← Chapters

အားလုံး ရောက်နေကြပြီ

Vol. 52 Ch. 859

အားလုံး ရောက်နေကြပြီ

Vol. 52 Ch. 859

“ဖေဖေ။ ဖေဖေ အဲဒီမှာ ရှိနေတယ်။”

အထူးတန်း၌ ကလေးမလေးတစ်ယောက်၏ အသံက ပတ်ဝန်းကျင်မှ ဆူညံသံများထဲ အလျင်အမြန် နစ်ဝင်သွားပြီး မပျံ့နှံ့နိုင်ခဲ့ပေ။

ကလေးမလေးကို ကိုင်ထားသော မျက်နှာလွှားနှင့် အမျိုးသမီးက ကြက်သေသေသွားခဲ့သည်။ ကလေးမလေးက မွေးကတည်းက သူ့ဘေးနားတွင် အမြဲပင် ရှိနေခဲ့သည်။ စွမ်းအား သန္ဓေပြောင်းလဲခြင်း အချို့ကြောင့် ကလေးမလေးက ၂နှစ် ၃နှစ် အရွယ်နှင့် တူနေသော်လည်း အမှန်တကယ်၌ ထိုကလေးမလေးက အသက် ၁နှစ်သာ ရှိနေသေးသည်။ သို့သော် သူ၏ စိတ်နှင့် အသိဉာဏ်တို့က ထူးခြားလှပေ၏။

ဒီကလေးမလေးက အရှင်မ အရှေ့မှာ နွဲ့ဆိုးဆိုးပြီးတော့ သူ့အဖေကို ရှာဖို့ ငိုတတ်ပေမဲ့ ဒီလိုမျိုး တစ်နေရာရာကို လက်ညှိုးထိုးပြီးတော့ “ဖေဖေ”လို့ ခေါ်တာက ပထမဆုံးပဲ။ ဧကန္တ......

မျက်နှာလွှားနှင့် အမျိုးသမီးက စဉ်းစားပြီး ကလေးမလေးကို အလျင်အမြန် ချော့မော့လိုက်သည်။ “သော်သော်။ မဆိုးနဲ့နော်။ ဒေါ်လေး ဆန်နီကိတ်မုန့်တွေ ဝယ်ကျွေးမယ်လေ။ ဟုတ်ပြီလား။”

“ဆန်နီကိတ်မုန့် မစားချင်ဘူး။ ဖေဖေနဲ့ပဲ တွေ့ချင်တယ်။” ကလေးမလေး သော်သော်က လီလစ်ဇ်၏ လက်ထဲမှ ထွက်သွားရန် ရုန်းကန်နေခဲ့သည်။ လီလစ်ဇ် သိမ့်သိမ့်တုန် သွားပြီး သော်သော်ကို အလျင်အမြန် ပွေ့ဖက်လိုက်၏။ ဒီမင်းသမီးလေးရဲ့ သရုပ်က ထူးခြားလွန်းတယ်။ အရှင်မ ဆုံးဖြတ်ချက်မချခင် မလိုလားအပ်တဲ့ ပြဿနာတွေကြောင့် အန္တရာယ်တွေနဲ့ ထိတွေ့စေလို့ မဖြစ်ရဘူး။

သော်သော်က အင်အားမကြီးသော်လည်း တကိုယ်လုံး အနီရောင် တောက်လာပြီး ပတ်တန်းကျင် အငွေ့အသက်က ရုတ်တရက် ပူလောင်လာခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် လီလစ်ဇ်က မီးတောက်စွမ်းအားကို မထိန်းချုပ် နိုင်တော့ကြောင်း ခံစားလိုက်ရသည်။ ကံကောင်းစွာပင် နောက်ဘက်မှ တာဒီလာက မူမမှန်မှုကို သတိထားမိသွား၏။ သူ့လက်ထဲ၌ အထူးမီးတောက်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ ထိုအရာက အက်စ်မိုဒက်စ် တော်ဝင် မိသားစု၏ [ ဒြပ်စင်အားနည်းခြင်း ] ပါရမီဖြစ်ပြီး သော်သော်၏ ဒြပ်စင်စွမ်းအားကို အလျင်အမြန် လျော့ပါးသွားစေခဲ့သည်။

သော်သော်က ဒြပ်စင်စွမ်းအား ဆုံးရှုံးသွားပြီးနောက် လီလစ်ဇ်၏ လက်ထဲမှ မရုန်းထွက်နိုင်တော့ဘဲ အော်ငိုလိုက် တော့သည်။ “ဒေါ်လေး လီလစ်ဇ်က မကောင်းဘူး။ ဒေါ်လေးကို မုန်းတယ်။ သော်သော် ဖေဖေ့ကို တွေ့ချင်တယ်။”

“စိတ်မကောင်းပါဘူး။ သော်သော်...” လီလစ်ဇ်က သက်ပြင်းချလိုက်ပြီး လက်ပတ်မှ မှော်အဆက်အသွယ် ခလုတ်ကို နှိပ်လိုက်၏။

အထူးတန်းက စာရင်းသွင်းရုံးနှင့် အတော်လေး ဝေးကွာလှသည်။ ထိုနေရာ၌ မည်သည်ဖြစ်နေကြောင်း ချန်လွေ့ မသိသလို ကလေးမ‌လေးတစ်ယောက်က အော်ငိုပြီး အဖေ ဖြစ်သူကို ရှာနေကြောင်း မသိပေ။ သို့သော်လည်း သူက ဘယ်လက်တွင် ထူးဆန်းသော အပူရှိန် တစ်ခုကို ခံစား နေရသည်။ တစ်ချိန်တည်းမှာပင် အရေးပါသော အသံအချို့က သူ့ကို ခေါ်နေသကဲ့သို့ပင် ထူးဆန်းပြီး ရင်းနှီးသော ခံစားချက်များ လှိမ့်တက်လာခဲ့လေသည်။

“ရှင်က ရိုင်ဇန်ဆီကနေ ဖိတ်ကြားလွှာ ရထား လောက်တယ်။ အဲဒါကြောင့် ရှင်က စစ်ဆေးမှုကို ကျော်ပြီးတော့ ပဏာမအဆင့်ကို တစ်ခါတည်း သွားလို့ရတာပဲ။” ကတ်သရင်းက တည်တည်ငြိမ်ငြိမ်ပင် စကားလမ်းကြောင်း လွှဲလိုက်သည်။ ရုတ်တရက် တစ်ခုခု ထူးဆန်းသည်ကို အာရုံခံလိုက်မိ၏ သူ၏ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူက စကား ထပ်မပြောတော့ဘဲ လက်အောက်ခံများနှင့်အတူ အလောတကြီး ထွက်သွားလိုက်၏။

ချန်လွေ့၏ ဘယ်လက်မှ ချစ်ချစ်တောက် အပူရှိန်က လောင်ကျွမ်းသော ခံစားချက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တစ်နေရာသို့ လှည့်ကြည့်လိုက်မိကာ အန္တရာယ် သတိပေး အာရုံတစ်ခု ရုတ်တရက် ရလိုက်သည်။ သူ မော့ကြည့်လိုက်ရာ လေထဲ၌ အလွန် ကြီးမားသော အနက်ရောင်ပုံရိပ် အများအပြားကို မြင်လိုက်ရပြီး လနှစ်စင်း၏ အလင်းရောင်ကို ဖုံးကွယ်လုနီးပါး ဖြစ်သွားလေသည်။

“ဧရာမ နဂါးတွေ..” တစ်စုံတစ်ယောက်က ‌အော်ပြောလိုက်၏။

ချန်လွေ့က မိမိ၏ လွှမ်းမိုးထားပြီး ချက်ချင်း အသေမှတ်ထားသော ပြိုင်စံရှား များပြား လှသည့် စိတ်ဝိညာဉ်စွမ်းအားကို သေသေချာချာ အာရုံခံမိလိုက်သည်။ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာ၏။ “ဟမ့်။ နောက်ဆုံးတော့ ငါမင်းကို ရှာတွေ့ပြီ။”

အလွန်ကြီးမားသော အနက်ရောင်ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားပြီး တစ်ချိန်တည်း နီးပါးမှာပင် ချန်လွေ့ အရှေ့၌ ပုံရိပ်(၅)ခု ပေါ်ထွက်လာခဲ့သည်။

ချန်လွေ့နှင့် ဇိုလာတို့ကဲ့သို့ လူနည်းစုမှလွဲ၍ ထိုလူ(၅)ယောက်မှာ ကောင်းကင်မှ နဂါးများ ဖြစ်ကြကြောင်း မသိခဲ့ကြပေ။

“ပြန်တွေ့ကြပြန်ပြီ။ အဲဒီကောင်။” ထိုသူက အရပ်ပုပုနှင့် ခန့်ညားသော အသွင်အပြင် ရှိသည်။ သို့သော်လည်း နှုတ်ခမ်းမွှေးနှင့်....လိုလီ ဖြစ်နေ၏။

ချန်လွေ့က ထိုထူးထူးဆန်းဆန်း လိုလီ၏ နာမည်ကို မျက်လုံး ပိတ်ထားရင်းနှင့်ပင် ပြောနိုင်လေသည်။ ဆရာသခင် လာလာရီယာ။

“နောက်ဆုံးတော့ လွန်ခဲ့တဲ့ တစ်နှစ်က အကြွေးဟောင်းကို ပြန်ချေလို့ရပြီ။ အဲဒီကောင်....” ကံကောင်းစွာပင် စာချုပ်၏ အဟန့်အတားကြောင့် ဆရာသခင် လာလာရီယာက သူ့ကို “ချန်လွေ့”ဟု ခေါ်၍ မရနိုင်ပေ။

“ကျုပ်ကို အက်ဂ်ယောလို့ ခေါ်လို့ ရပါတယ်။” သူက လာလာရီယာနောက်မှလူကို ပို၍ အာရုံစိုက်နေခဲ့သည်။ ထိုသူက “ရှေ့က လိုလီကို ငါ မသိဘူး”ဟူသော အမူအရာ ရှိနေ၏။ ထိုသူက စကားမပြောနိုင်ခင်မှာပင် ခရိုဘဲလက်စ်က ခုန်ဝင်လာခဲ့သည်။

“ပါ့ဂ်လီအို...”

“ဘက်တီလေး...” ဆရာသခင် အဆိပ်နဂါးက မစ်-မြနဂါးကို အတင်းအကြပ် ပွေ့ဖက်လိုက်ပြီး မျက်ရည် ကျလုမတတ် ဖြစ်သွားခဲ့သည်။ ဘက်တီလေးက အကောင်းဆုံးပဲ။ နဂါးကျွန်းက အမတွေကို သွေးကြီးလွန်းတာ မဟုတ်ရင် ထူးဆန်းလွန်းတယ်။

ဆရာသခင် အဆိပ်နဂါး၏ စွမ်းအားက SS- အဆင့်သို့ ရောက်ရှိသွားခဲ့ကြောင်း ချန်လွေ့ သတိထားမိလိုက်ပြီး ဆိုလိုသည်က သူသည် နတ်ဆိုးအရှင်သခင်အဆင့်၏ အကြီးမားဆုံး တစ်ဆို့မှုကို အောင်အောင်မြင်မြင် ဖြတ်ကျော် သွားနိုင်ခဲ့ပြီး အထူးအဆင့်သို့ ဝင်ရောက်နိုင်ခဲ့လေပြီ။ နဂါးကျွန်းမှာ ဘဲခေါင်းနဂါးး ဘာတွေ ကြုံတွေ့လာခဲ့ရလဲတော့ မသိပေမဲ့ မျက်ရည်တွေ၊ နှာရည်တွေကို ကြည့်ရတာတော့ ခါးသက်မှုတွေ၊ ဝမ်းနည်းစရာတွေ ပြည့်နေလောက်တယ်။

“မစ်-ဇိုလာ။ ဂုဏ်ယူစရာပါပဲ။ ခင်ဗျားလည်း ဒီပြိုင်ပွဲမှာ ဝင်ပြိုင်မှာလား။” နှုတ်ခမ်းမွှေးနှင့် လိုလီက ဇိုလာကို မြင်သွားသောအခါ ချက်ချင်းပင် “အဲဒီကောင်”ကို မေ့သွားခဲ့သည်။ သူက ပါးစပ်ထဲ၌ ပန်းတစ်ပွင့် ကိုက်ထားပြီး လမ်းးလျှောက်လာခဲ့သည်။ “ဒါက နဂါးကျွန်းမှာရှိတဲ့ အနူးညံ့ဆုံးနဲ့ အရှားပါးဆုံးဖြစ်တဲ့ နီလာခရမ်းနှင်းဆီပါ။ ကျုပ်ရဲ့ ရင်းနှီးမှု လက်ဆောင်အနေနဲ့ လက်ခံပေးပါ။”

ဇိုလာ စကားမပြောခင်မှာပင် ဘေးဖက်မှ မစ်-နဂါးနက်၏ အသံ ထွက်လာခဲ့သည်။ “ဝိုး...နီလာခရမ်း နှင်းဆီ။ ဒါက အတော်လေး တန်ဖိုးရှိရမယ်။ လာလာရီယာ။ ဒါကို ငါတို့ရဲ့ ရင်းနှီးမှုကို သက်သေပြတဲ့ လက်ဆောင်အနေနဲ့ သဘောထားလိုက်။”

ရင်ပြား လိုလီ - “....”

မျိုးနွယ် - နဂါး (နဂါးနက်)

စွမ်းအားအကဲဖြတ်မှု - SS- (SSS-)

ခန္ဓာအမျိုးအစား - SS- (SSS-)

ခွန်အား - SS- (SSS-)

စိတ်ဝိညာဉ် - SS- (SSS-)

အမြန်နှုန်း - SS- (SSS-)

[ စိစစ်ချက် ] - မှော်ဆန့်ကျင်မှု မြင့်မားသော ခန္ဓာ အမျိုးအစား၊ ဒြပ်စင်ဝါးမျိုခြင်း၊ မှော်ဝိညာဉ်မျက်လုံး ၊ [ ထိန်းမရသိမ်းမရ ] ။

အန္တရာယ်အဆင့် - အလွန်အမင်း အန္တရာယ်ရှိ။

လာလာရီယာရဲ့ စွမ်းအားက နတ်ဘုရားတစ်ပိုင်း အဆင့်ကို ရောက်နေပြီ။ ချန်လွေ့က နဂါးဧကရာဇ် ပြောခဲ့ဖူးသည်ကို ရုတ်တရက် တွေးလိုက်မိသည်။ လာလာရီယာက နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရောက်ဖို့ အတွက် လျို့ဝှက်ပညာရပ်တစ်ခုနဲ့ စွမ်းအားကို ချိပ်ပိတ် ထားခဲ့တဲ့ပုံပဲ။ အခု ဒီထူးဆန်းတဲ့ လိုလီက အောင်မြင်သွားတာ ထင်တယ်။

ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ] က ပြသသော ရင်ပြား လိုလီ၏ စွမ်းအားကို အံံအားသင့်သွားသော်လည်း သူ့ကို လျစ်လျူရှုထားပြီး ပါ့ဂ်လီအိုထံ ထည့်ထည့် သွားလိုက်၏။

“ဟေး။ ပါ့ဂ်လီအို။ ခင်ဗျားကြီး အကြီးမားဆုံး အိပ်မက်က တကယ် ဖြစ်လာတဲ့ပုံပဲ။”

“အိပ်မက် ဟုတ်လား။” အချိန်အကြာကြီးနေမှ ပြန်လည် ဆုံတွေ့ခြင်းက မည်သည့် နှုတ်ဆက်စကားမှ မရှိဘဲ ထိုကဲ့သို့ ထူးဆန်းသော စကားတစ်ခွန်း ထွက်လာခဲ့လေသည်။ ဆရာသခင် အဆိပ်နဂါးက အံ့အားသင့်သွားသည်။

ဘေးဖက်မှ ဆရာသခင် ရိုမန်ကလည်း အခွင့်အရေးကို အရယူပြီး စနောက်လိုက်သည်။ “နဂါးမတွေ အများကြီးကို ခေါ်ပြီးတော့ မိုးပေါ်မှာ လိုက်ပတ်သွားမယ်ဆိုလား ဘာလားလေ။”

ဆရာသခင် အဆိပ်နဂါး၏ လက်မောင်းထဲမှ ဘက်တီလေး၏ နားရွက် ရုတ်တရက် ထောင်သွားခဲ့ပြီး ဆရာသခင် အဆိပ်နဂါးက ခါးတွင် နာကျင်မှု တစ်ခု ခံစားလိုက်ရကာ သူငယ်ချင်းဆိုးနှစ်ယောက်ထံ ညည်းတွား လိုက်၏။ “ငါက အခေါ်ခံလာရတာ။ ဟုတ်ပြီလား။”

“သူပြောတာ မှန်တယ်။ သူက ပြဿနာကောင်ပဲ။ ဆာ- လာလာရီယာနဲ့ ကျွန်မတို့ကို မိုးပေါ်မှ ပျံဖို့ခေါ်သွားရအောင် သူက ဘာမို့လို့လဲ။” ရင်ပြားလိုလီနှင့် ဆရာသခင် အဆိပ်နဂါး တို့နှင့်အတူ ကောင်မလေး သုံးယောက် ရှိနေ၏။ နှစ်ယောက်က အသက်(၁၆)နှစ် ဝန်းကျင် ဖြစ်ဟန်တူပြီး အသက် (၁၀)နှစ်ပင် မပြည့်သေးသော ပို၍ ဆန်းကြယ်သူ တစ်ယောက်လည်း ရှိနေသည်။ ခုနက စကားပြောလိုက်သူက အသက်အကြီးဆုံး ဖြစ်ဟန်တူသော ဆံပင်အနီနှင့် ကောင်မလေးပင် ဖြစ်လေသည်။

“လိုင်ရဦ၊ ဖီလီ-စ်၊ ရာအိုရီ...” လိုလီ(၃)ယောက်က အမူအရာတစ်ခု ပြုလုပ်ပြီး ကြွပ်ရွသော အသံများ ထွက်လာခဲ့သည်။ “ကျွန်မတို့က ဆာ-လာလာရီယာကို ချစ်တဲ့ ပရိသတ် အဖွဲ့ပဲ။ ကျွန်မတို့က ဆာ့ကို အားလာပေးတာ။”

ပရိသတ်အဖွဲ့တောင် ရှိနေတယ်။

ချန်လွေ့ ဆွံ့အသွားခဲ့သည်။ သူက လာလာရီယာ၏ အန္တရာယ်အဆင့်ကို ပိုမို၍ နားလည်သွားခဲ့သည်။ ဒါကြောင့် နဂါးဧကရာဇ်က ကြံရာမရတဲ့အဆုံး အဲဒီလိုလီကို ငါ့ဆီ လာပစ်သွားခဲ့တာကိုး။ တကယ်လို့ လာလာရီယာကို ဒီအတိုင်း ဆက်ခွင့်ပြုလိုက်မယ်ဆိုရင် နဂါးကျွန်းရဲ့ ပျက်စီးနေတဲ့ မျိုးဆက်သစ်တွေက ထူးထူးဆန်းဆန်းတွေ ပြည့်နှက်နေလိမ့်မယ်။ အဆိုးတကာ့ အဆိုးဆုံး ဖြစ်လာမယ်ဆိုရင် နဂါးတွေတောင် မျိုးတုန်းသွားနိုင်တယ်။

“အပိုတွေ ပြောမနေနဲ့တော့။ အဲဒီကောင်။” နှုတ်ခမ်းမွှေးနှင့် လိုလီက သွေးအနည်းငယ် ထွက်သည်အထိ အံကြိတ်လိုက်ပြီး နောက်ဆုံးတွင် မစ်-နဂါးနက်၏ “ရင်းနှီးမှု”ကို ဖယ်ရှားလိုက်နိုင်ကာ အားကောင်းပြီး အဲလစ် ကဲ့သို့ အဟုန်ဖြင့် ချန်လွေ့ကို လက်ညှိုးထိုးလိုက်သည်။ “ပြိုင်ပွဲမှာ မင်းငါ့ကို ခပ်စောစော မတွေ့ဖို့ ဆုတောင်းနေတာ ပိုကောင်းမယ်။”

ထိုသို့ပြောပြီးနောက် ရင်ပြားလိုလီက ရင်ကိုကော့ပြီး နောက်ပြန်လှည့်မကြည့်ဘဲ လမ်းလျှောက်သွားလိုက်၏။

“ဆာ-လာလာလီယာက ချောလိုက်တာ။” ပရိတ်သတ် အဖွဲ့က အော်ဟစ်လိုက်ကြသည်။

“ခဏနေပါဦး။ အာ...ဟိုကောင်။” နှုတ်ခမ်းမွှေးနှင့် လိုလီက ရုတ်တရက် နောက်လှည့်ပြီး မေးလိုက်သည်။ “ဒီမှာ အရင်ဆုံး စာရင်းသွင်းရမှာလား။”

“ဒုတ်....” ဆရာသခင် အဆိပ်နဂါးက မတော်တဆ လဲကျသွား၏။ အမ်၊ ဘယ်သူက လမ်းပေါ်မှာ စည်းမဲ့ကမ်းမဲ့ ငှက်ပျောသီးခွံ ပစ်ထားတာလဲ။

“ဆာ-လာလာရီယာ၏ နောက်ကျောက အရမ်း ခန့်ညားတာပဲ။” ပရိသတ်အဖွဲ့က အော်ဟစ်လိုက်ပြန်သည်။

“ဝုန်း....” ယခုတစ်ခေါက် ဆရာသခင် ရိုမန်ကလည်း ငှက်ပျောသီးအခွံ တက်နင်းမိသွားပြန်သည်။

လိင်တူကြိုက်သော လိုလီနဂါးနှင့် ဦးနှောက်မရှိသော ပရိတ်သတ်အဖွဲ့တို့၏ ကြားကာလ ပြီးနောက်တွင် ချန်လွေ့က မိမိ၏ ဘယ်လက်မှ ချစ်ချစ်တောက် အပူရှိန်က ပုံရိပ်ယောင် တစ်ခုသဖွယ် ပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။

“ဘာဖြစ်လို့လဲ။” ချန်လွေ့ တစ်ခုခု ဖြစ်နေကြောင်း ဇိုလာ သတိထားမိလိုက်သည်။

“မသိဘူး။” ချန်လွေ့ ခေါင်းခါလိုက်သည်။ သူက အရေးကြီးသော အရာတစ်ခုကို လွဲချော်သွားသလို ခံစား လိုက်ရသည်။ သူ၏ဘယ်လက်က ယခင်က တစ်ခါတရံ ပူလောင်တတ်သော်လည်း ယနေ့ကဲ့သို့ တစ်ခါမှ မခံစားခဲ့ရပေ။

ဇိုလာက အခြားတစ်ဖက်ကို ကြည့်လိုက်ရာ ချန်လွေ့ကလည်း လူအုပ်ကြီး လမ်းဖယ်ပေးနေသော ထိုနေရာမှ အငွေ့အသက်၏ မူမမှန်မှုကို သတိထားလိုက်မိ၏။ ထိုလူများ၏ မျက်လုံးထဲ၌ အံ့သြနေသော အမူအရာတစ်ခု ရှိနေခဲ့သည်။

အနက်ရောင် ဆံပင်အရှည်နှင့် လူတစ်ယောက်က ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။ ထိုသူက အရပ် သိပ်မမြင့်ဘဲ ပုံမှန်အသွင်အပြင်သာ ရှိသော်လည်း ထိုသူက နတ်ဆိုးဘုံရှိ အစွမ်းထက်ပုဂ္ဂိုလ် အများစု မော့ကြည့် နေရသော တည်ရှိမှုတစ်ခု ဖြစ်လေသည်။

ထိုသူက ယခု သိုင်းပြိုင်ပွဲကို လက်ခံကျင်းပသူ၊ သွေးရောင် အင်ပါယာ အုပ်ချုပ်သူ၊ နတ်ဆိုးဘုံ၏ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် မဟာရိုင်ဇန်ပင် ဖြစ်၏။

ရိုင်ဇန်က အခြားသူများကို ကြည့်ရန် မရပ်တန့်ခဲ့ဘဲ မျက်လုံးများက ဇိုလာနှင့် ချန်လွေ့တို့ဆီ ရောက်သွားကာ နောက်ဆုံးတွင် ချန်လွေ့အပေါ် တည့်တည့် ရောက်သွားခဲ့ လေသည်။ သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံသည်နှင့် ဓားထက်ထက်နှစ်လက် ခုတ်မိသလို ဖြစ်သွားသည်။ လေထဲ၌ ဆုပ်ကိုင်မရသော မီးပွင့်များ ပေါ်ထွက်လာပြီး အနီးအနားရှိ လူတိုင်းက ဖောက်ထွင်းသော စွမ်းအားကို ခံစားလိုက်ရသည်။

အားလုံး သတိပြန်ဝင်လာသောအခါ သူတို့နှစ်ယောက်က အချင်းချင်း ဖြတ်သွားကြပြီ ဖြစ်သည်။

“ငါမင်းကို နောက်ဆုံးပွဲမှာ စောင့်နေမယ်။”

ထိုစကားတစ်ခွန်း ပြောပြီးနောက် ရိုင်ဇန်၏ မျက်လုံးများက ရှေ့တည့်တည့်ကို ကြည့်နေခဲ့သည်။

ချန်လွေ့၏ လေသံက အနည်းငယ် ပို၍ပင် ဂရုမစိုက်သလို ဖြစ်နေသည်။ “နောက်ဆုံးပွဲအထိ ခင်ဗျား တောင့်ခံနိုင်မယ် ဆိုရင်ပေါ့။ ကျုပ် သတိပေးလိုက်မယ်။ ဒီတစ်ခေါက် သိုင်းပြိုင်ပွဲက ခင်ဗျား ထင်ထားတာထက် ပိုပြီးတော့ စိတ်လှုပ်ရှားစရာတွေ၊ ခန့်မှန်းလို့မရတာတွေ ဖြစ်လိမ့်မယ်။”

“အဲဒါကိုပဲ ငါ စောင့်နေတာ။” ရိုင်ဇန်လည်း ပြုံးလိုက်ပြီး ရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားကာ ခဏအကြာ လူအုပ်ကြီးထဲ ပျောက်ကွယ်သွားတော့သည်။

ချန်လွေ့၏ လက်ရှိ စိတ်ဝိညာဉ် အာရုံခံစွမ်းအားက တိုင်းပြည်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ [သရုပ်ခွဲမျက်လုံး] မပါဘဲနှင့်ပင် ရိုင်ဇန်၏ စွမ်းအားက ကတ်သရင်း ကဲ့သို့ပင် သိသိသာသာ တိုးတက်သွားကြောင်း မြင်နိုင်ပေသည်။ အနာဂတ်က ဘယ်လိုဖြစ်မလဲတော့ မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါတွေက နှုတ်ခမ်းမွှေးနဲ့ ရင်ပြားလိုလီလောက် ကြောက်စရာ မကောင်းဘူး။ အဲဒီလိုလီက ဒီပြိုင်ပွဲမှာ အစွမ်းအထက်ဆုံး ပြိုင်ဘက် ဖြစ်လောက်တယ်။

အဝေးမှ အထူးတန်းတွင် အနီရင့်ရောင် ဝတ်ရုံကို ဝတ်ထားပြီး မျက်နှာကို သေသေချာချာ မမြင်ရသော လူတစ်ယောက်က ခုနက မြင်ကွင်းကို စိုက်ကြည့်နေခဲ့သည်။ သူ၏ နှုတ်ခမ်းထောင့်က တွန့်သွားခဲ့ပြီး ထူးထူးဆန်းဆန်း ပြုံးလိုက်လေသည်။

“အက်ဂ်ယော။ မင်းက ဒီကို ရောက်နေတာကိုး။ ငါ တစ်ခုခု လွဲချော်သွားလား။” နောက်ထပ် ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ဆာ-ရက်ပီမစ်။ ခင်ဗျား မလာရင် တကယ့်ကို လွဲချော်မှုကြီး ဖြစ်သွားတော့မှာ။” ချန်လွေ့က ပြုံးပြီး နှုတ်ဆက်လိုက်၏။ “တွေ့ရတာ ဝမ်းသာပါတယ်။ မိတ်ဆွေ။”

ကတ်သရင်း၊ ရိုင်ဇန်၊ လာလာရီယာ၊ ပါ့ဂ်လီအို၊ ဇိုလာ၊ ရေဘဝဲဘုရင် အားလုံးက ‌ရောက်နေကြလေပြီ။ ရိုင်ဇန်ကို ချန်လွေ့ ပြောခဲ့သည့် အတိုင်းပင် ထိုပြိုင်ပွဲက စိတ်ကူး ထားသည်ထက် ကျော်လွန်ပြီး ခန့်မှန်း၍မရ ဖြစ်ပေလိမ့်မည်။

All Chapters