← Chapters

ငွေသေတ္တာ၏ လျို့ဝှက်ချက်များ

Vol. 52 Ch. 851

ငွေသေတ္တာ၏ လျို့ဝှက်ချက်များ

Vol. 52 Ch. 851

“တော်တယ်။” အက်ဂ်လက်စ်က ရင်ပြားလိုလီနှင့် မထွက်သွားခဲ့ပေ။ ထိုအစား သူက ခြံဝင်းထဲရှိ ကုလားထိုင် အစောင်းပေါ်တွင် အေးအေးဆေးဆေး ထိုင်နေပြီး ချန်လွေ့ကို ချီးမွမ်းလိုက်၏။ “လေနဂါးကျွန်းကလွဲပြီးတော့ လာလာရီယာရဲ့ တခြားပိုင်ဆိုင်မှုတွေကို မင်း ထိလို့မရဘူး။ နောက်နှစ် အဲဒီ သိုင်းပြိုင်ပွဲမှာ မင်း လာလာရီယာကို အနိုင်ယူရမယ်။”

“ဆာ-အက်ဂ်လက်စ်။ ခင်ဗျား ခွင့်ပြုထားတာ မဟုတ်လား။” ချန်လွေ့က ကြီးကြီးမားမား အောင်နိုင် ခဲ့သော်လည်း မျက်နှာအမူအရာက အနည်းငယ် ဆိုးဝါး နေခဲ့သည်။ ယခုတစ်ခေါက် သူက အသေအချာပင် အက်ဂ်လက်စ်၏ အသုံးချခြင်းကို ခံခဲ့ရပြီး နဂါးကျွန်းမှ ထူးထူးဆန်းဆန်း ရင်ပြားလိုလီနှင့် ပတ်သက်ခဲ့ရလေသည်။ ရင်ပြားလိုလီရဲ့ စွမ်းအားနဲ့ အသွင်တွေက နတ်ဘုရားတစ်ပိုင်း အဆင့်ကို တက်လှမ်းဖို့အတွက် ချိပ်ပိတ်ထားတာ အသေအချာပဲ။ ဒီလိုမျိုး မတည်ငြိမ်တဲ့အရာက ဝင်ပြိုင်မယ် ဆိုရင် နောက်နှစ် သိုင်းပြိုင်ပွဲက အပြောင်းအလဲတွေ ရှိလာမှာ စိုးမိတယ်။

အဲဒါနဲ့ ငါ့အစီအစဉ်တွေကို ကြီးကြီးမားမား ထိခိုက်ပြီး ပျက်စီးတာတွေတောင် ဖြစ်နိုင်ချေများတယ်။

“အဲဒါက.....ချန်လွေ့။ လာလာရီယာက နည်းနည်း ထူးခြားပေမဲ့ သူက ကြင်နာတတ်ပြီးတော့ စဉ်းစားတတ်တဲ့ ကလေးတစ်‌ယောက်ပါ။” ဆာ-နဂါးဧကရာဇ်က နှာမှုတ်လိုက်သည်။ “ပြဿနာကတော့ သူက နဂါးကျွန်းရဲ့ ဧကရီလောင်း ဖြစ်နေတာပဲ။ သူက.....မင်း သိတယ် မဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းကို အားကိုးပါတယ်။”

“ခင်ဗျားက ကိုယ့်သမီးအတွက် ပြိုင်ဘက်တစ်ယောက် ထပ်ထည့်နေတာ မဟုတ်ဘူးလား။” ချန်လွေ့က အကြီးမားဆုံး အဆုံးသတ်တိုက်ကွက်ဖြစ်သည့် အိုလီဖီးရက်စ်ကို ပစ်ထည့်လိုက်သည်။ သူဌေးနောက်မှ သလင်းကျောက်နက်ဒင်္ဂါး ရေတွက်သော အမူအရာကို မြင်ပြီးနောက် မစ်-နဂါးနက်က ချက်ချင်း ခေါင်းညိတ်ပြီး အဖေဖြစ်သူကို စိုက်ကြည့်လိုက်တော့သည်။

သို့သော်လည်း ချန်လွေ့က ယောက္ခထီးကို အထင်သေးနေဆဲ ဖြစ်သည်။ ဆာ-အက်ဂ်လက်စ်က လက်ကို ဖြန့်လိုက်ပြီး လူဆိုးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ “ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းကို ငါ့သမီးနှစ်ယောက်နဲ့ ငွေကြေးတွေ အများကြီး ပေးပြီးသွားပြီ။ မင်းကသာ အခွင့်အ‌‌ရေး ယူနေတာ။ ဘာထပ်ပြီးတော့ လိုချင်သေးတာလဲ။”

ယောက္ခထီး၏ အေးဆေးတည်ငြိမ်သော အမူအရာက ချန်လွေ့ကို အမှန်တကယ် စိတ်ရှုပ်စေခဲ့သည်။ “ခင်ဗျားက တကယ်ပဲ အိုလီဖီးရက်စ်ရဲ့ အဖေအရင်းလား။”

“ဒါပေါ့။”ကိုယ်ကျင့်တရားအကြောင်း မေးသကဲ့သို့ပင် အက်ဂ်လက်စ်က ကုလားထိုင်စောင်းမှ ချက်ချင်း ခုန်ထလိုက်၏။ “အိုလီဖီးရက်စ် ဆိုတော့မှ.....မင်းက စေတန်ရဲ့ စိတ်ဝိညာဉ် အမှတ်အသားကို ပယ်ဖျက်တာ ‌တော်တယ်။ ဒါပေမဲ့ မင်း သူ့ကို မင်းရဲ့ မိန်းမတစ်ယောက်အဖြစ် တကယ် ထင်တာလား။”

“အဲဒါက....” ချန်လွေ့က ယုံကြည်မှု ကင်းမဲ့နေ၏။ အူးကလီးရက်စ် အဖြစ်အပျက်ပြီးနောက်တွင် သူ့အပေါ် မစ်-နဂါးနက်၏ တွယ်တာမှုက ပိုကြီးမားလာခဲ့သည်။ သို့သော် ၎င်းကို အမြဲပင် ထိုကောင်မလေးအား ညီမလေးတစ်ယောက် အဖြစ် သတ်မှတ်ခဲ့သလိုမျိုးပင် မိသားစု ခံစားချက်မျိုးသာ ဖြစ်ပေသည်။

“အိုလီဖီးရက်စ်။ ချန်လွေ့က သမီးကို ဖတ်ဖတ်ဖတ် လုပ်ပြီးပြီလား။” အက်ဂ်လက်စ်က တမင် မေးလိုက်၏။

“တစ်ခါမှ မလုပ်ရသေးဘူး။” ထိုနာမည်ကြီး “ရသာမွန်” ဟင်းလျာက မစ်-နဂါး၏ မျက်လုံးများကို တောက်ပ သွားစေပြီး ချန်လွေ့ကို မော့ကြည့်လိုက်၏။ “သူဌေး။ အခု ကျွန်မကို အဲဒါ ပေးစားတော့မလို့လား။”

“....” ချန်လွေ့ ပြောစရာမဲ့သွား၏။ သမီးကို ဒီလိုမျိုး မေးတဲ့ အဖေမျိုး ရှိသေးတာလား။

အိုလီဖီးရက်စ်ကို ချော့ကာ အဝေးသို့ ပို့ပြီးနောက် အက်ဂ်လက်စ်က ချန်လွေ့ကို မကျေမနပ်နှင့် ပြောလိုက်သည်။ “အဲဒီလိုဆိုမှတော့ မင်းက အိုလီဖီးရက်စ်ကို ဆင်ခြေအနေနဲ့ သုံးရဲသေးတာလား။”

အပြစ်ရှိသလို ခံစားနေရသော တစ်စုံတစ်ယောက်က တိတ်ဆိတ်နေခဲ့သည်။ ယောက္ခထီးက လောကဓံကို ကြုံတွေ့ပြီးသော မျက်နှာမျိုးဖြင့် သက်ပြင်းချပြီး ခေါင်းကို ခါလိုက်သည်။ “ထားလိုက်တော့။ ငါ့သမီးလည်း အရွယ်ရောက် နေပြီ။ မင်းတို့ကိစ္စကို ငါ သိပ်ပြီးတော့ ဝင်မပါချင်ဘူး။ လာလာရီယာကိုတော့ အနည်းဆုံး မင်းသူ့ကို နောက်လာမယ့် သိုင်းပြိုင်ပွဲမှာ အနိုင်ယူရမယ်။ နောက်ပိုင်းကတော့ ထားလိုက်ပါ။ မင်း သူ့ကို ပြောင်းလဲအောင် လုပ်နိုင်မယ်ဆိုရင် ငါ ကျန်တာတွေကို ဖိအားမပေးတော့ဘူး။”

အက်ဂ်လက်စ်၏ စကားကြောင့် ချန်လွေ့က စိတ်ထဲ၌ အပြစ်တင်ပြောဆိုလိုက်သည်။ သိုင်းပြိုင်ပွဲမှာ ငါ အနိုင်ရရ မှာပေါ့။ ဒါပေမဲ့ အဲဒီလိုဆိုရင် အဲဒီထူးဆန်းတဲ့လိုလီတဲ့ မရှင်းမလင်း ဆက်ဆံရေးတွေ ရှိလာလိမ့်မယ်။ “မိန်းမချင်း ကြိုက်တာ”ကို ပြောင်းလဲဖို့က အပြောပဲလွယ်တာ။ နှစ်ပေါင်း သိန်းနဲ့ချီ ကြာလောက်ပြီ။ အက်ဂ်လက်စ်တောင် ဘာမှ မလုပ်နိုင်ခဲ့ဘူး။ မဟုတ်ရင် အန္တရာယ်ကို ငါ့ဆီ တွန်းပို့မှာ မဟုတ်ဘူး။

“ဟုတ်ပြီ။ ဒါပဲ။” နဂါးဧကရာဇ် ယောက္ခထီးက သားမက်၏ စိတ်ဓာတ်ကျနေသော မျက်နှာကို မြင်သည့်အခါ စကားလမ်းကြောင်း ပြောင်းလိုက်၏။ “မင်း အရင်က ပြောခဲ့တဲ့ ယွမ်သလင်းကျောက်က အသက်ဓာတ် ကူးပြောင်းပြီး စိမ့်ဝင်နိုင်တဲ့ အထူးသလင်းကျောက်လား။”

အသေအချာပင် ထိုအရာက သားမက်၏ အာရုံကို ပြောင်းစေခဲ့လေသည်။ သူက အသက် သလင်းကျောက်၏ ဝိသေသလက္ခဏာများကို ပြန်တွေးမိလိုက်ပြီး ခေါင်းညိတ်ကာ ပြောသည်။ “ဟုတ်တယ်။”

“အဲဒီလို သလင်းကျောက်မျိုးက အတော်လေး ရှားတယ်။ နဂါးတွေရဲ့ စုဆောင်းမှုတွေထဲမှာတောင် မရှိဘူး။ ဒါပေမဲ့ တစ်နေရာရာမှာတော့ အဲဒီသလင်းကျောက်မျိုးက မရှားဘူး။ မင်းဘာလို့ ယွမ်သလင်းကျောက် လိုရတာလဲတော့ မသိပေမဲ့ လက်လျှော့လိုက်ဖို့ အကြံပေးတယ်။ ဘာလို့လဲဆိုတော့ အဲဒီနေရာကို အထူးသတ်မှတ်ချက်တွေ ကိုက်ညီတဲ့ သူတွေကလွဲပြီးတော့ ငါတောင် ခြေမချရဲလို့ပဲ။ နည်းနည်းလေး သတိလွတ်သွားတာနဲ့ ကြောက်စရာကောင်းတဲ့ ပျက်စီးခြင်း စွမ်းအားကြောင့် လုံးဝ ချေမှုန်းခံရလိမ့်မယ်။”

နတ်ဘုရား-ယောင်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်တောင် ခြေမချရဲတဲ့နေရာလား။ ချန်လွေ့ အံ့အားသင့် သွားခဲ့သည်။ “အဲဒါက ဘယ်နေရာလဲ။ အဲဒီကို ဝင်ဖို့အတွက် ဘယ်လိုမျိုး အထူးသတ်မှတ်ချက်တွေ လိုအပ်တာလဲ။”

“အဲဒီနေရာက အခု မင်းရဲ့လက်ရှိအဆင့်နဲ့ သွားလို့ရတဲ့ နေရာ မဟုတ်ဘူး။” အက်ဂ်လက်စ်၏အကြည့်က လေးနက် နေခဲ့သည်။ “မင်းမှာ ရှားပါးတဲ့ အလင်းဒြပ်စင် ခန္ဓာ အမျိုးအစားရှိတာ ငါသိတယ်။ မင်းကို ပြင်ပအား တစ်ခုခုက ကာကွယ်ထားပေးရင်တောင် အဲဒီနေရာကို ဝင်ဖို့အတွက် ပိုရှားပါးတဲ့ ခန္ဓာအမျိုးအစား လိုအပ်တယ်။ အဲဒါက အလင်းအမှောင်ခန္ဓာကိုယ်ပဲ။”

နောက်ဆံုးစကားကို ကြားသည့်အခါ ချန်လွေ့ တုန်လှုပ် သွားခဲ့သည်။ နောက်ဆုံး၌ သူက အက်ဂ်လက်စ် ပြောနေသော “နေရာ”ကို သိသွားခဲ့သည်။ သူသိသော “အလင်းအမှောင် ခန္ဓာကိုယ်”က လူတစ်ယောက်တည်းသာ ဖြစ်သည်။ ထိုသူက သွေးရောင်အင်ပါယာ စာအုပ်ပေါင်းချုပ်ခန်းမ စတုတ္ထ အလွှာသို့ ဝင်သွားခဲ့သော သော့ချက် အမျိုးသမီး တစ်ဖနီ ဖြစ်လေသည်။ ဒါဆိုရင် “အဲဒီနေရာ”က ငါ့ကို တစ်ဖနီနောက် လိုက်ဖို့ ဆာရီရယ် ပြောခဲ့တဲ့ “လျို့ဝှက်ဆန်းကြယ်တဲ့ နေရာ”ပဲ။

အက်ဂ်လက်စ်က ချန်လွေ့၏ အပြောင်းအလဲများကို သတိထားမိသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ “မင်းက အဲဒီနေရာကို သိတာလား။”

ချန်လွေ့က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ “ကျုပ် သိရသလောက်ဆိုရင် အဲဒီနေရာမှာ ကြီးမားတဲ့ လျို့ဝှက်ချက်တစ်ခု ရှိနေတယ်။ အဲဒီပစ္စည်းက တစ်စုံတစ်ခုရဲ့ တဝက်နဲ့ ၇ပုံ ၁ပုံ ပဲ။”

“မင်း တကယ် သိနေတာပဲ။” အက်ဂ်လက်စ်၏ မျက်လုံးထဲ၌ အံ့အားသင့်သော အရိပ်အယောင် လက်ခနဲ ဖြစ်သွားခဲ့သည်။

ချန်လွေ့ သက်ပြင်းချလိုက်၏။ “ကျုပ်သိတာ ဒါအကုန်ပဲ။”

“အဲဒီပစ္စည်းက ငွေသေတ္တာပဲ။ အဲဒါကြောင့် အဲဒီတုန်းက ငါ ပါ့ဂ်လီအိုကို ချိပ်ပိတ်ခဲ့တာ။ ဒါပေမဲ့ အကြောင်းရင်း တချို့ကြောင့် ငွေသေတ္တာအတုတွေ အများကြီး ရှိနေခဲ့တယ်။ ပါ့ဂ်လီအို ငါ့ကို ခေါ်သွားတဲ့နေရာက တကယ့် ငွေသေတ္တာကို သိုလှောင်နိုင်တဲ့ ပတ်ဝန်းကျင် မဟုတ်ဘူး။ အဲဒါက အတုပဲ ဖြစ်မယ်။ အဲဒါကြောင့် ငါသူ့ကို ခက်ခဲအောင် မလုပ်ခဲ့ဘူး။”

ချန်လွေ့က တိတ်တိတ်လေး ‌ခေါင်းခါလိုက်သည်။ “ဆာ-နဂါးဧကရာဇ်က ဉာဏ်များတဲ့ အဆိပ်နဂါးကို မျက်စိလျှမ်းပြီးတော့ အတွေ့အကြုံနဲ့ ခံစားချက်အရ လွှမ်းမိုးခံလိုက်ရတာပဲ။ သူက ငွေသေတ္တာဆီကနေ နီးလျက်နဲ့ ဝေးနေခဲ့တယ်။”

“ဆာ-အက်ဂ်လက်စ်။ အဲဒီ တဝက်နဲ့ ၇ပုံ ၁ပုံ ဆိုတာက ဘာကို ပြောတာလဲ။”

“အတိအကျပြောရင် အဲဒီသေတ္တာက တဝက်ရဲ့ ၃ပုံ ၁ပုံပဲ။ တစ်နည်းပြောရရင်တော့ အဲဒီအရာရဲ့ တဝက်အဖြစ် ပေါင်းစပ်နိုင်တဲ့ ငွေသေတ္တာ ၃ခု ရှိတယ်ပေါ့။”

ချန်လွေ့က သိချင်စိတ်ဖြင့် မေးလိုက်သည်။ “ဒါဆိုရင် နောက်ထပ် တဝက်ကလည်း ငွေသေတ္တာတွေပဲလား။”

“မဟုတ်ဘူး။ တခြားတဝက်ကလည်း ၃ခုပဲ။ ပြီးတော့ အဲဒါက အခုဆိုရင် ပေါင်းစပ် သွား‌လောက်ပြီ။” အက်ဂ်လက်စ်က ချန်လွေ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်၏။ “တခြား တဝက်က လူသားလောကမှာ ရှိနေတယ်။”

လူသားလောက....ရုတ်တရက် ချန်လွေ့က ဖြစ်နိုင်ချေ တစ်ခုကို တွေးလိုက်မိသည်။ သူက မျက်လုံးထဲ၌ ကြောက်လန့်သော အမူအရာဖြင့် မေးလိုက်၏။ “အဲဒီ‌ ပေါင်းစပ်ထားတဲ့ အရာရဲ့ လျို့ဝှက်ဆန်းကြယ်မှုကို ထိတွေ့နိုင်ဖို့ နတ်ဘုရား‌-ယောင်အဆင့် ရောက်ဖို့ လိုအပ်လား။”

“သာမန် နတ်ဘုရားတစ်ပိုင်း အဆင့်တွေက လျို့ဝှက် ဆန်းကြယ်မှုအချို့ကို အာရုံခံနိုင်လိမ့်မယ်။ ဒါပေမဲ့ သူတို့က နတ်ဘုရား-ယောင်အဆင့် ရနိုင်တာထက် အများကြီး နိမ့်ကျတယ်။ ပြီးတော့လည်း ပေါင်းစပ်တဲ့ဟာက မတူညီတဲ့ သက်ရောက်မှုတစ်ခု ရှိတယ်။” အက်ဂ်လက်စ်က ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။

ချန်လွေ့ ခဏစဉ်းစားပြီး မေးလိုက်ပြန်သည်။ “အဲဒါဆိုရင် ငွေသေတ္တာက စုစုပေါင်း(၆)ခု ရှိတာပေါ့။ ဒါဆိုရင် ၇ပုံ ၁ပုံက ဘယ်က ရောက်လာတာလဲ။”

“၇ခုမြောက်က အရင် ငွေသေတ္တာတွေနဲ့ နည်းနည်း ကွာခြားတယ်။” အက်ဂ်လက်စ် ပြောလိုက်သည်။ “အဲဒီ အရာက မင်းနဲ့ အတော်လေး နီးကပ်နေတယ်။ ဒါပေမဲ့ အဲဒါကို ထိနိုင်ဖို့ အချိန်အများကြီး လိုသေးတယ်။ ငွေသေတ္တာ အကြောင်း အရင်ပြောကြတာပေါ့။ အဲဒါက နတ်ဘုရား-ယောင် အဆင့်တွေအတွက် သေစေနိုင်လုနီးပါး ဆွဲဆောင်မှု ရှိတယ်။ အဲဒါကို နတ်ဘုရား လမ်းကြောင်းအတွက် ဖြတ်လမ်းလို့ ပြောကြပေမဲ့ အဲဒီမှာ နတ်ဘုရားရဲ့ ကျိန်စာရှိပြီးတော့ မရေမတွက်နိုင်တဲ့ နတ်ဘုရား-ယောင် အဆင့်တွေကို မြှုပ်နှံခဲ့တယ်လို့လည်း ဒဏ္ဍာရီတွေ ရှိတယ်။ အတိုချုံး ပြောရရင်တော့ မင်းမှာ ငွေသေတ္တာ ရှိတယ်ဆိုရင် ဘယ်သူ့ကိုမှ မပြောပြနဲ့။ မဟုတ်လို့ကတော့ မင်းကိုယ်တိုင် အတွက်ရော၊ မင်းရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကိုပါ စိတ်ကူးလို့မရနိုင်တဲ့ ကပ်ဘေးတွေနဲ့ ရင်ဆိုင်စေရနိုင်တယ်။”

ချန်လွေ့က အလျင်အမြန်တွေးပြီး မေးလိုက်သည်။ “အဲဒါက ခင်ဗျားရော အပါအဝင်လား။”

“ဒါပေါ့။” အက်ဂ်လက်စ်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ သူက ချန်လွေ့ထံ၌ ငွေသေတ္တာ ရှိလိမ့်မည်ဟု မထင်သည်မှာ အသေအချာပင်။“ရှေးက နတ်ဘုရား-ယောင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေတောင် ငွေသေတ္တာရဲ့ ဆွဲဆောင်မှုကို မတောင့်ခံနိုင်ဘူး။ သမိုင်း စာအုပ်တွေထဲမှာ မှတ်တမ်းမထင်ထားတဲ့ ကြောက်စရာ စစ်ပွဲတစ်ခုမှာ မရေမတွက်နိုင်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေ ကျရှုံးသွားခဲ့တယ်။ နတ်ဘုရား-ယောင်အဆင့် ထိပ်သီးပိုင်း အများကြီး အပါအဝင်ပေါ့။ ဒါက “နတ်ဘုရားတွေရဲ့ ဆည်းဆာချိန်” ပြီးကတည်းက အရက်စက်ဆုံးနဲ့ ကြောက်စရာအကောင်းဆုံး တိုက်ပွဲပဲ။ အဲဒီကတည်းက...”

“နတ်ဘုရားတွေရဲ့ ဆည်းဆာချိန်”ဟူသော စကားက ချန်လွေ့၏ နားရွက်များကို တွန့်သွားစေသည်။ ထိုစကားလုံးကို သူ ယခုမှ ကြားဖူးခြင်း မဟုတ်ပေ။ အစပိုင်း၌ သူက ၎င်းကို လုပ်ကြံကာ အဲဒက်စ်ကို အရူးလိုက်ခဲ့၏။ ၎င်းက အမှန်တကယ် တည်ရှိနေပြီး ရှေးဟောင်း လျို့ဝှက်ချက်တစ်ခု ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“ဟုတ်ပြီ။ ငါတို့က တဖြည်းဖြည်း အဝေးကြီး ရောက်နေပြီ။” အက်ဂ်လက်စ်က ထိုအကြောင်းကို ဆက်မပြောတော့ပေ။ “တကယ်တော့ ငါသိတာက တစ်စိတ်တစ်ပိုင်းပဲ။ ဒီအရာတွေကို စူးစမ်းဖို့က မင်းအတွက် စောလွန်းနေသေးတယ်။ မင်းရဲ့ ကိုယ်ပိုင်စွမ်းအားကို အရင်ဆုံး တိုးတက်အောင်လုပ်။”

“သဘောပေါက်ပါပြီ။ ကျုပ် အခုတော့ ယွမ် သလင်းကျောက် ဘယ်လိုရအောင် လုပ်ရမလဲဆိုတာကို မစဉ်းစားတာ ကောင်းမယ်။”

“အင်း...” အက်ဂ်လက်စ်က ခေါင်းညိတ်လိုက်သည်။ “တကယ်တော့ ယွမ်သလင်းကျောက်က အဲဒီလျို့ဝှက် ဆန်းကြယ်တဲ့ နေရာက ဇစ်မြစ်စွမ်းအားကနေ ဆင်းသက် လာတဲ့ သတ္တဝါတစ်မျိုးပဲ။ အလင်းအမှောင်ခန္ဓာအပြင်ကို အဲဒီကို ယွမ်စွမ်းအား ခန္ဓာအမျိုးအစားကလည်း ဝင်နိုင်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အဲဒီလို ခန္ဓာ အမျိုးအစားက ပိုပြီးတော့‌တောင် ရှားတယ်။ အဲဒါကြောင့် မင်းက ယွမ်သလင်းကျောက်ကို ဘာကြောင့်ပဲလိုလို၊ လက်လျှော့လိုက်တာကောင်းတယ်။ လက်လျှော့လိုက်ရင် မင်း ပိုပြီးတော့ ရလာလိမ့်မယ်။”

ယွမ်စွမ်းအား ခန္ဓာအမျိုးအစား.... ချန်လွေ့က ဆာရီရယ် ပြောခဲ့သော ဇစ်မြစ် ပျက်စီးခြင်းစွမ်းအား ကို ရုတ်တရက် တွေးလိုက်မိပြီး ဆာရီရယ်၏ တိုင်းပြည်ထဲ၌ သူက အသူရာ၏ စွမ်းအားကို အသုံးချကာ ပျက်စီးခြင်းစွမ်းအားကို လက်ခံခဲ့သည်ကို တွေးလိုက်မိသည်။ နောက်ဆုံး၌ ဆာရီရယ်က မည်သည့်အတွက်ကြောင့် မိမိကို လွှတ်ပေးပြီး မိစ္ဆာမျက်ဆံ ပါရှိသော မိစ္ဆာလမှော်သင်္ကေတအား ပေးခဲ့ရကြောင်းကို နားလည်သွားခဲ့သည်။ လက်စသတ်တော့ ငါ့မှာ ယွမ်စွမ်းအား ခန္ဓာအမျိုးအစား ရှိပြီးတော့ အဲဒီ လျို့ဝှက်ဆန်းကြယ်တဲ့နေရာကို ဝင်နိုင်ထွက်နိုင်တယ်လို့ ဆာရီရယ် ထင်နေတာကိုး။ ဒါဆိုရင် သူက တစ်ဖနီရဲ့ လက်ထဲကနေ ငွေသေတ္တာကို ယူဖို့ နည်းလမ်းတစ်ခု စဉ်းစား နေတာပဲ။

အချိန်အတော်ကြာ ဖံုးကွယ်နေခဲ့သော ပဟေဠိများက တစ်ခုချင်း ပေါ်လာလေသည်။

“နောက်ဆုံး မေးခွန်းပါ။” ချန်လွေ့က ခဏတုံ့ဆိုင်းပြီး မေးလိုက်သည်။ “ဆာ-အက်ဂ်လက်စ်က ဆာရီရယ်ဆိုတဲ့ နာမည်ကို ကြားဖူးလား။”

“ဆာရီရယ်...” အက်ဂ်လက်စ်က အနည်းငယ် တုန်လှုပ် သွားခဲ့သည်။ “အဲဒါက စေတန်ကို ယှဉ်နိုင်တဲ့ ရှေးဟောင်း အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်လို့ ပြောကြတယ်။ သူ့မှာ လောကကြီးကို မြင်နိုင်တဲ့ ကြောက်စရာ မျက်လုံးပါရမီတစ်ခု ရှိတယ်။ ငါ နတ်ဘုရားတစ်ပိုင်း အဆင့်ကို ရောက်ပြီးတော့ နဂါးဧကရာဇ် ဆက်ခံသူ ဖြစ်လာတုန်းက စေတန်နဲ့ တိုးပြီးတော့ စိန်ခေါ်ခဲ့တယ်။ ရလာဒ်ကတော့ လုံးဝ အရှုံးပဲ။ ငါ့အဖေကြောင့်သာ မဟုတ်ရင် ငါသေသွားလောက်ပြီ။ တကယ်တော့ အခု ငါသိလိုက်တာက လက်ရှိ ငါ့စွမ်းအားနဲ့တောင် အဲဒီအချိန်က စေတန်ရဲ့ ပြိုင်ဘက် မဟုတ်လောက်သေးဘူး။ စေတန်က ထိပ်တန်း နတ်ဘုရား-ယောင်အဆင့် ဖြစ်လောက်တယ်။ ဆာရီရယ်ကလည်း... အတူတူ ဖြစ်မယ်။”

စေတန်နှင့် ဆာရီရယ်တို့အပေါ် အက်ဂ်လက်စ်၏ မှတ်ချက်များကို ကြားလိုက်သည့်အခါ ချန်လွေ့က ‌ခေါင်းညိတ်ပြီး တိတ်တိတ်လေး တုန်လှုပ်သွားခဲ့သည်။

“ငွေသေတ္တာနဲ့ ဆာရီရယ်အကြောင်း မင်း ဘယ်လိုလုပ် ကြားခဲ့တာလဲဆိုတာ ငါမေးမှာ မဟုတ်ဘူး။ ပြီးတော့လည်း ယွမ်သလင်းကျောက်ကို မင်း ဘာလို့လိုတာလဲ ငါ မသိချင်ဘူး။ လူတိုင်းမှာ လျို့ဝှက်ချက်တွေ ရှိကြတယ်။ မင်းငါ့ကို ကတိပေးရင်ရပြီ။” အက်ဂ်လက်စ်က အဝေးတွင် အစ်ဇဘယ်လာနှင့် စကားပြောနေသော မစ်-နဂါးနက်ကို ကြည့်နေလိုက်သည်။ သူ၏မျက်နှာပေါ်တွင် ချစ်မြတ်နိုးသော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွား၏။ “အိုလီဖီးရက်စ်ကို ဂရုစိုက်ပေးပါ။ ဖြစ်နိုင်မယ်ဆိုရင် လာလာရီယာကို‌ရောပေါ့။”

“အိုလီဖီးရက်စ်က ဒီက မိသားစုဝင်တစ်ယောက် ဖြစ်နေပါပြီ။ လာလာရီယာကတော့ အနည်းဆုံးတော့ မိတ်ဆွေ တစ်ယောက်အနေနဲ့ ကျုပ် တာဝန် ကျေပေးနိုင်ပါတယ်။”

ချန်လွေ့က စိတ်ထဲ၌ အတွေးအချို့ ရှိခဲ့သော်လည်း ငွေသေတ္တာအကြောင်း ဘာမှမပြောခဲ့ပေ။ သို့သော် အကယ်၍ သူက အနာဂတ်တွင် လျို့ဝှက်ချက်များကို ဖော်နိုင်ခဲ့လျှင် နဂါးဧကရာဇ် ယောက္ခထီးက သေချာ‌ပေါက် အကျိုးအမြတ် ရရှိသူများထဲမှ တစ်ယောက် ဖြစ်လာပေလိမ့်မည်။

All Chapters