တစ်နှစ်
Vol. 52 Ch. 853
သွေးရောင်လ....
အလင်းရောင်က ရဲရဲတောက်ဖြစ်နေပြီး ဂနာမငြိမ် ဖြစ်နေကာ အနှောင့်အယှက် အငွေ့အသက်တစ်ခု ပေးစွမ်း နေလေသည်။
မြင့်မားသော မြို့တံတိုင်းအရှေ့၌ မရေမတွက်နိုင်သော မကောင်းဆိုးဝါးများက ခုန်ပျောက်ပြေးလွှားပျံသန်းနေကြပြီး ရှေ့သို့ ချီတက်လာကြသည်။
ဖိနှိပ်သော အဟုန်တစ်ခုတည်းကပင် မွန်းကြပ်စေ နိုင်သော်လည်း မြို့တံတိုင်းပေါ်မှ စစ်သည်များနှင့် တိုက်ခိုက်မှု စွမ်းအား အနိမ့်ဆုံးဖြစ်သော မှင်စာများနှင့် အမှောင်လူပု တို့ကပင် ကြောက်ရွံ့မှု လုံးဝ မပြသကြပေ။ ထိုအစားက သူတို့က အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်ပြီး ရဲရင့်နေကြဟန်တူသည်။
လူတိုင်းက မရေမတွက်နိုင်သော ဆင်တူသည့် စမ်းသပ်ချက်များကို ကြုံတွေ့ခဲ့ရပြီးပြီ ဖြစ်သည့်အတွက် အကြောက်တတ်ဆုံးသူများသည်ပင် ထိုပတ်ဝန်းကျင်၌ သံမဏိစိတ်စွမ်းအားကို လေ့ကျင့်နိုင်ပေသည်။
တပ်မှူး၏ အမိန့်နှင့်အတူ စွမ်းအား မြင့်မားသော မှော်သလင်းကျောက်အမြောက်က သေခြင်းတရား အလင်းရောင် ထွက်ပါ်လာပြီး လောက်လေးကဲ့သို့သော လက်နက်များကိုလည်း တပြိုင်နက်တည်း ပစ်လွှတ်ကာ မကောင်းဆိုးဝါး အများအပြား၏ အသက်တို့ကို သိမ်းယူ ကြတော့သည်။
သို့သော်လည်း ရန်သူများ၏ အရေအတွက်က စိတ်ကူးကြည့်၍ မရနိုင်အောင်ပင်။ တိုးမြှင့်ထားသော မှော်သလင်းကျောက်အမြောက်ပင် အအေးခံရန် အချိန် လိုအပ်၏။ လောက်လေးခွက အကွာအဝေး အကန့်အသတ် ရှိပြီး ထိရောက်သော တိုက်ခိုက်မှု အဝန်းအဝိုင်းမှ ရန်သူများကို တားဆီးပေးနိုင်သည်။ လောက်လေးးကလည်း ကျောက်တုံးထည့်ပြီး ချိန်ရန် လိုအပ်သည်။ တစ်ကျော့ ပစ်ပြီးနောက် ရန်သူစစ်တပ်က မြို့တံတိုင်းဆီ ရောက်လာ တော့သည်။
တပ်မှူးက နောက်ထပ် အမိန့်ပေးလိုက်ရာ တံတိုင်းမှ စစ်သည်များက ရှည်လားသော ပြွန်ပုံစံ လက်နက်တစ်ခုကို တပြိုင်နက်တည်း ထောင်လိုက်ကြပြီး မြို့တံတိုင်းမှ လေးသမားများကလည်း ကောင်းကင်ကို ချိန်ထားလိုက်ကြ၏။
ရန်သူက တဖြည်းဖြည်း နီးကပ်လာခဲ့သော်လည်း တပ်မှူးက အမိန့်မပေးသေးပေ။ စစ်သည်များအားလုံးက တည်ငြိမ်နေပုံရသည်။ မရေမတွက်နိုင်သော သေစေနိုင်သည့် သင်ခန်းစာများ ရရှိပြီးနောက် မည်သည့်မျိုးနွယ်စုဖြစ်စေ၊ သေသေချာချာ လေ့ကျင့်ထားသော စစ်သည်ဖြစ်စေ၊ ထိုကဲ့သို့ တိုက်ပွဲမျိုး၌ စည်းလုံးညီညွတ်မှုအပြင် အမိန့်ကို နာခံခြင်း၏ အရေးပါပုံကို သိကြလေသည်။ တပ်မှူးက အစွမ်းထက်ဆုံး မဟုတ်သော်လည်း သူ၏ ညွှန်ကြားမှု စွမ်းရည်က စစ်ပွဲပေါင်းများစွာကို ဖြတ်ကျော်ခဲ့ပြီးပြီဖြစ်ရာ အားလုံးက လေးလေးနက်နက် လေးစားကြလေသည်။
“ပစ်တော့....” တပ်မှူးက နောက်ဆုံး၌ အမိန့်ပေးလိုက်ပြီး ပြွန်ပုံစံ လက်နက်ကလည်း မီးတောက်များ ပစ်လွှတ်သည်။ တစ်ချိန်တည်းမှာပင် မြားမိုးရွာလာပြီး လောက်လေးများလည်း တစ်ခုပြီးတစ်ခု ပစ်တော့သည်။ မကောင်းဆိုးဝါး အတန်းလိုက် လဲကျသွားလေသည်။
ရာနှင့်ချီသော အလွန်ကြီးမားသည့် သတ္တုရုပ်သေးများ ထွက်ပေါ်လာခဲ့ပြီး မကောင်းဆိုးဝါးအုပ်စုထဲ၌ အပေါက်များ ဖန်တီးရန် အဆိပ်ငွေ့များပါသော ဗံုးများကို အဆက်မပြတ် ပစ်ချနေခဲ့သည်။
မကောင်းဆိုးဝါးများက အကြောက်တရား ရှိဟန်မတူဘဲ ဟိန်းဟောက်ရင်း တစ်ကောင်ပြီးတစ်ကောင် ရှေ့တက် လာကြသည်။ အပေါက်က ချက်ချင်းပင် ပြည့်သွားပြန်ပြီး အနီးကပ် တိုက်ခိုက်ရန်အတွက် မြို့တံတိုင်းဆီကို အမြန် ရောက်လာကြတော့မည် ဖြစ်သည်။
“သေ”ပြီးနောက် ပြန်ရှင်နိုင်သော်လည်း တစ်ခါသေခြင်းက “အနှိုင်းမဲ့စစ်သည် အွန်လိုင်း” ကဲ့သို့ မကောင်းဆိုးဝါး ဝင်စီး တိုက်ပွဲ၏ စစ်မြေပြင်မှ ထွက်သွားရခြင်းနှင့် ညီမျှပေသည်။ လူတိုင်းက လက်နက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် ထားကြပြီး တိုက်ခိုက်ချင်စိတ် ပြင်းပြနေခဲ့သည်။ ယနေ့ညက ဝမ်းနည်းစရာ တိုက်ပွဲတစ်ခု ဖြစ်လာပေတော့သည်။
...............................................................................
လျို့ဝှက်နန်းတော်တစ်ခု၌ သတ္တုမျက်နှာဖုံးများနှင့် ဝတ်ရုံနက်များ ဝတ်ထားသော လူများ မရေမတွက်နိုင်အောင် ရှိနေသည်။ နန်းတော်၏ ရှေ့ဘက်နံရံတွင် (၃)လွှာ ရုပ်ကြွပန်းပု ရှိနေပြီး လျို့ဝှက်ဆန်းကြယ်ကာ သုန်မှုန်သော အငွေ့အသက် ပြည့်နေလေသည်။ အပြင်ဘက်မှ တောက်ပသော နေရာင်ကပင် အေးစက်လာဟန်တူသည်။
ခေါင်းဆောင်က သွေးနီရောင် မျက်နှာဖုံးနှင့် အနီရောင် အနားကွပ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထား၏။ ထိုသူက ပြောလိုက်သည်။ “အရှေ့ပိုင်းခရိုင် ဂိုဏ်းအုပ် ဆိုရန်လီ...”
“ဟုတ်ကဲ့....” ရွှေရောင်ဖျော့ဖျော့ မျက်နှာဖုံး ဝတ်ထားသော ဝတ်ရုံနှင့်လူက ရှေ့တက်လာခဲ့သည်။ ထိုအသံက အနည်းငယ် ညုတုတု ဖြစ်နေသော အမျိုးသမီး တစ်ယောက်၏အသံ ဖြစ်လေသည်။
“မင်းရဲ့ အစွမ်းအစနဲ့ စွမ်းဆောင်ရည်ကို လုံးဝ သိပြီးပြီ။ မင်းရဲ့ ဦးဆောင်မှုအောက်မှာ သိဒ္ဓိကျောင်းတော်ရဲ့ ယုံကြည်မှုက ညှိုးနွမ်းခဲ့ရပြီး တစ်ခါမှ မဖြစ်ဖူးခဲ့သလိုမျိုး မေးခွန်းထုတ်ခံခဲ့ရတယ်။ ၁နှစ်တည်းနဲ့ ဒီလိုမျိုး အောင်မြင်မှုမျိုး ရနိုင်ခဲ့တာက မယုံနိုင်စရာပဲ။ ဂိုဏ်းချုပ်တွေနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ ငါမင်းကို အရှေ့ပိုင်း ဂိုဏ်းအုပ် အချုပ်အနေနဲ့ ရာထူးတိုးမြှင့်ပေးလိုက်တယ်။”
“ကျေးဇူးတင်ပါတယ်။ ဆာ-ဂါမစ်သ်။ ဆိုရန်လီက ဆာ မျှော်လင့်ထားတာနဲ့ ကိုက်ညီအောင် အကောင်းဆုံး ကြိုးစားသွားမှာပါ။” ဆိုရီလီက လေးလေးနက်နက် ဦးညွှတ်ပြီး ရွှေရောင်အနားသပ် ဝတ်ရုံနှင့် အနီဖျော့ မျက်နှာဖုံးကို ယူလိုက်၏။
ထို့နောက် ဂါမစ်သ်က ဆက်ပြောသည်။ “အရှေ့ပိုင်း ခရိုင်က အစောင့်အရှောက် ရစ်ချက်။”
“ဟုတ်ကဲ့ပါ။ ဆာ...”
“မင်းမှာ ကြီးမားတဲ့ စွမ်းအားနဲ့ စိတ်ကူးလို့ရတဲ့ ခန္ဓာအမျိုးအစား ရှိတယ်။ မင်းရဲ့ အကျိုးပြုမှုကလည်း အတော်လေး ထူးချွန်တယ်။ အခု မင်းက အစောင့်အရှောက် ခေါင်းဆောင်ဖြစ်သွားပြီ။ ပြီးတော့ ဂိုဏ်းအုပ်အချုပ် ဆိုရန်လီကို ဆက်ပြီးတော့ ကူညီပေး။ နောက်ထပ် နတ်ကွန်းမှာ ဝင်ပါဖို့ ငါမင်းကို အထူး ခွင့်ပြုပေးမယ်။ ဒါနဲ့ မင်းကို ငါ အတော်လေး ယုံကြည်နေတယ်။”
“နတ်ကွန်း”ဟူသော စကားလုံးကို ကြားသည့်အခါ အနက်ရောင်ဝတ်ထားသော နောက်လိုက်များက မနာလိုမှု၊ အံ့အားသင့်တို့က မျက်နှာဖုံးနောက်ကွယ်မှ ထွက်ပေါ် လာခဲ့သည်။ နန်းကွန်းတွင် ဝင်ပါနိုင်သော မရဏနက် နောက်လိုက်များက မြင့်မြတ်ပြီး အရေးပါသူများ ဖြစ်ကြသည်။ ဂိုဏ်းအုပ်အချုပ်သည်ပင် ထိုကဲ့သို့ အရည်အချင်း မရှိပေ။ နတ်ဘုရား၏ ကောင်းချီးပေးခြင်းကို ခံရခြင်းက မရေမတွက်နိုင်သော အကျိုးအမြတ်များ ရရှိနိုင်သည်ဟု ပြောကြလေသည်။ နတ်ဘုရားက သဘောကျမည်ဆိုလျှင် သားစဉ်မြေးဆက် ဖြစ်လာနိုင်ပြီး ပုပ်ရဟန်းမင်းနှင့် ညီမျှသော အကြီးမားဆုံး စွမ်းအားကို ရရှိနိုင်ပေသည်။
“ကျေးဇူးတင်ပါတယ်။ ဆာ စိတ်မပျက်စေရပါဘူး။” “ရစ်ချက်”က ပုံမှန်အတိုင်းသာ ဖြစ်နေပြီး ဂါမစ်သ်၏ မျက်လုံးများကို ပို၍ သဘာကျသော အမူအရာ ဖြစ်သွားစေသည်။
“ရစ်ချက်”က အစောင့်အရှောက် မျက်နှာဖုံးကို ဝတ်လိုက်ရာ အသိစိတ်ထဲသို့ အထူးစွမ်းအားတစ်ခု ပေါင်းစပ် သွားကြောင်း ခံစားလိုက်မိသည်။ သူက ပန်းပုရုပ်ကြွကို ကြည့်လိုက်ရာ ဒုတိယလွှာနှင့် တတိယအလွှာတို့ကို သေသေချာချာ မြင်နိုင်ခဲ့သည်။ ပထမအလွှာကမူ ဝါးနေဆဲ ဖြစ်သည်။ အောက်ဘက်မှ မရေမတွက်နိုင်သော ရုပ်ထုများနှင့် ယှဉ်ပါက ပထမအလွှာတွင် ရုပ်ထု(၃)ခုသာ ရှိလေသည်။
“နတ်ဘုရား”ကို ကိုယ်စားပြုသော ပန်းပုရုပ်ကြွများကို ကြည့်နေရင်း “ရစ်ချက်”က မျက်နှာဖုံး နောက်ကွယ်မှ ထူးထူးဆန်းဆန်း ပြုံးလိုက်ရာ မျက်လုံးထဲ၌ အနီရောင် အလင်းတစ်ခု လက်ခနဲ ဖြစ်သွားတော့သည်။
...............................................................................
ညရောက်လာသည်နှင့် ခရမ်းရောင်လက လင်းလက် လာခဲ့ပြီး ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကို ဖန်တီးနေ၏။
ကြယ်ကြွေတမန်အင်ပါယာ နန်းတော်၏ အိပ်ခန်း တစ်ခုတွင် လျို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များနှင့် ပြည့်လျှံနေသော ရောင်စုံအလင်းများက အဆက်မပြတ် လက်ခနဲ ဖြစ်နေလေသည်။
“သင်္ဘောသီး ၁၀၀ဂရမ်။ အယ်ဒီလိုင်း။ လှီးပြီးတော့ ဒီမှာထည့်လိုက်။”
“ကျောက်သကြား ၁၀ဂရမ်။ ငါ အရင် ချိန်လိုက်ဦးမယ်။”
“အထူးနွားနို့ ၁၀၀ဂရမ်။ အိုလီဖီးရက်စ်။ မသောက် လိုက်နဲ့။ အဲဒါက ဖျော်ဖို့။”
“မှော်တဆးအမှုန့် ၁ဂရမ်...”
“....”
အယ်ဒီလိုင်းက သင်္ဘောသီးကို လှီးပြီးနောက် မေးလိုက်သည်။ “အဲလစ်။ ဒါဆိုရင် ရပြီလား။”
အဲလစ်က ကြည့်ပြီးနောက် ချီးမွမ်းလိုက်သည်။ “အင်း။ အယ်ဒီလိုင်း။ နင့်ရဲ့ လှီးတဲ့စွမ်းရည်က အပြစ်ပြောစရာမရှိဘူး။ ညီညာနေတာပဲ။ နင်က ငါမြင်ဖူးသမျှထဲမှာ အတော်ဆုံး နာဂါပဲ။”
နာဂါကောင်မလေးက ရှက်သွားပြီး ဘေးဖက်မှ မစ်-နဂါးနက်က ပြောလိုက်သည်။ “အဲလစ်။ ဒီလျို့ဝှက် ဖော်မြူလာက အသုံးဝင်ရဲ့လား။ အရင်တစ်ခေါက် နင်လုပ်ထားတဲ့ ထူးထူးဆန်းဆန်း စွပ်ပြုတ်က ငါ့ကို တစ်ပတ်လောက် ချီးပေါက်အောင် လုပ်ခဲ့တယ်။ အစ်မက ငါ့ကို ခြံဝင်းထဲတောင် မလာခိုင်းခဲ့ဘူး။”
“ဟွန့်..အရင်တစ်ခေါက်ကလည်း အတူတူပဲ မဟုတ်လား။ တကယ်တော့ ငါက မြေခွေးမ အစ်ဇဘယ်လာ အရူးလုပ်တာ ခံခဲ့ရတာ။ အဲဒါက အဆိပ်ဖြေတာ၊ အလှအပနဲ့ ရင်သားကို တိုးမြှင့်ပေးတယ်လို့ ပြောခဲ့တယ်။ နောက်ကျတော့....။ ဒီတစ်ခေါက်က မတူဘူး။ ဒါက ရှေးလျို့ဝှက်ချက်တွေနဲ့ လုံးဝ ထိရောက်ပြီး အထူးမှော် ရင်သားကြီးထွားစေဖို့ နို့လက်ဖက်ရည် ဖန်တီးဖို့ လုပ်ထားတဲ့ ဆရာမ ဇိုလာရဲ့ လျို့ဝှက်ဖော်မြူလာကို ပေါင်းစပ်ထားတာ။”
“အစ်မက မြေခွေးမ မဟုတ်ဘူး။” မစ်-နဂါးနက်က အနံ့ခံလိုက်သည်။ “ဒါပေမဲ့ ဒီနို့လက်ဖက်ရည်က အရသာ ရှိမယ့်ပုံပဲ။ အရင်တစ်ခေါက် လာလာအားလူး အဆိပ်ဖြေ စွပ်ပြုတ်ထက် အများကြီး ပိုကောင်းတယ်။”
“ဒါပေါ့ ကောင်းတဲ့အရာတွေကို အားလုံးနဲ့ မျှဝေ သင့်တယ်လေ။” လိုလီလေးက ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ အမှန်တကယ်၌ သူက စတေလာ၏ လျို့ဝှက် ရင်သား နှိပ်နယ်ခြင်းနည်းကို ဝှက်ထားခဲ့လေသည်။ အိုလီဖီးရက်စ်က အစ်ကိုနဲ့ စေ့စပ်ထားတယ်။ ငါ ရင်သားမကြီးခင် ဒီနည်းလမ်းကို မသင်ပေးသင့်ဘူး။ ပြဿနာက အဲဒါရဲ့ ထိရောက်မှုက သိပ်ပြီး မသိသာတာပဲ။ အစ်ကို တံခါးပိတ် လေ့ကျင့်နေခဲ့တာ တစ်နှစ်နီးပါး ရှိနေပြီး အဲဒါက ပြားနေသေးသလိုပဲ....
တူညီသော အေးစက်စက် လရောင်အောက်၌ အရိပ်နက် အင်ပါယာ ဆင်ခြေဖုံးရှိ သီးသန့်အိမ်ယာတစ်ခုတွင် နီရဲရဲ အလင်းရောင်တစ်ခု ရှိနေ၏။
အနီရောင်အလင်းက လောင်ကျွမ်းနေသော မီးတောက် တစ်ခု ကဲ့သို့ပင် တောက်ပနေခဲ့သည်။ အကယ်၍ အိမ်ယာ ပတ်ပတ်လည်မှ မှော်အစီအရင်များကြောင့်သာ မဟုတ်လျှင် အိမ်ယာ မီးလောင်နေပြီဟု အခြားသူများ ထင်မိပေလိမ့်မည်။
အနီရောင်အလင်းက ပစ်လွှတ်လိုက်ပြီး လေးကြိုးဆွဲကာ ပစ်လွှတ်သော မြားတစ်စင်းကဲ့သို့ပင် အလွန်ကြီးမားသော ဝက်ခေါင်းကို ထိသွားခဲ့သည်။ သနားစရာ ဝက်ခေါင်းကြီးက ချက်ချင်းပင် စုတ်ပြတ်သွားပြီး အပိုင်းအစများက မြင့်မားသော အပူရှိန်ကြောင့် ပြာဖြစ်ကုန်သည်။
အနီရောင်အလင်းကလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျ လာခဲ့ပြီး အတွင်းထဲ၌ ချစ်စရာကောင်းသော ပုံရိပ် အသေးလေး ရှိနေသည်။ ၎င်းက ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ထားပြီး ခုနက ခပ်ကြမ်းကြမ်း ထိမိသွားပုံရသည်။
နောက်ဘက်မှ အနည်းငယ် စိုးရိမ်နေသော အသံတစ်သံ ထွက်လာ၏။ “ကလေး။ မကစားနဲ့တော့။ အန္တရာယ် များတယ်။”
အနီရောင်အလင်းက လှုပ်ရှားလာပြီး မိုးပေါ်ကို တက်သွားပြန်သည်။ ပျံသန်းနှုန်းနှင့် အင်အားတို့က ငယ်ရွယ်နှင့် ခန္ဓာကိုယ်နှင့် လုံးဝ မကိုက်ညီလှပေ။
“ဟာ့...ဒေါ်လေး လီလစ်ဇ်။ သမီးကို မလိုက်မှီဘူး။ မလိုက်မှီဘူး။”
လီလစ်ဇ် ချွေးပြန်သွား၏။ ဒီမင်းသမီးလေးရဲ့ ကြီးထွားနှုန်းက အံ့သြစရာပဲ။ မွေးပြီး တစ်နှစ်အကြာမှာပဲ သူက ၃နှစ်အရွယ် ကလေးလိုမျိုး ဖြစ်နေပြီ။ ပြီးတော့ သူ့ရဲ့ အပြောစွမ်းရည်နဲ့ အတွေးတွေကတော့ အတော်လေး ရှင်းလင်းတယ်။
ကလေးရဲ့ စွမ်းအား အဆင့်တက်တာနဲ့ ပါရမီကလည်း မယုံနိုင်စရာပဲ။ အထူးသဖြင့် အတော်လေး အစွမ်းထက်တဲ့ မွေးရာပါ မီးတောက်စွမ်းအားပေါ့။ ဒါပေမဲ့ သူက ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ “ဒေါသအိုးငှက်”လိုမျိုး အန္တရာယ် များပြီးတော့ ထူးဆန်းတဲ့ ကစားနည်းကိုပဲ သဘောကျတယ်။ ဘယ်မျိုးမစစ်ကောင်က သူ့ကို သင်ပေးခဲ့တာလဲ မသိဘူး။
“ကလေးလေး။ ဆင်းလာတော့။ သမီးအမေ လာနေပြီ။”
အနီရောင်အလင်းက ခဏရပ်သွားခဲ့ပြီးနောက် ဖြည်းဖြည်းချင်း ဆင်းလာကာ ရုတ်တရက် ခုန်ပေါက်ပြီး ဝတ်ရုံနှင့် မျက်နှာလွှား ဝတ်ထားသော အမျိုးသမီး ပေါ်လာသည့် ဂိတ်တံခါးဆီ ပျံသန်းသွားတော့သည်။
အနီရောင် အလင်းက အမျိုးသမီးကို မထိဘဲ သူက မီးတောက်များကို ချုပ်ထိန်းကာ အမျိုးသမီး၏ ရင်ခွင်ထဲသို့ ညင်သာစွာ ပြုတ်ကျသွားတော့သည်။ “မေမေ...မေမေ..”
“သမီးက ဆိုးနေပြန်ပြီ....” အမျိုးသမီး၏ လေသံက အနည်းငယ် တင်းမာနေ၏။ “နောက်တစ်ခါ ဒေါ်လေး လီလစ်ဇ်ကို ခေါင်းကိုက်ရအောင် လုပ်မယ်ဆိုရင် မေမေက သမီးရဲ့ ဖင်တုံးလေးကို နာအောင် ရိုက်မှာနော်။”
“သမီးကို မရိုက်ပါနဲ့။ သမီးကို မရိုက်ပါနဲ့။ မေမေ...” ကလေးမလေးက အမျိုးသမီး၏ ရင်ခွင်ထဲ၌ ညုတုတုနှင့် လူးလွန့်နေလေသည်။
အမျိုးသမီး၏ တည်ငြိမ်သော အနက်ရောင် မျက်လုံးများက ကြင်နာမှုနှင့် မြတ်နိုးမှုများကို ပြသနေပြီး ကလေးမလေး၏ခေါင်းကို အသာလေး ပွတ်သပ်ကာ ခြံဝန်းထဲ သယ်သွားလိုက်တော့သည်။
အဆုံးမရှိသော ပင်လယ်နယ်မြေတစ်ခု၌ ကျယ်ဝန်းသော ကျွန်းစုတစ်ခု ရှိနေသည်။
ပင်လယ်သားရဲများ အပါအဝင် မည်သူမှ ထိုကျွန်းစုများထံ မချဉ်းကပ်ရဲကြပေ။ အကြောင်းမှာ ထိုကျွန်းများးအတွင် အင်အားအကြီးဆုံး သတ္တဝါများဖြစ်ကြသည့် ဧရာမနဂါးများ နေနေခြင်းကြောင့်ပင်။
ဗဟိုကျွန်းက အကြီးမားဆုံးဖြစ်ပြီး ကျွန်းစုများ ဝိုင်းရံထားလေသည်။
ဗဟိုကျွန်း ပတ်ပတ်လည်မှ ပင်လယ်ရေများက မမြင်နိုင်သော စွမ်းအားအချို့ဖြင့် ဆွဲခံရသကဲ့သို့ပင် တဖြည်းဖြည်း ပြောင်းလဲနေသည်။ ၎င်းတို့က ကောင်းကင်ပေါ် လှိမ့်တက်သွားကာ ခမ်းနားကြီးကျယ်သော အဆောက်အအုံ တစ်ခု ဖြစ်သွားလေသည်။
“ဘုန်း..”
ဗဟိုကျွန်းမှ အသံကျယ်ကြီး ထွက်လာခဲ့သည်။ မြေကြီးထဲမှ တစ်စုံတစ်ခု ဖောက်ထွက်လာပုံရသည်။ ပင်လယ်ရေများကလည်း ပတ်ပတ်လည်သို့ လွင့်စင်ကုန်၏။ တစ်ကျွန်းလုံးလည်း တုန်ခါသွားတော့သည်။
“ဟိုးဟိုးဟိုး...” ထူးဆန်းသော ရယ်သံတစ်သံ ထွက်ပေါ်လာ၏။ အသံကို ကြည့်ရသည်မှာ ကောင်မလေး တစ်ယောက် ဖြစ်ဟန်တူသည်။ “အဘိုးကြီး။ တွေ့လိုက်လာ။ ကျုပ် အဆင့်တက်သွားပြီ။”
“အဲဒီကောင်စုတ်ကို ငါ လက်စားချေရမယ်။ ငါ ရှုံးသွားတာ အားလုံးကို ပြန်ယူပြီးတော့ မင်းကို ခြေထောက်အောက်မှာ နင်းခြေပစ်မယ်။”
“မင်းရဲ့ မိန်းမတွေက ငါ့ရဲ့ မောင်းမဆောင် ဖြစ်လာလိမ့်မယ်။”
ကျွန်းဆီမှ ချောက်ချားဖွယ် ရယ်သံနှင့်အတူ ရိုက်ခတ်သံများနှင့် ပျက်စီးသံများ ဆက်လက်၍ ထွက်ပေါ်လာလေသည်။
အင်အားကြီး နဂါးများ အထူးသဖြင့် အိမ်တွင် အမျိုးသမီးများ ရှိကြသော နဂါးများက သရဲတစ်ကောင် မြင်လိုက်ရသကဲ့သို့ပင် ဂူထဲတွင် ပုန်းနေကာ တံခါးများ တစ်ခုချင်း ပိတ်လိုက်ကြသည်။ နဂါးနတ်ဘုရား၏ ကောင်းချီးပေးမှုအောက်တွင် သူတို့က အဆင်ပြေ ချောမွေ့သော နှစ်တစ်နှစ်ကို ဖြတ်သန်းခဲ့ရ၏။ စိတ်မကောင်း စရာက ဆာ-နဂါးနတ်ဘုရား၏ စွမ်းအားက အကြာကြီး မခံခဲ့ခြင်းပင်။ နဂါးကျွန်း၏ အန္တရာယ်ဆိုးက ထပ်မံ၍ ပေါ်ထွက်လာတော့သည်။
တစ်နှစ်က ကိစ္စ အတော်များများကို ပြောင်းလဲရန် လုံလောက်ပေသည်။ လိုလီလေးတစ်ယောက်၏ ရင်သား အရွယ်အစားမှလွဲ၍.......