← Chapters

နဂါးကျွန်းလောင်းကစားဘုရင် နှင့် နတ်ဆိုးဘုံလောင်းကစားဘုရင်

Vol. 52 Ch. 848

နဂါးကျွန်းလောင်းကစားဘုရင် နှင့် နတ်ဆိုးဘုံလောင်းကစားဘုရင်

Vol. 52 Ch. 848

ချန်လွေ့က ခဏစဉ်းစားပြီး အစမ်းသဘော မေးကြည့် လိုက်သည်။ “သုံးပွဲကစားမယ်။ နှစ်ပွဲနိုင်ရင် အနိုင်။”

“မင်းက ငါထင်ထားတာထက် ပိုပြီးတော့ ထိမ်ချန် ထားတာပဲ။ မင်းက တကယ်ပဲ မိုးကြိုးနိုက်ထရိတ်တွေကို လိုချင်နေတာ ငါမြင်ရတယ်။ ဒါပေမဲ့ ငါမင်းကို အရင်ဆုံး အလောင်းအစားနည်းလမ်း ရွေးခိုင်းတာတောင် အရာအားလုံး လောင်းကြေးထပ်ဖို့ မရွေးခဲ့ဘူး။” နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီက ပါးနပ်သော အမူအရာဖြင့် တွက်ဆလိုက်၏။ “သုံးပွဲမှာ နှစ်ပွဲနိုင်ရင် အနိုင်ဆိုတော့ မင်းမှာ အနည်းဆုံး အစွမ်းအစ(၃)ခုတော့ ရှိရမယ်။ မင်းက အူးကလီးရက်စ်ကို အဂ္ဂိရတ်ဆရာသခင်ပြိုင်ပွဲမှာ စာချုပ်စွမ်းအား တစ်မျိုးမျိုးကို သုံးပြီးတော့ အနိုင်ယူခဲ့တယ်လို့ ကြားတယ်။ အဲဒါကြောင့် မင်းက အဂ္ဂိရတ်ပညာအပေါ်မှာ လောင်းကြေးထပ်ဖို့ ကြိုးစားနေတာပဲဖြစ်ရမယ်။ အဲဒီလောက် မလွယ်ဘူး။”

နောက်ဆုံး၌ ချန်လွေ့ သဘောပေါက်သွားခဲ့သည်။ နှုတ်ခမ်းမွှေးနဲ့ ရင်ပြားလိုလီက ငါ့ကို အလောင်းအစား နည်းလမ်း တမင် အရင်‌ရွေးခိုင်းခဲ့ပေမဲ့ လှည့်ကွက်တစ်ခုခု၊ စိတ်ပိုင်းဆိုင်ရာဗျူဟာတစ်ခုခု ခင်းနေတာ။ သူက ဝါရင့် တစ်ယောက် ဖြစ်လောက်တယ်။

ဒီလောကမှာ မျက်နှာနဲ့ တကယ့်အသက်ကို ဆုံးဖြတ်လို့ မရနိုင်ဘူး။ အထူးသဖြင့် သက်တမ်းရှည်တဲ့ နဂါးတွေပေါ့။ ဒီ လိုလီနဲ့တူတဲ့ နဂါးမက တိုင်းပြည်အဆင့် ထိပ်သီးအဆင့်ကို ရောက်အောင် လေ့ကျင့်ထားပြီးတော့ တိုင်းပြည်အဆင့် နဂါးပြာ အကြီးအကဲကိုလည်း အနိုင်ယူထားခဲ့တယ်။ သူ့ရဲ့ တကယ့်အသက်က ပါ့ဂ်လီုအိုနဲ့ ဇိုလာထက် သေချာပေါက် ပိုကြီးလောက်တယ်။ သူက ကိုင်တွယ်ရ မလွယ်ကူတာ အသေအချာပဲ။

“ဒါဆို ခင်ဗျား ဘယ်လို အလောင်းအစားလုပ်ချင်လဲ။”

ထိုမေးခွန်းကို ရင်ပြားလိုလီက လုံးဝ မျှော်လင့်ထားပြီး ဖြစ်သည်။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး အံစာတုံးတစ်ခုကို ထုတ်လိုက်သည်။ “မင်းပြောသလို သုံးပွဲမှာ နှစ်ပွဲအနိုင်ပေါ့။ ဒါက မှော်အံစားတုံးပဲ။ ငါတို့ အလောင်းအစား လုပ်ချင်တဲ့ နည်းလမ်းတွေကို ထည့်လို့ရတယ်။ တစ်ယောက်စီက ၆ခု ထည့်လို့ရမယ်။ နည်းလမ်းတွေကိုတော့ ကျပမ်း ရွေးလိမ့်မယ်။ ဒီအံစာတုံးမှာ လုပ်ဆောင်ချက် တစ်ခု ရှိတယ်။ နှစ်ဖက်လုံးက ဆင်တူတာ တစ်ခုခု ရွေးထားမယ်ဆိုရင် အဲဒါကို အရွေးခံရနိုင်ချေ များတယ်။ ရွေးပြီးတာနဲ့ အဲဒါ ထပ်ပေါ်လာမှာ မဟုတ်ဘူး။ မျှတအောင် အရှင်မင်းကြီး အက်ဂ်လက်စ်ကို ဒီအံစားတုံး စစ်ဆေးခိုင်းမယ်။”

“မလိုဘူး။” အက်ဂ်လက်စ်က ပြောလိုက်သည်။ “ဒီမှော်အံစာတုံးက ဆိုရီယန်ကို လေနဂါးကျွန်း ဆုံးရှုံးစေခဲ့တဲ့အပြင် သူ့ရဲ့ပိုင်ဆိုင်မှု အားလုံးကို ဆုံးရှုံး စေခဲ့တာ ငါသိတယ်။ ဒီပစ္စည်းကိုယ်တိုင်ကတော့ ပြဿနာ မရှိဘူး။ ဒါပေမဲ့ အတွင်းခံတောင် ပျောက်တော့မလို ဖြစ်ခဲ့တဲ့ ဆိုရီယန်က မင်းအတွက် အထူးဟောကိန်းတစ်ခု ရှိခဲ့တာ ငါ မှတ်မိတယ်။”

“ဟမ့်။ အဲဒါက ဘယ်လိုလုပ် “ဟောကိန်း”ဖြစ်မှာလဲ။ ယောက်ျားတစ်ယောက်ရဲ့လက်ထဲမှာ ကျွန်မက အရာအားလုံးကို ဆုံးရှုံးမယ်လို့ပြောတာက ကျိန်စာဆိုတာ အသေအချာပဲ။ အဲဒီအဘိုးကြီးက ကျုပ်ကို ခြောက်လို့ပဲ ရမယ်။ သူ့ဟောကိန်းသာ တကယ်ထိရောက်မယ်ဆိုရင် ဘာလို့ အဲဒီလောက် ရှုံးရတာလဲ။ ကျုပ် သူ့ကို အတွင်းခံတောင် မချန်ထားပေးသင့်ဘူး။” ရင်ပြားလိုလီက နှုတ်ခမ်းမွှေးကို အသာလေး ပွတ်သပ်လိုက်သည်။ “အဲဒီ အဘိုးကြီးမှာ သိပ်မကြာခင်က သမီးတစ်ယောက် ရထားတယ်။ သူ အရွယ်ရောက်တဲ့အချိန် ခေါ်သွားပြီးတော့ အဲဒီအဘိုးကြီးကို သေတဲ့အထိ ဒေါသထွက်အောင် လုပ်ပစ်မယ်။”

နောက်ဆုံးစကားက လူတိုင်းကို ချွေးပြန်သွား‌စေသည်။ လာလာရီယာ အလောင်းအစား လုပ်သောနည်းလမ်းက အတော်လေး ထူးခြားသည်။ ကံတရားက အကြီးမားဆုံး အကြောင်းတရား ဖြစ်၏။ အကယ်၍ ကံမကောင်းလျှင် သူက မကျွမ်းကျင်သော အရာများကို ကျနိုင်ပြီး ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ရနိုင်လေသည်။

ချန်လွေ့နှင့် လာလာရီယာတို့က လောင်းကြေးထပ် ချင်သော နည်းလမ်းများကို စာရွက်ပေါ် ရေးလိုက်ကြပြီး အက်ဂ်လက်စ်ထံ ကမ်းပေးလိုက်သည်။ အက်ဂ်လက်စ်က ၎င်းကို မှော်အံစာတုံးပေါ် တင်လိုက်ရာ စာသားများကို အံစာတုံးက ချက်ချင်းစုပ်ယူသွားပြီး စာရွက်အလွတ် ဖြစ်သွားတော့သည်။

“မင်း အရင်လှိမ့်။” နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီက အမှုမဲ့အမှတ်မဲ့နှင့် ချန်လွေ့ကို လက်ဝှေ့ရမ်းလိုက်သည်။ “အရှုံးသမားက ဆက်လှိမ့်လို့ရတယ်။”

ချန်လွေ့က မှော်အံစာတုံးကိုယူပြီး ကြည့်လိုက်သည်။ ၎င်းက စာသားများကို စုပ်ယူခဲ့သော်လည်း အပေါ်ယံ၌ မည်သည့် ထူးခြားမှုမှမရှိသော သာမန် အံစာတုံး တစ်တုံးနှင့် တူညီနေလေသည်။ သူက အံစာတုံးကို ရိုးရိုးလေး ပစ်ချလိုက်သည်။ ၎င်းက မြေပေါ် ပြုတ်ကျသွားပြီး အလင်းရောင် စတင်တောက်ပလာကာ အပေါ်တက်သို့ ရောင်ခြည်တစ်ခု ထိုးလွှတ်နေလေသည်။ အလင်းတန်းပေါ်တွင် စာလုံးနှစ်လုံး ရှိနေ၏။ မှတ်ဉာဏ်ပြိုင်ပွဲ။ သတ်မှတ်အချိန် အတွင်း “ပြောင်းရွှေ့ မှော်အဘိဓာန်” မှ စာလုံးအများဆုံးကို ရွတ်နိုင်သူက အနိုင်ရရှိမည်။

“ဟိုးဟိုးဟိုး....” နှုတ်ခမ်းမွှေးနှင့် ရင်ပြာလိုလီက ထူထူးဆန်းဆန်း ရယ်လိုက်ပြီး သူ၏အကြည့်က လှောင်ပြောင် သရော်မှုကို မဖုံးကွယ်ထားခဲ့ပေ။ “ဒါကြီးလား။ မင်းက ကံ တကယ်ဆိုးတာပဲ။”

ချန်လွေ့က မေးလိုက်သည်။ “ပြောင်းရွှေ့ မှော်အဘိဓာန် ဆိုတာ ဘာလဲ။”

နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီ၏ လက်ထဲ၌ စာအုပ်ထူ နှစ်အုပ် ပေါ်ထွက်လာသည်။ “ဒီမှော်အဘိဓာန်ထဲက စာသားတွေက အလိုလို ကြုံရာကျပမ်း ရောနှောနိုင်တယ်။ ဒါက အမှတ်အသားတွေ၊ ကူးယူမှော်တွေကို ပယ်ချတယ်။ အဲဒါကြောင့် တကယ့် မှတ်ဉာဏ်ကိုပဲ သုံးလို့ရမယ်။ သတ်မှတ်ထားတဲ့ အချိန်အတွင်း ဒီထဲမှာရှိတာကို အများဆုံး မှတ်မိတဲ့သူက အနိုင်ရမယ်။”

ဘေးဖက်မှ ခီရာက သိချင်စိတ်ဖြင့် မေးလိုက်သည်။ “ဘာလို့ ဒီလို ထူးဆန်းသော ပစ္စည်းမျိုး ရှိနေတာလဲ။”

“ငါက မဟာအကြီးအကဲ လက်စ်ဂရန်းကို အထူး တောင်းဆိုထားတာ။” မှုတ်ဆိတ်မွှေးနှင့် ရင်ပြားလိုလီက အဘိဓာန်တစ်အုပ် ပစ်ပေးလိုက်သည်။ “ဒါက ငါ လာလာရီယာ တိုစတာနိုဖာမီရာ့ထ် ရဲ့ ဝှက်ဖဲတစ်ခုလည်း ဟုတ်တယ်။ ငါ့အားသာချက်ကို လှိမ့်လိုက်မိတဲ့ ဒီကောင့်ရဲ့ လက်ညစ်ညစ်ပတ်ပတ်ကိုပဲ အပြစ်တင်လိုက်။”

“အထူးတောင်းဆိုတယ် ဟုတ်လား။” အက်ဂ်လက်စ်က ရယ်လိုက်သည်။ “အဲဒီ အဘိုးကြီးက အဲဒီလောက် မအားဘူး။ မင်းက သူ့သမီးကို လက်ထပ်မယ်လို့ ခြိမ်းခြောက်ခဲ့တာလေ။ အဲဒါကြောင့် သနားစရာ မဟာအကြီးအကဲက မင်းအတွက် ဒါလုပ်ပေးခဲ့ရတာ မဟုတ်ဘူးလား။”

“ဟိုးဟိုးဟိုး....” လိုလီ၏ ထူးထူးဆန်းဆန်း ရယ်သံက ထွက်ပေါ်လာပြန်ပြီး နှုတ်ခမ်းမွှေးအတုက ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။ “အရှင်မင်းကြီး အက်ဂ်လက်စ်။ အရင်က ရွှေထီးဆောင်းခဲ့တဲ့ အချိန်တွေကို ပြန်မပြောပါနဲ့။ ကျုပ် အရှက်ရပါလိမ့်မယ်။”

ဒီလိုလီက တကယ့်က နဂါးကျွန်းက အန္တရာယ်ကြီး တစ်ခုဆိုတာ အသေအချာပဲ။ ချန်လွေ့က ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ “အမ်... လာလာရီယာ။ ကျုပ်တို့ စလို့ရပြီလို့ ထင်တယ်။”

“မင်း စိတ်ဝိညာဉ်ဆေးရည်ဖြစ်ဖြစ် တစ်ခုခု မသောက်ချင်ဘူးလား။” နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီလေးက သူ့ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ “ငါတို့ကြားက ကွာဟချက် ကြီးမားတယ်။ မင်းရဲ့ လှည့်ကွက်လေးတွေကို ငါ စိတ်မရှိဘူး။”

အမှန်တကယ်၌ လာလာရီယာက လူအတော်များများကို ထိုအဘိဓာန်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းက အချိန်တိုင်း စကားလုံးများကို ကြုံရာကျပမ်း စီစဉ်ထား သော်လည်း သူက စကားလုံး၊ ပုံစံနှင့် အရွယ်အစားတို့နှင့် အတော်လေး ရင်းနှီးနေပြီ ဖြစ်သည်။ သူက ညီတူမျှတူ ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်ပင် ထိုအသေးစိတ်က အနိုင်ရရှိရန် သော့ချက်တစ်ခု ဖြစ်လာတတ်ပေသည်။ ထို့ပြင် လာလာရီယာတွင် တိုင်းပြည်အဆင့် စိတ်ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထိုအရာက ချန်လွေ့ထက် လုံးဝ အားသာနေလေသည်။ ထိုကဲ့သို့ တမင်တကာ ဂရုမစိူက်သော ရက်‌ရောခြင်းကပင် စိတ်ပိုင်းဆိုင်ရာ ဖိအားတစ်ခု ဖြစ်လေသည်။

လုံးဝ အသာစီးရနေသည့်အတိုင် လာလာရီယာက အစွမ်းကုန် လောင်းကြေးထပ်ခဲ့လေသည်။ နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီက လောင်းကစားနှင့် ပတ်သက်လာလျှင် မည်သူ မဆိုထက် ပိုမိုလေးနက်ပေသည်။

“မလိုပါဘူး။ အကြွင်းမဲ့စွမ်းအား ခြားနားနေရင် လှည့်ကွက် အသေးလေးတွေက ဘာမှ အသုံးမဝင်ဘူး။” ချန်လွေ့က အသာလေး ပြုံးလိုက်သည်။

ချန်လွေ့၏ အပြုအမူကြောင့် နှုတ်ခမ်းမွှေးနှင့် ရင်ပြား လိုလီ၏မျက်လုံး အရောင်လက်သွားခဲ့သည်။ “ဒီလို အမူအရာက တမင်လုပ်တာ ဆိုရင်တောင် မင်းကို လေးလေးနက်နက် သဘောထားဖို့ လုံလောက်တယ်။ ကောင်းပြီ။ ၃မိနစ် ဖတ်ချိန်ရမယ်။ ပြီးရင် မှတ်မိတာကို ပြန်ရွတ်မယ်။ တစ်ခုမှားတာနဲ့ အလိုလို အဆုံးသတ်သွားမယ်။ မှန်တာအများဆုံး ရွတ်နိုင်တဲ့သူက အနိုင်ရမယ်။”

ထို့ကြောင့် ဒိုင်လူကြီး အက်ဂ်လက်စ်က နှစ်ဖက်လုံး မှန်ကန်ကြောင်း စစ်ဆေးပြီးနောက်တွင် သူတို့က “‌ပြောင်းရွှေ့မှော်အဘိဓာန်” တစ်ခုစီကို ကိုင်ထားကြ လေသည်။ အဘိဓာန်၏ အလိုလုိ ပြန်စီစဉ်ခြင်း ပြီးနောက်တွင် မှတ်ဉာဏ်ပြိုင်ပွဲ စတင်တော့သည်။ နှုတ်ခမ်းမွှေးနှင့် ရင်ပြား လိုလီက ထိုနည်းလမ်းနှင့် အတော်လေး ကျင့်သားရနေပြီ ဖြစ်သည်။ သူက အဘိဓာန်ကို ရသည်နှင့် အလျင်အမြန်ပင် စာရွက်များကို စတင် လှန်လျောတော့သည်။ သူ့မျက်လုံးများ အရှိန်မြန် လှုပ်ရှားနေပြီး အမြန်မှတ်မိရန်အတွက် တိုင်းပြည်အဆင့် စိတ်ဝိညာဉ်စွမ်းအားကို အာရုံစိုက်ထား နေသည်မှာ သေချာပေသည်။

ထိုမှော်အဘိဓာန်(၂)ခု၏ လုပ်ဆောင်ချက်များက မယုံနိုင်စရာ ကောင်းပေသည်။ (၃)မိနစ် ပြီးနောက်တွင် ၎င်းတို့ပေါ်မှ စကားလုံးများ တစ်ချိန်တည်း ပျောက်သွား၏။ ထို့နောက် သူတို့ အဘိဓာန်မှ မှတ်မိထားသည်ကို အလျင်အမြန် ရွတ်ဆိုကြသည်။ အဘိဓာန်က ထူးထူးဆန်းဆန်း အရောင်တောက်လာပြီး စာသားများ အလျင်အမြန် ပေါ်လာတော့သည်။

လာလာရီယာက အလျင်အမြန်ပင် ၀ဏ္ဏများ ရွတ်တော့သည်။ မှော်အဘိဓာန်မှ အလင်းရောင်က ဆက်လက်၍ လက်ခနဲ ဖြစ်လာသည်။ လက်ခနဲဖြစ်နေသော အရှိန်က ထည့်သွင်းနှုန်းနှင့် အချိုးကျပေသည်။ အစပိုင်း၌ သူက အတော်လေး မြန်ပြီးနောက်တွင် တဖြည်းဖြည်း နှေးကွေးသွားခဲ့သည်။ အကြောင်းမှာ သူက တစ်လုံး မှားသည်နှင့် မှော်အဘိဓာန်က အလိုလို ရပ်တန့်သွားမည် ဖြစ်၍ပင်။

နောက်ဆုံး၌ လာလာရီယာ၏ အဘိဓာန်က အရောင် လက်ခနဲ မဖြစ်တော့ပေ။ သူက စာမျက်နှာ ၃၀၀၀ ရှိသော အဘိဓာန်၏ ၅ပုံ ၁ပုံကို အမှားအယွင်းမရှိဘဲ မှတ်ထား နိုင်ခဲ့ကာ ယခင် အကောင်းဆုံး မှတ်တမ်းကို ချိုးဖျက်နိုင်ခဲ့၏။ ဖတ်ခြင်းနှင့် မှတ်ခြင်း အချိန်က ၃မိန်သာ ဖြစ်သည် မဟုတ်ပါလား။

လာလာရီယာက ကျေနပ်စွာဖြင့် အဘိဓာန်ကို ပိတ်လိုက်ပြီးနောက် ဘေးနားမှ ချန်လွေ့ကို ဖျတ်ခနဲ ကြည့်လိုက်ရာ သူ့မျက်နှာပေါ်မှ ဂုဏ်ယူနေသော အမူအရာက ရုတ်တရက် အေးခဲသွားတော့သည်။

ချန်လွေ့၏လက်ထဲမှ အဘိဓာန်က အရောင်လက်နေဆဲ ဖြစ်ပြီး အမြဲပင် မြင့်မားသော အရှိန်တစ်ခုတည်းကို ထိန်းသိမ်း ထားနေခဲ့သည်။ ထိုကြိမ်နှုန်းက လာလာရီယာ၏ အမြန်ဆုံး ထည့်သွင်းနှုန်းထက် အနည်းငယ် နိမ့်ကျသော်လည်း ကြောက်စရာကောင်းသည်က တသမတ်တည်း ဖြစ်ခြင်းပင်။ အကယ်၍ သူက အစကတည်းမှ ထိုနှုန်းအတိုင်းသာ ရွတ်ဆိုနေသည်ဆိုလျှင် ပမာဏက လာလာရီယာထက် ကျော်လွန်သွားလောက်လေပြီ။

လာလာရီယာကို ပို၍ပင် ထိတ်လန့်သွားစေသည်မှာ ချန်လွေ့က ရွတ်ဖတ်နေစဉ် သူ့ဆီကို ခေါင်းလှည့်ကာ ပြုံးပြ လိုက်ခြင်းပင် ဖြစ်သည်။ “ပြောင်းရွှေ့မှော်အဘိဓာန်” အမြန်နှုန်းက မရပ်တန့်သွားခဲ့ပေ။ ၎င်းက မယုံနိုင်စရာ အရှိန်ကိုသာ ထိန်းသိမ်းထားဆဲ ဖြစ်လေသည်။

ထိုအရာက အထူးမှတ်ဉာဏ် သို့မဟုတ် အလုပ်များ တပြိုင်နက် လုပ်နိုင်သော စွမ်းရည်ကဲ့သို့ ရိုးရိုးရှင်းရှင်း မဟုတ်တော့ပေ။ နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီက စောင့်နေရင်း ထုံထိုင်းလုမတတ် ဖြစ်နေစဉ် အဘိဓာန်က နောက်ဆုံး ရပ်တန့်သွားတော့သည်။

အက်ဂ်လက်စ် လှုပ်ရှားလိုက်ရာ အဘိဓာန်နှစ်ခုက သူ့လက်ထဲသို့ ရောက်လာခဲ့သည်။ သူ၏မျက်လုံးထဲ၌ အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်သွားပြီး သူတို့ကို ဖျတ်ခနဲ ကြည့်ကာ ရလာဒ်ကို ကြေညာလိုက်၏။ “လာလာရီယာ အရွက် ၆၁၀၊ ချန်လွေ့...အရွက် ၃၀၀၀။ ချန်လွေ့ နိုင်တယ်။”

“အရွယ် ၃၀၀၀” ထိုကဲ့သို့ လုံးဝအနိုင်ရခြင်းက နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီကို လုံးဝ အံ့သြသွားစေခဲ့သည်။ ၃မိနစ်တည်းနဲ့ သူက စာရွက်တွေကို မြန်ြမန် လှန်ရင်တောင် လှန်လို့ပဲ ပြီးလောက်မယ်။ မှတ်မိဖို့ မပြောနဲ့။ သူက တကယ်ပဲ....

“ပြောင်းရွှေ့မှော်အဘိဓာန်”က လာလာရီယာ၏ ကိုယ်ပိုင် မှော်ပစ္စည်း တစ်ခု ဖြစ်သည်။ ထို့ကြောင့် ညစ်ရန် လုံးဝမရှိသည်မှာ သေချာတယ်။ သူက မှတ်မိရန် ခက်ခဲသည်ကို ကောင်းကောင်း သိလေသည်။ ဒါတွေအားလုံးကို ၃မိနစ် တည်းနဲ့ မှတ်မိတာက လုံးဝကို မယုံနိုင်စရာပဲ။ ဒါပေမဲ့ မယုံနိုင်စရာကောင်းလောက်အောင် သူ လုပ်နိုင်ခဲ့တယ်။

ငါက တကယ်ပဲ ငါ့အတော်ဆုံး ပစ္စည်းမှာ ရှုံးနိမ့်ခဲ့တယ်။ နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီ၏လက်က အနည်းငယ် တုန်လှုပ် သွားခဲ့သည်။

“လာလာရီယာ။ အဆင်သင့်ဖြစ်ပြီလား။ ခင်ဗျား အံစားတုံး ခေါက်ဖို့ အချိန်ရောက်ပြီ။”ချန်လွေ့က ပုံမှန်အသံ ထွက်ပေါ်လာခဲ့သည်။ [ အထူးစိစစ်မှု ] နှင့် အထူးမှတ်ဉာဏ် ရှိသော သူ့အတွက် ထိုကဲ့သို့ မှတ်ဉာဏ်ပြိုင်ပွဲက အလကား ပေးနိုင်သလိုမျိုးပင်။

“တောက်...” နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီက ဒေါသဖြင့် မျက်လုံးများ လောင်ကျွမ်းသွားခဲ့သည်။ “ဒါက အထူး မှတ်ဉာဏ် ပါရမီပဲ ဖြစ်ရမယ်။ တစ်ခါ ကံကောင်းသွားလို့ ယုံကြည်ချက် မလွန်ကဲနေနဲ့။ ဒီမှတ်ဉာဏ်ပြိုင်ပွဲကို တစ်ခါ ရွေးပြီးပြီဆိုတော့ နောက်တစ်ခါ ပေါ်လာတော့မှာ မဟုတ်ဘူး။”

“ဟုတ်လား။ အခုက ၁ - ၀ ဖြစ်နေပြီ။ ကျုပ်က နိုင်ဖို့ တစ်ပွဲပဲ လိုတော့တာ။ ခင်ဗျားမှာ ဘာနည်းလမ်းမှ မရှိဘူး။”

“မဖြစ်စလောက် စိတ်ကစားနည်လေးနဲ့” နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီက အထင်သေးစွာ ပြောလိုက်ပြီးနောက် အံစားတုံးကို လှိမ့်လိုက်သည်။ ယခုတစ်ခေါက် အလင်းတန်းက စာလုံးတစ်ခုကို ပြသခဲ့သည်။ နဂါးထွင်းစာ။

“ကြည့်ရတာ ဒီတစ်ခေါက် နဂါးနတ်ဘုရား ယုံကြည်သူကို ကံတရားက မျက်နှာပေးတဲ့ပုံပဲ။ ကံတရားက မရှိမဖြစ် လိုအပ်သော အစွမ်းအစ တစ်ခုလို့ ပြောရမယ်။” လိုလီက အူမြူးနေခဲ့သည်။ “ငါ ဘယ်လို ပြန်လာမလဲဆိုတာ ကြည့်နေ။”

ချန်လွေ့ သက်ပြင်းချလိုက်၏။ “ကျုပ် ခင်ဗျားကို သတိပေးလိုက်မယ်....”

“အပိုတွေ ပြောမနေနဲ့။ စကြတာပေါ့။”

နာရီဝက်ကြာပြီးနောက်...

လာလာရီယာက မယုံကြည်နိုင်စွာဖြင့် ‌အော်ပြောလိုက်၏။ “မဖြစ်နိုင်ဘူး။ မင်း ဘယ်လိုနိုင်ရတာလဲ။ မဟာအကြီးအကဲ လက်စ်ဂရန်းတောင် မင်းလိုမျိုး အောင်မြင်မှု မရှိဘူး။ မင်းက နတ်ဆိုးလား၊ နဂါးလား။”

“တကယ်တော့ နဂါးထွင်းစာကလည်း ကျုပ်ရေးထားတဲ့ အရာတစ်ခုဆိုတာ အစကစစတည်းက ပြောပြချင်ခဲ့တာ။” ချန်လွေ့က အပြစ်ကင်းစွာဖြင့် ပုခုံးတွန့်ပြလိုက်သည်။ ထိုအရာက မှော်အံစာတုံး၏ လုပ်ဆောင်ချက် ဖြစ်သည်။ အမျိုးအစား တူညီသော အရာနှစ်ခုကို ရေးခဲ့လျှင် ရွေးချယ် ခံရနိုင်ချေ များပေသည်။

“ဒီတော့ ကျုပ် အနိုင်ရသွားပြီ။ မိုးကြိုးနိုက်ထရိတ် မိုင်းတွင်းက ကျုပ်အတွက် အတော်‌လေး အရေးပါတယ်။ အဲဒါကြောင့် လေနဂါးကျွန်းကို ကျုပ် လက်ခံမယ်။ ပိုက်ဆံတွေ အများကြီးကိုတော့ အိုလီဖီးရက်စ်ကို အမြတ်စုဝေ နည်းနည်းး ပေးလိုက်။ ကျန်တာတွေ မလိုဘူး။ တစ်ခုပဲ တောင်းဆိုစဏရာ ရှိတယ်။ ကျုပ် နာမည်အရင်းနဲ့ သရုပ်ကို.....လျို့ဝှက် ထားရမယ်။”

“ဟမ့်။ ငါ ပြောခဲ့သလို ငါလုပ်မယ်။ငါက အရှုံးကို လက်ခံနိုင်တယ်။” ဒေါသထွက်နေသော လိုလီက နှုတ်ခမ်းမွှေး အတုကို ဆွဲဖြုတ်လိုက်၏။ “အခု လေနဂါးကျွန်းနဲ့ ပိုက်ဆံတွေ အများကြီးကို မင်းပိုင်သွားပြီ။ ဒါပေမဲ့ မင်းရဲ့ လျို့ဝှက်ချက်ကို ငါ လုံးဝ ထိန်းသိမ်းထားမှာ မဟုတ်ဘူး။ လိုက်ဖြန့်နေမှာ။ ငါ အကုန်လုံး ရှုံးတဲ့ အထိ ဒါမှမဟုတ် လုံးဝ လက်လျှော့တဲ့အထိ မင်းနဲ့ငါ ဆက်မကစားရင်ပေါ့။ ဘယ်လိုလုပ်ပြီးတော့ ငါ့လို နဂါးကျွန်းရဲ့ ဂုဏ်သရေရှိ လောင်းကစားဘုရင်က မင်းလိုလူရဲ့ လက်ထဲမှာ ရှုံးနိမ့်ရမှာလဲ။ ငါ ဆုံးရှုံးခဲ့တာကို ပြန်အနိုင်ယူမယ်။”

အိုလီဖီးရက်စ်က သိချင်စိတ်ဖြင့် မေးလိုက်၏။ “နဂါးကျွန်းရဲ့ လောင်းကစားဘုရင်ဆိုတာ ဘာလဲ။ မိုက်တဲ့ပုံပဲ။ စားလို့ရလား။”

“အခုတော့ စားလို့မရသေးဘူး။” အစ်ဇဘယ်လာက ကောင်မလေး၏ ခေါင်းကို အသာလေး ပုတ်လိုက်သည်။ “ဒါပေမဲ့ နင့်ရဲ့သူဌေးက ပိုပြီးတော့ ဉာဏ်များတယ်။ ပိုပြီး မိုက်တယ်။ သူက ငါ့ကို အရင်တုန်းက ခဏခဏ အရူးလုပ်ခဲ့တာ။ ငါတစ်ယောက်တည်း မဟုတ်ဘူး။ အမြင် တစ်ခုက ကြည့်မယ်ဆိုရင် နတ်ဆိုးဘုံတစ်ခုလံုးက သူ အရူးလုပ်တာကို ခံခဲ့ရတာ။ သူ့ကို နတ်ဆိုးဘုံရဲ့... လောင်းကစား ဘုရင်လို့ ခေါ်လို့ရမယ်ထင်တယ်။”

နှုတ်ခမ်းမွှေးမပါသော ရင်ပြားလိုလီ‌၏ စိန်ခေါ်မှုကို ရင်ဆိုင်ရသည့်အခါ ချန်လွေ့က တည်ငြိမ်နေသော အက်ဂ်လက်စ်ကို ကြည့်ပြီး ခဏစဉ်းစားကာ ခေါင်းကို ညိတ်လိုက်သည်။ “ကောင်းပြီလေ။ ဒါပေမဲ့ အခု ငါ့လက်ထဲမှာ လေနဂါးကျွန်းနဲ့ ပိုက်ဆံတွေ အများကြီး ရှိနေတယ်။ တကယ်လို့ ခင်ဗျားက အဲဒီလျို့ဝှက်ချက်လေးကိုပင် ထိန်းသိမ်းထားမယ်ဆိုရင် အပေးအယူက နည်းလွန်းတယ်။”

“ဒါဆို ငါ့ပိုင်ဆိုင်မှုရဲ့ ၂၀ပုံ တစ်ပုံ ထပ်ပေါင်းလိုက်။” နှုတ်ခမ်းမွှေး မရှိတော့သောရင်ပြားလိုလီက နဂါးတစ်ကောင်၏ မာနကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ “နဂါးတစ်ကောင် ပိုင်ဆိုင်တဲ့ ကြွယ်ဝမှုကို လျှော့မတွက်နဲ့။ အထူးသဖြင့် နဂါးကျွန်းရဲ့ လောင်းကစားဘုရင်ကိုပေါ့။ ပိုင်ဆိုင်မှု ၂၀ပုံ တစ်ပုံက လေနဂါးကျွန်းထက်ကို ကျော်လွန်နေတယ်။ ပြီးတော့ မင်းရဲ့ လျို့ဝှက်ချက်လေးက ယှဉ်မယ်ဆိုရင် တန်ဖိုး နည်းလွန်းတယ်။”

ထိုသို့ပြောပြီးနောက် ရင်ပြားလိုလီက အံစာတုံး ခေါက်လိုက်ပြန်ရာ ရလာဒ်က ဆေးပညာ ဖြစ်၏။ ရင်ပြား လိုလီက ထိုအကျော့ကို အရှုံးပေးလိုက်ရာ ချန်လွေ့ တစ်ခါတည်း အနိုင်ရသွားခဲ့သည်။ တတိယမြောက် အံစာတုံး ခေါက်ပြီးနောက်တွင် ရင်ပြားလိုလီက အောင်နိုင်သော အပြုံးတစ်ခု ပြသလိုက်တော့သည်။ သူက ထိုအရာက ပေါ်လာမည်ကို စောင့်ဆိုင်းနေခဲ့သည်။ တိုက်ခိုက်ခြင်းနှင့် ကောင်မလေးများကို ပိုးပန်းခြင်းအပြင် ထိုအရာက သူ အတော်ဆုံး ဖြစ်၏။

သူက နဂါးကျွန်း တစ်ခုလုံးတွင် ပြိုင်ဘက်မရှိဟု ပြော၍ ရနိုင်သည်။ နဂါးဧကရာဇ် အက်ဂ်လက်စ်ပင် ပြိုင်ဘက် မဟုတ်ပေ။

“ငါ နည်းနည်းတော့ အံ့သြမိတယ်။” ရင်ပြားလိုလီက အမှုမဲ့ အမှတ်မဲ့ မေးလိုက်သည်။ “ဒီရှေးကျတဲ့ ကစားနည်းကို မင်း ကစားဖူးလား။”

ချန်လွေ့က အလင်းတန်းပေါ်မှ စာသားအချို့ကို ထူးဆန်းသော အမူအရာအချို့ဖြင့် ကြည့်လိုက်သည်။ “လွန်ခဲ့တဲ့ ၁နှစ် ၂နှစ်တုန်းက ကစားဖူးလို့ အတွေ့အကြုံ နည်းနည်းတော့ ရှိပါတယ်။”

“လွန်ခဲ့တဲ့ ၁နှစ် ၂နှစ်က...အတွေ့အကြုံ နည်းနည်း ရှိတယ် ဟုတ်လား။” ရင်ပြားလိုလီလေးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး မြေခွေးအိုကြီး တစ်ကောင်ကဲ့သို့ နှုတ်ခမ်းကို သပ်လိုက်မိရာ နှုတ်ခမ်းမွှေးကို ဆွဲဖြုတ် မိခဲ့ကြောင်း သတိထားမိသွားခဲ့သည်။ “ဒီတော့ ငါတို့က ဝါသနာ တူတာပေါ့။ ဒါကို ကစားပြီးတော့ အဖြေကို ဆုံးဖြတ် ကြတာပေါ့။ အကျော့အရေအတွက် အကန့်အသတ် မရှိဘူး။ လောင်းစရာကုန်တဲ့အထိ ကစားမယ်။ ဘယ်လိုလဲ။”

“သေချာရဲ့လား။” ချန်လွေ့က အလင်္ကာဖြင့် မေးလိုက်သည်။ “ကျုပ်ရဲ့ အဆင့်က ခင်ဗျား ထင်တာထက် ပိုပြီးတော့ မြင့်လောက်တယ်နော်။”

“ဒါဆိုလည်း မင်းရဲ့ အစွမ်းအစကို စောင့်နေမယ်။ ငါမင်းကို အတွင်းခံ တစ်စုံလောက်တော့ ချန်ထားပေး လောက်တယ်။” ရင်ပြားလိုလီက တိတ်တိတ်လေး သ‌ရော်ပြုံး ပြုံးလိုက်သည်။ ဒါက ပညာမြင့်မားတဲ့ ရှေးကစားနည်း တစ်ခုပဲ။ ဒါကို ပါရမီနဲ့ ကစားဖို့ မဖြစ်နိုင်ဘူး။ ဘယ်လို ပါရမီမျိုးပဲရှိရှိ၊ ဒီလိုပြိုင်ပွဲမျိုးမှာ ဘာမှ အခွင့်အရေးမရှိဘူး။ လောင်းကြေးတွေ အားလုံးကို ငါပြန်ရမယ်ဆိုတာ ယုံကြည်တယ်။ သူ့ကို ဆက်ကစားအောင် ငါ လှည့်ကွက် တစ်ခုခု လုပ်နေသရွေ့ အိုလီဖီးရက်စ်တင် မကဘူး။ အစ်ဇဘယ်လာ၊ ခီရာနဲ့ ဟယ်လင်တို့ကိုလည်း သူ လောင်းကြေးထပ်မှာပဲ။

အကယ်၍ ရေဘဝဲဘုရင် ရက်ပီပစ်နှင့် အမှောင် ဒြပ်စင်ဘုရင် ဟီဂယ်တို့သာ ရှိနေမည်ဆိုလျှင် မှော်အံစာတုံးမှ ပြသသော စာလုံးများကို မြင်သောအခါ၌ ရင်ပြား လိုလီအတွက် တိတ်ဆိတ်ကာ စောင့်ကြည့်နေပေလိမ့်မည်။ အကြောင်းမှာ ၎င်း “ကြမ္မာတိုက်ပွဲ” မှော်ဖဲချပ်ကစားနည်း ဖြစ်နေ၍ပင်။

All Chapters