့်လိုက်သောအခါ သူသည် များစွာသော ထူးဆန်းသည့် ကုမ္ပဏီနာမည်များကို တွေ့လိုက်ရသည်။

မဟာမှော်ပညာရှင် လေမန် ထိုနာမည်များ၌ “နတ်သူငယ်” “လူပုများ” “သွေးနှောများ” “ဖွတ်လူသားများ” နှင့် အခြားမျိုးနွယ်များ ပါနေသည်ကို သတိထားမိသည်။ မည်သူမဆို ကြည့်လိုက်လျှင် မည်သည့် ကုမ္ပဏီက မည်သည့်မျိုးနွယ်စုမှ ပိုင်ဆိုင်ကြောင်း ပြောနိုင်ပါသည်။

သေချာသည်မှာ လူသားများ၏ ကုမ္ပဏီက ရေပန်းအစားဆုံးဖြစ်သည်။

ကုမ္ပဏီများမှ သူတို့၏ရှေ့မှလူများစွာကို အလုပ်ခန့်အပ်ရန်လုပ်နေသည်မှာ အလွန်အလုပ်များနေပုံ ပေါ်သည်။

သို့သော်လည်း မဟာမှော်ပညာရှင် လေမန်သည် အချိန်ခနလောက် ပတ်ကြည့်လိုက်ပြီးနောက် သူဂရုအစိုက်ဆုံးဖြစ်သည့် ကုမ္ပဏီ၏နာမည်ကို မတွေ့သဖြင့် မနေနိုင်ပဲ ထူးဆန်းနေရသည်။

အနည်းငယ်စဉ်းစားလိုက်ပြီးနောက် သူသည် ဘေးသို့သွားပြီး သင်္ဘောကျင်းတွင် အလုပ်လုပ်ပုံပေါ်သည့် လူတစ်ယောက်အား မေးလိုက်သည်။ “တစ်ချက် ကျွန်တော်မေးချင်လို့ပါ Frestech ကုန်သည်ကြီးများအသင်းရဲ့ လူသစ်ခန့်အပ်တဲ့ နေရာက ဘယ်မှာလဲဆိုတာသိလား?”

ထိုသူသည် မဟာမှော်ပညာရှင်လေမန်အား ကြည့်လိုက်ကာ ရယ်လိုက်သည်။ “ခင်ဗျား လာနောက် နေတာလား? Frestech ကုန်သည်များအသင်းက ဒီနေရာမှာ လူသစ်ခန့်အပ်ဖို့ လာနေဖို့လိုပါ့မလား?

အကယ်၍ ခင်ဗျား Frestech ကုန်သည်များအသင်းမှာ အလုပ်လုပ်ချင်ရင် Frestech ကုန်သည်ကြီးများအသင်းရဲ့ ဌာနကိုသာသွားလိုက်။ ခင်ဗျားရဲ့အရည်အချင်းပေါ် မူတည်မှာတော့ သေချာတာပေါ့။”

ထိုသို့ပြောပြီးနောက် ထိုသူကထွက်သွားသည်။

မဟာမှော်ပညာရှင် လေမန်က အနည်းငယ်အံဩသွားသည်။ သူက မိမိကိုယ့်ကို ငုံ့ကြည့်လိုက်ကာ ရက်အနည်းငယ်လောက် အဝတ်မလဲခဲ့ရသောကြောင့် သူ့အဝတ်များက ညစ်ပေနေသည်ကို တွေ့လိုက်ရပြီး သူသည် မှော်ပညာရှင်တစ်ဦးနှင့်ပင် မတူတော့ပေ။ ထိုသူက သူ့အား ယဉ်ကျေးမှုနှင့် မဆက်ဆံခြင်းမှာ မထူးဆန်းတော့ပေ။

ဂျီနိုတိုင်းပြည်တွင်မူ သူသည် ထိုကဲ့သို့သော ဆက်ဆံမှုမျိုးကိုခံစားခဲ့ရခြင်းမရှိဖူးပေ။

သို့သော် ဂျီနိုတိုင်းပြည်အကြောင်းကို စဉ်းစားလိုက်လျှင် သူသည် သက်ပြင်းပင် ချမိလိုက်တော့သည်။

ဂျီနိုတိုင်းပြည်သည် သမိုင်းတွင် ပျောက်ကွယ်သွားပြီဖြစ်ကာ ရှာမတွေ့နိုင်တော့ပါ။

လွန်ခဲ့သော ၃လက နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂနိုင်ငံသည် သူတို့၏စစ်တပ်ကို စုဆောင်းကာ ဂျီနိုတိုင်းပြည်၏ မြောက်ပိုင်းမှ မဟာမိတ်တပ်များကို တိုက်ခိုက်လာခဲ့သည်။ နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂနိုင်ငံ သည် နိုင်သွားပြီး ဂျီနိုတိုင်းပြည်၏ မဟာမိတ်တပ်များက ရှုံးသွားခဲ့ရကာ ဂျီနိုတိုင်းပြည်သည် လုံးဝသိမ်းပိုက်ခံခဲ့ရသည်။

ဂျီနိုတိုင်းပြည်သည် တရားဝင်ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

ထိုဆုံးဖြတ်နိုင်သည့် တိုက်ပွဲမတိုင်မှီကပင် မဟာမှော်ပညာရှင် လေမန်သည် သူ၏မိန်းမနှင့် ကလေးများကို ဦးဆောင်ကာ သူတို့၏မွေးရပ်မြေမှ စစ်ရှောင်ခဲ့ပြီး အနောက်ပိုင်းရှိ လက်ထဗင် မြို့စားပိုင်နက်တွင် ပုန်းနေခဲ့သည်။

သူသည် မဟာမိတ်တပ်များက နိုဇ်ဒိုမူစီးပွားရေးသမ္မဂ္ဂနိုင်ငံ ကို တိုက်ခိုက်နိုင်ကာ ဂျီနိုတိုင်းပြည်ကို ပြန်လည်ထိန်းသိမ်းနိုင်ခါမှ သူဇနီးနှင့် သားသမီးများကအိမ်သို့ပြန်နိုင်ရန် မျှော်လင့်ခဲ့သည်။

သို့သော် သူသည် မဟာမိတ်တပ်များက ရှုံးနိမ့်သွားပြီး ဂျီနိုတိုင်းပြည်က ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ကြောင်း သတင်းကြားလိုက်ရသောအခါ သူ့နှလုံးသားထဲမှ နောက်ဆုံးမျှော်လင့်ချက်သည် ပျက်စီးသွားခဲ့ရသည်။

သူသည် နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံ သိမ်းပိုက်လိုက်ပြီ ဖြစ်သော ဂျီနိုတိုင်းပြည်သို့ ပြန်ရန် မဖြစ်နိုင်တော့ပေ။

သူသည်မဟာမှော်ပညာရှင်ဖြစ်ကာ ဂျီနိုတိုင်းပြည်တွင် ထင်ရှားသော မှော်သုတေသနပညာရှင်ဖြစ်ခဲ့ကာ သူဆန္ဒရှိသရွေ့ နိုဇ်ဒိုမူစီးပွားရေးသမ္မဂ္ဂနိုင်ငံတွင် တည်ငြိမ်သည့် လစာများသော အလုပ်တစ်ခုကို ရှာဖွေနိုင်သော်လည်း သူနှင့် သူ့ဇနီး၏ မိဘများက ဂျီနိုတိုင်းပြည်နှင့် နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံတို့၏ စစ်ပွဲမီးပွားများအောက်တွင် မြုပ်နှံခံခဲ့ရပြီ ဖြစ်သောကြောင့် သူသည် နိုဇ်ဒိုမူစီးပွားရေးသမ္မဂ္ဂနိုင်ငံအပေါ် မုန်းတီးမှုများရှိခဲ့သည်။ ထို့ကြောင့် သဘာဝကျစွာပင် နိုဇ်ဒိုမူစီးပွားရေးသမ္မဂ္ဂနိုင်ငံ၏ လက်အောက်တွင် အလုပ်လုပ်လိုခြင်းမရှိပေ။

သူသည် အခြားတိုင်းပြည်များသို့လည်း သွားလိုခြင်းမရှိပေ။ သူက တုံ့ဆိုင်းနေချိန်၌ သတင်းစာတွင် မှော်တိမ်တိုက်နယ်မြေတွင် အလုပ်ခေါ်နေကြောင်း တွေ့သဖြင့် သူ့မိသားစုတစ်ခုလုံးကိုခေါ်ကာ မှော်တိမ်တိုက်နယ်မြေသို့ လာရန် အကြံရခဲ့သည်။

မည်သို့ပင်ဖြစ်ပါစေ စိုင်စ်နယ်မြေသည် စစ်ပွဲ၏မီးတောက်များနှင့် ပြည့်နှက်နေကာ ဤနေရာလောက် လုံခြုံခြင်းမရှိပေ။ ထို့ကြောင့် ကီလိုမီတာ ၁ သောင်းကျော် ကွာဝေးသော မှော်တိမ်တိုက်နယ်မြေသို့သာ သွားခြင်းက ကောင်းနေပေသည်။

သူသည် မှော်တိမ်တိုက်နယ်မြေအကြောင်း သတင်းစာများထဲတွင် ဖတ်ထားခဲ့ပြီး ၎င်းက ထိုနယ်မြေအသစ်သည် Frestechကုန်သည်များအသင်း၏ လက်အောက်တွင်ရှိသောကြောင့် အခြေအနေတည်ငြိမ်မှု ရှိသည်ဟု ဆိုသည်။

ထိုနေရာသည် စိုင်စ်နယ်မြေလောက် မတိုးတက်သေးသော်လည်း အနည်းဆုံး ငြိမ်းချမ်းမှုရှိပေသည်။

ထို့ကြောင့် မဟာ မှော်ပညာရှင် လေမန်သည် Frestechကုန်သည်များအသင်းမှ တစ်စုံတစ်ယောက်ကို လျို့ဝှက်ဆက်သွယ်ခဲ့သည်။ သူသည် Frestechကုန်သည်များအသင်း၌ အလုပ်ကောင်းကောင်း ရနိုင်သည်ကို အတည်ပြုပြီးသည်နှင့် မိသားစုကိုခေါ်ကာ အဆုံးမဲ့ပင်လယ်ကိုဖြတ်ပြီး ထိုနေရာသို့ သွားရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် သူသည် ဤနေရာသို့ အခက်ခဲများနှင့် လာခဲ့ပြီးနောက် သူသည် မှော်သင်္ဘောပေါ်တွင် သူ၏ မှော်ဆက်သွယ်ရေးစက် ပျောက်သွားသောကြောင့် Frestechကုန်သည်များအသင်း၏ဌာနမှ လူကို ဆက်သွယ်၍မရတော့သဖြင့် အနည်းငယ်ခက်ခဲနေခဲ့သည်။

“ကြည့်ရတာ ငါ Frestechကုန်သည်များအသင်းရဲ့ ဌာနကို သွားရတော့မယ့်ပုံပဲ” မဟာမှော်ပညာရှင် လေမန်က သူ့အတွေးများကို စုစည်းကာ အပေါ်သို့ကြည့်လိုက်သည်။ သူသည် ရှင်းလင်းသည့် သင်္ကေတ တစ်ခုကို မြင်တွေ့ခဲ့ပြီး Frestechကုန်သည်များအသင်း၏ဌာနချုပ်သို့သွားရန် လမ်းကိုတွေ့သွားသည်။

သူသည် သူ့ဇနီးနှင့်ကလေးများကိုခေါ်တော့မည့်အချိန်တွင် ကျယ်လောင်သော အသံတစ်ခုသည် ရင်ပြင်၌ ပေါ်ထွက်လာပြီး ဘေးမှ အသံအားလုံးကို ဖုံးသွားသည်။

“မဟာမှော်ပညာရှင် လေမန် မဟာမှော်ပညာရှင် လေမန် ကျေးဇူးပြု၍ ဒီအသံကိုကြားရင် သင်္ဘောကျင်းရဲ့ ခရီးသည်ဝန်ဆောင်မှုဌာနကို လာပေးပါရှင်။ ရှာနေတဲ့ဝန်ထမ်းတွေ ရှိပါတယ်”

ထိုအသံအား ၃ခါခန့် ထပ်ပြောပြီးနောက် အသံက ပျောက်ကွယ်သွားသည်။ လူအုပ်က ခနသာ ရပ်တန့်သွားပြီးနောက်တွင် ထိုကိစ္စကို နေသားကျနေသည့်အတိုင်း သူတို့၏အလုပ်များကို ပြန်လုပ်နေကြသည်။

မဟာမှော်ပညာရှင်၏ စိတ်က ပျော်ရွင်မှုများနှင့် ပြည့်နှက်သွားရသည်။ ဤတစ်ကြိမ်တွင်သူသည် ရှင်းလင်းသော သင်္ကေတနှင့် မည်သူ့ကိုမှမေးစရာမလိုတော့ပဲ သင်္ဘောကျင်း၏ ခရီးသည်ဝန်ဆောင်မှု ဌာနသို့ သွားရန်လမ်းကို လွယ်ကူစွာရှာနိုင်ခဲ့သည်။

သူဝင်လာသောအခါ၌ ရှေ့သို့တိုးလာသော သူတစ်ဦးရှိသည်။

“မဟာမှော်ပညာရှင် လေမန် နောက်ဆုံးတော့ ကျွန်မရှင့်ကို တွေ့ခဲ့ပြီ။ ကျွန်မရှင့်ကို ဆက်သွယ်လို့ မရဘူး။ ဒါကြောင့် စိုးရိမ်လို့ သေတော့မှာပဲ”

ရှေ့တိုးလာသော သူသည် မဟာမှော်ပညာရှင်လေမန်က ယခင်က ဆက်သွယ်ထားသောသူဖြစ်ကာ မှော်တိမ်တိုက်နယ်မြေသို့ ရောက်သည်နှင့် သူ့အားလာကြိုရန် တာဝန်ယူပေးသောသူဖြစ်သည်။

ထိုသူသည် မိန်းကလေးငယ်လေးတစ်ယောက်ဖြစ်သည်။

မဟာမှော်ပညာရှင် လေမန်သည် တောင်းပန်သည့်အပြုံးကိုပြုံးလိုက်ကာ “ကျွန်တော့််ရဲ့ မှော်ဆက်သွယ်ရေးစက်က မတော်တဆ သင်္ဘောထဲမှာ ပျောက်သွားလို့ပါ”

“ပျောက်သွားတယ်?” မိန်းကလေးက မျက်တောင်ခတ်လိုက်သည်။ “တစ်ယောက်ယောက်က ခိုးသွား တာလား?”

မဟာမှော်ပညာရှင်လေမန်သည် နေရခက်သည့်ပုံဖြင့် “ကျွန်တော်လည်းမသိဘူး ဘယ်လိုဖြစ်ဖြစ် ကျွန်တော် မနက်ကျတော့ ရှာလို့မတွေ့တော့တာ”

မဟာမှော်ပညာရှင်တစ်ဦးအနေဖြင့် မှော်ဆက်သွယ်ရေးစက်ခိုးခံရသည်မှာ ရှက်စရာကောင်းပေသည်။ ထို့ကြောင့် သူက ဝန်ခံရန် ဆန္ဒမရှိပေ။

ထိုမိန်းကလေးကလည်း ၄င်းကို ရိပ်စားမိကာ အခြားဘာမှ မမေးတော့ပေ။ သူမသည် မဟာ မှော်ပညာရှင် လေမန်၏ ဇနီးနှင့် သူ့ သားသမီးများကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမက သူတို့အား ဝန်ဆောင်မှုဌာနမှ ခေါ်ထုတ်လာကာ သူတို့အား စောင့်နေသည့် မှော်ဆီဒင်ကားသို့ ခေါ်သွားသည်။

Frestechကုန်သည်များအသင်းမှဝန်ထမ်းနှင့် အဆက်သွယ်ရသွားသောအခါ မဟာမှော်ပညာရှင် လေမန်နှင့် သူ့ဇနီး သူ့သားသမီးများသည် စိတ်သက်သာရာရသွားသည်။ ကားထဲသို့ဝင်ပြီးနောက်မှ သူတို့သည် ပတ်ဝန်းကျင်အား ပတ်ကြည့်ရန် စိတ်ရှိတော့သည်။

၎င်းတို့သည် သင်္ဘောကျင်း၌ ရှိနေစဉ်ကပင် သင်္ဘောကျင်းသည် တိုးရီးယားကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံ ထပ် အလွန်ကြီးမားကြောင်း တွေ့ခဲ့ရသည်။

သင်္ဘောကျင်းမှ ထွက်ခွာလာပြီးနောက် သူသည် လမ်းမများနှင့် မြင့်မားသော အဆောက်အအုံများကို တွေ့ခဲ့ရသည်။ ကားများနှင့် ခြေကျင်လျောက်နေသူများကိုလည်း တွေ့ရကာ အလွန်ကြွယ်ဝသည်ဟု မြင်ရသည်။

မှော်တိမ်တိုက်နယ်မြေဆီသို့ မလာမီတွင် မှော်တိမ်တိုက်နယ်မြေနှင့် ပက်သက်သည့် သတင်း အနည်းငယ် ရရှိခဲ့သော်လည်း သူ၏စိတ်ထဲရှိထင်မြင်ချက်ကြောင့် သူသည် မှော်တိမ်တိုက်နယ်မြေကို အလွန်ဆင်းရဲသော နေရာဟု ထင်နေခဲ့သည်။ သူသည် ဤနေရာသို့လာပြီးနောက် အလွန်ခက်ခဲ ပင်ပန်းသည့်ဘဝကို နေရမည်ဟု စိတ်ကို ပြင်ဆင်ထားလေသည်။

ဤနေရာသို့လာပြီးနောက် နေရာများများမသွားရသေးမီ သင်္ဘောကျင်းပတ်ဝန်းကျင်တွင်ပင် သူတွေ့ခဲ့သည်မှာ သူနှစ်ကြိမ် လည်ပတ်ခဲ့ဖူးသည့် ကန်ဒရာအင်ပါယာ၏ မြို့တော် ဝင်ဘယ်လ်တန်မြို့ နှင့်ပင် ယှဉ်နိုင်ကြောင်း မည်သူက ထင်ထားမိလိမ့်မည်နည်း?

အခြားသော ရှုထောင့်မှ ကြည့်ရလျှင် ဝင်ဘယ်လ်တန်မြို့တွင် ရှေးဟောင်းလက်ရာများရှိနေခြင်းကြောင့် အလွန်ရှေးကျသည့် ခံစားချက်မျိုး ပေးသည်။ သို့သော် ဤနေရာသည် အသစ်သောအရာများနှင့် ပြည့်နေကာ ပြင်းထန်သည့် ခေတ်သစ် အရှိန်အဝါကို ပေးနေလေသည်။

မဟာမှော်ပညာရှင် လေမန်သည် အသက် ၄၀ ကျော်ပြီးဖြစ်သော်လည်း သူ၏စိတ်က ငယ်ရွယ်နေသေးသည်။

အကယ်၍ သူရွေးချယ်ရမည်ဆိုလျှင် သူသည် ဤကဲ့သို့ ခေတ်သစ်ဘဝကို ပို၍ နှစ်သက်လေသည်။

သူကျင်လည်နေသည့် နယ်ပယ်နှင့်လည်း သက်ဆိုင်သည်မှာ သေချာပါသည်။

မှော်ဆီဒင်ကားက ဆက်သွားနေစဉ် ထိုမိန်းကလေးငယ်သည် မဟာမှော်ပညာရှင်လေမန်အား ရိုးရှင်းသည့် မိတ်ဆက်စကားတစ်ချို့ ပြောသည်။

မဟာမှော်ပညာရှင်လေမန်သည် သန်မာ၍ ကျွမ်းကျင်သည့် အရည်အချင်းရှိသူဖြစ်ရာ Frestech ကုန်သည်များအသင်းမှ သူအား စိုင်စ်နယ်မြေမှလာသော အထူးကျွမ်းကျင်သူတစ်ဦးအနေနှင့် ဆက်ဆံသည်။ သူတို့သည် မဟာမှော်ပညာရှင် လေမန်အား အလုပ်ပေးရုံမက သူ့ဇနီးနှင့် သားသမီးများအတွက် လည်း နေစရာနေရာကို စီစဉ်ထားပေးသည်။

ဥပမာအားဖြင့် ရှင်းလင်းသောဥပမာကိုပေးရလျှင် သူ့အား အလုပ်ခန့်အပ်ပြီးသည်နှင့် သူတို့သည် သူ့အား သီးသန့် ဗီလာတစ်ခု ပေးထားသည်။ ထိုဗီလာသည် ပစ္စည်းအစုံ တပ်ဆင်ပြီးဖြစ်ကာ သူ့တို့သည် ကောင်းမွန်စွာ နေနိုင်လေသည်။

မဟာမှော်ပညာရှင်လေမန်က ထိုအချက်နှင့်ပင် အလွန်ကျေနပ်နေပြီ ဖြစ်သည်။

ထိုမိန်းကလေးက သူနှင့် သူဇနီးသားသမီးများအား လာကြိုခဲ့ရာ ပို၍ ကျေနပ်ခဲ့ရသည်။

ဗီလာသည် အလွန်လှပကာ ငြိမ်းချမ်းသည့်နေရာတွင် ရှိသည်။ ထိုဗီလာ၌ အိမ်သုံးမှော်စက်များ မျိုးစုံနှင့်ပြည့်နေပြီး အိမ်သုံးပရိဘောဂများလည်း ပြည့်စုံစွာရှိသည်။ မိသားစုက ချက်ချင်း ပြောင်းနေနိုင်ပြီး အခြားအရာများကိုပင် ပြင်ဆင်စရာမလိုအပ်တော့ပါ။

ထိုစီစဉ်ပေးထားမှုသည် မဟာမှော်ပညာရှင်လေမန်အား ထိုခရီးက အလဟာသဖြစ်သည်ဟု မခံစားရစေပဲ Frestechကုန်သည်များအသင်းတွင် အလုပ်လုပ်ရန်ပင် ဆန္ဒရှိစေသည်။

သူ့ဇနီးနှင့် သားသမီးများကို နေရာချပေးပြီးသည်နောက် သူ၏မိန်းမသည် ကလေးများကို ရေချိုးရန် ခေါ်သွားသည်။ သူသည် မနေနိုင်ပဲ သူအားလာကြိုသည့် မိန်းကလေးအား အလုပ်ကို ဖြစ်နိုင်သမျှ အမြန်လုပ်လိုကြောင်း ပြောလိုက်သည်။

“အရှင် မဟာမှော်ပညာရှင် ရှင်ကဒီနေ့ပဲရောက်တာ။ ဒါကြောင့် ရှင်အရင်ဆုံးအနားယူသင့်တယ်။ ကျွန်မ မနက်ဖြန် မနက်ကျရင် ရှင်ကိုလာခေါ်ပေးပြီး အလုပ်လုပ်ရမဲ့နေရာမှာ နေရာချပေးပြီး အလုပ်စလုပ်လို့ရအောင် ကူညီပေးပါ့မယ် အဆင်ပြေရဲ့လား?”

မဟာမှော်ပညာရှင် လေမန်က စဉ်းစားလိုက်ပြီးနောက် ငြင်းပယ်မနေတော့ပေ။

သို့သော် သူ့၏စိတ်ထဲ၌ အဖြေလိုချင်နေသော မေးခွန်းများ ရှိသေးသည်။

“စိုင်စ်နယ်မြေရဲ့ အရင်လတုန်းက သတင်းစာမှာတွေ့လိုက်တယ်။ မင်းတို့ Frestechကုန်သည်များအသင်းက လူသားတွေပါတဲ့ အာကာသယာဉ် လွတ်ဖို့ပြင်ဆင်နေတယ်ဆို အခုအခြေအနေ ဘယ်လိုရှိသွားပြီလဲ?”

ထိုမိန်းကလေးက ပြုံးလိုက်ကာ “ဒါက ကျွန်မတို့ ကုမ္ပဏီရဲ့ လျို့ဝှက်ချက်ပါ။ ဒီကိစ္စက ပေါ့ပေါ့ပါးပါး ဆွေးနွေးလို့ အဆင်မပြေဘူး။ ဒါမဲ့ လျို့ဝှက်ချက်မဟုတ်တဲ့ တချို့သတင်းတွေကိုတော့ ပြောပြလို့ ရပါတယ်။ မနေ့ကပဲ ပထမအသုတ် အာကာသယာဉ်မှုးတွေ ပြန်လာခဲ့ပါတယ်”

“လုံခြုံစွာ ပြန်လာခဲ့တာလား? လူတိုင်းလား?”

“ဟုတ်ပါတယ်”

မဟာမှော်ပညာရှင် လေမန်က သက်ပြင်းချလိုက်ပြီး သူစိတ်ထဲမှ အံ့ဩမှုကို ဖိနှိပ်လိုက်သည်။

စိုင်စ်နယ်မြေ၏ နိုင်ငံများက တစ်နိုင်ငံနှင့် တစ်နိုင်ငံတိုက်ခိုက်နေခဲ့ချိန်တွင် ပြင်ပအာကာသဂြိုလ်တုများ ကို သုတေသနပြုလုပ်သည်ကိုရပ်ခဲ့ပြီး Frestechကုန်သည်များအသင်းကမူ ပြင်ပအာကာသသို့ လူသား များကိုပင် ပို့ဆောင်နေပြီဖြစ်သည်။

တဖြည်းဖြည်းမှောင်လာသော ကောင်းကင်ကိုကြည့်ကာ မဟာမှော်ပညာရှင်လေမန်သည် နက်ရှိုင်းသော ခံစားချက်စ,ဖြစ်လာပြီး မှော်တိမ်တိုက်နယ်မြေသို့ စွန့်စား၍လာခဲ့ခြင်းသည် မှန်ကန်သည့်ဆုံးဖြတ်ချက် ဖြစ်ကြောင်း ခံစားလိုက်မိသည်။

သူသည် ဤနေရာတွင် ရှိနေသရွေ့ သူကဲ့သို့ စိုင်စ်နယ်မြေ၏ ရှားပါးသော ပြင်ပအာကာသတွင်ရှိသည့် မှော်ပညာကို အထူးပြုလေ့လာနေသောသူသည် အခွင့်အရေးများ ရရှိလာလိမ့်မည်ဖြစ်ပါသည်။

***

Volume 8 အခန်း ၁၀၂ ။ အဲလစ်ကိုထပ်သွားရင်ကော ဘယ်လိုလဲ?

အဆုံးမရှိသည့် အမှောင်ထုထဲတွင် ပေါ်ထွက်နေသည့်အလင်းရောင် တစ်ခုရှိသည်။

ဘယ်ဖက်တွင် ကြီးမားသည့် မီးဘောလုံးကြီးက မျက်စိကျိန်းဖွယ်အလင်းရောင်ကို ထုတ်လွှတ်နေသည်။

ပြီးနောက် အရှေ့တွင် များစွာသော ကွဲပြားသည့် နေရာများ၌ အဖြူရောင်အလွှာများ ဖုံးလွှမ်းနေသည့် ကြီးမားသော စက်လုံးကြီးတစ်ခုရှိသည်။

ထိုစက်လုံး၏တစ်ဝက်၌ အပြာရောင် ဖြင့်ဖုံးလွှမ်းနေကာ သေးငယ်သော အစိတ်အပိုင်းများ၌ အဝါရောင် အစိမ်းရောင် အနီရောင် နှင့် အခြားအရောင်များ ဖုံးလွှမ်းနေသည်။

အကယ်၍ ကမ္ဘာပေါ်မှ တစ်ယောက်ယောက်မြင်လျှင် သူတို့ပြောမည်မှာ ဤသည်မှာ ကမ္ဘာမြေ ဖြစ်ကြောင်းပင် ဖြစ်သည်။

သို့သော် အနီးကပ်ကြည့်လျှင် ထိုဂြိုလ်က အဓိကအားဖြင့် အပြာရောင်နှင့် ဖုံးလွှမ်းထားကာ ကမ္ဘာမြေနှင့် ကွဲပြားနေကြောင်း တွေ့ရှိရမည် ဖြစ်သည်။

ကမ္ဘာမြေတွင် တိုက်ကြီး ၃ခု ဖြစ်သည့် အာရှတိုက် အမေရိကတိုက်နှင့် အာဖရိကတိုက်တို့ ရှိကာ ပင်လယ်သမုဒ္ဒရာ အစုအဝေးနှင့် မြောက်ဝင်ရိုးစွန်း တောင်ဝင်ရိုးစွန်းတို့သည် သေးငယ်သည်။

သို့သော် ထိုဂြိုလ်သည် ရှည်လျားသော နယ်မြေနှစ်ခုသာရှိကာ ၎င်းတို့သည် အလွန်ကြီးမားပြီး ဘယ်ဖက်နှင့် ညာဖက်၌ ရှည်သွယ်သော မြောင်းကဲ့သို့ ဖြစ်နေသည်။

အလယ်တွင် သေးငယ်သော ကုန်းမြေအစိတ်အပိုင်းများရှိကာ အပြာရောင်ပေါ်၌ ကွက်တိကွက်ကြား ဖြစ်နေသည်။

ထိုနယ်မြေနှစ်ခုထပ် ဘေးပတ်လည်တွင် ကွက်တိကွက်ကြားဖြစ်နေသော ကုန်းမြေအစိတ်အပိုင်း တစ်ချို့သာ ရှိသည်။

ရှုယီ၏မျက်လုံး၌ မြင်နေရသော မြင်ကွင်းသည် သူတက္ကသိုလ်တွင် ဆော့ကစားခဲ့သော ဗီဒီယိုဂိမ်းအား သတိရစေသည်။

ထိုဂြိုလ်ရှိနယ်မြေများသည် ထိုဂိမ်းထဲရှိ ဂြိုလ်များကို အမှတ်ရစေသည်။

“ငါက Azeroth (Warcraft ဗီဒီယိုဂိမ်းထဲမှ စိတ်ကူးယဉ်နယ်မြေ) ကို ဖြတ်လာတာတော့ မဖြစ်နိုင်ဘူးမလား?” ရှုယီက သူ၏စိတ်ထဲ ရေရွတ်လိုက်သည်။ သူသည် မနီးမဝေးမှ သူနှင့်အတူ ပြင်ပအာကာသ တွင် လွင့်မျောနေသော ကက်ဆန်ဒရာကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ “ငါတို့ ဒီဂြိုလ်ရဲ့ မှောင်နေတဲ့ အပိုင်းကို မြင်နိုင်တယ် စိုင်စ်နယ်မြေရဲ့ အနောက်ဖက်ကမ်းရိုးတန်းနဲ့ မှော်တိမ်တိုက်နယ်မြေရဲ့ အရှေ့ဖက်ကမ်းရိုးတန်းပဲ။ ပြီးတော့ လီဗင်နယ်မြေက အခု ညအချိန်မှာ။ ဒါမဲ့ ငါက အခုမှ ပထမဆုံး ရောက်ဖူးတာ အားလုံးကို မမြင်နိုင်သေးဘူး။ မင်းကခနခန လာထားတယ်ဆိုတော့ ငါအာရုံစိုက်ပြီး ကြည့်ရမဲ့ နေရာရှိလား?”

“ဒီမှာ ဘာမှထူးဆန်းတာမရှိဘူး မဟုတ်ရင် ရှင့်ကိုပြောထားပြီးပါပြီ” ကက်ဆန်ဒရာ၏ အသံက ပြင်ပအာကာသ၏ မှော်နေရာလပ်ထဲရှိ မှော်လှိုင်းများကြားမှ လာသည်။

၎င်းသည် ရှုယီနှင့် ကက်ဆန်ဒရာကဲ့သို့ မှော်စွမ်းအားကြီးသောသူများသာ လုပ်နိုင်သော အရာဖြစ်သည်။ မဟုတ်လျှင် အကယ်၍ သာမန်လူကသာပြင်ပအာကာသထဲသို့လာလျှင် ဂြိုလ်ကိုကြည့်ကာ စကားပြောနိုင်ရန်ကို မဆိုနှင့် သူတို့သည် အသက်ရှင်သန်နိုင်ရန်မဖြစ်နိုင်ပါ။

၎င်းသည် ဖြစ်နိုင်လုနီးပါး သို့ လုံးဝမဖြစ်နိုင်ပါ…

ရှုယီက ကက်ဆန်ဒရာ၏ နဂါးခန္ဓာကိုယ်ထပ်မသေးသော ကြီးမားသည့် သတ္တုပစ္စည်းကို ကြည့်လိုက်သည်။

ထိုအရာသည် Frestech ကုန်သည်များအသင်း မှ ယခင်လက အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သော အာကာသလွန်းပျံယာဉ် ဖြစ်သည်။

အောင်မြင်စွာလွှတ်တင်နိုင်ခဲ့သောကြောင့် ပထမဆုံး အသုတ်မှ အာကာသယာဉ်မှူးများသည် လုံခြုံစွာ ပြန်လာနိုင်ခဲ့ကြခြင်း ဖြစ်သည်။ ထိုအာကာသယာဉ်၏ အစိတ်အပိုင်းသည် ဂြိုလ်ပတ်လမ်းတွင် ကျန်ခဲ့ပြီး ဂြိုလ်အား ဂြိုလ်တုကဲ့သို့ လှည့်ပတ်နေသည်။

ရှုယီ၏အစီအစဉ်အရ အကြိမ်ရေအနည်းငယ် လွှတ်တင်ပြီးနောက်တွင် ကောင်းကင်ပေါ်၌ အာကာသစခန်းကို တည်ဆောက်နိုင်လိမ့်မည် ဖြစ်သည်။ ထိုသို့ စဉ်းစားပြီးနောက် ရှုယီသည် ကက်ဆန်ဒရာအား ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

အာကာသနည်းပညာသည် ကမ္ဘာမြေပေါ်တွင် တိုးတက်လာစဉ်က အကယ်၍ သူတို့သည် အာကာသပေါ်၌ တစ်ခုခုလုပ်လိုလျှင် အလွန်ခက်ခဲလိမ့်မည် ဖြစ်သည်။ သူတို့သည် အလွန်များပြားသည် ပမာဏကို ရင်းနှီးမြုပ်နှံရလိမ့်မည် ဖြစ်ပြီး ဂရုတစိုက်ပြုလုပ်ရမည်ဖြစ်ကာ မဟုတ်လျှင် ကြီးမားသည့် ကပ်ဘေးကို ရင်ဆိုင်ရလိမ့်မည်။

ဤကမ္ဘာတွင်မူ နဂါးကဲ့သို့သော အကောင်များကြောင့် Frestech ကုန်သည်များအသင်း၏ အာကာသ စီမံကိန်းတိုးတက်မှုသည် အလွန်ချောမွေ့ပြီး ရှုယီမျှော်လင့်ထားသည်ထပ်များစွာ ကျော်လွန်နေခဲ့သည်။

အခြားအရာများကို မဖော်ပြမှီ အာကာသစခန်းအစီအစဉ်ကိုသာကြည့်ပါ။

ကမ္ဘာမြေမှ အင်အားအကြီးဆုံးသော နိုင်ငံများသည် စုပေါင်း၍ များစွာသောပိုက်ဆံများ လူအင်အားများစွာ သုံးစွဲပြီး နိုင်ငံတကာ အာကာသစခန်းကို တည်ဆောက်ခဲ့စဉ်က ဤမျှလောက်မကြီးမားပါ။

ထို့နောက် နှစ်စဉ်နှစ်တိုင်း သူတို့သည် ထိုအာကာသစခန်းကို ထိန်းသိမ်းရန် များစွာသောလူအင်အားများနှင့် သယံဇာတများကို ရင်းနှီးမြုပ်နှံရသည်။ သို့သော် ဤနေရာတွင် Frestech ကုန်သည်များအသင်းက အစီအစဉ်ပြုလုပ်ရန် နှစ်နစ်သာ အချိန်ယူခဲ့ပြီး နောက်တစ်နှစ်တွင် ထိုအစီအစဉ်သည် အဆင့်တစ်သို့ ရောက်ရှိခဲ့သည်။

ထို့နောက် နှစ်ဝက်အတွင်း အသုံးပြုရန်အသင့်ဖြစ်သည့် အာကာသစခန်းကို ဖန်တီးနိုင်ခဲ့သည်။ ထိုကဲ့သို့ ဖြစ်ရခြင်း၏ ကြီးမားသည့် အကြောင်းရင်းမှာ ကက်ဆန်ဒရာကဲ့သို့ နဂါးတစ်ကောင် ရှိခြင်းကြောင့် ဖြစ်သည်။

အင်အားကြီးသော နဂါးတို့၏ ခန္ဓာကိုယ်နှင့် ၎င်းတို့၏ အင်အားကြီးသည့် မှော်ပညာသည် ပြင်ပအာကာသတွင် လွတ်လပ်စွာ ပျံသန်းနိုင်စေသည်။

ထို့ကြောင့် ကမ္ဘာမြေပေါ်ရှိသိပွံပညာရှင်များ ရင်ဆိုင်ရသည့် အခက်အခဲများသည် Frestech ကုန်သည်များအသင်းအတွက် လွယ်ကူလွန်းနေသည်။

နဂါးတစ်ကောင်ဖြစ်သည့် ကက်ဆန်ဒရာ၏ အကူအညီဖြင့် Frestechကုန်သည်များအသင်း သည် အာကာသမှ အချက်အလက်များကို လွယ်ကူစွာရခဲ့သည်။ ဒုံးကျည်မလွတ်ပဲနှင့် ပြင်ပအာကာသရှိ တန်ဖိုးများကို စမ်းသပ်နိုင်ခဲ့ကာ နဂါးတစ်ကောင်အား စမ်းသပ်ရေးကိရိယာများဖြင့် လွတ်လိုက်ရုံဖြင့် သူတို့၏ အချိန်များနှင့် ပိုက်ဆံများကို ချွေတာနိုင်ခဲ့သည်။

ထို့အပြင် ဂြိုလ်တုက ကျရှုံးလျှင် ကမ္ဘာမြေပေါ်မှ နိုင်ငံများအတွက် ပြင်ဆင်ရန် အလွန်ခက်ခဲလိမ့်မည်။ သို့သော် Frestech ကုန်သည်များအသင်း သည် နဂါးများကိုသာ ပျံသန်းစေကာ တိုက်ရိုက် ပြင်ဆင်နိုင်သည်။ ၎င်းသည် ပြင်ဆင်ခြင်းနှင့် ကုန်ကျစရိတ်တို့ အခက်အခဲနှင့်ပက်သက်၍ ကွာခြားချက်ကို ဖန်တီးလိုက်ခြင်းဖြစ်သည်။

အာကာသစခန်းဆောက်လုပ်ပြီးသည်နှင့် ပြင်ဆင်ထိန်းသိမ်းရန် ပုံမှန်အလုပ်ကို နဂါးများကို ပေးလိုက်နိုင်ပြီး ၎င်းသည် မြန်ဆန်ခြင်း လွယ်ကူခြင်းနှင့် ပို၍မြန်ဆန်အောင်လုပ်နိုင်လေသည်။

ထိုအကျိုးကျေးဇူးသည် ကမ္ဘာမြေပေါ်ရှိ ကျွမ်းကျင်သူများ တစ်ခါမှ မတွေးနိုင်သောအရာဖြစ်သည်။

“ဟေး ရှုယီ ကျွန်မကို ဘာလို့ကြည့်နေတာလဲ?” ရှုယီ၏ထူးဆန်းသောအကြည့်အား သူမ၏ဖက်မှ မြင်ရသောအခါ ကက်ဆန်ဒရာကမေးသည်။

“ဘာမှမဟုတ်ပါဘူး။ ငါစဉ်းစားနေတာပါ။ မင်း အာကာသထဲစခန်းဆောက်ဖို့ စိတ်ဝင်စားလား? အဲ့တာက မင်းကိုအနာဂတ်မှာ အာကာသထဲကစားဖို့ ပိုလွယ်ကူစေလိမ့်မယ်”

“အာကာသထဲမှာ စခန်းဆောက်မယ်?” ကက်ဆန်ဒရာက အံ့ဩသွားပြီး ထိုကြီးမားသည့် မျက်လုံးများ၌ စိတ်လှုပ်ရှားသည့် အကြည့်ပေါ်လာသည်။

“ကောင်းတယ် ကောင်းတယ် ဒီကိုပျံလာတဲ့အချိန်တိုင်း ပြန်သွားနေရတာ စိတ်ရှုပ်ဖို့ကောင်းတယ်။ ကျွန်မတို့ အာကာသထဲမှာ ပျံသန်းရတဲ့အချိန်တိုင်း ကျွန်မအဖွဲ့ကလူတွေက ပျံသွားပျံလာနေရတာ အရမ်းပြဿနာဖြစ်တာပဲတဲ့။ ဒါကြောင့် သူတို့ကဒီကိုပြန်မလာချင်ကြဘူး။ အကယ်၍ ကျွန်မတို့အတွက် အာကာသစခန်းရှိရင် ကျွန်မထင်တာသူတို့လည်းလာချင်စိတ်ရှိလိမ့်မယ်။”

ရှုယီက မနေနိုင်ပဲ သူ့မျက်လုံးကို လှည့်လိုက်သည်။

နဂါးမျိုးနွယ်သည် ကောင်းကင်ကို စိန်ခေါ်နိုင်သည့် စွမ်းအားကြီးသည့် ခန္တာကိုယ်နှင့် မှော်ပညာများရှိသော်လည်း အသုံးဝင်အောင်မသုံးကြချေ။ ၎င်းသည် ဖြုန်းတီးနေခြင်းပင်ဖြစ်သည်။

“ဒါဆို ကက်ဆန်ဒရာ မင်းလပေါ်မှာ စခန်းဆောက်ဖို့ စဉ်းစားဖူးလား?”

“လပေါ်? ရှင်ပြောတာ အဲလစ်ကိုပြောတာလား?” ခနကြာပြီးနောက် ကက်ဆန်ဒရာ၏အသံသည် အဲလစ်ကိုပြောသည့်အချိန်တွင် အနည်းငယ်ထူးဆန်းနေသေးသည်။

“အဲ့ပေါ်မှာ စခန်းဆောက်တာက အာကာသထဲစခန်းဆောက်တာထပ် ပြဿနာများတယ်မလား? ရှင်တို့ ကုမ္ပဏီက လပေါ်အခုထိ မသွားနိုင်သေးဘူးမလား? ဒါကြောင့် ကျွန်မတို့ အဖွဲ့သာ အဲ့ကို ပစ္စည်းတွေ အကုန်သယ်သွားရရင် မောလို့သေကုန်ကြလိမ့်မယ်”

“ငါတို့ကမင်းတို့ကို ပစ္စည်းတွေမယူသွားခိုင်းပါဘူး။ အကယ်၍ ဆန္ဒရှိရင် မင်းရောက်တာနဲ့ စခန်းဘယ်လို ဆောက်ရမယ်ဆိုတာသိလား?” ရှုယီက မေးသည်။

ကက်ဆန်ဒရာက ဆွံ့အနေသည်။

နဂါးများသည် ခန္ဓာကိုယ်သန်မာပြီး မှော်ပညာလည်းအားကောင်းသည်။ သို့သော် သူတို့နှင့်ပက်သက်၍ ထပ်ပြောစရာ မရှိတော့ပါ။

သူတို့အား ထိုနေရာထိ သွားကာ စခန်းဆောက်ခိုင်းခြင်းသည် ညှင်းဆဲနေခြင်းပင် ဖြစ်သည်။

“ငါ့အစီအစဉ်က အဲလစ်အပေါ်က တဆင့်ပို့ဆောင်တဲ့အစီအရင်ပေါ်မူတည်နေတယ်။”

ရှုယီ၏စကားကိုကြားလျှင် ကက်ဆန်ဒရာက မရည်ရွယ်ပဲ ခြေတစ်လှမ်းနောက်ဆုတ်မိသွားသည်။

ဘာကြောင့်မှန်းမသိပဲ သူမသည် ရှုယီဆက်ပြောမည့်စကားများအတွက် ခံစားချက်မကောင်းပေ။

“ဒါမဲ့ ငါတို့ကုမ္ပဏီက အဲလစ်ကိုမသွားနိုင်သေးလို့ နဂါးမျိုးနွယ်စုမှာ မင်းကသွားဖူးထားတော့ မင်းမှာ အတွေ့အကြုံရှိတယ်။ ဒါကြောင့် ကက်ဆန်ဒရာ အဲ့ဒီကိုပြန်သွားပြီး မှော်အစီအရင်ကို နည်းနည်း စမ်းသပ်ဖို့ စိတ်ဝင်စားလား?”

ရှုယီ၏အသံက စွဲမက်ဖွယ်ဖြစ်နေသည် သို့သော် ကက်ဆန်ဒရာသည် ဝေးဝေးသို့ ပျံသွားသည်။

နောက်နေတာလား!

သူမသည် အရင်တစ်ခေါက်က ပြန်ပို့ခံခဲ့ရသည် ၎င်းသည် သူမ၏နဂါးဘဝတစ်လျောက်လုံးတွင် အကြီးဆုံးထိတ်လန့်မှုပင်ဖြစ်သည်။

အကယ်၍ သူမသည်၎င်းကို နောက်တစ်ကြိမ် တွေ့ကြုံခံစားရမည်ဆိုလျှင် သူမ ဆန္ဒမရှိပါ။

ထို့အပြင် သူမ မည်မျှဝေးဝေး ပျံသန်းသွားပါစေ ရှုယီ၏ အသံက မှော်လှိုင်းဖြင့် သူမ၏နားထဲသို့ ဝင်နေသေးသည်။ ၎င်းသည် သူမ၏နှလုံးသားထိ ရောက်သွားကာ ရှင်းလင်းစွာ ကြားနေရသည်။

“အကယ်၍ မင်းသွားဖို့ ဆန္ဒရှိရင် ငါမင်းကို မှာ ဇာတ်ပို့နေရာရဖို့ ပြောပေးနိုင်တယ်”

ကက်ဆန်ဒရာက တုန်လှုပ်သွားကာ နောက်ဆုတ်၍ ပျံသန်းနေသည်ကို ရပ်တန့်လိုက်သည်။ သူမသည် တဖြည်းဖြည်းသေးငယ်လာသောရှုယီ ကိုဝေးဝေးမှ ကြည့်လိုက်သည်။

ခနကြာပြီးနောက်တွင် သူမသည် သူမ၏ကြီးမားသည့် နဂါးသွားများဖြင့် အံကြိတ်လိုက်ပြီး “ဥက္ကဌရှု ရှင့်စကားကို အမြဲတည်လား?”

ရှုယီ၏အပြုံးက ရိုးရှင်းနေသည်။

“သေချာတာပေါ့”

….

မဟာမှော်ပညာရှင် လေမန်သည် Frestech ကုန်သည်များအသင်းတွင် အလုပ်ဝင်နေသည်မှာ လဝက်ခန့်ပင်ရှိပြီဖြစ်သည်။

ထိုလဝက်တွင် သူသည် နေ့တိုင်းပင် အလုပ်များနေသည်။ သို့သော်သူသည် စိုင်စ်နယ်မြေကကဲ့သို့ မောဟိုက်မနေပေ။ ထိုအစား သူဖြစ်လိုသည့်အလုပ် ပြည့်ဝနေသည်ဟု ခံစားရသည်။

စိုင်စ်နယ်မြေနှင့်ကွဲပြားစွာ သူသည် ဤနေရာသို့ရောက်ပြီး Frestech ကုန်သည်များအသင်း၏ သုတေသနဌာနကို ဝင်ပြီးသည်နောက် သူ၏အလုပ်သည် အာကာသရှိ မှော်နေရာလပ်ကို လေ့လာခြင်းနှင့် ပက်သက်သည့်အလုပ်ကို လုပ်ရသည်။ သူသည် ထိုခေါင်းစဉ်အား စိတ်ဝင်စားသဖြင့် အမြဲလေ့လာခဲ့သည်။

ထိုနေရာတွင် သူ့အလုပ်အား ကြားဝင်နောက်ယှက်သည့် အပြင်လူမရှိပဲ သူတို့၏ရလဒ်များနှင့် လာကာ ခနဲ့ကြမည့် သူတစ်ယောက်မှမရှိပေ။

ထိုသုတေသနဌာနထဲတွင် ကျွမ်းကျင်ဘုန်းတော်ကြီး ဆာရန်ဒယ်ကလေးရ် မှစကာ သာမန် ပထမအဆင့် သုတေသနပညာရှင်များထိ ရှိသည်။ လူတိုင်းသည် မိမိတို့၏ကိုယ်ပိုင် သုတေသနများကိုသာ အာရုံစိုက်ကြပြီး ပျင်းစရာကောင်းသော ကိစ္စများ၌ ပါဝင်ခြင်း မရှိကြပေ။

မဟာမှော်ပညာရှင်လေမန်အတွက် ထိုလုပ်ငန်းခွင်သည် စံပင်ဖြစ်ကာ ယခု Frestech ကုန်သည်ကြီးများအသင်းတွင်ရရှိခဲ့သည်။

အလုပ်ထပ် မဟာမှော်ပညာရှင်လေမန်သည် ဤနေရာတွင် နေရသည်ကို ကျေနပ်နေသည်။

သူသည် Frestechကုန်သည်များအသင်း ကိုတရားဝင် ဝင်ရောက်ပြီးနောက် ရရှိသည့် များစွာသော အကျိုးကျေးဇူး များသည် သူ့ဇနီးနှင့် သားသမီးများကို သက်တောင့်သက်သာဖြစ်သည့်ဘဝကို ရစေသည်။

ထို့အပြင် သူ့သားနှင့် သူသမီးတို့အား Frestech ကုန်သည်များအသင်းတွင် မူကြိုနှင့် အလယ်တန်းကျောင်းများကို တက်ရောက်ရန် စီစဉ်ပေးခဲ့ကာ သူတို့အား အခြေခံပညာရေးကို ပေးခဲ့ပြီး ထို့ကြောင့် သူတို့အတွက် စိတ်ပူနေစရာမလိုအပ်တော့ပါ။

သူ၏ဇနီးအတွက်မူ သူမသည် ရက်အနည်းငယ်၌ပင် အမြန်နေသားကျသွားသည်။ မဟာမှော်ပညာရှင် လေမန်အား အရင်နေ့များက တွေ့တိုင်း သူမသည် ဤနေရာတွင် နေရသည့်ဘဝကို ချီးကျူးနေလေသည်။

ဂျီနိုတိုင်းပြည်တွင် နေရသောဘဝနှင့်ယှဉ်လျှင် ဤနေရာတွင် နေရာသော ဘဝသည် အလွန်ငြိမ်းချမ်းသည်။ လူသားများနှင့် အခြားမျိုးနွယ်စုများကြားတွင်လည်း ရင်းနှိးခင်မင်မှုရှိသည်။

ဤနေရာတွင် နေထိုင်ရသော ကောင်းမွန်သောအခြေအနေနှင့် ကုန်ပစ္စည်းများဝယ်ယူရန် လွယ်ကူခြင်း နှင့်ပါ ပေါင်းလိုက်လျှင် မဟာမှော်ပညာရှင်လေမန် မထင်ထားသော များစွာသောဝန်ဆောင်မှုများလည်းရှိကာ သူ၏ဇနီးသည် စိုင်စ်နယ်မြေကို နောက်ပို့ထားလိုက်ကာ ပြန်သွားရန် ဘယ်တော့မှ တောင်းဆိုခြင်း မရှိတော့ပေ။

***

Volume 8 အခန်း ၁၀၃ ။ အလုပ်သမားအဓိကရုဏ်း

သူ၏အလုပ်တွင်သာမက ဘဝတွင်လည်း မဟာမှော်ပညာရှင်လေမန်သည် အလွန်ကျေနပ်နေသည်။ ထို့ကြောင့် အလွန် တက်ကြွနေသည်။

ထိုလမ်းပေါ်သို့ လျှောက်နေရင်း သူသည် ပထမဆုံးရောက်လာခါစကအတိုင်း စိတ်ဆင်းရဲခြင်း မရှိတော့ပေ။

သူမည့်သူ့ကို တွေ့ပါစေ သူသည်တဖက်လူအား ခပ်ဖျော့ဖျော့ပြုံးပြကာ ခေါင်းငြိမ့်၍ နှုတ်ဆက်မည်ဖြစ်ပြီး ခင်မင်ရင်းနှီးသောအပြုံးကို တုံ့ပြန်သည့်အနေဖြင့် ပြုံးပြမည်ဖြစ်သည်။

ဒီနေ့သည် သူ၏ အားလပ်ရက်ဖြစ်သည်။ သူ၌ အချိန်ပိုလုပ်စရာမလိုသောကြောင့် သူဇနီးနှင့် အတူရှိခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်ကာ သူသည် ဇနီးနှင့် သင်္ဘောကျင်းတွင် လမ်းလျောက်ထွက်ရန် သွားခဲ့သည်။

“ကျွန်မ ပန်းဆိုင်လေးတစ်ဆိုင်ဖွင့်သင့်တယ်လို့ ရှင်ထင်လား?” ဘေး၌ရှိနေသော မဟာမှော်ပညာရှင် လေမန်၏ ဇနီးက ရုတ်တရက်ပြောလာသည်။ “ကျွန်မ ဘေးပတ်ဝန်းကျင်ကို ကြည့်နေတာ ဒီမှာ ပန်းဆိုင်သိပ်မရှိဘူး။ အကယ်၍ နေရာကောင်းကိုရွေးနိုင်ရင် စီးပွားရေးလုပ်လို့ကောင်းမှာပဲ”

“မင်း ကိုယ့်ကိုကိုယ် ဆုံးဖြတ်လို့ရပါတယ်။ ကိုယ့်မှာ ကန့်ကွက်စရာမရှိပါဘူး” မဟာမှော်ပညာရှင် လေမန်က သူ့လက်ကို ယမ်းလိုက်ကာ ရက်ရောသောလေသံနှင့် ပြောလိုက်သည်။

သူသည် Frestechကုန်သည်များအသင်းတွင် ခိုင်မာသောလစာအဖြစ် ရွှေဒဂါး ရှစ်ဆယ်ကို ရရှိနေပြီဖြစ်ကာ သူ၏အပိုဆုကြေးများကိုပါ ပေါင်းလိုက်လျှင် တလလျှင် ရွှေဒဂါး ၁၀၀ကျော်ပင် ရသည်။ ထို့ကြောင့် သူ့ဇနီး၏ ပန်းဆိုင်အတွက် ထောက်ပံ့ပေးရန်မှာ မခက်ခဲပါ။

သို့သော် သူ့ဇနီးသည် သေချာစဉ်းစားလိုက်ပြီးနောက် ခေါင်းခါလိုက်သည်။

“ထားလိုက်ပါတော့ ကျွန်မတို့ရောက်တာမှ မကြာသေးတာ ဆိုင်ချက်ချင်းဖွင့်လိုက်ရင် သူများတွေ ရှာတွေ့သွားရင် မကောင်းဘူး။ ပြီးတော့လဲ ဟန်နရီနဲ့ ဟယ်လန်နာကိုလည်း ဂရုစိုက်ဖို့လူလိုသေးတယ်။ ဒါကြောင့် ကျွန်မ အိမ်မှာပဲနေတာ ကောင်းမှာပါ”

မဟာမှော်ပညာရှင် လေမန်သည် ပြုံးလိုက်ကာ သူဇနီး၏ အတွေးကို လက်ခံကာ ခေါင်းငြိမ့်ပြလိုက်သည်။

အမှန်မှာ သူ၏ဇနီးကို အိမ်၌သာနေစေကာ အိမ်အလုပ်များအား ဂရုစိုက်စေချင်သော်လည်း သူ့ဇနီးသည်လည်း သူနှင့်အတူ တိုင်းပြည်မှစွန့်ခွာလာရန် ရွေးချယ်ခဲ့ပြီး သူနှင့် အတူထိုဘဝတွင် နေလာခဲ့သည်မှာ နှစ်ဝက်ခန့်ရှိပြီဖြစ်ရာ သူ့စိတ်ထဲ၌ အပြစ်ရှိသလို ခံစားနေရသည်။

ထိုကြောင့် သူဇနီး၏ ဆုံးဖြတ်ချက်ကို ဆန်ကျင်ရန်မလွယ်ပါ။

သို့သော် သူ၏ဇနီးက အရင်စဉ်းစားမိလိုက်ကာ သူ့အားပြဿနာမတက်တော့ပေ။

သူသည် သားသမီးများအကြောင်း ပြောမည်အချိန်တွင် ရုတ်တရက်ကြီးမားသည့် သယ်ယူပို့ဆောင်ရေး မှော်သင်္ဘောတစင်းသည် အဝေးမှလာနေသည်ကိုတွေ့လိုက်ရသည်။

“အာ နောက်ဒုက္ခသည် တစ်စုနဲ့တူတယ်” မဟာမှော်ပညာရှင် လေမန်က သက်ပြင်းချကာ ပြောသည်။

သူ့ဇနီးက သူကြည့်နေသည့်ဖက်သို့ ကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ “တကယ်တော့ သူတို့က ဒီကိုရောက်လာပြီဆိုကတည်းက ဒုက္ခသည်လို့ သတ်မှတ်လို့မရတော့ပါဘူး။ ဒီမှာအလုပ်ရှာလို့လဲ လွယ်တယ်။ အကျိုးခံစားခွင့်တွေကလည်း ကောင်းတယ်။ ပတ်ဝန်းကျင်ကလည်း ကောင်းတယ် ပရမ်းပတာဖြစ်နေတဲ့ စိုင်စ်နယ်မြေထပ်တော့ အများကြီးကောင်းပါတယ်”

“အန် ဒါမဲ့ မွေးရပ်မြေကို စွန့်ခွာပြီး ကီလိုမီတာတစ်သောင်း ထိ ဝေးအောင်လာရတာက လူတွေကို မသက်မသာမဖြစ်စေဘူးလား”

“သူတို့ နေသားကျသွားမှာပါ အဆင်မပြေစရာဘာအကြောင်းမှ မရှိပါဘူး”

မဟာမှော်ပညာရှင်လေမန်သည် သူ့ဇနီးကိုကြည့်ကာ ဟာသတစ်ခုကဲ့သို့ ထင်မိသည်။

မှော်တိမ်တိုက်နယ်မြေသို့ မလာမှီတွင် အစိုးရိမ်ဆုံးသူမှာ သူမပင် ဖြစ်သည်။ သို့သော် သူမ၏အသံက ယခုမူ ဒေသခံကဲ့သို့ ဖြစ်နေသည်။

သင်္ဘောကျင်းသို့ ပြန်ကြည့်လိုက်သောအခါ သူသည် ကြီးမားသည့် မှော်သင်္ဘောကို တွေ့ခဲ့သည်။ ပြီးနောက် ခရီးသည်တစ်စု ဆင်းလာကြသည်။

လူအုပ်ကြီးကို မြင်သောအခါ မဟာမှော်ပညာရှင် လေမန်သည် သူဤနေရာသို့ ပထမဆုံးလာခဲ့သည့် အချိန်ကိုပြန်တွေးမိပြီး သက်ပြင်းချလိုက်မိသည်။

သို့သော် ရုတ်တရက် သူ၏မျက်လုံးသည် သင်္ဘောပေါ်မှဆင်းလာသော လူတစ်ယောက်အား အာရုံစိုက်လိုက်မိပြီ သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

“ဘာဖြစ်တာလဲ?” သူ၏ဇနီးက သူပြောင်းလဲသွားသည်ကို သတိထားမိကာ မေးသည်။

“ငါကြည့်ရတာ………” မဟာမှော်ပညာရှင် လေမန်၏ အမူအရာက မတည်ငြိမ်နေပေ။ “မိတ်ဆွေတစ်ယောက်ကို တွေ့လိုက်သလိုပဲ”

“မိတ်ဆွေ?” သူ၏ဇနီးက အံ့ဩသွားသည်။

သူတို့အိမ်မှစွန့်ခွာလာချိန်တွင် စိုင်စ်နယ်မြေကိုစွန့်ခွာ၍ မှော်တိမ်တိုက်နယ်မြေသို့ရောက်လာသည်မှာ လဝက်ခန့်ပင် ရှိသေးသည်။ အသိမိတ်ဆွေများ မည်သို့ တွေ့နိုင်မည်နည်း?

မဟာမှော်ပညာရှင် လေမန်သည် မျက်မှောင်ကုပ်လိုက်ပြီး အနည်းငယ်စဉ်းစားလိုက်ပြီး လက်ကို ယမ်းပြလိုက်သည်။

“ကိုယ်သွားပြီးကြည့်လိုက်ဦးမယ်”

မဟာမှော်ပညာရှင်လေမန်က သင်္ဘောကျင်းသို့ သွားလိုက်ရာ သူ၏ဇနီးက အမြန်လိုက်သွားလိုက်သည်။

နှစ်ဦးသားသည် ယခုပင်ဆိုက်ကပ်လာသော ကြီးမားသည့်သယ်ယူပို့ဆောင်ရေးသင်္ဘော၏ ဆိပ်ခံတံတား ဆီသို့ ရောက်လာပြီး ထိုသင်္ဘောပေါ်မှ ဆင်းလာသော ဒုက္ခသည်များစွာပါသည့် အသုတ်ကို တွေ့လိုက်ရသည်။ သူတို့သည် လူများကြားတွင် ဟန်ချက်ပင် မထိန်းနိုင်တော့ပေ။

မဟာမှော်ပညာရှင် လေမန်သည် သူဇနီးက တွန်းခံနေရကြောင်း တွေ့လျှင် ရွေးချယ်စရာမရှိတော့ပဲ သူ၏မှော်ပညာကိုသုံးကာ သူ၏ဇနီးနှင့်အတူ ပျံတက်သွားသည်။

ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ သူက ရင်းနှီးသောပုံရိပ်ကိုမတွေ့ပေ။

အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် မဟာမှော်ပညာရှင် လေမန်သည် မှော်ပညာဖြင့် သူ့အသံကို ပဲ့တင်ထပ်စေကာ အော်လိုက်သည်။

“ဇီးဘာ့ဒ်, ဇီးဘာ့ဒ် ငါလေမန်ပါ ငါ့အသံကြားရင် ပြန်ဖြေပါ။”

“ဇီးဘာ့ဒ်?” သူ့ဇနီးကအံ့ဩနေသည်။ “ရှင်သူ့ကိုတွေ့လား?”

“အန် ကိုယ် သူနဲ့တော်တော်ဆင်တူတဲ့သူ တစ်ယောက်ကို တွေ့လိုက်ရတယ်” မဟာမှော်ပညာရှင် လေမန်သည် ပတ်ကြည့်လိုက်ကာ ထပ်အော်လိုက်သည်။

သူ့အသံက ကျရောက်သွားချိန်တွင် ဘယ်ဖက်မှ တစ်စုံတစ်ယောက်သည် ရုတ်တရက်ပျံလာကာ မဟာမှော်ပညာရှင်လေမန်ရှေ့သို ရောက်လာလေသည်။

အခြားဒုက္ခသည်များကဲ့သို့ပင် ရက်ပေါင်းများစွာ သန့်ရှင်းရေးမလုပ်ခဲ့ရသဖြင့် ညစ်ပေနေသော ဝတ်ရုံနှင့် ဆံပင်များရှိသည့် ထိုသူအား မဟာမှော်ပညာရှင် လေမန်နှင့် သူ၏ဇနီးသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကာ နောက်ဆုံး၌ မှတ်မိသွားသည်။

“ဇီးဘာ့ဒ် တကယ်ကို မင်းပါလား”

နာရီဝက်ခန့်ကြာပြီးနောက် မဟာမှော်ပညာရှင် လေမန်, သူ့ဇနီးနှင့် ဇီးဘာ့ဒ်တို့ ၆ယောက် အဖွဲ့သည် သင်္ဘောကျင်းနားက ကဖေးသို့ ရောက်လာကြသည်။

“ဇီးဘာ့ဒ် မင်း ဘာလို့ ဒီကိုလာဖို့ ဆုံးဖြတ်လိုက်တာလဲ။ ပြီးတော့ သူတို့ကိုလည်း ခေါ်လာသေးတယ်” မဟာမှော်ပညာရှင် လေမန်သည် သူရောက်တုန်းကထက် စုတ်ချာနေသော ဇီးဘာ့ဒ်နှင့်သူ့မိသားစုကိုကြည့်ကာ အနည်းငယ် ရှုပ်ထွေးနေသည်။

သူငယ်ရွယ်စဉ်က သူသည် ကန်ဒရာအင်ပါယာ၏ မှော်အကယ်ဒမီတွင် သင်ကြားခဲ့သည်။ ဇီးဘာ့ဒ်သည် လေးနှစ်ခန့် အတန်းဖော်ဖြစ်ခဲ့ကြရာ သူတို့နှစ်ဦးသည် အလွန်ရင်းနှီးခဲ့ကြတာ သူငယ်ချင်းကောင်းများ ဖြစ်လာကြသည်။

သူသည် နောက်ပိုင်း၌ ဂျီနိုတိုင်းပြည်သို့ ပြန်လာကာ ဇီးဘာ့ဒ်သည် သူ၏ မွေးရပ်မြေဖြစ်သော ကန်ဒရာအင်ပါယာ၏ တောင်ပိုင်းဒေသတွင်နေခဲ့သောကြောင့် ကီလိုမီတာထောင်ကျော် ကွာဝေးခဲ့ကြသည်။ ထိုနှစ်ဦးသည် Frestech ကုန်သည်များအသင်းမှ ယူဆောင်ပေးခဲ့သော သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးတို့ကြောင့် အဆက်အသွယ်ရှိခဲ့ကြသည်။ သူတို့သည် တစ်နှစ်တွင် အနည်းဆုံးတစ်ကြိမ် မဟုတ်လည်း အကြိမ်များစွာ တွေ့ခဲ့ကြသည်။

ဂျီနိုတိုင်းပြည်၏ ကျဆုံးခြင်းကြောင့် သူသည် မှော်တိမ်တိုက်နယ်မြေသို့ ထွက်လာခဲ့ရသည်။ ၎င်းကိုလည်း ဇီးဘာ့ဒ်က သိခဲ့ပါသည်။

ထိုအချိန်က ဇီးဘာ့ဒ်သည် လေမန်အား ကန်ဒရာအင်ပါယာသို့ ဖိတ်ခေါ်ခဲ့ပြီး သူ့ကိုအခြေကျရန် ကူညီပေးနိုင်ကြောင်း ပြောခဲ့သော်လည်း မဟာမှော်ပညာရှင် လေမန်သည် ထိုကမ်းလှမ်းချက်အား ငြင်းပယ်ခဲ့သည်။

ဇီးဘာ့ဒ်သည် လေမန်အား ထိုအချိန်က ကန်ဒရာအင်ပါယာသည် မားလိုအင်ပါယာနှင့် စစ်မက်ဖြစ်ပွားနေသော်လည်း အတွင်းပိုင်းအခြေအနေသည် အလွန်တည်ငြိမ်နေသည်ဟု ပြောခဲ့သည်။ တောင်ပိုင်းဒေသသည် တိုက်ပွဲနေရာမှ ဝေးကာ သက်ရောက်မှု မရှိသဖြင့် ထိုနေရာတွင် နေထိုင်ရ အဆင်ပြေကြောင်း ပြောခဲ့သည်။

တစ်လအတွင်းတွင်ပင် ဇီးဘာ့ဒ်သည် မှော်တိမ်တိုက်နယ်မြေသို့ သူ၏မိသားစုနှင့် အတူ အဘယ်ကြောင့် ပြေးလာခဲ့သနည်း?

“အာ… ဒါက အရမ်းရှည်တဲ့ ဇာတ်လမ်းပဲ” ဇီးဘာ့ဒ်က သက်ပြင်းချလိုက်ကာ သူ၏မျက်လုံးများက ပင်ပန်းနွမ်းနယ်ခြင်းများဖြင့် ပြည့်နေသည်။ “ငါထင်တာ အကယ်၍ အင်ပါယာက မားလိုအင်ပါယာနဲ့ စစ်အကြာကြီးဖြစ်နေရင်တောင် အတွင်းပိုင်းအခြေနေကို မသက်ရောက်လောက်ဘူးထင်နေတာ။ ငါထင်တာ တစ်သက်လုံးခံမယ်ပေါ့။ ဒါပေမဲ့ ငါလုံးဝမထင်ထားတာက……”

“ဘာလဲ? မင်းတို့ ကန်ဒရာအင်ပါယာက ရှုံးသွားပြီလား?” မဟာမှော်ပညာရှင် လေမန်က အံ့သြသွားသည်။

“အဲ့လိုတော့မဟုတ်ဘူး မားလိုအင်ပါယာနဲ့ စစ်ပွဲအခြေအနေက တည်ငြိမ်တယ်လို့ ပြောလို့ရတယ်။ ဒီတစ်ခေါက်က အတွင်းပိုင်းဆူပူမှုပဲ”

“မဖြစ်နိုင်တာ?” မဟာမှော်ပညာရှင်လေမန်သည် ပို၍ သံသယဝင်သွားသည်။ “အင်ပါယာအတွင်းမှာ ဆူပူမှုဖြစ်ရင်တောင် မင်းလို မဟာမှော်ပညာရှင်တစ်ယောက်က မှော်တိမ်တိုက်နယ်မြေထိ ထွက်ပြေးလာဖို့ လိုလို့လား?”

“ပြဿနာက ဆူပူမှုက သေးသေးလေး မဟုတ်တာပဲ”

၎င်းသည် ကန်ဒရာအင်ပါယာ၏တောင်ပိုင်းဒေသ၌ ရုတ်တရက် ဖြစ်ပွားခဲ့သော အလုပ်သမား အဓိကရုဏ်းဖြစ်သည်။

ထို အဓိကရုဏ်းသည် ကန်ဒရာအင်ပါယာ၏ သမိုင်းမှ အခြားအဓိကရုဏ်းများနှင့် ကွာခြားသည်။ ထိုသမိုင်းထဲ၌ အဓိကရုဏ်းများသည် မျိုးရိုးမြင့်များနှင့် တော်ဝင်မိသားစုမှ အနွယ်ဝင်များမှ စတင်ခြင်း ဖြစ်သည်။ သို့သော် ယခုမှာ ပြည်သူပြည်သားများ စတင်ခြင်းဖြစ်သည်။ သို့မဟုတ် တိကျစွာပြောရလျှင် အလုပ်သမားများဖြစ်သည်။

အစ၌ အထည်အလိပ်စက်ရုံမှ အလုပ်သမားများသာ သူတို့၏ အကျိုးအမြတ်များအား ဖြတ်တောက်လိုက်ခြင်းနှင့် အချိန်ပိုချိန်ရှည်ကြာခြင်းကြောင့် ဆန္ဒပြကြရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမားများနှင့်စီမံခန့်ခွဲသူများသည် အချင်းဖြစ်ပွားကြပြီး စက်ရုံမှအစောင့်က အလုပ်သမား နှစ်ယောက်ကိုသတ်လိုက်ရာမှ အလုပ်သမားအဓိကရုဏ်း သို့ တွန်းပို့လိုက်ခြင်းဖြစ်သည်။

ထိုအဓိကရုဏ်းသည် တစ်ပတ်အတွင်း အမြန်ပင်ပျံနှံသွားပြီး တောင်ပိုင်းဒေသတစ်ခုလုံးကို ပျံ့နှံသွားသည်။

ကန်ဒရာအင်ပါယာ၏ စစ်တပ်သုံးမှော်စက် စက်ရုံနှစ်ခုသည်လည်း ထိုအဓိကရုဏ်းကို ပါဝင်လာခဲ့သည်။ ထိုဒေါသထွက်နေကြသော အလုပ်သမားများသည် စက်ရုံ၏ တာဝန်ရှိသော စီမံခန့်ခွဲသူများနှင့် မျိုးရိုးမြင့်များအား သတ်ပစ်လိုက်ကြပြိး သူတို့ကိုယ်တိုင်အတွက် လက်နက်များယူကာ အခြားအလုပ်သမားများအား မျှဝေကာ အဓိကရုဏ်းတွင် ပါဝင်လာကြသည်။

အလုပ်သမားများသည် ထိုလက်နက်များနှင့် ပို၍ အင်အားကောင်းလာကြသည်။ သူတို့သည် အချိန်များစွာ မကြာမှီ တောင်ပိုင်းဒေသ၏ မြို့တော်ကိုပင် သိမ်းပိုက်နိုင်ခဲ့ပြီး တောင်ပိုင်းမြို့တော်၏ စစ်တပ်စခန်းကို တိုက်ခိုက်ကြသည်။

တစ်လထဲ၌ တောင်ပိုင်းဒေသ တစ်ခုလုံးသည် ဖရိုဖရဲ အခြေအနေသို့ရောက်ခဲ့သည်။

ဇီးဘာ့ဒ်သည် မဟာမှော်ပညာရှင်တစ်ဦးအနေနှင့် သာမန်လူများထပ် သတင်းကိုကြိုရသည်။ ထို့ကြောင့် ထိုကိစ္စဖြစ်ပွားသည်နှင့် ဆူပူအုံကြွသည့် အလုပ်သမားများက သူနေထိုင်သည့်မြို့သို့ မကျူးကျော်လာသေးချိန်တွင် သူသည် အမြန်ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။

သူသည် မှော်ပညာရှင်လေမန်ကဲ့သို့ ပုန်းအောင်းရန် နေရာရှာကာ အခြေအနေအားသုံးသပ်၍ ဆုံးဖြတ်ချက်ပြုလုပ်ရန် စီစဉ်ခဲ့သည်။

နောက်ဆုံးတွင် ကန်ဒရာအင်ပါယာသည် ၎င်းတို့၏ရှည်လျားသော သမိုင်းကြောင်း၌ အဓိကရုဏ်းတစ်ခုမှပင် အင်ပါယာ၏ အခြေခံကို မတုန်လှုပ်စေခဲ့ပါ။ သို့သော်လည်း ဤတစ်ကြိမ်၏အခြေအနေသည် ဇီးဘာ့ဒ်သည်ပင် အံ့ဩသွားရသည်။

ကန်ဒရာအင်ပါယာ၏ အစိုးရသည် အမြန်ပင် တုံ့ပြန်ခဲ့သည်။ ထိုအဓိကရုဏ်းကို ငြိမ်းချမ်းစေရန် စစ်တပ်ကိုစေလွှတ်ခဲ့သည်။

ထို အဓိကရုဏ်းသည် တောင်ပိုင်းဒေသတစ်ခုလုံးကို ပျံ့နှံသွားကာ စေလွှတ်ခြင်းခံရသော စစ်တပ် ကျရှုံးသွားရသည်။

“အဲ့ကိစ္စကိုပြောရရင် တောင်ပိုင်း အစိုးရရုံးက အဲ့ အဓိကရုဏ်းပြီးတော့ လှုပ်ရှားမှုလုံးဝမရှိဘူး။ စစ်တပ်ကလည်း မလှုပ်ဘူး။ ဒါကတမင်သက်သက်လား ဘာလားဆိုတာတော့ ငါမသိဘူး”

ထိုသို့ပြောပြီးနောက် ဇီးဘာ့ဒ်၏မျက်နှာသည် တွန်ဆုတ်ကာ ဒေါသထွက်နေသည်။

အကယ်၍ တောင်ပိုင်းဒေသ၏ အစိုးရရုံးသည် ထိုအဓိကရုဏ်း၏ အစောကတည်းကပင် တုံ့ပြန်ခဲ့လျှင် ငြိမ်းချမ်းစေခဲ့လျှင် ထိုမျှလောက်အခြေနေထိ ဖြစ်သွားလိမ့်မည်မဟုတ်ပေ။

ထို့အပြင် တောင်ပိုင်းဒေသ၏ အစိုးရရုံးသည် အစကတည်းကပင် ထိုကိစ္စ၌ မပါဝင်သလိုလုပ်ကာ လှုပ်ရှားမှုတစ်ခုမှမရှိပဲ ထိုအခြေအနေကို ဆိုးရွားလာစေသည်။

“ဇီးဘာ့ဒ် မင်းမေ့သွားပြီလား?” လွန်ခဲ့တဲ့နှစ်နည်းနည်းတုန်းက ဝင်ဒ်ဆာမိသားစုရဲ့ ပုန်ကန်မှုကိုလေ” မဟာမှော်ပညာရှင် လေမန်က သတိပေးသည်။

“မင်းဆိုလိုတာက…..”

“တကယ်တော့ အဲ့တာအရေးမကြီးပါဘူး” မဟာမှော်ပညာရှင်လေမန်သည် ခေါင်းခါလိုက်သည်။

“အခုမင်းက မိသားစုတစ်ခုလုံးကို မှော်တိမ်တိုက်နယ်မြေကို ခေါ်လာဖို့ ရွေးချယ်ခဲ့တယ်ဆိုတော့ စိုင်စ်နယ်မြေအကြောင်း မစဉ်းစားနဲ့တော့”

ထိုသို့ပြောပြီးနောက် မဟာမှော်ပညာရှင် လေမန်သည် အပြုံးနှင့် မဟာမှော်ပညာရှင် ဇီးဘာ့ဒ်ကို လက်ဖြင့်ပုတ်လိုက်သည်။

“မှော်တိမ်တိုက်နယ်မြေကနေ ကြိုဆိုပါတယ် ဇီးဘာ့ဒ်။ ငါနဲ့ Frestech ကုန်သည်များအသင်းမှာ အလုပ်လုပ်ရင်ကော ဘယ်လိုလဲ? မင်းနောင်တမရစေရဘူးလို့ ငါအာမခံတယ်”

ဇီးဘာ့ဒ်က ခါးသီးစွာပြုံးလိုက်ကာ “ဒီအချိန်မှာ ငါ့မှာရွေးချယ်စရာရှိသေးလို့လား?”

***

Volume 8 အခန်း ၁၀၄ ။ ငါ့ကို ကိစ္စလေးတွေနဲ့ အလုပ်လာမရှုပ်ပါနဲ့

ကန်ဒရာအင်ပါယာ၏ အခြေအနေသည် ဇီးဘာ့ဒ် ဖော်ပြသည်ထပ် ဆိုးရွားပါသည်။

သူသည် စိုင်စ်နယ်မြေ၌ပင် ရှိစဉ်တွင် ကန်ဒရာအင်ပါယာ၏ တောင်ပိုင်းဒေသ အခြေအနေက ဆိုးရွားနေပြီဖြစ်သည်။ အလုပ်သမား အဓိကရုဏ်းသည် ဒေသတစ်ခုလုံးကို ပျံနှံနေပြီး သူတို့အား ငြိမ်းချမ်းရေးရယူရန်သွားသည့် စစ်တပ်များသည်ပင် ရှုံးနိမ့်သွားရသည်။

ထိုအခြေအနေသည် ကန်ဒရာအင်ပါယာထဲမှလူအများစုက အတော်ပြင်းထန်ကြောင်း သတ်မှတ်ထားကြသည်။ သို့သော် ဇီးဘာ့ဒ်က တောင်ပိုင်းဒေသမှထွက်လာပြီး တိုးရီးယားကိုယ်ပိုင်အုပ်ချုပ်ရေး နိုင်ငံမှ ထွက်ခွာလာပြီးနောက် မှော်တိမ်တိုက်နယ်မြေသို့ ထွက်လာရန်ဆုံးဖြတ်ပြီး ရက်နှစ်ဆယ်အကြာတွင် ကန်ဒရာအင်ပါယာထဲမှ အခြေအနေသည် အဆပေါင်းများစွာ ပို၍ ဆိုးရွားလာခဲ့သည်။

တောင်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သော အလုပ်သမားအဓိကရုဏ်းပြီးနောက် ကန်ဒရာအင်ပါယာ၏ ဒေသတော်တော်များများတွင် ဆင်တူသော အဓိကရုဏ်းများစွာပေါ်လာသည်။

အပြင်းထန်ဆုံးမှာ လမ်မာစခီ ဒေသဖြစ်ပြီး တောင်ပိုင်းဒေသထပ်ပင် ပိုမိုဆိုးရွားသည်။

လမ်မာစခီ ဒေသ၏ အုပ်ချုပ်သူ ရော့ခ်ဖီးဒ် သည် တကယ်ပင် အဓိကရုဏ်းထဲတွင် အသက်ဆုံးရှုံး ခဲ့ရသည်။

လမ်မာစခီ ဒေသ၏ အစိုးရရုံးသည် ထိန်းချုပ်မှုမပြုလုပ်နိုင်တော့သဖြင့် ဖရိုဖရဲအခြေအနေသို့ လုံးဝ ရောက်သွားရသည်။

တစ်ချိန်တည်း၌ပင် မားလိုအင်ပါယာက ကန်ဒရာအင်ပါယာ၏ အတွင်းပိုင်းအခြေအနေများကို သတင်းရလျှင် ချက်ချင်းပင် တိုက်ခိုက်မှုအားလုံးထုတ်လွှတ်ရန် ရွေးချယ်ခဲ့သည်။

ကန်ဒရာအင်ပါယာသည် အတွင်းပိုင်းအခြေအနေများကြောင့် မတည်ငြိမ်သည့်အခြေနေတွင်ရှိနေကာ သူတို့သည် မားလိုအင်ပါယာက အင်အားသုံး တိုက်ခိုက်လာမည်မှန်း မသိခဲ့ပါ။ ထို့ကြောင့် သူတို့ အားလုံး သတိလက်လွှတ်ဖြစ်ကာ နောက်သို့ ဆုတ်ပြီးရင်း ဆုတ်နေရသည်။

ထိုဒုက္ခရောက်စေသောကျဆုံးမှုသည် ကန်ဒရာအင်ပါယာ၏ အခြေအနေအား ပို၍ ဆိုးလာစေသည်။

ကန်ဒရာအင်ပါယာ၏ တောင်ပိုင်းဒေသအစိုးရရုံးသည် တော်ဝင်မိသားစုနှင့်လွှတ်တော်က ရည်ရွယ်ချက်ကင်းမဲ့သော စစ်ပွဲတွင် ပါဝင်နေကာ ပြည်သူများအား တည်ငြိမ်သောဘဝကို မနေနိုင်ရန် ပြုလုပ်နေသရွေ့ တောင်ပိုင်းဒေသသည် လည်း အင်ပါယာ၏ဦးဆောင်မှုကို မလိုက်နာနိုင်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

တိုက်ရိုက်ပြောရလျှင် တောင်ပိုင်းဒေသသည် သူတို့၏ တသီးတခြားနေမည့် ရပ်တည်ချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

တစုံတစ်ယောက်မှ တုံ့ပြန်ခြင်းမပြုရသေးမှီပင် အခြားဒေသနှစ်ခုသည်လည်း သူတို့၏ တသီးတခြားနေမည့် ရပ်တည်ချက်ကို ကြေညာခဲ့ကြသည်။

အလုပ်သမားအဓိကရုဏ်းမှသက်ရောက်သည့် ဒေသ ၇ ခုကို ထည့်ပေါင်းလိုက်လျှင် ကန်ဒရာအင်ပါယာသည် သူတို့ပိုင် ဒေသ ၁၀ ခုကို လက်လွှတ်ခဲ့ရသည်။

၎င်းသည် လွန်ခဲ့သောနှစ်နှစ်ဆယ်က Frestechကုန်သည်များအသင်းသည် ရူဒ်ဆန်တိုင်းပြည်နှင့်ပူးပေါင်းကာ ကန်ဒရာအင်ပါယာကို ကျူးကျော်ခဲ့စဉ်က အခြေအနေကို အမှတ်ရစေသည်။ ထိုစဉ်ကလည်း ကန်ဒရာအင်ပါယာအား ထပ်ခါ ထပ်ခါ ရှုံးနိမ့်စေခဲ့သည်။

ကန်ဒရာအင်ပါယာသည် ထိုအချိန်ကလည်း ဒေသအများစုမှ သီးခြားရပ်တည်မည့် ဆန္ဒကို ကြေညာခဲ့ကြသည့်အတွက် ဖရိုဖရဲအခြေအနေကို ရောက်ရှိခဲ့ပေသည်။

အကယ်၍ Frestechကုန်သည်များအသင်းသည် ကန်ဒရာအင်ပါယာ၏ တော်ဝင်မိသားစုအား ထောက်ပံ့ပေးမည်ဟု ကြေညာခဲ့ခြင်းကြောင့်သာ မဟုတ်ခဲ့လျှင် Frestech ကုန်သည်များအသင်းနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားသော်လည်း ကန်ဒရာအင်ပါယာသည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့မည်ဖြစ်သည်။

ယခုမူ ကန်ဒရာအင်ပါယာသည် လွန်ခဲ့သောနှစ်နှစ်ဆယ်က အခြေအနေထဲသို့ ကျရောက်နေသည်။

Frestech ကုန်သည်များအသင်းသည် ကန်ဒရာအင်ပါယာ၏ တော်ဝင်မိသားစုအားထပ်မံ၍ ထောက်ပံ့ပေးဦးမည်လား?

“အဖေ သမီးတို့ ဝင်ပါဖို့လိုလား?”

ဖရီယာ၏အသံသည် ကီလိုမီတာ ၁သောင်းကျော်ြဖတ်ကာ မှော်ဆက်သွယ်ရေးစက်မှတဆင့် ရှယီ၏နားထဲသို့ ရောက်သွားခဲ့သည်။

“အဖေ့ကို ဘာလို့ လာမေးနေတာလဲ?” ရှုယီက ပြန်မေးသည်။ “သမီးက အခု Frestech ကုန်သည်ကြီးများအသင်းရဲ့ဥက္ကဌလေ။ သမီးပဲ ဒီဆုံးဖြတ်ချက်ကို ချရမှာပေါ့”

“လက်ရှိဥက္ကဌတစ်ယောက်အနေနဲ့ အရင်ဥက္ကဌဆီကနေ အကြံဉာဏ်လေးတချို့ပေးဖို့ မျှော်လင့်လို့မရဘူးလား”

ဖရီယာ၏ အသံထဲ၌ စိတ်ကောက်သည့်အသံပါနေလျှင် ရှုယီက မနေနိုင်ပဲ ပြုံးလိုက်သည်။

ဖရီယာက ဥက္ကဌလုပ်ခဲ့သည်မှာ အချိန်တိုလေးမဟုတ်တော့ပဲ သူသည် စိုင်စ်နယ်မြေ၏ အရေးကြီးသော သူတစ်ယောက်ဖြစ်နေပြီ ဖြစ်သည်။ အကယ်၍ သူ့ရှေ့တွင် သူမကဤကဲ့သို့ ပြုမူနေသည်ကို အခြားသူသိလျှင် အံ့ဩစရာဖြစ်လိမ့်မည်။

“အဖေ့အကြံပြုချက်လား? အဖေ့အကြံပြုချက်ကတော့ သမီးဘာလုပ်ချင်တယ်ဆိုတာ အရင် စဉ်းစားဖို့ပဲ ကန်ဒရာအင်ပါယာရဲ့ကိစ္စကို ကြားဝင်လိုက်ရင် Frestech ကုန်သည်များအသင်းတွက် ဘာအကျိုးရှိမလဲ? အကျိုးရှိရင် သွားလုပ်လိုက် အကျိုးမရှိရင် ဘာလို့လုပ်နေမလဲ?”

တဖက်မှ အချိန်အနည်းငယ်ခန့် အသံတိတ်သွားကာ ဖရီယာက ညှင်သာသောအသံနှင့် ပြောသည်။

“သမီးနားလည်ပါတယ် ဒါမဲ့…..” ဖရီယာက အနည်းငယ်တုံ့ဆိုင်းနေကာ “အဖေ အကယ်၍ သမီးကိစ္စတွေကို ဖြေရှင်းတဲ့ပုံက အဖေ့ရဲ့အကြံတွေနဲ့မတူရင် အဖေစိတ်ဆိုးမလား?”

“အဖေကဘာလို့ စိတ်ဆိုးရမှာလဲ?” ရှုယီက မနေနိုင်ပဲခေါင်းခါလိုက်သည်။ သို့သော် ဖရီယာက မမြင်နိုင်ပေ။ သူက အလွန်လေးနက်သည့် လေသံနှင့် ပြောလိုက်သည်။

“အဖေ အစကတည်းက ပြောပြီးပြီ စိုင်စ်နယ်မြေက ကိစ္စတွေက အဖေနဲ့မဆိုင်တော့ဘူး။ နယ်မြေက ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာ သူတို့ ရွေးချယ်မှုနဲ့ သူတို့ပဲ။ အဖေ့မှာ အခြားအရေးကြီးတာ ဂရုစိုက်စရာ ရှိတာမို့ နောက်ဆိုရင် ဒီလိုကိစ္စလေးတွေနဲ့ လာမနှောက်ယှက်နဲ့”

ကီလိုမီတာ ၁ သောင်းကျော်အဝေး၌ ရှိသော ဖရီယာက စုပ်သတ်လိုက်သည်။

၎င်းသည် ကန်ဒရာအင်ပါယာ၏ သေရေးရှင်ရေးကိစ္စ ဖြစ်သည်။ သို့သော် အဖေ့အတွက်မူ ကိစ္စလေးပင် ဖြစ်နေသည်။

သူ့အတွက် လက်ရှိအရေးကြီးသောကိစ္စမှာ ပြင်ပ အာကာသသုတေသနပင်ဖြစ်ပါသလား?

ဖရီယာနှင့် ခေါ်ဆိုမှုပြီးသည့်နောက် ရှုယီသည် အာကာလီထံမှ ခေါ်ဆိုမှုကို ထပ်ရခဲ့သည်။

“ဥက္ကဌ ဒီမှာ ပြင်ဆင်လို့ပြီးပါပြီ။ အမြန်လာကြည့်ပါဦး”

“ကောင်းပြီ ချက်ချင်းလာခဲ့မယ်”

နာရီဝက်ကြာပြီးနောက်ရှုယီသည် ကောင်းကင်ကျွန်း၏ အနောက်မြောက်ဖက် ၃၀ ကီလိုမီတာအဝေးရှိ သေးငယ်သောကျွန်းတစ်ခုတွင် ပေါ်လာသည်။

ထိုသေးငယ်သောကျွန်းသည် ကက်ဆန်ဒရာက အဲလစ်ပေါ်တွင် အသူရာနတ်ဆိုးမျိုးနွယ်၏ အကြွင်းအကျန်ကို အသက်သွင်းလိုက်ရာမှ ပြန်ပို့ခံလိုက်ရသော ကျွန်းဖြစ်သည်။

အာကာလီ နှင့် သူမ၏သုတေသနအဖွဲ့၊ အကြီးအကဲ လီဆန်ယာတို့သည် ထိုနေရာတွင် စောင့်နေကြသည်။ ရှုယီရောက်သည်ကိုမြင်လျှင် အာကာလီက သူ့သုတေသနပညာရှင်များ ဝန်းရံနေသော အသူရာနတ်ဆိုးမျိုးနွယ်၏ ကျောက်တိုင်ကို ညွှန်ပြသည်။

“ဥက္ကဌ၊ ကက်ဆန်ဒရာ အဲလစ်ကနေပို့လိုက်တဲ့ မှော်အချက်ပြက ဆက်သွယ်မိသွားပြီ။ ဒီမှာကြည့်ပါဦး ပေါ်လာတဲ့ ပုံစံတွေရှိတယ်”

ရှုယီသည် ကြည့်လိုက်ကာ ထိုကျောက်တိုင်၌ အားနည်းသော အပြာရောင်အလင်းမှိန်မှိန်လေး ထွက်နေသည်ကို တွေ့လိုက်ရသည်။ အကယ်၍ သူဂရုတစိုက်ကြည့်လိုက်လျှင် သူသည် ထိုအပြာရောင်အလင်းက ရှုပ်ထွေးသော ပုံစံကို ဖော်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုအလင်းသည် သူပထမဆုံးကျောက်တိုင်ထဲသို့ မှော်စွမ်းအားထည့်စဉ်ကအလင်းနှင့် ဆင်တူသည် သို့သော် ရှုယီက ထိုနေရာတွင် အခြေခံကွာခြားမှုများရှိဦးမည်လားကိုမသိပေ။

ယခုမူ မည်သူတစ်ဦးတစ်ယောက်မှ ထိုကျောက်တိုင်အား မှော်စွမ်းအားထည့်သွင်းနေခြင်းမရှိပေ။ သို့သော် ကီလိုမီတာ ၃သောင်းကျော်ကွာဝေးသော အဲလစ်ပေါ်မှ အသူရာနတ်ဆိုးမျိုးနွယ်မှ ကျန်ခဲ့သော အကြွင်းအကျန်အား ကက်ဆန်ဒရာက မှော်စွမ်းအားထည့်သွင်းနေခြင်းဖြစ်ကာ ပဲ့တင်သည့် သက်ရောက်မှုမျိုးကို ဖန်တီးနေခြင်းဖြစ်သည်။

သူတို့သည် စမ်းသပ်မှုများစွာပြုလုပ်ပြီးဖြစ်ကာ ကက်ဆန်ဒရာကလည်း အဲလစ်ကို ဆယ်ကြိမ်ခန့်ပင် သွားပြီးပြီ ဖြစ်သည်။

အာကာလီနှင့် အခြားသူများသည် တိကျသည့် ပုံစံကို လေ့လာပြီးဖြစ်သည်။ မှော်ပညာရှင်များ လက်လှမ်းမီသည့် လက်ရှိပို့ဆောင်ရေးမှော်အစီအရင်နှင့် ချိတ်ဆက်ကြည့်ပြီးနောက် ဆုံးဖြတ်နိုင်လိုက်သည်မှာ “ထိုအပျက်အစီးများသည် ကြီးမားသည့် ပို့ဆောင်ရေးမှော်အစီအရင်ပင် ဖြစ်ပေသည်။”

အာကာလီသည် ရှုယီကို ယနေ့ခေါ်လိုက်ရသည်မှာ ရဲတင်းသည့်စမ်းသပ်ချက်ကို ပြုလုပ်ကာ ခြေလှမ်းကို ပိုဝေးစေချင်သောကြောင့်ဖြစ်သည်။

“အကြီးအကဲ လီဆန်ယာ ခင်ဗျားတကယ်သွားမလို့လား?” ရှုယီက အကြီးအကဲလီဆန်ရာကို ထိုမေးခွန်းအား မေးလိုက်သည်။

အကြီးအကဲလီဆန်ယာက ခိုင်မာစွာ ခေါင်းငြိမ့်သည်။

“သေချာတာပေါ့အသူရာနတ်ဆိုးမျိုးနွယ်က ဘယ်ကမ္ဘာကို ရောက်သွားတာလဲဆိုတာ သိရရင် ကျွန်မတို့ နတ်သူငယ်မျိုးနွယ်ကလည်း ဘိုးဘေးတွေရဲ့သမိုင်းကြောင်းကို လေ့လာဖို့အသုံးဝင်နိုင်တာပေါ့”

“ဒါက တစ်ခုတည်းသောပန်းတိုင်မဟုတ်သေးဘူး..”ရှုယီက သူ့ကိုကြည့်လိုက်သည်။ သို့သော် သူသည် သူမအား မည်သည့်အရာမှထပ်မပြောတော့ကာ အာကာလီအားစတင်ရန်ပြောလိုက်သည်။

အာကာလီက သူ့လက်ကို ယမ်းလိုက်ရာ အခြားသုတေသနပညာရှင်များပြင်ဆင်ထားသော ကိရိယာ များသည် အသက်ဝင်လာသည်။

ခနကြာသောအခါ ကျောက်တိုင်မှ အပြာရောင်ဖျော့ဖျော့အလင်းတစ်ခုပေါ်ထွက်လာသည်။

ရှုယီသည် ကျောက်တိုင်မှထွက်လာသည့် အထူးမှော်လှိုင်းကို အာရုံစိုက်လိုက်ကာ နေရာလပ်မှော်ပညာ ၏ မှော်လှိုင်းနှင့် နှိုင်းယှဉ်လိုက်ပြီး အနည်းငယ်သောချိန်ညှိမှုကို ပြုလုပ်လိုက်သည်။

“ဥက္ကဌ ဒါကချိန်ညှိထားပြီးသားပါ” အာကာလီက စိတ်လှုပ်ရှားနေသောအသံနှင့်ပြောသည်။

“ကောင်းပြီ ဒါဆို ငါသွားမယ်” ရှုယီက သူမအား အပြုံးဖြင့် ပြောကာ ကျောက်တိုင်နှင့် အခြားကိရိယာ များ၏ အလယ်ဗဟိုသို့သွားလိုက်သည်။

“ဥက္ကဌ ရှင်…….. ရှင်တကယ်ပဲသွားမှာလား?” အာကာလီက ရုတ်တရက် မေးလိုက်သည်။

ရှုယီက သူမကို အံ့ဩစွာ ကြည့်လိုက်သော်လည်း သူမ၏ စိတ်ပူနေသောအမူအရာကိုမြင်ရလျှင် သူက အပြုံးဖြင့်ပြောလိုက်သည်။ “စိတ်လျှော့ပါ ငါတို့ အကြိမ်ရေ အများကြီးစမ်းသပ် အောင်မြင်ခဲ့တာပဲ။ မဟုတ်ဘူးလား? ကြည့်လေ ကက်ဆန်ဒရာတောင် အဲလစ်မှာ သူ့အကြိုက်ဆုံးမုန့်ကို စားပြီး သူပါထားတဲ့ နဂါးဒဏ္ဍာရီ အပိုင်းအသစ်ကို ကြည့်နေပြီ။ အဲ့တာက ငါတို့ လေ့လာမှုက ဘာပြဿနာမှ မရှိဘူးဆိုတာ ပြနေတာပဲမလား?”

“ဒါမဲ့ ……ဒါမဲ့ ကျွန်မတို့ သက်ရှိတွေတစ်ခါမှမပို့ဖူးဘူးလေ။ အခု ကျွန်မတို့က သက်ရှိတွေကို ပို့မှာဆိုတော့ ကျွန်မကြောက်တာ… အန္တရာယ်ရှိမှာကို ကြောက်တာ” အာကာလီက ရပ်လိုက်ပြီး ရှေ့ကို တိုးလိုက်ကာ “အနည်းဆုံးတော့…….. စွန့်စားမှုယူတာက ရှင်မဖြစ်သင့်ဘူးလေ ဟုတ်တယ်မလား?”

“အကယ်၍ ငါမသွားရင် မင်းသွားမှာလား?” ရှုယီက အပြုံးဖြင့် ပြန်မေးလိုက်ကာ သူ့လက်ကို ယမ်းလိုက်ကာ “မေ့လိုက်တော့ ငါ့ရဲ့မှော်ပညာက မင်းတို့အားလုံးထပ် ကောင်းတယ်။ ဒါကြောင့် အကယ်၍ အန္တရာယ်ရှိရင်တောင် ငါသွားတာ အကောင်းဆုံးဖြစ်မှန်း သိသာတယ်။ ပြီးတော့လည်း ကက်ဆန်ဒရာက အောင်မြင်စွာသွားလိုက်ပြန်လိုက် လုပ်နိုင်ခဲ့တာပဲလေ ဖြစ်နိုင်ချေတော့ ရှိပါတယ်”

ရှုယီက သူ၏ဆုံးဖြတ်ချက်ချထားပြီးဖြစ်သဖြင့် အာကာလီသည် သူ့အား ပြောနေ၍ အကျိုးမရှိကြောင်း သိလိုက်သည် သူမသည် သက်ပြင်းချကာ ဘေးသို့သာသွားလိုက်သည်။

“အကြီးအကဲလီဆန်ရာ အဲ့ဒီကိုမသွားခင် ကျွန်တော်အဲ့ဒီကိုရောက်ပြီး သတင်းပို့တာကိုစောင့်ပါ ဟုတ်ပြီလား?”

အကြီးအကဲလီဆန်ရာက ခေါင်းငြိမ့်သည်။

သူသည် အမိန်များပေးပြီးနောက် ရှုယီက အာကာလီကို ခေါင်းငြိမ့်ပြလိုက်သည်။

အာကာလီက အံကြိတ်လိုက်ပြီး သူမ၏အရှေ့မှ ထိန်းချုပ်သည့် ခလုတ်ကို အားသုံးကာဖိလိုက်သည်။

ထိုကျောက်တိုင်သည် ရုတ်တရက် ပြင်းထန်သည့် အပြာရောင်အလင်းထွက်လာကာ ရှုယီကို ဖုံးသွား သည်။

ရှုယီက သူ၏ဘေးမှ မှော်နေရာလပ်၏ အမြန် ပြောင်းလဲမှုကိုခံစားမိပြီး သူ၏ဘေးမှ သဘာဝ မှော်စွမ်းအင်များ သည်လည်း ပြောင်းလဲသွားသည်။

ထိုပြောင်းလဲမှုသည် သူနှင့်အလွန်ရင်းနှီးသည် သူသည်နေရာလပ်မှော်ပညာကို သုံးစဉ်က ခံစားချက်နှင့် တူသည်။

သို့သော် အရင်အချိန်တုန်းက စမ်းသပ်မှုများကဲ့သို့ များစွာခံစားခဲ့ရသော ကွာခြားချက်အနည်းငယ် ကိုတော့ ခံစားရသည်။

ရှုယီသည် ဂရုတစိုက်နှင့် ထိုကွာခြားချက်ကိုခံစားလိုက်ပြီး သူ၏မှော်စွမ်းအားကိုထိန်းချုပ်လိုက်သည်။ ထို့ကြောင့် သူ၏ဘေးနားမှ ပြောင်းလဲမှုသည် သူ့အား သိပ်မသက်ရောက်တော့ပေ။

သက်မဲ့များအားစမ်းသပ်ချိန်က ထိုစမ်းသပ်ချက်သည် အောင်မြင်ခဲ့သည်။ ထို့ကြောင့် ၎င်း၏ ဘေးပတ်လည်မှ မှော်နေရာလပ်ကို လွှမ်းမိုးမှုမရှိပေ။

သို့သော် ယခုမူ ကျွမ်းကျင်မှော်ပညာရှင်ဖြစ်သော သူကဲ့သို့ သူသည် သွားနေစဉ် ဘေးပတ်လည်မှ မှော်နေရာလပ်က သက်ရောက်မှုရှိပေသည်။ အာကာလီ၏ သုံးသပ်ချက်အရ သူအားပို့ဆောင်နိုင်ရန် အလွန်ခက်ခဲလိမ့်မည်။

ထို့ကြော့င့် သူသည် သာမန်လူသားများကဲ့သို့ဖြစ်အောင် သူ့၏မှော်ပညာအား ထိန်းသိမ်းရမည် သို့သော် သူသည် အချိန်မရွေးမိမိကိုယ်ကို ကာကွယ်နိုင်ရန် သူ၏ မှော်ပညာကို သုံးနိုင်ရန်လည်း ပြင်ဆင် ထားရမည်။

ခနအကြာတွင် ရှုယီသည် သူ၏ဘေးမှ မှော်စွမ်းအင်နေရာလပ်သည် သေချာသည့် ဒီဂရီတစ်ခုထိ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

“အချိန်ရောက်ပြီ”

ရှုယီသည် တိတ်တဆိတ်တွေးလိုက်ပြီး သူ့ဘေးမှ မှော်နေရာလပ်သည် ထူးခြားသည့်အဆင့်ဖြစ်သည့် သူတစ်ခါမှ မခံစားဖူးသည့် အဆင့်သို့ ပြောင်းလဲသွားကာ သူ၏မျက်စိရှေ့မှ အရာအားလုံး မှောင်မဲသွားသည်။

နှစ်စက္ကန့်ခန့်အကြာတွင်

ရှုယီအတွက်တော့အလွန်ကြာခဲ့သည်ဟု ခံစားရသည့်အချိန်တွင် သူ၏ မျက်စိရှေ့၌ အလင်းရောင်မှိန်မှိန်လေးတစ်ခု ပေါ်လာသည်။

ပြီးနောက် ရင်းနှီးသောအသံတစ်ခုသည် နောက်မှထွက်လာသည်။

“ဟေး ဥက္ကဌရှု အဲလစ်ကနေကြိုဆိုပါတယ်”

***

Volume 8 အခန်း ၁၀၅ ။ မသိနိုင်သော အန္တရာယ်

ရှုယီသည် သူ၏မျက်လုံးကို အာရုံစိုက်လိုက်ပြီး သူ၏မျက်စိရှေ့မှ မြင်ကွင်းကိုမြင်လျှင် အံ့ဩသွားရသည်။

ထိုနေရာတွင် အစိမ်းရောင်မြက်ခင်းပြင်ကျယ်ကြီးရှိကာ ၎င်းအပေါ်တွင်အနီ အဖြူ အဝါ နှင့် အခြားအရောင်များရှိသည့်ပန်းများ ဝေဆာနေသည်။ မြက်ခင်းနှင့် ပန်းများသည် လေပြည်နှင့် ယိမ်းနေကာ ကြည့်ရသည်မှာ စိမ်းလန်းစိုပြည်နေပြီး နွေဦးကာလမြင်ကွင်းကဲ့သို့ပင်။

အပေါ်သို့ကြည့်လိုက်သောအခါ အဆုံးမရှိသည့် အပြာရောင်ကောင်းကင်ကျယ်ကြီးနှင့် တိမ်ဖြူဖြူတို့ရှိနေသည်။ ကောင်းကင်ပေါ်၌ နေရောင်ပင်ရှိကာ နွေးထွေးသည့်နေရောင်ခြည်ကို ထုတ်လွှတ်နေသည်။

သူမည်သို့ပင်ကြည့်ပါစေ ကြည့်ရသည်မှာ လှပသည့် မြက်ခင်းပြင်ကြီးဖြစ်နေသည်။

သို့သော်ရှုယီက အသူရာနတ်ဆိုးမျိုးနွယ်ထားခဲ့သော ပို့ဆောင်ရေးမှော်အစီအရင်ကိုသုံးကာ စိုင်စ်ဂြိုလ် မှ ထွက်ခွာခဲ့ပြီး အဲလစ်သို့ရောက်လာသည်မှာ သေချာသည်။ ထို့ကြောင့် သူက မည်ကဲ့သို့ ထိုမြင်ကွင်းကို မြင်နိုင်ပါမည်နည်း?

အဲလစ်သည် အစကတည်းက ထိုသို့သောပုံစံဖြစ်ပါသလား?

“ဒါကမဖြစ်နိုင်ဘူး” ရှုယီသည် ခေါင်းခါလိုက်သည်။

သူသည် မည်သို့ပင် ရူပနက္ခတ္တဗေဒကို လေ့လာခဲ့သူမဖြစ်ခဲ့သော်လည်း သူသည် အဲလစ်က သေးငယ် သည့် ဂြိုလ်ပတ်လမ်းအတိုင်းပတ်နေသောအရာဝတ္ထုတစ်ခုပင် ဖြစ်ကြောင်းသိသည် ထို့ကြောင့် ၎င်း၌ ကမ္ဘာမြေသို့ စိုင်စ်ဂြိုလ်ကဲသို့ ကြီးမားသော ဂြိုလ်များနှင့် တူညီသော လေထုမရှိနိုင်ပါ ထို့ကြောင့် သူ့အရှေ့မှ မြင်ကွင်းသည် အစစ်မဖြစ်နိုင်ပါ

“ဒီမှာဘာတွေဖြစ်နေတာလဲ?” ရှုယီက အနောက်မှ သူ့အားနှုတ်ဆက်သည့် ကက်ဆန်ဒရာကို လှည့်ကြည့်လိုက်သည်။

ကက်ဆန်ဒရာက သူမ၏နဂါးပုံစံနှင့်မဟုတ်ပဲ လူပုံစံပြောင်းထားသည်။

သူမသည် မြက်ခင်းပေါ်ရှိ ထူထဲသော ကူရှင်ပေါ်တွင် လဲနေသည်။ သူ၏အပေါ်ပိုင်းက ထိုင်နေကာ အပေါ်မှ မှော်ရုပ်ပြအားကြည့်နေသည်။ သူမ၏ဘေးတွင် ကြီးမားသောမုန့်ထုပ်ကို ချကာစားရင်းနှင့် ရုပ်ရှင်ကြည့်နေကာ ကြည့်ရသည်မှာ အတော်ပင် အေးဆေးနေသည်။

“ဟိုင်း ဟိုင်း ဥက္ကဌရှု ကြောက်နေတာလား?” ရှုယီ၏မေးခွန်းကိုကြားလျှင် ကက်ဆန်ဒရာက ရယ်လျက်ပြန်ဖြေသည်။

“အန် … ငါတကယ်ပဲကြောက်နေတာ” ရှုယီက ခေါင်းငြိမ့်လိုက်သည်။ သူသည် ဘေးပတ်လည်ကို ကြည့်လိုက်ကာ သူ၏မျက်လုံးကိုပိတ်ပြီး အာရုံများကို လွင့်လိုက်သည်။ သူ၏အမူအရာက ထူးဆန်း လာသည်။ “ဒါ ပုံရိပ်ယောင်ဖြစ်မယ်ဟုတ်လား?”

“မှန်တယ်ဒါကပုံရိပ်ယောင်ပဲ” ကက်ဆန်ဒရာက မြေပေါ်မှ မတ်တပ်ထရပ်လာကာ ညွန်ပြလိုက်သည်။ သူမက ဘာလုပ်လိုက်မှန်း မသိသော်လည်း သူတို့၏ဘေးပတ်လည်မှ မြင်ကွင်းများ ပျောက်ကွယ်သွားသည်။ ရှုယီရှေ့တွင် ပေါ်လာသည်မှာ မပြုပြင်ထားသော ကျောက်တုံးများဖြင့်ဖုံးလွှမ်းနေသည့် မြေကြီးဖြစ်သည်။

ရှုယီက ခေါင်းငြိမ့်လိုက်ကာ အခြေအနေမရှိသေးသည့် သေးငယ်သောဂြိုလ်တစ်ခု ဖြစ်ကြောင်းကို အတည်ပြုလိုက်သည်။

“အဲ့ဒီပုံရိပ်ယောင်က ပို့ဆောင်ရေးအစီအရင်ကနေ လာတာ။ ကျွန်မက မတော်တဆ တွေ့ခဲ့တာ” ကက်ဆန်ဒရာက ရှင်းပြသည်။

“တကယ်တော့ ကျွန်မက နည်းနည်းထူးဆန်းနေတာ။ အသူရာနတ်ဆိုးမျိုးနွယ်က ဘာလို့ ဒီ လုပ်ဆောင်ချက်ကို ထည့်ခဲ့တာလဲလို့လေ။ ဒါက လုံးဝကို အသုံးမဝင်ဘူး” ရှုယီက ပတ်ကြည့်လိုက်ကာ အနည်းငယ် နားလည်သွားသည်။

လွန်ခဲ့သောနှစ်တစ်သောင်းက အသူရာနတ်ဆိုးမျိုးနွယ်သည် ထိုပို့ဆောင်ရေးအစီအရင်ကိုသာ တည်ဆောက်ခဲ့ခြင်း မဟုတ်ပဲ လပေါ်တွင် ပြည့်စုံသည့် စခန်းတစ်ခုကိုပင် တည်ဆောက်ခဲ့ခြင်း ဖြစ်လိမ့်မည်။

သူတို့သည် စခန်းအဖြစ်သုံးမည် ဖြစ်သဖြင့် အလွတ်ထား၍ မရပေ။

အဲလစ်၏ ညို့မှိုင်းသော ပတ်ဝန်းကျင်သည် အချိန်ကြာရှည်နေရန်အတွက် မသင့်တော်ပေ။ ထို့ကြောင့် အသူရာနတ်ဆိုးမျိုးနွယ်သည် ထိုပုံရိပ်ယောင်ကိုဖန်တီးခဲ့ပြီး ဤနေရာတွင် နေစဉ်အတွင်း သူတို့၏ စိတ်ကို သက်သာအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်လိမ့်မည်။

ထိုအရာပေါ်မူတည်၍ အသူရာနတ်ဆိုးမျိုးနွယ်သည် လူသားများနှင့် အလွန် ဆင်တူပုံရသည်။

ပတ်ကြည့်လိုက်သောအခါ ရှုယီသည် အဆုံးမဲ့ပင်လယ်ထဲရှိ တိုင်နှင့်တူသော ပြန့်ကျဲနေသော ကျောက်တိုင်များကို လွယ်ကူစွာ တွေ့လိုက်ရသည်။

သို့သော် စတုရန်းကီလိုမီတာ များစွာဝေးသော ပင်လယ်ထဲရှိ ပို့ဆောင်ရေးအစီအရင်ထပ် အဲလစ်ပေါ်ရှိ တစ်ခုမှာ ပို၍ သေးသည်။

ရှုယီက ပတ်ကြည့်နေစဉ်တွင် သူသည် သူ့ဘေးရှိကီလိုမီတာများစွာတွင် ပြန့်ကျဲနေသော ငါးခုသို့ ခြောက်ခုခန့်ကို တွေ့ရသည်။

“ဟိုင်း ဥက္ကဌရှု ဒါကရှင့် အဲလစ်ပေါ် ပထမဆုံးရောက်တာလေ။ အရမ်းဆန်းသစ်တယ်လို့ မထင်ဘူးလား?” ကက်ဆန်ဒရာက ကြည့်ရသည်မှာရှုယီရောက်လာသဖြင့် အလွန်စိတ်လှုပ်ရှားနေပုံရသည်။ ထို့ကြောင့် သူမသည် ခုန်လိုက်ကာ သူမ၏ရှေ့မှာ တစ်ခုခုကို ညွှန်ပြလိုက်သည်။ “အဲ့မှာ…. အကယ်၍ အဲ့ကိုကြည့်လိုက်ရင် ရှင် စိုင်စ်ဂြိုလ်ကို မြင်ရလိမ့်မယ်”

ရှုယီက သူမညွှန်ပြလိုက်သည့်ဖက်ကို ကြည့်လိုက်ရာ ထိုနေရာတွင် ကြီးမားသည့် စက်လုံးကြီးတစ်ခု ရှိနေလေသည်။

အကြောင်းမှာ သူသည် စိုင်စ်ဂြိုလ်အားအာကာသမှ ကြည့်ပြီးဖြစ်သဖြင့် ရှုယီက တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားသည်။

သို့သော် အာကာသမှကြည့်ရသည်နှင့် ယှဉ်လျှင် ကီလိုမီတာ သောင်းကျော်ဝေးသော အဲလစ်မှ စိုင်စ်ဂြိုလ်၏ အသေးစိတ်ကို မမြင်ရပေ။ သူသည် ကြီးမားသည့်အရိပ်နှစ်ခုကိုပင်မြင်ရပြီး ၎င်းတို့သည် စိုင်စ်နယ်မြေနှင့် မှော်တိမ်တိုက်နယ်မြေ တို့ဖြစ်လိမ့်မည် ဖြစ်သည်။ တောင်ပိုင်းနယ်မြေကိုမူ အရိပ်ယောင်ပင် မမြင်ရပေ။

ကမ္ဘာမြေပေါ်တွင် နေရသောအချိန်များပါ ထည့်ပေါင်းလိုက်လျှင် ရှုယီ၏ ဂြိုလ်တစ်ခုကို အခြား ဂြိုလ်တစ်ခု၏ မျက်နှာပြင်မှ မြင်ရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် အလွန်ဆန်းကြယ်သည့် အတွေ့အကြုံပင် ဖြစ်ပါသည်။

သို့သော် ၎င်းသည် သိပ်စိတ်ဝင်စားစရာမကောင်းပါ ခနမျှကြည့်ပြီးနောက် ရှုယီက သူ၏အာရုံကို ပို့ဆောင်ရေးအစီအရင်ပေါ်တွင် ပြန်ထားလိုက်သည်။

“ကက်ဆန်ဒရာ မင်းဒီမှာလာနေတုန်း အခြားအသစ်တွေ တွေ့မိသေးလား?”

“အကယ်၍ တွေ့ရင် ရှင့်ကိုပြောပြီးလောက်ပြီပေါ့” ကက်ဆန်ဒရာက မျက်တောင်ခတ်လိုက်ပြီး ရုတ်တရက်ပြောလိုက်သည်။

“ဒါမဲ့ အဲ့အကြောင်းပြောရင်းနဲ့ တစ်ခုရှိတယ် ကျွန်မ အရင်ရက်အနည်းငယ်တုန်းက တွေ့ထားတာ။ ဒါမဲ့ ဘာလဲဆိုတာ မသိရသေးတော့ ကျွန်မက ချက်ချင်းမပြောပြသေးတာ”

“အို အဲ့တာဘာလဲ?” ရှုယီက သိချင်သွားသည်။

“လာပါ” ကက်ဆန်ဒရာက ရှုယီ၏လက်ကိုဆွဲကာ ဆန့်ကျင်ဖက်ကို ပျံသန်းသွားသည်။

အဲလစ်ပေါ်ရှိ ပတ်ဝန်းကျင်သည် စိုင်စ်နယ်မြေနှင့် ကွာခြားသည်။ သို့သော် မှော်နေရာလပ်ကတော့ များစွာကွာခြားမှုမရှိပါ။

အာကာသထဲရှိ မှော်နေရာလပ်နှင့် စိုင်စ်ဂြိုလ်ထဲရှိ မှော်နေရာလပ်တို့ ကွာခြားသည်မှာ ရှုယီအား ထူးဆန်းသည်ဟု ခံစားရစေသည်။

ထိုကိစ္စအားသူသည် သက်ပြင်းချရုံသာတတ်နိုင်သည်။ မှော်ပညာသည် တကယ်ပင် ဆန်းပြားသည့် ကိရိယာတစ်ခုဖြစ်ကာ ရှုထောင့်များစွာမှ ကြည့်လိုက်လျှင် ကမ္ဘာမြေပေါ်မှ သိပ္ပံပညာထပ် များစွာ အဆင်ပြေသည်။

အချိန်အနည်းငယ်ပျံသန်းပြီးနောက် ၄ကီလိုမီတာခန့်သွားပြီးသောအခါ ကက်ဆန်ဒရာက ရပ်လိုက် သည်။ “ကြည့်ပါဦး ဥက္ကဌရှု အဲ့မှာ အခြားပို့ဆောင်ရေး အစီအရင်တစ်ခုရှိနေသေးတယ်”

ရှုယီသည် ငုံ့ကြည့်လိုက်ရာ မြေကြီးပေါ်၌ များစွာသော ကျောက်တိုင်ကွက်တိကွက်ကြားကို တွေ့လိုက် ရသည်။

“ဘာလဲ? ဒါက အရင်တစ်ခုနဲ့အတူတူပဲ မဟုတ်ဘူးလား?”

“ကျွန်မရဲ့လေ့လာမှု အရတော့ မဟုတ်ဘူး” ကက်ဆန်ဒရာက ခေါင်းခါလိုက်ပြီး လေးနက်သည့် အပြုအမူနှင့် ပြောလိုက်သည်။

ရှုယီက သူ့အမူအရာအားကြည့်ကာ မေးလိုက်သည်။ “မင်းစမ်းကြည့်လို့လား?”

ကက်ဆန်ဒရာ၏ အမူအရာသည် ပို၍ ထူးဆန်းနေသည်။

“ကျွန်မ… စမ်းကြည့်ပြီး တုံ့ပြန်မှုတော့ပြန်ရတယ်။ ဒါမဲ့ ကျွန်မဆက်မလုပ်ရဲလို့”

“မင်းကဆက်မလုပ်ရဲလို့? ဘာကြောင့်လဲ?” ရှုယီက အနည်းငယ်သိချင်သွားသည်။

ကက်ဆန်ဒရာက နဂါးတစ်ကောင် ဖြစ်ရာ သူသည် နဂါးများ မည်မျှရဲရင့်သည်ကို သိပါသည်။ ထို့ကြောင့် သူမ,မလုပ်ရဲသောအရာလည်း ရှိပါသလား?

“ဘာလို့လဲဆိုတော့…. ကျွန်မဘယ်ရောက်သွားမယ်ဆိုတာမသိဘူး။ ပြီးတော့ ပြန်လာနိုင်မလားဆိုတာလဲ မသိဘူးလေ”

ကက်ဆန်ဒရာက ခါးသီးစွာပြုံးသည်။ “ကျွန်မက အဲလစ်လောက်ဝေးတဲ့နေရာမျိုးဆိုရင်တောင် ပျံသန်းပြီး ပြန်လာနိုင်ပေမဲ့ ရှင်ပြောတဲ့ အလင်းနှစ်များစွာကွာဝေးတဲ့နေရာမျိုးဆိုရင် ပျံသန်းပြီး ပြန်လာဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့လဲ အာကသထဲမှာဆို ဦးတည်ချက်က ဘယ်မှာလဲဆိုတာ ပြောမရတာကြောင့် ဘယ်ကိုပျံသန်းလာရမလဲဆိုတာ ဘယ်လိုသိနိုင်မလဲ?”

“အာ အဲ့တာမှန်တယ်”

ရှုယီက ပထမဦးစွာ အသစ်ရှာဖွေတွေ့ရှိထားသော ပို့ဆောင်ရေးအစီအရင်အနားသို့သွားကာ မြေပေါ်သို့ ဂရုတစ်စိုက်ဆင်းပြီး သုံးသပ်ကြည့်လိုက်သည်။ သူသည် ထိုအစီအရင်သည် အဆုံးမဲ့ပင်လယ်ရှိ ပို့ဆောင်ရေးအစီအရင်နှင့် ဆင်တူကာ ထိုထပ်ပို၍သေးငယ်သောအစီအရင်ဖြစ်ကြောင်း တွေ့လိုက် ရသည်။

“မင်းဘယ်လိုစလိုက်တာလဲ? ဒါနဲ့ပက်သက်တဲ့အချက်အလက်ပေးပါဦး” ရှုယီက ကက်ဆန်ဒရာကို ပြောလိုက်သည်။

ကက်ဆန်ဒရာသည် ထိုအစီအရင်မှ ရရှိထားသော အချက်အလက်ကိုယူကာ ထိုအစီအရင်၏ အလယ်သို့ သွားလိုက်သည်။ သူမသည် အသက်ဝဝရှုကာ သူမ၏မှော်စွမ်းအားကို ထည့်လိုက်သည်။

ရှုယီက ကက်ဆန်ဒရာ၏ တင်ပြချက်ကို ဖတ်ပြီး ကက်ဆန်ဒရာက သူမ၏မှော်စွမ်းအားများကို ထည့်နေသည်နှင့် ဘေးနားမှ မှော်နေရာလပ်က ပြောင်းလဲလာသည်ကို ခံစားကြည့်နေသည်။

ခနကြာပြီးနောက် ကက်ဆန်ဒရာ၏ဘေးနားမှ ကျောက်တိုင်များသည် ခပ်မှိန်မှိန် အပြာရောင်အလင်း ထွက်လာသည်။

ရှုယီက လေထဲသို့ ပျံသွားကာ ထိုအပြာရောင်အလင်းမှ ပေါ်လာသည့် ပုံစံကို ကြည့်လိုက်သည်။ သူသည် အဆုံးမဲ့ပင်လယ်မှ တစ်ခုနှင့် အတူတူပင်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။

သို့သော် သေးငယ်သောနေရာများ၌ တစ်ချို့သော ခြားနားချက်များ ရှိနေသည်။

အပေါ်သို့ကြည့်လိုက်သောအခါ သူသည် ကျောက်တိုင်မှ အလင်းများသည် အာကာသတွင် စုကာ အပြာရောင်ပိတ်ကားတစ်ခုပေါ်လာက အောက်ကိုဖြာကျနေပြီး ထိုပို့ဆောင်ရေးအစီအရင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

၎င်းသည် ရှုယီက အဆုံးမဲပင်လယ်တွင် တွေ့မြင်ခြင်းမရှိခဲ့ရသည့် အရာဖြစ်သည်။

သို့သော် သေချာဂရုတစိုက်ကြည့်လိုက်သော် အခြေအနေတစ်ခုတည်း၌ပင် အဆုံးမဲပင်လယ်မှ တစ်ခုသည် အလွန်ကြီးသဖြင့် သတိပြုမိရန်ခက်ခဲခြင်း ဖြစ်သည်။

“ဥက္ကဌရှု တစ်ခုခုတွေ့လား?” ကက်ဆန်ဒရာသည် ရုတ်တရက်မေးလိုက်သည်။

ရှုယီက ခေါင်းငြိမ့်ကာ သူ့မျက်လုံးသည် အစီအရင်၏ အလယ်သို့ ရောက်သွားသည်။

ထိုနေရာတွင် အားနည်းသော မှော်လှိုင်းတစ်ခုရှိနေသည်။ သို့သော် အလွန်ထူးခြားသည့်တစ်ခုသည် ပြင်ပအာကာသ၏ ကျယ်ပြောမှုကို ချဲလိုက်ခြင်းဖြစ်သည်။

ရှုယီ၏ လက်ရှိ စွမ်းအားနှင့် သူသည် ၁၀ကီလိုမီတာအဝေးရှိ ထိုမှော်လှိုင်းကို အာရုံခံနိုင်သည်။

သို့သော် အာကာသ၏ကျယ်ပြောမှုနှင့် စာလျှင် သူ၏ အာရုံခံစားမှုသည် အလွန်သေးငယ်နေသည်။ ထို့ကြောင့် သူသည် ထိုနေရာလပ်မှော်လှိုင်းသည် မည်သည့်နေရာကိုသွားမှန်းကို လုံးဝအာရုံခံ၍ မရပေ။

သိုသော် သူသေချာသည်မှာ ထိုနေရာလပ်မှော်လှိုင်းသည် စိုင်စ်ဂြိုလ်သို့ ဦးတည်ခြင်းမဟုတ်ကြောင်း ရှင်းလင်းနေသည်။

မကြာမီတွင် ကက်ဆန်ဒရာ၏မှော်စွမ်းအား၏မိတ်ဆက်မှုနှင့် ပို့ဆောင်ရေးအစီအရင်၏ မှော်နေရာလပ် သည် စတင်၍ ပြောင်းလဲလားသည်။

ရှုယီသည် ထိုပြောင်းလဲမှုက သူစိုင်စ်နယ်မြေတွင်ရှိစဉ်က အစီအရင်အတွင်းရှိစဉ်က ခံစားချက်နှင့် တူတူပင် ဖြစ်ကြောင်း ခံစားလိုက်မိသည်။

သူသည် ပို့ဆောင်ရေးအစီအရင်ကအသက်ဝင်သွားသည်နှင့် လူသို့ အရာဝတ္ထုတစ်ခုကို အခြားနေရာသို့ ပို့လိမ့်မည်ဖြစ်ကြောင်း သေချာပါသည်။

ပတ်ပတ်လည် မှော်နေရာလပ်က အရေးပါသော အမှတ်သို့ရောက်ရှိတော့မည့်အချိန်တွင် ကက်ဆန်ဒရာ က ရပ်လိုက်ကာ ကောင်းကင်ပေါ်မှ ရှုယီကို ကြည့်လိုက်သည်။

ရှုယီက သူမဆိုလိုသည်ကို နားလည်လိုက်ကာ သူမကို ရပ်လိုက်ရန် အချက်ပြလိုက်သည်။

“ဥက္ကဌရှု ကျွန်မဘာလို့ အဲ့ဟာကို အသက်မသွင်းရဲလဲဆိုတာကို နားလည်နိုင်ပြီလား?”

ရှုယီက ခေါင်းငြိမ့်ကာ သက်ပြင်းချလိုက်သည်။

“မသိရသေးတဲ့ စကြဝဠာက ဆွဲဆောင်မှုရှိပေမဲ့ အန္တရာယ်တွေနဲ့လဲပြည့်နေတယ်။ ဘယ်သူက အဲ့ဒီလို အန္တရာယ်များတဲ့ စွန့်စားမှုမျိုးကို အခုလို မသိရသေးတဲ့ အခြေအနေမှာ လုပ်ချင်မှာလဲ?” ခနရပ်လိုက်ကာ သူကပြောလိုက်သည်။ “ဒါမဲ့ ကက်ဆန်ဒရာ အခြားတစ်ဖက်မှာ အသူရာနတ်ဆိုးမျိုးနွယ်က ချန်ထားတဲ့ ပို့ဆောင်ရေးအစီအရင်ရှိလိမ့်မယ်ဆိုတာသေချာတယ် ဘယ်မှာလဲတော့ ငါလည်းမသေချာဘူး”

“ဒါဆိုဘယ်လိုလဲ? ဒီပို့ဆောင်ရေးအစီအရင်က ကျွန်မကို ပြန်ပို့နိုင်မယ်ဆိုတာသေချာလား?” ကက်ဆန်ဒရာက မေးသည်။

ရှုယီက ခေါင်းကိုခါလိုက်ပြီး ခါးသီးသောအပြုံးနှင့် “ငါမသေချာသေးဘူး”

“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ ဒီလိုမစွန့်စားရဲဘူး ဥက္ကဌရှု ရှင်လုပ်ရဲလား?”

“ငါမလုပ်ရဲတာ သေချာပါတယ်။ အနည်းဆုံးတော့ အခုပေါ့” ရှုယီက ခါးသီးစွာရယ်သည်။ သူသည် သေးငယ်သည့် အရာကိုထုတ်လိုက်ကာ ပို့ဆောင်ရေးအစီအရင်၏ အလယ်တွင်ထားလိုက်ကာ ကက်ဆန်ဒရာကို နောက်ပို့လိုက်သည်။

ကက်ဆန်ဒရာသည် ပို့ဆောင်ရေးအစီအရင်မှ ထွက်သွားကာ ရှုယီက ကက်ဆန်ဒရာ ယခင်ကလုပ်သလို အစီအရင်ကို အသက်သွင်းလိုက်သည်။

အစီအရင်၏အလယ်တွင်ထား,ထားသည့် ထိုပစ္စည်းသည် ရှုယီနှင့် ကက်ဆန်ဒရာတို့ အမြင်မှ ပျောက်ကွယ်သွားသည်။

“အဲ့ပစ္စည်းက ဘာလုပ်လို့ရလဲ?” ကက်ဆန်ဒရာကမေးသည်။

“ဒါက မှော်အချက်ပြထုတ်လွှတ်ပေးတဲ့ ပစ္စည်း” ရှုယီက ရှင်းပြသည်။ “ဒါက လွဲပြောင်းလိုက်ပြီးရင် တောင် အထူးမှော်အချက်ပြကို ထုတ်လွှတ်ပေးနေမှာအကယ်၍ ငါတို့ အဲ့အချက်ပြကိုရရင် ငါတို့ အခြားတစ်ဖက်က လုံခြုံတယ်ဆိုတာသိရပြီ”

“ဒါဆို ငါတို့ မရရင်ကော? ပြီးတော့ ရှင်ပြန်ရရင်တောင် ဒီစကြဝဠာက အရမ်းကြီးတယ်အကယ်၍ အရမ်းဝေးလံတဲ့နေရာရောက်သွားရင် မှော်အချက်ပြပြန်လာနိုင်ဖို့ အချိန်အကြာကြီးစောင့်ရလိမ့်မယ် ကျွန်မတို့က မှော်အချက်ပြကို ဘယ်ချိန်မှပြန်ရနိုင်မှာလဲ?”

ရှုယီက ခါးသီးစွာသာ ပြုံးလိုက်တော့သည်။

“ဒါကတော့ ကံကြမ္မာပေါ်ပဲမူတည်တယ်”

***

Volume 8 အပိုင်း ၁၀၆ ။ ဒီစစ်ပွဲက Frestech ကုန်သည်များအသင်းကစတာ

ရှုယီအတွက် ဤကမ္ဘာကို စိုးရိမ်နေသောအရာများ ရှိနေသေးသည်။ ထို့ကြောင့် သူသည် ထိုစွန့်စားမှုကို ယူကာ ထိုပို့ဆောင်ရေးအစီအရင်ဖြင့် သွားရန် ဆန္ဒမရှိသေးပါ။

ကက်ဆန်ဒရာက ထိုကမ္ဘာအသစ်အား ပျော်ရွင်ရန်အတွက်နှင့် Frestech ကုန်သည်များအသင်းမှ ယူဆောင်လာသော ပျော်စရာပစ္စည်းများကြောင့်သာ လာခဲ့ရာ သူမသည်လည်းထိုသို့သော စွန့်စားမှု ပြုလုပ်ရန် ဆန္ဒမရှိပါ။

သို့သော် အကြီးအကဲ လီဆန်ရာကတော့ သူတို့နှင့် ကွာခြားသည်။

ပို့ဆောင်ရေးအစီအရင်မှတဆင့် အဲလစ်ထံသို့ရောက်လာသော အကြီးအကဲ လီဆန်ရာအား အခြေအနေများကို ရှင်းပြရာ သူမသည် သူမနှင့် အဇ်ရှာရာမျိုးနွယ်စုများသည် သူတို့၏ နတ်သူငယ်ဘိုးဘေးများ၏ တာဝန်ကိုယူမည်ဖြစ်ကြောင်း ဖော်ပြသည်။ အကယ်၍ သူမသည် အန္တရာယ်ရှိကြောင်းကို သိလျှင်ပင် သူမသည် ဆက်လက်၍ စုံစမ်းစစ်ဆေးလိုကြောင်းပြောသည်။

အကြီးအကဲလီဆန်ရာက ဆုံးဖြတ်ချက်ချထားပြီးဖြစ်ရာ ရှုယီက မဆန့်ကျင်နိုင်တော့ပါ သို့သော် သူသည် အကြီးအကဲလီဆန်ရာကို အချိန်တစ်ချို့စောင့်ရန်သာ အကြံပေးခဲ့သည်။

အနည်းဆုံး ပို့လိုက်သော မှော်အချက်ပြပစ္စည်းမှလာမည့် အချက်ပြကိုစောင့်ရန်ဖြစ်သည်။ အကယ်၍ သူတို့သည် မှော်အချက်ပြပစ္စည်းမှ အချက်ပြပြန်လာလျှင် ထိုပို့ဆောင်မှုသည် ဘေးကင်းကြောင်း ဆိုလိုနိုင်သည်။

အကြီးအကဲလီဆန်ရာက ရှုယီ၏ အမြင်ကို သဘောတူကာ သူမက တစ်နှစ်သို့ နှစ်ပေါင်းများစွာ ကြာအောင် စောင့်ရသည်ကို မမှုကြောင်း ပြောသည်။

နတ်သူငယ်များသည် ရှည်လျားသောအသက်များရှိကာ နှစ်အနည်းငယ်စောင့်ရခြင်းသည် သူတို့အတွက် ဘာမှမဟုတ်ပါ။

သို့သော် အကြီးအကဲလီဆန်ရာသည် သုတေသနအဖွဲ့ကို ပါဝင်ရန် တောင်းဆိုသည်။ ရှုယီက သဘာဝကျစွာပင် ဆန့်ကျင်ခြင်းမရှိပဲ သဘောတူလိုက်သည်။

သူတို့သည် ထိုနေရာ၌ပင်စောင့်နေရန်မဖြစ်နိုင်သည်မှာ သေချာပါသည်။

မည်သူမှ ပို့ဆောင်ရေးမှော်အစီအရင်ကို ယူ၍စွန့်စားရန် ဆန္ဒမရှိကြသော်လည်း အသူရာနတ်ဆိုး မျိုးနွယ် ၏ အဲလစ်ပေါ်ရှိ စခန်းသည်ပင် သုတေသနပြုလုပ်ရန် တန်နေပြီဖြစ်သည်။

၎င်းသည် ထိုမသိနိုင်သေးသော ပို့ဆောင်ရေးအစီအရင်နှင့်လည်းပက်သက်နေပါသည်။

Frestech ကုန်သည်များအသင်း၏ မှော်ပညာအပေါ်လေ့လာမှုနှင့် သူတို့သည် ယခင် စိုင်စ်နယ်မြေကဲ့သို့ မှော်ပညာကိုကြမ်းတမ်းကာ တိကျမှုမရှိသည့် ရှင်းလင်းချက်များ ပြုလုပ်နိုင်ခြင်း မဟုတ်တော့ပေ။ သူတို့သည် ဂရုတစိုက်နှင့် စေ့စေ့စပ်စပ် မှော်ပညာကို သုတေသနပြုလုပ်ကာ အခြေအနေများနောက်မှ စည်းမျဉ်းကို ရှာဖွေနိုင်ကြောင်းအာမခံနိုင်ပြီဖြစ်သည်။

အကယ်၍ အဲလစ်ပေါ်မှ ပို့ဆောင်ရေးအစီအရင်သည် ယခင် စိုင်စ်နယ်မြေပေါ်၌ထားလျှင် ၎င်းသည် မည်သူမှနားမလည်နိုင်သော ထူးဆန်းအံ့ဩဖွယ်ရာတစ်ခု ဖြစ်သွားလိမ့်မည်။ သို့သော်လည်း လက်ရှိ Frestechကုန်သည်များအသင်းအတွက်မူ သူတို့က အဲလစ်နှင့် စိုင်စ်ဂြိုလ်တို့အကြားရှိ ပို့ဆောင်ရေး အစီအရင်အားလေ့လာခဲ့ခြင်းကြောင့် သူတို့ အချို့သော နားလည်မှုများရှိခဲ့ပြီးဖြစ်သည်။

အာကာလီက လုံလောက်သည့်အချိန်ရလျင် သူမသည် ထိုလှို့ဝှက်ချက်ကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သေချာနေသည်။

သုတေသနကပြီးသွားလျှင် Frestechကုန်သည်များအသင်းသည် သူတို့ကိုယ်တိုင် ပို့ဆောင်ရေး အစီအရင် တစ်ခုကို တည်ဆောက်သွားနိုင်လိမ့်မည်။

ကက်ဆန်ဒရာ၏ သုတေသနရလဒ်အရ အသူရာနတ်ဆိုးမျိုးနွယ်၏လပေါ်မှ စခန်းသည် လူသားများ နေထိုင်ရန် သင့်တော်သည့်ပတ်ဝန်းကျင်ရှိသည်။ ထို့ကြောင့် ရှယီ၏ စမ်းသပ်မှုအပြီး သူသည် အဲလစ်ပေါ်သို့ သုတေသနအဖွဲ့ငယ်တစ်ခုကို လွတ်ကာ ကောင်းကင်ကျွန်းမှ စခန်းနှင့် အတူ ပို့ဆောင်ရေး အစီအရင်ကို သုတေသနပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

စကားတစ်ခွန်းမှမပြောပဲ အာကာလီသည် ထိုသုတေသနအဖွဲ့ကို သူမဦးဆောင်မည်ဟု ဆုံးဖြတ် လိုက်သည်။

ရှုယီက သူမအား မဆွဲဆောင်နိုင်ပေ ထို့ကြောင့် သူမကို ဆန္ဒရှိသည့်အတိုင်းသာ လုပ်ခွင့်ပေးလိုက် ရသည်။

နောက်ဆုံးတွင် သုတေသနပညာရှင်များ ဂြိုလ်ပေါ်သို့ သွားကာ သုတေသနပြုလုပ်နိုင်ခြင်းသည် မည်သူကြည့်ပါစေ စိတ်လှုပ်ရှားဖွယ်ကောင်းသည့်ကိစ္စဖြစ်သည်။

ကမ္ဘာမြေပေါ်ရှိနည်းပညာကျွမ်းကျင်သူများသည်ပင် လပေါ်တွင်နေကာ သုတေသနပြုလုပ်ရန်မှာ မဖြစ်နိုင်ပါ

ရိုးရှင်းသည့် လပေါ်တွင် ခြေချခြင်းသည်ပင် မရေမတွက်နိုင်သောလူများက သံသယဝင်ခဲ့ကြပြီး အခြားနိုင်ငံများမှ ဆက်မလုပ်ကြတော့ပါ။

ထိုအကြောင်းကိုစဉ်းစားမိတိုင်း ရှုယီသည် အလွန်ထူးဆန်းနေခဲ့ရသည်။

လွန်ခဲ့သောနှစ်တစ်သောင်းခန့်က အသူရာနတ်ဆိုးမျိုးနွယ်သည် ထိုကမ္ဘာကိုစွန့်ခွာခဲ့ပြီး ထူးဆန်းသည့် ပစ္စည်းကိရိယာများထားခဲ့ကာ စိုင်စ်ဂြိုလ်မှ လူများသည် ထူးခြားဆန်းကြယ်သည့်အရာများဟုပင် ဆုံးဖြတ်ကြလိမ့်မည်။ ယခုမူ နှစ်ပေါင်းတစ်သောင်းကြာပြီးနောက် စိုင်စ်ဂြိုလ်မှလူများသည် သူနှင့် Frestech ကုန်သည်များအသင်း၏ဦးဆောင်မှုဖြင့် မှော်ပညာ၏ မှန်ကန်သည့် လုပ်နိုင်စွမ်းနှင့် အသုံးဝင်ခြင်းကို စတင်သိလာကြပြီး အသူရာနတ်ဆိုးမျိုးနွယ်က ယခင်က ဖွင့်ပြီးသားဖြစ်သည့် နည်းပညာသစ်ပင်ကို လိုက်နိုင်ခဲ့သည်။

သို့သော် ယခုမူ ရှုယီပေါ်လာခြင်းကြောင့် ထိုနည်းပညာသစ်ပင်သည် အသူရာနတ်ဆိုးမျိုးနွယ်၏ ယခင်က နည်းပညာသစ်ပင်နှင့်တော့ ကွာခြားလိမ့်မည်ဖြစ်သည်။

ကွဲပြားမှုများမှာ အသူရာနတ်ဆိုးမျိုးနွယ်အား မတွေ့ခင်အထိတော့ သူတို့ဘယ်တော့မှ သိမည် မဟုတ်ပါ။

အာကာလီ၏အဖွဲ့နှင့် အကြီးအကဲလီဆန်ရာ၏ အဇ်ရှာရာမျိုးနွယ်စုမှ အချို့လက်အောက်ခံများသည် အသူရာနတ်ဆိုးမျိုးနွယ်၏ အဲလစ်ပေါ်ရှိစခန်းအားစတင်၍ စုံစမ်းလေ့လာနေစဉ်တွင် စိုင်စ်နယ်မြေ၏ အခြေအနေသည် မူလအရင်းမြစ်ပြောင်းလဲမှုများကို တောင်ခံနေကြသည်။

ကန်ဒရာအင်ပါယာရှိ ဒေသများစွာတွင် ဖြစ်ပွားနေသော အလုပ်သမားအဓိကရုဏ်းနှင့် ဒေသအများစုမှ သီးခြားရပ်တည်မည့် ကြေညာချက်များထုတ်ကြခြင်းကြောင့် ကန်ဒရာအင်ပါယာသည် ပြည်တွင်း ပဋိပက္ခဖြစ်ပွားခြင်းထဲ ထပ်မံကျရောက်သွားသည်။ အင်ပါယာတစ်ခုလုံးသည် ဖရိုဖရဲဖြစ်နေကာ လွန်ခဲ့သောနှစ်နှစ်ဆယ်က Frestechကုန်သည်များအသင်းနှင့် ရူဒ်ဆန် တိုင်းပြည်တို့ ကျူးကျော်ခဲ့သည့် အချိန်ကထပ် ဆိုးရွားနေသည်။

.

ထို့အချိန်၌ မရေမတွက်နိုင်သောလူများသည် Frestech ကုန်သည်များအသင်း၏ တုံ့ပြန်မှုကို စောင့်နေကြသည်။

အကယ်၍ Frestech ကုန်သည်များအသင်းသည် လွန်ခဲ့သောနှစ်နှစ်ဆယ်ကအတိုင်း ကန်ဒရာအင်ပါယာကို ထောက်ပံ့ခဲ့လျှင် ကန်ဒရာအင်ပါယာသည် သူတို့ကိုယ်တိုင် တည်ငြိမ်နိုင်ပြီး ထိုအခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်သည်။

အကယ်၍ Frestech ကုန်သည်များအသင်းသည် မားလိုအင်ပါယာကို ကန်ဒရာအင်ပါယာအား တိုက်ခိုက်ခြင်းမှ ရပ်တန့်ခိုင်းလိုက်လျှင် ကန်ဒရာအင်ပါယာ၏ တော်ဝင်မိသားစု၏အာဏာကို စုဆောင်းကာ သူတို့သည် တဖြည်းဖြည်း ပြည်တွင်းရေးပဋိပက္ခများကို ဖြေရှင်းနိုင်လိမ့်မည်။

သိုသော် Frestech ကုန်သည်များအသင်းသည် ကန်ဒရာအင်ပါယာ၏ အခြေအနေအား လုံးဝလျစ်လျူရှုထားကာ ထုတ်ပြန်ချက်တစ်ခုပင်မထုတ်ပေ။

လူထု၏မြင်ကွင်း၌ဖြစ်စေ အတွင်း၌ဖြစ်စေ Frestech ကုန်သည်များအသင်း၏ အထက်က စီမံအုပ်ချုပ်သူ များသည် ကန်ဒရာအင်ပါယာ၏ အခြေအနေအား ရပ်တည်ချက်အတူတူပင် ရှိကြသည်။ သူတို့သည် ၎င်းက ကန်ဒရာအင်ပါယာ၏ အတွင်းရေးဖြစ်ကာ သူတို့က ကုမ္ပဏီတစ်ခုသာ ဖြစ်သည်ဟု ဆိုသည်။ သူတို့၌ ကြားဝင်စွက်ဖက်ရန် အာဏာ လုပ်နိုင်စွမ်းနှင့် အရည်အချင်းများမရှိ ဟုဆိုသည်။

Frestech ကုန်သည်များအသင်း၏ဥက္ကဌဖြစ်သူ ဖရီယာကလည်း များစွာသော သတင်းစာများ၌ Frestech ကုန်သည်များအသင်းသည် နိုင်ငံများ၏ အတွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ဆန္ဒမရှိကြောင်းပြောသည်။ ကန်ဒရာအင်ပါယာ၏အခြေအနေနှင့်ပက်သက်၍ ပြောရလျှင် Frestech ကုန်သည်များအသင်းအနေနှင့် မည်သည့်လုပ်ဆောင်မှုမှပြုလုပ်မည်မဟုတ်ဟုဆိုသည်။

သို့သော် သူမသည် ကန်ဒရာအင်ပါယာ၏ အရာရှိများအား စစ်ပွဲ၏အန္တရာယ်ကြောင့် ပြည်သူများအား သက်ရောက်ခြင်းမှ ရှောင်ကြဉ်ရန်တိုက်တွန်းထားသည်။

ထိုအတွက် Frestech ကုန်သည်များအသင်းသည် နယ်မြေထဲရှိ အခြားကုမ္ပဏီများ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကယ်ဆယ်ရေးအသင်းကို ဖွဲ့စည်းခဲ့ပြီး စစ်ဘေးအန္တရာယ်ထဲမှ ပြည်သူများကို ကယ်ဆယ်ခဲ့သည်။

သတင်းစာအနည်းငယ်က ထိုအကြောင်းကို ရှုတ်ချသည်။

Frestech ကုန်သည်များအသင်းသည် လုပ်နိုင်စွမ်းရှိသည်မှာ ရှင်းလင်းနေသော်လည်း ကန်ဒရာအင်ပါယာ၏ အတွင်းပိုင်းအခြေအနေဆိုးရွားလာခြင်းကိုမရပ်တန့်ပဲ သူတော်ကောင်း ယောင်ဆောင်သည့် ကယ်ဆယ်ရေးအသင်းများကိုဖွဲ့စည်းခဲ့သည်။

ကန်ဒရာအင်ပါယာမှပြည်သူများကို ကယ်ဆယ်ခြင်းသည် သူတို့က ထိုစစ်ပွဲအတွင်း ကန်ဒရာအင်ပါယာမှ လူများအား ကျူးကျော်ခိုးယူသွားခြင်းပင် ဖြစ်သည်။

Frestech ကုန်သည်များအသင်းသည် အစဉ်အမြဲ မှော်တိမ်တိုက်နယ်မြေတွင် လူအင်အား မလုံလောက်ကြောင်းပြောခဲ့သည် အကြောင်းမှာ လူအများစုက သွားဖို့ရန် ဆန္ဒမရှိသောကြောင့် ဖြစ်သည်။

သို့သော် လွန်ခဲ့သောနှစ်များက စိုင်စ်နယ်မြေမှ စစ်ပွဲအတွင်းတွင် လူများသည် စစ်ပွဲ၏ ပရမ်းပတာ အခြေအနေများကြောင့် မှော်တိမ်တိုက်နယ်မြေသို့သွားရန် ရွေးချယ်လာကြသည်။ သူတို့ထဲတွင် အဆင့်မြင့် နည်းပညာဝန်ထမ်းများပါကြကာ မှော်သုတေသနဝန်ထမ်းများပါကြသည်။

သတင်းစာအများစုက စစ်ပွဲ၏ပရမ်းပတာကိစ္စများဆက်လက်ဖြစ်ပွားနေသည်နှင့် ကန်ဒရာအင်ပါယာထဲရှိ အရည်ချင်းရှိသောသူများသည် လျော့ကျသွားပြီး မှော်တိမ်တိုက်နယ်မြေသို့ အကျိုးမြတ်များ ရောက်ရှိသွားလိမ့်မည်ဖြစ်ကြောင်း ဖော်ပြကြသည်။

သို့မဟုတ်ရှင်းလင်းစွာပြောရလျှင် Frestech ကုန်သည်များအသင်းထံသို့ ရောက်သွားလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် သတင်းစာများသည် စိုင်စ်နယ်မြေရှိ စစ်ပွဲ၏ဖရိုဖရဲအခြေအနေသည် Frestech ကုန်သည်များအသင်း ကြောင့်ဖြစ်သည်ဟုပင် ဆိုကြသည်။ အကြောင်းမှာ မည်သို့ပင်ကြည့်စေကာမူ Frestech ကုန်သည်များအသင်းက ဆုံးရှုံးမှုများစွာမရှိပဲ ကြီးမားသောအကျိုးအမြတ်ကို ရရှိနေခြင်း ကြောင့် ထိုကဲ့သို့ အကြောင်းရင်းများစွာရှိနေခြင်းကြောင့်ဖြစ်သည်။

Frestech ကုန်သည်များအသင်းသည် ပြင်းထန်စွာ ထိုသံသယဝင်မှုကို ခံရလေသည်။

Frestech ကုန်သည်များအသင်းသည် ထိုကိစ္စနှင့်ပက်သက်ပြီး အချက်အလက်တစ်ခုကို ထုတ်ပြခဲ့သည်။

ထိုအချက်အလက်က စစ်ပွဲမတိုင်မှီနှင့်စာလျှင် Frestech ကုန်သည်များအသင်း၏ရောင်းအားမှာ တစ်နှစ်ထပ်တစ်နှစ် ပိုကျသွားကြောင်း ဖော်ပြနေသည်။

နောက်ဆုံးအချက်အလက်အရ ကန်ဒရာအင်ပါယာ၏ကြီးမားသော အတွင်းပိုင်းပဋိပက္ခကြောင့် Frestech ကုန်သည်များအသင်း၏ရောင်းအားမှာ ကြီးမားစွာထိုးကျနေသည်။

ထိုအကြောင်းကြောင့် Frestech ကုန်သည်များအသင်း၏ အမြတ်မှာ နှစ်တိုင်းကျဆင်းနေသည်။ ယခင်နှစ်က လွန်ခဲ့သော ၁၃နှစ်ကအထိပင် အဆင့်တူနေကာ ရွှေဒင်္ဂါး ၃ဘီလီယံပင် မရောက်တော့သည်အထိ ကျသွားခဲ့သည်။

သိထားရမည်မှာ စစ်ပွဲမတိုင်ခင်တွင် Frestech ကုန်သည်များအသင်း၏ နှစ်စဉ်အမြတ်မှာ ရွှေဒင်္ဂါး ငါးဘီလီယံပင်ကျော်ကာ စိုင်နယ်မြေတွင် ဒုတိယလိုက်နိုင်သည့်သူမရှိပေ။

ထိုစစ်ပွဲသည် Frestech ကုန်သည်များအသင်းအတွက် ထိုကဲ့သို့ သက်ရောက်မှုရှိလေရာ Frestech ကုန်သည်များအသင်းသည် စစ်ပွဲကိုမည်သို့ထောက်ပံ့ရပါမည်နည်း?

စကားလုံးများနှင့် ယဉ်လျှင် အချက်အလက်များသည် ပိုမိုတိကျကာ လူများအား ယုံကြည်လက်ခံအောင် လုပ်နိုင်သည်။

ထို့ကြောင့် Frestech ကုန်သည်များအသင်းသည် ထိုအချက်အလက်ကိုကြေညာလိုက်သည်နှင့် စိုင်စ်နယ်မြေပေါ်၌ Frestech ကုန်သည်များအသင်းကို စွပ်စွဲသည့်သူမရှိသလောက် နည်းပါးသွားသည်။

နောက်ဆုံး၌ Frestech ကုန်သည်များအသင်း၏ တုံ့ပြန်မှုက ကျိုးကြောင်းသင့်ပေသည်။

အခြားကုမ္ပဏီများထပ် သူတို့သည် တည်ငြိမ်သည့်ပတ်ဝန်းကျင်ကို ပို၍လိုချင်ပြီး လူများက ပိုက်ဆံများများသုံးလေ ကုမ္ပဏီတွက် အကျိုးအမြတ်ရလေဖြစ်သည်။

Frestech ကုန်သည်များအသင်းသည် ငြိမ်းချမ်းရေးကို လက်ကိုင်ထားကြသည်။ ယခင် ဥက္ကဌဖြစ်သော ရှုယီက လူထု၏ရှေ့တွင် စိုင်စ်နယ်မြေအား ငြိမ်းချမ်းနေစေချင်ကြောင်း များစွာပြောခဲ့သည်။ ၎င်းသည် Frestech ကုန်သည်များအသင်းနှင့် နယ်မြေ၏ မှော်စက်မှုလုပ်ငန်းများတွင် များစွာ‌အကျိုးကျေးဇူး များကို ပြုလုပ်နိုင်ခဲ့သည်။

နောက်ဆုံး၌ ရှုယီက Frestech ကုန်သည်များအသင်း၏ဥက္ကဌနေရာမှ နှုတ်ထွက်ကာ စိုင်စ်နယ်မြေမှ ထွက်ခွာသွားသည်နှင့် စိုင်စ်နယ်မြေမှလူများသည် စစ်ပွဲကိုစတင်ရန် မစောင့်နိုင်ကြတော့ပေ။ ၎င်းသည် ရှုယီနှင့် Frestech ကုန်သည်များအသင်းကို အပြစ်သင်သင့်သည်လား?

စစ်ပွဲစသည်နှင့် လူများဖော်ပြသည်မှာ စစ်ပွဲတစ်ကြိမ်ဖြစ်ပွားလျှင် အခြားထုတ်ကုန်များက ထိခိုက်သွားသော်လည်းစစ်တပ်သုံးမှော်တပ်များကိုတော့ ကြိုဆိုကြသည်။ Frestech ကုန်သည်ကြီးများအသင်းသည် လျို့ဝှက်စွာဖြင့် စစ်ဖက်သုံးမှော်စက်များကို ရောင်းချကာ ထိုစစ်ပွဲမှ အကျိုးအမြတ်ရနိုင်ကြောင်းဖော်ပြကြသည်။

သို့သော် ၎င်းသည် ချက်ချင်းပင် အာဏာသုံးကာပယ်ချခံရသည်

အကယ်၍ Frestech ကုန်သည်များအသင်းသာ ဆန္ဒရှိခဲ့လျှင် သူတို့က တိုင်းပြည်တစ်ခုအား ထောက်ပံ့ပေးလိုက်နိုင်သည်။

Frestech ကုန်သည်များအသင်း၏အာဏာနှင့် သူတို့၏ထုတ်လုပ်မှုလုပ်နိုင်စွမ်းနှင့်အကယ်၍ အင်ပါယာ နှစ်ခုထဲမှ တစ်ခုကို ထောက်ပံ့လျှင် အခြားဖက်က လုံးဝဖျက်ဆီးခံရတော့မည်ဖြစ်သည်။

သူတို့ထိုကိစ္စမှ ရရှိမည့်အကျိုးအမြတ်သည် စစ်ဖက်သုံးမှော်စက်များရောင်းချသည်ထပ် အကျိုးအမြတ်ရှိမည်မဟုတ်ပါလား?

စိုင်စ်နယ်မြေ၏ လက်ရှိအခြေအနေအရ Frestech ကုန်သည်များအသင်းသည် မားလိုအင်ပါယာသို့ နိုဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံအား ထောက်ပံ့ခဲ့ပါလျှင် သူတို့သည် ပြိုင်ဖက်အား လွယ်ကူစွာ တိုက်ခိုက်နိုင်မည်ဖြစ်ကာ များစွာသောအကျိုးမြတ်များရရှိလိမ့်မည်။

မည်သို့ပင်ဖြစ်ပါစေ သူတို့ကြည့်သည်နှင့် ၎င်းသည် စစ်ဖက်သုံးမှော်စက်ရောင်းခြင်းထပ် ပိုသာပါသည်။

များစွာသောသုံးသပ်ချက်များက Frestech ကုန်သည်များအသင်း၏အပြုအမူကို နားမလည်ကြပေ။ ထို့ကြောင့် လူတိုင်းက စိတ်ရှုပ်ထွေးနေသည်။

Frestech ကုန်သည်များအသင်းသည် မည်သည်ကိုလုပ်ချင်သနည်း?

***

Volume 8 အခန်း ၁၀၇ ။ အင်ပါယာက ပျက်စီးခဲ့ပြီ

Frestech ကုန်သည်များအသင်းသည် ဘာမှမလုပ်ပေ။

လူတိုင်း၏ မေးခွန်းများနှင့်ရင်ဆိုင်ရသော်လည်း Frestech ကုန်သည်များအသင်းသည် အပြင်လောကကို ဂရုမစိုက်ပဲသူတို့ အလုပ်ကိုသာ လုပ်နေခဲ့သည်။

Frestech ကုန်သည်များအသင်း၏ ရောင်းအားသည် စစ်ပွဲဒဏ်ကြောင့် ကျဆင်းနေသော်လည်း နယ်မြေထဲမှ လူများလောက်တော့ သက်ရောက်မှုကို မခံစားရပါ။ Frestech ကုန်သည်များအသင်း၏ ထုတ်ကုန်များက မရေတွက်နိုင်သောနိုင်ငံနှင့် ဧရိယာများက မှာယူနေသေးသဖြင့် Frestech ကုန်သည်များအသင်းသည် ယခင်ကအတိုင်း ကြီးမားသည့်အကျိုးအမြတ်ကို ရရှိနေသေးသည်။

အချို့နေရာများသည် စစ်ပွဲဒဏ်ကို ခံစားရသော်လည်း Frestech ကုန်သည်များအသင်း၏ မှော်စက်များက ရောင်းချနေရသေးသည်။

ကုမ္ပဏီအများစုအနေဖြင့် စစ်ပွဲဧရိယာတွင် ရောင်းအားပမာဏကို ထိန်းထားရန် မဖြစ်နိုင်သော်လည်း Frestech ကုန်သည်များအသင်းအတွက်မူ ထိုမျှလောက်မခက်ခဲပါ။

တစ်ဖက်တွင် Frestech ကုန်သည်များအသင်း၏ ကျော်ကြားမှုသည် စိုင်စ်နယ်မြေတွင် အခြားကုမ္ပဏီများထက် သာလွန်သည်။

Frestech ကုန်သည်များအသင်းပေါ်လာသည်နှင့် လူအနည်းငယ်ပင် သူတို့ထံမှ ခိုးယူရန် အကြံစည်ရှိကြသည်။

အခြားတစ်ဖက်၌ Frestech ကုန်သည်များအသင်း၏ အင်အားကောင်းသော အစောင့်များဖြင့် ထိုအကြံအစည် ရှိခဲ့လျှင်တောင် အောင်မြင်သည့်သူမရှိပါ။

ထို့ကြောင့် စစ်ပွဲဒဏ်ကိုခံစားရသည့် နေရာများ၌ လူများသည် Frestech ကုန်သည်များအသင်း၏ ခရီးသည်ယာဉ်များ ရောက်လာမည်ကို ကြိုတင်မျှော်လင့်နေကြသည်။

Frestech ကုန်သည်ကြီးများအသင်းပေါ်လာသည်နှင့် ထိုနေရာဒေသက ငြိမ်းချမ်းတော့မည်ကိုဆိုလိုသည်။

အင်ပါယာနှစ်ခု၏ စစ်တပ်ကပင် ၎င်းကိုတိတ်ဆိတ်စွာ လက်ခံထားသည်။

ပုန်ကန်သော ဒေသခံတပ်ဖွဲ့များအတွက်မူ ၎င်းတို့သည် Frestech ကုန်သည်များအသင်းကို ဆန့်ကျင်ရန် သတ္တိမရှိပေ။

ကြီးမားသည့် စုရုံးခြင်းဖြင့် Frestech ကုန်သည်များအသင်းထံသို့ ခိုလှုံလာသည့် ပြည်သူများနှင့် ရာထူးကျသွားသော မျိုးရိုးမြင့်များက များသထပ်များလာသည်။ သာမန်လူအများစုသာမက ၎င်းတို့၌ နည်းပညာပိုင်း၌ အဆင့်မြင့် မှော်သုတေသနပညာရှင်များ ပါ,ပါလာသည်။

ထိုသူများသည် သတင်းစာများကပင်ဖော်ပြခဲ့ဖူးသော အရည်အချင်းရှိသည့်သူများဖြစ်ကြသည်။

သာမန်လူများနှင့်ယှဉ်လျှင် စစ်ပွဲမတိုင်မှီက ထိုသူများသည် နယ်မြေတွင် ကုမ္ပဏီများ စက်ရုံများနှင့် အစိုးရဌာနများတွင် အရေးပါသောသူများဖြစ်ကြသည်။ သူတို့သည် မြင့်မားသော လူနေမှုဘဝကို ပျော်မွေ့သဖြင့် သဘာဝကျစွာပင် သူတို့သည် စစ်ပွဲ၏ သက်ရောက်မှုကို မကိုင်တွယ်နိုင်ကြပါ။

သူတို့သည် Frestech ကုန်သည်များအသင်း၌ စုဝေးကြကာ သူတို့သည် Frestech ကုန်သည်ကြီးများအသင်းထံမှ သွေးဆောင်ခံလိုက်ရသည်။ သူတို့သည် တဖြည်းဖြည်းနှင့် Frestech ကုန်သည်များအသင်း တွင် အလုပ်စတင် လုပ်ကိုင်လာကြပြီး အချို့မှာ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန်ပင် ရွေးချယ်ခဲ့ကြသည်။

အခြားအကြောင်းအရင်းမရှိပါ Frestech ကုန်သည်များအသင်းမှ သူတို့နှင့် သူတို့မိသားစု၏လုံခြုံရေးကို အာမခံပေးနိုင်သောကြောင့်သာဖြစ်သည်။

ထို့ကြောင့် Frestech ကုန်သည်များအသင်းက ဘာမှမလုပ်လျှင်တောင် မရေတွက်နိုင်သည့် ဒုက္ခသည် များသည် Frestech ကုန်သည်များအသင်း၏ လုံခြုံရေးဇုန်များသို့ ဝင်ရောက်လာကြသည်။ အချို့မှာ စိုင်စ်နယ်မြေမှ လွတ်မြောက်ရန်အတွက် မှော်တိမ်တိုက်နယ်မြေသို့ ဦးတည်ထွက်ခွာသွားကြသည်။

ထိုအခြေအနေအရ Frestech ကုန်သည်များအသင်းသည် ကန်ဒရာအင်ပါယာနှင့်အခြားနေရာများမှ အရည်အချင်းများကို ခိုးယူသည်ဟု သတင်းစာများကစွပ်စွဲကြခြင်းဖြစ်သည်။

သို့သော် ထိုသို့ဖြစ်လျှင်တောင် သူတို့ဘာလုပ်နိုင်မည်နည်း?

ကန်ဒရာအင်ပါယာဖြစ်စေ အရှေ့မဟာမိတ်တပ်ကိုတိုက်နေသော နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂနိုင်ငံဖြစ်စေ ထိုကိစ္စနှင့်ပက်သက်၍ ဘာမှမလုပ်နိုင်ပါ။

အထူးသဖြင့် ကန်ဒရာအင်ပါယာဖြစ်သည်။ Frestech ကုန်သည်များအသင်းမှ သူတို့အား မထောက်ပံ့သောကြောင့် ကံဆိုးမှု တစ်ခုပြီးတစ်ခု ဖြစ်နေသည်။

သက္ကရာဇ် ၄၃၂၉ ခုနှစ်တွင် မားလိုအင်ပါယာသည် ကန်ဒရာအင်ပါယာအား အင်အားကုန်သုံးကာ တိုက်ခိုက်ခဲ့သည်။ သူတို့သည် လူနှစ်သိန်းအင်အားရှိသော စစ်တပ်တစ်ခုကို ဦးတည်ချက် ၃ခုမှ တိုက်ခိုက်ရန်နှင့် တစ်ချိန်တည်း၌ ကန်ဒရာအင်ပါယာအားကျူးကျော်ရန် စေလွှတ်လိုက်သည်။

ကန်ဒရာအင်ပါယာသည် သူတို့၏ပြည်တွင်းရေးကို ရင်ဆိုင်နေရစဉ်တွင် မားလိုအင်ပါယာ၏ တိုက်ခိုက်မှုကို ပါရင်ဆိုင်နေရသဖြင့် မကိုင်တွယ်နိုင်တော့ပေ။

မားလိုအင်ပါယာ၏ အင်အားပြည့်တိုက်ခိုက်မှုဖြင့် ကန်ဒရာအင်ပါယာသည် ဆက်မခံနိုင်တော့ပဲ တွန်းလှန်ခြင်းလည်းမပြုနိုင်တော့ပေ။

နှစ်လအတွင်းတွင် ကန်ဒရာအင်ပါယာ၏ မြောက်ဖက် နယ်စပ်က ကျရှုံးသွားသည်။

မားလိုအင်ပါယာ၏ ခြိမ်းခြောက်မှုဖြင့် ကန်ဒရာအင်ပါယာ၏ မြောက်ဖက်ခြမ်းမှ ဒေသများသည် မားလိုအင်ပါယာမှသိမ်းပိုက်ခံရကာ သူတို့သည် တစ်သီးတစ်ခြား ရပ်တည်မည် ဖြစ်ကြောင်း ကြေညာချက်များ ထုတ်ပြန်ကာ မားလိုအင်ပါယာနှင့် ပူးပေါင်းကုန်ကြသည်။

နှစ်ဝက်အတွင်းတွင်ပင် မားလိုအင်ပါယာ၏ စစ်တပ်များသည်ကန်ဒရာအင်ပါယာ၏ မြောက်ပိုင်းရှိ ပိုင်နက်များအား အပြည့်ဝသိမ်းပိုက်ကာ သူတို့၏ စစ်တပ်များက ဝင်ဘယ်လ်တန်မြို့ကို ချဉ်းကပ် လာကြသည်။

ကန်ဒရာအင်ပါယာ၏ တော်ဝင်အစောင့်တပ်များနှင့် စစ်တပ်သည် အချိန်အတော်ကြာအောင် တိုက်ခိုက် နေရကာ အရှုံးနှင့် ထပ်ခါ ထပ်ခါ ရင်ဆိုင်နေရသည်။

ဧကရာဇ် ကန်ဒရာသည် အခြေက ဆိုးနေကြောင်းသိကာ သူသည် သစ္စာရှိသည့်ဝန်ကြီးများကိုခေါ်ပြီး ဝင်ဘယ်လ်တန်မြို့သို့ မှော်လေသင်္ဘောနှင့် ပျံသန်းထွက်ခွာလာခဲ့သည်။

မားလိုအင်ပါယာ၏ စစ်တပ်သည် ဝင်ဘယ်လ်တန် မြို့ကို သိမ်းပိုက်ကာ ကန်ဒရာအင်ပါယာ၏ တော်ဝင်နန်းတော်ကို သိမ်းပိုက်ခဲ့သည်။

ထိုအကြောင်းကြောင့် ကန်ဒရာအင်ပါယာ၏ မြို့တော်က ကျဆုံးသွားရသည်။ သူတို့လက်အောက်တွင် ဒေသ ၃၇ ခုသာ ကျန်တော့ကာ ဒေသ ၃၀ က မားလိုအင်ပါယာ အား အညံ့ခံလိုက်ကြပြီး ဒေသ ၁၆ ခုက သူတို့၏ သီးခြားရပ်တည်မည့်အကြောင်းကို ကြေညာခဲ့ကာ ဒေသ ၈ခုသည် အလုပ်သမား အဓိကရုဏ်း ဖြစ်ပွားသော ဒေသများဖြစ်ပြီး ကန်ဒရာအင်ပါယာ၏ တော်ဝင်မိသားစုလက်အောက်တွင် မနေလိုတော့ သည့် ဒေသများ ဖြစ်ကြသည်။

ထိုအချက်ကြောင့် မားလိုအင်ပါယာသည် တရားဝင် မကြေညာသေးသော်လည်း ကန်ဒရာအင်ပါယာက ပျက်စီးနေပြီဖြစ်သည်။

…..

ဖရီယာသည် သူ၏ရှေ့မှ ဇိမ်ခံအဝတ်အစားများဝတ်ထားသော်လည်း ပြင်းထန်သည့်အကြည့်နှင့် အလွန်စိုးရိမ်နေကာ စိတ်ဓာတ်ကျနေပုံရသော ကန်ဒရာဧကရာဇ်ကို ကြည့်လိုက်ကာ သူမ၏စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။

ကန်ဒရာအင်ပါယာသည် စိုင်စ်နယ်မြေတွင် နှစ်ပေါင်းထောင်ကျော်သမိုင်းရှိသော အင်အားကြီးသည့် အင်ပါယာအဖြစ်သတ်မှတ်ထားခံရသော အင်ပါယာဖြစ်၍ တကယ်ပင် တစ်နှစ်အတွင်း ကျဆုံးသွားရသည်မှာ လူများအား စိတ်ခံစားမှုဖြစ်စေမည်မှာ သံသယဖြစ်ဖွယ်မရှိပါ။

ဖရီယာက ကန်ဒရာ ဧကရာဇ်ကို မြင်စဉ်က သူသည် ကျက်သရေရှိကာ ကြည့်ရသည်မှာအားလုံးကို အုပ်စိုးထားသည့်ပုံ ပေါ်သည်။ သူသည် ဘဝပေါင်းများစွာကို ချုပ်ကိုင်ထားသည့်ဘဝမှ တိုင်းပြည်ကို စွန့်ခွာရသော ဧကရာဇ်အဖြစ်သို့ ပြောင်းသွားသည်။

၎င်းသည် သူတစ်ပါးကစဉ်းစားကြည့်လိုက်လျှင်မူ ရယ်ဖွယ်ဖြစ်လေသည်။

ကန်ဒရာအင်ပါယာသည် Frestechကုန်သည်များအသင်းနှင့်ပက်သက်လျှင် ဒွိဟဖြစ်သော အပြုအမူမျိုးရှိခဲ့သည်။ ပူးပေါင်းမှုရှိသော်လည်း သူတို့၏ အစီစဉ်လေးများကို ချန်ထားတတ်သည်။ ၎င်းသည် Frestech ကုန်သည်များအသင်း၏ လုပ်ငန်းများကို ကန်ဒရာအင်ပါယာအတွင်း ချောချောမွေ့မွေ့ ပြုလုပ်၍ မရအောင်ဖြစ်စေသည်။ ထို့ကြောင့် နှစ်ဖက်က ရင်းနှီးမှုမရခဲ့ပါ။

ဖရီယာက Frestechကုန်သည်များအသင်းကို လွဲပြောင်းယူလိုက်ပြီးနောက်ပိုင်းတွင် သူမသည် ကန်ဒရာအင်ပါယာနှင့်ပက်သက်၍ အကြိမ်တော်တော်များများ စိတ်မချမ်းသာခဲ့ရပေ။ အကြောင်းမှာ ကန်ဒရာအင်ပါယာက သူမတို့နှင့် အလုပ်မလုပ်ဟူသော အစီအရင်ခံစာကို အမြဲရရှိခဲ့သောကြောင့် ဖြစ်သည်။ သူမသည် ကန်ဒရာအင်ပါယာနှင့် ပူးပေါင်းမှုကို ငြင်းပယ်ရန်ပင် ဆုံးဖြတ်ခဲ့ဖူးသည်။

သို့သော် ယခုမူ ကန်ဒရာအင်ပါယာက ထိုကဲ့သို့ဖြစ်လာသည်။ သူမ၏ရှေ့တွင်ရှိနေသော ကန်ဒရာ ဧကရာဇ် သည် မည်သည့်နေရာမှသွားစရာမရှိပဲ စတက်တိန်း မြို့စားပိုင်နက်ရှိ Frestechကုန်သည်ကြီးများအသင်း၏ ဌာနချုပ်သို့သာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ပထမဆုံးအနေနှင့် သူပြောသည်မှာ သူ့အား Frestechကုန်သည်များအသင်းမှ ကူညီရန် မျှော်လင့်ကြောင်းပင် ဖြစ်သည်။

“ဥက္ကဌဖရီယာ အကယ်၍ Frestechကုန်သည်များအသင်းက ကျုပ်တို့နိုင်ငံကို ကူညီပြီး ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်ရအောင်လုပ်ပေးရင် ကျုပ်တို့နိုင်ငံ ပြန်ကောင်းလာတဲ့တနေ့ကျရင် မင်းတို့ Frestech ကုန်သည်များအသင်းကို အင်ပါယာထဲမှာ အကောင်းဆုံး ဆက်ဆံမှုကိုပေးမှာပါ။ Frestech ကုန်သည်များအသင်းက အင်ပါယာထဲမှာ အကျိုးအမြတ်တွေ ကျေနပ်လောက်အောင်ရနိုင်မယ်ဆိုတာ ကျုပ်အာမခံတယ်”

ထိုအချိန်တွင် ကန်ဒရာဧကရာဇ်က အခြားအရာအားလုံးက အသုံးမဝင်ကြောင်းသိသည်။ Frestech ကုန်သည်များအသင်းကို လှုပ်ရှားနိုင်စေမည့်တစ်ချက်မှာ အကျိုးအမြတ်ပင်ဖြစ်သည်။

ဖရီယာက ခေါင်းကိုခါလိုက်သည်။ “အရှင်မင်းကြီး မားလိုအင်ပါယာကအကုန် သိမ်းပိုက်သွားရင်တောင် ကျွန်မတို့ ကုမ္ပဏီက မားလိုအင်ပါယာနဲ့ ဆက်အလုပ်လုပ်ပြီး လုံလောက်တဲ့ အကျိုးအမြတ်ကို ရနိုင်ပါသေးတယ်။ ကျွန်မတို့က ဘာကြောင့် ဒီလိုကြီးမားတဲ့ စွန့်စားမှုကို လုပ်ပြီး အရှင်မင်းကြီးရဲ့တိုင်းပြည်ကို ပြန်ရအောင် ကူညီပေးရမှာလဲ?”

ကန်ဒရာဧကရာဇ်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။

အကယ်၍ ယခင်ကသာ သူ၏ရှေ့၌ ထိုကဲ့သို့သော လေသံမျိုးနှင့် လာပြောရဲလျှင် Frestech ကုန်သည်ကြီးများအသင်း၏ဥက္ကဌဖြစ်လျှင်တောင် ယဉ်ကျေးနေတော့မည်မဟုတ်ပါ။ သို့သော် ယခုမူ သူသည် သည်းခံကာ သူမနှင့်အတူလိုက်ပြုံးနေရန်သာ တတ်နိုင်သည်။

“ဥက္ကဌ ဖရီယာ ကျုပ်ထင်တာ မင်းသိသင့်တာက မားလိုအင်ပါယာက ကျုပ်တို့ ကန်ဒရာအင်ပါယာကို လုံးဝ သိမ်းပိုက်နိုင်သွားရင် ဒီစိုင်စ်နယ်မြေထဲမှာ သူတို့က အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာလိမ့်မယ်။ သူတို့ကို ခြိမ်းခြောက်နိုင်မဲ့ နိုင်ငံရှိတော့မှာ မဟုတ်ဘူး။ မင်းတို့ Frestechကုန်သည်များအသင်းကတောင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး အဲ့ဒီအချိန်ရောက်လာရင် မင်းတို့ Frestechကုန်သည်များအသင်းက မားလိုအင်ပါယာနဲ့ ပူးပေါင်းမှုကို ဆက်ထိန်းထားနိုင်မယ်လို့ထင်လား? မားလိုအင်ပါယာက စတက်တိန်း မြို့စားပိုင်နက်ကိုတောင် သိမ်းပိုက်ဖို့ ခြေလှမ်းစလာနိုင်တယ် ဟုတ်တယ်မလား?”

“ဒါကခြိမ်းခြောက်တာလား?” ဖရီယာက ပြုံးသည်။ “အရှင်မင်းကြီး ကျွန်မထင်တာ အရှင်က အခု ရှိနေတဲ့ နေရာကို နားမလည်သေးဘူး ထင်ပါတယ်။ ရိုးရိုးသားသားပြောရရင် အရှင့်မှာ အခု ဘယ်လိုအခြေအနေကိုမှ ဆွေးနွေးဖို့ အာဏာမရှိဘူး။ အရှင်မင်းကြီးရဲ့လက်ထဲက အာဏာက ထုတ်ပြောဖို့တောင် တန်ရဲ့လား?”

ထိုအချိန်တွင် ကန်ဒရာဧကရာဇ်၏ အမူအရာသည် လုံးဝပြောင်းလဲသွားသည်။

ဖရီယာ၏စကားလုံးများက သူ၏ အနာကို သွားထိသည်။

လွန်ခဲ့သောနှစ်ဝက်ခန့်က သူ၏ကန်ဒရာအင်ပါယာစစ်တပ်သည် တစ်သိန်းကျော်ဖြင့် အင်ပါယာ၏ အတွင်းပိုင်းဆူပူမှုတစ်ချို့ရှိလျှင်ပင် ဖော်ပြရန်မတန်ပဲ အချိန်တစ်ချို့ယူလိုက်လျင် ဖြေရှင်းနိုင်လိမ့်မည် ဟု ထင်ခဲ့သည်။

သို့သော် သူလုံးဝမထင်ထားမိသည်မှာ နှစ်ဝက်အတွင်း၌ပင် သူပိုင်ဆိုင်ခဲ့သော အရာအားလုံးသည် ပျောက်ကွယ်သွားသည်။

သစ္စာခံတော်ဝင် အစောင့်တပ်သား ငါးသောင်းသည်ပင် မားလိုအင်ပါယာနှင့် နောက်ဆုံးတိုက်ပွဲတွင် ချေမှုန်းခံလိုက်ရသည်။

သူသည် ဝင်ဘယ်လ်တန်မြို့မှ မှော်လေသင်္ဘောဖြင့်ထွက်လာစဉ်ကပင် ကျန်ရှိနေသည့် အင်အား အနည်းစုကို ချန်ထားခဲ့ရသည်။

လက်ရှိ သူသည် ကန်ဒရာဧကရာဇ်ဆိုသည့် အမည်နာမထပ် သစ္စာခံအစောင့်တပ်သား နှစ်ရာနှင့် အသုံးမဝင်သော တစ်ချို့သောသစ္စာခံဝန်ကြီးများပင်ကျန်တော့သည်။ သူ၌ အခြားအရာ တကယ်ပင် မရှိတော့ပါ။

ဤသည်နှင့်ယှဉ်လျှင် သူ၏ ရှေ့၌ရှိသော ဖရီယာသည် ကုမ္ပဏီတစ်ခု၏ ဥက္ကဌပင်ဖြစ်သော်လည်း Frestechကုန်သည်များအသင်း၌ အစောင့်တပ်မည်မျှရှိသည်ကို မည်သူမှမသိပေ။ Frestech ကုန်သည်များအသင်း၌ မည်သို့သောစစ်ဖက်သုံးမှော်စက်များ ရှိသည်ကို မည်သူမှမသိပေ။ ပြီးနောက် Frestechကုန်သည်များအသင်း၏ အမှန်တကယ်အင်အားကို မည်သူမှ မသိကြပေ။

သူတို့နှစ်ယောက်ကြား၌ အင်အားကွာခြားချက် ထိုမျှလောက် ရှိနေရာ သူက ဖရီယာ၏ရှေ့တွင် အခြေအနေကို မြင့်တင်ရန် အရည်အချင်းရှိလိမ့်မည်နည်း?

ခနမှ စဉ်းစားပြီးနောက် ကန်ဒရာ ဧကရာဇ်သည် သူ၏မာနများကို လက်လျော့လိုက်ပြီး ဧကရာဇ်တစ်ပါးဆိုသည့်အချက်ကို ကန့်သတ်ထားလိုက်သည်။

အနည်းငယ်တိတ်ဆိတ်သွားပြီးနောက် သူသည် လေးနက်သည့်အသံနှင့်ပြောလိုက်သည်။

“ဥက္ကဌဖရီယာ ကျုပ်ကို တွေ့တယ်ဆိုကတည်းက ဆိုလိုတာ ကျုပ်က မင်းအတွက် တန်ဖိုးနည်းနည်းတော့ ရှိနေသေးတယ်ပေါ့ ဟုတ်လား? ဒါကြောင့် ငါစဉ်းစားတာ ပူးပေါင်းဖို့ အခန်းကဏ္ဍ ရှိသေးလောက်တယ်။ ပြောပါ ကျုပ်ကိုကူညီနိုင်ဖို့ အခြေအနေက ဘာတွေလဲ?”

ဖရီယာသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ သူမ၏လက်များကို ဖြန့်လိုက်ပြီး ကန်ဒရာ ဧကရာဇ်ကို ပတ်ပတ်လည်ကို ကြည့်ရန် သင်္ကေတပြလိုက်သည်။

“အရှင်မင်းကြီး စတက်တိန်း မြို့စားပိုင်နက်နဲ့ ပက်သက်ပြီး ဘယ်လောက်သိပါသလဲ?”

ကန်ဒရာဧကရာဇ်က ထိတ်လန့်သွားသည်။

လူများက စတက်တိန်း မြို့စားပိုင်နက်ကို ပြောလိုက်လျှင် သူတို့သည် ပထမဆုံး Frestechကုန်သည်ကြီးများအသင်းကိုပင် စဉ်းစားမိလိမ့်မည်ဖြစ်ပြီး စတက်တိန်း မြို့စားပိုင်နက်ကို ဂရုစိုက်ကြလိမ့်မည်မဟုတ်ပါ။

စတက်တိန်း မြို့စားပိုင်နက်နှင့်ပက်သက်လျှင် Frestechကုန်သည်များအသင်းမှလွဲ၍ အခြားအမြင်မရှိပါ။

သူသည် တော်ဝင် ဧကရာဇ်ဖြစ်ကာ သာမန်လူများထပ် အမြင်ကကောင်းနေလျှင်တောင် ဖရီယာက ရုတ်တရက်မေးလိုက်သော် သူက မည်သို့ တုံ့ပြန်ရမည်ကို မသိပေ။

“မင်းဆိုလိုတာက…..”

“ကျွန်မ ပြောတာက စတက်တိန်း မြို့စားပိုင်နက်ရဲ့ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ကို ပြောတာပါ။ အရှင်မင်းကြီး သိပါသလား?”

ကန်ဒရာ ဧကရာဇ်သည် ခနစဉ်းစားလိုက်ကာ သူ၏မျက်လုံးများက နစ်ဝင်သွားပြီး ဖရီယာတွေးနေသည် ကို ခန့်မှန်းလိုက်သည်။

“လွှတ်တော်လား?”

***

Volume 8 အခန်း ၁၀၈ ။ အနာဂတ်အစီအစဉ်အတွက်စဉ်းစားပြီးပြီလား?

နွေရာသီ၏ နေရောင်ခြည်က ဖြာကျနေပြီးနောက် စီးပွားရေးလမ်းမ၏ အပူချိန်က တိုးလာကာ လမ်းလျောက်နေသော လူများသည် အနည်းငယ်ပူသည်ကို ခံစားကြရသည်။

သို့သော် ကလဲဗာရီက ဖြတ်သွားသောအခါ သူက အပူကို လုံးဝဂရုမစိုက်ပါ။ ထိုအစား သူသည် ရင်ဘတ်နားမှ ကြိုးထုံးကို ဖြေခဲ့ပြီး သူ့ရင်ဘတ်ကိုဖွင့်ကာ အေးဆေးသည့်ပုံကို ထွက်ပေါ် စေလိုက်သည်။

သူ၏ မျက်နှာမှ ဘာကိုမှ ဖုံးကွယ်ထားခြင်းမရှိသောအပြုံးသည် သူအား တက်ကြွစေကာ သို့မဟုတ် ကျေနပ်ရောင့်ရဲသလို ခံစားရစေသည်။

သူဤကဲ့သို့ ဖြစ်နေရခြင်းမှာ အကြောင်းရှိပါသည်။

ယခင်နှစ်ကပင် သူသည် ဤနေရာမှ ကီလိုမီတာ ၃ထောင်ကွာဝေးသော သာမန်စက်ရုံမှ သာမန် အလုပ်သမားတစ်ဦး ဖြစ်ခဲ့သည်။

သို့သော်လည်း မြောက်ပိုင်းမှ အဓိကရုဏ်းအကြောင်း သတင်းကြားလျှင် သူသည် အခွင့်အရေးယူ၍ အလုပ်တူတူလုပ်သော သူ့သူငယ်ချင်းများကို ဦးဆောင်ကာ အဓိကရုဏ်းကို စတင်ခဲ့ပြီး သူ၏ ရာထူး နေရာသည် ပိုမိုမြင့်လာသည်။

လက်ရှိတွင် သူသည် ကန်ဒရာအင်ပါယာ၏ လာမက်စ်ကီ ဒေသတွင် ကြီးမားသည့် အလုပ်သမားအဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ သူ၌ လက်နက်အပြည့်အစုံရှိသည့် ဆန္ဒပြသူအင်အား ၃ထောင်ကျော် ရှိသည်။ ထို့ကြောင့် သူသည် လာမက်စ်ကီဒေသတွင် လွှမ်းမိုးမှုအရှိဆုံး ခေါင်းဆောင်ဟု ပြောနိုင်သည်။

ကန်ဒရာအင်ပါယာက ပျက်စီးသွားပြီးနောက် မည်သူမှ လာမက်စ်ကီဒေသတွင် သူ့အားခြိမ်းခြောက်ရဲသူ မရှိတော့ပေ။ လာမက်စ်ကီဒေသ အစိုးရရုံးမှ တပ်များသည်ပင် သူ့ဖက်ပြောင်းလာကာ သူစစ်တပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာကြသည်။

လက်ရှိ လာမက်စ်ကီဒေသတွင် ပြည်သူများက ပင်သူ့အား ထောက်ပံ့ကြသည်သာမက မျိုးရိုးမြင့်များကပါ သူ့ကိုထောက်ခံကြသည်။ နဂိုက သီးသန့်နေတတ်သည့် မျိုးရိုးမြင့်များက ယခုသူ့ကိုမြင်လျှင် နှိမ့်ချကြသည်ကို မြင်တိုင်း ကလဲဗာရီက ပျော်ရွင်သလို ခံစားရသည်။

သူ၏ ယခုဘဝသည် ယခင်က သူတစ်ခါမှ တွေးဖူးသည့် ဘဝမျိုးဖြစ်သည်။ ကြည့်ပါဦး ကြီးမားသည့် Frestechကုန်သည်များအသင်းသည်ပင် သူနှင့် ပူးပေါင်းရန် ဆွေးနွေးဖို့လူလွှတ်လိုက်ကြသည်။

Frestechကုန်သည်များအသင်း၏ ထိုအပြုအမူသည် လာမက်စ်ကီဒေသတွင် သူ၏ ရှိနေသည့် ရာထူးကို ပြကာ သူ၏ လွှမ်းမိုးမှုအား အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။

“ဥက္ကဌ ကလဲဗာရီ အထဲဝင်ခဲ့ပါ။”

Frestechကုန်သည်များအသင်း၏ အစိုးရရုံးရှေ့ရှိ ဌာနခွဲသို့ ရောက်လျှင် Frestechကုန်သည်ကြီးများအသင်း၏ ဝန်ထမ်းက အပြင်သို့ထွက်လာကာ သူ့ကို ကြိုဆိုသည်။

Frestechကုန်သည်များအသင်း၏ ဝန်ထမ်းက သူ့အား ရာထူးတပ်၍ ခေါ်သည်ကိုကြားလျှင် ကလဲဗာရီသည် သူ့နောက်သို့ပြုံးကာ လိုက်သွားလေသည်။

“ဥက္ကဌ ကလဲဗာရီ” ဟူသောရာထူးမှာ သူက အဓိကရုဏ်းကို ဦးဆောင်ရာမှ ရရှိခဲ့သည့် ရာထူးဖြစ်သည်။ ထိုအဓိကရုဏ်းကို ထိရောက်စွာဦးဆောင်နေရင်း မျိုးရိုးမြင့်များကဲ့သို့ မှူးမတ်သို့မဟုတ် အရာရှိ ဟူ၍ အခေါ်မခံလိုသောကြောင့် သူက သူ့ကိုယ်တိုင် လာမက်စ်ကီဒေသ၏ အလုပ်သမားအစည်းအရုံးဥက္ကဌဟု ခေါ်ခဲ့သည်။ လူတို့သည် သူ့အား ဥက္ကဌဟုပင် ခေါ်ကြတော့သည်။

ယနေ့တွင် Frestechကုန်သည်များအသင်းက ပူးပေါင်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်ချက်ကို ရရှိခဲ့သည်။ ယခုမူ Frestechကုန်သည်များအသင်း၏ဝန်ထမ်းက သူ့အားထိုသို့ခေါ်လျှင် ဆိုလိုသည်မှာ Frestechကုန်သည်များအသင်းက သူ၏ရာထူးကိုလက်ခံပြီး ညှိနှိုင်းမှုက ရိုးသားမှုရှိလိမ့်မည်ဖြစ်သည်။

မျှော်လင့်ထားသလိုပင် သူက ဆိုင်ထဲသို့ ဝင်သွားလျှင် သူသည် အလယ်အလတ် ဆိုဒ်ရှိသည့် သိမ်မွေ့သည့် အသွင်ပြင်ရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသားက ကြိုဆိုသည်။

ကလဲဗာရီက ထိုသူကို တစ်ချက်ကြည့်ရုံမျှဖြင့် မှတ်မိလိုက်သည်။

ထိုသက်လတ်ပိုင်း အရွယ်လူကြီးသည် Frestechကုန်သည်များအသင်း၏ လာမက်စ်ကီဒေသဌာနခွဲ မန်နေဂျာ မာတောက်ခူဘိုယာ ဖြစ်သည်။

“ဥက္ကဌ ကလဲဗာရီ ခင်ဗျားလာတာ တကယ်ပဲဝမ်းသာပါတယ်” မန်နေဂျာခူဘိုယာက သူ့လက်ကို ပေးလိုက်ကာ ပြုံးပြသည်။

ကလဲဗာရီက သူ့လက်ဖြင့် လက်ဆွဲနှုတ်ဆက်လိုက်ကာ စိတ်ခံစားချက်များနေသည်။

မန်နေဂျာခူဘိုယာ သည် ကုမ္ပဏီ၏ ဒေသမန်နေဂျာပင်ဖြစ်သော်လည်း လာမက်စ်ကီဒေသတွင် တကယ်ပင် ထိပ်မှလူများထဲမှ တစ်ဦးဖြစ်သည်။

ထိုမတိုင်မှီတွင် သူအားတွေ့၍ စကားပြောနိုင်သောသူများသည် လာမက်စ်ကီဒေသ၏ အရေးပါအရာရောက်သောသူ များပင် ဖြစ်သည်။

ယခုမူ သူသည် တကယ်ပင်သူ့အားနှုတ်ဆက်ခွင့်ရခဲ့သည်။

အကယ်၍ ယခင်ကဆိုလျှင် တွေးပင်မတွေးဖူးပါ။

“မန်နေဂျာခူဘိုယာ ဒါက ကျွန်တော်တို့ ပထမဆုံးတွေ့တာမဟုတ်ဘူးနော် ကျွန်တော်ကပဲ မှတ်မိနေတာ ဒါမဲ့ ကျွန်တော့်ကိုတော့ မမှတ်မိလောက်ဘူး” ကလဲဗာရီ၏ စကားများကိုကြားလျှင် မန်နေဂျာခူဘိုယာက အနည်းငယ်အံ့ဩသွားသည်။

“အို? ကျွန်တော်သိချင်မိတာ ဘယ်တုန်းကတွေ့ဖူးခဲ့လို့ ကျွန်တော်က ဥက္ကဌကလဲဗာရီကို မမှတ်မိရတာလဲ?”

ကလဲဗာရီက ရယ်လိုက်သည်။ “ကျွန်တော်က အရင်က စက်ရုံက သာမန်အလုပ်သမားလေး တစ်ယောက်ပါ။ အဲ့တုန်းက မန်နေဂျာခူဘိုယာ က စစ်ဆေးရေးလာတုန်း တိုးတော့ ကျွန်တော်က ကံကောင်းသွားလို့ တွေ့ရတာပါ။ ဒါပေမဲ့ ကျွန်တော့်ကိုတော့ မမှတ်မိလောက်ပါဘူး”

မန်နေဂျာခူဘိုယာက ရုတ်တရက်နားလည်သွားပြီး သူက ပြုံးလျက်ပြောလိုက်သည်။ “ဒါတွေက အရင်ကပါ။ လက်ရှိ လာမက်စ်ကီဒေသမှာ ဥက္ကဌကလဲဗာရီကို ဘယ်သူမမှတ်မိမှာလဲ?”

ကလဲဗာရီက အလွန်ဂုဏ်ယူသွားသည်။ သို့သော်မန်နေဂျာခူဘိုယာ ကဘာမှ မပြောသေးခင်တွင် သူက ထိုင်ရန်နေရာရှာကာထိုင်ပြီး စားပွဲကိုရိုက်လိုက်သည်။

မန်နေဂျာခူဘိုယာ ကျွန်တော်သိချင်တာ ဒီတစ်ခေါက် ကျွန်တော့်ကို ဘာအကြောင်းဆွေးနွေးဖို့ ခေါ်လိုက်တာလဲ?”

မန်နေဂျာခူဘိုယာကပြုံးကာ ဘာမှမပြောပဲ ကလဲဗာရီ၏ နောက်မှ ငယ်သားများကို ကြည့်လိုက်သည်။

ကလဲဗာရီက သူဆိုလိုသည်ကို မည်သို့နားမလည်ပဲ နေလိမ့်မည်နည်း? သူက ဂရုမစိုက်သကဲ့သို့ ပြောလိုက်သည်။ “ဒါက ကျွန်တော်ရဲ့ အယုံကြည်ရဆုံးတွဲဖက်တွေပါ။ သူတို့ရှေ့မှာ ဘာပဲပြောပြော ရပါတယ်”

မန်နေဂျာခူဘိုယာက ခပ်ဖျော့ဖျော့ပြုံးကာ ငြင်းမနေတော့ပဲ ကလဲဗာရီ၏ ရှေ့တွင် ထိုင်ရန် ရွေးချယ်လိုက်သည်။

အနည်းငယ်တိတ်ဆိတ်သွားပြီးနောက် မန်နေဂျာခူဘိုယာ က မေးလိုက်သည်။ “ ဥက္ကဌ ကလဲဗာရီ ကျွန်တော်သိချင်တာ ခင်ဗျား ရှေ့လျောက် လာမက်စ်ကီဒေသအတွက် ဘာများ ပြင်ဆင်ထားတာရှိလဲ?”

ကလဲဗာရီက သူမျက်လုံးကို မှေးလိုက်ကာ ပြန်မေးသည်။ “မန်နေဂျာခူဘိုယာ ခင်ဗျားဘာကို ဆိုလိုတာလဲ?”

“ကျွန်တော်ထင်တာ ဥက္ကဌ ကလဲဗာရီက လာမက်စ်ကီဒေသဟာ ဒီလိုဆက်ထားလို့မရဘူးဆိုတာ သိမယ်လို့ ထင်တယ်။ နောက်ဆုံးတော့ ဒါကပုံမှန်အတိုင်း ပြန်လည်ပတ်သွားရမှာပဲ။ ဒါကြောင့် ဥက္ကဌက အလုပ်သမားအစည်းအရုံးရဲ့ ဥက္ကဌအနေနဲ့ ဘာအကြံအစည်များရှိလဲ?”

ကလဲဗာရီက စဉ်းစားလိုက်ပြီးမှ မန်နေဂျာကလဲဗာရီကို ကြည့်ကာပြောလိုက်သည်။ “အကယ်၍ Frestech ကုန်သည်များအသင်းကသာ ကျွန်တော်တို့ ဒေသတွင်း ပြန်လည်ထူထောင်တာကို ကူညီဖို့ ဆန္ဒရှိရင် ကျွန်တော်တို့ကလည်း ဒီအကူအညီအတွက် ပြန်ပေးဆပ်မှာပါ”

မန်နေဂျာခူဘိုယာ ခေါင်းခါလိုက်သည်။

“ဥက္ကဌ ကလဲဗာရီ ဒေသတွင်းပြန်လည်ထူထောင်ဖို့က ခက်တာမဟုတ်ဘူး။ ထိန်းသိမ်းဖို့ကခက်တာ။ ရှင်းရှင်းပြောရရင် ခင်ဗျားက လာမက်စ်ကန်ဒေသကို စီမံအုပ်ချုပ်ဖို့ စဉ်းစားဖူးလား?”

ကလဲဗာရီက ကြောင်သွားသည်။ သူသည် ထိုကိစ္စကို များစွာစဉ်းစားဖူးသော်လည်း နောက်ဆုံး၌သူသည် သာမန်အလုပ်သမားပင် ဖြစ်သည်။ သူက အတွေ့အကြုံမရှိပေ ထို့ကြောင့် လူတိုင်းက ထိုအကြောင်းကို ပြောကြလျှင် သူက အခြားအကြံမရှိပါ။

ယခုမူ မန်နေဂျာခူဘိုယာက ထိုမေခွန်းကိုမေးလာသည်။ သူသည် ထိုအကြောင်းကို စဉ်စားလိုက်ပြီး လူများက သူ့ကိုပြောသည့်အရာတစ်ချို့ကိုပင် မှတ်မိကာပြောလိုက်သည်။

“ပထမဆုံး ကျွန်တော်တို့ ဥပေဒေတွေကို ပြန်ရေးဆွဲရမယ်။ ဆက်သွယ်ရေး၊ လမ်း၊ ရေ နဲ့ လျှပ်စစ်တွေကို ပြန်လည်တပ်ဆင်ရမယ်။ ပြီးရင် အ‌ခြေခံအဆောက်အအုံတွေ ဆောက်ရမယ်။ ကျွန်‌တော်တို့ လူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်သရွေ့ သူတို့ကိုစီမံအုပ်ချုပ်ဖို့ လွယ်ပါတယ်”

မန်နေဂျာခူဘိုယာက သက်ပြင်းချလိုက်သည်။ “ဥက္ကဌ ကလဲဗာရီ ကြည့်ရတာ ခင်ဗျားက ဒီကိစ္စအတွက် တကယ်လေးလေးနက်နက် စဉ်းစားထားပုံမပေါ်ဘူး။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ ဘာမှ ဆက်‌ဆွေးနွေးဖို့မရှိတော့ပါဘူး။ အကယ်၍ ခင်ဗျားသာ စဉ်းစားထားရင် ကျွန်‌တော်တို့ ဒီခေါင်းစဉ်ကို ဆက်ဆွေးနွေးနိုင်တယ်။

ကလဲဗာရီနှင့် သူ့‌ နောက်မှငယ်သားများ၏အမူအရာက‌ ပြောင်းလဲသွားသည်။

“ခင်ဗျား ဘာကိုဆိုလိုတာလဲ?” ကလဲဗာရီက စူးရှသည့်အသံဖြင့် မေးသည်။ မန်နေဂျာခူဘိုယာ ကျွန်တော့်ကိုဖိတ်လိုက်တာ ကျွန်တော့်အချိန်ကို ဖြုန်းဖို့သပ်သပ်‌ပဲလား?”

“မဟုတ်ပါဘူး။ ကျွန်တော့်မှာ ဒီလို အကြံစည်မရှိပါဘူး” မန်နေဂျာခူဘိုယာက ခေါင်းခါလိုက်သည်။ “ကျွန်တော်က ရိုးသားစွာ ခင်ဗျားကို လာမက်စ်ကီဒေသရဲ့ အနာဂတ်အတွက် ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်တာပါ။ ဒါပေမဲ့ ဥက္ကဌမှာ အဲ့အတွက် အစီအစဉ်မရှိမှန်း သိသာနေတာပဲလေ။ ဒါကြောင့် ဒီနေ့မှာ ဆက်ဆွေးနွေးစရာ အကြောင်း မရှိတော့ပါဘူး။ ဒါကြောင့် ဒီမှာပဲရပ်လိုက်ကြတာပေါ့”

ကလဲဗာရီက လာမက်စ်ကီဒေသတွင် ယခင်နှစ်များအတွင်းတွင် အလွန်အုပ်စိုးနိုင်စွမ်းရှိခဲ့သဖြင့် လူတိုင်းက သူ့ကိုတွေ့လျှင် ယဉ်ကျေးကြသည်။ သီးသန့်နေတတ်သော မျိုးရိုးမြင့်များသည်ပင် သူ၏ ရှေ့တွင် ခေါင်းကိုငုံ့ကာ သွားကြသည်။ သို့သော် မန်နေဂျာခူဘိုယာက သူ့အား ယဉ်ကျေးမှုမရှိပဲ ပြန်လွတ်နေသဖြင့် သူ့အားဒေါသထွက်စေကာ ရင်ခံနေစေသည်။

“ဘာလဲ? မန်နေဂျာခူဘိုယာ ဘာလို့ ကျွန်တော်ပြင်ဆင်ထားတာ မရှိဘူးလို့ ထင်ရတာလဲ?” ကလဲဗာရီ၏ အသံက ပြောင်းလဲကာ မာနေသည်။ “ဒါမှမဟုတ် ခင်ဗျားပြောချင်တာက ကျွန်တော်တို့ကို Frestech ကုန်သည်များအသင်းရဲ့ စီစဉ်မှုကို လိုက်နာဖို့ ပြောချင်နေတာလား?”

မန်နေဂျာခူဘိုယာက ကလဲဗာရီနှင့် သူ့ငယ်သားများ၏မျက်လုံးမှ အမှောင်ဖုံးနေမှုကို လျစ်လျူရှုလိုက်သည်။ သူသည် တူညီသောအပြုံးနှင့်ပင် ခေါင်းငြိမ့်ကာ “ဟုတ်ပါတယ် ကျွန်တော်တို့ရဲ့ Frestechကုန်သည်များအသင်းက လာမက်စ်ကီဒေသအတွက် အသေးစိတ် အစီအစဉ်ရှိပြီးပါပြီ။ ဒါကြောင့် ဥက္ကဌ ကလဲဗာရီက ဒါကိုထည့်စဉ်းစားပြီး ကျွန်တော်တို့နဲ့အတူ အလုပ်လုပ်နိုင်ပါတယ်”

“အို?” ကလဲဗာရီက ထိုစကားများကို ပြောလာသည်။ “မန်နေဂျာခူဘိုယာကို ကျွန်တော်မေးပါရစေ ခင်ဗျားတို့ Frestech ကုန်သည်များအသင်းရဲ့အစောင့်တပ်က ဒီလာမက်စ်ကီဒေသမှာ ဘယ်လောက်များရှိလို့ ဒီစကားတွေကို ပြောရဲရတာလဲ?”

မန်နေဂျာခူဘိုယာက ပြုံးလိုက်သည်။ သူက လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ကာ ဘာမှ ပြန်မပြောပေ။

ကလဲဗာရီက ဒေါသထွက်ကာ စားပွဲကို ရိုက်လိုက်သည်။ သူသည် ရုတ်တရက် မတ်တပ်ရပ်ကာ ဒေါသထွက်စွာနှင့် မန်နေဂျာခူဘိုယာကို ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းက တုန်နေသည်။ သို့သော် သူသည် နှာခေါင်းရှုံကာ လှည့်ထွက်သွားရန်သာ တတ်နိုင်လိုက်သည်။

သူ၏ငယ်သားများက သူ့နောက်လိုက်သွားသည်။ တစ်ယောက်က ကလဲဗာရီ၏ဘေးသို့လာကာ မေးသည်။ “အစ်ကိုကြီး အဲ့ကောင်က ဒီလိုတောင်ပြောရဲတယ်။ ကျွန်တော်တို့ သူ့ကိုရှင်းပစ်ဖို့ အမိန့်ကို ဘာလို့မပေးရတာလဲ?”

“ငတုံး” ကလဲဗာရီက သူ့အား စိုက်ကြည့်လိုက်သည်။ “သူဘယ်သူလဲဆိုတာမင်းသိလား? သူ့ကိုရှင်းပစ်မယ်? Frestech ကုန်သည်များအသင်းက ဒီလာမက်စ်ကီဒေသကို နင်းခြေပစ်လိုက်မှာ မဟုတ်ဘူးဆိုတာ မင်းယုံလား?”

လက်အောက်ငယ်သားများက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ သူတို့အားလုံး ဆွံ့အသွားသည်။

Frestech ကုန်သည်များအသင်း၏ စိုင်စ်နယ်မြေတစ်ခွင်လုံး၌ ထင်ရှားကျော်ကြားမှုက မှော်စက်များ၌သာ မှီခိုနေခြင်းမဟုတ်ပေ။

လူအများ သူတို့အား ကြောက်ရွံ့ရသည့်အကြောင်းမှာ သူတို့၏ ယှဉ်၍ မရသော တိုက်ခိုက်စွမ်းအားကြောင့် ဖြစ်သည်။

လွန်ခဲ့သော နှစ်၃၀သည် Frestech ကုန်သည်များအသင်းက နိုင်ငံများကိုထောက်ပံ့ခဲ့ပြီး ထိုနိုင်ငံများသည် မယဉ်နိုင်လောက်အောင် သန်မာလာခဲ့သည်။ အင်ပါယာနှစ်ခုကပင် သူတို့အားမရှောင်လွဲနိုင်ပေ။

သူတို့၏ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားရှေ့တွင် ကလဲဗာရီက မည်မျှပင် ရဲတင်းပါစေ သူသည် ကန်ဒရာအင်ပါယာ၏ စစ်သားတစ်သောင်းကျော် ထပ်နည်းသော အလုပ်သမား တစ်သောင်းခန့်ဖြင့် Frestech ကုန်သည်များအသင်းကို တားနိုင်မည့်အကြောင်းကို မယုံပါ။

သို့သော် ကလဲဗာရီက သူ့ကိုသူ စိတ်ငြိမ်အောင်လုပ်ပြီးနောက် သူ၏စိတ်ထဲ ပျော်ရွင်မှုကို ခံစားရလေသည်။

မည်သို့ပင်ဖြစ်ပါစေ Frestechကုန်သည်များအသင်းသည် လာမက်စ်ကီဒေသ၏ အနာဂတ်ကို ဆွေးနွေးရန် သူ့အားဖိတ်ခေါ်ခဲ့သည်။ ဆိုလိုသည်မှာ အနည်းဆုံးသူသည် လာမက်စ်ကီဒေသတွင် နာမည်အချို့ရထားသည်ဟု အသိအမှတ်ပြုနိုင်သည်။

၄င်းသည် သူ့အား လာမက်စ်ကီဒေသအား အနာဂတ်တွင် ထိန်းချုပ်မှုရရှိနိုင်ရန် အကူအညီဖြစ်နိုင်သည်။ အကယ်၍ သူသည် Frestechကုန်သည်များအသင်း၏ ထောက်ခံမှုကို ရရှိလျှင် သူက လာမက်စ်ကီဒေသ၏ အုပ်ချုပ်သူအသစ်ဖြစ်လာနိုင်သည်မှာ ပုံပြင်မဟုတ်တော့ပေ။

ထို့သို့ စဉ်းစားလိုက်လျှင် ကလဲဗာရီက သက်ပြင်းချလိုက်ပြီး မိမိကိုယ်ကို ယုံကြည့်သည့်အသွင်ကိုပြကာ ရှေ့ကို ဆက်လျောက်သွားသည်။

သူ့အားယခင်က ကူညီခဲ့သည့်သူမှာ မည်သူဟုခေါ်သနည်း? သူ့အား မည်သို့ဆက်လုပ်ရမည်ကို မေးရန် အချိန်တန်ပြီဖြစ်သည်။

ကလဲဗာရီမသိခဲ့သည့် အရာမှာ Frestech ကုန်သည်များအသင်း၏ ဌာနခွဲမန်နေဂျာခူဘိုယာက စာအုပ်အသေးတစ်အုပ်ကိုထုတ်ကာ ကလဲဗာရီ၏ အမည်ကို ခြစ်ထုတ်လိုက်သည်။ ထို့နောက် သူသည် သူ့ဘေးမှဝန်ထမ်းကို အမိန့်ပေးလိုက်သည်။

“သွားပြီးအခြားတစ်ယောက်ကို ခေါ်လာခဲ့”

***

Volume 8 အခန်း ၁၀၉ ။ ကန်ဒရာ ဖယ်ဒရယ်ပြည်ထောင်စု

လာမက်စ်ကီဒေသ၏ တောင်ဖက် ကီလိုမီတာ လေးရာခန့်တွင် ကန်ဒရာအင်ပါယာမှ ပိုင်ဆိုင်သော အခြားဒေသတစ်ခု ရှိသည်။ မီရင်ဒါဒေသဖြစ်သည်။

လက်မက်စ်ကီဒေသကဲ့သို့ပင် မီရင်ဒါဒေသသည် ကန်ဒရာအင်ပါယာ၏ ဦးဆောင်မှုမှ နှုတ်ထွက်မည်ဟု အစောပိုင်းကာလများကတည်းက ကြေညာထားသည်။

သို့သော် လာမက်စ်ကန်ဒေသနှင့် ကွာခြားသောအချက်မှာ မီရင်ဒါဒေသက အလုပ်သမားအဓိကရုဏ်းကြောင့် အတင်းအကြပ် ထွက်ခွာရမည့်အခြေအနေသို့ မရောက်ခဲ့ပေ။ မီရင်ဒါဒေသ၏ အစိုးရရုံးက ကန်ဒရာအင်ပါယာ၏ လွှတ်တော်နောက်သို့ လိုက်တော့မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။

သူတို့သည် သီးခြားရပ်တည်မည့်အကြောင်း မကြေညာခဲ့သော်လည်း သူတို့လုပ်ရပ်များက ၎င်းနှင့် မကွာခြားပါ။

ယခုမူ ကန်ဒရာအင်ပါယာ၏ မြို့တော် ဝင်ဘယ်လ်တန်မြို့သည် မားလိုအင်ပါယာ၏ စစ်တပ်လက်ထဲ ကျရောက်သွားပြီးနောက် ကန်ဒရာအင်ပါယာက ပျက်စီးသွားပြီဖြစ်သည်။ မီရင်ဒါဒေသ သည် မားလိုအင်ပါယာ၏ ထိန်းချုပ်မှုအောက်သို့ မြောက်ပိုင်းဒေသများကဲ့သို့ ဝင်ရောက်ကာ ကိုယ်ပိုင် အုပ်ချုပ်ရေး ကြေညာသည့်ဒေသများ ကဲ့သို့လည်းမဟုတ်ခဲ့ပါ။

ကန်ဒရာအင်ပါယာ၏ မူလ ဒေသ ၃၇ခုမှ လွဲ၍ မီရင်ဒါဒေသ၏ လုပ်ရပ်သည် ကန်ဒရာအင်ပါယာ၏ တော်ဝင်မိသားစုအပေါ် သစ္စာရှိကြောင်းပြောနိုင်သေးသည်။

သို့သော် မီရင်ဒါဒေသ၏ အစိုးရသည် ထုတ်ပြန်ချက်မလုပ်ခဲ့ပါ ထို့ကြောင့် မြို့စားသည် မည်သည်ကို စဉ်းစားနေကြောင်း မည်သူမှမသိခဲ့ကြပါ။

ဝင်ဘယ်လ်တန်မြို့ ကျပြီးနောက် မီရင်ဒါဒေသ၏ သူတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ကြေညာခဲ့သည်။ မီရင်ဒါဒေသ၏ အစိုးရရုံးသည် မီရင်ဒါဒေသ၏ တည်ငြိမ်မှုကို အမြဲဦးစားပေးခဲ့ကာ အခြားသူများနှင့် ဆက်သွယ်ခြင်းမရှိပါ။

မြို့စား ဗဲလန့်ထ် ၏ ကြိုးစားအားထုတ်မှုနှင့် မီရင်ဒါဒေသသည် တည်ငြိမ်နေခဲ့ကာ ကန်ဒရာအင်ပါယာအတွင်း ငြိမ်းချမ်းရေးသုခဘုံအဖြစ် မှတ်ယူနိုင်သည်။

ထိုနေ့တွင် မီရင်ဒါဒေသ၏အစိုးရရုံးသည် ဧည့်သည်များကိုလက်ခံခဲ့သည်။

“ဝန်ကြီးချုပ်ခင်ဗျ ခင်ဗျားကို ထပ်တွေ့ရတာ တကယ်ပဲ ဝမ်းသာပါတယ်” မြို့စားဗဲလန့်ထ်က လက်ကိုဆန့်ကာ သူ၏ဧည့်သည်ကို ဖက်လိုက်သည်။ သူ၏မျက်နှာပေါ်မှအပြုံးက သူတကယ်ပင် ထိုဧည့်သည်ကို တွေ့ရသည်မှာ ဝမ်းသာကြောင်း ဖော်ပြနိုင်သည်။

ကန်ဒရာအင်ပါယာ၏ ဝန်ကြီးချုပ် မြို့စားရိုစတော့ဗ်သည် မြို့စားဗဲလန့်ထ်အား ပြန်ဖက်လိုက်ကာ ပြုံးလိုက် သည်။ “ကျုပ်လည်းခင်ဗျားနဲ့တွေ့ရတာဝမ်းသာပါတယ် မြို့စား ဗဲလန့်ထ်”

လွတ်လိုက်ပြီးနောက် မြို့စား ရိုစတော့ဗ် ၏မျက်လုံးက မြို့စားဗဲလန့်ထ်ကို ဝေ့ကြည့်လိုက်ကာ စိတ်ခံစားမှုများစွာနှင့် သက်ပြင်းချလိုက်သည်။ “မီရင်ဒါဒေသကတော့ တည်ငြိမ်နေဆဲပဲ ဒါခင်ဗျားအတွက်တော့ တော်တော်ခက်ခဲခဲ့မှာပဲနော် မြို့စား ဗဲလန့်ထ်”

မြို့စား ဗဲလန့်ထ်သည် ပြုံးလိုက်သည်။ “ဒီဒေသရဲ့အရှင် အနေနဲ့ ဒါကကျွန်တော့် တာဝန်ပါပဲ”

“အရှင်”ဟူသောစကားလုံးကို ကြားလျှင် ရိုစတော့ဗ် မျက်မှောင်ကုပ်လိုက်ကာ စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။ သူကအပြုံးဖြင့် ပြောသည်။ “ဒီလိုအချိန်မျိုးမှာ အဲ့လိုလုပ်နိုင်တာကြောင့် အရှင်မင်းကြီးကလဲ မြို့စား ဗဲလန့်ထ် ကို သူ့ရဲ့ အနည်းငယ်သော အားကိုးရတဲ့ သစ္စာတော်ခံတွေထဲက တစ်ယောက်လို့ ပြောတာ မဆန်းပါဘူး”

“အရှင်မင်းကြီး?” မြို့စား ဗဲလန့်ထ်၏အမူအရာက ပြောင်းသွားပြီးမှ အနည်းငယ်ပြုံးကာ ထိုခေါင်းစဉ်ကို ဆက်မပြောပေ။ သူသည် သူ၏ဘေးမှ သက်လတ်ပိုင်းအမျိုးသားတစ်ဦးကို ကြည့်လိုက်ကာ “ဥက္ကဌ မွန်တိုင်ယာ မနေ့က ကျွန်တော်နဲ့ဆွေးနွေးတုန်းက ခင်ဗျားပြောတဲ့ ပူးပေါင်းမှုက ဝန်ကြီးချုပ်နဲ့ ပက်သက်နေတာလား?”

“မှန်ပါတယ်” Frestech ကုန်သည်များအသင်း၏ မီရင်ဒါဒေသ ဌာနခွဲဥက္ကဌ ရီစယ်မွန်တိုင်ယာက ခေါင်းငြိမ့်ကာ ပြုံး၍ပြောသည်။ “ကျွန်တော် ဝန်ကြီးချုပ်နဲ့အတူ ဒီနေ့လာခဲ့တာက အုပ်ချုပ်သူအရှင်နဲ့ ပူးပေါင်းမှုအသစ်အတွက် ဆွေးနွေးချင်လို့ပါ။ ကျွန်တော်သိချင်တာက အုပ်ချုပ်သူအရှင် စိတ်ဝင်စားပါရဲ့လား?”

မြို့စားဗဲလန့်ထ်က မြို့စားရိုစတော့ဗ်ကိုကြည့်ကာ ဥက္ကဌ မွန်တိုင်ယာဆီ ပြန်လှည့်လိုက်ပြီး ခေါင်းခါလျှက် “အကယ်၍ ကျွန်တော်က စိတ်မဝင်စားဘူးပြောရင် ခင်ဗျားတို့ ဘယ်လိုတုံ့ပြန်မလဲ?”

ဤသည်မှာ ဟာသဖြစ်ကြောင်း သေချာပါသည်။

ထိုစကားများကိုပြောပြီးနောက် မြို့စားဗဲလန့်ထ်က သူတို့နှစ်ဦးကို အထဲဝင်၍ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။

“ဝန်ကြီးချုပ်ခင်ဗျ ကျွန်တော်ကြားတာ အရှင်မင်းကြီးက ဝင်ဘယ်လ်တန်မြို့ကနေ ဆုတ်ခွာသွားပြီး စတက်တိန်း မြို့စားပိုင်နက်ကို သွားတယ်ဆို အဲ့တုန်းကတော့ ကျွန်တော်မယုံခဲ့ဘူး။ ဒါမဲ့အခု ကြည့်ရတာ အမှန်ပဲထင်တယ်” မြို့စားဗဲလန့်ထ်က လက်ဖက်ရည်တစ်ငုံလောက် သောက်လိုက်ကာ စပြောလိုက်သည်။

“ဟုတ်တယ် အရှင်မင်းကြီးက စတက်တိန်း မြို့စားပိုင်နက်ကို Frestech ကုန်သည်များအသင်းဆီက အကူအညီရဖို့ သွားခဲ့တာ” မြို့စား ရိုစတော့ဗ်က ပွင့်ပွင့်လင်းလင်းသာ ပြောခဲ့သည်။

“အခု အရှင်မင်းကြီးက ဥက္ကဌဖရီယာနဲ့ အကြိုသဘောတူညီချက်ရထားပြီးပြီ။ ဒီတစ်ကြိမ်တော့ ဥက္ကဌမွန်တိုင်ယာနဲ့ ကျုပ်က မီရင်ဒါဒေသကို ပူးပေါင်းမှုအတွက် ဆွေးနွေးဖို့ အတူလာခဲ့တာ”

“ပူးပေါင်းမှုအတွက်?” မြို့စား ဗဲလန့်ထ်က ဥက္ကဌ မွန်တိုင်ယာအားကြည့်ကာ “ဥက္ကဌ မွန်တိုင်ယာ ကျွန်တော် ဒီဒေသကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ Frestechကုန်သည်များအသင်းက အစိုးရရုံးနဲ့ ပူးပေါင်းပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခုပြောတဲ့ ပူးပေါင်းမှုက……”

ဥက္ကဌ မွန်တိုင်ယာက အပြုံးဖြင့် သူ၏အိတ်ထဲမှ ထူထဲသော စာရွက်စာတမ်းများကိုထုတ်လာကာ မြို့စားဗဲလန့်ထ်ကိုပေးလိုက်သည်။

“အရှင်မြို့စား ဒါက ပူးပေါင်းမှုအတွက် အစီအစဉ်ပါ။ ကျေးဇူးပြု၍ ကြည့်လိုက်ပါဦး”

မြို့စား ဗဲလန့်ထ်က ခေါင်းငြိမ့်လိုက်သည်။ ၄င်းသည် Frestech ကုန်သည်များအသင်း၏ ပုံစံပင်ဖြစ်သည်။ ၎င်းသည် မြို့စား ရိုစတော့ဗ်၊ ဥက္ကဌ မွန်တိုင်ယာတို့သည် သူနှင့် လျို့ဝှက်ဆွေးနွေးနေခြင်းမဟုတ်သော Frestech ကုန်သည်များအသင်း ကသဘောတူထားပြီးသည့် အရာတစ်ခုကိုဆွေးနွေးနေသည်ဟု အတည်ပြုပြီးဖြစ်သည်။

ထိုစာရွက်စာတမ်းများကို ကောက်ယူပြီးနောက် မြို့စားဗဲလန့်ထ်က စာလုံးအနည်းငယ်ကို ဖတ်ရုံမျှနှင့်ပင် ထိတ်လန့်သွားရသည်။

“အင်ပါယာစနစ်ကိုဖျက်သိမ်းကာ ဒေသများစွာနှင့် ဖွဲ့စည်း၍ ကန်ဒရာဖယ်ဒရယ်ပြည်ထောင်စုအဖြစ် ပြောင်းလဲခြင်း?” မြို့စားဗဲလန့်ထ် က ထိတ်လန့်သွားကာ မြို့စား ရိုစတော့ဗ်နှင့် ဥက္ကဌ မွန်တိုင်ယာကို ကြည့်လိုက်သည်။ “ဒါက ဘာကိုဆိုလိုတာလဲ?”

ဥက္ကဌ မွန်တိုင်ယာက မြို့စား ရိုစတော့ဗ်ကို မျက်လုံးဖြင့် အချက်ပြလိုက်သည်။

မြို့စားရိုစတော့ဗ်က ချောင်းဟန့်လိုက်ကာ ရှင်းပြသည်။ “ကန်ဒရာဖယ်ဒရယ်ပြည်ထောင်စုဆိုတာက အင်ပါယာရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေကို စုစည်းပြီး နိုင်ငံအသစ် တည်ထောင်မှာဖြစ်တယ်။ အဲ့ဒီနိုင်ငံက အရင်အင်ပါယာလိုပဲ တူညီတဲ့ စည်းလုံးခြင်းနဲ့ အာဏာရှိမှာဖြစ်ပြီး ဒေသတွေကိုလည်း ကိုယ်ပိုင်လွပ်လပ်ခွင့် ဒီဂရီများစွာ ပေးထားမှာဖြစ်သလို ဒေသတစ်ခုခြင်းဆီတိုင်းဟာ ကိုယ်စီအာဏာ ရှိမှာဖြစ်တယ်”

မြို့စားရိုစတော့ဗ်၏ ရှင်းပြခြင်းဖြင့် မြို့စားဗဲလန့်ထ် ကနောက်ဆုံး၌ ကန်ဒရာဖယ်ဒရယ်ပြည်ထောင်စုမှာ မည်သို့ဖြစ်သည်ကို ကောင်းကောင်းသိသွားသည်။

“ဆိုလိုတာက …. အရှင်မင်းကြီးက တကယ်ပဲ အင်ပါယာရဲ့ ဂုဏ်သိက္ခာကို ပြန်ထိန်းသိမ်းဖို့နဲ့ အကြီးမြတ်ဆုံးအင်ပါယာ ဖြစ်လာအောင် ထပ်မစီစဉ်တော့ဘူးလို့ ပြောချင်တာလား?”

မြို့စား ရိုစတော့ဗ် ကခါးသီးစွာ ရယ်လိုက်ကာ “မြို့စား ဗဲလန့်ထ်၊ အခုအဲ့လိုလုပ်ဖို့ အခွင့်အရေးရှိသေးတယ်လို့ ခင်ဗျားထင်လား?”

မြို့စားဗဲလန့်ထ် က ခနလောက်တိတ်ဆိတ်နေကာ ခေါင်းကိုခါလိုက်သည်။

“မဖြစ်နိုင်ဘူး”

“ဒါကြောင့် ဒီလိုဖြစ်သွားတာ” မြို့စားရိုစတော့ဗ်က သက်ပြင်းချကာ ပြောလိုက်သည်။ “အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် အရှင်မင်းကြီးက အင်ပါယာရဲ့ဘုန်းတန်ခိုးကို ပြန်ထိန်းသိမ်းချင်တာပေါ့။ ဒါပေမဲ့ အရှင်မင်းကြီးက ပညာရှိတာကြောင့် အမှန်တရားကို အသိအမှတ်ပြုလက်ခံနိုင်တယ်။ ဒီအကြံအစည်ဟာ ပြီးစီးအောင် မဆောင်ရွက်နိုင်ဘူးဆိုတာကို သိတယ်။ ဒါကြောင့် သူက နောက်ဆုတ်ဖို့ အချိန်ကို သိပြီး အနည်းဆုံး အင်ပါယာရဲ့မူလစည်းလုံးမှုကို ထိန်းသိမ်းနိုင်ဖို့ ရွေးချယ်ခဲ့တာ”

မြို့စားဗဲလန့်ထ်က အချိန်အနည်းငယ်တိတ်ဆိတ်နေပြီး လေးပင်စွာသက်ပြင်းချသည်။ သူက ခေါင်းကို ခါလိုက်သော်လည်း ဘာမှ ပြောဆိုခြင်းမရှိပဲ သူ၏လက်ထဲမှ အစီအစဉ်ကိုပင် ကြည့်နေသည်။

ခနကြာသော် သူသည် ရုတ်တရက် မျက်မှောင်ကုပ်ကာ အပေါ်မော့လာ၍ မေးသည်။ “ဒီဖယ်ဒရယ်ပြည်ထောင်စုက သမ္မတ လိုလား?”

“ဒါက နိုင်ငံတစ်နိုင်ငံဆိုတော့ အားလုံးကိုပေါင်းစည်းပေးပြီး ဒီဖယ်ဒရယ်ပြည်ထောင်စုတစ်ခုလုံးရဲ့ဆန္ဒကို ကိုယ်စားပြုပေးမဲ့ ခေါင်းဆောင်တစ်ဦးတော့လိုတယ်” မြို့စားရိုစတော့ဗ်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောသည်။

“ဒါဆို အဲ့နေရာကို အရှင်မင်းကြီးက ယူဖို့ စီစဉ်ထားလား?” မြို့စားဗဲလန့်ထ်က မေးသည်။

“မဟုတ်ဘူး အရှင်မင်းကြီးက အားလုံးကို တွေ့ကြုံဖူးသွားတော့ နောက်ဆုတ်ရမယ်ဆိုတာကိုသိတယ်။ သူက ဒီကိစ္စမှာ ထပ်မပါဝင်ချင်တော့ဘူး။ ဒီနေရာကို စိတ်ဝင်စားနေတဲ့သူက အရှင်မင်းသား ဖရန့်ခ် ပဲ”

“အရှင်မင်းသား ဖရန့်ခ်လား?” မြို့စား ဗဲလန့်ထ် က သူနားလည်ကြောင်း ခေါင်းငြိမ့်ပြသည်။

အကယ်၍ အရှင်မင်းကြီးသည် မျက်နှာပျက်သည်ကို ဂရုမစိုက်ပဲ Frestech ကုန်သည်များအသင်းကို ကန်ဒရာအင်ပါယာ၏ အခြေခံပိုင်နက်များကို ထိန်းသိမ်းရန်အတွက် အကူအညီတောင်းဖို့ ပြေးသွားခဲ့သော်လည်း ကန်ဒရာဖယ်ဒရယ်ပြည်ထောင်စု၏ အခြေခံအတွက် အကြံအစည်မရှိပါဟု ပြောလျှင် မြို့စားဗဲလန့်ထ်က ယုံနိုင်မည် မဟုတ်သည်မှာ သေချာသည်။

ယခုမူ အရှင်မင်းကြီးက နောက်ဆုတ်ရန်ရွေးချယ်ပြီး အရှင်မင်းသား ဖရန့်ခ်ကိုရှေ့ထုတ်လိုက်သည်မှာ ပညာရှိသည့် ရွေးချယ်မှုတစ်ခုဖြစ်သည်။ ၎င်းသည် လူအများစု၏ ထောက်ခံချက်ကို ရရှိနိုင်သည်။

ထိုအစီအစဉ်ကို ထပ်ဖတ်ပြီးနောက်တွင် မြို့စားဗဲလန့်ထ်က အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက် ဥက္ကဌ မွန်တိုင်ယာ ကို လေးနက်စွာပြောလိုက်သည်။ “ဥက္ကဌ မွန်တိုင်ယာ ကျွန်တော် ဒီအစီအစဉ်ထဲမှာ ဥက္ကဌရှုရဲ့ အရိပ်တွေကို မြင်နေရတယ်”

ဥက္ကဌ မွန်တိုင်ယာက စတင်၍ ရယ်မောသည်။ “ဟုတ်ပါတယ်ခင်ဗျ၊ ဒီအစီအစဉ်ကို ဆွေးနွေးချိန်မှာ ကျွန်တော်တို့ ဥက္ကဌရှုရဲ့ အကြံအဉာဏ်တွေကို အများကြီး တောင်းခံခဲ့ရပါတယ်”

“ဒါဆို ဥက္ကဌရှုရဲ့ ဒီအစီအစဉ်အပေါ် နောက်ဆုံးထင်မြင်ချက်က ဘာလဲ?”

“ဥက္ကဌရဲ့ မူလ စကားတွေကတော့ ……. ငါသူတို့ကို နည်းလမ်းတစ်ခုပေးတာ အကယ်၍ ကန်ဒရာအင်ပါယာက လူတွေက လက်ခံဖို့ ဆန္ဒမရှိရင် သူတို့ကိစ္စပဲ လို့ပြောပါတယ်” ဥက္ကဌ မွန်တိုင်ယာက ရှုယီ၏အသံအတိုင်း လိုက်တု၍ ပြောပြလိုက်သည်။

“ဆိုလိုတာက ဥက္ကဌရှုက သေချာရှင်းလင်းအောင်တော့မလုပ်သွားဘူးပေါ့”

“အကယ်၍ ဥက္ကဌကသာ ဒီအစီအစဉ်က မထောက်ခံဘူးဆိုရင် သူက အဲ့လောက်အသေးစိတ် အကြံဉာဏ်ကို ပေးပါ့မလား?” ဥက္ကဌ မွန်တိုင်ယာ ကပြောသည်။ “ဥက္ကဌက စိုင်စ်နယ်မြေရဲ့ကိစ္စတွေကို ဂရုမစိုက်တော့တာ ကြာပါပြီ။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ သူအာရုံပြန်စိုက်ပေးခဲ့ပါတယ်။ သူက အဆင့်မြင့်အဖွဲ့ဝင်တွေနဲ့တောင် ညီလာခံတွေကိုတောင် မကြာခနခေါ်ပေးခဲ့ပါတယ်။ သူတို့ကို မျက်နှာချင်းဆိုင် အကြံဉာဏ်တွေပေးခဲ့တာပါ”

“အဲ့လိုလား….” မြို့စား ဗဲလန့်ထ် ကခေါင်းငြိမ့်လိုက်သည်။ သူသည် ခနကြာ တိတ်ဆိတ်နေကာ နောက်ဆုံး၌ မြို့စားရိုစတော့ဗ်ဖက်လှည့်ကာ “ကျွန်တော်က ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို အကြမ်းဖျင်းပဲ နားလည်သေးတယ်။ ဝန်ကြီးချုပ် ကျွန်တော် ခင်ဗျားကို အခုချက်ချင်းတော့ တုံပြန်မှုမပေးနိုင်သေးဘူး။ အကြောင်းက ကျွန်တော် ဒီအစီအစဉ် အောင်မြင်ဖို့အခွင့်အရေးကို မရှာတွေ့သေးလို့ပဲ”

“Frestech ကုန်သည်များအသင်းရဲ့ အကူအညီနဲ့တောင် ခင်ဗျားက ဖြစ်နိုင်တယ်မထင်ဘူးလား?” မြို့စားရိုစတော့ဗ်က အံ့ဩသည့်အသံနှင့် မေးသည်။

“အကယ်၍ Frestech ကုန်သည်များအသင်းက သူတို့ရဲ့ အင်အားအကုန်နဲ့ ကူညီမယ်ဆိုရင်တော့ ဖြစ်နိုင်မယ်ဆိုတာ သေချာပါတယ် ဒါပေမဲ့အခုက….” မြို့စားဗဲလန့်ထ်က ဥက္ကဌ မွန်တိုင်ယာကိုကြည့်ကာ ခေါင်းခါလျှက် “အခုက Frestech ကုန်သည်များအသင်းရဲ့ ရိုးသားမှုကို မမြင်ရသေးဘူး”

မြို့စား ရိုစတော့ဗ် က မျက်မှောင်ကုပ်လိုက်ကာ တစ်ခုခုပြောချင်သော်လည်း ဥက္ကဌမွန်တိုင်ယာက အစပြုကာ ရယ်လျှက် ပြောလိုက်သည်။ “အုပ်ချုပ်သူအရှင် မှန်ပါတယ် ကျွန်တော်တို့ကုန်သည်တွေရဲ့ ရည်ရွယ်ချက်က ကုန်ပစ္စည်းနဲ့ ပိုက်ဆံနဲ့ လဲဖို့ပဲလေ။ ကျွန်တော်တို့က တန်ဖိုးရှိတဲ့အရာတွေ လုံလောက်အောင် မယူရသေးတာကြောင့် အုပ်ချုပ်သူအရှင်က ကျွန်တော်တို့ကို မယုံတာ သဘာဝကျပါတယ်။ အဲ့လိုမထင်ဘူးလား ဝန်ကြီးချုပ်ခင်ဗျ?”

မြို့စားရိုစတော့ဗ်ကဥက္ကဌ မွန်တိုင်ယာ ကို မျက်မှောင်ကုပ်ကာကြည့်လိုက်သည်။ ခနစဉ်းစားပြီးနောက် သူကခေါင်းငြိမ့်လိုက်သည်။

ဥက္ကဌ မွန်တိုင်ယာက ဆက်ပြောသည်။ “ဒါမဲ့ ကျွန်တော် အရှင်အုပ်ချုပ်သူကို သေချာပြောနိုင်တာက Frestech ကုန်သည်များအသင်းက ရိုးသားမှုမပါပဲ အလုပ်တစ်ခုကို လုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ အရှင်အုပ်ချုပ်သူကို ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့ကတည်းက ကျွန်တော်တို့ မရှိတဲ့စကားကို ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သက်ဆိုင်တဲ့ လုပ်ဆောင်ချက်တွေလုပ်တဲ့အခါ အရှင်အုပ်ချုပ်သူက ကျွန်တော်တို့ရဲ့ ရိုးသားမှုကို မြင်လိမ့်မယ်ဆိုတာ ကျွန်တော်ယုံတယ်”

မြို့စား ဗဲလန့်ထ်က ရိုးသားစွာခေါင်းငြိမ့်ကာ “ ကျွန်တော်ကြည့်လိုက်ပါဦးမယ်”

ဥက္ကဌ မွန်တိုင်ယာ နှင့် မြို့စား ရိုစတော့ဗ်က တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကာ နားလည်မှုဖြင့် နှစ်ဦးသားအတူ မတ်တပ်ရပ်လိုက်ပြီး ထွက်ခွာသွားသည်။

***

Volume 8 အခန်း ၁၁၀ ။ အစိုးရကို ပြန်လည်ဖွဲ့စည်းခြင်း

လာမက်စ်ကီဒေသနှင့် မီရင်ဒါဒေသတို့တွင်ဖြစ်ပွားခဲ့သော ကိစ္စများသည် ကန်ဒရာအင်ပါယာ ပိုင်ဆိုင်ခဲ့ဖူးသည့် အခြားဒေသများတွင်လည်း ဖြစ်ပွားခဲ့သည်။

အချို့မှာ ချောမွေ့စွာပြီးဆုံးသွားသော်လည်း အချို့မှာ ဤမျှလောက်မချောမွေ့ပါ။

သို့သော် ချောမွေ့သည်ဖြစ်စေ မချောမွေ့သည်ဖြစ်စေ အခြေအနေက တစ်ဖြည်းဖြည်းစ၍ ပြောင်းလဲလာသည်။

မားလိုအင်ပါယာသည် ဝင်ဘယ်လ်တန်မြို့ကို လများစွာသိမ်းပိုက်နိုင်ခဲ့ပြီး သဘာဝအတိုင်း ထိုသေးငယ်သော ပြောင်းလဲမှုများကို မြင်နိုင်စွမ်းရှိခဲ့သည်။

အကယ်၍ ကန်ဒရာအင်ပါယာပိုင်ဆိုင်ခဲ့သော ဒေသများ၏လှုပ်ရှားမှုသပ်သပ်သာဖြစ်ခဲ့လျှင် မားလိုအင်ပါယာက ထိုမျှလောက် စိုးရိမ်မည်မဟုတ်ပါ။

သို့သော် ယခုမူ Frestech ကုန်သည်များအသင်းကပင် ပါဝင်နေရာ ကန်ဒရာအင်ပါယာအား ရှုံးနိမ့်စေခဲ့ကာ စိုင်စ်နယ်မြေတစ်ခုလုံးကို အုပ်စိုးရန် ရည်ရွယ်ထားသည့် မားလိုအင်ပါယာသည်ပင် နိုးနိုးကြားကြား ဖြစ်လာရသည်။

သို့သော်လည်း ပထမဆုံးလှုပ်ရှားလာခဲ့သည်မှာ Frestech ကုန်သည်များအသင်းမဟုတ်ခဲ့ပဲ လမ်ပူရီတိုင်းပြည် ဖြစ်နေခဲ့သည်။

သက္ကရာဇ် ၄၃၃၀ ကျော်လွန်ပြီးသည့် ဆောင်းရာသီ၌ လမ်ပူရီတိုင်းပြည်သည် လမ်ပူရီတိုင်းပြည်၏ နယ်စပ် ခယ်လ်မာဒေသသို့ စစ်သည်များကို စေလွှတ်လာခဲ့သည်။

လမ်ပူရီတိုင်းပြည်သည် ၎င်းမှာ ကန်ဒရာအင်ပါယာတွင် ဖမ်းခံထားရသော လမ်ပူရီတိုင်းပြည်၏ လူများအား ကာကွယ်ပေးရန်ဟု ကြေညာခဲ့သည်။ သို့သော်လည်း ခယ်လ်မာဒေသသို့ လမ်ပူရီတိုင်းပြည်၏ စစ်တပ်များဝင်ပြီးသည်နှင့် မားလိုအင်ပါယာ၏ စစ်တပ်များနှင့် ခယ်လ်မာဒေသ တွင် ထိပ်တိုက် တွေ့ကြပြီး ပြင်းထန်သည့် စစ်မီးကို တိုက်ခိုက်ကြတော့သည်။

လမ်ပူရီတိုင်းပြည်က သူတို့၏လက်ရွေးစင်စစ်သည်များကို စေလွှတ်ကာ သိသာစွာပြင်ဆင်ထားသည်။ သို့သော် မားလိုအင်ပါယာက သတိလက်လွှတ်ဖြစ်နေသဖြင့် သူတို့ကလေတစ်ချက်တိုက်ရုံနှင့် ပြိုလဲသွားရသည်။

ခယ်လ်မာ ဒေသ၏ စတုရန်းကီလိုမီတာ ငါးရာရှိသည့်မြေသည် ရက်သတ္တပါတ်အနည်းငယ်အတွင်း လမ်ပူရီတိုင်းပြည်၏ ထိန်းချုပ်မှုအောက်သို့ရောက်သွားကာ ခယ်လ်မာဒေသ၏ မှော်စက်မှုလုပ်ငန်းထွန်းကားသည့် အရေးကြီးသည့်မြို့ ပါ,ပါသွားသည်။

မားလိုအင်ပါယာက အမြန်ပင် တုံ့ပြန်သည်။

လဝက်ကြာပြီးနောက်ပိုင်းတွင် မားလိုအင်ပါယာက လမ်ပူရီတိုင်းပြည်၏စစ်တပ်များကို ခယ်လ်မာဒေသမှ ထွက်ခွာရန် တရားဝင်တောင်းဆိုချက်ကို ပြုလုပ်ခဲ့သည်။ သို့မဟုတ်လျှင် သူတို့သည့် အကျိုးဆက်ကို ခံစားရလိမ့်မည်ဟု ဆိုသည်။

ထိုတုံ့ပြန်ချက်က ပြင်းထန်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

မားလိုအင်ပါယာသည် ကန်ဒရာအင်ပါယာကို နိုင်ထားသည့် အဟုန်ကြောင့် သူတို့က ထိုကဲ့သို့ ပြုမူနိုင်ခြင်းမှာ သဘာဝပင်ဖြစ်သည်။

သို့သော် မည်သူမှ မမျှော်လင့်ထားသော အချက်မှာ လမ်ပူရီတိုင်းပြည်၏ တုံ့ပြန်ချက်ကလည်း ထိုကဲ့သို့ပင် ပြင်းထန်သည်။

လမ်ပူရီတိုင်းပြည်သည် ခယ်လ်မာဒေသသည် မားလိုအင်ပါယာ၏ ပိုင်နက်မဟုတ်ကြောင်း ကြေညာသည်။ မားလိုအင်ပါယာက လမ်ပူရီတိုင်းပြည်အား ဆုတ်ခွာရန် တောင်းဆိုပိုင်ခွင့်မရှိဟုဆိုသည်။

နှစ်ဖက်စလုံးမှ အလျော့မပေးပေ။ ထို့ကြောင့် စစ်ပွဲက အတည်ဖြစ်လာသည်။

သက္ကရာဇ် ၄၃၃၀ ၏ ဧပြီလတွင် လမ်ပူရီတိုင်းပြည်သည် စုစုပေါင်း ၆သောင်းရှိသည့် တပ်ရင်းနှစ်ခုကို စေလွှတ်ကာ မားလိုအင်ပါယာမှ စေလွှတ်သော စုစုပေါင်း တစ်သိန်းတစ်သောင်းရှိသော တပ်ရင်းသုံးခု နှင့် ရင်ဆိုင်စေခဲ့သည်။

တိုက်ပွဲ၏ ရလဒ်က လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

မားလိုအင်ပါယာက ရှုံးနိမ့်သွားကာ ကျဆုံးသွားသော စစ်သည်များ နှစ်သောင်းကျော်ရှိသည်။ ကျန်ရှိနေသော စစ်သည်များမှာ ရှစ်သောင်းမှာ ထွက်ပြေးသွားပြီးနောက် တစ်သောင်းခန့် ထပ်မံ ကျဆုံးခဲ့ရသည်။ ထိုကဲ့သို့ပင် စစ်သည် ၃သောင်း ကျဆုံးခဲ့ရသည်။

လမ်ပူရီတိုင်းပြည်ဖက်တွင်မူ လူထောင်ဂဏန်းသာ ကျဆုံးသည်။ စစ်ပွဲ၌ ရန်သူအင်အား ကြီမားသော်လည်း ဆုံးရှုံးမှုမှာ ကွာဟလျှက်ရှိရာ ထိုတိုက်ပွဲ၏ ရလဒ်ကို လူများက အံ့ဩနေကြသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။

ထိုတိုက်ပွဲအား သုံးသပ်ကြည့်လျှင် လူများက လမ်ပူရီတိုင်းပြည်က ထိုကဲ့သို့ ခမ်းနားကြီးကျယ်သည့် ရလဒ်ကို ရနိုင်ခဲ့ခြင်းမှာ သူတို့၌ ကောင်းမွန်သော ပြင်ဆင်မှုများရှိခဲ့သောကြောင့် ဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ လမ်ပူရီတိုင်းပြည်၏ စစ်တပ်သုံးမှော်စက်များမှာ မားလိုအင်ပါယာ၏ စစ်တပ်သုံးမှော်စက်များထပ် ပိုအဆင့်မြင့်နေခြင်းကြောင့်ဖြစ်သည်။

ဥပမာအနေဖြင့် နှစ်ဖက်စလုံးသည် လက်နက်ပြည့်စုံကာ အနေထားကောင်းကြသည်။ မှော်အမြှောက်များသည် စစ်ပွဲ၏ စွမ်းအားဖြစ်သည်။ မားလိုအင်ပါယာ၌ လေးထောင့်ခြောက်ရာကျော်ရှိကာ လမ်ပူရီတိုင်းပြည်၌ သုံးထောင့် နှစ်ရာသာရှိသည်။

ပထမအကြိမ်ကြည့်လိုက်လျှင် လမ်ပူရီတိုင်းပြည်သည် မှော်အမြှောက်နည်းပါးသဖြင့် သူတို့၏ ပစ်ခတ်စွမ်းအားက နည်းမည်ဖြစ်သည်။

သို့သော် မားလိုအင်ပါယာ၏မှော်အမြှောက် ၄၆၀၀ ၌ ၈၀၀တွင်သာ ပြောင်း၏အချင်း ၉၀မီလီမီတာရှိသော မှော်အမြှောက်များသည် မားလိုအင်ပါယာမှ ကိုယ်ပိုင်ထုတ်လုပ်ခဲ့သည်။ ကျန်သည့် ၃၈၀၀သည် အဆင့်နိမ့် မှော်အမြှောက်များ ဖြစ်ကြသည်။

လမ်ပူရီတိုင်းပြည်၏ မှော်အမြှောက် ၃၂၀၀ ၌ ၁၂၀၀သည် အချင်း ၁၀၀မီလီမီတာရှိသည့် မှော်အမြှောက်များ ဖြစ်ကြသည်။ ၎င်းတို့၌ ၃၀၀ကျော်က အချင်း ၂၀၀မီလီမီတာရှိသော အသစ်ထုတ်ထားသည့် မှော်အမြှောက်များ ပါသေးသည်။

ကျန်သည့်အရာများမှာ ၁၀၀၀သည် များစွာပစ်နိုင်သော မှော်အမြှောက်များဖြစ်ကာ သာမန် ပြောင်းရှိသည့် အမြောက်ထပ် များစွာ ပို၍ သန်မာသည်။

ထိုကဲ့သို့သော ကွာခြားမှုဖြင့် အကယ်၍ လမ်ပူရီတိုင်းပြည်၏ဖက်တွင် အမြောက် ထောင်ကျော် လျော့နည်းနေလျှင်ပင် သူတို့ ဖော်ပြသည့် စွမ်းရည်က မားလိုအင်ပါယာထပ် ပိုမို၍ သာလွန်ပါသည်။

ထို့ကြောင့် ရှေ့တန်းတိုက်ပွဲအစပိုင်း၌ပင် မားလိုအင်ပါယာ၏စစ်တပ်က တိုက်ခိုက်ခံခဲ့ရလေသည်။

တစ်ချိန်တည်း၌ပင် မှော်တင့်ကားများ၏ ဖွဲ့စည်းပုံက တစ်ဖြည်းဖြည်းအရေးကြီးလာရာ လမ်ပူရီတိုင်းပြည်က အသာစီးရခဲ့သည်။

လမ်ပူရီတိုင်းပြည်၌ တပ်ရင်းနှစ်ခုပင်ရှိသော်လည်း သူတို့သည် မှော်တင့်ကား ၅၀၀ ဖြင့် တပ်ဆင်ထားသည်။

မှော်တင့်ကား ၃၀၀ ပင်ရှိသော တပ်ရင်း၃ခုရှိသည့် မားလိုအင်ပါယာနှင့် ယှဉ်လျင် လမ်ပူရီတိုင်းပြည် သည် အခုရေတွင်ပင် အသာစီးရသည်မဟုတ်ပဲ သံချပ်ကာ၏ ခိုင်မာမှု၊ စွမ်းရည်နှင့် အရှိန်တို့တွင်ပါ အသာစီးရနေသည်။

စစ်ပွဲကွင်းပြင်တွင် မားလိုအင်ပါယာသည် တိုက်ခိုက်ခံရသည်သာမကပဲ လမ်ပူရီတိုင်းပြည်၏ တိုက်ခိုက်မှုများကို ခုခံခြင်းပင်မပြုနိုင်ပေ။

စစ်တပ်သုံးမှော်စက်များ၏ သာလွန်မှုရှိခြင်းဖြင့် စိုင်နယ်မြေက မြေပြင်ပေါ်တွင် စစ်ထိုးခြင်းကို မကန့်သတ်ထားပါ။

လေကြောင်းသည်လည်း အရေးကြီးသော စစ်ပွဲနေရာဖြစ်လာကာ နှစ်ဖက်စလုံးအတွက် အရေးကြီး သထပ်ကြီးလာသည်။

လေကြောင်း၌ သာလွန်ခြင်းသည် လွန်ခဲ့သော နှစ်နှစ်ဆယ်ကပင် Frestech ကုန်သည်များအသင်း၏ အယူအဆဖြစ်ကာ ၎င်းသည် နိုင်ငံအားလုံးအတွက် အရေးကြီးလာခဲ့သည်။

မားလိုအင်ပါယာနှင့် ကန်ဒရာအင်ပါယာ၏ တိုက်ပွဲတွင် မားလိုအင်ပါယာသည် လေကြောင်း၌ သာလွန်ခြင်းကို ကန်ဒရာအင်ပါယာ ကို တိုက်ခိုက်ရန် အသုံးပြုခဲ့ကာနောက်ဆုံး၌ အရုံးပေးရန် တွန်းအားပေးနိုင်ခဲ့သည်။

သို့သော်လည်း ယခုမူ တိုက်ပွဲတွင် လမ်ပူရီတိုင်းပြည်က မားလိုအင်ပါယာနှင့်ယှဉ်လျှင် လေကြောင်းတွင် ပိုမို၍ ထိန်းချုပ်နိုင်နေသည်။

တိုက်ပွဲအတွင်းတွင် လမ်ပူရီတိုင်းပြည်သည် တစ်နာရီတွင်ကီလိုမီတာ ၃၀၀ မောင်းနှင်နိုင်သော မှော်လေသ‌င်္ဘောအစီး ၃၀၀ပါသည့် မှော်လေသင်္ဘောတပ်ဖွဲ့ ၃ဖွဲ့ကို ရင်းနှီးမြုပ်နှံခဲ့သည်။ ၎င်းသည် မားလိုအင်ပါယာမှပြုလုပ်ထားသော မှော်လေသင်္ဘောများထပ် လုံးဝ သာလွန်ပါသည်။

၎င်းတို့နှင့်ယှဉ်လျှင် လမ်ပူရီတိုင်းပြည်၏ မှော်လေင်္ဘောများက ပိုမြန်သည် ပိုတုံ့ပြန်နိုင်သည် ပိုအင်အား ကောင်းသည့် မှော်ရိုင်ဖယ်များ မှော်အမြှောက်များနှင့် မှော်ဒုံးပျံ ငါးစင်းပါသည်။ မည်သူမဆို ကြည့်လိုက်လျှင် သူတို့သည် မားလိုအင်ပါယာ၏ မှော်လေသ‌ေင်္ဘာထပ် များစွာသာလွန်‌နေကာ လေကြောင်းကို လွယ်ကူစွာ ထိန်းချုပ်နိုင်ခဲ့သည်။

လမ်ပူရီတိုင်းပြည်က ကုန်းကြောင်းနှင့်လေ‌ကြောင်းကို ထိန်းချုပ်ထားရာ မားလိုအင်ပါယာ၏ စစ်တပ်များက တွန်းလှန်နေရသည်။

ထိုအောင်မြင်မှုကိုလေ့လာပြီးနောက် လူတိုင်းက မားလိုအင်ပါယာသည် နှစ်တစ်ထောင်ခန့် သမိုင်း‌ကြောင်းရှိ‌သော ကန်ဒရာအင်ပါယာကို အညံ့ခံစေပြီးနောက် သူတို့သည် ထိုနယ်မြေကို ယခုအချိန်ထိ အုပ်စိုးနိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိခဲ့ရသည်။

ယခုမူ လမ်ပူရီတိုင်းပြည်က မားလိုအင်ပါယာအတွက် ပိုမို၍ အင်အားကြီးသော ရန်သူအဖြစ်ပေါ်လာခဲ့သည်။ စိုင်စ်နယ်မြေ၏ အခြေအနေသည် ပိုမို၍ စိတ်ရှုပ်ဖွယ် ဖြစ်လာသည်။

စစ်နိုင်သွားပြီးနောက် လမ်ပူရီတိုင်းပြည်သည် ခယ်လ်မာဒေသတွင် ထိန်းချုပ်ရန် တပ်စွဲထားသည့် မားလိုအင်ပါယာ၏စစ်တပ်ကို စတင်၍ တိုက်ခိုက်သဖြင့် သူတို့သည် ခယ်လ်မာဒေသကို တစ်လခွဲသာ လုံးဝထိန်းချုပ်နိုင်ခဲ့သည်။

ထိုအချိန်က ထိုပြောင်းလဲမှုသည် ဖြစ်ပျက်သွားစဉ်က လူတိုင်း အံအားသင့်ခဲ့ရသည်။

ခယ်လ်မာဒေသသည် လမ်ပူရီတိုင်းပြည်၏ လက်အောက်သို့ကျရောက်သွားပြီး ယခင်မြို့စားနိုပီယာ က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့သည်။ သတင်းစာများမှ သတင်းထောက်များအားလုံးရှေ့နှင့် မှော်ရုပ်ပြ ကြောငြာခြင်းအစီအစဉ်တွင် ခယ်လ်မာဒေသသည် ခယ်လ်မာကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံ အဖြစ် ပြောင်းလဲလိုက်ပြီး ခယ်လ်အာညီလာခံတွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ထို့နောက် သူတို့သည် ခယ်လ်မာကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံအတွက် အစိုးရကိုထိန်းချုပ်ရန် အစိုးရကိုယ်စားလှယ်များကို ရွေးကောက်သွားမည် ဖြစ်ကြောင်း ပါသည်။

အရေးကြီးဆုံးအချက်မှာ သူတို့သည် ခယ်လ်မာကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံ၏ သမ္မတကို ရွေးချယ်သွားမည်ဖြစ်ပြီး ၎င်းသည် အစိုးရတစ်ခုလုံးကို အုပ်ချုပ်ရလိမ့်မည်ဖြစ်သည်။

အကယ်၍ အရင်အတိုင်းဆိုလျှင် ခယ်လ်မာကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံ၏သမ္မတသည် ခယ်လ်မာကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံ၏ အုပ်ချုပ်သူနှင့် မကွာခြားပေ။

သို့သော် မြို့စား နိုပီယာ သည် ခယ်လ်မာကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံ၏ သမ္မတက ခယ်လ်မာညီလာခံမှ ကန့်သတ်ခံထားရမည် ဖြစ်သည်။ အမိန့်အားလုံးသည် မချမှတ်မီ ညီလာခံမှ သဘောတူခွင့်ပြုမှသာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

၎င်းသည် သမ္မတ၏ လက်များကို ချည်နှောင်ထားခြင်းပင်ဖြစ်ကာ သူတို့ ကြိုက်နှစ်သက်သလို လုပ်နိုင်သော အုပ်ချုပ်သူများနှင့် လုံးဝကွာခြားသည်။

လူများက ပိုမို၍ အံ့ဩသွားသည်မှာ မြို့စားနိုပီယာက ခယ်လ်မာကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံ၏ သမ္မတဖြစ်မလာပဲ သူသည်လည်း ရွေးကောက်ပွဲတွင်ပါဝင်ကာ ရွေးကောက်ခံသူ ဖြစ်လာမည်ဖြစ်သည်။

၎င်းသည် စိုင်စ်နယ်မြေ၏ သမိုင်းတွင် ထိုနည်းလမ်းက ပထမဦးဆုံးအကြိမ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မရေတွက်နိုင်သောသူများက သံသယ ဝင်နေကြသည်။ ခယ်လ်မာဒေသသည် ဘာလုပ်နေသနည်း?

ထူးဆန်းသောအချက်မှာ လမ်ပူရီတိုင်းပြည်က ခယ်လ်မာဒေသအား ဤကဲ့သို့ လုပ်ခွင့်ကို အဘယ်ကြောင့် ပေးထားသနည်း?

လူများက ထိုကိစ္စကို မေးခွန်းထုတ်နေကြချိန်၌ ခယ်လ်မာဒေသ …. အို မဟုတ်ဘူး… ယခု ခယ်လ်မာ ကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံသည် အမြန်ပင် အစိုးရပြန်လည်တည်ဆောက်ရေးကို ဖော်ဆောင်နေကြသည်။

၃လအတွင်းတွင် ပထမ အကြိမ်ညီလာခံကို ဖွဲ့စည်းခဲ့ပြီး အစိုးရကိုယ်စားလှယ်များက ရွေးကောက်ခံခဲ့သည်။ အံ့သြစရာမကောင်းသော တစ်ချက်မှာ မြို့စား နိုပီယာက ခယ်လ်မာကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံ၏ ပထမဆုံးသမ္မတ ဖြစ်လာခဲ့သည်။

လူအများစုက ခယ်လ်မာဒေသ၏ပြောင်းလဲမှုအား အံ့ဩကာ ခေါင်းရှုပ်နေကြချိန်တွင် ကန်ဒရာဒေသ လက်အောက်ရှိ အခြားဒေသများကလည်း ထိတ်လန့်စရာကောင်းသည့် ပြောင်းလဲမှုများ ပြုလုပ်နေကြ သည်။

ပထမ၌ တောင်ပိုင်းရှိ ဒေသ ၃ခုက ၎င်းတို့သည်လည်းခယ်လ်မာဒေသကဲ့သို့ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံဖြစ်လာကြကာ သူတို့၏ အစိုးရကို ပြန်လည်ဖွဲ့စည်းမည် ဖြစ်ကြောင်း ကြေညာသည်။

ထို့နောက် အဓိကရုဏ်းကြောင့် ထိခိုက်သွားရသော ဒေသနှစ်ခုကလည်း အတူတူပင် လုပ်ကြသည်။

သို့သော် ကွာခြားချက်တစ်ချို့ရှိသည်။

ဒေသ သုံးခုသည် ခယ်လ်မာဒေသနှင့် တူညီသည့်ပြောင်းလဲမှုရှိကြသော်လည်း အခြားဒေသ နှစ်ခုမှာမူ မတူညီပေ။

အကြောင်းမှာ သူတို့သည် အလုပ်သမားအဓိကရုဏ်းကြောင့် အစိုးရ၏ထိန်းချုပ်မှုအောက်မှ လွတ်သွားခြင်းကြောင့် သူတို့သည် အစိုးရကို လုံးဝအသစ်ပြန်လည်ဖွဲ့စည်းရသည်။

ခယ်လ်မာ ဒေသနှင့်အခြားဒေသသုံးခုနှင့်စာလျှင် ထိုဒေသနှစ်ခုသည် မျိုးရိုးမြင့်များမှ သက်ရောက်မှု အနည်းဆုံးဖြစ်ပြီး ညီလာခံတွင် သာမန်သူများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

သို့သော် ၎င်းသည် စိုင်စ်နယ်မြေတွင် လူအများစုနှင့် မသက်ဆိုင်ပါ။

လူအများစုဂရုစိုက်နေသော အရာမှာ လမ်ပူရီတိုင်းပြည်နှင့် မားလိုအင်ပါယာတို့ ကြားရှိတိုက်ပွဲသာ ဖြစ်သည်။

All Chapters