← Chapters

ဆွတ်ခူးခြင်း

Vol. 016 Ch. 1523

ဆွတ်ခူးခြင်း

Vol. 016 Ch. 1523

ဖီးနစ်လေးက ရီဖူရှင်းအား ရဲတင်းစွာ စူးစိုက်ကြည့်လိုက်သည်။ သူက မည်မျှ အစွမ်းထက်သည်ကို သူမ သတိပြုမိသော်လည်း သူ့အပေါ်၌ ယဉ်ကျေးသမှုပြုရန် ပျင်းနေဆဲပင် ဖြစ်သည်။ သူမက လမ်းစဉ်သစ်သီး နှစ်လုံးကို သူမ၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။

လျှပ်တပြက်အတွင်းတွင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မီးလျှံအလင်းများက လောင်ကျွမ်းလာပြီး မီးလျှံနတ်သမီးတစ်ပါးကဲ့သို့ ထင်မှတ်လာရပေသည်။ ကြောက်မက်ဖွယ် နတ်မီးလျှံအလင်းတို့က ပေါက်ကွဲထွက်လာပြီး လေထုအား ပြည့်နှက်သွားစေသည်။ ဖီးနစ်လေးက လက်ကို ဆန့်ထုတ်လိုက်ပြီး ထိုခံစားမှုကို အလွန် ပျော်ရွှင်နေခဲ့သည်။

“ဒါက တကယ်ပဲ ဒီလောက်ထူးခြားတာလား။” ရီဖူရှင်းက သူမ၏ တုန့်ပြန်မှုကို ကြည့်ကာ သူသည်လည်း လမ်းစဉ်သစ်သီးကို သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ချက်ချင်းပင် သူသည် သွေးကြောများအတွင်း သွေးတို့က ဆူပွက်ကာ လောင်ကျွမ်းလာသည်ဟု ခံစားလိုက်ရသည်။ သူ၏ ခန္ဓာက လောကမှ လမ်းစဉ်မီးတောက်နှင့် တသားတည်း ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ အဆုံးမဲ့ မီးလျှံစွမ်းအားများက သူ့ကို ဖြတ်သန်းစီးဆင်းနေသည်။

သူ၏ သွေးကြောများသည် ချော်ရည်ပူများအဖြစ် ပြောင်းလဲသွားသည်ဟု ထင်မှတ်ရကာ အတွင်းလှိုက်လောင်ကျွမ်းနေသည်။ သူ၏ အတွင်းကလီစာများသည် မီးတောက်များ၏ ရစ်ပတ်ခြင်းကို ခံနေရကာ အရိုးများသည် မီးတောက်အမှတ်အသားများနှင့် တံဆိပ်နှိပ်ခြင်း ခံခဲ့ရသည်။

ဤတုန့်ပြန်မှုမှာ အဆုံးမသတ်ခင်ထိ ဆက်လက်ဖြစ်ပွားနေသည်။ သူ့ကို နှောက်ယှက်နေသည်များက ပျောက်ကွယ်သွားပြီး သူ၏ မျက်လုံးထဲမှ မဟာလမ်းစဉ် မီးလျှံတို့ ထိုးထွက်လာသည်။

“နတ်သစ်သီး” ရီဖူရှင်းက ပင့်သက်ရှိုက်လိုက်သည်။ သူက မီးလျှံနတ်သစ်ပင်ကို ကြည့်လိုက်သည်။ ဤနေရာက မည်သို့သော နေရာဖြစ်သနည်း။

“ငါ့ အဖေ ပြောတာတော့ ဒီနေရာက အဲဒီသစ်သီးက ဆယ်နှစ်တစ်ကြိမ် မဟာလမ်းစဉ်ကနေ တိုက်ရိုက်ကြီးထွားလာတာတဲ့။ ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့် ရောက်နေတဲ့ လူတွေကသာ သစ်သီးကို အသုံးပြုနိုင်တယ်။ ပြီးတော့ မဟာလမ်းစဉ်စွမ်းအားတွေကို လှည့်ပတ် တသားတည်းဖြစ်အောင် လုပ်ပြီး အရိုးနဲ့ အသွေးအသားတွေကို သန့်စင်ဖန်တီးနိုင်လို့ မဟာလမ်းစဉ် ခန္ဓာကိုယ်ကို ဖြစ်တည်လာစေနိုင်တယ်။ အဲဒါက ရန်ဟောင်တစ်ပါးရဲ့ ခန္ဓာကိုယ်၊ ဝိညာဉ်နဲ့ ကိုက်ညီတယ်။ နင်က တစ်ခါလောက် မဟာလမ်းစဉ် စက်ဝန်းကို ဖန်တီးနိုင်တာနဲ့ တကယ် ရန်ဟောင်ဖြစ်လာလိမ့်မယ်” ဖီးနစ်လေးက ပြောလိုက်သည်။

“မင်းအဖေက အများကြီး သင်ပေးထားတာပဲ” ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။ သူတို့က စကားတပြောပြောနှင့် ရှေ့သို့ လျှောက်လာကြပြီး နှစ်ယောက်လုံး၏ ပုံရိပ်များမှာ သူတို့ မြန်နိုင်သလောက် လျင်မြန်ကြပေသည်။

သူက သံသယကင်းစင်ခြင်းအဆင့် ဖြစ်ပြီး ပြန်လည်မွေးဖွားခြင်းအဆင့်သို့ရောက်ရန် တစ်ဆင့်သာလျှင် လိုပေသည်။ သူက ရန်ဟောင်အဆင့်အား နားလည်သဘောပေါက်နိုင်ရန် ဆန္ဒရှိသည်။ ထိုသည်မှာ အခြားသော အဆင့်တစ်ခု ဖြစ်သည်။ မရေတွက်နိုင်သည့် ရှန့်ထိုအဆင့် ပုဂ္ဂိုလ်များမှာ ထိုအဆင့်သို့ ရောက်လိုကြသော်လည်း ရောက်ရှိရန် အလွန်ခက်ခဲပေသည်။ တစ်စုံတစ်ယောက်သည် ရန်ဟောင်ခန္ဓာကို နားလည်ဖန်တီးနိုင်ရန်လိုပြီး ရန်ဟောင်ဝိညာဉ်အား သတိပြုရမည် ဖြစ်သည်။ နောက်ဆုံး၌ ၎င်းတို့အား အတူတကွ ရောမွှေကာ မဟာလမ်းစဉ် စက်ဝန်းကို ဖြစ်တည်လာစေရမည်။

မဟာလမ်းစဉ်စက်ဝန်းသည် မဟာလမ်းစဉ်မြစ်နှင့် တသားတည်းအဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့် မြေကြီးကို ဖြတ်ကာ စီးဆင်းလာပေလိမ့်မည်။ ၎င်းသည် နေနှင့် လကဲ့သို့ တောက်ပကာ လောကကြီးတလျှောက် ရှင်သန်နေပေလိမ့်မည်။ အသတ်မခံရလျှင် မည်သည့်အခါမှ သေဆုံးလိမ့်တော့မည် မဟုတ်ပေ။

သူ၏ ဆရာက တာလီပြည်ထောင်တွင် မည်သို့ ပြန်လည်မွေးဖွားခဲ့ပြီး နောက်တစ်ဆင့်သို့ ချိုးဖျက်နိုင်ခဲ့သည်ကို နားလည်ပေသည်။ သူက သူ၏ ရန်ဟောင်ဝိညာဉ်ကို သတိပြုမိတာကြောင့် သူ၏ ရုပ်ပိုင်းဆိုင်ရာက ပြန်မကောင်းနိုင်လောက်အောင် ဆိုးဆိုးဝါးဝါး ထိခိုက်ထားသော်လည်း သူ၏ ဝိညာဉ်က ရန်ဟောင်အဆင့်သို့ ထိတွေ့ပြီး ဖြစ်သည့်အတွက် သူ၏ အသွေးအသားများကို ပြန်လည် ပုံဖော်နိုင်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး၌ ကောင်းကင်အာဏာစက်ဘုံမှ ကောင်းကင်နတ်တံခါးဂိုဏ်းတွင် သူသည် မဟာလမ်းစဉ် စက်ဝန်းကို ဖန်တီးကာ ရန်ဟောင်အဆင့်သို့ ဝင်ရောက်နိုင်ခဲ့သည်။

ဤသစ်သီးက လူများကို ရန်ဟောင်ခန္ဓာကိုယ် ဖန်တီးနိုင်ရန် အခွင့်အရေး ပေးနိုင်သည်ဟု ထင်မှတ်ရပြီး မိမိကိုယ်ကိုယ် သက်သေပြရာ၌ ခက်ခဲမှုကို လျှော့ချပေးနိုင်ပေသည်။ ထို့ကြောင့် မရေတွက်နိုင်သော လူများသည် ဤနေရာသို့ လာချင်ကြပြီး ရန်ဟောင်ဖြစ်လာမည့် လမ်းပေါ်သို့ ခြေချလိုကြခြင်း ဖြစ်ပေသည်။

သစ်သီးအား စားပြီးနောက်တွင် ရီဖူရှင်းသည် သူက အနည်းငယ် လောဘတက်လာသည်ဟု ခံစားလိုက်ရသည်။ သူက ပြန်လည်မွေးဖွားခြင်း အဆင့် မရောက်သေးသည့် သံသယကင်းစင်ခြင်းအဆင့်၌ပင် ရှိသေးလျှင်ပင် သူက လာမည့်အရာအတွက် အခြေခံကို တည်ဆောက်ထားနိုင်သည်။ သစ်သီးက အချိန်ကို ထပ်၍ ချုံ့လိုက်နိုင်ပြီး သူက ဖြစ်ပျက်လာသည့် ပြောင်းလဲမှုကို ခံစားနိုင်ပြီး ဖြစ်လေသည်။

ထိုအရာက သူ့ကို သတ်မှတ်ထားသည်ထက်စော၍ ရောက်ရှိနိုင်ရန် ကူညီပေးပေလိမ့်မည်။

ထို့ပြင် သူက ထိုသည်ကို မလိုအပ်လျှင်ပင် ရာရာက လိုအပ်ပေလိမ့်မည်။

ထိုအချိန်၌ တိုက်ခိုက်သံများက နေရာအနှံ့မှ ထွက်ပေါ်လာနေသည်။ တောင်တန်းသည် အလွန် ကျယ်ပြန့်ပြီး သူက အခြားသစ်ပင်များကို ခပ်ရေးရေးသာ မြင်တွေ့နိုင်ပေသည်။

“မြန်မြန်သွားရအောင်” ဖီးနစ်လေးသည်လည်း သူမ မြည်းစမ်းခဲ့ရသော ချိုမြိန်မှုကြောင့် စိတ်လှုပ်ရှားနေပုံရကာ သေချာသည့် ဘက်သို့ တစ်ဟုန်ထိုး ပြေးသွားခဲ့သည်။

တောင်ဘေးတွင် တုန်ခါနေသော ရွှေရောင်သစ်ပင် တစ်ခု ရှိနေသည်။ အရွက်တိုင်းက သန့်စင်သည့် ရွှေစင်ရွှေသားဖြင့် ဖွဲ့စည်းထားသကဲ့သို့ ဖြစ်သည်။ ၎င်းတို့က လှုပ်ခတ်သွားသည့်အချိန်တိုင်း ကြည်လင်သည့် အသံကို ထုတ်လွှတ်ပေးနေသည်။ သစ်ပင်၏ အနီးတဝိုက် မြေပြင်မှာပင် ရွှေရောင်ဖြစ်နေခဲ့သည်။ ထိုအပင်၏ တစ်ဖက်တွင် တန်ခိုးရှင် လေးဦးက ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

ဝှီး…

ထိုအချိန်တွင် သူတို့အားလုံးက တစ်ခုခုကို ခံစားမိလိုက်ပြီး သူတို့၏ အကြည့်များကို လှည့်လိုက်သည်။ သူတို့သည် ကောင်းကင်ကို ဖြတ်သန်းလာသည့် ဓားတစ်လက်ပုံရိပ်အား မြင်လိုက်ရသည်။ ယင်းက သစ်သီးတစ်လုံးကို ဖြတ်ချလိုက်ပြီးနောက် ဆက်လက်ကာ စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်လိုက်သည်။ ၎င်းသည် နှစ်လုံးထက်ပိုသော သစ်သီးများကို ဖြုတ်ချလိုက်၏။ အားလုံးသော သစ်သီးများက ဓားပေါ်သို့ ပြုတ်ကျလာသည်။

လေဟာနယ်စွမ်းအားများ ပေါက်ကွဲထွက်လာကာ ဓားသည် နှောင့်နှေးနေပါက မည်သို့ ဖြစ်မည်ကို သိသည့်အလား ချက်ချင်းပင် လာရာလမ်းသို့ ပြန်လှည့်သွားခဲ့သည်။

တန်ခိုးရှင်လေးယောက်၏ အမူအရာက ပြောင်းလဲသွားပြီး တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်သည်။ တစ်စုံတစ်ယောက်သည် သူတို့ တိုက်ခိုက်ယူရန် ကြိုးပမ်းနေသည့် သစ်သီးကို အခွင့်ကောင်းယူကာ ခိုးယူသွားခဲ့ပေသည်။ ထိုသည်မှာ အလွန် ရက်စက်လှသည်။

သူတို့ထဲမှ တစ်ယောက်က ရွှေရောင်လက်ဝါးကြီးကို ထုတ်ဖော်လိုက်ပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားစေသည်။ သို့သော် ဓားက အလွန် လျင်မြန်လှသည်။ ၎င်းက လေထဲကို ထိုးဖောက် ဖြတ်သန်းသွားပြီး လက်ဝါးကျဆင်းလာသည့် အချိန်တွင် ၎င်းက လေဟာနယ်ကို ဖြတ်သန်းသွားကာ ထိုလက်ဝါးသည် မည်သည်မှ မရှိသည့် လေဟာနယ်သို့သာ ကျဆင်းသွားခဲ့ပေသည်။

တန်ခိုးရှင်လေးယောက်က ရှေ့သို့ ထွက်လာခဲ့ပြီး ထိုဓားသည် အဖြူရောင်ဝတ်ဆင်ထားသည့် လူငယ်လေး၏ လက်ထဲသို့ ပြန်လည်ရောက်ရှိသွားကြောင်း မြင်လိုက်ကြရသည်။ ထို့ထက်ပို၍ ရက်စက်သည့်အရာမှာ ထိုအဖြူရောင်ဝတ်လူငယ်လေးသည် သူ၏ ပါးစပ်ကို ခပ်ကျယ်ကျယ် ဖွင့်ကာ အသီးအား တစ်ကိုက်ပြီးတစ်ကိုက် အားပါးတရ စားသောက်နေခြင်းပင် ဖြစ်သည်။

“ဟမ်”

သူ့ဘေး၌ ဖီးနစ်လေးသည် သူ့ကို စောင့်ကြည့်နေရင်း တွေးလိုက်သည်။ 'သူ့ ပါးစပ်က တကယ် အဲဒီလောက်ကြီးတာလား'

သူက တကယ်ပင် အသီးတစ်လုံးကို တစ်ကိုက်တည်းနှင့် စားပစ်နိုင်သည်လား။

ရီဖူရှင်းက အသီးကို ကိုက်စားနေသည့် အသံက ထွက်ပေါ်လာနေသည်။ ၎င်းက အလွန် ဝါးရခက်ပေသည်။ သူ၏ သွားက အသီးကို ကိုက်ချေနေပြီး သစ်သီးက သူ့ခန္ဓာအတွင်း ဝင်ရောက်သွားသည့်အခါ သူ့ခန္ဓာက ရွှေရောင်နတ်အလင်းတို့နှင့် တောက်ပလာသည်။ ကြည့်ရသည်မှာ သူက မဟာလမ်းစဉ် ရွှေခန္ဓာအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင် ဖြစ်သည်။

တန်ခိုးရှင်လေးယောက်က သူ့ကို အထိတ်တလန့်နှင့် စူးစူးရဲရဲကြည့်နေကြသည်။

“အေ့…”

ရီဖူရှင်းက လေချဉ်ပင်တက်လိုက်လျှင် သူ့ကို ကြည့်နေသည့် မျက်လုံးလေးစုံထံမှ မီးလျှံများ ထွက်ပေါ်လာသည်။ သူတို့၏ သတ်ဖြတ်ချင်စိတ်က လေထုကို ဖြတ်သန်းလွှမ်းခြုံသွားလေသည်။

“ကျုပ်က အသီးကို စားပစ်လိုက်ပြီ။ ခင်ဗျားတို့ အရှေ့မှာ အခွင့်အရေးတွေ အများကြီး ရှိသေးတာပဲ။ ခင်ဗျားတို့ ဒါကို အခွင့်အရေးယူပြီး ထွက်သွားရင် မကောင်းဘူးလား” ရီဖူရှင်းက သူ၏ အကြည့်များကို ထိုသူတို့ထံမှ ဖယ်ခွာကာ အဝေးသို့ ကြည့်လိုက်သည်။

“အရှက်မရှိလိုက်တာ။ တကယ့်ကို အရှက်မရှိတာပဲ” သူ့ဘေးမှ ဖီးနစ်လေး၏ မျက်နှာသည် ပွက်ပွက်ဆူနေသည့် ရေနွေး၏ အပူချိန်ကဲ့သို့ မြင့်တက်လာကာ ရဲရဲနီလာပေသည်။ သူက သစ်သီးများအား လုယူခဲ့သည်က ကြားကောင်းသေးသော်လည်း သူက ဤနေရာ၌ ချက်ချင်းစားပစ်ကာ သူမကိုပါ သူနှင့်အတူ အရှက်ရအောင် လုပ်စရာလိုပါရဲ့လား။

“မင်း သေချင်နေတာလား” တန်ခိုးရှင်တစ်ဦးက အေးစက်စွာ ပြောလိုက်သည်။ ရွှေရောင်လှံရှည်က လေထုကို ဖြတ်ကာ ရီဖူရှင်းထံသို့ ရောက်ရှိလာသည်။ ကြောက်မက်ဖွယ် ရွှေရောင်အလင်းတန်းက  နေရာအနှံ့မှ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် အော်မြည်သံများလည်း ထွက်ပေါ်လာသည်။

သူတို့သည် အချိန်မဖြုန်းဘဲ အခြားသစ်သီးများကို သွားရှာသင့်သည်အား သိသော်လည်း ထိုကောင်လေး၏ ရိုင်းစိုင်းမှုအား အခဲမကြေနိုင်ကြပေ။

ရီဖူရှင်း၏ ခန္ဓာကိုယ်သည် ဖျက်ဆီး၍ မရနိုင်သော ရွှေရောင်ခန္ဓာအဖြစ် ပြောင်းလဲသွားသည်။ ရွှေရောင်မြစ်တစ်စင်းက သူ့ကို ဖြတ်ကာ စီးဆင်းနေသည်ဟု ထင်မှတ်ရပေသည်။ သူ၏ သက်စောင့်ဝိညာဉ် ကမ္ဘာ့သစ်ပင်သည်ပင် ရွှေရောင်နတ်သစ်ပင်အဖြစ် ပြောင်းလဲသွားပြီး ရွှေရောင်အလင်းတို့ကို ထုတ်လွှတ်နေသည်။

သူက လက်ကို တစ်ပြိုင်တည်း ဆန့်ထုတ်လိုက်ပြီး ကောင်းကင်တွင် ရွှေရောင်လက်အရိပ်ကြီး ပေါ်ပေါက်လာစေသည်။ လက်သီးကို ကျစ်ဆုတ်ကာ ကျဆင်းလာတေသည့် ရွှေရောင်လှံရှည်အား ရိုက်ခတ်လိုက်သည်။ ရွှေရောင်လက်အရိပ် ပျက်စီးသွားသလိုပင် ရွှေရောင်လှံရှည်သည်လည်း တစ်လက်မချင်းစီ ပျက်စီးကြေမွသွားခဲ့လေသည်။

“ခင်ဗျားတို့ ထပ်ပြီး အချိန်ဖြုန်းနေဦးမယ်ဆိုရင် ဘာမှမရတော့ဘဲ နေမယ်နော်” ရီဖူရှင်းက ရိုးသားဟန်ဖြင့် ပြောလိုက်သည်။ သူတို့၏ မျက်နှာများက မည်းမှောင်နေသည်။ ဤလူက အမှန်တကယ် အားကောင်းလှသည်။ သူက ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင်၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည် ရှိပေသည်။

“သွားကြမယ်။ နောက်မှ သူ့ကို ပြန်ရှာပြီး တိုက်ကြတာပေါ့” တစ်ယောက်က ပြောလိုက်သည်။

“ကောင်းပြီ။ ကျုပ်တို့ ဘာလို့ ယာယီမဟာမိတ် မဖွဲ့တာလဲ” သူတို့ထဲမှ အခြားတစ်ယောက်က ပြောလိုက်သည်။ သူတို့လေးယောက်သည် စကားတပြောပြောနှင့် အဝေးသို့ ထွက်ခွာသွားတော့သည်။ ထိုလေးယောက်မှာ ယခုလေးပင် သစ်သီးကြောင့် တိုက်ခိုက်ခဲ့ကြသော်လည်း ချက်ချင်းပင် မဟာမိတ်များ ဖြစ်သွားကြသည်။

ဒါက....

“အံ့သြစရာပဲ” ရီဖူရှင်းက တွေးလိုက်သည်။ ထိုအချိန်၌ ဖီးနစ်လေးသည် သူက မည်မျှထိ မျက်နှာပြောင်တိုက်နိုင်သည်ကို အံ့အားသင့်နေမိသည်။

“အဲဒါက ကောင်းလား” ဖီးနစ်လေးက သူ့ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။ သူက သူမအတွက် တစ်လုံးတစ်လေမျှပင် ချန်ထားမပေးခဲ့ပေ။

အရမ်း လွန်လွန်းပေသည်။

“မင်းက မီးစွမ်းရည်ကျင့်ကြံတာလေ။ ဘာလာကြည့်နေတာလဲ” ရီဖူရှင်းက အထင်အမြင်သေးစွာ ပြောလိုက်သည်။ အခြားထက် သူ့ကို ပို၍ မြောက်ကြွမြောက်ကြွ ဖြစ်စေသည်က သစ်သီးသည် သူ၏ ခံစားချက်အား အလွန်ကောင်းမွန်စေပေသည်။ မကြာသေးခင်က သူ၏ သွေးကြောများအတွင်း နတ်မီးလျှံများ စီးဆင်းနေပြီး ယခုတွင် ရွှေရောင်စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။

“အရှက်မရှိလိုက်တာ” ဖီးနစ်လေးက အထင်အမြင်သေးစွာ ပြောလိုက်သည်။

“သွားကြစို့” ရီဖူရှင်းက ကောင်းကင်သို့ တက်လိုက်သည်။ သူသည် နောက်ထပ် အချို့ ပိုကာ ခိုးယူရန် ပြင်ဆင်နေခဲ့သည်။ ခွဲတမ်းကြောင့် နေရာရခဲ့သည့် လူများအပြင် နန်းတော်၏ တပည့် အချို့လည်း ရှိသေးသည်။ သူတို့အား အခွင့်အရေး ပေးချင်ခဲ့သည် ဖြစ်နိုင်သော်လည်း ဤတပည့် အများစုမှာ အမှန်တကယ် ထည့်မတွက်ဘဲ သူတို့ထဲက အများစုက ဤနေရာမှာပင် ကျရှုံးသွားပေလိမ့်မည်။

သို့သော် ဤသည်က သူတို့၏ ကိုယ်ပိုင် ရွေးချယ်မှုပင် ဖြစ်သည်။ ထိုက်တန်ကြောင်း သက်သေပြဖို့ရာ လမ်းက ကျိန်းသေ ခက်ခဲပေလိမ့်မည်။ အသီးများက ဆယ်နှစ်တစ်ကြိမ်သာလျှင် သီးလာကြပြီး များများစားစား မရှိပေ။ ထို့ကြောင့် သူတို့အားလုံး ခွဲဝေရရှိနိုင်ရန်မှာ မဖြစ်နိုင်ပေ။ ဤနန်းတော်၏ တပည့်များပင်လျှင် သူတို့အကြား အသီးများ ခွဲဝေရရှိနိုင်ရန် တိုက်ခိုက်ကြရသည်။ တပည့်များက ဤနေရာသို့ သစ်သီးအတွက် တိုက်ခိုက်ရန် ရောက်လာကြသလို  သူတို့သည် ခွဲတမ်းရရှိထားသည် အထက်ကောင်းကင်ဘုံမှ အခြား ထိပ်သီးပုဂ္ဂိုလ်များနှင့်လည်း ယှဉ်ပြိုင်ကြလိမ့်မည် ဖြစ်သည်။

ရီဖူရှင်းသာလျှင် သစ်သီးအား ခိုးယူသည်မဟုတ်ဘဲ အချို့သော အစွမ်းထက်ပုဂ္ဂိုလ်အချို့သည်လည်း ထိုသို့ ပြုလုပ်ကြပေသည်။ ဥပမာအနေနှင့် ခွဲတမ်းကြောင့် ရောက်ရှိလာသည့် ထိပ်သီးအင်အားစုမှ လူအချို့ အတူလျှောက်လာသည့်အခါ နတ်ဘုရားနန်းတော်မှ သာမန်တပည့်များသည် သူတို့နှင့် ဝင်ရော၍ နှစ်ပတ်တစ်ပတ်ရိုက်ရန် ကြိုးစားကြသည်။

ထို့ပြင် ဤနေရာ၌ အလွန် အစွမ်းထက်သည့် ပုဂ္ဂိုလ်အချို့လည်း ရှိနေသေးသည်။

ဥပမာအနေနှင့် ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်အဖွဲ့အား ဦးဆောင်လာသည့် ကိုက်ရှီ ဖြစ်သည်။ သူက ရွှေရောင်နတ်အလင်းများ ထုတ်လွှတ်နေသည့် ရွှေရောင်နတ်လှံကို ဆုပ်ကိုင်ထားသည်။ သူက အသီးလုလာသည့် တစ်စုံတစ်ယောက်က ရှေ့မှ ဖြတ်လာသည်ကို မြင်သည့်အခါ လေထုကို ဖြတ်ကာ ရှေ့ထွက်၍ အော်လိုက်သည်။ “သစ်သီးကို ထားခဲ့စမ်း”

သူက ပြောပြီး ရွှေရောင်လှံဖြင့် လေထုအား ထိုးခွဲလိုက်သည်။ လှံကျဆင်းလာသည့်အခါ ရွှေရောင်အလင်းက ကောင်းကင်ကို ထိုးဖောက်သွားသည်။ သူ့ အောက်မှ သစ်သီးကို ယူဆောင်လာသူက ၎င်းကို တားဆီးရန် ကြိုးစားလိုက်သော်လည်း တောက်ပသည့် ရွှေရောင်အလင်းတန်းများက အလွန် အစွမ်းထက်လှပေသည်။ ထိုအလင်းက သူ၏ ခုခံမှုကို ပျက်စီးစေကာ ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်၍ သူ့အား မြေပြင်နှင့် ရိုက်ခတ်မိသွားစေသည်။

ရွှေရောင်နတ်ပြည်ထောင်မှ အခြားတန်ခိုးရှင်များက ထိုလူ၏ လက်ထဲ၌ ကိုင်ထားသော သစ်သီးကိုပင် လုယူလိုက်သည်။

လီနတ်ဓားမိသားစုမှ လူများသည်လည်း အလွန် အစွမ်းထက်ကြသည်။ ဓားပျံသည် လေကို ဖြတ်သန်းကာ အလွန် လျင်မြန်သည့် အရှိန်ဖြင့် ရွေ့လျားနေပြီး ရနိုင်သမျှ အသီးများကို လုယူနေသည်။

ကောင်းကင်နှစ်မြှုတ်ခြင်းနတ်ဘုရား ကလန်မှ လူများလည်း ဤနေရာ၌ ရောက်နေကြသည်။ သူတို့သည် ကြယ်ကျောက်တုံးကို ဆင့်ခေါ်၍ သူတို့အောက်ရှိ အရာအားလုံးကို ဖျက်ဆီးချေမွနိုင်ကာ အလွန် အစွမ်းထက်ကြပေသည်။ ရည်ရွယ်သည် ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ လီနတ်ဓားမိသားစုနှင့် ကောင်းကင်နှစ်မြှုတ်ခြင်းနတ်ဘုရား ကလန်မှ တန်ခိုးရှင်များသည် မတူညီသည့် နေရာများသို့ သွားခဲ့ကြသော်လည်း အချင်းချင်း ထိပ်တိုက်တွေ့ခဲ့သည်။

လီနတ်ဓားမိသားစုမှ တန်ခိုးရှင်တစ်ဦးက အဝေးသို့ ကြည့်လိုက်သည်။ “ဟိုအပင်က သစ်သီးက ဓားသဏ္ဌန်ရှိတာပဲ” သူက လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ဓားအဖြစ်သို့ ပြောင်းလဲကာ ထိုနေရာသို့ တစ်ဟုန်ထိုးသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဝမ်ရှိုးရီ။ လော့ယွဲ့နှင့် အခြားသူများလည်း ထိုအသီးကို မြင်လိုက်ကြသည်။ သူတို့က အလင်းကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ဓားအဖြစ်ပြောင်းကာ သစ်ပင်ဆီသို့ ပြေးဝင်သွားသည်။

ပြင်းထန်သည့် ဓားစွမ်းအင်လှိုင်းများက သစ်ပင်၏ အနီးတွင် ဖြစ်ပေါ်ကာ ရစ်ပတ်နေသည်။ ၎င်းက သစ်သီးကို ထူထဲစွာ ရစ်ပတ်ထားပြီး ဓားသဏ္ဌာန်ဖြစ်ပေါ်နေစေ၏။

“ဟမ့်” နတ်ဓားအလင်းက အထက်အမြင့်တွင် တောက်ပကာ ဓားများ ကောင်းကင်မှ ကျဆင်းလာပြီး ဝမ်ရှိုးရီနှင့် လော့ယွဲ့ကို ခုတ်ပိုင်းလိုက်သည်။

“ကျုပ်တို့ ခြေထောက်အောက်က ခင်ဗျားတို့ဓားကို ဖျက်ဆီးရတာ ခွင့်လွှတ်ပါ” လီစွမ်း၏ အသံ ထွက်ပေါ်လာသည်။ သူတို့သည် ထိုက်ရွှမ်တောင်မှ လူများကို ဖျက်ဆီးရန် ဓားများစေလွှတ်ခဲ့သည့် လူများ ဖြစ်သည်။ လူအများသည် ယခုတွင် အထက်ကောင်းကင်ဘုံ၌ အရှင်ထိုက်ရွှမ်က အားအကောင်းဆုံးဟု ပြောကြသည်။

“အဲဒီဓားတွေကို ဖျက်ဆီးပစ်၊ သတိထား” ဝမ်ရှိုးရီ၏ ဓားချီများ ထွက်ပေါ်လာပြီး သူက ဓားဖြင့် ကောင်းကင်ကို ဖြတ်သန်းရိုက်ခတ်လာသည်။ သူ၏ဓားသည် လာနေသည့် ဓားများနှင့် ထိပ်တိုက်တွေ့ဆုံကာ တခဏအတွင်းမှာပင် ဓားစွမ်းအားများက လေထုကို ခွဲခြမ်းလိုက်သည်။ ဓားက ဖြတ်သန်းသွားသည့်နေရာတွင် အံ့အားသင့်ဖွယ် လေစီးကြောင်းတစ်ခု ကျန်ရစ်ခဲ့ပေသည်။

လီနတ်ဓားမိသားစုမှ တန်ခိုးရှင်က လက်ကို ဝှေ့ယမ်းလိုက်ပြီး မရေတွက်နိုင်သည့်ဓားများက ဝမ်ရှိုးရီကို ခုတ်ပိုင်းလာသည်။ ဓားတစ်လက်ချင်းစီသည် ချက်ချင်းလိုလိုရောက်ရီ်လာကာ ဝမ်ရှိုးရီအား ၎င်းတို့နှင့်အတူ မြေမြှပ်ပစ်ချင်နေသည်။

ပြင်းထန်သည့် ဓားချီစွမ်းအင်လှိုင်းများက လူအများ၏ အာရုံကို ဖမ်းစားသွားသည်။ ရီဖူရှင်းသည်လည်း အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။

ထိုနေရာ၌ ဓားများ၏ တိုက်ပွဲဖြစ်ပွားနေပုံရသည်။ အကယ်၍ သစ်သီးက ထိုနေရာ၌ ရှိခဲ့လျှင် သူက ထိုအသီးအား ရရန်လိုပေသည်။

***

All Chapters