← Chapters

အခန်း (၁၁၁-၁၁၈)

Vol. 8 Ch. 111-118

အခန်း (၁၁၁-၁၁၈)

Vol. 8 Ch. 111-118

Volume 8 အခန်း ၁၁၁ ။ စောင့်ကြပ်ရန် ဖြစ်နိုင်ပါလား?

ဗိုလ်ချုပ် ဒရန်ဒယ်သည် တောင်မှ ငေါထွက်နေသည့် ကျောက်တုံးပေါ်တွင် မတ်တပ်ရပ်ကာ လက်ထဲ၌ အဝေးကြည့်မှန်ပြောင်း ကိုင်ထားပြီး သူ၏မျက်နှာ၌လေးနက်သောအမူအရာနှင့် တောင်အောက်မှ လမ်ပူရီတိုင်းပြည်၏ စခန်းကို ကြည့်နေသည်။

လမ်ပူရီတိုင်းပြည်၏ စစ်တပ်သည် တောင်ခြေ၌ နှစ်ရက်ကြာ စခန်းချနေပြီး ဘာမှမလုပ်သည်မှာ စိတ်ရှုပ်စရာ ကောင်းနေသည်။

သို့သော် ဗိုလ်ချုပ်ဒရန်ဒယ်သည် သူတို့ကို အထင်မသေးရဲပေ။ သူဦးဆောင်သည့် စစ်တပ်သည် ကန်ဒရာအင်ပါယာ၏ အရေးကြီးဆုံးသော မြောက်ပိုင်းဒေသကို စောင့်ကြပ်ရန် တာဝန်ကျသည်။ ထိုဒေသ ကျဆုံးသွားသည်နှင့် မားလိုအင်ပါယာက ကန်ဒရာအင်ပါယာ၏ မြောက်ပိုင်းကို ထိန်းချုပ်ထားခြင်းမှ လမ်ပူရီတိုင်းပြည်အတွက် လမ်းပွင့်သွားစေမည် ဖြစ်သည်။

၎င်းတို့နှစ်ခု၏ အကြား အင်အားချင်းယှဉ်လျှင် အကယ်၍ သူတို့သည် ထိုနေရာအား မစောင့်ကြပ် ထားနိုင်ပဲ လမ်ပူရီတိုင်းပြည်အား မြောက်ပိုင်းလွင်ပြင်ဒေသများသို့ ဝင်ရောက်ခွင့်ပေးလိုက်လျှင် ဆိုလိုသည်မှာ မားလိုအင်ပါယာက ထိန်းချုပ်ရန် ကြိုးစားထားသည့် ပိုင်နက်ကို ဆုံးရှုံးသွားရမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်ပါစေ သူတို့ ကာကွယ်စောင့်ကြပ်နိုင်မည်လား?

ဗိုလ်ချုပ် ဒရန်ဒယ်သည် ကောင်းကင်ကိုကြည့်လိုက်ကာ ခါးသီးစွာ ပြုံးလိုက်သည်။

လမ်ပူရီတိုင်းပြည်၏ မှော်တိုက်လေင်္ဘောများသည် မားလိုအင်ပါယာမှ လေသင်္ဘောများထပ် ပိုမို ကောင်းကြောင်းကို ရှုထောင့် အမျိုးမျိုးများမှ ဆုံးဖြတ်နိုင်သည်။ စစ်တပ်နှစ်ခုသည် ရင်ဆိုင်တိုက်ခိုက် ကြရာတွင် လမ်ပူရီတိုင်းပြည်သည် လေကြောင်းတိုက်ပွဲများ၌ အားသာကာ မားလိုအင်ပါယာက သည်းခံရန်သာ တတ်နိုင်သည်။

လေကြောင်းတွင် အင်အားနည်းနေသဖြင့် အင်ပါယာက မှော်ပညာရှင်တပ်မကြီးကို ပြန်စရန် ဆွေးနွေး နေကြသည်။ သူတို့သည် အင်ပါယာအတွင်း စုဆောင်းနိုင်သော မဟာမှော်ပညာရှင်များကို ဆွဲခေါ်ကာ တိုက်ပွဲသို့ ပြန်သွင်းချင်နေပြီး လမ်ပူရီတိုင်းပြည်၏ မှော်လေသင်္ဘောများနှင့် ရင်ဆိုင်ရန် မှီခိုချင် နေခဲ့သည်။

အပေါ်ယံ၌ ထိုအကြံအစည်သည် အခြေအမြစ်မရှိသော အရာမဟုတ်ပေ။

မှော်လေသင်္ဘောများသည် အင်အားကြီးသော်လည်း သူတို့က အလွန်ကြီးမားသောကြောင့် သူတို့က သွက်လက်လျှင်မြန်မှုမရှိပေ။

အကယ်၍ အင်အားကြီးသောမှော်ပညာရှင်များနှင့် ရင်ဆိုင်လျှင် လက်ရှိ မှော်ပညာရှင်များ၏ မှော်နေရာလပ်အပေါ်နားလည်မှုနှင့် ပထမဆုံးအကြိမ် Frestechကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောများကို ရင်ဆိုင်စဉ်ကနှင့် တူတော့မည်မဟုတ်ပေ။ ထိုစဉ်က သူတို့သည် ဘာတစ်ခုမျှမလုပ်နိုင်ပဲ မှော်နေရာလပ်များ အေးခဲသွားကာ ပြန်လည်မတိုက်ခိုက်နိုင်ခဲ့ပေ။

သို့သော် အမှန်တကယ်မှာမူ ထိုအကြံအစည်အား ဆောင်ရွက်၍ ရနိုင်ချေမှာ အလွန်နည်းပါးသည်။

ပထမဦးစွာ ကြောင့် မားလိုအင်ပါယာ ထဲရှိ မှော်ပညာရှင်များသည် ထိုသဘောတူညီချက်ကို ဆန့်ကျင်ကာ သွားချင်သည့် ဆန္ဒမရှိကြပဲ မားလို အင်ပါယာ၏ စစ်တပ်သို့ ပြန်လည်ဝင်ရောက်လိုသည့် ဆန္ဒလည်း မရှိကြပေ။ အကြောင်းရင်းမှာ ၎င်းသည် သူတို့၏ အနာဂတ်၌ အရည်အချင်းတန်ဖိုးဖြတ်ရာ၌ အခွင့်အရေးများအားလုံး ဆုံးရှုံသွားမည်ဖြစ်ပြီး ဆိုလိုသည်မှာ ကုမ္ပဏီများတွင်အလုပ်လုပ်နိုင်ခြင်း သုတေသီဖြစ်နိုင်ခြင်း သို့ ဆင်တူသည့် အလုပ်အကိုင်အခွင့်အရေးများ အားလုံး ဆုံးရှုံးသွားမည်ဖြစ်သည်။

သူတို့၏တိုင်းပြည်ကို ကာကွယ်ခြင်းမှာ မားလိုအင်ပါယာမှ မှော်ပညာရှင်များ၏ တာဝန်ဖြစ်သော်လည်း မည်သူမှ ထိုကိစ္စအတွက် မိမိတို့၏အနာဂတ်ကို အဆုံးရှုံးမခံလိုကြပါ။

ဒုတိယအချက်မှာ အကယ်၍ မှော်ပညာရှင်များက သဘောတူလျှင်ပင် မားလိုအင်ပါယာက ဆန္ဒမရှိပါ။

အကယ်၍ သူတို့သည် မှော်ပညာရှင်များအား လမ်ပူရီတိုင်းပြည်နှင့်တိုက်ပွဲတွင် ပြန်လည်၍ စစ်တပ်၌ ခန့်အပ်လိုက်ပါက ၎င်းသည် မှော်ပညာရှင်များငြိမ်းချမ်းရေးသဘောတူညီချက်ကို ရှင်းလင်းစွာ ချိုးဖောက်လိုက်ခြင်းဖြစ်သည်။ ၎င်းသည် မားလိုအင်ပါယာက စိုင်စ်နယ်မြေရှိနိုင်ငံအားလုံးမှ ငြင်းပယ်ခြင်းခံရမည်မှာ မလွဲဧကန်ဖြစ်သည်။

၎င်းသည် မားလိုအင်ပါယာ၏ လက်ရှိအခြေအနေထပ် ပို၍ အကျိုးမရှိသော အခြေအနေဖြစ်သည်။

မရှိမဖြစ် မဟုတ်ခဲ့လျှင် မားလိုအင်ပါယာသည် အနာဂတ်တွင် ပြဿနာများဖြင့် ပြည့်နေသည့် ချဉ်းကပ် မှုမျိုးကို ရွေးချယ်ရန် ဆန္ဒမရှိပါ။

ထို့နောက်တွင် အကယ်၍ သူတို့မလုပ်ခဲ့လျှင်ပင် သူတို့သည် လေကြောင်းတိုက်ပွဲကို နောက်ဆုတ် နိုင်သေးသည်။ လမ်ပူရီတိုင်းပြည်၏ မှော်လေသင်္ဘောတပ်ဖွဲကို လုံးဝဖိနှိပ်နိုင်ဖို့ရန် ခက်ခဲလိမ့်မည်။

ထိုအရာကို မှီခို၍ အကျိုးအမြတ်ရယူကာ လမ်ပူရီတိုင်းပြည်အား တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပါ။

မဟုတ်လျှင် မားလိုအင်ပါယာသည် အခြားနိုင်ငံများမှ ငြင်းပယ်ခံရလျှင်ပင် သူတို့သည် လုပ်လိမ့်မည် ဖြစ်သည်။ ကန်ဒရာအင်ပါယာကို ဖျက်စီးပြီးနောက် လမ်ပူရီတိုင်းပြည်ကို ရခဲ့လျှင် မားလိုအင်ပါယာသည် စိုင်စ်နယ်မြေတွင် အင်အားအကြီးဆုံးနိုင်ငံ ဖြစ်သွားနိုင်သည်။

ထိုအချိန်သို့ရောက်ခဲ့လျှင် သဘောတူညီချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကိစ္စမရှိတော့ပါ။

သို့သော် သူတို့သည် ထိုကဲ့သို့ ယုံကြည်ချက်မျိုးမရှိသောကြောင့် ထိုကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို မလုပ်နိုင်ခဲ့ပါ။

ဝေးလံသည့်ကောင်းကင်ပေါ်တွင် များစွာသော အမဲရောင်အစက်များသည် မြန်ဆန်စွာ ပျံသန်းသွားနေသည်။ ဗိုလ်ချုပ်ဒရန်ဒယ်သည် ဂရုတစိုက်ကြည့်စရာမလိုပဲ လမ်ပူရီတိုင်းပြည်၏ ပို့ဆောင်ရေး မှော်လေသင်္ဘောများဖြစ်ကာ ထောက်ပံ့ရေးပစ္စည်းအသစ်များ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း သိခဲ့သည်။

လွန်ခဲ့သောနှစ်ရက်ကပင် ထိုကဲ့သို့ဖြစ်ခဲ့သေးသည်။ သူသည် ထိုအခြင်းအရာကို လေးခါမြောက် မြင်ခဲ့ရခြင်း ဖြစ်သည်။ လမ်ပူရီတိုင်းပြည်သည် ထောက်ပံ့ရေးပစ္စည်းများကို မကြာခန ပို့ဆောင်နေကြ ကြောင်း တွေ့နိုင်သည်။

သို့သော် ဗိုလ်ချုပ်ဒရန်ဒယ်သည် ထိုအရာကို မြင်တိုင်း သူ့၏နှလုံး၌ သံသယဝင်လာရသည်။

လမ်ပူရီတိုင်းပြည်သည် ပို့ဆောင်ရေးမှော်လေသင်္ဘောများဖြင့် ထောက်ပံ့ရေးပစ္စည်းများကို အမြန်ယူဆောင်နေခြင်းသည် ပြင်းထန်သည့် တိုက်ခိုက်မှုကိုယူဆောင်လာရန် ပြုလုပ်နေသည်ဟု ဆိုလို နေသင့်သည်မဟုတ်ပါလား?

သို့သော် သူတို့သည် နှစ်ရက်ကြာ တောင်ခြေတွင် ဘာမှမလုပ်ပဲနေခဲ့သည်။ ဘာတွေဖြစ်နေသနည်း? တိုက်ပွဲတွင် အခြေအနေက လျှင်မြန်စွာပြောင်းလဲသွားနေပြီး ထို့ကြောင့် ဘာမှမလုပ်ခြင်းသည် အချိန်နှင့်ပြိုင်နေရခြင်း ဖြစ်သည်။

အချိန်အနည်းငယ်ကပင် တန်ဖိုးရှိသည်။ သို့သော်လမ်ပူရီတိုင်းပြည်၏ တပ်များသည် ဤနေရာတွင် နှစ်ရက်ကြာ အချိန်ဖြုန်းခဲ့သည်။ ၎င်းကို ဝေဖန်ကြည့်လျှင် ကြီးမားသည့် အမှားပင်ဖြစ်သည်။ မဟုတ်လျှင်…. သူတို့သည် ဇာတ်ညွှန်းအသစ်ဖြင့် ပြန်လာလိမ့်မည်ဖြစ်သည်။

ထိုကဲ့သို့ စဉ်းစားလိုက်လျှင် ဗိုလ်ချုပ် ဒရန်ဒယ်သည် အဝေးကြည့်မှန်ပြောင်းကို စိတ်ရှုပ်သည်ပုံနှင့် ချလိုက်သည်။ သူသည် သူ၏အစောင့်ထံမှ ကြီးမားသည့်မှော်ဆက်သွယ်ရေးစက်ကို ယူလိုက်ပြီး ခေါ်ဆိုမှုလုပ်လိုက်သည်။

“ဟေး ဟန်နစ်ချ် မင်းဖက်မှာကော ဘယ်လိုလဲ?”

“ဘာမှမရှိဘူး” တည်ငြိမ်၍ စိတ်လှုပ်ရှားခြင်းမရှိသည့် အသံသည် မှော်ဆက်သွယ်ရေးစက်မှ ထွက်လာ သည်။ “ဘာလို့လဲ? မင်းတို့ဖက်မှာ တစ်ခုခုဖြစ်လို့လား?”

“တစ်ခုခုဖြစ်ရင်တောင်ကောင်းဦးမယ်” ဗိုယ်ချုပ် ဒရန်ဒယ်က ထေ့ငေါ့လိုက်သည်။ “အဲ့ဒီ လမ်ပူရီ တိုင်းပြည်က ကောင်တွေက ဒီတောင်ခြေမှာ နှစ်ရက်တောင်ရှိပြီ ဘာမှမလုပ်သေးဘူး တကယ် ဘာတွေ စဉ်းစားနေကြတာလဲ?”

“ဖြစ်နိုင်တာ ငါတို့ကိုတားဖို့ပဲလာတာ ဖြစ်နိုင်မလား?”

အခြားတစ်ဖက်မှ ဟန်နစ်ချ်သည် ဗိုလ်ချုပ်ဒရန်ဒယ် ကဲ့သို့ပင် ဖြစ်သည်။ သူတိုသည် မားလိုအင်ပါယာ စစ်တပ် တပ်ရင်းမှ ကွန်မန်ဒါများဖြစ်သည်။ နှစ်ဦးစလုံးသည် တပ်ရင်းကိုဦးဆောင်နေကြပြီး ယခင် ကန်ဒရာအင်ပါယာမှ သိမ်းယူထားသော နယ်မြေများကို စောင့်ကြပ်နေကြသည်။

သူတို့နှစ်ဦးသည် ရင်းနှီးကာ စောင့်ကြပ်နေရသော နယ်မြေများမှာ မကွာဝေးကြသောကြောင့် ဒရန်ဒယ် သည် ဟန်နစ်ခ်ျနှင့် မကြာခန ဆက်သွယ်လေ့ရှိသည်။

“သူတို့က ငါတို့ကို ဘာအတွက်တားထားတာလဲ? အင်ပါယာက ပြန်တိုက်ခိုက်ဖို့ အစီအစဉ် မရှိသေးဘူး လေ သူတို့ငါတို့ကို လာမတိုက်သရွေ့ပေါ့” ဗိုလ်ချုပ်ဒရန်ဒယ်က ရေရွတ်နေသည်။ “ဒါမဲ့ သူတို့ကို ကြည့်ပါဦး ဒါက ပြဿနာတစ်ခုနဲ့ တူနေပုံမရဘူး”

“Frestechကုန်သည်များအသင်းက ကန်ဒရာအင်ပါယာက လူတွေနဲ့ တောင်ပိုင်းနဲ့ အနောက်ပိုင်းမှာ တစ်ခုခုလုပ်နေတာ သေချာတယ် လမ်ပူရီတိုင်းပြည်ကလည်း သူတို့နဲ့အလုပ်လုပ်နေတာ” ဟန်နစ်ခ်ျ၏ အသံက တော်တော်လေးတည်ငြိမ်နေသည်။

“ငါတကယ်ကို Frestechကုန်သည်များအသင်းက ဘာလုပ်ချင်နေတာလဲဆိုတာ မသိတော့ဘူး အကယ်၍ သူတို့ ကန်ဒရာအင်ပါယာရဲ့ ပိုင်နက်တွေကို အင်ပါယာရဲ့ ပါးစပ်ထဲကနေ ယူချင်ရင် သူတို့ အစောင့်တပ်တွေနဲ့ ယူလို့ရတာပဲ ဒီလိုလုပ်နေဖို့ လိုလို့လား? ဒါကတကယ်ကို ပြဿနာများတာပဲ”

ဗိုလ်ချုပ်ဒရန်ဒယ်၏ အသံက စိတ်ကုန်နေပုံ ပေါက်နေသည်။ “လူတိုင်းက Festech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှုက အထက်မြက်ဆုံးလူလို့ပြောကြတယ် ဒါမဲ့ငါထင်တာတော့ သူက သူငယ်ပြန်နေပြီ ထင်တယ်”

“အကယ်၍ တစ်ခုခုကိုနားမလည်ရင် မင်းပါးစပ်ပိတ်ထားသင့်တယ်” ဟန်နစ်ခ်ျ၏ အသံက နောက်ဆုံး တွင် ပြောင်းလဲသွားပြီး ဗိုလ်ချုပ်ဒရန်ဒယ်အား ယဉ်ကျေးမှုမရှိပဲ ဆူလိုက်သည်။ “ဥက္ကဌရှုလို လူမျိုးက ဆုံးဖြတ်တဲ့ကိစ္စတွေဟာ သူရဲ့ အတွေးနဲ့သူ ရှိပြီးသားပဲ ငါတို့ အခုနားမလည်သေးရုံပဲ ရှိတာ”

ဗိုလ်ချုပ် ဒရန်ဒယ်သည် အကူညီမဲ့ကာ သက်ပြင်းချလိုက်သည်။ “ကောင်းပြီ မင်းကအမြဲ ရှုယီရဲ့ ထောက်ခံသူပဲ ငါတကယ်ပဲ ဒီကိစ္စကို မင်းနဲ့ မပြောသင့်ဘူး။ ဒီကိစ္စကိုပြောရင်းနဲ့… ဟန်နစ်ချ် အကယ်၍ မင်းက မားလိုအင်ပါယာကမဟုတ်ရင် မင်း Frestechကုန်သည်များအသင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမယ်ထင်တယ် ဟုတ်လား?

“အကယ်၍ မင်းဥက္ကဌရှုကိုနားလည်ရင် ငါ့လိုပဲသူ့ကို နက်ရှိုင်းတဲ့ လေးစားတဲ့စိတ်ကို ခံစားရလိမ့်မယ်” ဟန်နစ်ချ်၏ အသံက အလွန်လေးနက်နေသည်။ “ဒါပေမဲ့ ဒါက ငါ Frestech ကုန်သည်များအသင်းကို ဝင်လိမ့်မယ်လို့ မဆိုလိုဘူး။ ပြီးတော့လဲ ဒါကမင်းနဲ့အခု ဆွေးနွေးရမဲ့အချိန်မဟုတ်ဘူး။ အင်ပါယာ ငါတို့ကို ဒီနှစ်နေရာကို စောင့်ကြပ်စေချင်ပြီး ကန်ဒရာအင်ပါယာရဲ့ မြောက်ပိုင်းကို တည်ငြိမ်စေချင်တယ်။ အင်ပါယာက ဒီနယ်မြေကို ကျွမ်းကျင်သွားရင် သူတို့မှာ အနာဂတ်တွက် အစီစဉ်ရှိလာမယ်ဆိုတာ ငါယုံတယ်။ အခုတော့ လမ်ပူရီတိုင်းပြည်နဲ့ Frestechကုန်သည်များအသင်းကို တောင်ပိုင်း တစ်ခွင်မှာ ပေးကစားထားလိုက်ပါဦး”

“ဒါပေါ့ ငါနားလည်ပါတယ်။ ဒါမဲ့ ဒီတောင်ကိုပဲ ကာထားပြီး ငါတို့ကိုမတိုက်ခိုက်တာက ခံစားရတာ အဆင်မပြေနေဘူး” ဗိုလ်ချုပ် ဒရန်ဒယ်က ပြဿနာလုပ်သည်။

“အကယ်၍ မင်းနိုင်မယ်ထင်ရင် သူတို့ကိုသွားတိုက်ဖို့ လူတွေဦးဆောင်ပြီးခေါ်သွား.. ငါမတားဘူး” ဟန်နစ်ချ်က ထေ့ငေါ့ကာပြောသည်။

“ငါကအရူးမှ မဟုတ်တာ” ဗိုလ်ချုပ် ဒရန်ဒယ်က သည်းညူကာ ခေါ်ဆိုမှုကို ပြတ်သားစွာချလိုက်သည်။

ဟန်နစ်ချ်နှင့် ထိုအဓိပ္ပာယ်မရှိသော ခေါ်ဆိုမှုသည် ဗိုလ်ချုပ် ဒရန်ဒယ်၏ စိတ်ရှုပ်သည့် ခံစားချက်ကို တည်ငြိမ်စေရန်သာ ဖြစ်သည်။

ဟန်နစ်ချ်က သူအကျင့်ကိုသိနေပြီဖြစ်သဖြင့် နှစ်ဦးသည် စကားများစွာမပြောပဲ ရိုးရှင်းသည့် စကားဝိုင်း သာဖြစ်သည်။

ဗိုလ်ချုပ် ဒရန်ဒယ်သည် မှော်ဆက်သွယ်ရေးစက်ကို ချလိုက်သည်ကိုမြင်လျှင် အစောင့်တစ်ယောက်က လာ၍ သူ့ကို တင်ပြချက်တစ်ခုလာပေးသည်။

“ဗိုလ်ချုပ်ခင်ဗျ ဒါကအခုပဲရောက်လာတဲ့ အသင့်ဖြစ်တဲ့ တိုက်ပွဲအစီရင်ခံစာပါ” ဗိုလ်ချုပ် ဒရန်ဒယ်က မျက်မှောင်ကုပ်လိုက်သည်။ သို့သော် သူသည် ထိုတင်ပြချက်ကို သက်ပြင်းချလျက် ယူလိုက်သည်။

သူသည် ပြင်ဆင်ထားသော်လည်း ထိုတင်ပြချက်အား ဖတ်ပြီးနောက် ဗိုလ်ချုပ်ဒရန်ဒယ်သည် သူ့ခေါင်း ပိုကိုက်လာကြောင်း ခံစားလိုက်ရသည်။

အရင်နေ့က တင်ပြချက်နှင့် ယဉ်လျှင် တိုက်ပွဲအစီရင်ခံစာသည် သူတို့၏တပ်ရင်းက အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။

တင်ပြချက်က မနေ့ကပင် မှော်အမြှောက် နှစ်ခုသည် ပြဿနာရှိနေသည်ဟု ပြနေသည်။ တစ်ခုမှာ ပစ်ခတ်သည့် မှော်အစီအရင်သည် သက်တမ်းကုန်သွားပြီး နောက်တစ်ခုက ပြောင်းဝ၌ ပြဿနာရှိနေသဖြင့် မပစ်ခတ်နိုင်ကြောင်း ပြောထားသည်။

တစ်ချိန်တည်း၌ပင် မှော်အမြှောက်ဆံများ၏ အရေအတွက်မှာ တစ်နေ့တည်း၌ ၁၃ခုက သက်တမ်း ကုန်သွားကြောင်း တွေ့ခဲ့ရသည်။

မှော်ရိုင်ဖယ်များကလည်း ၃၇ခုခန့်မှာ ပြဿနာအမျိုးမျိုးရှိနေကာ မှော်တင့်ကားက ချိန်းကြိုးကျသွားပြီး ကုန်လှောင်ရုံမှ ကြက်ဥ အလုံး ၁၀၀ကျော်သည်လည်း အကြောင်းရင်းမရှိပဲ ပျောက်နေသည်။

ပြဿနာအမျိုးမျိုးက ပေါ်ပေါက်နေရာ ဗိုလ်ချုပ်ဒရန်ဒယ်အား စိတ်ရှုပ်စေခဲ့ပြီး ဘေးမှ သစ်ပင်ကို ကန်ပစ်လိုက်သည်။

“သေစမ်း ထောက်ပို့ဌာနက အဲ့ဒီကောင်တွေက ချီးစားနေကြတာလားကွ”

ကြက်ဥအလုံး၁၀၀ပျောက်ခြင်းကဲ့သို့ အသေးစားပြဿနာများကို လျစ်လျူရှု၍ရသည်။ သို့သော်သူတို့၏ လက်နက်မှော်စက်အသစ်များ နေ့စဉ်ပျက်စီးနေခြင်းကို ဗိုလ်ချုပ်ဒရန်ဒယ်က သည်းမခံနိုင်တော့ပါ။

သူ၏တပ်ရင်းရှိ စစ်တပ်သုံးမှော်စက်များသည် လမ်ပူရီတိုင်းပြည်ထပ် နဂိုကတည်းကပင် အဆင့်နိမ့် နေရာ ယခုတွင် တစ်ခုပြီးတစ်ခု ပျက်စီးနေသေးသည်။ အကယ်၍ ဆက်ဖြစ်နေလျှင် လမ်ပူရီတိုင်းပြည်မှ တိုက်စရာမလိုပဲ သူတို့ခံနိုင်တော့မည်မဟုတ်ပါ။

ထိုသို့စဉ်းစားလိုက်လျှင် သူသည် မတတ်နိုင်ပဲ မားလိုအင်ပါယာ၏ ထောက်ပံ့ပို့ဆောင်ရေးဌာန အား ကျိန်ဆဲမိသည်။

တော်ဝင်မိသားစုလက်အောက်ရှိ တပ်ရင်းငါးခုထပ် ထောက်ပံ့ပို့ဆောင်ရေးဌာနသည် တပ်ရင်းများကို ချွတ်ယွင်းချက်ရှိသော မှော်စက်လက်နက်များစီစဉ်ပေးခြင်းရှိကာ ထောက်ပံ့ရေးပစ္စည်းများကို အလွဲသုံးစား ပြုလုပ်နေသည်က ရှိသေးသည်။

လက်အောက်ကသူများ အားပေးနေသည့် စစ်တပ်သုံးမှော်စက်များသည် ပထမ၌ အရေအတွက် မလုံလောက်သည် သာမကပဲ အရည်အသွေးကပါ ချွတ်ယွင်းချက် ရှိနေသေးသည်။

သို့သော် သူသည် ထောက်ပံ့ပို့ဆောင်ရေးဌာနကိုပင် အပြစ်တင်၍ မရကြောင်း သူသိပါသည်။

***

Volume 8 အခန်း ၁၁၂ ။ ဒိုင်းကာနှင့် လှံရှည်

ဥပမာအားဖြင့် မှော်အမြှောက်နှစ်ခုသည် အင်ပါယာ၏ ဒုတိယမှော် အမြောက်စက်ရုံမှ ထုတ်လုပ်ရာတွင် ပြဿနာရှိခြင်း ဖြစ်သည်။ ၎င်းသည် တော်ဝင်အစောင့်များကိုထောက်ပံ့ပေးသည့် အရာနှင့် ကွာခြားချက် မရှိပေ။

သို့သော် စစ်တပ်ဌာနချုပ်၏ စက်ရုံမှ ထွက်သော စစ်တပ်သုံးမှော်စက်များသည် တည်ငြိမ်သည့် အရည်အသွေး မရှိပေ။ အရည်အသွေးက Frestechကုန်သည်များအသင်း၏ မှော်အမြှောက်များထက်ညံ့ကာ ၄င်းတို့၌ ရံဖန်ရံခါ ပြဿနာများရှိသည်။ ထို့ကြောင့် စစ်တပ်ထဲမှလူများသည် ၎င်းကို နေသားကျ နေပြီဖြစ်သည်။

ရှင်းလင်းနေသောကွဲပြားနေသည့်အချက် လမ်ပူရီတိုင်းပြည်သည် စစ်တပ်သုံးမှော်စက်များကို ကိုယ်တိုင် ထုတ်လုပ်ခြင်းဖြစ်သည်။

ဗိုလ်ချုပ် ဒရန်ဒယ်၏ တပ်ရင်းသည် လမ်ပူရီတိုင်းပြည်၏ စစ်တပ်နှင့် ယခင်က တိုက်ခိုက်ခဲ့ဖူးကာ လမ်ပူရီတိုင်းပြည်၏ သေးငယ်သော ကင်းထောက်အဖွဲ့ကို အမြစ်ဖျက်ချေမှုန်းခဲ့ပြီး သူတို့၏ စစ်တပ်သုံးမှော်စက်များကို သိမ်းပိုက်ရရှိခဲ့ဖူးသည်။

သာမန်မှော်ရိုင်ဖယ်များကို နှိုင်းယှဉ်လျှင်ပင် ဗိုလ်ချုပ်ဒရန်ဒယ်၏ တပ်ရင်းမှ တပ်ဆင်ထားသော မှော်ရိုင်ဖယ် များသည် ၁၈ခေါက်သာ ပစ်နိုင်သည်။ သို့သော် လမ်ပူရီတိုင်းပြည်၏ ရိုင်ဖယ်များမှာမူ ၂၄ ကြိမ်ထိ ပစ်နိုင်သည်။ ကျည်ကပ်များကို လဲလျှင်ပင် ပစ်ခတ်နိုင်သည့်အရေအတွက်မှာ များစွာ ကွာခြားနေပြီဖြစ်ပြီး ကျည်များ၏စွမ်းအားကလည်း ကွာခြားချက်ရှိသေးသည်။

သူတို့သည် လမ်ပူရီတိုင်းပြည်၏ ကင်းထောက်အဖွဲ့ ၁၂ ဖွဲ့ခန့်ကို ဖျက်စီးခဲ့စဉ်က ဗိုလ်ချုပ် ဒရန်ဒယ်က အသက် ၈ချောင်း ပေးခဲ့ရသည်။ ထိုအခြေအနေက စစ်သားအင်အား ငါးဆများပြားနေသော အခြေအနေတွင် ဖြစ်သည်။

ထိုမှ လွဲ၍ သူတို့ကို ဂရုတစိုက်နှင့် ကြည့်ပြီး ထိကိုင်ကြည့်လျှင် လမ်ပူရီတိုင်းပြည်၏ ရိုင်ဖယ်များသည် မားလိုအင်ပါယာ၏ ရိုင်ဖယ်များထပ် မော်ဒန်သစ်ဖြစ်ကြောင်း ရှင်းလင်းစွာ ရှာတွေ့လိမ့်မည်။

ဗိုလ်ချုပ်ဒရန်ဒယ်အား ပို၍ အံ့ဩစေသောအချက်မှာ လမ်ပူရီတိုင်းပြည်၏ ရိုင်ဖယ်များသည် သိသာစွာ အထူးစတီးသတ္တုစပ်များဖြင့် ပြုလုပ်ထားပြီး အပူချိန်ကို ခံနိုင်ရည်ရှိကာ တစ်မိနစ်အတွင်း ဆက်တိုက်ပစ်နိုင်ပြီး ဆက်၍လည်းပစ်နိုင်သေးသည်။

အကယ်၍မားလိုအင်ပါယာ၏ မှော်ရိုင်ဖယ်သည် ထိုကဲ့သို့ ပြင်းအားနှင့်ဆိုလျှင် သေနတ်ပြောင်းသည် အနည်းငယ် ရုပ်ပျက်လာသည်ကို အချက်ပြလာမည်ဖြစ်ပြီး တိကျမှုကို သက်ရောက်ကာ ရိုင်ဖယ်ကိုပင် ဖျက်စီးနိုင်သည်။

တိကျမှုနှင့် ပက်သက်လျှင် ဗိုလ်ချုပ် ဒရန်ဒယ်သည် စမ်းသပ်မှုလုပ်ပြီး ဖြစ်သည်။ သူသည် လမ်ပူရီ တိုင်းပြည်၏ ရိုင်ဖယ်နှင့် သူ၏တပ်ရင်းမှ ရိုင်ဖယ်နှင့် ပစ်မှတ် အကွာအဝေးအတူတူထားကာ အသုံးပြု ကြည့်ခဲ့သည်။

နောက်ဆုံးရလဒ်မှာ လမ်ပူရီတိုင်းပြည်၏ မှော်ရိုင်ဖယ်သည် မားလိုအင်ပါယာ၏ ရိုင်ဖယ်ထပ် ၂၀ရာခိုင်နှုန်း ပို၍ တိကျသည်။

ထိုကဲသို့ တစ်ကိုယ်သုံးစစ်တပ်သုံးမှော်စက်များနှင့် ပက်သက်လျှင် ၎င်းသည် အလွန်ကြီးမားသော ကွာခြားချက်ဖြစ်နေပြီးဖြစ်သည်။

အတည်ပြုပြီးနောက်တွင် ဗိုလ်ချုပ်ဒရန်ဒယ်၏ နှလုံးသည် စိတ်ပျက်မှုကို ခံစားလိုက်ရသည်။

လမ်ပူရီတိုင်းပြည်၏ မှော်စက်မှုလုပ်ငန်းသည် မည်သည့်အချိန်တွင် ထိုကဲသို့ ခေတ်မီလာရပါသနည်း? မားလိုအင်ပါယာထပ် တကယ်ပင် ပိုမို၍ ကောင်းမွန်နေပါသလား?

ရှေ့ပြေးတပ်ရင်းတစ်ခု၏ ကော်မန်ဒါအနေဖြင့် ထိုအခြေအနေအတွက် ဗိုလ်ချုပ်ဒရန်ဒယ်၏ ခံစားချက် သည် အခြားသူများထပ် ပို၍ နက်ရှိုင်းသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

လမ်ပူရီတိုင်းပြည်၏စစ်တပ်နှင့်ရင်ဆိုင်ရလျှင် အကယ်၍ စစ်သားများ ပိုရှိခြင်းသည် ကိစ္စ မဟုတ်တော့ပါ။

နှစ်ဖက်၏ စစ်တပ်သုံးမှော်စက်များ သိသာစွာကွာခြားနေခြင်းက ၎င်းတို့ အပြန်အလှန် ပစ်ခတ် ကြသည်နှင့် ဗိုလ်ချုပ်ဒရန်ဒယ်သည် သူတို့ဖက်မှ ရှုံးမည်ဟု အမြဲပင်ခံစားနေရသည်။

ထို့ကြောင့် လမ်ပူရီတိုင်းပြည်၏ စစ်တပ်များ တောင်ခြေတွင် ခြေကုပ်ယူထားစဉ်က သူသည် စိတ်လှုပ်ရှားနေခဲ့သည်။ သူတို့၏ အင်အားနှင့် သူတို့၏အနေအထားမှ တိုက်ခိုက်သည်က အနိုင်ရနိုင်ချေ ရှိသည်။ သူတို့၏အခြေအနေကို အောက်ကျသည်ထိ ဆွဲထားမည့်အစား ထိုချဉ်းကပ်မှုက သိသာစွာ အလုံခြုံဆုံးဖြစ်သည်။

ထို့ကဲ့သို့ တွေးလိုက်လျှင် ဗိုလ်ချုပ် ဒရန်ဒယ်သည် မျက်မှောင်ကုပ်လိုက်သည်။ သူသည် ထိုတိုက်ပွဲ အစီရင်ခံစာကို သူ့အစောင့်ဆီ ပစ်ထုတ်လိုက်ပြီး သူ၏နောက်၌ရှိသော စစ်တန်းလျားဆီသို့ လျောက်သွားသည်။

“ဗိုလ်ချုပ် တစ်ခုခုဖြစ်လို့လား?” စစ်တန်းလျားရှိ များစွာသော အရာရှိများသည် ဗိုလ်ချုပ်ဒရန်ဒယ် ရုတ်တရက် လျောက်လာသည်ကို မြင်လိုက်လျှင် သူတို့သည် အံ့အားသင့်သွားသည်။

“အထက်က ညွှန်ကြားချက်ရှိလား?” ဗိုလ်ချုပ် ဒရန်ဒယ်က လေးနက်သောအသံနှင့် မေးလိုက်သည်။

အရာရှိများက တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ခေါင်းခါလိုက်ကြသည်။

ဗိုလ်ချုပ်ဒရန်ဒယ်သည် ပို၍ မျက်မှောင်ကုပ်လိုက်သည်။ သူသည် စားပွဲပေါ်မှ မှော်ဆက်သွယ်ရေးစက် ကို ဆွဲယူလိုက်ပြီး စစ်တပ်ဌာနချုပ်သို့ တိုက်ရိုက်ခေါ်ဆိုလိုက်သည်။

စကားအနည်းငယ်ခန့်ပြောပြီးနောက် ဗိုလ်ချုပ် ဒရန်ဒယ်သည်စိတ်ဆိုးစွာနှင့် စားပွဲကိုရိုက်ကာ ခေါ်ဆိုမှု ကို ဖြတ်လိုက်သည်။

သူ၏နောက်မှ အရာရှိများသည် ထိတ်လန့်သွားကြပြီး သူ့ကို တုန်လှုပ်စွာကြည့်နေကြသည်။

ဗိုလ်ချုပ်ဒရန်ဒယ်၏ မျက်လုံး၌ နက်မှောင်သည့်အကြည့်များရှိနေပြီး စစ်တန်းလျားထဲ၌ ခေါက်တုံ့ ခေါက်ပြန် လျောက်နေသည်။

သူ၏ယခု တောင်းဆိုမှုသည် သူသည် သူနေရာအားစောင့်ကြပ်ကာကွယ်ရန် ထောက်ပံ့ရေးပစ္စည်းများ ပိုလိုချင်ကြောင်း ပြောခဲ့သော်လည်း စစ်ဌာနချုပ်မှ သူ၏နေရာမှာ ရောက်ရှိရန်ခက်ခဲကြောင်း အကြောင်းပြပြီး လမ်ပူရီတိုင်းပြည်ကလည်း လှုပ်ရှားမှုပြုလုပ်မည်မဟုတ်ကြောင်းနှင့် အခြားဆင်ခြေ အမျိုးမျိုးသုံးကာ သူ့အားငြင်းပယ်ခဲ့သည်။

“သေစမ်း အဲ့ဒီကောင်တွေက အဲ့လိုစကားလှလှလေးတွေပဲပြောပြီး ငါကိုကျ ရှေ့တန်းကို ဦးဆောင် ထွက်ခိုင်းတယ် ဒါမဲ့ အခုက ကိစ္စသေးသေးလေးကအစ အကုန်ငြင်းနေတယ်” ဗိုလ်ချုပ်ဒရန်ဒယ်က ကျိန်ဆဲသည်။ စဉ်းစားကြည့်ပြီးနောက် သူသည် မှော်ဆက်သွယ်ရေးစက်ကို ယူကာ ထောက်ပို့ဌာနနှင့် ထပ်မံ ညှိနှိုင်းကြည့်ရန် စီစဉ်လိုက်သည်။ သို့သော်လည်း ခလုတ်နှိပ်ပြီးသည့်နောက် မှော်ဆက်သွယ်ရေးစက်က တုံ့ပြန်မှုမပြုတော့ပေ။

ဗိုလ်ချုပ်ဒရန်ဒယ်သည် အံ့ဩစွာ ငုံကြည့်လိုက်သည်။ သူသည် ၎င်း၌ ပြဿနာမရှိကြောင်းနှင့် မှော်ဆက်သွယ်ရေးစက်တွင် အလင်းရှိနေသေးကာ ခေါ်ဆိုသည့် အသံက ထွက်နေသေးသည်။ သို့သော် ဆက်သွယ်၍တော့ မရပေ။

“ဘာဖြစ်တာလဲ? ဒါပျက်သွားတာလား?” ဗိုလ်ချုပ်ဒရန်ဒယ်က မှော်ဆက်သွယ်ရေးစက်ကို သုန်မှုန်စွာ ကြည့်နေသည်။

အရာရှိများက လာကြည့်ကြသော်လည်း သူတို့သည်လည်း ဘာဖြစ်မှန်းမသိကြသဖြင့် ကိရိယာများ ပြုပြင်ထိန်းသိမ်းမှု၌ တာဝန်ရှိသူကိုသာခေါ်လိုက်ကြတော့သည်။

ဗိုလ်ချုပ်ဒရန်ဒယ်သည် ခေတ္တစောင့်နေကာ အလုပ်မဖြစ်သည်ကို တွေ့လိုက်သည်။ သူသည် သူ၏ ကိုယ်ပိုင် မှော်ဆက်သွယ်ရေးစက်ကို ထုတ်ကာ ထောက်ပို့ဌာနမှ အသိအကျွမ်းတစ်ယောက်အား တိုက်ရိုက်ဆက်သွယ်ကြည့်ရန် စီစဉ်လိုက်သည်။

သို့သော်လည်း သူကခေါ်ဆိုလိုက်သောအခါ ယခင်ကဲ့သို့ အချက်ပြတုံ့ပြန်မှုမရှိနေကြောင်း သိလိုက် ရသည်။

“ဘာတွေဖြစ်နေတာလဲ?” ဗိုလ်ချုပ်ဒရန်ဒယ်သည် စိတ်ရှုပ်သွားသည်။

သူသည် စခန်း၏ နည်းပညာဝန်ထမ်းက ပြေးလာသည်ကို ကြည့်ကာ သူသည် မေးရန် စီစဉ်နေသော်လည်း စခန်းထဲမှ စိတ်လှုပ်ရှားနေကြသည့် မျက်နှာများဖြင့် ပြေးလာနေကြသော လူအုပ်ကို တွေ့လိုက်ရသည်။

သူတို့အားမေးပြီးနောက် သူသည် ထိုသူများက မှော်ဆက်သွယ်ရေးစက်ကို သုံးနေသောသူ သို့မဟုတ် သုံးရန်စီစဉ်နေသောသူများဖြစ်ကြကာ သူတို့အားလုံးဆက်သွယ်၍မရကြောင်း ပြောကြသည်။

ဗိုလ်ချုပ်ဒရန်ဒယ်၏ မျက်နှာက မကောင်းတော့ပေ။

ထိုထူးဆန်းသည့်အခြေအနေက သူ့နှလုံးသားကို ဆိုးရွားသည့် ကြိုမြင်သည့်အာရုံကိုရစေသည်။

ထိုအခြေအနေတွင် များစွာသော ဟိန်းသံများ အဝေးမှ ထွက်ပေါ်လာသည်။

ဗိုလ်ချုပ်ဒရန်ဒယ်၏ အမူအရာနှင့် ဘေးမှ စစ်သားများ၏ အမူအရာများသည် ပြောင်းလဲသွားပြီး လူစုကွဲကုန်ကြကာ ပုန်းခိုရန်နေရာရှာနေကြသည်။

“ဟုန်း……ဟုန်း…….ဟုန်း….ဟုန်း……….”

ပေါက်ကွဲသံသည် စခန်းကို ဖရိုဖရဲအခြေအနေသို့ ရောက်သွားစေသည်။

သူ၏အစောင့်တစ်ဦးက သူနှင့် လိုက်ပုန်းသည်ကိုမြင်လျှင် ဗိုလ်ချုပ် ဒရန်ဒယ်သည် သူ၏ဖင်ကို ကန်လိုက်ပြီး ဒေါသထွက်စွာ ဟောက်လိုက်သည်။ “ဘာလို့လာပုန်းနေတာလဲ? ဘာလို့ အတားအဆီးဖွင့်ဖို့ အမိန့်သွားမပေးတာလဲ?”

ထိုအစောင့်က အမြန်တုံ့ပြန်လိုက်သည်။ သို့သော် သူသည် အပြင်သို့မထွက်နိုင်မှီ စခန်းမှ အပြာရောင် အလင်းထွက်လာကာ စက်ဝိုင်းခြမ်းပုံဖွဲစည်းလိုက်ပြီး သူတို့၏နေရာကို ကာကွယ်ထားသည်။

ထိုအမြောက်ဆံများက အပြာရောင်အတားအဆီးကို ရိုက်ရာ လှိုင်းဂယက်အနည်းငယ်သာထပြီး သူတို့၏နေရာအား အရင်လို မကျနိုင်တော့ပေ။

ဗိုလ်ချုပ် ဒရန်ဒယ်သည်စိတ်ချကာ သက်ပြင်းချလိုက်ပြီး သူ့အကာမှထ၍ မတ်တပ်ရပ်လိုက်သည်။

သူသည် ထိုနေရာအား စောင့်ကြပ်ရန် အမိန့်ကျပြီးစဉ်က ဗိုလ်ချုပ် ဒရန်ဒယ် ၏ ပထမဆုံးတောင်းဆိုမှု သည် ထို ကျောက်တုံးမှော်အတားအဆီးစနစ် အသစ်အပြည်စုံကိုပင် ဖြစ်သည်။

၎င်းသည် အဆင့်အမြင့်ဆုံး နတ်ဘုရားအကာအကွယ် နှင့်ယှဉ်လျှင် လိုအပ်နေသေးသော်လည်း မားလိုအင်ပါယာက ကိုယ်တိုင်ထုတ်လုပ်ခဲ့သည့် ဤကျောက်တုံးမှော်အတားအဆီးစနစ်သည် စစ်တပ်သုံးမှော်စက် အများစုကို ကာကွယ်နိုင်သည်။

လမ်ပူရီတိုင်းပြည်စစ်တပ်၏ ပစ်ခတ်ရေးစွမ်းအားသည် မားလိုအင်ပါယာထပ် ပိုကောင်းသော်လည်း သူတို့၌ မှော်သလင်းကျောက် လုံလောက်စွာရှိလျှင် သူတို့၏ နေရာသည် လုံခြုံမည်ဖြစ်သည်။

ဗိုလ်ချုပ်ဒရန်ဒယ်သည် ထိုမှော်အတားအဆီးစနစ်အား သူ၏မြင့်မားသော သိပ်သည်းဆရှိသည့် မှော်သလင်းကျောက် များနှင့်ထောက်ပံ့ကာ ဆယ်နာရီခန့် ထိမ်းသိမ်းနိုင်သည်။ သူသည် လမ်ပူရီတိုင်းပြည်၏ တိုက်ခိုက်မှုကို ဆယ်နာရီတိုင်ခံနိုင်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

သို့သော် အကယ်၍ လမ်ပူရီတိုင်းပြည်၏ လက်နက်များသည် မားလိုအင်ပါယာထပ် ပိုကောင်းသည် ဆိုလျှင်ပင် ထိုမြင့်မားသည့် တိုက်ခိုက်မှုမျိုးကို ဆယ်နာရီတိုင် ထိန်းသိမ်းနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ဗိုလ်ချုပ်ဒရန်ဒယ်သည် အနည်းဆုံး ယခုအချိန်တွင် ဤနေရာ၌ ပြဿနာမရှိသင့်ကြောင်း ယုံကြည်ထားသည်။

ရေရှည်အတွက်မူ…စစ်ဌာနချုပ်မှ သူတို့အား ထောက်ပံ့ရေးပစ္စည်းကို အချိန်မှီပေးနိုင်ခြင်းအပေါ် မူတည်နေသည်။

“ကောင်းပြီ ဘာတွေကြောင်နေတာလဲ?အမြန် နေရာယူပြီး ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်တော့လေ” ဗိုလ်ချုပ်ဒရန်ဒယ်က စိတ်ဆိုးစွာ ဟောက်လိုက်ပြီး အမိန့်များစတင်ပေးတော့သည်။

သူတို့သည် ပြန်မတိုက်ပဲ တိုက်ခိုက်ခြင်းကို ခံနေရုံနှင့်မရပါ။ အကယ်၍ သူတို့ ပြန်မတိုက်လျှင် လမ်ပူရီတိုင်းပြည်၏ တိုက်ခိုက်မှုနှင့် အကယ်၍ မှော်အတားအဆီးရှိလျှင်ပင်မလုံခြံနိုင်ပါ။

သို့သော် ဗိုလ်ချုပ် ဒရန်ဒယ်သည် သူ၏လက်ထောက်နှင့် အရာရှိများကို အမိန့်များပေးကာ ပြန်တိုက်ခိုက်ရန် တာဝန်များနှင့် အစီအစဉ်များချနေစဉ်တွင်ပင် မှော်နေရာလပ်ကို စောင့်ကြည် နေရသော လက်အောက်ငယ်သားတစ်ယောက်က ထိတ်လန့်နေသော အကြည့်နှင့် ကြည့်နေသည်။

“ဗိုလ်……..ဗိုလ်ချုပ် ….အဲ ….အဲ့ဒီမှာ……..”

“ဘာလဲ မြန်မြန်ပြောစမ်းပါ” ဗိုလ်ချုပ်ဒရန်ဒယ်က သူ့ကိုစိုက်ကြည့်သည်။

“အဲ့ဒီမှာ ……..အလွန်အကျွံမြင့်မားတဲ့ စွမ်းအင်တုံ့ပြန်မှုတစ်ခုက…. အနောက်တောင်ဖက်ကနေ လာနေပါတယ်”

“အလွန်အကျွံမြင့်မားတဲ့ စွမ်းအင်တုံ့ပြန်မှု?” ဗိုလ်ချုပ်ဒရန်ဒယ်က ထိတ်လန့်သွားသည်။ “ဘယ်လောက်မြင့်လဲ?”

“ဖြစ်နိုင်တာ….ဖြစ်နိုင်တာ အတားအဆီးရဲ့ ကန့်သတ်ချက်ထပ် ကျော်လွန်နိုင်ပါတယ်..”

“အတားအဆီးရဲ့ ကန့်သတ်ချက်ထပ် ကျော်လွန်နိုင်မယ်လား? အဲ့တာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

“မှန်တယ် မင်းဘယ်လိုဟာသတွေ လုပ်နေတာလဲ”

“အဲ့လောက်ချဲ့ကားတာမျိုး ဘယ်မှာရှိနိုင်မှာလဲ မင်းရဲ့စောင့်ကြည့်ရေးစနစ်က မှားနေတာပဲဖြစ်မယ်….”

အရာရှိများသည် ထိုသူကို ဆူလိုက်ကြသည်။

ဗိုလ်ချုပ်ဒရန်ဒယ်က လက်ကိုယမ်းကာ မျက်မှောင်ကုပ်လျှက် “ဂရုစိုက်လေ့လာပြီးတော့မှ အတည်ပြု..”

လမ်းတစ်ဝက်ခန့်တွင် အလင်းတစ်ခုက ရုတ်တရက်ကျလာသည်။

“ဟုန်း”

ထိုအလင်းသည် ပေါက်ကွဲသွားကာ တပ်ရင်း၏ ဌာနချုပ်တစ်ခုလုံးအား ဝါးမြိုသွားခဲ့သည်။

……

မားလိုအင်ပါယာ၏တောင်ပေါ်စခန်း၏ သုံးကီလိုမီတာအကွာတွင် လမ်ပူရီတိုင်းပြည်၏ တတိယ တပ်ရင်းခေါင်းဆောင် မြို့စားလင့်ခ် သည် သူ၏လက်ထဲမှ အဝေးကြည့်မှန်ပြောင်းကို ချကာ ကျေနပ်စွာ ခေါင်းငြိမ့်နေသည်။

သူသည် မားလိုအင်ပါရာ၏ အသေအချာစီစဉ်ထားသော ခံတပ်ကိုကြည့်ကာ သူသည် အင်အားသုံး တိုက်ခိုက်မှုကို မသုံးရန် ဆုံးဖြတ်ခဲ့သည်။

ယခုကြည့်ရသည်မှာ မားလိုအင်ပါယာသည် ပြင်ဆင်ထားလေသည်။ သူတို့သည် တကယ်ပင် ကြီးမားသည့် မှော်အတားအဆီးစနစ်ကို ချသုံးလာခဲ့သည်။

အကယ်၍ သာမန်သာတိုက်ခိုက်နေလျှင် သူတို့သည် သိုလှောင်ထားသော မှော်အမြှောက်ဆံများ အားလုံး ပစ်လျှင်ပင် နိုင်ရန်မသေချာပဲ ကျဆုံးသူသည် များပြားနိုင်သည်။

သို့သော်ယခုမူ သူသည် လမ်ပူရီတိုင်းပြည်မှ ထုတ်သောအလယ်အလတ်မှ အဝေးထိရောက်နိုင်သော မှော်ဒုံးကျည် ၃ခုကိုသာ သုံးခဲ့ရာ ထိုမှော်အတားအဆီးစနစ်သည် ပျက်စီးသွားခဲ့ပြီး ရန်သူ၏ အနေအထားပေါ်လာသည်။

သူကအနည်းငယ်ထပ်ပစ်လိုက်လျှင် ထိုစခန်းအားရရှိရန် အလွယ်ကလေးပင်ဖြစ်သည်။

ထိုအကြောင်းကို စဉ်းစားလိုက်လျှင် မြို့စားလင့်ခ်သည် တက်ကြွသောအကြည့်ပေါ်လာသည်။ သူသည် ရှေ့သို့လှမ်းကာ သူ၏တပ်ရင်းကို မှော်ဆက်သွယ်ရေးစက်မှတဆင့် ကျယ်လောင်စွာ အမိန့်ပေး လိုက်သည်။

“အားကုန်သုံးပြီးပစ်ကြ ဒီနေ့ နေမဝင်ခင် ဒီတိုက်ပွဲ ပြီးချင်တယ်”

“ဟုန်း……ဟုန်း…..ဟုန်း……..ဟုန်း……”

မြို့စားလင့်ခ်၏ အမိန့်ကို တုံ့ပြန်သောအားဖြင့် ကျယ်လောင်သောဗုံးများသည် ရုတ်တရက် အစဉ်လိုက် ထွက်သွားကာ တောင်ကြားတစ်ခုလုံးကို ပစ်ခတ်နေတော့သည်။

***

Volume 8 အခန်း ၁၁၃ ။ အာကာသထဲမှာ ဒုံးကျည်ကြီး ပျံနေတာလား?

လမ်ပူရီတိုင်းပြည်နှင့် မားလိုအင်ပါယာ တို့ကြားရှိတိုက်ပွဲသည် လေးလကြာခဲ့ပြီး ရလဒ်က ထိတ်လန့်ဖွယ်ဖြစ်သည်။

လူအများစုက လမ်ပူရီတိုင်းပြည်၏ စွမ်းအားက နယ်မြေထဲတွင် ထိပ်တန်း ၃ခုအတွင်းဝင်သော်လည်း အင်ပါယာနှစ်ခုနှင့် ယှဉ်လျှင် လိုအပ်နေသေးသည်ဟု ထင်ခဲ့ကြသည်။

မားလိုအင်ပါယာသည် ကန်ဒရာအင်ပါယာကို နိုင်ခဲ့သဖြင့် သူတို့ထပ် အဆင့်နိမ့်သော လမ်ပူရီတိုင်းပြည် အား မည်သို့ အလဲမထိုးနိုင်ပဲနေလိမ့်မည်နည်း?

မည်သို့ပင်ဖြစ်ပါစေ အဓိကအချက်မှာ မားလိုအင်ပါယာသည် ထပ်ကာထပ်ကာအလဲထိုးခံနေခဲ့ရသည်။ လေးလခန့် ကြာပြီးနောက် သူတို့သည် ကန်ဒရာအင်ပါယာမှ သိမ်းပိုက်ခဲ့သော ပိုင်နက်များကို လမ်ပူရီတိုင်းပြည် လက်ထဲသို့ ထည့်ပေးခဲ့ရသည်။

အကယ်၍ မားလိုအင်ပါယာသည် ကြီးမားသော စစ်တပ်ကြီး ရှိခဲ့ကာ သူတို့၏အရေအတွက်ဖြင့် လမ်ပူရီတိုင်းပြည်၏ တိုက်ခိုက်မှုကို တားဆီးခဲ့ခြင်းကြောင့် မဟုတ်ခဲ့ပါလျှင် လမ်ပူရီတိုင်းပြည်သည် ပို၍ဝေးဝေးသွားရပေဦးမည်။

ဤတိုက်ပွဲတွင် လမ်ပူရီတိုင်းပြည်သည် မားလိုအင်ပါယာထပ်သာလွန်သော တိုက်ပွဲစွမ်းအားကို ပြခဲ့သည်။

အဓိကအချက်မှာ စစ်တပ်သုံးမှော်စက်များပင်ဖြစ်သည်။

လမ်ပူရီတိုင်းပြည်၏ စစ်တပ်သုံးမှော်စက်များသည် အရည်အသွေး၊ စွမ်းအား၊ တိကျမှု၊ ကျဆုံးနိုင်မှုနှုန်း၊ အခြားရှုထောင့်များ ပက်သက်လျှင် မားလိုအင်ပါယာ၏ စစ်တပ်သုံးမှော်စက်များထပ် သိသာစွာ ပို၍ ကောင်းမွန်သည်။

၎င်းနှင့် စစ်တပ်နှစ်ခုကတိုက်ခိုက်ကြသော် လမ်ပူရီတိုင်းပြည်၏ တိုက်ပွဲစွမ်းအင်သည် ပိုမိုကောင်းမွန်သည်။

အခြားထပ် လူများအားထိတ်လန့်စေသည့်အချက်မှာ လမ်ပူရီတိုင်းးပြည်သည် မားလိုအင်ပါယာ စောင့်ကြပ်ထားသော ကန်ဒရာအင်ပါယာ၏မြောက်ဖက်ပိုင်းကိုတိုက်သောအခါ သူတို့က အသစ်သော အဝေးပစ် မှော်ဒုံးကျည်ကို ပြသခဲ့သည်။

ထိုအသစ်သော စစ်တပ်သုံးမှော်စက်သည် ကီလိုမီတာရာကျော်မှပင် တိုက်ခိုက်နိုင်ပြီး အလွန်တိကျသည်။ ပြီးနောက် လူများက ထိုအရာကို ကာကွယ်နိုင်ခြင်း အလျှင်းမရှိပါ။

တိုက်ပွဲအစီရင်ခံစာအရ မားလိုအင်ပါယာ၏တပ်ရင်းသည် ကျောက်တုံးမှော်အတားအဆီးစနစ်ဖြင့် ကာကွယ်ခုခံခဲ့သော်လည်း သူတို့သည် ထိုအဝေးပစ်မှော်ဒုံးကျည်၏တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပေ။ မှော်ဒုံးကျည်သည် ကျောက်တုံးမှော်အတားအဆီးကို ထိုးဖောက်ကာ အတားအဆီး၏ဗဟိုကို ဖျက်စီး ခဲ့ကာ စနစ်တစ်ခုလုံးကို သေသွားစေခဲ့သည်။ ထို့နောက် ပေါ်လာသည့်စခန်းသည် လမ်ပူရီတိုင်းပြည်၏ ပြင်းထန်သော အမြောက်များနှင့် ကျဲခံလိုက်ရပြီး ကျရှုံးသွားရသည်။

အားလုံးကို ဘေးဖယ်လိုက်ကာ ထိုမှော်ဒုံးကျည်သည် ကီလိုမီတာ ရာကျော်မှ ပစ်ခတ်နိုင်ပြီး ထိုမျှလောက် တိကျခြင်းသည် လူတိုင်း၏ စိတ်၌နက်ရှိုင်းသော ကြောက်ရွံမှုကို ဖြစ်စေသည်။

ထိုအကြောင်းကိုစဉ်းစားလိုက်လျှင် အကယ်၍ အိမ်၌ထိုင်နေလျှင်ပင် မှော်ဒုံးကျည်က ရုတ်တရက် ပျံလာနိုင်ကာ ခုခံရန် သို့ ရှောင်လွဲရန် နည်းလမ်းမရှိပါ။ သေမည်ကိုသာ ထိုင်စောင့်နေရန် ရှိနေခြင်းသည် ကြောက်စရာကောင်းသောအရာ ဖြစ်သည်။

လမ်ပူရီတိုင်းပြည်သည် ချက်ချင်းပင် ၎င်းတို့က ထိုမှော်ဒုံးကျည်အားစမ်းသပ်နေသည်မှာ ကနဦး အောင်မြင်မှုသာ ရှိသေးကာ သူတို့၌များစွာသော မှော်ဒုံးကျည်များမရှိကြောင်းနှင့် အလွယ်တကူ မသုံးနိုင်ကြောင်း ကြေညာခဲ့သည်။ သို့သော် ထိုအကြောင်းကို မည်သူမှ မယုံခဲ့ကြပါ။

လမ်ပူရီတိုင်းပြည်က တိုက်ပွဲတွင် သုံးရဲကာ အကျိုးသက်ရောက်မှုကလည်း ကောင်းသောကြောင့် သူတို့၏စမ်းသပ်မှုက သေချာသော ဒီဂရီတစ်ခုရောက်နေပြီ ဖြစ်ကြောင်း ပြောနိုင်သည်။ သူတိုသည် မည်ကဲ့သို့ ကနဦးအောင်မြင်မှုပင် ရသေးသည်ဟု ပြောနိုင်ရပါသနည်း?

လူများက လမ်ပူရီတိုင်းပြည်၌ သိုလှောင်ထားသော မှော်ဒုံးကျည်များ များစွာမရှိ ဟူသည့်ကိစ္စကိုသာ ယုံကြသည်။

အကယ်၍ သူတို့၌ လုံလောက်စွာရှိလျှင် လမ်ပူရီတိုင်းပြည်သည် မားလိုအင်ပါယာ၏ စစ်တပ်ကို အဝေးပစ်မှော်ဒုံးကျည်များ ကျဲချလိုက်နိုင်သည်။ သူတို့ ရင်ဆိုင်တိုက်ခိုက်ရန် မည်သို့ လိုလိမ့်မည်နည်း?

အချို့ကလည်း မှော်ဒုံးကျည်က ဤမျှလောက် အားကောင်းသဖြင့် ကုန်ကျစရိတ်သည်လည်း များပြား လိမ့်မည်ဟု ယုံကြည်ကြသည်။

လမ်ပူရီတိုင်းပြည်၌ လုံလောက်သော အဝေးပစ်မှော်ဒုံးကျည်များရှိလျှင်ပင် သူတို့က သုံးစွဲရန် ဆန္ဒရှိမည် မဟုတ်ပါ။

သို့သော် မည်သို့ပင်ဖြစ်စေကာမူ ထိုတိုက်ပွဲမှ လမ်ပူရီတိုင်းပြည်သည် ၎င်းတို့၌ အဝေးပစ် မှော်ဒုံးကျည် များ ရှိကြောင်းကြေညာကာ အခြားနိုင်ငံများအား သတိထားရန် ပြုလုပ်လိုက်ခြင်းဖြစ်သည်။

လူအများစုသည် လမ်ပူရီတိုင်းပြည်နှင့် မားလိုအင်ပါယာအား လျို့ဝှက်စွာဖြင့် အဆင့်တစ်ခုတည်း၌ ထားကြသည်။

အင်အားကောင်းသော လမ်ပူရီတိုင်းပြည်သည် ပျက်စီးနေသော ကန်ဒရာအင်ပါယာကို အစားထိုး ရယူပြီးပြီဖြစ်ကာ စိုင်စ်နယ်မြေတွင် အခြားကြီးမားသည့် အင်ပါယာတစ်ခုဖြစ်လာသည်။

သို့သော် ထိုကောင်းမွန်သောရလဒ်က ကြာရှည်မခံပေ။

နှစ်လအကြာတွင် လမ်ပူရီတိုင်းပြည်နှင့် မားလိုအင်ပါယာတို့ ကန်ဒရာအင်ပါယာတို့ မြောက်ပိုင်းတွင် မတိုးသာမဆုတ်သာ အခြေအနေမျိုးနှင့် ဆက်ရှိနေချိန်တွင် မားလိုအင်ပါယာက သူတို့သည်လည်း အဝေးပစ်မှော်ဒုံးကျည်ကို ထုတ်လုပ်နိုင်ခဲ့ကြောင်း ကြေညာသည်။သူတို့၌လည်း အဝေးပစ် မှော်ဒုံးကျည် နည်းပညာရှိကြောင်း ပြောသည်။

လူတိုင်းက ထိုကိစ္စကြောင့် ကြောင်ကုန်ကြသည်။

အဝေးပစ် မျော်ဒုံးကျည်သည် ကြားရသည်မှာ အဆင့်မြင်သောနည်းပညာဖြစ်သည်။ ထို့ကြောင့် မားလိုအင်ပါယာက မည်ကဲ့သို့ နှစ်လအတွင်း ထုတ်လုပ်နိုင်ခဲ့သနည်း?

၄င်းသည် တော်တော်များသည်။

သို့သော် မားလိုအင်ပါယာသည် လမ်ပူရီတိုင်းပြည်နှင့်တိုက်ပွဲတစ်ခုတွင် လမ်ပူရီတိုင်းပြည်၏စခန်းအား အဝေးပစ်မှော်ဒုံးကျည် ၃ ခုဖြင့် ပစ်ခဲ့သည်။ သူတို့သည်လူတိုင်းကို သူတို့ လိမ်ညာနေခြင်းမဟုတ်မှန်း သက်သေပြလိုက်သည်။

တစ်လကြာသောအခါ နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံသည် အရှေ့တိုင်းမဟာမိတ်များနှင့် တိုက်ပွဲတွင် အဝေးပစ်မှော်ဒုံးကျည်ကို ပစ်ခတ်ခဲ့သည်။ သူတို့သည် ရန်သူတပ်၏ ဖွဲ့စည်းပုံထဲမှ မှော်အမြှောက်တပ်ဖွဲအား ဖျက်စီးခဲ့ကာ ကြီးမားသည့်အောင်ပွဲကို ရရှိခဲ့ကြောင်းနှင့် သူတို့သည်လည်း အဝေးပစ်မှော်ဒုံးကျည်များကို ထုတ်လုပ်ထားကြောင်း ကြေညာလိုက်သည်။

လူတိုင်းက ကြောင်နေကြသည်။

ထိုအဝေးပစ် မှော်ဒုံးကျည်သည် ထိုမျှလောက် ထုတ်လုပ်ရန် လွယ်ကူသော နည်းပညာဖြစ်ပါသလား?

အကယ်၍ ထိုကဲ့သို့သာဖြစ်ခဲ့လျှင် ဆိုလိုနေသည်မှာ စိုင်စ်နယ်မြေ၏ ကောင်းကင်ပေါ်၌ အဝေးပစ် မှော်ဒုံးကျည်များ ပျံဝဲနေတော့မည်ဟု ဆိုလိုနေခြင်းမဟုတ်ပါသလား?

Frestech မှော်စက်များအပတ်စဉ်၏စာစောင်အသစ်က လူတိုင်း၏မေးခွန်းကို အဖြေပေးခဲ့သည်။

Frestech မှော်စက်များအပတ်စဉ်၏ အထင်ကရဆောင်းပါး၌ အဝေးပစ်မှော်ဒုံးကျည်နည်းပညာသည် အာကာသသို့ ဂြိုလ်တု လွှတ်တင်သည့် မှော်ဒုံးပျံနည်းပညာကို အခြေခံထားကြောင်း ရှင်းပြထားသည်။

အကယ်၍ တစ်စုံတစ်ဦးက ကွဲပြားသည့်အမြင်နှင့်ကြည့်လျှင်အကယ်၍ အာကာသသို့ ဂြိုလ်တု လွှတ်တင်သည့် မှော်ဒုံးပျံနည်းပညာသည် ဂြိုလ်တုအစား ဗုံးကို သယ်ဆောင်သွားပါက သူတို့သည် အလွန်ဝေးသောနေရာသို့ သယ်ဆောင်သွားနိုင်မည်မဟုတ်ပါလား?

ထို့ကြောင့် အချို့သော သုတေသနများပြုလုပ်ရုံဖြင့် မည်သည့်နိုင်ငံကမဆို အဝေးပစ် မှော်ဒုံးကျည်များကို လွယ်ကူစွာ ထုတ်လွှတ်နေနိုင်ခြင်းဖြစ်သည်။

ထိုရှင်းပြချက်သည် အားလုံးကို နားလည်ရန် ကူညီပေးခဲ့သည်။

တကယ်ပင် Frestech မှော်စက်များ အပတ်စဉ် က ပြောသကဲ့သို့ အကယ်၍ နည်းပညာအရ ကြည့်ရလျှင် အဝေးပစ်မှော်ဒုံးကျည်နှင့် မှော်ဒုံးပျံနည်းပညာတို့ ကြား များစွာ ကွာခြားချက်မရှိပေ။

လူတို့သည် အာကာသထဲသို့ပင် ဂြိုလ်တုများလွှတ်တင်နိုင်သရွေ့ အဝေးပစ်မှော်ဒုံးကျည်မှာ ထိုမျှလောက် မထူးဆန်းတော့ပေ။

ခက်ခဲသောအပိုင်းမှာ ဒုံးကျည်အပိုင်းဖြစ်သည်။

အဝေးပစ် မှော်ဒုံးကျည်များသည် မှော်ဒုံးကျည်ဟုခေါ်ပြီး မှော်ဒုံးပျံဟု မခေါ်ပေ။ အကြောင်းကတော့ ထိုအရာသည် ကီလိုမီတာ ရာကျော်အဝေးမှ ပစ်မှတ်ကို လမ်းကြောင်းသွေဖယ်သွားခြင်းမရှိပဲ ထိမှန်အောင် ပစ်နိုင်သည်။

ထိုအချက်ကို Frestech မှော်စက်များအပတ်စဉ် မှ မရှင်းပြထားပေ။ သို့သော် သူတို့က တိကျသော လမ်းညွှန်မှု နည်းပညာကို ဖော်ပြထားသည်။ ၎င်းသည် မှော်အချက်ပြ စူးစမ်းရှာဖွေဖော်ထုတ်သည့် နည်းပညာနှင့် တူသည်။ ၄င်းသည် အာကာသထဲသို့ ဂြိုလ်တုများ လွှတ်တင်ပြီး ထိုဧရိယာကို စူးစမ်းသည့် အရာနှင့်ဆင်တူသည်။

သူတို့သည် စိုင်စ်နယ်မြေမှ နယ်မြေများအတွက် ရှင်းလင်းအောင် မရှင်းပြထားသော်လည်း လုံလောက်နေပြီဖြစ်သည်။

များစွာမကြာမီပင် လမ်ပူရီတိုင်းပြည် မားလိုအင်ပါယာ နှင့် နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံနှင့် အခြားမှော်စက်မှုလုပ်ငန်း၌ အခြေခံကောင်းသော နိုင်ငံများက သူတို့၌ မှော်ဒုံးကျည်ကို ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း ဆိုကြသည်။

လူအများစုက ထိုကိစ္စကို သံသယဝင်လာကြသည်။

Frestech မှော်စက်များ အပတ်စဉ်တွင် အဝေးပစ်မှော်ဒုံးကျည်နည်းပညာကို ရှင်းလင်းစွာရှင်းပြခဲ့ရာ ၎င်းသည် စိုင်စ်နယ်မြေမှ နိုင်ငံများအား အဝေးပစ်မှော်ဒုံးကျည်များအား ထုတ်လုပ်ရန် ခွင့်ပြုလိုက်သလို ပင်ဖြစ်သည်။

သို့သော် ၎င်းသည် လမ်ပူရီတိုင်းပြည်က ဦးစွာထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အခြားတိုင်းပြည် များထပ် လမ်ပူရီတိုင်းပြည်၌ အားသာချက်ကြီးမားစွာရှိသည်။

ယခုမူ Frestechကုန်သည်များအသင်းက ထိုသို့ပြုလုပ်လိုက်ခြင်းသည် လမ်ပူရီတိုင်းပြည်၏ အားသာချက်ကို အချည်းနှီးဖြစ်စေခဲ့ပါသလား?

Frestechကုန်သည်များအသင်းက အဘယ်ကြောင့်ထိုသို့ ပြုလုပ်ခဲ့ရပါသနည်း? သူတို့၌ အကျိုး တစ်စုံတစ်ခုရှိပါသလား?

…….

“ဒီငတုံးကောင်တွေကို အာရုံစိုက်စရာမလိုပါဘူး ဖရီယာ အားလုံးပြင်ဆင်ပြီးသားပဲမဟုတ်လား ကန်ဒရာဖယ်ဒရယ်ပြည်ထောင်စုရဲ့ ရွေးကောက်ပွဲက စတော့မယ် မင်းဖက်ကလူတွေ အဆင်သင့် ဖြစ်ပြီလား?” ဘုရင် ရေမွန်က ဖရီယာကို မှော်ရုပ်ပြမှတဆင့်မေးသည်။

“အကယ်၍ ငါ့အတွက်စိတ်ပူဖို့ အချိန်ရှိရင် မားလိုအင်ပါယာက သူတို့အခွင့်အရေးကိုသုံးပြီး ဂယက်တွေလုပ်မှာကို ရပ်ဖို့ ပိုစိတ်ပူသင့်တယ်”

ဖရီယာသည် ဘုရင်ရေမွန်အား မျက်လုံးလှည့်ကာ ကြည့်လိုက်သည်။ သူမသည် ယခင်က ထိုသူသည် ထိုကဲ့သို့သော လေသံနှင့် သူမကို မပြောနိုင်ကြောင်း တွေးနေခဲ့သည်။ သူ၏အကျင့်စရိုက်များက အချိန်တချို့ ဘုရင်ဖြစ်သွားသည်နှင့် ပြောင်းလဲသွားခြင်းလား?

ဤအခြေအနေသည် အဖေနှင့် အန်တီ ဆယ်ဗီနီတို့ အခြေအနေကဲ့သို့ သူတို့၏ အကျင့်စရိုက်သည် ပြောင်းလဲသွားသဖြင့် သာမန်အတိုင်း ဆက်ဆံ၍မရတော့ခြင်း ဖြစ်ပါသလား?

“မားလိုအင်ပါယာအတွက် စိတ်ပူဖို့မလိုပါဘူး” ရေမွန်က သူ၏မေးခွန်းသည် ဖရီယာအား ထိုကဲ့သို့ တွေးစေခဲ့မည်ကို ဘယ်တော့မှ မစဉ်းစားခဲ့မိပါ။ သူက ဂရုစိုက်သည့်အပြုံးနှင့် ပြောသည်။ “ငါမြောက်ပိုင်းမှာ စစ်တပ်တွေ စီစဉ်ထားပြီးပြီ။ သူတို့က မားလိုအင်ပါယာရဲ့တိုက်ခိုက်မှုကို တားဆီးပေးလိမ့်မယ်။ ပြီးတော့ အကယ်၍ မားလိုအင်ပါယာက တကယ်ပဲ တစ်ခုခုလုပ်ရဲရင် ငါတို့ မြောက်ပိုင်းက မဟာမိတ်တွေက သူတို့ကို အခွင့်အရေးပေးမှာ မဟုတ်ပါဘူး”

ဖရီယာသည် ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ ခေါင်းငြိမ့်လိုက်သည်။ “မားလိုအင်ပါယာက အဲ့လောက် မိုက်မဲမှာမဟုတ်ဘူး။ အကယ်၍ မမျှော်လင့်ထားတာတွေ မဖြစ်လာရင် ကန်ဒရာဖယ်ဒရယ် ပြည်ထောင်စုရဲ့ ရွေးကောက်ပွဲက ချောချောမွေ့မွေ့ ကျင်းပနိုင်လိမ့်မယ်”

ထိုသို့ပြောပြီးနောက် ဖရီယာက ရုတ်တရက်မေးသည်။ “ရေမွန် နင်နောင်တရလား?”

“နောင်တ?” ဘုရင်ရေမွန်က အံ့ဩသွားသည်။ “ဘာကိုနောင်တရ,ရမှာလဲ?”

“ငါနဲ့အလုပ်လုပ်ပြီး ကန်ဒရာဖယ်ဒရယ် ပြည်ထောင်စုကိုဖွဲ့စည်းပြီး မင်းတို့ရဲ့ လမ်ပူရီတိုင်းပြည်ကို ကန်ဒရာအင်ပါယာကို သိမ်းပိုက်ဖို့ ခွင့်မပြုတာကို နောင်တရလားလို့မေးတာ”

ဘုရင်ရေမွန်က မျက်မှောင်ကုပ်ကာ သူခေါင်းကို ခါလိုက်သည်။

“ငါနောင်တမရပါဘူး။ ငါက ငါတို့လမ်ပူရီတိုင်းပြည်က ကန်ဒရာအင်ပါယာကို သိမ်းပိုက်ဖို့ အင်အား မရှိသေးတာကို သိပါတယ်။ အကယ်၍ ငါတို့ လုပ်လိုက်ရင် ငါတို့ကိုယ်တိုင် ဂယက်ထဲဝင်သွားပြီး အခုလို အမြန်တိုးတက်လာနိုင်မှာ မဟုတ်ဘူး။ အမေကလည်း အင်ပါယာတစ်ခုရဲ့အခြေခံက စိတ်ရှည်မှုနဲ့ အချိန်အကြာကြီးယူဖို့ လိုတယ်လို့ ပြောတယ်။ ငါကငယ်သေးတယ်။ အလျှင်လိုနေဖို့ မလိုပါဘူး”

ဘုရင်ရေမွန်၏မျက်နှာပေါ်မှ ရိုးသားမှုကိုမြင်လျှင် ဖရီယာက ခေါင်းငြိမ့်ကာ ပြုံးလိုက်သည်။ “နင်က ငါ့အဖေနဲ့ စကားပြောတုန်းက ကိစ္စကို သွားသတိရစေတယ်”

“ဦးလေးရှုက ဘာပြောလို့လဲ?”

“ငါက သူ့ကို မေးကြည့်တာ ငါတို့ Frestech ကုန်သည်များအသင်းက အရမ်းအင်အားကြီးပြီး အင်ပါယာနှစ်ခုကတောင် ကြောက်ရတယ်။ ဘာလို့ ငါတို့ကိုယ်တိုင် အင်ပါယာတစ်ခု မဖြစ်လာရတာလဲလို့ မေးခဲ့တာ”

“ဦးလေးရှုက ဘယ်လိုတုံ့ပြန်လဲ?”

“သူပြောတာ….. သူရဲ့ဘဝက ကန့်သတ်ထားပြီး သူ့အချိန်တွေက အဖိုးတန်တယ်။ နိုင်ငံတစ်ခု တည်ထောင်ပြီး အင်ပါယာထူထောင်ရတာဟာ အချိန်အများကြီး နဲ့ အင်အားအများကြီး ယူရတာမလို့ သူက မဖြုန်းချင်ဘူးတဲ့။ ဒါကြောင့် သူအဲ့လိုမလုပ်ချင်ဘူးတဲ့”

ဘုရင်ရေမွန်က ခနကြာ တိတ်ဆိတ်သွားပြီး သက်ပြင်းချလိုက်သည်။ “ဦးလေးရှုရဲ့ အမြင်က ငါတို့ထပ် ကျော်လွန်တယ်။ ငါကသူနဲ့မယှဉ်နိုင်ဘူး”

“အဓိပ္ပာယ်မရှိတာ ဒီကမ္ဘာမှာ သူနဲ့ယှဉ်နိုင်တဲ့ ယောက်ျားတစ်ယောက်မှ မရှိဘူး” ဖရီယာက နှာခေါင်းရှုံ လိုက်ပြီးပြောသည်။ “အကယ်၍ သူ့စကားတွေကို ပြောင်းလဲကြည့်ရင် အဓိပ္ပာယ်တစ်ခု ရှိသေးတယ်”

“ဘာလဲ?”

“သူက အသက်ကြီးပြီမလို့ပဲ ငါနဲ့နင်ကတော့ ငယ်သေးတယ်လေ။ သူ့မှာအချိန်မရှိတော့ပေမဲ့ ငါနဲ့နင့်မှာက အချိန်ရှိသေးတယ်”

ရေမွန်၏မျက်လုံးများမြင့်တက်သွားသည်။ သူက စကားမပြောသော်လည် ခပ်ဖျော့ဖျော့အပြုံး တစ်ခုကိုတော့ ပြုံးလိုက်သည်။

***

Volume 8 အခန်း ၁၁၄ ။ကမ္ဘာသစ်ဆီသို့ တံခါးဖွင့်ခြင်း

“ဥက္ကဌ အာကာသယာဉ်က လေထုအပေါ်လွှာကို ဖြတ်သွားပါပြီ”

……

“ဥက္ကဌ အာကာသယာဉ်က လေထုကိုဖြတ်သွားပြီး အာကာသထဲဝင်သွားပါပြီ”

……

“ဥက္ကဌ အာကာသယာဉ်က ဂြိုလ်ပတ်လမ်းထဲဝင်ရောက်သွားပြီး ကမ္ဘာမြေရဲ့ဂြိုလ်ပတ်လမ်းထဲ အခုရှိနေပါတယ်

……

“ဥက္ကဌ အာကာသယာဉ်က အာကာသစခန်းမှာ ဆင်းသက်လိုက်ပါပြီ။ အာကာသယာဉ်မှူးသုံးယောက်က အာကာသစခန်းထဲ ဝင်သွားပါပြီ”

……

“ဥက္ကဌ အာကာသယာဉ် အကြွင်းအကျန်ကို အောင်မြင်စွာပြန်ရခဲ့ပြီး မြေပေါ်ကစခန်းကနေ အဆက်အသွယ်ရပါပြီ”

သူ၏လက်အောက်ငယ်သားများ၏တင်ပြချက်ကို ကြားကာ ရှုယီက ခေါင်းငြိမ့်လိုက်သည်။ သူသည် အာကာသမှရရှိသည့် အချက်ပြကိုရယူရန် အထူးပြုလုပ်ထားသည့် မှော်ဆက်သွယ်ရေးစက်ကို ယူလိုက်သည်။ “ဟေး ငါရှုယီပါ”

“ဥက္ကဌ ဒါက မြေပြင်ပေါ်က ထိန်းချုပ်စခန်းကပါ။ ကျွန်တော်တို့ အာကာသစခန်းက အာကာသယာဉ်မှူး သုံးယောက်နဲ့ အဆက်အသွယ်ရပြီးပါပြီ။ သူတို့ရဲ့ ပြောကြားချက်အရ သူတို့ သုံးယောက်ဟာ အာကာသဝတ်စုံ တွေကို ချွတ်ပြီး ၂၄ နာရီနေနိုင်ခဲ့ပါတယ်။ ယာယီအနေနဲ့တော့ ဘာမူမမှန်တာမှ မရှိသေးပါဘူးတဲ့”

“အရမ်းကောင်းတယ် တခြားသတ္တဝါတွေကို စမ်းသပ်ချက်ကကော?”

“တင်ပြချက်တွေအရ ထွက်ပြေးဖို့ ကြိုးစားရင်း ခြေထောက်မှာ ဒဏ်ရာရနေတဲ့ အနက်ရောင် ယုန်တစ်ကောင်ကလွဲလို့ ကျန်တာအဆင်ပြေပါတယ်”

“ခြေထောက်မှာ ဒဏ်ရာရနေတဲ့ ယုန်ကကော ထူးခြားတာရှိလား?”

“လောလောဆယ်တော့ မရှိသေးပါဘူး”

“အရမ်းကောင်းတယ် သူတို့ကို ဆက်လက်စောင့်ကြည့်လေ့လာနေပြီး အချိန်မရွေးသတင်းပို့ပါ အကယ်၍ ပုံမမှန်တာ တစခုခုဖြစ်ခဲ့ရင် နဂါးမျိုးနွယ်ကို ဆက်သွယ်ပြီး အထောက်အပံ့ယူပါ အကယ်၍ ရင်မဆိုင်နိုင်တာ တစ်ခုခုဆိုရင် သူတို့ကိုအကူအညီတောင်းနိုင်တယ်”

“ဟုတ်ကဲ့ပါ”

မြေပြင်မှ စခန်းနှင့် ဆက်သွယ်မှုပြီးဆုံးသွားပြီး ရှုယီက ကောင်းကင်ပေါ်ကြည့်လိုက်ကာ လူစီယန်ကို မေးလိုက်သည်။ “အားလုံးပြင်ဆင်ပြီးပြီလား?”

သူသည် ရှုယီနှင့် အကြိမ်များစွာတွေ့ခဲ့ပြီး အချိန်တစ်ချို့၌ အတူအလုပ်လုပ်ခဲ့သော်လည်း ရှုယီနှင့် နှစ်ယောက်ထဲအတူရှိလျှင် လူစီယန်က မနေနိုင်ပဲ စိတ်လှုပ်ရှားနေမိသည်။

ထိုမေးခွန်းကိုကြားပြီးနောက် လူစီယန်သည်ကြောက်ရွံ့မှုနှင့် ခေါင်းငြိမ့်လိုက်ကာ ရှုယီက မမြင်လိုက်ပေ။

ရှုယီက ပြုံးလိုက်သည်။ သူသည် ဘာမှမလုပ်ပဲ လူစီယန်ကိုကြည့်လိုက်ပြီးမှ ပို့ဆောင်ရေးအစီအရင်ကို အသက်သွင်းလိုက်သည်။

ခနကြာပြီးနောက် သူတို့ရှေ့မှ အရာအားလုံးသည် မြင့်တက်သွားပြီး အသူရာနတ်ဆိုးမျိုးနွယ်က အဲလစ်တွင် ချန်ထားခဲ့သော စခန်းတွင် ပေါ်လာကြသည်။

ရှုယီက ဤနေရာကိုလာသည့် ပထမတစ်ခေါက်နှင့် ယှဉ်လျှင် စခန်းက ကြီးမားစွာ ပြောင်းလဲသွားပြီ ဖြစ်သည်။

အခြားကိရိယာများနှင့်စာလျှင် Frestech ကုန်သည်များအသင်းသည် Frestechကုန်သည်များအသင်းမှ အဖွဲ့ဝင်များ နေထိုင်ရန် နေရာထိုင်ခင်းတစ်ချို့ကို ဆောက်လုပ်ခဲ့သည်။

အာကာလီအပါအဝင် သုတေသီများသည် လစခန်း၌ နေထိုင်နေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်သည်။ သူတို့၌ တစ်လတွင် နှစ်ရက်သာအားလပ်ရက်ရှိပြီး စိုင်စ်နယ်မြေသို့ ပြန်နိုင်သည်။ ကျန်နေသော အချိန်များတွင် အဲလစ်ပေါ်ရှိ ပို့ဆောင်ရေးအစီအရင်ကိုသာ လေ့လာရာ၌ အာရုံစိုက်ထားရသည်။

ကိုးလအကြာတွင် ပို့ဆောင်ရေးအစီအရင်မှတဆင့် ရှုယီပို့လိုက်သော မှော်အချက်ပြပစ္စည်းမှတဆင့် အချက်ပြက ပြန်လာခဲ့သည်။

ဆိုလိုသည်မှာ ပို့ဆောင်ရေးသည် အောင်မြင်သွားသာ အချက်ပြပင်ပြန်လာနိုင်ပြီးနောက် ထိုနေရာက ဝေးသောနေရာတွင် မရှိကြောင်း ဆိုလိုနေသည်။

အကြောင်းမှာ Frestech ကုန်သည်များအသင်း၏ သုတေသန အရ သူတို့သည် မှော်အချက်ပြ၏ ပို့ဆောင်မှုနှုန်းကို တိကျစွာမဆုံးဖြတ်နိုင်ခြင်းသည်အလင်း၏အလျှင်ကိုမကျော်လွန်နိုင်ကြောင်း သိသာနေသည်။

ကိုးလအကြာတွင် မှော်အချက်ပြ ပြန်ရခြင်းသည် ဆိုလိုနေသည်မှာ မှော်အချက်ပြက လ၏ အလင်းနှစ်ကို မကျော်လွန်သွားခြင်း ဖြစ်သည်။ အာကာလီ၏ သု‌တေသနအဖွဲ့သည် သုတေသန များစွာ ပြုလုပ်ပြီး‌နောက် သူတို့သည် ပို့‌ဆောင်ရေးအစီအရင်၏ ပုံစံတုစမ်းသပ်ချက်ကို ခြောက်လအကြာက အောင်မြင်ခဲ့သည်။

ထိုအသွင်တူ ပို့ဆောင်ရေးအစီအရင်သည် အသူရာနတ်ဆိုးမျိုးနွယ်၏ အကြွင်းအကျန်များမှ အခြေခံ ယူထားခြင်းဖြစ်သည်။ ၎င်းသည် Frestechကုန်သည်များအသင်းမှ ပြုလုပ်သော အသွင်တူ ပို့ဆောင်ရေးအစီအရင် ဖြစ်သည်။

အသူရာနတ်ဆိုးမျိုးနွယ်မှ ချန်ရစ်ခဲ့သော ပို့ဆောင်ရေးအစီအရင်နှင့် ယှဉ်လျှင် အာကာလီ၏အဖွဲ့မှ တီထွင်ထားသောတစ်ခုက ကွာခြားသည်။ ၎င်းသည် စိုင်စ်နယ်မြေ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်း မှစ၍ ပြုလုပ်ခဲ့သော နေရာလပ်မှော်သုတေသနကိုအသုံးပြုကာ ရှုယီ၌ရှိသော အချို့အကြံများဖြင့် သွားထားသောကြောင့် ထိုပို့ဆောင်ရေးအစီအရင်သည် ပို၍ လုံခြုံကာ ပို၍ ထိန်းချုပ်ရန် လွယ်ကူသည်။

ပထမစမ်းသပ်ချက်က အောင်မြင်သည်။ ကောင်းကင်ကျွန်းမှ အနက်ရောင်ယုန် နှစ်ကောင်ကို Frestech ကုန်သည်များအသင်း၏ ဌာနချုပ်သို့ ပို့ကြည့်သည်။

ဒုတိယစမ်းသပ်ချက်မှာ နယ်မြေနှစ်ခုကြား ကျော်ဖြတ်ကြည့်ခြင်း ဖြစ်သည်။ အကြီးအကဲလီဆန်ရာ အား မှော်တိမ်တိုက်နယ်မြေမှ စိုင်စ်နယ်မြေသို့ ပို့ဆောင်ကြည့်ခြင်းဖြစ်သည်။

လွန်ခဲ့သောလေးလက စတုတ္ထမြောက် စမ်းသပ်မှုသည် စိုင်စ်နယ်မြေမှ အဲလစ်ပေါ်သို့ လူတစ်ဦးကို ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ရှုယီ၏တောင်းဆိုချက်အရ ကက်ဆန်ဒရာသည် ပြည်နယ်တစ်ခုထဲရှိ နဂါးမျိုးနွယ်စု နှစ်ခုကို ဦးဆောင်ကာ တဲဒစ်သို့သွား၍ အခြားပို့ဆောင်ရေး အစီအရင်တစ်ခုကို တည်ဆောက်ကာ စိုင်စ်ဂြိုလ်နှင့် လနှစ်ခုတို့ကို ပို့ဆောင်ရေးအစီအရင်များနှင့် ဆက်သွယ်ခဲ့သည်။

သူတို့၏ လက်ရှိသုတေသန၏ ဦးတည်ချက်က အဲလစ်ပေါ်ရှိ ပို့ဆောင်ရေးအစီအရင်မှ ပို့ထားသော မှော်အချက်ပြပစ္စည်းကို လေ့လာရန်ဖြစ်သည်။

ရှုယီနှင့် လူစီယန်သည် ယနေ့၌ ကိုယ်တိုင်ကိုယ်ကျ ထိုစမ်းသပ်ချက်၏ အတွေ့အကြုံကို လာယူခြင်း ဖြစ်သည်။

သူတို့သည် အဲလစ်ပေါ်တွင် ပေါ်လာသည်နှင့် သူတို့သည် Frestech ကုန်သည်များအသင်း၏ သုတေသီများကိုမတွေ့လိုက်ရပဲ နတ်သူငယ်နှစ်ဦးကိုသာ တွေ့လိုက်ရသည်။

“ဥက္ကဌရှု အကြီးအကဲနဲ့ မစ္စအာကာလီက ခင်ဗျားတို့ကို ဒီဖက်မှာ စောင့်နေပါတယ်” နတ်သူငယ်က ပြောသည်။

ရှုယီက ခေါင်းငြိမ့်လိုက်ပြီး စခန်းမှ ပို့ဆောင်ရေးအစီအရင်ထဲမှထွက်ကာ ပိုဝေးသော ပို့ဆောင်ရေး အစီအရင်သို့ လူစီယန်နှင့်အတူ သွားလိုက်သည်။

အာကာလီ အကြီးအကဲ လီဆန်ရာ နှင့် Frestech ကုန်သည်များအသင်းမှ သုတေသီများအုပ်စုနှင့် နတ်သူငယ်အုပ်စုသည် သူတို့အား စောင့်နေကြသည်။

ရှုယီကလာသည်ကိုမြင်လျှင် နှစ်ဦးသားက နှုတ်ဆက်လိုက်ပြီး အာကာလီက လက်ခုပ်တီးကာ ပြောလိုက်သည်။ “ဥက္ကဌလည်းရောက်ပြီဆိုတော့ အချိန်မဆွဲကြစို့ စမ်းသပ်ချက်ကို စတင်ဖို့ ပြင်ဆင်ကြမယ်”

ထို့သို့ပြောပြီးနောက် အကြီးအကဲ လီဆန်ရာဖက်လှည့်လိုက်ကာ “ရှင့်ဖက်မှာကော ပြင်ဆင်ပြီးသွား ပြီလား?”

အကြီးအကဲ လီဆန်ရာက ခေါင်းငြိမ့်လိုက်သည်။ “ပြဿနာမရှိပါဘူး ကျွန်မတို့အချိန်မရွေးစလို့ ရပါတယ်”

အကြီးအကဲ လီဆန်ရာ၏ စကားများကို ကြားလျှင် အဇ်ရှာရာမျိုးနွယ်စုမှ ယောကျ်ားလေး နတ်သူငယ်တစ်ဦးနှင့် မိန်းကလေးနတ်သူငယ်တစ်ဦး ထွက်လာကြကာ ပို့ဆောင်ရေးအစီအရင်ထဲသို့ ဝင်သွားသည်။

ရှုယီက မျက်မှောင်ကုပ်လိုက်ပြီး အကြီးအကဲလီဆန်ရာကို တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း အကြီးအကဲလီဆန်ရာက လက်ပြ၍တားလိုက်သည်။

“မလိုပါဘူး ဥက္ကဌရှု ဒဏ္ဍာရီထဲက အကြွင်းအကျန်တွေကို ခြေရာခံရတာက ကျွန်မတို့ မျိုးနွယ်စုရဲ့ နှစ်တစ်သောင်းလောက် အကြာကတည်းက အိမ်မက်ပါ အခုနောက်ဆုံးတော့ ဒီအခွင့်အရေးရလာပြီမို့ ကျွန်မတို့ အလွတ်မခံနိုင်ပါဘူး”

ရှုယီက သူခေါင်းကိုခါလိုက်ပြီး ခါးသီးစွာရယ်လိုက်သည်။

မှော်အချက်ပြပစ္စည်းမှ လာသော အချက်ပြသည် ပို့ဆောင်ထားသည့်နေရာက လုံခြုံသင့်သည်ဟု ပြနေသည်။ မသိရသေးသော နေရာဖြစ်သဖြင့် မသိရသေးသော အန္တရာယ်လည်းရှိသည်။ ထို့ကြောင့် အကြီးအကဲလီဆန်ရာနှင့် နတ်သူငယ်များအား ပို့ဆောင်ရေးအစီအရင်ထဲ သက်ရှိကို ပို့ဆောင်ခြင်းဖြင့် ဖြစ်လာမည့်အန္တရာယ်များထဲ ကိုယ်တိုင်မဝင်ရန်အတွက် အမြဲဆန့်ကျင်ခဲ့သည်။

သို့သော်အကြီးအကဲ လီဆန်ရာက ဆုံးဖြတ်ချက်ခိုင်မာနေပြီး အဇ်ရှာရာမျိုးနွယ်စုမှ နတ်သူငယ်များ ကလည်း ထိုစမ်းသပ်ချက်ထဲတွင် ပါရသည်မှာ ဂုဏ်ယူစရာတစ်ခုဟု ယူဆထားကြသည် ထို့ကြောင့် ရှုယီက သူတို့ကို မတားနိုင်ပါ သူသည် အကြီးအကဲလီဆန်ရာကို လက်ခံအောင်မပြောနိုင်သဖြင့် သဘောတူလိုက်ရတော့သည်။

ကောင်းသောအချက်မှာ သူတို့သည် မှော်ရုပ်ပြတပ်ဆင်ထားသော သက်ရှိသတ္တဝါအချို့ကိုပို့ခဲ့ပြီး ပြန်ရလာသည့် ပုံများအရ ထိုသက်ရှိများအတွက် ပြဿနာတစ်စုံတစ်ရာမရှိသင့်ပေ။ ဆိုလိုသည်မှာ ဤမှော်ပို့ဆောင်ရေးအစီအရင်က လုံခြုံနေပေသည်။

“ကောင်းပါပြီ ဥက္ကဌ အကယ်၍ ရှင်သာကျွန်မတို့ကိုမတားရင် ကျွန်မနဲ့ ကျွန်မလက်အောက်က လူတွေက ကိုယ်တိုင် ဒီစမ်းသပ်ချက်ထဲပါဝင်တော့မှာ အကြီးအကဲ လီဆန်ရာနဲ့ သူတို့နတ်သူငယ်တွေ ပထမဆုံးသွားလို့ ရနိုင်ပါ့မလား?” အာကာလီက ပြဿနာလုပ်သည်။ “သိပ္ပံသုတေသနနဲ့ပက်သက်ရင် အနစ်နာမခံရတာ ဘယ်မှာရှိလို့လဲ? ကျွန်မတို့အားလုံး သုတေသနရဲ့ အကျိုးအမြတ်ကို စောင့်နေနိုင်ဖို့ပဲ လိုတယ်”

ရှုယီက မျက်မှောင်ကုပ်လိုက်ပြီး သူမကိုကြည့်လိုက်သည်။ သို့သော် အာကာလီနှင့် အခြားသုတေသီ များသည် သူတို့စတင်ကြည့်ရန် မစောင့်နိုင်တော့သည့်ရုပ်များ ဖြစ်နေကြသည်။

ဒီလူတွေအားလုံးက အာကာလီဆီကနေ ဦးနှောက်ဆေးခံထားရတာလား?

“ထားလိုက်ပါတော့ စမ်းသပ်ချက်ကို စလိုက်တော့” ရှုယီက လက်ကိုယမ်းလိုက်ကာ သူတို့အားစတင်ရန် အချက်ပြလိုက်သည်။

ရှုယီမရောက်လာသေးစဉ်ကပင် ပြင်ဆင်မှုများပြုလုပ်ထားပြီးသားဖြစ်သောကြောင့် ရှုယီ၏ အမိန့် ကျလျှင် Frestechကုန်သည်များအသင်း၏ သုတေသနပညာရှင်များသည် နေရာယူလိုက်ကြကာ ကိရိယာများကို ဖွင့်လိုက်ကြပြီး စောင့်ကြည့်ရေးကိရိယာနှင့် အချက်လက်များစုဆောင်းရန် ပြင်ဆင် လိုက်ကြသည်။

အကယ်၍ တစ်ခုခုဖြစ်လျှင် သူတို့ သတိထားမိပြီး ချက်ချင်းသတိပေးကာ အမှန်ပြင်နိုင်သည်။

အကြီးအကဲ လီဆန်ရာနှင့် အဇ်ရှာရာ မျိုးနွယ်သည် ပို့ဆောင်ရေးအစီအရင်၏ အလယ်ဗဟိုတွင် ရောက်နေသော နတ်သူငယ်နှစ်ဦးကိုပင် အာရုံစိုက်နေကာ သူတို့၏ မျက်လုံးများ၌ စိတ်လှုပ်ရှားမှုနှင့် အားကျမှုတို့ ဖြင့် ပြည့်နေကြသည်။

ရှုယီက သူတို့၏အမူအရာများကို နားမလည်သဖြင့် သူ၏ခေါင်းကိုသာ ခါလိုက်နိုင်သည်။ သူသည် အာကာလီထံသို့သွားကာ သူမနှင့်အတူ များစွာသော အချက်အလက်အမျိုးမျိုးကို ကြည့်လိုက်သည်။

အာကာလီက ခလုတ်ကို နှိပ်လိုက်လျှင် တိကျစွာလှုပ်ရှားသော မှော်သလင်းကျောက်၏ မှော်စွမ်းအင်က ပို့ဆောင်ရေးအစီအရင်ထဲသို့ ဝင်သွားကာ ပို့ဆောင်ရေးအစီအရင်ကို စဖွင့်လိုက်သည်။

အပြာရောင်အလင်းက ပြင်းထန်လာပြီး အချက်အလက်ကို ကြည့်ရန်မလိုတော့ပေ။ သူတို့၏ ဘေးပတ်လည်ရှိ သဘာဝမှော်စွမ်းအင် ပေါ်မူတည်၍ သို့ သူတို့မြင်ရသောအလင်းနှင့်ပင် ရှုယီက ပို့ဆောင်ရေးအစီအရင်ထဲမှ မှော်စွမ်းအင်က ပြင်းထန်သော ပြောင်းလဲမှုဖြစ်နေကြောင်း ပြောနိုင်သည်။

“သတိပေးချက် နေရာလပ်ဖြိုခွဲခြင်းက ၅ ရာခိုင်နှုန်းကို ကျော်နေပါပြီ။”

……

“သတိပေးချက် နေရာလပ်ဖြိုခွဲခြင်းက ၇ ရာခိုင်နှုန်းကို ကျော်နေပါပြီ။”

……

“သတိပေးချက် နေရာလပ်ဖြိုခွဲခြင်းက…….”

……

“သတိပေးချက် နေရာလပ်ဖြိုခွဲခြင်းက ၉၉ ရာခိုင်နှုန်းကို ရောက်ရှိနေပါပြီ။”

သူတို့က ထိုသတိပေးချက်ကို ရရှိလျှင် Frestechကုန်သည်များအသင်း၏ သုတေသနပညာရှင် များသည် အာကာလီကို ကြည့်လိုက်ကြသည်။

အာကာလီက ရှုယီကို ကြည့်လိုက်ကြသည်။

ရှုယီက အကြီးအကဲ လီဆန်ရာကို ကြည့်လိုက်ရာ သူက ပို့ဆောင်ရေး အစီအရင်ကိုသာ စိတ်လှုပ်ရှားစွာ ကြည့်နေကာ သူ့ဖက်ကိုပင် လှည့်မကြည့်ကြောင်း တွေ့လိုက်ရသည်။ သူကသက်ပြင်းချကာ အာကာလီ ကိုပင် ခေါင်းငြိမ့်ပြလိုက်တော့သည်။

အာကာလီက ဂရုတစိုက် အချက်အလက်ကို ကြည့်လိုက်ပြီး တည်ငြိမ်ကာ အေးဆေးသောအသံနှင့် “မှော်စွမ်းအားကို ဆက်ထည့်ပြီး ပို့ဆောင်ရေးမှော်အစီအရင်ကို အသက်သွင်းကြမယ်”

မှော်စွမ်းအားကို ထိန်းချုပ်ထားသောနေရာတွင် တာဝန်ရှိသည့် သုတေသီများက အသက်ရှုလိုက်ကြကာ သူတို့၏ လှုပ်ရှားနေသောစိတ်များကို တည်ငြိမ်အောင် ခက်ခဲစွာကြိုးစားလိုက်ကြသည်။

အကယ်၍ ထိုစမ်းသပ်မှုက အောင်မြင်သွားလျှင် သူတို့သည် ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်ဟုဆိုလိုပြီး သူတို့အတွက် မှတ်တိုင်တစ်ခုဖြစ်သည်။

သူတို့၏လက်ချောင်းများက ကမ္ဘာအသစ်တစ်ခုကိုဖွင့်နိုင်သည်ဟု တွေးမိလျှင် သူတို့၏ခံစားချက် များကို ထိန်းချုပ်ရန်ခက်ခဲကြောင်း တွေ့ရှိခဲ့ရသည်။

သို့သော် ၎င်းသည် သူ၏လက်ချောင်းများက ခလုတ်ကိုနှိပ်ရန် မည်သည့် သက်ရောက်မှုမှမရှိပါ။

သူ၏လက်ချောင်းများ ကျသွားလျှင် များစွာသော အချက်ပေးသံများမြည်လာသည်။

သို့သော် သူလက်ချောင်းများက နှိပ်လိုက်ပြီးသည်နှင့် မှော်စွမ်းအားလွဲပြောင်းသည့် အလင်းက လင်းလာသည်။ သူက ထိုအရာအား ကြောင်ကြည့်နေစဉ်တွင် တစ်စုံတစ်ဦးက ရုတ်တရက် ပို့ဆောင်ရေးအစီအရင်ထဲသို့ ပြေးဝင်သွားသည်။

ပြီးနောက် အပြာရောင်အလင်းက ပေါက်ထွက်လာပြီး နေရာလပ်က ပွင့်သွားသည်။ ထိုသူနှင့် ပို့ဆောင်ရေးအစီအရင်ထဲ၌ ရှိနေသော နတ်သူငယ်နှစ်ယောက်လည်း တစ်ချိန်တည်း၌ ပျောက်သွားကြသည်။

***

Volume 8 အခန်း ၁၁၅ ။ နိုင်ငံတစ်ခုကို ရှာဖွေတွေ့ရှိခြင်း

အလင်းရောင်က မှေးမှိန်ပျောက်ကွယ် သွားသောအခါ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပို့ဆောင်ရေးအစီအရင် ပတ်ပတ်လည်တွင် ထူးဆန်းစွာ တိတ်ဆိတ်သွားကြသည်။

ရှုယီက မျက်မှောင်ကုပ်လိုက်ကာ ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။

“အခုစစ်ဆေးကြည့်စမ်း ပျောက်နေတဲ့သူ ဘယ်လောက်ရှိလဲ?”

အခြားဖက်မှ အကြီးအကဲ လီဆန်ရာသည်လည်း တူညီသည့်အမိန့်ကို ပေးလိုက်သည်။

Frestechကုန်သည်များအသင်းနှင့် အဇ်ရှာရာမျိုးနွယ်စုတို့သည် တစ်ချိန်တည်းတွင် စစ်ဆေးကြပြီး တင်ပြချက်ပေးကြသည်။

အဇ်ရှာရာမျိုးနွယ်စုမှ ပျောက်ဆုံးသူမရှိပေ။ Frestechကုန်သည်များအသင်းမှ လူတစ်ယောက် ပျောက်နေသည်။ ၎င်းမှာ ရှုယီနှင့်အတူ စိုင်စ်ဂြိုလ်မှ အတူလိုက်လာသော လူစီယန်ပင်ဖြစ်သည်။

“ဒီကလေးက ဘာလုပ်တာလဲ” အာကာလီသည် ဒေါသထွက်စွာ ဟောက်လိုက်သည်။ “သူအသက်မရှင်ချင်တော့ဘူးလား”

Frestech ကုန်သည်များအသင်းမှ သုတေသီများသည် လူစီယန်နှင့်အတူ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး ဖြစ်သည်။ လူစီယန်သည်ကောင်းမွန်သည့် အပြုအမူရှိကာ ရက်ရောသည့် ကိုယ်ရည်ကိုယ်သွေးရှိသူ တစ်ယောက်ဖြစ်သောကြောင့် လူတိုင်းက သူနှင့် တည့်ကြသည်။ ယခုမူ သူသည် ရုတ်တရက် ထိုကဲ့သို့ ပို့ဆောင်ရေးအစီအရင်ထဲဝင်သွားရာ သူတို့သည် အံ့ဩနေကြသည်။

လူစီယန်က သာမန်အားဖြင့် စိတ်မြန်လက်မြန် ဖြစ်တတ်သောသူ မဟုတ်ပါ။ ထို့ကြောင့် ထိုကဲ့သို့ ထူးဆန်းသောအလုပ်မျိုးကို လုပ်ရပါသနည်း?

“ကောင်းပြီ ပြဿနာတက်နေလို့ ဘာအကျိုးမှမရှိဘူး” ရှုယီက လက်ကို ယမ်းလိုက်ကာ Frestech ကုန်သည်များအသင်း၏ သုတေသီများ ထိုအကြောင်းပြောနေခြင်းကိုတားလိုက်သည်။

“အာကာလီ စာအုပ်သွားရှာခဲ့”

“စာအုပ်ကဘာအတွက်လိုတာလဲ?” အာကာလီသည် အံ့သြသွားသည်။

“ရေးပြီးတော့ ပို့ဆောင်ရေးအစီအရင်ထဲကနေပို့မယ်” ရှုယီက ပြောသည်။ “အဲ့ဖက်က စာပြန်ပို့ လာနိုင်ရင် ငါတို့ လောလောဆယ် စိတ်ပူစရာမလိုတော့ဘူး”

အာကာလီက ချက်ချင်းနားလည်သွားသည်။

ထိုနည်းလမ်းသည် ရှုယီနှင့် သူမ ယခင်က ဆွေးနွေးဖူးသောနည်းလမ်းဖြစ်သည်။ သို့သော် သူမသည် လူစီယန်ထိုသို့လုပ်သွားသောအချိန်၌ မေ့နေခဲ့သည်။

သို့သော် အာကာလီက သူ၏လက်အောက်ငယ်သားကို စာအုပ်နှင့် ဘောပင်သွားယူခိုင်းရန် ခေါ်မည်အပြုတွင် Frestech ကုန်သည်များအသင်း၏ သုတေသီက ရုတ်တရက် အံ့ဩသည့်အသံနှင့် အော်လိုက်သည်။

“အဲ့မှာ ဆက်သွယ်ရေးအချက်ပြတစ်ခုရှိနေတယ်”

“ဆက်သွယ်ရေးအချက်ပြ?” လူတိုင်းက အံ့အားသင့်သွားသည်။

ထိုသုတေသီသည် ပို့ဆောင်ရေးအစီအရင်ကို ထိတ်လန့်နေသည့်ရုပ်နှင့် ကြည့်ကာ သူတာဝန်ယူထားသည့် မှော်ဆက်သွယ်ရေးစက်ကို ငုံ့ကြည့်လိုက်သည်။ သူသည် ပို့ဆောင်ရေးအစီအရင်ကိုညွှန်ပြကာ ပြောလိုက်သည်။ “မှော်ဆက်သွယ်ရေးအချက်ပြက အဲ့ဒီကနေလာတာ”

ရှုယီနှင့် အာကာလီက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကာ အတူအော်လိုက်ကြသည်။ “ချက်ချင်းဆက်သွယ်လိုက်”

လူတိုင်းက ထိုသုတေသီ ဆက်သွယ်သည့် ခလုတ်ကို နှိပ်လိုက်သည်ကိုကြည့်နေကြကာ ပြီးလျှင် လူစီယန်၏ စိတ်လှုပ်ရှားနေသော အသံက ထွက်ပေါ်လာသည်။

“ဥက္ကဌ၊ မန်နေဂျာ အာကာလီ ကျွန်တော် အောင်မြင်သွားပြီ ကျွန်တော် အောင်မြင်သွားပြီ”

အာကာလီက မျက်မှောင်ကုပ်လိုက်ကာ ဟောက်လိုက်သည်။ “ဘာကိုအောင်မြင်တာလဲ။ လူစီယန် ဒါဘယ်လောက် အန္တရာယ်များလဲ ဆိုတာသိရဲ့လား? အဲ့တာက မင်းအတွက်ပဲ အန္တရာယ်များတာ မဟုတ်ဘူး။ စမ်းသပ်မှုက ကျရှုံးသွားပြီး နတ်သူငယ်နှစ်ယောက်ပါ အန္တရာယ်ဖြစ်နိုင်တယ်”

သူသည် အာကာလီ၏ အသံကြောင့် ကြောက်သွားသည်မှာဖြစ်နိုင်သည် လူစီယန်က အနည်းငယ် တိတ်ဆိတ်သွားပြီး သူ့အသံကိုလျော့ကာ ပြောသည်။ “ကျွန်တော် ကျွန်တော်က ကြိုးစားကြည့် ချင်တာပါ။ ခင်ဗျားနဲ့ ဥက္ကဌနဲ့က သဘောမတူဘူးလေ။ အဲ့တာကြောင့် ကျွန်တော်လည်း အဲ့လိုပဲ လုပ်လိုက်နိုင်တော့တာပါ”

အာကာလီ၏မျက်လုံးများပြူးကျယ်လာကာ လူစီယန်ကို အနည်းငယ် ထပ်မံအော်ငေါက်ချင် သော်လည်း ရှုယီက လက်မြောက်ကာ တားလိုက်သည်။ ထို့နောက် မေးလိုက်သည်။ “လူစီယန် ပြောပါဦး အဲ့ဒီမှာ အခြေအနေ ဘယ်လိုလဲ?”

“အာ…. ဥက္ကဌ ကျွန်တော်ဒီမှာအရမ်းအခြေအနေ ကောင်းပါတယ။် နတ်သူငယ်နှစ်ယောက်လည်း ကောင်းတယ်။ လာပါဦး မင်းတို့လည်း သူတို့ကို နှုတ်ဆက်လိုက်သင့်တယ်”

ခနကြာပြီးနောက် နတ်သူငယ်နှစ်ယောက်၏ တုံ့ဆိုင်းနေသော အသံများသည် မှော်ဆက်သွယ်ရေး ကိရိယာမှတဆင့် ပေါ်လာသည်။

အကြီးအကဲ လီဆန်ရာက စကားအနည်းငယ်ပြောရင်း ရှုယီဖက်လှည့်ကာ “ဥက္ကဌရှု ပို့ဆောင်ရေး အစီအရင်က လုံခြုံတယ်ဆိုတာ အချက်တွေက ပြနေပြီ။ ကျွန်မအခုပဲသွားတော့မယ်။ ရှင် ကျွန်မကို မတားနိုင်တော့ဘူး”

ရှုယီက လက်ကိုယမ်းလိုက်သည်။ “ခင်ဗျားအဲ့လိုပြောလို့မရသေးဘူး။ အနည်းဆုံးအခုသူတို့ အဲ့ဖက်ကနေတောင် ပြန်လာလို့မရသေးဘူး”

အကြီးအကဲ လီဆန်ရာက အံ့ဩသွားသည် သို့သော် ထိုနတ်သူငယ်နှစ်ဦးနှင့်လူစီယန်အား မေးခွန်း အနည်းငယ်ထပ်မေးခဲ့သည်။ သူမသည် ထိုဖက်ခြမ်း၌ အဲလစ်ပေါ်မှ ပို့ဆောင်ရေးအစီအရင်နှင့် အခြေခံအားဖြင့် တူညီသော အစီအရင်ရှိသော်လည်း သူတို့ အသက်သွင်း၍ မရသေးကြောင်း အတည်ပြုခဲ့သည်။

ရှုယီက လီဆန်ရာကိုကြည့်လိုက်သည်။

အကြီးအကဲအဇ်ရှာရာမျိုးနွယ်မှ လွတ်လိုက်သည့် နတ်သူငယ်နှစ်ဦးသည် မျိုးနွယ်မှ လက်ရွေးစင်များ ဖြစ်ပြီး သူတို့၏ မှော်ပညာက အတော်ပင်ကောင်းကြသည် သို့သော် မဆိုးရုံသာဖြစ်သည်။ သူတို့သည် မဟာမှော်ပညာရှင်အဆင့်ပင် မရောက်သေးပေ ထို့ကြောင့် သူတို့က နေရာလပ်မှော်ပညာအား မရင်းနှီးသည်မှာ သာမန်ပင်ဖြစ်သည်။

သူတို့နှင့် လူစီယန်၏ မဆိုစလောက် မှော်ပညာပါထည့်တွက်လျှင်ပင် ထိုပို့ဆောင်ရေးအစီအရင်ကို အသက်သွင်းရန် မဖြစ်နိုင်ပါ ထို့ကြောင့် ပြန်လာနိုင်ရန် မဖြစ်နိုင်ပါ။

“အာကာလီ ပို့ဆောင်ရေးအစီအရင်ကိုဖွင့်ပြီး သူတို့အတွက် ထောက်ပံ့ရေးပစ္စည်းတစ်ချို့ ပို့ပေးလိုက်ပါ အစားသောက် ရေနဲ့ အခြားကိရိယာတွေပေါ့” ရှုယီက ပြောသည်။ “သူတို့က ရောက်သွားပြီဆိုတော့ သူတို့ကို အသေးစား သုတေသနစခန်းတစ်ခု အဲ့ဖက်မှာ ဆောက်ခိုင်းလိုက်ပါ။ အကယ်၍အဲ့ဖက်ခြမ်းကဟာကို ကူးချနိုင်ရင် သူတို့ ပို့ဆောင်ရေးအစီအရင်ကို ဖွင့်နိုင်ပြီး သူတို့ ပြန်လာနိုင်မလား ငါတို့ ကြည့်ကြတာပေါ့”

အာကာလီက အချိန်အနည်းငယ်တိတ်ဆိတ်သွားပြီး ရှုယီ၏အကြံကို သဘောတူ၍ ခေါင်းငြိမ့် လိုက်သည်။

“ဥက္ကဌရှု သူတို့သုံးယောက်ထဲနဲ့ လောက်ပါ့မလား ကျွန်မတို့လူတွေ ထပ်ပို့ရင်ကော?” အကြီးအကဲ လီဆန်ရာက ပြောသည်။

ရှုယီက ခေါင်းခါလိုက်သည်။ “အခြေခံအချက်အလက်တွေစုဆောင်းတာက လူအများကြီးမလိုပါဘူး။ အဲ့တာက အချိန်နဲ့ ကိရိယာတွေပဲလိုတာ။ ကျွန်တော်တို့ သူတို့အတွက် အထောက်အပံ့တွေနဲ့ အဆက်အသွယ် မပြတ်သရွေ့ ကျွန်တော်တို့ အဲ့ဒီပို့ဆောင်ရေးအစီအရင်ကို နောက်ဆုံးကျရင်တော့ လေ့လာနိုင်မှာပါ။”

အာကာလီက ပြုံးကာပြောလိုက်သည်။ “စိတ်အေးအေးထားပါ အဲ့ဒီကလေး လူစီယန်က ပို့ဆောင်ရေး အစီအရင်ကနေပြီး မှော်အချက်ပြကိုတောင်ပို့နိုင်ခဲ့တယ်ဆိုတော့ ဆိုလိုတာက ပို့ဆောင်ရေး အစီအရင်က နှစ်ဖက်လုံးကို ဆက်သွယ်ထားတယ်လို့ပြောလို့ရတယ်။ လူစီယန်က ပြန်လာဖို့နည်းလမ်း ရှာမတွေ့သေးတာပဲ ဖြစ်မှာပါ”

ထိုသို့ပြောပြီးနောက် အာကာလီက ရှုယီဖက်လှည့်လိုက်ကာ “လူစီယန်က မှော်ဆက်သွယ်ရေးကွန်ရက်ကို ကောင်းကောင်းနားလည်တဲ့ လူထဲကတစ်ယောက်ပဲ ပြီးတော့ ထူးဆန်းတဲ့အကြံဉာဏ်တွေလည်း ရှိတယ်။ သူအရင်တုန်းက ကျွန်မကို အကြံဉာဏ်တွေ အများကြီးပေးခဲ့ဖူးတယ် သူအဲ့ဒီကို သွားပြီး ဆက်သွယ်ရေးလှိုင်းကိုတောင် ဒီလောက် မြန်မြန်ဖွင့်နိုင်တယ်ဆိုတော့ သူပြင်ဆင်ထားပြီးသား ဖြစ်ပုံရတယ်”

“ငါလည်းသူ့ရဲ့သတ္တိကို လေးစားပါတယ် ဒါပေမဲ့ သူရဲ့ ချဉ်းကပ်မှုကိုတော့ သဘောမတူနိုင်ဘူး စုံစမ်းကြည့်လိုက် အဲ့ဒီကလေး ဒီလောက် စွန့်စားမှုကို လုပ်ရဲတာ တစ်ခုခုနဲ့ ရင်ဆိုင်နေရလား ဆိုတာ ကြည့်ကြတာပေါ့”

အာကာလီက ပခုံးတွန့်လိုက်ပြီး သဘောတူလိုက်သည်။ ထိုကိစ္စကိုတော့ ဂရုသိပ်မစိုက်ပါ။

လူစီယန်က သူမ၏ လက်အောက်မှ လိုအပ်သည့်လက်ထောက်တစ်ဦး ဖြစ်ကာ သူ၏ကိုယ်ပိုင်ဘဝကို ဘယ်တော့မှ လိုက်၍ ကြားဝင်မစွက်ဖက်ခဲ့ပါ။

လူစီယန်သည် စွန့်စားမှုယူခြင်းသည် တစ်ခုခုကြောင့်ဖြစ်နိုင်သော်လည်း ရလဒ်ကကောင်းနေလျှင် အဆင်ပြေပါသည်။

လူစီယန်နှင့်အချိန်အတော်ကြာစကားပြောပြီးနောက် သူတိုသည် အခြားတစ်ဖက်မှ အခြေအနေကို အခြေခံအားဖြင့် အတည်ပြုလိုက်ကြသည်။

ရှုယီ အာကာလီနှင့် အကြီးအကဲ လီဆန်ရာတို့သည် ဆွေးနွေးလိုက်ကြပြီးနောက် ရှုယီက သူတို့အတွက် ယာယိအစီအစဉ်ကို ဆုံးဖြတ်လိုက်သည်။

သို့သော် အခြေအနေသည် စကားတစ်ခွန်းနှင့်သာ ဆုံးဖြတ်နိုင်သည်။ စောင့်ရန်သာဖြစ်သည်။

ပို့ဆောင်ရေးအစီအရင်မှာအချိန်များစွာလိုမည်ဖြစ်သောကြောင့် စောင့်ဆိုင်းခြင်းမှလွဲ၍ အခြား နည်းလမ်း မရှိပါ။

“စိတ်အေးအေးထားပါ ဥက္ကဌ အခြေအနေအရ ဒီအခြေအနေကိုထိုးဖောက်နိုင်ဖို့ ကျွန်မတို့အတွက် နှစ်အနည်းငယ် စောင့်ရမယ်လို့ ခန့်မှန်းရတယ်။ လူစီယန်နဲ့ အခြားသူတွေ အဲ့ဖက်က ပြန်လာနိုင်တဲ့ အချိန်ကျရင် အကယ်၍ အဲ့ချိန်သွားချင်တယ်ဆိုရင် ကျွန်မ,မတားပါဘူး”

ရှုယီက ခါးသီးသောအပြုံးသာပြုံးလိုက်ကာ “ငါ မျှော်လင့်ပါတယ်”

…………..

မားလိုအင်ပါယာနှင့် လမ်ပူရီတိုင်းပြည်၏ စစ်တပ်များသည် ကန်ဒရာအင်ပါယာ၏ မြောက်ဖက်သို့ ရွေ့ပြောင်းရန် ငြင်းဆိုနေကြသည် သို့သော် တောင်ပိုင်းသည် ကန်ဒရာအင်ပါယာမှ ယခင်ပိုင်ဆိုင်ခဲ့သော ပိုင်နက်များဖြစ်ကာ တောင့်ခံနိုင်ခဲ့ပြီး ထိတ်လန့်စေသော ပြောင်းလဲမှုများဖြစ်ပေါ်နေသည်။

ကန်ဒရာအင်ပါယာက တစ်ချိန်ကပိုင်ဆိုင်ခဲ့သော ဒေသများသည် သူတို့၏ထိန်းချုပ်မှုမှ ထွက်ကုန်ကာ ဝင်ဘယ်လ်တန်မြို့ကျသည်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကြေညာခဲ့ကြသည်။ လာမက်စ်ကီဒေသ မီရင်ဒါဒေသ နှင့် ခယ်လ်မာ ဒေသများသည် သူတို့ကိုယ်တိုင် ကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံများအဖြစ် အသိအမှတ်ပြုကာ အခြားဒေသများကလည်း နောက်မှလိုက်ကြသည်။

ဝင်ဘယ်လ်တန်မြို့ကျပြီးနောက် ကန်ဒရာအင်ပါယာမှ တစ်ချိန်ကပိုင်ဆိုင်ခဲ့ဖူးသည့် ဒေသ ၃၇ ခု၌ မားလိုအင်ပါယာ လက်အောက်သို့ ၄ခုသာကျရောက်ခဲ့ပြီး ၃ခုက လမ်ပူရီတိုင်းပြည်က ထိန်းချုပ် ထားကာ မားလိုအင်ပါယာက ပြန်ရရန် တိုက်ခိုက်နေသည်။ ကျန်သည့် ဒေသ ၃၀မှ ၂၄ ခုသည် သူတို့၏အစိုးရအား ပြန်လည် တည်ဆောက်ကာ ကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံများ ဖြစ်လာကြသည်။

လွန်ခဲ့သော နှစ်နှစ်ဆယ်က စိုင်စ်နယ်မြေ၏ အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ ကန်ဒရာအင်ပါယာက တစ်ချိန်ကပိုင်ဆိုင်ခဲ့ဖူးသော တိုးရီးယားဒေသသည်လည်း Frestech ကုန်သည်များအသင်းမှ တွန်းအားပေးသဖြင့် တိုးရီးယာ ကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံ ဖြစ်လာခဲ့ရာ ၎င်းကိုပါထည့်ပေါင်းလျှင် ကြီးမားသော သေးငယ်သော ကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံများ အသီးသီး ပေါ်လာခဲ့သည်။

ထိုကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံဟု ကိုယ်တိုင်ခေါ်ကြသော်လည်း အနှစ်သာရကတော့ ကွာခြားသည်။

အများစုသည် ဒေသထဲရှိ မျိုးရိုးမြင့်များ နှင့် ယခင် အုပ်ချုပ်သူများမှ ဦးဆောင်ကြသည်။ နာမည်က ပြောင်းလဲသွားသော်လည်း ကန်ဒရာအင်ပါယာ၏ ဒေသများနှင့်မကွာခြားကြပါ။

ထို့နောက် အချို့မှာလည်း အလုပ်သမား အဓိကရုဏ်းထဲတွင် အစိုးရက ပျက်စီးသွားခဲ့ရသောကြောင့် ကိုယ်ပိုင်အုပ်ချုပ်ရေး နိုင်ငံတကာညီလာခံတွင် ပြန်လည် ရွေးကောက်ကြရမည်ဖြစ်သည်။

အချို့ကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံများမှာ ကုမ္ပဏီများမှ ထိန်းချုပ်ထားပြီး ကုမ္ပဏီများ၏အစောင့်များမှ ထိန်းသိမ်းထားသည့် နိုင်ငံများလည်းရှိသည်။

ထို့အတူ………..

ကိစ္စများစွာ ရှိသော်လည်း ကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံဟု နာမည်တူ သုံးခြင်းသည် အနည်းဆုံး သဘောတူသည်ဟု ဆိုနိုင်သည်။

အခြား ဒေသ ၆ခုမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး နိုင်ငံမဖြစ်လာပဲ Frestech ကုန်သည်များအသင်း၏ တောင်းဆိုချက်ဖြင့် ရူဒ်ဆန်တိုင်းပြည်နှင့် လမ်ပူရီတိုင်းပြည်၏ စစ်တပ်မှ ထိန်းချုပ်ထားလေသည်။

လူတိုင်းကို အံ့ဩစေသည့်အချက်မှာ ထိုကိစ္စပြီးနောက်ဖြစ်သည်။

ဝင်ဘယ်လ်တန်မြို့ကျပြီးနောက် တစ်နှစ်အကြာတွင် ရူဒ်ဆန် တိုင်းပြည်နှင့် လမ်ပူရီတိုင်းပြည်တို့၏ မဟာမိတ်တပ်သည် ဝင်ဘယ်လ်တန်မြို့ကို စစ်ချီတက်ခဲ့ကြပြီး ဝင်ဘယ်လ်တန်မြို့ကို မားလိုအင်ပါယာ ဆီမှ ပြန်ယူရန် စီစဉ်ခဲ့ကြသည်။

ဝင်ဘယ်လ်တန်မြို့ကျပြီး နှစ်နှစ်အကြာတွင် ကန်ဒရာအင်ပါယာ၏ ယခင်ဒေသများ အခုမူ ကိုယ်ပိုင် အုပ်ချုပ်ရေးနိုင်ငံများသည် ဝင်ဘယ်လ်တန်မြို့၌ စုခဲ့ကြကာ ကန်ဒရာဖယ်ဒရယ်ပြည်ထောင်စု ညီလာခံကို ကျင်းပခဲ့ကြသည်။

ဆွေးနွေးမှုသည် တစ်လခွဲကြာသွားပြီးနောက် ဒေသ ၂၇ခု၏ ကိုယ်စားလှယ်များ၏ သဘောတူညီချက် ရရှိသွားပြီး ကန်ဒရာဖယ်ဒရယ်ပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။

အမည်အရ ကန်ဒရာအင်ပါယာ၏ ဒေသများသည် ယခု ကန်ဒရာဖယ်ဒရယ်ပြည်ထောင်စုတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံများ ဖြစ်လာကြသည်။

များစွာသော ကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံများက ကန်ဒရာဖယ်ဒရယ်ပြည်ထောင်စု လက်အောက်တွင် ပြည်နယ်များဖြစ်လာကြကာ ကန်ဒရာဖယ်ဒရယ်ပြည်ထောင်စု၏ စီမံခန့်ခွဲမှုကို လက်ခံကြသည်။

သို့သော် အမှန်တကယ်တွင်မူ ကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံနှင့် ပြည်နယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့် ရကြမည် ဖြစ်သည်။ ကန်ဒရာဖယ်ဒရယ်ပြည်ထောင်စု သည် ထို ကိုယ်ပိုင်အုပ်ချုပ်ရေးနိုင်ငံနှင့် ပြည်နယ်များ၏ မဟာမိတ်အဖွဲ့အစည်းကဲ့သို့ဖြစ်သည်။

ပြင်းထန်သော ဆွေးနွေးမှုများနှင့် လေ့လာမှုများအပြီး၌ ကန်ဒရာဖယ်ဒရယ်ပြည်ထောင်စု၏ ပထမဆုံး ကိုယ်စားလှယ်ဖြစ်လာမည့် ကန်ဒရာသမ္မတကို ဆုံးဖြတ်ခဲ့သည်။ ရွေးချယ်ထားသည့်သူမှာ ကန်ဒရာအင်ပါယာ၏ တတိယမင်းသား ဖရန့်ခ် ကန်ဒရာ ပင်ဖြစ်သည်။

ထို့ကြောင့် ကန်ဒရာအင်ပါယာသည် ရန်သူလက်အောက်သို့ကျရောက်ခဲ့ရကာ ပြိုကွဲပျက်စီးခဲ့ရ သော်လည်း နောက်ဆုံး၌ ကန်ဒရာဖယ်ဒရယ်ပြည်ထောင်စုဟူ၍ ပြန်လည်ဖွဲ့စည်းခဲ့သည်။

၎င်း၏ ဦးဆောင်သူမှာ ကန်ဒရာအင်ပါယာ၏ တော်ဝင်မိသားစုမှပင်ဖြစ်သည်။

ထိုဖြစ်ရပ်သည် လူများကို စိတ်ခံစားချက်ဖြစ်စေသည်။ ဤကမ္ဘာတွင် မည်သည့်အရာမှ မတည်မြဲနိုင်ပဲ ပြောင်းလဲမှုများကို ခန့်မှန်းရန် ခက်ခဲပေသည်။

***

Volume 8 အခန်း ၁၁၆ ။ ဒုက္ခသည်စခန်းကို ဗုံးကြဲခြင်း

ကန်ဒရာဖယ်ဒရယ်ပြည်ထောင်စု၏ ဖွဲ့စည်းပြီးနောက် ကန်ဒရာအင်ပါယာတစ်ချိန်ကပိုင်ဆိုင်ခဲ့ဖူးသော ဒေသများကို ငြိမ်းချမ်းရေးတစ်ခါပြန်လည်ယူဆောင်လာပေးနိုင်ခဲ့သည်။

သို့သော် နယ်မြေတစ်ခုလုံးအတွက်မူ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိရန်မူ အဝေးကြီးတွင်ဖြစ်သည်။

နယ်မြေ၏အရှေ့ပိုင်း၌ နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံသည် သူတို့၏ ထုတ်လုပ်ထားသည့် အဝေးပစ် မှော်ဒုံးကျည်များကိုသုံးကာ အရှေ့မဟာမိတ်တပ်ဖွဲကို ဗုံးကျဲခဲ့ပြီး သူတို့အား အကြီးအကျယ် ဆုံးရှုံးစေခဲ့ကာ ချဲ့ထွင်မှုကို မြင့်တင်ခဲ့သည်။

သို့သော်လည်း အရှေ့မဟာမိတ်တပ်များက အရှေ့တိုင်းမှနိုင်ငံ အများစုနှင့်ဖွဲ့စည်းထားကာ ထို့ကြောင့် အကယ်၍ သူတို့ ရင်မဆိုင်နိုင်လျှင် အရှေ့ပိုင်းနိုင်ငံများ၏နောက်ခံဖြင့် သူတို့သည် ခုခံနိုင်နေဆဲ ဖြစ်သည်။ သူတို့သည် နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံနှင့် ပြင်းထန်သောတိုက်ပွဲကို ဆင်နွဲ နိုင်ကြသေးသည်။

အကယ်၍ နှိုင်းယှဉ်ကြည့်လျှင် စိုင်စ်နယ်မြေ၏ အခြေအနေကို ပိုမို၍ သက်ရောက်နိုင်သည့်မှာ လမ်ပူရီတိုင်းပြည်နှင့် မားလိုအင်ပါယာတို့ အကြားတိုက်ပွဲပင် ဖြစ်သည်။

ကန်ဒရာဖယ်ဒရယ် ပြည်ထောင်စုကို ဖွဲ့စည်းခဲ့ကာ ကန်ဒရာအင်ပါယာ၏ ဒေသများကို အတူ ပြန်ထားခဲ့သော်လည်း ကန်ဒရာအင်ပါယာ၏ ယခင်ကအခြေအနေကဲ့သို့ ပြန်မဖြစ်နိုင်တော့ပါ။

ထို့ကြောင့် လက်ရှိ စိုင်နယ်မြေတွင် လွှမ်းမိုးနိုင်စွမ်းအရှိဆုံး နယ်မြေများမှာ မားလိုအင်ပါယာနှင့် လမ်ပူရီတိုင်းပြည်တို့ဖြစ်သည်။

မားလိုအင်ပါယာ၏ အခြေခံအုတ်မြစ်နှင့် အာဏာကို ပြောစရာပင်မလိုပါ။

လမ်ပူရီတိုင်းပြည်မှာ လွန်ခဲ့သော ဆယ်စုနှစ်များက ပထမဆုံး ဖော့ခ်တိုင်းပြည်ကို သိမ်းပိုက်ခဲ့ပြီးနောက် ဆက်ခ်တိုင်းပြည် နှင့် အန်ဒီလာတိုင်းပြည်တို့ကို ဝါးမြိုနိုင်ခဲ့သည်။ ပိုင်နက်အရကြည့်လျှင် မားလို အင်ပါယာနှင့် အဆင့်တူနေပြီ ဖြစ်သည်။

ထို့နောက် အင်အားကောင်းသော မှော်စက်မှုလုပ်ငန်းကို ထည့်ပေါင်းလျှင် လမ်ပူရီတိုင်းပြည်သည် Frestech ကုန်သည်များအသင်း၏ ထောက်ပံ့မှုနှင့် သူတို့၏ စစ်ဖက်သုံးမှော်စက်များကို နယ်မြေထဲရှိ အခြားနိုင်ငံများထပ် သာလွန်အောင်ဦးဆောင်နိုင်ကာ သူတို့၏ စစ်တပ်အင်အားသည် မားလိုအင်ပါယာ အောက်မလျော့ပေ။

ဤနှစ်နှစ်အတွင်းတွင် လမ်ပူရီတိုင်းပြည်နှင့် မားလိုအင်ပါယာသည် များစွာ တိုက်ခိုက်ခဲ့ကြသည်။ နိုင်ပွဲများကော ရှုံးပွဲများပါရှိသော်လည်း လမ်ပူရီတိုင်းပြည်က နိုင်ပွဲပိုများသည်။ သူတို့သည် မားလို အင်ပါယာအား ကန်ဒရာအင်ပါယာ၏ ယခင်ပိုင်နက်များမှ မောင်းထုတ်နိုင်ခဲ့သည်။

သို့သော် အခြေအနေက တဖြည်းဖြည်း အခြေအနေအရ ပြောင်းလဲလာသည်။

လမ်ပူရီတိုင်းပြည်သည် နိုင်ငံအများအပြားကို ဝါးမြိုနိုင်ခဲ့ကာ သူတို့၏ ပိုင်နက်ကို တိုးမြင့်နိုင်ခဲ့ သော်လည်း ထိုနိုင်ငံများကို အစာချေရန်မှာ အချိန်များစွာယူရမည် ဖြစ်သည်။

ထို့ကြောင့် အခြေခံအရမူ လမ်ပူရီတိုင်းပြည်က နှစ်တစ်သောင်းနီးပါး သမိုင်းကြောင်းရှိသည့် မားလိုအင်ပါယာနှင့် မယှဉ်နိုင်ပေ။

အဝေးပစ်မှော်ဒုံးကျည်ကိုပင် ကြည့်ပါ။ မားလိုအင်ပါယာသည် ထိုနည်းပညာကို လမ်ပူရီတိုင်းပြည် ပြီးနောက် နှစ်လအတွင်း ထုတ်လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် သူတို့သည် လမ်ပူရီတိုင်းပြည်အား ထပ်မံခုခံနိုင်နေပြီဖြစ်သည်။

အချိန်များ ကျော်လွန်လာသည်နှင့် မားလိုအင်ပါယာ၏ အခြေခိုင်ခြင်းက ပြသလာသည်။

နိုင်ငံနှစ်ခုကြားရှိစစ်ပွဲက ပို၍ ပြင်းထန်လာလျင် မားလိုအင်ပါယာသည် ဟန့်တားထားသည်များကို ပယ်ဖျက်ကာ နိုင်ငံတစ်ခုလုံး၏ စစ်တပ်သုံးမှော်စက်မှုလုပ်ငန်းကို အသက်သွင်းလိုက်ပြီး စစ်တပ်သုံး မှော်စက်များကို အမျိုးမျိုးထုတ်လုပ်တော့သည်။

ကန်ဒရာအင်ပါယာနှင့် နှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့ပြီးနောက် မားလိုအင်ပါယာ၏ စစ်တပ်သုံး မှော်စက်များသည် ကန်ဒရာအင်ပါယာ၏ စစ်တပ်သုံးမှော်စက်များနှင့် အဆင့်တူတူပင်ဖြစ်သည်။

ယခုမူ သူတို့သည် လမ်ပူရီတိုင်းပြည်မှ ဖိအားများခံနေရသဖြင့် မားလိုအင်ပါယာသည် အင်အားကုန် သုံးလိုက်ပြီး ထိတ်လန့်စရာကောင်းသည့် လုပ်နိုင်စွမ်းကို ပြသခဲ့သည်။

တစ်နှစ်ထဲ၌ပင် မားလိုအင်ပါယာ၏ စစ်တပ်သည် မှော်တင့်ကား ၄စီးမှ ၁၅ စီး မှော်လေသင်္ဘော အစီး ၃၀၀ မှ ၂၁၀၀ အထိ ရှိလာခဲ့သည်။

မှော်အမြှောက်များနှင့် မှော်ခြောက်လုံးပြူးသေနတ်များအတွက်မူ ရေတွက်ရန်ပင် မဖြစ်နိုင်တော့ပေ။

လမ်ပူရီတိုင်းပြည်ဖက်တွင်မူ အန်ဒီလာတိုင်းပြည်အား တိုက်ခိုက်သိမ်းယူထားသည်မှာ မကြာသေးသဖြင့် သူတို့သည် အန်ဒီလာတိုင်းပြည်၏ သယံဇာတများကို မရယူနိုင်သေးပေ။ သူတို့သည် အန်ဒီလာတိုင်းပြည်ကို ဖိနှိပ်ရန်အင်အားနှင့် စစ်တပ်များကိုပင် သုံးနေရသေးသည်။

ဆက်ခ်တိုင်းပြည်အတွက်မူ နှစ်ပေါင်းများစွာ ကသောင်းကနင်းဖြစ်နေသေးသည်။ ထို့ကြောင့် လမ်ပူရီတိုင်းပြည်က ထိုနေရာတွင်လည်း အင်အားသုံးနေရသေးသည်။

ထို့ကြောင့် နှိုင်းယှဉ်ကြည့်ပါလျှင် လမ်ပူရီတိုင်းပြည်က သယံဇာတများကို ရွေ့ပြောင်းနိုင်သည့်နေရာမှာ လမ်ပူရီတိုင်းပြည်တွင်းနှင့် သိမ်းပိုက်ရရှိထားသော ဖော့ခ်တိုင်းပြည်မှသာ ဖြစ်သည်။

တိုက်ပွဲသည် အပြင်းအထန်မဟုတ်သေးသောကြောင့် ထိုသယံဇာတများသည် လမ်ပူရီတိုင်းပြည်၏ တစ်သိန်းသုံးသောင်းခန့်ရှိသော စစ်သားများအတွက် လုံလောက်နေသေးသည်။

သို့သော် မားလိုအင်ပါယာ သည် သူတို့၏နိုင်ငံအင်အားကို အသုံးပြုလိုက်ပြီး လမ်ပူရီတိုင်းပြည်နှင့် စတင်တိုက်ခိုက်ရန် ပြင်ဆင်နေသောအခါ သူတို့သည် ထောက်ပံ့ပစ္စည်းနှင့်ပက်သက်၍ ပြဿနာများ ကြုံတွေ့ရတော့သည်။

အကယ်၍ လမ်ပူရီတိုင်းပြည်သည် ပြည့်စုံသော မှော်စက်မှုလုပ်ငန်းသို့ စစ်တပ်သုံးမှော်စက်နည်းပညာ၌ မားလိုအင်ပါယာကို မကျော်လွန်နိုင်လျှင် သူတို့သည် မားလိုအင်ပါယာ၏ တိုက်ခိုက်မှုအောက် ကျရှုံးသွားရလိမ့်မည်။

မားလိုအင်ပါယာသည် စစ်တပ်သုံးမှော်စက်အမျိုးမျိုးကို တစ်နှစ်အတွင်း ထုတ်လုပ်နိုင်သွားသည်။ သို့သော် လမ်ပူရီတိုင်းပြည်သည် ကြိုးစားကြည့်ရန်ပင်မလိုပဲ ထိုကဲသို့ထုတ်လုပ်မှုမျိုးကို မယှဉ်နိုင်ကြောင်း သိနိုင်သည်။

ထို့ကြောင့် နှစ်နိုင်ငံအတွင်း စစ်ပွဲသည် ဆက်ဖြစ်နေသည်နှင့်အမျှ မားလိုအင်ပါယာအား လွှမ်းမိုးထားသည့် လမ်ပူရီတိုင်းပြည်၏ပြသချက်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ အခြေအနေ သည် မားလိုအင်ပါယာက တွန်းအားပေးနေသည့်အခြေအနေသို့ပင် အနည်းငယ်ပြန်လည် ရောက်ရှိ နေသည်။

လမ်ပူရီတိုင်းပြည်သည် သူတို့၏အသန်မာဆုံးအချိန်က မားလိုအင်ပါယာကို ကန်ဒရာအင်ပါယာ တစ်ချိန်က ပိုင်ဆိုင်ခဲ့သော ပိုင်နက်များမှ တွန်းထုတ်ခဲ့ပြီး မားလိုအင်ပါယာ၏ပိုင်နက်ကိုပါ ထိပါးခဲ့သည်။

သို့သော် မားလိုအင်ပါယာသည် သူတို့၏ အင်အားပြည့်တိုက်ခိုက်မှုစတင်လိုက်သည်နှင့် လမ်ပူရီတိုင်းပြည်၏ စစ်တပ်က ရှေ့သို့တစ်လှမ်းပင် တိုး၍ မရနိုင်တော့ပေ။

ပြီးနောက် လမ်ပူရီတိုင်းပြည်သည် ပြဿနာများစတင်ဖြစ်လာပြီး စစ်ပွဲက တိုးလာသည်နှင့်အမျှ စစ်သားများ ရှားပါးလာပြီး ၎င်းသည် ထောက်ပံ့ရေးပစ္စည်းများရောက်လာရန် ကြာမြင့်လာခဲ့ကာ ထို့ကြောင့် သူတို့၌နောက်ဆုတ်သည့် အရိပ်အယောင်များ ပြနေသည်။

နှစ်နိုင်ငံ၏အကြား စစ်ပွဲသည် နှစ်နှစ်နီးပါးကြာခဲ့ပြီးနောက် လမ်ပူရီတိုင်းပြည်သည် ပထမဆုံးအကြိမ် အဖြစ် နောက်ဆုတ်သည့် လက္ခဏာပြလာခြင်းဖြစ်သည်။

သူတို့ နောက်ဆုတ်သည်နှင့် ဆည်ကျိုးပျက်သကဲ့သို့ ပြန်လည်၍ မလိုက်နိုင်တော့ပေ။

လမ်ပူရီတိုင်းပြည်သည် ရှုံးနိမ့်ပြီးရင်းရှုံးနိမ့်နေပြီး နောက်သို့ဆုတ်ပြီးရင်းဆုတ်နေခဲ့ရသည်။

သုံးလအတွင်းတွင် ကန်ဒရာဒေသမှ တချိန်ကပိုင်ဆိုင်ခဲ့သော မြောက်ပိုင်းဒေသနှစ်ခုအား ပြန်လည်ပေးခဲ့ရသည်။

မားလိုအင်ပါယာသည် သန်မာပြီးရင်းသန်မာလာခဲ့သည်။ အလျှံပယ်ဖြစ်သော ထောက်ပံ့ရေးပစ္စည်း များနှင့် စစ်တပ်သုံးမှော်စက်များကိုမှီ၍ သူတို့သည် ရှေ့သို့ဆက်သွားနိုင်ခဲ့သည်။

ခေတ်နှင့်အညီ မားလိုအင်ပါယာသည် ကန်ဒရာအင်ပါယာ၏ပိုင်နက်များကို နှစ်အနည်းငယ်အတွင်း ထပ်မံ၍ သိမ်းပိုက်ခဲ့သည်။ သူတို့သည် လမ်ပူရီတိုင်းပြည်ကို တိုက်ခိုက်နိုင်ပြီး လမ်ပူရီတိုင်းပြည်အား သိမ်းပိုက်နိုင်ပေသည်။

သေချာပါသည် ၎င်းမှာ ကြိုတင်ခန့်မှန်းမှုသာဖြစ်ပြီး မဖြစ်သေးပါ။

စစ်ပွဲများသည် အံ့ဩစရာများနှင့် ပြည့်နေသည်။

သက္ကရာဇ် ၄၃၃၃ ဂျူလိုင်လတွင် သာမန်နေ့တစ်နေ့သာဖြစ်သည်။

သို့သော် ထိုနေ့က ဖြစ်ပွာခဲ့သော မတော်တဆတစ်ခုကြောင့် သာမန်နေ့တစ်နေ့မဟုတ်တော့ပါ။

ဂျူလိုင်လ ၆ရက် တွင် မားလိုအင်ပါယာနှင့် လမ်ပူရီတိုင်းပြည်တို့သည် ပြင်းထန်သောတိုက်ပွဲကို ကန်ဒရာအင်ပါယာ၏ မြောက်ပိုင်းတွင် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။

၄င်းသည် လွန်ခဲ့သောနှစ်များက မကြာခနအကြိမ်ရေများစွာဖြစ်ပွားခဲ့သော သာမန်တိုက်ပွဲဖြစ်သည်။ သို့သော် မားလိုအင်ပါယာ၏ မှော်လေသင်္ဘောတပ်ဖွဲ့က အမှားတစ်ခုလုပ်ခဲ့ခြင်းကြောင့် ထိုတိုက်ပွဲသည် စိုင်စ်နယ်မြေ၏ သမိုင်းတွင် မှတ်တမ်းတစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်။

မားလိုအင်ပါယာ၏ တတိယ မှော်လေသင်္ဘောတပ်ဖွဲ့က လမ်ပူရီတိုင်းပြည်၏ ထောက်ပံ့ရေး စခန်းကို ဗုံးကျဲဖို့ရန် သွားခဲ့သည်။ သို့သော် သူတို့သည် မြေနေရာအနေအထားကို မရင်းနှီးသောကြောင့်နှင့် လမ်ပူရီတိုင်းပြည်မှ စစ်ကူလာသော မှော်လေသင်္ဘောနှင့် ရင်ဆိုင်တွေ့ခဲ့ရခြင်းကြောင့် သူတို့သည် ပြင်ဆင်ထားသော ဗုံးများကို အလျှင်အမြန် ချခဲ့သည်။ သူတို့သည် ရည်ရွယ်ထားသလို လမ်ပူရီ တိုင်းပြည် ၏ ထောက်ပံ့ရေးစခန်းကို ဗုံးမကြဲမိပဲ ထိုအစား တိုက်ပွဲ၏ အဝေးမှ ဒုက္ခသည်စခန်းတစ်ခုကို ဗုံးကျဲခဲ့မိသည်။

အကယ်၍ သာမန်ဒုက္ခသည်စခန်းသာဆိုလျှင် မားလိုအင်ပါယာသည် စိုင်စ်နယ်မြေတွင်းမှ အခြား နိုင်ငံများ ၏ ပြစ်တင်ရှုတ်ချခြင်းကိုသာ ခံရမည်ဖြစ်သည်။

သို့သော် ထိုဒုက္ခသည်စခန်းသည် Frestechကုန်သည်များအသင်းမှ ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုနေရာ၌ စခန်းချနေသော Frestechကုန်သည်များအသင်းမှ အစောင့် တပ်သား ၃၀၀ လည်း ရှိနေသည်။

ထိုဗုံးကျဲခြင်းသည် ဒုက္ခသည် အယောက် ငါးထောင်ခန့်ကို သေဆုံးဒဏ်ရာရစေခဲ့သည်သာမက Frestechကုန်သည်များအသင်းမှဝန်ထမ်း အများစုနှင့် အခြားကုမ္ပဏီများမှ ပို့ဆောင်ထားသော ဝန်ထမ်းများ သည်လည်း ထိုဗုံးဒဏ်ကြောင့်သေဆုံးခဲ့ရသည်။ Frestechကုန်သည်များအသင်းမှ အစောင့်တပ်များက ပို၍ခံစားရကာ သေဆုံးဒဏ်ရာရသူ အယောက် တစ်ရာခန့်ပင်ရှိသည်။

ထိုကိစ္စဖြစ်ပွားပြီးနောက် စိုင်စ်နယ်မြေတစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားသည်။

ဒုက္ခသည်စခန်းကို ဗုံးကျဲခြင်းသည် လူတိုင်းက အထင်သေးကာ ရှုတ်ချကြသော လုပ်ရပ်ဖြစ်သည်။ သို့သော် မားလိုအင်ပါယာသည် ဒုက္ခသည်စခန်းကိုပင် ဗုံးကျဲခဲ့ခြင်းမဟုတ်ပဲ Frestechကုန်သည်ကြီးများအသင်းမှ အစောင့် အယောက် တစ်ရာကိုပင် ဖောက်ခွဲခဲ့သေးသည်။

၎င်းသည် Frestechကုန်သည်များအသင်းအား ရန်စလိုက်ခြင်းဖြစ်သည်။ ၎င်းသည် စစ်ကြေညာသည် ဟုပင် သတ်မှတ်နိုင်သည်။

လွန်ခဲ့သောနှစ်နှစ်ဆယ်က စိုင်စ်နယ်မြေသည် စစ်ပွဲများနှင့် ပြည့်နေကာ ငြိမ်းချမ်းသည်ဟုဆို၍မရပါ နိုင်ငံတိုင်းနားလည်ထားသည်မှာ Frestechကုန်သည်များအသင်းအား ရန်မစရန်ဖြစ်သည်။

Frestechကုန်သည်များအသင်းမှ ယခင်ဥက္ကဌ ရှုသည် သူ၏ဆန္ဒကို ရှင်းလင်းအောင် လုပ်ခဲ့ပြီး ဖြစ်သည်။ သူသည် Frestechကုန်သည်များအသင်းမှ ကိစ္စများကို မစီမံလိုတော့ကြောင်း ပြောခဲ့သည်။ ၎င်းသည် Frestechကုန်သည်များအသင်းမှ ရပ်တည်ချက်ကိုလည်း ရှင်းလင်းစေသည်မှာ သူတို့သည် မည်သည့်နိုင်ငံ၏ စစ်ပွဲတွင်မှ ဝင်ပါခြင်းပြုမည်မဟုတ်ပါ။

လွန်ခဲ့သောနှစ်နှစ်ဆယ်က ရှုယီသည် မှော်တိမ်တိုက်နယ်မြေတွင်သာနေခဲ့ပြီး စိုင်စ်နယ်မြေ၏ ကိစ္စများ၌ ကြားဝင်မစွက်ဖက်ခဲ့ပါ။

Frestechကုန်သည်များအသင်းမှ ‘မည်သည်နိုင်ငံ၏ကိစ္စတွင်မှ ဝင်ပါခြင်းမရှိရန်’သည် ဝေဖန်ဆွေးနွေးနိုင်သေးသော်လည်း ‘မည်သည့်နိုင်ငံ၏ စစ်ပွဲတွင်မှ ဝင်ရောက်စွက်ဖက်ခြင်မရှိရန်’ ဟူသောအချက်အား တင်းကြပ်စွာ စောင့်ထိန်းထားသည်။

အကယ်၍ များစွာသောလူများက Frestechကုန်သည်များအသင်းမှလမ်ပူရီတိုင်းပြည် နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံ ရူဒ်ဆန် တိုင်းပြည် Drakeတိုင်းပြည်နှင့် အခြားသော သူတို့နှင့် ရင်းနှီးသော နိုင်ငံများအား လျို့ဝှက်စွာထောက်ပံ့နေသည်ဟု ဆိုလျှင်ပင် Frestechကုန်သည်များအသင်းမှ လူသိရှင်ကြား ထောက်ပံခြင်း မပြုလုပ်ခဲ့ပေ။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ကကဲသို့ ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာတို့အား ကျူးကျော်စဉ်ကကဲ့သို့ မဟုတ်တော့ချေ။

ထို့ကြောင့် သူတို့ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ Frestechကုန်သည်များအသင်းအား ရန်စရဲသည့် နိုင်ငံ မရှိကြပါ။

မည်သည်နိုင်ငံကမှ အင်အားကြီးသည့်ရန်သူကို အကြောင်းမရှိပဲ ရန်စရန် မတုံးအကြပါ။

သို့သော်လည်း ထိုကဲ့သို့သော ဖြစ်ရပ်မျိုးဖြစ်သွားခဲ့သည်။ Frestechကုန်သည်များအသင်းမှ သူတို့၏ ယခင်က ရပ်တည်ချက်အတိုင်း ရပ်တည်က မားလိုအင်ပါယာနှင့် လမ်ပူရီတိုင်းပြည်တို့၏ စစ်ပွဲအကြား ဝင်ရောက်စွက်ဖက်ခြင်း မပြုပဲနေမည်လား?

***

Volume 8 အခန်း ၁၁၇ ။ ငြိမ်းချမ်းရေးစကားဝိုင်းကျရှုံးခြင်း

“မြို့စားရိုဒယ် မြို့စားမက်ဆာလန် ကျွန်မ Frestechကုန်သည်များအသင်းရဲ့ကိုယ်စား နှစ်နိုင်ငံကို စစ်ပွဲကို ရပ်လိုက်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ကျွန်မ အဆိုပြုပါတယ်” Frestechကုန်သည်များအသင်း၏ နိုင်ငံခြားရေးဌာနမှ ခေါင်းဆောင် ဖီဗန်က သူမ၏မျက်မှန်ကို လက်ဖြင့် ပင့်တင်လိုက်ပြီး ရှေ့တွင်ထိုင်နေသောလူနှစ်ယောက်အား လေးနက်သော အကြည့်နှင့် ကြည့်လိုက်ကာ သူမလာရသည့် အကြောင်းရင်းကို ပြောပြလိုက်သည်။

လမ်ပူရီတိုင်းပြည်နှင့် မားလိုအင်ပါယာတို့မှ ရှေ့တန်းမှ တာဝန်ရှိသူများအား အတူခေါ်ဆောင်ကာ သူတို့အားထိုင်၍ စကားပြောကြစေရန်မှာ Frestech ကုန်သည်များအသင်းအနေဖြင့်ပင် အင်အားသုံးရသည့်အရာဖြစ်သည်။

လမ်ပူရီတိုင်းပြည်ဖက်အတွက်မူ အဆင်ပြေသည်။ ဥက္ကဌ ဖရီယာမှ ရေမွန်ကို ထိုအကြောင်း ပြောလိုက်ရန်သာ ဖြစ်သည်။

သို့သော် မားလိုအင်ပါယာမှ Frestech ကုန်သည်များအသင်း၏ တောင်းဆိုချက်ကို အစက လက်မခံခဲ့ပေ။ Frestech ကုန်သည်များအသင်းသည် ဆက်သွယ်မှုများစွာ ပြုလုပ်ခဲ့ရကာ နောက်ဆုံး၌ မားလို အင်ပါယာ၏ ဘဏ္ဍာရေးဌာနဝန်ကြီး မြို့စား ဆော့သ်ဂိတ်နှင့်သွားတွေ့ပြီးမှသာ မားလိုအင်ပါယာက တွေ့ရန် သဘောတူခဲ့သည်။

ဤအစည်းအဝေးမှာ နှစ်ဖက်ရှေ့တန်းက ခေါင်းဆောင်များကြား ပထမဆုံးအစည်းအဝေး ဖြစ်ပြီး အလွန်အရေးကြီးကာ အခြေအနေက မကောင်းပါ။

ဖီဗန်၏ စကားများကို ကြားလျှင် မားလိုအင်ပါယာ၏ ရှေ့တန်းမှ ခေါင်းဆောင် မြို့စား မက်ဆာလန်က နှာခေါင်းရှုံလိုက်သည်။ “ ခင်ဗျားတို့ Frestech ကုန်သည်များအသင်းက ကျွန်တော်တို့ကို စစ်ပြေငြိမ်း စေချင်တယ်ဟုတ်လား? ဟာသပဲ ကျွန်တော်တို့က ခင်ဗျားတို့စကားကို ဘာလို့နားထောင်ရမှာလဲ?”

ဖီဗန်သည် သူ့ကိုကြည့်လိုက်ကာ သူ၏တုံ့ပြန်မှုကို လုံးဝ မအံ့သြပါ။

တင်ပြချက်များအရ မြို့စားမက်ဆာလန်က မားလိုအင်ပါယာမှ စစ်ဝါဒီဆန်သော အုပ်စုမှ ဖြစ်ကာ စစ်တပ်မှ လုပ်ဆောင်ချက်များကို ထောက်ခံအားပေးသည့် ကိုယ်စားလှယ်ထဲမှ တစ်ဦးဖြစ်သည်။

စစ်ပြေငြိမ်းမှုအား သူ၏သဘောတူညီမှုရရှိရန် လုပ်ရသည်မှာ ကောင်းကင်ပေါ်ကို တက်ရသည်ထပ် ပိုမို၍ ခက်ခဲသည်။

“ခင်ဗျားတို့ Frestech ကုန်သည်များအသင်းက တခြားနိုင်ငံတွေရဲ့ စစ်ပွဲတွေမှာ ကြားဝင်မစွက်ဖက်ပါဘူးလို့ ပြောထားတာကို မရှက်ဘူးလား? မားလိုအင်ပါယာက အကျိုးယုတ်နေတုန်းကတော့ ခင်ဗျားတို့ ဘာလို့မထွက်လာတာလဲ? အခု ကျုပ်တို့က အခြေအနေကို ပြောင်းပြန်လှန်နိုင်တော့မှ ခင်ဗျားတို့က ထွက်လာပြီး လမ်ပူရီတိုင်းပြည် အကျိုးယုတ်နေမှ စစ်ပြေငြိမ်းဖို့ လာပြောတယ်လား?”

မြို့စား မက်ဆာလန်၏ မျက်နှာသည် စိတ်ပျက်မှုနှင့် ပြည့်နေသည်။ ဖီဗန်ကို ကြည့်သည့် အကြည့်၌ ရန်လိုမှုက ပေါ်နေကာ ဖုံးကွယ်ဖို့ရန်တောင် မလုပ်ထားပါ။

“ကျွန်တော်တို့ လမ်ပူရီတိုင်းပြည်က အကျိုးယုတ်နေတယ်လား?” သူ၏စကားကိုကြားလျှင် လမ်ပူရီ တိုင်းပြည်၏ ရှေ့တန်းခေါင်းဆောင် မြို့စားရိုဒယ်က အေးစက်စွာ ရယ်သည်။ “ခင်ဗျားတို့ တိုက်ပွဲ နည်းနည်း နိုင်ထားရုံနဲ့ ဒီလောက်မာနကြီးလို့ရပြီလို့ ထင်မနေနဲ့။ ကျုပ်တို့က ခင်ဗျားတို့ကို မတိုက်နိုင်ဘူးလို့ တကယ်ထင်လား?”

“တိုက်နိုင်လို့လား?” မြို့စားမက်ဆာလန်က သူ့ကို စိုက်ကြည့်သည်။ “အကယ်၍ ခင်ဗျားလက်မခံနိုင်ရင် ကျုပ်တို့အခုပဲ ပြန်တိုက်နိုင်တယ် မင်းကိုရွံ့ထဲရောက်တဲ့အထိ ကျုပ်မတိုက်ဘူးဆိုတာ ခင်ဗျားယုံလား?”

ထိုသို့ပြောပြီးနောက် သူသည် ဖီဗန်ကိုကြည့်ကာ အေးစက်စွာ ရယ်လိုက်သည်။ “ခင်ဗျားတို့ကို Frestech ကုန်သည်များအသင်းက ကူညီနေတာနဲ့ မာနကြီးနိုင်ပြီလို့ထင်မနေနဲ့ ကျုပ် ခင်ဗျားကို ပြောမယ် Frestech ကုန်သည်များအသင်းရဲ့ အစောင့်တွေက သွေးကို နှစ်ပေါင်းများစွာ မမြင်ဖူးတဲ့ လူသစ်တွေပဲ ဒီစစ်ပွဲထဲကို ဘယ်လို ဝင်ပါနိုင်မှာလဲ? ငါထင်တာတော့ Frestech ကုန်သည်များအသင်းက ကြောက်စရာကောင်းတယ်လို့ ပြောတဲ့လူတွေဟာ သူတို့ကြောက်လို့ပဲဖြစ်ရမယ်။ Frestech ကုန်သည်များအသင်းက အင်အားမရှိတာကြာပြီ မှန်လား? မဟုတ်ရင် သူတို့က ငါတို့အင်ပါယာကို အရင် ဥက္ကဌရှု တာဝန်ယူတုန်းကလိုမျိုး စစ်တပ်တွေပို့လိုက်တာ ကြာပြီ။ ဒီလိုအသုံးမဝင်တဲ့ ဗလုံးဗထွေးတွေ ပြောနေဖို့လိုလို့လား?”

“မြို့စားမက်ဆာလန် ရှင် စကားကို သတိထားပြောပါ။ Frestech ကုန်သည်များအသင်းရဲ့ အခြေခံမူက လူတိုင်းအတွက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းပြီး အားလုံးအတူ တိုးတက်ဖို့ပဲ မလိုတဲ့အခြေအနေတွေမှာ ကျွန်မတို့က စစ်တပ်အင်အားကို အလွယ်တကူသုံးမှာမဟုတ်ဘူး”

“မလိုအပ်တဲ့အခြေနေ?” မြို့စားမက်ဆာလန်က နားမခံသာဖြစ်စေလောက်အောင် ရယ်လိုက်သည်။ “လမ်ပူရီတိုင်းပြည်က ကောင်တွေက ကျုပ်တို့မားလိုအင်ပါယာရဲ့မြေကို ရောက်လာတုန်းကကော ကျုပ် ခင်ဗျားတို့ Frestech ကုန်သည်များအသင်းက လုပ်ရှားမှုကို မမြင်ခဲ့ရတာလဲ? အခု ကျုပ်တို့ လမ်ပူရီတိုင်းပြည်ကို ရှုံးအောင်လုပ်လိုက်မှ လိုအပ်တယ်လို့ဘာလို့ထင်ရတာလဲ? ဟာ ဘုရင်ကို သားတော် ထားရတာက တကယ်ပဲ ကွာခြားတာပဲ..”

နောက်ဆုံးစကားကို ကြားလိုက်ရသောအခါ ဖီဗန်၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားသည်။

မြို့စားရိုဒယ်က ဒေါသနှင့် မတ်တပ်ရပ်လိုက်သည်။ သူသည် စားပွဲခုံကိုရိုက်ကာ မြို့စားမက်ဆာလန်ကို ကြည့်လျက် အော်လိုက်သည်။ “တိတ်စမ်း ခင်ဗျားက မြို့စားတစ်ယောက် သာသာပဲ။ ဒီလိုစကားမျိုး ပြောရတာ မရှက်ဘူးလား?”

မြို့စားမက်ဆာလန်သည် သူ၏မျက်လုံးကို မှေးလိုက်ပြီး သူ့ကိုကြည့်ကာ အေးစက်စွာရယ်လျှက် “ဘာလဲ? ငါပြောတာမှန်နေမှာစိုးလို့လား?”

မြို့စားရိုဒယ်သည် ဒေါသထွက်စွာဖြင့် သူ၏ခါးမှမှော်ပစ္စတိုကို ထုတ်လိုက်ကာ မြို့စားမက်ဆာလန်ကို ချိန်ရွယ်ထားလိုက်သည်။

“ချက်ချင်းမင်းစကားကို ပြန်ရုပ်သိမ်း သို့မဟုတ်ရင် ငါမယဉ်ကျေးလို့ အပြစ်မတင်နဲ့”

မြို့စား မက်ဆာလန်က မကြောက်ပေ။ သူသည် သူ၏မျက်နှာပေါ်တွင် အပြုံးနှင့် ပခုံးတွန့်လိုက်သည်။

“ပစ်လိုက်လေ ငါမျက်တောင်တစ်ချက်ခတ်လားဆိုတာကြည့်လိုက်”

သူတို့၏နောက်မှ အစောင့်များကလည်း သူတို့၏သေနတ်များထုတ်လာကြကာ အချင်းချင်း ချိန်ထား ကြကာ အခြေအနေကို ပို၍ ပြင်းထန်စေသည်။

“ကျေးဇူးပြု၍ ရပ်လိုက်ပါ” ဖီဗန်၏ အသံက ထွက်လာသည်။

ထိုကဲ့သို့ ပြင်းထန်သည့်အခြေအနေတွင် သူမ၏အသံက တည်ငြိမ်နေသည်။ ချက်ချင်းပင် ထိုအခြေအနေကို ပြေလျော့သွားစေသည်။

“ရှင်တို့နှစ်ယောက်လုံးကို ကျွန်မတို့က ဒီနေ့ ငြိမ်းချမ်းရေးစကားပြောဖို့ ခေါ်လိုက်တာပါ။ ဒီစစ်ပွဲကို ဆက်တိုက်ဖို့ မဟုတ်ပါဘူး” ဖီဗန်က မြို့စားမက်ဆာလန်ကိုကြည့်လိုက်ကာ “မြို့စားမက်ဆာလန် ကျွန်မတို့ Frestech ကုန်သည်များအသင်းက ဒီအချိန်မှာငြိမ်းချမ်းရေးစကားပြောဖို့ ဘာလို့ ကမ်းလှမ်းရသလဲဆိုတာ အကြောင်းရင်းကို ရှင် ရှင်းရှင်းလင်းလင်း သိမယ်ထင်ပါတယ်။ အကယ်၍ ရှင်တို့ မားလိုအင်ပါယာရဲ့ လွန်လွန်းတဲ့ လုပ်ဆောင်မှုကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်မတို့ Frestech ကုန်သည်များအသင်းက ရှင်တို့ နှစ်နိုင်ငံရဲ့ အငြင်းပွားမှုကြား ကြားဝင်မှာ မဟုတ်ပါဘူး”

မြို့စားမက်ဆာလန်၏ အမူအရာက အေးခဲသွားသည်။

သူနားလည်သည်မှာ သေချာပါသည်။

Frestech ကုန်သည်များအသင်း၏ ယခုတစ်ကြိမ် လုပ်ရှားရသည့်အကြောင်းမှာ ဒုက္ခသည်စခန်းကိစ္စကြောင့်သာ ဖြစ်သည်။

မားလိုအင်ပါယာ၏ မှော်လေသင်္ဘောများ၏အမှားကြောင့် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အကြောင်းမှာ Frestech ကုန်သည်များအသင်းသည် အစောင့် အယောက် ၁၀၀နှင့် အချို့အလုပ်သမား များ ကြီးမားသော ဒုက္ခသည်စခန်းကိုပါ ဆုံးရှုံးခဲ့ရသည်။ ၎င်းသည် Frestech

ကုန်သည်များအသင်း သည် သူတို့၏ ဒုက္ခသည်များကိုကာကွယ်ရန် ဆုံးရှုံးခဲ့ရပြီး ၎င်းသည် Frestech ကုန်သည်များအသင်း ၏ ပါးကို ရိုက်လိုက်ခြင်းပင်ဖြစ်သည်။

အကယ်၍ Frestech ကုန်သည်များအသင်းက တုံ့ပြန်မှုမလုပ်လျှင်သာ ထူးဆန်းမည်ဖြစ်သည်။

မားလိုအင်ပါယာသည် Frestech ကုန်သည်များအသင်းက ထိုကိစ္စကို အခွင့်အရေးယူကာ စစ်ပွဲထဲသို့ ဝင်လာပြီး လမ်ပူရီတိုင်းပြည်နှင့်မဟာမိတ်ပြုကာ မားလိုအင်ပါယာကို တိုက်ခိုက်မည်ကို အစိုးရိမ်ဆုံး ဖြစ်သည်။

အကယ်၍ Frestech ကုန်သည်များအသင်းက ထိုသို့ပြုလုပ်လိုက်လျှင် မားလိုအင်ပါယာအပေါ် ဖိအားများစွာ ဖြစ်လာလိမ့်မည်။

နှစ်ပေါင်းများစွာ တိုးတက်မှုများ ရှိခဲ့သော်လည်း မားလိုအင်ပါယာ၏ မှော်စက်မှုလုပ်ငန်းသည် ပြည့်စုံရန် နီးကပ်လာပြီး နေရာအများစု၌ Frestech ကုန်သည်များအသင်း၏ လွှမ်းမိုးမှုမှ လွတ်မြောက် ခဲ့ပြီး ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ကဲ့သို့ အင်ပါယာနှစ်ခုက Frestech ကုန်သည်များအသင်းကို မခုခံနိုင်သကဲ့သို့ မဟုတ်တော့ပေ။ သို့သော်လည်း Frestech ကုန်သည်များအသင်း၏ အာဏာက လူများ ကြောက်ရသောအရာဖြစ်ကာ သူတိုအားမဆန့်ကျင်ခြင်းမှာ ကောင်းမည်ဖြစ်သည်။

“ကျွန်မတို့ ကုမ္ပဏီစိုးရိမ်နေတာက အကယ်၍ ဒီစစ်ပွဲကဆက်ဖြစ်နေရင် ရှင်တို့နှစ်နိုင်ငံရဲ့စကေးအရ ပိုပိုပြီး မတော်တဆတွေ ဖြစ်လာမှာကိုပဲ။ အဲ့တာက နယ်မြေတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးကို သက်ရောက်စေရုံသာမကဘူး။ ကျွန်မတို့ကုမ္ပဏီရဲ့ အကျိုးအမြတ်ကိုလည်း အများကြီးထိခိုက်တယ်။ ဒါကြောင့် ကျွန်မတို့က ရှင်တို့နှစ်ဖက်လုံးကို စစ်ပြေငြိမ်းနိုင်ဖို့ အဆိုပြုရတာပါ”

မြို့စားမက်ဆာလန်က ရယ်လိုက်သည်။ သူသည် Frestech ကုန်သည်များအသင်းက တကယ်ပင် ပွင့်လင်းသည်ဟု ထင်လိုက်သည်။ သူတို့သည် သူတို့၏အကျိုးအမြတ်များ ထိခိုက်မည်ဟုပြောခဲ့သည် ထို့ကြောင့် ငြိမ်းချမ်းရေးကို ကမ်းလှမ်းသည်ဟုဆိုသည်။

သို့သော် Frestech ကုန်သည်များအသင်း၏အကျိုးမြတ်သည် မားလိုအင်ပါယာ၏ အကျိုးအမြတ် မဟုတ်ပါ။

မြို့စားမက်ဆာလန်က မတ်တပ်ရပ်လိုက်သည်။ “မန်နေဂျာ ဖီဗန်၊ မားလိုအင်ပါယာက သေချာပေါက် ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို သဘောတူမှာမဟုတ်ပါဘူး။ အကယ်၍ Frestech ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်နဲ့ ပေါင်းချင်တယ်ဆိုလည်း ကြိုက်သလိုလုပ်ပါ။ ပြီးတော့ ဥက္ကဌဖရီယာကိုလည်း ကျုပ်အတွက် စကားနည်းနည်းလောက် ပြောပေးပါ။ သူမက သူ့အဖေ ဥက္ကဌရှုယီ မဟုတ်ဘူး။ ပြီးတော့ Frestech ကုန်သည်များအသင်းကလည်း အရင်ကလို အင်ပါယာနှစ်ခုပေါင်းမတိုက်နိုင်တဲ့ Frestech ကုန်သည်များအသင်း မဟုတ်တော့ဘူး။ သူမက သူ့နေရာသူသိသင့်တယ်။ အဲ့တာအားလုံး ကောင်းဖို့အတွက်ပဲ”

ထိုစကားများကိုပြောပြီးနောက် မြို့စားမက်ဆာလန်သည် ထွက်သွားသည်။

ရိုဒယ် မြို့စားမက်ဆာလန် ထွက်သွားသည့်ဖက်ကိုကြည့်ကာ ဖီဗန်အားပြန်ကြည့်လိုက်သည်။

“ခေါင်းဆောင်ဖီဗန် ဒါက…….”

သူသည် မားလိုအင်ပါယာ၏ အပြုအမူက ဤမျှလောက်ပြတ်သားမည်ဟု မထင်ခဲ့ပါ။

သူတို့သည်တကယ်ပင် Frestech ကုန်သည်များအသင်းကို မစိုးရိမ်ပါသလား?

သို့သော် စဉ်းစားကြည့်လျှင် မြို့စားမက်ဆာလန်၏ စကားများက ကျိုးကြောင်းသင့်နေသည်။

လွန်ခဲ့သောနှစ်နှစ်ဆယ်ကအခြေအနေနှင့် ကွာခြားခဲ့ပြီဖြစ်သည်။ နိုင်ငံတစ်ခုဆီ၌ မှော်စက်မှုလုပ်ငန်းသည် အမြန်ပင်တိုးတက်လာခဲ့ပြီး သူတို့နှင့် Frestech ကုန်သည်များအသင်း၏ ကွာခြားချက်မှာ သေးငယ်သွားပြီဖြစ်သည်။

စစ်တပ်သုံးမှော်စက်များနှင့် ပက်သက်လျှင် အင်အားကြီးသောနိုင်ငံများသည် သူတို့၏ အင်အားများကို ထိုစက်များ ထုတ်လုပ်ရန်သုံးခဲ့ကာ Frestech ကုန်သည်များအသင်းနှင့် ကွာဟချက်ကို နည်းပါးစေခဲ့ သည်။ ကွာဟချက်ပင် မရှိတော့သည်မှာ ဖြစ်နိုင်သည်။

မဟုတ်လျှင် Frestech ကုန်သည်များအသင်းက ဤနှစ်များအတွင်း မည်သည့်အတွက်ကြောင့် လှုပ်ရှားမှုတစ်စုံတစ်ရာမရှိခဲ့ပါသနည်း?

အကယ်၍ စစ်တပ်လှုပ်ရှားမှုမရှိလျှင်ပင် မှော်တိမ်တိုက်နယ်မြေမှ မှော်စက်မှုလုပ်ငန်းနှင့် အကျွမ်းတဝင် မရှိသော ရှေးဦးလူများကိုပင် အနိုင်မကျင့်ခဲ့ပါ တင်ပြချက်များအရ သူတို့သုံးခဲ့သော စစ်တပ်အင်အားမှာ သာမန်ပင်ဖြစ်သည်။

အကယ်၍ ဤအရာသာအမှန်ဖြစ်လျှင် Frestech ကုန်သည်များအသင်း၏စစ်တပ်အင်အားမှာ တကယ်ပင် ယခင်ကလောက် မကောင်းနိုင်တော့ပါ။

မားလိုအင်ပါယာ၏ လက်ရှိအပြုအမူအား နားလည်နိုင်ပါသည်။

မြို့စားရိုဒယ်၏ မတည်ငြိမ်သောအခြေအနေကို ဖီဗန်မြင်လျှင် သူတွေးနေသည်ကို သူမက ခန့်မှန်းနိုင်လိုက်သည်။

သို့သော် သူမက မဖြေရှင်းချင်တော့ပါ ထို့ကြောင့် သူမသည် မြို့စားရိုဒယ်ကိုပင် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ “စိတ်လျော့ပါ။ ကျွန်မတို့ Frestech ကုန်သည်များအသင်းက ငြိမ်းချမ်းရေးဆွေးနွေးပေးဖို့ လက်လျော့မှာမဟုတ်ပါဘူး။ မြို့စားရိုဒယ် ရှင်တို့ လမ်ပူရီတိုင်းပြည်ကတော့ ကျွန်မတို့နဲ့ ပူးပေါင်းပေးဖို့ ကျွန်မ မျှော်လင့်တယ်”

မြို့စားရိုဒယ်က ခါးသီးစွာပြုံးလိုက်သည်။

ပူးပေါင်းရမယ်? ဘယ်လိုလဲ?

နိုင်ငံများအကြားညှိနှိုင်းခြင်းသည် အာဏာအပေါ်မူတည်သည်။

အကယ်၍ Frestech ကုန်သည်များအသင်းနှင့် လမ်ပူရီတိုင်းပြည်သည် မားလိုအင်ပါယာကို မကျော်နိုင်လျှင် သူတို့၏ညှိနှိုင်းမှုသည် အချည်းနှီးပင် ဖြစ်သည်။

Frestech ကုန်သည်များအသင်း၏ အာဏာက ယခုအထိ ဆန်းကြယ်မှုဖြစ်သည်။ ထို့ကြောင့် မြို့စားမက်ဆာလန်သာ သံသယဝင်သည်သာမကပဲ မြို့စားရိုဒယ်၌လည်း ထိုသံသယရှိသည်။

Frestech ကုန်သည်များအသင်း၏အစောင့်တပ်များက အလွန်အားနည်းနေခဲ့ပါလျှင် လမ်ပူရီ တိုင်းပြည်က မည်သို့ သူတို့အပေါ် မှီခိုနိုင်ပါမည်နည်း?

မြို့စား ရိုဒယ်သည် Frestech ကုန်သည်များအသင်း၏ ယခုတစ်ကြိမ် ချဉ်းကပ်မှုအား သံသယဝင်နေသည်။

အကယ်၍ ယခင် Frestech ကုန်သည်များအသင်းဆိုလျှင် အကယ်၍ အစောင့်အယောက် ၁၀၀ အသတ်ခံရပါလျှင် ဥက္ကဌရှုက မားလိုအင်ပါယာအား စကားတစ်ခွန်းမှ မပြောပဲ စစ်ကြေညာ နေလောက်ပြီ ဖြစ်သည်။ ယခုကဲ့သို့ လူလွတ်ကာ အချည်းနှီးအင်အားကုန်ခံပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် ကြိုးစားနေလိမ့်မည်နည်း?

အခြားသောသူများအတွက် ၎င်းသည် အားနည်းချက်ကို ရှင်းလင်းစွာ ပြနေခြင်းဖြစ်သည်။

ထိုသို့တွေးမိလျှင် မြို့စားရိုဒယ်သည် Frestech ကုန်သည်များအသင်း၏ ယခင်ဥက္ကဌ ရှုယီအား သတိရနေမိတော့သည်။

အကယ်၍ ရှုယီသာ တာဝန်ယူနေသေးလျှင် မြို့စားမက်ဆာလန်က မည်မျှပင် ရဲတင်းစေကာမူ ဤကဲ့သို့ မာနကြီးနေရဲလိမ့်မည်နည်း?

***

Volume 8 အခန်း ၁၁၈ ။ မွေးရပ်မြေကိုပြန်သွားတယ်? (စာအုပ်၏အဆုံးသတ်)

မြို့စားမက်ဆာလန်၏ ဖီဗန်ရှေ့မှ အမူအရာသည် အလွန်ပြင်းထန်ကာ အထက်စီးဆန်သည်ဟုပင် ဆုံးဖြတ်၍ရသည်။ သို့သော် သူသည် ရှေ့ပြေးတပ်၏ ခေါင်းဆောင်တစ်ဦးပင်ဖြစ်ရာ မားလိုအင်ပါယာ တစ်ခုလုံးကို ကိုယ်စားမပြုနိုင်ပါ။

မြို့စားမက်ဆာလန်နှင့် ယှဉ်လျှင်မားလိုအင်ပါယာ၏ တရားဝင်ချန်နယ်၏ ထုတ်ပြန်ချက်က ပညာသားပါသည်။

သို့သော် မည်မျှပင် ပညာသားပါပါစေ မားလိုအင်ပါယာ၏ အပြုအမူက ရှင်းလင်းနေသည်။ သူတို့သည် Frestech ကုန်သည်များအသင်းမှ အဆိုပြုသော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို သေချာပေါက် သဘောမတူကြောင်း ပြနေသည်။

သို့မဟုတ် တိကျစွာပြောရလျှင် သူတို့သည် Frestech ကုန်သည်များအသင်းကပေးသောအချက်ကို လက်မခံခြင်းဖြစ်သည်။

မားလိုအင်ပါယာအတွက် သူတို့သည် အကျိုးအမြတ်ရရှိပြီးသားဖြစ်သည်။ သူတို့က ဤကဲ့သို့ဆက်သွားလျှင် သူတို့သည် လမ်ပူရီတိုင်းပြည်ကို နိုင်တော့မည်ဖြစ်သည်။ အကယ်၍ သူတို့သည် အမှန်တကယ် လမ်ပူရီတိုင်းပြည်ကို နိုင်သွားလျှင် စိုင်စ်နယ်မြေတွင် အုပ်စိုးသော အင်အားအကြီးဆုံး အင်ပါယာတစ်ခု ဖြစ်လာကာ စိုင်စ်နယ်မြေကို အစိုးရနိုင်လိမ့်မည်။

ထိုကဲ့သို့သော အခြေအနေတွင် သူတို့အား လက်လျော့ရန်ရွေးချယ်စေခြင်းသည် ဟာသတစ်ခုပင် ဖြစ်သည်။

ထိုအရာသည် မားလိုအင်ပါယာ မြင်ချင်သော ဦးတည်ချက်ဖြစ်သည်။

သူတို့သည် Frestech ကုန်သည်များအသင်းနှင့် ငြိမ်းချမ်းရေးစကားပြော၍ အချိန်ဆွဲနေသော်လည်း သူတို့၏ လှုပ်ရှားမှုကို ဘယ်တော့မှ မရပ်ခဲ့ပေ။ သူတို့သည် လမ်ပူရီတိုင်းပြည်ကို အင်အားသုံးကာ တိုက်ခိုက်နေဆဲဖြစ်သည်။

ထိုအချိန်၌ လမ်ပူရီတိုင်းပြည်သည် တကယ်ပင် ပြင်းထန်သော အတွင်းရေးကိစ္စများ ပေါ်ပေါက်နေသည်။

အန်ဒီလာတိုင်းပြည်၏ ပိုင်နက်တွင် ပြန်လည်ဖွဲ့စည်းထားသော အန်ဒီလာတိုင်းပြည်၏ စစ်တပ်က ရုတ်တရက်ပေါ်လာကာ အန်ဒီလာတိုင်းပြည်တွင် တပ်စွဲထားသော လမ်ပူရီတိုင်းပြည်၏စစ်တပ်ကို တိုက်ခိုက်ခဲ့သည်။

၎င်းသည် ရုတ်တရက်ဖြစ်ခဲ့ခြင်း ဖြစ်သောကြောင့် အန်ဒီလာမြို့မှ လမ်ပူရီတိုင်းပြည်၏ စစ်တပ်များသည်လည်း အမြစ်ဖျက်ချေမှုန်းခြင်းခံခဲ့ရသည်။

တစ်ချိန်တည်း၌ပင် ဆက်ခ်တိုင်းပြည်၏ပိုက်နက်ထဲတွင် ဆက်ခ်တိုင်းပြည်၏ စစ်တပ်ဟု အခိုင်အမာဆိုနိုင်သော စစ်တပ်များသည် လမ်ပူရီတိုင်းပြည်ကို စတင်၍ တိုက်ခိုက်ခဲ့ကြသည်။

မားလိုအင်ပါယာမှ တစ်ချိန်လုံး အကူအညီများလက်ခံနေခဲ့သော ဖောလ်ခ် တိုင်းပြည်မှ ပြောက်ကျားတပ်ဖွဲ့သည်လည်း တိုက်ခိုက်မှုများ ပြင်းထန်လာနေသဖြင့် လမ်ပူရီတိုင်းပြည်၏ အတွင်းပိုင်းအခြေအနေသည် ရှုပ်ထွေးလာခဲ့သည်။

၎င်းသည် လမ်ပူရီတိုင်းပြည်၏ရှေ့တန်းစစ်တပ်၏ တိုက်ခိုက်အင်အားကို သက်ရောက်မှုရှိသည်မှာ သေချာပါသည်။ မားလိုအင်ပါယာ၏ စစ်တပ်၏တိုက်ခိုက်မှုမှ ရှုံးနိမ့်ပြီးရင်းရှုံးနိမ့်နေရကာ နောက်ဆုတ်နေရသည်။ သူတို့သည် မားလိုအင်ပါယာမှသိမ်းပိုက်ထားသော ကန်ဒရာအင်ပါယာ၏ ပိုင်နက်အားလုံးကို ပြန်ပေးနေရသည်။

မားလိုအင်ပါယာကသာ ရှေ့တစ်လှမ်းတိုးလာလျှင် လမ်ပူရီတိုင်းပြည်၏ နယ်မြေကို ကျူးကျော်လာတော့မည်ဖြစ်သည်။ စိုင်စ်နယ်မြေမှလူများသည် သံသယများဖြင့် ပြည့်လာကြသည်။

Frestech ကုန်သည်များအသင်းက ဘာလုပ်နေကြသနည်း?

သူတို့သည် မားလိုအင်ပါယာနှင့် ပထမဆုံးငြိမ်းချမ်းရေး စကားပြောသည်ကို မအောင်မြင်သည့်နောက် နှစ်ဝက်က ကျော်လွန်သွားပြီဖြစ်သည်။

ထိုကဲ့သို့ အချိန်များကြာပြီးသည့်နောက် Frestechကုန်သည်များအသင်းမှ ငြိမ်းချမ်း‌ရေးစကားသာ ပြောခဲ့ပြီး မည်မည်ရရလုပ်ဆောင်ခြင်း မရှိသေးပေ။

သတင်းစာများ၏ ပြောကြားချက်များက မှန်‌နေပါသလား?

Frestech ကုန်သည်များအသင်းသည် တကယ်ပင် အားနည်းသွားကာ စစ်ပွဲထဲသို့ဝင်ရန်သတ္တိမရှိ‌ တော့ခြင်းဖြစ်ပါသလား။ ဒါကြောင့် မားလိုအင်ပါယာကို စစ်မကြေညာခြင်း ဖြစ်နိုင်ပါသလား?

လူအနည်းစုကသာ ထိုကဲ့သို့သော အ‌ကြောင်းအရာကို လက်ခံရန်ဆန္ဒရှိသည်။

Freatechကုန်သည်များအသင်းသည် တည်‌ထောင်ခဲ့သည်မှာ နှစ်ပေါင်း၅၀ပင် ရှိပြီဖြစ်သည်။ ပြီးနောက် ပထမနှစ်အနည်းငယ်တွင်ပင် အားနည်းခဲ့ကာ လွန်ခဲ့သော နှစ်ပေါင်း ၄၀အတွင်း Frestechကုန်သည်ကြီးများအသင်းသည် အင်အားကြီးသည့် ပုံစံကိုပြခဲ့သည်။ တစ်ချိန်ထဲတွင်ပင် သူတို့သည် မနှိုင်းယှဉ်နိုင်‌သော အာဏာကို ကိုယ်စားပြုခဲ့သည်။

သိထားရမည်အချက်မှာ လွန်ခဲ့သောနှစ်နှစ်ဆယ်က အင်ပါယာနှစ်ခုသည် ပူးပေါင်းခဲ့သော်လည်း Frestech ကုန်သည်များအသင်းကို ရှုံးနိမ့်‌အောင်မလုပ်နိုင်ခဲ့ပါ။

သို့သော် ယခုမူ Frestechကုန်သည်များအသင်းသည် မားလိုအင်ပါယာနှင့် လမ်ပူရီတိုင်းပြည်တို့အကြား ဝင်ရောက်စွက်ဖက်ရန် မရဲပဲဖြစ်နေပါသလား?

အကယ်၍ မားလိုအင်ပါယာသည် လမ်ပူရီတိုင်းပြည်၏ ပိုင်နက်အား တကယ်ပင်ကျူးကျော်ကာ လမ်ပူရီတိုင်းပြည်အား ဖျက်ဆီးလိုက်လျှင် Frestechကုန်သည်များအသင်း၏ ဆယ်စုနှစ်ကြာ ထိန်းသိမ်းလာခဲ့‌သော လွှမ်းမိုးနိုင်သည့် ပုံရိပ်သည် ပျက်စီးသွားရ‌တော့မည် ဖြစ်သည်။

Frestech ကုန်သည်များအသင်းသည် သူတို့၏ ပုံရိပ်ကို ဆုံးရှုံးသွားခဲ့လျှင် စိုင်စ်နယ်မြေထဲမှ သူတို့၏ နေရာကိုပါ ဆုံးရှုံးရကာ သာမန်ကုမ္ပဏီသာ ဖြစ်သွားရလိမ့်မည်။

ထို့အပြင် အကယ်၍ မားလိုအင်ပါယာသည် လမ်ပူရီတိုင်းပြည်ကိုဖျက်ဆီးကာ စိုင်စ်နယ်မြေတစ်ခုလုံးအား စုစည်းမည်ဆိုလျှင် Frestech ကုန်သည်များအသင်းကို အသက်ရှင်ရန် နေရာပေးတော့မည် မဟုတ်ပါ။

အကယ်၍ Frestech ကုန်သည်မျာအသင်းသည် မှော်တိမ်တိုက်နယ်မြေတွင် သန်မာသော အခြေခံ ရှိလျှင်ပင် အကယ်၍ စိုင်စ်နယ်မြေကို ဆုံးရှုံးခဲ့ရလျှင် သူတို့သည် ယခင်လောက်သန်မာနိုင်မည်လား?

မားလိုအင်ပါယာသည် သူတို့၏အာဏာကို တည်ဆောက်ပြီးသည်နှင့် မှော်တိမ်တိုက်နယ်မြေကို ကျူးကျော်လာနိုင်သည်။

ထိုသို့သော သုံးသပ်ချက်နှင့် လူများသည် လမ်ပူရီတိုင်းပြည်တင်မကပဲ Frestech ကုန်သည်ကြီးများအသင်းသည်ပင် သေရေးရှင်ရေး အခြေအနေကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။

အကယ်၍ Frestech ကုန်သည်မျာအသင်းက လမ်ပူရီတိုင်းပြည်၏ အခြေအနေကိုကြည့်ကာ အကျိုးဆက်ကို ခန့်မှန်းနိုင်သည်။

အကယ်၍ လှုပ်ရှားမှုပြုလုပ်မည်ဆိုလျှင် Frestech ကုန်သည်များအသင်းက လုံလောက်သည့်အာဏာ ရှိပါသလား?

Frestech ကုန်သည်များအသင်းသည် နောက်ဆုံး၌ မရေမတွက်နိုင်သောသူများ သံသယဝင်မှုများနှင့် ရင်ဆိုင်ရပြီး နောက်တွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။

၎င်းသည် လှုပ်ရှားမှုတစ်ခုသာ မဟုတ်ခဲ့ပေ ၎င်းသည် မိုးကြိုးသွားတစ်ခုလည်း ဖြစ်သည်။

သက္ကရာဇ် ၃၃၃၄ ဧပြီလတွင် Frestech ကုန်သည်များအသင်းသည် မားလိုအင်ပါယာက ငြိမ်းချမ်းရေး စကားပြောသည်ကို သဘောမတူပဲ နယ်မြေအတွင်းရှိ ငြိမ်းချမ်းရေးကို ပျက်သုန်းစေကာ ပြည်သူများ ကို ထိခိုက်ဒဏ်ရာရစေသောကြောင့် မားလိုအင်ပါယာကို ပြင်းထန်သော တိုက်ခိုက်မှုပြုလုပ်တော့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ပြင်းထန်သော တိုက်ခိုက်မှုအနေဖြင့်…..

သက္ကရာဇ် ၃၃၃၄တွင် Frestech ကုန်သည်များအသင်း၏ တပ်ဖွဲ့ နှစ်ဖွဲ့သည် မားလိုအင်ပါယာ၏ မြောက်ဖက်ကမ်းရိုးတန်းကို ကျူးကျော်ခဲ့သည်။ ၎င်းတို့သည် လဝက်အတွင်း၌ ဆိပ်ကမ်းမြို့ ၃မြို့ကို ဖျက်ဆီးနိုင်ခဲ့ပြီး သူတို့သည် မားလိုအင်ပါယာ၏ မြောက်ဖက်ကမ်းရိုးတန်း တစ်ခုလုံးကို ပိတ်ဆို့ ထားခဲ့သည်။

မားလိုအင်ပါယာ၏ မြောက်ပိုင်းမှ ရေတပ်ဖွဲ့သည် Frestech ကုန်သည်မျာအသင်း၏ ရေတပ်မှ အပြီးတိုင်းချေမှုန်းခြင်း ခံလိုက်ရပြီး သင်္ဘောတစ်စင်းမှပင် ပြန်မလာနိုင်ခဲ့ပါ။

တစ်ချိန်တည်း၌ Frestech ကုန်သည်မျာအသင်း၏ စစ်သား နှစ်သောင်း၊ မှော်တင့်ကား သုံးထောင်၊ မှော်တိုက်လေသင်္ဘော ငါးရာ ပါဝင်သည့် အစောင့်တပ်ဖွဲ့သည် အနက်ရောင်စပါးမဖြစ်ထွန်းသောမြေမှ ပို့ဆောင်လိုက်ပြီး ရက်သတ္တပတ်အတွင်း ဆက်ခ်တိုင်းပြည်နှင့် အန်ဒီလာတိုင်းပြည်တို့မှ ပုန်ကန်သူများ အား အရှေ့မြောက်သို့သွားကာ သေးငယ်သည့် ရိုဒင်မြို့စားပိုင်နက်ထဲဝင်၍ မားလိုအင်ပါယာသို့ ဝင်ရန် မသွားမှီ၌ စစ်မက်ငြိမ်းချမ်းစေခဲ့သည်။

သက္ကရာဇ် ၃၃၃၄ မေလတွင် Frestech ကုန်သည်များအသင်းမှ အစောင့်များနှင့် မားလိုအင်ပါယာ၏ အနောက်ပိုင်းမြို့စောင့်တပ်သည် ပြင်းထန်သည့်တိုက်ပွဲကို ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။

တစ်နေ့အတွင်းတွင်ပင်Frestech ကုန်သည်များအသင်း၏ အစောင့်တပ်များက မားလိုအင်ပါယာ၏ ခံတပ်ကို ဖျက်ဆီးကာ မားလိုအင်ပါယာ၏ ပိုင်နက်ထဲ ချဉ်းကပ်လာကြသည်။

သက္ကရာဇ် ၃၃၄ ဂျွန်လတွင်ဖြစ်သည်။

Frestech ကုန်သည်များအသင်း၏ အစောင့်တပ်များသည် မားလိုအင်ပါယာနှင့် စစ်ပွဲ ၂၇ ခု တိုက်ခိုက် ခဲ့ကာ ရှုံးသည့်ပွဲမရှိခဲ့ပေ။ သူတို့သည် မားလိုအင်ပါယာ၏ တပ်ရင်း ၁၇ ခုနှင့် တော်ဝင်အစောင့်တပ်ရင်း ၃ခုကို ရှုံးနိမ့်စေခဲ့သည်။ ကျဆုံးသူမှာ ၁၀ ရာခိုင်နှုန်းပင်မရှိခဲ့ပေ။ ၎င်းတို့သည် မြို့စား ဆော့သ်ဂိတ်၏ ပိုင်နက်သို့ တွန်းပို့ခဲ့သည်။

မြို့စား ဆော့သ်ဂိတ်သည် ချက်ချင်းပင် သူသည် ချက်ချင်းပင် မားလိုအင်ပါယာမှ ခွဲထွက်ပြီး ဆော့သ်ဂိတ်မြို့စားပိုင်နက်ကို တည်ထောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

တစ်ချိန်တည်း၌ပင် မားလိုအင်ပါယာ၏ ပိုင်နက်သည် Frestech ကုန်သည်များအသင်းထံမှ သိမ်းခံရပြီး များစွာသော မျိုးရိုးမြင့်များက ပုန်ကန်ကြသည်။ ထိုအချိန်တွင် များစွာသော ကြီးမားသည့် သေးငယ်သည့် မြို့စားပိုင်နက်များ ဖွဲ့စည်းလာကြသည်။

အခြားတစ်ဖက်၌ လမ်ပူရီတိုင်းပြည်၏ စစ်တပ်သည် Frestech ကုန်သည်များအသင်း၏ အစောင့် သုံးသောင်းနှင့် ညှိနှိုင်းဆောင်ရွက်ကာ မားလိုအင်ပါယာ၏ တပ်များအား ထပ်ခါထပ်ခါ ချေမှုန်းခဲ့သည်။ သူတို့သည် ကန်ဒရာအင်ပါယာ၏ နယ်မြေကို မားလိုအင်ပါယာ၏ လက်ထဲမှ ပြန်ယူခဲ့သည်။

ဤတစ်ကြိမ်တွင် လမ်ပူရီတိုင်းပြည်နှင့် Frestechကုန်သည်များအသင်း၏ တပ်များသည် မားလိုအင်ပါယာ၏ နယ်စပ်တွင်ပင် မရပ်နေပေ။ သူတို့သည် မားလိုအင်ပါယာ၏ ပိုင်နက်ကို မရပ်တန့်နိုင်သော အင်အားနှင့် ဖြိုခွဲဝင်ရောက်သွားကြသည်။

တစ်ချိန်တည်း၌ပင် အရှေ့ဖက် အဝေးတစ်နေရာ၌ လီဗင် နယ်မြေမှ Frestechကုန်သည်များအသင်း၏ အစောင့်များ ငါးသောင်းခန့်သည် စိုင်စ်နယ်မြေ၌ အရှေ့ဖက်ကမ်းရိုးတန်းသို့ရောက်လာခဲ့သည်။ သူတို့သည် နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံနှင့် ပူးပေါင်းကာ အရှေ့ပိုင်းမဟာမိတ်တပ်များကို တိုက်ခိုက်၍ ရှုံးနိမ့်စေခဲ့သည်။

တစ်လတည်း၌ပင် အရှေ့ပိုင်းမဟာမိတ်တပ်သည် ဖျက်စီးခံခဲ့ရကာ မဟာမိတ်ပြိုကွဲသွားသည်။

အရှေ့ပိုင်းနိုင်ငံများသည် နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံနှင့် ငြိမ်းချမ်းရေးကုန်သွယ်မှု ပူးပေါင်းခြင်း သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် ရွေးချယ်ခဲ့ကာ စိုင်စ်နယ်မြေ၏ အရှေ့ဖက်တွင် များစွာကြာမြင့်ခဲ့သော စစ်ပွဲများကို အဆုံးသတ်ခဲ့သည်။

သက္ကရာဇ် ၃၃၃၅ ဖေဖော်ဝါရီတွင် လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်၊ ဒရိက်ခ်တိုင်းပြည်၊ နိုဇ်ဒိုမူစီးပွားရေးသမ္မဂ္ဂနိုင်ငံ၊ ကန်ဒရာဖယ်ဒရယ်ပြည်ထောင်စု နှင့် Frestech ကုန်သည်များအသင်း၏အစောင့်တပ်များသည် ပူးပေါင်းကာ မဟာမိတ်တပ်ဖွဲ့စည်းခဲ့ပြီး မားလိုအင်ပါယာကို ကျူးကျော်ခဲ့သည်။

မဟာမိတ်တပ်များ၏ ဖိအားကြောင့် မားလိုဧကရာဇ်သည် ကျောက်စိမ်းတံဆိပ်က မီးလောင်သွားလျှင်ပင် သူတို့သည် သူတို့၏နိုင်ငံကို ရန်သူများလက်အောက်ကျရှုံးစေမည်မဟုတ်ဟု ကြေညာလိုက်သည်။ သူသည် မဟာမိတ်တပ်များကို နိုင်ငံ၏ အင်အားကုန်သုံးကာ ခုခံမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သက္ကရာဇ် ၃၃၃၅ ဧပြီလတွင် မဟာမိတ်တပ်သည် မားလိုအင်ပါယာအတွင်း ကြီးမားသည့်အင်အားဖြင့် စတင်တိုက်ခိုက်ခဲ့သည်။ နောက်ဆုံး၌ မားလိုအင်ပါယာ၏ စစ်တပ်သည် ကျဆုံးသူ တစ်သိန်းသုံးသောင်း ရှိကာ ဆုံးရှုံးမှူကြီးမားစွာ ခံစားခဲ့ရသည်။

သက္ကရာဇ် ၃၃၃၅ ဧပြီလကုန်တွင် Frestech ကုန်သည်များအသင်းသည် အဝေးပစ်မှော်ဒုံးကျည်နှစ်ခုနှင့် မှော်နျူကလိယဒုံးကျည်ထိပ်ဖူးတို့နှင့် မားလိုအင်ပါယာ၏ မြောက်ပိုင်းရှိ မှော်စက်မှုလုပ်ငန်းနှစ်ခုအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သူတို့၏ နောက်ဆုံးခုခံရန် မှော်လင့်ချက်ကို ဖျက်စီးပစ်လိုက်သည်။

သက္ကရာဇ် ၃၃၃၅ တွင်။

ညှိနှိုင်းပြီးနောက်တွင် မဟာမိတ်တပ်များက မားလိုအင်ပါယာ၏ ချွင်းချက်မရှိသည့် လက်နက်ချမှုကို လက်ခံပေးခဲ့သည်။

သက္ကရာဇ် ၃၃၃၆ မတ်လတွင် မားလိုဧကရာဇ်သည် သူ၏ ထီးနန်းစွန့်ခြင်းကို ကြေညာခဲ့ပြီး မားလိုအင်ပါယာက ၎င်းတို့ကိုယ်တိုင် ပြန်လည်တည်ဆောက်မည်အကြောင်း ကြေညာခဲ့သည်။ ၎င်းတို့သည် အင်ပါယာအဖြစ်မှ မားလိုဖယ်ဒရယ်ပြည်ထောင်စုအဖြစ် ပြောင်းလဲကာ သက်ဦးဆံပိုင်စနစ်ကို ဖျက်သိမ်းမည် ဖြစ်သည်။

မားလိုဖယ်ဒရယ်ပြည်ထောင်စု၏ ပထမဆုံးသမ္မတမှာ မြို့စား ဆော့သ်ဂိတ် ဖြစ်မည်ဖြစ်သည်။

ဤသည်ဖြင့် စိုင်စ်နယ်မြေအတွင်း နှစ်ပေါင်းနှစ်ဆယ်ခန့် ဖြစ်ခဲ့သည့် စစ်ပွဲ၏ ဖရိုဖရဲကိစ္စများသည် နောက်ဆုံး၌ ပြီးဆုံးသွားသည်။

…..

နောက်ထပ် နှစ်ပေါင်းနှစ်ဆယ်က ကုန်ဆုံးသွားသည်။

စိုင်စ်နယ်မြေတွင် နှစ်ပေါင်းနှစ်ဆယ် ငြိမ်းချမ်းပြီးနောက် စိုင်စ်ဂြိုလ်တစ်ခွင်လုံး ငြိမ်းချမ်းရေးဖြင့် တိုးတက်လာခဲ့သည်။

နှစ်ပေါင်းနှစ်ဆယ်အတွင်း ဤကမ္ဘာ၏ မှော်နည်းပညာက အခြားတစ်ဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

သာမန်လူများထဲတွင် များစွာသော မှော်စက်များသည် ခေတ်စားလာပြီး ဘဝများသည် လွန်ခဲ့သော နှစ်နှစ်ဆယ်ကထပ် ပိုအဆင်ပြေလာခဲ့သည်။

ကြီးမားသောပြောင်းလဲမှုမှာ မှော်ဆက်သွယ်ရေးကွန်ရက်က ပြန့်ပွားလာသည်။

လက်ရှိမှော်ဆက်သွယ်ရေးကွန်ရက်က လွန်ခဲ့သောနှစ်နှစ်ဆယ်ကနှင့် မတူတော့ပေ။ အသံနှင့် အရုပ် ပို့ဆောင်နိုင်ပြီးနောက် မှော်ဆက်သွယ်ရေးကွန်ရက်တွင် မည်သည့်အရာမှ ထပ်၍ မလွဲပြောင်းနိုင်သည့် အရာမရှိတော့ပါ။

လူများသည်မှော်ဆက်သွယ်ရေးကွန်ရက်ကို မည်သည့်အချိန်ကိုမဆို မည်သူ့ကိုမဆို ဆက်သွယ်နိုင်ကာ မြင်နိုင်သည်။

ထိုကွန်ရက်နှင့် စိုင်စ်ဂြိုလ်ရှိလူအားလုံးက ဆက်သွယ်နိုင်ကြပြီး တစ်ခုတည်း ဖြစ်လာကြသည်။

အခြားကြီးမားသည့်ပြောင်းလဲမှုမှာ ပို့ဆောင်ရေးဆိုင်ရာပြောင်းလဲမှုဖြစ်သည်။

မှော်လေသင်္ဘောများသည် များပြားလာပြီး ချမ်းသာသော မိသားစုများသည်ပင် သေးငယ်သည့် မှော်လေသင်္ဘောများကို ကိုယ်ပိုင်သုံးရန်အတွက် ဝယ်ယူနိုင်ကြပြီဖြစ်သည်။

အများသုံးပို့ဆောင်ရေး၌ ပိုမိုမြန်ဆန်သောကားများ မှော်လေင်္ဘောများ သင်္ဘောများသည် ဆက်လက်ထွက်ပေါ်လာပြီး ၎င်းတို့သည် အဓိကနည်းလမ်းမဟုတ်တော့ပါ။

Frestech ကုန်သည်များအသင်းမှ ထုတ်လုပ်ခဲ့သည့် ပို့ဆောင်ရေးမှော်အစီအရင်မှာ ကိုယ်ပိုင်နှင့် အများသုံး ပို့ဆောင်ဆက်သွယ်ရေးများ၌ အစားထိုးအသုံးပြုလာကြပြီဖြစ်သည်။

ထိုပို့ဆောင်ရေးမှော်အစီအရင်နှင့် လူများသည် စိုင်စ်နယ်မြေနှင့် မှော်တိမ်တိုက်နယ်မြေကြား ကီလိုမီတာ တစ်သောင်းကျော်ကိုပင် ချက်ချင်းသွားလာနိုင်ပြီဖြစ်သည်။

အသစ်သော ပို့ဆောင်ရေးနည်းပညာနှင့် များစွာသောလူများသည် ဝေးကွာသည်ဟူသည့်ခံစားချက်ကို မရှိတော့ပါ။

မည်သည့်နေရာတွင်နေထိုင်ပါစေ တစ်ယောက်ယောက်ကို တွေ့ချင်လျှင် မှော်ဆက်သွယ်ရေးနည်းပညာ နှင့် သူတို့ကို ဆက်သွယ်နိုင်ပြီး ပို့ဆောင်ရေးအစီအရင်သုံးကာ မှော်ကားများကိုသုံးပြီးထိုနေရာသို့ ရောက်နိုင်ကြပြီဖြစ်သည်။

အကယ်၍ Frestech ကုန်သည်များအသင်းသည် ကိုယ်ပိုင်မှော်ပို့ဆောင်ရေးအစီအရင်ကိုသာ ကန့်သတ် ထားခြင်းကြောင့် မဟုတ်ခဲ့လျှင် ချမ်းသာသောသူများသည် ကိုယ်ပိုင်မှော်ပို့ဆောင်ရေး အစီအရင်ကို အိမ်၌ပင် တည်ဆောက်နိုင်သည်။ သူတို့သည် ကွန်ရက်ဖြင့် ဆက်သွယ်နိုင်ကာ ခရီးသွားခြင်းကို ပိုမိုလွယ်ကူစွာ လုပ်နိုင်သည်။

သို့သော် ချမ်းသာသည့်မိသားစုများသည် သေးငယ်သည့် ကိုယ်ပိုင်မှော်လေသင်္ဘောများကို ဝယ်နိုင် ခြင်းကြောင့် သာမန်လူများထပ် ပိုမိုအဆင်ပြေနေပြီးဖြစ်သည်။

ထိုကဲ့သို့ လွယ်ကူအဆင်ပြေသည့် နည်းလမ်းနှင့် ပို့ဆောင်ဆက်သွယ်ရေးကြောင့် လူများသည် သူတို့၏ အောက်မှ ဂြိုလ်သည် ပိုမို၍သေးငယ်လာပြီး သူတို့၏မျက်လုံးများသည် အဆုံးအစမဲ့ စကြဝဠာသို့ပင် ကြည့်နိုင်ပြီဟု ခံစားလာရသည်။

Frestech ကုန်သည်များအသင်း၏ ဦးဆောင်မှုဖြင့် အကယ်၍ ပို့ဆောင်ရေးမှော်အစီအရင်က သူတို့အား သွားခွင့်ပြုမည်ဆိုလျှင် အဲလစ်နှင့် တဲဒစ် နှင့် အခြားဂြိုလ်များ ပို၍ဝေးသော နဂါးငွေ့တန်း ဂလက်ဆီများသို့ပင် သွားနိုင်မည်ဖြစ်သည်။ နိုင်ငံများက ၎င်းတို့ကိုယ်ပိုင် အာကာသ လုပ်ငန်းများကို တိုးတက်အောင် ပြုလုပ်နေကြဆဲ ဖြစ်သည်။

အကြောင်းမှာ ရှုယီပြောခဲ့သည်။ စိုင်စ်နယ်မြေနှင့် မှော်တိမ်တိုက်နယ်မြေအကြား ပို့ဆောင် ဆက်သွယ်နိုင်သော်လည်း လိုရာခရီးသို့ သွားနိုင်ရန် ကိုယ်တိုင်ခရီးသွားနေရသေးသည်။

အာကာသတွင်လည်း အတူတူပင်ဖြစ်သည်။

အကယ်၍ ပို့ဆောင်ရေးမှော်အစီအရင်သည် သင့်အား ရှာဖွေတွေ့ရှိပြီးသည့် ဂြိုလ်တစ်ခုအား ပို့ဆောင်နိုင်ခဲ့လျှင် အကယ်၍ အာကာသထဲ၌ တစ်ခုခုလုပ်လိုပါက ပို့ဆောင်ရေးမှော်အစီအရင်က သင့်ကို ကူညီမည်မဟုတ်ပဲ သင်ကိုယ်တိုင် လုပ်ရပေလိမ့်မည်။

Frestech ကုန်သည်များအသင်း၏ ဦးဆောင်မှုဖြင့် မရေတွက်နိုင်သော စိုင်စ်နယ်မြေမှ ထူထောင် ထားသည့် ပြင်ပအာကာသစခန်းများ ရှိနေပြီးဖြစ်သည်။

နောက်ဆုံးပေါ် အာကာသယာဉ်သည် အလင်းထပ်ပိုမြန်သောအလျှင်ကိုပင် ရောက်နေပြီဖြစ်သည် အဘယ်ကြောင့်ဆိုသော် ပို့ဆောင်ရေးမှော်ပညာအား အသစ်ထိုးဖောက်နိုင်ခဲ့သောကြောင့်ဖြစ်သည်။

နောက်ဆုံးအောင်မြင်ခဲ့သော အတွေ့အကြုံအရ Frestech ကုန်သည်များအသင်း၏ စူးစမ်းလေ့လာရေး အာကာသယာဉ်က နဂါးငွေ့တန်းဂလက်ဆီက ထွက်ခွာပြီး စိုင်စ်နယ်မြေက အလင်းထပ်မြန်သည့် ခရီးသွားခြင်းကို ရရှိခဲ့သည်။

ထိုကဲသို့ အောင်မြင်သော စမ်းသပ်မှုဖြင့် Frestech ကုန်သည်များအသင်း၏ မှော်သုတေသနဌာန၏ ခေါင်းဆောင် အီဗာတာသည် နောက်ခြေတစ်လှမ်းမှာ Frestech ကုန်သည်များအသင်းသည် နဂါးငွေ့တန်း ဂလက်ဆီ ကိုဩဒီနိတ်များကို ဆုံးဖြတ်နိုင်သည်နှင့် ကြယ်တစ်ခုနှင့်တစ်ခုအကြား ခရီးသွားမှုကို လမ်းပြနိုင်လိမ့်မည်ဟု ပြောသည်။

မည်သူတစ်ဦးတစ်ယောက်မှ Frestech ကုန်သည်များအသင်းကို သံသယမဝင်ပဲ ရှုယီယခင်က ပြောခဲ့ဖူးသည့် စစ်မှန်သည့် အာကာသခေတ်ကို မျှော်လင့်စောင့်စားနေကြသည်။

…..

ရှုယီက အဲလစ်ပေါ်မှ ပို့ဆောင်ရေးအစီအရင်၏အလယ်တွင် ရပ်နေကာ စိတ်လှုပ်ရှားမှုကို ခံစားနေရသည်။

ထိုအကြောင်းကို သူပြောရသည်မှာ အနည်းငယ်တော့ရယ်စရာကောင်းပါသည်။ အကယ်၍ သူသည် Frestech ကုန်သည်များအသင်း၏ ယခင် ဥက္ကဌဖြစ်ပြီး အာဏာအရှိဆုံးလူဖြစ်လျှင်ပင် သုတေသ နပညာရှင်များနှင့် များစွာသောသာမန်လူများက ကြယ်များကြားခရီးထွက်ခြင်းကို တွေ့ကြုံခံစားပြီးဖြစ်သည်။ ယခုမှာ သူ၏ပထမဆုံးအကြိမ်ဖြစ်သည်။

သို့သော် တစ်ကြိမ်ပင် ဖြစ်သော်လည်း စတေးလ်နှင့် အခြားသူများက ကန့်ကွက်နေဆဲဖြစ်သည်။ သူတို့က သူအား စွန့်စားမှု မပြုလုပ်စေချင်ကြောင်း ဆိုကြသည်။

အကယ်၍ သူ၏ရှားပါးသော ဒေါသစိတ်ကို မထိန်းနိုင်ခဲ့ခြင်းကြောင့်သာ မဟုတ်ခဲ့လျှင် ဤခရီးကိုပင် သွားရမည် မဟုတ်ပါ။

“ဥက္ကဌ ပြင်ဆင်ပြီးပြီလား?” Frestech ကုန်သည်များအသင်း၏ဝန်ထမ်းက စိတ်လှုပ်ရှားစွာနှင့် ရှုယီကို မေးသည်။

“ဟုတ်တယ် စလို့ရပြီ”

ထိုဝန်ထမ်းက ခေါင်းငြိမ့်လိုက်ကာ သူ၏ကိုယ်ပေါ်၌လည်း ချွေးများရွဲနေပြီဖြစ်သည်။ သူသည် ခလုတ်ကို နှိပ်လိုက်ကာ ပို့ဆောင်ရေးအစီအရင်ကို ဖွင့်လိုက်သည်။

ရှုယီ၏ရှေ့မှ မြင်ကွင်းသည် မှိန်နေပြီး လင်းလာကာ သူ၏ရှေ့မှ မြင်ကွင်းသည် များစွာ မပြောင်းလဲကြောင်း တွေ့ရှိလိုက်ရသည်။

သူ၏ဘေးမှထွက်လာသောအသံသည် သူ့အား အဲလစ်တွင်မရှိတော့ကြောင်း အသိကိုသတိပေးဖို့ရန် ပေါ်လာသည်။

“ဥက္ကဌ အဲလစ်ကို ပထမဆုံးစွန့်ခွာလာရတဲ့ ခံစားမှုက ဘယ်လိုလဲ?” လူစီယန်သည် အပြုံးနှင့်မေးသည်။

ရှုယီသည် သူ့ကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ “ မင်းလိုကလေးက ငါ့ထပ် နှစ်နှစ်ဆယ်လောက် စောရောက်နေတာပဲ”

လူစီယန်က ရယ်ပွဲကျသွားသည်။

ပို့ဆောင်ရေးအစီအရင်မှ နာမည်မသိသော ဂြိုလ်သို့ ပထမဆုံးသွားသောသူအဖြစ် သူ၌ ဂုဏ်ယူရန် အရည်အချင်းရှိပါသည်။

“ဥက္ကဌ ဒီတစ်ခေါက် ခင်ဗျားနဲ့အတူသွားပါရစေ” လူစီယန်သည် ပြောနေရင်း ရှုယီအား အခြားသော အစီအရင်သို့ခေါ်သွားသည်။

“နောက်ဆုံးရတဲ့တင်ပြချက်က ဘာလဲ?” ရှုယီက မေးသည်။

လူစီယန်၏ အမူအရာကလေးနက်လာသည်။

“မနေ့ကနောက်ဆုံးရတဲ့ တင်ပြချက်အရ စူးစမ်းလေ့လာရေးအဖွဲ့က ဘီ ၃၃၉မှာ သက်ရှိတွေ တွေ့ခဲ့ရပါတယ်။ ကြီးမားတဲ့ သက်ရှိပုံပန်းသဏ္ဍန်ကိုတောင် တွေ့ခဲ့ရသေးတယ်လို့ ပြောပါတယ်”

ရှုယီက ကန့်ကွက်မှုများကို ဆန့်ကျင်ကာ ဘီ ၃၃၉ ကို ဝင်နိုင်မည့် ပို့ဆောင်ရေးအစီအရင်ထဲဝင်ရန် ခုခံပြောဆိုနေရခြင်းမှာ Frestech ကုန်သည်များအသင်း၏နှစ်စတွင် ရှာဖွေတွေ့ရှိခဲ့သည့် ဂြိုလ် ဘီ ၃၃၉ ၌ စူးစမ်းလေ့လာသည့်အဖွဲ့က ထိုဂြိုလ်၌ သက်ရှိများကို တွေ့ခဲ့ရသည်ဟု ပြောသောကြောင့်ဖြစ်သည်။

ယခုမူ သူသည် လူစီယန်က သူတို့က ကြီးမားသည့်သက်ရှိအားတွေ့သည်ဟုပြောသောအခါ ရှုယီက စိတ်လှုပ်ရှားလာသည်။

Frestech ကုန်သည်များအသင်းသည် ဂြိုလ်များကို ပို့ဆောင်ရေးအစီအရင်မှတဆင့် ခရီးသွားနိုင်သည် သို့သော် ၎င်းတို့သည် အသူရာနတ်ဆိုးမျိုးနွယ်မှထားခဲ့သော အကြွင်းအကျန်များကြောင့်ဖြစ်သည်။

စူးစမ်းမှုသည် ထိုပို့ဆောင်ရေးအစီအရင် တစ်ခုပြီးတစ်ခုကို စူးစမ်းလေ့လာခြင်းပင် ဖြစ်သည်။

ဂြိုလ် ဘီ ၃၉၉ ၌ သက်ရှိများ ရှိသည်ဆိုလျှင် ဆိုလိုနေသည်မှာ အသူရာနတ်ဆိုးမျိုးနွယ်က ထိုဂြိုလ်တွင် နေထိုင်နေခြင်းဖြစ်ကာ သူက ထိုအသူရာနတ်ဆိုးမျိုးနွယ်စုအား တွေ့နိုင်လိမ့်မည်ဖြစ်သည်။

သို့သော် Frestech ကုန်သည်များအသင်းက ဘီ ၃၉၉ ကို လေ့လာနေခဲ့သည်မှာ လေးလကြာပြီဖြစ်ပြီး အသူရာနတ်ဆိုးမျိုးနွယ်၏ ခြေရာကို မတွေ့ရသေးသည်မှာ ထူးဆန်းသည်။

သာမန်အားဖြင့် ပြောရလျှင် ထိုပို့ဆောင်ရေးအစီအရင်သည် အသူရာနတ်ဆိုးမျိုးနွယ်မှချန်ခဲ့ခြင်းဖြစ်ပြီး ထို့ကြောင့် ထူးခြားသည့်ပြောင်းလဲမှုအားလွတ်သွားခြင်းမှာမဖြစ်နိုင်ပါ ဟုတ်ပါသလား?

“ကြီးမားတဲ့ သက်ရှိပုံသဏ္ဍာန်? ဘယ်လို ကြီးမားတဲ့ သက်ရှိပုံသဏ္ဍာန်မျိုးလဲ?”

“သူတို့က နည်းနည်းဝါးနေတဲ့ ပုံတစ်ချို့ပို့လိုက်ပါတယ်။ ကျေးဇူးပြု၍ ကြည့်ပါ” လူစီယန်က သူ၏ အိတ်ကပ်ထဲမှ ဓာတ်ပုံကိုထုတ်ပြလိုက်သည်။

ရှုယီက ကြည့်လိုက်သည်နှင့် မနေနိုင်ပဲ အံ့သြမိသွားသည်။

အကြောင်းမှာ ရည်ညွှန်းထားသည့် ဘောင်မရှိပါ။ ထိုပုံက သိပ်မကြည်ပါ။ သို့သော် ငါးမန်း၏ဦးခေါင်းနှင့် အမြီး ဆူးတောင်ကဲ့သို့အစိတ်အပိုင်းများက ကြည့်ရသည်မှာ ငါးမန်းနှင့်တူနေသည်။

စိုင်စ်ဂြိုလ်တွင် ငါးမန်းမရှိပါ။ ထို့ကြောင့် သေချာပေါက် ဂြိုလ်သားသက်ရှိ ဖြစ်သည်။

သိ့သော် ရင်းနှီးသည့်ပုံစံကိုမြင်လိုက်ရ၍ ရှုယီက ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေမိသည်။

“အဲ့တာဘာလဲ?” လူစီယန်က ရှုယီ၏မျက်နှာပေါ်မှထူးဆန်းသည့်အကြည့်ကိုမြင်လျှင် မနေနိုင်ပဲ မေးလိုက်သည်။

“ ဘာမှ မဟုတ်ဘူး” ရှုယီကခေါင်းခါလိုက်ကာ အခြားဂြိုလ်သို့ ပို့ဆောင်မည့် ပို့ဆောင်ရေးအစီအရင်ပေါ်တွင် ရပ်လိုက်သည်။

အကြိမ်နှစ်ဆယ်ခန့်ခုန်ပြီးနောက် ရှုယီနှင့်လူစီယန်သည် အခြား ပို့ဆောင်ရေးအစီအရင်တွင် ပေါ်လာသည်။ သို့သော် သူတို့၏ဘေးပတ်လည်တွင် ဖိအားတစ်ခု ရှိနေသည်။

ရှုယီက အလင်းကိုရှာလိုက်သောအခါ သူတို့က ရေထဲ၌ ဖုံးလွှမ်းခံနေရခြင်းဖြစ်သည်။

ကြည့်ရသည်မှာ သူတို့သည် ပင်လယ်အောက်ခြေ၌ ဖြစ်လိမ့်မည်။

“ဥက္ကဌရှု ရောက်လာပြီလား” ပထမဆုံးရောက်လာသည်မှာ အကြီးအကဲ လီဆန်ရာဖြစ်သည်။

ဘီ ၃၉၉ ၌ သက်ရှိ ရှိကြောင်း ကြားပြီးသည်နှင့် သူမက ထိုနေရာသို့ချက်ချင်းရောက်လာသည်မှာ နှစ်လခန့် ရှိနေပြီဖြစ်သည်။

သူမ၏နောက်တွင် Frestech ကုန်သည်များအသင်း၏ အသက်မှော်ပညာ၏အကူအညီနှင့်ရပ်နေသည့် ဇီဝဗေဒအထူးပြုလေ့လာသည့် သုတေသီဖြစ်သည်။

ရှုယီက ကြည့်လိုက်ကာမေးသည်။ “ကြည့်ရတာ ကျွန်တော်တို့က ပင်လယ်ပြင်ရဲ့ အောက်ခြေမှာလား?”

အကြီးအကဲလီဆန်ရာက ခေါင်းခါသည်။ “၁၀၀ ရာခိုင်နှုန်းတော့ မတိကျဘူး။ တစ်ချို့စမ်းသပ်ချက်တွေ အရ ကျွန်မတို့ခေါင်းပေါ်က ရေတွေက ပင်လယ်ရေရဲ့ ဖွဲ့စည်းပုံနဲ့တော့ တူတူပဲ ဒါမဲ့ မသိတဲ့ ဂြိုလ်တစ်ခု ဖြစ်လို့ ဆုံးဖြတ်ချက်တော့ ချလို့မရသေးဘူး”

ရှုယီက သဘောတူလျက် ခေါင်းငြိမ့်သည်။

ကြယ်တစ်ခုနှင့် တစ်ခုကို ကူးပြောင်းခဲ့ပြီးနောက် ဂရုစိုက်သည်မှာ မများပါ။

“ဥက္ကဌ ရှင်အချိန်ကွက်တိ ရောက်လာတာပဲ။ ကျွန်မတို့ အချို့စကားလုံးတွေကို ဘာသာပြန်ထားတယ် ကြည့်လိုက်ပါဦး” အကြီးအကဲ လီဆန်ရာကပြောသည်။

“စာလုံး?” ရှုယီက အံ့ဩလျက် အကြီးအကဲလီဆန်ရာထံမှ စာရွက်ကို ယူလိုက်သည်။

“ဒါက ကျွန်မတို့ ရောက်ပြီး ကျောက်တုံးတစ်ခုမှာ တွေ့ရတဲ့စာပါ။ အကြီးအကဲ လီဆန်ယာက ဒီစာလုံး တွေဟာ အရင် အသူရာနတ်ဆိုးမျိုးနွယ် သုံးခဲ့တဲ့စာလုံးတွေနဲ့ တူတယ်လို့ ပြောပါတယ်။ ဒါကြောင့် ကျွန်မတို့ ကြိုးစားပြီး ဘာသာပြန်ထားတာပါ” Frestech ကုန်သည်များအသင်း၏ သုတေသီက ပြောသည်။

“အသူရာနတ်ဆိုးမျိုးနွယ်ရဲ့စာ?” ရှုယီက ထိတ်လန့်ကာ စာရွက်ထဲမှစာကို ဖတ်လိုက်သည်။

ကြည့်ပြီးနောက် ရှုယီ၏ အမူအရာက ထူးဆန်းသွားတော့သည်။

ပထမအပိုင်း၌ ထူးဆန်းသည့် အချက်မရှိပါ အသူရာနတ်ဆိုးမျိုးနွယ်က ဆယ်စုနှစ်များစွာက သူတို့၏ ရှာဖွေတွေ့ရှိမှုစွန့်စားမှုနှင့် နောက်ဆုံး၌ မွေးရပ်မြေနှင့်တူသော ပတ်ဝန်းကျင်ကို တွေ့ခဲ့ရကြောင်း ရေးထားသည်။ ထိုဂြိုလ်က သူတို့အခြေချရန် သင့်တော်သော နေရာဖြစ်သည်။ မရေတွက်နိုင်သော ဆင်းရဲဒုက္ခများကြုံတွေ့ပြီးနောက် သူတို့သည် ထိုနေရာကို ရောက်လာရခြင်းကို ပျော်ရွင်နေကြသည်။

၎င်းသည် အလွန်သာမန် ဖြစ်သည်။ သို့သော် ရှုယီက နောက်ဆုံးစကားလုံးကို မြင်လိုက်ချိန်၌ သာမန် မဟုတ်တော့ပေ။

“ကျွန်တော်တို့ မွေးရပ်မြေကို ပြန်နိုင်တော့မလားဆိုတာ မသိတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို မွေးရပ်မြေကို စွန့်ခွာလာသူတွေအဖို့ ဒီကိုရောက်လာပြီဆိုတာနဲ့ ဒီမှာဘဝကို အစပြုရတော့မယ်။ ကျွန်တော်တို့ ကိုယ့်ကို နာမည်အသစ်တစ်ခု ပေးရမယ်။ အကြီးအကဲတွေက ဆွေးနွေးပြီး ကျွန်တော်တို့ မွေးရပ်မြေကို အမှတ်ရသောအားဖြင့် ကျွန်တော်တို့ လူမျိုးစုကို အတ္တလန်တစ်လို့ခေါ်လိမ့်မယ်”

အသူရာနတ်ဆိုးမျိုးနွယ်မှ ချန်ခဲ့သော စာလုံးများသည် ထို့သို့မဟုတ်နိုင်ပဲ အကြီးအကဲ လီဆန်ရာ ဘာသာပြန်ထားသည်မှာ လွဲနိုင်သော်လည်း နောက်ဆုံးစာလုံးမှာ သေချာပေါက် အတ္တလန်တစ် ဟုရေးထားသည်။

“ဥက္ကဌရှု ဘာမှားလို့လဲ?” ရှုယီ၏ထူးဆန်းသော အမူရာကိုမြင်လျှင် အကြီးအကဲလီဆန်ရာက သိချင်စိတ်နှင့်မေးသည်။ “အဲ့ကနေ တစ်ခုခုသတိထားမိတာလား?”

ရှုယီက အကြီးအကဲလီဆန်ရာအားလှည့်ကြည့်ကာ “ ဒီကိုရောက်ပြီးတော့ အပေါ်တက် ကြည့်သေးလား?”

“အပေါ်ကို? ဘယ်အပေါ်ကိုလဲ?” အကြီးအကဲလီဆန်ရာက ရှုပ်ထွေနေသည့်အသံဖြင့်မေးသည်။

“ဒီအပေါ်ပဲလေ” ရှုယီက ညွှန်ပြသည်။ သူသည် ရေထဲရှိ အလွန်ရင်းနှီးနေသော သတ္တဝါများကို ကြည့်ကာ အသက်ပြင်းပြင်း ရှုလိုက်သည်။ သူသည် မှော်အတားအဆီးကို ပတ်ပတ်လည်တွင် ထားလိုက်ပြီး အတွေးတစ်ခုဖြင့် ပို့ဆောင်ရေးအစီအရင်မှ ပျောက်သွားတော့သည်။

နှစ်မိနှစ်ခန့်ကြာပြီးနောက် ရှုယီ ရေမျက်နှာပြင်ပေါ်တွင် ရေများစင်ကာ ထလာသည် ပြီးနောက် အမြန်ပင် ပို့ဆောင်ရေးအစီအရင်က အရှိန်မြင့်လိုက်ပြီး လေထုကိုဖြတ်ကာ နေရာလပ်ထဲသို့ ရောက်သွားသည်။

သူသည် မှန်ကန်သည့်နေရာကိုရောက်သည်နှင့် ရပ်လိုက်ကာ သူ၏ရှေ့မှ အပြာရောင် ဂြိုလ်ကို ကြည့်လိုက်တော့သည်။

ထိုဂြိုလ်သည် သူများစွာအိမ်မက်မက်ခဲ့ရသော နေရာဖြစ်ကာ ရင်းနှီးနေသော မြင်ကွင်းကိုမြင်လျှင် ရှုယီက ခါးသက်စွာ ပြုံးလိုက်သည်။

“ငါ့ကိုနောက်နေတာလား?”

သူသည် ရုတ်တရက် ထိုဂြိုလ်၏ နယ်မြေတစ်ခုဆီသို့ ကျနေသည်။

ထိုတိုက်ကြီး၏ အရှေ့ဖက်ကမ်းရိုးတန်းပေါ်တွင် ကျွန်းနှစ်ခုက တစ်ခုနှင့်တစ်ခု နီးနေကာ အချို့သက်ရှိများ ကြီးပြင်းသောနေရာ ဖြစ်သည်။

ရှုယီသည် အောက်ဆုံးတစ်ကာ့အောက်ဆုံးသို့ ဆင်းလာခဲ့သည်။

ခနကြာပြီးနောက် သူသည် ကမ်းခြေ၏ လေပြေတွင် ပေါ်လာခဲ့သည်။

ထိုနေရာ၌ နေပူစာလှုံနေသည့် အချို့လူများရှိနေကာ ပင်လယ်လေကလည်း အရာအားလုံးကို အသက်ဝင်အောင်လုပ်နေသည်။

ရှုယီက သစ်ပင်ပေါ်တွင် ဆင်းသက်လာခြင်းဖြစ်ကာ မည်သူမှ သတိမပြုမိပါ။

သူသည် ဘေးပတ်လည်ကိုကြည့်ပြီး သစ်ပင်ပေါ်မှ အောက်သို့ဆင်းလာကာ လူတစ်ယောက်အားဆွဲ၍ မေးလိုက်သည်။

“ဒီနှစ်က ဘယ်နှစ်လဲဆိုတာပြောပြနိုင်မလား?”

ရှုယီက နှစ်ပေါင်းများစွာ မသုံးခဲ့ရသဖြင့် မကျွမ်းကျင်တော့သော တရုတ်စကားကို သုံး၍ မေးလိုက်သည်။

ထိုသူက ရှုယီကို ထူးဆန်းသည့်ရုပ်နှင့် ကြည့်ကာ လေသံရှိသည့် တရုတ်ဘာသာစကားနှင့် ကျိန်ဆဲ သွားလေသည်။

“ထူးဆန်းတဲ့သူပဲ” သူက ထိုသို့ပြောကာထွက်သွားသည်။

ထိုနေရာတွင် သတင်းလွှင့်နေသည့် သေးငယ်သည့်တီဗီတစ်လုံးရှိသည်။ “ မတ်လ ၄ရက်နေ့မှာ ဗဟိုကော်မတီရဲ့ အထွေထွေ အတွင်းရေးမှူးဟာ………..”

ရှုယီက ရင်းနှီးနေသော ပုံရိပ်ကို တီဗီမှ ကြည့်လိုက်ပြီး တီဗီ၏အပေါ်မှ ပြက္ခဒိန်ကို ကြည့်လိုက်ရာ ရှင်းလင်းစွာရေးထားသည့် ၂၀၁၆ ကိုမြင်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်တော့သည်။

“ကောင်းတယ် … ကြည့်ရတာ ငါအာကာသကနေဖြတ်လာရုံမကဘူး။ အချိန်ကိုလည်းဖြတ်လာတာပဲ။ ဒါဆိုအခု နှစ်ပေါင်း ၇၀ကြာမှ မွေးရပ်မြေပြန်ရောက်ပြီဆိုတော့ ငါဘာလုပ်ရမလဲ?”

***

ပြီးပါပြီ။

မှော်စက်မှုအင်ပါယာ-ရှုယီ စာစဉ်ကို အဆုံးထိ လိုက်ပါအားပေးခဲ့ကြတဲ့ စာဖတ်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

BLACK PEARL TRANSLATION

All Chapters