← Chapters

ကြယ်ကြွေတမန်အင်ပါယာ စစ်ရေးပြခြင်း

Vol. 52 Ch. 856

ကြယ်ကြွေတမန်အင်ပါယာ စစ်ရေးပြခြင်း

Vol. 52 Ch. 856

ကတ်သရင်း ထင်ထားသည့်အတိုင်းပင် ရိုင်ဇန်ကလည်း ကောင်စုတ်တစ်ယောက်ထံမှ ထိုးနှက်မှုကို ခံစားခဲ့ရသည်။

ပြည်သူများလည်း စစ်သည်များ ဖြစ်ကြသော သွေးရောင် အင်ပါယာအတွက် အရိပ်နက်အင်ပါယာထက် ပို၍ ခုခံမှု ရှိလေသည်။ ရိုင်ဇန်က ကတ်သရင်း၏ပုံစံနှင့် လုံးဝ ကွဲပြားသော နည်းလမ်းတစ်ခုကို အသုံးပြုခဲ့သည်။ ထိုအရာက စစ်ပွဲကို သူတို့ သေချာ‌ပေါက် အနိုင်ရမည် ဟူသော ဆွေးနွေးခြင်းဖြင့်ပင်။

သွေးရောင်အင်ပါယာက အင်ပါယာ(၃)ခုတွင် တိုက်ခိုက်ရေး စွမ်းအား အကြီးမားဆုံး ဖြစ်သည်။ လွန်ခဲ့သော (၂)နှစ်ခန့် ကြယ်ကြွေတမန်အင်ပါယာနှင့် စစ်ပွဲက ကောင်းမွန်သော သက်သေတစ်ခုပင်။ ထိုစဉ်က ကတ်သရင်း၏ အချိန်မီ စစ်ကူရောက်ရှိလာခြင်းသာ မဟုတ်လျှင် ကြယ်ကြွေတမန် အင်ပါယာက ရိုင်ဇန်ကြောင့် လုံးဝ ချေမှုန်းခံလိုက်ရပေမည်။

တစ်ကိုယ်ရေ စွမ်းအားဖြစ်စေ၊ စုစုပေါင်း တိုက်ခိုက်ရေး စွမ်းအား၌ဖြစ်စေ သွေးရောင်အင်ပါယာက ထိုက်တန်သော ထိပ်တန်းအင်ပါယာ ဖြစ်၏။ အမြင်တစ်ခုအရ ကြည့်မည် ဆိုပါက စစ်ပွဲ အမှန်တကယ် ဖြစ်လာခဲ့လျှင် သွေးရောင် အင်ပါယာအတွက် ကြီးမားသော အကျိုးအမြတ်များ ရရှိလာနိုင်ပေသည်။ ထိုအရာကလည်း အင်ပါယာ တစ်ခုလုံး၏ ပြည်သူများထံ ရိုက်သွင်းထားသော သွေးရောင် အင်ပါယာ၏ ဂုဏ်ယူစရာ ဖြစ်ပြီး ထိုဂုဏ်ယူမှုက ကြယ်ကြွေတမန် အင်ပါယာ၏ သန်းခေါင်နေအရှင် ကျရှုံးပြီးကတည်းက ထိန်းသိမ်းထားခဲ့လေသည်။

ထို့ကြောင့် သွေးရောင်အင်ပါယာက ကပ်ဘေးကို ယာယီ ဖြတ်ကျော်နိုင်ခဲ့သော်လည်း သွေးရောင်အင်ပါယာ၌ ရှေ့ရေးကို ကြိုမြင်နိုင်သော လူတော်များ မနည်းပါးလှပေ။ ကြယ်ကြွေ တမန် အင်ပါယာမှ သင်ယူခဲ့သော အသစ်တစ်ခုဖြစ်သည့် “ဘဏ်”က အသွားနှစ်ဖက်ရှိသော ဓားဖြစ်ကြောင်း သူတို့ သတိထားမိကြသည်။ ထိုအရာက အလွန်ကြီးမားသော အကျိုးအမြတ်များကို ယူဆောင်ပေးနိုင်ရုံသာမက အင်ပါယာ တစ်ခု၏ အခြေခံအုတ်မြစ်ကို လှုပ်ခါစေနိုင်သော မမျှော်လင့်ထားသည့် ကပ်ဘေးကြီးတစ်ခုကိုလည်း ယူဆောင် လာပေးနိုင်သည်။ လက်ရှိ “ငွေကြေးပြတ်လပ်မှု”က “စစ်ပွဲ”၏ အစသာ ဖြစ်လောက်သည်။

ထိုစစ်ပွဲ၌ သွေးထွက်သံယို မရှိသလို သေဆုံးခြင်းလည်း မရှိပေ။ သို့သော်လည်း ကြောက်စရာအဆင့်က တကယ့် တိုက်ပွဲထက် လုံးဝ မနိမ့်ကျပေ။ ပို၍ ကြောက်စရာ ကောင်းသည်က ရန်သူ မည်သို့ တိုက်ခိုက်လာမည်ကို သူတို့ မသိခြင်းပင်။

အခြား အင်ပါယာ(၂)ခုနှင့်ယှဉ်လျှင် ကြယ်ကြွေတမန် အင်ပါယာက တည်ငြိမ်နေပုံရသည်။ သူတို့က အတိုးနှုန်းများ တိုးမြှင့်ခြင်း၊ လူအများ၏ နှလုံးသားကို ငြိမ်းချမ်းစေခြင်းနှင့် ပွဲတော်အမျိုးမျိုး ကျင်းပခြင်းတို့ဖြင့် အခြေအနေကို အမြန် တည်ငြိမ်စေခဲ့သည်။

(၃)ရက် ကြာပြီးနောက် ကြယ်ကြွေတမန် အင်ပါယာက ပထမဆုံး စစ်ရေးပြပွဲကို နတ်ဆိုးဘုံ တစ်ခုလုံးထံ တိုက်ရိုက် ထုတ်လွှင့်ပြသတော့သည်။ ထိုစစ်ရေးပြပွဲက ရုပ်မြင်သံကြား ပေါ်တွင် ကြေညာပြီး ရက်အနည်းငယ် အကြာ ကျင်းပခြင်း ဖြစ်သော်လည်း ကြယ်ကြွေတမန်အင်ပါယာက ၎င်းကို အချိန်အကြာကြီး ပြင်ဆင်ထားခဲ့သည်မှာ ထင်ရှားပေသည်။

မြို့တော်ဂိတ်တံခါးမှ ဗဟိုလဟာပြင်ကို ဦးတည်သော အကြီးမားဆုံး လမ်းမကြီးကို မနက်စောစောတွင် “လမ်းကြောင်း ထိန်းချုပ်သူများ”က ပိုင်းခြားထာခဲ့ပြီ ဖြစ်သည်။ မည်သည့်မြင်းများ၊ လှည်းများနှင့် လူများကိုမှ ဖြတ်သွားခွင့် မပြုပေ။ လမ်းဘေးတစ်ဖက်စီတွင် စစ်သည်များ ရပ်နေကြပြီး သက်ဆိုင်ရာ အကာအကွယ် မှော်အစီအရင် များကိုလည်း ခင်းကျင်းထားကြလေသည်။

အခမ်းအနား မစသေးသော်လည်း လမ်းပေါ်တွင် အင်ပါယာ(၂)ခုမှ သတင်းပေးများ အပါအဝင် လူများ ပြည့်နေကြပြီဖြစ်သည်။

လမ်းတလျှောက်ရှိ မှော်ရုပ်မြင်သံကြား မျက်နှာပြင် အကြီးကြီးပေါ်တွင် မြင်ကွင်းများ စတင်၍ ပေါ်ထွက် လာခဲ့သည်။ ထိုပုံရိပ်များက မြို့တော်ပုံစံက ရှုထောင့် အမျိုးမျိုးမှ ဖမ်းယူထားခြင်းဖြစ်ပြီး အထူးသဖြင့် နန်းတော်၏ အလွန်ကြီးမားသော ရုပ်ထုများနှင့် နာမည်ကျော် အထိန်းအမှတ် အဆောက်အဦးများပင်။ ၎င်းတို့က တိုက်ရိုက် ထုတ်လွှင့်နေခြင်း ဖြစ်ပေသည်။

မျက်နှာပြင်ပေါ်တွင် မတူညီသော ရုပ်ရှင်အပိုင်းများ ပြောင်းလဲပြနေပြီး မှော်ရုပ်မြင်သံကြားကို ကြည့်နေကြသော နယ်မြေမှ လူအသီးသီးလည်း ပါဝင်ကြပေသည်။ အမျိုးသမီးနှင့် အမျိုးသား တင်ဆက်ကြေညာသူတို့၏ အသံများကလည်း လိုက်ဖက်ညီနေပြီး အမှောင်လ နယ်မြေမှ မဟာရှီရာ တစ်ဆင့်ချင်းတက်လာပြီး ပုန်ကန်သော အိုဆိုင်ဒန်ကို အနိုင်ယူကာ ကြယ်ကြွေတမန် အင်ပါယာအား ဆင်းရဲမှုမှ ကြွယ်ဝလာအောင် ဦးဆောင်ခဲ့သော ဇာတ်လမ်းကို ဖော်ပြနေလေသည်။ ထိုလုပ်ရပ်များကို အများပြာသူက ရင်းနှီးနေကြပြီ ဖြစ်သော်လည်း ဇာတ်လမ်းတစ်ပုဒ်ကဲ့သို့ ကြားရသောအခါ သူတို့က ရှင်းပြ၍မရအောင် စိတ်လှုပ်ရှားနေကြဆဲ ဖြစ်လေသည်။

မျက်နှာပြင်အကြီးကြီးက ဗဟိုလဟာပြင်ရှိ အသစ် ဆောက်ထားသော စင်မြင့်ပေါ်မှ ခမ်းနားပြီး လေးနက်သော စစ်သီချင်းဆီသို့ ရောက်သွားကာ ကြယ်ကြွေတမန် အင်ပါယာ၏ နိုင်ငံတော်အလံဖြစ်သော သွေးနီမီးလျှံ အလံက မြင့်တက်လာနေလေသည်။

စင်မြင့်ပေါ်တွင် ကြယ်ကြွေတမန် အင်ပါယာ၏ ဧကရီ ရှီရာလူစီဖာ၏ပုံ ပေါ်ထွက်လာခဲ့သည်။ လွန်ခဲ့သော တစ်နှစ် နှစ်နှစ်က နန်းတက်လာခဲ့သော ဧကရီအရှင်မက ကြယ်ကြွေ တမန် အင်ပါယာကို အကြွင်းမဲ့ လွှမ်းမိုးနိုင်ခဲ့ပြီး အင်ပါယာ၏ အန္တိမ ထိန်းချုပ်သူ ဖြစ်လာခဲ့သည်။

ဝန်ကြီးများနှင့် တော်ဝင်မိသားစုများကလည်း စင်ပေါ်တွင် ရပ်နေကြပြီး အနီးအနားတွင် လူအုပ်လိုက်ကြီး ရှိနေသည်။ စင်ပေါ်ရှိ အရှင်မနောက်ဘက်တွင် လူတစ်ယောက်သာ ရှိနေပြီး ထိုသူက မျက်နှာဖုံးနှင့် ဝတ်ရုံ ဝတ်ထားသော ကြင်ရာတော် မင်းသား အက်ဂ်ယောပင် ဖြစ်လေသည်။

မေးခွန်းထုတ်ခံခဲ့ရသော ကြင်ရာတော်မင်းသား အက်ဂ်ယောက နှစ်ပေါင်းသိန်းနှင့်ချီ ကြာပြီးနောက် အဂ္ဂိရတ် ဆရာသခင်ပြိုင်ပွဲ၌ ပထမဆုံးသော ဆေးရည်နှင့် ယန္တရားပညာ မဟာဆရာသခင် ဖြစ်လာခဲ့လေသည်။ သူက အမြင့်ဆုံးသော ဆေးရည်မည်းဖြစ်သည့် ပြန်လည် ရှင်သန်ခြင်း ဆေးရည်ကို ဖန်တီးနိုင်သော မဟာ့မဟာ ဆရာသခင်တစ်ယောက်လည်း ဖြစ်ပေသည်။

ထို့အပြင် ကြင်ရာတော်မင်းသားက နတ်ဆိုးဘုံမှ ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ် ရိုင်ဇန်ကိုပင် ထိတ်လန့် သွားစေနိုင်သော စွမ်းအား ပြသခဲ့ပြီး ရိုင်ဇန်ကိုယ်တိုင်ပင် သူ့ကို သိုင်းပြိုင်ပွဲ၌ ဝင်ပြိုင်ရန် လူသိရှင်ကြား ဖိတ်ကြားခဲ့၏။ ကြင်ရာတော်မင်းသားကလည်း အိုဆိုင်ဒန်ကို မယုံနိုင်စရာ ကောင်းလောက်အောင် အလဲထိုးနိုင်ခဲ့သော ဧကရီ အရှင်မ ကဲ့သို့ပင် ဒဏ္ဍာရီတစ်ခု ဖြစ်လေသည်။

ဧကရီ ရှီရာက တိုတိုတုတ်တုတ်နှင့် စိတ်အား တက်စေသော မိန့်ခွန်းတစ်ခု ပြောပြီးနောက်တွင် စစ်ရေးပြ အခမ်းအနားကို တရားဝင် စတင်ကြောင်း ကြေညာလိုက်၏။

လူအများ၏နားထဲ၌ စည်းချက်ညီပြီး အင်အားကြီးသော ခြေသံများကို ကြားလိုက်ရပြီး အဝေးမှ ထွက်ပေါ်လာသော စစ်တပ်တစ်ခုကို မြင်လိုက်ရသည်။ ရုပ်မြင်သံကြားက ၎င်းကို ပုံကြီးချဲ့လိုက်၏။ ထိုအရာက စစ်သည်များ စုစည်းထားသော စစ်သည်အဖွဲ့ပင်။

ပထမဆုံး စစ်သည်အဖွဲ့တွင် စစ်သည် အယောက် ၃၀၀ခန့် ရှိလေသည်။ ထိုစစ်သည်များက အစိမ်းရောင် သားရေချပ်ကာများ ဝတ်ထားကြပြီး စိတ်အားတက်ကြွ နေကြသည်။ သူတို့က ဒိုင်းအသေးစားနှင့် ဓားရှည်တစ်လက် ကိုင်ထားကြသည်။ သူတို့၏ ခြေလှမ်းများကး ညီညာနေပြီး လှုပ်ရှားမှုများက တသားတည်း ဖြစ်နေသည်။ အဝေးမှ ကြည့်လျှင်ပင် သူတို့၏ ကြီးမားလှသော အဟုန်ကို ခံစားမိနိုင်၏။

မှော်ရုပ်မြင်သံကြားမှ တင်ဆက်ကြေညာသော အသံ ထွက်လာခဲ့သည်။ “လက်ရွေးစင် ခြေမြန်တပ်ရင်း ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အမျိုးမျိုးမှာ တိုက်ခိုက်ဖို့အတွက် သင့်တော်တယ်။ ဒိုင်းကာအပေါ့စားတွေက အလှမ်းဝေး မြားတွေနဲ့ မှော်အစွမ်းတွေကို ခုခံနိုင်ပြီးတော့ ဓားရှည်တွေက ချည်းကပ်လာတဲ့ ရန်သူတွေကို သုတ်သင်နိုင်တယ်။ သူတို့က စစ်မြေပြင်မှာ မရှိမဖြစ်လိုအပ်တဲ့ အုတ်မြစ်တွေပါပဲ...”

ခြေမြန်တပ်ရင်း စစ်သည်အဖွဲ့ ပြီးနောက်တွင် ခြေလျင်တပ်နှင့် လှံသမား စစ်သည်အဖွဲ့တို့ ဖြစ်ကြသည်။ ခဏအကြာ မြင်းတပ်နှင့် သံချပ်ကာ စစ်သည်အဖွဲ့တို့လည်း လူတိုင်း၏ မြင်ကွင်းထဲ၌ ပေါ်ထွက်လာခဲ့သည်။

သွေးရောင်အင်ပါယာ၏ နန်းတော်ခန်းမဝယ် -

မှော်ရုပ်မြင်သံကြား မျက်နှာပြင်ကြီးက ကြယ်ကြွေတမန် အင်ပါယာ၏ စစ်ရေးပြ အခမ်းအနားကို တပြိုင်နက်တည်း ထုတ်လွှတ်နေလေသည်။ ကြည့်နေသူများက ရိုင်ဇန်နှင့် ဝန်ကြီးများ ဖြစ်ကြသည်။

ဗိုလ်ခြေ တပ်မှူးတစ်ယောက်က အထင်သေးစွာဖြင့် ပြောလိုက်သည်။ “ဒီစစ်တပ်တွေက လက်ရွေးစင်လို့ ထင်ရပေမဲ့ သေသေချာချာ ရွေးချယ်ထားတာ တစ်ခုပဲ။ သွေးရောင်အင်ပါယာက ကျုပ်တို့ စစ်တပ်က လက်ရွေးစင် စစ်သည်တွေ ပိုပြီးတော့ ရွေးချယ်လို့ရတယ်။ “စစ်ရေးပြပွဲ”က ဒီလိုအဆင့်ပဲ ဆိုရင်တော့ အရှင်မ ရှီရာက ကိုယ့်တပ်ကိုယ် ပြန်နင်းသလို ဖြစ်နေတာပဲ။”

ဘေးဖက်မှ ရဲဘောရဲဘက်များကလည်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “သူ့ရဲ့ အကြီးမားဆုံး ကျရှုံးမှုက စစ်သည်တစ်မျိုးချင်းစီကို စစ်သည်အဖွဲ့အနေနဲ့ မသတ်မှတ် သင့်တာပဲ။ တကယ်လို့ သူက စစ်သည်အမျိုးအစားအလိုက် မပိုင်းခြားဘဲနဲ့ ဗိုလ်ခြေအလိုက် ပိုင်းခြားမယ်ဆိုရင် ကြည့်ကောင်းဦးမယ်။ သိပ်မကြာခင် ဒီဟန်ပြပွဲက ပြီးသွားမယ်လို့ ကျုပ် ထင်တယ်။”

ပလ္လင်ပေါ်မှ ရိုင်ဇန်က ဝန်ကြီးများနှင့် ဗိုလ်ချုပ်များ ဆွေးနွေးနေကြသည်ကို ဘာမှမပြောဘဲ နားထောင်နေခဲ့၏။ သူ၏ မျက်လုံးများက ရှီရာနောက်မှ မျက်နှာဖုံးနှင့်လူကို အာရုံစိုက်လိုက်ပြီးနောက် အေးစက်သော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ သူက အေးအေးဆေးဆေး ပြောလိုက်၏။ “ဆက်ကြည့်နေကြ။”

ထိုစကားများ ထွက်လာသည်နှင့် နန်းတော်ထဲမှ ဆွေးနွေးမှုများ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။

ထို့နောက် စစ်မြေပြင်၌ စစ်လက်နက်များကို ထိန်းချုပ်ရာ၌ အစွမ်းအထက်ဆုံး ဖြစ်ကြေသော မှင်စာစစ်သည်များ ရောက်ရှိလာကြသည်။ သူတို့က အကြီးမား တိုက်ပွဲများ၌ မရှိမဖြစ်လိုအပ်ပြီး အရေးပါလှပေသည်။ လရောင်ခံတပ်နှင့် မှော်ဆရာခံတပ်၌ ကဲ့သို့သော တိုက်စစ် ခံစစ် တိုက်ပွဲများ၌ မှင်စာစစ်သည်များက အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်ခဲ့လေသည်။

မှင်စာများက သာမန်စစ်သည်များထက် အရပ်ပိုပုသည်။ သူတို့၏ အသွင်အပြင်က ယခင်စစ်တပ်လောက် မခမ်းနားပေ။ သို့သော်လည်း ထူးခြားသော နည်းလမ်းတစ်ခု ရှိလေသည်။ မှင်စားများက မြားမျှော်စင်တစ်ခုကို အလျင်အမြန် တည်ဆောက် လိုက်ပြီးနောက် ၎င်းက လောက်လေးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းကို အမှန်တကယ်ပင် ချီတက်နေရင်း ဖြုတ်တပ် ပြန်ဆက်ကာ မယုံနိုင်စရာ အမြန်နှုန်းဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်လေသည်။ ထိုအရာက ပရိသတ်များထံမှ လက်ခုပ်သြဘာပေးခြင်းကို ခံခဲ့ရသည်။

မှင်စာ စစ်သည်အဖွဲ့ ပြီးနောက်တွင် မှော်ပညာရှင် စစ်သည်အဖွဲ့ ရောက်လာသည်။ သူတို့အားလုံးက ဝတ်ရုံ အနက်များ ဝတ်ဆင်ထားကြသည်။ ခေါင်းဆောင်အဖွဲ့၏ အမိန့်ပေးမှုအောက်တွင် သူတို့က လက်များကို အတူတကွ မြှောက်လိုက်ရာ စစ်သည်အဖွဲ့ တစ်ခုလုံးက မီးတောက်တစ်ခု ကဲ့သို့ လောင်ကျွမ်း သွားတော့သည်။ ထို့နောက် ချက်ချင်းမှာပင် မီးတောက်က အရောင်မဲ့သော မီးခိုးရောင်အဖြစ် ရုတ်ချည်းပြောင်းလဲသွားလေသည်။ စွမ်းအားကို အတော်လေး ညင်ညင်သာသာ ထိန်းချုပ်ထားခြင်း ဖြစ်လေသည်။ ထိုအရာက လူအများအား စွမ်းအားများ ပြသနေရင်း ကျေနပ်မှုများ ဖြစ်စေခဲ့သည်။

မှော်ပညာရှင်အဖွဲ့ ဖြတ်သွားပြီးနောက် မြင်ကွင်းက အနက်ရောင်ပုံရိပ် တစ်ခုရှိသော ကောင်းကင်ပေါ်ကို ရောက်ရှိသွားသည်။ ထိုအရာက ဂရစ်ဖင်၊ ဝိုင်ဗန်နှင့် မန်တီကိုး အဖွဲ့(၃)ဖွဲ့ ပါဝင်သော လေကြောင်းဗိုလ်ခြေတစ်ခု ဖြစ်၏။ စစ်သည်များ၏ ထိန်းချုပ်မှုအောက်တွင် “ကြယ်ကြွေတမန် အင်ပါယာ”ဟူသော စကားလုံးများကို လေထဲ၌ ဖွဲ့စည်းကာ မြေပေါ်သို့ ဆင်းသက်လာခဲ့ကြသည်။

လေကြောင်းဗိုလ်ခြေ၏ စွမ်းဆောင်ရည်က ပရိသတ်များကို ပို၍ပင် စိတ်အားတက်ကြွသွားစေပြီး လူတိုင်း၏ အမြင်ထဲ၌ လူးလွန့်နေသော ပုံရိပ်များ ပေါ်ထွက် လာခဲ့ကြသည်. သူတို့က အထူးသားရေချပ်ကာကို ဝတ်ထားပြီး ရှည်လျားသော လေးများကို ကိုင်ထားကြသည်။ ခန္ဓာကိုယ် အပေါ်ပိုင်းက ကျက်သရေရှိသော အမျိုးသမီး ခန္ဓာကိုယ်ရှိနေပြီး ခန္ဓာကိုယ်အောက်ပိုင်း လူးလွန့်နေသော မြွေခန္ဓာ ဖြစ်လေသည်။ ၎င်းက မယ်ဒူဆာ ဗိုလ်ခြေပင်။ မယ်ဒူဆာများက ပြိုင်ဘက်များထက် အမြင်နှင့် အကွာအဝေး အရ ပိုသာကြသော အစွမ်းထက် လေးသမားများ ဖြစ်ကြသည်။ ပို၍ ကြောက်စရာ ကောင်းသည်မှာ ထိုလှပေသော မြွေများ၌ [ ကျောက်ဖြစ် ] ပါရမီလည်း ရှိနေခြင်းပင်။ ထိုအရာက ရန်သူများကို အသက်မဲ့သော ကျောက်ရုပ်များ ဖြစ်သွားစေနိုင်လေသည်။

မယ်ဒူဆာများနောက်တွင် အရပ်မြင့်မြင့်နှင့် အင်အား ကြီးများသော ပြိဿတစ်ဖွဲ့ ရှိနေသည်။ လေးလံသော သတ္တုချိန်းကြိုး ချပ်ကာများက ထိုကဲ့သို့ အကောင်ကြီးကြီး စစ်သည်များအတွက် ဘာမှ မဟုတ်ပေ။ သူတို့လက်ထဲမှ ဧရာမ ပုဆိန်များက ချဉ်းကပ်လာသော ရန်သူများကို စုတ်ပြတ်သွားစေနိုင်သည်။ အင်အားကြီးသော ပါရမီနှင့် မှော်ပြီးသော ခန္ဓာအမျိုးအစားအပြင် ပြိဿများ၏ သူတို့၏ ကြမ်းတမ်းသော အသွင်အပြင်နှင့် မကိုက်ညီသည့် ပန်းပဲစွမ်းရည်များလည်း ရှိကြပေသည်။ သူတို့က နတ်ဆိုးဘုံ၌ အတော်ဆုံး ပန်းပဲဆရာများ ဖြစ်ကြလေသည်။

စစ်ရေးပြပွဲ ပြီးသွားပြီဟု ထင်နေကြစဉ်မှာပင် အနီးအနားရှိ လေထုက စစ်သည်အဖွဲ့ အသစ် ပေါ်ထွက်လာခြင်းကြောင့် ရုတ်တရက် အေးစက်သွားခဲ့သည်။ ထိုစစ်သည်အဖွဲ့က လူအများကို အံ့သြသွားစေခဲ့သည်။

ဆန်းကြယ်သော စစ်တပ်များ အတန်းလိုက် ပေါ်လာ၏။ ၎င်းတို့က ဓားမောက်များနှင့် ဒိုင်းကာများ ကိုင်ထားသော အရိုးခြောက် မသေမျိုး ဗိုလ်ခြေတစ်ခုပင်။

မသေမျိုးထဲ၌ အဆင့်အနိမ့်ဆုံး အမြောက်စာဖြစ်သော အရိုးခြောက် စစ်သည်များပင်။

သို့သော်လည်း ထိုအရိုးခြောက်များက လက်ရွေးစင် စစ်သည်များကဲ့သို့ ဖြစ်နေပြီး ချပ်ကာများ ဝတ်ထားကာ ထက်မြက်သော လက်နက်များ ဝတ်ထားကြပြီး ဖရိုဖရဲ အနည်းငယ်မျှ မဖြစ်ဘဲ ညီညီသာသာ လမ်းလျှောက် နေကြသည်။ အမှောင်လကို တိုက်ခိုက်ခဲ့စဉ်က အိုဆိုင်ဒန်နှင့်အတူ ပါဝင်ခဲ့ကြသော စစ်သည်များက ထိုအရာများမှာ သာမန်အမြောက်စာများ မဟုတ်ကြကြောင်း သိကြသည်။ ၎င်းတို့က ခြေလျင်တပ်၏ တိုက်ခိုက်ရေး စွမ်းအားနှင့် ယှဉ်နိုင်သော “အရိုးခြောက် စစ်သည်များ”ပင်။ ပို၍ ကြောက်စရာကောင်းသည်မှာ သူတို့တွင် အကြောက်တရား၊ ပင်ပန်းမှု၊ နာကျင်မှု လုံးဝ မရှိကြခြင်းပင်။ ခန္ဓာကိုယ်တစ်ပိုင်းသာ ကျန်နေသည့်တိုင် ရန်သူ၏ အိပ်မက်ဆိုး ဖြစ်နေဆဲပင် ဖြစ်လေသည်။

အရိုးခြောက် စစ်သည်များ ပြီးနောက်တွင် တစ္ဆေ စစ်သည်အဖွဲ့က ရှေ့သို့ လွင့်ပျံလာသည်။ ၎င်းတို့က အသက်ရှိစဉ်က စိတ်ဝိညာဉ်စွမ်းအား ကြီးမားခဲ့သော သေသူများကို ပြောင်းလဲထားသော မသေမျိုးသတ္တဝါများ ဖြစ်ကြပေသည်။ ၎င်းက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ကြီးကြီးမားမား လျှော့ချပေးနိုင်ပြီး အနီးကပ် တိုက်ခိုက်သော စစ်သည်များအတွက် လုံးဝဝိပါက်ပင် ဖြစ်လေသည်။

တစ္ဆေစစ်သည်အဖွဲ့ နောက်တွင် အနက်ရောင် ချပ်ကာများ ဝတ်ထားသော ကြောက်မက်ဖွယ်ရာ အထိတ်တလန့် မြင်းစီးစစ်သည် တစ်ဖွဲ့ ရှိနေပြီး သူတို့ စီးထားသော မြင်းများကလည်း တစ္ဆေ စစ်မြင်းနက်များ ဖြစ်ကြသည်။ အထိတ်တလန့် မြင်းစီးစစ်သည်က အထူး ဝိညာဉ်များနှင့် အင်အားကြီး မြင်းစီးစစ်သည် ဖြစ်ခဲ့ဖူးသော အလောင်းများမှ ပြုလုပ်ထားခြင်း ဖြစ်သည်။ အစွဲ တစ်ခုခု သို့မဟုတ် ကျိန်စာတစ်ခုခုကြောင့် သူတို့၏ ဝိညာဉ်များ မကွယ်ပျောက် နိုင်ကြသည့်အတွက် သူတို့က မသေမျိုးခန္ဓာကိုယ်ဖြင့် ပြန်လည်၍ မွေးဖွားလာကြသည်။ သူတို့က မကျေနပ်မှုနှင့် သုတ်သင်သတ်ဖြတ်မှုတို့ကို စွမ်းအား အရင်းအမြစ်အဖြစ် အသုံးချပြီး အင်အားကြီးသော တိုက်ပွဲအသိစိတ်နှင့် စွမ်းရည်တို့လည်း ကျန်ရှိနေသည်။ သူတို့က မသေမျိုးများ၏ ထိပ်တန်းတည်ရှိမှု ဖြစ်၏။

အထိတ်တလန့် မြင်းစီးစစ်သည်များကလည်း အယောက် ၃၀၀ခန့်ရှိသော စစ်သည်အဖွဲ့ ဖြစ်သည်။ ထိုအစုအဖွဲ့က အတော်လေး ကြောက်စရာ ကောင်းလှသည်။ ပုံမှန် အထိတ်တလန့် မြင်းစီးစစ်သည်က မဟာနတ်ဆိုးဘုရင် အဆင့် စွမ်းအား ရှိသည်။ တစ္ဆေစစ်မြင်းများ၏ အမြန်နှုန်းနှင့် ပေါင်းလိုက်မည်ဆိုလျှင် သူတို့က စစ်မြေပြင်ထဲ၌ အလွန် မြန်ဆန်ပြီး ထက်မြက်သော လက်နက်တစ်ခု ဖြစ်ပေလိမ့်မည်။

အထိတ်တလန့် မြင်းစီးစစ်သည်များ၊ တစ္ဆေများနှင့် အရိုးခြောက် စစ်သည်များက ပုံမှန်အားဖြင့် မသေမျိုးများဟု ယူဆကြပေသည်။ ထိုစဉ် အရိုးခြောက် မှော်ပညာရှင် နှင့် လေထဲ၌ ပျံသန်းနေသော အရိုးခြောက် လေကြောင်း ဗိုလ်ခြေတို့က သာမန် သိထားသော မသေမျိုးများ မဟုတ်ကြတော့ပေ။ ထိုအရာများက လွန်ခဲ့သော နှစ်၂၀၀၀ခန့်က ကိုယ့်ကိုယ်ကိုယ် သေရွာပြန်အဖြစ် ပြောင်းလဲခဲ့သော မသေမျိုး မှော်ပညာရှင် ဂူရာဒန်၏ လက်ရာမြောက် ပစ္စည်းများပင်။

အစီအစဉ် တင်းဆက်ကြေညာသူ၏ မိတ်ဆက် ပေးမှုနှင့်အတူ ရုပ်မြင်သံကြားပေါ်တွင် အံ့သြဖွယ်ရာ မသေမျိုးပင်လယ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုအရာများက ကြယ်ကြွေတမန်အင်ပါယာ၏ မသေမျိုး စစ်တပ်စွမ်းအားကို ပြသရန်အတွက် သီးခြားတည်းဖြတ် ထားသော ပုံရိပ်များ ဖြစ်လေသည်။ အရေအတွက်အားဖြင့် ပြောရမည်ဆိုလျှင် ရှေ့တွင်ရှိသော စစ်ရေးပြခြင်းမှ တပ်သားများက အသေအချာပင် ရေပုံးထဲမှ ရေတစ်စက်သာ ဖြစ်လေသည်။

အရိပ်နက်အင်ပါယာ နန်းတော်ခန်းမထဲ၌ ကတ်သရင်းနှင့် ဗိုလ်ချုပ်များအပြင် ဝန်ကြီးမားကလည်း တိုက်ရိုက် ထုတ်လွှတ်နေသည်ကိုကြည့်ကာ ဆွေးနွေးနေကြသည်။

အင်ပါယာ၏ဗိုလ်ချုပ် ခရောဖို့ဒ်က မျက်မှောင်ကြုတ် လိုက်ုသည်။ “သတင်းရထားတာကို စိစစ်ချက်အရတော့ ဒီမသေမျိုး စစ်တပ်က ကျုပ်တို့ အရင်က ထင်ထားတာထက် ပိုအင်အားကြီးနေတယ်။ အရေအတွက်ပဲဖြစ်ဖြစ်၊ တစ်ဦးချင်း အင်အးပဲဖြစ်ဖြစ်။ ထူးခြားတဲ့ ပြောင်းလဲမှုတချို့ရှိခဲ့တာ ဖြစ်ရမယ်။”

“တစ်ခုတော့ သေချာတယ်။” ဘဏ္ဍာရေးဝန်ကြီး အီရာ၏ မျက်လုံးများ မသေမျိုးစစ်တပ်ကို ကြည့်နေရင်း တောက်ပ နေခဲ့သည်။ “ဒီမသေမျိုး စစ်သည်တွေရဲ့ အဆင်တန်ဆာက ကျုပ်တို့ သာမန်စစ်တပ်ထက် သာလွန်နေတယ်။ အရိုးခြောက် မှော်ပညာရှင်က ဥပမာထား။ မှော်တိုးမြှင့်တဲ့ အဆင် တန်ဆာတွေက ကျုပ်တို့ မှော်ပညာရှင် ဗိုလ်ခြေက စံနှုန်းထက် ပိုသာနေတယ်။”

“စစ်တိုက်တာက ပိုက်ဆံသုံးရတာပဲ။ ကြယ်ကြွေတမန် အင်ပါယာရဲ့ လက်ရှိအင်အား အရဆိုရင် ကျုပ်တို့က ပိုက်ဆံ သုံးစွဲနှုန်းကိုပဲ ယှဉ်မယ်ဆိုရင် နတ်ဆိုးဘုံမှာ သေချာပေါက် နံပါတ်(၁)ပဲ။” နောက်ထပ် ဝန်ကြီးတစ်ယောက်က လေးလေးနက်နက် ပြောလိုက်သည်။ “ကြယ်ကြွေတမန် အင်ပါယာရဲ့ စစ်တပ်က လွန်ခဲ့တဲ့ (၂)နှစ်တုန်းကထက် အများကြီး ပိုအင်အားကြီးလာခဲ့တဲ့ပုံပဲ။ ကျုပ်တို့တောင် အနိုင်ရဖို့ မသေချာလောက်ဘူး။”

“ပုံမှန်ဗိုလ်ခြေ၊ မယ်ဒူဆာတွေ၊ ပြိဿဗိုလ်ခြေ၊ ပြီးတော့ မသေမျိုးဗိုလ်ခြေ။” ဦးရီးတော် ဖရန့်ဇ်က မျက်မှောင် ကြုတ်လိုက်၏။ “ကြယ်ကြွေတမန်အင်ပါယာရဲ့ ဝှက်ဖဲတွေ အားလုံး ကုန်သွားပြီလို့ ပြောရမယ်။ ဒါပေမဲ့ ဘာလို့ ဒီအခမ်းအနားက မပြီးသေးဘူးလို့ ခံစားမိနေတာလဲ။”

“ဦးရီး‌‌တော် ခံစားနေရတာ အမှန်ပဲ...” ကတ်သရင်း၏ အသံက ပလ္လင်ပေါ်မှ ရောက်လာသည်။

လူတိုင်း၏ မျက်လုံးများက မျက်နှာပြင် အကြီးကြီဆီသို့ တပြိုင်နက်တည်း ရောက်သွားကြသည်။

မသေမျိုးစစ်သည်အဖွဲ့ နောက်တွင် စစ်သည်အဖွဲ့ အသစ် ရောက်ရှိလာသည်။ ၎င်းက လက်ထဲ၌ ထူးဆန်းသော လက်နက်များကိုင်ထားပြီး ရိုးရှင်းသော သားရေ ချပ်ကာများ ဝတ်ဆင်ထားသည့် စစ်သည်အဖွဲ့ ဖြစ်၏။ သေသေချာချာ ကြည့်လိုက်မည်ဆိုလျှင် ထိုအရာကများက ရှည်လျားသော ပြွန်ပုံစံ သတ္တုလက်နက်များ ဖြစ်နေကြောင်း တွေ့ရပေမည်။ စစ်တပ်ထဲ၌ ထိုကဲ့သို့ လက်နက်မျိုး ပေါ်ထွက်လာသည်မှာ ပထမဆုံးအကြိမ် ဖြစ်‌လောက်သော်လည်း နတ်ဆိုး အများစုက ၎င်းကို မစိမ်းနေကြပေ။

“ဒါက....” တစ်စုံတစ်ယောက်က လွှတ်ခနဲ ပြောလိုက်၏။ “....မှော်ရိုင်ဖယ် ပဲ...”

ဒါက “အနှိုင်းမဲ့စစ်သည် အွန်လိုင်း”ထဲက အစွမ်းထက် မှော်လက်နက်ပဲ။

မှော်ရိုင်ဖယ်၏ အကွာအဝေးနှင့် ထိခိုက်မှုတို့က လောက်လေးထက် သာလွန်သော သာမန် လေးမြားထက် များစွာ သာလွန်သည်။ ထို့အပြင် လောက်လေးများကဲ့သို့ မဟုတ်ဘဲ အလွယ်တကူ သယ်ယူ ပြောင်းရွှေ့နိုင်သည်။ အ‌ရေးကြီးဆုံးမှာ မှော်စွမ်းအား မရှိသော သာမန် စစ်သည် များသည်ပင် ၎င်းကို ထိန်းချုပ်ကာ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေးစွမ်းအားများ ထုတ်လွှတ်နိုင်ခြင်းပင်။ ဂိမ်း၏ မကောင်းဆိုးဝါး စီးနင်းတိုက်ပွဲ သို့မဟုတ် ဂူသင်္ချိုင်းများထဲ၌ ထိုအရာက အဓိကလက်နက်တစ်ခု ဖြစ်ခဲ့သည်။ အပစ် ကျွမ်းကျင်သော ရိုင်ဖယ်သမားတစ်ယောက်က အဖွဲ့ထဲ၌ မရှိမဖြစ် ဖြစ်လာခဲ့သည်။ မမျှော်လင့်ထားစွာပင် မှော်ရိုင်ဖယ်က အမှန်တကယ်ပင် တကယ့်လက်တွေ့၌ ပေါ်ထွက်လာခဲ့လေသည်။

ဒါက ဗန်းပြထားတဲ့ ထွင်လုံးလား။ ဒါမှမဟုတ် လိမ်ညာနေတာလား။

အဝေးမှ ပူဖောင်းကဲ့သို့ ပျံသန်းနေသော ပစ်မှတ်များ မြင့်တက်လာခဲ့ကြသည်။ စစ်သည်များက သေနတ်များကို မြှောက်လိုက်ကြပြီး တပြိုင်နက်တည်း ပစ်လွှတ် လိုက်ကြ၏။ ပျံသန်းနေသော ပစ်မှတ်များအားလုံးက အပိုင်းပိုင်း ဖြစ်သွားတော့သည်။

ထိုမြင်ကွင်းကို မြင်သည့်အခါ ရုပ်မြင်သံကြား အရှေ့မှ ပရိတ်သတ်များနှင့် ထိုနေရာ၌ ရှိနေကြသူများအားလုံး အုတ်အော်သောင်းတင်း ဖြစ်သွားကြတော့သည်။ တကယ့် မှော်ရိုင်ဖယ်ပဲ။ တကယ့် ရိုင်ဖယ်သမား။

ကတ်သရင်းနှင့် ဖရန့်ဇ်တို့က အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ယောက်စီ၏ မျက်လုံးထဲ၌ လေးနက်သော အကြည့်ကို မြင်လိုက်ကာ ထိုလက်နက် အသစ်က မည်သည်ကို ဆိုလိုကြောင်း သူတို့ အသေအချာ သိကြလေသည်။

ပို၍ အံံ့သြစရာကောင်းသည်မှာ ဧရာပုံရိပ် ဒါဇင်ခန့်က လေထဲ၌ ပေါ်ထွက်လာပြီး မြှောက်လိုက်၊ ကလိုက် လုပ်နေကာ အမျိုးမျိုးသော ခက်ခဲသည့် လှုပ်ရှားမှုများ ပြုလုပ် နေပြီးနောက် မြေပေါ်သို့ သေသေသပ်သပ် ဆင်းသက်ကာ တန်းစီလိုက်ကြသည်။

၎င်းတို့က ရွှေအိုရောင် သတ္တုခန္ဓာများ ရှိကြသော ၉မီတာ အမြင့်ရှိ အလွန်ကြီးမားသည့် လူသားပုံစံ ပုံရိပ်များ ဖြစ်ကြသည်။ သူတို့၏ မျက်လုံးများက အပြာရောင် ဖျော့ဖျော့ လင်းလက်နေပြီး မြန်ဆန်သော လှုပ်ရှားမှုများကို ထိုကဲ့သို့ ဧရာမပုံရိပ်များ ပြုလုပ်ခဲ့သည်မှာ ယုံရခက်ခက်ပင်။

တိုက်ခိုက်ရေး ရုပ်သေး။ အရိပ်နက်အင်ပါယာမှ ဖြစ်စေ၊ သွေးရောင်အင်ပါယာ တော်ဝင်နန်းတော်မှဖြစ်စေ၊ တစ်ယောက်မက သံပြိုင် အော်ပြောလိုက်ကြသည်။

ထိုစဉ် အစီအစဉ် တင်ဆက်ကြေညာနေသူက ၎င်း၏ နာမည်အစစ်အမှန်ကို ပြောလိုက်၏။ စုစည်းရုပ်သေး!!

All Chapters