နဂါးကျွန်းမှ ထူးထူးဆန်းဆန်းကောင်
Vol. 52 Ch. 847
ထူးဆန်းတဲ့ စိန်ခေါ်မှု ဟုတ်လား။
ချန်လွေ့က ဇဝေဇဝါ ဖြစ်သွားပြီး အက်ဂ်လက်စ်၏ ထူးထူးဆန်းဆန်း အကြည့်ကို ကြည့်လိုက်သည်။ သို့သော် ဆာ-နဂါးဧကရာဇ်က ဘာကိုမှမပြောဘဲ ဝိုင်ကိုသော သောက်နေလေသည်။
ယောက္ခထီးရဲ့ ပုံစံကို ကြည့်ရတာ အဲဒီနဂါးနဲ့ ငါ့ကို ကိုယ်တိုင် ညှိနှိုင်းစေချင်နေတာပဲ။ အဲဒီနဂါးမှာက ကျွန်း တစ်ကျွန်းလုံးမှာရှိတဲ့ သန့်စင်မှုမြင့်မားတဲ့ မိုးကြိုး နိုက်ထရိတ် အများကြီး ရှိနေတယ်။ ညှိနှိုင်းမှုက အဆင်ပြေမယ်ဆိုရင် တိုင်တန်တွေ ဖန်တီးဖို့အတွက် အကြီးမားဆုံး ပြဿနာကို ဖြေရှင်းနိုင်သွားပြီ။ ထိုအကြောင်းကို တွေးမိသည့်အခါ သူက အက်ဂ်လက်စ်ကို ဆက်မမေးတော့ဘဲ အိုလီဖီးရက်စ်နှင့်အတူ ခြံဝင်းထဲသို့ လိုက်သွားလေသည်။
သူက ခြံဝင်းထဲသို့ မရောက်သေးခင်မှာပင် အဝေးမှ သူစိမ်း အသံတစ်သံ ကြားလိုက်ရ၏။
“လှပတဲ့ မစ်-အစ်ဇဘယ်လာ။ ခင်ဗျားရဲ့အလှနဲ့ ဆွဲဆောင်မှုက ပြိုင်စံရှားပါပဲ။ အထူးသဖြင့် “လက်ဖက်ရည်” ဖျော်တဲ့အခါပေါ့။ ဒီလိုမျိုး လှပကြော့ရှင်းမှုမျိုးကို ကျုပ် တစ်ဘဝလုံး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ အဝေးကနေ ကြည့်လိုက်တာနဲ့တောင် ညှို့ယူခံလိုက်ရသလိုပဲ။ ခင်ဗျားရဲ့ ညင်သာတဲ့ အပြုံးအတွက် ကျုပ် နှစ် ၁၀၀၀ မဟုတ်ဘူး နှစ်၁၀၀၀၀တောင် စောင့်နိုင်ပါတယ်။ ကျုပ်ရဲ့စိတ်ရင်းနဲ့ လေးစားမှုကို ကိုယ်စားပြုတဲ့ ဒီအထူးကျောက်မျက်စိမ်း နှင်းဆီကို လက်ခံပေးပါ။”
မဒမ်-ဒေါ်လေးက ပြုံးလိုက်သည်။ “ဒါက နှလုံးသားကို နွေးထွေးစေတဲ့ ချီးကျူးစကား တစ်ခွန်းပါပဲ။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ကျွန်မ သဘောကျတဲ့ ယောက်ျားတစ်ယောက် ရှိတယ်လို့ ပြောခဲ့တယ်လေ။ အဲဒါကြောင့် ကျွန်မတို့က မိတ်ဆွေတွေပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့...ဒီနှင်းဆီပန်းက တကယ့်ကို ဆွဲဆောင်မှု ရှိပါတယ်။ ဟူး....”
“ကိစ္စမရှိပါဘူး။ ရင်းနှီးမှုနဲ့ အချစ်က တကယ်တမ်း ခံစားချက် အစစ်အမှန်တွေပါပဲ။ ဒါကို ကျုပ်တို့ရဲ့ ခံစားချက် အစစ်အမှန်တွေအတွက် အစအနေနဲ့ လက်ခံပေးပါ။”
ချန်လွေ့၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ တစ်ခု ပေါ်ထွက်လာခဲ့သည်။ သူ မတုံ့ပြန်နိုင်ခင်မှာင် နောက်ထပ် အသံတစ်သံ ထွက်လာပြန်သည်။ “မစ်-ခီရာ။ ခင်ဗျားကလည်း ဆွဲဆောင်မှုရှိပြီးတော့ ပြိုင်ဘက်ကင်းတဲ့ မိန်းကလေး တစ်ယောက်ပါပဲ။ ခင်ဗျားက ပြီးပြည့်စုံလွန်းလို့ ခင်ဗျားအတွက် ကျုပ်ရဲ့ သဘောကျမှုနဲ့ လေးစားမှုကို အမှန်အတိုင်း ဘယ်လိုပြောရမလဲ ဆိုတာတောင် မသိတော့သလိုပဲ။”
“အဲဒါက....စိတ်မကောင်းပါဘူး။ ကျွန်မမှာ ယောက်ျား တစ်ယောက် ရှိနေပါပြီ။ ဒါပေမဲ့ ရှင် ဖွင့်ပြောတာက တကယ့်ကို ရင်ထဲထိစရာပါပဲ။ ရုတ်တရက်ကြီး ဆန့်ကျင်ဘက် ခံစားနေရတယ်။ ဟူး...ဒါဆိုလည်း ကျွန်မတို့ရဲ့ ရင်းနှီးမှုကို သက်သေဖြစ်စေတဲ့ ပြာငှက်ပြာလက်စွပ်ကို လက်ခံလိုက် ပါ့မယ်။ ကျွန်မ သေချာ လက်ခံပြီးတော့ ရှင့်ရဲ့ နှလုံးသားကို ခံစားပေးပါ့မယ်။ ဒါပေမဲ့ အခုကတော့ လုံးဝ မိတ်ဆွေ သက်သက်ပါပဲ။”
ချန်လွေ့က အနည်းငယ် မျက်လုံးပြူးသွားခဲ့သည်။ ယခုတွင် ထိုမျိုးမစစ်ကောင်က သူချစ်ရသော အမျိုးသမီးများကို ဖြားယောင်းရန် ကြိုးစားနေလေသည်။ သို့သော် ထိုအချိန်၌ သူက ငိုရခက် ရယ်ရခက် ဖြစ်သွား၏။ အကြောင့်မှာ ထိုသူ၏ မျက်နှာက လုံးဝကို မိန်းမဆန်နေ၍ပင်။
ဒါက အက်ဂ်လက်စ်နဲ့အတူ ပါလာတဲ့ နဂါးလား။
မိန်းမလှတွေကို ဖြားယောင်းတဲ့ နဂါးမတဲ့။
နောက်ဆုံး၌ ယောက္ခထီး ဆိုလိုသော ထူးဆန်းသည့် အကြည့်ကို ချန်လွေ့ သဘောပေါက်သွားတော့သည်။
ထိုအချိန်၌ အိုလီဖီးရက်စ်က ဝှစ်ခနဲ ပျောက်ကွယ် သွားတော့သည်။
အိုလီဖီးရက်စ်က တက်ကြွနေသော အသံက ခြံဝင်းထဲ၌ ထွက်ပေါ်လာခဲ့သည်။ “လာလာရီယာ။ ငါလည်း ရင်းနှီးမှု သက်သေ လိုချင်တယ်....”
လာလာရီယာ ဟုတ်လား။ ဒါက တကယ့်ကို ဒဏ္ဍာရီထဲက “လာလာ” (မိန်းမချင်းကြိုက်သူ) ပဲ...
“မစ်-အိုလီဖီးရက်စ်။” မစ်-နဂါးကို ရင်ဆိုင်ရသည့်အခါ လာလာရီယာ၏ အသံက အနည်းငယ် ထူးဆန်းသွား၏။ “အဲဒါကတော့....ငါ နင့်ကို “သက်သေတွေ”အများကြီး ပေးပြီးသွားပြီလေ။”
“သက်သေထပ်ပြ။ ဘာလို့လဲဆိုတော့ ငါ သူဌေးကို ခေါ်လာလို့ပဲ။ အဲဒီ သန္တာကျောက်နီ နားကပ်က ငါတို့ ရင်းနှီးမှုအတွက် သက်သေ ဖြစ်ရမယ်။”
“သူဌေး ဟုတ်လား။” လာလာရီယာက မစ်-နဂါးနက် ဘက်သို့ လက်ညှိုးထိုးလိုက်ပြီး လျှောက်လာသော ချန်လွေ့က ရုတ်တရက် အားကောင်းသော စိတ်ဝိညာဉ်စွမ်းအားက ထက်လှသော မြားတစ်စင်းကဲ့သို့ပင် မိမိမျက်နှာထံ အရှိန်ဖြင့် ရောက်ရှိလာပြီး ဝိညာဉ်ကို ဖောက်ထွင်းသွားသလို ခံစား လိုက်ရ၏။ သူက ချက်ချင်းပင် စူပါစနစ်၏ စွမ်းအားကို လည်ပတ်စေလိုက်ပြီးနောက် ထိုစွမ်းအားဖြင့် ရှေ့ဆက်ကာ ကျူးကျော်လာသော စွမ်းအားကို ဝါးမျိုလိုက်လေသည်။
ခြံထဲသို့ လမ်းလျှောက်လာပြီးနောက် ချန်လွေ့က ထူးထူးဆန်းဆန်း နဂါးမ၏ မျက်နှာ အစစ်အမှန်ကို တွေ့သွားတော့သည်။ သူက ကြက်သီးများပင် ထလုမတတ် ဖြစ်သွား၏။
သူ ထင်ထားခဲ့သော အရပ်မြင့်မြင့် အကောင်ကြီးကြီး ယောက်ျားလျာကဲ့သို့ မဟုတ်နေဘဲ ထို မစ်-လာလာက ၁.၄ မီတာသာ အရပ်မြင့်ကာ ဆံပင်အနက် ခပ်တိုတိုနှင့် ဖြစ်သည်။ မျက်နှာအသွင်အပြင်က နူးညံ့ပြီး ချစ်စရာကောင်းနေကာ ရင်ဘတ်က ရင်ပြားလိုလီကဲ့သို့ပင် လုံးဝကို အထင်ကြီးစရာ မရှိပေ။
သို့သော်လည်း ထိုလီလေးက မျက်နှာပေါ်မှ နှုတ်ခမ်းမွှေး တစ်စုံကို ကပ်ထားပြီး အကောင်းစား ယောက်ျား ဝတ်စုံကို ဝတ်ဆင်ထား၏။ ထိုကဲ့သို့ ဟန်များသောပုံစံက လူများကို ပြောစရာမဲ့သွားစေသည်။
သေချာတယ်။ ဒါ နဂါးကျွန်းက ထူးထူးဆန်းဆန်းကောင် ဖြစ်ရမယ်။
ထိုလိုလီ၏ စွမ်းအားကလည်း အတော်လေး မယုံနိုင်စရာ ကောင်းသည်ကို ပြောရပေမည်။ [ သရုပ်ခွဲမျက်လုံး ] က ဖော်ပြထားသော အချက်အလက်မှာ အောက်ပါအတိုင်းပင်။
မျိုးနွယ် - နဂါး (နဂါးနက်)
စွမ်းအားအကဲဖြတ်မှု - SS- (SS+)
ခန္ဓာအမျိုးအစား - SS- (SS+)
ခွန်အား - SS- (SS+)
စိတ်ဝိညာဉ် - SS- (SS+)
အမြန်နှုန်း - SS- (SS+)
[ စိစစ်မှု ] - အဆင့်မြင့်မှော်ပြီးသော ခန္ဓာအမျိုးအစား၊ ဒြပ်စင်ဝါးမျိုခြင်း၊ [ စိတ်ဝိညာဉ် နတ်ဆိုး မျက်လုံး ] ၊ [ ထိမ်းမရသိမ်းမရ ]။
အန္တရာယ်အဆင့် - အလွန်အမင်း အန္တရာယ်ရှိ။
တိုင်းပြည်အဆင့် ထိပ်သီးပိုင်း နဂါးနက်လိုလီလေးပဲ။ ပြီးတော့ [ စိစစ်မှု ] ထဲမှာ အတော်လေး အစွမ်းထက်တဲ့ပုံ ပေါ်တဲ့ ဂုဏ်သတ္တိတွေ အများကြီး ရှိနေတယ်။ ချန်လွေ့က တိတ်တိတ်လေး သတိထားလိုက်သည်။ မစ်-လာလာရဲ့ ပုံစံကြောင့် ငါ လှည့်စားမခံရသင့်ဘူး။ နဂါးကျွန်းက အကြီးအကဲတွေက တိုင်းပြည်အဆင့် အထက်မှာကြီးပဲ။ ဒီနှုတ်ခမ်းမွှေးနဲ့ ရင်ပြားလိုလီလေးက နဂါးပြာအကြီးအကဲကို လောင်းကစား တစ်ခုမှာ နိုင်သွားပြီးတော့ ကျွန်းကြီးတစ်ကျွန်း ရသွားခဲ့တယ်။ သူ့ရဲ့အစွမ်းကို လျှော့မတွက် သင့်ဘူး။
နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီလေးက ချက်ချင်းပင် ချန်လွေ့အရှေ့သို့ ရောက်လာပြီး ခဏလောက်ကြည့်ကာ မကျေနပ်စွာဖြင့် သရော်ပြုံး ပြုံးလိုက်သည်။ “အူးကလီးရက်စ်ကို အနိုင်ယူခဲ့တာက ကြီးမြတ်တဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်လို့ ထင်ထားခဲ့တာ။ တိုင်းပြည်အဆင့်တောင် မရောက်သေးတဲ့သူ ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး။ အူးကလီးရက်စ်ရဲ့ စွမ်းအားက တိုင်းပြည်အဆင့် အောက်ကို ရောက်သွားတဲ့ပုံပဲ။ နဂါး တစ်ကောင်က ဒီလိုမျိုး ပြိုင်ဘက်တစ်ယောက်ရဲ့ အသတ်ခံလိုက်ရတာ ရှက်စရာပဲ။”
ချန်လွေ့က မငြင်းဘဲ ပြုံးလိုက်ပြီးနောက် အိုလီဖီးရက်စ်က ချက်ချင်း ပြောလိုက်သည်။ “နင် သူဌေးကို ဒီလိုမပြောရဘူး။ သူဌေးက တကယ် အစွမ်းထက်တာ။”
“အစွမ်းထက်တယ် ဟုတ်လား။” ရင်ပြားလိုလီက အထင်သေးသော အပြုံးမျိုး ပြသလိုက်သည်။ “မစ်-အိုလီဖီးရက်စ်။ ဒီအမှိုက်ကောင် အရူးလုပ်တာ မခံနဲ့။”
“မဒမ် လာလာရီယာ။” အစေခံမလေး၏ မကျေနပ်သော အသံ ထွက်ပေါ်လာ၏။ “ကျွန်မက ရှင်နဲ့ မိတ်ဆွေ ဖြစ်နေ ချင်သေးပေမဲ့ အခုတော့ ရှင်က ကျွန်မ အချစ်ရဆုံး ယောက်ျားကို စော်ကြားခဲ့တယ်။ အဲဒါကြောင့် ကျွန်မတို့ရဲ့ ရင်းနှီးမှုက အခု အဆုံးသတ်သွားပြီ။ ဒီလက်စွပ်ကို ပြန်ပေးပါမယ်။”
အစေခံမလေးက နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီမှ သဘောကျသော မြငှက်ပြာ လက်စွပ်ကို လက်မခံခင် တမင်တကာ ငြင်းဟန်ဆောင်ခဲ့သော်လည်း ချန်လွေ့အပေါ် လာလာရီယာ၏ ရိုင်းပျသော စကားလုံးများကို ကြားသည့်အခါ လက်စွပ်ကို ချက်ချင်း ပြန်ပေးလိုက်၏။
နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီက ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ “မစ်-ခီရာ...သူက ခင်ဗျားရဲ့လူလား။ သူက မစ်-အိုလီဖီးရက်စ်ရဲ့ ခင်ပွန်းလောင်း မဟုတ်ဘူးလား။”
“ဟူး...” မဒမ်-ဒေါ်လေးက အသာလေး သက်ပြင်းချပြီး ကျောက်မျက်နှင်းဆီကို နှမြောစွာဖြင့် ကမ်းပေးလိုက်သည်။ “ခီရာပြောတာ အမှန်ပဲ။ မဒမ် လာလာရီယာ။ ရှင့်ရဲ့ လက်ဆောင်နဲ့ ရင်းနှီးမှုကို လက်လျှော့လိုက်ရတဲ့အတွက် စိတ်မကောင်းပါဘူး။”
“ခဏနေပါဦး။ မစ်-အစ်ဇဘယ်လာ။” နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီက ကြက်သေသေသွားပြီးနောက် သဘောပေါက် သွားခဲ့သည်။ “သူကလည်း ခင်ဗျားရဲ့....”
“ဟုတ်ပါတယ်။ မဒမ်-လာလာရီယာ...” တိတ်ဆိတ် နေခဲ့သော အဆိပ်ပြင်းသည့် ပါးစပ်ရှိသော မာယာရှင် မင်းသမီးလေးက ပြောလိုက်သည်။ “ကျွန်မ ဝန်မခံချင်ပေမဲ့ အကြောင်းရင်းတချို့ကြောင့် ကျွန်မရဲ့ ကံကြမ္မာနဲ့ အနာဂတ်က ဒီမုန်းတီးစရာလူရဲ့ လက်ထဲမှာ ရှိနေတယ်။”
လာလာရီယာက ခီရာနှင့် အစ်ဇဘယ်လာတို့ကို ကြည့်ပြီး အိုလီဖီးရက်စ်နှင့် ဟယ်လင်တို့ကို ကြည့်လိုက်ပြန်သည်။ သူက အသံကျယ်ကျယ်နှင့် ပြောလိုက်၏။ “ငါ တကယ် ဒေါသထွက်သွားပြီ။”
နှုတ်ခမ်းမွှေးနှင့် ရင်ပြာလိုလီ၏ မျက်လုံးများက ပြင်းထန်သော မနာလိုမှု၊ သဝန်တိုမှုနှင့် အမုန်းတရားများ ပစ်လွှတ်နေလေသည်။ သူက ချန်လွေ့ကို လက်ညှိုးထိုးပြိး အော်ပြောလိုက်သည်။ “ငါ မင်းနဲ့ ယှဉ်ပြိုင်ချင်တယ်။”
လဗြွတ်ကို ယှဉ်ပြိုင်ရမှာလား။ ချန်လွေ့က ပြောစရာ မဲ့သွားခဲ့ပြီး ခေါင်းခါလိုက်သည်။ “မဒမ်-လာလာရီယာ။ ကျုပ်တို့ ကြားမှာ အထင်လွဲစရာ တစ်ခုခု ရှိနေတယ် ထင်တယ်။ ကျုပ်ကို ဆာ-အက်ဂ်လက်စ်က လာခိုင်းပြီးတော့ ခင်ဗျားနဲ့ ဆွေးနွေးခိုင်းတာပါ။”
“အရှင်မင်းကြီး အက်ဂ်လက်စ်လား။” လာလာရီယာက မစ်-နဂါးနက်ကိုကြည့်ပြီး နောက်ဆုံး၌ ရပ်တန့်လိုက်သည်။ “ဟမ့်..ဘာကိစ္စလဲ။”
“လေနဂါးကျွန်းက မိုးကြိုးနိုက်ထရိတ်တွေ ကျုပ် လိုအပ်တယ်။ မဒမ်....ကျေးဇူးပြုပြီးတော့....”
“ကောင်းပြီလေ။ မင်းငါ့ကို အနိုင်ယူနိုင်ရင် လေနဂါးကျွန်းက မင်းအပိုင်ပဲ။ ငါမင်းကို ပိုက်ဆံတွေတောင် အများကြီး ပေးလိုက်ဦးမယ်။ မင်း ရှုံးသွားရင် မစ်-အစ်ဇဘယ်လာ၊ မစ်-ခီရာနဲ့ မစ်-ဟယ်လင်တို့က ငါ့အပိုင်ပဲ။ မင်းနဲ့ အိုလီဖီးရက်စ်ကြားမှ စေ့စပ်ထားတာကိုလည်း ပယ်ဖျက်ရမယ်။”
ချန်လွေ့က မျက်မှောင်ကြုတ်လိုက်၏။ “ဒါပေမဲ့ ဆာ-အက်ဂ်လက်စ် ပြောတာက..”
“နဂါးဧကရာဇ်ကတောင် တစ်ယောက်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကို အတင်း လုယက်လို့ မရဘူး။” နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီလေးက အေးစက်စက် နှာမှုတ်လိုက်သည်။ “ပြီးတော့လည်း ငါက အရှင်မင်းကြီး ခန့်အပ်ထားတဲ့ ဆက်ခံသူပဲ။ ငါ့ကို အနိုင်မယူနိုင်ရင် မင်း မိုးကြိုး နိုက်ထရိတ် တစ်တုံးမှ မရဘူး။”
လက်စသတ်တော့ ဒီလိုလီလေးက နဂါးကျွန်းရဲ့ ဆက်ခံသူ ဖြစ်နေတာကိုး။ သူ့ရဲ့ ပါရမီနဲ့ စွမ်းအားကို ကြည့်ရတာတော့ တကယ် ထိုက်တန်တယ်။ ဒါကြောင့် အက်ဂ်လက်စ်က သူ့ကို ခေါ်လာခဲ့တာပဲ။
“ကျုပ်မှာ အခြေခံအကျဆုံး စည်းမျဉ်းတစ်ခု ရှိတယ်။” ချန်လွေ့က ခေါင်းကို အတင်းအကြပ် ခါလိုက်သည်။ “ဘယ်လို လောင်းကြေးမျိုးပဲဖြစ်ဖြစ်၊ ကျုပ်ရဲ့ ချစ်သူတွေနဲ့ မိတ်ဆွေတွေကို အပေးအယူအနေနဲ့ အသုံးချမှာ မဟုတ်ဘူး။”
ထိုသို့ပြောပြီးနောက်တွင် ကျွန်းတစ်ကျွန်းနှင့် ငွေကြေး အများအပြားကြောင့် ကြက်သေသေလုနီးပါး ဖြစ်သွားသော မစ်-နဂါးနက်က ခုန်ပေါက်လာခဲ့သည်။ “ပြိုင်လိုက်။ သူဌေး။ ကျွန်မ ကိစ္စ မရှိဘူး။”
ချန်လွေ့ - “....”
နုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီလေးက ချက်ချင်း ပြန်ဖြေလိုက်သည်။ “မစ်-အိုလီဖီးရက်စ်တောင် သဘောတူ လိုက်ပြီဆိုတော့ မင်းမှာ ငြင်းခွင့် မရှိဘူး။ ကောင်းပြီလေ။ ဒီအလောင်းအစားက မစ်-အိုလီဖီးရက်စ်ရဲ့ လွတ်လပ်မှု အတွက်ပဲ။ မင်း ရှုံးမယ်ဆိုရင် ဒီအလိမ်အညာ လက်ထပ်ပွဲကို ပယ်ဖျက်ပေးရမယ်။”
အလိမ်အညာ လက်ထပ်ပွဲ ဟုတ်လား။ ဘယ်သူက ဘယ်သူ့ကို လိမ်နေတာလဲ။ ချန်လွေ့၏ နဖူးပေါ်တွင် သွေးကြော အစိမ်းများ တွန့်လာခဲ့သည်။ နဂါးကျွန်းက ခေါင်းဆောင် အက်ဂ်လက်စ်က ဒီလက်ထပ်ပွဲကို ကမ်းလှမ်းခဲ့တာ ဟုတ်ပြီလား။
ဘယ်လိုပဲဖြစ်ဖြစ် ဒါက အပေးအယူကောင်း တစ်ခုပဲ။ ငါ နိုင်မယ်ဆိုရင် မိုးကြိုး နိုက်ထရိတ်ကို ရနိုင်မယ်။ ရှုံးမယ်ဆိုရင် မစ်-နဂါးနက်နဲ့ စေ့စပ်ထားတာကို တရားသဖြင့် ပယ်ဖျက် နိုင်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါက အဲဒီကောင်မလေးကို ညီမလေးလို သဘောထားတာပဲလေ။
“သူဌေးနိုင်မယ်ဆိုရင် ကျွန်းတစ်ကျွန်းတဲ့ ပိုက်ဆံတွေ အများကြီးရမှာ။” မျက်လုံးများက သလင်းကျောက်နက် ဒင်္ဂါးများအဖြစ် ပြောင်းလဲသွားသော မစ်-နဂါးနက်က ချန်လွေ့ ရှုံးသွားလျှင် “လွတ်လပ်”ပြီး စေ့စပ်ခြင်း ပယ်ဖျက်မည်ကို လုံးဝ မတွေးမိခဲ့ပေ။ သူ၏စိတ်ထဲ၌ ယခုတွင် ပိုက်ဆံများဖြင့်သာ ပြည့်နှက်နေလေသည်။ “ငါ အသားတင် အမြတ် လိုချင်တယ်။”
“သမီးလေး အိုလီဖီးရက်စ်က လောင်းချင်မှတော့ လောင်းကြတာပေါ့။ ငါက ဒိုင်လူကြီး လုပ်ပေးမယ်။”
ချန်လွေ့ “ကိုယ်စား” ဖြေလိုက်သူက နဂါးကျွန်း၏ ခေါင်းဆောင် ဖြစ်နေသည်။ ဆာ-နဂါးဧကရာဇ်က ခြံဝန်းထဲရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေလေသည်။ သူက အကောင်းဆုံး ရနံ့မွှေး ပြောင်းဆန်ဝိုင်အရက် တစ်ပုလင်းကို ယူကာ ဖြည်းဖြည်းချင်း အရသာ ခံနေ၏။
ချန်လွေ့က အနည်းငယ် ချွေးပြန်သွားခဲ့သည်။ ဒါက ခင်ဗျားရဲ့ အဖိုးတန် သမီးလေးလေ။ တကယ်ကြီး သူ့ကို လောင်ကြေးထပ်တာလား။
တစ်ချိန်တည်းမှာပင် နဂါးကျွန်း၏ခေါင်းဆောင် အသံက ချန်လွေ့စိတ်ထဲသို့ ရောက်ရှိလာခဲ့သည်။ “မင်းရှုံးရင် သေချာပေါက် အသေပဲ။”
ဆာ-နဂါးဧကရာဇ်၏ သမီးက သားမက်၏ အလောင်း အစားကြောင့် ဆုံးရှုံးခံလိုက်ရမည်ဆိုလျှင် မည်သူ့ကို ရှုံးသည်ဖြစ်စေ၊ ဆာ-နဂါးဧကရာဇ်အား ပါးရိုက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်လေသည်။
ထိုသတိပေးချက်က နဂါးဧကရာဇ်၏ သားမက်လောင်းကို ချွေးများ ပြန်သွားစေသည်။ ချန်လွေ့၏ အမူအရာကို ရင်ပြားလိုလီလေးက သတိထားမိသွားခဲ့သည်။ သူက ချန်လွေ့ ထွက်ပြေးမည်ကို စိုးရိမ်သည့်အတွက် အလျင်အမြန် ထပ်ပြောလိုက်၏။ “ကောင်းပြီလေ။ အရှင်မင်းကြီး ဒိုင်လုပ်မယ်ဆိုတော့ ကျုပ် ဘာမှ ပြောစရာ မရှိပါဘူး။”
ရင်ပြားလိုလီလေးက တိတ်တိတ်လေး ရယ်လိုက်၏။ ငါ့ကို အလောင်းအစားတိုင်း အနိုင်ရမယ့် နဂါးကျွန်း လောင်းကစား ဘုရင်သို့ သိကြတာ။ ဒီလိုအတုအယောင်မျိုးကို ဖမ်းဖို့က မလွယ်ဘူးလား။ ဒါနဲ့ ငါ လွယ်လွယ်နဲ့ အနိုင်ယူလို့ မဖြစ်ဘူး။ သူ့ပိုက်ဆံတွေ ပြန်ရနိုင်သေးတယ်လို့ ထင်အောင် လုပ်ရမယ်။ မစ်-အိုလီဖီးရက်စ် အပြင်ကို သူက အရာအားလုံးကို ဆုံးရှုံးတဲ့အထိ အစ်ဇဘယ်လာ၊ ခီရာနဲ့ ဟယ်လင် တစ်ယောက်ချင်းစီကို လောင်းကြေးထပ်လိမ့်မယ်။
နဂါးပြာအကြီးအကဲ ဆိုရီယန်ကို ကိုင်တွယ်ခဲ့သလိုမျိုးပင် ဖြစ်လေသည်။ ဆိုရီယန်က အစပိုင်းတွင် မိုင်းတွင်း တစ်ခုကိုသာ လောင်းခဲ့ပြီးတော့ ၅ခု၊ ၁၀ခု ဖြစ်လာကာ နောက်ဆုံးတွင် သူက ကျွန်းတစ်ခုပင် ဆုံးရှုံးခဲ့ရ၏။
ချန်လွေ့က နောက်ပြန်လှည့် မရတော့ဘဲ မိုးကြိုး နိုက်ထရိတ်ကိုလည်း အမှန်တကယ် အလောတကြီး လိုအပ်နေသည်ဖြစ်ရာ ခေါင်းညိတ်လိုက်တော့သည်။ “ကောင်းပြီလေ။”
ရင်ပြား လိုလီလေးက နှုတ်ခမ်းမွှေးအတုကို ပွတ်သပ်ရင်း ရယ်လိုက်သည်။ “ဘယ်လို အလောင်းအစား လုပ်ချင်လဲ။”