← Chapters

စာရင်းသွင်းခြင်း

Vol. 52 Ch. 858

စာရင်းသွင်းခြင်း

Vol. 52 Ch. 858

ထင်ထားသည့်အတိုင်းပင် အရိပ်နက်အင်ပါယာနှင့် သွေးရောင်အင်ပါယာတို့၏ ငွေကြေးကပ်ဘေးက ကြယ်ကြွေ တမန် အင်ပါယာ၏ မဟာစစ်ရေးပြ အခမ်းအနား ပြီးနောက် ပိုမိုကြီးလားလာခဲ့လေသည်။ ထိုစဉ် ကြယ်ကြွေတမန် အင်ပါယာ၏ အခြေအနေက ပိုတုိုး၍ တည်ငြိမ်လာခဲ့သည်။

ကြယ်ကြွေတမန် အင်ပါယာတလျှောက်တွင် ရှီရာ ပြောခဲ့သော “ကျွန်မတို့က ဘယ်စစ်ပွဲကိုမှ မကြောက်ဘူး” စကားအတိုင်းပင် ပြင်းထန်သော ယုံကြည်မှုတစ်ခု ရှိနေ၏။

ထိုကဲ့သို့ လွှမ်းမိုးသော ကြေညာချက်က သန်းခေါင်နေ အရှင် ကျရှုံးပြီးနောက် နှစ်ပေါင်း ၄၀၀နီးပါးအကြာ ပထမဆုံး အကြိမ်အဖြစ် ကြယ်ကြွေတမန်အင်ပါယာ အုပ်ချုပ်သူက ယုံကြည်ချက်ရှိရှိ ပြောလိုက်ခြင်း ဖြစ်သည်။ ထိုအရာက အလကားသက်သက် ဝင့်ကြွားနေခြင်း မဟုတ်ပေ။ စစ်ရေးပြပွဲ၌ ကြယ်ကြွေတမန်အင်ပါယာ ပြသခဲ့သော အင်အားက နတ်ဆိုးဘုံတစ်ခုလုံးကို ကျော်ကြည့်ရန် လုံလောက်ပေသည်။ သူတို့က ထိုကဲ့သို့ အင်အားကြီး စစ်တပ်များ၏ လျို့ဝှက်ချက်များကိုပင် ဖုံးကွယ်ရန် လုံးဝ မလိုအပ်ခဲ့ပေ။

စစ်ရေးပြ အခမ်းအနား ပြီး‌နောက်တွင် ကြယ်ကြွေတမန် အင်ပါယာမှ ပြည်သူများ၏ ယုံကြည်ချက်နှင့် စည်းလုံးမှုတို့က ကြောက်လန့်နေကြပြီး အနိုင်မရနိုင်သော စစ်ပွဲထဲသို့ ရောက်သွားမည်ကို စိုးရိမ်နေကြသည့် ကျန်ရှိသော အင်ပါယာ နှစ်ခုနှင့်ယှဉ်လျှင် များစွာ သာလွန်နေ၏။

အရိပ်နက်အင်ပါယာနှင့် သွေးရောင်အင်ပါယာတို့က ကြယ်ကြွေတမန် အင်ပါယာကို တိုက်ခိုက်ရန်အတွက် တိတ်တဆိတ် မဟာမိတ် ဖွဲ့စည်းခဲ့ကြောင်း သတင်းများ ထွက်လာခဲ့သည်။ ထိုအရာက အမှန် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ယခုတွင် ကြယ်ကြွေတမန် အင်ပါယာက စီးပွားရေးနှင့် စစ်ရေးတို့၌ ထိုက်တန်သော နံပါတ်(၁) အင်ပါယာ ဖြစ်နေပြီ ဖြစ်သည်။ လွန်ခဲ့သော ၂နှစ်ခန့်က ကြယ်ကြွေတမန်အင်ပါယာသည် အင်အားအနည်းဆုံး ဖြစ်ခဲ့လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူတို့က သွေးရောင်အင်ပါယာ၏ ကျူးကျော်မှုကို ခုခံရန်အတွက် အရိပ်နက်အင်ပါယာ၏ အင်အားကို အမှီပြု ခဲ့ရ၏။

အရိပ်နက်အင်ပါယာနှင့် သွေးရောင်အင်ပါယာတို့က အားနည်းသွားခြင်း မဟုတ်ဘဲ ကြယ်ကြွေတမန် အင်ပါယာက မယုံနိုင်စရာ ကောင်းလောက်အောင် အင်အားပိုကြီးလာခြင်း ဖြစ်ပေသည်။ (၂)နှစ်အတွင်းမှာပင် အရည်အသွေးအရ ပြောင်းလဲမှု ဖြစ်ပွားခဲ့လေသည်။

အရိပ်နက်အင်ပါယာနှင့် သွေးရောင်အင်ပါယာတို့က အချင်းချင်း အကူအညီပေးကြပြီး ငွေကြေးကပ်ဘေးကို ယာယီ တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည်။ သို့သော်လည်း ကတ်သရင်းကဲ့သို့ ပညာရှိများက ထိုကပ်ဘေး ယူဆောင် လာနိုင်သော ကြောက်မက်ဖွယ်ရာ အကျိုးဆက်များကို မြင်နိုင်ပေသည်။ ထိုအရာက အင်ပါယာ၏ စီးပွားရေး တစ်ခုလုံးကိုပင် ပြိုလဲသွားစေနိုင်သည်။ နတ်ဆိုးဘုံ၌ ထိုကဲ့သို့ စီးပွားရေး စစ်ပွဲမျိုး ပေါ်ထွက်လာသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပေ၏။

သို့သော်လည်း ယခုတွင် လူအများစု၏ အာရုံက သွေးရောင်အင်ပါယာက ကျင်းပတော့မည့် နတ်ဆိုးဘုံ သိုင်းပြိုင်ပွဲဆီသို့ ရောက်ရှိသွားကြသည်။

ယခုတစ်ခေါက်တွင် သိုင်းပြိုင်ပွဲကို သံလက်သီးနယ်မြေ ရှေးစစ်မြေပြင်၌ ကျင်းပမည် ဖြစ်သည်။ ပြိုင်ပွဲအတွက် ယှဉ်ပြိုင်နိုင်သူများက သွေးရောင်အင်ပါယာမှသာ မဟုတ်ဘဲ နတ်ဆိုးဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်အားလုံး ဝင်ပြိုင်နိုင်၏။ အထူးသဖြင့် သွေးရောင်အင်ပါယာ၏ အုပ်ချုပ်သူနှင့် ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်သော ရိုင်ဇန်က ကိုယ်တိုင် ဝင်ပြိုင်မည် ဖြစ်သည်။ ကြယ်ကြွေတမန်အင်ပါယာမှ ကြင်ရာတော်မင်းသား၊ နှစ်သွယ် အထူးပြု မဟာဆရာသခင် အက်ဂ်ယောနှင့် အရိပ်နက်အင်ပါယာမှ ကတ်သရင်း တို့ကိုလည်း ဝင်ပြိုင်ရန် ဖိတ်ကြားထားလေသည်။

သွေးရောင်အင်ပါယာက ထိုပွဲစဉ်ကို အတော်လေး အရေးပေးထားသည်။ ပြိုင်ပွဲနယ်မြေ တစ်ခုစီ၌ အကာအကွယ် အစီအရင်များ ခင်းကျင်းရန်အတွက် တစ်နှစ် အချိန်ယူခဲ့ရသည်ဟု ပြောကြသည်။ မဟာရိုင်ဇန်ကလည်း ကိုယ်တိုင် စစ်ဆေးပြီး ချိန်ညှိမှုများ ပြုလုပ်ခဲ့လေသည်။

စစ်ရေးပြ အခမ်းအနား ကဲ့သို့ပင် ပြိုင်ပွဲတစ်ခုလုံးကို မှော်ရုပ်မြင်သံကြားမှတဆင့် နတ်ဆိုးဘုံတစ်ခုလုံးကို ထုတ်လွှင့် ပြသမည် ဖြစ်သည်။ ထိုတိုက်ရိုက် ထုတ်လွှင့်ခြင်းကို ကြယ်ကြွေတမန်အင်ပါယာက ဟိုးအရင်ကတည်းက အပြင်းအထန် ထောက်ခံပြီး အဆင့်မြင့်ဆုံး ထုတ်လွှင့် ကိရိယာနှင့် ပညာရှင်များ ထောက်ပံ့ကာ ပြိုင်ကွင်း တည်ဆောက်ခြင်းတို့၌လည်း ဝန်ထမ်း အများအပြားကို စေလွှတ်ခဲ့လေသည်။

စာရင်းသွင်းရန် အချိန်က ၃ရက် ဖြစ်သော်လည်း သံလက်သီး နယ်မြေက လွန်ခဲ့သော တစ်ပတ်ကတည်းက ပြည့်နေပြီ ဖြစ်သည်။

တိုက်ပွဲဘောလုံးနှင့် မှော်ဂိမ်းကဲ့သို့ နာမည်ကျော် “အားကစားများ”က ယခုတွင် နတ်ဆိုးဘုံ၌ ရေပန်းစား နေခဲ့သော်လည်း အရိုးထဲစွဲနေသော နတ်ဆိုးများအတွက် တိုက်ခိုက်ချင်စိတ်က အစားထိုး မရနိုင်ဆဲ ဖြစ်သည်။ ထို့အပြင် ထိုအရာက ဖော်ပြ၍ မရနိုင်သော တိုက်ခိုက်ရေး ကစားပွဲ ဖြစ်ပြီး ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်ကပင် ကိုယ်တိုင် တိုက်ခိုက်ပေမည်။

စာရင်းသွင်းရာနေရာ၊ ရလာဒ် ကြေညာသော ရုံးနှင့် ပြိုင်ပွဲဝင်များကို စောင့်ဆိုင်းရန်နေရာ အားလုံးက သံလက်သီး မြို့ရှိ အကျယ်ချဲ့ထားသော ပြိုင်ကွင်း၌ ရှိကြလေသည်။ ထိုနယ်မြေက မူလကတည်းက သွေးရောင်အင်ပါယာ၏ မြို့တော်ပြီးလျှင် ဒုတိယ အကြီးမားဆုံး နယ်မြေတစ်ခု ဖြစ်သည်။ အသစ်ပြင်ဆင်ပြီး ဖြန့်ကျက်ပြီးနောက်တွင် နေရာက နှစ်ဆ ပိုကျယ်သွားပြီး ပွဲကြည့်သူ တစ်သိန်းနီးပါး ဝင်ဆံ့နိုင်သွားခဲ့သည်။

ယခုတစ်ခေါက် ပြိုင်ပွဲဝင်များ၏ စွမ်းအားအဆင့် မြင့်မားမှုကြောင့် ပရိသတ်များက အန္တရာယ် ကင်းစေရန်အတွက် ရှေးစစ်မြေပြင်သို့ သွားမကြည့်နိုင်ကြပေ။ သူတို့က ပြိုင်ကွင်းထဲရှိ အထူးမျက်နှာပြင် အကြီးများပေါ်ရှိ ရှုထောင့်အမျိုးမျိုးကို ကြည့်နိုင်ပေသည်။ အမှန်တကယ်၌ သူတို့က နေရာတိုင်းတွင် မှော်ရုပ်မြင်သံကြားမှ ကြည့်နိုင် သော်လည်း သံလက်သီး ပြိုင်ပွဲ၌ သူတို့က အစွမ်းထက် ပုဂ္ဂိုလ်များ ဝင်ပြိုင်သည်ကို မြင်နိုင်ပြီး စိတ်လှုပ်ရှားစရာ အခြေအနေကို ခံစားမိနိုင်ကာ တိုက်ပွဲအား ရှုထောင့် အမျိုးမျိုးမှ ကြည့်နိုင်ပေသည်။ ထို့ကြောင့် ပရိသတ်များက သံလက်သီးနယ်မြေသို့ အုံဖွဲ့ သွားလာနေကြခြင်းပင်။

ချန်လွေ့က စာရင်းသွင်းရန် နောက်ဆုံးနေ့တွင် သံလက်သီး နယ်မြေသို့ ရောက်ရှိလာခဲ့သည်။ လူတိုင်း သိသည့်အတိုင်းပင် လွန်ခဲ့သော တစ်လခန့်က ကြယ်ကြွေတမန် အင်ပါယာ၏ စစ်ရေးပြ နည်းဗျူဟာက အတော်လေး အောင်မြင်ခဲ့လေသည်။ အမှန်တကယ်၌ အစီအစဉ်တစ်ခုလုံးက အင်ပါယာ(၃)ခု စစ်ဆိုင်းစာချုပ် ချုပ်ဆိုခဲ့စဉ်က စခဲ့ခြင်း ဖြစ်သည်။ ကြီးကြီးမားမား ဆုံးရှုံးဟန်တူသော အခြေအနေဖြစ်သော ကြယ်ကြွေတမန် အင်ပါယာ၌ ပေါ်လာမည့် နည်းပညာအသစ်များအားလုံးကို အခြားအင်ပါယာ(၂)ခုနှင့် ဝေမျှရမည်ဟူသော အချက်က ငါးစာချပေးလိုက်ခြင်းသာ ဖြစ်ပေသည်။ အင်ပါယာ(၂)ခုက “မျှဝေခြင်း”၏ ချိုမြိန်မှုကို ခံစားခဲ့ရပြီးနောက် “ဘဏ်”၏ တကယ့် အဆုံးသတ်တိုက်ကွက်ကို ခံစားခဲ့ရလေသည်။

ကြောက်စရာ အကောင်းဆုံး ကပ်ဘေးက တည်ငြိမ် နေပုံရသော အကျိုးအမြတ် ပုံစံငယ် နောက်ကွယ်တွင် ပုန်းအောင်းနေလေသည်။ ထိုကပ်ဘေးက သေရေးရှင်ရေး တိုက်ပွဲထက် မနိမ့်လှပေ။ ငွေကြေကပ်ဘေးက အစသာ ရှိသေး၏။ နောက်ပိုင်း ဆက်တိုက် ဘဏ္ဍာရေး မတည်ငြိမ်မှု များကို ဖြစ်လာစေခဲ့မည်ဆိုလျှင် အင်ပါယာ နှစ်ခုလုံး၏ စီးပွားရေးက ပြိုလဲပြိး နောက်ပြန်ဆုတ်သွားပေလိမ့်မည်။ ထိုကဲ့သို့ အခြေအနေမျိုး၌ အင်ပါယာနှစ်ခုက စစ်ပွဲတစ်ခု စတင်ရန်အတွက် အင်အားအကုန် မထုတ်ခဲ့လျှင်ပင် ကြယ်ကြွေတမန်အင်ပါယာက တွက်ချွက်၍မရသော ဆင့်ပွား သက်ရောက်မှုဖြင့် သက်ရောက်ခံရနိုင်ပေသည်။ ချန်လွေ့ လိုချင်သည်က မဟာမိတ်ဖွဲ့စည်း၍ ရနိုင်သော တည်မြဲကာ ကြွယ်ဝချမ်းသာသော နတ်ဆိုးဘုံ ဖြစ်ပြီး စီးပွားရေး စစ်ပွဲနှင့် စစ်ပွဲများကြောင့် ဖျက်ဆီးခံရသော “စည်းလုံးမှု” မဟုတ်ပေ။ လက်ရှိ ငွေကြေးစစ်ပွဲ ဖန်တီးရသည့် အကြောင်းရင်းမှာ စစ်ရေးပြအခမ်းအနားကဲ့သို့ပင် ဖြစ်လေသည်။ သရုပ်ပြရန်၊ အဟန့်အတားပြုလုပ်ရန်နှင့် အရှိန်အဟုန် ဖန်တီးရန် ဖြစ်သည်။

နောက်ပိုင်း ဆွေးနွေးညှိနှိုင်းရေး စားပွဲ၌ အကြမ်းဆုံး လက်သီး ရှိသူက ပို၍ “ပြောဆိုခွင့်” ရှိပေလိမ့်မည်။

ဧကရီ ရှီရာ အပါအဝင် ချန်လွေ့၏ မိတ်ဆွေများနှင့် ဆွေမျိုးများလည်း ထိုနေရာတွင် ရှိနေကြသည်။ သူတို့ထဲ၌ ချန်လွေ့အပြင် ဇိုလာ၊ ဒိုဒို၊ ရိုမန်နှင့် အိုလီဖိးရက်စ်တို့လည်း ပြိုင်ပွဲသို့ ဝင်ပြိုင်ကြလေသည်။

ထိုသိုင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ခြင်း၊ ရိုင်ဇန်ကို အနိုင်ယူရန် ချန်လွေ့ကို ကူညီခြင်းနှင့် မှော်ဆရာခံတပ်၌ အရှက်ရ ခဲ့သည်ကို ပြန်ယူရန်တို့က ဇိုလာ ဟိုးကတည်းက ချမှတ်ထားခဲ့သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေသည်။ ချန်လွေ့က သူ့ကို မတားခဲ့ပေ။ ဇိုလာ၏ စွမ်းအားနှင့်ဆိုလျှင် သူက ရိုင်ဇန်ကို တိုက်ခိုက်ပါက ရလာဒ် မသေချာ နိုင်သေးသော်လည်း အန္တရာယ် မရှိလောက်ပေ။ ဇိုလာတွင် ကိုယ်ပိုင်လမ်းကြောင်းရှိပြီး ချန်လွေ့က သူ့ကို ဆွဲမထားချင်ပေ။

ရိုမန်က အမှန်တကယ်၌ “အနှိုင်းမဲ့စစ်သည် အွန်လိုင်း” နှင့် ပထမဆုံး ထိတွေ့ခဲ့သူဖြစ်ပြီး ချန်လွေ့ကလည်း သူက အချိန် အကန့်အသက်မရှိ ပေးထားခဲ့သည်။ ထိုကဲ့သို့ ပုံရိပ်ယောင်တိုက်ပွဲဖြင့် လေ့ကျင့်ပြီး တကယ့်လေ့ကျင့်ရေးနှင့် ပေါင်းလိုက်ပြီးနောက်တွင် ကြယ်အပ်နှင်းခြင်း၊ စိတ်ပုံရိပ်၏ အထူးသက်ရောက်မှုဖြင့် လေ့ကျင့်မှုတို့ကြောင့် ရိုမန်၏ လက်ရှိ စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိသွားခဲ့လေသည်။ ယခုတွင် ရိုမန်က အမှန်တကယ် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေ၏။ ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် ဒေလီယာက မယ်ဒီလူ၏ တည်ရှိမှုကို လက်ခံခဲ့ပြီး နှစ်ဖက်လုံးကို ရနိုင်သည်ဟု ပြော၍ ရနိုင်ပေသည်။ ထိုပြိုင်ပွဲက သူ၏လက်ရည်ကို စမ်းနိုင်သော ရှားရှားပါးပါး အခွင့်အရေးတစ်ခု ဖြစ်ပေသည်။ ရိုမန်ကလည်း နတ်ဆိုးဘုံရှိ ကျန်ရှိသော အစွမ်းထက်ပုဂ္ဂိုလ်များကို တိုက်ခိုက်ပြီး ပိုမြင့်သော အဆင့်သို့ ရောက်ရှိရန် နည်းလမ်း ရှာချင်နေခဲ့သည်။

မစ်-နဂါးနက်၏ ရောဂါဟောင်းက ယခုတွင် မပျောက်ကင်းသေးသော်လည်း သူ ဝင်ပြိုင်ရခြင်း၏ အကြောင်းရင်းမှာ အဆင့်တက်ရန် မဟုတ်ဘဲ ပြိုင်ပွဲမှ သတ်မှတ်ထားသော ဆုငွေကြောင့်ပင်။ အရည်အသွေး စစ်ဆေးမှုမှတဆင့် ပဏာမ ပထမ အကျော့ကို ဝင်ရောက်နိုင်သူများက တစ်ယောက်စီလျှင် ဆုလာဒ် သလင်းကျောက်နက်ဒင်္ဂါး ၅၀ ရရှိပေမည်။ အကြိုဗိုလ်လုပွဲ မတိုင်ခင်အဆင့်သို့ရောက်ရှိနိုင်ပါက သလင်းကျောက်နက် ဒင်္ဂါး ၁၀၀၀ ရရှိမည်ဖြစ်ပြီး ဗိုလ်လုပွဲသို့ ရောက်ရှိပါက.....

ဆရာသခင် ဒိုဒို ဝင်ပြိုင်ရခြင်းမှာ ပို၍ပင် ရိုးရှင်းလှ၏။ နဂါးများနှင့် ကြာရှည်ပတ်သက်ပြီးနောက် ဆရာသခင် ဒိုဒိုက ပိုက်ဆံစုဆောင်းသော အကျင့်ဆိုး ရသွားခဲ့သည်။ အစ်ဇဘယ်လာနှင့်အတူ မစ်-နဂါးနက်က ဗိုလ်လုပွဲ ရောက်ရှိလျှင် ရနိုင်မည့် ဆုငွေ စုစုပေါင်းကို အားတက်သရော တွက်ချက်နေသည်ကို ကြားလိုက်ရသောအခါ သူက ချက်ချင်းပင် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

အခြားတစ်ဖက်တွင် ယခင်တစ်ခေါက် အမှောင်လသို့ နှုတ်ခမ်းမွှေးနှင့် လိုလီကို အက်ဂ်လက်စ် ခေါ်လာပြီးနောက် ဆရာသခင် အဆိပ်နဂါး ပျောက်နေခဲ့သည်။ အမှန်တကယ်၌ သူ့ကို အက်ဂ်လက်စ်က နဂါးကျွန်းသို့သွားပြီး လေ့ကျင့်ရန် အမိန့်ပေးထားခဲ့ခြင်း ဖြစ်သည်။ သူက ပြိုင်ပွဲသို့ ဝင်ပြိုင်ပြီး အရှက်ရမှုကို ဖယ်ရှားရန်အတွက် ရိုင်ဇန်ကို အနိုင်ယူမည်ဟု ပြောခဲ့သော်လည်း အကြောင်းရင်း တချို့ကြောင့် သူ မပေါ်လာသေးပေ။ ထိုအရာက မစ်-ဘက်တီအား အနည်းငယ် စိုးရိမ်သွားစေသည်။

ယနေ့က နောက်ဆုံးနေ့ရက်ဖြစ်ပြီး ပြိုင်ပွဲအတွက် စာရင်းပေးရန် လူများ အဆုံးမရှိ အတန်းလိုက် ဖြစ်နေကြသည်။ စာရင်းသွင်းရုံးခန်း ဖွင့်ထားသည့်တိုင် ရှည်လားသော လူတန်းရှည်ကြီးက ရှိနေဆဲ ဖြစ်ပြီး ပွဲကြည့် ပရိသတ်များက ပိုများနေလေသည်။

စာရင်းသွင်းခြင်းက အတော်လေး ရိုးရှင်းပေသည်။ စာရင်းသွင်းကြေး သလင်းကျောက်နက်ဒင်္ဂါး တစ်ပြားပေးပြီး အခြေခံ အချက်အလက်အချို့ကို စာရင်းသွင်းကာ နံပါတ်ပြား ရရှိပေလိမ့်မည်။ ထိုအချိန်၌ ကြံရာကျပမ်း မဲနှိုက်ပြီး စစ်ဆေးရန် အတွက် အုပ်စုခွဲမည် ဖြစ်သည်။

ချန်လွေ့က မျက်နှာဖုံးနဲ့ ဝတ်ရံုကို ဝတ်ထားဆဲ ဖြစ်သည်။ “အက်ဂ်ယော”ကြောင့် ထိုပုံစံမျိုးက နတ်ဆိုးဘုံ၌ အတော်လေး ရေပန်းစားနေခဲ့သည်။ ထို့ကြောင့် မည်သူကမှ ပုခုံးပေါ်တွင် “ကြက်သွန်နီ”ကောင် ရှိနေသော ဝတ်ရုံနှင့်လူက နာမည်ကျော် မဟာ့မဟာ ဆရာသခင် ဖြစ်ကြောင်း သတိမထားမိကြပေ။ သို့သော်လည်း ဇိုလာ၏ အလှတရားက လူအများကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုနည်းတူစွာပင် ခြေထောက် အတော်လေး ရှည်လျားသော မစ်-နဂါးနက်လည်း လူအတော်များများကို ဆွဲဆောင်ခဲ့လေသည်။

ချန်လွေ့နှင့် ဇိုလာတို့က စာရင်းသွင်းရန်အတွက် တန်းစီရန် ပြင်နေကြစဉ် ညာဘက်မှ လူအုပ်ထဲ၌ အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ကြပြီး သူတို့က လမ်းဖယ်ပေးလိုက်ကြ၏။

လူအုပ်ကြားထဲမှ လူအနည်းငယ်က လမ်းလျှောက် ထွက်လာခဲ့သည်။ ဦးဆောင်လာသော ဆံပင်အနက်နှင့် အမျိုးသမီးက အနက်ရောင်ဝတ်ရုံကို ဝတ်ထားပြီး မျက်နှာလွှား တစ်ခု ဝတ်ထား၏။ သူ့မျက်နှာနှင့် ခန္ဓာကိုယ် ပုံစံကို မမြင်နိုင်သော်လည်း သူ၏ ကျက်သရေရှိမှုနှင့် ထူးချွန်သော သ‌ဘောထားတို့ကို သေသေချာချာ ခံစားမိ နိုင်လေသည်။

“အဲဒါက အရိပ်နက်အင်ပါယာရဲ့ ထိပ်တန်း မှော်ပညာရှင် ဖန်တာ မဟုတ်လား။”

“ဒါနဲ့ အဲဒါက ဗာစတန်ပဲ။ အရိပ်နက်အင်ပါယာက တတိယ ဗိုလ်ချုပ်အသစ်။ သူက စစ်တပ်ထဲမှာ အစွမ်း အထက်ဆုံးလို့ ပြောကြတယ်.....”

“ဒီလူတွေက အဲဒီမိန်းမနောက်ကနေ လိုက်နေကြတယ်။ အဲဒီမိန်းမက.....”

“အဲဒီမိန်းမဆိုတာ ဘာပြောတာလဲ။ အဲဒါက အရိပ်နက် အင်ပါယာက ဧကရီ ကတ်သရင်းပဲ ဖြစ်ရမယ်။”

“နတ်ဆိုးဘုံးက ထိပ်တန်းမိန်းမလှ မဟာကတ်သရင်း ဒီကို ရောက်လာပြီ။”

“.....”

ကတ်သရင်းက ချန်လွေ့နှင့် အခြားသူများကို သတိထားမိသွားသောအခါ ရပ်တန့်သွားခဲ့သည်။ သူ၏ ကြယ်ကဲ့သို့ မျက်လုံးများက မျက်နှာလွှားနောက်မှ တောက်ပ နေခဲ့ပြီး ချန်လွေ့နှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။

သူတို့နှစ်ယောက်လုံးက မျက်နှာအမှန်ကို ဖုံးကွယ် ထားကြသော်လည်း ထိုကဲ့သို့ အကြည့်မျိုးအောက်တွင် မျက်နှာဖုံးများ၊ ဖုံးကွယ်မှုများ အားလုံးက အပေါ်ယံသာ ဖြစ်လေသည်။ အမှန်တကယ်၍ သူတို့နှစ်ယောက်လုံးက စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်အရာ အရပါ၊ အချင်းချင်း အတော်လေး သိကြပေသည်။ သို့သော်လည်း ကံဆိုးစွာပင် သူတို့က ဆန့်ကျင်ဘက်၌ ရပ်နေကြဆဲ ဖြစ်၏။

“ဒီလိုမျိုး နေ့ရက်ကို အချိန်အကြာကြီး စောင့်နေခဲ့တာ။” ချန်လွေ့က ပထမဦးစွာ ပြောလိုက်သည်။

ကတ်သရင်းသာလျှင် ထိုစကား၏ တကယ့် အဓိပ္ပာယ်ကို သဘောပေါက်၏။

တစ်နေ့ကျရင် ကိုယ် နတ်ဆိုးဘုံ တစ်ခုလုံးကို တုန်လှုပ်စေနိုင်တဲ့ စွမ်းအားတဲ့ အရိပ်နက် အင်ပါယာဆီကို လာခဲ့မယ်။ မင်းက ဧကရီရဲ့ ဆက်ခံသူပဲဖြစ်ဖြစ်၊ ထီးနန်းကို ဆက်ခံရမယ်ဆိုရင်တောင် ကိုယ်မင်းကို ခေါ်ထုတ်သွားမယ်။

အဲဒီတုန်းက အဲဒီစကားတွေကို အသံတိတ်ည စိမ့်မြေမှာ သူပြောခဲ့တုန်းက ရယ်စရာ စိတ်ကူးယဉ်တွေလိုပဲ။ ဒါပေမဲ့ နှစ်အနည်းငယ်အတွင်းမှာ ငါမထင်ထားခဲ့တာက သူ.....

အသံတိတ်ညစိမ့်မြေမှ (၅)ကြိမ်မြောက် နိဗ္ဗာန်စွမ်းအား ပြီးမြောက်သည်အထိ အတိတ်ဖြစ်ရပ်များက သူ၏ စိတ်ထဲ အလျင်အမြန် ပေါ်ထွက်လာခဲ့သည်။ ကတ်သရင်းက လက်ဝါးထဲ၌ ညင်သာသော အထိအတွေ့တစ်ခုကို ခံစားလိုက်ရသော်လည်း သူ၏အကြည့်က ပို၍ပင် တင်းမား သွားခဲ့လေသည်။

“ရိုင်ဇန်နဲ့ ကျွန်မက ရှင့်ကို အထင်သေးခဲ့မိတာပဲ။”

ထိုစကားကလည်း အဓိပ္ပာယ်နှစ်မျိုး ရှိပေသည်။ သူတို့ လျှော့တွက်မိခဲ့သည်က တကိုယ်တော် စွမ်းအားကိုသာမက အခြားအရာများလည်း ပါဝင်ပေသည်။ ထိုစကားက သူ၏ အပြုအမူ အပါအဝင် ကိုယ်ရေးကိုယ် ခံစားချက်များမှ “အလုပ်ကိစ္စများ”ထံသို့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်ပေသည်။

သူတို့နှစ်ယောက်က စဉ်းစဉ်းစားစား လုပ်တတ်ကြသူများ ဖြစ်ကြပြီး စကားနှစ်ခွန်းတည်းနှင့်ပင် မရေမတွက်နိုင်သော အပြန်အလှန်များ ပြီးသွားခဲ့လေပြီ။ အပြင်လူများက ၎င်းကုိ နားမလည်နိုင်ကြပေ။ သို့သော်လည်း ဝတ်ရုံနှင့်လူ၏ သရုပ်ကို ပွဲကြည့်ပရိသတ်များက ခန့်မှန်းမိလိုက်ကြပြီ ဖြစ်သည်။ မဟာကတ်သရင်းကို ဒီလိုပြောနိုင်အောင် လုပ်နိုင်တဲ့ တစ်ဦးတည်းသောသူက ကြယ်ကြွေတမန် အင်ပါယာရဲ့ ကြင်ရာတော်မင်းသား မဟာ့မဟာဆရာသခင် အက်ဂ်ယောပဲ။

ချန်လွေ့က စကားပြောတော့မည့်အချိန်၌ နှလုံးသားထဲ၌ ထူးခြားသော ခံစားချက်တစ်ခု လှိမ့်တက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ လောင်ကျွမ်းသော အပူရှိန် ဖျော့ဖျော့လေးက ဘယ်လက်မှ ပျံ့နှံ့လာလေသည်။

အဝေးမှ အထူးတန်း၌ အမျိုးသမီးတစ်ယောက် ဖက်ထားသော ကောင်မလေးတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်၏။ “ဖေဖေ...ဖေဖေ...”

All Chapters