← Chapters

အသွင်ပြောင်းနိုင်သော လိုလီတစ်ယောက်

Vol. 52 Ch. 849

အသွင်ပြောင်းနိုင်သော လိုလီတစ်ယောက်

Vol. 52 Ch. 849

“အား...”

“တောက်...ဘာလို့ ဒီလောက်မြန်ရတာလဲ။”

“အဲဒီလို ဖြစ်ပြန်ပြီ။ နောက်တစ်ခါ ထပ်ပြီးတော့ အလစ်တိုက်ခိုက်ရဲရင် တိုက်ခိုက်ကြည့်။”

“အား...ငါ မယုံနိုင်ဘူး။”

“ခွေးကောင်!! ငါ့ရဲတိုက်....”

“....”

ရင်ပြားလိုလီလေးတစ်ယောက်၏ ဒေါသသံက ခြံဝင်းထဲရှိ ကောင်းကင်ထက်၌ ပဲ့တင်ထပ်သွား‌တော့သည်။

သူက အတော်ဆုံးဖြစ်သော “ကြမ္မာတိုက်ပွဲ”၏ မရဏတိုက်ပွဲကို ရွေးချယ်လိုက်သည့်အချိန်မှစ၍ ဆရာသခင် လာလာရီယာက အိပ်မက်ဆိုးထဲ ကျရောက် သွားတော့သည်။ သူထင်ထားသကဲ့သို့ တစ်ဖက်သတ် မဟုတ်ခဲ့ပေ။ သုတ်သင်ခံနေရသည်မှာ ချန်လွေ့မဟုတ်ဘဲ လာလာရီယာ ကိုယ်တိုင် ဖြစ်နေခဲ့လေသည်။

ပြိုင်ဘက်၏ နည်းစနစ်များက အမျိုးမျိုး ကွဲပြားပေသည်။ အချို့က ယုံကြည်စရာပင် မကောင်းလှပေ။ ဥပမာ နောက်ဆုံး အကျော့တွင် ချန်လွေ့က အစပိုင်း၌ အစုတ်ပဲ့ဆုံး ဆောက်လုပ်ရေး ယူနစ်များဖြင့် အမှန်တကယ်ပင် အလစ် တိုက်ခိုက်ခဲ့လေသည်။ ဆရာသခင် လာလာရီယာက မသိလိုက်ဘဲ အဆင့်မြင့် စစ်သည်များ မဖန်တီးနိုင်ခင်မှာပင် လယ်သမား အုပ်လိုက်ကြောင့် ပြိုလဲသွားတော့သည်။ ထိုကဲ့သို့ အရှက်ရစရာက စကားလုံးဖြင့်ပင် ဖော်ပြရန် ခဲယဉ်းလှပေသည်။

နောက်ဆုံး အဆောက်အအုံက ပြာဖြစ်သွားသောအခါ သွေးဆာနေသော မျက်လုံးများနှင့် လာလာရီယာက ရူးတော့မလို ဖြစ်နေခဲ့သည်။ “သေစမ်း။ နောက်တစ်ခေါက်။”

“ကျုပ် ထပ်ပြီးတော့ ဆက်ကစားချင်ပေမဲ့...” ချန်လွေ့က လက်ဖြန့်ပြလိုက်သည်။ “ကံဆိုးချင်တော့ ခင်ဗျားမှာ ပေးစရာ မရှိတော့ဘူး။”

“ငါ တကယ်ပဲ....” ရင်ပြားလိုလီက သတိပြန်ဝင်လာပြီး ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးခဲ့ရကြောင်း သတိရလိုက်သည်။ မူလက သူသည် ချန်လွေ့ကို လှည့်စားပြီး အပေးအယူ အားလုံး ဆုံးရှုံးစေကာ သူ၏မိန်းမများအားလုံးကို ဆုံးရှုံး စေရန် ဖြစ်သည်။ သို့သော်လည်း ဆန့်ကျင်ဘက်ပင် လာလာရီယာက အရာအားလုံး ဆုံးရှုံးခဲ့ရ၏။

“တောက်....” ထိုကဲ့သို့ ဆိုးဆိုးဝါးဝါး ရှုံးလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့သော ရင်ပြားလိုလီက ဒေါသတကြီး အော်ဟစ် လိုက်လေသည်။ “မဖြစ်နိုင်ဘူး။ နောက်တစ်ပွဲ ကစားမယ်။ နောက်ဆုံးတစ်ပွဲ။”

“အမှန်တရားက ခင်ဗျားအရှေ့မှာပဲ။ ခင်ဗျားက အားလုံးကို ဆုံးရှုံးသွားပြီ။” ချန်လွေ့က ခေါင်းခါလိုက်၏။ “ခင်ဗျားက နဂါးကျွန်းရဲ့ လောင်းကစားဘုရင် ဆိုတာ မဟုတ်ဘူးလား။ အရည်အချင်းရှိတဲ့ လောင်းကစားသမား တစ်ယောက်က အနည်းဆုံးတော့ အရှုံးကို လက်ခံရမှာပေါ့။”

ရင်ပြားလိုလီက ချန်လွေ့ကို မျက်လုံးနီနီဖြင့် အချိန် အတော်ကြာ စောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် အရှုံးကို ငြင်းဆန်သော မည်သည့်အရာကိုမှ မပြောခဲ့ပေ။

“ဒိုင်လူကြီး တစ်ယောက်အနေနဲ့ ငါ တစ်ခုခု ပြောမယ်။” အက်ဂ်လက်စ်က ပြောလိုက်သည်။ “တကယ်တော့ လာလာရီယာမှာ အပေးအယူ တချို့ ရှိသေးတယ်။”

သတိပေးခံရပြီးနောက် ရင်ပြားလိုလီက စားပွဲကို ရိုက်ပြီး ခုန်ထလိုက်သည်။ “ဟုတ်တယ်။ ငါ့မှာ ငါကိုယ်တိုင် ရှိသေးတယ်။”

ရုတ်တရက် ရင်ပြားလိုလီက အက်ဂ်လက်စ်ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲရှိ ရူးမိုက်မှုက တဖြည်းဖြည်း ကွယ်ပျောက်သွား၏။ “ကြည့်ရတာ.... အရှင်မင်းကြီး နဂါးဧကရာဇ်က တကယ်ပဲ သူ့ရဲ့ ဆက်ခံသူကို အလောင်းအစားမှာ ဆုံးရှုံးစေချင်နေတဲ့ပုံပဲ။”

အက်ဂ်လက်စ်က မျက်မှောင်ကြုတ်လိုက်သည်။ “မင်းက ဘာပြောတာလဲ။”

ရင်ပြားလိုလီ၏ အကြည့်က လက်ခနဲ ဖြစ်သွား၏။ “ကျူပ်က မိဘမဲ့တစ်ယောက်။ ကျုပ်ရဲ့ အသက်ကို ကယ်တင်ခဲ့တာက အရှင်မင်းကြီးပဲ။ မစ်-အိုလီဖီးရက်စ်ကို ရှာမတွေ့ခင် အရှင်မင်းကြီးက ကျုပ်ကို အမြဲတမ်း သမီး တစ်ယောက်လို ဆက်ဆံပြီး‌တော့ ကျုပ်ရဲ့စွမ်းအား တိုးလာအောင် ကူညီဖို့ အရာအားလုံး လုပ်ပေးခဲ့တယ်။ အရှင်မင်းကြီးက ကျုပ်ကို နဂါးကျွန်း ဆက်ခံသူ တစ်ယောက် အနေနဲ့တောင် သတ်မှတ်ခဲ့တယ်။ အခုတော့....”

အက်ဂ်လက်စ် ခေါင်းခါလိုက်သည်။ “ငတုံးမလေး။ အစားထိုးခံရတာက ဘာကို ဆိုလိုတာလဲ။ အခု ငါက အိုလီဖီးရက်စ်ကို ရှာတွေ့သွားတော့ သူ့နေရာနဲ့ အဆင့်အတန်းကို ယူခဲ့တဲ့ အစားထိုးကို ဖယ်ရှားတော့မယ်လို့ ဘာလို့ ပြောတာလဲ။”

“အဲဒီ‌လောက်အထိတော့ မဟုတ်ပါဘူး။ နဂါးဧကရာဇ်က လွယ်တဲ့ အလုပ်တော့ မဟုတ်ဘူးလေ။ စဉ်းစားစရာ အများကြီး ရှိတယ်။ ပြီးတော့ အဲဒီအကြီးအကဲတွေရဲ့ ရွံစရာ မျက်နှာတွေကိုလည်း ကြည့်ရဦးမယ်။ လုံးဝ မအားဘူး။ အဲဒါကြောင့် ခင်ဗျားက ကိုယ့်သမီးကို ဒီလို ဒုက္ခခံခိုင်းမှာ မဟုတ်ဘူး။” ရင်ပြားလိုလီက ခါးထောက်ကို အေးစက်စက် သရော်ပြုံး ပြုံးလိုက်သည်။ “ခင်ဗျား ဘာစဉ်းစားနေလဲဆိုတာ မသိဘူး မထင်နဲ့။ ကျုပ်ရဲ့ ထူးခြားတဲ့ အစွဲအလမ်းကို ပြောင်းလဲချင်တာ မဟုတ်လား။ ချုပ်ချယ်တဲ့ အဘိုးကြီး....”

အက်ဂ်လက်စ် ရင်ပြားလိုလီ၏ ရိုင်းပြသော အခေါ်အ‌ဝေါ်ကို ဒေါသမထွက်ဘဲ ပြုံးဖြီးဖြီး လုပ်လိုက်၏။ “ငါက နဂါးကျွန်းရဲ့ ဧကရီလောင်းကို ယောက်ျား မကြိုက်တဲ့ ထူးထူးဆန်းဆန်း မဖြစ်စေချင်ဘူး။ အနည်းဆုံးတော့ မင်းက မျိုးဆက်သစ်တွေ၊ ဆက်ခံသူတွေအကြောင်း တွေးရမယ်။”

ရင်ပြားလိုလီက လက်ခါလိုက်သည်။ “ကျုပ်အကြိုက်ကို ခင်ဗျားလို ဒိတ်အောက်နေတဲ့ အဘိုးကြီးက ဘယ်လိုလုပ် နားလည်နိုင်မှာပဲ။ ဒီရည်ရွယ်ချက်ကြောင်း ခင်ဗျားက ကျုပ်ကို နဂါးကျွန်းကနေ ခေါ်လာတာ မဟုတ်လား။ ဒါမှမဟုတ် အစကတည်းက ဒီလိုမျိုး စီစဉ်ထားခဲ့တာလား။”

အက်ဂ်လက်စ်က ဝိုင်တစ်ငုံ သောက်လိုက်သည်။ “တကယ်တော့ ဒီတစ်ခေါက်က ငါမင်းကို အိုလီဖီးရက်စ်နဲ့ တွေ့စေချင်ရုံပါ။ မင်းက ချန်လွေ့နဲ့ အလောင်းအစား လုပ်တော့မယ်ဆိုတော့မှ ငါ အကြံရသွားတာ။ ဒီကောင်က ငါထင်ထားတာထက် ပိုပြီးတော့ အစွမ်းထက်နေမယ် မထင်ထားဘူး။ သူက မင်းရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို နိုင်သွားခဲ့တယ်။”

“နဂါးကျွန်းက ကောင်တွေက ကျုပ်ကို အန္တရာယ်လို့ သတ်မှတ်ပြီးတော့ မချဉ်းကပ်ရဲကြတာ ကျုပ် သိတယ်။ ဟမ့်...။ ဒါပေမဲ့ ခင်ဗျားက အပေါစား ဆန်လွန်းတယ်။ အဘိုးကြီး။ ခင်ဗျားက ဒီကောင်ကို သဘောတွေ့ပြီးတော့ သမီးနှစ်ယောက်လုံးကို ပေးချင်နေတာလား။”

“သမီးနှစ်ယောက်”ဟူသော စကားကို ကြားသည့်အခါ အက်ဂ်လက်စ်က မစ်-နဂါးနက်ကို ကြည့်လိုက်သည်။ ထို့နောက် ကြင်နာတတ်သော ဦးလေးတစ်ယောက်ကဲ့သို့ မျက်နှာအမူအရာရှိနေသော ရင်ပြားလိုလီကို ကြည့်လိုက်၏။

ရင်ပြားလိုလီက ချန်လွေ့ကို အထင်သေးစွာကြည့်ပြီး ခြေပေါ်တွင် ခြေချောင်းဖြင့် စက်ဝိုင်းပုံစံ ရေးဆွဲလိုက်သည်။ “ဒီကောင့်မှာ ထူးဆန်းတဲ့ စွမ်းရည်တချို့ ရှိတယ်။ ဒါပေမဲ့ သူ့စွမ်းအားက နိမ့်လွန်းတယ်။ ကောင်းပြီလေ။ ကျုပ် ခင်ဗျားကို မျက်နှာထောက်ပေးမယ်။ နောက်ဆုံးပြိုင်ပွဲ။ ကျုပ်က ဒီစက်ဝိုင်းထဲမှာ နေမယ်။ သူ ဘယ်လိုမျိုး တိုက်ခိုက်မှုကိုပဲ သုံးသုံး၊ သူ့ရဲ့ တကယ့်စွမ်းအားကို သုံးပြီးတော့ ကျုပ်ကို စက်ဝိုင်းအပြင်ရောက်အောင် လုပ်နိုင်မယ်ဆိုရင် သူ့ကို အခွင့်အရေး ပေးမယ်။ မလုပ်နိုင်ရင်တော့ အရင်က လောင်းကြေးတွေအားလုံး ပြန်သိမ်းမယ်။ ပြီးတော့ အဘိုးကြီး။ ခင်ဗျားလည်း အဲဒီ ရည်ရွယ်ချက်ကို လက်လျှော့ပြီးတော့ အခုကစပြီး ကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာကို ဘယ်တော့မှ ဝင်မပါနဲ့တော့။”

“ခဏနေပါဦး။ ကျုပ်မှာ ချစ်သူတွေ အများကြီး ရှိတယ်။ ပြီးတော့ အိုလီဖီးရက်စ်က ကျုပ်ရဲ့ ဇနီးလောင်း။ မဒမ်-လာလာရီယာက နဂါးကျွန်း ဆက်ခံသူလေ။ ဒီပြိုင်ပွဲကို လက်မခံနိုင်တဲ့အတွက် ခွင့်လွှတ်ပေးပါ။” ချန်လွေ့က ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်သည်။ သူက မစ်-နဂါးနက်ကိုပင် ဒိုင်းကာအနေဖြင့် အသုံးပြုခဲ့၏။

ဒီပွဲက ငါ နိုင်နိုင်ရှုံးရှုံး အလိမ်အညာတစ်ခုပဲ။ ရှုံးမယ် ဆိုရင် လေနဂါးကျွန်းနဲ့ မိုးကြိုးနိုက်ထရိတ်က ငါ့လက်ထဲကနေ အလကားသက်သက် အလွတ်ပေးလိုက်ရမယ်။ နိုင်မယ်ဆိုရင် ပိုပြီးတော့ ဆိုးသေးတယ်။ ဒီကောင်မလေးက ထူးဆန်း လွန်းတယ်။ အခု မောင်းမဆောင်က လူများပြီးတော့ မတည်မငြိမ် ဖြစ်နေတယ်။ နောက်တစ်ယောက် ထပ်ပေါင်းလိုက်ရင် သေချာပေါက် ပြိုလဲသွားလိမ့်မယ်။

အက်ဂ်လက်စ် မခြိမ်း‌‌‌ခြောက်ခင်မှာပင် ရင်ပြားလိုလီက ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကို ထုတ်လွှတ်ပြီး ချန်လွေ့ကို အသေမှတ်ထားလိုက်သည်။ “မင်းက ငါ့ကို အထင်သေးရဲတယ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် မင်း ဒီတိုက်ပွဲကို လက်ခံရမယ်။ မဟုတ်လို့ကတော့ ငါမင်းကို ငါရဲ့ အရင်က လောင်းကြေးတွေ ပေးမှာ မဟုတ်ဘူး။”

ချန်လွေ့ - “.....”

ထိုလိုလီက ထင်ထားသည်ထက် ပို၍ ဉာဏ်များသည်။ အကြောင်းကလည်း ထိုတိုက်ပွဲ၌ လာလာရီယာက အနိုင်ရရန် ယုံကြည်ချက် ရှိနေသည့် အတွက်ကြောင့်ပင်။

ထိုအချိန် အက်ဂ်လက်စ်နှင့် ချန်လွေ့က တစ်ချိန်တည်းပင် ခေါင်းလှည့်ပြီး ပေါ်ထွက်လာသော အလင်းပြာ တံခါးနှင့် မနီးမဝေးမှ ဥယျာဉ်ကို ကြည့်လိုက်သည်။ အလင်းတံခါး အရှေ့တွင် သွယ်လျသော အမျိုးသမီး ပုံရိပ်တစ်ခုက အလျင်အမြန် ထင်ရှားလာခဲ့သည်။ သူက ကွေးကောက်သော ခရမ်းရောင်ဆံပင်၊ ပြီးပြည့်စုံသော ခန္ဓာကိုယ်၊ နူးညံ့သော မျက်နှာသွင်ပြင်ရှိပြီး မျက်မှန်တစ်လက် ဝတ်ဆင်ထား၏။ ရင်သပ်ရှုမောဖွယ် အလှတရားထဲ၌ ပညာထက်မြက်သော ထူးခြားသော စိတ်နေသ‌ဘောထား ရှိနေလေသည်။

ဇိုလာ......

ငါ့ရဲ့ နတ်မိမယ်နဂါးလေး ထွက်လာပြီ။ ချန်လွေ့၏ မျက်လုံးများ အရောင်တောက်သွား၏။

ဇိုလာက အာရုံခံ မြင့်မားပေသည်။ သူ‌ ရောက်လာသည်နှင့် ချန်လွေ့ကို လာလာရီယာ၏ အငွေ့အသက်က အသေမှတ်ထားကြောင်း တွေ့ရှိသွား၏။ ချက်ချင်းပင် အင်အားကြီး အဟုန်တစ်ခုကို လာလာရီယာကို ဖိနှိပ်လိုက်လေသည်။

[ သရုပ်ခွဲမျက်လုံး ] ရှိသော ချန်လွေ့နှင့်စာလျှင် လာလာရီယာ၏ တုံ့ပြန်မှုက အသက်တစ်ရှိုက်စာ တဝက်ခန့် နောက်ကျခဲ့သည်။ ဇိုလာကို မြင်လိုက်သည်နှင့် ချန်လွေ့ကို အသေမှတ်ထားသော စိတ်ဝိညာဉ်စွမ်းအားက ထူးဆန်းသော စွမ်းအားတစ်ခုကြောင့် ပြတ်တောက်သွားသည်ကို သူ တွေ့လိုက်ရသည်။ ထို့အပြင် ပတ်ဝန်းကျင်ရှိ ဒြပ်စင်များလည်း ထူးဆန်းသော ပြောင်းလဲမှုများ ဖြစ်လာသည်။ သူက မရေမတွက်နိုင်သော ပစ်တော့မည့် ထက်မြက်သော မြားများဖြင့် ချိန်ထားခြင်း ခံလိုက်ရသလို ဖြစ်သွားလေသည်။

အက်ဂ်လက်စ်၏ အမြင်ဖြင့် ဇိုလာက တိုင်းပြည်အဆင့် ရောက်ရှိသွားပြီဖြစ်ကြောင်း မြင်နိုင်ပေသည်။ သူက တိုင်းပြည် အဆင့်သို့ ရောက်ခါစသာ ရှိသေးသော်လည်း ဒြပ်စင် စွမ်းအားက သန့်စင်ပြီး စိတ်ကူးနိုင်သည်ထက် ကျော်လွန် နေပေသည်။ ဆာ-နဂါးဧကရာဇ်က ချန်လွေ့ တစ်ခါက ပြောခဲ့ဖူးသော [ ဒြပ်စင်(၆)ခု ပိုင်နက် ]အကြောင်းကို တွေးလိုက်မိသည့်အခါ ထိတ်လန့်သွားတော့သည်။

“မှော်ဒြပ်စင်စွမ်းအားလား။” ရင်ပြားလိုလီက ထူးထူးဆန်းဆန်း ပြုံးလိုက်၏။ “မိန်းမလှလေး။ မင်း အခု ရင်ဆိုင်နေတာက မှော်ပြီးတဲ့ နဂါးနက်ဆိုတာကို သိရဲ့.....”

သူ စကားပြောမပြီးသေးခင်မှာပင် သူ့ပတ်ပတ်လည်ကို လျှပ်စီးပွင့်များ ဝိုင်းရံသွားခဲ့သည်။ ရင်ပြားလိုလီ၏ မျက်နှာ အမူအရာက ရုတ်တရက် ပြောင်းလဲသွားတော့သည်။ သူ၏ ခန္ဓာကိုယ် တုန်လှုပ်သွားခဲ့ပြီး နောက်ဆုံး၌ မထိန်းနိုင်တော့ဘဲ ဒူးတစ်ဖက် ထောက်လိုက်ရသည်။ လျှပ်စီးပွင့်များက ချက်ချင်းပင် မီးတောက်တစ်ခုအဖြစ် ပြောင်းလဲပြီးနောက် လာလာရီယာကို ရစ်ပတ်ကို လောင်ကျွမ်းစေ‌တော့သည်။

ထိုအရာက တိုင်းပြည်အဆင့်သို့ ရောက်ရှိပြီးနောက် ဇိုလာ ရရှိခဲ့သော အထူးပါရမီ မှော်ပြီးခြင်းဖိနှိပ်မှုပင် ဖြစ်လေသည်။ ထိုအရာက ရန်သူ၏ မှော်ခုခံမှုကို လျစ်လျူရှုနိုင်ရန် အခွင့်အရေး သိသိသာသာ ရှိလေသည်။

အက်ဂ်လက်စ်က မျက်ခုံးပင့်လိုက်သော်လည်း ဇိုလာကို မတားခဲ့ပေ။ မီးတောက်ထဲမှ ပုံရိပ်က တဖြည်းဖြည်း ထလာပြီးနောက် မီးတောက်က ပုံရိပ်၏ စုပ်ယူခြင်း ခံလိုက်ရသကဲ့သို့ပင် အလျင်အမြန် ပျောက်ကွယ်သွားသည်။

“မင်းက တကယ်ပဲ နဂါးနက်ရဲ့ မှော်ပြီးတဲ့ ခန္ဓာအမျိုးအစားကို ဖောက်ထွင်းနိုင်ခဲ့တယ်။ ဒီလောက် သန့်စင်ပြိးတော့ အင်အားကြီးတဲ့ မှော်စွမ်းအား။ ဒီလို စွမ်းအားမျိုးကို အခုမှ တွေ့ဖူးတာ။ ဒါက တိုင်းပြည်အဆင့် ကနဦးပိုင်းပဲ ဖြစ်ပေမဲ့ မင်းရဲ့စွမ်းအားက အဲဒီအဘိုးကြီးတွေ ထက်ကို ပိုပြီးတော့ သာလွန်နေပြီ။” ရင်ပြားလိုလီက အကျင့်အတိုင်း ရှိမနေတော့သော နှုတ်ခမ်းမွှေးကို ပွတ်သပ်လိုက်၏။ “ကံဆိုးချင်တော့ ငါ့မှာ ရှိတာက မှော်ပြီးတဲ့ ခန္ဓာအမျိုးအစားတင် မဟုတ်ဘူး။ မှော်ပညာ အားလုံးရဲ့ ဝိပါက်ဖြစ်တဲ့ ဒြပ်စင်ဝါးမျိုခြင်း ပါရမီ ရှိနေတာပဲ။”

ရုတ်တရက် ရင်ပြားလိုလီက တစ်စုံတစ်ခုကို ခံစားလိုက်ရ၏။ သူက ခေါင်းမော့လိုက်ရာ အရောင်စုံ လင်းလက်နေသော ဖောက်ထွင်းမြင်ရသည့် ဧရာမ လက်သီး တစ်ခုက ဘယ်ကမှန်းမသိ ပေါ်ထွက်လာပြီး သူ့ကို ထိုးချလိုက်သည်ကို မြင်လိုက်ရသည်။ ရင်ပြားလိုလီက လက်ကို ဆန့်ထုတ်ပြီး လေထဲမှာ ဧရာမလက်ကို ကိုင်လိုက်၏။ လက်သီးအမြန်နှုန်းက တဖြည်းဖြည်း နှေးသွားပြီး လိုလီ၏ ခြေထောက်က ကြီးမားလှသော ဖိအားကြောင့် မြေကြီးထဲ နစ်ဝင်လာခဲ့သည်။ ထိုအရာက ပတ်ပတ်လည်၌ အက်ဂ်လက်စ် တိတ်တိတ်လေး အကာအကွယ် စွမ်းအား ခင်ကျင်းထားပြီး အခါတွင်ပင် ဖြစ်၏။ သို့မဟုတ်ပါက ခြံဝန်းတစ်ခုလုံးပင် ပြိုလဲတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ပေသည်။

ဧရာမလက်သီးနှင့် လိုလီလေး၏ လက်ကြားမှ အကွာအဝေးက တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့ပြီး လာလာရီယာက ဖိအားကို မခံနိုင်တော့ပေ။ သူက ဒူးက မြေကြီးထဲသို့ နစ်ဝင်နေခဲ့ပြီး ရုတ်တရက် သူ၏ မျက်လုံးများက အနက်ရောင်မီးတောက်များ လောင်ကျွမ်းသွားကာ ခန္ဓာကိုယ်လည်း ရုတ်တရက် အရပ်ရှည်လာတော့သည်။

ရိုးရိုးရှင်းရှင်း အရပ်ရှည်လာခြင်း မဟုတ်ဘဲ သူ၏ ပုံရိပ်နှင့် အသွင်အပြင်ပါ ပြောင်းလဲသွားခြင်း ဖြစ်သည်။ ယခင်ကဲ့သို့ ၁.၄မီတာ အရပ်ရှိ ရင်ပြားလိုလီ မဟုတ်တော့ဘဲ ယခုတွင် အသက်(၁၈)နှစ်အရွယ် မိန်းမလှလေးတစ်ယောက် ဖြစ်သွားကာ အရပ်အမြင့်က ၁.၆ မီတာ ဖြစ်သွားခဲ့သည်။ ခန္ဓာကိုယ်ပုံစံအရ သူက ပြည့်ပြည့်ဖြိုးဖြိုး၊ ခပ်မိုက်မိုက် မဟုတ်သော်လည်း ယခင် “ရင်ပြား”ဟူသော ဂုဏ်ပုဒ်ကို လုံးဝ စွန့်ပယ်ကာ ငယ်ရွယ်နုပျိုပြီး အသက်ဓာတ်များ ပြည့်နှက် နေလေတော့သည်။

ပြောင်းလဲသွားသည်မှာ ၎င်းတို့သာ မကဘဲ [ သရုပ်ခွဲ မျက်လုံး ] ထဲ၌ သူ၏ စွမ်းအားအကဲဖြတ်မှုကလည်း SS (SS+) သို့ ရောက်ရှိသွားခဲ့သည်။ ယခင်က SS- (SS) ဖြစ်၏။ ချန်လွေ့၏ လက်ရှိအမြင်နှင့် အတွေ့အကြုံဖြင့်ပင် လာလာရီယာက ကိုယ်ပိုင်စွမ်းအားကို ချိပ်ပိတ်ရန်အတွက် အထူးစွမ်းအားတစ်ခုကို အသုံးပြုခဲ့လောက်ကြောင်း ခန့်မှန်းမိလေသည်။ အဆင့်ပိုမြင့်သော စွမ်းအားကို အသုံးပြုရန်အတွက် ချိပ်ပိတ်ကို ဖျက်ရန် လိုအပ်ပေသည်။

၎င်းကို ကြည့်ခြင်းအားဖြင့် လာလာရီယာက အစွမ်း အထက်ဆုံးဖြစ်သော တိုင်းပြည်အဆင့် ထိပ်သီးပိုင်း စွမ်းအားကို အသုံးပြုခဲ့လျှင် သူက ဆင်တူသော အသွင် ပြောင်းလဲမှုတစ်ခုကို အသက်သွင်း နိုင်လောက်ပေသည်။

ရင်ပြားလိုလီမှ ငယ်ရွယ်သော ဆယ်ကျော်သက် အဖြစ်သို့ ပြောင်းလဲပြီးနောက် လေထဲမှ ဧရာမလက်သီးက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ လာလာရီယာ၏ ခန္ဓာကိုယ်က မအိကျသွားတော့ဘဲ လက်များက လက်သည်းပုံစံ ဖြစ်သွားလေသည်။ ထို့နောက် သူက ဧရာမလက်သီးကို ညှစ်ပြီး ဖိခြေလိုက်တော့သည်။

‌

All Chapters