ဒုတိယနှစ် …နောက်ထပ်ခြောက်လ…
Vol. 125 Ch. 1729
ဝမ်လင်းသည် တာအိုသခင်အိပ်မက်ပြာကို ကြည့်နေ၏။ ထို့နောက် သူက အနီရောင်လိပ်ပြာ သူ့ထံ ကမ်းပေးသော အရက်အိုးကို ကောက်ယူကာ တစ်ငုံသောက်၍ မျက်လုံးမှိတ်လိုက်သည်။
တာအိုသခင်အိပ်မက်ပြာက အလျင်မလိုပေ။ သူက နေရာတွင် ထိုင်၍ ပြင်ပနယ်မြေသို့ ကြည့်ကာ ဝမ်လင်း၏အဖြေကို စောင့်နေသည်။ လီချန်မေကလည်း အချိန်အတန်ကြာ ငြိမ်သက်နေပြီး ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ သူမက ဝမ်လင်းနား ကပ်၍ ထိုင်နေခြင်းပင်။ သူမက သူမအဖေ ဝမ်လင်းကို အလစ်တိုက်မည်ကို စောင့်ကြပ်ပေးနေသည့်အလား။
တာအိုသခင်အိပ်မက်ပြာက သူ့သမီး၏အပြုအမူကို သတိမပြုမိဘဲ မည်သို့ နေပါ့မည်နည်း။ သူ၏မျက်လုံးက မဆိုသလောက် အရောင်ဖျော့သွား၏။ သို့သော် လီချန်မေက သတိမပြုမိလိုက်ပေ။
အချိန်ကုန်လွန်လာ၏။ မျက်စိတစ်မှိတ်အတွင်း ဒုတိယနှစ်၏ နောက်ဆုံးသုံးလမှာ ကုန်လွန်သွားခဲ့လေပြီ။ ထိုဒုတိယမြောက်နှစ်က တည်တည်ငြိမ်ငြိမ် ရှိလှကာ မည်သည့်တိုက်ခိုက်မှုမှ မရှိလေပေ။
ဒုတိယမြောက်နှစ်၏ နောက်ဆုံးနေ့တွင် အနီရောင်လိပ်ပြာက ထရပ်ကာ ဝမ်လင်းကို ကြည့်၏။ သည်နှစ်က သူမအတွက် မြန်လွန်းလှသည်။
ဝမ်လင်းသည် အနီရောင်လိပ်ပြာ ထွက်သွားတော့မည်ကို သတိပြုမိသည်။ ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူက တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။ “သွားတော့မလို့လား…”
အနီရောင်လိပ်ပြာက ပြုံး၏။ သူမက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ငါ နင့်ရဲ့အချိန်ကို ယူတာ တစ်နှစ်ပြည့်ပြီ။ အစ်မကြီးမူ စောင့်နေတုန်းပဲ…”
“ဂရုစိုက်ပါ…” ဝမ်လင်းက အနီရောင်လိပ်ပြာကို ကြည့်၏။ သူက သူမ၏ဂုဏ်ဝင့်မှုကို စိုးစိမျှ ထပ်မံ မမြင်ရတော့ပေ။
အနီရောင်လိပ်ပြာက ပြုံး၍ ဝမ်လင်းကို လေးလေးနက်နက် ကြည့်၏။ သူမ လှည့်ထွက်လာခဲ့သည်။ သို့သော် သူမက ရုတ်တရက် ရပ်ကာ ဝမ်လင်းထံ ပြန်လှည့်၏။ သူ၏မျက်လုံးထဲ၌ တွေဝေမှု ဖြစ်ပေါ်သည်။
“ဆရာဟာ သူမရဲ့ အစောပိုင်းနှစ်တွေတုန်းက ဝမ်လို့ အမည်ရတဲ့ မဟာပညာရှိတစ်ယောက်နဲ့ တွေ့ခဲ့တယ်လို့ ပြောခဲ့ဖူးတယ်။ အစတုန်းက ငါ့မှာ ရှင်သန်နိုင်မယ့် အခွင့်အရေး မရှိခဲ့ဘူးတဲ့။ ဒါပေမဲ့ မဟာပညာရှိက ဆရာ့အတွက် အစီအရင်တစ်ခု ချန်ထားပေးခဲ့တယ်…”
“ပြီးတော့ သူကပဲ ငါ့ကို အနီရောင်လိပ်ပြာလို့ နာမည်ပေးခဲ့တာ…”
ဝမ်လင်းက ထိုစကားကို ကြားသည့်အခါ သူ့မျက်လုံးသည် တောက်ပလာ၏။ သူ၏ခန္ဓာကိုယ်မှာ တင်းကြပ်သွားပြီး တုန်လှုပ်ခြင်း၊မယုံကြည်နိုင်ဖြစ်ခြင်းတို့ လှစ်ဟပေါ်သည်။
“နင် ဘာပြောလိုက်တာလဲ…”
အနီရောင်လိပ်ပြာက ဝမ်လင်း၏အမူအရာ ပြောင်းလဲသွားသည်ကို မြင်သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူမ ပြောခဲ့သည့်စကားကိုပင် ထပ်ပြောလိုက်သည်။
အနီရောင်လိပ်ပြာ၏ စကားကို ကြားလိုက်ရသည့်နောက် ဝမ်လင်းက အချိန်အတန်ကြာသည့်အထိ စကားမဆိုနိုင်ပေ။ သည်အခိုက်၌ သူ့စိတ်ထဲတွင် လှိုင်းထန်နေသည်။ သူက နားမလည်ပေ။ အရာအားလုံးကို သူက သူ လှည့်ဖြားခြင်းတာအို အသုံးပြု၍ ဖန်တီးခဲ့သော အိပ်မက်ဟု မှတ်ယူထားခဲ့ပေ၏။ ယင်းတို့မှာ အတုအယောင်သာ ဖြစ်သင့်ပေသည်။ ထိုမှသာ သူ့အတွက် ပြီးပြည့်စုံသောစက်ဝန်းတစ်ခု ပေးစွမ်းပေလိမ့်မည်။
သို့ပေမည့် အနီရောင်လိပ်ပြာ၏ စကားများက သည်အရာအားလုံးကို တစစီ ဖြစ်သွားစေ၏။ ရုတ်တရက် သည်အခိုက်တွင် ဝမ်လင်းက အိပ်မက်တာအိုအတွင်း၌ ဖြစ်ပျက်ခဲ့မှုတို့မှာ တကယ့်အမှန်လား၊ အတုအယောင်လား မခွဲခြားနိုင် ဖြစ်သွားမိသည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အမှန်တရားဟာ ဘာလဲ။ အတုအယောင်ကရော…။ ဘာကြောင့် ဒီလို ဖြစ်ရမှာလဲ…” ဝမ်လင်းက အနှစ်သာရများကို နားလည်ခဲ့ပြီးဟု တွေးထင်ထားခဲ့၏။ သို့သော် သည်အခိုက်တွင် သူသည် စိတ်ရှုပ်ထွေးရတော့သည်။
သူသည် ထိုအနှစ်သာရများကို တကယ် နားလည်ခဲ့ပြီးပြီလား။
အနီရောင်လိပ်ပြာက လှည့်ထွက်သွား၏။ သို့ပေမည့် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူမက ရပ်သည်။ ချီတုံချတုံ ဖြစ်ဟန်ဖြင့် သူမက နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။
“ချင်းရွှေ…နင့်ရဲ့ စီနီယာအစ်ကို…နင် သူ့ကို နားလည်လား…”
ဝမ်လင်းသည် သူ့ကိုယ်သူ တုန်လှုပ်နေရာကနေ မနည်းပြန်ရုန်းထွက်လိုက်ရသည်။ သူက အနီရောင်လိပ်ပြာကို ကြည့်၍ ဖြည်းဖြည်းချင်း မေးလိုက်သည်။ “နင် ဘာများ မေးချင်တာလဲ…”
“သူ…သူ့မှာ မိသားစုဝင်တစ်ယောက်ယောက်များ ရှိနေလား…” အနီရောင်လိပ်ပြာက အောက်နှုတ်ခမ်းကို ကိုက်ထား၏။ အချိန်အတန်ကြာပြီးနောက် သူမက ဆုံးဖြတ်ချက်တစ်ခု ချလိုက်ဟန် တူသည်။
ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။ သူက အနီရောင်လိပ်ပြာကို ဂရုတစိုက် ကြည့်သည်။ သူက အလုံးစုံကောင်းကင်၌ ဖြစ်ပျက်ခဲ့သမျှကို ပြန်စဉ်းစားမိသည်။ ချင်းရွှေက အနီရောင်လိပ်ပြာရှေ့၌ မားမားရပ်တည်ပေးခဲ့သည် မဟုတ်လး။ ဝမ်လင်းက ချင်းရွှေ အနီရောင်လိပ်ပြာအပေါ် တိုက်ခိုက်မှုကို ပိတ်ဆို့ကာဆီးပေးခဲ့သည်ကို အဝေးကနေ တွေ့မြင်ခဲ့ရ၏။
“စီနီယာအစ်ကိုရဲ့ ဘဝဟာ ခါးသီးလှတယ်။ သူ့ကလန်ဟာ သူကလေးဘဝတည်းက ဖျက်စီးခံခဲ့ရတယ်။ ပြီးတော့ သူဟာ ကောင်းကင်ဘုံနယ်မြေကို ဝင်ရောက်ခဲ့ပြီး သူ့ဇနီးဟာ သေဆုံးခဲ့တယ်။ ပြီးတော့ သူ့မှာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ထပ်ခါထပ်ခါ ဝင်ရောက်နေတဲ့ သမီးတစ်ယောက်လည်း ရှိတယ်။ သူမကတော့ အတိတ်က အရာအားလုံးကို မေ့သွားခဲ့လောက်ပြီ။ စီနီယာအစ်ကိုမှာ ဆွေမျိုးတစ်ယောက်ယောက် ရှိခဲ့မယ်ဆိုရင်တော့ အဲ့တာဟာ သူ့သမီးပဲ ဖြစ်လိမ့်မယ်…”
ဝမ်လင်းသည် ခပ်တိုးတိုး ပြောလိုက်၏။ ထိုစကားက အနီရောင်လိပ်ပြာကို တုန်ယင်စေကာ သူမက မျက်လုံးမှိတ်သွားသည်။
အချိန်အတန်ကြာပြီးမှ သူမ မျက်လုံးပြန်ဖွင့်လာ၏။ သူမ၏အကြည့်ထဲ၌ စိတ်ရှုပ်ထွေးမှု ရှိနေသည်။
“သူ့သမီးရဲ့ ဘယ်ဘက်ပုခုံးမှာ အနီရောင်တောက်တောက် အမှတ်အသားတစ်ခု ရှိတယ်။ အဲ့အမှတ်အသားဟာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲထိ လိုက်ပါပြီး လွင့်ပြယ်သွားလိမ့်မှာ မဟုတ်ဘူး…” ဝမ်လင်းက အနီရောင်လိပ်ပြာကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်၏။
အနီရောင်လိပ်ပြာသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိကာ သူမ၏မျက်နှာမှာ ဖြူရောသွားလေ၏။
“ကျေးဇူးတင်ပါတယ်…”
သူမ ထိုစကားနှစ်ခွန်းကို ပြောသည့်အခါ၌ သူမကိုယ်တိုင်ပင် ထိုစကားကို မကြားသည့်ပုံ ရသည်။ သူမက အနီရောင်အလင်းတန်းအဖြစ်သို့ ပြောင်း၍ အလုံးစုံကောင်းကင်ထံ ဦးတည်သွားတော့သည်။ သူ၏အမြန်နှုန်းမှာ အကန့်အသတ်ထိ ရောက်လာခဲ့၏။ သူမက ချင်းရွှေကို တွေ့ရဖို့ အလုံးစုံကောင်းကင်ထံ ပြန်နေခြင်းပင်။
အနီရောင်လိပ်ပြာ ထွက်သွားခဲ့လေပြီ။
ဒုတိယနေ့၏ နောက်ဆုံးနေ့၌ မူပင်းမေက ဝမ်လင်းဘေးသို့ ရောက်လာ၏။ သူမက စကားတစ်ခွန်းမှ မဆိုပေ။ နေရာတွင် တည်ငြိမ်စွာသာ ထိုင်နေ၏။ သူမက လီချန်မေကို ခေါင်းညိတ်ပြပြီး မျက်လုံး မှိတ်လိုက်သည်။
လီချန်မေက မူပင်းမေကို သိသည်။ သူတို့နှစ်ယောက်က တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် ဆုံခဲ့ဖူးပြီး တစ်ယောက်အကြောင်းတစ်ယောက် သိထားကြသည်။
ဝ၎င်း်လင်းက တာအိုသခင်အိပ်မက်ပြာကို ခုထိ အဖြေပြန်မပေးရသေးပေ။ သူက တာအိုသခင်အိပ်မက်ပြာ ပြောသည့်စကားနှင့် ပတ်သတ်၍ စဉ်းစားနေသည်။
တတိယမြောက်နှစ်၏ ခြောက်လမြောက်ထိ အချိန် ကုန်လွန်လာပြီးမှ ဝမ်လင်းသည် မျက်လုံး ဖွင့်လာကာ တာအိုသခင်အိပ်မက်ပြာကို ကြည့်လိုက်သည်။
“ဂျူနီယာမှာ ဇနီးရှိတယ်…” ဤသည်မှာ တာအိုသခင်အိပ်မက်ပြာထံ ဝမ်လင်း ပြောလိုက်သော ပထမဆုံးစကားပင်။
လီချန်မေသည် ခေါင်းငုံ့သွား၏။ ထိုမှသာ ဝမ်လင်းက သူမ၏စိတ်ပျက်လက်ပျက် ဖြစ်သွားသော အမူအရာကို မတွေ့နိုင်မှာ မဟုတ်လား။
တာအိုသခင်အိပ်မက်ပြာက ပြုံး၍ သူ့သမီးကို ကြည့်ကာ ခပ်တိုးတိုး ဆိုသည်။ “မင်းမှာ ဒုတိယမြောက်ဇနီးလည်း ထပ်ရှိလို့ ရနိုင်တယ်…”
“မင်း ဆက်စဉ်းစားပါ။ ငါ အလျင် မလိုပါဘူး။ ဒီအဘိုးအိုက ငါ့သမီးကို ဒီထိ ကိုယ်တိုင် ခေါ်လာခဲ့ပြီးပြီး။ ငါ ထွက်သွားဖို့ စိတ်ကူးမရှိဘူး။ မင်းမှာ ခုနစ်ရောင်စုံ ဒါမှမဟုတ် တစ္ဆေုအိုကြီးကျန့်တို့ကို ရင်ဆိုင်ဖို့ ခွန်အား မရှိသေးဘူး…။ ဟုတ်တယ်မလား…”
တာအိုသခင်အိပ်မက်ပြာ၏ အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်သွားသည်။
“ငါသာ လုပ်ချင်ရင် ငါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ဆန်းကြယ်အတိဒုက္ခအဆင့်ထဲ ဝင်ရောက်နိုင်တယ်။ ငါသာ ကိုးကြိမ်တိုင်တိုင် ရှင်သန်နိုင်ခဲ့ရင် ငါ လေဟာနယ်အတိဒုက္ခအဆင့်ကို ရောက်နေပြီ။ ဒီအတွက် ငါ ယုံကြည်မှု မရှိခဲ့ရုံပဲ။ ဒါပေမဲ့ ခုနစ်ရောင်စုံတာအိုသခင်နဲ့ တစ္ဆေအိုကြီးကျန့်တို့ဟာ အစွမ်းထက် ကျွမ်းကျင့်သူတွေ ဖြစ်ကြရင်တောင်၊ သူတို့နှစ်ယောက်လို တတိယမြောက်တည်ရှိမှုတစ်ခု ရှိလာခဲ့ရင် ငါ့အကူအညီနဲ့ဆို ငါတို့ဟာ အနိုင်ရနိုင်လောက်တယ်…” တာအိုသခင်အိပ်မက်ပြာက ဖြည်းဖြည်းချင်း ပြောလိုက်၏။ လီချန်မေနှင့်မူပင်းမေတို့သည် နားမလည်ပေ။ သို့သော် ဝမ်လင်း၏မျက်လုံးမှာ ကျဉ်းမြောင်းသွား၏။
“ဒီတော့ သင်လည်း အဲ့ကိစ္စနဲ့ ပတ်သတ်လို့ သိထားတာပေါ့…” ဝမ်လင်း၏အကြည့်က တာအိုသခင်အိပ်မက်ပြာထံ ကျရောက်လာသည်။
“တစ္ဆေုအိုကြီးကျန့် ပြီးတဲ့နောက် ဒီလောကဟာ လှိုဏ်ဂူလောကဆိုတာ သိခဲ့တဲ့သူဟာ ငါပဲ ဖြစ်လိမ့်မယ်…” တာအိုသခင်အိပ်မက်ပြာက သက်ပြင်းချလိုက်၏။
“အတိတ်တုန်းက ငါ ဒီအကြောင်းကို သိခဲ့တဲ့အချိန်မှာ တကယ့်ကိုပဲ ဆင်ခြင်နိုင်စွမ်းမဲ့ခဲ့တယ်။ ဆောက်တည်ရာမရ ဖြစ်ခဲ့တယ်။ ငါ ဒါကို မယုံကြည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ငါ့ကို ပြောပြခဲ့တဲ့သူဟာ ငါ့ဇနီးပဲ။ ဒါ့အပြင် သူမဟာ မင်းရဲ့ နောက်က မီးပြင်းဖိုထဲမှာ ချိပ်ပိတ်ထားတဲ့ ငါးယောက်မြောက်ကိုယ်လုပ်တော်ပဲ ဖြစ်တယ်…”
“ငါ သူမရဲ့ စကားတွေကို ယုံကြည်ရမယ်…” တာအိုသခင်အိပ်မက်ပြာက ခေါင်းယမ်းလိုက်၏။
“ကောင်းကင်ဘုံအုပ်စိုးသူရဲ့ ကိုယ်လုပ်တော်ရှစ်ယောက် ဒီလောကကို ဆင်းသက်လာတဲ့အချိန်မှာ ငါးယောက်မြောက်ကိုယ်လုပ်တော်ဟာ သူမရဲ့ခန္ဓာကိုယ်ကို ဆုံးရှုံးထားခဲ့ပြီး စိတ်ဝိညာဉ်ပုံစံပဲ ရှိခဲ့တာ။ ငါ့ဇနီးဟာ သူမရဲ့ စိတ်ဝိညာဉ်နဲ့ ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့တယ်။ ဒါ့ကြောင့် သူမဟာ ငါးယောက်မြောက်ကိုယ်လုပ်တော်ရဲ့ ပိုင်စိုးခြင်းကို ခံလိုက်ရတယ်။ ဒါပေမဲ့ သူမက ငါ့ဇနီးရဲ့စိတ်ဝိညာဉ်ကို မဖျက်စီးပစ်ခဲ့ဘူး။ ဒါပေမဲ့ ငါ့ဇနီးကို အသုံးပြုပြီး သူမအတွက် တာဝန်အမျိုးမျိုးကို အောင်မြင်ပြည့်စုံအောင် လုပ်ခိုင်းခဲ့တယ်…”
“မူလတုန်းကတော့ မင်း ကပ်ဘေးကျရောက်ခဲ့တဲ့အချိန်အတွင်း ငါ မလှုပ်ရှားချင်ခဲ့ဘူး။ ဒါပေမဲ့ သူမက ငါ့ဇနီးရဲ့ စိတ်ဝိညာဉ်ကို အသုံးပြုပြီး ငါ့ကို ဖိအားပေးခဲ့တယ်။ ဒါ့ကြောင့် ငါ လုပ်ဆောင်ခဲ့ရတာပဲ…။ ငါဟာ ငါးယောက်မြောက်ကိုယ်လုပ်တော်ကို သတ်ပစ်နိုင်တယ်။ ဒါပေမဲ့ ငါ အဲ့လို မလုပ်နိုင်ဘူး…”
“လွန်ခဲ့တဲ့နှစ်နှစ်တုန်းက အုပ်စိုးသူက ငါ့ကို လာရှာပြီး ငါ့ဇနီးရဲ့ ခန္ဓာကိုယ်ထံကနေ ငါးယောက်မြောက်ကိုယ်လုပ်တော်ရဲ့ စိတ်ဝိညာဉ်ကို အတင်းအကြပ် ထုတ်ပေးဖို့ ကူညီပေးမယ်လို့ ကတိပေးခဲ့တယ်။ ဒီအချက်ကို သိတဲ့သူတွေဟာ သူတို့က ငါ့ကို ဒီကိစ္စအပေါ် ကူညီပေးကြမယ်ဆို ငါ့အနေနဲ့ ဘာမဆို ပြန်လုပ်ပေးမယ်လို့ ထင်ထားခဲ့ကြတယ်…”
“ဒါပေမဲ့ သူတို့အားလုံး မှားခဲ့တယ်…”
“ငါ ငါ့ဇနီးကို ချစ်ခင်စုံမက်တယ်။ ဘယ်သူကမျှ ငါ့ထက် ပိုပြီး နားလည်နိုင်မှာ မဟုတ်ဘူး။ ငါ့ဇနီးရဲ့ စိတ်ဝိညာဉ်ဟာ ငါးယောက်မြောက်ကိုယ်လုပ်တော်နဲ့ ပေါင်းစပ်ထားတာ ကြာရှည်လွန်းခဲ့ပြီ။ ဒါ့ကြောင့် သူတို့ကို တစ်ယောက်နဲ့တစ်ယောက် ခွဲထုတ်ဖို့ မဖြစ်နိုင်တော့ဘူး။ တစ်ယောက် သေမယ်ဆို ကျန်တဲ့တစ်ယောက်လည်း လိုက်သေရလိမ့်မယ်…”
“ငါ အဲ့လိုလုပ်ဆောင်မှုကို လက်မခံနိုင်ဘူး။ ဒါ့ကြောင့် ငါဟာ အမြဲတမ်း အံ့ဖွယ်တစ်ခုခု ဖြစ်လာဖို့ မျှော်လင့်နေခဲ့မိတယ်။ မင်းက သူမကို ချိပ်ပိတ်ထားခဲ့တယ်။ ဒါဟာ ငါ့ရဲ့ ဝန်ကို သက်သာစေခဲ့တာပဲ…” တာအိုသခင်အိပ်မက်ပြာသည် ထိုသို့ ပြောနေရင်း စိတ်ရှုပ်ထွေးဟန် ပေါက်နေသည်။
“သူမ ထွက်သွားတာ ကြာခဲ့ပြီ ဖြစ်တယ်။ ဝမ်းနည်းမှုသာ ကျန်ရစ်ခဲ့တော့တယ်။ အခုတော့ ငါ့ဘေးမှာ ငါ့သမီးလည်း ရှိနေပြီ ဖြစ်တဲ့အတွက် ငါ့ကို ပိုသတိထားစေတော့တယ်။ ဒါ့ကြောင့် ငါက မင်းကို ထပ်ပြီး မဆန့်ကျင်တော့တာ။ ပြီးတော့ ဒီစစ်ပွဲဟာ အဓိပ္ပာယ်မရှိတဲ့ အနေအထား ဖြစ်နေပြီ။ ငါတို့ ဘယ်လောက်ပဲ တိုက်ခိုက်တိုက်ခိုက် ငါတို့အားလုံဟာ တူညီတဲ့လှိုဏ်ဂူလောကရဲ့ ကျင့်ကြံသူတွေသာသ ဖြစ်ကြတယ်…”
တာအိုသခင်အိပ်မက်ပြာက မတ်တပ်ထရပ်က သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။
သူ့မျက်လုံးသည် အစီအရင်အပြင်ဘက်သို့ ကြည့်ရင်း တောက်ပလာ၏။
တစ်ချိန်တည်းမှာ ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားကာ အစီအရင်အပြင်ဘက်ရှိ ဟင်းလင်းပြင်ကို အေးတိအေးစက် ကြည့်လိုက်သည်။
တုန်လှုပ်ဖွယ်သတ်ဖြတ်လိုစိတ်နှင့် မကျေမနပ်မှုများ ပြည့်နေသော အလင်းတန်းသုံးခု တိုးဝင်လာနေ၏။
ထိုအလင်းတန်းသုံးခုအတွင်းရှိ သုံးယောက်ကို ဝမ်လင်းက သိပေသည်။ ထိုသူတို့မှာ တာအိုသခင်မြောင်ယင်၊ မိစ္ဆာသခင်ကောင်းကင်ကိုးခုနှင့် အဆိပ်အိုကြီးတို့ ဖြစ်ကြ၏။
ထိုသုံးယောက်သည် ရှေးသင်္ချိုင်းအတွင်း၌ ပိတ်မိနေခဲ့သည် ဖြစ်ကာ ဒီနေရာတွင် မပေါ်လာသင့်ပေ။ သို့သော် သူတို့ကို အုပ်စိုးသူက ကယ်တင်ပေးခဲ့၏။ ဝမ်လင်းအပေါ် သူတို့၏အမုန်းတရားမှာ ကြီးမားလှ၏။ သူတို့က ဒီနေရာသို့ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရောက်လာကြခြင်းပင်။
ဒီနေ့သည် ဒုတိယမြောက်နှစ်၏ ခြောက်လမြောက် ဖြစ်၏။ ဝမ်လင်း ဗိုလ်ချုပ်လေးယောက်နှင့် သဘောတူညီမှု ပြည့်ဖို့ အချိန် နှစ်ဝက်မျှသာ ကျန်တော့သည်။
“ဝမ်လင်း…ဒီအဘိုးအိုက မင်း ငါ့ကို သတိထားနေဆဲဖြစ်တာကို သိတယ်။ ငါ့သမီးကတောင် မင်း ကျင့်ကြံနေတဲ့အချိန်မှာ အဖေတစ်ယောက်ဖြစ်တဲ့ ငါ့ကို မယုံကြည်ဘူး။ ဒီနေ့ အဖေတစ်ယောက်အနေနဲ့ ငါ လုပ်သင့်တာကို လုပ်မယ်…”
တာအိုသခင်အိပ်မက်ပြာက ဝမ်လင်းကို ထိုသို့ ပြောလိုက်သော်လည်း သူ့အကြည့်ကမူ လီချန်မေအပေါ်သို့ ရောက်နေ၏။ သူ့အကြည့်၌ ဖခင်တစ်ယောက်၏ချစ်ခြင်းမေတ္တာ ပေါ်နေသည်။
သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး သူက ပြင်ပနယ်မြေထံသို့ ခြေလှမ်းလိုက်၏။ သူ၏ခန္ဓာကိုယ်က အလင်းတန်းအဖြစ်သို့ ပြောင်းကာ ချက်ခြင်းပင် အစီအရင်အတွင်းမှ ပျံသန်းထွက်သွား၏။
“မြောင်ယင်၊ ကောင်းကင်ကိုးခု၊ အဆိပ်အိုကြီး…မင်းတို့သုံးယောက်…ထွက်သွားလိုက်တော့…” တာအိုသခင်အိပ်မက်ပြာက မာန်သွင်းအော်ဟစ်၏။ ထိုဟိန်းအော်သံက ဒီကြယ်အဖွဲ့အစည်းတခွင် ပဲ့တင်ထပ်သွားကာ မုန်တိုင်းအသွင် ဖြစ်ပေါ်သည်။ သည်အသံက မြောင်ယင်နှင့် ကျန်နှစ်ယောက်ကို ရပ်တန့်သွားစေ၏။
“အိပ်မက်ပြာ…။ သင် ဘာလုပ်နေတာလဲ…”
“တာအိုသခင်အိပ်မက်ပြာ…သင် ဘာကြောင့် ငါတို့သုံးယောက်ကို တားဆီးရတာလဲ…”
“အကြောင်းပြချက် မရှိဘူး။ မင်းတို့သုံးယောက် အသက်ရှုချိန်သုံးကြိမ်စာအတွင်း မထွက်သွားရင် ငါ မင်းတို့ကို သတ်ပစ်မယ်…” တာအိုသခင်အိပ်မက်ပြာ၏ ဆံပင်တို့က လွင့်ဝဲကခုန်နေ၏။ သူ့နောက်တွင် အစီအရင်ဘီး ရှိ၏။ သူ့ရှေ့တွင် လူသုံးယောက် ရှိနေသည်။
သူ၏ပုံရိပ်မှာ တောင်တစ်လုံးအလား။ သူရှိနေပါက မည်သူကမျှ ရှေ့သို့ ခြေလှမ်းတစ်ဝက်ပင် ဆက်မတိုးသာ ဖြစ်ရလေမည်။
သူ၏ခန္ဓာကိုယ်ထံမှ ဆန်းကြယ်လေဟာနယ်အထွတ်အထိပ်အဆင့် ကျင့်ကြံမှု ပေါက်ကွဲထွက်လာ၏။ ဆန်းကြယ်လေဟာနယ်အထွတ်အထိပ်အဆင့် စွမ်းအားက ကောင်းကင်တစစီ ဖြစ်စေနိုင်လောက်သည်။ သူက မတိုက်ခိုက်သေးပေ။ သို့သော် သူ့အော်ရာဖြင့်ပင် ဒီကြယ်အဖွဲ့အစည်းကို တုန်ယင်စေနိုင်သည်။
တာအိုသခင်မြောင်ယင်၏ အမူအရာမှာ ပြောင်းလဲသွား၏။ သူ၊ ကောင်းကင်ကိုးခုနှင့် အဆိပ်အိုကြီးတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိသည်။ သူတို့က တစ်ယောက်မျက်လုံးထဲရှိ ထိတ်လန့်မှုကို တစ်ယောက်က တွေ့မြင်လိုက်ရသည်။
ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ သခင်ငါးပါးမှာ ကျင့်ကြံမှုအဆင့် အမျိုးမျိုး ရှိကြ၏။ အုပ်စိုးသူထံ၌ ကြောက်မက်ဖွယ်စွမ်းအား ပိုင်ဆိုင်ထားသော်လည်း အိပ်မက်ပြာက အစွမ်းကုန်ခွန်အားပြည့် တိုက်ခိုက်လာလျှင် ပို၍ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ပင်။ သူ့ဇနီးက သူ့တာအိုနှလုံးသားအပေါ် ပြစ်ချက်တစ်ခု ဖြစ်စေခဲ့ခြင်းနှင့် ဆန်းကြယ်အတိဒုက္ခအဆင့်သို့ ဝင်ရောက်ဖို့ ဆန္ဒမရှိခဲ့ခြင်းကြောင့်သာ မဟုတ်ပါက အုပ်စိုးသူသည်ပင် အိပ်မက်ပြာကို အမိန့်ပေး၍ ရနိုင်လိမ့်မည် မဟုတ်ပေ။
သူတို့သုံးယောက်လုံးက ထိုအချက်ကို ကောင်းကောင်း သိထားကြ၏။
***