နည်းနည်း
Vol. 8 Ch. 147
လေထုက အနည်းငယ် ကိုးရိုးကားရားနိုင်သည်။
ကျီကျောက်သည် ရှန်းယောင် ကမ်းပေးသော လက်ကိုင်ပဝါကို တိတ်တဆိတ်ယူကာ သူမ၏ နှုတ်ခမ်းထောင့်များကို ညင်သာစွာ သုတ်လိုက်သည်။
“အဆင်ပြေလာပြီလား။”
“အင်း… အင်း၊ ကျွန်မ အဆင်ပြေသွားပါပြီ” ကျီကျောက်က ကိုးရိုးကားရား ပြုံးပြလိုက်သည်။
ထိုအခါမှသာ ရှန်းယောင်က စိတ်သက်သာရာရသွားခဲ့သည်။ သူက ကျီကျောက်ရှေ့က ဝမ်တန်ပန်းကန်ကို ယူကာ နွေးသွားအောင် အသာလေး လေမှုတ်ပေးခဲ့သည်။ ခဏအကြာတွင် ကျီကျောက်ရှေ့သို့ ပြန်ချပေးခဲ့ကာ “မပူတော့ဘူး” ဟု ပြောလိုက်သည်။
“ကျေးဇူးပါ” ကျီကျောက်သည် စိတ်ကျေနပ်စွာ မျက်လုံးကို မှေးကျဉ်းပြီး ချိုမြိန်စွာ ပြုံးပြလိုက်သည်။
ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ ချင်မင်ဟုန်က ရုတ်တရက်ဆိုသလို သူ့သွားတွေ နာကျင်သွားသလို ခံစားလိုက်ရသည်။
“သခင်လေးချင် ခင်ဗျား မစားချင်ဘူးလား” ရှန်းယောင်က ချင်မင်ဟုန်၏ နှုတ်ခမ်းတွန့်ကွေးသွားတာကို သတိပြုမိလိုက်ပြီး စိတ်ဝင်တစား မေးလိုက်သည်၊ “တကယ်လို့ ခင်ဗျား မစားနိုင်ဘူးဆိုရင် ကိုယ့်ကိုယ်ကို အတင်းအကြပ် ဖိအားပေးပြီး စားဖို့ မလိုပါဘူး။”
“ဒီကြက်စွပ်ပြုတ်ဝမ်တန်က တကယ်ကောင်းတယ်လို့ကျွန်တော်ထင်တယ်” ချင်မင်ဟုန်က သူ့မျက်နှာပေါ်တွင် အမြဲလိုလို ရည်မွန်သော အပြုံးတစ်ခုကို တပ်ဆင်ထားသည်၊ “မိန်းကလေးကျီ မင်း မားအိမ်တော်မှာ ပြုလုပ်ခဲ့တဲ့ အချိုပွဲက တကယ်အရသာရှိတယ်။”
“သခင်လေးချင် ပြောနေတာ နို့ပူတင်းကိုလား။”
“ဟုတ်တယ်” ချင်မင်ဟုန်က ခေါင်းညိတ်ပြီး ညင်သာစွာ ပြောလိုက်သည်၊ “တကယ်တော့ ကျွန်တော့်အမေက အချိုပွဲတွေ အရမ်းကြိုက်တယ်။ ကျွန်တော် မိန်းကလေးကျီကို နောက်ထပ် နို့ပူတင်းလေးများ ပြုလုပ်ပေးနိုင်မလားလို့ အကူအညီတောင်းချင်မိတယ်။”
“လာမယ့်နှစ်ရက်အတွင်း ရမယ်” ကျီကျောက်က စိတ်အားထက်သန်စွာ သဘောတူလိုက်သည်၊ “နောက်နှစ်ရက်ကြာရင် သခင်လေးချင် ကျွန်မတို့အစ်ကိုကြီးရဲ့ ဆိုင်ကို လာလို့ ရပါတယ်။ အဲ့ဒီအချိန်ကျရင် အစ်ကိုကြီးတို့ဆိုင်မှာ နို့ပူတင်း ရောင်းချပါလိမ့်မယ်။”
“… ကောင်းပါပြီ” မူလတုန်းက ချင်မင်ဟုန်က ကျီကျောက်ကို သူ့အိမ်ဆီ ဖိတ်ခေါ်ချင်ခဲ့တာပင်။
ဒါပေမယ့် အခုအချိန်က မှန်ကန်တဲ့ အချိန် မဟုတ်ခဲ့ဘူး။
“မင်းရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးပါ မိန်းကလေးကျီ။ ကျွန်တော် အရင်သွားနှင့်လိုက်ပါဦးမယ်။”
ချင်မင်ဟုန်က နှုတ်ဆက်ဖို့ မတ်တပ်ထရပ်ပြီး ထွက်ခွာသွားခဲ့သည်။ ကျီကျောက်က အပြုံးဖြင့် သူ့ကို နှုတ်ဆက်ခဲ့သည်။ ခဏအကြာတွင် သူမ၏ အကြည့်တွေက ရှန်းယောင်၏ မျက်နှာပေါ်သို့ အခြေကျသွားခဲ့ပြန်သည်။
“ဘာဖြစ်နေတာလဲ” သူမ၏ စူးစမ်းလေ့လာသည့် အကြည့်ကို ခံစားမိသဖြင့် ရှန်းယောင်က ပြုံးပြလိုက်သည်။
“ရှန်းယောင် ရှင် သဝန်တိုနေတာလား” ကျီကျောက်က သူမ၏ လက်ပေါ် မေးစေ့တင်ပြီး သူ့မျက်ဝန်းထဲ အပြုံးဖြင့် စိုက်ကြည့်ကာ သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။
“ဟုတ်တယ်” ရှန်းယောင်က အေးအေးဆေးဆေး ခေါင်းညိတ်ပြသည်။ “နည်းနည်း”
ကျီကျောက်သည် သူမ နားနှင့် ဆက်ဆက် သူ သဝန်တိုဖြစ်နေတယ်လို့ ဝန်ခံတာကိုကြားရတော့ သူမ၏ မျက်ဝန်းထဲရှိ အပြုံးရိပ်တွေက ပိုလို့တောင် ထင်ရှားလာခဲ့သည်။
“မင်း ဘာဖြစ်လို့ ဒီလောက်တောင် ပြုံးနေရတာလဲ။”
သူမထံမှ စိတ်ခံစားမှုများ ကူးစက်လာသဖြင့် ရှန်းယောင်တစ်ယောက် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
“ရှင်က သဝန်တိုနေတယ်၊ ဒါက ရှင် ကျွန်မကို အရမ်းဂရုစိုက်တယ်လို့ဆိုလိုတာပဲလေ” ကျီကျောက်သည် သူမ၏ မျက်ခုံးတွေကို မာနကြီးစွာ ပင့်မထားပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးနှင့် “ကျွန်မ အရမ်းပျော်တယ်” ဟု ပြောလာခဲ့သည်။
ရှန်းယောင်သည် သူ့နဖူးကို ကူကယ်ရာမဲ့စွာ ကိုင်လိုက်မိသည်။
ငွေရှင်းပြီးနောက် သူတို့နှစ်ယောက် လက်ချင်းတွဲကာ နေဝင်ချိန်၌ အတူတူ လမ်းလျှောက်ခဲ့ကြသည်။
မသိလိုက်ဘဲ သူတို့နှစ်ယောက်သား သုံးပေါက်တံတားအနီးသို့ လျှောက်လာခဲ့မိကြသည်။
ချင်းဟယ်မြစ်၏ တစ်ဖက်တစ်ချက်စီတွင် မိုးမခပင်များသည် လေထဲတွင် ကျက်သရေရှိစွာ ယိမ်းနွဲ့နေကြသည်။ တံတားပေါ်တွင် လမ်းသွားလမ်းလာ အမျိုးမျိုးရှိပြီး တံတားအောက်တွင် ဝါးခမောက်ဆောင်းပြီး ထိုးဝါးတံကို ကိုင်ဆောင်ထားသော လှေသမားများသည် လှေများကို ဖြည်းညင်းစွာ လှော်ခတ်နေကြသည်။
နေမင်း၏ အလင်းရောင်သည် မြစ်ပေါ်သို့ ဖြာကျနေပြီး မြစ်ပြင်ပေါ်တွင် တလက်လက် တောက်ပနေသော ရွှေရောင်လှိုင်းများကို ဖြစ်ပေါ်စေသည်။
“ဒါက အရမ်းလှတာပဲ” ကျီကျောက်သည် မနေနိုင်ဘဲ သက်ပြင်းချမိသည်။
သူမရှေ့ရှိ ရှုခင်းတွေက တကယ်ကို လှပပြီး ဆွဲဆောင်မှုရှိတယ်။
မျက်လုံးလေးကို မှေးမှိတ်ပြီး မျက်နှာပေါ် ဆောင်းဦးလေနုအေးလေး တိုက်ခတ်လာတာကို ခံစားကြည့်လိုက်ပါက အလွန်အမင်း သက်တောင့်သက်သာရှိလှသည်။
ရှန်းယောင်သည် သူမ၏ ဘေးဖက်ခြမ်း မျက်နှာလေးကို ကြည့်ပြီး သူ့မျက်ဝန်းထဲတွင် ချစ်ခင်ကြင်နာရိပ်များ ဖုံးလွှမ်းနေခဲ့သည်။
“တကယ်လှတယ်” ရှန်းယောင်က အသာလေး ခေါင်းညိတ်ပြီး အပြုံးတစ်ပွင့်ဖြင့် ထောက်ခံခဲ့သည်။
နေမင်းကြီးသည် အနောက်ဘက်သို့ ဝင်ရောက်သွားပြီး ညအချိန်သို့ ချဉ်းနင်းဝင်ရောက်သွားခဲ့သည်။
“ရပြီ” မီးဖိုချောင်ထဲတွင် ကျီကျောက်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်၊ “ရှန်းယောင် ဒီကိုမြန်မြန်လာပြီး ဒီပဲနီလေးနို့ပူတင်းကို လာမြည်းကြည့်ပါဦး။”
မီးဖိုရှေ့မှာ မီးကြည့်ပေးနေတဲ့ ရှန်းယောင်က ချက်ချင်း မတ်တပ်ထရပ်ပြီး သူမအနားသို့ လျှောက်လာခဲ့သည်။
ကျီကျောက်သည် နို့ပူတင်းကို ဇွန်းအပြည့် ခပ်ပြီး သူ့နှုတ်ခမ်းအနားသို့ ကပ်ပေးလိုက်သည်။ သူမက မျှော်လင့်စောင့်စားနေသည့်အပြုံးဖြင့် “မြည်းကြည့်ပါဦး” ဟု ဆိုကာ သူ့ကို ကြည့်နေခဲ့သည်။
ဒီအချိန်မှာ သူတို့ကြားက အကွာအဝေးက အရမ်းနီးကပ်လွန်းသည်။
ရှန်းယောင်သည် လိပ်ပြာတောင်ပံကဲ့သို့ တဖျပ်ဖျပ်ခတ်နေသော သူမ၏ ရှည်လျားသော မျက်တောင်များကိုပင် မြင်နိုင်ပေသည်။ သူမသည် အလွန်အမင်း ချစ်ဖို့ကောင်းလှသည်။
သူ့နှလုံးခုန်သံ တစ်ချက် မြန်ဆန်သွားပြီး ရုတ်တရက် သူ သူမ၏ ပါးပြင်အနားသို့ ချဉ်းကပ်သွားခဲ့သည်…