ဟွေ့
Vol. 116 Ch. 1514
ချင်မူလည်း နတ်အရှင်မချန်းနှင့် ခွာပြဲသွားမည်ကို စိုးရိမ်နေရသည်။ ယခုအချိန်တွင် ချင်မူနှင့် နတ်အရှင်မချန်းမှာ နှာခေါင်းပေါက်လောက် ရှိသည့် လှေလေးအပေါ်၌ အတူရှိနေကြသဖြင့် လှုပ်ပင် လှုပ်၍မရသည် မဟုတ်ပါလော။ နတ်အရှင်မချန်းက သူ့ကို ရေထဲ ဆွဲချရန် စိတ်ကူးပေါက်လာလျှင် ချင်မူအနေဖြင့် မရှောင်နိုင်ဘဲ ရေထဲ ပြုတ်ကျသွားမည်မှာ မလွဲဧကန်ပင်။
ထိုအခါ မည်သူမျှ သူကို ကယ်တင်ပေးနိုင်မည်မဟုတ်တော့ပေ။
“အရှင်မင်းကြီးက ကျွန်တော် မဆင်မခြင် လုပ်မိသွားတာကို သတိပေးလိုက်တာပဲ”
ချင်မူက အပြစ်ကို ဝန်ခံလိုက်ပြီး စိတ်ရင်းအတိုင်း ပြောလိုက်သည်။ “အခု ကျွန်တော်တို့နှစ်ယောက်လုံးနဲ့ အန္တရာယ်နဲ့ တွေ့နေတာဆိုတော့ ကောင်းကင်နတ်အရှင်ကိုးပါးကို တိုက်ခိုက်ဖို့ စည်းလုံးနေဖို့ လိုတယ်... နောင်ဖြစ်လာမယ့်ဟာတော့ နောင်မှ ရှင်းတာပေါ့”
ထို့နောက် သူ၏ ဓားဖြင့် ရှေ့သို့ ထိုးစိုက်ကာ ကောင်းကင်နတ်အရှင်သုံးပါး၏ အသိစိတ်အလျဉ်တို့အား ရင်ဆိုင်လိုက်သည်။ ဓားရောင်များ တဝင်းဝင်း လက်သွားပြီး ရှောင်၊ လန်ရွှမ်၊ ကုန်းဆီမှ အသိစိတ်အလျဉ် တိုက်ကွက်များအား တားဆီးနိုင်ခဲ့လေသည်။
သူတို့၏ အသိစိတ်အလျဉ််များက သိပ်သည်းအားကောင်းသည့်အလျောက် ဖြတ်တောက်ရန် မလွယ်ကူသော်လည်း ချင်မူ၏ဓားကွက်များကား အတိုင်းထက်အလွန် ဆန်းပြားလှပချေသည်။ ဓားရောင် ဖြတ်သွားတိုင်း ဖရိုဖရဲမြူများ ပွင့်ထွက်သွားပြီး ကြာပွင့်သဏ္ဍာန်ဟင်းလင်းပြင်အလွှာတို့ ဖွဲ့တည်လာတတ်သည်။ ဓားကွက်များက ကောင်းကင်နတ်အရှင်သုံးပါး၏ အသိစိတ်အလျဉ်များအား ဖျက်စီးသွားစေသည့်အပြင် နတ်အရှင်မချန်း၏ စိတ်ထဲ ကျူးကျော် တိုက်ခိုက်ခဲ့သော အသိစိတ်အလျဉ်ဖြင့် ချိတ်မဆက်နိုင်အောင်လည်း ဟန့်တားပေးလိုက်သည်။
ဓားပန်းပွင့်များက ဟင်းလင်းပြင်ထဲတွင် ပန်းဖူးမှ ပန်းပွင့်ချပ်များ ပွင့်အာကျလာသကဲ့သို့ တင့်တယ်ကြော့ရှင်းစွာ ပွင့်လာကြသည်။ ၎င်းတို့က တစ်လွှာပေါ် တစ်လွှာထပ်သွားကြရင်း ကောင်းကင်နတ်အရှင်သုံးပါး၏ အသိစိတ်အလျဉ်များအား လှည့်ပတ်လျက် ကခုန်နေကြသောကြောင့် အသိစိတ်အလျဉ်များမှာ ချင်မူ၏ဓားရောင်ကို ချက်ချင်း မဖောက်ထွက်လာနိုင်တော့ပေ။
ဤသည်က တာအိုဝင်ရောက်ပြီးသော မဟာကောင်းကင်နတ်သိုင်း ဖြစ်သည့်... ထိုက်စု ဖရိုဖရဲကမ္ဘာဦး၏ ပန်းဖူးတစ်ပွင့်ကို ဖွင့်လှစ်ခြင်း ကောင်းကင်နတ်သိုင်းပင်။
နတ်အရှင်မချန်းက ချင်မူ ဖန်တီးပေးလိုက်သော အခွင့်အရေးကို အသုံးချ၍ သူမ၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ချက်ချင်း ထုတ်ဖော်ကာ ကောင်းကင်နတ်အရှင်သုံးပါး၏ အသိစိတ်အလျဉ်များကို ဖြိုခွင်းပစ်လိုက်သည်။ ထိုအချိန်မှာပဲ ချင်မူ၏ ခြေလှမ်းသည် ရပ်တန့်သွားပြီး လှေငယ်ကား တိတ်ဆိတ်စွာ ရွေ့လျားသွားလေသည်။
သူ၏ဓားရောင်ကြောင့် ဖြစ်ပေါ်လာသော ဟင်းလင်းပြင်ထဲမှ ကောင်းကင်နတ်အရှင်သုံးပါး ထွက်လာကြသည့်အချိန်တွင် လှေငယ်မှာ ယခင်နေရာ၌ မရှိတော့ပေ။
ကောင်းကင်နတ်အရှင်သုံးပါး၏ အသိစိတ်အလျဉ်များက ပတ်ဝန်းကျင်၌ ကျီးကန်းတောင်းမှောက် ရှာလိုက်သည့်အခါ မြစ်ရေပြင်ပေါ်တွင် လှေငယ်လှုပ်ရှားသွားမှုကို အာရုံခံလိုက်မိကြသည်။ သူတို့က အနောက်မှ ထပ်ကြပ်မကွာ လိုက်သွားကြ၏။
‘ကောင်းကင်နတ်အရှင်မူက မကောင်းတဲ့ ကောင်ပဲ.. တောင်းပန်စရာ ရှိရင်လည်း အမြန်တောင်းပန်တယ်… သူ့အမှားတွေကို တည့်တိုးဝန်ခံဖို့လည်း ဝန်လေးမနေဘူး… သူ့ကို မုန်းဖို့ ခက်တယ်”
နတ်အရှင်မချန်းမှာ အကြပ်အတည်းထဲမှ ရုန်းထွက်လာနိုင်ခဲ့ပြီးနောက် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ “ဒီကောင် တော်တော်လေ့ကျင့်ထားတာ ဖြစ်ရမယ်… တောင်းပန်တာနဲ့ လမ်းစဉ်ဝင်ရောက်နိုင်ရင် သူ တာအိုတောင် ရနေလောက်ပြီ”
ဤသို့ဖြင့် လှေငယ် ရှေ့သို့ လှော်ခတ်ပျံသန်းနေစဉ် ရုတ်တရက် မီးတောက်များ ထတောက်လာသည်။ နတ်အရှင်မချန်းမှာ ရင်ထဲ ဒိန်းခနဲ ခုန်သွားပြီး လှမ်းကြည့်လိုက်သည့်အခါ တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များက ဖရိုဖရဲမြစ်ရေပြင်ပေါ်ရှိ ဖရိုဖရဲချီများကို ပုံပျက်စေရင်း ဧရာမ ဘဲဥပုံသဏ္ဍာန် လှည်းဘီးကြီးအဖြစ် ပြောင်းလဲနေသည်အား တွေ့လိုက်ရသည်။
ကောင်းကင်နတ်အရှင်ဟွေ့၏ ပုံရိပ်က လှေငယ်၏ ညာဘက်တွင် ပေါ်လာပြီး မီးတောက်များအကြားထဲရှိ တာအိုသစ်ပင်ပေါ်တွင် ရပ်နေသည်။ သူတို့နှစ်ယောက် တွေ့ဆုံသည့်အချိန်တွင် ကောင်းကင်နတ်အရှင်ဟွေ့နှင့် နတ်အရှင်မချန်းတို့နှစ်ယောက်လုံး အံ့ဩမှင်သက်သွားကြသည်။
ချင်မူသာလျှင် တည်ငြိမ်အေးဆေးနေပြီး ကပ်ဘေးဓားကို ထုတ်ကာ ကောင်းကင်နတ်အရှင်ဟွေ့ဆီ ပြေးဝင်သွား၏။
‘ဟုတ်သားပဲ… ကောင်းကင်နတ်အရှင်မူရဲ့ မျက်လုံးတွေက ဖရိုဖရဲချီတွေကို ထိုးဖောက်မြင်ပြီး ကောင်းကင်နတ်အရှင်ဟွေ့ ဒီမှာ ရှိနေတယ်ဆိုတာ မြင်နေရတာပဲ’
ချင်မူသည် ဖရိုဖရဲချီများအား ထွင်းဖောက်မြင်ရသောကြောင့် လှေငယ်အား ကောင်းကင်နတ်အရှင်ဟွေ့ ရှိရာသို့ တမင်လှော်ခတ်လာခဲ့မှန်း နတ်အရှင်မချန်း ချက်ချင်း ရိပ်မိသွားသည်။ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်မူသည် အမြဲတမ်း အမြင်မတူကြသည့်အတွက် တစ်ယောက်ကိုတစ်ယောက် သည်းမခံနိုင်ကြပေ။ ကောင်းကင်နတ်အရှင်ဟွေ့က အခွင့်အရေးရသည်နှင့် ချင်မူ့ကို တိုက်ခိုက်တတ်သည်။ ယခုအချိန်ကတော့ ချင်မူ့အတွက် ပြန်လည်တိုက်ခိုက်နိုင်မည့် အခွင့်အရေးတစ်ခုပင်။
‘ဒီကောင်က အသွေးအသားထဲအထိ စိတ်ပုပ်တာပဲဟ… ငါ့ခွန်အားကို ငှားယူပြီး ကောင်းကင်နတ်အရှင်ဟွေ့ကို သတ်ဖို့ ကြိုးစားနေတာ..’
သို့သော် နတ်အရှင်မချန်းအနေဖြင့် ကောင်းကင်နတ်အရှင်ဟွေ့ကို ဒဏ်ရာရအောင် လုပ်နိုင်မည့် ရှားရှားပါးပါး အခွင့်အရေးတစ်ခုလည်း ဖြစ်နေသည်။
အခွင့်အရေးက မိမိဆီသို့ ရောက်လာလျှင် ကြီးကျယ်သော ကိစ္စများကို အောင်မြင်ချင်သူတိုင်းအနေဖြင့် အမိအရ ဖမ်းဆုပ်၍ အသုံးချရပေလိမ့်မည်။
ချင်မ ဓားကို ဆွဲထုတ်လိုက်သည်နှင့် သူမ၏အသိစိတ်အလျဉ်ကလည်း ထွက်ပေါ်လာပြီး ကောင်းကင်နတ်အရှင်ဟွေ့ထံ ပြေးဝင်သွားသည်။
သူမ၏ အသိစိတ်အလျဉ်က နောက်မှ လိုက်လာသော်လည်း အရင်ဆုံး ရောက်ရှိသွားပြီး ချင်မူ့ဓားရောင် ကောင်းကင်နတ်အရှင်ဟွေ့ဆီ မရောက်ခင်မှာပင် ၎င်းက ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်သွားချေပြီ။
ကောင်းကင်နတ်အရှင်ဟွေ့၏ တုံ့ပြန်မှုမှာလည်း နှေးကွေးမနေပေ။ သူ့ပတ်ပတ်လည်ရှိ များပြားလှသော မီးတောက်လှည်းဘီးများက ချက်ချင်း ရှေ့သို့ ရွေ့လျားလာကာ လှည့်ပတ်သွားကြသည်။ ကောင်းကင်ဘုံအလွှာပေါင်းများစွာက မီးတောက်လှည်းဘီးများထဲတွင် ဖွဲ့တည်လာကြပြီး နတ်အရှင်မချန်း၏ အသိစိတ်အလျဉ်ကို ခုခံကာ သူ့ဦးနှောက်သို့ မထိစေရန် အချိန်ဆွဲထားလိုက်သည်။
နတ်အရှင်မချန်း၏ အသိစိတ်အလျဉ်တိုက်ခိုက်မှုကြောင့် သူ၏မီးတောက်လှည်းဘီးများ တစ်ခုပြီးတစ်ခု ပြိုလဲလာနေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ဟွေ့သည် ချက်ချင်း နောက်ဆုတ်သွား၏။ မီးတောက်လှည်းဘီးအသစ်များက သူ၏ဦးခေါင်းနောက်တွင် လှည့်ပတ်ထွက်ပေါ်၍ သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်မှ တဝှီးဝှီး ပြေးထွက်လာကြသည်။
သို့သော် ချင်မူ့ဓားရောင်က နတ်အရှင်မချန်း၏ အသိစိတ်အလျဉ်ကို ထိုးဖောက်လာပြီး အလွန်တရာ စူးရှတောက်ပသော အလင်းရောင်ကား မီးတောက်လှည်းဘီးအလွှာများကို ထိုးခွင်းသွားတော့သည်။
ကောင်းကင်နတ်အရှင်ဟွေ့က အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ၏ မီးတာအိုကား တာအိုကျင့်စဉ်စနစ်၏ ၂၄ ခုမြောက် ကောင်းကင်ဘုံအထိ ရောက်ရှိနေသည့်အလျောက် မည်သည့်အရာကိုမဆို အသွင်ပြောင်း လောင်ကျွမ်းစေနိုင်သည်။ ဝာာအိုမီးတောက်ဘိုးဘေးနယ်မြေ မရှိလျှင်တောင်မှ သူသည် မီးတာအိုအောင်မြင်မှုတွင် အစွမ်းထက်ဆုံးပုဂ္ဂိုလ်ဖြစ်၏။
ချင်မူ့တွင် တာအိုသိုင်းပညာရှင်တစ်ယောက်၏ တာအိုလက်နက် ရှိနေလင့်ကစား ထိုတာအိုလက်နက်ကို ပြာချစေနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေသည်။
ချင်မူ့ ကပ်ဘေးဓားသည် တခဏအတွင်း မီးတောက်လှည်းဘီးအလွှာ ၂၀ ကို ဖောက်ထွက်သွားသည်။ နတ်ဓားမှာ တာအိုမီးတောက်ကြောင့် ရဲရဲနီလောင်ကျွမ်းနေလေသည်။ နောက်တခဏတွင် ၎င်းက တာအိုလှည်းဘီးအလွှာ ၂၁ လွှာ၊ ၂ဝ လွှာနှင့် ၊၂၃ လွှာအထိ ဖောက်ထွက်သွားသည်။
ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာအမူအရာမှာ အံ့ဩတုန်လှုပ်သွားသည့် အရိပ်အယောင် ဖြစ်လာသည်။ နတ်ဓားထိပ်သည် အလွန်တရာ တောက်ပနေသော အလင်းရောင်ဖြင့် တာအိုမီးတောက်လှည်းဘီးအလွှာ ၂၄ လွှာကိုပင် ဖောက်ထွက်လာပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ဦးတည်လာချေပြီ။ ထိုအချိန်၌ပင် သူ၏ အံ့ဩမှုများမှာ ပျောက်ကွယ်မသွားသေးပေ။
'တာအိုလက်နက်က ငါ့ရဲ့ လောကလောင်ကျွမ်းမီးလျှံကိုတောင် ခုခံနိုင်တာလား’’
သူက လက်မြှောက်လိုက်ပြီး ဓားထိပ်အား လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်၍ ချိုးရန် ကြိုးစားလိုက်သည်။
သို့သော် သူ ထိုသို့ကြိုးစားလိုက်သည့်အချိန်တွင် နတ်ဓားသည် မျှော်မှန်းထားသည်ထက်ပင် မာကြောနေကြောင်း ခံစားလိုက်ရ၏။ ဤမျှ ရဲရဲတောက်သည်အထိ မီးလောင်နေသည့်တိုင် ပျော့ပြောင်းသွားမည့် အရိပ်အယောင်မရှိပေ။
မီးတောက်၏ ပြင်းထန်လှသော အပူချိန်အောက်တွင် မည်သည့် ကောင်းကင်လက်နက်မဆို အရည်မပျော်လျှင်တောင်မှ ပျော့ပြောင်းသွားကြရသည်သာ။ သို့သော် ချင်မူ့ဓားကတော့ ပျော့ပြောင်းမည့်ပုံ မပြပေ။
ဤဓားက တာအိုသိုင်းပညာရှင်တစ်ဦး၏ တာအိုလက်နက် မဟုတ်ဘဲ ကမ္ဘာခေတ်ဦးမှ တာအိုသိုင်းပညာရှင်တို့၏ ရတနာများကို ချင်မူ အရည်ဖျော်သွန်းလုပ်ထားသည့် ဓားဖြစ်သည်ကိုတော့ သူ မသိချေ။
ဤဓားကို သန့်စင်သွန်းလုပ်ပေးသည့် မီးပေါင်းဖိုမှာလည်း တာအိုမီးတောက်ဘိုးဘေးနယ်မြေ ဖြစ်၏။
ဤဓားကို တာအိုမီးတောက်ဘိုးဘေးနယ်မြေ၏ ကောင်းကင်ဘုံကိုးခုတွင် သွန်းလုပ်သန့်စင်ခဲ့သည်။ အဆုံးအစွန်ထိ မီးဆေးသန့်စင်ထားသောကြောင့် တာအိုမီးတောက်ဘိုးဘေးနယ်မြေပင်လျှင် ၎င်းကို အရည်ပျော်ပျော့ပြောင်းစေလိမ့်မည် မဟုတ်ပေ။
ချင်မူက ဓားကို လှည့်လိုက်ရာ ကောင်းကင်နတ်အရှင်ဟွေ့၏ ညာလက်ရှိ လက်ချောင်းနှစ်ချောင်းမှာ မြောက်တက်သွားပြီး ဓားရောင်ထဲတွင် တရှဲရှဲ မြည်ကာ ပြာကျသွားတော့သည်။
ကောင်းကင်နတ်အရှင်ဟွေ့မှာ နာကျင်မှုကို ခံစားလိုက်ရပြီး ဓားထိပ်က လှုပ်ရှားသွားပြန်၏။ ယင်နှင့်ယန်ချီတို့က နဂါးများအလား ထွက်ပေါ်လာပြီး ဓားရောင်သည် ယင်ယန်ချီဖြင့် ပေါင်းစည်းကာ သူ၏ပတ်ပတ်လည်တွင် ဧရာမစက်၀န်းကြီးတစ်ခု ဖွဲ့တည်လိုက်ကြသည်။
ကောင်းကင်နတ်အရှင်ဟွေ့မှာ ရင်ဒိန်းခနဲ ခုန်သွား၏။ မရေမတွက်နိုင်သော ဓားရောင်များက စက်၀န်းကြီးထဲမှ ဖြာထွက်လာပြီးနောက် အပြင်အဝန်းမှ အတွင်းအ၀န်းသို့ စုစည်းသွားကြသည်။ မကြာမီ စက်၀န်းအလယ်ဗဟိုရှိ သူ့ထံသို့ ရွေ့လျားလာချေပြီ။
ထိုမျှသာမက ဖွဲ့တည်လာသည့် ထိုက်ကျိစက်၀န်းထဲတွင် ထူးဆန်းသော အပြောင်းအလဲတစ်ခု ပေါ်ပေါက်လာသည်။ ဓားရောင်မှာ ယင်နှင့်ယန်အဖြစ် ကွဲထွက်သွား၏။ အဖြူရောင် ဓားစက်လုံးတစ်လုံးက အနက်ရောင်ဓားရောင်ထဲတွင် ပေါ်လာပြီး အဖြူရောင်ဓားရောင်ထဲတွင် အနက်ရောင်ဓားစက်လုံးတစ်လုံး ပေါ်လာသည်။
ဓားစက်လုံးနှစ်လုံးကား ထိုက်ကျိစက်၀န်းထဲတွင် ထူးဆန်းသည့် ဆွဲယူနိုင်စွမ်း ရှိနေသည့်ပုံပင်။ ၎င်းတို့က တစ်ခုကို တစ်ခု ဆွဲယူလျက် သူ့ပတ်ပတ်လည်တွင် လှည့်ပတ်နေကြ၏။
ဓားစက်လုံးနှစ်လုံး လှည့်ပတ်နေသည်နှင့် ထိုက်ကျိစက်၀န်း၏ နဂါးအမှတ်အသား မျဥ်းကြောင်းများ ထွက်ပေါ်လာသည်။
၎င်းသည် ယင်နှင့် ယန်လမ်းစဉ်ကို ပေါင်းစည်း၍ ထိုက်ကျိတာအိုအဖြစ် ပြောင်းလဲထားသော အထွတ်အထိပ်ဓားချီတစ်ခု ဖြစ်ပြီး ဖျက်စီး၍မရနိုင်ပေ။ သူ ကြည့်နေစဉ်မှာပင် ဓားရောင်က သူ့ခြေထောက်အောက်ရှိ တာအိုသစ်ပင်အပေါ် ဝှစ်ခနဲ ခုတ်ချလိုက်သည်။
ကောင်းကင်နတ်အရှင်ဟွေ့မှာ ရင်တဒိန်းဒိန်း ခုန်သွားပြီး တာအိုသစ်ပင်ထိပ်သို့ တစ်လှမ်းချင်း တက်ကာ ထိုက်ကျိဓားသိုင်းကွက်ကို ရှောင်တိမ်းနေရဿည်။
သူသည် ဤတိုက်ကွက်၏ သဘောတရားအား ထွင်းဖောက်မမြင်နိုင် ဖြစ်နေသောကြောင့် ရှောင်တိမ်းရန်သာ တတ်နိုင်သည်။ သို့သော် သူ၏ မီးတောက်မျက်လုံးများက ဤဓား၏ သဘောတရားကို အနီးကပ်လေ့လာကြည့်ရှုရင်း ဖျက်ဆီးနိုင်မည့် နည်းလမ်း ရှာဖွေနေဆဲပင်။
ကောင်းကင်နတ်အရှင်ဟွေ့ကား လက်ချောင်းနှစ်ချောင်း ဖြတ်ခံလိုက်ရပြီး တာအိုသစ်ပင်ပါ ခုတ်ပိုင်းခံလိုက်ရသည့်တိုင် အေးဆေးတည်ငြိမ်နေဆဲ ရှိနေသည်။ ချင်မူ့ဓားတာအိုက အလွန်တရာ စွမ်းအားကြီးမားသော်လည်း သူသည် တစ်ချက်ကလေးမှ ပျာယာခတ်မနေချေ။