ဓူဝံကြယ်နီ ဧကရာဇ်
Vol. 52 Ch. 854
ရေကန်ပြာတောင်ခြေ၌ -
ရှေးအဂ္ဂိရတ် အဖွဲ့အစည်းဖြစ်သော ကြယ်မြို့တော်နှင့် အဝေးတစ်နေရာရှိ မျှော်စင်မြင့်တစ်ခုမှ တလက်လက် ကြယ်အလင်းတစ်ခု တောက်ပနေသည်။
ထိုကဲ့သို့ ကြယ်အလင်းရောင်က တစ်နှစ်လုံးနီးပါး တောက်ပနေခဲ့သည်။ မူလအရောင်က အပြာရောင် ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် အနီရောင် ဖျော့ဖျော့ ဖြစ်လာခဲ့သည်။ သိပ်မကြာခင်က ၎င်းက အနီရင့်ရောင် ဖြစ်သွားလေသည်။
တကယ့်လက်တွေ့ အချိန်၌လည်း ထိုအတိုင်းပင် ဖြစ်၏။
ကြယ်အလင်း ဗဟိုချက်က တင်ပလ္လင်ခွေ ထိုင်နေသော ချန်လွေ့ ဖြစ်လေသည်။
တစ်နှစ်အတွင်း သူ့ အစီအစဉ်အတိုင်း ကိစ္စအများအပြား ဖြစ်သွားခဲ့သည်။ သို့သော်လည်း အစီအစဉ်ထဲမှ မဟုတ်သော ကိစ္စများလည်း ဖြစ်ခဲ့လေသည်။ ဥပမာ နဂါးကျွန်းမှ ရင်ပြားလိုလီက အဆင့်တက်သွားပြီးနောက် အကြီးမားဆုံး အန္တရာယ်ဆိုး ဖြစ်လာသည်ကို သူ မသိပေ။ လိုလီလေး တစ်ယောက် (သို့မဟုတ် တစ်ယောက်မက)က သူ့ကို အံံအားသင့်စေရန် အတွက် “လျို့ဝှက်ပညာရပ်”ဖြင့် လေ့ကျင့်နေကြောင်း သူ မသိပေ။ အရိပ်နက်အင်ပါယာ ဆင်ခြေဖုံးရှိ အိမ်ယာထဲ၌ တစ်နေ့တွင် မြို့တော်ကို တုန်လှုပ်လုနီးပါး ဖြစ်စေခဲ့သော ကလေးငိုသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုကလေး၏ မီးတောက်စွမ်းအားက ကောင်းကင်တဝက်ကိုပင် နီရဲသွားစေခဲ့ကြောင်း သူ မသိပေ။ ယခုတွင် ထိုကလေးလေးက အကျင့်မကောင်းသော အဖေ သင်ပေးခဲ့သော အန္တရာယ်များသည့် ကစားနည်းကို နေ့တိုင်း အပြင်းအထန် ကစားနေလေသည်။
ပိတ်ထားသော မျက်လုံးများက တဖြည်းဖြည်း ပွင့်လာ၏။ အကယ်၍ တစ်စုံတစ်ယောက်က ချန်လွေ့၏ အရှေ့တွင် ရှိနေမည်ဆိုလျှင် သူ၏ အနက်ရောင်မျက်လုံးထဲ၌ လည်ပတ်နေသော မရေမတွက်နိုင်သည့် တောက်ပသော ကြယ်များကို မြင်နိုင်ပေလိမ့်မည်။
ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပင် အမြဲတိတ်ဆိတ် နေခဲ့သော ကြယ်အလင်းက ရုတ်တရက် ဖြန့်ကျက်သွားခဲ့၏။ ထိုအရာက သာမန်မီးတောက်တစ်ခု မဟုတ်ဘဲ အဆုံးမဲ့ လျို့ဝှက်ဆန်းကြယ်မှု ပါဝင်သော ပျက်စီးခြင်းဥပဒေသ စွမ်းအား ဖြစ်လေသည်။
လောင်ကျွမ်းနေသော ကြယ်အလင်းက အရာအားလုံးကို ဖျက်ဆီးတော့မလို ဖြစ်နေ၏။ ကြယ်အလင်းအောက်တွင် မျှော်စင်အနီးရှိ အားလုံးက အမှုန်ဖြစ်ကာ ကွယ်ပျောက် ကုန်ကြပြီး ကောင်းကင်နှင့် မြေကြီးကြား၌ အဆုံးမဲ့ ပျက်စီးခြင်းသာ ကျန်ရှိပေတော့သည်။
အဆုံးမဲ့ မီးတောက် ကြယ်အလင်းက အနက်ရောင် မျက်လုံးထဲသို့ ချက်ချင်း ပြန်ဝင်ရောက်သွားသည်နှင့် ချစ်ချစ်တောက် အနီရောင် ကြယ်အလင်းက ပျောက်ကွယ် သွားကာ ခုနက ပုံရိပ်ယောင် တစ်ခု ဖြစ်နေသကဲ့သို့ပင် ပတ်ပတ်လည်မှ အရာအားလုံးက ဘာမှမဖြစ်ဘဲ ရှိနေခဲ့လေသည်။
မျှော်စင်မှ အချိန်အတော်ကြာ လင်းလက်နေခဲ့သော ကြယ်အလင်းကလည်း နောက်ဆုံး၌ မှိတ်သွားခဲပြီး ချန်လွေ့၏ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ခုနက “ပုံရိပ်ယောင်” အမှန်တကယ် ဖြစ်လာပြန်ပြီး အနီးအနားမှ အရာအားလုံး ဝေဝါးကာ ကွယ်ပျောက်သွား၏။
ထိုအရာက ပုံရိပ်ယောင် မဟုတ်သလို အမှားတစ်ခုလည်း မဟုတ်ပေ။ “ပျက်စီးခြင်း”၏ စွမ်းအားသာမက “အချိန်” စွမ်းအားလည်း ဖြစ်ပေသည်။ မူလအခြေအနေသို့ ပြန်ရောက် သွားရခြင်း၏ အကြောင်းရင်းမှာ အချိန်စီးဆင်းမှုနှုန်း ပြောင်းလဲသွား၍ပင်။
ချက်ချင်းပင် ချန်လွေ့က “ကြယ်မြို့” နန်းတော်ရှိ ဗဟိုထိန်းချုပ် နန်းတော်ထဲ ရောက်ရှိလာခဲ့သည်။
အလှမ်းဝေး “ပြောင်းရွှေ့ခြင်း” နှင့် သာမန် “တယ်လီပို့ ခုန်ြခင်း”တို့က အမှန်တကယ် ထူးခြားပေသည်။ ထို့အပြင် ချန်လွေ့က ကြယ်မြို့၏ အန္တိမ ထိန်းချုပ်သူ ဖြစ်သည်။ သူက ထိုအဖွဲ့အစည်းမြို့ထဲသို့ ဝင်ရောက်လိုက်သည်နှင့် မည်သည့် နေရာကိုမဆို စိတ်ရှိသလို သွားလာနိုင်ပေ၏။
“ပြောင်းရွှေ့ခြင်း”က ဥပဒေသ နယ်ပယ်တစ်ခုကိ ကိုယ်စားပြုသည်။ ယခင်က ချန်လွေ့ [ဓူဝံကြယ် အသွင်ပြောင်းခြင်း] ကို အသက်သွင်းခဲ့စဉ်က ၎င်းတို့ တိုးမြှင့်မှုကြောင့် ရွှေ့ပြောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုက သူ နားလည်ထားသည့် စွမ်းရည် မဟုတ်ဘဲ တိုင်းပြည် အဆင့်သို့ အမှန်တကယ် ရောက်ရှိလာပြီးနောက် ဥပဒေသ စွမ်းအားကို လုံးဝ တတ်ကျွမ်းသွားခြင်း ဖြစ်ပေသည်။
“သလင်းကျောက်ဇာမဏီ။ ငါ့ကို အခုလက်ရှိ အချိန်ကိုပြ။” ချန်လွေ့ကို အချိန်ကို ကြည့်လိုက်ရာ အံ့သြ သွားခဲ့သည်။ “ဒီတစ်ခေါက် ငါ တံခါးပိတ်လေ့ကျင့်တာက တစ်နှစ်နီးပါး ကြားသွားတာပဲ။ ဒါကြောင့် ငါ့ဗိုက်က ဟောင်းလောင်းဖြစ်နေသလို ခံစားနေရတာကိုး။ ဒါပေမဲ့ ငါက ထင်ထားသလောက် အားမနည်းနေဘူး။ တိုင်းပြည်အဆင့် ရောက်ပြီးတော့ ငါ့ခန္ဓာအမျိုးအစားကလည်း ပြောင်းလဲ သွားတာများလား။ မဟုတ်သေးဘူး။ ငါ့ အသက်ဓာတ် ကလည်း....”
ထိုကဲ့သို့ ခံစားချက်မျိုးက ပိုးတုံးလုံး အရေခွံလဲသလို ခံစားချက်မျိုး ဖြစ်သည်။ လုံးဝအသစ် ဖြစ်သွားသကဲ့သို့ပင်။ ကိုယ်အင်္ဂါကိုယ်တိုင်က သန္ဓေပြောင်းလဲခြင်း ကဲ့သို့သာ မဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ သွေးလည်ပတ်မှုနှင့် ခန္ဓာကိုယ်ထဲမှ အငွေ့အသက် စီးဆင်းမှုတို့က သဘာဝ စကြဝဠာနှင့် ပေါင်းစည်းသွားခြင်းပင်။ ခန္ဓာကိုယ်က စကြဝဠာငယ် တစ်ခုသဖွယ် ဖြစ်သွားဟန်တူပြီး ၎င်း ထုတ်လုပ်သော စွမ်းအားက ကျယ်ပြန့်ပြီး သဘာဝ စွမ်းအားကဲ့သို့ အင်အားကြီးမားပေသည်။
ထိုအရာက [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ချပ်ကာ ယူဆောင်လာပေးနိုင်သော ခံစားချက် မဟုတ်ဘဲ သူကိုယ်တိုင် ထုတ်လွှတ်သော အရည်အသွေးအရ ပြောင်းလဲမှုပင် ဖြစ်လေသည်။ သဘာဝ စကြဝဠာနှင့် ပေါင်းစည်းသွားသော ထိုစွမ်းအားက စစ်မှန်သော ကြယ်စွမ်းအားပင်။
ထိုကဲ့သို့ အရည်အသွေးအရ ပြောင်းလဲခြင်း စက်ဝိုင်းအောက်၌ ခန္ဓာကိုယ်ကလည်း စားစရာကို လုံးဝ အမှီပြုစရာမလိုဘဲ စွမ်းအင် ပြည့်ဝရန်အတွက် သဘာဝ စွမ်းအားကို စုပ်ယူနိုင်လာသည်။ ထို့အပြင် သဘာဝ စွမ်းအားနှင့် ဥပဒေသတို့ကြောင့် အသက်စွမ်းအားက ကြီးကြီးမားမား တိုးတက်လာခဲ့ပြီး သက်တမ်းကလည်း ၁၀ဆ နီးပါးခန့် တိုးလာတော့သည်။
လက်ရှိ ချန်လွေ့၏ သက်တမ်းအရဆိုလျှင် ထို “၁၀ဆ”က အတော်လေး ကြောက်စရာ ကောင်းလှ၏။ သာမန် နဂါးများပင် အလွန်နိမ့်ကျနေလေသည်။ ဥပဒေသနှင့် စကြဝဠာ သဘာဝကို ပိုမို၍ နားလည်မှုနှင့်အတူ ထိုအသက်ဓာတ်ကို ထပ်မံ၍ တိုးမြှင့်နိုင်လေသည်။ ထို နတ်ဘုရားတစ်ပိုင်းနှင့် နတ်ဘုရား-ယောင် အဆင့်များက အလွန်အမင်း ရှည်လျားသော သက်တမ်းများ ရှိကြသည်မှာ အံ့သြစရာ မဟုတ်ပေ။
အသက်ရှည်ခြင်းက ကောင်းသောအရာ ဖြစ်သော်လည်း ချန်လွေ့က တစ်ယောက်တည်း အသက်မရှည်ချင်ပေ။ အကယ်၍ သူက အသက်ရှည်ခြင်းကြောင့် ချစ်ရသော အမျိုးသမီးများ တစ်ယောက်ချင်း သေဆုံးသွားသည်ကို မြင်တွေ့ရမည်ဆိုပါက ကိုယ်တိုင်သေဆုံးခြင်းထက်ပင် မခံမရပ်နိုင် ဖြစ်ရပေမည်။ အကယ်၍ ချန်လွေ့က တကိုယ်တည်း မသေနိုင်သော ဘဝမျိုးရခြင်းနှင့် ချစ်ရသူများနှင့် အချိန်အကန့်အသတ်တစ်ခုအတွင်း နေရခြင်းမျိုးကို ရွေးချယ်ရမည်ဆိုလျှင် ဒုတိယတစ်ခုကို ချက်ချင်း ရွေးချယ်လိုက်ပေမည်။
ဥပဒေသကို နားလည်သဘောပေါက် ပြီးနောက် အကြီးမားဆုံး အပြောင်းအလဲက စွမ်းအားပင်။
ဂုဏ်ပုဒ် - ဓူဝံကြယ်ဧကရာဇ်
ဆင့်ကဲပြောင်းလဲခြင်းအဆင့် - ကြယ်(၆)ပွင့်
စွမ်းအားအကဲဖြတ်မှု - SS+
ခန္ဓာအမျိုးအစား - SS+
ခွန်အား- SS+
စိတ်ဝိညာဉ် - SS+
အမြန်နှုန်း - SS+
အရှိန်အဝါတန်ဖိုး - ၁၁.၂၇၅ ဘီလီယံ
ယုံကြည်မှု သလင်းကျောက် - ၂.၁၃၇ ဘီလီယံ
ဓူဝံကြယ်အဆင့် - ကြယ်နီ
သုံးဖက်မြင် လူပုံစံအတွင်းထဲ၌ “မီရာ့ခ်” ဟူသော စကားလုံးနှင့်အတူ နက်ပြာရောင် ကြယ်သွေးကြောက ကြက်သွေးရောင် ပြောင်းသွား၏။ ဓူဝံကြယ်နီဧကရာဇ်.....
ယခင် အဆင့်တက်ခြင်းများမှ အခက်အခဲနှင့် သည်းထိတ်ရင်ဖို ခံစားချက်များနှင့် ယှဉ်ပါက ယခုတစ်ခေါက် အဆင့်တက်ခြင်းမှာ သဘာဝ စီးဆင်းမှု ကဲ့သို့ပင်။
လေ့ကျင့်ရေးကွင်းထဲ၌ တစ်နှစ်လေ့ကျင့်ခြင်း၏ တကယ့် အချိန်ကာလမှာ အနည်းဆုံး အနှစ်(၅၀) ဖြစ်သည်။ သီးခြား အစွမ်းသတ္တိများ၏ စွမ်းအားအကဲဖြတ်မှုများက SS+ အဆင့် ရောက်ရှိသွားကြပြီး ထိုနယ်ပယ်၍ အစွမ်းအထက်ဆုံး ဖြစ်လေသည်။ ထိုအရာက အပေါ်ယံ တန်ဖိုးများသာမကဘဲ “အိပ်စက်နေခြင်း”မှ နိုးလာသည်အထိ ချန်လွေ့က ဓူဝံကြယ်နီ အဆင့် စွမ်းအားကို လုံးဝ ကျွမ်းကျင်သွားပြီ ဖြစ်လေသည်။
စူပါစနစ်ထဲ၌ မူလ နေအဖွဲ့အစည်းကလည်း အဆ ဒါဇန်ခန့် ကျယ်ပြန့်သွားခဲ့သည်။ “နေ”တစ်လုံးတည်းသာ မဟုတ်တော့ဘဲ ဒါဇင်ခန့် ဖြစ်သွား၏။ နေတစ်လုံးစီရှိသော နေအဖွဲ့အစည်းက အသေးစား နေအဖွဲ့အစည်း ဖြစ်လေသည်။ အသေးစား နေအဖွဲ့အစည်းကြားမှ စည်းချက်နှင့် အလယ်အလတ်အဆင့် နေအဖွဲ့အစည်း၏ စုစုပေါင်း စည်းချက်တို့က လျို့ဝှက်ဆန်းကြယ်ပြီး အင်အားကြီးသော စွမ်းအားများ ပါဝင်နေလေသည်။
အသိဉာဏ်ရှိသော သက်ရှိလက္ခဏာများကလည်း မူလ အသေးစား နေအဖွဲ့အစည်းမှ နေအဖွဲ့အစည်းကြီး တစ်ခုလုံးသို့ ပျံ့နှံ့လာခဲ့သည်။ နေထိုင်၍ရသော ဂြိုဟ်များက အနည်းငယ်သာ ရှိသေးသော်လည်း ယုံကြည်မှု အရင်းအမြစ်က ၁၀ဆကျော်ခန့် တိုးပွားလာခဲ့လေသည်။
ဓူဝံကြယ်နီဧကရာဇ်က ကြယ်(၇)ပွင့် ဆင့်ကဲပြောင်းလဲခြင်း မဟုတ်ဘဲ ကြယ်(၆)ပွင့် ဆင့်ကဲပြောင်းလဲခြင်းထဲ၌ အသေးစား အဆင့်တက်ခြင်း ဖြစ်လေသည်။ ယခုတစ်ခေါက် အဆင့်တက်ခြင်းက စွမ်းရည်အသစ်များ မတိုးလာခဲ့ပေ။ “တယ်လီပို့ခုန်ခြင်း”၊ [ အရှိန်အဝါဓားသွား ] ၊ [ အရုဏ်ဦး ပစ်ချက် ] ၊ [ ကြယ်စင်စုပိုင်နက် ] အစရှိသော မူလစွမ်းရည် အများအပြားက စွမ်းရည်သစ်ပင်မှ ပျောက်ကွယ် သွား၏။ ထိုစွမ်းရည်များကို အသုံးပြု၍ မရတော့ခြင်း မဟုတ်ဘဲ သူနှင့် တစ်သားတည်း ဖြစ်သွားခြင်း ဖြစ်လေသည်။ ကြယ်စွမ်းအား လုံလောက်သရွေ့ သူက အချိန်အကန့်အသက်မရှိ အသုံးပြု နိုင်လေပြီ။
ထိုအရာက အကြီးမားဆုံး အောင်မြင်မှုင်။ တားမြစ်မှုများ ဖယ်ရှားနိုင်ရုံသာမက နယ်ပယ်တစ်ခုသို့ ရောက်ရှိသွား သကဲ့သို့ပင် “ပုံရိပ်အာရုံခံ”ကလည်း တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့သည်။ ၎င်းတို့က အမှန်တကယ်ပင် သူ၏ ကိုယ်ပိုင်စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားကြ၏။ ပြောရမည်ဆိုလျှင် စူပါစနစ်၏ တကယ့်တာဝန်က ထိန်းချုပ်သူအား အစွမ်းအချို့ ထောက်ပံ့ကာ အဆင့်မြှင့်ပေးခြင်း မဟုတ်ဘဲ ထိပ်သီးအဆင့်သို့ ရောက်ရှိရန် အတွက် စွမ်းအားကိုလေ့ကျင်ရာ၌ ကူညီထောက်ပံ့ပေးရန် ဖြစ်လေသည်။
[ ဓူဝံကြယ်ပြာအသွင်ပြောင်းခြင်း] ပြီးနောက်တွင် [ဓူဝံကြယ်နီ အသွင်ပြောင်းခြင်း ] ရရှိလာကာ ၎င်းက ချန်လွေ့၏ တိုက်ခိုက်ရေးစွမ်းအားကို နောက်ထပ်အဆင့်အထိ တိုးတက်သွားစေခဲ့သည်။ [ ကြယ်ဂိတ် ] တွင် ထပ်တိုး ကြယ်အမှတ် (၄)ခု ရှိလာပြီး ကြယ်အမှတ်ထားနိုင်သော နေရာကလည်း ၃နှစ်မှ ၁၀နှစ်အထိ တိုးမြင့်သွားခဲ့သည်။ ကံဆိုးစွာပင် သူကိုယ်တိုင်မှလွဲ၍ အခြားသူများကို ခေါ်သွားရန် မဖြစ်နိုင်နေဆဲပင်။ သို့သော်လည်း ကြယ်နီအဆင့်တက်ခြင်း အပြောင်းအလဲများက ထိုထက် သာလွန်သည့်အတွက် ချန်လွေ့တွင် နောင်တရစရာများ မရှိပေ။ အံ့အားသင့်စရာ အပြောင်းအလဲ (၃)ခု ရှိနေ၏။
ပထမတစ်ခုမှာ ယခင်က မီးခိုးရောင် ဖြစ်နေခဲ့သော [ကွင်းဆက်တိုးမြှင့်မှု] ၏ [ ကြယ်အဆင့် တိုးမြှင့်မှု]ကို အသုံးပြု၍ ရနိုင်သွားခြင်းပင်။ [ကွင်းဆက်တိုးမြှင့်မှု ] နှစ်မျိုး ရှိလေသည်။ [ တိုက်ပွဲတိုးမြှင့်မှု ] က အချိန်တိုင်း ယုံကြည်မှု သလင်းကျောက် ၁၀၀ လိုအပ်ကာ အချိန်အကန့်အသတ် ရှိသည်။ [ကြယ်အဆင့်တိုးမြှင့်မှု]က တသက်တာ ဖြစ်ပြီး တိုးမြှင့်မှုတိုင်းက ယုံကြည်မှုသလင်းကျောက် တစ်သိန်း လိုအပ်ပေသည်။ ၎င်းက ချိတ်ဆက်သူ၏ စွမ်းအားကို ကြီးကြီးမားမား တိုးတက်စေနိုင်သော်လည်း ကွင်းဆက်ကို ပယ်ဖျက်ပြီးနောက် တိုးမြှင့်မှု ပျောက်ကွယ်သွားပေမည်။ [ကြယ်အဆင့်တိုးမြှင့်မှု] စျေးနှုန်းက မနည်းလှပေ။ ကြယ်(၁)ပွင့် တိုးမြှင့်မှုက တစ်ယောက်လျှင် ယုံကြည်မှု သလင်းကျောက် တစ်သိန်း လိုအပ်ပေသည်။ “အနှိုင်းမဲ့ စစ်သည် အွန်လိုင်း” မတိုင်ခင် ထိုအရာက စျေးကြီးပေသည်။ ယခုတွင် ချန်လွေ့က အဆင့်တက်ခြင်း၌ အသုံးပြုပြီး နောက်တွင်ပင် ယုံကြည်မှုသလင်းကျောက် သန်း ၂ထောင် ကျန်နေသေးသည်။ ထိုပမာဏက အနည်းငယ်သာ ဖြစ်၏။
ဒုတိယ အပြောင်းအလဲက ကြယ်အပ်နှင်း စင်မြင့်မှ ကြယ်ရာထူးအသစ် ဖြစ်သည်။
ကြယ်ကိုယ်လုပ်တော် - စိတ်ဝိညာဉ် SS အဆင့်။ အထူးဂုဏ်သတ္တိ - [ စိတ်ဖောက်ထွင်း ] ။ စိတ်ဝိညာဉ် တိုက်ခိုက်မှုကို နှစ်ဆတိုးစေပြီး စိတ်ဝိညာဉ် ထိခိုက်မှုကို တဝက်လျှော့ချပေး။
ကြယ်တပ်မှူး - ခွန်အား S++ ၊ အမြန်နှုန်း S++ ။ အထူးဂုဏ်သတ္တိ - [ ဘေးဆီးရန်ကာ ]။ ထိခိုက်မှုကို ကြီးကြီးမားမား လျှော့ချပေးပြီး သက်လုံပြန်ရခြင်းကို နှစ်ဆ တိုးပေနိုင်။
စုစုပေါင်း ကြယ်ကိုယ်လုပ်တော် (၁)နေရာ၊ ကြယ်တပ်မှူး (၂) နေရာ၊ ကြယ်ဗိုလ်ချုပ် (၄)နေရာ၊ ကြယ်အစေခံ (၆) နေရာနှင့် ကြယ်တပည့် (၈)နေရာတို့ ရှိကြ၏။
မူလက ကြယ်အပ်နှင်းခြင်း အရေအတွက် နည်းလွန်း နေလိမ့်မည်ဟု ချန်လွေ့ စိုးရိမ်နေခဲ့သော်လည်း လက်ရှိ ဖြန့်ကျက်လာမှုက ထိုပြဿနာကို ဖြေရှင်းလိုက်လေပြီ။ သူက သူတန်ဖိုးထားရသော မိတ်ဆွေများ၊ ချစ်သူများနှင့် ဆွေမျိုးများ အားလုံးကို ကြယ်ရာထူး အပ်နှင်းနိုင်ပြီ ဖြစ်သည်။ အပ်နှင်းခြင်းက သူတို့၏ စွမ်းရည်ကို တိုးတက် စေရနိုင်ရုံသာမက ချန်လွေ့လည်း အပြန်အလှန်အနေဖြင့် အကျိုးအမြတ် ရရှိပေလိမ့်မည်။
တတိယ အံ့အားသင့်စရာက လေ့ကျင့်ရေးကွင်းမှ ရောက်လာခြင်း ဖြစ်ပြီး အချိန်ဥပဒေသ၏ အမြင့်ဆုံး အကန့်အသတ်က အဆ၅၀၀ ဖြစ်သွားလေသည်။ ၎င်းက [ ယုံကြည်မှုစိတ်ပုံရပ် ] လုပ်ဆောင်ချက်ကိုပင် အထူး ထပ်ထည့် ခဲ့လေသည်။
ထိုအရာက စူပါစနစ်က ဖန်တိးပေးသော အထူး လုပ်ဆောင်ချက်တစ်ခု ဖြစ်ပေသည်။ ၎င်းက လေ့ကျင့်ရေး ကွင်းပြင်က တကယ့်အစစ်အမှန်အဖြစ် ပုံရိပ်ထိုးပြနိုင်သည်။ သက်ရောက်မှုက ၅ပုံ ၁ပုံ ဖြစ်၏။ လိုအပ်ချက် နှစ်ခုတော့ ရှိပေသည်။ ပထမတစ်ခုမှာ သက်ဆိုင်ရာ ယုံကြည်မှု သလင်းကျောက်များ ပေးရမည်ဖြစ်ပြီး ဒုတိယက ဝင်ရောက်မည့်လူမှာ စိတ်ဝိညာဉ်ကွင်းဆက် ရှိသူ သို့မဟုတ် ယုံကြည်မှုထောက်ပံ့ပေးသော ယုံကြည်သူ ဖြစ်ရပေမည်။ ယုံကြည်သူ မဟုတ်သူများ ဝင်နိုင်မည် မဟုတ်ပေ။
ထို့အပြင် လဲလှယ်ရေးဌာန၌ [ ယုံကြည်မှု သိုင်းဝိညာဉ် ] ရှိနေသည်။ ထိုသိုင်းဝိညာဉ်ကို မည်သည့် လက်နက်မဆို၌ ပေါင်းစပ်၍ ရနိုင်ပြီး စွမ်းအားတိုးမြှင့်ကာ အသုံးပြုသူကို ပျက်စီးခြင်းဥပဒေသစွမ်းအား ချီးမြှင့်နိုင်လေသည်။ ယခင် အတိုင်းပင် ၎င်းကို အသက်သွင်းရန်အတွက် ယုံကြည်သူ သို့မဟုတ် စိတ်ဝိညာဉ်ကွင်းဆက်ရှိသူ ဖြစ်ရပေမည်။
ရုတ်တရက် ချန်လွေ့က ထူးထူးဆန်းဆန်း ခံစားလိုက်ရ၏။ ထိန်းချုပ်သူဖြစ်သော သူက နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီး ကြယ်အပ်နှင်းခြင်း၊ [ ယုံကြည်မှု သိုင်းဝိညာဉ် ] နှင့် [ယုံကြည်မှု စိတ်ပုံရိပ်]တို့က ယုံကြည်သူများကို အံံသြဖွယ်ရာများ ပြသနေသကဲ့သို့ပင်။
ကြယ်နီ အဆင့်တက်သွားတာက ဘာသာရေးဂိုဏ်း လိုမျိုးပဲ ။
သို့သော်လည်း ချန်လွေ့ ထိုစိတ်ကူးယဉ်အရာများထဲ နစ်ဝင်မသွားခဲ့ပေ။ စွမ်းအားကသာ သူ အမှန်တကယ် ဆုပ်ကိုင်နိုင်သော အရာ ဖြစ်ပေသည်။
စားစရာအချို့ဖြင့် ဗိုက်ဖြည့်ပြီးနောက် ချန်လွေ့က သလင်းကျောက်ဇာမဏီ၏ ကိုယ်ရေးအကျဉ်းကို စတင် စစ်ဆေးလိုက်သည်။ သူ တံခါးပိတ် လေ့ကျင့်နေစည်အတွင်း “အနှိုင်းမဲ့စစ်သည် အွန်လိုင်း” စီမံကိန်းဖြစ်စေ၊ ကြယ်မြို့၏ ဆောက်လုပ်ရေးနှင့် ထုတ်လုပ်ရေးတို့ဖြစ်စေ မရပ်တန့်ခဲ့ပေ။ “အနှိုင်းမဲ့စစ်သည် အွန်လိုင်း” ကစားသမား အရေအတွက်က ကြောက်မက်ဖွယ်ရာ အဆင့်တစ်ခုအထိ ရောက်ရှိလာခဲ့ပြီး လူအများ၏ ဂိမ်းအဆင့်ကလည်း သိသိသာသာ တိုးတက် လာခဲ့သည်။ ခက်ခဲသော ဂူသင်္ချိုင်း အများအပြားကိုလည်း တစ်ခုချင်း သိမ်းပိုက်လာခဲ့ကြသည်။ ထိုကဲ့သို့ တိုးမြှင့်မှုက တကယ့်လက်တွေ့ကိုပင် သက်ရောက်မှု ရှိစေခဲ့သည်။ စွမ်းအားအရပြောရလျှင် ထိုအရာက တိုက်ခိုက်ရေး စွမ်းအားကို အမှန်တကယ် တိုးမြှင့်ပေးနိုင်သည့် အထူး “လေ့ကျင့်ရေး”တစ်ခု ဖြစ်ပေသည်။
သူ့ကို စိတ်အလှုပ်ရှားစေဆုံးမှာ ကြယ်မြို့၏ ထုတ်လုပ်ရေး အောင်မြင်မှုများပင်။ သလင်းကျောက်ဇာမဏီ တင်ပြသော အမျိုးမျိုးသော နောက်ဆုံးပေါ် သုတေသန ရလာဒ်များကို ကြည့်ပြီး ချန်လွေ့က ပြုံးနေလေသည်။ ၂နှစ် စစ်ဆိုင်း စာချုပ်က အဆုံးသတ်သွားပြီ။ အခုက တကယ်လုပ်ဖို့ အစီအစဉ် ချရမယ့် အချိန်ပဲ။