ယုတ်မာပက်စက်သည့် အကြံ
Vol. 116 Ch. 1513
“ကျွန်တော်တို့က အခု တစ်လှေတည်းစီးနေကြတာဆိုတော့ ပူးပေါင်းသင့်တာပေါ့ ဟုတ်တယ်မလား”
ချင်မူက ချိုသာစွာ ပြောသည်။ “ကောင်းကင်နတ်အရှင်ကုန်းရဲ့ အသိစိတ်အလျဉ်က ထုံးစံအတိုင်း သိပ်ကို အားကောင်းတယ် ….သူ့ထက် သာတဲ့ပုဂ္ဂိုလ်ဆိုလို့ တစ်ယောက်ပဲ ရှိတယ်… အဲဒီပုဂ္ဂိုလ်က အရှင်မင်းကြီးပဲ”
နတ်အရှင်မချန်းသည် မျက်နှာအမူအရာ အနည်းငယ် ပျော့ပျောင်းသွားပြီး နှာခေါင်းရှုံ့လိုက်၏။ “နင်က အနည်းဆုံးတော့ လူစကားပြောတတ်သေးတာပဲ… ငါ ခွင့်လွှတ်ပေးလိုက်ပါမယ်လေ”
ထိုစဉ် ဖရိုဖရဲချီများ လှိုင်းထန်သွားသည်။ သိပ်သည်း အားကောင်းသော အသိစိတ်အလျဉ်တစ်ခုက ဖရိုဖရဲချီများကို ဖောက်ထွက်ကာ လှေငယ်ရှိရာသို့ ဦးတည်လာနေချေပြီ။
နတ်အရှင်မချန်းက မဆိုစလောက် ပြုံးလိုက်ရင်း အေးဆေးစွာ ရေရွတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ကုန်းက တကယ်ကို လာစမ်းသပ်တာပါလား… ငါ သူ့ကို မကျီစယ်ရတာ ကြာခဲ့ပြီ…”
သူမ၏ အသိစိတ်အလျဉ်သည် ပေါက်ကွဲထွက်ပေါ်လာပြီး ဖရိုဖရဲချီထဲမှ တိုးထွက်လာနေသည့် အသိစိတ်အလျဉ်အား ခုခံကာကွယ်လိုက်သည်။ ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ်မှာ အားကောင်းသော်လည်း မဟာဧကရာဇ်ကဲ့သို့ ပုဂ္ဂိုလ်မျိုးအောက် များစွာအားနည်းသည်မှာ မထူးဆန်းပေ။
ကံကောင်းစွာဖြင့် မဟာဧကရာဇ်သည် သူ၏ဇနီးကို ချစ်လွန်းသောကြောင့် ထိခိုက်အောင် မလုပ်ရက်ပေ။ မဟုတ်လျှင် သူ၏အသိစိတ်အလျဉ် တိုက်ကွက်တစ်ကွက်ထဲနှင့်တင် ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ်ကို ဖရိုဖရဲဖြစ်သွားစေပြီး စိတ်အစဉ်အား ရှုပ်ထွေးသွားစေနိုင်သည်။
နတ်အရှင်မချန်း၏ အသိစိတ်အလျဉ်က လှိုင်းထသွားပြီး သူမက တခစ်ခစ် ရယ်လိုက်သည်။ “အချစ်လေး၊ ကိုယ် ကောင်းကင်နတ်အရှင်မူကို သတ်လိုက်ပြီး တာအိုသိုင်းပညာရှင်ရဲ့ လက်နက်ကို ယူလိုက်ပြီ… ကိုယ်တို့လင်မယားနှစ်ယောက်…”
သူမ ထိုသို့ပြောလိုက်သည်နှင့် နောက်ထပ်အသိစိတ်အလျဉ်တစ်ခုက ရုတ်တရက် ပြေးဝင်လာသည်။ ၎င်းက အလွန်တရာ အားကောင်းပြင်းထန်ပြီး ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ်နှင့်အတူ နတ်အရှင်မချန်း၏ အသိစိတ်အလျဉ်ကို ပြေးတိုက်လိုက်၏။
“နတ်ဧကရာဇ်လန်ရွှမ်…”
နတ်အရှင်မချန်းမှာ ဒေါသူပုန်ထသွားသည်။ “မျိုးမစစ်ကောင်… နင်က ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ”
သူမသည် အမှန်တကယ် ဒေါသထွက်နေ၏။ နတ်ဧကရာဇ်လန်ရွှမ်မှာ သူမအချစ်ရဆုံး အမျိုးသမီးဖြစ်သည့် ကောင်းကင်နတ်အရှင်ကုန်းနှင့် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူတို့၏ သားမဟုတ်ပါလော။ သူမ အဘယ်သို့ သည်းခံနိုင်ပါမည်နည်း။
နတ်အရှင်မချန်း၏ အသိစိတ်အလျဉ် မဟာခြုံလွှမ်း ကောင်းကင်ဘုံက ရုတ်ခြည်း ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် နောက်ထပ် အသိစိတ်အလျဥ်တစ်ခုက ပြေးဝင်လာပြန်သည်။ အသိစိတ်အလျဉ်သုံးခုက ပူးပေါင်း၍ နတ်အရှင်မချန်း၏ အသိစိတ်အလျဉ်ကို တွန်းထုတ်နေတော့သည်။
သူမ၏ အသိစိတ်အလျဉ် မဟာခြုံလွှမ်း ကောင်းကင်ဘုံမှာ ပြင်းပြင်းထန်ထန် လှုပ်ခါသွားသည်။ ၎င်းကား သိုင်းပညာရှင်သုံးဦးကြောင့် ပေါက်ထွက်သွားလုနီးပါးဖြစ်နေ၏။
“ကောင်းကင်နတ်အရှင်ရှောင်…”
နတ်အရှင်မချန်းက မကျေမနပ် ညည်းတွားလိုက်သည်။ ပြင်းထန်တောက်ပလှသော အလင်းတန်းတစ်တန်းက သူမ၏နဖူးမှ ထွက်ပေါ်လာပြီး သူမ၏ဦးခေါင်းမှာ ပေါက်ကွဲလုနီးပါးဖြစ်သွား၏။
သူမမှာ အလွန်တရာ အံ့အားသင့်နေတော့သည်။ ကောင်းကင်နတ်အရှင်ရှောင်၏ အသိစိတ်အလျဉ်မှာ နတ်ဧကရာဇ်လန်ရွှမ်နှင့် တန်းတူနီးပါး အားကောင်းနေချေသည်။
ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူသည် မွေးရာပါချီတွင် ကျွမ်းကျင်သော်လည်း အသိစိတ်အလျဉ်တွင်တော့ ကျွမ်းကျင်မှု မရှိချေ။ သို့သော် သူ၏လူဝင်စား ဖြစ်သည့် ကောင်းကင်နတ်အရှင်ရှောင်၏ အသိစိတ်အလျဉ်ကတော့ အလွန်တရာ သန်မာအားကောင်းနေသည်။ ၎င်းအတွက် ဖြစ်နိုင်ချေတစ်ခုတည်းသာ ရှိ၏။
သူသည် မဟာအခွင့်အရေးတစ်ခု ရရှိခဲ့ပြီး မွေးရာပါချီနှင့် အသိစိတ်အလျဉ်တို့ကို ပေါင်းစည်းကာ ထိုက်ချူမဟာတာအိုအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ကောင်းကင်နတ်ဧကရာဇ်၏နာမည်မှာ ထိုက်ချူဖြစ်သော်လည်း ထိုက်ချူတာအိုကို ပြည့်စုံစွာ တတ်မြောက်နိုင်ခဲ့ခြင်း မရှိပေ။ မွေးရာပါချီကို ပြီးပြည့်စုံစွာ တတ်မြောက်ပြီးသည့်အချိန်တွင် မဟာဧကရာဇ်၏ အလစ်တိုက်ခိုက်ခံခဲ့ရပြီး အချိန်မစေ့ဘဲ မွေးဖွားလာခဲ့ရသည်။
ကောင်းကင်နတ်အရှင်ရှောင်သာ အသိစိတ်အလျဉ် မဟာတာအိုအား ကျွမ်းကျင်တတ်မြောက်ခဲ့သည်ဆိုပါက ထိုက်ချူမဟာတာအိုကို ကျွမ်းကျင်တတ်မြောက်ရန် မဝေးတော့သည့်အဓိပ္ပာယ်ပင်။
ဝုန်း…
နတ်အရှင်မချန်း၏ အသိစိတ်အလျဉ်မှာ ထိုအစွမ်းထက်သိုင်းပညာရှင်သုံးဦး၏ အသိစိတ်အလျဉ်တိုက်ခိုက်မှုများကြောင့် အက်ကွဲသွားသည်။ သို့သော် သူမသည်လည်း အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါလော။ သူမ၏ အသိစိတ်အလျဉ်နယ်ပယ်က ဝီခနဲ ဖွဲ့တည်လာသည်။ ရုတ်တရက် ပတ်ဝန်းကျင်ရှိ အရာအားလုံး နှေးကွေးသွားသယောင်ပင်။
ကောင်းကင်နတ်အရှင်ကုန်း၊ ကောင်းကင်နတ်အရှင်ရှောင်၊ နတ်ဧကရာဇ်လန်ရွှမ်တို့၏ အသိစိတ်အလျဉ်များ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်နယ်ပယ်ထဲသို့ ဝင်ရောက်လာကြခြင်းက တဖြည်းဖြည်း နှေးကွေးသထက် နှေးကွေးလာသည်။ ထိုအသိစိတ်အလျဉ်များမှာ ပြောင်းလဲသွားပြီး အမျိုးမျိုးသော ကောင်းကင်နတ်သိုင်းများကို အလွန်တရာမှ နှေးသည့် အမြန်နှုန်းဖြင့် မြင်ယောင်ဖန်ဆင်းနေကြလေသည်။
သို့သော် ပိုပို၍များသော အသိစိတ်အလျဉ်တို့က မဟာဧကရာဇ်၏ အသိစိတ်အလျဉ်နယ်ပယ်ကို ဝင်တိုက်လာကြသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ကုန်း၏ ပုံရိပ်ယောင် အသိစိတ်အလျဉ်နယ်ပယ်၊ နတ်ဧကရာဇ်လန်ရွှမ်၏ ထိုက်ချူအသိစိတ်အလျဉ်နယ်ပယ်တို့က ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်နတ်အရှင်ရှောင်၏ အသိစိတ်အလျဉ်ကမူ မွေးရာပါချီအဖြစ် တိုက်ရိုက်ပြောင်းလဲသွား၏။ ၎င်းတို့က ထောပတ်ကိုလှီးလိုက်သော ဓားပူမူတစ်လက်ကဲ့သို့ နတ်အရှင်မချန်း၏ နဖူးဆီသို့ တန်းတန်းမတ်မတ် ဦးတည်ဝင်ရောက်သွားကြသည်။
ကောင်းကင်နတ်အရှင်သုံးပါး ပူးပေါင်းလိုက်သည့်အခါတွင် နတ်အရှင်မချန်း၏ အသိစိတ်အလျဉ်နယ်ပယ်မှာ ပျက်စီးတော့မည့် အရိပ်အယောင်များ ပေါ်လွင်လာတော့သည်။
မဟာဧကရာဇ်၏ အထွတ်အထိပ် အသိစိတ်အလျဉ်နယ်ပယ်မှာ ဖျက်စီး၍မရကြောင်း အားလုံးသိကြသည်။ ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းက ဖျက်စီးခဲ့သည့်အချိန်မှသာ သူသည် ပြိုင်ဘက်ကင်းပလ္လင်ပေါ်မှ ဆင်းခဲ့ရခြင်း ဖြစ်ပေသည်။။
သို့သော် မဟာအသိစိတ်အလျဉ်နယ်ပယ်ကား ထိပ်တန်းနယ်ပယ်တစ်ခု ဖြစ်နေသေး၏။
သို့ရာတွင် အင်အားကြီးမားသော အသိစိတ်အလျဉ် သိုင်းပညာရှင်သုံးဦးက သူတို့၏ အသိစိတ်အလျဉ်များဖြင့် နယ်ပယ်ကို ချိုးဖျက်နေကြပြီး ပျက်စီးတော့မည့် အရိပ်အယောင်တို့အား တွေ့မြင်နေရရာ နတ်အရှင်မချန်း၏ နဖူးတွင် ချွေးသီးချွေးပေါက်များ စီးကျလာတော့သည်။
ဝုန်း… ဝုန်း… ဝုန်း
သူမ၏စိတ်ထဲသို့ အသံမျိုးစုံ ဝင်ရောက်လာ၏။ ယင်းမှာ ကောင်းကင်နတ်အရှင်သုံးပါး၏ တွန်းထုတ်ခြင်းခံနေရခြင်းကြောင့် ဖြစ်ပေါ်လာသော ပုံရိပ်ယောင် တုံ့ပြန်မှုတစ်ခု ဖြစ်သည်။ သို့သော် ကောင်းကင်နတ်အရှင်သုံးပါး၏ အသိစိတ်အလျဉ်များ သူမ၏စိတ်ထဲ ဝင်ရောက်လာလျှင်တော့ ရိုးရိုးတန်းတန်း ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ပေါ်လာလိမ့်မည်မဟုတ်ပေ။ သူမ၏ ဦးခေါင်းပင် ပေါက်ကွဲသွားနိုင်သည်။
တာအိုမီးတောက်အလွှာများလည်း တိုးဝင်လာပြီး ကောင်းကင်ဘုံအလွှာများစွာကို ဖွဲ့တည်လိုက်သည်။ ၎င်းတို့က ပြင်းထန်စွာ လှည့်ပတ်ရင်း အသိစိတ်အလျဉ်များထဲ ကြားဖြတ်ဝင်ရောက်လာ၏။ သိသိသာသာပင် ကောင်းကင်နတ်အရှင်ဟွေ့လည်း စတင်လှုပ်ရှားချေပြီ။
ကောင်းကင်နတ်အရှင်ဟွေ့၏ အကူအညီကြောင့် မဟာအသိစိတ်အလျဉ်နယ်ပယ်မှာ ပို၍ပင် လျင်မြန်စွာ ပျက်စီးလာသည်။
ရုတ်တရက် နတ်အရှင်မချန်း၏ မျက်နှာမှာ နီရဲသွားပြီး သွေးတစ်လုတ် အန်လိုက်ရ၏။ ချင်မူမှာ သူမ သွေးအန်သည့်အချိန်ကျမှ စိတ်အေးစွာ သက်ပြင်းချလိုက်ပြီး လှေငယ်အား ဖရိုဖရဲချီများထံ လှော်ခတ်စေလိုက်သည်။
နတ်အရှင်မချန်းသာ သွေး,မအန်လျှင် ကောင်းကင်နတ်အရှင်များ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် သူမသွေးအန်လာသည့်အချိန်အထိ စောင့်ဆိုင်းရပေလိမ့်မည်။
ဝှစ်….
တာအိုမီးတောက်အလွှာများက မီးလှည်းဘီးများကဲ့သို့ ဖရိုဖရဲမြစ်ထံမှ ခုန်ထွက်ကာ လှေငယ်၏ လမ်းကို ပိတ်လိုက်သည်။
ကောင်းကင်နတ်အရှင်သုံးပါးကား သူတို့၏အသိစိတ်အလျဉ်များကို သုံး၍ ဖရိုဖရဲချီထဲရှိ နတ်အရှင်မချန်း၏ တည်နေရာကို ရှာတွေ့သွားချေပြီ။ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကျန်ကောင်းကင်နတ်အရှင်များသည် ဤအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ သူမကို သေချာပေါက်ရှာကြလိမ့်မည်။
ချင်မူ သေခြင်း၊ မသေခြင်းက သူတို့အတွက် နတ်အရှင်မချန်းလောက် အရေးမပါပေ။
အဘယ်ကြောင့်ဆိုသော် နတ်အရှင်မချန်းဘေးတွင် တာအိုသစ်သီးတစ်လုံး ရှိနေပြီး ၎င်းသစ်သီးထဲတွင် တာအိုရရှိပြီးသည့် ကမ္ဘာဦးသိုင်းပညာရှင်တစ်ဦး ရှိနေသည် မဟုတ်ပါလော။ ဤသိုင်းပညာရှင်ကသာ ဖရိုဖရဲချီများထဲတွင် အရပ်မျက်နှာ ရှာဖွေနိုင်ပြီး သူတို့အား ကျောက်စိမ်းမြို့တော်ထဲသို့ ဦးဆောင်ခေါ်သွား၍ ဤနေရာ၏ ဆန်းကြယ်မှုများကို လေ့လာစေနိုင်လိမ့်မည်။
မှန်ပါသည်။ ချင်မူ့ သေခြင်း၊ မသေခြင်းကိုလည်း ဂရုစိုက်ပါသေး၏။
သို့သော် ချင်မူကို ကောင်းကင်နတ်အရှင်မချန်း သတ်လိုက်ခြင်း ဟုတ်၊ မဟုတ်ကိုသာ ပို၍သိချင်ကြခြင်း ဖြစ်သည်။ နတ်အရှင်မချန်းသာ ချင်မူ့ကို မသတ်ပါက အနာဂတ်တွင် ပြဿနာမရှာနိုင်ရန် နတ်အရှင်မချန်းအစား ချင်မူ့ကို ပျော်ပျော်ကြီး သတ်ပေးကြမည်သာ။
မဟာဧကရာဇ်၏ အကျင့်စရိုက်က မကောင်းသော်လည်း ချင်မူက ပို၍ဆိုးသေးသည်။
ချင်မူက မျက်လုံးများ မှေးကျဥ်းလျက် လှေငယ်ကား ထိန်းချုပ်ကာ မီးတောက်လှည်းဘီးများကို ရှောင်တိမ်းနေသည်။ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးသည် ဖရိုဖရဲချီများကို ဖြတ်၍ ကောင်းကင်နတ်အရှင်ဆယ်ပါးကို မြင်ရသော်လည်း ကောင်းကင်နတ်အရှင်ဆယ်ပါးကတော့ သူ့ကို မမြင်ရချေ။ ဤသည်က ဖရိုဖရချီများထဲတွင် သူ၏အကြီးမားဆုံး အားသာချက်ပင်။
သူ၏အားသာချက်အပေါ် အခွင့်ကောင်းယူ၍ အကျိုးရှိရှိ အသုံးချရပေလိမ့်မည်။
လှေငယ်၏ အနောက်ဘက်တွင် နတ်အရှင်မချန်းသည် ကောင်းကင်နတ်အရှင်ရှောင်၊ ကောင်းကင်နတ်အရှင်ကုန်းနှင့် နတ်ဧကရာဇ်လန်ရွှမ်တို့၏ တိုက်ကွက်များကို စိုးရိမ်ပူပန်စွာဖြင့် အစွမ်းကုန် ခုခံကာကွယ်နေသည်။ ဖရိုဖရဲမြူများက အချိန်ကိုက် ထွက်ပေါ်လာခဲ့သော်လည်း ချင်မူ့တုံ့ပြန်မှုက နှေးကွေးနေသယောင်ပင်။ ရလဒ်အနေဖြင့် သူမမှာ ကောင်းကင်နတ်အရှင်သုံးပါး၏ အသိစိတ်အလျဉ်များအကြားထဲ ရောထွေးသွားကာ မလွတ်မြောက်နိုင်ဘဲ ဒဏ်ရာအကြီးအကျယ်ရခဲ့သည်။
“ကျူယွီမျိုးနွယ်၊ သူက ကောင်းကင်နတ်အရှင်သုံးပါးရဲ့ စွမ်းအားကို အသုံးချပြီး နင့်ကို အားနည်းအောင် လုပ်နေတာပဲ” နတ်အရှင်မချန်း၏ တာအိုသစ်သီးထဲရှိ အမျိုးသမီးက သူမ၏ အသိစိတ်အလျဉ်ဖြင့် ရုတ်တရက် လှမ်းသတိပေးလေသည်။
တာအိုသစ်သီးထဲရှိ အမျိုးသမီးမှာ ဖရိုဖရဲမြစ်ကို ဖြတ်ခဲ့တုန်းက စွမ်းအင်များစွာ သုံးစွဲခဲ့ရခြင်းကြောင့် သူမ၏အရှိန်အဝါသည် အားနည်းသထက် အားနည်းလာနေ၏။
သူမ၏ သတိပေးသံကြောင့် နတ်အရှင်မချန်းမှာ အသိစိတ်ဝင်သွားပြီး တုန်လှုပ်သွားသည်။ သူမက ကောင်းကင်နတ်အရှင်သုံးပါး၏ အသိစိတ်အလျဉ်တိုက်ကွက်များကို ခုခံထားရင်း နတ်ဘရားစီရင်ရာဓားမတို့အား လှမ်းယူလိုက်သည်။ သွေးမိစ္ဆာနဂါးတို့က ချင်မူ့ခါးတွင် လှည့်ပတ်နေကြ၏။
“ကောင်းကင်နတ်အရှင်မူ၊ နင် မြန်မြန်မလုပ်ရင် ဒီဓားစာ မိသွားလိမ့်မယ်” နတ်အရှင်မချန်းက ခက်ထန်စွာ ခြိမ်းခြောက်လိုက်သည်။
သူမသည် ထိုသို့ပြောပြီးနောက် သူမ၏ရင်ဘတ်သို့ ငုံ့ကြည့်လိုက်မိ၏။ ချင်မူကား သူမပင် သတိမထားလိုက်မိသည့်အချိန်၌ သူ့ဓားကို ထုတ်ကာ သူမ၏ရင်ဘတ်ကို ဓားထိပ်ဖြင့် ထိထားလေသည်။
နတ်အရှင်မချန်းက နှာခေါင်းရှုံ့လိုက်သည်။ “ငါ့ရဲ့ဒီရုပ်ခန္ဓာကို အချိန်မရွေး စွန့်ပစ်လိုက်လို့ရတယ်.. ဒါပေမဲ့ နင်ကတော့ သေသွားရင်တောင် အသက်ပြန်ဝင်လာမှာ မဟုတ်ဘူး… ငါ့ရဲ့သွေးမိစ္ဆာ နတ်ဘုရားစီရင်ရာဓားမက ကောင်းကင်တာအိုရဲ့ နောက်ဆုံးတာအိုဖြစ်တဲ့ အသတ်အဖြတ်တာအိုတွေကို ဝါးမြိုထားတာ… အရေပြားလေးမှာ ရှသွားရင်တောင်မှ ဘယ်လောက်ပဲ စွမ်းအားကြီးတဲ့ ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်နေပါစေ သေရလိမ့်မယ်…”
ကောင်းကင်နတ်အရှင်သုံးပါး၏ အသိစိတ်အလျဉ်တို့က တစ်ခုပြီးတစ်ခု ဝင်တိုက်လိုက်ကြသဖြင့် နတ်အရှင်မချန်း၏ ခန္ဓာကိုယ်လေးမှာ ယိမ်းယိုင်သွားသည်။ သူမအနေဖြင့် တောင့်ခံထားရန် ခက်နေလေသည်။
ချင်မူက တဟားဟား ရယ်သည်။ “မဟာဧကရာဇ်… ခင်ဗျားရဲ့ နတ်ဘုရားစီရင်ရာဓားမက ကျုပ်ရဲ့ မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းကို ကျော်လွှားနိုင်မယ်ထင်လား”
သူတို့ထဲမှ တစ်ယောက်က လှေထိပ်တွင် ရပ်ကာ တစ်ယောက်ကတော့ လှေအမြီးတွင် ရပ်နေသည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စူးစူးဝါးဝါး စိုက်ကြည့်နေကြပြီး အချိန်မရွေး အသေအကြေ တိုက်ခိုက်ကြတော့မည်အလားပင်။
ရုတ်တရက် ကောင်းကင်တာအိုသံက ဖရိုဖရဲမြူများထဲမှ ပျံ့လွင့်လာပြီး ကောင်းကင်တာအိုရတနာများသည် သိပ်သည်းသော တာအိုသံများအား တစ်ချက်ပြီးတစ်ချက် ထုတ်လွှတ်လိုက်ကြ၏။ ထိုအသံများက အရပ်လေးမျက်နှာသို့ ပျံ့နှံသွားသည်။
ချင်မူနှင့် နတ်အရှင်မချန်း၏ မျက်နှာပေါ်ရှိ ကြွက်သားများက လှုပ်ရှားသွားကြသည်။ ရုတ်တရက် ချင်မူက ဓားကို သိမ်းလိုက်ပြီး နတ်အရှင်မချန်းကလည်း သူမ၏ နတ်ဓားမနှစ်လက်ကို သိမ်းလိုက်သည်။ သူတို့နှစ်ယောက်က မိတ်ဆွေများကဲ့သို့ ပြုံးရွှင်နေကြလေသည်။
နတ်အရှင်မချန်းက ဓားနှစ်လက်ကို မြှောက်၍ ကောင်းကင်တာအိုရတနာများ၏ တိုက်ကွက်ကို ခုခံလိုက်သည်။ ချင်မူကလည်း ကပ်ဘေးဓားကို မြှောက်ကာ ကောင်းကင်တာအိုသံများကို ရင်ဆိုင်လိုက်၏။ သူတို့နှစ်ယောက်က အတူတကွ ပူးပေါင်း၍ ရှေးဟောင်းနတ်ဘုရားဘုရင်၏ တိုက်ကွက်ကို ခုခံလိုက်ကြသည်။
“ဒီမှာဟေ့”
ရှေးဟောင်းနတ်ဘုရားဘုရင်၏ အသံက ဖရိုဖရဲမြူထဲမှ ဟိန်းထွက်လာသည်။ ထိုအချိန်မှာပဲ ကောင်းကင်တာအိုရတနာများက ရုတ်တရက် စုစည်းပြီး မြူထဲတွင် ရတနာတစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်က တာအိုသစ်ပင်ပေါ်တွင် ရပ်၍ မြူထဲသို့ ခုန်လိုက်၏။
သို့သော် သူ ရောက်သည့်အချိန်တွင် မည်သည့်အရာကိုမှ မတွေ့ရပေ။ လှေငယ်မှာ ပျောက်ကွယ်သွားလေပြီ။
ရှေးဟောင်းနတ်ဘုရားဘုရင်၏ အကြည့်များက လျှပ်စီးကဲ့သို့ တဖျတ်ဖျတ် လက်လျက် ပတ်ဝန်းကျင်အား ရှာဖွေနေသော်လည်း မည်သည့်အရာကိုမှ မတွေ့ရာချေ။ ထိုအခိုက်အတန့်တွင် အလင်းတန်းတစ်တန်းက ဖြတ်ခနဲ လက်သွားပြီး သူ့အနောက်တွင် ခပ်မျှင်မျှင် အလင်းတန်းတစ်တန်း ပေါ်လာကာ အဆုံးသတ်မြို့ပျက် အမှောင်ထု ထွက်ပေါ်လာသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်မှာ အမှောင်ထုထဲ ကျရောက်သွားတော့သည်။
ရှေးဟောင်းနတ်ဘုရားဘုရင်၏ မျက်လုံးထဲတွင် နတ်အလင်းရောင်တို့ ဖြတ်ပြေးသွားသည်။ သူက သူ၏ကောင်းကင်တာအိုရတနာကို ဝှေ့ရမ်းလိုက်ရင်း အဆုံးသတ်မြို့ပျက်အမှောင်ထုထဲမှ ဖောက်ထွက်လိုက်၏။ သူ ထွက်လာသည်နှင့် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး သူ့ထံ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
ရှေးဟောင်းနတ်ဘုရားနှစ်ပါးက လက်တစ်ဖက်စီ မြှောက်လိုက်ကြပြီး ကျန်လက်တစ်ဖက်ကို လွှဲရမ်းကာ သူ့ထံပြေးဝင်လာနေသော ထိုက်ကျိစက်၀န်းတစ်ခုအား ဖွဲ့တည်လိုက်၏။
ရှေးဟောင်းနတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ သူ့မှာ အနောက်သို့ လွင့်ထွက်သွားသော်လည်း သူ့ခြေထောက်အောက်ရှိ တာအိုသစ်ပင်ကတော့ သူနှင့်အတူ ပါမလာချေ။ သူ၏စိတ်အစဉ်မှာ ဖရိုဖရဲ ရှုပ်ထွေးလာပြီး သူ၏ခန္ဓာကိုယ်က ဖရိုဖရဲမြစ်ထဲသို့ ကျဆင်းနေလေသည်။
“သေပြီ..”
သူ ဖရိုဖရဲမြစ်ထဲသို့ ကျတော့မည့်ဆဲဆဲတွင် လက်တစ်ဖက်က သူ၏ကျောကို ဆွဲကာ မြှောက်တင်လိုက်၏။ ရှေးဟောင်းနတ်ဘုရားဘုရင် လှည့်ကြည့်လိုက်သည့်အခါ တာအိုသစ်ပင်ပေါ်တွင် ရပ်နေသော ကောင်းကင်နတ်အရှင်ဟောင်ကို တွေ့လိုက်ရ၏။
နတ်အရှင်မယန်နှင့် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာတော့ ဖရိုဖရဲမြူများထဲ ဝင်ရောက်ပျောက်ကွယ်သွားကြလေပြီ။
“စိတ်မပူပါနဲ့”
ကောင်းကင်နတ်အရှင်ဟောင်က တည်ငြိမ်အေးဆေးစွာ ပြောသည်။ “ကောင်းကင်နတ်အရှင်မူက ပြဿနာရှာချင်နေတာ ... ဒါပေမဲ့ မဟာဧကရာဇ်ကတော့ သူနဲ့ အတွေးမတူဘူး… အဲဒီလိုလူ နှစ်ယောက်က တစ်လှေတည်း စီးနေကြတာ ဆိုတော့ … အနှေးနဲ့အမြန် လှေမှောက်သွားမှာပဲ”
ရှေးဟောင်းနတ်ဘုရားဘုရင်မှာ အံ့အားသင့်နေဆဲ ဖြစ်၍ စိတ်တည်ငြိမ်အောင် ထားကာ ခေါင်းညိတ်လိုက်သည်။ သူက မေး၏။ “သူတို့နှစ်ယောက် လွတ်သွားရင်ရော…”
“မလွတ်နိုင်ပါဘူး”
ကောင်းကင်နတ်အရှင်ဟောင်က မဲ့ပြုံးပြုံးသည်။ “ကောင်းကင်နတ်အရှင်ကုန်းရဲ့ အသိစိတ်အလျဉ်က သူတို့ကို ပစ်မှတ်ထားပြီးနေပြီ… ထွက်ပြေးနိုင်စရာ အကြောင်းမရှိဘူး… ဟုတ်တယ်မလား ကောင်းကင်နတ်အရှင်ကုန်း”
တာအိုသစ်ပင်တစ်ပင်က စီးမြောလာပြီး ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ် ထွက်ပေါ်လာသည်။ ၎င်းက နတ်အရှင်မချန်း၏ တည်နေရာကို အာရုံစူးစိုက်ထား၏။ “စိတ်မပူပါနဲ့ ကောင်းကင်နတ်အရှင်ဟောင်… မဟာဧကရာဇ် ကျွန်မလက်ထဲက မလွတ်နိုင်ပါဘူး”
ထိုအခိုက်အတန့်တွင် ချင်မူနှင့် နတ်အရှင်မချန်းမှာ လှေငယ်ပေါ်တွင် ရပ်နေကြသည်။ နတ်အရှင်မချန်းမှာ ကောင်းကင်နတ်အရှင်သုံးပါး၏ အသိစိတ်အလျဉ်တိုက်ကွက်များကို ခုခံကာကွယ်နေဆဲ ဖြစ်၍ စိတ်ထဲတွင် ခါးသီးစွာအော်ဟစ်လိုက်မိသည်။ ‘အဲ့ဒီကောင်တွေက ငါ့ကို အဆက်မပြတ်ကို လိုက်ဖမ်းနေတော့တာပဲ… ငါ့အသိစိတ်အလျဉ်က အနှေးနဲ့အမြန် အားနည်းသွားတော့မယ်… အဲဒီအချိန်ကျရင် ခွေးကောင်လေး ချင်မူက ငါ့ကို ပျော်ပျော်ကြီး သတ်ဦးမှာ’
သူမသည် ချင်မူ့ဆီသို့ လှမ်းကြည့်လိုက်၏။ သူ့အမူအရာမှာ သားကောင်ချောင်းနေသည့် ကျားသစ်တစ်ကောင်အလားပင်။ သူမအား စားသုံးရန် သွေးအကုန် ထွက်သွားမည်ကို စောင့်နေသယောင်ယောင်။
“ခွေးသူတောင်းစားလေး…”
နတ်အရှင်မချန်းက ပြုံးလျက် နတ်ဘုရားစီရင်ရာဓားမနှစ်လက်ကို အသက်သွင်းလိုက်သည်။ ဤကောင်စုတ်ကလေးအား မည်သည့်အချိန်တွင် သတ်ဖြတ်ရမည်လဲ တွက်ချက်နေ၏။
လှေငယ်ပေါ်တွင် နေရာမှာ ကျဉ်းမြောင်းလွန်းသဖြင့် သူမအတွက် အခွင့်အရေး ရှိသေးသည်။
ချင်မူက ပြုံးလျက်ပင် ကပ်ဘေးဓား၏ ဓားရိုးကို ဆုပ်ကိုင်ထား၏။ သူတို့နှစ်ယောက်က မလှုပ်ရှားဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
ဝှစ်….
ရုတ်တရက် လှေငယ်က ကောင်းကင်နတ်ရှင်ရှုဘေးမှ ဖြတ်သွားသည်။ ထိုအချိန်မှသာ ကောင်းကင်နတ်အရှင်ရှုက လှေကို သတိထားမိသွားပြီး အလျင်အမြန် လိုက်ဖမ်းတော့သည်။ နတ်အရှင်မချန်း၏ နဖူး၌ ချွေးသီးချွေးပေါက်များ ပိုမိုစီးကျလာချေပြီ။
သူမမှာ လှေ၏အနောက်တွင် ရပ်၍ ကောင်းကင်နတ်အရှင်သုံးပါး၏ အသိစိတ်အလျဉ်တိုက်ကွက်များကို ခုခံကာကွယ်နေရသေးသည်။ ယခုတွင် ကောင်းကင်နတ်အရှင်ရှုက လှေအနောက်မှ လိုက်လာပြန်လေပြီ။ မိုးကောင်းကင်ကြီးသည် သူမကို သတ်ချင်နေခြင်းလော။
ကောင်းကင်နတ်အရှင်ရှု လိုက်မီလာတော့မည်အချိန် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ဘေးမှ ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်နတ်အရှင်ရှုကို တိုက်ခိုက်သည်။
ကောင်းကင်နတ်အရှင်ရှုမှာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ခုခံရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။ လှေငယ်က သူမ၏မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
“ရှစ်ချီလော်…”
ကောင်းကင်နတ်အရှင်ရှုမှာ ဒေါသထွက်သွားသည်။ တိုက်ကွက်တချို့ ဖလှယ်ပြီးနောက် သူမသည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ မျက်ခုံးနှစ်ဖက်ကြား၌ ချိတံဆိပ်တစ်ခု ထားလိုက်၏။ ထို့နောက် သူ၏အာရုံအားလုံးကို ချိပ်ပိတ်၍ ဖရိုဖရဲမြစ်ထဲ ကျသွားစေ၏။
လှေငယ်ပေါ်ရှိ နတ်အရှင်မချန်းမှာ လှေငယ်အနောက်တွင် တာအိုသစ်ပင်တစ်ပင် ပေါ်လာသည်ကို မြင်လျှင် စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်သည်။ ဗလတောင့်တောင့် ရှစ်ချီလော်က ရတနာသေတ္တာတစ်ခု သယ်ကာ သူတို့အနောက်မှ ပြုံးပျော်စွာ လိုက်လာနေလေသည်။
နတ်အရှင်မချန်းက တခစ်ခစ် ရယ်သည်။ “အရှင်မယွမ်မုက ငါ့မဟာမိတ်ပဲ…ကောင်းကင်နတ်အရှင်မူ၊ နင့်အကြံအစည်တော့ မအောင်မြင်နိုင်တော့ဘူး”
ချင်မူ့မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေသည်။ “တိုက်ဆိုင်လိုက်တာနော်… ကျွန်တော့်မဟာမိတ်ကလည်း အရှင်မယွမ်မုပဲဗျ”
နတ်အရှင်မချန်း၏ နှလုံးသားမှာ တင်းကြပ်သွားပြီး ရှစ်ချီလော်၏ အကြမ်းပတမ်း ရယ်သံကြီးကို ကြားလိုက်ရသည်။ ဗလတောင့်တောင့်လူကြီးက ရတနာသေတ္တာကို ဖွင့်လိုက်ရာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ ပျံထွက်လာ၏။ သူက ခပ်ဟဟ ရယ်နေသည်။ “ငါတော့ မဟာမိတ်တွေကို သတ်ရတာ အကြိုက်ဆုံးပဲ”
နတ်အရှင်မချန်းနှင့် ချင်မူက တစ်ယောက်ကို တစ်ယောက်ကြည့်၍ ပြုံးလိုက်ကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် မတိုက်ခိုက်တော့ဘဲ ရှစ်ချီလော်ကိုသာ ပူးပေါင်းတိုက်ခိုက်ကြ၏။
ရှစ်ချီလော်တွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ ရှိသော်လည်း သူတို့နှစ်ယောက်သည် တိုက်ကွက်အနည်းငယ်ဖြင့် ကောင်းကင်လက်နက်အား သတ်ဖြတ်နိုင်ကြ၏။ နတ်ဘုရားစီရင်ရာဓားမက ကောင်းကင်နတ်အရှင်ယွီ၏ ချီနှင့် သွေးအားလုံးကို စုပ်ယူလိုက်သဖြင့် ရှစ်ချီလော်မှာ အလျင်အမြန် ထွက်ပြေးသွားတော့သည်။
“ကောင်းကင်နတ်အရှင်မူ၊ လှည်စားနေတာတွေ ရပ်လိုက်စမ်း”
နတ်အရှင်မချန်းမှာ ရှစ်ချီလော် ထွက်ပြေးသွားသည်ကို ကြည့်ရင်း ဒေါသူပုန်ထလာသည်။ သူမက နတ်ဓားမနှစ်လက်ကို လွှဲရမ်းရင်း အော်ဟစ်လိုက်၏။ “နင် ထပ်ပြီး လှည့်စားလို့ကတော့ ငါသေရင်တောင်မှ နင့်ကိုပါ ခေါ်သွားပစ်မယ်”