ယောက္ခထီး နဂါးကြီး ရောက်လာပြီ။
Vol. 52 Ch. 846
ရိုမန်က အမှန်တကယ်ပင် ကံဆိုးလွန်းလှသည်။ သူက ဂျာဂယ်ခံတပ်တွင် အနည်းငယ် အီစီကလီ လုပ်ချင်သော ခံစားချက် အနည်းငယ် ရှိချင်သော်လည်း သူက မာဒီလူအား သူ၏နာမည်အရင်းကိုသာ ပြောခဲ့လေသည်။ သူ အမှောင်လတွင် ရှိနေကြောင်းအပါအဝင် အခြား မည်သည့် အကြောင်းရင်းကိုမှ မပြောပြခဲ့ပေ။ ထို့နောက် သူက မည်သည့် သတင်းမှမထွက်ဘဲ ဂျဂယ်ခံတတပ်မှ ထွက်သွားခဲ့လေသည်။ ဝတ္ထုထဲမှ မုဆိုးမ-ချစ်သူ၏ ပုံမှန် စတိုင်ကဲ့သို့ပင် သူက သူရဲကောင်းဆန်ဆန် ဝင်လာခဲ့ပြီး အချုပ်အနှောင်မရှိ ပြန်ထွက်သွားခဲ့ပြီး နာမည်ကိုဖုံးကွယ်ကာ အစအန လုံးဝ မကျန်စေခဲ့ပေ။
သို့သော်လည်း မြာပွေသူဖြစ်ခြင်းက အဆုံးသတ်၌ အကျိုးဆက်များ ရှိပေသည်။ မြို့တော်၌ အဂ္ဂိရတ်ဆရာသခင် ပြိုင်ပွဲတွင် အရိပ်နက်အင်ပါမှာ အုပ်ချုပ်သူ ကိုယ်စားလှယ် ရီဂျန့် ဖရန့်ဇ်က “ကယ်တင်ရှင်” ရိုမန်အကြောင်းကို မတော်တဆ ရှာတွေ့သွားခဲ့သည်။
အတွေ့အကြုံရှိသော ရီဂျန့်က ရိုမန်ကို ချက်ချင်း မဆက်သွယ်ခဲ့ဘဲ လူလွှတ်ကာ စုံစမ်းခိုင်းခဲ့သည်။ ရိုမန်က အမှောင်လလော့ဒ် အသီနာနှင့် အခြားသူများနှင့် အတော်လေး ရင်းနှီးကြောင်း သူ သိရှိခဲ့ရသည်။ ပြိုင်ပွဲပြီးနောက် သူတို့က အမှောင်လနယ်မြေသို့ အတူတူ ပြန်သွားခဲ့ကြသည်။ ရိုမန်က အမှောင်လနယ်မြေတွင် ရှိနေကြောင်းကို ဖရန့်ဇ် သေချာသွားခဲ့သည်။
အရိပ်နက်အင်ပါယာမှ မယ်ဒီလူက ဖခင်ထံမှ ထိုသတင်းကို ကြားပြီးနာက် အမှောင်လနယ်မြေသို့ ချက်ချင်း အပြေးလာခဲ့သော်လည်း ဒေလီယာနှင့် မတော်တဆ တိုးသွားခဲ့သည်။ ဒေလီယာက မယ်ဒီလူ၏ “ခင်ပွန်းဟောင်း” ၏ ညီမ ဖြစ်သည်။ သူတို့က ဘရော့ခ်၏ ထိန်းချုပ်မှုကို ခံထားရသည့်အတွက် အချင်းချင်း စာနာနိုင်ကြသည်။ ဒေလီယာက ဘရော့ခ်၏ စောင့်ကြည့်မှုမှ လွတ်မြောက် သွားခဲ့ပြီး မယ်ဒီလူ၏ အကူအညီနှင့်အတူ အသံတိတ်ည စိမ့်မြေသို့ သွားခဲ့သည်။ အဆုံးသတ်၌ ဘရော့ခ် သေသွားခဲ့ပြီး မယ်ဒီလူနှင့် ဒေလီယာတို့ကို နှိပ်စက်ခဲ့သော [ဝိညာဉ်အချုပ်အနှောင်] ပယ်ပျက်သွားတော့သည်။
ဒေလီလာ ထွက်ပြေးပြီးနောက် ယခုမှ ပထမဆုံးအကြိမ် သူတို့ ပြန်ဆုံကြခြင်း ဖြစ်သည်။ အံ့အားသင့်စရာ ပြန်လည် တွေ့ဆုံမှု တစ်ခုပင်။ သို့သော်လည်း မယ်ဒီလူက “လူ”တစ်ယောက် အကြောင်းကို ရှက်ရှက်နှင့် မေးလိုက်ရာ အံ့အားသင့်မှုက ထိတ်လန့်မှု အဖြစ် ပြောင်းသွားခဲ့သည်။ နွေးထွေးသော ဖြစ်ရပ်က ကြေကွဲဖွယ်အဖြစ် ပြောင်းလဲသွား၏။ ရိုမန်က ဘာမှလုပ်ဘဲ ပြဿနာ တက်ခဲ့လေသည်။
ချန်လွေ့၏ အဆန်းထွင်သော ဖျန်ဖြေမှုကြောင့် သူတို့ကြားမှ ပြဿနာက နောက်ဆုံး ပြေလည်သွား၏။ ထိုကဲ့သို့ ဖျန်ဖြေသော နည်းလမ်းက အမှန်တကယ် အနည်းငယ် ထူးဆန်းနေ၏။ မာယာရှင် မင်းသမီးလေး၏ ရက်စက်သော ပါးစပ်ပေါက်၊ လိုလီလေး၏ ကြေကွဲနေသော အမူအရာ၊ အစေခံမလေး၏ မကျေနပ်သောအကြည့်၊ မဒမ်-ဒေါ်လေး၏ “ဒီတော့ ရှင်က ဒေလီယာကို မျက်စိ ကျနေတယ်ပေါ့” ဟူသော မှတ်ချက်၊ မစ်-ဘက်တီအရှေ့ သတိထားရပ်သော ဆရာသခင် အဆိပ်နဂါးနှင့် အခြားသော မြင်ကွင်းများက ချန်လွေ့အား ကိုယ့်တပ်ကိုယ်ပြန်နင်းသလို ခံစားလိုက်ရစေသည်။
ယခုတွင် မယ်ဒီလူက အမှောင်လတွင် ရှိနေဆဲဖြစ်ပြီး အရိပ်နက်အင်ပါယာထံမှ နိုင်ငံရေးဖိအားက ရှိနေဆဲဖြစ်ကာ ကိစ္စများက မပြေလည်သေးပေ။ ရီဂျန့် ဖရန့်ဇ်က ထိုကိစ္စအား “ကျေးဇူးပြန်ဆပ်သည်”ဟု ခေါင်းစဉ်တပ်ပြီး ရှီရာထံ ကမ်းလှမ်းခဲ့သည်။ အရိပ်နက်အင်ပါယာက ကြယ်ကြွေတမန် အင်ပါယာထံမှ “ပြည်သား”တစ်ယောက်ကို ခေါ်ယူခြင်းက ရိုမန်နှင့် အင်ပါယာ နှစ်ခုအကြားမှ ရင်းနှီးမှုအတွက် ကြီးမားသော အကျိုးအမြတ်တစ်ခု ဖြစ်ပေသည်။ အကြောင်းရင်း အမျိုးမျိုးကြောင့် ၎င်းကို အရိပ်နက် အင်ပါယာ၏ သံတမန်က ရှီရာထံ သီးသန့်ကမ်းလှမ်းပြီး တရားဝင် မကြေညာရသေးပေ။
အစ်ဇဘယ်လာ၊ အသီနာနှင့် အခြားသူများက ဒေလီယာနှင့် စကား အကြာကြီး ပြောပြီးနောက်တွင် အစ်ဇဘယ်လာက ရိုမန်၏ ဒေါ်လေးအနေဖြင့် ရှေ့ထွက်ကာ အငယ် မယ်ဒီလူနှင့် “တွေ့ဆုံ”ခဲ့လေသည်။
အမှန်တကယ်၌ မယ်ဒီလူက ဒေလီယာနှင့် ရိုမန်တို့၏ ပတ်သက်မှုအကြောင်း မသိခဲ့ဘဲ ဒေလီယာ၏ ဟိုတယ်ထဲ၌ သတင်းကို စောင့်နေဆဲ ဖြစ်သည်။ အစ်ဇဘယ်လာ ရှင်းပြသည်ကို နားထောင်ပြီးနောက် မယ်ဒီလူက အတော်လေး အံ့သြသွားခဲ့ပြီး ရိုမန်၏ချစ်သူက ဒေလီယာ ဖြစ်ကြောင်းနှင့် ဒေလီယာက အစွမ်းကုန်ထွက်ပြေးကာ ရိုမန်အတွက် [ ဝိညာဉ်အချုပ်အနှောင် ] နာကျင်မှုကို သည်းခံခဲ့ကြောင်း သိခဲ့ရလေသည်။
ထိုအတိုင်းသာဆိုလျှင် ဂျာဂယ်ခံတပ်၌ ဘရော့ခ်ကို အသည်းအသန် တိုက်ခိုက်နေရသည့် ရိုမန်၏ ရည်ရွယ်ချက်က အလွန်ထင်ရှားပေသည်။
စိတ်ပျက်သွားသော မယ်ဒီလူက ဆက်လက်၍ နှောင်ဖွဲ့ မနေတော့ဘဲ အမှောင်လမှ တိတ်တိတ်လေး ထွက်သွားခဲ့၏။
သူလျှို ချွဲကျိကောင်၏ သတင်းအရ စိတ်ဓာတ်ကျနေသော ဒေလီယာက ဆင်ခြေဖုံး၌ ရိုမန်ကို လိုက်ပို့နေသော ဒေလီယာနှင့် တွေ့ဆုံခဲ့လေသည်။ သူတို့သုံးယောက်က စကား အကြာကြီး ပြောခဲ့ပုံရသည်။ သူတို့၏ သတိထားနေကြသည့်အတွက် မည်သည့်အရာများ ပြောနေကြကြောင်း မသိရပေ။ အဆုံးသတ် မယ်ဒီလူ ထွက်သွားသောအခါ အခြေအနေက အတော်လေး ပိုမို၍ ပေါ့ပါးသွားဟန်တူသည်။
သိပ်မကြာခင်တွင် ကြယ်ကြွေတမန်အင်ပါယာမှ အရိပ်နက်အင်ပါယာ သံတမန် ထွက်သွားခဲ့ပြီး “သားမက်” ကိစ္စက ပြိးဆုံးသွားဟန်တူသည်။
ထို့နောက် ချန်လွေ့က ကြယ်မြို့တွင် အရေးအကြီးဆုံး တာဝန်နှစ်ခုကို အာရုံစိုက်နေတော့သည်။ တစ်ခုက ဂိမ်း၏ ဗဟိုချက်သလင်းကျောက်ကို စမ်းသပ်ချက်များ ပြုလုပ်ရန် ဖြစ်ပြီး ဒုတိယက တိုင်တန်များ ထုတ်လုပ်ရန် ဖြစ်သည်။ ထို့အပြင် “အနှိုင်းမဲ့စစ်သည် အွန်လိုင်း”အတွက် အဆင့်မြင့် ဗားရှင်းနှင့် လူသားလောက ဂိမ်းဗားရှင်းအတွက် ထုတ်လုပ်ရေးအတွက်လည်း အစီအစဉ် ရှိနေခဲ့သည်။
ရှေးအဖွဲ့အစည်း၏ ဗဟိုချက် အသက်သလင်းကျောက်က ထူးခြားသည်။ မြို့တစ်ခုတွင် သလင်းကျောက်တစ်ခုသာ ရှိပြီး မြို့တစ်ခုလုံးနှင့် အဂ္ဂိရတ်သတ္တဝါများအားလံုံးကို ထိန်းချုပ်နေ၏။ သို့သော်လည်း အဆင့်(၅)အထက် မြို့တော်များတွင် “အစားထိုးခန္ဓာ” လုပ်ဆောင်ချက်ရှိပြီး မူလခန္ဓာထက် ပိုနိမ့်သော လုပ်ပိုင်ခွင့်များရှိသည့် အသက် သလင်းကျောက်အပွားကို သီးခြားထားပေးနိုင်သည်။ သလင်းကျောက်အပွားကို မြို့တော်၏ ထိန်းချုပ်မှုအောက်၌ ဆင့်ပွားမြို့ တည်ဆောက်ရန် အသုံးချပြီး တဖြည်းဖြည်းနှင့် တကယ့်အင်ပါယာတစ်ခုအဖြစ် ဖြန့်ကျက်နိုင်ပေသည်။ ထိုအရာက ရှေးအဂ္ဂိရတ်အဖွဲ့အစည်း အင်ပါယာ၏ မူလဇစ်မြစ်ပင်။
ကြယ်မြို့က လက်ရှိတွင် အဆင့်(၃) အဖွဲ့အစည်း မြို့တော် ဖြစ်နေလေပြီ။ လက်ရှိ အခြေအနေအရ အဆင့်(၄)သို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။ အဆင့်(၅) မြို့တော် မပြောနှင့်။ သို့သော်လည်း ချန်လွေ့လိုချင်သည်က မြို့တော် လုပ်ဆောင်ချက်များကို ထိန်းချုပ် ဖန်တီးရန်မဟုတ်ဘဲ “ခလုတ်ဂိမ်း စီပီယူ”သာ ဖြစ်လေသည်။
ယခုတွင် “အနှိုင်းမဲ့စစ်သည် အွန်လိုင်း”အတွင် အချက်အလက်နှင့် အကိုးအကား ကုန်ကြမ်း အများအပြား ရှိနေပြီဖြစ်သည်။ သလင်းကျောက် ဇာမဏီ၏ တွက်ချက်မှု အရဆိုလျှင် ထိုအကြံအစည်က လုံးဝ ဖြစ်နိုင်သော်လည်း အရေးကြီးဆုံးကုန်ကြမ်းဖြစ်သည့် “ယွမ်သလင်းကျောက်” လိုအပ်ပေသည်။ ၎င်းတွင် အသက်သလင်းကျောက်ကို တည်ဆောက်နိုင်သော “ယွမ်အသက်ဓာတ်” ပါရှိ၏။ ၎င်းကို အစားထိုး၍ မရနိုင်ပေ။ ရှေးအဂ္ဂိရတ် အဖွဲ့အစည်း တည်ရှိသော “ဂြိုဟ်”၌ပင် ၎င်းက အလွန်အမင်း ရှားပါး၏။
ထိုယွမ်သလင်းကျောက်ကို ရရှိသည်နှင့် သူက လိုချင်နေသော ဂိမ်းထိန်းချုပ်မှု ဗဟိုသလင်းကျောက်ကို အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ရုံသာမက သလင်းကျောက် ဇာမဏီ၏ စွမ်းရည်ကိုလည်း ကြီးကြီးမားမား တိုးတက်လာစေနိုင်ကာ အဆင့်(၄) နှင့် အဆင့်(၅) အဖွဲ့အစည်းများ၏ ဗဟိုချက်သလင်းကျောက်နှင့် ယှဉ်နိုင်သော စွမ်းအားတစ်ခု ရရှိလာနိုင်သည်။
တိုင်တန်များအတွက်မူ သလင်းကျောက် ဇာမဏီက ဒိုရူဒါ၏ သလင်းကျောက်ပြားမှ ဒီဇိုင်းပုံစံအကြောင်း သက်ဆိုင်ရာ အချက်အလက်များကို ကျွမ်းကျင်ပြီး ပေါင်းစပ်ကာ ထုတ်လုပ်ရေး အစီအစဉ်တစ်ခု ပြီးစီးခဲ့ပြီ ဖြစ်လေသည်။ လေဒြပ်စင်ကောင်များ၏ မရှိမဖြစ်လိုအပ်သော “လေအမြုတေ”မှလွဲ၍ ကျန်ရှိသော ကုန်ကြမ်းများကို စုစည်းပြီး တွက်ချက်ပြီးသွားလေပြီ။ လက်ရှိ အခြေအနေအရ တိုင်တန်ခန္ဓာကို တည်ဆောက်ရန်အတွက် အဓိကုန်ကြမ်း တစ်ခုဖြစ်သော မိုးကြိုး နိုက်ထရိတ်သာ လိုတော့သည်။
မိုးကြိုး နိုက်ထရိတ်က ခုခံမှုမရှိဘဲ လေဒြပ်စင်မှော်ကို တိုးမြှင့်ပေးနိုင်သော မှော်ကုန်ကြမ်းတစ်ခု ဖြစ်သည်။ ထိုကုန်ကြမ်းက နတ်ဆိုးဘုံမှ မရှားလှပေ။ ၎င်းကို လက်နက်များ အဆင်တန်ဆာများ ပြုလုပ်ရာ၌ အပိုအဖြစ် အသုံးပြုကြသည်။ လိုအပ်သော ပမာဏက အလွန်များလှပြီး အထွက်နှုန်းက အတော်လေး အကန့်အသတ် ရှိသည်။ ချန်လွေ့သိသလောက်ဆိုလျှင် အမှောင်လရှိ မှော်ဆိုင် အားလုံးမှ မိုးကြိုးနိုက်ထရိတ် အားလုံးနှင့်ပင် တိုင်တန် လက်တစ်ဖက်သာ ပြုလုပ်ရန် လုံလောက်ပေသည်။
နောက်ထပ်ခြေလှမ်းက မိုးကြိုးနိုက်ထရိတ် ပမာဏ အများအပြားကို ရယူရန် ဖြစ်လောက်ပေသည်။ တိုင်တန်များကို ထိန်းချုပ်ရန်က စိုးရိမ်စရာ မလိုအပ်ပေ။ တိုင်တန်ခေါင်းဆောင် အိုးရှင်းနက်စ်က “တပ်မှူးစိတ်ဆန္ဒ”ကို အပ်နှင်းထားခဲ့ပြီး ချန်လွေ့၏ စိတ်ဝိညာဉ်အမှတ်အသားက စုပ်ယူခဲ့ပြီးပြီ ဖြစ်သည်။ ထိုစွမ်းအားကို တိုင်တန်ဝိညာဉ်ထဲ ထည့်လိုက်လျှင် သူတို့က ချန်လွေ့ကို လုံးဝနာခံမည် ဖြစ်သည်။ သို့သော်လည်း ထိုစိတ်ဆန္ဒက ခေါင်းဆောင်များ ဖြစ်ကြသော တိုင်တန်များကို အညံ့ခံအောင် ပြုလုပ်၍ မရနိုင်ပေ။ တိုင်တန်ခေါင်းဆောင်တစ်ယောက် ပေါ်လာသည်နှင့် အခြားနည်းလမ်းများ လိုအပ်လာနိုင်သည်။ အကယ်၍ သူက ၎င်းကို မထိန်းချုပ်နိုင်လျှင် ဖျက်ဆီးရန် စဉ်းစားနိုင်ပေသည်။
တစ်ရက် ချန်လွေ့က ကြယ်မြို့တော်ထဲ၌ “အနှိုင်းမဲ့စစ်သည် အွန်လိုင်း”အတွက် မျိုးနွယ်စုအသစ် ဗားရှင်းအတွက် ပြင်ဆင်နေစဉ် အမှောင်လနေအိမ်ကို အမြန်ပြန်လာရန် အစ်ဇဘယ်လာထံမှ ရုတ်တရက် စာရခဲ့သည်။ အစ်ဇဘယ်လာက အကြောင်းရင်းမရှိဘဲ ဆင့်ခေါ်လိမ့်မည် မဟုတ်ကြောင်း ချန်လွေ့သိသည့်အတွက် ချက်ချင်းပင် အလုပ်ကို ထားထားကာ [ ကြယ်ဂိတ် ]ကို ဖွင့်ပြီး နေအိမ်သို့ ပြန်သွားတော့သည်။
နေရာလွတ်တံခါးမှ ထွက်လာပြီးသည်နှင့် သူက သိသာထင်ရှားပြီး ရင်းနှီးသော ဧည့်သည်တစ်ယောက်ကို တွေ့လိုက်ရသည်။
ချန်လွေ့ အံံ့အားသင့်သွားပြီး အလျင်အမြန် အရိုအသေ ပြုလိုက်၏။ “ဆာ-အက်ဂ်လက်စ်...”
ယောက္ခထီး နဂါးဧကရာဇ်ကြီး အက်ဂ်လက်စ်က အမှောင်လထံ ရောက်ရှိလာခြင်း ဖြစ်ပေသည်။
ယခင်နှင့်ယှဉ်လျှင် အက်ဂ်လက်စ် အငွေ့အသက်ကို ပိုမို ချုပ်ထိန်းထားလေသည်။ အပြင်ဘက်၌ ထူးထူးခြားခြား အငွေ့အသက်များ ရှိမနေဘဲ မျက်လုံးများက ကြည်လင် တောက်ပနေခဲ့သည်။ ကြည့်လေလေ သူ၏ မျက်နှာအမူအရာ ပိုဝါးလေလေ ဖြစ်လာခဲ့သည်။ သူ့ဝိညာဉ်ထဲ ဖောက်ဝင်သော အဟန့်အတားက ပို၍ပင် ထင်ရှားလာခဲ့သည်။
ချန်လွေ့က ထိုကဲ့သို့ ခံစားချက်မျိုးကို စေတန် နှင့် ရာဖယ်ရယ်တို့မှ ခံစားခဲ့ရဖူးသည်။ အက်ဂ်လက်စ်၏ အငွေ့အသက်က ချန်လွေ့အတွက် အတော်လေး အားနည်းသလို ခံစားမိနေသော်လည်း ထိုအရာက သူ၏ စွမ်းအားသည် အမြင့်တစ်နေရာအထိ ရောက်ရှိသွားကြောင်း ပြသနေလေသည်။
သူက [ဓူဝံကြယ်အသွင်ပြောင်းခြင်း]ကို အသက်မသွင်း ထားသည့်အတွက်ကြောင့် အက်ဂ်လက်စ်၏ စွမ်းအားက [သရုပ်ခွဲမျက်လုံး]ထဲ၌ “မဆုံးဖြတ်နိုင်”ဟု ဖော်ပြနေ၏။
သိဒ္ဓိနဂါး ရိုဒရီဂူးဇ်ကို အနိုင်ယူပြီးနောက် ရရှိထားခဲ့သော နတ်ဘုရားယောင်အဆင့် နဂါးစွမ်းအားအမြုတေအကြောင်း ပြန်တွေးမိပြီးနောက် ချန်လွေ့၏ မျက်လုံးများ အရောင်တောက် သွားခဲ့သည်။ “ဆာ-အက်ဂ်လက်စ်။ ခင်ဗျားက နတ်ဘုရား-ယောင် အဆင့်ကို ရောက်သွားပြီလား။”
အက်ဂ်လက်စ်က အသာလေး ပြုံးလိုက်သော်လည်း ဘာမှ မပြောခဲ့ပေ။ သူ၏ မျက်လုံးများက ရုတ်တရက် မြူဆိုင်း သွားခဲ့သည်။
ချန်လွေ့က ထိုအကြည့်ကို ကြည့်လိုက်သောအခါ အဆုံးမဲ့ ကြယ်ကောင်းကင်ထဲ ပိတ်မိသွားဟန်တူပြီး ရုန်းမထွက် နိုင်တော့ပေ။ သူက စိတ်ကို အာရုံစိုက်လိုက်ပြီးနောက် သူ၏ အသိစိတ်က စူပါစနစ်ထဲမှ နေအဖွဲ့အစည်းအဖြစ်သို့ ပြောင်းလဲလိုက်သည့်အခါမှသာ ထိုအကြည့်စွမ်းအားက လွတ်မြောက်နိုင်သွားခဲ့သည်။
ခုနက အက်ဂ်လက်စ်သည် စွမ်းအား အကုန် အသုံးမပြုခဲ့သော်လည်း ချန်လွေ့က အလျင်အမြန် လွတ်မြောက်နိုင်ခဲ့မည်ဟု မထင်ထားခဲ့ပေ။ သူက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူက စွမ်းအားတိုးပြီး ထပ်စမ်းရန် ပြင်လိုက်စဉ် မစ်-နဂါးနက်က ချန်လွေ့အနားသို့ ရောက်ရှိလာပြီး လက်ကို ကိုင်လိုက်၏။ “အဖေ။ သူဌေး ရောက်လာပြီ။ သူ့ကို ဆုချသင့်တယ်။”
မစ်-နဂါးနက် ရောက်ရှိလာသည်နှင့် ဆာ-နဂါးဧကရာဇ်၏ နက်ရှိုင်းသော အဟန့်အတားက ချက်ချင်း ပျောက်ကွယ် သွားခဲ့သည်။ အထူးသဖြင့် သူ့သမီးနှင့် ချန်လွေ့တို့၏ တရင်းတနှီး အမူအရာများကို မြင်သည့်အခါ သူ၏အပြုံးက ကြင်နာတတ်ပြီး သဘောကောင်းသော ပုံစံမျိုး ဖြစ်သွား၏။
ချန်လွေ့က အံ့သြသွားခဲ့သည်။ “ဘာဆုလဲ။”
“အူးကလီးရက်စ်က....မင်းလက်ထဲမှာ သေသွားတာ မဟုတ်လား။” အက်ဂ်လက်စ်က ပြောလိုက်ုသည်။ “မင်းရဲ့ စွမ်းအားက အရင်တစ်ခေါက်ကထက် ပိုတိုးလာပေမဲ့ တိုင်းပြည်အဆင့် ရောက်ဖို့အတွက် အတော်လေး လိုအပ်နေသေးတယ်။ အက်ဂ်လက်စ်ရဲ့စွမ်းအားက ဒီအဆင့်အထိ နိမ့်ကျသွားတာလား။ ဒါမှမဟုတ် မင်းက တခြားနည်းလမ်းတွေ သုံးခဲ့တာလား။”
“မဟုတ်ဘူး။ အဖေ။” အိုလီဖီးရက်စ်က အရင် ပြောလိုက်သည်။ “သူဌေးက တကယ် အစွမ်းထက်တယ်။ သမီး အမေကို သတ်ခဲ့တဲ့ သေရွာပြန်နဂါးကို သူဌေးက ကိုယ်တိုင် သတ်လိုက်တာ။ အစ်မ၊ ပါ့ဂ်လီအို၊ ဘက်တီနဲ့ တခြားသူတွေလည်း သက်သေရှိတယ်။ အဲဒီနေ့တုန်းက ပရိသတ်တွေ အများကြီးပဲ။”
“သေရွာပြန်နဂါး ဟုတ်လား။” အက်ဂ်လက်စ်၏ အကြည့်ထဲ၌ ဝမ်းနည်းသော အငွေ့အသက် ရှိနေခဲ့သည်။ “အူးကလီးရက်စ်က တကယ်ပဲ ဒီလမ်းကို သွားခဲ့တာကိုး။ ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးပါ။ ချန်လွေ့။”
“ဒါက ကျုပ်လုပ်သင့်တဲ့ အရာပါ။ သူက အိုလီဖီးရက်စ်ရဲ့ ရန်သူဆိုမှတော့ ကျုပ်ရဲ့ ရန်သူပါပဲ။” ချန်လွေ့က မစ်-နဂါးနက်ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ “တကယ်တော့ အဲဒီတုန်းက အူးကလီးရက်စ်ကို ရှေးမှော်စာ ဥပဒေသ တစ်ခုက ချုပ်ထိန်းထားတာ။ အဲဒါကြောင့် သူ့စွမ်းအားက အတော်လေး အားနည်းနေတယ်။ ပြီးတော့လည်း သူက ထွက်ပြေးလို့မရဘူး။ အသက်သေတ္တာနဲ့လည်း ပြန်ရှင်လို့ မရဘူး။ မဟုတ်ရင် ကျုပ် သူ့ကို နှိမ်နင်းနိုင်မှာ မဟုတ်ဘူး။”
အက်ဂ်လက်စ်က သဘောတူလျက် ခေါင်းညိတ် လိုက်သည်။ “ငါက အခု ဒီကို ကိစ္စနှစ်ခုအတွက် အဓိက လာခဲ့တာ။ ပထမတစ်ခုက အိုလီဖီးရက်စ်ရဲ့ စိတ်ဝိညာဉ် အမှတ်အသား ထိန်းချုပ်မှုကို ဖယ်ရှားဖို့ပဲ။ ဒါပေမဲ့ သူ့ရဲ့ စိတ်ဝိညာဉ်အမှတ်အသားက တဝက် အားနည်းသွားပြီးတော့ သိပ်မကြာခင် လုံးဝ ပျောက်ကွယ်တော့မှာ မြင်ခဲ့ရတယ်။ ငါ ဘာမှ လုပ်စရာ မလိုတော့ဘူး။ ဒုတိယ တစ်ခုကတော့ အက်ဂ်လက်စ် သေသွားတဲ့ အကြောင်းပဲ။ ဒီကိစ္စနှစ်ခုမှာ...မင်းလုပ်တာ ကောင်းတယ်။ ငါ အတော်လေး ကျေနပ်တယ်။ မင်း လိုချင်တာကိုပြော။”
မိမိ၏လက်ကို ဖက်ထားသော အိုလီဖီးရက်စ်၏ လက်က တင်းကြပ်သွားကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ သူက မစ်-နဂါးနက်ကို ဖျတ်ခနဲ လှည့်ကြည့်လိုက်ရာ ကောင်မလေး၏ မျက်လုံးများက မေးခွန်းပုံစံအဖြစ် ပြောင်းလဲသွားကြောင်း မြင်လိုက်သည့်အခါ သူ ပြောစရာစကား မဲ့သွားခဲ့သည်။ ရုတ်တရက် သူ အကြံတစ်ခု ရသွား၏။ “ကျုပ် မိုးကြိုး နိုက်ထရိတ် အများကြီး လိုတယ်။ များလေ ပိုကောင်းလေပဲ။ ပြီးတော့ ယွမ်သလင်းကျောက်။ ဒီနှစ်ခုကို ဖြည့်ဆည်း ပေးနိုင်မလား မသိဘူး။”
“ယွမ်သလင်းကျောက်က....နည်းနည်းတော့ ခက်တယ်။ ငါက သဲလွန်စ အချို့ကိုပဲ ပေးနိုင်တယ်။ မိုးကြိုးနိုက်ထရိတ် ကတော့ ပြဿနာ မဟုတ်ဘူး။ ဒီတစ်ခေါက် ငါခေါ်လာတဲ့ နဂါးက အကြီးအကဲ နဂါးပြာ ဆိုရီယန်ကို အလောင်းအစား အနိုင်ရပြီးတော့ လေနဂါးကျွန်းကြီးတစ်ခုလုံးကို ရခဲ့တယ်။ အဲဒီကျွန်းပေါ်မှာ သန့်စင်မှုမြင့်မားတဲ့ မိုးကြိုး နိုက်ထရိတ်တွေ အများကြီး ရှိတယ်။” အက်ဂ်လက်စ်၏ မျက်လုံးထဲ၌ ထူးဆန်းသော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ “အဲဒီကောင်က ခြံဝန်းထဲမှာ ရှိနေတယ်။ ဒါပေမဲ့ မင်း စိတ်ကို ပြင်ဆင်ထားဖို့ သတိပေးချင်တယ်။ ဘာလို့လဲဆိုတော့ ထူးခြားတဲ့ စိန်ခေါ်မှုတွေကို မင်း ရင်ဆိုင်ရနိုင်လို့ပဲ။”