← Chapters

နောက်ဆုံးပွဲ

Vol. 52 Ch. 850

နောက်ဆုံးပွဲ

Vol. 52 Ch. 850

တိုင်းပြည်အဆင့် အလတ်ပိုင်းသို့ တဟုန်ထိုး တိုးတက် သွားခဲ့သော လာလာရီယာက လက်သီးကို အလွယ်တကူပင် ဖိခြေလိုက်သည်။ သူ၏ အနက်ရောင် မျက်လုံးများက ဆွဲဆောင်မှုရှိသော အလင်းရောင်တစ်ခု ပြသလိုက်ပြီး ဇိုလာ၏ ခန္ဓာကိုယ်ကို လှည့်ပတ်ကြည့်လိုက်သည်။ ရုတ်တရက် သူက ရန်လိုမှုကို ရုပ်သိမ်းပြီး ထူးထူးဆန်းဆန်း ပြုံးလိုက်၏။

“မိန်းမလှလေး။ ကျုပ် ခင်ဗျားကို အထင်းသေးခဲ့မိတာ ဝန်ခံပါတယ်။ ခင်ဗျားက ကျုပ် မြင်ဖူးသမျှထဲမှာ အစွမ်း အထက်ဆုံးနဲ့ အလှပဆုံး မိန်းမလှတစ်ယောက်ပါ။ ပြီးတော့ ရှင်က ရှားပါးတဲ့ နတ်မိမယ်နဂါးလည်း ဟုတ်တယ်။ ကျုပ် ဆုံးဖြတ်လိုက်ပြီ။ ကျုပ်က နဂါးကျွန်းပလ္လင်ကို ဆက်ခံပြီးရင် ခင်ဗျားက နန်းတော်ရဲ့ ဘုရင်မ ဖြစ်လာမယ်။ မစ်-ခီရာ၊ မစ်-ဟယ်လင်နဲ့ မစ်-အစ်ဇဘယ်လာတို့ကတော့ မနာလိုဖြစ်စရာ မလိုပါဘူး။ ခင်ဗျားတို့(၃)ယောက်ကလည်း ကျုပ် သဘော အကျဆုံး ကိုယ်လုပ်တော်တွေ ဖြစ်နေမှာပါ။”

နင့်မေကြီးဒေါ်ကို မနာလို...

ချန်လွေ့က ထိုလိင်တူကြိုက်သူ နဂါးအား ပြောစရာ မဲ့သွားတော့သည်။ ဆာ-အက်ဂ်လက်စ်ကလည်း တစ်ခုခု ပြောချင်နေသကဲ့သို့ မျက်နှာတွန့် သွားသော်လည်း ခါးသက်သက်နှင့် မျိုချလိုက်ရသည်။

ဇိုလာက လာလာရီယာကိုပင် မကြည့်ခဲ့ပေ။ သူက ချန်လွေ့ထံ ဖြည်းဖြည်းချင်း လျှောက်သွားပြီး လည်ပင်းကို ပွေ့ဖက်လိုက်၏။ ချန်လွေ့ကလည်း ပြုံးပြပြီး လက်မောင်းထဲမှ ရင်းနှီးပြီး နွေး‌ထွေးသော ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက် လေသည်။ “ပြန်လည်ကြိုဆိုပါတယ်။ ဇိုလာ။”

ယခင်တစ်ခေါက် သက်တန့်တောင်ကြားနေရာလွတ် ပြိုလဲပြီးနောက် အားလုံးအရှေ့သို့ ဇိုလာ ယခုမှ ရောက်လာခြင်း ဖြစ်သည်။ ပန်းဥယျာဉ်မှ နေရာလွတ် လမ်းကြောင်းကို ပြန်လည်ပြင်ဆင်ပြီးလောက်လေပြီ။ ဆိုလိုသည်က ဇိုလာသည် ဥပဒေသစွမ်းအားကို လုံးဝ ကျွမ်းကျင်ပြီး စစ်မှန်သော တိုင်းပြည်အဆင့် ဖြစ်လာကြောင်း ပြောနေခြင်းပင်။

“ခင်ဗျားကလည်း သူ့အပိုင်ပဲလား....ငါ လုံးဝ ဒေါသ ထွက်သွားပြီ။” လာလာရီယာက မျက်လုံးကိုပင် မယုံနိုင်ခဲ့ပေ။ အစ်ဇဘယ်လာနဲ့ တခြားသူတွေ အပြင်ကို ငါ ခန့်ထားတဲ့ နဂါးကျွန်း ဘုရင်မလောင်းတောင် ဒီ‌ကောင်ရဲ့မိန်းမ ဖြစ်နေတယ်.....

“ငါ မင်းကို အရာအားလုံး ဆုံးရှုံးအောင် လုပ်ရမယ်။ ပြီးရင် မင်းမိန်းမတွေ အားလုံးက ငါ့အပိုင် ဖြစ်လာလိမ့်မယ်။”

ဇိုလာက ချန်လွေ့က လူပုံအလယ်၌ ပွေ့ဖက်နေသည်ကို မနာလိုဖြစ်နေသော အစေခံမလေးက တိုးတိုးလေး နှာမှုတ်လိုက်၏။ “မဒမ်-လာလာရီယာ။ ကြည့်ရတာ ရှင်က အခု အရာအားလုံး ဆုံးရှုံးနေတဲ့သူ ဖြစ်နေတဲ့ပုံပဲ။”

လာလာရီယာ၏ အမူအရာက အေးခဲသွားခဲ့ပြီးနောက် ညည်းတွားလိုက်သည်။ “ချန်လွေ။ အခု ငါတို့ နောက်ဆုံးပွဲ စကြတာပေါ့။ မဟုတ်လို့ကတော့ ငါ့ရဲ့ ပိုင်ဆိုင်မှုတွေ မပြောနဲ့၊ မိုးကြိုးနိုက်ထရိတ် မိုင်းတွင်း တဝက်တောင် ရဖို့ မစဉ်းစားနဲ့။”

အစ်ဇဘယ်လာက ပြောလိုက်သည်။ “မဒမ်-လာလာရီယာ။ ဒီ“နောက်ဆုံး”ပွဲကို ရှုံးပြီးရင် လောင်းကြေးတွေ ငြင်းမှာ မဟုတ်ဘူးလို့ ကျွန်မတို့ ဘာလို့ ယုံကြည်ရမှာလဲ။”

“ကျုပ်က သူ့ကို ရှုံးမယ် ဟုတ်လား။” လာလာရီယာက အဓိပ္ပာယ်မရှိသော ပြက်လုံးတစ်ခု ကြားလိုက်ရသလို ခံစား လိုက်ရသည်။ သူက ချန်လွေ့ကို ကြည့်နေစဉ် အထင်သေးမှုနှင့် ရွံရှာမှုတို့ကို မဖုံးကွယ်ထားခဲ့ပေ။

“နှုတ်ကတိက ဘာမှအဓိပ္ပာယ် မရှိဘူး။ စာချုပ် ချုပ်ကြရင်ကော။”

လာလာရီယာက မျက်လုံးလှန်လိုက်သည်။ “ကောင်းပြီ။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ သူ ရှုံးရင် ခင်ဗျား ကျုပ်နဲ့ လိုက်ခဲ့ရမယ်။”

အစ်ဇဘယ်လာက ပြုံးလိုက်သည်။ “နဂါးဧကရာဇ်လည်း ဒီလိုမျိုး ‌တောင်းဆိုခဲ့တာကို မဒမ်-လာလာရီယာ သိလား။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ....”

“အိုး....” လာလာရီယာ၏ မျက်လုံးများ တောက်ပသွား၏။ “အဘိုးကြီးက....မိန်းမတစ်ယောက်ကို ဖျား‌ယောင်းတာ ကျရှုံးသွားခဲ့တယ်လား။ လှပတဲ့ မစ်-အစ်ဇဘယ်လာ။ ခင်ဗျားက တကယ့်ကို အံ့သြစရာတွေ ပြည့်နေတာပဲ။ စိတ်မပူပါနဲ့။ ကျုပ်က အဲဒီ အထင်ကြီးစရာ ရုပ်ရည်တစ်ခုပဲ ရှိတဲ့ အသုံးမကျတဲ့ အဘိုးကြီးထက် အများကြီး သာတယ်။ ကျုပ် ခင်ဗျားကို သေချာပေါက် ပိုင်ဆိုင်မှာပါ။”

နဂါးဧကရာဇ်က ဝိုင်သီးသွားခဲ့ပြီး အချိန်အတော်ကြော ချောင်းဆိုးနေကာ ရင်ဘတ်ကို ထုရိုက်နေတော့သည်။ သူက သမိုင်းကြောင်းထဲ၌ ဝိုင်သီးပြီး သေသွားသော ပထမဆုံး နတ်ဘုရား-ယောင် အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လုမတတ် ဖြစ်သွားခဲ့လေသည်။

“ဟိုးဟိုး....” ယခင်ကကဲ့သို့ ထူးထူးဆန်းဆန်း ရယ်သံပင်။ မဒမ်-ဒေါ်လေးက လက်မောင်းကို လွှတ်လိုက် သော်လည်း လက်တစ်ဖက်က ဇိုလာ၏ ခါးတွင် ရှိနေသေးသော တစ်စုံတစ်ယောက်ကို ဖျတ်ခနဲ ကြည့်ရင်း နောက်ထပ် ဆွဲဆောင်မှုတစ်ခု ပြသလိုက်၏။ “ကောင်းပြီလေ။ ကတိပေးတယ်။”

“ကျွန်မကိုလည်း ထည့်တွက်လိုက်။” အစေခံမလေးက ပြောလိုက်သည်။ ကဝေမ၏ ဆဋ္ဌမအာရုံက အချို့သော နေရာများ၌ အတော်လေး တိကျပေသည်။

“အစ်ဇဘယ်လာ၊ ခီရာ၊ မင်းတို့တွေ.....” အသေအချာပင် ဗျူဟာက အောင်မြင်သွားခဲ့၏။ ချန်လွေ့၏ အာရုံက အသေအချာပင် နတ်မိမယ်နဂါးထံမှ ထိုဉဏ်များသော မိန်းမများထံသို့ ရောက်လာခဲ့လေသည်။

“သိပ်ကောင်းတယ်။” လာလာရီယာက စိတ်အား တက်ကြွနေပုံရသည်။ သူက လက်ကို ဝှေ့ရမ်းလိုက်ရာ စာချုပ်တစ်ခု ချက်ချင်းပေါ်လာပြီး ချန်လွေ့အရှေ့သို့ ရောက်လာသည်။ “နောက်ဆုံးပွဲကို လုပ်ကြတာပေါ့။ မင်း ရှုံးရင် နိုင်ခဲ့တဲ့ အကျိုးအမြတ်တွေအကုန် ပြန်ပေး။ အစ်ဇဘယ်လာနဲ့ ခီရာက ငါ့နောက်ကို လိုက်ရမယ်။ မင်းငါ့ကို နိုင်မယ်ဆိုရင် လေနဂါးကျွန်းနဲ့ ငါ့ပိုင်ဆိုင်မှုတွေက မင်းအပိုင်ပဲ။ မင်းအတွက် ငါ လျို့ဝှက်ချက်ကို ထိန်းသိမ်းထားပေးမယ်။ ပြီးတော့ အဘိုးကြီးရဲ့ ဆန္ဒကိုလည်း လိုက်နာပြီးတော့ ငါ့ကို ပိုးပန်းဖို့ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။”

တော်စမ်းပါ။ မင်းလို ယောက်ျားလျာကို ဘယ်သူက ပိုးပန်းချင်တာလဲ။ ချန်လွေ့ ရေရွတ်လိုက်၏။ အစ်ဇဘယ်လာနှင့် ခီရာတို့၏ လုပ်ရပ်များက လာလာရီယာကို နဂိုအတိုင်းဖြစ်အောင် လုပ်ရန် မဖြစ်နိုင်သော်လည်း ချန်လွေ့က လက်ခံရန် ရွေးချယ်လိုက်သည်။ သို့သော် လာလာရီယာ၏ စကားလုံးများက အတော်လေး အပြောင်းအလဲ ရှိနိုင်ပေသည်။ သူက အခွင့်အရေးတစ်ခု ပေးခြင်းသာဖြစ်ပြီး အတူအိပ်ခြင်း သို့မဟုတ် မောင်းမဆောင်ထဲ ဝင်ခြင်းတို့ကို မပြောခဲ့ပေ။ ထိုအချိန် သူက ပယ်ချပြီး မေ့လိုက်၍ ရနိုင်သည်။ မည်သို့ပင် ဆိုစေကာမူ နှစ်ဖက်လုံးက အချင်းချင်း သဘောမကျကြပေ။

ချန်လွေ့က စာချုပ်ကို လက်ခံလိုက်သည်ကို မြင်သည့် အခါ လာလာရီယာက ရယ်လိုက်ပြီး မထိန်းချုပ်ထားသော အဟုန်က လှိမ့်တက်လာတော့သည်။ “ငါက ဒီစက်ဝိုင်းထဲမှာ ရှိနေမယ်။ မင်း ဘယ်လိုပဲ တိုက်ခိုက် တိုက်ခိုက်၊ ငါ့ကို စက်ဝိုင်းထဲကနေ အပြင်ရောက်အောင် လုပ်နိုင်မယ်ဆိုတာနဲ့ မင်း နိုင်ပြီ။ အချိန်ကတော့ စာချုပ်မှာ ပြောထားတဲ့အတိုင်း (၁)နာရီပဲ။ မင်းရဲ့ အလကားသက်သက် လုပ်ရပ်တွေကို အကြာကြီး စောင့်ကြည့်ဖို့ စိတ်မရှည်ဘူး။”

တစ်ချိန်တည်းမှာပင် ချန်လွေ့၏နားထဲ၌ ယောက္ခထီး နဂါးဧကရာဇ်၏အသံ ထွက်ပေါ်လာခဲ့သည်။ “ငါ အကာအကွယ် လုပ်ထားပြီးပြီ။ မင်း ယုံကြည်ချက်ရှိရှိ လုပ်ချင်တာ လုပ်လို့ရတယ်။ အူးကလီးရက်စ်ကို အနိုင်ယူခဲ့တဲ့ စွမ်းအားကို....ပြကြည့်။”

ချန်လွေ့က အသာလေး ခေါင်းညိတ်လိုက်သည်။ ဇိုလာက သူ့ကို နမ်းလိုက်ပြီး အစ်ဇဘယ်လာနှင့် အခြားသူများနှင့် အတူ နောက်ဆုတ်သွား၏။

“မဒမ်-လာလာရီယာ။ ခင်ဗျား ကျုပ်ကို လျှော့တွက် ခဲ့တယ်။”

“လျှော့တွက်ခဲ့တယ် ဟုတ်လား။ စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာတွေနဲ့ အချိန်လာမဖြုန်းဖို့ အကြံပေးလိုက်မယ်။” လာလာရီယာက သရော်ပြုံး ပြုံးလိုက်၏။ “ငါ့မှာ မင်းအတွက် စကားတစ်ခွန်း ရှိတယ်။ အကြွင်းမဲ့ စွမ်းအားအရှေ့မှာ ဘယ်လှည့်ကွက်မဆိုက အချည်းနှီးပဲ။”

“ကျုပ်ရဲ့လက်ရှိစွမ်းအားက ခင်ဗျားရဲ့ ထိပ်သီး အခြေအနေကို အနိုင်မယူနိုင်လောက်ဘူး။ ဒါပေမဲ့ ဒီစက်ဝိုင်းကနေ အပြင်ထွက်အောင် လုပ်ဖို့ကတော့....” ချန်လွေ့ကို ခေါင်းခါလိုက်သောအခါ ရုတ်တရက် အချိန် ရပ်သွားဟန်တူကြောင်း လူတိုင်းရုတ်တရက် ခံစားလိုက်ရ၏။ ထို့နောက် ချန်လွေ့၏ မူလနေရာက ကြယ်အလင်းရောင်များ လင်းလက်နေပြီး လျို့ဝှက်ဆန်းကြယ်သော ကြယ် နိမိတ် ပုံရိပ်များ ဝိုင်းရံထားသည့် ပုံရိပ်တစ်ခု ဖြစ်သွား၏။ ချစ်ချစ်တောက် အငွေ့အသက်တစ်ခုက ကြယ်အလင်းထဲ၌ ရေးရေးလေး ပေါ်လွင်နေခဲ့သည်။ လာလာရီယာ ထုတ်လွှတ်နေသော နဂါးအငွေ့အသက်နှင့် အဟုန်တို့ကို ထိုအငွေ့အသက်က ဝိုင်းရံလိုက်သောအခါ ၎င်းတို့က အဆက်မပြတ် ပယ်ဖျက်ခံလိုက်ရလေသည်။

ချန်လွေ့က အသွင်ပြောင်းချိန်နှင့် [ ကြယ်ပြာတိုင်းပြည်]၊ [နွေပိုင်နက်]တို့ကို အသက်သွင်းရန် အချိန်ကို ဖိနှိပ်ရန် အချိန်ဥပဒေသကို အသုံးပြုလိုက်ပြီး လာလာရီယာအား အစွမ်းအထက်ဆုံး တိုက်ကွက်ဖြင့် အလစ်တိုက်ခိုက်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်၏။

ချန်လွေ့၏ [ ဓူဝံကြယ်ပြာအသွင်ပြောင်းခြင်း ] ကို မြင်သည့်အခါ အက်ဂ်လက်စ်၏ ပထမဆုံး တုံ့ပြန်မှုက [ယုံကြည်မှုချပ်ကာ] ဖြစ်သည်။ ထို့နောက် သူက [ကြယ်စင်စုပိုင်နက်]မှ သန့်စင်ပြီး အင်အားကြီးသော တိုင်းပြည်စွမ်းအားကို ခံစားလိုက်မိရာ ထိုအရာက [ယုံကြည်မှုချပ်ကာ] မဟုတ်ဘဲ တကယ့်တိုင်းပြည်စွမ်းအား ဖြစ်ကြောင်း ခံစားလိုက်ရ၏။

ချန်လွေ့၏ [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ကို ဇိုလာ ပထမဆုံး မြင်ဖူးခြင်းဖြစ်ပြီး မျက်မှန်နောက်မှ အကြည့်က ပျော်ရွှင်မှုနှင့် ဂုဏ်ယူမှုတို့ ရောယှက်သွားခဲ့သည်။

လာလာရီယာ၏ အကြည့်က အလွန်အမင်း လေးနက် သွားခဲ့သည်။ ပြိုင်ဘက်၏ စွမ်းအားက မျှော်လင့်ထား သည်ထက် ကျော်လွန်နေခြင်းကြောင့် မကဘဲ သူ့စိတ်ထဲမှ ပြင်းထန်သော အန္တရာယ်တစ်ခုကြောင့်လည်း ဖြစ်သည်။ ရန်သူက ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုကို အသုံးပြုတော့မည် ဖြစ်သည်။ သူက စွမ်းအားကို အဆုံးစွန် အထိ လည်ပတ်လိုက်မိသည်။ ခဏအကြာ ထိုခံစားချက်က ချက်ချင်းပင် တကယ့်လက်တွေ့ ဖြစ်သွားတော့သည်။

လာလာရီယာ၏ မျက်လုံးအရှေ့တွင် ကြောက်စရာနှင့် သောင်းကြမ်းမှုများ ပြည့်နေသော ပင်လယ်နီတစ်ခု ပေါ်ထွက်လာခဲ့သည်။ ကွေ့ကောက်နေသော သွေးနီရောင် သားရဲများကို တကယ့် နဂါးကဲ့သို့ပင် သူ့ကို မွေးရာပါ အဟန့်အတား ခံစားချက်တစ်မျိုး ပေးစွမ်းနေ၏။ ထိုကဲ့သို့ နဂါးက ခေါင်း(၁၀၀) ရှိနေပြီး အံံ့သြဖွယ်ရာ အငွေ့အသက်နှင့် ဟိန်းဟောက်နေ၏။ ရှောင်တိမ်းရန် လုံးဝ မဖြစ်နိုင်ပေ။

လာလာရီယာက အသက်အန္တရာယ်ကို ခြိမ်းခြောက် နိုင်သော အငွေ့အသက်ကို ခံစားလိုက်မိဘဲ မစဉ်းစားတော့ဘဲ အသံကျယ်ကျယ် အော်ဟစ်လိုက်၏။ သူ၏မျက်လုံးက ရွှေနီရောင် ပြောင်းသွားပြီး မျက်လုံးများက ချက်ချင်းပင် ရက်စက်သွားတော့သည်။ သူ၏လက်နောက်ဘက်တွင် အနီနှင့် အနက်ရောင် မှော်စာများ ပေါ်ထွက်လာ၏။ [ထိန်းမရသိမ်းမရ] ပါရမီကို အသက်သွင်းပြီးနောက် ၎င်းက သူ၏ စွမ်းအားကို ကြီးကြီးမားမား တိုးတက်စေခဲ့သည်။ သူက လက်ကိုဖြန့်ပြီး [ မီးသင့်နဂါးဟိန်းသံ ] ကို အတင်း ခုခံရန် ရည်ရွယ်ထားလေသည်။

သို့သော်လည်း သူက ထိန်းထားမနိုင်ဘဲ သူ့ပုံရိပ်က အလိုလို နောက်ဆုတ်သွားနေရသည်။ ထိုမီးသင့်နဂါး ပင်လယ်က မျက်စိတစ်မှိတ် အတွင်းမှာပင် လာလာရီယာကို ရစ်ပတ်သွားခဲ့သည်။ အပြင်ဘက်၌ ဧရာမ ခန္ဓာကိုယ်များ တွန့်လိမ်သွားလာနေသော သွေးပင်လယ်တစ်ခုကိုသာ မြင်နိုင်ပြီး အပိုလှုပ်ရှားမှုများ ရှိမနေပေ။ သို့သော်လည်း ကြယ်ကြွေတမန် မြို့တော်ရှိ တော်ဝင်ပြိုင်ကွင်းထဲ၌ တိုက်ပွဲကို ကြည့်ခဲ့သော အစ်ဇဘယ်လာနှင့် အခြားသူများက ထိုတိုက်ကွက်သည် မည်မျှ ကြောက်စရာကောင်းကြောင်း သိကြသည်။ သို့သော အက်ဂ်လက်စ်က ရိုင်ဇန်ထက် များစွာ အစွမ်းအစ သာလွန်သည်။ [ မီးသင့်နဂါးဟိန်းသံ ] က မည်မျှပင် အစွမ်းထက်စေကာမူ နတ်ဘုရား-ယောင်အဆင့် အကာအကွယ်စွမ်းအားကို လှုပ်ခါနိုင်မည် မဟုတ်ပေ။

မီးသင့်နဂါးများက ဆက်လက်၍ လှုပ်ရှားနေခဲ့သည်။ ရုတ်တရက် မီးသင့်နဂါး အုပ်လိုက်ကြီး ရွေ့သွားခဲ့ပြီး ပြင်းထန်သော တုန်ခါမှုတစ်ခုနှင့်အတူ နက်မှောင်သော အက်ကြောင်းတစ်ခု ပေါ်ထွက်လာပြီး မီးသင့်နဂါး ပင်လယ်ထဲ ပျံ့နှံ့သွားတော့သည်။ နောက်ဆုံးတွင် ဝုန်းခနဲ မီးသင့်နဂါး တစ်အုပ်လုံး စုတ်ပြတ်သတ်သွားကာ အစအနမကျန် ပျောက်ကွယ် သွား‌တော့သည်။

ချန်လွေ့က အစွမ်းအထက်ဆုံး အခြေအနေ၌ [ မီးသင့်နဂါး ဟိန်းသံ ] ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ အတင်း ပယ်ဖျက်ခံရသည်မှာ ပထမဆုံး ဖြစ်၏။ ပြန့်ကျဲ သွားသော အနီရောင်စွမ်းအင်ထဲ၌ ပုံရိပ်တစ်ခုက ထင်ရှား လာခဲ့သည်။ ယခင်ကဲ့သို့ ကောင်မလေးငယ်ငယ် မဟုတ်တော့ဘဲ လှပသော အသွင်အပြင်နှင့် ဆွဲဆောင်မှု ရှိသော ခန္ဓာကိုယ်ရှိသည့် ရင့်ကျက်သော အမျိုးသမီး တစ်ယောက် ဖြစ်နေသည်။ အစ်ဇဘယ်လာနှင့် ဇိုလာတို့နှင့် ယှဉ်လျှင် သူက သိပ်ပြီး နောက်ကျကျန်မနေပေ။ သူက ဆံပင် ခပ်တိုတို ပုံစံနှင့် အဝတ်စားကို ဝတ်ထားပြီး ထူးထူးခြားခြား ဆွဲဆောင်မှု ရှိနေ၏။

မျိုးနွယ် - နဂါး(နဂါးနက်)

စွမ်းအားအကဲဖြတ်မှု - SS+

ခန္ဓာအမျိုးအစား - SS+

ခွန်အား - SS+

စိတ်ဝိညာဉ် - SS+

အမြန်နှုန်း - SS+

[ စိစစ်မှု ] - အဆင့်မြင့်မှော်ပြီးခန္ဓာအမျိုးအစား၊ ဒြပ်စင် ဝါးမျိုခြင်း၊ [ စိတ်ဝိညာဉ်နတ်ဆိုးမျက်လုံး ]၊ [ထိန်းမရသိမ်းမရ]

အန္တရာယ်အဆင့် - အလွန်အမင်း မြင့်မား။

တိုင်းပြည်အဆင့် ထိပ်သီးပိုင်း။ လာလာရီယာရဲ့ ပြီးပြည့်စုံတဲ့အသွင်။ ရင်ပြားလိုလီကနေ မိန်းကလေးငယ်လေး၊ ပြီးတော့ ရင့်ကျက်တဲ့ မိန်းမလှတစ်ယောက် ဖြစ်လာတယ်။ ဒါကို “သိပ္ပံနည်းမကျဘူး”ဆိုတဲ့ စကားတစ်လုံးပဲ ရှင်းပြလို့ ရနိုင်မယ်။

“တောက်...” လာလာရီယာက ဒဏ်ရာ မရခဲ့သော်လည်း အလွန် ပင်ပန်းနေပုံရသည်။ သူ၏လက်မောင်းပေါ်မှ အနီနှင့် အနက် မှော်စာများက စုတ်ပြဲသွားသော အင်္ကျီ လက်အောက်မှ ပေါ်ထွက်လာခဲ့သည်။ မျက်လုံးနီနီမှ သတ်ဖြတ်ချင်စိတ်များ ထုတ်လွှတ်နေ၏။ သူက တိုက်ခိုက်ရန် ပြင်လိုက်စဉ် ပတ်ပတ်လည်ရှိ ထိကိုင်မရသော စွမ်းအား တစ်ခုကို အာရုံခံလိုက်မိသည်။

ထိုစွမ်းအားက ခုခံ၍ မရအောင် အစွမ်းထက်ပြီး [ထိန်းမရသိမ်းမရ] စွမ်းအားကို အလျင်အမြန် ကွယ်ပျောက် သွားစေခဲ့သည်။ တဖြည်းဖြည်းနှင့် မှော်စာများက အစအန မကျန်ဘဲ ပျောက်ကွယ်သွားပြီး လာလာရီယာ၏ မျက်လုံး နီနီလည်း အနက်ရောင် ပြန်ပြောင်းသွားသည်။ အက်ဂ်လက်စ်က ဘေးသို့ ရောက်လာ၏။ “လာလာရီလာ။ ချိပ်ပိတ်ကို အတင်းပယ်ဖျက်ဖို့ မကြိုးစားနဲ့။ နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်တာက ဘာမှ မကောင်းဘူး။ ပြီးတော့လည်း .... မင်းက ရှုံးသွားပြီ။”

လာလာရီယာက အနည်းငယ် တုန်လှုပ်သွားပြီး ခြေထောက်ကို ကြည့်လိုက်၏။ သူက စက်ဝိုင်း အပြင်သို့ ရောက်နေခဲ့လေသည်။

ကြောက်မက်ဖွယ်ရာ အ‌ငွေ့အသက်က နောက်ဆုံးတွင် ကွယ်ပျောက်သွားခဲ့ပြီး သူ၏ပုံရိပ်က အလျင်အမြန် ပြောင်းလဲ သွားခဲ့သည်။ ရင့်ကျက်သော မိန်းမလှမှ မိန်းကလေးငယ် ထို့နောက် နဂို ရင်ပြားလိုလီ ပြန်ဖြစ်သွားတော့သည်။

“မဒမ်-လာလာရီယာ။” ချန်လွေ့က ဆက်လက်၍ မတိုက်ခိုက်တော့ဘဲ မူလအသွင်သို့ ပြန်ပြောင်းလိုက်သည်။ “ခင်ဗျားက ကျုပ်ကို တကယ် လျှော့တွက်ခဲ့တယ်။ မဟုတ်ရင် ရှုံးလိမ့်မှာ မဟုတ်ဘူး။”

“ပါးစပ်ပိတ်ထား။” ရင်ပြား လိုလီ၏ မျက်လုံးများက အနည်းငယ် နီရဲနေခဲ့သည်။ “ရှုံးတာက ရှုံးတာပဲ။ နိုင်တာက နိုင်တာပဲ။ စာချုပ်အတိုင်းဆိုရင် လေနဂါးကျွန်းနဲ့ ငါ့ရဲ့ ကြွယ်ဝမှုတွေက မင်းအပိုင်ပဲ။”

“လာလာရီယာ....” အက်ဂ်လက်စ် ‌ရောက်လာသည်။ “သူ လိုချင်တာက လေနဂါးကျွန်းပဲ။ ကျန်တာတွေ သူ့ကို လက်လျှော့ခိုင်းလိုက်မယ်။”

“ဒါကို အသုံးချပြီးတော့ သူ့အပေါ် ကျုပ် စိတ်ကောင်း လာအောင် ကြိုးစားနေတာလား။ အဘိုးကြီး။ ခင်ဗျားရဲ့ အကွက်က အတော်လေး ဆိုးတာပဲ။” ရင်ပြား လိုလီက နဂါးဧကရာဇ်ကို စိုက်ကြည့်ပြီးနောက် ချန်လွေ့ကို ကြည့်လိုက်သည်။ “ငါ အရှုံးကို လက်ခံနိုင်တယ်။ ငါမင်းကို အခွင့်အရေး တစ်ခုပေးဖို့ ကတိပေးခဲ့တယ်။ ဒါပေမဲ့ ငါ့ရဲ့ အကုန်လုံးကို အဆံုးရှုံးခံဖို့ ကတိမပေးခဲ့ဘူး။ မင်းက နောက်နှစ် သိုင်းပြိုင်ပွဲမှာ ဝင်ပါမယ်လို့ အိုလီဖီးရက်စ် ပြောခဲ့တာ မဟုတ်လား။ ငါလည်း အဲဒီမှာ ဝင်ပြိုင်မယ်။ အဲဒီမှာ မင်းငါ့ကို အနိုင်ရရင် ငါက မင်းရဲ့ ဇနီးလောင်းပဲ။”

ထိုသို့ ပြောပြီးနောက် ဒေါသထွက်နေသော ရင်ပြား လိုလီက ခြေထောက်ကို ဆောင့်နင်းပြီး အနက်ရောင် အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူက မျက်စိ တစ်မှိတ်အတွင်းပင် ကောင်းကင်ထဲသို့ ပျောက်ကွယ်သွား၏။

ဆာ-နဂါးဧကရာဇ်က ပြုံးဖြီးဖြီးလုပ်နေရင်း ခြေထောက်ကို ကိုင်ရာ ထခုန်လိုက်၏။ ရင်ပြားလိုလီသမီးလေးက အဖေ ဖြစ်သူ၏ ခြေ‌‌ထောက်ကို ထွက်မသွားခင် နင်းခဲ့သည်မှာ အသေအချာပင်။

All Chapters